🍉🍉🍉🍉 အခန်း ၂၁


အတင်းပြောစနစ်10086 ထံမှ အံ့ဩတုန်လှုပ်ဖွယ် ဖြစ်ရပ်များစွာ ကြုံတွေပြီးနောက် ပရိသတ်များက ခေါင်းစဉ်ဖတ်ရုံနှင့်ပင် အကြောင်းအရာတစ်ရပ်လုံး၏ လားရာအား ခန့်မှန်းနိုင်နေပြီဖြစ်သည်။

[သေချာတာပေါ့.. မုန့်ယွမ်ရှန့်က သူ့ကို ကယ်ခဲ့တဲ့သူက ကျန်းမော့လို့ မှားပြီးထင်နေတာတဲ့.. တကယ့် လူစွမ်းကောင်းလေးက ကလေးလေးတစ်ယောက်ဖြစ်ပြီး ၁၀ နှစ်အရွယ် ကောင်လေးတစ်ယောက်တဲ့.. မုန့်ယွမ်ရှန့်ကို ကယ်ပြီးတော့ ကောင်လေးက ခြေထောက်ဒဏ်ရာရသွားတယ်တဲ့.. အဲဒီဖြစ်ရပ်တစ်ခုလုံးကို ထင်ထင်ရှားရှား မှတ်မိနေတဲ့ ဆရာဝန်တစ်ယောက်ရှိပြီး သူပဲ အဲဒီဒဏ်ရာကို ချုပ်ပေးလိုက်တာတဲ့.. ဆရာဝန်က ပထမဆုံး အရေးပေါ်ဌာနမှာ တာဝန်ကျတာဖြစ်ပြီး ကောင်လေးက ဒါဇင်ပေါင်များစွာ အစိမ်းချုပ်ခံရတာတောင် တစ်ချက်လေး မမေ့သွားတဲ့အပြင် တစ်ကြိမ်လေးတောင် မငိုခဲ့ဘူးတဲ့..  á€œá€Żá€śá€¸á€á€€á€­á€Ż အကြီးအကဲဖြစ်လာမဲ့ လူတစ်ယောက်လိုပဲတဲ့..]

အတင်းပြောစနစ်မှ များများစားစားပြောနေရန်ပင် မလိုချေ။ မှတ်ချက်နေရာရှိ ရှားလော့ဟုမ်းများမှ အလျင်အမြန်ပင် သဲလွန်စများအား ခြေရာကောက်ကြတော့သည်။

[၁၀ နှစ်လား.. ကျန်းမော့က ရှန့်ရှန့်က ၃ နှစ်ကြီးတယ်မဟုတ်လား.. အဲဒီတုန်းက ရှန့်ရှန့်က ၁၂ နှစ်လေ.. ဆိုလိုတာက ကျန်းမော့က ၁၅ နှစ်လောက်ရှိပြီဆိုတော့ လူကြီးဖြစ်ပြီလို့တောင် ပြောလို့ရတယ်.. ဆရာဝန်က ၁၅ နှစ်နဲ့ ၁၀ နှစ်ကို တကယ်ပဲ မှားသွားတာလား..]

[ကျန်းမော့က စက္ကူရှရင်တောင် ဇာမချဲ့ဘဲ မနေနိုင်တာလေ.. ဒဏ်ရာကို ချုပ်နေတုန်း တစ်ချက်လေးတောင် မေ့မသွားဘူးတဲ့လား.. ငါက ပထမဆုံးဧကရာဇ်ချင်လို့ ပြောရင်တောင် ဒီစကားထက် ပိုယုံဖို့ကောင်းသေးတယ်..]

[ကျန်းမော့ရဲ့ပုံတွေကို အခုပဲ သွားကြည့်လာတာ.. ၁၀ ချက်ကျော် ချုပ်ထားရတယ်ဆိုရင် သေချာပေါက် အမာရွက်ရှိမှာပဲလေ [ပုံ] ]

အွန်လိုင်းပေါ်ရှိလူများမှာ မုန့်ယွမ်ရှန့်၏ အသက်သခင်ဖြစ်သည်ဟူသော ကျန်းမော့၏ အ‌ထောက်အထားအား စတင်သံသယဝင်လာကြသည်။

သို့သော အတင်းပြောစနစ်မှာ မပြီးသေးချေ။

ကျန်းမော့က အသက်သခင်ကျေးဇူးရှင်ဖြစ်သည်ဟူသော အချက်အား အသုံးချကာ မုန့်ယွမ်ရှန့်အား အမြတ်ထုတ်ထိန်းချုပ်ခဲ့ပုံနှင့် အလုပ်အားလုံး မုန့်ယွမ်ရှန့်ကိုသာ ခိုင်းစေခဲ့ကြောင်း အသေးစိတ်ဖော်ပြထားသော ပိုစ့်တစ်ခု ထပ်တင်သည်။

မုန့်ယွမ်ရှန့်၏ ကိုယ်ပိုင်အချိန်များ၌ ကျန်းမော့အတွက် ချက်ပြုတ်၊ ပြေးလွှားကာ လက်တိုလက်တောင်း ပြုလုပ်ပေးခဲ့ရသည်။ လုပ်ငန်းခွင်ထဲ၌မူ ဂီတဖျော်ဖြေပွဲမှစကာ အယ်လ်ဘမ်ထုတ်လုပ်ရေးအထိ အရာအားလုံး ကိုင်တွယ်ခဲ့ရသည်။ ကျန်းမော့၏ ယခင်အယ်လ်ဘမ်များမှ အလွန်ကောင်းမွန်သော ဒီဇိုင်းများမှာ မုန့်ယွမ်ရှန့်၏ စိတ်ကူးအကြံဉာဏ်များသာဖြစ်သော်ငြား ကျန်းမော့သည် သူ၏ကိုယ်ပိုင်အားထုတ်မှုဟု အမည်တပ်ခဲ့သည်။

ပိုစ့်ထဲ၌ပါဝင်သော အကြောင်းအရာ တစ်ခုချင်းစီမှာ သွေး၊ ချွေး၊ မျက်ရည်များနှင့် ဖြစ်ပေါ်လာသည့်နှယ် ခံစားရသည်။

[ဒီသောက်.. ကျန်းမော့က လူကောဟုတ်ရဲ့လား.]

[ငါဆဲလေ့မရှိဘူးဟာ.. ဒါပေမဲ့ ကျန်းမော့ သောက်ခွေးသား..]

[ငါ့သူဌေးကို မကောင်းဆိုးဝါးလို့ ထင်နေခဲ့တာလေ.. ကျန်းမော့နဲ့ ယှဉ်လိုက်မှပဲ သူဌေးက နတ်သားလေး ဖြစ်နေပါရော.. ကျန်းမော့ကတော့ ဘယ်သူနဲ့မှ မယှဉ်နိုင်ပါဘူး..]

[ကျန်းမော့က မုန့်ယွမ်ရှန့်ရဲ့ အသက်ကို ကယ်ခဲ့တယ် ဆိုရင်တောင် မုန့်ယွမ်ရှန့်က အဆပေါင်းများစွာ ပြန်ဆပ်ပြီးပြီ.. ပြီးတော့ ကယ်တင်ခဲ့တယ်ဆိုတဲ့ ဇာတ်လမ်းကလည်း အတုကြီး.. ကျန်းမော့ကတော့ ဒီထက်ပိုပြီး နိမ့်ကျနိုင်ဦးမလား..]

[အသက်သခင်ဆိုတဲ့ လုပ်ဇာတ်ကို အကြောင်းပြပြီး သူများအလုပ်ကို ခိုးယူတယ်.. ကျန်းမော့ကတော့ ကယ်တင်လို့ မရတော့ဘူးပဲ..]

[သနားဖို့ကောင်းတဲ့ ရှန့်ရှန့်လေး.. ဒီနှစ်တွေထဲ ဘယ်လိုငရဲမျိုးမှာ နေခဲ့ရတာလဲနော်.. ငါ့ပေါင်ပေ့ကို ကျေးဇူးမသိတတ်ဘူးလို့ ပြောရဲတဲ့သူရှိရင် ဇွန်ဘီတွေလို ကိုက်ပစ်မယ်..]

[အဲဒီအမှိုက်ကောင်သာ မရှိခဲ့ရင် ရှန့်ရှန့်က အခုထက်ပိုမြင့်တဲ့နေရာကို ရောက်နေလောက်ပြီ..]

*

ကုရှင်းရှစ်က မှတ်ချက်များဖတ်ပြီးနောက် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။

သို့သော် မပြီးသေးချေ။

ကင်မရာက ဘယ်လိုဖြစ်ပြီး ကွမ်းယိသင်တန်းသားတွေ စကားပြောနေတာကို ‘မတော်တဆ’ ရိုက်မိသွားရတာလဲ.. ပြီးတော့ သူတို့က ဒီဇာတ်လမ်းကို ဘယ်လိုသိကြတာလဲ..

[ဘင်းဂို.. ခန့်မှန်းချက်ကောင်းတယ်..]
အတင်းပြောစနစ်၏ ဆူညံသံ ထွက်ပေါ်လာသည်။
[ဒီကိစ္စရဲ့နောက်မှာ သေချာပေါက် လူတစ်ယောက်ရှိနေတာ..]

ကုရှင်းရှစ် ခေတ္တမျှ စဉ်းစားလိုက်သည်။
[ကျိယိဝေ လား..]

မုန့်ယွမ်ရှန့်သာ ဆွဲချခံရလျှင် ချန်ရှင်း၏ အဆင့်သတ်မှတ်ချက်အပေါ်၌လည်း သက်ရောက်မှုရှိပေမည်။ ထိုသို့ဆိုလျှင် အကျိုးအမြတ်ရမည့်သူမှာ တတိယနေရာ၌ ရှိနေသော ကျိယိဝေ ဖြစ်သည်။

စနစ်က ဝေ့လည်ကြောင်ပတ် လုပ်မနေတော့ချေ။
[ဟုတ်တယ်.. အဲဒီကောင်.. ပြီးတော့ အဲဒါက မတော်တဆ မဟုတ်ဘူး.. ကွမ်းယိအင်တာတိန်းမန့်က ဒီကောလာဟလတွေရဲ့ နောက်ကွယ်မှာ ရှိနေတာ..]

ကုရှင်းရှစ် မျက်မှောင်ကြုတ်လိုက်သည်။

[ဘာဖြစ်လို့ ဒီလောက်တောင် ကြိုးစားနေရတာလဲ.. ကျိယိဝေက ဘော့စ်ရဲ့ တရားမဝင်သားတို့ဘာတို့လို့တော့ မပြောနဲ့နော်..]

[ဘယ်လိုသိတာလဲ..]

ကုရှင်းရှစ် : [???]

[ကွမ်းယိရဲ့ဘောစ့်က သူ့ဇနီး လျန်ဝမ်ကျွင်းကို မှီခိုပြီး ချမ်းသာလာတာလေ.. ပေကျင်းက ထိပ်တန်းမန်နေဂျာပေါ့.. သူ(မ)က နှစ်ပေါင်းများစွာ ထောက်ပံ့ပေးခဲ့ပြီး နောက်ပိုင်းကျမှ သမီးတစ်ယောက် ရလာခဲ့တယ်.. ဒါပေမဲ့ ကွမ်းယိဘောစ့်မှာ သူ့ အချစ်ဦးနဲ့ရတဲ့ သားတစ်ယောက် ရှိနေပြီးသား.. အဲဒီသားကို တောင်ကိုရီးယားကိုပို့ပြီး သူ့ဇနီးရဲ့ မိသားစုမတွေ့အောင် ဝှက်ထားတာလေ.. သူက ‘စီးပွားရေးခရီး’ ကို အကြောင်းပြပြီး သူတို့ဆီ သွားလေ့ရှိတယ်..]

[တရားမဝင်သား အရွယ်ရောက်လာတော့ ဘော့စ်က ရည်မှန်းချက်ပိုကြီးလာပြီး ကွမ်းယိကို ဆက်ခံစေချင်တယ်.. လမ်းကြောင်းဖောက်တဲ့အနေနဲ့ ကျိယိဝေကို တရုတ်ပြန်ခေါ်လိုက်တယ်.. လျန်ဝမ်ကျွင်း ကြားဖြတ်နှောင့်ယှက်မှာစိုးလို့ သူ(မ)ကို အဆိပ်ခတ်ဖို့ ကြိုးစားသေးတယ်..]

ကုရှင်းရှစ် : [!!!!]

တရားမျှတမှုကို လိုလားတဲ့ ပြည်သူတစ်ယောက်အနေနဲ့ အဲဒီလူယုတ်မာကောင်ရဲ့ မျက်နှာအစစ်ကို ဖော်ထုတ်ရမယ်..

ကုရှင်းရှစ် စကားလုံးများကို သေသေချာချာ ဂရုတစိုက် စစ်ဆေးရေးသားပြီးနောက် ချက်ချင်း ပိုစ့်တင်လိုက်သည်။

*

ကျိယိဝေက သူ၏ အကလေ့ကျင့်ချိန်အား အာရုံမစိုက်နိုင်ဘဲ ရှိနေသည်။

ယွီဖျင်ကျားထံမှ မုန့်ယွမ်ရှန့်၏ ‘လျှို့ဝှက်ချက်’ အား သိရှိပြီးနောက် သူ၏ ဖခင်ဖြစ်သူ ကွမ်းယိ၏ CEO ချောင်ကွမ်းလိ အား ပြောပြလိုက်သည်။ ထို့နောက် ချောင်ကွမ်းလိက ကျန်းမော့၏ မန်နေဂျာဟောင်းအား ဆက်သွယ်ကာ အဖြစ်အပျက်အား အတည်ပြုခဲ့သည်။

အတည်ပြုပြီးနောက် ကျိယိဝေက သူ့အကြံအစည်အား စခဲ့သည်။ ပထမဦးစွာ ကျန်းမော့သည် မုန့်ယွမ်ရှန့်၏ အသက်သခင်ကျေးဇူးရှင်ဖြစ်ကြောင်း ဖော်ထုတ်မည်၊ ပြီးနောက် ဖိုရမ်များ၌ မုန့်ယွမ်ရှန့်မှာ ကျေးဇူးမသိတတ်သူဖြစ်ပြီး အောင်မြင်ကျော်ကြားမှုအတွက် သူ၏ အသက်သခင်ကျေးဇူးရှင်အား ချနင်းခဲ့သူဖြစ်ကြောင်း ပိုစ့်များစွာဖြင့် ဖော်ပြမည်။

အမှန်တရားမှာ အရေးမပါချေ။

အကြောင်းအရာတစ်ခုတည်းအား ထပ်ကာထပ်ကာ မြင်ရလျှင် အွန်လိုင်းအသုံးပြုသူများ၏ အမြင်များ ယိမ်းယိုင်လာနိုင်သည်။

သို့သော် မလုံလောက်သေးချေ။

ကျိယိဝေက ရေတပ်ငှားယမ်းကာ မုန့်ယွမ်ရှန့်၏ တိုက်ရိုက်ထုတ်လွှင့်မှု၌ မှတ်ချက်ပေးခိုင်းပြီး မုန့်ယွမ်ရှန့်အား စိတ်အနှောင့်အယှက်ဖြစ်စေသည်။

ကျိယိဝေ၏ စိတ်ထဲ၌ မုန့်ယွမ်ရှန့်မှာ စကားမပြောနိုင်လောက်အောင် ဆွံ့အနေပြီး အရှက်ခွဲခံရသောကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုအား ပိတ်လိုက်ရမည်ဟု တွေးနေမိသည်။

ထိုသို့ဖြစ်လာသည်နှင့် မုန့်ယွမ်ရှန့်မှာ C နေရာအတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိတော့မည် မဟုတ်ချေ။

ထို့ထက်ပိုဆိုးလျှင် ရှိုးမှပင် ထွက်သွားနိုင်သည်။

ကျိယိဝေ ထိုအကြောင်းအား စဉ်းစားလျက် ပိုမိုစိတ်လှုပ်ရှားလာသည်။ အချိန်ကြည့်လိုက်ရာ ဤအချိန်ဆိုလျှင် မုန့်ယွမ်ရှန့် ရှုပ်ထွေးနေလောက်မည်။

အနားယူစဉ် သူ့ဖုန်းအားယူကာ မုန့်ယွမ်ရှန့်၏ တိုက်ရိုက်ထုတ်လွှင့်မှုသို့ ဝင်လိုက်သည်။

ကျိယိဝေအား အံ့အားသင့်စေသည်မှာ မုန့်ယွမ်ရှန့်၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာ အေးအေးချမ်းချမ်းပင်။

မုန့်ယွမ်ရှန့်မှာ ကခုန်လျက် ပြုံးနေပြီး မှတ်ချက်များမှာလည်း ချီးကျူးမှုများနှင့် ပြည့်နေကာ သူ၏ ကျေးဇူးကန်းမှုအပေါ် ဆဲရေးခြင်း မရှိချေ။

ဘာတွေဖြစ်သွားတာလဲ..

ရေတပ်က အချိန်ကိုက် အလုပ်မလုပ်ဘူးလား..

ကျိယိဝေ အံ့ဩတကြီးဖြစ်နေချိန်မှာပင် ကွမ်းယိအင်တာတိန်းမန့်မှ သင်တန်းသားတစ်ဦးက ဖြူဖျော့နေသော မျက်နှာနှင့် သူ့အား ခေါ်လိုက်သည်။

“ယိဝေ.. မှတ်ချက်တွေ..”

မှတ်ချက်လား..

ကျိယိဝေ မျက်တောင်ခတ်လိုက်ပြီး ရုတ်တရက် နားလည်သွားသည်။ 

ကွမ်းယိရဲ့ သင်တန်းသား ၂ ယောက်က ကျန်းမော့ရဲ့ ‘လျှို့ဝှက်ချက်’ ကို မတော်တဆ ထုတ်ပြောမိလို့ သူ့ပရိသတ်တွေ မေးခွန်းလာထုတ်တာပဲ ဖြစ်ရမယ်..

ကျိယိဝေက ထိုသို့ဖြစ်လာမည်ကို မျှော်လင့်ထားပြီး ဖြစ်သောကြောင့် အကြောင်းပြချက်တစ်ခု ပြင်ဆင်ထားသည်။

သူက ကိုယ်နေဟန်ထား ပြင်လိုက်ပြီးနောက် ကင်မရာရှေ့သို့သွားကာ နောင်တရဟန်ဖြင့် ပြောသည်။
“လီယဲ့တို့က ကင်မရာ ပွင့်နေမှန်း သတိမထားမိကြဘဲ သူတို့မပြောသင့်တဲ့ စကားတွေကို ထုတ်ပြောခဲ့မိတာပါ.. သူတို့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်.. ကျွန်တော်က သူတို့ကိုယ်စား တောင်းပန်ချင်ပါတယ်..”

သို့သော် လီယဲ့တို့ထံမှ ကျေးဇူးတင်တောင်းပန်စကား ရရှိမည့်အစား အဆိုပါသင်တန်းသားများမှာ မျက်နှာများ ဖြူဖျော့လာပြီး ကြားရသည်ဆိုရုံမျှ တီးတိုးပြောလာသည်။
“ယိဝေ.. မှတ်ချက်တွေကို ကြည့်ကြည့်ဦး..”

ကျိယိဝေ မျက်မှောင်ကြုတ်လိုက်သည်။
မှတ်ချက်တွေက ဘာဖြစ်နေလို့လဲ..

မှတ်ချက်များအား အနီးကပ်ကြည့်လိုက်ချိန် ကျိယိဝေ၏ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားတော့သည်။

[ဘာတွေ လျှောက်ပြောနေတာလဲ.. နုံသလိုလို အသလိုလို ဟန်ဆောင်လိုက်တာနဲ့ ဘာမှဆက်မဖြစ်တော့ဘူးလို့ ထင်နေတာလား..]

[ချောင်ကွမ်းလိက နင့်အဖေအရင်း မဟုတ်လား.. သူက လျန်ဝမ်ကျွင်းကို အဆိပ်ခတ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နင်ဘယ်လောက်ထိ သိထားလဲ..]

[တရားမဝင်သားတဲ့ဟေ့.. အခုတော့သိပြီ.. ကွမ်းယိအင်တာတိန်းမန့်မှာ အရည်အချင်းရှိတဲ့ သင်တန်းသားတွေ အများကြီးရှိနေတာကို ဘာလို့များ နင်တို့ကို ရွေးလဲဆိုတာ.. ဘော့စ်ရဲ့ တရားမဝင်သားကို ထိန်းပေးနေတဲ့ နာနီတွေကိုး..]

[ချောင်ကွမ်းလိက နင့်အတွက် အများကြီး လုပ်ပေးခဲ့တာပဲ.. အကြီးမားဆုံး အကျိုးအမြတ်ရတဲ့သူ ဖြစ်နေတာတောင် နင်က အပြစ်ကင်းစင်တဲ့ပုံ ဖမ်းချင်နေသေးတယ်ပေါ့..]

မေးခွန်းများမှာ ကျိယိဝေအား မိုးကြိုးပစ်သလို တစ်ခုပြီးတစ်ခု ဆက်တိုက်ထိမှန်သည်။

သူ၏ အနက်ရှိုင်းဆုံးသော လျှို့ဝှက်ချက်မှာ လူတိုင်း၏ရှေ့တွင် ဖော်ထုတ်ခံရသည်။ ကြောက်ရွံ့တုန်လှုပ်ကာ တဖြည်းဖြည်းချင်း နောက်ဆုတ်သွားသည်။

ဘယ်လို..

ဘယ်လိုသိကြတာလဲ..

