31


လီချန် ခြံဝင်းထဲတွင် သူ၏ အပေါင်းအပါများနှင့်အတူ သောက်စားပျော်ပါးနေစဉ် အစေခံတစ်ယောက်မှ ရှန်ကျစ်ယွမ်နှင့် ဝမ်မိသားစု၏ သခင်လေးတို့ ရောက်ရှိနေကြောင်း လာရောက် သတင်းပို့လေသည်။


သူ ထိုနှစ်ယောက်လုံးနှင့် မည်သည့် အဆက်အသွယ်မှ မရှိခဲ့ဖူးရာ ဇဝေဇဝါ ဖြစ်သွား၏။ ယခုကဲ့သို့ အချိန်မတော်ကြီး၌ အဘယ်ကြောင့် သူ့ကို လာရှာရသနည်းဟု သူ တွေးတောနေမိသည်။ သူက ရှန်ကျစ်ယွမ်၏ ဝမ်းကွဲအစ်မနှင့် စေ့စပ်ထားပြီးပြီဖြစ်ရာ၊ သူ သာမန် မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲလာသည့် ကိစ္စမှာ ပေါက်ကြားသွားခြင်း‌လော။


သူ သူ၏ဝတ်ရုံကို သပ်ရပ်အောင် ပြင်ဝတ်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင်ထားကာ သူ၏ မူလပုံစံဖြစ်သော နူးညံ့သိမ်မွေ့သည့် အပြုံးကို တပ်ဆင်လျက် ဧည့်ခန်းမဆောင်ဆီသို့ လျှောက်သွားလိုက်သည်။ 


သူ အခန်းထဲသို့ ဝင်ဝင်ချင်းမှာပင် ထိုနှစ်ယောက်မှာ မျက်နှာချင်းဆိုင် ထိုင်နေကြပြီး လေထုက တင်းမာနေသည်ကို တွေ့လိုက်ရ၏။


"အို၊ ဝမ်းကွဲညီမလေး၊ ဘယ်လေတိုက်လို့ ဒီရောက်လာတာလဲ၊ ပြီးတော့ သခင်လေးဝမ်ကရော လီအိမ်တော်ကို ဘယ်လိုကိစ္စများ ရှိလို့ပါလဲ" 


လီချန်မှ လေထုကို ပြေလျော့စေရန် ဟန်ဆောင်ကာ နွေးထွေးမှုဖြင့် နှုတ်ဆက်လိုက်သည်။


"ကျုပ်ဆီကို ဘာကိစ္စများ ရှိလို့ လာရှာကြတာလဲ"


ရှန်ကျစ်ယွမ်မှ ဖက်တီးလေးကို လက်ညှိုးထိုးပြလိုက်သည်။


"သူက ရှင့်ဆီ ကိစ္စရှိလို့တဲ့"


ဖက်တီးလေးမှာ ဒေါသထွက်သွားပြီး ရှန်ကျစ်ယွမ်ကို မျက်စောင်းထိုးလိုက်သည်။ သူမက ဆင်ခြေရှာမရ၍ သူ့ကို ရှေ့သို့ တွန်းထုတ်လိုက်ခြင်းပင်။ 

သူ လီချန်ကို အတင်းပြုံးပြလိုက်ပြီး ပြောလိုက်၏။


"အစ်ကိုလီ မကြာသေးခင်က မြင်းပုလေး တစ်ကောင် ဝယ်ထားတယ်လို့ ကြားတယ်၊ ခင်ဗျား ဘယ်လောက်ပေးခဲ့ရပေးခဲ့ရ၊ အဲ့ဒီထက် ပိုပေးမယ်၊ ဈေးသာခေါ်လိုက်၊ ကျွန်တော့်မှာ ပိုက်ဆံရှိတယ်"


"ဒါလေးအတွက် လာတာလား" 


လီချန် စိတ်ပျက်လက်ပျက်ဖြင့် ရယ်လုမတတ် ဖြစ်သွားသည်။


သူက အရေးကြီးကိစ္စအတွက် လာကြသည်ဟု ထင်နေခဲ့ခြင်းပင်။ 


ဤဖက်တီးကောင်မှာ သူ့ပိုက်ဆံအား ကြွားဝါပြီး သူ့ကို လာလှောင်ရန်အတွက် ညကြီးမိုးချုပ် လာခြင်း ဖြစ်ရပေမည်။ 


လီမိသားစုမှာ သိပ်ချမ်းသာလှသည် မဟုတ်ပေ။ ထိုမြင်းပုလေးကို ပိုက်ဆံအများကြီးပေး၍ ဝယ်ခဲ့ရာ လီချန် သူ့အဖေထံမှ အကြီးအကျယ် အဆူခံထားရလေသည်။


"အင်း"


 á€”á€žá€…á€şá€šá€ąá€Źá€€á€şá€œá€Żá€śá€¸á€€ ခိုင်မာစွာ ခေါင်းညိတ်ပြလိုက်ကြ၏။

လီချန် ရှန်ကျစ်ယွမ်ကို မေးလိုက်သည်။


"သူက မြင်းလိုချင်လို့တဲ့၊ သခင်မလေးရှန်ကရော"


ရှန်ကျစ်ယွမ်မှ မျက်တောင်တစ်ချက်မခတ်ဘဲ ပြန်ဖြေသည်။


"ငါက မြင်းပုလေး ဘယ်လိုပုံစံလဲ လာကြည့်တာ"


လီချန်က မှောင်မိုက်နေသော ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ပြီး မတတ်နိုင်သကဲ့သို့ ပြောလိုက်သည်။


"ညဉ့်နက်နေပြီ၊ မြင်းပုလေးက ခြံထဲမှာ၊ မနက်ဖြန်ကျမှ သခင်လေးဝမ်ရဲ့ အိမ်ကို သွားပို့ပေးမယ်ဆို ဘယ်လိုလဲ"


သူတို့နှစ်ယောက် ပြိုင်တူ ခေါင်းခါလိုက်ကြသည်။


"ငါတို့ အခု ကြည့်ချင်တာ"


လီချန်၏ နားထင်ကြောများ ဒေါသကြောင့် တဒိတ်ဒိတ် ခုန်လာရသည်။ 


သူတို့သာ သာမန် ကုန်သည်များဆိုလျှင် သူ ဤဖက်တီးကို အပြင်ဆွဲထုတ်ပစ်လိုက်မည်မှာ ကြာပြီ ဖြစ်သည်။ သို့သော် သူ မည်သည်အား လုပ်နိုင်မည်နည်း။ ထိုကောင်လေး၏ အဒေါ်မှာ မြို့တော်မှ အဆင့်လေး အရာရှိ၏ သားနှင့် လက်ထပ်ထားခြင်းပင်။ ကောလာဟလများအရ သူမက ချင်းယွင်မြို့အား အလည်လာနေဆဲဟု သိရသည်။

လီချန် စိတ်ရှည်လက်ရှည်ဖြင့် ပြောလေသည်။

"ဒီအချိန်ဆို မြင်းပုလေး အိပ်နေလောက်ပြီ၊ မနက်ဖြန် မနက်စောစော သခင်လေးအိမ်ကို ပို့ပေးပါ့မယ်"


ဖက်တီးလေး ကန့်ကွက်ရန် ပါးစပ်ဟလိုက်စဉ်မှာပင် အနောက်ဘက်ခြံဝင်းမှ ဆူညံသံများ ထွက်ပေါ်လာ၏။ ရှောင်ကျိုးနှင့် အခြားသူများသည် ကြိုးတုပ်ခံထားရသော မိန်းကလေးတစ်ယောက်ကို ပခုံးပေါ်ထမ်းကာ စံအိမ်ထဲမှ အပြေးအလွှား ထွက်သွားကြသည်ကို လျှပ်တစ်ပြက် မြင်လိုက်ရသည်။


တစ်ခုခု မှားယွင်းနေပြီမှန်း သိလိုက်ရသဖြင့် လီချန်မှ သူတို့ကို တားဆီးရန် လှုပ်ရှားလိုက်သော်လည်း ဖက်တီးလေးက သူ့ကို ဝက်ဝံတစ်ကောင်ကဲ့သို့ ဖက်တွယ်ကာ တားဆီးလိုက်သည်။


"မရဘူး၊ ဒီနေ့ အဲ့ဒီမြင်းပုကို သေချာပေါက် ကြည့်ရမှဖြစ်မယ်၊ ငါ ပိုက်ဆံမပေးနိုင်မှာ စိုးလို့လား၊ သုံးဆပေးမယ်၊ သဘောတူလား"


လီချန် ရုန်းကန်သော်လည်း ဖက်တီးကောင်လေး၏ ခွန်အားမှာ အံ့ဩစရာကောင်းလောက်အောင် ကြီးမားနေသဖြင့် သူ ရုန်းမထွက်နိုင်ပေ။


"ဝမ်းကွဲညီမလေး၊ သခင်လေးဝမ်" 


လီချန် အော်ဟစ်လိုက်သည်။


"လီအိမ်တော်ကို ညကြီးမိုးချုပ် သူခိုးတွေ ခေါ်လာပြီး ဝင်ဖောက်ထွင်းတာ၊ မင်းတို့ ဘာကြံနေတာလဲ"


ယခု လီချန် နားလည်သွားပြီပင်။ သူတို့က သူ့ကို အချိန်ဆွဲထားရန် သက်သက်သာ လာခဲ့ကြခြင်း ဖြစ်သည်။ 


ကောင်မလေးကို ခေါ်ထုတ်သွားနိုင်ပြီ ဖြစ်ကြောင်း မြင်လိုက်ရ၍ ရှန်ကျစ်ယွမ်မှာ ဟန်ဆောင်မနေတော့ပေ။


"လီချန်၊ အစကတော့ ငါ့ဝမ်းကွဲအစ်မအတွက် နင့်ကို လာလေ့လာကြည့်တာ၊ နင်က ဒီလိုလူစားမျိုး ဖြစ်နေမယ်လို့ ဘယ်သူသိမှာလဲ၊ သာမန်မိန်းကလေးတွေကို ပြန်ပေးဆွဲတာများ၊ နင့်ကိုယ်နင် ပညာရှိလို့ ခေါ်ရဲသေးတယ်နော်"


လီချန်၏ မျက်နှာ ရှုံ့မဲ့သွားသော်လည်း သူက အမြန် ပြန်လည်တည်ငြိမ်သွားပြီး လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။


"ဝမ်းကွဲညီမလေး၊ ဘာတွေ ပြောနေတာလဲ၊ ငါ့အပြုအမူက အမြဲတမ်း ဖြောင့်မတ်ပါတယ်၊ အဲ့ဒီလိုကိစ္စမျိုး ငါ ဘယ်တော့မှ မလုပ်ဘူး၊ ကောလာဟလ တစ်ခုခုကြားပြီး ငါ့ကို အထင်လွဲနေတာ နေမှာပါ"


ရှန်ကျစ်ယွမ်သည် ဤမျှ အရှက်မဲ့သော သူကို တစ်ခါမှ မမြင်ဖူးပေ။ သူမ နံရံပေါ်မှ ခုန်ကျော်သွားသည့် ရှောင်ကျိုးအား လက်ညှိုးထိုးပြလိုက်၏။


"နင် အနောက်ဘက်ခြံဝင်းထဲမှာ မိန်းကလေးတစ်ယောက်ကို ကြိုးတုပ်ထားတာကို ငါ အကုန်မြင်တယ်နော်၊ ငြင်းဦးမလို့လား"


"ဟုတ်တယ်၊ ငါတို့အကုန်လုံး မြင်တယ်" 


ဖက်တီးလေးမှ ဝင်ထောက်ခံလိုက်သည်။ 

လီချန် သူ၏ အင်္ကျီလက်စကို ခါလိုက်ပြီး အလျင်စလိုမရှိဘဲ ပြောလေသည်။


"ဪ၊ အဲ့ဒါက ငါ့အစေခံမလေးပါ၊ သူက စကားနားမထောင်လို့ အိမ်တော်ထိန်းက ပညာပေးတဲ့အနေနဲ့ နောက်ဖေးမှာ သွားပိတ်ထားတာ၊ လီအိမ်တော်က အစေခံတွေကို ဆုံးမတာကို မင်းတို့နှစ်ယောက်က ဝင်စွက်ဖက်မလို့လား"


"တကယ်တော့ ငါ့အိမ်ကို အတင်းဝင်လာပြီး ငါ့အစေခံကို လုယူသွားတာ ဘာသဘောလဲလို့ ငါကတောင် ပြန်မေးရဦးမယ်"


ရှန်ကျစ်ယွမ် အေးစက်စက်ဖြင့် နှာမှုတ်လိုက်သည်။


"လီချန်၊ ဒီညကိစ္စကို ငါတို့ မှတ်ထားမယ်၊ နင့်လိပ်ပြာ နင်လုံတယ်ဆိုရင်တော့ အဲ့ဒီ ညစ်ပတ်တဲ့ အကြံအစည်တွေကို စွန့်လွှတ်လိုက်တာ ပိုကောင်းမယ်"


