21


ကာယလေ့ကျင့်ခန်းများ အတန်ကြာ ပြုလုပ်ပြီးနောက် ရှောင်ကျိုးသည် ကိုယ်ဖော့ပညာ၏ နည်းစနစ်များနှင့် စိတ်ကမ္မဋ္ဌာန်းကျင့်စဉ်ကို စတင်သင်ယူနိုင်ခဲ့ပြီ ဖြစ်သည်။

ရှောင်ကျိုးက သိုင်းကျမ်းထဲတွင် ရေးသားထားသော စာသားများကို စိတ်ထဲမှ တိတ်တဆိတ် ရွတ်ဆိုလိုက်သည်။


"ကိုယ်ဖော့ပညာ၏ အံ့မခန်းစွမ်းရည်မှာ စိတ်နှင့် ချီစွမ်းအင် ပေါင်းစပ်ညှိနှိုင်းမှုနှင့် ခန္ဓာကိုယ်နှင့် ပုံသဏ္ဌာန် တစ်သားတည်းကျမှုအပေါ်တွင် မူတည်သည်"


တောင်စောင်းတစ်ခုသို့ ရောက်သောအခါ ရှောင်ကျိုး အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ စာအုပ်ထဲမှ ညွှန်ကြားချက်များအတိုင်း သူမ၏ စိတ်ကမ္မဋ္ဌာန်းကျင့်စဉ်မှ ချီစွမ်းအင်ကို ခြေဖျားများဆီသို့ ပို့လွှတ်လိုက်ပြီး သစ်ပင်ပင်စည်ကို ဖွဖွလေး နင်းကာ ခန္ဓာကိုယ်ကို ပျံသန်းနေသော ငှက်တစ်ကောင်ပမာ အထက်သို့ ခုန်ပျံတက်စေလိုက်လေသည်။ သူမသည် ချီစွမ်းအင်ကို မြှင့်တင်ပြီး ခုန်ပျံသည့် နည်းစနစ်ကို လေ့ကျင့်ရင်း သစ်ပင်ပင်စည်များကြားတွင် ဆက်တိုက် ကွေ့ဝိုက်ခုန်ပျံကာ ကိုယ်ဖော့ပညာမှ ပေးစွမ်းသော လွတ်လပ်မှုနှင့် စိတ်လှုပ်ရှားကြည်နူးမှုကို ခံစားနေသည်။


သူမ၏ဘေးတွင် ကြက်တစ်ကောင်လည်း ရှောင်ကျိုးနောက်မှ လိုက်ကာ သစ်ပင်ပင်စည်များကြားတွင် အဆက်မပြတ် ကွေ့ဝိုက်ခုန်ပျံနေတော့သည်။ 

အချိန်အတန်ကြာ ဆက်တိုက် လေ့ကျင့်ပြီးနောက် ယွိဟွာမှာ သာမန်ကြက်တစ်ကောင် မဟုတ်တော့ဘဲ ကြက်နှင့်တူသော ငှက်တစ်ကောင် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ယခုအခါ သူမသည် လေထဲတွင် ငှက်တစ်ကောင်ပမာ လွတ်လပ်စွာ ပျံသန်းနိုင်နေပြီဖြစ်ရာ မြေပြင်ပေါ်မှ တောင်ပံခတ်နေကြသော ကြက်အုပ်ကြီးမှာ သူမကို အလွန်အားကျနေကြတော့သည်။


ရှောင်ကျိုး ကိုယ်ဖော့ပညာကို တတ်မြောက်သွားသည့် အမြန်နှုန်းမှာ ယန်ချွဲ့၏ မျှော်မှန်းချက်ထက်ပင် ကျော်လွန်နေခဲ့ပေသည်။ သူမ၏ ပါရမီက ဤမျှအထိ မြင့်မားနေလိမ့်မည်ဟု ယန်ချွဲ့ ထင်မထားခဲ့ချေ။ အခြားသူများက အခြေခံ လှုပ်ရှားမှုများကို လေ့ကျင့်နေကြဆဲ အချိန်တွင် ရှောင်ကျိုးက အားလုံးကို တတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။ သူမမှာ တကယ့်ကို သရဲဘီလူးလေး တစ်ကောင်ပင် ဖြစ်သည်။


ယန်ချွဲ့ကို ပို၍ အံ့အားသင့်စေသည်မှာ ယွိဟွာဟုခေါ်သော တောကြက်မက ယခုအခါ နေ့စဉ်နှင့်အမျှ ပိုမြင့်မြင့်နှင့် ပိုဝေးဝေး ပျံသန်းနိုင်လာခြင်းပင် ဖြစ်ပြီး ယန်ချွဲ့ကို လုံးဝ မှင်သက်သွားစေခဲ့လေသည်။


‘ပါရမီရှင်တွေ မွေးထားတဲ့ တိရစ္ဆာန်တွေကပါ ပါရမီ ပါလာကြတာများလား’


အကယ်၍ သူသာ ရှောင်ကျိုးနှင့် တိုက်ခိုက်ရလျှင် သေချာပေါက် နိုင်မည်မဟုတ်ဟု ယန်ချွဲ့ တွေးလိုက်မိသည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူ၏ လေ့လာစောင့်ကြည့်မှုများအရ ထိုကောင်မလေး၏ ခွန်အားနှင့် အမြန်နှုန်းမှာ ကြောက်ခမန်းလိလိပင် ဖြစ်ပေသည်။ 

အသက်ရှည်ခြင်း ခန်းမမှ အဘိုးကြီးများသာ ဤကလေးမလေးကို ယှဉ်နိုင်လိမ့်မည်ဟု သူ သံသယဝင်လာမိသည်။


တောင်ပေါ်တွင် လေ့ကျင့်နေရသော ဤကာလအတွင်း ရွာထဲမှ ကလေးများမှာ တစ်နေ့တခြား ပို၍ သန်စွမ်းလာကြလေသည်။ 

အထူးသဖြင့် ကလေးများထဲတွင် ပါရမီအရှိဆုံးနှင့် သင်ယူမှုအမြန်ဆုံးဖြစ်သော ကျောက်ဟူပင်။ လက်ရှိ ကျောက်ဟူသည် သူ၏ဖခင် နှစ်ယောက်စာလောက်ကိုပင် အသာလေး နိုင်နေပြီ ဖြစ်သည်။ အရင်ရက်ပိုင်းက ကျောက်ဟူမှာ ဖခင်ဖြစ်သူကို ဒေါသထွက်အောင် လုပ်မိသဖြင့် ဖခင်ဖြစ်သူက သူ့ကို နေ့တစ်ဝက်တိတိ လိုက်ဖမ်းခဲ့သော်လည်း မမိခဲ့ဟု ဆိုကြသည်။ ယခု သူ၏ဖခင်သည်လည်း ဆရာယန်ထံတွင် သိုင်းပညာ လာရောက် သင်ယူနေလေပြီ။

ယခုအခါ ယောင်္ကျား မိန်းမ၊ အသက်အရွယ်မရွေး ရွာသားအားလုံးက သူတို့၏ ကလေးများကို မရှုံးစေရန်အတွက် အားလပ်ချိန်ရတိုင်း ဆရာယန်ထံသို့ သွားရောက်၍ သိုင်းပညာ သင်ယူနေကြပေသည်။ 

ရွာထဲရှိ လူကြီးများနှင့် ကလေးများမှာ မည်သူက ပို၍ ကောင်းစွာ သင်ယူနိုင်ပြီး မည်သူက သိုင်းပညာတွင် ပို၍ သန်မာသည်ကို ယခုအခါ တိတ်တဆိတ် ယှဉ်ပြိုင်နေကြလေသည်။


သူတို့တစ်သိုက်သည် မည်သူက သားကောင် အများဆုံး အမဲလိုက်နိုင်သလဲ ဟူသည်ကို ယှဉ်ပြိုင်ရန် နေ့စဉ် တောင်ပေါ်သို့ တက်ကြသည်။ ယခုအခါ ပတ်ဝန်းကျင် တစ်ဝိုက်ရှိ တိရစ္ဆာန်များမှာ ထောင်ယွမ်ရွာကို ရှောင်ကွင်းသွားလာနေကြပြီ ဖြစ်သည်။


မကြာသေးမီက အမဲလိုက်ရရှိသော သားကောင်များကို မြို့တွင် သွားရောက်ရောင်းချရာမှ ရရှိသော ငွေများက ရွာသားအများအပြားအတွက် အိမ်သစ်ဆောက်ရန်ပင် လုံလောက်နေပြီဟု ဆိုကြပေသည်။ 

လတ်တလောတွင် မြို့မှ ဆိုင်ရှင်ရွှီမှာ နေ့စဉ် မျက်နှာပွင့်လန်းကာ ပြုံးပျော်နေတော့သည်။ သူက အဘွားဝမ်၏ မွေးနေ့ပွဲအတွက် ဧည့်ခံပွဲအော်ဒါကို အောင်မြင်စွာ ရရှိခဲ့ရုံသာမက ယုံဖူ စားသောက်ဆိုင်မှာလည်း မြို့တွင် အအောင်မြင်ဆုံး စားသောက်ဆိုင်အဖြစ် ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည်။


ထို့အပြင် လျို့တကျူနှင့် ကျောက်တလန်တို့လည်း မြို့တွင် တိရစ္ဆာန်ပုံစံ အဝတ်အိတ်များနှင့် သကြားလုံးများ ရောင်းချရာ၌ စီးပွားရေး အလွန်ကောင်းမွန်နေကြသည်။

အဒေါ်လျို့သည် အဝတ်အိတ်များ ချုပ်လုပ်သည့် အလုပ်ကို ရွာအတွင်း တစ်ပိုင်တစ်နိုင် စက်မှုလုပ်ငန်းစု တစ်ခုအဖြစ် တိုးချဲ့တည်ထောင်လိုက်ပြီ ဖြစ်သည်။ ရွာထဲမှ အဒေါ်ကြီးများမှာ နေ့စဉ် ပုံစံအမျိုးမျိုးကို အိမ်တွင် ပြုလုပ်လေ့လာနေကြပြီး ပုံစံကြမ်းအတိုင်း လိုက်လံပန်းထိုးခြင်းမှသည် တီထွင်ဆန်းသစ်မှု အမျိုးမျိုးကို ဖန်တီးနိုင်သည်အထိ တိုးတက်လာကြပေသည်။


ရွာထဲရှိ ကျောင်းကိုလည်း ရှောင်ကျိုး၏ လိုအပ်ချက်များနှင့်အညီ တည်ဆောက်ပြီးစီးသွားပြီ ဖြစ်သည်။ အဘိုးရွှီက ထိုကျောင်းအတွက် အမည်တစ်ခုကိုပင် ကိုယ်တိုင် ရေးသားပေးခဲ့သည်။ ယင်းမှာ ထောင်ယွမ် ပညာ့ဗိမာန်ပင် ဖြစါသည်။ 

ထိုအချိန်မှစ၍ ထောင်ယွမ်ရွာမှ ကလေးများမှာ မနက်ပိုင်းတွင် စာသင်ပြီး နေ့လယ်ပိုင်းတွင် သိုင်းကျင့်ကြကာ ပြည့်စုံသော ဘဝများကို ပိုင်ဆိုင်လာကြလေသည်။


အဘိုးရွှီသည် မြို့ရှိကျောင်းမှ ဆရာအားလုံးထက် ပို၍ စွမ်းဆောင်နိုင်ပြီး အရာအားလုံးကို သိသည်ဟု ဝမ်ကျန့်ယီက ဆိုသည်။ ဝမ်ကျန့်ယီမှာ အဘိုးရွှီ၏ သစ္စာရှိ ပရိသတ်တစ်ဦး ဖြစ်လာခဲ့ပြီး တစ်ရက်ကို ၂၄ နာရီလုံးလုံး အဘိုးရွှီနောက်သို့ လိုက်နေချင်စိတ်ပင် ပေါက်နေတော့သည်။


ရွာ၏ လူနေမှုဘဝက ရှောင်ကျိုး မျှော်မှန်းထားသော စံပြအခြေအနေသို့ တဖြည်းဖြည်း တိုးတက်လာနေပေသည်။ ရွာသားများ၏ ဘဝများမှာ တိုးတက်ကောင်းမွန်လာပြီး ရွာမှ ကလေးများမှာလည်း ယခုအခါ ဖတ်စရာ စာအုပ်များ ရှိလာကြပြီ ဖြစ်သည်။


ထောင်ယွမ်ရွာသည် ပတ်ဝန်းကျင် တစ်ဝိုက်တွင် အဆင်းရဲဆုံးရွာ မဟုတ်တော့ချေ။ အနီးအနားရွာအချို့မှ လူများက ရွာထဲရှိ လူပျိုလူမိုက်များနှင့် မိန်းမပျိုလေးများကို စုံစမ်းရန် အောင်သွယ်တော်များကို စေလွှတ်လာကြသည်။ အောင်သွယ်တော် အတော်များများက လျို့တကျူကိုပင် မိန်းမပေးစားရန် ကြိုးစားနေကြသည်ဟု ဆိုကြပေသည်။


'ဂုဏ်ယူပါတယ် Host၊ ကိုယ်ဖော့ပညာကို ကျွမ်းကျင်စွာ တတ်မြောက်သွားတဲ့အတွက် ဆုလက်ဆောင် - အမှတ် ၁၀၀ နှင့် ကံစမ်းမဲ တစ်စောင်’


'ဂုဏ်ယူပါတယ် Host ၊ ရွာသားတွေကို ကြီးပွားတိုးတက်အောင် ကူညီပေးနိုင်ခဲ့တဲ့အတွက် ဆုလက်ဆောင် - အမှတ် ၂၀၀ နှင့် ကံစမ်းမဲ တစ်စောင်’


