11


လူအုပ်ကြီးသည် လှည်းမောင်းနှင်ကာ ထောင်ယွမ်ရွာသို့ ဖြည်းညင်းစွာ ပြန်လာခဲ့ကြ၏။ လမ်းတစ်လျှောက်လုံးတွင် ကလေးများသည် သူတို့ကိုယ်တိုင် ပထမဆုံးအကြိမ် ပိုက်ဆံရှာနိုင်ခဲ့သည့်အတွက် အလွန်စိတ်လှုပ်ရှားနေကြလေသည်။ ကျောက်ဟူမှ ရွာလူကြီးလေးကို မေးလိုက်၏။

"ရွာလူကြီးလေး ကျွန်တော့်ကို သိုင်းသင်ပေးလို့ ရမလား"

ရှောင်ကျိုး ပြန်ဖြေလိုက်၏။

"နင်က ငါ့သိုင်းပညာကိုသင်လို့မရဘူး"

ကျောက်ဟူ အနည်းငယ်စိတ်ပျက်သွားလေသည်။

"ဒါဆိုရွာလူကြီးလေး ကျွန်တော် သိုင်းတတ်အောင် ဘယ်လိုလုပ်ရမလဲ"

ရှောင်ကျိုး လူအုပ်ကိုတစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"နောက်ကျရင် နင့်အတွက် သိုင်းဆရာ တစ်ယောက်လောက် ရှာပေးမယ်"


ရှောင်ကျိုး ခေတ္တမျှစဉ်းစားကြည့်ရာ ထောင်ယွမ်ရွာသားတိုင်း သိုင်းပညာမတတ်ကြကြောင်း သတိပြုမိလိုက်၏။ သူတို့သည် အလွန်အားနည်းကြပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းမရှိကြပေ။ သို့သော် ရှောင်ကျိုး၏တိုက်ခိုက်နိုင်စွမ်းမှာ ဇွန်ဘီဘုရင်၏မွေးရာပါ ခွန်အားကြီးမားမှုနှင့် အလွန်လျင်မြန်သော အမြန်နှုန်းတို့ကြောင့်သာဖြစ်ပေသည်။ ရှောင်ကျိုးသည် ရှေးခေတ်သိုင်းပညာရပ်များကို တတ်မြောက်ထားခြင်းမရှိချေ။
ကျောက်ဟူအတွက် သိုင်းဆရာကို မည်သည့်နေရာတွင် သွားရှာရပါမည်နည်း။
ထိုအချိန်မှာပင် ရှေ့နားရှိတောအုပ်စပ်မှ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြသံများထွက်ပေါ်လာရာ ကလေးများ၏ပျော်ရွှင်စွာ စကားပြောဆိုသံများလည်းရပ်တန့်သွားကြသည်။ သူတို့အဖွဲ့သည် တောအုပ်ထဲသို့စပ်စုလိုစိတ်ဖြင့် လှမ်းကြည့်လိုက်ကြရာ ဝတ်ရုံနက်ဝတ်ဆင်ထားသော လူအများအပြားသည် ဓားရှည်ကိုင်ဆောင်ထားသည့် မျက်နှာဖုံးစွပ်လူတစ်ဦးကို ဝိုင်းဝန်းတိုက်ခိုက်နေကြသည်အား တွေ့မြင်လိုက်ရ၏။

ဝတ်ရုံနက်ဝတ်လူများ၏ တိုက်ခိုက်ပုံမှာ ပြင်းထန်ရက်စက်ကြမ်းကြုတ်လှပေသည်။ သူတို့ဓားချက်များသည် အေးစက်သော အလင်းရောင်များလက်နေပြီး ဓားချက်တိုင်းတွင် သတ်ဖြတ်လိုသောဆန္ဒများ ပါဝင်နေ၏။ ထိုမျက်နှာဖုံးစွပ်လူသည်လည်း သာမန်မဟုတ်ချေ။ သူ့ဓားကွက်များမှာ နဂါးတစ်ကောင်လှုပ်ရှားနေသကဲ့သို့ ပြင်းထန်ပြီး သိုင်းကွက်များမှာလည်း အလွန်ကောင်းမွန်လှသည်။ ဓားချက်တိုင်းသည် ရန်သူ၏အဓိကနေရာများကိုသာ ချိန်ရွယ်တိုက်ခိုက်နေသဖြင့် တစ်ဖက်လူမှာ အသက်ရှူချိန်ပင်မရနိုင်တော့ပေ။ ထုတ်သုံးလိုက်သော သိုင်းကွက်တိုင်းသည် အသက်အန္တရာယ်ပေးနိုင်ပြီး သိုင်းပညာရှင်အဆင့်ရှိသူ၏အငွေ့အသက်များ ထွက်ပေါ်နေလေသည်။


ခဏအကြာတွင် ဝတ်ရုံနက်လူများငြိမ်ကျသွားကြတော့၏။ ဤသည်မှာ ကျောက်ဟူနှင့်သူငယ်ချင်းများအတွက် ဤမျှပြင်းထန်သောတိုက်ပွဲကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်ရာ အသက်ရှူဖို့ပင်မေ့လျော့၍ မှင်သက်နေကြသည်။ ရှောင်ကျိုးခေါင်းထဲ၌ ရဲတင်းသောအကြံတစ်ခု ရုတ်တရက် ပေါ်ပေါက်လာလေသည်။ ဤလူကိုပြန်ပေးဆွဲပြီး သိုင်းနည်းပြအဖြစ်ခန့်လိုက်လျှင်ကောင်းပေလိမ့်မည်။ ရှောင်ကျိုး ကျောက်ဟူကိုပြောလိုက်သည်။

"နင်သိုင်းသင်ချင်တယ်ဆိုရင် သူ့ကိုနင့်ဆရာအဖြစ်ခန့်လိုက်ရင် ဘယ်လိုလဲ"


ကျောက်ဟူစိတ်လှုပ်ရှားစွာဖြင့် တုန်တုန်ယင်ယင်မေးလာသည်။


"ရွာလူကြီးလေး သူကလက်မခံရင် ဘယ်လိုလုပ်မလဲ"

ရှောင်ကျိုး အဝေးသို့လှမ်းကြည့်လိုက်ရာ ဝတ်ရုံနက်ဝတ်လူများကို ရှင်းလင်းပြီးသွားသောမျက်နှာဖုံးစွပ်လူကို တွေ့လိုက်ရသည်။ သူသည် မြေကြီးပေါ်တွင် ဒူးထောက်လျက် ဓားကိုထောက်ကာ အားယူထားရပြီး သွေးများအန်ထုတ်နေလေ၏။ သူဆက်တောင့်မခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့လဲကျသွားတော့သည်။
ရှောင်ကျိုးမှာ ကျောက်ဟူထံမရေမရာဟန်ဖြင့်ကြည့်၍ပြောလိုက်သည်။

"ကြည့်ရတာ နင့်ဆရာသေသွားပြီထင်တယ်"


ကျောက်ဟူသည် အနောက်သို့အမြန်လှည့်ကြည့်လိုက်ရာ မျက်နှာဖုံးစွပ်လူ မြေကြီးပေါ် လဲကျနေသည်ကိုတွေ့လိုက်ရသည်။ သူသည် လှည်းပေါ်မှ ချက်ချင်းခုန်ဆင်းလိုက်ပြီး တောစပ်သို့ အမြန်ပြေးသွားကာ ပါးစပ်မှလည်း အော်ဟစ်မေးမြန်းလိုက်၏။

"ဆရာ ဆရာ အဆင်ပြေရဲ့လား"

ရှောင်ကျိုးနှင့် အခြားသူများလည်း အနောက်မှပြေးလိုက်သွားကြပြီး နှုတ်ခမ်းများ မည်းနက်နေသော မျက်နှာဖုံးစွပ်လူကို ကြည့်လိုက်ကြသည်။ တနွီမှ မေးလာ၏။

"သူ အဆိပ်မိထားတာလား"


လျို့တကျူမှာ မျက်နှာဖုံးစွပ်လူ၏ပုံစံကို တစ်ချက်ကြည့်ပြီးပြောလိုက်လေသည်။

"သေချာပေါက် အဆိပ်မိထားတာပဲ ကြည့်လေ နှုတ်ခမ်းတွေကမည်းနက်နေပြီ"

ရှောင်ကျိုးသည် ခုနလေးတင်မဲပေါက်ထားသော အဆိပ်ဖြေဆေးလုံးကိုထုတ်ပြီး မျက်နှာဖုံးစွပ်လူပါးစပ်ထဲသို့ထည့်လိုက်သည်။ ရုတ်တရက် တစ်စုံတစ်ခုကိုသတိရသွားပြီး စနစ်ထံမေးလိုက်၏။

"ဒီအဆိပ်ဖြေဆေးက သူ့အဆိပ်ကိုကုနိုင်လား"


"ရပါတယ်"


စနစ်မှာ စိတ်ထဲမှစောဒကတက်လိုက်မိသည်။


*မင်းက တိုက်တောင်တိုက်ပြီးနေပြီကို အခုမှအဆိပ်ဖြေနိုင်လားလို့ လာမေးနေတာလား။ မေးတာနည်းနည်းနောက်ကျနေပြီနော်*

မျက်နှာဖုံးစွပ်လူသည် အဆိပ်ဖြေဆေးသောက်ပြီးနောက် မျက်နှာအရောင်အသွေးပြန်ကောင်းလာသော်လည်း သတိရမလာသေးပေ။ ရှောင်ကျိုးသည် ကျောက်တလန်နှင့် လျို့တကျူကို ထိုလူအား လှည်းပေါ်သို့တင်ခိုင်းလိုက်ပြီး မည်သူမည်ဝါမှန်းမသိသော မျက်နှာဖုံးစွပ်လူကိုခေါ်ဆောင်ကာ ရွာသို့ပြန်လာခဲ့ကြလေသည်။ ထိုလူသတိရလာပြီးနောက် အဆိပ်ဖြေဆေးသောက်ပြီး ထွက်ပြေးသွားမည်ကို ရှောင်ကျိုး စိုးရိမ်မိသည်။ ထို့ကြောင့် ထိုလူကို သူမခြံဝင်းထဲရှိ အခန်းလွတ်တစ်ခန်းထဲသို့ ပို့ဆောင်ထားရန် မှာကြားလိုက်၏။
ကျောက်ဟူသည် အိမ်ပြန်ရန်ငြင်းဆန်ပြီး သူ့ဆရာကို စောင့်ရှောက်ရန်နေခဲ့မည်ဟု အတင်းပြောလေသည်။ ကျောက်တလန်လည်း သူ့ကိုခွင့်ပြုလိုက်ပြီး ရွာလူကြီးလေး၏ခြံဝင်းထဲ၌ ထားခဲ့ကာ အိမ်ပြန်သွားတော့၏။ ကျောက်ဟူ ပြန်မလိုက်သည်ကိုမြင်သောအခါ အားသို့လည်းပြန်မသွားတော့ဘဲ ရွာလူကြီးလေးအိမ်တွင်သာ သောင်တင်နေတော့သည်။

ရှောင်ကျိုးသည် မျက်နှာဖုံးစွပ်လူကို စောင့်ရှောက်ရန် သူတို့နှစ်ယောက်ဆီတာဝန်ပေးထားခဲ့ပြီး အရင်ဆုံး သူမအခန်းထဲသို့ ဝင်သွားလိုက်သည်။ မျက်နှာဖုံးစွပ်လူသတိရလာပြီး သူတို့ကိုရန်ပြုမည်အား သူမဘာကြောင့် စိတ်မပူသနည်းဆိုသော် သူမခေါင်းထဲမှနေ ရင်းနှီးနေသော မစ်ရှင်အသံထွက်ပေါ်လာသောကြောင့်ဖြစ်ပေသည်။

*သိုင်းပညာရှင်တစ်ဦးကို ခေါ်ဆောင်နိုင်ခဲ့ပါပြီ။ 


ဆုလက်ဆောင် - အမှတ် ၂၀၀ နှင့် ကံစမ်းမဲ နှိုက်ခွင့် တစ်ကြိမ်*

ရှောင်ကျိုး အခန်းထဲသို့အမြန်ဝင်ပြီး မဲနှိုက်လိုက်သည်။ မဲနှိုက်ခြင်းပြီးဆုံးသွားပြီဖြစ်ကြောင်းနှင့် ကိုယ်ဖော့ပညာ ကျမ်းစာအုပ်တစ်အုပ် ရရှိကြောင်း ပေါ်လာလေ၏။

"ကိုယ်ဖော့ပညာ ကျမ်းစာအုပ်လား၊ ခုနက မျက်နှာဖုံးစွပ်လူလိုမျိုးလေပေါ်မှာပျံဝဲလို့ရတဲ့ဟာမျိုးပေါ့"