ဖက်တီးလေးမှ ခေါင်းညိတ်၏။


"ဟုတ်တယ်၊ မင်း ငါတို့ကို အရူးလို့ ထင်‌နေတာလား၊ ဘယ်သူ့ကို လိမ်ဖို့ ကြိုးစားနေတာလဲ"


ထိုသို့ပြောပြီးနောက် ရှန်ကျစ်ယွမ်နှင့် ဖက်တီးလေးတို့မှာ အချင်းချင်း မျက်စပစ်လိုက်ကြကာ လှည့်၍ လီအိမ်တော်မှ ထွက်ခွာသွားကြသည်။ လီချန်မှာမူ မျက်နှာပျက်ယွင်းစွာဖြင့် အမှောင်ထဲတွင် ရပ်ကျန်ခဲ့သည်။


ရှောင်ကျိုးနှင့် အခြားသူများသည် ရွှီဟောက်၏ ညီမလေးကို စံအိမ်ထဲမှ ထမ်းထုတ်လာခဲ့ပြီး ယခုအခါ ဖက်တီးလေး၏ ရထားလုံးပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရှန်ကျစ်ယွမ်နှင့် ဖက်တီးလေးတို့ ထွက်လာသည်ကို မြင်သောအခါ မြင်းများကို ရိုက်ကာ ရွာသို့ တန်းတန်းမတ်မတ် မောင်းနှင်သွားကြသည်။


ရွှီဟောက်၏ ညီမလေးမှာ အစ်ကိုဖြစ်သူကို မြင်ရ၍ ပါးပြင်ပေါ်သို့ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာတော့သည်။ 


ညီမဖြစ်သူ မည်သည့်အန္တရာယ်မှ မရှိသည်ကို တွေ့ရသဖြင့် စိတ်အေးသွားသော ရွှီဟောက်သည် ရှောင်ကျိုးကို ကျေးဇူးတင်လွန်းသဖြင့် ဒူးပင် ထောက်လုမတတ် ဖြစ်သွားရသည်။


ရထားလုံးနှစ်စီးမှာ လူပြတ်သော လမ်းမပေါ်တွင် အပြေးအလွှား မောင်းနှင်သွားပြီး မကြာမီ ရွာသို့ ရောက်ရှိလာကြသည်။ 


ရှောင်ကျိုး ဦးစွာ ခုန်ဆင်းလာပြီး ကျန်သူများ နောက်မှ လိုက်ဆင်းလာကြသည်။


သူတို့အားလုံး ရှောင်ကျိုး၏ ခြံဝင်းထဲသို့ ပြန်ရောက်လာကြသည်။ ထိုစဉ် လင်းချီမှ မျက်မှောင်ကြုတ်လိုက်သည်။


"လီချန်က အငြိုးကြီးတယ်၊ သူ့နောက်မှာ အစ်ကိုဗျောင်လည်း ရှိတယ်ဆိုတော့ လူအတော်များများကို အနိုင်ကျင့်ခဲ့ဖူးတာ၊ ဒီညကိစ္စ ပြီးသွားရင် သူ သေချာပေါက် လက်စားချေမှာပဲ"


ရှန်ကျစ်ယွမ် ပြောလိုက်သည်။


"ကိစ္စမရှိပါဘူး၊ ငါ့အဖေက ခရိုင်ဝန်ပဲ၊ လီချန် မလုပ်ရဲပါဘူး၊ ငါက သူ လမ်းပေါ်မှာ မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲတာ မြင်လိုက်လို့ ငါ့ဝမ်းကွဲအစ်မအတွက် ကာကွယ်ပေးတဲ့အနေနဲ့ ကယ်ဖို့ လူလွှတ်လိုက်တာလို့ ပြောလိုက်မယ်"


ဖက်တီးလေးက ရင်ဘတ်ကို ပုတ်လိုက်လေသည်။


"ငါ့ကိုပါ ထည့်တွက်ထား၊ ငါ့အဖေကို ငါ ပြောပြလိုက်မယ်၊ သူ ငါ့ဘက်က ရပ်တည်ပေးမှာပါ"


ရွှီဟောက်မှ ညီမဖြစ်သူကို ရှေ့သို့ ဆွဲခေါ်လာပြီး အားလုံးကို အထပ်ထပ်အခါခါ ကျေးဇူးတင်စကား ဆိုလိုက်သည်။


ရှောင်ကျိုးသည် ရွှီဟောက်၏ ညီမလေးကို သူမခြံဝင်းထဲတွင် နေရာချပေးလိုက်ပြီး အစ်မရှောင်ရှောင်နှင့် တခန်းတည်း နေစေလိုက်သည်။


နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် ရွှီရှောင်ရှောင်သည် ထုံးစံအတိုင်း မနက်စာပြင်ဆင်ရန် ထလာသော်လည်း ယနေ့တွင်မူ အလုပ်ကြိုးစားသော မိန်းကလေးတစ်ဦးမှ သူမကို ကူညီပေးနေလေသည်။


တစ်ချိန်တည်းမှာပင်၊ ကျောက်ဟူနှင့် အခြားကလေးများမှာ မိုးလင်းသည်နှင့် ဖက်တီးလေး၏ အခန်းထဲသို့ အတင်းဝင်လာကြပြီး သူ့ကို ကုတင်ပေါ်မှ ဆွဲချကြသည်။


"ထ‌တော့၊ သိုင်းလေ့ကျင့်ဖို့ အချိန်ရောက်ပြီ"


ဖက်တီးလေးက စောင်အောက်တွင် ခေါင်းကို ဝှက်ထားလိုက်၏။


"မသွားဘူး၊ ငါ အိပ်ချင်သေးတယ်"


"နင်မလာရင် မနက်စာ မကျွေးဘူးနော်" 


ရှောင်ကျိုးက တံခါးဝမှနေ၍ ခြိမ်းခြောက်လိုက်သည်။ 


အိပ်ရာနှင့် အစားအသောက်ကြားတွင် ဗျာများနေသော ဖက်တီးလေးမှာ နောက်ဆုံးတွင် အစားအသောက်ကိုသာ ရွေးချယ်လိုက်တော့သည်။

"ထပြီ၊ ထပြီ၊ ထပါပြီဗျာ"


သူ အိပ်ရာပေါ်မှ အမြန်ကုန်းရုန်းထလာပြီး မျက်နှာသစ်ကာ အားလုံးနှင့်အတူ တောင်ခြေသို့ လိုက်သွားလေသည်။

နူးညံ့သိမ်မွေ့သော ရှန်ကျစ်ယွမ်မှာ ဤမျှစောစော ထနိုင်မည်မဟုတ်ဟု သူ ယူဆထားပြီး နောက်ကျလျှင် သူမကို လှောင်ပြောင်ရန် စီစဉ်ထားလိုက်၏။ 

သို့သော် အံ့ဩစရာကောင်းစွာပင် သူမက အနောက်ဘက်တောင်ကုန်းတွင် အသင့်စောင့်နေနှင့် လေပြီ။


ဆရာယန် ယနေ့ မရှိပေ။ သူတို့အဖွဲ့သည် ပုံမှန် လေ့ကျင့်ခန်းများကိုသာ ဆက်လက် ပြုလုပ်နေကြသည်။


'ဒင် - မစ်ရှင် ကျရောက်လာပါပြီ၊ ရွာသားတွေရဲ့ သိုင်းပညာအပေါ် စိတ်အားထက်သန်မှုကို နှိုးဆွပေးပါ၊ ဆုလက်ဆောင် - အမှတ် ၂၀ နှင့် ကံစမ်းမဲ ၁ ကြိမ်’


ရှောင်ကျိုး မစ်ရှင်ပြကွက်ကို စိုက်ကြည့်ရင်း တွေးတောနေလိုက်သည်။


’စိတ်အားထက်သန်မှု’


ရုတ်တရက် သူမ အကြံတစ်ခု ရသွားသည်။


‘ပြိုင်ပွဲတစ်ခု လုပ်မယ်၊ ဟုတ်ပြီ၊ ပြိုင်ပွဲတစ်ခု လုပ်ရမယ်’


သူမ အားလုံးကို ရပ်ရန် အချက်ပြလိုက်သည်။


"ဒီနေ့ ငါတို့ တစ်မျိုး ပြောင်းလုပ်ကြမယ်”


"ဘယ်လို ပြောင်းလုပ်မှာလဲ"


"ငါတို့ အပြေးပြိုင်မယ်၊ အမြန်နှုန်း ပြိုင်ပွဲပဲ၊ တောင်ကြီးကို တစ်ပတ်အပြည့် ပတ်ရမယ်၊ ပြန်ရောက်လာတဲ့ အစီအစဉ်အတိုင်း အဆင့်တွေ သတ်မှတ်ပေးမယ်"

သူမ ထပ်ဖြည့်ပြောလိုက်သည်။

"အနိုင်ရတဲ့သူတွေအတွက် ဆုလက်ဆောင်တွေ ရှိတယ်"


32

"တကယ်လား၊ ဒါဆို ပထမဆုက ငါ့အတွက် သေချာနေပြီပေါ့" 


ကျောက်ဟူမှာ ယုံကြည်ချက်အပြည့်ဖြင့် အော်လိုက်သည်။ 


အားသို့မှ သူ့အား မျက်လုံးလှန်ကြည့်လိုက်၏။


"စတောင် မစရသေးဘူး၊ မျက်ကန်းယုံကြည်မှုနဲ့ လာကြွားမနေနဲ့"


ဖက်တီးလေးက မကျေနပ်ပေ။


"ငါ ကန့်ကွက်တယ်၊ သူတို့က လေ့ကျင့်နေတာ ကြာလှပြီ၊ ငါက အခုမှ ရောက်တာလေ၊ သူတို့ကို ဘယ်လိုလုပ် နိုင်မှာလဲ"


"ဟုတ်တယ်၊ အရမ်း မတရားတာပဲ၊ ငါက မိန်းကလေးလေ၊ ယောင်္ကျားလေးတွေကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ" 


ရှန်ကျစ်ယွမ်မှ ဝင်ထောက်ခံလေသည်။


"ဒါဆို အသစ်ရောက်တဲ့ ကလေးတွေ သီးသန့် ပြိုင်ကြလေ" 


ကျောက်ဟူ အကြံပြုလိုက်၏။

အရင်တစ်ခေါက်က ရှောင်ကျိုး ကလေးများကို ကယ်တင်ခဲ့ပြီးကတည်းက ရွှမ်ဇီ၊ ဟေးဝါ၊ ကျူဇီနဲ့ တခြားကလေးများမှာ သူမ၏ ဂုဏ်သတင်းကို အများအပြား ချီးကျူးပြောဆိုခဲ့ကြ၍ ယခုဆိုလျှင် သူမက အနီးနားရွာများ အားလုံး၌ အမိုက်ဆုံး စံပြက‌လေး ဖြစ်နေပြီပင်။


ယနေ့မနက်၌ ကလေးများ သိုင်းလေ့ကျင့်ရေးတွင် ပါဝင်ရန် စိတ်အားထက်သန်စွာဖြင့် တောင်အောက်ကို အစောကြီး ဆင်းလာပြီး စောင့်နေကြသည်။ 


အမိန့်ပေးသံ ထွက်လာသည်နှင့် ကျောက်ဟူမှာ မြှားတစ်စင်းကဲ့သို့ ပြေးထွက်သွားပြီး အော်လိုက်၏။


"ပထမဆုက ငါ့ဟာဟေ့" 


 

အားသို့နှင့် အခြားသူများကလည်း နောက်ကျမခံနိုင်ကြပေ။


"ချီတက်၊ ချီတက်ဟေ့"


သူတို့၏ အော်ဟစ်သံများက တောင်ကြားတစ်ခုလုံး ပဲ့တင်ထပ်သွားပြီး အဝေးကို ပျံ့နှံ့သွားတော့သည်။


လန့်ဖျပ်သွားသည့် ငှက်များက ကောင်းကင်ထံသို့ ပျံတက်သွားကြပြီး ကလေးများ၏ စိတ်အားထက်သန်မှုနှင့် စွမ်းအင်များကို အားပေးနေသကဲ့သို့ တကျီကျီ အော်မြည်နေကြသည်။


ကျောက်ဟူနှင့် ထျဲနျိုမှာ အကြိတ်အနယ် ပြိုင်နေကြ၏။ အုပ်စုထဲတွင် အငယ်ဆုံးဖြစ်သော အားသို့လေးကလည်း အမောတကောဖြင့် သူတို့အနောက်မှ ထပ်ကြပ်မကွာ လိုက်နေသည်။ 