'ဂုဏ်ယူပါတယ် Host၊ ရွာမှာ ကျောင်းဆောက်ဖို့ ကူညီပေးနိုင်ခဲ့တဲ့အတွက် ဆုလက်ဆောင် - အမှတ် ၃၀၀ နှင့် ကံစမ်းမဲ တစ်စောင်’


အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သော ထိုအသံမှာ ထပ်မံထွက်ပေါ်လာပြီး ချက်ချင်းပင် အံ့ဩစရာများကို ယူဆောင်လာပေးလေသည်။


"ဆုလက်ဆောင်တွေ အများကြီးပါလား" 


ရှောင်ကျိုးက ပျော်ရွှင်စွာ မေးလိုက်သည်။


'ဟုတ်ပါတယ် Host၊ ဒါက လတ်တလော ကြိုးပမ်းအားထုတ်မှုတွေအတွက် သင်နဲ့ထိုက်တန်တဲ့ အရာတွေပါ၊ Host အနေနဲ့ ဆက်လက်ကြိုးစားပြီး အရည်အချင်းပြည့်မီတဲ့ ရွာလူကြီးတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်ပါတယ်’


စနစ်မှ သူမကို ခွန်အားပေးစကား ပြောလိုက်သည်။ 

ရှောင်ကျိုးသည် ကံစမ်းမဲကို ချက်ချင်း နှိုက်လိုက်သည်။ ပထမအကြိမ် မဲနှိုက်ရာတွင် ငရုတ်မျိုးစေ့ တစ်ထုပ် ရရှိလေသည်။ 

ဒုတိယအကြိမ် မဲနှိုက်ရာတွင် သိုလှောင်အိတ် တစ်လုံး ရရှိသည်။ 

တတိယအကြိမ် မဲနှိုက်ရာတွင် ခွန်အားကြီးဆေးလုံး တစ်လုံး ရရှိပေသည်။


’သိုလှောင်အိတ် ဟုတ်လား’


ရှောင်ကျိုးမှ ထိုအိတ်ကို စစ်ဆေးကြည့်ရန် ချက်ချင်း ကောက်ယူလိုက်သည်။ သူမ ယခင်က သိုင်းကျင့်စဉ် ဝတ္ထုများ ဖတ်ဖူးပြီး သိုလှောင်အိတ်များမှာ ပစ္စည်းများစွာကို သိုလှောင်ထားနိုင်သည်။


ရှောင်ကျိုးက စနစ်ကို မေးလိုက်သည်။


"ဒါကို ဘယ်လိုသုံးရမလဲ၊ အသက်သွင်းဖို့ သွေးစက်ချဖို့ လိုလား"


"မှန်ပါတယ်"


စနစ်က ပြန်ဖြေလေသည်။


ရှောင်ကျိုးမှ သူမ၏ လက်ချောင်းကို ချက်ချင်းကိုက်ကာ သွေးစက်အနည်းငယ် ချလိုက်လေသည်။ ခဏအကြာတွင် သူမ၏ စိတ်နှင့် သိုလှောင်အိတ်ကြားတွင် ဆက်သွယ်မှုတစ်ခု ဖြစ်ပေါ်လာသည်။


ပစ္စည်းတစ်ခုကို သိုလှောင်လိုသောအခါ ထုထည် မည်မျှပင် ကြီးမားစေကာမူ အရာဝတ္ထုကို အတွင်းသို့ တိုက်ရိုက် ထည့်လိုက်ရုံဖြင့် အိတ်မှာ မည်သည့် အပြောင်းအလဲမှ ဖြစ်မသွားကြောင်း သူမ တွေ့ရှိလိုက်ရသည်။ ပစ္စည်းတစ်ခုကို ပြန်လည် ထုတ်ယူလိုသောအခါ သူမလိုချင်သော အရာဝတ္ထုကို စိတ်ကူးလိုက်ရုံဖြင့် သိုလှောင်အိတ်ထဲရှိ ထိုပစ္စည်းက သူမ၏ ဆန္ဒအတိုင်း လက်ထဲသို့ ချက်ချင်း ရောက်ရှိလာပေသည်။

ထိုဆုလက်ဆောင်မှာ အတိအကျပင် ရှောင်ကျိုး လိုချင်နေသော အရာဖြစ်သဖြင့် သူမ အလွန် ကျေနပ်သွားလေသည်။

 á€›á€žá€ąá€Źá€„်ကဝိုးမသ ငရုတ်မျိုးစေ့များနှင့် ခွန်အားကြီးဆေးလုံးကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။

စနစ်၏ အသံ ထပ်မံ ထွက်ပေါ်လာပြန်သည်။


'ဂုဏ်ယူပါတယ် Host၊ အမှတ် ၁၀၀၀ ပြည့်သွားတဲ့အတွက် ဈေးဝယ်စင်တာရဲ့ ဒုတိယအဆင့်ကို ဖွင့်လှစ်ပေးလိုက်ပါပြီ’


ရှောင်ကျိုးက ဈေးဝယ်စင်တာ မျက်နှာပြင်ကို အမြန်ဖွင့်ကြည့်လိုက်သည်။


လဲလှယ်နိုင်သော ပစ္စည်းများမှာ -


မီးခြစ် - ၂ မှတ်

လေးခွ - ၃ မှတ်

လက်နှိပ်ဓာတ်မီး - ၅ မှတ်

မှန်ပြောင်း - ၁၀ မှတ်

လျှပ်စစ်တုတ် - ၁၅ မှတ်


"ဝါး၊ ကုန်စုံဆိုင်ကြီးကျနေတာပဲ၊ စနစ် ဈေးဝယ်စင်တာရဲ့ တတိယအဆင့်ကို ဖွင့်ဖို့ဆိုရင် အမှတ်ဘယ်လောက် လိုလဲ" 

ရှောင်ကျိုးမှ မေးလိုက်သည်။


'တတိယအဆင့်ကို ဖွင့်ဖို့ အမှတ် ၅၀၀၀ လိုအပ်ပါတယ်၊ ကျေးဇူးပြုပြီး ဆက်လက် ကြိုးစားပါ Host’


"ဒါဆို တတိယအဆင့်မှာ ဘာရှိလဲဟင်"


'Host အနေနဲ့ အမှတ်ပြည့်လို့ တတိယအဆင့်ကို ဖွင့်လိုက်တာနဲ့ ဘာလဲဆိုတာ သိရမှာပါ' 


 á€…နစ်က စက်ရုပ်ဆန်ဆန် ပြန်ဖြေလေသည်။ 

လှည့်ပတ်မေး၍ မရမှန်း သိလိုက်ရသဖြင့် ရှောင်ကျိုး လက်လျှော့လိုက်တော့သည်။ 

သူမက ဈေးဝယ်စင်တာ၏ ဒုတိယအဆင့်ကို ဆက်လက် လေ့လာနေလိုက်သည်။


သို့သော် ပစ္စည်းအနည်းငယ်ကို ကြည့်ရှုပြီးသွားချိန်မှာပင် ခြံဝင်းအပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာလေသည်။


"ရွာလူကြီးလေး၊ ရွာလူကြီးလေး၊ ကြောက်စရာ‌ကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်သွားပြီ၊ အားသို့နဲ့ ကျောက်ဟူကို တောင်ပေါ်မှာ ဝတ်ရုံနက်လူတွေ ပြန်ပေးဆွဲသွားပြီ"


တနွီနှင့် ရှင်းအာတို့က ရွာလူကြီးလေးကို ရှာရန် ခြံဝင်းထဲသို့ အပြေးအလွှား ဝင်လာကြသည်။ 

သူတို့ရွာမှ မဟုတ်သော ကောင်မလေး နှစ်ယောက်လည်း သူတို့နောက်မှ လိုက်ပါလာကြသည်။


"ဘာဖြစ်တာလဲ" 


ရှောင်ကျိုး ချက်ချင်း မေးလိုက်သည်။


22


တနွီက ကျဆင်းလာသော မျက်ရည်များကို သုတ်ရင်း ကြောက်လန့်တကြားဖြင့် ပြောလိုက်လေသည်။


"လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျောက်ဟူ၊ အားသို့ နဲ့ ထျဲနျူတို့က ဘေးရွာက ကောင်လေးတွေနဲ့ ဒီနေ့ အနောက်ဘက်တောင်မှာ ချိန်းပြီး ရန်ဖြစ်ကြမလို့လေ၊ နိုင်တဲ့သူက နောက်ဆို ဗိုလ်လုပ်ရမယ်ဆိုပြီး လောင်းထားကြတာ"


"ရှင်းအာနဲ့ သမီးက ပွဲကြည့်ရအောင် သူတို့နောက် လိုက်သွားခဲ့တာ၊ အဲ့ဒီနားမှာ ဟင်းရွက်ခူးနေတဲ့ ဘေးရွာက ကျောက်တိနဲ့ ချွေးအာတို့ကို တွေ့လိုက်ရလို့ မတွေ့ရတာကြာပြီဖြစ်တဲ့ သူတို့နဲ့ စကားရပ်ပြောနေလိုက်တာ၊ ကျောက်ဟူတို့အုပ်စုနောက် မလိုက်ဖြစ်တော့ဘူး၊ ခဏနေတော့ ဝတ်ရုံနက်ဝတ် လူတစ်စု ရုတ်တရက် ပေါ်လာပြီး သူတို့မျက်နှာတွေကို အမှုန့်တွေနဲ့ ပက်လိုက်တာ အကုန်လုံး မေ့လဲသွားကြတယ်၊ ပြီးတော့ အဲ့ဒီလူတွေက သူတို့ကို ထမ်းခေါ်သွားကြတာပဲ"


ဝတ်ရုံနက်ဝတ်လူများ ပေါ်လာချိန်တွင် တနွီနှင့် အခြားသူများမှာ ကျောက်တုံးကြီးတစ်ခု၏ အနောက်တွင် ထိုင်ကာ စကားပြောနေခဲ့ကြခြင်း ဖြစ်သည်။ ထိုလူများကို မြင်လိုက်ရသည်နှင့် တနွီနှင့် ရှင်းအာက ကျောက်တိနှင့် ချွေးအာတို့၏ ပါးစပ်များကို အမြန်ပိတ်ထားလိုက်ကြသည်။


အသံထွက်သွားပါက သူတို့ပါ ဖမ်းခေါ်ခံရမည်ဖြစ်ပြီး သတင်းပြန်ပို့မည့်သူ ရှိတော့မည်မဟုတ်ဟု စိုးရိမ်သွားသောကြောင့် ဖြစ်သည်။ ထိုလူများ ထွက်သွားမှသာ တနွီမှ ရွာလူကြီးလေးကို ရှာရန် ကောင်မလေးများကို ခေါ်ပြီး တောင်အောက်သို့ အမြန်ဆင်းလာခဲ့တော့သည်။


"ဝတ်ရုံနက်လူ အတော်များများ ဟုတ်လား၊ ဘယ်သူတွေ အဖမ်းခံလိုက်ရတာလဲ" 


ရှောင်ကျိုးက တည်ငြိမ်စွာ မေးလိုက်သည်။

ယခုအချိန်တွင် ထိတ်လန့်ပြာယာခတ်နေ၍ အသုံးမဝင်ပေ။ မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခု ချနိုင်ရန်အတွက် အဖြစ်အပျက် အမှန်ကို သူမ သိရှိရန် လိုအပ်လေသည်။


"ဝတ်ရုံနက်လူ ၅ ယောက်၊ အဖမ်းခံရတဲ့ ကလေးက ၆ ယောက်ပါ၊ ကျွန်မတို့ရွာက ကျောက်ဟူ၊ အားသို့ နဲ့ ထျဲနျူ၊ ရှဟယ်ရွာက ရွှမ်ဇီ ပြီးတော့ ရှင်းဟွာရွာက ကျူဇီ နဲ့ ဟေးဝါတို့ပါ"


တနွီက စကားလုံးတစ်လုံးချင်းစီကို ပီပီသသ ပြန်ဖြေလိုက်လေသည်။ 


မိန်းကလေးများမှာ တုန်လှုပ်နေဆဲပင် ဖြစ်သည်။ သူတို့တွေ အသံမထွက်ဘဲ နေခဲ့ကြ၍သာ တော်တော့သည်။ မဟုတ်လျှင် သူတို့ပါ အဖမ်းခံရမည်ဖြစ်ပြီး သတင်းပို့မည့်သူပင် ကျန်ခဲ့မည် မဟုတ်ချေ။


"နင်တို့နှစ်ယောက် ကိုယ့်ရွာကိုယ် ပြန်ပြီး သတင်းသွားပို့ကြ၊ တနွီနဲ့ ရှင်းအာက ရွာအကြီးအကဲကို သွားရှာ၊ ငါ တောင်ပေါ် အရင်တက်သွားနှင့်မယ်"


ရှောင်ကျိုးက လှမ်းအော်ကာ မှာကြားခဲ့ပြီး တောင်ပေါ်သို့ စတင်တက်သွားလေသည်။ 

ဆူညံသံများ ကြားလိုက်ရသဖြင့် ယန်ချွဲ့ အိမ်ထဲမှ ထွက်လာသည်။


"ငါ မင်းနဲ့အတူ တောင်ပေါ် လိုက်ခဲ့မယ်"


ထိုလူစုမှာ ချက်ချင်းပင် လမ်းခွဲလိုက်ကြတော့သည်။ 

ရှောင်ကျိုးနှင့် ယန်ချွဲ့တို့က အနောက်ဘက်တောင်ရှိ ကလေးများ ပျောက်ကွယ်သွားသည့် နေရာသို့ ရောက်ရှိလာကြသည်။