ရှောင်ကျိုး စာအုပ်ကိုချက်ချင်း လှန်လှောကြည့်လိုက်ရာ ပုံများနှင့်စာများ ပါဝင်သည်ကိုတွေ့ရသည်။ ထူးခြားသည်မှာ ရှောင်ကျိုးအနေဖြင့် ထိုစာများကို ဖတ်ရှုနားလည်နေခြင်းပင်ဖြစ်၏။ ရှောင်ကျိုးမှာ သူမကိုယ်သူမ တော်တော်မိုက်သည်ဟုပင် တွေးလိုက်သော်လည်း လက်ရှိတော့မပျံသန်းနိုင်သေးပေ။ ခုနလေးတင် မျက်နှာဖုံးစွပ်လူနှင့်ဝတ်ရုံနက်လူတို့ လေပေါ်ပျံဝဲပြီး တိုက်ခိုက်နေသည်ကို မြင်ခဲ့ရသည်မှာ အလွန်မိုက်ပေသည်။ သူမလည်းအဲ့ဒီလို မိုက်ချင်၏။ ရှောင်ကျိုးသည် ကိုယ်ဖော့ပညာကျမ်းစာအုပ်ကို စိတ်ပါလက်ပါလေ့လာနေတော့သည်။ သူမသည် စာအုပ်ထဲမှ လှုပ်ရှားမှုပုံစံများကို မှတ်သားပြီး ကိုယ်တိုင်သရုပ်ဖော်လိုက်လုပ်ကြည့်သည်။ ထို့နောက် စာအုပ်ကိုယူပြီးခြံဝင်းနောက်ဖက်ရှိ ကွင်းပြင်ကျယ်သောနေရာသို့သွားကာ စတင်လေ့ကျင့်လေတော့သည်။

စနစ်အနေဖြင့် သခင်ဖြစ်သူ၏လုပ်ရပ်များကို ဘယ်လိုကြည့်ကြည့် ထူးဆန်းနေသည်ဟုသာခံစားနေရသည်။ ဘာလို့ ဖားတစ်ကောင်နဲ့ ဒီလောက်တူနေရတာလဲ။ စာအုပ်ထဲမှာရေးထားတာ ဒီလိုပုံစံမှမဟုတ်တာ။ စနစ်သည် ဆက်မကြည့်နိုင်တော့သဖြင့် အမြန်ပင်လိုင်းပေါ်မှ ဆင်းသွားလေတော့သည်။


စိတ်ကုန်စရာကောင်းလိုက်တာ။


ရွာလူကြီးလေးနောက်သို့လိုက်လာသော ကျောက်ဟူနှင့် အားသို့တို့သည် ခြံဝင်းနောက်ဖက်သို့ရောက်သောအခါ ရွာလူကြီးလေး၏ထူးဆန်းသော လှုပ်ရှားမှုများကိုကြည့်ပြီး ဇဝေဇဝါဖြင့်မေးလိုက်ကြသည်။

"ရွာလူကြီးလေး ဘာလုပ်နေတာလဲ"


"ငါ ကိုယ်ဖော့ပညာကျင့်နေတာ၊ ဒါမှနောက်ကျရန်ဖြစ်တဲ့အခါ သူတို့လိုလေပေါ် ပျံနိုင်မှာ"


ကျောက်ဟူနှင့် အားသို့တို့သည် ခုနကလူတွေလိုမျိုး ကိုယ်ဖော့ပညာဖြစ်ကြောင်း ကြားလိုက်ရသောအခါ ရှောင်ကျိုးထက်ပင် ပို၍စိတ်ဝင်စားသွားကြလေသည်။ သူတို့နှစ်ယောက်သည် ရွာလူကြီးလေးဘေးနားဝင်ပြီး သူမလှုပ်ရှားမှုများကို လိုက်လံတုပကြတော့သည်။ ထို့ကြောင့် အစပိုင်းတွင် တစ်ယောက်တည်း ဖားခုန်နေခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် လူသုံးယောက်သားဖားခုန်တမ်းကစားနေသကဲ့သို့ ဖြစ်သွားလေတော့သည်။
သတိပြန်လည်လာသော ယန်ချွဲ့သည်သူ့အဆိပ်ကို ကုသပေးလိုက်သော ကျေးဇူးရှင်ကို သွားရောက်တွေ့ဆုံရန် ပြင်လိုက်စဉ် ခြံဝင်းနောက်ဖက်၌ လူသုံးယောက်ဖားခုန်တမ်းကစားနေသည်ကို မြင်လိုက်ရသဖြင့် ကလေးကစားနည်းအသစ်ဖြစ်မည်ဟု ထင်မှတ်လိုက်လေသည်။ ယန်ချွဲ့နိုးလာသည်ကို တွေ့လိုက်ရသောအခါ ကျောက်ဟူချက်ချင်း မေးလိုက်၏။


"ဆရာ ကျွန်တော်တို့ရဲ့ ကိုယ်ဖော့ပညာ လေ့ကျင့်ခန်းက ဘယ်လိုလဲဟင်"


ယန်ချွဲ့ ခဏတာမှင်သက်သွားလေသည်။ ဆရာဟုတ်လား ငါ့ကိုခေါ်လိုက်တာလား။ ငါက ဘယ်တုန်းက တပည့်လက်ခံလိုက်တာလဲ။ ပြီးတော့ မင်းအခုဘာပြောလိုက်တယ်။ မင်းတို့က ကိုယ်ဖော့ပညာ ကျင့်နေတာဟုတ်လား။


ယန်ချွဲ့သည် သူသတိပြန်လည်လာပုံနည်းလမ်းများမှားနေသလားဟုပင် သံသယဝင်သွားမိသည်။ ဘာလို့ ဒီကလေးပြောသမျှ စကားတစ်လုံးမှနားမလည်ရတာလဲ။ ကျောက်ဟူသည် ဘာမှပြန်မပြောဘဲ ကြောင်တောင်တောင် ဖြစ်နေသော ယန်ချွဲ့ကိုကြည့်ပြီး ရွာလူကြီးလေးထံလှမ်းမေးလိုက်သည်။

"ရွာလူကြီးလေး ကျွန်တော့်ဆရာက စကားမပြောတတ်တာများလား"


ယန်ချွဲ့မှာ သူသာစကားမပြောဘဲ ဆက်နေလိုက်လျှင် ဒီကလေးများမျက်လုံးထဲ၌ နားပင်းသူပါဖြစ်သွားတော့မည်ဟု ခံစားလိုက်ရသဖြင့် ကျောက်ဟူကိုမေးလိုက်လေသည်။


"ငါက ဘာလို့ မင်းရဲ့ဆရာဖြစ်ရတာလဲ"


ကျောက်ဟူမှာ မျှော်လင့်တကြီးဖြင့် ကြည့်ကာဖြေလိုက်သည်။


"ခင်ဗျားက ကျွန်တော်တွေ့ဖူးသမျှထဲမှာ ဒုတိယအစွမ်းအထက်ဆုံးလူမလို့လေ၊ ခင်ဗျားဆီက သိုင်းသင်ချင်လို့"


ယန်ချွဲ့ ပြန်မေး၏။


"မင်းက ကမ္ဘာပေါ်မှာအစွမ်းအထက်ဆုံး သိုင်းပညာရှင်ကို မြင်ဖူးလို့လား"

အားသို့ ချက်ချင်းဝင်ဖြေသည်။


"ကျွန်တော်တို့ ရွာလူကြီးလေးက ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံးပဲ"


ယန်ချွဲ့သည် သူ့မျက်စိထဲ၌လူသူကင်းဝေးရာ၌နေထိုင်သော ရွာလူကြီးအဘိုးတစ်ဦးကို ပြေးမြင်ယောင်လိုက်မိသဖြင့် မေးလိုက်သည်။


"မင်းတို့ရွာလူကြီးက ဘယ်မှာလဲ၊ ငါ့ကို သူ့ဆီလိုက်ပို့ပေးလို့ရမလား"


ကျောက်ဟူနှင့် အားသို့မှာ သူတို့ဘေးနားတွင် ဖားခုန်လေ့ကျင့်ခန်းကို ကြိုးစားပမ်းစားလုပ်ဆောင်နေဆဲဖြစ်သော ရှောင်ကျိုးထံ လက်ညှိုးထိုးပြလိုက်ကြသည်။

"ဒါက ကျွန်တော်တို့ရွာလူကြီးလေးပဲ"

ယန်ချွဲ့သည် ဖင်ကုန်းပြီးခုန်ဆွခုန်ဆွလုပ်နေသော ကောင်မလေးကိုကြည့်ကာ ဇဝေဇဝါဖြင့် မေးလိုက်၏။


"မင်းတို့ရွာလူကြီးက ကလေးမလေးလား"


"ဟုတ်တယ်"


ရှောင်ကျိုးသည် လေ့ကျင့်ခန်းလုပ်နေသည်ကိုရပ်လိုက်ပြီး ယန်ချွဲ့ထံမော့ကြည့်ကာ ပြောလိုက်သည်။

"ငါက ထောင်ယွမ်ရွာရဲ့ရွာလူကြီးပဲ၊ နင့်အဆိပ်ကို ငါကုပေးထားတာ၊ နင် ဘယ်လိုကျေးဇူးဆပ်မလဲ"


ရှောင်ကျိုးသည် အရှုံးခံမည့်အလုပ်မျိုး ဘယ်တော့မှမလုပ်ပေ။ ထို့ကြောင့် သူမသည် အဆိပ်ဖြေဆေးတစ်လုံးကို ထုတ်ယူပြီး သူ့ကိုပေးလိုက်ခြင်းပင်။


"မင်းက ငါ့အဆိပ်ကိုကုပေးလိုက်တာလား" 


ယန်ချွဲ့ မေးလိုက်သည်။


"ဟုတ်တယ်၊ ငါ့မှာ အဆိပ်ဖြေဆေး တစ်လုံးတည်းရှိတာ အဲ့ဒါနင့်ကိုပေးလိုက်တာ"


ယန်ချွဲ့သည် ရှောင်ကျိုးထံလက်ခုပ်အုပ်ကာ ကျေးဇူးတင်စကားဆိုလိုက်လေသည်။


"ကျွန်တော့်အသက်ကိုကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျေးဇူးရှင်လေး၊ ကျွန်တော် ဘယ်လို ကျေးဇူးဆပ်ရမလဲ"


ယန်ချွဲ့သည် ကလေးတစ်ယောက်မှ သူ့အဆိပ်ကိုကုသနိုင်သည်အား အလွန်အံ့ဩနေမိသည်။ ဒီရွာထဲက သမားတော်ကတော်တော်စွမ်းတာဖြစ်ရမည်ဟုသာ တွေးလိုက်မိ၏။ 

ကျွမ်းကျင်မှုမြင့်မားသော သမားတော်ဟွမ် : ဟင့်အင်း မဟုတ်ရပါဘူး။ ငါက အကြောလွဲတာနဲ့ ပွန်းပဲ့ဒဏ်ရာလောက်ပဲ ကုတတ်တာပါ


ရှောင်ကျိုးသည် ပိုပြီးခန့်ညားထည်ဝါသည့်ပုံပေါက်စေရန် လက်ပိုက်ကာပြောလိုက်၏။

"နင် ရွာမှာသိုင်းနည်းပြအဖြစ်နေခဲ့ပြီး ရွာက,ကလေးတွေကို သိုင်းသင်ပေးလိုက်၊ တစ်နှစ်ပြည့်ရင်ထွက်သွားလို့ရပြီ"


ရှောင်ကျိုးမှာတော့ စနစ်မှဤလူကို သိုင်းပညာရှင်ဟုပြောထား၍ ဤလူမှာယခုလက်ရှိသိုင်းပညာရှင်တစ်ကယ်မဟုတ်လျှင်ပင် အနာဂတ်၌ဖြစ်လာမည်ဟုသာ ယူဆလိုက်သည်။ 


လောလောဆယ်တော့ ဒီလူကို ရွာမှာအရင်ခေါ်ထားပြီး ရွာက,ကလေးတွေကို သိုင်းနည်းနည်းလောက် သင်ပေးခိုင်းရမယ်။


12


ယန်ချွဲ့သည် သူတစ်ပါးအပေါ် အကြွေးတင်ရသည်ကို မနှစ်သက်သူ ဖြစ်ပေသည်။ အထူးသဖြင့် ဤကလေးမလေးက သူ့အသက်ကို ကယ်ခဲ့သည်ပင်။ ထို့အပြင် ယန်ချွဲ့သည် လူသူကင်းဝေးသည့်နေရာတွင် ပုန်းအောင်းနေချင်သူဖြစ်ပြီး ဟိုလူစုလိုက်တွေ့မည်အားမလိုလားပေ။ ထို့ကြောင့် ချက်ချင်းပင် သူလက်ခံလိုက်လေသည်။

"ကောင်းပြီလေ ငါရွာမှာနေပြီး သူတို့ကို သိုင်းသင်ပေးပါ့မယ်"