ရှောင်ကျိုးမှ ခပ်လှမ်းလှမ်းကို ပေါ့ပေါ့ပါးပါး ခုန်ပျံသွားပြီး လူကြီးပေါက်စလေးကဲ့သို့ နောက်ပစ်ကာ ကြည့်ရင်း တိတ်တဆိတ် သဘောကျနေ၏။


သူမ စနစ်ကို မေးလိုက်သည်။


"ငါ အခုကြည့်ရတာ အရမ်း တည်ငြိမ်ရင့်ကျက်တဲ့ပုံ ပေါက်နေလား"


စနစ်မှာ ချီးကျူးခံရရန် စောင့်နေသည့် မျက်နှာပြောင်တိုက်နေ‌သော ကလေးကို ကြည့်ပြီး ပြန်ဖြေလိုက်သည်။


"အရမ်းကို တည်ငြိမ်တာပါပဲ"


ကျေနပ်သွားသော ရှောင်ကျိုးမှာ စောင့်ရန် စတင်ရာမျဉ်းထံသို့ ပြန်သွားလိုက်သည်။ 

အချိန်များ ကုန်လွန်သွားပြီး မကြာခင်မှာပင် အားလုံး ပန်းတိုင်သို့ ရောက်လာကြသည်။ 


အံ့ဩစရာတော့ မဟုတ်‌ပေ။ လပေါင်းများစွာ လေ့ကျင့်ထားသော သူများထဲတွင် ထင်သည့်အတိုင်းပင် ကျောက်ဟူမှ ပထမ၊ ထျဲနျိုမှ ဒုတိယ၊ အားသို့က တတိယ ရသွားသည်။

အသစ်ရောက်လာသည့် သူများထဲမှာတော့ ဟေးဝါက ပထမ၊ ရှဟယ်ရွာမှ ရွှမ်ဇီက ဒုတိယ၊ အံ့ဩစရာကောင်းသည်မှာ ဖက်တီးလေးက တတိယ ရသွားလေသည်။ သူ၏ လုံးဝန်းနေသော ခန္ဓာကိုယ်မှာ သူ့ကို မ‌နှောင့်နှေးစေခဲ့ပေ။


"ထင်တောင်မထင်ထားဘူး၊ နင်က တတိယတောင် ရသွားတာပါလား" 


ရှန်ကျစ်ယွမ် သစ်ပင်ကို မှီရင်း အမောတကော ပြောလိုက်၏။ 


ဖက်တီးလေးမှ ရင်ကော့လိုက်သည်။ 


‘နှစ်ပေါင်းများစွာ အဖေက ခြံထဲမှာ တကောက်ကောက် လိုက်ရိုက်နေတာကို အလကားလို့ ထင်နေတာလား၊ ငယ်ငယ်ကတည်းက မနားတမ်း လေ့ကျင့်ခဲ့ရတဲ့ အကျိုးတွေ ပြနေပြီလေ’


ရှောင်ကျိုး ဈေးဝယ်စင်တာထဲမှ ဆုလက်ဆောင်များ ထုတ်ယူလိုက်သည်။


 á€•ထမဆု - လေး၊ ဒုတိယဆု - ဓားမြှောင်၊ တတိယဆု - လေးခွ။


အားလုံးမှာ ဈေးဝယ်စင်တာမှ လာခြင်းဖြစ်ပြီး လေးနှင့် ဓားမြှောင်က ယခုခေတ် ပစ္စည်းများထက် များစွာ သာလွန်ကောင်းမွန်လေသည်။ 


အနိုင်ရသော သူများမှာ အလွန် ပျော်သွားကြ၏။ ကျောက်ဟူမှ သူ့လေးကို ချက်ချင်း စမ်းပစ်ကြည့်သော်ငြား ပစ်မှတ်မှာ လုံးဝလွဲနေလေသည်။ သစ်ပင်ပင်စည်နှင့် အဝေးကြီးကို လွဲသွားခြင်းပင်။


ဖက်တီးလေးက သူ့လေးခွကို နားမလည်နိုင်စွာ ကြည့်နေလိုက်သည်။ ဤခေတ်တွင် ရော်ဘာ မရှိသောကြောင့် မည်သူမှ ဤသို့သော အရာမျိုးကို မမြင်ဖူးကြချေ။


ရှောင်ကျိုးက သားရေပြားလေးထဲကို ကျောက်ခဲတစ်လုံးထည့်ကာ ရော်ဘာကြိုးကို နောက်သို့ ဆွဲဆန့်လိုက်ပြီး အပေါ်မှ ငှက်တစ်ကောင်ကို ချိန်၍ ပစ်လွှတ်လိုက်သည်။


 'ဝှစ်' ဆိုသည့် စူးရှသော အသံနှင့်အတူ ကျောက်ခဲမှာ လွင့်ထွက်သွားပြီး ငှက်ကို ကွက်တိ ထိမှန်သွား၏။

ငှက် အောက်သို့ တန်းကျလာလေသည်။


အားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ လေးခွဟု ခေါ်သည့် ထိုအရာသေးသေးလေးထံမှ ဤမျှ စွမ်းအားများ ထွက်လာခြင်း‌ကြောင့်ပင်။ 


ဖက်တီးလေး သူ့လေးခွကို တင်းတင်းဆုပ်ကိုင်ထားပြီး အလွန် ဝမ်းသာနေသည်။

"ငါ ဒါကို အရမ်းကြိုက်သွားပြီ" 

သူ ချက်ချင်း ကခုန်နေတော့သည်။


ကြည့်နေ‌သောသူများမှာ အားကျလွန်း၍ မီးဟုန်းဟုန်း တောက်နေကြပြီး ပို၍ ကြိုးစားလေ့ကျင့်မည်ဟု သန္နိဋ္ဌာန် ချလိုက်ကြ၏။

ရှောင်ကျိုးမှ သူတို့ကို အားပေးလိုက်လေသည်။


"စိတ်ဓာတ်မကျကြနဲ့၊ နောက်ထပ် ပြိုင်ပွဲတွေနဲ့ ဆုလက်ဆောင်တွေ လာဦးမှာ"


သိုင်းပညာအပေါ် စိတ်အားထက်သန်မှုမှာ အထွတ်အထိပ်ကို ရောက်သွားတော့သည်။ 


အားလုံး နောက်တစ်ခါ သေချာပေါက် နိုင်အောင်လုပ်မည်ဟု ကျိန်ဆိုလိုက်ကြသည်။


မနက်ခင်း လေ့ကျင့်ခန်း ပြီးသွား၍ ကလေးများက နေ့လယ်စာစားရန် အိမ်များထံသို့ နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲနှင့် ပြန်သွားကြသည်။


ဗိုက်အရမ်းဆာနေသော ရှောင်ကျိုးမှာ အိမ်ကို မြှားတစ်စင်းကဲ့သို့ ပြေးသွားပြီး သူမနောက်၌ အချောင်စားမည့် အုပ်စုကြီးက တကောက်ကောက် လိုက်ပါလာ၏။


ရွှီရှောင်ရှောင် ချွေးသံတရွဲရွဲနဲ့ ပြေးဝင်လာ‌သော သူတို့ကို မြင်၍ လက်သွားဆေးရန် အမြန် ပြောလိုက်သည်။


"အစ်မရွှီ၊ မနက်စာ ဘာစားရမှာလဲ" 


အတော်များများ မီးဖိုချောင်ဘက်ကို လည်ပင်းဆန့်ကြည့်ရင်း မေးလိုက်ကြ၏။


"လက်အရင်သွားဆေးကြ၊ ခဏနေ ရတော့မှာ”


 á€žá€°á€™ တိုက်တွန်းလိုက်သည်။ 


သူတို့ ပြန်ရောက်လာသောအခါ စားပွဲပေါ်တွင် ရှောင်ကျိုး အကြိုက်ဆုံး အစားအစာများဖြင့် အပြည့်ဖြစ်နေသည်။

ကြက်သွန်မြိတ်မုန့်၊ အီကြာကွေး၊ ပေါက်စီ၊ ဖက်ထုပ်၊ ဖက်တီးလေး၏ မျက်လုံးများ ပြူးကျယ်သွားပြီး အီကြာကွေးကို လှမ်းယူရန် လုပ်လိုက်သော်ငြား ရှောင်ကျိုးက သူ့လက်ကို ရိုက်ချလိုက်သည်။


"တူ သုံးလေ"


အားလုံး ရယ်မောလိုက်ကြပြီး တူများကို ကိုင်ကာ အားရပါးရ စားသောက်ကြသည်။ 


ရှောင်ကျိုးမှ ကြက်သွန်မြိတ်မုန့်ကို တစ်ကိုက်ကိုက်လိုက်၏။ ရင်းနှီးနေသည့် အရသာလေးမှာ ပါးစပ်ထဲ ပျံ့နှံ့သွားပြီး ပျော်ရွှင်မှုကြောင့် မျက်လုံးလေးများ မှေးစင်းသွားရသည်။


"အစ်မရွှီရဲ့ လက်ရာကတော့ ပြိုင်ဘက်ကင်းပဲ" 


အားသို့မှ ပါးစပ်ထဲ အပြည့်ငုံထားရင်း ပလုတ်ပလောင်းဖြင့် ပြောလိုက်၏။ 


ချီးကျူးသံများ ဆက်တိုက် ထွက်ပေါ်လာပြီး မကြာခင်မှာပင် စားပွဲပေါ်မှ အစားအသောက်များ အားလုံး ပြောင်သလင်းခါသွားတော့သည်။

33

ရွာထိပ်တွင် ဇိမ်ခံရထားလုံးအချို့ ရောက်ရှိလာပြီး ရွာထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်လာရာ လမ်းသွားလမ်းလာ ရွာသားများ သိချင်စိတ်ဖြင့် လှမ်းကြည့်နေကြသည်။ 


ရထားလုံးများမှာ ရှောင်ကျိုး၏ ခြံဝင်းတံခါးဝတွင် ရပ်တန့်သွားပြီးနောက် ကျက်သရေရှိပြီး ခမ်းနားစွာ ဝတ်ဆင်ထားသော သခင်မများ ရထားလုံးပေါ်မှ ဆင်းလာကြ၏။


ရှန်ကျစ်ယွမ် သူမအမေကို မြင်သည်နှင့် ရှောင်ကျိုးကို အမြန်ဆွဲခေါ်သွားပြီး ဝမ်းသာအားရ မိတ်ဆက်ပေးလိုက်သည်။


"ကျေးဇူးရှင်လေး၊ ဒါက သမီးအမေလေ၊ အမေ၊ အမေ၊ ကြည့်ပါဦး၊ ဒါ သမီးကို ကယ်ခဲ့တဲ့ ကျေးဇူးရှင်လေးပဲ၊ သူက အရမ်းတော်တာ"


သခင်မရှန်မှာ နူးညံ့သိမ်မွေ့ပုံပေါက်သော ကလေးမလေးကို မေတ္တာအပြည့်ပါသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူမက တကယ်ပင် ချစ်စရာကောင်းလွန်းလှသည်။ ကလေးလေးသာ ဖြစ်သော်ငြား လက်ကို နောက်ပစ်၍ ခေါင်းမော့ထားပြီး လူကြီးပေါက်စလေးကဲ့သို့ ဟန်လုပ်နေပုံမှာ အလွန်ပင် ချစ်ဖို့ကောင်းနေသည်။ 

သခင်မရှန်မှ ရှောင်ကျိုး၏ လက်ကို ကြင်နာစွာ ကိုင်လိုက်ပြီး နူးနူးညံ့ညံ့လေး ပြောလိုက်သည်။


"သမီးလေး၊ အန်တီ့သမီးကို ကယ်ပေးခဲ့တဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်၊ ငါတို့ ရှန်မိသားစုက ဒီကျေးဇူးကို အမြဲတမ်း မှတ်ထားမှာပါ"


ဖက်တီးလေး၏ မိခင်နှင့် ရှန်ကျစ်ယွမ်၏ ဝမ်းကွဲအစ်မ၏ မိခင်များလည်း အမြန် ဝိုင်းအုံလာကြပြီး ရှောင်ကျိုး၏ လက်ကိုဆွဲကာ နေကောင်းကျန်းမာရဲ့လားဟု မေးမြန်းရင်း ကျေးဇူးတင်စကားများ ဆက်တိုက် ပြောဆိုနေကြသည်။


ရှောင်ကျိုးသည် ရုတ်တရက် အုံခဲလာသော ဤကဲ့သို့ စိတ်အားထက်သန်မှုများကြောင့် အနည်းငယ် နေရခက်သွားရသည်။ သူမ လက်ကို ဝှေ့ယမ်းပြီး ပွင့်လင်းစွာ ပြောလိုက်သည်။

"ဒါက သေးငယ်တဲ့ အားထုတ်မှုလေးပါ၊ ပြောနေစရာတောင် မလိုပါဘူး"


