1


"ရွာလူကြီး.......ရွာလူကြီး ရှဟယ်ရွာကလူတွေ ရန်လာစနေကြပြီ"

ကောင်လေးတစ်ယောက်မှာ ငါးနှစ်အရွယ်ခန့်သာရှိသေးသော ကလေးငယ်လေးရှိရာဆီအသည်းအသန်အော်ရင်းပြေးလာလေသည်။

ခုံရှည်ထက်တွင် မှိုင်မှိုင်တွေတွေဖြင့်ထိုင်နေသော ဤငါးနှစ်အရွယ်ကလေးငယ်လေးမှာ ထောင်ယွမ်ရွာ၏ရွာလူကြီးပင်ဖြစ်၏။

သူမအားရွာလူကြီးဟု အော်ခေါ်လာသည့် ကောင်လေးမှာ အဒေါ်ကျောက်၏မြေး အသက်ရှစ်နှစ်အရွယ်ကျောက်ဟူဖြစ်ပြီး သူမဆံပင်ကို ခဏခဏဆံမြီးလာကျစ်ပေးလေ့ရှိသူဖြစ်သည်။

သူမအနေဖြင့် အဘယ်ကြောင့်ရွာလူကြီးဖြစ်လာရသနည်းဆိုလျှင်ဖြင့်......

လွန်ခဲ့သောငါးနှစ်ရွာလူကြီးဟောင်းမှာ ကွယ်လွန်သွားပြီး ခုနစ်ရက်မြောက်နေ့တွင် အခြားရွာခေါင်းဆောင်အချို့၏အိပ်မက်ထဲတွင် ပေါ်လာခဲ့သည်ဟုဆိုကြသည်။ရွာလူကြီးသစ်မှာ အနောက်တောင်ကုန်းရှိညောင်ပင်အောက်တွင် ရှိနေကြောင်း၊သူမလေးအား သွားရောက်ခေါ်ယူကာ ကောင်းကောင်းမွန်မွန်စောင့်ရှောက်ပေးရမည်ဖြစ်ကြောင်းနှင့် ဤကလေးငယ်လေးမှာ နောင်တစ်ချိန်တွင် ထောင်ယွမ်ရွာအတွက် ကြီးမားသောကံကောင်းခြင်းများအား ဆောင်ကြဉ်းပေးလိမ့်မည်ဟုမှာကြားခဲ့လေ၏။
အစပိုင်းတွင်မူ လူတိုင်းမှာမယုံကြည်ကြဘဲ ဤမျှငယ်ရွယ်သောကလေးငယ်အား ရွာလူကြီးအဖြစ်တင်မြှောက်ခြင်းသည် အခြားရွာများ၏လှောင်ပြောင်မှုကိုခံရရုံသာရှိလိမ့်မည်ဟု ထင်ခဲ့ကြသည်။ထို့ကြောင့် ရွာမိသားစုတိုင်းမှ စားနပ်ရိက္ခာအနည်းငယ်စီထည့်ဝင်ကာ ကလေးငယ်အားကျွေးမွေးစောင့်ရှောက်ထားကြမည်ဟုသာ ဆုံးဖြတ်လိုက်ကြ၏။
ရွာသားများမှာဤကလေးမလေးသည် လူ့ပြည်သို့ဆင်းသက်လာသည့် နတ်သမီးသာဖြစ်သည်ဟု တညီတညွတ်တည်း ယုံကြည်သွားကြ၏။ရွာလူကြီးဟောင်းမှာ ဤအချက်အားသိရှိသော်လည်း ကောင်းကင်ဘုံ၏လျှို့ဝှက်ချက်များကို အတိအလင်းမပြောကြားနိုင်သောကြောင့် အိပ်မက်ထဲတွင်သာမှာကြားခဲ့ရခြင်း ဖြစ်ရမည်ဟုယူဆခဲ့ကြသည်။

