🍉🍉🍉🍉 အခန်း ၆၆


ကျန်းစစ်နင်၏ မန်နေဂျာဖြစ်သူက ချင်ဝမ်နှင့်ပတ်သက်သည့် လုပ်ကြံဖန်တီးထားသော မကောင်းသတင်းများကို ဖြန့်ဝေရန်အတွက် လူများကို စီစဉ်ခဲ့သော်လည်း သူ့စိတ်ထဲရှိ ထူးဆန်းသော ခံစားချက်များမှာ လျော့ပါးသွားခြင်း မရှိခဲ့ပေ။ ထိုအစား ပို၍ပင် အားကောင်းလာခဲ့သည်။

သူ "ကုရှင်းရှစ်" ဟူသော အမည်ကို စိုက်ကြည့်မိလေလေ ပို၍ရင်းနှီးလာလေလေ ဖြစ်၏။

ရုတ်တရက်ပင် သူ့စိတ်ထဲ၌ တစ်စုံတစ်ခုကို အမှတ်ရသကဲ့သို့ ဖြစ်ပေါ်လာခဲ့သည်။ မည်သည့်အရာဖြစ်သည်ကို သေသေချာချာ မတွေးနိုင်ခင်မှာပင် သူ၏လက်ထောက်က သူ့အား အလောတကြီး ခေါ်ခဲ့၏။
"အစ်ကိုဝူ... အွန်လိုင်းမှာ တစ်‌ယောက်ယောက် အစ်ကိုစစ်နင်ရဲ့ မကောင်းသတင်းတွေကို တင်ထားတယ်..."

ကျန်းစစ်နင်က စိတ်မဝင်စားဘဲ ပြန်ပြောလိုက်၏။ 
"ဒါက မင်း ငါ့အတွက် အလုပ်လုပ်ပေးတာ ပထမဆုံးနေ့လား... haterတွေက အဲ့ဒီလိုမျိုးတွေ ဟောင်နေကျပဲ... အဲဒါကို ဖိနှိပ်ခိုင်းဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်လေ... ဒီလိုအသေးအဖွဲကိစ္စတွေထိ ငါက လိုက်ရှင်းနေရဦးမှာလား..."

လက်ထောက်က စိုးရိမ်သောကရောက်စွာ ပြန်ဖြေခဲ့သည်။ 
"ဒီတစ်ခါက မတူဘူး... သတင်းတင်တဲ့သူက #10086..."

မန်နေဂျာ၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ကုရှင်းရှစ်က ဘယ်သူလဲဆိုတာ နောက်ဆုံးတော့ ငါ မှတ်မိသွားပြီ...

သို့သော် ကျန်းစစ်နင်မှာမူ ယခုအခြေအနေ၏ ကြီးလေးမှုကို သတိမမူမိဘဲ စိတ်မရှည်စွာ မေးခဲ့သည်။ 
"#10086က ဘာလဲ... ဘာလို့ အဓိပ္ပာယ်မရှိတာတွေ လာပြောနေရတာလဲ..."

မန်နေဂျာက ရှင်းပြခဲ့သည်။
"အဲဒါက တကယ့်အရှုပ်တော်ပုံတွေ အတင်းအဖျင်းတွေကို ဖော်ထုတ်ပေးတတ်တဲ့ မားကတ်တင်းအကောင့်ပဲ... နောက်ကွယ်က လူက ရဲဖြစ်နိုင်တယ်လို့ လူတွေက ပြောကြတယ်... ပြီးတော့ အဲဒါက ကုရှင်းရှစ်နဲ့လည်း ပတ်သက်နေတယ်..."

သူက စကားပြောလျက်ပင် ဝေ့ပေါ်ကို ဖွင့်လိုက်၏။

ထင်ခဲ့သည့်အတိုင်းပင် တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ကျန်းစစ်နင်၏ နာမည်မှာ ရေပန်းစားစာရင်းတွင် ပါဝင်နေကြောင်းကို သူ တွေ့လိုက်ရသည်။

#ကျန်းစစ်နင်ကရေတပ်ကိုငှားခဲ့တယ်

#ချင်ဝမ့်ရဲ့မကောင်းသတင်းတွေကိုဖြန့်ခဲ့တာကျန်းစစ်နင်တဲ့

[လတ်တလောကမှ ပွဲဦးထွက်ထားတဲ့ လူသစ်လေး ချင်ဝမ်က ရုတ်တရက်ကြီး ဘယ်လိုလုပ် မကောင်းသတင်းတွေ ပျံ့လာရတာလဲလို့ ငါ သိချင်နေခဲ့တာ... လက်စသတ်တော့ နောက်ကွယ်မှာ 'ထိပ်တန်း အဆင့်' ကြယ်ပွင့်တစ်ယောက် ပါဝင်နေတာကိုး...]

[ဟားဟားဟား... ကျန်းစစ်နင်က ရှုံးသွားလို့ပေါ့... ချင်ဝမ်ရဲ့ ဇာတ်ပို့နေရာက ဇာတ်ကောင်က သူ့ရဲ့အဓိကဇာတ်လိုက်နေရာက ဇာတ်ကောင်ထက် ပိုပြီး လူကြိုက်များရေပန်းစားသွားခဲ့တာလေ...]

[ကျန်းစစ်နင်က ဇာတ်လမ်းတွဲနှစ်ခုကို တရားမျှမျှတတနဲ့ ယှဉ်ပြိုင်သင့်တယ်လို့ အစောပိုင်းက အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ဖူးတယ် မဟုတ်ဘူးလား... ဒါက သူပြောတဲ့ တရားမျှတတယ်ဆိုတာလား...]

မန်နေဂျာက ထိုပိုစ့်ရှိ မှတ်ချက်များကို ဖတ်ကြည့်ပြီးနောက် ကျယ်လောင်စွာ ကျိန်ဆဲမိလုနီးပါးပင်။

ကောလာဟလတွေကို နစ်နစ်နာနာ ဝေဖန်ပြောဆိုတတ်တဲ့သူတွေကို ငှားရမ်းပြီး ပျံ့နှံ့စေခဲ့တယ်လို့ ဘယ်သူက ဖော်ထုတ်ခဲ့တာလဲ....

ထည့်ပြောစရာမလိုတဲ့ ရေတပ်အကောင့်တွေရဲ့နောက်ကွယ်က ကုမ္ပဏီတွေကိုတောင် ထုတ်ဖော်ခဲ့သေးတယ်... သူတို့မှာ လူမှုကျင့်ဝတ်ရော ရှိကြသေးရဲ့လား...

ကံကောင်းထောက်မစွာဖြင့် သူက လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့၏။ ပရိသတ်များကို ငြိမ်သက်အောင် လုပ်ပေးခဲ့ကာ ထိုပိုစ့်များကို ဝေ့ပေါ်ရှိရေပန်းစားစာရင်းမှ ဖြုတ်ချရန်အတွက် လက်ထောက်တစ်ဦးကိုလည်း ခိုင်းခဲ့သည်။

မကြာခင်မှာပင် ကျန်းစစ်နင်၏ ပရိသတ်များက ရှေ့တန်းကို တာဝန်ယူခဲ့၏။

[ရယ်စရာတွေ မလုပ်နဲ့... ငါတို့ အစ်ကိုစစ်နင်ရဲ့ အဆင့်အတန်းက ဘာလဲ... သူက အခုမှ ပွဲဦးထွက်ထားတဲ့ အသစ်တစ်ယောက်ကို ပစ်မှတ်ထားဖို့ လိုပါ့မလား...]

[အေဂျင်စီကလည်း စာထုတ်ပြီးပြီ... ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ ဂျူနီယာလက်ထောက်တစ်ယောက်က ချင်ဝမ်ရဲ့Anti-fanတဲ့... သူကပဲ ကုမ္ပဏီနာမည်ကို သုံးပြီး ဒီကိစ္စကို လုပ်ခဲ့တာ... အခု သူ့ကိုလည်း အလုပ်ထုတ်လိုက်ပြီတဲ့လေ...]

[ငါတို့အစ်ကိုက အပြစ်ကင်းတယ်... ချင်ဝမ့်ရဲ့ haterတွေက လုပ်ခဲ့တဲ့အရာတွေကိုလည်း ငါတို့အစ်ကိုကိုပဲ အပြစ်တင်နေကြတာ... မင်း နာမည် ပိုကြီးလာလေလေ မင်းရဲ့လမ်းမှာ ဒုက္ခတွေ ပိုတွေ့လာရလေလေ ဆိုတဲ့ စကားက အရမ်းမှန်တာပဲ...]

*

ကျန်းစစ်နင်၏ပရိသတ်များက အမြဲတမ်းလိုလိုပင် အလွန်အကြူး စကားစစ်ထိုးရန်အတွက် အဆင်သင့်ရှိနေခဲ့ကြသည်။ ထိုအခြင်းအရာကို မြင်သောအခါ မန်နေဂျာက အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။

သို့သော်လည်း မကြာမီတွင် ဝေ့ပေါ်၌ ပိုစ့်အသစ်တစ်ခု ထပ်တက်လာခဲ့သည်။

ယခုအခါ၌ ယခင်ရိုက်ကူးရေးတွင် မည်သည့်အရာများ ဖြစ်ပွားခဲ့ကြောင်းကို ဖော်ထုတ်ခဲ့သည်။ ၎င်းမှာ ထုတ်လုပ်သူက ကျန်းစစ်နင်၏ စတန့်သရုပ်ဆောင်ကို ချောမောခံ့ညားကြောင်း ချီးကျူးခဲ့ခြင်းမှ စတင်ခဲ့သည်။ ကျန်းစစ်နင်က တိတ်တဆိတ်ပင် ဝေဟင်စတန့်ဇာတ်ဝင်ခန်းအတွက် အသုံးပြုမည့် ဝါယာကြိုးများကို ညှပ်ပစ်ခဲ့၏။ ထိုသို့ပြုလုပ်ခဲ့ခြင်းကြောင့် စတန့်သရုပ်ဆောင်မှာ ပြင်းပြင်းထန်ထန် ထိခိုက်သွားခဲ့ပြီး သူ၏ အလုပ်နှင့် ကျန်းမာခြင်းကို ဆုံးရှုံးခဲ့ကာ ခက်ခဲသောနှစ်များသို့ ရောက်ရှိသွားခဲ့သည်။

စတန့်သရုပ်ဆောင်က အွန်လိုင်းပေါ်မှတစ်ဆင့် တရားမျှတမှုရရန် ကြိုးစားကာ သူ၏ဝေ့ပေါ်အကောင့်တွင် တင်ခဲ့သည့် လွန်ခဲ့သောနှစ်များစွာမှ ပိုစ့်များကိုလည်း ဓာတ်ပုံရိုက်ယူကာ ဖော်ပြထားခဲ့၏။

လူပေါင်းများစွာက ချက်ချင်းပင် ထိုပိုစ့်ဆီသို့ အုံလိုက်ကျင်းလိုက် ရောက်လာခဲ့ကြသည်။

[ဒီထိခိုက်မှုက အရမ်းကို ပြင်းထန်တာပဲ... အရမ်းလည်း သနားစရာကောင်းတယ်... @ကျန်းစစ်နင် မင်းက လူရော ဟုတ်ရဲ့လား...]

[ဒီထိခိုက်မှုက လွန်ခဲ့တဲ့ ငါးနှစ်က ဖြစ်ခဲ့တာတဲ့... အဲ့ဒီအချိန်တုန်းက ဒီသတင်းတက်လာတာကို ငါ မှတ်မိသေးတယ်...  á€•ဟ္ဏထဏးတဏကတ္ဏအ ကျန်းစစ်နင်ရဲ့ ဝါယာကြိုးချို့ယွင်းမှုဖြစ်လို့ သူ ထိခိုက်သွားပေမယ့် ရိုက်ကူးရေးကို ပြီးဆုံးအောင်အထိ ရိုက်ကူးချင်တယ်ဆိုပြီး မရမကတောင်းဆိုခဲ့တယ်တဲ့... ပရိသတ်တွေကလည်း သူ့ရဲ့ အလုပ်ကိုလေးစားတတ်တဲ့ စိတ်ဓာတ်ကြောင့် ချီးကျူးဂုဏ်ပြုခဲ့ကြတာ... ခု ပြန်တွေးကြည့်တော့ အဲ့ဒါ တခြားသူတစ်ယောက်ရဲ့ သွေးနဲ့ မျက်ရည်တွေ ဖြစ်နေခဲ့တာပဲ...]

[ဒါက လူသတ်ဖို့ ကြံစည်တာပဲ... အဲ့ဒါသာ အမှန်ဆိုရင် ကျန်းစစ်နင်က လုံးဝကို တရားဥပဒေမဲ့လွန်းသွားပြီ... အစိုးရအာဏာပိုင်တွေ... ကျေးဇူးပြု၍ စုံစမ်းစစ်ဆေးပြီး ပြင်းပြင်းထန်ထန် အပြစ်ပေး ပေးပါ...]

ဤထုတ်ဖော်မှု ထွက်ပေါ်လာသောအခါ ကျန်းစစ်နင်မှာ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သူက ဒေါသတကြီးဖြင့် သူ့မန်နေဂျာကို အော်ဟစ်ခဲ့သည်။
 “အစွန်အဖျားတွေပါမကျန် အကုန်ရှင်းလင်းထားပြီးပြီ... သက်သေလည်း မကျန်ခဲ့ဘူးလို့ မင်းပြောခဲ့တယ် မဟုတ်ဘူးလား...”

မန်နေဂျာကိုယ်တိုင်သည်လည်း အထိတ်တလန့်ဖြစ်နေခဲ့ကာ ပြန်ပြောခဲ့သည်။
“အဲ့ဒီအချိန်တုန်းက တကယ် ဘာသက်သေမှ မကျန်ခဲ့ဘူး... အဲ့ဒီလိုမှ မဟုတ်ရင် ဒီနှစ်တွေမှာ သူ တရားမျှတမှုရဖို့ ကျရှုံးခဲ့မှာ မဟုတ်ဘူးလေ...”

ထိုအချိန်တွင် လက်ထောက်က တုံ့ဆိုင်းစွာဖြင့် ပြောလာ၏။
“အစ်ကိုစစ်နင်...အစ်ကိုဝူ... ပရိသတ်အုပ်စုတိုင်းက အစ်ကိုစစ်နင်ကို ဒီကိစ္စကို ဖြေရှင်းပေးဖို့ ကုမ္ပဏီကို တောင်းဆိုနေကြပြီ...”

“အဲ့ဒါဆို သူ အဖြစ်မှန်ကို သိနေတော့ရော ဘာအရေးလဲ... သက်သေအထောက်အထားမရှိရင် ငါတို့က ဘာကို ကြောက်နေရဦးမှာလဲ...”
ကျန်းစစ်နင်က ရက်ရက်စက်စက် ယုတ်မာစွာ ပြောခဲ့သည်။
“သွား... ဝေ့ပေါ်မှာ ငါ့အတွက် ပိုစ့်တင်ပေး...”

မကြာမီပင် အင်တာနက်အသုံးပြုသူများက ကျန်းစစ်နင် ဝေ့ပေါ်တွင် ပိုစ့်တင်ကြောင်း သိခဲ့ကြကာ ထိုပိုစ့်တွင် ထိုလူမှာ အမှန်တကယ်ပင် ထိုအချိန်က သူ၏ စတန့်သရုပ်ဆောင် ဖြစ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသွားမှုမှာ မတော်တဆမှုသက်သက်သာ ဖြစ်ကြောင်း ဖော်ပြထားခဲ့သည်။ ကိုယ်ချင်းစာနာစိတ်ဖြင့် ထိုလူအား ပိုက်ဆံအများအပြားပေးခဲ့သော်လည်း ထိုပိုက်ဆံများကို မရိုးသား မသင့်လျော်‌သော အကြံဉာဏ်များအတွက် အသုံးပြုခဲ့ကာ ယခုနှစ်များတစ်လျှောက်လုံးတွင် သူ့ကို အနှောင့်အယှက်ပေးခဲ့၏။ ထိုသူ၏ဒဏ်ရာအတွက် ထည့်သွင်းစဉ်းစားကာ တိတ်တိတ်ဆိတ်ဆိတ် တောင့်ခံ၍နေခဲ့သော်လည်း ထိုသူက ပိုမိုရက်စက်လာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ယခု ဤကိစ္စမှာ သူ၏အလုပ်နှင့် ဘဝကို အကြီးအကျယ် ထိခိုက်စေခဲ့သောကြောင့် သူ  á€†á€€á€şá သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် သူ၏နာမည်ကို ရှင်းလင်းနိုင်ရန်အတွက် ဥပဒေအတိုင်း အရေးယူမည် ဖြစ်သည်။

သူသာ ရာဇဝတ်မှုကျူးလွန်ခဲ့ပါက ရဲများ ချက်ချင်း လာရောက်ဖမ်းဆီးနိုင်သည်ဟု အဆုံးတွင် ကတိပင်ပြုခဲ့သည်။

ဤထုတ်ပြန်ချက်မှာ အတော်လေးပြင်းထန်ခဲ့၏။

ပရိသတ်များမှာလည်း ချက်ချင်းပင် စိတ်လှုပ်ရှားလာခဲ့ကြသည်။

[ငါ သိတယ်... ငါတို့ အစ်ကိုက အဲ့ဒီလိုလူမျိုး မဟုတ်ဘူးဆိုတာ... ငါတို့ရဲ့ အကောင်းဆုံး အစ်ကိုစစ်နင်ကို ငါတို့ အမြဲတမ်း အားပေးနေပါတယ်...]

[ဟားဟား... ငါတို့ အစ်ကိုရဲ့ ဒီလိုပြင်းထန်တဲ့ တုံ့ပြန်မှုကို ငါ တကယ် ကြိုက်တယ်...]

[#10086 က ရဲဖြစ်နိုင်တယ်လို့ အားလုံး ပြောကြတယ်မဟုတ်လား... အခုဘာလို့ မင်းက ပုန်းနေရတာလဲ... ငါတို့အစ်ကိုက သူတကယ်ပြစ်မှုကျူးလွန်ရင် လာဖမ်းလှည့်လို့ ပြောထားလေ... ဘာဖြစ်နေတာလဲ... မကောင်းသတင်းတွေ အများကြီး ဖြန့်ပြီးထားပြီး အခုလိုကျ မလုပ်ရဲတော့ဘူးလား...]

*

ကျန်းစစ်နင်၏ပရိသတ်များအပြင် အခြားအင်တာနက်အသုံးပြုသူ အများအပြားမှာ #10086က အစစ်အမှန် အတင်းအဖျင်းအချို့ကို ကံကောင်းမှုကြောင့် ရရှိခဲ့သော်လည်း လဲ့ရှစ်အင်တာတိန်းမန့်မှ ငှားရမ်းကာ ထောက်ပံ့ပေးထားသည့် မားကတ်တင်းအကောင့်တစ်ခုသာ ဖြစ်သည်ဟု ဆိုကြကာ အငြင်းပွားမှုကို ဆက်လက်ဖြစ်ပေါ်စေခဲ့သည်။

ထိုသို့မဟုတ်ခဲ့လျှင် #10086 က အာရုံလွှဲရန်အတွက် ရေတပ်အကြောင်း အချက်အလက်များကိုသာ ထုတ်ဖော်ခဲ့မည့်အစား အဘယ်ကြောင့် ချင်ဝမ်နှင့် ပတ်သက်သည့် ကောလာဟလများကို  á€á€­á€Żá€€á€şá€›á€­á€Żá€€á€şá€™á€›á€žá€„á€şá€¸á€œá€„á€şá€¸á€á€˛á€ˇá€œá€˛á€Ÿá€Żá€•á€„á€ş မေးခွန်းထုတ်ခဲ့ကြသည်။

၎င်းကို ကုရှင်းရှစ် မြင်သောအခါ မှင်တက်သွားမိသည်။ 
[ချင်ဝမ်က ပွဲဦးထွက်ပြီးလို့မှ အချိန်ခဏလေးပဲရှိသေးတယ်... သူ့မှာ Anti-fanတွေ အများကြီးရှိနေပြီလား...]

စနစ်က ညင်သာစွာ ပြောခဲ့သည်။
[သူတို့က ချင်ဝမ်ရဲ့ Anti-fanတွေ မဟုတ်ဘူး... မင်းရဲ့ Anti-fanတွေ...]

[ငါ့ရဲ့ Anti-fanတွေတဲ့လား...]
ကုရှင်းရှစ်က ပြန်မေးသည်။
[ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ငါက တခြားသူတွေနဲ့ အမြဲတမ်း ပေါင်းသင်းဆက်ဆံရေးကောင်းတယ်လေ...]

စနစ်က သက်ပြင်းချလျက် ဖြေပေးလိုက်၏။ 
[ပိုင်ရှင်... မင်းရဲ့ အသိစိတ်ကို မလိုအပ်ဘူးဆိုရင် လိုတဲ့သူကို လှူလိုက်ပါလား... ဒါကို စဉ်းစားကြည့်... #10086 ပေါ်လာပါပြီဆိုကတည်းက အတင်းအဖျင်း မကောင်းသတင်းတွေ ဘယ်လောက်ထိ ဖော်ထုတ်ခဲ့လဲ... လူ ဘယ်နှစ်ယောက်ကို ထောင်ကျအောင် မင်း လုပ်ခဲ့ပြီးပြီလဲ... မင်းကို အရိုးစွဲအောင် မုန်းနေတဲ့သူတွေ ဘယ်လောက်များလဲ သိလား...]

ကုရှင်းရှစ်က တရားနည်းလမ်းကျစွာ ပြန်ပြောခဲ့သည်။ 
[ငါက ဥပဒေလိုက်နာတဲ့ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နေရုံပါပဲ... ငါတို့ နောက်ကို ခြေတစ်လှမ်းဆုတ်ခဲ့ရင်တောင်မှ သူတို့က ထောင်ထဲ လွယ်လွယ်နဲ့ရောက်သွားတယ်ဆိုရင် အဲ့ဒါ သူတို့မှာ အပြစ်ရှိလို့ မဟုတ်ဘူးလား....]

