🍉🍉🍉🍉 အခန်း ၄၁


[ဝမ်ယွဲ့က ဖုန်းထင်ယွင်ရဲ့ နိုင်ငံတကာရုပ်ရှင်ဈေးကွက်မှာ ကျော်ကြားတဲ့ ဂုဏ်သတင်းအရှိန်အဝါကြောင့်ရော ရုပ်ရှင်လုပ်ငန်းကို ထိုးဖောက်ချင်တဲ့ သူ့(ဝမ်ယွဲ့)ရဲ့ ရည်မှန်းချက်ကြောင့်ရော ဖုန်းထင်ယွင်နဲ့ လက်တွဲနိုင်ဖို့ အချိန်အကြာကြီး မျှော်လင့်နေခဲ့တာ... ဒါပေမယ့်လည်း ဖုန်းထင်ယွင်အတွက်က ရင်းနှီးမြှုပ်နှံမယ့်သူ ပြတ်လပ်မနေဘူးလေ... သူ့အတွက် ငွေကြေးထောက်ပံ့ချင်တဲ့သူတွေက ဒီကနေ ပြင်သစ်ထိ တန်းကိုစီနေရော... အဲ့ဒီထဲကနေ သူ့စိတ်ကြိုက်ရွေးလိုက်ရုံပဲ... ဝမ်ယွဲ့က ချမ်းသာပေမယ့် ဝမ်မိသားစုရဲ့ အိမ်တွင်းရေးအရှုပ်တော်ပုံတွေနဲ့ ရုပ်ရှင်လောကမှာ အဆင့်အတန်းတစ်ခု ရယူထားနိုင်တာမရှိလို့  á€–ုန်းထင်ယွင်က စိတ်မဝင်စားခဲ့တာ...]

**

စနစ်က ထောက်ပြသကဲ့သို့ပင် ဖုန်းထင်ယွင်သည် ဝမ်ယွဲ့၏ရင်းနှီးမြုပ်နှံမှုအဆိုပြုချက်ကို စိတ်ဝင်စားကြောင်း အနည်းငယ်သာ ပြသခဲ့သည်။ 

ဝမ်ယွဲ့လည်း ၎င်းကို ခံစားမိကာ ဆက်၍ တောင်းဆိုရန် မလိုတော့ကြောင်း နားလည်စွာဖြင့် သူ့အာရုံတို့အား ကုရှင်းရှစ်ဆီသို့ ပြောင်းကာ ပြောလိုက်၏။
"ဥက္ကဌကု... မင်းမှာ ထပ်ဖြည့်ပြီးပြောချင်တာများ ရှိသေးလား.."

"ဟမ်..."
ကုရှင်းရှစ် မော့ကြည့်လိုက်သောအခါ ဝမ်ယွဲ့နှင့် ဖုန်းထင်ယွင်တို့က သူ့အား တည့်တည့်ကြည့်နေသည်ကို အံ့အားသင့်စွာ တွေ့လိုက်ရသည်။

ဘာတွေ ဖြစ်သွားတာလဲ...

မုန့်ယွမ်ရှန့်နှင့်ချန်ရှင်းတို့က သူတို့၏အဖွဲ့သားများနှင့်အတူ ထမင်းစားပြီးခဲ့ပြီဖြစ်၏။ သူတို့မန်နေဂျာအား ရှာဖွေရန်  á€›á€ąá€Źá€€á€şá€œá€Źá€…ဉ် ဝမ်ယွဲ့နှင့် ဖုန်းထင်ယွင်တို့ကြောင့် အခြေအနေတင်းမာလျက်ရှိသော စက်ဝိုင်းပုံသဏ္ဍန်၏အလယ်ရှိ ကုရှင်းရှစ်အား မြင်လိုက်ရသည်။

ချန်ရှင်းမှာ ထိုအမျိုးသားနှစ်ဦးအား မမှတ်မိသော်လည်း မုန့်ယွမ်ရှန့်ကမူ မှတ်မိခဲ့သည်။

သူတို့မန်နေဂျာက တစ်ခါတစ်ရံ စိတ်နှင့်ကိုယ် မကပ်တတ်သည်ကို မုန့်ယွမ်ရှန့် သိ၏။
 
ပုံမှန်အချိန်ဆို ဒါက ပြဿနာမဟုတ်ပေမယ့် အခုလို လုပ်ငန်းရဲ့အထင်ကရလူနှစ်ဦးနဲ့ တွေ့နေတဲ့အချိန် သူ့(ကုရှင်းရှစ်)ရဲ့ အတွေးလွန်တတ်တဲ့အကျင့်က သူတို့ကို စော်ကားသလို ဖြစ်သွားခဲ့ရင်ရော...

မုန့်ယွမ်ရှန့်က စိတ်ပူပန်စွာနှင့်အခြေအ‌နေတင်းမာမှုအား ကူညီ‌ဖြန်ဖြေပေးမည်ပြုစဉ် ဖုန်းထင်ယွင်က ကုရှင်းရှစ်ရှေ့တွင် ကာဆီးကာ ပြောလိုက်သည်။
"ဥက္ကဌဝမ်... ဒါက ငါတို့နှစ်ယောက်ကြားက ကိစ္စပါ... ရှင်းရှစ်နဲ့ ဘာမှမဆိုင်ဘူး... သူ့ကို ဆွဲသွင်းဖို့လည်း မလိုဘူး..."

မုန့်ယွမ်ရှန့် "..."

သူက ဖုန်းထင်ယွင်၏ အစောပိုင်းအပြုအမူများကို လွတ်သွားခဲ့သည့်အတွက် ယခုသူမြင်လိုက်ရသော မြင်ကွင်းကြောင့် လုံးဝမှင်တက်သွားရ၏။

ဒါက စိတ်တိုလွယ်တဲ့ ကမ္ဘာကျော်ဒါရိုက်တာ မဟုတ်ဘူးလား... ငါ လူများ မှားသွားတာလား... 

သို့သော်လည်း ဘေးမှရပ်ကြည့်သူများက ဖုန်းထင်ယွင်၏ ထိုသို့သော ပြောင်းလဲမှုကို ကျင့်သားရနေကြပြီဖြစ်၏။

ဖုန်းထင်ယွင်နှင့် ကုရှင်းရှစ်ကြားရှိဆက်ဆံရေးကို သူတို့ တိတိကျကျမသိကြသော်လည်း ကုရှင်းရှစ်အပေါ်တွင် ဖုန်းထင်ယွင်၏ အထူးပြုမူဆက်ဆံပုံကို သူတို့ သတိပြုမိခဲ့ကြသည်။

လူတိုင်းက ဤဂုဏ်ပြုပွဲအခမ်းအနားပြီးသည်နှင့် ကုရှင်းရှစ်အား ချဉ်းကပ်ရန် အစီအစဉ်များ ရေးဆွဲထားပြီးဖြစ်၏။ မည်သည့်အရာများဖြစ်ပျက်နေပါစေ ကုရှင်းရှစ်က ဥက္ကဌဝမ်၊ ဒါရိုက်တာဖုန်းတို့နှင့် အဆက်သွယ်ရှိသည်ဖြစ်ရာ အထင်ကရလူမဟုတ်ကြောင်း သိသာသည်။

ထိုအချိန်တွင် အနီးအနားရှိ လူတစ်စုက စိတ်လှုပ်ရှားစွာဖြင့် ပုန်းလျှိုးကွယ်လျှိုး ကြည့်နေကြသည်။

၎င်းတို့ထဲတွင် ရင်းနှီးမြှုပ်နှံသူများ၏သမီးများ၊ အတွေ့အကြုံရစေရန် ပွဲသို့ပါလာသော မိန်းကလေးအဖွဲ့မှ သင်တန်းသူများ၊ အမျိုးမျိုးသော မန်နေဂျာများနှင့် လက်ထောက်များ ပါဝင်နေသည်။

"ဘုရားရေ... ဒါက Alphaနှစ်ယောက်က Omega တစ်ယောက်အတွက် တိုက်ခိုက်ကြတဲ့ ဇာတ်လမ်းကို အပြင်မှာ တွေ့လိုက်ရသလိုပဲ..."

"အရမ်းရင်ခုန်ဖို့ကောင်းတာပဲ... ငါ့အကြိုက်ဆုံးဝတ္ထုက အသက်ဝင်လာပြီ..."

"ကြည့်စမ်း... ဒါရိုက်တာဖုန်းက ဘယ်လောက် ကာကွယ်ပေးတတ်လိုက်သလဲ... သူ့ရဲ့အချစ်အတွက် ဘဝင်မြင့်နေတဲ့အထီးကျန်ဝံပုလွေတစ်ကောင်ကနေ သစ္စာရှိအစောင့်ခွေးတစ်ကောင်အဖြစ် ပြောင်းလဲသွားတာ... အရမ်းမိုက်တာပဲ..."

"ငါကတော့ ဥက္ကဌဝမ်ဘက်ကပဲ... အရပ်ကွာဟချက်ကို တွေးကြည့်... သူ့ရဲ့လက်မောင်းတွေနဲ့ ဥက္ကဌကုရဲ့ခါးကို ဖက်လိုက်မယ်... အားထုတ်စရာတောင်မလိုဘဲ ဥက္ကဌကုကို မ,ချီလိုက်မယ်... နံရံကိုမှီပြီး ဖိထားလိုက်မယ်... ပြီးတော့ တစ်ခုခု လုပ်ကြတယ်... နင် သိပါတယ်..."

"အင်အားကြီး Double Alphaအတွဲကိုရော ဘယ်သူမှ မရှစ်ကြဘူးလား..."

အုပ်စုက ရုတ်တရက် တိတ်ဆိတ်သွား၏။

ထို့နောက် သူတို့အားလုံး တညီတညာတည်း ပြောသည့်သူအား စိုက်ကြည့်လိုက်ကြ၏။

"နင့်ရဲ့ အဆိပ်သင့် AA သင်္ဘောကို ဒီကနေ ဖယ်ထုတ်လိုက်... ဒါက BLနယ်မြေပဲ..."

"..."

သူတို့၏ စိတ်လှုပ်ရှားဖွယ်ရာ စိတ်ကူးများနှင့် နှိုင်းယှဉ်ပါက စွန်းဟုန်ဖေးသည် ဘေးကျပ်နံကျပ်အခြေအနေနှင့် ကြုံတွေ့နေရသည်။

ဥက္ကဌဝမ်နှင့် ဥက္ကဌကုကြားရှိ စကားပြောဆိုမှုမှာ သမားရိုးကျဆန်လွန်းသည်ဟု ခံစားရ၏။ သူစိမ်းများကဲ့သို့ဖြစ်ကာ နွေးထွေးမှုမှာ သုညပင်။

သီးသန့်ဆန်တဲ့ဥက္ကဌနဲ့ သူ့ရဲ့မန်နေဂျာ... သူတို့ရဲ့သရုပ်ဆောင်မှုက တကယ်ကောင်းနိုင်ပါ့မလား... ငါတို့လိုလူတွေက သူတို့ရဲ့ သရုပ်ဆောင်မှုကို ဘယ်လိုထောက်ပံ့ပေးရမလဲ... 

ဒါပေမယ့် ဒါက သရုပ်ဆောင်နေတာ မဟုတ်ရင်ရော... မဟုတ်မှလွဲရော...

သူတို့ ပြတ်သွားကြတာလား...

စွန်းဟုန်ဖေးက ရင်ထဲ ထိတ်ခနဲဖြစ်သွားလေသည်။

သူပိုကြည့်လေလေ သူပို၍ယုံကြည်လာလေလေပင်။

သူတို့ရပ်နေပုံကိုကြည့်လိုက်သောအခါ ကုရှင်းရှစ်က ဝမ်ယွဲ့ထက် ဖုန်းထင်ယွင်နှင့် သိသိသာသာ နီးကပ်စွာ ရပ်နေခဲ့သည်။ 

ဉာဏ်နီဉာဏ်နက်များသော တတိယဘီးလုံးလေး နင်ဝမ်ကျိုးသည်လည်း အစောပိုင်းတွင် ကုရှင်းရှစ်နှင့် နီးကပ်စွာ ရပ်နေခဲ့သေးသည်။

စကားစမြည်ပြောသောအခါတွင် ကုရှင်းရှစ်က နင်ဝမ်ကျိုးဘက်သို့ ငဲ့၍ပင် မကြည့်ခဲ့ချေ။

စွန်းဟုန်ဖေးက ထိုအကြောင်း ပိုတွေးလေလေ ကြောက်လန့်မှုကို ပို၍ခံစားရလေလေဖြစ်၏။

ချစ်လှစွာသော မိုးနတ်မင်းရေ... ငါ့ကို ဒီလို မကျီစယ်ပါနဲ့လား...

ငါရာထူးတိုးဖို့ အကြာကြီး စောင့်‌ဆိုင်းခဲ့ရတဲ့ လမ်းကြောင်းက ဒီအတိုင်း ပျောက်ကွယ်သွားတော့မှာလား...

သူတို့သာ တကယ်လမ်းခွဲခဲ့ကြရင် ဥက္ကဌကုကို ရှေ့လျှောက် ငါဘယ်လို ဆက်ဆံသင့်လဲ...

အရမ်းရင်းရင်းနှီးနှီး ဆက်ဆံလိုက်ရင် အဲ့ဒါက ဝမ်ယွဲ့ကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး ငါ့ရဲ့အသက်မွေးဝမ်းကြောင်းကို လုံးဝဆုံးရှုံး‌သွားနိုင်လောက်လား...

ဒါပေမယ့် ငါသာ အေးစက်စက်ဆက်ဆံလိုက်ရင်‌ နောက်ပိုင်း သူတို့နှစ်ယောက် ပြန်အဆင်ပြေတဲ့အချိန်ကျ ငါက ပိုဆိုးတဲ့အနေအထားမှာရှိပြီး သူတို့နှစ်ယောက်ကြား ညပ်နေနိုင်တယ်...

စွန်းဟုန်ဖေးက ပြိုလဲလုနီးနီးပင်။

သူ၏ဝန်းကျင်တွင် စိတ်ပင်ပန်းမှု၊ တင်းမာမှုများနှင့် ပြည့်နှက်နေသော်လည်း မုန်တိုင်း၏ဗဟိုနှလုံးသားဖြစ်သော ကုရှင်းရှစ်မှာ သက်ရောက်ခြင်းမရှိခဲ့ပေ။

အနီးအနားတွင် ရပ်နေကြသည့် တည်ကြည်လေးနက်သော အမျိုးသားနှစ်ဦးနှင့် ဆန့်ကျင်စွာ ကုရှင်းရှစ်က သာမာန်ကာလျှံကာ သူ၏ဗိုက်ကို ပွတ်လိုက်ရင်း ရိုးရိုးသားသား ပြောလိုက်သည်။
"ကျွန်တော် နောက်ထပ် ဘာစားရင်ကောင်းမလဲလို့ စဉ်းစားနေတာ..."

နောက်ဆုံးရအတင်းအဖျင်းတွင် နစ်မြောသွားခဲ့ခြင်းကြောင့် ကုရှင်းရှစ်က အစောပိုင်းတွင် သိပ်မစားခဲ့ပေ။ ဝမ်ယွဲ့နှင့် ရှန်ပိန်သောက်ကာ ဟိုဟိုသည်သည် ခဏတာမျှ မတ်တတ်ရပ်ပြီး‌သည့်နောက် သူ တကယ်ကို ဗိုက်ဆာလာခဲ့၏။

ကုရှင်းရှစ်၏ ရိုးသားသော အပြုအမူက စကားလမ်းကြောင်းလွှဲရန် ပရိယာယ်တစ်ခုသုံးလိုက်ခြင်း ဟုတ်၊ မဟုတ်နှင့် သူ တကယ်ပင် အပူပင်အကြောင့်အကျကင်းမဲ့ခြင်း ဟုတ်၊ မဟုတ်ကို ရှာဖွေရန် ဝမ်ယွဲ့က ကုရှင်းရှစ်အား တစိုက်မတ်မတ် ကြည့်နေခဲ့သည်။ 

ဖုန်းထင်ယွင်က စကားဝိုင်းကို အဆုံးသတ်ရန် ဤအခိုက်အတန့်ကို ဖမ်းဆုပ်ကာ ကုရှင်းရှစ်အား အဝေးသို့ ခေါ်ဆောင်သွားခဲ့သည်။

ဝမ်ယွဲ့က တုံ့ပြန်မှုမရှိခဲ့ပေ။ သူက ဖုန်းထင်ယွင်နှင့် အချိန်တိုအတွင်း သဘောတူညီမှုရရှိရန်လည်း မမျှော်လင့်ထားခဲ့ပေ။ အမှန်မှာ ယနေ့ညတွင်ရရှိခဲ့သောအမြတ်အစွန်းများက သူ့မျှော်လင့်ချက်ထက်ကို ကျော်လွန်နေပြီဖြစ်သည်။

သူတို့ထွက်ခွာသွားသောလမ်းအား နောက်ဆုံးတစ်ချက်ကြည့်ပြီးနောက် ထန်လင်းဘက်သို့လှည့်ကာ ပြောလိုက်သည်။
"သွားကြရအောင်..."

ဝမ်ယွဲ့ထွက်ခွာသွားသောအခါ ယခင်က ဣန္ဒြေထိန်းထားကာငြိမ်နေသော ပွဲကြည့်ပရိသတ်များမှာ ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် စကားပြောလာကြ၏။ ထို့အပြင် အုတ်အုတ်ကျက်ကျက်အတင်းပြောသံများမှာလည်း ပိုမိုကျယ်လောင်လာသည်။

"ငါ ခုနက လန့်ရလွန်းလို့ သေတော့မလိုပဲ... ဒါရိုက်တာဖုန်းကို အားလုံးမြင်တယ်မလား... ဥက္ကဌဝမ်ရှေ့မှာ ရပ်နေတာ ငါသာဆိုလို့ကတော့ သတ္တိရှိဖို့ နေနေသာသာ အရမ်းကို စိတ်လှုပ်ရှားပြီး ဖိနပ်တွေကို လှုပ်ယမ်းနေမိမှာ..."

"ငါပြောချင်တာက ဒီနေရာမှာ တကယ့်အာဏာရှင်က ဥက္ကဌကုပဲ... ဒီလိုမျိုး ကျော်ကြားတဲ့လူနှစ်ယောက်ကြားမှာ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး နေနိုင်တာ တကယ့်ကို လေးစားစရာပဲ..."

"ဥက္ကဌကုက လဲ့ရှစ်အင်တာတိန်းမန့်ရဲ့ အကြီးအကဲအသစ်လို့ ငါကြားထားတာ... သူ့ရဲ့အနုပညာရှင်တွေကလဲ Boy Group Training Camp ပြိုင်ပွဲမှာ ပထမဆုနဲ့ဒုတိယဆု ရထားတယ်... ငါ ထင်ခဲ့မိတာ အဲ့ဒါ ကံကောင်းလို့ပေါ့... ဒါပေမယ့် အခု ငါ သူ့ရဲ့ ကြော့မော့တဲ့အမူအရာနဲ့ အရည်အချင်းတွေကို မြင်ပြီး သူ အရာအားလုံးကို အောင်မြင်ခဲ့တဲ့အပေါ် ငါ့မှာ မေးခွန်းထုတ်စရာကို မရှိတော့ဘူး..."

"အနာဂတ်မှာ လဲ့ရှစ်နဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ သေချာစဉ်းစားသင့်တဲ့ပုံပဲ.."

***

ကုရှင်းရှစ်နှင့် ဖုန်းထင်ယွင်တို့က သူတို့အား အရောဝင်ချင်နေကြသူများနှင့် ဝေးရာ အဆာပြေမုန့်များရှိသည့် တိတ်ဆိတ်သော ထောင့်တစ်ခုအား ရှာတွေ့ခဲ့သည်။ နှစ်ဦးလုံးက စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်ကြ၏။

ဖုန်းထင်ယွင်က မမေးဘဲ မနေနိုင်စွာ မေးလိုက်သည်။
“ရှင်းရှစ် မင်းဘာလို့ မြို့တော်ကို ပြောင်းလာတာလဲ...”

ယခင်က ဖုန်းထင်ယွင်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့သည့် ကုရှင်းရှစ်က အမှန်တရားကို ဖုံးကွယ်မထားခဲ့ချေ။ ကုရှင်းရှစ်က သူ၏ သွေး‌ဝေးဆွေမျိုးထံမှ တောင်းဆိုမှုတစ်ခုကို လက်ခံရရှိပြီးနောက် လဲ့ရှစ်အင်တာတိန်းမန့်ကို လွှဲပြောင်းတာဝန်ယူလိုက်ရကြောင်း ရှင်းပြခဲ့သည်။

ဖုန်းထင်ယွင် မျက်မှောင်ကြုတ်လိုက်သည်။

သူ လဲ့ရှစ်အင်တာတိန်းမန့်ကို မကြားဖူးချေ။ ၎င်းက အသေးစား ကုမ္ပဏီတစ်ခုဖြစ်သည်ဟု ယူဆကာ ပြောလိုက်သည်။
“မင်း ဘာအကူအညီပဲလိုလို ငါ့ကိုပြောလို့ရတယ်...”