သို့သော် စိတ်ထဲတွင်မူ သူမက စနစ်အား ကျယ်လောင်စွာ အော်ခေါ်နေတော့သည်။


"စနစ်၊ စနစ်၊ သူတို့ ငါ့ကို ချီးကျူးနေတာ ကြားလား၊ ငါ့ရဲ့ ဆွဲဆောင်မှုက အရမ်းကြီးလွန်းတယ်လို့ မထင်ဘူးလား၊ ဟားဟားဟားဟားဟား"


စနစ်မှာ ရှောင်ကျိုး ခါးထောက်ပြီး စိတ်ထဲမှ ရယ်မောနေသည့် အသံကြောင့် ခေါင်းကိုက်လာပြီ ဖြစ်သည်။


‘ကယ်ကြပါဦး’


‘ငါက ဘာလို့ ဒီလို ကလေးဆိုးလေးနဲ့ သွားချိတ်ဆက်မိရတာလဲ’


‘နေ့တိုင်း ပင်ပန်းလိုက်တာ’


ဖက်တီးလေးသည် သူ့အမေ ရောက်လာသောကြောင့် ပထမဆုံး အနေဖြင့် ရထားလုံးထံသို့ ပြေးသွားခဲ့သည်။ ရှောင်ကျိုးကို ပေးချင်၍ ရွာကို လက်ဆောင်များ များစွာ ယူလာခဲ့ရန် သူ အဖေဖြစ်သူကို မှာထားခဲ့သည်ပင်။


ဖက်တီးလေးမှ အစေခံများအား ရထားလုံးပေါ်မှ ပစ္စည်းများကို ရှောင်ကျိုး၏ ခြံဝင်းထဲသို့ သေတ္တာလိုက် သယ်သွားရန် အမိန့်ပေးလိုက်သည်။


ရှန်ကျစ်ယွမ် သူမ၏ ဝမ်းကွဲအစ်မကို မြင်လိုက်ရာ မနေ့က ဖြစ်ခဲ့‌သည့် ကိစ္စအား သတိရသွား၏။ 


ချက်ချင်းဆိုသလိုပင် ဒေါသများ ထွက်လာပြီး ဝမ်းကွဲအစ်မကို ကြည့်ကာ စကားပြောချင်သော်ငြား မည်သည့်နေရာမှ စပြောရမှန်း မသိ ဖြစ်နေလေသည်။


ဟယ်ကျောင်းကျောင်း ရှန်ကျစ်ယွမ်၏ မျက်နှာကို ကြည့်ပြီး သိချင်စိတ်နှင့် မေးလိုက်သည်။


"ဝမ်းကွဲညီမလေး၊ အစ်မကို ပြောစရာ ရှိလို့လား"


သခင်မများလည်း လှမ်းကြည့်လိုက်ကြသည်။ အထူးသဖြင့် သခင်မရှန်က သူမသမီး၏ ပါးစပ်မှာ ဦးနှောက်ထက် အမြဲ ပိုမြန်သည်ကို မှတ်မိနေသည်။ သူမ စကားမပြောနိုင် ဖြစ်နေခြင်းမှာ မြင်ရခဲလှသည်။


ရှန်ကျစ်ယွမ် လီချန်၏ မနှစ်မြို့စရာကောင်းသော အပြုအမူကို တွေးမိပြီး သူမ၏ ဝမ်းကွဲအစ်မကို ဘေးသို့ အမြန်ဆွဲခေါ်သွားကာ မနေ့ညက ဖြစ်ခဲ့သည့် အကြောင်းများကို ဒေါသတကြီး ပြန်ပြောပြတော့သည်။ နောက်ဆုံး၌ သူမက ထပ်ဖြည့်ပြောရန်လည်း မမေ့ပေ။


"ဝမ်းကွဲအစ်မ၊ အစ်မ လုံးဝ အရူးမခံနဲ့နော်၊ သူ့ကို သွားမယူနဲ့၊ ငါ သိုင်းပညာ တတ်သွားရင် သူ့ကို တွေ့တိုင်း ရိုက်ပစ်မယ်"


ဟယ်ကျောင်းကျောင်းမှာ ဒေါသထွက်နေသည့် ရှန်ကျစ်ယွမ်ကို ကြည့်ပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။


"အစ်မအတွက် စိတ်ပူပေးလို့ ကျေးဇူးပါပဲ ညီမလေး၊ အစ်မ သေချာ စဉ်းစားပါ့မယ်"


ဟယ်ကျောင်းကျောင်းသည် သူမ ဝမ်းကွဲညီမလေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်၏။ သူမ ထိုသို့သာ ပြောလိုက်သော်ငြား စေ့စပ်ထားခြင်းကို ဖျက်သိမ်းရန်ဆိုသည်မှာ သူမ ဆုံးဖြတ်နိုင်သည့် ကိစ္စ မဟုတ်ဘူးဆိုသည်အား စိတ်ထဲ၌ သိနေလေသည်။


ရှေးခေတ်ကတည်းက လက်ထပ်ထိမ်းမြားမှု ဆိုသည်မှာ မိဘများနှင့် အောင်သွယ်များ စီစဉ်သည့်အတိုင်း ဖြစ်လာခြင်းပင်။

သူမအဖေမှ စေ့စပ်ထားမှုကို ဖျက်ရန် သဘောတူမည်ဟု သူမ မထင်ပေ။ လီမိသားစုက သူမတို့ မိသားစုထက် အဆင့်အတန်း ပိုမြင့်ပြီး သူမအဖေမှာ ဤလက်ထပ်ပွဲကို အလွန် သဘောကျနေသည်။ 


လီချန် သာမန်မိန်းကလေး တစ်ယောက်ကို အတင်းအဓမ္မ သိမ်းပိုက်ခဲ့သည်အား သိလျှင်ပင် သူမအဖေမှ ယင်းကို ကြီးကြီးမားမား ပြဿနာဟု ထင်မည် မဟုတ်ပေ။ ယောင်္ကျားများက အမြဲတမ်း ပွေလီတတ်သည်ဟု နာမည်ထွက်နေပြီး သူမအဖေ ကိုယ်တိုင်လည်း မယားငယ်များ၊ ကိုယ်လုပ်တော်များ များစွာ ရှိ၏။ သူမအမေ၏ နှလုံးသားနှင့် မျက်လုံးများက သူမအဖေထံ၌သာ ရှိပြီး သူပြောသမျှကို အမြဲတစေ အလျှော့ပေးကာ နားထောင်လေ့ရှိသည်။


ဟယ်ကျောင်းကျောင်းမှာ ချစ်ခင်ကြင်နာတတ်သော မိဘများရှိသည့် မိသားစုတွင် မွေးဖွားလာသော သူမ၏ ဝမ်းကွဲညီမလေးအား အနည်းငယ် အားကျမိသည်။ သူမ မှတ်မိသလောက်ဆိုလျှင် သူမ၏ ဝမ်းကွဲညီမလေးက ယုံကြည်မှုရှိရှိ၊ ရဲရဲဝံ့ဝံ့ နေထိုင်တတ်သော တက်ကြွသည့် ကောင်မလေး တစ်ယောက်ပင် ဖြစ်သည်။


သူမနှင့် မတူ‌ပေ။ အိမ်၌ များစွာသော အဖေတူအမေကွဲ မောင်နှမများ ရှိပြီး သူမအမေက သမီးတစ်ယောက်တည်းသာ မွေးထား၍ ဟယ်မိသားစုထဲတွင် သူမမှာ ယုံကြည်မှု ကင်းမဲ့နေသည်။ သူမအမေက သားတစ်ယောက် မမွေးနိုင်ခဲ့ခြင်းကို နောင်တရပြီး မကြာခဏ သက်ပြင်းချတတ်သည်ကို သူမ မှတ်မိနေသည်။


သူမအဖေမှာလည်း သူမကို လျစ်လျူရှုထားသည်။


 á€Ąá€á€źá€Źá€¸ မောင်နှမများ အဖေ့ထံ၌ ချွဲနွဲ့နေကြလျှင် သူမ အားကျမိ၏။ 


သူမ ငယ်ငယ်ကဆိုလျှင် တရားမျှတမှု လိုချင်သောကြောင့် အခြားမောင်နှမများနှင့် ပစ္စည်းများ လုခြင်း သို့မဟုတ် မိဘများကို ဝယ်ပေးရန် တောင်းဆိုခြင်းများ လုပ်ခဲ့ဖူးသည်။ 


ထိုအချိန်ဆိုလျှင် အဖေက မောင်နှမများကို မည်ကဲ့သို့ ဂရုစိုက်ရမည်အား မသိဘူးဆိုပြီး သူမကို ဆူပူတတ်၏။ အမေမှ သူမလက်ကို ကိုင်ပြီး ပြောတတ်သည်။


"သမီးက အစ်မကြီးလေ၊ မောင်နှမတွေကို အလျှော့ပေးရမယ်၊ နောင်တစ်ချိန် သမီး လက်ထပ်သွားရင်လည်း ဒီမောင်တွေ၊ အကိုတွေကိုပဲ အားကိုးရဦးမှာ"


အချိန်ကြာလာသည်နှင့်အမျှ လူတိုင်း၏ တန်ဖိုးထားမှုကို မခံရသော နေ့ရက်များကို ဟယ်ကျောင်းကျောင်း လက်ခံတတ်လာပြီး လိမ္မာရေးခြားရှိရန်၊ စကားနားထောင်နိုင်ရန်သာ ကြိုးစား‌တော့သည်။ 


သူမက လူအများစုကဲ့သို့ပင် ယခုဘဝကို သည်းခံရင်း ပြဿနာမရှာရန်၊ မယှဉ်ပြိုင်ရန်၊ မလုယူရန် သတိထားပြီး ကြီးပြင်းလာခဲ့၏။


ရှန်ကျစ်ယွမ် ဝမ်းကွဲအစ်မ သဘောတူလိုက်တော့မှသာ စိတ်အေးသွားပြီး ဟယ်ကျောင်းကျောင်းကို ခြံဝင်းထဲသို့ အမြန်ဆွဲခေါ်သွားသည်။


"ဝမ်းကွဲအစ်မ၊ ငါ ပြောပြမယ်၊ အစ်မရှောင်ရှောင်ရဲ့ အစားအသောက်တွေက အရမ်းစားလို့ကောင်းတာ၊ မြန်မြန် အထဲဝင်ပြီး သွားစောင့်ရအောင်၊ မဟုတ်ရင် ဝမ်ကျယ်ချန် က ကိတ်မုန့်တွေ အကုန်စားပစ်လိမ့်မယ်၊ သူက အများကြီး စားနိုင်တာနော်"


မနေ့က အစ်မရှောင်ရှောင်မှ အားလုံးအတွက် ကိတ်မုန့် လုပ်ပေးမည်ဟု ကတိပေးထားသည်ကို ရှန်ကျစ်ယွမ် မမေ့သေးပေ။ 


ရှောင်ကျိုးက သခင်မများကို ခြံဝင်းထဲ၌ ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။ 


သူတို့က သူမအတွက် လက်ဆောင်များ ယူလာပေးသောကြောင့် သူမလည်း သူတို့ကို သေချာ ဧည့်ခံရမည်ပင်။


ဖက်တီးလေးက သူ့အမေ၏ လက်ကိုကိုင်ပြီး ဤနေရာမှ အစားအသောက်များ မည်မျှ စားကောင်းကြောင်း၊ မည်မျှ ပျော်စရာကောင်းကြောင်းနှင့် သူ ဤနေရာမှာပင် အပြီးအပိုင် နေချင်ကြောင်းကို မနားတမ်း ပြောနေတော့သည်။


သခင်မဝမ် အစပိုင်း၌ သဘောမတူချင်ပေ။ သို့သော် ဤနေရာ၌ စာသင်ခြင်းနှင့် သိုင်းကျင့်ခြင်းကိုပါ လုပ်ရသည်အား ကြား၍ သူမသားမှာ မြို့ရှိ ကျောင်း၌ အာရုံမစိုက်နိုင်‌ သော်ငြား ဤနေရာမှာတော့ အဆင်ပြေလောက်မည်ဟု တွေးလိုက်သည်။ 

မည်သို့သော ဆရာမျိုးပင်ဖြစ်‌စေ၊ သူမသား စာနည်းနည်းပါးပါး ဖတ်တတ်ပြီး နောင်တစ်ချိန် အပြင်လူများ၏ လိမ်လည်ခြင်းအား မခံရပါက လုံလောက်ပြီပင်။


‘ ဘာပဲဖြစ်ဖြစ် ဝမ်မိသားစုရဲ့ စည်းစိမ်က သူ့သား တစ်သက်လုံး အေးအေးချမ်းချမ်း နေသွားဖို့ လုံလောက်ပါတယ်လေ’


