🍉🍉🍉🍉 အခန်း ၉၆


ပြည့်စုံကောင်းမွန်သည့် ဇာတ်ညွှန်းတစ်ခုရရှိပြီး နောက်တစ်ဆင့်မှာ လက်စွမ်းပြနိုင်မည့် ဒါရိုက်တာအား ရှာဖွေရန် ဖြစ်သည်။

သို့သော် ဖျော်ဖြေရေးလောက၌ ဒါရိုက်တာကောင်း ရှားလေသည်။ ဤဇာတ်ညွှန်းပုံစံနှင့် ကိုက်ညီသည့် အမြင်ရှိသူများမှာမူ ပို၍ရှားပါးလေသည်။

ဒါရိုက်တာများစွာအား ဆက်သွယ်ပြီးနောက် ဇာတ်ညွှန်းကိုပင် ဖတ်ရှုခြင်းမရှိဘဲ ယဉ်ကျေးစွာ ငြင်းပယ်မှုများကိုသာ ရရှိခဲ့သည်။

ကုရှင်းရှစ်သည် အခြားနည်းလမ်းတစ်ခုအား စဉ်းစားနိုင်ရန် ခေါင်းခြောက်နေရသည်။ အတွေးထဲနစ်နေရင်း ကျုံးကျင်းမြို့ရှိ ဗဟိုရုပ်ရှင်အကယ်ဒမီ အနီးသို့ ရောက်နေကြောင်း သိလိုက်ရသည်။ 

ကျောင်းဝင်ပေါက်၌ ပြပွဲတစ်ခုအား ကြော်ငြာနေသော ကျောင်းအားအနည်းငယ် ရှိလေသည်။ စူးစမ်းလိုစိတ်ဖြင့် မေးကြည့်ပြီးနောက် ထူးချွန်ကျောင်းသားများ ရိုက်ကူးထားသော ဇာတ်လမ်းများအား ပြန်လည်ပြသနေခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။

အချိန်ပိုအချို့ ရှိနေသောကြောင့် ကုရှင်းရှစ်သည် လက်မှတ်တစ်စောင် ဝယ်ယူလိုက်ပြီး ကျောင်း၏ ဇာတ်ရုံထဲတွင် နေရာယူလိုက်သည်။

ကျောင်းသားများ ရိုက်ကူးထားသည့် ဇာတ်လမ်းများဖြစ်သော်ငြား အချို့မှာ အတော်လေး ဆိုးဝါးလေသည်။ အနည်းငယ်ခန့် ကြည့်ပြီးနောက် ကုရှင်းရှစ် အိပ်ငိုက်လာသဖြင့် ထွက်သွားမည် ပြင်စဉ်မှာပင် ၁၅ စက္ကန့်မျှသာရှိသော အဖွင့်ဇာတ်ကွက်ကြောင့် နေရာမှ မခွာနိုင်တော့ချေ။

ပရိသတ်များ၏ ကျွက်စီစီ အသံများမှာလည်း တိတ်ဆိတ်သွားလေသည်။

ကုရှင်းရှစ် ပြန်ထိုင်လိုက်သည်။

အဆိုပါ ဇာတ်လမ်းတိုမှာ မိနစ် ၃၀ မျှသာ ကြာမြင့်သည်။ သို့သော် ဇာတ်လမ်းထဲသို့ နစ်ဝင်သွားပြီး စက္ကန့်ပိုင်းမျှ ရုန်းမထွက်နိုင်ဘဲ ရှိလေသည်။

ကျွမ်းကျင်သူ မဟုတ်သည့်တိုင်အောင် ဇာတ်လမ်း၏ ထူးခြားဆန်းသစ်မှုနှင့် ရင်သပ်ရှုမောဖွယ်ကောင်းသော ရိုက်ကူးရေးပညာ၊ ကျွမ်းကျင်ပိုင်နိုင်သော အလှည့်အပြောင်းများအားလုံးတို့မှာ ဒါရိုက်တာ၏ ထူးခြားသော ရှုထောင့်နှင့် တင်ဆက်ပုံအား မီးမောင်းထိုးပြနေသလိုပင်။

အရေးအကြီးဆုံးမှာ ဇာတ်လမ်းတို၏ ပုံစံနှင့် အရည်အသွေးသည် ကုရှင်းရှစ် စိတ်ကူးထားခဲ့သော ဇာတ်ညွှန်းနှင့် လိုက်ဖက်ညီနေခြင်း ဖြစ်သည်။

ကုရှင်းရှစ် စိတ်လှုပ်ရှားလာသည်။

ဇာတ်လမ်းအဆုံးသို့ ရောက်လာပြီးနောက် စခရင်ထက်၌ ဒါရိုက်တာ၏အမည် ပေါ်ထွက်လာသည်။ 
ဖေးကျောကျစ်...

ကုရှင်းရှစ် ခေတ္တမျှ စိတ်ရှုပ်ထွေးသွားသည်။

လတ်တလော ပြည်တွင်းရှိ ဒါရိုက်တာများအား ရှာဖွေပြီးနောက် ဖေးကျောကျစ်ဟူသည့် အမည်အား မတွေ့ခဲ့ဖူးပေ။

ဒါပေမဲ့ ဒီလို အရည်အချင်းမျိုးနဲ့ ဘာကြောင့် မထင်မရှား ဖြစ်နေရတာလဲ…

သူက ကျောင်းသားအရွယ်ပဲ ရှိသေးတာများလား..

များများစားစား တွေးမနေတော့ဘဲနှင့် ကုရှင်းရှစ်သည် ဖေးကျောကျစ်အကြောင်း မေးမြန်းရန် ပွဲစီစဉ်သူထံသို့ သွားသည်။

ပွဲစီစဥ်သူမှာ မစ္စတာယဲ့ အမည်ရှိသော ရုပ်ရှင်အကယ်ဒမီ၏ ဆရာတစ်ဦးဖြစ်သည်။ ကုရှင်းရှစ်၏ အမေးအား ကြားပြီးနောက် မျက်ခုံးပင့်လိုက်သည်။
“မင်းက.. ကျောကျစ်ကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းချင်တာလား..”

ကုရှင်းရှစ် ခေါင်းညိတ်လိုက်သည်။
“ပြဿနာ... ရှိလို့လား..”

မစ္စတာယဲ့ ချိတုံချတုံ ဖြစ်သွားသည်။
“မသေချာဘူး.. ဒါပေမဲ့ ကျောကျစ်ရဲ့ အကြောင်းကို သိပြီးရင်တော့ မင်း စိတ်ပြောင်းသွားနိုင်တယ်..”

ကုရှင်းရှစ်၏ သိလိုစိတ် မြင့်တက်လာသည်။
“အိုး..”

ပရော်ဖက်ဆာယဲ့က သက်ပြင်းချလိုက်မိသည်။
“ကျောကျစ်က ငါသင်ပေးဖူးသမျှ ကျောင်းသားတွေထဲမှာ အထူးချွန်ဆုံးပဲ.. စာသင်နှစ်တစ်လျှောက် ဆုတွေ မရေမတွက်နိုင်အောင် ရခဲ့တယ်.. ကျောင်းပြီးသွားတော့ သူ့ကိုယ်ပိုင် ဒါရိုက်တာဖြစ်ဖို့ အခွင့်အရေး ပေါ်လာခဲ့တယ်.. ဒါပေမဲ့ သူ့ရဲ့ ကြောက်ဖို့ကောင်းတဲ့ ကံတရားက.. ကျောင်းပြီးကတည်းက သူပါမိသမျှ ပရောဂျက်တိုင်းက တစ်နည်းမဟုတ်တစ်နည်းနဲ့ ပျက်သွားကြတာချည်းပဲ.. နောက်ဆုံးတော့ လူတွေက သူ့ကို မကမ်းလှမ်းကြတော့ဘူး..”

ကုရှင်းရှစ် : “...”

ဖေးကျောကျစ် နာမည်မကြီးရသည့် အကြောင်းအရင်းမှာ ထိုသို့သော အဖြစ်အပျက်ကြောင့်ဟု ကုရှင်းရှစ် မထင်ထားချေ။

စနစ်၏အသံ ထွက်ပေါ်လာသည်။
[ဖေးကျောကျစ်ရဲ့ ကံတရားက ဘေးဒုက္ခ ပြတ်လပ်သွားတယ်လို့ မရှိဘူး.. ဥပမာပြောရရင် ကျောင်းပြီးတော့ ပထမဆုံးရုပ်ရှင် ရိုက်ကူးမဲ့အချိန်မှာ အဓိကရင်းနှီးမြှုပ်နှံသူက ဘဏ္ဍာရေးပြဿနာနဲ့ ကြုံတွေ့ခဲ့ရလို့ ပရောဂျက်ကို ရုတ်သိမ်းလိုက်ရတယ်.. နောက်ပိုင်းကျ သူ့ဆရာရဲ့ ရုပ်ရှင်မှာ လက်ထောက်ဒါရိုက်တာ ဖြစ်လာတယ်.. အရာအားလုံး အဆင်ပြေပြေ ရှိနေခဲ့ပေမဲ့ အဓိကဇာတ်လ်ိုက်တွေရဲ့ အရှုပ်တွေ ပေါ်လာခဲ့တယ်.. နှစ်ယောက်စလုံးက နောက်မီးလင်းနေတဲ့ အိမ်ထောင်သည်တွေ.. အဲဒီတော့ ရုပ်ရှင်ကလည်း လူထုရဲ့ နာမည်ပျက်သွင်းခြင်း ခံလိုက်ရတော့တာပေါ့.. တေးဂီတဗီဒီယိုတွေ ရိုက်ကူးဖို့ ကြိုးစားခဲ့ပေမဲ့လည်း အဆိုတော်က MV မထုတ်လွှင့်ခင်မှာပဲ မူးယစ်ဆေးမှုနဲ့ အဖမ်းခံလိုက်ရတယ်..]

ကုရှင်းရှစ် : [ရိုးရိုးသားသား ပြောရရင် ငါလည်း မကောင်းတဲ့ ခံစားမှုမျိုး ခံစားနေရပြီ..]

စနစ် : [...]

ဒါရိုက်တာဖေး၏ ကံဆိုးမှု တစ်သီတစ်တန်းကြီးအား ကြားပြီးနောက် အခြေအနေအများစု၌ အဆိုပါ အဖြစ်အပျက်များမှာ သူ၏အမှားမဟုတ်ချေ။ ဇာတ်လမ်းတို ရိုက်ကူးစဉ် ထုတ်ဖော်ပြသခဲ့သော အရည်အချင်းမျိုး ရှိနေသေးသရွေ့ ကုရှင်းရှစ်သည် အဆိုပါ ‘ကံဆိုးမှု’ အသေးစားလေးကြောင့် စိတ်အနှောင့်အယှက် ဖြစ်မိမည် မဟုတ်ပေ။

ထိုသို့ တွေးပြီးနောက် ပရော်ဖက်ဆာယဲ့အား မေးလိုက်သည်။
“ကျွန်တော် သူနဲ့ ဆက်သွယ်ချင်ရင် ဖုန်းနံပါတ်လေးများ ရနိုင်မလား..”

ပရော်ဖက်ဆာယဲ့သည် ကုရှင်းရှစ်အား အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ ဖေးကျောကျစ်၏ ဇာတ်ကြောင်းအား ကြားပြီးနောက်၌ပင် သူနှင့် ဆက်သွယ်လိုဦးမည်ဟု မမျှော်လင့်မိချေ။

ပရော်ဖက်ဆာယဲ့က ထူးဆန်းသော အမူအရာဖြင့် ပြောလိုက်သည်။
“သူက ဖုန်းသုံးလေ့သုံးထ မရှိဘူး.. ဒါပေမဲ့ သူ့ကို ရှာချင်တယ်ဆိုရင် စီချွမ်ကိုသာသွား..”

ကုရှင်းရှစ် : “စီချွမ်လား..”

ပရော်ဖက်ဆာယဲ့ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်.. သူက နိုင်ငံလုံးဆိုင်ရာ မာကျောက် တံခွန်စိုက်ပြိုင်ပွဲမှာ ဝင်ပြိုင်နေတာလေ..”

ကုရှင်းရှစ် : “...”

*

များမကြာမီ ကုရှင်းရှစ်သည် စီချွမ်သို့သွားသည့် လေယာဉ်‌ပေါ်၌ ရောက်ရှိကာ လေယာဉ်ပျံသန်းမည့် အချိန်ကို စောင့်ဆိုင်းရင်း စနစ်ထံမှ ဖေးကျောကျစ်၏ အကြောင်းများအား နားထောင်လျက်ရှိသည်။

[ဖေးကျောကျစ်က ဒါရိုက်တာဆက်လုပ်လို့ မရတော့ဘူးလေ.. သူ့ရဲ့ ကံဆိုးတဲ့ ဂုဏ်သတင်းကြောင့် ထုတ်လုပ်သူတွေက ငှားဖို့မရဲကြတော့ဘူး.. သူက ပုံမှန် အလုပ်တစ်ခုလည်း မလုပ်ချင်ဘူး.. ပိုက်ဆံကုန်သွားရင် ဒေသတွင်း မာကျောက်ပြိုင်ပွဲတွေ ဝင်ပြိုင်တယ်.. သူက ဒါရိုက်တာလုပ်တဲ့နေရာမှာ ကံဆိုးသလောက် မာကျောက်မှာတော့ အံ့မခန်း ကံကောင်းချက်ပဲ.. တံခွန်စိုက်ပြိုင်ပွဲတွေမှာ ပုံမှန်အနိုင်ရနေတော့ အကြွေးကင်းကင်းနဲ့ နေနိုင်တာပေါ့..]

ကုရှင်းရှစ် : [...]

[စီချွမ်ပြိုင်ပွဲက ပြည်တွင်းမှာ အကြီးဆုံး မာကျောက်ပြိုင်ပွဲလေ.. ပြည်တွင်းကစားသမားတွေတင် မကဘူး နိုင်ငံရပ်ခြားက လူတွေကိုပါ ဆွဲဆောင်နိုင်တယ်.. ဟောင်ကောင်နဲ့ မကာအိုက မာကျောက်ဘုရင်တွေပါ ရောက်လာကြတာ.. ဒါပေမဲ့ သူတို့အားလုံးက ဖေးကျောကျစ်ကို ရှုံးသွားခဲ့ကြလို့ အခု ဖေးကျောကျစ်က နောက်ဆုံးဗိုလ်လုပွဲကို ရောက်နေပြီ..]

ကုရှင်းရှစ် :  [တံခါး ပိတ်ထားရင်တောင် ပြတင်းပေါက်က ပွင့်နေမှာပဲ ဆိုတဲ့ ဆိုရိုးလိုပေါ့..]

ကုရှင်းရှစ် ပြိုင်ပွဲကျင်းပရာ နေရာသို့ ရောက်လာချိန်တွင် ဗိုလ်လုပွဲ နောက်ဆုံးအကျော့ ရောက်နေပြီ ဖြစ်သည်။

ပြိုင်ပွဲခန်းမအတွင်းရှိ ဖန်သားပြင်ကြီး၌ ကစားသမားလေးယောက် ထိပ်တိုက်ရင်ဆိုင်နေသည်ကို ပြသထားသည်။

ကုရှင်းရှစ်က စနစ်၏ အကူအညီ မလိုဘဲ ဖေးကျောကျစ်အား မှတ်မိလိုက်သည်။

ရွှေဆွဲကြိုးကြီးများဝတ်ကာ ဝတ်စုံပြည့်ဝတ်ထားကြသူများ ရှိသလို တရုတ်အမျိုးသားဝတ်စုံနှင့် အဖိုးကြီးများလည်း ရှိနေသည့်ကြား၌ ဖေးကျောကျစ်၏ ဝတ်ဆင်ပုံမှာ တမူကွဲထွက်နေလေသည်။

တစ်ဖက်လူသည် အရောင်လွင့်နေသော တီရှပ်နှင့် ဘောင်းဘီပွပွကို ဝတ်ဆင်ထားသည်။ အသားအရေမှာ နေရောင်ကောင်းစွာ မရရှိသောကြောင့် ကြောက်စရာကောင်းလောက်အောင် ဖြူဖျော့နေလေသည်။ ပါးရိုးများကျကာ ရှုပ်ပွနေသည့် ဆံပင်အား အနောက်ဘက်၌ ထုံးချည်ထားသည်။ မျက်ခွံတစ်ဝက်ဖွင့်ကာ အမျိုးသမီးသောက်စီးကရက်အပါးအား ပါးစပ်ထဲတွင် ကိုက်ထားလေသည်။

ဗိုလ်လုပွဲအား အသည်းအသန် အာရုံစိုက်နေကြသည့် အခြားသူများနှင့် ယှဉ်မည်ဆိုလျှင် ဖေးကျောကျစ်၏ ကိုယ်နေဟန်မှာ သက်သောင့်သက်သာ ရှိနေပုံရသည်။ ထိုင်ခုံပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ တစ်ခါတစ်ရံ ငေးမောနေတတ်သည်။ ဆိုးဝါးသည့် အခြေအနေမျိုးမှာပင် အမှုမထားဟန်ဖြင့် ရှိနေပြီး ထိုသည်ကပင် ဆော့ကစားသည့် နည်းလမ်းတစ်မျိုး ဖြစ်ပုံရသည်။

သို့တိုင်အောင် သူဆွဲလိုက်သမျှ မာကျောက်တုံးများမှာ သူလိုအပ်သည်နှင့် အတိအကျပင် ဖြစ်သောကြောင့် မဖြစ်နိုင်သော နည်းလမ်းများဖြင့် အနိုင်ယူခွင့်ပြနေသလိုပင်။ ဤအခြင်းအရာအား ပရိသတ် ထောင်ပေါင်းများစွာမှ တိုက်ရိုက်ကြည့်နေခြင်း မဟုတ်ခဲ့လျှင် မည်သူမှ ယုံနိုင်မည် မဟုတ်ပေ။

အနိုင်ရရှိပြီးနောက် ဖေးကျောကျစ်က အနည်းငယ် စိတ်လှုပ်ရှားသွားပုံရသည်။ ဆုပေးပွဲ အခမ်းအနား၌ပင် သူ၏ စိတ်အာရုံမှာ အခြားတစ်နေရာ၌ ရှိနေသလို ထင်ရသည်။

အခမ်းအနား ပြီးဆုံးပြီးနောက် လူအများစု ထွက်ခွာသွားသဖြင့် ကုရှင်းရှစ်သည် လူအုပ်အား တိုးထွက်ကာ ဖေးကျောကျစ်အား ရှာဖွေလိုက်သည်။

သို့သော် ဖေးကျောကျစ်အား ရှာနေသူမှာ သူတစ်ဦးတည်း မဟုတ်ချေ။

ဖေးကျောကျစ်နှင့် ယှဉ်ပြိုင်ခဲ့ဖူးသော ရွှေဆွဲကြိုးကြီး ဝတ်ဆင်ထားသည့် ပြိုင်ပွဲဝင်လည်း ပါဝင်သည်။ ထိုလူမှာ မန်ဒရင်းစကား မပီမသဖြင့် ပြောသည်။
“မစ္စတာဖေး.. ခင်ဗျားရဲ့ အရည်အချင်းနဲ့ဆိုရင် ဟောင်ကောင်မှာ ဧရာမအခွင့်အလမ်းတွေ ရှိနေတာ အမှန်ပဲ.. ကျုပ်နဲ့ လက်မှတ်ထိုးချင်..”

ဖေးကျောကျစ် ထိုလူအား လျစ်လျူရှုလိုက်ပြီး ရုပ်ရှင်အကယ်ဒမီ တံဆိပ်ပါဝင်သည့် ဂျက်ကပ်အား ဝတ်လိုက်သည်။ သူက ဆုကြေးငွေအား အိတ်ကပ်ထဲ ထည့်ပြီးနောက် မည်သည့်စကားမှ မဆိုဘဲနှင့် ထွက်ခွာသွားလေသည်။

ရွှေဆွဲကြိုးနှင့်လူသည် ဖေးကျောကျစ်နောက်မှ အလျင်အမြန် လိုက်လာသည်။
“မစ္စတာဖေး.. မသွားပါနဲ့ဦး.. ခင်ဗျား လိုချင်တဲ့ကြေး ပြောပါ..”

နေလောင်အသားအရေနှင့် လူတစ်ဦးသည်လည်း ရှေ့ထွက်လာလေသည်။
“ဟောင်ကောင်ကို စာရင်းထဲ မထည့်နဲ့.. နိုင်ငံခြားကို သွားမယ်ဆိုရင် မင်း စိတ်ကူးထားတဲ့ ငွေကြေးထက် ပိုများတဲ့ ပမာဏကို ရှာဖွေနိုင်မယ်လို့ အာမခံတယ်..”

“မစ္စတာဖေး..

သို့သော် ထိုသူများ မည်သို့ ပြောနေစေကာမူ ဖေးကျောကျစ်သည် မည်သည့်စကားမှ မကြားလိုက်သကဲ့သို့ စိတ်မဝင်စားသည့် အမူအရာဖြင့် ရှိနေဆဲဖြစ်သည်။

ဖေးကျောကျစ် ထွက်ခွာသွားတော့မည်ကို မြင်သည့်အခါ ကုရှင်းရှစ်က အလျစ်စလို ခေါ်လိုက်သည်။
“ဖေးကျောကျစ်..”

ဖေးကျောကျစ်က အနည်းငယ်မျှပင် ရပ်တံ့သွားခြင်း မရှိချေ။

ဖေးကျောကျစ်၏ အေးစက်သော အပြုအမူကြောင့် ရွှေဆွဲကြိုးနှင့်လူသည် သည်းမခံနိုင်တော့သဖြင့် နှာမှုတ်လိုက်သည်။
“ခေါ်မနေနဲ့တော့.. အဲဒီကောင်က ဂရုစိုက်မှာ မဟုတ်ဘူး.. မင်းကို အကြည့်တစ်ချက်တောင် မပေးလောက်ဘူး..”

နေလောင်အသားအရေနှင့် လူသည်လည်း ထပ်ပေါင်းပြောသည်။
“ဟေ့ကောင်လေး.. မင်းက ဘယ်ကုမ္ပဏီကလဲ.. သူက ငါတို့ကိုတောင် ဂရုမစိုက်တာ မင်းကို ဂရုစိုက်မယ်လို့ ထင်နေတာလား..”

ကုရှင်းရှစ်က မျက်ခုံးပင့်လိုက်သည်။
“ကျွန်တော် လုပ်နိုင်ရင်ရော..”

နေလောင်အသားအရေနှင့်လူက သရော်ဟန် ပြုံးလိုက်သည်။
“ဒါဆိုလည်း ငါ့ခေါင်းကို ဖြတ်သွားလိုက်..”

