အမြောက်စာ ချွေးမအဖြစ် ကူးပြောင်းခြင်း
မိတ်ဆက်
လျန်ဟွမ်းသည် ကမ္ဘာများစွာတွင် တာဝန်ထမ်းဆောင်ခဲ့သော hostတစ်ယောက်ဖြစ်၏။ သူမသည် စနစ်တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီး ကမ္ဘာအစစ်သို့ ပြန်တော့မည့်အချိန်၌ စနစ်က အမှားတစ်ခု ပြုလုပ်ခဲ့၏။ သူမသည် စာအုပ်တစ်အုပ်ထဲ ကူးပြောင်းသွားပြီး ၁၉၇၀ခုနစ်၌ အမြောက်စာ ချွေးမတစ်ယောက် ဖြစ်လာခဲ့သည်။ ထိုချွေးမလေးသည် စာအုပ်၏ ပထမအခန်းတွင် သေဆုံးသွားခဲ့သည်။ သူမ မင်္ဂလာဆောင်သည့်နေ့၌ သူမနှင့် သူမ၏ အမြောက်စာ ခင်ပွန်းတို့သည် ပြိုသွားသော အိမ်အောက်တွင် ပိသေသွားတော့၏။
လျန်ဟွမ်းသည် အိမ်ပိသေရမည့် ချွေးမလေးအဖြစ် ကူးပြောင်းလာပြီး လူတိုင်းက သူမအတွက် ကရုဏာသက်ခဲ့သည်။ သူမသည် လက်ကြောမတင်းသော ခင်ပွန်းကို လက်ထပ်ခဲ့ပြီး အော့ကြောလန် ယောက္ခမနှင့် ယောက်မတို့၏ မောင်းထုတ်ခြင်း ခံခဲ့ရသည်။ ပြီးနောက် သူတို့သည် စားစရာ သောက်စရာ မရှိဘဲ အစာလွန်ပြီး သေသွားရလိမ့်မည်။
လျန်ဟွမ်း။ ။ အဆာလွန်ပြီး သေတယ်ဆိုတာ မရှိဘူး။ လက်ထဲမှာ သိုလှောင်နယ်မြေနဲ့ဆို စားကောင်းသောက်ဖွယ်တွေ ရှိတယ်။
ကမ္ဘာပျက်ကပ်၏ အဆုံးမှ လာသောသူ။ ဇနီးရယ် ကိုယ်ရယ်။
လျန်ဟွမ်းသည် ထိုလူကို ပြန်ကြည့်လိုက်၏။ သူ့၌ ချောမောခံ့ညားသော မျက်နှာနှင့် ပေါင်မုန့်၈ခုရှိပြီး သူမကို လက်တစ်ဖက်တည်းဖြင့် ပွေ့ချီနိုင်ကာ ရံဖန်ရံခါတွင် အသားတခို့ သယ်လာနိုင်၏။ ဤလူက ကြည့်ကောင်းပြီး ကြီးမားသော ခွန်အားရှိသည်။ သူတို့၂ယောက်က လင်မယားဖြစ်နိုင်သည်။ သူက သူမ၏ ခင်ပွန်းဖြစ်လာနိုင်၏။
တစ်ခွန်းတည်း မိတ်ဆက်ပေးမယ်။ ။ ၇၀ခုနစ်ဝန်းကျင်က စုံတွဲရဲ့ နေ့စဥ်ဘဝမှာ စီးပွားရှာပြီး ကလေးတွေကို ပျိုးထောင်တာပဲ။
သဘောတရား= ဘဝမှာ အလုပ်ပိုကြိုးစားလေ ပိုပျော်ရွှင်ရလေပဲ။
T/N = slow living , slice of life စစ်စစ်ပါ
...
01 Nov, 2026
01 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026