26

"ငါသိသားပဲ၊ ငါသိနေတယ်၊ ငါက တခြား‌နေရာက အကောက်ခံထားရတာ သေချာတယ်"

"ထျဲနျို၊ ထျဲနျို၊ အဘွားရဲ့ မြေးလေး"


ချက်ချင်းပင် အဘွားရွှီ၏ အော်သံ ထွက်ပေါ်လာသည်။ 


ထျဲနျို ကျောက်ဟူနှင့် အားသို့အား ကြွားဝင့်စွာ ကြည့်လိုက်သည်။


‘ တွေ့လား၊ ငါ့အဘွားကတော့ ငါ့ကို ချစ်တုန်းပဲ’


အဘွားရွှီမှာလည်း သူတို့သုံးယောက်ကို ကျော်သွားပြီး တနွီလက်ထဲမှ ရွာလူကြီးလေးကို ဆွဲယူလိုက်လေသည်။ ရင်ခွင်ထဲသို့ ထည့်လိုက်ပြီး ပွေ့ချီကာ ဝမ်းနည်းပက်လက်ဖြင့် ပြောလိုက်၏။


"ပေါ့သွားတယ်၊ တော်တော် ပေါ့သွားတယ်၊ ရွာလူကြီးလေး ပင်ပန်းပြီး ပိန်သွားရှာပြီ၊ အဲ့ဒီကျိန်စာသင့်မယ့် ကလေးသူခိုးတွေ မိုးကြိုးပစ်ခံရပါစေ"


ထျဲနျို:  á€’ဎဥခဝိန်မသဏ သူက မိန်းကလေး မဟုတ်ရလေခြင်းလို့ပဲ နောင်တရမိတယ်။


"ရွှမ်အာ၊ ရွှမ်အာရေ"


ရှဟယ်ရွာ၏ ရွာလူကြီးကို လူမိုက်အချို့က တွဲခေါ်လာကြသည်။ သူ့မြေးလေးကို မြင်သည်နှင့် ချက်ချင်းပင် အော်ဟစ်ငိုယိုတော့သည်။


"အဘိုး၊ အဘိုး၊ သား ပြန်ရောက်လာပြီ"

ရွှမ်ဇီသည် တစ်နေ့လုံး ကြောက်လန့်ခဲ့ရသမျှအား အဘိုး၏ အသံကို ကြားချိန်တွင် ပေါက်ကွဲထွက်လာရသည်။ သူ ငိုယိုပြီး အဘိုး၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားသည်။

"ကျူဇီ"

"ဟေးဝါ"

ငိုနေသော ရွှမ်ဇီကို ကြည့်ပြီး ကျူဇီနှင့် ဟေးဝါလည်း အော်ငိုကာ သူတို့အမေ၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားကြ၏။ 

‘အိမ်ပြန်မရောက်နိုင်တော့ဘူးလို့တောင် ထင်ခဲ့တာ၊ ဝူးဝူး’


"အိမ်ပြန်ကြစို့"

 á€›á€žá€ąá€Źá€„်ကဝိုးမသ အားလုံးကို အော်ပြောလိုက်သည်။


"ဟုတ်တယ်၊ ဟုတ်တယ်၊ အိမ်ပြန်ကြစို့”


"အိမ်ပြန်ကြစို့"


လူအုပ်ကြီးမှာ ပျော်ရွှင်တက်ကြွစွာ ရွာသို့ ပြန်လာခဲ့ကြသည်။

ထိုည၌ ရွာထဲ မီးရောင်များ ထိန်လင်းနေပြီး လူတိုင်း၏ ရင်ထဲတွင် ကျေးဇူးတင်မှုများ၊ နွေးထွေးမှုများဖြင့် ပြည့်နှက်နေ၏။


အထူးသဖြင့် ရှောင်ကျိုးသည် ကလေးများကြားတွင် ထိုည၏ အတောက်ပဆုံး မှတ်ဉာဏ်တစ်ခု ဖြစ်လာပြီး သူတို့၏ နှလုံးသားထဲ၌ ထာဝရ စွဲထင်သွားတော့သည်။


'ရွာသားတွေကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့တဲ့အတွက် ဆုလက်ဆောင် - အမှတ် ၅၀၀ နှင့် ကံစမ်းမဲ ၁ ကြိမ်’

ထိုရင်းနှီးနေသော အသံကို ကြားရသော်ငြား ရှောင်ကျိုး များစွာ မပျော်ရွှင်နိုင်ပေ။ သူမ ယနေ့ ဂူထဲ၌ တွေ့ခဲ့ရသည့် ကလေးတစ်အုပ်အကြောင်းကို စဉ်းစားနေမိသည်။ 


‘သူတို့လည်း ပြန်ပေးဆွဲခံလာရတာလား၊


 á€Ąá€˛á€ˇá€’ဎမသဏ နေရတာ ဘယ်လောက်တောင် ကြာပြီလဲ၊ 


သူတို့ မိဘတွေရော အဒေါ်လျို့တို့လိုမျိုး စိုးရိမ်ပူပန်နေကြမလား၊ 

နေ့တိုင်း အရိုက်ခံနေရတာလား’


‘ဆရာယန် ပြောပုံအရတော့ သူတို့က အရမ်းငယ်ငယ်လေးကတည်းက အဖမ်းခံရပြီး လုပ်ကြံသတ်ဖြတ်သူတွေအဖြစ် လေ့ကျင့်ခံရတာ ဖြစ်မယ်တဲ့၊ 


ဆေးဝါးတွေနဲ့ ထိန်းချုပ်ခံထားရဖို့လည်း များတယ်၊


 á€‚ူထဲက ထွက်သွားတာနဲ့ ချက်ချင်း သေသွားနိုင်ပြီး အခုတော့ သူတို့က ခံစားချက်မရှိ၊ အတွေးအခေါ်မရှိတဲ့ လူတွေ ဖြစ်နေပြီ’


သို့သော် လူတစ်ယောက်မှာ မည်ကဲ့သို့ အတွေးအခေါ် မရှိဘဲ နေနိုင်မည်နည်း။ 

ရှောင်ကျိုး နားမလည်နိုင်အောင် ဖြစ်ရသည်။ 

သူမ အတွေးများလွန်း၍ အိပ်မပျော်နိုင်တော့ချေ။


သူမ အိမ်ခေါင်မိုးပေါ်ကို ပျံတက်သွားပြီး နေထွက်လာမည့် အချိန်ကို စောင့်ရင်း ထိုင်နေလိုက်သည်။

 á€€á€ąá€Źá€„်းကင်မသဏ တဖြည်းဖြည်း လင်းလာပြီး ပထမဆုံး နေရောင်ခြည်က မြူခိုးများကို ဖောက်ထွက်လာကာ ရှောင်ကျိုးပေါ်သို့ ဖြည်းညင်းစွာ ကျရောက်လာ၏။  á€žá€°á€™á နုနယ်သော မျက်နှာလေးပေါ်တွင် အလင်းရောင်တစ်လွှာ လွှမ်းခြုံသွားလေသည်။ 

သူမ ခေါင်းမိုးပေါ်၌ ထိုင်ရင်း ခြေထောက်လေးများကို လွှဲကာ အိမ်ခေါင်မိုးများကို ကျော်လွန်ပြီး တစ်ခုခုအား ရှာဖွေနေသကဲ့သို့၊ သို့မဟုတ် ပိုနက်နဲသည့် မေးခွန်းတစ်ခုကို စဉ်းစားနေသကဲ့သို့ ငေးကြည့်နေသည်။


ရွာထဲတွင် ကြက်တွန်သံများ၊ ခွေးဟောင်သံများ ဆူညံလာပြီး နေ့သစ်တစ်နေ့ စတင်ပြီဖြစ်ကြောင်း ကြေညာနေသည်။ 


ရွာသားများ တစ်ယောက်ပြီး တစ်ယောက် အိမ်ထဲက ထွက်လာပြီး သူတို့၏ နေ့စဉ်အလုပ်များကို စတင်ကြသည်။ သို့သော် ယနေ့ သူတို့မျက်နှာပေါ်မှ အပြုံးများက ပုံမှန်ထက် ပို၍ တောက်ပနေကြသည်။


ရှောင်ကျိုး ခေါင်းမိုးပေါ်မှ ဆင်းလာစဉ် ဖက်တီးလေးနှင့် တခြားသူများလည်း နိုးလာကြပြီး ခြံဝင်းထဲသို့ ထွက်လာကြသည်။ 

ရှောင်ကျိုးကို မြင်သည်နှင့် ဖက်တီးလေးက ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ပြေးလာ၏။ မနေ့က သူတို့အားလုံးမှာ ထွက်ပြေးရန်သာ အာရုံစိုက်နေကြ‌သောကြောင့် ကယ်တင်ရှင်လေး၏ နာမည်ကို မမေးမိကြပေ။


"ငါ့နာမည်က ဝမ်ကျယ်ချန်၊ နင့်နာမည်ကရော ဘယ်သူလဲ၊ ဘာလို့ လူတိုင်းက နင့်ကို ရွာလူကြီးလို့ ခေါ်ကြတာလဲ"


 á€–á€€á€şá€á€Žá€¸á€œá€ąá€¸á€€ ရှောင်ကျိုးကို မေးလိုက်သည်။

"နင့်နာမည် ဘယ်သူလို့ ပြောလိုက်တာ" 


ရှောင်ကျိုးမှ ချက်ချင်း လှည့်ပြီး ဖက်တီးလေးကို မေးလိုက်၏။

"ဝမ်ကျယ်ချန်လေ၊ ဘာဖြစ်လို့လဲ"

ဖက်တီးလေးမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။


‘ဒီနာမည်က ဘာများ မှားနေလို့လဲ’


"ဪ၊ ဘာမှမဟုတ်ပါဘူး" 


ရှောင်ကျိုးက ရှက်ရွံ့စွာ ပြုံးပြလိုက်လေသည်။


"နင့်နာမည်က ဘယ်သူလဲ၊ ဘာလို့ နင့်ကို ရွာလူကြီးလို့ ခေါ်ကြတာလဲ"


ဖက်တီးလေးမှာ ရှောင်ကျိုးမှ ယခင်မေးခွန်းကို မဖြေသေးသောကြောင့် လက်မလျှော့ဘဲ ထပ်မေးပြန်၏။


"ရှီရှောင်ကျိုး၊ ငါက မွေးကတည်းက ဒီမှာ ရွာလူကြီးလေ၊ သဘာဝပဲပေါ့" 


ရှောင်ကျိုးမှ ဖြေလိုက်သည်။


ရှန်ကျစ်ယွမ်က ဖက်တီးလေးကို ဘေးသို့ တွန်းထုတ်လိုက်ပြီး ရှောင်ကျိုး၏ လက်ကို ဆွဲကာ ပြောလိုက်၏။


"ကျေးဇူးရှင်လေး၊ နင်က ဘာလို့ အဲ့ဒီလောက်တောင် စွမ်းရတာလဲ၊ နင်က နတ်သမီးလေးများလား"


ရွာလူကြီးအိမ်၏ တံခါးဝမှ ဝင်လာသော တနွီမှာ ရှန်ကျစ်ယွမ်က ရွာလူကြီးလေး၏ လက်ကို ဆွဲထားသည်အား မြင်၍ ချက်ချင်းပင် သူမ၏ စိတ်ထဲ၌ နှိုးဆော်သံများ မြည်လာတော့သည်။ 


သူမ အမြန်ပြေးသွားပြီး ရှန်ကျစ်ယွမ်လက်ထဲမှ ရွာလူကြီးလေး၏ လက်ကို ဆွဲယူကာ သူမလက်ထဲသို့ ထည့်ထားလိုက်၏။


‘ဟွန်း၊ ဒီမိန်းမယုတ်လေး ဘယ်က ရောက်လာတာလဲ၊ ရွာလူကြီးလေးကို ငါ့ဆီကနေ လုယူချင်နေတာလား’


"ရွာလူကြီးလေး၊ ဗိုက်ဆာပြီလား" 


တနွီမှ ဂရုတစိုက် မေးလိုက်သည်။


ရွာလူကြီးလေးမှာ မနေ့က တစ်နေ့လုံး ပြေးလွှားနေရ၍ ပင်ပန်းနေသည့် ပုံပေါက်နေပြီး ကောင်းကောင်း အိပ်မပျော်ခဲ့ခြင်း ဖြစ်ရမည်။


"အင်း၊ အစ်မရွှီ မနက်စာ လုပ်နေပြီ" 


ရှောင်ကျိုး ခေါင်းညိတ်ပြလိုက်၏။


သူမ မနေ့က ခေါ်လာသော လူများကို ကြည့်လိုက်ပြီး ပြောလိုက်သည်။


"မနက်စာ စားပြီးရင် ရွာသားတွေကို နင်တို့အိမ် ပြန်ပို့ခိုင်းမယ်၊ နင်တို့အိမ်တွေ ဘယ်နားမှာ ရှိလဲ မှတ်မိကြလား"


ဖက်တီးလေးမှ ခေါင်းကုတ်ပြီး ပြောလိုက်သည်။


"ငါ့အဖေက ဝမ်ဖူကွေ၊ သူက မြို့အရှေ့ဘက်မှာ နေတာ၊ ငါ့မိသားစုက မြို့မှာ အချမ်းသာဆုံးပဲ"


ရှန်ကျစ်ယွမ်လည်း အမြန်ဝင်ပြောလေသည်။


"ငါ့အဖေက ခရိုင်ဝန်လေ၊ ငါ့ကို ခရိုင်ရုံးကို ပို့ပေးလိုက်ရုံပဲ"


