🍉🍉🍉🍉 အခန်း ၄၆


ချင်ဝမ်က ကုရှင်းရှစ် ပေကျင်းသို့ ပြန်သောအခါ လိုက်လာခဲ့သော်လည်း သူ သရုပ်ဆောင်လုပ်ရမည်ကို ယုံကြည်ရန် ခက်ခဲနေသေး၏။

ကားထဲတွင်ထိုင်လျက် ပြတင်းပေါက်အပြင်မှ ရှုပ်ယှက်ခတ်နေသော ယာဉ်ကြောများနှင့် နီယွန်မီးရောင်များကို သူ ကြည့်နေခဲ့သည်။

ပေကျင်းမြို့က သူအလုပ်လုပ်ခဲ့ဖူးသော ပိုင်ရှန့်မြို့၊ ချုံးရှန်မြို့များနှင့် လုံးဝမတူဘဲ မြူးမြူးကြွကြွနှင့် အသက်ဝင်လျက်ရှိ၏။

ချင်ဝမ်က သူ့လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်၏။

ကုရှင်းရှစ်က သူ့အပေါ်ယုံကြည်ချက်အပြည့်ရှိသည်ဟု ထင်ရသော်လည်း ချင်ဝမ်ကမူ သူကိုယ်တိုင်၏ ကိုယ်ပိုင်ကန့်သတ်ချက်များ၊ အားနည်းချက်များကို သိ၏။ သူက ကြည့်ကောင်းပြီး သူ့တွင် အကဲခတ်လေ့လာရန်နှင့် အသံ၊အမူအရာတို့ကို တုပတတ်ရန်အတွက် အနည်းငယ် ပိုမိုကောင်းမွန်သော ဉာဏ်ရည်ရှိသော်လည်း ပေကျင်း၌ ဖုံးကွယ်နေသော ပင်ကိုယ်အရည်အချင်းရှိသူများ၊ လုပ်နိုင်စွမ်းရှိသောသူများနှင့် ပြည့်နှက်နေခဲ့သည်။

ဒီလိုနေရာမျိုးမှာ ငါ့အတွက် နေရာတစ်ခုရအောင် ငါ တကယ် ရပ်တည်နိုင်ပါ့မလား...

ပေကျင်းသို့မလာခင် ကုရှင်းရှစ်က သူ့အား မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့၏ တင်ဆက်မှုဗီဒီယိုများ ပြသခဲ့ခြင်းကို သူသတိရမိ၏။

သူတို့က စင်ပေါ်တွင် လင်းလက်တောက်ပနေခဲ့သည်။

သူတို့က ကတဲ့နေရာမှာရော သီချင်းဆိုတဲ့နေရာမှာပါ ထူးချွန်ကြတယ်... အဲ့ဒါအပြင် မုန့်ယွမ်ရှန့်ဆို သီချင်းတောင် ရေးနိုင်သေးတယ်...

ဒါပေမယ့် ငါ လုပ်တတ်တာ ဘာရှိလဲ...

အချိန်သိပ်မကြာလောက်ပါဘူး... ငါ့မှာ ပါရမီမရှိတာကို ကုရှင်းရှစ်သိပြီး ငါ့ကို သူ လက်လျှော့သွားလောက်တယ်...

ဤအကြောင်းကိုတွေးရင်း သူ၏နှလုံးသားက စူးစူးရှရှ နာကျင်လာခဲ့သည်။

ပြီးခဲ့သော ရက်များက ချင်ဝမ့်အတွက် စိတ်ကူးယဉ်အိပ်မက်တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။

သူ့ဘဝတလျှောက်လုံးတွင် အခြားလူများအတွက် သူကသာ ကာကွယ်ပေးသူ၊ သူကသာလျှင် ဂရုစိုက်ပေးသူဖြစ်ခဲ့၏။

အနာဂတ်က မရေရာမသေချာသော အချိန်များမှာပင် သူက သူ့ကိုယ်သူ ရှေ့ဆက်ရန် တွန်းအားပေးခဲ့ပြီး သူ၏ ပျော့ညံ့မှုကို ဘယ်တော့မှ ပြသခွင့်မပြုခဲ့ပေ။

သို့သော်လည်း ကုရှင်းရှစ် ပထမဦးဆုံးအကြိမ် ရောက်လာစဉ်ကတည်းက ဂရုစိုက်ခံရလျှင် မည်ကဲ့သို့ ခံစားရကြောင်း သူ တွေ့ကြုံခံစားဖူးခဲ့ရ၏။

ဟိုတယ်တွင် အမည်စာရင်းသွင်းခြင်းမှစ၍ စားရေးသောက်ရေးကဲ့သို့ အသေးစိတ်အချက်လက်များအထိသာမက ပေကျင်းသို့ပြန်လာသည့် ခရီးစဉ်တစ်လျှောက်လုံး ကုရှင်းရှစ်က အရာရာတိုင်းကို ဂရုစိုက်ပေးခဲ့သည်။

ကုရှင်းရှစ်က သူ့ကို ရေချိုးသန့်စင်ရန် ခေါ်သွားပေးခဲ့ပြီး သူ၏ ကံဆိုးမှုများအားလည်း ဂရိတ်ဖရုသီးသုံးကာ ဖယ်ရှားပေးခဲ့သေးသည်။ သူတို့ သူ့ညီမ၏အုတ်ဂူသို့ သွားစဉ်အခါကလည်း စက္ကူများ၊ အမွှေးတိုင်နှင့် လက်ဆောင်ပစ္စည်းများကို ကုရှင်းရှစ်က ကြိုတင်ပြင်ဆင်ပေးခဲ့သည်။ သူ၏ တွေးခေါ်တတ်မှုမှာ အပြစ်ပြောစရာပင် မရှိချေ။

အရေးအကြီးဆုံးမှာ ယိမ်းယိုင်ခြင်းမရှိသော ကုရှင်းရှစ်၏ ယုံကြည်မှုပင်။ ကုရှင်းရှစ်၏ အနီးအနားတွင် ရှိနေရုံနှင့်ပင် ရှားပါးသော သာယာအေးချမ်းမှုတို့ ရောက်ရှိလာသလိုပင်။

ချင်ဝမ်က သူ့ကိုယ်သူ ပင်လယ်ထဲ မျောပါနေသည့် လှေငယ်ပေါ်တွင် ရောက်နေသကဲ့သို့ ခံစားရပြီး နောက်ဆုံးတွင် ဘေးကင်းလုံခြုံသော ဆိပ်ကမ်းတစ်ခုကို တွေ့ခဲ့ပြီဖြစ်သည်။

ပထမတွင် သူ ကုရှင်းရှစ်အား ကျေးဇူးဆပ်ချင်ခဲ့သည်။ သို့သော် ဤရက်များကို ကုရှင်းရှစ်နှင့်အတူ ကုန်ဆုံးပြီးသည့်နောက်တွင် ထိုလုံခြုံစိတ်ချရသော ခံစားချက်များအပေါ် သူ၏တွယ်တာနေမှုမှာ ပို၍ကြီးထွားလာခဲ့သည်။ 

ကုရှင်းရှစ် သူ့အား ချန်ထားရစ်ခဲ့ပါလျှင် ဤအခြေအနေမျိုးကို ဆုံးရှုံးသွားနိုင်သည်ဟူသော အတွေးက သူ့ကို ကြောက်လန့်စိတ်ဝင်စေကာ ကြိုတင်ဟန့်တားလိုစိတ်များဖြင့် ပြည့်‌နှက်နေစေခဲ့သည်။

သို့သော် ချင်ဝမ်က ၎င်းကို ကောင်းကောင်း ဖုံးကွယ်ထားနိုင်ခဲ့ပြီး ကုရှင်းရှစ်က သူ့ကို တိုက်ခန်းတံခါးပေါက်ဆီသို့ ခေါ်ဆောင်သွားသည်အထိ သူထံမှ ထူးထူးခြားခြားတစ်စုံတစ်ရာကိုမျှ ကုရှင်းရှစ် သတိမထားမိခဲ့ပေ။ 

၎င်းက အိပ်ခန်းနှစ်ခန်းပါရှိသော တိုက်ခန်းဖြစ်သည်။

ပရိဘောဂခင်းကျင်းထားမှုမှာ ရိုးရှင်းပြီး အခန်းကလည်း သန့်ရှင်းသပ်ရပ်ကာ ကောင်းကောင်းထိန်းသိမ်းထားပုံပင်။ တစ်ဖက်အခန်း၏တံခါးမှာ တင်းတင်းကြပ်ကြပ်ပိတ်ထားပြီး တံခါးထက်၌ မုန့်ယွမ်ရှန့်ဟူသော သင်္ကေတပါသည့် သစ်သားပြားငယ်တစ်ခု ချိတ်ဆွဲထားလျက်ရှိသည်။

ကုရှင်းရှစ်က ထိုအခန်းနှင့် သူ့ကို မိတ်ဆက်ပေးလိုက်သည်။
"ဒီအခန်းမှာ နေတဲ့သူက မင်းရဲ့တိုက်ခန်းဖော် မုန့်ယွမ်ရှန့်တဲ့... သူက မင်းငယ်ငယ်တုန်းက ကယ်ပေးဖူးခဲ့တဲ့ ကလေးလေးလေ... အခု သူက နှစ်နှစ်စာချုပ် ချုပ်ထားတဲ့ ယောင်္ကျားလေးအဖွဲ့မှာ သူ့အလုပ်တွေနဲ့သူ မအားဘူး... ပြီးတော့ သူတို့အတွက်စီစဉ်ပေးထားတဲ့ အိပ်ဆောင်မှာပဲ နေနေတာလေ... တစ်ခါတလေလောက်မှပဲ ဒီကို ပြန်လာတာ..."

ချင်ဝမ် အနည်းငယ် တုန်လှုပ်သွား၏။

ကုရှင်းရှစ်က သူ့ကို မင်းသားတစ်ယောက်ဖြစ်စေချင်သည်ဟု ပြောပြီးသည့်နောက် သူ ဖျော်ဖြေရေးလောကကို လျှို့ဝှက်စွာ သုတေသနလုပ်ကြည့်ခဲ့သည်။

သူဖတ်ဖူးသည့်အထဲမှ ပွဲဦးထွက်ပြီး‌သောအနုပညာရှင်နှင့် ပွဲဦးမထွက်ရသေးသော အနုပညာရှင်တို့ကြား ဆက်ဆံပုံမှာ အလွန်ကွာခြား၏။

ပွဲဦးထွက်ပြီး ဝင်ငွေများများရှာပေးနိုင်သော အနုပညာရှင်များကသာ ကုမ္ပဏီ၏ အာရုံစိုက်မှုကိုခံရပြီး ပိုမိုကောင်းမွန်သော လူနေမှုအဆင့်အတန်းနှင့် အကျိုးအမြတ်များကို ရရှိနိုင်သည်။

မကျော်ကြားသော အနုပညာရှင်များ အထူးသဖြင့် ငွေယိုပေါက်အဆင့်ဖြစ်နေသော အနုပညာရှင်အများစုကမူ ကုန်ကျစရိတ်သက်သာစေရန် တိုက်ခန်းကို ခုနှစ်ဦး ရှစ်ဦးအထိ မျှ၍သုံးကာ မကြာခဏ နေရတတ်သည်။

ထို့ကြောင့် ချင်ဝမ်က ထိုအမှန်တရားအတွက် သူ့စိတ်ကို ကြိုတင်ပြင်ဆင်ခဲ့သည်။ 

ဒီနေရာရောက်တော့ ငါက မုန့်ယွမ်ရှန့်ရဲ့ ဘေးခန်းမှာ နေရမယ်တဲ့... ဒီလိုနေရဖို့ ထိုက်တန်တဲ့အထိ ငါက ဘာတွေများလုပ်ပေးခဲ့လို့လဲ...

သို့သော်လည်း ကုရှင်းရှစ်က သူ့အမူအရာကို အဓိပ္ပာယ်ကောက်လွဲခဲ့၏။

ချင်ဝမ့်တွင် တိတိကျကျစိတ်ကူးအိပ်မက်များ မရှိကတည်းက ကုရှင်းရှစ်သည် မုန့်ယွမ်ရှန့်၏ဘဝကို ကြယ်ပွင့်တစ်ယောက်ကဲ့သို့ ဆွဲဆောင်မှုရှိသော ပန်းချီကားအဖြစ် ခြယ်မှုန်းကာ သူ့အား စာချုပ်တွင် လက်မှတ်ထိုးရန် သိမ်းသွင်းစည်းရုံးခဲ့သည်။ 

ဤသို့နေထိုင်ခြင်းက စင်ပေါ်တွင် စွဲမက်ဖွယ်ကောင်းအောင်အထိ တောက်ပနေသော နာမည်ကျော်များကလည်း နောက်ကွယ်တွင် တိုက်ခန်းမျှ၍သုံးနေရသည်ဟု ဖြစ်သွားခဲ့သလိုပင်။

ဟုတ်တာပေါ့... ချင်ဝမ်လည်း နည်းနည်းတော့ စိတ်ပျက်သွားမှာပဲ...

ထို့ကြောင့် ကုရှင်းရှစ်က လျင်လျင်မြန်မြန်ပင် ချင်ဝမ့်အား စိတ်ချလက်ချဖြစ်စေရန် ပြောလိုက်သည်။
"အခုချိန်မှာ ငါတို့ကုမ္ပဏီက အရမ်းမချမ်းသာသေးဘူး... အဲ့ဒါကြောင့် အခုလောလောဆယ်တော့ မင်း အားရှန့်နဲ့ တိုက်ခန်းမျှသုံးပေးပါဦး...ဒါပေမယ့် ငါတို့ ပိုက်ဆံပိုရှိလာတဲ့အခါကျ ပိုကြီးတဲ့နေရာကို အဆင့်တိုးမြှင့်ပေးမှာပါ..."

"မဟုတ်ဘူး... မဟုတ်ဘူး... ကျွန်တော် ဆိုလိုတာ အဲ့ဒါမဟုတ်ဘူး..."
ချင်ဝမ်က အလောတကြီး ရှင်းပြခဲ့သည်။

ချင်ဝမ်၏ စိတ်လှုပ်ရှားမှုအပြည့်နှင့် ဖြေရှင်းချက်ကို ကြားပြီးသည့်နောက် ကုရှင်းရှစ် အံ့ဩသွားခဲ့ရ၏။

သူက တွေးခေါ်ရာတွင် အနည်းငယ် နုံအသွားကြောင်း ကုရှင်းရှစ် သိသွားခဲ့သည်။

ချင်ဝမ်ကဲ့သို့ ဖန်သားပြင်ကြီးကြီးနှင့် သဘာဝကျကျလိုက်ဖက်နေသော ပါရမီရှိသူသည် သူ၏အလားအလာရှိမှုများကို သေးငယ်သော အရံဇာတ်ကောင်များရိုက်ကူးခြင်းဖြင့် မဖြုန်းတီးသင့်ချေ။

သူ ပေကျင်းသို့ပြန်မလာမီ ချင်ဝမ်အတွက် အသံနည်းပြ၊ သရုပ်ဆောင်နည်းပြများကို ကြိုတင်ချိတ်ဆက်ထားပြီးဖြစ်သည်။ ချင်ဝမ်၏ စွမ်းရည်များကို ဂရုတစိုက် မွမ်းမံရန်နှင့် နောက်ဆုံးတွင် ချင်ဝမ် တောက်ပလာစေရန်အတွက် ပြီးပြည့်စုံသော အခွင့်အလမ်းကို ရှာဖွေပေးရန် စီစဉ်ထား၏။

သရုပ်ဆောင်အများစုအတွက် ဤကဲ့သို့ စီစဉ်ပေးမှုက အကောင်းဆုံးနှင့် အပျော်ရွှင်ရဆုံး အနုပညာလမ်းကြောင်းဖြစ်သည်။

သို့သော် ချင်ဝမ့်အတွက်မူ ၎င်းက အကောင်းဆုံးသော လမ်းကြောင်းတစ်ခု မဟုတ်သည်မှာ အသေအချာပင်။

ချင်ဝမ်က ငယ်ရွယ်စဥ်မှစ၍ အခက်အခဲများကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရပြီး ကမ္ဘာကြီး၏ အေးစက်မှုကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။ သူ့တွင် နက်ရှိုင်းလှသော စိတ်မလုံခြုံမှုတို့ ခိုအောင်းနေခဲ့သည်။

သရုပ်ဆောင်တစ်ယောက်ကဲ့သို့ ချောမွေ့သော အသက်မွေးမှုလုပ်ငန်းရရှိခြင်းထက် သူ ၎င်းကို မက်မောတောင့်တခြင်းရှိရန်လည်း လိုအပ်နေသေး၏။

ချင်ဝမ်က စင်ပေါ်၌ ဖျော်ဖြေနေသော မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့အား သဘောကျသည်ကို ကုရှင်းရှစ် မြင်သောအခါ ချင်ဝမ်က သူတို့၏တောက်ပနေမှုကို အားကျခြင်းဖြစ်မည်ဟု သူ ထင်ခဲ့သည်။ 

ယခုတွင် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့က ပွဲဦးထွက်ပြီးဖြစ်ကာ လိုအပ်သောပိုက်ဆံများကိုလည်း ရှာနိုင်နေခြင်းကိုသာ ချင်ဝမ်က ရိုးရှင်းစွာ အားကျနေသည်ဖြစ်ကြောင်း ကုရှင်းရှစ် သဘောပေါက်သွား၏။

ဝမ်းနည်းမှုလှိုင်းလုံးတစ်ခုမှာ ကုရှင်းရှစ်၏နှလုံးသားတွင် မြင့်တက်၍လာခဲ့သည်။

ချက်ချင်းပင် သူ ချင်ဝမ့်အတွက် ပြင်ဆင်စီစဉ်ထားသော မူလလမ်းကြောင်းကို ဖျက်သိမ်းပြီး ပြောလိုက်သည်။
"မနက်ဖြန်ကစပြီး မနက်ပိုင်းအတန်းချိန်တွေအတွက် ငါချပေးထားတဲ့ အချိန်ဇယားအတိုင်း မင်းလိုက်လုပ်ရမယ်... နေ့လည်ပိုင်းကျရင် မင်း နည်းနည်းလောက်တော့ ပိုပြီးကြိုးစားရလိမ့်မယ်... လူရွေးပွဲတွေမှာလည်း သွား‌ဖြေရလိမ့်မယ်..."

ချင်ဝမ်၏မျက်လုံးများ ဝင်းလက်သွားကာ ပြန်ဖြေလိုက်၏။
"အလုပ်ကြိုးစားရမှာကို ကျွန်တော် မကြောက်ပါဘူး..."