“ခင်ဗျားစကားကို မှတ်ထားနော်..”

ထိုသို့ပြောပြီးနောက် ဖေးကျောကျစ်၏ နောက်ကျောအားကြည့်ကာ အော်ပြောလိုက်သည်။
“မင်းကို ရုပ်ရှင်တစ်ကားအတွက် ငှားချင်လို့.. တကယ်ပဲ စကားမပြောတော့ဘူးလား..”

ဖေးကျောကျစ် ခြေလှမ်းများ ရပ်တံ့သွားပြီး မျက်လုံးများ မှေးကျဉ်းလျက် နောက်သို့လှည့်လာသည်။ သူ၏အကြည့်များမှာ စူးရှပြီး ထွင်းဖောက်မြင်နိုင်သည့် အလားပင်။
“ခင်ဗျား ဘာပြောလိုက်တာလဲ..”

နှစ်ယောက်စလုံး ကြောင်အသွားပြီး ကုရှင်းရှစ်သည် ရဲအရာရှိအချို့အား ညွှန်ပြပြီးနောက် နေလောင်အသားရေနှင့် လူထံသို့ ချဉ်းကပ်လာသည်။
“ခင်ဗျားရဲ့ ခေါင်းကိုတော့ ကိုယ့်ဘာသာ သိမ်းထားလိုက်ပါ.. အဲဒီအစား နိုင်ငံကျော် လောင်းကစား ဆောင်ရွက်ချက်ကြောင့် အရာရှိတွေနဲ့ စကားလေးဘာလေး ပြောရမယ်လို့တော့ ထင်တယ်..”

ထိုလူက မျက်နှာဖြူဖျော့ကာ ထွက်ပြေးရန် ကြိုးစားသော်ငြား ရဲများ၏ ဖမ်းချုပ်ခြင်း ခံလိုက်ရသည်။

ကုရှင်းရှစ်က ကျေနပ်စွာဖြင့် ဖုန်းချလိုက်သည်။

ဖေးကျောကျစ်သည် ထိုအဖြစ်အပျက်အား စိုက်ကြည့်နေရင်း အံ့ဩလွန်းသဖြင့် ပါးစပ်တွင်ကိုက်ထားသည့် စီးကရက်ပါ လွတ်ကျသွားတော့သည်။

ကုရှင်းရှစ် လက်ဆန့်လိုက်သည်။
“ဆက်ပြောကြမလား..”

ဖေးကျောကျစ်က ကုရှင်းရှစ်အား အထင်ကြီးလေးစားမှုတို့ ပါဝင်နေသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ၏ ပုန်ကန်တတ်သော အကျင့်စရိုက်မှာ ပျောက်ကွယ်သွားပြီး နာခံမှုရှိရှိ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ..”

နာရီဝက် ကြာပြီးနောက် နှစ်ဦးသား အနီးအနားရှိ KFC တစ်ခုသို့သွားကာ မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။

ကုရှင်းရှစ်သည် ဖေးကျောကျစ်အား လာရှာရသည့် ရည်ရွယ်ချက်အား ရှင်းပြ၏။

ဖေးကျောကျစ်သည် အချိုရည်အား တစ်ငုံသောက်ပြီးနောက် ပိုက်ကို သွားဖြင့်ကိုက်လိုက်သည်။
“ခင်ဗျားကို ကျုပ်ရဲ့.. အကြောင်း ပရော်ဖက်ဆာယဲ့က ပြောပြီးလောက်ပြီ ထင်တယ်..”

ကုရှင်းရှစ် ခေါင်းညိတ်ပြလိုက်သည်။

“မင်းက အရမ်းပဲ အရည်အချင်းရှိတဲ့သူလို့ ပြောလိုက်ပါတယ်.. ဒါပေမဲ့ ကံဆိုးတယ်တဲ့.. မင်း ပါဝင်သမျှ ပရောဂျက်တိုင်းက ပြဿနာနဲ့ ရင်ဆိုင်ရပြီး တေးဂီတဗီဒီယို ရိုက်ရင်တောင် ပျက်စီးသွားရတာချည်းပဲတဲ့..”

ဖေးကျောကျစ်က မှင်တက်သွားပြီးနောက် မျက်လွှာချလိုက်သည်။
“အဲဒါတောင် ကျုပ်ကို လာရှာသေးတာလား..”

“ရင်းနှီးမြှုပ်နှံသူ ပြဿနာတက်တာ.. သရုပ်ဆောင်တွေရဲ့ ကောလာဟလ.. အဖမ်းခံရတဲ့ အဆိုတော်.. အားလုံးက မင်းရဲ့ အမှား မဟုတ်ဘူးလေ..”

ဖေးကျောကျစ်က ကုရှင်းရှစ်အား စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
“ဒါပေမဲ့ တခြားလူတွေက အဲလိုမထင်ကြဘူး..”

ကုရှင်းရှစ် ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
“ငါက အဲဒီအရာတွေကို ဂရုမစိုက်ဘူး..”

ဖေးကျောကျစ်က ကုရှင်းရှစ်၏ စကားအား ကြားပြီးသော်ငြား သူ၏ အမူအရာမှာ မပြောင်းမလဲ ရှိနေဆဲပင်။ ထို့အစား မေးခွန်းမေးလာသည်။
“ခင်ဗျားက ကျုပ်ကို ဘာဖြစ်လို့ လာရှာတာလဲ..”

“မင်းရဲ့ ဇာတ်လမ်းတိုကို ဗဟိုရုပ်ရှင်အကယ်ဒမီရဲ့ ပြပွဲမှာ ကြည့်လိုက်ရတယ်.. အဲဒါက ငါ့အတွက် ထင်မြင်ချက်ကောင်း ရှိလာတယ်.. မင်းရဲ့ တင်ပြပုံက ငါလိုချင်တဲ့ ပုံစံမျိုးပဲ..”
ကုရှင်းရှစ် ရှင်းပြလိုက်သည်။

ဖေးကျောကျစ်က ခပ်ပြတ်ပြတ်ပြောသည်။
“ခင်ဗျားမှာ စူးရှတဲ့မျက်လုံးနဲ့ အသိစိတ်ကောင်းကောင်း ရှိနေတာပဲ..”

သူ့အနေနှင့် တန်ဖိုးဖြတ်ခံရသူ ဖြစ်သော်ငြား မသက်မသာ ဖြစ်ခြင်းမျိုး မရှိချေ။

အကြိမ်ပေါင်း မရေတွက်နိုင်အောင် နှောင့်နှေးမှုများနှင့် ကြုံတွေ့ခဲ့ပြီးနောက် အနိမ့်ဆုံး အခြေအနေသို့ ရောက်ရှိခဲ့ရသော်ငြား သူ၏ အရည်အချင်းအပေါ် ယုံကြည်မှုမှာ အနည်းငယ်မျှပင် လျော့မသွားချေ။

ကုရှင်းရှစ်က ဖေးကျောကျစ်၏ အပြုအမူနှင့် ဒဏ်ခံနိုင်မှုကြောင့် ပို၍ပင် စိတ်ဝင်စားလာသည်။
ဒါရိုက်တာကောင်းတစ်ယောက် ရှိသင့်တဲ့ အရည်အချင်းတွေပဲ…

“ငါလည်း အဲလို ထင်ပါတယ်..”

ဖေးကျောကျစ် လက်ကမ်းပေးလိုက်သည်။
“ဇာတ်ညွှန်းကို အရင်ဆုံး ဖတ်ကြည့်ချင်တယ်..”

သူ၏ တောင်းဆိုမှုမှာ အတော်လေး တဲ့တိုးဆန်သော်ငြား ကုရှင်းရှစ်က စိတ်မရှိဘဲ သူယူလာခဲ့သော ဇာတ်ညွှန်းအား ကမ်းပေးလိုက်သည်။

ဖေးကျောကျစ်သည် ဇာတ်ညွှန်းအား အလွန်မြန်ဆန်စွာ ဖတ်ပြီးနောက် ခဏတွင်း ဖတ်ပြီးသွားသည်။

ကုရှင်းရှစ်က ဇာတ်ညွှန်း၏ အရည်အသွေးအပေါ် ယုံကြည်မှုရှိစွာဖြင့် မေးလိုက်သည်။
“ဆိုတော့ ဘယ်လိုထင်လဲ..”

ဖေးကျောကျစ် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ခပ်တိုးတိုးပြောသည်။
“ဒါက.. ကောင်းပါတယ်..”

ကောင်းပါတယ် ဟုတ်လား.. ဒါပဲလား..

ကုရှင်းရှစ် အငြင်းအခုံ ပြုလိုသော်ငြား ဖေးကျောကျစ် ဆက်ပြောသည့် စကားများကို ကြားလိုက်ရသည်။
“ဇာတ်ညွှန်းရေးတာ ဘယ်သူလဲ.. ဒီဇာတ်ညွှန်းကို အပြည့်အဝ ပိုင်ပြီးသားလား.. မှတ်ပုံတင်ပြီးပြီလား.. copyrightရော ယူပြီးပြီလား..”

ကုရှင်းရှစ် ကြောင်အသွားသည်။

ဖေးကျောကျစ်၏ မေးခွန်းများမှာ ယခင်ကြုံတွေ့ခဲ့ဖူးသော အဖြစ်အပျက်များမှ အခြေခံလေသည်။ အဖြစ်အပျက် တစ်ခုချင်းစီမှာ သူ၏ ပရောဂျက်များအား အဆုံးသတ်သွားစေခဲ့သည်။

ဖေးကျောကျစ်မှာ အာရုံကြောများ တင်းမာနေပုံရပြီး အအေးခွက်မှ ပိုက်အား ဖိကိုက်နေတော့သည်။ 

ကုရှင်းရှစ် ရုတ်တရက် နားလည်သွားလေသည်။

ဖေးကျောကျစ်မှာ ဇာတ်ညွှန်းအား သာမန်ဟု ထင်မြင်နေခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် ဇာတ်ညွှန်းအား အတော်လေး သဘောကျမိသောကြောင့် ယခင်ကြုံခဲ့ဖူးသော အဖြစ်အပျက်များအား နောက်တစ်ကြိမ် ကြုံတွေ့ရမည်ကို စိုးရိမ်နေခြင်းသာ ဖြစ်သည်။

ယခုမတိုင်မီအထိ အတိတ်မှ အဖြစ်အပျက်များမှာ ဖေးကျောကျစ်အား ထိုမျှလောက် သက်ရောက်မှု ရှိနေလိမ့်မည်ဟု ကုရှင်းရှစ် မထင်ထားမိချေ။

သူ တိတ်တဆိတ် သက်ပြင်းချပြီးနောက် စိတ်အေးစေရန် ပြောလိုက်သည်။
“ဇာတ်ညွှန်းရေးသူက ငါ့ရဲ့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားတာပါ.. ဒါကြောင့် copyright အတွက် စိတ်ချထားနိုင်ပါတယ်.. အားလုံးကို မှတ်ပုံတင်ထားပြီးသားပါ..”

ဇာတ်ညွှန်းနှင့် ပတ်သက်၍ အဘက်ဘက်မှ ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိပြီးနောက် ဖေးကျောကျစ်၏ တင်းမာနေမှုများ သိသိသာသာ လျော့ကျသွားသည်။

ကုရှင်းရှစ် ထပ်မေးလိုက်သည်။
“အဲဒါဆို တခြားမေးခွန်း ရှိသေးလား..”

“ရင်းနှီးမြှုပ်နှံသူကရော..”

ထိုအကြောင်းအား ပြောကာမှ ကုရှင်းရှစ်သည် ရင်းနှီးမြှုပ်နှံသူများနှင့် ပတ်သက်၍ စဉ်းစားရခြင်း မရှိသေးကြောင်း အမှတ်ရတော့သည်။

သို့သော် မျက်နှာသေနှင့် ယုံကြည်မှုရှိရှိ ဆက်ပြောသည်။
“မင်းက ငါ့ကို အင်တာဗျူးမှာလား ငါက မင်းကို အင်တာဗျူးရမှာလား.. မင်းရဲ့ အရည်အချင်းတွေကလည်း အရင်အတိုင်းပဲ ရှိနေသေးလားလို့ ငါ သိချင်တယ်..”

ကုရှင်းရှစ် ပြောပြီးသည်နှင့် ဖေးကျောကျစ် ချက်ချင်း မတ်တတ်ရပ်ကာ ထွက်သွားသည်။

ကုရှင်းရှစ် : “...”

သို့သော် ဖေးကျောကျစ်မှာ စားသောက်ဆိုင်မှ ထွက်သွားခြင်းမဟုတ်ဘဲ ကောင်တာသို့သွားကာ ဝန်ထမ်းထံမှ ဘောပင်တစ်ချောင်း ငှားလိုက်ခြင်းဖြစ်သည်။ ထို့နောက် နေရာသို့ ပြန်လာပြီး ပဝါပေါ်၌ အဖွင့်ဇာတ်ကွက်အား ရေးဆွဲလေသည်။

သူ၏ လက်လှုပ်ရှားသွားပုံမှာ တစ်ချက်တစ်လေးမှ တုံ့ဆိုင်းသွားခြင်း မရှိဘဲ ဆွဲလိုက်သမျှ မျဉ်းကြောင်းတိုင်းမှာလည်း ချောချောမွေ့မွေ့နှင့် အနုစိတ်လေသည်။

မိနစ်ပိုင်းအတွင်းမှာပင် ပဝါတစ်ခုလုံး ဇာတ်ကွက်များ ပြည့်သွားတော့သည်။

ကုရှင်းရှစ်သည် ဖေးကျောကျစ်ထံမှ ပဝါအား ယူကြည့်ပြီးနောက် မှင်တက်သွားလေသည်။ ဖေးကျောကျစ်သည် ဇာတ်ညွှန်းအား အပေါ်ယံမျှသာ ဖတ်ရှုခဲ့ခြင်း ဖြစ်သော်ငြား ဇာတ်ကွက်များအား မှတ်မိနေလေသည်။

ထို့အပြင် သူ၏ အဖွင့်ဇာတ်ကွက်အား အနက်ဖွင့်ဆိုပုံမှာ ဇာတ်ညွှန်း၏ ဇာတ်ကြောင်းတည်ဆောက်ပုံအား ပုံစံအသစ်ဖြင့် ပြန်လည်ဖန်တီးလိုက်ပြီး ကုရှင်းရှစ် စိတ်ကူးပုံဖော်ထားခဲ့သော အရာများထက်ပင် အဆပေါင်းများစွာ သာလွန်သော မြင်ကွင်းအား ဖော်ပြနိုင်လေသည်။

ပဝါများအား ပုံကြမ်းများစွာဖြင့် ဖြည့်ပြီးနောက် ဖေးကျောကျစ်က ဘောပင်အား လက်မှချကာ မေးလိုက်သည်။
“ဒီလောက်ဆို ဘယ်လိုလဲ..”

ကုရှင်းရှစ်က ပဝါများအား ဂရုတစိုက်ဖြင့် စုစည်းလိုက်ပြီးနောက် လက်ဆန့်ကာ ပြုံးပြလိုက်သည်။
“ဂုဏ်ယူပါတယ်.. အင်တာဗျူး အောင်သွားပါပြီ.. ကဲပါ အောင်မြင်စွာ ပူးပေါင်းမှုအတွက်..”

ဖေးကျောကျစ်က ကုရှင်းရှစ်နှင့် လက်ဆွဲနှုတ်ဆက်ပြီးနောက် ဖုန်းထုတ်ကာ အသံသွင်းဆော့ဖ်ဝဲအား ဖွင့်လိုက်သည်။
“နောက်ဆုံးပြောလိုက်တဲ့ စကားလေး ပြန်ပြောပေးလို့ရမလား..”

ကုရှင်းရှစ် : “...”

ကောင်းပြီ.. သူက အပြင်ပန်းမှာပဲ တည်ငြိမ်ဟန်ဆောင်နေတဲ့လူပဲ..


🍉🍉🍉🍉 အခန်း ၉၇


‎ဖေးကျောကျစ်က ကုရှင်းရှစ်နှင့်အတူ ကုမ္ပဏီသို့ ပြန်လာပြီး နောက်ဆုံးတွင် စာချုပ်လက်မှတ်ထိုးပြီးသည်နှင့် အနားယူနိုင်ပြီ ဖြစ်သည်။
‎
‎ထို့နောက် ကုရှင်းရှစ်က အခြားအဖွဲ့သားများဖြစ်သည့် ဇာတ်ညွှန်းရေးဆရာများ ချွန်းယန်း၊ လင်းယွမ်၊ ယွီယိုရှား၊ ဇာတ်လိုက်မင်းသားဖြစ်သည့် ချင်ဝမ်တို့ကို သူနှင့် မိတ်ဆက်ပေးခဲ့သည်။
‎
‎ချင်ဝမ်က အနည်းငယ်နောက်ကျ၍ ရောက်ရှိလာခဲ့ပြီး ဖေးကျောကျစ်က ကုလားထိုင်တွင် ပျင်းရိပျင်းတွဲထိုင်နေကာ အိတ်ကပ်ထဲသို့ လက်ထည့်ထားပြီး အမူအရာမဲ့သောမျက်နှာဖြင့် ခေါင်းငုံ့နေသည်။ ထိုသူက စီးကရက်ပါးပါးကို သူ့နှုတ်ခမ်းများတွင် ချိတ်ဆွဲထားပြီး ဝေးဝေးနေရန် အော်ဟစ်သတိပေးနေသည့် ခံစားမှုတစ်မျိုး ပေးစွမ်းနေသည်။
‎
‎ထိုအချိန်တွင် ချွန်းယန်းနှင့် အခြားသူများက အတူတကွ ရောထွေးနေပြီး ဖေးကျောကျစ်နှင့် ဝေးနိုင်သမျှ ဝေးဝေးတွင် ထိုင်နေကြသည်။
‎
‎ချင်ဝမ်က ရုတ်တရက် ပူပန်မှုကို ခံစားလိုက်ရသည်။ ဤအဖွဲ့မှာ ကုရှင်းရှစ်က သူ့အတွက် အထူးတလည် စုစည်းပေးထားကြောင်း သိသော်လည်း ဤအဓိကဖန်တီးမှုအဖွဲ့ကြားမှ တင်းမာမှုများမှာ ပြဿနာဖြစ်နိုင်သည်။
‎
‎သူက လေထုကို ပေါ့ပါးစေရန် ကြိုးစားလိုက်သော်လည်း သူ၏ ကြိုးစားမှုက အရာမထင်ခဲ့ပေ။ သူက ကုရှင်းရှစ် မကြာမီ‌ ရောက်လာရန်သာ တိတ်တဆိတ် ဆုတောင်းနေခဲ့သည်။
‎
‎သူ့ဆုတောင်းကို အဖြေပေးလိုက်သကဲ့သို့ ကုရှင်းရှစ်က တခဏအတွင်း ရောက်ရှိလာသည်။
‎
‎"အိုး...အားလုံးက ဒီမှာပဲ..."
‎ကုရှင်းရှစ်က သူ့ပစ္စည်းများကို ချလိုက်သည်။
‎"အစည်းအဝေးကို မြန်မြန် စလိုက်ကြရအောင်..."
‎
‎ချင်ဝမ်က သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
‎ဒီလို ကိုးရိုးကားရားဆန်နေတဲ့ လေထုထဲမှာ သူက နည်းနည်းလောက်ဖြစ်ဖြစ် အေးခဲနေတာကို ဖြိုဖျက်တာနဲ့ မစသင့်ဘူးလား...
‎
‎ထို့နောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ကုရှင်းရှစ်က သူ့အိတ်ကို လက်လှမ်းလိုက်ပြီး ချွန်းယန်းထံ အထုပ်တစ်ထုပ်ကို ကမ်းပေးလိုက်သည်။
‎"ဒါက မင်း ဝင်ပြိုင်ခဲ့တဲ့ တစ္ဆေရွာသတ္တိပြိုင်ပွဲက ဆုတံဆိပ်ပဲ...မင်းက အဲ့ဒီပြိုင်ပွဲမှာ အမြဲ အမြင့်ဆုံးအမှတ်ကို ရတယ်လို့ ငါ ကြားခဲ့တယ်...ဒါပေမယ့် အဲ့ဒါပြီးတော့ မင်းက ပျောက်သွားလို့...အဲ့ဒါကြောင့် သူတို့က ဒီဆုတံဆိပ်ကို ရုံးကို မေးလ်နဲ့ ပို့လိုက်တာ..."
‎
‎လူတိုင်းက ချွန်းယန်းကို အံ့အားသင့်စွာ ကြည့်လိုက်ကြပြီး ဖေးကျောကျစ်ပင် သူ့မျက်လုံးများကို ဖွင့်လိုက်သည်။
‎
‎ချွန်းယန်းက ရှက်ရွံ့စွာဖြင့် အိတ်ကို ယူလိုက်သည်။
‎"ကျေးဇူးပါ ဥက္ကဌကု...အနှောင့်အယှက်ပေးမိတဲ့အတွက် အားနာပါတယ်..."
‎
‎"အနှောင့်အယှက်မဖြစ်ပါဘူး..."
‎ကုရှင်းရှစ်က အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
‎"အမှန်တော့ ငါ အဲ့ဒါကို ဖွင့်ကြည့်ခဲ့ပြီး ဒါက တော်တော်လေး စိတ်ဝင်စားစရာကောင်းတယ်လို့ ထင်တယ်...ငါတို့ရဲ့ ဇာတ်ညွှန်းထဲမှာ လူသူကင်းတဲ့တောင်ပေါ်ရွာမှာ ရိုက်ဖို့ အခန်းတစ်ခန်းပါတယ်မလား...အဲ့ဒီတစ္ဆေရွာကို ရိုက်ကူးရေးနေရာအနေနဲ့ ငါတို့ အသုံးပြုနိုင်တယ်လို့ ငါ ထင်တယ်..."
‎
‎ချွန်းယန်း၏မျက်နှာက စိတ်လှုပ်ရှားမှုဖြင့် တောက်ပသွားသည်။
‎"တကယ်လား... ရှင် အဲ့လိုတွေးမယ်လို့ ကျွန်မ မမျှော်လင့်ထားမိဘူး ဥက္ကဌကု..."
‎
‎ဖေးကျောကျစ်က ဘာမှဝင်မပြောသော်လည်း သူ၏ ပါးစပ်ထဲမှ စီးကရက်က အချိုးခံလိုက်ရပြီး မတ်မတ်ထိုင်လိုက်သည်။ သူက တည်ငြိမ်ပုံပေါ်ရန် ကြိုးစားနေကာ ပြောလိုက်သည်။
‎"ငါတို့ အဲ့ဒါအတွက် နေရာအစစ်အမှန်ကို သုံးတာကို ရှောင်သင့်တယ်လို့ ငါ ထင်တယ်...ဇာတ်လမ်းအရဆိုရင် အဲ့ဒါကို ပိုပြီး ကောင်းကောင်းအလုပ်ဖြစ်နိုင်ဖို့က..."
‎
‎သဘာဝကျကျပင် ချွန်းယန်းက စိန်ခေါ်ခံရပြီးလျှင် နောက်ပြန်ဆုတ်သွားမည်ဖြစ်သော်လည်း ကုရှင်းရှစ်၏ ထောက်ခံသည့် အပြုံးမှ အားပေးခံလိုက်ရပြီး သူမက တန်ပြန်တိုက်ခိုက်ရန် သတ္တိကို စုစည်းလိုက်သည်။
‎"အမှန်တော့ ဇာတ်လမ်းရဲ့ ဒီအပိုင်းက..."
‎
‎အပြန်အလှန် စကားဝိုင်းကြောင့် အစပိုင်းတွင် ရှိနေခဲ့သော အကွာအဝေးက ပျောက်ကွယ်သွားသည်။
‎
‎ကုရှင်းရှစ်က တင်းမာနေမှုကို မည်သို့ ချောချောမွေ့မွေ့ ထိန်းသိမ်းလိုက်သည်ကို မြင်ပြီးနောက် ချင်ဝမ်က အံ့အားသင့်သွားသည်။ သို့သော်လည်း အရာအားလုံးက အစီအစဉ်တကျဖြစ်နေသကဲ့သို့ ကုရှင်းရှစ်က တည်ငြိမ်အေးဆေးနေသည်။
‎
‎အမှန်တွင် ကုရှင်းရှစ်က စနစ်နှင့် အတင်းတုပ်နေခြင်းဖြစ်သည်။
‎[အဲ့တော့ ဖေးကျောကျစ်က သရဲတွေကို တကယ် ကြောက်တာလား... ဒါက သူ့ရဲ့ ရိုက်ကူးရေးဟန်ပန်တွေနဲ့ ပြဒါးတစ်လမ်းသံတစ်လမ်းပဲ...]
‎
‎ဖေးကျောကျစ်နှင့် ချွန်းယန်းတို့က ဆွေးနွေးမှုမှတစ်ဆင့် အချင်းချင်း၏ အရည်အချင်းများကို အသိအမှတ်ပြုခဲ့ကြပြီး အပြန်အလှန်လေးစားမှုများ ဖြစ်ပေါ်လာသည်။
‎
‎ဖေး‌ကျောကျစ်က လုံးဝ စိတ်ကျေနပ်သွားသည်။ ယုံကြည်စိတ်ချရသော ဇာတ်ညွှန်းရေးဆရာများနှင့် အရည်အချင်းရှိသော ဇာတ်လိုက်မင်းသားတို့ဖြင့် သူ၏ ပရောဂျက်အတွက် စိတ်လှုပ်ရှားမှုက ကြီးထွားလာသည်။
‎
‎သူက စိတ်ထဲမှ မျှော်လင့်ချက်များဖြင့် ကုရှင်းရှစ်ကို ကြည့်လိုက်သည်။
‎"ဥက္ကဌကု...ကျွန်တော့်ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးအဖွဲ့ကို စုခိုင်းလိုက်ရမလား..."

