🍉🍉🍉🍉 အခန်း ၃၆


[Boy Group Training Camp] ၏ နောက်ဆုံးပွဲစဉ်အား စနေနေ့ည ၈ နာရီ၌ စတင်မည်ဖြစ်သည်။ 

Season 2၏ ရေပန်းစားမှုမှာ မြင့်တက်နေသည့်တိုင်အောင် ထုတ်လုပ်ရေးအဖွဲ့သည် လွန်ခဲ့သည့် ၂ ပတ်အတွင်း၌ အလွန်အမင်း လူကြိုက်များ‌အောင်ပြုလုပ်ထားခဲ့ကြသဖြင့် အင်တာနက်ပေါ်၌ အမျိုးမျိုးသော ကောလာဟလ အတင်းအဖျင်းများနှင့် ဟာသပုံများ ပျံ့နှံ့လျက်ရှိသည်။ ယောကျ်ားလေးအဖွဲ့ အရည်အချင်းပြရှိုးများအား စိတ်ဝင်စားလေ့မရှိသူများပင်လျှင် အမျိုးမျိုးသော ပရိုမိုးရှင်းကြော်ငြာများအား မြင်သည့်အခါ မကြည့်ဘဲ မနေနိုင်ကြချေ။

တိုက်ရိုက်ထုတ်လွှင့်မှုချန်နယ် ဖွင့်လိုက်သည်နှင့် ကြည့်ရှုသူ ၁ သန်းကျော်သွားပြီး အရေအတွက်မှာ ဆက်လက်မြင့်တက်နေသည်။

ပရိသတ်များ၏ အားပေးထောက်ခံသော မှတ်ချက်များမှာလည်း တန်းစီပေါ်ထွက်လာသည်။

[ရှန့်ပေါင်ပေ့ရေ.. မာမားချစ်တယ်နော်..]

[အစ်ကိုရှင်း.. ယောက်ျားရေ.. ဖျော်ဖြေဖို့ကိုပဲ အာရုံစိုက်ပြီး စကားမပြောနဲ့နော်..]

[ယွမ်ယဲ့.. လေပြင်းလိုမျိုး အရိုင်းဆန်ကြမ်းတမ်းပစ်လိုက်.. မင်းလုပ်နိုင်တယ်..]

[အချစ်လေး ကျင်းဖေး.. ဂိုးးး ဂိုးးး ဂိုးးးးး]

[ဝူဇယ်ကို ကယ်တင်ပေးကြပါဦး.. ဒီကလေးက သင်တန်းသားဖြစ်နေတာ ၅ နှစ်တောင်ရှိပြီ.. ချောတယ်.. ကနိုင်တယ်.. ဆိုနိုင်တယ်.. ရက်ပ်ရွတ်နိုင်တယ်.. ဒါတောင်မှ ပွဲဦးထွက်ဖို့ တန့်နေတုန်းပဲ.. အန္တရာယ်ဇုန်မှာ ရောက်နေတာ..]

[ရှောင်လုရေ.. ကြိုးစားထား.. ပွဲဦးထွက်နိုင်အောင် ထောက်ပံ့ပေးမယ်..]

*

ကုရှင်းရှစ်နှင့် ယင်ဟယ်ဖုန်းတို့သည် စင်နောက်၌ရပ်ကာ စင်ပေါ်၌ နောက်ဆုံးချိန်ညှိမှုများ ပြုလုပ်နေသည့် ဝန်ထမ်းများအား ကြည့်နေသည်။ သူတို့နောက်၌ ပရိသတ်များမှာ ပြိုင်ပွဲကျင်းပရာနေရာသို့ တစ်ဦးပြီးတစ်ဦး ဝင်လာကြသည်။

နှစ်လခွဲကြာ ပင်ပင်ပန်းပန်း ကြိုးစားပြီးနောက် ဤညတွင် အရာအားလုံး အဖြေပေါ်လာမည် ဖြစ်သည်။

ကုရှင်းရှစ် ရုတ်တရက် စိုးရိမ်လာမိသည်။

မန်နေဂျာကိုယ်တိုင် စိုးရိမ်နေမည်ဆိုလျှင် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့ မည်သို့ခံစားနေရမည်ကို မတွေးကြည့်ဘဲ မနေနိုင်ချေ။

ထို့ကြောင့် အာရုံပြောင်းရန် ယင်ဟယ်ဖုန်းဘက်သို့ လှည့်လိုက်သည်။
“အစ်ကိုယင်.. စိတ်မလှုပ်ရှားဘူးလား..”

ယင်ဟယ်ဖုန်း အသာရယ်လိုက်သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. ငါ့ လက်ဖဝါးတွေကိုကြည့်ဦး.. ချွေးတွေ ရွှဲနေတာပဲ..”

ကုရှင်းရှစ် ငုံ့ကြည့်လိုက်ရာ ချွေးများရွှဲနေသည်ကို မြင်လိုက်သည်။

“အစ်ကိုက သင်တန်းသားအဖွဲ့တွေ အများကြီးကို စောင့်ကြည့်ခဲ့ရတော့ ဒီလိုပွဲမျိုးနဲ့ အသားကျနေပြီလို့ ထင်နေတာ..”

“ငါလည်း ပထမအကြိမ်တုန်းကတော့ အဲလိုထင်ခဲ့တာပဲ..”
ယင်ဟယ်ဖုန်းက အတိတ်ကို စားမြုံ့ပြန်ရင်း ပြောသည်။
“အခုလည်းကျရော နောက်ဆုံးပွဲတိုင်းကို စိုးရိမ်နေရတော့တာပဲ.. မင်းသာ တစ်ခုခုအ‌ပေါ် စိတ်နှစ်လိုက်မယ်ဆိုရင်  á€™á€„်းရဲအ သင်တန်းသားတွေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေး ရှိနေသမျှ ကာလပတ်လုံး မင်းမှာ စိုးရိမ်မှုတွေ ပူပန်မှုတွေ ရှိလာမှာပဲ.. ရှောင်လွှဲလို့ မရဘူး..”

ယင်ဟယ်ဖုန်းက ကုရှင်းရှစ်၏ အင်္ကျီကော်လံအား လက်ညှိုးထိုးလိုက်သည်။
“မင်းကိုပဲ ဥပမာကြည့်လေ.. မင်းအခုလိုမျိုး သတိလက်လွတ် ဖြစ်နေတာမျိုး ပထမဆုံး မြင်ဖူးတာပဲ.. လည်စည်းကိုတောင် ပြောင်းပြန်ချည်ထားသေးတာ..”

ထိုအခါမှသာ ကုရှင်းရှစ် သတိပြုမိတော့သည်။ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့အား စိတ်ပူနေသဖြင့် လည်စည်းအား မှားချည်မိခြင်း ဖြစ်သည်။

ကုရှင်းရှစ် လည်စည်းအား ပြန်ချည်ရင်း ပြောသည်။
“မနက်နိုးကတည်းက မျက်ခုံး လှုပ်နေတာ.. ဒီနေ့တော့ တစ်ခုခု ဖြစ်တော့မယ်လို့ ခံစားမိနေတယ်..”

ကုရှင်းရှစ် စကားမပြီးခင် ယင်ဟယ်ဖုန်း စကားစဖြတ်လိုက်သည်။
“ပေါက်ကရ လျှောက်မပြောနဲ့.. ဖတ် ဖတ် ဖတ်.. ဒီည အားလုံး အဆင်ပြေပြေနဲ့ ပြီးသွားမှာ..”

ကုရှင်းရှစ် : “…”

*

ည ၈ နာရီ၌ [Boy Group Training Camp] Season 2၏ နောက်ဆုံးပွဲစဉ် တရားဝင်စတင်သည်။

နောက်ဆုံး ပွဲစဉ်၌ ၃ ကျော့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ပထမအကျော့မှာ ယခုseason ၏ သင်တန်းသားများသည် ရှိုး၏ အဓိကသီချင်းအား Season 1 မှ “စီနီယာအစ်ကို” များအဖွဲ့နှင့် ဖျော်ဖြေရမည်ဖြစ်သည်။

ဒုတိယအကျော့မှာ နည်းပြများနှင့် တွဲဖက်တင်ဆက်ရမည်ဖြစ်ပြီး နည်းပြ ၄ ဦးသည် သင်တန်းသား တစ်ဖွဲ့စီအား ဦးဆောင်ကာ ထိပ်တိုက်ဖျော်ဖြေကာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

တတိယအကျော့မှာမူ သင်တန်းသားများ၏ တစ်ဦးချင်းသီးသန့်တင်ဆက်မှုဖြစ်သည်။

စီနီယာအစ်ကိုများအဖွဲ့မှာ ၂ နှစ်စော၍ ပွဲဦးထွက်ခဲ့ကြခြင်း ဖြစ်သောကြောင့် အတွေ့အကြုံမရှိသေးသော သင်တန်းသားများနှင့်ယှဥ်လျှင် ရှိပြီးသား အရည်အချင်းများအား ပိုမိုပြောင်လက်လာအောင် အရောင်တင်ပြီးဖြစ်သည်။ စီနီယာများ၏ စင်မြင့်တင်ဆက်ပုံမှာ သင်တန်းသားများနှင့်ယှဉ်လျှင် သိသိသာသာ ပိုမိုသေသပ်ကောင်းမွန်သည်။

အစမ်းလေ့ကျင့်ချိန်အတွင်း၌ သင်တန်းသားများသည် ကွာခြားချက်အား အပြည့်အဝ နားလည်ခြင်း မရှိကြချေ။ သို့သော် စင်မြင့်ထက်၌ ရပ်နေချိန်၌မူ စီနီယာအစ်ကိုများ၏ သက်သောင့်သက်သာဖြစ်မှုနှင့် ယုံကြည်ချက်ရှိပုံအား မြင်သည့်အခါ အများစုမှာ စိတ်မတည်မငြိမ်ဖြစ်လာကြသည်။

သို့သော် C နေရာ၌ရှိသည့် မုန့်ယွမ်ရှန့်မှာမူ ကြောက်ရွံ့ဟန်မရှိပေ။ ယခင်season ၏ C နေရာပိုင်ရှင်နှင့် ဘေးချင်းယှဉ်ဖျော်ဖြေရသည့်တိုင်အောင် လွှမ်းမိုးခံရခြင်း မရှိချေ။ နှစ်ဦးကြားရှိ ဟန်ချက်ညီညီ တင်ဆက်မှုကြောင့် ပရိသတ်များ နားရည်ဝပြီးဖြစ်သည့် အဓိကသီချင်းမှာ တစ်မျိုးဆန်းသစ်သွားလေသည်။

နောက်ဆုံးသော ခက်ခဲသည့် ကကွက်ကြောင့် ပရိသတ်များ၏ သောင်းသောင်းဖျဖျ အော်ဟစ်ချီးကျူးသံများ ပထမဆုံးအကြိမ် ထွက်ပေါ်လာသည်။

မုန့်ယွမ်ရှန့်၏ အားကောင်းသော တင်ဆက်မှုသည်လည်း အခြားသင်တန်းသားများအား လှုံ့ဆော်လိုက်နိုင်သည်။

စီနီယာအစ်ကိုများကဲ့သို့ အတွေ့အကြုံပြည့်ဝခြင်း မရှိသေးသော်ငြား သူတို့၌ ကိုယ်ပိုင်အားသာချက်များ ရှိကြသည်။

နှစ်လခွဲကြာ ကြိုးစားအားထုတ်ပြီးနောက် သူတို့ထံရှိ ရှိသမျှ တင်ဆက်မှုစွမ်းရည်များအား မချွင်းမချန် ထုတ်ပြကြသည်။

ဤစင်မြင့်အား သူတို့ထက်ပို၍ ချစ်မြတ်နိုးသူ မရှိ‌တော့ပေ။

စိတ်လှုပ်ရှားဖွယ် အ‌ကောင်းဆုံးသော အရာမှာ လူငယ်များ၏ ကြမ်းတမ်းသော်ငြား စစ်မှန်သည့် စိတ်အားထက်သန်မှု ဖြစ်သည်။

စင်မြင့်ထက်ရှိ အားမာန်ပြည့်ဝသော သီချင်းများနှင့် ကကွက်များကြောင့် ပရိသတ်များ၏ အော်ဟစ်အားပေးသံမှာ နားကွဲလုတမျှပင် ဖြစ်သည်။

စင်မြင့်ထက်ရှိ ဖျော်ဖြေတင်ဆက်မှုအားကြည့်ရင်း ကုရှင်းရှစ် စိတ်အားထက်သန်လာပြီး မျက်လုံးများပင် ဝေဝါးလာသည်။

အဓိကသီချင်းပြီးနောက် ဒုတိယအကျော့ဖြစ်သည့် နည်းပြများနှင့် တွဲဖက်ဖျော်ဖြေမှု စတင်သည်။

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့က ရှန့်ယွီ၏ အဖွဲ့မှဖြစ်သောကြောင့် ရှန်ံယွီ၏ နာမည်ကြီး သီချင်းများထဲမှ တစ်ပုဒ်အား ဖျော်ဖြေကြမည်ဖြစ်သည်။

မုန့်ယွမ်ရှန့်နှင့် ရှန့်ယွီက သီချင်းအား ပြောင်းလဲမှုများ ပြုလုပ်ထားသည်။

ပြောင်းလဲမှုများ ပြုလုပ်မည့် စိတ်ကူးမှာ မုန့်ယွမ်ရှန့်ထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ရှန့်ယွီက မုန့်ယွမ်ရှန့်၏ အမြင်အား အထင်ကြီးလေးစားသောကြောင့် နေရာတွင်ပင် သဘောတူလိုက်သည်။

ကုရှင်းရှစ်သည် မုန့်ယွမ်ရှန့်၏ ယုံကြည်မှုအပြည့်နှင့် တလက်လက်တောက်ပနေသော မျက်နှာအား ရပ်ကြည့်နေမိသည်။

သင်တန်းသားအချို့သည်လည်း ပြောင်းလဲမှု ပြုလုပ်ရန် စတင်မေးလာကြသည်။ သို့သော် မုန့်ယွမ်ရှန့်သည် တစ်ဦးချင်းစီအား ပြောင်းလဲမှုပြုလုပ်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အသေးစိတ်အချက်အလက်များအား စိတ်ချယုံကြည်သွားသည်အထိ တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

လွန်ခဲ့သော ၂ လခန့်က ဤသို့သော မုန့်ယွမ်ရှန့်အား တွေ့မြင်ရလိမ့်မည်ဟု ကုရှင်းရှစ် စိတ်ကူး၍ပင် မရနိုင်ချေ။

ခြောက်သွေ့ညှိုးနွမ်းနေပြီဖြစ်သည့် ပန်းလေးတစ်ပွင့်အား ကယ်ဆယ်ပြီးနောက် အမြစ်များ ထွက်ပေါ်လာပြီး နောက်တစ်ကြိမ် ပြန်လည်ရှင်သန်လာကာ တောက်ပစွာ ပွင့်လန်းလာသည်ကို ကြည့်နေရသလိုပင်။

ထိုအခိုက်အတန့်မှာပင် ယင်ဟယ်ဖုန်း၏ စကားများနောက်ကွယ်ရှိ အဓိပ္ပါယ်အား စတင်နားလည်လာသည်။

သင်တန်းသားများနှင့် စိတ်ရောကိုယ်ပါ ချည်နှောင်မိသွားပါက စိုးရိမ်ပူပန်မှုများနှင့် စိတ်လှုပ်ရှားမှုတို့အား ရှောင်လွှဲမရနိုင်ချေ။

လွန်ခဲ့သော ၂ လခွဲခန့်က ကုရှင်းရှစ်၏ စိတ်ထဲ၌ ဤတစ်နှစ်ကြိုးစားပြီးနောက် ကုမ္ပဏီနှင့် ပိုင်ဆိုင်မှုများအား ရောင်းချကာ အပူအပင်ကင်းမဲ့သည့် ဘဝမျိုးနေမည်ဟူသော အစီအစဉ်များနှင့်သာ ပြည့်နေခဲ့သည်။

သို့သော် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့၏ မဆုတ်မနစ် ကြိုးစားအားထုတ်မှုအား မျက်မြင်တွေ့ရှိပြီးနောက် သူ၏ ကိုယ်ပိုင်စိတ်ဆန္ဒတို့ပင် တဖြည်းဖြည်းချင်း ပြောင်းလဲလာသည်ဟု ခံစားရသည်။ အနည်းဆုံး သူတို့နှင့် အတူရှိချင်ပြီး ထိပ်ဆုံးထိရောက်အောင် ကူညီပေးလိုသည်။

ရှန့်ယွီ၏ အဖွဲ့မှာ ရေပန်းစားမှု အဆင့်မြင့်သော ပြိုင်ပွဲဝင်များနှင့် အဓိကဖွဲ့စည်းထားခြင်း ဖြစ်သည်။ သူတို့၏ ပြန်လည်ပြင်ဆင်ချိန်ညှိထားသော တေးသီချင်းမှာ အံ့ဩဖွယ်ကောင်းလှသောကြောင့် ပွဲကျင်းပရာ နေရာတစ်ခုလုံး ပရိသတ်များ၏ သောင်းသောင်းဖျဖျ အားပေးမှုများမှာ အမိုးတစ်ခုလုံး ပွင့်လုမတတ်ပင်။

တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ကဏ္ဍမှာလည်း ထပ်တူညီမျှပင် တက်ကြွလျက်ရှိကြသည်။

[အရမ်းမိုက်တယ်.. သူတို့နဲ့ နည်းပြရဲ့ ပူးပေါင်းတင်ဆက်မှုက လုံးဝလိုက်ဖက်ညီနေတာ..]

[ငါက မုန့်ယွမ်ရှန့်ရဲ့ ပရိသတ် လုံးဝမဟုတ်ဘူး.. ဒါပေမဲ့ သူက လုံးဝတောက်ပနေတာကိုတော့ ဝန်ခံရမယ်.. မုန့်ယွမ်ရှန့် စင်ပေါ်မှာ ရှိနေတဲ့အချိန်ဆိုရင် တခြားသူတွေကိုတောင် သတိမထားမိသလောက်ပဲ..]

[အမိုက်စားပဲ.. ဒီအဖွဲ့ကို အခုပဲ ပွဲဦးထွက်ပေးလိုက်တော့..]

[အရမ်းတိုတယ်.. နောက်တစ်ခေါက်လောက် ဖျော်ဖြေပေးပါဦး..]

[ဒီညအတွက် အကောင်းဆုံး တင်ဆက်မှုပဲ..]

*

ပရိသတ်ထဲရှိ ပိုင်ရန်သည် စိတ်အားထက်သန်စွာဖြင့် လက်ခုပ်တီးနေပြီး စိတ်လှုပ်ရှားမှုအား ထိန်းချုပ်မရနိုင်ဘဲ ရှိလေသည်။

သူမ၏ အကြိုက်ဆုံးအနုပညာရှင်နှင့် အရံcrushလေးမှာ အတူတကွ ဖျော်ဖြေနေသောကြောင့် ထို့ထက်ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းသည့်အရာ မရှိတော့ချေ။

သူမ၏ကင်မရာသည် စင်မြင့်ထက်ရှိ ဖျော်ဖြေမှုအား အဆက်မပြတ် ရိုက်ကူးနေသည်။

မုန့်ယွမ်ရှန့်တို့အဖွဲ့ ဖျော်ဖြေပြီးသည့်တိုင်အောင် ပိုင်ရန်မှာ လုံလောက်အောင် ရိုက်ကူးနိုင်ခြင်း မရှိဟု ခံစားနေရသည်။

ထိုအချိန်မှာပင် လူအုပ်ကြားထဲရှိ ရင်းနှီးနေသော ပုံရိပ်အား သတိပြုမိလိုက်သည်။ ယင်းမှာ ကုရှင်းရှစ်ပင်။

နောက်ဆုံးပွဲစဉ် ဖြစ်သောကြောင့် ဖြစ်နိုင်သည့် ကုရှင်းရှစ်၏ ဝတ်စားထားပုံမှာ တွေ့မြင်နေကျထက် ပိုမိုသပ်ရပ်စွာ ဝတ်ဆင်ထားသည်။

အဖြူရှောင်ရှပ်အင်္ကျီနှင့် အနက်ရောင်စတိုင်ဘောင်းဘီကို ဝတ်ဆင်ထားပြီး စင်ပေါ်ရှိ ဖျော်ဖြေနေသူများအတွက် တိတ်တဆိတ် ဆုတောင်းနေပုံရသည်။

အရိပ်ထဲ၌ ရပ်နေသည့်တိုင်အောင် အဖြူရောင်ရှပ်အင်္ကျီသည် ကုရှင်းရှစ်အား တောက်ပကာ သိမ်မွေ့နူးညံ့ပြီး ရှင်းသန့်မြင့်မြတ်ဟန် ပေါ်စေသည်။ 

သူမကိုယ်တိုင်ပင် မသိလိုက်ဘဲ ပိုင်ရန်က အလိုအလျောက် ကင်မရာကိုင်ကာ ကုရှင်းရှစ်အား ရိုက်ကူးလိုက်မိသည်။

မူလက နောက်တစ်ကျော့မစမီ ကုရှင်းရှစ်ထံသို့ သွားရောက်နှုတ်ဆက်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ သို့သော် ကုရှင်းရှစ်ထံ ဖုန်းဝင်လာသည်ကို မြင်လိုက်ရသည်။ အမူအရာမှာ ချက်ချင်းဆိုသလို ပြောင်းလဲသွားပြီး စင်နောက်သို့ အလျင်စလို ပြေးဝင်သွားလေသည်။

ပိုင်ရန် မသိစိတ်မှ စိုးရိမ်စိတ်ဝင်လာသည်။

တစ်ခုခု အမှားအယွင်း ရှိလို့များလား..