တကယ့်လက်တွေ့၌ ကုရှင်းရှစ် ချမှတ်ထားသော အချိန်ဇယားမှာ အလွန်ပင် ညှာတာမှု ကင်းမဲ့၏။

မနက် ၆နာရီတွင် အိပ်ရာမှထကာ မနက်ပိုင်းလေ့ကျင့်ခန်းနှင့် အသံလေ့ကျင့်မှုကို တစ်ပြိုင်တည်း တွဲလုပ်ရမည်ဖြစ်ပြီး ၇နာရီခွဲတွင် မနက်စာစားရမည် ဖြစ်သည်။ သူ့ခန္ဓာကိုယ်ကို ထိန်းသိမ်းရန်နှင့် အသားအရေကို ဂရုစိုက်ရန် မနက်စာမှာ အာဟာရဖြစ်သော ခပ်ပေါ့ပေါ့အစားအစာများဖြစ်သည်။

အတန်းချိန်များမှာ ၈နာရီခွဲတွင် စတင်ပြီး နောက်သုံးနာရီ နေ့လည်စာမစားမီအချိန်အထိ နားချိန်ဟူ၍ လုံးဝမရှိချေ။ နေ့လည်စာမှာမူ မနက်စာနှင့်တူညီစွာ အရသာမရှိသော အဆီပါဝင်မှုနည်းသော အစားအစာပင် ဖြစ်သည်။

နေ့လည်ပိုင်းတွင် လူတွေ့စစ်ဆေးခြင်းများ မရှိပါက အွန်လိုင်းပေါ်မှ ရုပ်ရှင်စိစစ်လေ့လာရေးအတန်းများကို တက်ရောက်ရမည်ဖြစ်သည်။

လူတွေ့စစ်ဆေးမှုများရှိပါက ကံကောင်းသည့်ရက်များတွင် မြို့တွင်း၌ နာရီအနည်းငယ်မျှသာသွား၍ ဖြေဆိုရသော်လည်း ကံဆိုးသည့်ရက်များတွင်မူ အခြားမြို့အထိ လေယာဉ်ဖြင့် သွားရကာ လူတွေ့စစ်ဆေးမှုဖြေဆိုပြီးနောက် နေ့ချင်းပင် ပေကျင်းသို့ ပြန်လာရပေလိမ့်မည်။

ကုရှင်းရှစ်က အချိန်ဇယားမှာ အနည်းငယ်လွန်ကဲသည်ဟု ခံစားရသော်လည်း သူက သူ့စိတ်ကို သူ မာကျောအောင်လုပ်ရမည်ဖြစ်သည်။

ချင်ဝမ်က မုန့်ယွမ်ရှန့်ထက် တစ်နှစ်မျှ ငယ်သော်လည်း ယှဉ်ပြိုင်ခြင်းများ တိုးပွားလျက်ရှိသော ဖျော်ဖြေရေးလောကတွင် သူ၏အသက်အရွယ်မှာ အနည်းငယ် အားနည်းချက်များရှိခဲ့သည်။ ထို့အပြင် သူက စနစ်တကျ လေ့ကျင့်မှုများလည်း ကင်းမဲ့နေသေးသးည်။ ဆယ်စုနှစ်ကြာမျှ သူတို့၏စွမ်းဆောင်ရည်များကို ဂုဏ်ပြုခြင်းခံလာရသော အခြားသရုပ်ဆောင်များထက် သာလွန်နိုင်ရန် သူက ခြွင်းချက်မရှိ အလုပ်ကြိုးစားရလိမ့်မည်။

သို့သော်လည်း ချင်ဝမ်က သူ့အား အံ့အားသင့်စေခဲ့သည်။

အချိန်ဇယားမှာ အလွန်ပင်ပန်းသော်လည်း သူ ဘယ်‌တော့မှ မကျေမနပ်မဖြစ်ခဲ့ချေ။ လေ့လာခြင်းတွင် သူ၏စူးစိုက်နစ်မြုပ်ထားမှုမှာ အလွန်ပြင်းထန်၏။ ဆရာက ယနေ့တွင် မည်သည့်ကိစ္စတစ်ခုကိုမဆို ထောက်ပြခဲ့ပါက နောက်တစ်နေ့တွင် သူက ထိုအရာများကို အမှန်ပြင်ခဲ့ပြီး နောင်တွင် ထိုအမှားများကို သူ ဘယ်တော့မှ ထပ်၍မလုပ်ခဲ့ချေ။

အချို့သောဆရာများက ချင်ဝမ်က လျင်လျင်မြန်မြန်ဖြင့် တိုးတက်နေပြီဖြစ်သောကြောင့် ချင်ဝမ်နှင့်ပတ်သက်၍ အလွန်မတင်းကြပ်သင့်ကြောင်း ကုရှင်းရှစ်အား ညင်သာစွာ အကြံပေးခဲ့ကြသည်။

ကုရှင်းရှစ်ကမူ ကူကယ်ရာမဲ့စွာနှင့် ရယ်နေရုံသာ တတ်နိုင်ခဲ့သည်။

သို့သော်လည်း မကြာမီပင် ၎င်းမှာ ကုရှင်းရှစ်နှင့်ပတ်သက်သော ကိစ္စမဟုတ်ဘဲ ချင်ဝမ်ကသာ တကယ့်ကို သဘာဝအလျောက် ပုံမှန်ထက် စွမ်းဆောင်နိုင်သူဖြစ်ကြောင်း ဆရာများ သိရှိသွားခဲ့သည်။

သူက အလုပ်ကြိုးစားရုံသာမက ထူးခြားပြောင်မြောက်သော ပါရမီရှိသူလည်းဖြစ်သည်။

တစ်ခါက ကုရှင်းရှစ် အခြားသော စီးပွားရေးလုပ်ငန်းများကို ကိုင်တွယ်ဖြေရှင်းပြီး၍ ပြန်လာသောအခါ ချင်ဝမ် သင်ခန်းစာတစ်ခု သင်ကြားနေချိန်နှင့် သူ အမှတ်တမဲ့ကြုံခဲ့သည်။ သရုပ်ဆောင်နည်းပြဆရာက ချင်ဝမ်အား သီးသန့်ဇာတ်ကွက်တစ်ခုကို သရုပ်ဆောင်ပြရန် သတ်မှတ်ပေးခဲ့သည်။

ချင်ဝမ်က သရုပ်ဆောင်အတန်း နှစ်ချိန်သာ တက်ရသေးပြီး ယခုကဲ့သို့ လေ့ကျင့်ခန်းမျိုးကို နဖူးတွေ့ ဒူးတွေ့ ကြုံရခြင်းမှာ ပထမဦးဆုံးအကြိမ်ပင်။

၎င်းကို ငါးမိနစ်ခန့်မျှ စဉ်းစားပြီးသည့်နောက် သူ သရုပ်ဆောင်ခြင်းကို စတင်ခဲ့သည်။

ဆယ်မိနစ်မပြည့်ခင်မှာပင် သူ့ဆရာအား မျက်ရည်ကျသည်အထိ သူ သရုပ်ဆောင်ပြနိုင်ခဲ့သည်။

လျန်ဝမ်ကျွင်း၏အဆက်အသွယ်နှင့် ကုရှင်းရှစ် ငှားထားခဲ့သော ဤဆရာများသည် ဖျော်ဖြေရေးလောကတွင် အလွန်လေးစားခြင်းခံရသူများ ဖြစ်ကြသည်။

သူတို့က မရေတွက်နိုင်သည်အထိ များပြားလှသော သရုပ်ဆောင်များကို လေ့ကျင့်သင်ကြားပေးခဲ့သူများလည်း ဖြစ်ကြ၏။ ထို့ကြောင့် ချင်ဝမ်က ထိုဆရာများထဲမှ တစ်ယောက်ကို မျက်ရည်ကျသည်အထိ လှုံ့ဆော်ပေးနိုင်ခဲ့ခြင်းမှာ သူ၏ စွမ်းဆောင်ရည်က မည်မျှထူးခြားသည်ကို ပြသခဲ့ခြင်းပင်။ 

သို့သော် အတန်းချိန်များတွင် သူ၏တင်ဆက်မှုများက အထင်ကြီးစရာကောင်းသော်လည်း သူ သွားရောက်ဖြေဆိုခဲ့သော လူတွေ့စစ်ဆေးမှုတစ်ခုချင်းစီတိုင်းကိုမူ  á€Ąá€ąá€Źá€„်မဟင်ခဟင်းမရသိခဲအခဝ္။

ချင်ဝမ်က အနည်းငယ် စိတ်ပျက်မိခဲ့သော်လည်း ကုရှင်းရှစ်ကို စိတ်ပျက်အောင် လုပ်မိသွားခဲ့လျှင်ဟူသော ခံစားချက်က သူ့အား ပို၍ စိတ်သောကရောက်စေသည်။

ကုရှင်းရှစ်မှာမူ ချင်ဝမ်၏ သရုပ်ဆောင်စွမ်းရည်ကို သံသယမရှိခဲ့သော်လည်း သူ စိတ်ရှုပ်သွားခဲ့ရသည်။

အဆုံးတွင် သူက ဤထုတ်လုပ်ရေးများကို စေ့စေ့စပ်စပ်‌ ရွေးချယ်ထားခြင်း ဖြစ်၏။

သူက ကလိမ်ကကျစ်ကျသော ထုတ်လုပ်ရေးများနှင့် ပြိုင်ဆိုင်မှုပြင်းထန်သော အကြီးစားထုတ်လုပ်ရေးလုပ်ငန်းများကို စာရင်းမှ ပယ်ခဲ့ပြီး ကောင်းမွန်သင့်တင့်သော ပတ်ဝန်းကျင်နှင့် ပြိုင်ဆိုင်မှုမပြင်းထန်သော တတိယ သို့မဟုတ် စတုတ္ထ ဇာတ်လိုက်မင်းသားကဲ့သို့ ဇာတ်ပို့များသာရှိသေးသည့် အလယ်အလတ်အဆင့် ထုတ်လုပ်ရေးများကိုသာ သူ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အထူးသဖြင့် ထိုဇာတ်ရုပ်များမှာ ယှဉ်ပြိုင်အနိုင်ယူနိုင်ရန် ခက်ခဲသောစိန်ခေါ်မှုများပင် မဟုတ်ခဲ့ချေ။ ထို့ကြောင့် ချင်ဝမ်၏ သရုပ်ဆောင်စွမ်းရည်နှင့်ဆိုလျှင် ထိုဇာတ်ရုပ်များထဲမှ တစ်ခုကို လွယ်လွယ်ကူကူ ရယူနိုင်ခဲ့သင့်သည်။

စိတ်ရှုပ်ထွေးစွာနှင့်ပင် သူ လျန်ဝမ်ကျွင်းနှင့် ဆွေးနွေးတိုင်ပင်ရန် ဆုံးဖြတ်ခဲ့သည်။

နားထောင်ပြီးသည့်နောက်တွင် လျန်ဝမ်ကျွင်းက ရယ်မောရင်း ပြောလိုက်သည်။
"မင်းက ဒီနေရာက လှည့်ကွက်တွေထဲ ရောက်သွားတာကိုး..."

ကုရှင်းရှစ်က လျင်မြန်စွာ ပြန်ဖြေခဲ့၏။
"အစ်မဝမ်ကျွင်းရေ... ကျွန်တော့်ကို အသိအမြင်ကြွယ်အောင် ရှင်းပြပေးပါဦး..."

လျန်ဝမ်ကျွင်းက ရှင်းပြခဲ့သည်။


🍉🍉🍉🍉 အခန်း ၄၇


"ဒီဇာတ်ရုပ်တွေအတွက်က သရုပ်ဆောင်စွမ်းရည်ကောင်းကောင်းရှိဖို့ မလိုဘူးလေ... 100ရာခိုင်နှုန်း သရုပ်ဆောင်နိုင်တာနဲ့ 60ရာခိုင်နှုန်း သရုပ်ဆောင်နိုင်တာရဲ့ကြားက ကွာခြားချက်ကလည်း သိသိသာသာ အရေးမပါဘူး... အဲ့ဒါကြောင့် တချို့ထုတ်လုပ်ရေးတွေက အဲ့ဒီဇာတ်ရုပ်တွေကို ရင်းနှီးမြှုပ်နှံသူတွေ သဘောကျတဲ့သူ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံသူတွေက ကျောထောက်နောက်ခံပေးထားတဲ့သူ အဲ့ဒီလို အဆက်အသွယ်ရှိတဲ့သူတွေအတွက် သီးသန့်ဖယ်ထားတတ်ကြတယ်... ချင်ဝမ် အရွေးမခံရတာက သူ့အပြစ်မဟုတ်ပါဘူး... အဲ့ဒီနေရာတွေက သူများဦးထားပြီးသား ဖြစ်နေလို့လေ..."

ကုရှင်းရှစ် မျက်မှောင်ကြုတ်ကာ မညည်းညူဘဲ မနေနိုင်ခဲ့ချေ။ 
"အဲ့လိုကိစ္စတွေ ရှိနေရင်လည်း ဘာလို့ လူတွေ့စစ်ဆေးပွဲတွေ လုပ်နေကြသေးလဲ... အဲ့ဒါက တခြားသူတွေရဲ့အချိန်တွေကို ဖြုန်းတီးခိုင်းနေတာပဲ မဟုတ်ဘူးလား..."

သူ ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် သူက တော်တော်လေး နုံအသေးသည်ဟု သဘောပေါက်သွားရသည်။

လျန်ဝမ်ကျွင်းက ပြန်ဖြေခဲ့သည်။
"မင်းပြောတာ မမှားပါဘူး... ဒါပေမယ့် လူတိုင်းက ဒီနည်းပါးတဲ့အခွင့်အရေးလေးကိုပဲ လောင်းကြေးထပ်ချင်နေကြတာ မဟုတ်လား..."

ဖျော်ဖြေရေးလောက၏ စည်းမျဉ်းများက အမြဲတမ်းပင် အကြင်နာမဲ့ကာ ရက်စက်၏။

အရည်အချင်းရှိလျှင်ပင် အောင်မြင်မှုရရှိရန်မှာ အာမခံချက် မရှိပေ။

ဖုန်းချပြီးသည့်နောက် ကုရှင်းရှစ် အတွေးထဲသို့ နစ်မြုပ်သွားရသည်။

သူ အနည်းငယ် မချင့်မရဲဖြစ်မိသော်လည်း ဖြေရှင်းနည်းကို တွက်ဆရန်ကြိုးစားရင်း လျင်လျင်မြန်မြန်ပင် ပြန်၍စိတ်အဆင်ပြေလာခဲ့သည်။ 

သရုပ်ဆောင်စွမ်းရည်အရရော ရုပ်ရည်အရပါ ချင်ဝမ်က ထိပ်တန်းအဆင့်ပဲ...

သူသာ သေးငယ်ပြီး မကျော်ကြားတဲ့ လဲ့ရှစ်ကုမ္ပဏီကသာ မဟုတ်ခဲ့ရင် ကျော်ကြားနေလောက်ပြီ...

နောက်ဆုံးမှာ ချင်ဝမ့်ကို ဆွဲချနေခဲ့တာ ငါ့ရဲ့ကိုယ်ပိုင်ကန့်သတ်ချက်တွေကြောင့်ပဲ...

ကုရှင်းရှစ်က မချင့်မရဲဖြစ်စွာ သူ့ခေါင်းကို ဆွဲဖွလိုက်မိသည်။

သို့သော်လည်း လဲ့ရှစ်၏အခြေအနေမှာ သူတို့ဖြစ်သင့်သည့်အခြေအနေအတိုင်းပင်ဖြစ်၏။ သူ မျက်လှည့်ဆန်စွာနှင့် ၎င်းကို ကုမ္ပဏီကြီးတစ်ခုအဖြစ် မပြောင်းလဲနိုင်ပေ။

ထို့နောက် သူ အကြံတစ်ခုကို သတိရသွားခဲ့သည်။

ငါ ကုမ္ပဏီကို မပြောင်းလဲနိုင်ပေမယ့် အားကောင်းတဲ့ ကျောထောက်နောက်ခံတစ်ယောက်ကိုတော့ ဖန်တီးပေးနိုင်ပါတယ်... 

*

စွန်းဟုန်ဖေးက ထန်လင်းထံမှ တာဝန်ပေးခံထားရပြီးကတည်းက ထိုတာဝန်အပေါ်တွင်သာ လုံးလုံးလျားလျား အာရုံစိုက်ထားခဲ့၏။

သူ ကိုယ်တွယ်နိုင်သည်ဟု ထန်လင်းအား အခိုင်အမာပြောထားသော်လည်း ခက်ခဲမှုများရှိနေကြောင်း သူသိခဲ့ရသည်။

ဖျော်ဖြေရေးကုမ္ပဏီအများစုအတွက် အဓိကပြဿနာများမှာ အရင်းအမြစ်ချို့တဲ့မှု သို့မဟုတ် အရည်အချင်းရှိသော အနုပညာရှင်ရှားပါးမှုတို့ ဖြစ်၏။

ကုရှင်းရှစ်၏ စီမံအုပ်ချုပ်မှုအောက်တွင် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့သာ ရှိပြီး သူတို့၏ ယခုလတ်တလော ကျော်ကြားမှုများနှင့်ဆိုပါက သူတို့သည် ထိပ်တန်းအရည်အချင်းရှိသူများဖြစ်ကြသည်ဟု မည်သူမဆို ဝန်ခံကြလိမ့်မည်ဖြစ်သည်။ သူတို့နှစ်ဦးထဲမှ တစ်ဦးချင်းစီကပင် အဖွဲ့တစ်ခုလုံးနှင့် ထိုက်တန်၏။

အရင်းအမြစ်အားဖြင့်လည်း ထျန်းချန်ဗီဒီယိုမှ ရရှိနေခြင်းဖြစ်သောကြောင့် ချို့တဲ့မှုမရှိဘဲ အားလုံးအဆင်ပြေနေကြောင်း စွန်းဟုန်ဖေးသိ၏။ အမှန်တွင် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့မှာ အဖွဲ့တစ်ခုလုံးတွင် အကောင်းဆုံးအရင်းအမြစ်များကို ရရှိခဲ့ကြပြီး အခြားသူများ၏ မျက်နှာများအား မနာလိုမှုဖြင့် စိမ်းဖန့်သွားစေခဲ့သည်။

တကယ်လို့ ငါသာ ဥက္ကဌကုရဲ့နှလုံးသားကို အမှန်တကယ် ထိရှသွားစေမယ့် တစ်စုံတစ်ခုကို မပို့ပေးနိုင်ခဲ့ရင် ဥက္ကဌဝမ်ရဲ့ဂရုစိုက်မှုကို ငါ ဘယ်လိုများ သိသာအောင်ပြသပေးရပါ့မလဲ...

ထို့နောက်တွင် ကုရှင်းရှစ်က သရုပ်ဆောင်အဖြစ် အရည်အချင်းရှိသူ လူသစ်တစ်ဦးနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်းကို စွန်းဟုန်ဖေးကြားခဲ့ရသည်။ ထို လူသစ်မှာ လတ်တလောတွင် လူတွေ့စစ်ဆေးခြင်းများဖြေဆိုနေခဲ့သော်လည်း မကြာခဏဆိုသလိုပင် ငြင်းပယ်ခြင်းခံနေရ၏။

စွန်းဟုန်ဖေး အသိတရားရစွာ သူ့ပေါင်သူ ရိုက်လိုက်သည်။

ဟူး...

ဥက္ကဌကုက အခုချိန်ထိ ခေါင်းမာနေတုန်းပဲကိုး...

ဥက္ကဌဝမ်လို ကျောထောက်နောက်ခံရှိနေရဲ့သားနဲ့ ဘာကြောင့် အဲ့ဒါကို အသုံးမချရတာလဲ... အဲ့ဒီလို အသုံးချရမယ့်အစား သူက ပင်ကိုယ်အရည်အချင်းတစ်ခုတည်းကို အားကိုးပြီး အရာရာကို ခက်ခက်ခဲခဲ မလျော့တမ်း လုပ်ချင်နေတုန်းပဲ...