နတ်ဘုရားတစ်ပါးအား ရွာလူကြီးအဖြစ်ပိုင်ဆိုင်ထားရသဖြင့် ထောင်ယွမ်ရွာ၏အနာဂတ်သည် ထူးခြားတောက်ပလာမည်မှာ သေချာလှပေ၏။ထို့ကြောင့် လမ်းပင်မလျှောက်တတ်သေးသော ဤကလေးငယ်အားရွာလူကြီးအဖြစ် ရွာသားတိုင်းမှစိတ်ရင်းအမှန်ဖြင့် လက်ခံလိုက်ကြလေသည်။
ရွာခေါင်းဆောင်ကြီးများသည် ရွာသားများအား ကလေးငယ်လေးမှာနတ်ဘုရားဖြစ်ကြောင်းကို အပြင်လူများမသိစေရန် တင်းတင်းကြပ်ကြပ်သတိပေးထား၏။အခြားရွာများ၌ဆွေမျိုးသားချင်းရှိသူများပင်လျှင် နှုတ်လုံရမည်ဖြစ်ပြီး မတော်တဆ‌ပြောထွက်မိသူ မည်သူမဆို ဆွေစဉ်မျိုးဆက်စာရင်းမှပယ်ထုတ်ကာ ရွာပြင်ထုတ်ခံရမည်ပင်။
သို့သော်ကျောက်ဟူအတွက်မူ ယနေ့ကိစ္စမှာ အလွန့်အလွန်ကြီးမားသောကိစ္စကြီးဖြစ်၏။ရွာနှစ်ရွာမှာရန်ပွဲဖြစ်လုနီးပါးဖြစ်နေပြီး ရှဟယ်ရွာမှရွာလူကြီးကိုယ်တိုင်ပင် ရောက်ရှိနေသည်။သူတို့ရွာလူကြီးမှာ နတ်ဘုရားတစ်ပါးဖြစ်သောကြောင့် သူမအားမဖြစ်မနေပင့်ဖိတ်ရမည်ဟု သူယူဆခဲ့မိ၏။

ထိုအချိန်တွင် ရှီရှောင်ကျိုးစိတ်ထဲ၌ ရင်းနှီးသောအသံတစ်သံကို ပြန်ကြားလိုက်ရသည်။

*တောင်ကုန်းဆီသွားပြီး ထောင်ယွမ်ရွာသားတွေကို ကာကွယ်ပေးပါ*

ရှောင်ကျိုးလေးသည် သူမခေါင်းထဲ၌ စကားပြောနေသူမှာ မည်သူမှန်းမသိပါပေ။သို့သော် ပေးအပ်ထားသောတာဝန်ကိုသာ ပြီးမြောက်အောင်ဆောင်ရွက်ပါလျှင် ဆုလာဘ်များရရှိမည်ကိုတော့ သူမသိထား၏။
ထို့ကြောင့်ပင် ရှီရှောင်ကျိုးသည်ခုံရှည်ထက်မှဆင်းလိုက်ပြီး လက်နှစ်ဖက်အားနောက်ပစ်ကာ ဖောင်းဖောင်းအိအိပါးလေးများဖြင့် လူကြီးပေါက်စလေးအလား ခန့်ခန့်ညားညားဖြင့်ရှေ့မှဦးဆောင်လျှောက်သွားလေသည်။

သူမသည် ဤသို့သောအမူအရာအား ရွာနီးချင်းရှင်းဟွာရွာ၏ရွာလူကြီးထံမှ အတုယူထားခြင်းဖြစ်သည်။အကြောင်းမှာ ထိုသို့ပြုမူရခြင်းသည် သူမအားအရှိန်အဝါပိုရှိစေသည်ဟု ခံစားရစေသောကြောင့်ပင်။

ကျောက်ဟူသည် ရွာလူကြီးလေးနောက်မှ လိုက်လာရင်း ရင့်ကျက်တည်ငြိမ်သောလူကြီးတစ်ယောက်ကဲ့သို့ ကြိုးစားဟန်ဆောင်နေသည့် ကလေးငယ်လေးအားကြည့်ကာ ရယ်လိုက်ချင်သော်လည်း အောင့်အီးထားလိုက်ရသည်။သူတို့ရွာလူကြီးသည် သူတို့ထက်အသက်ငယ်သော်လည်း အလွန်အင်မတန်ကို သိက္ခာအားအလေးထားတတ်သည့်ကလေးဖြစ်ကြောင်းသူသိလေ၏။
မကြာမီမှာပင် ရွာနှစ်ရွာဆုံသည့်တောင်ကုန်းငယ်ဆီ ရောက်ရှိလာကြသည်။ထိုအချိန်တွင် နှစ်ဖက်စလုံးမှာအချေအတင်ငြင်းခုံနေကြပြီဖြစ်ပြီး ရွာသားအချို့ဆိုလျှင်ဒဏ်ရာများပင်ရနေကြပြီပင်။

"မဖယ်ဘူးကွာ ဘာလို့ဖယ်ပေးရမှာလဲ"


"ဟုတ်တယ် ဒါကငါတို့ထောင်ယွမ်ရွာရဲ့ရေတွင်း ငါတို့တူးထားရတာ၊မင်းတို့က ငါတို့ရွာကိုလာပြီး ရေလဲခိုးသုံးသေးတယ် မရှက်တတ်ကြဘူးလား"


"......."