*

ကုရှင်းရှစ် ဒေါသကိုဖိနှိပ်ကာ စင်နောက်သို့ အလျင်အမြန် သွားလိုက်သည်။

သူ့အရှေ့၌ ရှိနေသည်မှာ စင်မြင့်အလှဆေးများ ပေကျံနေသည့် ဝတ်စုံတစ်စုံဖြစ်သည်။

မုန့်ယွမ်ရှန့်က လက်သီးတင်းတင်းဆုပ်ကာ မတ်တတ်ရပ်နေပြီး ရေခဲတမျှ အေးစက်သော အမူအရာဖြင့် သူ၏အရှေ့၌ ရှိနေသည့် သင်တန်းသားအား စိုက်ကြည့်နေသည်။

အဆိုပါ သင်တန်းသားမှာ လုမင်အင်တာတိန်းမန့်မှ ချန်ကျားကျွင်းဖြစ်ကြောင်း ကုရှင်းရှစ် အမှတ်ရလိုက်သည်။

ချန်ကျားကျွင်း၏ အမူအရာမှာ မသက်မသာဖြစ်နေသော်ငြား ခေါင်းမာစွာဖြင့် မေးမော့ထားဆဲဖြစ်သည်။
“အဲဒါက မတော်တဆဖြစ်တာလို့ ငါကျိန်ရဲတယ်..”

ချန်ကျားကျွင်းက စင်နောက်ရှိ စင်္ကြံကိုသာ မမှိတ်မသုန်ကြည့်နေပြီး ထိုနေရာမှ လုမင်၏ မန်နေဂျာနှင့် စွန်းဟုန်ဖေးတို့ အပြေးအလွှား ရောက်လာနေကြသည်။

စွန်းဟုန်ဖေးအား ကြည့်ရသည်မှာ အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်နေပုံရသည်။

ဤသို့သော တိုက်ရိုက်ထုတ်လွှင့်သည့် ရှိုးမျိုး၌ မဖြစ်ချင်ဆုံးသော အရာမှာ မတော်တဆမှု ဖြစ်သည်။

တစ်ညလုံး အဆင်ပြေပြေ ချောချောမွေ့မွေ့ ပြီးစီးသွားရန် တစ်ချိန်လုံး ရင်တမမဖြင့် ဆုတောင်းနေရသည်။

ပထမနှစ်ကျော့စလုံး အနှောင့်အယှက်ကင်းကင်းနှင့် ပြီးဆုံးသွားပြီးနောက် ကျန်ရှိသည့် ပွဲစဉ်တစ်လျှောက် ချောချောမွေ့မွေ့သာ ရှိမည်ဟု ယူဆခဲ့သည်။

သို့သော် ဖိအားအနည်းငယ် လျော့ကျသွားချိန်မှာပင် ပြဿနာစတော့သည်။

လူပေါင်းများစွာ ရှိသည့်ထဲ၌ ပြဿနာထဲ ပါဝင်ပတ်သက်နေသူမှာ ကုရှင်းရှစ်၏ သင်တန်းသားဖြစ်သည်။

ငါ့ရဲ့ အသက်မွေးဝမ်းကျောင်းကို ရှုပ်ထွေးအောင် လုပ်ချင်နေကြတာ မဟုတ်ဘူးလားလို့..

စွန်းဟုန်ဖေးက တင်းမာခက်ထန်စွာဖြင့် ချန်ကျားကျွင်းဘက်သို့ လှည့်ကာ မေးခွန်းထုတ်သည်။
“ချန်ကျားကျွင်း.. ဘာတွေဖြစ်နေတာလဲ.. မင်းသေချာလေး ရှင်းပြရင် ကောင်းမယ်..”

လုမင်၏ မန်နေဂျာသည်လည်း မျက်နှာထားတင်းတင်းဖြင့် ဝင်ပြောသည်။
“မစ္စတာစွန်း.. ဘာလို့ ဒီလောက်တောင် ခက်ထန်နေရတာလဲ.. ခင်ဗျားက မစ္စတာကုနဲ့ ရင်းနှီးမှန်း ကျုပ်တို့သိပါတယ်.. ဒါပေမဲ့ အကြောင်းပြချက် မရှိဘဲနဲ့ ကျုပ်ရဲ့ အနုပညာရှင်ကို စွပ်စွဲလို့ မရဘူး.. ကျားကျွင်းက မတော်တဆလို့ ပြောတယ်လေ.. အဲဒီအပြင် မုန့်ယွမ်ရှန့်ရဲ့ ဝတ်စုံက အရေးကြီးတယ်ဆိုရင် သူ့ဘာသာ သေချာလေး ဂရုစိုက်သင့်တာ မဟုတ်ဘူးလား.. တာဝန်ယူရမယ်ဆိုရင် နှစ်ယောက်လုံးမှာ ညီတူညီမျှ တာဝန်ရှိတယ်..”

နှစ်ဦးနှစ်ဖက် အပြစ်တင်ခံသင့်သည်ဟု ကြားသည့်အခါ ကုရှင်းရှစ် စိတ်တိုလွန်းသောကြောင့် အော်ရယ်မိမတတ်ပင်။

သူက မုန့်ယွမ်ရှန့်ရှေ့သို့တက်ကာ လုမင်၏ မန်နေဂျာအား တည့်တည့်ကြည့်လိုက်သည်။
“ကျွန်တော်သာ မမှားရင် ချန်ကျားကျွင်းရဲ့ ဖျော်ဖြေမှုမှာ စင်မြင့်အလှဆေးမပါဘူးလေ.. ပြီးတော့ ဒီအခန်းကလည်း သူ့အဝတ်လဲခန်း မဟုတ်ဘူး.. အဲဒါတောင် သူက ‘မလိုအပ်တဲ့’ စင်မြင့်အလှဆေးကို ယူလာပြီး ‘သူ့အဝတ်လဲခန်း မဟုတ်တဲ့’ အခန်းထဲကို ဝင်လာတဲ့အပြင် မုန့်ယွမ်ရှန့်ရဲ့ ဝတ်စုံကို ဆေးတွေပေအောင်  á€œá€Żá€•်ခဲအတယ်.. ဒီလို ‘မတော်တဆ’ မှုမျိုး ဖြစ်ဖို့ ဘယ်လိုတောင် တိုက်ဆိုင်သွားတာလဲ..”

လုမင်မန်နေဂျာ၏ မျက်နှာတစ်ခုလုံး တောင့်တင်းသွားသည်။
“စင်နောက်ဘက်က ရုန်းရင်းဆန်ခတ်ဖြစ်နေတာပဲ.. အခန်းမှားပြီး ဝင်လာတာက မဖြစ်နိုင်စရာ မဟုတ်ဘူးလေ..”

အဓိပ္ပါယ်မရှိသည့် အကြောင်းပြချက်များကြောင့် စိတ်ရှုပ်မခံတော့ဘဲနှင့် ကုရှင်းရှစ်သည် လူအုပ်ထဲ၌ ရှိနေသည့် ပုံရိပ်တစ်ခုကိုသာ စူးစူးစိုက်စိုက်ကြည့်လိုက်သည်။
“ဝမ်မင်ဖုန်း.. မင်းရဲ့ အသင်းဖော်က မင်းအတွက် ဒီကိစ္စတွေအားလုံး လုပ်ပေးခဲ့တာတောင် မင်းမှာ ဘာစကားမှ ပြောစရာ မရှိဘူးလား..”

နာမည်ခေါ်ခံလိုက်ရသည့် သင်တန်းသားမှာ စိတ်မဝင်စားဟန်ဆောင်သော်ငြား သူ၏အမူအရာမှာမူ အနည်းငယ် ပြောင်းလဲသွားလေသည်။

ဤSeason၌ လုမင်အင်တာတိန်းမန့်မှ သင်တန်းသား ၄ ဦး စေလွှတ်ခဲ့ပြီး ၂ ဦးမှာ အစောပိုင်းအဆင့်များ၌ ထုတ်ပယ်ခံခဲ့ရသဖြင့် ချန်ကျားကျွင်းနှင့် ဝမ်မင်ဖုန်းသာ ကျန်ရှိသည်။

နောက်ဆုံးပွဲစဉ်သို့ ကပ်ပါလာခဲ့သည့် ချန်ကျားကျွင်းနှင့် မတူညီစွာ ဝမ်မင်ဖုန်းမှာ ပြိုင်ပွဲစတင်သည့်အချိန်မှစကာ နေရာတစ်ခုအား ရယူထားနိုင်သူဖြစ်သည်။ နောက်ဆုံးပွဲစဉ် မတိုင်မီ ဝမ်မင်ဖုန်း၏ ရေပန်းစားမှုက ရုတ်တရက် မြင့်တက်လာပြီး မုန့်ယွမ်ရှန့်အား ကျော်ဖြတ်သွားလုနီးနီးပင်။

ထိုအချိန်မှသာ မဲပေးခြင်းနှင့် ပတ်သက်၍ ကုမ္ပဏီကြီးများ၏ နည်းဗျူဟာများအား ကုရှင်းရှစ် သိရှိလိုက်ရခြင်း ဖြစ်သည်။ အစောပိုင်းမှ မဲများအား ထိန်းထားကာ နောက်ဆုံးအခိုက်အတန့် မရောက်မီထိ ပမာဏတစ်ခုရောက်အောင် စုထားခြင်းဖြစ်သည်။

ဝမ်မင်ဖုန်း၏ ရေပန်းစားမှုအဆင့် တက်လာခြင်းမှာလည်း ထိုနည်းလမ်းကြောင့်ဖြစ်သည်။ ကံကောင်းစွာဖြင့် မုန့်ယွမ်ရှန့်၏ ပရိသတ်များမှာ အားမာန်အပြည့်နှင့် တက်တက်ကြွကြွရှိသောကြောင့် မုန့်ယွမ်ရှန့်က ပထမနေရာမှ ယိမ်းယိုင်သွားခြင်း မရှိချေ။

ထိုနည်းဗျူဟာကြောင့် ယခင်အရည်အချင်းပြရှိုးများမှ C နေရာများမှာ နောက်ဆုံးမိနစ်များ၌ ပြောင်းလဲသွားခဲ့ကြခြင်း ဖြစ်သည်။

မဲပေးရာ၌ အနိုင်မရသော်ငြား သူတို့ထံ၌ လက်သီးပုန်းထိုးမည့် နည်းလမ်းများ ရှိနေသေးပုံရသည်။

ကုရှင်းရှစ် စင်နောက်သို့ လာနေစဉ် စနစ်၏ စကားများအား ပြန်ကြားယောင်လာသည်။

[လုမင်ရဲ့ နည်းလမ်းက အားကောင်းတဲ့ ပြိုင်ပွဲဝင်ကို ကာကွယ်ဖို့ အားနည်းတဲ့သူကို စတေးပစ်လေ့ရှိတယ်.. ချန်ကျားကျွင်းက ရေပန်းစားမှုနိမ့်တော့ ပွဲဦးထွက်ဖို့ အခွင့်အရေးမရှိဘူးလေ.. ဒီတော့ ဝမ်မင်ဖုန်းကို C နေရာ ပို့နိုင်မဲ့ အခွင့်အရေးအတွက် ဘာဖြစ်လို့ အလောင်းအစား မလုပ်ရဲရမှာလဲ.. ဝေဖန်ခံရမယ်ဆိုရင်တောင် သူတို့ပြန်ရမဲ့ ကျော်ကြားမှုနဲ့ယှဉ်ရင် တန်တယ်လေ.. အငြင်းပွားမှုတွေက ပရိသတ်တွေကိုတောင် ပိုပြီးဆွဲဆောင်နိုင်သေးတယ်.. ဘယ်လိုပဲကြည့်ကြည့် သူတို့အတွက် အရှုံးမရှိဘူး..]

[အစက ချန်ကျားကျွင်းက အဲလိုလုပ်ဖို့ ဆန္ဒမရှိဘူး.. ဒါပေမဲ့ သူ့မိသားစုက ဆင်းရဲပြီး မိခင်က ခွဲစိတ်ဖို့ လိုအပ်နေတယ်.. ချမ်းသာတဲ့မိသားစုကလာတဲ့ ဝမ်မင်ဖုန်းက ဒီကိစ္စအတွက် ယွမ် ၅ သိန်းနဲ့ ကမ်းလှမ်းတယ်လေ.. အဲဒါနဲ့ ချန်ကျားကျွင်းကလည်း သဘောတူလိုက်တယ်..]

ကုရှင်းရှစ်သည် မန်နေဂျာနောက်ကွယ်၌ ပုန်းရန် ကြိုးစားနေသော ချန်ကျားကျွင်းအား ကြည့်လိုက်သည်။

မိသားစုအခြေအနေ ဆိုးဝါးသည်မှအပ ချန်ကျားကျွင်းမှာလည်း စာနာသနားသင့်သူ မဟုတ်ပေ။

ကုရှင်းရှစ်၏လေသံက အေးစက်လာသည်။
“ချန်ကျားကျွင်း.. မင်းအိတ်ကပ်ထဲက ယွမ် ၅ သိန်းကို မီးရှို့လိုက်ပြီလား..”

ချန်ကျားကျွင်း ခေါင်းထောင်လာပြီး ကုရှင်းရှစ်အား သရဲမြင်လိုက်သလို ကြည့်လိုက်သည်။

ချန်ကျားကျွင်းဘေးရှိ မန်နေဂျာနှင့် ဝမ်မင်ဖုန်းတို့၏ မျက်နှာများ မဲမှောင်လာသည်။

စွန်းဟုန်ဖေးက သူတို့၏ တုံ့ပြန်ပုံများမှတစ်ဆင့် အခြေအနေအား အကဲခတ်မိသောကြောင့် ချက်ချင်းဆိုသလို ကြားဖြတ်ပြောသည်။

“စိတ်မပူပါနဲ့ မစ္စတာကု.. ကျွန်တော်တို့ ဒီကိစ္စ အောက်ခြေအထိ သေသေချာချာလေး စုံစမ်းပြီး တရားမျှတမှု ရစေရပါမယ်..”


🍉🍉🍉🍉 အခန်း ၃၇


လုမင်အင်တာတိန်းမန့်မှ မန်နေဂျာက အံတင်းတင်းကြိတ်လိုက်သည်။ ကုရှင်းရှစ် ထိုအကြောင်းအား မည်သို့သိသွားမှန်း သူ မသိချေ။ သို့သော် ထိပ်တိုက်ရင်ဆိုင်ရန် အချိန်မရှိချေ။ တစ်ယောက်တည်း မကျေမနပ် ပြောပြီးနောက် ဝမ်မင်ဖုန်းလက်ဆွဲကာ အလျင်စလို ထွက်သွားရန် ကြိုးစားသည်။

“အဲမှာရပ်လိုက်..”
ကုရှင်းရှစ်၏အသံ ထွက်ပေါ်လာသောကြောင့် ခြေလှမ်းများ တုံ့သွားကြသည်။ အကြောင်းအရင်း မသိသော်ငြား မန်နေဂျာသည် ထိုလူငယ်ထံမှ ခြိမ်းခြောက်ခံနေရသည်ဟု ခံစားမိသောကြောင့် အားတင်းကာ မေးလိုက်သည်။
“မစ္စတာကု.. ပြောစရာရှိသေးလို့လား..”

ကုရှင်းရှစ် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

အရိုးသားဆုံးပြောရလျှင် နောက်ဆုံးပွဲစဉ်၌ သူ၏သင်တန်းသားများ ဖျော်ဖြေသည်ကို ငြိမ်းချမ်းစွာ ကြည့်လိုခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုလူများမှ တွန်းအားပေးလာသဖြင့် ရွေးချယ်စရာ မရှိတော့ဘဲ အမြောက်ကြီးကြီး ပစ်ရတော့သည်။

ကုရှင်းရှစ်က တည်ငြိမ်ပြီး အလျင်မလိုစွာဖြင့် ပြောသည်။
“မန်နေဂျာလု.. ခင်ဗျားရဲ့ ကြိုမြင်တတ်ချက်ကတော့ တကယ်ကို အသိအမှတ်ပြုလောက်တယ်.. မဟုတ်ရင် ဝမ်မင်ဖုန်းရဲ့ ချစ်သူကောင်မလေးကို ခန်းမထဲ ခေါ်ခွင့်ပြုမှာတဲ့လား..”

မန်နေဂျာလု : “!!!”

ဝမ်မင်ဖုန်း : “!!!”

အခြားသူများ : “!!!”

မန်နေဂျာလုက ဝမ်မင်ဖုန်းအား အကြည့်စူးစူးများဖြင့် မကြည့်မီ ကုရှင်းရှစ်စကားအား ကန့်ကွက်လိုက်သည်။
“အဓိပ္ပါယ်မရှိတာ..”

ကုရှင်းရှစ် မျက်ခုံးပင့်လိုက်သည်။
“မန်နေဂျာလု.. အခုမှ သူ(မ)ကို ခေါ်ထုတ်ဖို့ တစ်ယောက်ယောက်ကို စာပို့မယ်ဆိုရင် နောက်ကျသွားပြီလို့ မထင်ဘူးလား..”

ဖုန်းကိုင်ထားသော မန်နေဂျာလု၏ လက်ချောင်းများ တောင့်တင်းသွားပြီး ကုရှင်းရှစ်အား ကြောက်မက်ဖွယ်ကောင်းစွာ ကြည့်လိုက်သည်။

ကုရှင်းရှစ်က အပြစ်ကင်းစင်ဟန် ပြုံးလိုက်ပြီးနောက် ထပ်ပေါင်းပြောသည်။
“တကယ်တော့ ခန်းမထဲ ရှိနေတာ ၂ ယောက်.. တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျန်တဲ့တစ်ယောက်က ဝမ်မင်ဖုန်းရဲ့ အနာဂတ် ယောက္ခမ ဖြစ်လာတော့မှာလေ.. ဪ.. ရှုပ်လိုက်တဲ့ မိသားစုပြဿနာပါလားနော်.. အဲလို မထင်ဘူးလား..”

လူတိုင်း : “!!!”

အမေနဲ့ သမီးက ကောင်လေး တစ်ယောက်တည်းနဲ့ တွဲနေကြတာလား..

ပေါက်ကွဲတော့မှာပဲ..

ဒီလို သတင်းထူးမျိုး..

အမူအရာမပျက်အောင် ကြိုးစားနေရသည့် ဝမ်မင်ဖုန်းက ကုရှင်းရှစ်အား ထိတ်လန့်စွာ ကြည့်လိုက်သည်။

မဖြစ်နိုင်ဘူးးး

အရမ်းပဲ သတိထားနေခဲ့တာတောင် ကုရှင်းရှစ်က ဘယ်လိုသိသွားတာလဲ..

သူ့ကိုယ်သူ ရှင်းပြချင်သော်ငြား ဦးနှောက်တစ်ခုလုံး ဗလာကျင်းသွားသောကြောင့် စကားတစ်လုံးမျှပင် ထွက်မလာချေ။

မန်နေဂျာလု၏ မျက်နှာမှာ သိသိသာသာ နီရဲလာသည်။ ဝမ်မင်ဖုန်း၏ ဆက်ဆံရေးများအကြောင်း သူသိထားသည်။ ပြည်တွင်းဖျော်ဖြေရေးလောက၌ idol များ၏ အချစ်ရေးနှင့် ပတ်သက်၍ တင်းကြပ်သည့် စည်းမျဉ်းများ မရှိသည့်အပြင် ဝမ်မင်ဖုန်းသည် အမြဲလိုလို သိုသိုဝှက်ဝှက်သာ နေထိုင်လေ့ရှိသဖြင့် များများစားစား မတွေးမိခဲ့ချေ။

ဘယ်သူက ဒီလိုဖြစ်လာမယ်လို့ သိမှာလဲ..