လူတိုင်းက ငါ့လို ထိုးထွင်းသိမြင်နိုင်တဲ့ဉာဏ်မျိုး မရှိကြဘူးပဲ...

လူအိုကြီးစွန်းက သူ့ကိုယ်သူ တွေးလိုက်၏။

ထို့နောက်တွင် ဤအရာက ပြီးပြည့်စုံသော အခွင့်အရေးဖြစ်ကြောင်း သူ သဘောပေါက်ခဲ့သည်။

ဒီလိုဆိုရင် ငါ ဥက္ကဌကုကိုလည်း ကူညီနိုင်ပြီး ဥက္ကဌဝမ်ရဲ့ တာဝန်ကိုလည်း လုပ်ပေးပြီးသားဖြစ်သွားမယ်...

စွန်းဟုန်ဖေးက ချက်ချင်းလက်ငင်းပင် စတင်လှုပ်ရှားတော့သည်။

***

ဖြေရှင်းနည်းကို တွေးမိပြီးနောက် ကုရှင်းရှစ်က သူ့အချိန်ဇယားများကို ရှင်းလင်းကာ ချင်ဝမ်နှင့်အတူ လူတွေ့စစ်ဆေးဖြေဆိုခြင်းကို လိုက်ပါခဲ့သည်။

ဤအကြိမ်တွင် လျှို့ဝှက်ဆန်းကြယ်သောစုံထောက်ဇာတ်လမ်းတွဲ "ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ" ဟူသော သမိုင်း‌နောက်ခံဇာတ်လမ်းတစ်ခုအတွက် လူတွေ့စစ်ဆေးမှု ဖြေဆိုရန်ဖြစ်သည်။ ချင်ဝမ် လူတွေ့လာဖြေသော ဇာတ်ရုပ်မှာ တတိယအမျိုးသားဇာတ်လိုက်ဖြစ်သော နူးညံ့ညင်သာကာ စိတ်ကူးယဉ်ဆန်သော အထက်တန်းလွှာဇာတ်ရုပ် ယွီချန်ယန်းပင်ဖြစ်သည်။

ယွီချန်ယန်းက ဇာတ်ဆောင်အမျိုးသမီး ရုန်ယွီကို တိတ်တခိုးချစ်နေသူလည်း ဖြစ်ကာ သူ့ခံစားချက်များကို ဝန်ခံရန် မဝံ့ရဲသူဖြစ်၏။ အဖွဲ့တွင် သူ၏အဓိကဇာတ်ရုပ်မှာ  á€á€ťá€™á€şá€¸á€žá€Źá€žá€°á€á€…်ဌးဖဟစ်ပဟဎး ဇာတ်ကောင်စရိုက်မှာလည်း တော်တော်လေး တစ်ဖက်သတ်ဆန်သည်။

ကုရှင်းရှစ်က "တိုက်ပွဲဝင်ဝတ်စုံ"အဖြစ် လျန်ဝမ်ကျွင်းမှ အထူးရွေးချယ်ပေးထားသော ဝတ်စုံအား သူကိုယ်တိုင်အတွက် ဝတ်ဆင်ခဲ့သည်။ ဈေးကြီးသော်လည်း ၎င်းမှာ အသွင်အပြင်ကသာ ပထမဖြစ်သည့် ဤလောကကြီးအတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုတစ်ခုပင် ဖြစ်သည်။

သူက ချင်ဝမ်ကိုလည်း အေးစက်စက် သီးခြားဆန်သော ကိုယ်နှုတ်အမူအရာအပြုအမူပုံစံမျိုးဖြင့် နေရန်လည်း ညွှန်ကြားခဲ့ပြီးနောက် လူတွေ့စစ်ဆေးမည့်ဟိုတယ်သို့ ငှားရမ်းထားသော ဇိမ်ခံကားများနှင့် ရောက်ရှိလာခဲ့ကြသည်။

ဟိုတယ်သို့ မထွက်လာခင်တွင် ကုရှင်းရှစ်က စနစ်အား အသုံးပြု၍ ပါဝင်မည့်သူများကို အပေါ်ဆုံးမှ အောက်ခြေအထိ စေ့စေ့စပ်စပ် သုတေသနပြုခဲ့သည်။

ဇာတ်လမ်းတွဲ၏ ဒါရိုက်တာမှာ ကောင်းရှန်ဖြစ်ပြီး ဂုဏ်သတင်းကြီးမားသော ရုပ်ရှင်အကယ်ဒမီမှ ဘွဲ့ရတစ်ဦးဖြစ်ကာ အစောပိုင်းတွင် သူက ရုပ်ရှင်ဇာတ်ညွှန်းရေးခြင်းကို လေ့လာခဲ့သည်။ ရုပ်ရှင်ဇာတ်ညွှန်းရေးသူအဖြစ် လွှမ်းမိုးနိုင်ခြင်း ကင်းမဲ့မှုကြောင့် စိတ်ပျက်ကာ ရိုက်ကူးရေးဘက်သို့ ပြောင်းလာခဲ့သည်။

ဤဇာတ်လမ်းက ဒါရိုက်တာ‌အနေဖြင့် သူ၏ပထမဦးဆုံး ထုတ်လုပ်မှုဖြစ်ကာ သူကိုယ်တိုင်ရေးထားသော ဇာတ်လမ်းကို သူကိုယ်တိုင်ရိုက်ကူးခြင်းဖြစ်၏။

ကောင်းရှန်က သူ၏အရည်အချင်းကြောင့် လူသိများကာ သူ၏ယခင်က ဇာတ်လမ်းများတွင်လည်း ဇာတ်လမ်းချိန်ညှိမှုများကို တစ်ဦးတည်း ကိုင်တွယ်ဖြေရှင်းခဲ့သည့် ဇာတ်ညွှန်းရေးသူ တစ်ယောက်ဖြစ်သည်။

ရိုက်ကူးရေးစတင်ပြီးနောက် အမျိုးမျိုးသော အကြောင်းပြချက်များကြောင့် ချက်ချင်း ပြန်လည်စစ်ဆေးရန်နှင့် ပြန်လည်ရေးသားရန် လိုအပ်သော ဇာတ်ညွှန်းစာမျက်နှာများကို "လှည့်လည်နေသောဇာတ်ညွှန်းစာမျက်နှာများ"ဟု ရည်ညွှန်းလေ့ရှိသည်။

ဇာတ်ညွှန်းရေးသူအများစုက ထိုကဲ့သို့သောပြောင်းလဲမှုများကို အများအပြားထပ်မဖြည့်ဘဲ ရိုက်ကူးကြသော်လည်း ကောင်းရှန်ကမူ ပေါ်လွင်ထင်ရှားစေရန် တစ်ခါတစ်ရံ ညှို့ယူဖမ်းစားနိုင်သော ဇာတ်ညွှန်းပြင်ဆင်ချက်များကိုပင် ရေးသားကာ ထပ်တိုး၍ ရိုက်ကူးတတ်၏။

ထိုအကျင့်ဟောင်းက သူ့လက်ရှိအလုပ်အထိ ပါလာခဲ့သည်။

"ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ" ဇာတ်ညွှန်းမှာ အလွန်အကြမ်းဖျင်းဆန်လှသည်။ ထို့ကြောင့် အဖွဲ့ထဲပါဝင်ပြီးနောက် "လှည့်လည်နေသော ဇာတ်ညွှန်းစာမျက်နှာများ" ရိုက်ကူးရန် ဖြစ်နိုင်ချေများ၏။

ဤအကြောင်းကိစ္စမျိုးရှိသော်လည်း ကောင်းရှန်မှာ သူ၏သမာဓိရှိမှုနှင့် နာမည်ဂုဏ်သတင်းကောင်းရှိမှုကြောင့် လူသိများကျော်ကြားသည်။ ထို့ကြောင့် ထုတ်လုပ်ရေးလုပ်ငန်းစဉ်အတွင်း နောက်ကွယ်မှ ချောက်ချခြင်းကဲ့သို့ အစီအစဉ်များဖြစ်လာရန် အခွင့်အရေးနည်းပါး၏။

ကုရှင်းရှစ်က ဇာတ်ကောင်ကို အထူးသဘောကျခြင်းမရှိသော်လည်း သူက ချင်ဝမ်ကို လူတွေ့စစ်ဆေးပွဲသို့ ခေါ်လာဆဲပင်။

တတိယအမျိုးသားဇာတ်လိုက်နေရာအတွက် လူတွေ့စစ်ဆေးခြင်းဖြေဆိုမည့်လူများမှာ တစ်ဒါဇင်ခန့် ရှိ၏။

ကုရှင်းရှစ်က သူတို့ထဲမှအများစုကို မသိသော်လည်း အခန်းတစ်ခုလုံးကို စစ်ဆေးကြည့်ရှုပြီးနောက် သူ့ပစ်မှတ်ကို ရှာတွေ့ခဲ့သည်။

၎င်းမှာ ထူးထူးခြားခြားပုံပန်းသဏ္ဍာန်မျိုးမရှိသည့် ကောင်လေးတစ်ယောက်ဖြစ်ပြီး သူ၏‌မန်နေဂျာဖြစ်ပုံရသော အဆက်မပြတ် ဖုန်းပြောနေသည့် အမျိုးသမီးနှင့်အတူ လိုက်ပါလာပုံရသည်။

ထိုကောင်လေးမှာ ခေါင်းအစခြေအဆုံး ဒီဇိုင်နာချုပ်အမှတ်တံဆိပ်ပါသော အဝတ်အစားများ ဝတ်ဆင်ထား၍ ice-americanoတစ်ခွက်ကို ကိုင်ထားပြီး လူတွေ့စစ်ဆေးမည့်ဇာတ်ညွှန်းအား တစ်ချက်မျှပင် ငဲ့၍မကြည့်ချေ။ သူက အခြားသော လာရောက်ဖြေဆိုသူများကို မောက်မာသော အကြည့်ဖြင့် လေ့လာဆန်းစစ်ပြီး "ဒီဇာတ်ရုပ်က ငါ့အတွက်"ဟူသော စကားလုံးများကို သိသိသာသာ ထုတ်လွှတ်နေခဲ့သည်။

သူတို့က အခြားဖြေဆိုမည့်သူများကို သုတေသနပြုပြီးဖြစ်၍ ထိုသူများမှာ အဆက်သွယ်မရှိကြောင်းကို သူတို့ သိရှိပြီးဖြစ်၏။ ဤလူတွေ့စစ်ဆေးခြင်းက လုပ်ရိုးလုပ်စဉ်မျှသာ ပြုလုပ်ခြင်းဖြစ်လိမ့်မည်ဟုတွေးထား၍ သူတို့က ယုံကြည်ချက်ရှိရှိဖြင့် ပေါ့ပေါ့ပါးပါး‌ နေနိုင်ခဲ့ခြင်းပင်။

ကုရှင်းရှစ်က ချင်ဝမ့်အား ပါးပါးနပ်နပ် အချက်ပြလိုက်၏။ ချင်ဝမ်က ချက်ချင်းပင် သူ့နေကာမျက်မှန်ကို ချိန်ညှိရင်း ယွမ်တစ်သန်းခွဲမျှတန်ဖိုးရှိသော နာရီကိုဆင်မြန်းထားသည့် သူ့လက်ကောက်ဝတ်ကို ထုတ်ဖော်ပြသခဲ့သည်။

ကုရှင်းရှစ် မျှော်လင့်ထားသကဲ့သို့ပင် ကောင်လေး၏အမူအရာက ချက်ချင်းပြောင်းလဲသွားသည်ကို သူ မြင်လိုက်ရ၏။

ကောင်လေးက မတ်တတ်ရပ်လျက်ပင် သူ့မန်နေဂျာအား သူ့ဘေးသို့ ဆွဲခေါ်လိုက်သည်။ ခဏတာစကားပြောပြီးနောက် အမျိုးသမီးမန်နေဂျာက အနည်းငယ် မရေမရာဟန်ဖြင့် သူတို့ရှိသည့်ဘက်သို့ ဖျတ်ခနဲ လှမ်းကြည့်ခဲ့၏။ 

ကုရှင်းရှစ်က မျက်ခုံးမပင့်မိဘဲ မနေနိုင် ဖြစ်သွားရသည်။
ငါးစာတော့ ဟပ်သွားပြီ...

မကြာမီပင် အမျိုးသမီးမန်နေဂျာက အာလာပသလ္လာပပြောချင်ပုံဖြင့် မရဲတရဲပြုံးကာ သူတို့ရှိရာသို့ လျှောက်လာခဲ့သည်။

ပထမတွင် ကုရှင်းရှစ်က သူမနှင့် ပြောသည်ဆိုရုံသာ ပြုမူပြီး ခပ်တန်းတန်းသာ နေခဲ့၏။ သို့သော် သူမက သူမ၏ကုမ္ပဏီအမည်ကို ထုတ်မပြောဘဲ မနေနိုင်သောအခါမှ ကုရှင်းရှစ်က သူ့နေကာမျက်မှန်ကို နှိမ့်လိုက်ကာ သူ၏မျက်လုံးများကို ထုတ်ဖော်ပြီး သာမာန်ကာလျှံကာ ပြောလိုက်သည်။ 
"အိုး... မင်းက မုန့်ယွီအင်တာတိန်းမန့်ကလား... ဥက္ကဌဖန်း မကြာခင်တုန်းက တင်သွင်းခဲ့တဲ့ ဒေါင်းငါးကရော ဘယ်လိုလဲ..."

မန်နေဂျာမှာ ထိတ်လန့်သွားရသည်။

ဤလောကရှိလူတိုင်းက ဥက္ကဌဖန်း ငါးမွေးမြူခြင်းကို ဝါသနာပါကြောင်း သိကြသော်လည်း ထိုအချက်က သူတို့သိသမျှအကုန်ဖြစ်သည်။ နီးစပ်သောအသိအကျွမ်းအချို့သာလျှင် သူက လတ်တလော ဒေါင်းငါးတင်သွင်းခြင်းတွင် ငွေအများအပြား အသုံးပြုနေကြောင်းသိကြ၏။ သူမကိုယ်တိုင်ကလည်း ထိုအကြောင်းကို သူမနှင့်ရင်းနှီးသော ဥက္ကဌဖန်း၏ အတွင်းရေးမှူးထံမှ ကြားသိခဲ့ရခြင်းဖြစ်သည်။ 

သူမ၏ ပထမဦးဆုံးအတွေးမှာ "ဒီအမျိုးသားက ကြီးမားတဲ့ကုမ္ပဏီတစ်ခုရဲ့ ငယ်ရွယ်သော အမွေဆက်ခံသူတစ်ယောက် ဖြစ်နိုင်မလား..."ဟူ၍ပင်။

သူမက ကုရှင်းရှစ်၏အသွင်အပြင်ကို မသိမသာ အကဲဖြတ်ခဲ့သည်။

သူ၏အဝတ်အစားများမှာ ရိုးရှင်းသော်လည်း ဈေးကြီးကြောင်း ပြသနေခဲ့သည်။ သူ့ဘောင်းဘီတစ်ထည်တည်းကပင် သူမအနုပညာရှင်၏ အဝတ်အစားတစ်စုံလုံးစာထက်ပို၍ ကုန်ကျနိုင်၏။

ထို့အပြင် သူ၏ဘေးမှ အနုပညာရှင်က ပို၍ သိသာထင်ရှားနေ၏။

နေကာမျက်မှန်ဖြင့် ဖုံးကွယ်၍မရသည့် သူ၏လက်ရာမြောက်လှသော အရိုးတည်ဆောက်ပုံ၊ သဘာဝကျစွာ ချောမောနေသော အသွင်အပြင်နှင့် ထင်ရှားပေါ်လွင်လှသော တည်ရှိမှုက သူ့အတွက် မည်သည့်ကုမ္ပဏီကမဆို ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံချင်ကြသည့် အနုပညာရှင်တစ်ဦးကဲ့သို့ ထင်ရစေသည်။

သူက လူတိုင်းတတ်နိုင်လောက်သော အဝတ်အစားမျိုးကို ဝတ်ဆင်ထားသော်လည်း သူ့ပုံစံ သူ့အဆင့်အတန်းနှင့် မလိုက်ဖက်သော နာရီကို ဆင်မြန်းထား၏။

ထိုနာရီမှာ ချမ်းသာသော ဒုတိယမျိုးဆက် အမွေဆက်ခံသူများကြား ကျော်ကြားခဲ့သည့်နာရီ‌ဖြစ်ကြောင်း သူမသတိပြုမိသောအခါ သူမ၏မျက်လုံးများက ကုရှင်းရှစ်ဆီသို့ ပြန်၍ရောက်ရှိသွားသည်။

ထင်ထားတဲ့အတိုင်းပဲ သူက နာရီဝတ်မထားခဲ့ဘူး...

အဲ့ဒါကြောင့် ဒီဈေးကြီးတဲ့နာရီက ကုရှင်းရှစ် သူ့ရဲ့အနုပညာရှင်ကို  á€•္းထဏးတဲအ လက်ဆောင်ဖြစ်ပုံပဲ...

အခွင့်ထူးခံငယ်ရွယ်တဲ့အမွေဆက်ခံသူတွေကလွဲလို့ တခြားဘယ်သူကများ ဒီလိုတန်ဖိုးကြီးနာရီကို လက်ဆောင်အဖြစ် ပေါ့ပေါ့ပါးပါး ပေးနိုင်ပါ့မလဲ... 

ချမ်းသာသည့်အမွေဆက်ခံသူများက သူတို့ငြီးငွေ့လာသောအခါ လုပ်ငန်းများကို ရှောင်ရှားရန်အတွက် သူတို့မိသားစု၏အရင်းအမြစ်များဖြင့် လှည့်ပတ်ကစားတတ်ကြကြောင်း သူမ ကြားဖူးသည်။

ငါရော အဲ့ဒီလိုအခြေအနေမျိုးနဲ့ တွေ့ကြုံရလောက်လား...

ထို့နောက်တွင် ကုရှင်းရှစ်က ချင်ဝမ့်အား သက်သောင့်သက်သာဖြင့် အမိန့်တစ်ခုပေးလိုက်သည်ကို သူမ မြင်လိုက်ရသည်။
"ချင်ဝမ်... ငါရေဆာလို့ ငါ့အတွက် ရေတစ်ဘူးလောက် သွားဝယ်ပေးဦး..."