တခြားကလေးများမှာလည်း သူတို့၏ အိမ်‌နေရာများကို တစ်ယောက်ပြီးတစ်ယောက် ပြောကြသည်။ 


ကောင်လေး တစ်ယောက်သာ မည်သည်ကိုမှ မပြောဘဲ နှုတ်ဆိတ်နေလေသည်။

တနွီ ရှန်ကျစ်ယွမ်ကို အံ့ဩတကြီး ကြည့်ပြီး မေးလိုက်၏။


"နင်က ဘယ်လိုလုပ် အဖမ်းခံရတာလဲ"


ရှန်ကျစ်ယွမ်မှာ ဒေါသတကြီးဖြင့် ပြောလိုက်သည်။


"ဟွန်း၊ ငါ့ဝမ်းကွဲအစ်မနဲ့ အစေခံတို့ လူစုကွဲသွားလို့ လမ်းကြားတစ်ခုထဲမှာ ဝတ်ရုံနက်လူတစ်စုနဲ့ တိုးပြီး သတိလစ်သွားတာ၊ နိုးလာတော့ အဲ့ဒီအိမ်ထဲမှာ ကြိုးတုပ်ခံထားရပြီ’


‘ဒါဆို သူဆွဲထားတဲ့ ကောင်မလေးက သူမရဲ့ ဝမ်းကွဲအစ်မပေါ့’


ဖက်တီးလေးမှ နားမလည်နိုင်စွာ ပြောလိုက်၏။


"ငါက ယုံဖူ စားသောက်ဆိုင်မှာ ဟင်းပွဲအသစ်ရတယ် ကြားလို့ သွားစားတာ၊ ဘယ်လိုဖြစ်ပြီး အဲ့ဒီကို ရောက်သွားမှန်းတောင် မသိဘူး"

ထိုအကြောင်း ပြောလိုက်မှ ဖက်တီးလေး၏  á€—ိုက်က ဆာလောင်၍ အသံမြည်လာသည်။ 

သူ ရှောင်ကျိုးကို မျှော်လင့်တကြီး ကြည့်ပြီး မေးလိုက်သည်။

"ကျေးဇူးရှင်လေး၊ ငါတို့ မနက်စာ ဘယ်တော့ စားရမှာလဲ"


’ဟုတ်ပါပြီ၊ ဒါကတော့ သေချာပေါက် အစားအသောက်သမားပဲ၊ အမြဲတမ်း အစားအသောက်အကြောင်းချည်းပဲ ပြောနေတာ’


"ခဏနေ ရတော့မှာပါ" 


ရှောင်ကျိုး ပြန်ဖြေလိုက်သည်


ထိုအချိန်မှာပင် ရွှီရှောင်ရှောင် မီးဖိုချောင်ထဲမှ ထွက်လာပြီး အားလုံးကို ထမင်းစားရန် ခေါ်လိုက်၏။ 

ယနေ့ မနက်စာသည် ပဲနို့နှင့် ကျန်ပင်းကော့ဇီဟု ခေါ်သော အကြော်မုန့် ဖြစ်သည်။


ကျန်ပင်းကော့ဇီနှင့် ပဲနို့ကို အရင်တစ်ခေါက်က ရှောင်ကျိုး ပေးထားသည့် ဟင်းချက်နည်းများအတိုင်း ရွှီရှောင်ရှောင်မှ လုပ်ထားခြင်းပင်။ 

ရွှီရှောင်ရှောင် ကိုယ်တိုင်ပင် အရသာ မည်သို့ နေမည်အား မသိပေ။


"ဒါ ဘာကြီးလဲ" 


ဖက်တီးလေးက ထမင်းစားပွဲထံသို့ ပထမဆုံး ပြေးသွားလေသည်။


‘မွှေးလိုက်တာ၊ အရမ်းမွှေးတာပဲ’


"ဒါက ရွာလူကြီးလေး ပေးထားတဲ့ ဟင်းချက်နည်းအတိုင်း ငါ စမ်းလုပ်ကြည့်ထားတဲ့ အစားအစာအသစ်၊ ပဲနို့နဲ့ ကျန်ပင်းကော့ဇီလေ" 


ရွှီရှောင်ရှောင်မှ ပြောလိုက်၏။


ရှောင်ကျိုး ကျန်ပင်းကော့ဇီ မစားရသည်မှာ ကြာပြီ ဖြစ်သည်။ 


သူမ တစ်ခုယူပြီး တစ်ကိုက်ကိုက်လိုက်ကာ ပဲနို့ တစ်ငုံ သောက်လိုက်သည်။


‘အရသာရှိလိုက်တာ၊ စားလို့ကောင်းချက်’


‘ဒါက သူမ မှတ်မိနေတဲ့ အရသာလေးပဲ’


ရှောင်ကျိုးမှာ ပျော်လွန်း၍ မျက်လုံးလေးများပင် မှေးစင်းသွားတော့သည်။


ဖက်တီးလေးမှ ရှောင်ကျိုးကို အတုခိုးပြီး အကြီးကြီး တစ်ကိုက်ကိုက်လိုက်ကာ ပဲနို့ တစ်ငုံ သောက်လိုက်၏။


"ဝါး၊ ဒါက အရမ်းစားကောင်းတာပဲ"


ဖက်တီးလေး၏ မျက်လုံးများ ချက်ချင်း အရောင်တောက်သွားပြီး တုနှိုင်းမဲ့ ရတနာတစ်ခုကို ရှာတွေ့သွားသကဲ့သို့ပင်။ ပါးစပ်ထဲ၌ အပြည့်ဖြစ်နေသော်ငြား သူက အလွန်အကျွံ အော်ဟစ်ချီးကျူးရန် မမေ့ချေ။ မျက်နှာပေါ်တွင် ကျေနပ်သည့် အပြုံးများဖြင့် ပါးစပ်မှလည်း ဖောင်းကားနေ၍ အလွန် ချစ်စဖွယ် ကောင်းနေသည်။


ထိုအချိန်မှသာ ရွှီရှောင်ရှောင် သက်ပြင်းချနိုင်သွား၏။ သူမက စား၍ မကောင်းဘူးဟု ထင်‌နေခြင်းပင်။ ယခု အားလုံးမှ ဝိုင်း၍ ချီးကျူးနေကြသောကြောင့် သူမ အလွန် ပျော်သွားရသည်။


"အစ်မရှောင်ရှောင်၊ ဒီ ကျန်ပင်းကော့ဇီနဲ့ ပဲနို့ကို မြို့မှာ သွားရောင်းရင် လူတွေ အများကြီး ကြိုက်ကြမှာ သေချာတယ်" 


ရှန်ကျစ်ယွမ်မှာ စားရင်းဖြင့် ပြေလိုက်သည်။ ရွှီရှောင်ရှောင်အား လက်မထောင်ပြရန်လည်း မမေ့ပေ။

ရွှီရှောင်ရှောင် အနည်းငယ် ရှက်သွားသော်ငြား ပို၍ပင် အံ့ဩဝမ်းသာ ဖြစ်သွားရ၏။ အားလုံး အားရပါးရ စားနေကြသည်ကို ကြည့်ပြီး သူမရင်ထဲတွင် အောင်မြင်မှုဟူသော ခံစားချက်များ ပြည့်နှက်သွားသည်။


ထိုစဉ် တောက်လျှောက် နှုတ်ဆိတ်နေခဲ့သော ကောင်လေးမှ ရုတ်တရက် စကားပြောလာ၏။


"အရသာရှိလိုက်တာ၊ ကျန်ပင်းကော့ဇီက အပြင်ခွံကြွပ်ကြွပ်လေးနဲ့ အထဲက အစာတွေကလည်း ပြည့်စုံတယ်၊ ပဲနို့ကလည်း ချိုပြီး စိမ့်နေတာပဲ၊ ဒီနှစ်ခုက တစ်ခုနဲ့တစ်ခု အချိုးကျ ပေါင်းစပ်သွားတယ်"

ယင်းအား ကြားရ၍ ဖက်တီးလေးက မနားတမ်း စားနေရင်း ပလုတ်ပလောင်းဖြင့် ပြောလိုက်သည်။


"မင်းက အ နေတာ မဟုတ်ဘူးပဲ၊ စကားပြောတတ်သားပဲ"

ကောင်လေးမှ သူ့ကို လျစ်လျူရှုလိုက်‌သောကြောင့် ဖက်တီးလေးမှာ နှုတ်ခမ်းဆူသွားရတယ်။


‘ပျင်းစရာကောင်းလိုက်တာ’


မနက်စာ စားပြီးသွား‌၍ အားလုံး အိမ်ပြန်ရန်ပင် မေ့နေကြပြီ ဖြစ်သည်။ 


ဖက်တီးလေးမှာ ယခုဆိုလျှင် ဤနေရာမှာသာ အပြီးအပိုင် နေသွားချင်‌ပြီ ဖြစ်သည်။ 


‘နေ့လယ်စာအတွက် အစ်မရှောင်ရှောင်က ဟော့ပေါ့ လုပ်ကျွေးမယ်တဲ့၊ အဲ့ဒါ ဘာကြီးမှန်း မသိပေမယ့် အရမ်းအရမ်းကို စားကောင်းမှာ သေချာတယ်’


‘ဖက်တီးလေး ပြန်မသွားချင်တော့ဘူး၊ သေအောင်ရိုက်လည်း မသွားတော့ဘူး’

27

"ငါ မပြန်ဘူး၊ ငါ ဒီမှာပဲ နေချင်တယ်" 


ဖက်တီးလေးမှ ရှောင်ကျိုးကို မျှော်လင့်တကြီး ကြည့်ပြီး ပြောလိုက်သည်။

"ငါ့အဖေကို နေစရိတ်တွေ ပို့ပေးခိုင်းလိုက်မယ်"

ရှန်ကျစ်ယွမ်လည်း မပြန်ချင်သောကြောင့် အမြန် ဝင်ပြော၏။


"ငါလည်း မပြန်ဘူး၊ ဒီမှာပဲ ဆော့ချင်တယ်"


သူမဘေးမှ ဝမ်းကွဲအစ်မလည်း မပြန်ဘူးဆိုသည့် သဘောဖြင့် ခေါင်းခါပြသည်။


"မရဘူး၊ နင်တို့ အရင်ပြန်ရမယ်၊ မိဘတွေ သဘောတူမှ ဒီမှာ နေလို့ရမယ်" 

ရှောင်ကျိုး ငြင်းလိုက်သည်။ 


ကလေးများက မပြန်ချင်ပြန်ချင်နှင့် ရွာသာများနောက်လိုက်ပြီး မြို့သို့ ပြန်သွားကြရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။


"ငါ့ကို စောင့်နေဦးနော်၊ ငါ ဒီမှာလာနေမယ်လို့ မိဘတွေကို သွားပြောလိုက်ဦးမယ်"


ဖက်တီးလေးမှာ မပြန်ခင်က သူစားခဲ့ရ‌သော အရသာရှိသည့် အစားအစာများကို လွမ်းဆွတ်တမ်းတနေဆဲ ဖြစ်သည်။


ရှောင်ကျိုးမှ သူတို့ ကြိုက်သလို လုပ်နိုင်‌ကြောင်း လက်ပြလိုက်၏။


နောက်ဆုံးတွငိ အိမ်နေရာအား မပြောတတ်သည့် ကောင်လေးတစ်ယောက်သာ ကျန်ခဲ့တော့သည်။


"နင့်အိမ်ဘယ်မှာလဲ၊ တကယ်မသိဘူးလား"

 á€›á€žá€ąá€Źá€„်ကဝိုး ထပ်မေး‌သောကြောင့် ကောင်လေးမှ ခေါင်းခါပြလိုက်သည်။


"ဒါဆို နင့်နာမည်က ဘယ်သူလဲ"


ကောင်လေးက ဆက်ပြီး ခေါင်းခါပြလေသည်။


"အသက် ဘယ်လောက်ရှိပြီလဲ"

ကောင်လေး ခေါင်းကိုသာ ဆက်ခါပြ၏။


"နင် အရူးတော့ မဟုတ်ပါဘူးနော်၊ ဒါပေမယ့် ကြည့်ရတာလည်း အရူးနဲ့ မတူပါဘူး"

‘စောစောက ထမင်းစားတုန်းကတော့ ကောင်လေးက စကားတွေ တော်တော်ပီပီသသကို ပြောနေသေးတာပဲ’


"ဒါဆို လောလောဆယ် ဒီမှာပဲ နေလိုက်၊ အချိန်တန်ရင် ခရိုင်ရုံးကို သွားပြီး နင့်မိဘတွေကို သွားရှာကြတာပေါ့"


ကောင်လေးမှ ခေါင်းညိတ်ပြသည်။


"သွား၊ နေဖို့ အခန်းလွတ် တစ်ခန်း သွားရှာလိုက်"


ပြောပြီးသည်နှင့် ရှောင်ကျိုး အိပ်ရေးဝအောင် အိပ်ရန် သူမအခန်းထဲသို့ ပြန်ဝင်သွားတော့သည်။


မနေ့က မဲမနှိုက်ရသေးသည်အား သတိရသွား၍ ရှောင်ကျိုးမှ မဲနှိုက်ခလုတ်ကို နှိပ်လိုက်၏။ 

အမွှာရဆေးလုံး တစ်လုံး ပေါက်သည်။


’အမွှာရဆေးလုံး၊ 


အဲ့ဒါ ဘာကြီးလဲ’


'အဲ့ဒါကို သောက်တဲ့ အမျိုးသမီးက အမွှာမွေးနိုင်တယ်' 


စနစ်မှ ပြန်ဖြေသည်။


"ဪ" 


ရှောင်ကျိုး အနည်းငယ် စိတ်ပျက်သွား၏။ 

ထိုအရာက ခွန်အားကြီးဆေးလုံးလောက် မကောင်းပေ။


"ငါသာ ခွန်အားကြီးဆေးလုံးကို စားလိုက်ရင် ငါ့ခွန်အားက နင့်လောက် ဖြစ်သွားမလား" 