စနစ်က ပြိုင်မပြောဘဲ လက်လျှော့ရန်သာ ရွေးချယ်ခဲ့သည်။

#10086၏ Anti-fanများကမူ ကျန်းစစ်နင်နှင့် ချင်ဝမ်တို့၏မကောင်းသတင်းများကို မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဂရုမစိုက်ကြပေ။ သူတို့ လိုချင်သည်မှာ #10086 ကို ခုံပေါ်မှ ဆွဲချကာ အပိုင်းပိုင်း ဆုတ်ဖြဲနိုင်ရန်ပင် ဖြစ်သည်။

ယခင် အတင်းအဖျင်းများအားလုံးမှာ အမှန်ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပြီး ငြင်းခုံရန်အတွက် အကြောင်းပြချက်မရှိခဲ့ပေ။

သို့သော်လည်း ဤတစ်ခေါက်ကမူ မတူခဲ့‌ချေ။

ကျန်းစစ်နင်ရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုက -  á€’á€Žá€€á€ąá€Źá€œá€Źá€Ÿá€œá€€ အတုလို့ ပြောချင်နေတာပေါ့လေ…

Anti-fan များအတွက် #10086က ဤကိစ္စကို မကျော်လွှားနိုင်ကြောင်း သက်သေပြနိုင်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့က #10086၏အားနည်းချက်ကို တွေ့ရှိခဲ့ပြီဟု ဆိုနိုင်ကာ နောက်ဆုံးတွင် လျှို့ဝှက်ထားသော အမည်ဝှက်၏ အလွှာအဆင့်ဆင့်များ နောက်မှ #10086ကို ဆွဲထုတ်ကာ တရားမျှတမှုဆီ သို့ ခေါ်ဆောင်သွားမည် ဖြစ်သည်။

#10086အား တိုက်ခိုက်နေသည့် Anti-fanများကို ကြည့်ကာ ကျန်းစစ်နင်နှင့် သူ့မန်နေဂျာတို့က ကျေနပ်အားရနေခဲ့၏။

ကျန်းစစ်နင်က သူ့ကိုယ်သူ ဘဝင်ခိုက်လျက် ပြောခဲ့သည်။
"ဒီလိုကိစ္စမျိုးအတွက် စိတ်ပူစရာမလိုပါဘူးလို့ ငါ မင်းကိုပြောခဲ့သားပဲ... အွန်လိုင်းမားကတ်တင်းအကောင့်တစ်ခုလောက်ကို မင်း ဘယ်လောက်ထိကြောက်နေခဲ့လဲဆိုတာ ကြည့်လိုက်ပါဦး..."

မန်နေဂျာက သူ့နဖူးထက်မှ ချွေးများကို သုတ်လိုက်ပြီး တစ်ခုခုပြောမည်လုပ်စဉ် တံခါးခေါက်သံက ရုတ်တရက် ထွက်လာ၏။

ကျန်းစစ်နင်က နောက်ထပ်မှာယူထားသည့် အစားအစာများလာပို့သည်ဟု ထင်၍ တံခါးဖွင့်လိုက်သောအခါ ရဲအရာရှိတစ်ဖွဲ့ကို တွေ့လိုက်ရသည်။

မန်နေဂျာ: "!!!"

ကျန်းစစ်နင်က လက်နှစ်ဖက်ကို သူ့အိတ်ကပ်ထဲသို့  á€•္ဍအပ္ဍအပဍးပဍး ထည့်လိုက်ကာ မေးခဲ့၏။ 
"ဘယ်သူလဲ..."

ရဲအရာရှိတစ်ဦးက ပြန်မေးခဲ့သည်။ 
"မင်းက ကျန်းစစ်နင်လား..." 

ရဲအရာရှိက ဖမ်းဝရမ်းကို ထုတ်ပြလျက် ပြောလိုက်သည်။ 
"မင်္ဂလာပါ...ငါတို့က..."

ရဲအရာရှိ၏စကား မဆုံးခင်မှာပင် ကျန်းစစ်နင်က စတင်၍ အော်ဟစ်ပြောဆိုခဲ့သည်။
"ငါက ချင်ဝမ့်ရဲ့ မကောင်းသတင်းတွေအကြောင်းကို လူတွေငှားပြီး ဖြန့်ဝေတယ်ဆိုတဲ့ ကိစ္စကြောင့်ဆိုရင်တော့ ဒါဟာ အသရေဖျက်မှုပဲ... မင်းမှာ ငါ့ကို ဖမ်းဖို့ ဘာလုပ်ပိုင်ခွင့်ရှိလဲ..."

ရဲအရာရှိက အံ့အားသင့်စွာ ကြည့်ကာ မေးခဲ့၏။ 
“ကောလာဟလဖြန့်လို့ အဖမ်းခံရတာလို့ ဘယ်သူက ပြောတာလဲ...”

ကျန်းစစ်နင်က စိုက်ကြည့်၍ ပြန်မေးလိုက်သည်။ 
"ဒါဆို ဘာလဲ... #10086က ငါ့ကိုဖမ်းဖို့ မင်းတို့ကို လွှတ်လိုက်တာလား..."

ရဲအရာရှိ "?"

ဖမ်းဝရမ်းကို ပြန်ဖွင့်ကာ ပြသစဉ် ရဲအရာရှိက ပြောလိုက်သည်။ 
"သေချာကြည့်... အခွန်ရှောင်တယ်လို့ သံသယရှိလို့ အဖမ်းခံရမှာ..."

ကျန်းစစ်နင်: "!!!"

မန်နေဂျာက သူ့ဖုန်းကို အမြန်ဖွင့်၍ ကြည့်လိုက်‌သောအခါ လွန်ခဲ့သော နှစ်မိနစ်ခန့်က ကျန်းစစ်နင်၏ အခွန်ရှောင်မှုနှင့် ပတ်သက်၍ အချက်အလက်များကို အတိအကျ ဝေ့ပေါ်တွင် #10086က ပိုစ့်အသစ်တင်ထားသည်ကို တွေ့ရှိခဲ့သည်။

မန်နေဂျာ၏မျက်နှာမှာ ဝမ်းနည်းမှုနှင့်အတူ ဖြူဖျော့သွားခဲ့သည်။

တစ်ချိန်တည်း ရောက်လာတဲ့ ရဲတွေနဲ့ အဲ့ဒီထုတ်ဖော်မှုကို ဘယ်သူက ဟန်ချက်ညီအောင် ထိန်းချုပ်ညှိနှိုင်းနိုင်မှာတဲ့လဲ...

အဲ့ဒီလို ပြစ်ချက်ကင်းတဲ့ ထိန်းချုပ်နိုင်မှုမျိုးက ရဲစခန်းကို ပိုင်တဲ့သူမှပဲ ရနိုင်မှာ...

ငါတို့က ချင်ဝမ်ကို ဒီလောကထဲကနေ ထွက်သွားဖို့ တွန်းအားပေးချင်ခဲ့တယ်ဆိုပေမယ့် #10086ကတော့ ငါတို့ကို ဖျက်ဆီးပစ်ချင်ခဲ့တာ...

#10086 မှာ နက်နဲတဲ့ အဆက်အသွယ်တွေရှိပြီး ရက်စက်လွန်းတယ်ဆိုတာ ငါတို့ သိခဲ့ရင် ငါတို့က အရင် ဘာလို့ ရန်စမိခဲ့မှာလဲ...

ဒါပေမယ့် အခုတော့ နောင်တရဖို့က အရမ်းကို နောက်ကျသွားပြီ...

*

အွန်လိုင်းရှိ Anti-fanများမှာ နောက်ဆုံးရ သတင်းသစ်တိုးတက်မှုတို့ကို သတိမထားမိဘဲ #10086ကို တိုက်ခိုက်ဆဲ ဖြစ်၏။ ထိုအချိန်မှာပင် ပါပါရာဇီတစ်ယောက်က ဓာတ်ပုံပေါင်းများစွာကို ရုတ်တရက် တင်ခဲ့သည်။

အနည်းငယ် မှုန်ဝါးနေသော်လည်း ရဲများက ကားဆီသို့ ခေါ်ဆောင်လာသူမှာ ကျန်းစစ်နင်ဖြစ်ကြောင်း ရှင်းလင်းသိသာနေသည်။

အဆိုပါဓာတ်ပုံများက ကျန်းစစ်နင်၏ကုမ္ပဏီအနီးတွင် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး လုံးဝ အစစ်အမှန်ဖြစ်ကြောင်းကို ပါပါရာဇီမှ ရှင်းပြခဲ့သည်။

သို့သော်လည်း သူ့ကို ဖမ်းခေါ်သွားခြင်းကိုသာ ရိုက်ကူးနိုင်လိုက်ခြင်းဖြစ်ကာ ဖမ်းခေါ်သွားသည့် အကြောင်းအရင်းကိုမသိကြောင်းလည်း ပြောပြထား၏။

ထိုသတင်းတင်လိုက်သည်နှင့်တစ်ပြိုင်နက် အင်တာနက်တစ်ခွင်လုံးတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

[ဘာလဲ... ကျန်းစစ်နင်က သူပြစ်မှုတစ်ခုခု ကျူးလွန်ရင် ရဲတွေလာပြီး ဖမ်းခွင့်ပြုတယ်လို့ ပြောခဲ့တယ်နော်... အဲ့ဒါတကယ် ဖြစ်ခဲ့တာလား... မြန်လိုက်တာ...]

[ဟားဟားဟား... သက်သေတောင်းတာနဲ့ အဲ့ဒီသက်သေကိုရသွားတယ်ဆိုတာမျိုးပဲ ငါကြားဖူးခဲ့တာ... ဒါပေမယ့် အခု လာဖမ်းခိုင်းတော့ တကယ်လာဖမ်းသွားတယ်... ဖျော်ဖြေရေးလောက,က ငါ့အတွက် နေ့တိုင်း အသိအမြင် အသစ်အသစ်တွေကို ရရှိစေတာပဲ...]

[သခင်ကြီး #10086က တစ်ညတောင် မစောင့်ရဘဲ ဘယ်တော့မှ မျက်နှာကို ဖြတ်ရိုက်ခွင့်မပြုတာမျိုးကို ငါ ကြိုက်တယ်... အဲ့ဒါက ငါ့ ကျန်းမာရေးအတွက် အရမ်းကို အကျိုးပြုတယ်...]

[ကျန်းစစ်နင်ရဲ့ ပရိသတ်တွေ အခု ဘယ်မှာလဲ... သူတို့အစ်ကိုက အပြစ်မရှိဘူးလို့ ဘာလို့ ထွက်မလာကြတော့တာလဲ... ခွေးဦးခေါင်းပုံအီမိုဂျီ]

[သခင်ကြီးကို သက်သေပြဖို့ မင်းတို့အားလုံးက အော်ဟစ်တောင်းဆိုနေကြတာ မဟုတ်လား... တစ်ယောက်ယောက်ကို ဖမ်းဖို့ ရဲတပ်ဖွဲ့က ကိုယ်တိုင်ရောက်လာတဲ့ သက်သေထက် ဘယ်သက်သေအထောက်အထားက ခိုင်လုံမှာတဲ့လဲ... ဒါမှမဟုတ် မင်းတို့ အစ်ကိုရဲ့အပြစ်ကို မယုံကြည်ဘူးဆိုပြီး တရားဝင်ကြေညာချက်ထုတ် ပြန်တဲ့အထိ စောင့်ဦးမလို့လား...]

[ဟားဟား... အပေါ်ထပ်က တွေးခေါ်တတ်သူရေ.. ငါ ကျန်းစစ်နင်ရဲ့ ပရိသတ်ဖိုရမ်ကို ရောက်ခဲ့ပြီးပြီ... သူတို့က အခုထိ မယုံကြသေးဘူး... ဇာတ်လမ်းတွဲ ရိုက်နေတယ်လို့တောင် တချို့ကပြောကြသေးတယ်... ငါ ရယ်ရလွန်းလို့ သေတော့မလိုပဲ... ဒါဆို ပါပါရာဇီတွေကို ဓာတ်ပုံရိုက်ခွင့်ပေးဖို့ ရဲတွေက ရိုက်ကူးရေးမှာ ပူးပေါင်းဆောင်ရွက်ပေးနေရတာမျိုးလို့ သူတို့က ထင်နေတာလား...]

[စိတ်ထဲထားမနေကြပါနဲ့...သူတို့စိတ်ကို သူတို့ အချိန်ပိုကြာအောင် လှည့်စားကြပါစေ... ရဲတွေက မြန်မြန်ပေါ်လာတာဆိုတော့ တရားဝင်ကြေညာချက်ထုတ်ဖို့ကလည်း မဝေးတော့ဘူး ထင်ပါတယ်...]

များမကြာမီမှာပင် ကျန်းစစ်နင်က အခွန်ရှောင်မှုအတွက် စုံစမ်းစစ်ဆေးခံနေရသည့်အကြောင်း တရားဝင် အသိပေးချက်က ရေပန်းစား အကြောင်းအရာများကဏ္ဍတွင်  á€•á€ąá€Ťá€şá€œá€Źá€á€˛á€ˇáá‹

[ဟားဟားဟားဟား... ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်အတွက် ငါ လက်မ ထောင်လိုက်မိတယ်...]

[လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက်က စတန့်သရုပ်ဆောင်ရဲ့ ထိခိုက်မှုကိုလည်း ရဲတွေက စုံစမ်းစစ်ဆေးနေတယ်လို့ ငါ ကြားခဲ့ရတယ်... ကြည့်ရတာတော့ သက်သေအထောက်အထားတချို့ကို ရှာတွေ့ခဲ့တာ ဖြစ်မယ်... ကျန်းစစ်နင်ရဲ့မန်နေဂျာက သက်ညှာမှုရဖို့အတွက် ကိစ္စအားလုံးကို ဝန်ခံခဲ့တာတဲ့... တကယ်လို့ ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရရှိစေမှုဆိုပြီး ပြစ်ဒဏ်သာ ချမှတ်ခံလိုက်ရရင် ကျန်းစစ်နင် ထောင်ထဲမှာ လိုင်စင်နံပါတ်ပြားတွေ လုပ်ရင်းနဲ့ အဆုံးသတ်သွားရတော့မယ်...]

[အမှန်ပဲ... တရားမျှတမှုပိုက်ကွန်က ကြီးမားပြီး ဘယ်သူ့ကိုမှ ချမ်းသာပေးမှာ မဟုတ်ဘူး... တာဝန်ရှိတဲ့ ရဲအရာရှိတွေကို အလေးပြုပါတယ်... အမှန်တရားကို ထုတ်ဖော်ပေးခဲ့တဲ့ သခင်ကြီး #10086ကိုလည်း အသိအမှတ်ပြုရင်း ချီးကျူးဂုဏ်ပြုလိုက်ပါတယ်...]


🍉🍉🍉🍉 အခန်း ၆၇


ကျန်းစစ်နင်၏ အမာခံပရိသတ်များနှင့် #10086၏Anti-fanများအတွက် ဤသတင်းက မမျှော်လင့်ထားသည့် သတင်းတစ်ခုဖြစ်ကာ အားလုံးကို ရိုက်ခတ်သွားခဲ့သည်။

#10086၏haterများအတွက်မူ သူတို့၏စိတ်တည်ငြိမ်အေးဆေးမှုများက လုံးဝ ဆုံးရှုံးသွားခဲ့ကြပြီ ဖြစ်သည်။

သို့သော် သူတို့အမှားကို ဝန်မခံဘဲ #10086၏ ဝေ့ပေါ်ပို့စ်အောက်တွင် ဆက်ပြီး ကျိန်စာတိုက်နေခဲ့ကြ၏။

သို့သော်လည်း များမကြာမီမှာပင် #10086က သတင်းဆောင်းပါးတစ်ပုဒ်ကို မျှဝေခဲ့ပြန်သည်။

ဝူကျင်းမြို့ ပြည်သူ့လုံခြုံရေးဗျူရိုက အခြားပြည်နယ်နှင့် စည်ပင်သာယာရေးဌာနများနှင့် ပူးပေါင်းကာ နာမည်ကျော်များ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ရောင်းချခြင်းကဲ့သို့သော တရားမဝင် လုပ်ဆောင်မှုများ၊ အွန်လိုင်းပတ်ဝန်းကျင်ကို ဖျက်လိုဖျက်ဆီး နှောင့်ယှက်နေသော ရေတပ်နှင့် haterများကို နှိမ်နင်းရန်အတွက် “သန့်ရှင်းသောအင်တာနက်” စစ်ဆင်ရေးကို စတင်ခဲ့ကြောင်း အဆိုပါဆောင်းပါးတွင် ဖော်ပြခဲ့သည်။

ပါဝင်ပတ်သက်သူများ များပြားမှုကြောင့် ဤအမှုကို အပြီးသတ်ရန် ယခုအထိ အချိန်ယူခဲ့ရ၏။

Haters: "!!!"

"ဒါက ခြိမ်းခြောက်မှုပဲ"

ဗြောင်ကျကျ ခြိမ်းခြောက်လိုက်တာ…

#10086... မင်းကိုယ်တိုင်လည်း နာမည်ကျော်တွေရဲ့ မကောင်းသတင်းတွေကို အမြဲတမ်း ထုတ်ဖော်နေတာပဲ မဟုတ်ဘူးလား... ဒါက ဘာအဓိပ္ပာယ်လဲ... ငါတို့က အွန်လိုင်းပေါ်မှာ နည်းနည်းလေးဝေဖန်အပြစ်ပြောရုံလေးနဲ့ မင်းက ငါတို့ကို ထောင်ထဲရောက်စေချင်တယ်‌ပေါ့... အရမ်းလွန်လွန်းတယ်...

haterအများအပြားက ထိုသို့ကျိန်ဆဲပြောဆိုနေသော်လည်း သူတို့၏ ရိုင်းစိုင်းသော မှတ်ချက်များကို ဖျက်ပစ်ခဲ့ကြသည်။ အချို့မှာ အပြစ်ရှိသကဲ့သို့ခံစားရသောကြောင့် ၎င်းတို့၏အကောင့်များကို တိုက်ရိုက်ပိတ်လိုက်ကြသည်။

ထိုသို့ပြုလုပ်ခဲ့ခြင်းများက သူတို့၏ အပြုအမူများကို စောင့်ကြည့်နေသည့် အင်တာနက်သုံးစွဲသူများကို ရယ်မောစေခဲ့၏။

[ဟားဟား... ငါ ဒီမှာ ရယ်ရလွန်းလို့ သေတော့မယ်... ဒီကြွက်တွေက အရင်က အရမ်းမောက်မာနေခဲ့ကြတာ... အခုတော့ သခင်ကြီးက ဝေ့ပေါ်မှာ ဒီပို့စ်ကို မျှဝေလိုက်တာနဲ့ သူတို့ရဲ့ ခြေထောက်တွေကြား အမြီးတွေကိုချုပ်ထားပြီး ပြေးကုန်ကြပြီ...]

[အား... ဒီအဆိပ်သင့်စေတဲ့သူတွေကို တကယ်ကြီး ဖမ်းမိခဲ့ပြီ... ရဲတွေက အရမ်းကို မိုက်တယ်... သခင်ကြီး #10086ကလည်း အရမ်းမိုက်တယ်...]

[ငါအကြိုက်ဆုံးမင်းသမီးက ဟောင်ကောင်-မကာအိုရုပ်ရှင်ပွဲတော်ကို ဘယ်လို တက်ရမယ်ဆိုပြီး စဉ်းစားနေခဲ့တာ... သူ့ရဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့ပြီး  á€œá€ąá€šá€Źá€‰á€şá€á€›á€Žá€¸á€…ဉ်ကို နှောင့်ယှက်ခဲ့တာကြောင့် သူ လွဲချော်ခဲ့ရတယ်... သူက ဆုယူဖို့ မျှော်လင့်ချက်အများကြီးနဲ့ ပြင်ဆင်ထားခဲ့ပေမယ့် ဘာမှဖြစ်မလာခဲ့ဘူးလေ... အခုထိ ဒီကိစ္စကို ပြောတဲ့အခါတိုင်း သူက စိတ်မကောင်းဖြစ်မိနေတုန်းပဲ... သူ့ရဲ့ အချက်အလက်တွေကို ပေါက်ကြားစေတဲ့ သူတွေကို ငါတို့ ပရိသတ်တွေက မုန်းတီးနေခဲ့ကြတာ... နောက်ဆုံးတော့ တရားမျှတမှု ရပြီကွ.... ဝါး....]

[အတူတူပဲ‌... ငါအကြိုက်ဆုံး idolက သူ့ဘေးနားက ထိုင်ခုံကို stalker ပရိသတ်တစ်ယောက်က ဝယ်တာနဲ့ ကြုံခဲ့တာ... အနီးကပ် ဓာတ်ပုံရိုက်ရုံတင်မကဘူး... သူ့မျက်နှာကို ကုတ်မိလုနီးပါးအထိ ဆွဲကိုင်ဖို့လည်း ကြိုးစားခဲ့သေးတယ်... တွေးမိလိုက်တိုင်း ဒေါသကြီးဖြစ်လွန်းလို့ ထတောင် အော်မိတယ်...]

[ဟားဟားဟား... haterတွေက သက်သေပြခိုင်းတော့ သက်သေရလာခဲ့တယ်... လာစမ်းပါ... မင်းလက်အိတ်ထဲမှာ တခြားလှည့်ကွက်လေးတွေရှိရင်လည်း ငါတို့ကို ပြပါဦး... ဒီနေ့ တရားဝင်သတိပေးချက်တွေ ဘယ်လောက်များများ ရနိုင်မလဲ ဆိုတာကို ငါတို့ သိချင်လို့...]

[ရဲတွေရဲ့ ကြေညာချက်တွေက ဂေါ်ဖီထုပ်တွေလို ပေါ် ပေါ်လာတာဟေ့... ဟားဟားဟား... #10086ရဲ့ အထောက်အထားကို ရဲတပ်ဖွဲ့က အခုတော့ အတည်ပြုပေးလိုက်ပြီ...]

[သခင်ကြီး #10086က တကယ့်ကို ဖျော်ဖြေရေးလုပ်ငန်းရဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီပဲ...]

**

ဝမ်လုပ်ငန်းစုတွင် ဝမ်ယွဲ့က သူ့ လက်ထဲမှ ဖိုင်ကို ပိတ်ကာ မေးလိုက်သည်။ 
“လက်ရှိအခြေအနေက ဘယ်လိုလဲ...” 