ကျိယိဝေ သိသိသာသာ တုန်လှုပ်နေသည်အား မြင်သည့်အခါ မှတ်ချက်များမှာ ပိုမိုပြင်းထန်လာတော့သည်။

‘တရားမဝင်သား’၊ ‘အယောင်ဆောင်’၊ ‘ရွံစရာလေး’ စသည့် စကားလုံးများ အပြည့်ဖြစ်လာသည့် ဖန်သားပြင်အားကြည့်ကာ ကျိယိဝေ မထိန်းချုပ်နိုင်တော့ချေ။ စူးစူးဝါးဝါး အော်ဟစ်ကာ အခန်းအတွင်းရှိ ကင်မရာနှင့် စက်ပစ္စည်းများအား ဖျက်ဆီးပစ်လိုက်သည်။

ကျိယိဝေအား ဖမ်းချုပ်လိုက်နိုင်ချိန်တွင် အကစတူဒီယိုတစ်ခုလုံး ပျက်စီးသွားပြီ ဖြစ်သည်။

လီယဲ့နှင့် ကျန်သင်တန်းသားက ကျိယိဝေ တည်ငြိမ်လာစေရန် ကြိုးစားနေကြသည်။
“ယိဝေ.. မစိုးရိမ်ပါနဲ့.. ဒါက နားလည်မှုလွဲတာပဲ ဖြစ်မှာပဲ..”

သို့သော် ကျိယိဝေက သူတို့၏ ဖျောင်းဖျမှုအား လျစ်လျူရှုကာ ရန်သူသဖွယ် ကြည့်လိုက်သည်။
“ဒီအကြောင်းပြောတာ မင်းတို့ပဲဖြစ်ရမယ်..”

လီယဲ့ မျက်မှောင်ကြုတ်လိုက်သည်။

ကျိယိဝေအား အကြိုက်ဆောင်နေခြင်းမှာ ကုမ္ပဏီမှ မျက်နှာသာပေးခံရသောကြောင့် ဖြစ်သည်။

ယခုအခါ ကျိယိဝေ၏ တရားမဝင်သားဟူသော အထောက်အထားနှင့် သူ၏ ဖခင်ဖြစ်သူက ကျိယိဝေ၏ ရှေ့ရေးအတွက် တရားဝင်ဇနီးသည်အား အဆိပ်ခတ်သည်ဟူသော ကောလာဟလများ ထွက်ပေါ်လာသဖြင့် သူ၏အနာဂတ်မှာ မကောင်းတော့ချေ။ သူတို့နှစ်ဦးထက်ပင် ဆိုးဝါးနိုင်သည်။

သင်တန်းသားနှစ်ဦးစလုံးက အေးစက်သွားသည်။
“ကိုယ့်ဘာသာ ဝေ့ပေါ်မှာကြည့်လိုက်…”

ထိုသို့ပြောပြီးနောက် နှစ်ဦးသား အခန်းအပြင်သို့ ထွက်သွားကြသည်။

ကျိယိဝေက လီယဲ့တို့နှစ်ဦးအားကြည့်ကာ အံတင်းတင်းကြိတ်လိုက်သည်။

ထိုနှစ်ဦးက သူ၏ သစ္စာရှိ အစေခံသဖွယ် ပြုမိခဲ့ကြပြီး ယခုအခါ ကျောခိုင်းသွားကြသည်။ ဤအခြေအနေအား ပြင်ဆင်ပြီးသည်နှင့် ထိုနှစ်ဦးအား ပြန်လည်ပေးဆပ်စေမည်။

ဦးစွာ အဖြစ်အပျက်အား သေချာသိအောင် လုပ်ရမည်။

ဝေ့ပေါ်အား ဖွင့်လိုက်ပြီးနောက် လတ်တလောရှာဖွေမှုထိပ်ဆုံး၌ ရှိနေသည်မှာ သူ၏ ဖခင်အမည် ဖြစ်သည်။

[အရက်စက်ဆုံးသော ခင်ပွန်းသည် : တရားဝင်ဇနီးသည်ကို သတ်ဖြတ်ဖို့ တရားမဝင်သားနဲ့ ပူးပေါင်းကြံစည်တယ်.. ထိတ်လန့်စရာပဲ..]


🍉🍉🍉🍉 အခန်း ၂၂


အလုပ်များပြီး ရှည်လျားသည့် နေ့တစ်ရက် ကုန်ဆုံးပြီးနောက် လျန်ဝမ်ကျွင်းက တရိပ်ရိပ်ထိုးနေသည့် နားထင်အား လက်ဖြင့်ပွတ်လိုက်သည်။

လက်ထောက်မှ ရေနွေးပူပူတစ်ခွက် ကမ်းပေးလိုက်သည်။
“အစ်မဝမ်ကျွင်း.. အစ်မရဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါက ပိုဆိုးလာသလိုပဲ.. ဆေးစစ်ဖို့ အချိန်ဖယ်ထားလိုက်ရမလား..”

“အချိန်ပိုရှိရင်ပေါ့..”
အမှတ်တမဲ့ ပြန်ဖြေပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
“အမေရိကာနိုအအေး မှာလိုက်တာ မဟုတ်ဘူးလား..”

လက်ထောက်က စနောက်ဟန်ဖြင့် ရယ်မောကာဆိုသည်။
“ကျွန်မ မဟုတ်ဘူးနော်.. မစ္စတာချောင်က အစ်မ အေးတဲ့အစားအစာ လုံးဝမစားရဘူးတဲ့..”

ခင်ပွန်းဖြစ်သူ၏ အမည်အား ကြားသည့်အခါ လျန်ဝမ်ကျွင်း နူးညံ့စွာ ပြုံးလိုက်သည်။

သူမတို့ လက်ထပ်ထားသည်မှာ ၁၅ နှစ် ရှိပြီဖြစ်သည်။ များပြားလှသော အလုပ်များကြောင့် မကြာခဏ ခွဲနေရသည်မှလွဲ၍ နှစ်ဦးသား ဆက်ဆံရေးမှာ ကောင်းမွန်စွာရှိနေဆဲပင်။ ချောင်ကွမ်းလိက သူမ၏ ကျန်းမာရေးအား အမြဲတမ်း အာရုံစိုက်လေ့ရှိသည်။

သူမနှင့် နှစ်ပေါင်းများစွာ အတူတွဲအလုပ်လုပ်လာသည့် လက်ထောက်က သူမအား အတော်ကြာအောင် စနောက်နေပြီး ဘော့စ်ဖြစ်သူမှာ နားထင်အား လက်ဖြင့်ပွတ်နေပြန်သည်ကို သတိပြုမိပြီးနောက် ရပ်လိုက်သည်။ ထို့နောက် စိုးရိမ်စွာဖြင့် ပြောသည်။
“အစ်မဝမ်ကျွင်း.. ကျွန်မ စိုးရိမ်တယ်.. အချိန်ယူပြီး ဆေးစစ်ရအောင်ပါ..”

လျန်ဝမ်ကျွင်း တုံ့ဆိုင်းသွားသည်။

ထိုအချိန်မှာပင် အရပ်မြင့်မြင့်နှင့် လှပသည့်အမျိုးသမီးတစ်ဦး ရောက်ရှိလာသည်။ 
“ရှောင်ဟွမ်ရဲ့ တကျည်ကျည်အသံကို ဟိုးအဝေးကတောင် ကြားရတယ်.. ဘာတွေဖြစ်နေတာလဲ..”

“အစ်မယာ.. ကျွန်မက အစ်မဝမ်ကျွင်းကို ဆေးစစ်ဖို့ ပြောနေတာပါ..”
လက်ထောက်မှ တိုင်တန်းပြောကြားသည်။

ဖုယာက လျန်ဝမ်ကျွင်း၏ အနုပညာရှင်များထဲမှ တစ်ဦးဖြစ်သလို နှစ်ပေါင်းများစွာ ရင်းနှီးလာသော သူငယ်ချင်းလည်းဖြစ်သည်။ သူမက လျန်ဝမ်ကျွင်းအား အနီးကပ်ကြည့်လိုက်သည်။
“ရှောင်ဟွမ်ပြောတာမှန်တယ်.. နင့်ကြည့်ရတာ မျက်နှာသိပ်မလန်းဘူး.. ဒီရက်ပိုင်း ငါအားတယ်ဆိုတော့ ဆေးရုံခေါ်သွားမယ်..”

လျန်ဝမ်ကျွင်း မျက်လုံးလှိမ့်လိုက်သည်။
“အိုး.. တော်စမ်းပါ.. နင့်မှာ ဘယ်တုန်းက အချိန်ပိုရှိလာတာတုန်း.. အလုပ်ပိနေပြီးတော့..”

လျန်ဝမ်ကျွင်း ဖိုင်အချို့ယူပြီး မတ်တတ်ရပ်လိုက်သည်။ သို့သော် မတ်တတ်ရပ်လိုက်ချိန်မှာပင် သူမ၏ ခန္ဓာကိုယ် ယိမ်းယိုင်သွားပြီး အမြင်အာရုံ အမှောင်ကျကာ သတိလစ်မေ့မျောသွားတော့သည်။

နိုးလာချိန်တွင် ဆေးရုံ၌ ရောက်နေပြီဖြစ်သည်။

လျန်ဝမ်ကျွင်း မျက်လုံးပွင့်လာသည်ကို မြင်သည့်အခါ ရှောင်ဟွမ် စိတ်သက်သာရာရစွာဖြင့် လေပူများမှုတ်ထုတ်လိုက်သည်။
“အစ်မဝမ်ကျွင်းက ကျွန်မကို သေအောင်သတ်နေတာပဲ.. ဆရာဝန်က စိုးရိမ်စရာမရှိဘူးဆိုလို့ တော်သေးတာပေါ့.. ပင်ပန်းပြီး သွေးတွင်းသကြားဓာတ် နည်းတာပါတဲ့..”

“ငါ အဆင်ပြေပါတယ်လို့ ပြောသားပဲ..”
လျန်ဝမ်ကျွင်း တဖြည်းဖြည်းချင်း ထထိုင်လိုက်သည်။
“ဆေးရုံရောက်တုန်း တစ်ခါတည်း တစ်ကိုယ်လုံး စစ်ဆေးပြီး အနားယူရမယ်..”

ရှောင်ဟွမ်က လျန်ဝမ်ကျွင်း မှီနိုင်အောင် ပြုလုပ်ပေးရန် ရုတ်တရက် သတိရသွားဟန်ပင်။
“အိုး.. မစ္စတာချောင်ကို အစ်မ ဆေးရုံတက်ရတဲ့အကြောင်း ပြောလိုက်ရမလား..”

လျန်ဝမ်ကျွင်း ခေါင်းညိတ်လိုက်သည်။
“အင်း.. သူ့ကို အသိပေးရမယ်..”

ချောင်ကွမ်းလိအား စာပို့ရန် ပြင်စဉ်မှာပင် အမည်မသိ ဖုန်းနံပါတ်တစ်ခုမှ ကြားဝင်နှောင့်ယှက်လာသည်။

သူမ ဖုန်းကိုင်လိုက်သည့်အခါ တစ်ဖက်မှပြောသည် _
“ဟယ်လို.. အခုပြောနေတာ ယွမ်ချင်းချင်းပါ..”

လျန်ဝမ်ကျွင်း ကြောင်အသွားသည်။

ဤဖုန်းက သူမ၏ သီးသန့်ဖုန်းနံပါတ်ဖြစ်ကာ ရင်းနှီးသူအချို့နှင့် မိသားစုဝင်များသာ သိထားသည်။ 
ငါ့ဖုန်းနံပါတ်ကို ယွမ်ချင်းချင်း ဘယ်လိုရတာလဲ…

လျန်ဝမ်ကျွင်း၏ ရှုပ်ထွေးမှုအား အာရုံခံမိသကဲ့သို့ ယွမ်ချင်းချင်းက ရှင်းပြသည်။
“ရှင့်နံပါတ်ကို ကျွန်မ ယာယာဆီကတစ်ဆင့် ရတာပါ.. ပြောချင်တာက ရှင်အခု လတ်တလောထိပ်တန်းသတင်းကို မြင်ပြီးပြီလား..”

ဖုယာနှင့် ယွမ်ချင်းချင်းမှာ ရင်းနှီးကြကြောင်း လျန်ဝမ်ကျွင်းသိသဖြင့် ထပ်မမေးတော့ပေ။ လတ်တလောထိပ်တန်းသတင်းနှင့် ပတ်သက်၍ များများစားစား မတွေးမိချေ။

ထိပ်တန်းရှာဖွေမှုများမှာ လူသစ်များအတွက် ကစားပွဲတစ်ခုလိုပင်။ သူမ၏ အနုပညာရှင်များမှာ ထင်ပေါ်ကျော်ကြားပြီးဖြစ်သည်။ ထို့အပြင် သူမနှင့် အတူတွဲဖက်လုပ်ကိုင်ကြသူများမှာလည်း နာမည်ကောင်းရရှိထားကြသူများ ဖြစ်သည်။ ထို့ကြောင့် စိုးရိမ်ရန်မလိုချေ။

ယွမ်ချင်းချင်းက လျန်ဝမ်ကျွင်း၏ စိတ်ဝင်စားမှုမရှိပုံကို နားလည်သောကြောင့် ဆက်ပြောသည်။
“အဲဒါက ရှင့်ရဲ့ အနုပညာရှင်တွေအကြောင်း မဟုတ်ဘဲ ရှင့်အကြောင်းပါ..”

“ကျွန်မအကြောင်း ဟုတ်လား..”
လျန်ဝမ်ကျွင်း နားလည်ရခက်သွားသည်။

သူမက အမြဲ သိုသိုသိပ်သိပ် နေလေ့ရှိသဖြင့် ထိပ်တန်းရှာဖွေမှု၌ မည်သည်ကြောင့် ရောက်ရှိနေရကြောင်း စိတ်ကူးကြည့်၍ပင် မရချေ။

သို့သော် ယွမ်ချင်းချင်း၏လေသံမှာ အလွန်လေးနက်ဟန်ရှိသည်။ ထို့ကြောင့် ဝေ့ပေါ် လတ်တလောထိပ်တန်းရှာဖွေမှုအား ဖွင့်ကြည့်လိုက်ချိန်တွင် ထိပ်ဆုံး၌ မြင်လိုက်ရသော သတင်းကြောင့် ကြက်သေသေသွားမိသည်။

သူမ၏ ပထမဆုံး တုံ့ပြန်မှုမှာ မယုံကြည်ခြင်းပင်။

ချောင်ကွမ်းလိနှင့် နှစ်ပေါင်း ၂၀ ကျော်ကြာ သိရှိလာခဲ့ပြီး မင်္ဂလာသက်တမ်း ၁၅ နှစ်ရှိပြီဖြစ်သည်။ သူတို့နှစ်ဦးကြား၌ ကြီးကြီးမားမား ပြဿနာဟူ၍ မရှိခဲ့ဖူးချေ။

ချောင်ကွမ်းလိက အမြဲလိုလို အိမ်ထောင်ဖက်အပေါ် လေးစားကာ ဂရုစိုက်လေ့ရှိပြီး သမီးငယ်အား သည်းသည်းလှုပ်ချစ်မြတ်နိုးသော ဖခင်တစ်ဦးလည်းဖြစ်သည်။ စံပြ ခင်ပွန်းသည်နှင့် ဖခင်ကောင်းတစ်ဦးပင်။ 
အဲလိုမျိုးလူက ဘာလို့ ဒီပို့စ်မှာ ပြောထားသလိုမျိုး အမြောင်မယားနဲ့ တရားမဝင်သားတစ်ယောက် ရှိနေတဲ့အပြင် ငါ့ကိုသတ်ဖို့ကြံစည်နေတာ ဖြစ်ရမှာလဲ…

သူမက ဒေါသများအား ဖိနှိပ်ပြီးနောက် ပြောသည်။
“စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် အစ်မချင်း.. ဒါပေမဲ့ ကျွန်မ ယောကျ်ားအကြောင်းကို ကျွန်မသိပါတယ်.. ဒီပိုစ့်က အဓိပ္ပါယ်မရှိဘူး.. လုပ်ကြံရေးထားတာပါ..”

ယွမ်ချင်းချင်းက လျန်ဝမ်ကျွင်း၏ တုံ့ပြန်မှုအား နားလည်သည်။

သူမသာ လျန်ဝမ်ကျွင်းနေရာ၌ရှိလျှင်လည်း ထိုသို့သာ တုံ့ပြန်မိမည်ပင်။

ထို့ကြောင့် စိတ်ရှည်ရှည်ထားကာ ဆက်ပြောသည်။
“ရှင့်ကို ယာယာ ခေါ်သလို ဝမ်ကျွင်းလို့ ခေါ်မယ်နော်.. ကျွန်မက မလိုအပ်ဘဲ ကြားဝင်စွက်ဖက်တတ်တဲ့သူ မဟုတ်ပါဘူး.. အခုလို ဝင်ပါမိတာက အဲဒီပိုစ့်က အမှန်ဆိုတာ သေချာလို့ပါ..”

လျန်ဝမ်ကျွင်း တဖြည်းဖြည်း စိတ်တည်ငြိမ်လာသည်။
“အစ်မချင်းက တိကျတဲ့ တစ်ခုခုကိုများ မြင်တွေ့ကြားသိထားတာများ ရှိပါသလား..”

“မရှိပါဘူး..”

လျန်ဝမ်ကျွင်း မျက်မှောင်မကြုတ်မိခင်မှာပင် ယွမ်ချင်းချင်းက အဆိုပါအကောင့်ပိုင်ရှင်၏ လမ်းညွှန်ပေးသော အရိပ်အမြွက်များကြောင့် သူမ၏ သမီးအား ရှာတွေ့ခဲ့သည့် ဇာတ်ကြောင်းတစ်ခုလုံးအား ပြောပြလိုက်သည်။

ယွမ်ချင်းချင်း၏ အဖြစ်အပျက်ကြောင့် လျန်ဝမ်ကျွင်း မျက်မှောင်တင်းတင်းကြုတ်လိုက်သည်။

အခြားသူတစ်ဦးတစ်ယောက်မှ ထိုသို့ပြောမည်ဆိုလျှင် ရယ်စရာပြက်လုံးတစ်ခုအဖြစ် မှတ်ယူမိမည်ဖြစ်သည်။

လျန်ဝမ်ကျွင်း၏ သံသယအား သတိပြုမိသောကြောင့် ယွမ်ချင်းချင်း မေးခွန်းထုတ်လိုက်သည်။
“ဝမ်ကျွင်း.. အခုနောက်ပိုင်း ကိုယ့်ကိုယ်ကိုယ် တစ်ခုခုပြောင်းလဲသွားတာမျိုး သတိထားမိလား..”

“ကျွန်မ...”
လျန်ဝမ်ကျွင်း ချက်ချင်းငြင်းပယ်လိုက်ချင်သော်ငြား တုံ့ဆိုင်းနေမိသည်။

သူမက အမြဲလိုလို ကျန်းမာခဲ့သော်ငြား လွန်ခဲ့သော ၆ လခန့်မှစကာ အသေးအဖွဲလေးများအား တွေ့ကြုံလာရသည်။ အိပ်ချိန်နည်းပါးလာခြင်းနှင့်အတူ မကြာခဏ ခေါင်းကိုက်တတ်လာပြီး ပုံမှန်ထက်ပိုမို မောပန်းနွမ်းနယ်နေတတ်သည်။

အသက်အရွယ်ရလာသောကြောင့်ဟု မှတ်ယူခဲ့သော်ငြား ယွမ်ချင်းချင်း၏ ဇာတ်ကြောင်းအား နားထောင်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး အေးစက်လာသည်။

ယွမ်ချင်းချင်းနှင့် ဖုန်းခေါ်ဆိုမှုပြီးနောက် လျန်ဝမ်ကျွင်းက ရင်တထိတ်ထိတ်နှင့် လတ်တလောထိပ်တန်းသတင်းအား နောက်တစ်ကြိမ်ဖွင့်ကာ အသေးစိတ်ဖတ်လိုက်သည်။

ထိုအကြောင်းအား ဖတ်လေလေ ပိုမိုထိတ်လန့်လာလေ ဖြစ်သည်။

အချိန်ကာလအပိုင်းအခြားများ အပါအဝင် သူမဘဝအကြောင်း အသေးစိတ်များစွာ ပါဝင်သည်။

ချောင်ကွမ်းလိက သူမအား လွန်ခဲ့သည့် ၆ လခန့်မှ စတင်ကာ အဆိပ်ကျွေးနေခြင်းဖြစ်ကြောင်း ပိုစ့်တွင် ဖော်ပြထားသည်။ နေ့စဉ်စားသုံးသော အရာများ၌ အလွန့်အလွန်နည်းပါးသော ဆေးပမာဏတစ်ခု ထည့်သွင်းတိုက်ကျွေးခြင်းပင်။

လွန်ခဲ့သော ၆  á€œá€™á€žá€…ကဏ ချောင်ကွမ်းလိက သူမအတွက် ကျန်းမာရေးဖြည့်စွက်စာ အားဆေးများ ဝယ်ယူပေးသည်ကို လျန်ဝမ်ကျွင်း ရုတ်တရက် အမှတ်ရလိုက်သည်။ မကြာခဏဆိုသလို အားဆေးသောက်ရန် မေ့လျော့တတ်သောကြောင့် ချောင်ကွမ်းလိသည် သူမအား အကြိမ်အနည်းငယ်ခန့် ဆူပူလေ့ရှိသည်။

သံသယမျိုးစေ့ ပေါက်ဖွားလာသည်နှင့် ကြင်နာတတ်သူတစ်ဦးဖြစ်သည့် ခင်ပွန်းသည်မှာ ထိုသို့မဟုတ်လောက်ဟု သူမကိုယ်သူမ မည်မျှပင် ဖျောင်းဖျနေသည့်တိုင်အောင် သူမ၏ ခန္ဓာကိုယ်မှ သူမ၏ အတွေးများအား မလိုက်နာတော့ချေ။

“ရှောင်ဟွမ်.. အိမ်ကိုသွားပြီး ယွဲ့ယွဲ့ကို ခေါ်လာခဲ့ပေးပါ.. ငါ့ရဲ့ အားဆေးတွေကိုလည်း ယူလာခဲ့ပေးနော်..”
ဘော့စ်ဖြစ်သူ၏ ပုံမှန်မဟုတ်ဘဲ လေးနက်တည်ငြိမ်သော လေသံကြောင့် ရှောင်ဟွမ်က တစ်စုံတစ်ခုအား အာရုံခံမိသောကြောင့် မေးခွန်းထုတ်မနေတော့ဘဲ ချက်ချင်းထွက်ခွာသွားသည်။

ရှောင်ဟွမ်က လျန်ဝမ်ကျွင်း၏ သမီးဖြစ်သူ ချောင်ရှင်းယွဲ့အားခေါ်၍ ပြန်ရောက်လာချိန်၌ လျန်ဝမ်ကျွင်းက စစ်ဆေးရေးအေဂျင်စီနှင့် ရှေ့နေထံ ဖုန်းဆက်ပြီးဖြစ်သည်။

လုံးဝန်းသော ပါးဖောင်းဖောင်းလေးများရှိသည့် အသက် ၅ နှစ်အရွယ် ယွဲ့ယွဲ့က မိခင်၏ တင်းမာမှုအား အာရုံခံမိပုံရသည်။ လျန်ဝမ်ကျွင်း၏ ပါးပြင်အား ဖိကပ်နမ်းလိုက်သည်။
“မားမား.. ယွဲ့ယွဲ့က နမ်းလိုက်ပီ.. နာနာတွေ ရှိတော့ဘူး..”