အပျော်ရွှင်ဆုံးလူမှာကား ကျောက်ဟူပင်ဖြစ်တော့၏။ သိုင်းပညာရှင်တစ်ဦးဆီမှ တစ်နှစ်လောက်သိုင်းသင်ခွင့်ရမည်ဟူသော အတွေးကြောင့် ဒီည သူ အိပ်ပျော်တော့မည် မဟုတ်ချေ။
ရှောင်ကျိုးသည် ယန်ချွဲ့ကို အဘိုးရွှီ၏အခန်းဘေးရှိ အခန်းလွတ်တွင်နေရာချထားပေးလိုက်ပြီး ကျောက်ဟူနှင့် အားသို့တို့မှာ သိုင်းဆရာအသစ်အတွက် အခန်းကိုတက်တက်ကြွကြွဖြင့် ကူညီရှင်းလင်းပေးကြလေသည်။
ယန်ချွဲ့မှ ရှောင်ကျိုးကိုမေးလိုက်သည်။

"မင်း သိုင်းတတ်လား"


ရှောင်ကျိုးခေါင်းခါပြလိုက်၏။


"ငါ သိုင်းမတတ်ဘူး"


ယန်ချွဲ့ စိတ်ထဲတွေးလိုက်မိသည်မှာ ကျောက်ဟူသည် သူ့ရွာလူကြီးလေးကို လေးစားလွန်းသဖြင့် ရွာလူကြီးလေး၏သိုင်းပညာမှာ ကမ္ဘာ့နံပါတ်တစ်ဟု ချဲ့ကားပြောဆိုခြင်းဖြစ်တန်ရာ၏။ တကယ်တော့ ဒီကလေးမလေး၌ အတွင်းအားသော်လည်းကောင်း၊ သိုင်းအခြေခံသော်လည်းကောင်း ရှိပုံမရပေ။ ခုန သူမကိုယ်ဖော့ပညာလေ့ကျင့်နေပုံကို ကြည့်ရသည်မှာ သိုင်းပညာကို တစ်ခါမှမသင်ဖူးမှန်း သိသာလှသည်။
ရှောင်ကျိုးသည် အဒေါ်လျို့အိမ်သို့ သွားပြီး ကျောပိုးအိတ်ရောင်းရငွေ ပြား ၆၀၀ကို ပေးလိုက်လေသည်။ အဒေါ်လျို့မှ ငြင်းဆန်သော်လည်း ရှောင်ကျိုး၏ဇွတ်အတင်းပေးမှုကြောင့် အိတ်တစ်လုံးလျှင် လုပ်အားခပြား ၃၀နှုန်းသာယူရန် သဘောတူလိုက်ရသည်။

အဒေါ်လျို့အမြင်တွင် ဤပုံစံများသည် ရွာလူကြီးလေး ပိုင်ဆိုင်ခြင်းဖြစ်ပြီး သူမကမူ ပုံစံတူလိုက်ချုပ်ပေးရုံသာ ဖြစ်သည်။ တကယ်တမ်း လက်မှုပစ္စည်းဖိုး ပြား ၃၀ယူရသည်ကိုပင် သူမ အားနာနေမိ၏။ ရှောင်ကျိုးသည် သကြားလုံးအခွံပေါ်မှ တိရစ္ဆာန်ပုံစံ အားလုံးကို အဒေါ်လျို့အားပေးလိုက်ပြီး ရွာမှအခြားသူများကိုပါ သင်ကြားပေးကာ ချုပ်ခိုင်းရန်၊ လုပ်အားခပြန်ပေးမည်ဖြစ်ကြောင်း မှာကြားလိုက်သည်။ ရှောင်ကျိုးသည် လျို့တကျူနှင့် ကျောက်တလန်ကို သွားရောက်ရှာဖွေပြီး သကြားလုံးနှင့် ကျောပိုးအိတ်များကို မြို့၌သွားရောက်ရောင်းချခိုင်းကာ ရောင်းရငွေမှ ကော်မရှင်ခွဲပေးရန် စီစဉ်လိုက်လေသည်။ သို့ဖြင့် ရှောင်ကျိုး၏ ပထမဆုံးသော ငွေရှာမည့် စီမံကိန်းကြီး စတင်အကောင်အထည် ပေါ်လာခဲ့ပြီ ဖြစ်သည်။ ရှောင်ကျိုးသည် သကြားလုံးများကို အမှတ်ဖြင့်လဲလှယ်ပြီး လျို့တကျူနှင့် ကျောက်တလန်ထံပေးကာ မြို့၌ရောင်းခိုင်းရုံသာဖြစ်ပေသည်။

ရှောင်ကျိုး ပျော်ရွှင်စွာဖြင့်အိမ်ပြန်ရောက်လာရာ ခြံဝင်းထဲသို့ဝင်ဝင်ချင်းတွင် အဘိုးရွှီသည် လူကုန်ကူးသမားတစ်ယောက်လို ပြုံးဖြီးဖြီးဖြင့် သူမကအားလက်ပြလာသည်ကို တွေ့လိုက်ရလေသည်။ ဇွန်ဘီပေါက်စလေးခမျာ ကြက်သီးထသွားရ၏။ ဒီအဘိုးကြီး ဘာလုပ်မလို့ပါလိမ့်။ သို့သော် လူကြီးကိုရိုသေရမည်ဟူသောစိတ်ဖြင့် ရှောင်ကျိုး အဘိုးရွှီကိုယဉ်ကျေးစွာနှုတ်ဆက်လိုက်သည်။


"မင်္ဂလာပါ အဘိုးရွှီ"


အဘိုးရွှီ ရှောင်ကျိုးကိုကြည့်ပြီး ပြောလိုက်လေသည်။


"မနေ့က ငါ့အသက်ကယ်ပေးတာကိုကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ ငါဒီမှာနေပြီး မင်းကိုစာသင်ပေးဖို့ ဆုံးဖြတ်လိုက်တယ်၊ ဘယ်လိုသဘောရလဲ"


"မကောင်းပါဘူး၊ အဲ့ဒါ ကျေးဇူးကို အပြစ်ပေးနည်းနဲ့ဆပ်နေတာပဲ"


ရှောင်ကျိုး ထိတ်လန့်တကြားငြင်းဆန်လိုက်လေသည်။


"မင်း စာမသင်ချင်ဘူးလား" 


အဘိုးရွှီ နားမလည်နိုင်ဟန်ဖြင့်မေးလိုက်သည်။


"မသင်ချင်ပါဘူး"


ဘယ်မိသားစုရဲ့ကလေးကများ စာသင်ချင်တာရှိမှာလဲ။ အဘိုးရွှီ စိတ်ရှည်လက်ရှည်ဖျောင်းဖျလေသည်။


"ဒါပေမယ့် စာဖတ်ခြင်းက မင်းရဲ့ အမြင်အာရုံကို ကျယ်ပြန့်စေပြီး အကြောင်းအရာများစွာကို နားလည်စေနိုင်တယ်၊ မင်းက ထောင်ယွမ်ရွာရဲ့ရွာလူကြီးမလား၊ စာမတတ်ရင် နောင်ကျ ဘယ်လိုလုပ် ရွာလူကြီးကောင်းဖြစ်လာနိုင်မှာလဲ"


ရှောင်ကျိုး ရုတ်တရက်တွေဝေသွားသည်။ အဘိုးရွှီပြောသော အကြောင်းပြချက်ကို သူမနားလည်လိုက်၏။ သူမသည် ရွာသားများနှင့်အတူ တောင်ပေါ်ရွာလေးထဲမှာပဲ ထာဝရ နေသွား၍မဖြစ်ပေ။ အထူးသဖြင့် ယနေ့မြို့တက်ပြီးနောက်တွင် ကမ္ဘာလောကကြီးသည် ထောင်ယွမ်ရွာလောက်သာ မကျယ်ဝန်းကြောင်း သူမသိလိုက်ရသည်။
ရွာလူကြီးတစ်ယောက်အနေဖြင့် အနာဂတ်တွင် ရွာသားများထက် ပိုသိနားလည်ပြီး ပိုစွမ်းဆောင်နိုင်ရန် လိုအပ်ပေမည်။ ဗဟုသုတများများ ရှာမှသာ ထောင်ယွမ်ရွာကို ရှေ့ဆက်ခေါ်ဆောင်သွားနိုင်မည်ပင်။

"သခင်ရေ အရည်အချင်းပြည့်မီတဲ့ ရွာလူကြီးတစ်ယောက်ဖြစ်လာဖို့ မရှိမဖြစ် အရည်အချင်းတွေထဲမှာ ဗဟုသုတကြွယ်ဝပြီး ထူးချွန်ထက်မြက်တာလည်း ပါဝင်ပါတယ်။ ကျေးဇူးပြုပြီး ကြိုးကြိုးစားစား လေ့လာသင်ယူပါ"

စနစ်မှ အချိန်ကိုက်ဝင်ရောက် သတိပေးလိုက်သည်။


"ဆုလက်ဆောင် ရမှာလား" 


ရှောင်ကျိုး မေးလိုက်သည်။


"ရမှာပေါ့ သခင်ကဘယ်လောက် ကောင်းကောင်း သင်ယူနိုင်လဲဆိုတဲ့အပေါ် မူတည်ပါတယ်"


စနစ်မှ ပြန်ဖြေသည်။ အဘိုးရွှီ ဆက်ပြောလာ၏။


"စာဖတ်ခြင်းက အရာရာကိုနားလည်သဘောပေါက်စေတယ်၊ မင်းသာတစ်ခုခု တတ်မြောက်သွားရင် မင်းရဲ့ ရွာသားတွေကို ပြန်သင်ပေးလို့ရတာပေါ့"


ရှောင်ကျိုး ခဏစဉ်းစားလိုက်ပြီးနောက် ဒီလိုဆိုမှတော့ ရွာမှာကျောင်းတစ်ကျောင်းဖွင့်ပြီး ရွာမှကလေးများကို ကျောင်းတက်ခိုင်းလိုက်ရမည်ဟုဆုံးဖြတ်လိုက်သည်။ နောင်တစ်ချိန်တွင်ရွာမှကလေးများလည်း အရာရာနားလည်လာပြီး နန်းတွင်းစာမေးပွဲတောင် ဝင်ဖြေနိုင်ကြပေလိမ့်မည်။
အဘိုးရွှီသည် ခုနလေးတင်စာသင်ရန် ငြင်းဆန်နေပြီး ယခုကျမှ မျက်လုံးများ အရောင်တောက်လာသော ရှောင်ကျိုးကိုကြည့်ကာ ဘာအကြံတွေထုတ်နေပြန်ပြီလဲဟု တွေးတောနေမိသည်။ ရှောင်ကျိုး အဘိုးရွှီကိုမေးလိုက်၏။

"သမီးရွာမှာ ကျောင်းဖွင့်ချင်တယ်၊ အဘိုး ရွာက,ကလေးတွေကိုပါ စာသင်ပေးနိုင်မလား"


အဘိုးရွှီ : "......"


ရှောင်ကျိုး ဆက်ပြောလေသည်။


"သမီး စဉ်းစားပြီးပြီ၊ မနက်ပိုင်းကျရင် အဘိုးက ရွာက,ကလေးတွေကို စာသင်ပေး၊ နေ့လယ်ပိုင်းကျရင် မျက်နှာဖုံးနဲ့ဦးလေးက သိုင်းသင်ပေးမယ်၊ ဒါဆိုရင် သမီးရဲ့ရွာသားတွေက စာပေရောသိုင်းပညာပါ စုံလင်သွားပြီပေါ့"


ရှောင်ကျိုးသည် တွေးရင်းတွေးရင်း ပို၍စိတ်လှုပ်ရှားလာကာ အဘိုးရွှီကို ထားရစ်ခဲ့ပြီး ကျောင်းဆောက်လုပ်မည့် ကိစ္စဆွေးနွေးရန် ရွာအကြီးအကဲများထံသို့ တန်းတန်းပြေးသွားလေတော့သည်။


အဘိုးရွှီ : "ငါက မင်းကိုပဲစာသင်ပေးချင်တာပါ ရှောင်ကျိုးရယ်၊ ငါအရမ်းဘဝင်မြင့်မိနေတာများလား၊ ဘာကိစ္စနဲ့ ရွာက,ကလေးအကုန်လုံးကိုပါ စာသင်ပေးရမှာလဲ"


ရှောင်ကျိုးကတော့ အဘိုးရွှီ၏ခံစားချက်ကို နားမလည်ပေ။ ယခုအချိန်တွင် ရှောင်ကျိုးလိုချင်သည်မှာ ကျောင်းတစ်ကျောင်းဆောက်လုပ်ရန်သာဖြစ်တော့သည်။

13


အဘိုးရွှီနှင့် မျက်နှာဖုံးစွပ်လူတို့ ရွာ၌ စာပေနှင့်သိုင်းသင်ပေးမည်ဆိုသည်ကို ကြားလိုက်ရသည့်အခါ ရွာအကြီးအကဲများက အလွန်လိုလားကြပြီး ဆရာနှစ်ယောက်ကို ချက်ချင်းပင်ဦးခိုက်ပူဇော်ချင်နေကြလေသည်။ သို့သော် ကျောင်းဆောက်ရန် ငွေရေးကြေးရေးမှာ ပြဿနာရှိနေတုန်းမို့ ရွာအကြီးအကဲများ စိတ်ပူနေကြရရှာ၏။ လောလောဆယ်ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ကျောင်းဆောက်ရန် တစ်အိမ်ထောင်လျှင် ငွေနည်းနည်းစီ မတည်ထည့်ဝင်ကြဖို့ပင်ဖြစ်သည်။ ရှောင်ကျိုး စိတ်ထဲမှနေ စနစ်ကိုမေးလိုက်၏။