ရွာခေါင်းဆောင်ကြီးများမှာ ရှောင်ကျိုးလေးလာနေသည်ကိုမြင်သော် ကျောက်ဟူထံမကျေမနပ်ဖြစ်ဟန်ဖြင့် ကြည့်လိုက်ကြသည်။

"ဘယ်သူကရွာလူကြီးကို ဒီနေရာခေါ်လာခိုင်းလို့လဲ၊လူရမ်းကားကောင်တွေလက်ချက်နဲ့ ရွာလူကြီးထိခိုက်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ မင်းအရိုက်ခံချင်နေတာလား"

ကျောက်ဟူဖခင်ဖြစ်သူ ကျောက်တာ့လန်မှာအင်မတန်ဒေါသထွက်သွားရသည်။ဤကလေးမှာ ရွာလူကြီးအားခေါ်လာရမည့်နေရာဟုတ်မဟုတ်ကိုပင် မစဉ်းစားတတ်ပေ။ရွာနှစ်ရွာကရန်ပွဲဖြစ်တော့မှာကို မမြင်ဘူးလား၊တစ်ကယ်လို့ရွာလူကြီးသာတစ်ခုခုဖြစ်သွားရင် သူတို့မိသားစုတော့တစ်ရွာလုံးရဲ့အပြစ်သားဖြစ်တော့မှာပဲ။
သူစဉ်းစားလေလေ ဒေါသထွက်လာလေလေဖြစ်ရာ ကျောက်ဟူ့တင်ပါးကိုရိုက်နှက်ရင်း ဆဲဆိုလေတော့သည်။
ကျောက်ဟူမှာနာကျင်လွန်းသဖြင့် အော်ဟစ်ငိုယိုကာ သူမှားသွားကြောင်း ဝန်ခံလာသည်။

"တာ့လန် တော်လောက်ပြီ မရိုက်နဲ့တော့၊ငါကိုယ်တိုင်ကိုကလာချင်လို့လာတာ ကျောက်ဟူရဲ့အပြစ်မဟုတ်ဘူး"

ရွာလူကြီးမှဝင်ပြောလာသဖြင့် ကျောက်တာ့လန်လည်း ကျောက်ဟူကိုလွှတ်ပေးလိုက်ရတော့သည်။ကျောက်ဟူမှာရွာလူကြီးအား ကယ်တင်ရှင်အလားကြည့်နေလိုက်မိ၏။
သူသည်သူ့အဖေ၏သားအရင်းမဖြစ်နိုင်လောက်ကြောင်းကို သူသိပါသည်။
ရှောင်ကျိုးလေးမှာ သူ့ထံစိတ်လေဟန်ဖြင့်ကြည့်လိုက်ပြီးနောက် ရွာခေါင်းဆောင်ကြီးများထံမေးလိုက်၏။
ယခုနှစ်တွင်ဘာရယ်ကြောင့်မှန်းမသိပေသိ မိုးမရွာသည်မှာလပေါင်းများစွာကြာနေပြီပင်။မြေကြီးများမှာအက်ကွဲနေပြီး စိမ်းလန်းစိုပြေခဲ့သော ဂျုံပင်လေးများမှာလည်း ညှိုးနွမ်းခြောက်ကပ်နေပြီဖြစ်သည်။ကံကောင်းထောက်မစွာဖြင့် မနှစ်၌ရွာလူကြီးမှာ ရွာကိုလှည့်ပတ်ကြည့်ရင်း ရေထွက်သည့်နေရာများရှာပေးခဲ့သဖြင့် ရေတွင်းအချို့တူးနိုင်ခဲ့ကာ တစ်ရွာလုံးအတွက် အနည်းငယ်လောက်ငှနေခြင်းပင်။
လွန်ခဲ့သောရက်အနည်းငယ်၌ လောင်ကျန်းမှာ သန်းခေါင်ယံအချိန်တွင် ရွာထိပ်၌အသံကြားရသဖြင့် သူခိုးဝင်သည်ထင်မှတ်၍ကြည့်လိုက်ရာ အခြားရွာမှလူများရေတွင်းမှရေလာခိုးနေသည်ကို တွေ့လိုက်ရသည်။ထိုသူများမှာ ရေခိုးရုံသာမက လောင်ကျန်းကိုပါ ထိခိုက်ဒဏ်ရာရစေခဲ့၏။
ထိုအချိန်မှစ၍ ရွာသားများသည်အလှည့်ကျ ရေတွင်းစောင့်ခဲ့ကြသည်။ယခုမူ ရှဟယ်ရွာမှလူရမ်းကားများသည် ရေခိုး၍မရတော့သဖြင့် အတင်းအဓမ္မလာရောက်လုယူကြခြင်းပင်။
သာမန်အချိန်ဆိုလျှင် ကိစ္စမရှိသော်လည်း မိုးမှာမည်သည့်အချိန်တွင်မှရွာမည်မှန်း မသိနိုင်ပေ။ရွာတွင်လူဦးရေများလှသဖြင့် ဤရေတွင်းများမှာ သူတို့အတွက်ပင်မလောက်ငှချင်။အကယ်၍ ယခုအကြိမ်၌အလျှော့ပေးလိုက်ပါက သူတို့ရွာသားများမှာအသက်ရှင်နိုင်တော့မည် မဟုတ်ပေ။
ရှဟယ်ရွာသားများမှာမူ ရေသည်မြေအောက်မှထွက်လာခြင်းဖြစ်ပြီး ဤရေများသည်သူတို့ရွာအောက်မှ စီးဆင်းလာခြင်းဖြစ်နိုင်သဖြင့် သူတို့လည်းသုံးစွဲပိုင်ခွင့်ရှိသည်ဟု ယူဆကြသည်။
ရှဟယ်ရွာ၏ရွာလူကြီးသည် သူ့ပေါင်လောက်ပင်မရှိသော ကလေးငယ်လေးအားကြည့်ကာ လှောင်ပြောင်လိုက်သည်။