ရှောင်ကျိုး မေးလိုက်သည်။

'မဖြစ်ပါဘူး၊ ဒါပေမယ့် သင့်ခွန်အားက သာမန်လူတွေထက်တော့ ပိုကြီးလာပါလိမ့်မယ်’

စနစ်မှ ပြန်ဖြေ၏။


ရှောင်ကျိုး အမွှာရဆေးလုံးကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီး အိပ်ရေးဝအောင် အိပ်ရန် လှဲချလိုက်သည်။


တစ်ဖက်၌ ဖက်တီးလေးမှာ သူ့ကိုယ်ပိုင် အိမ်တံခါးဝတွင် ရပ်ရင်း သူ့ကို လိုက်ပို့ပေးသည့် ကျောက်တလန်ကို ထပ်မေးနေသည်။


"ဦးလေး၊ ကျွန်တော် မပြန်ချင်ဘူး၊ ဦးလေးတို့ ရွာကိုပဲ ပြန်ခေါ်သွားပေးလို့ ရမလား"


"မရဘူး၊ ငါတို့ ရွာလူကြီးက မင်းကို အိမ်အရောက်ပို့ရမယ်လို့ မှာလိုက်တာ”


ကျောက်တလန် ဖက်တီးလေး၏ အကြိမ်ကြိမ် တောင်းဆိုမှုကို ရက်ရက်စက်စက် ငြင်းပယ်လိုက်ပြီး နေရောင်အောက်၌ တလက်လက် တောက်နေ‌သည့် ကြေးဝါလက်ကိုင်ကွင်းများ တပ်ဆင်ထားပြီး ကြီးမားခန့်ထည်သော တံခါးကြီးကို ခေါက်လိုက်သည်။

တခဏအကြာ တံခါးပွင့်လာပြီး အစေခံကောင်လေး တစ်ယောက် ခေါင်းပြူထွက်လာ၏။ ဖက်တီးလေးကို မြင်လိုက်သည်နှင့် သူ့မျက်နှာမှာ ချက်ချင်းပင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားတော့သည်။ 


သူ နောက်လှည့်ပြီး ခြံဝင်းထဲကို လှမ်းအော်လိုက်သည်။


"သခင်လေး ပြန်ရောက်လာပြီ၊ သခင်လေး ပြန်ရောက်လာပြီဗျို့"


"ဘာ၊ သခင်လေး ပြန်ရောက်လာပြီ ဟုတ်လား”


ဤသည်ကို ကြား၍ အခြား အစေခံမလေးများ၊ ကောင်လေးများက သခင်ကြီးနှင့် သခင်မကို အမြန် သွား၍ သတင်းပို့ကြသည်။ 

ချက်ချင်းဆိုသလိုပင် စံအိမ်ထဲမှ လူအုပ်ကြီး ပြေးထွက်လာကြ၏။

ပိုးသားများ၊ ကျောက်မျက်ရတနာများ ဝတ်ဆင်ထားသော ဆံပင်ဖြူဖြူ အဘွားအိုတစ်ယောက် မျက်ရည်များဖြင့် ရှေ့သို့ ထွက်လာပြီး ယိုင်တိယိုင်တိုင်နှင့် လှမ်းလာသည်။ ဖက်တီးလေးကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး တုန်ရီသော အသံဖြင့် ငိုယို‌နေတော့သည်။


"အဘွားရဲ့ အသည်းအသက်လေး၊ မြေးလေး ဘယ်တွေ သွားနေတာလဲ၊ အဘွားဖြင့် စိတ်ပူလွန်းလို့ သေတော့မလို့ပဲ"

ဖက်တီးလေးမှ သူ၏ အဘွားအား တွေ့လိုက်ရသောကြောင့် မနေ့က ပြန်ပေးဆွဲခံရသည့် ဝမ်းနည်းမှုများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

"အဘွား၊ သား အိမ်ပြန်မရောက်တော့ဘူးလို့တောင် ထင်နေတာ"

"ဘာဖြစ်လို့လဲ၊ အဘွားကို ပြောပြစမ်းပါဦး" 

အဘွားအိုမှ စိုးရိမ်တကြီး မေးလိုက်၏။


ဖက်တီးလေးက သူ မည်ကဲ့သို့ ပြန်ပေးဆွဲခံရပုံနှင့် ရှောင်ကျိုးမှ သူ့ကို မည်သို့ ကယ်တင်ခဲ့သည်ကို ပြန်ပြောပြသည်။


"မိုက်ရိုင်းလိုက်တာ၊ နေ့ခင်းကြောင်တောင်ကြီး ဒီလောက် ရဲတင်းရတယ်လို့၊ ခရိုင်ရုံးကို သွားတိုင်ကြ၊ အဲ့ဒီလူယုတ်မာတွေကို သေချာပေါက် ဖမ်းရမယ်" 

အဘွားအိုမှ တောင်ဝှေးကို မြေကြီးဖြင့် အားကုန် ဆောင့်လိုက်သည်။

"အမေ၊ စိတ်မပူပါနဲ့၊ ဒီလောက် ရဲတင်းတဲ့သူတွေက ဘယ်သူတွေလဲဆိုတာ သေချာပေါက် စုံစမ်းရမှာပေါ့" 


ဖက်တီးလေး၏ အဖေ ဝမ်ဖူကွေက ဘေးတွင် ရပ်နေသည့် ရိုးသားဖြူစင်ပုံပေါက်သော လူမိုက်ကြီးကို ကြည့်ပြီး လက်အုပ်ချီကာ ပြောလိုက်သည်။


"ကျွန်တော့်သားကို ကယ်ပေးတဲ့ ခင်ဗျားတို့ ရွာလူကြီးကို ကျေးဇူးတင်ပါတယ်၊ ခင်ဗျားတို့က ဘယ်ရွာကလဲ မသိဘူး၊ နောက်ရက်ကျရင် ကျေးဇူးဆပ်ဖို့ သေချာပေါက် လာလည်ပါ့မယ်"


"ဟုတ်တယ်၊ ဟုတ်တယ်၊ မင်းတို့ ရွာလူကြီးကို ကျေးဇူးတင်ရမယ်"


 á€Ąá€˜á€˝á€Źá€¸á€Ąá€­á€Żá€™á€ž ကျောက်တလန်ကို ထပ်ခါတလဲလဲ ကျေးဇူးတင်စကားဆို၏။

ဝမ်ကျယ်ချန်မှာ ဝမ်မိသားစု၏ တစ်ဦးတည်းသော မျိုးဆက် ယောင်္ကျားလေးပင်။ သူတို့မြေးကို ကယ်ပေးသည့် သူတိုင်း ဝမ်မိသားစု၏ ကျေးဇူးရှင်ကြီးများ ဖြစ်ပြီး ကျေးဇူးဆပ်ရန်အတွက် လက်ဆောင်များ များစွာယူကာ ကိုယ်တိုင် သွားရောက်တွေ့ဆုံရမည် ဖြစ်သည်။


"သူတို့က ထောင်ယွမ်ရွာကလေ" 


ဖက်တီးလေးမှ ဝင်ပြောလိုက်သည်။


"အမေရော ဘယ်မှာလဲ"


သူ ဘေးဘီကို ကြည့်လိုက်ပြီး သူ့အမေကို မတွေ့ရ‌သောကြောင့် အံ့ဩသွားရသည်။


"မင်းအမေက ခရိုင်ဝန်အိမ်မှာ သခင်မရှန်ကို သွားရှာတာ၊ မင်းကို လိုက်ရှာပေးဖို့ လူလွှတ်ပေးအောင် ခရိုင်ဝန်ကို သွားအကူအညီတောင်းတာလေ"


ဝမ်ဖူကွေ ဘေးမှ အစေခံကောင်လေးအား ခရိုင်ဝန်အိမ်သို့ သွားပြီး သားပြန်ရောက်လာပြီဖြစ်ကြောင်း သခင်မကို သွားပြောရန် အမြန် စေလွှတ်လိုက်သည်။


"မြန်မြန်၊ အထဲဝင်ပါဗျာ၊ ဒီမှာ ရပ်မနေပါနဲ့" 

ဝမ်ဖူကွေမှ ကျောက်တလန်ကို အိမ်ထဲဝင်ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။


"မလိုပါဘူး၊ ကလေးကို အပ်ပြီးပြီဆိုတော့ ကျုပ် ပြန်တော့မယ်" 

ပြောပြီးသည်နှင့် ကျောက်တလန် လက်အုပ်ချီပြီး ပြန်ရန် ပြင်လိုက်သည်။


ဖက်တီးလေးမှာ ကျောက်တလန်၏ ခြေထောက်ကို ချက်ချင်း ဖက်ထားလိုက်ပြီး အဘွားဘက်သို့ လှည့်ကာ တောင်းဆိုသည်။


"အဘွား၊ သား ထောင်ယွမ်ရွာမှာ ရက်အနည်းငယ်လောက် သွားနေချင်တယ်"


"လုံးဝ မဖြစ်ဘူး၊ မင်းအမေ ပြန်လာလို့ မင်းကို မတွေ့ရင် ထပ်ပြီး စိတ်ပူနေဦးမယ်"


သူ့ဇနီးသည် မည်မျှ စိတ်ပူနေခဲ့ရသည်ကို တွေးမိ၍ ဝမ်ဖူကွေ ချက်ချင်း ငြင်းလိုက်၏။


"သွားမယ်ဆို သွားမယ်လို့၊ ကျေးဇူးရှင်လေးနဲ့ အတူ နေချင်တာ" 


ဖက်တီးလေးက ဂျီကျရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။


"သွားပါစေလေ၊ မနက်ဖြန်ကျမှ ငါတို့ သွားကြိုကြတာပေါ့"


အဘွားအိုမှ အမိန့်ချလိုက်သောကြောင့် ဝမ်ဖူကွေလည်း မည်သို့မှ မတတ်နိုင်တော့ပေ။ သူ ကျောက်တလန်ကို အားနာသလို ကြည့်ပြီး ပြောလိုက်သည်။


"ဒါက၊ အဆင်ပြေပါ့မလား မသိဘူး"


ဖက်တီးလေးက ကျောက်တလန်၏ ခြေထောက်ကို တင်းတင်းကျပ်ကျပ် ဖက်ထားလေသည်။


"ဦးလေးကျောက်တ၊ မိသားစုက သဘောတူရင် ရွာမှာ နေလို့ရတယ်လို့ ကျေးဇူးရှင်လေး ပြောထားတယ်နော်"


ရွာလူကြီးလေးလည်း သဘောတူထားပြီးဖြစ်‌၍ ကျောက်တလန်မှာ ငြင်းစရာ အကြောင်းမရှိပေ။ 


ဝမ်ဖူကွေမှ အိမ်တော်ထိန်းကို လိုက်ပို့ရန် မြင်းလှည်း တစ်စီး စီစဉ်ခိုင်းလိုက်ပြီး ဖက်တီးလေးနှင့် ကျောက်တလန်တို့မှာ အစေခံကောင်လေး တစ်ယောက်၊ ပစ္စည်းများ အပြည့်တင်ထားသော မြင်းလှည်းတစ်စီးနှင့် ရွာသို့ ပြန်လာခဲ့ကြသည်။ 


ဖက်တီးလေးမှာ မြင်းလှည်းပေါ်မှ ဆင်းဆင်းချင်းပင် ရှောင်ကျိုး၏ ခြံဝင်းထံသို့ ပျော်ရွှင်စွာ ပြေးသွားလိုက်သည်။


‘ဟော့ပေါ့၊ ဟော့ပေါ့၊ ငါလာပြီဟေ့’


လမ်းတွင် မနေ့က သူထွက်ပြေးနိုင်စေရန်  á€€á€°á€Šá€Žá€•္းခဲအသ္ဏ ယွိဟွာကို တွေ့လိုက်ရသည်။ ဖက်တီးလေးသည် အိတ်ကပ်ထဲမှ တေးအချို့ကို အမြန်ထုတ်ပြီး ယွိဟွာ၏ ကျောပေါ်၌ လွယ်ထားသည့် အိတ်လေးထဲသို့ ထည့်ပေးလိုက်၏။ 

သူ ယွိဟွာ၏ တောင်ပံကို ပွတ်သပ်ရင်း ပြောလိုက်သည်။


"ကျေးဇူးပဲနော်၊ မင်းက အရမ်းမိုက်တာပဲ၊ ငါတွေ့ဖူးသမျှထဲမှာ မင်းက ဉာဏ်အကောင်းဆုံး တိရစ္ဆာန်ပဲ"


ယွိဟွာ လည်ပင်းကို ဆန့်ပြီး နှစ်ခါသုံးခါ အော်လိုက်သည်။


"ကွပ် ကွပ်"

‘ ကောင်လေး၊ မင်း အမြင်ရှိတာပဲ၊ စိတ်မပူနဲ့၊ နောက်ဆို ယွိဟွာ မင်းကို ကာကွယ်ပေးမယ်’


ယွိဟွာ သူ၏ ကျေးဇူးတင်စကားကို တုံ့ပြန်နေမှန်း သိသောကြောင့် ဖက်တီးလေးမှ ဆက်ပြောလိုက်သည်။


"နောက်တစ်ခါကျရင် မင်းကို ငါ့အဘွားနဲ့ တွေ့အောင် ခေါ်သွားမယ်၊ မင်းလည်ပင်းမှာ ဆွဲဖို့ ရွှေသော့ချိတ် တစ်ခု လုပ်ပေးဖို့ အဘွားကို ပြောပေးမယ်၊ အဲ့ဒီအခါကျရင် မင်းက ဒီမှာ အချမ်းသာဆုံး ကြက်မကြီး ဖြစ်သွားပြီ"


