🍉🍉🍉🍉 အခန်း ၅၆


ချန်ရှင်း၏ရှင်းပြချက်ကို ကြားပြီးသည့်နောက် အင်တာနက်အသုံးပြုသူများသည် မကြာသေးခင်အချိန်က နာမည်ကြီးခဲ့သော ထုံဖုလျှပ်စစ်လုပ်ငန်းအမှုကို သတိရသွားခဲ့ကြသည်။

[အဲ့ဒါဆို ပုံထဲကသူက ဝမ်းနည်စရာတွေကို ကြံ့ကြံ့ခံခဲ့ရတဲ့ လူငယ်လေးပေါ့...]

[သေတာပဲဟေ့... ဒါတွေအားလုံးက လုံးဝကို နားလည်မှု လွဲသွားခဲ့ကြတာပဲ...]

[ငါ သိတယ်လေ... ငါ သူ့ကို ကြိုက်ရတာ လုံးဝ မမှားဘူး...]

[ချန်ရှင်းပဲ သေချာတယ်ဆိုပြီး ပြောခဲ့တဲ့သူတွေရေ... ခုတော့ မင်းတို့ ဘယ်ရောက်နေကြတာလဲ... မင်းတို့ ကင်းမြှီးကောက်ထောင်နေပြီး အညစ်အကြေးတွေ စားနေတာတော့ မဟုတ်လောက်ပါဘူးနော်၊...]

[ငါတို့က #007ကို #10086ရဲ့ အကောင့်သစ်လို့ ထင်ခဲ့တယ်... အတင်းအဖျင်းပြောရမယ်ဆိုရင် ဘယ်သူကမှ  #10086ကို မကျော်နိုင်ဘူး...]

[ဒါက #007ရဲ့ အဆိုးဆုံး လူထုဆက်ဆံရေးအိပ်မက်ဆိုး ဖြစ်သွားတော့မှာ...]

[အတင်းပြောစနစ် #007ရေ မင်း တောင်းပန်ရင် ပိုကောင်းမယ်...]

***

ထိုအချိန်တွင် ပါပါရာဇီနှစ်ယောက်က သူတို့၏ အောင်မြင်မှုများအပေါ် ပျော်မွေ့နေကြသည်။ သူတို့က သူတို့အကောင့်မှ လက်ကျန်ငွေနှင့်followerအရေအတွက် တစ်ဟုန်ထိုး တိုးလာသည်ကို ကြည့်ကာ ဘဝင်ခိုက်နေကြ၏။ အစပိုင်းတွင် သူတို့က "ကောလာဟလ"ကို စောစောစီးစီး ထုတ်လွှင့်ရန် စီစဉ်မထားခဲ့ဘဲ ချန်ရှင်းကို အချိန်အတော်ကြာ နောက်ယောင်ခံလိုက်၍ အရည်ရွှမ်းသော အသေးစိတ်အချက်အလက်များကို ဖော်ထုတ်နိုင်ရန် မျှော်လင့်ခဲ့ကြသည်။ 

သို့သော် သူတို့၏ဝယ်သူက အလျင်လိုနေပြီး ရက်ရက်ရောရောပေးခဲ့သောကြောင့် သူတို့ ဤအရာကို စောစောချပြရန် သဘောတူခဲ့ကြသည်။

ယခု၌ အကျိုးသက်ရောက်မှုမှာ သူတို့ မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်၍နေခဲ့သည်။ သူတို့က ငွေသာမက followerပါ အများကြီးရခဲ့သည်။

သူတို့သည် ဘီယာပုလင်းများကို ဖွင့်လိုက်ကာ အောင်ပွဲခံ ဘီယာတစ်ငုံစာကို အတူတကွ သောက်သုံးလိုက်ကြသည်။ 

ထို့နောက် မှတ်ချက်ကဏ္ဍတွင် တစ်ခုခုထူးဆန်းနေသည်ကို သူတို့ သတိထားမိခဲ့၏။ ထို့နောက် သူတို့ ၎င်းကို ဝင်၍ကြည့်လိုက်သောအခါ လူအများကြီးက သူတို့အား ထွက်လာရန် ကျိန်ဆဲနေကြကြောင်းကို သူတို့ တွေ့လိုက်ရသည်။

လတ်စသတ်တော့ ငါတို့ ချန်ရှင်းလို့ ထင်ခဲ့တဲ့လူက ချန်ရှင်းမဟုတ်ဘူးပဲ... သူက တစ်ချိန်လုံး liveလွှင့်နေခဲ့တယ်တဲ့လား...

ပါပါရာဇီများမှာ ကြက်သေသေသွားခဲ့၏။

မဖြစ်နိုင်ဘူး...

သူတို့၏ပထမဆုံးအတွေးမှာ ချန်ရှင်း၏ကုမ္ပဏီက အပြစ်ကို ဖုံးကွယ်ရန် အခြေအနေတစ်ရပ်ကို ဖန်တီးခဲ့သည်ဟူ၍ပင်။ liveလွှင့်ရန်အတွက် လျှို့ဝှက်သိုသိပ်သော အတုအယောင်AIကို သုံးခဲ့ခြင်း ဖြစ်နိုင်သည်။

ထိုလှည့်ကွက်ကို ဖော်ထုတ်ရန် ဆုံးဖြတ်၍ သူတို့ liveကို ဝင်ကြည့်ခဲ့ကြသောအခါ သူတို့ ငြိမ်သက်သွားခဲ့ရသည်။

သေချာပေါက်ပင် AIက မျက်နှာများသာ ပြောင်း၍ရနိုင်ကာ လူတစ်ဦး၏ စကားပြောပုံကိုမူ ပြောင်းလဲ၍မရနိုင်ပေ။ 

ဒီဖျော်ဖြေရေးလောကထဲက ဘယ်သူကများ ချန်ရှင်းလို အဆိပ်ပြင်းတဲ့ ပါးစပ်ရှိလို့လဲ... 

ယခုတွင် ပါပါရာဇီနှစ်ယောက်မှာ ထိပ်ထိပ်ပျာပျာဖြစ်ကာ တစ်ဦးကိုတစ်ဦး အပြစ်တင်ကြတော့သည်။

"ငါ မင်းကို ပြောသားပဲ... တစ်ဝက်တစ်ပျက်ပဲရှိသေးတယ်... အောင်ပွဲမခံသင့်သေးဘူးလို့..."

"မင်းပြောချင်တာ ဒါက ငါ့ရဲ့အမှားပေါ့... မင်းသာ အဲ့ဒါက ချန်ရှင်းပဲ သေချာတယ်လို့ မပြောရင် ငါတို့ ဒီအရှုပ်ကြီးကို လုပ်မိပါ့မလား..."

"မင်းက ငါ့ကို အပြစ်တင်နေတာလား... မင်းလည်း သူက ချန်ရှင်းလို့ တွေးခဲ့တာပဲလေ..."

သူတို့ ငြင်းခုံနေစဉ်မှာပင် တစ်စုံတစ်ယောက်က သူတို့ကားပြတင်းပေါက်ကို လာ၍ ခေါက်ခဲ့သည်။

ကားပါကင်အတွက် လက်မှတ်ရဖို့ရန် ကြာလွန်းသည်ဟု သူတို့ထင်ကာ ပါပါရာဇီ Aက သက်ပြင်းချရင်း ကားမှန်ကို ချလိုက်၏။ ကား၏အပြင်ဘက်မှရှိသောသူကို မြင်သောအခါ၌ သူ မှင်တက်သွားခဲ့သည်။

ဒါက သေချာပေါက် ရဲပဲ... ယာဉ်ထိန်းရဲတောင် မဟုတ်ဘူး...

"မင်းတို့ကို ပြည်သူတွေရဲ့ကိုယ်ရေးကိုယ်တာလုံခြုံမှုကို ချိုးဖောက်ပြီး သတင်းအမှားတွေ ဖြန့်ဝေခဲ့တယ်လို့ သံသယရှိတယ်... ကျေးဇူးပြုပြီး ငါတို့နဲ့ လိုက်ခဲ့ပေးပါ..."

****

နောက်တစ်နေ့တွင် အတင်းပြောစနစ်10086မှာ ဝေ့ပေါ်တွင် ပိုစ့်တင်လာခဲ့၏။

[#အစစ်အမှန်နဲ့အတုယောင်အတင်းပြောစနစ်... #10086က ဖော်ရွေစွာသတိပေးနှိုးဆော်ချက်... ကျေးဇူးပြု၍ အင်တာနက်ပေါ်က ရိုက်စားလှည့်ဖြားနေတဲ့သူတွေကို နိုးနိုးကြားကြားနဲ့သတိရှိကြပါ...]

ပိုစ့်အောက်တွင် သူတို့က လိုရင်းတိုရှင်းပင် ဝူကျင်းရဲတပ်ဖွဲ့မှ အပြာရောင်နောက်ခံပေါ်တွင် အဖြူရောင်စာလုံးများဖြင့် ရေးသားဖော်ပြထားသော နောက်ဆုံးရတရားဝင်သတင်းများကို မျှဝေထားကြသည်။ 

ထိုသတင်းမှာ ပါပါရာဇီများသည် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့၏လေယာဉ်အချက်အလက်များကို သူတို့နောက်လိုက်၍ သူတို့သတင်းများရရယူရန်အတွက် ဝယ်ယူခဲ့ကြောင်းနှင့် တစ်စုံတစ်ယောက်ကို ချန်ရှင်းနှင့်မှား၍ အရှုပ်အထွေးကို ဖန်တီးခဲ့ကြောင်း ဖော်ပြထားခဲ့သည်။ သူတို့နှစ်‌ဦးလုံးသည် ယခုအချိန်တွင် အချုပ်ခန်း၌ ထိန်းသိမ်းခံထားရပြီး တရားဥပဒေအရ အရေးယူခြင်းများကိုလည်း ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။

[ဝါး... ဒါကမှ အမှန်တရားပဲ...]

[ငါတို့တွေ အခု အတင်းပြောစနစ်အတုနဲ့ အတင်းပြောစနစ်အစစ်ကို တကယ်ကြီး ကိုင်တွယ်ဖြေရှင်းနေရတာပေါ့... ဒါက အရမ်းပြင်းထန်တာပဲ...]

[ဟား...ဟား... #10086ရဲ့ပုံစံက အရမ်းထူးခြားတာပဲ... ငါ ချက်ချင်း ဒါက အစစ်မှန်း သိတယ်... အတုကတော့ နောက်ဆုံးအထိလည်း အတုပါပဲ...]

[#10086က နောက်ကျပေမယ့် မျှော်လင့်ထားတဲ့အတိုင်း သတင်းမှန်တွေကိုပဲ တင်ပေးတယ်...]

[အခု ဒါကမှ သဘောတူညီမှုအစစ်ပဲ... #10086ကပဲ စိတ်ကျေနပ်မှုပေးနိုင်တယ်...]

[ဟေး... #10086ရဲ့ သရုပ်မှန်အစစ်ကို သံသယ ဘယ်သူမှ မဖြစ်ကြဘူးလား... ငါ အဲ့ဒါက အမြဲတမ်း ထူးဆန်းတယ်လို့ တွေးနေမိတယ်... သူ ဗုံးတစ်လုံးချလိုက်တာနဲ့ ရဲတွေက မကြာခင် သတင်းသစ်တွေ တင်ရတော့တာပဲ... အခုဆို တိုက်ရိုက်ပြန်ဝေမျှရုံလေးနဲ့ ဒါကို လုံးဝ ဖုံးကွယ်လို့မရတော့ဘူး... ဖြစ်နိုင်တာက... #10086က ရဲတပ်ဖွဲ့ထဲက တစ်ယောက်ယောက်များ ဖြစ်နေမလား...]

[ဝါး... မင်းပြောပြလိုက်တော့မှ ဒါက တော်တော်လေး အဓိပ္ပာယ်ရှိနေတာပဲ...]

[ထပ်ပြီး စဉ်းစားကြည့်... သူ့ရဲ့ဖမ်းစားလွန်းတဲ့ နာမည်ကို ခဏထားဦး... #10086ရဲ့ ထုတ်ဖော်ချက်တွေက တရားဝင်သတင်းအစီရင်ခံချက်တွေလို အရမ်းတိကျရှင်းလင်းတယ်...]

[ညီအစ်ကိုရေ မင်းသိတာ အရမ်းများနေပြီ...]

****

ထိုအချိန်တွင် သူ့ကို အာဏာရှိသူများထဲမှတစ်ယောက်အဖြစ် စာရင်းသွင်းခံခဲ့ရသည်ကို ကုရှင်းရှစ် မသိခဲ့ချေ။

စနစ်မှပြောသော သတင်းအချက်အလက်များကို အသုံးပြု၍ သူက ပါပါရာဇီများ ရှိနေနိုင်မည့်နေရာကို ထုတ်ဖော်ခဲ့ပြီး ရဲအရာရှိလင်းအား ထိုနေရာကို ပြောပြခဲ့သည်။ ရဲအရာရှိလင်းကလည်း မကြာမီမှာပင် သံသယရှိသူများအဖြစ် သူတို့အား ဖမ်းဆီးခဲ့၏။

လျှို့ဝှက်ကိစ္စဖြစ်သောကြောင့် ရဲအရာရှိလင်းက အများကြီး ထုတ်ဖော်မ‌ပြောပြခဲ့သော်လည်း ပါပါရာဇီများကို နာမည်‌ကျော်များ၏ သတင်းအချက်အလက်များ ရောင်းချရန် အထက်လူများက ဦးဆောင်နေကြောင်းကို ပြောပြခဲ့သည်။ အရာအားလုံးက ချောမွေ့စွာ ဆက်လက်ဖြစ်ပျက်နေပြီး သူတို့က မကြာခင်မှာပင် ပစ်မှတ်ကို တွေ့ရှိခဲ့သည်။ 

ကုရှင်းရှစ်နှင့် ချင်ဝမ်တို့ စန်းယန်ရုပ်ရှင်မြို့တော်သို့ ပြန်ရောက်သောအခါ ရဲအရာရှိလင်းက ပါပါရာဇီအုပ်စုတစ်ခုလုံးကို ဖမ်းမိခဲ့ပြီဟူသော သတင်းကောင်းကို မျှဝေခဲ့သည်။ 

ကုရှင်းရှစ်က အနားယူနေသည်ဟု ထင်ရသော်လည်း အမှန်မှာ သူသည် စနစ်မှ ပြောပြလာသော နောက်ဆုံးရ အတင်းအဖျင်းများကို နားထောင်နေခြင်းဖြစ်၏။

[သူတို့ တရားခံကို မြန်မြန်ဖမ်းမိရတဲ့ အဓိကအကြောင်းအရင်းက ပါပါရာဇီနှစ်ယောက်စလုံးက အရမ်းအရမ်း ပူးပေါင်းဆောင်ရွက်ပေးခဲ့လို့ပဲ... သူတို့နှစ်ယောက်က သဘောထားကွဲလွဲနေကြပြီး တစ်ယောက်ကို တစ်ယောက် ရောင်းစားဖို့ အဆင်သင့်ဖြစ်နေကြလို့လေ... တစ်ယောက်ပြီးတစ်ယောက် ခွဲထုတ်ပြီး မေးခွန်းမေးတဲ့အခါ သူတို့က ဘာမေးမလဲဆိုတာကိုတောင် မစောင့်တော့ဘဲ သူတို့ဟာသူတို့  á€–á€ąá€Źá€şá€€á€ąá€Źá€„á€şá€œá€Żá€•á€şá€€á€źá€á€ąá€Źá€ˇá€á€Źá€•á€˛... ဒေသဆိုင်ရာ အာဏာပိုင်တွေကလည်း အဲ့ဒီသတင်းအချက်အလက်ရောင်းဝယ်ဖောက်ကားတဲ့သူတွေကို စောင့်ကြည့်နေကြတာလေ... အဲ့ဒါကြောင့် သက်သေအထောက်အထားအသစ်ရတာနဲ့ ရဲတပ်ဖွဲ့က ဝင်စီးပြီး တစ်ခါတည်းနဲ့ အကုန်လုံးကို ဖမ်းမိခဲ့တယ်...]

[သူတို့က ဝယ်သူတွေရဲ့ညွှန်ကြားချက်အတိုင်း ကောလာဟလတွေကို ထုတ်ဝေရတာလို့ ပါပါရာဇီတွေက ပြောခဲ့တယ်... ဒါပေမယ့် ရဲတွေက စစ်ဆေးလိုက်တော့ ဝယ်သူဆိုတဲ့ဟာက အခွံသက်သက်ကုမ္ပဏီတစ်ခုဖြစ်နေပြီး ဖုန်းကလည်း ဆက်သွယ်လို့မရတော့ဘူး...]

ထိုနေရာသို့ရောက်သောအခါ စနစ်က ဇာတ်လမ်းဆန်ဆန် ရပ်တန့်ကာ မေးလိုက်သည်။
[ဝယ်သူက ဘယ်သူလဲဆိုတာ သိချင်လား...]

ကုရှင်းရှစ်က သူ့မျက်လုံးများကို ဖွင့်လိုက်ရင်း ပြန်ဖြေလိုက်သည်။
[မင်းအဲ့ဒီလို မေးလာပြီဆိုတော့... ဝယ်သူက ငါတို့သိတဲ့လူထဲက တစ်ယောက်ယောက်လား...]

[ဟုတ်တယ်...]

အနည်းငယ် ခန့်မှန်းကြည့်ပြီးနောက် နောက်ဆုံး သူ အလျှော့ပေးကာ မေးလိုက်သည်။
[ကောင်းပြီ... ရင်ခုန်အောင်လုပ်တာ လုံလောက်ပြီ... အခု ထုတ်ပြောတော့...]

[အဲ့ဒါ နင်ထျန်းယိုပဲ...] 
စနစ်က ခဏမျှရပ်လိုက်ပြီး သံသယရှိစွာ မေးလိုက်သည်။
[မင်းသူ့ကို မေ့နေတာ မဟုတ်ပါဘူးနော်... ဟုတ်တယ်မလား...]

ကုရှင်းရှစ်က ယုံကြည်ချက်ရှိရှိ ပြန်ဖြေလိုက်၏။
[ငါက အလုပ်များတဲ့လူလေ... ကြုံရာကျပန်း မှင်စာလိုကောင်တိုင်းကို ငါ မမှတ်မိဘူး...]

[ကောင်းပြီ...]
စနစ်က သက်ပြင်းချရင်း ပြန်ဖြေခဲ့သည်။ ထို့နောက် သူ့ကို သတိပေးခဲ့၏။
[သူက ပြည့်တန်ဆာအမှုနဲ့ မင်း တိုင်ကြားခဲ့တဲ့ ရှင်းမောင်မီဒီယာရဲ့ဥက္ကဌ နင်ထျန်းယိုပဲ...]

ကုရှင်းရှစ် လက်ဖျောက်တီးကာ ပြောလိုက်သည်။
[ဟုတ်သားပဲ... ကြောင်ငယ်လေးနင်ရဲ့ အဲ့ဒီအမှိုက်လို ဦးလေးပဲ..]

ထို့နောက် သူက စိတ်ရှုပ်စွာဖြင့် မေးလိုက်သည်။
[သူနဲ့ ငါတို့ကြား အငြှိုးထားရအောင် ဘာမှမဖြစ်ဖူးပါဘူး... ဘာကြောင့်သူက ဒီလိုလုပ်ရတာလဲ...]

စနစ်က ပြန်ပြောလာ၏။
[ဒါက ပြောရမယ်ဆိုရင် အရှည်ကြီးပဲ...]

[နင်ဝမ်ကျိုးက ရှင်းမောင်ကို လွှဲ‌ပြောင်းတာဝန်ယူလိုက်ပြီး အဲ့ဒီအရည်အချင်းပြရှိုးမှာ ထျန်းချန်ဗီဒီယိုနဲ့ ပူးပေါင်းလိုက်တော့ တုံ့ပြန်ချက်‌တွေက အံ့ဩလောက်စရာပဲ... အပိုင်းနည်းနည်းလေးပဲ ရှိပေမယ့် နာမည်ကြီးသွားပြီး လူကြိုက်များမှုကလည်း တစ်ဟုန်ထိုး တိုးလာ‌တယ်လေ... နင်ဝမ်ကျိုးက ရှင်းမောင်ရဲ့များလွန်းလှတဲ့ ကုမ္ပဏီအခွဲတွေကိုလည်း သူရဲ့အရိပ်အောက်မှာပဲ ထားခဲ့တယ်... ပြီးတော့ သူက အခု မင်းရဲ့ ရှေ့ဆောင်လမ်းပြမှုနောက်ကိုလိုက်ပြီး သူ့မိဘတွေရဲ့ သေဆုံးမှုကို စစ်ဆေးနေတာ... နင်ထျန်းယိုကိုလည်း ပြန်ပြီးခြေရာခံနေတယ်လေ...]

[နင်ထျန်းယိုက သူ့အစ်ကိုနဲ့ သူ့မရီးကို သတ်ပြီးတော့ အပြစ်ရှိသလို ခံစားရတာနဲ့ သူ့တူကို နိုင်ငံခြားကိုပို့ပြီး သူ့မျက်စိအောက်က ဖယ်ရှားခဲ့တယ်... ဒါပေမယ့် အခုအချိန်မှာ နင်ဝမ်ကျိုးက ခိုင်ခိုင်မာမာနဲ့ ပြန်ပေါ်လာခဲ့ပြီး ရှင်းမောင်မီဒီယာရဲ့ အရေးပါတဲ့ ရှယ်ယာဝေစုကို ကိုင်ဆောင်ထားတုန်းပဲ... နင်ထျန်းယိုက စပြီး ထိတ်ထိတ်ပျာပျာဖြစ်လာတယ်...  á€Ąá€‘ူးသဖဟငအ် သူ့ရဲ့နာမည်ဂုဏ်သတင်းကို မြောင်းထဲရောက်သွားစေတဲ့ ပြည့်တန်ဆာအမှုနဲ့ သူ့ရဲ့မကောင်းသတင်း‌ ထွက်လာချိန်မှာပေါ့... အများစုက အခုဆို နင်ဝမ်ကျိုးကို အလားအလာရှိတဲ့ ဆက်ခံသူအဖြစ် မြင်လာကြတယ်... အဲ့ဒါကြောင့် နင်ထျန်းယိုက စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့တာ...]