 á€á€­á€Żá€€á€şá€á€­á€Żá€€á€şá€‘ဏးသညအ် လက္ခဏာ တစ်စုံတစ်ရာမျှ မတွေ့ရပေ။ သေချာပေါက် ဝတ်ရုံနက်လူများက ကလေးများ ပြန်လည်မခုခံနိုင်မီ ဆေးခတ်လိုက်ခြင်းသာ ဖြစ်ပေမည်။ ယန်ချွဲ့ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မြက်ပင်ပေါ်မှ အမှုန့်အနည်းငယ်ကို ယူကာ နမ်းကြည့်လိုက်သည်။


"မေ့ဆေးပဲ"

 á€žá€°á€€ ပြောလိုက်သည်။

"ဘယ်လိုအမျိုးအစားလဲ အနံ့ရလား"

ရှောင်ကျိုးလည်း ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အမှုန့်အနည်းငယ်ကို သူမ၏ နှာခေါင်းနားသို့ တေ့ကြည့်လိုက်သည်။ သို့သော် ယန်ချွဲ့က ချက်ချင်း ပုတ်ချလိုက်လေသည်။


"ဒါ မေ့ဆေးလေ၊ မင်း အနံ့ခံလို့ မရဘူး"


ရှောင်ကျိုး၏ ပြူးကျယ်နေသော မျက်လုံးများက သူ့ကို အပြစ်တင်နေသယောင် ရှိသည်။ 


‘ဒါဆို ရှင်ကရော ခုနက ဘာလို့ နမ်းကြည့်တာလဲ’


"ငါ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက သာမန်မဟုတ်ဘူး၊ ရိုးရိုးဆေးလောက်က ငါ့ကို အာနိသင် မပြနိုင်ဘူး" 

ယန်ချွဲ့က မျက်နှာသေဖြင့် ပြန်ဖြေသည်။


"ဪ"


ရှောင်ကျိုးသည် လက်မှ အမှုန့်များကို ခါထုတ်လိုက်ပြီး သဲလွန်စများကို ဆက်လက် ရှာဖွေနေလိုက်သည်။ 


လေပြင်းများ တိုက်ခတ်နေပြီး ပြန့်ကျဲနေသော ဖုန်မှုန့်များမှလွဲ၍ ဤနေရာမှာ အရင်ကအတိုင်း မည်သို့မျှမပြောင်းလဲဘဲ ရှိနေလေသည်။


"ရွာလူကြီးလေး"

အဝေးမှနေ၍ သားဖြစ်သူ၏ တွဲကူမှုဖြင့် တောင်ကုန်းကို တက်လာသော ရွာအကြီးအကဲအိုကြီး၏ အသံ ထွက်ပေါ်လာသည်။ 

သတင်းကြားပြီး လိုက်ပါလာကြသော အခြားရွာသားများလည်း တောင်ပေါ်သို့ မနည်း တက်လာနေကြရသည်။


"ကျိန်စာသင့်မယ့် ဝတ်ရုံနက်ဝတ် မိစ္ဆာတွေ၊ ငါ့ရဲ့ ထျဲနျူလေးကိုများ ခိုးသွားရဲတယ်၊ ငရဲကျပါစေဟယ်"

"သူတို့က လူကောင်းသူကောင်းတွေ မဟုတ်ဘူး၊ အသည်းနှလုံးမရှိတဲ့ ယုတ်မာတဲ့ကောင်တွေ၊ သနားစရာ ငါ့ အားသို့လေး"


"ဟွန်း၊ မိလို့ကတော့ တစ်စစီ ခုတ်ထစ်ပစ်မယ်"


"ဒီလူယုတ်မာတွေ ဘယ်က ရောက်လာတာလဲ၊ တို့ရွာတွေက အမြဲတမ်း အေးအေးချမ်းချမ်း ရှိနေတာကို၊ ဘယ်လိုလုပ် ဒီလို ဘေးဒုက္ခမျိုး ကြုံရတာလဲ"


"အဲ့ဒီ ဝတ်ရုံနက်ဝတ် လူမိုက်တွေ ငါနဲ့ မတွေ့မိစေနဲ့၊ တွေ့လို့ကတော့ ငါ့တုတ်ကောက်နဲ့ သူတို့ခေါင်းကို ရိုက်ခွဲပစ်မယ်"

လူကို မမြင်ရသေးခင်မှာပင် အဘွားကြီးများ၏ ကျိန်ဆဲသံများက အရင် ထွက်ပေါ်လာလေသည်။ 

အကယ်၍ ပြန်ပေးဆွဲသူများသာ ထိုနေရာတွင် ရှိနေမည်ဆိုပါက ရွာသားများက သူတို့ကို လက်ဗလာဖြင့်ပင် ဆွဲဖြဲပစ်ကြမည်မှာ သေချာလှသည်။


"ရွာလူကြီးလေး အစိုးရရုံးကို သွားတိုင်ကြစို့၊ သူတို့က နေ့ခင်းကြောင်တောင်ကြီး ကလေးတွေကို ပြန်ပေးဆွဲရဲတာ၊ အာဏာပိုင်တွေ အရေးယူပေးမှ ဖြစ်မယ်"


သားဖြစ်သူမှ တောင်ပေါ်သို့ တွဲခေါ်လာခြင်းခံရပြီး နောက်ဆုံးတွင် အမောဖြေနိုင်သွားသော ရွာအကြီးအကဲကျိုးက ပြောလိုက်သည်။

အခြား ရွာအကြီးအကဲများမှာလည်း အလွန် စိုးရိမ်နေကြသည်။ နှစ်ပေါင်းများစွာကြာအောင် ဤရွာများမှာ ဆင်းရဲမွဲတေမှုသာ ရှိခဲ့ပြီး ဤကဲ့သို့ ဘေးဒုက္ခမျိုး တစ်ခါမှ မကြုံခဲ့ဖူးပေ။ 

ယခု တနွီနှင့် ရှင်းအာ ပြောပြချက်အရ ပြန်ပေးဆွဲသူများက လက်နက်များ ကိုင်ဆောင်ထားပြီး မေ့ဆေးများလည်း သုံးတတ်ကြောင်း ကြားသိရသောအခါ ရွာအကြီးအကဲများသည် ကလေးများအတွက် အဆိုးရွားဆုံး အခြေအနေများကိုပင် တွေးတာကာ ပူပန်နေကြလေပြီ။


"ယွိဟွာ လည်း ကျောက်ဟူနဲ့အတူ တောင်ပေါ် တက်လာတာ မှတ်မိသေးတယ်" 

ရှောင်ကျိုးက ရုတ်တရက် ပြောလိုက်သည်။


"ဘာ၊ သူတို့က ကြက်တစ်ကောင်ကိုတောင် မချမ်းသာပေးဘူးလား" 


အဘွားရွှီက စူးစူးဝါးဝါး အော်လိုက်သည်။


"ဒီကျိန်စာသင့်နေတဲ့ မိစ္ဆာတွေ"


"မဟုတ်လောက်ပါဘူး၊ ယွိဟွာက သူတို့နောက်ကို တမင် လိုက်သွားတာ ဖြစ်မယ်"


ရှောင်ကျိုးက မြေကြီးကို လက်ညှိုးထိုးပြလိုက်ရာ ခပ်လှမ်းလှမ်းတွင် အရောင်အသွေးစုံလင်သော ကြက်စာများ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသည်။


"ယွိဟွာက သူမစားတဲ့ ကြက်စာတွေချပြီး ခေါ်သွားတဲ့ နေရာရဲ့ လမ်းကြောင်း မှတ်သားပေးခဲ့တာပဲ"


ရှောင်ကျိုးက ဤကြက်စာများကို စနစ်ထဲမှ အထူးတလည် လဲလှယ်ထားခြင်း ဖြစ်သည်။ ယွိဟွာ၏ အလှအပဆိုင်ရာ ထူးဆန်းသော အကြိုက်ကြောင့် ရှောင်ကျိုးက အမြဲတမ်း အရောင်အသွေး အစုံလင်ဆုံးများကိုသာ ရွေးချယ်ပေးလေ့ရှိသည်။ 

ယွိဟွာက လျှောက်သွားလွန်းပြီး အိမ်ပြန်လာခဲသဖြင့် ရှောင်ကျိုးက သူမကို အစာကျွေးရန် မကြာခဏ မေ့နေတတ်သည်။ သို့ဖြစ်ရာ ထိုကြက်မက စနစ်မှ လဲလှယ်ပေးသော အစာကိုသာ စားသည့် အကျင့်ဆိုးလေး ရှိနေလေသည်။


ထို့ကြောင့် ရှောင်ကျိုးက နည်းလမ်းတစ်ခု စဉ်းစားမိသွားပြီး အဒေါ်လျို့ကို ယွိဟွာလွယ်ရန် အိတ်ငယ်လေးတစ်လုံး ချုပ်ခိုင်းခဲ့ကာ ကြက်မလေး ဗိုက်ဆာသောအခါ ကိုယ့်ဘာသာကိုယ် စားနိုင်ရန် စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။ 


ဤနေရာနှင့် ခပ်လှမ်းလှမ်းတွင် ပြန့်ကျဲနေသော ကြက်စာများကို မြင်လိုက်ရသောအခါ ယွိဟွာက လမ်းကြောင်း မှတ်သားပေးခဲ့ခြင်း ဖြစ်ကြောင်း ရှောင်ကျိုး သိလိုက်လေသည်။


ရွာလူကြီးလေး၏ စကားကို ကြားသောအခါ ရွာသားများ၏ ရင်ထဲတွင် မျှော်လင့်ချက် ရောင်ခြည် သန်းလာကြသည်။


"ရွာကို ပြန်ပြီး သတင်းစောင့်နေကြ၊ ဆရာယန်နဲ့ ငါက ဒီလမ်းကြောင်းအတိုင်း လိုက်သွားလိုက်မယ်" 


ရှောင်ကျိုးက သူတို့ကို ပြောလိုက်သည်။


"ကျွန်တော်လည်း လိုက်မယ်" 

ကျောက်တလန်မှာ ရှေ့ထွက်လာသည်။ သူ၏ သားအရင်းလည်း အဖမ်းခံရသူများထဲတွင် ပါဝင်နေပေရာ ရွာလူကြီးလေးကို အန္တရာယ်ကြားထဲ တစ်ယောက်တည်း မလွှတ်ထားနိုင်ပေ။ လူမိုက်အချို့ကလည်း သူတို့ပါ လိုက်ပါမည်ဖြစ်ကြောင်း ပြောဆိုလာကြသည်။


"ကျွန်တော်တို့လည်း လိုက်မယ် ရွာလူကြီးလေး၊ လတ်တလော လေ့ကျင့်ထားတဲ့ သိုင်းပညာကို စမ်းသပ်ဖို့ အချိန်ရောက်ပြီ"


 á€œá€„်းခဝဎနသငအ် အခြားသူများက ရှေ့တက်၍ ပြောလိုက်ကြသည်။

အားလုံးက ကိုယ့်သဘောနှင့်ကိုယ် လိုက်ပါရန် တောင်းဆိုနေကြသည်ကို မြင်သောအခါ ရှောင်ကျိုးမှ မျက်နှာသေဖြင့်ပင် ပြောလိုက်လေသည်။


"အကုန်လုံး ပြန်ကြ၊ ဆရာယန်နဲ့ ငါ နှစ်ယောက်တည်းဆို ပိုမြန်တယ်၊ နင်တို့ကို ခေါ်သွားရင် နှေးသွားလိမ့်မယ်"


လူမိုက်များမှာ သူတို့ သေချာ ကြိုးကြိုးစားစား မလေ့ကျင့်ခဲ့ရကောင်းလားဟု ချက်ချင်း နောင်တရသွားကြသည်။


"ရွာလူကြီးလေး၊ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပြီး လိုက်ခဲ့ပါ့မယ်၊ ကျွန်တော်တို့ကို စောင့်စရာ မလိုပါဘူး၊  á€Ąá€”္ဏက်ကန္သဏ လိုက်ခွင့်ပြုပါ၊ လိုအပ်ရင် သတင်းပြန်ပို့ပေးလို့ ရတာပေါ့" 


လင်းချီက အလျင်အမြန် ရှင်းပြလိုက်သည်။ ရှောင်ကျိုး လင်းချီနှင့် သူ၏ အပေါင်းအပါများ လိုက်လာလျှင် ပို၍ အဆင်ပြေလောက်မည်ဟု စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။


"ကောင်းပြီလေ၊ ဒါဆိုလည်း ငါတို့အနောက်ကနေ လိုက်ခဲ့ကြ၊ ကျန်တဲ့လူတွေ အကုန် ရွာပြန်ပြီး စောင့်နေလိုက်"

ထို့နောက် သူမနှင့် ဆရာယန်တို့မှ သဲလွန်စများအတိုင်း တောနက်ထဲသို့ အလျင်အမြန် ဝင်ရောက်သွားကြတော့သည်။ 

ရွာသားများသည် ရွာလူကြီးလေး၏ အမိန့်ကို နာခံကာ လေးလံသော ခြေလှမ်းများဖြင့် ပြန်ဆင်းလာခဲ့ကြသည်။ နောင်တစ်ချိန် ဤသို့သော ပြဿနာမျိုး ထပ်ကြုံလာပါက ရွာလူကြီးလေး အသက်စွန့်နေချိန်တွင် သူတို့ မည်သို့မှမတတ်နိုင်ဘဲ ရပ်ကြည့်မနေရစေရန် ယခုမှစ၍ သရဲဘီလူးများပမာ ကြိုးကြိုးစားစား လေ့ကျင့်တော့မည်ဟု စိတ်ထဲမှ တိတ်တဆိတ် သန္နိဋ္ဌာန် ချလိုက်ကြလေသည်။


လင်းချီနှင့် သူ၏ အပေါင်းအပါများက အရှေ့မှ ထွက်ခွာသွားသော နှစ်ယောက်နောက်သို့ အပြေးအလွှား လိုက်ပါသွားကြတော့သည်။