‘ကွပ် ကွပ် ကွပ် ကွပ်’

’တကယ်လား၊ မမေ့နဲ့နော်’

ယွိဟွာမှ ပျော်ရွှင်စွာဖြင့် ဖက်တီးလေး၏ လက်ကို ခေါင်းနှင့် ပွတ်သပ်နေ၏။


ဖက်တီးလေး ယွိဟွာကို ပွေ့ချီပြီး ရှောင်ကျိုး၏ ခြံဝင်းထံသို့ လျှောက်သွားလိုက်သည်။ ခြံဝင်းတံခါးပေါက် ဝင်ဝင်ချင်းပင် အလွန်မွှေးသော အနံ့မား ရလိုက်သည်။


"ဝါး၊ အရမ်းမွှေးတာပဲ"


ဖက်တီးလေး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းလိုက်သည်။ ထိုအချိန်တွင် အိပ်ရာနိုးပြီး အိမ်ထဲမှ ထွက်လာသော ရှောင်ကျိုးမှာ ဖက်တီးလေးနှင့် သူ့ရင်ခွင်ထဲက ယွိဟွာကို မြင်စဉ် ဇဝေဇဝါဖြင့် မေးလိုက်၏။


"နင် မပြန်ဘူးလား"


ဖက်တီးလေးမှ ခုံတစ်ခုံကို အမြန်ရှာထိုင်ပြီး ပြောလိုက်သည်။

"အဘွားနဲ့ သွားပြောပြီးပြီ၊ ရွာမှာနေဖို့ အဘွားက သဘောတူတယ်၊ တွေ့လား၊ ငါ့နေစရိတ်တွေပါ ယူလာတယ်"


ဖက်တီးလေးက တံခါးအပြင်ဘက်မှ ပစ္စည်းများ အပြည့်တင်ထားသော မြင်းလှည်းကို လက်ညှိုးထိုးပြ၏။ 


အစေခံကောင်လေးမှာ ထိုပစ္စည်းများအား ခြံဝင်းထဲသို့ မနည်း သယ်၍ သွင်းနေရသည်။ ရှောင်ကျိုးက အံ့ဩတကြီးဖြင့် လှည့်ကြည့်လိုက်သည်။


"နင် ဒီမှာ ဘယ်လောက်ကြာကြာ နေဖို့ စီစဉ်ထားတာလဲ"

’သူ့အိမ်တစ်ခုလုံးကို  á€’ဎ ရွှေ့လာတာများလား’

ဖက်တီးလေး ပျော်ရွှင်စွာ ပြောလေသည်။

"တစ်ရက်ပဲ နေမယ်လို့ အဘွားကို ပြောခဲ့တာ၊ အဲ့ဒါမှ သူတို့က ပေးလာမှာလေ၊ ဒါပေမယ့် ငါ့ပစ္စည်းတွေ အကုန်လုံးကို ဒီကို သယ်လာခဲ့တယ်၊ အဘွား ငါ့ကို လာကြိုတဲ့အခါ နောက်ထပ် ရက်နည်းနည်းလောက် ဆက်နေခွင့်ပြုဖို့ တောင်းဆိုလိုက်မယ်၊ အဘွားက သဘောတူမှာပါ"


"ပြီးတော့ ဟိုကောင်လေးက ငါ့အစေခံ ရှောင်လျိုတဲ့၊ ငါ့ကို ပြုစုဖို့ လိုက်လာတာ"


28


ဖက်တီးလေးမှ ရှောင်ကျိုးကို ရိုးသားဖြူစင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ 


‘တွေ့လား၊ ငါ အကုန်လုံး ပြင်ဆင်လာပြီးပြီ၊ ဘာအနှောင့်အယှက်မှ မဖြစ်စေရပါဘူး၊ ငါ့ကို နေခွင့်ပြုပါနော်’


"နင် ကျောင်း မသွားရဘူးလား" 


ရှောင်ကျိုးမှာ သိချင်စိတ်ဖြင့် မေးလိုက်၏။ 

မြို့မှ ဤအရွယ် ကလေးများ အားလုံး ကျောင်းတက်ရသည်ကို သူမ မှတ်မိနေသည်။

ဖက်တီးလေး ပခုံးတွန့်ပြလိုက်သည်။


"ငါက စာသင်ဖို့ အရမ်းတုံးတာ၊ ဘာပဲဖြစ်ဖြစ် ငါတို့က ချမ်းသာတယ်လို့ အဖေက ပြောတယ်၊ ဒါ့ကြောင့် ငါ စာမတတ်ရင်တောင် နောင်တစ်ချိန်မှာ ငတ်မသေပါဘူးတဲ့"


ရှောင်ကျိုး: ကျိန်စာသင့်မယ့် သူဌေးသား။


"နင် ဒီမှာနေရင် ရွာက ကလေးတွေလိုပဲ ကျောက်ဟူတို့နဲ့အတူ စာသင်ရမယ်၊ သိုင်းကျင့်ရမယ်"


"ဟင်၊ စာသင်ပြီး သိုင်းပါ ကျင့်ရဦးမှာလား"


"အားလုံး လုပ်ရတာပဲ၊ နင် ဒီမှာနေမှတော့ ချွင်းချက် မရှိဘူး"


ဖက်တီးလေးမှာ မီးဖိုချောင်မှ လွင့်ပျံလာသော မွှေးကြိုင်သည့် အနံ့ကို ရှူရှိုက်လိုက်၏။ ဤကဲ့သို့ အရသာရှိသော အစားအသောက် အတွက်ဆိုလျှင် သူ ဘာမဆို လုပ်နိုင်ပါသည်။


"ကောင်းပြီလေ၊ စာသင်ပြီး သိုင်းကျင့်တာပဲမလား၊ လာစမ်းပါ၊ ငါ လုပ်နိုင်တယ်" 


သူ ရင်ကော့လိုက်ပြီး မျက်နှာမှာ သန္နိဋ္ဌာန်ခိုင်မာနေလေသည်။ တံခါးဝ၌ ရှိနေသော ကျောက်ဟူနှင့် တခြားကလေးများက ရယ်လိုက်ကြသည်။


"စကားကြီးစကားကျယ် မပြောနဲ့ဦး၊ သိုင်းကျင့်ရတာ ပင်ပန်းတယ်၊ မင်း ခံနိုင်ရည် ရှိပါ့မလား"


ဖက်တီးလေး သူ့ရင်ဘတ်ကို ပုတ်လိုက်သည်။

"စိတ်ချပါ၊ ငါက ကတိတည်ပါတယ်"


ဘယ်သူယုံယုံ မယုံယုံ၊ သူ့ဘေးမှ အစေခံကောင်လေးကတော့ သေချာပေါက် မယုံပါချေ။

 á€Ąá€˜á€˝á€Źá€¸á€Ąá€­á€Żá€”သငအ် သခင်ကြီးတို့မှာ သခင်လေး၏ ပညာရေးအတွက် စိတ်ပူလွန်းသောကြောင့် ဖျားပင်ဖျားခဲ့ရသည်။ သူက ကျောင်းသွားရန် ငြင်းဆန်ပြီး နေ့တိုင်း အိမ်မှ ဆရာကို ဒေါသထွက်အောင် အမြဲ လုပ်တတ်သည်ပင်။ သူသာ ကျောင်းမပြေးပါက ပြန်ပေးဆွဲခံရမည် မဟုတ်ပေ။


အားသို့မှ သူ အတည်ပြောနေသည်ကို မြင်၍ ပြောလိုက်၏။

"ကောင်းပြီလေ၊ မနက်ဖြန် မိုးလင်းတာနဲ့ ငါတို့နဲ့အတူ တောင်ပေါ်မှာ လာလေ့ကျင့်လှည့်"


ဖက်တီးလေးက မီးဖိုချောင်ဘက်ကိုသာ တမေ့တမော လှမ်းကြည့်နေမိသည်။

‘အရမ်းမွှေးတာပဲ၊ လုံးဝ မလွန်ဆန်နိုင်ဘူး’


ရွှီရှောင်ရှောင် မီးဖိုချောင်မှ ဟင်းရည်အိုးကို သယ်လာသည်။ ကလေးတိုင်း၏ မျက်လုံးများက သူမကိုင်ထားသော အရာထံသို့ ချက်ချင်း ရောက်သွားပြီး မျက်လုံး အရောင်များ တလက်လက် တောက်နေကြသည်။


‘ရှလွတ်’

’အရမ်းမွှေးတာပဲ’

ဗိုက်များမှာလည်း တဂွီဂွီ မြည်လာကြသည်။


"စားကြစို့" 


ရှောင်ကျိုးမှာ သွားရည်ကျလုမတတ် ဖြစ်နေပြီပင်။ 

သူတို့ ဟင်းပွဲများအား စားပွဲပေါ်တွင် အတူတူ ဖြန့်ခင်းလိုက်ကြ၏။ ရွာသားများ လက်ဆောင်ပေးထားသည့် ဟင်းသီးဟင်းရွက်များ၊ တောင်ပေါ်မှ အမဲလိုက်၍ ရလာ‌သော အသားများ၊ ထို့ပြင် နေရာလွတ်ထဲမှ လဲလှယ်ထားသည့် ပါဝင်ပစ္စည်းများ အားလုံးကို ပန်းကန်များထဲသို့ သပ်သပ်ရပ်ရပ် ထည့်ထားလေသည်။ 


အလယ်ဗဟို၌ အိုးက ပွက်ပွက်ဆူနေပြီး မွှေးရနံ့များ သင်းပျံ့နေ၏။


တနွီမှ ရွာလူကြီးလေးကို မေးလိုက်သည်။


"အကုန်လုံး အစိမ်းတွေချည်းပဲ၊ ဘယ်လိုစားရမှာလဲ"


"အိုးထဲမှာ နှစ်ပြီး မွှေလိုက်ရုံနဲ့ စားလို့ရပြီ"


ရှောင်ကျိုးမှာ မစောင့်နိုင်တော့ပေ။ သူမက အသားတစ်ဖတ်ကို ဟင်းရည်ပူပူထဲသို့ နှစ်လိုက်ကာ၊ ဟင်းရည်ထဲ၌ တခဏမျှ ကခုန်သွားစေပြီး ပါးစပ်ထဲသို့ ကောက်ထည့်လိုက်၏။ 

သူမ ပျော်ရွှင်စွာဖြင့် မျက်လုံးလေး မှေးစင်းသွားရသည်။ 

ထို့ကြောင့် အားလုံး တူများကို အလုအယက် ကောက်ကိုင်လိုက်ကြသည်။


ဖက်တီးလေးမှာ မည်သည်ကိုမှ အားမနာတော့ဘဲ လက်တစ်ဆုပ်စာ အပြည့်ကို အိုးထဲသို့ ပစ်ထည့်လိုက်ရင်း ပလုတ်ပလောင်း စားရင်း ပြောနေသည်။


"ကောင်းတယ်၊ အရမ်းကောင်းတယ်၊ ယုံတောင်မယုံနိုင်အောင် စားလို့ကောင်းတယ်"


ရွှီရှောင်ရှောင်မှာ ဆာလောင်မွတ်သိပ်နေသော ထိုမြင်ကွင်းကို ကြည့်ပြီး ပြုံးလိုက်၏။


"ဖြည်းဖြည်းစားကြပါ၊ အပူလောင်သွားဦးမယ်၊ အများကြီး ကျန်ပါသေးတယ်"

ကျောက်ဟူနှင့် အားသို့မှာ ဟင်းပွဲတစ်ပွဲ လွတ်သွားမည် စိုး၍ ပန်းကန်လုံးများအား ကိုင်ပြီး စားပွဲကို ပတ်ပြေးနေကြသည်။


တနွီမှ ရွာလူကြီးလေးကို အတုခိုးပြီး ဟင်းရွက်တစ်ရွက်ကို သတိထားပြီး နှစ်လိုက်သည်။ ထို့နောက် မြည်းကြည့်လိုက်ရာ သူမ မျက်လုံးများ အရောင်တောက်သွားရသည်။


"ဝါး၊ ဟင်းသီးဟင်းရွက်တွေကို ဒီလို ခဏလေး ပြုတ်စားတာ အရမ်းစားကောင်းတာပဲ”


ရှောင်လျိုသည် သူ့သခင်လေး အဘယ်ကြောင့် ဤနေရာ၌ ဇွတ်နေချင်နေရသည်ကို နောက်ဆုံးတော့ နားလည်သွားပြီ ဖြစ်သည်။ 


‘ဒီက အစားအသောက်တွေက နတ်သုဒ္ဓါတွေပဲ၊

သခင်လေး၊ မနက်ဖြန်တော့ သေချာ ကြိုးစားလိုက်ပါ၊ ဒါမှ ငါတို့ ဒီမှာ အကြာကြီး နေလို့ရမှာ’


‘နတ်သုဒ္ဓါပဲ၊ အရမ်းစားကောင်းလွန်းလို့ မျက်ရည်တောင် ကျလုမတတ်ပဲ’


ရယ်မောသံများနှင့် ဝါးစားသံများက အခန်းထဲတွင် ပြည့်နှက်နေပြီး အားလုံး စားရင်းသောက်ရင်း စကားပြောနေကြခြင်းကြောင့် လေထုမှာ နွေးထွေးပြီး ပျော်ရွှင်စရာ ကောင်းနေလေသည်။ 


ဟော့ပေါ့အိုးမှ ထွက်လာသော ရေနွေးငွေ့များက အခန်းထဲ၌ ဝေ့ဝဲနေပြီး လူတိုင်း၏ မျက်နှာပေါ်တွင် ကျေနပ်မှုများ လင်းလက်နေ၏။


ဗိုက်ဝသွားမှသာ အဘိုးရွှီ စားပွဲ၌ မရှိဘူးဆိုသည်ကို သူတို့ သတိထားမိကြ‌၍ ရှောင်ကျိုးမှ အစ်မရှောင်ရှောင်ကို မေးလိုက်သည်။


