🍉🍉🍉🍉 အခန်း ၆၁


မထင်မှတ်ထားသောအောင်မြင်မှုက အမြဲဝမ်းသာစရာဖြစ်ခဲ့သော်လည်း ဝမ်ယွဲ့သည် အစပိုင်းတွင် ဇာတ်လမ်းအတွက် Dအဆင့် အရင်းအမြစ်များကိုသာ တောင်းဆိုခဲ့ကြောင်းကို သူ သတိမရမိဘဲ မနေနိုင်ဖြစ်ခဲ့၏။ 

ဒါဆို Aအဆင့် အရင်းအမြစ်တွေနဲ့ ဘာ့ကြောင့် အဆုံးသတ်သွားရတာလဲ...

ထန်လင်းလည်း ထပ်တူထပ်မျှ ပဟေဠိဖြစ်သွားရသည်။ စွန်းဟုန်ဖေးက ဂရုတစိုက် အလုပ်လုပ်သူတစ်ဦးဖြစ်ကြောင်း သူ သိထားပြီး ထိုကဲ့သို့ အခြေခံကျသောအမှားမျိုး ကျူးလွန်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် သူ စွန်ဟုန်ဖေးကို သွားရှာခဲ့သည်။ စွန်း‌ဟုန်ဖေးက အစပိုင်းတွင် Dအဆင့် အရင်းအမြစ်များကို အတည်ပြုခဲ့သော်လည်း နောက်ပိုင်းတွင် ဈေးကွက်ရှာဖွေရေးဌာနထံမှ နောက်ထပ်စာရွက်စာတမ်းတစ်ခု ရောက်လာကာ "ရေးသွင်းမှုပုံစံအမှား"ကို ပြင်ခဲ့ရသောကြောင့် လက်မှတ်ထိုးရန်တောင်းဆိုခဲ့ကြောင်း စွန်ဟုန်ဖေးက ရှင်းပြခဲ့သည်။ “D”အဆင့်အရင်းအမြစ်မှ “A”အဆင့်အရင်းအမြစ်သို့ ပြောင်းထားခြင်းမှလွဲ၍ အားလုံးသည် အတူတူပင်ဖြစ်ကြောင်း သူ သတိပြုမိခဲ့‌သော်လည်း ၎င်းမှာ ထန်လင်း၏အမှားဖြစ်သည်ဟု သူ ယူဆခဲ့သည်။

ထန်လင်းက စွန်းဟုန်‌ဖေး၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဒေါသထွက်သွားခဲ့သည်။ 
"ဒါဆို အဲ့ဒါက ငါ့အမှားလို့ မင်းဘာလို့ထင်ရတာလဲ..."

"ကောင်းပြီ.... ဟုတ်တာပေါ့..." 
စွန်းဟုန်ဖေးက ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။ 
"ငါပြောချင်တာက ဥက္ကဌကုနဲ့ ဥက္ကဌဝမ်တို့ရဲ့ ပတ်သက်မှုကို စဉ်းစားကြည့်မိတာမျိုးပါ...." 

ကုရှင်းရှစ်နှင့်ဝမ်ယွဲ့တို့၏ ဆက်ဆံရေးအကြောင်းနှင့်အတူ Aအဆင့်အရင်းအမြစ် မပေးခြင်းက ယုတ္တိမရှိကြောင်းကို ရှေ့နောက်မစဉ်းစားဘဲ သူ ပြောလိုက်မိတော့မည်ဖြစ်၏။

သူက ထန်လင်း၏ယခင်က ပါးနပ်မှုရှိရန် သတိပေးချက်ကို  á€™á€źá€”်မဟန်ဆန်ဆန် သတိရခဲ့ပြီး အကြောင်းအရာကို ကိုးရိုးကားယားနိုင်စွာ ပြောင်းလဲခဲ့ရင်း ပြောလိုက်သည်။
"ငါဆိုလိုချင်တာက... မင်းပဲ စဉ်းစားကြည့်... ဥက္ကဌကုက ဒီဇာတ်လမ်းတွဲကို ဘယ်လောက်တောင် ထောက်ခံလိုက်သလဲ.... ပြီးတော့ ဇာတ်လမ်းတွဲရဲ့အရည်အသွေးကလည်း အရမ်းမြင့်နေတော့ Aအဆင့်အရင်းအမြစ်ကို မပေးရင် မှားသွားလိမ့်မယ်..."

ထန်လင်း: ?

စွန်းဟုန်ဖေး၏ စကားအသုံးအနှုန်းရွေးချယ်မှုမှာ အနည်းငယ် ထူးဆန်းနေသည်ဟု သူ ခံစားမိသော်လည်း ထန်လင်းက ထိုကိစ္စကို များများမစဉ်းစားခဲ့ပေ။ ထိုသို့ဖြစ်နေသည့်တိုင် စွန်းဟုန်ဖေး ပြောခဲ့သည့် အရာတစ်ခုက သူ့ကို အာရုံစိုက်မိခဲ့စေသောကြောင့် သူ ပြောလိုက်သည်။
“ဒီကိစ္စကို ဆက်ပြီး စုံစမ်းရမယ်”

စွန်းဟုန်ဖေးသည် သူ၏ လျင်မြန်သော တွေးခေါ်မှုက သူ့ကို ထုတ်ဖော်ပြောဆိုမိခြင်းမှ  á€‘ိန်းထဏးနိုင်ခဲအသညအ်ဥတွက် ကျေနပ်စွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်၏။ ထို့နောက် သူ တစ်စုံတစ်ခုကို သတိရသွားခဲ့ကာ ပုံနှိပ်ထုတ်ထားသော စာရွက်စာတမ်းတစ်ခုကို ထန်လင်းထံ သူ ပေးခဲ့သည်။

ထန်လင်းက အံ့ဩစွာကြည့်ရင်း မေးလိုက်သည်။ 
"ဒါက ဘာလဲ..."

စွန်းဟုန်ဖေးက ရှင်းပြခဲ့သည်။ 
"ငါ "ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲအတွက် ပရိုမိုးရှင်းနည်းဗျူဟာတွေကို စောင့်ကြည့်နေရင်း ပြဿနာတချို့ကို သတိထားမိခဲ့တယ်... အပေါ်ယံကတော့ အားလုံးက အဆင်ပြေသလိုပဲ... ဒါပေမယ့် သေချာကြည့်မယ်ဆိုရင် ရှေ့နောက်မညီတဲ့ ကွဲလွဲမှုတချို့ ရှိနေတယ်..."

ထန်လင်းက စွန်းဟုန်ဖေး၏ အားရကျေနပ်စရာကောင်းသော လုံ့လဝီရိယနှင့် တာဝန်ယူမှုအဆင့်အတန်းတို့ကြောင့် အံ့ဩသွားခဲ့သည်။ သူ စာရွက်စာတမ်းများကို လက်ခံရင်း ပြောလိုက်သည်။ 
"စိတ်မပူပါနဲ့... ဥက္ကဌဝမ်ဆီ ဒီအစီရင်ခံစာကို ငါ သေချာ‌ပေါက် ရောက်အောင် ပို့ပေးလိုက်မယ်..."

စွန်းဟုန်ဖေးက ဂုဏ်ယူစိတ်နှင့်အတူ အားမွေးရင်း တွေးလိုက်သည်။ 
ငါ မှန်တယ်... ကုရှင်းရှစ်နဲ့ လက်တွဲတာက အောင်မြင်ခြင်းပဲ...

ထန်လင်းက အချက်အလက်များကို ဝမ်ယွဲ့ဆီသို့ ယူဆောင်လာသောအခါ ဝမ်ယွဲ့က ကျေနပ်သည်ထက်ပင် ပိုနေခဲ့သည်။ သူက ဖန်းကျုံးချန်နှင့် ဖြေရှင်းရန် အခွင့်အလမ်းကို ရှာဖွေပြီးဖြစ်သည်။ ဖန်းကျုံးချန်မှာ အထူးတလည်ကျွမ်းကျင်မှုမရှိသော်လည်း ကိုင်တွယ်ရန်ခက်ခဲသော ဩဇာကြီးမားသည့် မိသားစုဝင်များ၏အဆက်အသွယ်များက  á€€á€ťá€ąá€Źá€‘္ဏက်န္ဏက်ခလဥဖဟစ်ရသိန္ခဟင်းက သူ့ကို တိုက်ရိုက်ရင်ဆိုင်ရန် ခက်ခဲစေခဲ့သည်။

ဒါပေမယ့် အခုတော့ ဖန်းကျုံးချန်က ငါ့အတွက် ပြီးပြည့်စုံတဲ့ အခွင့်အရေးတစ်ခု ပေးလာခဲ့ပြီ....

ထန်လင်းက ပြဿနာများကို အလျင်အမြန် ခြေရာခံခဲ့ရာ သူအလုပ်ဆက်လုပ်နိုင်ရန်အတွက် ကြံရာမရဖြစ်ကာ သူဌေးဖြစ်သူ (ဖန်းကျုံးချန်)ကို ရောင်းစားလိုက်သည့် ကျင်းရှစ်ဟမ်ကို ရှာတွေ့ခဲ့သည်။

ခိုင်လုံသောအထောက်အထားနှင့်တကွ ကျင်းရှစ်ဟမ်၏ထွက်ဆိုချက်နှင့်အတူ ဖန်းကျုံးချန်အား နှုတ်ထွက်သွား‌စေရန် တွန်းအားပေးနိုင်ခဲ့သည်။ ကျင်းရှစ်ဟမ်အတွက်မူ အလုပ်ဆက်လုပ်ခွင့်ရခဲ့သော်လည်း ရာထူးအဆင့်လျှော့ချခံရကာ သူ၏ကိုယ်ပိုင်ရုံးခန်းမှ အကန့်ငယ်လေးများခွဲထား‌သော စားပွဲခုံတစ်ခုဆီသို့ ပြောင်းသွားခဲ့ရသည်။

ပို၍ဆိုးသည်မှာ ဖန်းကျုံးချန်ထွက်ခွာသွားပြီးနောက် ဒုတိယဥက္ကဌ ရာထူးမှာလစ်လပ်သွားပြီး ဌာနဆိုင်ရာ အကြီးအကဲများ ယှဉ်ပြိုင်နိုင်ကြောင်း ကောလာဟလများကို သူကြားခဲ့၏။ အံ့ဩစရာကောင်းသည်မှာ ထိပ်တန်းပြိုင်ဘက်မှာ စွန်းဟုန်ဖေးဖြစ်သည်ဟု ကောလာဟလများ ထွက်ပေါ်နေခဲ့ခြင်းပင်။

ထန်လင်းနှင့်ရင်းနှီးသော ဆက်ဆံရေးအကြောင်း စကားလုံးများမှတစ်ဆင့် ပျံ့နှံ့သွားခဲ့ပြီး စွန်းဟုန်ဖေးမှာ ဝမ်ယွဲ့၏ လူယုံအစစ်ဖြစ်ကြောင်း ယုံကြည်လာခဲ့ကြသည်။

အမှန်တရားကို သိသည့် တစ်ဦးတည်းသောသူ ကျင်းရှစ်ဟမ်သည် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့သည်။ စွန်းဟုန်ဖေးက ဝမ်ယွဲ့၏ လူယုံမဟုတ်ကြောင်း၊ သို့သော်လည်း စွန်းဟုန်ဖေးက မှန်ကန်သောလူများနှင့် အဆင်ပြေပြေ နီးနီးကပ်ကပ်ရှိနေခြင်းကြောင့် ကံကောင်းသွားခြင်းသာဖြစ်ကြောင်း သူ အော်ဟစ်ပြောပြချင်ခဲ့သည်။ 

သို့သော် ရှေ့ကိုရောက်ရန် ဤကဲ့သို့သော ဖြတ်လမ်းကို ထုတ်ပြနိုင်မည့်အကြောင်းအရင်း သူ့တွင် မရှိတော့ချေ။

ထို့ကြောင့် ကျင်းရှစ်ဟမ်သည် ကုရှင်းရှစ်၏မျက်နှာသာပေးခြင်းကို တစ်နည်းနည်းဖြင့်ရစေရမည်ဟု သူ့ကိုယ်သူ လျှို့ဝှက်ကတိပြုရင်း စွန်းဟုန်ဖေးအား ဂုဏ်ပြုဟန်ဆောင်ကာ သူ၏မနာလိုမှုကို သည်းခံခဲ့ရသည်။

*

ထျန်းချန်ဗီဒီယိုက ရွှင်လန်းတက်ကြွမှုများနှင့်ပြည့်နှက်နေသော်လည်း ရှင်းမောင်မီဒီယာရှိ နင်ထျန်းယိုအတွက်မူ အနာဂတ်အတွက် မျှော်လင့်ချက်များ နည်းပါးသွားခဲ့၏။

မကြာသေးမီက ဝမ်ယွဲ့၏ပရောဂျက်ဒါရိုက်တာကို သွေးဆောင်ခေါ်ယူရာတွင် အောင်မြင်ခဲ့သည့်အတွက် သူ ကျေနပ်နေမိခဲ့သည်။ ၎င်းက ထျန်းချန်ဗီဒီယိုအတွက် အဆင်မပြေမှုများဖြစ်စေကာ နင်ထျန်းယိုအား သူ၏ထင်သာမြင်သာသောရှိအောင်ပွဲအတွက် သောက်စားပျော်ပါးခွင့် ပြုခဲ့သည်။

ထို့နောက် "ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲ ပေါ်လာပြီး အခြေအနေကို ချက်ချင်း ပြောင်းပြန်လှန်ခဲ့သည်။

သူ့လူများကို စုံစမ်းခိုင်းခဲ့ပြီးနောက် သေချာခဲ့သည်မှာ ကုရှင်းရှစ်က ဇာတ်လမ်းတွဲ၏ နောက်ကွယ်တွင် ရှိနေပြန်၏။

"ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲက အစောပိုင်းတွင် ရန်ပုံငွေရုပ်သိမ်းခြင်းခံရကြောင်း၊ ထိုအကြောင်းကြောင့်ပင် ရင်းနှီးမြှုပ်နှံမှုအသိုင်းအဝိုင်းတွင် လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ကြောင်းကို သူ သိခဲ့ပြီးဖြစ်သည်။

ဝမ်ယွဲ့ဝင်လာပြီး ရင်းနှီးမြှုပ်နှံလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ.... 

ဝမ်ယွဲ့က သူ၏ "ချစ်သူလေး"အတွက် ရင်းနှီးမြှုပ်နှံပေးရန် ဆန္ဒရှိနေမည်မှာ သေချာပေါက်ပင်။ ရွက်လှေခရီးစဉ်၌ သူ့ချစ်သူအတွက် ပုံအောဖြုန်းတီးခဲ့သည့်အပြင် အလွယ်တကူ ဆုံးရှုံးသွားနိုင်သည့် ဤဇာတ်လမ်းတွဲကဲ့သို့ ရင်းနှီးမြှုပ်နှံမှုတစ်ခုတွင်လည်း ငွေများပုံအောမြှုပ်နှံခဲ့ပြန်သည်။

နင်ထျန်းယို ထိုအကြောင်းကို ပိုတွေးလေလေ ပို၍ဒေါသထွက်လေလေပင်။

ပရဟိတအလှူပွဲတစ်ခုတွင် သူက ဝမ်ယွဲ့ကိုတွေ့လိုက်ရာ တစ်စက္ကန့်မျှမတွေးဘဲ သူ့ဝိုင်ခွက်ကို ကောက်ကိုင်ရင်း တလိမ့်လိမ့်ထွက်နေသော မကျေနပ်မှုများဖြင့် ဝမ်ယွဲ့အနား ချဉ်းကပ်ခဲ့သည်။

ရှင်းမောင်မီဒီယာနှင့် ထျန်းချန်ဗီဒီယိုကြားရှိ လတ်တလော အဆင်မပြေမှုများအကြောင်းကို  á€œá€°á€á€­á€Żá€„်းသိခဲအကဟသည်။ ဝမ်ယွဲ့သည် အံ့အားသင့်ဖွယ် လှုပ်ရှားမှုဖြင့် နောက်ဆုံးတွင် လှည့်ထွက်နိုင်ခဲ့ပြီး လက်တုံ့ပြန်သည့်အနေဖြင့် ဝမ်ယွဲ့က နင်ထျန်းယိုကို ရန်ပုံငွေဈေးကွက်တွင် သိသာထင်ရှားသော ဆိုးရွားသည့်ရလဒ်ကိုဖြစ်စေခဲ့ကာ ထိုထိုးနှက်ချက်တစ်ခုကပင် နင်ထျန်းယို၏ကျောရိုးအား ယခုထိ တဆတ်ဆတ် တုန်ယင်သွားစေခဲ့၏။

ယခုတွင်လည်း သူတို့နှစ်ယောက်သည် လူမြင်ကွင်းတွင် မျက်နှာချင်းဆိုင်တွေ့ကာ ပရိသတ်များအတွက် ကောင်းမွန်သည့် ပြပွဲတစ်ခုဖြစ်ရန် သေချာနေခဲ့သည်။

သို့သော် ဝမ်ယွဲ့က ငြိမ်သက်နေပြီး သူ့အကြည့်ကို အနည်းငယ်မျှသာ ပင့်တင်လိုက်သည်။ သူ့အကြည့်ထဲရှိ သဘာဝအတိုင်းသြဇာအာဏာလွှမ်းမိုးမှုက နင်ထျန်းယို၏လမ်း‌ကြောင်းကို ရပ်တန့်သွားစေရန် လုံလောက်သည်။

ဝမ်ယွဲ့ စကားမပြောမီမှာပင် နင်ထျန်းယိုက တိုက်ပွဲတွင် ရှုံးနိမ့်နေပြီး ဖြစ်၏။

ရုန်းထွက်ရန် ကြောက်ရွံ့သော်လည်း နင်ထျန်းယိုက အမျက်ကြီးစွာဖြင့် မရေမရာ မှတ်ချက်တစ်ခု ပေးခဲ့သည်။ 
"မင်းက အရမ်းကံကောင်းတာပဲ ဝမ်ယွဲ့... မင်း ငါတို့ကို အနှောင့်အယှက်မပေးတော့တာ အံ့ဩစရာမရှိပါဘူး... မင်းအိမ်မှာက ဖွက်ထားတဲ့ ရတနာတစ်ခုရှိနေတာပဲ..."

ဝမ်ယွဲ့: "??"

အဲ့ဒီလူ ဘယ်လိုတောင် အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောနေတာလဲ...

ဒီအခက်အခဲတွေအားလုံးကနေ တကယ်တမ်း ဆုံးရှုံးခဲ့ရတာ ငါမဟုတ်ဘူးလား...

×××××

ဝမ်ယွဲ့က မတုံ့ပြန်ခဲ့‌ချေ။

နေရာတစ်ခုလုံး ချက်ချင်းပင် ကိုးရိုးကားယားနိုင်စွာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

နင်ထျန်းယိုနှင့် နီးစပ်သည့် စီအီးအိုတစ်ယောက်က နှစ်ယောက်ကြားရှိ တင်းမာမှုကို ဖြေလျှော့ရန် မြန်မြန်ဆန်ဆန် ရောက်လာကာ ပြောခဲ့သည်။
"ကောင်းပြီ... အဲဒါကို ဒီတိုင်းထားလိုက်ကြရအောင်" 

ထို့နောက် သူက နင်ထျန်းယို၏ ပုခုံးကိုပုတ်လျက် အသံကိုနှိမ့်ကာ ပြောလိုက်သည်။ 
"ဘာလို့ သူ့ကို ရန်စနေတာလဲ ဥက္ကဌနင်.... နောက်ထပ်ဖြတ်တောက်မှုတွေရှိလာမှာကို  á€™á€€á€źá€ąá€Źá€€á€şá€˜á€°á€¸á€œá€Źá€¸"

အရင်းအနှီးဈေးကွက်တွင် ဝမ်ယွဲ့‌ကြောင့် ရရှိခဲ့သော ဆုံးရှုံးမှုများက သူ့ကို တဆစ်ဆစ်ဖြင့် နာကျင်သွား‌စေခဲ့သည်။ ထို့ကြောင့် သူ တွန့်ဆုတ်စွာဖြင့် ပါးစပ်ကို ပိတ်လိုက်တော့သည်။

စီအီးအိုက သူ့ဝိုင်ခွက်ကိုကိုင်လျက် ဝမ်ယွဲ့နှင့် ချောချောမွေ့မွေ့ဖြစ်စေရန် စကားလမ်းကြောင်းပြောင်းလိုက်သည်။ 
"ဥက္ကဌဝမ်... ဥက္ကဌနင်က ဒီမှာ နည်းနည်းလောက် သောက်ထားလို့ပါ... မင်းက ပိုပြီး သဘောထားကြီးတဲ့လူပဲ... မင်းကပဲ လျှော့ပေးလိုက်ပါ..."

သို့သော် ဝမ်ယွဲ့က အေးစက်စွာ ပြန်ပြောခဲ့သည်။ 
“တကယ်လို့ ငါသာ ဒီကိစ္စကို ဖိနှိပ်ချင်တယ်ဆိုရင် ဒီညပွဲကို တက်ရောက်ဖို့  á€Ľá€€á€šá€€á€Œá€”င် အချိန်မရှိမှာကိုပဲ ငါ စိတ်ပူမိတယ်...”