23


သူတို့နှစ်ယောက်သည် သစ်တောများကြားတွင် လျင်မြန်ပေါ့ပါးစွာ သွားလာနေကြပြီး ယွိဟွာ ချန်ထားခဲ့သော အရောင်စုံ ကြက်စာအမှတ်အသားများကို အခြေခံကာ လမ်းကြောင်းကို တိကျမှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့ကြသည်။

အချိန်မှာ အလွန်အရေးကြီးပြီး နှောင့်နှေးမှုတိုင်းက ကျောက်ဟူနှင့် အခြားကလေးများအတွက် အန္တရာယ် ပိုများစေနိုင်ကြောင်း ရှောင်ကျိုး သိထားသည်။


"ရှောင်ကျိုး၊ ဒီဝတ်ရုံနက်လူတွေရဲ့ နောက်ခံက ဘာလို့ ထင်လဲ၊ ဘာလို့ သူတို့က ကျောက်ဟူတို့ကို ဖမ်းသွားရတာလဲ" 


ယန်ချွဲ့က အရှိန်ပြင်းပြင်း သွားရင်း မေးလိုက်သည်။ 

ရှောင်ကျိုးက ခေါင်းကုတ်လိုက်ပြီး စနစ်ကို စိတ်ထဲမှ မေးလိုက်သည်။ ထိုအခါ စနစ်က ခန့်မှန်းချက် ပေးလေသည်။


"သူတို့က ကျောက်ဟူတို့ကို ရည်ရွယ်တာ မဟုတ်ဘူး၊ ဒီဝတ်ရုံနက်လူတွေက အနောက်ဘက်တောင်ကနေ ဖြတ်သွားရင်း ကျောက်ဟူနဲ့ ကလေးတွေကို တွေ့သွားတာ ဖြစ်မယ်၊ သူတို့က အဲ့ဒီအရွယ် ကလေးတွေကို ဖမ်းဖို့ အစီအစဉ် ရှိထားပြီးသား ဖြစ်ပုံရတယ်၊ အဲ့ဒီအချိန်မှာ ကျောက်ဟူတို့ကို တွေ့လိုက်တော့ အဆင်သင့် ဖမ်းသွားလိုက်တာပဲ"


ရှောင်ကျိုးက စနစ် ပြောသည့်အတိုင်း အမြန် ပြန်ပြောပြလိုက်သည်။ 


ငါးနှစ်အရွယ် ကလေးတစ်ယောက်က ဤမျှအထိ တွေးတောနိုင်လိမ့်မည်ဟု ယန်ချွဲ့ မည်သည့်အချိန်ကမှ ထင်မထားခဲ့ပေ။


"မင်းပြောသလို ဖြစ်နိုင်ချေ ရှိတယ်၊ နေ့ခင်းကြောင်တောင်ကြီး ပြစ်မှုကျူးလွန်ရဲတာကို ကြည့်ရင် သူတို့ရဲ့ နောက်ခံက တော်တော်လေး အင်အားကြီးမှာပဲ"

ယန်ချွဲ့က တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာလိုက်သည်။


ထိုစကားကို ကြားသောအခါ ရှောင်ကျိုး၏ မျက်ခုံးလေးများ တွန့်ကွေးသွားပြီး အရှိန်ကို ပိုတင်လိုက်ကာ မထင်မှတ်ထားသော အခြေအနေများအတွက် သတိဝီရိယ ထားလိုက်သည်။

လင်းချီနှင့် အခြားသူများကလည်း အနောက်မှ အနီးကပ် လိုက်ပါလာကြသည်။ သူတို့၏ အမြန်နှုန်းမှာ ရှောင်ကျိုးနှင့် ယန်ချွဲ့တို့ကို မယှဉ်နိုင်သော်လည်း အလွန် နောက်ကျမကျန်ရစ်စေရန် အစွမ်းကုန် ကြိုးစားနေကြသည်။

အချိန်အတန်ကြာ ခြေရာခံလိုက်ပြီးနောက် ရှောင်ကျိုးနှင့် ယန်ချွဲ့တို့က ပုန်းကွယ်နေသော တောင်ကြားတစ်ခုရှေ့သို့ ရောက်ရှိလာကြသည်။ ဝင်ပေါက်ကို ကျောက်တုံးကြီးတစ်ခုဖြင့် ပိတ်ဆို့ထားသည်။ ယွိဟွာ ချန်ထားခဲ့သော အထူးအမှတ်အသားများသာ မရှိပါက ပြင်ပလူများအနေဖြင့် ဤနေရာကို ရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲပေလိမ့်မည်။ ရှောင်ကျိုးနှင့် ယန်ချွဲ့တို့မှ အချင်းချင်း အကြည့် ဖလှယ်လိုက်ကြပြီး အနောက်မှ ရောက်လာသော လင်းချီနှင့် အခြားသူများကို အပြင်တွင် စောင့်နေရန် မှာကြားကာ နှစ်ယောက်သား ကျောက်တုံးကြီးထံသို့ တိတ်တဆိတ် ချဉ်းကပ်၍ စူးစမ်းလေ့လာရန် ပြင်ဆင်လိုက်ကြသည်။


ရှောင်ကျိုးနှင့် ယန်ချွဲ့တို့သည် ကျောက်တုံးကြီး၏ အစွန်းကို ကပ်ကာ သတိကြီးစွာဖြင့် ချောင်းကြည့်လိုက်ကြသည်။ တောင်ကြားထဲတွင် မြူခိုးများ ဝေ့ဝဲနေသည်။ ရိုးရှင်းသော သစ်သားအိမ်အချို့ ပြန့်ကျဲတည်ရှိနေပြီး အလယ်ဗဟိုတွင် လေ့ကျင့်ရေးကွင်းပြင်တစ်ခု ရှိသည်။ လက်ထဲတွင် ကြာပွတ်ရှည်များ ကိုင်ဆောင်ထားသော လူအချို့က ကလေးတစ်အုပ်ကို လေ့ကျင့်ခန်း တစ်ခုခု လုပ်ဆောင်စေရန် ခိုင်းစေနေကြသည်။ ကလေးများမှာ ချွေးသံတရွဲရွဲ ဖြစ်နေသော်လည်း သူတို့၏ မျက်လုံးများမှာမူ လွတ်ဟာနေကြသည်။

ရှောင်ကျိုးသည် ကျောက်ဟူနှင့် အခြားသူများကို မတွေ့ရပေ။ ဝတ်ရုံနက်လူများ ယခုမှ ပြန်ရောက်လာပြီး သူတို့ကို မနှိုးရသေးခြင်း ဖြစ်ပုံရသည်။


"ငါတို့ ရှာတွေ့တဲ့ နေရာက မှန်ပုံရတယ်" 


ယန်ချွဲ့က တိုးတိုးလေး ပြောလိုက်သည်။


"သူတို့ ဘာလုပ်နေကြတာလဲ"


ရှောင်ကျိုးက ရိုက်နှက်ခံနေရသော ကလေးများကို ကြည့်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ သူမ တစ်ယောက်ယောက်ကို ရိုက်ချင်စိတ်ပေါက်လာသည်။ 


အကယ်၍ ယွိဟွာသာ သူတို့နောက်သို့ လိုက်မလာခဲ့ပါက ဤနေရာကို မည်သည့်အချိန်တွင်မှ ရှာတွေ့နိုင်မည် မဟုတ်သလို ကျောက်ဟူနှင့် အခြားသူများလည်း နောက်ဆုံးတွင် ဤကလေးအုပ်စုထဲမှ အဖွဲ့ဝင်များ ဖြစ်သွားကြပေလိမ့်မည်။


ရှောင်ကျိုး၏ မျက်နှာမှာ ဒေါသကြောင့် နီရဲနေလေပြီ။ သူမ ဒေါသတကြီး နှာမှုတ်လိုက်ပြီး ပြောလိုက်သည်။


"ငါ သူတို့ကို အသေရိုက်သတ်ပစ်ရမယ်"


"လူတွေကို အရင်ရှာရအောင်" 


ယန်ချွဲ့ လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

သူတို့နှစ်ဦး အမြန် အကြည့်ချင်းဖလှယ်ပြီးနောက် လမ်းခွဲရှာဖွေရန် ဆုံးဖြတ်လိုက်ကြသည်။ 


ရှောင်ကျိုးက သူမ၏ သေးငယ်သော ခန္ဓာကိုယ် အားသာချက်ကို အသုံးပြု၍ တောင်ကြား၏ အခြားတစ်ဖက်သို့ တိတ်တဆိတ် ပတ်သွားကာ အသံမထွက်စေရန် ကြိုးစားရင်း လမ်းတစ်လျှောက် သတိကြီးစွာဖြင့် လျှောက်လာခဲ့သည်။


သူမ သစ်သားအိမ်နားသို့ ရောက်သောအခါ ရင်းနှီးနေသော အသံများကို ကြားလိုက်ရသည်။ မေ့ဆေးအာနိသင် ပြယ်သွားပြီး ကျောက်ဟူနှင့် အခြားသူများ နိုးလာကြပြီ ဖြစ်သည်။


နိုးလာသော ကျောက်ဟူနှင့် အခြားသူများက စိမ်းသက်နေသော နေရာနှင့် လူစိမ်းများကို ကြည့်ပြီး ဇဝေဇဝါ ဖြစ်နေကြသည်။ 


‘သူတို့ တောင်ပေါ်မှာ ဘယ်သူဗိုလ်လုပ်မလဲဆိုပြီး ရန်ဖြစ်နေကြတာ မဟုတ်ဘူးလား၊ 


ဘယ်လိုလုပ် နိုးလာတာနဲ့ ဒီကို ရောက်နေရတာလဲ၊ 


ဒါ ဘယ်နေရာလဲ၊ 


သူတို့က ဘယ်သူတွေလဲ၊


သူတို့ ဘာလို့ ကြိုးတုပ်ခံထားရတာလဲ’

"ဒါ ဘယ်နေရာကြီးလဲ"


"ဟင်၊ ငါတို့ ဘာလို့ ကြိုးတုပ်ခံထားရတာလဲ"


"ငါတို့ ဒီကို ဘယ်လိုရောက်လာတာလဲ"


"ငါတို့များ ကလေးသူခိုးတွေနဲ့ တိုးတာ မဟုတ်ပါဘူးနော်"


"ငါ အရောင်းမခံချင်ဘူး၊ အီးဟီး"


သူတို့ထဲတွင် အကြောက်တတ်ဆုံးဖြစ်သော ရွှမ်ဇီမှာ မနေနိုင်တော့ဘဲ ငိုချလိုက်တော့သည်။


"မငိုနဲ့၊ ငါတို့ကို ကြိုးတုပ်ထားတဲ့လူတွေ ကြားသွားရင် ဘယ်လိုလုပ်မလဲ"

အားသို့က ရွှမ်ဇီ၏ ငိုသံကို အမြန် တားလိုက်သည်။ 


ထိုစဉ် တံခါးအပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသဖြင့် ရှောင်ကျိုး အမြန် ပုန်းကွယ်စရာ နေရာရှာပြီး ပုန်းနေလိုက်သည်။ 

ခြေသံများကို ကြားသောအခါ ကျောက်ဟူနှင့် အခြားသူများလည်း ချက်ချင်း စုကပ်သွားကြပြီး တံခါးဝသို့ ကြည့်နေကြသည်။ 


ဝတ်ရုံနက်လူ နှစ်ဦး တံခါးဖွင့်ဝင်လာပြီး ကလေးများ နိုးနေသည်ကို သတိထားမိသွားကြသည်။


ဝတ်ရုံနက်လူ တစ်ဦးက ပြောလိုက်လေသည်။


"ဟေး၊ ဒီတစ်ခေါက် ကလေးတွေက မဆိုးဘူးပဲ၊ သိုင်းလေ့ကျင့်ဖို့ မျိုးစေ့ကောင်းလေးတွေ ဖြစ်မယ့်ပုံပဲ၊ ငါတို့ သွားသတင်းပို့လို့ ရပြီ"


"လတ်တလောက အသုတ်လိုက် သေသွားတာဆိုတော့၊ ဒီကလေးတွေနဲ့ မနေ့က ကလေးတွေ ပေါင်းလိုက်ရင် အရေအတွက် ပြည့်လောက်ပြီ"

အခြား ဝတ်ရုံနက်လူက ပြန်ဖြေသည်။

ထိုသို့ပြောပြီးနောက် လူနှစ်ဦးမှာ မြေပြင်ပေါ်တွင် ကြိုးတုပ်ခံထားရသော ကလေးများကို ခြေထောက်ဖြင့် ကန်ကာ ပြောလိုက်သည်။


"သွားကြစို့" 


"ဘယ်သွားမှာလဲ" 


ကျောက်ဟူ ခေါင်းမာမာဖြင့် မေးလိုက်သည်။


"ဟက်၊ ကောင်လေး၊ ရောက်ရင် သိသွားမှာပေါ့၊ မြန်မြန်ထစမ်း"


ဝတ်ရုံနက်လူက ထပ်ကန်ရန် ပြင်လိုက်စဉ်မှာပင်၊ သစ်သားအိမ် ပြတင်းပေါက်မှ လှုပ်ရှားသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။ ဝတ်ရုံနက်လူ နှစ်ဦး နောက်လှည့်ကြည့်လိုက်ရာ ကလေးမလေးတစ်ဦး ပြတင်းပေါက်မှ တွယ်တက်လာပြီး သူတို့ကို နက်နဲသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။


"ငါတို့ ၆ ယောက် ခေါ်လာတာ မဟုတ်ဘူးလား၊ ဘာလို့ တစ်ယောက် ပိုနေတာလဲ" 