သမီးဖြစ်သူကိုဖက်ကာ လျန်ဝမ်ကျွင်း၏ နှလုံးသားက နူးညံ့ကာ ပို၍ပင် ကြံ့ခိုင်မာကျောလာသည်။

သူမ ရှောင်ဟွမ်ထံသို့လှည့်ကာ မေးလိုက်သည်။
“အားဆေးတွေ ယူလာခဲ့လား..”

ရှောင်ဟွမ် နားမလည်ဘဲ ရှိနေသေးသည့်တိုင်အောင် ခေါင်းညိတ်ကာ အိတ်တစ်လုံး ကမ်းပေးလိုက်သည်။

လျန်ဝမ်ကျွင်းက သူမသောက်နေကျ အားဆေးများ ဟုတ်၊ မဟုတ် သေချာအောင် စစ်ဆေးလိုက်သည်။ ထို့နောက် စစ်ဆေးရေးဝန်ထမ်းထံသို့ အိတ်ကမ်းပေးပြီးနောက် ရှေ့နေနှင့် စကားပြောသည်။
“ကျွန်မ သေတမ်းစာတစ်စောင် ရေးထားချင်တယ်.. မမျှော်လင့်ဘဲ သေသွားခဲ့ရင် ကျွန်မရဲ့ ရှယ်ယာတွေနဲ့ ပိုင်ဆိုင်မှုအားလုံး ကျွန်မသမီးကို လွှဲပြောင်းပေးခဲ့ချင်တယ်..”

ထိုအချိန်မှာပင် သူမဖုန်းမြည်လာသည်။ ခေါ်ဆိုသူမှာ ချောင်ကွမ်းလိပင်။

လျန်ဝမ်ကျွင်း ချီတုံချတုံ ဖြစ်နေသော်ငြား မကိုင်လိုက်ချေ။ ရှေ့နေကိုသာ ဆက်လက်ညွှန်ကြားသည်။

ဖုန်းက သုံး၊ လေးကြိမ်မျှ မရပ်မနား ဆက်တိုက်မြည်နေသော်ငြား လျန်ဝမ်ကျွင်းက သူမ၏ သေတမ်းစာအား အပြီးသတ်ပြီးသည့်အချိန်ထိ လျစ်လျူရှုထားလိုက်သည်။

ရှေ့နေ့ထွက်သွားပြီးနောက် ချောင်ကွမ်းလိက ဆေးရုံခန်းအတွင်းသို့ အပြေးအလွှား ဝင်ရောက်လာသည်။ ချွေးတရွှဲရွှဲနှင့် ဗျာများနေပုံပင်။
“ဝမ်ကျွင်း.. အဆင်ပြေရဲ့လား..”

ခင်ပွန်းဖြစ်သူ၏ ရင်းနှီးနေသော မျက်နှာအားမြင်သည့်တိုင်အောင် လျန်ဝမ်ကျွင်း ယခင်ကဲ့သို့ မပြုံးပြတော့ချေ။ ထို့အစား သမီးဖြစ်သူကိုသာ အလိုအလျောက် အနီးသို့ ဆွဲခေါ်လိုက်သည်။

ချောင်ကွမ်းလိက စိတ်ထဲမှ ဆဲရေးလိုက်သော်ငြား ဒေါသတကြီးအမူအရာဖြင့် ပြောသည်။
“မင်း လတ်တလောထိပ်တန်းသတင်းကို မြင်ပြီးလောက်ပြီထင်တယ်.. ဘယ်သူက ကိုယ့်ကို ချောက်ချတာလဲ မသိပေမဲ့ တခြားသူတွေရဲ့ အမြင်ကို ဂရုမစိုက်ဘူး.. ကိုယ်တို့ လက်ထပ်ထားတာဖြင့် နှစ်ပေါင်းများစွာ ရှိနေပြီ ကိုယ့်ကို မယုံဘူးလား..”

လျန်ဝမ်ကျွင်းက တိတ်ဆိတ်နေမြဲပင်။

ချောင်ကွမ်းလိက မျက်လုံးများ ပြူးကျယ်လာသည်။
“ဝမ်ကျွင်း.. မင်းက မင်းရဲ့ ယောကျ်ားထက် အပြင်လူတွေကို ယုံဖို့ ရွေးလိုက်တာလား..”

သူက နာနာကျင်ကျင်ဖြင့် အခန်းတွင်းမှ ဒေါသတကြီး ထွက်ခွာသွားသည်။

ချောင်ကွမ်းလိ၏ တုံ့ပြန်ပုံကြောင့် လျန်ဝမ်ကျွင်း အနည်းငယ်ဝေခွဲမရဖြစ်လာသည်။

သို့သော် သူမ၏ သံသယများမှာ အသုံးမဝင်ချေ။ ဤအဖြစ်အပျက်၏ အဆုံးကိုသာ မြင်အောင်ကြည့်ရမည်ဖြစ်သည်။

*

ချောင်ကွမ်းလိ ဆေးရုံခန်းမှ ထွက်သွားပြီးနောက် မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့လာသည်။

သူက ဇနီးဖြစ်သူအား ကောင်းစွာသိသည်။ သူမ သံသယဝင်လာသည်နှင့် အမှန်တရားအား မသိမချင်း ရပ်တန့်မည်မဟုတ်ပေ။

သူ နားမလည်နိုင်သည်မှာ သေသေချာချာ လျှို့ဝှက်ဖုံးကွယ်ထားသည့် အစီအစဉ်များမှာ မည်သည်ကြောင့် အွန်လိုင်းပေါ်၌ ဖော်ထုတ်ခံရသည်ကိုပင်။ 

သူ လက်ထောက်ထံ ဖုန်းခေါ်လိုက်သည်။
“ဘာတွေဖြစ်နေလဲ သိရပြီလား..”

လက်ထောက်က တုံ့ဆိုင်းနေသည်။
“သခင်လေးက သင်တန်းသားတစ်ယောက်ကို ဆွဲချဖို့ ကြိုးစားပေမဲ့ အဲဒီသင်တန်းသားရဲ့ ပရိသတ်က ပြန်တိုက်ခိုက်ပုံပါပဲ..”

ချောင်ကွမ်းလိ : “???”
ဘာလိုသောက်အဓိပ္ပါယ်မရှိတာတွေလဲ..

လက်ထောက်က ဆက်ရှင်းပြသည်။

“သခင်လေးရဲ့ [Boy Group Training Camp] ဆိုတဲ့ ရှိုးမှာ မုန့်ယွမ်ရှန့်ဆိုတဲ့ သင်တန်းသားတစ်ယောက် ရှိပါတယ်.. အတင်းပြောစနစ်10086 ဆိုတဲ့အကောင့်က မုန့်ယွမ်ရှန့်ရဲ့ ပရိသတ်ဆိုပြီး ကောလာဟလ ထွက်ထားပါတယ်.. ဒီအကောင့်က အဆက်အသွယ်များပြီး ဖျော်ဖြေရေးလောကရဲ့ လျှို့ဝှက်ချက်တော်တော်များများကို သိထားတဲ့အပြင် နည်းပညာပိုင်းမှာလည်း ကျွမ်းကျင်သူတစ်ယောက်ပါ.. အကောင့်ရဲ့နောက်ကွယ်ကလူကို ဖော်ထုတ်ဖို့ ကြိုးစားပေမဲ့ ဘယ်သူမှ မအောင်မြင်ခဲ့ပါဘူး..”

ချောင်ကွမ်းလိအတွက်မူ ထိုအရာမှာ ဟာသတစ်ခုလိုပင်။

ဤနေရာသို့ရောက်လာရန် အခက်အခဲများစွာ ကျော်ဖြတ်ခဲ့ရသည်။

သူ အတတ်နိုင်ဆုံး ဒေါသထိန်းကာ ဆက်ပြောသည်။
“ဆိုတော့ မင်းပြောတဲ့ပုံအရ ကျိယိဝေက အဲဒီ ပရိသတ်အကောင့်ရဲ့ ပစ်မှတ်ထားခံနေရတာပေါ့.. ဘာကြောင့်လဲ..”

လက်ထောက်မှ ကျိယိဝေသည် မုန့်ယွမ်ရှန့်အား ဆွဲချပြီး ပထမနေရာသို့ တက်လှမ်းနိုင်ရန် ကြံစည်ထားပုံအား ပြောပြသည်။

ထိုအကြောင်းအား နားထောင်နေစဉ် ချောင်ကွမ်းလိ နားထင်ကြောများ ထောင်လာသည်။

သူက ကျိယိဝေအား တရုတ်သို့ ပြန်ခေါ်ပြီး [Boy Group Training Camp] သို့ ပို့ကာ ဖျော်ဖြေရေးလောကနှင့် ပတ်သက်သည့်အရာများအား တွေ့ကြုံစေခြင်းဖြစ်သည်။

နှစ်ပေါင်းများစွာ ဂရုတစိုက် စီစဉ်ထားသည့်အရာမှာ အောင်မြင်လုနီးနီး ဖြစ်လာချိန်တွင် ကျိယိဝေက ထင်ပေါ်ကျော်ဇောရန်အတွက်နှင့် သူ၏အစီအစဉ်များအား ဖျက်ဆီးပစ်လိမ့်မည်ဟု တွေးပင်မကြည့်ဖူးချေ။

တထိတ်ထိတ်တိုးလာသော သွေးကြောများကြောင့် ချောင်ကွမ်းလိ၏ အမြင်အာရုံ အမှောင်ကျသွားသည်။

ဆိုရိုးစကားမှာ မှန်ပေသည်။ ကျွမ်းကျင်သည့်ရန်သူကို ကြောက်သည်ထက် အရည်အချင်းမရှိသော မဟာမိတ်ကို ပိုပြီးကြောက်သင့်သည်။

ထိုအချိန်မှာပင် နူးညံ့သိမ်မွေ့ပုံရသည့် အမျိုးသမီးတစ်ဦးက မျက်ရည်များစိုရွှဲကာဖြင့် ပြေးဝင်လာသည်။
“ကွမ်းလိ.. ကျွန်မတို့ သားလေး..”

သူမမှာ ချောင်ကွမ်းလိ၏ အမြောင်မယားဖြစ်သူ ကျိယွီရို့ ပင်။

ချောင်ကွမ်းလိက ဒေါသတကြီးဖြင့် ကျိယွီရို့အား ပါးရိုက်လိုက်သည်။

ကျိယွီရို့က သူမမျက်နှာအား လက်ဖြင့်အုပ်ကာ မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။
“ကွမ်းလိ.. ရှင် ကျွန်မကို ရိုက်တယ်လား..”

ချောင်ကွမ်းလိက သူမအား နတ်ဘုရားမတစ်ဦးသဖွယ် ဆက်ဆံလေ့ရှိ‌သော်ငြား ယခုအခါ စက်ဆုပ်ရွံရှာစိတ်သာ ရှိတော့သည်။

“မင်းတို့နှစ်ယောက်က ကိစ္စတွေကို ဖျက်ဆီးဖို့ပဲသိကြတာ.. မင်းသာ သူ့ကို အရမ်းအလိုလိုက်မထားရင် ငါတို့ ဒီအရှုပ်အထွေးထဲ ရောက်မှာမဟုတ်ဘူး..”


🍉🍉🍉🍉 အခန်း ၂၃


မုန့်ယွမ်ရှန့်က အဆိုပါဖြစ်ရပ်အား တိုက်ရိုက်ထုတ်လွှင့်မှုပြီးနောက်မှသာ သိရှိခြင်းဖြစ်သည်။

အငြင်းပွားမှု အရှိန်တက်နေချိန်၌ သူက အကလေ့ကျင့်နေခဲ့ပြီး လေ့ကျင့်ချိန် ပြီးဆုံးသွားသည့်အချိန်တွင်မူ ပြဿနာအား ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းပြီးဖြစ်သည်။ ပုံမှန်မဟုတ်သည့် မှတ်ချက်အနည်းငယ် ပေါ်လာသေးသော်ငြား သူ့ပရိသတ်များမှ အလျင်အမြန် အစဖျောက်လိုက်သည်။

အတင်းပြောစနစ်10086 ၏ ပိုစ့်အား ဖတ်ပြီးနောက် မုန့်ယွမ်ရှန့် မှင်တက်သွားသည်။

မုန့်ယွမ်ရှန့်သည်လည်း အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု အမြဲလိုလို ခပ်ရေးရေး ခံစားခဲ့ရသည်။ ကယ်တင်ခံရချိန်၌ ရေမွန်းသောကြောင့် မူးဝေနေသော်ငြား လုံခြုံရာ ရောက်သည်အထိ သူ့အား လက်ဆွဲခေါ်လာသောလက်မှာ သိပ်မကြီးဟု ခံစားမိသော်ငြား ဝိုးတဝါးပင်။ 

ဆေးရုံ၌ နိုးလာချိန်တွင် မုန့်ယွမ်ရှန့်ဘေး၌ ရှိနေသူမှာ ကျန်းမော့ဖြစ်သည်။ သူနာပြုများ၏ ဖော်ပြချက်အရ ကျန်းမော့က မုန့်ယွမ်ရှန့် အရေးပေါ်ခန်းသို့ ရောက်နေသည့် တစ်ချိန်လုံး ရှိနေပေးခဲ့ပြီး သတိပြန်လည်လာချိန်ထိ စောင့်ပေးနေခြင်းဖြစ်သည်။

တဖြည်းဖြည်းနှင့် သူ့အား ကယ်တင်ခဲ့သူမှာ ကျန်းမော့ဖြစ်သည်ဟူသော ဇာတ်လမ်းအား လက်ခံလာမိသည်။

ကျန်းမော့၏ ဂရုစိုက်မှုနှင့် အားပေးမှုများကြောင့် မုန့်ယွမ်ရှန့်က အဆိုပါဖြစ်ရပ်အား မေ့သွားတော့သည်။

ယနေ့ အတင်းပြောစနစ်၏ ပိုစ့်အား ဖတ်ရှုပြီးမှသာ ဤနှစ်များအတွင်း သူ၏ အသက်သခင်ကျေးဇူးရှင်အား မှားယွင်းယူဆမိခဲ့ခြင်းသာဖြစ်သည်။

ချန်ရှင်းက သူငယ်ချင်းဖြစ်သူ၏ စိတ်အခြေအနေ ပြောင်းလဲသွားခြင်းအား အလျင်အမြန် သတိပြုမိသောကြောင့် ပခုံးပုတ်လိုက်သည်။
“အဆင်ပြေလား..”

မုန့်ယွမ်ရှန့် နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။
“အဆင်ပြေပါတယ်..”

ထိုအချိန်မှာပင် ကုရှင်းရှစ် ရောက်ရှိလာပြီး မုန့်ယွမ်ရှန့်၏ အမူအရာအား မြင်ပြီးနောက် သူ့စိတ်အား ဖတ်လိုက်နိုင်သည်။

မုန့်ယွမ်ရှန့်မှာ သစ္စာရှိသူတစ်ဦးဖြစ်ပြီး ကျန်းမော့အပေါ် နှစ်ပေါင်းများစွာ ပေးဆပ်မြှုပ်နှံခဲ့ခြင်းမှတစ်ဆင့် ၎င်းကို သက်သေပြပြီးဖြစ်သည်။ သူ၏ အသက်ကယ်တင်ပေးခဲ့သော ကျေးဇူးအား လူမှားဆပ်နေမိခဲ့ခြင်းဖြစ်ကြောင်း သိရှိပြီးနောက် တာဝန်သိစိတ်နှင့် နောင်တတရားတို့မှာ သူ့အပေါ် ဖိနှိပ်နေသော ကျောက်တုံးတစ်ခုအလားပင်။

ကုရှင်းရှစ်က မုန့်ယွမ်ရှန့်၏ အသက်သခင်ကျေးဇူးရှင်အား ရှာတွေ့ပြီးနောက်မှသာ ထိုအကြောင်း ပြောပြရန် စီစဉ်ထားခြင်းဖြစ်သော်ငြား ကျိယိဝေ၏ ကြားဝင်နှောင့်ယှက်မှုကြောင့် အခြေအနေများ ပြောင်းလဲသွားရသည်။

“သူ့ကို ရှာကြမယ်..”
ကုရှင်းရှစ် မုန့်ယွမ်ရှန့်အား နှစ်သိမ့်လိုက်သည်။
“ပြိုင်ပွဲပြီးရင်ပေါ့..”

မုန့်ယွမ်ရှန့်က ကုရှင်းရှစ်နှင့် ချန်ရှင်းတို့၏ မျက်လုံးထဲရှိ စိုးရိမ်ပူပန်မှုများအား မြင်နေရသဖြင့် ပြုံးပြလိုက်သည်။
“ကျွန်တော် တကယ်ပဲ အဆင်ပြေပါတယ်..”

သူက ဖြတ်သန်းကြုံတွေ့လာခဲ့သော အရာများကြောင့် စိတ်ရှည်သည်းခံတတ်လာသည်။ မကောင်းသော စိတ်ခံစားချက်များ လွှမ်းမိုးခံမည့်အစား ဆုံးဖြတ်ချက်ပြတ်သားတတ်လာသည်။

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့ အခန်းရှိရာသို့ ပြန်သည့်လမ်း၌ အလျင်စလိုဖြစ်နေသော ကျိယိဝေနှင့် ဆုံသည်။

ကျိယိဝေမှာ ယခင်ကဲ့သို့ ကိုယ့်ကိုယ်ကိုယ် ဘဝင်ခိုက်နေခြင်းမျိုး မရှိတော့ချေ။ ဖြူဖပ်ဖြူရော်မျက်နှာနှင့် သူတို့နှစ်ဦးအား ဖြတ်ကျော်သွားပြီး မုန့်ယွမ်ရှန့်အား ကြောက်မက်ဖွယ်ကောင်းစွာ ကြည့်လိုက်သော်ငြား မုန့်ယွမ်ရှန့်၏ အကြည့်ကြောင့် ကြောက်ရွံ့ထိတ်လန့်စွာ ထခုန်မိပြီး ကြောင်တစ်ကောင်နှင့် ထိပ်တိုက်ရင်ဆိုင်မိသော ကြွက်တစ်ကောင်သဖွယ် အလျင်အမြန် ပြေးထွက်သွားလေသည်။ 

ကောလာဟလများအရ ကျိယိဝေက မနာလိုမှုကြောင့် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့အား လုပ်ကြံသူဖြစ်ကြောင်း ယွမ်ယဲ့ ရှင်းပြလာပြီး 10086 ၏ ဒေါသနှင့် ရင်ဆိုင်ရပြီး ကျိယိဝေ၏ အကြီးမားဆုံး အထောက်အပံ့မှာ ပြိုကျသွားရတော့သည်။

“အံ့ဩစရာမရှိပါဘူး.. 10086 က ယင်ကောင်တွေလောက်နဲ့တောင် စိတ်အနှောင့်အယှက်ဖြစ်ခံမှာ မဟုတ်ဘူးလေ..”

ယွမ်ယဲ့က လေးစားအားကျစွာ ပြောသည်။ ထို့နောက် လှောင်ပြုံးပြုံးရင်း ထပ်ပေါင်းပြောသည်။
“ကျိယိဝေက ရှိုးကထွက်မယ်လို့ ကြားထားတယ်.. မင်းတို့အကြောင်း မကျေမနပ်ဖြစ်နေကြတဲ့ သူတွေကတော့.. အခုတော့ အကုန်ခေါင်းငုံ့နေကြပြီလေ.. 10086 ရဲ့ ‘ပညာပေး’ မှာကို ကြောက်နေကြပြီ..”