‎ဖေးကျောကျစ်၏ ယခင်အဖွဲ့နှင့်ပတ်သက်၍ စနစ်ထံမှ သတိပေးချက်ကို သတိရလိုက်ပြီး ကုရှင်းရှစ်၏ အပြုံးက တင်းမာသွားသည်။  á€Ąá€–ွဲအသဏးတစ်ယ္ဏက်ခဝင်းစဎက ကိုယ်စီပြဿနာများ ပွထနေသည်။
‎
‎သူက‌ ဖေးကျောကျစ်၏ ပုခုံးကို ကြင်ကြင်နာနာပုတ်လိုက်ပြီး ပြောသည်။
‎"မင်း အဲ့ဒါကို စိတ်မပူပါနဲ့...အဖွဲ့သားစုစည်းတာကို ငါ့ကို လွှဲထားလိုက်...ရိုက်ကူးရေးအတွက် ပြင်ဆင်ဖို့ကိုပဲ အာရုံစိုက်ထားပါ..."
‎
‎အနည်းငယ် စိတ်ပျက်သွားသော်လည်း ဖေးကျောကျစ်က ပြန်၍ သုံးသပ်လိုက်သည်။ ဤသို့ အရည်အချင်းရှိသော စာရေးဆရာများ၊ သရုပ်ဆောင်များနှင့် ကုရှင်းရှစ်၏ လူများအပေါ်‌ ဝေဖန်ပိုင်းခြားနိုင်စွမ်းက ရှင်းရှင်းလင်းလင်းပင် သူ့ထက် ပို၍ သန်မာနိုင်သည်။ ထို့ကြောင့် သူက ခေါင်းညိတ်သဘောတူလိုက်သည်။
‎"ပြီးတော့ ရန်ပုံငွေအတွက်ကရော... ကျွန်တော်တို့ ဘယ်အချိန်မှာ စပြီး အကောင်အထည်ဖော်မှာလဲ..."
‎
‎ကုရှင်းရှစ်က တုံ့ဆိုင်းသွားကာ အနည်းငယ်အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။
‎
‎အဆုံးတွင် သူ၏ ယခင်က ပရောဂျက်များ၏ ကျော်ကြားမှုကြောင့် ရင်းနှီးမြှုပ်နှံသူများက သူနှင့်အတူ အလုပ်လုပ်ရန် စိတ်အားထက်သန်နေကြသည်။ သို့သော်လည်း ထူးဆန်းစွာပင် စိတ်ဝင်စားနေသော ရင်းနှီးမြှုပ်နှံသူများက သူနှင့် ကွဲလွဲမှုများရှိသည့် ပြဿနာအချို့ရှိနေသည်။ ထို့ကြောင့် သူက အားလုံးကို ပယ်ချထားသည်။
‎
‎ကုရှင်းရှစ်က ဖေးကျောကျစ်၏ ပုခုံးကို ယခင်ကထက် ပို၍ ကြမ်းကြမ်း ပုတ်လိုက်သည်။
‎"ဒါကိုတော့ ငါ့ကိုပဲ ယုံလိုက်ပါ...ညွှန်ကြားတဲ့အပိုင်းကိုပဲ အာရုံစိုက်ထားပြီး အပြင်ကိစ္စတွေကိုက ငါနဲ့ လွှတ်ထားလိုက်..."
‎
‎ဖေးကျောကျစ်: "..."
‎
‎*
‎
ဝမ်လုပ်ငန်းစုထံမှ အရှုပ်အရှင်းကင်းစေရန် အစီအစဉ်ဖြင့် အနာဂတ်‌တွင် မှီခိုရမှုများကို ရှောင်ရှားရန် သူက ကုမ္ပဏီအတွက် ထုတ်လုပ်ရေးအဖွဲ့တစ်ခု ထူထောင်လိုသည်။
‎
‎များစွာအားထုတ်ပြီးနောက် နောက်ဆုံးတွင် သူက ပြီးပြည့်စုံ၍ အရည်အချင်းရှိသော အဖွဲ့ကို စုစည်းရန် စီမံခဲ့သည်။
‎
‎ဤစကားများက မကြာမီ စွန်းဟုန်ဖေးထံ ရောက်သွားသည်။
‎
‎ကုရှင်းရှစ်နှင့်ဝမ်ယွဲ့တို့က စစ်အေးတိုက်ပွဲဖြစ်နေသည်ကို သိရှိပြီးချိန်မှစ၍ စွန်းဟုန်ဖေးက သူတို့ကို အတူပြန်ရှိစေရန် မနားမနေ လုပ်ဆောင်ခဲ့သည်။ မကြာခဏ တစ်ယောက်ရှေ့တွင် တစ်ယောက်အကြောင်း ထုတ်ဖော်ပြောကာ 'တိုက်ဆိုင်မှု' အချို့ကိုလည်း စီစဉ်ခဲ့သည်။
‎
‎ဥက္ကဌကုနှင့် ဥက္ကဌဝမ်တို့ကြားရှိ ဆက်ဆံရေးကို ပြေလည်စေခြင်းလုပ်ဆောင်ရာ၌ သူနှင့် ပူးပေါင်းရန် ထန်လင်းကိုပင် သူက သိမ်းသွင်းခဲ့သည်။
‎
‎ယခင်က မုန့်ယွမ်ရှန့်နှင့် အခြားသူများက ကုရှင်းရှစ်အတွက် မွေးနေ့ပါတီ စီစဉ်နေကြောင်း စွန်းဟုန်ဖေးက ကြားသိခဲ့သောကြောင့် သူက ညစာစားပွဲအတွက် သီးသန့်စားသောက်ဆိုင် တစ်ခုကို အကြံပြုခဲ့ပြီး ထိုနေရာမှာ အခန့်သင့်စွာပင် ထိုညက ဝမ်ယွဲ့ ညစာစားခဲ့သောနေရာနှင့် တူညီနေသည်။
‎
‎စွန်းဟုန်ဖေး၏ အမြင်အရ မွေးနေ့မွေးရက်မှာ ထူးကဲသောရက် ဖြစ်သည်။ ၎င်းက အသေအချာပင် ထိုသူတို့ကြားမှ တင်းမာမှုကို ပြေလျော့စေနိုင်ပြီး စစ်အေးတိုက်ပွဲကိုပင် အဆုံးသတ်စေနိုင်လောက်သည်ဟု သူက တွေးခဲ့သည်။ သူတို့က ထိုနေရာတွင် ပြန်လည်သင့်မြတ်နိုင်သည်။
‎
‎ထန်လင်းက ထိုအကြောင်းကို စွန်းဟုန်‌ဖေးအား သတင်းပေးခဲ့ပြီး ဝမ်ယွဲ့က ကုရှင်းရှစ်ထံသို့ လျှောက်လာသောအခါ ကုရှင်းရှစ်က အမှန်တကယ်ပင် ထိုသူ့ကို မရှောင်ခဲ့ပေ။ သူက ဝမ်ယွဲ့ကို နှုတ်ပင်ဆက်လိုက်သေးသည်။ ဝမ်ယွဲ့ကလည်း အပြန်အလှန်အနေဖြင့် ကုရှင်းရှစ်အား ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်စေရန် ဆုတောင်းပေးခဲ့ပြီး နောက်တစ်ရက်တွင် မွေးနေ့လက်ဆောင်ပင် ပို့ပေးခဲ့သည်။
‎
‎၎င်းကို ကြားပြီးနောက် စွန်းဟုန်ဖေးက အောင်မြင်မှုကိုခံစားလိုက်ရပြီး ပျော်ရွှင်ခဲ့သည်။
‎
‎သို့သော်လည်း သူ၏ ပျော်ရွှင်မှုက ကြာရှည်မခံလိုက်ပေ။ နှစ်ရက်ကြာပြီးနောက် ကုရှင်းရှစ်က ဇာတ်ညွှန်းရေးဆရာအဖွဲ့တစ်ခုနှင့် စာချုပ်ချုပ်ခဲ့ပြီး သူ၏ ကိုယ်ပိုင် ထုတ်လုပ်ရေးအဖွဲ့ကိုပင် ထူထောင်ခဲ့ကြောင်း ကြားလိုက်ရသည်။
‎
‎ယခု ပြီးပြည့်စုံသော ဖန်တီးမှုအဖွဲ့နှင့် သူက ပြင်ပမှ ရင်းနှီးမြှုပ်နှံမှုများကို တက်တက်ကြွကြွ ရှာဖွေနေသည်။
‎
‎စွန်းဟုန်ဖေး ထိတ်ပျာသွားသည်။
‎
‎ဤစစ်အေးတိုက်ပွဲက ပို၍ပင် ပြင်းထန်လာသည်။
‎
‎ကုမ္ပဏီတွင်း ကိုယ်ပိုင်အဖွဲ့တစ်ခု တည်ထောင်ခြင်းက အဓိပ္ပာယ်ရှိကာ ကုမ္ပဏီအများစုမှာလည်း တူညီစွာ လုပ်ဆောင်ကြသည်။ သို့သော်လည်း ငွေကြေးပိုင်းအတွက် ဝမ်လုပ်ငန်းစုကို လုံးဝ ရှောင်ရှားခြင်းက သတိပေးချက်တစ်ခုဖြစ်သည်။
‎
‎ဖြစ်နိုင်တာက မွေးနေ့ပွဲက ပြန်လည်ပေါင်းစည်းရေးအပြီး သူတို့ကြားမှာ ပိုကြီးတဲ့ကိစ္စတစ်ခုခု ဖြစ်ခဲ့တာလား...
‎
‎ကုရှင်းရှစ်က သူ့ကိုယ်သူ ဝမ်ယွဲ့ထံမှ အမှန်တကယ်ပင် အကွာအဝေးထားလိုသည်ဟု စွန်းဟုန်ဖေးက စ၍ သံသယဝင်လာသည်။
‎
‎သူ ဤအတိုင်း ထိုင်နေ၍ မဖြစ်တော့ကြောင်း သိရှိပြီးနောက် သူက သတင်းအချက်အလက်များကို တူးဖော်ခဲ့သည်။
‎
‎သူ့ကို အံ့ဩစေသည်မှာ ကုမ္ပဏီများစွာက ရင်းနှီးမြှုပ်နှံရန် တက်ကြွစွာ ကမ်းလှမ်းကြသော်လည်း ကုရှင်းရှစ်က အားလုံးကို ပယ်ချခဲ့သည်။
‎
‎အဲ့တော့ ဒါက ဘာကိုဆိုလိုတာလဲ...
‎
‎ဆိုလိုသည်မှာ အခြားပြင်ပ ရင်းနှီးမြှုပ်နှံသူများကို ရှာဖွေရန် ကုရှင်းရှစ်တွင် ရည်ရွယ်ချက်မရှိပေ။ ၎င်းက ရရန်ခက်ခဲသည့် ဂိမ်းသာ ဖြစ်နိုင်သည်။
‎
‎ကုရှင်းရှစ်၏ ရင်းနှီးမြှုပ်နှံသူရှာဖွေသည့် ရှိုးမှာ ရှင်းလင်းစွာပင် ဝမ်ယွဲ့၏ အကျိုးအမြတ်အတွက်သာ ဖြစ်ပြီး အမြန်လုပ်ဆောင်စေရန် ရည်ရွယ်ခြင်း ဖြစ်နိုင်သည်။
‎
‎စွန်းဟုန်ဖေးက အစီအစဉ်အား ရုတ်တရက် ရှင်းလင်းသွားသည်။
‎
‎၎င်းက လိမ္မာပါးနပ်သော လှုပ်ရှားမှုဖြစ်ကြောင်း သူ ဝန်ခံရမည် ဖြစ်သည်။
‎
‎ဖြစ်နိုင်သည်မှာ ကုရှင်းရှစ်က ဝမ်ယွဲ့နှင့်ပတ်သက်၍ ဂရုစိုက်နေသေးသော်လည်း သူက ဦးစွာ မသွားလိုခြင်း ဖြစ်ရမည်။ ဝမ်ယွဲ့ လုပ်ဆောင်ရန် လိုအပ်သည်မှာ ဤအရိပ်အမြွက်ကို သိရှိပြီး ပုံမှန်ပြန်ဖြစ်သွားစေရန်ပင်။
‎
‎စွန်းဟုန်ဖေးက စိတ်သက်သာရာရစွာဖြင့် အလုပ်အစီရင်ခံစာတင်ရန်ဟူသော အကြောင်းပြချက်ဖြင့် ဝမ်ယွဲ့ကို ဖုန်းခေါ်လိုက်သည်။
‎
‎သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
‎"ဥက္ကဌဝမ်...ဥက္ကဌကုက သူ့ရဲ့ကိုယ်ပိုင် ဖန်တီးမှုအဖွဲ့ကို ဖွဲ့နေပြီး အခု ရင်းနှီးမြှုပ်နှံသူတွေကို ရှာဖွေနေတယ်လို့ ကြားတယ်..."
‎
‎ကုရှင်းရှစ်၏ နာမည်ကို ကြားပြီးနောက် ဝမ်ယွဲ့၏ အမူအရာက အေးခဲသွားသည်။
‎
‎မကြာသေးမီက သူက ထူးဆန်းမှုတစ်ခုကို သတိပြုမိခဲ့ပြီး သူနှင့် ကုရှင်းရှစ်တို့က အကြိမ်အနည်းငယ်သာ တွေ့ခဲ့ဖူးသော်လည်း ကုရှင်းရှစ်က သူ့စိတ်ထဲသို့ အကြောင်းပြချက်မရှိဘဲ ဝင်ရောက်လာခဲ့သည်။