[နင်ဝမ်ကျိုးရဲ့ အောင်မြင်မှုက ဝမ်မိသားစု နောက်ခံရှိတဲ့ ထျန်းချန်ဗီဒီယိုနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ အများဆုံးရတယ်ဆိုတာ သူသိခဲ့တယ်... တစ်ချိန်တည်းမှာပဲ အဲ့ဒီရှိုးကနေ ပေါ်ပေါက်လာတဲ့ ကြယ်ပွင့်တွေကလည်း မုန့်ယွမ်ရှန့်နဲ့ သူ့အဖွဲ့ကလွဲပြီး တခြားသူတွေ မဟုတ်ခဲ့ဘူးလေ... အဲ့ဒါကြောင့် သူက နင်ဝမ်ကျိုးနဲ့ ရှင်းမောင်မီဒီယာကြား ဆက်‌ဆံရေးတင်းမာနေတဲ့အချိန် နင်ဝမ်ကျိုး အကြပ်ရိုက်အောင် ဒီအဖွဲ့ကို ပျက်စီးစေချင်တာ... သူသာ နင်ဝမ်ကျိုးနဲ့ ဝမ်ယွဲ့ကြား စိတ်ဝမ်းကွဲအောင် ဖန်တီးနိုင်ခဲ့ရင် နင်ဝမ်ကျိုးက အဲ့ဒီအထောက်ပံ့မရှိဘဲ ရပ်တည်နိုင်မှာ မဟုတ်တော့ဘူးလေ...]

ကုရှင်းရှစ်က နားလည်စွာ ခေါင်းညိတ်ရင်း ပြောလိုက်၏။
[အာ... အဲ့ဒီလို‌ကြောင့်ကိုး...]

[သေချာတာပေါ့...]
စနစ်က ကြားဖြတ်ဝင်ပြောလိုက်၏။

ကုရှင်းရှစ်က သက်ပြင်းချရင်း ပြောလိုက်သည်။
[စနစ်ရေ... ငါတို့အရွယ်က ချစ်စရာကောင်းတဲ့ပုံစံနဲ့ မသင့်တော်တော့ဘူးနော်...]

[...]

စနစ်ကို မသိမသာ စနောက်လိုက်ရ၍ စိတ်ကျေနပ်‌သွားသော ကုရှင်းရှစ်က ပိုမို လေးနက်စွာဖြင့် ဆက်မေးခဲ့၏။

[အဲ့ဒါဆို သူက ချန်ရှင်းကို ပစ်မှတ်ထားခဲ့တာ သူက ငါတို့ လဲ့ရှစ်အင်တာတိန်းမန့်ကို ကုမ္ပဏီသေးသေးလေးဆိုပြီး လွယ်ကူတဲ့ ပစ်မှတ်လို့ ထင်ခဲ့လို့ပေါ့... သူ့အတွက်တော့ ငါတို့က အားနည်းတဲ့ပစ်မှတ်လေး... အကျိုးဆက်တောင်မခံစားရလောက်ဘဲ သူ တိုက်ခိုက်လို့ရနိုင်တယ်လို့ပေါ့...]

အမှန်တရားကို သိထားသော စနစ်က ငြိမ်ကျသွား၏။ လက်တွေ့တွင် နင်ထျန်းယိုက ကုရှင်းရှစ်၏အနုပညာရှင်များကို လုံးဝပစ်မှတ်ထားခဲ့သည်မှာ သူက ဝမ်ယွဲ့နှင့် ကုရှင်းရှစ်ကြား ပတ်သက်မှုကို သံသယရှိကာ သတိပေးရန် နည်းလမ်းတစ်ခုအဖြစ် မြင်သောကြောင့်ပင်။ သို့သော် ကုရှင်းရှစ်က အစဆွဲထုတ်သောအခါ စနစ်က ၎င်းကိုယ်တိုင် ထိုလျှို့ဝှက်ချက်ကို သဘောကျကာ တိတ်တိတ်သာ နေခဲ့သည်။ 

စနစ်အား သံသယဖြစ်စရာ အကြောင်းပြချက်မရှိသော ကုရှင်းရှစ်က ပျော်ရွှင်စွာဖြင့် သူလွတ်သွားခဲ့သော အရေးကြီးသည့် အသေးစိတ်အချက်အလက်များကို သတိမထားမိဘဲ ပျော်ရွှင်စွာဖြင့် အနည်းငယ် လွဲမှားနေသောလမ်းကြောင်းအတိုင်း ဆက်တွေးနေခဲ့သည်။

[အရံအစီအစဉ်အနေနဲ့ ဆက်လုပ်ထားရမယ်... ငါတို့က အားနည်းတဲ့ပုံစံမျိုး ဆက်နေမယ်ဆိုရင် လူတိုင်းက ငါတို့နဲ့ ရှုပ်ဖို့ လွယ်တယ်လို့ ထင်ကြလိမ့်မယ်...]

[သေချာတာပေါ့... အတိအကျပဲ... ကောင်းလိုက်တဲ့ အတွေး...]
စနစ်က လျင်လျင်မြန်မြန်ပင် သဘောတူခဲ့သည်။

[နောက်ဆုံးအသေးစိတ်အချက်အလက်က နည်းနည်းတော့ ပေါ့ပေါ့တန်တန်နိုင်တယ်... ရှေ့လျှောက် ဒီ့ထပ်နည်းနည်း ပိုလုပ်ရမယ်...]

[လုံးဝ... သေချာပေါက်ပဲ...]
စနစ်က သံယောင်လိုက်၍ ပြောခဲ့သည်။

ထို့နောက် ကုရှင်းရှစ်က သူ့မျက်လုံးများကို ကျဉ်းမြောင်းရင်း မေးခဲ့သည်။

[စနစ်... မင်း ဒီနေ့ တစ်ခုခုထူးဆန်းနေသလိုပဲ... ငါ့ကို တစ်ခုခုများ ဖုံးကွယ်ထားသေးလား...]

[!!!]

ကုရှင်းရှစ်၏ ထက်မြက်မှုက စနစ်ကို အံ့ဩသွားစေ၏။ သူ၏ ပေါ့ပေါ့ပါးပါးအပြင်ပိုင်းအသွင်အပြင်၏အောက်တွင် သူက အငြှိုးအတေးများအပေါ် စူးရှထက်မြက်သော အာရုံခံနိုင်မှုရှိကာ ၎င်းတို့ကို တာဝန်ခံ ကိုင်ကွယ်ရာတွင်လည်း တော်တော်လေး ကျွမ်းကျင်သည်။

စနစ်မှာ တည်ငြိမ်သော အပြုအမူက နောက်ထပ်သံသယများကို ရှောင်ရှားနိုင်မည်ဟု မျှော်လင့်စွာဖြင့် မြန်မြန်ဆန်ဆန်ပင် တိတ်ကျသွားခဲ့၏။ 

စနစ်က ကောင်းကောင်းပြုမူခဲ့တာကြောင့် ကုရှင်းရှစ်က သံသယမရှိတော့ဘဲ နင်ထျန်းယိုအား လက်စားချေရန်ကိုသာ အာရုံစိုက်ပြီး တွေးနေခဲ့၏။

အနိုင်ကျင့်ခံရတဲ့အခါ ရပ်ကြည့်နေတာမျိုးက ကုရှင်းရှစ်ရဲ့ပုံစံမဟုတ်ဘူးဆိုတာ မမေ့နဲ့...

သူက အင်အားကြီး အဆက်အသွယ်ရှိသည်ဟူသော ပုံရိပ်ကို တည်ဆောက်ရန်အတွက် အနည်းငယ် မောက်မာကာ ငါသိငါတတ်ပုံစံမျိုး နေထိုင်ရန်သာ ရှိတော့သည်။


🍉🍉🍉🍉 အခန်း ၅၇


နောက်ပိုင်းတွင် နင်ထျန်းယိုမှာ ကြောက်စရာကောင်းသော ကံတရားကို ရရှိခဲ့သည်။

ပထမဦးစွာ သူက လူပြိန်းကြိုက်သတင်းဖြင့် ငါးစာချရင်း ချန်ရှင်းပေါ် ရေညစ်များ လောင်းချကာ သူတို့၏အဖွဲ့ကို ပျက်စီးစေပြီး နင်ဝမ်ကျိုးနှင့်ဝမ်ယွဲ့ကြား ဆက်ဆံရေးကို တင်းမာစေရန် စီစဉ်ခဲ့သည်။

သို့သော် ၎င်းက လုံးဝဆိုးဝါးသည့်အမှားဖြစ်သွားခဲ့ကာ သူ့ကို ငွေကြေးအချို့ကုန်ကျသွားစေခဲ့သည်။ ထို့အပြင် သူသာ သတိမရှိခဲ့ပါက သူ့ကိုယ်သူ ရဲများ၏ စုံစမ်းစစ်ဆေးခြင်းထဲသို့ ဆွဲချသွားမိသကဲ့သို့ ဖြစ်သွားနိုင်၏။

ကိစ္စများ ပိုမိုဆိုးရွားသွားခြင်းမှာ သူ၏ပရောဂျက်များသည် ပိတ်ဆို့မှုများနှင့် တစ်ခုပြီးတစ်ခု ဖြစ်ခဲ့ကာ ကြီးမားသော ဆုံးရှုံးမှုများသို့ ဦးတည်ခဲ့ပြီး သူ့အား ခြေကုန်လက်ပန်းကျသွားစေခဲ့သည်။

အစောပိုင်းအမှုများ ဖြစ်ပွားပြီးစဉ်ကတည်းက နင်ဝမ်ကျိုးဘက်သို့ ယိမ်းယိုင်သွားခဲ့သော ကုမ္ပဏီဘုတ်အဖွဲ့ဝင်များသည် သူ့(နင်ဝမ်ကျိုး)ဘက်သို့ ပို၍ ပါသွားခဲ့၏။ အခွင့်အရေးသမားများကလည်း ဤအလားအလာကို မြင်သောအခါ မြန်မြန်ဆန်ဆန် ခုန်တက်လာကြသည်။ 

အမျက်ခြောင်းခြောင်းထွက်ကာ အကူအညီမဲ့မှုကြောင့် နင်ထျန်းယိုက သူ့ဖုန်းမှတစ်ဆင့် အော်ပြောခဲ့သည်။
"စုံစမ်းကြစမ်း... ဒီလို ဖျက်ဆီးနှောင့်ယှက်နေတာက ဘယ်သူလဲဆိုတာ တွေ့အောင်ရှာ..."

ထို့နောက်တွင် သူ၏ရုံးခန်းတံခါးမှာ ပွင့်သွားပြီး သူ့လက်ထောက်က ဒုက္ခတွေ့နေသော မျက်နှာအမူအရာဖြင့် ဝင်လာခဲ့ရင်း ပြောလိုက်သည်။ 
"မစ္စတာနင်... မစ္စတာဝမ်က ညစာဖိတ်ကြားမှုကို ငြင်းလိုက်ပါတယ်..."

"ငြင်းလိုက်တယ်တဲ့လား..."
နင်ထျန်းယို ယုံရခက်စွာ မေးလိုက်သည်။
"သူတို့ ဘယ်လို အကြောင်းပြချက်ပေးလဲ..."

လက်ထောက်က ပြန်ဖြေခဲ့သည်။
"မစ္စတာထန်ပြောတာတော့ မစ္စတာဝမ်ရဲ့ အချိန်ဇယားက အခုချိန်မှာ အရမ်းကို ပြည့်ကြပ်နေလို့ပါတဲ့..."

"ဆင်ခြေတွေ... အဲ့ဒါတွေ အားလုံးက ဆင်ခြေတွေချည်းပဲ..."
နင်ထျန်းယို၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းလာခဲ့ပြီး သူ့စားပွဲကို ရိုက်ကာ ပြောခဲ့သည်။
"သူ ငါ့ကို ရှောင်နေတယ်ဆိုတာ ငါသိတယ်... သူက သူ့ရဲ့ ချစ်သူငယ်လေးနဲ့ မနေ့ညက ရွက်လှေကလပ်မှာ ရှိနေခဲ့‌သေးတယ်လေ..."

သူက ဝမ်ယွဲ့နှင့် ကုရှင်းရှစ်ကြားရှိ ပတ်သက်မှုကို သိပြီးကတည်းက ကုရှင်းရှစ်၏ လူမှုကွန်ယက်မှ ပိုစ့်များကို ချောင်းမြောင်းကြည့်ရှုနေခဲ့သည်။ ယမန်နေ့တွင် ကုရှင်းရှစ်က ဆိုဖာပေါ်တွင် ပျင်းတိပျင်းတွဲထိုင်နေသော သူ၏ သာမာန်ပုံလေးတစ်ပုံကို တင်ခဲ့သည်။

လူအများစုမှာ ထိုအရာနှင့်ပတ်သက်၍ မည်သည့်အကြောင်းကိုမျှ မတွေးမိကြသော်လည်း နင်ထျန်းယို၏စူးရှသောမျက်လုံးက ဆိုဖာပေါ်မှ သေးငယ်သောအမှတ်တံဆိပ်ကို မြင်သောအခါ အထက်တန်းလွှာများသာ အသင်းဝင်၍ရသောနေရာ၊ နိုင်ငံ၏ ဈေးအကြီးဆုံးသော ရွက်လှေကလပ် ဖြစ်ကြောင်း သူ ဖော်ထုတ်နိုင်ခဲ့သည်။ နင်ထျန်းယိုကိုယ်တိုင်သည်ပင် လွန်ခဲ့သောနှစ်များက အဆင့်အတန်းမြင့် စီးပွားရေးလုပ်ငန်းရှင်အဖြစ် အတွင်းသို့ တစ်ခေါက်သာ ရောက်ဖူးခဲ့သည်။ 

ဒါက ကုရှင်းရှစ် သူကိုယ်တိုင် ဝင်သွားတာ လုံးဝမဖြစ်နိုင်ဘူး... ငါ့မျက်လုံးထဲမှာ သူက အညတရပဲ ... သေချာပေါက် ဝမ်ယွဲ့က ခေါ်သွားတာပဲ ဖြစ်ရမယ်...

ဒီရွက်လှေတွေအပေါ် သူ့ချစ်သူကိုခေါ်ပြီး ပင်လယ်ကိုသွားဖို့ ဒေါ်လာထောင်ပေါင်းရာနဲ့ချီပြီး ကုန်ကျမှာပဲ... ဝမ်ယွဲ့က တော်တော်ကို ရိုမန့်တစ်ဆန်တာပဲ... အပြုံးလေးတစ်ခုရဖို့အတွက်ဆို ပိုက်ဆံတွေတောင်မီးပုံရှို့ပစ်ဖို့ ဆန္ဒရှိလောက်တယ်...

နင်ထျန်းယို တွေးလေလေ ပို၍ ဒေါသထွက်လာလေလေပင်။ သူ ပြောလိုက်သည်။
"သူ ငါနဲ့ မျက်နှာချင်း မဆိုင်ရဲလောက်ဘူး... ဒီပြဿနာတွေရဲ့ နောက်ကွယ်မှာရှိနေတဲ့သူက သူ ဖြစ်နိုင်လောက်တယ်... ဘယ်သူကများ ငါ့ ပရောဂျက်တွေကို အခုလို ဖျက်ဆီးနိုင်မှာတဲ့လဲ..."

သူ မချင့်မရဲဖြစ်စွာ အံကိုတင်းတင်းကြိတ်လိုက်မိ၏။ သူ ဝမ်ယွဲ့နှင့်ပတ်သက်၍ မည်သည့်အရာမျှ မလုပ်နိုင်ကြောင်း သူသိသည်။ 

ထို့နောက် အန္တရာယ်ပြုမည့်အတွေး ဝင်လာကာ ပြောလိုက်သည်။
"စကားမစပ်... ဒီကုရှင်းရှစ်အကြောင်းကို ငါတို့ ဘယ်လောက်သိထားလဲ..."

လက်ထောက်က တုံ့ဆိုင်းစွာဖြင့် ဖြေခဲ့သည်။
"အင်း... သူ့ရဲ့ နောက်ခံက နည်းနည်းလေး ထူးခြားတယ်... ကျွန်တော်တို့ ခုထိ စုံစမ်းနေဆဲပါပဲ..."

"အသုံးကို မကျဘူး..."

နင်ထျန်းယိုက မချင့်မရဲဖြစ်ကာ သူ့ရုံခန်းတွင်း၌ လမ်း‌ကို ခေါက်တုံ့ခေါက်ပြန်လျှောက်နေခဲ့သည်။ သူ၏အတွင်းစိတ်၌ တနုံ့နုံထွက်နေသော ဒေါသများကို သူ မထိန်းချုပ်နိုင်သေးပေ။

နောက်ဆုံးတွင် သူ ဆုံးဖြတ်ချက်ချကာ ပြောလိုက်သည်။ 
"ထားလိုက်တော့... စုံစမ်းနေတာကို ရပ်လိုက်... အထက်တန်းလွှာက မိသားစုတွေမှာ ကုမိသားစုဆိုပြီး မရှိဘူး... လူတချို့ရှာပြီး သူ့ကို ဒီခေါ်လာခိုင်းလိုက်..."

သူ့မျက်လုံးများက အငြှိုးအတေးများဖြင့် တလက်လက်တောက်ပနေခဲ့သည်။

သူ ဝမ်ယွဲ့ကို မထိနိုင်သော်လည်း ထိုသူ၏ချစ်သူကိုမူ အတိအကျ ပစ်မှတ်ထားနိုင်သည်။ သူသာ ကျရှုံးသွားပါက သူနှင့်အတူ သေချာပေါက် သူတို့ကိုပါ ခေါ်သွားလိမ့်မည်။

လက်ထောက်က စိုးရိမ်ထိတ်လန့်စွာဖြင့် ကြားဝင်ပြောဆိုခဲ့သည်။
"မစ္စတာနင်... ဒါကို ဒီအတိုင်းပဲ ထားလိုက်တာ အကောင်းဆုံးဖြစ်မယ်ထင်တယ်..."

နင်ထျန်းယိုက အော်လိုက်၏။
"မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ... ငါ့ကို ဘာလုပ်ရမယ် ဘာမလုပ်ရဘူးလို့တောင် ပြောရဲနေတယ်ပေါ့..."

လက်ထောက်က အမှုမထားဘဲ တိုက်တွန်းခဲ့သည်။
"အွန်လိုင်းမှာ #10086အကောင့်က တရားဥပဒေစိုးမိုးရေးနဲ့ဆိုင်တဲ့ အရာရှိတစ်ယောက်ဖြစ်နိုင်တယ်လို့ ကောလာဟ‌လတွေ ပြန့်နေတယ်... အခု ကုရှင်းရှစ်က အထက်တန်းလွှာက မဟုတ်ခဲ့ရင်တောင် သူက အစိုးရနဲ့ အဆက်အသွယ်ရှိနေရင်ရော..."

နင်ထျန်းယို "???"

"အထက်တန်းလွှာဖြစ်နေတယ်ဆိုရင်တောင် အဆင်ပြေတယ်... ဒါပေမယ့် ကျွန်တော်တို့ ရဲတွေနဲ့ သွားငြိလိုက်ရင် ကျွန်တော်တို့ဘက်က သူတို့ကိုဆန့်ကျင်ပြီး မနိုင်လောက်ဘူး... ခြေလှမ်းတစ်ချက်လေးမှားတာနဲ့ ကျွန်တော်တို့အကုန် အဆုံးသတ်သွားမှာ... အဲ့ဒါက မထိုက်တန်ဘူးလေ..."

လက်ထောက်က လေးလေးနက်နက်ပြောလာခဲ့၏။
"မစ္စတာနင် သူ့ကို လွှတ်ထားလိုက်ပါ၊ သာမန်လူတွေက ဥပဒေနဲ့ယှဉ်ပြီး မတိုက်ခိုက်နိုင်ဘူး…"

နင်ထျန်းယို "?!!"