နင်ထျန်းယို၏အမူအရာက ချက်ချင်းပင် မည်းမှောင်သွားခဲ့သည်။

ထို့နောက် ဝမ်ယွဲ့က ပေါ့ပေါ့ပါးပါး ပြုံးကာ ပြောလိုက်သည်။ 
"ဟာသလေးတစ်ခုပါပဲ ဥက္ကဌနင်... အများကြီး မခံစားနေပါနဲ့..."

ဝမ်ယွဲ့က ပြေရာပြေကြောင်းအမူအရာဖြင့် သူ့ဖန်ခွက်ကိုအနည်းငယ် မြှောက်လိုက်သည်။

ဝမ်ယွဲ့က စကားဝိုင်းတစ်ခုလုံးကို ထိန်းချုပ်ခဲ့ပြီးနောက် နင်ထျန်းယိုသည် စောင်းပါးရိပ်ခြေပြောခြင်းကို လက်ခံလိုက်ရရုံမှတစ်ပါး ရွေးချယ်စရာမရှိခဲ့ချေ။ သူ့အရက်ကို သူသောက်လျက် အံကိုသာ တင်းတင်းကြိတ်ထားခဲ့လိုက်၏။

ဝမ်ယွဲ့က ရက်စက်ကြမ်းကြုတ်သော်လည်း သူက သူ့စကားအတိုင်းသာ နေထိုင်သူတစ်ဦး ဖြစ်သည်။ ဤနေရာ၌ သူ၏စကားများမှာ ပြဿနာကို လွှတ်ပေးထားမည်ဟု ညွှန်ပြနေခဲ့သည်။

နင်ထျန်းယိုက အရှက်ရသည်ဟု ခံစားခဲ့ရသော်လည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ စျေးကွက်တွင် ဝမ်ယွဲ့၏ ရက်စက်ကြမ်းကြုတ်မှုအကြောင်းကို သူကြားရုံမျှသာ ကြားသိခဲ့ရသော်လည်း ၎င်းကို ကိုယ်တိုင်ကြုံတွေ့လိုက်ရသောအခါ သူ အိပ်၍ပင် မပျော်နိုင်ခဲ့ချေ။

ထိုကိစ္စက ပြီးသွားပြီဟု သူ‌တွေးနေမိစဉ် ဝမ်ယွဲ့က ဖန်ခွက်ကို ချလိုက်လျက် မေးလာခဲ့သည်။ 
"ဒါပေမယ့် ငါ မေးရဦးမယ်... ဥက္ကဌနင်... 'အိမ်မှာ ဖွက်ထားတဲ့ရတနာ' ဆိုတာက ဘာကို ဆိုလိုချင်တာလဲ..."

နင်ထျန်းယိုက မချင့်မရဲဖြစ်မှုကြောင့် အသက်ရှူကြပ်လုနီးပါး ဖြစ်သွားသည်။

ဝမ်ယွဲ့... ငါ မင်းကို သနားလိုက်တာ...

ငါ့ကို အရှက်ရစေရုံနဲ့ မလုံလောက်သေးဘူး..... အခုလည်း မင်းချစ်သူကိုပါ ဆွဲခေါ်ချင်‌နေလား...

သူက အေးစက်စွာ ရယ်မောလိုက်လျက် ပြန်ပြောလိုက်သည်။ 
"ဘာလို့ ပြောရခက်နေရတာလဲ ဥက္ကဌဝမ်.... ငါက သတင်းစုဆောင်းတဲ့‌နေရာမှာ လွယ်ကူခဲ့တယ်... အဲ့ဒါက မင်းလိုချင်တဲ့အတိုင်း အတိအကျပဲလေ... ဟုတ်တယ် မဟုတ်လား..."

နင်ထျန်းယို ခေါ်ယူခဲ့သော ပရောဂျက်ဒါရိုက်တာက  á€žá€°áá€•ရ္ဏဂဝက်ဥသစ်ကို မြေပြင်ပေါ်သို့ တည့်တည့်မတ်မတ် သက်ဆင်းစေခဲ့သည်မှာ ဝမ်ယွဲ့က ထိုပရောဂျက်ဒါရိုက်တာ၏ ယခင်က အပြစ်အနာအဆာများကို တွေ့ရှိခဲ့ပြီး ထိုလူအား သူ့(နင်ထျန်းယို)ထံ လှည့်ဖြားခေါ်ယူခွင့်ပြုခဲ့ကာ သူ့ချစ်သူအတွက် ရာထူးနေရာတစ်ခုကို ရှင်းလင်းပေးခဲ့ကြောင်း ထင်ရှားသော လက္ခဏာတစ်ခုပင် ဖြစ်သည်။ ထို့အပြင် အပိုဆုကြေးအဖြစ် ပရောဂျက်ဒါရိုက်တာကို နင်ထျန်းယို မက်မောစေရန် ခြေကုပ်တစ်ခုအဖြစ် အသုံးပြုခဲ့ပြီး ဈေးကွက်စီးပွားရေးတွင် နင်ထျန်းယိုအား ခက်ခဲစေခဲ့သည်။

တစ်ချိန်က သူသည် အခြားသူများထက် သာလွန်သည်ဟု တွေးခဲ့၏။ ဝမ်ယွဲ့အပေါ် ခက်ခဲစေရန် အချိန်၊ ငွေနှင့် ကြိုးစားအားထုတ်မှုတို့ကို သိသိသာသာ အသုံးပြုခဲ့သော်လည်း အဆုံးတွင် မည်သည့်အကျိုးကျေးဇူးမှ မရရှိခဲ့ပေ။

ဝမ်ယွဲ့က တစ်ကြိမ်တည်းဖြင့် ပန်းတိုင်သုံးခုကို အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး အကျိုးအမြတ်များစွာ ရရှိခဲ့သည်။ ထိုအတွက်ကြောင့်သာ မဟုတ်ပါက နင်ထျန်းယို ယခုကဲ့သို့ ဒေါသထွက်နေလိမ့်မည် မဟုတ်ချေ။

ဝမ်ယွဲ့၏ မျက်ခုံးမှာ အနည်းငယ် ကြုတ်သွားရသည်။

နင်ထျန်းယို၏ စကားများကို သုံးသပ်ကြည့်ပါက ဝမ်ယွဲ့သည် ထိုပရောဂျက် ဒါရိုက်တာကို ဖယ်ရှားရန် တစ်ချိန်လုံး စီစဉ်ထားခဲ့ပြီး "ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲကို ဝှက်ဖဲအဖြစ် အသုံးပြုခဲ့သည်ဟု နင်ထျန်းယို နားလည်မှုလွဲနေပုံပင်။ သူ ဒေါသထွက်နေခဲ့သည်မှာ အံ့အားသင့်စရာ မဟုတ်ခဲ့ချေ။ "ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲ အချိန်ကိုက်ထုတ်လွှင့်နိုင်ခဲ့ခြင်းမှာ အမှန်တကယ်ကို ကံကောင်းမှုတစ်ခု ဖြစ်၏။ ရုတ်တရက် လူသိများကျော်ကြားသွားလိမ့်မည်ဟူ၍လည်း မည်သူမျှ မထင်ခဲ့ကြချေ။

နင်ထျန်းယိုဘက်မှ ကြည့်ပါက ဝမ်ယွဲ့က သူ့အိတ်ထောင်ထဲတွင် ဝှက်ဖဲကို ထည့်ထားကာ တိုက်ခိုက်ရန် အဆင်သင့်‌ဖြစ်နေသည်ဟု ထင်နိုင်၏။ သို့သော် ဤအောင်မြင်မှုက သူနှင့်မဆိုင်ကြောင်း ဝမ်ယွဲ့သာ ကောင်းကောင်းသိသည်။

ကုရှင်းရှစ်ကြောင့်သာ မဟုတ်ခဲ့ပါလျှင် ဝမ်ယွဲ့က ကြီးမားသောဘဏ္ဍာရေးထိခိုက်မှုကို ထပ်မံခံရဦးမည်ဖြစ်သည်။ ၎င်းက ယခုဆိုလျှင် နှစ်ကြိမ်‌မြောက်ဖြစ်ပြီး ပထမအကြိမ်မှာ ဖုန်းထင်ယွင်နှင့်ဖြစ်ကာ ဒုတိယအကြိမ်မှာ ယခု ဤနေရာတွင် ဖြစ်သည်။ ရိုးရိုးသားသားပြောရလျှင် နင်ထျန်းယိုက ကုရှင်းရှစ်အား “ရတနာ” အဖြစ်တင်စားပြောဆိုခြင်းက မမှားခဲ့ပေ။ အခြားသူများသာ ထိုအကြောင်းကိုသိခဲ့လျှင်လည်း ယင်ကောင်များကဲ့သို့ ကုရှင်းရှစ်အနားတွင် ဝိုင်းအုံနေကြမည်ပင်။ ကုရှင်းရှစ်က ထိုမြေခွေးအိုကြီးများကို ကိုင်တွယ်ဖြေရှင်းရန် ရိုးသားဖြောင့်မတ်လွန်းသောကြောင့် အရှင်လတ်လတ်ပင် အစားခံရ‌နိုင်လာက်သည်။

ထို့ကြောင့် အခြားလူများက ဤကိစ္စကို သူ၏ကိုယ်ပိုင်အစီအစဉ်ဟု တွေးကြခြင်းကသာ ပို၍ကောင်းသည်ဟု ဝမ်ယွဲ့ ဆုံးဖြတ်ခဲ့သည်။

သူက ၎င်းကို ငြင်းဆိုရန် စိတ်ရှုပ်ခံမနေဘဲ ရိုးရိုးရှင်းရှင်းသာ ပြန်ပြောခဲ့သည်။
“ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ပါတယ် ဥက္ကဌနင်...”

နင်ထျန်းယို၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

မယုံနိုင်စရာပဲ....

ဝမ်ယွဲ့ မင်းက အရမ်းအရှက်တရားကင်းမဲ့‌တဲ့ကောင်...

သူတို့၏ဘေးရှိ အခြားစီအီးအိုကလည်း အံ့ဩသွားကြသည်။

ဝမ်ယွဲ့နှင့် ကုရှင်းရှစ်အကြောင်း ကောလာဟလများကို သူကြားခဲ့ရသော်လည်း ဝမ်ယွဲ့၏ စိတ်ဆတ်တတ်သော စိတ်နေစိတ်ထားကို သိရှိထားသူများအနေဖြင့် ဝမ်ယွဲ့က တစ်စုံတစ်ယောက်အပေါ်တွင် လွန်စွာ စွဲငြိနေလိမ့်မည်ဟု မည်သူမျှ မယုံကြည်ခဲ့ကြပေ။ ပထမဆုံးအကြိမ် ထိုအကြောင်းကို သိလိုက်ရခြင်းက သူ့ကို မျက်စိပွင့် နားပွင့်ဖြစ်သွားစေခဲ့သည်။

“သူရဲကောင်းများပင် အလှ‌တရား၏ ဆွဲ‌ဆောင်မှုအောက်တွင် ကျရှုံးကြ၏” ဟူ၍ လူအများ ပြောကြသည်မှာ အံ့ဩစရာမရှိပေ။ ယခု ဝမ်ယွဲ့က သူ့"ချစ်သူ"အတွက် လူသိရှင်ကြား ရပ်တည်နေပြီး ကုရှင်းရှစ်ကို နှောင့်ယှက်ရန် တွေးနေသူတိုင်းအား နှစ်ခါပြန်စဉ်းစားသင့်သည် သို့မဟုတ်ပါက သူတို့သည် နင်ထျန်းယိုကဲ့သို့ အဆုံးသတ်သွားရလိမ့်မည်ဟု ရှင်းရှင်းလင်းလင်း ဖော်ပြနေခဲ့သည်။

စီအီးအိုက ရုတ်တရက်ပြင်းထန်သော ခံစားမှုများကြောင့် မျက်နှာမှာ နီတလှည့် ဖျော့တလှည့် ဖြစ်နေခဲ့ကာ နောက်ဆုံးတွင် ချီးမွမ်းစကားကို ထုတ်ပြောလာခဲ့သည်။
"ဥက္ကဌဝမ်.... မင်းမှာ အမြင်ကောင်းရှိတာပဲ..."

ဝမ်ယွဲ့သည် ထိုသူက "ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲကို ရည်ညွှန်းပြောဆိုသည်ဟု ယူဆကာ ခေါင်းညိတ်လျက် ပြန်ဖြေလိုက်သည်။ 

"အခုလို ချီးမွမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

စီအီးအို : "..."

ဒီလူငယ်တွေကတော့...

နည်းနည်းလေးလောက် ချုပ်တည်းထားလို့လည်း ထိခိုက်မသွားပါဘူး...

*

ထိုအတောအတွင်း ကုရှင်းရှစ်သည် သူကိုယ်တိုင် ဖန်တီးထားခဲ့သော "ကျောထောက်နောက်ခံ"ရှိကြောင်း အလိမ်အညာမှာ ဝမ်ယွဲ့က သူ့အပေါ် ကာကွယ်ပေးလိုက်ခြင်းဖြင့် သူ၏ နောက်ကွယ်ကလူမှာ ဝမ်ယွဲ့သာဖြစ်သည်ဟု ထုတ်ဖော်လိုက်သကဲ့သို့ ဖြစ်သွားကြောင်းကို လုံးဝသတိမထားမိခဲ့ပေ။

ထိုအချိန်တွင် ကုရှင်းရှစ်က မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့အဖွဲ့၏ နောက်ဆုံးခရီးစဉ်ဖျော်ဖြေပွဲကို ကြည့်ရှုရန် ချင်ဝမ့်ကို ခေါ်ဆောင်သွားခဲ့သည်။

၎င်းသည် ယာယီအဖွဲ့ဖြစ်သော်လည်း ရှင်းမောင်မီဒီယာသည် အတော်လေး ကြိုးစားအားထုတ်ထားခဲ့သည်။ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့၏မန်နေဂျာ ကုရှင်းရှစ်က ဝမ်ယွဲ့၏ချစ်သူဖြစ်ကြောင်း ကောလာဟလများထွက်ပေါ်နေသောကြောင့် လုပ်ငန်းတာဝန်ခံအဖွဲ့က "စီအီးအို၏ပါတနာ"အား စော်ကားမိမည်ကို စိုးရိမ်သဖြင့် သတိကြီးစွာထားခဲ့ကြသည်။

ရလဒ်အနေဖြင့် အဖွဲ့၏ အစီအစဉ်များတွင် ကဏ္ဍတစ်ခုစီတိုင်းကို ပြစ်ချက်ကင်းစွာ အကောင်အထည်ဖော်နိုင်ခဲ့၏။

ကုရှင်းရှစ်က ဖျော်ဖြေပွဲ၏ ဒီဇိုင်းကို တော်တော်လေး သဘောကျခဲ့သည်။ 

ကုမ္ပဏီကြီးတွေက တကယ်ကို ဖျော်ဖြေမှုကောင်းကောင်းလုပ်ပေးနိုင်တာပဲ...

သူက အချိန်ကောင်းကို ပိုင်ဆိုင်ထားကာ ချင်ဝမ့်ကိုလည်း ပျော်ပါးနိုင်ရန် ဆွဲခေါ်ခဲ့သော်လည်း သူ လှည့်ကြည့်လိုက်သောအခါ ချင်ဝမ်က သူ့ကိုယ်သူ ဗလုံးဗထွေး ရေရွတ်လျက် သူ့လက်များသည်လည်း အမူအရာ သေးသေးလေးများလုပ်နေသည်ကို သူ တွေ့လိုက်ရသည်။

သူ မမေးဘဲ မနေနိုင်စွာ မေးလိုက်မိသည်။
"မင်း ဘာလုပ်နေတာလဲ..." 

ချင်ဝမ်က အနည်းငယ် လန့်သွားကာ ရှက်ရွံ့စွာဖြင့် ပြန်ဖြေခဲ့၏။ 
“သူတို့ရဲ့ stage presenceကို ကျွန်တော် လေ့လာနေတာ... ဒီလိုဇာတ်ကောင်မျိုးသာ သရုပ်ဆောင်ရမယ်ဆိုရင် ဘယ်လိုလုပ်ရမလဲဆိုတာ သိအောင်လို့"

ကုရှင်းရှစ်: "..."

ကုရှင်းရှစ်က ချင်ဝမ် အလုပ်တွင် အလွန်စိတ်ပါဈာန်ဝင်နေခြင်းကို မြင်ဖူးသည်မှာ ယခုက ပထမဦးဆုံးအကြိမ်မဟုတ်သော်လည်း ချင်ဝမ့်ကို အထင်ကြီးမိသွားဆဲပင်။ ချင်ဝမ့်ကို အလုပ်အကြောင်း အမြဲတွေးနေမည့်အစား ခေတ္တမျှ အနားယူပြီး  á€¤á€Šá€˜á€€á€şá€Ąá€•ဟင်ထွက်ခဝိန်တွင် ပျော်ပျော်နေရန် သူ အကြံပေးချင်ခဲ့သည်။ သို့သော် ချင်ဝမ် အလုပ်တွင် အာရုံစိုက်ပြီး ကျေနပ်နေပုံရသည်ကို မြင်လိုက်ရသောအခါ ကုရှင်းရှစ်သည် သူ့စကားများကို မျိုချလိုက်တော့သည်။ ၎င်းက ချင်ဝမ်၏ စိတ်အပန်းဖြေနည်း ဖြစ်ကောင်းဖြစ်နိုင်၏။

ဖျော်ဖြေပွဲအပြီးတွင် သူတို့နှစ်ဦးက ဝန်ထမ်းများနှင့်အတူ စင်အနောက်ဘက်သို့ လိုက်ပါခဲ့ကြသည်။


🍉🍉🍉🍉 အခန်း ၆၂


အဖွဲ့ဝင်အားလုံးက မိတ်ကပ်ဖျက်နေသောကြောင့် အဝတ်လဲခန်းအတွင်းတွင် လှုပ်ရှားမှုများဖြင့် စည်ကားနေခဲ့သည်။ ငယ်ရွယ်နုပျိုလျက်ရှိကြသော ယောက်ျားလေးများဖြစ်ကြသည်နှင့်အမျှ အားလုံးက သူတို့မန်နေဂျာများ၏ ဆူပူကြိမ်းမောင်းခြင်း ခံရမည်ကို မမှုဘဲ အသားကင်စားရန်သာ ဆူညံစွာ စီစဉ်နေခဲ့ကြသည်။

ကုရှင်းရှစ်က နောက်ဆုံးတွင် ယင်ဟယ်ဖုန်းနှင့် ပြန်တွေ့ခွင့်ရခဲ့သည်။ Boy Group Training Camp ပြီးကတည်းက သူတို့ တစ်ဦးနှင့်တစ်ဦး မတွေ့ခဲ့ကြရပေ။

ယင်ဟယ်ဖုန်း၏မျက်လုံးများက သူ့ကိုတွေ့လိုက်သည်နှင့် တောက်ပလာခဲ့သည်။ ယခင်ကထက် အနည်းငယ် ပိုပြည့်လာသော ယင်ဟယ်ဖုန်းက ကုရှင်းရှစ်ထံ အမြန်လျှောက်လာစဉ် ပြောခဲ့သည်။
"မစ္စတာကု... မတွေ့ရတာကြာပြီနော်... နောက်ထပ် ကြယ်တစ်ပွင့် မွေးဖွားနိုင်ခဲ့လို့ ဂုဏ်ပြုပါတယ်..."

ကုရှင်းရှစ် အံ့ဩသွားခဲ့ကာ မေးလိုက်၏။ 
"အစ်ကိုယင် ဒီအကြောင်းကိုတောင် သိတယ်လား..."

"ငါတင်မဟုတ်ပါဘူး... တရုတ်ပြည်က လူတိုင်းသိတယ်..."
ယင်ဟယ်ဖုန်းက ဆက်၍ ချဲ့ကားပြောခဲ့သည်။
" ’ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ‘ ဇာတ်လမ်းတွဲက မယုံနိုင်လောက်အောင်ကို ရေပန်းစားတာ... မင်း သူ့ကို အများသူငါရဲ့အမြင်အောက် ပေါ်မလာအောင် ထိန်းသိမ်းထားပေမယ့် အပြင်မှာ လူတိုင်းက ချင်ဝမ့်ကို ပိုပြီးမြင်ရဖို့အတွက် သေလုမျောပါး ဖြစ်နေကြတာနော်..."

ကုရှင်းရှစ်: "...အဲ့ဒီလိုမျိုးအထိတော့ မဟုတ်လောက်ပါဘူး..."

ရိုးရိုးသားသားပြောရပါက ကုရှင်းရှစ်သည် ထိုကိစ္စအတွက် အနည်းငယ် ကူကယ်ရာမဲ့သွားသကဲ့သို့ ခံစားခဲ့ရသည်။ သူက ချင်ဝမ့်ကို အများသူငါနှင့် ထိတွေ့ဆက်ဆံခြင်းမှ ရည်ရွယ်ချက်ရှိရှိ ထိန်းသိမ်းထားခဲ့ခြင်း မဟုတ်ချေ။ ချင်ဝမ်သည် သရုပ်ဆောင်ရန်အတွက် မဟုတ်ပါက ကင်မရာရှေ့တွင် နေရခြင်းကို စိတ်မသက်မသာဖြစ်ပုံရသောကြောင့်သာ ဖြစ်သည်။ ထို့အပြင် ကုရှင်းရှစ်က သရုပ်ဆောင်များသည် လျှို့ဝှက်ဆန်းကြယ်မှုအဆင့်တစ်ခုရှိရန် လိုအပ်သည်ဟု ခံစားခဲ့ရကာ ချင်ဝမ်ကိုယ်တိုင်ကလည်း ပုံမှန်ထက်ပိုသော ထိတွေ့ဆက်ဆံရမှုအပေါ်  á€…ိတ်ဥဏးထက်သန်ခဟင်းမရသိသ္ဏကဟ္ဏငအ် ၎င်းကို တွန်းအားမပေးခဲ့ပေ။

ယင်ဟယ်ဖုန်းက မြန်မြန်ဆန်ဆန်ဖြင့် မရမကပြောပြန်သည်။
“ငါ ကျိန်ရဲတယ်... ငါ ချဲ့ကားပြောနေတာ မဟုတ်ဘူး...”