"ဒီအရွယ်ကလေးကိုတောင်အသုံးချပြီး ကိစ္စတွေကိုဖြေရှင်းခိုင်းနေရအောင် မင်းတို့ရွာရဲ့ယောက်ျားသားတွေက သူရဲဘောကြောင်နေကြတာလား"

"ဒီလိုကလေးပေါက်စက အိမ်ပြန်ပြီးရွှံ့ပတ်တမ်းပဲ သွားကစားပါလား”

ထောင်ယွမ်ရွာသားများမှာ ဒေါသအလွန်ထွက်သွားကြသည်။ယခင် ရှဟယ်ရွာသားများရေလာခိုးစဉ်၌ ဤမျှဒေါသမထွက်ခဲ့သော်လည်း ယခုမူသူတို့နတ်သမီးလေးမှာ လှောင်ပြောင်ခံနေရသဖြင့် သည်းမခံနိုင်ကြတော့ပေ။လူငယ်အချို့ဆိုလျှင် လက်သီးအားတင်းတင်းဆုပ်ထားကြပြီး ရွာခေါင်းဆောင်ကြီးများသာ တားမထားပါက ပေါက်ပြားများဖြင့် သွားရောက်ရိုက်နှက်ကြတော့မည်ပင်။


2


ရှောင်ကျိုးစဉ်းစားနေသည်မှာ ရွာသားများအားကာကွယ်ပေးပါက ဆုလာဘ်ရမည်ဟုပြောခဲ့သော ခေါင်းထဲ၌ကြားရသည့်အသံအကြောင်းသာ ဖြစ်သည်။သို့သော် မည်သို့ကာကွယ်ရမည်ကိုမူ ထိုအသံမှာအတိအကျမပြောခဲ့ပေ။

ရှောင်ကျိုးခဏတာမျှစဉ်းစားလိုက်ပြီး ကျောက်ဟူ့အဖေလက်ထဲရှိ တုတ်အားဆွဲယူ၍ဝှေ့ယမ်းလိုက်ရာ လူတစ်စုလုံးလဲကျသွားတော့သည်။အချက်‌ရေအနည်းငယ်မျှထပ်မံဝှေ့ယမ်းလိုက်ပြီးနောက်တွင်တော့ ရှဟယ်ရွာရှိမည်သူမျှမတ်တပ်မရပ်နိုင်တော့ဘဲ မြေပြင်ပေါ်တွင်သာခြေထောက်အားဆုပ်ကိုင်၍လည်းကောင်း၊ခေါင်းအားအုပ်ကိုင်၍လည်းကောင်း နာနာကျင်ကျင်ဖြင့်အော်ဟစ်ငြီးတွားကုန်ကြလေ၏။

"အင်း  á€›á€žá€Ÿá€šá€şá€›á€˝á€Źá€€á€œá€°á€á€˝á€ąá€Ąá€€á€Żá€”á€şá€œá€˛á€”á€ąá€•á€źá€Žá€¸ ထောင်ယွမ်ရွာကလူတွေအကုန်မတ်တပ်ရပ်နေနိုင်တာပဲလေ၊ဒါကလဲကာကွယ်ပေးတာမဟုတ်လို့ ဘာလဲ"

မိမိထက်ရှည်လျားသော တုတ်ကြီးအားကိုင်ကာ ရှဟယ်ရွာမှလူမိုက်တစ်ဒါဇင်ကျော်ကို တစ်ယောက်တည်း နှိမ်နင်းလိုက်သည့် သူတို့ရွာလူကြီးအားကြည့်ပြီး ရွာသားများမှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်ကျန်ရစ်ခဲ့လေသည်။