ဝမ်မင်ဖုန်းက သူ့အချစ်ရေးအား လျှို့ဝှက်စွာ ဖုံးကွယ်ထားခဲ့သည့်အပြင် မပြုမူသင့်သည့် အမှားကြီးတစ်ခုကိုပင် ကျူးလွန်ထားသေးသည်။

ပတ်ပတ်လည်၌ရှိနေသည့် သင်တန်းသားများ၊ ထုတ်လုပ်ရေးအဖွဲ့ဝင်များသည် အလွန်အမင်း အာရုံစိုက် နားထောင်နေကြပြီး အချို့မှာ ဖုန်းထုတ်ကာ ခိုးကြောင်ခိုးဝှက် မှတ်တမ်းတင်ကြသည်။

လုံးဝ ကပ်ဘေးပဲ..

မန်နေဂျာလုက ကုရှင်းရှစ်အား နောင်တရစွာ ကြည့်လိုက်သည်။ 

ဒီကိစ္စထဲ ဝင်ပတ်သက်မိတာ အကြံကောင်းလို့ ဘာလို့များ တွေးမိခဲ့ရတာလဲ..

ဒီအကြောင်းသာ ပျံ့သွားရင် C နေရာကို အသာထား ဝမ်မင်ဖုန်းက ပွဲဦးတောင် ထွက်နိုင်တော့မှာ မဟုတ်ဘူး..

လက်ချောင်းများ တုန်ယင်နေသော်ငြား ကုရှင်းရှစ်အား စွပ်စွဲနိုင်ခြင်း မရှိချေ။ နောက်ဆုံး၌ အရှက်ရစွာဖြင့် ခေါင်းငုံ့ထွက်သွားတော့သည်။

မန်နေဂျာလု ထွက်သွားသည်နှင့် တီးတိုးပြောသံများ ပိုမိုကျယ်လောင်လာသည်။

နောက်တစ်ကျော့အတွက် စင်ပေါ်သို့ တက်ရတော့မည့် သင်တန်းသားများပင်လျှင် ထွက်မသွားလိုကြဘဲ ဒရာမာအား လက်လွတ်မခံနိုင်ကြချေ။

အချို့ လက်မြန်ခြေမြန်ရှိသူများမှာ ဗီဒီယိုအား အွန်လိုင်းပေါ်သို့ တင်လိုက်ကြသည်။

အချိန်တိုအတွင်းမှာပင် ဤပေါက်ကွဲမှုမြင့်သည့် သတင်းမှာ လတ်တလောထိပ်တန်းသတင်းများထဲသို့ ဝင်သွားသဖြင့် [Boy Group Training Camp] အား နာမည်ပိုကြီးလာစေသည်။

ကောလာဟလ၏ စစ်မှန်မှုအပေါ် မေးခွန်းထုတ်ကြသူများရှိသော်ငြား များမကြာမီမှာပင် ဗီဒီယိုအသစ် ထွက်ပေါ်လာသည်။ မြင်ကွင်းမှာ ပရိသတ်များထဲမှ ရိုက်ကူးထားခြင်းဖြစ်သည်။ ပြိုင်ပွဲကျင်းပရာခန်းမထဲ၌ အမျိုးသမီးနှစ်ဦး ရိုက်ပုတ်နေကြသည့် မြင်ကွင်းဖြစ်သည်။

အလင်းရောင်မှိန်ဖျော့သော်ငြား တစ်ဦးမှာ ငယ်ရွယ်လှပပြီး ကျန်တစ်ဦးမှာ စွဲမက်ဖွယ်ကောင်းကာ ရင့်ကျက်ဟန်ပေါ်သည်။ ငယ်ရွယ်သော အမျိုးသမီး၏အသံ ထွက်ပေါ်လာသည်။
“အရှက်မရှိတဲ့ မိန်းမကြီး.. သမီးရဲ့ ရည်းစားကို ခိုးတယ်ပေါ့..”

အဆိုပါ သတင်းအား ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ဝမ်မင်ဖုန်း၏ ပရိသတ်အဖွဲ့ ဖျက်သိမ်းသွားပြီး ပရိသတ်အများအပြားသည် ရှိုးထုတ်လုပ်သူများအား ဆက်သွယ်ကာ သူတို့၏ မဲများအတွက် ပြန်အမ်းငွေပေးရန် အဆက်မပြတ် တောင်းဆိုကြသည်။

သို့သော် အပြင်ဘက်ရှိ ဖရိုဖရဲအခြေအနေများမှာ စင်နောက်ဘက်ရှိ လေထုအား အနည်းငယ်သာလျှင် သက်ရောက်မှုရှိသည်။

ယင်ဟယ်ဖုန်းနှင့် အခြားသူများမှာ ကြောင်အနေကြဆဲဖြစ်သည်။

သူတို့၏ မျက်လုံးထဲ၌ ကုရှင်းရှစ်မှာ အမြဲတစေ ယဉ်ကျေးကာ သဘောကောင်းသူဖြစ်သည်။ ကုရှင်းရှစ် အလွန်အမင်း ဒေါသထွက်နေသည်အား ပထမဆုံးအကြိမ် မြင်တွေ့ဖူးကြခြင်း ဖြစ်သည်။

မည်သူမျှ ကုရှင်းရှစ်နှင့် အကြည့်ချင်းမဆုံရဲချေ။

ယခင်က ကုရှင်းရှစ်အား မသိလိုက်ဘဲ အပြစ်ပြုမိခဲ့သလားဟု စတင်စိုးရိမ်လာကြသည်။

တစ်ချိန်တည်းမှာပင် စွန်းဟုန်ဖေးမှာမူ စကားမပြောနိုင်ဘဲ ဆွံ့အနေတော့သည်။

ကုရှင်းရှစ်ကတော့ ပေါက်ကွဲလိုက်ပြီ.. 

အဲဒီ အေးစက်ပြီး ခက်ထန်တဲ့ အမူအရာက လုံးဝ ဝမ်ယွဲ့နဲ့ တစ်ပုံစံတည်း.. လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အရှိန်အဝါကလည်း မွန်းကြပ်သွားစေနိုင်တယ်..

ယခုအခါ ကုရှင်းရှစ်မှာ ပုံမှန်အတိုင်း တည်ငြိမ်အေးချမ်းသော အမူအရာဖြင့် ရှိနေသော်ငြား စွန်းဟုန်ဖေးသည် ကုရှင်းရှစ်အနီးသို့ မချဉ်းကပ်ရဲဘဲ ရှိလေသည်။

ဒေါသပြေသွားပြီးနောက် ကုရှင်းရှစ် ခေါင်းကြည်လာပြီး လက်ရှိ အရေးအကြီးဆုံး ပြဿနာအား အမှတ်ရလိုက်သည်။ မုန့်ယွမ်ရှန့်၏ဝတ်စုံအား ပြုပြင်ရန် ဖြစ်သည်။

သူက မုန့်ယွမ်ရှန့်ထံသို့ လျှောက်သွားပြီး လူအုပ်သည် အလိုအလျောက်ပင် လမ်းဖယ်ပေးလိုက်ကြသည်။

မုန့်ယွမ်ရှန့်က နှုတ်ခမ်းတင်းတင်းစေ့ကာ ရပ်နေပြီး သူ့အမူအရာမှာ ကုရှင်းရှစ် မျှော်လင့်ထားသလို စိတ်ဓာတ်ကျနေပုံ မရချေ။ ထို့အစား မျက်လုံးထဲ၌ တလက်လက် တောက်ပလျက်ရှိသည်။

ကုရှင်းရှစ်က ဂရုတစိုက် မေးလိုက်သည်။
“မင်း အဆင်ပြေလား..”

နှစ်လခွဲကြာ ခက်ခက်ခဲခဲ ကြိုးစားပြီးနောက် အရေးအကြီးဆုံး ပွဲစဉ်မတိုင်မီ ဝတ်စုံဖျက်ဆီးခံရခြင်းမှာ မုန့်ယွမ်ရှန့်အတွက် သေချာပေါက် ထိခိုက်မှုပြင်းနိုင်သည်။ ကုရှင်းရှစ်က မုန့်ယွမ်ရှန့်၏ ပခုံးအား လက်ဖြင့်ပုတ်ရင်း မည်သည့်နှစ်သိမ့်ရမလဲဟု စဉ်းစားနေမိသည်။

သို့သော် မုန့်ယွမ်ရှန့်က ခပ်တိုးတိုးပြောလာသည်။
“ဥက္ကဌကု.. စောစောက အရမ်းမိုက်တယ်..”

ကုရှင်းရှစ် ခေတ္တမျှ ကြောင်အသွားပြီးနောက် ခေါင်းပေါ်တွင် အမေးသင်္ကေတ ပေါ်လာသည်။

ကုရှင်းရှစ်၏ ကြမ်းတမ်းသော အပြုအမူမှ နားမလည်နိုင်ဟန် ခပ်ကြောင်ကြောင်ဖြစ်သွားသည်ကို မြင်သည့်အခါ မုန့်ယွမ်ရှန့် မရယ်ဘဲ မနေနိုင်တော့ချေ။
“ကျွန်တော့်ကို ကာကွယ်ပေးလို့ ကျေးဇူးတင်ပါတယ် ဥက္ကဌကု.. ဒါပေမဲ့ ကျွန်တော်က အရင်ကလိုမျိုး မဟုတ်တော့ပါဘူး..”

သူက တည်ငြိမ်စွာဖြင့် ယုံကြည်မှုရှိရှိ ပြောသည်။
“ထသွားထလာ ဝတ်စုံနဲ့ဆိုရင်တောင် ကျွန်တော် စင်မြင့်ကို သိမ်းပိုက်နိုင်ဦးမှာပါ..”

မုန့်ယွမ်ရှန့် ဘေး၌ရှိသော ချန်ရှင်းက ပခုံးအားပုတ်ကာ ပြောလိုက်သည်။
“ငါလည်း မင်းနဲ့အတူတူ ဝတ်မယ်..”

ကုရှင်းရှစ်က တစ်ယောက်ပခုံးတစ်ယောက်ဖက်ကာ မိတ်ကပ်ပြောင်းရန်အတွက် စတိုင်လစ်အားရှာရန် ပြင်နေကြသည့် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့အားကြည့်ကာ ကြောင်အနေပြီး အလျင်အမြန် ခေါ်လိုက်ရသည်။
“ရပ်စမ်း.. မင်းတို့ဘာတွေလုပ်နေကြတာလဲ..”

ကုရှင်းရှစ် ပျော်ရွှင်မြူးထူးစွာ မရယ်ဘဲ မနေနိုင်တော့ချေ။
“မင်းတို့ ဝတ်စုံတွေ မရှိတော့ဘူးလို့ ဘယ်သူပြောလဲ..”

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့ နှစ်ဦးသား မျက်လုံးပြူးသွားကြသည်။

“...”

ပြိုင်ပွဲမစမီ ကုရှင်းရှစ်သည် ပြည်တွင်းနှင့် နိုင်ငံတကာ အရည်အချင်းပြရှိုးပွဲများအား ကြည့်ကာ ဖြစ်လာနိုင်ချေရှိသည့် အရာများအား ကြိုတင်သုံးသပ်သည်။ ကုမ္ပဏီ၏ အသုံးစာရင်းထဲမှ အပိုငွေဖယ်ကာ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့အတွက် ဝတ်စုံအပို ပြင်ဆင်ထားသည်။

သူတို့အား ဖိအားပေးမိမည် စိုးသောကြောင့် ထိုအကြောင်းနှင့် ပတ်သက်၍ မပြောထားချေ။

အပိုပြင်ထားတာက အသုံးဝင်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ..

ကုရှင်းရှစ် အပိုဝတ်စုံများအား ထုတ်လိုက်ချိန်တွင် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့မှာ နတ်သမီးမေမေအား မြင်လိုက်ရသည့် စင်ဒရဲလားကဲ့သို့ မျက်လုံးများ ပြူးကျယ်လာကြသည်။ 

သူတို့နှစ်ဦး၏ အကြည့်များကြောင့် ကုရှင်းရှစ် ကြက်သီးများပင် ထလာသည်။ သူ အလျင်အမြန်ပင် မုန့်ယွမ်ရှန့်ထံ ဝတ်စုံကမ်းပေးလိုက်သည်။
“အဆင်သင့်ပြင်တော့.. မင်း စင်ပေါ်တက်ရတော့မှာ..”

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့ စင်ပေါ်တက်ရန် သွားသည်ကို မြင်ပြီးနောက် ကုရှင်းရှစ်သည် ယင်ဟယ်ဖုန်းနှင့်အတူ စင်အောက်မှကြည့်ရန် နေရာယူလိုက်သည်။

ငါပဲ စိတ်ထင်နေတာလား မုန့်ယွမ်ရှန့်ရဲ့ ဖျော်ဖြေမှုက အရင်ထက် ပိုကောင်းလာတာလား..

အံ့ဩဖွယ်မလိုအောင်ပင် မုန့်ယွမ်ရှန့်၏ ရေပန်းစားမှုအဆင့်မှာ ထိပ်ဆုံး၌ပင်။

စင်မြင့်အလယ်၌ရပ်ကာ မိုက်ခရိုဖုန်းအား လက်၌ကိုင်ရင်း သူ့နာမည် ရေးထိုးထားသည့် ဆိုင်းဘုတ်များအား ကိုင်ထားသော ပရိသတ်များအားကြည့်လိုက်ပြီး လည်ချောင်းထဲ စို့တက်လာသည်။

ဤသည်မှာ အကြိမ်ပေါင်းများစွာ အိပ်မက်ခဲ့ဖူးသော အခိုက်အတံ့ဖြစ်သည်။

ယခုအခါ စိတ်ကူးအိပ်မက်များ လက်တွေ့ဖြစ်လာခဲ့သည်။

မုန့်ယွမ်ရှန့် စိတ်ခံစားချက်များအား မထိန်းနိုင်တော့ပေ။

ပြင်ဆင်ထားခဲ့သော ကျေးဇူးတင်စကားမှာလည်း ရုတ်တရက် မေ့သွားပုံရသည်။

ထို့ကြောင့် ရိုးရှင်းစွာပင် ပရိသတ်များ၊ နည်းပြများ၊ အဖွဲ့သားများနှင့် ထုတ်လုပ်ရေးအဖွဲ့အား ကျေးဇူးတင်စကားဆိုသည်။ နောက်ဆုံး၌ ကုရှင်းရှစ်ရှိရာသို့ အကြည့်ရောက်သွားပြီးနောက် တိတ်ဆိတ်သွားလေသည်။

မုန့်ယွမ်ရှန့် မည်သည့်စကားမျှ မဆိုသည့်တိုင်အောင် တစ်လျှောက်လုံး မုန့်ယွမ်ရှန့်နောက်မှ လိုက်ပါလာသည့် ပရိသတ်များမှာမူ သူပြောလိုသည့် စကားများအား သိထားပြီးဖြစ်သည်။

မည်သူမှ စလိုက်သည် မသိဘဲ တိုက်ရိုက်ထုတ်လွှင့်မှု မှတ်ချက်ကဏ္ဍ၌ မှတ်ချက်များ ပလူပျံလာသည်။

[ကျေးဇူးတင်ပါတယ် ဥက္ကဌကု..]

[ရှန့်ပေါင်ပေ့ကို ဆက်ပြီးတော့ စောင့်ရှောက်ပေးပါဦး ဥက္ကဌ ကု..]

[ဝါးးးး ရှန့်ပေါင်ပေ့နဲ့ ဥက္ကဌကု.. ရှေ့ဆက်ပြီး ပျော်ပျော်နေသွားကြပါ..]

မုန့်ယွမ်ရှန့်က ကုရှင်းရှစ်နှင့် ပထမဆုံး ဆုံတွေ့ခဲ့ပုံအား ပြန်လည်မြင်ယောင်မိသည်။

ကုရှင်းရှစ်သည် မျက်လုံးများ တလက်လက်တောက်ပစွာ သူနှင့် လက်မှတ်ထိုးနိုင်မလားဟု စိတ်ရင်းအမှန်ဖြင့် မေးခဲ့သည်။

ထိုအချိန်မှစ၍ ကံကြမ္မာဘီးလုံး စတင်လည်ပတ်တော့သည်။

ကုရှင်းရှစ်က သူစိတ်ကူးယဉ်ရုံသာ တတ်နိုင်သည့် လမ်းကြောင်းအား လျှောက်လှမ်းနိုင်ရန် ညွှန်ပြပေးခဲ့သည်။

မုန့်ယွမ်ရှန့် မျက်ရည်များ စီးကျလာသည်။

အဆုံးတွင် သူ၏ ကျေးဇူးတင်စကားတို့မှာ ရိုးရှင်းသော ဝါကျတစ်ခုအဖြစ် ပွင့်အံကျလာသည်။
“ကျေးဇူးတင်ပါတယ် ဥက္ကဌကု.. ဥက္ကဌက ကျွန်တော့်ကို ဘဝသစ်တစ်ခု ပေးခဲ့တာပါ..”

ထို့နောက် ဖန်သားပြင်ထက်၌ ကုရှင်းရှစ်၏မျက်နှာ ပေါ်လာသည်။

စင်အောက်ဘက် အရိပ်ကျသည့်နေရာ၌ ရှိနေသည့်တိုင်အောင် ကုရှင်းရှစ်၏ ပြီးပြည့်စုံကာ အချိုးအစားကျနသည့် မျက်နှာအား ဖုံးကွယ်မထားနိုင်ဘဲ မျက်လုံးထဲ၌ နူးညံ့မှုတို့ ထင်ဟပ်နေသည်။

တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ကဏ္ဍမှာ ကြည်နူးဖွယ်ရာမှာ ချက်ချင်းဆိုသလို လေသံပြောင်းသွားသည်။

[အိုး ဘုရားရေ .. အဲဒါ ဘယ်က သင်တန်းသားလေးလဲ..]

[သူက မုန့်ယွမ်ရှန့်ရဲ့ မန်နေဂျာတဲ့ဟေ့.. ကောင်းပြီ.. မနက်ဖြန်ကစပြီး လဲ့ရှစ်မှာ အလုပ်သွားလျှောက်ပြီ..]

[အမ်.. မန်နေဂျာတစ်ယောက်ရဲ့ ပရိသတ်ဖြစ်ဖို့ ဘာတွေလိုအပ်လဲ..]

*

ဝမ်ယွဲ့က နိုင်ငံရပ်ခြား အစည်းအဝေးတစ်ခု ပြီးနောက် တစ်စုံတစ်ခုအား အမှတ်ရမိသဖြင့် လက်ထောက်ထန်လင်းကို မေးလိုက်သည်။
“ဒီည [Boy Group Training Camp] ရဲ့ နောက်ဆုံးပြိုင်ပွဲ မဟုတ်လား..”

ထန်လင်း နာရီအားကြည့်ပြီးနောက် ပြန်ဖြေသည်။
“ဟုတ်ပါတယ် ဥက္ကဌ.. ဒီအချိန်လောက်ဆို နောက်ဆုံးရလဒ်ကို ကြေညာပြီးသင့်ပါပြီ..”

ဝမ်ယွဲ့ မေးလိုက်သည်။
“ပြဿနာတစ်ခုခု ရှိလား..”

ထန်လင်းက ဝမ်မင်ဖုန်း၏ ပြဿနာအသေးစိတ်အား ပြန်လည်တင်ပြလိုက်သည်။

ဝမ်ယွဲ့ မျက်မှောင်ကြုတ်သွားသည်။

[Boy Group Training Camp]၏ ယခုseasonမှာ အတော်လေး စည်ကားသည်ဟု ဆိုရမည်။

သို့သော် ဤရှိုးက ဖျော်ဖြေရေးလောကအား အုပ်စိုးမည့် သူ့အစီအစဉ်၏ အခြေခံဖြစ်သည်ကို စဉ်းစားပြီးနောက် ဝမ်ယွဲ့ အနီးကပ်စောင့်ကြည့်ရန် ဆုံးဖြတ်ထားသည်။
“ကြည့်ကြည့်ရအောင်..”