×××××

သူ့လက်ထောက်ထံမှ မရပ်မနားဖျောင်းဖျခံရပြီး နောက်ဆုံးတွင် နင်ထျန်းယိုက ကုရှင်းရှစ်နောက်သို့လိုက်မည့်အကြံကို စွန့်လွှတ်ခဲ့သည်။

ဝမ်လုပ်ငန်းစုက ဖုန်းနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းများတွင် လွှမ်းမိုးထားသော်လည်း အနုပညာလောကတွင် သူ့ကုမ္ပဏီ ရှင်းမောင်မီဒီယာကဲ့သို့ စိုးမိုးခြယ်လှယ်နိုင်ခြင်း မရှိချေ။ ဝမ်ယွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းက သူ့လုပ်ငန်းများကို အနည်းငယ်သာ ထိခိုက်စေနိုင်သည်။ ထို့အပြင် ဝမ်ယွဲ့က စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး လက်စားချေရန်အတွက် သူပိုင်ဆိုင်သမျှကို မဆင်မခြင် စွန့်စားလိမ့်မယ်မဟုတ်ချေ။

သို့သော် ကုရှင်းရှစ်မှာမူ ကွဲပြား၏။

ကုရှင်းရှစ်သာ အစိုးရနှင့်အဆက်အသွယ်ရှိပါက နင်ထျန်းယို သေမင်းထောင်ချောက်အတွင်းသို့ အလျင်စလို ပြေးဝင်လိမ့်မည် မဟုတ်ပေ။ အာဏာရှိသူများ၏ ရိုးရှင်းသောခြေလှမ်းတစ်ခုကပင် သူ့ဘဝနှင့် သူ့လုပ်ငန်းကို ခက်ခဲစေနိုင်၏။ ထို့အပြင် အဓိကလုပ်ငန်းစုတော်တော်များများကဲ့သို့ သူ၏ကုမ္ပဏီတွင် လူသိမခံနိုင်သော အရှုပ်တော်ပုံများရှိသည်။ ထိုအရှုပ်တော်ပုံများမှာ စစ်ဆေးမှုအောက်တွင် အလွယ်တကူ ပေါ်သွားနိုင်၏။

နင်ထျန်းယိုက မာနကြီးမောက်မာသော်လည်း အရူးတစ်ယောက် မဟုတ်ပေ။

သို့သော်လည်း သူ ယခုအတိုင်း လွှတ်မထားနိုင်ချေ။ သူသာ မည်သည့်အရာကိုမျှ မပြုလုပ်ပါက ဝမ်ယွဲ့သည် ပိုမိုအင်အားသုံးကာ သူ့အား လက်တုံ့ပြန်လာနိုင်သည်။ ထို့ကြောင့် သူ သတ္တိရှိရှိ လှုပ်ရှားမှုတစ်ခုပြုလုပ်ရန် ဆုံးဖြတ်ခဲ့၏။ နင်ထျန်းယိုက ထျန်းချန်ဗီဒီယိုနှင့် နီးနီးကပ်ကပ်အလုပ်အတူလုပ်ခဲ့ဖူးသော ပရောဂျက်ဒါရိုက်တာကို သူ့ကုမ္ပဏီသို့ ခေါ်ယူခဲ့သည်။ သူက ထိုသူအား သွေးဆောင်ခဲ့ရုံသာမက ထိုသူ၏ပရောဂျက်အားလုံးကိုလည်း ရယူခဲ့သည်။

ထျန်းချန်ဗီဒီယိုမှာ ကုမ္ပဏီအတွက် ထိခိုက်နစ်နာစေသော ရလဒ်ကြောင့် လုံးဝ အံ့အားသင့်သွားခဲ့ကြ၏။ နောက်ဆုံးတွင် နင်ထျန်းယို စိတ်ကျေနပ်မှုကို ခံစားလိုက်ရသည်။

ထိုသတင်းဆိုးက မကြာမီပင် ဝမ်ယွဲ့ရှေ့သို့ ရောက်သွားခဲ့၏။ ဝမ်ယွဲ့က ခေါင်းရှုပ်စွာဖြင့် ပြောခဲ့သည်။
"အဓိပ္ပာယ်မဲ့လိုက်တာ... နင်ထျန်းယို ရူးများသွားပြီလား..."

သူ ယခင်က နင်ထျန်းယိုနှင့် ကောင်းကောင်းဆက်ဆံဖူးသည်။ ထိုလူက မရိုးသားသော်လည်း များသောအားဖြင့် စီးပွားရေးအကျိုးအမြတ်အတွက် လုပ်ကိုင်လေ့ရှိပြီး သူ့အတွက် ထိခိုက်အန္တရာယ်ဖြစ်စေမည့် လုပ်ရပ်များကို ရှောင်ရှားလေ့ရှိသည်။ 

ဒါပေမယ့် ဒီလှုပ်ရှားမှုက ဘာလဲ... ဒါက အဓိပ္ပာယ်မရှိဘူး...

ထန်လင်းလည်း တူညီစွာ စိတ်ရှုပ်ထွေးနေခဲ့သည်။ အကယ်၍ နင်ထျန်းယို၏ လှုပ်ရှားမှုက သူတို့ နင်ဝမ်ကျိုးနှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့်သာ ဆိုပါက ဤအရာသည် အကောင်းမွန်ဆုံးသော နည်းဗျူဟာ မဖြစ်နိုင်ချေ။ ၎င်းက ဝမ်လုပ်ငန်းစုနှင့် နင်ဝမ်ကျိုးအား ပို၍ ပူးပေါင်းသွားအောင် တွန်းပို့ပေးနေသကဲ့သို့ပင်။

ဝမ်ယွဲ့ ထိုအကြောင်းကို ပိုစဉ်းစားလေလေ အဓိပ္ပာယ်ပို၍မရှိလေလေဖြစ်နေသော်လည်း နင်ထျန်းယိုအား သူ၏ နာမည်ပျက်စာရင်းထဲသို့ထည့်ရန်မှာ သူ့အတွက် လုံလောက်နေပြီဖြစ်၏။

“အခု ငါတို့ ပရောဂျက်အသစ် လိုနေပြီ..."
ဝမ်ယွဲ့က စားပွဲကို လက်ဖြင့် ခေါက်ရင်း ဆက်ပြောခဲ့သည်။
"အရေးပေါ်အစီအစဉ်ကရော ဘယ်လိုလဲ..."

ထန်လင်းက ထျန်းချန်ဗီဒီယို၏သတင်းအချက်အလက်ဌာနမှ အဆိုတင်သွင်းထားသော အရံအစီအစဉ်ကို တွန့်ဆုတ်စွာဖြင့် ပေးလိုက်သည်။ ကံမကောင်းစွာပင် ယခုကဲ့သို့ ဘေးကျပ်နံကျပ်အခြေအနေကို မည်သူမျှ ကြိုတင်မမှန်းဆထားခဲ့သောကြောင့် အရံအစီအစဉ်မှာ ကပျာကယာစုပေါင်းထားခြင်းသာ ဖြစ်သည်။

ဝမ်ယွဲ့ ၎င်းအား ဖတ်ပြီးသွား‌သောအခါ သူ၏မျက်မှောင်များမှာ ကြုတ်နေဆဲဖြစ်ကာ ပြောလာ၏။
"သူတို့က ဒါတွေကိုပဲ ထပ်သုံးပြီး ငါ့ကို အရူးလုပ်ချင်နေတာလား..."

ယခုနှစ်များတွင် ထျန်းချန်ဗီဒီယို၏ ရသစုံရှိုးများမှာ ပို၍ လူသိများကျော်ကြားလာသော်လည်း ရုပ်ရှင်နှင့် တီဗီဇာတ်လမ်းတွဲဌာနခွဲကမူ ကျဆင်းလျက်ရှိကြောင်းကို သူ ပြန်တွေးမိသည်။ သူ၏အစီအစဉ်များတွင် ဤဌာနခွဲက အရေးပါသော အစိတ်အပိုင်းဖြစ်ကာ ၎င်းကို ဆက်လက်၍ ပိုမိုဆိုးရွားခွင့် မပြုနိုင်ချေ။

သူက ထန်လင်းထံ အရံအစီအစဉ်ကို ပစ်ပေးလိုက်ရင်း အေးစက်စွာ ပြောခဲ့သည်။
"ဖန်းကျုံးချန်ကိုပြောလိုက်... ဒါက သူ့အတွက် နောက်ဆုံးအခွင့်အရေးပဲ... ဒါကို ကောင်းကောင်းမလုပ်နိုင်ရင် ထွက်စာပြင်ထားလိုက်လို့..."

ဖန်းကျုံးချန်သည် ထျန်းချန်ဗီဒီယိုမှ ရုပ်ရှင်နှင့် တီဗီဇာတ်လမ်းတွဲဌာနခွဲ၏ တာဝန်ရှိသူ အထွေထွေမန်နေဂျာတစ်ယောက်ဖြစ်၏။

ထန်လင်းက ချက်ချင်း တုံ့ပြန်ခဲ့သည်။
"နားလည်ပါပြီ..."

ညွှန်ကြားချက်များပေးပြီးနောက် ဝမ်ယွဲ့က သူ့အလုပ်များကို အာရုံပြန်စိုက်လိုက်သည်။ သို့သော် ထန်လင်း ထွက်ခွာရန်ပြင်နေစဉ်မှာပင် သူ အလုပ်လုပ်နေခြင်းကို ရပ်တန့်ကာ ထန်လင်းကို ပြောလိုက်၏။
"ခဏ..."

ထန်လင်းက ရပ်လိုက်ကာ မေးခဲ့၏။
"ဟုတ်ကဲ့... မစ္စတာဝမ်... တစ်ခုခု ထပ်ညွှန်ကြားစရာများ ရှိလို့လား..."

ဝမ်ယွဲ့က ဂရုမစိုက်ဟန်ဖြင့် မေးခဲ့သည်။
"လဲ့ရှစ်အင်တာတိန်းမန့်ရဲ့ စီအီးအိုနဲ့ ပတ်သက်ပြီး ငါ မင်းကို တာဝန်ပေးထားတဲ့ကိစ္စ ဘယ်လိုဖြစ်သွားပြီလဲ..."

ထန်လင်း ခဏတာမျှ အံ့အားသင့်သွားခဲ့ရသည်။ ဝမ်ယွဲ့က များသောအားဖြင့် ယခုကဲ့သို့ အသေးစိတ်အချက်အလက်လေးများကို အာရုံမစိုက်နိုင်ဘဲ ကြီးကြီးမားမားကိစ္စများနှင့်သာ အလုပ်များလေ့ရှိသည်။ 
သူ ဒီနေ့ ဘာလို့ ဒီလောက်စိတ်ဝင်စားနေရတာလဲ...

ထိုသို့တွေးနေသည့်တိုင် ကျွမ်းကျင်သော လက်ထောက်ပီသစွာဖြင့် သူ့ကိုယ်သူ လျင်လျင်မြန်မြန် စိတ်ကိုထိန်းချုပ်ကာ ဖြေလိုက်သည်။
"အခြေအနေကတော့ ဒီလိုပါ... မစ္စတာကုက လတ်တလော သရုပ်ဆောင်အသစ်တစ်ယောက်နဲ့ စာချုပ်ချုပ်ခဲ့တယ်... အဲ့ဒါကြောင့် သူပါထားဝင်တဲ့ ပရောဂျက်ကို ထျန်းချန်ဗီဒီယိုအဖွဲ့အစည်းကနေ သန်းငါးဆယ် ရင်းနှီးမြှုပ်နှံခဲ့ပါတယ်..."

သန်းငါးဆယ်မှာ နည်းပါးသော ငွေပမာဏ မဟုတ်ပေ။ သို့သော်လည်း ဝမ်ယွဲ့မှ ကျေးဇူးဆပ်သည့်လက်ဆောင်အနေဖြင့် စဉ်းစားကြည့်ပါလျှင် သင့်လျော်၏။

ကုရှင်းရှစ်၏ ကြည်လင်ကာ အပူအပင်ကင်းသော အပြုံးကို ဝမ်ယွဲ့ပြန်တွေးမိသောအခါ စူးစမ်းစပ်စုလိုစိတ် ဖျတ်ခနဲ ပေါ်လာ၏။ ကုရှင်းရှစ်က အိုင်ဒေါလောကတွင် ပါရမီရှင်ရှိသူများကို ရှာဖွေရာ၌ အထင်ကြီးစရာကောင်းသည့်ဉာဉ်ရှိသည်။ ထို့ကြောင့် ကုရှင်းရှစ်က သရုပ်ဆောင်ရွေးချယ်ရာတွင်လည်း ထိုကဲ့သို့ တူညီသော ထိုးထွင်းသိမြင်မှုမျိုး ရှိ၊မရှိကို ဝမ်ယွဲ့ သိချင်မိခဲ့၏။

ဒီအချိန်မှာရော ဘယ်လိုပရောဂျက်မျိုးကို သူ ထောက်ပံ့ဖို့ ဆုံးဖြတ်ခဲ့တာလဲ...

ထန်လင်းက အကျဉ်းချုပ်ကို တုံ့ဆိုင်းစွာ ရှင်းပြခဲ့သည်။
"အနုပညာရှင်အသစ်နာမည်က ချင်ဝမ်တဲ့... သူက လေ့ကျင့်ထားတဲ့ သရုပ်ဆောင်တော့ မဟုတ်ဘူး..."

ဝမ်ယွဲ့က ပြောလိုက်သည်။
"သူက စနစ်တကျ လေ့ကျင့်မထားရင်တောင် ကိစ္စမရှိပါဘူး... နာမည်ကြီးသရုပ်ဆောင်တော်‌တော်များများကလည်း စနစ်တကျ လေ့ကျင့်ထားတဲ့သူချည်း မဟုတ်ပါဘူး... ငါထင်တာကတော့ အဲ့ဒီတစ်ယောက်မှာ ကုရှင်းရှစ်ကို ဆွဲဆောင်နိုင်တဲ့ ထူးခြားမှုတစ်ခုခုရှိနိုင်မလားလို့..."

ထန်လင်းက ပြန်ဖြေခဲ့သည်။
"သိရသလောက်ကတော့ အဲဒီချင်ဝမ်ဆိုတဲ့တစ်ယောက်က သူ့ညီမရဲ့ တရားမျှတမှုကို ရှာဖွေဖို့ ကုမ္ပဏီရဲ့အထက်ပိုင်းအုပ်ချုပ်ရေးပိုင်းကလူတွေကို အရူးလုပ်ဖို့ များလွန်းတဲ့ အထောက်အထားတွေနဲ့ ပုန်းလျှိုးကွယ်လျှိုးနေခဲ့တယ်တဲ့... ပြောကြတာကတော့ မစ္စတာကုက သူ့ရဲ့စွမ်းရည်တွေကို အထင်ကြီးပြီး သူနဲ့ စာချုပ်ချုပ်ဖို့ ဆုံးဖြတ်ခဲ့တာတဲ့..."

ဝမ်ယွဲ့ ခေတ္တမျှ စကားမပြောနိုင်ဘဲ ဖြစ်သွားရ၏။

ယုံကြည်ရန် ခက်ခဲသော်လည်း ၎င်းတို့မှာ ထိုလူငယ်၏သရုပ်ဆောင်စွမ်းရည်အတွက် အထောက်အထားတစ်ခု ဖြစ်ပုံပင်။

ဝမ်ယွဲ့က သူ့ဘာသာဖြည့်တွေးလျက် ဆက်မေးလိုက်သည်။
"ပရောဂျက်ကရော ဘယ်လိုလဲ... ပရောဂျက်အဆိုတင်သွင်းမှုကို ယူခဲ့... ငါ အဲ့ဒါကို ကြည့်ချင်တယ်..."

ထန်လင်း ထပ်မံတုံ့ဆိုင်းသွားကာ ပြောလိုက်သည်။
"မစ္စတာဝမ်... အဲ့ဒါက အစောပိုင်း အဆိုတင်သွင်းချက်ပဲ ရှိသေးတယ်... ကျွန်တော် ကြားခဲ့တာကတော့ ဒါရိုက်တာက အရေးပါတဲ့ ပြန်လည်တည်းဖြတ်မှုတွေ လုပ်ခဲ့တယ်တဲ့... ဖြစ်နိုင်တာ..."

ဝမ်ယွဲ့က သူ့စကားကို ဖြတ်ပြောခဲ့သည်။
"အဆင်ပြေတယ်... ငါ တစ်ချက်လောက် ကြည့်ချင်ရုံပဲ..."

ထန်လင်းက ဖြစ်ချင်ရာဖြစ်စေတော့ဟုတွေးကာ ပရောဂျက်အဆိုတင်သွင်းမှုကို ထုတ်လိုက်ပြီး အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ရင်း ဝမ်ယွဲ့ထံ ပေးလိုက်၏။

ဝမ်ယွဲ့ စာဖိုင်ကို ဖွင့်ကြည့်လိုက်သောအခါ ဝင်ငွေနည်းကာ မအောင်မြင်နိုင်ဟု အော်ဟစ်လုနီးနီးဖြစ်နေသည့် "ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ"ဟူသော ခေါင်းစဉ်ကို မြင်လိုက်ရသည်။ မျက်ခုံးများကြုတ်သွားမိရင်း သူ အကြောင်းအရာကို အပေါ်ယံဖတ်ကြည့်လိုက်ရာ ဖန်တရာတေနေသော မထူးခြားသည့် ဇာတ်လမ်းဇာတ်ကွက်များနှင့် အဖတ်ဆယ်နိုင်ရုံမျှသာ အရည်အသွေးရှိသော ဇာတ်လမ်းဖြစ်ကြောင်း သိလိုက်ရသည်။

သူ့နားထင်များကို သူ ပွတ်လိုက်ရင်း သူ့ကိုယ်သူ စိက်သက်သာရာရစေရန် ဝမ်ယွဲ့ ကြိုးစားမိခဲ့သည်။ အရည်အချင်းရှိသော မန်နေဂျာတစ်ယောက်ဖြစ်သည့် ကုရှင်းရှစ်က ရုပ်ရှင်နှင့် တီဗီဇာတ်လမ်းတွဲကဏ္ဍတွင် ကောင်းကောင်း နားမလည်ခြင်းဖြစ်နိုင်လောက်သည်။ 
“ဒါပေမယ့် သူက လူ‌တွေနဲ့ ပတ်သက်ပြီး အလိုလိုသိစိတ်ကောင်းကောင်းရှိတယ်... အဲ့ဒါကြောင့် သူ့ကို ဒီပရောဂျက်ထဲ ဆွဲသွင်းခဲ့တာ သရုပ်ဆောင်တစ်ယောက်များ ဖြစ်နေမလား...”

ထန်လင်းက စိတ်အတွင်း၌ သက်ပြင်းချလိုက်ကာ ဝမ်ယွဲ့၏မေးခွန်းကို ပြန်ဖြေခဲ့သည်။
"ဒါရိုက်တာရဲ့နာမည်က ကောင်းရှန်ပါ... သူက ဇာတ်ညွှန်းရေးသားသူတစ်ယောက်အနေနဲ့ အလုပ်လုပ်ခဲ့ပေမယ့်  á€’ဍက သူ့ရဲ့ ပထမဆုံးအကြိမ် ရုပ်ရှင်ရိုက်ကူးတာပါပဲ... "

ဝမ်ယွဲ့၏မျက်ခုံးများ မြင့်တက်သွားခဲ့ကာ ထပ်မေးလိုက်သည်။
"ခေါင်းဆောင်သရုပ်ဆောင်တွေကရော..."

"ခေါင်းဆောင်မင်းသားကတော့ ဒုတိယတန်းမင်းသားအဖြစ် လူသိများတဲ့ ကျန်းဟန်ချင်းပါ... ဒီဇာတ်လမ်းမှာ သူက ပထမဆုံးအကြိမ် ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ရမှာ... ခေါင်းဆောင်မင်းသမီးက အချစ်ဇာတ်လမ်းတွေပဲ ရိုက်ဖူးတဲ့ ရှယို့ယင်ပါ... ဒီဇာတ်လမ်းမှာ သည်းထိတ်ရင်ဖိုဇာတ်ကောင်နေရာကနေ သူက ပထမဆုံးအကြိမ်အဖြစ် သရုပ်ဆောင်မှာ..."

ဝမ်ယွဲ့ "???"

ထန်လင်းက ဆက်ပြော၏။


🍉🍉🍉🍉 အခန်း ၅၈


"အစကအတိုင်းဆို ဗီလိန်နေရာကနေ သရုပ်ဆောင်မယ့်မင်းသားက ဝူထောင်တဲ့... ဒါပေမယ့် အကြိုဇာတ်ညွှန်းဖတ်ပွဲအခမ်းအနားနေ့မှာ သူက အတိုးမြင့်အကြွေးတွေနစ်နေတဲ့ လောင်းကစားသမားဖြစ်‌နေတာကို သိသွားခဲ့တယ်... သူက သန့်စင်ခန်းတွေထဲမှာ လျှို့ဝှက်ကင်မရာတွေတပ်ဖို့ စီစဉ်ခဲ့ပြီး တခြားသရုပ်ဆောင်တွေရဲ့ ကိုယ်ရေးကိုယ်တာတွေကို လျှို့ဝှက်ဓာတ်ပုံရိုက်ပြီး မှောင်ခိုဈေးကွက်မှာ ရောင်းဖို့ စီစဉ်ခဲ့တာကြောင့် ချက်ချင်းပဲ ရဲလက်ကို အပ်လိုက်ကြတယ်..."

ဝမ်ယွဲ့ "???"

အချိန်ခဏကြာသည်အထိ သူက အခြားအကြောင်းအရာများကို ကြားနေရသလားဟုပင် တွေးမိသွားသည်။

ဤထုတ်လုပ်ရေးအကြောင်း သူ ကြားလေလေ ဘေးဥပဒ်တစ်ခုခုက ဖြစ်ပေါ်လာရန် စောင့်နေသည်ဟု ထင်ရလေလေပင်။

သူ မမေးဘဲ မနေနိုင်စွာ မေးလိုက်သည်။
"ကုရှင်းရှစ်က ဒီကိစ္စတွေမှာပါဝင်ဖို့ ရိုက်ကူးရေးအဖွဲ့ကို ဘာတွေများ ကျေးဇူးဆပ်စရာရှိလို့လဲ..."

“အဲ့ဒီလို မဟုတ်ပါဘူး..." 
ထန်လင်းက အမှန်အတိုင်း ပြန်ဖြေခဲ့သည်။
"သိရသလောက်ကတော့... မစ္စတာကုက သူ့ရဲ့ အနုပညာရှင်ကို လူတွေ့စစ်ဆေးပွဲကို သူ့ကိုယ်ပိုင်အစွမ်းအစနဲ့ပဲ ခေါ်လာတာတဲ့... မူလရင်းနှီးမြှုပ်နှံတဲ့သူက အယူသီးတာကြောင့် ဝူထောင့်ကိစ္စဖြစ်တာနဲ့ မြှုပ်နှံမှုကို ရုတ်သိမ်းသွားခဲ့တယ်... မစ္စတာကုက မခံမရပ်နိုင်ဖြစ်ပြီး အဖွဲ့အတွက် ဆက်ပြီး ရှေ့ကနေထောက်ခံပေးနေခဲ့တယ်..."