ချင်ဝမ်က မဆိုင်းမတွ ချက်ချင်း မတ်တတ်ရပ်ကာ ရေဝယ်ရန် ထွက်သွားခဲ့သည်။

၎င်းက မန်နေဂျာအမျိုးသမီး၏ မသင်္ကာမှုများကို အတည်ပြုပေးလိုက်သည်။

သူသာ အမှန်တကယ် သခင်ငယ်လေးတစ်ယောက်ဖြစ်ခဲ့လျှင် သူမကဲ့သို့ သာမာန်မန်နေဂျာတစ်ယောက်က သူ့ကို စော်ကားရန် လုံးဝ မတတ်နိုင်ပေ။ သူ့ကိုစော်ကားပြီး တတိယအမျိုးသားဇာတ်လိုက်နေရာအတွက် စွန့်စားရန် မလိုအပ်ချေ။

သူမ ချီတုံချတုံစဉ်းစားနေစဉ်မှာပင် သူမ၏ဖုန်း မြည်လာခဲ့သည်။

ခေါ်ဆိုသူကို မြင်သောအခါ ဖြေဆိုရန် ပြတင်းပေါက်ဆီသို့ အလျင်အမြန်မသွားမီ သူမက အံ့အားသင့်စွာ ခေတ္တမျှရန်တန့်သွားခဲ့သည်။

ကုရှင်းရှစ်က သူ့ခုံတွင်သာ ထိုင်နေခဲ့ပြီး သူ၏စိတ်တည်ငြိမ်မှုမှာ အပြင်ပန်းတည်ငြိမ်မှုထက် လျော့နည်း၍နေသည်။

သူက သူမ၏တွေဝေမှုကို သတိထားမိသော်လည်း သူတို့၏ပြင်ဆင်မှုများက လူတွေ့စစ်ဆေးခြင်းကို သူမ လက်လျှော့သွားသည်အထိ လုံလောက်လိမ့်မည်ဟု သူ မသေချာခဲ့ပေ။

နောက်ဆုံးတွင် သူမ၏ နောက်ခံမှာ အမှန်တကယ်ဖြစ်ပြီး သူ၏နောက်ခံမှာ လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်၏။

သူမကို နောက်ထပ် မည်ကဲ့သို့ တွန်းပို့ရမည်ကို ကုရှင်းရှစ် စဉ်းစားနေစဉ် သူမ၏အမူအရာမှာ ရုပ်ရှင်ဆန်ဆန်ပြောင်းလဲသွားသည်ကို သူ သတိထားမိချိန်မှာပင် သူမက သူမအနုပညာရှင်ကိုဆွဲ၍ စတင်ထွက်ခွာသွားခဲ့သည်။

သူတို့ သူ့အရှေ့မှဖြတ်စဉ် သူမက ခဏမျှတုံ့ဆိုင်းသွားကာ နောက်ဆုံးတွင် တောင်းပန်အပြုံးပြုံးရင်း သူမက ပြောလာသည်။
"ဥက္ကဌကု ကျွန်မတို့ တောင်းပန်ပါတယ်... ရှင် ဒီဇာတ်ရုပ်ကို မျက်စိကျနေမှန်း ကျွန်မတို့ မသိခဲ့လို့ပါ... ကျွန်မတို့က အရမ်းကို ရဲတင်းလွန်းခဲ့တာပဲ..."

ထိုသို့ပြောပြီးသည်နှင့် တစ်စုံတစ်ရာက သူတို့ကို လိုက်ဖမ်းနေသကဲ့သို့ပင် လျင်မြန်စွာ ထွက်ခွာသွားကြ၏။

ကုရှင်းရှစ် "?"


🍉🍉🍉🍉 အခန်း ၄၈


ထို့နောက်တွင် ချင်ဝမ်က ရေဘူးကိုကိုင်ကာ ပြန်လာခဲ့သည်။ ထိုသို့ပြန်လာစဉ် အနုပညာရှင်နှင့် မန်နေဂျာတို့က သူ့ဘေးမှ ဖြတ်သွားကြသည်။ အနုပညာရှင်မှာ သူ့မန်နေဂျာမှ ဆွဲခေါ်သွားစဉ်တလျှောက်လုံး သူ့အား မနာလိုသည့်အကြည့်များဖြင့် ကြည့်နေခဲ့သည်။

ချင်ဝမ် ပြန်ရောက်လာသောအခါ လူတွေ့စစ်ဆေးမှုဖြေဆိုရန် ကျန်ရှိနေကြသော အနုပညာရှင်အားလုံးက ကုရှင်းရှစ်ရှိရာသို့ မသိမသာ ခိုးကြည့်နေကြသည်ကို သတိထားမိသောကြောင့် သူ အနည်းငယ် စိတ်ရှုပ်ထွေးသွားရသည်။

သူ ကုရှင်းရှစ်ဆီသို့ အလောတကြီးသွားကာ ရေဘူးကို ပေးရင်း တိတ်တဆိတ် မေးလိုက်သည်။
"ဥက္ကဌကု ဘာတွေဖြစ်သွားတာလဲ... ကျွန်တော်တို့အစီအစဉ်ကရော အလုပ်ဖြစ်ရဲ့လား..."

ရိုးရိုးသားသားပြောရလျှင် ကုရှင်းရှစ်လည်း သူ့ကိုယ်သူ ကြောင်အမှင်တက်မိနေဆဲပင်။

လုပ်ကြံဖန်တီးထားတဲ့ နောက်ခံကလည်း အခုလို တကယ်အကျိုးသက်ရောက်မှု ရှိနိုင်တယ်ပေါ့...

ထို့နောက်တွင် ချင်ဝမ်၏ လူတွေ့စစ်ဆေးမည့်အချိန် ရောက်လာခဲ့၏။

သူ့စိတ်ရှုပ်ထွေးမှုများကို ဘေးဖယ်ကာ လက်ရှိအချိန်ကိုသာ ကုရှင်းရှစ် အာရုံစိုက်လိုက်သည်။

ချင်ဝမ်က သူ့နေကာမျက်မှန်နှင့် နာရီတို့ကို ချွတ်ကာ ကုရှင်းရှစ်ထံသို့ ပေးပြီး လူတွေ့စစ်ဆေးမည့်အခန်းသို့ ဝန်ထမ်း၏နောက်မှ လိုက်၍ သွားခဲ့သည်။

လူတွေ့စစ်ဆေးခြင်းကို အဓိက ကြီးကြပ်ကွပ်ကဲသူများမှာ ဒါရိုက်တာကောင်းရှန်နှင့် ရုပ်ရှင်ထဲရှိဇာတ်ရုပ်များကို ခွဲဝေသတ်မှတ်ပေးရန် တာဝန်ရှိသူ သရုပ်ဆောင်ဒါရိုက်တာတို့ပင် ဖြစ်သည်။

ကောင်းရှန်က ချင်ဝမ်၏ ကိုယ်ရေးရာဇဝင်အကျဉ်းကို လှန်လှောကြည့်ရှုပြီးသောအခါ ရှင်းလင်းရိုးရှင်းသော မှတ်တမ်းကြောင့် သူ ခေတ္တခဏမျှ အံ့ဩသွားရသည်။ ထို့နောက် မေးခွန်းမေးရန် သူကြည့်လိုက်သောအခါ ချင်ဝမ်၏ ရင်သပ်ရှုမောဖွယ်ရာအသွင်အပြင်ကြောင့် ထိတ်လန့်သွားရသည်။

မူလက ရုပ်ရှင်ဇာတ်ညွှန်းရေးသူ ကောင်းရှန်မှာ ယခင်က ရုပ်ရှင်ရိုက်ကူးနေစဉ်တွင် ကင်မရာလက်ထောက်အဖြစ်လည်း လုပ်ခဲ့ဖူးသည်။ ထို့ကြောင့် ချင်ဝမ်က မည်မျှဓာတ်ပုံစားကြောင်း သူ ချက်ချင်း ပြောနိုင်၏။

ခဏတာမျှအတွင်းစိတ်ထဲ၌ ချီးမွမ်းပြီးနောက် သူ မေးလိုက်သည်။
"မင်း အရင်က သရုပ်မဆောင်ဖူးဘူးလား..."

ချင်ဝမ်က သူ့မေးခွန်းကို တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ဖြေ‌ခဲ့သည်။

ကောင်းရှန်က အစောပိုင်းတွင် ဤဇာတ်ရုပ်အား မုန့်ယွီအင်တာတိန်းမန့်မှ တစ်စုံတစ်ယောက်ကို ပေးရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူက အခြားသော ဖြေဆိုသူများကို အာရုံမစိုက်ခဲ့ပေ။ သူက လက်ဝှေ့ယမ်းရင်း ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"ဒီဇာတ်ဝင်ခန်းကို မင်း သရုပ်ဆောင်ပြလေ... ယွီချန်ယန်းက ရုန်ယွီအတွက် ကလစ်ကလေး ဝယ်လာခဲ့တယ်... ဒါပေမယ့် ရုန်ယွီက အမျိုးသားဇာတ်လိုက်နဲ့ နီးနီးကပ်ကပ်ရှိနေတာကို မြင်သွားတဲ့အခန်း..."

ချင်ဝမ် သူ့ကိုယ်သူ ပြင်ဆင်ရန်အတွက် မျက်လုံးကို မှိတ်လိုက်သည်။ မျက်လုံးများကို သူ ပြန်ဖွင့်လိုက်သောအခါ ယခင်က အေးစက်နေသော အကြည့်များအား ကြင်နာမှုတို့နှင့် ပြည့်နှက်နေသော အကြည့်များအဖြစ် ညံ့သက်သွားစေခဲ့သည်။ သူ၏ ကိုယ်ဟန်အနေအထားသည်လည်း ပြောင်းလဲ၍သွား၏။

သူက သူ့ညာလက်ကိုလှမ်းလိုက်စဉ် သူ၏ဘယ်လက်က ညာလက်မှ အင်္ကျီလက်ကို စုစည်းရန် အလိုလို ရွေ့သွားခဲ့သည်။  áŽá€„်းမသဏ ရှေးခတ်အဝတ်အစားများတွင် တွဲရွဲကျနေသော အင်္ကျီလက်ဝကျယ်များနှင့် အင်္ကျီများ ဝတ်ဆင်သောအခါ လုပ်လေ့ရှိသည့် သဘာဝကျသည့် အမူအရာပင် ဖြစ်သည်။ 

ရှေးခေတ်တွင် အင်္ကျီလက်ဝကျယ်များက ကြော့ရှင်းသော်လည်း လေးလံ၍ ကိုးရိုးကားယားနိုင်၏။ လှုပ်ရှားစဉ်တွင် ငြိ‌ခြင်းလိမ်ခြင်းမရှိစေရန် လူများက မကြာခဏပင် ၎င်းတို့အား လက်တစ်ဖက်ဖြင့် မ,လေ့ရှိသည်။

ထိုလှုပ်ရှားမှုမှာ လူတွေ့စစ်ဆေးမည့်ဇာတ်ညွှန်းတွင် မပါဝင်ပေ။ ထို့အပြင် သူက ရှေးခေတ်ဝတ်စုံလည်း ဝတ်ဆင်၍ မထားချေ။ သို့သော်လည်း သူ သဘာဝကျကျပင် လက်ဟန်အမူအရာကို လုပ်ခဲ့၏။

သူက ဇာတ်ကောင်၏နောက်ခံအကြောင်းကို ဖတ်ထားကာ ယွီချန်ယန်းဇာတ်ကောင်ကို အသက်ဝင်စေရန် အလိုအလျောက်ပင် အသေးစိတ်အချက်အလက်များကို ပေါင်းထည့်ခဲ့ပုံရ၏။

ထိုလှုပ်ရှားမှု တစ်ခုတည်းဖြင့်ပင် သူ၏ ဇာတ်ကောင်အပေါ် စူးစိုက်နှစ်မြှုပ်ထားမှုမှာ သိသာရှင်းလင်းသွားခဲ့ပြီဖြစ်သည်။

ကောင်းရှန်၏ ယခင်က ပေါ့ပေါ့တန်တန်အပြုအမူမှာ ပျောက်ကွယ်၍သွားခဲ့ပြီး သူ တည့်မတ်စွာ ထိုင်ခဲ့သည်။

ယခု သူက ဒါရိုက်တာတစ်ယောက်ဖြစ်သော်လည်း သူ့ နှလုံးသားထဲတွင် သူက ဇာတ်ညွှန်းရေးသူတစ်ဦးဖြစ်သည်။

ဤဇာတ်လမ်းကို တစ်ဦးတည်း ဖန်းတီးခဲ့သူအနေဖြင့် သရုပ်ဆောင်တစ်ဦးက ဇာတ်ကောင်အား ယခုကဲ့သို့လေးစားမှုနှင့် ဂရုစိုက်မှု ပြသသည်ကို မြင်ရခြင်းက သူ့အား စိတ်‌ကျေနပ်မှုတို့ ပြည့်နှက်သွားစေခဲ့သည်။

ဇာတ်ဝင်ခန်းမှာ ရိုးရှင်းပြီး ချင်ဝမ်ကလည်း လျင်လျင်မြန်မြန် သရုပ်ဆောင်ပြနိုင်ခဲ့သည်။

ချင်ဝမ်ကဲ့သို့ သရုပ်ဆောင်စွမ်းရည်ရှိသူအတွက် ဤဇာတ်ရုပ်မှာ အနည်းငယ် အသုံးမဝင်အကျိုးမရှိကြောင်း ကောင်းရှန်၏ စူးရှသောမျက်လုံးများက လျင်မြန်စွာ သဘောပေါက်ခဲ့သည်။ သူ မအံ့ဩဘဲ မနေနိုင်ချေ။

တကယ်လို့ ဇာတ်ကောင်က ပိုရှုပ်ထွေးနေမယ်ဆိုရင်ရော ချင်ဝမ်က ဘယ်လိုမျိုး သရုပ်ဆောင်လိမ့်မလဲ...

သို့သော် ထိုအတွေးကို အပြည့်အဝ မမွေ့လျော်မိစဉ် ဤဇာတ်ရုပ်က တစ်စုံတစ်ယောက်အတွက် သီးသန့်ဖယ်ထားရမည်ကို သူ သတိရသွားခဲ့သည်။

သူ မည်မျှပင် ချင်ဝမ်အား သဘောကျစေကာမူ လက်ရှိအခြေအနေကို သူလက်ခံရမည်ဖြစ်သည်။ ထို့နောက်တွင် သူ၏စိတ်အားထက်သန်တို့ လျော့ကျသွား၏။ 

ထိုအချိန်မှာပင် သရုပ်ဆောင်ဒါရိုက်တာက ထူးဆန်းသော အမူအရာဖြင့် သူ့အနားသို့ ချဉ်းကပ်လာရင်း ပြောခဲ့သည်။
"ဒါရိုက်တာကောင်း... မုန့်ယွီအင်တာတိန်းမန့်ကလူတွေ ပြန်သွားပြီတဲ့..."

"သူတို့ပြန်သွားပြီ... ဟုတ်လား..."
သူတို့အတွက် ဤဇာတ်ရုပ်သီးသန့်ဖယ်ထားရသည့်အပေါ် စိတ်ပျက်နေသော ကောင်းရှန်မှာ ပို၍ပင် စိတ်အနှောင့်အယှက်ဖြစ်သွားကာ ပြောလိုက်၏။
"အဲ့ဒါဆို သူတို့ထင်တာက ဒီဇာတ်ကောင်က ပြိုင်ဘက်မရှိ သူတို့အတွက်ပေါ့... ပြီးတော့ သရုပ်ဆောင်ပြရတဲ့အဆင့်ကို ဖြတ်သန်းဖို့ လိုအပ်တယ်လို့ သူတို့မခံစားရဘူးအဲလိုသဘောလား..."

"အဲ့ဒီလိုတော့ မဟုတ်ဘူးထင်တယ်..."
သရုပ်ဆောင်ဒါရိုက်တာ၏အမူအရာမှာ ပို၍ပင် ထူးဆန်းလာကာ ဆက်ပြော၏။
"သူတို့ရဲ့မန်နေဂျာက ကျွန်တော့်ဆီ သူတို့ လူတွေ့စစ်ဆေးပွဲကနေ နှုတ်ထွက်တယ်ဆိုတဲ့အကြောင်း စာပို့ခဲ့တယ်..."

"ဘာ..."
ကောင်းရှန် ပဟေဠိဖြစ်သွားရသည်။

မုန့်ယွီအင်တာတိန်းမန့်က ဒီနေရာကိုရဖို့ သေချာအောင် အားထုတ်မှုတွေ အများကြီး လုပ်ခဲ့ပြီးမှ သူတို့က ရုတ်တရက် ဒီ‌ဇာတ်ကောင်ကို ဘာလို့ လက်လျှော့သွားရတာလဲ... 

သူ အဖြေရှာကြည့်နေစဉ်မှာပင် သူ့ဖုန်းက မြည်လာခဲ့သည်။

ဖုန်းခေါ်ဆိုသူက သူ့ကိုယ်သူ ထျန်းချန်ဗီဒီယို၏ပြင်ပပူးပေါင်းဆောင်ရွက်မှုဌာနမှ မန်နေဂျာစွန်းဟုန်ဖေးဟု မိတ်ဆက်ခဲ့သည်။

ဤဇာတ်လမ်းမှာ အွန်လိုင်းဇာတ်လမ်းတွဲဖြစ်သဖြင့် သူတို့သည် မည်သည့် အွန်လိုင်းပလက်ဖောင်းကိုမှ မစော်ကားမိစေရန် ဂရုစိုက်ခဲ့သည်။ မန်နေဂျာစွန်း ဘာကြောင့်ဖုန်းဆက်လာသည်ကို သူ မသိသော်လည်း ကောင်းရှန် သူ့ကို ဖော်ရွေစွာဖြင့် နှုတ်ဆက်လိုက်သည်။

အချိန်ကိုက်ဟု ခံစားရသောကြောင့် စွန်းဟုန်ဖေးက မေးလိုက်သည်။
"ဒါရိုက်တာကောင်း မင်းက လူတွေ့စစ်ဆေးတဲ့ပွဲမှာ ရောက်နေတာလား... ငါ မင်းနဲ့ ဆွေးနွေးချင်တာ ရှိတယ်... တတိယအမျိုးသားဇာတ်လိုက်အတွက် လူတွေ့စစ်ဆေးတာ လာဖြေတဲ့ သရုပ်ဆောင်တွေထဲက တစ်ယောက်က ချင်ဝမ်လို့ ခေါ်တယ်... လဲ့ရှစ်အင်တာတိန်းမန့်ကလေ... မှန်တယ်မလား…"

"ဟုတ်ပါတယ်..."
ကောင်းရှန်က ပြန်ဖြေခဲ့သည်။

စွန်းဟုန်ဖေးက ဆက်ပြော၏။
"ကောင်းပြီ... လဲ့ရှစ်အင်တာတိန်းမန့်က ဥက္ကဌကုက ငါတို့ရဲ့ ဥက္ကဌဝမ်နဲ့ ရင်းနှီးတယ်... ပြီးတော့ ဥက္ကဌကုက မင်းရဲ့ဇာတ်လမ်းထဲက တတိယအမျိုးသားဇာတ်လိုက်နေရာကို မျက်စိကျနေတယ်လို့ ဥက္ကဌဝမ်က ကြားခဲ့ရတယ်... သူက မင်းများ သူ့ကို မျက်နှာသာပေးနိုင်မလားလို့ မေးချင်နေခဲ့တာ..."

ကောင်းရှန် ကြက်သေ သေသွားမိ၏။
"အာ... ဘာရယ်..."

ဥက္ကဌဝမ်တဲ့... တကယ်ကြီး အဲ့ဒီဥက္ကဌဝမ်လား...

ကောင်းရှန် ရုတ်တရက် စိတ်ရှုပ်ထွေးသွားရသည်။ 
ဒါက တတိယအမျိုးသားဇာတ်လိုက်လေးပဲလေ... ဥက္ကဌဝမ် ပါဝင်ပတ်သက်ဖို့ ဘာလို့ လိုမှာလဲ...