"စနစ်ရေ ပိုက်ဆံတွေအများကြီး ချက်ချင်းရမယ့် နည်းလမ်းရှိလား"


စနစ် : "စာများများဖတ်ပါ စာအုပ်ထဲမှာ ရွှေတွေငွေတွေရှိပါတယ်"

ရှောင်ကျိုး : "မစ်ရှင်လုပ်ပြီးရင် ငွေကြေးဆုချတဲ့ဟာမျိုး မရှိဘူးလား"

စနစ် : "မရှိပါဘူး လက်တွေ့ကျကျနေပေးပါ"


ရှောင်ကျိုးမှာ ရွာအကြီးအကဲများ အရင်ကပြောဖူးသည်ကို ရုတ်တရက် သတိရသွားသည်။ တောဝက်ကိုရောင်းလျှင် ပိုက်ဆံရသည်ဟုဆိုခဲ့ကြ၏။ ဟုတ်တာပေါ့ တောထဲသွားပြီး တောဝက်တစ်ကောင်နှစ်ကောင်လောက်ဖမ်းပြီး ကျောင်းဆောက်ခိုင်းလိုက်လို့ရတာပဲ။ ရှောင်ကျိုး ထိုသို့တွေးမိသည်နှင့် တောထဲသွားရန် ချက်ချင်းပြင်ဆင်လိုက်တော့သည်။ ရွာထဲတွင် ဆော့ကစားနေကြသော ကျောက်ဟူနှင့် သူငယ်ချင်းများသည် ရွာလူကြီးလေးကိုမြင်သည်နှင့် စိတ်အားထက်သန်စွာ နောက်မှလိုက်လာကြလေသည်။ ရွာလူကြီးလေး ဘာလုပ်မည်ကိုမသိသော်လည်း နောက်မှလိုက်ခြင်းသည် အမြဲတမ်းကောင်းမွန်ပေသည်။ ကျောက်ဟူ မေးလိုက်၏။

"ရွာလူကြီးလေး တောထဲသွားမလို့လား"

ထျဲနျိုမှာ စိတ်လှုပ်ရှားနေဟန်ဖြင့်မေးလေသည်။

"တောဝက်သွားဖမ်းမလို့လား"

အားသို့မှာတော့ ပိုပြီးစိတ်လှုပ်ရှားနေသည်။

"ရွာလူကြီးလေးက လက်သီးတစ်ချက်တည်းနဲ့ တောဝက်ကိုသတ်နိုင်တာ"

"......."

အနောက်ဘက်တောင်ကိုရောက်သည်နှင့် ရှောင်ကျိုး သူမ၏စိတ်စွမ်းအင်ကို နည်းနည်းထုတ်လွှတ်လိုက်ပြီး သားကောင်ဘယ်နားရှိသည်ကို အာရုံခံလိုက်၏။ ပြီးနောက် အနောက်မှ တတွတ်တွတ်ပြောနေသော သုံးယောက်ထံလှည့်ကြည့်ပြီး ခြိမ်းခြောက်လိုက်သည်။

"လျှောက်မပြေးနဲ့ အသံလဲမထွက်နဲ့နော် မဟုတ်ရင် ဝံပုလွေစာကျွေးဖို့တောင်ထဲ ပစ်ထားခဲ့မှာ"


ကလေးအုပ်စု ချက်ချင်းပင်ပါးစပ်ပိတ်လိုက်ပြီး နားလည်ကြောင်းနှင့် လိုက်နာမည်ဖြစ်ကြောင်း ခေါင်းညိတ်ပြလိုက်ကြသည်။ ရှောင်ကျိုးမှာ ကလေးများကိုဂရုမစိုက်တော့ဘဲ ပစ်မှတ်ဆီတဟုန်ထိုးပြေးသွားလိုက်၏။ အမြန်နှုန်းမှာ ကြောက်စရာကောင်းလောက်အောင်မြန်လွန်းသဖြင့် ပါးစပ်ပိတ်ထားသော ကလေးများတောင် ရွာလူကြီးလေးကအရမ်းမိုက်တာပဲ အကုန်လုံးကိုအောင်နိုင်တဲ့သူပဲဟု အော်ဟစ်လုနီးပါးဖြစ်သွားကြရသည်။ မကြာခင်မှာပင် ရှောင်ကျိုး တောအုပ်ထဲ၌လျှောက်သွားနေသော တောဝက်တစ်ကောင်ကိုတွေ့လိုက်ရ၏။ ရှောင်ကျိုး အမြန်ဆုံးပြေးသွားလိုက်သည်။ တောဝက်မှာတော့ အန္တရာယ်ရောက်လာသည်ကို သတိမထားမိရှာပေ။ ရှောင်ကျိုး ချက်ချင်းပင် လက်သီးသေးသေးလေးကိုမြှောက်ပြီး ထိုးချလိုက်တော့သည်။ တောဝက်ကြီးခမျာ ဘုန်းခနဲလဲကျသွားရှာလေ၏။
ရှောင်ကျိုး တောဝက်၏ခြေထောက်ကိုဆွဲမလိုက်ပြီး လေပေါ်မြှောက်ကာ သူမပခုံးပေါ်ထမ်းလိုက်သည်။ တောဝက်ခေါင်းကြီးမှာ ရှောင်ကျိုး၏သေးငယ်သောပခုံးလေးပေါ်တွင် တင်လျက်သားဖြစ်နေလေ၏။ ဤတိုက်ကွက်မှာ ကျောက်ဟူနှင့် တခြားသူများကို အကြီးအကျယ်တုန်လှုပ်သွားစေပြီး ရွာလူကြီးလေးအပေါ် လေးစားမှုများပိုတိုးလာစေသည်။

"ရွာလူကြီးလေး ကူသယ်ပေးရမလား"

ဖားယားတတ်သည်ကလေးအချို့မှာ ရှေ့ထွက်ပြီးမေးလိုက်ကြသည်။ ရှောင်ကျိုးမှာ ပိန်ညှက်ညှက်ဖြစ်နေသောကောင်လေးများထံ အထင်သေးသလို ကြည့်လိုက်ပြီးငြင်းလိုက်၏။

"မလိုဘူး"

ထို့နောက် သူတို့တောဝက်ကိုထမ်းပြီး တောင်အောက် ဆင်းလာကြသည်။ အနောက်မှလိုက်လာသော ယောင်္ကျားလေးများကတော့ ရှက်စိတ်များဝင်နေကြပြီး အားရှိအောင်သိုင်းပညာကိုကြိုးကြိုးစားစားကျင့်ကြံချင်နေကြ၏။ မဟုတ်ပါက ရွာလူကြီးလေးမှ အရေးကြီးကိစ္စများလုပ်သည့်အခါတိုင်း သူတို့ကိုခေါ်တော့မည်မဟုတ်ဟုယူဆလိုက်ကြသည်။

"ဘုရားရေ ဒါဘာကြီးလဲ" 

အဘွားရွှီ အံ့ဩတကြီးအော်လိုက်မိသည်။ အဘွားရွှီနှင့် စကားပြောနေကြသော တခြားအဘွားကြီးများလည်း ထိတ်လန့်ပြီးမတ်တတ်ရပ်ကုန်ကြလေ၏။

"ဘုရား ဘုရား တောဝက်ကြီးဟေ့"

"တောဝက်ကြီး တောင်အောက်ဆင်းလာပြီ"

"တောဝက်တွေ ရွာထဲဝင်လာပြီဟေ့"

"......."

အဘွားကြီးများ၏အသံမှာ ငြိမ်းချမ်းနေသောရွာလေးထဲတွင် မိုးကြိုးပစ်ချလိုက်သလိုပင်ဖြစ်သွားတော့သည်။ ကလေးများလည်း အော်ဟစ်ပြီးအိမ်ပြန်ပြေးကြ၏။ ယောင်္ကျားသားများမှာ တံစဉ်များ၊ ပေါက်တူးများဆွဲပြီး အိမ်ပြင်ပြေးထွက်လာကြလေသည်။
သို့သော် သေချာကြည့်လိုက်ကြကာမှ

ဟမ် ဘယ်လိုကြီးပါလိမ့်။ တောဝက်ကြီးအောက်မှာ ခြေထောက်တွေပါနေသလိုပဲ။ နေပါဦး လူတစ်ယောက်ရှိနေတာဟ။ ကလေးတစ်ယောက်ပဲရှိသေးတယ်။ နေဦး အဲ့ကလေးက ရွာလူကြီးလေးပဲ။ မသေချာသေးဘူး ပြန်ကြည့်ကြစို့။


အမလေး တကယ်ရွာလူကြီးလေးပါလား။

ယောင်္ကျားသားအတော်များများမှာ ပေါက်တူးများကိုပစ်ချပြီး အပြေးသွားကြည့်ကြသည်။

"ရွာလူကြီးလေး ဒီလောက်ငယ်ငယ်လေးနဲ့ ဘယ်လိုလုပ်ဒီလောက်လေးတာကြီးကို သယ်နိုင်ရတာလဲ"

"ရွာလူကြီးလေး ဒီအကောင်ကြီးကို အောက်ချလိုက်ပါ၊ ကျွန်တော်တို့သယ်ခဲ့ပါ့မယ်"

"ရွာလူကြီးလေး ချထားလိုက်တော့ မဟုတ်ရင် အရပ်ပုသွားပါ့မယ်"

ရွာလူကြီးက အရပ်မပုလို့မဖြစ်ဘူးလေ။ ရှောင်ကျိုး စကားတစ်ခွန်းမျှမပြောဘဲ တောဝက်ကြီးကို မြေကြီးပေါ် ပစ်ချလိုက်ပြီး ရွာသားများကိုသယ်ခိုင်းလိုက်သည်။ ရွာသားအတော်များများဝိုင်းသယ်ကြသည်ကိုတောင် တောဝက်ကြီးကို မနည်း,မ,လိုက်ရ၏။ သူတို့မျက်နှာများ နီရဲကုန်ကြသည်။ 

မောလို့မဟုတ်ဘူး ရှက်လို့။ ရွာလူကြီးလေးမှာတော့ သေးသေးလေးနှင့် တောဝက်ကြီးကို အသာလေးမ,သွားနိုင်ပေသိ သူတို့မှာတော့ မနည်းသယ်နေရ၏။


ရှက်စရာကြီး

ထိုအချိန်တွင် ရွာအကြီးအကဲများလည်း တောဝက်များ ရွာသားတွေကို ရန်ပြုမည်စိုး၍ ပြာပြာသလဲရောက်လာကြသည်။ ရွာအကြီးအကဲကျိုးမှ မေးလိုက်၏။

"ရွာလူကြီးလေး ဒါ ဒါ ရွာလူကြီးလေး လက်ချက်ပဲလား"

ရှောင်ကျိုး ခေါင်းညိတ်ပြီးပြောလိုက်သည်။

"ဒီတောဝက်ကို ရောင်းလိုက်ကြစို့၊ ရတဲ့ပိုက်ဆံနဲ့ ကျောင်းဆောက်ကြမယ်၊ မလောက်ရင် နောက်ထပ်ဖမ်းဖို့တောထဲ ထပ်သွားလိုက်မယ်"


တောဝက် - နင်က တော်တော်မြင့်မြတ်နေတယ်ပေါ့လေ။

ရွာသားများမှာ ရွာလူကြီးလေးသည် ရွာတွင်ကျောင်းဆောက်ဖို့အတွက် တောထဲသွားခဲ့သည်အားသိလိုက်ရသော် မျက်ရည်ဝဲကုန်ကြလေသည်။ သူတို့က တကယ်အသုံးမကျကြပါလား။ ရွာလူကြီးလေးက ဒီလောက်ငယ်ငယ်လေးနဲ့ ရွာအတွက် ဒီလောက်ထိပူပန်နေရရှာသည်။ ရှောင်ကျိုး အားလုံးကိုကြည့်ပြီး ပြောလိုက်၏။

"မနက်ဖြန်မြို့သွားပြီး တောဝက် ဘယ်လောက်ဈေးပေါက်လဲ သွားမေးကြည့်ရအောင်"

ရွာမှမုဆိုးမှာ ချက်ချင်းပြောလိုက်သည်။

"ရွာလူကြီးလေး ကျွန်တော်သိတယ်၊ မနက်ဖြန် ကျွန်တော်လိုက်ပို့ပေးမယ်"