နန်းတွင်းစာမေးပွဲ ဝင်ဖြေရန် ဆိုသည်ကိုတော့ ဝမ်မိသားစုက တစ်ခါမှပင် မစဉ်းစားဖူးပေ။ သူတို့၏ ဘိုးဘွားပိုင် သင်္ချိုင်းမြေမှ ဤမျှ ကံကောင်းမှုမျိုး တစ်ခါမှ မထွက်ပေါ်ဖူးချေ။

သခင်မဝမ် တွေးလိုက်သည်။


‘အိမ်ပြန်ရောက်ရင် ရွာက ကျောင်းအတွက် အလှူငွေ နည်းနည်း ထည့်ဖို့ ယောင်္ကျားဖြစ်သူကို သွားပြောရမယ်၊ ဘာပဲဖြစ်ဖြစ် သူ့သားက ဒီမှာ သူများတွေကို ဒုက္ခပေးနေမှာလေ၊ မြို့က ဆရာက သူတို့အိမ်ကို တစ်ရက်ခြားတစ်ခါ လာလာတိုင်တတ်တာကို တွေးမိတော့ သခင်မဝမ်က နည်းနည်းတော့ အားနာနေမိတုန်းပဲ၊ ရွာက ဆရာကတော့ ခံနိုင်ရည် ရှိပါစေလို့ ဆုတောင်းရမှာပဲ၊ ရွာက မြို့နဲ့ အဝေးကြီးဆိုတော့ ဝမ်အိမ်တော်ကို နေ့တိုင်း လာပြီး တိုင်မှာတော့ မဟုတ်ပါဘူးနော်’


သခင်မဝမ်မှ သူမ၏ ဝဝဖိုင့်ဖိုင့် သားလေးခေါင်းကို ပွတ်သပ်ပြီး ပြောလိုက်လေသည်။


"သား ဒီမှာ နေလို့ရပါတယ်၊ ဒါပေမယ့် မိန်းမပျိုလေး အိမ်မှာ နေတာကတော့ သိပ်မသင့်တော်ဘူးလေ၊ နောက်ကျရင် သားနေဖို့အတွက် ရွာမှာ မြေတစ်ကွက်ဝယ်ပြီး အိမ်ဆောက်ပေးဖို့ အဖေ့ကို ပြောလိုက်မယ်၊ ပြီးရင် တုန်းအာကို လာပြုစုခိုင်းမယ်၊ သား ဒီမှာ လိမ္မာအောင်နေရမယ်နော်၊ မဟုတ်ရင် သူတို့က နှင်ထုတ်လိုက်ရင် အမေ ကူပြောပေးလို့ မရဘူး"


ဖက်တီးလေးက ဘေးမှ အားသို့ကို စိတ်လှုပ်ရှားစွာ ဖက်လိုက်ပြီး ပျော်ရွှင်စွာ အော်ပြောလိုက်သည်။


"ကြားလား၊ ကြားလား၊ အမေက ငါ့ကို ဒီမှာနေဖို့ သဘောတူလိုက်ပြီ၊ ဟားဟားဟား"


ပြောပြီးသည်နှင့် တခြားသူများကို ပြောပြရန် ခြံဝင်းထဲသို့ အမြန် ပြေးဝင်သွားတော့သည်။

အားလုံး ခြံဝင်းထဲ ရောက်‌နေချိန်တွင် ရွှီရှောင်ရှောင်၏ ကိတ်မုန့်များ အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ သူမက ကိတ်မုန့် ဒါဇင်နှင့်ချီ လုပ်ထားပြီး စာအုပ်ထဲမှ နည်းလမ်းအတိုင်း ပုလဲနို့လက်ဖက်ရည်ကိုလည်း ဖျော်ထားလေသည်။


ရှောင်ကျိုးမှ သခင်မများကို အမြန် ထိုင်ရန် ဖိတ်ခေါ်လိုက်၏။ 


ဤကဲ့သို့ အစားအသောက်မျိုးကို ပထမဆုံးအကြိမ် မြင်ဖူးကြသော သခင်မများက သိချင်စိတ်နှင့် မေးလိုက်ကြသည်။


"ဒါ ဘာတွေလဲ၊ ကြည့်ရတာ အရမ်းလှပြီး အနံ့ကလည်း အရမ်းမွှေးတာပဲ၊ ဒီခွက်တွေထဲကရော ဘာတွေလဲ"


ရွှီရှောင်ရှောင်က သခင်မများကို မြည်းစမ်းကြည့်ရန် ခူးပေးလိုက်၏။ 


သခင်မဝမ်က စိတ်အားထက်သန်စွာဖြင့် ဇွန်းတစ်ဇွန်း ခပ်စားလိုက်သည်။ ပါးစပ်ထဲ၌ အရည်ပျော်သွားပြီး နူးညံ့သော အထိအတွေ့နှင့်အတူ ချိုမြိန်သည့် အရသာက သူမကို လွှမ်းခြုံသွားကာ ယစ်မူးသွားစေသည်။ တစ်လုတ်စားလိုက်သည်နှင့် ကမ္ဘာကြီးတစ်ခုလုံး ချိုမြိန်သွားသကဲ့သို့ ခံစားလိုက်ရသည်။

နို့လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ရာ နို့နှင့် လက်ဖက်ရည်၏ မွှေးကြိုင်မှုများက ရောယှက်သွားပြီး လည်ချောင်းထဲ၌ ပိုးသားကဲ့သို့ ချောမွေ့စွာ စီးဆင်းသွား၏။ အရသာ ချိုမြိန်‌ကာ နွေးထွေးသည့် အရည်က ပါးစပ်ထဲတွင် ပျံ့နှံ့သွားပြီး ပင်ပန်းနွမ်းနယ်မှုများ၊ စိုးရိမ်ပူပန်မှုများ အားလုံးကို ချက်ချင်း ဖယ်ရှားပေးလိုက်သည့်အတိုင်းပင်။

34


ရှောင်ကျိုးနှင့် အခြားသူများမှာ သူတို့၏ နို့လက်ဖက်ရည် ခွက်များကို ဖက်ပြီး ပက်လက်ကုလားထိုင်ပေါ်၌ လှဲလျောင်း၍ အရသာရှိရှိ သုံးဆောင်နေကြပြီ ဖြစ်သည်။


’အချိုပွဲတွေက လူတစ်ယောက်ကို တကယ်ပဲ ပျော်ရွှင်စေနိုင်တာပဲ’


ပက်လက်ကုလားထိုင်များနှင့် ပတ်သက်၍မူ ရှောင်ကျိုးက မှတ်ဉာဏ်ထဲမှတစ်ဆင့် သူမလိုချင်သည့် ပုံစံကို ရွာထိပ်က လောင်ကျန်းအား ပြောပြပြီး လုပ်ခိုင်းထားခြင်း ဖြစ်သည်။ ကျောက်ဟူနှင့် အခြားကလေးများက ယင်းအား မြင်သောကြောင့် လောင်ကျန်းကို ပုံစံတူများ ထပ်လုပ်ခိုင်းကြသည်။


ယခုဆိုလျှင် ရှောင်ကျိုး၏ ခြံဝင်းထဲက ကလေးတိုင်းတွင် ကိုယ်ပိုင် ပက်လက်ကုလားထိုင် တစ်လုံးစီ ရှိနေကြပြီ ဖြစ်သည်။

အပန်းဖြေ အနားယူနေကြ‌သော လူအုပ်လေးကို ကြည့်ပြီး သခင်မများမှာ သူတို့၏ ကလေးစုတ်များ နေ့တိုင်း ရွာ၌ အဘယ်ကြောင့် ဤမျှ ဇွတ်နေချင်နေကြသည်ကို ရုတ်တရက် နားလည်သွားကြသည်။ သူတို့ကိုယ်တိုင်ပင် ပြောင်းလာနေချင်စိတ် ပေါက်သွားကြသည်။ သခင်မဝမ်က သူ့သားကို ဆွဲထူလိုက်ပြီး တခဏ လှဲလျောင်းရန် ဝင်ထိုင်လိုက်၏။


 á€žá€á€„á€şá€™á€›á€žá€”á€şá€€á€œá€Šá€şá€¸ ဣန္ဒြေများကို ဘေးချိတ်ထားခဲ့ပြီး သူမသမီးအား ဆွဲထူကာ ပြောလိုက်သည်။


"အမေ စမ်းထိုင်ကြည့်မယ်"


‘ရှီး’


‘အရမ်း သက်တောင့်သက်သာ ရှိတာပဲ’


ဤပက်လက်ကုလားထိုင်၏ သက်တောင့်သက်သာရှိမှုက စိတ်ကူးယဉ်ထားတာထက်ပင် ကျော်လွန်နေ၏။ ခန္ဓာကိုယ်ရဲ့ လက်မတိုင်းကို အပြည့်အဝ ထောက်မပေးခံထားရပြီး ပြေလျော့သွားသကဲ့သို့ ခံစားရသည်။


သခင်မများမှာ အမြဲတမ်း ကျင့်ဝတ်စည်းကမ်းများကို ဂရုစိုက်ရ၍ မတ်မတ်ထိုင်၊ မတ်မတ်ရပ်ရပြီး မည်သည့်အချိန်ကမှ လျော့တိလျော့ရဲ မနေရဲကြပေ။


‘ ဒီပက်လက်ကုလားထိုင်က သူတို့ရဲ့ အိပ်မက်ထဲက ကုလားထိုင်ပဲ’

ယနေ့ကျွေးသော ကိတ်မုန့်နှင့် နို့လက်ဖက်ရည်ကို သခင်မများ အလွန်သဘောကျနေသည်အား မြင်ရ၍ ရှောင်ကျိုး ရုတ်တရက် အကြံတစ်ခု ရသွားသည်။ 

သူမက ဖက်တီးလေးနှင့် ရှန်ကျစ်ယွမ်ကို သွားရှာပြီး မေးလိုက်၏။


"မြို့မှာ အချိုပွဲဆိုင် တစ်ဆိုင် ဖွင့်ရင် ဘယ်လိုလဲ"


နှစ်ယောက်လုံး စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြကြသည်။


"နင်တို့ စဉ်းစားဦးမှာ မဟုတ်ဘူးလား"


 á€›á€žá€ąá€Źá€„်ကဝိုး မေးလိုက်သည်။

"ဘာကို စဉ်းစားရမှာလဲ၊ ဒါတွေက အရမ်းစားကောင်းတာပဲ၊ သေချာပေါက် ပိုက်ဆံရမှာပေါ့"


 á€›á€žá€”်ကဝစ်ယွမ်မသဏ မြို့မှာတင် မက‌ပေ။ မြို့တော်၌ သွားရောင်းလျှင်ပင် ရောင်းရမည်ဟု ယုံကြည်နေသည်။


‘ဘာပဲဖြစ်ဖြစ်၊ တုန်းရှားနိုင်ငံ တစ်ခုလုံးမှာ ဒီအရာနှစ်ခုအကြောင်းကို ဘယ်သူမှ မကြားဖူးကြသေးဘူးလေ’


ဖက်တီးလေး သဘောတူသည်မှာ အမြတ်အစွန်းအတွက် မဟုတ်ပေ။ 


‘သူက ပိုက်ဆံမှ မလိုတာ၊ ပျော်စရာကောင်းလို့ သက်သက်ပဲ’


ဤသို့ဖြင့် ဆုံးဖြတ်လိုက်ကြ၏။ သခင်မဝမ်လည်း ဝမ်းသာနေသည်။ သူမတို့ မိသားစုက ကုန်သည်များ ဖြစ်၍ သားဖြစ်သူကို လက်တွေ့ လေ့ကျင့်ခွင့်ရစေခြင်းမှာ အကောင်းဆုံးပင်။


"သားတို့သုံးယောက် ဘယ်လို ရင်းနှီးမြှုပ်နှံမလဲဆိုတာ စဉ်းစားပြီးပြီလား" 


 á€žá€á€„á€şá€™á€á€™á€ş မေးလိုက်သည်။


ရှောင်ကျိုး ကျန်နှစ်ယောက်ကို လှမ်းကြည့်လိုက်၏။ 


သူမက မည်သည့်အရာကိုမှ မသိပေမယ့် မသိဘူးဆိုသည်ကိုတော့ အသိခံ၍ မဖြစ်ပေ။


ဖက်တီးလေးက သူ ငွေကြေး ထုတ်ပေးနိုင်သည်ဟု ပြောသည်။ 

ရှန်ကျစ်ယွမ်မှာ သူမအိမ်မှ လူအင်အား ထောက်ပံ့ပေးနိုင်သည်ဟု ပြော၏။


"ဒါဆို ငါက ဟင်းချက်နည်းတွေ ထုတ်ပေးမယ်"


ရှောင်ကျိုး ပြောလိုက်သည်။


"ကောင်းပြီလေ၊ ဘယ်တော့ စကြမလဲ" 