ဝမ်ယွဲ့ ပြောစရာစကားများ ပျောက်သွားခဲ့ရသည်။

အရိုးသားဆုံးပြောရပါက သူ့ကို ကောင်းကောင်းနားလည်သူတစ်ယောက်က၊ လူတော်တစ်ယောက်ဟု သူ တွေးခဲ့သည့် လူတစ်ယောက်က ထိုကဲ့သို့ မေးခွန်းထုတ်စရာ အတွေ့အကြုံမျိုးပေးလာနိုင်သည်ကို သူ ယုံကြည်ရန် ခက်နေခဲ့သည်။ သို့သော် အဖြစ်မှန်များမှာ သူ၏ရှေ့တည့်တည့်တွင် ရှိနေခဲ့ပြီဖြစ်သည်။

ယခုအချိန်တွင် သူ မည်သို့ခံစားနေရကြောင်း သူ မသေချာခဲ့ပေ။ သို့သော်လည်း နောက်ဆုံးကြိမ်အဖြစ် သူ သူ့ကိုယ်သူ နှစ်သိမ့်ရန် ကြိုးစားခဲ့သည်။

အဆုံးတွင် အကောင်းဆုံးသော ပရောဂျက်များပေါ်လာသည်နှင့် တစ်ပြိုင်နက် အဓိကထုတ်လုပ်ရေးကုမ္ပဏီကြီးများက လုယူသွားခဲ့ကြသည်။ လဲ့ရှစ်အင်တာတိန်းမန့်ကဲ့သို့ ကုမ္ပဏီအသေးလေးအနေဖြင့် သူတို့မည်မျှပင် အခွင့်အလမ်းရှာဖွေနေပါစေ ထိပ်တန်းဇာတ်လမ်းများကို ရနိုင်မည်မဟုတ်ချေ။ 

ဒီဇာတ်လမ်းကလည်း အဖတ်ဆယ်နိုင်မယ့် အရည်အသွေးတချို့တော့ ရှိနိုင်မှာပါ... ဟုတ်တယ်မဟုတ်လား...

ထိုသို့တွေးမိသော်လည်း ဝမ်ယွဲ့မှာ သူ့ကိုယ်သူ ပရောဂျက်အဆိုတင်သွင်းမှုကို နောက်တစ်ကြိမ် ထပ်ကြည့်ရန် အားမထုတ်နိုင်သေးပေ။

ဝမ်ယွဲ့၏မျက်ခုံးများစုကြုတ်နေမှုကို သတိထားမိကာ ထန်လင်း စိတ်မသက်မသာဖြစ်မိသွား၏။

စွန်းဟုန်ဖေးက အစောပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ပို့လာစဉ်က သူ ကြိုတင်မှာထားခဲ့သည်။ သို့သော် စွန်းဟုန်ဖေးက မစ္စတာကုသည် ထုတ်လုပ်ရေးအပေါ် စိတ်ကျေနပ်မှု အလွန်မြင့်‌မားကြောင်း အလေးပေးကာ ပြောလာခဲ့၏။ ကျေးဇူးတင်သည့်အပြုအမူဖြစ်ရမည်ဆိုကတည်းက ထန်လင်းက လက်ဆောင်သည် လက်ခံမည့်သူ၏အကြိုက်နှင့် ကိုက်ညီသည်မှာ အကောင်းဆုံးဖြစ်သည်ဟု တွေးဆမိခဲ့သည်။ မျှမျှတတဖြစ်စေရန် သူက ကုရှင်းရှစ်၏ဆုံးဖြတ်ချက်ကို ယုံကြည်ခဲ့သော်လည်း ပြန်တွေးကြည့်ပါက သူ အလျင်စလိုနိုင်ခဲ့သည်မှာ ဖြစ်ကောင်းဖြစ်နိုင်၏။

အထူးသဖြင့် ဝမ်ယွဲ့၏အပြစ်တင်ခြင်းကို သူ စိတ်ပူပန်မှု မရှိသော်လည်း ကုရှင်းရှစ်အတွက်ကိုမူ သူ စိတ်မကောင်းဖြစ်မိခဲ့သည်။

ဝမ်ယွဲ့က မြင့်မားသည့်စံနှုန်းရှိပြီး သူ့ကို အထင်ကြီးစေသည့်သူမှာ ရှားပါး၏။ ဤလက်ဆောင်က ကျေးဇူးတုံ့ပြန်သော အပြုအမူကို ဆိုလိုခြင်းဖြစ်သော်လည်း ၎င်းက စမ်းသပ်မှုအဖြစ် ပူးပေါင်းဆောင်ရွက်ခြင်းတစ်ခုလည်း ဖြစ်သည်။ ကုရှင်းရှစ်သာ အခွင့်အရေးကို ဆုပ်ကိုင်နိုင်ပါက လဲ့ရှစ်အတွက် ကြီးမားသောကောင်းကျိုးများရရှိနိုင်မည့် ပို၍များပြားသော ပူးပေါင်းဆောင်ရွက်မှုများဆီသို့ တံခါးပေါက်ကို ဖွင့်ပေးနိုင်လိမ့်မည်ဖြစ်သည်။

ကံမကောင်းစွာနဲ့....

ဝမ်ယွဲ့က ဒုတိယအကြိမ် အခွင့်အရေးပေးတာ ရှားတယ်...

သို့သော် ဝမ်ယွဲ့၏ နောက်ထပ် ပြောလာသော စကားများမှာ သူ့အား အံ့ဩတုန်လှုပ်သွားစေခဲ့သည်။
"ဒီဇာတ်လမ်းကို နောက်နှစ်ရဲ့ ပရိုမိုးရှင်းအစီအစဉ်မှာ ထည့်လိုက်... အကဲဖြတ်စစ်ဆေးတာမျိုးကို တွေးမနေနဲ့... Dအဆင့် ပရိုမိုးရှင်းကုန်ကျစရိတ်ပဲ သတ်မှတ်လိုက်..."

ထန်လင်း ကြက်သေသေသွားရသည်။

ဒါက အနိမ့်ဆုံး Dအဆင့် ထောက်ပံ့မှုဖြစ်ပေမယ့် နမိတ်ဆိုးတွေ သိသိသာသာ ဖြစ်ထားတဲ့  á€’á€Žá€œá€­á€Żá€‡á€Źá€á€şá€œá€™á€şá€¸á€Ąá€á€˝á€€á€şá€€á€­á€Żá€œá€ą...

ဒါက ဝမ်ယွဲ့အစစ်ရော ဟုတ်ရဲ့လား... တစ်ယောက်ယောက်က အယောင်ဆောင်နေတာများလား...

ထန်လင်း၏ တုံ့ဆိုင်းနေမှုကို သတိပြုမိသောကြောင့် ဝမ်ယွဲ့က သူ့ကိုကြည့်ရင်း မေးလိုက်သည်။
"ပြဿနာရှိလို့လား..."

ထန်လင်း အသိဝင်လာကာ ချက်ချင်း ပြန်ဖြေလိုက်သည်။
"မရှိပါဘူး... ဘာပြဿနာမှ မရှိပါဘူး... ကျွန်တော် အခုပဲ သွားလုပ်လိုက်ပါမယ်..."

ထန်လင်း မြန်မြန်ဆန်ဆန် ထွက်လာခဲ့ပြီး မကြာခင်မှာပင် ဝမ်ယွဲ့၏ညွှန်ကြားချက်များကို စွန်းဟုန်ဖေးအား ထပ်ဆင့်ပြောပြခဲ့သည်။ 

စွန်းဟုန်ဖေး ဦးနှောက်ခြောက်သွားခဲ့၏။
"ပရိုမိုးရှင်းအစီအစဉ်စဖို့က အရမ်းစောလွန်းနေတယ် မဟုတ်ဘူးလား... ငါတို့က ခုထိ ရုပ်ရှင်တောင် ရိုက်လို့မပြီးသေးဘူလေ..."

များသောအားဖြင့် Sအဆင့် ထုတ်လုပ်ရေးများသာ ဤကဲ့သို့ မဖြန့်ချီခင် အကြိုဈေးကွက်ရှာဖွေရေးပံ့ပိုးမှုမျိုး ရတတ်သည်။

ပရောဂျက်ဒါရိုက်တာ၏ထွက်ခွာမှုက လျှို့ဝှက်ထားဆဲဖြစ်သည်။ ထို့ကြောင့် ထန်လင်းက အသေးစိတ်မပြောဘဲ ရိုးရိုးရှင်းရှင်းပင် ပြောခဲ့သည်။
"စပြီး လုပ်လိုက်ပါ... ငါ ဒီမှာ အလုပ်တွေပုံနေတယ်... အရေးမကြီးရင် ငါ့ဆီ ဖုန်းမခေါ်နဲ့..."

ထန်လင်းက ဖုန်းမချခင် မှာခဲ့၏။

စွန်းဟုန်ဖေး လုံးဝပဟေဠိဖြစ်ကာ ဖိုင်ကို သုံးသပ်ကြည့်လိုက်ရင်း သူအား ပို၍ စိတ်ရှုပ်မကျန်ခဲ့စေရန်  Dအဆင့် ပရိုမိုးရှင်းဟု သတ်မှတ်ထားသည်ဟု မှတ်ထားလိုက်သည်။

"ဒါ အမှန်ပဲလား... ကုရှင်းရှစ်ရဲ့ ဇာတ်လမ်းကို Dအဆင့်လောက်ပဲ ထောက်ပံ့ပေးမယ်ပေါ့..."

ထျန်းချန်ဗီဒီယိုတွင် Dအဆင့်အရင်းအမြစ်များမှာ အမှန်တကယ်ကို သင့်တင့်ကောင်းမွန်သော်လည်း ကုရှင်းရှစ်နှင့် ဝမ်ယွဲ့၏ ဆက်ဆံရေးအရ ၎င်းသည် အနည်းဆုံး Bအဆင့်ခွဲဝေမှုနှင့် ထိုက်တန်သည်ဟု စွန်းဟုန်ဖေး တွေးခဲ့၏။ သူက ဒါရိုက်တာကောင်းထံမှ နမူနာဗီဒီယိုကို ပြန်လည်သုံးသပ်ခဲ့ပြီးပြီဖြစ်ရာ ၎င်းသည် ထူးခြား ကြောင်းကိုသိ၏။

အမှန်တကယ်တွင် ထိုဇာတ်လမ်း၏အရည်အသွေးမှာ S+ဇာတ်လမ်းအတွဲအများအပြားထက် လုံလုံလောက်လောက် သာလွန်ကောင်းမွန်၏။ Aအဆင့် ပရိုမိုးရှင်းပင် ၎င်းအရည်အသွေးနှင့် အံဝင်ခွင်ကျ ဖြစ်လိမ့်မည် မဟုတ်ချေ။

သူ ထိုအကြောင်းကို ထန်လင်းအား မေးချင်ခဲ့သော်လည်း ဖုန်းလိုင်းမှာ အမြဲတစေ မအားခဲ့ပေ။ စွန်းဟုန်ဖေးက မချင့်မရဲဖြစ်စွာနှင့် လက်ရှိအစီအစဉ်အတိုင်း လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ အကယ်၍ ၎င်းသာ အမှားအယွင်းဖြစ်ခဲ့ပါက နောက်ပိုင်းတွင် ပရိုမိုးရှင်းအရင်းအမြစ်များ ပေါများလာရန်မှာ ဝမ်ယွဲ့၏စကားတစ်ခွန်းသာလိုကြောင်းစဉ်းစားမိခဲ့သည်။

***

ကျင်းရှစ်ဟမ်က စန်းယန်ရုပ်ရှင်မြို့‌တော်တွင် အရှက်ရဖွယ် ထိန်းသိမ်းခံရပြီးနောက် ပေကျင်းသို့ ပြန်လာခဲ့သည်။  á€™á€Šá€şá€žá€Šá€ˇá€şá€Ąá€›á€Źá€™á€ťá€žá€™á€–ဟစ်ခဲအသကဲအသိုအ သရုပ်ဆောင်နေသော စွန်းဟုန်ဖေးက သူ့အပေါ် မလျော်ကန်မှုပြုလုပ်ခဲ့ကြောင်းကို တွေးကာ သူ အလိုမကျဖြစ်နေခဲ့၏။ ၎င်းက စွန်းဟုန်ဖေးအပေါ် ပညာပေးရန် နည်းလမ်းရှာမည့် ကျင်းရှစ်ဟမ်၏စိတ်ပိုင်းဖြတ်မှုကို ပို၍နက်ရှိုင်းကြီးထွားလာစေခဲ့သည်။ သူက ကုရှင်းရှစ်၏ ယုံကြည်မှုကို ရအောင်လုပ်ကာ နောက်ဆုံးတွင် စွန်းဟုန်ဖေးနေရာကိုပါ ယူပစ်မည်ဟု သန္နိဌာန်ချခဲ့သည်။ 

ကုမ္ပဏီတွင် သူတို့၏အခန်းကဏ္ဍများက တစ်ထပ်တည်းကျသည်မှာ ရှားပါးသောကြောင့် ကျင်းရှစ်ဟမ်အတွက် စွန်းဟုန်ဖေးကို လက်စားချေရန် နည်းလမ်းအနည်းငယ်သာ ရှိခဲ့၏။

စိတ်ရှည်ခြင်းက ကျင်းရှစ်ဟမ်၏ ခိုင်မာသောဝတ်ရုံတစ်ခု ဖြစ်ခဲ့သော်လည်း မကြာမီပင် စွန်းဟုန်ဖေးနှင့် စာရင်းရှင်းနိုင်ခဲ့သည်။ 

တဖိတ်ဖိတ်လက်‌နေသော အလားအလာနှင့်အတူ အခွင့်ရေးက ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့သည်။ စွန်းဟုန်ဖေး၏ပရောဂျက်အသစ်အတွက် ပရိုမိုးရှင်းအစီအစဉ်ကို သူ့စားပွဲတွင် အမှတ်မထင်တွေ့လိုက်ရသည်။

သူတို့၏ ဈေးကွက်ရှာဖွေရေးဌာနက ဤဇာတ်လမ်းအတွက် မည်သည့် အဆိုတင်သွင်းချက်မူကြမ်းကိုမျှ ရေးသားထားခဲ့ခြင်းမရှိကြောင်းကို သူ ထင်ထင်ရှားရှား မှတ်မိ၏။ 

သူ အစီအစဉ်ကို ဖွင့်ကြည့်လိုက်သောအခါ အကဲဖြတ်စစ်ဆေးခြင်းများ ကင်းမဲ့နေကာ အသေးစိတ်အချက်အလက်များ မပါရှိဘဲ အလောတကြီး ကပျာကယာစီမံထားသည့် အရောင်းမြှင့်တင်ရေးအပိုင်းကိုသာ သူတွေ့ခဲ့သည်။

၎င်းမှာ သာမာန်ကာလျှံကာ ခွင့်ပြုချက်သာလိုအပ်သော Dအဆင့်ဟု သတ်မှတ်ထားသောကြောင့် စာရွက်စာတမ်းများကြား မြုပ်နေကာ ကျော်သွားလုနီးပါးပင်။ စွန်းဟုန်ဖေးက သတိမပြုမိဘဲ အဆိုတင်သွင်းအတည်ပြုခြင်းမှ အကျိုးအမြတ်ရယူရန် ရည်ရွယ်ထားနိုင်သည်။ 

အတွင်းကျကျ ဖော်ထုတ်နိုင်ရန်အတွက် ကျင်းရှစ်ဟမ်က ပရောဂျက်အကြမ်းထည်ကို ထုတ်ကာ တစ်ချက်ဝေ့ကြည့်ခဲ့သည်။

ဈေးကွက်ရှာဖွေရေးဌာနတွင် ဆယ်စုနှစ်ကြာမျှ အလုပ်လုပ်ခဲ့သူတစ်ဦးအနေဖြင့် ၎င်းက ဘေးဥပဒ်တစ်ခု ဖြစ်စေမည်ဟု သူ ယုံကြည်ချက်ရှိရှိ ပြောနိုင်၏။

ယခုမူ အဓိပ္ပာယ်ရှိသွားပြီဖြစ်သည်။ ကုရှင်းရှစ်‌ ကျေနပ်ရန်အတွက် ကြံမိကြံရာ စွတ်လုပ်သော စွန်းဟုန်ဖေးက စည်းစနစ်တကျ မစစ်ဆေးဘဲ ၎င်းကို ထိုးထည့်ရန် ကြိုးစားနေခဲ့သည်။

အစောပိုင်းတွင် ကျင်းရှစ်ဟမ်က ထိုအကြောင်းကို ချက်ချင်း အစီရင်ခံတင်ပြချင်ခဲ့သည်။

သူ ယခင်က ရုပ်ရှင်ဌာန၏ တာဝန်ရှိသူ အထွေထွေမန်နေဂျာ ဖန်းကျုံးချန်ဆီသို့ အစီရင်ခံတင်ပြလေ့ရှိသည်။ လတ်တလောတွင် အထွေထွေမန်နေဂျာဖန်းက ပြဿနာအချို့ရှိကာ ဖိစီးမှုများနေပုံပင်။

အကယ်၍ သူသာ ဖန်းကျုံးချန်ထံ ဤအကြောင်းကို တင်ပြခဲ့ပါလျှင် ၎င်းက သူ့အတွက် မျက်နှာရမည့်လှုပ်ရှားမှုမျိုး  á€–á€źá€…á€şá€œá€Źá€”á€­á€Żá€„á€şá€žá€Šá€şá‹

ဒါပေမယ့်...

ဖန်းကျုံးချန်ကို ကူညီတာက ငါ့အတွက် အကျိုးအမြတ်ရနိုင်ပါ့မလား...

ကျင်းရှစ်ဟမ် တွေဝေသွားခဲ့၏။ မကြာမီမှာပင် ပို၍ကောင်းသော အစီအစဉ်ကို ဖန်တီးခဲ့သည်။

သူက ပရောဂျက်ပရိုမိုးရှင်းအစီအစဉ်ကို စာပြန်ရိုက်ခဲ့ကာ အဆင့်သတ်မှတ်ချက်ကို Dအဆင့်မှ Aအဆင့်သို့ ပြောင်းခဲ့သည်။ ထို့နောက် ယုံကြည်ရသော သူ့လက်အောက်မှလူတစ်ယောက်အား စွန်းဟုန်ဖေးထံသို့ သူ(စွန်းဟုန်ဖေး)အလုပ်ရှုပ်ဆုံးအချိန်တွင် သွားပို့ရန်အတွက် ညွှန်ကြားခဲ့ပြီး ဤအစီအစဉ်က ဖွဲ့စည်းရေးသွင်းထားသည့်ပုံစံမှားယွင်းမှုကြောင့် ထပ်မံလက်မှတ်ရေးထိုးရန် လိုအပ်ကြောင်းပြောရန်လည်း မှာကြားခဲ့၏။

"ရေးသွင်းမှုပုံစံမှားလို့တဲ့လား..."
စွန်းဟုန်ဖေး မျက်မှောင်ကြုတ်မိသော်လည်း အများကြီး ထပ်မတွေးခဲ့ပေ။ သူ လက်မှတ်ရေးထိုးရန် စာရွက်စာတမ်းများကို ယူလိုက်သောအခါ သူ၏ သတိရှိသော သဘာဝက ၎င်းစာရွက်စာတမ်းများကို လှန်လှောကြည့်စေခဲ့သည်။ ထို့နောက် သူ ရပ်တန့်သွား၏။

Aအဆင့် အရင်းအမြစ် သတ်မှတ်ချက်ဟူသော စကားလုံးများကို အကြည့်တစ်ချက်နှင့်ပင် သူ သတိပြုမိခဲ့သည်။

သူ၏ ယခင်က သံသယအားလုံးသည်လည်း လျင်မြန်စွာ ပျောက်ကွယ်သွား၏။

ထိုအရာက သူ့ကို ရှင်းပြခဲ့၏။ လက်ထောက်ထန်က အလွန်အလုပ်များသောကြောင့် အမှားတစ်ခု လုပ်ခဲ့မိသည်။ ကုရှင်းရှစ်ကို ဒုက္ခမရောက်စေချင်သကဲ့သို့ ဝမ်ယွဲ့ကို စိတ်ဆိုးသွားစေနိုင်သည့် စွန့်စားခြင်းမျိုး မလုပ်ချင်မှုကြောင့် ဖြစ်နိုင်သည်။ ဤ "ရေးသွင်းမှုပုံစံအမှား" အကြောင်းပြချက်က တိကျသေချာစေသည့် လိမ္မာပါးနပ်သော နည်းလမ်းပင် ဖြစ်နိုင်သည်။

အို့.... လက်ထောက်ထန်... မင်းအရမ်း အတွေးလွန်နေတာပဲ... ငါ စွန်းဟုန်ဖေးက ဝမ်ယွဲ့နဲ့ကုရှင်းရှစ်တို့ အချစ်အရေးမှာ ဘယ်တော့မှ အတားအဆီးဖြစ်လာမှာ မဟုတ်ဘူးကွ...

ဆန့်ကျင်ဘက်အနေနဲ့... ငါက သူတို့ ပျော်ရွှင်စွာ ပေါင်းဖက်ဖို့အတွက် အရင်းအမြစ်တစ်ခုပဲ ဖြစ်နေမှာ...

ထို့အပြင် ကြီးကြပ်သူ၏အမှားကို တိုက်ရိုက် မဖော်ထုတ်မိရန်က ရေးသားဖော်ပြမထားသည့် စည်းမျဉ်းတစ်ခုလည်း ဖြစ်သည်။

ထို့ကြောင့် စွန်းဟုန်ဖေးက ထန်လင်းဆီ ဖုန်းမဆက်တော့ဘဲ စာရွက်စာတမ်းများကို လက်မှတ်ထိုးပေးခဲ့သည်။

ထိုအချိန်တွင် ကျင်းရှစ်ဟမ်က အနည်းငယ် စိတ်လှုပ်ရှားနေသောကြောင့် သူ့ရုံးခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့သည်။

ဒါက စွန့်စားမှုပဲ... စွန်းဟုန်ဖေးသာ ဖမ်းမိသွားခဲ့ရင် အရာအားလုံး အန္တရာယ်များသွားနိုင်တယ်...