ရှောင်ကျိုး ခေါင်းညိတ်လိုက်လေသည်။ ဒါနဲ့ပင် သူတို့တစ်သိုက် မနက်ဖြန်စောစော မြို့တက်ဖို့ဆုံးဖြတ်လိုက်ကြသည်။ နောက်တစ်နေ့ မနက်စောစောတွင် မုဆိုးကြီးမှ လှည်းမောင်းကာ ရွာလူကြီးလေးမှလိုက်ပါလာပြီး ကျောက်ဟူနှင့် တခြားနှစ်ယောက်ကလည်း အရှက်မရှိဇွတ်အတင်းလိုက်ပါလာကြသည်။ သူတို့ မြို့သို့ထွက်လာခဲ့ကြပြန်လေ၏။ ရှောင်ကျိုး လှည်းပေါ်မှနေ လမ်းဘေးရှုခင်းများကိုကြည့်ပြီး စိတ်ပျော်ရွှင်နေမိသည်။ ရည်မှန်းချက်တစ်ခုအတွက် နေ့တိုင်းကြိုးစားနေရသည့် ဒီလိုဘဝမျိုးကို သူမသဘောကျသည်။ အဆုံးမရှိသောထွက်ပြေးတိမ်းရှောင်မှုများ မရှိတော့ပေ။ သူမ ဦးနှောက်ကိုဖောက်စားဖို့ လိုက်နေသည့်သူများလည်းမရှိတော့ပေ။

ဤနေရာမှလူများသည် စည်းလုံးကြပြီး မိသားစုကြီးတစ်ခုလိုပင်။ အချင်းချင်းရန်ဖြစ်စကားများကြသည်မျိုးရှိသော်လည်း ရွာလူကြီးလေးကိစ္စနှင့် ရွာအကျိုးကိစ္စဆိုလျှင် တစ်စိတ်တစ်ဝမ်းတည်းရှိကြလေသည်။ နေ့တိုင်းခံစားချက်မရှိဘဲ လေလွင့်နေရသည့်ဘဝမျိုးမဟုတ်တော့ချေ။ တကယ် ကောင်းလိုက်တာ။

တောင်တန်းတွေ မြစ်ချောင်းတွေနဲ့ သဘာဝအလှတွေရှိပြီး လေထုကလည်း သန့်ရှင်းလတ်ဆတ်ကာ ပန်းရနံ့များသင်းပျံ့နေသည်။ ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ ဂိမ်းတွေမရှိပေမယ့်ပေါ့။ သို့သော် ရှောင်ကျိုးကတော့ ဂိမ်းကစားနေရသလို ခံစားရသည်။ မြို့တည်ဆောက်ရေးဂိမ်းတွေလိုမျိုး ရွာလေးကို တစ်ဆင့်ချင်းစီ တည်ဆောက်နေရတာပင်။ စနစ်ကလည်း မစ်ရှင်တွေ ပေးလိုက်၊ ပြီးရင် ဆုလက်ဆောင်တွေ ပေးလိုက်နှင့်။
ဘာပဲဖြစ်ဖြစ် အရင်ကမ္ဘာကြီးက ပျက်စီးနေပြီလေ။ လက်ရှိဘဝမှာ အများကြီးပိုကောင်းသည်။ ရှောင်ကျိုးမှာတော့ ကောင်းကောင်းမွန်မွန်နေထိုင်သွားဖို့သာ ဆုံးဖြတ်လိုက်သည်။ နှစ်နာရီလောက် လှည်းမောင်းလာပြီး မြို့ကိုရောက်လာလေသည်။ ရှောင်ကျိုးမှာ တောဝက်ကိုထမ်းပြီး ဆင်းဖို့ပြင်လိုက်သည်။ မုဆိုးကြီးမှ ချက်ချင်းတားလိုက်၏။

"ရွာလူကြီးလေး ဒီတောဝက်ကြီးကိုထမ်းပြီး မြို့ထဲဝယ်မယ့်လူပတ်ရှာမလို့လား"


တောဝက်ကြီးထမ်းပြီး လျှောက်သွားနေလျှင် လူများလန့်သေကုန်ကြပေမည်။

"အင်းလေ မဟုတ်ရင်ဘယ်လိုလုပ်ရမှာလဲ" 


ရှောင်ကျိုး နားမလည်ဟန်ဖြင့်မေးလိုက်သည်။ မြို့၌သားငါးလာရောင်းလေ့ရှိသည့် မုဆိုးပီပီ သူပြောလိုက်လေ၏။

"ရွာလူကြီးလေး ကျွန်တော်သိတဲ့ စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်ရှိတယ်၊ အဲ့ဒီကိုသွားပြီး တောကောင်သား ဝယ်မလားမေးကြည့်ကြတာပေါ့"

ဈေးကောင်းသာရပါက မည်သူ့ကိုရောင်းရောင်း အတူတူပါပင်။ မုဆိုးကြီးမှာ စားသောက်ဆိုင်ဘက်သို့ လှည်းမောင်းထွက်လာခဲ့သည်။ လမ်းဘေးတစ်လျှောက်တွင် မုန့်များ၊ ကစားစရာများ၊ ဒေသထွက်ကုန်များရောင်းသည့် ဈေးသည်များနှင့် ပြည့်နေသည်။ ကလေးများမှာ မျက်တောင်မခတ်တမ်း ငေးကြည့်နေကြလေ၏။ အရင်တစ်ခေါက်တုန်းက သကြားလုံးရောင်းဖို့ပဲ အာရုံစိုက်နေခဲ့ရတာကိုး။ ကျောက်ဟူနှင့် အားသို့တို့မှာ အရင်တစ်ခေါက်၌ ပိုက်ဆံရထားသည်မို့ ပြောလာကြသည်။

"ရွာလူကြီးလေး တောဝက်ရောင်းပြီးရင် ဒီနေရာကို ပြန်လာပြီးလျှောက်လည်ကြရအောင်နော်"


ရှောင်ကျိုး သဘောတူကြောင်းခေါင်းညိတ်ပြလိုက်သည်။ သူမမှာ အမှတ်များနှင့် မုန့်လဲစား၍ရသော်လည်း လမ်းဘေးဆိုင်မှ မုန့်များကလည်း စားကောင်းမည့်ပုံပေါက်နေသည်ပင်။

14


"ကဲ ရောက်ပြီ ဒီနေရာပဲ" 


မုဆိုးထျန်း ပြောလိုက်သည်။ ရှောင်ကျိုး လှည်းကိုစောင့်ကြည့်ရန် ကျောက်ဟူနှင့် အခြားသူများကိုမှာခဲ့ပြီးနောက် မုဆိုးထျန်းနောက်သို့လိုက်ကာ စားသောက်ဆိုင်ဘက်သို့ ထွက်လာခဲ့သည်။ ရှောင်ကျိုး မော့ကြည့်လိုက်ရာ ယုံဖူစားသောက်ဆိုင်ဟူသော ဆိုင်းဘုတ်ကို တွေ့လိုက်ရ၏။ လျို့တကျူ အရင်တစ်ခေါက်၌ပြောဖူးသည်မှာ မြို့တွင် ယုံဖူစားသောက်ဆိုင်နားတစ်ဝိုက်သည် အစည်ကားဆုံး ဖြစ်သည်ဟုပင်။ ရှောင်ကျိုးသည် သူမ၏ခြေတံတိုတိုလေးများဖြင့် ဆိုင်ထဲသို့ဝင်ရောက်လာခဲ့သည်။ ဆိုင်ထဲမှ စားပွဲထိုးလေးတစ်ဦးသည် သူတို့နှစ်ယောက်ထံသို့ အပြေးအလွှားရောက်ရှိလာပြီး စိတ်အားထက်သန်စွာဖြင့်မေးမြန်းလာလေသည်။

"ဧည့်သည်တော်တို့ ဘာများသုံးဆောင်မလဲ"

မုဆိုးထျန်း လက်ကာပြလိုက်ပြီးပြောလိုက်၏။

"ကျုပ်က ခင်ဗျားတို့ဆိုင်ရှင်ကို လာရှာတာပါ၊ ကျုပ်တို့ဆီမှာ တောကောင်အချို့ပါလာလို့ ခင်ဗျားတို့စားသောက်ဆိုင်ကဝယ်မလားလို့ လာမေးတာ"


စားပွဲထိုးလေးသည် သူတို့မှာတောကောင်လာရောင်းသည်မှန်း သိလိုက်ရသောအခါ ဆိုင်ရှင်နှင့်တွေ့ဆုံရန် ဆိုင်အတွင်းဘက်သို့ ချက်ချင်းလမ်းပြခေါ်ဆောင်သွားလေသည်။ ရှောင်ကျိုးအနေဖြင့် ဤစားသောက်ဆိုင်အပေါ် အမြင်ကြည်သွားမိသည်။ သူမ တီဗီထဲတွင်ကြည့်ဖူးသည်နှင့်မတူသလို ဝတ္ထုများထဲတွင် ဖတ်ဖူးသည်နှင့်လည်းမတူဘဲ စားပွဲထိုးလေးသည် သူမနှင့်မုဆိုးထျန်းတို့ စုတ်စုတ်ပြတ်ပြတ်ဝတ်ဆင်ထားသော်လည်း နှိမ်ချဆက်ဆံခြင်းမရှိပေ။ မကြာမီ သူတို့သည် စားသောက်ဆိုင်ပိုင်ရှင်နှင့် တွေ့ဆုံရလေသည်။ ဆိုင်ရှင်သည် ရုပ်မြင်သံကြားတွင်တွေ့ရလေ့ရှိသော ဟာသလူရွှင်တော်များနှင့်တူပြီး ဝဝဖိုင့်ဖိုင့်နှင့် သဘောကောင်းမည့်ပုံ ပေါက်နေသည်။ ဆိုင်ရှင်မှာ လူကောင်ထွားထွားမုဆိုးကြီးနှင့် ကလေးမလေးတစ်ယောက်ပါလာသည်ကို မြင်သောအခါ မေးလိုက်၏။

"ဒါ ခင်ဗျားသမီးလား"

မုဆိုးထျန်း အမြန်လက်ခါပြပြီးဖြေလိုက်သည်။

"မဟုတ်ပါဘူး ဒါ ကျုပ်တို့ရဲ့ရွာလူကြီးပါ"

ဆိုင်ရှင်သည် လောကအကြောင်းနှံ့စပ်သူဖြစ်သော်လည်း ယောင်္ကျားတစ်ယောက်၏ပေါင်လောက်ပင် အရပ်မရှိသော ကလေးမလေးတစ်ယောက်မှ ရွာလူကြီးဖြစ်နေသည်ကိုမူ ပထမဆုံးအကြိမ်ကြားဖူးခြင်း ဖြစ်ပေသည်။ ဒီကလေးမလေးက ချစ်စရာကောင်းပြီး လှပတာကလွဲရင် ဘာမှထူးခြားပုံမရပါဘူး။ ရှောင်ကျိုးသည် 'ခင်ဗျား နောက်နေတာမလား'ဟူ၍အဓိပ္ပာယ်ပါသည့် ဆိုင်ရှင်၏မျက်နှာပေးကိုမြင်လိုက်ရသဖြင့် နှာခေါင်းရှုံ့ကာမျက်နှာလွှဲလိုက်သည်။ ဘယ်သူ့ကို အထင်လာသေးနေတာလဲ။ သူမလို ကလေးတစ်ယောက် ရွာလူကြီးဖြစ်နေတာ ရယ်စရာကောင်းနေလို့လား။ ဆိုင်ရှင်မှာ စိတ်ထဲတွင် ဘယ်လိုတွေးနေပါစေ အပြင်ပန်းတွင်မူ ဖော်ရွေစွာဖြင့် မေးလိုက်လေသည်။

"မိတ်ဆွေတို့နှစ်ယောက် ဘယ်လိုတောကောင်မျိုး လာရောင်းတာလဲ"


"တောဝက်" 


ရှောင်ကျိုး ပြန်ဖြေလိုက်သည်။

"တောဝက်ဟ်ုလား ခင်ဗျားတို့ တောဝက်မိလာတာလား"

ဆိုင်ရှင်ခမျာ စိတ်လှုပ်ရှားလွန်းသဖြင့် ရှောင်ကျိုးကိုပွေ့ချီပြီး နှစ်ချက်လောက် နမ်းလိုက်ချင်စိတ်ပင် ပေါက်သွားသည်။ လတ်တလောတွင် ချင်းယွင်မြို့ရှိစားသောက်ဆိုင်ကြီး အများအပြားသည် အဘွားဝမ်၏မွေးနေ့ပွဲအကြောင်း သတင်းကြားထားကြသည်။ အဘွားဝမ်၏သမီးသည် မြို့တော်ရှိ လီမိသားစုနှင့်လက်ထပ်ထားပြီး သူမခင်ပွန်းမှာ အဆင့်လေး အရာရှိဖြစ်သည်ဟု ဆိုကြသည်။ ယခုတစ်ခေါက်တွင် အဘွားဝမ်၏မွေးနေ့ပွဲကျင်းပရန် သမီးဖြစ်သူမှာ ခင်ပွန်းသည်၏မိသားစုကို ခေါ်ဆောင်လာမည် ဖြစ်သည်။ သခင်ကြီးဝမ်မှာ သူ့သားမက်ကိုဧည့်ခံရန် ထူးထူးခြားခြားဟင်းလျာများ လိုအပ်ကြောင်း အတိအလင်းပြောကြားထားသည်။