ထို့နောက် စွန်းဟုန်ဖေးက ထပ်ဖြည့်ကာ ပြောလိုက်သည်။
“ဥက္ကဌဝမ်က ဥက္ကဌကုရဲ့ ထင်မြင်ချက်ကို တကယ် ယုံကြည်တာ... ထျန်းချန်ဗီဒီယိုကလည်း ဒီဇာတ်လမ်းအတွက် ဆယ်သန်းထပ်တိုးပြီး မြှုပ်နှံပေးသွားမှာပါ... ပြီးတော့ သီးသန့်streamingလုပ်ပိုင်ခွင့်လည်း ရဦးမှာ..."

ထိုမမျှော်လင့်ထားသော ရရှိမှုများကြောင့် ကောင်းရှန်မှာ အလဲထိုးခြင်းခံလိုက်ရသည်။

သူက ချင်ဝမ်အား သရုပ်ဆောင်ခိုင်းရန် တိမ်းညွှတ်လိုလားပြီးဖြစ်သော်လည်း ယခုတွင်မူ သူက သူနှစ်သက်သော သရုပ်ဆောင်ကို ငှားရမ်းလိုက်နိုင်ရုံသာမက ရန်ပုံငွေအတွက် အပို ဆယ်သန်းကိုလည်း ရရှိခဲ့သည်။ ထို့အပြင် စွန်းဟုန်ဖေးက သီးသန့်streamingလုပ်ပိုင်ခွင့်ရမည်ဟု ကတိပေးထားခဲ့သည်။ ၎င်းမှာ ထုတ်လုပ်ရေးအတွက် စိတ်အေးချမ်းသာမှုတို့ဖြင့် ပြည့်စုံသွားစေသည်။

ဒါက လူတွေ့စစ်ဆေးတာ တစ်ခုလေးပဲ မဟုတ်တော့ဘူး...

ဘုရားသခင်ကပေးတဲ့ လက်ဆောင်နဲ့တောင် တူနေသေးတယ်...

ကောင်းရှန်၏ တုန့်ပြန်မှုကိုမြင်သောအခါ စွန်းဟုန်ဖေး စိတ်ကျေနပ်သွားရ၏။ သို့သော် သူ နောက်ဆုံးအနေနှင့် ထပ်ဖြည့်၍ ပြောခဲ့သည်။

"ဥက္ကဌကုနဲ့ ဥက္ကဌဝမ်ရဲ့ကြားက ဆက်ဆံရေးက ခုထိ လူထုကို ချမပြထားဘူး... အဲ့ဒီတော့... မင်းသဘောပေါက်ပါတယ်နော်..."

ကောင်းရှန်က ချက်ချင်း သဘောပေါက်ကြောင်း ပြန်ဖြေလိုက်သည်။
"စိတ်မပူပါနဲ့... ငါ အဲ့ဒါကို ဂရုစိုက်လိုက်ပါမယ်..."

×××××

ကောင်းရှန်ထံမှ ကတိစကားကို ကြားရပြီးနောက် စွန်းဟုန်ဖေး အလွန် စိတ်ကျေနပ်သွားခဲ့၏။
ထက်မြက်တဲ့လူတွေနဲ့ စကားပြောရတာ အရာရာကို ပိုပြီး လွယ်ကူသွားစေတာပဲ...

မည်သည့်နှောင့်နှေးမှုမှ မရှိစေရန် သူက ချက်ချင်းပင် ရင်းနှီးမြှုပ်နှံမှုဌာနကို သွားခဲ့သည်။ ထန်လင်း၏ ညွှန်ကြားချက်ကြောင့် လုပ်ငန်းစဉ်အားလုံးက ချောချောမွေ့မွေ့နှင့် ပြီးဆုံးသွားခဲ့၏။ မည်သည့်အကြောင်းကိစ္စမှ ရှိမလာပါက ရင်းနှီးမြှုပ်နှံမည့်ငွေများသည် ကောင်းရှန်၏ ထုတ်လုပ်ရေးအဖွဲ့သို့ တစ်ပတ်အတွင်း ရောက်ရှိသွားလိမ့်မည်။

ဒါပေါ့... တကယ့်အရေးကြီးဆုံးအပိုင်းက ငါ့တာဝန်ကို ငါက ချို့ယွင်းချက်မရှိ အပြီးသတ်နိုင်ခဲ့တယ်...

အပေါ်ယံတွင် ဥက္ကဌဝမ်၏ နှုတ်လုံရန်ဟူ‌သော သတ်မှတ်ချက်ကို မဖောက်ဖျက်ဘဲ ဥက္ကဌကု လိုအပ်သည့်အရာကို သူ ပေးနိုင်ခဲ့သည်။

အမှန်တကယ်တွင် သူက ဒါရိုက်တာကောင်းထံ ကြိုတင်ဖုန်းဆက်ကာ ဇာတ်ရုပ်ရွေးချယ်မှုအား အဆုံးသတ်စေသော အချိန်တွင် မုန့်ယွီအင်တာတိန်းမန့်မှလူများကိုလည်း နှုတ်ထွက်သွားစေရန် သူ ပါးပါးနပ်နပ်ဖြင့် လှုံ့ဆော်ခဲ့ရသည်။

ဥက္ကဌကု၏ ထက်မြက်သောဗီဇနှင့်ဆိုလျှင် တစ်စုံတစ်ခု ထူးဆန်းနေကြောင်း ခံစားမိမည်မှာ အသေအချာပင်။

ကောင်းရှန် မည်သည့်စကားမျှ ပြောပေးရန်မလိုအပ်ဘဲ တစ်စုံတစ်ယောက်က သူ့(ကုရှင်းရှစ်)အား တိတ်တဆိတ်ကူညီပေးနေကြောင်း သူ သဘောပေါက်လိမ့်မည်။ ထို့အပြင် ထို ကူညီနေသူမှာလည်း ဥက္ကဌဝမ်ဖြစ်ကာ ပြန်လည်ရယူလိုမှုမရှိဘဲ လုပ်ပေးခြင်းဖြစ်ကြောင်းကို သူ တိတိကျကျ သိလိမ့်မည်ဖြစ်သည်။

ထျန်းချန်ဗီဒီယိုမှ ထပ်တိုးမြှုပ်နှံခြင်းကိုလည်း စွန်းဟုန်ဖေးက လိုရမည်ရ အသေးစိတ်စီစဉ်ခဲ့သေးသည်။

ဥက္ကဌကုက ဥက္ကဌဝမ်အား ချက်ချင်း မတွေးမိခဲ့လျှင်ပင် ထျန်းချန်၏ ပါဝင်ပတ်သက်မှုက ဥက္ကဌဝမ်၏ နူးညံ့သိမ်မွေ့သော ဂရုစိုက်မှုကို အသေအချာ ပို့ဆောင်ပေးနိုင်မည်ဖြစ်ပြီး သူ့အား နက်နက်ရှိုင်းရှိုင်း ထိရှသွားစေလိမ့်မည်ဖြစ်သည်။

တစ်ချက်ခုတ် နှစ်ချက်ပြတ်မဟုတ်ဘူး သုံးချက်ပြတ်...

စွန်းဟုန်ဖေးက ဤအစီအစဉ်ကိုစိတ်ကူးမိခဲ့သည့်အတွက် သူ့ကိုယ်သူ ဉာဏ်ကြီးရှင်တစ်ယောက်ဟုပင် ခံစားခဲ့ရသည်။

တေးသွားတစ်ခုကို ညည်းရင်းဖြင့် သူ့အတွက်‌သူ ကော်ဖီဖျော်ရန် နားနေခန်းသို့ ဦးတည်သွားခဲ့သည်။ နားနေခန်းသို့ ရောက်သောအခါ သူ၏ အဓိကပြိုင်ဘက် ကျင်းရှစ်ဟမ်သာလျှင် ထိုနေရာတွင်ရှိနေကြောင်း တွေ့လိုက်ရသည်။

သူတို့က ကုမ္ပဏီကို တစ်ချိန်တည်း အလုပ်ဝင်ခဲ့သူများဖြစ်ကြသော်လည်း ဘယ်တော့မှ အဆင်မပြေခဲ့ကြချေ။

အစောပိုင်းရက်များတွင် စွန်းဟုန်ဖေးက သူ့အလုပ်တစ်ခုတည်းကိုသာ အာရုံစိုက်ကာ ရုံးတွင်းအာဏာလုမှုအကြောင်း ဘာမျှမသိခဲ့ချေ။ ကျင်းရှစ်ဟမ်ကမူ သူနှင့် ဆန့်ကျင်ဘက်ပင်။ ဉာဏ်နီဉာဏ်နက်များသော အခွင့်အရေးသမားဖြစ်ကာ ခေါင်းဆောင်ထံမှ အထင်ကြီးမှုခံရစေရန် မည်သည့်အခွင့်အ‌ရေးကိုမဆို အမြဲတမ်း ပထမဆုံး မလွတ်တမ်းရယူသူဖြစ်၏။

ရလဒ်အနေဖြင့် ကျင်းရှစ်ဟမ်က သဘောကျခြင်းခံရကာ ရာထူးလည်း မြန်မြန်ဆန်ဆန် တက်သွားခဲ့သည်။ စွန်းဟုန်ဖေးက အငယ်တန်းကြီးကြပ်ရေးမှူးအဖြစ် ကျန်ခဲ့သည့်အချိန်တွင် ကျင်းရှစ်ဟမ်မှာ လက်ထောက်မန်နေဂျာအဖြစ် ရာထူးတိုးခြင်း ခံရ၏။

လတ်တလောတွင် ထျန်းချန်ဗီဒီယိုက ဌာနအသစ်တစ်ခု တည်ထောင်မည်ဖြစ်ကာ ထိုဌာနတွင် လက်ထောက်မန်နေဂျာများက မန်နေဂျာအဖြစ် ရာထူးတိုးကာ တာဝန်ထမ်းဆောင်ရနိုင်ကြောင်း ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။

လူတိုင်းက လက်ထောက်ရာထူးတွင် နေမည့်အစား ဌာနအသစ်တစ်ခုအား ဦးဆောင်နိုင်မည့်အခွင့်အရေးကို လိုချင်ခဲ့ကြသည်။

ကျင်းရှစ်ဟမ်က သူ အနိုင်ရရှိရန် လှည့်ကွက်တိုင်းကို အသုံးပြုခဲ့သည်။

သူက ရာထူးအသစ်ကို မျှော်လင့်နေစဉ်မှာပင် စွန်းဟုန်ဖေးက ကျော်တက်သွားခဲ့သည်။ စွန်းဟုန်ဖေးက ဥက္ကဌဝမ်၏ မျက်နှာသာပေးခြင်းခံရသောကြောင့် အဆင့်သုံးဆင့်အထိ တစ်ကြိမ်တည်းနှင့် ရာထူးတိုးသွားခဲ့ကာ သူ့လက်အောက်မှ ဌာနအသစ်အတွက် မန်‌နေဂျာရာထူးကို လုယူသွားခဲ့သည်။

ကျင်းရှစ်ဟမ်မှာ ဒေါသထွက်ရလွန်း၍ သွေးအန်လုနီးပါးပင်။

သူ၏ ကြိုးစားအားထုတ်မှုများက တစ်စုံ‌တစ်‌ယောက်အတွက် လမ်းဖောက်ပေးလိုက်ခြင်းဖြင့် အဆုံးသတ်သွားခဲ့သည်။ ထိုတစ်စုံ‌တစ်ယောက်မှာ သူ အထင်အမြင်သေးသော စွန်းဟုန်ဖေး ဖြစ်နေခဲ့၏။

စွန်းဟုန်ဖေးမျက်နှာထက်မှ ကိုယ့်ကိုယ်ကိုယ် ဘဝင်ခိုက်နေမှုကို မြင်နေရခြင်းကြောင့် ကျင်းရှစ်ဟမ် မကျေမချမ်းဖြစ်မှုများ တဖွားဖွားဖြစ်ပေါ်ခဲ့သော်လည်း သူ့ကိုယ်သူ ငေါ့တော့တော့ပြုံးရန် တွန်းအားပေးရင်း ပြောလိုက်သည်။
"မန်နေဂျာစွန်း... မင်း အောင်မြင်ပြီးကတည်းက အရမ်းအရမ်းကို ကြည့်ကောင်းနေတော့တာပဲ..."

အတိတ်တွင် သူ၏ပြောဆိုဆက်ဆံ‌မှုစွမ်းရည် ညံ့ဖျင်းမှုကြောင့် ကျင်းရှစ်ဟမ်က သူ့အမှတ်များအား ကြိမ်ဖန်များစွာ ခိုးယူခဲ့ကြောင်းကို သတိရသွားသော စွန်းဟုန်ဖေးက နောက်ဆုံးတွင် လက်စားချေရန် အခွင့်အ‌ရေးကို လက်မလွှတ်တမ်းအသုံးချကာ တည်ငြိမ်အေးဆေးသော လေသံဖြင့် ပြန်ဖြေလိုက်သည်။

“ဒါပေါ့... မင်းသိလား... မိုးကောင်းကင်က တရားမျှတတယ်... ဖြတ်လမ်းနည်းတွေ မလိုအပ်ဘူး... ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်နဲ့ လုံ့လဝီရိယရှိရှိ အလုပ်လုပ်ဖို့ပဲ လိုတယ်... အဲ့ဒီလိုသာနေလိုက် ရာထူးတိုးတာက အားထုတ်စရာမလိုဘဲကို ရောက်လာမှာပဲလေ... မင်း သဘောတူတယ်မလား... လက်ထောက်မန်နေဂျာကျင်း...”


🍉🍉🍉🍉 အခန်း ၄၉


သူက တမင်သက်သက်ပင် “လက်ထောက်”ဆိုသော စကားလုံးနေရာ၌ ဖိပြောခဲ့သည်။

ကျင်းရှစ်ဟမ်က ဒေါသတကြီးဖြင့် အံကြိတ်လိုက်ကာ အသံကိုနိမ့်ရင်း ပြောလိုက်သည်။
“စွန်းဟုန်ဖေး... မင်း သိပ်ပျော်မနေနဲ့... မင်း ဒီရာထူးကို ဘယ်လောက်ထိန်းထားနိုင်မလဲဆိုတာ စောင့်ကြည့်ရတာပေါ့...”

ထိုသို့ပြောပြီးသည်နှင့် သူ ဒေါနှင့်မောနှင့် လှည့်ထွက်သွားခဲ့သည်။

စွန်းဟုန်ဖေးက ခြိမ်းခြောက်မှုကြောင့် တုန်လှုပ်မသွားဘဲ သူ့ကိုယ်သူ တွေးနေခဲ့သည်။
ဥက္ကဌကု ငါ့ဘက်မှာရှိနေသရွေ့ ဒီခွေးရူးဟောင်နေတာကို ငါ အေးအေးဆေးဆေး ထိုင်ကြည့်နေရုံပဲ...

သူ ဥက္ကဌကုကို သစ္စာရှိနေစဉ်တလျှောက်လုံး မည့်သည့်အရာကိုမျှ စိတ်ပူရန် မလိုအပ်ပေ။

ထိုအချိန်တွင် ပူပူနွေးနွေး ခွန်အားအသစ်တို့ရရှိနေသော ကုရှင်းရှစ်က ချင်ဝမ်ကို လူတွေ့စစ်ဆေးပွဲမှ အတွေ့အကြုံကို မေးမြန်းနေခဲ့သည်။

ချင်ဝမ်ကလည်း ရိုးရိုးသား ပြန်ဖြေခဲ့၏။
“ဒါရိုက်တာက အရမ်းကျေနပ်သွားတယ်လို့ ကျွန်တော် ထင်တယ်... ဒါပေမယ့်...”

သူက စကားကို အဆုံးမသတ်ခဲ့သော်လည်း ကုရှင်းရှစ်က နားလည်ခဲ့သည်။ ယခင်လူတွေ့စစ်ဆေးပွဲများတွင်လည်း ဒါရိုက်တာက စိတ်ကျေနပ်သော်လည်း ဇာတ်ကောင်များသည် အခြားသူထံသို့ ရောက်ရှိသွားခြင်းဖြင့်သာ အဆုံးသတ်သွားခဲ့သည်။

ဤအကြိမ်တွင် ကုရှင်းရှစ်က ကြိုတင်ရွေးချယ်ထားသော သရုပ်ဆောင်ကို ကြောက်လန့်သွားစေရန် ဗျူဟာအနည်းငယ်ကို အသုံးပြုခဲ့သော်လည်း သူက လုံးဝ ယုံကြည်ချက် ရှိမနေခဲ့ပေ။

သူက ချင်ဝမ်ကို စိတ်သက်သာရာရစေရန် ကြိုးစားနိုင်ခဲ့သည်။
“အဆင်ပြေပါတယ်... လေ့လာဖို့ အတွေ့အကြုံလို့ပဲ တွေးကြတာပေါ့... ဒါက လူတွေရဲ့ သဘောထားတွေ ခံစားချက်တွေကို ထင်မြင်ချက်ပေးရုံလောက်ပါပဲ... ငါတို့မှာ နောက်ထပ် လူတွေ့စစ်ဆေးပွဲတွေ အများကြီးရှိနေသေးတာပဲလေ...”

သူ့စကား မဆုံးခင်မှာပင် သရုပ်ဆောင်ဒါရိုက်တာက အလောတကြီး ထွက်လာပြီး သူတို့ကို မြင်သောအခါ သူ့မျက်လုံးများမှာ တောက်ပသွား၏။
“ကျေးဇူးပါ ဘုရားသခင်... ဥက္ကဌကု... မင်း ခုထိဒီမှာရှိနေတုန်းပဲ...”

ကုရှင်းရှစ်က သူ့အား စိတ်ရှုပ်ထွေးမှုအချို့ဖြင့် ကြည့်ကာ မေးလိုက်သည်။
“ဘာများဖြစ်လို့လဲ... ချင်ဝမ်ရဲ့လူတွေ့စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပြဿနာများရှိလို့လား...”

“မဟုတ်ပါဘူး... မဟုတ်ဘူး... ချင်ဝမ်က အကောင်းဆုံးလုပ်ခဲ့တာ...”
သရုပ်ဆောင်ဒါရိုက်တာက တိုးတိတ်စွာ ဆက်ပြောလာသည်။
“ကျေးဇူးပြုပြီး အနောက်ကအခန်းထဲမှာ ခဏလောက် စောင့်ပေးနိုင်မလား...ဒါရိုက်တာကောင်းမှာ မင်းနဲ့ဆွေးနွေးချင်တဲ့ အကြောင်းအရာတချို့ရှိလို့ပါ...”

ဒါက မကြုံစဖူးပဲ...