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်း အကြည့်ချင်းဖလှယ်လိုက်သည်။ 

“...”

“အိုး.. ပြောမှပဲ..”
ယွမ်ယဲ့ လက်ပိုက်ကာ ရယ်မောရင်းပြောသည်။
“ဒါတွေအားလုံး မင်းတို့ရဲ့ အမှားပဲ..”

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းက မျက်တောင်တစ်ချက်ခတ်လိုက်သည်။
“ငါတို့ ဘာလုပ်လို့လဲ..”

“ပြိုင်ပွဲတစ်လျှောက်လုံးပဲ..”
ယွမ်ယဲ့ ညည်းညူလိုက်သည်။
“မင်းတို့ လေ့ကျင့်တာ၊ သီချင်းရေးတာ၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု အဲဒါတွေကိုပါ ရူးလောက်တဲ့ စံသတ်မှတ်ချက်တွေ ထားလိုက်တာကတင် အတော်လေး ဆိုးနေပြီ.. အခုကျ မင်းတို့ပရိသတ်တွေက မဖြစ်နိုင်တဲ့ သတ်မှတ်ချက်တွေ လုပ်နေကြပြီကွ.. ငါတို့ပရိသတ်တွေက အခုဆို အဆက်မပြတ်ဘဲ ညည်းညူနေကြတာ.. ငါ့ကို ပိုကြိုးစားပြီး 10086 လိုမျိုး ‘ဒဏ္ဍာရီလာပရိသတ်’ တစ်ယောက်လောက်ကို ဆွဲဆောင်ဖို့ ပြောနေကြတယ်.. သူတို့က အရာအားလုံးကို ထောက်ပံ့ပေးနေရတာ အရမ်းပဲ ပင်ပန်းနေပြီတဲ့.. မင်းတို့လို ‘ထိပ်ဆုံးအထိ သယ်သွားပေးမဲ့’ ပရိသတ်တစ်ယောက်လောက် လိုချင်တယ်တဲ့..”

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်း ရယ်မိကြသည်။ သူတို့နှင့် 10086 ကြား၌ ထူးခြားသည့် ဆက်သွယ်မှုမရှိကြောင်း မနည်းဖျောင်းဖျပြောဆိုပြီးမှသာ ပြန်ထွက်သွားရန် နှင်ထုတ်နိုင်တော့သည်။

ချန်ရှင်း သက်ပြင်းရှည်ချပြီးနောက် ခပ်တိုးတိုးပြောသည်။
“ယွမ်ယဲ့က အရမ်းကြိုးစားပြီး အဆင့်တွေအများကြီး ရှေ့ရောက်နေတဲ့ လူတစ်ယောက်ကနေ ဘယ်လိုလုပ်ပြီး အရမ်းကို စကားများဆူညံတဲ့သူ ဖြစ်လာတာလဲ မသိဘူး..”

သို့သော် မုန့်ယွမ်ရှန့်မှာမူ အတွေးထဲနစ်မြောနေသည်။

10086 မည်သူဖြစ်ကြောင်း သူ့ထက်ပို သိချင်သူရှိတော့မည် မဟုတ်ပေ။ သူတို့ ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်မှု စတင်ချိန်တွင် ကြည့်ရှုသူ လက်တစ်ဖက်ပင် မပြည့်ချေ။ ပုံမှန်အားဖြင့် သူတို့၏ အရည်အချင်းအား မပြနိုင်ခင်မှာပင် ရှိုးမှ ထုတ်ပယ်ခံရမည်ဖြစ်သည်။

သို့သော် ထူးဆန်းအံ့ဩဖွယ်များ ဖြစ်ပေါ်လာပြီး 10086 ပေါ်ထွက်လာသည်။ 10086 က သူတို့အား traffic များ ဖြစ်လာစေပြီး လူအများ၏ စိတ်ဝင်စားမှု ရရှိစေပြီးနောက် အရာအားလုံး ပြောင်းလဲသွားတော့သည်။

နစ်မြုပ်ရာမှ ကယ်တင်ခံလိုက်ရသလိုပင်။

အရိုးသားဆုံးပြောရလျှင် ကုရှင်းရှစ်မှာ အရာအားလုံး သိနေသူတစ်ဦးနှင့်တူပြီး မုန့်ယွမ်ရှန့်အတွက် ပဟေဠိတစ်ခုအလားပင်။ 10086 က ကုရှင်းရှစ်ဟု ပေါ်ထွက်လာလျှင်ပင် အံ့ဩမိမည် မဟုတ်ချေ။

ထိုအတွေးနှင့်အတူ နှစ်ဦးသား အခန်းရှိရာသို့ ပြန်ရောက်လာပြီး အခန်းတွင်း၌ ကုရှင်းရှစ်က ညစာမှာယူပြီး စောင့်နေသည်။

ကုရှင်းရှစ်က မှာယူထားသည့် အစားအစာများအပေါ် စိတ်ရောက်နေသည်အား အခွင့်ကောင်းယူပြီး မုန့်ယွမ်ရှန့် မသိမသာမေးလိုက်သည်။
“ဥက္ကဌကု.. 10086 အကြောင်း သိလား..”

“သိတာပေါ့..”
ကုရှင်းရှစ် ခေါင်းညိတ် ပြန်ဖြေသည်။

မုန့်ယွမ်ရှန့်က ဆက်ပြောသည်။
“ဒီနေ့ကတော့ သီသီလေးပဲ.. သူတို့သာမရှိရင် ကျွန်တော် ဘာတွေလုပ်မိမလဲတောင် မသိတော့ဘူး..”

“ဟုတ်တယ်.. သူတို့သိထားတာ အများကြီးပဲ.. အံ့ဩစရာကြီး..”

“ဟုတ်လား..”

ကုရှင်းရှစ် မျက်လုံးများ အရောင်လက်လာသည်။
“မင်းတို့ ဒီနေ့တင်တဲ့ပိုစ့်ကို ဖတ်ပြီးပြီလား.. စကားလုံးတစ်လုံးမှ မကျန်ဘဲနဲ့လေ.. အရမ်းကို ကောင်းမွန်တဲ့ အရေးအသားလို့ မထင်ဘူးလား..”

မုန့်ယွမ်ရှန့် : “…?”

ကုရှင်းရှစ်၏ 10086 အား လွန်လွန်ကဲကဲ ချီးကျူးမှုကြောင့် မုန့်ယွမ်ရှန့် ကြက်သေသေသွားတော့သည်။

လုံးဝလေးနက်မှုမရှိဘူးနော်..

ဘယ်သူကမှ သူတို့လုပ်ထားတာကို အခုလိုမျိုး ချီးကျူးနေမှာ မဟုတ်ဘူးမလား..

10086 က ဥက္ကဌကု မဟုတ်တာလည်း ဖြစ်နိုင်တာပဲ..

မုန့်ယွမ်ရှန့် တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး စိတ်အနှောင့်အယှက်ဖြစ်မှုနှင့် စိတ်သက်သာသာရမှုအား တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။

မုန့်ယွမ်ရှန့်၏ သံသယအား သတိမပြုမိဘဲနှင့် ကုရှင်းရှစ်က စိတ်ထဲမှ စနစ်နှင့် ဆက်သွယ်ပြောဆိုနေသည်။
[ဟေ့.. ဒီနေ့ပိုစ့်က အရမ်းမမိုက်ဘူးလား.. ငါ့အရေးအသား ပိုကောင်းလာတယ် ဟုတ်..]

[ဟုတ်တယ်.. ဟုတ်တယ်..]

သူ့ကိုယ်သူ ချီးကျူးပြီးနောက် ကုရှင်းရှစ်က ဤနေရာသို့ ရောက်လာသည့်အကြောင်းအား မမေ့ပေ။
“မင်းတို့ကို ကမ်းလှမ်းလာတဲ့ စပွန်ဆာတွေ ကြော်ငြာလုပ်ငန်းရှင်တွေ ရှိလား..”

နှစ်ဦးသား ခေါင်းညိတ်လိုက်ကြသည်။

နောက်ဆုံးတစ်ခေါက်‌ ဖျော်ဖြေပြီးနောက် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့နှစ်ဦး ပိုမိုလူသိများလာပြီး ကြော်ငြာလုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှုအား ဆွဲဆောင်လိုက်နိုင်ပြီး ပြိုင်ပွဲမပြီးဆုံးခင်မှာပင် သဘောတူညီချက် ရယူလိုကြသည်။

ရှေ့ယခင်နှစ်များ၌လည်း အလားတူအဖြစ်အပျက်များ ရှိခဲ့သည်။ ထိုဘရန်းများအား ကြော်ငြာပေးသည့် ပြိုင်ပွဲဝင်များမှာ ကောလဟာလများစွာ ထွက်ပေါ်ခြင်းဖြင့် အဆုံးသတ်သွားခဲ့ရသည်။

စိတ်ချရရန်အတွက် ကုရှင်းရှစ်က မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းအား ဆက်သွယ်လာကြသည့် ဘရန်းများအား သေချာစွာ စစ်ဆေးသည်။ အံ့ဩဖွယ်ကောင်းလောက်အောက်ပင် ထိုဘရန်းတစ်ခုချင်းစီတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီ ရှိကြခြင်းပင်။ လူသိများထင်ရှားသော နိုင်ငံတကာဘရန်းအချို့ပင် ပါဝင်သည်။

ဘရန်းတစ်ခုက ကုရှင်းရှစ်၏ မေးခွန်းများအား ဖြေဆိုရန် တွန့်ဆုတ်နေပြီး သင်တန်းသားတစ်ဦးမှ သူတို့၏ ကမ်းလှမ်းမှုအပေါ် တုံ့ဆိုင်းနေခြင်းကြောင့် အံ့ဩသွားသည်။

ကုရှင်းရှစ် စိတ်ထဲမထားသော်ငြား ရှိုး၏ ထိပ်ဆုံးအဆင့်၌ ရှိနေသာ အခြားသင်တန်းသားများ၌ စပွန်ဆာ တစ်ခု၊ နှစ်ခုခန့် ရှိနေမည်ကို စိုးရိမ်မိသည်။ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းသာ စိတ်မရှည်ဘဲ ထိုဘရန်းများနှင့် သဘောတူညီမှုယူကာ လက်မှတ်ထိုးလိုက်ပါက နောင်တရသွားနိုင်သည်။

ကုရှင်းရှစ်၏ စိုးရိမ်မှုများအား နားထောင်ပြီးနောက် မုန့်ယွမ်ရှန့် ရယ်မောကာပြောသည်။
“မစိုးရိမ်ပါနဲ့.. ကျွန်တော်တို့က ဥက္ကဌကု အဆင်ပြေပြီလို့ မပြောမချင်း ဘာတစ်ခုကိုမှ လက်မှတ်ထိုးမှာ မဟုတ်ဘူး..”

ထိုအခါမှသာ ကုရှင်းရှစ် စိတ်ချလိုက်နိုင်သည်။

ချန်ရှင်းက ပူပင်မှုမရှိစွာဖြင့် ခေါင်းညိတ်လိုက်သည်။
“အတိအကျပဲ.. ဘာလို့ လောနေရမှာလဲ.. ဥက္ကဌကုနဲ့သာဆို ပိုကောင်းတာရလာမှာ အသေချာပဲ..”

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်း၏ မျက်လုံးထဲရှိ ယုံကြည်မှုကြောင့် ကုရှင်းရှစ် စိတ်ထဲ၌ လွန်ဆွဲနေမိသည်။

ရိုးရိုးသားသား ပြောရလျှင် ဤခရီးအား ယာယီအဖြစ် သဘောထားမှတ်ယူခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီအား ဒေဝါလီခံရမည့်အရေးမှ ကယ်တင်ပြီးနောက် အရာအားလုံး ရောင်းချပစ်မည်ပင်။

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်း၏ မဆုတ်မနစ် ကြိုးစားလေ့ကျင့်မှု၊ စင်မြင့်ထက်ရှိ မျှော်လင့်ချက်များနှင့် ပရိသတ်များ၏ အားပေးမှုများအား မြင်တွေ့ကြားသိပြီးနောက် ကုရှင်းရှစ်၏စိတ်သဘောထားက တဖြည်းဖြည်းချင်း ပြောင်းလဲလာသည်။

ယခုအခါ ယခင်က မရှိခဲ့ဖူးသော တာဝန်နှင့် ဝတ္တရား၏ အလေးချိန်အား စတင်ခံစားမိလာသည်။

သူ့အပေါ် ထားရှိသော မုန့်ယွမ်ရှန့်တို့၏ ယုံကြည်မှုကို အကြွေးတင်နေသလို ခံစားရသည်။

နောက်ဆုံး၌ ကုရှင်းရှစ် အချိန်အတော်ကြာအောင် သူ့စိတ်ထဲ ရှိနေခဲ့သော ဆုံးဖြတ်ချက်အတွက် စိတ်ပြင်ဆင်လိုက်သည်။

“ငါ ခဏလောက်တော့ ပေကျင်းကို ပြန်သွားရမယ်..”
ကုရှင်းရှစ် ပြောလိုက်သည်။

*

ပေကျင်းသို့ ပြန်ရောက်ပြီးနောက် ကုရှင်းရှစ်ကတဖြည်းဖြည်းပိုမိုပါးလာသော ပိုက်ဆံအိတ်အား လက်ဖြင့်ပွတ်ကာ သက်ပြင်းရှည်ချလိုက်သည်။

ဤခရီး၏ ရည်ရွယ်ချက်မှာ သူ၏ အနုပညာရှင်များအတွက် ယုံကြည်စိတ်ချရသော အရင်းအမြစ်များ ရရှိရန်ဖြစ်သည်။

သူ့ကိုယ်သူ ယုံကြည်မှုရှိသော်ငြား မရင်းနှီးသည့် နယ်ပယ်သို့ စွန့်စားဝင်ရောက်ရမည် ဖြစ်သည်။

မသေချာမှုကြောင့်နှင့် သူ၏ ကြိုးပမ်းမှုအား ရပ်တန့်မည် မဟုတ်ပေ။ သူ၏ အဓိကပန်းတိုင်မှာ ‘ဒေါသပင်လယ်’ အား ဈေးကွက်တင်ရန် ဖြစ်သည်။ 

ကုမ္ပဏီမှာ ယိုင်နဲ့နဲ့ အခြေအနေဖြစ်သောကြောင့် အကျိုးအမြတ်ရရန်မှာလည်း တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သို့သော် ထို့ထက်ပိုသည်မှာ မုန့်ယွမ်ရှန့်၏ သီချင်းအား ပိုမိုများပြားသော ပရိသတ်များထံ ရောက်ရှိစေလိုသည်။ အကောင်းဆုံးသောနည်းလမ်းမှာ OST အဖြစ် ပါဝင်ရန် ဖြစ်သည်။

(OST - ရုပ်ရှင်၊ ဇာတ်လမ်းများအတွက် သီးသန့်ရေးစပ်/ရည်ရွယ်သော ဇာတ်ဝင်သီချင်း)

မထွက်ခွာမီ သီချင်းဖြန့်ဝေနိုင်လောက်မည့် ကုမ္ပဏီအနည်းငယ်အား စာရင်းပြုစုလိုက်သည်။

သို့သော် ကုရှင်းရှစ် တွေးထင်ထားသည်ထက် ပိုမိုခက်ခဲနေကြောင်း သိလိုက်ရသည်။

သင်တန်းသားတစ်ဦး၏ သီချင်းဖြစ်ကြောင်း သိလိုက်သည်နှင့် နားမထောင်မီမှာပင် ငြင်းပယ်လိုက်ကြသည်။

ထပ်ကာထပ်ကာ ကျရှုံးပြီးနောက် ကုရှင်းရှစ်၏ အကောင်းမြင်စိတ်လေးပင် ယိုင်နဲ့နဲ့ဖြစ်လာသည်။

နဖူးပေါ်ရှိ ချွေးများအား လက်ဖြင့်သုတ်ပြီးနောက် သူ့ စာရင်းထဲရှိ ကုမ္ပဏီတစ်ခုအား ပယ်ချလိုက်ပြန်သည်။ ထို့နောက် စာရင်းထဲ နောက်ဆုံးကျန်ရှိသည့် တစ်ခုအား ကြည့်လိုက်သည်။ ယင်းမှာ ဖြစ်နိုင်ချေ အနည်းဆုံးတစ်ခုပင်။

သို့သော် ကုရှင်းရှစ်က မကြိုးစားကြည့်ဘဲ အရှုံးပေးတတ်သောသူ မဟုတ်ချေ။

ခေတ္တမျှ ထိုင်ပြီးနောက် ရှန့်ချွင်ရုပ်ရှင်သို့ တန်းတန်းမတ်မတ် ဝင်သွားသည်။

ကုရှင်းရှစ် စုဆောင်းထားသည့် အချက်အလက်များအရ ရှန့်ချွင်ရုပ်ရှင်မှာ လတ်တလော၌  “တောင်တန်းနှင့်မြစ်များအလွန်” ဟူသည့် ရုပ်ရှင် ထုတ်လုပ်ရေးပိုင်း စတင်နေပြီဖြစ်ကာ ဇာတ်လမ်းနှင့် ကိုက်ညီမည့် ပရိုမိုသီချင်း ရှာဖွေရာ၌ အခက်တွေ့နေခြင်းပင်။

ကုရှင်းရှစ် ကောက်ချက်ချသည့်အတိုင်းပင် ရှန့်ချွင်၏ အစည်းအဝေးခန်း၌ ဖန်တီးဆန်းသစ်ရေးအဖွဲ့သည် လတ်တလော၌ အဆိုပါပြဿနာနှင့် ပတ်သက်၍ ဆွေးနွေးနေကြသည်။

ဒါရိုက်တာရှုချန်က မျက်မှောင်ကြုတ်လိုက်သည်။ 
“ဒီသီချင်းတွေက တစ်ပုဒ်မှ အံဝင်ခွင်ကျ မဖြစ်ဘူး.. ငါတို့လိုချင်တဲ့ ဒေါသနဲ့ ရုန်းကန်မှုဆိုတာမျိုး နည်းနည်းလေးတောင် ပါမနေဘူး..”

ထုတ်လုပ်သူက သက်ပြင်းချကာ မျက်နှာအား လက်ဖြင့်အုပ်လိုက်ပြီးနောက် ပြောသည်။
“ရှု.. ကျွန်တော်တို့က ရုပ်ရှင်ပရိုမိုးရှင်း စတော့မှာ.. သင့်တော်တာ တစ်ခုခုကိုသာ ရွေးလိုက်ပါ.. ဟုတ်ပြီလား.. ပရိုမိုးရှင်းဗျူဟာကို အရှိန်မြှင့်ရတော့မယ်..”

“သင့်တော်တာ တစ်ခုခုကိုသာ ရွေးလိုက် ဆိုတာ ဘာကိုဆိုလိုတာလဲ..”
ရှုချန်က စားပွဲအား လက်သီးဖြင့် ထုလိုက်သည်။
“ပရိုမိုသီချင်းက ရုပ်ရှင်နမူနာအတွက် အသက်ပဲကွ.. ရုပ်ရှင်အတွက် ပရိသတ်ရဲ့ ပထမဆုံး ထင်မြင်ချက်ပဲ.. ပရိုမိုသီချင်းသာ မှားသွားရင် ရုပ်ရှင်ရဲ့ သက်ရောက်မှုကို ထိခိုက်စေမှာ.. လုံးဝ လက်မခံနိုင်ဘူး..”

“ဒါရိုက်တာရှု.. ကျွန်တော်ဆိုလိုတာ အဲဒီလို မဟုတ်ဘူးလေ..”

ထုတ်လုပ်သူက ကန့်ကွက်လိုက်ပြီး မျက်ရည်ကျလုမတတ် ဖြစ်လာသည်။ ဤရုပ်ရှင်၏ အဓိကထုတ်လုပ်သူဖြစ်သော ယွမ်ချင်းချင်းအား အကူအညီတောင်းဟန်ဖြင့် တစ်ချက်ကြည့်လိုက်သည်။
“အစ်မချင်း.. ဒါရိုက်တာရှုကို ကူပြီး ရှင်းပြပေးပါဦး..”

ယွမ်ချင်းချင်းသည်လည်း အနည်းငယ်သောကရောက်နေသည်။

ရှုချန်၏ စေ့စပ်သေချာမှုနှင့် အမှားမခံတတ်သော စံနှုန်းတို့ကြောင့် သူမက ဤပရောဂျက်အတွက် ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ရုပ်ရှင်ရိုက်ကူးရေးမှာ အမှန်တကယ်ကိုပင် ထူးထူးခြားခြား အောင်မြင်ခဲ့သော်ငြား ရှုချန်က ထိုအချိန်မှစကာ ပို၍ပင် အမှားမခံဖြစ်လာသည်။ ပရိုမိုသီချင်းအတွက် ကြန့်ကြာနေသည်မှာ ၂ ပတ်ကျော်မျှ ရှိနေပြီဖြစ်ပြီး ယခုထက်ပို ကြန့်ကြာနေမည်ဆိုပါက ရုပ်ရှင်၏ ဈေးကွက်မြှင့်တင်ရာတွင် အလွန်ဆိုးဝါးစွာ ထိခိုက်စေမည် ဖြစ်သည်။

ယွမ်ချင်းချင်းက ရှုချန်၏ မာန်မာနအား ကောင်းစွာသိသည်။ ထုတ်လုပ်သူဘက်၌ သိသိသာသာ ရပ်တည်လိုက်မည်ဆိုလျှင် ရှုချန်က အနာဂတ်၌ သူမနှင့် အတူတွဲ၍ အလုပ်လုပ်တော့မည် မဟုတ်ပေ။

ယွမ်ချင်းချင်း စကားပြောရန် ချိန်ဆနေစဉ်မှာပင် သူမ၏ လက်ထောက် အခန်းအတွင်းသို့ ဝင်လာပြီး တီးတိုးပြောသည်။
“အစ်မချင်း.. အပြင်မှာ ကုရှင်းရှစ်လို့ခေါ်တဲ့ မန်နေဂျာက အစ်မနဲ့ တွေ့ချင်လို့တဲ့..”