မည်သည့်စားသောက်ဆိုင်မှ အကောင်းဆုံးတောကောင်ဟင်းလျာချက်ပြုတ်နိုင်သည်ဖြစ်စေ ထိုဆိုင်တွင် အဘွားဝမ်၏မွေးနေ့ပွဲကို ကျင်းပမည်ဟု သခင်ကြီးဝမ်မှကြေညာထားလေသည်။ ဤသည်မှာ စီးပွားရေး အခွင့်အလမ်းကြီးတစ်ခုဖြစ်ပြီး စားသောက်ဆိုင်အားလုံးမှာလည်း ထိုအော်ဒါကိုရရှိရန် ကြိုးပမ်းနေကြသည်။ ငွေအမြောက်အမြားရနိုင်မည့်အပြင် ဝမ်မိသားစုအပေါ် ကောင်းမွန်သော အထင်အမြင်ရစေပြီး မိမိတို့စားသောက်ဆိုင်၏ ဂုဏ်သတင်းကိုလည်း မြှင့်တင်နိုင်မည့်အခွင့်အရေး ဖြစ်သည်။ သို့သော် စားသောက်ဆိုင်အားလုံးသည် ရစ်ငှက်၊ ယုန် စသည့် တောကောင်ငယ်လေးများကိုသာရရှိထားကြပြီး တောကောင်ကြီးတစ်ကောင်မှ မရရှိကြသေးပေ။ တောကောင်ကြီးများသည် တောနက်ထဲတွင်သာ နေထိုင်ကြပြီး သာမန်လူများ ဖမ်းဆီးရန်မလွယ်ကူသလို အနီးနားရွာများသို့လည်း လာရောက်လေ့မရှိပေ။

ဆိုင်ရှင်ရွှီခမျာ ဒီရက်ပိုင်းစိတ်ပူလွန်းလို့ ဗိုက်တောင်ချပ်သွားရရှာသည်။
ဒါပေမယ့် ရွှီဖူလိုင်ဆိုတဲ့ငါက ကံကောင်းတုန်းပဲဟေ့။ ကြည့်ပါလား တောဝက်လာရောင်းတဲ့သူတောင် ကိုယ့်ဆီ တန်းရောက်လာတယ်လေ။

ဆိုင်ရှင်ရွှီ ရှောင်ကျိုးနှင့်မုဆိုးထျန်းတို့ကို သူတို့ပါလာသည့်တောကောင်အားပြသခိုင်းရန် အမြန်ခေါ်ဆောင်သွားလေသည်။ လှည်းနားသို့ရောက်သောအခါ ဆိုင်ရှင်ရွှီသည် စိတ်မရှည်စွာဖြင့်လှည်းလိုက်ကာအား မလိုက်ရာ ကလေးသုံးယောက်မှ သူ့ကိုပြိုင်တူ စိုက်ကြည့်နေကြသည်အား တွေ့လိုက်ရသည်။ ကလေးသုံးယောက်ဘေးတွင် တောဝက်ကြီးတစ်ကောင်ရှိနေ၏။ ဆိုင်ရှင်ရွှီသည် တောဝက်အစစ်ကြီးကိုတွေ့လိုက်ရသောအခါ လှည်းပေါ်သို့အမြန်ကုန်းတက်လိုက်လေသည်။ ဘေးနားမှ စားပွဲထိုးလေးမှာ သူတို့၏ဝဖိုင့်ဖိုင့်ဆိုင်ရှင်ကြီး ဤမျှသွက်လက်သည်ကို တစ်ခါမှမမြင်ဖူးချေ။ ဆိုင်ရှင်ရွှီသည် တောဝက်တစ်ကိုယ်လုံးကို လိုက်လံကြည့်ရှုရာ မည်သည့်ဒဏ်ရာမျှမတွေ့ရသဖြင့် အံ့ဩတကြီးဖြင့် သူရေရွတ်လိုက်သည်။

"ဒီကောင်ကိုဖမ်းတဲ့ မုဆိုးက သေချာပေါက်အတွင်းအားမြင့်မားတဲ့ သိုင်းပညာရှင် ဖြစ်ရမယ်၊ တောဝက်ကိုယ်ပေါ်မှာ ခြစ်ရာတစ်ခုတောင်မရှိပါလား"

ဆိုင်ရှင်ရွှီ မုဆိုးထျန်းဘက်သို့လှည့်ပြီး မေးလိုက်၏။

"ဒီသားကောင်ကို ဘယ်သိုင်းပညာရှင်က ဖမ်းခဲ့တာလဲ"

မုဆိုးထျန်းမှာ သူ့ပေါင်လောက်ပင် အရပ်မရှိသော ရွာလူကြီးလေးထံ ဂုဏ်ယူဝင့်ကြွားစွာဖြင့် လက်ညှိုးထိုးပြလိုက်သည်။

"ကျုပ်တို့ ရွာလူကြီးလေးဖမ်းတာလေ"

ဆိုင်ရှင်ရွှီသည် ရှောင်ကျိုးထံထိတ်လန့်တကြားကြည့်လိုက်၏။

"မင်း မင်းကဖမ်းတာဟုတ်လား၊ ဘယ်လိုသတ်လိုက်တာလဲ၊ ဘာလို့ ဒဏ်ရာမရှိတာလဲ"

"လက်သီးနဲ့လေ ဒီလိုတစ်ချက်ထိုးလိုက်တာ သေသွားတာပဲ" 


ရှောင်ကျိုး သူ့လက်သီးသေးသေးလေးကို မြှောက်ပြရင်း ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။

"ဟမ်" 


ဆိုင်ရှင်ရွှီမှာ ထိုအဖြေကြောင့် တကယ်ပင် ထိတ်လန့်သွားရသည်။ ဆိုင်ရှင်ရွှီသည် ဆယ်စုနှစ်ပေါင်းများစွာရှိသော သူ့ဘဝအတွေ့အကြုံများမှာ မလုံလောက်သေးမှန်း ခံစားလိုက်ရသည်။ အခုချိန်မှာ ၅နှစ်အရွယ်ကလေးမလေးမှ ရွာလူကြီးဖြစ်နေသည်ကိုပဲ အံ့ဩရမည်လား၊ ၅ နှစ်အရွယ်ကလေးမလေးမှ လက်သီးတစ်ချက်တည်းဖြင့်တောဝက်အားသတ်လိုက်သည်ကိုပင် အံ့ဩရမည်လားကို သူဝေခွဲမရဖြစ်နေသည်။ အားသို့မှ အမြန်ဝင်ပြောလာ၏။

"ကျွန်တော်တို့ရွာလူကြီးလေးက အရမ်းစွမ်းတာ၊ အရင်တုန်းကလည်း လက်သီးတစ်ချက်တည်းနဲ့ တောဝက်တစ်ကောင် သတ်ဖူးတယ်"

နောက်ထပ်တောဝက်တစ်ကောင် ရှိသေးသည်ဟု ကြားလိုက်ရသောအခါ ဆိုင်ရှင်ရွှီသည် သူ့အံ့ဩမှုကိုဘေးဖယ်ထားပြီး အမြန်မေးလိုက်သည်။

"နောက်တစ်ကောင် ရှိသေးတယ်ဟုတ်လား ဘယ်မှာလဲ"

အားသို့ သွားရည်သုတ်ရင်းပြန်ဖြေ၏။


"ကျွန်တော်တို့ စားလိုက်ပြီလေ၊ အရမ်းစားကောင်းတာပဲ၊ ကျွန်တော့်တစ်သက် စားဖူးသမျှထဲမှာ အကောင်းဆုံး တောဝက်သားပဲ"

ဆိုင်ရှင်ရွှီခမျာ ရင်ထုမနာဖြစ်သွားရသည်။

"မင်းတို့ စားလိုက်ပြီဟုတ်လား၊ တကယ်ကြီး စားလိုက်တာလား၊ ဘာလို့ လာမရောင်းကြတာလဲကွ"

ရှောင်ကျိုး ဂရုမစိုက်သလိုပြန်ဖြေလိုက်လေသည်။

"စားချင်လို့စားလိုက်တာလေ၊ ဒီတစ်ကောင်ရောယူမှာလား"


"ယူမယ် ယူမယ်  á€šá€°á€™á€šá€ş" 

ဆိုင်ရှင်ရွှီ ချက်ချင်းပြန်ဖြေလိုက်သည်။
အချိန်ဆွဲနေပါက ဒီကလေးတစ်သိုက်လောဘတက်ပြီး ဒီတစ်ကောင်ကိုပါ ပြန်ယူသွားကာ ချက်စားပစ်မည်ကို သူ ကြောက်နေမိ၏။

"ဘယ်လောက်ပေးမှာလဲ" 


ရှောင်ကျိုးမေးလိုက်သည်။

"၁၅တေး ဒီဈေးနဲ့ဆို မင်းတို့ သေချာပေါက်မရှုံးစေရပါဘူး"

ဆိုင်ရှင်ရွှီ တကယ်ပဲမလိမ်မညာပြောလိုက်ခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် တောဝက်သားဆိုလျှင် အများဆုံး ၁၀တေးခန့်သာ ရောင်းရသော်လည်း ယခုအချိန်တွင် တောဝက်သားရှားပါးနေသဖြင့် ၁၅တေးဆိုသည်မှာ နည်းသောပမာဏမဟုတ်ပေ။ ရှောင်ကျိုး မုဆိုးထျန်းထံလှမ်းကြည့်လိုက်သည်။ မုဆိုးထျန်းမှာ ရှောင်ကျိုးနားကပ်ပြီး တီးတိုးပြောလိုက်၏။

"ဆိုင်ရှင်ပေးတဲ့ဈေးက မနည်းပါဘူး ရွာလူကြီးလေး၊ ပုံမှန်ဆို ၁၀တေးလောက်ပဲရတာ၊ ကျုပ်တို့တောဝက်က အကောင်းစားဖြစ်ပြီး အပေါ်ယံဒဏ်ရာလည်းမရှိတော့ သူတို့ဈေးပိုပေးတာပုံမှန်ပါပဲ"

ဆိုင်ရှင်မှ သူမကိုမလိမ်ညာမှန်းသိလိုက်ရသဖြင့် ရှောင်ကျိုးပြတ်ပြတ်သားသားပင် အရောင်းအဝယ်လုပ်လိုက်သည်။
ဆိုင်ရှင်ရွှီသည် ဆိုင်အကူများကိုခေါ်ပြီး တောဝက်ကိုစားသောက်ဆိုင်ထဲသို့ သယ်ခိုင်းလိုက်သည်။ သူတို့ပြန်တော့မည်ကိုမြင်သောအခါ ရှောင်ကျိုးကို သူအမြန်ပြောလိုက်သည်။

"ဒါနဲ့ ညီမလေးတို့က ဘယ်ရွာကလဲမသိဘူး၊ နောက်ဆိုတောကောင်ရရင် ကျုပ်ဆိုင်ကိုပဲ အရင်လာရောင်းပါနော်၊ ဈေးမနှိမ်ပါဘူးလို့ ကတိပေးပါတယ်၊ ကျုပ်ကိုယုံလိုက်ပါ"

ရှောင်ကျိုးမှာ ဤဆိုင်ရှင်သည်လူကောင်းတစ်ယောက်ဟု တွေးလိုက်ပြီး ခေါင်းညိတ်ကာပြောလိုက်လေသည်။

"ကျွန်မတို့က ထောင်ယွမ်ရွာကပါ၊ ရှင်က တောဝက်ပဲဝယ်တာလား"

ဒီကလေးမလေးမှာ တောဝက်တင်မကဘဲ အခြားတောကောင်များကိုပါ ဖမ်းနိုင်မှန်းသိလိုက်ရသဖြင့် ဆိုင်ရှင်ရွှီသည် ချက်ချင်းကိုယ်ကိုကိုင်းပြီး ရှောင်ကျိုးနားကပ်ကာ တီးတိုးပြောလိုက်သည်။

"အမှန်အတိုင်းပြောရရင် ညီမလေးရယ် ကျုပ်တို့ဆိုင်က အခုတောကောင်ကြီးတွေ အရေးတကြီးလိုနေတာ၊ ညီမလေးတို့ ဘာပဲရရလာရောင်းပါနော်၊ ဈေးပိုပေးပါ့မယ် လုံးဝမနှိမ်ပါဘူး"

"အိုး ကောင်းပြီလေ နောက်တစ်ခါတွေ့ရင် ယူလာပေးမယ်"