အပြန်လမ်းတစ်လျှောက်တွင် လူတိုင်း၏စိတ်ထဲ၌ အတွေးကိုယ်စီရှိနေကြ၏။

ရွာခေါင်းဆောင်ကြီး : "ရွာလူကြီးဟောင်းရဲ့ အိပ်မက်က တစ်ကယ်မှန်တာပဲ၊ဒီလောက်ငယ်ငယ်လေးနဲ့တောင် သတ္တိအရမ်းရှိနေပြီ"

ကျောက်ဟူ၏အဖေ : "ဘုရားရေ......ငါ့တုတ်က ဒီလောက်တောင်စွမ်းတာလား၊အိမ်ပြန်‌ရောက်ရင် ဒါကိုအမြတ်တနိုးနဲ့သိမ်းထားရမယ်"

ကျောက်ဟူ : "တော်သေးတာပေါ့ အဖေငါ့ကိုရိုက်တုန်းက ဒီတုတ်နဲ့မရိုက်လို့"

အခြားရွာသားများ : "နတ်သမီးပီပီသသနဲ့ တစ်ရွာလုံးကိုတစ်ယောက်တည်းနဲ့ နှိမ်နင်းပစ်လိုက်နိုင်တာပဲ”

ထို့နောက်တွင်တော့ အံ့အားသင့်မှုမှသတိပြန်ဝင်လာသည့် လူတစ်စုသည် ရွာလူကြီးနောက်မှနေ၍ ခန့်ခန့်ညားညာဖြင့်ရွာသို့ ပြန်လာကြတော့သည်။ရွာသို့ပြန်ရောက်သောအခါ ထိုမြင်ကွင်းအားမမြင်လိုက်ရသူများထံ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်လည်ပြောပြကြလေ၏။

ဇာတ်လမ်းများမှာပိုပြီးချဲ့ကားလာကြကာ နောက်ဆုံးတွင် *ရွာလူကြီးမှ လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် တစ်ဖက်ရှိလူများအကုန်လွင့်ထွက်သွားရသည်* ဟုပင်ဖြစ်သွားတော့သည်။ရွာသားများမှာ သူတို့ရွာသူကြီးအလွန်စွမ်းသည်ကိုသိလိုက်ရသဖြင့် အလွန်အမင်းစိတ်လှုပ်ရှားနေကြလေ၏။
တစ်ကယ်တော့ ရှောင်ကျိုးမှာသိုင်းပညာသင်ယူထားခြင်းမဟုတ်ပေ။သူမသည် အရင်ဘဝ၌ ဇွန်ဘီလေးတစ်ကောင်ဖြစ်ခဲ့သည်ကို မှတ်မိနေပါသေးသည်။ကမ္ဘာပျက်ကပ်မတိုင်မီ၌ သူမသည်မူလတန်းကျောင်းသူလေးသာ ရှိသေး၏။နောက်ပိုင်းသူမမှာ ဇွန်ဘီဘုရင်တစ်ပါးဖြစ်လာခဲ့ပြီး စွမ်းအားရှင်များ၏ လိုက်လံတိုက်ခိုက်ခြင်းကို နေ့တိုင်းခံခဲ့ရသည်။
သူမဦးနှောက်ထဲမှ သလင်းကျောက်အမြုတေကိုလိုချင်ကြသောကြောင့် လူကြီးများမှာသူမကဲ့သို့ ကလေးငယ်တစ်ဦးအားဝိုင်းဝန်းအနိုင်ကျင့်ကြသော်လည်း သူမကို မည်သူမျှ မနိုင်ခဲ့ကြပေ။
ထိုသို့ဖြင့်သူမမှာဗိုက်မဆာတတ်၍ အစာစားရန်မလိုသလို သူမအားကြောက်ရွံနေသူတို့နှင့် သူမဦးနှောက်အားတူးထုတ်ချင်တို့သာရှိ‌နေရာ သူမနှင့်အတူကစားပေးမည့်သူလဲမရှိ၍ နေ့တိုင်းလှည့်ပတ်သွားနေခဲ့ရသည်။

တစ်နေ့တွင် သူမမိဘများအား တွေ့လိုက်ရသည်။သူတို့သည်နှင့်မောင်လေးအားဆွဲထားရင်း သူမထံလက်ဝှေ့ယမ်းပြနေကြ၏။ဝမ်းသာအားရဖြင့် သူမပြေးသွားစဉ် သူတို့ဆီမရောက်ခင်မှာပင် ဗုံးပေါက်ကွဲကာသေဆုံးခဲ့ရလေသည်။အိုး သူမပေါက်ကွဲမသွားခင် အဖေနဲ့အမေငိုနေတာကိုတွေ့လိုက်ရတယ်။သူတို့မှာသူမအားအချိန်အတော်ကြာသည်ထိရှာမတွေ့ခဲ့ကြရာမှ သူမနှင့်ပြန်တွေ့ရ၍စိတ်လှုပ်ရှားပြီး ငိုကြွေးနေကြသည်ဟု သူမထင်မိလေသည်။
ပြန်နိုးထလာချိန်တွင်တော့ သူမသည်အနောက်ဘက်တောင်ကုန်းရှိ ညောင်ပင်ကြီးအောက်တွင် ကလေးငယ်တစ်ဦးအဖြစ် ပြန်လည်မွေးဖွားလာခဲ့တော့၏။