ထန်လင်းက အစီရင်ခံ တင်ပြခဲ့သည်။ 
"အရာရာက ချောချောမွေ့မွေ့ ဖြစ်သွားပါပြီ... ကျန်းစစ်နင်ရဲ့နောက်ကွယ်က တောင်ပိုင်းရုပ်ရှင်ကုမ္ပဏီနဲ့ ဟွမ်းယန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ဥက္ကဌက ကျန်းစစ်နင်ကို ဝင်ပေါက်တစ်ခုအနေနဲ့ အသုံးချနေခဲ့တယ်ဆိုတာ မသိကြဘူး... အဲဒါကြောင့် သူတို့ သတိမထားမိခင် ကျွန်တော်တို့ ဖမ်းမိလိုက်ပါတယ်..."

ထိုအကြောင်းကို ကြားသောအခါ ဝမ်ယွဲ့က မည်သည့်စကားမျှ ဆက်မပြောဘဲ ခေတ္တရပ်လိုက်သည်။

တောင်ပိုင်းရုပ်ရုင်ကုမ္ပ‌ဏီနှင့် ဟွမ်းယန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကို သူ အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့သည်။ ဤတစ်ကြိမ်တွင် သူက ကျန်းစစ်နင်၏ အခွန်ရှောင်မှုကို အသုံးချကာ သူတို့ကို ဆွဲချနိုင်ခဲ့သော်လည်း သူတို့အပေါ် သူ့နားလည်မှုကို အခြေခံ၍ ကြည့်မည်ဆိုပါက သူတို့က ဤကဲ့သို့ သတိလက်လွတ်ဖြစ်မနေသင့်ပေ။

၎င်းကိုတွေးမိသောအခါ ထန်လင်းကို မော့ကြည့်လိုက်ပြီး မေးလိုက်၏။
“တခြား တစ်ခုခုဖြစ်တာမျိုး ရှိသေးလား…”

ထန်လင်းက ခေါင်းညိတ်ပြကာ #10086 ၏ ဝေ့ပေါ်စာမျက်နှာကို ဖွင့်ပြလျက် ပြောလိုက်သည်။ 
"အင်တာနက်အသုံးပြုသူတွေက ကျွန်တော်တို့ အခွန်ရှောင်တဲ့ဒီအမှုကြောင့် ကျန်းစစ်နင်ကို ဖမ်းဖို့ ရဲတွေ လွှတ်လိုက်တာကို ဒီအကောင့်ကြောင့်လို့ ထင်နေကြတယ်... ဒီအကောင့်ကပဲ ကျွန်တော်တို့ရဲ့ လမ်းကြောင်းတွေကို ပြီးပြည့်စုံအောင် ဖုံးကွယ်ပေးထားခဲ့တာ..."

"ဒီအကောင့်က လဲ့ရှစ်အင်တာတိန်းမန့်က အနုပညာရှင်တွေအတွက်ပဲ အမြဲတမ်း ပြောပေးတတ်တယ်... ဒီတစ်ခါ ကျန်းစစ်နင်ရဲ့ အရင်ဆုံး လုပ်ကြံအသရေဖျက်ပြောဆိုမှုက သူ့ရဲ့လက်တုံ့ပြန်မှုကို လှုံဆော်ခဲ့တယ်...အဲ့ဒီလက်တုံ့ပြန်မှုက ကျွန်တော်တို့ရဲ့ လုပ်ရပ်နဲ့ တစ်ချိန်တည်း ဖြစ်နေခဲ့တယ်လေ... အဲ့ဒါက တိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်သင့်ပါတယ်..."

ဝမ်ယွဲ့ နားထောင်လျက် ဝေ့ပေါ်တွင် ရှာကြည့်ခဲ့သည်။

သူ့စိတ်ထဲတွင် ကုရှင်းရှစ်၏ ပုံရိပ်က ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာခဲ့၏။

"ဥက္ကဌဝမ်..." 
ထန်လင်းက မေးခဲ့သည်။

ဝမ်ယွဲ့က တွေးတောနေရာမှ ပြန်သတိဝင်လာခဲ့ကာ မည်သည့်အရာမျှ မဖြစ်ပျက်သကဲ့သို့ နောက်ဆက်တွဲ အစီအစဉ်များကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

လုပ်ငန်းရှင်ပီသတယ်... တည်ငြိမ်အေးဆေး‌တယ်..

ပုံမှန်အတိုင်းပဲ...

ထန်လင်း သက်ပြင်းတစ်ချက် ချလိုက်သည်။ ဥက္ကဌဝမ် စောစောပိုင်းက စိတ်လွင့်နေသည်ဟု ထင်မိခြင်းမှာ သူ့စိတ်ကူးသက်သက်သာ ဖြစ်ကောင်းဖြစ်နိုင်သည်။ 

အရာအားလုံးကို ကိုင်တွယ်‌ဖြေရှင်းပြီးနောက် ထန်လင်းက ထွက်သွားဟန် ပြင်တော့သည်။

ဝမ်ယွဲ့က ရုတ်တရက် သူ့ကို ခေါ်လိုက်ကာ မေးခဲ့၏။ 
"ရွှေကြာပန်းဆုပေးပွဲက လာတော့မယ် မဟုတ်လား…"

ရွှေကြာပန်းဆုပေးပွဲက တရုတ်နိုင်ငံ၏ အထင်ကရ ရုပ်မြင်သံကြားဆု သုံးဆုထဲမှ တစ်ခုဖြစ်ပြီး နှစ်စဉ်ကျင်းပကာ တီဗီဇာတ်လမ်းတွဲနယ်ပယ်အတွက် ကြီးကျယ်ခမ်းနားသော ပွဲတစ်ခု ဖြစ်သည်။ 

ထန်လင်းက ခဏတာ အံ့အားသင့်သွားခဲ့သော်လည်း "ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲအကြောင်းကို လျင်မြန်စွာ တွေးလိုက်မိ၏။

ထိုဇာတ်လမ်းတွဲကို သူတို့ကုမ္ပဏီမှ မထုတ်လုပ်ခဲ့သော်လည်း အဓိကရင်းနှီးမြှုပ်နှံသူဖြစ်သောကြောင့် ဆုများရရှိခဲ့ပါက သူတို့အတွက် အများကြီး အကျိုးရှိမည် ဖြစ်သည်။

ထိုအကြောင်းကိုတွေးမိသောအခါ သူ အလျင်အမြန် ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ် ဥက္ကဌဝမ်... ဒါရိုက်တာကောင်းနဲ့ သူ့အဖွဲ့က သူတို့ရဲ့ လျှောက်လွှာတွေကို တင်ပြီးသွားကြပါပြီ...” 

မမျှော်လင့်စွာပင် ဝမ်ယွဲ့က မေးလာခဲ့၏။
"ဒီနှစ်ရဲ့ အကောင်းဆုံး လူသစ်သရုပ်ဆောင်ဆုအတွက် ပြိုင်ဆိုင်မှုက တော်တော်လေး ပြင်းထန်တယ်လို့ ငါ ကြားတယ်...ဟုတ်လား..."

ထန်လင်း အံ့ဩသွားရပြန်သည်။
နေပါဦး... ငါတို့ကုမ္ပဏီက ဒီနှစ်ရဲ့ အကောင်းဆုံးလူသစ်သရုပ်ဆောင်ဆုအမျိုးအစားအတွက် ဘယ်သူမှ ပါဝင်ထားတာ မရှိပါဘူး... ဥက္ကဌဝမ်က ဘာလို့ ဒီကိစ္စကို ရုတ်တရက်ကြီး မေးလာတာလဲ...

သို့သော် လုံ့လဝီရိယရှိသော လက်ထောက်တစ်ဦးအနေဖြင့် သူ တက်ကြွစွာ အဖြေပေးခဲ့သည်။ 
"ဟုတ်ပါတယ်... အဲ့ဒီဆုက နှစ်တိုင်းလည်း ဒီလိုပါပဲ... အနုပညာရှင်အသစ်အားလုံးကလည်း တူညီတဲ့အဆင့်တွေ ရှိကြတယ်... အဓိကကတော့ သူတို့ရဲ့ ကုမ္ပဏီတွေ ဘယ်လောက်အားစိုက်ထုတ်လဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ်..."

"တူညီတဲ့ အဆင့်တဲ့လား..." 
ဝမ်ယွဲ့ တွေးလိုက်သည်။

ဒါပေမယ့် ဒီနှစ်ကတော့ သေချာပေါက် မဟုတ်သေးပါဘူး...

ကုရှင်းရှစ်လက်အောက်မှ အနုပညာရှင်အသစ်တစ်ယောက်က ထူးခြားကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့သည်ကို ဝမ်ယွဲ့ သတိရလိုက်မိသည်။

ထို့အပြင် စွန်းဟုန်ဖေးက သူ့အလုပ်ကို အစီရင်ခံသောအခါ ကုရှင်းရှစ်က  á€žá€°áá€á€Źá€á€”်ယူတတ်မသုနသငအ် သမာဓိကို မကြာခဏ ချီးမွမ်းကြောင်း ပြောခဲ့သည်ကို သူ သတိရမိခဲ့သည်။ ကုရှင်းရှစ်က ကလိမ်ကကျစ်လုပ်ရိုးထုံးစံလည်း ဘယ်သောအခါမှ မရှိကြောင်းကို သူ သတိထားမိ၏။ 

မမျှတသည့် ပြိုင်ဆိုင်မှုများကြောင့် သူ့အနုပညာရှင်က အကောင်းဆုံး လူသစ်သရုပ်ဆောင်ဆုအတွက် အခွင့်အရေး ဆုံးရှုံးသွားခဲ့ပါက သူ မည်မျှအထိ စိတ်ပျက်သွားမည်ကို မည်သူမျှ မသိနိုင်ချေ။

ထို့အပြင် #10086က သူတို့ကို အမှတ်မထင် ကူညီပေးခဲ့သော်လည်း ကုရှင်းရှစ်ကို ကျေးဇူးပြန်ဆပ်ပါက သင့်လျော်၏။

ထိုအကြောင်းကို တွေးမိပြီးနောက် သူ ပြောခဲ့သည်။ 
“ရွှေကြာပန်းဆုပေးပွဲက အရင်က ငွေကြေးထောက်ပံ့မယ့်သူတွေ တိုးမြှင့်ချင်နေတယ်ဆိုတာကို ငါ မှတ်မိတယ်... ငါတို့ ငွေကြေးထောက်ပံ့ဖို့ သဘောတူနိုင်တယ်... ဒါပေမယ့် တစ်ခုတည်းသော လိုအပ်ချက်က ဒီနှစ် ဆုရွေးချယ်မှုမှာ တရားမျှတမှု ရှိရမယ်...”

"အာ..."  
ထန်လင်း အံ့ဩသွားခဲ့သည်။

ဝမ်ယွဲ့က တည်ငြိမ်စွာ မေးလိုက်သည်။ 
"ပြဿနာရှိလို့လား..."

ထန်လင်း ခဏတာမျှ တွေဝေနေခဲ့သည်။ 

တရားမျှတမှုရှိရန်အတွက် တောင်းဆိုမှုမှာ အမှန်တကယ်ပင် ဥက္ကဌဝမ် ပြောရမည့်အရာ ဖြစ်သည်။

သို့သော် ရွှေကြာပန်းဆုပေးပွဲက သူတို့နှင့် မသက်ဆိုင်ပေ။ ထို့အပြင် ဥက္ကဌဝမ်က အများအားဖြင့် သိသိသာသာ အကျိုးအမြတ်မရှိသည့် အရာများကို မလုပ်တတ်ချေ။

သို့သော်လည်း ဝမ်ယွဲ့၏ ဂရုမစိုက်သည့် အကြည့်အောက်တွင် ထန်လင်းက သူ့သံသယများကို မျိုသိပ်လိုက်ကာ ပြောခဲ့၏။ 
"ပြဿနာမရှိပါဘူး... ဥက္ကဌဝမ်..."

သူ ရုံးခန်းထဲမှ ထွက်သွားပြီးသည်အထိ လုံးဝ အံဩ‌နေဆဲပင်။

သို့သော်လည်း ဥက္ကဌဝမ်၏ ညွှန်ကြားချက်များကို လျစ်လျူမရှုနိုင်ပေ။

ဆင်ခြင်သုံးသပ်ပြီးနောက် ဤကိစ္စကို အပြောအဆိုသိုသိပ်သည့် ယုံကြည်စိတ်ချရသူတစ်ဦးထံ အပ်နှံခိုင်း‌စေရန် ဆုံးဖြတ်ခဲ့သည်။

ထိုသို့ တွေးကာ သူ့ဖုန်းကိုထုတ်လိုက်ပြီး စွန်းဟုန်ဖေးထံ ဖုန်းဆက်လိုက်၏။

ထန်လင်း၏ညွှန်ကြားချက်များကို နားထောင်ပြီးနောက် စွန်းဟုန်ဖေး အတွင်းစိတ်၌ သက်ပြင်းတစ်ချက် ချလိုက်သည်။

ဥက္ကဌဝမ်က ဥက္ကဌကုကို တကယ်ကြီး လေးလေးနက်နက် ဂရုစိုက်ပြီး အမြဲ စောင့်ကြည့်နေတာပဲ...

အစောပိုင်း [Boy Group Training Camp]မှာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် အခု ရွှေကြာပန်းဆုပေးပွဲအတွက်ပဲဖြစ်ဖြစ် ဒီမှာပြောတဲ့ "တရားမျှတမှု" ဆိုတာက ဘယ်နေရာက လာတာလဲ... ဒါက “မျက်နှာသာပေးမှု” ဆိုတာ အသိသာကြီး...

သူက ချက်ချင်းပင် ပြန်ပြောခဲ့သည်။
“နားလည်ပါပြီ လက်ထောက်ထန်... ငါ ချက်ချင်းပဲ အဲ့ဒါကို ဂရုစိုက်လိုက်ပါမယ်...”

ထန်လင်း စိတ်ရှုပ်သွားခဲ့သည်။ 
"ခဏနေပါဦး... ဒါက ထူးဆန်းတယ်လို့ မထင်ဘူးလား..."

"ဘာထူးဆန်းလို့လဲ..." 
စွန်းဟုန်ဖေးက စိတ်ရှုပ်ထွေးစွာဖြင့် ပြန်မေးလိုက်သည်။

"ပြောချင်တာက... မင်း ထူးခြားတာကို မတွေ့ဘူးလား…" 
ထန်လင်းက 'ထူးခြားတာ' ဆိုသည့်နေရာကို ဖိပြောလိုက်သည်။

“ဘာမှ မတွေ့ပါဘူး…”
စွန်းဟုန်ဖေးက အမှန်အတိုင်း ပြန်ဖြေခဲ့သည်။

“….” 

ထန်လင်း ပြောစရာစကားများ ပျောက်ရှသွားခဲ့ရသည်။
လူတိုင်းက ငါ့ကို တစ်ခုခုကို ဖုံးကွယ်ထားသလိုမျိုး ငါ ဘာလို့ခံစားနေရပါလိမ့်...

*

ထိုအချိန်တွင် ကုရှင်းရှစ်မှာ ရွှေကြာပန်းဆုပေးပွဲအတွက် စိတ်ပူပန်နေခဲ့သည်။

အရည်အချင်းအရဆိုလျှင် ချင်ဝမ်က ပြဿနာမရှိကြောင်း သေချာ၏။

သို့သော် ထိုဆုများက သရုပ်ဆောင်၏ အရည်အချင်းပေါ်တွင်သာ မူတည်သည် မဟုတ်ကြောင်းကို သူ သိသည်။ ကုမ္ပဏီအရင်းအမြစ်များ၊ အများသူငှာ အမြင်များနှင့် အကဲဖြတ်ဒိုင်များ၏ ဘက်လိုက်မှုများကပင် သက်ရောက်မှုရှိနိုင်သည်။

သို့သော် ထိုအရာများမှာ တိတိကျကျအားဖြင့် သူ၏ချို့ယွင်းချက်များသာ ဖြစ်သည်။

ချင်ဝမ် ရိုက်ကူးရေးလုပ်နေချိန်တွင် ဒါရိုက်တာကောင်းက ထိုဆုအကြောင်းပြောနေသည်ကို ကြားလိုက်ရ၏။ တီဗီဇာတ်လမ်းတွဲများအတွက် အမြင့်ဆုံး ဂုဏ်ထူးဆောင်အဖြစ် ၎င်းက သိသာထင်ရှားသော ဂုဏ်ဒြပ်ကို ယူဆောင်လာနိုင်သည်။

ထို့အပြင် အကောင်းဆုံးလူသစ်သရုပ်ဆောင်ဆုကို ပထမဆုံး တီဗီဇာတ်လမ်းတွဲတွင်သာ လျှောက်ထား၍ ရနိုင်သည်။ ထို အခွင့်အရေးလွတ်သွားပါက နောက်ထပ် အခွင့်အရေး ဘယ်တော့မှ ရှိလာမည် မဟုတ်ပေ။

ချင်ဝမ်က အမှန်ပင် ထိုဆုကို ရယူရန် ဆန္ဒရှိခဲ့သော်လည်း ဤဆုရရန်အတွက် အခြားအရာများစွာကို စွန့်လွှတ်ရန် လိုအပ်ကြောင်းကိုလည်း သူသိခဲ့သည်။

ဥက္ကဌကုလို စွမ်းဆောင်နိုင်တဲ့ သူတောင် စိတ်ပူနေခဲ့တာဆိုတော့ အဲ့ဒီဆုက ဘယ်လောက်ထိ ခက်ခဲတယ်ဆိုတာကို ပြနေတာပဲလေ...

ထိုသို့ တွေးလျက်ပင် သူက ကုရှင်းရှစ်ကို ပြောခဲ့သည်။ 
"ဥက္ကဌကု... ကျွန်တော်တို့ အဲဒါကို မေ့ထားလိုက်ကြရအောင်..."

"မေ့ထားလိုက်တဲ့လား..." 
ကုရှင်းရှစ်က ပြန်ပြောခဲ့သည်။

ချင်ဝမ်က သူ့နှုတ်ခမ်းများကို ဖိလိုက်ပြီးနောက် ပြောခဲ့သည် ။ 
“ကျွန်တော့်ရဲ့နာမည်ဂုဏ်သတင်းကို တစ်ချိန်တည်းမှာ ဇာတ်ကောင်တစ်ခုနဲ့ တည်ဆောက်နိုင်ခဲ့တယ်လေ... ဆုတွေရဖို့အတွက် ကံကြမ္မာကိုပဲ တာဝန်ပေးလိုက်ကြတာပေါ့...”

ချင်ဝမ်၏ မျက်နှာပေါ်တွင် မလိုလားမှု အရိပ်အယောင်များကိုပင် မတွေ့ခဲ့ရပေ။

သို့သော်လည်း ကုရှင်းရှစ်က သရုပ်ဆောင်တစ်ယောက်အနေဖြင့် ဆုမယူချင်သည့် သရုပ်ဆောင်ဟူ၍ မရှိကြောင်းကို သူသိ၏။ ထိုဆုမှာ ပညာရှင်များ၏ အသိအမှတ်ပြုမှုနှင့် လူတစ်ယောက်၏ အရည်အချင်းကို သက်သေပြသမှုတစ်ခုပင် ဖြစ်သည်။

ချင်ဝမ်က သူ့ကို နှစ်သိမ့်ရန် သက်သက်သာ ထိုကဲ့သို့ ပြောခြင်း ဖြစ်၏။

သူ၏ အလွန်ထောက်ထားတတ်မှုမှာ ကုရှင်းရှစ်အား အနည်းငယ် ဝမ်းနည်းသွားစေ၏။

ကုရှင်းရှစ်က သူ့စိတ်ကို ပြင်ဆင်လိုက်ကာ ပြောခဲ့သည်။ 
"မဖြစ်ပါဘူး၊ မင်းပိုင်ရမယ့်အရာက မင်းကိုပိုင်ရမှာ... မင်းက အကောင်းဆုံးလုပ်ခဲ့ပြီးပြီပဲ... ကျန်တာတွေကတော့ မန်နေဂျာဖြစ်တဲ့ ငါ့ရဲ့တာဝန်ပဲလေ... အဲ့ဒီကိစ္စကို ငါ့အတွက် ထားလိုက်..."

“ဥက္ကဌကု...”

ကုရှင်းရှစ်က သူ့ကို စကားဆက်ပြောခွင့်မပေးဘဲ အတန်းတက်ရန်သာ မောင်းထုတ်ခဲ့သည်။

ပထမဦးစွာ သူ လျန်ဝမ်ကျွင်းကို ရှာဖွေခဲ့သည်။ သူမ၏အတောင်အောက်တွင် နာမည်ကြီးများစွာရှိသော ပေကျင်းမြို့ရှိ ထိပ်တန်းမန်‌နေဂျာတစ်ဦးအနေဖြင့်  á€€á€Żá€›á€žá€„်းရသစ်က တောင်းဆိုခဲ့သောအခါ သူမက မဆိုင်းမတွ သဘောတူခဲ့၏။

ထိုညနေပိုင်းတွင် ရွှေကြာပန်းဆုပေးပွဲ၏ ယခင်နှစ်များမှ အကောင်းဆုံးသရုပ်ဆောင်ဆုနှင့် အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုရရှိခဲ့သူများအပါအဝင် နာမည်ကြီးသရုပ်ဆောင်များစွာက ချင်ဝမ်၏ သရုပ်ဆောင်စွမ်းရည်ကို ချီးကျူးဂုဏ်ပြုကြသည့်ပိုစ့်များကို ဝေ့ပေါ်တွင် တင်ခဲ့ကြသည်။

၎င်းမှာ အဆုံးသတ် မဟုတ်ခဲ့ပေ။ မကြာမီမှာပင် အကောင်းဆုံးမင်းသမီးသရုပ်ဆောင် ယွမ်ချင်းချင်းကလည်း ဝေ့ပေါ်တွင် ပိုစ့်တင်ခဲ့၏။

[လတ်တလောက "ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲကို ငါ ကြည့်ခဲ့တယ်... ဒီဇာတ်လမ်းတွဲက ငါ့ကို တကယ့်ကို အံ့ဩစေခဲ့တာ... အထူးသဖြင့် ယွီချန်ယန်းအဖြစ် သရုပ်ဆောင်တဲ့ @ချင်ဝမ်ပဲ... သူ့ရဲ့ သရုပ်ဆောင်ချက်က တော်တော်လေးကို အံ့ဩစရာကောင်းတယ်... ငါတို့ အတူတူတွဲပြီး သရုပ်ဆောင်နိုင်မယ့် အခွင့်အလမ်း‌တွေ ရှိလာဖို့ မျှော်လင့်နေပါတယ်...]