သူက သက်ပြင်းတစ်ချက်ချကာ ဆက်ပြောခဲ့သည်။ 
“ရိုးရိုးသားသား ပြောရရင် မစ္စတာကု ငါ မင်းကို တကယ်လေးစားအားကျတယ်... မန်နေဂျာအများစုက ဆယ်ယောက်မှာ တစ်ယောက်လောက်ပဲ အောင်မြင်မှုရအောင် လုပ်ပေးနိုင်ကြပေမယ့် မင်းမှာရှိတဲ့ အနုပညာရှင်တိုင်းက နာမည်ကျော်ဖြစ်ကုန်တာချည်းပဲ... မင်း ဘယ်လိုများ လုပ်‌ပေးခဲ့တာလဲ...”

ကုရှင်းရှစ်အမှန်တကယ် စိတ်အနှောင့်အယှက်ဖြစ်သွားရကာ ပခုံးတွန့်ပြလျက် ပြန်ဖြေလိုက်သည်။
"အဲ့ဒါက တကယ့်ကို ကျွန်တော့်ကြောင့် မဟုတ်ဘူး... သူတို့က ပင်ကိုအရည်အချင်းရှိပြီး ကြိုးစားပမ်းစားအလုပ်လုပ်ကြလို့ပါ..."

ယင်ဟယ်ဖုန်း: "..."

အခြားသူများသာ ဤကဲ့သို့ ပြောခဲ့ပါလျှင် သူတို့က သာမာန်ကာလျှံကာပြောသည်ဟု သူတွေးလိုက်မည်ဖြစ်သည်။ သို့သော် ကုရှင်းရှစ်၏မျက်လုံးများတွင် ရိုးသားမှုကိုမြင်လိုက်ရသောအခါ သူ အမှန်တကယ်ဆိုလိုခြင်းဖြစ်ကြောင်းကို သူသိခဲ့၏။

…ဒါက ပိုလို့တောင် စိတ်တိုစရာကောင်းသေးတယ်....

ယင်ဟယ်ဖုန်းက အသက်ကိုပြင်းပြင်းရှူလျက် သူ့ကိုယ်သူ ဤ"ရွေးချယ်ခံရသူ" နှင့် မနှိုင်းယှဉ်ရန် ဆုံးဖြတ်ခဲ့ကာ လေးလေးနက်နက် ဆက်ပြောလိုက်သည်။

"ဒါပေမယ့် ချင်ဝမ့်အကြောင်းကို ဆက်ပြောရမယ်ဆိုရင်... ငါအရင်က သရုပ်ဆောင်တစ်ယောက်ရဲ့ မန်နေဂျာ မလုပ်ဖူးပေမယ့် မင်း သူ့ကို သူ့ပရိသတ်တွေနဲ့ လုံးဝခွဲထားလို့မရဘူးဆိုတာလောက်တော့ ငါ သိတယ်... သူ့အတွက် လူသိရှင်ကြား ထိတွေ့ဆက်ဆံမှုတွေ လိုအပ်နေသေးတယ်... ငါတို့ နေထိုင်နေတဲ့ အခုခေတ်က လူကြိုက်များဖို့က အရေးကြီးတဲ့ခေတ်.... သရုပ်ဆောင်တွေက ခေတ်နဲ့အညီ မနေရင်တောင် သူတို့ရဲ့ မန်နေဂျာဖြစ်တဲ့ ငါတို့က ဒီဟန်ချက်ကို ညီအောင်ထိန်းပေးရမှာ..."

ယင်ဟယ်ဖုန်း၏ အကြံဉာဏ်က အလွန်နက်နဲရိုးသားသည့်အတွက် ကုရှင်းရှစ်က ၎င်းကို နှလုံးသွင်းမှတ်သားခဲ့လျက် လေးလေးနက်နက် ပြန်‌ဖြေလိုက်သည်။ 
“ကျေးဇူးတင်ပါတယ် အစ်ကိုယင်...” 

ခဏမျှရပ်တန့်သွားပြီးနောက် ကုရှင်းရှစ်က တစ်စုံတစ်ခုကို သတိရသွားပုံရသည်။

ယင်ဟယ်ဖုန်းက မေးခဲ့သည်။
"ဘာဖြစ်လို့လဲ... မင်းငါ့ကို ပြောပြချင်တာတစ်ခုခု ရှိလို့လား..."

သူ့စနစ်က မကြာသေးမီက မျှဝေခဲ့သည့် အတင်းအဖျင်းတွေကို တွေးမိပြီး ကုရှင်းရှစ် တုံ့ဆိုင်းသွားခဲ့သော်လည်း သူ မေးကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ 
“အစ်ကိုယင်ရဲ့ကုမ္ပဏီ... အပေါ်ထပ်မှာလည်း idolကုမ္ပဏီတစ်ခုရှိတယ်မလား…” 

ယင်ဟယ်ဖုန်းက ခေါင်းညိတ်ကာ ပြန်ဖြေခဲ့သည်။ 
"ဟုတ်တယ်... ငါတို့ကုမ္ပဏီ‌ထောင်ပြီး တစ်နှစ်လောက်ကြာမှ သူတို့က ရောက်လာတာ... ဒါပေမယ့် သူတို့ရဲ့ စီမံခန့်ခွဲမှု ချဉ်းကပ်နည်းက လှုပ်လှုပ်ရွရွဖြစ်နေခဲ့တယ်လေ... သူတို့က ကြယ်ပွင့်တစ်ယောက်မှလည်း မဖန်တီးနိုင်ခဲ့သေးဘူး... သူတို့မှာ ငွေကြေးထောက်ပံ့မှုရှိနေလို့သာ မဟုတ်ရင် အခုချက်ချင်းကို အကုန်ဆုံးရှုံးသွားလောက်ပြီ..."

ကုရှင်းရှစ်က မေးခဲ့၏။
"သူတို့ သူဌေးအသစ်ရသွားပြီလား..."

ယင်ဟယ်ဖုန်း ခေတ္တမျှ စဉ်းစားလိုက်လျက် ပြန်ဖြေခဲ့သည်။
"သူဌေးအသစ် ရသွားပုံပဲ... ဘာဖြစ်လို့လဲ... ဒီသူဌေးအသစ်နဲ့ ပတ်သတ်ပြီး တစ်ခုခုရှိလို့လား..."

အဖြေပြန်မပေးရသေးမီ ကုရှင်းရှစ် တုံ့ဆိုင်းသွားခဲ့ပြန်သည်။
"ကျွန်တော် ကြားခဲ့တာက... ကောင်းပြီ... ကျွန်တော် သိရ‌သ‌လောက်တော့ ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းနေရတာ ကံညံ့နေလို့လို့ သူက ထင်ခဲ့တယ်တဲ့... အဲ့ဒါကြောင့် သူ့ကံကြမ္မာကို မြှင့်တင်ဖို့ 'ဆရာသခင်' တစ်ယောက်ကို ငှားလိုက်တယ်..."

ယင်ဟယ်ဖုန်း: "?"

ကုရှင်းရှစ်က ဆက်ပြော၏။ 
"အဲ့ဒီ 'ဆရာသခင်'က သူတို့ကုမ္ပဏီရဲ့ ကံကြမ္မာဆိုးဖြစ်လာရတဲ့အကြောင်းအရင်းက အစ်ကိုယင်တို့ ကုမ္ပဏီရဲ့အောင်မြင်မှုတွေက သူတို့ရဲ့အောင်မြင်မှုအားလုံးကို စုပ်ယူနေတာကြောင့်လို့ ပြောခဲ့တယ်... ပြီးတော့ ကံကြမ္မာအပြောင်းအရွှေ့ အဆောင်အမျိုးအစားတချို့ကိုလည်း ရေးဆွဲပေးခဲ့သေးတယ်...."

ယင်ဟယ်ဖုန်း: "???"

ကုရှင်းရှစ်က ထပ်ဖြည့်ကာ ပြောခဲ့သည်။
"အိုး... ပြီးတော့ အဲ့ဒီ'ဆရာသခင်' က အစ်ကိုယင်တို့ရဲ့သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်ကို အစ်ကိုတို့ကုမ္ပဏီရဲ့ ငွေပင်ပေါ်ကို ရေနွေးနဲ့ လျှို့ဝှက်လောင်းချပေးဖို့တောင် လာဘ်ထိုးခဲ့သေးတယ်... အမ်... ယတြာ‌အနေနဲ့နေမှာပေါ့..." 

ယင်ဟယ်ဖုန်း: "???"

*

ယင်ဟယ်ဖုန်းက ဒေါသတကြီးဖြင့် သူ့ အထက်လူကြီးကို ဖုန်းခေါ်ရန် ထွက်သွားခဲ့သည်။

ကုရှင်းရှစ်လည်း သူ့နဖူးထက်မှ ချွေးများကို သုတ်လိုက်သည်။ ရိုးရိုးသားသားပြောရပါက ထိုကဲ့သို့သော… ရိုးရာအစဉ်အလာ စီးပွားရေး နည်းပရိယာယ်များကို သူမြင်တွေ့ခဲ့ရသည်မှာ အချိန်အနည်းငယ် ကြာခဲ့ပြီဖြစ်သည်။

ကုရှင်းရှစ်က ချင်ဝမ့်ကို ဦးဆောင်ကာ မုန့်ယွမ်ရှန့်နှင့်ချန်ရှင်းတို့၏ အဝတ်လဲခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

"မစ္စတာကု..." 
မုန့်ယွမ်ရှန့်က သူ့ကို ဦးစွာမြင်လိုက်ကာ မိတ်ကပ်တစ်ဝက်တစ်ပျက်ဖြင့် သူ့ထံပြေးလာလျက်  á€žá€°á€ˇá€€á€­á€Ż အားရပါးရ ပွေ့ဖက်လိုက်၏။

ချန်ရှင်းကလည်း ကျန်ရစ်မနေဘဲ လျင်မြန်စွာ ပါဝင်လာမှုကြောင့် ကုရှင်းရှစ်က သူတို့၏အဖွဲ့လိုက် ပွေ့ဖက်မှုတွင် "အားဖြည့်မှု" ဖြစ်လာခဲ့သည်။

နှစ်ဦးစလုံး၏တင်းကြပ်စွာ ပွေ့ဖက်ခံရမှုကြောင့် ကုရှင်းရှစ်က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ပြောခဲ့သည်။ 
"ချင်ဝမ်... ငါ့ကို ကယ်ပါဦး..."

ချင်ဝမ်က ရှေ့သို့တိုးလာကာ ကျွမ်းကျင်စွာ ဖယ်ရှားလိုက်ပြီး ကုရှင်းရှစ်ကို သူတို့၏ပွေ့ဖက်မှုမှ ဖြည်းညှင်းစွာ လွတ်မြောက်စေခဲ့သည်။

ကုရှင်းရှစ်က သူ့မျက်နှာသူ ပွတ်သပ်လိုက်လျက် တွေးလိုက်သည်။ 
သူတို့ ဖျော်ဖြေပွဲအတွက် တော်တော်လေး ပြင်းပြင်းထန်ထန် လေ့ကျင့်ထားရတာ ဖြစ်မယ်... ငါ့မျက်နှာကို နာကျင်စေလောက်တဲ့အထိ သူတို့ကြွက်သားတွေက တောင့်တင်းနေရော...

ထိုအချိန်မှသာ မုန့်ယွမ်ရှန့်နှင့်ချန်ရှင်းက ချင်ဝမ့်ကို သတိထားမိခဲ့သည်။

သူက သူတို့ကို ကောင်းကောင်းမိတ်ဆက်မပေးရသေးသည်ကို သတိထားမိစွာ ကုရှင်းရှစ်က အမြန်မိတ်ဆက်ပေးလိုက်၏။

မုန့်ယွမ်ရှန့်က ပြုံးပြီး သူ့လက်ကို ချင်ဝမ့်ထံ ကမ်းပေးကာ ပြောလိုက်သည်။
“နောက်ဆုံးတော့ ငါတို့ ဆုံရပြီပေါ့....”

ချင်ဝမ်က မုန့်ယွမ်ရှန့်လက်ကို ဆုပ်ကိုင်ကာ လှုပ်ယမ်းလိုက်လျက် လေးလေးနက်နက် ကျေးဇူးတင်စိတ်ကို ခံစားလိုက်ရသည်။

သူ့မိဘများက “ကောင်းမှုကုသိုလ်က ရလဒ်ကောင်းတွေပေးတယ်” ဟူ၍ အမြဲပြောဖူး၏။ ထိုစဉ်က သူ မထီမဲ့မြင်ပြုခဲ့သော်လည်း ယခုတွင် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက သူ၏သေးငယ်သော ကြင်နာမှုလေးက တစ်ပတ်ပြန်လည်လာခဲ့ပြီး ကုရှင်းရှစ်ကိုတွေ့ခွင့်ရခဲ့ကာ နောက်ဆုံးတွင် သူ့ဘဝကိုပါ ပြောင်းလဲစေခဲ့ကြောင်း သူ သဘောပေါက်ခဲ့ရသည်။

အတိတ်ကို ပြန်အောက်မေ့မိသော အခိုက်အတန့်လေးတွင် ချန်ရှင်းက အသံတစာစာဖြင့် ထပြောခဲ့သည်။ 
"မင်းတို့နှစ်ယောက်က အသားကင်ကိုကြည့်နေသလိုမျိုး တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတာ.... ငါ ဒီမှာနေရင်း နည်းနည်းတောင် ဗိုက်ဆာလာပြီ..."

လူတိုင်း “...”

ကုရှင်းရှစ်က စိတ်တိုစွာဖြင့် ချန်ရှင်းကို ပြောခဲ့သည်။
"ချန်ရှင်း... တိတ်တိတ်နေ..."

ချန်ရှင်းက မလုံမလဲဖြင့် ပြန်ဖြေခဲ့၏။ 
"ကောင်းပါပြီ..."

စိတ်ခံစားချက်များကို အနှောင့်အယှက်ပေးခံရမှုကြောင့် ကုရှင်းရှစ်က သူတို့ကို ညစာစားရန် ခေါ်သွားရုံမှလွဲ၍ ရွေးချယ်စရာမရှိခဲ့ပေ။

စားသောက်ဆိုင်ကို ကြိုတင်စာရင်းပေးထားပြီး‌ဖြစ်သောကြောင့် သူတို့ထိုင်ပြီးသည်နှင့် ဝန်ထမ်းများက ဟင်းလျာများကို သယ်လာခဲ့ကြသည်။

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့က သူတို့၏ ဖျော်ဖြေပွဲပြီးကတည်းက ဆာလောင်နေကြကာ အစာမစားမီအထိ မည်သည့်စကားမျှ မပြောနိုင်ဘဲ စိတ်အားထက်သန်စွာ စားသောက်ခဲ့ကြသည်။

ဤပွဲက သူတို့၏နောက်ဆုံး ဖျော်ဖြေမှုဖြစ်ပြီး ခဏတာ အနားယူရန် အချိန်ရသောကြောင့် ကုရှင်းရှစ်က သူတို့ကို စိတ်ကျေနပ်အောင် စားသောက်ခွင့်ပေးခဲ့သည်။

ထမင်းစားပြီး တစ်ဝက်မျှကြာသည်အထိ ဟင်းပွဲအချို့မှာ ရောက်မလာသေးသောကြောင့် ကုရှင်းရှစ်က သွားကြည့်ရန် ဆုံးဖြတ်ခဲ့၏။

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းက ယခုအခါ တစ်ဝက်မျှဗိုက်ပြည့်နေပြီဖြစ်သောကြောင့် စားသောက်နှုန်းကို အရှိန်လျှော့လိုက်ကာ ချင်ဝမ်နှင့် စကားစမြည်ပြောခဲ့သည်။

သူတို့က ဖျော်ဖြေရေးခရီးစဉ်အတွက် အလုပ်ရှုပ်နေချိန်တွင် "ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲမှာ နာမည်ကြီးလာခဲ့သည်။ ထို့အပြင် သူတို့က မည်သည့်appကိုမျှ အသုံးပြုခွင့် မရှိခဲ့‌သောကြောင့် ၎င်းနှင့်ပတ်သက်သည့် သတင်းများကို မမြင်တွေ့ခဲ့ရပေ။ ထို့ကြောင့် ချင်ဝမ်၏ ယွီချန်ယန်း ဇတ်ကောင်ကို သရုပ်ဖော်မှုက သူတို့အတွက် အာရုံဖြင့်ခံစားရမှုတစ်ခုသာ ဖြစ်လာခဲ့သည်။

အခြားသူများက ချင်ဝမ်ကို သူ၏ ပထမဆုံးပွဲဦးထွက်ဇာတ်ကောင်ဖြင့် ကြီးကြီးမားမား အောင်မြင်မှုရခဲ့သည်ကို မနာလိုဖြစ်နိုင်ကြသော်လည်း ဤလူနှစ်ဦးမှာ ကျင့်သားရနေကြပြီ ဖြစ်သည်။

နောက်ဆုံးတွင် ဤလူမှာ မစ္စတာကု ကိုယ်တိုင် ရွေးချယ်ပြီး ကိုယ်တိုင်ကိုယ်ကျ ခေါ်ယူခဲ့သည့် ပါရမီရှင်တစ်ဦးပင် ဖြစ်၏။ လူကြိုက်မများမှသာ အမှန်တကယ် အံ့အားသင့်စရာ ဖြစ်လာမည် ဖြစ်သည်။

ကုရှင်းရှစ်၏ ဩဇာလွှမ်းမိုးမှုအောက်တွင် လျှို့ဝှက်ဆန်းကြယ်ပြီး မှော်ဆန်သည့် အကျိုးသက်ရောက်မှုရအောင် လုပ်ဆောင်ခဲ့ရသော သူတို့ထက်ပို၍ မည်သူမျှ နားလည်နိုင်မည် မဟုတ်ပေ။

ချင်ဝမ်က သူတို့ပြောနေသည်များကို နားထောင်လျက် အနည်းငယ် အံ့ဩသွားခဲ့သည်။

သို့သော် သူ တွေးကြည့်ပြီးနောက် ထိုအကြောင်းအရာများတွင် အမှန်တရားများ ရှိနေကြောင်းကို သူ သိလိုက်ရ၏။ သူ ယခင်က ဇာတ်ကောင်များစွာအတွက် လူတွေ့စစ်ဆေးခြင်းများ ဖြေခဲ့ဖူးသော်လည်း အကြိမ်တိုင်း မအောင်မြင်ခဲ့ချေ။ ထို့အပြင် ၎င်းပရောဂျက်များသည်လည်း ဆွဲဆောင်မှုများစွာ မရရှိခဲ့ပေ။ သို့သော် "ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲမှာ မစ္စတာကု သူနှင့်အတူ လိုက်ပါခဲ့သည့် ပရောဂျက်ဖြစ်ပြီး ပထမအကြိမ် ကြိုးစားမှုမှာပင် အောင်မြင်ခဲ့ပြီး ထိုအချိန်မှစ၍ အရာအားလုံးသည် နေရာတကျ ဖြစ်သွားပုံရသည်။ မစ္စတာကုသာ မရှိခဲ့ပါလျှင် ဤပရောဂျက်က မည်သို့ဖြစ်သွားနိုင်သည်ကို မည်သူမျှ မသိနိုင်ချေ။

သိသိသာသာပင် မစ္စတာကုက နောက်ကွယ်တွင် မမောနိုင်မပန်းနိုင် အလုပ်လုပ်ခဲ့ကာ သူ့အတွက် အများကြီး စီစဉ်ပေးခဲ့သည်။

သို့သော် အခြားသူများရှေ့တွင် မစ္စတာကုက သူမည်သည့်အရာမျှ မလုပ်ခဲ့ကြောင်း အမြဲနှိမ့်ချပြောဆိုခဲ့ပြီး ချင်ဝမ်၏ ကြိုးစားအားထုတ်မှုများကိုသာ ဂုဏ်ပြုပြောဆိုခဲ့သည်။

မစ္စတာကု၏ကြင်နာမှု အတိုင်းအတာကို နားလည်သည်ဟု ချင်ဝမ် ထင်ခဲ့သော်လည်း ယခုအခါတွင် သူသည် အပေါ်ယံကိုပင် မထိမိသေးကြောင်း သူ သဘောပေါက်ခဲ့သည်။

သူ အသက်ပြင်းပြင်းရှူလျက် ယခုထက်ပို ကြိုးစားရန် ဆုံးဖြတ်လိုက်၏။

ထို့နောက် သူ့မျက်နှာထက်တွင် စိုးရိမ်သောက အရိပ်အယောင်များ ပေါ်လာခဲ့သည်။

မုန့်ယွမ်ရှန့်က သတိထားမိစွာ မေးလိုက်သည်။ 
"ဘာဖြစ်လို့လဲ..."

