အတင်းအဖျင်းတွေအားလုံးကိုသိနေတော့ ဖျော်ဖြေရေးလောက,က ငါ့ကိုအကောင်ကြီးကြီးလို့ထင်နေကြတယ်
completed

အတင်းအဖျင်းတွေအားလုံးကိုသိနေတော့ ဖျော်ဖြေရေးလောက,က ငါ့ကိုအကောင်ကြီးကြီးလို့ထင်နေကြတယ်

viewers
2
Chapters
34

🍉 အတင်းအဖျင်းတွေအားလုံးကို သိနေတော့ ဖျော်ဖြေရေးလောက,က ငါ့ကို အကောင်ကြီးကြီးလို့ ထင်နေကြတယ် (ဖရဲသီးဘုရင်)

English Title - After Spectating Gossip, the Entertainment Industry Thinks I’m a Big Shot

🍉 Description 

 

ကုရှင်းရှစ်က ဒေဝါလီခံရတော့မည့် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုအား အမွေဆက်ခံပြီးနောက် သူ့ကိုယ်သူ “အတင်းအဖျင်းပြောစနစ်” တစ်ခုနှင့် ချိတ်ဆက်နေသည်ကို သိလိုက်ရသည်။

စနစ် : [XX က အရမ်းသနားဖို့ကောင်းတာပဲ.. သူ့ရဲ့ ကောင်လေးက သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံတာတောင် သူ့အချိန်တွေအားလုံးကို ပေးပြီး အဲဒီကောင်ပေါ်မှာပဲ သူ့ကိုယ်သူ မြှုပ်နှံထားတယ်... သူက နေမကောင်းဖြစ်နေတဲ့ အချိန်မှာတောင် ၃၆၀ ဒီဂရီ လှည့်ပြီး ခုန်ပေါက်နိုင်သေးတယ်...]

ကုရှင်းရှစ် : ဝါးးး ဘယ်လောက်တောင်မှ အံ့ဩဖို့ကောင်းလိုက်လဲ... သူ့ကို အကနေရာမှာ မထည့်လို့ရှိရင် ဒါက ဖြုန်းတီးမှုတစ်ခုပဲ...

စနစ် : [?]

များမကြာမီမှာပင် XX သည် အရည်အချင်းပြရှိုးပွဲတစ်ခု၌ ထိပ်တန်းအဆင့်ဖြင့် ပွဲဦးထွက်လာသည်။ XX က ကင်မရာအားကြည့်ကာ မျက်ရည်များအပြည့်ဖြင့် ပြောလာသည်မှာ

“ကျွန်တော့်ရဲ့ အရာအားလုံးက ဥက္ကဌကု အပိုင်ပါ... ကျွန်တော့်ဘဝရဲ့ ဒုတိယအခွင့်အရေးကို ဥက္ကဌကု ပေးခဲ့တာပါ...”

စနစ် : [XX ရဲ့ ညီမက အကျင့်ပျက်ကုမ္ပဏီဆီကနေ သတ်သေဖို့ ဖိအားပေးခံခဲ့ရတယ်... အဲဒီကုမ္ပဏီရဲ့ ပြစ်မှုကျူးလွန်ထားတဲ့ သက်သေတွေကိုရှာပြီး ရဲလက်အပ်ဖို့ ပုံစံမျိုးစုံ ရုပ်ဖျက်ပြီး လှုပ်ရှားနေတယ်...]

ကုရှင်းရှစ် : မိုက်လိုက်တာ... သဘာဝ သရုပ်ဆောင်ပဲ... ချက်ချင်း လက်မှတ်ထိုးစာချုပ်ချုပ်ဖို့ပြင်...

စနစ် : [?]

နောက်ပိုင်း၌ XX ပါဝင်သရုပ်ဆောင်သော ဇာတ်ရုပ်က box office ၌ ကျော်ကြားကာ အောင်မြင်လာပြီး ဂုဏ်သတင်းမြင့်မားသော ဆု ၃ ခုအား ဆွတ်ခူးခဲ့သည်။ သူက ဆုပေးပွဲ၌ ကုရှင်းရှစ်ထံသို့ ဆုကမ်းပေးကာ ပြောခဲ့သည်။

“ဥက္ကဌကုကြောင့်သာ မဟုတ်ရင် ကျွန်တော် ဒီနေရာမှာ ရပ်နေနိုင်မှာ မဟုတ်ပါဘူး...”

စနစ် : [XX ကို သိလား... သူ(မ)က မွေးကာစလေးမှာ  ကလေးမှားလဲခံလိုက်ရတဲ့ မမလေး အစစ်လေ... အယောင်ဆောင်မက သူ(မ)ရဲ့ တည်ရှိမှုကို သိထားပြီးချိန်ကတည်းက ဖိနှိပ်ခံခဲ့ရတာ... အဲဒီအပြင် မူးယစ်ဆေးနဲ့ သူ(မ)အသံအိုး ထိခိုက်အောင်လုပ်ဖို့ ကြိုးစားသေးတယ်...]

ကုရှင်းရှစ် : သူက အဆိုတော်ကောင်းတစ်ယောက် ဖြစ်ရမယ်... ငါတို့ ကုမ္ပဏီမှာ လိုအပ်‌‌နေတာလည်း ဒါပဲလေ...

စနစ် : [???]