သို့သော် စွန်းဟုန်ဖေးက သူ၏လက်သီးပုန်းထိုးသော နည်းလမ်းများကို ရှာဖွေနိုင်သည့် မည်သူ့ကိုမဆို ထပ်တူထပ်မျှ သတိထားလိမ့်မည်ဟု သူ ခန့်မှန်းခဲ့သည်။ သူ သတိထားမိခဲ့လျှင်လည်း သူ တိတ်တဆိတ်သာ နေလိမ့်မည်ဖြစ်သည်။ အဆိုးဝါးဆုံးအနေဖြင့် သူတိုနှစ်ဦး ၎င်းကိစ္စကြောင့် အငြင်းပွားရရုံမျှသာ ဖြစ်နိုင်သော်လည်း ကျင်းရှစ်ဟမ်ကမူ ထိပ်တိုက်ရင်ဆိုင်ရမည်ကို ကြောက်၏။

ထို့နောက် သူ ယုံကြည်ရသည့်လက်အောက်ငယ်သားက လက်မှတ်ထိုးထားသော အစီအစဉ်စာရွက်စာတမ်းနှင့်တကွ ပြန်လာခဲ့သည်။

"သူ လက်မှတ်ထိုးလိုက်လား..."
ကျင်းရှစ်ဟမ် တက်ကြွစွာ မေးလိုက်၏။

လက်အောက်ငယ်သားက ခေါင်းညိတ်ရင်း ပြန်ဖြေခဲ့သည်။
"ဟုတ်ကဲ့... ဘာမှအရေးကြီးခွင်ကျယ်မလုပ်ဘဲ လက်မှတ်ထိုးလိုက်ပါတယ်..."

ကျင်းရှစ်ဟမ်က စိတ်သက်သာရာရစွာဖြင့် စွန်းဟုန်ဖေး၏ လက်မှတ်ကိုကြည့်ကာ သူ့မျက်လုံးများတွင် အန္တရာယ်ပြုမည့် အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။

စွန်းဟုန်ဖေး... မင်း ဒီတစ်ခါတော့ အဆုံးသတ်ပြီ....

***

ကုရှင်းရှစ်က "ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ" ရိုက်ကူးသည့်နေရာသို့ ပန်းစည်းနှင့်အတူ ရောက်လာခဲ့သည်။

ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံခဲ့မှုကြောင့် ဒါရိုက်တာကောင်းရှန်က ရိုက်ကူးရေးဒီဇိုင်း၊ ဝတ်စုံများနှင့် မိတ်ကပ်အပေါ်တွင် သေချာစွာမြှုပ်နှံနိုင်ခဲ့သည်။ ဤထုတ်လုပ်ရေးသည် သာမာန်ဈေးပေါသော စတူဒီယိုများထက် သမိုင်းနောက်ခံစစ်မှန်မှု ခံစားချက်ကို ပေးခဲ့သည်။ ရလဒ်အနေဖြင့် သမိုင်းနောက်ခံနက်ရှိုင်းကြွယ်ဝသော ရိုက်ကူးရေးနေရာ ဖြစ်လာခဲ့သည်။

ဤဇာတ်လမ်းမှာ အဓိကအားဖြင့် ကိုယ်ခံပညာလောက အပါအဝင် အထက်တန်းလွှာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရသော စစ်ဖန်ဂိတ်အဖွဲ့အစည်းအကြောင်းဖြစ်သည်။ မင်မင်းဆက်ယဉ်ကျေးမှု အငွေ့အသက်များကို ပြန်လည်အသက်သွင်းနိုင်ရန်အတွက် ဒါရိုက်တာကောင်းက ကျင့်ဝတ်ထုံးတမ်းသင်ပြပေးမယ့်ဆရာများနှင့် သမိုင်းကြောင်းဆိုင်ရာ အကြံပေးများကိုပါ ငှားရမ်းခဲ့သည်။

ယခုတွင်မူ "ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ"ဇာတ်လမ်းသည် အစောပိုင်း အဆိုတင်ပြချက်နှင့် လုံးဝမတူညီသောအရာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ယနေ့က ချင်ဝမ်၏ ရိုက်ကူးရေးနောက်ဆုံးရက်ဖြစ်သည်။

ချင်ဝမ်၏ဇာတ်ကောင်ဖြစ်သော ယွီချန်ယန်းက အဆင့်အတန်းမြင့် ယဉ်ကျေး၍ ကျက်သရေရှိသော အထက်တန်းလွှာအမျိုးသားငယ်တစ်ယောက်အဖြစ် စတင်ခဲ့ကာ အဖြစ်အပျက်တစ်ခုတွင် အဓိကဇာတ်လိုက်မင်းသား ရှောင်းနန်ယွမ် (ကျန်းဟန်ချင်း၏ဇာတ်ကောင်)၊ ဇာတ်လိုက်မင်းသမီး ရုန်ယွီ (ရှယို့ယင်၏ဇာတ်ကောင်)တို့နှင့် အမှတ်မထင် တွေ့ကြုံခဲ့ကာ သူငယ်ချင်းများ ဖြစ်လာကြသည်။ 

ဇာတ်လမ်းအစပိုင်းတွင် ယွီချန်ယန်းမှာ အခြားသူများကိုယ်စား အမြဲတမ်း ပိုက်ဆံများကို ဖြုန်းတီးခြင်းကြောင့် အယုံလွယ်သော သူဌေးငယ်လေးဟု ထင်ရသည်။ ရုန်ယွီအပေါ် တိတ်တခိုးချစ်မိခဲ့သော်လည်း သူ့သူငယ်ချင်း ရှောင်းနန်ယွမ်အတွက် သူ့ခံစားချက်များကို စွန့်လွှတ်လိုက်ရန် ရွေးချယ်ခဲ့သည်။

ဇာတ်ကွက်က တိုးတက်လာသည်နှင့်အမျှ ရှောင်းနန်ယွမ်နှင့် သူ့မဟာမိတ်များက သူတို့စုံစမ်းနေသည့်အမှုများမှာ အင်ပါယာတရားစီရင်ရေးအဖွဲ့ကို ဖြုတ်ချရန်အစီအစဉ်များနှင့်တကွ လျှို့ဝှက်ဆန်းကျယ်သော ကိုးကွယ်ယုံကြည်မှုကျင့်ထုံးတစ်ခုဆီသို့ ဦးတည်နေကြောင်း ရှာဖွေတွေ့ရှိခဲ့ကြသည်။ သူတို့ ပို၍ နက်နက်ရှိုင်းရှိုင်း ရှာဖွေလေလေ လျှို့ဝှက်ချက်များက ပို၍ရှုပ်လာလေလေပင်။ ကိုးကွယ်ယုံကြည်မှုကျင့်ထုံးက အထူးသီးသန့်ဆန်နေဆဲဖြစ်ကာ နည်းပါးသော သဲလွန်စများကိုသာ ချန်ရစ်ခဲ့သည်။

နောက်ဆုံးတွင် ရှောင်းနန်ယွမ်က ကိုးကွယ်ယုံကြည်‌သူ အဖွဲ့ဝင်များကို သွေးဆောင်ဖြားယောင်းရန် သူ့ကိုယ်သူ  á€žá€Źá€¸á€€á€ąá€Źá€„်ဥဖဟစ် အသုံးပြုခဲ့သည်။ သူက သူ့အစီအစဉ်ကို သူငယ်ချင်းများကိုပင် လျှို့ဝှက်ထားခဲ့ကာ ကိုးကွယ်ယုံကြည်မှု၏ အတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်နိုင်ရန် မျှော်လင့်ခဲ့သည်။ သို့သော်လည်း အတိမ်းအစောင်းမခံသော အချိန်ကာလတွင် ယွီချန်ယန်းက မမျှော်လင့်ဘဲ ကြားဝင်လာခဲ့ကာ ရှောင်းနန်ယွမ်ကို ကာကွယ်ပေးရင်း ကိုးကွယ်ယုံကြည်သူများထံ အဖမ်းခံလိုက်ရသည်။ 

အပြစ်ရှိစိတ်များက ရှောင်းနန်ယွမ်ကို နှိပ်စက်နေခဲ့ကာ ၎င်းကြောင့်ပင် ရုန်ယွီက သူနှင့်ဆက်ဆံရေးကို ဖြတ်ပစ်လုနီးပါး ဖြစ်ခဲ့သည်။ အရာအားလုံးကို မှန်ကန်သွားစေရန် ဆုံးဖြတ်ပြီး ရှောင်းနန်ယွမ်က ယွီချန်ယန်းကို ကယ်တင်ရန် ထွက်လာခဲ့သည်။

မရေမတွက်နိုင်သော အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးတွင် သူ သိခဲ့ရသည်မှာ ယွီချန်ယန်းက သူ့ကို အကျဉ်းခန်းထဲထည့်ကာ သူငယ်ချင်းဖြစ်သော သူ့ရင်ဘတ်ကို ဓားဖြင့်ထိုးခဲ့သည်။ အကယ်၍ ရုန်ယွီသာ သူ့ကို ကယ်တင်ရန် ရောက်မလာခဲ့ပါက ရှောင်းနန်ယွမ် သူ့ဘဝ၏အဆုံးသတ်ကို ထိုနေရာ၌ တွေ့ကြုံခဲ့ရပေလိမ့်မည်။

ရုန်ယွီက ယခင်က အမှုများကို ပြန်ကြည့်လိုက်သောအခါ တစ်ခုခု ထူးဆန်းနေကြောင်း ခံစားရပြီး ယွီချန်ယန်းကို ပြန်လည်စုံစမ်းစစ်ဆေးခဲ့ရာ သူ၏ဖုံးကွယ်ထားသော ရည်ရွယ်ချက်များကို ဖော်ထုတ်နိုင်ခဲ့သည်။

ယွီချန်ယန်း၏ထိုးနှက်ချက်က နက်ရှိုင်း၍ တိကျမှန်ကန်စွာဖြင့် သူတို့၏ခင်မင်ရင်းနှီးမှုမှာ အဓိပ္ပာယ်မရှိသကဲ့သို့ တွေဝေမှုမရှိဘဲ အဓိကနေရာကို ထိသွား‌စေခဲ့သည်။ သို့သော်လည်း ရှောင်းနန်ယွမ်က မွေးရာပါနှလုံးမူမမှန်မှုကြောင့် သူ့နှလုံးက ဆန့်ကျင်ဘက်ဖြစ်သော ညာဘက်တွင် ရှိခဲ့ခြင်းကြောင့်သာ အသက်ရှင်သန်နိုင်ခဲ့ခြင်းပင်။ 

ထိုအချိန်မှစ၍ ရှောင်းနန်ယွမ်နှင့် ရုန်ယွီတို့ပူးပေါင်းကာ ယွီချန်ယန်းအား နောက်ဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်ရန် တွန်းအားပေးခဲ့သည်။ ယခင်ကကဲ့သို့အဝတ်အစားများကို ဝတ်ဆင်ထားခဲ့သော်လည်း ယွီချန်ယန်း၏ အပြုအမူများမှာ လုံးဝပြောင်းလဲသွားကာ ယခုဆိုလျှင် သူ၏ကိုယ်ရောင်ကိုယ်ဝါမှာလည်း တွက်ချက်တတ်သော စစ်ဘုရင်တစ်ဦးကဲ့သို့ ပြောင်းသွားခဲ့သည်။

မကြာခဏပင် ဇာတ်လမ်းများ၌ ဤကဲ့သို့သော နောက်ဆုံးတိုက်ပွဲများက ပရိသတ်များကို စိတ်ပျက်စေခဲ့သည်။ ထိုဇာတ်လမ်းများတွင် ဗီလိန်က အဆုံးအစွန်ထိ ရူးသွပ်သွားခြင်းဖြစ်စေ သို့မဟုတ် သူတို့၏ ကျန်ရစ်ခဲ့သောမိတ်ဟောင်း‌ဆွေဟောင်းများက သူတို့ကို တွန့်ဆုတ်သွားခြင်းတို့ ဖြစ်စေတတ်သည်။ သို့သော် ကောင်းရှန်၏ဇာတ်ညွှန်းရှိ ထိပ်တိုက်တွေ့ဆုံမှုက ကြိုတင်မှန်းဆ၍ မရခဲ့ချေ။

ဇာတ်လမ်းအထွတ်အထိပ်တိုက်ပွဲတွင် တစ်ဖက်နှင့်တစ်ဖက် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြပြီး အဓိကဇာတ်လိုက်နှစ်ဦးမှာ အကြိမ်ကြိမ် ရှုံးနိမ့်ကာနီး ဖြစ်ခဲ့သည်။ နောက်ဆုံးတွင် ယွီချန်ယန်းကို ရှုံးနိမ့်သွားစေခဲ့သူများမှာ ဇာတ်လိုက်နှစ်ဦး မဟုတ်ခဲ့ဘဲ ချုံခိုတိုက်ခိုက်ခဲ့သော အင်ပါယာ၏စစ်တပ်များသာ ဖြစ်သည်။ ယွီချန်ယန်းက သူ့ကိုယ်သူ တောင်အစွန်းသို့ရောက်နေကာ ပြေးစရာလမ်းမရှိတော့ကြောင်း သိလိုက်ရသည်။

ရှောင်းနန်ယွမ်နှင့် ရုန်ယွီတို့က သူနှင့်နောက်ဆုံးအကြိမ် ရင်ဆိုင်ရန် တောင်ပေါ်သို့ တက်လာခဲ့သည်။

မရေမတွက်နိုင်‌သော သတ်ဖြတ်မှုများကို သွေးထိုးလှုံဆော်ခြင်း၊ သူ့သရုပ်အမှန်ကို ဖုံးကွယ်ခြင်း၊ သူငယ်ချင်းများအပေါ် သစ္စာဖောက်ခြင်းကဲ့သို့ ကြောက်မယ်ဖွယ် လုပ်ဆောင်ချက်များကို ပြုလုပ်ခဲ့သော်လည်း ယွီချန်ယန်းမှာ သူတို့ကို အကြံပေးမည့် ဆရာတစ်ဦးကဲ့သို့ တည်ငြိမ်နေဆဲပင်။

အစောပိုင်းတွင် သာမာန်လူတန်းစားများကို အားပေးထောက်ခံနိုင်ရန်အတွက်သာ အာဏာကို ရယူချင်ခဲ့‌ကြောင်း သူဝန်ခံခဲ့သည်။ သူ၏အာဏာက သူထိန်းချုပ်နိုင်သည်ထက် ကြီးထွားလာကာ ဤဆိုးဝါးသော ရလဒ်ဆီသို့ ဦးတည်သွားခဲ့သည်။

သို့သော် သူတို့ သေးငယ်သောရာဇဝတ်မှုများကို ဆက်လက်စုံစမ်းနေချိန်တွင် အမှန်တကယ် အရေးပါသော အမှုများကို သူတို့အား ထိခွင့်ပေးလိမ့်မည်မဟုတ်ကြောင်း ယွီချန်ယန်းက ပြောခဲ့ပြန်သည်။ စစ်မှန်သော ကွဲပြားခြားနားမှုကို ပြုလုပ်နိုင်ရန်အတွက် သူတို့ ပို၍မြင့်အောင် တက်လှမ်းရမည်ဖြစ်ကာ လုပ်ပိုင်ခွင့်ကို ရအောင်ယူပြီး ပြောင်းလဲမှုကို ဥပဒေပြုနိုင်သည့် အာဏာကို စွဲကိုင်နိုင်ရမည်ဖြစ်သည်။ အာဏာမရှိပါက သူတို့က အမြဲတမ်း အရေးမပါသောအရာများအဖြစ်သာ ကျန်ရှိနေပေလိမ့်မည် ဖြစ်သည်။


🍉🍉🍉🍉 အခန်း ၅၉


ယွီချန်ယန်းက သူ့အပေါ် စာနာစိတ်ဖြစ်ပေါ်လာစေရန် မည်သို့ပြုလုပ်ရမည်ကို အမြဲတမ်း သိခဲ့သူဖြစ်သော်လည်း ယခုအခါတွင် သူက လွတ်မြောက်ရန် မကြိုးစားခဲ့ပေ။ ထိုအစား သူ့မျက်နှာတွင် စွဲကျန်နေခဲ့သည့်လှောင်ပြုံးဖြင့် ဇာတ်လိုက်နှစ်ဦးကို မေးခွန်းတစ်ခုမေးကာ သူ့ဘဝကို သူအဆုံးသတ်ခဲ့သည်။

"ငါက ရှေ့ဆက်‌လျှောက်ဖို့ လမ်းခင်းပေးခဲ့ပြီးပြီ... မင်းတို့ အာဏာဝဲဂယက်အပြည့်ရှိတဲ့ လောကထဲကို ဝင်သွားရဲလား.... ငါလုပ်ခဲ့သလိုလေ..."

ဤအထွတ်အထိပ်ဇာတ်ဝင်ခန်းက ဇာတ်လမ်းအစမှ အရိပ်အမြွက်တိုင်းနှင့် ဖော်ညွှန်းမှုတိုင်းကို အတူတကွ စုစည်းချည်နှောင်ခဲ့သည်။

ဤအခန်းမှာ ဇာတ်လမ်းတွဲတစ်ခုလုံး၏ ဆွဲဆောင်မှုအရှိဆုံး အချိန်ကာလတစ်ခုပင်ဖြစ်သည်။

ယွီချန်ယန်း၏သေဆုံးမှုကြောင့် 'အာဏာက သူလုပ်ခဲ့တဲ့စွန့်လွှတ်အနစ်နာခံမှုနဲ့ ထိုက်တန်ရဲ့လား'ဟူ‌သော မေးခွန်းကို ကြည့်ရှုသူများအပေါ် ချန်ရစ်ခဲ့သည်။ 

ဇာတ်ဝင်ခန်းက အမြင်အားဖြင့် ရိုးရှင်းသော်လည်း သရုပ်ဆောင်တစ်ယောက်အဖြစ် ချင်ဝမ်ထံမှ အပြစ်အနာအဆာကင်းသော သရုပ်ဆောင်စွမ်းရည် လိုအပ်ခဲ့သည်။

ရိုက်ကူးရေးနေရာက ချင်ဝမ့်ကို မြင်ကွင်းချဲ့ကြည့်နေသော ကင်မရာ၏ တဝီဝီမြည်သံမှအပ တိတ်ဆိတ်၍နေခဲ့သည်။

သူ့နောက်ဆုံးစကားကို ပြောပြီးသည်နှင့် ချင်ဝမ်က သူ့ဓားရှည်ကို လည်ပင်းထက်သို့ တင်ခဲ့ကာ ညင်သာထက်ရှစွာ ပြတ်ရှသွားစေခဲ့၏။ ချက်ချင်းပင် သွေးများပန်းထွက်လာသောအခါ ချင်ဝမ်၏ မျက်နှာထက်တွင် ရှောင်းနန်ယွမ်နှင့် ရုန်ယွီတို့၏ ရွေးချယ်မှုများကို ကြိုတင်သိမြင်သကဲ့သို့ အပြုံးရေးရေးရှိနေကြောင်း ကုရှင်းရှစ် သတိပြုမိခဲ့သည်။

ထိုအချိန်တွင် ကုရှင်းရှစ် ကျောချမ်းသွားကာ သူ့အရေပြားတွင် ကြက်သီးမွေးညင်းများပင် ထလာ၏။

ခဏအကြာတွင် ကောင်းရှန်၏ အော်သံကို ကြားခဲ့၏။
"Cut... အရမ်းကောင်းတယ်..."

ချင်ဝမ်က အမူအရာမဲ့စွာ မြေပြင်ပေါ် လှဲလျောင်းနေခဲ့ကာ အလှည့်ကျရိုက်နေသော ကင်မရာများအားလုံး ရပ်တန့်သွားချိန်မှပင် ထလာခဲ့သည်။

ကုရှင်းရှစ်က သူ၏တွေဝေမှုမှ နောက်ဆုံးတွင် အသိဝင်လာခဲ့ကာ ချင်ဝမ့်ဆီသို့သွား၍ ပန်းစည်းကမ်းပေးရင်း ပြောလိုက်သည်။
"ရိုက်ကူးရေး အောင်မြင်စွာ ပြီးဆုံးသွားတဲ့အတွက် ဂုဏ်ပြုပါတယ်..."

ချင်ဝမ်က ကုရှင်းရှစ်၏အကြည့်ကို တွေ့သောအခါ သက်ပြင်းရှည်ကြီးတစ်ခု ထုတ်လွှတ်ခဲ့လိုက်သည်။ ၎င်းမှာ ယွီချန်ယန်း၏စိတ်ဝိဉာဉ်ကို သူ့ခန္ဓာကိုယ်မှ နှေးကွေးစွာ ထွက်ခွာသွားစေခြင်းနှင့်အတူ လက်တွေ့အချိန်သို့ သူ့ကိုယ်သူ ပြန်လည်ရောက်ရှိစေခဲ့သည်။ ပန်းစည်းကို လက်ခံလိုက်ကာ သူ့နှုတ်ခမ်းများကို အချင်းချင်း ဖိကပ်လိုက်ပြီးနောက် အပြုံးသေးသေးလေးတစ်ခုပြုံးရင်း ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်..."