ပို့စ်တင်ပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းက ရေပန်းစားနေသောခေါင်းစဉ်များအထိ ရောက်ရှိသွားခဲ့သည်။

ယွမ်ချင်းချင်း၏ သူငယ်ချင်းအများအပြားကလည်း ပို့စ်အောက်တွင် သူမနှင့် အပြန်အလှန် တုံ့ပြန်‌ပြောဆိုခဲ့ကြသည်။

[မင်း လူတစ်ယောက်ကို အခုလိုချီးမွမ်းတာမျိုး မြင်ရဖို့က ရှားတယ်... ဟားဟား... ဒါပေမယ့် ဒီကလေးရဲ့ သရုပ်ဆောင်ချက်က တကယ်ကောင်းတယ်...]

[အတူတူတွဲပြီး သရုပ်ဆောင်မယ်တဲ့လား... ဟမ်.... အဲ့ဒီထဲ ငါ့ကိုလည်း ထည့်တွက်လိုက်...]

[ဒီနေ့ခေတ် လူငယ်သရုပ်ဆောင်တွေက မယုံနိုင်စရာပဲ... မျိုးဆက်သစ်တွေက ငါတို့ကို ရှေ့ကို တွန်းပို့နေကြပြီ...]

[ဝိုး...ဝိုး... နာမည်ကြီးတွေ များလွန်းလို့ ငါတော့ ရူးတော့မလိုပဲ...]

[အား.... အဲ့ဒါ အစ်ကိုဝေပဲ... ဒါရိုက်တာတချို့က ဒါကို မြင်ကြရဲ့လား... အစ်မချင်း၊ အစ်ကိုဝေနဲ့ လူငယ်လေးချင်ဝမ်တို့ အတူတွဲပြီး သရုပ်ဆောင်ကြတာကို ကြည့်ချင်ပါတယ်... ကျေးဇူးပြုပြီး...]

[အခု ဖျော်ဖြေရေးလောကရဲ့ တစ်ဝက်နီးပါက ချင်ဝမ်ရဲ့သရုပ်ဆောင်စွမ်းရည်ကို အသိအမှတ်ပြုနေကြတာပဲ...ဟားဟားဟား...]

[ဒီ line upကတော့ ပြိုင်ဘက်ကင်းပဲဟေ့...]

***

မူလက ရွှေကြာပန်းဆုပေးပွဲ၌ ယခုနှစ်၏ အကောင်းဆုံး လူသစ်သရုပ်ဆောင်ဆုအတွက် ပြိုင်ဆိုင်မှုမှာ အတော်လေးကို ဖရိုဖရဲဖြစ်နေခဲ့သည်။

နောက်ဆုံးတွင် လူသစ်အနုပညာရှင်အများအပြားက ကုမ္ပဏီကြီးများမှဖြစ်ကာ သူတို့၏ သရုပ်ဆောင်စွမ်းရည်များမှာ ဝေဖန်စရာများ ရှိသော်လည်း သူတို့တွင် ပရိသတ်အဖွဲ့များလည်း ရှိကြ၏။ 

သူတို့အားလုံးမှာ တူညီသောစွမ်းရည်ရှိသည့် ပြိုင်ဖက်များဖြစ်ကြပြီး သူတို့ အားလုံးက အခြားသူများထက်သာလွန်စေရန် ဆုတံဆိပ်ကို ရယူလိုကြသည်။

ထို့ကြောင့် သူတို့က အချင်းချင်း ဆဲဆိုကြိမ်းမောင်းကြပြီး ပရိသတ်များအတွင်းတွင်ပင် စကားစစ်ထိုးမှုများလည်း ဖြစ်ပွားနေကာ အဆုံးမရှိနိုင်သည်အထိ မငြိမ်မသက်ဖြစ်နေခဲ့သည်။

ချင်ဝမ်အား ထောက်ခံချက် ထွက်လာသည်နှင့် ရုတ်ချည်း တိတ်ဆိတ်သွားကာ ဝေ့ပေါ်တွင်လည်း များစွာငြိမ်သက်သွားခဲ့၏။

တစ်စုတစ်စည်းတည်းဖြစ်မနေသော ပရိသတ်အချို့ကသာ သူတို့၏ Idol များအတွက် တိုက်ပွဲဝင်နေကြဆဲ ဖြစ်သည်။

သို့သော်လည်း ရှင်းလင်းသောအမြင်ရှိသည့် ပွဲကြည့်ပရိသတ်အချို့မှာ ငေါက်ငမ်းလျက် မှတ်ချက်ချခဲ့ကြသည်။ 

[သူ့ကို ဆဲဆိုကြိမ်းမောင်းပြီး သူ့ သရုပ်ဆောင်စွမ်းရည်ကို မကျော်နိုင်ဘူးဆိုရင် ဘာထူးလဲ... ဒီဆုကို စွန့်လွှတ်နိုင်ကြပါစေ...]


🍉🍉🍉🍉 အခန်း ၆၈


ဝေ့ပေါ်တွင် ချင်ဝမ်၏ ရေပန်းစားနေသော‌သတင်းခေါင်းစဉ်များကြောင့် "ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲမှာလည်း ၎င်း၏ ဇာတ်သိမ်းပိုင်းကို အချိန်အနည်းငယ်အကြာက ထုတ်လွှင့်ခဲ့ပြီးနောက် တဖြည်းဖြည်း ကြည့်ရှုနှုန်းလျော့သွားရာမှ ရုတ်တရက် လူကြိုက်များလာခဲ့ပြန်သည်။

ထို့အပြင် ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အခြားသရုပ်ဆောင်များကလည်း လူအများ၏အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။

အထူးသဖြင့် ဇာတ်လိုက်မင်းသမီး ရှယို့ယင်ပင်။ ရုန်ယွီ၏ သရုပ်ဖော်မှုမှာ အဓိကဇာတ်လိုက်နှင့် ဒုတိယဇာတ်လိုက်မင်းသားတို့နှင့်အတူ ရိုမန့်တစ်ဆန်သော ဇာတ်ဝင်ခန်းများ ပါဝင်ကာ ကောင်းစွာ သရုပ်မ‌ဆောင်နိုင်ပါက ဝေဖန်မှုများကို အလွယ်တကူ ဆွဲဆောင်နိုင်သည့် ဇာတ်ကောင် အမျိုးအစား ဖြစ်၏။

သို့သော် သူမက ထိုဇာတ်ရုပ်ကို ထူးထူးခြားခြား သရုပ်ဆောင်နိုင်ခဲ့သည်။ ရုန်ယွီက စိတ်မြန်သည့်ပုံပေါ်သော်လည်း အမှန်တကယ်တွင် စေ့စပ်သေချာ၏။ တိုက်ခိုက်ရေးတွင်လည်း သူမက အဓိကဇာတ်လိုက်နှင့် ဒုတိယဇာတ်လိုက်မင်းသားတို့နှင့် တန်းတူဖြစ်သည်။ အချစ်ရေးတွင် သူမက တောက်တဲ့ကဲ့သို့ တွယ်ကပ်မှီခိုတတ်သူ မဟုတ်ဘဲ ရိုးသားသဘောထားကြီးကာ ပူပင်ကြောင့်ကြကင်းဝေးသူ ဖြစ်၏။

သူမက အမျိုးသမီးသူရဲကောင်းတစ်ယောက်၏ အနှစ်သာရကို ပုံဖော်နိုင်ခဲ့သည်။

ပြည်တွင်းဖျော်ဖြေရေးလောကတွင် အသက်မပါသော ဇာတ်လိုက်မင်းသမီးများကြောင့် နှစ်ရှည်လများ ဘဝင်မကျဖြစ်နေခဲ့ရသည့်  á€•ရိသတ်မဝဏးဥတွက် နောက်ဆုံးတွင် သူတို့ လိုချင်ခဲ့သည့် ဇာတ်လိုက်မင်းသမီးကို မြင်တွေ့လိုက်ရသည်။

ရှယို့ယင် ကိုယ်တိုင်ကလည်း ငယ်ငယ်ရွယ်ရွယ်နှင့် ရုပ်ရှင်စတူဒီယိုတစ်ခုတွင် အလုပ်စလုပ်ခဲ့ပြီး ထိုမှရသည့် ငွေများကို အပိုဝင်ငွေအဖြစ် နှစ်အတော်ကြာ သုံးစွဲခဲ့သည်ဟု ဆို၏။ မကြာသေးမီနှစ်များအတွင်းမှသာ သူမက သူမ၏ကိုယ်ပိုင်ကြိုးစားမှုဖြင့် တစ်ဆင့်ပြီး တစ်ဆင့်တက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

ဤတစ်ကြိမ်၌ ရွှေကြာပန်းဆုပေးပွဲတွင် အကောင်းဆုံး အမျိုးသမီးဇာတ်လိုက်ဆုအတွက် ပြိုင်ဆိုင်မှု ပြင်းထန်‌သူတစ်ဦးလည်း ဖြစ်၏။

လတ်တလောတွင် ရှယို့ယင် ပါဝင်သည့် အင်တာဗျူးများမှာ ရုတ်တရက် တိုးလာခဲ့သည်။

သရုပ်ဆောင်ပိုင်းကို ဝါသနာပါသည့် သူမက အားပေးသူ ပရိသတ်များ ပိုမိုများပြားလာစေရန် စွမ်းဆောင်နိုင်ခဲ့သည်။

တစ်ခုတည်းသော စိတ်မကောင်းဖြစ်စရာမှာ သူမ မိသားစုအကြောင်း ဘယ်သောအခါမှ ပြောပြမှု မရှိခြင်းပင်။ နှစ်သစ်ကူးအကြိုနေ့မှာပင် သူမက ရိုက်ကူးရေးလုပ်နေလေ့ရှိသည်။ သူမ၏ မိသားစုအကြောင်း မေးသောအခါတွင်လည်း ပြုံးရုံသာပြုံးပြပြီး ပြန်ဖြေလေ့မရှိပေ။

ထို့ကြောင့် [ရှယို့ယင်ကမိဘများကို အသိအမှတ်ပြုရန်ငြင်းဆို၊ သွေးရင်းမိဘများက ဒူးထောက်ပြီး သူမအကြိုက်လိုက်လုပ်ရခြင်း] ဟု ခေါင်းစဉ်တပ်ထားသော ဗီဒီယိုက ရေပန်းစားစာရင်းဝင်တွင် တက်လာသောအခါ လူတိုင်း ထိတ်လန့်သွားခဲ့ကြသည်။

ဗီဒီယိုတွင် ရှယို့ယင်က အစီအစဉ်တစ်ခုအား ရိုက်ကူးပြီးချိန်တွင် ရာသီဥတုဒဏ်ကြောင့် အသက်ကြီးရင့်ပုံ‌ပေါ်နေသော စုံတွဲတစ်တွဲ၏ ပိတ်ဆို့တားဆီးခြင်းကို ခံခဲ့ရသည်။ ထိုစုံတွဲက ပါးပြင်ပေါ်တွင် မျက်ရည်စများစီးကျလျက် သူမအား တစ်ခုခုပြောရန် ကြိုးစားနေသော်လည်း သူမကမူ ရေခဲတမျှ အေးစက်သည့် မျက်နှာဖြင့်ပင် သူမ၏ကိုယ်ရံတော်များကို ထိုသူများအား ဝေးဝေးသို့ ထွက်သွားခိုင်းရန် ညွှန်ကြားခဲ့သည်။ နောက်ဆုံးတွင် လင်မယားနှစ်ယောက်က မြေပြင်ပေါ်တွင် ဒူးထောက်ခဲ့သော်လည်း သူမက နောက်ပြန်လှည့်ကာ ထွက်သွားခဲ့ပြီး သူတို့အား တစ်ချက်မျှပင် ပြန်မကြည့်ခဲ့ပေ။

[အင်တာနက်အသုံးပြုသူများ၏ မှတ်ချက်များ]

[ရှယို့ယင်က စိတ်ထားကောင်းတယ်လို့ ပြောကြတယ် မဟုတ်ဘူးလား... ဒီဗီဒီယိုထဲမှာတော့ သူက တော်တော်လေး ရက်စက်ပုံပဲ.... ဒါဆို ဒါကမှ သူ အစစ်အမှန်ပေါ့.... ကင်မရာရှေ့က အရာအားလုံးက သရုပ်ဆောင်မှုတစ်ခုပဲပေါ့...]

[ငါက ယို့ယို့ရဲ့ ပရိသတ်ဖြစ်လာတာ  á€”သစ်ပ္ဍင်းမဝဏးစွဏ ကြာနေပြီ... သူက အဲ့ဒီလို လုံးဝမဟုတ်တာ သေချာတယ်... ဒီထဲမှာ နားလည်မှုလွဲတာတွေ ရှိလောက်တယ်...]

[သူတို့က သူ့မိဘတွေ တကယ်ဟုတ်တယ်လို့ ဘယ်သူကပြောလဲ... လူနှစ်ယောက်က ဒီအတိုင်းကြီး အပြေးအလွှား ရောက်လာတာမျိုးဆိုလို့ကတော့ ငါသာဆိုရင်လည်း ဖော်ရွေနေမှာ မဟုတ်ဘူး...]

[သူတို့က သူ့မိဘတွေမဟုတ်ရင်တောင်မှ သက်ကြီးရွယ်အိုနှစ်ယောက်လေ... မင်းရှေ့မှာ ဒူးထောက်ပြီး ကုပ်ကုပ်လေးဖြစ်နေတဲ့ သူတို့ကိုတော့ မင်း လျစ်လျူရှုပြီး ထွက်သွားနိုင်မှာ မဟုတ်ဘူး... ဟုတ်တယ်မလား...]

[အဲဒါတော့ မှန်မယ်ထင်တယ်... သူတို့နှစ်ယောက်က အသက်ကြီးပေမယ့် သူတို့ရဲ့ မျက်နှာက ရှယို့ယင်နဲ့ နည်းနည်းဆင်တယ်..]

*

အင်တာနက်တွင် ဆွေးနွေးမှုများ အရှိန်ရလာသကဲ့သို့ ဗီဒီယိုထဲရှိ စုံတွဲကလည်း တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ခဲ့သည်။

နှစ်ယောက်စလုံးက ရိုးရှင်းစွာနှင့် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ရိုးရိုးသားသား ပေါ်လာခဲ့ပြီး ဖျော့တော့သည့် အလင်းရောင်ရှိသော မှိန်ပျပျအခန်းငယ်ထဲတွင် ထိုင်နေခဲ့ကြ၏။

အမျိုးသမီးဖြစ်သူက နှပ်များနှင့် မျက်ရည်များကျလျက် မန်ဒရင်းစကားကို သုံးလျက် ကြေကွဲစွာပြောလာခဲ့သည်။

"ငါတို့ ဆင်းရဲတာကို သိပါတယ်... နီအာ... မင်း ငယ်ငယ်ကတည်းက ငါတို့ကို မထီမဲ့မြင်ပြုခဲ့ပေမယ့် မင်းက ငါ့ခန္ဓာကိုယ်ထဲက ထွက်လာခဲ့တဲ့ ငါ့သွေးသားပဲ... မိသားစုရဲ့ပိုက်ဆံအားလုံးကို ခိုးပြီး မင်း ထွက်ပြေးသွားတဲ့အချိန်တုန်းက မင်း အဖေက အလုပ်လုပ်နေရင်း ခြေထောက်ကျိုးသွားခဲ့သေးတယ်... ငါတို့ မင်းကို ဘာအတွက်နဲ့မှ အပြစ်တင်ခဲ့တာမျိုး မရှိခဲ့ဘူး... မင်းအကြောင်း သတင်းကြားတာနဲ့ ငါတို့က ဆယ်နာရီကျော်ကျော်လောက် ဘတ်စ်ကားစီးပြီး လာခဲ့ရတာကလည်း မင်းဆီက အဖေနဲ့အမေလို့ ခေါ်သံကို ထပ်ကြားရဖို့ မျှော်လင့်ချက် တစ်ခုတည်းနဲ့ပါ...”

သူမဘေးနားက လူမှာ မည်သည့်စကားမျှ မပြောဘဲ ခေါင်းငုံ့လျက် သူမဘေးတွင် ထိုင်နေခဲ့သည်။

[အင်တာနက်အသုံးပြုသူများ၏ မှတ်ချက်များ]

[သူတို့ကို မြင်တော့ ငါ့မိဘတွေကို သတိရသွားတယ်...]

[သူ ငိုနေတာက သနားစရာကောင်းလိုက်တာ... အမေတစ်ယောက်အနေနဲ့ တကယ်ကို ကိုယ်ချင်းစာမိတယ်...]

[ရှယို့ယင်က တစ်ကိုယ်ကောင်းဆန်တဲ့သူပဲ... ထွက်ပြေးတာကို ဆင်းရဲတာကိုကြောက်လို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုအဖြစ် ထားပါဦး... သူက မိသားစုရဲ့ စုဆောင်းငွေအားလုံးကိုတောင် ခိုးသွားလိုက်သေးတယ်...]

သူတို့နှစ်ဦး၏‌ဘေးမှ ရိုးရိုးရှင်းရှင်း ဝတ်စားဆင်ယင်ထားသော အမျိုးသမီးတစ်ဦးမှာ ရှယို့ယင် အလယ်တန်းကျောင်းတက်စဉ်က အတန်းဖော်ဖြစ်သည်ဟု ဆို၏။ ထိုမိန်းကလေးက မျက်နှာတွင် စိတ်ပျက်မှုအပြည့်ဖြင့် ကင်မရာကိုကြည့်ကာ ပြောခဲ့၏။ 

"နင့်ကို ငါ ရှနီလို့ ခေါ်ရမလား ဒါမှမဟုတ် ရှယို့ယင်လို့ ခေါ်ရမလား ငါ မသိတော့ဘူး... ငါ နင့်ကို မနာလိုဖြစ်ခဲ့ဖူးတယ်... နင့်မှာက ဖြူဝင်းတဲ့ အသားအရေရှိပြီး လှတယ်လေ... နောက်တော့ နင့်ရဲ့မိသားစုက အခြေအနေမကောင်းမှန်း ငါသိခဲ့ရပေမယ့် ဦးလေးနဲ့ အန်တီက နင့်ကို ထူးထူးခြားခြားပဲ ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်... နွေစပါးရိတ်သိမ်းချိန်မှာ ငါတို့အားလုံး လယ်လုပ်ကြရပေမယ့် နင်ကတော့ မလုပ်ရဘူး..."

အင်တာနက်အသုံးပြုသူများမှာ ဗီဒီယိုထဲမှ လူ ၃ ယောက်၏ မည်းမှောင်နေသော အသားအရေကို ကြည့်ပြီး ရှယို့ယင်၏ ဖြူစင်သည့် အသားအရေကို တွေးမိကာ အများစုက ယုံကြည်သွားကြ၏။

[အင်တာနက်အသုံးပြုသူများ၏ မှတ်ချက်များ]

[ငါက ကျေးလက်ဒေသမှာ နေတာ... နွေရာသီရိတ်သိမ်းချိန်ဆို မိသားစုတစ်ခုလုံး အသက်ငယ်တဲ့သူပါမကျန် လယ်ကွင်းတွေမှာ အလုပ်လုပ်ကြရတာက အရမ်းကို ခက်ခဲတယ်ဆိုတဲ့အကြောင်း ငါ သက်သေလုပ်ပေးနိုင်တယ်... သူ့ကို မလုပ်ခိုင်းဘဲ လွှတ်ပေးထားတာက သူ့ကို တကယ်ကို ပျက်စီးသွားစေခဲ့တာပဲ...]

[ငါ ရှယို့ယင်ကို ဘယ်တုန်းကမှ မကြိုက်ခဲ့ဖူးဘူး... သူက အမြဲတမ်းလိုလို ဉာဏ်နီဉာဏ်နက်များတဲ့ပုံ ပေါက်တယ်... ငါ့ရဲ့ ပင်ကိုယ်သိစိတ်က မှန်တဲ့ပုံပဲ...]

[ဟင်း... ငါက ကိုယ်ပိုင်စိတ်ကူးဉာဏ်တွေရှိကြတဲ့ ရှယို့ယင်လို မင်းသမီးတွေကို သဘောကျတဲ့သူမျိုး... သူက ဒီလိုဖြစ်မယ်လို့ မမျှော်လင့်ထားမိဘူး... ပရိသတ်ကနေ hater အဖြစ် ပြောင်းလိုက်ပြီ...]

*

ရှယို့ယင်အား ဝေဖန်မှုများဖြင့် ပြည့်နှက်နေသော အင်တာနက်တစ်ခွင်လုံးမှာ အချိန်အတော်ကြာသည်အထိ ရုတ်ရုတ်သဲသဲ ဖြစ်နေခဲ့သည်။

ကုရှင်းရှစ်က ထိုရေပန်းစားနေသော အကြောင်းအရာကို မြင်လိုက်ရသောအခါ မျက်မှောင်မကြုတ်ဘဲ မနေနိုင် ဖြစ်သွားရသည်။

ရှယို့ယင်နှင့် သူကြားရှိ တိုတောင်းသော အပြန်အလှန် ပြောဆိုဆက်ဆံမှုများအရ သူမက ထိုစုံတွဲ ပြောနေသည့် ရှယို့ယင်ပုံစံနှင့် မတူကြောင်း သူ ခံစားခဲ့ရသည်။

ထိုအကြောင်းကိုတွေးမိပြီးနောက် သူက စနစ်ကို ခေါ်ကာ မေးလိုက်သည်။
[စနစ်ရေ... အဲ့ဒီကိစ္စရဲ့ အတွင်းပိုင်းမှာ အချက်အလက် တစ်ခုခု ရှိလား...]

စနစ်က ပြန်ဖြေခဲ့သည်။ 
[ပိုင်ရှင်ရေ... ငါတို့ အတွေးတွေ တူနေတာပဲ... ငါ မင်းကို ပြောပြတော့မလို့...]

[တကယ်တော့ အမှန်တရားက သူတို့ပြောသလို မဟုတ်ဘူး... ပြောရမယ်ဆိုရင် ရှယို့ယင်ရဲ့ ဘဝက တော်တော်လေး ကြမ်းတမ်းခဲ့တာ... သူ့မိဘတွေက အရမ်းကို ယောင်္ကျားလေးကြီးစိုးတဲ့ဝါဒကို လက်ကိုင်ထားကြတဲ့သူတွေ... သူ မွေးတုန်းကဆို အဖေဖြစ်သူက မိန်းကလေးမှန်း သိသိချင်း ရေနှစ်သတ်ချင်ခဲ့တာ... ဒါပေမယ့် လူတစ်ယောက်က သူ့မှာ ကောင်းမွန်တဲ့အင်္ဂါရပ်တွေရှိတယ်... အနာဂတ်မှာ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို ရနိုင်တယ်လို့ ပြောခဲ့တဲ့အတွက်ကြောင့်သာ သူ့ကို ချမ်းသာပေးခဲ့ကြတာ...]