ဖုန်းထင်ယွင်က သူ၏အဖြူအမည်းစရိုက်ကြောင့် လူသိများသည်။ သူက သူသဘောကျသောသူများကို အလွန်အမင်းဂရုစိုက်တတ်ပြီး သူသဘောမကျသူများနှင့် ပတ်သက်လိုခြင်း လုံးဝ မရှိချေ။ အကယ်၍ သူသာ တစ်စုံတစ်ယောက်အား လေးစားမိပါက ထိုသူတို့အား ထောက်ပံ့ပေးရန် ဘယ်အရာမဆို သူ ကြိုးကြိုးစားစားလုပ်ပေးလိမ့်မည်။

သူ့အတွက် ထိုသို့ပြောခြင်းမှာ လေးနက်သော ကတိတစ်ခုပင်ဖြစ်၏။

ကုရှင်းရှစ်က မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့အား သူတို့၏ နှစ်သက်ဝါသနာပါရာများကို မေးမြန်းခဲ့ပြီးဖြစ်သည်။ နှစ်ဦးလုံးက ပိုက်ဆံပိုရသော သရုပ်ဆောင်ဘက်သို့ ကူးပြောင်းတတ်ကြသည့် အခြားသော idolများနှင့် ကွဲပြားကာ သရုပ်ဆောင်ခြင်းထက် ဖျော်ဖြေခြင်းကိုသာ စိတ်ဝင်စားကြသည်။ 

ကုရှင်းရှစ်၏ ကြီးပွားရန်ရည်မှန်းချက် ကင်းမဲ့မှုနှင့် သူတို့(မုန့်ယွမ်ရှန်နှင့်ချန်ရှင်း)တို့က သူတို့၏အိပ်မက်နောက် လိုက်နေသည်ကို မြင်တွေ့နိုင်ခြင်းမှာ သူ့အား စိတ်ကြည်နူးပီတိဖြစ်စေသောကြောင့် သူက သူတို့ကို ဘယ်သောအခါမှ သရုပ်ဆောင်ရန် တွန်းအားပေးမည် မဟုတ်ပေ။

ထို့ကြောင့် ဖျော်ဖြေရေးလုပ်ငန်းရှိ အတွင်းလူတို့အား မနာလိုဝန်တိုမှုဖြစ်စေနိုင်သည့် ဖုန်းထင်ယွင်၏ လိုချင်တပ်မက်ဖွယ်ကမ်းလှမ်းချက်က သူ ပြင်းပြင်းပြပြ စမ်းလုပ်ကြည့်ချင်သောအရာပင် မဟုတ်ခဲ့ပေ။ 

သူတို့စကားဝိုင်းမှာ အဆာပြေ သရေစာစားရင်း လတ်တလော အဖြစ်အပျက်များဆီသို့ ပြောင်းသွားခဲ့သည်။ ဖုန်းထင်ယွင်က ရိုးရိုးရှင်းရှင်းပင် ပြောလာ၏။

“အခုတလော ငါ နိုင်ငံတကာဆုပေးပွဲကို ဂယက်ရိုက်သွားစေမယ့် ပရောဂျက်အသစ်တစ်ခု လုပ်နေတာလေ... လူတိုင်းက ဒီပရောဂျက်မှာ ပါချင်နေကြတယ်... ငွေက အကြောင်းမဟုတ်ဘူး... ရင်းနှီးမြှုပ်နှံတဲ့သူတွေက အလွန်အကြူးစွက်ဖက်ဖို့ ကြိုးစားမယ်ဆိုရင် ငါ အဲ့ဒီလိုလူတွေနဲ့ တွဲပြီး အလုပ်မလုပ်ချင်ဘူး...”

စနစ်က ကုရှင်းရှစ်အား ဖြည့်စွက်ပြောပြခဲ့သည်။

[ဖုန်းထင်ယွင်က ပြဌာန်းစာအုပ်ကြီးလို ဒါရိုက်တာဆိုပြီး နာမည်ကြီးတာ ကြာပြီ... သူရိုက်ကူးနေတဲ့အချိန် ထုတ်လုပ်သူက သူ့ကို ဆန့်ကျင်တာပဲဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံသူက သူ့ကို တောင်းဆိုချက်တွေ ချမှတ်ဖို့ကြိုးစားတာပဲဖြစ်ဖြစ် အဲ့ဒီလူတွေကို သူ့ပရောဂျက်ကနေ မဆိုင်းမတွ ထုတ်ပစ်တာ...]

[အခုချိန်ထိ ဖုန်းထင်ယွင်ရဲ့ စီးပွားဖက်တွေက ရိနန်ရုပ်ရှင်ထုတ်လုပ်ရေးတို့လို သူနဲ့ နှစ်အတော်ကြာ လက်တွဲခဲ့တဲ့သူတွေချည်းပဲ... ဒါပေမယ့် အခု ရိနန်ရဲ့စီအီးအိုအသစ် သုန်းဟိုင်ယွဲ့က နိုင်ငံခြားမှာ နှစ်တွေအကြာကြီး ကျောင်းတက်ခဲ့တဲ့ ရိနန်ဥက္ကဌရဲ့သား... ဖုန်းထင်ယွင်က အထူးသဖြင့် စာချုပ်တွေချုပ်ရင် သူ့ရဲ့လုပ်ပိုင်ခွင့်ကို ထိန်းထားနိုင်ဖို့ အလျှော့ပေးလေ့မရှိဘူး... သုန်းဟိုင်ယွဲ့က အဲ့ဒီလို ဖုန်းထင်ယွင်ရဲ့ တစ်ယောက်တည်း လက်ဝါးကြီးအုပ် စိတ်ထင်ရာလုပ်တတ်တာတွေကို သဘောမကျဘူး... ဖုန်းထင်ယွင်ရဲ့ နောက်ဆုံးဇာတ်ကားက အပြစ်ပြောစရာမရှိတဲ့အထိ အောင်မြင်ခဲ့ပေမယ့် box-officeမှာ အရှုံးပေါ်ခဲ့လို့ ရိနန်က ငွေကြေးပိုင်းဆိုင်ရာ အကျိုးအမြတ်အများကြီး မရခဲ့ဘူး... အဲ့ဒါကြောင့် သုန်းဟိုင်ယွဲ့ရဲ့ အငြှိုးအတေးက ပိုပြီးကြီးလာတော့တာပဲ...]

[တချို့သူတွေအပြောအရ သုန်းဟိုင်ယွဲ့က ဖုန်းထင်ယွင်ကို သင်ခန်းစာပေးဖို့ တခြားရင်းနှီးမြုပ်နှံသူတွေကို စည်းရုံးလှုံ့ဆော်ထားတာတဲ့... ရန်ပုံငွေတွေကို ဖိအားအနေနဲ့ အသုံးချပြီး သူ့ရဲ့ တောင်းဆိုချက်တွေ ရုတ်သိမ်းသွားအောင် တွန်းအားပေးကြမှာ... တိုက်တိုက်ဆိုင်ဆိုင်ပဲ ဖုန်းထင်ယွင်ရဲ့ လက်ရှိရိုက်နေတဲ့ဇာတ်ကားက နောက်ထပ် စိတ်ဓာတ်ခွန်အားလှုံဆော်ပေးတဲ့ ရုပ်ရှင်မျိုး... box-officeထိ ရိုက်ခတ်နိုင်တဲ့ဇာတ်ကားမျိုး မဟုတ်ဘူး... အဲ့ဒါကြောင့် တချို့ရင်းနှီးမြှုပ်နှံသူတွေက စိတ်အားထက်သန်မှုမရှိကြဘဲ အလယ်မှာပဲ ကြားနေ နေနေကြတယ်...]

ကုရှင်းရှစ်၏မျက်‌မှောင်တို့မှာ ကြုတ်သွားသည်။

သူ့အမူအရာအား သတိထားမိ၍ ဖုန်းထင်ယွင်က မေးလိုက်၏။
"ဘာဖြစ်လို့လဲ... တစ်ခုခု ထူးဆန်းတယ်ထင်လို့လား..."

ကုရှင်းရှစ်က ခဏတာမျှ စဉ်းစားပြီးနောက် မေးရန် ဆုံးဖြတ်လိုက်သည်။
"ရိနန်ရုပ်ရှင်ထုတ်လုပ်ရေးက စီအီးအိုနဲ့ မင်းရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ..."

"သုန်းဟိုင်ယွဲ့ကို ပြောတာလား..."

ဖုန်းထင်ယွင်က သရော်ကာ ပြောလိုက်၏။
"အဆင်မပြေပါဘူး... နိုင်ငံခြားမှာ နှစ်တွေအများကြီးနေလာခဲ့တာတောင် သူ့ဦးနှောက်က ရှင်းရှင်းလင်းလင်း မတွေးခေါ်နိုင်သေးဘူး... ရုပ်ရှင်အကြောင်း ဘာမှ နားမလည်ဘဲ ဒီဟာ ဒီဟာ ဟိုဟာ ဟိုဟာနဲ့ ကျွက်စိကျွက်စိ အမြဲတမ်းပြောနေတာ..."


🍉🍉🍉🍉 အခန်း ၄၂


သူနှင့်ရိနန်ကြားမှ နှစ်အတော်အကြာ ပူးပေါင်းဆောင်ရွက်မှုများကြောင့်သာ မဟုတ်ပါက ဖုန်းထင်ယွင်က သူတို့အား စီးပွားဖက်အဖြစ်မှ လက်တွဲဖြုတ်ပစ်ခဲ့မည်မှာ ကြာလောက်ပြီဖြစ်၏။

ကုရှင်းရှစ်က အရိတ်အမြွက်ပြောပြလိုက်သည်။
"မင်း ပြောသလိုဆို သူက အရမ်းအရမ်းကို သနားစရာကောင်းတာပဲ... ရင်းနှီးမြှုပ်နှံတဲ့သူတွေက ရန်ပုံငွေတွေကို အလယ်လောက်ရောက်မှ ထုတ်မပေးတော့ရင် အဲ့ဒါက တော်တော် ကသီလင်ထများပြီး အလုပ်ရှုပ်သွားနိုင်တယ် မဟုတ်လား..."

ဖုန်းထင်ယွင်၏အမူအရာမှာ ချက်ချင်းဆိုသလို အလေးအနက်ဖြစ်သွားသည်။ အခြားတစ်စုံတစ်ယောက်က ယခုလိုပြောလျှင် သူ ခေါင်းထဲထည့်မည် မဟုတ်သော်လည်း ကုရှင်းရှစ်မှ ပြောလာပါက အဓိပ္ပာယ်တစ်ခုခုရှိ၍ပင်။ ကုရှင်းရှစ်၏ သတိပေးမှုက သူ့အား သစ္စာဖောက်ခံရခြင်းနှင့် အရှက်ရခြင်းတို့မှ ကယ်တင်ပေးထားသည်ကို ဖုန်းထင်ယွင် မမေ့သေးချေ။ 

ထုတ်လုပ်ရေးတစ်ဝက်ရောက်ကာမှ ရန်ပုံငွေရပ်သွားခြင်းကို စိတ်ကူးကြည့်ရုံဖြင့် သူ့အား စိတ်ဖိစီးသွားစေရန် လုံလောက်၏။ ၎င်းက ရုပ်ရှင်ရိုက်ကူးရေး အချိန်မီ အဆုံးမသတ်နိုင်ခြင်း၊ ဆုပေးပွဲအတွက် သတ်မှတ်ထားသောရက်များနှင့် လွဲချော်ခြင်းအပြင် box-office အမြတ်အစွန်းကိုပင် ထိခိုက်နိုင်သည့် အဓိပ္ပါယ်ပင်။ ဤအရာက ရုပ်ရှင်တစ်ခုကိုသာ သက်ရောက်စေသည်မဟုတ်ဘဲ သူတာဝန်ယူထားသော နောက်ပရောဂျက်များကိုပါ ထိခိုက်စေပြီး ကြီးမားသော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်သည်။ 

သူ့အမူအရာက ပို၍ပင် သုန်မှုန်လာခဲ့၏။

ထိုအရာကိုမြင်၍ ကုရှင်းရှစ်က မေးလိုက်၏။
"ဘာများမှားနေလို့လဲ... အဲ့ဒီလို ပရိယာယ်ဆင်ထားတယ်လို့ ထင်လို့လား... ဒါမှမဟုတ် မင်း စာချုပ်မှာ လက်မှတ်ထိုးပြီးသွားပြီလား..."

"မဟုတ်ပါဘူး... ခုထိတော့ မဟုတ်သေးဘူး..."
ဖုန်းထင်ယွင်က သူ၏စိုးရိမ်ပူပန်မှုတို့အား ပြောပြရန် တုံ့ဆိုင်းနေခဲ့သည်။ 
"ဒါပေမယ့် ရိုက်ကူးရေးအချိန်ဇယားက အရမ်းကို ကြပ်နေတာ... အခုအချိန်မှ ရင်းနှီးမြှုပ်နှံမယ့်သူ ပြောင်းမယ်ဆိုရင်လည်း အဆင်ပြေတဲ့ အစားထိုးရင်းနှီးမြှုပ်နှံသူရှာတွေ့ဖို့ ခက်လောက်တယ်..."

ကုရှင်းရှစ်က မျက်ခုံးပင့်ကာ ပြောလိုက်၏။
"မင်း ငါ့ကို တစ်ယောက်ယောက် မင်းအတွက် အကြံပြုပေးစေချင်လား..."

ဖုန်းထင်ယွင် နည်းနည်းလေး ရှက်သလို ခံစားလိုက်ရ၏။ သူက များသောအားဖြင့် ယုံကြည်ချက်ရှိကာ တိကျပြတ်သားတတ်ပြီး အခြားသူ၏ထင်မြင်ချက်ကို တောင်းခံသည်မှာ ရှား၏။ 

သို့သော် ကုရှင်းရှစ်မှာမူ ကွဲပြား၏။ သူ၏အကဲဖြတ်မှုက သိသိသာသာ မှန်ကန်၍ ဖုန်းထင်ယွင်အား သူ့ကို အကြွင်းမဲ့ ယုံကြည်သည်။ 

ကုရှင်းရှစ်က သူ့ပါးသူ ကုတ်လိုက်သည်။ 

သူက ဖျော်ဖြေရေးလောကတွင် ကုမ္ပဏီနည်းနည်းပါးပါးကိုသာ သိသည်။ သို့သော် ဖုန်းထင်ယွင်သာ စွက်ဖက်ခြင်းမရှိဘဲ ငွေကြေးပိုင်းရင်းနှီးမြှုပ်နှံစွမ်းရှိသောသူကို ရှာဖွေလိုပါက နာမည်တစ်ခုသည် သူ့စိတ်ထဲ ပေါ်လာ၏။ 
"ဝမ်ယွဲ့ဆိုရင်ရော ဘယ်လိုထင်လဲ..."

ဖုန်းထင်ယွင် မှင်တက်သွားရသည်။ သူ၏မျက်ခုံးတို့ ထိသည်အထိ မျက်မှောင်ကြုတ်လိုက်၏။

ဝမ်ယွဲ့နဲ့လက်တွဲဖို့မတွေးနဲ့ဦး... သူ့ရဲ့ ပြင်းထန်ပြီး စီးပွားရေးရော လူမှုရေးမှာပါ သရဲမရဲစီးနေတဲ့တည်ရှိမှုကတင် ငါ့အတွက် လုံလောက်နေပြီ...

ဒါပေမယ့် ကုရှင်းရှစ်က ဝမ်ယွဲ့ကို အကြံပြုနေတယ်...

ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် ဖုန်းထင်ယွင်က မေးလိုက်သည်။
"သူက သင့်တော်တယ်လို့ မင်းက ဘာကြောင့် ထင်တာလဲ..."

စနစ်က ပြောပြထားသောအကြောင်းအရာများကို ပြန်တွေးကြည့်ရင်း ကုရှင်းရှစ်  á€•á€źá€”á€şá€–á€źá€ąá€œá€­á€Żá€€á€şá€žá€Šá€şá‹
"သူက သူ့ကိုယ်သူ ထိန်းချုပ်နိုင်တဲ့အထိ လုံလုံလောက်လောက် သန်မာတယ်... ရည်မှန်းချက်လည်း ကြီးတယ်... သူက အမြင်ကျယ် အလှမ်းကျယ်ပေမယ့် အများအားဖြင့် ကျွမ်းကျင်သူတွေကို လေးစားပြီး အသေးစိတ် ထောက်ပံ့ပေးတတ်တယ်...အဲ့ဒါအပြင် ဝမ်လုပ်ငန်းစုကလည်း ကျိကျိတက် ချမ်းသာပြီးသားလေ... လစ်လပ်နေတာဆိုလို့ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းပိုင်းမှာ လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ပဲ... အဲ့ဒါကပဲ သူ့ကို မင်းအတွက် ပြီးပြည့်စုံတဲ့ အားဖြည့်မှုဖြစ်အောင် ဖန်တီးပေးမှာ..."

***

ထိုအချိန်တွင် စွန်းဟုန်ဖေးက လသာဆောင်သီသို့ ခိုကိုးရာမဲ့စွာ တဖြည်းဖြည်းချင်းသွားနေ၏။

ဝမ်ယွဲ့နှင့် ကုရှင်းရှစ်တို့ လမ်းခွဲသွားကြပြီဆိုသည့် အတွေးက သူ့အသက်မွေးဝမ်းကြောင်းအတွက် မျှော်လင့်ချက်မှာ တစ်စတစ်စ လက်လွှတ်ဆုံးရှုံးရပြီဟု ခံစားရစေ၏။ ပွဲခန်းမထဲရှိ မှတ်ချက်တစ်ခုချင်းစီတိုင်းက သူ့နှလုံးသားအား ဓားဖြင့် ထိုးနေသလိုပင်။

ထိုအခြေအနေအား သည်းမခံနိုင်စွာဖြင့် တိတ်ဆိတ်သည့်ထောင့်တစ်နေရာအား ရှာဖွေကာ တစ်ညလုံး မပြန်မချင်း အထီးကျန်စွာ ထိုင်နေရန် သူ ဆုံးဖြတ်လိုက်သည်။

သို့သော် သူ လသာဆောင်သို့ ရောက်သောအခါ ရင်းနှီးနေသော အသံအား ကြားလိုက်ရ၏။

"ဝမ်ယွဲ့ဆိုရင်ရော ဘယ်လိုထင်လဲ..."

ဒါ ဥက္ကဌကုပဲ...

သူ နေရာတွင်ပင် ကြက်သေသေသွားကာ ဖုန်းထင်ယွင်၏ နောက်ဆက်တွဲမေးခွန်းများကို နားထောင်နေလိုက်သည်။

ဖုန်းထင်ယွင်က ဥက္ကဌဝမ်အပေါ် အမြင်ကောင်းမရှိသည်မှာ သိသာသည်။  á€€á€ťá€šá€şá€œá€ąá€Źá€„á€şá ကြည်လင်ပြတ်သားသော သူ့အသံတွင်ပင် သူ၏မလိုလားမှုမှာ ပေါ်လွင်နေခဲ့သည်။

ထို့နောက် ဥက္ကဌကုက ရှင်းလင်းပြတ်သားကာ ကျိုးကြောင်းဆီလျော်သော ခွဲခြမ်းစိတ်ဖြာမှုဖြင့် ပြန်လည်တုံ့ပြန်ဖြေဆိုနေသည်အား သူကြားလိုက်ရ၏။

ဟုတ်တယ်... အဲ့ဒါက ခွဲခြမ်းစိတ်ဖြာမှုတစ်ခုပါပဲ... ဒါပေမယ့် စကားလုံးတိုင်းက ဝမ်ယွဲ့ဘက်လိုက်ပြီး ပြောနေခဲ့တာလေ...

ကုရှင်းရှစ်၏စကားလုံတိုင်းက ဝမ်ယွဲ့နှင့် ရင်းနှီးကျွမ်းဝင်မှုရှိကြောင်း ပြသနေခဲ့သည်။ 

သူတို့က အတွဲတွေ မဟုတ်တော့ဘူးလို့ပြောရင် ဘယ်သူက ယုံနိုင်မှာတဲ့လဲ...

စွန်းဟုန်ဖေး၏ ကွဲကြေနေသော နှလုံးသားမှာ သူ့ဘာသူ တဖြည်းဖြည်းချင်း စတင်ပြုပြင်ဖာထေး၍နေတော့သည်။

ကျေးဇူးပါ မိုးနတ်မင်းရေ... 

သူတို့က ခုထိချစ်နေကြတုန်းပဲ....

စွန်းဟုန်ဖေး ပျော်ရွှင်မှုကြောင့် ငိုမိတော့မည်။

ငါ့ရဲ့အသက်မွေးဝမ်းကြောင်းလေးတော့ လုံခြုံသွားပြီ...

×××××

ဖုန်းထင်ယွင်က ခွဲရန်ခက်သော အခွံမာသီးကဲ့သို့ ကိုင်တွယ်ရန်ခက်သော လူတစ်ဦးဖြစ်ကြောင်း ဝမ်ယွဲ့က သိ၍ နှစ်အချို့ကြာ ကြိုတင်ပြင်ဆင်မှုများ စတင်ပြုလုပ်ခဲ့သည်။ 

ထိုအချိန်တွင် ရိနန်ရုပ်ရှင်ထုတ်လုပ်ရေးတွင် ခေါင်းဆောင်အပြောင်းအလဲများ ဖြစ်ပွားနေချိန်ဖြစ်၏။ စီအီးအိုအသစ်ဖြစ်သော သုန်းဟိုင်ယွဲ့သည် မကြာသေးမီက နိုင်ငံရပ်ခြားတွင် ပညာသင်ကြားရာမှ ပြန်လာခဲ့ပြီး ပြည်တွင်းစျေးကွက်တွင် သူ့အတွက် နာမည်တစ်ခုရယူနိုင်ရန် စိတ်အားထက်သန်မှုများ ရည်မှန်းချက်များနှင့် ပြည့်နှက်နေခဲ့၏။

ဝမ်ယွဲ့က လူငယ်လေးသုန်းနှင့် ဂုဏ်ပြုပွဲအခမ်းအနားတစ်ခုတွင် ဆုံဖူးသည်။ ထိုပွဲတွင် သုန်းဟိုင်ယွဲ့က ဟောလိဝုဒ်၏ ထုတ်လုပ်သူ ဗဟိုပြုသရုပ်ပြမှုကို တက်တက်ကြွကြွ အားပေးနေခဲ့၏။

သုန်းဟိုင်ယွဲ့၏ရည်မှန်းချက်သည် သူ၏အမှန်တကယ်လုပ်နိုင်စွမ်းထက် ပို၍ကြီးနေကြောင်း၊ ရိနန်နှင့် ကာလကြာရှည်လုပ်ငန်းချိတ်ဆက်မှုရှိနေသော ဖုန်းထင်ယွင်အပေါ်တွင်လည်း မကျေနိုင်မချမ်းနိုင် အငြှိုးထားနေကြောင်းကို ဝမ်ယွဲ့ချက်ချင်းပြောနိုင်ခဲ့သည်။

‘ခံတပ်ကို အတွင်းမှ စဖောက်ဖျက်ခြင်းက အလွယ်ကူဆုံးဖြစ်သည်’ဟူသော ဆိုရိုးစကားအတိုင်းပင်။

အက်ကြောင်းများလည်း သိသိသာသာ ပြသနေ၏။

ဝမ်ယွဲ့က သူ့ကိုယ်သူချီးကျူးကာ ပါးပါးနပ်နပ်ဖြင့် ဖုန်းထင်ယွင်အား နှိမ့်ချပြောဆိုနေသော သုန်းဟိုင်ယွဲ့အနီးရှိ လူများကြားတွင် မသိမသာ နေရာယူလိုက်သည်။

ဖုန်းထင်ယွင်က ရာထူးသတ်မှတ်မှုများကို အလေးမထားဘဲ၊ မည်သည့်အရာကိုမျှ လေးစားလိုက်နာမှုမရှိဘဲ သူ၏ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အလျှော့မပေးတတ်သော သဘာဝအတိုင်း အခြားသူများအား ဆက်ဆံသကဲ့သို့ သုန်းဟိုင်ယွဲ့အားလည်း ထိုသို့သာ ပြုမူပြောဆိုခဲ့သည်။

သုန်းဟိုင်ယွဲ့က သူ့အပေါ်ပို၍ ခါးသီးလာခဲ့၏။ မီးထဲသို့ လောင်စာပစ်ထည့်လိုက်သကဲ့သို့ပင် ဖုန်းထင်ယွင်၏ နောက်ဆုံးရုပ်ရှင်မှာ ဖုန်းထင်ယွင်သူငယ်ချင်း၏ သစ္စာဖောက်မှုကြောင့် မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာခဲ့ဘဲ သုန်းဟိုင်ယွဲ့၏ မကျေနပ်မှုကိုသာ နက်ရှိုင်းသွားစေခဲ့သည်။

သုန်းဟိုင်ယွဲ့က မကောင်းသည့်တစ်စုံတစ်ရာပြုလုပ်ရန် ဖုန်းထင်ယွင်အား မလိုမုန်းထားနေသောရင်းနှီးမြုပ်နှံသူများနှင့် တွေ့ဆုံနေသည်ကို ဝမ်ယွဲ့သိခဲ့သည်မှာ ကြာပြီဖြစ်၏။ ၎င်းကို ဝှက်ဖဲအဖြစ်အသုံးပြုကာ ဖုန်းထင်ယွင်အား ချဉ်းကပ်ရန် စီစဉ်ထားပြီးဖြစ်၏။

သို့သော်လည်း မမျှော်လင့်စွာဖြင့် ဝမ်ယွဲ့ အကောင်အထည်မဖော်ရသေးခင်မှာပင် ဖုန်းထင်ယွင်က ပူးပေါင်းလုပ်ဆောင်လိုကြောင်းဖော်ပြကာ သူ့ထံ ဦးစွာ ချဉ်းကပ်လာခဲ့သည်။

၎င်းသည် လုံးဝကြိုတင်ခန့်မှန်း၍မနိုင်သော အရာဖြစ်၏။

ဝမ်ယွဲ့ Boy Group Training Camp ဂုဏ်ပြုအခမ်းအနားပွဲတွင်ရှိစဉ်က ဖုန်းထင်ယွင်၏သဘောထားကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ ဖုန်းထင်ယွင်က ပူးပေါင်းလက်တွဲရန် စိတ်မဝင်စားကြောင်း သိသိသာသာ ဖော်ပြခဲ့သည်။ ဝမ်ယွဲ့က ကာလကြာရှည်တိုက်ပွဲ၏ တစ်စတစ်စ အားအင်ဆုတ်ယုတ်လာမှုအတွက် သူ့ကိုယ်သူ ပြင်ဆင်ထားခဲ့သည်။

၎င်းက အချိန်အကြာကြီး မယူခဲ့ပေ။ အများအားဖြင့် အလွန်ခေါင်းမာတတ်သော ဖုန်းထင်ယွင်သည် ရုတ်တရက် ရပ်တည်ချက်ပြောင်းသွားခဲ့၏။

ဘာကများ သူ့ကို ယိမ်းယိုင်စေခဲ့တာလဲ...