နာမည်မှာ အတော်လေး ရင်းနှီးနေသော်ငြား လူနှင့်မတွဲမိချေ။
“မန်နေဂျာလား.. ဘာလာလုပ်တာတဲ့လဲ..”

“သူကတော့ ‘တောင်တန်းနှင့်မြစ်များအလွန်’ ရဲ့ ပရိုမိုသီချင်းနဲ့ ပတ်သက်တယ်လို့ ပြောပါတယ်..”

ယွမ်ချင်းချင်း အံ့အားသင့်သွားသည်။

ရုပ်ရှင်ပရိုမိုသီချင်းနှင့် ပတ်သက်သည့် ပြဿနာမှာ အဓိကအဖွဲ့သားများသာ သိရှိထားခြင်းဖြစ်သည်။ 
အဲ့မန်နေဂျာက ဘယ်လိုသိထားတာလဲ…

ရှုချန် သို့မဟုတ် ထုတ်လုပ်သူမှ ကမ်းလှမ်းထားခြင်း ဖြစ်နိုင်သည်။

ရှုချန်နှင့် ထုတ်လုပ်သူတို့ နောက်တစ်ဖန် ငြင်းခုံနေကြသည်ကို သတိပြုမိပြီးနောက် မေးမနေတော့ဘဲနှင့် လက်ထောက်အား ပြောလိုက်သည်။
“ကောင်းပြီ.. သူ့ကို ခေါ်လာခဲ့..”

ခေတ္တမျှကြာပြီးနောက် ငယ်ရွယ်ချောမောသည့် လူတစ်ဦး ဝင်လာသည်။

ရှုချန်က ဒေါသတကြီးနှင့် မကျေမလည်ဖြစ်နေသောကြောင့် အခန်းအတွင်းသို့ ဝင်လာသူအား လျစ်လျူရှုပြီး ရေနွေးကြမ်းသောက်နေသည်။ သို့သော် ထုတ်လုပ်သူက မော့ကြည့်ပြီး ယွမ်ချင်းချင်းအား မေးလိုက်သည်။
“ခင်ဗျား လက်မှတ်ထိုးလိုက်တဲ့ လူသစ်လား.. အတော်ကြည့်ကောင်းတာပဲ..”

အခန်းတွင်းဝင်လာသူ၏ ရုပ်ရည်သွင်ပြင်ကြောင့် ယွမ်ချင်းချင်းသည်လည်း အံ့အားသင့်သွားသဖြင့် လွှတ်ခနဲ ပြောထွက်သွားသည်။
“မဟုတ်ဘူး.. သူက မန်နေဂျာတစ်ယောက်ပါ..”

မယုံကြည်နိုင်မှုကြောင့် ထုတ်လုပ်သူ၏ မျက်လုံးများ ပြူးကျယ်ကုန်သည်။

စိတ်မဝင်စားဟန်ဆောင်နေသော ရှုချန်ပင်လျှင် မော့ကြည့်လာသည်။

ဒါရိုက်တာတစ်ဦးအနေနှင့် အလားအလာရှိသူများအား အလိုလိုသိနိုင်သော မျက်လုံးတစ်စုံ ရှိသဖြင့် ဤလူငယ်လေးမှာ သဘာဝဆန်ဆန် ဆွဲဆောင်နိုင်စွမ်းရှိကြောင်း သတိထားမိပြီး ယင်းသည် ပရိသတ်နှင့် အလွယ်တကူ ဆက်သွယ်နိုင်သော အမျိုးအစားဖြစ်ကြောင်း ပြောနိုင်သည်။

ဒါတောင်မှ မန်နေဂျာလုပ်ပြီး သူ့ရဲ့ ပါရမီကို ဖြုန်းတီးနေတာတဲ့လား..

ရှုချန်နှင့် ထုတ်လုပ်သူတို့က ယွမ်ချင်းချင်းအား ထိုကဲ့သို့ ရတနာတစ်ခုအား မည်သည်ကြောင့် ဘေးပို့ထားသလဲဟူသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

ယွမ်ချင်းချင်း : “???”

ယွမ်ချင်းချင်း ရှင်းမပြမီမှာပင် ကုရှင်းရှစ်ဘက်က အရင်ဆုံးမိတ်ဆက်လာပြီး သူ၏ ရည်ရွယ်ချက်အား ပြောသည်နှင့် ရှုချန်နှင့် ထုတ်လုပ်သူက သိချင်စိတ် ပြင်းပြလာသည်။

“မင်းရဲ့ အနုပညာရှင် ရေးထားတဲ့ သီချင်းတစ်ပုဒ်က တောင်တန်းနဲ့မြစ်များအလွန် အတွက် သင့်တော်တယ်လို့ ပြောချင်တာလား..”
ထုတ်လုပ်သူက မေးလိုက်သည်။
“သူ့နာမည်က ဘာလဲ.. အရင်က ဖြန့်ချိီဖူးတဲ့ သီချင်းတွေ ရှိလား..”

“နာမည်က မုန့်ယွမ်ရှန့်ပါ.. အရင်က ဖြန့်ချိီဖူးတဲ့သီချင်း မရှိပါဘူး..”
အဆိုပါနာမည်ကြောင့် ယွမ်ချင်းချင်း အံ့အားသင့်သွားသည်။

မုန့်ယွမ်ရှန့်အား သူမ မှတ်မိသည်။

ထိုညက ‘အတင်းပြောစနစ်10086’ ဟူသော ဘလော့ဂါကြောင့်သာ မဟုတ်ခဲ့လျှင် သမီးဖြစ်သူနှင့် ထပ်မံတွေ့ရလိမ့်မည် မဟုတ်ချေ။

အဆိုပါ ဘလော့ဂါအပေါ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိသော်ငြား ထိုညပြီးနောက်၌ ဘလော့ဂါက သူမ၏ မက်ဆေ့ချ်များအား လျစ်လျူရှုကာ ကျေးဇူးတင်မခံလိုဟန်ရှိသည်။

တစ်ဖက်လူအား သိနိုင်ရန် မည်မျှပင် ကြိုးစားစေကာမူ မည်သည့်သဲလွန်စမျှ မရခဲ့ချေ။

တစ်ခုတည်းသော သဲလွန်စမှာ ထိုညက တိုက်ရိုက်ထုတ်လွှင့်မှုသာ ဖြစ်သည်။

အဆိုပါ တိုက်ရုတ်ထုတ်လွှင့်မှုမှာ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းဟူသည့် ပြိုင်ပွဲဝင်နှစ်ဦး၏ တိုက်ရိုက်ထုတ်လွှင့်ခန်းဖြစ်သည်။ တစ်ဦးမှာ နှစ်ပေါင်းများစွာကြာအောင် မမျှတစွာ ဆက်ဆံခံခဲ့ရပြီး ကျန်တစ်ဦးမှာမူ အလုပ်ပေါင်းစုံလုပ်ကာ ရှင်သန်ရန် ရုန်းကန်နေရသည်။ နှစ်ဦးစလုံးမှာ ဒေဝါလီခံလုဆဲဆဲ ကုမ္ပဏီတစ်ခုဖြစ်သော လဲ့ရှစ်အင်တာတိန်းမန့်မှ ဖြစ်ကြသည်။

နှစ်ဦးစလုံးမှာ အရည်အချင်းပြည့်ဝသော ပြိုင်ပွဲဝင်များဖြစ်ကြပြီး 10086 ကဲ့သို့ပင် လျှို့ဝှက်ဆန်းကြယ်သည်။

ထို့ကြောင့် ရေပန်းစားနေသော သီအိုရီတစ်ခုဖြစ်သည့် 10086 မှာ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့၏ ပရိသတ်အကြီးစားဖြစ်ပြီး အလွန်ကျွမ်းကျင်သည့် ဟက်ကာတစ်ယောက်ဟုသာ လက်ခံလိုက်တော့သည်။

ထို့ကြောင့် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းအား ကူညီခြင်းမှာ 10086 အား တစ်ဖက်လှည့်နှင့် ကူညီခြင်းဖြစ်သည်ဟု ခံစားမိသည်။

သီချင်းက သိပ်မဆိုးဘူးဆိုရင် ဘာဖြစ်လို့ အခွင့်အရေးတစ်ခုလောက် မပေးရမှာလဲ..


🍉🍉🍉🍉 အခန်း ၂၄


သို့သော် ရှုချန်၏ တင်းကြပ်လှသော စံနှုန်းများကြောင့် သီချင်းမှာ အတိုင်းအတာတစ်ခုထိ မကောင်းခဲ့လျှင် မည်သည့်အရာနှင့်မျှ ယိမ်းယိုင်နိုင်အောင် ပြုလုပ်နိုင်မည် မဟုတ်ချေ။

ရှုချန် မတုံ့ပြန်မီမှာပင် ထုတ်လုပ်သူက မျက်မှောင်ကြုတ်ကာ အငြင်းစကားပြောသည်။
“အားနာပါတယ်.. ငါတို့က အတွေ့အကြုံပြည့်ဝပြီး အရည်အချင်းရှိတဲ့ အဆိုတော်ဆီကပဲ လိုချင်တာ.. လတ်တလောတော့ အသစ်လေးတွေကို လက်မခံသေးဘူး..”

ယွမ်ချင်းချင်းက ချက်ချင်း ခွန်းတုံ့ပြန်သည်။
“အသစ်ဆိုတော့ရော ဘာဖြစ်လဲ.. လူတိုင်းက တစ် ကနေ စရတာပဲ မဟုတ်လား.. ပြီးတော့ အရောင်မတင်ရသေးတဲ့ အနုပညာရှင်တွေကလည်း ရှင့်ကို အံ့ဩသွားအောင် လုပ်နိုင်တာပဲလေ..”

ထုတ်လုပ်သူ : “???”

ဘာတွေဖြစ်နေတာလဲ.. ပထမတော့ ရှုချန်.. အခုတော့ ယွမ်ချင်းချင်း.. ကံမကောင်းတဲ့ နေ့ကျမှ အိမ်က ထွက်လာမိတာလားကွာ..

ယွမ်ချင်းချင်း၏ စကားလုံးများက ရှုချန်၏ ရပ်တည်ချက်အား ပြေလျော့သွားစေသည်။ ထို့နောက် ကုရှင်းရှစ်ထံသို့ လှည့်ကာ မေးလိုက်သည်။
“ကောင်းပြီ.. ပြောပါဦး.. ဒီသီချင်းက တောင်တန်းနဲ့မြစ်များအလွန် အတွက် အရမ်းကို သင့်တော်တယ်လို့ ဘာကြောင့်ထင်တာလဲ..”

ထို့အချိန်တွင် ယွမ်ချင်းချင်းမှာ ကုရှင်းရှစ်အစား စိတ်လှုပ်ရှားနေမိသည်။

သို့သော် ကုရှင်းရှစ်မှာ တည်ငြိမ်ပြီး ပုံစံမပျက် ရှိနေဆဲပင်။
“ဒါရိုက်တာရှု.. ကျွန်တော် ကြားဖူးတာကတော့ တောင်တန်းနဲ့မြစ်များအလွန်ကို ရိုက်ကူးရတာက ဒါရိုက်တာ ကလေးဘဝက ရေနစ်လုနီးနီး အတွေ့အကြုံကြောင့်ဆိုတာ ဟုတ်ပါသလား..”

ယွမ်ချင်းချင်းနှင့် ထုတ်လုပ်သူ နှစ်ဦးစလုံး ရှုချန်အား အထိတ်တလန့် ကြည့်လိုက်ကြသည်။ ထိုအဖြစ်အပျက်အား သူတို့မသိကြချေ။

ရှုချန်သည်လည်း ခေတ္တမျှ ကြောင်အသွားသည်။ ကုရှင်းရှစ် ထိုအကြောင်းအား သိနေလိမ့်မည်ဟု မမျှော်လင့်ထားချေ။ ကုရှင်းရှစ်မှာ အိမ်စာသေချာလုပ်လာခဲ့သည်။

ရှုချန်၏ မျက်နှာထား ပျော့ပျောင်းသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ 
“ဟုတ်တယ်.. ရေထဲကို ဆွဲချသွားခံရတုန်းက ခံစားရတဲ့ စိတ်ပျက်အားငယ်မှုနဲ့ ကြောက်ရွံ့မှုက ငါ့အပေါ်မှာ လွှမ်းမိုးမှုရှိနေတုန်းပဲ.. နှစ်ပေါင်းများစွာကြာတော့ အဲဒီခံစားချက်ကို ဖမ်းဆုပ်နိုင်မယ့် ရုပ်ရှင်တစ်ကားလောက် ရိုက်ချင်လာတယ်.. ဒါကြောင့်ပဲ ငါ့ခံစားချက်နဲ့ ထပ်တူကျလုနီးနီးဖြစ်တဲ့ တောင်တန်းနဲ့မြစ်များအလွန်ကို လက်ခံလိုက်တာပဲ..”

ကုရှင်းရှစ် ခေါင်းညိတ်လိုက်သည်။
“သီချင်းနာမည်က ဒေါသပင်လယ် ပါ..”

ရှုချန် ထိုသီချင်းအား ယခင်က မကြားဖူးသော်ငြား ထုတ်လုပ်သူမှာ ကြားဖူးသည်။ မုန့်ယွမ်ရှန့်က ထိုသီချင်းအား အရည်အချင်းပြရှိုး၌ လက်တန်းရေးစပ်ခဲ့ခြင်းဖြစ်ကြောင်း သိထားပြီး လတ်တလော TikTok ၌ ရေပန်းစားနေသော သီချင်းဖြစ်သည်။ 

သို့သော် သူတို့ပြောနေသည်မှာ ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပြီး အရည်အချင်းပြရှိုး မဟုတ်ချေ။ 
အဲဒီလို သီချင်းတစ်ပုဒ်ကို ရွေးမယ်ဆိုရင် ရုပ်ရှင်ကို ဈေးပေါမသွားစေဘူးလား..

ထို့ကြောင့် ချက်ချင်းပင် ကုရှင်းရှစ်အား ကြားဖြတ်တားဆီးလိုက်သည်။

ရှုချန်က ထုတ်လုပ်သူ၏ ငြင်းဆိုချက်အား နားထောင်ပြီးနောက် နောက်တစ်ဖန် ချီတုံချတုံဖြစ်သွားသည်။

ဖျော်ဖြေရေးလောက၌ ရုပ်ရှင်ထုတ်လုပ်ရေးမှာ ထိပ်ဆုံး၌ ရပ်တည်နေသည်။ ရုပ်ရှင်ပိုင်းမှ အခြားနယ်ပယ်များသို့ ကူးပြောင်းသူမှာ ‘ကျဆင်းခြင်း’ ဟု ခေါ်ဆိုနိုင်ပြီး အခြားနယ်ပယ်တစ်ခုမှ ရုပ်ရှင်ပိုင်းသို့ ဝင်ရောက်ရန် ကြိုးစားခြင်းမှာ တောင်တက်ရသည့်အလားပင်။

ထို့အပြင် တောင်တန်းနှင့်မြစ်များအလွန်မှာ အနုပညာအရည်အသွေး အလွန်မြင့်သော ရုပ်ရှင်တစ်ကား ဖြစ်သည်။

TikTok ပေါ်၌ ရေပန်းစားနေသော်ငြား ယင်းနှင့် ကုရှင်းရှစ်၏ ရည်ရွယ်ချက်မှာ အဆပေါင်းများစွာ ကွာခြားသည်။ သို့တိုင်အောင် မပြောင်းမလဲ ရှိနေဆဲပင်။

ဦးစွာ ဒေါသပင်လယ်၏ နောက်ခံဇာတ်ကြောင်းအား မျှဝေပြီးနောက် သီချင်း၏ စိတ်ခံစားမှုအပိုင်းမှာ ဒါရိုက်တာရှု လိုချင်သည်နှင့် ကိုက်ညီလျက်ရှိသည်။ စာကြောင်းတစ်ကြောင်းချင်းစီအား နားထောင်ပြီးနောက် နွေခေါင်ခေါင်တွင် ရေအေးအေး သောက်လိုက်ရသလို ခံစားမိပြီး အဆုံးတွင် ကုရှင်းရှစ်အား သူနှင့် ရင်ဘတ်ချင်းနီးစပ်သူဟုပင် ခေါ်ချင်လာသည်။

ထို့နောက် ကုရှင်းရှစ်က ထုတ်လုပ်သူဘက်သို့လှည့်ကာ ပြောသည်။
“သီချင်းက TikTok ပေါ်မှာ ရေပန်းစားနေတာဆိုတော့ လူထုလက်ခံမှုကို ရရှိထားပြီးသားလို့ ပြောလို့ရတယ် မဟုတ်လား.. ကျွန်တော်တို့ကလည်း ရုပ်ရှင်ကို ပရိုမိုလုပ်ချင်တာ ဒီလိုပဲ မဟုတ်လား.. သီချင်းဆိုတာ ဆင်းရဲချမ်းသာ မ‌ရွေးဘူးလေ.. သီချင်းကောင်းတစ်ပုဒ်က စွမ်းအားကြီးပြီးသားပဲ.. ပရိသတ်ကို အမှန်တကယ်ဆွဲဆောင်မှာက သီချင်းမဟုတ်ဘဲ ရုပ်ရှင်ဇာတ်ကားပဲ..”

လက်မခံနိုင်သော ထုတ်လုပ်သူပင်လျှင် ယိမ်းယိုင်ချင်လာသည်။ ကုရှင်းရှစ်က ထုတ်လုပ်သူ၏ စကားလုံးများအား ပြန်အသုံးပြုလိုက်ခြင်းပင်။ သို့သော် ကုရှင်းရှစ်ထံမှ ထွက်လာသောအခါ ထိုစကားများက လက်ခံချင်စဖွယ်ဖြစ်လာသည်။

ကံကောင်းစွာဖြင့် ထုတ်လုပ်သူမှာ ဆင်ခြင်တုံတရား တစ်အောင်စမျှ ကျန်နေဆဲပင်။
“ဒါဆိုလည်း နားထောင်ကြည့်တာပေါ့.. မင်းဘယ်လိုပဲပြောပြော သီချင်းက ဒါရိုက်တာရှုရဲ့ အကြိုက်နဲ့ ကိုက်ညီမှုမရှိရင်တော့ ငါတို့ လက်ခံဖြစ်မှာ မဟုတ်ဘူး..”

“ဟုတ်တာပေါ့..”
ကုရှင်းရှစ်က USB တစ်ခု ထုတ်လိုက်ပြီး ယွမ်ချင်းချင်း၏ လက်ထောက်မှ ချက်ချင်းပင် လက်ပ်တော့တစ်ခု ယူလာသည်။

တီးလုံးသံမစမီ အခန်းတစ်ခုလုံး ကျောက်ဆောင်များအား လှိုင်းခတ်သံ ပျံ့နှံသွားသည်။ ပြင်းထန်သော တေးသွားသံ ခပ်နိမ့်နိမ့် စတင်ထွက်ပေါ်လာပြီး လူများအား ချောက်နက်ထဲသို့ ဆွဲခေါ်ခံရသလို ခံစားမိစေသည်။ ထို့နောက် ကြည်လင်ပြတ်သားသော သီဆိုသံက အမှောင်ထုထဲသို့ ထိုးထွင်းဝင်ရောက်လာသော အလင်းတန်းတစ်ခုသဖွယ်ပင်။

ဤသည်မှာ ဒေါသပင်လယ် ဗားရှင်းအသစ်ပင်။ ရှန့်ယွီ၏ လမ်းညွှန်မှုနှင့် ပိုမိုကောင်းမွန်စွာ ပြန်လည်ဆန်းသစ်ထားပြီး ခံစားချက်များစွာ ပေးစွမ်းသည်။

ဒါရိုက်တာရှုက သီချင်းအား နားထောင်လျက် လက်သီးတင်းတင်းဆုပ်ကာ မျက်ရည်များရစ်ဝဲလာသည်။

သီချင်းဆုံးသွားပြီးနောက် စားပွဲအား လက်ဖြင့်ပုတ်ပြီး နီမြန်းနေသော မျက်နှာဖြင့် စိတ်လှုပ်ရှားစွာပြောသည်။
“ဒါပဲ..”