တောဝက်သားဖိုး ၁၅တေးရလိုက်သဖြင့် စိတ်ပျော်ရွှင်နေသော ရှောင်ကျိုးမှပြန်ဖြေလိုက်သည်။ ၁၅တေးတောင်မှလေ။ ဒီလောက်အများကြီးရမည်ဟု သူမထင်မထားမိခဲ့ပေ။ ပိုက်ဆံတွေ အများကြီးပဲ။ နောက်ထပ်အကောင်ရေနည်းနည်းလောက်ထပ်ဖမ်းနိုင်ရင် ကျောင်းကိုချက်ချင်းဆောက်လို့ရပြီ။ ကလေးအားလုံးလည်း ဝမ်းသာပျော်ရွှင်နေကြသည်။

"ဈေးဝယ်ထွက်ကြစို့ ဝယ်မယ် ဝယ်မယ် ဝယ်မယ်"

ရှောင်ကျိုး လက်ဝှေ့ယမ်းလိုက်သည်နှင့် ကျောက်ဟူနှင့်အခြားသူများမှာ စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်ကြသည်။ သူတို့သည် ချက်ချင်းပင်လူအုပ်ကြားထဲသို့တိုးဝင်ပြီး လမ်းဘေးဈေးဆိုင်များဆီသို့ ဦးတည်သွားကြတော့သည်။ မျက်စိတစ်မှိတ်အတွင်း ပျောက်သွားကြသော ကလေးများကိုကြည့်ရင်း လှည်းထိန်းကျန်ရစ်ခဲ့သော မုဆိုးထျန်းခမျာပြာသွားတော့၏။ သူသည် လှည်းကိုစားသောက်ဆိုင်တွင်ထားခဲ့ပြီး စားပွဲထိုးလေးကိုကြည့်ပေးရန် အကူအညီတောင်းကာ ကလေးများလူပျောက်မည်စိုးသဖြင့် သူတို့နောက်သို့ အမြန်ပြေးလိုက်ရတော့သည်။


15


သူတို့တစ်ဖွဲ့လုံး ဆီကြော်မုန့်ရောင်းသည့် သရေစာဆိုင်လေးရှေ့သို့ ပြေးသွားကြလေသည်။

"ငါ့ကို ၅ ခုပေးပါ"


ရှောင်ကျိုးသည် အရင်တစ်ခေါက်မြို့သို့လာစဉ်ကရရှိခဲ့သော ကြေးပြားများကိုထုတ်ကာမေးလိုက်၏။


"တစ်ခုကို ဘယ်လောက်လဲ"

"တစ်ခုကို၂ပြားပါ"

လမ်းဘေးဈေးသည်မှ ပြုံးပြီးဖြေသည်။ ရှောင်ကျိုးသည် ၁၀ပြားကိုရေတွက်ပြီး ဈေးသည်ထံပေးလိုက်သည်။ ကျောက်ဟူမှာ သူ့ကြေးပြားများကို ချက်ချင်းထုတ်ကာပြောလိုက်သည်။

"ရွာလူကြီးလေး ကျွန်တော့်မှာပိုက်ဆံရှိတယ်၊ ကိုယ့်ဘာသာရှင်းလိုက်မယ်"

ရှောင်ကျိုး ဆီကြော်မုန့်များကိုဝေပေးကာပြောလိုက်၏။


"နင့်ပိုက်ဆံတွေကို နောက်ကျမိန်းမယူဖို့ စုထားလိုက်"


"အင်းပါ"


ကျောက်ဟူသည် မိန်းမယူလျှင်မည်သည့်နေရာ၌အသုံးဝင်သည်ကိုမသိသော်လည်း ရွာထဲရှိလူတိုင်းမှာ မိန်းမယူကြ၏။ အကယ်၍ သူသာမိန်းမ,မယူလျှင် လျို့တကျူလိုအသုံးမကျသူဟု ပြောဆိုခံရပေလိမ့်မည်။ ထို့ကြောင့် ကျောက်ဟူစိတ်ထဲတွင် မိန်းမယူခြင်းသည် အလွန်အရေးကြီးသောကိစ္စဖြစ်ပြီးမိန်းမယူမှသာ အသုံးဝင်သောလူတစ်ယောက်ဖြစ်လာမည်ဟု မှတ်ယူထားလေသည်။  á€€á€œá€ąá€¸á€á€…်သိုက်သည် လမ်းတစ်လျှောက် ဟိုဟိုဒီဒီ လျှောက်သွားပြီး ပစ္စည်းအတော်များများဝယ်ယူလိုက်ကြသည်။ နောက်ဆုံးဘာမှထပ်မသယ်နိုင်တော့သည့် အခြေအနေရောက်မှသာ ရွာသို့ပြန်ရန် ဆုံးဖြတ်လိုက်ကြလေ၏။

စားသောက်ဆိုင်ရှေ့သို့ သူတို့ပြန်ရောက်လာကြပြီး လှည်းပေါ်သို့အမြန်တက်လိုက်ကြသည်။ မုဆိုးထျန်းသည် လှည်းကိုပြင်ဆင်ပြီးထွက်လာခဲ့၏။ ကလေးများသည် စည်ကားသောမြို့အကြောင်း စိတ်လှုပ်ရှားစွာပြောဆိုနေကြရင်း လှည်းပေါ်တွင်တင်ထားသော သူတို့ဝယ်လာသည့် ပစ္စည်းများကို ကြည့်ရှုနေကြလေသည်။ လှည်းသည် နှစ်နာရီခန့်မောင်းနှင်လာခဲ့၏။ နေဝင်စပြုလာပြီဖြစ်၍ လမ်းပေါ်တွင် လူသွားလူလာနည်းပါးလာသည်။ ထိုအချိန်တွင် ယခင်တစ်ခေါက်မှနေရာဖြစ်သော ထိုတောအုပ်နားသို့ရောက်သောအခါ ရုပ်ဆိုးပန်းဆိုးလူမိုက် ၄-၅ ယောက်ခန့်သည် ဓားရှည်များကိုင်ဆောင်ကာ ရုတ်တရက်ပြေးထွက်လာကြလေသည်။ သူတို့သည်မုဆိုးထျန်းနှင့် လှည်းပေါ်ပါကလေးများထံအော်ဟစ်လိုက်ကြ၏။

"ရပ်လိုက်စမ်း"

မုဆိုးထျန်းသည် ကလေးများကိုလှည်းထဲသို့ အမြန်တွန်းပို့လိုက်ပြီး သူကိုယ်တိုင်လှည်းရှေ့မှ ကာရပ်လိုက်၏။

"နေ့ခင်းကြောင်တောင်ကြီး ဘာလုပ်ကြမလို့လဲ"

လူမိုက်ကြီးများသည် လက်ထဲမှဓားများကိုမြှောက်ပြလိုက်ပြီး ခြိမ်းခြောက်လာလေသည်။

"ဘာလုပ်မလို့လဲ ဟုတ်လား၊ ငါ့လက်ထဲကဓားကို မမြင်ဘူးလား၊ ပါလာတဲ့ ငွေတွေအကုန်ထုတ်ပေးလိုက်စမ်း"

မုဆိုးထျန်း အမြန်ပြန်ပြောလိုက်သည်။

"ကျုပ်တို့ကဈေးဝယ်ဖို့ မြို့တက်လာတဲ့ လယ်သမားတွေပါ၊ ကျုပ်တို့ဆီမှာ ပိုက်ဆံသိပ်မပါပါဘူး၊ ပါလာတာတွေလည်း ပစ္စည်းဝယ်လိုက်လို့ကုန်ပါပြီ၊ ပစ္စည်းတွေ လှည်းပေါ်မှာရှိတာမလို့ ကျုပ်ယူပေးပါ့မယ်"

လူမိုက်တစ်ယောက်မှာ မုဆိုးထျန်းအားခြေထောက်ဖြင့် ကန်ထုတ်လိုက်လေသည်။

"ငါဘာမှမသိဘူးလို့မထင်နဲ့၊ စားသောက်ဆိုင်ရှေ့မှာ မင်းတို့ကို စောင့်ကြည့်နေတာကြာပြီ၊ ခုနလေးတင် တောဝက်ရောင်းခဲ့တယ်မလား၊ ပိုက်ဆံ အမြန်ထုတ်ပေးစမ်း"

ရှောင်ကျိုးသည် မုဆိုးထျန်းအကန်ခံလိုက်ရသည်ကိုမြင်သောအခါ ဒေါသထွက်သွားလေသည်။

"နင်တို့ သေချင်နေတာလား" 

ရှောင်ကျိုးမှာ လူအုပ်ကြီးကိုစူးစိုက်ကြည့်ကာ ပြောလိုက်သည်။ လူမိုက်ကြီးများသည် ကလေးမလေးမှသူတို့ကို လုံးဝမကြောက်သည်အားတွေ့လိုက်ရ၏။

"ပိုက်ဆံအမြန်ထုတ်ပေး မဟုတ်ရင် မင်းတို့အကုန်လုံးကို ကျွန်ကုန်သည်ဆီ ရောင်းပစ်လိုက်မယ်"

မျက်နှာတွင်အမာရွတ်နှင့်လူက ခြိမ်းခြောက်လိုက်သည်။ ကျောက်ဟူမှာ မထီမဲ့မြင်ဟန်ဖြင့် ပြန်ပြောလိုက်လေ၏။

"ဟမ့် မပေးနိုင်ဘူး၊ သတ္တိရှိရင်လာခဲ့လေ၊ မင်းတို့တွေ အမေကယ်ပါ အဖေကယ်ပါ တစာစာအော်ရအောင်ရိုက်ပြမယ်"


"ဟုတ်တယ် သတ္တိရှိရင် မင်းတို့အဘိုး ဒီမှာရှိတယ် လာသတ်ကြည့်လေ၊ အဘိုးက မင်းတို့ကိုကြောက်နေမယ်ထင်လား"

ကလေးများသည် ကြောက်ရွံ့ခြင်းအလျဉ်းမရှိကြပေ။ ရှောင်ကျိုးမကြောက်ရခြင်းမှာ သူမ၏အစွမ်းအစကို သူမယုံကြည်သောကြောင့် ဖြစ်သည်။ စွမ်းအားရှင်လူသားတွေတောင် သူမကိုမနိုင်ခဲ့တာ ဒီလူတွေလောက်ကတော့ စာဖွဲ့နေစရာတောင်မလိုဘူး။ ကျောက်ဟူနှင့် အခြားသူများ မကြောက်ရခြင်းမှာတော့ ရွာလူကြီးလေး၏အစွမ်းအစကို ယုံကြည်သောကြောင့်ဖြစ်သည်။ သူတို့မျက်လုံးထဲတွင် လက်သီးတစ်ချက်တည်းနှင့် တောဝက်ကိုသတ်နိုင်သော ရွာလူကြီးလေးသည် အစွမ်းအထက်ဆုံးလူသားဖြစ်ပြီး သူမကိုမည်သူမှမယှဉ်နိုင်ဟု ယုံကြည်ထားကြသည်။ မုဆိုးထျန်းသည် ကလေးများလှည်းပေါ်မှ ဆင်းပြေးလာပြီး ရမ်းရမ်းကားကားပြောဆိုနေကြသည်ကို မြင်သောအခါ ကြောက်လွန်းသဖြင့် ချွေးစေးများပင် ပြန်လာရရှာ၏။

"ရွာလူကြီးလေး ကျွန်တော်ဒီမှာတားထားလိုက်မယ်၊ ရွာသူကြီးလေးတို့အမြန်ပြေးကြ"


ပြောပြောဆိုဆိုနှင့် သူသည်မြေကြီးပေါ်မှကုန်းထပြီး ရွာလူကြီးလေးကိုကာကွယ်လိုက်သည်။ အမာရွတ်နှင့်လူသည် ခုနကသူကန်လိုက်သော်လည်း ဒီလူပြန်ထနိုင်သေးသည်ကို တွေ့ရသဖြင့် နောက်တစ်ကြိမ် ကန်ထုတ်ရန် ခြေထောက်ကိုမြှောက်လိုက်လေ၏။ သို့သော် သူ့ခြေထောက်ဆန့်ထုတ်လိုက်သည်နှင့် လက်သေးသေးလေးတစ်ခုမှာ သူ့ခြေထောက်ကိုဖမ်းဆွဲထားသလို ခံစားလိုက်ရသည်။ 

ထို့နောက်..... ထို့နောက် သူလေပေါ်သို့ ပျံတက်သွားလေ၏။ ကောင်းကင်ပြာပြာနှင့် တိမ်ဖြူဖြူများကို မြင်လိုက်ရသလိုလို၊ အောက်မှလူများသည် တဖြည်းဖြည်းသေးငယ်သွားသလိုလို၊ ငှက်များ သူ့ဘေးမှနေဖြတ်ပျံသွားသလိုလို......