ဒါမှမဟုတ် ဘယ်သူကများ သူ့ကို တိမ်းညွှတ်စေခဲ့တာလဲ...

ဝမ်ယွဲ့က မမျှော်လင့်ထားသည့် အမြတ်အစွန်းများကြောင့် လွှမ်းမိုးခြင်းခံရမည့်သူမျိုး မဟုတ်ပေ။ သူ၏တည်ငြိမ်အေးဆေးမှုကို ထိန်းထားကာ ထန်လင်းအား စစ်ဆေးရန် ညွှန်ကြားလိုက်သည်။

ထန်လင်းက အမှန်တရားကို ဖော်ထုတ်ရန် အချိန်အကြာကြီး မယူလိုက်ရချေ။

ထန်လင်းက သူ့တွေ့ရှိချက်ကို သတင်းပေးပို့ချိန်တွင် အမျိုးသားငယ်လေး၏ပုံရိပ်မှာ ဝမ်ယွဲ့စိတ်ထဲ ပေါ်လာ၏၊ လူငယ်လေး၏အပြုံးမှာ ပူပင်ကြောင့်ကြကင်းမဲ့မှုနှင့်အတူ စမ်းရေကဲ့သို့ ကြည်လင်တောက်ပကာ လူတိုင်း၏ သတိကို လျော့ပါးစေသည်။

ကုရှင်းရှစ်...

ထိုနာမည်က ဝမ်ယွဲ့နှုတ်ခမ်းဖျားတွင် ခဏတာမျှ စွဲကျန်နေခဲ့သည်။ လိမ္မော်ပန်းရနံ့ဖျော့ဖျော့အား သယ်ဆောင်လာသလိုပင်။

ဆက်၍ပြောရ မပြောရ မသေချာသောကြောင့် ထန်လင်း ပြောနေခြင်းအား ရပ်လိုက်၏။ ဝမ်ယွဲ့က မျက်ခုံးပင့်ကာ ပြောလိုက်သည်။
“ဆက်ပြော...”

ထန်လင်းက ဆက်ပြော၏။
“ဥက္ကဌကုက ဒါရိုက်တာဖုန်းကို အကြံပေးတုန်းက ဥက္ကဌဝမ်ရဲ့နာမည်ကို ပြောခဲ့တယ်လို့ ကျွန်တော်ကြားခဲ့တယ်... ဥက္ကဌက ရည်မှန်းချက်ကြီးပြီး ကိုယ့်ကိုယ်ကိုယ်လည်း ထိန်းချုပ်နိုင်တယ်၊အမြင်ကျယ်တယ်၊ ကျွမ်းကျင်ပညာရှင်တွေကိုလည်း လေးစားတယ်လို့ သူက ပြောခဲ့တယ်... ပြီးတော့ သူကပြောသေးတယ်... ဥက္ကဌကို လူတွေက ရက်စက်ပြီးအကြင်နာတရားကင်းမဲ့တယ်လို့ မကြာခဏပြောကြပေမယ့် တကယ်တော့ ဥက္ကဌက ကိုယ်ကျင့်တရားကောင်းပြီး အဆုံးထိ သစ္စာဖောက်တာမျိုး ဒါမှမဟုတ် နှောင့်ယှက်ဖျက်ဆီးတာမျိုးတို့လို လှည့်ကွက်တွေ ဘယ်တော့မှ သုံးမှာမဟုတ်ဘူးတဲ့... ဒုက္ခရောက်သွားတဲ့လူအများစုကလည်း ဥက္ကဌက ဆွဲချခဲ့တာမဟုတ်ဘဲ သူတို့လောဘကြောင့် ဖြစ်ရတာလို့ ပြောခဲ့သေးတယ်...”

ဝမ်ယွဲ့၏မျက်နှာတွင် တုံ့ပြန်မှုအနည်းငယ် ရိပ်ခနဲ ပေါ်လာသည်။

သူ့အပေါ် လူအများ၏သဘောထားကို သူ ကောင်းစွာသိထားသော်လည်း ၎င်းတို့ကို အများကြီး တွေးမနေခဲ့ချေ။

သူ မည်သည့်လူမျိုးဖြစ်သည်ကို သူ့က်ိုယ်သူ တိတိကျကျ သိ၏။ အခြားသူများပြောသမျှသည် နောက်ကွယ်မှဆူညံသံများထက် အနည်းငယ်သာ ပို၍ ခြင်များတဝီဝီမြည်သံကဲ့သို့ သူ့ပေါ် သက်‌ရောက်မှု နည်းနည်းမျှမရှိပေ။

သို့သော်လည်း မဟုတ်မမှန်သရေဖျက်သူများကြားမှ တစ်စုံတစ်ဦးသည် သူ့အား ရှင်းရှင်းလင်းလင်း မြင်နိုင်လိမ့်မည်ဟု  á€žá€°á€™á€™á€ťá€žá€ąá€Źá€şá€œá€„အ်ထဏးခဲအခဝ္။ 

ပူပြင်းသည့်နွေရာသီနေ့တစ်နေ့တွင် ရေအေးလေးတစ်ခွက်သောက်လိုက်ရသကဲ့သို့ လန်းဆန်းလတ်ဆတ်သော အအေးဓာတ်က ခေါင်းအစ ခြေအဆုံး ပျံ့နှံ့စီးဝင်သွားကြောင်း ခဏတာမျှ သူခံစားလိုက်ရသည်။ 

ခေတ္တခဏရပ်တန့်သွားပြီးနောက် ဝမ်ယွဲ့က ပြောလိုက်၏။
"ဥက္ကဌကုက ငါ့ကို အကူအညီအကြီးကြီးပေးခဲ့တာပဲ.... လူသိရှင်ကြားမလုပ်တာ ကောင်းပေမယ့် သူ့လုပ်ရပ်က ဆုချီးမြှင့်ဖို့ ထိုက်တန်တယ်... တိတ်တိတ်လေး စုံစမ်း... သေချာစဉ်းစားဆင်ခြင်သုံးသပ်ပြီး လုပ်ပေးလိုက်... သူ့ကိုတော့ မသိစေနဲ့... "

"ဟုတ်ကဲ့ပါ ဥက္ကဌ..."
ထန်လင်း ပြန်ဖြေလိုက်၏။

သို့သော်လည်း သူ ဝမ်ယွဲ့ရုံးခန်းမှ ထွက်လာပြီးသည်နှင့် အလိုမကျစွာ မျက်မှောင်ကြုတ်လိုက်သည်။

ဝမ်ယွဲ့က ကျေးဇူးကြွေးတင်ခြင်းကို မကြိုက်သောသူတစ်ယောက်ဖြစ်၏။ ဝမ်ယွဲ့က အဘယ့်ကြောင့် ယခုကဲ့သို့ ပြန်လည်ပေးဆပ်သည်ကို ထန်လင်း နားလည်သည်။ 

ဒါပေမယ့် သေချာစဉ်းစားဆင်ခြင်သုံးသပ်ပြီး လုပ်ပေးလိုက်ဆိုတာက ဘာကိုပြောချင်တာလဲ...

ဝမ်ယွဲ့သည် ယခင်က ဤကဲ့သို့ ဝိုးတိုးဝါးတားမရှင်းမလင်း ညွှန်ကြားချက်မျိုး  á€˜á€šá€şá€žá€ąá€Źá€Ąá€á€Ťá€™á€ž ပေးလေ့မရှိပေ။

ထို့အပြင် "ကုရှင်းရှစ်အား အသိမပေးရ" ဟူသော တင်းကျပ်သော သတ်မှတ်ချက်တစ်ခုက ရှိနေသေး၏။ 

မည်သည့်အရာမဆို လုပ်နိုင်စွမ်းရှိသော အထူးလက်ထောက်ထန်လင်းက ပထမဦးဆုံးအကြိမ် ဘာပြောရမည် ဘာလုပ်ရမည် မသိတော့ခြင်းကို ခံစားလိုက်ရသည်။

တစ်ခဏမျှ ချင့်ချိန်တွေးဆပြီးနောက် သူ နောက်ဆုံးတွင် တစ်စုံတစ်ယောက်အား သတိရမိသွား၏။

စွန်းဟုန်ဖေး...

စွန်းဟုန်ဖေးက ကုရှင်းရှစ်နှင့် မကြာခဏ အပြန်အလှန် ဆက်သွယ်လေ့ရှိပြီး ဆက်ဆံရေးကောင်းကြသည်ကို ထန်လင်း ပြန်တွေးမိသွားသည်။ စွန်းဟုန်ဖေးက ကုရှင်းရှစ်၏အကြိုက်ကို လူတိုင်းထက် ပိုသိသင့်သည်။ ထို့အပြင် စွန်းဟုန်ဖေးက နှုတ်လုံသူအဖြစ်လည်း သူသိများ၏။

ရှန့်ယွီ သွမ့်ဟိုင်မြို့ ဝမ်လုပ်ငန်းစုပိုင်ဟိုတယ်‌တွင် နေထိုင်စဉ် ကိုယ်ရေးကိုယ်တာချိုးဖောက်လိုသောပရိသတ်တစ်ဦးနှင့် ရင်ဆိုင်ခဲ့ရသည့် ဖြစ်ရပ်တစ်ခုကို ထန်လင်းသတိရမိသွား၏။ စွန်းဟုန်ဖေးက အားလုံးကို အသေးစိတ်သိခဲ့ပါသော်လည်း ထန်လင်းက သတိပေးပြီးနောက်တွင် သတင်း‌ပေါက်ကြားမှု တစ်ခုမျှပင် မဖြစ်ပွားခဲ့ချေ။ 

စွန်းဟုန်ဖေး၏ ထိုကဲ့သို့ ပိပိရိရိသိုသိုသိပ်သိပ် ထိန်းသိမ်းတတ်မှုကို စိတ်ကျေနပ်စွာဖြင့် ထန်လင်းက ချက်ချင်း သူ့ဆီ ဖုန်းခေါ်လိုက်၏။

စွန်းဟုန်ဖေးက မမျှော်လင့်ထားသော ဖုန်းခေါ်ဆိုမှုကြောင့် လန့်ဖျပ်သွားသည်။ သို့သော် ထန်လင်းက သူ၏ရည်ရွယ်ချက်ကို ရှင်းပြပြီး‌နောက် စွန်ဟုန်ဖေး ချက်ချင်းဆိုသလို စိတ်သက်သာရာ ရသွားခဲ့၏။

ငါ သိနေတယ်...

ဝမ်ယွဲ့နှင့် ကုရှင်းရှစ်တို့က မရင်းနှီးသကဲ့သို့ ဟန်ဆောင်ထားကြသော်လည်း နောက်ကွယ်တွင် သူတို့က တစ်ယောက်အကြောင်း တစ်ယောက်ယောက် အမြဲတမ်းတွေးနေကြ၏။

စွန်းဟုန်ဖေးက သူ့ရင်ဘတ်သူ ယုံကြည်ချက်ရှိရှိ ပုတ်ရင်း ပြောလိုက်သည်။
"အထူးလက်ထောက်ထန်... မင်း ငါ့ကို ယုံကြည်ထားလိုက်... ငါ လူအိုကြီးစွန်းက ဥက္ကဌကုနဲ့ပတ်သက်ရင် လုံးဝ ကောင်းကောင်းကြီး ရင်းနှီးတယ်..."

ထန်လင်းက သူ၏ယုံကြည်ချက်ကြောင့် အံ့ဩသွားပြီး ချီတုံချတုံဖြင့် မေးလိုက်သည်။ 
"မင်း ကိုင်တွယ်နိုင်တယ်ဆိုတာ သေချာရဲ့လား..."

စွန်းဟုန်ဖေးက ပြန်ဖြေ၏။
"လုံးဝသေချာတယ်... ငါသာ ဒီကိစ္စကို ရှုပ်ထွေးအောင်လုပ်ခဲ့ရင် ငါ့ခေါင်းကို လာဖြတ်လှည့်..."

ထန်လင်း "..."

"အဲ့လောက်ထိ မလိုပါဘူး... တစ်ခုပဲ မှတ်ထား... ဥက္ကဌဝမ်က ဥက္ကဌကုကို မသိစေနဲ့လို့ မှာထားတယ်... မင်း နားလည်တယ်မလား..."
ထန်လင်းက ပြောလိုက်၏။

"နားလည်ပါတယ်..." 
စွန်းဟုန်ဖေးက စိတ်အားထက်သန်စွာ ခေါင်းညိတ်ရင်း ပြောလိုက်သည်။
"ဘယ်သူကမှ ငါ့ထက်ပိုနားလည်နိုင်မှာ မဟုတ်ဘူး..."

အာ... ဒါက သဘောထားကွဲလွဲနေတဲ့ အတွဲတွေရဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ... သူတို့က တစ်ယောက်ကိုတစ်ယောက် သိသိသာသာဂရုစိုက်ကြပေမယ့် အဲ့ဒါကို ဝန်ခံဖို့ အောက်မကျို့ချင်ကြဘူး...

ဝမ်ယွဲ့ရဲ့ အပြင်ပိုင်း အေးစက်စက်ပုံစံရဲ့အောက်မှာ ဒီလို ဆန့်ကျင်ဘက် ကိုးရိုးကားရားနိုင်တဲ့ပုံစံရှိတယ်ဆိုတာ ငါ မယုံနိုင်သေးဘူး...

စွန်းဟုန်ဖေးက အနည်းငယ် စိတ်လှုပ်ရှား‌နေသည်ဟု ထန်လင်း ခံစားရသော်လည်း ထိုသို့ဖြစ်ရခြင်းမှာ ဥက္ကဌဝမ်အတွက် တိုက်ရိုက်လုပ်ပေးရခြင်းက ရှားပါးသောအထူးအခွင့်အရေးဖြစ်သောကြောင့်ဟု သူ မှန်းဆမိ၏။ လူအများစုက ဤအခွင့်အရေးကို လိုချင်နေကြသည်။ ထို့ကြောင့် ယခုကဲ့သို့ စိတ်အားထက်သန် တက်ကြွခြင်းမှာ သဘာဝပင်။

လူအများစုက စွန်းဟုန်ဖေးသည် တာဝန်များကိုရှောင်ဖယ်ကာ အချောင်ခိုတတ်သူဟု ပြောကြသည်ကို ထန်လင်းကြားဖူးသော်လည်း ယခုတွင်မူ စွန်းဟုန်ဖေးက စိတ်အားထက်သန်ပြီး ယုံကြည်စိတ်ချရသူဟု ထင်ရ၏။

ညွှန်ကြားချက်များကို နောက်ဆုံးတစ်ကြိမ် ထပ်ပြောပြပြီးနောက် ထန်လင်း ပူပန်သောကကင်းစွာ ဖုန်းချလိုက်သည်။


🍉🍉🍉🍉 အခန်း ၄၃


စွန်းဟုန်ဖေးက စိတ်လှုပ်ရှားစွာဖြင့် သူ့လက်များကို အချင်းချင်းပွတ်လိုက်၏။

နောက်ဆုံးတော့ ငါ တောက်ပဖို့ အခွင့်အရေးရလာခဲ့ပြီ... ဥက္ကဌကုက ဥက္ကဌဝမ်ရဲ့အချစ်ကို ခံစားမိစေဖို့ ငါသေချာလုပ်ရမယ်... 

***

"ဟတ်ချိုး..."
ကုရှင်းရှစ် နှာချေလိုက်သည်။ 

မုန့်ယွမ်ရှန့်က ကြည့်ရှုစစ်ဆေးရင်း မေးလိုက်၏။
"ဥက္ကဌကု အဆင်ပြေရဲ့လား... အအေးများ မိသွားတာလား..."

"မဖြစ်နိုင်လောက်ပါဘူး..."
ကုရှင်းရှစ်က သူ့နှာခေါင်းအားပွတ်ရင်း ပြန်ဖြေလိုက်သည်။
"တစ်ယောက်ယောက်က ကွယ်ရာမှာ ငါ့အကြောင်းပြောနေသလို ခံစားရတယ်..."

ချန်ရှင်းက စကားဝိုင်းတွင် ဝင်ပြောလိုက်၏။
"ကျွန်တော်လည်း အဲ့လိုထင်တယ်... မဟုတ်ရင် ဥက္ကဌကု ဘယ်လိုလုပ် ကျွန်တော်တို့နဲ့အတူ ဒီမှာ ရောက်နေမှာလဲ..." 

ကုရှင်းရှစ် သက်ပြင်းချကာ ပြောလိုက်သည်။
"အားရှင်း... အခုချိန်မှာ မင်းအလုပ်သင့်ဆုံးက တိတ်တိတ်လေး နေလိုက်ဖို့ပဲ..."

ချန်ရှင်းက မျက်ခုံးများကို ပင့်လိုက်သည်။ မုန့်ယွမ်ရှန့်က ချက်ချင်းပင် ချန်ရှင်းပါးစပ်နားတွင် ဇစ်ပိတ်သည့်အမူအရာ ပြုလုပ်ရင်း ပြောလိုက်၏။
"ကောင်းပြီ... ငါတို့အခု အသင်းဖော်တွေကို သွားရှာပြီး မနက်ဖြန်အချိန်ဇယားကို ဒုတိယအကြိမ် ထပ်စစ်ဆေးရအောင်..." 

"အို့.."
ချန်ရှင်းက အင်တင်တင်ဖြင့် အခန်းထဲမှ ထွက်သွားသည်။ 

သူတို့အဖွဲ့က သူတို့အယ်လ်ဘမ်အသစ်အတွက် သီချင်းဗီဒီယိုရိုက်ကူးရန် မြောက်ပိုင်းရှိ ပိုင်ရှန့်မြို့ငယ်လေးသို့ ရောက်နေကြခြင်းဖြစ်သည်။

အဖွဲ့လိုက်လှုပ်ရှားမှုဖြစ်သောကြောင့် ကုရှင်းရှစ်က လုပ်ထုံးလုပ်နည်းအရ ဤနေရာတွင်ရှိနေရန် မလိုအပ်သော်လည်း ယခင်ပွဲ၌ ဝမ်ယွဲ့နှင့် ဖုန်းထင်ယွင်တို့ထံမှ အထူးအာရုံစိုက်မှု လက်ခံရပြီးနောက် လူအများအပြားက သူမှတစ်ဆင့် ထိုနှစ်ယောက်အနားသို့ စတင်ချဉ်းကပ်လာရန် ကြိုးစားလာကြသည်။ 

ထိုအာရုံစိုက်မှုများကို စိတ်ပျက်လာသောကြောင့် ကုရှင်းရှစ်က မုန့်ယွမ်ရှန့်နှင့် အဖွဲ့နောက် ကပ်လိုက်ရန် ဆုံးဖြတ်ခဲ့သည်။

ရိုက်ကူးရေး နှစ်ရက် သုံးရက်ခန့်ကြာလာသောအခါ ဟိုတယ်တွင်နေရခြင်းကို ငြီးငွေ့လာသော ကုရှင်းရှစ်က မြို့ထဲသို့ ပတ်ကြည့်ရန် ဆုံးဖြတ်လိုက်၏။ 

ယခုဆိုလျှင် သူ့တွင် ပိုက်ဆံနည်းနည်းရှိလာပြီ ဖြစ်၍ သုံးစွဲရန် တွန့်တိုမနေတော့ဘဲ ဒေသခံဧည့်လမ်းညွှန်တစ်ယောက်ကို ငှားလိုက်သည်။

လင်းဟုခေါ်သော ဧည့်လမ်းညွှန်က ထက်မြက်ကာ စကားပြောကောင်းသူဖြစ်၏။ ကုရှင်းရှစ်နှင့် တွေ့ကတည်းက သူ စကားပြောခြင်း မရပ်တန့်ခဲ့ချေ။

ပိုင်ရှန့်မြို့သည် မြို့ကြီးတစ်မြို့မဟုတ်သော်လည်း ၎င်း၏ ရှုခင်းများမှာ လှပပြီး ဆွဲဆောင်မှုရှိသော ယဉ်ကျေးမှုအမွေအနှစ်နေရာအချို့လည်း ရှိ၏။ ကုရှင်းရှစ်က လမ်းညွှန်၏ အသေးစိတ်ရှင်းပြချက်များကို ကျေနပ်စွာ နားထောင်နေခဲ့သည်။

သူတို့ အေးအေးလူလူလမ်းလျှောက်ရင်း အထူးခမ်းနားကြီးကျယ်လှပသော အဆောက်အဦးကြီးတစ်ခုကို ကျော်သွားကြသည်။

ပတ်ဝန်းကျင်၏ ကျေးလက်ဆန်ကာရိုးစင်းသောဆွဲဆောင်မှုနှင့် နှိုင်းယှဉ်ပါက ဤအဆောက်အဦးသည် တရားလွန်ကြီးကျယ်နေပြီး ပတ်ဝန်းကျင်နှင့် ကွဲထွက်ကာ သတိပြုမိစရာကောင်း၏။ 

ကုရှင်းရှစ်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"လမ်းညွှန်လင်း... ဒါက ဘယ်လိုနေရာမျိုးလဲ..."