ဝတ်ရုံနက်လူက အသစ်ဖမ်းလာသော ကလေးများထဲမှ တစ်ယောက်ဟု ထင်မှတ်သွားသည်။

 á€›á€žá€ąá€Źá€„်ကဝိုးသည် ဝတ်ရုံနက်လူ နှစ်ဦးဆီသို့ မျက်နှာသေဖြင့် လျှောက်သွားပြီး ပြုံးပြလိုက်သည်။


"ဒီကောင်မလေးက အရူးများလား"


ပြုံးဖြီးဖြီးဖြင့် လျှောက်လာသော ကလေးမလေးကို ကြည့်ပြီး ဝတ်ရုံနက်လူက ပြောလိုက်သည်။ 

သို့သော် သူတို့သာ မြေပြင်ပေါ်တွင် ကြိုးတုပ်ခံထားရသော ကလေးများကို ငုံ့ကြည့်လိုက်ပါက ကလေးသုံးယောက်၏ မျက်လုံးများ အရောင်တောက်ကာ မျက်နှာများ စိတ်လှုပ်ရှားနေကြသည်ကို တွေ့ရပေလိမ့်မည်။


‘ဝါး၊ ရွာလူကြီးလေး လူတွေကို ထပ်ပစ်တော့မယ်ဟေ့’

ယခုတစ်ခေါက်တော့ ရှောင်ကျိုး လူမပစ်တော့ပေ။ အသံအရမ်း ဆူညံသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

လူတစ်ယောက်၏ လည်ပင်းကို ရိုက်လိုက်ရင် သတိလစ်သွားတတ်သည်အား ရှောင်ကျိုးက တီဗီမှာ ကြည့်ဖူးထားသည်။


ရှောင်ကျိုးသည် သူမနှင့် ဝတ်ရုံနက်လူများကြားရှိ အရပ်အမြင့် ကွာဟချက်ကို တစ်ချက် ကြည့်လိုက်သည်။ 


သူမက ဝတ်ရုံနက်လူ နှစ်ဦးကို လက်ယပ်ခေါ်ပြီး ခေါင်းငုံ့ပေးရန် အချက်ပြလိုက်သည်။ 


ဇဝေဇဝါ ဖြစ်နေသော ဝတ်ရုံနက်လူ နှစ်ဦးမှာ ဤ'အရူးမလေး' မည်သည့်အရာကို ပြောချင်သည်အား သိချင်သွားကြသည်။ 


ထို့ကြောင့် သူတို့က အလွန်ညီညာစွာပင် ခေါင်းကိုငုံ့ကာ ကိုယ်ကိုကိုင်းပေးလိုက်ကြသည်။


သူမရှေ့ တည့်တည့်တွင် ရှိနေသော လည်ပင်းနှစ်ခုကို ကြည့်ပြီး ရှောင်ကျိုးက လက်ဆန့်ထုတ်ကာ လူတစ်ယောက်စီ၏ လည်ပင်းကို တစ်ချက်စီ ရိုက်ချလိုက်လေသည်။

ဝတ်ရုံနက်လူများမှာ သူတို့၏ အရိုးများ ကျိုးကြေသွားသကဲ့သို့ ခံစားလိုက်ရသည်။ 


‘မဟုတ်ဘူး၊ ကျိုးသွားရုံတင် မကဘူး၊ အစအနလေးတွေ ဖြစ်သွားသလိုပဲ’

 á€á€á€şá€›á€Żá€śá€”á€€á€şá€œá€° နှစ်ဦးမှာ အသံမထွက်ဘဲ ဖြည်းဖြည်းချင်း လဲကျသွားလေတော့သည်။ မသေခင်လေးတွင် သူတို့ အဘယ်ကြောင့် ခေါင်းငုံ့ပေးခဲ့မိပါလိမ့် ဟု တွေးတောသွားရှာသည်။


ဝတ်ရုံနက်လူများ လဲကျသွားသည်ကို မြင်သောအခါ ရှောင်ကျိုးမှ ကလေးများထံ လျှောက်သွားပြီး ကြိုးများကို ဖြေပေးလိုက်သည်။

ကျောက်ဟူနှင့် အခြားသူများ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။


"ရွာလူကြီးလေး၊ ကျွန်တော်တို့ကို လာကယ်မယ်ဆိုတာ သိသားပဲ"


"တွေ့လား၊ ငါ မင်းတို့ကို မလိမ်ပါဘူးလို့ ပြောသားပဲ၊ ငါတို့ ရွာလူကြီးလေးက ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံး သူရဲကောင်းကြီးပါကွ"


အိမ်နီးချင်း ရွာနှစ်ရွာမှ ကလေးများမှာ ဤအချိန်တွင် ကြောက်ရွံ့မှုများ လုံးဝ ပျောက်ကွယ်သွားကြလေပြီ။

 á€žá€°á€á€­á€Żá€ˇá မျက်လုံးများတွင် လေးစားကြည်ညိုမှုများ ပြည့်နှက်နေတော့သည်။


ကြိုးများ ဖြေပေးပြီးနောက် ရှောင်ကျိုးက အားလုံးကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။ 


သူမ စိတ်စွမ်းအင်ကို အသုံးပြု၍ အပြင်ဘက်ကို စူးစမ်းကြည့်ရာ ဤဂူထဲတွင် လူအများအပြား ရှိနေကြောင်း အာရုံခံမိလိုက်သည်။ 

ဤနေရာမှ လူများ၏ တိုက်ခိုက်ရေးစွမ်းရည်ကို သေချာမသိသဖြင့် သူမ အရမ်း မလုပ်ရဲပေ။

ကျောက်ဟူမှ သူ့ကိုတုပ်ထားသော ကြိုးများကို ပစ်ချလိုက်ပြီး ခြေလက်များကို ဆန့်တန်းကာ မျှော်လင့်တကြီး မေးလိုက်သည်။


"ရွာလူကြီးလေး၊ ငါတို့ သူတို့ကို သတ်ပြီး ထွက်သွားကြမလား"


"အပြင်မှာ လူရာချီ ရှိတယ်" 


ရှောင်ကျိုးက ကျောက်ဟူကို ကြည့်ပြီး ပြောလိုက်သည်။


‘နင်က သတ္တိကောင်းတာပဲ၊ နင် အရင်ထွက်လေ’


ကျောက်ဟူက ခေါင်းကို ကုတ်ကာ ရှက်ရွံ့စွာ ပြောလိုက်သည်။


"ဒါဆို ရွာလူကြီးလေး၊ ငါတို့ ဘယ်လို ထွက်ကြမလဲ"


ရှောင်ကျိုးမှ ဘေးဘီကို ကြည့်လိုက်သော်လည်း ယွိဟွာကို မတွေ့ရသဖြင့် မေးလိုက်သည်။


"ယွိဟွာရော ဘယ်မှာလဲ"


"ယွိဟွာ၊ ယွိဟွာပါ ငါတို့နဲ့ ပါလာလို့လား"

"ယွိဟွာက နင်တို့နောက်ကို တောက်လျှောက် လိုက်လာပြီး လမ်းကြောင်း မှတ်သားပေးခဲ့တာလေ၊ မဟုတ်ရင် ငါတို့က နင်တို့ကို ဒီလောက်မြန်မြန် ဘယ်လိုလုပ် ရှာတွေ့ပါ့မလဲ"

"ငါတို့၊ ဘယ်သူတွေ ပါသေးလို့လဲ"

"ဆရာယန်"

"..."

"ဆရာယန်ဆီ မြန်မြန်သွားပူးပေါင်းကြရအောင်"


ရှောင်ကျိုး ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး အပြင်သို့ ထွက်ရန် အချက်ပြလိုက်သည်။ နောက်ဘက်ရှိ တောအုပ်မှာ ပုန်းအောင်းရန် အလွန် သင့်တော်လေသည်။ 


ကလေးများက သွက်လက်စွာ လှုပ်ရှားကြပြီး ပြတင်းပေါက်ဘောင်ပေါ်သို့ ကျင်လည်စွာ တက်ကာ ပြတင်းပေါက်အပြင်ဘက်ရှိ ထူထပ်သော တောအုပ်ထဲသို့ အသံမထွက်ဘဲ တစ်ယောက်ပြီးတစ်ယောက် ခုန်ဆင်းသွားကြသည်။


မည်သည်ကြောင့်မှန်းမသိ၊ တင်းမာနေသော အခြေအနေဖြစ်သော်လည်း ကလေးများမှာ စိတ်လှုပ်ရှားနေကြသည်။ 


အလွန် ရင်ခုန်စရာ ကောင်းလွန်းနေသည်။ ရှောင်ကျိုး အနောက်ဆုံးမှ ခုန်ဆင်းလာပြီး သဲလွန်စ မကျန်ခဲ့စေရန် ပြတင်းပေါက်ကို ညင်သာစွာ ပြန်ပိတ်ခဲ့သည်။


 á€žá€°á€á€­á€Żá€ˇá€Ąá€–ွဲအ ချုံပုတ်ငယ်များကြားမှ ဖြတ်သွားစဉ် ရင်းနှီးနေသော အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။


"ကွပ် ကွပ်... ကွပ် ကွပ်"


ယွိဟွာမှ သူမ၏ သခင်ကို မြင်သောအခါ စိတ်လှုပ်ရှားစွာ အော်မြည်လေသည်။ သူမသည် ရှောင်ကျိုး၏ ရင်ခွင်ထဲသို့ ချက်ချင်း ပျံဝင်လာခဲ့သည်။


‘သခင်... သခင်၊ နောက်ဆုံးတော့ ရောက်လာပြီပေါ့၊ သခင်က ကျွန်မကို ဒီကလေးစုတ်တွေကို စောင့်ကြည့်ခိုင်းထားတာ၊ သူတို့က အရမ်း ပြဿနာရှာတာပဲ၊ သူတို့နောက် မီအောင်လိုက်ဖို့ လမ်းတစ်လျှောက်လုံး ကြက်စာတွေ ချပေးလာရတာ၊ ကွပ် ကွပ်...၊ကျွန်မ ဗိုက်အရမ်းဆာနေပြီ’


ကလေးများမှာ ရွာလူကြီးလေး၏ ရင်ခွင်ထဲတွင် သနားစရာကောင်းအောင် ဝင်ခွေနေပြီး တစ်ခုခုကို တိုင်တောနေပုံရသော ကြက်မကို မြင်လိုက်ကြရသည်။


"တော်တယ်၊ ပြန်ရောက်ရင် ဆုချမယ်နော်၊ အစာ နှစ်ဆ ကျွေးမယ်" 


ရှောင်ကျိုးက ယွိဟွာ၏ ခေါင်းကို ပွတ်သပ်ရင်း ချီးကျူးလိုက်သည်။


"ဒါနဲ့ နင်က ဘာလို့ ဒီရောက်နေတာလဲ"

ထိုမေးခွန်းအား ကြား‌သည့်အခါ ယွိဟွာ တစ်ကောင် တက်ကြွသွားတော့သည်။


"ကွပ် ကွပ်... ကွပ် ကွပ်"


‘ရွှေတွေ... ရွှေတွေလေ သခင်ရဲ့၊ ဝင်းလက်တောက်ပနေတဲ့ ရွှေတွေ၊ ပြီးတော့ ဖြူဖွေးနေတဲ့ ငွေတွေ’


တကယ်တော့ ယွိဟွာမှာ ဝတ်ရုံနက်လူများနောက်သို့ လိုက်၍ ဂူထဲသို့ ရောက်လာပြီးနောက် ကျောက်ဟူနှင့် အခြားသူများ သတိမလည်သေးသည်ကို မြင်သောအခါ သူမဘာသာ လမ်းလျှောက်ထွက်ပြီး အစာရှာထွက်ခဲ့ခြင်း ဖြစ်သည်။ 


အချိန်တစ်နာရီခန့် အတွင်းမှာပင် ယွိဟွာက ဂူတစ်ခုလုံးကို ပတ်လည် လျှောက်ကြည့်ပြီးသွားခဲ့ပြီ ဖြစ်သည်။

24

"တကယ်လား" 


ရှောင်ကျိုးက လက်ပွတ်လိုက်လေသည်။ 

‘ရွှေနဲ့ငွေဆိုတာ သူမ အလွန်ကြိုက်တဲ့ အရာတွေပဲ’


ဒါပေမယ့် သူမ ချက်ချင်းပင် စိတ်ကို ပြန်၍ တည်ငြိမ်စေလိုက်သည်။ အရေးတကြီး လုပ်ရမည်မှာ ကျောက်ဟူတို့ကို အရင် ဘေးကင်းကင်းနှင့် ခေါ်ထုတ်သွားရန် ဖြစ်သည်။


"နောက်မှ သွားမယ်၊ သူတို့ကို အရင်ကယ်ပြီးမှ သွားကြမယ်"


ရှောင်ကျိုး၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ တလက်လက် တောက်ပ‌နေသည်။


"ယွိဟွာ၊ နင် ထွက်ပေါက်ကို သိလား"


ရှောင်ကျိုး သူမရင်ခွင်ထဲမှ ယွိဟွာကို ပွတ်သပ်ရင်း မေးလိုက်သည်။


ယွိဟွာက သေချာပေါက် သိသည်ပင်။ စောစောလေးတင် သူမက ဤဂူထဲက တောကြက်များနှင့် အကျွမ်းတဝင် ဖြစ်ခဲ့ပြီးပြီ ဖြစ်သည်။


‘ကိုယ်ဖော့ပညာ တတ်ထားတော့ တခြားတောကြက်တွေနဲ့ မတူဘူးပေါ့၊ ဒီဂူထဲက တောကြက်တွေက သူ့ကို လုံးဝ ကြွေသွားပြီး အကုန်ပြောပြလိုက်ကြတာ၊ မဟုတ်ရင် ဒီဂူထဲက ရတနာသိုက်ကို သူ ဒီလောက်မြန်မြန် ဘယ်လိုလုပ် သိနိုင်မှာလဲ’