ဇာတ်ကားနမူနာအတွက် ပြီးပြည့်စုံသည့် သီချင်းအား ရှာတွေ့ပြီဖြစ်သောကြောင့် စိတ်လှုပ်ရှားလာပြီး ရှုချန် အချိန်ဖြုန်းမနေတော့‌ချေ။ ယွမ်ချင်းချင်း၏ အကူအညီနှင့် အလျင်အမြန်ပင် စာချုပ်ချုပ်လိုက်သည်။

ကုရှင်းရှစ် စိတ်သက်သာရာ ရသွားပြီးနောက် အသက်ဝဝရှူနိုင်ပြီဖြစ်သည်။ သူ အစတည်းက မုန့်ယွမ်ရှန့်အား ယုံကြည်ခဲ့ပြီး ဤသဘောတူညီချက်က ပခုံးထက်ရှိ ဝန်တစ်ခုအား လျော့ကျသွားစေသည်။

ကုရှင်းရှစ် ချက်ချင်းပင် သွမ့်ဟိုင်မြို့သို့ ပြန်ရန် စီစဉ်လိုက်သော်ငြား ယွမ်ချင်းချင်းမှ အောင်ပွဲခံသည့်အနေနှင့် ညစာစားရန် ဖိတ်သည်။
“ရှောင်ကု.. မင်းကြောင့်သာမဟုတ်ရင် ငါတို့တော့ သီချင်းရှာဖို့ ခေါင်းကိုက်နေရဦးမှာ.. ငါတို့အတူ ညစာစားကြတာပေ့ါ.. ငါတို့ကို ဖိအားလျော့အောင် လုပ်ပေးလို့ ကျေးဇူးတင်တဲ့ ညစာလို့ သတ်မှတ်တာပေါ့..”

ယွမ်ချင်းချင်း၏ ရိုးသားမှုအား မြင်သောကြောင့် ကုရှင်းရှစ် သဘောတူလက်ခံလိုက်သည်။

အဖွဲ့က ယွမ်ချင်းချင်း မကြာခဏ သွားလေ့ရှိသော အနီးအနားရှိ စားသောက်ဆိုင်တစ်ခုသို့ ဦးတည်လိုက်သည်။ သွားနေစဉ် ကုရှင်းရှစ်က ဖျော်ဖြေရေးလောကနှင့် ပတ်သက်သည့် မေးခွန်းများအား ရံဖန်ရံခါ မေးတတ်ပြီး တစ်ခါတစ်ရံ ဘာမျှမသိသူတစ်ယောက်အလား ဖြစ်သောကြောင့် ယွမ်ချင်းချင်းတို့မှာ လိုလိုလားလားပင် ပြန်ဖြေကြသည်။ ကုရှင်းရှစ်၏ စိတ်အားထက်သန်မှုနှင့် သိလိုစိတ်တို့မှာ တမူထူးခြားပြီး နှစ်လိုဖွယ်ကောင်းလေသည်။ 

ထုတ်လုပ်သူက ကုရှင်းရှစ်အား သဘောကျလေးစားမှုနှင့် နှမြောတသဖြစ်စွာ ကြည့်ပြီးပြောသည်။
“ရှောင်ကု.. မင်း တခြားအလုပ်တွေဘာတွေ မလုပ်ချင်ဘူးလား.. မင်းက တကယ်ထူးချွန်တဲ့ ထုတ်လုပ်သူဖြစ်လာမှာ..”

ကုရှင်းရှစ် ခေါင်းယမ်းလိုက်သည်။

ထုတ်လုပ်သူက သက်ပြင်းချသည်။
“ဆိုးတာပဲ.. မင်းက ယုံကြည်စိတ်ချရတဲ့ ပုံပန်းသွင်ပြင်ရပြီး လူတွေကို လွှမ်းမိုးနိုင်တဲ့ အရှိန်အဝါရှိတယ်.. မင်းသာဆိုရင် လူတွေကို ဖြားယောင်းတဲ့နေရာမှာ ထိပ်တန်းဖြစ်လာမှာ.. ပြီးတော့ အဖွဲ့လိုက် လွှမ်းမိုးနိုင်စွမ်းဆိုရင်လည်း ငါ့ကိုမပြောနဲ့.. ဒါရိုက်တာရှုကိုပဲကြည့်.. ကျန်းမာရေးဓာတ်စာဝယ်ဖို့ ညှို့ယူခံလိုက်ရတဲ့ အဖိုးကြီးတစ်ယောက်လိုပဲ ဒီသီချင်းကို အတော်လေး နစ်ဝင်သွားတာ..”

ဒါရိုက်တာရှု : “???”

ကုရှင်းရှစ် : “???”

ယွမ်ချင်းချင်းက ထုတ်လုပ်သူအား ဘေးသို့ဆွဲကာ ခပ်တင်းတင်းပြောလိုက်သည်။
“တော်သင့်ပြီ..”

ထုတ်လုပ်သူက ရှုချန်၏ တင်းမာသောအကြည့်နှင့် အကြည့်ခံလိုက်ရပြီး အဖိုးကြီးရှု၏ ကုရှင်းရှစ်အားကြည့်သည့် အကြည့်တို့မှာ ပြောင်းပြန်လှန်လိုက်သလိုပင် ဖြစ်သောကြောင့် အနည်းငယ်မနာလိုဖြစ်မိသည်။

ထို့နောက် တံခါးခေါက်သံ ထွက်ပေါ်လာသည်။

စားပွဲထိုးရောက်လာသည်ဟု ထင်သောကြောင့် ယွမ်ချင်းချင်း အထဲသို့ ခေါ်လိုက်သော်ငြား ရောက်လာသူမှာ လျန်ဝမ်ကျွင်းဖြစ်နေသောကြောင့် အံ့အားသင့်သွားရသည်။

လျန်ဝမ်ကျွင်းက ဤစားသောက်ဆိုင်၌ လုပ်ငန်းတစ်ခု ဆွေးနွေးရန် ရောက်ရှိနေခြင်းဖြစ်ပြီး ယွမ်ချင်းချင်းလည်း ဤဆိုင်၌ ရှိနေသည်ကို သိပြီးနောက် လာရောက်နှုတ်ဆက်ခြင်းဖြစ်သည်။

ယွမ်ချင်းချင်းက လျန်ဝမ်ကျွင်းနှင့် ကုရှင်းရှစ်အား မိတ်ဆက်ပေးလိုက်သည်။

ယွမ်ချင်းချင်းနှင့် ကုရှင်းရှစ်တို့ နီးကပ်သည်ကို မြင်သည့်အခါ  á€¤á€œá€°á€„ယ်မသဏ ယွမ်ချင်းချင်း၏ ဆွေမျိုးတစ်ဦးဖြစ်ပြီး ဖျော်ဖြေရေးလောသို့ ဝင်ရောက်ရန် ကူညီပေးနေခြင်းဖြစ်မည်ဟု ယူဆလိုက်သည်။ ကောင်းမွန်ကြည့်ကောင်းသော ရုပ်ရည်နှင့် အပြောအဆို အပြုအမူတို့ကြောင့် ကင်မရာရှေ့တွင် ဖြစ်ထွန်းမည်လူတစ်ဦးဟု မှတ်ချက်ချမိသည်။

ယွမ်ချင်းချင်းက သူမအား ထိုလူငယ်လေးအတွက် လမ်းပြစေလိုသည်ဟု မှတ်ယူသောကြောင့် ယွမ်ချင်းချင်းအား မျက်နှာသာပေးမှုတစ်ခု အကြွေးတင်နေသဖြင့် လက်ခံရန် စီစဉ်လိုက်သည်။

ထို့နောက် ယွမ်ချင်းချင်းမှ ထပ်‌ပေါင်းပြောလေသည်။
“အိုး.. သူက မန်နေဂျာတစ်ယောက်လေ..”

လျန်ဝမ်ကျွင်း မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်လိုက်သည်။
“မန်နေဂျာလား..”

လျန်ဝမ်ကျွင်းက ကုရှင်းရှစ်အား အလွန်သိလိုဟန်ဖြင့် ကြည့်လိုက်သည်။
“အစ်မချင်းကတော့ နောက်နေတာပဲဖြစ်မယ်.. ကျွန်မက အစ်မကို ယုံကြည်တယ်ဆိုတော့ မိတ်ဆွေအချင်းချင်း အမှန်အတိုင်းပဲပြောမယ်.. မန်နေဂျာတစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ဘူး.. ဖိအားအပြည့်ပဲ.. အဆုံးမရှိတဲ့ အဆက်အသွယ်တွေ လိုအပ်မယ်.. မောပန်းနွမ်းနယ်ရတဲ့ အချိန်တွေချည်းပဲ.. သူ့ပုံစံကိုလည်း ကြည့်ပါဦး.. မျက်နှာလေးနဲ့ အမူအရာကို ကြည့်ရုံနဲ့တင် မန်နေဂျာလမ်းကြောင်းကို ဘာလို့လျှောက်ခိုင်းရတာလဲ..”

သူမ၏ ရှုထောင့်မှဆိုလျှင် ထိပ်တန်းအဆင့် မန်နေဂျာတစ်ဦးမှာ ကျွမ်းကျင်မှုများစွာ လိုအပ်သည်။ လူမှုဆက်ဆံရေး၊ ထက်မြက်သော အမြင်အာရုံ၊ သည်းခံနိုင်စွမ်းနှင့် တစ်ခါတစ်ရံ အကြင်နာကင်း ရက်စက်တတ်ရသည်။ ကုရှင်းရှစ်မှာ အလွန်ငယ်ရွယ်ပုံရပြီး လန်းဆန်းတက်ကြွသော မျက်နှာလေးရှိကာ ဝံပုလွေအုပ်ထဲ ထည့်ခံရသော သိုးပေါက်လေးနှင့် တူလှပြီး အရှင်လတ်လတ် ဝါးမျိုခံရမည်မှာ သေချာပေါက်ပင်။

ကုရှင်းရှစ်က စနစ်၏ အဆက်မပြတ် နှောင့်ယှက်မှုကြောင့် လျန်ဝမ်ကျွင်း၏ စကားများအား တစ်ဝက်တစ်ပြတ်သာ ကြားလိုက်ရသည်။

[အားဆေးတွေကို စစ်ဆေးထားတဲ့ ရလဒ်ပေါ်လာတော့ လျန်ဝမ်ကျွင်းက ကွာရှင်းဖို့ လျှောက်ထားပြီး သူ့ရဲ့ ခင်ပွန်းဟောင်း ချောင်ကွမ်းလိကို လူသတ်ရန်ကြံစည်မှုနဲ့ တရားစွဲတယ်.. ချောင်ကွမ်းလိက ကြိုတင်ပြင်ဆင်ထားပြီး သက်သေတွေကို ဖျက်ဆီးထားတော့ ယုံဖို့ခက်သွားရော..]

[ဒါပေမဲ့ လျန်ဝမ်ကျွင်းကလည်း နောက်ဆုတ်မဲ့သူ မဟုတ်ဘူး.. ကုသမှု ခံယူနေတုန်းမှာပဲ ကုမ္ပဏီကို ထိန်းချုပ်ဖို့ ဆက်တိုက်ခိုက်နေတုန်းပဲ.. ချောင်ကွမ်းလိက ကုမ္ပဏီမှာ အတွင်းလူတွေ ထည့်ထားပေမဲ့ လျန်ဝမ်ကျွင်းက အဓိကရှယ်ယာတွေကို ချုပ်ကိုင်ထားတုန်းပဲ.. ပေကျင်းရဲ့ စီးပွားရေးလောကမှာ နှစ်ပေါင်းများစွာ ကျင်လည်ပြီးတော့ လျန်ဝမ်ကျွင်းမှာ မိတ်ဆွေအများကြီးရှိထားတဲ့အပြင် အများစုက သူ့ရဲ့ ဖြစ်ရပ်အတွက် သနားကရုဏာသက်နေကြတာ.. လျန်ဝမ်ကျွင်းက ချောင်ကွမ်းလိကို ဖိအားတော်တော်လေး ပေးထားနိုင်တယ်..]

ကုရှင်းရှစ် နားထောင်ရင်း မျက်လုံးများ အရောင်တောက်လာသည်။

[မိုက်လိုက်တာ..]

[ဒါပေမဲ့..]

[ဒါပေမဲ့ ဘာဖြစ်လဲ..]

[ချောင်ကွမ်းလိက လျန်ဝမ်ကျွင်းကို အူမချေးခါးမကျန် သိထားတယ်.. လျန်ဝမ်ကျွင်းက အနိုင်မရမချင်း လက်လျှော့မှာ မဟုတ်မှန်းသိတော့ သူက အရန်အစီအစဉ်ကို ပြင်ဆင်ထားတယ်.. လျန်ဝမ်ကျွင်းက ကုမ္ပဏီရဲ့ ဘဏ္ဍာရေးပိုင်းကို စစ်ဆေးပေမဲ့ စာချုပ်တွေကိုတော့ မစစ်ဆေးမိဘူး.. ချောင်ကွမ်းလိက လျန်ဝမ်ကျွင်း ကျဆုံးသွားအောင်ဆိုပြီး နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ “လျှို့ဝှက်စာချုပ်” တွေအများကြီး စီစဉ်ထားတယ်.. သူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံး နိုင်ငံခြားကို ရွှေ့ပြောင်းပြီးတာနဲ့ သူ(မ)ကို တိုင်ကြားဖို့ စီစဉ်ထားတာ.. သူ(မ)ရဲ့ အဆက်အသွယ်တွေနဲ့ ဆိုရင်တောင် နလန်ထူနိုင်တော့မှာ မဟုတ်ဘူး.. ဒါမှမဟုတ် ပြဿနာအကြီးကြီး တက်သွားနိုင်တယ်..]

ကုရှင်းရှစ် လက်သီးတင်းတင်းဆုပ်လိုက်သည်။
[ဘယ်လိုတောင် ယုတ်မာတာလဲ..]

သူက ယွမ်ချင်းချင်းနှင့် တည်တည်ငြိမ်ငြိမ် စကားပြောနေသော လျန်ဝမ်ကျွင်းအား တစ်ချက်ကြည့်လိုက်သည်။

သူမက သစ္စာဖောက်ခံရပြီး အဆိပ်ခတ်သတ်ရန် ကြံစည်ခံရသော်ငြား အနည်းငယ်မျှပင် အနှောင့်အယှက်ဖြစ်ဟန်မရဘဲ အားမာန်အပြည့်ဖြင့် ဆက်လက်လျှောက်လှမ်းနေဆဲပင်။

ဤကဲ့သို့ အရည်အချင်းပြည့်ဝကာ လောကဓံအား ကြံ့ကြံ့ခံနိုင်သော အမျိုးသမီးတစ်ဦးအနေဖြင့် ချောင်ကွမ်းလိကဲ့သို့သော လူယုတ်မာတစ်ယောက်ထံမှ လှည့်ဖြားမခံထိုက်ပေ။

ယွမ်ချင်းချင်းနှင့် လျန်ဝမ်ကျွင်းတို့က ချောင်ကွမ်းလိ၏ အမှားများအား ပွင့်ပွင့်လင်းလင်း ပြောဆိုနေကြသဖြင့် ကုရှင်းရှစ် ထိုအချက်အား အခွင့်ကောင်းယူကာ စကားဝိုင်းထဲ ဝင်လိုက်သည်။
“အခုပဲ ကျွန်တော့ဇာတိမှာ ဖြစ်ခဲ့တဲ့ ဆင်တူတဲ့ အဖြစ်အပျက်တစ်ခုကို အမှတ်ရလိုက်မိတယ်..”

“အိုး..”

အမျိုးသမီးနှစ်ဦး၏ အာရုံကို ဆွဲဆောင်လိုက်နိုင်ကြောင်း မြင်ပြီးနောက် ကုရှင်းရှစ်က ဇာတ်လမ်းဆက်သည်။
“ကုမ္ပဏီတစ်ခုအတွက် တိုက်ခိုက်ကြတဲ့ စုံတွဲတစ်တွဲလေ.. ခင်ပွန်းက ရှုံးသွားပြီး လက်ဗလာနဲ့ ထွက်သွားရမှာ.. ဇနီးဖြစ်သူက သူနိုင်ပြီလို့ ထင်နေပေမဲ့လည်း ကုမ္ပဏီကိုလည်း လက်လွှဲယူပြီးရော ရဲတွေက သူ(မ)ကို ဖမ်းသွားတော့တာပဲ..”

လျန်ဝမ်ကျွင်း၏ အမူအရာက တင်းမာလာသည်။

ကုရှင်းရှစ် ဆက်ပြောသည်။
“ခင်ပွန်းက ဒီလိုဖြစ်လာမယ်ဆိုတာ သိထားတာကြောင့် အစကတည်းက အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားတာတဲ့လေ.. ပိုင်ဆိုင်မှုတွေကို နိုင်ငံခြားရွှေ့ပြီး ကုမ္ပဏီကို ပြစ်မှုမြောက်တဲ့ စာချုပ်တွေနဲ့အတူ အခွံပဲချန်ထားခဲ့တာတဲ့.. သူ(မ) လက်လွှဲယူမှ အမှိုက်ထုတ်ကိုင်ထားမိတာ သိလိုက်ရတော့တယ်.. ”

လျန်ဝမ်ကျွင်း၏ မျက်နှာအရောင်မှာ သိသိသာသာ ဖြူဖျော့သွားသည်။

ယွမ်ချင်းချင်းက သူမအား စိုးရိမ်စွာဖြင့် ကြည့်လိုက်သည်။
“အဆင်ပြေရဲ့လား..”

လျန်ဝမ်ကျွင်း ခပ်ဖြေးဖြေး ခေါင်းညိတ်လိုက်သော်ငြား သူမ၏စိတ်ထဲ ယောက်ယက်ခတ်နေသည်။

တစ်စုံတစ်ခု မူမမှန်ဟု ခံစားမိနေခြင်းမှာ အံ့ဩဖွယ်ရာ မဟုတ်တော့‌ချေ။ ချောင်ကွမ်းလိအား အလွန်မြန်ဆန်စွာ အနိုင်ယူလိုက်နိုင်သောကြောင့် သူမကိုယ်သူမ မယုံကြည်နိုင် ဖြစ်ခဲ့ရသည်။ ကုမ္ပဏီ၌ အလွန်ခိုင်မာစွာ ခြေကုပ်ရယူထားသော လူတစ်ဦးအနေဖြင့် အနည်းနှင့်အများဆိုသလို ပြန်လည်တိုက်ခိုက်မည်သာ။ ဤတစ်လျှောက်လုံး၌ ထွက်ပြေးလွတ်မြောက်ရန် ကြံစည်နေခြင်းသာဆိုလျှင် အဓိပ္ပါယ်ရှိလေသည်။

သူက ကုရှင်းရှစ်အား ကြည့်လိုက်သည်။
“ကျေးဇူးပဲ ရှောင်ကု..”

ကုရှင်းရှစ်က ပြုံးယောင်ယောင်လေးနှင့် သူမ၏ ကျေးဇူးတင်ခြင်းအား အသိအမှတ်ပြုလိုက်သည်။

လျန်ဝမ်ကျွင်း၏ မျက်လုံးထဲ၌ ဆုံးဖြတ်ချက်ပြတ်သားမှုတို့ ထင်ဟပ်နေပြီးနောက် အခန်းအတွင်းမှ ထွက်သွားတော့သည်။ 

*

တစ်ချိန်တည်းမှာပင် ချောင်ကွမ်းလိက ဆိုဖာပေါ်၌ လှဲလျောင်းကာ ကျိယွီရို့၏ နှိပ်နယ်ပေးခြင်းအား ခံယူလျက်ရှိသည်။

လျန်ဝမ်ကျွင်းနှင့် တိုက်ခိုက်ရာတွင် နောက်ဆုတ်လိုက်ရသည်မှလွဲ၍ သူ၏ ခြေလှမ်းများအား ကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်သောကြောင့် ကျေနပ်နေမိသည်။ အရာအားလုံး ဆက်စပ်မိသွားချိန်၌ နိုင်ငံရပ်ခြားသို့ ရောက်နှင့်ပြီးလောက်ပြီ ဖြစ်သည်။

သူ၏ ရှေ့ရေးကြိုမြင်တတ်မှုကြောင့် လျန်ဝမ်ကျွင်းနှင့် ပြဿနာမဖြစ်မီမှာပင် ပိုင်ဆိုင်မှုများအား အခြားနေရာသို့ ရွှေ့ပြောင်းထားလိုက်နိုင်သည်။

အပြင်လူများ၏ မျက်လုံးထဲ၌ ချောင်ကွမ်းလိမှာ အရှုံးသမားတစ်ဦးဖြစ်သော်ငြား အရာအားလုံးမှာ သူ၏အစီအစဉ်အတိုင်း သွားနေခြင်းသာဖြစ်သည်။ ရက်အနည်းငယ်အတွင်း တရုတ်မှထွက်ခွာပြီးနောက် နိုင်ငံရပ်ခြား၌ လူချမ်းသာတစ်ဦးအဖြစ် နေထိုင်သွားတော့မည်ဖြစ်သည်။

ကျိယွီရို့က ချောင်ကွမ်းလိအား အသာမှီပြီးနောက် နူးညံ့စွာပြောသည်။
“အချိန်လည်း ကြာပြီဆိုတော့ စိတ်တိုနေဖို့ မလိုတော့ဘူး မဟုတ်လား.. ယိဝေက ရှင့်ရဲ့သားလေ.. မိသားစုပဲဟာကို.. ဘာဖြစ်လို့များ အာဃာတတွေ ထားနေဦးမှာလဲ..”

ချောင်ကွမ်းလိ မျက်မှောင်ကြုတ်လိုက်သော်ငြား ငြင်းဆိုခြင်းမရှိပေ။

ချောင်ကွမ်းလိ စိတ်အခြေအနေကောင်းနေသည်အား အခွင့်ကောင်းယူပြီးနောက် ကျိယွီရို့က ကျိယိဝေအား အချက်ပြလိုက်သည်။ ထို့နောက် ကျိယိဝေက သစ်သီးဗန်းသယ်ကာ ထွက်လာပြီးနောက် ချောင်ကွမ်းလိအား ခေါ်လိုက်သည်။
“အဖေ.. ကျွန်တော့်ကို ခွင့်လွှတ်ပါ..”