လမ်းညွှန်လင်းက မျက်မှောင် အနည်းငယ် ကြုတ်လိုက်ကာ နှုတ်ခမ်းကို အထင်အမြင်သေးဟန် မဲ့ရင်း ပြောလိုက်၏။
"ဒါက ထုံဖုလျှပ်စစ်လေ... ကျွန်တော်တို့မြို့ရဲ့ အဓိက လုပ်ငန်း..."

အတင်းပြောရာတွင် ကျွမ်းကျင်‌သည့်လူတစ်ဦးအနေဖြင့် ကုရှင်းရှစ်မှာ လမ်းညွှန်၏အမူအရာကတစ်ဆင့် ဤနေရာမှာ ဇာတ်လမ်းတစ်ခုရှိမည်ဟု ချက်ချင်း ခံစားမိ၏။ သူ တက်တက်ကြွကြွနှင့် မေးလိုက်သည်။
"ဒီနေရာက မင်းတို့မြို့ရဲ့ အဓိကကျောရိုးလို့ပြောပေမယ့် မင်းက ဒီနေရာနဲ့ပတ်သက်ပြီး ဘာလို့ စိတ်မချမ်းသာတဲ့ပုံ ပေါက်နေရတာလဲ..."

လမ်းညွှန်လင်းက သက်ပြင်းချရင်း ပြော၏။
"ထုံဖုကို အစတုန်းက လင်းမိသားစုရဲ့ ညီအစ်ကိုသုံးယောက်က တည်ထောင်ခဲ့တာ... အဲ့ဒီအချိန်တုန်းက ထုံဖုက အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးဖန်တီးပေးပြီး ကျွန်တော်တို့မြို့အတွက် ဂုဏ်ယူစရာနေရာတစ်ခု ဖြစ်ခဲ့တာပေါ... ဒါပေမယ့် နောက်ကျ တစ်ခုခုဖြစ်ခဲ့ပြီး ထုံဖုက ညီအငယ်ဆုံးရဲ့ လက်ထဲကို ရောက်သွားတယ်... အခုတော့ သူက သူ့မိန်းမရဲ့ ထိန်းချုပ်မှုအောက်ကို လုံးဝရောက်‌သွားပြီ... သူ့မိန်းမက သူ့ရဲ့အမျိုးတွေကို ကုမ္ပဏီမှာ အလုပ်ပေးပြီး ကုမ္ပဏီတစ်ခုလုံးကို ရှုပ်ထွေးအောင် လုပ်ပစ်လိုက်တယ်..."

"လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဆိုးရွားတဲ့ကိစ္စတစ်ခု ဖြစ်ခဲ့သေးတယ်... အဲ့ဒီညီအငယ်ဆုံးရဲ့ ယောက်ဖက အလုပ်သင်အမျိုးသမီးငယ်လေးကို သဘောကျပြီး အဲ့ဒီယောက်ဖက ကောင်မလေး သတ်သေ‌ရလောက်တဲ့ထိကို သူ(မ)အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာ... အဲ့ဒီကိစ္စကို လူထုက သိသွားတော့ အဲ့ဒီလူယုတ်မာကောင်က ကောင်မလေးက သူ့ပိုက်ဆံတွေကိုလိုချင်လို့ ဖြားယောင်းသွေးဆောင်ခဲ့တာပါလို့ ပြောပြီး အရာရာတိုင်းကို ငြင်းခဲ့တယ်လေ... ဘယ်လောက်တောင် အရှက်မဲ့တဲ့ ဝက်လိုကောင်မျိုးလဲ..."

"ကျွန်တော် ကြားရသလောက်တော့ အဲ့ဒီကောင်မလေးဘဝက ခက်ခဲတယ်တဲ့... သူ့ရဲ့ မိဘတွေက သူငယ်ငယ်ကတည်းက ဆုံးသွားခဲ့တာ... သူ့မှာရှိတာဆိုလို့ သူကောလိပ်တက်ဖို့ အဝေးကနေ အလုပ်လုပ်ရင်း ထောက်ပံ့ပေးနေတဲ့ အစ်ကိုတစ်ယောက်တည်းပဲ... ဘယ်သူက အခုလိုဖြစ်မယ်ထင်မှာလဲ... ကောင်မလေးသေသွားတော့ လင်းမိသားစုက တောင်းပန်ဖို့ ငြင်းဆန်ရုံတင်မကဘူး... ကောင်မလေးရဲ့အလောင်းကို ထုတ်မပေးခင် သူ့အစ်ကိုကို သူ့အလောင်းနဲ့အကြပ်ကိုင်ပြီး ဘယ်လိုလျော်ကြေးမျိုးကိုမဆို တောင်းဆိုပိုင်ခွင့် စွန့်လွှတ်ကြောင်း တရားဝင်စာချုပ်မှာ လက်မှတ်ထိုးခိုင်းခဲ့တယ်... အရိုးသားဆုံးပြောရရင် ကံကိုမကြောက်တတ်ကြတဲ့ အဲ့ဒီလိုလူ‌တွေက ပြန်ပြီးခံစားရသင့်တယ်..."

ကုရှင်းရှစ်က ထိုကောင်မလေး၏အစ်ကိုအတွက် စာနာစိတ် နင့်နင့်နဲနဲခံစားမိကာ မေးလိုက်၏။
"အဲ့ဒီနောက်ရော..."

"အစ်ကိုဖြစ်သူက စာချုပ်မှာ လက်မှတ်ထိုးပေးလိုက်တယ်... သူ့ညီမရဲ့ရုပ်အလောင်းကို မီးသင်္ဂြုဟ်ပေးပြီးနောက်ပိုင်း သူလည်းပျောက်သွားတယ်... သူအခု ဘယ်ရောက်နေတယ်ဆိုတာ ဘယ်သူမှမသိကြဘူး..."

ထိုအကြောင်းကိုပြောပြပြီးသည့်နောက် လမ်းညွှန်လင်း၏အမူအရာက ဝမ်းနည်းညှိုးငယ်သွား၏။

သူကိုယ်တိုင် ကြီးမားသောဝမ်းနည်းမှုကို ခံစားမိပြီးနောက် ကုရှင်းရှစ်သည် ယနေ့အတွက် လည်ပတ်ခြင်းကို စောစောစီးစီး အဆုံးသတ်ကာ ဟိုတယ်သို့ ပြန်လာခဲ့သည်။

သူပြန်ရောက်သောအခါ ပြတင်းပေါက်နားတွင် ထိုင်ကာ အတွေးထဲနစ်မြုပ်နေသော မုန့်ယွမ်ရှန့်ကို အံ့ဩဖွယ် တွေ့လိုက်ရ၏။ 
"ဘာဖြစ်လို့လဲ... ရိုက်ကူးရေးမှာ အဆင်မပြေတာတစ်ခုခု ဖြစ်ခဲ့လို့လား..."

ကုရှင်းရှစ်၏အသံက မုန့်ယွမ်ရှန့်အား သူ၏အတွေးများထဲမှ လန့်နိုးသွားစေ၏။ သူက ခေါင်းခါရင်း ပြောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး... အရာအားလုံး အဆင်ပြေပါတယ်..."

"အဲ့ဒါဆို..."

မုန့်ယွမ်ရှန့် သူ့ဖုန်းကိုထုတ်ကာ ကုရှင်းရှစ်အား စာတစ်စောင်ကို ပြလိုက်၏။

ကုရှင်းရှစ် ချက်ချင်းသဘောပေါက်သွားသည်။

ကျန်းမော့က သူ၏ကယ်တင်ရှင်အစစ်မဟုတ်သည်ကို သိပြီးနောက် မုန့်ယွမ်ရှန့်က သူ့အသက်ကို အမှန်တကယ်ကယ်တင်ခဲ့သူအား ရှာရန် ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် သူက နောက်ဆုံးပွဲစဉ်ပြီးသည်နှင့် ချက်ချင်းပင် စုံစမ်းရန် အလွတ်စုံထောက်တစ်ဦးကို ငှားရမ်းခဲ့သည်။

သူ ထိုအချိန်က တက်ခဲ့သော ဆေးရုံနှင့် အခင်းဖြစ်ပွားခဲ့သော ရက်စွဲအား မှတ်မိခဲ့ပြီး ၎င်းတို့က ထိုနေ့တွင် စာရင်းသွင်းခဲ့သော ကောင်လေး၏ အမည်ကို မြန်မြန်ဆန်ဆန် ဖော်ထုတ်နိုင်ရန် ကူညီပေးခဲ့သည်။

ထိုကောင်လေး၏အမည်မှာ ချင်ဝမ်ဖြစ်ပြီး မုန့်ယွမ်ရှန့်အား ကယ်တင်ခဲ့စဉ်က အသက်(၁၁)နှစ်သာ ရှိသေး၏။ မှတ်တမ်းမှ လိပ်စာသည် မတိကျမရေရာသော်လည်း အလွတ်စုံထောက်က အချို့သော အချက်အလက်များကို ခြေရာခံနိုင်ခဲ့ကြ၏။ သို့သော်လည်း ချင်မိသားစု ပြောင်းရွှေ့သွားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

ချင်ဝမ်၏မိသားစုက အခြားမြို့မှ ပြောင်းလာကြသူများဖြစ်ကြောင်း ထိုနေရာတွင်နေထိုင်သည့် အချို့သောဒေသခံများက ပြောပြခဲ့သည်။ သူ့မိဘများမှာ စားသောက်ဆိုင်ငယ်လေးတစ်ခု ဖွင့်ထားပြီး သူ့တွင် ချင်ယွဲ့ဟုခေါ်သော ညီမတစ်ယောက်လည်း ရှိ၏။

မောင်နှမနှစ်ယောက်လုံးက သူတို့၏ရုပ်ရည်ချောမောမှုကြောင့် လူသိများ၏။ ချင်ယွဲ့က နူးညံ့ကာ အနေအေးပြီး ချင်ဝမ်ကမူ စိတ်ဓာတ်ခိုင်မာ၍ တည်ငြိမ်သူတစ်ဦးဖြစ်သည်။ ချင်ဝမ်က သန်မာသူတစ်ဦးအဖြစ် ကျော်ကြားသောကြောင့် ဒေသခံကလေးများကြားတွင် သူက ခေါင်းဆောင်ဖြစ်၏။ 

သို့သော်လည်း နောက်ပိုင်းတွင် ချင်ဝမ်၏အဘိုးအဘွားများ မတော်တဆဖြစ်ခဲ့၍ သူ့မိဘနှစ်ဦးက ဆိုင်ကိုပိတ်ကာ မွေးရပ်မြေသို့ ပြန်သွားခဲ့ကြသည်။

ထိုဖြစ်ရပ်များ ဖြစ်ခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သောကြောင့် သူတို့၏မွေးရပ်မြေကို မြောက်ပိုင်း ဒေသတစ်ခုဖြစ်သည်မှလွဲ၍ တိတိကျကျ မည်သူမျှ မမှတ်မိကြချေ။ 

မုန့်ယွမ်ရှန့်လက်ခံရရှိထားသော ဤစာသည် သူစုံစမ်းရန် ငှားရမ်းထားသူ အလွတ်စုံထောက်ထံမှဖြစ်၏။

သို့သော်လည်း တရုတ်ပြည်ကဲ့သို့ ကြီးမားလှသည့်နိုင်ငံကြီးတွင် လိပ်စာတိတိကျကျမသိသော လူတစ်ယောက်ကို လူပင်လယ်ကြီးထဲမှ ရှာတွေ့ရန်မှာ ခက်ခဲလွန်းလှ၏။ 

အလွတ်စုံထောက်က မုန့်ယွမ်ရှန့်အား ချင်ဝမ်ကို ရှာတွေ့ရန် အချိန်နှင့်အားထုတ်မှုအများအပြားယူရမည်ဖြစ်သောကြောင့် လက်လျှော့လိုက်ခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း ပါးပါးနပ်နပ်ဖြင့် အကြံပေးခဲ့သည်။

မချင့်မရဲနှင့် လက်လျှော့ရန်ဆန္ဒမရှိသော မုန့်ယွမ်ရှန့်က ကုရှင်းရှစ်သတိထားမိသည်အထိ တစ်ယောက်တည်း စိတ်ပျက်စွာဖြင့် ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြောင်းလဲနေခဲ့၏။ 

ကုရှင်းရှစ် မုန့်ယွမ်ရှန့်အား နှစ်သိမ့်မည်ပြုစဉ် စနစ်က ရုတ်တရက် ကြားဖြတ်ပြောလာခဲ့သည်။
[ဟေး ငါမှာ ပြောစရာ အတင်းအဖျင်းတချို့ရှိတယ်... အဲ့ဒါ ချင်ဝမ်ဆိုတဲ့နာမည်နဲ့ လူအကြောင်း...]

ကုရှင်းရှစ် ချက်ချင်း အသက်ဝင်လှုပ်ရှားလာကာ မေးလိုက်၏။
[ဘယ်လိုအတင်းအဖျင်းမျိုးလဲ... ငါ့ကိုပြောပြ...]

[ဒီနေ့ လမ်းညွှန်က ပြောပြတဲ့ ထုံဖုလျှပ်စစ်အကြောင်းကို မင်းလည်း မှတ်မိတယ်မလား...]
စနစ်က ပြောလိုက်သည်။

ကုရှင်းရှစ်က အချက်အလက်များကို ချိတ်ဆက်ကြည့်ရင်း စိတ်မသက်သာမှုများ ပိုမိုကြီးထွားလာကာ စနစ်အား ပြောလိုက်သည်။
[မိဘတွေဆုံးသွားပြီး အစ်ကိုကို မှီခိုနေရတဲ့ ကောင်မလေး... ပြီးတော့ မြောက်ပိုင်းမှာနေတယ်... အဲ့ဒီကောင်မလေးရဲ့အစ်ကိုနာမည်က ချင်ဝမ်လို့တော့ ငါ့ကို မပြောနဲ့နော်...]

[ဘင်ဂို... ချင်ဝမ်ရဲ့အဘိုးအဘွား နှစ်ယောက်စလုံး လေဖြတ်သွားလို့ ချင်ဝမ်ရဲ့မိဘတွေက သူတို့ အိမ်တွေရော လုပ်ငန်းတွေကိုပါ ရောင်းလိုက်ပြီး ပိုင်ရှန့်မြို့ကို ပြန်ပြောင်းလာကြတယ်... အစပိုင်းမှာတော့ သူတို့ အဆင်ပြေနေတာပဲ... သူ့မိဘတွေကလည်း ဆိုင်ပြန်ဖွင့်ဖို့ စီစဉ်ထားခဲ့ကြတယ်... ဒါပေမယ့် နောက်တော့ ကြေကွဲစရာဖြစ်ရပ် ဖြစ်လာတယ်... ဈေးဆိုင်က မီးလောင်ပြီး ချင်ဝမ်ရဲ့ မိဘနှစ်ပါးလုံး မီးထဲ ပါသွားတယ်... သူ့အဘိုးအဘွားတွေကလည်း ဒီ‌တုန်လှုပ်စရာအဖြစ်အပျက်ကို မခံစားနိုင်ဘဲ သိပြီးသိပ်မကြာလိုက်ဘူး ဆုံးသွားကြတာပဲ...]

[ချင်ဝမ်က အဲ့ဒီအချိန်တုန်းက အထက်တန်းနောက်ဆုံးနှစ် တက်နေတာ... ပြီးတော့ သူက ပညာရေးမှာလည်း ထူးချွန်တယ်... ဒါပေမယ့် သူ့မိသားစုကို ထောက်ပံ့နိုင်ဖို့ သူက ကျောင်းဆက်မတက်တော့ဘဲ သူ့ညီမလေးကို ထောက်ပံ့ဖို့ အလုပ်စလုပ်ခဲ့တယ်... သူက အရည်အချင်းရှိပြီး အလုပ်လည်း ကြိုးစားတယ်... သူ့ညီမကို ကောလိပ်ပြီးအောင်ထိထားဖို့ စီစဉ်ထားပြီး တိုက်ခန်းကျဉ်းလေးတစ်ခန်းလောက် ဝယ်နိုင်ဖို့အတွက် ချေးငွေထုတ်ထားသေးတယ်... သူ့အစီအစဉ်က သူ့ညီမလေးဘွဲ့ရပြီးတာနဲ့ သူနဲ့အတူတူနေနိုင်ဖို့လေ...]

[ချင်ယွဲ့ကလဲ စာနာထောက်ထားတတ်တယ်... သူ့ရဲ့အလုပ်သင်ကာလက တခြားပြည်နယ်မှာရှိတဲ့ ကုမ္ပဏီတွေမှာဆိုရင် ခရီးစရိတ်နဲ့ နေထိုင်စရိတ်အတွက် ထောင်ဂဏန်းလောက်ပိုပြီး ကုန်ကျနိုင်တယ်... ချင်ယွဲ့က သူ့အစ်ကိုကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့ ပိုနီးတဲ့ရွေးချယ်မှုဖြစ်တဲ့ ထုံဖုလျှပ်စစ်ကိုပဲ ရွေးလိုက်တယ်... ဒါက ချင်ယွဲ့ရဲ့နောက်ဆုံး ဆုံးဖြတ်ချက်ဖြစ်မယ်လို့ ဘယ်သူက ထင်မိမှာလဲ...]

ကုရှင်းရှစ်က နက်ရှိုင်းစွာ မျက်မှောင်ကြုတ်လိုက်၏။ လေးလံသောခံစားချက်မှာလည်း သူ့အပေါ် လွှမ်းမိုးပျံ့နှံ့နေသည်။

သူ ရှေးဟောင်းဆိုရိုးစကားတစ်ခွန်းကိုပြန်၍မတွေးဘဲ မနေနိုင်အောင်ပင်။
မုဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလို မကောင်းတာ‌တွေက အပေါင်းနဲ့အသင်းနဲ့ လာတာပဲ...

ကုရှင်းရှစ်က ပူပန်စိတ်ကို မချုပ်တည်းနိုင်စွာဖြင့် မေးလိုက်၏။
[ချင်ဝမ်ကရော ဘယ်လိုလဲ...]

စနစ်က ပြော၏။
[ချင်ဝမ်လား... အိုး... အခု ဒါက အရမ်းအပြင်းထန်ဆုံးနေရာပဲ....]

[သူ့ညီမဈာပနကို စီစဉ်ပေးပြီးတဲ့နောက်မှာ ချင်ဝမ်က တိုက်ခန်းကို ရောင်းလိုက်ပြီး ချင်ယွဲ့အတွက် တရားမျှတမှု ရှာပေးဖို့ ထွက်သွားခဲ့တယ်... သူက အင်အားကြီးမိသားစုကို ဆန့်ကျင်ဖို့ တက်လာတဲ့ သာမာန်ကောင်လေးတစ်ယောက်ပဲလေ... အဲ့ဒါကြောင့် သူက အစီအစဉ်တစ်ခုကို စိတ်ကူးရခဲ့တယ်... သူက သူ့ကိုယ်သူ ရုပ်ဖျက်ထားပြီး သူတို့ကျူးလွန်ထားသမျှ ဥပဒေချိုး‌ဖောက်ထားတဲ့ ပြစ်မှုတွေရဲ့သက်သေတွေကို စုဆောင်းဖို့ သူတို့ရဲ့ ဘဝထဲကို စိမ့်ဝင်နေခဲ့တယ်... အဲဒီအစီအစဉ်အောင်မြင်ဖို့ သူက ကဏ္ဍမျိုးစုံအတွက် စွမ်းရည်တွေ၊ အသက်မွေးဝမ်းကြောင်းနည်းလမ်း‌တွေ သင်ယူလေ့လာမယ်ဆိုတဲ့ အသေးစိတ်ဗျူဟာကိုပါ ဖန်တီးခဲ့တယ်... ]

[လွန်ခဲ့တဲ့ လပိုင်းလောက်က အထောက်အထားအတုမျိုးစုံနဲ့ ပိုင်ရှန့်မြို့ကို သူပြန်လာပြီး သူ့ညီမကို အမှားလုပ်ခဲ့တဲ့ လူတစ်ယောက်ချင်းစီတိုင်းရဲ့ အနားကို သူ ချဉ်းကပ်ခဲ့တယ်... အခုလပိုင်းအတွင်း သူက အဲ့ဒီလူတွေကို ကြိုးကိုင်ခြယ်လှယ်နေခဲ့တယ်... အဲ့လူတွေကလည်း သူ့စကားအတိုင်း လိုက်လုပ်တယ်...]

ကုရှင်းရှစ် အံ့ဩမှင်တက်သွားရင်း မေးလိုက်၏။
[သူတို့က အရင်က သူ့ကို မြင်ဖူးကြတယ်မဟုတ်လား... ဘာလို့ သူ့ကို မမှတ်မိကြတာလဲ...]

[တစ်ယောက်ကတော့ သူ့ကို သေချာမြင်ဖူးတယ်... ဒါပေမယ့် သူ့ညီမဈာပနကိုတက်ဖို့ပြန်လာတုန်းက သူက ဖိုသီဖတ်သီနဲ့... အဲ့ဒီရက်တွေတုန်းက သူ စားလဲ မစားနိုင်၊ အိပ်လဲ မအိပ်နိုင်ခဲ့ဘူးလေ... အဲ့ဒါကြောင့် သူ့ကြည့်ရတာ အရမ်းကို ပိန်နေခဲ့တယ်... အခု သူပြန်လာတော့ တောက်ပချောမောနေပြီး သူ့ရဲ့ပင်ကိုစရိုက်ကလည်း လုံးဝပြောင်းလဲသွားတယ်... အဲ့ဒါအပြင် သူက ယောင်္ကျားလေးလို ဟန်ဆောင်ရုံတင်မကဘူး မိန်းကလေးလိုပါ ဟန်ဆောင်နိုင်တယ်... ဘယ်သူက အဲ့ဒီလို တွေးမိနိုင်မှာလဲ...]

ကုရှင်းရှစ်: [.....]