ယွိဟွာက စိတ်လှုပ်ရှားစွာနဲ့ "ကွပ် ကွပ်"ဟု နှစ်ခါသုံးခါ အော်လိုက်ပြီးနောက် ဂူအထွက်ပေါက်ဆီ ဦးဆောင်ပြေးသွားတော့သည်။ အားလုံး လိုက်လာရဲ့လားကိုလည်း နောက်သို့ မကြာခဏ လှည့်ကြည့်သေးသည်။


သူတို့တစ်သိုက်လည်း အနောက်မှ အနီးကပ် လိုက်သွားကြသည်။ ကွေ့ကောက်နေသော ဂူလမ်းကြောင်းအတိုင်း သတိထားသွားရင်း၊ ဖြစ်နိုင်ခြေရှိသည့် ထောင်ချောက်များနှင့် အတားအဆီးများကို ရှောင်ကွင်းရင်း ယွိဟွာ၏ လမ်းပြမှုအောက်တွင် ထွက်ပေါက်ကို အောင်မြင်စွာ ရှာတွေ့သွားကြလေသည်။


"ဟေး... ကောင်းလိုက်တာ၊ ငါတို့ နောက်ဆုံးတော့ ထွက်လာနိုင်ပြီ" 


ကျောက်ဟူက ဝင်ပေါက်မှ ပထမဆုံး ပြေးထွက်လာပြီး လတ်ဆတ်သော လေထုကို အဝရှူသွင်းလိုက်သည်။ အခြားကလေးများလည်း စိတ်လှုပ်ရှားစွာ ပြေးထွက်လာကြပြီး အောင်မြင်စွာ လွတ်မြောက်လာသည့်အတွက် သူတို့မျက်လုံးများထဲ၌ ရင်ခုန်စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။


လင်းချီနှင့် အခြားလူများက ရွာလူကြီးမှ လူများကို ခေါ်ထုတ်လာသည်အား မြင်၍ အမြန်ပြေးလာကြသည်။ ရှောင်ကျိုးက ဘေးဘီကို ကြည့်လိုက်ပြီး ဆရာယန်ကို မတွေ့ရသောကြောင့် လင်းချီကို မေးလိုက်လေသည်။


"ဆရာယန် ထွက်မလာသေးဘူးလား"


"မထွက်လာသေးဘူး၊ ကျွန်တော်တို့ ဝင်ပေါက်ကို တောက်လျှောက် စောင့်ကြည့်နေတာ၊ ဘယ်သူမှ ထွက်လာတာ မတွေ့သေးဘူး" 


လင်းချီက အမြန် ပြန်ဖြေသည်။


"ဒီနေရာက အကြာကြီးနေဖို့ မလုံခြုံဘူး၊ သူတို့ကို ရွာကို ပြန်ခေါ်သွားကြ၊ ငါ အထဲဝင်ပြီး သွားကြည့်လိုက်ဦးမယ်"


 á€›á€žá€ąá€Źá€„်ကဝိုးက လူအနည်းငယ်ကို မှာကြားလိုက်ပြီး ယွိဟွာကိုခေါ်ကာ ဂူထဲကို ပြန်ဝင်သွားသည်။


"ကွပ် ကွပ်... ကွပ် ကွပ်"


ဂူထဲပြန်ရောက်တော့ ယွိဟွာက စိတ်လှုပ်ရှားစွာ တောင်ပံခတ်ပြီး ရှောင်ကျိုးကို ဂူ၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ထောင့်တစ်ခုဆီကို ခေါ်သွားလိုက်သည်။

လူတစ်ယောက်နှင့် ကြက်တစ်ကောင်က ကျောက်တုံးများ၏ အက်ကွဲကြောင်းများကြားတွင် ပေါ့ပါးစွာ ဖြတ်သန်းသွားကြသည်။


မကြာခင်မှာပင် ယွိဟွာက သာမန်ဟု ထင်ရသည့် ကျောက်နံရံတစ်ခုရှေ့၌ ရပ်လိုက်ပြီး သူ့ခြေသည်းများဖြင့် နှစ်ချက်ခန့် ကုတ်ပြလိုက်သည်။ 


‘ရွှေက ဒီနားမှာပဲ ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့’


ရှောင်ကျိုးက သံသယနှင့် ချဉ်းကပ်သွားပြီး သေချာစစ်ဆေးကြည့်သော်ငြား ထူးခြားတာ မည်သည်ကိုမှ မတွေ့ရပေ။


ယွိဟွာကို မေးခွန်းထုတ်ရန် ပြင်လိုက်ချိန်မှာပင် ယွိဟွာက ကျောက်နံရံပေါ်မှ နေရာတစ်ခုကို ရုတ်တရက် အားကုန်ဆိတ်လိုက်သည်။ ကျောက်နံရံပေါ်က ကျောက်တုံးတစ်တုံးမှာ ဖြည်းဖြည်းချင်း ရွေ့သွားပြီး လျှို့ဝှက်ထားသော အပေါက်ငယ်တစ်ခု ပေါ်လာသည်။


"ဒါက..." 


ရှောင်ကျိုးမှာ အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။


ယွိဟွာက ဂုဏ်ယူစွာဖြင့် အော်လိုက်သည်။


"ကွပ် ကွပ်"  


‘တွေ့လား၊ ဒီမှာတင်’


ရှောင်ကျိုးက အပေါက်နားကို သတိထားပြီး ချဉ်းကပ်သွားလိုက်သည်။ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် အပေါက်ထဲမှာ တလက်လက်တောက်နေသော ရွှေများနှင့် အစီအရီ ထပ်ထားသည့် ငွေတုံးဖြူဖြူများကို တွေ့လိုက်ရသည်။ ရတနာတိုက်အသေးစားလေး တစ်ခုကဲ့သို့ပင်။


"ဝါး... ရွှေတွေ၊ သူဌေးဖြစ်ပြီဟေ့၊ သူဌေးဖြစ်ပြီ၊ ယွိဟွာ၊ နင်က တကယ့် ရတနာလေးပဲ" 


ရှောင်ကျိုးက စိတ်လှုပ်ရှားစွာဖြင့် ယွိဟွာကို ပွေ့ချီပြီး အားရပါးရ နမ်းလိုက်သည်။


ယွိဟွာလည်း သခင်ဖြစ်သူ၏ ချီးကျူးမှုကို သဘောကျစွာနှင့် ပြန်ထူးလိုက်သည်။


"ကွပ် ကွပ်"


ရှောင်ကျိုးမှ စိတ်လှုပ်ရှားစွာဖြင့် သူမ၏ သိုလှောင်အိတ်ကို ထုတ်ပြီး အပေါက်ထဲက ရွှေ၊ ငွေနှင့် ရတနာများ အားလုံးကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်လေသည်။


မကြာခင်မှာပင် ခုနလေးတင် ရွှေရောင်များ တလက်လက် တောက်နေသော အပေါက်လေးက ယခုတော့ အမှောင်တိတိကျပြီး ပြောင်သလင်းခါသွားလေသည်။ 


ကျိုင်းကောင်အုပ် ဖြတ်သွားသကဲ့သို့ မည်သည့်အရာမှ မကျန်တော့ပေ။


တန်ဖိုးရှိအရာများ မကျန်တော့သည်အား သေချာသွား၍ ရှောင်ကျိုးက ယွိဟွာကိုခေါ်ပြီး အမြန် ထွက်လာခဲ့သည်။ 


ကုသိုလ်များနှင့် နာမည်ဂုဏ်သတင်းများမှာ အနက်ရှိုင်းဆုံး၌ ပုန်းကွယ်သွားပြီ ဖြစ်သည်။ ယွိဟွာက ရှောင်ကျိုးကို ခေါ်ပြီး လူပြတ်သော နေရာတစ်ခုထံသို့ လျှောက်သွားပြန်သည်။

"ကွပ် ကွပ်... ကွပ် ကွပ်


‘သခင်၊ သူတို့က ဒီမှာ ကလေးတွေ အများကြီး ဖမ်းထားတာ၊ မနေ့က ရှေ့က သစ်သားအိမ်ထဲမှာ ၇ ယောက်၊ ၈ ယောက်လောက် ပိတ်လှောင်ထားတုန်းပဲ’


ယွိဟွာက တောင်ပံခတ်ပြီး အဝေးမှ သစ်သားအိမ်ကို လက်ညှိုးထိုးပြလိုက်သည်။ ထိုအိမ်ကို ဝတ်ရုံနက်လူအတော်များများ စောင့်ကြပ်နေကြသည်။ 

ရှောင်ကျိုးက မြက်ခင်းပြင်ပေါ်၌ ဝပ်လိုက်ပြီး အဝေးတွင် စောင့်ကြပ်နေသော ဝတ်ရုံနက်လူများကို စောင့်ကြည့်နေလိုက်သည်။


သူမ သူတို့ကို ကယ်သင့်မကယ်သင့် စဉ်းစားနေပြီး နောက်ဆုံးတွင် ကယ်မည်ဟု ဆုံးဖြတ်လိုက်သည်။ 


‘ဘာပဲဖြစ်ဖြစ် ဒီဂူထဲက ရွှေတွေ၊ ငွေတွေ၊ ရတနာတွေ အများကြီးကို အလကား ရလာခဲ့တာပဲ၊ ဒါကို လူကယ်တဲ့ အခကြေးငွေလို့ သတ်မှတ်လိုက်တာပေါ့’


ရှောင်ကျိုးက သူမ၏ နေရာလွတ်ထဲမှ လျှပ်စစ်တုတ်တစ်ချောင်းကို အမှတ်ဖြင့် လဲလှယ်လိုက်သည်ပြီး သူမ၏ စိတ်စွမ်းအင်ကို သုံးကာ ပတ်ဝန်းကျင်ကို ကင်းထောက်ကြည့်လိုက်သည်။ 


‘အင်း၊ လူ ၁၀ ယောက်လောက် ရှိတယ်’


ရန်သူများကို အသံမထွက်ဘဲ နှိမ်နင်းရန်က သိုင်းစွမ်းရည်အပြင် ကိရိယာများလည်း လိုအပ်‌လေသည်။ 


ရှောင်ကျိုးက သူမ၏ စိတ်ထဲတွင် အကောင်းဆုံး လှုပ်ရှားရမည့် လမ်းကြောင်းကို အမြန် စီစဉ်လိုက်သည်။


မြက်ခင်းများကို အကာအကွယ်ယူပြီး ဝတ်ရုံနက်လူများထံသို့ တိတ်တဆိတ် ချဉ်းကပ်သွားသည်။ အသံနည်းနည်းလေးပင် ထွက်သွားမည်အား ကြောက်၍ ခြေလှမ်းတိုင်းကို အလွန် သတိထားပြီး လှမ်းနေရသည်။


ရုတ်တရက် လေတစ်ချက် ဝှေ့တိုက်လိုက်ရာ မြက်ပင် အဖျားလေးများ လှုပ်ခါသွားသည်။ ရှောင်ကျိုးက ဤအခွင့်အရေးကို အရယူပြီး သရဲတစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလိုက်ကာ ကျောပေးထားသည့် ဝတ်ရုံနက်လူတစ်ယောက်ထံသို့ ချက်ချင်း ချဉ်းကပ်သွားလိုက်သည်။


သူမ အသက်အောင့်လိုက်ပြီး သူမလက်ထဲမှ လျှပ်စစ်တုတ်က ထိုလူ၏ လက်မောင်းကို ဖွဖွလေး ထိလိုက်သည်။ မှိန်ဖျော့ဖျော့ အပြာရောင်အလင်းတန်းလေး လက်သွားပြီး ဝတ်ရုံနက်လူက တုန်ခနဲဖြစ်သွားကာ မြေကြီးပေါ်သို့ ဖြည်းဖြည်းချင်း လဲကျသွားလေသည်။ လုပ်ငန်းစဉ်တစ်ခုလုံး အသံတစ်ချက်မှ မထွက်ပေ။ 


ထို့နောက် ရှောင်ကျိုးက လှုပ်ရှားမှုကို ကူးယူလိုက်သကဲ့သို့ပင် ကျန်သည့် အစောင့်များကို တစ်ယောက်ပြီးတစ်ယောက် ရှင်းလင်းလိုက်သည်။

လုပ်ငန်းစဉ်တစ်ခုလုံးက ပိုပိုပြီး ချောမွေ့လာကာ လျှပ်စစ်တုတ်ပင်လျှင် သူတစ်နေ့ ဤမျှ အသုံးဝင်လာလိမ့်မယ်လို့ ထင်ထားမည် မဟုတ်ပေ။ 


တခြားလူများ လချီပြီး လုပ်ရမည့်အလုပ်ကို မိနစ်ပိုင်းအတွင်း ပြီးအောင် လုပ်ပေးလိုက်ခြင်း ဖြစ်သည်။


 á€á€á€şá€›á€Żá€śá€”á€€á€şá€œá€°á€™á€ťá€Źá€¸ အားလုံး တိုက်ခိုက်နိုင်စွမ်း မရှိတော့သောအခါ ရှောင်ကျိုးက သစ်သားအိမ်ထံသို့ တိတ်တဆိတ် လျှောက်သွားလိုက်သည်။ တံခါးပေါက်ကို တွန်းဖွင့်လိုက်စဉ် အထဲ၌ ယောင်္ကျားလေး၊ မိန်းကလေး ၇ ယောက် ၈ ယောက်လောက် ရှိနေပြီး သူတို့၏ မျက်လုံးတွေထဲတွင် ကြောက်ရွံ့မှုနှင့် အကူအညီမဲ့မှုများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။


တံခါးပွင့်လာသောကြောင့် ကလေးများမှာ အစက မှင်သက်သွားပြီး ဝင်လာသည့် ကောင်မလေးကို ငူငူကြီး စိုက်ကြည့်နေကြသည်။