ထန်လင်းက app အား အလျင်အမြန်ဖွင့်ကာ မော်နီတာ၌ ပေါ်စေပြီးနောက် ပြိုင်ပွဲဝင်သင်တန်းသားများ၏ အဆင့်သတ်မှတ်ချက်များအား ပြောပြနေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ ဝင်ရောက်ပြီးပြီးချင်းမှာပင် ကင်မရာက ကုရှင်းရှစ် မျက်နှာအား ချိန်ရွယ်ထားသည်။

လူငယ်လေးက မတ်မတ်ရပ်ကာ နူးညံ့ပျော့စင်းသော အညိုရောင်ဆံနွယ်များရှိသည်။ အလွန်ဖြူစင်ပြီး အရည်လဲ့နေသည့် ခွေးပေါက်မျက်လုံး တောက်တောက်လေးများဖြင့် ကင်မရာအား ကြည့်နေသည်။

သူက ခန်းမအတွင်းရှိ ဖြစ်ရပ်ကြောင့် စိတ်လှုပ်ရှားလာပြီး နှုတ်ခမ်းတင်းတင်းစေ့ကာ ပါးကလေးဖောင်းလာပြီး နှုတ်ခမ်းပင် အနည်းငယ် စူလာသလိုပင်။ 

ထိုမြင်ကွင်းအား ကြည့်နေသူများမှာ ထိုလူငယ်လေး ပြုံးလာစေရန် အရာအားလုံး ပုံအပ်ပစ်ချင်စိတ် ပေါ်လာကြသည်။

ထိုအခိုက်အတံ့မှာပင် အမြဲလိုလို မတုန်မလှုပ် ကျောက်ရုပ်သဖွယ် ရှိနေတတ်သည့် ဝမ်ယွဲ့၏ နှလုံးသားမှာ အနည်းငယ် လှုပ်ရှားလာပုံပင်။

ထို့နောက် ဖန်သားပြင်ထက်ရှိ မှတ်ချက်တစ်ခုအား မြင်တွေ့လိုက်သည်။

[အားးးးး ဇနီးလေး.. ငါ့အိပ်မက်ထဲက ဇနီး‌လေးးးး]

ဝမ်ယွဲ့ တိတ်ဆိတ်သွားသည်။
“ဒီခေတ် ပရိသတ်တွေက ဒီလိုပဲ အထိန်းအကွပ် မဲ့နေကြတာလား..”


🍉🍉🍉🍉 အခန်း ၃၈


Boy Group Training Camp၏ နောက်ဆုံးပွဲစဉ်သည် ပြဿနာအချို့ရှိခဲ့သော်လည်း အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့သည်။

နောက်ဆုံးပွဲစဉ်က ထုတ်လွှင့်နေချိန်မှစ၍ ရေပန်းစားစာရင်းတွင် သဘာဝကျစွာ ရှိနေခဲ့သည်။

#ရှန့်ယွီ၊မုန့်ယွမ်ရှန့်တို့ရဲ့ပုန်ကန်မှုအစီအစဉ် 
#မုန့်ယွမ်ရှန့်အရမ်းချောတယ်
#ယွမ်ယဲ့ရဲ့ သေလောက်စရာStreet Dance 
#မုန့်ယွမ်ရှန့် ပထမနေရာ ရရှိ
*
#မုန့်ယွင်ရှန့်ရဲ့မန်နေဂျာကဒီလောက်တောင်ချောနေတာယုတ္တိရှိရဲ့လား... ကဲ့သို့ ကိုးရိုးကားယားနိုင်ကာ ရယ်စရာကောင်းသော hashtagsများမှာလည်းအဆက်မပြတ် တက်နေခဲ့သည်။

နှစ်လခွဲခန့်မျှ ကြိုးစားအားထုတ်မှုသည် ယခုအချိန်တွင်ပြီးဆုံးသွားခဲ့ပြီဖြစ်၏။

၎င်းက ပြီးပြည့်စုံသော ရလဒ်တစ်ခုဖြစ်၏။ 

ထိုရလဒ်နှင့်အတူ ထျန်းချန်ဗီဒီယို၏ဥက္ကဌက သူ့လက်များကိုဝှေ့ယမ်းကာ လူတိုင်းအား  á€Ąá€ąá€Źá€„်ပွဲခလရန်ဥတွက် ဟိုတယ်သို့ ခေါ်ဆောင်သွားရန် ညွှန်ကြားခဲ့သည်။ 

မည်သူ့ကိုမဆို ဤပြိုင်ပွဲတွင် အကြီးမားဆုံးအနိုင်ရရှိသူအား ခေါ်ပြခိုင်းလျှင် ထိုသူသည် ကုရှင်းရှစ်သာ ဖြစ်သည်။ 

မုန့်ယွမ်ရှန့်၏အောင်မြင်မှုမှာ အံ့အားသင့်စရာမဟုတ်ခဲ့‌ပေ။ သူက ပွဲစတင်ချိန်မှစ၍ ထူးချွန်ပြောင်မြောက်စွာ ပရိသတ်များအား ဖမ်းစားနိုင်ခဲ့ပြီး ပွဲစဉ်တစ်လျှောက်လုံးတွင်လည်း ပထမနေရာကို ဆုပ်ကိုင်ထားနိုင်ခဲ့သည်။ 

ချန်ရှင်းက ထူးခြားသော ခံစားမှုမျိုးပေးနိုင်ကာ သူ၏အကသည်လည်း အလွန်ခိုင်မာစိတ်ချရ၏။ သို့သော် ဤseason၏ လျာထားသောအစီအစဉ်က ပါရမီရှိသူတို့နှင့် ပြည့်နှက်နေခဲ့သည်။ ဥပမာတစ်ခုပေးရမည်ဆိုပါက ယွမ်ယဲ့က ဖျော်ဖြေပွဲ၏ အကအဆင့်အတန်းအား ပြိုင်ဘက်ကင်းအဆင့်အထိ မြှင့်တင်ခဲ့သည်။ 

ထိုအရာကြောင့်ပင် ချန်ရှင်း၏ ကျော်ကြားမှုမှာ နောက်ပိုင်းတွင် ယုတ်လျော့မှေးမှိန်သွားခဲ့ကာ တတိယနေရာသို့ ရောက်ရှိခဲ့သည်။

ဒါပေမယ့် ဝမ်မင်ဖုန်းရဲ့ အံ့မခန်းလောက်စရာ ဂုဏ်သိက္ခာဆုံးရှုံးမှုကို ဘယ်သူက ကြိုတင်ခန့်မှန်းနိုင်ခဲ့ပါ့မလဲ...

ပြိုင်ပွဲပြီးဆုံးသည်နှင့်တစ်ပြိုင်နက် ကြမ်းတမ်းသောအသွင်အပြင်နှင့် အမျိုးသားတစ်ဦးနှင့်အတူ ထိုသူ၏အဖွဲ့သားများက ပွဲခန်းမအပြင်ဘက်တွင် သူ့အားစောင့်ဆိုင်းနေခဲ့သည်။ ထိုအမျိုးသားက ဝမ်မင်ဖုန်း၏လိမ်ညာလှည့်စားခြင်းခံရသော စေ့စပ်ထားသူ၏ ဖခင်ဖြစ်ကာ သူ့(ဝမ်မင်ဖုန်း)အား သင်ခန်းစာပေးရန် ရောက်လာခဲ့ခြင်းဖြစ်၏။

ဝမ်မင်ဖုန်းက နောက်ဆုံးအဆင့်ရလဒ်ကြေညာချိန်တွင်ပင် တက်ရောက်နိုင်ခဲ့ခြင်းမရှိချေ။ သူ့လက်ထောက်နှင့် အခြားသူများ၏ အစောင့်အကြပ်အောက်မှ သူ ခိုးကြောင်ခိုးဝှက် လစ်ထွက်သွားခဲ့သည်။

အချို့သော အံ့သြဖွယ်ရာ အတားအဆီးများကြောင့် ဤဖျော်ဖြေရေးလောကရှိ သူ၏အသက်မွေးဝမ်းကြောင်းမှာ အမှန်ပင် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ကုရှင်းရှစ်၏ အနုပညာရှင် နှစ်ဦးစလုံးသည် ပထမနှင့် ဒုတိယနေရာအား အဟန့်အတားမရှိ ရယူနိုင်ခဲ့သည်။ 

မနာလိုစိတ်အပြည့်ဖြစ်သွားသော ယင်ဟယ်ဖုန်းသည်ပင် နောက်တအကြိမ်များ၌ ပြိုင်ပွဲမတိုင်ခင် ဥက္ကဌကုဆီသို့ သွားရောက်တွေ့ဆုံပါဦးမည်ဟု မှတ်ချက်ပေးခဲ့သည်။ 

ထိုကိစ္စနှင့်ပတ်သက်၍ စွန်းဟုန်ဖေးက သဘောမတူခဲ့ချေ။

ကုရှင်းရှစ်က အကြီးမားဆုံးအနိုင်ရသူ ဖြစ်ခဲ့ပါလျှင် စွန်းဟုန်ဖေးကလည်း ဒုတိယဆု ရရှိသူဖြစ်၏။ 

ထျန်းချန်ဗီဒီယိုမှာ သူ့လို အဆင့်နိမ့်မန်နေဂျာတစ်ဦးက ဌာနအကြီးအကဲအဖြစ် ရာထူးတိုးခံရပြီး ဒုတိယဥက္ကဌအတွက်တောင် စီမံခန့်ခွဲနေရမယ်လို့ ဘယ်သူက ထင်ပါ့မလဲ...

အခမ်းအနားပွဲတွင် စွန်းဟုန်ဖေးက အားလုံး၏ အကြည့်များအောက်၌ ခေါင်းမော့ကာ နေခဲ့သည်။

သူ၏လုပ်ဖော်ကိုင်ဖက်များက မအောင့်ထားနိုင်တော့ဘဲ သူရာထူးတိုးလာခြင်း အကြောင်းအရင်းများကို အမျိုးမျိုးဝိုင်းဝန်းစပ်စုမေးမြန်းကြတော့သည်။ 

စွန်းဟုန်ဖေးက တည်ငြိမ်အေးဆေးစွာဖြင့်  á€•္ဍအပ္ဍအပဍးပဍး ရယ်မောကာ မ‌ရေမရာ တုန့်ပြန်မှုများပေးလျက် မေးခွန်းများကို ရှောင်ရှားခဲ့သည်။

နောက်ဆုံးတွင် ဥက္ကဌကုက သူ့အသက်မွေးဝမ်းကြောင်းတိုးတက်မှုအတွက် ကံကောင်းခြင်းအဆောင်ဖြစ်သည်ကို သူ ထုတ်ဖော်မပြောနိုင်ခဲ့ပေ။

သူ ကုရှင်းရှစ်ကို တစ်ချက်မျှလှမ်းမကြည့်ဘဲ မနေနိုင်ခဲ့ပေ။

ထိုအချိန်တွင် ကုရှင်းရှစ်က အနီးအနားရှိလူများနှင့် စကားပြောနေရင်း တစ်ချိန်တည်းပင် စနစ်နှင့် အတင်းအဖျင်းပြောနေခဲ့သည်။

[ဟိုနားက ထိပ်ပြောင်နဲ့လူကို တွေ့လား...]

ကုရှင်းရှစ်က ရိုးစင်းကာ ဆွဲဆောင်မှုမရှိသော လူတစ်ဦးကို ကြည့်လိုက်သည်။ သူ၏ပြောင်လက်နေသောဦးခေါင်းသည် သူ၏သြဇာတိက္ကမ နိမ့်ပါးခြင်းကို ကူညီမပေးနိုင်ခဲ့ချေ။ 

[အဲ့ဒါက တင်းဟွာမီဒီယာရဲ့ ဥက္ကဌ... သူ့ရဲ့ပုံပန်းအသွင်အပြင်နဲ့ အရူးလုပ်မခံရစေနဲ့... အရင်တုန်းက ချမ်းသာကြွယ်ဝတဲ့ ထောက်ပံ့သူ ငါးယောက် ခြောက်ယောက်လောက်ကို သူ့လက်ထဲမှာ ကျွမ်းကျွမ်းကျင်ကျင်ထည့်ထားနိုင်ခဲ့တာ... သူတို့ နောက်ဆုံးအထိ သူ့ဆီ မြှုပ်နှံပေးဖို့လဲ စိတ်ခံစားချက်ပိုင်းဆိုင်ရာ အထောက်အပံ့တွေလဲ ထောက်ပံ့ပေးခဲ့သေးတယ်...တင်းဟွာမီဒီယာ ဒီနေ့အထိ ရပ်တည်နိုင်ခဲ့တာ သူ့ရဲ့အကျိုးတော်ဆောင်တွေကို ကျေးဇူးတင်ရမှာ...] 

[စစ်မှန်တဲ့ အကြီးအကဲတွေက သူတို့ရဲ့ပတ်ဝန်းကျင်အကြောင်း ဘယ်တော့မှ မညည်းညူဘူး...]
ကုရှင်းရှစ်က လေးစားစွာဖြင့် တုံ့ပြန်ခဲ့၏။

စနစ်က ဆက်၍ ပြောခဲ့သည်။
[ဒါပေမယ့်လည်း သူ့ရဲ့တကယ့်လုပ်ငန်းကျွမ်းကျင်မှုက အလယ်အလတ်အဆင့်လောက်ပါပဲ... အဲ့ဒါကြောင့် တင်းဟွာမီဒီယာက ဒီနှစ်တွေမှာ အလယ်အလတ်အောင်မြင်မှုလောက်ပဲ ရခဲ့တာလေ... အခုဆို သူ့ရဲ့အသက်ကလဲ ကြီးလာပြီ... အလိုလိုက်အကြိုက်ဆောင်ခံရတာကို ကျင့်သားရလာပြီး စိတ်လှုပ်ရှားစရာအကြောင်းအရာတွေကို စတင်ရှာဖွေနေတာလေ... သူ့အနောက်မှာ ရပ်နေတဲ့သူကို တွေ့လား... အဲ့ဒါ သူ့ရဲ့လက်ထောက်ပဲ... သူက တရားဝင်လက်ထောက်တစ်ဦးဆိုပေမယ့် တင်းဟွာရဲ့ တကယ့်အာဏာရှိတဲ့သူပဲ...]

ကုရှင်းရှစ်က နီးကပ်စွာရှိနေသူနှစ်ဦးအား ကြည့်ပြီး တစ်ခါတစ်ခါ ထိုနှစ်ဦးသည် ရင်းနှီးကျွမ်းဝင်သော အမူအရာများဖြင့် တုံ့ပြန်ပြောဆိုကြသည်ကို သတိပြုမိခဲ့သည်။ 

ဒီတင်းဟွာဥက္ကဌက သူ့လက်ထောက်ရဲ့ဦးဆောင်မှုနောက် လိုက်တဲ့ပုံပဲ...

ကုရှင်းရှစ်က လေးလေးနက်နက်ခေါင်းညိတ်ကာ ပြောလိုက်သည်။
[ တောင်တိုင်းမှာ သူတို့ထက် ပိုမြင့်တဲ့တောင် အမြဲတမ်းရှိတယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲ...]

စနစ်က ဆက်၍ပြော၏။
[ထောင့်မှာ အရက်သောက်နေတဲ့ လူငယ်လေးကို တွေ့လား... အသက်ငယ်ငယ်လေးနဲ့ သူ ဘယ်လိုလုပ် သန်းကြွယ်သူဌေးဖြစ်လာတာလဲ မင်းသိလား...]

ကုရှင်းရှစ်က မျက်စိတစ်ချက် ဝေ့ကြည့်လိုက်ရာ တောက်တောက်ပပ ဒီဇိုင်နာချုပ်အဝတ်အစားများ ဝတ်ဆင်ထားသော ကောင်လေးအား တွေ့လိုက်ရသော်လည်း မှုန်မှိုင်းနေသော လေထုက သူ့ပုံရိပ်နှင့် မသက်ဆိုင်သကဲ့သို့ပင်။  

ကုရှင်းရှစ်က မှန်းဆကာ ထင်ကြေးပေးခဲ့သည်။
[သူက ဖျော်ဖြေရေးသမားလား... ဒါမှမဟုတ် တခဲနက်အောင်မြင်သွားတဲ့ စီမံကိန်း ထုတ်လုပ်သူလား... ဒါမှမဟုတ် အရင်းအမြစ်ပေါတဲ့ အကောင်ကြီးကြီးတချို့နဲ့ ဆက်သွယ်နိုင်ခဲ့လို့လား... ဒါမှမဟုတ် သူ့ရဲ့ကံကြမ္မာကို စတော့ရှယ်ယာတွေမှာ ရင်းနှီးမြုပ်နှံခဲ့လို့လား...]

သူ တွေးနိုင်သမျှဖြစ်နိုင်ချေများကို သွက်လက်စွာ ရွတ်ပြလိုက်သည်။ သို့သော် စနစ်က အားလုံးကို ပယ်ချခဲ့၏။

နောက်ဆုံးတွင် စနစ်က ပြောပြခဲ့သည်။
[သူက သူ့ကိုယ်ပိုင်လုပ်ငန်းကို စခဲ့တာ....]

ကုရှင်းရှစ် အံ့အားသင့်စွာဖြင့် ပြန်ဖြေခဲ့သည်။
[စီးပွားရေးလား... သူ့ကြည့်ရတာ စီးပွားရေးလုပ်ဖို့ အရမ်းငယ်လွန်းတယ်...]

စနစ်က ပြော၏။
[အတိအကျပဲ... သူက ဘီလီယံပေါင်းများစွာချမ်းသာတဲ့ မိသားစုမှာ မွေးလာခဲ့တာ... ဒါပေမယ့် သူ့ကိုယ်ပိုင်ကုမ္ပဏီ စတည်ထောင်ပြီးတာနဲ့ သူ့ကိုယ်သူ ငယ်ငယ်ရွယ်ရွယ် သန်းကြွယ်သူဌေးတစ်ဦးအဖြစ် ပြောင်းလဲရပ်တည်ခဲ့တာ...]

ကုရှင်းရှစ် "....."
သူ စနစ်နှင့် ထပ်၍ စကားမပြောချင်စိတ် မရှိတော့ချေ။

ထိုအချိန်မှာပင် ပေါင်းသင်းရလွယ်ကူပုံပေါ်သော လူငယ်တစ်ဦးက ချဉ်းကပ်လာသည်။
"မစ္စတာကု... မင်္ဂလာပါ..."

ကုရှင်းရှစ်က ထိုလူသည် အခြားသောကုမ္ပဏီတစ်ခုမှ မန်နေဂျာတစ်ဦးဖြစ်မည်ဟု ယူဆခဲ့သည်။ သူက လက်ဆွဲနှုတ်ဆက်ကာ  á€šá€‰á€şá€€á€ťá€ąá€¸á€žá€ąá€Ź စကားအချို့ ပြောဆိုပြီး ထွက်ခွာရန် ပြင်ဆင်ခဲ့သည်။

သို့သော် ထိုလူငယ်က သူ့ကိုယ်သူ မိတ်ဆက်ခဲ့၏။
"ကျွန်တော်က ရှင်းမောင် Idols နဲ့ ကြယ်ပွင့်စင်မြင့် ထုတ်လုပ်သူ နင်ဝမ်ကျိုးပါ..."

ကုရှင်းရှစ် အံ့‌ဩမှုကြောင့် မျက်လုံးများပင် ပြူးကျယ်သွားခဲ့သည်။
နင်ကြောင်ငယ်လေး...

ဒီအောင်ပွဲခံပါတီမှာ သူဘာလုပ်နေတာလဲ...

နင်ဝမ်ကျိုးက သူ့အတွေးများကို ဖတ်နိုင်သလိုပင် ပြုံးလျက် ရှင်းပြခဲ့၏။
"ကျွန်တော်တို့ ကြယ်ပွင့်စင်မြင့်က ထျန်းချန်ဗီဒီယိုနဲ့ Boy Group Training Camp တို့နဲ့  á€•ူးပ္ဍင်းတ္ဏအမသဏပဍ... အခန်းအနားရဲ့ ဒုတိယပိုင်းလောက်မှာ ထျန်းချန်ဗီဒီယိုရဲ့ ဥက္ကဌယွင်နဲ့ကျွန်တော် ဒါကို တရားဝင် ကြေညာသွားမှာပါ..."

ကုရှင်းရှစ် ချက်ချင်း သဘောပေါက်သွားခဲ့သည်။

ကြယ်ပွင့်စင်မြင့်၏ ပထမအပိုင်းတွင် မုန့်ယွမ်ရှန့်၏ပွဲဦးထွက်အဖွဲ့ကို အထူးဧည့်သည်များအဖြစ် ထည့်သွင်းထားသည်ဟု နင်ဝမ်ကျိုးက "ကမ်းလက်ကူ"အား ပြောထားခဲ့ပြီးဖြစ်၏။ ထို့ကြောင့် နင်ဝမ်ကျိုး ဤနေရာတွင်ရှိနေသည်မှာ အံ့ဩစရာမဟုတ်ပေ။ 

နင်ဝမ်ကျိုးက ကုရှင်းရှစ်၏ တုံ့ပြန်မှုကို ဂရုတစိုက်နှင့် ကြည့်နေခဲ့၏။
ဟုတ်တာပေါ့... ငါက ဒီကို ပူပေါင်းဆောင်ရွက်ဖို့အတွက် ရောက်နေတာ ဖြစ်ပေမယ့် အဲ့ဒီအရာအားလုံးထက် "ကမ်းလက်ကူ"ကို လူချင်း တွေ့ချင်ခဲ့တာ...