[တိုတိုနဲ့လိုရင်းပြောရရင် ချင်ဝမ်က သူတို့ကို လှည့်စားနိုင်ရုံတင်မကဘူး... သူတို့ရဲ့ ဥပဒေချိုး‌ဖောက်မှုတွေကိုပါ အောင်အောင်မြင်မြင်နဲ့ စုဆောင်းနိုင်ခဲ့တယ်... သူ အစတုန်းက အဲ့ဒီသက်သေတွေကို နယ်မြေအစိုးရဆီပို့ဖို့ စီစဉ်ခဲ့တယ်... ဒါပေမယ့် သူအမှားလုပ်မိပြီး ဖော်ထုတ်ခံလိုက်ရတယ်... ရှောင်တိမ်းနေတဲ့အချိန်မှာပဲ သူ့ကို ဖမ်းမိသွားကြတယ်... ကံကောင်းချင်တော့ သူက အမြော်အမြင်ရှိရှိနဲ့ သက်သေတွေကို ဝှက်ထားနိုင်ခဲ့တယ်...]

[ထုံဖုက လူတွေက ဒီနေရာမှာ နှစ်ပေါင်းများစွာ စီးပွားရေး လုပ်လာကြတာ... ပြီးတော့ သူတို့မှာ ချင်ဝမ်ထက် ပိုပြီးခိုင်မာတဲ့ ဆက်ဆံရေးတွေလည်း ရှိကြတယ်လေ... အဲ့ဒါနဲ့ သူတို့က အခြေအနေကို ပြောင်းပြန်လှန်ပစ်ပြီး ချင်ဝမ်ကို လိမ်လည်မှုနဲ့ တရားစွဲ၊ အကျဉ်းချပြီး ပြစ်မှုတွေရဲ့သက်သေအထောက်အထားတွေကို ပြန်ရဖို့ မျှော်လင့်ခဲ့ကြတယ်... ဒါပေမယ့် ချင်ဝမ်က လုံးဝမပေးခဲ့ဘူး...]

ကုရှင်းရှစ်က ဒေါသတကြီး မတ်တတ်ရပ်လိုက်သည်။

ဒါက အရမ်းကြောက်ဖို့ကောင်းအောင် ဆိုးရွားလွန်းတယ်...

ချင်ဝမ်က မုန့်ယွမ်ရှန့်ရဲ့ ကျေးဇူးရှင် ဟုတ်ဟုတ် မဟုတ်ဟုတ် ... ငါ ဒီကိစ္စကို ဂရုစိုက်မှကို ရတော့မယ်...

 ***

ထိုနေ့ညတွင် ဝေ့ပေါ်၌ အတင်းပြောစနစ်10086အကောင့်က နောက်ထပ်ပိုစ့်အသစ်တစ်ခု တင်လိုက်သည်ကို လူအများစု သတိထားမိခဲ့ကြသည်။

ဤထူးခြားလျှို့ဝှက်သော ပုဂ္ဂိုလ်၏ ယခင်ပိုစ့်များက ဖျော်ဖြေရေးလောကအား ကြီးမားသော လှိုင်းလုံးကြီးများ ဖြစ်ပေါ်စေခဲ့သည်။ အင်တာနက်အသုံးပြုသူများက စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသကဲ့သို့ ထွက်ပေါ်လာမည့် လျှို့ဝှက်ချက်အသစ်များအတွက်လည်း ပူပန်ကြောက်လန့်နေကြ၏။

သို့သော် သူတို့နောက်ဆုံးပိုစ့်အား နှိပ်ကာဝင်ကြည့်လိုက်စဉ်တွင် အတင်းပြောစနစ် 10086က ယခုအချိန်တွင် နာမည်ကျော်များ၏ အတင်းအဖျင်းကို ဖြန့်ဝေထားသည်မဟုတ်ကြောင်း တွေ့လိုက်ရ၏။ ၎င်းက လူမှုကွန်ယက်ဆိုင်ရာ သတင်းဆောင်းပါးတစ်ခုဖြစ်သည်။

***

အင်တာနက်အသုံးပြုသူများ:

[ဘုရားရေ... ဒီအတင်းအဖျင်းက ငါ့မွေးရပ်မြေကပဲ... ဟုတ်တယ်... ထုံဖုက အရှုပ်အထွေးကြီးတစ်ခုပဲ... ငါ ဘွဲ့ရပြီးတော့ အဲ့ဒီမှာ အလုပ်လျှောက်ဖို့သွားခဲ့ပေမယ့် ကြာကြာမလုပ်နိုင်ခဲ့ဘူး... နှစ်ပတ်လောက်နဲ့ အလုပ်က ထွက်ခဲ့လိုက်တယ်...]

[ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ အသရေဖျက်မှုနဲ့ နစ်နာသူရုပ်အလောင်းကို လက်ဝယ်ထားမှု... လျှပ်စစ်လုပ်ငန်းတစ်ခုက ဒီလိုတွေ လုပ်ဖို့အထိ ရဲတင်းကြတယ်လား... ရဲတွေကရော ဘယ်ရောက်နေတာလဲ... အစိုးရကရော ဘာလုပ်နေတာလဲ...]

[အာ... ငါ အခုလို ဝန်ခံရတာ မကြိုက်ပေမယ့် မြို့ငယ်လေးတော်တော်များများက ဒီ‌လိုတွေ ဖြစ်နေကြတာချည်းပဲ...]

[သနားစရာ ကောင်မလေး... ကိုယ့်ကိုယ်ကိုယ်သတ်သေတာက ကိုယ့်ကိုချစ်တဲ့သူတွေကို နာကျင်စေပြီး ရန်သူတွေကို အကျိုးအမြတ်ရစေတယ်... သူက အရမ်းငယ်သေးတယ်... သူ အဲ့ဒီနည်းလမ်းကလွဲပြီး တခြားမတွေးနိုင်လို့ဆိုတာ ရှင်းပါတယ်... ဒါပေမယ့် တစ်နေ့တာရဲ့အဆုံးမှာ ဒါတွေအားလုံးက ဆန်ကုန်မြေလေးကောင်ရဲ့ အပြစ်ပဲ...]

[ငါတို့ ဒီကုမ္ပဏီကို သပိတ်မှောက်ကြမလား... ငါကပဲ စပြီး မေတ္တာရပ်ခံပါတယ်... ငါ အဲ့ဒီလူ့တိရစ္ဆာန်တွေ ထုတ်ထားတဲ့ ဘယ်ကုန်ပစ္စည်းကိုမှ မသုံးချင်ဘူး...]

[+1]

[@လုနမ်နယ်မြေရဲစခန်း @လုနမ်နယ်မြေအစိုးရ @ဆက်စပ်နေတဲ့အစိုးရအဖွဲ့အစည်းများ.... ဘယ်သူမှ ဒီကိစ္စကို အရေးမယူကြဘူးလား...]

***

ဤဖြစ်ရပ်က ပိုင်ရှန့်မြို့နေထိုင်သူများနှင့် ထုံဖုလျှပ်စစ်နှင့် ပတ်သက်သောသူများ၏ အာရုံစိုက်မှုကို လျင်လျင်မြန်မြန် ရရှိသွားသည်။ 

သူတို့ အံ့ဩထိတ်လန့်သွားကြ၏။ လွန်ခဲ့သောတစ်နှစ်မှ ဤအတင်းအဖျင်းက ထပ်မံ၍ တူးဖော်ခံရလိမ့်မည်ဟု သူတို့ မျှော်လင့်မထားကြချေ။

ထုံဖုမှအုပ်ချုပ်သူ လင်းလောင်စန်း၏ယောက်ဖဖြစ်သော ကျန်းမင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဒါ ချင်ဝမ်လုပ်တာ ဖြစ်နိုင်လောက်လား..."

"သူက အချုပ်ကျနေတာလေ... ဒါမျိုး ဘယ်လိုလုပ် လုပ်နိုင်မှာလဲ..."
ကျန်းမင်၏အစ်မ၊ လင်းလောင်စန်း၏ မိန်းမဖြစ်သူ ကျန်းလီက သရော်ကာပြောလိုက်၏။ 
"ဒါက အွန်လိုင်းပေါ်မှာ အာရုံစိုက်မှုကိုလိုချင်တဲ့ လူတစ်ယောက်က အစကောက်ပြီး တင်လိုက်တဲ့ အတင်းအဖျင်းလောက်ပါပဲ... အဲ့ဒီအကောင့်က နာမည်ကြီးတချို့ရဲ့ပရိသတ်တွေနဲ့ ဆိုင်တယ်လို့ ငါကြားထားသေးတယ်... အခုလောလောဆယ် မြို့ထဲမှာ ယောင်္ကျားလေးအဖွဲ့တစ်ခုက ရိုက်ကူးရေးလုပ်နေတယ်မလား... ဒီကိစ္စက သူတို့နဲ့ ပတ်သက်နေလောက်တယ်..."

"အဲ့ဒီနာမည်ကြီးတွေက သူတို့အရေးမဟုတ်တဲ့ ဒီကိစ္စကို ရှုပ်ရှုပ်ယှက်ယှက် ဘာလို့ ဝင်စွက်ဖက်ချင်နေရတာလဲ... သူတို့ရဲ့ပရိသတ်တွေက သူတို့နဲ့ပတ်သက်ရင် အရမ်းပြင်းထန်တယ်လို့ ငါကြားထားတယ်... သူတို့တစ်ခုခုကို တကယ်ရှာတွေ့ထားတာဆိုရင်ရော ဘယ်လိုလုပ်မလဲ..."
လင်းလောင်စန်းက မကျေမနပ် ညည်းညည်းညူညူပြောလိုက်သည်။

"ထားလိုက်ပါ... ချင်ယွဲ့က သူ့ကိုယ်သူ သတ်သေသွားတာလေ... ကိုယ်ထိလက်ရောက်ကျူးလွန်မှုအကြောင်း ပြောချင်ရင်လည်း အဲ့ဒါက တစ်နှစ်တောင် ကျော်သွားပြီ... ဘယ်လို သက်သေအထောက်အထား ရှိနိုင်တော့မှာမို့လို့လဲ..."
ကျန်းလီက အရေးမစိုက်စွာ ပြန်ဖြေလိုက်၏။

လင်းလောင်စန်းက သက်ပြင်းချရင်း ပြောလိုက်၏။
"ငါ စိတ်ပူတာ အဲ့ဒါမဟုတ်ဘူး... ချင်ဝမ့်ကိုပဲ ငါက စိတ်ပူတာ... သူ့ဆီမှာ သက်သေအထောက်အထားတွေ တကယ်ရှိတယ်ကွ..."

ထိုအကြောင်းအား ကြားသောအခါ ကျန်းလီ ပို၍လေးလေးနက်နက်ဖြစ်လာ၏။ 
"အဲ့ဒီကလေးက အရမ်းကိုခံနိုင်ရည်ရှိလွန်းတယ်... အခုချိန်ထိ သူ အဲ့ဒါတွေကို ထုတ်မပေးသေးဘူး... ရှင် ဘာလို့ လင်းကျီအန်းကို နည်းနည်းလောက် ဖိအားမပေးခိုင်းရတာလဲ..." 

လင်းကျီအန်းက လင်းလောင်စန်း၏ တူဖြစ်ကာ ပိုင်ရှန့်မြို့ လူထုလုံခြုံရေးဗျူရိုတွင် အလုပ်လုပ်နေသူဖြစ်ပြီး ချင်ဝမ်၏ အမှုကို ကိုင်တွယ်ရသူလည်း ဖြစ်သည်။

လင်းလောင်စန်း တိတ်ဆိတ်၍သာနေခဲ့၏။

***

ထုံဖုလျှပ်စစ်ကို မူလက လင်းညီအစ်ကို သုံးယောက်က တည်ထောင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း လင်းလောင်စန်းက သူ့အစ်ကိုနှစ်ယောက်ထံမှ ရှယ်ယာများကို သိမ်းယူရန် အကြံအစည်နည်းဗျူဟာများကို အသုံးပြုခဲ့သည်။

အကြီးဆုံးအစ်ကိုကြီးက ယူကျုံးမရဖြစ်သည့်စိတ်ကြောင့် ဆုံးပါးသွားခဲ့ပြီး လင်းကျီအန်းနှင့်သူ့အမေက  á€€á€ťá€ąá€¸á€›á€˝á€Źá€á€˝á€„် ငွေရှာရန် ခက်ခက်ခဲခဲရုန်းကန်ရင်း ကျန်ရစ်ခဲ့ရ၏။


🍉🍉🍉🍉 အခန်း ၄၄


ထိုသို့ရုန်းကန်ခဲ့ရသော်လည်း လင်းကျီအန်းက ပညာရေးတွင် ထူးချွန်ပြီး နောက်ဆုံး ပိုင်ရှန့်မြို့တွင် ရဲဝန်ထမ်းတစ်ယောက် ဖြစ်လာခဲ့သည်။

သူက အငြှိုးအတေးများမရှိဘဲ လင်းလောင်စန်းဆီသို့ ရောက်လာခဲ့သည်။ သူတို့မည်သည့်အချိန်တွင် တွေ့ဆုံပါစေ လင်းကျီအန်းက သူ့ကို နွေးထွေးစွာဖြင့် "တတိယဦးလေး"ဟု ခေါ်လေ့ရှိ၏။ ထိုခေါ်သံကပင် လင်းလောင်စန်းအား သူ့တူအပေါ် အပြစ်ရှိစိတ်တို့ကို ခံစားမိစေပြီး စိတ်မသက်မသာ ဖြစ်စေသည်။

လင်းလောင်စန်းက စကားဝိုင်းကို ရှေ့မဆက်စေချင်သောကြောင့် ပြောလိုက်သည်။
"ချင်ဝမ်ကိစ္စကို ငါကြည့်လုပ်လိုက်ပါမယ်... အွန်လိုင်းပေါ်က ကိစ္စကတော့ သက်သေမရှိဘဲ ခံစားမှုတွေကို သွေးထိုးလှုံဆော်နေတဲ့ စကားလုံးတွေတင်ပါ... ထားလိုက်... အဲ့ဒါ ကီးဘုတ်ဖိုက်တာတစ်စုလောက်ပဲ... သူတို့က တကယ် အကျိုးသက်ရောက်မှုလည်း ရှိတာမဟုတ်ပါဘူး..."

အွန်ဝိုင်းပေါ်မှဝေဖန်သူများကြောင့် မချင့်မရဲဖြစ်နေသော ကျန်းမင်က ကန့်ကွက်လိုက်၏။
"ဘယ်လိုလုပ် ဒီအတိုင်း ထားလိုက်ရမှာလဲ... ကျွန်တော်က ဒီမှာထိုင်နေရင်း စော်ကားသမျှခံနေရမှာလား... အစ်မ.. ကျွန်တော့်အတွက် ပြန်တိုက်ခိုက်ပေးမယ့် ရေတပ်တစ်ခု ငှားပေး..."

မောင်ဖြစ်သူအား အမြဲတမ်းအလိုလိုက်လေ့ရှိသော ကျန်းလီက ချက်ချင်းပင် သဘောတူခဲ့သည်။

မကြာမီအချိန်တွင် ထင်မြင်ချက်လှိုင်းလုံးအသစ်တစ်ခု အွန်လိုင်းတွင် ပေါ်ထွက်လာ၏။

***

[ကိုယ်ထိလက်ရောက်ကျူးလွန်မှုအတွက်က သက်သေမရှိဘူး မဟုတ်လား... အခုခေတ်မှာ ပြောင်းပြန်ဖြစ်နေတဲ့အရာတွေအများကြီးပဲ... သေသေချာချာမသိရသေးဘဲ မဆုံးဖြတ်ကြပါနဲ့ဦး...]

[ငါက ချင်ယွဲ့ရဲ့ အတန်းဖော်ပါ... သူက ချမ်းသာတဲ့ယောကျာ်းတွေကို တွယ်ကပ်ဖို့ ကြိုးစားနေခဲ့တာ... ကျန်းမင်က ချင်ယွဲ့ကို လက်ထပ်ဖို့ ငြင်းလိုက်တော့ သူ့ကိုယ်သူ သတ်သေလိုက်မှာဆိုပြီး ကျန်းမင်ကို ခြိမ်းခြောက်တာ... ခြိမ်းခြောက်ရင်း မတော်တဆနဲ့ တကယ်ဖြစ်သွားရတာပဲ...]

[ငါ အတင်းပြောစနစ်# 10086 ရဲ့ ပိုစ့်ကို ပထမဆုံးတွေ့တော့ ဒီဇာတ်လမ်းမှာ ဟာကွက်တွေ အများကြီးရှိတယ်လို့ ငါထင်ခဲ့တယ်... ဒါပေမယ့် လူတိုင်းက မျက်လုံးမှိတ်ပြီး သူ့ဘက်လိုက်နေကြတာ... အခု နောက်ဆုံးတော့ တစ်စုံတစ်ယောက်က ဒီမှတ်တမ်းကို မှန်မှန်ကန်ကန် ချပြလိုက်တယ်လေ... အတင်းပြောစနစ်# 10086 နာမည်ကြီးနေတာက အံ့ဩစရာမရှိပါဘူး... သူက စကားလုံးတွေကို လှည့်သုံးပြီး စိတ်ခံစားချက်တွေကို သွေးထိုးလှုံ့ဆော်တာ ကျွမ်းကျင်တဲ့သူလေ..."

[သူတို့ကို သိတဲ့သူတစ်ယောက်အနေနဲ့ အဲ့ဒီမောင်နှမကို သနားမသွားမိဖို့ ငါအကြံပေးချင်တယ်... ညီမဖြစ်သူကလည်း ချမ်းသာတဲ့ယောကျာ်းကို အမိဖမ်းဖို့ ကြိုးစားတယ်... အစ်ကိုဖြစ်သူကလည်း ငွေညှစ်တာမအောင်မြင်တော့ လိမ်လည်မှု ကျူးလွန်တယ်... အဲ့ဒါကြောင့်ပဲ သူ အဖမ်းခံရတာ...]

***

ထိုမှတ်ချက်များက သေသေချာချာဂဃနဏမသိသော အင်တာနက်အသုံးပြုသူအချို့အား ယိမ်းယိုင်သွားစေပြီး နောက်ထပ်ငြင်းခုံမှုများ ပေါက်ကွဲထွက်လာစေခဲ့သည်။

ကုရှင်းရှစ်က ထိုမှတ်ချက်များကြောင့် သက်ရောက်မှုမရှိဘဲ ၎င်းတို့ကို တည်ငြိမ်အေးဆေးစွာ ဖတ်နေခဲ့သည်။ 

သူမျှော်လင့်ထားသကဲ့သို့ပင် သူတို့က ရေတပ်ငှားခဲ့ကြသည်။ ၎င်းမှာ သူ့အစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်၏။

အဆုံး၌ ခိုင်လုံသော သက်သေအထောက်အထားမရှိခြင်းကြောင့် လူထု၏စိတ်ဝင်စားမှုကို ဆက်လက်ထိန်းထားနိုင်မည့် အရာတစ်ခုကို သူ လိုအပ်လာခဲ့သည်။ သူတို့က သူအခွင့်‌ကောင်းရရန် အဆင်သင့် လမ်းခင်းပေးလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ 

ဇာတ်လမ်းက လုံလောက်သော ဆွဲဆောင်မှုမျိုး ရခဲ့သည်မှာ စိတ်ကျေနပ်စရာပင်။ သူက မုန့်ယွမ်ရှန့်အား ဝေ့ပေါ်တွင် သူ ငယ်စဉ်က သူ့ကိုကယ်တင်ခဲ့သူမှာ ချင်ဝမ်ဖြစ်ပြီး ဤအမှုမှ "အစ်ကိုကြီး"ဖြစ်သူနှင့် အတူတူပင် ဖြစ်ကြောင်း ပိုစ့်အသစ်တင်ခိုင်းခဲ့သည်။

ကျန်းမော့က မုန့်ယွမ်ရှန့်၏ကယ်တင်သူဖြစ်ကြောင်း လိမ်လည်ပြောစဉ်အခါက ၎င်းသည် ကြီးမားသော အတင်းအဖျင်းတစ်ခု ဖြစ်ခဲ့၏။

မုန့်ယွင်ရှန့်ကို ကယ်တင်ခဲ့သော သူရဲကောင်းအစစ်မှာ ကျေးဇူးတုံ့ပြန်ရန်တောင်းဆိုခြင်းမရှိဘဲ သတ္တိရှိရှိ ကိုယ်ကျိုးမဖက်ဘဲ ကယ်တင်ခဲ့သည်ကို လူတိုင်း သိထားပြီးဖြစ်သည်။

အဲ့ဒီလိုလူမျိုးက ဘယ်လိုလုပ် လိမ်လည်မှု ကျူးလွန်နိုင်မှာလဲ...

ဤကဲ့သို့ အပြန်ပြန်အလှန်လှန်ငြင်းခုံမှုများကြောင့် အမှုသည် တစ်နိုင်ငံလုံး၏ အာရုံစိုက်မှုကို လျင်မြန်စွာ ရရှိခဲ့သည်။

ထိုအချိန်တွင် မုန့်ယွမ်ရှန့်၏အဖွဲ့သားများမှာ ပိုင်ရှန့်မြို့မှ ထွက်ခွာသွားပြီဖြစ်၏။

ချင်ဝမ်၏အထောက်အထားကို သိရှိပြီးနောက် မုန့်ယွမ်ရှန့်က ကျန်နေရစ်ခဲ့ရန် ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း လှည့်လည်ဖျော်ဖြေရေး အချိန်ဇယားမှာ ပြည့်ကြပ်နေခဲ့၏။ ထို့ကြောင့် သူက ဤမြို့တွင် သုံးရက်မျှသာ နေနိုင်မည်ဖြစ်သည်။

မုန့်ယွမ်ရှန့်က ကုရှင်းရှစ်အား ယုံကြည်မှုအပြည့်ဖြင့်ကြည့်ရင်း ပြောလိုက်သည်။ 
"ကျွန်တော်တို့ နောက်ထပ် ဘာလုပ်သင့်လဲ..."

ကုရှင်းရှစ်က စနစ်ဆီမှရရှိခဲ့သော အရည်ရွှမ်းသည့်သတင်းအချက်အလက်များကို ပြန်တွေးကာ ပြုံးရင်း ပြောလိုက်၏။
"ရှေ့နေတစ်ယောက်ရှာပြီး ချင်ဝမ်ကို သွားတွေ့ကြမယ်..."