ကုရှင်းရှစ်နှင့် ချင်ဝမ်တို့က တွေးရခက်စွာ အကြည့်ချင်းဖလှယ်ခဲ့ကြသော်လည်း သူတို့ သဘောတူခဲ့ကာ ကပ်လျက်အခန်းသို့ သရုပ်ဆောင်ဒါရိုက်တာ၏ နောက်မှ လိုက်ပါခဲ့ကြသည်။

သူတို့ အကြာကြီး မစောင့်ရခင်မှာပင် ကောင်းရှန် ဝင်လာခဲ့၏။

အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် အနက်ရောင်ဘောင်ခတ်ထားသောမျက်မှန်ကို ဝတ်ဆင်ထားသည့် ကောင်းရှန်က ရိုးရိုးကုပ်ကုပ်အသွင်အပြင် ရှိသည်။

သူက ကုရှင်းရှစ်အား မြင်မြင်ချင်း စိတ်အားထက်သန်စွာဖြင့် ချဉ်းကပ်လာကာ ပြောလိုက်သည်။
“ဥက္ကဌကု... ငါ မင်းအကြောင်းအများကြီး ကြားဖူးပါတယ်...”

ကောင်းရှန်၏ နွေးထွေးပျူငှာမှုကြောင့် ထိတ်လန့်သွားရသော ကုရှင်းရှစ်မှာ တုံ့ပြန်ရန် အချိန်ခဏမျှ ယူခဲ့ရသည်။

ကောင်းရှန်က စိတ်အနှောင့်အယှက်မဖြစ်ဘဲ ဆက်၍ ချီးမွမ်းပြောဆိုခဲ့၏။
“ချင်ဝမ်က ခြွင်းချက်မရှိ အကောင်းဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တယ်... ဥက္ကဌကု မင်းက သူ့ကို လက်ဖျားခါရလောက်အောင် လေ့ကျင့်‌ပေးခဲ့တာပဲ... ပြီးတော့ သူ့ကို ငါတို့နဲ့ ပွဲဦးထွက်ခိုင်းဖို့ အပ်နှံတဲ့အတွက်လည်း ငါတို့ မင်းကို ကျေးဇူးအများကြီးတင်ပါတယ်...”

ကောင်းရှန်က စွန်းဟုန်ဖေး၏ ညွှန်ကြားချက်များကို ဂရုတစိုက် လိုက်နာခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော နောက်ကွယ်မှလူကို အရိပ်အမြွက် မပြခဲ့ချေ။

သို့သော် ကုရှင်းရှစ်က နားထောင်လိုက်သည်နှင့် စတင် သဘောပေါက်သွားသည်။

ကောင်းရှန်၏ပြောင်းလဲလာသော သဘောထားမှာ သူ့တွင် အင်အားကြီသည့်နောက်ခံအချို့ရှိသည်ဟု သူ ယုံကြည်သည်ဟု ရိုးတိုးရိပ်တိတ် ပြောပြနေပုံပင်။

ခဏနေပါဦး... ဘာလဲ...

ကောလာဟလက ဒီလိုပဲ မြန်မြန်ပျံ့သွားတာလား...

ကုရှင်းရှစ် မှင်တက်သွားခဲ့သည်။

သူက အစောပိုင်းတွင် အစီအစဉ်က အလုပ်မဖြစ်မည်ကို စိတ်ပူခဲ့ကာ များစွာသော အရံနည်းဗျူဟာများကိုလည်း ကြိုတင်ပြင်ဆင်ထားပြီးဖြစ်၏။ ဤအရာက စမ်းသပ်မှုတစ်ခုဟူ၍သာ ယူဆထားပြီး အောင်မြင်မည်ဟူ၍လည်း သူ မျှော်လင့်မထားခဲ့ချေ။

ငါက အရှိန်အဟုန်အပြည့်နဲ့ သွားဖို့ မလိုအပ်တော့ဘူးလို့ ဘယ်သူက ထင်ပါ့မလဲ...

ထိုးထွင်းသိမြင်နိုင်တဲ့ အရိပ်အမြွက်နည်းနည်းလောက်က မုန့်ယွီအင်တာတိန်းမန့်က လူတွေကို ခြောက်လှန့်နိုင်ရုံတင်မက ဒါရိုက်တာကိုပါ ခြိမ်းခြောက်နိုင်ခဲ့တာလား...

ဒါရိုက်တာကောင်းက သူ၏နောက်ခံမှာ မည်သူဆိုဖြစ်သည်ကို တိတိကျကျသိနေသကဲ့သို့ ယုံကြည်ချက် အလွန်ရှိနေသည့်ပုံပင်။

ဒါကြီးက နည်းနည်းတော့ များလွန်းသွားပြီ မဟုတ်ဘူးလား... ငါ့ရဲ့နောက်ကွယ်က ထောက်ပံ့တဲ့သူက ဘယ်သူလဲဆိုတာ ငါတောင် မသိဘူး‌လေ...

ဖျော်ဖြေရေးလောကက လူတွေက ဒီလိုအရာတွေ စိတ်ကူးယဉ်ပုံဖော်တဲ့နေရာမှာ အထူးအရည်အချင်းတွေများ ရှိနေတာလား...

မမျှော်လင့်ဘဲ ရရှိခဲ့သော အခွင့်အ‌ရေးကြောင့် ကုရှင်းရှစ် လုံးဝ မှင်တက်သွားခဲ့ရသည်။ 

သို့သော်လည်း ကုရှင်းရှစ်က မည်သည့်ချို့ယွင်းချက်ကိုမျှ ပြသခွင့်မပြုနိုင်ချေ။ ထို့ကြောင့် သူက အထူးသဖြင့် သီးသန့်ဆန်သောအပြုအမူကို ထိန်းထားခဲ့ပြီး “ရိုးရှင်းမှုက ပို၍ အကျိုးသက်ရောက်မှုရှိ၏”ဟူသော စည်းမျဉ်းကို လိုက်နာခဲ့သည်။ 

ထို့နောက်...

ကောင်းရှန်က ပို၍ ယုံကြည်ချက် ခိုင်မာလာခဲ့သည်။ 

မန်နေဂျာစွန်းထံမှ ဖုန်းလက်ခံပြီးနောက် ထျန်းချန်ဗီဒီယို၏ ရင်းနှီးမြှုပ်နှံမှုဌာနက လျင်လျင်မြန်မြန်ပင် ရန်ပုံငွေအတွက် ဆွေးနွေးရန် ကမ်းလှမ်းခဲ့သည်။ ထိုတုံ့ပြန်မှုနှုန်းက ကောင်းရှန်အား ခေါင်းခြောက်စေခဲ့ပြီး သူတို့က ဥက္ကဌကုအား မည်မျှတန်ဖိုးထားကြောင်း မီးမောင်းထိုးပြနေခဲ့သည်။

အတိတ်တွင် ဖြတ်သန်းခဲ့ရသော ရင်းနှီးမြှုပ်နှံမှုအတွက် တောင်းပန်ခဲ့ရသည့်ကာလများကို သူ သတိရမိ၏။ 

ရန်ပုံငွေ နှောင့်နှေးကြန့်ကြာမှုတွေ ဒါမှမဟုတ် တစ်ဝက်တစ်ပျက်ရောက်မှ ရန်ပုံငွေ ပြန်သိမ်းသွားတာတွေနဲ့ ဘယ်လောက်ခက်ခဲကြမ်းတမ်းခဲ့လိုက်သလဲ...

အခုတော့ ငါ အလျှော့ပေးလိုက်ရတဲ့ အရာအားလုံးက တတိယအမျိုးသားဇာတ်လိုက်နေရာတစ်ခုတည်းလေ...

တိတိကျကျပြောရရင် ငါ တကယ်တမ်းကျ ဘာကိုမှ အလျှော့မပေးလိုက်ရပါဘူး... ဘာလို့လဲဆိုတော့ ချင်ဝမ်က ဇာတ်ရုပ်နဲ့ သင့်တော်တာထက်ကို ပိုပြီး သရုပ်ဆောင်နိုင်တယ်လေ...

ဒီအပေးအယူကနေ ငါ အများကြီးရလိုက်တယ်ဆိုတာ ရှင်းနေတာပဲ...

အခက်အခဲများနှင့် နေသားကျနေသော ကောင်းရှန်က အပြစ်ရှိစိတ် အနည်းငယ် ခံစားလိုက်ရသောကြောင့် ကုရှင်းရှစ်အား သတိထားကာ မေးလိုက်သည်။
“ဥက္ကဌကု မင်း ဒီဇာတ်ကောင်အတွက် ပေးချင်တဲ့ အကြံဉာဏ်များ ရှိလား...”

ကုရှင်းရှစ် တုန်လှုပ်သွားရသည်။

ဟမ်...

ဒီလိုမျိုး ဆက်ဆံခံရဖို့ အကြောင်းများ ရှိနေခဲ့တာလား...

ငါ့နောက်ခံအကြောင်း ဒါရိုက်တာကောင်းရဲ့ စိတ်ကူးယဉ်မှုက ထိန်းချုပ်မှုအောက်က နည်းနည်းလေး  á€œá€˝á€á€şá€žá€˝á€Źá€¸á€á€˛á€ˇá€•á€źá€Žá€œá€Źá€¸...

သူကလည်း ထပ်တူညီစွာ သတိထားရင်း မေးလိုက်သည်။
“ကျွန်တော် ဘာမဆို အကြံပြုလို့ရလား...”

“ဒါပေါ့... ပြောပါ...”
ကောင်းရှန်က စိတ်အားထက်သန်စွာ ပြန်ဖြေခဲ့၏။

“ကောင်းပြီ”
ကုရှင်းရှစ်က စတင်ပြောလိုက်သည်။
“ယွီချန်ယန်းရဲ့ ဇာတ်ကောင်စရိုက်က အရမ်း တစ်ဖက်သတ်ဆန်တယ်လို့ ကျွန်တော်တို့ ခံစားရတယ်... ဇာတ်ရုပ်ကို ဖြည့်ဖို့ သူ့အတွက် နောက်ထပ်ဇာတ်ဝင်ခန်း နည်းနည်းလောက် ပေးလို့ရနိုင်မလား...”

ကောင်းရှန်က လေးလေးနက်နက် ခေါင်းညိတ်ခဲ့သည်။ ကုရှင်းရှစ်ထံမှ ခဏတာမျှ တိတ်ဆိတ်သွားမှုကြောင့် အံ့အားသင့်စွာ မေးလိုက်သည်။
“ဒါပဲလား.. ဒါအကုန်ပဲပေါ့... တကယ်လား ဥက္ကဌကု... မင်း ထပ်ပြီးတောင်းဆိုဖို့ အားမနာနဲ့နော်...”

ကုရှင်းရှစ် “...”

သူက အတော်လေး ရဲတင်းသွားပြီးသား ဟု သူတွေးမိလိုက်သည်။

အနည်းငယ် မရေမရာခံစားရသောကြောင့်  á€žá€° လျင်လျင်မြန်မြန် ထပ်ဖြည့်ကာ ပြောလိုက်သည်။
“အများကြီးမဟုတ်ပါဘူး.. ဇာတ်ဝင်ခန်း လေးခန်း ဒါမှမဟုတ် ငါးခန်း ဒါမှမဟုတ် သုံး၊လေးခန်းလောက်ပေါ့... ပြဿနာအရမ်းများသွားမယ်ဆိုရင် မထည့်လည်းရပါတယ်.. အဆင်ပြေပါတယ်... ဘာပဲဖြစ်ဖြစ် ဇာတ်လမ်းတစ်ခုလုံးအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ရမှာပဲလေ...”

ဘယ်လိုတောင် အိပ်မက်ဆန်လိုက်တဲ့ ငွေကြေးထောက်ပံ့ပေးသူလဲ...

အတိတ်တွင် အတင်းအကြပ် လိုက်လျောညီထွေဖြစ်ရန် ကြိုးစားခဲ့ရသည့် ခက်ခဲသော သရုပ်ဆောင်များအားလုံးကို သူပြန်မတွေးမိဘဲ မနေနိုင်ခဲ့ချေ။ 

သူတို့က နာမည်ကျော် အဓိကကြယ်ပွင့်တွေ မဖြစ်သေးတာတောင် အဆုံးမရှိတဲ့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တယ်... နာကျင်စရာ အမှတ်တရတွေပဲ...

အဆက်အသွယ်ကောင်းတဲ့ သရုပ်ဆောင်တွေက ချင်ဝမ်လိုပဲ ပေါင်းရသင်းရ လွယ်ကူတယ်ဆိုရင် “နောက်ထပ်၊ များများတွေ့ချင်တယ်” လို့တောင် ငါ အော်လိုက်ဦးမယ်...

“ဥက္ကဌကု”

“ဒါရိုက်တာကောင်း”

နှစ်ဦးသား လက်ကို တင်းတင်းဆုပ်ကိုင်ထားကြရင်း သူတို့က အလွန်ကောင်းမွန်သော သဘောတူညီမှုမျိုး ရခဲ့သည်ဟု နှစ်ဦးစလုံး ခံစားမိကြ၏။
“မင်းနဲ့ အလုပ်အတူတူလုပ်ရတဲ့အတွက် ဝမ်းသာပါတယ်...”

***

ဇာတ်ကောင်ကို ရရှိခဲ့ပြီး မကြာမီမှာပင် ရိုက်ကူးရေး စတင်ရန် အချိန်ဇယားဆွဲခဲ့သည်။

ဤအရာက ချင်ဝမ်၏ ပထမဦးဆုံးအကြီမ် ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ခြင်းဖြစ်ပြီး သူ စိတ်လှုပ်ရှားနေမည်ကို စိုးရိမ်သောကြောင့် ကုရှင်းရှစ်က သူနှင့်အတူ လိုက်ပါလာခဲ့သည်။

သူတို့ စန်းယန်ရုပ်ရှင်စတူဒီယို ရောက်ရှိခဲ့ကြပြီး ထုတ်လုပ်ရေးအဖွဲ့မှ စီစဉ်ပေးထား‌သော ဟိုတယ်အတွင်းသို့ ဝင်ရောက်ခဲ့သည်။

ဇာတ်လမ်း၏ အကန့်အသတ်ရှိသော အသုံးစရိတ်ကြောင့် အလယ်အလတ်တည်းခိုခန်းများကိုသာ ငှားပေးနိုင်လောက်မည်ဟု မျှော်လင့်ထားသော ကုရှင်းရှစ်မှာ ကျေနပ်အံ့သြသွားရ၏။ ဇိမ်ခံဟိုတယ်မဟုတ်သော်လည်း ဟိုတယ်မှာ သန့်ရှင်းသပ်ရပ်၏။ ထုတ်လုပ်ရေးအဖွဲ့က နေရာတစ်ခုလုံးအား ကြိုတင်ငှားရမ်းထားကာ ချင်ဝမ်အတွက် တတိယအမျိုးသားဇာတ်လိုက်နှင့် သင့်တင့်လျောက်ပတ်သော အခန်းကို ပေးခဲ့သည်။

စွန်းဟုန်ဖေးထံမှ ဖုန်းခေါ်ဆိုမှုအား ကုရှင်းရှစ် လက်ခံဖြေဆိုချိန်တွင် သူတို့ အထုတ်များချပြီးရုံသာ ရှိသေးသည်။
“ဥက္ကဌကု... မင်း အခု စန်းယန်ရုပ်ရှင်စတူဒီယိုမှာ မဟုတ်လား”

ကုရှင်းရှစ် အံ့သြသွားကာ မေးလိုက်သည်။
“မင်း ဘယ်လိုလုပ်သိတာလဲ...”

စွန်းဟုန်ဖေးက ပြုံးလိုက်သည်။
ဒါပေါ့... ငါသိနေတယ်လေ... ဒါက ငါ့ရဲ့အသေးစိတ်စေ့စပ်တိကျတဲ့ အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ...

အပြင်ပိုင်းတွင် သူက အံ့သြဟန်ဆောင်ရင်း သူ ပြောလိုက်သည်။
"အာ... ဒီတစ်ခေါက် ထျန်းချန်ဗီဒီယိုကလည်း ဒါရိုက်တာကောင်းရဲ့ ဇာတ်လမ်းတွဲမှာ ရင်းနှီးမြှုပ်နှံထားတယ်လေ... အဲ့ဒါကြောင့် ဖွင့်ပွဲတက်ဖို့ ဖိတ်ကြားခံရတယ်... ပြီးတော့ ဒါရိုက်တာကောင်းက မင်းလည်း ဒီမှာရောက်နေတယ်လို့ ပြောပြတယ်လေ..."

ထိုအကြောင်းကို အများကြီးမတွေးဘဲ ကုရှင်းရှစ်က ပြန်ဖြေလိုက်၏။
"အိုး... တိုက်ဆိုင်လိုက်တာ..."

နေပါဦး...

ဥက္ကဌကုအသံက ဘာကြောင့် ပြောင်းမသွားရတာလဲ...

စွန်းဟုန်ဖေး မျက်မှောင်ကြုတ်သွားရသည်။

ငါပေးတဲ့ အရိပ်အမြွက်က လုံလုံလောက်လောက် သိသာမနေလို့လား....

ထို့ကြောင့် သူ ထပ်ဖြည့်၍ ပြောလိုက်သည်။
"တကယ်တော့ ငါတို့က အစောပိုင်းမှာ ဒီဇာတ်လမ်းတွဲကို ရင်းနှီးမြှုပ်နှံဖို့ မစီစဉ်ထားခဲ့ဘူး... ဇာတ်လမ်းတွဲရဲ့ အလားအလာကောင်းမှုကို မြင်ပြီး ရင်းနှီးမြုပ်နှံဖို့အတွက် ပြင်းပြင်းထန်ထန် ထောက်ခံခဲ့တာ ဥက္ကဌဝမ်ပဲ..."

အခုဆို လုံလုံလောက်လောက် ရှင်းရှင်းလင်းလင်းသိသွားမှာ အသေအချာပဲ...

သို့သော်လည်း ကုရှင်းရှစ်၏ တုံ့ပြန်မှုမှာ ကွဲပြား၍ မသွားခဲ့ချေ။
"အိုး... မင်းတို့ ဥက္ကဌဝမ်က အမြင်ကောင်းရှိတာပဲ..."

စွန်းဟုန်ဖေး "???"

ဒါက ငါ စိတ်ကူးထားသလို မဟုတ်ဘူးလေ...

ဥက္ကဌကုက ဥက္ကဌဝမ်အကြောင်းကို သူစိမ်းတစ်ယောက်လိုမျိုး ဘာကြောင့် ပြောနေရတာလဲ... 

တစ်ခုခုကတော့ တော်တော်လေးကို မှားနေပြီ...

ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ပြဿနာရှိလို့လား... အဲ့ဒါကြောင့် ဥက္ကဌကုက မကျေမနပ်ဖြစ်နေပုံရတယ်... 