"ဆရာရွှီရော ဘယ်မှာလဲ"


စားပွဲကို ရှင်းလင်းနေရင်း ရွှီရှောင်ရှောင်က ပြန်ဖြေလေသည်။

"ဆရာရွှီက ခရီးဝေး သွားတယ်၊ တော်တော်ကြာမှ ပြန်လာမယ်ထင်တယ်၊ လောလောဆယ် ကလေးတွေရဲ့ အခြေခံစာတွေကို ဝမ်ကျန့်ယီက တာဝန်ယူ သင်ပေးနေတယ်"


"ဆရာယန်ကရော"


သူ မနေ့က သူတို့နှင့်အတူ ပြန်လာခဲ့ပေမယ့် ယနေ့ တစ်နေ့လုံး အရိပ်အယောင်ပင် မပြပေ။ 

‘ဒီမနက်တောင် လင်းချီနဲ့ တခြားလူတွေက ရွာက ကလေးတွေကို ဦးဆောင်ပြီး လေ့ကျင့်ပေးခဲ့ရတာလေ’

ရွှီရှောင်ရှောင် ခေါင်းခါလိုက်၏။


"ဆရာယန်က သရဲတစ္ဆေလိုပဲ ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့၊ သူ ဘယ်သွားမှန်း ဘယ်သူက သိမှာလဲ"


‘ထူးဆန်းတယ်၊ တစ်ယောက်ပြီးတစ်ယောက် အကုန် ပျောက်ကုန်ကြတယ်’


"ရွာလူကြီးလေး၊ ဒီနေ့လည် ဘာလုပ်မှာလဲ" 

ကျောက်ဟူမှ မေးလိုက်သည်။ ဆရာများ မရှိချိန်က သောင်းကျန်းရန် အကောင်းဆုံး အချိန်သာ။ ရှောင်ကျိုး မည်သည့်အရာအား လုပ်ရမည်ကို မဆုံးဖြတ်ရသေးခင်မှာပင် တံခါးဝကို လူတစ်ယောက် ရောက်လာ၏။ ရှန်ကျစ်ယွမ် အပြေးဝင်လာပြီး သူမအနောက်၌ ယူနီဖောင်းဝတ် အရာရှိတစ်ယောက် ကပ်ပါလာသည်။


"ကျေးဇူးရှင်လေး၊ ကျေးဇူးရှင်လေး၊ ငါ ရောက်လာပြီ" 

သူမ ရှောင်ကျိုးကို ဖက်ထားပြီး မလွှတ်တော့ပေ။ တနွီမှ ရှောင်ကျိုးကို သူမရင်ခွင်ထဲသို့ ပြန်ဆွဲယူလိုက်သည်။


"ဟွန်း" 


ရှန်ကျစ်ယွမ် တနွီကို မျက်စောင်းထိုးလိုက်သည်။

တနွီ မမြင်ယောင်ဆောင်နေလိုက်ကာ ရှန်ကျစ်ယွမ်နှင့်အတူ ပါလာသည့် အမျိုးသားမှ ရှောင်ကျိုးကို တစ်ချက်ကြည့်ပြီး ဦးညွှတ်ကာ ပြောလိုက်လေသည်။


"ကျွန်တော့်သမီးကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကလေးမလေး၊ ကျုပ် ရှန် က တစ်သက်လုံး ကျေးဇူးတင်နေမှာပါ"


ရှောင်ကျိုးမှ သူ့ကို သေချာကြည့်လိုက်၏။


"ရှင်က ခရိုင်ဝန်လား”

ဤဒေသ၌ အကြီးဆုံးအရာရှိက ခရိုင်ဝန်ဟု လူကြီးများ ပြောသည်ကို သူမ ကြားဖူးထားသည်။


"ဟုတ်တယ်၊ ငါ့အဖေက ခရိုင်ဝန်ရှန်လေ" 


ရှန်ကျစ်ယွမ်မှ ဂုဏ်ယူစွာ ကြေညာလိုက်သည်။

ရှောင်ကျိုးက ခရိုင်ဝန်ရှန်ဘက်သို့ လှည့်ကာ ပြောလေသည်။


"အဲ့ဒီ ဝတ်ရုံနက်လူတွေကို ဖမ်းမိပြီလား"


သူ ပြန်ဖြေသည်။


"ရိုးရိုးသားသား ပြောရရင် ကျေးဇူးတင်စကား လာပြောတဲ့အပြင် အကူအညီတစ်ခုလည်း တောင်းချင်လို့ပါ"


"ဟင်"


ရှောင်ကျိုးမှ နားမလည်သကဲ့သို့ ကြည့်လိုက်၏။


"ကျုပ်လူတွေကို ဂူဆီ လမ်းပြပြီး အဲ့ဒီလူတွေကို ဖမ်းဖို့အတွက် သမီးမွေးထားတဲ့ ကြက်လေးကို ငှားလို့ရမလား"


ဤမနက်တွင် ခရိုင်ဝန်က သူ့သမီး ပြောပြသော မနေ့က ပြန်ပေးဆွဲခံရခြင်းနှင့် ကယ်တင်ခံရသည့် အကြောင်းများကို နားထောင်ခဲ့သည်။ သူ မယုံနိုင်ခဲ့ပေ။ 


‘ကလေးမလေး တစ်ယောက်က ဘယ်လိုလုပ် အဲ့ဒီလောက် စွမ်းနိုင်မှာလဲ၊ ပြီးတော့ လူစကားနားလည်တဲ့ ကြက်တစ်ကောင် ဟုတ်လား’


 á€žá€­á€Żá€ˇá€žá€ąá€Źá€ş ဝမ်အိမ်တော်မှ အိမ်တော်ထိန်း လာပြောသည့် ဇာတ်လမ်းမှာလည်း တစ်ပုံစံတည်း ဖြစ်နေပြန်သည်။ ခရိုင်ဝန်ရှန် တွေးလိုက်၏။

‘ဒီလို အံ့ဖွယ် ကြက်တစ်ကောင်နဲ့ ဒီလောက် အစွမ်းထက်တဲ့ ကလေးမလေး တကယ်ပဲ ရှိနေတာ ဖြစ်ရမယ်’


‘ကွပ် ကွပ် ကွပ် ကွပ်’


ခေါင်မိုးပေါ်မှ ယွိဟွာ ကျယ်လောင်စွာ အော်လိုက်သည်။


’သခင်၊ ကျွန်မ သွားချင်တယ်၊ သွားချင်တယ်၊ ဂူထဲက ရှောင်ဟုန်၊ ရှောင်လွီနဲ့ ရှောင်ဟွမ်တို့ကို ကြက်စာ ယူလာခဲ့မယ်လို့ ကျွန်မ ကတိပေးထားတာ’


"ရပါတယ်၊ ဒါပေမယ့် အထဲမှာ ကလေးတွေ အများကြီး ရှိသေးတယ်၊ ရှင့်လူတွေက ညှာညှာတာတာ လုပ်ပြီး သူတို့ကို မထိခိုက်စေဖို့ မျှော်လင့်ပါတယ်"


ခရိုင်ဝန်ရှန်မှ အမြန် အာမခံလိုက်သည်။


"စိတ်ချပါ၊ သူတို့က သနားစရာ ကလေးတွေပါ၊ ကယ်တင်ပြီးတာနဲ့ ခရိုင်ရုံးက သူတို့ မိသားစုတွေကို ပြန်ရှာပေးမှာပါ"


ရှန်ကျစ်ယွမ် ကိစ္စပြတ်သွားတာ မြင်၍ သူမအဖေ၏ အင်္ကျီလက်စကို ဆွဲလိုက်လေသည်။


"အဖေ၊ သမီးလည်း ဒီမှာပဲ နေချင်တယ်"


ခရိုင်ဝန်ရှန်မှာ ကန့်ကွက်စရာ မရှိ‌ချေ။ သူက ပြန်ပေးဆွဲသမားများကို လိုက်ဖမ်းရန် အလုပ်ရှုပ်နေသောကြောင့် သမီးကို စောင့်ကြည့်ရန် အချိန်မရှိပေ။ အိမ်ရှင် ကလေးမလေးအတွက် အနှောင့်အယှက် ဖြစ်မှာကိုသာ သူ စိုးရိမ်သည်။

သူမ အဖေ၏ သဘောကို ရိပ်မိသည့် ရှန်ကျစ်ယွမ်မှ ရှောင်ကျိုးကို အမြန်မေးလိုက်၏။


"ကျေးဇူးရှင်လေး၊  á€„ဍ နေလို့ရမလား၊ အလကား မနေပါဘူး၊ ငါ ပိုက်ဆံ ယူလာတယ်"


သူမ ငွေ‌တေးများစွာဖြင့် ဖောင်းကားနေသော ပိုက်ဆံအိတ်ကို ချက်ချင်း ထုတ်ပြလိုက်သည်။ ရှန်ကျစ်ယွမ်မှ ရှောင်ကျိုး၏ ရင်ခွင်ထဲသို့ ငွေများ ထိုးထည့်ပေးလိုက်သည်။


‘ရှောင်ကျိုး သဘောတူမလား၊ သေချာပေါက် သဘောတူတာပေါ့၊ ဧည့်သည် တစ်ယောက်ထားထား၊ နှစ်ယောက်ထားထား ဘာကွာလို့လဲ၊ အရူးမှပဲ ပိုက်ဆံကို ငြင်းမှာ’


သူ့တာဝန် ပြီးဆုံးသွားပြီဖြစ်၍ ခရိုင်ဝန်ရှန်မှ ယွိဟွာကို ခေါ်ပြီး ဖမ်းဆီးရေးလုပ်ရန် အမြန် ထွက်ခွာသွားတော့သည်။


29


ရွာပြင်သို့ ထွက်လာသော ခရိုင်ဝန်ရှန်သည် ထိုကလေးမလေးကို ရင်းနှီးနေသကဲ့သို့ ခံစားနေရသည်။

‘ငါ သူ့ကို ဘယ်မှာ တွေ့ဖူးပါလိမ့်’

‘မဖြစ်နိုင်ပါဘူးလေ၊

 á€’á€Žá€€á€œá€ąá€¸á€™á€œá€ąá€¸á€€ ၅ နှစ်ပဲ ရှိသေးတာကို’

ယခုရက်ပိုင်း အလွန် အလုပ်များနေသောကြောင့် ဖြစ်မည်ဟု တွေးကာ သူ ခေါင်းခါလိုက်သည်။


‘ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ’


ခရိုင်ဝန်ရှန်မှ သူ့လူများနှင့်အတူ ဂူထံသို့ အလျင်အမြန် သွားရောက်လေသည်။ ထိုအချိန်တွင် ရှောင်ကျိုး၏ ခြံဝင်းအတွင်း၌ လှုပ်ရှားမှုများဖြင့် စည်ကားနေ၏။ ထျဲနျိုမှ ခြံဝင်းထဲသို့ အပြေးအလွှား ဝင်လာပြီး အသံကုန်ဟစ်၍ အော်ပြောလိုက်သည်။


"ရွာလူကြီးလေး၊ ရွာလူကြီးလေး၊ လူယုတ်မာ ရောက်နေပြီ"


'လူယုတ်မာ’ ဆိုသည့် စကားလုံးကို အရင်တစ်ခေါက်က ရွာလူကြီးလေးဆီမှ သူ ကြားဖူးခဲ့ခြင်းပင်။ မိန်းမများကို ရိုက်သည့် ယောက်ျားများမှာ လူယုတ်မာများသာ ဖြစ်သည်ဟု ရွာလူကြီးလေးက ပြောခဲ့သည်။


ကလေးဆိုးလေး အချို့၏ အတင်းပြောချင်စိတ် ရေဒါများ 'ဝှစ်' ခနဲ ချက်ချင်း ပွင့်သွားကြသည်။


"ဘယ်မှာလဲ၊ ဘယ်မှာလဲ"


"မြစ်ကမ်းဘေးမှာလေ၊ ငါ့ဒေါ်လေး အဲ့ဒီမှာ အဝတ်လျှော်နေတုန်း ကျောက်တတို့ မိသားစုနဲ့ သွားတိုးတာ၊ အခု မြစ်ကမ်းဘေးမှာ ငါ့အဒေါ်လေးကို သူတို့ ဝိုင်းထားကြတယ်"


ထျဲနျိုမှာ သူ့အဒေါ်လေး စိတ်ရှုပ်ထွေးပြီး လူယုတ်မာ၏ ဖြားယောင်းသွေးဆောင်မှုနောက်သို့ ပါသွားမည် စိုး၍ ယခု အနည်းငယ် စိုးရိမ်နေပြီ ဖြစ်သည်။


ရှောင်ကျိုးနှင့် အခြားသူများ ခြံဝင်းထဲမှ ချက်ချင်း ပြေးထွက်သွားကြပြီး မြစ်ကမ်းဘေးသို့ တန်းတန်းမတ်မတ် သွားကြလေသည်။ ဤကဲ့သို့ စိတ်လှုပ်ရှားစရာကို လက်လွတ်ခံ၍ မဖြစ်ပေ။ လတ်လတ်ဆတ်ဆတ် ရှိနေချိန် သွားကြည့်ရပေမည်။


မြစ်ကမ်းဘေး၌ ယခုဆိုလျှင် ဆူညံနေပြီ ဖြစ်သည်။ လူတစ်စုမှ ရွှီရှောင်ရှောင်ကို ဝိုင်းထားပြီး တစ်ခုခုအား အတင်း ဆွဲယူနေကြသည်။ ရှောင်ကျိုးနှင့် တခြားသူများက ပွဲကြည့်ရန် အကောင်းဆုံးနေရာကို ရွေးပြီး ရှေ့ဆုံးသို့ ချက်ချင်း တိုးဝင်သွားကြသည်။ တနွီ ဘေးဘီကို ကြည့်လိုက်ပြီး ထျဲနျိုကို မေးလိုက်သည်။