အမှန်ပင်။ သူခြေထောက်နှင့်ကန်လိုက်သည့် ခဏမှာပင် ရှောင်ကျိုးမှ အမာရွတ်နှင့်လူခြေထောက်ကို ဖမ်းဆွဲပြီး အားကုန်လွှဲပစ်လိုက်ခြင်းဖြစ်ပေသည်။ အောက်မှလူများသည် ခုနလေးတင် မြေကြီးပေါ် ရှိနေသော အမာရွတ်နှင့်လူ လေပေါ်သို့ပျံတက်သွားသည်အား မော့ကြည့်နေကြ၏။ အတော်ကြာမှ သူသည်ကောင်းကင်ပေါ်မှပြန်ကျလာပြီး တောအုပ်ထဲရှိအမြင့်ဆုံးသစ်ပင်၏သစ်ကိုင်းပေါ်တွင် ချိတ်လျက်သားဖြစ်သွားလေသည်။ ခုနလေးတင် မောက်မာနေသောလူတစ်စုသည် ယခုအခါဓားကိုင်ထားသည့် လက်များပင်တုန်ရီကုန်ကြ၏။


ဒါ သေချာပေါက်သရဲပဲဖြစ်ရမယ်။ သူကသရဲအစစ်ပဲ။


ရှောင်ကျိုးသည် လူအုပ်ကြီးနားသို့ ဖြည်းဖြည်းချင်း တိုးသွားလိုက်သည်။

"ငါ မေးမယ် နင်တို့ကဓားပြတွေလား"

လူကောင်သေးသေးဖြင့်သူက ဓားကို လွှတ်ချပြီး ဗလုံးဗထွေးပြန်ဖြေလေသည်။


"ကျွန်တော်တို့က ဓားပြမဟုတ်ပါဘူး၊ ကျွန်တော်တို့က  á€€á€ťá€˝á€”်တ္ဏ်တိုအကစန္ဏက်န္ရုလသက်သက်ပဍ၊ ပိုက်ဆံမခိုးပါဘူး၊ ကျွန်တော်တို့က လူကောင်းတွေပါ"


"ဟုတ်ပါတယ် ဟုတ်ပါတယ် ကျွန်တော်တို့က လူကောင်းတွေပါ" 

ကျန်လူများကလည်း အလျင်အမြန် ထောက်ခံကြသည်။ ရှောင်ကျိုးသည် ဒီလူတွေသူမကို အရူးလုပ်နေသည်ဟုသာ ခံစားလိုက်ရ၏။ သူမသည် လူကောင်သေးသေးဖြင့်လူကို ကောက်မလိုက်ပြီး ခုနကပုံစံအတိုင်း ခုနက လမ်းကြောင်းအတိုင်း လွှဲပစ်လိုက်ရာ ထိုသစ်ပင်ပေါ်မှာပင် သွားချိတ်လေတော့သည်။ ကျန်သောသူများမှာ ချက်ချင်းဒူးထောက်လိုက်ကြတော့၏။

"နတ်ဘုရားအရှင် အသက်ချမ်းသာပေးပါ၊ နတ်ဘုရားအရှင် အသက်ချမ်းသာပေးပါ"


ရှောင်ကျိုး သူတို့ကိုကြည့်ပြီးထပ်မေးလိုက်၏။


"နင်တို့က ဓားပြတွေလား"

ထိုလူအုပ်စုသည် အမှန်အတိုင်းဖွင့်ပြောကြတော့သည်။

"ကျွန်တော်တို့က တကယ်ဓားပြမဟုတ်ပါဘူး၊ ပုံမှန်ဆို လမ်းပေါ်မှာဆက်ကြေးကောက်နေကျပါ၊ ဒီတစ်ခါ ခင်ဗျားတို့ တောဝက်ရောင်းပြီး လမ်းတစ်လျှောက် ဈေးဝယ်နေတာတွေ့လိုက်ရလို့ ညီအစ်ကိုတွေက ပိုက်ဆံအများကြီးပါမယ်ထင်ပြီး လောဘတက်သွားကြတာပါ၊ အရင်က တကယ်ဓားပြမတိုက်ဖူးပါဘူး"

ဒီကလေးမလေး ဒီလောက်စွမ်းမှန်းသာ သိရင် သူတို့လမ်းပေါ်မှာပဲ ငြိမ်ငြိမ်လေးနေပြီး ဆက်ကြေးကောက်နေလိုက်မှာပေါ့။ ဘာကိစ္စ ဒီလောက်ထိ တုံးအပြီး ဓားပြတိုက်ဖို့ စဉ်းစားမိပါလိမ့်။ ပထမဆုံးအကြိမ်မှာတင် ပြာကျသွားရပြီ။


"ဒါဆို ပိုက်ဆံထုတ်ပေး၊ အရင်က ဆက်ကြေးကောက်ထားတာတွေ အများကြီး ရှိမှာပဲ၊ ထုတ်ပေး မဟုတ်ရင် ငါတို့ရွာလူကြီးလေးကိုပြောပြီး မိုးပေါ်ပစ်တင်ခိုင်းလိုက်မယ်၊ တစ်နေ့လုံးတစ်ညလုံးပြန်ကျလာမှာ မဟုတ်ဘူး"

အားသို့ ခြိမ်းခြောက်လိုက်သည်။ ရှောင်ကျိုးသည် အားသို့ထံသဘောကျဟန်ဖြင့် ကြည့်လိုက်သည်။ ဒီကောင်လေးမှာ အနာဂတ်ရှိသားပဲ သူမရဲ့ရွာသားဖြစ်ဖို့တန်တယ်။ ကျောက်ဟူသည် ရွာလူကြီးလေးမှ အားသို့ကို သဘောကျစွာကြည့်နေသည်ကို မြင်လိုက်ရသည်။
သူသည် မြေကြီးပေါ်မှ ဓားရှည်တစ်ချောင်းကို ချက်ချင်းကောက်ယူလိုက်လေ၏။

"ပိုက်ဆံ အမြန်ထုတ်ပေး မဟုတ်ရင် မင်းတို့ခြေတွေလက်တွေကို ဖြတ်ပစ်မယ်"

ထျဲနျိုကလည်း မြေကြီးပေါ်မှဓားရှည်တစ်ချောင်းကို ကောက်ယူလိုက်သည်။

"ပိုက်ဆံအမြန်ထုတ်ပေး မဟုတ်ရင် မင်းတို့အဘိုးလက်ထဲက ဓားမှာသွေးစွန်းသွားမယ်"


ရှောင်ကျိုး : ဒီကလေးနှစ်ယောက်က ဘာလို့ဒီလောက် ရက်စက်နေရတာလဲ။

ရှိနေသည့်လူအားလုံး ကြောင်အသွားကြသည်။ နေပါဦး ခုနကပြောလိုက်တဲ့ စကားတွေက ဘာလို့ရင်းနှီးနေရတာလဲ။ ဘာလို့ဓားပြတိုက်တဲ့ စကားနဲ့ တစ်ပုံစံတည်း တူနေရတာလဲ။
ဒူးထောက်နေသောသူများ တွေးလိုက်သည်။ ဓားပြအတုတွေက ဓားပြအစစ်တွေနဲ့များသွားတွေ့လိုက်တာလား။
သူတို့ဘာမှမပြောဘဲ နေနေသည်ကို မြင်သောအခါ ရှောင်ကျိုးမေးလိုက်၏။


"မပေးဘူးပေါ့လေ"


"ပေးပါ့မယ်  á€•္းပဍအမယ်  á€•္းပဍအမယ်"

ထိုလူများသည် ကိုယ်ပေါ်မှငွေစများကို ချက်ချင်းထုတ်ပေးလိုက်ကြသည်။
ရှောင်ကျိုး ရေတွက်ကြည့်လိုက်၏။ သိပ်မများလှပေ။ စုစုပေါင်းမှ တေး၅၀ကျော်ကျော်လောက်သာရှိသည်။


"ဒါပဲလား"


"ကျွန်တော်တို့က လက်ပါးစေတွေပဲလေ၊ ဘယ်လိုလုပ် ငွေအများကြီးရှိမှာလဲ"


"ပိုက်ဆံအများစုက ခေါင်းဆောင်ဆီမှာပါ၊ ကျွန်တော်တို့ဆီမှာသိပ်မရှိဘူး"


"ကျွန်တော်တို့ တစ်သက်လုံးစုထားတာလေးတွေပါ"


"ဟုတ်တယ် ပုံမှန်ကောက်လို့ရတဲ့ ပိုက်ဆံက ခေါင်းဆောင်ဆီမှာပါ၊ ကျွန်တော်တို့က တစ်ခါတလေမှနည်းနည်းရတာ"


ရှောင်ကျိုး ဒေါသထွက်လုနီးပါးဖြစ်နေသည်ကိုမြင်သောအခါ ထိုလူများသည် သူတို့ခေါင်းဆောင်ကို ချက်ချင်း ရောင်းစားလိုက်ကြလေသည်။

"နင်တို့ ခေါင်းဆောင်ကဘယ်မှာလဲ"

ရှောင်ကျိုး မေးလိုက်သည်။ ထိုလူများသည် အမြင့်ဆုံးသစ်ပင်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်ကြသည်။

"သစ်ပင်ပေါ်မှာပါ"

ရှောင်ကျိုး : တွက်ချက်မှုလွဲသွားပြီပဲ။ ငါက ကိုယ်ဖော့ပညာမှမတတ်တာကို လူပစ်တာပဲတတ်တာလေ ဘယ်လိုလုပ်ရမလဲ။


အားသို့မှာ သစ်ပင်ပေါ်မှလူကို မော့ကြည့်ပြီး ရွာလူကြီးလေးကိုမေးလိုက်လေသည်။

"ရွာလူကြီးလေး ငါတို့ရဲ့သိုင်းဆရာအသစ်က အဲ့လောက်မြင့်အောင်ပျံနိုင်မလား"


အိုး ဟုတ်သားပဲ။ မျက်နှာဖုံးစွပ်လူကို သွားခေါ်ခိုင်းလိုက်ရင်ရတာပဲ။ ရှောင်ကျိုး မုဆိုးထျန်းကိုမေးလိုက်သည်။

"ကြိုးပါလား သူတို့အကုန်လုံးကိုတုပ်ပြီး ရွာကိုဆွဲခေါ်သွားကြမယ်၊ အိမ်ဆောက်ခိုင်းလို့ရတာပေါ့"

မုဆိုးထျန်းသည် လန့်နေတုန်းဖြစ်သော်လည်း ထိုစကားကြားသောအခါ အသိပြန်ဝင်လာ၏။

"အိုး  á€•ဍတယ်  á€•ဍတယ် လှည်းပေါ်မှာပါ၊ ကျွန်တော်သွားယူလိုက်မယ်"

ပြောပြောဆိုဆိုနှင့် သူသည်လှည်းပေါ်မှ အမဲလိုက်ရာတွင် သားကောင်များကို တုပ်နှောင်လေ့ရှိသောကြိုးကို အမြန်သွားယူလိုက်သည်။ မုဆိုးထျန်းသည် ခုနလေးတင် မောက်မာနေသောလူများကို ကြိုးဖြင့်တုပ်နှောင်ပြီး လှည်းနောက်တွင်ချိတ်ကာ လမ်းလျှောက်လိုက်ခိုင်းလိုက်သည်။ မိုးချုပ်နေပြီ ဖြစ်၍ သူတို့လည်း လှည်းအမြန်မောင်းနှင်ကာ ရွာသို့ပြန်လာခဲ့ကြလေသည်။
ထိုအချိန်သည် ရွာသားများလယ်ကွင်းမှ ပြန်လာချိန်နှင့်တိုက်နေ၏။ မုဆိုးထျန်းလှည်းမောင်းပြီး ရွာထဲဝင်လာသောအခါ ရွာသားများသည် လှည်းနောက်တွင်ကြိုးဖြင့် တန်းစီတုပ်နှောင်ထားသောလူများကို တွေ့လိုက်ကြသည်။ ရွာသားအားလုံး အလွန်အံ့ဩသွားကြပြီး အပြေးအလွှားလာကြည့်ကြလေသည်။

"မုဆိုးထျန်း ရွာလူကြီးလေးဘယ်မှာလဲ"

ကျောက်တလန် မေးလိုက်သည်။
ရှောင်ကျိုးခေါင်းလေးမှာ ပြူထွက်လာ၏။


"ဒီမှာ"


ကျောက်ဟူ : ငါက သူ့သားအရင်း မဟုတ်တာသေချာသွားပြီ။ အဖေက ငါသေသေရှင်ရှင် လုံးဝဂရုမစိုက်ပါလား။

ရွာလူကြီးလေး ဘာမှမဖြစ်သည်ကို တွေ့မှသာ ရွာသားများစိတ်သက်သာရာရသွားကြသည်။ သူတို့သည် လှည်းနောက်တွင် အကျဉ်းသားများကဲ့သို့ တန်းစီပါလာသော လူများနှင့် ပတ်သက်ပြီး အလုအယက်မေးမြန်းကြတော့သည်။

"ရွာလူကြီးလေး ဒီလူတွေက နောက်ကနေဘာလိုက်လုပ်နေကြတာလဲ"


"ဟုတ်ပါ့ သူတို့ကိုဘာလို့ကြိုးတုပ်ထားတာလဲ"

"သူတို့ဆီမှာ ဘာလို့ဓားတွေပါနေတာလဲ၊ ရွာလူကြီးလေး ခိုက်မိသွားသေးလား"


 

Search Novels