ချက်ချင်းပင် စွန်းဟုန်ဖေးက စိတ်ပူပန်စွာဖြင့် ရင်းနှီးမြှုပ်နှံမှုဌာနသို့ စစ်ဆေးရန် ဦးတည်သွားခဲ့သည်။ မေးမြန်းစုံစမ်းပြီးနောက် ပြဿနာတစ်စုံတစ်ရာမျှ မရှိဘဲ ငွေများမှာ ချောချောမွေ့မွေ့ လွှဲပြီးခဲ့ပြီဖြစ်ကြောင်း သူ သိခဲ့ရသည်။

အခြေအနေများက ထိန်းချုပ်ရန်ခက်ခဲကြောင်း သဘောပေါက်သွားခဲ့သောအခါ စွန်းဟုန်ဖေး ထိတ်ထိတ်ပျာပျာ ဖြစ်လာခဲ့သည်။

သူက ဥက္ကဌဝမ်ကိုယ်စား အလုပ်များကို ကြိုးစားပမ်းစား လုပ်ခဲ့သည်။ ယခုတွင် ဤကိစ္စအား ရှုပ်ထွေးအောင် သူ မလုပ်နိုင်ပေ။

အစပိုင်းတွင် ရက်အနည်းငယ်ကြာမှသာ ဖွင့်ပွဲသို့သွားရန် သူ စီစဉ်ထားသော်လည်း ယခုမူ မည်သည့်အရာများဖြစ်ပျက်နေသည်ကို သိရှိရန် သူ ချက်ချင်းသွားရမည်ဟု ခံစားမိလိုက်သည်။

သူ အလောတကြီး ရင်းနှီးမြှုပ်နှံမှုဌာနမှ ထွက်ခွာခဲ့ကာ  á€…á€Žá€™á€śá€á€”á€ˇá€şá€á€˝á€˛á€›á€ąá€¸á€Œá€Źá€”á€žá€­á€Żá€ˇ ဖုန်းခေါ်ဆိုခဲ့ပြီး လေယာဉ်လက်မှတ်ကို ကြိုတင်ဖြတ်ခိုင်းလျက် နောက်ရက်အနည်းငယ်အတွင်း သူ့ဌာနမှ အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် တစ်စုံတစ်ယောက်အား စီစဉ်နေခဲ့သည်။ 

သူ၏အလောတကြီးဖြစ်နေမှုကြောင့် သူထွက်သွားသောအခါ အနီးအနားအခန်းတစ်ခုမှ ထွက်လာခဲ့သော ပုံရိပ်တစ်ခုကို သူ သတိမထားမိခဲ့ချေ။

ကျင်းရှစ်ဟမ်သည် မူလက ရင်းနှီးမြှုပ်နှံမှုဌာနသို့ စာရွက်စာတမ်းအချို့ပေးရန် လာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း စွန်းဟုန်ဖေး ဝင်ရောက်လာသည်ကို သူ မြင်လိုက်မိ၏။

သူသိထားသည်မှာ စွန်းဟုန်ဖေး၏ ပြင်ပပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဌာနက လတ်တလောတွင် ရှင်းမောင်မှ သခင်လေးနင်နှင့် ကြယ်ပွင့်စင်မြင့်အတွက် ပူးပေါင်းလုပ်ကိုင်နေခြင်းဖြစ်ရာ ရင်းနှီးမြှုပ်နှံမှုဌာနနှင့် ပတ်သက်ရန် အကြောင်းအရင်း မရှိချေ။ 

ဒါဆို သူက ဒီကို ဘာလာလုပ်တာလဲ...

မသင်္ကာဖြစ်မှုကြောင့် ကျင်းရှစ်ဟမ်က စူးစမ်းလေ့လာရန် အနီးအနားကအခန်းတစ်ခုတွင် ပုန်းနေခဲ့သည်။

မကြာမီမှာပင် စွန်းဟုန်ဖေးက လေယာဉ်လက်မှတ်ကြိုတင်ဖြတ်ထားပေးရန် ဖုန်းခေါ်ဆိုရင်း အလောတကြီး ထွက်လာပြန်၏။

စွန်းဟုန်ဖေး၏မျက်နှာထက်မှ ပူပန်မှုကို မြင်လိုက်ရသောအခါ ကျင်းရှစ်ဟမ်၏ ပထမဆုံးအတွေးမှာ "တစ်ခုခုတော့ ဖြစ်နေပြီ" ဟူ၍ပင်။

သူ့နှလုံးသားက စိတ်လှုပ်ရှားမှုတို့ဖြင့် ခုန်ပေါက်သွားခဲ့သည်။

ငါသာ စွန်းဟုန်ဖေး ဘာဖြစ်နေတယ်ဆိုတာသိခဲ့ရင် သူ့ကို ဆွဲချလို့ ရပြီပဲ...

စွန်းဟုန်ဖေး ထွက်သွားတာနဲ့ ပြင်ပပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဌာနက ငါ့လက်ထဲကို လက်တွေ့ကျကျ ရောက်လာမှာ...

စိတ်လှုပ်ရှားမှုများက ပိုမိုကြီးထွားလာပြီး စွန်းဟုန်ဖေး ရင်းနှီးမြှုပ်နှံမှုဌာနတွင် မည်သည့်အရာများ ပြုလုပ်ခဲ့သည်ကို စုံစမ်းမေးမြန်းရန် ထိုနေရာသို့ သူ ပြန်သွားခဲ့သည်။

ထန်လင်း၏တင်းကြပ်သော ညွှန်ကြားချက်ကြောင့် ရင်းနှီးမြှုပ်နှံမှုဌာနက စကားတစ်ခွန်းမျှ ထွက်မလာခဲ့ချေ။

သို့သော် သူတို့ပို၍ လျှို့ဝှက်လေလေ လွဲချော်မှုတစ်ခုခုရှိသည်ဟု ကျင်းရှစ်ဟမ် ပို၍ ယုံကြည်လေလေဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုဌာနမှ ထွက်လာပြီးနောက် သူ စီမံခန့်ခွဲရေးရုံးခန်းသို့ သွားခဲ့သည်။ အားထုတ်မှုအချို့ပြုလုပ်ပြီးနောက်တွင် စွန်းဟုန်ဖေး၏ ဦးတည်ရာကို သူ ရှာတွေ့ခဲ့သည်။

***

စန်းယန်ရုပ်ရှင်စတူဒီယို...

ကျင်းရှစ်ဟမ် ပို၍ပင် စိတ်ရှုပ်ထွေးသွားရသည်။

စွန်းဟုန်ဖေးက ရုပ်ရှင်စတူဒီယိုကို ဘာသွားလုပ်တာလဲ...

သူ ရုတ်တရက် ထင်မြင်ချက်တစ်ခု ရလိုက်သည်။


🍉🍉🍉🍉 အခန်း ၅၀


ငါသာ စွန်းဟုန်ဖေးရဲ့ ရည်ရွယ်ချက်ကို ဖော်ထုတ်နိုင်ခဲ့ရင် စွန်းဟုန်ဖေးက ဥက္ကဌဝမ်ကို သူ့ဘက်ပါ‌အောင် ဘယ်လိုစည်းရုံးသိမ်သွင်းခဲ့သလဲဆိုတာကိုပါ ငါ ရှာတွေ့နိုင်လောက်တယ်...

သူက နှောင့်နှေးခြင်းမရှိဘဲ ထွက်ခွာခွင့်တောင်းရန် ပြန်သွားခဲ့သည်။ ထို့နောက် စွန်းဟုန်ဖေးလက်မှတ်ဖြတ်ထားသော လေယာဉ်ကိုပင် သူလည်း လက်မှတ်ဝယ်လိုက်ပြီး စွန်းဟုန်ဖေးသွားမည့် စန်းယန်ရုပ်ရှင်စတူဒီယိုသို့ လိုက်ကာ အမှန်တရားကို ဖော်ထုတ်ရန် စီစဉ်ခဲ့သည်။
 
***

ထိုအချိန်တွင် ကုရှင်းရှစ်နှင့် ချင်ဝမ်တို့မှာ ရုပ်ရှင်စတင်ရိုက်ကူးရန် ကြိုတင်ပြင်ဆင်မှုဖြစ်သော ဇာတ်ညွှန်းဖတ်ခြင်း အစည်းအဝေးကို တက်ရောက်နေခဲ့ကြသည်။

ဤအစည်းအဝေးက သရုပ်ဆောင်များကို ဇာတ်ညွှန်းနှင့် ရင်းနှီးသွားစေပြီး သရုပ်ဆောင် တစ်ဦးနှင့်တစ်ဦးကိုလည်း သိရှိသွားစေသည်။

ခေါင်းဆောင်မင်းသား ကျန်းဟန်ချင်းမှာ ဇာတ်ပို့အဖြစ် လူသိများကြပြီး ယခုဇာတ်လမ်းတွင် အမျိုးသားဇာတ်လိုက်အဖြစ် ပထမဆုံး သရုပ်ဆောင်မည်ဖြစ်သောကြောင့် သူက အစည်းအဝေးခန်းသို့ ထောင်လွှားမှုမရှိဘဲ နှိမ့်ချသော သဘောထားကိုသာ ယူဆောင်လာခဲ့သည်။

ခေါင်းဆောင်မင်းသမီး ရှယို့ယင်က အောင်မြင်နေသော ကြယ်ပွင့်တစ်ဦးဖြစ်ကာ တောက်ပ၍ ရွှင်လန်းတက်ကြွပြီး အလုပ်တွင် အာရုံစူးစိုက်တတ်သူတ‌စ်ယောက်ပင်။ သူမက အဖွဲ့ထဲသို့ မဝင်မီမှာပင် ဇာတ်ညွှန်းများကို အလွတ်မှတ်ခဲ့သည်။

သူတို့က ချင်ဝမ်နှင့် သက်တူရွယ်တူများဖြစ်သောကြောင့် လျင်လျင်မြန်မြန်ဖြင့် ရင်းနှီးသွားကြသည်။

ဗီလိန်အဖြစ်ပါဝင်မည့် သရုပ်ဆောင်တစ်ဦးမှလွဲ၍ အခြားသရုပ်ဆောင်များအားလုံး ရောက်ရှိနေကြပြီဖြစ်သည်။

ထိုသူ၏အမည်မှာ ဝူထောင်ဖြစ်သည်။ သူက နာမည်ကျော် ဂန္တဝင်ဖျော်ဖြေပွဲတစ်ခုတွင် မမေ့ရက်စရာ ဇာတ်ရံတစ်ဦးအဖြစ် တစ်ကြိမ်သာလျှင် သရုပ်ဆောင်ခဲ့ကာ ပရိသတ်များအတွက် ကြာရှည်ခိုင်မာသော အထင်ကြီးမှုကို ချန်ထားနိုင်ခဲ့သည်။

သို့သော်လည်း ကျော်ကြားမှုရရှိပြီးနောက် သူက စိတ်လွတ်လက်လွတ်နေခဲ့ကာ သူ့သရုပ်ဆောင်စွမ်းရည်တို့မှာလည်း ကျဆင်းခဲ့သည်။

သူက ဇာတ်ရုပ်ကို ဂရုမစိုက်ဘဲ တူညီသော တင်ဆက်မှုများဖြင့်သာ သရုပ်ဆောင်ခဲ့သည်။ သူ့ ကျန်းမာရေးကိုလည်း လျစ်လျူရှုခဲ့သောကြောင့် ပို၍ဝလာကာ အဆီများလည်း တိုးလာခဲ့သည်။ သို့သော်လည်း သူ၏ ဇာတ်ကောင်အဟောင်းကို ပရိသတ်များ၏ တသသလွမ်းဆွတ်မှုမှာ ရှင်သန်၍နေဆဲပင်။

ဝူထောင်၏ ပင်ကိုစရိုက်အား ရင်းနှီးစွာဖြင့် ဒါရိုက်တာကောင်းက သက်ပြင်းချလိုက်ကာ တစ်စုံတစ်ယောက်ကို သူ့ထံ ဖုန်းခေါ်ရန် ပြောလိုက်သည်။

သူ့စကား အဆုံးသတ်သွားသည်နှင့် အစည်းအဝေးအခန်းတံခါးမှာ ပွင့်သွားပြီး မျက်လုံးအောက်တွင် အနက်ရောင်အဝိုင်းများနှင့် ဖြူဖပ်ဖြူရော်အသားအရေရှိသော အမျိုးသားတစ်ယောက် ဝင်လာခဲ့သည်။ 

သူ နောက်ကျသည်ကို သတိပြုမိသောကြောင့် သူက လူတိုင်းအား ပျော်စေပြက်စေ ပြုံးဖြဲဖြဲဖြင့် နှုတ်ဆက်ခဲ့သည်။ ထို့နောက် ထိုင်ခုံပေါ်တွင် ပျော့တိပျော့ခွေထိုင်ချရင်း ပြောလာသည်။
"ဒါရိုက်တာကောင်း... ဒီဇာတ်ညွှန်းဖတ်တဲ့ အလေ့အထကြီးက နည်းနည်းလေး ခေတ်နောက်ကျနေပြီ မဟုတ်ဘူးလား... ထုတ်လုပ်ရေးတော်တော်များများကလည်း ဒါကို မလုပ်ကြတော့ဘူး..."

ကောင်းရှန်က အေးစက်စွာ ပြန်ဖြေလိုက်သည်။
"တခြားထုတ်လုပ်ရေးတွေကိုတော့ ငါ ဘာမှမပြောလိုပါဘူး... ဒါပေမယ့် ငါ့ထုတ်လုပ်ရေးမှာတော့ ငါ့ စည်းမျဉ်းအတိုင်းပဲ လိုက်နာရမယ်..."

ဝူထောင် မရယ်လိုက်ခင် သူ့မျက်နှာမှာ အနည်းငယ် တင်းမာသွားခဲ့သည်။
"ဟုတ်ပါပြီ... ဒါရိုက်တာကောင်းကလည်း ကျွန်တော်က နောက်နေတာပါ... ဒီလောက်အလေးအနက်ကြီးဖြစ်သွားစရာ မလိုပါဘူး..."

ကောင်းရှန်က ထိုကိစ္စကို ဆက်မပြောတော့ဘဲ ဇာတ်ညွှန်းအကြောင်းကိုသာ ဆက်လက်ဆွေးနွေးခဲ့သည်။

သို့သော် ဝူထောင်မှာ အာရုံထွေပြားလျက်ရှိကာ သူ့ လက်ချောင်းများမှာလည်း တစ်စုံတစ်ယောက်နှင့် စာပို့နေသကဲ့သို့ သူ့ဖုန်းပေါ်တွင် အဆက်မပြတ် ရိုက်နှိပ်၍နေခဲ့သည်။ 

ကောင်းရှန် အလိုလိုပင် မျက်မှောင်ကြုတ်သွားရ၏။

ဝူထောင်ဆီမှလာသော ရင်းနှီးကျွမ်းဝင်နေသည့် ဇာတ်လမ်းအငွေ့အသက်ကို ကုရှင်းရှစ် ခံစားမိလိုက်သည်။

ထိုကဲ့သို့ပင် စနစ်ကလည်း ကြားဝင်ပြောလာခဲ့သည်။
[ပိုင်ရှင်ရေ... မင်းနဲ့ငါ တစ်ထပ်တည်း တူနေခဲ့တာပဲ... ဒါက ကြီးမားတဲ့ အရှုပ်တော်ပုံကြီးပဲ...]

ကုရှင်းရှစ် [...]

စနစ်က ဆက်ပြောသည်။
[မင်းသံသယရှိနေမှန်း ငါ သိတယ်... ဒါပေမယ့် ငါပြောတာ ပြီးအောင် နားထောင်ပါဦး...]

[ဝူထောင် ဘာကြောင့် အရမ်းနောက်ကျနေရလဲဆိုတာကို မင်းသိလား...]

ကုရှင်းရှစ်က ဖြစ်ရိုးဖြစ်စဉ်ဖြစ်သော အတင်းအဖျင်းပြောခြင်းကို လက်ခံစွာဖြင့် ပြန်ဖြေခဲ့သည်။
[ငါ မသိဘူး... ဆက်ပြောပါဦး...]

[ဝူထောင်က မနေ့ညက မကာအိုမှာ လောင်းကစားလုပ်တာ သူ့မျက်လုံးတွေ နီရဲသွားစေတဲ့အထိကို ရှုံးခဲ့တယ်လေ... သူ့ရဲ့မန်နေဂျာက သူ့ကို လေယာဉ်ပေါ် ဆွဲတင်ရုံပဲ တတ်နိုင်ခဲ့တယ်... သူက လောင်းကစားစွဲနေရုံတင်မကဘူး အကြွေးတွေလည်း အများကြီးတင်နေသေးတယ်... သူ့ရဲ့အကြွေးရှင်တွေကလည်း သူ့နောက်ကို လိုက်နေကြတာ...]

ဝူထောင်ကို ကြည့်လိုက်သောအခါ သူ့နဖူးကြောတို့မှာ တွန့်ကွေးနေပြီး ချွေးများဖြင့် စိုရွှဲလျက်ရှိသည်ကို ကုရှင်းရှစ် သတိထားမိခဲ့သည်။

စနစ်က ဆက်ပြော၏။

[သူရဲ့အကြွေးတွေကို ဆပ်ဖို့ သူတတ်နိုင်သလောက် ဘယ်လိုသရုပ်ဆောင်ဖျော်ဖြေပွဲကိုမဆို ပိုက်ဆံပေးမယ်ဆိုရုံနဲ့ လက်ခံခဲ့တယ်... ဒါပေမယ့် သူ့ရဲ့သရုပ်ဆောင်ကြေးက သူ့ရဲ့များလွန်းလှတဲ့လောင်းကစားအကြွေးတွေရဲ့ အပေါ်ယံလောက်ကို ခြစ်ချနိုင်ရုံလောက်ပဲ ရတယ်လေ... အဲ့ဒီတော့ သူက ပိုပြီး စက်ဆုပ်စရာကောင်းတဲ့ အစီအစဉ်တွေကို စိတ်ကူးမိလာတော့တယ်...]

[သူက သူ့တွဲဖက် သရုပ်ဆောင်တွေရဲ့ဓာတ်ပုံတွေကို ခိုးရိုက်ပြီး မှောင်ခိုဈေးကွက်မှာသွားရောင်းဖို့ တိတ်တိတ်လေး စီစဉ်ထားခဲ့တယ်... အထူးသဖြင့် သူက ကျန်းဟန်ချင်းနဲ့ ရှယို့ယင်တို့ကို ပစ်မှတ်ထားနေတာ... သူတို့က သူလတ်တလော အလုပ်တွဲလုပ်နေတဲ့ သရုပ်ဆောင်တွေထဲမှာ နာမည်အကြီးဆုံး သရုပ်ဆောင်တွေလေ... ဒါက သူ ဒီဇာတ်ညွှန်းဖတ်ပွဲကို အနှောင့်အယှက်ပေးခဲ့တဲ့ အကြောင်းပြချက်တစ်ခုပဲ...]

ကုရှင်းရှစ်က ပြောလိုက်သည်။
[အရှက်မရှိလိုက်တာ...]

ထို့နောက်တွင် ဝူထောင်က ရုတ်တရက် မတ်တတ်ရပ်ကာ ပြောလာခဲ့သည်။
"ဒါရိုက်တာကောင်း... ကျွန်တော် သန့်စင်ခန်းခဏ သွားလိုက်ဦးမယ်..."

ကောင်းရှန်က စကားဖြတ်ပြောသည့်အတွက် မကျေမနပ်ဖြစ်မိသော်လည်း သူ ထိုအကြောင်းကို အများကြီး တွေးမနေဘဲ လက်ဝှေ့ယမ်းပြကာ ဝူထောင်ကို သွားခိုင်းလိုက်သည်။

စနစ်က ချက်ချင်းပင် စိတ်လှုပ်ရှားမှု ကြီးထွားလာရင်း ပြောလိုက်သည်။
[ပိုင်ရှင်... ဝူထောင်ရဲ့ အကြွေးရှင်တွေက သူ့ကို ထပ်ပြီး ဖိအားပေးနေပြန်ပြီ... သူ့မှာ အချိန်အများကြီး မကျန်တော့ဘူး... အဲ့ဒါကြောင့် သူ လျှို့ဝှက်ကင်မရာကိုယူပြီး သန့်စင်ခန်းထဲ တပ်ဖို့ စီစဉ်နေပြီ...]