ယခင်က "ကမ်းလက်ကူ" နှင့်စကားစမြည်ပြောဆိုစဉ်တွင် သူတို့က Boy Group Training Camp ဂုဏ်ပြုထမင်းစားပွဲအားတက်ရောက်မည့်အကြောင်း မတော်တဆ ထုတ်ဖော်ပြောဆိုခဲ့သည်။ 

နင်ဝမ်ကျိုးက ထိုအသေးစိတ်အချက်အလက်များကိုပင် မှတ်မိနေဆဲဖြစ်၏။

သူ ရောက်သည့်အချိန်မှစ၍ "ကမ်းလက်ကူ"ကို ရှာတွေ့နိုင်ရန် မျှော်လင့်ချက်ဖြင့် ဧည့်သည်တိုင်းအား 
စေ့စေ့စပ်စပ် ကြည့်ရှုခဲ့သည်။ ထို့နောက် နောက်ဆုံးတွင် သူ၏စူးစိုက်ကြည့်ရှုမှုများ ကုရှင်းရှင်းအပေါ် ရောက်သွားသောအခါ၊ ဥက္ကဌကုအကြောင်း နားစွန်နားဖျား သူကြားမိသောအခါ အရာအားလုံးကို ချက်ခနဲ သဘောပေါက်ခဲ့သည်။

လူတိုင်းအတွက်တွင်မူ ဥက္ကဌကု၏ အောင်မြင်မှုမှာ ကံတရားကြောင့်ဟု ထင်ရသလိုပင်။

သူ အားစိုက်ထုတ်ရန်မလိုဘဲ သူ့အနုပညာရှင်များက အံ့မခန်းဖွယ်ရာ ဖျော်ဖြေခဲ့သည်။ သစ္စာရှိ အမာခံပရိသတ်အဖွဲ့အစည်း၏ အားပေးမှုများက ကနဦးတွင် လူသိနည်းသော သင်တန်းသားနှစ်ဦးအား ကြယ်ပွင့်အဖြစ် တွန်းပို့နိုင်ခဲ့သည်။

လမ်းတလျှောက်တွင် တစ်ခါတစ်ရံ အတားအဆီးများ  á€á€˝á€ąá€ˇá€á€˛á€ˇá€›á€žá€ąá€Źá€şá€œá€Šá€şá€¸áŠ တစ်စုံတစ်ဦးသည် မုန့်ယွမ်ရှန့် သို့မဟုတ် ချန်ရှင်းအား ပစ်မှတ်ထားရန် ကြိုးစားသည့်အခါတိုင်း တစ်စုံတစ်ရာက လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ရန်သူအား ရလဒ်ပြောင်းပြန် ဖြစ်သွားစေခဲ့၏။

အတိုချုပ်ပြောရပါက လူများက ဥက္ကဌကုအား လမ်းလျှောက်တတ်သည့် ကံကောင်းစေသောအဆောင်လက်ဖွဲ့ဟု မြင်လာခဲ့ကြ၏။ အခြားမန်နေဂျာများက သူ့ကောင်းချီးများအား တောင်းခံကြသည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။

သိုသော် နင်ဝမ်ကျိုးမှာမူ ထိုသို့ မမြင်ခဲ့ပေ။

သူ ပို၍ နားထောင်လေလေ ဤမယုံနိုင်စရာ စွမ်းဆောင်ချက်များကို ခြောက်ခြားဖွယ်ကောင်းအောင် ရင်းနှီးသည်ဟု သူ ပို၍ ခံစားရလေလေ ဖြစ်လာခဲ့သည်။

နင်ထျန်းယိုက အဖမ်းခံရပြီး ဘယ်လို အဆုံးသတ်သွားခဲ့တာလဲ...

ဖြစ်နိုင်ပါ့မလား...

သူ၏ နှလုံးခုန်နှုန်းများ မြန်ဆန်လာခဲ့သည်။

သူ ကုရှင်းရှစ်ဆီသို့သွားကာ မိတ်ဆက်ရန် ထိန်းမထားနိုင်ခဲ့တော့ပေ။ 

သူက  á€žá€­á€žá€Źá€Ąá€ąá€Źá€„á€şá€œá€Żá€•á€şá€•á€źá€Žá€¸ "ကမ်းလက်ကူ"နှင့် ဝေးကွာစေရန် အရဲကိုးမစွန့်စားချင်ပေ။ ထို့ကြောင့် သူ ယခင်က Wechatတွင် သူတို့အပြန်အလှန် စကားများပြောရာတွင် အလွတ်ရနေသော စကားလုံးများကို ရွတ်ဆိုကာ ကုရှင်းရှစ်ပြောသမျှစကားတိုင်းအား သာမာန်ကာလျှံကာ နှိုင်းယှဉ်ခဲ့သည်။

သူတို့စကား ပိုပြောလေလေ သူပို၍သေချာလေလေဖြစ်၏။

စာသားနှင့် ပြောစကားသာ ကွာခြားသော်လည်း အကျွမ်းတဝင်ဖြစ်နေသော စကားစုများနှင့် ရင်းရင်းနှီးနှီး မှတ်မိနိုင်‌သော စကားအလှည့်အပြောင်းများ ရှိသည်။ 

အထူးတလည်အကင်းပါးသော နင်ဝမ်ကျိုးကဲ့သို့ လူမျိုးများသာ သိနိုင်၏။

သူ ပို၍ ပို၍ ယုံကြည်လာခဲ့သည်။

ကုရှင်းရှစ်က ကမ်းလက်ကူပဲ...

သူ၏ အကြည့်စူးစူးသည် သူ့အရှေ့မှ လူငယ်အပေါ်တွင်သာ မြဲမြံနေ၏။

ကုရှင်းရှစ်က သူ့ထက် အရပ်အနည်းငယ်မျှ ပု၏။ နုပျိုမှုနှင့် ရင့်ကျက်မှုကြားရှိ နယ်နမိတ်အား ပေါင်းကူးလျက်ရှိသည့် သိသာထင်ရှားသော အသွင်အပြင်ဖြင့် သူ၏မျက်လုံးများအား ကြည်လင်တောက်ပသော အကြည့်နှင့် အနည်းငယ် ပင့်တင်လိုက်သည်။ 

နင်ဝမ်ကျိုးက တံတွေးအလိုလို မျိုချမိသွားသည်။

သူ့လက်ဖဝါးများမှာ ချွေးထွက်စပြုလာခဲ့သည်။ ဥက္ကဌယွင်နှင့် ဆွေး‌နွေးခဲ့စဉ်ပင် ထိုသို့ မဖြစ်ခဲ့ပေ။
ရှေ့သို့တစ်လှမ်းတိုးလိုက်ကာ သူ၏ တဒိန်းဒိန်းမြည်နေသော နှလုံးသားကို တည်ငြိမ်စေ၍ မေးလိုက်၏။
"မင်းက မဟုတ်မှလွဲ..."

အဝေးမှ ကြည့်နေသော စွန်းဟုန်ဖေးက နှလုံးခုန်မြန်ခြင်းကို ခံစားလိုက်ရသည်။

နင်ဝမ်ကျိုး ဂုဏ်ပြုထမင်းစားပွဲကို တက်မည်ဟု သိရှိပြီးချိန်မှစ၍ စွန်းဟုန်ဖေးက အသင့်အနေအထား ဖြစ်နေခဲ့၏။ 

နောက်ဆုံးတွင် ဤလူက အချစ်ရေးတွင် ဥက္ကဌဝမ်၏ ပြိုင်ဘက် ဖြစ်လာနိုင်သည်ကို သူ မမေ့ခဲ့ပေ။ 

ဥက္ကဌဝမ်နှင့် ဥက္ကဌကု၏ ရင်သက်ရှုမောဖွယ် အချစ်ရေးအားသိထားသည့် တစ်ဦးတည်းသောသူအနေဖြင့် ကြီးမားသော တာဝန်သိစိတ်ကို ခံစားလိုက်ရသည်။

ထို့ကြောင့်ပင် နင်ဝမ်ကျိုးရောက်လာကတည်းက စွန်းဟုန်ဖေးက သူ့အား မျက်စိဒေါက်ထောက်ကြည့်နေခဲ့၏။

ပထမတွင် နင်ဝမ်ကျိုးက ဣန္ဒြေရရ ပြုမူခဲ့သော်လည်း မိနစ်အနည်းငယ်မျှသာ ကြာသောအခါ ကုရှင်းရှစ်ဆီသို့ တန်းနေအောင်သွားကာ သူ၏ဗီဇအမှန်ကို ဖော်ပြခဲ့သည်။
 
စွန်းဟုန်ဖေး၏ စောင့်ကြည့်ရေဒါက ချက်ချင်း အချက်ပေးသံမြည်လာခဲ့သည်။

နင်ဝမ်ကျိုးမျက်လုံးများမှ တိုး၍ တိုး၍ ကြီးထွားလာသော ထက်သန်ပြင်းပြမှုများကို မြင်ပြီး ကုရှင်းရှစ်အနားသို့ ပို၍ ပို၍ နီးအောင် ဖြည်းဖြည်းချင်း ရွေ့နေသည်ကို သတိထားမိသောအခါ စွန်းဟုန်ဖေးသည် ဒေါသနှင့် သွားများကိုဖိကြိတ်လိုက်သည်။ 

ဘယ်လိုတောင် လှည့်ဖြားတတ်တဲ့မြေခွေးကောင်လဲ...

နင်ဝမ်ကျိုးက သူတစ်ယောက်တည်းသာ စိတ်လှုပ်ရှားနေခြင်းဖြစ်ပြီး ကုရှင်းရှစ်မှာမူ စိတ်ဝင်စားမှုမရှိကြောင်း သိသာ‌လာသောအခါ ဇွတ်ဝင်ရောရန် ကြိုးစားခဲ့သည်။

နင်ဝမ်ကျိုး ရှေ့သို့ခြေလှမ်းတစ်ဝက်မျှ‌လှမ်းနေသည်ကို တွေ့သည်နှင့် ကိုယ်ပိုင်ကန့်သတ်မျဉ်းကို ကျော်ဖြတ်လုနီးနီးဖြစ်လာသောကြောင့် စွန်းဟုန်ဖေးအတွက် ကြားဝင်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိခဲ့ပေ။

သူက နင်ဝမ်ကျိုး၏ စကားများကို ထိထိရောက်ရောက်ဖြတ်တောက်နိုင်ရန် အရက်ခွက်ကိုကိုင်ကာ ထိုနှစ်ဦးအကြားသို့  á€™á€†á€­á€Żá€„်းမတွ လျှောက်သွားလိုက်သည်။

သူတို့နှစ်ဦးကြားရှိ အသံတိတ်တိုက်ပွဲကို သတိမထားမိသော ကုရှင်းရှစ်က စွန်းဟုန်ဖေးနှင့်စတင်ကာ ပုံမှန်အတိုင်း စကားပြောတော့သည်။

သူတို့နှစ်ဦးက Boy Group Training Camp တစ်လျှောက်လုံး ကောင်းမွန်သောဆက်ဆံရေးရှိခဲ့သည့်အပြင် ထျန်းချန်ဗီဒီယို၏ ပြင်ပပူးပေါင်းဆောင်ရွက်မှုများအတွက် အကြီးအကဲအဖြစ် လက်တလောခန့်အပ်ခြင်းခံထားရသော စွန်းဟုန်ဖေးနှင့်အတူ မကြာခဏဆိုသလိုပင် အတူတကွပူးပေါင်းလုပ်ဆောင်ရလေ့ရှိ၏။ ကုရှင်းရှစ်ကလည်း သူနှင့် စကားလမ်းကြောင်းမပြတ်စေရန် စိတ်အားထက်သန်နေခဲ့သည်။

နင်ဝမ်ကျိုးမှာမူ စကားတစ်ဝက်တစ်ပြတ်နှင့် ရပ်လိုက်ရ၍ ခံပြင်းမှုများနှင့်အတူ ပြောစရာစကားများ ပျောက်ဆုံးသွားခဲ့ရသည်။ 

ကုရှင်းရှစ်က ထိုစကားဝိုင်းတွင် တက်တက်ကြွကြွပြောဆိုနေခြင်းကြောင့် သူက စကားဖြတ်ပြောရန် မတတ်နိုင်တော့ပေ။ ကုရှင်းရှစ်နှင့်အတူ စကားဆက်ပြောနိုင်ရန် စွန်းဟုန်ဖေးထွက်သွားမည့်အချိန်ကိုသာ စောင့်နေခဲ့ရ၏။


🍉🍉🍉🍉 အခန်း ၃၉


စွန်းဟုန်ဖေး၏ ဆုံးဖြတ်ချက်မှာ ပိုမိုအားကောင်းလာခဲ့သည်။ 

ငါ ဒီမှာရှိနေတဲ့တစ်လျှောက်လုံး မြေခွေးကောင်အတွက် အခွင့်အရေးရဖို့ဆိုတာ လုံးဝမဖြစ်နိုင်စေရဘူး...

နင်ဝမ်ကျိုးက စောင့်ဆိုင်းရင်း ဆက်၍ စောင့်ဆိုင်းခဲ့သော်လည်း စွန်းဟုန်ဖေးမှာမူ ကုရှင်းရှစ်ဘေးတွင် အမြစ်ချစိုက်ထားသကဲ့သို့ တစ်လက်မမျှ မရွေ့ခဲ့ပေ။

အဆုံး၌ စွန်းဟုန်ဖေးက စကားစမြည်ပြောရန် အကြောင်းအရာများ ကုန်ဆုံးသွားခဲ့သော်လည်း ခေါင်းမာစွာနှင့် နေရာဖယ်ပေးရန် ငြင်းဆန်နေခဲ့သည်။

နောက်ဆုံးတွင် ကုရှင်းရှစ်က မေးခဲ့၏။
"မန်နေဂျာစွန်း မင်း ငါ့ကို ပြောပြချင်တဲ့ အသေးစိတ်အချက်အလက်များ ရှိသေးလို့လား..."

စွန်းဟုန်ဖေးမှာ မျက်ရည်ကျလုနီးနီးပင်။ 
အိုး... ငါ ဒီအကြောင်းကို အကျယ်ကြီး ပြောပစ်ချင်တော့တာပဲ... မင်းတို့နှစ်ယောက်က ဒီတိုးတိုးတိတ်တိတ်အချစ်ရေးကို မရမကတောင်းဆိုထားတာမဟုတ်ဘူးလား... ငါ အဲ့ဒါကို အရိပ်အမြွက်ပြဖို့ မရဲပါဘူးနော်... ဥက္ကဌကု ရှက်သွားမှာကို စိုးရိမ်တဲ့အပြင် ဥက္ကဌဝမ်ရဲ့ ဒေါသ ငါ့ဆီရောက်လာမှာကိုလည်း ကြောက်တယ်... အဆုံးကျ ထိခိုက်မှာ ငါ့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်လေ...

ထို့ကြောင့် သူ့ကိုယ်သူ ရယ်မောရန် တွန်းအားပေးရင်း ပြောလိုက်သည်။
"ဘာ...ဘာမှ မရှိတော့ပါဘူး... မင်းနဲ့စကားပြောရတာ ကောင်းလွန်းလို့ ထွက်မသွားချင်ရုံပါ..."

ကုရှင်းရှစ် "..."
မင်းရဲ့အမူအရာကတော့ အရမ်းကြီးမပျော်နေသလိုပဲနော်… 

သို့သော်လည်း စွန်းဟုန်ဖေးကမူ သူက ရိုးသားစွာဖြင့် ကုရှင်းရှစ်နှင့် စကားပြောချင်ကြောင်း အခိုင်အမာ ပြောလျက်ရှိ၏။ ပြောစရာအကြောင်းအရာများ တစ်ဖြည်းဖြည်းကုန်လာသောအခါတွင် တိတ်ဆိတ်ခြင်းအား ဖြည့်ဆည်းနိုင်ရန် သူ့ဌာနမှ အတင်းအဖျင်းများကို စတင်မျှဝေခဲ့သည်။

ရုတ်တရက်ဆိုသလို ကုရှင်းရှစ်၏ စိတ်ဝင်စားမှုမှာ လှုပ်ခါသွားခဲ့သည်။

ယခုတွင်မူ စကားဝိုင်းမှာ ပြန်လည်စတင်ခဲ့တော့သည်။

စနစ်က စကားဝိုင်းအား ခြောက်ကပ်စွာ ကြားဖြတ်ဝင်ပြောခဲ့သည်။ 
[ပိုင်ရှင်ရေ ငါက မင်းအတွက် မလုံလောက်ဘူးလား...]

ကုရှင်းရှစ်က ကိုးရိုးကားရားရယ်ရင်း ပြောလိုက်သည်။
[တစ်ခါတလေ မင်းလည်း မတူတာလေး လိုအပ်တယ်မလား... ပွဲတော်ထမင်း၊ ဟင်းတွေကနေ ရိုးရိုးဆန်ပြုတ်လေး ပြောင်းသောက်ချင်သလိုမျိုးပေါ့...]

စနစ် [....]

စွန်းဟုန်ဖေးမှာ ကုရှင်းရှစ်က အရည်ရွှမ်းသည့် ရုံးတွင်းအတင်းအဖျင်းနားထောင်ရသည်အား မည်မျှကြိုက်သည်ကို သိလိုက်ရသောကြောင့် အံ့အားသင့်ခဲ့၏။

ဘယ်သူက ထင်မိမှာလဲ....

သို့သော် အနည်းဆုံးတော့ ယခုတွင် သူ၏ စိုးရိမ်သောကများ လျော့ပါးသွားခဲ့၏။ 

ဘာမှပြောစရာမရှိလျှင်ပင် လှည့်ပတ်ပြောဆိုနိုင်ရန် ထျန်းချန်ဗီဒီယိုတွင် အတင်းအဖျင်းများစွာရှိသေးသည်။ ဌာနတစ်ခုမှ မန်နေဂျာက သူ့ခယ်မနှင့်အတူ အရွယ်ရောက်ပြီးသူတို့ ကြည့်ရှုသည့်အရာများ ကြည့်ရှုနေစဉ် အစည်းအဝေးခန်းမှ ပရိုဂျက်တာနှင့် ချိတ်ဆက်မိသွားသည့် ဇာတ်လမ်းကို ပြောပြနေခဲ့သည်။ ကံကောင်းသည်မှာ ထိုနေ့က အစည်းအဝေးကို ဒုဥက္ကဌသာ ကျင်းပခြင်းဖြစ်၏။ ဒုဥက္ကဌက ဒေါသကြောင့် အစိမ်းရောင်ပြောင်းနေသော မျက်နှာဖြင့် မန်နေဂျာ၏ရုံးခန်းသို့ ဒေါသတကြီး သွားခဲ့၏။ 

ယခုတွင် ရုတ်တရက်ဆန်စွာ ရင်းနှီးနေသော တည်တင်းနေသောအမူအရာနှင့် ဒုဥက္ကဌမျက်နှာမှာ စွန်းဟုန်ဖေး၏အရှေ့တွင် ပေါ်လာခဲ့သည်။ 

စွန်းဟုန်ဖေး "..."

ဒုဥက္ကဌက သူ့အား အေးစက်စွာ ကြည့်ရင်း ပြောလိုက်သည်။ 
"စွန်းဟုန်ဖေး... ဟုတ်လား... ဒီလိုအရည်အချင်းတွေကြောင့် ပြင်ပပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေက မင်းလက်အောက်မှာ ရှိနေတာပေါ့..."

စွန်း၏ ခြေထောက်များ အားနည်းလာပြီး ဒူးထောက်ကျလုနီးပါးပင်။

ကျေးဇူးတင်ရမည်မှာ ဒုဥက္ကဌသည် ထိုအကြောင်းအား လျှောချသွားခဲ့သည်။ သူ ဤနေရာတွင် ရှိနေရခြင်းမှာ နင်ဝမ်ကျိုးနှင့်တွေ့ရန် ဖြစ်၏။

နှစ်ဦးသား အတူတကွ လမ်းလျှောက်ရင်း ထွက်ခွာသွားခဲ့သည်။

စွန်းဟုန်ဖေး ဆိုဖာပေါ်သို့ ပြိုလဲကျသွားကာ သူ့ကိုယ်သူ ဆိုဖာခုံထဲ နစ်မြုပ်ထားလိုက်သည်။

ရှောင်းလီနဲ့ တခြားသူတွေ နားနေခန်းမှာ အတင်းအဖျင်းပြောတဲ့အချိန်တိုင်း ဘာမှ မဖြစ်ခဲ့ဘူး... ငါ တစ်ခါလေး ပြောမိပါတယ်... ကာယကံရှင်နဲ့ကို ပက်ပင်းတိုးမိတာ ဘာကြောင့်လဲ...