×××××

ချင်ဝမ်က အကျဉ်းချထားရာအခန်းထဲတွင် အေးစက်သောအမူအရာဖြင့် နံရံကို မှီကာထိုင်နေသည်။

သူ ပထမဆုံးရောက်သည့်နေ့ကတည်းက ယခုကဲ့သို့သာ သူ ထိုင်နေခဲ့၏။

သူ ရွေးချယ်ခဲ့သော လမ်းကြောင်းမှာ မည်မျှခက်ခဲကြောင်း အစကတည်းက ချင်ဝမ်သိခဲ့၏။ သို့သော် ဤအရာကသာ သူ့ညီမအတွက် တရားမျှတမှုရစေရန် တစ်ခုတည်းသောနည်းလမ်း ဖြစ်ခဲ့သည်။

သူ ဖမ်းမိစဉ်က ကျန်းမင်နှင့်အခြားလူများကို သတ်နိုင်ခဲ့လျှင် ပို၍ကောင်းလိမ့်မည်ဟု သူ တွေးမိခဲ့သည်။ ထိုနည်းဖြင့်သာ သူ လက်စားချေနိုင်မည်ဖြစ်သည်။

သို့သော် ထိုသို့လုပ်မည်တွေးတိုင်း သူ့မိဘများ၏ သွန်သင်ဆုံးမစကားများကို သူ ပြန်သတိရမိ၏။

သူ့မိဘများက သူနှင့် သူ့ညီမကို ကြင်နာကာ ခွင့်လွှတ်တတ်သော်လည်း သူတို့တွင် အောက်ခြေစည်းတစ်ခု ရှိ၏။ ၎င်းမှာ ဂုဏ်သိက္ခာရှိပြီး ဘယ်တော့မှ ဥပဒေမချိုးဖောက်ရန်ဖြစ်သည်။ 

သူ့ညီမ၏ နောက်ဆုံးနှုတ်ဆက်စာတွင်လည်း သူ ကောင်းကောင်းနေထိုင်ရန်၊ သူမအတွက် ဝမ်းနည်း‌ကြေကွဲပြီး မနေမိစေရန်၊ ရူးမိုက်သည့်အရာများကို မလုပ်မိစေရန် သူမ မျှော်လင့်ကြောင်း ရေးထားခဲ့သည်။

ချင်ဝမ်က နာကြည်းမှုများနှင့် ပြည့်နေခဲ့သည်။

ငါတို့မိသားစုက ရိုးသားပြီး အလုပ်ကြိုးစားခဲ့ကြပေမယ့် ကျန်းမင်လို လူယုတ်မာကောင်က လွတ်လွတ်လပ်လပ်နေနေတဲ့အချိန်မှာ ငါတို့က အခုလို ဘာကြောင့် အဆုံးသတ်သွားရတာလဲ...

သူ့အမုန်းတရားကို သူ မလွှတ်ချနိုင်ခဲ့ပေ...

ထို့ကြောင့် သူ့နည်းသူ့ဟန်နှင့် သူ လက်စားချေရန် ရွေးချယ်ခဲ့သည်။

သို့သော်လည်း အရာရာအဆင်ပြေချောမွေ့ကာ အောင်မြင်ရန်အတွက် ခြေတစ်လှမ်းမျှသာ လိုသောအခါမှ ကျရှုံးသွားလိမ့်မည်ဟု သူ မမျှော်လင့်မိခဲ့ချေ။

ပိုင်ရှန့်မြို့တွင် နက်ရှိုင်းသောဆက်ဆံရေးများရှိသည့် လင်းလောင်စန်း၏ မိသားစုက သူ့ညီမ၏အမှုကို ဖိနှိပ်ဖုံးကွယ်ကာ သူတို့ကိုယ်သူတို့ ကာကွယ်ရန်အတွက် ဘယ်တော့မှ ရပ်တန့်မည်မဟုတ်ကြောင်း သူ သိခဲ့သည်။ ယခုဆိုလျှင် သူက အချုပ်ခန်းထဲသို့ ရောက်နေခဲ့ပြီး သူတို့က သူ့အား အလွတ်မပေးတော့မည်မှာ သေချာ၏။

ချင်ဝမ်က သူ့ဘဝကိုယ်သူ ဂရုမစိုက်သော်လည်း သူ လက်စားမချေနိုင်ခဲ့ခြင်းအတွက် နောင်တရခဲ့သည်။

သူ့ကို ပဟေဠိဖြစ်စေသည့်အချက်မှာ သူ အထိန်းသိမ်းခံရကတည်းက ပုံမှန်မေးမြန်းမှုများ ပြုလုပ်ခြင်းမှလွဲ၍ လင်းလောင်စန်းနှင့်သူ့လူများကို ဆန့်ကျင်၍ ဝှက်ထားသော သက်သေအထောက်အထားများကို ထုတ်ပေးရန် မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့အား ဖိအားပေးလာခဲ့ခြင်း မရှိချေ။

ထိုအချိန်တွင် တံခါးပွင့်လာကာ ခေါ်သံကြားလိုက်ရ၏။
"ချင်ဝမ်... ဧည့်တွေ့လာတယ်..."

ချင်ဝမ် အံ့အားသင့်သွားကာ သံသယများလည်း ကြီးထွားလာခဲ့သည်။

ဒီလိုအချိန်မျိုးမှာ ဘယ်သူက ငါ့ဆီလာလည်မှာလဲ...

လင်းလောင်စန်းရဲ့ လူတွေက လှည့်ကွက်အသစ်ကို တွေးမိသွားတာမျိုး ဖြစ်နိုင်မလား...

သူ့မျက်နှာမှာ ရေခဲတမျှ အေးစက်သွား၏။

ဘယ်သူပဲဖြစ်ဖြစ် ငါ လုံးဝ ထုတ်ပေးမှာမဟုတ်ဘူး...

သို့သော် သူ ဧည့်တွေ့ခန်းထဲသို့ ဝင်သွားလိုက်သောအခါ မရင်းနှီးသော မျက်နှာနှစ်ခုကို သူ တွေ့လိုက်ရသည်။

သူတို့နှစ်ဦးအနက် ဦးဆောင်လာသူ အမျိုးသားက နွေးထွေးဖော်ရွေသည့် အပြုံးတစ်ခုရှိပြီး ထိုအပြုံးမှာ အခြားသူများ၏ သတိကို လျော့ပါးသွားစေ၏။

သူက ဂျင်းဘောင်းဘီနှင့် ခေါင်းစွပ်အင်္ကျီကို ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားကာ သူ့လက်များကို အိတ်ကပ်ထဲ ထည့်ထားသည်။ လူအများစုက ရဲစခန်းတွင် မသက်မသာခံစားကြရသော်လည်း သူ၏ သက်သောင့်သက်သာ အနေအထားက ဤပတ်ဝန်းကျင်နှင့် အလွန်ကျင့်သားရကာ အကျွမ်းတဝင်ဖြစ်နေကြောင်း သို့မဟုတ် အလွယ်တကူ မကြောက်တတ်ကြောင်း ညွှန်ပြနေသည်။

အခန်းကဏ္ဍအမျိုးမျိုးတွင် ဟန်ဆောင်နိုင်ရန် အချိန်အကြာကြီး လူများကို စောင့်ကြည့်လေ့လာခဲ့သူ ချင်ဝမ်က အကြည့်တစ်ချက်တည်းနှင့် ထိုလူ၏ အလုပ်အကိုင်နှင့် အဆင့်အတန်းကို တိကျမှန်ကန်စွာ သတ်မှတ်နိုင်သည်။

ဥပမာအားဖြင့် ထိုလူငယ်၏နောက်မှ ပါလာသောသူသည် တည်ငြိမ်‌အေးဆေးကာ စိတ်ကိုထိန်းချုပ်နိုင်သော ကိုယ်ဟန်အနေအထားရှိခြင်းကြောင့် ချင်ဝမ်က ထိပ်တန်းရှေ့နေတစ်ယောက်အဖြစ် ချက်ချင်းပင် ကောက်ချက်ချနိုင်ခဲ့သည်။

သို့သော် လူငယ်ကမူ ထူးခြားဆန်းပြားသည်။

သူက ရှေ့နေလည်း မဖြစ်နိုင်သလို ၎င်းနှင့်ဆက်စပ်သော အသက်မွေးဝမ်းကြောင်းလုပ်ကိုင်သူလည်း မဖြစ်နိုင်ချေ။ သို့သော်လည်း သူက ရှေ့နေကဲ့သို့ တူညီသော ယုံကြည်မှုမျိုးကို ထုတ်လွှတ်နေခဲ့၏။ 

သူက တကယ်ကို ဘယ်သူများလဲ...

ချင်ဝမ်က ၎င်းကြောင့် စိတ်ရှုပ်ထွေးနေစဉ်မှာပင် လူငယ်က သူ့ကိုယ်သူ မိတ်ဆက်လာသည်။
"ဟယ်လို... ငါ့နာမည်က ကုရှင်းရှစ်ပါ... ပါရမီရှိတဲ့သူတွေကို ပျိုးထောင်ပေးတဲ့ မန်နေဂျာတစ်ယောက်ပါ..."

ပါရမီရှိတဲ့သူတွေကို ပျိုးထောင်ပေးတဲ့ မန်နေဂျာ တစ်ယောက်...

အဖမ်းခံရချိန်မှာပင် အေးဆေးတည်ငြိမ်စွာ နေနိုင်ခဲ့သော ချင်ဝမ်က ခဏတာမျှ မှင်တက်သွားမိ၏။

သူ့ဘေးမှရှေ့နေက သူ့မျက်မှန်အား ချိန်ညှိကာ  á€žá€°áá€œá€Żá€•်ငန်းကဒ်ကို ပေးရင်း ပြောလိုက်၏။
"မစ္စတာချင်... ငါက ထန်လီဥပဒေရုံးက ရှေ့နေလီယွမ်ကျိုးပါ... အခုချိန်ကစပြီး ငါ မင်းအတွက် ခုခံကာကွယ်ပေးသွားမှာပါ..."

ချင်ဝမ် ထပ်ပြီး မှင်တက်သွားရပြန်သည်။

သူ ဤရှေ့နေအား သိ၏။ ထိုသူက လုနမ်ပြည်နယ်ရှိ အကျော်ကြားဆုံး ရှေ့နေများထဲမှ တစ်ယောက်ဖြစ်သည်။

သူက ငါ့အတွက် ခုခံကာကွယ်ပေးသွားမယ်တဲ့လား...

ချင်ဝမ် သူတို့နှစ်ဦးအား သံသယရှိစွာ ကြည့်လိုက်၏။

ချင်ဝမ်က အန္တရာယ်ရှိသော အခြေအနေများကြား တစ်ယောက်တည်း သွားလာနေထိုင်ခဲ့ရသောကြောင့် ယခုကဲ့သို့ သတိရှိနေခြင်းမှာ သဘာဝပင်ဖြစ်ကြောင်း ကုရှင်းရှစ် နားလည်သည်။

ထို့ကြောင့် သူ ရှင်းပြလိုက်သည်။
"လွန်ခဲ့တဲ့ ဆယ့်သုံးနှစ်လောက်က ကောင်းချင်မြို့မှာ မင်း ကောင်လေးတစ်ယောက်ကို ကယ်ခဲ့ဖူးတာကို မှတ်မိသေးလား..."

ချင်ဝမ် မျက်မှောင်ကြုတ်ကာ အဖြစ်အပျက်ကို ဝိုးတိုးဝါးတား ပြန်တွေးမိ၏။

ထိုအချိန်က ၎င်းဖြစ်စဉ်‌ကြောင့် သူ့ခြေထောက် ထိခိုက်ခဲ့ပြီး အနာအား ချုပ်ရိုးအများအပြားချုပ်ရန် လိုအပ်ခဲ့ကာ အမာရွတ်ပင် ကျန်ခဲ့၏။
ဒါပေမယ့် အဲ့ဒါက ဒါနဲ့ ဘာဆိုင်လို့လဲ...

ကုရှင်းရှစ်က ဆက်ပြောလိုက်သည်။
"မင်းကယ်ခဲ့တဲ့ ကောင်လေးက ငါ့ရဲ့သင်တန်းသားပဲ... ငါတို့က မင်းကို ကူညီဖို့သက်သက် လာခဲ့တာ..."

ချင်ဝမ်၏ပထမဆုံး တုံ့ပြန်မှုမှာ မယုံကြည်နိုင်ခြင်းပင်။

သူ့မိဘများ ဆုံးပါးသွားစဉ်ကတည်းက သူနှင့် သူ့ညီမတို့သည် လောကဓံ၏ ရိုက်ချက်များကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရပြီး တရားမျှတမှုနှင့် ကျေးဇူးတရားဟူသော လောက၏နိယာမများအပေါ်တွင် ယုံကြည်မှု ပျောက်ဆုံးခဲ့၏။

သို့သော် ကုရှင်းရှစ်၏အမူအရာမှာ အလွန်ကို စစ်မှန်ရိုးသားနေခဲ့သည်။

ထို့အပြင် သူက ထောင်ကျနေခဲ့၍ သူ့ထံမှ မည်သည့်အရာမျှ မရနိုင်ချေ။
ငါ့ကိုလာလှည့်စားနေလို့ သူတို့အတွက် ဘာအကျိုးအမြတ်ရနိုင်မှာလဲ... 

ကုရှင်းရှစ်က ပြောပြီးသည်နှင့် ရှေ့နေလီအား ရှေ့သို့ ထွက်လာခိုင်းလိုက်သည်။

ရှေ့နေလီမှာ ထိပ်တန်းရှေ့နေပီပီ အလုပ်လုပ်ရာ၌ အထူးကျွမ်းကျင်၏။ သူ့စကားလုံးများက မျှော်လင့်ချက်မှေးမှိန်နေသော ချင်ဝမ့်ကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။

ဧည့်တွေ့ချိန်မှာ အကန့်အသတ်နှင့်ဖြစ်၏။

အစောင့်က မကြာခင်မှာပင် သူတို့၏စကားဝိုင်းအား အဆုံးသတ်ရန် ဆော်ဩခဲ့သည်။

ချင်ဝမ် မတ်တတ်ရပ်လိုက်သောအခါ ကုရှင်းရှစ်က ပြောလိုက်သည်။
"ချင်ဝမ်... နောက်ရက်တွေမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ..."

ချင်ဝမ် ရပ်တန့်သွားသည်။ သိုသော် ကုရှင်းရှစ် မျက်နှာပေါ်မှ အကြည့်ကို မြင်လိုက်သောအခါ သူ ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့သည်။ 

သူ တစ်ခုခုပြောရန် သူ၏ပါးစပ်ကို ဖွင့်လိုက်သောအခါတွင် ကုရှင်းရှစ်နှင့် ရှေ့နေလီတို့မှာ ထွက်ခွာသွားပြီ ဖြစ်၏။

***

ကုရှင်းရှစ် ဧည့်တွေ့ခန်းမှ ထွက်လာစဉ်တွင် ရဲအရာရှိတစ်ဦး သူ၏ဘေးမှ ဖြတ်သွားသည်။

ထိုရဲအရာရှိမှာ လေးထောင့်ဆန်သည့် မျက်နှာရှိသော အသက်သုံးဆယ်အရွယ်အမျိုးသားဖြစ်ကာ နက်ရှိုင်းစွာကြုတ်ထားသော မျက်ခုံးတို့က သူ့အား အလွန်လေးနက်ခက်ထန်သော အသွင်အပြင်ကို ဖြစ်‌ပေါ်စေသည်။

ကုရှင်းရှစ် ခဏတာမျှ ရပ်လိုက်သည်။

ချင်ဝမ်နှင့်တွေ့ခြင်းအပြင် ဤနေရာသို့ သူ လာရောက်ရသည့် ဒုတိယအကြောင်းအရင်းမှာ ရဲအရာရှိလင်းကျီအန်းနှင့် တွေ့ဆုံရန်ဖြစ်သည်။ 

စနစ်က သူ့အား လင်းကျီအန်းမှာ လင်းလောင်တ၏ သားဖြစ်သည်ဟု သတင်းပေးခဲ့၏။ လွန်ခဲ့သောနှစ်များစွာက လင်းလောင်စန်းသည် သူ၏အစ်ကိုဖြစ်သော လင်းလောင်တထံမှ ရှယ်ယာများရယူနိုင်ရန် လျှို့ဝှက်ကြံစည်ခဲ့ကာ ထုံဖုလျှပ်စစ်၏ အပြည့်အဝအုပ်ချုပ်ပိုင်ခွင့်ကို သိမ်းပိုက်ခဲ့သည်။

ညီငယ်မှာ သူဌေးကြီးဖြစ်လာခဲ့ပြီး အစ်ကိုဖြစ်သူ လင်းလောင်တက သူ့လုပ်ငန်းတွင် ထပ်ခါတလဲလဲ ကျရှုံးမှုများကြောင့် နောက်ဆုံးတွင် စောစောစီးစီး ကွယ်လွန်သွားခဲ့၏။

ထိုအချိန်တွင် လင်းကျီအန်းမှာ အကြောင်းအရာတော်တော်များကို မှတ်မိနိုင်သည့် အသက်အရွယ်သို့ ရောက်နေပြီဖြစ်သည်။

သူ့ဖခင်၏သေဆုံးမှု၊ ခံပြင်းအားမလိုအားမရဖြစ်မှု၊ စားသောက်နေထိုင်နိုင်ရန် ဝင်ငွေရှာနေရသော သူ့မိခင်၏ရုန်းကန်မှုများသည် သူ့အား နက်နက်ရှိုင်းရှိုင်း စိတ်ဝေဒနာစွဲကျန်စေသည့် မြင်ကွင်းများ ဖြစ်ခဲ့သည်။

ရလဒ်အနေဖြင့် ငယ်ရွယ်စဉ်ကတည်းက သူ ကြီးလာသောအခါ လင်းလောင်စန်းအား လက်စားချေမည်ဟု ဆုံးဖြတ်ခဲ့၏။

သူ ကောလိပ်တက်စဉ်တစ်လျှောက်လုံး ရုန်းကန်ခဲ့ရပြီး နောက်ဆုံးတွင် ပိုင်ရှန့်မြို့ရှိ ရဲတပ်ဖွဲ့သို့ သူ ဝင်ရောက်ခဲ့သည်။

သူက လင်းလောင်စန်း ဥပဒေချိုးဖောက်ထားသည့် ပြစ်မှုများ၏ သက်သေအထောက်အထားများအား စုဆောင်းနိုင်ရန်အတွက် လင်းလောင်စန်းနှင့် အနီးကပ်နေရန် သူ့ကိုယ်သူ တွန်းအားပေးခဲ့သည်။ သို့သော်လည်း လင်းလောင်စန်းမှာ သူ့အပေါ် အလွန်သံသယရှိပြီး နှစ်အတော်ကြာ သူ့အား ဖိနှိပ်ထားခဲ့သည်။

သူ ချင်ဝမ်၏အမှုအကြောင်း ကြားစဉ်က ထိုအမှုအား သူ၏ထိန်းချုပ်မှုအောက်သို့ရောက်ရှိစေရန် သူ တတ်နိုင်သမျှ အရာအားလုံးကို လုပ်ခဲ့ရသည်။

သို့သော်လည်း သူ၏လုပ်နိုင်စွမ်းမှာ အကန့်အသတ်ရှိနေ၏။ သူ လုပ်နိုင်သည်မှာ ဖိအားများကို တောင့်ခံကာ ချင်ဝမ်အား ကာကွယ်ခြင်းနိုင်ခြင်းပင် ဖြစ်သည်။

သို့သော်လည်း ကုရှင်းရှစ်က လင်းကျီအန်း မည်မျှထိ ဆက်လုပ်နိုင်သေးသည်ကို သိချင်မိ၏။

ယခု ဧည့်တွေ့ခွင့်ရရန်တောင်းဆိုခြင်းသည် စမ်းသပ်ချက်တစ်ခုဖြစ်သည်။

ချင်ဝမ်၏ဖမ်းဆီးမှုကို နည်းမျိုးစုံနှင့် သူကိုင်တွယ်နိုင်သည်။

အကယ်၍ ဧည့်တွေ့ခြင်းကို ငြင်းဆိုခဲ့ပါက ချင်ဝမ်၏အမှုကို ရာဇဝတ်မှုဆိုင်ရာအကျဉ်းချမှုအဖြစ် သတ်မှတ်ထားကြောင်း ညွှန်ပြနေခြင်းပင်။ လင်းကျီအန်းက လင်းလောင်စန်းထံမှ ခြိမ်းခြောက်မှုခံရခြင်း သို့မဟုတ် လင်းကျီအန်းတွင် တကယ့်ကို လုံလောက်သော လုပ်နိုင်စွမ်းမရှိခြင်းမျိုးဖြစ်ခဲ့ပါလျှင် ကုရှင်းရှစ်က အခြားဖြေရှင်းနည်းကို ရှာရလိမ့်မည်ဖြစ်သည်။

သို့သော် ဧည့်တွေ့ခြင်းကို ခွင့်ပြုခဲ့ပါက ...

ကုရှင်းရှစ် လင်းကျီအန်းကို ကြည့်လိုက်၏။

လင်းကျီအန်းက လှည့်ကြည့်ကာ အနီးအနားရှိ စင်္ကြံတစ်ခုဆီသို့ လက်ဟန်ခြေဟန်ပြခဲ့သည်။

ကုရှင်းရှစ်က စင်္ကြံလမ်းအတိုင်း ဆင်းကာ လင်းကျီအန်းနောက်သို့ လိုက်ခဲ့၏။

သူတို့ ရပ်လိုက်သည်နှင့် ကုရှင်းရှစ်က ပြောလိုက်သည်။
“ရဲအရာရှိလင်း... ချင်ဝမ် မတရား ပြုမှုဆက်ဆံခံရတာမျိုးမရှိအောင် သေချာလုပ်ပေးထားခဲ့လို့ ကျေးဇူးတင်ပါတယ်...”

လင်းကျီအန်းက ကုရှင်းရှစ်အား တအံ့တသြကြည့်လိုက်သည်။ သိသိသာသာပင် ကုရှင်းရှစ်က ဤကိစ္စများကို သိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ 

ခဏတာမျှတိတ်ဆိတ်သွားပြီးနောက် သူ ပြန်ဖြေခဲ့၏။
“ချင်ဝမ့်မှာ အပြစ်ရှိတယ် မရှိဘူးဆိုတာ ဥပဒေကပဲ ဆုံးဖြတ်ပါလိမ့်မယ်... ရဲအရာရှိတစ်ယောက်အနေနဲ့ ကျွန်တော်က ကိုယ့်တာဝန်ကိုယ်ကျေပွန်အောင် ထမ်းဆောင်နေတာပါ..”

ကုရှင်းရှစ်က လင်းကျီအန်း၏ ဟောင်းနွမ်းကာ အရောင်လွင့်နေသော အင်္ကျီကော်လံကို သတိထားမိခဲ့သည်။ စနစ်ပြောပြခဲ့သောစကားလုံးများက သူ၏စိတ်ထဲတွင် တဖန် ပေါ်လာပြန်၏။

[လင်းကျီအန်းက သူ့ဦးလေးကို လက်စားချေဖို့ ဆုံးဖြတ်ထားပေမယ့် သူက ရဲအရာရှိကောင်းတစ်ယောက်လေ... ပိုင်ရှန့်မြို့ရဲ့ ညစ်ပတ်မှောင်မိုက်နေတဲ့ပတ်ဝန်းကျင်မှာတောင် သူက နှစ်အတော်ကြာ တရားမျှတမှုကို ဇွဲရှိရှိနဲ့ လက်ကိုင်ပြုထားခဲ့တာ... အဲ့ဒါက လင်းလောင်စန်းရဲ့ သူ့အပေါ် ပြည့်ပြည့်ဝဝယုံကြည်မှုရဖို့ကို တားဆီးထားတဲ့ သူ့ရဲ့ သမာဓိပဲ... အဲ့ဒီသမာဓိကပဲ သူ့ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကိုရော သူ့ရဲ့လက်စားချေဖို့ ရှာဖွေတာတွေကို ထိန်းထားပေးခဲ့တာ...]