ရှန်ကျစ်ယွမ် စိတ်အားထက်သန်နေသည်။ သူမ၏ ကိုယ်ပိုင်ပိုက်ဆံကို ရှာရမည်ဆိုသည့် အသိက သူမကို စိတ်လှုပ်ရှားစေသည်။


"မနက်ဖြန်" 


ရှောင်ကျိုးမှ ပြောလိုက်သည်။ 

သူမ မနက်ဖြန် မြို့ကို သွားပြီး အခြေအနေ သွားကြည့်ရမည်။


သခင်မရှန်နှင့် သခင်မဝမ်တို့က ပက်လက်ကုလားထိုင်ပေါ်တွင် ပျင်းရိပျင်းတွဲ လှဲလျောင်းရင်း ကလေးများကို ကြည့်နေကြသည်။ 


‘သူတို့က တကယ့်အမြတ်အစွန်းကြီး ရဖို့ မမျှော်လင့်ထားပေ၊ စီးပွား‌ ရေးလုပ်တာကပဲ သူတို့အတွက် အဓိပ္ပါယ်ရှိ‌ နေပြီလေ၊ ဒီအတွေ့အကြုံလေး ရတာကတင် တန်နေပါပြီ’


မိုးချုပ်တော့မည် ဖြစ်၍ သခင်မများ ပြန်ရန် ပြင်ဆင်ကြသည်။ 


ရှောင်ကျိုးမှ အစ်မရှောင်ရှောင်ကို ကိတ်မုန့်နှင့် နို့လက်ဖက်ရည် အထုပ်ပေါင်းများစွာ၊ အနောက်ဘက်ခြံထဲမှ ဟင်းသီးဟင်းရွက်များကို သူတို့ ယူသွားရန် ထုပ်ပိုးခိုင်းလိုက်၏။


သူတို့ပေးသော လက်ဆောင်များလောက် တန်ဖိုးမကြီးသော်ငြား အပြန်အလှန် ပေးကမ်းရသည့် ယဉ်ကျေးမှုကိုတော့ သူမ မမေ့ချေ။


မပြန်ခင်၌ သခင်မဝမ်နှင့် သခင်မရှန်တို့က သူတို့ကလေးများ၏ ပက်လက်ကုလားထိုင်များကိုပါ မ,သွားကြသည်။


’မမေးနဲ့’


မေးရင် ကလေးများက သူတို့အမေကို ရိုသေကျိုးနွံမှု ပြသည်ဟုသာ ပြောရပေမည်။ 

အိမ်ပြန်ရောက်သောအခါ သခင်မဝမ်က သူမယောင်္ကျားသည် အဘွားအို၏  á€á€źá€śá€á€„á€şá€¸á€‘á€˛áŒ ရှိနေသည်ဟု ကြားလိုက်ရသည်။ 

သူမ ထိုနေရာသို့ ခြေလှမ်း လှည့်လိုက်၏။


အဘွားအို၏ ပထမဆုံး စကားမှာ ထို့သို့ပင် ဖြစ်သည်။


 "ချန်အာရော ဘယ်မှာလဲ၊ သူ ဘာလို့ ပြန်ပါမလာတာလဲ"

သခင်မဝမ်က သားဖြစ်သူ ပြန်မလိုက်ဘူးဟု ငြင်းဆန်ခဲ့သည်ကို တွေးမိပြီး ရယ်ချင်သွားသည်။


"သူက အဲ့ဒီမှာ သိုင်းကျင့်ပြီး စာသင်ချင်လို့တဲ့၊ အဲ့ဒီမှာပဲ နေဖို့ စီစဉ်ထားတယ်"


 á€žá€°á€™á€€ ပြန်ဖြေလိုက်သည်။


"ဘာ၊ သူက စာသင်ဖို့ ဆန္ဒရှိတယ် ဟုတ်လား" 


ဝမ်ဖူကွေ မယုံနိုင်အောင် ဖြစ်သွားလေသည်။ 


‘စာအုပ်ဆိုတာ အဆိပ်လိုမျိုး ပြုမူတတ်တဲ့ ကောင်စုတ်လေးက အခု ကိုယ့်သဘောနဲ့ကိုယ် စာသင်မယ်တဲ့လား’


"ချန်အာက သူ့ဘာသာ ပြောတာလား" 


အဘွားအိုလည်း အံ့ဩသွား၏။


"ဟုတ်တယ်၊ ဒီမနက် ကလေးတွေ တောင်ကြီးကို ပတ်ပြေးကြတာ၊ ချန်အာက တတိယ ရပြီး ဆုတောင် ရသေးတယ်" 


သခင်မဝမ်မှာ အလွန် ဝမ်းသာနေသည်။

"တကယ်လား၊ ငါသိသားပဲ၊ မြို့က ဆရာက အသုံးမကျတာ၊ တို့ချန်အာက စာသင်ဖို့ ပါရမီမပါဘူး၊ တုံးတယ်ဆိုပြီး အမြဲ လာလာပြောနေတာ"


အဘွားအိုက ညည်းတွားလိုက်၏။ 


ဝမ်ဖူကွေမှ ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်သည်။ 


‘ဟုတ်တာပေါ့၊ ဝမ်ဖူကွေရဲ့သားက ဘယ်လိုလုပ် အရူးဖြစ်နိုင်မှာလဲ’


သခင်မဝမ်က အဘွားအို၏ စားပွဲပေါ်မှ မသောက်ရသေး‌သော ဟင်းရည်ကို ကြည့်လိုက်သည်။


"အမေ၊ ထမင်းမစားရသေးဘူးလား"


"အင်း၊ အသက်ကြီးလာတော့ ခံတွင်းပျက်လာတယ်" 


အဘွားအိုမှ သက်ပြင်းချလိုက်သည်။ သခင်မဝမ်က အစေခံမလေးကို ရှောင်ကျိုးထံမှ ပါလာသည့် ကိတ်မုန့်နှင့် နို့လက်ဖက်ရည်ကို အမြန် ယူခိုင်းလိုက်သည်။


"အမေ၊ ဒါလေးတွေ မြည်းကြည့်ပါဦး"

သူမ ကိတ်မုန့်နှင့် နို့လက်ဖက်ရည်ကို ပြင်ဆင်ပေးပြီး မည်သို့စားရသည်အား ရှင်းပြလိုက်၏။ 


တစ်လုပ်စားလိုက်သည်နှင့် အဘွားအို သဘောကျသွားတော့သည်။


‘ သူမ အချိုကြိုက်မှန်း သိတဲ့လူ ရှားတယ်၊ ဒါပေမယ့် သွားတွေက မကောင်းတော့ အချိုရည်တွေလောက်ပဲ သောက်နိုင်တာ’


 á€šá€”္အ ကိတ်မုန့်နှင့် နို့လက်ဖက်ရည်က သူမကို ပြုစားသွားတော့သည်။


"ဒီ ကိတ်မုန့်နဲ့ နို့လက်ဖက်ရည်က နတ်သုဒ္ဓါတွေပဲ" 


သူမ တီးတိုးရေရွတ်လိုက်သည်။ 


ဝမ်ဖူကွေလည်း အနည်းငယ် မြည်းကြည့်၏။ နို့လက်ဖက်ရည် တစ်ငုံသောက်ပြီးနောက် ပြောလိုက်သည်။

 "သောက်လို့ကောင်းလိုက်တာ"


 á€á€ťá€Žá€¸á€€á€ťá€°á€¸á€œá€­á€Żá€€á€şá€•ဟဎး ခွက်တစ်ဝက်ခန့် မော့သောက်လိုက်သည်။ 


သူက ကိတ်မုန့်ရော အရည်ပါ ပြောင်သလင်းခါအောင် စားသောက်ပြီးနောက် အဘွားအို၏ ဝေစုကို မျက်စိကျနေ၏။

"မိန်းမတွေ ဘာလို့ အချိုကြိုက်လဲဆိုတာ ငါ တစ်ခါမှ နားမလည်ခဲ့ဘူး၊ ဒါပေမဲ့ ဒီကိတ်မုန့်နဲ့ လက်ဖက်ရည်က ဒီလောက် အရသာရှိမယ်လို့ ငါ မထင်ထားဘူး၊ အရမ်းကောင်းတာပဲ"


အဘွားအိုမှ သူမ၏ ကိတ်မုန့်ကို လာမမက်မောရန် သတိပေးသည့်အနေဖြင့် သားဖြစ်သူကို မျက်စောင်းထိုးလိုက်သည်။ 


“ဘာလဲ၊ မင်း ဒီအဘွားကြီးဆီကနေ ကိတ်မုန့်ကို လာယူချင်နေသေးတာလား”

အဘွားအို အလွန် ပျော်နေသောကြောင့် သခင်မဝမ်က သူမ သိမ်းယူလာခဲ့သည့် ပက်လက်ကုလားထိုင်ကို ခြံဝင်းထဲသို့ ရွှေ့ပေးလိုက်ပြီး အဘွားအိုအား လှဲလျောင်းရန် ကူညီပေးလိုက်သည်။

"အမေ၊ ဘယ်လိုနေလဲ၊ ရွာက ကလေးမလေး လုပ်ထားတာ"


"အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်၊ သိပ်ကောင်းတာပဲ"


ဗိုက်လည်းဝပြီး ခန္ဓာကိုယ်လည်း အနားရသွား၍ အဘွားအို၏ မျက်နှာမှာ ဝင်းလက်တောက်ပနေသည်။


သူ့အမေ အရမ်းပျော်နေသည်ကို မြင်၍ ဝမ်ဖူကွေ့ တကယ်ပင် သူမအား ဆွဲထူပြီး လှဲအိပ်ကာ ထိုမျှ သက်တောင့်သက်သာရှိရဲ့လားဟု စမ်းကြည့်ချင်လာသည်။

ထို့နောက် ဝမ်ဖူကွေ့ သူ့ဇနီးကို အကြည့်တစ်ချက် ပို့လိုက်၏။


‘အဘွားအိုရဲ့ ခြံဝင်းထဲကို မယူသွားခင် ဘာလို့ ငါ့ကို အရင် စမ်းမထိုင်ခိုင်းတာလဲ’


သခင်မဝမ်မှာ မမြင်ယောင်ဆောင်နေလိုက်သည်။

သခင်ကြီးမှ အဘွားအို၏ ပက်လက်ကုလားထိုင်ကို မျက်စိကျနေပြန်ပြီ ဖြစ်သည်။ 


နှစ်တွေကြာလာသည်နှင့်အမျှ အဘွားအို၏ ခြံဝင်းထဲမှ ပစ္စည်းကောင်း အများကြီးကို သူ မ,သွားခဲ့ပြီးပြီပင်။


သူမ၏ လက်ဆောင် လုယူခံရမည်ကို ကြောက်၍ အဘွားအိုက အထိန်းတော်ကြီးကို ခေါ်ပြီး သူ့ကို အမြန် နှင်ထုတ်ခိုင်းလိုက်၏။ 


ဝမ်ဖူကွေ ခြံဝင်းထဲက ထွက်လာပြီး သူ့ဇနီးကို သနားကမားနှင့် စိုက်ကြည့်နေသည်။ 


သဘောကျသွားသည့် သခင်မဝမ်မှ အစေခံတစ်ယောက်ကို ခေါ်လိုက်သည်။

"ထောင်ယွမ်ရွာကို သွားပြီး ပက်လက်ကုလားထိုင် ၁၀ လုံး သွားမှာချေ"


အမိန်းရသွားသည့် အစေခံမှ ချက်ချင်း အလုပ် ပြီးမြောက်အောင် လုပိဆောင်ရန် အပြေးထွက်သွားသည်။ 

ထိုမှသာ ဝမ်ဖူကွေ ကျေနပ်သွားတော့၏။ 


‘သူ့မိန်းမက သူ့ကို ဂရုစိုက်တုန်းပဲကိုး’


သခင်မဝမ်က ဤသည်ကို အခွင့်အရေးယူ၍ သူတို့သားလေးမှာ ရှန်ကျစ်ယွမ်၊ ရှောင်ကျိုးတို့နှင့် ပေါင်းပြီး စီးပွားရေးလုပ်မည့် အကြောင်းကိုပါ ပြောပြလိုက်သည်။ 

ဝမ်ဖူကွေ သူ့သား နောက်ဆုံးတော့ အသုံးဝင်သည့်လူ ဖြစ်လာပြီဟု ခံစားလိုက်ရသည်။ ထောင်ယွမ်ရွာ၏ ဖုန်းရွှေက သူ့သားနှင့် ကိုက်ညီခြင်း ဖြစ်ရမည်။

သူ အမြန် ပြောလိုက်သည်။

"လိုသလောက် ငွေတွေကို စာရင်းထဲကနေ ထုတ်သုံးလိုက်"