ကုရှင်းရှစ်က သူ့အား ကိုယ်ချင်းစာစွာ ပုတ်ပေးရင်း ပြောလိုက်သည်။
"နောက်တစ်ခါကျ ကံကောင်းပါစေ..."

စွန်းဟုန်ဖေးက သတိမမူစွာ ပျော်ရွှင်နေသော ကုရှင်းရှစ်အား စိုက်ကြည့်ပြီး စိတ်ပျက်အားငယ်ခြင်းများကို မြိုချလိုက်တော့သည်။

ဝါး...  á€œá€ąá€Źá€„်စွန်းက တခြားသူတွေရဲ့အချစ်ဇာတ်လမ်းအတွက် အရာအားလုံးကို စွန့်စားခဲ့ရပြန်ပြီ...

*
ဒုဥက္ကဌသည် နင်ဝမ်ကျိုးအား ညနေခင်းတွင် ကြေညာမည့် သူတို့၏ ပူးပေါင်းမှုအသစ်အတွက် ဆွေးနွေးရန် ခေါ်သွားခြင်းဖြစ်၏။

သို့သော် သူတို့နှစ်ဦး ကြေညာချက်အတွက် ပြင်ဆင်မှု ပြုလုပ်နေစဉ်အတွင်းမှာပင် ဒုဥက္ကဌမှာ ဖုန်းဝင်လာ၍ လက်ခံဖြေဆို‌ရင်း သူ၏အမူအရာမှာ အနည်းငယ်မျှ ပြောင်းလဲသွား၏။

နင်ဝမ်ကျိုးက စပ်စပ်စုစုဖြင့် မေးလိုက်သည်။
"ဥက္ကဌယွင် အဆင်ပြေရဲ့လား..."

"အဆင်ပြေပါတယ်..."
ဥက္ကဌယွင်က တည်ငြိမ်စွာ ပြန်ဖြေခဲ့သည်။

"ဒါက ဥက္ကဌဝမ် ရောက်လာရုံပါပဲ..."

"ဥက္ကဌဝမ်လား..."
နင်ဝမ်ကျိုး အံ့အားသင့်သွားခဲ့၏။

သေချာတာပေါ့... Boy Group Training Camp က အောင်မြင်မှု အကြီးကြီး ရထားတာလေ... ဒါပေမယ့် ဝမ်ယွဲ့ လူကိုယ်တိုင် တက်ရောက်ဖို့အထိတော့ အရေးမပါဘူးမဟုတ်လား...

ထျန်းချန်ဗီဒီယိုအတွက် ဥက္ကဌယွင်ကို ဒုဥက္ကဌအနေနဲ့ သူ့ကိုယ်စား လွှတ်ထားတယ်... ပုံမှန်ဆို တကယ့် သူဌေးဖြစ်တဲ့ ဝမ်ယွဲ့က သတင်းတွေကို နားထောင်ရုံပဲ မဟုတ်လား... ဘာကြောင့်အပင်ပန်းခံပြီး လူကိုယ်တိုင်လာနေရသေးတာလဲ...

ဥက္ကဌယွင်က ပြုံးရင်း ပြောလိုက်သည်။ 
"စိတ်ပူစရာမလိုပါဘူး ဥက္ကဌနင်... ဥက္ကဌဝမ်က ဒီပူးပေါင်းမှုကို အ‌လေးထားလို့ လူကိုယ်တိုင်တက်ရောက်တာပါ... တိုက်ရိုက်လုပ်ဆောင်ချက်တွေကနေ သူ့ရဲ့ သဘောထားကို ပြချင်တာဖြစ်ပါလိမ့်မယ်..."

"အဲ့ဒီလိုလား..." 
နင်ဝမ်ကျိုးက သံသယရှိနေဆဲပင်။

သူ မတိုင်ခင်က ဝမ်ယွဲ့နှင့် ဆုံဖူး၏။ တွေ့ဆုံချိန်မှာ ခဏ‌မျှသာဖြစ်သော်လည်း ထိုသူ၏ နက်နဲအရိုးစွဲနေသော ထိန်းချုပ်မှုနှင့် တိကျမှုတို့ကို သူ ခံစားမိခဲ့သည်။

ဝမ်ယွဲ့သည် စိတ်ကူးပေါက်ရာလုပ်မည့်သူမျိုး မဟုတ်သကဲ့သို့ မလိုအပ်သောအရာများအတွက် အချိန်ကုန်ခံမည့်သူမျိုးလည်း မဟုတ်ပေ။

နင်ဝမ်ကျိုးက စိတ်ရှုပ်ထွေးစွာနှင့်ပင် ဝမ်ယွဲ့အား နှုတ်ဆက်ရန် ဝင်ပေါက်သို့သွား‌နေသော ဥက္ကဌယွင်၏နောက်သို့ လိုက်သွားခဲ့၏။

မကြာခင်မှာပင် ဇိမ်ခံကားမှာ ရပ်တန့်သွားပြီး ဝမ်ယွဲ့၏လက်ထောက် ထန်လင်းသည် ကားအနောက်ခန်းတံခါးအားဖွင့်ရန် ဆင်းလာခဲ့သည်။

ဝမ်ယွဲ့ ထွက်လာခဲ့လေသည်။

သူက 193စင်တီမီတာခန့်ရှည်သော အရပ်ဖြင့် အားကောင်းပြင်းထန်သောတည်ရှိမှုကို ထုတ်လွှတ်နေခဲ့၏။ ချောမွတ်တောက်ပြောင်နေသော အနက်ရောင်ဝတ်စုံကို ပုံစံကျသော လည်စည်းဖြင့် ဝတ်ဆင်ထားသော ပုံပန်းအသွင်အပြင်မှာ ရိုးရှင်းသော်လည်း သူနှင့်အတူ ခေတ်မီဆန်းပြားပြိုင်ဘက်ကင်းသောလေထုကို ယူဆောင်လာခဲ့သည်။

သူ၏ အရောင်ဖျော့ဖျော့မျက်ဝန်းတို့က ခပ်တန်းတန်းဖြစ်ကာ အေးစက်နေပြီး သူ့အင်္ကျီလက်ကြယ်သီးမှ ထိပ်တန်းအဆင့်ကြောင်မျက်လုံးကျောက်မျက်ကဲ့သို့ အထက်တန်းလွှာဆန်သည့် အေးစက်မှုတို့ ထုတ်လွှတ်နေသည်။

အကြည့်တစ်ချက်ဖြင့်ပင် သူက ဝင်ပေါက်ရှိလူတိုင်းအား တောင့်တင်းသွားစေသည်။

ဘေးဘီသို့အကြည့်တစ်ချက်မျှမပေးဘဲ သူက ဧည့်ခံပွဲခန်းမထဲသို့ ခြေလှမ်းကြဲများဖြင့် လျှောက်သွား၏။ လူအုပ်ကြီးက အလိုလိုပင် ကွဲသွားသည်။ သူ၏ ကိုယ်သင်းရနံ့မှာ အလွန်လွှမ်းမိုးချုပ်ကိုင်နိုင်လွန်းသောကြောင့် မည်သူမျှ အနားသို့ကပ်ရန် မဝံ့ရဲကြချေ။

ဝမ်ယွဲ့ရောက်ရှိလာမှုက လူအုပ်ကြားတွင် တုန်လှုပ်ခြောက်ခြားဖွယ် လှိုင်းလုံးများနှင့် ပျော်ရွှင်မှုများ ဖြစ်ပေါ်စေခဲ့၏။

ယနေ့ည အောင်ပွဲခံအခမ်းအနားသည် အရည်အချင်းအချင်းပြည့်မီသော အေဂျင်စီများမှ ကိုယ်စားလှယ်များဖြင့် ဆူညံလှုပ်ရှားလျက်ရှိသည်။

သူတို့က ဂီတဖျော်ဖြေပွဲ ထုတ်လုပ်ရန် နင်ဝမ်ကျိုး၏ ထျန်းချန်ဗီဒီယိုနှင့် ပူးပေါင်းဆောင်ရွက်မည့်အကြောင်း ကြားသိပြီးဖြစ်၏။ သို့သော် အများစုမှာ အစပိုင်းတွင် အလေးအနက်မထားခဲ့ကြချေ။

ယခုကဲ့သို့ ပွဲမျိုးမှာ ပထမဆုံးအကြိမ် ကြိုးပမ်းခြင်းမျိုးမဟုတ်ဘဲ ရှေ့ယခင်က ကြိုးပမ်းမှုများမှာ အတားအဆီးအမျိုးမျိုးကြောင့် အဖျားရှူးသွားခြင်းသာဖြစ်သည်။

လူတိုင်းက သူ့ကို "သခင်လေးနင်"ဟု ခေါ်ကြ၏။ နင်မိသားစုတွင် အမှန်တကယ်ဩဇာရှိသူမှာ သူ၏ဦးလေး "နင်ထျန်းယို"ဖြစ်ကြောင်း လူတိုင်း သိကြသည်။ နင်ထျန်းယိုက သူ့(နင်ဝမ်ကျိုး)အား မည်သည့်ထင်ရှားသော စွမ်းဆောင်မှုမျိုးကိုမှ ရရှိစေမည်မဟုတ်ပေ။ မေးခွန်းထုတ်စရာမလိုအောင် ပံ့ပိုးမှုပေးသော်လည်း တစ်စုံတစ်ခုသာဖြစ်ပွားခဲ့ပါက ၎င်းအား ရပ်တန့်ပစ်ပေလိမ့်မည်။

အတိုချုပ်ပြောရပါမူ လူတိုင်းသည် သံသယရှိနေကြဆဲပင်။

သို့သော် ယခုအခါတွင်မူ ဝမ်ယွဲ့မှာ လူကိုယ်တိုင် ရောက်လာပြီဖြစ်၏။

သူ စကားတစ်ခွန်းမှ မပြောရသေးသော်လည်း သူ၏တည်ရှိမှုတစ်ခုတည်းကပင် အခန်း၏လေထုအား ပြောင်းလဲသွားစေသည်။ လူတိုင်းက ဖျော်ဖြေရေးစင်မြင့်၏ အလားအလာကို အလေးအနက်ထား စဉ်းစားလာကြတော့သည်။

ယနေ့ည ပြီးသွားပါက ဤစင်မြင့်ထက်တွင် နေရာတစ်ခုရရှိခြင်းကပင် အလွန်မက်မောဖွယ် အခွင့်အရေးတစ်ခုဖြစ်လာမည်မှာ သိသာထင်ရှားလှသည်။ 

လူနည်းစုက သူတို့၏ ယခင်က ပယ်ချမှုများအတွက် နောင်တရလာကြ၏။ သူတို့သာ သိခဲ့မည်ဆိုပါက နင်ဝမ်ကျိုး၏ ဖိတ်ခေါ်မှုကို လက်ခံမိခဲ့မှာပင်။ ယခုအချိန်တွင် သူတို့မှာ နင်ဝမ်ကျိုးအား ချဉ်းကပ်ကာ မည်မျှပင်တောင်းပန်ခယနေပါစေ ဒုတိယအခွင့်အရေး ရနိုင်တော့မည် မဟုတ်ပေ။ 

စွန်းဟုန်ဖေးက အဝေးမှ ရပ်နေရင်းမှပင် ဝင်ပေါက်ရှိ ရုတ်ရုတ်သဲသဲဖြစ်မှုကို သတိထားမိခဲ့၏။

ကုရှင်းရှစ်၏ စူးစမ်းလိုမှုကိုမြင်သောအခါ သူ၏အင်အားများကို စုစည်းရင်း ပြောလိုက်သည်။
"ဥက္ကဌကု ဒီနားလေးမှာ စောင့်နေ... ငါ ဘာတွေဖြစ်နေတာလဲဆိုတာကို သွားကြည့်လိုက်ဦးမယ်..."

သူ ပြန်လာသောအခါ မှင်တက်သွားခဲ့၏။ 

ဥက္ကဌဝမ် ရောက်လာတယ်...

ဤပူးပေါင်းမှုက အရေးကြီးသော်လည်း ဥက္ကဌဝမ်ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ရန် လုံလောက်သော အရေးပါမှုမရှိကြောင်းကို ထျန်းချန်ဗီဒီယိုမှ ဝန်ထမ်းတစ်ဦး၊ ကြယ်ပွင့်စင်မြင့်နှင့် နီးနီးကပ်ကပ် ဆက်သွယ်ရသည့် ပြင်ပပူးပေါင်းဆောင်ရွက်မှုဌာန၏အကြီးအကဲဖြစ်သည့် စွန်းဟုန်ဖေးသည် အခြားသူများထက်ပို၍ ကောင်းကောင်းသိ၏။

ဒါဆို ဥက္ကဌဝမ် ဘာကြောင့် ရောက်လာတာလဲ...

အသိအသာကြီးပဲ... ဥက္ကဌဝမ်က ဥက္ကဌကုအတွက် ဒီကို ရောက်နေတာလေ...

ခံစားမှုအသစ်နှင့် စွန်းဟုန်ဖေးသည် ကုရှင်းရှစ်ရှိရာသို့ သွားခဲ့၏။ သို့သော် ချက်ချင်းဆိုသလို လူများဝိုင်းအုံတိုးခြင်း ခံလိုက်ရသည်။

ကုမ္ပဏီ ကိုယ်စားလှယ်များနှင့် ယခင်က စိတ်ဝင်စားမှုအနည်းငယ်သာ ပြခဲ့‌သော မန်နေဂျာများက အချိန်အတော်အကြာမတွေ့ရသော ညီအစ်ကိုများကဲ့သို့သော နွေးထွေးမှုမျိုးဖြင့် "အကြီးအကဲစွန်း" ဟုခေါ်ကာ သူ့ပတ်ပတ်လည်တွင် ဝိုင်းအုံ၍ နေ၏။ 

နင်ဝမ်ကျိုးအပြင် စွန်ဟုန်ဖေးသည်လည်း ကြယ်ပွင့်စင်မြင့်၏ တာဝန်ရှိသူတစ်ဦးဖြစ်ကြောင်း လူတိုင်းက သိကြသည်။ နင်ဝမ်ကျိုးက သတ်မှတ်ချက်အရ အပြင်လူတစ်ဦးဖြစ်သော်လည်း ဥက္ကဌဝမ်၏ ယုံကြည်ရသည့် အတွင်းလူတစ်ဦးဖြစ်‌သော စွန်းဟုန်ဖေးမှာမူ သူတို့ မိတ်ဖွဲ့ရန်အတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်လာ၏။ 

စွန်းဟုန်ဖေးအတွက်မူ အိပ်မက်ဆိုးပင်...

ဥက္ကဌကုနှင့် နီးကပ်နေပါသော်လည်း သူက မလွတ်မြောက်နိုင်သော လူသားတံတိုင်းများနောက်တွင် ပိတ်မိနေကာ ကမ္ဘာခြားနေသည်ဟုပင် ခံစားရ၏။ 

ပို၍ဆိုးသည်မှာ နင်ဝမ်ကျိုးက ကုရှင်းရှစ်ဆီသို့သွားနေသည်ကို သူ မြင်‌တွေ့လိုက်ရခြင်းပင်။

အကြင်နာတရားမရှိတဲ့ အနားယူဖို့တောင် အချိန်မပေးတဲ့ သရဲတစ္ဆေကောင်...

ပြီးတော့ ဥက္ကဌဝမ်ကလည်း ဒီမှာ...

ရုတ်တရက် ပေါက်ကွဲထွက်လာသော စွမ်းအင်များဖြင့် စွန်းဟုန်ဖေးသည် လူအုပ်ကြီးအား တွန်းဖယ်ကာ ထွက်လာနိုင်ခဲ့၏။

အခြားတစ်ဖက်တွင်မူ နင်ဝမ်ကျိုးက သူ့သတ္တိကိုစုစည်းပြီး ပြောလိုက်သည်။
"ဥက္ကဌကု မင်းက မဟုတ်မှလွဲ..."

သူ့စကား မဆုံးသေးခင်မှာပင် စွန်းဟုန်ဖေးက ထပ်မံပေါ်ထွက်လာကာ တစ်ကြိမ်ထပ်၍ စကားဖြတ်ပြောပြန်၏။ 

နင်ဝမ်ကျိုးက ထိန်းမထားနိုင်တော့ဘဲ မေးလိုက်သည်။
"မန်နေဂျာစွန်း မင်းမှာ ငါနဲ့ပတ်သက်ပြီး ပြဿနာများ ရှိနေလား..."

စွန်းဟုန်ဖေးက အပြစ်ကင်းဟန်ဆောင်ရင်း ပြန်ဖြေ၏။
"မရှိပါဘူး..."

နင်ဝမ်ကျိုးက စိတ်အနှောင့်အယှက်မဖြစ်ဘဲ သိမ်မွေ့စွာ ပြောလိုက်သည်။
"အဲ့ဒါဆို ငါ ဥက္ကဌကုနဲ့ စကားပြောဖို့ ကြိုးစားတိုင်း မင်းဘာလို့ စကားဖြတ်ပြီးပြောရတာလဲ..."

"အို့...တကယ်ပဲလား..." 
စွန်းဟုန်ဖေးက အံ့အားသင့်ဟန်ဆောင်ကာ ပြောလိုက်၏။
"ဘယ်လိုတောင် တိုက်ဆိုင်သွားရတာလဲ..."

နင်ဝမ်ကျိုးက အချိန်မဖြုန်းချင်တော့ဘဲ ကုရှင်းရှစ်ဘက်သို့လှည့်ကာ မေးလိုက်သည်။
"ဥက္ကဌကု ငါတို့ သီးသန့်စကားပြောလို့ရမလား..."

စွန်းဟုန်ဖေး ထိတ်လန့်သွားရသည်။
ဒီမြေခွေးကောင်က သတ္တိတွေ ရှိနေတယ်ပေါ့... ဒီမှာ သူ့အသက်သူ စွန့်စားနေတယ်ဆိုတာကို မသိဘူးလား... ငါက အခု မင်းကို ကယ်တင်ပေးနေတာ... ဥက္ကဌဝမ်သာ သိသွားရင် သူက မင်းကို ပိုးကောင်တစ်ကောင်လို ဖိချေပစ်လိမ့်မယ်...

သူအသံကိုမြှင့်ရင်း အလောတကြီး ပြောလိုက်သည်။
"ဥက္ကဌကု ဥက္ကဌဝမ်က လူကိုယ်တိုင် ဒီမှာရောက်နေပြီ..."

သူက "လူကိုယ်တိုင်"ဆိုသော စကားကို လေးလေးနက်နက် ဖိကာ ပြောလိုက်၏။

ကုရှင်းရှစ် နားမလည်နိုင် ဖြစ်သွားကာ ပြောလိုက်၏။
"အဲ့ဒီတော့ ဘာလဲ... ငါတို့က လက်ခုပ်ဩဘာတီးပြီး ချီးကျူးပေးရမှာလား..."

ဝမ်ယွဲ့က နယ်ပယ်အစုံတွင် အိုင်ဒေါဖြစ်ကြောင်း သူစနစ်ထံမှ ကြားခဲ့ရပြီးဖြစ်၏။ 
ဒါက နည်းနည်း ချဲ့ကားလွန်းတယ်မဟုတ်ဘူးလား...

သို့သော် စွန်းဟုန်ဖေးအတွက် ကုရှင်းရှစ်၏ မကျေနပ်သောလေသံက အခြေအနေတစ်ခုကို သဘောပေါက်သွားစေ၏။

အို့...မဟုတ်ဘူးလေ... ဒါက လေးစားတယ်လို့ လုံးဝမထင်ရဘူး...

အချစ်လုံခြုံရေးသက်တော်စောင့်လေး စွန်းဟုန်ဖေးက တက်ကြွလာခဲ့ကာ လျင်လျင်မြန်မြန်နှင့် တွန်းပို့လိုက်၏။
"ကောင်းပြီ... ဥက္ကဌဝမ် ရောက်လာတာက ကြုံတောင့်ကြုံခဲပဲလေ... ဘာလို့သွားပြီး ဂုဏ်ပြုအရက်တစ်ခွက်လောက်အတူတူ မသောက်ရမှာလဲ..."