ယခု လင်းကျီအန်းအား မြင်တွေ့လိုက်ရသောအခါ ထိုစကားများမှာ အသက်ဝင်လာသလိုပင်။

ကုရှင်းရှစ်က ရောထွေးနေသော ခံစားချက်များအား ခံစားရင်း နူးညံ့စွာ ပြောလိုက်သည်။
“ရဲအရာရှိလင်း စိတ်ချလက်ချ အနားယူပါ... လူကောင်းတွေက အပြစ်ကင်းကြောင်း သက်သေပြနိုင်ပြီး မကောင်းတဲ့လူတွေက သူတို့နဲ့ ထိုက်တန်တဲ့အပြစ်ကို ရင်ဆိုင်ရမှာပါ...”

သူ့စကားလုံးများက သိမ်မွေ့ကာ အားမာန်အပြည့်မပါသော်လည်း နွေးထွေးသော စမ်းချောင်းကဲ့သို့ လင်းကျီအန်း၏နှလုံးသားထဲရှိ စိတ်လှုပ်ရှားတုန်လှုပ်မှုများကို သက်သာစေခဲ့သည်။

လင်းကျီအန်းသည် သူကြီးပြင်းလာကတည်းက အလားတူစကားလုံးများကို မရေတွက်နိုင်သည်အထိ ကြားဖူးခဲ့သော်လည်း သူ မျက်မြင်ကိုယ်တွေ့ကြုံရသောလက်တွေ့ဘဝတွင်မူ ယေဘုယျအားဖြင့် ထိုစကားလုံးများနှင့် အလွန်ကွာခြား၏။

တစ်ခါတစ်ရံတွင် ဤအခြေခံသဘောတရားနိယာမများကို ခေါင်းမာစွာ ထိန်းသိမ်းလိုက်နာခြင်းက 'ထိုက်တန်ရဲ့လား'ဟုပင် သူ မေးခွန်းထုတ်မိ၏။

လက်စားချေရန် မျှော်လင့်ချက်မဲ့သည့်အချိန်တိုင်းတွင် ယုတ်မာသောသူများအား အနိုင်ယူရန် သူက ၎င်းတို့ထက်ပို၍ ဆိုးဝါးယုတ်မာရန်လိုအပ်သည်ဟူသော မှောင်မိုက်သောအတွေးများက လင်းကျီအန်းအား လမ်းလွှဲစေခဲ့သည်။

သို့သော်လည်း အဆုံးတွင် သူက သူ့နှလုံးသားထဲမှ တားမြစ်ထားသော စည်းမျဉ်းအား မကျော်ဖြတ်နိုင်ခဲ့ပေ။ ၎င်းတို့အားလုံးက သူ့အပေါ် အလွန်အကျွံဖိစီးထား၏။

ယခု ကုရှင်းရှစ်စကားများ ကြားလိုက်ရစဉ် သူ အမှန်တရားကို ဖော်ထုတ်ပေးနိုင်ခဲ့ကာ ရာဇဝတ်ကောင်များကို တရားမျှတစေရန် ဖမ်းဆီးခဲ့ပြီး ခံရသူမိသားစု၏ စိတ်သက်သာရစွာ ကျေးဇူးတင်စွာဖြင့် ငိုကြွေးနေမှုများကို မြင်တွေ့ခဲ့ရသည့် သူ၏အတိတ်မှ အမှုများကို ပြန်တွေးမိခဲ့သည်။

သူ ရုတ်တရက် သူ၏လမ်းကြောင်းမှ သွေဖည်မသွားခဲ့သည့်အတွက် ကျေးဇူးတင်စိတ် ခံစားလိုက်ရသည်။ သူက သူ ဝတ်ဆင်ထားသောရာထူးတံဆိပ်နှင့် ထိုက်တန်၏။

သူ့နှလုံးသားထဲမှ ပူပန်သောကမှာ ပေါ့သွားသယောင်ပင်။ သူ စိတ်သက်သာရာရစွာဖြင့် ကုရှင်းရှစ်အား ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်...”

ကုရှင်းရှစ်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
“ငါ့ကို ဘာအတွက် ကျေးဇူးတင်တာလဲ... မင်းက ဒီလိုရဲအရာရှိမျိုးဖြစ်နေလို့ ငါကသာ မင်းကို ကျေးဇူးတင်ရမှာ...”

လင်းကျီအန်းက ထပ်ရှင်းမပြတော့ဘဲ ပြုံးရင်း မေးလိုက်၏။
“အခု မင်းရဲ့အစီအစဉ်က ဘာလဲ... မစ္စတာကု...”

ကုရှင်းရှစ်က မဖြေခင် ခဏမျှ တွေးလိုက်၏။
“ဒီအခြေအနေက တော်တော်လေး အာရုံစိုက်ခံနေရပြီ... အထက်အရာရှိတွေက ဒီအမှုကို အသေအချာ လိုက်ပြီး စုံစမ်းစစ်ဆေးလိမ့်မယ်... အမှုကို ဒီ့ထက်ပိုပြီး အာရုံစိုက်ခံရအောင် ချဲ့ထွင်ဖို့နည်းလမ်းကို ငါရှာကြည့်မယ်... ဘယ်သူမှ ဒီအမှုကို ဖုံးကွယ်လို့မရနိုင်အောင်လို့လေ...”

လင်းကျီအန်း ထိတ်လန့်သွားသော်လည်း လျင်လျင်မြန်မြန်ပင် နားလည်သဘောပေါက်ကာ ကုရှင်းရှစ်အား မေးလိုက်သည်။
“မင်းက ငါ့ကို ဘာလုပ်စေချင်တာလဲ...”

ကုရှင်းရှစ်က လင်းကျီအန်း၏မျက်လုံးအား တည့်တည့်ကြည့်ကာ ဖြေလိုက်သည်။
“ရဲအရာရှိလင်း... ငါ မင်းကို တစ်ခုပဲ တောင်းဆိုစရာရှိတယ်... ချင်ဝမ်ကို ကာကွယ်ပေးပါ...”


🍉🍉🍉🍉 အခန်း ၄၅


လင်းကျီအန်းက ပြတ်ပြတ်သားသားပြန်ဖြေခဲ့သည်။
“စိတ်ချထားလိုက်ပါ... ဒါ ငါတို့ ရဲအရာရှိတွေရဲ့ တာဝန်ပဲ...”

**
ကုရှင်းရှစ်က သူ့အခန်းသို့ မပြန်ခင် ရှေ့နေလီအား ဟိုတယ်တွင် ချထားခဲ့သည်။

မုန့်ယွမ်ရှန့်မှာ စိတ်ပူပန်စွာဖြင့် စောင့်နေခဲ့၏။ ကုရှင်းရှစ် ပြန်လာသည်ကို မြင်သည်နှင့်တစ်ပြိုင်နက် သူ အလျင်အမြန်ပြေးလာကာ မေးလိုက်သည်။
“ဘယ်လိုဖြစ်သွားပြီလဲ...”

ကုရှင်းရှစ်က သူ့အား အရာအားလုံးကို ရှင်းပြလိုက်သည်။

မုန့်ယွမ်ရှန့်က နောက်ကွယ်တွင် ဤမျှထိ ဖြစ်ပျက်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သူက မျက်ခုံးတို့ကို တင်းတင်းကြပ်ကြပ် စုကြုတ်ရင်း ပြောလိုက်သည်။
“ကျွန်တော်...”

“ရပ်...”
သူပြောမည့်အရာကို အတိအကျသိသောကြောင့် ကုရှင်းရှစ်က ချက်ချင်းပင် သူ့စကားအား ကြားဖြတ်ကာ ပြောလိုက်သည်။

“ဒီနေရာမှာ ငါ မင်းကို ကူညီပေးနေတာမဟုတ်ဘူး... တရားမျှတမှုကို လိုလားတဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ ချင်ဝမ်ရဲ့အခြေအနေကို ကြားပြီး ကူညီချင်တာက လုံးဝကို ပုံမှန်ပဲ မဟုတ်လား... အဲ့ဒါအပြင် ငါ့မှာ သူ့ကို ကူညီရတဲ့ သီးသန့်အကြောင်းပြချက်တွေလည်း ရှိသေးတယ်...”

မုန့်ယွမ်ရှန့်က စိတ်ရှုပ်စွာဖြင့် မေးလိုက်သည်။
“ဘာအကြောင်းပြချက်တွေလဲ...”

“ငါ မင်းကို အခုတော့ ပြောမပြနိုင်သေးဘူး...”
ကုရှင်းရှစ်က သူ့ပုခုံးအားပုတ်ရင်း ပြောလိုက်သည်။
“မင်းရဲ့ ခွင့်သုံးရက်က ပြည့်သွားပြီနော်... အဖွဲ့ခေါင်းဆောင်အနေနဲ့ မင်းဒီမှာ ဆက်ပြီး ယောင်ပေပေလုပ်နေလို့ မရဘူး... မင်းမှာ မင်းရဲ့ကိုယ်ပိုင်တာဝန်ဝတ္တရားတွေရှိတယ်... ပြန်သွားပြီး တခြားသူတွေနဲ့ ပူးပေါင်းချေ... ဒီကိစ္စကို ငါနဲ့ထားခဲ့လိုက်...”

မုန့်ယွမ်ရှန့်က ငြင်းခုံရန်မတတ်နိုင်ဘဲ နောက်ဆုံးတွင် ပူပန်မှုအပြည့်ဖြင့် ထွက်ခွာခဲ့သည်။ သူ မထွက်ခွာခင်တွင် ကုရှင်းရှစ်အား ဆက်တိုက် သတိပေးမှာကြားနေခဲ့သည်။
“ကျေးဇူးပြုပြီး ဘေးကင်းအောင်နေပါ... အန္တရာယ်ဖြစ်စေမယ့်အရာတွေ ဘာတစ်ခုမှ မလုပ်ပါနဲ့... ပြီးတော့ ဘာပဲဖြစ်လာဖြစ်လာ ကျွန်တော့်ကို ဆက်သွယ်နော်...”

“ဟုတ်ပါပြီ... ဟုတ်ပါပြီ...”
ကုရှင်းရှစ် မုန့်ယွမ်ရှန့်အား ကားထဲသို့ တွန်းပို့ရင်း ပေါ့ပေါ့တန်တန်ပင် တုံ့ပြန်ခဲ့သည်။ 
"သွားလို့ရပြီ..."

ကားက မြင်ကွင်းမှ လုံးဝပျောက်သွားသောအခါ ကုရှင်းရှစ် အသက်ကိုပြင်းပြင်းရှူလိုက်ရင်း သူ့အင်္ကျီလက်များကို ခေါက်လိုက်သည်။ နောက်ဆုံးတွင် သူ မည်သည့်အချုပ်အနှောင်မျှမရှိဘဲ အရေးယူနိုင်တော့ပေမည်။

ထိုညမှာပင် အတင်းပြောစနစ်#10086 အကောင့်က အခြားပိုစ့်တစ်ခု တင်ခဲ့၏။

ဤအချိန်တွင် သူ ထုံဖုလျှပ်စစ်ကို အာရုံမစိုက်ခဲ့ပေ။ ထိုအစား သူက အရာရှိများကို အမည်နှင့်တကွ စတင်‌ ဖော်ထုတ်ခဲ့၏။

ထိုအရာရှိများမှာ သူ ချင်ဝမ်မှတစ်ဆင့် စုဆောင်းထားခဲ့သော အချက်အလက်များထဲမှ ဂရုတစိုက်နှင့် စီစစ်လေ့လာကာ ရွေးထုတ်ထားသောသူများပင်ဖြစ်ကာ ၎င်းတို့အားလုံးက လင်းလောင်စန်း၏ ရင်းနှီးသော လုပ်ဖော်ကိုင်ဖက်များ ဖြစ်၏။

သူက ထိုလူများ မည်သည့်အရာများ ပြုလုပ်ခဲ့သည်ကို မဖော်ထုတ်ခဲ့ပေ။ သို့သော်လည်း ၎င်းကပင် သူတို့အား ပို၍ ကြောက်လန့်စေခဲ့သည်။

ပိုစ့်မှာ လင်းလောင်စန်းနှင့် သူ၏အသိုင်းအဝိုင်းအား ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် အပျော်တမ်းအင်တာနက်စုံထောက်များကမူ ကုရှင်းရှစ်အား စိတ်လှုပ်ရှား‌ပီတိဖြစ်စေခဲ့သည်။

[ငါ အဲ့ဒီနာမည်တွေကို ကြည့်ပြီးပြီ... မင်းတို့ ဘယ်လိုထင်လဲ... သူတို့အားလုံးက ပိုင်ရှန့်မြို့ထဲက အရာရှိတွေ... #10086က အပို သတင်းအချက်အလက်တွေကိုလည်း တင်မပေးထားဘူး... အဲ့ဒါကြောင့် ငါ ခန့်မှန်းကြည့်လိုက်မယ်... သူတို့အားလုံးက ထုံဖုလျှပ်စစ်နဲ့ ချိတ်ဆက်နေတာများလား...]

[သူတို့ရဲ့ရာထူးတွေက သေးသေးမွှားမွှား မဟုတ်ကြဘူးနော်... သူတို့က  á€Ąá€›á€ąá€¸á€•ဍဥရဏရ္ဏက်တဲအသူတွ္... သာမာန်လျှပ်စစ်စက်ရုံပိုင်ရှင်အနေနဲ့ အဲ့ဒီလို အဆက်အသွယ်တွေ ရှိနိုင်တယ်ပေါ့... ပိုင်ရှန့်မြို့မှာ နက်ရှိုင်းတဲ့ ရေနောက်တွေ ရှိကို ရှိနေတာ...] 

[ဘုရားရေ... ပိုင်ရှန့်လူထုလုံခြုံရေးဗျူရိုက လက်ထောက်ညွှန်ကြားရေးမှူးက စာရင်းထဲမှာ ပါနေတယ်... ကျန်းမင်က ချင်ဝမ်ရဲ့ညီမအပေါ်မှာ ကြောက်စရာကောင်းတဲ့လုပ်ရပ်တွေနဲ့ ကျူးလွန်ခဲ့ပေမယ့် အခုထိ သူက လွတ်မြောက်နေတုန်းပဲ... ဒါက ဘာ့ကြောင့်များလဲ...]

[ပိုင်ရှန့်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေး ကော်မရှင်ဥက္ကဌက ငါ့ဒေသက... သူဆို ချမ်းသာလိုက်တာမှ ကျိကျိတက်ပဲ... ငါးထပ်အိမ်ကြီးမှာနေပြီး နှစ်သစ်ကူးလိုအချိန်တွေများဆို ဇိမ်ခံကားတွေက သူ့အိမ်ရှေ့မှာ တန်းစီနေတာပဲ... လူတွေက ပြောတယ်...သူက အလွန်အကြူးကို အကျင့်ပျက် စာရိတ္တခြစားနေတဲ့သူတဲ့...]

***

ကုရှင်းရှစ်က သတင်းခေါင်းစဉ်အား မြှင့်တင်စေရန် မည်သည့်အရာမျှ အများအပြား လုပ်ဆောင်ရန် မလိုအပ်ခဲ့ပေ။ အင်တာနက်အသုံးပြုသူများက ဒေါသတကြီးဖြစ်ကာ ၎င်းအား ရေပန်းအစားဆုံးရှာဖွေမှုစားရင်း၏ ထိပ်ဆုံးသို့ရောက်အောင် တွန်းပို့ခဲ့ပြီး ဖြစ်၏။

အ‌ခြေအနေကို အနီးကပ် စောင့်ကြည့်နေရခြင်းကြောင့် သူ၏နာကျင်နေသော လည်ပင်းအား ဆန့်ထုတ်လိုက်သည်။ အဆုံးတွင် သူ အနည်းငယ်မျှ စိတ်သက်သာရာ ရသွားပြီဟု ခံစားလိုက်ရ၏။

ယခု သူ ရဲအရာရှိလင်း (လင်းကျီအန်း)ထံမှ သတင်းကို စောင့်နေခဲ့သည်။

ရဲအရာရှိလင်းက ငါ့ကို စိတ်ပျက်‌အောင်တော့ မလုပ်လောက်ပါဘူး...

နှစ်ရက်ခန့်ကြာပြီးနောက် ရဲအရာရှိလင်းက ပင်ပန်းနေသော်လည်း စိတ်လှုပ်ရှားနေသောအသံဖြင့် ဖုန်းဆက်လာခဲ့သည်။ လက်ထောက်ညွှန်ကြားရေးမှူးနှင့် သူ၏အပေါင်းအပါများက ကျီးလန့်စာစားဖြစ်ပြီး ချင်ဝမ်က အချက်အလက်များကို ပေါက်ကြားစေသည်ဟု တွေးကာ သက်သေများကို ဖျက်ဆီးရန် ကြိုးစားနေကြသည်ဟု ရဲအရာရှိလင်းက သူ့အား အကြောင်းကြားလာခဲ့၏။ ထိုကြိုးစားမှုမအောင်မြင်သောအခါ သူတို့က ချင်ဝမ်ကို လျှို့ဝှက်လုပ်ကြံရန် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း ရဲအရာရှိလင်းက လုပ်ကြံမှုကို ကြိုတင်မှန်းဆပြီးဖြစ်သောကြောင့် သူတို့ ကျရှုံးသွားရုံသာမက အမှုကိုစစ်ဆေးရန် ရောက်ရှိနေသော တရားလိုရှေ့နေ၏ လက်ရဖမ်းဆီးခြင်းကိုလည်း ခံခဲ့ရသည်။

ယခုတွင် အမှုကို စစ်ဆေးရန်အတွက် တရားဝင် အမှုဖွင့်လိုက်ပြီ ဖြစ်သည်။

ထိုအကြောင်းကို ကြားပြီးနောက် ကုရှင်းရှစ်သည် ပျော်ရွှင်မှုကို ခံစားရသည့်အပြင် နာကျင်မှုအနည်းငယ်ကိုလည်း ခံစားလိုက်ရ၏။

သူတို့သာ ခုလိုမြန်မြန်ဖမ်းမိသွားမယ်ဆိုတာ သိခဲ့ရင် ကိုယ်ရံတော်တွေငှားဖို့အတွက် ပိုက်ဆံ‌တွေအများကြီး ငါ သုံးမိမှာ မဟုတ်ဘူး... 

ဖြစ်ရပ်သည် အွန်လိုင်းပေါ်တွင် အာရုံစိုက်မှု အများအပြားရရှိခဲ့ပြီး တာဝန်ရှိသူများကလည်း လျင်လျင်မြန်မြန် တုံ့ပြန်ခဲ့ကြသည်။

မကြာမီ လင်းလောင်စန်းနှင့် သူ၏အပေါင်းအပါများ အဖမ်းခံရပြီး သူတို့၏ နှစ်ပေါင်းများစွာ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများမှာလည်း တစ်ခုပြီး တစ်ခု ပေါ်ထွက်လာခဲ့သည်။

ဤအမှုကို အနီးကပ် စောင့်ကြည့်နေခဲ့သော အင်တာနက်အသုံးပြုသူများသည်လည်း ပီတိဖြာ၍နေကြသည်။

[ကောင်းလိုက်တာ... ဒီလူယုတ်မာတွေက ဟိုးအရင်ကတည်းက အဖမ်းခံရသင့်တာ...]

[သေဒဏ်က ဒီလိုတိရစ္ဆာန်တွေအတွက် အရမ်းကို သက်ညှာလွန်းတယ်... တကယ်တော့ သူတို့ကို တိရစ္ဆာန်လို့ ခေါ်ရတာကိုက တိရစ္ဆာန်တွေကို စော်ကားမိသလို ဖြစ်နေပြီ... သူတို့က လေးပိုင်း ပိုင်းတာ ခံရဖို့ပဲ ထိုက်တန်တယ်...]

[ရဲအရာရှိ လင်းကျီအန်းကို အပြစ်မတင်ကြပါနဲ့... သူက လူယုတ်မာ လင်းလောင်စန်းရဲ့ တူဖြစ်ပေမယ့် သူက ရဲအရာရှိကောင်းတစ်ယောက်ပါ... ငါတို့ ပိုင်ရှန့်တစ်မြို့လုံးက အဲ့ဒါကို သိပြီးသား...]

[ငါတို့ အဲ့ဒီလိုအမှုတွေနောက်လိုက်တဲ့အခါ များသောအားဖြင့်တော့ အဲ့ဒီအမှုတွေက သူတို့ တစ်ဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်မသွားမချင်း လှည့်ပတ်လိမ်ညာတာတို့ အချိန်ဆွဲတာတို့နဲ့ အဆုံးသတ်သွားတာပဲ... ဒီတစ်ခါလည်း အဲ့လိုပဲဖြစ်မှာပါလို့ ငါထင်ခဲ့တာ... ဒါပေမယ့် မြန်မြန်ဆန်ဆန်ပဲ ဒါကို ဖြေရှင်းပြီးသွားပြီ... ငါ အရမ်းကို တုန်လှုပ်သွားခဲ့တာ...]

[#10086 ငါ မင်းကို အလေးပြုပါတယ်... သခင်ကြီး#10086က ဘယ်တော့မှ မမှားဘူး...]

[နောက်ဆုံးတော့ ဒီရာဇဝတ်ကောင်တွေက တရားမျှတမှုရဖို့အတွက် အဖမ်းခံလိုက်ရပြီ... ပြီးတော့ ညီမလေးလည်း ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်အနားယူနိုင်သွားပြီပေါ့... သူ့အစ်ကို အခုဘာတွေလုပ်နေမလဲဆိုတာ ငါသိချင်လိုက်တာ...]