[သူ့ရဲ့ မိဘတွေက အလုပ်ကြိုးစားတဲ့သူတွေ မဟုတ်ကြဘူး... အပျင်းထူပြီး လောဘကြီးတဲ့အပြင် လောင်းကစားလည်း ဝါသနာပါ၊ အရက်အလွန်အကျွံသောက်စားတတ်သူတွေလေ... ရှယို့ယင်က ငယ်ငယ်လေးကတည်းက အိမ်မှုကိစ္စအားလုံးကို လုပ်ခဲ့ရတာ... ပြီး‌တော့ လယ်ကွင်းတွေမှာလည်း အလုပ်လုပ်ခဲ့ရတယ်... သူ့မှာ သဘာဝအတိုင်း ဖြူဝင်းတဲ့ အသားအရေရှိလို့ရော နောက်ပိုင်းကျ မင်းသမီးဖြစ်လာတော့ အသားအရေကို ကောင်းကောင်းမွန်မွန် ပြန်ပြီး ဂရုစိုက်ခဲ့တာကြောင့် အသားအရေက ဖြူဖွေးကောင်းမွန်လာခဲ့တာ... သူက အရမ်းကို နာခံတတ်ပေမယ့် သူ့မိဘတွေက လောင်းကစားဝိုင်းမှာ ပိုက်ဆံတွေ ဆုံးရှုံးလာတဲ့အခါတိုင်း ဒါမှမဟုတ် အရက်မူးလာတဲ့အခါတိုင်း သူ့ကို ရိုက်နှက်တတ်ကြသေးတယ်...]

[နောက်ပိုင်း သူ့ရဲ့ မောင်လေး မွေးလာတော့လည်း သူကပဲ အမေတစ်ယောက်လို စောင့်ရှောက်ခဲ့ရပြန်ရော... သူက ကျောင်းမှာ ထူးချွန်တဲ့အဆင့်တွေ ရခဲ့တော့ ခရိုင်အထက်တန်းကျောင်းက အခမဲ့ကျူရှင်သင်ခွင့်နဲ့ ပညာသင်ဆုတွေ ပေးခဲ့တယ်... ဒါပေမယ့် သူ့မိဘတွေက သူ့ကို အပြင်ထွက်ခွင့်မပေးဘဲ အိမ်မှာပဲ ပိတ်လှောင်ထားခဲ့တာ... ပိုဆိုးတာက သူ့ အသက် (၁၅) နှစ်‌ပဲရှိသေးပေမယ့် သူ့မိဘတွေက အရင်မိန်းမကို သေတဲ့အထိ ရိုက်သတ်ဖူးတဲ့ မုဆိုးဖိုတစ်ယောက်နဲ့ လက်ထပ်ဖို့ သတို့သမီးတင်တောင်းငွေတွေကို လက်ခံလိုက်ကြတယ်တဲ့လေ...]

[ရှယို့ယင် သိသွားတော့ လွတ်မြောက်ဖို့ နည်းလမ်းကို ရှာခဲ့တယ်... ပြီးတော့ သူက မိသားစုရဲ့ စုဆောင်းငွေကို မယူခဲ့ပါဘူး... သူ ယူခဲ့တာက သံတိုသံစတို့လို အပိုင်းအစတွေ စုဆောင်းပြီး ရောင်းတာကနေ ရလာသမျှကို တိတ်တိတ်လေးသိမ်းထားတဲ့ သူ့ကိုယ်ပိုင် ပိုက်ဆံတွေကိုပဲ ယူခဲ့တာ... စုထားတဲ့ငွေတွေ မရှိတော့တဲ့အချိန်မှာ အဖေဖြစ်သူက အလုပ်လုပ်ရင်း ဒဏ်ရာရသွားခဲ့တယ်လို့ သူတို့က ပြောပေမယ့် တကယ်တမ်းကျတော့ သတို့သမီးတင်တောင်းငွေကို လောင်းကစားလုပ်ခဲ့လို့ အဲ့ဒီမုဆိုးဖိုနဲ့ သူ့အပေါင်းအပါတွေရဲ့ ရိုက်နှက်တာကို သူတို့ ခံခဲ့ရတာလေ...]

ကုရှင်းရှစ်၏ စိတ်ခံစားမှုများမှာ ရောနှောရှုပ်ထွေး သွားခဲ့ရသည်။။

ရှယို့ယင်က ရိုက်ကူးရေးမှာပင် သူမစိတ်ကို အမြဲတမ်း မြှုပ်နှံထားသည်က အံ့ဩစရာ မဟုတ်တော့ချေ။ ဤဇာတ်လမ်းတွဲတွင် ကိုယ်ခံပညာအကြောင်း ဇာတ်ဝင်ခန်းများစွာ ပါဝင်ခဲ့ပြီး သူမ တတ်နိုင်သမျှ ဇာတ်ဝင်ခန်းတိုင်းကို သူမကိုယ်တိုင်သာ သရုပ်ဆောင်ခဲ့သည်။

ချင်ဝမ်၏ပြောကြားချက်အရ သူမက အကြိမ်ပေါင်းများစွာ ဒဏ်ရာရခဲ့သော်လည်း ရိုက်ကူးရေးအချိန်ဇယားကို မထိခိုက်စေရန် သည်းခံခဲ့သည်။

ဤသည်းခံနိုင်ရည်မြင့်မားမှုမျိုး ရှိနေခြင်းမှာ သူမက ထိုကဲ့သို့သော ကြမ်းတမ်းသည့် ပတ်ဝန်းကျင်မှ လာခဲ့ရသောကြောင့် ဖြစ်မည်။

စနစ်က ဆက်ပြောခဲ့သည်။ 
[အဲ့ဒါတင် မဟုတ်သေးဘူး... ပိုကြီးတဲ့ သတင်းတစ်ခု ရှိသေးတယ်...]

ကုရှင်းရှစ်က အံ့ဩစွာ မေးလိုက်သည်။ 
[နောက်ထပ်ရှိသေးတာလား...]

[ရှယို့ယင်ရဲ့ မောင်ဖြစ်တဲ့ ရှယောင်ဇူက သူ့အဖေရဲ့ သားအရင်း မဟုတ်ဘူး...]

[ဘာ...]

[သူ့အမေက သားယောက်ျားလေး မမွေးနိုင်လို့ဆိုပြီး သူ့အဖေရဲ့ အိမ်တွင်းအကြမ်းဖက်မှုကိုတောင် ခံခဲ့ရတာ... နောက်ပိုင်းကျ သူက ရွာမှာရှိတဲ့ တခြားလူတစ်ယောက်နဲ့ တဖြည်းဖြည်း ပတ်သက်လာပြီး သူ့အဖေ အိမ်မှာမရှိတဲ့အချိန်တွေမှာဆို ဖောက်ပြန်တော့တာပဲ... ရှယောင်ဇူက အဲ့ဒီဖောက်ပြန်မှုကနေ မွေးလာတဲ့သူပဲ... ရှယို့ယင်ရဲ့ အလယ်တန်းကျောင်းနေဖက်လို့ ပြောနေတဲ့သူကလည်း အတုကြီး... တကယ်တော့ သူက အဲ့ဒီလျှို့ဝှက်ချက်ကို မတော်တဆ သိသွားခဲ့တဲ့ ရှမိသားစုရဲ့ အိမ်နီးနားချင်းတစ်ယောက်ပဲ...  á€Ąá€˛á€ˇá€’ဎဥခဝိန်ကတည်းက ရှယို့ယင်ရဲ့အမေကို ခြိမ်းခြောက်အကြပ်ကိုင်‌ငွေညှစ်ခဲ့တာ... ဒီတစ်ကြိမ်မှာတော့ ရှယို့ယင်ဆီကနေ ပိုက်ဆံတောင်းဖို့ အမေဖြစ်သူနဲ့အတူ ပူးပေါင်းခဲ့တာပဲ...]

၎င်းကိုကြားပြီးနောက် ကုရှင်းရှစ်က စကားလုံးနှစ်လုံးတည်းနှင့် ဇာတ်လမ်းကို နိဂုံးချုပ်နိုင်ခဲ့သည်။

[စိတ်ပျက်စရာပဲ...]

အမှန်တကယ်တွင် ထိုလူများမှာ ချောက်နက်ထဲမှ လွတ်မြောက်နိုင်ခဲ့ကာ ပိုမို ကောင်းမွန်သောဘဝတွင် နေထိုင်ရန် ကြိုးစားနေသည့် ရှယို့ယင်ကို ဖျက်ဆီးရန် ကြိုးပမ်းနေသော အကြမ်းဖက်အုပ်စုပင် ဖြစ်ကြ၏။

*

ရှယို့ယင်က သူမ၏ မန်နေဂျာကို တောင်းပန်စွာ ကြည့်ရင်း ပြောလိုက်သည်။ 
"ကျွန်မ ကုမ္ပဏီမှာ နှစ်တွေအများကြီး အလုပ်လုပ်ပေးခဲ့ပြီး သူတို့အတွက် ပိုက်ဆံတွေ အများကြီး ရှာပေးခဲ့တယ်... ကုမ္ပဏီက ကျွန်မအတွက် ဒီကိစ္စကိုဖြေရှင်းပေးဖို့လေးတောင် မကူညီချင်ဘူးလား... ကျွန်မကို မကူညီချင်ရင်တောင် အနည်းဆုံးတော့ ကျွန်မရဲ့ ဝေ့ပေါ်အကောင့်ကို သုံးခွင့်ပေးပါ... ကျွန်မ ကိုယ်တိုင် အားလုံးကို ဖြေရှင်းနိုင်ပါတယ်..."

မန်နေဂျာက သူတော်ကောင်းဟန်ဆောင်ကာ သက်ပြင်းချလိုက်ပြီး ပြန်ဖြေခဲ့သည်။ 
"ယို့ယင်... ငါ မင်းကို မကူညီချင်လို့ မဟုတ်ဘူး... ဒီကိစ္စကို တိတ်တိတ်ဆိတ်ဆိတ် ကိုင်တွယ်တာက ပိုကောင်းလိမ့်မယ်... နောက်ပြီး မင်း ရှင်းပြရင်တောင်မှ မင်းမှာ သက်သေမရှိဘူးလေ... မင်းကို ဘယ်သူမှ ယုံမှာ မဟုတ်ဘူး..."

ရှယို့ယင်က သူမ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့၏။

ဟုတ်တယ်...

အပြင်လူတွေက ငါ့ရဲ့ စွဲမက်စရာအသွင်အပြင်နဲ့ ငါ့မိဘတွေရဲ့ ဆင်းရဲမွဲတေမှုနဲ့ ခိုကိုးရာမဲ့မှုကိုပဲ မြင်ကြမှာ...

ငါ့ရဲ့အေးစက်တဲ့အပြုအမူနဲ့ ငါ့မိဘတွေရဲ့ အသည်းအသန်တောင်းဆိုမှု‌တွေကိုပဲ သူတို့ မြင်ကြမှာ...

ငါ တောင့်ခံခဲ့ရတဲ့ နာကျင်မှုတွေကို သက်သေပြဖို့ အထောက်အထားမရှိပေမယ့် အပြင်လူတွေက ငါ အိမ်ကနေ ထွက်ပြေးခဲ့တာတွေ၊ ငါ့အဖေ ခြေထောက်ကျိုးတာ‌တွေ၊ အလယ်တန်းကျောင်းက အတန်းဖော်လို့ပြောတဲ့ ငါ့အဖြစ်ကို ဆန့်ကျင်ဘက် သက်သေခံပေးနေတဲ့ သူကိုတော့ သူတို့ မြင်တွေ့နိုင်ကြတယ်...

အများသူငှာ၏ ထင်မြင်ယူဆချက်များဖြင့် လွှမ်းမိုးနေသော သတင်းရေစီးကြောင်းတွင် သူမက အလွန် အရေးမပါသူအဖြစ် ခံစားခဲ့ရသည်။

ထိုအရာကိုသိသော သူမ၏ မန်နေဂျာက စာချုပ်ကို အမြန်ထုတ်ကာ ပြောလာ၏။
"ငါ မင်းကို နှစ်ပေါင်းများစွာ စီမံခန့်ခွဲပေးခဲ့တယ်... မင်းကို ငါ ဘယ်လိုလုပ် အန္တရာယ်ဖြစ်စေပါ့မလဲ... မင်းရဲ့ စာချုပ် သက်တမ်းတိုးပြီးတာနဲ့ အရာအားလုံးကို ကုမ္ပဏီနဲ့ပဲ လွှတ်ထားလိုက်... အားလုံး အဆင်ပြေသွားမှာပါ..."

စာချုပ်တွင် ပါရှိသည့် ကြမ်းတမ်းရက်စက်သော စည်းကမ်းချက်များကိုကြည့်ကာ ရှယို့ယင်က လှောင်ပြုံးပြုံး၍ ပြောလိုက်၏။ 
"အစ်မချိုက်... ရှင်က ကျွန်မကို ဒီလို စာချုပ်မျိုးမှာ လက်မှတ် ထိုးစေချင်တာလား... ဒါက ကျွန်မကို ကုမ္ပဏီအတွက် အလကား လုပ်ပေးစေချင်နေတာ မဟုတ်ဘူးလား..."

"မင်း ဘာကို ပြောနေတာလဲ..." 
မန်နေဂျာက ငေါ့တော့တော့ ပြန်ဖြေခဲ့၏။ 
“ငါ တဲ့တိုးပဲ ပြောတော့မယ်... မင်းသမီးတစ်ယောက်အတွက် နာမည်ဂုဏ်သတင်းက အရာရာပဲ... မင်းရဲ့ လက်ရှိ နာမည်ဂုဏ်သတင်းကို ဖြေရှင်းဖို့အတွက် ကုမ္ပဏီက ငွေအားရော လူအားရော ဘယ်လောက်ထိ စိုက်ထုတ်ပေးရမလဲဆိုတာ ဘယ်သူသိမှာလဲ... မင်း ကုမ္ပဏီနဲ့ နှစ်ပေါင်းများစွာ လက်တွဲခဲ့လို့သာ... မဟုတ်ရင် ဒီအာလူးပူလို ခက်ခဲတဲ့ပြဿနာမျိုးကို ဘယ်သူက ဖြေရှင်းချင်မှာတဲ့လဲ..."

မုန်လာဥနီနှင့် တုတ်တစ်ချောင်းကို နှိုင်းယှဉ်ကာ ဥပမာပြုထားသည့် ချဉ်းကပ်နည်း ဗျူဟာ(ကောင်းသည့်အရာများကို မုန်လာဥနီနှင့်နှိုင်း၍ မကောင်းသည့်အရာများကို တုတ်ချောင်းနှင့် နှိုင်းယှဉ်ပြခြင်း)ကို သုံးခဲ့ပြီးနောက် မန်နေဂျာက သူမ၏ လေသံကို ပျော့ပျောင်းစေခဲ့ကာ ပြောလိုက်သည်။ 

"ငါ့ရဲ့ ကြမ်းတမ်းရက်စက်တဲ့စကားတွေကို စိတ်မဆိုးပါနဲ့... အရင်က မင်းကို ချဉ်းကပ်ခဲ့တဲ့ အေဂျင်စီတွေ အများကြီး မရှိခဲ့ဘူးလား... သူတို့က စကားလုံးချိုချိုတွေ အမျိုးမျိုးပြောကြတယ်... ဒါပေမဲ့ တစ်ခုခုဖြစ်လာတာနဲ့ အားလုံး ထွက်ပြေးသွားကြတာပဲ မဟုတ်ဘူးလား... နေရောင်အောက်မှာ ကျီးကန်းတိုင်းက အနက်ရောင်ပဲ... အဲ့ဒီလိုပဲ လူတိုင်းက ငွေကိုပဲ ရှာချင်ကြတာ... မင်းကိုယ်မင်း အရင်ကလိုပဲလို့ ထင်နေသေးတာလား... မင်း အခု တောင်းဆိုဖို့ သွားမယ်ဆိုရင်တောင် မင်းနဲ့ ဘယ်သူမှ စာချုပ်ချုပ်ချင်မှာ မဟုတ်ဘူး... အတကယ်လို့ စာချုပ် ချုပ်ချင်တယ်ဆိုရင်တောင် ငါတို့ကုမ္ပဏီက ကမ်းလှမ်းတာထက်တော့ ပိုကောင်းနိုင်မယ် မထင်ဘူး..."

ရှယို့ယင်က မသိစိတ်မှ နှုတ်ခမ်းကို ကိုက်လိုက်၏။

အမှန်တကယ်ပင် "ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲ ကျော်ကြားလာပြီးနောက် ဤဖျော်ဖြေရေးလောကအတွင်းရှိ နာမည်ကြီး ကုမ္ပဏီကြီးအချို့အပါအဝင် အေဂျင်စီများစွာက သူမနှင့် စာချုပ်ချုပ်ဆိုရန် ဆက်သွယ်ခဲ့ကြသည်။

သို့သော်လည်း သူမ၏ မန်နေဂျာ ပြောခဲ့သည့်အတိုင်းပင် ထိုဗီဒီယို ထွက်ပေါ်လာပြီးနောက် မည်သူကမျှ ထပ်မံ၍ ဆက်သွယ်မလာတော့ပေ။

သူမ၏ တုန်လှုပ်မှုကို ကြည့်ကာ မန်နေဂျာက ဆက်ပြောလိုက်၏။ 
"ဖြစ်ပျက်နေတဲ့ အရာအားလုံးကတော့ ဒါပါပဲ... မင်း အဲဒါကို သေချာစဉ်းစားပါ... ဒါပေမယ့် ငါ မင်းကို အကြံတစ်ခုတော့ ပေးပါရစေ... ကမ္ဘာကြီးက ဒီလိုပါပဲ... ခံစားချက်ဆိုတာ မရှိဘူး... အကျိုးစီးပွားဆိုတာပဲ ရှိတယ်... မင်းရဲ့မိဘအရင်းတွေတောင် မင်းကို ဒီလိုဆက်ဆံတာပဲလေ... အပြင်လူတွေကရော ဘယ်လိုဆက်ဆံမယ် ထင်လို့လဲ..."

ဤစကားများက အပ်တစ်ချောင်းကဲ့သို့ ရှယို့ယင်၏ နှလုံးသားထဲသို့ နက်နက်နဲနဲ ထိုးဖောက်သွားကာ သူမ၏ ခန္ဓာကိုယ်ကိုပင် အနည်းငယ် ယိမ်းယိုင်သွားစေခဲ့သည်။


🍉🍉🍉🍉 အခန်း ၆၉


မန်နေဂျာထွက်သွားပြီးနောက် အခန်းထဲတွင် သူမတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။

ရှယို့ယင်က သူမ၏အားနည်းချက်ကို မဖုံးကွယ်နိုင်တော့ချေ။ သူမက ခန္ဓာကိုယ်ကို ကွေးလိုက်ကာ သူမကိုယ်သူမ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်၏။

ဟုတ်တယ်...

ဒီလောကမှာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ ဘယ်နေရာမှာ ရှိမှာတဲ့လဲ...

ငါ နာမည်ကြီးတဲ့အချိန်က မရေတွက်နိုင်လောက်တဲ့အထိ များပြားလွန်းတဲ့လူတွေက ငါနဲ့ သူငယ်ချင်း ဖြစ်ချင်ကြတယ်...

ဒါပေမယ့် ငါလည်း ဒုက္ခရောက်‌ရော အားလုံးက ငါ့ကို ကပ်ဆိုးတစ်ခုလို ရှောင်ရှားခဲ့ကြပြန်တယ်...

"ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲက အဖွဲ့သားနည်းနည်းကပဲ ငါ့ကို နှစ်သိမ့်ပေးတဲ့စာတွေ ပို့ခဲ့ပေမယ့် ကုမ္ပဏီရဲ့ ကန့်သတ်ချက်တွေကြောင့် အပိုမပြောရဲခဲ့ကြဘူး...

သူမ ဤမျှအထိ အထီးကျန်ကာ စိတ်ပျက်အားငယ်မှုမျိုး တစ်ခါမျှ မခံစားခဲ့ဖူးပေ။

သူမက တွင်းနက်ကြီးမှ လွတ်မြောက်သွားပြီဟု ထင်ခဲ့သော်လည်း ယခုအချိန်၌ သူမ လုံးဝ မလွတ်မြောက်သေးပုံပင်။

ငါ့မန်နေဂျာပြောတာ မှန်တယ်...

ငါ့မှာ တန်ဖိုးရှိနေတုန်း စာချုပ်မှာ လက်မှတ်ထိုးသင့်တယ်...

ဒီလိုမှမလုပ်ခဲ့ရင် ငါရဲ့ နာမည်ဂုဏ်သတင်းပျက်စီးသွားပြီး သရုပ်မဆောင်နိုင်တော့တဲ့အချိန်ကျ ငါ့အတွက် အခုထက် ပိုပြီး ဆိုးသွားလိမ့်မယ်...

ဘောပင်ကို ကိုင်ထားလျက် သူမနာမည်ကို ရေးထိုးရန် ပြင်ဆင်နေစဉ် ရှယို့ယင်၏လက်မှာ တုန်နေခဲ့သည်။

ထိုအချိန်မှာပင် သူမဖုန်းက မြည်လာခဲ့၏။

သူမက “ကုရှင်းရှစ်”ဟု အမည်ပေါ်နေသော ဖန်သားပြင်ကို စိုက်ကြည့်နေမိခဲ့သည်။

သူမစိတ်ကို သူမ ထိန်းချုပ်ကာ ဖုန်းခေါ်ဆိုမှုကို ဖြေကြားခဲ့၏။ 
"မင်္ဂလာပါ ဥက္ကဌကု..."

ဖုန်းထဲတွင် အားစိုက်၍ပြောနေသော်လည်း ကွဲအက်နေသည့် သူမ၏အသံ‌ကို ကြားလိုက်ရာ ကုရှင်းရှစ်က စိုးရိမ်စိတ်ဖြင့် မမေးဘဲ မနေနိုင်စွာ မေးမိခဲ့သည်။ 
“အဆင်ပြေရဲ့လား...”