"သူလည်း နောက်ဆုံးတော့ ကြိုးစားချင်စိတ် ပေါက်လာပြီ၊ အကျိုးရှိတဲ့ တစ်ခုခုကို လုပ်ဖို့ အသိဝင်လာပြီပဲ၊ လမ်းပေါ်မှာ ခွေးလိုက် ကြောင်လိုက်နဲ့ အချိန်ဖြုန်းမနေတော့ဘူးပေါ့"

35

တစ်ဖက်မှာတော့ ရှန်အိမ်တော်တွင် သခင်မရှန် ပြန်ရောက်ပြီး သိပ်မကြာခင်၌ သူမ၏ ခင်ပွန်းဖြစ်သူ အပြင်မှ ပြန်လာသည်ကို တွေ့လိုက်ရသည်။ 


ခင်ပွန်းဖြစ်သူ၏ ညှိုးနွမ်းနေသော မျက်နှာကို မြင်သောအခါ သခင်မရှန် မနေနိုင်ဘဲ မေးလိုက်သည်။


"ဘာဖြစ်လာတာလဲ"


ရှန်ကျစ်ရှင်း ဂူထဲရှိ မြင်ကွင်းများကို ပြန်လည်တွေးတောမိပြီး ရင်ထဲတွင် နာကျင်သွားရသည်။ 

သူ၏ သမီးအရွယ် ကလေးတစ်စုနှင့် အခြား ပိုငယ်သော ကလေးအများအပြားသည် ဝတ်ရုံနက်လူများ၏ ဆေးဝါးများဖြင့် ထိန်းချုပ်ခံထားရပြီး ကြာပွတ်များနှင့် အရိုက်ခံကာ လူသတ်စက်များကဲ့သို့ လေ့ကျင့်ခံနေရလေသည်။ ထိုလူများသည် တိရစ္ဆာန်ထက်ပင် ဆိုးရွားလှသည်။

ရှန်ကျစ်ရှင်း သခင်မရှန်၏ လက်ကိုဆုပ်ကိုင်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။


"ငါအုပ်ချုပ်တဲ့ ခရိုင်ထဲမှာ ဒီလိုကိစ္စမျိုး ဖြစ်လာလိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ထားခဲ့ဘူး၊ ဒါ ငါ့ရဲ့ တာဝန်ပျက်ကွက်မှုပဲ"


ရှန်ကျစ်ရှင်း ဂူထဲရှိ အခြေအနေများကို သူ၏ ဇနီးဖြစ်သူအား အသေးစိတ် ပြန်လည်ပြောပြလိုက်သည်။ 


ယွိဟွာသာ လမ်းမပြပေးခဲ့လျှင်၊ ထောင်ချောက်များကို ရှောင်ကွင်းပြီး ဝတ်ရုံနက်လူများကို တစ်ယောက်ပြီးတစ်ယောက် ခြုံခိုတိုက်ခိုက်ခြင်း မပြုခဲ့လျှင် သူခေါ်သွားသော စစ်သားများပင် ပြန်လာနိုင်မည် မဟုတ်ပေ။


"ဝတ်ရုံနက်လူတွေက အာဏာပိုင်တွေ ဖမ်းမိတာနဲ့ ချက်ချင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြတယ်၊ အဲ့ဒီကလေးတွေကိုတော့ အရာရှိတွေက အသက်အန္တရာယ် မပေးရဲကြဘူး၊ ဒါပေမယ့် သူတို့ကို လွှတ်ပေးလိုက်ရင် သာမန်ပြည်သူတွေကို အန္တရာယ်ပြုမှာ စိုးရိမ်ရတယ်၊ အခုတော့ ဂူထဲမှာပဲ ထားပြီး အပြင်ကနေ စစ်သားတွေနဲ့ စောင့်ခိုင်းထားရတယ်"


ရှန်ကျစ်ရှင်းမှာ ယခု ခေါင်းကိုက်လွန်း၍ ကွဲထွက်မတတ် ဖြစ်နေပြီ ဖြစ်သည်။ 

ထိုကလေးများအတွက် မည်ကဲ့သို့ စီစဉ်ပေးရမည်ကို သူ မသိတော့ပေ။ 


သခင်မရှန်မှ ပက်လက်ကုလားထိုင်ကို ယူလာပြီး ရှန်ကျစ်ရှင်းကို လှဲလျောင်းအနားယူရန် ဆွဲခေါ်လိုက်သည်။

"ထိုင်ပြီး ခဏလောက် အနားယူလိုက်ပါဦး၊ တကယ်လို့ မဖြစ်နိုင်ရင်လည်း သူတို့ကို ဂူထဲမှာပဲ အချိန်တစ်ခုလောက် ပေးနေပြီး နေ့တိုင်း အစားအသောက်တွေ ပို့ပေးလိုက်ပါ၊ သူတို့ သဘောဆန္ဒအရ အပြင်ထွက်ချင်တဲ့အချိန်ရောက်မှ နေရာချထားပေးဖို့ စီစဉ်ရင်လည်း မနောက်ကျပါဘူး"


 á€žá€á€„်မရသန်မသ ရှန်ကျစ်ရှင်း၏ နားထင်ကို ပွတ်သပ်ပေးရင်း ပြောလိုက်၏။


"ဒီလိုပဲ လုပ်ရမှာပေါ့၊ ဒီကုလားထိုင်က ကောင်းသားပဲ၊ လှဲရတာ သက်တောင့်သက်သာ ရှိတယ်" 


ရှန်ကျစ်ရှင်း မျက်လုံးများကိုမှိတ်ကာ အနားယူလိုက်လေသည်။


"ဒါက ကျွန်မတို့သမီးကို ကယ်ပေးခဲ့တဲ့ ထောင်ယွမ်ရွာက ကလေးမလေး ဆီကလေ၊ ဒီကလေးမလေးက ဒီလောက်ငယ်ငယ်လေးနဲ့ ရွာလူကြီးဖြစ်နေတာ၊ ပြီးတော့ တစ်ရွာလုံးကလည်း သူ့စကားကို နားထောင်ကြတယ်၊ သူက တော်တော်လေး ထူးခြားတာပဲ" 


သခင်မရှန် ချီးကျူးလိုက်သည်။ 


ထိုအကြောင်းပြောလိုက်မှ ရှန်ကျစ်ရှင်းသည် ထောင်ယွမ်ရွာက ကလေးမလေးကို ပြန်သတိရသွားသည်။


"သခင်မ၊ ဒီကလေးမလေးရဲ့ မျက်နှာက ရင်းနှီးနေသလို မခံစားရဘူးလား၊ ငါတို့ တစ်နေရာရာမှာ တွေ့ဖူးသလိုမျိုးလေ"


"ကျွန်မတော့ မမှတ်မိဘူး၊ အဲ့ဒီကလေးမလေးက မိဘမရှိဘဲ ရွာသားတွေ မွေးစားထားတာလို့ ကြားတယ်၊ ရှင် သူ့မိဘတွေကို တွေ့ဖူးတာများလား" 


သခင်မရှန် ခန့်မှန်းကြည့်လိုက်သည်။


"ဖြစ်နိုင်တယ်" 


ရှန်ကျစ်ရှင်းက ဆို၏။


"ပြောစမ်းပါဦး၊ ဘယ်လို အသည်းနှလုံးမရှိတဲ့ မိဘတွေကများ မိန်းကလေးတစ်ယောက်ကို တောင်ပေါ်မှာ စွန့်ပစ်ရက်တာလဲ၊ ငါးနှစ်တောင် ရှိပြီ၊ ဘယ်သူမှ လာမရှာကြဘူး"


 á€žá€á€„်မရသန်မသဏ သူမ၏ ကိုယ်ပိုင်သမီးကို တွေးမိပြီး ထိုကလေးမလေး၏ မိဘများသည် တကယ်ကို လူမဆန်ဘူးဟု ခံစားလိုက်ရသည်။


"နေဦး၊ သူ ဘယ်သူနဲ့ တူလဲဆိုတာ ငါ အခု သိပြီ" 


ရှန်ကျစ်ရှင်းသည် ကုလားထိုင်ပေါ်မှ ချက်ချင်း မတ်မတ်ထိုင်လိုက်ပြီး သူ၏ လက်များက ကုလားထိုင်လက်ရန်းများကို တုန်ရီစွာ ဆုပ်ကိုင်ထား၏။


"ဘယ်သူလဲ" 


သခင်မရှန်က ခင်ပွန်းဖြစ်သူ၏ နားထင်ကို ညင်သာစွာ ပွတ်သပ်ပေးရင်း မေးလိုက်သည်။


ရှန်ကျစ်ရှင်းမှာ သူ၏ ဇနီးဖြစ်သူကို ကြည့်ကာ အသံတိုးတိုးဖြင့် ခက်ခဲစွာ ပြောလိုက်သည်။


"မိဖုရားခေါင်ကြီး၊ မိဖုရားခေါင်ကြီး"

'ဘုတ်' ခနဲ အသံနှင့်အတူ သခင်မရှန် အကြီးအကျယ် လန့်သွားရသည်။ ရှန်ကျစ်ရှင်း၏ ခေါင်းပေါ် ဖိထားသော သူမ၏ လက်မှ အားကို မထိန်းချုပ်နိုင်တော့ဘဲ ရှန်ကျစ်ရှင်းကို ကုလားထိုင်ပေါ်သို့ ပြန်လန်ကျသွားစေ၏။


"အား၊ သခင်မ၊ ဖြည်းဖြည်း လုပ်ပါဟ" 


ရှန်ကျစ်ရှင်းသည် သူ၏ ဇနီးဖြစ်သူက သူ့ကို ထပ်ရိုက်မည်ကို ကြောက်သွားသည်။


"ရှောင်ကျိုးက မင်းသမီးလေးလား၊ ဧကရာဇ်မင်းမြတ်ရဲ့ သမီးတော်လား၊ ဘယ်လိုလုပ် တောင်ပေါ်ကို ပစ်ချခံရတာလဲ၊ မိဖုရားခေါင်ကြီးကရော ဘာဖြစ်သွားလို့လဲ" 


သခင်မရှန်တွင် မေးခွန်းများ တစ်ပုံတစ်ပင် ဖြစ်သွားပြီ ဖြစ်သည်။


"အသံတိုးတိုး၊ နံရံတွေမှာ နားရှိတယ်၊ ငါ ခန့်မှန်းကြည့်ရုံပါ၊ အရင်က မြို့တော်မှာတုန်းက ရှီမိသားစုရဲ့ ဒုတိယသခင်လေးက သူ့ညီမလေး ငယ်ငယ်တုန်းက ပုံတူပန်းချီကားကို ငါ့ကို ပြဖူးတယ်၊ ဒီကလေးမလေးက မိဖုရားခေါင်ကြီး ငယ်ငယ်တုန်းက ပုံစံနဲ့ အရမ်းတူနေတယ်" 


ရှန်ကျစ်ရှင်းက တိုးတိုးလေး ပြောလိုက်သည်။


ရှီမိသားစုအကြောင်း ပြောလိုက်သည်နှင့် သူတို့နှစ်ဦးလုံး၏ ရင်ထဲတွင် လေးလံသွားကြ၏။


ရှီမိသားစု၏ သခင်ကြီးသည် တစ်ချိန်က နယ်စပ်ဂိတ်ကို စောင့်ကြပ်ခဲ့သော နာမည်ကျော် ကျိန့်ပေ မြို့စားကြီး ဖြစ်သည်။ 

တုန်းရှားနိုင်ငံမှာ နိုင်ငံလေးနိုင်ငံအနက် အားအနည်းဆုံးဖြစ်ကြောင်း အားလုံးသိကြသည်။ ထိုစဉ်က အခြားနိုင်ငံသုံးခုသည် တုန်းရှားနိုင်ငံကို ခွဲဝေယူရန် ကြိုးစားခဲ့ကြပြီး သုံးဖက်သုံးတန်မှ တိုက်ခိုက်ခဲ့ကြ၏။ ရှီမိသားစု တပ်မတော်မှာ တုန်းရှားနိုင်ငံ၏ ပိုင်နက်နယ်မြေကို ကာကွယ်ရန် သေသည်အထိ တိုက်ပွဲဝင်ခဲ့ကြသည်။


ထိုအချိန်မှစ၍ ရှီမိသားစု တပ်မတော်၏ ဂုဏ်သတင်းသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားခဲ့ပြီး တုန်းရှားနိုင်ငံမှ သာမန်ပြည်သူများ၏ နှလုံးသားထဲတွင် အစောင့်အရှောက် နတ်ဘုရားများ ဖြစ်လာခဲ့ကြသည်။ 


ရှီမိသားစု တပ်မတော် ရှိနေသောကြောင့် အခြားနိုင်ငံသုံးခုမှာ အလွယ်တကူ ကျူးကျော်ရန် မရဲကြတော့ဘဲ နိုင်ငံလေးနိုင်ငံကြားတွင် ထူးခြားသော အင်အားချိန်ခွင်လျှာ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။