‎တစ်ညတွင် သူက ထို ခေါင်မိုးထပ်ရှိ စားသောက်ဆိုင်တွင် ရှိနေသည်ကို အိပ်မက်မက်ခဲ့ပြီး ကုရှင်းရှစ်က သူ့ကို နီးကပ်စွာ မှီနေခဲ့သည်။ ထိုသေးသွယ်သော ခါးက သူ၏ ဆုပ်ကိုင်မှုထဲတွင် ရှိနေခဲ့ပြီး ဝမ်ယွဲ့၏ လက်က ၎င်းကို အုပ်ကိုင်ထားခဲ့သည်။
‎
‎ကုရှင်းရှစ်၏ ခါးအနီးတဝိုက်တွင် ဝိုင်းပတ်ထားသည့် သူ၏ ကျယ်ပြန့်သောလက်က ကုရှင်းရှစ်၏ ရှပ်အင်္ကျီအောက်မှ နွေးထွေးမှုကို ခံစားနိုင်ပြီး သူ့ရင်ဘတ်ထဲတွင် လောင်မြိုက်နေသကဲ့သို့ပင်။
‎
‎ထိုတစ်ခဏတွင် သူ၏ ကိုယ်တွင်းမှ သားရဲက နိုးထလာခဲ့ပြီး တည်ငြိမ်ဟန်ဆောင်နေမှုကို ရုတ်သိမ်းလိုက်ကာ သူ့အောက်မှ လှပသောအမျိုးသားကို ထိတွေ့နေသည်။
‎
‎ချွန်ထက်သော သွားများက ရှည်သွယ်သော လည်တိုင်၏ ဖြူဖျော့သော အသားအရေကို ပွတ်တိုက်နေပြီး ထိုသူ၏ နှလုံးခုန်သံကိုပင် ကြားနိုင်နေကာ ခရင်မ်နှင့် ဘယ်ရီသီးတို့၏ ချိုမြိန်မှုများပေါင်းစပ်ထားသကဲ့သို့ သူ၏ ကိုယ်တွင်းမှ နက်ရှိုင်းသော စိတ်ဆန္ဒကို ဖြစ်ပေါ်လာစေသည်။
‎
‎ဝမ်ယွဲ့က အပြင်ဘက်မှ ဆူညံသံကြောင့် နိုးလာသည်။
‎
‎သူ့နှလုံးက ခုန်နေဆဲဖြစ်ပြီး နားထင်စပ်များမှ ချွေးများစီးကျနေကာ လေထဲတွင် ပျံ့လွင့်နေသော ရနံ့သင်းသင်းလေးကိုပင် ရရှိနေသကဲ့သို့ပင်။
‎
‎၎င်းမှာ လေထဲတွင် ပုန်းကွယ်နေသည့် သိမ်မွေ့၍ ချိုမြိန်သော လန်းဆန်းသည့် လိမ္မော်ရနံ့ဖြစ်သည်။
‎
‎ထိုရက်မှစ၍ ဝမ်ယွဲ့က ၎င်းကို ခံစားခဲ့ရသည်။
‎
‎‎မနက်တိုင်း သူ၏ အိမ်တော်ထိန်းက သူ့ဝတ်စုံနှင့် ကိုက်ညီသော လက်ကြယ်သီးတို့ကို အသင့်ယူဆောင်လာသည်။
‎
‎သို့သော်လည်း သူက ထိုပတ္တမြားလက်ကြယ်သီးများကို တွေ့သောအခါ ကုရှင်းရှစ်၏ ခရင်မ်ကိတ်ကဲ့သို့ အနီရောင်ခြယ်ထားသော နှုတ်ခမ်းများကိုသာ သူ တွေးမိသည်။
‎
‎ကြောင်မျက်လုံးကျောက်များကို မြင်သောအခါ ကုရှင်းရှစ်၏ ကျီစယ်တတ်ပြီး ရှင်းလင်းနေသော မျက်လုံးများကို သတိရမိသည်။
‎
‎အဖြူရောင်ကျောက်စိမ်းက...ကုရှင်းရှစ်ရဲ့ ဖြူဖျော့ပြီး ချောမွေ့တဲ့အသားအရေ...
‎
‎*
‎
‎သူက ဖရိုဖရဲဖြင့် ဗီရိုဆီမှ ဆုတ်ခွာလိုက်ပြီး ပထမဆုံးအကြိမ်အနေဖြင့် လက်ကြယ်သီးများကို မဝတ်ဆင်ရန် ဆုံးဖြတ်လိုက်သည်။
‎
‎ဝမ်ယွဲ့၏ မိဘများက စီးပွားရေးအရ လက်ထပ်ခဲ့ရခြင်းဖြစ်ကာ ချစ်ခြင်းမေတ္တာ ကင်းမဲ့နေခဲ့သည်။ သူ မွေးဖွားပြီးနောက် သူတို့က သူ့ကို တာဝန်တစ်ခုအနေဖြင့်သာ ဆက်ဆံခဲ့ကြပြီး သီးခြားလမ်းကိုသာ လျှောက်ခဲ့ကြပြီး သူတို့၏ သားထက် သူတို့၏အလုပ်များကိုသာ ဦးစားပေးသည်။
‎
‎သူ့အဖေက မတူညီသော အမျိုးသမီးများဖြင့် လူမြင်ကွင်းတွင် ကလူကျီစယ်နေသည်ကို သူက မကြာခဏ မြင်ခဲ့ရသည်။ ဝမ်ယွဲ့က ၎င်းကို အစွဲအလမ်းမရှိဘဲ အေးစက်စွာ ကြည့်ခဲ့ပြီး သူ့အဖေကဲ့သို့ စရိုက်၊ အပြုအမူများကဲ့သို့ မဖြစ်လာစေရန် လေးနက်စွာကတိပြုခဲ့သည်။
‎
‎ကလေးဘဝမှစ၍ သူက ဉာဏ်ကောင်းပြီး တည်ငြိမ်အေးဆေးကာ စည်းကမ်းရှိသည်။
‎
‎သူက ရည်မှန်းချက်ကြီးပြီး သူ့စိတ်ခံစားချက်များက သူ့ကို ဘယ်သောအခါမှ မထိန်းချုပ်နိုင်ပေ။ သူက အမြဲ ကျိုးကြောင်းဆက်စပ်မှုရှိပြီး အရာရာအပေါ် ထူးမခြားနားစွာ တုံ့ပြန်တတ်သည်။ ငယ်ရွယ်စဉ်မှာပင် သူက ဝမ်မိသားစုကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး သူ၏ ဦးလေးများ၊ အဒေါ်များကို သူတို့၏ နေရာတွင် ခိုင်မြဲစွာ ထားနိုင်သည်။
‎
‎သူက သူ့နောက်ကွယ်မှ 'နှလုံးသားမရှိသော စက်ရုပ်' ဟု ခေါ်ဝေါ်နေကြသည့် တီးတိုးပြောသံများကို သတိထားမိသော်လည်း စိတ်ထဲမထားပေ။
‎
‎ကျိုးကြောင်းဆီလျော်မှုက သူ၏ အဆင့်သတ်မှတ်ချက်ဖြစ်သည်။
‎
‎သူက ဘယ်သောအခါကမှ စိတ်ခံစားချက်ကို မထုတ်ပြပေ။
‎
‎သို့သော်လည်း ယခုတွင် သူ၏ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သော ဆင်ခြင်နိုင်စွမ်းက ပြိုလဲလုနီးနီးပင်။
‎
‎သူ၏ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်သည့် အဆင့်သတ်မှတ်ချက်က အချိန်မရွေး တစ်စစီ ပျက်စီးသွားနိုင်သည်ဟု ခံစားလိုက်ရသည်။
‎
‎သူ့အကြည့်က နက်‌မှောင်လာပြီး သူက အေးစက်စွာ တုံ့ပြန်လိုက်သည်။
‎"အဲ့လိုလား..."
‎
‎စွန်းဟုန်ဖေးက အေးခဲသွားကာ ဝမ်ယွဲ့၏ အမူအရာမှတစ်ဆင့် တစ်စုံတစ်ခုမှားယွင်းနေကြောင်း အာရုံခံမိသည်။
‎
‎သို့သော်လည်း သူက ဆက်ပြောနေဆဲပင်။
‎"အမှန်တော့ ဥက္ကဌကုကို ရင်းနှီးမြှုပ်နှံသူ တော်တော်များများက ချဉ်းကပ်ခဲ့ကြပေမယ့် သူက အားလုံးကို ငြင်းလွှတ်လိုက်တယ်..."
‎
‎သူက ဤထက်ပို၍ ရှင်းလင်းအောင် မပြောနိုင်တော့ပေ။
‎ဥက္ကဌဝမ်က အရိပ်အမြွက်ကို အသေအချာ ရလိုက်မယ်မလား...
‎
‎သို့သော်လည်း ဝမ်ယွဲ့က ထူးမခြားနားရှိနေဆဲပင်။
‎"တခြား ပြောစရာရှိသေးလား..."
‎
‎စွန်းဟုန်‌ဖေးက အံ့အားသင့်သွားသည်။
‎"!!"
‎
‎သူက ထပ်၍ ပြောလိုသေးသော်လည်း ဝမ်ယွဲ့က ဖုန်းချလိုက်သည်။
‎
‎သူ့ဖုန်းကို ကိုင်ထားပြီး ဝမ်ယွဲ့က မျက်လုံးများကို ပိတ်လိုက်ကာ အတွေးများကို ထိန်းထားရန် ကြိုးစားလိုက်သည်။
‎
‎ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းက သူ၏ ကိုယ်တွင်းမှ သားရဲကို ဆွဲထုတ်လိုက်ပြီး ၎င်းကို အတင်းအကြပ်ဆုတ်ခွာစေသည်။
‎
‎သူက သူ့နှလုံးခုန်သံကိုပင် ခံစားနိုင်ပြီး သူ့လက်မှ သွေးကြောများပင် ထောင်ထွက်လာသည်။ သူက သွေးဆောင့်တိုးနေသံကိုပင် ကြားနိုင်သည်။
‎
‎သို့သော်လည်း အဆုံးတွင် သူ၏ နှစ်ပေါင်းများစွာ တည်ရှိခဲ့သော ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်မှုက အောင်နိုင်ခဲ့ပြီး သားရဲမှာ မကျေမ‌နပ်ဖြင့် သူ၏ ဂူထဲသို့ ပြန်လည်ဆုတ်ခွာသွားသည်။
‎
‎သူ့မျက်လုံးများကို ဖွင့်လိုက်လျှင် သူက ဝမ်မိသားစု၏ အေးစက်ပြီး လူရှိန်ရသော သခင်လေးအဖြစ် ပြန်လည်ရောက်ရှိလာသည်။
‎
‎ထိုအချိန်တွင် စွန်းဟုန်ဖေးက သူ့ရုံးခန်းထဲ၌ လက်များကို တင်းကြပ်စွာ ဖျစ်ညှစ်နေကာ စိတ်လှုပ်ရှားစွာဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။
‎
‎ဒီကိစ္စက ပြင်းထန်တယ်...
‎
‎ဥက္ကဌကု တစ်ယောက်တည်းကသာ စိတ်အလိုမကျဖြစ်နေသည်ဟု သူက ယူဆခဲ့သော်လည်း ယခုတွင် ပြဿနာမှာ ဥက္ကဌဝမ်နှင့်လည်း ဆက်စပ်နေသည်မှာ ရှင်းလင်းသည်။
‎
‎ကုရှင်းရှစ်က သံလွင်ခက်ကို ကမ်းခဲ့ပြီးဖြစ်သည်။ သူက ခြေတစ်လှမ်းဆုတ်လိုက်ပြီး ပြန်လည်သင့်မြတ်ရန် အခွင့်အလမ်းကို ဥက္ကဌဝမ်အား ကမ်းလှမ်းခဲ့သည်။ သို့သော်လည်း ဝမ်ယွဲ့ကသာ မတုံ့ပြန်ခဲ့လျှင် ကုရှင်းရှစ်က ဒေါသအမျက်ခြောင်းခြောင်း ထွက်သွားနိုင်သည်။
‎
‎ထိုအခြေအနေသို့ရောက်လျှင် ၎င်းက စစ်အေးတိုက်ပွဲသက်သက်မဟုတ်တော့ပေ။
‎သူတို့က တကယ်ကြီး...လမ်းခွဲပြတ်စဲသွားနိုင်လား...
‎
စွန်းဟုန်‌ဖေးက အဆိုးဆုံးအခြေအနေကို စိတ်သောကရောက်စွာ စဉ်းစားနေချိန်တွင် သူက အံ့အားသင့်စရာသတင်းများကို ကြားလိုက်ရသည်။
‎
‎ကုရှင်းရှစ်က ဘီလိုရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ တည်ထောင်သူ မဒမ်ဘီလိုနှင့် ချိတ်ဆက်ပြီးပြီ ဖြစ်သည်။


🍉🍉🍉🍉 အခန်း ၉၈

‎
‎ဘီလိုရင်းနှီးမြှုပ်နှံမှုမှာ ကြီးမားသော ကုမ္ပဏီတစ်ခု မဟုတ်သော်လည်း ၎င်းမှာ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်တွင် နှစ်ပေါင်းများစွာကြာအောင် များပြားသော အဆက်အသွယ်များဖြင့် တဖြည်းဖြည်း တိုးတက်လာနေသော ကုမ္ပဏီဖြစ်သည်။
‎
‎မဒမ်ဘီလိုနှင့်ဆိုလျှင် ဥက္ကဌကုက ရင်းနှီးမြှုပ်နှံမှုနယ်ပယ်ထဲသို့ လွယ်လွယ်ကူကူ ဝင်ရောက်နိုင်မည်ဖြစ်သော်လည်း ၎င်းမှာ ဥက္ကဌဝမ်ထံမှ သူ့ကိုယ်သူ အကွာအဝေးထားရန် ရှင်းရှင်းလင်းလင်း ရည်ရွယ်သည့် သင်္ကေတ ဖြစ်သည်။
‎
‎အမှန်တွင် မဒမ်ဘီလိုမှာ ကုရှင်းရှစ်အား ကျီစယ်လိုသောသဘောဖြင့် ပြောရာမှ စတင်ခဲ့ခြင်းဖြစ်သည်။
‎
‎သူမ၏ နာမည်အရင်းမှာ ယောင်ဟွေ့ဖြစ်သည်။ သူမနှင့် သူမ၏ ဆုံးပါးသွားသောအမျိုးသား ကွန်ရက်ဒ်ဘီလိုတို့က လွန်ခဲ့သော နှစ်ပေါင်းများစွာက ဘီလိုရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကို တည်ထောင်ခဲ့ပြီး ယခု သူမ၏ အသက်ငါးဆယ်ကျော်ခုနှစ်များအတွင်း သူမတစ်ယောက်တည်းသာ ကုမ္ပဏီကို ဦးစီးနေသည်။ သူမ၏ ချောမွေ့သောအသားအရေ၊ ကြော့ရှင်းသော မျက်နှာအသွင်အပြင်တို့ကြောင့် အသက်သုံးဆယ်အစောပိုင်းခန့်မျှသာ ထင်ရသည်။
‎
‎ကုရှင်းရှစ်က လူမှုရေးပွဲတစ်ခုတွင် သူမ၏ အသေးစားအခက်အခဲတစ်ခုကို ကူညီခဲ့ရာမှ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ သူ၏ ကြင်နာမှုကြောင့် သူမက သူ့အပေါ် အမြင်ကောင်းများရှိခဲ့ပြီး သူနှင့် စကားပြောရန် ပြန်ရှာခဲ့သည်။
‎
‎သူက ရင်းနှီးမြှုပ်နှံသူများရှာ‌ဖွေနေကြောင်း သူမ သိပြီးနောက် ရယ်မော၍ ပြောလိုက်သည်။
‎"ဥက္ကဌဝမ်မှာ အထက်မြက်ဆုံးမျက်လုံးတွေနဲ့ အကြီးဆုံးပိုက်ဆံအိတ်ရှိတယ်ဆိုတာ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်ထဲက လူတိုင်း သိတယ်...မင်းရဲ့ ပိုက်ကွန်ထဲမှာ အဲ့လို ငါးအကြီးကြီးတစ်ကောင် ရှိနေတာကို ငါတို့လိုငါးကြင်းသေးသေးလေးတွေအပေါ် မင်းက ဘယ်လို စိတ်ဝင်စားနေနိုင်သေးတာလဲ..."
‎
‎အနည်းငယ် ကိုးရိုးကားရား ခံစားမိလိုက်ပြီး ကုရှင်းရှစ်က မနေနိုင်ဘဲ စနစ်ကို ကွန်ပလိန်းတက်လိုက်သည်။
‎[ဒီကောလာဟလအကြောင်း ဖျော်ဖြေရေးနယ်ပယ်ရဲ့ တစ်ဝက်လောက်ကပဲ သိတာလို့ မင်း မပြောခဲ့ဘူးလား...]
‎
‎စနစ်: [အချိန်တွေက အမြဲပြောင်းလဲနေတာလေ... သူတို့က ကောလာဟလတွေကို ထပ်မဖြန့်တာကိုပဲ ဝမ်းသာစမ်းပါ...ကံကောင်းပါစေ ပိုင်ရှင်...]
‎
‎ကုရှင်းရှစ်:[...]
‎
‎သို့သော်လည်း ယောင်ဟွေ့က ဆက်၍ တိုက်ရိုက်မပြောသေးသောကြောင့် ၎င်းကို ရှင်းမပြသည်က အကောင်းဆုံးဖြစ်သည်ဟု ကုရှင်းရှစ်က ခံစားလိုက်ရသည်။ ရှင်းပြနေလျှင် သူက တစ်စုံတစ်ခုကို ဖုံးကွယ်နေသည့်ပုံ ဖြစ်နိုင်သည်။  á€žá€°á€€ ယဉ်ကျေးစွာ ရယ်လိုက်သည်။
‎"ကျွန်တော့်ကို မြှောက်ပေးနေပြန်ပါပြီ မဒမ်ဘီလို..."
‎
‎သူ၏ မသက်မသာဖြစ်မှုကို ခံစားမိသောကြောင့် သူမက ထိုအကြောင်းကို ဆက်မပြောတော့ပေ။
‎"တို့ မင်းကို အဆက်အသွယ်တချို့ မိတ်ဆက်ပေးလို့ရတယ်...ဒါပေမယ့် သူတို့ကို သိမ်းသွင်းဖို့ကတော့ မင်းဘာသာ ကြိုးစားရမယ်..."
‎
‎ကုရှင်းရှစ်က ပြုံးလိုက်သည်။
‎"လုံလောက်တာထက် ပိုနေပါပြီ...ကျေးဇူးတင်ပါတယ်..."
‎
‎ယောင်ဟွေ့က ပေကျင်းမြို့ဆင်ခြေဖုံးရှိ သီးသန့်ကလပ်တစ်ခုတွင် လူအစု‌အဝေးကို စီစဉ်ပေးလိုက်သည်။ ထိုနေရာမှာ ဈေးကြီး၍ သက်တောင့်သက်သာဖြစ်စေသည့် ပစ္စည်းများ အပြည့်အစုံရှိသော ကြီးမားသည့် အဆောက်အဦး ဖြစ်သည်။
‎
‎ကလပ်တွင် ဧည့်သည်များ မည်သည့်နေရာသို့ သွားလိုသည်ဖြစ်စေ၊ လိုက်ပို့ပေးရန် အသင့်ရှိသည့် လျှပ်စစ်ယာဥ်များနှင့် ဒရိုင်ဘာများ ရှိသည်။
‎
‎ကုရှင်းရှစ်က ထိုသို့နေရာများကို သွားနေကျဖြစ်သည်ကို မသိဘဲ ယောင်ဟွေ့က သူ့ကို ထိုနေရာနှင့် မိတ်ဆက်ပေးရန် ရောက်လာခဲ့ပြီး သူ အပြင်လူကဲ့သို့ ခံစားနေရမည်ကို စိုးရိမ်နေခဲ့သည်။ သို့သော်လည်း သူ့ကို မြင်ပြီးနောက် သူမက သူ၏ တည်ငြိမ်သော သိလိုစိတ်နှင့် စိတ်လှုပ်ရှားမှု မရှိသည့် ယုံကြည်ချက်ရှိမှုတို့ကို သတိပြုမိလိုက်သည်။
‎
‎၎င်းက ကောလာဟလများအပေါ် သူမ၏ ယုံကြည်ချက်ကို ပို၍ ခိုင်မာလာစေသည်။
‎ဒီလိုနေရာမှာ မတုန်လှုပ်နေဖို့အတွက် သူက ဥက္ကဌဝမ်နဲ့ ပိုပြီးကြီးကျယ်ခမ်းနားတဲ့နေရာတွေကို သွားဖူးတာ ဖြစ်ရမယ်...
‎
‎သူမ မသိသည်မှာ ကုရှင်းရှစ်က စနစ်နှင့် ပျော်ရွှင်စွာ စကားစမြည်ပြောနေခြင်း ဖြစ်သည်။
‎[ဝိုး… ဒီနေရာမှာ မြင်းစီးကွင်းတောင် ရှိတယ်...ငါ့ရဲ့ အရင်က အချိန်ပိုင်းအလုပ်ကို‌တောင် သတိရသွားသေးတယ်...ငါ မြင်းမစီးတာ တော်တော်ကြာသွားပြီ...ငါ့ကို မြင်းစီးသင်ပေးတဲ့သူက ကမ္ဘာ့ချန်ပီယံဆိုတာ ငါ မင်းကို ပြောပြမိသေးလား...]
‎
‎စနစ်:[ အာ...ဒါဆို ဒါက မင်းကို ပျော်ရွှင်စေတဲ့နေရာကို ပြန်လာရသလိုပဲပေါ့...]
‎
‎ယောင်ဟွေ့က သူ့ကို လူအများအပြားနှင့် မိတ်ဆက်ပေးခဲ့သည်။ ထိုနေရာတွင် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ မရှိသော်လည်း ကုရှင်းရှစ်၏ ယခင်က အဆက်အသွယ်များကဲ့သို့ ထူးခြားသော ပုဂ္ဂိုလ်များစွာ ရှိသည်။
‎
‎သူတို့ရည်ရွယ်ထားသည့်နေရာသို့ ရောက်သွားသော်လည်း ယောင်ဟွေ့၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
‎"သူက ဒီမှာ ဘာလုပ်နေတာလဲ..."
‎
‎တစ်ချိန်တည်းတွင် စနစ်က အားရဝမ်းသာအော်ပြောလိုက်သည်။
‎[ပိုင်ရှင်...အဲ့က မျက်နှာသုန်မှုန်နေတဲ့လူကို တွေ့လား... အဲ့ဒါက မင်းရဲ့ မပြေလည်နိုင်တဲ့ရန်ဘက် ဟွမ်းယန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီရဲ့ ဥက္ကဌ ယွီချီယန်ပဲ...]
‎
‎ကုရှင်းရှစ်:[?]
‎
‎သူ မမှတ်မိကြောင်း သိသောကြောင့် စနစ်က ကြင်နာစွာ အသေးစိတ် ရှင်းပြလိုက်သည်။
‎[ကျန်းစစ်နင်ကို မှတ်မိတယ်မလား...ချင်ဝမ်နဲ့ ‘ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ‘ကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တဲ့ လိုင်းပေါ်မှာနာမည်ကြီးတဲ့သူလေ...မင်းက သူ့ကို ကောင်းကောင်း ပြန်တိုက်ခိုက်ခဲ့လို့ သူ ထောင်ထဲမှာ အဆုံးသတ်သွားခဲ့တာလေ...သူက ဟွမ်းယန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီနဲ့ ပြန်လာတဲ့ တောင်ပိုင်းမီဒီယာနဲ့ အတူ ရှိနေတာ...]
‎
‎[ဒါပေါ့...ကျန်းစစ်နင်က အဓိက ပြဿနာ မဟုတ်ဘူး...အဓိကက ဝမ်ယွဲ့က အခွင့်အလမ်းကို မြင်ခဲ့ပြီး မင်းရဲ့လှုပ်ရှားမှုပြီးတော့ တောင်ပိုင်းမီဒီယာနဲ့ ဟွမ်းယန်ရင်းနှီးမြှုပ်နှံမှုဆီကို သွားခဲ့တာ...ယွီချီယန်က မင်းရဲ့ လှုပ်ရှားမှုတွေကြောင့် အလုပ်ရှုပ်နေခဲ့ပြီး ဝမ်ယွဲ့ကို သတိမထားမိဘဲ ဝမ်ယွဲ့က သူ့ရဲ့ စီးပွားရေးလုပ်ငန်းကို ဝင်တိုက်ခိုက်ခဲ့တာ...]
‎
‎[အခု မင်းတို့နှစ်ယောက်ရဲ့ ကောလာဟလတွေကို ကြားပြီးတော့ မင်းနဲ့ဝမ်ယွဲ့က သူ့ကိုတိုက်ခိုက်ဖို့ အဖွဲ့ဖွဲ့ခဲ့တာလို့ ယွီချီယန်က ယုံသွားတာ...အဲ့ကြောင့် သူက မင်းတို့နှစ်ယောက်လုံးကို ညီတူညီမျှ နာကျည်းနေတာ...]