သူ့အသံထဲမှ နွေးထွေးမှုက နူးညံ့သိမ်မွေ့သည့် စမ်းချောင်းတစ်ခုကဲ့သို့ သူမ၏ နားထဲကို စီးဆင်းသွားကာ သူမ၏တင်းမာနေသော ခန္ဓာကိုယ်ကို အနည်းငယ် ပျော့ပျောင်းသွားစေခဲ့သည်။

ကိစ္စရပ်များဖြစ်ပွားပြီးနောက် ထိုသူသာလျှင် သူမထံ ပထမဦးဆုံးဖုန်းဆက်ကာ “အဆင်ပြေလား” ဟု မေးခဲ့သူ ဖြစ်သည်။

ကိစ္စရပ်များဖြစ်ပွားပြီးကတည်းက သူမ မငိုခဲ့သော်လည်း ယခုတွင် ပထမဆုံးအကြိမ်အဖြစ် သူမ ငိုချင်လာခဲ့သည်။

သို့သော်လည်း သူမကိုယ်သူမ ထိန်းထားကာ ပြန်ဖြေခဲ့သည်။ 
"ကျေးဇူးတင်ပါတယ်... ကျွန်မ အဆင်ပြေပါတယ်..."

ကုရှင်းရှစ်က သူ့အတွေးများကို စုစည်းကာ ပြောလိုက်၏။
"အွန်လိုင်းမှာ ဖြစ်ပျက်နေတာတွေကို ငါ ကြားခဲ့တယ်... မင်းက အဲ့ဒီလိုလူ မဟုတ်ဘူးဆိုတာ ငါ ယုံတယ်..."

ရှယို့ယင် အံ့ဩသွားရသည်။

ဤစကားမှာ လွန်ခဲ့သည့် ရက်အနည်းငယ်က သူမ အကြားချင်ဆုံးသောစကား ဖြစ်သည်။

သို့သော်လည်း ထိုစကားကို သူမ၏ မန်နေဂျာက မပြောခဲ့သလို ဤဖျော်ဖြေရေးလောကရှိ သူမ သူငယ်ချင်းများကလည်း မပြောခဲ့ကြချေ။

ထိုသူများအစား သူမနှင့် သိသည်မှာ မကြာသေးသော ကုရှင်းရှစ်က ထိုစကားကို ပြောလာခဲ့သည်။

ကုရှင်းရှစ်က သူမကို ခဏတာမျှ နှစ်သိမ့်ပေးခဲ့ပြီး နောက်ဆုံးတွင် အရိပ်အမြွက်ပြောပြခဲ့သည်။ 
"စိတ်မပူပါနဲ့... အပြစ်မဲ့သူတွေအတွက်ဆိုရင် သူတို့ရဲ့ နာမည်က သန့်ရှင်းသွားမှာပါ... လောကကြီးက မင်းကို တရားမျှတမှု ပေးလိမ့်မယ်..."

သို့သော် ရှယို့ယင်က ထိုစကားကို အများကြီး မတွေးခဲ့ချေ။

တိုတောင်းသော ဖုန်းခေါ်ဆိုခြင်းဖြစ်သော်လည်း သူမက သူ့ထံမှ ခွန်အားကို ရယူနိုင်ခဲ့သည်။

စာချုပ်ကို ထပ်မံကြည့်ရှုလိုက်သောအခါ၌ သူမ၏မျက်နှာပေါ်ရှိ အားနည်းချက်မှာ ပျောက်ကွယ်သွားခဲ့ပြီး ခေါင်းမာမှုက အစားထိုးဝင်လာခဲ့သည်။

ထိုအချိန်က သူမသည် ကံကြမ္မာကို အနိုင်ယူကာ ချောက်နက်ထဲမှ လွတ်မြောက်ခဲ့သည်။ ယခုတစ်ကြိမ်တွင်လည်း သူမ ထိုကဲ့သို့ ပြန်လုပ်နိုင်၏။

သူမ စာချုပ်ကို ဆုတ်ဖြဲလိုက်ပြီး အရာရာတိုင်းကို ရင်ဆိုင်ရန်အတွက် ပြင်ဆင်နေစဉ် ဝေ့ပေါ်တွင် #10086အကောင့်မှ ပိုစ့်အသစ်တစ်ခု တင်ထားသည်ကို သူမ ရုတ်တရက် တွေ့လိုက်ရသည်။

[လောင်းကစားစွဲနေတဲ့မိခင်၊ နှိပ်စက်တတ်တဲ့ဖခင်၊ ပြိုလဲနေသောသူမနဲ့ အခြားသူတစ်ယောက်၏ ယောင်ဇူ]

ထိပ်တန်းအတင်းအဖျင်းအကောင့်တစ်ခုအနေဖြင့် ဝေ့ပေါ်တွင် #10086မှ ပိုစ့်အသစ် တင်သည့်အခါတိုင်း  á€œá€°á€Ąá€™á€ťá€Źá€¸áá€Ąá€Źá€›á€Żá€śá€€á€­á€Ż ချက်ချင်းဖမ်းစား နိုင်ခဲ့သည်။

ဤပို့စ်အောက်တွင် #10086က ထိုနှစ်များတစ်လျှောက် ရှယို့ယင်၏အတွေ့အကြုံများကို လိုရင်းတိုရှင်း ပြန်ပြောပြထားသည်။ စကားလုံးတိုင်းက မျက်ရည်ကျစေနိုင်သော ဖွင့်ချမှုတစ်ခု ဖြစ်နေခဲ့သည်။

[???? ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ်လိုက်တဲ့ မိသားစုလဲ...]

[2022 တောင်ရောက်နေပြီ... ဒီလို ဒေါသထွက်တတ်တဲ့ မိဘတွေကို ငါတို့ တွေ့နေရတုန်းပဲ...]

[သနားစရာကောင်းလိုက်တဲ့ ယို့ယို့... သူ့ မိသားစုအကြောင်း ဘယ်တော့မှ မပြောတာ အံ့ဩစရာ မရှိတော့ပါဘူး... ငါ အရင်က ဟိုလူလိမ်တွေကို ယုံမိလုနီးပါးပဲ... ပြန်တွေးကြည့်လိုက်တော့ ငါ အရမ်းမိုက်မဲခဲ့တာပဲ... ဝူး... ယို့ယို့... ငါ မင်းကို ထာ၀ရ ကာကွယ်ပေးချင်လိုက်တာ....]

[အဲဒါက သိပ်တော့မကောင်းပေမယ့် ငါ မရယ်ဘဲ မနေနိုင်ဘူး... 'အခြားသူတစ်ယောက်၏ ယောင်ဇူ'တဲ့... ဟား ဟားဟား...]

[အဲဒီကောင်က သူ့သမီးအရင်းကို မချစ်ပေမယ့် တခြားသူတစ်ယောက်ရဲ့သားကိုတော့ စိတ်အားထက်ထက်သန်သန်နဲ့ မွေးခဲ့တာပဲ... အမှန်တရားကို သိရင် သူဘယ်လိုတုံ့ပြန်မလဲလို့ ငါ တွေးမိတယ်...]

*

တိုက်ရိုက်ထုတ်လွှင့်သည့် နေရာ၌။

အဖေရှနှင့် အမေရှတို့က သူတို့၏ သနားစရာ ဘဝများအတွက် ညည်းညူငိုကြွေးနေကြလျက် ရှယို့ယင်ကိုလည်း ကျေးဇူးကန်းသည်ဟု စွပ်စွဲနေကြကာ “အလယ်တန်းကျောင်းအတန်းဖော်” ကပါ မီးထဲသို့ လောင်စာထည့်နေခဲ့သည်။

သူတို့သုံးယောက်နှင့်အတူ ရှယို့ယင်ကို အပြစ်တင်ရှုတ်ချနေသော အင်တာနက်အသုံးပြုသူများကို ကြည့်ကာ သူတို့က ကျေနပ်အားရနေပုံပင်။

ကြည့်ရှုမှု အနည်းငယ် တိုးလာသည်နှင့်အမျှ သူတို့က ရုပ်မြင်သံကြားထုတ်လွှင့်မှုဌာနကို သွားကာ သူမအား သူတို့ကို အသိအမှတ်ပြုရန် တွန်းအားပေးပြီး သူတို့ကို ပိုက်ဆံပေးကာ ထောက်ပံ့‌စေချင်ကြသည်။ 

သူက နှစ်ပေါင်းများစွာ ကြယ်ပွင့် ဖြစ်လာခဲ့တာပဲ... 

သူ့မှာ သန်းဆယ်ချီရှိရမယ်... ဟုတ်တယ် မဟုတ်လား...

သုံးယောက်သား စိတ်ကူးယဉ်နေကြချိန်တွင် ကျည်ဆန်ကဲ့သို့သော မှတ်ချက်များက ရုတ်တရက် ပြောင်းလဲသွား၏။

တစ်ချိန်တည်းတွင်ပင် သူတို့က “လောင်းကစားစွဲနေတဲ့မိခင်၊ နှိပ်စက်တတ်တဲ့ဖခင်၊ ပြိုလဲနေသောသူမနဲ့ အခြားသူတစ်ယောက်၏ ယောင်ဇူ” ဟူသော မှတ်ချက်ကို ဖတ်လိုက်ကြသည်။

အချို့က သူတို့ကို ကျိန်ဆဲပြီး ရှယို့ယင်ကို စာနာကြောင်း ဖော်ပြကြသည်။

သုံးယောက်လုံး အံ့ဩသွားခဲ့ကြ၏။

“အလယ်တန်းကျောင်းနေဖက်”က မှတ်ချက်များမှ သဲလွန်စများကို လိုက်၍ နှိပ်ကြည့်ရာ ဝေ့ပေါ်သို့ရောက်သွားချိန်၌ သူမ၏ မျက်နှာမှာ ပြောင်းလဲသွားခဲ့သည်။

၎င်းကိုမြင်သောအခါ အဖေရှက သူ့ထံမှ ဖုန်းကို လုယူသွားခဲ့၏။ အကြောင်းအရာကို ဖတ်ပြီးနောက် သူ့မျက်နှာမှာ ဖြူဖျော့သွားခဲ့သည်။ တစ်ယောက်ယောက်က သူတို့အတိတ်ကို ဖော်ထုတ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

သို့သော် သူ ဖတ်ကြည့်လေလေ ပို၍ရှုပ်ထွေးလာလေလေ ဖြစ်နေသည်။

"အခြားသူတစ်‌ယောက်ရဲ့ ယောင်ဇူ"က ဘာကို ဆိုလိုတာလဲ..."

[ဟားဟားဟားဟား... နားမလည်ဘူးလား... ဆိုလိုတာက မင်း ပြုစုပျိုးထောင်ခဲ့တဲ့သားက မင်းရဲ့သား မဟုတ်တာ...]

[ရှင်းရှင်းပြောရရင် မင်းမိန်းမက မင်းကို ဖောက်ပြန်ခဲ့တာကွာ...]

အဖေရှက ရုတ်တရက် မော့ကြည့်လိုက်ရာ အမေရှနှင့် “အလယ်တန်းအတန်းဖော်”တို့၏ မျက်နှာများက အပြစ်ရှိပုံပေါ်‌နေခဲ့သည်။ သူ ချက်ချင်း နားလည်သွားကာ ပြောလိုက်သည်။ 
"ဒါကြောင့်ပေါ့... ယောင်ဇူက ဘာလို့ ငါနဲ့မတူတာလဲဆိုတာကို ငါ သိချင်နေခဲ့တာ... သူက အရွယ်မရောက်သေးဘူးလို့ မင်းက ပြောခဲ့တယ်လေ... ဒါဆို သူက ငါ့သား မဟုတ်ဘူးပေါ့..."

"ငါ မင်းကို သေအောင် ရိုက်သတ်မယ်... မင်း... မိန်းမအိုကြီး... မင်း #%$#..."

သူက အယုတ္တအနတ္တစကားများကို သုံးကာ ဆဲဆိုကျိန်ဆဲလျက် ကုလားထိုင်ကို ဆွဲကိုင်ကာ သူမဆီသို့သွား၍ ရိုက်နှက်ခဲ့သည်။ မကြာခင်မှာပင် အမေရှ၏ အော်သံများက မြင်ကွင်းတစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့၏။

“အလယ်တန်းကျောင်းနေဖက်”က ထွက်ပြေးရန်ကြိုးစားခဲ့သော်လည်း သူမ၏ဆံပင်ကို အဖေရှက ဆွဲဆုတ်ထားကာ ပြောခဲ့သည်။ 
"မင်းရောပဲ... ဒီမိန်းမပျက်က လှည့်စားနေတာ သိလျက်နဲ့ ငါ့ကို လျှို့ဝှက်ထားတယ်... မင်းက ရှနီရဲ့ ပိုက်ဆံတွေကို ငါတို့နဲ့ ဝေမျှပြီး ယူချင်သေးတယ်ပေါ့..."

[ဝိုး...]

[ဒါဆို.... ဒါကမှ တကယ့်အမှန်တရားပဲ...]

[မှတ်တမ်းတင်ပြီး ရဲစခန်းကို တိုင်လို့ရပြီ... ကျေးဇူးတင်ပါတယ်...]

အကြမ်းဖက်မှုနှင့် ညစ်ညမ်းမှုများကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုက လျင်မြန်စွာ ပိတ်သိမ်းခြင်းခံလိုက်သော်လည်း နောက်ပိုင်းတွင် သတင်းများတင်ပေးတတ်သည့် အင်တာနက်အသုံးပြုသူများက သုံးဦးလုံးက ဖမ်းဆီးခံရကာ ဥပဒေအရ အကျိုးဆက်များကို ရင်ဆိုင်ရလိမ့်မည်ဟု ပြောပြခဲ့၏။

တိုက်ရိုက်ထုတ်လွှင့်မှု၏ ထိုအပိုင်းက ကျယ်ကျယ်ပြန့်ပြန့် မျှဝေခြင်းခံခဲ့ရပြီး လူအများ၏ ထင်မြင်ယူဆချက်များကိုလည်း ချက်ချင်းပင် ပြောင်းပြန်ဖြစ်သွားစေခဲ့သည်။

သို့သော် ရှယို့ယင်အတွက်မူ အံ့အားသင့်သွားပြီးသည့်နောက် သူမ၏ ပထမဆုံးသော ခံစားချက်မှာ ကျေးဇူးတင်စိတ်ပင် ဖြစ်၏။

သခင်ကြီး #10086က ဥက္ကဌကု လက်အောက်ရှိ အနုပညာရှင်များအတွက် အမြဲတမ်းပင် ပြောပေးတတ်ကြောင်း လူတိုင်းက သိကြ၏။ ဤတစ်ကြိမ်တွင် သူမအတွက် ထုတ်ဖော်ပြောဆိုပေးခြင်းက မကြုံစဖူးပင်။ နောက်ကွယ်က ကူညီပေးနေသည့်သူမှာ ဥက္ကဌကုသာ ဖြစ်ရမည်။

သူမက ဥက္ကဌကု လက်အောက်တွင်ရှိသော အနုပညာရှင်တစ်ဦးမဟုတ်သကဲ့သို့ သူနှင့် အလွန်ရင်းနှီးသူတစ်ဦးလည်း မဟုတ်ခဲ့ချေ။

သို့သော် သူက သူမအား ကိုယ်ကျိုးမငဲ့ဘဲ ကူညီရန် ဆန္ဒရှိနေခဲ့သည်။

နောက်ဆုံးတွင် ရှယို့ယင်၏ မျက်နှာထက်မှ မျက်ရည်များ ကျဆင်းလာခဲ့၏။

သို့သော်လည်း ဤတစ်ကြိမ်၌ ကျဆင်းလာသောမျက်ရည်များမှာ နွေးထွေးမှုကြောင့်သာ ဖြစ်သည်။

ထိုအချိန်တွင် သူမ၏မန်နေဂျာက စာချုပ်အသစ်ကို ကိုင်ဆောင်ပြီး ကျေနပ်စွာ ပြုံးလျက် ဝင်လာကာ ပြောခဲ့၏။ 

"ယို့ယင်... နောက်ဆုံးတော့ မင်းအတွက် စာချုပ်သစ်တစ်ခု ငါ ရအောင် လုပ်ခဲ့ပြီ... ငါတို့ မြန်မြန်လေး လက်မှတ်ထိုးသင့်တယ်လို့ ငါ ထင်တယ်... ရွှေကြာပန်းဆုပေးပွဲမတိုင်ခင် ငါတို့ မင်းအတွက် ထပ်ပြီး ပရိုမိုးရှင်းလုပ်ပေးရဦးမယ်..."

#10086၏ဝင်ရောက်ဖြေရှင်းပေးမှု မပြုမီကပင် ရှယို့ယင်က သူမနှင့် အလုပ်ဆက်မလုပ်လိုတော့ကြောင်း ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။

ယခုဆိုလျှင် သူမက ပို၍ပင် ယုံကြည်မှုရှိလာခဲ့သည်။

သူမက စာချုပ်ကိုပင် မကြည့်တော့ဘဲ တိုက်ရိုက် ငြင်းဆိုခဲ့၏။

မန်နေဂျာက စိုးရိမ်‌လာရုံသာမက စိတ်တိုစွာ ပြောခဲ့သည်။
"မင်းက အခုထိ ကုမ္ပဏီကြီးတစ်ခုနဲ့ လက်မှတ်ထိုးချင်နေသေးတာလား... အိပ်မက်မက်နေတာကို ရပ်လိုက်..."

သူမ ပြော၍မပြီးခင်မှာပင် ရှယို့ယင်၏ ဖုန်းမှာ ထပ်မံ မြည်လာပြန်သည်။ ခေါ်ဆိုသူမှာ စတားရှိုင်းမီဒီယာမှ မန်နေဂျာတစ်ဦးဖြစ်ပြီး ယခင်က သူမ ရရှိခဲ့ဖူးသည့် စာချုပ်များထက် ပိုမိုအဆင်ပြေသည့် စာချုပ်ဖြင့် ကမ်းလှမ်းခဲ့၏။

အသနားခံနေသော ကိုယ်စားလှယ်ကို လျစ်လျူရှုပြီး ရှယို့ယင်က ခေါင်းကိုမော့ထားကာ အခန်းထဲမှ ထွက်လာခဲ့သည်။

ဒီတစ်ကြိမ်ကတော့ ငါ ချောက်နက်ထဲကနေ တကယ် လွတ်မြောက်ခဲ့တာ ဖြစ်ကောင်းပါရဲ့...

***

ရှယို့ယင်နှင့် စာချုပ်ချုပ်ဆိုပြီးနောက် စတားရှိုင်းမီဒီယာမှ မန်နေဂျာက စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက် ချလိုက်သည်။

တကယ်တမ်းတွင် သူမက ရှယို့ယင်ကို အမြဲတမ်း အထင်ကြီးနေခဲ့သူ ဖြစ်သည်။ ရှယို့ယင်နှင့် ယခင်က အလုပ်အတူလုပ်ခဲ့ဖူးသော သရုပ်ဆောင်ဒါရိုက်တာနှင့် သူမသိခဲ့ပြီး ရှယို့ယင်၏ မိသားစုအခြေအနေကိုလည်း သူမက ယောင်ဝါးဝါးသိထားခဲ့သည်။ သူမက ဤသန်မာပြီး တွေးခေါ်တတ်သည့် အမျိုးသမီးငယ်အပေါ် ထင်မြင်ချက်ကောင်းတစ်ခု ရှိခဲ့၏။

ကိစ္စရပ်များဖြစ်ပွားပြီးနောက်တွင် ရှယို့ယင်အား လုံခြုံအောင် သူမ ကြိုးပမ်းခဲ့သည်။

#10086က ဝေ့ပေါ်တွင် ပိုစ့်မတင်ခင် အထိပင်။

ဤကိစ္စက စတားရှိုင်းမီဒီယာအား အတော်လေးကို တုန်လှုပ်သွားစေခဲ့၏။

ဝမ်ယွဲ့၏ ဖျော်ဖြေရေးကဏ္ဍတွင် အရေးအကြီးဆုံး အပိုင်းနှစ်ပိုင်းအဖြစ် စတားရှိုင်းမီဒီယာနှင့် ထျန်းချန်ဗီဒီယိုတို့က အမြဲတမ်း ပူးပေါင်းမှုများရှိသကဲ့သို့ ယှဉ်ပြိုင်မှုများလည်း ရှိကြသည်။

အတိတ်တွင် စတားရှိုင်းမီဒီယာက ထျန်းချန်ဗီဒီယိုကို လွှမ်းမိုးထားနိုင်ခဲ့သည်။ သို့သော်လည်း [Boy Group Training Camp]တွင် ထျန်းချန်ဗီဒီယိုက ပရိသတ်များ၏ အာရုံကို ဖမ်းစားလာနိုင်ခဲ့ပြီး ယခုဆိုလျှင် စတားရှိုင်းမီဒီယာကိုပင် ကျော်လွန်နေပြီ ဖြစ်၏။

ထျန်းချန်ဗီဒီယိုတွင် ဒုံးပျံကဲ့သို့ ရာထူးတိုးမြှင့်ခံရသော စွန်းဟုန်ဖေးမှာ လက်ထောက်ထန်နှင့် ရင်းနှီးသောဆက်ဆံရေးရှိကာ အခြားရာထူးတစ်ခုဖြင့် ဥက္ကဌဝမ်၏ ယုံကြည်ရသော လက်ထောက်တစ်ဦးဖြစ်လာရန် အဆင်သင့် ဖြစ်နေပုံပင်။

ယခင်က လဲ့ရှစ်အင်တာတိန်းမန့်၏ ဥက္ကဌကုရှင်းရှစ်က သူတို့၏ဥက္ကဌဝမ်နှင့် ရင်းနှီးသောဆက်ဆံရေးရှိကြောင်း ကောလာဟလများ မသိမသာထွက်ပေါ်ခဲ့‌သည်။ စွန်းဟုန်ဖေး၏ လက်ရှိအောင်မြင်မှုမှာ သူက မှန်ကန်သောလူကို တွယ်ကပ်နိုင်ခြင်းကြောင့် ဖြစ်မည်။

အခုအချိန်မှာ ကောင်းမွန်တဲ့ ကံကြမ္မာက ငါတို့အပေါ်ကို ဆင်းသက်လာပေးတော့မှာလား...