ထို့နောက်လူအုပ်စုတစ်စုမှာ သူမအားရှာတွေ့သွားကြသည်။ထိုလူများမှာ သူမအားလာရိုက်သည်ဟုထင်၍ သူတို့အားပြန်တီးရန်စိတ်စွမ်းအင်သုံးဖို့လုပ်လိုက်စဉ် ဆက်လက်လေလွင့်ရန် လူထူထပ်သောနေရာအချို့ရှိသေးကြောင်းသတိရလိုက်ရ၏။

ထောင်ယွမ်ရွာ၌နေရသည့် ဤနှစ်များတွင် သူမအလွန်ပျော်ရွှင်ခဲ့ရသည်။

ရွာသားများမှာ သူမအားအလွန်ကြင်နာကြ၏။ရွာထဲရှိအဒေါ်များမှာ သူမအခန်းအားနေ့တိုင်းရှင်းပေးကာ သူမဆံပင်အားလှလှလေးထုံးပေးလေသည်။

ရွာမှကလေးများသည်လည်း သူမနှင့်ကစားလိုစိတ်ရှိကြပြီး ရွာသားများမြို့မှပြန်လာချိန်ဆိုလျှင် သူမအတွက်အရသာရှိသောမုန့်များနှင့် ကစားစရာအရုပ်များဝယ်လာပေးကြ၏။
သူမတွင် စိတ်စွမ်းအင်နှင့်အလွန်ကြီးမားသော ခွန်အားရှိလေ၏။သူမအနေဖြင့်မည်မျှထိ အင်အားကြီးသည်ကိုတော့ သူမကိုယ်တိုင်ပင်မသိသော်ငြား ကမ္ဘာပျက်ကပ်ကာလတွင်းတွင်တော့ သူမအားမည်သူမှမရိုက်နိုင်ကြပါပေ။ အိမ်သို့ပြန်ရောက်သောအခါ သူမစိတ်ထဲရှိအသံအားပြန်ကြားလာရပြန်သည်။

*ထောင်ယွမ်ရွာသားများကို အောင်မြင်စွာ ကာကွယ်ပေးနိုင်ခဲ့သည်။ဆုလာဘ်-ရမှတ် > ၅၀+ကန်စွန်းဥ ပျိုးပင်တစ်အိတ်*

ရှောင်ကျိုးမှာတော့ သူမသည်အရည်အချင်းပြည့်မီသောရွာလူကြီးတစ်ဦးဖြစ်နေပြီဟုထင်လေသည်။ရွာသားတိုင်းက သူမကိုဘယ်‌လောက်တောင်သဘောကျကြလဲဆိုတာသာကြည့်လေ။

သို့သော်ငြား ရှောင်ကျိုးမှာ ဆုလာဘ်များနှင့် ရမှတ်ဟုခေါ်သည့်အရာတို့ကို စိတ်ဝင်စားနေဆဲပင်။
စနစ်မှာသူမအား ထိုရမှတ်များဖြင့်စနစ်စတိုး‌ဆိုင်တွင် ပစ္စည်းများလဲလို့ရကာ ကန်စွန်းပင်မျိုးစေ့များမှာ ကန်စွန်းဥသီးလာနိုင်ပြီး ထိုအရာဖြင့်ရွာသားများဗိုက်ဖြည့်နိုင်သည်ဟုပြောလာ၏။
ရှောင်ကျိုးမှာ စနစ်စတိုးဆိုင်အားကြည့်လိုက်သည်။ထိုသည်မှာဂိမ်းကစားရသလိုပင် ရမှတ်များရှာကာပစ္စည်းများလဲလှယ်ရသည်နှင့်တူသည်ဟု ခံစားမိ၏။ရှောင်ကျိုးအလွန်စိတ်ဝင်စားသွားလေသည်။သူမလက်ရှိအကောင့်၌ပြနေသည်မှာ ရမှတ်၅၀ဖြစ်၏။လက်ရှိရမှတ်ဖြင့်စစ်ဆေးကြည့်ရာ မုန့်အချို့ဖြင့်သာလဲလှယ်လို့ရရလေပြီး ထိုအရာများမှာ