"နင့်အဘွားရော ဘယ်မှာလဲ"


"မြို့ကို သွားတယ်" 


ထျဲနျို ပြန်ဖြေသည်။


ကျောက်တတို့ မိသားစု လာပြီး ပြဿနာရှာရဲသည်မှာ မဆန်းပါပေ။ သူတို့ အဘွားရွှီ မရှိချိန်အား အခွင့်ကောင်း ယူလိုက်ခြင်း ဖြစ်ရပေမည်။


"အိမ်က ကြက်တွေ ဘာဖြစ်နေလဲ မသိဘူး၊ ဒီရက်ပိုင်း ဥတွေချည်း အရူးအမူး ဥနေတာ၊ အဘွားက ရက်ခြားပြီး မြို့ကို ကြက်ဥသွားသွား ရောင်းနေရတယ်" 

ထျဲနျို ဆက်ပြောလေသည်။


ရှောင်ကျိုးမှာ အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရ၏။ 


‘တခြား ဘာဖြစ်ရမှာလဲ’

ယွိဟွာ ရွာမှ ကြက်များအား ကြက်စာများ ထပ်ကျွေးနေခြင်း ဖြစ်မည်။


‘စနစ်ဆီက ကြက်စာတွေက ဘာပါဝင်ပစ္စည်းတွေ ပါလဲ ဘယ်သူသိမှာလဲ’

 á€›á€˝á€Źá€™á€ž ကြက်များ ထိုကြက်စာကို စားပြီးသည်နှင့် တစ်နေ့ကို ဥ အလုံးပေါင်းများစွာ ဥကြခြင်း ဖြစ်သည်။


"ရှောင်ရှောင်၊ ကိုယ် မင်းကို အိမ်ပြန်ခေါ်ဖို့ လာတာ"


ကျောက်တမှအရူးတစ်ယောက်လို ပြုံးပြရင်း ရွှီရှောင်ရှောင်ကို လှမ်းဆွဲရန် လက်လှမ်းလိုက်သည်။ မသိသူများက ရိုးသား‌သော လူမိုက်ကြီးမှ စိတ်ဆိုးနေသည့် သူ့မိန်းမကို အိမ်ပြန်ရန် လာတောင်းပန်နေသည်ဟု ထင်ကြမည်ပင်။


"ကျောက်တ၊ ရှင်နဲ့ကျွန်မ ကွာရှင်းပြီးပြီလေ၊ ဘာဖြစ်နေတာလဲ၊ ပြီးခဲ့တဲ့တစ်ခေါက်က ရှင့်အိမ်မှာ ကျွန်မအမေ ပြောခဲ့တာကို သေချာ မရှင်းလင်းသေးဘူးလား"


ရွှီရှောင်ရှောင်မှ ကျောက်တ၏ လက်ကို ရှောင်တိမ်းလိုက်ပြီး နောက်သို့ တစ်လှမ်း ဆုတ်လိုက်သည်။ ကျောက်တသည် ထိုမိန်းမ ကျေးဇူးကန်းသည်ဟုသာ ခံစားနေရ၏။ 


‘ဒီလောက်လူတွေ အများကြီးရှေ့မှာ သူ့ကို ပြန်ခေါ်ဖို့ သူကိုယ်တိုင် လာခဲ့ပြီးပြီကို’


"ရှောင်ရှောင်၊ ကိုယ် တကယ် မှားမှန်း သိပါပြီ"


"သူ ဒူးထောက်ပြီး ခွင့်လွှတ်ဖို့ တောင်းပန်ရမှာ မဟုတ်ဘူးလား၊ နောက်တစ်ခါ ထပ်မဖြစ်စေရပါဘူးလို့ရော ကတိပေးရမှာ မဟုတ်ဘူးလား၊ အရင်တုန်းက ရွာလူကြီးလေး ပြောဖူးသလိုပဲလေ၊ အစ်မရှောင်ရှောင်သာ ဖြားယောင်းသွေးဆောင်ခံရပြီး ပြန်ပါသွားရင် သူက ပိုဆိုးလာမှာပဲ၊ အိမ်တွင်းအကြမ်းဖက်မှုဆိုတာ တစ်ခါစပြီးရင် ဘယ်တော့မှ မဆုံးတော့ဘူး၊ ခွေးက ချေးစားတဲ့ အကျင့်ကို ဖျောက်လို့မရဘူးတဲ့" 

တနွီမှ ကျောက်တကို ကြည့်ရင်း ရွာလူကြီးလေးကို မေးလိုက်သည်။

ရွာလူကြီးလေး အရင်တုန်းက သူတို့ကို ပြောပြဖူး၏။ ထိုအရာများက လူယုတ်မာများ၏ ပုံမှန် နည်းလမ်းများသာ။ နောင်တစ်ချိန် အိမ်ထောင်ပြုလျှင် မျက်စိဖွင့်ထားရန်နှင့် သူတို့စကားကို အလွယ်တကူ မယုံရန် အကြံပေးထားခဲ့ခြင်းပင်။


သူမ ပြောလို့ မဆုံးသေးခင်တွင် ကျောက်တ ရွှီရှောင်ရှောင်၏ ရှေ့၌ ဒူးထောက်ချလိုက်သည်။


"ရှောင်ရှောင်၊ ကျေးဇူးပြုပြီး ကိုယ့်ကို ခွင့်လွှတ်ပါ၊ နောက်တစ်ခါ ဘယ်တော့မှ မရဲတော့ပါဘူး"


ကျောက်တမှာ ရွှီရှောင်ရှောင်၏ ရှေ့တွင် ဒူးထောက်ပြီး နှပ်များ၊ မျက်ရည်များဖြင့် ငိုယိုတောင်းပန်နေသည်။ ရှောင်ကျိုးနှင့် အခြားသူများက အလွန် ရွံရှာဖွယ်ကောင်းသော  á€Ąá€€á€źá€Šá€ˇá€şá€™á€ťá€Źá€¸á€”သငအ် ကြည့်နေကြ၏။


ရွှီရှောင်ရှောင် ထိုယောင်္ကျားအား ကြည့်ပြီး ရွံရှာမှုသာ ခံစားရကာ သူတို့နှစ်ယောက်ကြား အကွာအဝေး ပိုကျယ်သွားစေရန် နောက်တစ်လှမ်း ထပ်ဆုတ်လိုက်သည်။


ကျောက်တ စကားပြောပြီးသွား၍ ပတ်ဝန်းကျင်က ရွာသားများ သူ့ဘက်မှ ဝင်ပြောပေးလိမ့်မည်ဟု မျှော်လင့်နေသည်။


ကံမကောင်းစွာဖြင့် မည်သူကမှ သူ့ကို မသနားကြပေ။ ရွာသားများမှာ ယင်းအား ရယ်စရာတစ်ခုဟုသာ ထင်နေကြသည်။ တနွီ ပြောသည့်စကားကို လူတိုင်း ကြားခဲ့ပြီးပြီ ဖြစ်သည်။ တကယ်ပင် ခွေးက ချေးစားသော အကျင့်ကို ဖျောက်၍ မရပေ။


ရွှီရှောင်ရှောင် ဂရုမစိုက်သည်ကို မြင်၍ အဘွားကျောက်မှ အမြန် ဝင်ပြောလေသည်။


"ရှောင်ရှောင်၊ တလန်က သူမှားမှန်းသိပြီး ပြင်ပြင်ဆင်ဆင် နေနေပါပြီ၊ သူက သမီးကို အမြဲတမ်း ရင်ထဲမှာ ထားတာပါ၊ ကြည့်ပါဦး၊ သမီး ကလေးမရနိုင်ပေမယ့် သူက သမီးကို ပြန်ခေါ်ပြီး အတူတူ နေချင်နေတုန်းပဲလေ၊ လင်မယားဆိုတာ ရန်မဖြစ်ဘဲ မနေပါဘူး၊ အိပ်ရာခေါင်းရင်းမှာ ရန်ဖြစ်ပေမယ့် ခြေရင်းရောက်ရင် ပြန်တည့်သွားကြတာပါပဲ၊ ရှောင်ရှောင်ရယ်၊ သူ့ကို ခွင့်လွှတ်လိုက်ပါတော့"


သူ့အမေ ရွှီရှောင်ရှောင်နှင့် စကားပြောနေစဉ် ကျောက်တမှာ ရွှီရှောင်ရှောင်၏ လက်ကို ချက်ချင်း လှမ်းဆွဲလိုက်၏။ ယနေ့ ဤမိန်းမကို သေချာပေါက် ပြန်ခေါ်သွားရမည်ဟု သူ တွေးထားသည်။


ရွှီရှောင်ရှောင် သူမလက် အဆွဲခံလိုက်ရသည်အား သိလိုက်ရာ သူမ၏ လက်ကောက်ဝတ်ကို လှည့်ပြီး ကျောက်တ၏ လက်ကောက်ဝတ်အား ပြန်ဖမ်းဆွဲလိုက်သည်။ ကျောက်တ သူ့လက်ကို ပြန်အဆွဲခံလိုက်ရ၍ ဝမ်းသာသွားရန်ပင် အချိန်မရလိုက်ပေ။ ကမ္ဘာကြီး လည်ထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။


စကားတစ်ခွန်းမှ ထပ်မပြောဘဲ ရွှီရှောင်ရှောင်မှ သူ့ကို ပခုံးကျော်ပြီး ပစ်ပေါက်ချလိုက်သည်။

ထို့နောက် ရွှီရှောင်ရှောင် ကျောက်တ၏ ခေါင်းကို ခြေထောက်ဖြင့် နင်းထားလိုက်၏။


"ဘာလဲ၊ ငါ့ကို ရှင်တို့ မိသားစုရဲ့ ခိုင်းနွားအဖြစ် ပြန်ခေါ်သွားချင်လို့လား"


"ပုန်ကန်နေပြီ၊ ပုန်ကန်နေပြီ၊ အမလေး ငါ့သားလေး" 


အဘွားကျောက် အော်ဟစ်ပြီး ရှေ့သို့ ပြေးထွက်ရန် လုပ်လိုက်သည်။ ရွှီရှောင်ရှောင်မှ ခြေထောက်ကို ပို၍ ဖိချလိုက်ရာ ကျောက်တမှာ အဆက်မပြတ် အော်ဟစ်နေပြီး ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားသည်။


"ငါ့သားကို လွှတ်လိုက်စမ်း"


ရွှီရှောင်ရှောင် ကျောက်တကို သေအောင် နင်းထားမည်အား ကြောက်၍ အဘွားကျောက် ရှေ့ဆက်မတိုးရဲတော့ပေ။

ရွှီရှောင်ရှောင်မှ ကျောက်တ၏ ခေါင်းကို နင်းထားရင်း မထီမဲ့မြင်အသံဖြင့် ပြောလိုက်သည်။


"ငါ့ကို ပြန်ခေါ်သွားမလို့ မဟုတ်ဘူးလား၊ အတော်ပဲ၊ ရှင်တို့ မိသားစုရဲ့ ခိုင်းနွားအဖြစ် နှစ်ပေါင်းများစွာ နေခဲ့ရပြီး ရှင့်ရဲ့ ရိုက်နှက်မှုကို ဒီလောက် ကြာကြာ ခံခဲ့ရတာ၊ ငါ့ဒေါသတွေ မပြေသေးဘူး၊ အတိုးနည်းနည်းတော့ ပြန်ယူရမှာပေါ့"


ပြောပြောဆိုဆိုနှင့် သူမ မြေကြီးပေါ်မှ လူကို နောက်တစ်ကြိမ် အားကုန် နင်းချလိုက်ပြန်၏။

ကျောက်တမှာ နာကျင်လွန်း၍ စကားပင် မပြောနိုင်တော့ဘဲ ဟန်လည်း မဆောင်နိုင်တော့ပေ။


ယခု သူလိုချင်သည်မှာ သူ့ခေါင်းပေါ်မှ ခြေထောက်ကို အမြန် ဖယ်ပေးရန်သာ ဖြစ်သည်။

ကျောက်တ၏ သနားစရာ အခြေအနေကို မြင်သောကြောင့် အဘွားကျောက်မှာ ရွှီရှောင်ရှောင်ကို ပြန်မခေါ်တော့ချေ။ သူမ အမြန် ပြောလိုက်သည်။


"သူ့ကို လွှတ်ပေးလိုက်ပါ၊ သမီးကို ပြန်မခေါ်တော့ပါဘူး၊ ခြေထောက်ကို မြန်မြန် ဖယ်ပေးပါ"


ရွှီရှောင်ရှောင်မှ ထိုစကားကို ကြားပြီး အောက်ကလူလည်း သနားစရာကောင်းအောင် ခွင့်လွှတ်ရန် တောင်းပန်နေသည်အား မြင်လိုက်ရ၏။


ဒေါသမပြေသေးသော ရွှီရှောင်ရှောင်မှ ကျောက်တ၏ ခေါင်းပေါ်က ခြေထောက်ကို မ,ပြီး သူ့ကို တစ်ချက် ကန်လိုက်သည်။ ထို့ပြင် ခြေထောက်ကို ပြန်တင်ပြီး ခြေဖဝါးဖြင့် ပွတ်ချေလိုက်၏။


"ထွက်သွား၊ နင့်ကို တွေ့တိုင်း ရိုက်မယ်" 


ရွှီရှောင်ရှောင် စကားကို အလျှော့မပေးဘဲ ခြေထောက်အား ရုတ်လိုက်သည်။ အဘွားကျောက်မှ ကျောက်တကို အမြန် ထူပေးပြီး ထိုအရူးမထံမှ လွတ်အောင် ပြာပြာသလဲ ပြေးထွက်သွားကြတော့သည်။