‎ကုရှင်းရှစ်:[...]
‎
‎ငါက လုံးဝကို ရိုးသားပါတယ်...ဒါပေမယ့် ကြည့်ရတာ ဒါကို ဘယ်တော့မှ ရှင်းပြလို့မရတော့ဘူး ထင်တယ်...
‎ဒါပေမယ့် လှည့်ထွက်လာတာကလည်း ရွေးချယ်မှုကောင်းတစ်ခုတော့ မဟုတ်ဘူး...
‎
‎အားနည်းသူကို အမဲလိုက်တတ်သည့် ဤနေရာမျိုးတွင် နောက်ဆုတ်သည့် အရိပ်အယောင်မျိုးကို ပြသမိခြင်းက လူအများကို ယဉ်ကျေးပျူဌာသည့် အပြုံးမျက်နှာများမှ ရက်စက်စွာသွားဖြဲပြခြင်းသို့ ပြောင်းလဲသွားစေပြီး သူ့ကို ဆွဲဆုတ်ပစ်ရန် အသင့်ဖြစ်နေစေသည်။
‎
‎ထိုအစား ကုရှင်းရှစ်က စိတ်ကိုတည်ငြိမ်စေလိုက်ပြီး ယောင်ဟွေ့ကိုပင် အားပေးလိုက်သေးသည်။
‎"အဆင်ပြေပါတယ်...ကျွန်တော်တို့ ဒီကိုရောက်နေပြီဆိုမှတော့ အကောင်းဆုံးလုပ်ကြတာပေါ့..."
‎
‎ယောင်ဟွေ့က မမျှော်လင့်ထားမိဘဲ သူမ၏ အသက်ထက် ထက်ဝက်ငယ်သူထံမှ နှစ်သိမ့်ခံလိုက်ရပြီး ကုရှင်းရှစ်ကို အသိအမှတ်ပြုသည့် အကြည့်တစ်ချက် ပေးလိုက်သည်။
‎"ဥက္ကဌကု...မင်းက တို့ကို အမြင်သစ်ပွင့်လာစေတာပဲ...မင်းက ငါ့ကို ဥက္ကဌဝမ် ဈေးကွက်ကုမ္ပဏီကို ပထမဆုံးစဝင်လာတုန်းက အချိန်ကို သတိရစေတယ်..."
‎
‎ကုရှင်းရှစ်: "..."
‎
‎ယောင်ဟွေ့က လူစုလူဝေးကြားသို့ ကုရှင်းရှစ်ကို ဦးဆောင်ခေါ်သွားကာ ဧည့်သည်များနှင့် အပြန်အလှန်မိတ်ဆက်စေသည်။ ထိုသူအားလုံးမှာ  á€Ąá€›á€Šá€şá€Ąá€á€ťá€„á€şá€¸á€›á€žá€­á အတွေ့အကြုံများသူများဖြစ်ပြီး အစပိုင်းတွင် ယောင်ဟွေ့နှင့် ဥက္ကဌကုတို့ကို လေးစားကြောင်းပြသရန်သာ  á€œá€Źá€›á€ąá€Źá€€á€şá€á€˛á€ˇá€€á€źá€á€źá€„်း ဖြစ်သည်။ သို့သော်လည်း ယွီချီယန်ရောက်ရှိလာသောအခါ လေထုက ပြောင်းလဲသွားပြီး အားလုံး၏ အာရုံစိုက်မှုက ယွီချီယန်ထံတွင် ရှိနေကြကာ သူ၏ နောက်ထပ်လှုပ်ရှားမှုကို စောင့်ဆိုင်းနေကြသည်။
‎
‎ယောင်ဟွေ့၏ အပြုံးက တစ်ခဏမျှ တုံ့ဆိုင်းသွားသော်လည်း သူမ၏ ကိုယ်ဟန်ကို ထိန်းလိုက်ပြီး သူ့ကို နှုတ်ဆက်လိုက်သည်။
‎"ဥက္ကဌယွီ...မင်းကို ဒီမှာမြင်ရတာ အံ့ဩသွားတယ်...မင်း အလည်အပတ်လာတာအတွက် သေချာ မပြင်ဆင်လိုက်မိသေးမှာကို အားနာမိပါတယ်...ဒါပေမယ့် နောက်တစ်ကြိမ်ကျရင်တော့ မင်းအတွက် စနစ်တကျ ပြင်ဆင်ပေးပါမယ်..."
‎
‎ယွီချီယန်က ဖိတ်ခေါ်ခံရခြင်းမရှိဘဲ ရောက်ရှိလာခြင်းဖြစ်ကြောင်း သူမ၏ စကားလုံးများက အရိပ်အယောင်ပြနေပြီး ဤသည်က သူမ စီစဥ်သည့် ပွဲဖြစ်ကာ သူမ၏ ဂုဏ်ပုဒ်ကို လေးစားရန် သူ့ကို သတိပေးနေခြင်း ဖြစ်သည်။
‎
‎ယွီချီယန်က ဝေ့လည်ကြောင်ပတ်ဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
‎"ဘာလို့ နောက်တစ်ကြိမ်ကို စောင့်နေဦးမှာလဲ... ကျွန်တော်တို့ ဒီနေ့တွေ့ရတာ ကံကြမ္မာပဲ ဖြစ်ရမယ်လေ...ကျွန်တော့်ကို ထွက်သွားစေချင်နေတာတော့ မဟုတ်ဘူးမလား..."
‎
‎သူတို့၏ စကားဝိုင်းက သိမ်မွေ့သော ထိုးချက်များ၊ သွယ်ဝိုက်သော အဓိပ္ပာယ်များဖြင့် ပြည့်နှက်နေပြီး အတွေ့အကြုံနုနယ်သေးသော ကုရှင်းရှစ်မှာ စနစ်ထံ ညည်းတွားလိုက်သည်။
‎[ဒီနယ်ပယ်မှာ ဒီလိုစကားနဲ့ ကစားတာမျိုးက လိုအပ်လို့လား...]
‎
‎စနစ်: [မင်းက လုံလောက်အောင် သန်မာနေရင်တော့ မလိုဘူးပေါ့...သန်မာနေရင် မင်းက လူတွေကို တိုက်ရိုက်ပဲ အမိန့်ပေးလို့ရတယ်...ဥပမာ...]
‎
‎စနစ်က ပြော၍မပြီးသေးမီမှာပင် ယွီချီယန်က သူ အာရုံကို ကုရှင်းရှစ်ထံသို့ ပြောင်းလိုက်ကာ နှာမှုတ်၍ ပြောသည်။
‎"ဥက္က‌ဌကု...မင်းနဲ့ ဥက္ကဌဝမ်နဲ့ အရင်က ငါ့ကို သင်ပေးခဲ့တဲ့ 'သင်ခန်းစာ' အတွက် ကျေးဇူးတင်ပါတယ်...အခု မင်းက ငါတို့ရဲ့ နယ်ပယ်ထဲကို ဝင်ဖို့ ကြိုးစားနေတာ‌ဆိုတော့ ငါတို့ဆီက စည်းမျဉ်းတွေကို အရင် မလေ့လာသင့်ဘူးလား..."
‎
‎မ‌ဒမ်ဘီလိုက ကုရှင်းရှစ်အတွက် ပွဲတစ်ခု စီစဉ်ပေးကြောင်း ကြားသိရပြီးနောက် ပြဿနာတစ်ခု အစပျိုးနေပြီဖြစ်ကြောင်း စွန်းဟုန်ဖေးက အာရုံခံမိသည်။ သူက ကလပ်ထဲသို့ ဝင်ရောက်ရန် အဆက်အသွယ်အချို့ရှာပြီးနောက် ယွီချီယန်နှင့် ကုရှင်းရှစ်တို့၏ ထိပ်တိုက်တွေ့နေမှုကို တွေ့ရှိသွားသည်။
‎
‎သူက အထိတ်တလန့်ဖြစ်သွားပြီး ထန်လင်းကို ဖုန်းခေါ်လိုက်ကာ ဥက္ကဌဝမ်အား ဤအခြေအနေကို သတင်းပေးရန် အမြန် ပြောလိုက်သည်။
‎
‎ထန်လင်းက တုံ့ဆိုင်းနေသည်။
‎
‎ထိုအချိန်တွင် သူက  á€šá€á€Żá€œá€ąá€¸á€á€„် အလွန်ပင်ပန်းသည့် ဆွေးနွေးပွဲတစ်ခုကို အဆုံးသတ်ပြီးသည့် ဝမ်ယွဲ့နှင့်အတူ မြို့တော်သို့ ပြန်နေသည့် သီးသန့်လေယာဉ်ပေါ်တွင် ရှိနေသည်။ ဝမ်ယွဲ့က ဤရက်များအတွင်း အိပ်ပျော်ရန် ခက်ခဲပြီး ယခုလေးတင် အိပ်ပျော်သွားခြင်း ဖြစ်သည်။
‎
‎ဝမ်ယွဲ့ကို သတင်းပေးရမည့် သူ၏တာဝန်နှင့် ထိုသူ့ကို နှောင့်ယှက်ရမည့်အခက်အခဲတို့ကြား ထန်လင်းက တုံ့ဆိုင်းနေခဲ့သည်။
‎
‎သို့သော်လည်း ဝမ်ယွဲ့က နိုးနှင့်နေပြီ ဖြစ်ပြီး သူ့ကို စူးရှသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
‎"ဘယ်သူဖုန်းခေါ်တာလဲ..."
‎
‎ထိုသူ နိုးနေပြီ ဖြစ်ကြောင်း မြင်ပြီးနောက် ထန်လင်းက စွန်းဟုန်ဖေး၏ စကားကို အပြည့်အစုံ ပြန်ပြောပြခဲ့သည်။
‎
‎"ယွီချီယန်လား..."
‎ဝမ်ယွဲ့၏ မျက်နှာက မှောင်မိုက်လာသည်။
‎"ငါတို့ လေယာဥ်ဆင်းဖို့ အချိန်ဘယ်လောက်လိုသေးလဲ..."
‎
‎ထန်လင်းက အမြန် စစ်ကြည့်လိုက်သည်။
‎"မိနစ်သုံးဆယ်ပါ..."
‎
‎ဝမ်ယွဲ့က စကားကို အမြန်ပြောလိုက်ပြီး သူ့အသံက တိုတိုပြတ်ပြတ်ပင်။
‎"ကားတစ်စီး ပြင်ဆင်ထား...လေယာဉ် ဆင်းတာနဲ့ အဲ့နေရာကို သွားကြမယ်..."
‎
‎ထန်လင်းက ခေါင်းညိတ်လိုက်သည်။
‎"နားလည်ပါပြီ..."
‎
‎ဝမ်ယွဲ့က ပြတင်းပေါက်အပြင်ဘက်မှ တိမ်များကို ငေးကြည့်နေပြီး မရည်ရွယ်မိဘဲ လက်သီးကို တင်းတင်းဆုပ်ထားသည်။
‎
ဝမ်ယွဲ့ကို တိုက်ရိုက် မတုံ့ပြန်နိုင်ဘဲ ပို၍ လွယ်ကူ‌သော ပစ်မှတ်ကို ဦးတည်နိုင်သည့် ယွီချီယန်၏ လက်စားချေလိုသော သဘာဝကို သူ သိသည်။ ကလပ်တွင် သူ၏ တည်ရှိနေမှုက ရှင်းရှင်းလင်းလင်းပင် ကုရှင်းရှစ်ကို အရှက်ခွဲရန်ဖြစ်ပြီး မကြာမီ ဆိုးရွားသည့် တစ်စုံတစ်ခုက စောင့်ဆိုင်းနေနိုင်သည်။
‎
‎ဝမ်ယွဲ့၏ ရင်ဘတ်ထဲ တင်းကြပ်သွားသည်။
‎
‎သူက ကုရှင်းရှစ်ကို ဤအရှုပ်ထုပ်ထဲသို့ မမျှမတ ဆွဲသွင်းမိသည့်အတွက် ကူညီနေခြင်းဖြစ်သည်ဟု သူ့ကိုယ်သူ ပြောနေသော်လည်း ပို၍ နက်ရှိုင်းသည့်တစ်နေရာမှ လွန်ဆွဲနေသည့် ထိုသူ့အတွက် စိုးရိမ်ပူပန်မှုကို လျစ်လျူမရှုနိုင်ပေ။
‎
‎*

‎ယွီချီယန်က သူ့ကို လက်စားချေရန် ရည်ရွယ်နေကြောင်း ကုရှင်းရှစ်က သိသောကြောင့် ထိုသူက မည်သည့် လှည့်ကွက်များကိုပင် ပြင်ဆင်ထားပါစေ၊ ၎င်းကို ကိုင်တွယ်ရန် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်သည်။ သို့သော်လည်း ယွီချီယန်က တည်တည်ငြိမ်ငြိမ်ပင် ဆက်၍ ရှိနေသောအခါ ကုရှင်းရှစ်၏ အမူအရာက အနည်းငယ် ထူးဆန်းလာသည်။

‎ကုရှင်းရှစ်၏ အမူအရာကို မြင်ပြီးနောက် သူ ကြောက်ရွံ့နေသည်ဟု ယွီချီယန်က ယူဆလိုက်ကာ ဟန်‌လုပ်၍ ပြုံးလိုက်သည်။
‎"ဥက္ကဌကု...တစ်ခုခု ပြိုင်ရအောင်...တကယ်လို့ မင်းနိုင်ရင် အရင်က ကိစ္စတွေကို ငါ ဒီအတိုင်းထားလိုက်မယ်...ဒါပေမယ့် မင်းရှုံးရင် ငါ တောင်းဆိုတာ တစ်ခုကို မင်း သဘောတူပေးရမယ်...မင်း ဘာပြောချင်လဲ..."
‎
‎၎င်းက ကုရှင်းရှစ်ကို အရှက်ခွဲရန် ယွီချီယန်က ဂရုတစိုက် ဉာဏ်ဆင်ထားသော အစီအစဉ်ဖြစ်သည်။
‎
‎အဆုံးတွင် ထိုသူက ယောင်ဟွေ့မိတ်ဆက်ပေးနေသူ ဖြစ်ပြီး ဝမ်ယွဲ့၏ နောက်ခံလွှမ်းမိုးမှုကြောင့် လူသိရှင်ကြား ပြုမူခြင်းက ပြဿနာဖြစ်စေနိုင်သည်။ သို့သော်လည်း ပြိုင်ဆိုင်မှုတစ်ခုဖြစ်သည့် "ခင်မင်မှု အလောင်းအစား" က သူတို့၏ နယ်ပယ်တွင် ပြုလုပ်နေကျ ဖြစ်သည်။ ကုရှင်းရှစ်က ငြင်းဆိုခဲ့လျှင် ၎င်းက ရင်းနှီးမြှုပ်နှံမှုနယ်ပယ်၏ တိုက်ရိုက်မပြောထားသော စည်းမျဉ်းများကို ငြင်းဆန်ခြင်း ဖြစ်ပြီး အခြေခံအားဖြင့် သူကိုယ်တိုင်၏ တံခါးများကို ပိတ်လိုက်ခြင်း ဖြစ်သည်။
‎
‎သူ သဘောတူခဲ့မည်ဆိုလျှင်...

‎‎ယွီချီယန်က လေ့လာစုံစမ်းပြီးပြီ ဖြစ်သည်။ ကုရှင်းရှစ်၏ကုမ္ပဏီက ဝမ်ယွဲ့နှင့် အဆက်အသွယ်ကြောင့်သာ မဟုတ်လျှင် ယခုလက်ရှိနေရာတွင် ရှိနေမည် မဟုတ်ဘဲ ဒေဝါလီခံရမှု၏ နှုတ်ခမ်းဝသို့ ရောက်ရှိနေသည့် လူမသိသူမသိ ကုမ္ပဏီတစ်ခုအဖြစ်သာ ရှိနေမည် ဖြစ်သည်။
‎
‎မြင်းစီးခြင်းက ကြော့ရှင်းပြီး စရိတ်များသော အားကစားတစ်ခု ဖြစ်သည်။ ကုရှင်းရှစ်က ဘယ်သောအခါကမှ မြင်းဇောင်းနားကပ်ခဲ့ခြင်း မရှိပေ။ 
‎
‎ကုရှင်းရှစ်က မြင်းပေါ်တွင် သူ့ကိုယ်သူ အရှက်ရစေမည်၊ သို့မဟုတ် ကံကောင်းခဲ့လျှင်ပင် မြင်းပေါ်မှပြုတ်ကျကာ အရိုးတစ်ချောင်း၊နှစ်ချောင်းကျိုးနိုင်သည်ကို ယွီချီယန်က စိတ်ကူးယဉ်ကြည့်လိုက်သည်။
‎သူက ဒီကိစ္စအအတွက် ငါ့ကိုအပြစ်တင်ဖို့လည်း ခက်ခဲနိုင်တယ် ဟုတ်တယ်မလား...
‎
‎လူအုပ်ကြားတွင် တီးတိုးပြောသံများပြည့်နှက်သွားသည်။
‎
‎ယောင်ဟွေ့က မျက်မှောင်ကြုတ်လိုက်သည်။
‎"ဥက္ကဌယွီ...ဒါက နည်းနည်း မပြင်းထန်နေဘူးလား...မြင်းစီးတာက အန္တရာယ်များတယ်...တကယ်လို့ ဥက္ကဌကုက..."
‎
‎ယွီချီယန်က သူမကို လက်ဝှေ့ယမ်းပြလိုက်သည်။
‎"ဒါက ကျွန်တော်နဲ့ ဥက္ကဌကုကြားက ကိစ္စပါ..."

‎သူက ကုရှင်းရှစ်ဘက်သို့ လှည့်ကာ ခနဲ့လိုက်သည်။
‎"မဟုတ်မှ...ဥက္ကဌကုက ကြောက်နေတာလား..."
‎
‎"သေချာပေါက် မဟုတ်ဘူးပေါ့..."
‎ကုရှင်းရှစ်က ခေါင်းကို ဖြည်းညင်းစွာ‌ မော့လိုက်ပြီး သူ့မျက်နှာပေါ်တွင် မဲ့ပြုံးတစ်ခု ပေါ်လာသည်။
‎"ဒါပေမယ့် ဒါက မမျှတသလိုပဲ...ကျွန်တော် နိုင်ခဲ့ရင် ဘာလို့ အရင်ကကိစ္စတွေကိုပဲ ရှင်းလင်းတဲ့အခြေအနေတစ်ခုရှိရမှာလဲ...ခင်ဗျားနိုင်ရင်ကျ ခင်ဗျားသဘောကျတဲ့အခြေအနေတစ်ခုရှိနေပြီး... ဒါပေမဲ့ ခင်ဗျား သဘောပါပဲ...ကျွန်တော်က အကြီးတွေကို အမြဲလေးစားပါတယ်..."
‎
‎ယွီချီယန်၏ မျက်နှာက မည်းမှောင်လာသည်။
‎"မင်းက လျှာစောင်းထက်တာပဲ..."
‎
‎ကုရှင်းရှစ်က ရိုးသားသည့်မျက်နှာလေးဖြင့် ပြုံးလိုက်သည်။
‎"ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ်..."
‎
‎ယွီချီယန်က စိတ်ထဲတွင် ဒေါသူပုန်ထနေပြီး အံကြိတ်လိုက်သည်။
‎မင်းပြောနိုင်သမျှ အကြီးကြီးတွေပြောထားဦးပေါ့...မင်း မြင်းပေါ်ရောက်တဲ့အချိန်မှ ဆက်ပြီး ပြုံးနိုင်ဦးမလားဆိုတာ စောင့်ကြည့်ကြတာပေါ့...
‎
‎အမျိုးသားနှစ်ယောက်က မြင်းစီးဝတ်စုံများကို ဝတ်ဆင်လိုက်ပြီး မြင်းများရွေးချယ်ကြသည်။
‎
‎ကုရှင်းရှစ်က သူ၏ အဖြူအမဲ မြင်းစီးဝတ်စုံဖြင့် ထွက်ပေါ်လာပြီး ကွက်တိကျနေသော ဝတ်စုံက သူ၏ သေးသွယ်သောခါးနှင့် ခြေတံရှည်များကို ပေါ်လွင်စေကာ ကျက်သရေရှိမှုကို မြင်သာစေပြီး တောင့်တင်းနေသော ပေါင်ကြွက်သားများကိုလည်း မြင်ရစေသည်။
‎
‎ကြည့်ရှူနေသူ အနည်းငယ်က မနေနိုင်ဘဲ သဘောကျစွာ ငြီးတွားလိုက်ကြသည်။
‎
‎ယွီချီယန်က သူ့ကို သေစေနိုင်သောအကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီးနောက် ကုရှင်းရှစ် ရွေးချယ်ထားသည့် မြင်းကို သတိပြုမိလိုက်သည်။ သူက လှောင်ရယ်လိုက်သည်။
‎"ဥက္ကဌကု...အဲ့ဒီမြင်းက ဒေါသ တော်တော်ကြီးတယ်...လုံခြုံရေးအတွက် တခြားမြင်းကို ရွေးဖို့ အကြံပြုချင်တယ်..."
‎
‎ကုရှင်းရှစ်က မြင်း၏လည်ဆံ‌မွေးကို သပ်ပေးလိုက်ပြီး သူ၏ မျက်လုံးများက ပျော်ရွှင်မှုကြောင့် လင်းလက်လာသည်။
‎ဝိုး...မြင်းပြန်စီးလိုက်ရရုံတင်မဟုတ်ဘဲ မြင်းကလည်း တကယ်လှတယ်...ဒါက အကောင်းဆုံးပဲ...
‎
‎ကုရှင်းရှစ်က မတုံ့ပြန်သောကြောင့် ယွီချီယန်၏ အမူအရာက ချဉ်စူးလာသည်။ သူက ကျိန်ဆဲလိုက်ပြီး သူ့ကိုယ်ပိုင်မြင်းအပေါ်သို့ တက်လိုက်ကာ ကုရှင်းရှစ်ကို အပေါ်စီးမှ အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
‎
‎ကုရှင်းရှစ်က မြင်းပေါ်တက်ရန် ရုန်းကန်နေရချိန်တွင် လှောင်ပြောင်ရန် သူက ရည်ရွယ်ထားသော်လည်း ကုရှင်းရှစ်က ခြေနင်းကွင်းပေါ်သို့ ချောချောမွေ့မွေ့ ခြေချလိုက်ပြီး လေ့ကျင့်ထားပုံပေါ်သည့် လွယ်ကူမှုဖြင့် မြင်းကုန်းနှီးပေါ်သို့ ကိုယ်ကို စောင်းလိုက်သည်။
‎
‎လက်ခုပ်သံများနှင့် လေချွန်သံများက လူထုထဲမှ ထွက်ပေါ်လာသည်။
‎
‎ယွီချီယန်က စိတ်ထဲတွင် အံ့ဩသွားသော်လည်း သူက အမြန်ပြန်ထိန်းလိုက်သည်။
‎သူက မြင်းပေါ်ကို ဘယ်လိုတက်ရမလဲဆိုတာကိုပဲ သိတာ ဖြစ်မှာပါ...သူ့ရဲ့သရုပ်ဆောင်တွေက ရှေးခေတ်ဒရာမာတွေအတွက် ဒါကို လေ့လာထားလို့ သူက သူတို့ဆီကနေ လှည့်ကွက်တချို့ ယူသုံးလိုက်တာပဲ ဖြစ်ရမယ်...
‎
‎သို့သော်လည်း ယွီချီယန်က ကွဲပြားသည်။ အပျော်တမ်းအားကစားသမားဖြစ်သည့် မြင်းစီးစိတ်အားထက်သန်သူတစ်ယောက်အနေဖြင့် ဆုခါးပတ်များစွာရရှိထားကာ သူက ပတ်လမ်းပေါင်းများစွာအကွာဖြင့် အသာစီးရနေမည်ဟု ယုံကြည်ချက်ရှိသည်။
‎
‎ဒိုင်လူကြီးက အချက်ပြလိုက်သည်နှင့် ယွီချီယန်က ရှေ့သို့ အာရုံစိုက်လိုက်သည်။ သူ ရှေ့သို့မသွားရသေးမီ အဖြူအမဲပုံရိပ်တစ်ခုက သူ့ရှေ့သို့ ဖြတ်ကျော်သွားသည်။
‎
‎ကုရှင်းရှစ်က သူ့မြင်းပေါ်တွင် ကိုယ်ကို ကိုင်းထားပြီး ဇက်ကြိုးကို တင်းတင်းဆုပ်ကိုင်ထားကာ မြှားတစ်စင်းပစ်လွှတ်လိုက်သကဲ့သို့ တဟုန်ထိုးပြေးထွက်သွားသည်။
‎
‎ယွီချီယန်: "!!!"
‎
‎မဖြစ်နိုင်တာ...
‎
‎သို့သော်လည်း ကုရှင်းရှစ်က သူ့ကို အာရုံမစိုက်ပေ။ အနည်းငယ် သွေးပူစေပြီးနောက် သူက သူ့မြင်း၏ အရှိန်အတိုင်း လိုက်ပါနေကာ စိတ်ကိုပေါ့ပါးစေလိုက်ပြီး မြင်းကို တဟုန်ထိုး ဒုန်းစိုင်းစီးရသည့်အရသာကို ခံစားနေသည်။