***

လင်းလောင်စန်းနှင့် သူ့အပေါင်းအပါများ ဥပဒေအရ စစ်ဆေးခြင်းခံရချိန်တွင် ကုရှင်းရှစ်က သူ၏အာရုံစူးစိုက်မှုအားလုံးကို ချင်ဝမ်၏အမှုဆီသို့ လှည့်ခဲ့၏။

အစတွင် ချင်ဝမ်က မှားယွင်းစွာ စွပ်စွဲခြင်း ခံခဲ့ရသည်။ 

ရှေ့နေလီ၏ ခုခံကာကွယ်မှုကြောင့် သူ လျင်မြန်စွာ လွတ်လာခဲ့၏။

ချင်ဝမ်က သူ့ပိုင်ဆိုင်မှုများအားကိုင်လျက် စခန်းမှ ထွက်လာသောအချိန်တွင် သူ အနည်းငယ် တွေဝေ‌နေခဲ့သည်။

သူက သူ့ကိုယ်သူ မှားယွင်းစွာနှင့် ထောင်အကျခံရန် သို့မဟုတ် သူ့အသက်ဆုံးရှုံးခံရန်ပင် ပြင်ဆင်ထားခဲ့သော်လည်း လတစ်ဝက်တာကာလဖြင့်ပင် အရာအားလုံး အထက်အောက် ပြောင်းပြန်ဖြစ်သွားခဲ့၏။

လင်းလောင်စန်းနှင့် သူ၏အပေါင်းအပါများ ဖမ်းဆီးခံရစဉ် သူက လွတ်မြောက်ခဲ့သည်။

အချုပ်ခန်း၏အပြင်ဘက်ရှိ အပြာရောင်ကောင်းကင်ကြီးနှင့် မိုးတိမ်ဖြူဖြူများအား ကြည့်ရင်း သူ့ကို အခြားကမ္ဘာသို့ ကူးပြောင်းခြင်းခံလိုက်ရသကဲ့သို့ ချင်ဝမ် ခံစားလိုက်ရ၏။

ထိုအချိန်မှာပင် ကုရှင်းရှစ်က လက်ဝှေ့ယမ်းပြနေသည်ကို သူ သတိပြုမိလိုက်သည်။

လူငယ်လေး၏အပြုံးမှာ နေရောင်ခြည်ထက်ပင် ပို၍တောက်ပနေကာ ချင်ဝမ့်နှလုံးသားထဲရှိ အမှောင်ထု၏ နောက်ဆုံးသော လက္ခဏာတစ်စွန်းတစ်စကိုပင် ဆေးကြောသန့်စင်သွားစေခဲ့၏။

ချင်ဝမ် ခပ်မြန်မြန် လျှောက်သွားလိုက်ရင်း ညစ်ပတ်နေသော သူ့လက်များနှင့် ချဉ်စုတ်စုတ်အနံ့ထွက်နေသော သူဝတ်ဆင်ထားသည့် အဝတ်အစားများကို ကြည့်လိုက်သည်။

သူ ရုတ်တရက် ရပ်သွားကာ သူ တစ်ခါမှ မကြုံဖူးသေးသော မဝံ့မရဲဖြစ်မှုကို ခံစားလိုက်ရ၏။

သို့သော် နောက်အခိုက်အတန့်တွင် ကုရှင်းရှစ်က သူ၏လက်မောင်းကို ချင်ဝမ့်ပုခုံးထက်တွင် တင်ရင်း ပြောလိုက်သည်။
"လာ... ကားထဲကို ဝင်..."

ချင်ဝမ်က သူမသိလိုက်ခင်မှာပင် ကားထဲသို့ ဆွဲသွင်းခြင်း ခံလိုက်ရပြီဖြစ်သည်။

တစ်နာရီခွဲမျှကြာသောအခါ သူတို့နှစ်ဦးက တစ်ဦးကို တစ်ဦးကြည့်ရင်း ရေချိုးအိမ်ရှေ့တွင် ရပ်နေခဲ့ကြသည်။

ကုရှင်းရှစ်က လည်ချောင်းရှင်းကာ ပြောလိုက်၏။
"ကောင်းပြီ... အချုပ်ခန်းထဲက ထွက်လာတဲ့အခါ ရေချိုးပြီး မကောင်းတဲ့ကံတွေကို ဖယ်ရှားတာက သဘာဝပဲလေ... ဟုတ်တယ်မလား..."

ချင်ဝမ် သူ့နှုတ်ခမ်းများကို ဖိကိုက်ပြီး ခေါင်းညိတ်ကာ ကုရှင်းရှစ်နောက်သို့ လိုက်ကာ ရေချိုးအိမ်ထဲသို့ ဝင်သွားခဲ့၏။

ကုရှင်းရှစ်က လုပ်ငန်းစဉ်ကို ရင်းနှီးကျွမ်းဝင်စွာဖြင့် သူတို့နှစ်ဦးအတွက် ဖြတ်ပိုင်းများကို ယူကာ ရေချိုးရန် မလဲလှယ်ခင် ချင့်ဝမ်ကို တစ်ခုပေးခဲ့သည်။

ချင်ဝမ် အနည်းငယ် စိတ်ရှုပ်ထွေးသွားရသည်။

ရှေ့နေ‌လီကို ကုရှင်းရှစ် ငှားထားပေးကြောင်း သူသိခဲ့သည်။ အွန်‌လိုင်းပေါ်တွင် အုတ်အော်သောင်းနင်းဖြစ်မှုမှာလည်း ကုရှင်းရှစ်မှ ကြိုးကိုင်လှုံ့ဆော်ထားကြောင်း သူ သိခဲ့ရ၏။

ဤအမှုအတွက် ငွေနှင့် အားစိုက်ထုတ်မှုများ မည်မျှ အသုံးပြုထားကြောင်း သူ တွေး၍ပင် မကြည့်ရဲပေ။ ကုရှင်းရှစ် လုပ်စေချင်သော မည်သည့်အရာဖြစ်ဖြစ် တရားမဝင်သောအရာပင် ဖြစ်နေပါစေ သူ သဘောတူကာ ကုရှင်းရှစ်အား ပြန်ပေးဆပ်ရမည်ဟု သူ တိတ်တဆိတ် သန္နိဌာန်ချလိုက်၏။

သို့သော်လည်း အရာအားလုံးအတွက် သူ့ကိုယ်သူ ပြင်ဆင်ပြီးသည့်နောက်တွင်... 

ငါတို့ ဒီနေရာကို တကယ်ကြီး ရေချိုးဖို့ ရောက်နေတာတဲ့လား...

ချင်ဝမ်၏ခံစားချက်တို့ ချက်ချင်း ရှုပ်ထွေးသွားခဲ့သည်။

သို့သော်လည်း ကုရှင်းရှစ်မှာမူ ဖြတ်ပိုင်းကို လဲလှယ်ကာ ရေချိုးနေခဲ့ပြီ ဖြစ်၏။

သူ၏ နှစ်ပေါင်းများစွာ လမ်းပေါ်တွင်နေထိုင်ခဲ့သော အတွေ့အကြုံအရ ချင်ဝမ်မှာ အခြေအနေအမျိုးမျိုးအပေါ်တွင် လိုက်လျောညီထွေဖြစ်အောင်‌ နေထိုင်တတ်ရန် ကျင့်သားရနေပြီဖြစ်၏။ ထို့ကြောင် မကြာခင်မှာပင် သူ စိတ်တည်ငြိမ်သွားကာ ရေချိုးခြင်းကို စတင်ခဲ့သည်။ 

သူ့ဆံပင်မှာ အနည်းငယ်ရှည်နေပြီဖြစ်သောကြောင့် သူ ဂရုတစိုက်နှင့် အကြိမ်များစွာ ခေါင်းလျှော်ခဲ့သည်။ ထို့နောက် သူက စိုနေသော နဖူးထက်ရှိ ဆံပင်များကို နောက်သို့ သေချာဖြီးသပ်လိုက်သည်။ 

သူက သင်တုန်းဓားကို ယူလိုက်ကာ မုတ်ဆိတ်မွေးငုတ်တိုများကို ဖြည်းဖြည်းချင်း ရိတ်ခဲ့သည်။

မကြာခင်မှာပင် ချောမောကာ အနည်းငယ် ဖျော့တော့နေသောမျက်နှာက မှန်ထဲတွင် ပေါ်လာခဲ့၏။

ချင်ဝမ်၏မျက်နှာက ချောမွေ့သော ကောက်ကြောင်းများ၊ ကြည်လင်သော အသားအ‌ရေ၊ ထင်ရှားသော မျက်ခုံး၊ တောက်ပသော မျက်လုံးများနှင့် နှာတံမြင့်မြင့်ရှိသည်။ သို့သော် အနည်းငယ် ပါးလျသော နှုတ်ခမ်းများမှာမူ သူ့အား ထူးခြားဆိုးသွမ်းသော အရိပ်အမြွက်မျိုး ပေးနေသည်။ 

သူ့မျက်နှာအပြင် သူ့အရှိန်အဝါသည်လည်း တကယ့်ကို မမေ့နိုင်စရာပင်ဖြစ်သည်။

ခက်ခဲမှုနှင့် ပင်ပန်းမှုများကို ရင်ဆိုင်ခံစားရခဲ့ရသော နှစ်များစွာက သူ့အား ရင့်ကျက်စေကာ သူ၏အသက်ထက်ပင် ကျော်လွန်သော ဘဝဇာတ်ကြောင်းတစ်ခုကို ပေးနေခဲ့သည်။

မှန်ကိုမှီ၍ အောက်သို့ငေးကြည့်နေသော သူ့ကိုကြည့်ရုံမျှဖြင့် ထောင်ပေါင်းများစွာသော ဇာတ်လမ်းများကို စိတ်ကူးကြည့်နိုင်၏။

သို့သော် ချင်ဝမ်က ဆွဲဆောင်မှုရှိသော သူ့မျက်နှာကို စိတ်မဝင်စားသလိုပင်။ သူ မျက်နှာကို ခြောက်သွေ့စေရန် တဘက်နှင့်သုတ်ကာ အဝတ်အစားများကို ဝတ်ဆင်ပြီး အပြင်သို့ ထွက်ခဲ့သည်။

သူ အပြင်သို့ရောက်သောအခါ ချယ်ရီခရမ်းချဉ်သီးပန်းကန်အား တင်ပျဉ်ခွေထိုင်နေသော ပေါင်ပေါ်တွင်တင်ကာ ပျော်ရွှင်စွာ စားသုံးနေသော ကုရှင်းရှစ်ကို တွေ့လိုက်ရသည်။

ချင်ဝမ်အား မြင်လိုက်သော ကုရှင်းရှစ်ကလည်း ချက်ချင်းပင် မှင်တက်မိသွားရ၏။

ချင်ဝမ်က ကြည့်ကောင်းသည်ဟု သူသိထားပြီးဖြစ်သော်လည်း ဤမျှလောက်ထိ ချောမောခံ့ညားလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

မဟုတ်သေးဘူး... ကြည့်ကောင်းတယ်ဆိုတဲ့ စကားလုံးက အရမ်းကို ပေါ့တန်လွန်းတယ်...

ဒီလိုမျက်နှာမျိုးက ဖန်သားပြင်အကြီးကြီးအပေါ်မှာ တောက်ပနေရမယ့် မျက်နှာမျိုး...

ထပ်ပြောရရင် သူ့မှာ မယုံနိုင်စရာကောင်းတဲ့ သရုပ်ဆောင်စွမ်းရည်တွေလည်း ရှိသေးတယ်...

သူက ဒါရိုက်တာတိုင်းကို အလွန်အကျွံ စိတ်လှုပ်ရှားအောင် လုပ်နိုင်တယ်...

ချင်ဝမ်၏ ခေါင်းအစ ခြေအဆုံးကို စစ်ဆေးကြည့်ရှုပြီး ကုရှင်းရှစ်၏မျက်လုံးများ တလက်လက်တောက်ပလာခဲ့သည်။

ချင်ဝမ်၏အရပ်က ၁၈၀စင်တီမီတာခန့် ရှည်ပြီး အချိုးအစားကျသော ကိုယ်လုံးကိုယ်ပေါက်၊ ခြေတံလက်တံရှည်များနှင့် သူ၏ လက်မောင်းများတွင် မြင်သာသော ကြွက်သားအနည်းငယ်လည်း ရှိ၏။ 

ပြီးပြည့်စုံတဲ့ အဓိက ဇာတ်လိုက်မင်းသားပဲ...

ချင်ဝမ်က သူ့အား စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးနိုင်စေရန် ခွင့်ပြုသည့်‌အနေဖြင့် မတ်တတ်ရပ်၍သာ နေခဲ့သည်။ သူ၏အမူအရာမှာ အေးဆေးတည်ငြိမ်ပြီး သဘာဝကျနေ၏။

ဟုတ်တယ်... သူ့ရဲ့ ရှက်သွေးဖြန်းပြီး နီရဲနေတဲ့ နားရွက်တွေကလွဲလို့ပေါ့...

နောက်ဆုံးတွင် ကုရှင်းရှစ်က စိတ်ကျေနပ်စွာဖြင့် သူ့အကြည့်များကို ရုတ်သိမ်းလိုက်ပြီး ချင်ဝမ်အား လှမ်းဆွဲကာ ရေချိုးကန်ထဲသို့ ဆွဲခေါ်ရင်း ပြောလိုက်၏။ 
"လာ... လာ... ရေပူစမ်းထဲမှာ ရေစိမ်ကြရအောင်..."

ချင်ဝမ် "?"

ချင်ဝမ် သူ့စိတ်ကို ထပ်ကာ ပြင်ဆင်လိုက်သည်။ 

ဒါက နောက်တစ်ခေါက်ထပ်ပြီး ရေချိုးရုံလေးပဲမဟုတ်လား...

ရေချိုးတာနဲ့ ပတ်သက်ပြီး ဘယ်လိုစွဲလမ်းမှုမျိုး မင်းမှာ ရှိနေတာလဲ...

မကြာမီပင် ချင်ဝမ် ရေကန်ထဲသို့ ဆင်းလိုက်၏။ ကုရှင်းရှစ်မှာမူ အင်္ကျီကို ချွတ်ထားပြီး အားရကျေနပ်စွာ သက်ပြင်းတစ်ချက်ချလိုက်ရင်း ရေကန်ထဲတွင် သက်သောင့်သက်သာ လှဲနေသည်။

ခဏတာမျှ တုံ့ဆိုင်းသွားခဲ့ပြီးနောက်တွင် ချင်ဝမ်က ရေကန်ထဲသို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။
 
ရေနွေးငွေ့များက မကြာခင်မှာပင် သူတို့၏အရေပြားများကို အနီရောင်သို့ ပြောင်းသွားစေခဲ့သည်။

ရေကန်၏ထောင့်အစွန်းကို မှီထိုင်ကာ ရှားပါးလှသော အေးချမ်းငြိမ်သက်ခြင်းကို ခံစားရင်း ချင်ဝမ်မှာ တဖြည်းဖြည်း စိတ်အပန်းပြေလာခဲ့သည်။

သို့သော် နောက်တစ်စက္ကန့်တွင် ကုရှင်းရှစ်က ရုတ်တရက် လက်ခုပ်တီးကာ ပြောလာ၏။
"ငါ မေ့တော့မလို့..."

ချင်ဝမ်၏ မျက်လုံးများသည်လည်း ချက်ချင်းပင် ပွင့်၍လာခဲ့သည်။

ကုရှင်းရှစ်က ဘေးတွင် တင်ထားသော ဂရိတ်ဖရုသီးတစ်လုံးကို ဆွဲယူလိုက်သည်ကို သူ မြင်လိုက်၏။ ထို့နောက် ကုရှင်းရှစ်က ပျော်ရွှင်စွာဖြင့် ပြောလာသည်။

"ငါ ဂရိတ်ဖရုရွက်တွေကိုသုံးပြီး မင်းရဲ့ကံဆိုးမှုတွေကို ဖယ်ရှားပေးချင်တာ... ဒါပေမယ့် အဲ့ဒီအရွက်‌ကို ငါ ဘယ်မှာမှ ရှာလို့မရခဲ့ဘူး... အဲ့ဒါကြောင့် ငါ အသီးကိုပဲ သုံးဖို့ စဉ်းစားမိလိုက်တယ်... သူတို့က အပင်တစ်ပင်တည်းကပဲလေ ဟုတ်တယ်မလား... ဂရိတ်ဖရုသီးကလည်း အလုပ်ဖြစ်လောက်ပါတယ်... ငါတို့ အဲ့ဒါကို စားလို့ရတယ်လေ... ဘယ်လောက်လက်တွေ့ကျလိုက်သလဲ..."

ချင်ဝမ် "..."

ကုရှင်းရှစ်မှာမူ တက်တက်ကြွကြွဖြင့် ဂရိတ်ဖရုသီး၏ အခွံများကို ခွာနေပြီဖြစ်၏။ 

အသီးကို နှစ်ခြမ်းခွဲရန် ကြိုးစားနေသော ကုရှင်းရှစ်ကိုကြည့်ပြီး ချင်ဝမ် မျက်ခုံးများ မြင့်တက်သွားရ၏။ ထို့နောက် သူ ပြောလိုက်သည်။
"ကျွန်တော် လုပ်လိုက်မယ်..."

ကုရှင်းရှစ်က ဂရိတ်ဖရုသီးအား ချင်ဝမ့်ထံ ပေးလိုက်၏။

သွယ်လျသော သူ့လက်ချောင်းများက အသီးတစ်ခုလုံးကို မြန်မြန်ဆန်ဆန်ဖြင့် အခွံခွာနေပြီး ဖြတ်တောက်မှု အနည်းငယ်ဖြင့်ပင် ချင်ဝမ်သည် အခွံကို အလွှာလိုက် အချပ်လိုက် ကွာချသွားစေ၏။ 

သူက သူ၏လက်ချောင်းများကို အသီးစပ်ကြောင်းပေါ်တွင်တင်လိုက်ပြီး ပျော့ပျောင်းသော သူ၏လက်များဖြင့် အားအနည်းငယ်သုံးကာ ဂရိတ်ဖရုသီးအား နှစ်ခြမ်း ခြမ်းလိုက်သည်။

ကုရှင်းရှစ်အား ကူညီခွင့်မပေးဘဲ ချင်ဝမ်က အစိတ်ကလေးများအတိုင်း ဆက်၍ခွာပြီးနောက် ကုရှင်းရှစ်ထံသို့ တစ်စိတ်လှမ်းပေးရင်း ပြောလိုက်သည်။ 
"စားပါဦး..."

ကုရှင်းရှစ်က တွေဝေခြင်းမရှိဘဲ သစ်သီးစိတ်ကို ယူကာ ပြောလိုက်သည်။
"မင်းလည်း စားလေ... ဒါက တော်တော်လေးချိုတယ်..."

ချင်ဝမ် စိတ်ထဲ၌ သက်ပြင်းချလိုက်ကာ အခြားသစ်သီးတစ်စိတ်ကို သူ့အတွက်သူ အခွံနွှာလိုက်၏။ အခွံနွှာပြီးနောက်တွင် သူ မစားခဲ့ချေ။ ထိုအစား သူ အခြားသစ်သီးစိတ်များမှ အခွံများကို ဆက်၍ ခွာနေခဲ့သည်။

ဤမရပ်မနားလှုပ်ရှားမှုများက သူ၏ပရမ်းပတာဖြစ်နေသော အတွေးများကို ငြိမ်သက်စေခဲ့သည်။

နောက်ဆုံးသစ်သီးစိတ်ကို အခွံနွှာပြီးသွားသောအခါ အခွံနွှာပြီးသောသစ်သီးစိတ်များနှင့်ပြည့်နေသည့်ပန်းကန်ကို ကုရှင်းရှစ်ထံသို့ ပေးရင်း မေးလိုက်၏။
"မင်း ကျွန်တော့်ကို လုပ်စေချင်တာ တစ်ခုခုများ ရှိသေးလား..."

ကုရှင်းရှစ်က တိုက်ရိုက်ပြောဆိုခြင်းကို မကြိုက်ကြောင်း သူ တွက်ဆမိသည်။ ထို့ကြောင့် သူ၏မေးခွန်းကို အဓိပ္ပာယ်ကောက်နိုင်ရန် လမ်းကြောင်းဖွင့်ပေးခဲ့၏။

သို့သော်လည်း သပ်ရပ်စွာအခွံနွှာထားသော သစ်သီးစိတ်များအားကြည့်ရင်း ကုရှင်းရှစ် မတွေးဘဲ မနေနိုင်အောင် ဖြစ်မိသည်။ 

ထူးကဲတဲ့ သရုပ်ဆောင်စွမ်းရည်လည်း ရှိ၊ ချောလည်း ချော၊ ပြီးတော့ အကင်းလည်း ပါး၊ အလိုက်က သိသေး... သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ ပြည့်စုံလွန်း၊ သင့်တော်လွန်းတဲ့သူပဲ..

ကြီးထွားလာသော စိတ်လှုပ်ရှားမှုဖြင့် ကုရှင်းရှစ် မေးလိုက်သည်။
"အနာဂတ်အတွက် မင်း ဘာလုပ်မယ်လို့ စီစဉ်ထားလဲ..."

ချင်ဝမ် အေးခဲသွားခဲ့သည်။

သူ့မိဘများ ကွယ်လွန်သွားကတည်းက ရှင်သန်နေထိုင်နိုင်ရန်နှင့် သူ့ညီမကို စောင့်ရှောက်ခြင်းများတွင် နစ်မြုပ်နေခဲ့ကာ သူ၏အနာဂတ်အတွက်တွေးရန် အချိန်ပင် မရှိခဲ့ချေ။

သူ့ညီမဆုံးပါးသွားပြီးနောက် သူ၏တစ်ခုတည်းသော အာရုံမှာ လက်စားချေရန်သာဖြစ်ပြီး အခြားမည်သည့်အရာများကိုမျှ ခေါင်းထဲသို့ ထည့်ရန် နေရာလပ်မရှိခဲ့ချေ။

ထို့ကြောင့် ကုရှင်းရှစ် ယခုကဲ့သို့ မေးမြန်းလိုက်သောအခါ ဆုံးရှုံးခြင်းကို သူ ခံစားလိုက်ရသည်။

အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့ပြီးနောက် သူ တိုးတိတ်စွာဖြင့် ပြန်ဖြေခဲ့သည်။
"ကျွန်တော် မသိသေးဘူး..."

ကွက်တိပဲ...

ကုရှင်းရှစ် ဂရိတ်ဖရုသီးများကို ချလိုက်ကာ စိတ်လှုပ်ရှားစွာဖြင့် ချင်ဝမ့်အနားသို့ ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွှတ်လိုက်ရင်း မေးလိုက်၏။
"ငါ့မှာ အကြံတစ်ခုရှိတယ်... မင်း စဉ်းစားကြည့်ပါလား..."

ဂရိတ်ဖရုသီး၏ ချိုမြမြရနံ့သည် လေနှင့်အတူ ဖျော့တော့စွာ ပျံ့လွင့်လာခဲ့၏။

ချင်ဝမ်၏ နှလုံးသားမှာ တင်းကြပ်သွားရ၏။ ထို့အပြင် သူ၏ နောက်ကျောမှာလည်း အလိုလိုပင် ဖြောင့်တန်း၍သွားခဲ့သည်။ 

ထို့နောက်တွင် သူ ကုရှင်းရှစ်ပြောသော စကားကို ကြားလိုက်ရ၏။
"သရုပ်ဆောင်တစ်ယောက် ဖြစ်လာဖို့ဆိုရင်ရော..."

ချင်ဝမ် "?"


 

Search Novels