"ဟင်၊ နင်က ဘယ်လိုလုပ် အဖမ်းခံရတာလဲ" 


လူကောင်ဝဝ ကလေးလေးတစ်ယောက်က ရှောင်ကျိုးကို ကြည့်ပြီး မေးလိုက်လေသည်။

ရှောင်ကျိုးမှ သူ့ကို သေချာကြည့်ပြီး တွေးလိုက်သည်။


‘ ဒီကလေးက အရင်တုန်းက သူမဆီက သကြားလုံးနဲ့ အဝတ်အိတ် လာဝယ်သွားတဲ့ ကလေးမလား’


ရှောင်ကျိုးက အနားလျှောက်သွားပြီး ကြိုးများကို ဖြေပေးရင်း ပြောလိုက်သည်။


"ငါ အဖမ်းခံရတာ မဟုတ်ဘူး၊ နင်တို့ကို လာကယ်တာ"


ထို့ကြောင့် ပန်းရောင်ဂါဝန်ဝတ်ထားသော ကောင်မလေးတစ်ယောက်မှ ချက်ချင်းပင် စိတ်လှုပ်ရှားစွာ အော်လိုက်သည်။


"အစိုးရရုံးက လူတွေ ရောက်လာတာလား၊ ငါ့အဖေက သူတို့အကုန်လုံးကို ဖမ်းမိသွားပြီလား"

ထိုကောင်မလေးမှာ ဒီခရိုင်မှ ခရိုင်ဝန်၏ သမီး ရှန်ကျစ်ယွမ် ဖြစ်သည်။ ယခု လူလာကယ်သည်ကို မြင်၍ သူမ ပထမဆုံး တွေးမိသည်မှာ သူမ ပျောက်သွားတာကို သိ‌သောကြောင့် သူမအဖေက ကယ်ရန် လူလွှတ်လိုက်ခြင်း ဖြစ်ရမည်။ 

ရှောင်ကျိုးက သူမ၏ စိတ်ကူးယဉ်အိပ်မက်ကို ရက်ရက်စက်စက် ရိုက်ချိုးပစ်လိုက်လေသည်။


"မဟုတ်ဘူး၊ ငါတစ်ယောက်တည်း လာတာ၊ နင်တို့ လိုက်မှာလား၊ မလိုက်ဘူးလား၊ မလိုက်ဘူးဆိုရင် နင့်အဖေကို ဒီမှာပဲ ဆက်စောင့်နေတော့"


ရှောင်ကျိုး၏ စကားက ရေအေးတစ်ခွက်နှင့် ပက်လိုက်သကဲ့သို့ပင်။ ကလေးများ၏ ရင်ထဲတွင် ယခုလေးတင် လင်းလက်လာ‌သော မျှော်လင့်ချက်မီးတောက်ကို ချက်ချင်း ငြိမ်းသတ်ပစ်လိုက်သည်။


ရှန်ကျစ်ယွမ်၏ မျက်လုံးထဲ၌ စိတ်ပျက်သွားသည့် အရိပ်အယောင်လေး ဖြတ်ပြေးသွားသော်ငြား ချက်ချင်းပင် သန္နိဋ္ဌာန်ခိုင်မာမှုနှင့် အစားထိုးသွားသည်။


‘ဘယ်သူပဲ လာလာ၊ သူတို့ကို ဒီကြောက်စရာကောင်းတဲ့ နေရာကနေ ခေါ်ထုတ်သွားနိုင်ရင် သူတို့ရဲ့ ကယ်တင်ရှင်ပဲ၊ ဒီမှာပဲ ဆက်နေပြီး လေ့ကျင့်ရေးကွင်းက သနားစရာ ကလေးတွေလို ကြာပွတ်နဲ့ အရိုက်ခံရတာ၊ ဒါမှမဟုတ် ဘယ်မှန်းမသိတဲ့ နေရာကို ရောင်းစားခံရတာထက်စာရင်တော့ အများကြီး ပိုကောင်းတာပေါ့’

"သွားမယ်၊ သေချာပေါက် သွားရမှာပေါ့" 


ရှန်ကျစ်ယွမ်က ချက်ချင်း တုံ့ပြန်လိုက်ပြီး သူမဘေး၌ ကြောင်တောင်တောင် ဖြစ်နေသည့် နောက်ထပ် ကောင်မလေးတစ်ယောက်ကို ဆွဲထူလိုက်ကာ သူမ၏ အကြည့်များမှာ ခိုင်မာနေသည်။ 


ဖက်တီးလေးလည်း ချက်ချင်း လက်ထောင်ပြီး ပြောလိုက်သည်။


"သွားမယ်၊ ငါတို့ သေချာပေါက် သွားရမယ်၊ ဒီမှာ သူတို့က ထမင်းလည်း မကျွေးဘူး၊ ငါ ဗိုက်ဆာနေတာ တစ်ရက်‌ ရှိပြီ"


ဖက်တီးလေးက သူ့တစ်သက်တွင် ယခုကဲ့သို့ ဒုက္ခမျိုး တစ်ခါမှ မခံစားဖူးပေ။ 


ထို့ကြောင့် တခြားကလေးများကလည်း အချိန်အကြာကြီး အဖမ်းခံထားရ၍ ခန္ဓာကိုယ်များ အနည်းငယ် တောင့်တင်းနေသော်ငြား တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်ကြသည်။


ရှောင်ကျိုးက သူတို့၏ ကြိုးများကို အမြန် ဖြေပေးလိုက်သည်။


"အသံမထွက်စေနဲ့၊ အပြင်မှာ ဝတ်ရုံနက်လူတွေ အများကြီး ရှိသေးတယ်"


ရှောင်ကျိုးမှ တိုးတိုးလေး ပြောရင်း တစ်ပြိုင်နက်တည်းမှာပင် တံခါးပေါက်မှ အပြင်သို့ ချောင်းကြည့်ပြီး ပတ်ဝန်းကျင်က လောလောဆယ် ရှင်းလင်းနေကြောင်း အတည်ပြုလိုက်သည်။ 

သူမ နောက်လှည့်ပြီး အားလုံးကို ပြောလိုက်သည်။


"ငါ့နောက်ကနေ ကပ်လိုက်ခဲ့၊ ငါတို့ နောက်ဖေးတံခါးကနေ ထွက်ပြီး ရှေ့က တောအုပ်ထဲကို ဝင်ကြမယ်"


25

အားလုံးက ခေါင်းညိတ်လိုက်ကြလေသည်။ ကလေးအတော်များများမှာ သူတို့ထက်ပင် အသက်ငယ်သေးသော ဤကောင်မလေးကို ကြည့်ပြီး အဘယ်ကြောင့်မှန်းမသိ၊ ယခုအချိန်တွင်တော့ သူမကို အပြည့်အဝ ယုံကြည်သွားကြသည်။


ရှောင်ကျိုးက သစ်သားအိမ်ထဲမှ အရင်ဆုံး ထွက်သွားပြီး မြေပြင်ပေါ်တွင် လဲကျနေသော ဝတ်ရုံနက်လူများကို သတိထားပြီး ကျော်ခွသွားလေသည်။ 


မြေကြီးပေါ်က ဝတ်ရုံနက်လူများကို မြင်သည်နှင့် ကလေးများမှာ လန့်ပြီး အော်လုမတတ် ဖြစ်သွားကြသော်လည်း ကံကောင်းစွာဖြင့် ပါးစပ်ကို အချိန်မီ ပိတ်နိုင်ခဲ့ကြသည်။


‘ဒီကလေးမလေးကပဲ သူတို့အကုန်လုံးကို လဲကျအောင် လုပ်လိုက်တာလား၊ သူမက နတ်သမီးလေးများလား’


ရှောင်ကျိုးမှ သူတို့ကို ရှေ့က တောအုပ်ဆီသို့ ခေါ်ဆောင်သွားလေသည်။ 


ရှေ့မှ ကင်းစောင့်နေသော ယွိဟွာက ရုတ်တရက် အော်လိုက်သည်။


"ကွပ် ကွပ်"


‘သခင်၊ ဒီဘက်ကို လူတွေ လာနေတယ်’


ရှောင်ကျိုးက အနောက်ကို လှမ်းကြည့်လိုက်ရာ ဝတ်ရုံနက်လူ နှစ်ယောက် သစ်သားအိမ်ဘက်သို့ လျှောက်လာနေသည်ကို တွေ့လိုက်ရလေသည်။


"လူတွေ လာနေတယ်၊ ရှေ့ကို တိတ်တိတ်လေး ပြေးသွားကြ၊ ဟိုရှေ့က ကြက်ကို တွေ့တယ်မလား၊ သူ့နောက်ကို လိုက်သွား၊ ရှေ့နားက လူပြတ်တဲ့နေရာမှာ ပုန်းနေကြ၊ ခဏနေရင် ငါ လိုက်လာခဲ့မယ်" 


ရှောင်ကျိုးက ကလေးများကို လှည့်ပြီး ပြောလိုက်သည်။


"နင်ကရော" 


ရှန်ကျစ်ယွမ်က စိုးရိမ်တကြီး မေးလိုက်သည်။


"ဟုတ်တယ်လေ၊ ငါတို့ ပျောက်နေတာ သိသွားရင် နင့်ကို ပြန်ဖမ်းသွားမှာပေါ့" 


ဖက်တီးလေးက အမြန် ဝင်ပြောလေသည်။


"ငါ့အတွက် စိတ်မပူနဲ့၊ ယွိဟွာ အနားကနေ မခွာနဲ့၊ အသံလည်း မထွက်စေနဲ့"


ရှောင်ကျိုးက သူတို့ကို ဂရုမစိုက်တော့ဘဲ တောင်အောက်မှ သစ်သားအိမ်ထံသို့ ပြန်လျှောက်သွားတော့သည်။ 


ရှောင်ကျိုးက သူမ၏ လျှပ်စစ်တုတ်ကို ထုတ်လိုက်ပြီး အရင်ကကဲ့သို့ပင် သစ်သားအိမ်ဆီ အသံမထွက်ဘဲ ချဉ်းကပ်သွားလေသည်။ 


ဝတ်ရုံနက်လူ နှစ်ယောက်မှာ ပိုနီးလာပြီ ဖြစ်သည်။ ရှောင်ကျိုးက သစ်သားအိမ် အနောက်ဘက်ကို အမြန်ပတ်သွားပြီး ပုန်းလို့ကောင်းမည့် ထောင့်တစ်ခုကို ရှာလိုက်သည်။ ထို့နောက် လျှပ်စစ်တုတ်ကို ဖွင့်ကာ အချိန်မရွေး အသုံးပြုရန် အသင့်ပြင်ထားလိုက်လေသည်။


ထိုအချိန်တွင် လေတစ်ချက် ဝှေ့တိုက်လိုက်ရာ သစ်သားအိမ်တံခါးမှ ညည်းသံလေး ထွက်သွားသည်။


 á€á€á€şá€›á€Żá€śá€”á€€á€şá€œá€° နှစ်ယောက်၏ အာရုံက ထိုနေရာထံသို့ ချက်ချင်း ရောက်သွားတော့သည်။


‘ တစ်ခုခုတော့ မှားနေပြီ၊ အရမ်း တိတ်ဆိတ်နေတယ်၊ သစ်သားအိမ် အပြင်ဘက်မှာ ဘယ်သူမှ စောင့်ကြပ်မနေဘူး’

သူတို့သာ သစ်သားအိမ် အနောက်ဘက်ကို သွားကြည့်လိုက်လျှင် မြက်ခင်းထဲ၌ သပ်သပ်ရပ်ရပ် လဲကျနေသော ဝတ်ရုံနက်လူ ဆယ်ယောက်ကျော်ကို တွေ့ရမည် ဖြစ်သည်။


ဝတ်ရုံနက်လူ နှစ်ယောက်က သူတို့ခါးမှ ဓားများကို အမြန်ဆွဲထုတ်ပြီး တံခါးပေါက်ကို သတိကြီးစွာ စောင့်ကြည့်နေလိုက်ကြလေသည်။ 

ထိုအခွင့်အရေးကို ယူပြီး ရှောင်ကျိုးက သစ်သားအိမ်၏ အခြားတစ်ဖက်ကို တိတ်တဆိတ် သွားကာ အနောက်မှ တိုက်ခိုက်ရန် ပြင်လိုက်သည်။

သူမက ခုန်ထွက်လိုက်ပြီး လျှပ်စစ်တုတ်မှ အပြာရောင်မီးပွားများ တလက်လက် ထွက်လာကာ အနီးဆုံး ဝတ်ရုံနက်လူကို ထိုးလိုက်လေသည်။


အငိုက်မိသွားသော လူက လျှပ်စစ်စီးကြောင်းကြောင့် အကြောသေသွားပြီး လဲကျသွားတော့သည်။ 

ကျန်သော ဝတ်ရုံနက်လူမှာ ချက်ချင်း တုံ့ပြန်လိုက်ပြီး ဓားကိုင်ကာ ရှောင်ကျိုးထံသို့ ပြေးဝင်လာသည်။


 á€›á€žá€ąá€Źá€„်ကဝိုးက သွက်လက်စွာ ရှောင်တိမ်းလိုက်ပြီး သူ့ခြေကျင်းဝတ်ကို ဖမ်းဆွဲကာ မြေကြီးပေါ်သို့ အားကုန် ဆောင့်ချလိုက်လေသည်။ 


ထိုဝတ်ရုံနက်လူမှာ သူ၏ ကိုယ်တွင်းအင်္ဂါများ အားလုံး နေရာလွဲကုန်သကဲ့သို့ ခံစားလိုက်ရတော့သည်။ 