ချင်ဝမ်က သက်ပြင်းချလျက် ပြောခဲ့၏။
"ငါတို့ ဇာတ်လမ်းတွဲရဲ့ သရုပ်ဆောင်တွေက ရက်ပိုင်းအတွင်းမှာ realityရှိုးတစ်ခု ရိုက်ရတော့မှာ... အဲ့ဒါပြီးရင် ကြည့်ရှုသူပေါင်း တစ်ဘီလီယံကျော်ထိ ရောက်ခဲ့တဲ့အတွက် မီဒီယာ အင်တာဗျူးတွေနဲ့အတူ မေးမြန်းဖြေကြားကြမယ့် အောင်ပွဲခံတဲ့ပွဲတစ်ခုရှိသေးတယ်... ငါ ဒီလိုမျိုး တစ်ခါမှ မကြုံဖူးသေးတော့ နည်းနည်း စိတ်လှုပ်ရှားမိနေတာ..."

"အိုး... ဘာမှ ကြီးကြီးမားမား မရှိပါဘူး..."
ချန်ရှင်းက ပြုံးလျက် စိတ်ကူးအပြည့်ဖြင့် ပြောပြလိုက်သည်။ 
“ငါ့ နည်းဗျူဟာကို ပြောပြ..."

"မပြောပြနဲ့တော့..." 
မုန့်ယွမ်ရှန့်က ကြားဖြတ်ပြောလျက် ချန်ရှင်း၏ပါးစပ်ကို ပိတ်လိုက်ကာ သူ့ မျက်လုံးများကို  á€œá€žá€­á€™á€ˇá€şá€œá€­á€Żá€€á€şá€žá€Šá€şá‹ ချန်ရှင်းအနောက်မှ ကိစ္စတိုင်းကို အမြဲတစေ ရှင်းလင်းပေးခဲ့ရသူ တစ်ဦးအနေဖြင့် သူ မောပန်းနွမ်းနယ်နေပြီး ချင်ဝမ့်ကို လမ်းမှားသို့ ပို့ဆောင်ခွင့် မပြုနိုင်တော့ပေ။

ချန်ရှင်းက သူ့အား လုံးစေ့ပတ်စေ့  á€Ąá€•ဟစ်တင်ကဏ သုန်မှုန်စွာဖြင့် စားသောက်ခြင်းကို ပြန်စတင်ခဲ့သည်။

မုန့်ယွမ်ရှန့်က ချင်ဝမ့်ဘက်သို့ ပြန်လှည့်ကာ ပြောလိုက်သည်။ 
"ချန်ရှင်းရဲ့ အဓိပ္ပါယ်မရှိတာတွေကို နားမထောင်နဲ့... မင်းက အသစ်မို့လို့ မင်းကို ပြီးပြည့်စုံနေရမယ်ဆိုပြီး ဘယ်သူကမှ မမျှော်လင့်ထားဘူး... မင်း ယုံကြည်ချက်ရှိတဲ့ မေးခွန်းမျိုးကိုပဲ ဖြေလိုက်... မင်း မသိတာမျိုး မေးလာရင် ပြုံးပြလိုက်... ရိုးရိုးလေးပဲ ဟုတ်တယ်မလား..."

ချင်ဝမ်က ခေါင်းညိတ်လိုက်၏။

ထိုအချိန်တွင် ကုရှင်းရှစ် ဝင်လာပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ 
"မင်းတို့ ဘာတွေပြောနေကြတာလဲ..."

မုန့်ယွမ်ရှန့်က ပြန်ဖြေခဲ့သည်။
"ကျွန်တော် ချင်ဝမ့်ကို အင်တာဗျူးအတွက် မှတ်သားရမယ့် အချက်တချို့ကို သင်ပေးနေတာ..."

အင်တာဗျူးတိုင်းတွင် ကောင်းမွန်စွာဖြေကြားတတ်သော မုန့်ယွမ်ရှန့်၏ ဂုဏ်သတင်းကို သိသူတစ်ယောက်အနေဖြင့် မုန့်ယွမ်ရှန့်၏ အကြံပြုချက်များကို ယုံကြည်ကာ ကုရှင်းရှစ် စိတ်သက်သာရာရခဲ့သည်။

***

ရက်အနည်းငယ်ကြာသောအခါ "ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ" ဇာတ်လမ်းတွဲမှ သရုပ်ဆောင်များသည် realityရှိုးတွင် ထွက်ပေါ်လာရမည့် အချိန်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။

ချင်ဝမ့်ကို စိတ်ပူသည့်အတွက် ကုရှင်းရှစ်က သူနှင့်အတူလိုက်သွားပေးရန် ဆုံးဖြတ်လိုက်၏။

ဤရှိုးကို သုန်းအန်မြို့တွင် ရိုက်ကူးခဲ့ပြီး outdoor ရသစုံရှိုးအမျိုးအစား ဖြစ်၏။ ကုရှင်းရှစ်က ရိုက်ကူးရေးအတွက် အလွန်စိတ်ပူရန် မလိုအပ်ခဲ့ပေ။ ရှိုး၏ဒါရိုက်တာက ယင်ဟယ်ဖုန်း၏ သူဌေးနှင့် ရင်းနှီးသောသူငယ်ချင်းတစ်ဦးဖြစ်ပြီး ကုရှင်းရှစ်မှ သူတို့၏ "ကံဇာတာသစ်ပင်" အတွက် ကူညီဖြေရှင်းပေးခဲ့ပြီးနောက် ဒါရိုက်တာက ကုရှင်းရှစ်ကို မျက်နှာသာပြန်ပေးရန် ဆန္ဒရှိခဲ့သည်။

ချင်ဝမ်က ရယ်စရာဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ မကြိုးစားခဲ့သော်လည်း အားကောင်းသော လိုက်လျောညီထွေနေထိုင်တတ်မှုကို သရုပ်ပြသနိုင်ခဲ့သည်။ ဂိမ်းကစားနေစဉ်အတွင်း သူ၏မွေးရာပါ အားကစားသမားစွမ်းရည်မှာ ပေါ်ထွက်လာခဲ့ပြီး စနောက်လိုက်သည့်အခါတိုင်း သူ၏ပြင်းထန်သော တုံ့ပြန်မှုများက သူ့ကို ချစ်စရာကောင်းပြီး မမျှော်လင့်ထားသည့် ဆွဲဆောင်မှုတစ်ခု ဖြစ်လာစေခဲ့သည်။

ရှိုးကို အောင်မြင်စွာ အပြီးသတ်ရိုက်ကူးပြီးနောက် အခမ်းအနားပွဲကို တက်ရောက်ရန် သူတို့  á€•္ကဝင်းသိုအ အမြန် ပြန်လာခဲ့ကြသည်။

ထောင့်တစ်နေရာတွင် အမှတ်တရစကားပြောရန်အတွက် မှတ်စုများကို စေ့စေ့စပ်စပ်ကြည့်ရှုလျက် ငြိမ်သက်စွာ ထိုင်နေသော ချင်ဝမ့်ကို ကုရှင်းရှစ် မြင်လိုက်သောအခါ သူ့စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်လာခဲ့သည်။

ထုံဖုလျှပ်စစ်လုပ်ငန်းတွင် ချင်ဝမ်သည် ယခင်က လူများကို သူ့လက်ထဲထည့်၍ ဆော့ကစားခဲ့ခြင်းက သူက ထိုသို့ ပြုလုပ်နိုင်ရန်အတွက် သူက သေသေချာချာ ပြင်ဆင်ခဲ့ကာ သူ၏ကျင်လည်ရာ ပတ်ဝန်းကျင်တွင်သာ ဖြစ်ပျက်ခဲ့သောကြောင့်ပင် ဖြစ်သည်။

မီဒီယာနှင့်ရင်ဆိုင်ရမည်ဆိုပါက သူသည် လုံးဝလူသစ်တစ်ယောက်ပင် ဖြစ်၏။ ထို့အပြင် မီဒီယာများသည် လူသစ်များအား မကြာခဏ ပစ်မှတ်ထားကာ ဆန်းကြယ်သော သို့မဟုတ် ထောင်ချောက်ဆင်ထားသော မေးခွန်းများ မေးရခြင်းကို နှစ်သက်ကြသည်။ အနုပညာရှင်တစ်ဦးမှ ညံ့ဖျင်းစွာဖြေဆိုလိုက်ပါက မီဒီယာများသည် ၎င်းကို ရိုက်နှက်ထိုးချရန် တွန့်ဆုတ်နေမည် မဟုတ်သည့်အပြင် တစ်ခါတစ်ရံတွင် တစ်သက်လုံးအရှက်ရစေမည့် အခိုက်အတန့်များကို မှတ်တမ်းထားတတ်၏။

ထိုအကြောင်းကို တွေးမိသောအခါ ကုရှင်းရှစ် ပို၍ပင် စိုးရိမ်လာခဲ့သည်။ ကောင်ငယ်လေးချင်က လတ်တလောကမှ အနုပညာလမ်းကြောင်း စတင်လမ်းပွင့်လာခဲ့ခြင်းဖြစ်ပြီး သူလိုချင်ခဲ့သည့် နောက်ဆုံးအချက်မှာ ချင်ဝမ်က မီဒီယာများကို  áŽá€„á€şá€¸á€á€­á€Żá€ˇáá€Ąá€á€˝á€śá€‘á€˛á€žá€­á€Żá€ˇ ပြန်ဝင်သွားသည်အထိ ခြိမ်းခြောက်‌စေချင်ခြင်း ဖြစ်သည်။

အခြေအနေကို သုံးသပ်ပြီးသည့်နောက် အကြီးမားဆုံးပြဿနာမှာ ချင်ဝမ်က မီဒီယာများနှင့် ရင်းနှီးမှုမရှိခြင်းကြောင့်သာ ဖြစ်နိုင်ကြောင်း ကုရှင်းရှစ်နားလည်သွားခဲ့သည်။ ထို့ကြောင့် သူ့ကို အသေးစိတ်ရှင်းပြရန် ဆုံးဖြတ်ခဲ့၏။

ကုရှင်းရှစ်က ချင်ဝမ့်ကို လက်ပြ‌ခေါ်လိုက်လျက် နှစ်ဦးသား စင်၏ ဘေးဘက်သို့ လစ်ထွက်လာချိန်တွင် သတင်းထောက်များက ပွဲအတွင်းသို့ စတင်ဝင်ရောက်လာခဲ့သည်။

ကုရှင်းရှစ်က သတင်းထောက်များကို မသိမသာ လက်ညှိုးထိုးပြ၍ ပြောပြခဲ့သည်။ 
"အဲ့ဒီ‌ထောင့်က ပန်းသီးအမှတ်တံဆိပ်ပါတဲ့ လူကိုတွေ့လား... အဲ့ဒါ ပန်းသီး အင်တာတိန်းမန့်က... သူတို့က ခေါင်းကြီးပိုင်းအတွက် အတင်းအဖျင်းတွေကို တူးဆွဖို့ မေးခွန်းတွေကို မညှာမတာမေးရတာမျိုးကို ကြိုက်တယ်... ပြီးတော့ သူတို့က ငါတို့ကုမ္ပဏီနဲ့ ရန်ငြှိုးလည်း နည်းနည်းရှိတယ်... အဲ့ဒါကြောင့် မင်းကို ခက်ခဲအောင်လုပ်လာတာမျိုးတွေ ရှိလာနိုင်တယ်... ဒါပေမယ့် သူတို့ကိုယ်တိုင်ကလည်း အပြစ်မကင်းပါဘူး... တချို့ကုမ္ပဏီတွေက သူတို့ရဲ့ ပြိုင်ဘက်တွေကို ဝေဖန်ဖို့ သူတို့ကို ပိုက်ဆံပေးပြီး ခိုင်းလေ့ရှိတယ်လေ..."

ချင်ဝမ်က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

ကုရှင်းရှစ်က အခြားအဖွဲ့ကို လက်ညှိုးထိုးပြလျက် ဆက်ပြောခဲ့သည်။ 
"အဲ့ဒါက ပေါ်ပြူလာရုပ်ရှင်မီဒီယာ... နာမည်ကြောင့် မင်း အရူးလုပ်မခံရစေနဲ့... သူတို့က ကိုယ်ရေးကိုယ်တာ မေးခွန်းတွေကို အဓိကပစ်မှတ်ထားပြီး မေးတတ်တယ်...  á€•ဟဎးခဲအတဲအ တစ်ခေါက်က တွဲဖက်သရုပ်ဆောင်တွေထဲမှာ ဘယ်သူ့ကို နမ်းရတာ အကြိုက်ဆုံးလဲ ဆိုပြီး ဖုယာကို မေးခဲ့တော့ သူက သူတို့ကို ပြင်းပြင်းထန်ထန် ပြန်တုံ့ပြန်ခဲ့တယ်လေ...."

"ပြီးတော့ ဟိုအနောက်က..."
ကုရှင်းရှစ်က အာခေါင်များခြောက်သွေ့သွားသည်အထိ မီဒီယာတိုင်း၏အ‌ကြောင်းကို ပြောပြခဲ့သည်။ ထို့နောက် သူက ချင်ဝမ့်ကိုကြည့်ကာ မေးလိုက်သည်။
"ဒါတွေ အကုန်သိပြီ မဟုတ်လား..."

ချင်ဝမ်က ခေါင်းညိတ်ပြီး ပြန်ဖြေခဲ့သည်။ 
"သိပါပြီ"

ကုရှင်းရှစ် နောက်ဆုံးတွင် အနည်းငယ် သက်တောင့်သက်သာရှိလာခဲ့သည်။ ဤဗဟုသုတများနှင့် မုန့်ယွမ်ရှန့် သင်ပေးခဲ့သော အင်တာဗျူး‌ဖြေရန် နည်းစနစ်များကြောင့် ချင်ဝမ်က သူတို့ကို ရင်ဆိုင်ရန် အဆင်သင့် ဖြစ်နေသင့်ပေသည်။


🍉🍉🍉🍉 အခန်း ၆၃


"ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲကဲ့သို့ လူကြိုက်များလှသော ဇာတ်လမ်းတွဲတစ်ခုအတွက် မီဒီယာများသည် ဤအခမ်းအနားကို စိတ်အားထက်သန်စွာ စောင့်မျှော်ခဲ့ကြပြီး မေးခွန်းပေါင်းများစွာကို ယူဆောင်လာခဲ့ကြသည်။

သူတို့၏အဓိက ပစ်မှတ်မှာ ချင်ဝမ်ပင် ဖြစ်၏။

အမျိုးသားIdolအဖွဲ့နှင့် ဆက်ဆံခဲ့သည့် မီဒီယာများက ကုရှင်းရှစ်၏ ပထမဆုံး အနုပညာရှင်နှစ်ယောက်ကို ထိရန် ခက်ခဲကြောင်း သိခဲ့ကြသည်။ ချန်ရှင်းက မထင်မှတ်သည့်အရာများကို ပြန်ပြောတတ်သည့်အကျင့်ရှိပြီး မုန့်ယွမ်ရှန့်ကမူ မည်သည့်မေးခွန်းကိုမျှ ပြန်မဖြေသည့်နေရာတွင် ဆရာတစ်ဆူဖြစ်၏။ နှစ်ဦးစလုံးကို အင်တာဗျူးရသည်မှာ ကုန်းတက်တိုက်ပွဲတစ်ခုကို တိုက်ခိုက်ရသကဲ့သို့ပင် အလွန်ခက်ခဲကာ ကျော်လွှားနိုင်ရန် အားကုန်ထုတ်ကြိုးစားရပေလိမ့်မည်။

ယခုဆိုလျှင် သူတို့၏ “ဂျူနီယာညီငယ်လေး” ချင်ဝမ်က စင်ပေါ်တက်ရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။ ဂျာနယ်လစ်များက သူ အင်တာဗျူးဖြေသည့်အခါ မည်သည့်ပုံစံဖြင့် ရပ်တည်ဖြေဆိုလိမ့်မည်ကို သိချင်နေခဲ့ကြသည်။

ချင်ဝမ်က လေးနက်ပြီး ခပ်နုံနုံအအ ကိုယ်ရည်ကိုယ်သွေးရှိကြောင်း လတ်တလောရိုက်ကူးထားသည့် reality ရှိုးမှ ကောလာဟလများ ထွက်ပေါ်ခဲ့သောကြောင့် သတင်းထောက်များက ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့ကြသည်။

သရုပ်ဆောင်များနှင့် အဖွဲ့သားအားလုံး စင်ပေါ်တွင် နေရာယူပြီးသည်နှင့် အခမ်းအနားကို တရားဝင် စတင်ခဲ့သည်။

၎င်းသည် တိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဉ်တစ်ခုဖြစ်ပြီး စတင်သည်နှင့် တစ်ပြိုင်နက် အွန်လိုင်းမှ ကြည့်ရှုသူများ တစ်ပြုံတစ်မကြီး ရောက်လာကာ မှတ်ချက်များမှာလည်း ဖန်သားပြင်တစ်ခွင်လုံး ပျံဝဲ၍နေခဲ့သည်။

[အား.... ငါ့ရဲ့ နတ်ဘုရားမယွီ...]

[ကျန်းဟန်ချင်းက အရမ်းချောတာပဲ!!!]

[လောင်ယန်း.... ငါ့ယောင်္ကျား....]

နာမည်ကြီးရုပ်ရှင်ဝေဖန်ချက်ရေးသားသူ ကျန်းကျန့်ယွဲ့က သူမ၏ပရိသတ်များနှင့် တိုက်ရိုက်တုံ့ပြန်ပြောဆိုရန် စိတ်အားထက်သန်စွာ စောင့်ကြည့်ခဲ့သည်။

"ဝိုး... ရှယို့ယင်က ပိုနီ‌တေးမြင့်မြင့်လေးစည်းထားတာနဲ့ လိုက်တယ်... အရမ်းကို ကြည့်ကောင်းနေရော.... ဒီစစ်သည်တော်ပုံစံက သူနဲ့ တကယ်လိုက်ဖက်တယ်... သူ့ရဲ့ အရင်က အချစ်ဟာသကားထဲက ပုံစံထက် အများကြီး ပိုလှတယ်..."

"ကျန်းဟန်ချင်းက အရင်ကထက်ကို ပိုချောလာတာနော်.... အောင်မြင်မှုက လူတွေကို တကယ် အံ့အားသင့်‌စေတာပဲ..."

“အဲဒါက… လောင်ယန်းလား... အဲ့ဒီအမျိုးသားက တော်တော်လေး ချောတာပဲ.... ဒါပေမယ့် သူ နည်းနည်း ရှက်နေတယ်ထင်တယ်... သူ့ရဲ့ကိုယ်ရည်ကိုယ်သွေး အစစ်အမှန်က လောင်ယန်းနဲ့ မတူဘူးဆိုရင်တော့ သူ့သရုပ်ဆောင်ချက်က တကယ့်ကို အထင်ကြီးစရာပဲ...”

အခမ်းအနား၏ ပထမပိုင်းတွင် ဂိမ်းများ၊ ဂန္တဝင်ဇာတ်ဝင်ခန်းများကို ထပ်မံဖန်တီးသရုပ်ဆောင်ဖျော်ဖြေမှုများ၊ သရုပ်ဆောင်နှင့် အဖွဲ့သားများထံမှ အမှတ်တရစကားများဖြင့် ပေါ့ပါးပြီး ပျော်ရွှင်စရာများသာ ပါဝင်ခဲ့သည်။

ထိုကဲ့သို့သော လှုပ်ရှားမှု၊ ပြိုင်ပွဲများစွာကို ကြည့်ရှုပြီးသည့်နောက် ဒုတိယအပိုင်းရှိ မီဒီယာ အမေးအဖြေကဏ္ဍက အမှန်တကယ်ဖျော်ဖြေမှုအဖြစ် ရောက်လာတော့မည်ဖြစ်ကြောင်း ကျန်းကျန့်ယွဲ့ သိခဲ့သည်။ သူမအတွက် ဤအပိုင်းသည် အမြဲတမ်း စိတ်ဝင်စားစရာအကောင်းဆုံးအချိန်ဖြစ်ခဲ့ပြီး ဇာတ်ညွှန်းမရှိသော သရုပ်ဆောင်များ၏ အခိုက်အတန့်တိုင်းက အံ့ဩစရာများဖြင့်သာ ပြည့်နှက်နေတတ်၏။

ကျန်းကျန့်ယွဲ့ သက်ပြင်းချလိုက်ကာ  á€á€ťá€„á€şá€á€™á€ˇá€şá€€á€­á€Ż စာနာစိတ်ဖြင့် ကြည့်မိခဲ့သည်။ 
"ဒီနေ့ ဒီမှာ ကံအဆိုးဆုံးလူက ချင်ဝမ်ပဲ ဖြစ်ရမယ်... သူက လူသစ်ဖြစ်သလို နာမည်ကြီး ဇာတ်ကောင်အဖြစ်လည်း သရုပ်ဆောင်ထားသေးတယ်... ငါ့ အတွေ့အကြုံအရ မီဒီယာတွေက သူ့ကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး..."