ထောင်ယွမ်ရွာမှ ရွာသားများက ရွှီရှောင်ရှောင်ကို အံ့ဩတကြီး စိုက်ကြည့်နေကြသည်။


‘ဘုရားရေ၊ ဒါက ရွှီမိသားစုရဲ့ နူးညံ့သိမ်မွေ့တဲ့ အငယ်ဆုံးသမီးလေး တကယ် ဟုတ်သေးရဲ့လား’


အားလုံးက သူမကို ကြည့်နေကြတာ မြင်တော့ ရွှီရှောင်ရှောင် အနည်းငယ် ရှက်သွားပြီး နားရွက်နားမှ ဆံပင်များကို သပ်တင်ရင်း ပြောလိုက်သည်။


"ကျွန်မ ရွာသားတွေနဲ့အတူ သိုင်းလေ့ကျင့်နေတာ အတော်ကြာပြီ၊ ဒါပေမယ့် ဘယ်လောက် အကျိုးရှိလဲဆိုတာ စမ်းသပ်ဖို့ အခွင့်အရေး မရခဲ့ဘူး၊ ကြည့်ရတာ တော်တော် အသုံးဝင်ပုံပဲ၊ နောက်ဆိုရင် ပိုကြိုးစားပြီး သိုင်းဆက်လေ့ကျင့်ရမယ်"

ထိုစကားအား ကြားရ၍ ရွာသားများ၏ စကားဝိုင်းမှာ သိုင်းလေ့ကျင့်သည့် အကြောင်းဆီသို့ ချက်ချင်း ရောက်သွားတော့သည်။


"ငါက အကြာကြီး လေ့ကျင့်ထားတာဆိုတော့ အပြင်မှာ လူ ၃ ယောက်လောက်ကို ယှဉ်နိုင်လောက်တယ် ထင်တယ်" 


ကျောက်တလန်မှာ ရွှီရှောင်ရှောင်ကဲ့သို့ နူးညံ့သိမ်မွေ့သော မိန်းမတစ်ယောက်ပင် သိုင်းလေ့ကျင့်၍ ဤမျှ ရလဒ်ကောင်းများ ရနေသည်အား မြင်ရာ သူလည်း ကြိုးကြိုးစားစား လေ့ကျင့်ထားသောကြောင့် လူအတော်များများကို ယှဉ်နိုင်လောက်ပြီလို့ တွေးလိုက်သည်။


"ဟွန်း၊ ငါကတော့ မင်းထက် ပိုသန်မာတာ သေချာတယ်"


"ကြွားနေတာ၊ မင်းက အဲ့လောက်စွမ်းရင် နောက်တစ်ခါ ယှဉ်ပြိုင်ကြတာပေါ့"


"ယှဉ်ပြိုင်မယ်လေ၊ ပြိုင်မယ်"

လူမိုက်တစ်စုမှာ မည်သူအသန်မာဆုံးလဲဆိုသည်ကို ယှဉ်ပြိုင်ရန် ဆူဆူညံညံ တောင်းဆိုနေကြသည်။ အနီးနားမှ အဒေါ်ကြီးများကလည်း အလျှော့မပေးကြပေ။ သူတို့က ကိုယ့်ယောင်္ကျားများထက် ပိုသန်မာသည်ဟု အခိုင်အမာ ပြောဆိုနေကြ၏။


ကျောက်ဟူ သူ့ဘေးမှ ဖက်တီးလေးကို တိတ်တဆိတ် ပြောပြလိုက်သည်။


"ငါက ငါ့အဖေထက် အများကြီး ပိုသန်မာတယ်၊ အခုဆို ငါ့အဖေက ငါ့ကို ရိုက်ချင်ရင်တောင် ဖမ်းလို့မမိတော့ဘူး"


"တကယ်လား"

ဖက်တီးလေး စိတ်လှုပ်ရှားသွား၏။


‘သူသာ သိုင်းလေ့ကျင့်ရင် သူ့အဖေ သူ့ကို ရိုက်လို့ရမှာ မဟုတ်တော့ဘူးပေါ့’


"ငါ ပျံတောင်ပျံနိုင်တယ်၊ ငါ့အဖေက မပျံနိုင်ဘူး၊ ငါ့အဖေက အခုလောလောဆယ်ပဲ ငါ့ထက် သန်မာနေတာ၊ ငါ အသက်နည်းနည်း ကြီးလာရင် ငါ့ခွန်အားက သူ့ထက် သေချာပေါက် သာသွားမှာ" 


ကျောက်ဟူမှ ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

ရှောင်ကျိုးက ရွာသားများ သိုင်းပညာအကြောင်း ဆွေးနွေးနေကြသည်ကို ကြည့်ပြီး သူတို့အတွက် သိုင်းပြိုင်ပွဲတစ်ခု စီစဉ်ပေးရန် အချိန်တန်ပြီဟု တွေးလိုက်၏။ မည်သို့ပင် ဖြစ်စေကာမူ ဈေးဝယ်စင်တာထဲ၌ ပစ္စည်းများ များစွာ ရှိသောကြောင့် ဆုလက်ဆောင်အဖြစ် အချို့ကို လဲလှယ်ပေး၍ ရသည်ပင်။


အနီးနားတွင် ဆောင့်ကြောင့်ထိုင်ပြီး ပွဲကြည့်နေသည့် ရှန်ကျစ်ယွမ်ကို မည်သူမှ သတိမထားမိကြပေ။


 á€‘ိုဥခဝိန်တွင် ရှန်ကျစ်ယွမ်၏ မျက်လုံးများက အရောင်တောက်နေပြီး သူမစိတ်ထဲ၌ အတွေးတစ်ခုသာ  á€•á€źá€Šá€ˇá€şá€”á€žá€€á€şá€”á€ąá€œá€ąá€žá€Šá€şá‹

'ငါ သင်ခန်းစာ ရသွားပြီ၊ ငါ သင်ခန်းစာ ရသွားပြီ' 


နောက်တစ်ချိန် သူမ လူယုတ်မာနှင် တွေ့လျှင် အစ်မရွှီကဲ့သို့ လုပ်ပစ်မည်။

30


ကြည့်စရာ ပွဲမရှိတော့သောကြောင့် လူအုပ်ကြီးက ခြံဝင်းထဲသို့ အပြေးအလွှား ပြန်လာကြသည်။


 á€‘ိုဥခဝိန်တွင် ရွှီရှောင်ရှောင်မှာ အလွန် ကျေနပ်အားရနေ၏။ ထိုလူယုတ်မာကို ရိုက်ချင်နေတာ ကြာပြီပင်။ ယခုကဲ့သို့ သူ့ဘာသာ တံခါးဝလာပြီး အရိုက်ခံလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။


တနွီမှ အစ်မရှောင်ရှောင်အား မေးလိုက်သည်။


"ဘာလို့ ကျောက်တက ရုတ်တရက်ကြီး ရောက်လာရတာလဲ"


သူ တကယ် နောင်တရပြီး အစ်မရှောင်ရှောင်ကို ပြန်ခေါ်ချင်တယ်ဆိုလျှင် လချီကြာအောင် စောင့်နေစရာ အကြောင်းမရှိချေ။


ရွှီရှောင်ရှောင် လှောင်ပြုံးပြုံးလိုက်သည်။


"တခြား ဘာဖြစ်ရမှာလဲ၊ ငါ အခု ရွာလူကြီးလေးဆီမှာ အလုပ်လုပ်နေပြီး တစ်လကို တေး ၂ တေး ရနေတယ်၊ ပြီးတော့ ဟင်းချက်နည်းတွေ အများကြီး သင်ထားတယ်ဆိုတာကို သူတို့ ကြားသွားလို့လေ၊ အဲ့ဒီသားအမိနှစ်ယောက် လောဘတက်ပြီး ငါ့ကို သူတို့ ကျောက်မိသားစုရဲ့ ခိုင်းနွားအဖြစ် ပြန်ခေါ်သွားဖို့ လှည့်စားချင်နေကြတာ"


တကယ်တော့ ကျောက်တနှင့် သူ့အမေ ယနေ့ ရောက်လာသည်မှာ သူတို့ အိမ်နီးချင်းများထံမှ ရွှီရှောင်ရှောင် ယခု တစ်လကို တေး ၂ တေး ရနေပြီး ဟင်းချက်နည်း များစွာအား တတ်နေပြီဟု ပြောပြလိုက်၍ပင်။ ထိုသားအမိက သူမကို အိမ်ပြန်ခေါ်ပြီး ဟင်းချက်နည်းများ အတင်းတောင်းကာ စားသောက်ဆိုင်ကို သွားရောင်းပြီး အမြတ်ကြီးစားရန် စဉ်းစားထားကြသည်ပင်။


သို့သော် ပုံမှန်ဆို စကားနားထောင်တတ်သော ရွှီရှောင်ရှောင်မှာ ယခုကဲ့သို့ ချက်ချင်း လက်ပါပြီး ကြောက်စရာကောင်းနေလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ


"လူယုတ်မာကောင်”


"လူယုတ်မာကောင်”


"လူယုတ်မာကောင်”

ကလေးအတော်များများက ပြိုင်တူ ကျိန်ဆဲလိုက်ကြသည်။

ရွှီရှောင်ရှောင် အသံထွက်ပြီး ရယ်လိုက်၏။  á€¤á€Ąá€á€ťá€­á€”်တွင် သူမ အလွန် နွေးထွေးစွာ ခံစားလိုသည်။ 


သူမဘဝက ဤကဲ့သို့သာ တစ်သက်လုံး သွားရတော့မည်ဟု ထင်ထားခဲ့သည်။ သို့သော် ရွာလူကြီးလေးနှင် တွေ့ပြီးနောက် သူမအတွက် မျှော်လင့်ချက်အသစ်များ ရလာခဲ့ပြီး ဘဝ၏ ရည်မှန်းချက်ကို ပြန်ရှာတွေ့ခဲ့သည်။


ဟင်းချက်နည်းများကို လေ့လာရသည်က ယခု သူမ အနှစ်သက်ဆုံး အလုပ်ပင်။


‘အားလုံးက သူမချက်တာကို ပျော်ပျော်ရွှင်ရွှင် စားနေကြတာ မြင်ရရင် သူမဘဝက အဓိပ္ပာယ်ရှိပြီး အောင်မြင်မှုတစ်ခု ရလိုက်သလို ခံစားရတယ်’


ရွှီရှောင်ရှောင် ပျော်ရွှင်လာလျှင် အစားအသောက်များ လုပ်ချင်လာသည်။ ထို့ကြောင့် သူမ မေးလိုက်သည်။


"မနက်ဖြန် အားလုံးအတွက် ကိတ်မုန့်လေးတွေ လုပ်ပေးရမလား"


ရှောင်ကျိုး၏ မျက်လုံးများ အရောင်တောက်သွားပြီး ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်၏။ ရှောင်ကျိုး၏ တုံ့ပြန်မှုကို ကြည့်ပြီး အားလုံး ဤသည်က သေချာပေါက် စားကောင်းသော အရာဟု သိလိုက်ကြသည်။


"အစ်မရှောင်ရှောင်၊ အစ်မက အရမ်းသဘောကောင်းတာပဲ၊ ကျွန်တော် အစ်မရဲ့ သားလုပ်လို့ ရမလား"


ဖက်တီးလေး ထိုသို့ ပြောလိုက်ရာ ရွှီရှောင်ရှောင်မှာ ခလုတ်တိုက်ပြီး လဲကျမတတ် ဖြစ်သွားတော့သည်။


"အဲ့ဒီလို လျှောက်မပြောရဘူး၊ ကြားလား" 

ရွှီရှောင်ရှောင်မှ ဖက်တီးလေး၏ ပါးစပ်ကို အမြန် ပိတ်ထားလိုက်၏။


‘ဒီကောင်စုတ်လေး’


"ဪ"


 á€–á€€á€şá€á€Žá€¸á€œá€ąá€¸á€™á€žá€Ź အဘယ်ကြောင့် ထိုသို့ ပြော၍ မရသည်ကို နားမလည်သော်ငြား ခေါင်းညိတ်ပြလိုက်သည်။


’ဒါပေမယ့် သူတွေးနေတာက သားလုပ်လို့မရရင် မောင်လုပ်မှာပေါ့၊ အစ်မရှောင်ရှောင်ကို သူ့အိမ် အရောက်ခေါ်သွားနိုင်အောင် နောက်ဆုံးတော့ သူ လှည့်စားရမှာပဲ’


’တစ်ခါတလေမှ ဗိုက်ဝအောင် စားရတာနဲ့ နေ့တိုင်း ဗိုက်ဝအောင် စားရတာ၊ ဘယ်ဟာ ရွေးမလဲ’

ဖက်တီးလေးကတော့ နေ့တိုင်း ဗိုက်ဝအောင် စားရသည်ကို ရွေးလိုက်ပြီ ဖြစ်သည်။ အားလုံးမှာ ရွာလူကြီးလေး၏ ခြံဝင်းထဲကို ပြန်ရောက်လာကြသည်။ သို့သော် အိမ်ထဲသို့ မဝင်ရသေးခင်မှာပင် လင်းချီနှင့် လူအချို့က တံခါးဝ၌ ခွေခွေလေး မှီနေပြီး တစ်ကိုယ်လုံး ဒဏ်ရာများရနေသည်ကို တွေ့လိုက်ရသည်။


ရှောင်ကျိုး သိချင်စိတ်ဖြင့် ရှေ့တိုးသွားလိုက်သည်။


"နင်တို့ ဘာဖြစ်လာကြတာလဲ"