စတားရှိုင်းမီဒီယာ၏ အတွင်းပိုင်းမငြိမ်မသက်မှုများကို ထျန်းချန်ဗီဒီယိုနှင့် နှိုင်းယှဉ်ကာ စွန်းဟုန်ဖေးက လှောင်ပြောင်ခဲ့သည်။

ဥက္ကဌကုနှင့် သူ၏ဆက်ဆံရေးမှာ ဩဇာကြီးသူတစ်ဦးအပေါ် တွယ်ကပ်နေခြင်းဟု ရိုးရှင်းစွာဖော်ပြ၍လည်း မရပေ။

သူတို့က ကိစ္စတော်‌တော်များများကို အတူတူဖြတ်သန်းခဲ့ဖူးကာ သူတို့၏ချည်နှောင်မှုများက သေခြင်းနှင့်ရှင်ခြင်းကဲ့သို့ ခိုင်မာနေခဲ့သည်။

ထို့အပြင် ဤလူများက ဥက္ကဌကုမှာ ဥက္ကဌဝမ်၏ အပျော်တမ်းချစ်သူဟု ထင်မြင်ကြသည်။

သူတို့နှစ်ယောက်ကြားက လှပသောချစ်ခြင်းမေတ္တာကို သူသာလျှင် သိ၏။

ဥက္ကဌဝမ်က ဥက္ကဌကု၏ အသက်မွေးဝမ်းကြောင်းအလုပ်ကို အကာအကွယ်ပေးခဲ့ပြီး ဥက္ကဌကုကလည်း အလားတူပင် လုပ်ဆောင်ခဲ့၏။

အမှန်တကယ်ကိုပင် ဥက္ကဌကုနှင့် ဥက္ကဌဝမ်တို့ကြားရှိ ချစ်ခြင်းမေတ္တာနှင့်ပတ်သက်၍ သံသယဖြစ်စရာဟူ၍ မရှိချေ။

ထို့ကြောင့် နောက်ထပ်အလုပ်အစီရင်ခံစာတွင် သူက ဤကိစ္စကို ပေါ့ပေါ့ဆဆ တင်ပြခဲ့၏။

ဝမ်ယွဲ့က အံ့အားသင့်သွားခဲ့သည်။

သူက ကုရှင်းရှစ်ကို မျက်နှာသာပေး၍ ကျေးဇူးဆပ်ရန် ကူညီခဲ့သည်။

ထို့အပြင် သူက များများစားစား လုပ်မပေးခဲ့ဘဲ တရားမျှတသော ပတ်ဝန်းကျင်ဖြစ်စေရန်သာ သေချာစေခဲ့သည်။ ကုရှင်းရှစ်၏ အနုပညာရှင်သာ ဆုတစ်ခုခု ရနိုင်ခဲ့မည်ဆိုပါက ၎င်းမှာ သူ့ကိုယ်ပိုင်အရည်အချင်းကြောင့် ရရှိခြင်းသာ ဖြစ်၏။

သို့သော် ကုရှင်းရှစ်က တစ်စုံတစ်ရာသော ရည်ရွယ်ချက်မရှိဘဲ အကူအညီပေးရန် သက်သက်မျှသာ လုပ်ပေးခဲ့ခြင်း ဖြစ်လိမ့်မည်။

အစောပိုင်းက ကိစ္စများကို သူ ပြန်တွေးမိ၏။ 

ကုရှင်းရှစ်က ငါ့ရဲ့ ဝမ်လုပ်ငန်းစုအတွက် ဖုန်းထင်ယွင်ကို တိတ်တဆိတ်အကြံပြုပေးခဲ့တယ်... တခြား တစ်ယောက်ယောက်ကသာ အဲ့ဒီလို  á€Ąá€›á€ąá€¸á€•ဍတဲအ မျက်နှာသာပေးမှုမျိုး ရအောင်လုပ်ပေးနိုင်ခဲ့ရင် သူတို့က ငါ့ဆီကနေ ဘယ်လောက်တောင် ပြန်ပြီးတောင်းဆိုလိုက်မလဲဆိုတာကို ဘယ်သူက သိနိုင်မှာလဲ...

ဒါပေမယ့် ကုရှင်းရှစ်ကတော့ ငါ့ကို စကားတစ်ခွန်းတောင် ပြောမလာခဲ့ဘူး... စွန်းဟုန်ဖေးဆီကနေသာ မကြားလိုက်ရရင် သူ ဒီလိုပြောပေးခဲ့တယ်ဆိုတာကို ငါ လုံးဝသိမှာ မဟုတ်ဘူး...

နောက်ဆုံးမှာတော့ ဒါတွေအားလုံးကို ငါ လုံးဝ မစဉ်းစားခဲ့မိဘူးပဲ...

ကုရှင်းရှစ်က ဖြူစင်သန့်ရှင်းသော စိတ်အားထက်သန်မှုများဖြင့်သာ ပြည့်နှက်နေခဲ့သူ ဖြစ်သည်။

ဝမ်ယွဲ့က ဤဖျော်ဖြေရေးလောက၏ လှည့်စားမှုနှင့် လျှို့ဝှက်ကြံစည်မှုများကို ကြာရှည်စွာ ကျင့်သားရခဲ့သော်လည်း ကုရှင်းရှစ်ကဲ့သို့ ရိုးသား၍ ဖြောင့်မတ်ကာ နုံအရိုးစင်း‌သောသူကို သူ ပထမဦးဆုံးအကြိမ် ကြုံတွေဖူးခြင်းဖြစ်သည်။

ထိုအချက်က သူ့နှလုံးသားထဲရှိ ရေခဲကဲ့သို့ အေးစက်မှုများကို အရည်ပျော်သွားစေ၏။

သူ့မျက်နှာတွင် မည်သည့်အမူအရာမှ မပြခဲ့သော်လည်း ထိုနေ့တွင် အလုပ်အကြောင်းအစီအရင်ခံ တင်ပြကြသော လက်အောက်ငယ်သားများအားလုံးက ဥက္ကဌဝမ်၏ နွေးထွေးမှုကို ပထမဦးဆုံးအကြိမ် ခံစားခဲ့ကြရသည်။

သူတို့၏ဖြူဖျော့နေသော အသားအရောင်များပင် အနည်းငယ် ပို၍အရောင်တောက်လာသည်ဟု ခံစားလိုက်ရ၏။ 

ထန်လင်းတစ်ယောက်ကသာ တွေးခဲ့သည်။

 “…”

ငါ့ သူဌေးက နည်းနည်းတော့ ထူးဆန်းနေတယ်...

*

မကြာခင်မှာပင် ရွှေကြာပန်းဆုပေးပွဲ အခမ်းအနား ကျင်းပသည့် အချိန်ကျရောက်လာခဲ့၏။

အစပိုင်းတွင် ယခုကဲ့သို့ ပွဲအခမ်းအနားကြီးကို ချင်ဝမ်က ပထမဆုံးအကြိမ် တက်ရောက်ရမည် ဖြစ်ကာ ဖက်ရှင်အသိုင်းအဝိုင်းရှိ သူ(ကုရှင်းရှစ်)၏ကိုယ်ပိုင်အရင်းအမြစ်များမှာ အကန့်အသတ်ရှိသောကြောင့် ပြည့်စုံလုံလောက်သော အရည်အသွေးရှိသည့် အဝတ်အစားများကို ငှားရမ်းနိုင်ရန် ခက်ခဲမည်ကို ကုရှင်းရှစ်က စိတ်ပူနေခဲ့သည်။

မမျှော်လင့်ဘဲ စတားရှိုင်းမီဒီယာက လုပ်လေ့လုပ်ထမရှိသော စိတ်အားထက်သန်မှုဖြင့် ချင်ဝမ်၏ ဝတ်စားဆင်ယင်မှုအတွက် ငှားရမ်းကာ ကူညီပေးမည်ဟူ၍ပင် အစပြု ပြောဆိုလာခဲ့သည်။

ပထမတွင် ကုရှင်းရှစ်က စိတ်ရှုပ်သွားခဲ့သော်လည်း ရှယို့ယင်မှာ စတားရှိုင်းမီဒီယာနှင့် စာချုပ် ချုပ်ဆိုခဲ့ပြီဖြစ်သောကြောင့် သူမက ကူညီခဲ့သည်ဟု တွေးမိခဲ့၏။

ချင်ဝမ်က ပထမဦးဆုံးအကြိမ် ကော်ဇောနီထက်တွင် လမ်းလျှောက်ခြင်း ဖြစ်သော်လည်း စိတ်လှုပ်ရှား၍ မနေခဲ့ပေ။

ဘေးနှစ်ဖက်လုံးတွင် ကြားရသမျှမှာ ကင်မရာများအား အဆက်မပြတ် နှိပ်နေသည့် 'တဖျတ်ဖျတ်' အသံများသာ ဖြစ်၏။

သူ့နာမည်ကို လက်မှတ်ထိုးကာ ဓာတ်ပုံရိုက်ခံပြီးသည့်နောက် ချင်ဝမ်က မီဒီယာအင်တာဗျူးသည့် နေရာကို လျှောက်လာကာ ဖြည်းဖြည်းချင်း ပြုံးပြလိုက်၏။

မီဒီယာများ: "!!!"

ယခင်က သက်ဝင်လှုပ်ရှားနေသော မီဒီယာ အင်တာဗျူးဧရိယာမှာ ရုတ်တရက် တိတ်ဆိတ်သွား၏။

အချိန်အတော်ကြာပြီးနောက် မီဒီယာတစ်ခုမှာ နောက်ဆုံးတွင်  á€›á€žá€ąá€ˇá€žá€­á€Żá€ˇ တိုးလာခဲ့သည်။ ဤမီဒီယာက အနုပညာရှင်များ၏ နာကျင်စေသော နေရာများကို ထိအောင် အညှာအတာကင်းမဲ့စွာ ရက်စက်‌သောမေးခွန်းများ မေးတတ်ခြင်းကြောင့် လူသိများသည်။

လူတိုင်းက သူ့ကို မျှော်လင့်တကြီးဖြင့် ကြည့်နေခဲ့ကြသည်။ 

"ချင်ဝမ်... ဒါက မင်းအတွက် ရွှေကြာပန်းဆုပေးပွဲကို ပထမဆုံးအကြိမ် တက်ရောက်လာတာဆိုတော့ မင်း ဘယ်လိုခံစားရလဲ..."

လူတိုင်း- "???"

ဒါပဲလား?!!

မင်းရဲ့ အညှာအတာကင်းမဲ့မှုက ဘယ်မှာလဲ... မင်းရဲ့ ရက်စက်မှုကရော...

ချင်ဝမ်က အေးအေးဆေးဆေးပင် ပြန်ဖြေခဲ့သည်။

မီဒီယာဧရိယာမှာ တုန်လှုပ်ခြောက်ခြားစရာကောင်းလောက်အောင် တိတ်ဆိတ်သွားပြန်သည်။ ချင်ဝမ်၏မျှော်လင့်ချက်အပြည့်နှင့် အကြည့်များကို မြင်လိုက်ရသော မေးမြန်းသူမှာ အခြားမီဒီယာတစ်ခုအား ကူကယ်ရာမဲ့စွာ အချက်ပြရုံမှတစ်ပါး ရွေးချယ်စရာမရှိခဲ့ပေ။

ရွေးချယ်ခံရသော သတင်းထောက်က တုန်လှုပ်ခြောက်ခြားစွာဖြင့် မေးခဲ့၏။
"အမ်... ချင်ဝမ် ဒီနေ့ ညစာ ဘာစားခဲ့လဲ..."


🍉🍉🍉🍉 အခန်း ၇၀


ရွှေကြာပန်းဆုပေးပွဲ၏ ကော်ဇောနီ တိုက်ရိုက်ထုတ်လွှင့်မှုမှာ သက်ဝင်လှုပ်ရှားလျက်ရှိသည်။

ဖန်သားပြင်ထက်၌ ကြည့်ရှုသူများမှာ ရယ်ရယ်မောမောနှင့် စကားစမြည် ပြောဆိုလျက်ရှိပြီး ရံဖန်ရံခါ အနုပညာရှင်များ၏ ကော်ဇော်နီဖက်ရှင်နှင့် ပတ်သက်၍ မှတ်ချက်ပေးကာ သူတို့ကြိုက်နှစ်သက်သည့် idol များ ပေါ်လာချိန်တွင် သောင်းသောင်းဖျဖျ အားပေးကြပြီး အရာအားလုံးမှာ ပုံမှန်အတိုင်း ရှိသည်ဟု ထင်ရသည်။

ချင်ဝမ် ပေါ်မလာခင်ထိ ဖြစ်သည်။

အင်တာနက်သုံးစွဲသူများ၏ မှတ်ချက်များမှာ -

[အဲဒီမီဒီယာတွေက အခုလည်းကျ ကိုးရိုးကားယားတွေဖြစ်နေရော.. ခုနကတုန်းကတော့ သူတို့မေးခွန်းတွေက စူးရှထက်မြက်နေတာ ချင်ဝမ်လည်း ပေါ်လာရော ရုတ်တရက်ကြီး သဘောတွေကောင်းနေလိုက်ကြတာများ တခြားသူတွေကို တွန်းချဖို့ တွင်းနက်နက်တူးပေးထားတဲ့ လူတွေ မဟုတ်သလိုပဲ..]

[ဟားဟားဟား ဒါက ‘ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ’ အောင်ပွဲခံ အခမ်းအနားရဲ့ နောက်ဆက်တွဲလား..]

[ချင် ‘မီဒီယာ သတ်ဖြတ်သူ’ ဝမ်]

[ဂန္တဝင်တွင်တဲ့ အခိုက်အတန့်ပဲဟေ့.. မသိသေးတဲ့လူတွေက ‘ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ’ အောင်ပွဲခံ အခမ်းအနားတုန်းက ချင်ဝမ်ရဲ့ အင်တာဗျူး ဆိုပြီး ရှာကြည့်ကြ..]

[ဒီနေ့ ‘ချင်ဝမ် နဲ့ မီဒီယာ’ နောက်တစ်ပွဲလို့ ကြားထားလို့ ရောက်လာတာလေ.. မီဒီယာတွေက ကြက်ကလေး အစာကောက်သလို ခေါင်းငုံ့နေမယ်လို့ မထင်ထားဘူး.. လုံးဝ စိတ်ပျက်တယ်..]

[မီဒီယာတွေကို နားချိန်လေး ပေးလိုက်ကြပါဦး.. သူတို့လည်း လူတွေပဲလေ.. ဟားဟားဟား]

*

ချင်ဝမ် ကော်ဇောနီလျှောက်ပြီးနောက် ကုရှင်းရှစ်က ခန်းမအတွင်းသို့ ဦးစွာဝင်သွားကာ မန်နေဂျာသီးသန့်အပိုင်း၌ ထိုင်လိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ကုရှင်းရှစ်ဘေး၌ ထိုင်နေသည့် မန်နေဂျာမှာ စတားရှိုင်းမီဒီယာမှ ဖြစ်သည်။

သူမက လုပ်ငန်းခွင်ဝတ်စုံ ဝတ်ဆင်ထားပြီး အတော်လေး လုပ်ရည်ကိုင်ရည် ရှိပုံရသည်။ ကုရှင်းရှစ်အား မြင်သည့်အခါ လက်ဦးမှုယူကာ နှုတ်ဆက်သည်။
“မင်္ဂလာပါ ဥက္ကဌကု.. ကျွန်မက ကျိဝမ်ရှုပါ.. ယို့ယင်ရဲ့ မန်နေဂျာအသစ်ပေါ့..”

ကုရှင်းရှစ် လက်ဆွဲနှုတ်ဆက်လိုက်သည်။

နှစ်ဦးသား စကားစမြည်အချို့ ပြောဆိုပြီးနောက် ကျိဝမ်ရှုက ပြုံးရင်းပြောသည်။
“ကျေးဇူးတင်ပါတယ် ဥက္ကဌကု.. အရင်တုန်းက ယို့ယင်ကို ကူညီပေးခဲ့တဲ့ အတွက်ပါ..”

ကုရှင်းရှစ် ခေါင်းယမ်းလိုက်သည်။
“ရပါတယ်.. ထွေထွေထူးထူး မဟုတ်ပါဘူး..”

ကျိဝမ်ရှုက ငယ်ရွယ်ပြီး အဆင့်အတန်းမြင့်သူတစ်ဦးမှာ အထက်စီးဆန် မောက်မာလိမ့်မည်ဟု ထင်ခဲ့မိသော်ငြား ကုရှင်းရှစ်မှာ ချဉ်းကပ်လွယ်ပြီး နွေးထွေးပျူငှာကာ သဘောကောင်းသူ ဖြစ်သောကြောင့် အံ့ဩသွားရသည်။

သူမ၏ တင်းမာနေသော စိတ်အခြေအနေပင် ပြေလျော့သွားရသည်။

ကုရှင်းရှစ်က တစ်စုံတစ်ခုအား အမှတ်ရဟန်ဖြင့် ထပ်ပေါင်းပြောသည်။
“ကျွန်တော်တို့ ချင်ဝမ်ကို ဝတ်စုံငှားဖို့အတွက် ကူညီပေးတာတောင် ကျေးဇူးမတင်ရသေးဘူးပဲ..”

ကျိဝမ်ရှုက ကောလာဟလအချို့ ကြားထားသဖြင့် နာမည်ကောင်း မယူရဲသောကြောင့် အလျင်အမြန် ပြောလိုက်သည်။
“ဥက္ကဌကုက အရမ်းကြင်နာတတ်တာပဲ.. လဲ့ရှစ်နဲ့ ကျွန်မတို့ စတားရှိုင်းရဲ့ ဆက်ဆံရေးက ဒီကိစ္စတွေ ပြောဖို့တောင် မလိုဘူးလေ.. ဥက္ကဌကုရဲ့ အရေးကိစ္စက ကျွန်မတို့ ကိစ္စပဲပေါ့..”

ယခင်က အခွင့်အရေးများအားလုံးကို စွန်းဟုန်ဖေး တစ်ဦးတည်းသာ သိမ်းကျုံးရယူထားခဲ့သည်။ ယခုအခါ ဥက္ကဌကုနှင့် ဆက်သွယ်နိုင်မည့် အခွင့်အရေး ရလာပြီဖြစ်သောကြောင့် ရာထူးတိုးရန်၊ အဆင့်မြင့်လာရန် စိတ်အားထက်သန်နေကြသည့် လူတစ်စုမှာ ရလာသမျှ အခွင့်အရေးများအား ဖမ်းဆုပ်နိုင်ရန် တက်တက်ကြွကြွပင် ကြိုးပမ်းကြသည်။

ကုရှင်းရှစ်ပင်လျှင် သူမ၏ စိတ်အားထက်သန်မှုကြောင့် အတော်လေး နားမလည်နိုင်ဘဲ ရှိလေသည်။

ကုမ္ပဏီကြီးတွေက အေးစက်ပြီး နှလုံးသားမရှိဘူးလို့ ဘယ်သူပြောတာလဲ.. သူတို့က သစ္စာရှိမှုကို တန်ဖိုးထားတာ သိသာနေတာကြီးကို.. ရှယို့ယင်ရဲ့ ပြဿနာသေးသေးလေးကိုပဲ ကူညီပေးခဲ့တာလေ.. အခုကျ ကုမ္ပဏီတစ်ခုလုံးက ငါ့ကိုကျေးဇူးတင်နေကြပြီ..

ထိုအချိန် စွန်းဟုန်ဖေးအကြောင်း တွေးမိလိုက်သည်။
လောင်စွန်းကလည်း နှလုံးသားနွေးထွေးတဲ့ လူတစ်ယောက်ပဲ..

ထို့ကြောင့် မှတ်ချက်မပေးဘဲ မနေနိုင်တော့ချေ။
“ခင်ဗျားတို့ ကုမ္ပဏီရဲ့ ကော်ပိုရိတ်ယဉ်ကျေးမှုကလည်း တကယ်ကို ကောင်းလွန်းပါတယ်..”

ကျိဝမ်ရှုက ပြန်ဖြေသည်။
“အဓိက အချက်ကတော့ ဥက္ကဌဝမ်ရဲ့ ကောင်းမွန်တဲ့ ဦးဆောင်မှုကြောင့်ပါ..”

ကုရှင်းရှစ် : “…”

သူတို့ရဲ့ ပုဂ္ဂိုလ်ရေးဆန်ဆန် ကိုးကွယ်မှုတွေက အတော်လေး အလွန်အကျွံ ဖြစ်နေပုံပဲ..

*

များမကြာမီ ဆုပေးပွဲ စတင်လေသည်။

အကောင်းဆုံး လူသစ်သရုပ်ဆောင်ဆုအား အစောပိုင်းတွင် ကြေညာခဲ့သည်။ တင်ဆက်သူမှ ဆန်ခါတင်စာရင်းဝင်သူများအား ဖော်ပြပြီးနောက် ကင်မရာသည် ဆန်ခါတင်များအကြား ဝေ့ဝဲနေသည်။

ကုရှင်းရှစ် လက်သီးတင်းတင်းဆုပ်ထားမိသည်။

ဤဆုအား ရရှိနိုင်ရန် အဘက်ဘက်မှ ကြိုးစားထားသည်။

နောက်ဆုံးတွင် ဆုရရှိသူအား ကြေညာမည့်အချိန်သို့ ရောက်ရှိလာသည်။ ကုရှင်းရှစ်မှာ ပေါ့ပေါ့ပါးပါး နေတတ်သူဖြစ်သော်ငြား ဤအခိုက်အတံ့၌ စိတ်မလှုပ်ရှားဘဲ မနေနိုင်ချေ။

ကုရှင်းရှစ်က လက်နှစ်ဖက် တင်းတင်းဆုပ်ထားသည့် ချင်ဝမ်အား မသိစိတ်မှ အလိုအလျောက် ကြည့်လိုက်မိသည်။ စိတ်လှုပ်ရှားမှုအား ဖုံးကွယ်နိုင်ရန် အကောင်းဆုံးကြိုးစားနေသည့်တိုင်အောင် ချင်ဝမ်၏ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်မှုတို့အား ခံစားမိနိုင်သည်။

မျှော်လင့်စောင့်စားနေသည့် အခိုက်အတန့်မှာပင် ဆုကြေညာသူမှ စာအိတ်အား ဖွင့်ဖောက်လိုက်သည်။

“၃၂ ကြိမ်မြောက် ရွှေကြာပန်းဆုပေးပွဲရဲ့ အကောင်းဆုံးလူသစ်သရုပ်ဆောင်ဆုကို ရရှိသွားသူကတော့ ‘ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ’ မှ ချင်.. ဝမ်... ဖြစ်ပါတယ်… ဂုဏ်ယူပါတယ်..”