ကျန်းကျန့်ယွဲ့ ခန့်မှန်းထားသည့်အတိုင်း အတိအကျပင် ဖြစ်လာခဲ့သည်။

အဖွဲ့လိုက် အင်တာဗျူးစတင်ချိန်မှစ၍ ဒါရိုက်တာနှင့် ခေါင်းဆောင်သရုပ်ဆောင်များကို ရည်ညွှန်းသည့် အဓိကမေးခွန်းအနည်းငယ်ကို မေးပြီးနောက် အားလုံး၏အာရုံမှာ ချင်ဝမ်ဆီသို့ ပြောင်းသွားခဲ့ကြသည်။

"မင်္ဂလာပါ ချင်ဝမ်... ငါက ပေါ်ပြူလာ ရုပ်ရှင်မီဒီယာက သတင်းထောက်ပါ... မင်းအရင်က ရည်းစားဘယ်နှစ်ယောက်ရှိဖူးလဲ... အခု‌ မင်းက စင်ဂယ်လား... ဇာတ်လမ်းတွဲထဲမှာဆို မင်းနဲ့ ယို့ယင်နဲ့ကြား ရင်းနှီးတဲ့ ဇာတ်ဝင်ခန်းတချို့ရှိမယ့်ပုံပဲ... မင်းရည်းစားက အဲဒါကို မနာလိုဖြစ်နိုင်လား..."

ကုရှင်းရှစ် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။ 
ဒီလိုတွေ ဖြစ်လာမယ်ဆိုတာ ငါ သိနေတယ်...

ချင်ဝမ်က ခေါင်းယမ်းလျက် ပြန်ဖြေလိုက်သည်။ 
“ကျွန်တော် တစ်ခါမှ ရည်းစားမထားဖူးဘူး...”

သူ၏ ရိုးသားသည့် အပြုအမူကို မြင်သောအခါ ပေါ်ပြူလာရုပ်ရှင်မီဒီယာမှ သတင်းထောက်က ပို၍ စိတ်လှုပ်ရှားသွားခဲ့ကာ ဆက်မေးလာခဲ့၏။ 
"အဲ့ဒါဆို ဇာတ်လမ်းတွဲကို သရုပ်ဆောင်နေတုန်းက ယို့ယင်ကို သဘောကျသွားလောက်မယ်လို့ ထင်လား..."

ထိုမေးခွန်းက သူ့ဘေးတွင်ထိုင်နေသည့် ရှယို့ယင်ကိုပင် အနည်းငယ် မျက်မှောင်ကြုတ်သွားစေ၏။

သို့သော်လည်း ချင်ဝမ်က တည်ငြိမ်နေဆဲဖြစ်ကာ အပြုံး‌သေးလေးတစ်ခု ပေးလျက် ပြန်ဖြေခဲ့သည်။ 
"မင်း နောက်ဆုံးအချိန်တုန်းက ဒီလိုမေးခွန်းတွေ မေးခဲ့လို့ ဖုယာလောင်ရှီးဆီကနေ ပစ်ပစ်နှစ်နှစ် အပြောခံလိုက်ရတယ် မဟုတ်ဘူးလား..."

အခန်းက ရုတ်ချည်း တိတ်ဆိတ်သွားခဲ့သည်။

ရှယို့ယင်က သူမ၏ရယ်သံကို မထိန်းနိုင်သောကြောင့် အခန်းတွင်းရှိ အခြားသူများမှာလည်း သူမနှင့်အတူ လျင်မြန်စွာ လိုက်ပါရယ်မောကြတော့သည်။

ပေါ်ပြူလာရုပ်ရှင်မီဒီယာသတင်းထောက်၏မျက်နှာမှာ ဖြူဖျော့သွားခဲ့ပြီး အခြားမေးခွန်းများကိုပင် မမေးဝံ့တော့ဘဲ သူတို့၏မိုက်ခရိုဖုန်းကို အလျင်အမြန် ပြန်ရုတ်သိမ်းသွားခဲ့ကြသည်။ 

အင်တာနက်အသုံးပြုသူများ:

[ဟားဟား... ကောင်းကောင်းဖြေခဲ့တာပဲ...]

[အစတုန်းကတော့ ယွီချန်ယန်းနဲ့လုံးဝမတူဘူး... သူက နည်းနည်းရှက်တတ်လွန်းတယ်လို့ ငါ ထင်ခဲ့တာ... ဒါပေမယ့် အခုလို မြင်တွေ့လိုက်ရတာတော့ သူတို့က တူနေရောပဲ...]

[ဒါကို သဘောကျလိုက်တာ... ချင်ဝမ်က ဉာဏ်ရည်ထက်မြက်တယ်... ဒီလိုအင်တာဗျူးတွေကို ငါ ကြိုက်တယ်လို့...]

အခြားသတင်းထောက်များက တစ်ခုခု လွဲနေပြီဖြစ်ကြောင်း သိခဲ့၏။ ချင်ဝမ်သည် ကောလာဟလများထွက်ပေါ်နေသကဲ့သို့ နုံအသော သို့မဟုတ် မညှာမတာဆက်ဆံရန် လွယ်ကူသည့်သူ မဟုတ်ခဲ့ပေ။

သို့သော်လည်း ရဲရင့်သော သတင်းထောက် တစ်ယောက် ရှေ့ကို ထွက်လာခဲ့သည်။
"ငါက ပန်းသီးအင်တာတိန်းမန့်က သတင်းထောက်ပါ... "ဂိတ်တံခါးခြောက်ခုရဲ့လျှို့ဝှက်ချက်များ" ဇာတ်လမ်းတွဲက ဘယ်လောက်ကြာကြာထိ ရေပန်းစားနေဦးမယ်လို့ မင်း ထင်လဲ... နောက်တစ်ပတ်ဆိုရင်  á€”သစ်ပ္ဍင်းမဝဏးစွဏကဟဏဥ္ဏင် ပရိသတ်တွေ မျှော်လင့်ခဲ့ရတဲ့  á€žá€™á€­á€Żá€„á€şá€¸á€á€„á€şá€‡á€Źá€á€şá€œá€™á€şá€¸á€á€˝á€˛á€–á€źá€…á€şá€á€˛á€ˇ "ကြီးမြတ်သောအကြံအစည်"ဇာတ်လမ်းတွဲက ပွဲဦးထွက်ထုတ်လွှင့်ပြသတော့မှာလေ...  á€˜á€šá€şá€Ÿá€Źá€€ ပိုကောင်းမယ်လို့ မင်း ထင်လဲ..."

ဤသည်မှာ လက်တွေ့ကျကျ ထောင်ချောက်တစ်ခုပင် ဖြစ်သည်။

ချင်ဝမ် မည်သို့ပင် ပြန်ဖြေပါစေ ဒုက္ခရောက်မည်ပင်။  
"ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ" ဇာတ်လမ်းတွဲက ပို၍ကောင်းသည်ဟု ဖြေခဲ့ပါက သူ့ကို မောက်မာသူ၊ အကြီးတန်းသရုပ်ဆောင်များကို မလေးစားသူဟု စွပ်စွဲကြပေလိမ့်မည်။ "ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲက ပို၍ကောင်းသည်ဟု ဖြေဆိုပါလျှင်လည်း ယခုပွဲမှာ "ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ" ဇာတ်လမ်းတွဲ၏ ဂုဏ်ပြုပွဲဖြစ်သောကြောင့် မျက်နှာကို ဖြတ်ရိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ “နှစ်ခုစလုံးက အရမ်းကောင်းတယ်” ဟူသော လိမ္မာပါးနပ်သည့်အဖြေပင်လျှင် သူက အဆိုပါဇာတ်လမ်းတွဲနှစ်ခုကို တိုက်ရိုက်နှိုင်းယှဉ်ပြကာ "ကြီးမြတ်သောအကြံအစည်" ဇာတ်လမ်းတွဲ၏ရေပန်းစားမှုအပေါ်တွင် ခိုကပ်စီးနင်းချင်သူဟူသည့် ဝေဖန်မှုများဆီသို့ ဦးတည်သွားနိုင်သည်။

ဒါရိုက်တာကောင်းက ချင်ဝမ့်ကိုကြည့်ကာ သိသိသာသာ  á€…á€­á€Żá€¸á€›á€­á€™á€şá€”á€ąá€á€˛á€ˇáá‹

သို့သော် ယခင်တစ်ကြိမ်ကဲ့သို့ပင် ချင်ဝမ်က စိတ်အနှောင့်အယှက်ဖြစ်သွားပုံမပေါ်ဘဲ အေးအေးဆေးဆေး ပြုံးပြလိုက်သည်။

ထိုအပြုံးကိုမြင်သောအခါ ပန်းသီးအင်တာတိန်းမန့်၏ သတင်းထောက်က ယခင်သတင်းထောက်၏ အဖြစ်အပျက်ကို ပြန်အမှတ်ရပြီး အနည်းငယ် တုန်လှုပ်သွားကာ ထပ်၍မေးခဲ့သည်။ 
"အဲ့ဒီ အပြုံးက ဘာကိုဆိုလိုတာလဲ..."

ချင်ဝမ်က ပြန်ဖြေခဲ့သည်။ 
"အိုး... မင်းတို့မီဒီယာတွေက တချို့အဖွဲ့တွေ သူတို့ ပြိုင်ဘက်တွေကို အပုပ်ချဖို့  á€„ွ္ပ္းပဟဎး ခိုင်းတာမျိုးကို လက်ခံပြီး လုပ်ပေးလေ့ရှိတယ်လို့ ကျွန်တော် ကြားဖူးတယ်... ဒီတော့ ဒီလိုမေးခွန်းမျိုးမေးဖို့ မင်းကို ဒီတစ်ခါ ဘယ်သူက ငွေပေးပြီး ခိုင်းခဲ့တာလဲလို့ ကျွန်တော် တကယ် သိချင်သွားတယ်..."

ပန်းသီးအင်တာတိန်းမန့်သတင်းထောက်သည် အပြစ်ရှိခြင်းနှင့် ဒေါသကြားမှပင် အံ့ဩမှင်တက်သွားခဲ့လျက် ပြန်ပြောခဲ့သည်။ 
"မင်း... မင်းက အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ..."

သို့သော် ချင်ဝမ်က သူ့အား ဂရုမစိုက်တော့ချေ။ ထိုအစား သူက ကျန်သည့် စာနယ်ဇင်းသမားများကို ယဉ်ကျေးပျူငှာသည့်အပြုံးဖြင့် ကြည့်လိုက်လျက် မေးခဲ့သည်။ 
"နောက်ထပ် ဘယ်သူမေးချင်သေးလဲ..."

သတင်းထောက်အားလုံးက အလိုလိုပင် နောက်ပြန်ဆုတ်သွားခဲ့ကြသည်။

"!!!"

အခုချိန် ဒီကမ္ဘာပေါ်က ဘယ်သူကများ မင်းကို မေးခွန်း မေးရဲမှာလဲ...

ဘာလဲဟ... လဲ့ရှစ်အင်တာတိန်းမန့်က လူအားလုံးက ဘယ်လောက်တောင် လူမဆန်လိုက်တဲ့ အင်တာဗျူးဖြေဆိုသူတွေလဲ...

×××××

[ဟားဟားဟားဟား... ဒါ ငါ မီဒီယာတော်တော်များများရဲ့ သတင်းထောက်တွေ ဆွံ့အသွားရတဲ့ အင်တာဗျူးမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ...]

[ငါ လွန်ခဲ့တဲ့ နှစ်နှစ်ကို ပြန်တွေးမိတယ်.... အဲ့ဒီအချိန်တုန်းက ငါ သဘောကျတဲ့ လူသစ်သရုပ်ဆောင်လေးက မီဒီယာအဖွဲ့ရဲ့ အင်တာဗျူးတစ်ခုမှာ မျက်ရည်ပါကျခဲ့ရပြီး ပွဲကနေတောင် ထွက်သွားခဲ့ရတာ... အခုတော့ မင်းတို့အလှည့်ရောက်ပြီ... ကောင်းကောင်းတုံ့ပြန်ခဲ့တာပဲ အစ်ကိုချင်...]

[အဲဒီလို ဒုက္ခရောက်အောင် နှိုးဆော်တတ်တဲ့ မီဒီယာတွေကို ငါ အရမ်း ငြီးငွေ့နေပြီ.... ဒီဇာတ်လမ်းတွဲနှစ်ခုက ကွဲထွက်နေတဲ့ ဇာတ်လမ်းတွေဆိုတာ ရှင်းနေတာပဲလေ... ဘာလို့ သူတို့ကို အတူတူတွဲပြီး ပြောနေရတာလဲ....]

[ငါကတော့ အဲ့ဒီမေးခွန်းက မေးလို့အဆင်ပြေတယ် ထင်တာပဲ... ဟုတ်တယ် မဟုတ်ဘူးလား... တကယ်ဆို "ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲရဲ့ အခုလတ်တလော ကျော်ကြားမှုနဲ့ဆိုရင် တခြားဘယ်ဇာတ်လမ်းတွဲကမှ သူ့ကို မကျော်နိုင်ဘူး... "ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲကပဲ ကျော်နိုင်ကောင်း ကျော်နိုင်လောက်တယ်..."

[အရမ်းစိတ်ပျက်စရာကောင်းတာပဲဟေ့... ဒါက "ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲရဲ့ ဂုဏ်ပြုပွဲအခမ်းအနားလေ... "ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲကို ချီးကျူးနေတဲ့သူတွေ ဒီထဲကနေ ထွက်သွားပေးနိုင်မလား...]

[အမှန်တိုင်းပြောရရင် "ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲက အရမ်းကိုကောင်းတာနော်...]

[အတိအကျပဲ... "ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲရဲ့ ပရိသတ်တွေက အရမ်းအထိမခံ ဖြစ်လွန်းတယ်... ဒီလောက်လေးပြောရုံနဲ့ စိတ်ဆိုးစရာလား....]

***

ချင်ဝမ်က ဇာတ်လမ်းတွဲနှစ်ခုကို နှိုင်းယှဉ်သည့် အန္တရာယ်များသော မေးခွန်းကို လိမ္မာပါးနပ်စွာ ရှောင်နိုင်ခဲ့သော်လည်း မှတ်ချက်ကဏ္ဍအတွင်းရှိ စကားစစ်ထိုးမှုများက "ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲနှင့် "ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲကြားရှိ နှိုင်းယှဉ်မှုကို ဝေ့ပေါ်ရှိ ရေပန်းစားနေသော ရှာဖွေမှုများဟူသောနေရာသို့ မလွဲမသွေ သယ်ဆောင်လာခဲ့ကြသည်။

"ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲမှာ ထိပ်တန်းအမျိုးသားကြယ်ပွင့် ကျန်းစစ်နင်က နှစ်နှစ်ကျော်ကြာသည်အထိ စေ့စေ့စပ်စပ် ပြုပြင်မွမ်းမံထားခဲ့သည့် ကြီးကျယ်ခမ်းနားသော သမိုင်းနောက်ခံ အာဏာအတွက် ယှဉ်ပြိုင်တိုက်ခိုက်ကြသော ဇာတ်လမ်းတစ်ခုဖြစ်သည်။ ထွက်ပေါ်လာသည့် ဇာတ်လမ်းရိုက်ကူးရေး နောက်ကွယ်မှ ဗီဒီယိုများနှင့် ဇာတ်ကားနမူနာများက လက်ရာမြောက်လွန်းသော မြင်ကွင်းများ၊ ရုပ်ထွက်များဖြင့် ခမ်းနားလှပကာ နှစ်တစ်နှစ်၏ အကောင်းဆုံးဇာတ်လမ်းတွဲအဖြစ် အတိအကျ ရည်ရွယ်ထားပုံရ၏။

"ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲ ထုတ်လွှင့်ပြသမည့်ရက်ကို သတ်မှတ်ပြီးကတည်းက ဇာတ်လမ်းတွဲအများအပြားသည် ၎င်းနှင့်ထုတ်လွှင့်ချိန် မတိုက်ဆိုင်စေရန် သူတို့၏ ထုတ်လွှင့်ချိန်များကို ချိန်ညှိထားကြသည်။

အချို့သော အသေးစားထုတ်လုပ်‌မှုများကိုသာ ထုတ်လွှင့်ခဲ့ပြီး အမြောက်စာအဖြစ် ပြတ်ပြတ်သားသား ထိုးကျွေးခဲ့သည်။

"ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲက ဖျက်မြင်းအဖြစ် ပေါ်ထွက်လာပြီး "ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲရှေ့တွင် ရပ်နေသည့် တောင်ကြီးကဲ့သို့ ဖြစ်လာမည်ဟု မည်သူကမျှ မမျှော်လင့်ခဲ့ကြချေ။

လူအများစုက "ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲ ထုတ်လွှင့်လိုက်သည်နှင့် "ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲ၏ ဖန်သားပြင်ထက် လွှမ်းမိုးချုပ်ကိုင်မှုမှာ သေချာပေါက်အဆုံးသတ်သွားလိမ့်မည်ဟု ယုံကြည်ကြ၏။

နောက်ဆုံးတော့ ကျန်းစစ်နင်ပဲလေ...

ကျန်းစစ်နင်၏ ပွဲဦးထွက်ဇာတ်လမ်းက အလွန်အောင်မြင်ခဲ့ပြီး သူ၏နောက်ဆက်တွဲ ရိုက်ကူးသည့်ဇာတ်လမ်းများကလည်း အလွန်ကောင်းမွန်ခဲ့သည်။ 

'ဒီလောကမှာ မင်း ကျန်းစစ်နင်နဲ့ လက်မှတ်ထိုးထားသရွေ့ အဆင့်သတ်မှတ်ချက်တွေက အခြေခံအားဖြင့် လုံခြုံပြီးသားပဲ...' ဟူသော ပြောစကားများပင် ရှိခဲ့သည်။

ဤဇာတ်လမ်းတွဲတွင် ကျန်းစစ်နင်က အဓိကဇာတ်လ်ိုက်အဖြစ်သာမက တွဲဖက်ထုတ်လုပ်သူအဖြစ်လည်း ပါဝင်ခဲ့ကာ ပရောဂျက်အတွက် အာမခံချက်ကို နောက်ထပ်အလွှာတစ်ခုဖြင့် ထပ်ထည့်ထားခဲ့သည်။

ဤအချက်များဖြင့် "ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲက လက်ရှိတွင် ရပ်တန့်၍ မရနိုင်သည်အထိ အောင်မြင်နေသော်လည်း "ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲကို လွှမ်းမိုးနိုင်မည်ဟု မည်သူမျှ မယုံကြည်ခဲ့ကြပေ။

"ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲ၏ ဒါရိုက်တာကောင်းရှန်ပင်လျှင် အနည်းငယ် စိတ်မသက်မသာဖြစ်ခဲ့ရသည်။

ကုရှင်းရှစ်က သူ့ကို နှစ်သိမ့်ခဲ့၏။
"ဒါရိုက်တာကောင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းနည်းလောက်တော့ ရှိသင့်တယ်..."

ကောင်းရှန်က သက်ပြင်းချကာ ကုရှင်းရှစ်ကို ပြောခဲ့သည်။
"ငါ ယုံကြည်မှုမရှိတာမျိုး မဟုတ်ဘူး... "ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာ လုခယ်ပင်းက ငါအလေးစားရဆုံး ဒါရိုက်တာတစ်ယောက်ပဲ... အဲ့ဒီဇာတ်လမ်းမှာ သူနဲ့ ကျန်းစစ်နင် ပါဝင်ထားတဲ့အတွက် သူတို့ ရှုံးမယ်ဆိုတဲ့အကြောင်း ငါတွေးကြည့်လို့ကို မရဘူး..."

ကုရှင်းရှစ် မည်သည့်အရာမျှ ထပ်မပြောခဲ့ချေ။

တကယ့်ကိုပင် လုခယ်ပင်းဆိုသည့် နာမည်က လူသိများကျော်ကြားလွန်း၏။ အရည်အသွေးမြင့် တီဗီဇာတ်လမ်းတွဲများစွာကို သူ့လက်မှ ဖန်တီးခဲ့ပြီး လွန်ခဲ့သော နှစ်အနည်းငယ်က ရုပ်ရှင်ရိုက်ကူးရေးဘက်ကိုပင် သူ စွန့်စားရိုက်ကူးခဲ့သည်။ box officeမှာ ပျမ်းမျှသာဖြစ်သော်လည်း သုံးသပ်ချက်များမှာ အလွန်ကောင်းမွန်ခဲ့၏။

ယခု၌ သူက ကျန်းစစ်နင်နှင့် ပူးပေါင်းကာ တီဗီဇာတ်လမ်းတွဲများဆီသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။ ဤစွမ်းအားကြီးပုဂ္ဂိုလ်နှစ်ဦးသာ ပေါင်းစည်းလိုက်ပါက မည်မျှပင် ကြောက်စရာကောင်းမည်ဖြစ်ကြောင်းကို လူတိုင်း တွေးကြည့်နိုင်၏။

သို့သော် ကုရှင်းရှစ်နှင့် ချင်ဝမ်တို့နှစ်ဦးစလုံးက ကောင်းမွန်သည့်အတွေးကို ထိန်းသိမ်းထားခဲ့ကြသည်။

ချင်ဝမ်က “ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ”ဇာတ်လမ်းတွဲတွင် သူ၏အိပ်မက်များထဲမှ ဇာတ်ကောင်အဖြစ် သု့နှလုံးသားစေညွှန်းရာအတိုင်း သရုပ်ဆောင်ခဲ့ပြီး ထိုသို့သရုပ်‌ဆောင်ခဲ့ရခြင်းအတွက် အလွန် ကျေနပ်နေပြီ ဖြစ်သည်။

ကုရှင်းရှစ်အတွက်မူ ပို၍ပင် အေးဆေးတည်ငြိမ်နေခဲ့၏။ သူ့အမြင်အရ ချင်ဝမ်၏ သရုပ်ဆောင်အလုပ်မှာ ယခုမှ စတင်ခြင်းဖြစ်ကာ "ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲ ကျော်ကြားသွားခြင်းက သူ့ကို အားရကျေနပ်ဖွယ် အံ့အားသင့်စေခဲ့ပြီး ဖြစ်၏။ သူ အများကြီး ထပ်၍ မျှော်လင့်တောင်းဆိုမနေချင်တော့ပေ။

ထို့ကြောင့် သူတို့နှစ်ဦးလုံးသည် သင်ယူရန်နှင့် ဇာတ်လမ်း၏ရသကိုခံစားရန် သဘောထားဖြင့် "ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲ၏ ပထမအပိုင်းကို ဖွင့်ကြည့်ခဲ့ကြသည်။

သို့သော် မိနစ်နှစ်ဆယ်ကြာမျှကြည့်ပြီး နောက်တွင် ကုရှင်းရှစ် မသမ်းဘဲ မနေနိုင်ခဲ့ချေ။

မည်သို့ပြောရမည်ကို သူမသိခဲ့ချေ။  á€›á€­á€Żá€€á€şá€á€ťá€€á€şá€”သငအ်ရုပ်ထွက်မဝဏးမသဏ ရင်သပ်ရှုမောစရာကောင်း၍ ရှေးခေတ်ဝတ်စုံများမှာလည်း လက်ရာမြောက်သည်။ ကျန်းစစ်နင်၏ သရုပ်ဆောင်ချက်များသည် အဆင့်အတန်းမြင့်၍ ဇာတ်ပို့များကလည်း အရည်အချင်းရှိကြသည်။ သို့သော် သူ မည်သို့ပင် ကြည့်ရှုခဲ့ပါစေ ဇာတ်လမ်းမှာ ငြီးငွေ့ဖွယ်ရာ ကောင်းလွန်း၏။

ကုရှင်းရှစ်က သူ့ဘေးနားရှိ ချင်ဝမ်ကို တစ်ချက်ကြည့်လိုက်ရာ ချင်ဝမ်က ဇာတ်လမ်းကို စူးစူးစိုက်စိုက်ကြည့်နေသည်ကိုသာ မြင်လိုက်ရသည်။ သူချက်ချင်းပင် တွေးမိသွားခဲ့၏။ 

ငါကပဲ အနုပညာလက်ရာကောင်းကို မခံစားတတ်တာလား....