🍉🍉🍉🍉 အခန်း ၉၉

‎
‎ထိုအချိန်တွင် ဝမ်ယွဲ့၏ လေယာဉ်က ဆင်းသက်လာပြီ ဖြစ်သည်။
‎
‎သူက ဒရိုင်ဘာကို ထားခဲ့လိုက်ပြီး သူ့ကိုယ်ပိုင်ကားကို အရှိန်မြှင့်မောင်း၍ ကလပ်သို့ ထွက်ခွာလာသည်။ သူက အရှိန်အမြင့်ဆုံးဖြင့် မောင်းနှင်လာခဲ့၍ ပုံမှန်ကြာချိန်ထက် မိနစ်သုံးဆယ်ခန့် လျှော့ချနိုင်ခဲ့သည်။ ကလပ်သို့ရောက်ရှိပြီးနောက် ထန်လင်းထံမှ ကြိုတင်အကြောင်းကြားမှုကို ရရှိထားသော ဝန်ထမ်းက နှောင့်နှေးမနေဘဲ ဂိတ်တံခါးကို ဖွင့်ပေးလိုက်သည်။
‎
‎ဝမ်ယွဲ့က နှောင့်နှေးမနေဘဲ မြင်းဇောင်းသို့ တိုက်ရိုက် ဦးတည်သွားသည်။
‎
‎ထိုနေရာတွင် ကုရှင်းရှစ်က နောက်ဆုံးပတ်လမ်းကို ရောက်ရှိနေပြီ ဖြစ်သည်။ ယွီချီယန်က သူ၏ ဗျာများနေသော အားထုတ်မှုများအောက်တွင်ပင် ပတ်လမ်းတစ်ခုအကွာ နောက်ကျန်နေခဲ့ဆဲပင်။
‎
‎သို့သော်လည်း ကုရှင်းရှစ်၏ မြင်းက ဖြတ်ကျော်သွားသည်နှင့် ယွီချီယန်၏ အကြည့်က အေးစက်သွားပြီး လမ်းချော်ဟန်ဆောင်ကာ ကြာပွတ်ကို ကုရှင်းရှစ်၏ မြင်းဘက်သို့ ဝှေ့ယမ်းလိုက်သည်။
‎
‎မြင်းက ထိတ်လန့်သွားပြီး ဟီလိုက်ကာ လေထဲသို့ သူ၏‌ ရှေ့ခြေများကို ထောင်၍ကန်လိုက်သည်။
‎
‎ဝမ်ယွဲ့က အချိန်မီရောက်ရှိလာကာ ၎င်းကို မျက်မြင်တွေ့လိုက်ရ၍ ဒေါသထွက်သွားပြီး သူ့မျက်လုံးများမှ မီးများ တောက်လောင်လာသည်။

‎သို့သော်လည်း နောက်တစ်စက္ကန့်တွင် ကုရှင်းရှစ်က သူ၏ ခြေထောက်များကို မြင်း၏ ဘေးနှစ်ဖက်တွင် ခိုင်မြဲစွာ ညှပ်ထားပြီး ဇက်ကြိုးကို ဆုပ်ကိုင်ထားစဉ်တွင် ကိုယ်ကို ကိုင်းလိုက်ကာ မြင်း၏ ဦးခေါင်းကို ပွတ်သပ်၍ နှစ်သိမ့်ပေးလိုက်သည်။
‎
‎ကုရှင်းရှစ်၏ လက်များက ဇက်ကြိုးကို ကျွမ်းကျင်စွာကိုင်ထားပြီး တင်းအားကြောင့် သူ၏ လက်ဆစ်များက ဖြူဖျော့သွားကာ သူ့ပေါင်ကြွက်သားများက တောင့်တင်းနေပြီး မြင်း၏ လှုပ်ရှားမှုများအတိုင်း အလိုက်သင့်လှုပ်ရှားနေသည်။
‎
‎သူ၏ လှပသော မျက်နှာပေါ်တွင် ထိတ်လန့်သည့်အရိပ်အယောင်ကိုပင် မမြင်ရဘဲ တည်ငြိမ်နေသည်။
‎
‎ရိုင်းစိုင်းသည့် ပင်ကိုယ်စရိုက်ရှိသည့် မြင်းက သွေးရူးသွေးတန်းဖြင့် ယက်ကန်ယက်ကန်ဖြစ်နေကာ သူ့ကို ခွာချရန် ကြိုးစားနေပြီး ၎င်း၏ လှုပ်ရှားမှုများက ဖရိုဖရဲဖြင့် စိတ်လိုက်မာန်ပါဖြစ်နေပြီး ရန်လိုနေသည်။
‎
‎မြင်းက မည်မျှပင် ကြမ်းတမ်းစွာ ခါချပါစေ၊ ၎င်းက ကုရှင်းရှစ်၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိသည်။ နောက်ဆုံးတွင် ၎င်းက ပင်ပန်းနွမ်းနယ်လာပြီး သူ၏ မြဲမြံသော ဆုပ်ကိုင်မှုအောက်တွင် အလျှော့ပေးလာသည်။
‎
‎ကြည့်ရှုနေသူများက သက်ပြင်းရှည်ကို မှုတ်ထုတ်လိုက်ကြသည်။ သူက မြင်းပေါ်မှ ဆင်းကာ အနားယူမည်ဟု သူတို့က ယူဆထားသော်လည်း ထိုအစား ကုရှင်းရှစ်က ဇက်ကြိုးကို တစ်ချက်ဆွဲလိုက်ပြီး ရှေ့သို့ ဆက်သွားကာ ပန်းတိုင်နေရာသို့ တစ်ဟုန်ထိုးပြေးသွားသည်။
‎
‎သူက ၎င်းကို ဖြတ်ကျော်ပြီးသည်နှင့် သူ၏ မျက်နှာပေါ်တွင် သန့်ရှင်း၍ ပျော်ရွှင်သော အကြည့်တစ်ခုက လင်းလက်လာသည်။
‎
‎သူ၏ မြင်းစီးစွမ်းရည်က တက်ကြွဖျတ်လတ်ကာ အင်အားကြီးသော်လည်း သူ့အပြုံးက ရိုးသားပြီး စစ်မှန်သည်။
‎
‎ဤပုံရိပ်က ဝမ်ယွဲ့အား အားတစ်ခုဖြင့် တောင့်တင်းသွားစေပြီး သူ၏ နှလုံးခုန်ပင် ရပ်လုမတတ်ပင်။
‎
‎သူ၏ ကျောရိုးမှတစ်ဆင့် ဦးခေါင်းအထိ လျှပ်စစ်ဓါတ်တစ်ခုက စီးဆင်းသွားပြီး သူ့ကို တစ်ခဏမျှ အသက်ရှူရပ်သွားစေသည်။
‎
‎သူ၏ ကိုယ်တွင်းမှ သားရဲက ဟိန်းဟောက်နေကာ ကျိုးပဲ့လွယ်သော ကန့်သတ်ချက်နံရံများကို ဖြတ်ကျော်လာပြီး စိတ်ဆန္ဒက နိုးထလာသည်။
‎
‎သူ၏ ပုံမှန်အားဖြင့် သီးသန့်ဆန်သောအကြည့်က ယခု အရည်ကျိုထားသော ချော်ရည်ကဲ့သို့ တောက်လောင်နေကာ မြင်းထက်တွင်ရှိသော အမျိုးသားကို မမှိတ်မသုန် စွဲလမ်းစွာ ငေးမောကြည့်နေသည်။
‎
‎ကုရှင်းရှစ်က မြင်းကို ယဉ်ပါး‌လာစေကာ ထိုသို့ပြု‌လုပ်နေစဉ်တွင် ဝမ်ယွဲ့ကိုလည်း ယဉ်ပါးစေရန် ပြုလုပ်မိခဲ့သည်။
‎
×××××

‎လူအများ၏ အားပေးသံများကြားတွင် ကုရှင်းရှစ်က မြင်းပေါ်မှ ဆင်းလာပြီး ယွီချီယန်ထံသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာသည်။
‎
‎ယွီချီယန်က ကုရှင်းရှစ်၏ မြင်းကို ထိတ်လန့်စေရန် သူ့ ကြာပွတ်ကို ဝှေ့ယမ်းလိုက်ကြောင်း ကလပ်မှ လူအများအပြားက သတိပြုမိခဲ့ကြကာ မျက်မှောင်ကြုတ်လိုက်ကြသည်။ ဤနယ်ပယ်၏ ထိန်းသိမ်းသူများက အပြင်လူများကို သူတို့ကိုယ်တိုင်အတွက် သက်သေပြရန် မျှော်လင့်ထားကြပြီး ယွီချီယန် အဆိုပြုလိုက်သော အလောင်းအစားကို အန္တရာယ်မရှိသော စစ်ဆေးမှုအဖြစ် မြင်ခဲ့ကြကာ ကုရှင်းရှစ်ကိုပင် ရယ်သွမ်းသွေး ခဲ့ကြသေးသည်။ သို့သော်လည်း ယခု ယွီချီယန်က လျှို့ဝှက်လှည့်စားမှုများကို အားကိုးနေရစဉ်တွင် ကုရှင်းရှစ်က စစ်ဆေးမှုကို ထူးချွန်စွာ အောင်မြင်သွားသည်။ ၎င်းမှာလည်း သိမ်ဖျင်းနိမ့်ကျသော လှည့်စားမှုဖြစ်သည်။
‎
‎သူ မျက်နှာပျက်ရပြီဖြစ်ကြောင်း ယွီချီယန်က သဘောပေါက်လိုက်သော်လည်း သူ့အမူအရာကို ထိန်းသိမ်းထားဆဲဖြစ်ကာ သဘောထားကြီးဟန်ဆောင်လိုက်သည်။
‎"ဥက္ကဌကု...မင်းက မျှမျှတတ အနိုင်ရခဲ့တာပဲ...ငါတို့ရဲ့ သဘောတူညီမှုအရ ငါတို့ရဲ့အရင်က နားလည်မှုလွဲတာတွေကို လွှတ်ချထားလိုက်‌တော့မယ်..."
‎
‎"နားလည်မှုလွဲတာတွေလား..."
ကုရှင်းရှစ်က အနည်းငယ် ပြုံးလိုက်သော်လည်း သူ၏ မျက်လုံးများတွင် နွေးထွေးမှုမရှိနေပေ။
‎"အဲ့ဒါက အတိတ်တုန်းကသာ မှန်ရင်မှန်လိမ့်မယ်...အခုကိစ္စကတော့ မဟုတ်ဘူး..."
‎
‎ယွီချီယန်၏မျက်နှာက မည်းမှောင်သွားသည်။
‎"မင်း--"
‎
‎ကုရှင်းရှစ်က ယောင်ဟွေ့ဘက်သို့ လှည့်လိုက်သည်။
‎"မဒမ်...မြင်းစောင်းရဲ့ စောင့်ကြည့်ကင်မရာက ဗီဒီယိုကို ကူးယူလို့ရနိုင်မလား..."
‎
‎ယွီချီယန်၏ အစောပိုင်းမှ အကောက်ကြံမှုကို မကျေနပ်နေဆဲဖြစ်သော ယောင်ဟွေ့က သူမ၏ ဒေါသ ပြန်၍ တောက်လောင်လာသည်ကို ခံစားမိလိုက်သည်။ သူမက တုံ့ဆိုင်းမှုမရှိဘဲ ပြန်ဖြေသည်။
‎"ဒါပေါ့...မင်းအတွက် တစ်ယောက်ယောက်ကို ကူးခိုင်းလိုက်မယ်..."
‎
‎ယွီချီယန်၏မျက်နှာက ဖြူဖျော့သွားသည်။
‎"ဥက္က‌ဌကု...ဒါက မတော်တဆသက်သက်ပါပဲ...ငါ လျော်ပေးနိုင်ပါတယ်...ဒါပေမယ့် ဒီလိုလုပ်တာက နည်းနည်းများတယ်လို့ မထင်ဘူးလား..."
‎
‎"များတာလား..."
‎ကုရှင်းရှစ်က မျက်ခုံးကို ပင့်လိုက်ပြီး အထင်အမြင်သေးစွာဖြင့် သူ့လက်ချောင်းများကို လှုပ်လိုက်သည်။
‎"ကျွန်တော်တို့က အခုမှ စတာလေ..."
‎
‎ထို့နောက် သူက လှည့်ကာ အဝတ်လဲခန်းသို့ ဦးတည်သွားသည်။
‎
‎ယွီချီယန်က မျက်နှာသာမက ဂုဏ်သိက္ခာပါ ဆုံးရှုံးသွားပြီး မည်သူကမှ သူနှင့် မဆွေးနွေးလိုကြတော့ပေ။ ရှုံးနိမ့်သွားပြီးနောက် သူက လူအုပ်ကြားမှ အမြီးကုပ်၍ ထွက်သွားပြီး ဝမ်ယွဲ့၏ ရေခဲကဲ့သို့ အေးစက်နေသော အကြည့်နှင့် မျက်နှာချင်းဆိုင်မိသွားသည်။
‎
‎ယွီချီယန်၏ မျက်လုံးများတွင် အထိတ်တလန့်ဖြစ်မှုများ ပြည့်နှက်သွားသည်။
‎
‎ဝမ်ယွဲ့က ဘယ်အချိန်တုန်းက ရောက်လာတာလဲ... သူ အားလုံးကို မြင်သွားပြီးပြီလား...
‎
‎ဝမ်ယွဲ့က ချဉ်းကပ်လာပြီး သူ၏ တည်ရှိမှုက အလွန်အရှိန်အဝါကြီးကာ ယွီချီယန်က အလိုလို နောက်သို့ ခြေတစ်လှမ်း ဆုတ်မိသွားသည်။
‎
‎ငြီးတွား‌နေခဲ့ကြသော လူအုပ်က တိတ်ဆိတ်သွားကာ မြင်ကွင်းကြောင့် ကြက်သေသေသွားသည်။ ဝမ်ယွဲ့က မည်သည့်အခြေအနေတွင်ဖြစ်စေ စိတ်ထိန်းထားနိုင်သော ပုံစံမျိုးဖြစ်ကြောင်း သူတို့ သိထားခဲ့သည်။ သူက အတိုင်းအတာကို တွက်ချက်နိုင်ပြီး အချိန်ကောင်းတွင် ရိုက်ချရန် စောင့်ဆိုင်းတတ်သည့် သူ၏ စိတ်ရှည်သည်းခံနိုင်မှုအတွက် ကျော်ကြားသည်။ လူရှေ့တွင် သူ ဒေါသမထိန်းနိုင်သည်ကို မည်သူကမှ မမြင်ဖူးခဲ့ကြဘဲ ပုံမှန်ထက် ပို၍ တည်ငြိမ်သောသူ ဖြစ်သည်။
‎
‎သို့သော်လည်း သူက ယခု ယွီချီယန်၏ ရှေ့တွင် ရပ်နေကာ သူ့အသံက ရေခဲကဲ့သို့ အေးစက်နေသည်။
‎"ဥက္ကဌယွီ...မင်း စာရင်းဖျက်သိမ်းတဲ့ အဖွဲ့တစ်ခု စပြီး ဖွဲ့ဖို့ ငါ အကြံပြုချင်တယ်..."
‎
‎ယွီချီယန်: "!!"
‎
‎လူအုပ်ကြီး: "!!"
‎
‎ဒေဝါလီခံရမှုနှင့် ရင်ဆိုင်နေရသည့် ကုမ္ပဏီများကသာ စာရင်းဖျက်သိမ်းသည့် အဖွဲ့များကို လိုအပ်ပြီး ဝမ်ယွဲ့၏ စကားလုံးများမှာ သူတို့သာ နားကြားမမှားခဲ့လျှင် သူက ဟွမ်းယန်ရင်းနှီးမြှုပ်နှံမှု ဒေဝါလီခံရရန် ရည်ရွယ်ထားသည်ဟု ဆိုလိုသည်။
‎
‎ယွီချီယန်က ရဲရင့်သည့်ပုံဖမ်းရန် ကြိုးစားလိုက်သည်။
‎"ဝမ်ယွဲ့...မင်း စည်းကျော်နေပြီ... မင်းက အဲ့လိုမဆင်မခြင် ပြုမူနိုင်လိမ့်မယ်လို့ မင်း တကယ် ထင်နေတာလား... မင်းငါ့ကို တိုက်ခိုက်ဖို့ကြိုးစားနေတာ၊ ငါက ပြန်တိုက်ခိုက်မှာကို မ‌ကြောက်ဘူးလား..."
‎
‎ဝမ်ယွဲ့က သူ့လက်ကြယ်သီးများကို ပြင်လိုက်ပြီး ခြိမ်းခြောက်လိုက်သည်။
‎"ကြိုးစားကြည့်လို့ရပါတယ်..."
‎
‎ယွီချီယန်: "!!!"
‎
‎အပြင်လူများ၏ မျက်နှာပေါ်မှ အမူအရာများက တုန်လှုပ်နေမှုမှ ကြောက်ရွံ့လေးစားခြင်းသို့ ပြောင်းလဲသွားသည်။ ဟွမ်းယန်ရင်းနှီးမြှုပ်နှံမှုမှာ ကျ‌ဆင်းနေသော်လည်း ရှိန်နေရသေးသော ကုမ္ပဏီတစ်ခု ဖြစ်သည်။ ဝမ်ယွဲ့၏ တိုက်ရိုက်စိန်ခေါ်မှုမှာ ဟွမ်းယန်အတွက် သေဒဏ်နှင့် ထပ်တူနီးပါးပင်။ ဤမုန်းတီးမှုအဆင့်က လူအုပ်ကြီးကို သံသယများပျောက်ကင်းစေသည်။ ဝမ်ယွဲ့နှင့် ကုရှင်းရှစ်တို့နှင့် ပတ်သက်သည့် ယခင်က ဖယ်ထုတ်ထားသော ကောလာဟလများကို သူတို့ ယခု အသေအချာ ယုံကြည်သွားကြပြီ ဖြစ်သည်။