လင်းချီနှင့် တခြားသူများက ရှောင်ကျိုးကို မြင်သည်နှင့် သူတို့၏ ကျောထောက်နောက်ခံကို တွေ့သွားသကဲ့သို့ ချက်ချင်း တွယ်ကပ်လာကြ၏။ ဉာဏ်ပိုထက်သည့် လင်းချုံးမှ ချက်ချင်း တိုင်တော့သည်။


"ရွာလူကြီးလေး၊ ကျွန်တော်တို့ အရိုက်ခံရတယ်၊ ရွာလူကြီးလေး ကျွန်တော်တို့အတွက် တရားမျှတအောင် လုပ်ပေးမှ ရမယ်"

အခြားလူများကလည်း ထောက်ခံကြသည်။


"ရွာလူကြီးလေး၊ ကျွန်တော်တို့အတွက် တရားမျှတအောင် လုပ်ပေးမှ ရမယ်"


ထိုမြင်ကွင်းက တကယ့်ကို ရယ်စရာကောင်းနေသည်။ လူကြီးများမှ ၅ နှစ်အရွယ် ကလေးမလေးကို မျက်ရည်များဖြင့် တိုင်နေကြခြင်းပင်။


"ဘာဖြစ်လို့လဲ၊ ဘယ်သူရိုက်တာလဲ" 


ရှောင်ကျိုး ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။


"မြို့က လူမိုက်ခေါင်းဆောင် အစ်ကိုဗျောင်လေ၊ သူတို့က လူဒါဇင်နဲ့ချီ ရှိတာ၊ ကျွန်တော်တို့က ၉ ယောက်တည်း" 

ဝက်ခေါင်းကဲ့သို့ အရိုက်ခံထားရသော လူတစ်ယောက်က ပြောလိုက်၏။

‘သူတို့ မနိုင်တာ မဟုတ်ပါဘူး၊ ဟိုဘက်က လူများနေလို့ပါနော်’


"ဘာလို့ သူတို့က အကြောင်းမဲ့သက်သက် လာရိုက်ရတာလဲ"


"ကျွန်တော့်ကြောင့်ပါ၊ ကျွန်တော် အိမ်မပြန်ဖြစ်တာ ကြာပြီဆိုပြီး ဒီနေ့ မိသားစုကို သွားကြည့်တာ၊ မထင်မှတ်ဘဲ အဲ့ဒီ ယုတ်မာတဲ့ လီချန်က ကျွန်တော့် ညီမလေးကို သဘောကျသွားတာ၊ ကျွန်တော် မရှိတုန်း အခွင့်အရေးယူပြီး ကျွန်တော့် ညီမလေးကို သူ့ကိုယ်လုပ်တော်အဖြစ် အတင်းအဓမ္မ လာဆွဲခေါ်တာလေ၊ သေချာပေါက် ကျွန်တော်က ငြင်းတာပေါ့၊ အဲ့ဒီမှာ ရန်ဖြစ်ကြတော့တာပဲ၊ အကျိုးဆက်ကတော့ ဟိုဘက်က မြို့က လူမိုက်ခေါင်းဆောင် အစ်ကိုဗျောင်ကို သွားခေါ်လာတာပဲ၊ ကျွန်တော်တို့ လူနည်းတော့ အခုလို အရိုက်ခံလိုက်ရတာ"


ပြောပြီးသည်နှင့် သူက ရှောင်ကျိုးရှေ့တွင် ချက်ချင်း ဒူးထောက်ချလိုက်ပြီး ငိုယိုပြောလေသည်။


"ကျေးဇူးပြုပြီး ကျွန်တော့် ညီမလေးကို ကယ်ပေးပါ ရွာလူကြီးလေး၊ အဲ့ဒီ လီချန်က လူ့မျက်နှာနဲ့ တိရစ္ဆာန်စိတ်ရှိတဲ့ ကြောင်သူတော်ပါ"


ညီမလေးအား အလုခံလိုက်ရသည့် လူ၏ နာမည်မှာ ရွှီဟောက်ပင်။ သူနှင့် သူ့ညီမလေးက ငယ်ငယ်ကတည်းက တစ်ယောက်ကိုတစ်ယောက် အားကိုးပြီး ကြီးပြင်းလာကြခြင်း ဖြစ်သည်။ ယခု သူ့ညီမလေး အလုခံရသောကြောင့် သူ အသေခံပြီး ပြန်တိုက်ခိုက်ချင်သော်ငြား သူ့ဘက်တွင် လူအင်အား မလုံလောက်ပေ။ ညီမလေး အလုခံရသည်အား မျက်စိသူငယ်နှင်သာ ကြည့်နေခဲ့ရပြီး ရွာလူကြီးလေးထံသို့ အကူအညီတောင်းရန် ရွာကို အမြန် ပြန်ပြေးလာခဲ့ခြင်း ဖြစ်သည်။


"မြို့ကို သွားကြစို့"


အခြေအနေက အရေးကြီးနေ၍ ရှောင်ကျိုး ရွှီဟောက်၏ ညီမလေးကို အရင်သွားကယ်ရန် အားလုံးကို ခေါ်ပြီး မြို့ကို အမြန်ထွက်လာခဲ့သည်။

ရှန်ကျစ်ယွမ်မှ ဒေါသတကြီးဖြင့် မေးလိုက်၏။


"လီမိသားစုက အငယ်ဆုံးသား လီချန် လား"


"ဟုတ်တယ်၊ ဟုတ်တယ်၊ သူပဲ၊ သခင်မလေးရှန် သူ့ကို သိလို့လား" 


ရွှီဟောက် အမြန် မေးလိုက်သည်။


ရှန်ကျစ်ယွမ်၏ မျက်နှာလေးက ဒေါသကြောင့် နီရဲသွား၏။


"လူယုတ်မာ၊ သေနာကောင်၊ ငါ ပြန်သွားပြီး ငါ့ဝမ်းကွဲအစ်မကို ပြောပြရမယ်"


"အဲ့ဒါက နင့်ဝမ်းကွဲအစ်မနဲ့ ဘာဆိုင်လို့လဲ" 

ဖက်တီးလေးက နားမလည်စွာ မေးလိုက်သည်။


"ဟွန်း" 


ရှန်ကျစ်ယွမ် ခြေဆောင့်ပြီး ရှင်းပြလိုက်သည်။


"ငါ့ဝမ်းကွဲအစ်မနဲ့ လီချန်က လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ စေ့စပ်ထားကြတာလေ၊ ဒါပေမယ့် အပေါ်ယံ ယဉ်ကျေးပုံပေါက်တဲ့ ဒီလီချန်က ကွယ်ရာမှာ သာမန်မိန်းကလေးကို အတင်းအဓမ္မ လုယူတဲ့ လုပ်ရပ်မျိုး လုပ်လိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ၊ ငါ့ဝမ်းကွဲအစ်မသာ သိရင် ဘယ်လောက်တောင် ရင်ကွဲလိုက်မလဲ”


ထိုသို့ ကြားရ၍ အားလုံး ပို၍ပင် ဒေါသထွက်သွားကြသည်။ ရှန်ကျစ်ယွမ်၏ ဝမ်းကွဲအစ်မကို အားလုံး မြင်ဖူးကြ၏။ သူမက တိတ်ဆိတ်ပြီး နူးညံ့သိမ်မွေ့‌သော မိန်းမပျိုလေးပင်။ နောင်တစ်ချိန် သူမ ထိုလူယုတ်မာနှင့် လက်ထပ်ရမည်ဟု တွေးမိရာ အားလုံး၏ ဒေါသက ပိုကြီးလာသည်။


"အချိန်မရှိတော့ဘူး၊ ချက်ချင်း သွားကြစို့" 

ရှောင်ကျိုးက ရထားလုံးမောင်းသော အစေခံကောင်လေးကို အရှိန်တင်ရန် အမိန့်ပေးလိုက်၏။


"ငါတို့ ရွှီဟောက်ရဲ့ ညီမလေးကို အရင် သွားကယ်မယ်၊ ရှန်ကျစ်ယွမ်၊ နင် ပြန်သွားပြီး နင့်ဝမ်းကွဲအစ်မကို သတင်းသွားပေးမလား၊ ဒါမှမဟုတ် ငါတို့နဲ့ လိုက်မလား"


ရှောင်ကျိုး၏ အစီအစဉ်ကို ကြား၍ ရှန်ကျစ်ယွမ် ပြန်ဖြေလိုက်သည်။


"ငါ နင်တို့နဲ့ လိုက်မယ်"

ထိုကြောင်သူတော်၏ မျက်နှာဖုံးခွာခံရသည်ကို ယနေ့ သူမ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရမည်ဟု သန္နိဋ္ဌာန် ချလိုက်၏။

ညမိုးချုပ်လာသည်နှင့်အမျှ မြို့ပေါ်တွင် မီးရောင်များ ကျဲပါးလာသည်။ အမှောင်ထုကို အကာအကွယ်ယူပြီး သူတို့အဖွဲ့ လီအိမ်တော်ထံသို့ တိတ်ဆိတ် ချဉ်းကပ်သွားကြသည်။ ရှောင်ကျိုး သူမ၏ စိတ်စွမ်းအင်ကို သုံးပြီး ဧရိယာတစ်ခုလုံးကို စကင်န်ဖတ်ကြည့်လိုက်ရာ အနောက်ဘက်ခြံဝင်းက လျှို့ဝှက်အခန်းတစ်ခန်းထဲတွင် ကြိုးတုပ်ခံထားရသည့် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုမိန်းကလေးမှာ ရွှီဟောက်၏ ညီမလေး ဖြစ်ရပေမည်။ ခြံဝင်း၏ အခြားတစ်နေရာ၌ လူငယ်အချို့ သောက်စားပျော်ပါး နေကြသည်။

‘နေပါဦး’


’ဒီလူတွေက ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ’


’ဒါ ပြီးခဲ့တဲ့တစ်ခေါက် သကြားလုံးရောင်းတုန်းက ဝမ်ကျန့်ယီကို လှောင်ပြောင်ခဲ့တဲ့ ပညာတတ်လူငယ်တွေ မဟုတ်ဘူးလား၊ ရန်သူတွေက လမ်းကျဉ်းကျဉ်းလေးမှာ လာတွေ့နေကြတာပဲ’


ရှောင်ကျိုး ရှန်ကျစ်ယွမ်ကို ပြောလိုက်သည်။

"နင်နဲ့ ဝမ်ကျယ်ချန်က လီအိမ်တော်ကို လီချန် လာရှာသလိုမျိုး ဟန်ဆောင်လိုက်၊ ငါတို့က အနောက်ဘက်ခြံဝင်းက လူကို သွားကယ်မယ်"

သူတို့နှစ်ယောက် ဝမ်းသာအားရ သဘောတူလိုက်ကြသည်။

‘ ဒါက အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းတယ်လေ’


နေ့တိုင်း လမ်းပေါ်တွင် ခွေးလိုက်、ကြောင်လိုက် ဆော့နေရသည်ထက် များစွာ ပိုစိတ်ဝင်စားဖို့ ကောင်းသည်။ သူတို့နှစ်ယောက် အစေခံမလေးတစ်ယောက်နှင့် ရထားလုံးထိန်း ကောင်လေး တစ်ယောက်ကို ခေါ်ပြီး လီမိသားစု၏ ပင်မတံခါးကြီးကို သွားခေါက်လိုက်ကြသည်။


ပင်မတံခါးကြီး တဖြည်းဖြည်း ပွင့်လာပြီး တံခါးစောင့် ထွက်လာ၏။ သခင်မလေးရှန်နှင့် သခင်လေးဝမ်တို့ ဖြစ်နေသည်ကို မြင်‌၍ သူတို့နှစ်ယောက် မည်သို့ အတူတူ ရောက်လာပြီး လီမိသားစုထံသို့ လာလည်ကြသည်ကို သူ နားမလည်နိုင် ဖြစ်သွားရသည်။ 

သို့ပေမဲ့ တံခါးစောင့်က အချိန်မဆွဲရဲဘဲ အမြန် မေးလိုက်သည်။ 


"လီအိမ်တော်ကို ဘာကိစ္စများ ရှိလို့ပါလဲ သခင်လေးနဲ့ သခင်မလေးတို့"


ရှန်ကျစ်ယွမ် ပြောလိုက်၏။


"ငါက ဒီနားက ဖြတ်သွားရင်း ငါ့ဝမ်းကွဲအစ်မရဲ့ အနာဂတ်ခင်ပွန်းကို ဝင်ကြည့်တာ၊ သူ ဘယ်မှာလဲ၊ ငါ အခု သူ့ကို သွားရှာမလို့"


ဖက်တီးလေးလည်း ဆင်ခြေတစ်ခုကို အမြန်ရှာလိုက်သည်။

"ငါ့အဖေက သခင်လေးလီ စာသင် အရမ်းတော်တယ်လို့ ပြောလို့၊ ငါ့အိမ်စာတွေအတွက် သခင်လေးလီဆီ လာအကြံဉာဏ်တောင်းတာ"


‘သခင်လေးဝမ်က ဘယ်တုန်းက စာသင်တာကို ဒီလောက် ဝါသနာပါသွားတာလဲ၊ ပြီးတော့ ခဲအိုလောင်းဆီကို ခယ်မလောင်းက ညသန်းခေါင်ယံကြီး လာလည်တာကရော သင့်တော်ရဲ့လား’


တံခါးစောင့်မှာ လုံးဝ ဇဝေဇဝါ ဖြစ်နေသော်ငြား အချိန်မဆွဲရဲချေ။ သူ သူတို့နှစ်ယောက်ကို ဧည့်ခန်းထဲ၌ အရင်ထိုင်ရန် ဖိတ်ခေါ်လိုက်ပြီး သခင်လေးကို သတင်းသွားပို့ဖို့ အမြန် ထွက်သွားတော့သည်။


 

Search Novels