သူ မတ်မတ်ထိုင်လိုက်ကာ နောက်ထပ်ငါးမိနစ်မျှ ကြည့်ရှုခဲ့သော်လည်း ကြာကြာထိန်းမထားနိုင်ခဲ့ချေ။ သူက သမ်းဝေခြင်းမှ ကျလာသော မျက်ရည်များအား ကူရှင်တစ်ခုကို အသုံးပြုကာ သုတ်လိုက်သည်။

ဒါပေမယ့်...

တကယ့်ကို ပျင်းစရာကောင်းတာပဲ...

ထိုအတွေးမှာ ကုရှင်းရှစ် နှစ်နှစ်ခြိုက် ခြိုက်အိပ်မပျော်မီ တွေးလိုက်မိသော အတွေးသာဖြစ်၏။

နှစ်နာရီကြာပြီးနောက် "ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲ၏ အဆုံးသတ်သီချင်းသံ ထွက်လာသောအခါ ကုရှင်းရှစ် ဖြည်းညှင်းစွာနိုးလာပြီး ပျင်းရိစွာဖြင့် ခြေလက်တို့ကို ဆန့်ထုတ်လိုက်ကာ မေးလိုက်သည်။ 
"ကြည့်ပြီးပြီလား…"

ချင်ဝမ်က သူ့လက်ထဲမှ မှတ်စုစာအုပ်ကို ဖယ်လိုက်ပြီး စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြခဲ့သည်။

ကုရှင်းရှစ်က အနည်းငယ် အံ့ဩသွားခဲ့၍ မေးလိုက်၏။ 
"ဇာတ်လမ်းက ကောင်းတယ်လား... မင်း မှတ်စုစာအုပ်နဲ့တောင် မှတ်နေရလောက်အောင်ထိလေ..."

ချင်ဝမ်က ခေါင်းယမ်းကာ ပြောခဲ့သည်။ 
"ကျွန်တော် မိနစ်နည်းနည်းလောက်ကြည့်ပြီးတာနဲ့ ဒီဇာတ်လမ်းက ဘာအကြောင်းပြောချင်နေတာလဲ ဆိုတာကို နားမလည်မှန်း သိလိုက်တယ်... အဲ့ဒါနဲ့ အချိန်မဖြုန်းမိအောင်လို့ အရည်အချင်းရှိတဲ့ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုကို စပြီး လေ့လာခဲ့တော့တာပဲ... ဥပမာ ဇာတ်ဝင်ခန်းတစ်ခုမှာဆိုရင် မင်းသားက မပေါက်ကွဲခင် သူ့ရဲ့ခံစားချက်တွေကို မျိုသိပ်ထားတဲ့ သရုပ်ဆောင်ချက်က အရမ်းကိုကောင်းတယ်..."

ကုရှင်းရှစ်: "... "

ချင်ဝမ်၏ ကြိုးစားမှု အတိုင်းအတာကို သူ ယခုထိ အပြည့်အဝ နားမလည်သေးပေ။

သူတို့နှစ်ဦးအပြင် အခြားသူအများအပြားကလည်း “ကြီးမြတ်သော အကြံအစည်”ဇာတ်လမ်းတွဲကို ကြည့်ရှုခဲ့ကြသည်။

ဥပမာပေးရမည်ဆိုပါက ကျန်းကျန့်ယွဲ့ပင်။

"ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲကို အချိန်အတော်ကြာ လိုက်ပါကြည့်ရှုပြီးနောက် ကျန်းကျန့်ယွဲ့က ဇာတ်လမ်းတွဲ၏ပရိသတ်တစ်ဦး ဖြစ်လာခဲ့သည်။ သို့သော် ရုပ်ရှင်နှင့် တီဗီဇာတ်လမ်းတွဲ အကြောင်းအရာ ဖန်တီးသူ တစ်ဦးအနေဖြင့် သူမ ဝန်ခံရမည်မှာ ကျော်ကြားမှုအရ "ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲ၏ အားသာချက်များက "ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲထက် များစွာသာလွန်ကြောင်းပင် ဖြစ်သည်။

ထို့ကြောင့် "ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲ၏ ပွဲဦးထွက် ထုတ်လွှင့်သည့်ညတွင် သူမက "ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲကို ကျော်သွားခဲ့ကာ ၎င်းအစား "ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲကို ကြည့်ရှုရန် စောင့်မျှော်ခဲ့သည်။

သို့သော်လည်း သူမ ထိုဇာတ်လမ်းတွဲကို ကြည့်ပြီးသောအခါ အံဩမှင်တက်သွားရသည်။

ဒါက နှစ်နှစ်ကြာအောင် ပြုပြင်မွမ်းမံထားတဲ့ ကြီးကျယ်ခမ်းနားတဲ့ သမိုင်းနောက်ခံ အာဏာလုဇာတ်လမ်းတဲ့လား...

ဇာတ်လမ်းရဲ့ ကောင်းတဲ့အချက်တွေကို ဆွေးနွေးရမယ်... ဟုတ်ပြီ... အချက် နည်းနည်းတော့ရှိတယ်...


🍉🍉🍉🍉 အခန်း ၆၄


လုခယ်ပင်း၏ ရသခံစားတတ်မှုက အမြဲတမ်း စင်းလုံးချောကာ ပြစ်ချက်ကင်း၏။ ဇာတ်ကွက်တစ်ခုချင်းစီကို desktop wallpaper အဖြစ် အသုံးပြုနိုင်သည်အထိ ရိုက်ချက်များမှာ ကြည်လင်ပြတ်သားလှသည်။

ကျန်းစစ်နင်၏ သရုပ်ဆောင်မှုမှာလည်း အဆင့်အတန်းမြင့်၏။ ဇာတ်ဝင်ခန်းတိုင်းတွင် သူ၏ သရုပ်ဆောင်စွမ်းရည်ကို ပြသနိုင်ခဲ့သည်။

သို့သော် ဤဒရာမာသည် အခြေခံအားဖြင့် “ကြည့်မကောင်းခြင်း” ဟူသောအချက်ကိုမူ မပြောင်းလဲခဲ့ပေ။

ဇာတ်ကွက်မှာ အနည်းငယ်သာ တိုးတက်လာသည်။ ဇာတ်ကောင်များ၏ တွန်းအားပေးမှုများက ယုတ္တိမရှိဘဲ နိုင်ငံရေးပရိယာယ်အားဖြင့် ရိုးရှင်းကာ လူတိုင်းက ကြီးကျယ်ခမ်းနားသော စကားလုံးများကို ဟောပြောရန်သာ ရည်ရွယ်ပုံရ၏။ အပြန်အလှန်ပြောစကားများကလည်း သပွတ်အူကဲ့သို့ ရှုပ်ထွေးနက်နဲ၍ ဟိတ်ဟန်များလွန်းကာ ကြည့်ရှုသူများကို အိပ်ပျော်သွားစေနိုင်သည်။

ကျန်းစစ်နင်၏ မျက်စိနောက်စရာကောင်းသော သရုပ်ဆောင်ချက်များက သူ့ကိုယ်သူ ပေါ်လွင်စေရုံမှတစ်ပါး ဇာတ်လမ်းတွဲနှင့်မူ အဆက်အစပ် မရှိခဲ့ချေ။

တစ်နည်းအားဖြင့်ဆိုရပါက သာမာန်အမှိုက်ပုံကြီးမှတစ်ဆင့် လှပစွာ ထုပ်ပိုးထားသော အမှိုက်ပုံကြီးအဖြစ်သို့ ပြောင်းလဲသွားစေသကဲ့သို့သာ ဖြစ်နေခဲ့သည်။

ကျန်းကျန့်ယွဲ့က သူမ၏ ခံစားချက်များဖြစ်သော စိတ်ပျက်မှု၊ ဒေါသထွက်မှုနှင့် မချင့်မရဲဖြစ်ရမှုများကို ဖော်ပြ၍ပင် မရနိုင်ခဲ့ချေ။

အကောင်းဆုံးသော ပါဝင်ပစ္စည်းများကို အချက်အပြုတ်ဆိုင်ရာကပ်ဘေးတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်သည်ကို ကြည့်ရှုနေရသော စားကောင်းသောက်ဖွယ်ကြိုက်သူ တစ်ယောက်၏ အဖြစ်နှင့် တူနေခဲ့သည်။

သို့သော်လည်း ယခုအချိန်တွင် ဝေ့ပေါ်ရှိ ရေပန်းစားသတင်းခေါင်းစဉ်များတွင် "ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲအတွက် ချီးကျူးမှုများနှင့် ကျန်းစစ်နင်၏ သရုပ်ဆောင်မှုကို ဂုဏ်ပြုခြင်းများဖြင့်သာ ပြည့်နေခဲ့၏။

ပိုဆိုးသည်မှာ လူတော်တော်များများက "ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲကို ကျဉ်းမြောင်းသော နယ်ပယ်၊ သမာရိုးကျဆန်သော ဇာတ်ကောင်များ၊ သရုပ်ဆောင်များ၏ သရုပ်ဆောင်စွမ်းရည် ညံ့ဖျင်းမှုများကြောင့်  "ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲနှင့် နှိုင်းယှဉ်၍ပင် မရနိုင်ကြောင်း နှိမ့်ချပြောဆိုနေခဲ့ကြသည်။

သူတို့က "ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲ၏ ပရိသတ်များကို "နိုင်ငံအတွင်းက တောသားလူနုံတွေက အရသာရှိတဲ့ စားစရာကို မစားနိုင်ကြဘူး" ဟူ၍ ပြောကာ ရသအပေါ် တန်ဖိုးထားတတ်မှုကင်းမဲ့သည်ဟု လှောင်ပြောင်သရော်ခဲ့ကြသည်။

ကျန်းကျန့်ယွဲ့ အလွန်ဒေါသထွက်သွားမိကာ သွေးပေါင်ချိန်ပင် တက်သွားခဲ့၏။

ဝေ့ပေါ်မှာရှိတဲ့ ရေပန်းစားသတင်းခေါင်းစဉ်နေရာတွေကို ဝယ်တာက "ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲအနေနဲ့ လုပ်ရမယ့်အရာတစ်ခုဖြစ်လို့ ထားလိုက်ပါတော့... ဒါပေမယ့် ကိုယ့်ဇာတ်လမ်းတွဲကို မြှင့်တင်ဖို့အတွက်နဲ့ တခြားဇာတ်လမ်းတွဲကို နှိမ့်ချဖို့ လိုအပ်လို့လား... အထူးသဖြင့် "ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲ... ဇာတ်လမ်းနှစ်ခုစလုံးရဲ့ အဓိကအကြောင်းအရာတွေ လုံးဝကွဲပြားတဲ့  á€’á€Žá€‡á€Źá€á€şá€œá€™á€şá€¸á€á€˝á€˛á€€á€­á€Ż ပစ်မှတ်ထားပြီး အဲ့ဒီဇာတ်လမ်းတွဲရဲ့ ပရိသတ်တွေကိုတောင် လှောင်ပြောင်တယ်တဲ့လား...

"ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲရဲ့လူထုဆက်ဆံရေးအဖွဲ့က သွေးရူးသွေးတန်းနဲ့ စိတ်တွေလွတ်ကုန်ကြတာလား... ဒါမှမဟုတ် ပြိုင်ဘက်တွေရဲ့ သူလျှိုထည့်တာကို ခံထားရတာ‌လား...

ကျန်းကျန့်ယွဲ့က မခံမရပ်နိုင်ဖြစ်မှုကြောင့် ရှည်လျားသော ဘလော့ဂ်ပို့စ်တစ်ခုကို ရေးသားခဲ့ပြီး "ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲက အဘယ်ကြောင့် ကြည့်ရှု၍မကောင်းကြောင်းကို တိုက်ရိုက်ပင် ခွဲခြမ်းစိတ်ဖြာပေးခဲ့သည်။ ထိုသို့ရေးသားလိုက်ခြင်းက ပျားအုံကို နှိုးဆွလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်ကို သူမ နည်းနည်းမျှပင် မသိခဲ့ချေ။

အခကြေးငွေလက်ခံထားသော ရေတပ်များနှင့် အရိုးစွဲကာ ဦးနှောက်သေနေသော အမာခံပရိသတ်များက သူမ၏ဘလော့ဂ်သို့ လျင်မြန်စွာ ဝင်လာကြပြီး ဆိုးရွားလှသည့် စော်ကားမော်ကား ပြောဆိုကြခြင်းများမှာလည်း တိုး၍လာခဲ့သည်။

သို့သော်လည်း ကျန်းကျန့်ယွဲ့မှာ လွယ်ကူသူ တစ်ယောက် မဟုတ်ခဲ့ပေ။

သူမက ရုပ်ရှင်နှင့် တီဗီအသိုင်းအဝိုင်းတွင် နှစ်အတော်ကြာ သူမ၏တဲ့တိုးဆန်၍ ပြတ်သားသည့်ပုံစံကို ထိန်းသိမ်းထားနိုင်ခဲ့သည်မှာ လုံလုံလောက်လောက် ကြံ့ခိုင်‌ခဲ့သောကြောင့်ဖြစ်သည်။

ပဋိပက္ခများ အရှိန်မြင့်လာသည်နှင့်အမျှ ဘေးမှရပ်ကြည့်နေသော အင်တာနက်အသုံးပြုသူ တော်တော်များများကလည်း ဇာတ်လမ်းတွဲနှစ်ခု၏တိုက်ပွဲကြား ဝင်ပါလာကြ၏။

[ငါတို့အဖွဲ့ကတော့ "ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲက တော်တော် ညံ့တယ်လို့ ထင်တာပဲ... ငါတို့ အပိုင်းတစ်ပိုင်းကိုတောင် ပြီးအောင်မကြည့်နိုင်ခဲ့ဘူး...]

[ငါက ကျန်းစစ်နင်ရဲ့အမာခံပရိသတ်တစ်ယောက်ဆိုပြီး သူ့အတွက် ဒီဇာတ်လမ်းတွဲကို ကြည့်ခဲ့တယ်... ဒါပေမယ့် ငါပြောချင်တာက ဒီဇာတ်လမ်းက တကယ်ကို အရမ်းဆိုးလွန်းတယ်... ဒါပေမယ့် ကျန်းစစ်နင်ကလည်း နတ်ဘုရားမှ မဟုတ်တာ... တစ်ခါတစ်လေတော့ မှားမှာပေါ့... သူက နောက်တစ်ကြိမ်မှာ ပိုကောင်းအောင် လုပ်နိုင်ပါသေးတယ်...]

[အရင်က ငါ သူငယ်ချင်းတစ်ယောက်နဲ့ ငြင်းခုံခဲ့သေးတယ်... သူက ငါ့ကို အရသာမရှိတဲ့ ပေါ့ပြက်ပြက် idol ဇာတ်လမ်းတွဲတွေကိုပဲ ခံစားနိုင်တဲ့သူလို့ ပြောခဲ့တယ်... အဲ့ဒါက ငါ့ကို အရမ်းဒေါသထွက်စေခဲ့တာ... အခု ငါ့ကို ကြမ်းကြမ်းတမ်းတမ်း ဘယ်လိုပဲ ထပ်ပြောပြော "ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲက မကောင်းဘူးလို့ ငါ ပြောရမှာပဲ...]

ဤအတောအတွင်း အခြားအင်အားစုကလည်း "ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲမှ "ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲကို ခွဲထုတ်ရန် ဝီရိယရှိရှိ လုပ်ဆောင်နေခဲ့သည်။

ဆွေးနွေးမှုများက "ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲဆီသို့ ဦးတည်သွားသည့်အခါတိုင်း ၎င်းတို့က လူအများ၏အာရုံကို "ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲဆီသို့သာ လျင်မြန်စွာ ပြန်လည်ညွှန်ပြခဲ့ကြသည်။

*

နောက်တစ်နေ့မနက် ကုရှင်းရှစ် အိပ်ရာမှ နိုးလာသောအခါတွင် ရေပန်းစားနေသည့် တစ်ခုတည်းသော ခေါင်းစဉ်မှာ #"ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲကမကြည့်သင့်တဲ့ဇာတ်ကား ဟူ၍ပင် ဖြစ်သည်။

သူ အံ့ဩသွားခဲ့သည်။

မကြာမီမှာပင် စွန်းဟုန်ဖေးထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံလိုက်ရကာ ထိုသူက  á€•ဟုလးပဟုလးရွသင်ရွသင်ဖဟငအ် ပြောလာ၏။
"ဥက္ကဌကု... မင်း စိတ်ပူစရာမလိုပါဘူး... မနေ့ညက "ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲရဲ့ ကြည့်ရှုမှုနှုန်းကို လုံးဝမထိခိုက်ခဲ့ဘူး... တကယ်ဆို တိုးတောင် တိုးလာသေးတယ်..."

ကုရှင်းရှစ်က ပြန်မေးခဲ့၏။ 
"တကယ်လား..."

“လုံးဝ တကယ်ပြောတာ...” 
စွန်းဟုန်ဖေးက စိတ်အားထက်သန်စွာ ပြန်ဖြေခဲ့သည်။ 
"ဒါပေမယ့် အားလုံးက ဥက္ကဌဝမ်ကို ကျေးဇူးတင်ရမှာပဲ... "ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲက ငါတို့နဲ့လာပြီး ချိတ်ဆက်ဖို့ ကြိုးစားနိုင်တယ်လို့ သူကပြောခဲ့ပြီး လူထုအမြင်ကို စောင့်ကြည့်ဖို့ ညွှန်ကြားထားခဲ့တာ... အဲဒီ အချိန်မှာ ဥက္ကဌဝမ်က အတွေးလွန်နေတယ်လို့ပဲ ငါတို့ထင်ခဲ့တာ... "ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲက ငါတို့နဲ့ ဆက်စပ်ဖို့ လိုအပ်လို့လားပေါ့... ဒါပေမယ့် ညနေစောင်းရောက်တော့မှ ဥက္ကဌဝမ်က ပြည့်ပြည့်စုံစုံ ခန့်မှန်းနိုင်တဲ့ တကယ်ကို အမြော်အမြင်ရှိတဲ့ သူမှန်း ငါတို့ သိလိုက်ရတာပဲ..."

ဝမ်ယွဲ့အတွက် စွန်းဟုန်ဖေး၏ အဆုံးမရှိသော ချီးမွမ်းသံကို နားထောင်ကာ ကုရှင်းရှစ် တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့ သည်။

စွန်းဟုန်ဖေးက ပြောခဲ့သော်လည်း တုံ့ပြန်သံမကြားရသောကြောင့် သူ စိတ်ရှုပ်ထွေးစွာ မေးလိုက်၏။
“ဥက္ကဌကု... မင်းက ဘာလို့ ဘာမှ မပြောတာလဲ... ဥက္ကဌဝမ်က အံ့ဩစရာကောင်းတယ်လို့ မင်း မထင်ဘူးလား...”

ကုရှင်းရှစ်: "... "

ငါက ဘာပြောရမှာလဲ...

ငါက ဝမ်ယွဲ့ရဲ့လက်အောက်မှာ အလုပ်လုပ်တဲ့သူမှ မဟုတ်တာ... သူ့ကို ချီးကျူးစကားပြောဖို့ ငါ့မှာ တာဝန်မရှိဘူးလေ...

သို့သော် ဤခေါင်းမာသော အမာခံပရိသတ်နှင့် ရင်ဆိုင်ရသောအခါ သူ့ခံစားချက်ကို ချုပ်တည်းပြီး ဝတ်ကျေတမ်းကျေ ပြန်ဖြေခဲ့သည်။ 
"ဟုတ်တာပေါ့... ဟုတ်တာပေါ့... မင်းရဲ့ ဥက္ကဌဝမ်က တကယ်ကို အထင်ကြီးစရာကောင်းတာပဲ..."