‎ဒါက ယောကျာ်းတစ်ယောက်ရဲ့ သူ့ရဲ့လက်တွဲဖော်ကို ကာကွယ်ပေးချင်တဲ့ ဒေါသကလွဲရင် တခြားဘာဖြစ်နိုင်ဦးမှာလဲ...
‎
‎သူ၏ ပတ်ပတ်လည်မှ တုံ့ပြန်မှုများကို စိတ်ထဲမထားဘဲ ဝမ်ယွဲ့က ယွီချီယန်ကို နောက်တွင် ချန်ထားခဲ့ပြီး သူ့ပုံမှန်အဝတ်အစားကို ပြန်လဲနေသည့် ကုရှင်းရှစ်ရှိနိုင်မည့် အဝတ်လဲခန်းသို့ ဦးတည်လိုက်သည်။
‎
ဝမ်ယွဲ့ သူ့ကို ခေါ်လိုက်ချိန်တွင် ကုရှင်းရှစ်က ထွက်သွားရန် ပြင်နေပြီ ဖြစ်သည်။ သူက အနည်းငယ် အံ့အားသင့်သွားပြီး ယဉ်ကျေးစွာ ခေါင်းညိတ်လိုက်သည်။ 
‎
‎သူ၏ မျက်လုံးများကို တိုက်ရိုက်ကြည့်လိုက်ပြီး ဝမ်ယွဲ့၏ ပုံမှန် ကိုယ်ဟန်အမူအရာက စိတ်လှုပ်ရှားမှုကို ပြသနေသည်။
‎"ငါ့မှာ မြင်းတစ်ကောင်ရှိတယ်...သူ့နာမည်က ဗရော်နီကာ၊ မျိုးသန့်ပဲ..."
‎
‎သူ ဆက်၍ မပြောရသေးမီ ကုရှင်းရှစ်၏ မျက်လုံးများက တောက်ပလာသည်။
‎"ဗရော်နီကာလား... ကျွန်တော် သူ့ကို သိတယ်... သူ ပြိုင်နေတာကို တစ်ခါ မြင်ဖူးတယ်...သူက ဥက္ကဌဝမ် ပိုင်တာမှန်း ကျွန်တော် မသိခဲ့ဘူး..."
‎
‎ဝမ်ယွဲ့က ခေါင်းညိတ်လိုက်ပြီး သူ၏ အသံက နူးညံ့နေသည်။
‎"ငါ သူ့ကို မင်းဆီ ပေးချင်တယ်..."
‎
‎ကုရှင်းရှစ်က အေးခဲသွားကာ သူ၏ ပထမဆုံး အလိုလိုတုံ့ပြန်မှုမှာ ငြင်းဆန်ခြင်းဖြစ်သည်။
‎"ကျွန်တော် လက်မခံနိုင်ဘူး...အဲ့ဒါက အရမ်း အဖိုးတန်လွန်းတယ်..."
‎
‎သူက ထိုမြင်း၏ တန်ဖိုးအတိအကျကို မစစ်ဆေးရသေးသော်လည်း ၎င်း၏ ရာဇဝင်နှင့် ပြိုင်ပွဲမှတ်တမ်းတို့ကို သိထားကာ ဗရော်နီကာမှာ ငွေအမြောက်အမြား ထိုက်တန်ပြီး ဝမ်ယွဲ့ သူ့ကို ရုံးခန်းဖွင့်ပွဲအခမ်းအနားတွင် လက်ဆောင်ပေးခဲ့သော လိမ္မော်ရောင်စိန်ရင်ထိုးထက် ပို၍ တန်ကြေးရှိသည်။ ထိုရင်ထိုးမှာ ပွဲကျင်းပခြင်းအတွက် လက်ဆောင်အဖြစ် ရှင်းပြ၍ရသေးသော်လည်း ဤအရာမှာ အလွန် ကြီးကျယ်နေသည်။
‎
‎သို့သော်လည်း ဝမ်ယွဲ့က ဆက်ပြောနေဆဲပင်။
‎"ဒါကို တောင်းပန်တာလို့ သဘောထားလိုက်ပါ..."
‎
‎ကုရှင်းရှစ်က မျက်တောင်ခတ်လိုက်သည်။
‎"တောင်းပန်တာလား..."
‎
‎သူတို့နှစ်ယောက်က ဟွမ်းယန်ရင်းနှီးမြှုပ်နှံမှုကို ဖျက်ဆီးရန် ပူးပေါင်းထားသည်ဟု ယွီချီယန်၏ ယုံကြည်နေပြီး ကုရှင်းရှစ်ကို ဤအရှုပ်ထုပ်ထဲသို့ ဆွဲထည့်မိကြောင်း ဝမ်ယွဲ့က ပြောသည်။
‎"မင်းက ငါ့ကြောင့် ဒီထဲကို ဝင်ပါမိသွားတာ...မင်းရဲ့ လုံခြုံရေးနဲ့ယှဉ်ရင် ဘယ်လက်ဆောင်ကမှ တန်ဖိုးမကြီးနေပါဘူး..."
‎
‎ဝမ်ယွဲ့ မပြောလိုက်သည့် တစ်စုံတစ်ရာရှိနေကြောင်း ကုရှင်းရှစ်က အာရုံခံလိုက်မိသော်လည်း သူက စိတ်ထဲမထားတော့ပေ။
‎"အဲ့ဒါက ယွီချီယန်ရဲ့ ပြဿနာပါ...မင်းကြောင့် မဟုတ်ပါဘူး..."
‎
‎ဝမ်ယွဲ့က အလေးအနက် တုံ့ပြန်သည်။
‎"ဒါက ငါ သတိမထားမိလို့ ဖြစ်သွားတဲ့ကိစ္စပါ...ဗရော်နီကာကို လက်ခံလိုက်တာက အနည်းဆုံးတော့ ငါ့ကို စိတ်သက်သာရာရစေတယ်..."
‎
‎ဝမ်ယွဲ့၏ ရိုးသားမှုက အလွန်စစ်မှန်နေပြီး ငြင်းဆန်မည်ဆိုလျှင် ကျေးဇူးမသိတတ်ရာကျမည်ဟု ကုရှင်းရှစ်က ခံစားမိလိုက်သည်။
‎
‎ဘယ်လောက်တောင် ကောင်းတဲ့လူလဲ...
‎ကုရှင်းရှစ်က သဘောကျစွာ တွေးလိုက်သည်။
‎
‎ကုရှင်းရှစ်၏ မျက်လုံးများမှ တောက်ပမှုကို မြင်ပြီးနောက် ဝမ်ယွဲ့၏ ဖြေရှင်းချက်က ယိမ်းယိုင်သွားကာ စီစဉ်မှုများ ဆက်၍ ပြုလုပ်ခဲ့သည်။ သူက ဗရော်နီကာကို ပေးရုံသာမက မြင်း၏ နေရာထိုင်ခင်းမှအစ လေ့ကျင့်ပေးသူများအထိ အားလုံးကို ကိုင်တွယ်ပေးမည်ဖြစ်ကြောင်း ကတိပေးလိုက်ကာ ကုရှင်းရှစ်က လက်‌ချောင်းတစ်ချောင်းပင် လှုပ်ရှားရန်မလိုကြောင်း သေချာစေလိုက်သည်။
‎
‎ကုရှင်းရှစ်က ဤသို့ ပေးကမ်းမှုကို ငြင်းဆန်ရန် ခက်ခဲ၍ သူက အမြန်ခေါင်းညိတ်လိုက်သည်။
‎"ကောင်းပြီ..."
‎
‎သူတို့၏ စကားဝိုင်းက ချောမွေ့နေသောကြောင့် ဝမ်ယွဲ့၏ မျက်နှာပေါ်တွင် သိသာသော အပြုံးတစ်ခု ပေါ်လာကာ သူတို့ အချိန်ပို၍ အတူကုန်ဆုံးလာသည်နှင့်အမျှ သူက ပို၍ သိမ်မွေ့လာသည်။
‎
‎သူတို့ အမြင်များက ခေါင်းစဉ် အတော်များများအပေါ်တွင် ကိုက်ညီနေပြီး ဝမ်ယွဲ့၏ အလိုလိုက်သော တုံ့ပြန်မှုများနှင့်အတူ သူက ပို၍ တက်တက်ကြွကြွ စကားပြောနေမိကြောင်း ကုရှင်းရှစ်က သူ့ကိုယ်သူ သတိထားမိလိုက်သည်။ မကြာမီ သူတို့က အလုပ်အကြောင်းဆွေးနွေးမှုများမှတစ်ဆင့် ကိုယ်ရေးကိုယ်တာ ဖြစ်ရပ်များသို့ ဦးတည်ချက်ပြောင်းသွားသည်။ ဝမ်ယွဲ့က ၎င်းကို ခွင့်ပြုရုံသာမက စိတ်ဝင်တစားနားထောင်ကာ အားပင်ပေးလိုက်သေးသည်။
‎
‎ထန်လင်းသာ ထိုနေရာတွင် ရှိနေမည်ဆိုလျှင် ၎င်းက သူ့ကို အံ့အားသင့်စေလိမ့်မည် ဖြစ်သည်။ ဝမ်ယွဲ့က ပုံမှန်အားဖြင့် မလိုအပ်သော စကားဝိုင်းများကို သဘောမကျပေ။ အထူးသဖြင့် ထိုအရာက အလုပ်အကြောင်းမဟုတ်လျှင် သာမန်စကားများထက် တိုတောင်းသောစကားများကိုသာ အမြဲ ရွေးချယ်သူ ဖြစ်သည်။
‎
‎ယခု ဝမ်ယွဲ့မှာ စိတ်ဝင်တစားရှိရုံသာမက ပြုံးပင်ပြုံးနေသေးသည်။
‎
‎ကုရှင်းရှစ်က သူ၏ ရိုက်ကူးရေးအသစ်အတွက် ရင်းနှီးမြှုပ်နှံသူများ ရှာဖွေနေမှုအကြောင်း ပြော‌လာသောအခါ ဝမ်ယွဲ့က ပေါ့ပေါ့ပါးပါး မှတ်ချက်ပေးလိုက်သည်။
‎"မဒမ်ဘီလိုမှာ အဆက်အသွယ်တွေ အများကြီးရှိပေမယ့် သူ မိတ်ဆက်ပေးတဲ့ ရင်းနှီးမြှုပ်နှံသူတွေက ရိုက်ကူးရေးရင်းနှီးမြှုပ်နှံမှုတွေမှာ အောင်မြင်တာ ရှားတယ်...ရုပ်ရှင်အတွက်ဆိုရင် ငါနဲ့က ပိုအဆင်ပြေလိမ့်မယ်..."
‎
‎ကုရှင်းရှစ်က အံ့အားသင့်စွာ မျက်တောင်ခတ်လိုက်သည်။
‎"ဒါပေမယ့် မင်း စိတ်မရှိဘူးမလား...အမ်း...ကောလာဟလတွေကိုလေ..."
‎
‎အခြေအနေက အနည်းငယ် ကိုးရိုးကားရား ဖြစ်သွားသော်လည်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောခြင်းက အကောင်းဆုံးဖြစ်မည်ဟု ကုရှင်းရှစ်က တွေးလိုက်သည်။ ထို့အပြင် ဝမ်ယွဲ့က သူ့ကို အလွန်တန်ဖိုးကြီးသည့်အရာကိုလည်း လက်ဆောင်ပေးခဲ့သေးသည်။
‎သူက ရည်မွန်တဲ့လူကောင်းတစ်ယောက်မလို့ ဒီလိုအရေးမပါတဲ့အရာအကြောင်း ပြောလိုက်တာက သူ့ကို စိတ်မကောင်းမဖြစ်စေနိုင်ဘူးမဟုတ်လား...
‎
‎ဝမ်ယွဲ့: "..."
‎
‎ထိုအချိန်တွင် သူ အကြောင်းအရာအချို့ လွတ်သွားကြောင်း ဝမ်ယွဲ့က နောက်ဆုံးတွင် သဘောပေါက်သွားသည်။
‎
‎သူ ရှင်းပြတော့မည့်အချိန်တွင် ကုရှင်းရှစ်က ဆက်ပြောသည်။
‎"မင်း မသက်မသာဖြစ်မယ်ဆိုတာ နားလည်လို့ရပါတယ်...ဒါပေမယ့် ငါတို့နှစ်ယောက်လုံးက အရွယ်ရောက်ပြီးသားလူတွေပဲ မဟုတ်လား...ဒီလိုဟာကို စိတ်ထဲထား‌မနေဘဲ ငါတို့က သူငယ်ချင်းတွေ ဖြစ်နိုင်ပါသေးတယ်..."
‎
‎ကုရှင်းရှစ်၏ စကားလုံးများက ဝမ်ယွဲ့ကို အေးစက်သော အမှန်တရားလှိုင်းလုံးတွင် နစ်မြှုပ်သွားစေသည်။
‎
‎သူက ကုရှင်းရှစ်၏ မျက်လုံးများကို စိုက်ကြည့်လိုက်ရာ ပွင့်လင်းပြီး ဟန်ဆောင်မှုကင်းနေပေသည်။
‎
‎ကုရှင်းရှစ်က သူ့အပေါ် မည်သည့် ရိုမန့်တစ်ဆန်သည့် ခံစားချက်မှမရှိနေဘဲ သူ့ကို သူငယ်ချင်းတစ်ယောက်အဖြစ်သာ ရိုးရိုးရှင်းရှင်း မြင်နေခြင်း ဖြစ်သည်။

‎သူ၏ စိတ်အားထက်သန်မှုက အားတစ်ခုဖြင့် ပြန်ပို့ခံလိုက်ရသည်။ ဝမ်ယွဲ့က မျက်လွှာချလိုက်ပြီး တည်ငြိမ်စွာ တုံ့ပြန်သည်။
‎"သေချာတာပေါ့...ငါတို့က သူငယ်ချင်းတွေပဲ..."
‎
‎*
‎
‎စွန်းဟုန်ဖေးက အဝတ်လဲခန်းထဲသို့ ဝမ်ယွဲ့၏ နောက်မှ လိုက်လာခဲ့ပြီး သူတို့စကားဝိုင်း၏ နောက်ဆုံးစကားကို နားစွန်နားဖျားကြားလိုက်ရသည်။ သူ၏ မျက်လုံးများက တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားသည်။
‎
‎သူငယ်ချင်းတွေလား... ဒါက ဘာကို ဆိုလိုတာလဲ...
‎
‎ဖြစ်နိုင်တာက...ဝမ်ယွဲ့နဲ့ကုရှင်းရှစ်တို့ လမ်းခွဲလိုက်ကြတာလား...
‎
‎*
‎
‎စွန်းဟုန်ဖေးက ကြက်သေသေကာ ရုံးခန်းသို့ ပြန်ရောက်လာသည်။
‎
‎ထိုနေ့မှဖြစ်အပျက်က အလွန်လွှမ်းမိုးမှုရှိကာ သူက စိတ်လှုပ်ရှားနေဆဲပင်။
‎
‎အစပိုင်းတွင် ကုရှင်းရှစ်ထံသို့ သွားရန် ဝမ်ယွဲ့၏ အလျင်လိုနေမှုနှင့် သူ၏ ယွီချီယန်နှင့် လူရှေ့တွင် ထိပ်တိုက်တွေ့မှုကို မြင်ပြီးနောက် သူက မျှော်လင့်ချက်ရေးရေးလေး ခံစားလိုက်ရသည်။ အသေအချာပင် ပွဲအပြီး၌ ထိုလူနှစ်ယောက်က ကောင်းမွန်သော အခြေအနေဖြင့် ပြန်လည်ပေါင်းထုပ်ကြမည်ဟု သူက တွေးခဲ့သည်။
‎
‎သို့သော်လည်း ကြောက်မက်ဖွယ် ဇာတ်အလှည့်အပြောင်းကြားတွင် အားလုံးက ပျက်စီးသွားသည်။
‎

🍉🍉🍉🍉 အခန်း ၁၀၀


‎ယခု သူက "ငါ့ရဲ့ ship လေးက ပြီးဆုံးသွားပြီ" နှင့် "ငါ့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်လေး တိုးတက်ဖို့က အဆုံးသတ်သွားပြီ" တို့ ကြားတွင် မည်သည့်အရာအတွက် ခံစားရမည်ကို မဆုံးဖြတ်နိုင်တော့ပေ။
‎
‎ထိုအချိန်တွင် သူ့ဖုန်းက မြည်လာကာ ခေါ်ဆိုသူက ထန်လင်းဖြစ်ပြီး ဝမ်ယွဲ့က သူ့ကို ဆုံတွေ့လိုကြောင်း ပြောလာသည်။
‎
‎စွန်းဟုန်ဖေးက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
‎"လက်ထောက်ထန်...ဥက္ကဌဝမ်က ဘာလိုအပ်လို့လဲ..."
‎
‎ထန်လင်းက ခဏမျှ ရပ်တန့်သွားသည်။
‎"ငါလည်း မသိဘူး...သူက ထျန်းချန်ဗီဒီယိုကုမ္ပဏီရဲ့ အကြီးတန်းဝန်ထမ်းကိုလည်း ခေါ်ထားသေးတယ်..."
‎
‎သူ့နှလုံးသားက အောက်သို့ ပြုတ်ကျသွားသည်ဟု စွန်းဟုန်ဖေးက ခံစားလိုက်ရသည်။
‎
‎အားလုံးပြီးသွားပြီ...
‎
‎သူက သူ့ကံကြမ္မာကို လက်ခံလိုက်ပြီး နောက်ဆုံးတွင် အစည်းအဝေးခန်းထဲသို့ ဝင်ရန် ခွန်အားမစုဆောင်းရသေးမီ သတင်းဆိုးကို ရင်ဆိုင်ရန် စိတ်ပြင်ဆင်ထားလိုက်သည်။
‎
‎ထန်လင်းပြောသည့်အတိုင်းပင် ထျန်းချန်ဗီဒီယိုကုမ္ပဏီ၏ အကြီးတန်းဝန်ထမ်းက ရောက်ရှိနေပြီ ဖြစ်ပြီး အားလုံး၏ အမူအရာများမှာ အလေးအနက်ဖြစ်နေကြသည်။
‎
‎စွန်းဟုန်ဖေး၏ စိတ်ဖိစီးမှုက ပို၍ နက်ရှိုင်းလာသည်။
‎
‎ထျန်းချန်ဗီဒီယို၏ ဥက္ကဌက စာရွက်စာတမ်းတစ်စောင်ကို ထုတ်ယူလိုက်ပြီး ဖြည်းညင်းစွာ ပြောသည်။
‎"စွန်းဟုန်ဖေး...ဂရုတစိုက်နဲ့ စဉ်းစားပြီးတဲ့နောက်မှာ ကုမ္ပဏီက မင်းရဲ့ရာထူးနဲ့ ပတ်သက်ပြီး ပြင်ဆင်ချက်တချို့လုပ်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်လိုက်တယ်..."
‎
‎စွန်းဟုန်ဖေး: "..."
‎
‎အိုး...မဖြစ်တော့ဘူး...သွားပြီ...
‎
‎သူက မျက်လုံးများကို မှိတ်ထားကာ "အလုပ်ထုတ်ခံရသည်" ဟူသော သတင်းဆိုးကို ရင်ဆိုင်ရန် စိတ်ကို အသင့်ပြင်ထားချိန်တွင် ရုတ်တရက် ကြားလိုက်ရသည်။
‎"မင်းကို ကုမ္ပဏီရဲ့ ဒုဥက္ကဌအနေနဲ့ ရာထူးတိုးဖို့ ဆုံးဖြတ်လိုက်ပြီး ရိုက်ကူးရေးနဲ့ စီမံခန့်ခွဲရေးကို ကြီးကြပ်ရမယ်..."
‎
‎စွန်းဟုန်ဖေး: "!!!!"
‎
‎သူက အခန်းထဲမှ လူတိုင်းကို မယုံကြည်နိုင်မှုဖြင့် စူးရှစွာ ကြည့်လိုက်သည်။
‎"ဘ-ဘယ်လို..."
‎
‎ထျန်းချန်ဥက္ကဌက သူ့ကို ခန့်အပ်လွှာအား ကမ်းပေးလိုက်ပြီး အဓိပ္ပာယ်ရှိသော အပြုံးဖြင့် သူ့ပခုံးကို ခင်မင်ရင်းနှီးစွာ ပုတ်လိုက်သည်။
‎"မန်နေဂျာစွန်း...မဟုတ်သေးဘူး...အခုက ဒုဥက္ကဌစွန်းပေါ့...ဥက္ကဌဝမ်က မင်းရဲ့ စွမ်းဆောင်ရည်နဲ့ ထက်မြက်တဲ့စီမံနိုင်စွမ်းကို အသိအမှတ်ပြုခဲ့တယ်...တကယ့်ကို အစစ်အမှန် ဥပမာကောင်းတစ်ခုပါပဲ...ငါတို့ကို အနာဂတ်မှာ လမ်းညွှန်ပေးဖို့ မင်းကို အကူအညီတောင်းရမှာပဲ..."
‎
‎အခြားအမှုဆောင်များကလည်း သူ့ကို ဂုဏ်ပြုရန် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကာ ထိုသူတို့ထံမှ နှစ်သက်မှု၊ မနာလိုမှုနှင့် စူးစမ်းလိုစိတ်များကို မြင်နေရသည်။ စွန်းဟုန်ဖေးက တုန်လှုပ်မှုကို ဆက်၍ ခံစားနေရဆဲဖြစ်ပြီး တောင့်တောင့်ကြီးသာ တုံ့ပြန်နိုင်ကာ ထိုသူတို့ထွက်သွားပြီးနောက် သူ့လက်ထဲမှ ခန့်အပ်လွှာကို ငုံ့ကြည့်လိုက်သည်။
‎
‎၎င်းက အိပ်မက်မဟုတ်ကြောင်း သူ့လက်ထဲရှိ "ဒုဥက္ကဌ" ဟူသော အဖြူအနက်စာလုံးများက သက်သေပြနေသည်။ အရာအားလုံးက အစစ်အမှန် ဖြစ်သည်။
‎
‎မကြာသေးမီက အလုပ်ဆုံးရှုံးမည်ကို စိုးရိမ်နေရသေးသော်လည်း နောက်တစ်စက္ကန့်အတွင်း ဒုဥက္ကဌရာထူးသို့ တိုးမြှင့်ခံလိုက်ရသည်။
‎
‎ဤမူးနောက်ဖွယ် အလှည့်အပြောင်းက စွန်းဟုန်ဖေးကို ကြက်သေသေသွားစေသည်။
‎
‎သူက နားလည်ရန် ကြိုးစားနေစဉ် ထန်လင်းက ဝင်လာပြီး ခေါ်လိုက်သည်။
‎"ဒီမှာ ဘာလုပ်နေသေးတာလဲ... ဥက္ကဌဝမ်က မင်းကို စောင့်နေတယ်..."
‎
‎စွန်းဟုန်ဖေးက ထိတ်လန့်သွားပြီး ဓာတ်လှေကားထဲသို့ အမြန် ပြေးသွားသည်။
‎
‎သူတို့ ရုံးခန်းသို့ရောက်သောအခါ စွန်းဟုန်ဖေးက ယခင် ဝမ်ယွဲ့နှင့် ရင်ဆိုင်ခဲ့ရသည်များထက် ပို၍ စိတ်လှုပ်ရှားနေသည်။
‎"ဥ-ဥက္ကဌဝမ်...ကျွန်တော့်ကို တွေ့ချင်တာလား..."
‎
‎ဝမ်ယွဲ့က ခေါင်းညိတ်၍ တုံ့ပြန်လိုက်သည်။
‎
‎စွန်းဟုန်ဖေးက လေးစားစွာ မတ်တတ်ရပ်ကာ ညွှန်ကြားချက်များကို စောင့်ဆိုင်းနေသည်။
‎
‎ထို့နောက် ဝမ်ယွဲ့က ပြောသည်။
‎"ဥက္ကဌကုရဲ့ ရုပ်ရှင်အသစ်အတွက် ရင်းနှီးမြှုပ်နှံတာကို...မင်း ကိုင်တွယ်ရမယ်..."
‎
‎စွန်းဟုန်ဖေး: "???"
‎
‎စွန်းဟုန်ဖေး၏ အံ့အားသင့်နေသော အမူအရာကို မြင်ပြီးနောက် ဝမ်ယွဲ့၏ အကြည့်က မကျေမနပ်ဖြင့် မည်းမှောင်လာသည်။
‎
ငါပြောတာကို မရှင်းနေလို့လား...
‎
‎စွန်းဟုန်ဖေး၏ ခေါင်းက ချာချာလည်နေကာ သူက တုံ့ဆိုင်းစွာ မေးလိုက်သည်။
‎"ဥက္ကဌဝမ်...အရင်တုန်းက ဒါကို စိတ်မဝင်စားဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား..."
‎
‎ဝမ်ယွဲ့ : "..."
‎
‎အကယ်၍ အကြည့်များကသာ လူသတ်နိုင်မည်ဆိုလျှင် စွန်းဟုန်ဖေး၏ ခန္ဓာကိုယ်တွင် မရေမတွက်နိုင်သော အပေါက်များ ကျန်ရစ်နေလိမ့်မည် ဖြစ်သည်။
‎
‎အခြေအနေတွေက ပြောင်းလဲသွားပြီဆိုတာ မင်း နားမလည်ဘူးလား... မင်းရဲ့ ပါးနပ်မှုတွေက ဘယ်ရောက်သွားတာလဲ...
‎
‎သူ၏ တုံးအမှုကို သဘောပေါက်သွားပြီးနောက် စွန်းဟုန်ဖေးက သူ့ကိုယ်သူ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။