ကုရှင်းရှစ်မှာ ၎င်းနှင့်ပတ်သက်၍ ပြင်းထန်သော ခံစားချက်မရှိသော်လည်း စွန်းဟုန်ဖေး၏ ပြိုလဲကျလုနီးနီး ဖြစ်နေပုံကြောင့် သဘောတူခဲ့၏။

စွန်းဟုန်ဖေးက စိတ်သက်သာရာရစွာဖြင့် သူ့အား ရှန်ပိန်တစ်ခွက် ပေးခဲ့သည်။ 

သို့သော် သူတို့နှစ်ဦး ထွက်ခွာကာနီးတွင် နင်ဝမ်ကျိုးက ကပ်လိုက်ရင်း ပြောလာခဲ့၏။
"ဥက္ကဌဝမ်နဲ့ သောက်ဖို့ဆို ငါလဲ မင်းတို့နဲ့အတူ လိုက်ခဲ့မယ်..."

စွန်းဟုန်ဖေး "..."

ပြည့်လျှံကာပေါက်ကွဲလုနီးပါး ဒေါသများကြောင့် အသက်ရှုကြပ်လုနီးပါးပင်။ 
ရှောင်ပြီးနေစမ်းပါ... မင်းကိုယ်မင်း အန္တရာယ်ဆီ လျှောက်သွားနေတာကို မသိဘူးလား...

သူ့အား တားမြစ်ရန် ခိုင်လုံ‌သော အကြောင်းပြချက်မရှိသဖြင့် စွန်းဟုန်ဖေးက ကြိတ်မှိတ်လက်ခံကာ သူတို့နှစ်ဦးအား ဦးဆောင်၍ ဝမ်ယွဲ့ဆီသို့ ခေါ်ဆောင်သွားခဲ့၏။

ယခုတွင်မူ ပွဲအခမ်းအနား၏အာရုံစိုက်မှုမှာ လုံးဝပြောင်းလဲသွားပြီဖြစ်၏။

ဝမ်ယွဲ့၏နေရာက အာရုံစူးစိုက်မှုများ၏ အလယ်ဗဟိုဖြစ်လာခဲ့ပြီး လူတိုင်းသည် သူတို့အား သိသွားစေရန်အလို့ငှာ ဝမ်ယွဲ့နှင့် စကားအနည်းငယ် ပြောချင်နေကြ၏။

သူနှင့်အတူသောက်ရန် လူတန်းကြီးက စောင့်ဆိုင်းနေကြ၏။

သို့သော် ဝမ်ယွဲ့က အနီရောင်ဝိုင်ဖြည့်ထားသော သူ၏ဝိုင်ခွက်အား တစ်ချက်ပင်မထိဘဲ အေး‌စက်စက် နေခဲ့၏။ 

သဘာဝကျစွာပင် သူ့အား အရက်သောက်ရန် မည်သူမှ ဖိအားမပေးဝံ့ကြချေ။

သူ၏အမူအရာက ထူးခြားမှုမရှိဘဲ သူ့လက်ချောင်းများမှာ ဖန်ခွက်အဝကို ခပ်သာသာလေး ထိနေခဲ့၏။

သူ့လက်ထောက်ဖြစ်သော ထန်လင်းက အတွေ့အကြုံအရ ဝမ်ယွဲ့၏အပြုအမူမှတစ်ဆင့် ဝမ်ယွဲ့သည်စိတ်ရှည်မှု မရှိတော့ကြောင်း သိခဲ့၏။

ထန်လင်းအတွက်မူ အခြေအနေတစ်ခုလုံးက နားမလည်နိုင်စရာပင်...

အစည်းအဝေးပြီးသောအခါ ဥက္ကဌဝမ်က အနားယူရန် ပြန်သွားရမည်ဖြစ်သော်လည်း ထိုအစား Boy Group Training Camp အောင်ပွဲအခမ်းအနား ဂုဏ်ပြုကျွေးမွေးပွဲသို့ လာရန် ရုတ်တရက် ဆုံးဖြတ်လိုက်သည်။

ရောက်ရှိသောအခါတွင်လည်း ဘာမှမလုပ်ခဲ့ချေ။

ထန်လင်းက ဝမ်‌ယွဲ့ဘေးတွင် ရှိနေခဲ့သည်မှာ ၇နှစ် ၈နှစ်မျှ ကြာပြီဖြစ်သည်။ ဝမ်ယွဲ့က ဝမ်လုပ်ငန်းစုအား သူ၏ထိန်းချုပ်မှုအောက်သို့ လုံးလုံးလျားလျား ကျရောက်စေကာ စနစ်တကျ မည်သို့ဖွဲ့စည်းခဲ့သည်ကိုလည်း မြင်တွေ့ခဲ့ရသည်။ 

ဝမ်ယွဲ့ပြုလုပ်သမျှ လုပ်ဆောင်ချက်တိုင်းသည် ရည်ရွယ်ချက်ရှိကာ သူက အရာရာတိုင်းကို သူ့ထိန်းချုပ်မှုအောက်တွင် အမြဲတမ်း အစီအစဉ်တကျ လုပ်ဆောင်လေ့ရှိသည်။ 
ဒီနေရာမှာ ငါတောင် နားမလည်နိုင်တဲ့ ဖုံးကွယ်ထားတဲ့ အစီအစဉ်ရှိနေခဲ့တာလား...

ထိုအချိန်တွင် စွန်းဟုန်ဖေးက ကုရှင်းရှစ်ကို ဦးဆောင်ကာ ခေါ်လာခဲ့သည်။

လူငယ်လေးသည် ရှန်ပိန်ခွက်ကိုကိုင်ကာ စူးစမ်းချင်စိတ်အပြည့်ဖြင့် ဝမ်ယွဲ့အား စိုက်ကြည့်နေသည်။

ခွေးပေါက်ကလေးကဲ့သို့ မျက်ဝန်းများက အံ့ဩဟန်အရိပ်အမြွက်တို့ဖြင့် ပြည့်နေပြီး သူ့အပြုံးမှာလည်း သူ့လက်ထဲရှိ ရှန်ပိန်ကဲ့သို့ပင် ကြည်လင်တောက်ပနေခဲ့၏။

ဝမ်ယွဲ့၏လက်များက ဖန်ခွက်ပေါ်တွင် ရှိနေဆဲပင်။

သူ ထလိုက်သောအခါ မီးပန်းဆိုင်းမှ တောက်ပသောအလင်းရောင်များက သူ၏ကိုယ်ပေါ်တွင် အနုစိတ်ဝင်းလက်တောက်ပနေပြီး လှောင်အိမ်ကဲ့သို့ သူ့ခြေဖဝါး‌အောက်တွင် အရိပ်ထင်နေခဲ့သည်။

သူ၏ဖျော့တော့သောမျက်လုံးအား နိမ့်ဆင်းစေကာ သူ့ခြေဖဝါးအောက်ရှိလှောင်အိမ်ထဲသို့ မ‌တော်တဆ ဝင်ရောက်လာသော လူငယ်လေးအား ကြည့်လိုက်သည်။

ကုရှင်းရှစ်က မတွေးဘဲမနေနိုင်ခဲ့ချေ။
ဝိုး...သူက အရပ်ရှည်တာပဲ...

ဒီလိုအရပ်ရှည်အောင် ဘယ်လိုအစားအစာတွေများ စားခဲ့တာပါလိမ့်...

စွန်းဟုန်ဖေးက အားသွန်ခွန်စိုက် မျက်လုံးများလှုပ်ကာ ထိတ်ထိတ်ပျာပျာနှင့် ဘေးမှ သူ့အား အချက်ပြနေခဲ့သည်။ 

ကုရှင်းရှစ်က စိတ်ထဲ၌ သက်ပြင်းတစ်ချက်ချလိုက်ကာ သူ့ဝိုင်ခွက်ကိုမြှောက်ရင်း တက်ကြွမှုမရှိစွာ ပြောလိုက်သည်။
"ဥက္ကဌဝမ်... တွေ့ရတာ ဝမ်းသာပါတယ်..."

အခန်းမှာ ရုတ်ခြည်း တိတ်ဆိတ်သွား၏။

လူတိုင်းက လှောင်ပြုံးပြုံးကာ ထိုလူငယ်လေး၏ သူ့ကိုယ်သူအရှက်ရနေမှုကို ကြည့်ရန် အဆင်သင့်ဖြစ်နေကြသည်။

ဂုဏ်ပြုအရက်သောက်တာရဲ့ အခြေခံကျင့်ဝတ်ကိုတောင်မသိတဲ့ ဒီနလပိန်းတုံးလူငယ်လေးက ဘယ်သူလဲ...

ဥက္ကဌဝမ်လို အဆင့်အတန်းနဲ့ လူတစ်ယောက်အတွက်ဆိုရင်တော့ လေးစားသမှုနဲ့ ခွက်မြှောက်ပြီး အရင်သောက်လိုက်တာက ထုံးစံပဲလေ… ဒီလိုပုံစံမျိုး ဖန်ခွက်ကိုကိုင်ထားပြီး သူ သောက်လာမလားဆိုပြီးမျှော်လင့်နေတာက တော်တော်လေး စည်းကျော်ရာကျတယ်…

ဒီကောင်ငယ်လေးက သူ့ရဲ့ဂုဏ်ပြုမှုကို ဝမ်ယွဲ့က လက်ခံပြီး တကယ်သောက်လိမ့်မယ်လို့ ထင်နေတာလား...

သို့သော် နောက်စက္ကန့်တွင် လူတိုင်းအံ့အားသင့်သွားရသည်။

ဝမ်ယွဲ့က သူ့ဖန်ခွက်ကိုမြှောက်၍ ကုရှင်းရှစ်၏ ဖန်ခွက်နှင့် ညင်သာစွာ ထိလိုက်ကာ ဆယ်လိုသံကဲ့သို့ ဩဇာသံပါသော သူ၏အသံသြရှရှနှင့် ပြောလိုက်၏။ 
"ဝမ်းသာပါတယ်..."

ထို့နောက် သူ့ဖန်ခွက်အား ပြန်ယူလိုက်ကာ ဝိုင်ကို တစ်ကျိုက်တည်း ချောမွေ့စွာဖြင့် သောက်လိုက်တော့သည်။


🍉🍉🍉🍉 အခန်း ၄၀


အခန်းမှာ အပ်ကျသံကြားရနိုင်သည်အထိ တိတ်ဆိတ်သွားခဲ့၏။

လူတိုင်းက ဝမ်ယွဲ့၏ ဝိုင်ခွက်အလွတ်အား ကြည့်၍ အံ့ဩမှင်တက်နေကြသည်။

ဒီလူငယ်လေးက ဘယ်သူများလဲ... ပြီးတော့ သူနဲ့ ဥက္ကဌဝမ်ရဲ့ ဆက်ဆံရေးကရော ဘာလဲ...

ဥက္ကဌဝမ်က သူတိုက်တဲ့ ဂုဏ်ပြုအရက်ကို ဘာကြောင့်လက်ခံပြီး သောက်ခဲ့တာလဲ...

လူတိုင်းက အကြည့်ချင်းဖလှယ်ကာ ကုရှင်းရှစ်နှင့် ဝမ်ယွဲ့ကြားရှိ တစ်စုံတစ်ခုကို သုံးသပ်နေကြသည်။

စွန်ဟုန်ဖေးက သူသာလျှင် ယခုအခြေအနေကို အမှန်တကယ်သဘောပေါက်သူတစ်ဦးအဖြစ် ခံစားလိုက်ရသည်။

ငါ သိတယ်...

ဥက္ကဌဝမ်က အခြားသူတိုက်သမျှကို မသောက်ခဲ့သော်လည်း ဥက္ကဌကု၏ ဂုဏ်ပြုအရက်ကိုမူ ဘယ်တော့မှ ငြင်းဆန်လိမ့်မည်မဟုတ်ချေ။

သူ မအံ့ဩဘဲ မနေနိုင်ပေ။
ဘာကြောင့် ဝိုင်လေးတစ်ခွက်တင်လဲ...

ဥက္ကဌဝမ်က ကုရှင်းရှစ်အားတွေ့ရန် ဤနေရာသို့ လာခဲ့ခြင်းဖြစ်သည်။ 

နည်းနည်းလောက်ပိုပြီး လက်ပွန်းတတီးဖြစ်မနေသင့်ဘူးလား...

ဥက္ကဌကုကရော... သူ့ပါတနာက သူ့ကိုတွေ့ဖို့ လာခဲ့တယ်ဆိုတာသိရင် နည်းနည်းလောက်တော့ စိတ်လှုပ်ရှားနေရမှာ မဟုတ်ဘူးလား... ဒါမှမဟုတ် နည်းနည်းလောက် ပျာယာခတ်နေရမှာ မဟုတ်ဘူးလား...

ထိုအချိန်တွင် စွန်းဟုန်ဖေးက ဥက္ကဌဝမ် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလာသည်ကို မြင်လိုက်၏။

သူက မျှော်လင့်ချက်ဖြင့် လက်သီးဆုပ်လိုက်မိသည်။
အား.... သူ ဥက္ကဌကုကို ဖက်တော့မှာလား...

သို့သော် နောက်တစ်စက္ကန့်တွင် ဝမ်ယွဲ့က ကုရှင်းရှစ်ကို ဖြတ်၍ လူအုပ်ထဲမှ ထွက်လာခဲ့သည်။ 

စွန်းဟုန်ဖေးမျက်နှာထက်ရှိ အပြုံးမှာ အေးခဲသွား၏။
ဘာတွေဖြစ်နေတာလဲ...

သူက စိတ်ရှုပ်ထွေးစွာနှင့် ဝမ်ယွဲ့၏နောက်သို့ လိုက်ကြည့်သောအခါ ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီဝတ်ဆင်ထားသော အမျိုးသားတစ်ဦးဆီသို့ သွားနေကြောင်း သိလိုက်ရ၏။

ထိုအမျိုးသားက အသက်သုံးဆယ်ခန့်ရှိကာ အနည်းငယ်ရှည်နေသော သူ၏ဆံပင်များကို ခေါင်းစည်းကြိုးဖြင့် နောက်တွင် စည်း၍ထားသည်။ ထိုသို့စည်းထားခြင်းကပင် သူ၏ ချောမောကာ လောကကြီးအား စိတ်ကုန်နေသော မျက်နှာကို ပေါ်လွင်စေခဲ့သည်။ 

ထိုလူ၏မျက်နှာမှ တစ်စုံတစ်ရာက စွန်းဟုန်ဖေးကို ယောင်ဝါးဝါးနှင့် ရင်းနှီးသည့် အတွေးဝင်လာစေ၏။

ထို့နောက်တွင် လူအုပ်ထဲမှ လူတစ်‌ဦးက ပင့်သက်ရှိုက်ရင်း ပြောလိုက်သည်။ 
“ဖုန်းထင်ယွင်ပဲ”

စွန်းဟုန်ဖေး ကြက်သေသေသွားသည်။

ဖုန်းထင်ယွင်မှာ နိုင်ငံအတွင်း ကျော်ကြားသော တစ်မူထူးခြားသည့် ဒါရိုက်တာတစ်ဦးဖြစ်၏။

အသက်(၁၈)နှစ်တွင် သူ၏ပထမဆုံးရုပ်ရှင်ကို ရုံတင်ပြသခဲ့ပြီး သမာရိုးကျပုံစံများနှင့်ကွဲထွက်နေသော ဇာတ်ကြောင်းနှင့် ထူးခြားဆန်းသစ်သော မြင်ကွင်းဖော်ပြချက်များက နိုင်ငံတကာရုပ်ရှင်ဈေးကွက်ကို အံ့အားသင့်စေခဲ့ပြီး နိုင်ငံတကာမှ ဆုပေါင်းများစွာကိုလည်း ရယူနိုင်ခဲ့သည်။

ဤ(၁၅)နှစ်တာကာလအတွင်း သူက ဇာတ်ကား (၉)ကားကိုသာ ရိုက်ကူးပေးခဲ့ပြီး တစ်ကားချင်းစီတိုင်းက အောင်မြင်မှုများ တစ်ခဲနက်ရရှိခဲ့ကြသည်။ လွန်ခဲ့သော သုံးနှစ်က သူနောက်ဆုံးရိုက်ကူးခဲ့သော ရုပ်ရှင်ဖြင့် ပြင်သစ်နိုင်ငံ Cannes ရုပ်ရှင်ပွဲတော်တွင် Palme d’Orဆု(အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု)ကို ဆွတ်ခူးနိုင်ခဲ့ကာ သူ၏ဂုဏ်သတင်းကျော်ကြားမှုသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် ခိုင်မာသွားခဲ့၏။

နိုင်ငံတကာမှ ဝေဖန်ရေးသမားများက “အတုမရှိသော ပါရမီရှင် ဒါရိုက်တာ”အဖြစ် သူ့အား ချီးမွမ်းကြသည်။

သူ၏ရိုက်ကူးဟန်မှာ ထင်ရှားပေါ်လွင်လှသည်။ ထူးခြားကွဲပြားသော ဇာတ်လမ်း၊ စူးရှသော စိတ်ကူးစိတ်သန်းများနှင့် ခေတ်ရှေ့ပြေးနေသော ရုပ်ရှင်ရိုက်ကူးနည်းများက သူ့ရုပ်ရှင်များအား အခြားသူများနှင့် ကွဲပြားစေသည်။

သူ၏ပင်ကိုစရိုက်မှာလည်း ဇာတ်ကားများကဲ့သို့ပင်။

သူက မာနကြီးကာ ထူးခြားအေးစက်သော လူအဖြစ် လူသိများသည်။

ကောလာဟလများအရ သူက ပွဲအခမ်းအနားများကို သဘောမကျဘဲ သူ့ရုပ်ရှင်နှင့်ပတ်သက်သော ပွဲများပင်လျှင် တက်ရောက်ရန် ငြင်းဆန်လေ့ရှိသည်။

Reality showတစ်ခုရဲ့ အောင်ပွဲခံအခမ်းအနားမှာ သူ တကယ်ကြီးပေါ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ...

အံ့သြမသွားသူမှာ ထန်လင်းတစ်ယောက်သာ ရှိ၏။ နောက်ဆုံးတွင်မူ  á€™á€™á€ťá€žá€ąá€Źá€şá€œá€„á€ˇá€şá€‘á€Źá€¸á€˜á€˛ ဤအခမ်းအနားသို့ တက်ရောက်လာခြင်း၏ အကြောင်းပြချက်ကို သူ သဘောပေါက်သွားခဲ့သည်။

ဘာကြောင့် ဥက္ကဌဝမ် ဒီရောက်နေတာလဲဆိုတော့ ဒါကြောင့်ကိုး... အားလုံးက ဖုန်းထင်ယွင်ကြောင့်ပဲ...

ထန်လင်း သံသယဝင်နေစဉ်မှာပင် ဝမ်ယွဲ့က တုံ့ဆိုင်းခြင်းမရှိဘဲ ဖုန်းထင်ယွင်နားသို့ သွားကာ ပြောလိုက်သည်။
“ဒါရိုက်တာဖုန်း... တွေ့ရတာဝမ်းသာပါတယ်... ကျွန်တော်က ဝမ်ယွဲ့ပါ...”

ဖုန်းထင်ယွင်၏ မျက်ခုံးတို့ အနည်းငယ် တွန့်သွားခဲ့သည်။

ဝမ်ယွဲ့၏တည်ရှိမှုက သူ့ကို စိတ်မသက်မသာ ဖြစ်စေ၏။

ဝမ်ယွဲ့က သူ့ကိုယ်သူ ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း သူ၏လွှမ်းမိုးတတ်သော စရိုက်က အလိုလိုဖြာထွက်နေကာ ဖုန်းထင်ယွင်အား မသိမသာ ခြိမ်းခြောက်နေသကဲ့သို့ ခံစားရစေသည်။

သူတို့က ခြင်္သေ့နှစ်ကောင် တောထဲတွင် ဆုံမိသလိုပင်...