စွန်းဟုန်ဖေးက ရယ်မောပြီး ပြောလာ၏။ 
"ဥက္ကဌကု... မင်းက အရမ်းကို ထောင်လွှားမှုမရှိတဲ့သူပဲ..."

ဒါက မင်းရဲ့ဥက္ကဌဝမ်ဆိုတာ အသိသာကြီးလေ...

ကုရှင်းရှစ်: "?"

ကံကောင်းထောက်မစွာဖြင့် စွန်းဟုန်ဖေးက သာမာန်အတိုင်းပင် ပုံမှန်စီးပွားရေးကိစ္စများကို စတင်ဆွေးနွေးလာခဲ့၏။

ဖုန်းချပြီးသောအခါ ကုရှင်းရှစ်က မျက်နှာသစ်ရန်နှင့် သွားတိုက်ရန်အတွက် ခုတင်ပေါ်မှ ဖြည်းညှင်းစွာ ထလိုက်သည်။

သွားတိုက်စဉ် ငြီးငွေ့သကဲ့သို့ ခံစားလာရသောအခါ သူ စနစ်ကို လှမ်းမခေါ်ဘဲ မနေနိုင်ခဲ့ချေ။ 

[စနစ်ရေ... "ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲက အရမ်းကို ဆိုးဝါးလွန်းတယ်... သူ့ နောက်ကွယ်မှာ အရည်ရွှမ်းတဲ့ဇာတ်လမ်းတွေ ရှိလောက်လား...]

မျှော်လင့်ထားသည့်အတိုင်းပင် စနစ်က ချက်ချင်းတုံ့ပြန်ခဲ့၏။ 
[ဟီးဟီးဟီး... ငါမင်းကို ပြောပြစရာ ရှိသေးတယ်...]

ကုရှင်းရှစ် ငြီး‌ငွေ့နေရာမှ ချက်ချင်း အသက်ဝင်လာကာ ပြောခဲ့၏။
[မြန်မြန်လေး ငါ့ကို ပြောပြ...]

စနစ်က စတင်ပြောခဲ့သည်။ 

[အခုတစ်ကြိမ်တော့ လုခယ်ပင်း  á€€á€ťá€›á€žá€Żá€śá€¸á€žá€˝á€Źá€¸á€•á€źá€Žá€œá€­á€Żá€ˇ လူအတော်များများက ပြောနေကြပေမယ့် တကယ်က အဲ့ဒီလိုမဟုတ်ဘူး... လုခယ်ပင်းက ပုံမှန်အတိုင်း ရိုက်ကူးချင်ခဲ့တာပဲ... အကြီးမားဆုံး ပြဿနာက ကျန်းစစ်နင်နဲ့ ဇာတ်ညွှန်းရေးဆရာ...]

[လုခယ်ပင်း အရင်က ရုပ်ရှင်ရိုက်ဖို့ ကြိုးစားခဲ့တယ် မဟုတ်လား... အဲ့ဒီစွန့်စားမှုက နှစ်ပေါင်းများစွာ အချိန်တွေ အလဟဿဖြုန်းတီးခဲ့သလိုဖြစ်ပြီး ရလဒ်ကြီးကြီးမားမားလည်း မရှိခဲ့ဘူးလေ... အစက သူနဲ့ အမြဲတွဲပြီးအလုပ်လုပ်ခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်ရှိတယ်... သူ့ရဲ့ အရင်က ထွက်ခဲ့သမျှ ဇာတ်လမ်းတွဲတွေရဲ့ ဇာတ်ညွှန်းတွေအားလုံးကို အဲ့ဒီဇာတ်ညွှန်းရေးဆရာက ရေးပေးခဲ့တာပဲ... ဒါပေမယ့် ဇာတ်ညွှန်းရေးဆရာက တော်တော်လေး အသက်ကြီးနေပြီ... လုခယ်ပင်း ရုပ်ရှင်ပိုင်းကို ပြောင်းသွားပြီးတဲ့နောက်မှာ လူအိုကြီးက အနားယူသွားတယ်လေ...]

[နောက်ပိုင်း လုခယ်ပင်း တီဗီဇာတ်လမ်းတွဲဘက်ကို ပြန်လာတဲ့အခါ သူက ကြီးမားပြီး ထိရောက်တဲ့ အကျိုးသက်ရောက်မှုရှိတဲ့အရာမျိုးကို ဖန်တီးချင်တာကြောင့် သရုပ်ဆောင်မှုကိုအခြေခံထားတဲ့ စာချုပ်တစ်ခုကို ချုပ်ခဲ့တယ်... ဇာတ်ညွှန်းရေးဆရာရဲ့ မွေးရပ်မြေအထိသွားပြီး အငြိမ်းစားယူနေတဲ့ လူကြီးမင်းကို ဆွဲဆောင်ခဲ့သေးတယ်... ဒါပေမယ့်လည်း ကျန်းစစ်နင်က ဇာတ်ညွှန်းမှာ သူ့ရဲ့ဇာတ်ကောင်က လုံလောက်အောင် သိသာထင်ရှားမနေလို့ဆိုပြီး သဘောမကျခဲ့ဘူး... အဲ့ဒါနဲ့ အရင်က သူနဲ့တွဲလုပ်ဖူးတဲ့ ဇာတ်ညွှန်းရေးဆရာကို ခေါ်လာပြီး ဇာတ်ညွှန်းပြောင်းပေးဖို့ တောင်းဆိုခဲ့တယ်...]

[ဇာတ်ညွှန်းရေးဆရာ လူကြီးမင်းက ခေါင်းမာတဲ့ စိတ်နေစိတ်ထားရှိတော့ သူတို့က သူ့ကို မသိမသာ ဖယ်ကြဉ်ထားသလို ခံစားရတာနဲ့ သူက ရိုးရိုးရှင်းရှင်းပဲ ထွက်သွားခဲ့လိုက်တယ်... လုခယ်ပင်းက ဒေါသတကြီး ဖြစ်ခဲ့ပေမယ့် ကျန်းစစ်နင်က ပူးတွဲ ထုတ်လုပ်သူဖြစ်တဲ့အပြင် ရင်းနှီးမြှုပ်နှံသူတွေနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတော့ သူတို့အားလုံးပေါင်းပြီး လုခယ်ပင်းကို ဖိအားပေးခဲ့ကြတာ... လုခယ်ပင်းက စာချုပ်ချုပ်ပြီးကတည်းက လူအိုကြီးလို ထွက်မသွားနိုင်တော့ဘဲ အံကြိတ်ပြီး ဇာတ်လမ်းတွဲကိုပဲ ဆက်ရိုက်နေခဲ့ရတယ်လေ...]

[လုခယ်ပင်းက သူ့ဒေါသကို မျိုသိပ်လိုက်တာနဲ့ ကျန်းစစ်နင်က ပိုရဲတင်းလာတယ်... ဇာတ်ညွှန်းကို အမှိုက်လိုရှုပ်ထွေးသွားအောင် ပြောင်းလဲပစ်ရုံတင်မကဘူး... သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ပြနိုင်ဖို့ သူ့အပိုင်းတိုင်းကို ကြာကြာလေးရိုက်ပြီး ဇာတ်လမ်းထဲမှာ များများလေး ထည့်ပေးဖို့ တောင်းဆိုခဲ့တယ်... ဒီဇာတ်လမ်းတွဲကို အသုံးချပြီး ဆုတွေ အများကြီးရယူဖို့ သူက မျှော်လင့်ထားတာလေ...]

ထိုအကြောင်းကို ကြားသောအခါ ကုရှင်းရှစ် အံ့ဩသွားကာ ပြောခဲ့၏။ 
[ဒီလို ရှုပ်ယှက်ခတ်အောင်လုပ်တာက ဇာတ်လမ်းကို ပျက်စီးစေနိုင်တယ်ဆိုတာ သူ မသိဘူးလား... ဇာတ်လမ်းမကောင်းရင် သူ့သရုပ်ဆောင်ချက် ဘယ်လောက်ကောင်းကောင်း ဘာအကျိုးရှိမှာလဲ...]

စနစ်က သက်ပြင်းချရင်း ပြန်ဖြေခဲ့သည်။ 
[ကျန်းစစ်နင်က အခုလိုလုပ်တာ ဒါပထမဆုံးအကြိမ် မဟုတ်ဘူး... အရင်က ဒီလိုမျိုး လုပ်ဖူးပေမယ့် အဲ့ဒီတုန်းက အခုလောက်ထိ သိပ်ပြီး ရဲတင်းမနေခဲ့ဘူးလေ... အဲ့ဒါအပြင် အဲ့ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းရေးဆရာကလည်း အားကောင်းပြင်းထန်တော့ သူတို့ နောက်ပြန်ဆုတ်ခဲ့ရတယ်... နောက်ပိုင်းကျ ဝင်ငွေရတဲ့ ပရိုမိုးရှင်းပွဲတွေနဲ့ ပရိသတ်တွေရဲ့ ချီးမွမ်းမှုတွေကြောင့် သူက ထူးခြားကောင်းမွန်တယ်... သူ့ဘာသာသူ ဇာတ်လမ်းတွဲတစ်ခုကို တာဝန်ယူနိုင်မယ်လို့ တကယ်ကြီး ယုံကြည်ခဲ့တယ်လေ... အဲ့ဒါကြောင့် အခုတစ်ကြိမ်မှာ ပိုဆိုးလာခဲ့တာပဲ...]

[ဒါပေမယ့် အဲ့ဒီကိစ္စက ကျယ်ကျယ်ပြန့်ပြန့် မပျံ့နှံ့ခဲ့ဘဲ ဇာတ်လမ်းရဲ့ အဆင့်တိုင်းတာချက်တွေကလည်း လက်ခံနိုင်စရာဖြစ်ခဲ့လို့ ဖုံးကွယ်သွားခဲ့တာ... လုခယ်ပင်းက ရှေ့နှစ်တွေမှာ ရုပ်ရှင်ကားတွေပဲ ရိုက်ကူးခဲ့လို့ အဲ့ဒီအကြောင်းကို မသိခဲ့ဘူး... အဲ့ဒါကြောင့် ပရောဂျက်မှာ ပါဝင်ဖို့ ဆွဲဆောင်ခံခဲ့ရတာ... သူ နောက်ဆုတ်ချင်တဲ့အခါကျ အရမ်းကိုနောက်ကျသွားခဲ့ပြီ... သူအစွမ်းကုန် ကြိုးစားခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ ကျန်းစစ်နင်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲပြီး လုခယ်ပင်းကို ဖိနှိပ်ဖို့ တွဲဖက်ထုတ်လုပ်သူအဖြစ် သူ့အဆင့်အတန်းကိုအသုံးချပြီး နားကိုမထောင်ခဲ့တာ... အဆုံးကျ လုခယ်ပင်းကလည်း လက်လျှော့လိုက်ပြီး ကျန်းစစ်နင်ရဲ့ရူးရူးမိုက်မိုက်လုပ်ရပ်တွေနောက် လိုက်လုပ်ခဲ့ရတာပဲ... ကျန်းစစ်နင်က ရိုက်ချက်ကြာကြာလိုချင်ရင် သူက ကြာကြာလေးရိုက်ပေးလိုက်တယ်... ကျန်းစစ်နင်က အနီးကပ်ပုံတွေ လိုချင်ရင် သူက အနီးကပ်ပုံတွေ ရိုက်ပေးလိုက်တယ်... ပထမအပိုင်း နည်းနည်းလောက်က တကယ်ကို လက်ခံနိုင်လောက်ပေမယ့် နောက်ပိုင်းမှာတော့ တဖြည်းဖြည်း ပိုဆိုးလာတယ်...]

ကုရှင်းရှစ် မှင်တက်အံ့သြမိသွားကာ ပြန်မေးလိုက်သည်။ 
[ပထမအပိုင်း နည်းနည်းကို ကောင်းတယ်လို့ ယူဆတယ်တဲ့လား...]

စနစ်က ပြန်ဖြေခဲ့သည်။ 
[ကျန်းစစ်နင်က မိုးရွာထဲ ဓားသိုင်းကျင့်နေတဲ့အပိုင်းက မကြာခင် လွှင့်မယ့်အပိုင်းထဲပါမယ့် ဇာတ်ဝင်ခန်းတစ်ခုလေ‌... အဲ့ဒီအခန်းက ဇာတ်လမ်းတွဲတစ်ခုလုံးရဲ့ ပေါက်ကွဲမှုအပြင်းထန်ဆုံးအပိုင်းပဲ... ဒါပေမယ့် သူ့ကိုယ်သူ တော်တော် ကျေနပ်ခဲ့လို့ အစောပိုင်းကတည်းက ဝေ့ပေါ်မှာ သူ့ရဲ့ပရိသတ်တွေကို အမြည်းတင်ပေးပြီး ဒါက သူတို့အတွက် အထူးအခွင့်အရေးပေးမှုလို့ ပြောခဲ့သေးတယ်...]

ကုရှင်းရှစ်က သက်ပြင်းချကာ ပြောလိုက်သည်။ 
[...ငါ ဘာပြောရမှန်းတောင် မသိတော့ဘူး...]

စနစ်က ဆက်ပြီး ပြောခဲ့ပြန်သည်။ 
[အို့... သူက ရုပ်ရှင်ရိုက်ဖို့ စီစဉ်နေတယ်... သူက ဖုန်းထင်ယွင်ရဲ့ ထုတ်လုပ်ရေးအဖွဲ့ကို အရမ်းမျက်စိကျနေပေမယ့် လူတွေ့စစ်ဆေးမှုမှာပဲ ဖုန်းထင်ယွင်ဆီကနေ တိုက်ရိုက်ငြင်းပယ်တာကို ခံခဲ့ရတယ်လေ...]

ကုရှင်းရှစ် ဖုန်းထင်ယွင်‌နေရာမှ စဉ်းစားလျက် ပြောလိုက်သည်။ 
[ဟင်း... ငါ  á€œá€ąá€Źá€„်ဖုန်းကိုတ္ဏင် နည်းနည်းလောက် သနားသွားပြီ...]


🍉🍉🍉🍉 အခန်း ၆၅


ထို့နောက်တွင်"ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲမှာ ဆက်လက်ထုတ်လွှင့်နေသည်နှင့်အမျှ ၎င်းသည် ပို၍ပို၍ ငြီးငွေ့စရာကောင်းလာပြီး ပေါ့ရွှတ်လာခဲ့သည်။ အပိုင်းတစ်ခုစီတွင် ကျန်းစစ်နင်ကို မဖြစ်မနေ အထူးအသားပေးသော ရိုက်ချက်များမှတစ်ပါး အခြားမည်သည့်အရာမျှမပါခဲ့ချေ။

"ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲ၏ ကြည့်ရှုနှုန်း သိသိသာသာ ကျဆင်းသွားခဲ့သည်မှာ "ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲနှင့် ယှဉ်၍ပင် မရတော့ဘဲ တစ်ချိန်တည်းတွင် ကုန်ကျစရိတ်နည်းပါးသော အချစ်ဇာတ်လမ်းအချို့ ထုတ်လွှင့်ခြင်းထက်ပင် ပိုမိုဆိုးရွားနေခဲ့သည်။

"ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲ ကြည့်ရှုသူများက နောက်ဆုံးတွင် သက်သေပြနိုင်ခဲ့ပြီဖြစ်သည်။

ထို့အပြင် "ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲ၏ ပိုမို ကွဲလွဲလာသော ဇာတ်ကွက်များနှင့် နှိုင်းယှဉ်ပါက "ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲက ပို၍ကောင်းလာ၏။ လူမှုကွန်ရက်ပလက်ဖောင်းအမျိုးမျိုးတွင် လူအများက ဇာတ်ကြောင်းကို စိတ်အားထက်သန်စွာ ဆွေးနွေးကြပြီး ဇာတ်လမ်း၏နောက်ပိုင်း တိုးတက်လာနိုင်မှုများကို မှန်းဆကြသည်။ ၎င်းမှာ အလွန်ပင် အသက်ဝင်လွန်းလှ၏။

"ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲအတွက်မူ ငှားရမ်းထားသော ရေတပ်များ၏ အသက်မပါသော မှတ်ချက်များမှတစ်ပါး လတ်တလော ရေပန်းစားနေသည့် တစ်ခုတည်းသော အကြောင်းအရာမှာ ကျန်းစစ်နင်၏ မိုးရွာစဉ် ဓားသိုင်းကျင့်နေသည့် ဇာတ်ဝင်ခန်းသာ ဖြစ်သည်။ သို့သော်လည်း ခေါင်းစီးမှာ #ကျန်းစစ်နင်ကမနှစ်မြို့စရာပဲ ဟူ၍ ဖြစ်၏။

ထိုကဲ့သို့သော သိသိသာသာ ခြားနားမှုက တစ်ချိန်က ယုံကြည်မှုအပြည့်ရှိခဲ့သော ကျန်းစစ်နင်၏ အမူအရာကို မှောင်မိုက်ကာ မသေချာမရေရာ ဖြစ်သွားစေခဲ့သည်။

ထိုအရာကိုမြင်သော သူ့မန်နေဂျာက သူ့ကို ချော့မော့ခဲ့သည်။
"စစ်နင် ပြီးတာက ပြီးသွားပြီပဲ... အဲဒါတွေကို ကြည့်နေတာ ရပ်လိုက်... အနည်းဆုံးတော့ မင်းရဲ့ သရုပ်ဆောင်စွမ်းရည်တွေကို ပရိသတ်တွေက အသိအမှတ်ပြုနေတာ‌ပဲလေ... နောက်လာမယ့် ပရောဂျက်ကို သေသေချာချာ ရွေးကြမယ်... အဲဒါက မင်းကို မထိခိုက်စေရဘူး..."

"မင်း ဘာကိုဆိုလိုတာလဲ... အဲဒါက ငါ့ကိုမထိခိုက်စေရဘူး... ဟုတ်လား..." 
ကျန်းစစ်နင်က ဒေါသတကြီးဖြင့် စားပွဲပေါ်ရှိ ဇာတ်ညွှန်းများကို ထောက်ပြကာ ပြောခဲ့သည်။ 
“သူတို့ပို့ထားတဲ့ ဇာတ်ညွှန်းတွေကို ကြည့်လိုက်... အရင်တုန်းက ငါ့ကို ဒီလိုအမှိုက်တွေ ဘယ်သူပေးရဲလို့လဲ...”

မန်နေဂျာက သက်ပြင်းတစ်ချက်ချကာ အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။ 
"ဒီကာလ ပြီးသွားတဲ့အထိ စောင့်လိုက်ကြရအောင်... အရာအားလုံးလည်း တည်ငြိမ်သွားလိမ့်မယ်..."

သို့သော် ကျန်းစစ်နင်က ပို၍ပင် ဒေါသထွက်လာကာ ပြောခဲ့သည်။ 
"လုခယ်ပင်းက ဒီဇာတ်လမ်းနဲ့ အဆင်မပြေနိုင်ဘူးလို့ ငါ ပြန်ပြောခဲ့ပေမယ့် သူက ဒါရိုက်တာကောင်းတစ်ယောက်ဆိုပြီး မင်းတို့ အားလုံးက အခိုင်အမာပြောကြတယ်လေ... ကြီးကျယ်မြင့်မြတ်တဲ့ ဒါရိုက်တာတစ်ယောက်က ဒီလိုမျိုးအရာတွေကို ရိုက်ကူးထုတ်လုပ်တယ်ပေါ့... ဒါက ငါ့ရဲ့ သရုပ်ဆောင်စွမ်းရည်တွေကို သက်သက်မဲ့ ဖြုန်းတီးနေတာပဲ..."

မန်နေဂျာမှာ ထိုအချိန်က တစ်ခုခု ထပ်၍ပြောချင်သော်လည်း ကျန်းစစ်နင်က ပို၍မာနကြီးမောက်မာလာကာ စိတ်တိုလွယ်လာခဲ့သည်။

ရိုက်ကူးရေးပြန်စသောအခါ သူက ကျန်းစစ်နင်အား ဝါရင့်ဇာတ်ညွှန်းရေးဆရာနှင့် မဆန့်ကျင်ရန် အကြံပေးခဲ့သော်လည်း ကျန်းစစ်နင်က သူ့ကို လေသံမာမာဖြင့်ပင် ငြင်းဆိုခဲ့သည်။ နောက်ပိုင်းတွင် သူ့ကို တမင်တကာ ဆန့်ကျင်နေသကဲ့သို့ ကျန်းစစ်နင်က လူအိုကြီးကို မောင်းထုတ်ကာ သူ၏ကိုယ်ပိုင် ဇာတ်ညွှန်းရေးဆရာကို ရာထူးတိုးပေးခဲ့၏။

မီးထဲ လောင်စာထည့်မိသကဲ့သို့ ဖြစ်သွားမည်ကို ကြောက်သည့်အတွက် မန်နေဂျာက သူ့ကို ညင်သာသော စကားလုံးများနှင့်သာ ဆက်ပြီး ဖြေသိမ့်ပေးနိုင်ခဲ့သည်။

ထိုမှပင် ကျန်းစစ်နင်က ဒေါကန်စွာဖြင့် ဆိုဖာတွင် ပြန်ထိုင်လိုက်၏။ ရုတ်တရက်ပင် သူ တစ်ခုခုကို တွေးမိကာ မေးလိုက်သည်။ 
"ဒါနဲ့ ဒါရိုက်တာဖုန်းရဲ့ လူတွေ့စစ်ဆေးပွဲ ရလဒ်က ထွက်လာပြီလား..."