‎ဝမ်ယွဲ့က ဘာလို့ သူ့စိတ်ကို ရုတ်တရက် ပြောင်းလဲလိုက်တာလဲ...
‎
‎ဒါက သိသာပါတယ်...သူက သူတို့ရဲ့ "လမ်းခွဲပြတ်စဲမှု" အပြီးမှာ နောင်တရနေခဲ့ပြီး အခု ကုရှင်းရှစ်ကို ပြန်ရဖို့ ကြိုးစားနေတာ ဖြစ်ရမယ်... ဒါကြောင့် နှိမ့်ချတတ်တဲ့ အချစ်သက်တော်စောင့် ငါက အလုပ်ကို မဆုံးရှုံးတဲ့အပြင် ဒုဥက္ကဌအဖြစ်ပါ ရာထူးတိုးသွားတာ...အားလုံးအတွက် ဥက္ကဌကုကို ကျေးဇူးတင်ရမယ်...
‎
‎ရုတ်တရက် ဉာဏ်အလင်းပွင့်သွားပြီးနောက် စွန်းဟုန်ဖေးက သူ၏ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို ပြန်လည်ရရှိလာသည်။
‎"မစိုးရိမ်ပါနဲ့ ဥက္ကဝမ်... ကျွန်တော် ဘာလုပ်ရမယ်ဆိုတာ သိပါတယ်..."
‎
‎ဝမ်ယွဲ့က ကျေနပ်မှုဖြင့် ခေါင်းညိတ်လိုက်သည်။
‎"ရင်းနှီးမြှုပ်နှံမှုပမာဏနဲ့ တခြားလိုအပ်တာတွေကို အဆင်ပြေသလို ပြောင်းလို့ရတယ်...တကယ်လို့ ဥက္ကဌကုက ငါတို့နဲ့ နီးကပ်တဲ့ ပါတနာဆက်ဆံရေး ဖြစ်ချင်တယ်ဆိုရင် တချို့အရာတွေကို လိုက်လျောပေးလို့ရတယ်...အကန့်အသတ်ကို မင်းကိုယ်တိုင် အကဲဖြတ်ဖို့လိုမယ်...နားလည်ရဲ့လား..."
‎
‎ယခုအခါ ယုံကြည်ချက်အပြည့်ရှိနေသော စွန်းဟုန်ဖေးက ပြန်ဖြေလိုက်သည်။
‎"နားလည်ပါတယ်..."
‎
‎ဂန္တဝင်တွင်တဲ့ "ချစ်သူကိုပြန်ရဖို့" ဇာတ်ဝင်ခန်းအတွက် အချိန်ပဲ...
‎
‎*
‎
‎ဤရက်များအတွင်း ရင်းနှီးမြှုပ်နှံမှုနယ်ပယ်တွင် အံ့ဩစရာလှိုင်းလုံးများနှင့် ပွဲများက အစဉ်အတိုင်းရှိနေသည်။
‎
‎ပထမတစ်ခုမှာ ဝမ်ယွဲ့က သူ၏ ချန်ပီယံ မျိုးသန့် မြင်း "ဗရော်နီကာ" ကို ကုရှင်းရှစ်ထံ လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ သာမန်မြင်း မဟုတ်ပေ။ ဗရော်နီကာမှာ ဤနယ်ပယ်တွင် သူမအတွက် တန်ဖိုးများစွာဖြင့် ကမ်းလှမ်းခံထားရသည့် တန်ဖိုးဖြတ်၍မရသော မြင်းတစ်ကောင်ဖြစ်သည်။ သို့သော်လည်း ဝမ်ယွဲ့က ဘယ်သောအခါကမှ ရောင်းရန် စိတ်မကူးခဲ့ပေ။
‎ပြီးတော့ အခုကျ သူက ဒီတိုင်း ရိုးရိုးရှင်းရှင်းလေး ပေးလိုက်တာလား...
‎
‎ထို့နောက် ဟွမ်းယန်ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် သတင်းများ တက်လာသည်။ ရဲများ၏ စုံစမ်းစစ်ဆေးမှုများအပြင် များစွာသော သိက္ခာကျဖွယ် ကောလာဟလများ ဆက်တိုက် တက်လာသည်။ ဝမ်ယွဲ့က ချက်ချင်းပင် ဟွမ်းယန်ရင်းနှီးမြှုပ်နှံမှုအပေါ် အကြင်နာမဲ့သော ဈေးကွက်တိုက်ခိုက်မှုတစ်ခု ပြုလုပ်လိုက်သည်။
‎
‎၎င်းမှာ ချုံ့၍ပြောရလျှင်ပင် လူမဆန်ပေ။ တိကျသော ရိုက်ချက်တစ်ခုဖြင့် ဝမ်ယွဲ့၏ သနားညှာတာမှုကင်းမဲ့သော တိုက်ခိုက်မှုက ဟွမ်းယန်ကို အဆက်မပြတ်ထိုးနှက်နေသည်။ ယွီချီယန်၏ စစ်ဆေးမှု ပြီးစီးသွားသောအခါ ဟွမ်းယန်ရင်းနှီးမြှုပ်နှံမှုက ပျောက်ကွယ်လုနီးပါးပင်။
‎
‎ဈေးကွက်တစ်ခုလုံးက ဤ ဂရုတစိုက် အကွက်ချထားသည့် "အမဲလိုက်ပွဲ" မြင်ကွင်းကြောင့် တုန်လှုပ်သွားသည်။ ထို‌ဇာတ်လမ်းနောက်ခံအကြောင်းအရာကို မသိခဲ့သူများက ဟွမ်းယန်ရင်းနှီးမြှုပ်နှံ‌မှုက မည်သည့် ကောက်ကျစ်ယုတ်မာသည့် ပြစ်မှုကို ကျူးလွန်ခဲ့ကြောင်း သိရှိလိုကြသည်။
‎သူတို့က ဝမ်ယွဲ့ရဲ့ဘိုးဘေးတွေရဲ့ အုတ်ဂူကို မလျော်မကန်တစ်ခုခုလုပ်ခဲ့ကြလို့များလား...
‎
‎မကြာမီ မြင်းစီးကွင်းတွင် ဖြစ်ခဲ့သည့် ဖြစ်ရပ်နှင့်ပတ်သက်သည့် သတင်းများက ထွက်ပေါ်လာသည်။
‎
‎လူတိုင်း : "..."
‎
‎ယွီချီယန်က ခံရသင့်တယ်... သူ ဘာလို့ ကုရှင်းရှစ်နဲ့ သွားရှုပ်ရတာလဲ...
‎
‎အချစ်နွံနစ်နေတဲ့ လူတစ်ယောက်က ဘယ်လောက်ကြောက်စရာကောင်းနိုင်တယ်ဆိုတာ သူ မသိဘူးလား... အထူးသဖြင့် အဲ့ဒီလူက အကုန်ဖောက်ခွဲပစ်နိုင်တဲ့ အင်အားရှိတဲ့သူတစ်ယောက်ဆိုရင်ပေါ့...
‎
‎စွန်းဟုန်ဖေးက ထိုအကြောင်းအရာများကို ကြားပြီးနောက် မနေနိုင်ဘဲ တတွတ်တွတ်ရေရွတ်လိုက်သည်။
‎
‎ဝမ်ယွဲ့က ဒီတစ်ကြိမ် တကယ် အားလုံးကို ပြင်ဆင်ဖို့လုပ်နေတာပဲ...အာ...သူက ဘာလို့ အစပိုင်းတုန်းကကျ အရမ်းသီးသန့်နေတတ်သလို ပြုမူနေရတာလဲ...
‎
‎သို့သော်လည်း ကုရှင်းရှစ်၏ ရာထူးက ပို၍ပင် ရှိန်စရာကောင်းလာသည်ကို မြင်ပြီးနောက် စွန်းဟုန်ဖေးက ဤရင်းနှီးမြှုပ်နှံမှုကို ပို၍ စိတ်ချရစေရန် ပြုလုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။ အဆုံးတွင်မူ ကုရှင်းရှစ်၏ ဩဇာအာဏာမှာ တစတစ ပိုမိုကျယ်ပြန့်လာနေသည့်အတွက် သူနှင့် အနီးကပ်ရှိနေနိုင်မည့် ဤအခွင့်အရေးမှာ အလွန်ပင် အရေးကြီးလှပေသည်။
‎
‎ထို့ကြောင့် ကုရှင်းရှစ်နှင့် အမှန်တကယ်‌ တွေ့ဆုံရန် သူ၏ အခွင့်အရေးများမှာ နည်းပါးပြီး ဝေးကွာသော်လည်း စွန်းဟုန်ဖေးက လဲ့ရှစ်အင်တာတိန်းမန့်၌ အခြေချခဲ့သည်။
‎
‎ကုရှင်းရှစ်က သူ့ကို ရည်ရွယ်ချက်ရှိရှိ ရှောင်ရှားနေသည်မဟုတ်ဘဲ ထိုသူက အလွန်အလုပ်များနေခဲ့ခြင်း ဖြစ်သည်။ သူက ဟွမ်းယန်ရင်းနှီးမြှုပ်နှံမှုနှင့် တောင်ပိုင်းရုပ်ရှင်များ၏ ကျရှုံးမှုကို တစ်ချိန်တည်းမှာပင် စီမံနေခဲ့ပြီး သူ၏ ကိုယ်ပိုင်ထုတ်လုပ်ရေးအဖွဲ့အတွက် အဆုံးမရှိသော အသေးစိတ်အကြောင်းအရာများကို စီစဉ်နေစဉ်တွင် ထုတ်ဖော်ချက်များနှင့် အစီရင်ခံစာများကိုလည်း စီမံထိန်းသိမ်းနေရသေးသည်။ ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းမှသည် ထုတ်လုပ်ရေးဆိုင်ရာ အသေးစိတ် စီမံခန့်ခွဲမှုများအထိ၊ ပထမဆုံးအကြိမ် ထုတ်လုပ်သူတစ်ဦးအနေဖြင့် သူသည် အလုပ်များကြားတွင် လုံးဝနစ်မွန်းနေခဲ့ရသည်။
‎
‎၎င်းက စွန်းဟုန်ဖေး၏ အကူအညီများကို ပို၍ တန်ဖိုးရှိစေပြီး စွန်းဟုန်ဖေးက ရင်းနှီးမြှုပ်နှံမှုအကြောင်းအရာများကို စပြောသည့်အခါ ပွင့်ပွင့်လင်းလင်း ငြင်းဆိုရန် ကုရှင်းရှစ်အတွက် ခက်ခဲလှသည်။
‎
‎အမှန်တွင် အရည်အချင်းရှိသော ရင်းနှီးမြှုပ်နှံသူများနှင့် ရက်သတ္တပတ်ပေါင်းများစွာ ပြောဆိုညှိနှိုင်းပြီးနောက် ဝမ်ယွဲ့၏ ရင်းနှီးမြှုပ်နှံမှုက မည်မျှကောင်းမွန်ကြောင်း ကုရှင်းရှစ် အသိအမှတ်ပြုရမည်ဖြစ်သည်။ "ခြိုးခြံချွေတာရသောဘဝမှ စည်းစိမ်ရှိသောဘဝသို့ ပြောင်းလဲခြင်းက လွယ်ကူသော်လည်း စည်းစိမ်ရှိသောဘဝမှ ခြိုးခြံချွေတာရခြင်းမှာ ခက်ခဲသည်" ဟူသော ဆိုရိုးမှာ အလွန် မှန်ကန်သည်။ အစည်းအဝေးတစ်ခုစီတိုင်းတွင် ထိုကန့်သတ်ထားသော သတ်မှတ်ချက်အသစ်များကို လွတ်လပ်သောဝမ်ယွဲ့၏ အထောက်အပံ့နှင့် သူက နှိုင်းယှဉ်နေမိသည်။
‎
‎စွန်းဟုန်ဖေးက ၎င်းကို အခွင့်ကောင်းယူကာ သူ၏ လက်နက်တိုက်ထဲမှ ဆွဲဆောင်နိုင်သော နည်းဗျူဟာတိုင်းကို အသုံးချကာ ရိုက်ချက်တစ်ခုချင်းစီက အားနည်းသော ချက်ကောင်းကို အတိအကျ ထိမှန်ခဲ့သည်။
‎
‎ကုရှင်းရှစ်က နောက်ဆုံးတွင် သံသယဖြင့် မေးလိုက်သည်။
‎"မင်း ဒီတစ်ကြိမ် ဘာလို့ ပုံမှန်နဲ့မတူဘဲ ဒီလောက် တက်ကြွနေတာလဲ..."
‎
‎စွန်းဟုန်ဖေးက နှလုံးခုန်တစ်ချက်ရပ်သွားသည်။
‎
‎မဖြစ်နိုင်တာ... ငါက ဥက္ကဌဝမ်ရဲ့ ကိုယ်စား လာလုပ်နေတာလို့ ဥက္ကဌကုက သံသယဝင်သွားရင် သူက ရင်းနှီးမြှုပ်နှံမှုကို သေချာပေါက် ငြင်းလိမ့်မယ်...ဒုက္ခပဲ၊ သူက လဲ့ရှစ်အင်တာတိန်းမန့်ကနေ ငါ့ကိုလုံးဝ တားမြစ်လိုက်နိုင်တယ်...
‎
‎အမြန်စဉ်းစားပြီးနောက် သူက နှုတ်မှ လွှတ်ကနဲထွက်သွားသည်။
‎"ငါက တခြားတဲထဲမှာ ဆိုပေမယ့် ငါ့နှလုံးသားက မင်းနဲ့အတူရှိနေပါတယ်...
‎
‎ကုရှင်းရှစ်: "?"
‎
‎စွန်းဟုန်ဖေးက ခံစားချက်များအပြည့်ဖြင့် ဆို့နင့်နေသော ရိုးသားသောမျက်နှာဖြင့် ပြောလိုက်သည်။
‎"ဥက္ကဌကု...ဒီနယ်ပယ်ထဲမှာ နှစ်တွေအကြာကြီး နေပြီးတဲ့နောက် မင်းက ငါ့ကို အစစ်အမှန်ယုံကြည်ပေးတဲ့ ပထမဆုံးလူပဲ...ငါ ပြောပြမယ်... မင်းကြောင့်သာမဟုတ်ရင် ငါက အဆင့်နိမ့်တဲ့မန်နေဂျာပဲ ဖြစ်နေဦးမှာ...မင်းက ငါ့ရဲ့  á€€á€ťá€ąá€¸á€‡á€°á€¸á€›á€žá€„်၊ ငါ့ရဲ့ လမ်းပြကြယ်လေးပါ... ငါက မင်းအောင်မြင်အောင် ကူညီဖို့ စိတ်ရင်းနဲ့ ဆန္ဒရှိပါတယ်..."
‎
‎ပြောပြီးနောက် သူ၏ ကိုယ်ပိုင်စကားလုံးများကို သူကိုယ်တိုင် ယုံကြည်မိလုနီးပါးပင်။
‎
‎ကုရှင်းရှစ်: "..."
‎
‎စွန်းဟုန်ဖေးက စာချုပ်ကို အမြန် ထုတ်ယူလိုက်ပြီး ၎င်းကို ကုရှင်းရှစ်၏ ရှေ့တွင် ချပေးလိုက်သည်။
‎"ငါက ဘာကိုမှ အပေါ်ယံလုပ်မှာမဟုတ်ဘူး...တကယ်လို့ မင်း အဆင်မပြေတာရှိရင် ငါတို့ဘက်က အခုချက်ချင်း ညှိပေးလို့ရတယ်..."
‎
‎စွန်းဟုန်ဖေး၏ အစောပိုင်းက အရည်ပျော်စေနိုင်လောက်သော စကားများကို သံသယရှိနေသေးသော်လည်း သူ့ရှေ့မှ အရာမှာ အတုအယောင်မဟုတ်ကြောင်း ကုရှင်းရှစ် သိသည်။ သတ်မှတ်ချက်များက သဘောထားကြီးသည်ထက်ပိုကာ လွယ်ကူစေပြီး ထိုအရာမှာ လက်တွေ့ကျကျ လက်ဆောင်ကဲ့သို့ပင်။ အကယ်၍ သူက ၎င်းကို ကျော်သွားခဲ့လျှင် သူက သူ့ကိုယ်သူ ညတိုင်း ကြိမ်းမောင်းပြီး ကန်ထုတ်မိလိမ့်မည် ဖြစ်သည်။
‎
‎ထို့ကြောင့် သူတို့က အပေးအယူကို အမြန် အဆုံးသတ်လိုက်သည်။ လက်မှတ်ထိုးပြီးနောက် နှစ်ယောက်လုံးက ကျေနပ်သည့်အကြည့်များ အပြန်အလှန်ကြည့်ခဲ့ကြပြီး  á€œá€€á€şá€†á€˝á€˛á€”သုတ်ဆက်ကဏ ပြုံးရယ်နေကြသည်။
‎
‎စွန်းဟုန်ဖေးက မစ်ရှင်အောင်မြင်သွားသော ပီတိနှင့်အတူ လှည့်ထွက်လာကာ သူ့အနီးအနားတွင် ရပ်နေကာ သူ၏ စိတ်လှုပ်ရှားနေမှုကို မျက်မြင်တွေ့လိုက်သော  á€™á€Żá€”အ်ယွမ်ရသနအ်ကို တိုက်မိလုနီးပါးပင်။ 
‎
‎စွန်းဟုန်ဖေးက သူ့ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်သည်ကို မြင်ပြီးနောက် မုန့်ယွမ်ရှန့်က သူ့ကို ပေါ့ပေါ့ပါးပါး နှုတ်ဆက်လိုက်သည်။
‎"ကောင်းတာတစ်ခုခု ဖြစ်လာတဲ့ပုံပဲ...ဟုတ်တယ်မလား မစ္စတာစွန်း..."
‎
‎ကောင်းမွန်သော ခံစားချက်ရှိနေသည့် စွန်းဟုန်ဖေးက များစွာမစဉ်းစားနေတော့ပေ။ အဆုံးတွင် မုန့်ယွမ်ရှန့်မှာ ကုရှင်းရှစ်၏ ယုံကြည်ရသော အနုပညာရှင်များထဲမှ တစ်ယောက်ဖြစ်သည်။ သူက ပျော်ရွှင်စွာဖြင့် ပြန်ပြောသည်။
‎"သေချာပေါက် ပျော်တာပေါ့... ဥက္ကဌကုရဲ့ ရုပ်ရှင်အသစ်အတွက် ရင်းနှီးမြှုပ်နှံမှုစာချုပ်ကို အခုပဲ ချုပ်ပြီးလာတာ..."
‎
‎ရင်းနှီးမြှုပ်နှံမှုလား...
‎မုန့်ယွမ်ရှန့်က အံ့အားသင့်သွားသည်။
‎အဲ့ဒါက သူ ပိုက်ဆံသုံးထားတဲ့အပေးအယူမလို့လား...သူက ဘာလို့ အရမ်းစိတ်လှုပ်ရှားနေတာလဲ... သူ့အမူအရာကိုပဲ ကြည့်လိုက်ရင်တော့ သူကပဲ သန်းပေါင်းများစွာ ရှာနိုင်ခဲ့တယ်လို့ တွေးမိလိမ့်မယ်...
‎
‎မုန့်ယွမ်ရှန့်က သံသယများဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သူက မကြာသေးမီက ကောလာဟလတစ်ခုကို ပြန်သတိရလိုက်သည်။ ဥက္ကဌကုနှင့် ဝမ်ယွဲ့တို့၌ ရိုမန့်တစ် ဆက်ဆံရေးရှိနေသည်ဟု လူအများက ပြောနေကြသည်။
‎
‎ကုရှင်းရှစ်၏ လက်အောက်တွင် အလုပ်လုပ်နေသောကြောင့် ထိုအတွေးက ရယ်စရာကောင်းသည်ဟု မုန့်ယွမ်ရှန့်က တွေးလိုက်သည်။ ကုရှင်းရှစ်က တာဝန်ယူတတ်သည့်လူဖြစ်ပြီး သူ၏ အလုပ်နှင့် လက်ထပ်ထားကာ သူ၏ အနုပညာရှင်များဘေးတွင်ပင် ရှိနေရန်ပင် ခဲယဥ်းသည်။ ထိုသူက သမီးရည်းစားဆက်ဆံရေးတစ်ခုရှိနေသည့် လူနှင့် မတူပေ။ သို့သော်လည်း ကောလာဟလများက ဆက်တိုက်ဖြစ်ပေါ်နေပြီး ၎င်းတို့ထဲမှ အချို့ကယုံကြည်လောက်စရာပင်။
‎
အကယ်၍ သူတို့သာ ဆက်ဆံရေးတစ်ခုရှိနေခဲ့မည်ဆိုလျှင် ကုရှင်းရှစ်က အဘယ်ကြောင့် ဝမ်ယွဲ့ကို ရှောင်ရှားရန် မကြာသေးမီက သူ၏လမ်းမှ ထွက်ခွာခဲ့ကြောင်းကို မသိရပေ။ သူက ဝမ်ယွဲ့၏ ကုမ္ပဏီနှင့် အလုပ်လုပ်မည့်အစား အခြားရင်းနှီးမြှုပ်နှံသူများကိုပင် ရှာဖွေခဲ့သည်။ စွန်းဟုန်ဖေး၏ ဖျတ်လတ်တက်ကြွနေမှုကို စောင့်ကြည့်ပြီးနောက် မုန့်ယွမ်ရှန့်၏ သံသယများက သီအိုရီတစ်ခုအဖြစ် သေချာမှုရှိသွားစေသည်။
‎
‎မုန့်ယွမ်ရှန့်က စိတ်မဝင်စားသကဲ့သို့ ဟန်ဆောင်ကာ ပြောလိုက်သည်။
‎"တကယ်ခက်ခဲခဲ့မှာပဲ...ဥက္ကဌကုနဲ့ ဝမ်ယွဲ့ လမ်းခွဲတဲ့ကြားမှာ ညပ်နေရတာ..."
‎
‎"ငါ့ကို အဲ့အကြောင်းပြောပြပါဦး..."
‎စွန်းဟုန်ဖေးက တုံ့ဆိုင်းမှုမရှိဘဲ ပြန်ပြောသည်။
‎"မင်း သိမှာမဟုတ်ဘူး...ဒီကိစ္စကြောင့် ငါ့မှာ ဆံပင်လက်တစ်ဆုပ်စာလောက် ကျွတ်ခဲ့တာ..."
‎
‎အပြင်ဘက်တွင် ခေါင်းညိတ်ပြနေသော်လည်း မုန့်ယွမ်ရှန့်က စိတ်ထဲတွင် ဒေါသဖြစ်နေသည်။
‎
‎အဲ့တော့ သူတို့ တကယ်ကြီး လမ်းခွဲခဲ့ကြတာလား...
‎
‎၎င်းမှာ ဝမ်ယွဲ့၏ အမှားဖြစ်ကြောင်း သူက သံသယမရှိပေ။ ဥက္ကဌကုက အလွန်ကြင်နာတတ်ပြီး အလွန်ကောင်းမွန်ကာ တာဝန်ယူတတ်သူ ဖြစ်သည်။ ထို့အပြင် ကုရှင်းရှစ်မှာ ဝမ်ယွဲ့ကို လုံးဝ ရှောင်ရှားရသည်အထိ  á€€á€­á€…ယစမဝဏးကို အဆုံးသတ်ခဲ့သည်။ ထိုမျှပင် နာကျင်မှုပမာဏ ကြီးမားခဲ့ဟန်တူသည်။
‎
‎မုန့်ယွမ်ရှန့်က ကုရှင်းရှစ်၏ ရုံးခန်းအပြင်ဘက်တွင် အလေးအနက် ရပ်နေကာ လက်သီးဆုပ်ထားပြီး ပြတင်းပေါက်မှတစ်ဆင့် ကုရှင်းရှစ်ကို ငေးကြည့်နေသည်။ သူက ပြတင်းပေါက်မှတစ်ဆင့် ကုရှင်းရှစ်၏ အထီးကျန်ကာ မျက်ရည်များဖြင့်ပြည့်နေသော မျက်နှာကို မြင်လိုက်ပြီး ထိုသူ၏ အမူအရာမှာ လုံးဝ ညှိုးငယ်နေသည်။
‎
‎မုန့်ယွမ်ရှန့်၏ နှလုံးသားက နစ်မြှုပ်သွားသည်။
‎
‎ကုရှင်းရှစ်မှာ သူတို့၏ တောက်ပပြီး အကောင်းမြင်တတ်သော ကျောက်တုံးလေးဖြစ်ပြီး သူတို့အားလုံး မှီခိုနိုင်သောပုဂ္ဂိုလ် ဖြစ်သည်။ သူ့ကို ဤသို့အားနည်းသော အခြေအနေဖြင့် မုန့်ယွမ်ရှန့်က တစ်ကြိမ်မျှ မမြင်ခဲ့ဖူးပေ။
‎
‎သူ ငိုနေတယ်…
‎
‎ပြီးတော့ သူ‌ အခုလေးတင် တွေ့ခဲ့တဲ့လူက စာချုပ်ချုပ်ဖို့လာတဲ့ စွန်းဟုန်ဖေးပဲ...
‎
‎ဒါက အရမ်း သိသာလွန်းတယ်...
‎
‎စာချုပ်ကို လက်မှတ်ထိုးလိုက်တာက ကုရှင်းရှစ်အတွက် နာကျင်စရာအမှတ်တရတွေကို ပြန်ပြီး တူးဖော်လိုက်မိတာ ဖြစ်ရမယ်...


 

Search Novels