ကျန်ရှိနေသေးသော ဇာတ်ဝင်ခန်းများက ချင်ဝမ် ပါဝင်ရန် မလိုအပ်တော့ချေ။ ဥပမာအားဖြင့် ရှုခင်းအထောက်အပံ့များနှင့် ရိုက်ကူးရေးပြီးနောက် ပိုကောင်းအောင် ပြုပြင်ခြင်းများကဲ့သို့ အစပိုင်းဇာတ်ဝင်ခန်းများသာဖြစ်သည်။

သူ၏နှုတ်ဆက်လက်ဆောင်များကို စုစည်းကာ နှုတ်ဆက်ကိတ်မုန့်ကို စားသုံးပြီးနောက် ကုရှင်းရှစ်က ချင်ဝမ့်ကို ပေကျင်းသို့ ပြန်ခေါ်လာခဲ့သည်။

လေဆိပ်တွင် ကုရှင်းရှင်း၏အတွေးများက သူကြုံတွေ့ခဲ့ရသော အားကောင်းပြင်းထန်သည့်ဇာတ်ဝင်ခန်းဆီသို့ ရောက်သွားကာ သူ အနည်းငယ် နိုးကြားတက်ကြွလာခဲ့သည်။ ဇာတ်လမ်းတွဲက မပြီးဆုံးသေးသော်လည်း ၎င်း၏အရည်အသွေးကို သူခံစားနိုင်သည်။ ယခု သူသိချင်သည်မှာ ထျန်းချန်ဗီဒီယိုက ဤဇာတ်လမ်းအတွက် မည်ကဲ့သို့သော ပရိုမိုးရှင်းအရင်းအမြစ်မျိုး ခွဲဝေသတ်မှတ်ပေးမလဲဟူ၍ပင်။

ပုံမှန်အားဖြင့် ဝက်ဝက်ကွဲအောင်လူကြိုက်များသည့် ရှိုးများနှင့် ကိုယ်ပိုင်ထုတ်လုပ်ရေးများမှသာလျှင် ခိုင်မာသော ပရိုမိုးရှင်းအရစ်အမြစ်များရနိုင်ကြောင်း၊ ၎င်းတို့ကဲ့သို့ ပရောဂျက်များမှာ ကျန်ရှိသည့်အရင်းအမြစ်များဖြင့်သာ ပရိုမိုးရှင်း လုပ်ရကြောင်း ကောင်းရှန် ယခင်က ပြောပြဖူးသည်။ ထို့သို့ဖြစ်နေသည့်တိုင်အောင် ကုရှင်းရှစ်က အကောင်းမြင်စိတ် ရှိဆဲပင်။ ပရိုမိုးရှင်းမှာ အကန့်အသတ်နှင့် ဖြစ်နေပါစေ အရည်အသွေးတစ်ခုတည်းနှင့်ပင် ဇာတ်လမ်းက လူသိများသွားလိမ့်မည်ဖြစ်ကြောင်း သူ ယုံကြည်ချက်ရှိသည်။

ကုရှင်းရှစ်က စွန်းဟုန်ဖေးကို ထိုအကြောင်းမေးရန် စဉ်းစားမိလိုက်သည်။ ပရိုမိုးရှင်းအစီအစဉ်မှာ ကုမ္ပဏီ၏လျှို့ဝှက်ချက်များကဲ့သို့ အနီးကပ်စောင့်ကြပ်ခြင်းခံရပြီး စွန်းဟုန်ဖေးကလည်း သူတို့အား အများအပြားကူညီခဲ့ပြီးဖြစ်ရာ သူက စွန်းဟုန်ဖေးကို မခက်ခဲစေချင်တော့ပေ။

ကုရှင်းရှစ် အတွင်းစိတ်ထဲ၌ သက်ပြင်းတစ်ချက်ချခဲ့ပြီး စနစ်ကို ခေါ်ခဲ့သည်။
[စနစ်...စနစ်ရေ... မင်းက ဘာလို့ ဆန္ဒဖြည့်ဆည်းပေးတဲ့စနစ် မဟုတ်ရတာလဲ... ငါက အကောင်းဆုံး ပရိုမိုးရှင်းအရင်းအမြစ်ရဖို့ ဆုတောင်းချင်ရုံပါ...]

စနစ် [...]

စနစ်က အေးစက်စက်ရယ်လိုက်ရင်း ငေါ့တော့တော့အသံဖြင့် တုံ့ပြန်ခဲ့သည်။
[စိတ်မကောင်းပါဘူး... ငါက အသုံးမဝင်တဲ့ အတင်းပြောစနစ်လေးတစ်ခုလို့ပဲ ထင်ရတာပဲ...]

သို့သော် စက္ကန့်အနည်းငယ်မျှကြာသောအခါ ကုရှင်းရှစ် ကောင်းရှန်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံခဲ့ရသည်။ ကောင်းရှန်၏အသံမှာ စိတ်လှုပ်ရှားမှုများကြောင့် မမှတ်မိနိုင်လောက်အောင်ပင်။

"ကုရှင်းရှစ်ရေ... ငါ ကြားခဲ့တယ်သိလား... ငါတို့ Aအဆင့် ပရိုမိုးရှင်းအရင်းအမြစ်တွေ ရတယ်တဲ့... ဘုရားရေ... မျက်လှည့်လိုပဲ... ငါ အခုထိ မယုံနိုင်သေးဘူး... မင်းနဲ့ စွန်းဟုန်ဖေးက ဘယ်လို မှော်ဆရာမျိုးဖြစ်နေလို့ ဒီလို ရူးလောက်စရာ ကိစ္စမျိုးကို ဖြစ်မြောက်နိုင်စေခဲ့တာလဲ..."

ကုရှင်းရှစ် [...]

စနစ် [...]

စနစ်က ပြောခဲ့သည်။

[ပိုင်ရှင်... စိတ်လျှော့... အဲ့ဒီ ကြုံရာကျပန်းဆုတောင်းတွေအားလုံးကို ပြန်ယူသွား... ငါက တကယ်ကို အသုံးမဝင်တဲ့ အတင်းပြောစနစ်လေးတစ်ခုတင်ပါ...]

×××××

ကျန်းကျန့်ယွဲ့က လူသိများသော အကြောင်းအရာဖန်တီးသူဖြစ်ကာ သူမ၏ တမူထူးခြားသည့် မှတ်ချက်ပေးမှုများကြောင့် C Station ဟု‌ခေါ်သော ဗီဒီယိုပလက်‌ဖောင်းရှိ တီဗွီနှင့်ရုပ်ရှင်ကဏ္ဍတွင် သူမက နာမည်ကြီး၏။ သူမ၏ သဟဇာတဖြစ်သော ဆန်းစစ်ဝေဖန်မှုကို ထပ်ပြောရပါက သူမသည် ရံဖန်ရံခါ ငွေကြေးထောက်ပံ့သူတို့၏ အကြောင်းအရာများကိုလည်း လက်ခံကာ တင်ပေးလေ့ရှိသည်။

သို့သော် ကျန်းကျန့်ယွဲတွင် စည်းမျဉ်းများရှိသည်။ ပိုက်ဆံ‌ရရှိမည့် ပူးပေါင်းဆောင်ရွက်သူအများအတွက် အ‌ကြောင်းအရာဖန်တီးပေးရလျှင်ပင် သူမက ကောင်းကျိုးဆိုးကျိုး နှစ်မျိုးစလုံးကို ညှာတာမှုမရှိဘဲ ဝေဖန်လေ့ရှိသည်။ ဤလောကတွင် ချစ်သူ မုန်းသူ ဆက်ဆံရေးများရှိကြသော်လည်း သူမ၏တဲ့တိုးဆန်သောရိုးသားမှုက ကြည့်ရှုသူများကြားတွင် သူမကို ကျော်ကြားစေခဲ့သည်။

တစ်နေ့တွင် အီးမေးလ်၌ သူမ၏စီးပွားရေးဝင်စာများကို စစ်ဆေးကြည့်ရှုနေစဉ် သူမအား ငွေကြေးအထောက်ပံ့ပေးမည့် တောင်းဆိုမှုတစ်ခုကို သူမ အမှတ်မထင် တွေ့လိုက်သည်။ သူတို့က သူမကို "ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ"ဟူ‌သော ရှေးခေတ်လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းကို အရောင်းမြှင့်တင်ပေးစေချင်ကြသည်။

ကျန်းကျန့်ယွဲ့က ခေါင်းစဉ်ကို တစ်ချက်ဝေ့ကြည့်မိခဲ့သည်။

သူမ ဤဇာတ်လမ်းကို မှတ်မိသည်။ ၎င်းက မည်သည့်နေရာတွင်မျှ ထွက်ပေါ်လာခြင်း မရှိသေးသော်လည်း လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က  á€›á€Żá€á€şá€á€›á€€á€şá€†á€­á€Żá€žá€œá€­á€Żá€•င် ကြော်ငြာများနှင့်အတူ အင်တာနက်ပေါ်တွင် ပျံ့နှံ့လာခဲ့သည်။ hashtagများသုံးကာ ရေပန်းစားစေခြင်း၊ လူမှုကွန်ယက်စာမျက်နှာတိုင်းတွင် အရောင်းမြှင့်တင်ခြင်းတို့နှင့်တကွ ဈေးကွက်ရှာဖွေခြင်းမှာ တက်ကြွလွန်းလှသည်။ ထိုအင်တာနက်‌ပေါ်တွင် ပျံ့နှံ့ကာ လူသိများစေသည့် ဈေးကွက်ရှာဖွေရေးနည်းဗျူဟာမှာ လက်မခံနိုင်တော့သော နည်းစနစ်ဖြစ်နေခဲ့ပြီဖြစ်၏။

ဇာတ်လမ်းတွဲခေါင်းစဉ်ကိုက ငွေကုန်သက်သာစေသည့် သာမာန်ညောင်ည ဇာတ်လမ်းတစ်ခုအဖြစ် အနံ့ထွက်နေခဲ့ကြောင်း၊ ဤဇာတ်လမ်းမှ ပျစ်ပျစ်နှစ်နှစ် ဝေဖန်ရမည့် ဗီဒီယိုများအတွက် ကုန်ကြမ်းများစွာ ရရှိနိုင်ဖွယ်ကြောင်းတို့ကိုပြောရင်း လတ်တလောတွင် သူမက အခြားသော အကြောင်းအရာဖန်တီးသူများနှင့်အတူ ဟာသလုပ်နေခဲ့သည်။

သူမ စိတ်ဝင်စားသွားခဲ့သည်။
ဘယ်သူကများ ငါ့ကို ငွေကြေးထောက်ပံ့ပေးမယ်ဆိုပြီး သတ္တိရှိရှိ ချဉ်းကပ်လာရဲတာလဲ...

ကျန်းကျန့်ယွဲ့က စူးစမ်းလိုစိတ်ဖြင့် သူမက ပူးပေါင်းဆောင်ရွက်မှုကို လက်ခံလျှင်ပင် သူမက သူမ၏ထုံးစံအတိုင်း မျှတမှုနှင့် ဓမ္မဓိဌာန်ကျမှုတို့ကို ဆုပ်ကိုင်ထိန်းသိမ်းထားဦးမည်ဖြစ်ကြောင်း စာပြန်ခဲ့သည်။ ထူးဆန်းစွာပင် အဖွဲ့က ချက်ချင်း သဘောတူခဲ့ကာ သူမ လက်မခံဘဲ နောက်ပြန်ဆုတ်သွားမည်ကို ကြောက်သည့်ပုံဖြင့် သူမကို စရန်ငွေပင် ကြိုတင်ပေးခဲ့သည်။

ကျန်းကျန့်ယွဲ့  "???"

ဒါက ဈေးကွက်ရှာဖွေရေးအဖွဲ့ရော ဟုတ်ရဲ့လား... ဇာတ်လမ်းတွဲကို ဖျက်ဆီးဖို့ ကြိုးစားနေတဲ့ အငြှိုးထားသူတစ်ယောက်များ ဖြစ်နေမလား...

သူမ၏ စပ်စုလိုစိတ်က ကြီးထွားလာခဲ့သည်။ ပွဲဦးထွက်တင်ဆက်မှုက ည ၈နာရီဖြစ်သောကြောင့် ရုပ်ရှင်နမူနာကိုကြည့်ရန် သူမ ဆုံးဖြတ်ခဲ့သည်။

ရုပ်ရှင်နမူနာက ရှုပ်ထွေးပွေလီကာ အသက်ဝင်နေသောဈေးဆိုင်ငယ်များနှင့် ပြည့်နေသည့် မင်မင်းဆက်၏ လမ်းမထက်မှ ဘဝများနှင့်အတူ အသေးစိတ် အနုစိတ်တင်ပြချက်များနှင့် အသက်ဝင်နေသော ဇာတ်ဝင်ခန်းဖြင့် အစပြုထားသည်။ ၎င်းက စက္ကန့်အနည်းငယ်မျှသာကြာသော်လည်း ထိုခေတ်ကာလအကြောင်း လက်တွေ့ဆန်သော သရုပ်ဖော်မှုနှင့် အသေးစိတ်အချက်အလက်တင်ပြမှုများကို အာရုံစူးစိုက်ရင်း သူမ နစ်မြောသွားခဲ့၏။

ကျန်းကျန့်ယွဲက သူမ၏စိတ်ဝင်စားမှုများ နိုးထလာကြောင်း ခံစားလိုက်ရသည်။

ဂီတသံထွက်ပေါ်လာကာ ခပ်ကြမ်းကြမ်းအမျိုးသားတစ်ဦးနှင့် သူ၏နောက်သို့ ခြေရာခံကာလိုက်ဖမ်းနေသော အနီရောင်ဝတ်စုံဝတ်ထားသည့် အမျိုးသမီးတစ်ဦးတို့ လမ်းကြိုလမ်းကြားတစ်ခုတွင် ပေါ်ထွက်လာခဲ့သည်။

"အဲ့ဒီနေရာမှာတင် ရပ်လိုက်..."
သူမ အော်လိုက်သည်။

ဇာတ်ကွက်က ခေတ္တမျှရပ်သွားကာ "ရုန်ယွီ"ဟူသော သူမ၏အမည်က စာတန်းထိုး၍ ပေါ်လာသည်။ 

နောက်ယောင်ခံလိုက်ဖမ်းမှုမှာ တက်တက်ကြွကြွလှုပ်ရှားမှုများ၊ နီးနီးကပ်ကပ် လွဲချော်မှုများဖြင့် ပြည့်နှက်နေကာ သူမ သူ့ကိုဖမ်းမိကာနီးတွင် တရားခံပြေးက အနီးတွင် ချည်နှောင်ထားသော မြင်းတစ်ကောင်ကို သတိပြုမိခဲ့သည်။ သူသာ မြင်းစီးကာ ထွက်ပြေးနိုင်ပါက ထိုမိန်းကလေးသည် မြေမှုန့်များကြားတွင် ကျန်ရစ်ခဲ့ပေလိမ့်မည်။

ထိုအချိန်တွင် အနီးနားရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် သပ်ရပ်စွာ ဝတ်စားထားသော အထက်တန်းလွှာအမျိုးသားငယ်တစ်ဦးကို ကင်မရာက ပြသခဲ့သည်။ ထိုလူငယ်က နွေးထွေးသော အပြုံးဖြင့် လက်တစ်ဖက်တွင် ယပ်တောင်တစ်ချောင်းကို ကိုင်ထားသည်။ ဖန်သားပြင်တွင် သူ၏အမည်ကို ယွီချန်ယန်းဟု ပြသထားသည်။

နောက်အခိုက်အတန့်တစ်ခုတွင် သူသည် ကြေးဒင်္ဂါးပြားတစ်စည်းကို လေထဲသို့ ပေါ့ပေါ့ဆဆ ပစ်လိုက်ကာ တရားခံပြေးနှင့် မြင်း၏ကြားသို့ ကျသွားစေခဲ့သည်။ ပြန့်ကျဲနေသော  á€Ąá€€á€źá€˝á€ąá€…္အမဝဏးကို ကောက်ယူရန် ပြေးလွှားနေသော လူအုပ်ကြီးက ရှေ့သို့ပြေးထွက်လာပြီး ထိုလူ၏ လွတ်မြောက်ရာလမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

ရုန်ယွီ၏ မျက်နှာက တောက်ပသွားကာ ထိုတရားခံပြေးကို လှမ်းပြီးဖမ်းဆွဲလိုက်သည်။

ထွက်ပြေးစရာလမ်းမရှိတော့သည်ကို သဘောပေါက်သွားခဲ့သော တရားခံပြေးက ကလေးငယ်တစ်ဦးအား ဓားစာခံအဖြစ် ဆွဲခေါ်လိုက်သည်။ သို့သော် သူ လက်လှမ်းလိုက်ရုံသာရှိသေးသည်  á€“ဏးဥိမ်တစ်ခုက ရုတ်တရက်ထွက်ပေါ်လာကာ သူ့ကို ပြင်းပြင်းထန်ထန်ရိုက်နှက်ပြီး တားဆီးလိုက်၏။ အနက်ရောင်ဝတ်စုံဝတ်ထားသော ရဲရင့်သည့်အမျိုးသားက ထိုတရားခံပြေးကို ရင်ဆိုင်ရန် ရှေ့သို့ ထွက်လာခဲ့သည်။

ဖန်သားပြင်က ထပ်မံရပ်တန့်သွားကာ ရှောင်းနန်ယွမ်ဟူသော နာမည် ပေါ်လာခဲ့သည်။ 

ကိုယ်ခံပညာ ကျွမ်းကျင်လွန်းသော ရှောင်းနန်ယွမ်သည် တရားခံပြေး ပက်လိုက်သောထုံးမှုန့်ကို အချိန်မီ နောက်သို့လှန်ကာ ရှောင်တိမ်းလိုက်ရင်း ထိုလူကို ခဏသာ ထွက်ပြေးရန် ခွင့်ပြုခဲ့သည်။

ထိုသူက လွတ်မြောက်ခြင်းကို မမြည်းစမ်းရ‌သေးမီ ပိုက်ကွန်တစ်ခု ရုတ်တရက် ပြုတ်ကျပြီး သူ့ကို လုံးလုံးလျားလျား ဖမ်းချုပ်ထားလိုက်‌၏။ ရုန်ယွီက ထိုသူကို အလျင်အမြန် ကြိုးတုပ်လိုက်ကာ ချဉ်းကပ်လာသည့် ရှောင်းနန်ယွမ်နှင့် ယွီချန်ယန်းတို့ကို ပျော်ရွှင်မြူးကြွစွာ ဦးညွှတ်လိုက်ရင်း ပြောခဲ့သည်။ 
“ကျွန်မကို အနိုင်ယူခွင့်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်...” 

ယွီချန်ယန်းက ပြုံးကာ သူ့ယပ်တောင်ကို ဝှေ့ယမ်းလိုက်ရင်း သ‌ဘောကျနေစဉ်တွင် ရှောင်းနန်ယွမ်က အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စွာ  á€žá€€á€şá€•á€źá€„á€şá€¸á€á€ťá€œá€­á€Żá€€á€şá€žá€Šá€şá‹

တစ်မိနစ်အတွင်းမှာပင် အကြိုတင်ဆက်မှုက ပင်မဇာတ်ကောင်တစ်ဦးစီ၏ ထူးခြားသော ကိုယ်ရည်ကိုယ်သွေးများကို ဖန်တီးပေးသည့် ပြီးပြည့်စုံသော ဇာတ်ဝင်ခန်းငယ်ကို ပြသနိုင်ခဲ့သည်။

ကျန်းကျန့်ယွဲ့က ထိုင်ခုံတွင် အလိုလို ခပ်မတ်မတ် ထိုင်လိုက်မိသည်။

ဤစီးရီးက သူမ မျှော်လင့်ထားသကဲ့သို့ အရည်အသွေးနိမ့်သည့် ဇာတ်လမ်းမဟုတ်နိုင်ကြောင်း သူမခံစားရ၏။

အင်ပါယာအရာရှိတစ်ဦးကို သတ်ဖြတ်မှုအား စုံစမ်းစစ်ဆေးရန် ပြင်ဆင်နေချိန်တွင် ဂိတ်တံခါးခြောက်ခုဌာနခွဲ၏ သူရဲကောင်းသုံးဦးသည် နယ်မြေခံအရာရှိဝတ်စုံများ ဝတ်ဆင်ထားသည့် ဇာတ်ဝင်ခန်းသို့ ပြောင်းလဲသွားခဲ့သည်။ ကင်မရာရိုက်ချက်များသည် ဇာတ်လမ်း၏ အဓိကဇာတ်ကွက်နှင့် ပေါင်းစပ်လိုက်သောကြောင့် အခြေအနေတင်းမာမှုများနှင့် သည်းထိတ်ရင်ဖိုဖြစ်ရမှုများ ကြီးထွားလာသည်။ တေးဂီတသည် စိတ်လှုပ်ရှားဖွယ်ရာ လျှို့ဝှက်ဆန်းကြယ်မှုထဲသို့ ဆွဲမခေါ်မီ ကြည့်ရှုသူများကို ခဏတာ သက်သာရာရစေမည့် ဟာသအခိုက်အတန့်များနှင့်အတူ စွဲမက်ဖွယ်ကောင်းသော အငွေ့အသက်ကို ဖန်တီးပေးခဲ့သည်။

နောက်ဆုံးတွင် တေးဂီတသံရပ်တန့်သွားပြီး ချွန်ထက်သောဓားတစ်ချောင်းသည် လေထဲသို့ ဖြတ်သွားကာ ဂိတ်တံခါးခြောက်ခုဌာနခွဲ သင်္ကေတပေါ်သို့ သွေးများစီးကျလာခဲ့သည်။ နောက်ခံက မှိန်ဖျော့လာသည်နှင့်အမျှ "ဂိတ်တံခါးခြောက်ခုဌာနခွဲ" ဟူသော စကားလုံးများအောက်တွင် "လျှို့ဝှက်ချက်များ" ဟူသော စကားလုံးများသည် သွေးများဖြင့် ထင်ထင်ရှားရှား ထွက်ပေါ်လာပြီး ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ ဟူသော ခေါင်းစဉ်ကို ဖြည့်ပေးနေခဲ့သည်။

ကျန်းကျန့်ယွဲ ဖြည်းညှင်းစွာ အသက်ကို ရှူသွင်းလိုက်သည်။

သုံးမိနစ်စာနမူနာက ဤမျှလောက် ဆန်းကြယ်သော အသေးစိတ်အချက်များ၊ သည်းထိတ်ရင်ဖိုစရာများနှင့် ဟာသတို့၏ မှန်ကန်သော ရောနှောမှုများဖြင့် ပြည့်နှက်‌နေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့‌ချေ။ တင်ဆက်မှုအကြောင်း သူမ၏ စူးစမ်းချင်စိတ်က အဆမတန် ကြီးထွားလာပြီး ဇာတ်လမ်းတွဲသည်လည်း နမူနာနှင့် တူညီလိမ့်မည်ဟု သူမ မျှော်လင့်ခဲ့သည်။ အကြိုတင်ဆက်မှု၏ အရည်အသွေးအတိုင်းဆက်လက်ထိန်းသိမ်းထားနိုင်လျှင် ၎င်းသည် လုံးဝအောင်မြင်သွားမည်မှာ သေချာ၏။

သူမက သူမ၏ သူငယ်ချင်းများထံသို့ စာတစ်စောင် အမြန် ပို့ခဲ့သည်။

[ဒီည "ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲကို ကြည့်ဖို့ စိတ်ဝင်စားတဲ့ တစ်ယောက်ယောက် ရှိလား... အဲ့ဒါက တကယ်ကို ကြည့်သင့်တယ်...]