မန်နေဂျာက စိတ်ထဲမှပင် အံ့ဩတကြီး အော်လိုက်သည်။ 
အိုး... မဟုတ်သေးဘူး...

လူတွေ့စစ်ဆေးပွဲအပြီးတွင် ဖုန်းထင်ယွင်က သူ့ထံ ငြင်းပယ်သည့် မက်ဆေ့ချ်ကို တိုက်ရိုက် ပေးပို့ခဲ့သည်။ သို့သော် ထိုအချိန်တွင် "ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲမှာ ပွဲဦးထွက် ထုတ်လွှင့်ရုံသာရှိသေးပြီး ကျန်းစစ်နင်သာ ဝုန်းဒိုင်းကြဲပစ်လိုက်ပါက အစောပိုင်းကာလ ကျော်ကြားမှုအား ထိခိုက်စေမည်ကို စိုးရိမ်သောကြောင့် သူက ထိုသတင်းကို ဖုံးကွယ်ထားခဲ့သည်။

"ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲထုတ်လွှင့်ပြီးနောက် ရလဒ်ကောင်းများရရှိသည်နှင့် တစ်ပြိုင်နက် ကျန်းစစ်နင် စိတ်ကောင်းဝင်နေသောအခါမှ ထိုအကြောင်းကို ဖြည်းညှင်းစွာ ပြောပြရမည်ဟု သူတွေးခဲ့သည်။

သို့သော် "ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲက ဤမျှအထိ ဆိုးရွားစွာ ကျရှုံးလိမ့်မည်ဟု မည်သူကမျှ မျှော်လင့်မထားခဲ့ချေ။

ကျန်းစစ်နင်သာ သူ အငြင်းခံလိုက်ရကြောင်း အခုချိန်မှာ သိသွားရင် ဘယ်လောက်ထိ စိတ်မထိန်းနိုင်ဖြစ်သွားမလဲဆိုတာကို ဘယ်သူမှ မသိနိုင်လောက်ဘူး...

သူ လည်ချောင်းရှင်းဟန်ပြုကာ ချောင်းဟန့်လျက် မည်သည့်စကား ပြောရမည်ကို မသိတော့ချေ။ ထိုအချိန်တွင် ကျန်းစစ်နင်က ရေပန်းစားခေါင်းစဉ်အသစ်တစ်ခု တက်လာသည်ကို မြင်ခဲ့၏။

#ချင်ဝမ်ကဖုန်းထင်ယွင်ရဲ့ရုပ်ရှင်အသစ်မှာပါဝင်သွားမယ်

ကျန်းစစ်နင်က မယုံနိုင်စွာဖြင့် အံ့ဩတကြီး အော်လိုက်သည်။ 
"ချင်ဝမ်တဲ့လား... "ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲထဲက အဲ့ဒီအရံသရုပ်ဆောင်တဲ့လား... စဉ်းစားဉာဏ်မရှိဘဲ ပြုံးရုံပဲပြုံးတတ်တဲ့ကောင်လေ..."

မန်နေဂျာမှာ ပြောစရာစကားများ ပျောက်ရှသွားခဲ့သည်။

ကျန်းစစ်နင်က ဝေ့ပေါ်ကိုဖွင့်ကြည့်ကာ သူပို၍ဖတ်မိလေလေ ပို၍ဒေါသဖြစ်လာမိပြီး မေးလိုက်သည်။ 
"ဘာလဲ... သူက လူတွေ့စစ်ဆေးမှုတောင် မဖြေခဲ့ဘူးလေ... ဖုန်းထင်ယွင်က သူ့ကို ပါဝင်ဖို့ ဖိတ်ခေါ်တယ်တဲ့လား... ပြီးတော့ ငါက သူ့လိုလူနဲ့ တွဲရမယ်ပေါ့... ဟုတ်လား..."

သူ ယခုအချိန်တွင် မရှင်းပြမိပါက ကျန်းစစ်နင် လုံးဝ အထင်လွဲသွားတော့မည်ကို သိလိုက်ရသောအခါ မန်နေဂျာက ကျည်ဆံကို ကိုက်ရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့သောကြောင့် ပြောပြလိုက်သည်။ 
"တကယ်တော့ မင်းက သူနဲ့ အတူ သရုပ်ဆောင်ရမှာ မဟုတ်ဘူး..."

"မင်း ဘာကိုဆိုလိုတာလဲ..." 
ကျန်းစစ်နင်က ပြန်မေးခဲ့သည်။

မန်နေဂျာ၏အသံမှာ တိုးသထက် တိုးသွားကာ ပြန်‌ဖြေခဲ့၏။ 
“မင်းရဲ့ လူတွေ့စစ်ဆေးမှု... အဲ့ဒါက မအောင်ခဲ့ဘူး...”

"ဘာ"
ကျန်းစစ်နင် အော်လိုက်သည်။

မန်နေဂျာက သူ့ကို စိတ်တည်ငြိမ်စေရန် ကြိုးစား၍ အမြန် ပြောလိုက်သည်။ 
"စိတ်မဆိုးပါနဲ့...သရုပ်ဆောင်တွေက တီဗီဇာတ်လမ်းတွဲအပိုင်းကနေ ရုပ်ရှင်အပိုင်းကို ကူးပြောင်းဖို့က ခက်ခဲတယ်လေ... အထူးသဖြင့် ဒါရိုက်တာဖုန်းရဲ့ ရုပ်ရှင်တွေမှာပေါ့... လူတွေ့စစ်ဆေးမှု မအောင်တာက ပုံမှန်ပါပဲ... မင်းက ငယ်သေးတယ်... ငါတို့ နောက်ထပ် အကြိမ်ပေါင်းများစွာ ကြိုးစားပြီး နည်းလမ်းရှာလို့ရသေးတယ်..."

“ငါ့ရဲ့ လူတွေ့စစ်ဆေးမှု ကျတာက ပုံမှန်ပဲလို့ ပြောနေတာလား... တီဗီ‌ဇာတ်လမ်းတွဲအပိုင်းကနေ ရုပ်ရှင်ကို ပြောင်းရတာ ခက်တယ်ဆိုတာကရော ဘာကိုဆိုလိုတာလဲ... ချင်ဝမ်က တတိယအမျိုးသားဇာတ်လိုက် နေရာပဲသရုပ်ဆောင်ဖူးလေ... အဲ့ဒါဆို ဖုန်းထင်ယွင်က သူ့ကို ဘာလို့ ပုဂ္ဂိုလ်ရေးအရ ဖိတ်ကြားခဲ့တာလဲ..." 
ကျန်းစစ်နင်က သူ့ကို မှောင်မိုက်စွာ ကြည့်လျက် မေးခဲ့သည်။ 
"ငါ့ရဲ့ သရုပ်ဆောင်စွမ်းရည်က သူ့ထက် ပိုဆိုးတယ်လို့ မင်းက ပြောနေတာလား..."

ကျန်းစစ်နင်က သူ၏သရုပ်ဆောင်စွမ်းရည်အတွက် အမြဲဂုဏ်ယူနေသည်ကို မန်နေဂျာက သိထားပြီးဖြစ်ကာ သူ့စကားကို သဘောမတူဘဲ မနေဝံ့သောကြောင့် ပြန်ဖြေခဲ့သည်။ 
"ဖုန်းထင်ယွင်က ချင်ဝမ်ရဲ့ မန်နေဂျာနဲ့ ဆက်ဆံရေးကောင်းရှိတယ်လို့ ငါကြားဖူးတယ်... အဲဒါက အကြောင်းပြချက် ဖြစ်နိုင်လောက်လား..."

"အဲဒါကြောင့် ဖြစ်မယ်..."
ကျန်းစစ်နင်က အံ့အားသင့်စွာ ပြောလိုက်သည်။

သူ တွေးမိလေလေ ဒေါသ ပိုထွက်လာလေလေ ဖြစ်သောကြောင့် သူ ပြောခဲ့သည်။ 

"သူက ငါ့ကို နင်းပြီး အပေါ်ကို တက်ချင်နေတာပဲ... သူ့ကိုယ်သူ ဘယ်သူလဲ ဆိုတာတောင် သိရဲ့လား... သူ့ အညစ်အကြေးတွေကို တူးထုတ်ဖို့ တစ်ယောက်ယောက်ကို သွားရှာလိုက်... ငါ ကျန်းစစ်နင်က သူ့စိတ်ကြိုက် နင်းချင်တိုင်း နင်းလို့ရတဲ့လူ မဟုတ်ဘူးဆိုတာ သိသွားစေရမယ်..."

မန်နေဂျာက စုံစမ်းရန် လူများကို ရှာဖွေနိုင်ခဲ့သော်လည်း ချင်ဝမ့်အကြောင်း အားလုံးကို စစ်ဆေးပြီးသည့်နောက်တွင် မကောင်းသတင်းဟူ၍ လုံးဝ မတွေ့ခဲ့ရပေ။

ကျန်းစစ်နင်က မယုံနိုင်ဖြစ်သွားကာ မေးလိုက်၏။ 
"လူတစ်ယောက်မှာ မကောင်းသတင်း မရှိဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."

"ငါ ဂရုမစိုက်ဘူး... ရှိအောင်လုပ်လိုက်... မင်း သူ့ကို သေတဲ့အထိ ညစ်ပေသွားအောင် လုပ်ပေးရမယ်... ပြီးရင် သူ့ကို ဒီလောကထဲကနေ ထွက်သွားဖို့ တွန်းအားပေးရမယ်..."

သူ့စိတ်သူ မထိန်းချုပ်နိုင်လုနီးပါး ဖြစ်နေသော ကျန်းစစ်နင်ကို မြင်လိုက်ရသောအခါ မန်နေဂျာက သူ့ကို ထပ်မံမဖျောင်းဖျဝံ့တော့ဘဲ တာဝန်ပေးသည့်အတိုင်း အမြန် ဆောင်ရွက်လိုက်သည်။

သို့သော်လည်း တာဝန်ကို ထမ်းဆောင်ပြီးသည့်နောက်တွင် သူက ချင်ဝမ်၏ မန်နေဂျာအမည်ဖြစ်သော ကုရှင်းရှစ်ဟူသော နာမည်ကို ကြည့်ကာ ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။ မကောင်းသည့် ကြိုတင်သတိပေးချက်တစ်ခုမှာလည်း သူ့စိတ်ထဲ၌ ပေါ်လာခဲ့သည်။

ငါ တစ်ခုခုကို မေ့နေတာလား...

***

ကုရှင်းရှစ်က နောက်ပိုင်းတွင် တော်တော်လေး အလုပ်များနေခဲ့သည်။

အထူးသဖြင့် ချင်ဝမ်၏ ဇာတ်ကောင် ယွီချန်ယန်းက အထောက်အထားကို ထုတ်ဖော်ပြသခဲ့သည့် အပိုင်းတွင် "ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲမှာ အရှိန်အဟုန်ပြင်းစွာ ကျော်ကြား ရေပန်းစားလာခဲ့သည်။

အစောပိုင်းကတည်းက အရိပ်အမြွက်များပြခဲ့ကာ များပြားလှသော သဲလွန်စများအပြင် ယွီချန်ယန်း၏နောက်ခံကို ထုတ်ဖော်ပြသခြင်းနှင့်အတူ တုန်လှုပ်ခြောက်ခြားစရာကောင်းသည့် ဇာတ်ကွက်အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့သော်လည်း ထိုကဲ့သို့သော အရေးကြီးသည့်အပိုင်းကို ချင်ဝမ်၏ သရုပ်ဆောင်မှုက အပြည့်အဝ ကိုင်တွယ်ခဲ့သည်။

ပရိသတ်က လှည့်စားခံရသည်ဟု လုံးဝ မခံစားရသည့်အပြင် ထိုအစား စိတ်လှုပ်ရှားစရာကောင်းကြောင်း သူတို့ သိခဲ့ရ၏။

လူတော်တော်များများက ယွီချန်ယန်း၏ဇာတ်ကောင်နှင့်အတူ ရပ်တည်ခဲ့ကြသည်။ အဓိကဇာတ်လိုက်နှင့် ဗီလိန် နှစ်ဦးစလုံးတွင် ထောက်ခံသူများရှိကြပြီး  á€žá€°á€á€­á€Żá€ˇá€€ အသေးစိတ် အချက်အလက်များကို စတင်ရှာဖွေကြပြီး ဇာတ်လမ်းတွဲ၏ ဇာတ်ကြောင်းအမှန်ကို တဖြည်းဖြည်းနားလည်လာခဲ့ကြသည်။

ချင်ဝမ်၏ ပေါက်ကွဲစေတတ်သော သရုပ်ဆောင်မှုကို ပြသသည့် အပိုင်းက အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားခဲ့သည်။

ဖုန်းထင်ယွင်က ထိုအခန်းကိုကြည့်ကာ ချင်ဝမ်၏သရုပ်ဆောင်မှုကို ချက်ချင်းသဘောကျသွားပြီး သူ့ရုပ်ရှင်အသစ်တွင် ပါဝင်ရန် ဖိတ်ကြားလိမ့်မည်ဟု ကုရှင်းရှစ် မျှော်လင့်မထားခဲ့ပေ။

ကုရှင်းရှစ်က ဖုန်းထင်ယွင်၏စရိုက်ကို ကောင်းကောင်းသိ၏။

တစ်စုံတစ်ယောက်က သူ့အား ကူညီပေးရုံမျှဖြင့် ဇာတ်ကားတစ်ကားမှ ဇာတ်ကောင်တစ်ခုကို ထိုသူအား မျက်နှာသာပေးသည့်အနေဖြင့် မည်သည့်အခါမျှ သရုပ်ဆောင်ခွင့်ပေးလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် အစကတည်းက သူ ဖုန်းထင်ယွင်ကို ချင်ဝမ် လူတွေ့စစ်ဆေးမှုကို ပါဝင်ဖြေဆိုနိုင်ရန်အတွက် ဇာတ်ညွှန်းပင် မတောင်းခဲ့ပေ။ အမှန်တွင် ချင်ဝမ်က သရုပ်ဆောင်ပညာကို စတင်သင်ယူနေဆဲဖြစ်ကာ အတွေ့အကြုံမရှိသေးသည့် လူသစ်တစ်ဦးသာ ဖြစ်သည်။ အလျင်စလိုမလုပ်ဘဲ ဖြည်းဖြည်းချင်း တိုးတက်လာမှုကသာ  á€•á€­á€Żáá€€á€ąá€Źá€„á€şá€¸áá‹

သို့သော် ကံကြမ္မာအလှည့်အပြောင်းကြောင့် ချင်ဝမ်က ဖုန်းထင်ယွင်၏အဖွဲ့သားများနှင့် အမှန်တကယ် ပူးပေါင်းနိုင်သွားလိမ့်မည်ကို သူ မျှော်လင့်မထားပေ။

ဇာတ်ကောင်မှာ သေးငယ်သော အရံဇာတ်ရုပ်တစ်ခုမျှသာ ဖြစ်လင့်ကစား ဖုန်းထင်ယွင်၏ အသိအမှတ်ပြုမှုဖြင့် ရုပ်ရှင်လောကထဲကို ဝင်ရောက်လာရခြင်းမှာ ထင်ရှားသည့် အောင်မြင်မှုတစ်ခု ဖြစ်နေပြီ ဖြစ်၏။

ဤအလုပ်များပြီး ပျော်ရွှင်စရာကောင်းသော နေ့ရက်များတွင် သူက "ကြီးမြတ်သော အကြံအစည်"ဇာတ်လမ်းတွဲနှင့် ကျန်းစစ်နင်ကို သူ့စိတ်ထဲမှ လုံးဝဖယ်ထုတ်ပစ်လိုက်သည်။

သို့သော် သူက ဒုက္ခကို မရှာသော်လည်း ဒုက္ခက သူ့ကိုရှာနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ချင်ဝမ်နှင့်ပတ်သက်သည့် အပျက်သဘောဆောင်သော ပို့စ်များကို အွန်လိုင်းပေါ်တွင် မြင်လိုက်ရသောအခါ ကုရှင်းရှစ် ဒေါသထွက်သွားခဲ့သည်။

[ကျားတစ်ကောင်ဖြစ်တဲ့ ငါက အစွယ်တွေကို ထုတ်မပြသေးတော့ ငါ့ကို ကြောင်ပေါက်လေးလို့ ထင်နေကြတာလား...]

[စနစ်ရေ...]

[မင်းကို ဝန်ဆောင်မှုပေးဖို့ ငါ ပြင်ဆင်ထားတာ ကြာပြီ... ကျန်းစစ်နင်မှာ မကောင်းသတင်းတွေ အများကြီးရှိတယ်...]
စနစ်ထံမှ အတင်းအဖျင်းစကားကို နားစွင့်ပြီးနောက် ကုရှင်းရှစ် ငြိမ်သက်သွားခဲ့သည်။

ကျန်းစစ်နင်ကို လက်တုံ့ပြန်မည်ဖြစ်သော်လည်း အဓိကတာဝန်မှာ ချင်ဝမ် နှင့် ပတ်သက်သည့် အပုပ်ချမှုကို တန်ပြန် တိုက်ခိုက်ရန် ဖြစ်သည်။

ဒေါသထွက်နေသည်မှာ ကုရှင်းရှစ်တစ်ယောက်တည်းသာ မဟုတ်ဘဲ ချင်ဝမ်၏ ပရိသတ်များကလည်း ဒေါသထွက်နေခဲ့ကြသည်။

[အစ်ကိုချင်က အဲ့ဒီလိုမဟုတ်တာ သေချာတယ်... ဒီကောလာဟလတွေ အများကြီးထွက်လာတာကလည်း လုပ်ကြံဖန်တီးထားလို့ဆိုတာ သိသာနေတာပဲလေ...]

[ငါ ငိုချင်လာပြီ... ကောလာဟလတွေက ပျံ့နှံ့ဖို့ အရမ်းလွယ်ပေမယ့် အဲ့ဒါတွေကို ပြန်ငြင်းဖို့က အရမ်းခက်တယ်... အပြစ်ကင်းကြောင်း သက်သေပြဖို့ကလည်း တကယ်ကို ခက်ခဲတယ်... ဒီကောလာဟလတွေကို ဆက်ပြီး ပျံ့နှံ့ခွင့်ပြုလိုက်မယ်ဆိုရင် အစ်ကိုချင်ရဲ့ အသက်မွေးဝမ်းကြောင်းက အနာဂတ်မှာ အကြီးအကျယ် ထိခိုက်တော့မှာ...]

[ဝါး.... ငါ အစ်ကိုချင်အတွက် ရှင်းပြဖို့ ကြိုးစားနေခဲ့ပေမယ့် တော်တော်များများက မယုံကြသေးဘူး... ငါတို့ ဘာလုပ်သင့်လဲ...]

အားလုံးက စိတ်ပူနေချိန်မှာပင် ပရိသတ်အုပ်စုထဲမှ တစ်စုံတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်ကာ ပြောခဲ့သည်။ 

[သခင်ကြီး #10086 က ဝေ့ပေါ်မှာ ပိုစ့် တင်လာခဲ့ပြီ...]

လူတိုင်းက ဝေ့ပေါ်သို့ ဝိုင်းအုံလာခဲ့ကြသည်။

ထိုလူက ကောလာဟလတင်သူ တစ်ယောက်ပြီး တစ်ယောက်နှင့် ချေပပြောဆိုလိမ့်မည်ဟု သူတို့ ထင်ခဲ့ကြသော်လည်း ဝေ့ပေါ်ရှိ ပို့စ်ကို ဖွင့်ဖတ်လိုက်သည့်အခါတွင် အမျိုးမျိုးသော နစ်နာအောင် ဝေဖန်ဆဲရေးထားသည့်လူများနှင့် ကောလာဟလကို ပျံ့နှံ့စေသည့် အကောင့်များကိုသာ စာရင်းပြုလုပ်၍ ဖော်ပြထားသည်ကို တွေ့ရှိခဲ့ရ၏။

ကုမ္ပဏီတစ်ခုစီမှ ငွေကြေးမည်မျှသုံးစွဲထားခဲ့ကြောင်းနှင့် ငွေလက်ခံရရှိပြီးနောက် အခပေးထားသော နစ်နစ်နာနာ ဝေဖန်ပြောဆိုသူများက ဖန်တီးထားသည့် အတင်းအဖျင်း အတုများ စသည့်အသေးစိတ် အချက်အလက်များကိုပင် ရှင်းလင်းစွာ စာရင်းပြုဖော်ပြထား၏။

ဒုက္ခရောက်စေသော နစ်နစ်နာနာ ဝေဖန်ပြောဆိုသူများက ရုတ်တရက် ဖော်ထုတ်ခံရပြီးနောက် ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။

[ဝိုး... ဒါက ဘယ်လိုတောင် သိသာထင်ရှားလွန်းတဲ့ ရှင်းလင်းချက်မျိုးလဲ...]

[ဟားဟားဟားဟား... သခင်ကြီး 10086 က မျှော်လင့်ထားတဲ့အတိုင်းပဲ.. တခြားသူတွေက ကောလာဟလတွေကို ကိုင်တွယ်ဖြေရှင်းကြပေမယ့် သူက ကောလာဟလတွေကို ဖန်တီးတဲ့လူတွေကို တိုက်ရိုက် ကိုင်တွယ်ဖြေရှင်းတာ...]


 

Search Novels