တစ်နှစ်ကြာပြီးနောက် မမလေးအစစ်၏ အယ်လ်ဘမ်မှာ ကြီးကြီးမားမား အောင်မြင်မှုရရှိပြီး သူမ၏ လူချမ်းသာမိသားစုထံသို့ ပြန်နိုင်ခဲ့သည်။ ထို့နောက် သူမ ပထမဆုံး ပြုလုပ်သည်မှာ ကုရှင်းရှစ်၏ ကုမ္ပဏီ၌ ရင်းနှီးမြှုပ်နှံခြင်းပင်။

“ဥက္ကဌကုက ဘယ်လောက်တောင် ကြီးမြတ်တဲ့သူလဲဆိုတာပဲ ကျွန်မသိတယ်...”

နောက်ပိုင်း၌ “ဖျော်ဖြေရေးလောက၏ ဂေါ့ဖားသား” အဖြစ် ကြည်ညိုခြင်းခံရသူ ကုရှင်းရှစ်က အင်တာဗျူးတစ်ခုဖြေကြားရန် လက်ခံလိုက်သည်။

သတင်းထောက် : ဥက္ကဌ အနေနဲ့ ဒီလောက်များတဲ့ ပါရမီရှင်တွေကို ဘယ်လိုများ ရှာဖွေနိုင်ခဲ့ပါသလဲ...

ကုရှင်းရှစ် : အင်း... ကောင်းပြီ... ခင်ဗျားသိအောင် ပြောရရင်... ခင်ဗျား ဖရဲသီးတစ်လုံးကို တွေ့ပြီဆိုပါတော့... ကြီးပြီး လုံးဝိုင်းနေပြီဆိုရင် အဲဒါပဲလေ... 😉

သူ့အနုပညာရှင်များအား ကာကွယ်ရန် ကုရှင်းရှစ်က ထူးခြားဆန်းပြားသော ‘နောက်ခံ’ တစ်ခု ဖန်တီးခဲ့ပြီး ယင်းနာမည်သည် နာမည်ကျော် ဝမ် မိသားစု၏ ခေါင်းဆောင်ဖြစ်သူ ဝမ်ယွဲ့နှင့် မတော်တဆ ချိတ်ဆက်မိသွားတော့သည်။

ဝမ်ယွဲ့က စီးပွားရေးလောက၌ ရက်စက်ကြမ်းတမ်းသော နည်းလမ်းများကြောင့် နာမည်ကျော်ကြားပြီး ထိုဂုဏ်သတင်းကြောင့်ပင် ကုရှင်းရှစ်နှင့် သူ့အဖွဲ့က ဖျော်ဖြေရေးလောက၌ ရှင်သန်နိုင်ခြင်း ဖြစ်သည်။

ကောလာဟလများမှာ ထိန်းချုပ်မရနိုင်အောင် ပျံ့နှံ့လာပြီး အဆိုပါဇာတ်ကြောင်းမှာ ဝမ်ယွဲ့ထံသို့ ရောက်ရှိလာသည်။ ထို့ကြောင့် သူ၏နာမည်အား အလွဲသုံးစားလုပ်နေသော ရဲတင်းလှသည့် အေးဂျင့်နှင့်တွေ့ဆုံရန် ဆုံးဖြတ်လိုက်တော့သည်။

သို့သော် ကုရှင်းရှစ်အား မြင်မြင်ချင်းပင် ဝမ်ယွဲ့က သူ့အကြံအစည်အား နောက်တစ်ဖန် ပြန်သုံးသပ်ရတော့သည်။ 

အင်း... ကောလာဟလကို အမှန်ဖြစ်အောင် လုပ်ကြတာပေါ့...

🍉🍉🍉

Reviews

User Avatar
No comments yet. Be the first to share your thoughts.
Ch 1-5

03 Nov, 2026

Ch 6-10

03 Nov, 2026

Ch 11-15

04 Nov, 2026

Ch 16-20

04 Nov, 2026

Ch 21-25

04 Nov, 2026

Ch 26-30

04 Nov, 2026

Ch 31-35

04 Nov, 2026

Ch 36-40

04 Nov, 2026

Ch 41-45

04 Nov, 2026

Ch 46-50

04 Nov, 2026

Ch 51-55

04 Nov, 2026

Ch 56-60

04 Nov, 2026

Ch 61-65

04 Nov, 2026

Ch 66-70

04 Nov, 2026

Ch 71-75

04 Nov, 2026

Ch 76-80

04 Nov, 2026

Ch 81-85

04 Nov, 2026

Ch 86-90

04 Nov, 2026

Ch 91-95

04 Nov, 2026

Ch 96-100

04 Nov, 2026

Ch 101-105

04 Nov, 2026

Ch 106-110

04 Nov, 2026

Ch 111-115

04 Nov, 2026

Ch 116-120

04 Nov, 2026

Ch 121-125

04 Nov, 2026

Ch 126-130

04 Nov, 2026

Ch 131-135

04 Nov, 2026

Ch 136-140

04 Nov, 2026

Ch 141-145

04 Nov, 2026

Ch 146-150

04 Nov, 2026

Ch 151-155

04 Nov, 2026

Ch 156-160

04 Nov, 2026

Ch 161-165

04 Nov, 2026

Ch 166-170 (Final)

04 Nov, 2026

Related Novels

COMPLETED

ဗီလိန်၏ယုန်ဖြူရှစ်စွမ်းအဖြစ်ကူးပြောင်းခြင်း

IQ Team (BL)

Ch: 33 5
COMPLETED

သူဘာလို့ငါနဲ့လမ်းမခွဲသေးတာလဲ

IQ Team (BL)

Ch: 20 2

Black List ခံရပြီးနောက် ငါလူသားမဟုတ်တော့ဘူး

IQ Team (BL)

Ch: 3 1

ငါပျိုးထောင်ခဲ့တဲ့သား‌ပေါက်လေးတွေအားလုံးက Big Shot ကြီးတွေဖြစ်လာတယ်

IQ Team (BL)

Ch: 4 1
Search Novels