သူငယ်ချင်း 1 : [ဟာဟားဟား... နင်က ဗီဒီယိုဖန်တီးသူတွေအတွက် စုပေါင်းရုပ်ရှင်ကြည့်ပါတီပွဲတစ်ခု စီစဉ်နေလား... နေပါဦး.... အဲ့ဒီဇာတ်လမ်းတွဲ... အဲဒါက တကယ်ကို မကောင်းတာလား...]

သူမ၏စကားများက နားလည်မှုလွဲသွားနိုင်ကြောင်းကို သဘောပေါက်စွာ ကျန်းကျန့်ယွဲ့က လျင်မြန်စွာ ရှင်းပြခဲ့သည်။ 
[မကောင်းတာမျိုး မဟုတ်ဘူး... နမူနာကို ငါကြည့်ပြီးပြီ... အဲ့ဒါက တကယ်ကို ကောင်းလွန်းတယ်...]

သူငယ်ချင်း 1 : [...]

သူငယ်ချင်း 2 : ["ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ" ဇာတ်လမ်းတွဲလား... ပြီးတော့ တကယ်ကြီး ကြည့်ကောင်းတယ်တဲ့လား... တစ်ယောက်ယောက်က မင်းကို မန္တန်တွေ ဘာတွေ ရွတ်ပြီး ပြုစားခဲ့တာလား...]

သူတို့ သံသယဝင်နေမှုကို မြင်သောအခါ ကျန်းကျန့်ယွဲ့က ရုပ်ရှင်နမူနာကို အုပ်စုစကားပြောခန်းအတွင်းသို့ ချပေးရန် ဆုံးဖြတ်လိုက်သည်။

အချိန်အနည်းငယ်ကြာသောအခါ...

သူငယ်ချင်း 1 : [ဝါး... တကယ်ကြီးပဲ... ဒါက အရမ်းကြည့်ကောင်းတာပဲ... ငါ ဆိုလိုတာက ကောင်းတဲ့ဘက်ကနေ ပြောချင်တာမျိုးနော်...]

သူငယ်ချင်း 2 : [နမူနာက အရမ်းမိုက်ပေမယ့် ဒီလောက်ကောင်းတဲ့နမူနာက ဆိုးဝါးတဲ့ တင်ဆက်မှုတွေဆီကို ဦးတည်သွားတတ်တဲ့ဖြစ်ရပ်တွေကလဲ အများကြီးရှိတယ်လေ... ငါ သံသယတော့ ရှိနေသေးပေမယ့် ဒီနေ့ည ကြည့်မယ့်သူစာရင်းထဲ ငါ့ကို ထည့်တွက်လိုက်...]

သူငယ်ချင်း 3 : [ငါ့ကိုရော ထည့်တွက်လိုက်...]

သူငယ်ချင်း 4 : [နင်တို့အားလုံး ဘာတွေအမွှန်းတင်နေကြမှန်း ငါမသိဘူး... ဒါပေမယ့် ဒီနေ့ည ငါအားတယ်... အဲ့ဒါကြောင့် ငါ့ကိုလည်း ကြည့်မယ့်သူထဲ ထည့်တွက်လိုက်...]


🍉🍉🍉🍉 အခန်း ၆၀


မကြာမီပင် ညရှစ်နာရီအချိန်သို့ ရောက်ရှိခဲ့ပြီး ကျန်းကျန့်ယွဲ့က ထျန်းချန်ဗီဒီယို appကိုဖွင့်၍ "ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲ၏ပထမအပိုင်းကို နှိပ်ကြည့်လိုက်သည်။

မြို့ထဲရှိ လမ်းမများနှင့် လမ်းကြားများတစ်လျှောက် တိုးတိုးတိတ်တိတ် ပျံ့နှံ့နေသည့် ကြောက်မက်ဖွယ် ကလေးကဗျာလေးတစ်ပုဒ်နှင့်အတူ ဤဇာတ်လမ်းက စတင်ခဲ့သည်။ ထိုညမှာပင် တရားရေးရာဝန်ကြီးဌာနမှ စစ်ဆေးရေးအရာရှိတစ်ဦးကို သူ့နေအိမ်၌ သေဆုံးလျက်တွေ့ရှိခဲ့ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာအမှတ်အသားများသည် ထိုကဗျာထဲတွင်ပါရှိသည့် ပုံရိပ်များနှင့် ထူးဆန်းစွာ တူညီနေခဲ့သည်။

များမကြာမီမှာပင် ဆက်သွယ်ရေးရာဝန်ကြီးဌာနက လက်ထောက်ညွှန်ကြားရေးမှူးနှင့် စိစစ်ရေးဌာနမှ ကြီးကြပ်ရေးမှူး တစ်ဦးတို့ကလည်း အလားတူ ကံကြမ္မာကို ကြုံခဲ့ရ၏။ တစ်လမပြည့်မီတွင် တရားရုံးအရာရှိသုံးဦးက ၎င်းတို့၏ ရာထူးအဆင့်များသည် တဖြည်းဖြည်း မြင့်မားလာသည်ဟူသော တူညီသည့် အသေးစိတ်အချက်တစ်ချက်မှလွဲ၍ အခြားသူများနှင့် ဆက်စပ်မှုမရှိဘဲ သေဆုံးခဲ့ကြသည်။

နဝမအဆင့် စစ်ဆေးရေးအရာရှိတစ်ဦးမှတစ်ဆင့် အဋ္ဌမအဆင့်အရာရှိတစ်ဦး၊ ထို့နောက် သတ္တမအဆင့် စစ်ဆေးရေးအရာရှိတစ်ဦးအဖြစ် စတင်ခဲ့သည်။ 

ဒီပုံစံအတိုင်း ဆက်သွားနေရင် နောက်ထပ်သားကောင်က ဆဌမအဆင့်အရာရှိလား...

မြို့တော်က ရုတ်ရုတ်သဲသဲ ရုန်းရင်းဆန်ခတ်ဖြစ်လာသဖြင့် ဧကရာဇ်မင်းမြတ်သည် အမှုကို ဂိတ်တံခါးခြောက်ခုဌာနခွဲသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဤနေရာမှာ နောက်ဆုံးတွင် ဇာတ်လိုက်ဖြစ်သူ ရှောင်းနန်ယွမ် ပေါ်ထွက်လာမှုကို ဖြစ်စေခဲ့သည့် နေရာဖြစ်သည်။ သူ၏ ခိုင်မာသော ကိုယ်ခံပညာစွမ်းရည်နှင့် အရှုံးမပေးသော ဇွဲလုံ့လတို့ဖြင့် ရှောင်းနန်ယွမ်က သူနှင့်သက်တူရွယ်တူများကြားတွင် နာမည်ကောင်းရှိသော်လည်း သူနှင့်အတူ ပူးပေါင်းလုပ်ဆောင်ချင်သူများ မရှိခဲ့ချေ။ သူသည် စိတ်ဓာတ်မြဲမြံသော အလုပ်ကြိုးစားသူဖြစ်ကာ  á€™á€€á€źá€Źá€á€ ကြမ်းကြမ်းတမ်းတမ်းလုပ်တတ်သူဖြစ်ပြီး လူသိများသော သူ၏ခေါင်းမာမှုက သူနှင့်အတူ အလုပ်တွဲလုပ်မည့်သူများကို ပင်ပန်းစေ၏။

ရှောင်းနန်ယွမ်သည် အချိန်အတော်ကြာအောင် တစ်ယောက်တည်းအလုပ်လုပ်ခဲ့ရာ တခြားသူများ သူနှင့်အလုပ်တွဲမလုပ်ခြင်းကို သူစိတ်မဝင်စားခဲ့ပေ။ သို့သော်လည်း အဆိုပါအမှုကို စုံစမ်းနေစဉ်တွင် သူသည် အားမာန်တက်ကြွပြီး ဇ၀နဉာဏ်ရှိသော ဇာတ်လိုက်မင်းသမီး ရုန်ယွီနှင့် မထင်မှတ်ဘဲ တွေ့ဆုံခဲ့ကာ ၎င်းတို့နှစ်ဦးသည် တွန့်ဆုတ်စွာဖြင့် ပူးပေါင်းခဲ့ကြသည်။

ရုန်ယွီက အပေါ်ယံတွင် စိတ်လိုက်မာန်ပါပြုလုပ်တတ်သော်လည်း ဖုံးကွယ်ထားသောသဲလွန်စများကို ရှာဖွေဖော်ထုတ်ရာတွင် ထူးထူးခြားခြား မျက်စိလျင်သူဖြစ်သည်။ သူတို့နှစ်ဦးအတူတကွ အလုပ်လုပ်သောအခါ၌ ရှောင်းနန်ယွမ်၏ တင်းကျပ်သည့် ကိုယ်ရည်ကိုယ်သွေးက သူမ သဘောတကျ စနောက်ခြင်းများကို ခံနိုင်ရည်ရှိကြောင်း ရုန်ယွီ သဘောပေါက်ခဲ့သည်။

နှစ်ယောက်သားသည် ခိုအောင်းရာနေရာကို ထိုးဖောက်ဝင်ခဲ့ရာ ထင်းတဲတစ်ခုတွင် မျက်လုံးကို အဝတ်ဖြင့်စည်းခြင်းခံထားရသည့် ချမ်းသာသော လူငယ်တစ်ဦးကိုသာ တွေ့ခဲ့ရသည်။ ကျန်းကျန့်ယွဲ့က ထိုလူငယ်ကိုမြင်လိုက်သည့်အချိန်၌ ထိုသူသည် ဇာတ်လမ်းနမူနာထဲမှ ယွီချန်ယန်းဖြစ်ကြောင်း သူမ မှတ်မိခဲ့၏။

ယွီချန်ယန်း၏ဇာတ်ကောင်က ရုန်ယွီနှင့် ရှောင်းနန်ယွမ်တို့ကဲ့သို့ သိသိသာသာပေါ်လွင်မနေခဲ့သော်လည်း သူမက သူ့ကို စိတ်ဝင်စားမှုအရှိဆုံးဖြစ်ကြောင်း သူမကိုယ်သူမ သိခဲ့ရ၏။ သို့သော် စိတ်ဝင်စားရသည့် အကြောင်းပြချက်ကိုမူ သူမ သေချာရှင်းမပြနိုင်ချေ။

မျှော်လင့်ထားသည့်အတိုင်း ရှောင်းနန်ယွမ်နှင့် ရုန်ယွီက ယွီချန်ယန်းကို လွှတ်ပေးခဲ့သည်။ သူက ချမ်းသာသော ဒေသခံမိသားစုမှ သားတစ်ဦးဖြစ်ကာ မိသားစု ထုံးတမ်းဓလေ့ပွဲပြီးနောက် အိမ်သို့အပြန် လမ်းတွင် ဓားပြများဖမ်းဆီးခေါ်ဆောင်ခြင်းခံရသောကြောင့် မိသားစုထံမှ ပြန်ရွေးမည့်ငွေကို စောင့်မျှော်နေခြင်းဖြစ်ကြောင်း ယွီချန်ယန်းက ရှင်းပြခဲ့သည်။

ယွီချန်ယန်းကို ကယ်တင်ပြီးနောက် သူတို့နှစ်ဦးက သူတို့၏စုံစမ်းစစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ မကြာမီမှာပင် ခြေရာခံရင်းတွေ့ရသည့် လမ်းကြောင်းက သူတို့အား မြို့ထဲမှ ရတနာတစ်ရာဂိုဏ်းဆီ ခေါ်ဆောင်သွား၏။ သို့သော်လည်း ဂိုဏ်း၏တံခါးများသည် ချမ်းသာကြွယ်ဝသူများကိုသာ ဖွင့်ပေးကာ ရှောင်းနန်ယွမ်နှင့် ရုန်ယွီတို့နှစ်ဦးစလုံးမှာ လက်တွေ့တွင် ငွေတစ်ပြားမှမရှိပေ။

ထိုအချိန်တွင်ပင် ယွီချန်ယန်းက ခမ်းနားစွာ တစ်ဖန်ပြန်ပေါ်လာခဲ့သည်။ သူ၏လူကုံထံပုံစံပေါ်စေသော ယပ်တောင်ကို တဖျပ်ဖျပ်ခတ်ရင်း ငွေရောင်သေတ္တာကြီးနှစ်လုံးကိုပါ သူ့အတွက် ယူဆောင်လာခဲ့၏။

ထိုနေရာမှာပင် ပထမပိုင်းမှာ ပြီးဆုံးသွားခဲ့သည်။ ကျန်းကျန့်ယွဲက စွဲလမ်းသွားခဲ့ပြီး နောက်တစ်ပိုင်းကို ဆက်ကြည့်ခဲ့သည်။

နာရီအနည်းငယ်ကြာပြီးနောက် ကျန်းကျန့်ယွဲ့က ပွဲဦးထွက်အပိုင်း လေးပိုင်းလုံးကို ကြည့်ပြီးခဲ့ပြီး စိတ်လှုပ်ရှားစွာဖြင့် ဆက်၍ကြည့်ချင်စိတ်မှာလည်း ပိုမိုအာသာပြင်းပြလာခဲ့သည်။ ကျန်အပိုင်းများကို ထုတ်လွှင့်ပေးစေရန် ထျန်းချန်ဗီဒီယို appကို မွှေနှောက်နေကြောင်းကို သူမကိုယ်သူမ သိခဲ့ရသည်။

ထိုအချိန်မှပင် သူမသည် အုပ်စုဖွဲ့စကားပြောခန်းကို သတိရခဲ့သည်။ ၎င်းကို ဖွင့်ကြည့်လိုက်သောအခါ လွန်ခဲ့သည့် နာရီအနည်းငယ်အတွင်းမှာပင် ရာနှင့်ချီသော မဖတ်ရသေးသည့် ဝင်စာများကြောင့် သူမ လန့်သွားခဲ့သည်။

[အံ့ဩစရာပဲ... သရုပ်ဆောင်ချက်၊ ဝတ်စုံ‌တွေ၊ ရိုက်ကူးရေးပုံစံတွေနဲ့ အများစုကတော့ ဇာတ်လမ်းပဲ.... အိုး ဘုရားရေ... အဲဒီလှည့်ကွက်က ငါ့ကို အသက်ရှုရပ်တန့်သွားစေတယ်... ဒါက ငါသေလောက်အောင် မျှော်လင့်ခဲ့ရတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းပဲ...]

[ရုန်ယွီက ငါ့ရဲ့ နတ်သမီးလေးပဲ.... သွက်လက်ချက်ချာပြီး လှနေရော... နောက်ဆုံးအနေနဲ့ ဇာတ်လိုက်မင်းသား ဖြေရှင်းပေးရမယ့် ပြဿနာတွေကို ဖန်တီးတတ်တဲ့ အမျိုးသမီးဇာတ်လိုက်မျိုး မဟုတ်တော့ဘူး... သူ့ရဲ့ စူးစမ်းနိုင်မှုစွမ်းရည်က အံ့မခန်းပဲ... အဲ့ဒါအပြင် ဇာတ်လမ်းတစ်ပုဒ်လုံးကလည်း အရမ်းကို ယုတ္တိရှိရှိနဲ့ပေါင်းစပ်ထားတာ... ပရိသတ်ရဲ့အသိဉာဏ်အပေါ် လေးစားမှုရှိတယ်...]

[ကျန်းဟန်ချင်းရဲ့ သရုပ်ဆောင်ချက်က အထင်ကြီးစရာပဲ... သူ့မှာ စစ်မှန်တဲ့ သူရဲကောင်းရောင်ဝါရှိတယ်... ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ငါ့အတွက် အအံ့ဩရဆုံးသူကတော့ ယွီချန်ယန်းပဲ... ဒီငွေရောင်သေတ္တာတွေနဲ့ သူ့ယပ်တောင်နဲ့ သူဝင်သွားတဲ့ ပုံစံလေး.... ငါ အရမ်းစွဲလမ်းသွားမိပြီ...]

[သရုပ်ဆောင်နာမည်ကို ကြည့်လိုက်တော့ သူ့နာမည်က ချင်ဝမ်တဲ့... လူသစ်တစ်ယောက် ထင်တယ်... ဒါက သူ့ရဲ့ ပထမဆုံး ဇာတ်ကောင်တဲ့...]

[ဘာ.... ဒီလိုမျိုး ဇာတ်ကောင်အနေနဲ့သရုပ်ဆောင်ပြီး ပွဲဦးထွက်တာလား... သူ့မှာ အားကောင်းတဲ့ အလားအလာရှိတယ်...]

***

ကျန်းကျန့်ယွဲ့ မက်ဆေ့ချ်များကို အထက်အောက်ဆွဲ၍ဖတ်ကြည့်သောအခါ "ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲအတွက် တညီတညွတ်တည်းနီးပါး  á€á€ťá€Žá€¸á€™á€˝á€™á€şá€¸á€‘ဏးကဟကဟ္ဏင်း သူမ သိလိုက်ရသည်။ ကြည့်ရှုသူအနည်းငယ်ကသာ  á€™á€ąá€¸á€á€˝á€”á€şá€¸á€‘á€Żá€á€şá€á€˛á€ˇá€€á€źá€žá€ąá€Źá€şá€œá€Šá€şá€¸ ၎င်းတို့မှာ အချက်အလက်စစ်ဆေးရာတွင် အံ့အားသင့်ဖွယ် တိကျသည့် အချို့သော ဇာတ်ညွှန်းများ သို့မဟုတ် သမိုင်းဆိုင်ရာ ရိုက်ကူးရေးနေရာများအကြောင်းကိုသာ မေးခွန်းထုတ်ခဲ့ကြခြင်းဖြစ်သည်။

ကျန်းကျန့်ယွဲ့က သူမ၏ဇာတ်ညွှန်းကို အာရုံစိုက်ရန် အုပ်စုစကားပြောခန်းကို မပိတ်မီ စာ အလျင်အမြန် ပို့ခဲ့၏။

သူမ၏ဇာတ်ညွှန်းတစ်ခုလုံးမှာ အခြေခံအားဖြင့် ချီးကျူးစကားများဖြင့် ရွှန်းရွှန်းဝေနေမှန်း မသိလိုက်ခင်မှာပင် သူမက စကားလုံးထောင်ပေါင်းများစွာကိုအသုံးပြုကာ ချီးမွမ်းစကားများ ရေးသားခဲ့သည်။

ဟုတ်ပေသည်။ ဤဇာတ်လမ်းတွဲက ပြီးပြည့်စုံမှု မ‌ရှိချေ။ အကယ်၍ သူမ လိုချင်ပါက ချို့ယွင်းချက်အချို့ကို သူမ ရွေးထုတ်နိုင်၏။

ဒါပေမယ့် အဲ့ဒီလိုလုပ်ရမယ့် အကြောင်းပြချက် ရှိလို့လား...

ပလက်ဖောင်းပေါ်ရှိ ရုပ်ရှင်ဝေဖန်ရေးဖန်တီးသူအနေဖြင့် ကျန်းကျန့်ယွဲ့၏ဝေဖန်မှုများသည် စိတ်ဝင်စားစရာကောင်းခဲ့သည်မှာ သေချာသော်လည်း ဤနှစ်များတစ်လျှောက်တွင် ပြည်တွင်းဇာတ်လမ်းများ၏ အရည်အသွေးနှင့် ပတ်သက်၍ သူမ၏ ကြီးမား‌သော စိတ်ပျက်မှုကိုလည်း ထိုဝေဖန်မှုများတွင် ဖော်ပြခဲ့သည်။

"ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ" ဇာတ်လမ်းတွဲတွင် ချို့ယွင်းချက်များ ရှိသော်လည်း ၎င်း၏ ခိုင်မာသော ဇာတ်ညွှန်းနှင့် စစ်မှန်သော ထုတ်လုပ်မှု တန်ဖိုးများက ထိုချို့ယွင်းချက်များကို လွှမ်းမိုးထားနိုင်သည်။ 

ကျန်းကျန့်ယွဲ့က ဆုံးဖြတ်ချက်မချမီ တစ်ခဏမျှ တုံ့ဆိုင်းသွားသည်။

သူမက အကြောင်းအရာတစ်ခုကိုမျှပြောင်းလဲလိမ့်မည် မဟုတ်‌ပေ။ 

ငါ ဒီအတိုင်းပဲ မှတ်တမ်းတင် ထားမယ်...

အသံသွင်းခြင်း၊ စာတန်းထိုးခြင်း၊ တည်းဖြတ်ခြင်း...