သူတို့နှစ်ဦးကြား အလိုလိုဆန့်ကျင်မှုများက တစ်ဖက်လူ၏ခွန်အားကို နားလည်စေပြီး နှစ်ဦးစလုံး၏ သတိနှင့် စိုးရိမ်မှုတို့ကို နှိုးဆွပေးနေခဲ့၏။

ဖုန်းထင်ယွင်၏ အလိုလိုခုခံစိတ် မြင့်တက်လာစဉ်တွင် ဝမ်ယွဲ့မှာ လုံးဝတည်ငြိမ်နေဆဲပင်။

ဖုန်းထင်ယွင်က ဝမ်ယွဲ့အား လျစ်လျူရှုရုံသာမက သိသိသာသာပင် ဂရုမစိုက်စွာ ခြေလှမ်းတစ်ဝက်မျှ နောက်ကို ဆုတ်လိုက်၏။

ပွဲကြည့်ပရိသတ်များက တစ်ချိန်တည်း လေကို အပြင်းအထန် ရှုသွင်းလိုက်ကြသည်။

လူတိုင်းက ဖုန်းထင်ယွင်၏မာနကြီးမှုကို သိထားကြသော်လည်း ယခုအပြုအမူမှာမူ နောက်ထပ် အဆင့်တစ်ခုသို့ ရောက်သွားပြီဖြစ်၏။

သို့သော်လည်း ဝမ်ယွဲ့က စိတ်အနှောင့်အယှက် ဖြစ်မသွားခဲ့ပေ။

သူက ဖုန်းယွင်ထင်၏ပင်ကိုစရိုက်ကို ကောင်းကောင်းသိထားပြီးဖြစ်၏။ အရည်အချင်းရှိသူတိုင်းအတွက် သူ၏စိတ်ရှည်မှုမှာ အကန့်အသတ်မဲ့ပင်။

ဖုန်းထင်ယွင်မှာ ဝမ်ယွဲ့၏ ဖျော်ဖြေရေးနယ်ပယ် ချဲ့ထွင်ရေး အစီအစဉ်အတွက် အဓိက အစိတ်အပိုင်းဖြစ်၏။

ဝမ်ယွဲ့က ဖုန်းထင်ယွင်အား အနိုင်ယူရန် နည်းဗျူဟာကို အသေးစိတ်ပြင်ဆင်ထားပြီးဖြစ်သည်။ ထို့ကြောင့် ဤအသေးအဖွဲဖြစ်ရပ်မှာ သူ့မျှော်လင့်ထားသကဲ့သို့ပင် ဖြစ်၏။

သို့သော်လည်း ဝမ်ယွဲ့ ကြိုတင်မှန်းဆမထားသော တစ်စုံတစ်ရာ ဖြစ်ပွားခဲ့သည်။ 

ဖုန်းထင်ယွင်၏မျက်လုံးများက သူ့ကိုကျော်ကာ ကြည့်လိုက်စဉ် သူ(ဖုန်းထင်ယွင်)၏အမူအရာမှာ ရုတ်ချည်း ပျော်ရွှင်မှုနှင့် တောက်ပလာခဲ့သည်။ 

သူ ဝမ်ယွဲ့နားမှ လှစ်ခနဲပြေးသွားကာ အော်ခေါ်လိုက်၏။
"ရှင်းရှစ်"

ထိုအော်သံက ဇာတ်လမ်းထဲတွင် ပျော်ရွှင်စွာ နစ်မြုပ်နေသော ကုရှင်းရှစ်အား လန့်သွားစေခဲ့သည်။ 

ဖုန်းထင်ယွင်က အလောတကြီးပြေးလာကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ 
"မတွေ့ရတာ အရမ်းကိုကြာနေပြီ..."

ကုရှင်းရှစ်မှာ ခဏမျှ ကြက်သေသေသွား၏။

ဤအနည်းငယ် ဖရိုဖရဲဖြစ်‌နေ၍ လောကကြီးကို စိတ်ကုန်ဟန်ပေါက်နေသော အမျိုးသားက အတင်းပြောစနစ်ထံမှ ကုရှင်းရှစ် ပထမဆုံး သိရှိခဲ့သော အတင်းအဖျင်းမှ အဓိက ဇာတ်ကောင်တစ်ဦးဖြစ်ကြောင်း သတိရရန် အချိန်အနည်းငယ်ယူလိုက်ရသည်။

ထိုအချိန်က သူ မြို့တော်ကိုပင် မရောက်သေးချေ...

ဖုန်းထင်ယွင်က အရင်းနှီးဆုံးသူငယ်ချင်းထံမှ သစ္စာဖောက်ခံလိုက်ရကြောင်း စနစ်မှတစ်ဆင့် သူသိခဲ့ရသည်။ ဖုန်းထင်ယွင်၏အရည်အချင်းကို မနာလိုနေသော ထိုသူငယ်ချင်းသည် ဖုန်းထင်ယွင်က ဇာတ်ညွှန်းပေါက်ကြားမှုကြောင့် သူ့အား အပြစ်ဖော်ကြိမ်းမောင်းပြီးကတည်းက ဖုန်းထင်ယွင်အား မကျေမနပ်ဖြစ်ကာမုန်းနေခဲ့သည်။ မကျေချမ်းမှု အငြှိုးအတေးများဖြင့် ထိုသူငယ်ချင်းက ဖုန်းထင်ယွင်အား အမှုဆင်ရန် စက်ဆုပ်ဖွယ်အစီအစဉ်တစ်ခုကို လုပ်ကြံဇာတ်ခင်းခဲ့၏။ 

သူ့သားကို ဖုန်းထင်ယွင်နှင့်တွေ့ရန် ခေါ်ဆောင်လာပြီး ဖုန်းထင်ယွင်၏ယုံကြည်မှုကို အခွင့်အရေးယူကာ ဖုန်းထင်ယွင်အား ဆေးခတ်ခဲ့သည်။ ထို့နောက် ဖုန်းထင်ယွင်နှင့်သူ့သား အတူတူရှိနေပုံများကို ဖုန်းထင်ယွင်အား ဆိုးဆိုးဝါးဝါးစွပ်စွဲအပုပ်ချရန် ဓာတ်ပုံရိုက်ယူခဲ့သည်။ 

သူက သူ့သားကို ငါးစာအဖြစ် အသုံးပြုလိမ့်မည်ဟု မည်သူမျှ ထင်လိမ့်မည်မဟုတ်သည့်အပြင် ဓာတ်ပုံများ ပေါက်ကြားလာပါက ဖုန်းထင်ယွင်သည်လည်း သူ့ကိုယ်သူကာကွယ်ရန်အတွက် တတ်နိုင်မည် မဟုတ်ပေ။ ဖုန်းထင်ယွင်က သူ့နာမည်ဂုဏ်သတင်းနှင့် ဒါရိုက်တာအလုပ်ပါ ပျက်စီးသွားရုံသာမက ထောင်လည်း ကျသွားနိုင်သည်။ 

ကုရှင်းရှစ်က ရပ်ကြည့်မနေနိုင်တော့ပေ။ ထို့ကြောင့် ဖုန်းထင်ယွင်ကို သတင်းပေးရန် နည်းလမ်းရှာခဲ့သည်။

ပထမတွင် ဖုန်းထင်ယွင်က သူ့အား ယုံကြည်ရန် ငြင်းဆန်ခဲ့သည်။ တစ်ဖက်တွင် နှစ်ပေါင်းများစွာ ခင်မင်လာခဲ့သော သူငယ်ချင်းဖြစ်ကာ တစ်ဖက်တွင်မူ မျက်နှာပင် ဖော်ထုတ်မပြသော သူစိမ်းတစ်ဦးဖြစ်သည်။

ဖုန်းထင်ယွင်၏ယုံကြည်မှုကိုရရှိရန် ကုရှင်းရှစ်က တွန့်ဆုတ်စွာဖြင့် သူ၏ အထောက်အထားကို ထုတ်ဖော်ခဲ့ရသည်။

ဖုန်းထင်ယွင်က သံသယရှိနေသေးသော်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။

ကုရှင်းရှစ် ကြိုတင်ခန့်မှန်းခဲ့သလိုပင် ထိုသူငယ်ချင်းက သူ့သားကို အသုံးချကာ ဖုန်းထင်ယွင်အား အမှုဆင်ရန် ကြိုးပမ်းခဲ့သည်။ 

ကုရှင်းရှစ်၏ သတိပေးမှုကို ကျေးဇူးတင်ရပေမည်။ ဖုန်းထင်ယွင်က ထောင်ချောက်ကို ရှောင်နိုင်ခဲ့ကာ ဖြစ်စဉ်အားလုံးကို မှတ်တမ်းတင်ပြီးနောက် ၎င်းအား ရဲစခန်းဆီသို့ ပေးပို့ခဲ့ပြီး ကစားပွဲကို ပြောင်းပြန်လှန်နိုင်ခဲ့သည်။ 

သူငယ်ချင်းမှာ ထောင်ကျသွားခဲ့ပြီး အမှန်တရားကို သိသွားခဲ့သော ကလေး၏မိခင်မှာ သူနှင့် ကွာရှင်းခဲ့သည်။

ဤဖြစ်ရပ် အဆုံးသတ်သွားသောအခါ ကုရှင်းရှစ်က ဖုန်းထင်ယွင်နှင့်အဆက်အသွယ်ဖြတ်ကာ မြို့မှ ထွက်ခွာခဲ့သည်။ ထို့နောက် ပူပင်ကြောင့်ကြကင်းစွာ မြို့တော်သို့ ပြောင်းရွှေ့ခဲ့သည်။

ဖုန်းထင်ယွင်က ပရမ်းပတာအခြေအနေအားလုံးအား ကိုင်တွယ်ပြီးချိန်တွင် သူ၏ကယ်တင်ရှင်ကို ကျေးဇူးဆပ်ချင်ခဲ့သည်။ သို့သော်လည်း ထိုသူနှင့်ပတ်သက်သည့်သဲလွန်စမှာမူ ရှာ၍မရခဲ့ချေ။

၎င်းမှာ ယနေ့ညမတိုင်ခင်အထိသာ ဖြစ်၏။ ဖုန်းထင်ယွင်က ကုရှင်းရှစ်၏မျက်နှာကို ဗီဒီယိုတစ်ခုတွင် တွေ့မိပြီးနောက် ကုရှင်းရှစ်က ယခု မြို့တော်တွင်ရှိနေကြောင်း သိလိုက်ရသည်။

ဖုန်းထင်ယွင်က တစ်စက္ကန့်မျှပင် မတွေးဘဲ မြို့တစ်ဝက်ကို ဖြတ်ကျော်ကာ ဤပွဲသို့သာမာန်အတိုင်း အကြည့်တစ်ချက်မျှ မပေးဘဲ တက်ရောက်ခဲ့သည်။

ဖုန်းထင်ယွင်၏ အလွန်ထက်သန်လှသော အကြည့်များကြောင့် ကုရှင်းရှစ်က သူ့ထုံးစံအတိုင်း ယဉ်ကျေးစွာ ပြုံးပြလိုက်၏။

ထိုအချိန်တွင် လူထူးဆန်းဒါရိုက်တာဟု ဂုဏ်သတင်းကျော်စောစေသော သီးသန့်ဆန်မှုနှင့် ထူးခြားကွဲထွက်နေသော အမူအကျင့်များ ဖုန်းထင်ယွင်ထံတွင် မရှိတော့ပေ။ သူက ကုရှင်းရှစ်နှင့် စိတ်အားထက်သန်စွာ စကားပြောလျက်ရှိသည်။

သူတို့အနီးအနားရှိလူများက ထပ်မံ၍ ပင့်သက်ရှိုက်လိုက်ကြပြန်သည်။

ဒီလူငယ်လေးက တကယ်ကို ဘယ်သူများလဲ...

ဖုန်းထင်ယွင်က သူ့အတွက် ဘာလို့လာရတာလဲ...

စွန်းဟုန်ဖေး၏အမူအရာများမှာ ခံစားချက်များရောထွေးလျက် အမျိုးမျိုးပြောင်းလဲနေ၏။ 

နင်ဝမ်ကျိုးကို တားနိုင်ရုံရှိသေးတယ်... အခု ဖုန်းထင်ယွင် ပေါ်လာပြန်ပြီ...

ဥက္ကဌဝမ်ရဲ့ အချစ်‌ရေးက ဘာလို့အတားအဆီးတွေနဲ့ ပြည့်နေရတာလဲ...

ဝမ်ယွဲ့၏ အကြည့်များက ကုရှင်းရှစ်အပေါ် တစိုက်မတ်မတ်ရစ်ဝဲနေသည်။

ဖုန်းထင်ယွင်က တစ်စုံတစ်ယောက်ကို ရှာဖွေနေကြောင်း ဝမ်ယွဲ့သိပြီးဖြစ်သည်။ ယနေ့ညတွင် ဖုန်းထင်ယွင်က Boy Group Training Camp ဂုဏ်ပြုပွဲလုပ်မည့် နေရာအား ရှာဖွေနေကြောင်းကို သူ မထင်မှတ်ဘဲ သတင်းရခဲ့၏။ ဤပွဲကို တက်ရောက်ခြင်းမှာ ထိုလူရှာခြင်းကိစ္စနှင့် ဆက်စပ်နေပေလိမ့်မည်။

ဖုန်းထင်ယွင်၏ အရိပ်အယောင်ကို မတွေ့ရဘဲ ဝမ်ယွဲ့က အကြာကြီးစောင့်ခဲ့ရ၍ သူ့အတွေးက မှားသည်ဟု ထင်မိလုနီးပါးပင်။ 

သို့သော်  á€–ုန်းထင်ယွင်က ဤနေရာတွင်  á€œá€Żá€śá€¸á€á€œá€Żá€•á€şá€œá€ąá€ˇá€™á€›á€žá€­á€žá€ąá€Ź ပုံစံမျိုးဖြင့် လူငယ်လေးအပေါ် စိတ်အားထက်သန်မှုအပြည့်နှင့် ပြုမူပြောဆိုနေခဲ့၏။

ဝမ်ယွဲ့၏မျက်လုံးများက အတွေးနက်ကာ မည်းမှောင်လာခဲ့သည်။

အနီးအနားတွင်ရှိနေသော ထန်လင်းက ဤအခြေအနေကို အလျင်အမြန် ဖမ်းဆုပ်လိုက်မိသည်။ ဝမ်ယွဲ့၏အစီအစဉ်အတွက် ဖုန်းထင်ယွင်မှာ မည်မျှ အရေးပါကြောင်း သူ သိ၏။  á€á€ťá€€á€şá€á€ťá€„်းပင် ကုရှင်းရှစ်၏အချက်အလက်များကို ဆွဲထုတ်ကာ ဝမ်ယွဲ့အား တိုးတိုးတိတ်တ် လက်ဆင့်ကမ်းပြောပြခဲ့သည်။ 

ဝမ်ယွဲ့က ပေါ့ပေါ့တန်တန် ခေါင်းညိတ်ပြကာ သူ၏ခြေတံရှည်များက သူ့အား ထိုလူနှစ်ဦးနှင့်ပူးပေါင်းရန် ခေါ်ဆောင်သွား၏။

"ဒါရိုက်တာဖုန်းက ဥက္ကဌကုနဲ့ သိတာလား..."
ဝမ်ယွဲ့က မေးလိုက်၏။

ကုရှင်းရှစ်နှင့် ပျော်ပျော်ရွှင်ရွှင်စကားပြောနေသော ဖုန်းထင်ယွင်က အနှောင့်အယှက်ဖြစ်မှုကြောင့် အနည်းငယ် မကျေမနပ်ဖြစ်သွားခဲ့သော်လည်း အင်တင်တင်ဖြင့် ခေါင်းညိတ်ကာ ဖြေလိုက်၏။
"ဟုတ်တယ်"

ဖုန်းထင်ယွင်က မာနကြီးသော်လည်း လူမှုရေး မခေါင်းပါးချေ။

ဖုန်းထင်ယွင် မည်မျှပင် ဝမ်ယွဲ့အား သဘောမကျပါစေ သူ့(ဝမ်ယွဲ့)အား ထပ်ကာတလဲလဲ မလေးမစား မလုပ်နိုင်ချေ။ မဟုတ်ပါက ဝမ်ယွဲ့ကဲ့သို့ အင်အားကြီးသော ရန်သူတစ်ယောက်ရှိအောင် လုပ်မိသွားနိုင်သည်။ 

ဝမ်ယွဲ့က အေးဆေးတည်ငြိမ်စွာနှင့် သက်သောင့်သက်သာ စကားလမ်းကြောင်းကို ထိန်းချုပ်နိုင်ခဲ့သည်။ 

တစ်ဦးမှာ ဝမ်မိသားစုအဖွဲ့အစည်း၏ခေါင်းဆောင်ဖြစ်ပြီး ကျန်တစ်ဦးမှာ ကမ္ဘာကျော်ဒါရိုက်တာဖြစ်သော သူတို့နှစ်ဦးလုံးက အရှိန်အဝါကြီးသော ဖြစ်တည်မှုကို ထုတ်ဖော်လျက်ရှိသည်။

လူအများပြောကြသကဲ့သို့ပင် မမြင်နိုင်သော အတားအဆီးတစ်ခုက သူတို့ပတ်ပတ်လည်တွင် ဖြစ်ပေါ်နေကာ သူတို့အနီး တစ်မီတာအတွင်း မည်သူမျှ သွားလာရန် မဝံ့ရဲကြပေ။ ကုရှင်းရှစ်တစ်ယောက်သာလျှင် စိတ်ကူးယဉ်ကမ္ဘာထဲရောက်ကာ အတွေးထဲနစ်မြုပ်နေရင်း သူတို့အနီးတွင် ရပ်နေခဲ့သည်။

ဤမြင်ကွင်းက ပွဲကြည့်ပရိသတ်များကို ဒေါသနှင့်မနာလိုအားကျမှုများ ဖြစ်ကျန်စေခဲ့သည်။

အဲ့ဒီလိုအဆင့်မြင့်စကားဝိုင်းနားမှာ စိတ်ကူးယဉ်ကမ္ဘာထဲရောက်နေသလို မင်းဘယ်လိုများ ရပ်နေနိုင်ရတာလဲ... ဘယ်လိုတောင် အခွင့်အရေးကို ဖြုန်းတီးတတ်လိုက်သလဲ...

သို့သော်လည်း ကုရှင်းရှစ်မှာ ပါဝင်ပြောဆိုခြင်း မရှိပေ။ တွေဝေငေးငိုင်နေသော အသွင်အပြင်ဖြစ်နေရခြင်းမှာ စနစ်ထံမှ နောက်ဆုံးရ အတင်းအဖျင်းများကို နားထောင်နေခြင်းကြောင့်ပင်။

[ဝမ်ယွဲ့က ဝမ်မိသားစုကို ချုပ်ကိုင်ထားနိုင်ပေမယ့် သူ့ဦးလေးတွေနဲ့ အဒေါ်တွေကလည်း.. သူတို့က မိသားစုစီးပွားရေးလုပ်ငန်းတွေမှာ နှစ်တွေအကြာကြီး ခိုင်မာအောင်အခြေကုပ်ယူထားတဲ့အပြင် ဩဇာအာဏာလည်း လွှမ်းမိုးနိုင်သေးတယ်... ဝမ်ယွဲ့စောစောစီးစီး အာဏာရလာတာက တစ်ဝက်‌လောက်က သူ့ကိုယ်ပိုင်အစွမ်းအစကြောင့် ကျန်တဲ့တစ်ဝက်လောက်က သူ့ဆွေမျိုးတွေက သူတို့အချင်းချင်းတိုက်ခိုက်ကြရင်း ကြီးပြင်းလာတဲ့ သူ့တို့တူလေး ဝမ်ယွဲ့ကို လျှော့တွက်ကြလို့ပဲ...]

[အခု ဝမ်ယွဲ့က သူ့ကိုယ်သူ ခိုင်ခိုင်မာမာ ရပ်တည်နိုင်လာကို မြင်တော့ သူ့ဆွေမျိုးတွေက သူ့ကို ဆန့်ကျင်ဖို့ ပူးပေါင်းသွားကြတယ်... ဒါပေမယ့်လည်း ဝမ်ယွဲ့က အဲ့ဒါကို မျှော်လင့်ထားပြီးသား... တန်ပြန်ဗျူဟာတောင် ချထားပြီးပြီ... အဲ့ဒါက ဖျော်ဖြေရေးလုပ်ငန်းပဲ... သူက ကိုယ်ပိုင်ဖျော်ဖြေရေးလုပ်ငန်းကို စတင်ဖို့ ပြီးပြည့်စုံတဲ့ အစီအစဉ်လည်း ဆွဲထားတယ်... Boy Group Training Camp တို့လို စီမံကိန်းလေးတွေက ကွန်ပျူတာတစ်လုံးနဲ့နှိုင်းပြီးပြောရမယ်ဆိုရင် "ဆော့ဝဲလ်" ဒါမှမဟုတ် "အကြောင်းအရာကဏ္ဍ" လောက်ပဲ အသုံးဝင်တာ... တကယ့်အခြေခံအုတ်မြစ်က ထျန်းချန်ဗီဒီယိုနဲ့ ရှင်းမောင်မီဒီယာပဲ...]


 

Search Novels