ချောင်ကွမ်းလိ ကျေနပ်သွားပြီး ပို၍ စိတ်ချမ်းသာလာပုံရသည်။

ကျိယိဝေက ပိုမိုအတင့်ရဲလာပြီးနောက် မေးလိုက်သည်။
“အဖေ.. ကျွန်တော်တို့က လျန်ဝမ်ကျွင်းဆီ ကုမ္ပဏီကို ဒီတိုင်းပဲ ပေးလိုက်တော့မှာလား.. ဖြုန်းတီးရာ ကျမနေဘူးလား..”

ကျိယွီရို့သည်လည်း နှိပ်နယ်ပေးရာမှာ ရပ်လိုက်ပြီးနောက် စိတ်ဝင်စားစွာ နားထောင်နေသည်။

ချောင်ကွမ်းလိနောက်သို့ နှစ်ပေါင်း ၂၀ နီးပါး လိုက်ပါလာသောကြောင့် သူမသည်သာ “မဒမ်ချောင်” ဖြစ်ပြီး သူမသားသည် အမွေဆက်ခံသူအစစ်ဟု ယုံကြည်နေသည်။ ယခုအခါ တရုတ်သို့ ပြန်လာနိုင်ပြီ ဖြစ်သောကြောင့် မိသားစုစီးပွားရေးအား သားဖြစ်သူ ဆက်ခံမည်ကို မြင်ချင်မိသော်ငြား မျက်စိတစ်မှိတ်အတွင်းမှာပင် အရာအားလုံး ပြောင်းလဲသွားသည်။

ကျိယွီရို့၏ အားမလိုအားမရဖြစ်မှုအား ခံစားမိသကဲ့သို့ ချောင်ကွမ်းလိ မျက်နှာတစ်ခုလုံး မဲမှောင်သွားသည်။
“မင်းတို့နှစ်ယောက်ကို ဒီကိစ္စထဲ ဝင်မပါဖို့ ငါမပြောထားဘူးလား.. မင်းသာ အရှုပ်တွေ မဖန်တီးဘူးဆိုရင် ငါ့အစီအစဉ်က ဘာအမှားအယွင်းမှ ရှိလာမှာ မဟုတ်ဘူး.. လျန်ဝမ်ကျွင်းသာ မရှိတော့ဘူးဆိုရင် ကုမ္ပဏီရဲ့ ရှယ်ယာတွေ.. ပိုင်ဆိုင်မှုတွေ.. သူ့ရဲ့ အဆက်အသွယ်တွေ အားလုံးက ငါတို့ဟာ ဖြစ်လာမှာ..”

ကျိယိဝေက ပြန်လည်ငြင်းခုံသည်။
“သူက မန်နေဂျာတစ်ယောက်ပဲ မဟုတ်ဘူးလား.. ဘာဖြစ်လို့ ကြောက်နေရမှာလဲ..”

ချောင်ကွမ်းလိ သွေးတိုးလာသလို ခံစားရသည်။ အရူးလိုသားတစ်ယောက် ရထားကြောင့် အမှန်တကယ် ကျိန်စာသင့်နေသလိုပင်။

ထိုအချိန်မှာပင် တံခါးဘဲလ်မြည်လာသည်။

ချောင်ကွမ်းလိ စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့် ကြည့်ပြီးနောက် ညွှန်ကြားချက်ပေးလိုက်သည်။
“တော်လောက်ပြီ.. ဒီမှာပဲ တိတ်တိတ်လေးနေခဲ့.. ဗီဇာရပြီဆိုတာနဲ့ ငါတို့တွေ ထွက်သွားကြမယ်..”

ထိုစကားများပြောပြီး တံခါးဖွင့်လိုက်ချိန်တွင် ရဲအရာရှိများက သူတို့၏ တံဆိပ်များနှင့် ဖမ်းဝရမ်းတစ်ခုကိုင်ကာ ရောက်ရှိနေကြကြောင်း တွေ့လိုက်ရသည်။

“မစ္စတာချောင်.. ခင်ဗျားကို ရာဇဝတ်မှုကျူးလွန်တယ်လို့ သံသယရှိပါတယ်.. ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါ..”

“ပြီးတော့ နိုင်ငံက ထွက်ခွာဖို့ကိုလည်း အကန့်အသတ်မရှိ ဆိုင်းငံ့ထားပါမယ်..”


🍉🍉🍉🍉 အခန်း ၂၅


ကောင်းမှုတစ်ခု ပြုလုပ်ပြီးနောက် ကုရှင်းရှစ်က သွမ့်ဟိုင်မြို့သို့ ပြန်လာသည်။

သို့သော် သူပြန်ရောက်သည်နှင့် လေထုမှာ ပုံမှန်မဟုတ်ကြောင်း ခံစားမိသည်။

လူတိုင်းစိုးရိမ်ပူပန်ကာ ဂနာမငြိမ်ဖြစ်နေပုံရပြီး နောက်တစ်ဆင့်အတွက် အဆင့်သတ်မှတ်ချက်များအား ထုတ်ပြန်ရန်မှာလည်း ၂ ရက်မျှ လိုသေး၏။ 

ရုတ်တရက် ထိတ်ထိတ်လန့်လန့် ဖြစ်နေရအောင်လည်း အရမ်းစောနေသေးသလားလို့..

ကုရှင်းရှစ် စိတ်ရှုပ်ထွေးနေသည်ကို ကြားပြီးနောက် ယင်ဟယ်ဖုန်း သက်ပြင်းချလိုက်သည်။
“တစ်ခါတလေကျ မင်းရဲ့ သတိမမူတတ်မှုကို မနာလိုရမလား သနားရမလား မသိတော့ဘူး..”

ကုရှင်းရှစ် : “???”

ယင်ဟယ်ဖုန်း ရှင်းပြသည်။
“ကျီးလန့်စာစားဖြစ်နေတဲ့ လူအများစုက သက်တမ်းရင့်ပြီး အခြေခိုင်ပြီးသား အင်တာတိန်းမန့်ကလူတွေဆိုတာ မင်းသတိမထားမိဘူးလား..”

ကုရှင်းရှစ် သေချာကြည့်လိုက်ချိန်တွင် ယင်ဟယ်ဖုန်း၏ စကားမှာ မှန်ကြောင်းသိလိုက်ရသည်။

ယခုနှစ်များတွင် idol ရွေးချယ်သည့် ရှိုးများ၏ ရေပန်းစားမှုမှာ အလွန်မြင့်မားလာပြီး idol သီးသန့်မွေးထုတ်ပေးသော ကုမ္ပဏီများသာမက သက်တမ်းရင့် အင်တာတိန်းမန့်များပါ ကိုယ်ပိုင် သင်တန်းသားများကို လေ့ကျင့်သင်ကြားမှုများ ရှိလာပြီး လတ်တလောရေပန်းစားမှုနောက်သို့လိုက်ကာ ငွေရှာကြသည်။

“ချောင်ကွမ်းလိကိုသိလား.. ကွမ်းယိအင်တာတိန်းမန့်ပိုင်ရှင်လေ.. အဖမ်းခံလိုက်ရတယ်တဲ့..”

ကုရှင်းရှစ် : “ဘယ်လို..”

တစ်ချိန်တည်းမှာပင် စနစ်၏ ဆူညံသံ ထွက်ပေါ်လာသည်။

“ဟုတ်တယ်.. လျန်ဝမ်ကျွင်းက ကုမ္ပဏီရဲ့ စာချုပ်တွေမှာ ပြဿနာတချို့ရှိတာကို ရှာတွေ့တာနဲ့ ချက်ချင်းပဲ သတင်းထွက်မသွားအောင် ကုမ္ပဏီကို ပိတ်ချပြီး ရဲခေါ်လိုက်တယ်.. အာဏာပိုင်တွေက ချောင်ကွမ်းလိ ပိုင်ဆိုင်မှုတွေကို တိတ်တဆိတ် ရွှေ့ပြောင်းတဲ့ သက်သေတွေကို ရှာတွေ့ပြီးတော့ နေရာမှာပဲ ဖမ်းမိခဲ့တယ်.. အိုး.. သူ့ရဲ့ အမြောင်မယား ကျိယွီရို့နဲ့ တရားမဝင်သား ကျိယိဝေတို့လည်း အဖမ်းခံရတယ်တဲ့..”

ယင်ဟယ်ဖုန်းက ထပ်ပေါင်းပြောသည်။
“ဒီဖြစ်ရပ်က အတော်လေး ကြီးသွားတယ်လို့ ပြောရမယ်.. အာဏာပိုင်တွေက စစ်ဆေးနေစဉ်အတွင်း ပိုများတဲ့ သက်သေတွေ ရှာတွေ့ထားပြီး ကုမ္ပဏီကြီးတွေအကုန် ဂယက်ရိုက်တော့တာပဲ.. ပြောရမယ်ဆိုရင် ဖျော်ဖြေရေးလောကရဲ့ “ယင်-ယန် စာချုပ်” တွေတော့ အကုန်ထိထိရောက်ရောက် နှိမ်နင်းခံရတော့မှာ..” 

(T/N - ယင်-ယန်စာချုပ်ဆိုတာ တရားဝင်စာချုပ်ကတစ်မျိုးနဲ့ အခွန်ရှောင်ဖို့အတွက် နောက်ထပ်လျှို့ဝှက်စာချုပ် ချုပ်ကြတာမျိုးပါ.. တရုတ် အနုပညာရှင်တွေ အခွန်ရှောင်တဲ့ကိစ္စနဲ့ ခဏခဏပြဿနာတက်တာ ဒီလိုစာချုပ်မျိုးတွေကြောင့်ပါ)

“မင်းသိတဲ့အတိုင်းပဲ သူတို့က ဒီလိုကိစ္စတွေကို မမြင်ချင်ယောင်ဆောင်ထားကြတာ.. သက်တမ်းရင့် အင်တာတိန်းမန့်ကြီးတွေမှာ ဒါတွေက ပုံမှန်ပဲ.. ဒီလိုကိစ္စတွေ ရှိတယ်ဆိုတာ လူတိုင်းသိပြီးသား.. ဒါပေမဲ့ အခုကျတော့ ချောင်ကွမ်းလိက ပျားတူသိုက်ကို မီးရှို့လိုက်တော့ ဖျော်ဖြေရေးလောကတစ်ခုလုံး အကြီးကြီးလှုပ်ခါသွားတော့တာပေါ့.. ဒီကိစ္စထဲ ကုမ္ပဏီတွေအများကြီး ဆွဲသွင်းခံရတော့ လူတိုင်းက ချောင်ကွမ်းလိကို ကျိန်ဆဲနေကြတာလေ..”

အခြားသူများနှင့် မတူဘဲ ယင်ဟယ်ဖုန်းမှာ စိုးရိမ်နေပုံမရချေ။

ရှင်းချိုးရှစ်ကျိ အင်တာတိန်းမန့်က စတင်တည်ထောင်ချိန်မှစကာ စာချုပ်ချုပ်ဆိုရာ၌ တင်းကြပ်သည့် စည်းမျဉ်းများအား လေးစားလိုက်နာခဲ့သည်။ ကနဦးတွင် ပြိုင်ဘက်ကုမ္ပဏီများသည် ရှင်းချိုးရှစ်ကျိအား ရေစီးကြောင်းအတိုင်း မလိုက်သည့်အတွက် လှောင်ပြောင်ရယ်မောကြသော်ငြား ယခုအခါ ကုမ္ပဏီမှာ မှတ်ကျောက်တင်နိုင်ပြီဖြစ်သည်။

ကုရှင်းရှစ်အတွက်မူ အနည်းငယ်မျှပင် စိုးရိမ်စရာမရှိပေ။

လဲ့ရှစ်အင်တာတိန်းမန့်၌ အနုပညာရှင် ၂ ဦးသာရှိပြီး နှစ်ဦးစလုံးမှာလည်း ပွဲဦးမထွက်ရသေးချေ။ ထို့ကြောင့် စာချုပ်ပြဿနာများနှင့် ကြုံတွေ့ရန် အခွင့်အရေးပင် မရှိကြချေ။

သို့သော် ယင်ဟယ်ဖုန်းက ကုရှင်းရှစ်အား အကြံပေးနေဆဲဖြစ်သည်။
“အချိန်တစ်ခုလောက်တော့ သိုသိုသိပ်သိပ်နေဦး.. ကုမ္ပဏီအများစုက ထိခိုက်မှုကြီးမားလို့ လျှို့ဝှက်သတင်းပေးသူကို တိတ်တဆိတ်စုံစမ်းနေကြတယ်.. ဘယ်သူလဲဆိုတာ မသိကြသေးပေမဲ့ လိုလိုမယ်မယ် သူတို့ဒေါသတွေ မင်းအပေါ် မရောက်စေနဲ့..”

ကုရှင်းရှစ်က ‘ကောင်းပါပြီ’ ဟု လက်ဟန်ပြလိုက်သည်။

အရိုးသားဆုံးပြောရလျှင် သူ၏ ကြားဝင်နှောင့်ယှက်မှုမှာ ထိုမျှလောက်ကြီးမားသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။ ထိုအချိန်က ချောင်ကွမ်းလိ၏ လျန်ဝမ်ကျွင်းအပေါ် ဆက်ဆံပုံအား ဒေါသဖြစ်မိသောကြောင့်သာ သူမအား ကူညီချင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယင်ဟယ်ဖုန်း၏ အကြံပေးချက်မှာ ကောင်းမွန်သဖြင့် ကုရှင်းရှစ်က မလိုလားအပ်သော အာရုံစိုက်မှုများအား ရှောင်ရှားရန် မန်နေဂျာများ နားနေခန်းနှင့် အချိန်တစ်ခုကြာ ခပ်ဝေးဝေးနေရန် ဆုံးဖြတ်လိုက်သည်။

ကုရှင်းရှစ်က မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့၏ အဆောင်ခန်းသို့ တိတ်တဆိတ်သွားလိုက်သည်။

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့က အခန်းအတွင်း၌ နောက်လာမည့် တင်ဆက်မှုအကြောင်း အသေးစိတ် ဆွေးနွေးနေစဉ် တံခါးဝမှ လက်ယပ်ခေါ်နေသည့် ကုရှင်းရှစ်အား မြင်လိုက်ရသည်။ အလွန်မသင်္ကာဖွယ် ကောင်းလှသည်။ နှစ်ဦးသား စိတ်ရှုပ်ထွေးစွာဖြင့် အခန်းထဲမှ ထွက်လာသည်။

ကုရှင်းရှစ်က ထိုနှစ်ဦးအား ချောင်ကျသည့် စင်္ကြံတစ်ခုသို့ ဦးဆောင်ခေါ်သွားပြီး ပတ်ဝန်းကျင်၌ မည်သူမျှ မရှိစေရန် သေချာအောင်စစ်ဆေးပြီးနောက် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ 

ချန်ရှင်းက လှောင်ပြုံးပြုံးလိုက်သည်။
“ဥက္ကဌကု.. ဘာဖြစ်လို့ ခိုးကြောင်ခိုးဝှက် လုပ်နေတာလဲ.. ဓားပြတိုက်မလို့ ကြံနေတာလား..”

ကုရှင်းရှစ် : “...”

သူ ချန်ရှင်းအား စိုက်ကြည့်လိုက်သည်။
“မသိရင် အသာနေစမ်း.. ငါတို့ရဲ့ လုံခြုံရေးအတွက် အခုလို လုပ်နေရတာကွ”

ပထမဆုံး ဖျော်ဖြေရေးလောက မတည်ငြိမ်ခြင်းအကြောင်းအား ပြောပြီးနောက် ဒေါသပင်လယ်အတွက် စာချုပ်အား ထုတ်ပြလိုက်သည်။

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့ အံ့အားသင့်လွန်းသောကြောင့် မျက်လုံးများ ပြူးကျယ်ကုန်၏။

ကုရှင်းရှစ် မပြန်မီ ထိုသူများနှင့် ဤအကြောင်းအား ဆွေးနွေးခဲ့သည်။ သို့သော် ရုပ်ရှင်လောကမှာ idol အဖွဲ့များအား အသိအမှတ်မပြုသလောက်ပင်ဖြစ်ပြီး အထူးသဖြင့် ပွဲဦးမထွက်ရသေးသော idol များမှာ အစာကွင်းဆက်၏ အောက်ဆုံးအဆင့်၌သာရှိသည်။ 

ထို့ကြောင့် ကုရှင်းရှစ်က တောင်တန်းနှင့်မြစ်များအလွန် ရုပ်ရှင်အတွက် ပရိုမိုသီချင်းအား ရရှိနိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း ပြောချိန်တွင် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့မှာ ကုရှင်းရှစ်၏ စွမ်းဆောင်ရည်အား ယုံကြည်သည့်တိုင်အောင် မျှော်လင့်ချက်ကြီးကြီးမားမား မထားခဲ့ကြချေ။

မည်သို့ပင်ဖြစ်စေ ဤသည်မှာ ဒါရိုက်တာရှု၏ ရုပ်ရှင်ဖြစ်သည်။

ယခင်က ဖျော်ဖြေရေးလောကရှိ ထိပ်တန်းတေးရေးဆရာများပင်လျှင် ဒါရိုက်တာရှုအား ချဉ်းကပ်ရန် အိပ်မက်ပင် မမက်ရဲကြချေ။

ကုရှင်းရှစ်မှာမူ အမှန်တကယ် အောင်မြင်ခဲ့လေသည်။

ကုရှင်းရှစ်က အလျင်အမြန် ထပ်ပြောသည်။
“သိုသိုသိပ်သိပ် နေကြနော်.. နားလည်လား.. မင်းတို့ အမူအရာက အတော်လေး မျက်စိစပါးမွေးစူးစရာ ဖြစ်နေတယ်.. မင်းတို့ထွက်သွားတာနဲ့ ဒီအကြောင်း လူတိုင်းသိသွားမှာ မလိုချင်ဘူးနော်.. မင်းတို့သာ ဟောင်ဖွာဟောင်ဖွာလုပ်နေရင် ကိုယ့်အပိုင်က သူများအပိုင် ဖြစ်သွားလိမ့်မယ်..”

သူတို့က ချက်ချင်းပင် ဘဝင်ခိုက်နေသည့် အပြုံးများအား ဖယ်ခွာပြီး လေးနက်စွာ ခေါင်းညိတ်လိုက်ကြသည်။
“ဥက္ကဌကုပြောတာ မှန်တယ်..”

နောက် ၂ ရက်အတွင်း၌ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့က လေ့ကျင့်ချိန်မှအပ တည်တည်ငြိမ်ငြိမ်နှင့် ဣန္ဒြေရနေသည်ကို အခြားသင်တန်းသားများ သတိပြုမိကြသည်။

အချို့သင်တန်းသားများက မုန့်ယွမ်ရှန့်တို့ရှေ့၌ သူတို့၏ ကြော်ငြာအသစ်များအား တမင်ကြွားလုံးထုတ်ကြသည့်တိုင်အောင် နှစ်ဦးသား တုတ်တုတ်မလှုပ်ချေ။

တကယ်တမ်း၌ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့မှာ အချို့ နိုင်ငံတကာဘရန်းများနှင့် ကြော်ငြာသဘောတူညီချက်များ အပါအဝင် အမျိုးမျိုးသော အရင်းအမြစ်များ ရရှိနေသည့် သင်တန်းသားများအားကြည့်ကာ အနည်းငယ်မနာလိုဖြစ်မိသည်။

သို့သော် ဒေါသပင်လယ်နှင့် ပတ်သက်သည့် သဘောတူစာချုပ်အကြောင်း ကြားပြီးနောက် မကောင်းသည့်အတွေးအမြင်များအားလုံး ပျောက်ကွယ်သွားသည်။

ကြော်ငြာလောက်နဲ့ ဘာလုပ်ရမှာလဲ..

ဒေါသပင်လယ်က တောင်တန်းနဲ့မြစ်များအလွန်ရဲ့ ပရိုမိုသီချင်း ဖြစ်လာတော့မှာကွ..

အရင်းအမြစ်များအား ကြွားဝါနေကြသည့် သင်တန်းသားများမှာ အကြောင်သားလေး ဖြစ်နေကြသည်။
သောက်ကျိုးနည်း.. ကျေနပ်ဖို့ကောင်းတယ်လို့ မခံစားမိတော့ဘူးနော်..

တစ်ချိန်တည်းမှာပင် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့၏ အေးဆေးတည်ငြိမ်သော အပြုအမူများမှာ ပရိသတ်များ၏ မျက်လုံးထဲ၌မူ အခြားအဓိပ္ပါယ်တစ်မျိုးအဖြစ် မြင်ကြသည်။

[ဘာတွေဖြစ်နေတာလဲ.. ရေပန်းစားမှုအဆင့်နိမ့်တဲ့ သင်တန်းသားတွေတောင် အရင်းအမြစ်တွေ ရနေကြတာ.. ငါတို့လူတွေဆီက ဘာသတင်းမှမကြားတာ မဖြစ်သင့်ဘူးနော်..]

[ငါကတော့ ဒေါသထွက်ပြီး သေတော့မှာပဲ.. ငါ့လူတွေက အရင်းအမြစ် တစ်ခုလေးတောင် မရလို့ တခြားလူတွေက ရိသလို ထေ့သလို လုပ်နေကြတာလေ.. သူတို့ရဲ့ ရေပန်းစားမှုက အတုအယောင်လို့တောင် ပြောနေကြသေးတယ်..]

[သူတို့က ကုမ္ပဏီသေးသေးလေးနဲ့ လက်မှတ်ထိုးထားကြတာတဲ့.. ကုမ္ပဏီက အရည်အချင်းမရှိဘူးနေမှာပေါ့..]