ရှောင်ကျိုး ဝတ်ရုံနက်လူ နှစ်ယောက်ကို ဆွဲခေါ်သွားပြီး ယခင်က သတိလစ်နေသော လူများဘေးတွင် အစီအရီ ချထားလိုက်လေသည်။ 


‘ကွက်တိပဲ၊ သပ်သပ်ရပ်ရပ်လေး’


သူမ အလွန် ကျေနပ်သွားရသည်။

နောက်ထပ် ဝတ်ရုံနက်လူများ မလာတော့သည်အား သေချာအောင် ဘေးဘီကို တစ်ချက်ကြည့်လိုက်ပြီးနောက် တောအုပ်ထဲသို့ အမြန်ဝင်သွားတော့သည်။


 á€á€á€Ąá€€á€źá€Źá€™á€žá€Źá€á€ąá€Źá€ˇ ရှေ့က လျှို့ဝှက်ကွင်းပြင်လေးတစ်ခုကို တွေ့လိုက်ရသည်။ ထိုနေရာတွင် ယွိဟွာက သစ်ပင်ကြီးတစ်ပင်အောက်၌ ကလေးများနှင့်အတူ ဝပ်နေပြီး သူတို့မျက်နှာများတွင် တင်းမာမှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေကြလေသည်။


"သကြားလုံးရောင်းတဲ့ ကောင်မလေး၊ ငါတို့ ဒီမှာရောက်နေပြီ"


ရှောင်ကျိုးကို မြင်သည်နှင့် ဖက်တီးလေးက စိတ်လှုပ်ရှားစွာ တီးတိုးပြောလိုက်သည်။ 

တခြားကလေးများမှာလည်း လှမ်းကြည့်လိုက်ပြီး စိတ်အေးသွားကြသည်။


"ရှူး... တိတ်တိတ်နေ"


ရှောင်ကျိုးက လက်ညှိုးကို နှုတ်ခမ်းမှာတေ့ပြီး အချက်ပြလိုက်သည်။ ထို့နောက် ယွိဟွာ၏ ခေါင်းကို ပွတ်သပ်ရင်း တိုးတိုးလေး ပြောလိုက်လေသည်။


"အခြေအနေက အရေးကြီးတယ်၊ ဒီကနေ မြန်မြန် ထွက်သွားကြစို့"


ရှောင်ကျိုး ပြန်လာသည်ကို မြင်သောအခါ ကလေးများ၏ ကြောက်ရွံ့မှုများမှာ ပျောက်ကွယ်သွားတော့သည်။ သူတို့၏ ကျောထောက်နောက်ခံကို ပြန်တွေ့သွားသဖြင့် အားလုံးက စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြကြလေသည်။

ယွိဟွာ ဦးဆောင်မှုနှင့်အတူ သူတို့အုပ်စုက လျှို့ဝှက်လမ်းကြောင်းလေးအတိုင်း တိတ်တဆိတ် ထွက်လာခဲ့ကြသည်။ 


နောက်ဆုံးတော့ ညမိုးချုပ်ချိန်တွင် သူတို့ ဂူပေါက်ဝမှ ထွက်လာနိုင်ခဲ့ကြလေသည်။


ဂူပေါက်ဝမှာ စိုးရိမ်တကြီးနှင့် စောင့်နေသော ယန်ချွဲ့နှင့် လင်းချီတို့ကို ရှောင်ကျိုး တွေ့လိုက်ရသည်။ သူတို့မျက်နှာများတွင် စိုးရိမ်ပူပန်မှုတွေ အပြည့်ပင်။ 


ယန်ချွဲ့သာ မတားထားလျှင် သူတို့ ဂူထဲကို အတင်းဝင်သွားကြမည်မှာ ကြာပြီ ဖြစ်သည်။


ယန်ချွဲ့မှ သူတို့ကို တားလိုက်ရသည်မှာ ကလေးမလေးက အန္တရာယ်ကင်းကင်းနှင့် ထွက်လာနိုင်မည်ဟု အကြောင်းပြချက် မရှိဘဲ ယုံကြည်နေသောကြောင့် ဖြစ်သည်။

 á€Ąá€€á€šá€şá ထိုလူများသာ ဂူထဲ ထပ်ဝင်သွားလျှင် ကလေးမလေးက သူတို့ကိုပါ ပြန်ဝင်ကယ်နေရဦးမည် မဟုတ်ပါလော။


ရွာလူကြီးလေး အနောက်၌ ကလေးအတော်များများ ပါလာတာကို အားသို့ တွေ့လိုက်ရသည်။ ထိုအထဲတွင် မြို့က သကြားလုံးဆိုင်၌ တွေ့ခဲ့သော ဖက်တီးလေးလည်း ပါနေတာ မြင်၍ သူက မေးလိုက်လေသည်။


"မင်းလည်း အဖမ်းခံရတာလား"


ဖက်တီးလေးက ရင်းနှီးသော မျက်နှာတချို့ကို တွေ့လိုက်ရသည်။


’လူဟောင်းတွေပါလား’

 á€žá€° စိတ်လှုပ်ရှားလွန်း၍ မျက်ရည်ပင် ဝဲလာရသည်။


‘ဝါး... ဆွေမျိုးတွေနဲ့ ပြန်တွေ့ရသလို ခံစားလိုက်ရတယ်’


 á€žá€°á€€ အားသို့တို့ကို အတင်းပြေးဖက်လုမတတ်ပင် ဖြစ်သွားလေသည်။


 á€Ąá€á€ťá€­á€”် လင့်နေပြီဖြစ်ပြီး ရွာသားများလည်း စိုးရိမ်နေလောက်ပြီမို့ ရှောင်ကျိုး လက်ဝှေ့ယမ်းပြပြီး ပြောလိုက်သည်။

"ရွာကို ပြန်ကြစို့"


"ငါတို့ကရော" 


ရှန်ကျစ်ယွမ်က ရှောင်ကျိုး၏ အင်္ကျီလက်စကို ဆွဲထားပြီး မလွှတ်ဘဲ ဝမ်းနည်းပက်လက် မျက်နှာလေးဖြင့် မေးလိုက်လေသည်။ 

ဤအချိန်တွင် ရှန်ကျစ်ယွမ်က ရှောင်ကျိုးကို သူမ၏ ကိုယ်ပိုင်အဖေထက် အများကြီး ပိုအားကိုးရသည်ဟု ခံစားနေရပေသည်။


ရှောင်ကျိုး မျှော်လင့်တကြီး ကြည့်နေသော ကလေးများကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။


"ရွာကို အတူတူ လိုက်ခဲ့ကြ၊ မနက်ဖြန်ကျမှ အိမ်ကို ပြန်ပို့ပေးမယ်"


ယွိဟွာက အုပ်စုကို ဦးဆောင်ပြီး အပြန်လမ်းအတိုင်း သွက်သွက်လက်လက် သွားနေလေသည်။

သို့သော် တစ်နာရီတောင် မပြည့်ခင်မှာပင် ညက လုံးဝ မှောင်မိုက်သွားတော့သည်။


ရှောင်ကျိုးက အိတ်ကပ်ထဲမှ လက်နှိပ်ဓာတ်မီး တစ်လက် ထုတ်လိုက်သည်။ သူမ ဖွင့်လိုက်သည်နှင့် တောက်ပသော အလင်းတန်းတစ်ခုက အမှောင်ထုကို ခွင်းပြီး ရှေ့လမ်းကို ချက်ချင်း လင်းထိန်သွားစေလေသည်။ 


အားလုံးက အံ့ဩမှင်သက်သွားကြသည်။


‘ဒါ ဘယ်လို နတ်တန်ခိုးမျိုးလဲ’


"လူတိုင်း၊ ယွိဟွာ အနားကနေ မခွာနဲ့၊ ရွာကို အမြန်ပြန်ကြရအောင်" 


ရှောင်ကျိုးက တိုက်တွန်းလိုက်သည်။ 


ညက ပိုနက်လာပြီး ပတ်ဝန်းကျင်မှာ အင်းဆက်များ၏ အော်သံများ၊ တစ်ခါတရံ အဝေးမှ ကြားရသော ဝံပုလွေဟိန်းသံများက သူတို့ကို ကြက်သီးထသွားစေသည်။ ကလေးများက လက်ချင်း တင်းတင်းဆုပ်ကိုင်ထားကြသည်။ ယခင်က ရန်ဖြစ်ခဲ့ကြသည်ကို မေ့ပစ်ပြီး ယခုတော့ တစ်ယောက်အနား တစ်ယောက်ရှိနေခြင်းမှ နွေးထွေးမှုကို ရယူနေကြလေသည်။


သူတို့ ခြေလှမ်းသွက်သွက်နှင့် ရွာသို့ ပြန်လာကြရာ မကြာခင်မှာပင် အဝေးမှ တလက်လက် တောက်နေသော မီးတုတ်များကို မြင်လိုက်ရသည်။


"အဲ့ဒါ ရွာသားတွေပဲ ဖြစ်ရမယ်၊ သေချာတယ်၊ အဲ့ဒါ ငါတို့ အနောက်ဘက်တောင်က ညောင်ပင်ကြီးလေ၊ ရွာအကြီးအကဲတွေ ရှေ့ကနေ စောင့်နေကြတာ ဖြစ်မယ်" 


ထျဲနျူက စိတ်လှုပ်ရှားစွာ အော်လိုက်လေသည်။

သူ့စကားကြားသောအခါ တခြားသူများလည်း ဝမ်းသာသွားကြသည်။ ညောင်ပင်ကြီးအောက်၌ ရွာသားအုပ်ကြီး စုဝေးနေပြီး ညောင်ပင်ကြီးက ရွာလူကြီးလေးနှင့် တခြားသူများကို ဘေးကင်းကင်းဖြင့် အိမ်ပြန်ခေါ်လာပေးပါစေဟု ဆုတောင်းနေကြလေသည်။


"ဟိုမှာ ဘာကြီးလဲ၊ အလင်းရောင်၊ ရွာလူကြီးလေးနဲ့ တခြားသူတွေ ပြန်လာတာလား"


ကျောက်တလန် အဝေးမှ အလင်းတန်းကို မြင်လိုက်၍ သူ့မျက်လုံးထဲ၌ မျှော်လင့်ချက်များ အပြည့်ဖြစ်သွားတော့သည်။


 á€›á€˝á€Źá€žá€Źá€¸á€™á€ťá€Źá€¸ အားလုံး အလင်းရောင်ရှိရာသို့ လှမ်းကြည့်လိုက်ကြသည်။ ပိုနီးလာချိန်တွင် ကျောက်တလန်မှ သူ့သားအသံကို ကြားလိုက်ရသကဲ့သို့ပင်။


"ဟူအာ" 


ကျောက်တလန်က အဝေးကို လှမ်းအော်လိုက်လေသည်။


"အဖေ၊ သား ပြန်ရောက်ပြီ" 


ကျောက်ဟူက သူ့အဖေဆီ လှမ်းအော်လိုက်သည်။


"သူတို့ တကယ် ပြန်လာတာပဲ" 


ကျောက်တလန်က ရှေ့ကို အမြန်ပြေးသွားလေသည်။ 

အခြား ရွာသားများကလည်း သူ့နောက်မှ ပြေးလိုက်သွားကြတော့သည်


"ရွာလူကြီးလေး၊ ရွာလူကြီးလေး"

"ရွာလူကြီးလေး၊ ရွာလူကြီးလေး"

“......”


အဝေးမှ ရွာသားများ၏ အော်ခေါ်သံများကို ရှောင်ကျိုး ကြားလိုက်ရသည်။ 


သူမက ပြန်အော်လိုက်လေသည်။


"ကျွန်မတို့ ပြန်ရောက်ပြီ၊ အကုန်လုံးကို ခေါ်လာခဲ့တယ်"


"ဘေးကင်းကင်းနဲ့ ပြန်ရောက်လာပြီ၊ ကျေးဇူးတင်လိုက်တာ”


ရွာအကြီးအကဲများက မျက်ရည်သုတ်ရင်း ရှေ့ကို တရွေ့ရွေ့ သွားကြလေသည်။ သူတို့ ဆယ်နှစ်မျှ ပြန်ငယ်သွားချင်စိတ်ပင် ပေါက်သွားကြသည်။ သို့မှသာ သွားကြို၍ ရမှာ ဖြစ်သည်။


‘ ဒီကလေးစုတ်တွေက ငါတို့ အိုကြီးအိုမတွေကို တွဲခေါ်သွားဖို့တောင် သတိမရကြဘူး’


"အစ်မ၊ အစ်မ၊ သား အိမ်ပြန်ရောက်ပြီ"


အားသို့က အရှေ့ဆုံးမှ ပြေးသွားလေသည်။ သူ့အစ်မကို မြင်၍ သူ့ကို အရမ်းလွမ်းနေရှာမှာဟု တွေးပြီး ပွေ့ဖက်ရန် လက်နှစ်ဖက်ကို ဆန့်တန်းထားလိုက်သည်။

"ရွာလူကြီးလေး၊ အဆင်ပြေရဲ့လား၊ ဝူးဝူး... နောက်ဆို ငါ သိုင်းကို ကြိုးကြိုးစားစား ကျင့်တော့မယ်၊ ရွာလူကြီးလေး ဘယ်သွားသွား နောက်ကနေ လိုက်မှာ"


တနွီက အားသို့ကို ကျော်ဖြတ်ပြီး ရွာလူကြီးလေးထံသို့ တန်းပြေးသွားကာ ဆောင့်ကြောင့်ထိုင်ပြီး ရှောင်ကျိုးကို ပွေ့ချီလိုက်လေသည်။


အားသို့ - အစ်မ၊ အစ်မ ပြောင်းလဲသွားပြီ။

ကျောက်ဟူလည်း သူ့အဖေ သူ့ကို ကျော်ပြီး ပြေးသွားသည်ကို ငေးကြည့်နေရတော့သည်။


 

Search Novels