ကိုကာကိုလာ - ၁မှတ်လျှင် တစ်ပုလင်း


မြစ်ခရုဆန်ခေါက်ဆွဲ - ၃မှတ်လျှင် တစ်အိတ်*

ရှောင်ကျိုးမှာ မုန့်များအားကြည့်ရင်း သွားရည်ကျနေတော့သည်။
သူမစိတ်မှာ အစားအသောက်ပေါ်သာလုံးဝအာရုံစိုက်ထားကြောင်းတွေ့သော် စနစ်မှာသူမအားအသိထပ်ပေးရပါတော့၏။


"ဒါပေမယ့် အခုမိုးမရွာဘူးလေ ပြီးတော့မြေကြီးကလဲ ပက်ကြားအက်နေတာကို၊ငါကအပင်တွေကို ဘယ်လိုလုပ်စိုက်လို့ရမှာလဲ"

ရှောင်ကျိုးမှာ ၁မှတ်ဖြင့်တိရစ္ဆာန်ရုပ်ပုံလေးများနှင့်ထုတ်ပိုးထားသည့် ချိုချဉ်အလုံး၂၀ကိုလဲလှယ်လိုက်သည်။

ချိုချဉ်အလုံး၂၀မှာ သူမလက်ထဲချက်ချင်းပေါ်လာလေ၏။သို့သော်ငြား ချိုချဉ်အိတ်ခွံမှာ ခေတ်သစ်ရှိသူမစားခဲ့ဖူးသည်နှင့်မတူပေ။ချိုချဉ်အား အရောင်စုံကာနှစ်လိုဖွယ်‌ကောင်းသော ရှေးခေတ်ချိုချဉ်ထုပ်စက္ကူစဖြင့်ပတ်ထားလေသည်။

"ဒါပေမယ့် ကန်စွန်းဥကို ဘယ်လိုစိုက်ရမယ်မှန်းငါမသိဘူး"

စနစ်မှာချက်ချင်းပင် ကန်စွန်းဥအားမည်သို့စိုက်ရမည်ဆိုသော ဗီဒီယိုကို ရှောင်ကျိုးထံပြလာလေ၏။


*ငါတို့လိုစနစ်တွေက ဘယ်တော့မှမလိမ်ဘူး*

ထိုသို့ပြောပြီး စနစ်မှာ တိတ်ဆိတ်သွားပြန်သည်။


စိတ်လှုပ်ရှားနေသော ရှောင်ကျိုးသည်ချိုချဥ်များအား အိတ်ကပ်ထဲထည့်ကာ ရွာ‌ခေါင်းဆောင်ထံ သွားရန်အပြင်ထွက်လာခဲ့၏။လမ်းတွင် ရွာသားများမှာသူမအားနွေးနွေးထွေးထွေးဖြင့် နှုတ်ဆက်လာကြသည်။

"ရွာလူကြီးလေး ချိုချဉ်နည်းနည်းလောက်ယူဦးမလား၊ဒီနေ့ကျွန်မအဘိုး မြို့ကနေဝယ်လာပေးထားတာ"

"တော်ပြီ ငါ့မှာချိုချဉ်ရှိတယ်"

ထိုသို့ပြောပြီး ယုန်ဖြူသကြားလုံးနှစ်လုံးအားထုတ်ကာ သူမအားချိုချဉ်‌ကျွေးလာသည့် တာ့နွီထံပေးလိုက်သည်။
သူမမှာ ရွာခေါင်းဆောင်ကျိုး၏မြေးဖြစ်သူ ရှီထို့အားတွေ့သောအခါ သကြားလုံးနှစ်လုံး ထုတ်ပေးလိုက်သည်။တစ်လုံးကို ရှီထို့ပါးစပ်ထဲထည့်ပေးလိုက်ပြီး ကျန်တစ်လုံးကို အိတ်ကပ်ထဲထည့်ပေးလိုက်၏။

ပါးစပ်ထဲချိုချဥ်ရောက်သွားသောသုံးနှစ်အရွယ်ရှီထို့မှာ ဤချိုချဉ်သည်အဘိုးဖြစ်သူမြို့မှဝယ်လာပေးသည်ထက် အရသာပိုရှိကြောင်းသိလိုက်ရသည်။
ရှီထို့လေးမှာ သကြားလုံးကိုမြိန်ရည်ယှက်ရည်စားရင်း


"တောကြက်မကဘယ်မှာလဲ"


အရင်အချိန်များလို ဆုလာဘ်မှာသူမရှေ့တွင်တန်းပေါ်လာမည်ဟု ရှောင်ကျိုးထင်ခဲ့ခြင်းပင်။

ရှောင်ကျိုး ရှီထို့ခေါင်းအားပုတ်ကာ မေးလိုက်၏။

3

ရှီရှောင်ကျိုးသည် ရှီထုနောက်မှလိုက်ကာ အိမ်ထဲဝင်သွားပြီးနောက် စိုးရိမ်ပူပန်နေသော မျက်နှာထားများဖြင့် အရေးကြီးကိစ္စတစ်စုံတစ်ရာကို ဆွေးနွေးနေကြသည့် ရွာအကြီးအကဲ အဘိုးများကိုတွေ့လိုက်ရလေသည်။