[ကြော်ငြာကမ်းလှမ်းချက်တွေကတော့ အများကြီးပဲရတယ်ဆိုပြီး ကောလာဟလတွေကတော့ ပြောတာပဲ.. ဒါပေမဲ့ လဲ့ရှစ်ရဲ့ ကိုယ်စားလှယ်က အရမ်းပဲ မောက်မာပြီး အားလုံးကို ငြင်းပစ်လိုက်တာတဲ့.. XX လိုမျိုး ဘရန်းကိုတောင် လက်မခံဘူးတဲ့လေ..]

[ဝှက်သယ်ဖတ်.. XX က နိုင်ငံတကာဘရန်းလေ.. တကယ်ကြီးလား.. ကုမ္ပဏီက ဦးနှောက်သေနေတာတော့ မဟုတ်ဘူးမလား..]

[ကုမ္ပဏီသေးသေးလေးတွေက အရမ်းကြီး ကျွင်းကျင်မှုရှိမှာ မဟုတ်ဘူးဆိုတာကိုတော့ လက်ခံတယ်ဟာ.. ဒါပေမဲ့ လူသစ်တွေအတွက်ဆို ရှားပါးအခွင့်အရေးလို့ ပြောရမယ် မဟုတ်ဘူးလား.. ဘာမှမလုပ်တတ်ဘူးဆိုရင်တောင် ရှန့်ပေါင်ပေ့နဲ့ အစ်ကိုရှင်းရဲ့ လမ်းကို ပိတ်မထားနဲ့လို့..]

[အဲဒီကုမ္ပဏီကတော့ မျှော်လင့်ချက်မရှိတော့ဘူး.. ရိုးရိုးသားသား ပြောရရင် သူတို့က 10086 နဲ့ အတူရှိသင့်တယ်.. အနည်းဆုံးတော့ 10086 က သူတို့ကို ဂရုစိုက်ပေးတယ်လေ..]

[အကြံကောင်းပဲ..]

[ဘောစ့် 10086 ဆီသွားပြီး ရှန့်ပေါင်ပေ့နဲ့ အစ်ကိုရှင်းကို စာချုပ်ချုပ်ပါလို့ တောင်းဆိုရမယ်..]

*

ကောလာဟလများ အလျင်အမြန် ပျံ့နှံ့လာပြီး နောက်တစ်ဆင့်အတွက် အဆင့်များ ထွက်ပေါ်ချိန်တွင် မုန့်ယွမ်ရှန့်၏ ရေပန်းစားမှုမှာ ထိပ်ဆုံးနေရာ၌ ရှိနေသည်ဆိုရုံသာဖြစ်သည်။ မုန့်ယွမ်ရှန့်နှင့် ဒုတိယနေရာရှိ သင်တန်းသားမှာ အမှတ်အနည်းငယ်သာ ကွာဟပြီး ချန်ရှင်းက တတိယနေရာသို့ ဆင်းသွားကာ ဒုတိယနေရာသို့ အဆင့်တက်လာသူမှာ ယွမ်ယဲ့ဖြစ်သည်။

အဆင့်သတ်မှတ်ချက် ထွက်ပေါ်လာပြီးနောက် ချန်ရှင်း မကျေမနပ်ဖြစ်မိသည်။

သို့သော် ပြိုင်ပွဲအလယ်သို့ ရောက်ရှိလာပြီဖြစ်သောကြောင့် အခြားပြိုင်ပွဲဝင်သင်တန်းသားများ၏ ပရိသတ်များသည်လည်း အားစိုက်ထုတ်မှုများ ရှိလာကြပြီဖြစ်ကြောင်း နားလည်သိရှိထားသည်။ ယခင်အကျော့၌ ယွမ်ယဲ့၏ တင်ဆက်မှုမှာ အမှန်တကယ်ကို အထင်ကြီးဖွယ်ကောင်းပြီး ဒုတိယနေရာနှင့် ထိုက်တန်သည်။

ခေတ္တမျှဝမ်းနည်းပြီးနောက် ထိုခံစားချက်များအား ပယ်ဖျောက်ကာ မုန့်ယွမ်ရှန့်၏ တိုက်ရိုက်ထုတ်လွှင့်မှုသို့ ဝင်ရောက်လိုက်သည်။

သို့သော် တိုက်ရိုက်ထုတ်လွှင့်ခန်း၌ မြင်တွေ့လိုက်ရသည့် မှတ်ချက်များကြောင့် ချန်ရှင်း ကြောင်အသွားလေသည်။

ပရိသတ်များမှာ စိတ်ဆိုးဒေါသထွက်နေပြီး ဖန်သားပြင်၌ နှစ်ဦးသား ခံစားနေရသည့် “မတရားဆက်ဆံမှု” ကြောင့် စာနာသနားသည့်အကြောင်းများ ပြောနေခြင်းဖြစ်ကာ လဲ့ရှစ်အင်တာတိန်းမန့်မှ ထွက်ခွာရန် တိုက်တွန်းကြသည်။

ချန်ရှင်းက ကြောင်အနေသောကြောင့် ထစ်ထစ်ငေါ့ငေါ့နှင့် ပြောသည်။
“မဟုတ်.. မဟုတ်ပါဘူး.. ကုမ္ပဏီက မတရားမလုပ်ပါဘူး..”

ရေပန်းစားမှုအဆင့် ကျဆင်းရခြင်းမှာ သူ၏ ဖျော်ဖြေတင်ဆက်မှုကြောင့်ဖြစ်ပြီး ကုမ္ပဏီ သို့မဟုတ် ဥက္ကဌကု၏အမှား မဟုတ်ပေ။

မုန့်ယွမ်ရှန့်သည်လည်း ဝင်ရောက်ဖြေရှင်းပေးသည်။
“ဥက္ကဌကုက ကျွန်တော်တို့အပေါ် တကယ်ကောင်းပေးတာပါ.. သူ့ကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့က [Boy Group Training Camp] ကို ရောက်လာနိုင်မှာတောင် မဟုတ်ပါဘူး.. ဥက္ကဌကုက ကျွန်တော်တို့အတွက် အများကြီး လုပ်ပေးခဲ့ပါတယ်..”

လျှို့ဝှက်သဘောတူညီချက်ကြောင့်သာ မဟုတ်ခဲ့လျှင် ဥက္ကဌကုသည် “တောင်တန်းနှင့်မြစ်များအလွန်” အတွက် ပရိုမိုသီချင်း သီဆိုခွင့်ရရှိအောင် ကြိုးစားပေးခဲ့သည့်အကြောင်း ပြောပြလိုက်မည်ပင်။ မတရားဆက်ဆံခံရသည်ဟု သေးသေးလေးပင် မခံစားမိချေ။ 

သို့သော်..

ပရိသတ် : [ အိုး.. ရှန့်ပေါင်ပေ့နဲ့ အစ်ကိုရှင်းက ခြိမ်းခြောက်ခံထားရတာလား.. သနားစရာကောင်လေးတွေ..]

ပရိသတ် : [ကုမ္ပဏီငယ်လေးတွေရဲ့ စာချုပ်ဖျက်သိမ်းကြေးက မိုးလောက်မြင့်တယ်တဲ့.. သူတို့ရဲ့ အနုပညာရှင်ကို ကောင်းကောင်းမစီမံနိုင်တဲ့အပြင် စည်းကမ်းချက်တွေလည်း အများကြီးလို့ကြားတယ်.. စာချုပ်ချိုးဖောက်တာနဲ့ စာချုပ်ဖျက်သိမ်းကြေး မပေးမချင်း အနုပညာရှင်ကို သူတို့မလုပ်ချင်တာတွေလုပ်ဖို့ ဖိအားပေးကြတာတဲ့.. အနုပညာရှင်ဆီကနေ ချူးတစ်ပြားမကျန်အောင် ညှစ်ထုတ်ပြီးမှ ရပ်ကြတယ်တဲ့..]

မုန့်ယွမ်ရှန့် : “အဲဒီလို မဟုတ်ပါဘူး.. ကျွန်တော်နဲ့ ချန်ရှင်းရဲ့ စာချုပ်က အရမ်းပဲ အဆင်ပြေသင့်တော်ပြီး လူကြီးမင်းတို့ထင်နေသလို မဟုတ်ပါဘူး..”

ပရိသတ် : [ဘာမှထပ်ပြောမနေနဲ့တော့.. ရှန့်ပေါင်ပေ့တို့မှာ ရွေးချယ်စရာမရှိဘူးဆိုတာ ငါတို့သိပြီးသား.. နားလည်ပါတယ်..]

ပရိသတ် : [စာချုပ်နဲ့ ချုပ်နှောင်ခံထားရတာဆိုရင် မျက်တောင်ခတ်ပြ..]

ချန်ရှင်း : “... စာချုပ်နဲ့ ချုပ်နှောင်ခံထားရတာတော့ မဟုတ်ပါဘူး.. ဟ..  á€€á€ťá€˝á€”်တ္ဏ် မျက်တောင်ခတ်တဲ့ အကြိမ်ကို လိုက်တွက်မနေနဲ့လေ.. မျက်တောင်ခတ်တယ်ဆိုတာ လူတစ်ယောက်ရဲ့ သဘာဝဖြစ်စဉ်ပဲကွ.. လျှို့ဝှက်အချက်ပြနည်း မဟုတ်ဘူးလို့..”

ပရိသတ် : [လျှို့ဝှက်အချက်ပြနည်းတဲ့ဟေ့.. ဟုတ်ပြီ.. လျှို့ဝှက်စကားလုံးတွေ ရှိလား..]

ပရိသတ် : [ပထမသီချင်းက xxx.. ဒုတိယသီချင်းက xxxx.. အစစာလုံးလေးတွေကို ပြန်စီမယ်..]

မုန့်ယွမ်ရှန့်နှင့်ချန်ရှင်း : “!!!”

တောင်းပန်ပါတယ်.. အဲဒီ ရူးသွပ်နေတဲ့ သီအိုရီတွေ ထုတ်နေတာကို ရပ်ကြပါတော့..

တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးပြီးနောက် နှစ်ဦးစလုံး ခြေကုန်လက်ပန်းကျသွားကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှုပြီးသည်နှင့် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့က ကုရှင်းရှစ်အား ရှာကြ၏။

လက်ထောက်တစ်ဦးအဖြစ် အတွေ့အကြုံရှိခဲ့ဖူးသောကြောင့် မုန့်ယွမ်ရှန့်က ပရိသတ်များ၏ ပုံမှန်မဟုတ်သော အပြုအမူအား အလျင်အမြန် သတိထားမိလိုက်သည်။

“ဥက္ကဌကု.. တစ်ယောက်ယောက်က နောက်ကွယ်ကနေ ရှုပ်ထွေးအောင် မွှေဖို့ကြိုးစားနေတယ်လို့ ထင်တယ်..”

ကုရှင်းရှစ်က အံ့ဩပုံမရှိချေ။

တိုက်ရိုက်ထုတ်လွှင့်နေစဉ် ပရိသတ်များ၏ မှတ်ချက်အား မြင်တွေ့ထားပြီးဖြစ်သည်။ အစောပိုင်း၌ မကောင်းသောမှတ်ချက်များမှာ သူ့ထံသို့ ဦးတည်နေသောကြောင့် ဒေါသဖြစ်သလို မှားယွင်းပြောဆိုခံရသည်ဟု ခံစားရသည်။ သို့သော် မှတ်ချက်များမှာ ပိုမိုယုတ္တိတန်လာသောကြောင့် စိတ်ဆိုးနေရန် မလိုအပ်တော့ကြောင်း သိလိုက်သည်။

အထူးသဖြင့် ပရိသတ်များက ဘော့စ် 10086 အား ကြားဝင်ကာ မုန့်ယွမ်ရှန့်တို့နှင့် စာချုပ်ချုပ်ပြီး လဲ့ရှစ်အင်တာတိန်းမန့်နှင့် ကိုယ်စားလှယ်အား ဖိနှိပ်ရန် အကြံပေးလာချိန်၌ မရယ်ဘဲ မနေနိုင်တော့ချေ။

ဘာတွေလဲ.. ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးရမှာလား..

ကုရှင်းရှစ် တည်ငြိမ်သွားချိန်၌ ရေဆိုးများလောင်းနေပုံရသည့် မှတ်ချက်အချို့အား သတိပြုမိလိုက်သည်။

မှတ်ချက်အချို့မှာ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့အား သူတို့၏ အနုပညာရှင်များအား ပိုမိုကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်သော အခြားအင်တာတိန်းမန့်များသို့ ပြောင်းရန် တွန်းအားပေးနေပုံပေါ်သည်။

စနစ်မှ ရှင်းပြသည်။
[ဒီကိစ္စနောက်ကွယ်မှာ ရှိနေတဲ့သူတွေ အများကြီးပဲ.. အင်တာတိန်းမန့်တွေလည်း ပါတယ်.. သူတို့မှာက အရင်းအမြစ်တွေများပေမဲ့ အရည်အချင်းရှိတဲ့ အနုပညာရှင် မရှိကြဘူး.. ဒါ‌ကြောင့် မုန့်ယွမ်ရှန့်နဲ့ ချန်ရှင်းကို မျက်စိကျနေကြတာ.. ဒီကိစ္စကို အခွင့်ကောင်းယူပြီး မင်းနဲ့ သူတို့ကြား သွေးခွဲဖို့ ကြံနေတာ..]

[ငါတို့ကို သွေးခွဲမလို့ ဟုတ်လား.. ရိုးရှင်းပြီး ဆန်းသစ်မှုမရှိတဲ့ ဗျူဟာလောက်နဲ့.. ဟက်..]

[တချို့ကုမ္ပဏီတွေကကျတော့ အခြေအနေကို လောင်စာထည့်နေကြတာ.. မင်း ငြင်းခဲ့တဲ့ ဘရန်းတချို့တောင် ဒီထဲပါသေး..]

ကုရှင်းရှစ် : [...]

သို့သော် ထိုသူများ၏ ဇာတ်ကွက်ထဲ၌ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့အတွက် အမှန်တကယ် စိုးရိမ်နေကြသော သစ္စာရှိပရိသတ်အချို့လည်း ပါဝင်သည်။ ထိုသူများအား မမေ့ချေ။

မူလက မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့အား ကြော်ငြာကမ်းလှမ်းချက်များနှင့် ပတ်သက်၍ ကြီးကြီးမားမား မဟုတ်သောကြောင့် သူတို့၏ လေ့ကျင့်ချိန်နှင့် အနားယူချိန်များအား မထိခိုက်စေရန် အကြမ်းဖျဉ်းသာရှင်းပြရန် စီစဉ်ထားခြင်းဖြစ်သည်။

သို့သော် ယခုအခါ ထိုဘရန်းများအား မည်သည်ကြောင့် ပယ်ချခဲ့ခြင်းဖြစ်ကြောင်း သေသေချာချာလေး အချိန်ယူကာ ရှင်းပြရန် ဆုံးဖြတ်လိုက်သည်။

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့က ထိုအတွင်းသတင်းများအား ကုရှင်းရှစ် မည်သို့သိရှိကြောင်း မသိကြသော်ငြား သူတို့အတွက် မည်မျှအားစိုက်ထုတ်မှုပြုထားကြောင်း မြင်နိုင်သည်။

နှစ်ဦးလုံးက အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။ 
“ကျွန်တော်တို့က ဥက္ကဌကုကို လုံးဝယုံကြည်ပါတယ်.. ဆုံးဖြတ်ချက်သာ ချပေးပါ.. ကျွန်တော်တို့က ဥက္ကဌနောက်က ထပ်ကြပ်မကွာ လိုက်ပါ့မယ်..”

မူလက ကုရှင်းရှစ် ပိုမိုရှင်းပြလိုသည်များ ရှိသော်ငြား မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့၏ ယုံကြည်ပေးမှုကြောင့် အခြားမည်သည့်စကားမျှ ထပ်ပြောရန် မလိုတော့ကြောင်း ခံစားမိစေသည်။

“မစိုးရိမ်ပါနဲ့.. ငါဖြေရှင်းလိုက်ပါ့မယ်..”

*

ကျိုးဟန်မှာ ရှင်းမောင်မီဒီယာ လက်အောက်ရှိ ရှင်းမောင်အင်တာတိန်းမန့်တွင် အလုပ်လုပ်သော အရည်အချင်းရှိ မန်နေဂျာတစ်ဦးဖြစ်ပြီး idol စီမံရေးအပိုင်း၌ အဓိကတာဝန်ရှိသူဖြစ်သည်။

သို့သော် ၂ နှစ်၊ ၃ နှစ်မျှ လည်ပတ်ပြီးနောက် ကုမ္ပဏီရှိ အနုပညာရှင်များမှာ သာမန်မျှသာဖြစ်ပြီး အရည်အချင်းပြရှိုးများ၌ အိမ်ဖြည့်သဘောမျိုးသာ ပါဝင်ကြရသောကြောင့် ကျိုးဟန်အား စိတ်ဖိစီးမှု တိုးစေသည်။

အလားအလာကောင်းသည့် ပါရမီရှင်တစ်ဦးအား ရှာတွေ့ရန်မှာ မလွယ်ကူသောကြောင့် ကျိုးဟန်သည် အခြားအင်တာတိန်းမန့်များမှ အနုပညာရှင်များအား လုယူရန် ကြံစည်သည်။

ဤတစ်ကြိမ်တွင် [Boy Group Training Camp] မှ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့နှစ်ဦးအား မျက်စိကျသွားမိသည်။ အထူးသဖြင့် မုန့်ယွမ်ရှန့်ကို ဖြစ်သည်။

အဆိုအက ထူးချွန်၍ ကြည့်ကောင်းသောရုပ်ရည်ရှိကာ အပိုဆောင်းအနေနှင့် သီချင်းရေးစပ်ရာ၌ ကျွမ်းကျင်သောကြောင့် ထိုကဲ့သို့သော လူမျိုးအား မလိုချင်သည့် မန်နေဂျာဟူ၍ မရှိချေ။

မုန့်ယွမ်ရှန့်က လတ်တလော၌ ကုမ္ပဏီငယ်လေးတစ်ခုနှင့် စာချုပ်ချုပ်ဆိုထားသည်။ ကျိုးဟန်သည်လည်း ထိုကဲ့သို့ သင်တန်းသားများအား လုယူရာ၌ လွန်စွာကျွမ်းကျင်သောသူ ဖြစ်သည်။

သို့သော် အံ့ဩရသည်မှာ သူ့နည်းလမ်းများက မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့အပေါ်၌ အလုပ်မဖြစ်ပေ။

ကနဦး၌ ထိုနှစ်ဦးမှာ ရှင်းမောင်၏ အင်အားကို သတိမပြုမိသောကြောင့်ဟု ကျိုးဟန်ယူဆခဲ့သည်။ ထို့ကြောင့် သူတို့၏ မိခင်ကုမ္ပဏီဖြစ်သော ရှင်းမောင်မီဒီယာအား ဖော်ထုတ်ပြောသည့်တိုင်အောင် အနည်းငယ်မျှပင် စိတ်ဝင်စားသည့်ပုံ မပေါ်ချေ။

ထိုနှစ်ဦးမှာ သူတို့၏ ဈေးကွက်တန်ဖိုးအား မြှင့်တင်ရန် ကြိုးစားနေခြင်းဖြစ်မည်ဟု တွေးမိသောကြောင့် အကြိမ်ပေါင်းများစွာ ဆက်သွယ်ခဲ့သည့်တိုင်အောင် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းသည် အဆိုပါ ကုမ္ပဏီငယ်လေးထံမှ အမှန်တကယ် ထွက်ခွာလိုစိတ်မရှိကြောင်း သဘောပေါက်လိုက်မိသည်။

ကျိုးဟန် ဆွံ့အသွား၏။
ကုမ္ပဏီလေ.. မိဘမဟုတ်ဘူးကွ.. ဘာကိစ္စနဲ့ အရမ်းတွေ သစ္စာရှိနေတာတုန်း..

တိုက်ရိုက်ချဉ်းကပ်နည်းမှာ အလုပ်မဖြစ်သောကြောင့် လက်မလျှော့ဘဲ အခြားအစီအစဉ်တစ်ခုဖြင့် အစားထိုးရန် ကြံသည်။

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်း၏ ပရိသတ်အဖွဲ့အတွင်းသို့ ဝင်ရောက်ကာ အမာခံပရိသတ်တစ်ဦးအဖြစ် ပြုမူပြီး လဲ့ရှစ်အင်တာတိန်းမန့်၏ မကောင်းကြောင်းများအား စတင်ဖြန့်ဝေသည်။

သို့သော် ချက်ချင်းဆိုသလို သူ၏ ငါးစာမှာ ပြိုင်ဘက်အချို့အား ဆွဲဆောင်မိသွားသည်။

ကျိုးဟန် : “...”

ပြိုင်ဘက်များ : “...”

ကံမကောင်းစွာပင် လူတိုင်း၏ စီးပွားရေးဗျူဟာများမှာ အလွန်တည့်တိုးဆန်းကာ ရိုးစင်းကြသည်။

သို့သော် ယခုအချိန်မှာ ထိုအကြောင်းအား ပြောနေရမည့်အချိန် မဟုတ်ချေ။ မုန့်ယွမ်ရှန့်၊ ချန်ရှင်းနှင့် လဲ့ရှစ်အင်တာတိန်းမန့်အကြားရှိ ဆက်ဆံရေးအား ပျက်စီးစေရန်မှာ ဦးစားပေးဖြစ်သည်။


 

Search Novels