စာညွှန်း
ကမ္ဘာပျက်ကပ်အတွင်းမှ ဖုတ်ကောင်ဘုရင်မလေးဖြစ်သော ရှီရှောင်ကျိုးတစ်ယောက် တစ်နေ့မျက်လုံးဖွင့်ကြည့်လိုက်ရာ မိမိကိုယ်ကိုထောင်ယွမ်ကျေးရွာ၏ရွာသူကြီးအဖြစ်ရောက်ရှိနေကြောင်း မမျှော်လင့်ဘဲသိလိုက်ရလေသည်။ သူမစိတ်ထဲတွင်မူ အရည်အချင်းရှိသောရွာသူကြီးတစ်ဦးဖြစ်လာစေရန် အစဉ်အမြဲစောင့်ကြည့်ပေးနေသည့် စနစ်တစ်ခုလဲရှိနေသေး၏။ ရှောင်ကျိုးမှာဆုလာဘ်အဖြစ်အမှတ်များရရှိရန် ပေးအပ်ထားသည့်တာဝန်များကို ကြိုးပမ်းထမ်းဆောင်ရပေမည်။
သို့သော် တစ်နေ့၌ရန်သူ့စစ်တပ်များ ကျူးကျော်တိုက်ခိုက်လာသဖြင့် အေးချမ်းလှသောကျေးရွာလေးမှာ ပျက်စီးခြင်းသို့ ရောက်ရှိသွားခဲ့ရလေသည်။
ထိုအခါမှာတော့ရှောင်ကျိုးတစ်ယောက် အကြီးအကျယ်ဒေါသထွက်သွားပါတော့၏။
"လူကြီးလူကောင်းဆိုတာ ကလဲ့စားချေဖို့ ဆယ်နှစ်စောင့်လည်းမနှောင့်နှေးဘူးဆိုတာတွေက အပိုတွေပဲ၊ငါကတော့ မနက်ကနေ ညအထိမနားတမ်း ကလဲ့စားချေပြမယ်"
"အကြမ်းဖက်မှုနဲ့တင်အရာရာတိုင်းကိုဖြေရှင်းလို့ရနေတာပဲလေ၊ဘာလို့ကျိုးကြောင်းဆီလျော်မှုတွေအကြောင်း ပြောနေဦးမှာလဲ"
ထိုအချိန်မှစ၍ သူမသည်ရွာသားများကို ဦးဆောင်ကာ လုယက်တိုက်ခိုက်ခြင်းလမ်းစဉ်သို့ လှည့်ဖျားခေါ်ဆောင်သွားခဲ့ပါတော့သည်။
စနစ် : "ကျေးဇူးပြုပြီး အရည်အချင်းရှိတဲ့ ရွာသူကြီးတစ်ယောက်ဖြစ်အောင် ကြိုးစားပါ"
ရှောင်ကျိုး : "ဘာမှားလို့လဲ၊ရွာသားတွေအနေနဲ့ ဝဝလင်လင်စားရတယ်၊ဝတ်ကောင်းစားလှတွေလဲဝတ်ရတယ်၊စာပေနဲ့ကိုယ်ခံပညာဘက်မှာပါ ကျွမ်းကျင်နေကြပြီပဲလေ"
စနစ် : "ဘာတွေများမှန်နေလို့လဲ၊ငါက မင်းကို ရွာသားတွေချမ်းသာကြွယ်ဝလာအောင် လမ်းပြပေးနိုင်မယ့် အရည်အချင်းရှိတဲ့ရွာသူကြီးဖြစ်စေချင်တာလေ၊လုယက်ဖို့လမ်းပြခိုင်းနေတာ မဟုတ်ဘူး"
ရှောင်ကျိုး : "ငါကမခိုးပါဘူးနော် လျှောက်ပြောမနေနဲ့၊ဒါတွေကအခြားလူတွေငါတို့ဆီကို စေတနာအလျောက်နဲ့လာပေးကြတာ"
တစ်နေ့သောအခါတွင်တော့ သူမ၏မူလအချက်အလက်အစစ်အမှန်မှာ ပေါ်ထွက်လာခဲ့ပေသည်။ ရှောင်ကျိုးတစ်ယောက် နန်းမြို့တော်အတွင်းရှိ အသုံးမကျသောသူများအားကြည့်ကာ ဤသို့ပြောလိုက်၏။
"ငါတို့အားလုံးက ဧကရာဇ်ရဲ့အနွယ်တော်တွေပဲလေ၊မင်းသားတွေတောင် ထီးနန်းလုနိုင်ရင် ငါတို့ကရောဘာလို့ မလုနိုင်ရမှာလဲ"
ရှောင်ကျိုး : "စနစ်......ရွာသူကြီးဖြစ်ဖို့ဆိုတာက အမြင်ကျဥ်းလွန်းတယ်၊ငါဘုရင်မပဲ လုပ်တော့မယ်"
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026
31 Oct, 2026