ကုရှင်းရှစ်၏ အမူအရာမှာ မဲမှောင်သွားခဲ့သည်။

ဒီအဆိပ်အတောက်လို လူမျိုးကို ထုတ်လုပ်ရေးအဖွဲ့ထဲမှာ ဆက်နေဖို့ ခွင့်မပြုနိုင်ဘူး...

ထိုသို့တွေးကာ သူက စနစ်အား ဝူထောင်ကို ဆက်စောင့်ကြည့်နေရန် ပြောခဲ့သည်။ ထို့နောက်တွင် သူ မတ်တတ်ရပ်လိုက်ပြီး ဒါရိုက်တာကောင်း၏အနားသို့ တိတ်တဆိတ် ချဉ်းကပ်ကာ ပြောလိုက်သည်။

"ဒါရိုက်တာကောင်း... အဆင်ပြေမယ်ဆိုရင် ကျွန်တော် ဆွေးနွေးချင်တာလေးရှိလို့..."

ကုရှင်းရှစ်အား တန်ဖိုးရှိသောထောက်ပံ့သူဟု သတ်မှတ်ထားသည့် ကောင်းရှန်က ချက်ချင်း တုံ့ပြန်ခဲ့သည်။
"ရတာပေါ့... ဘာပြဿနာမှမရှိဘူး..."

ကုရှင်းရှစ်က ဒါရိုက်တာကောင်းကို သူ့ဘေးသို့ လာစေကာ စိတ်ပူပန်ဟန်ဆောင်ရင်း ပြောခဲ့သည်။

"အစွဲအလမ်းကြီးတဲ့ ပရိသတ်တချို့က နာမည်ကြီးတွေရဲ့ ဟိုတယ်တွေကို ခိုးဝင်ပြီး သူတိုရဲ့ အ‌ခန်း‌တွေထဲမှာ လျှို့ဝှက်ကင်မရာတွေ တပ်ကြတယ်ဆိုတဲ့‌အကြောင်း  á€€á€ąá€Źá€œá€Źá€Ÿá€œá€á€˝á€ą ကြားခဲ့ရဖူးတယ်... ကျွန်တော် နည်းနည်းတော့ စိတ်ပူမိတယ်..."

ကောင်းရှန်က ရယ်လိုက်ရင်း ပြန်ဖြေခဲ့သည်။
"စိတ်မပူပါနဲ့ ဥက္ကဌကု... ငါကိုယ်တိုင်ကလည်း အဲ့ဒီလိုဖြစ်လာမှာ စိတ်ပူနေခဲ့တာ... အဲ့ဒါကြောင့် ဟိုတယ်တစ်ခုလုံးကို အပြတ်ငှားထားခဲ့တာ... ငါတို့ရဲ့ အဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေလောက်ပဲ ဟိုတယ်ထဲ ဝင်ခွင့်ရှိတယ်... အပြင်လူတွေ တစ်ယောက်မှကို ဝင်ခွင့်ပြုမထားဘူး..."

ဒါပေမယ့် ငါတို့ စိတ်ပူရမှာ အပြင်လူတွေ မဟုတ်ဘူး...

ကောင်းရှန်၏စကားကို အမှုမထားဘဲ ကုရှင်းရှစ်က ဆက်ပြောခဲ့သည်။
"မှန်ပါတယ်... ဒါပေမယ့် အဲ့ဒီအရူးအမူးဖြစ်နေတဲ့ပရိသတ်တွေက တော်တော်လေး ရန်မူတတ်ကြတယ်... သူတို့တွေ ဘယ်လောက်ကြာကြာထိ သွားနိုင်မလဲဆိုတာ ဘယ်သူက သိမှာလဲ... ကျန်းဟန်ချင်းနဲ့ ရှယို့ယင်ကိုပဲ ကြည့်... သူတို့နှစ်ယောက်စလုံးက အရမ်းကို နာမည်ကြီးကြတယ်... အဲ့ဒီလို အရူးအမူးစွဲလမ်းနေတဲ့ပရိသတ်တစ်ယောက်သာ ခိုးဝင်နေခဲ့ရင် အရမ်းကို ဒုက္ခများသွားနိုင်တယ်နော်..."

ကောင်းရှန် တုံ့ဆိုင်းစွာဖြင့် ပြန်ပြောလာခဲ့သည်။
"အဲ့ဒီလိုဖြစ်လောက်မယ်လို့တော့ ငါ မထင်ဘူး... မနေ့က ကျန်းဟန်ချင်းအခန်းကို ငါသွားတော့ သူ့လက်ထောက်က အားလုံးကို သေသေချာချာစစ်ဆေးနေတာကို ငါ တွေ့ခဲ့တယ်... သူတို့က အရမ်းသတိထားနေကြတာပဲ... ပြဿနာတစ်ခုခုများရှိနေလို့လား... ငါ သံသယဝင်လာပြီ..."

ထိုအကြောင်းအရာက ကုရှင်းရှစ်၏ အစီအစဉ်အတွင်း တည့်တည့်ကြီးရောက်လာခဲ့သောကြောင့် သူ မြန်မြန်ဆန်ဆန် ထပ်ဖြည့်ကာ ပြောလိုက်သည်။
"ဒါရိုက်တာကောင်း ပြောတာမှန်ပါတယ်... ဒါပေမယ့် သူတို့က ကင်မရာတွေကို အခန်းတွေထဲမှာမတပ်ဘဲ သန့်စင်ခန်းတို့လို အများသုံးနေရာတွေမှာ တပ်ခဲ့ရင်ရော... အဲ့ဒီတပ်တဲ့သူတွေက ကျန်းဟန်ချင်းတို့ ရှယို့ယင်တို့ရဲ့ ပရိသတ်တွေမဟုတ်ဘဲ အရင်က ဒီမှာနေခဲ့ဖူးတဲ့ သရုပ်ဆောင်တွေရဲ့ ပရိသတ်တွေဆိုရင်ရော..."

"မြန်မြန်ဆန်ဆန် စစ်ဆေးကြည့်လိုက်တာ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော် ထင်တယ်... အဲ့ဒါက အချိန်လည်း သိပ်ယူရမှာ မဟုတ်သလို တခြားလူတွေအတွက် အနှောင့်အယှက်လည်း မဖြစ်နိုင်ဘူးလေ... ပြီးတော့ လူတိုင်းရဲ့စိတ်ကိုလည်း သက်သောင့်သက်သာဖြစ်သွားစေတာပေါ့..."

ကောင်းရှန်က ကုရှင်းရှစ် သထိထားလွန်းသည်ဟု တွေးမိသော်လည်း ငွေကြေးထောက်ပံ့သူထံမှ ထိုကဲ့သို့ သေးငယ်သောတောင်းဆိုမှုကို ဟာသလုပ်လိုစိတ်မရှိခဲ့ချေ။

ထို့အပြင် ဝူထောင် ထွက်သွားသည်မှာလည်း တော်တော်ကြာနေပြီဖြစ်သောကြောင့် ဇာတ်ညွှန်းဖတ်ခြင်းအစည်းအဝေးကလည်း မည်သည့်နည်းနှင့်မျှ ရှေ့ဆက်၍ မရနိုင်ပေ။

ထို့ကြောင့် သူ ကုရှင်းရှစ်၏ အကြံပြုချက်ကို သဘောတူခဲ့ကာ သရုပ်ဆောင်များအား ခဏအနားပေးခဲ့ပြီး ဝန်ထမ်းအနည်းငယ်နှင့်တကွ သူနှင့် ကုရှင်းရှစ်တို့ဦးဆောင်၍ ဤအထပ်ရှိ သန့်စင်ခန်းသို့ စစ်ဆေးရန်သွားခဲ့သည်။

ထိုအချိန်တွင် စနစ်က ကုရှင်းရှစ်အား ဝူထောင်၏ လုပ်ဆောင်ချက်တို့ကို ကြိုးကြိုးစားစား အချိန်နှင့် တပြေးညီ ပြောပြလျက်ရှိသည်။

[သူက အမျိုးသားသန့်စင်ခန်းထဲမှာ ကင်မရာတပ်လို့ ပြီးသွားပြီ... သူက လုံခြုံတယ်လို့တွေးပြီး ပိုတောင် ရဲတင်းလာတယ်... အခု သူက အမျိုးသမီးသန့်စင်ခန်းထဲမှာ...]

[သူ ပထမအခန်းထဲမှာ ကင်ရာတပ်ပြီးသွားပြီ... အခု ဒုတိယအခန်းထဲ သွားနေတယ်...]

ထိုအကြောင်းကို ကြားသောအခါ ကုရှင်းရှစ်က သူ့အရှိန်ကို ချက်ချင်းမြှင့်လိုက်သည်။

ကောင်းရှန်က အနည်းငယ် မှင်တက်သွားရသော်လည်း နောက်မှ အရှိန်မြှင့်ရင်း လိုက်သွားခဲ့သည်။

သူတို့ သန့်စင်ခန်းဝင်ပေါက်သို့ ရောက်သောအခါ ကောင်းရှန်က အလိုလိုပင် အမျိုးသား သန့်စင်ခန်းဘက်သို့ ဦးဆောင်၍ သွားခဲ့သည်။ သို့သော် ကုရှင်းရှစ်က သူ့အား လျင်လျင်မြန်မြန်ပင် ရပ်တန့်စေရင်း ပြောလိုက်သည်။
"ဒါရိုက်တာကောင်း... ကျွန်တော်တို့ အမျိုးသမီးသန့်စင်ခန်းဘက်ကနေ အရင်စလိုက်ရင်ရော..."

ကောင်းရှန်က ခေါင်းညိတ်ကာ အမျိုးသမီးဝန်ထမ်းနှစ်ဦးအား ညွှန်ကြားခဲ့သည်။
"အထဲကိုဝင်ပြီး စစ်ဆေးကြည့်လိုက်..."

အမျိုးသမီးနှစ်ဦးက ကျန်းဟန်ချင်းအဖွဲ့မှ ငှားရမ်းခဲ့သော လျှို့ဝှက်ကင်မရာ ရှာဖွေရေးကိရိယာများနှင့်အတူ ဝင်သွားခဲ့သည်။

အချိန်အနည်းငယ်ကြာသောအခါ ရှာဖွေရေးကိရိယာမှမြည်သံသည် အတွင်းမှ ပဲ့တင်ထွက်လာ၏။

ကောင်းရှန်၏မျက်လုံးများက တုန်လှုပ်အံ့ဩမှုဖြင့် ဝိုင်းစက်သွားခဲ့သည်။ 

ဒီမှာ တကယ်ကြီး ရှိနေတယ်...

သူက စောင့်ဆိုင်းမနေတော့ဘဲ အခြားသူများနှင့်အတူ အတွင်းသို့ အလောတကြီး ဝင်သွားခဲ့သည်။

ကြောက်ရွံ့မှုကြောင့် ဖြူဖျော့နေသော အမျိုးသမီးဝန်ထမ်းနှစ်ဦးက မြည်နေသော ရှာဖွေရေးကိရိယာကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ ကောင်းရှန်နှင့် အခြားသူများဝင်လာသည်ကို သူတို့ မြင်သောအခါ တုန်ယင်စွာဖြင့် အလယ်ခန်းသို့ ညွှန်ပြရင်း ပြောခဲ့၏။

"အခန်းထဲမှာ တစ်ယောက်ယောက်ရှိနေတယ်... ကျွန်မတို့က ဘယ်သူလဲလို့မေးတော့လည်း ပြန်မဖြေဘူး... ပြီးတော့ ရှာဖွေရေးကိရိယာကလည်း အဲ့ဒီအခန်းနားရောက်ရင် ပိုပြီး မြည်လာတယ်..."

ကောင်းရှန်၏ အမူအရာမှာ တင်းမာသွားခဲ့သည်။ သူက ထိုအမျိုးသမီးများအား ရဲကို ဖုန်းဆက်ခေါ်ရန် ခြေဟန်လက်ဟန်ပြလိုက်ပြီး ကင်မရာမန်းများကိုလည်း ဝင်ပေါက်ကို ပိတ်ထားရန် အချက်ပြလိုက်သည်။

ထို့နောက် သူက သူ့အသံကိုမြှင့်ရင်း ပြောသည်။
"အထဲက ဘယ်သူပဲဖြစ်ဖြစ်... အခု ထွက်လာခဲ့... မထွက်လာရင် ငါတို့ တံခါးဖျက်ပြီး ဝင်လာရလိမ့်မယ်..."

ထိုအချိန်တွင် ဒုတိယအခန်းထဲမှ အိမ်သာရေဆွဲချသံ ထွက်လာသည်။

[မကောင်းတော့ဘူး... သူ သက်သေတွေကို ဖျက်ဆီးဖို့ လုပ်နေပြီ...]

ကောင်းရှန်နှင့် အခြားသူများက တွေဝေခြင်းမရှိဘဲ ရှေ့သို့တိုးသွားကာ တံခါးကို ကန်ရန် ပြင်လိုက်ကြသည်။

ထိုအချိန်တွင် အခန်းတံခါးမှာ ပွင့်လာပြီး ဝူထောင်မှာ မည်သည့်အရာမျှ မဖြစ်ခဲ့သည့်ပုံဖြင့် ထွက်လာခဲ့သည်။

ကောင်းရှန်က သူ့အား မယုံကြည်နိုင်စွာကြည့်ရင်း မေးလိုက်သည်။
"မင်း ဘာလို့ ဒီထဲ ရောက်နေရတာလဲ... ပြီးတော့ မင်း ဘာလို့ အမျိုးသမီးသန့်စင်ခန်းထဲမှာ ရှိနေရတာလဲ..."

ဝူထောင်က ရှက်ရွံ့ဟန်ဆောင်ရင်း ဖြေခဲ့သည်။
"ကျွန်တော် အလျင်လိုနေတာနဲ့ မတော်တဆ အခန်းမှားဝင်မိသွားတာ..."

ထို့နောက် အပြစ်ကင်းဟန်၊ စိတ်ရှုပ်ထွေးနေသောပုံစံဖြင့် မေးမြန်းခဲ့သည်။
"ဒါရိုက်တာကောင်း... ဒီရုတ်ရုတ်သဲသဲဖြစ်နေတာကြီးက ဘာဖြစ်လို့လဲ..."

ကောင်းရှန်က အေးစက်စွာ ပြန်ဖြေခဲ့၏။
"ဒီနေရာမှာ လျှို့ဝှက်ကင်မရာတွေ ခိုးတပ်နေတဲ့ လူတစ်ယောက်ကို ငါတို့ တွေ့လို့ပဲ..."

ဝူထောင်က အလွန်အမင်း တုန်လှုပ်သွားသည့်အမူအရာဖြင့် ပြောလိုက်သည်။
"ဘာ... ဘယ်သူက ဒီလိုအရာမျိုး လုပ်ရဲတာလဲ... ရွံစရာကောင်းလိုက်တာ..."

ထို့နောက် နစ်နာသူအဖြစ် သရုပ်ဆောင်ကာ ထပ်ဖြည့်ပြောခဲ့သည်။
"ဒါရိုက်တာကောင်း... ခင်ဗျား ကျွန်တော့်ကို သံသယမရှိပါဘူးနော်... ဟုတ်တယ်မဟုတ်လား.."

မှားယွင်းစွပ်စွဲခံရသည့်ပုံ သရုပ်ဆောင်ရင်း သူ့လက်များကို ဖြန့်ပြကာ ပြောပြန်သည်။
"ကျွန်တော်က လုံးဝကို အပြစ်ကင်းပါတယ်... ကျွန်တော့်ကိုယ်ပေါ်မှာ တစ်ခုခုရှိတယ်လို့ မသင်္ကာရင် လွတ်လွတ်လပ်လပ် ရှာကြည့်လို့ရတယ်..."

နေရာတွင်ရှိနေသောလူတိုင်းက ရေဆွဲချသံကို ကြားခဲ့ကြပြီးဖြစ်၏။ 

သူ့ကိုယ်ပေါ်မှာ သက်သေအထောက်အထားချန်ထားမယ်တဲ့လား... မဖြစ်နိုင်လိုက်တာ...

ကောင်းရှန်က အဖွဲ့ဝင်တစ်ယောက်ကို ပထမအခန်းအပေါ်သို့ တက်ကာ လက်အိတ်ဝတ်ပြီး ကင်မရာကို ဖြုတ်ရန် ညွှန်ကြားရင်း ပြောလိုက်သည်။
"အဲ့ဒီကင်မရာရလာတာနဲ့ ငါတို့ လက်ဗွေရာကို စစ်ဆေးကြည့်လို့ရပြီ..."

ဝူထောင်က ယုံကြည်ချက်ရှိစွာဖြင့် ပြန်ဖြေခဲ့သည်။
"ဆက်လုပ်ပါ... မင်းတို့ စိတ်ကြိုက် စစ်ဆေးလို့ရတယ်..."

သူက အစောပိုင်းတွင် လက်ဗွေရာ ကျန်မနေစေရန် ဂရုတစိုက်နှင့် လက်အိတ်ဝတ်ခဲ့သည်။

ကောင်းရှန် ထိုအကြောင်းကို သဘောပေါက်သွားသောအခါ သိသိသာသာ မချင့်မရဲဖြစ်သွားခဲ့သည်။

လက်ဆုပ်လက်ကိုင်ပြနိုင်သော သက်သေအထောက်အထားမရှိပါက ဝူထောင်သည် သူ မတော်တဆ အခန်းမှားဝင်သည်ဖြစ်ကြောင်းကို ရိုးရှင်းစွာ အခိုင်အမာပြောနေဦးမည်ဖြစ်၏။ သူ၏ အရှက်မရှိ မျက်နှာပြောင်တိုက်တတ်သော သဘာဝအရ သူက အခြေအနေကို ဆန့်ကျင်ဘက်ဖြစ်သွားအောင်ပင် သူတို့အား လှည့်ပတ်နိုင်လိမ့်မည်။

ထိုအခိုက် ကုရှင်းရှစ်က အေးဆေးတည်ငြိမ်စွာ ရှေ့သို့ထွက်လာပြီး ပြောခဲ့သည်။

"ဘာလို့ အမျိုးသမီးသန့်စင်ခန်းမှာတင် ရပ်နေမှာလဲ... အမျိုးသားသန့်စင်ခန်းကိုလည်း သွားပြီး စစ်ဆေးကြရအောင်..."

သူက အပြစ်ကင်းသည့်အပြုံးပြုံးရင်း ဝူထောင်ကို ကြည့်လိုက်၏။ 
"မင်း သိလား... တစ်စုံတစ်ယောက်က ဒီလိုမျိုးအရာကို ပထမဆုံးအကြိမ်လုပ်မယ်ဆိုရင် အစပိုင်းတော့ သူတို့က လက်အိတ်ဝတ်ဖို့ မေ့သွားမှာပဲလေ... ဟုတ်တယ်မဟုတ်လား... မစ္စတာဝူ..."

ဝူထောင်၏မျက်နှာမှာ ချက်ချင်းပင် အရောင်ပြောင်းသွားခဲ့သည်။


 

Search Novels