သူမက တစ်ညလုံး အလုပ်လုပ်ခဲ့ပြီး နောက်ဆုံး အဆုံးသတ်ထိပြီးသွားသောအခါ ပိုစ့်တင်မည်ကို နှိပ်ကာ အိပ်ပျော်သွားခဲ့သည်။ မကြာမီ သူမ၏ဗီဒီယိုက အုတ်အော်သောင်းတင်းဖြစ်သွားစေမည်ကို သူမ လုံးဝသတိမထားမိခဲ့ချေ။

ရုပ်ရှင်ဝေဖန်ရေးကဏ္ဍတွင် ထိပ်တန်း အကြောင်းအရာဖန်တီးသူများအနက်မှ တစ်ဦးအနေဖြင့် ကျန်းကျန့်ယွဲ့၏ ပိုစ့်များသည် သူမ၏ ပရိသတ်အုပ်စုကို ချက်ချင်းနီးပါး ဆွဲဆောင်ခဲ့၏။

[ကျန်းကျန့်ယွဲ့က မကြာခင်ကတည်းက အံ့ဩစရာကောင်းလောက်အောင်ကို တက်ကြွနေတာနော်... တစ်ချက်ကြည့်လိုက်ရအောင်... အမ်... ဟုတ်ပါတယ်... အဲဒါက ငွေကြေးထောက်ပံ့ပေးတဲ့သူအတွက် သုံးသပ်ချက်ပဲ...]

[ဟားဟား... ငွေကြေးထောက်ပံ့ပေးတဲ့ အကြောင်းအရာက အရမ်းကောင်းတယ်... ကုမ္ပဏီတွေက ပျစ်ပျစ်နှစ်နှစ်ဝေဖန်ခံရဖို့သက်သက် ပိုက်ဆံပေးတာမျိုးကို ငါ အရမ်းကြိုက်တယ်...]

[ခဏစောင့်... တစ်ခုခုတော့ ထူးဆန်းနေပြီ... ခြောက်မိနစ်လောက်ရှိပြီ... သူက ချီးကျူးနေသေးတုန်းလား... တစ်ယောက်ယောက်က သူ့အကောင့်ကို ခိုးခဲ့တာလား...]

[ပျစ်ပျစ်နှစ်နှစ်ဝေဖန်မှုတွေကို  á€Ąá€á€„်းဥကဟပ်ခဝဎးမွမ်းခဟင်းဥဖဟစ် ပြောင်းလဲခိုင်းခဲ့တာလား... တကယ်ကြီးလား...]

[ဟူး... ကျန်းကျန့်ယွဲ့လည်း ကျရှုံးသွားပါပြီ... ရုပ်ရှင်ဝေဖန်မှုကဏ္ဍရဲ့ စစ်မှန်တဲ့နောက်ဆုံးနေရာ မရှိတော့ဘူး...]

[@ကျန်းကျန့်ယွဲ့... မင်းအမှန်အတိုင်းပြောတဲ့အတွက် ငါ မင်းနောက်လိုက်ခဲ့တာ... ဒါက လုံးဝစိတ်ဝင်စားစရာ မကောင်းဘူး... အားပေးသူအဖြစ် စာရင်းသွင်းထားတာကို ဖြုတ်လိုက်ပြီ...]

[မင်းက ငွေကြေးထောက်ပံ့ပေးတဲ့သဘောတူညီချက်အတွက် ဘယ်တော့မှ အလျှော့မပေးဘူးလို့ အမြဲပြောခဲ့တယ်... အဲဒါကို ငါ သဘောကျခဲ့ဖူးတယ်... ကြည့်စမ်း... ငွေက စကားပြောသွားတာပဲ... ရှက်ပြီး လဲသေဖို့ကောင်းတယ်...]

[ကောင်းပြီ... အဲဒါက အခကြေးငွေရတဲ့ သုံးသပ်ချက်တစ်ခုလို့ ငါ သိတယ်... ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ဇာတ်ကွက်က တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်... ငါ ထင်တာကတော့ စမ်းကြည့်သင့်တယ်လို့ပဲ...]

[ငါ သွေးဆောင်ခံလိုက်ရပြီ... ငါ စမ်းကြည့်သင့်လား...]

[မိနစ်နှစ်ဆယ်ကြာသွားပြီ... ဒီမှာ သတ္တိရှိတဲ့သူတွေ ပြန်လာပြောဖို့ရှိကြလား...]

[ကောင်းပြီ... ငါပြောရမယ်... ဒီဇာတ်လမ်းက တကယ်ကောင်းတယ်... ဘာပဲဖြစ်ဖြစ် ငါ ပြန်သွားကြည့်တော့မယ်..]

[ဒါက တကယ်လား... ရေတပ်တွေ မဟုတ်ဘူးလား...]

[ရေတပ်တွေ မဟုတ်ဘူး...  á€’á€Žá€‡á€Źá€á€şá€œá€™á€şá€¸á€€ တကယ်ကောင်းတယ်... ခေါင်းစဉ် လွှမ်းမိုးတာ ခံထားရလို့သာ...  á€‡á€Źá€á€şá€€á€˝á€€á€şá€á€˝á€ąá€€ အလှည့်အပြောင်းတွေနဲ့ ပြည့်နှက်နေတာ.... တစ်ခုတည်းသော အားနည်းချက်က အပိုင်း‌တွေ မလုံလောက်တာပဲ... ငါ အဲဒါကို တစ်ခါတည်း အပြီးထိကြည့်ပစ်ချင်တယ်...]

[မင်းက အဆင့်ခြောက်အကောင့်တစ်ခုပဲ... ငါ မင်းကိုယုံတယ်... ငါလည်း အဲ့ဒါကို စမ်းကြည့်တော့မယ်...]

***

ကျန်းကျန့်ယွဲ့အပြင် ရုပ်ရှင်ပြန်လည် သုံးသပ်ခြင်းအပိုင်းရှိ အခြားဖန်တီးသူများက သူမလောက် ပြင်းထန်မှုမရှိသော်လည်း ပါဝင်ပြောဆိုခဲ့သည်။ လူတော်တော်များများက သူတို့၏ အတွေးအမြင်များကို မျှဝေရန် Twitterတွင် တင်ခဲ့ကြပြီး တုန်လှုပ်ခြောက်ခြားစရာ လှိုင်းလုံးကြီး ဖြစ်လာခဲ့သည်။ “ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ”ဇာတ်လမ်းတွဲကို ကြည့်ရှုဖူးသော ပရိသတ်များ နှင့် မကြည့်ရှုရသေးသည့် ပရိသတ်များသည် ဇာတ်လမ်းတွဲ၏ အရည်အသွေးနှင့် ပတ်သက်၍ အချင်းဖြစ်ပွားနေခဲ့ကြ၏။

မကြာမီတွင်
#ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များဇာတ်လမ်းတွဲကကြည့်လို့ကောင်းတယ်
#ကောင်းတဲ့ဇာတ်လမ်းတွဲအတွက်နားလည်မှုလွဲသွားစေနိုင်တဲ့ခေါင်းစဉ်
#ယွီချန်ယန်းကအရမ်းချောတယ် ကဲ့သို့သော hashtagများသည် ရေပန်းစားစာရင်းကို လွှမ်းမိုးသွားခဲ့သည်။ မရေတွက်နိုင်သောလူများက အံ့အားသင့်စွာ စတင်ကြည့်ရှုခဲ့ကြပြီး ထျန်းချန်ဗီဒီယိုappသို့ ဝင်ရောက်သူများမှာလည်း မြင့်တက်လာခဲ့သည်။

ကျင်းရှစ်ဟမ်က သမ်းဝေရင်း ရုံးခန်းထဲသို့ ဝင်လာခဲ့သည်။ ယမန်နေ့က ကစားပွဲကြည့်ရန် ညနက်သည်အထိ နေခဲ့သောကြောင့် သူ အနည်းငယ်မျှသာ အိပ်ခဲ့ရ၏။ လမ်းလျှောက်လာရင်း အရေးတကြီးအရာတစ်ခုခုကို မေ့နေကြောင်း သူ ရုတ်တရက် သတိရမိခဲ့သည်။ ထို့နောက် စင်္ကြံရှိ "ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ" ဇာတ်လမ်းတွဲပိုစတာကို တွေ့လိုက်ရာ ယမန်နေ့ညက ဇာတ်လမ်းတွဲ၏ ပွဲဦးထွက်တင်ဆက်မှုဖြစ်ကြောင်း သူ့ကို သတိရသွား‌စေသည်။ သူက တဒင်္ဂမျှနောင်တရစိတ်ဖြစ်သွားခဲ့သော်လည်း အလျင်အမြန် ဖယ်ရှားလိုက်သည်။

နောက်ဆုံးတွင် သူက ဇာတ်လမ်းတွဲ၏ရှုံးနိမ့်မှုကို သေချာစေရန် စေ့စေ့စပ်စပ် ပြင်ဆင်ခဲ့သည်။

ကြော်ငြာအရင်းမြစ်အားလုံးကို Aအဆင့် သတ်မှတ်ချက်များအတိုင်း ခွဲဝေပေးခဲ့သော်လည်း သူက လှည့်စားမှုများကို မသိမသာ ပြုလုပ်ခဲ့သည်။ ပထမဦးစွာ သူက မိုက်မဲသော စျေးကွက်ရှာဖွေရေး ချဉ်းကပ်မှုကို ရွေးချယ်ခဲ့သည်။ ၎င်းမှာ တင်ဆက်မှုကို ပြန်လည်သုံးသပ်ရန်အတွက် ပျစ်ပျစ်နှစ်နှစ် ရိုးရိုးသားသား ပြောတတ်သော အကြောင်းအရာဖန်တီးသူတစ်ဦး သို့မဟုတ် နှစ်ဦးကို ရွေးချယ်ခဲ့ပြီး သူတို့သည် ဇာတ်လမ်းကို အမှိုက်ကဲ့သို့ စွန့်ပစ်ကာ ဇာတ်လမ်း၏ဂုဏ်သတင်းကို နစ်မြုပ်သွားစေလိမ့်မည်ဟု သူ မျှော်လင့်ခဲ့သည်။ နောက်ဆုံးအနေနှင့် ယမန်နေ့ညက ပွဲဦးထွက်တင်ဆက်ပြသမှု၏ ရေပန်းစားအကြောင်းအရာများခေါင်းစဉ်အတွက် သူက အလိုအလျောက်လည်ပတ်နေသကဲ့သို့ သိသာထင်ရှားသည့် ဈေးအသက်သာဆုံးနှင့် အဆင်မပြေဆုံး ကြော်ငြာနေရာများကို ဝယ်ယူခဲ့သည်။

မည်သူမဆို စုံစမ်းစစ်ဆေးကြည့်ပါက ထိုဇာတ်လမ်း၏ ပရိုမိုးရှင်းနည်းဗျူဟာမှာ ဟာကွက်များနှင့် ပြည့်နေမည်မှာ အသိသာကြီးဖြစ်သည်။ သို့သော်လည်း ဇာတ်လမ်းမှာ မျှော်လင့်ထားသကဲ့သို့ နစ်မြုပ်ပျက်စီးသွားခဲ့ပါက အပြစ်တင်ခြင်းခံရသူမှာ ပရောဂျက်ကိုယ်တိုင်နှင့် ၎င်းအတွက် လက်မှတ်‌ရေးထိုးခဲ့သူ စွန်းဟုန်ဖေးသာ ဖြစ်၏။

စွန်းဟုန်ဖေးက ရာထူးမှနှုတ်ထွက်ရခြင်း၊ လစာဖြတ်တောက်ခံရခြင်းနှင့် ကုရှင်းရှစ်၏ ယုံကြည်မှုဆုံးရှုံးခံရခြင်းတို့ကို ရင်ဆိုင်ရပေလိမ့်မည်။ ထိုအခွင့်အရေးနှင့်အတူ ကျင်းရှစ်ဟမ်က သူ့နေရာအား အစားထိုးဝင်ရောက်ရန် စီစဉ်ခဲ့သည်။ သူ၏အာရုံစိုက်အလေးထားမှုများကြောင့် ကုရှင်းရှစ်က မကြာမီပင် စွန်းဟုန်ဖေးကို မေ့သွားလိမ့်မည်ဖြစ်သည်။ ကုရှင်းရှစ်ကို သူ၏ကျောထောက်နောက်ခံလူသစ် အဖြစ်တွေးကာ ကျင်းရှစ်ဟမ်က သူ့ကိုယ်သူ မြင့်မားသော ရာထူးများအထိ တက်လှမ်းကာ ဆုများအားလုံးကို ရိတ်သိမ်းနေရကြောင်း မြင်ယောင်မိနေခဲ့တော့သည်။

ကျင်းရှစ်ဟမ်သည် သူ့အစီအစဉ်က ချို့ယွင်းချက်မရှိကြောင်း ရှုထောင့်တိုင်းမှနေ၍ ယုံကြည်ချက်ရှိရှိ တွေးနေမိခဲ့သည်။ "ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲသည် မယုံနိုင်လောက်အောင် ကောင်းမွန်မှသာလျှင် ၎င်းသည် သူ၏မျှော်လင့်ချက်အားလုံးကို အစိတ်စိတ်အမြွှာမြွှာ ဖြိုခွဲပစ်ကာ သူ့အစီအစဉ်ကိုလည်း ဖျက်ဆီးပစ်နိုင်မည်ဖြစ်သည်။

ထိုအတွေးက သူ့ကို ခေတ္တမျှ ရပ်တန့်သွားစေသော်လည်း အလွန်စိတ်ဝင်စားစရာမကောင်းသော ပရောဂျက်အဆိုပြုချက်ကို သတိရကာ ထိုအတွေးကို ပယ်ချလိုက်၏။

အဲ့ဒီအဆိုပြုချက်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းတစ်ခုက ကောင်းကောင်း‌မွန်မွန် ထွက်လာနိုင်ပါ့မလား...

ယုံကြည်စိတ်ချစွာဖြင့် သူက သီချင်းလေးညည်းရင်း ဝေ့ပေါ်ကို ဝင်လိုက်သည်။ ထိပ်တန်း ရေပန်းစား‌နေသည့်အကြောင်းအရာတစ်ခုက သူ၏အာရုံစိုက်မှုများကို ဖမ်းစားသွားသောအခါ သူ့မျက်လုံးများ ကျယ်လာခဲ့သည်။ 

#ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များဇာတ်လမ်းတွဲကကြည့်လို့ကောင်းတယ်
ထိုhashtagကိုဖွင့်လိုက်သောအခါ သူမျှော်လင့်ထားသကဲ့သို့ ရေတပ်မှ ပြောထားသည့် အချိုးမပြေသော ချီးကျူးစကားများကို သူ မတွေ့ခဲ့ရ‌ပေ။ ထိုအစား လှိုက်လှိုက်လဲလှဲ စိတ်ရင်းမှန်ဖြင့် သုံးသပ်ချက်များ တင်ထားသော ပို့စ်များကိုသာ တစ်ခုပြီး တစ်ခု သူတွေ့ခဲ့ရသည်။ ဤချီးမွမ်းမှုများက ရေတပ်များမှပြောတတ်သော ချီးမွမ်းစကားများနှင့် ကွာခြားလွန်း၏။ ၎င်းတို့သည် အသေးစိတ်ကျကာ စဉ်းစားတွေးခေါ်တတ်မှုရှိသော တုံ့ပြန်မှုများသာ ဖြစ်ကြသည်။

"ဒီရေတပ်က ဘာလဲ.... သူတို့ စိတ်တွေလွတ်ကုန်ကြပြီလား..."

သူ ဒေါသတကြီးဖြင့် WeChat စကားပြောခန်းကို ဖွင့်ကာ ရေတပ်အဖွဲ့မှ ခေါင်းဆောင်ဆီသို့ နှစ်ပြားမတန်အောင် ပက်ပက်စက်စက်ပြောဆိုထားသည့် screenshotတစ်ခုကို  á€•္းပိုအခဲအသည်။

[မနေ့ညက ဒါကို မတင်ခဲ့ဘူးလား...  á€Ąá€á€ťá€­á€”်ကိုက်မဖဟစ်ဥ္ဏင် ဘယ်သူက ပြောင်းခဲ့တာလဲ... ဒီဈေးကြီးတဲ့ ကမ်းလှမ်းချက်ကို မှာကတည်းက ငါပြောခဲ့တယ်လေ....]

ရေတပ်အဖွဲ့ - [???]

ရေတပ်အဖွဲ့ - [သူဌေး.... မင်း မနေ့ညက ပြောထားတဲ့အတိုင်း အတိအကျ တင်ခဲ့တာပဲ... ဒီပို့စ်အသစ်တွေက ငါတို့နဲ့ မဆိုင်ဘူး...]

ယခုအချိန်မှာ ကျင်းရှစ်ဟမ် မှင်တက်သွားရသည့် အလှည့်ဖြစ်သည်။

တကယ်လို့ သူတို့သာ မလုပ်ခဲ့ဘူးဆိုရင် ဒီပို့စ်တွေအားလုံးက ဘယ်ကနေ ရောက်လာတာလဲ...

ရေတပ်အဖွဲ့မှ ထပ်မံပေးပို့လာခဲ့သည်။
[သူဌေး... မင်း ဒီလိုမျိုးစဉ်းစားမိလား.... ဇာတ်လမ်းကို တကယ်ကြည့်ခဲ့တဲ့ ပရိသတ်တွေက အဲ့ဒီဇာတ်လမ်းအကြောင်းကို ဆွေးနွေးကြရင်း သူတို့ကိုယ်တိုင် ဇာတ်လမ်းကို ရေပန်းစားစာရင်းထဲရောက်သွားအောင် လုပ်ခဲ့တာမျိုးဆိုရင်ရော...]

ကျင်းရှစ်ဟမ်: [???]

သူ ရေပန်းစားနေသော tag ကို အမြန်နှိပ်ပြီး ပို့စ်တစ်ခုချင်းစီကို အပေါ်အောက် ဆွဲဖတ်ကြည့်လိုက်သည်။ သူများများဖတ်မိလေလေလေ ပို၍အေးစက်လာသည်ဟု ခံစားရလေ‌လေပင်။ အပိုင်းလေးပိုင်းသာ ထုတ်လွှင့်ခဲ့သော်လည်း မှတ်ချက်များသည် စိတ်အားထက်သန်စွာ ခွဲခြမ်းစိတ်ဖြာထားမှုများနှင့် အပိုင်းများထပ်မံထုတ်လွှင့်ပေးရန် တောင်းဆိုမှုများဖြင့် ပြည့်နှက်နေသည်။ ဇာတ်လမ်းမှာ ပရိသတ်များကြားတွင် လုံးဝကျော်ကြားသွားခဲ့သည်။

သူ တုန်လှုပ်ခြောက်ခြား၍ မပြီးဆုံးနိုင်သေးခင်မှာပင် အချက်အလက်စစ်ဆေးမှုဌာနထံမှ ဝမ်းသာအားရ အော်ဟစ်သံများကို ကြားလိုက်ရသည်။ သေချာသည်မှာ "ဂိတ်တံခါးခြောက်ခု၏လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲသည် စံချိန်ချိုးသည့် သက်ရောက်မှုမျိုးဖြင့် ရေပန်းစားနေပြီး သူတို့က ထိုသတင်းကောင်းကို အစီရင်ခံတင်ပြရန် ပြင်ဆင်နေပုံရ၏။

ကျင်းရှစ်ဟမ်က သူ့နှလုံးသားတစ်ခုလုံး နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

အိုး...

ဇာတ်လမ်းအောင်မြင်မှုအတွက် သူ့ကိုယ်ပိုင် ကြိုးစားအားထုတ်မှုများကို ကျေးဇူးတင်သင့်ကြောင်း သူ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ ဖျက်ဆီးပစ်မည့်သူ၏အကြံအစည်က အံ့မခန်းဖွယ်ရာ ပြောင်းပြန်ရလဒ်ကို ဖြစ်ပေါ်စေခဲ့သည်။ သူ၏စွက်ဖက်မှုသာ ပေါ်လာခဲ့ပါက ဒါရိုက်တာဖန်းသည် သူ့အား ဘယ်တော့မှ ခွင့်လွှတ်လိမ့်မည် မဟုတ်ချေ။

ထိုအတွေးတွေးနေစဉ်မှာပင် အေးစက်သော ကြောက်ရွံ့မှုတစ်ခုက သူ့အပေါ် ကျရောက်လာသည်။

တစ်ချိန်တည်းတွင် ဝမ်ယွဲ့သည် သူ့စားပွဲထက်ရှိ "ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲ တင်ဆက်မှု၏ နောက်ဆုံးရ အချက်အလက်များကို ကြည့်ရှုရင်း စိတ်ခံစားချက်များ ရော‌ထွေးနေခဲ့သည်။

ထျန်းချန်ဗီဒီယိုသည် မကြာသေးမီက ခက်ခဲသောကာလများ ရှိနေခဲ့သည်။ ၎င်းတို့၏ ပရောဂျက်ဒါရိုက်တာသည် ရှင်းမောင်မီဒီယာ၏ လှည့်ဖြားခိုးယူခြင်းကို ခံခဲ့ရပြီးနောက် ထိုဒါရိုက်တာသည် ၎င်း၏ကိုယ်ပိုင်ပရောဂျက်များသာမက ထန်းချန်ဗီဒီယို၏ ပရိုမိုးရှင်းအစီအစဉ်အချို့ကိုလည်း ပေါက်ကြား‌စေခဲ့ပြီး ၎င်းတို့၏ရှိုးအများအပြားကို ပစ်မှတ်ထားခဲ့သောကြောင့် မျှော်လင့်ထားသည်ထက် ဖျော်ဖြေမှုများ နည်းပါးသွားခဲ့ရသည်။

သို့သော် "ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ"ဇာတ်လမ်းတွဲက ပြသမှုတစ်ခုတည်းဖြင့်ပင် ၎င်းတို့၏ ဆုံးရှုံးမှုများကို ကယ်တင်နိုင်ခဲ့သည်။

Search Novels