ချင်ဝမ်က ကြောင်အနေပြီးနောက် စိတ်သက်သာရာ ရသွားဟန်ရှိသည်။ ထို့နောက် မျက်နှာထက်၌ ရွှင်ပြသော အပြုံးတစ်ခု ဖြစ်တည်လာသည်။

သူက ကုရှင်းရှစ် ရှိရာသို့ ကြည့်လိုက်မိသည်။ အဝေးမှနေ၍ ကုရှင်းရှစ်အား ခပ်ရေးရေးမျှသာ မြင်နိုင်သော်ငြား ပြုံးပြမိဆဲဖြစ်သည်။

ကင်မရာသည် အခြားဆန်ခါတင်များနှင့် ဧည့်သည်များထံ ဝေ့ဝဲနေပြီး လူတိုင်းသည် အားပေးထောက်ခံသော အပြုံးများဖြင့် လက်ခုပ်တီးဂုဏ်ပြုနေကြသည်။

မှတ်ချက်များ..

[ဂုဏ်ယူပါတယ် အစ်ကိုချင်.. အရမ်းမိုက်တာပဲ..]

[ဒီနှစ်ရဲ့ အကောင်းဆုံးလူသစ်သရုပ်ဆောင်ဆုက ဒီနှစ်ပိုင်းထဲ အငြင်းပွားမှု အနည်းဆုံးပဲ..]

[ဖျော်ဖြေရေးလောက တစ်ဝက်လောက်က ချင်ဝမ်ရဲ့ သရုပ်ဆောင်ကျွမ်းကျင်မှုကို အသိအမှတ်ပြုထားကြတာ.. နာမည်ကြီး ဒရာမာထဲ ပါဝင်ခွင့်ရတယ်.. မေးခွန်းထုတ်လို့ရတဲ့ ဒေတာတွေချင်း ယှဉ်ကြည့်မယ်ဆိုရင်တောင် တခြားဆန်ခါတင်တွေက ချင်ဝမ်ကို ယှဉ်လို့မရဘူး..]

ချင်ဝမ် စင်မြင့်ရှိရာသို့ လျှောက်လှမ်းသွားသည်အား ကင်မရာမှ လိုက်ပါရိုက်ကူးသည်။

ဆုကြေညာသူထံမှ ဆုနှင့် ပန်းစည်းလက်ခံပြီးနောက် သူ၏ မျှော်လင့်ချက်နှင့် ကြိုးစားအားထုတ်မှုတို့ အကောင်အထည်ပေါ်လာပြီဟု ခံစားမိသည်။

မိုက်ခရိုဖုန်းရှိရာသို့ လျှောက်လှမ်းသွားပြီးနောက် ဧည့်ပရိသတ်များရှိရာသို့ ကြည့်ပြီး ရုတ်တရက် ကြောင်အသွားသည်။

ညီမဖြစ်သူအတွက် လက်စားချေရာမှစကာ ဖမ်းဆီးထိန်းသိမ်းခံရချိန်တွင် သူ၏ဘဝတစ်ခုလုံး အဆုံးသတ်သွားပြီဟု ထင်ခဲ့မိသည်။

ထို့နောက် ကုရှင်းရှစ် ပေါ်လာပြီး သူ့အား လမ်းကြောင်းအသစ်တစ်ခု လျှောက်လှမ်းစေခဲ့သည်။
“ဒီနေ့.. ဒီဆုကို လက်ခံရယူတဲ့အချိန်မှာ ကျွန်တော် ကျေးဇူးအတင်ချင်ဆုံးလူကတော့ ကျွန်တော့်ရဲ့ မန်နေဂျာလည်းဖြစ် သူဌေးလည်းဖြစ်တဲ့ ကုရှင်းရှစ် ပါပဲ..”

ချင်ဝမ်က ခေါင်းမော့ကာ ကုရှင်းရှစ် ရှိရာသို့ ကြည့်လိုက်သည်။

ကင်မရာသည်လည်း ချင်ဝမ်၏ အကြည့်နောက်မှ လိုက်ပါကာ ကုရှင်းရှစ်မျက်နှာအား ချိန်ရွယ်လိုက်သည်။

မှတ်ချက်များ...

[အားးးး ဥက္ကဌကုရဲ့ မျက်နှာလှလှလေးကို ကြည့်ရပြီ..]

[ဝါးးး အစ်ကိုချင်ရဲ့ အတိတ်အကြောင်း သိပြီးကတည်းက အစ်ကိုချင် ဥက္ကဌကုနဲ့ တွေ့ဆုံခွင့်ရတဲ့အတွက် အရမ်းကျေးဇူးတင်မိတုန်းပဲ.. ဥက္ကဌကုက ကမ္ဘာပေါ်မှာ အကောင်းဆုံး မန်နေဂျာပဲ..]

[အစ်ကိုချင်ရဲ့ ဆုလက်ခံစကားက တကယ်ပဲ ရင်ထဲထိရတယ်.. မစိုးရိမ်ပါနဲ့.. ဥက္ကဌကုသာ အစ်ကိုချင်ဘေးမှာရှိရင် အောင်မြင်မှုလမ်းကြောင်းပေါ် မယိမ်းမယိုင် လျှောက်လှမ်းနိုင်မှာပါ..]

ချင်ဝမ်သည် ဆုတံဆိပ်အား ကိုင်ကာ သူ့ထိုင်ခုံသို့ မပြန်ဘဲ ကုရှင်းရှစ် ရှိရာသို့ ဦးတည်ကာ တန်းတန်းမတ်မတ် လျှောက်လှမ်းလာသည်။ ကုရှင်းရှစ်အား အသာပွေ့ဖက်ပြီးနောက် ဆုတံဆိပ်အား လက်ထဲသို့ ထည့်ပေးလိုက်သည်။

ကုရှင်းရှစ် နားမလည်နိုင်ဘဲ ရှိလေသည်။

ချင်ဝမ်က အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောသည်။
“ဒါက ကျွန်တော့်ရဲ့ ပထမဆုံး ဆုတံဆိပ်ပါ.. ဒါက ကျွန်တော်တင်မကဘူး ဥက္ကဌကုလည်း ပိုင်ပါတယ်.. အနာဂတ်မှာ ကျွန်တော် ဥက္ကဌကုအတွက် ဆုတွေပိုပြီး ရလာအောင် ကြိုးစားပါမယ်..”

ကင်မရာသည် ထိုအခိုက်အတံ့အား ပြီးပြည့်စုံစွာ ဖမ်းယူလိုက်နိုင်သည်။ ချင်ဝမ်သည် ကုရှင်းရှစ်လက်အား မြှောက်ကာ အားပါးတရ ပြုံးလိုက်ပြီး သူ့ဘဝ၏ အရေးအကြီးဆုံးလူအား ဆုတံဆိပ် ပေးအပ်နိုင်ခြင်းအတွက် ဂုဏ်ယူဝံ့ကြွားနေပုံရသည်။

မှတ်ချက်များ...

[အနုပညာရှင်နဲ့ မန်နေဂျာအကြား ဒီလောက်ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာကို ပထမဆုံး မြင်ဖူးတာပဲ.. အတော်လေး ရင်ထဲထိတယ်..]

[အစ်ကိုချင်ရဲ့ သံန္နိဌာန်ပြုစကားက အရမ်းပဲ စိတ်လှုပ်ရှားစရာ ကောင်းလိုက်တာ.. နှစ်ယောက်လုံး အရမ်းအံ့ဩဖို့ကောင်းတယ်..]

ကုရှင်းရှစ်ထံသို့ ဆုတံဆိပ် လွှဲပြောင်းပေးပြီးနောက် ချင်ဝမ်က စိတ်ကျေနပ်စွာဖြင့် ထိုင်ခုံရှိရာသို့ ပြန်သွားသည်။

ကုရှင်းရှစ်က ကူကယ်ရာမဲ့မှုနှင့် ဂုဏ်ယူမှုတို့ ရောယှက်စွာဖြင့် ဆုတံဆိပ်အား ကိုင်ကာ ပြုံးနေမိသည်။

ဒီကောင်လေးကတော့..

ဤသည်မှာ မန်နေဂျာတစ်ဦး ဖြစ်ရခြင်း၏ အောင်မြင်မှု အသီးအပွင့် ဖြစ်ရမည်။

ကုရှင်းရှစ်အနီး၌ ရှိနေသည့် မန်နေဂျာများမှာ မနာလိုစွာဖြင့် ကြည့်လာကြသည်။

အနုပညာရှင်နှင့် အရင်းနှီးဆုံးလူ ဖြစ်သောကြောင့် ဤသို့သော အခြေအနေမျိုးတွင် အနုပညာရှင်များသည် သူတို့၏ မန်နေဂျာများအား ကျေးဇူးတင်သည်တွေ့မြင်နေကျ ဖြစ်သော်ငြား အောင်မြင်မှု အခိုက်အတံ့အား အတူတကွ မျှဝေခံစားသည်မှာမူ ရှားပါးလှသည်။

ဆုပေးပွဲအား ဆက်လက်ကျင်းပနေပြီး များမကြာမီ ဤညနေခင်းအတွက် ပထမဆုံးသော အဓိကဆုကြီးတစ်ဆု ကြေညာမည့်အချိန် ရောက်ရှိလာသည်။ အကောင်းဆုံးဒါရိုက်တာဆုပင်။

လေထုအခြေအနေက တင်းမာလာသည်။

ဆုကြေညာသူ၏ ကြေညာသံ ထွက်ပေါ်လာသည်။
“၃၂ ကြိမ်မြောက် ရွှေကြာပန်းဆုပေးပွဲရဲ့ အကောင်းဆုံးဒါရိုက်တာဆု ရရှိသွားသူကတော့ ‘ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ’ မှ ကောင်းရှန် ဖြစ်ပါတယ်.. ဂုဏ်ယူပါတယ် ဒါရိုက်တာကောင်း..”

ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ အဖွဲ့သားများ၏ ဩဘာပေးသံများ ထွက်ပေါ်လာသည်။ လူတိုင်းသည် ကောင်းရှန်အား ပွေ့ဖက်ရန် ပြေးသွားကြသည်။

ကောင်းရှန်၏ မျက်လုံးထဲ၌ မျက်ရည်များ ဝေ့သီလာသည်။

စင်ပေါ်၌ နေရာယူပြီးနောက် ဆုလက်ခံကာ ပြုံးလိုက်သည်။
“ဒါက ကျွန်တော့်ရဲ့ ပထမဆုံး ဆုတံဆိပ် မဟုတ်ပေမဲ့ အကောင်းဆုံးဒါရိုက်တာဆုကို ရရှိတဲ့ ပထမဆုံးအကြိမ်ပါ.. ဘာကြောင့်မှန်းတော့ မသိဘူး ဒီဆုကို လက်ခံရတာ အကောင်းဆုံးဇာတ်ညွှန်းဆုထက် ပိုပြီးတော့ လေးတယ်လို့ ခံစားရတယ်..”

ဧည့်ပရိသတ်များကြားမှ ရယ်မောသံ ထွက်ပေါ်လာသည်။

တင်းမာနေသည့် လေထုအား ပြေလျော့သွားစေရန် ဟာသအချို့ ပြောပြီးနောက် ကောင်းရှန်က ဆုလက်ခံစကားပြောပြီးသည့်အခါ နိဂုံးချုပ်အနေနှင့်ပြောလိုက်သည်။
“ဒီဒရာမာကို ဖန်တီးတဲ့နေရာမှာ ကျွန်တော် ကျေးဇူးအတင်ချင်ဆုံး လူကတော့ ဥက္ကဌကု ပါပဲ.. ဥက္ကဌကုကို ကျေးဇူးတင်ပါတယ်..”

ကင်မရာက ကုရှင်းရှစ်ထံသို့ ရောက်သွားပြန်သည်။

ချင်ဝမ်၏ ဆုတံဆိပ်အားကိုင်ကာ ရူးနှမ်းနှမ်းပြုံးနေသော ကုရှင်းရှစ်သည် သူ့နာမည်ကို ကြားလိုက်ရသောကြောင့် အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။

မှတ်ချက်များ..

[အားးးး ဥက္ကဌကုရဲ့ မျက်နှာလှလှလေးကို နောက်တစ်ကြိမ် ကြည့်ရပြီ..]

[ဟားဟားဟား ဥက္ကဌကုက အရမ်းချစ်စရာကောင်းတာပဲ.. အိပ်ငိုက်နေတုန်း ဆရာမမိသွားတဲ့ ကျောင်းသားလေးလိုပဲ..]

[ဒါရိုက်တာကောင်းက ဥက္ကဌကုကို ဘာဖြစ်လို့ ကျေးဇူးတင်ရတာလဲဆိုတာ သိချင်နေတာ ငါတစ်ယောက်တည်းလား..]

အင်တာနက်သုံးစွဲသူများ၏ မေးခွန်းများအား သိနေသည့်အတိုင်း ကောင်းရှန်က ရယ်မောကာ ဆက်ပြောသည်။
“ဥက္ကဌကုကြောင့်သာ မဟုတ်ရင် ကျွန်တာ်တို့ ရိုက်ကူးရေးအဖွဲ့ဆိုတာ ရှိမှာတောင် မဟုတ်ပါဘူး.. ကျွန်တော်တို့က စမ်းသပ်ချက်တွေ ဆင်းရဲဒုက္ခတွေ အများကြီးကို ဖြတ်ကျော်ခဲ့ပြီးမှ လူတိုင်း သဘောကျနှစ်ခြိုက်တဲ့ ဒရာမာတစ်ကား ထုတ်လုပ်နိုင်ခဲ့တာပါ.. ဒီအတွက် ဥက္ကဌကုရဲ့ မရှိမဖြစ် ပံ့ပိုးကူညီပေးမှုတွေကို အများကြီး ကျေးဇူးတင်ပါတယ်..”

မှတ်ချက်များ...

[ငါလည်း ကောလာဟလတွေ ကြားထားတယ်.. အစက ဗီလိန်သရုပ်ဆောင်က ဝူထောင်တဲ့.. ဒါပေမဲ့ သူက အဖမ်းခံလိုက်ရတယ် မဟုတ်ဘူးလား.. လောင်းကစားကြွေးတွေ နစ်နေလို့ သရုပ်ဆောင်အဖွဲ့ဝင်တွေကို မသင့်တော်တဲ့ပုံတွေ လျှို့ဝှက်ရိုက်ကူးဖို့ ကြိုးစားခဲ့တာတဲ့.. ဥက္ကဌကု အချိန်မီ သိသွားတာကို ကျေးဇူးတင်ရမှာပဲ.. အဲဒါကြောင့် ဘာမတော်တဆမှ မဖြစ်ခဲ့တာတဲ့..]

[ဘုရားရေ.. တကယ်ပဲ အဲလိုဖြစ်သွားတာလား..]

[အဲဒါတင်မကဘူး မူလ ရင်းနှီးမြှုပ်နှံသူက ထျန်းချန်ဗီဒီယို မဟုတ်ဘူးတဲ့.. မူလရင်းနှီးမြှုပ်နှံသူက ဇာတ်ညွှန်းကို မကြိုက်လို့ ရင်းနှီးငွေတွေကို ပြန်ထုတ်သွားခဲ့တာတဲ့လေ.. ဥက္ကဌကုက ထျန်းချန်ဗီဒီယိုနဲ့ ဆက်ဆံရေးကောင်းရှိလို့ သူတို့က ရင်းနှီးမြှုပ်နှံသူ အသစ်ကို ရလိုက်တာလေ.. ဥက္ကဌကု ကျေးဇူးကြောင့်ပဲ..]

ထိုအချိန်တွင် ကုရှင်းရှစ် အနီးရှိလူများမှာ ကုရှင်းရှစ်အား မတူကွဲပြားစွာ ကြည့်လာကြသည်။

သူတို့ရဲ့ ကိုယ်ပိုင်အနုပညာရှင်က မန်နေဂျာကို ကျေးဇူးတင်တာက တွေ့နေကျမို့လို့ ထားပါတော့.. အခုက ဒါရိုက်တာကပါ ကျေးဇူးတင်နေတာတဲ့လား..

အကောင်းဆုံးဒါရိုက်တာဆုပြီးနောက် နည်းပညာပိုင်းဆိုင်ရာ ဆုများ ချီးမြှင့်သည်။ ထို့နောက် အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆု ပေးရမည့်အချိန်သို့ ရောက်လာသည်။

၎င်းက ဤနှစ် ရွှေကြာပန်းဆုပေးပွဲ၌ ယှဉ်ပြိုင်မှု အပြင်းထန်ဆုံး ဆုလည်းဖြစ်သည်။ ဆုကြေညာသူပင်လျှင် ပုံမှန်ထက်ပို၍ အချိန်ဆွဲနေလေသည်။

ရှယို့ယင် နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။

အစောပိုင်း ကောလာဟလများအရ ရှယို့ယင်မှာ ဤဆုအတွက် အလားအလာအရှိဆုံးသူဖြစ်သည်။ သို့သော် အတိတ်မှ အဖြစ်အပျက်များအရ သူမဆုရရန် အခွင့်အရေးမှာ အလွန်နည်းပါးသည်။

သို့သော် ဤနှစ်ဆုပေးပွဲမှာ အတော်လေး မျှတပုံရသည်။ မမျှော်လင့်ထားသည့် ဖျက်မြင်းများပေါ်မလာသဖြင့် ဆုများအားလုံးမှာ ထိုက်တန်သူများသာ ရရှိသွားသောကြောင့် သူမလည်း အနည်းငယ် မျှော်လင့်မိသည်။

ဆုကြေညာသူမှ သူမအမည်အား ကြေညာလိုက်ချိန်တွင် ရှယို့ယင် ခေတ္တမျှ ကြောင်အသွားသည်။

တကယ်ပဲ ငါ့နာမည်လား..

တကယ်ပဲ ဆုရသွားတာပေါ့..

အခြားသူများ သူမအား ပွေ့ဖက်ကာ ဂုဏ်ပြုစကား ပြောချိန်မှသာ အမှန်တကယ် ဆုရသွားကြောင်း သဘောပေါက်တော့သည်။

အိပ်မက်မက်နေသယောင် စင်မြင့်ပေါ်သို့ တက်သွားပြီးနောက် ရှယို့ယင် စကားမပြောမီ ငိုမိတော့သည်။

စိတ်ခံစားချက်များအား အလျင်အမြန် ထိန်းလိုက်ပြီးနောက် အက်ကွဲနေသောလေသံဖြင့် ပြောသည်။
“ကျွန်မ ကျေးဇူးတင်ချင်တဲ့သူတွေ အများကြီးရှိပါတယ်.. ဒါပေမဲ့ အခုအချိန်မှာတော့ ကျွန်မ ကျေးဇူးအတင်ချင်ဆုံးလူက ဥက္ကဌကုပါ.. ကျွန်မ အနိမ့်ကျဆုံးအချိန်မှာ ကျွန်မကို ဖုန်းခေါ်ပြီး အားပေးနှစ်သိမ့်ပေးခဲ့တဲ့သူက ဥက္ကဌကုပါပဲ.. ကျေးဇူးတင်ပါတယ်ရှင်..”

မှတ်ချက်များ..

[ဝါးးး ယို့ယို့က ခက်ခဲခဲ့တာပဲ.. ကျေးဇူးတင်ပါတယ် ဥက္ကဌကု..]

[ပရိသတ်တစ်ယောက်အနေနဲ့ ငါတို့က ဥက္ကဌကုနဲ့ ဘော့စ် 10086 ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်..]

[ဥက္ကဌကုက တကယ့်ကို နတ်သားလေးပဲ.. ဒီညကတော့ အံ့ဩစရာတွေ ဆက်တိုက်ပဲ..]

မန်နေဂျာအပိုင်းတွင်မူ လူတိုင်းက ကျိဝမ်ရှုအား လျှို့ဝှက်စွာကြည့်လာကြသည်။

မည်သို့ပင်ဖြစ်စေ သူမ၏ ကိုယ်ပိုင်အနုပညာရှင်မှာ အခြားမန်နေဂျာတစ်ဦးအား လူသိရှင်ကြား ကျေးဇူးတင်စကား ဆိုနေခြင်းဖြစ်သည်။ 
သူက တကယ်ကြီး သည်းခံနိုင်တာလား..

မမျှော်လင့်စွာပင် ကျိဝမ်ရှုမှာ ထိုအရာအား စိတ်ထဲမထားရုံသာ မကဘဲ ကုရှင်းရှစ်နှင့် ရယ်ရယ်မောမော စကားပြောနေလေသည်။

တစ်ယောက်မှ ခပ်တိုးတိုးပြောသည်။ 
“စတားရှိုင်းက ဥက္ကဌကုနဲ့ ဒီလောက်တောင် ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေတာ တစ်ခါမှတောင် မသိခဲ့ပါလား..”

ဆုပေးပွဲ အဆုံးသတ်နား ရောက်လာချိန်၌ ယနေ့ည၏ အကြီးကျယ်ဆုံးသော ဆု‌ဖြစ်သည့် “တစ်နှစ်တာ အကောင်းဆုံးတီဗီဒရာမာဆု” နှင့် အဆုံးသတ်မည်ဖြစ်သည်။

အံ့ဩဖွယ်မကောင်းစွာပင် ထိုအဓိကဆုမှာလည်း “ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ” မှ ရရှိသွားသည်။

ယခင်အတွေ့အကြုံများအရ ဒါရိုက်တာသည် ဆုလက်ခံစကားကိုပင် မစောင့်တော့ဘဲ ကုရှင်းရှစ်အား ကင်မရာချိန်လိုက်သည်။

ထိုသို့ဖြင့် ကုရှင်းရှစ် မော့ကြည့်လိုက်ချိန်တွင် အဖွဲ့သားများ၏ ကျေးဇူးတင်အကြည့်များအား မြင်တွေ့လိုက်ရသည်။

မှတ်ချက်များ...

[အားလုံးပဲ ဥက္ကဌကုကို ကျေးဇူးတင်ကြမယ်..]

[မင်းတို့က ဘာဖြစ်နေတာလဲ.. ဥက္ကဌကုကို ကျေးဇူးမတင်ဘဲ ဆုလက်ခံလို့ မရဘူးလား.. ဟားဟားဟား]


 

Search Novels