သို့သော် လွန်ခဲ့သော ငါးနှစ်ခန့်က နယ်စပ်တွင် အနည်းငယ် ဆူပူအုံကြွမှု ဖြစ်ပွားခဲ့ရာ ရှီမိသားစု၏ သခင်ကြီးနှင့် ရှီမိသားစုမှ အရွယ်ရောက်ပြီးသော အမျိုးသားအားလုံး နယ်စပ်ဂိတ် တိုက်ပွဲတွင် ကျဆုံးသွားခဲ့ကြ၏။ ရှီမိသားစု တပ်မတော် ရှုံးနိမ့်ခဲ့ပြီး မြို့အများအပြား ဆုံးရှုံးခဲ့ရလေသည်။

သတင်းက မြို့တော်သို့ ရောက်ရှိလာပြီး နန်းတော်ထဲမှလည်း သတင်းတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအချိန်က ကိုယ်ဝန်ရင့်မာနေသော မိဖုရားခေါင်ကြီးမှ ထိုသတင်းဆိုးကို မခံစားနိုင်သဖြင့် ရှီမိသားစုအတွက် ဆုတောင်းပေးရန် မဟာဗုဒ္ဓကျောင်းတော်သို့ သွားရောက်ခဲ့ကြောင်း ဆိုသည်။ လမ်းခရီးတွင် ဓားပြများနှင့် ကြုံတွေ့ရပြီး လိုက်လံတိုက်ခိုက်ခံရရာ ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျ၍ ကွယ်လွန်သွားခဲ့သည်ဟု ဆိုကြသည်။


ထိုအချိန်က အသက် ၇ နှစ်သာ ရှိသေးသော ရှီမိသားစု၏ တစ်ဦးတည်းသော မြေးဖြစ်သူ ရှီမိသားစု တလန်၏ သားသည်လည်း သူ၏ ကိုယ်ပိုင်ခြံဝင်းအတွင်း၌ ထူးဆန်းစွာ ရေနစ်သေဆုံးသွားခဲ့သည်။


ထိုစဉ် ရှီမိသားစုတစ်ခုလုံးတွင် အဘွားရှီနှင့် အမျိုးသမီး ဆွေမျိုးတစ်စုသာ ကျန်ရစ်ခဲ့တော့၏။ ကံကောင်းထောက်မစွာဖြင့် ရှီမိသားစု၏ တတိယချွေးမသည် ဆွေမျိုးများထံ အလည်အပတ်သွားရန် သူမ၏ မိဘအိမ်သို့ ပြန်သွားခဲ့သည်။ သတင်းများကို ကြားသိရပြီး အခြေအနေ ဆိုးရွားနေပြီဖြစ်ကြောင်း သိလိုက်ရသောအခါ သူမသည် သူမကိုယ်ဝန်ရှိနေကြောင်းကို မည်သူ့ကိုမျှ မပြောရဲတော့ပေ။ 


သူမသည် မိဘအိမ်တွင် တိတ်တဆိတ် ပုန်းအောင်းနေခဲ့ပြီး လအနည်းငယ်အကြာတွင် ယောင်္ကျားလေးတစ်ဦး ဖွားမြင်ခဲ့ရာ ရှီမိသားစု၏ မျိုးဆက် ပြတ်တောက်သွားခြင်းမှ ကာကွယ်နိုင်ခဲ့သည်။


သို့သော် မကြာသေးမီကပင် မြို့တော်မှ သတင်းတစ်ခု ရောက်လာခဲ့၏။ ရှီမိသားစု၏ အငယ်ဆုံးမြေးလေး ပြန်ပေးဆွဲခံလိုက်ရပြီး ယခုထက်တိုင် ရှာမတွေ့သေးသဖြင့် အဘွားရှီမှာလည်း ဖျားနာနေသည်ဟု ဆိုလေသည်။


သာမန်ပြည်သူများသည် အရူးများ မဟုတ်ကြပေ။ ဤသည်မှာ ရန်သူများက ရှီမိသားစု၏ ယောင်္ကျားလေး မျိုးဆက်အားလုံးကို သေဆုံးသွားစေချင်ကြောင်း ရှင်းလင်းနေ၏။ 


သို့မဟုတ်ပါက နိုင်ငံသုံးနိုင်ငံ ဝိုင်းဝန်းတိုက်ခိုက်စဉ်က ရှီမိသားစုမှ အမျိုးသားတစ်ဦးမျှ မသေဆုံးခဲ့ဘဲ အောင်ပွဲခံကာ ပြန်လာနိုင်ခဲ့ကြသည် မဟုတ်ပါလော။ 


သာမန် နယ်စပ်ဆူပူမှုလေး တစ်ခုက ရှီမိသားစု တပ်မတော်ကို မည်ကဲ့သို့ အကြီးအကျယ် ရှုံးနိမ့်စေပြီး ရှီမိသားစုမှ ယောင်္ကျားလေး မျိုးဆက် တစ်ယောက်မှ အသက်မရှင်နိုင်ဘဲ နေမည်နည်း။


‘အဲ့ဒီနောက်မှာ ရှီမိသားစုရဲ့ မြေးလေးကလည်း ဘယ်လိုလုပ် အသက်မရှင်နိုင်ရတာလဲ’


အသိဉာဏ် နည်းနည်းရှိသူတိုင်း ဤသည်က ရှီမိသားစု၏ မျိုးဆက်ကို ဖြတ်တောက်ရန် ကြိုးစားခြင်းဆိုသည်အား မြင်နိုင်သည်။


ထိုနှစ်က အဖြစ်အပျက်များကို ယခုထက်တိုင် စုံစမ်းစစ်ဆေးခြင်း မရှိသေးပေ။ လက်ရှိ ဧကရာဇ်မင်းမြတ်က စုံစမ်းရန် ဆန္ဒမရှိခြင်းလား သို့မဟုတ် လူများက မပြောရဲကြခြင်းလား ဆိုသည်ကို မသေချာပေ။ မည်သို့ပင် ဖြစ်စေကာမူ ထိုအချိန်က ရှီမိသားစုဘက်မှ ရပ်တည်ပြောဆိုပေးခဲ့သူများမှာ ရာထူးချခံရခြင်း သို့မဟုတ် သေဆုံးခြင်းများနှင့် ရင်ဆိုင်ခဲ့ရလေသည်။


‘ဥပမာ သူ့လိုပဲပေါ့’


ရှန်ကျစ်ရှင်းသည် ကုလားထိုင်လက်ရန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ ရင်ထဲတွင် ပြောပြ၍မရသော ဝမ်းနည်းပူဆွေးမှုနှင့် ဒေါသများ ပြည့်နှက်နေ၏။ 


တစ်သက်လုံး တိုက်ပွဲဝင်ခဲ့သော စစ်သူကြီးဟောင်း ရှီ၏ မိသားစု တစ်ခုလုံး နောက်ဆုံးတွင် အိုမင်းမစွမ်းသူများ၊ အားနည်းသူများ၊ အမျိုးသမီးများနှင့် ကလေးများသာ ကျန်ရစ်တော့သည်။ 


‘ဘယ်လောက် ရယ်စရာကောင်းပြီး ဘယ်လောက် အဖြစ်ဆိုးလိုက်လဲ’


သခင်မရှန်က ဝမ်းနည်းစွာဖြင့် ပြောလေသည်။


"မိဖုရားခေါင်ကြီးက ကျွန်မတို့အပေါ် ကျေးဇူးရှိခဲ့ပါတယ်၊ ရှောင်ကျိုးက မိဖုရားခေါင်ကြီးရဲ့ သမီး ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ရှင့်ရဲ့ အုပ်ချုပ်မှုအောက်က ခရိုင်ထဲမှာ ပေါ်လာတယ်ဆိုကတည်းက ကျွန်မတို့နဲ့ ရေစက်ရှိလို့ပဲ၊ ကျွန်မတို့ သူ့ကို သေချာ ကာကွယ်ပေးရမယ်"


ရှန်ကျစ်ရှင်း မျက်ရည်များကို အတင်း ထိန်းချုပ်လိုက်ပြီး ပြန်ဖြေ၏။


"စိတ်မပူပါနဲ့ သခင်မ၊ မြို့တော်က လူတွေ ဒီနေရာကို သတိထားမိမှာ မဟုတ်ပါဘူး"


"ငါ အခု အဖေ့ကို စာရေးပြီး ရှီမိသားစုဆီ သွားလည်ဖို့နဲ့ အဘွားရှီကို ဒီအကြောင်း ပြောပြပေးဖို့ အကူအညီ တောင်းလိုက်မယ်၊ အမှန်ပဲဖြစ်ဖြစ် အမှားပဲဖြစ်ဖြစ် အနည်းဆုံးတော့ အဘွားကြီး အသက်ရှင်ဖို့ အကြောင်းပြချက် တစ်ခု ရသွားတာပေါ့" 


ရှန်ကျစ်ရှင်း မတ်တတ်ရပ်၍ စာကြည့်ခန်းဆီသို့ ထွက်သွားလေသည်။ 


သခင်မရှန်သည် ထွက်ခွာသွားသော ခင်ပွန်းဖြစ်သူကို ကြည့်ကာ ပက်လက်ကုလားထိုင်ပေါ်၌ ထိုင်ရင်း အတိတ်က အဖြစ်အပျက်များကို ပြန်လည်တွေးတောနေမိ၏။


 á€žá€°á€™á€”သငအ် ရှန်ကျစ်ရှင်းတို့သည် ငယ်သူငယ်ချင်းများ ဖြစ်ကြပြီး သူတို့၏ မိသားစုများက စေ့စပ်မှုကို အစောကြီးကတည်းက စီစဉ်ထားခဲ့ကြသည်။ ရှန်ကျစ်ရှင်း နန်းတွင်းစာမေးပွဲ ဖြေဆိုပြီးရန်သာ စောင့်ဆိုင်းနေပြီး ထို့နောက် မင်္ဂလာပွဲ ကျင်းပရန် ဖြစ်သည်။


သို့သော် မထင်မှတ်ထားဘဲ နန်းတွင်းစာမေးပွဲတွင် ပထမရရှိကာ လမ်းတစ်လျှောက် လှည့်လည်အောင်ပွဲခံနေသော ရှန်ကျစ်ရှင်းကို သက်တော်ရှည်မင်းသမီးက မျက်စိကျသွားခဲ့သည်။ ရှန်ကျစ်ရှင်းတွင် စေ့စပ်ထားသူ ရှိမှန်း သိပါလျက်နှင့် သူမက သူ့ကို သူမ၏ ကြင်ယာတော်အဖြစ် အတင်းအဓမ္မ သိမ်းပိုက်ရန် ကြိုးစားခဲ့လေသည်။


ရှန်ကျစ်ရှင်းက ငြင်းဆန်သည်ကို မြင်သောအခါ သူမက စေ့စပ်မှုကို ဖျက်သိမ်းစေရန် ဖိအားပေးသည့်အနေဖြင့် သူ၏ စေ့စပ်ထားသူ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးရန် ကြိုးပမ်းခဲ့၏။ 


ထိုအချိန်က အခြေအနေကို တွေးမိတိုင်း သခင်မရှန်၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ ကျန်ရစ်နေဆဲ ဖြစ်သည်။ 


အကယ်၍ မိဖုရားခေါင်ကြီးဘေးမှ အထိန်းတော်သာ အချိန်မီ ပေါ်လာပြီး သူမကို နန်းတော်အပြင်သို့ မပို့ဆောင်ပေးခဲ့ပါက သက်တော်ရှည်မင်းသမီး ရှာထားသော အစောင့်များ၏ စော်ကားမှုကို သူမ ခံခဲ့ရနိုင်သည်။ သူမ၏ ကိုယ်ပိုင် ဂုဏ်သိက္ခာ ပျက်စီးရုံသာမက သူမ၏ မိသားစုကိုပါ ထိခိုက်စေနိုင်သည်။ မယ်တော်ကြီး၏ မွေးနေ့ပွဲတွင် ထိုကဲ့သို့သော မဖွယ်မရာ အပြုအမူမျိုး ကျူးလွန်ခြင်းမှာ မိသားစု တစ်ခုလုံး ပြည်နှင်ဒဏ် ခံရမည့် အပြစ်မျိုး ဖြစ်သည်။


ထိုနေ့အပြီးတွင် မိဖုရားခေါင်ကြီးသည် မယ်တော်ကြီးရှေ့မှောက်သို့ သွားရောက်၍ သူတို့နှစ်ဦးအတွက် တောင်းပန်ပေးခဲ့ပြီး သူမနှင့် ရှန်ကျစ်ရှင်းကို လက်ထပ်ပေးခဲ့ရာ ပြဿနာများစွာကို ရှောင်လွှဲနိုင်ခဲ့သည်။


 

Search Novels