"ရွာအကြီးအကဲအဘိုးတို့ မင်္ဂလာပါ"

ရှောင်ကျိုး ယဉ်ယဉ်ကျေးကျေးပင်နှုတ်ဆက်လိုက်သည်။ ရွာအကြီးအကဲများသည် ရွာလူကြီးလေးရောက်လာသည်ကိုမြင်သောအခါ အရေးအကြောင်းများဖြင့်တွန့်ရှုံ့နေသောမျက်နှာကြီးများဖြင့် ပြုံးပြလာကြ၏။


"ရွာလူကြီးလေး ဘာကိစ္စရှိလို့ကိုယ့်ဘာသာကိုယ်လာရတာတုန်း" 

ရွာအကြီးအကဲကျိုးမှာ ပြောပြောဆိုဆိုနှင့်အတွင်းခန်းမှ ရှောင်ကျိုးအတွက် အထူးပြုလုပ်ထားသော ခုံပုလေးကို ထုတ်ပေးလေသည်။ ရှောင်ကျိုးသည် ခုံပုလေးပေါ်တွင်ဝင်ထိုင်လိုက်ပြီး စပ်စပ်စုစုဖြင့်မေးလိုက်၏။

"ရွာအကြီးအကဲအဘိုးတို့ ဘာဖြစ်လို့အားလုံး မျက်နှာမကောင်းဖြစ်နေကြတာလဲ" 

ရွာအကြီးအကဲကျိုးမှာ သက်ပြင်းချလိုက်ပြီး ဖြည်းညင်းစွာပြောပြလာလေသည်။ 

"ဒီလပိုင်းတွေမှာ မိုးလုံးဝမရွာတော့ဘူးလေ၊ စိုက်ခင်းထဲက အပင်တွေလည်း ရှင်သန်နိုင်စွမ်းမရှိတော့ဘူး၊ သီးနှံအထွက်နှုန်းကလည်း ကျလာတယ်၊ ဒီအတိုင်းဆို ငါတို့အသက်ရှင်ဖို့တောင် ခက်ခဲတော့မယ်၊ ဒီနေ့ ရှဟယ်ရွာကရေလာခိုးတယ်၊ မနက်ဖြန်ကျရင် တခြားရွာတွေက ရေလာခိုးကြဦးမယ်၊ အသက်ရှင်ဖို့အတွက်ဆိုရင် လူတွေက ဘာမဆိုလုပ်ကြမှာ"

ရှောင်ကျိုးသည် စနစ်ပြောခဲ့သည်ကို သတိရ၍ပြောလိုက်၏။

"ရွာအကြီးအကဲအဘိုးတို့ စိတ်မပူကြပါနဲ့၊ မနက်ဖြန်ကျရင် မိုးရွာလိမ့်မယ်" 

ရွာအကြီးအကဲများအားလုံး ရှောင်ကျိုးထံပြိုင်တူလှမ်းကြည့်လိုက်ကြသည်။

"ရွာလူကြီးလေးက ဘယ်လိုလုပ်သိတာလဲ"

သူတို့မှာ ရွာလူကြီးလေးကိုမယုံကြည်၍ မဟုတ်သော်လည်း ယနေ့ကောင်းကင်ကြီးမှာ ကြည်လင်ပြာလဲ့နေပြီး မိုးရွာမည့်အရိပ်အယောင် လုံးဝမတွေ့ရသောကြောင့်ဖြစ်သည်။ ရွာအကြီးအကဲ အဘိုးများမှ သူမကိုမယုံကြည်သည်ကို မြင်သောအခါ ရှောင်ကျိုးသည် ရင်ကော့လိုက်ပြီးယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်လေ၏။ 

"သမီးသိတယ် အဲ့ဒါပဲ"


မူလကသူမခေါင်းထဲရှိ စနစ်အကြောင်း ပြောပြချင်သော်လည်း ၎င်းသည်သူတို့လျှို့ဝှက်ချက်ဖြစ်ပြီး မည်သူ့ကိုမှမပြောရန် စနစ်မှမှာထားသောကြောင့် ဖြစ်သည်။ ရှောင်ကျိုးသည် သူမကိုယ်သူမကတိတည်သော ရွာလူကြီးတစ်ယောက်ဟုခံယူထား၏။ သူမကတိပေးထားသည့်အတိုင်း မည်သည့်အရာကိုမှထုတ်ဖော်ပြောကြားမည်မဟုတ်ပေ။

ရွာအကြီးအကဲများသည် ကလေးမလေး၏ ယုံကြည်မှုရှိသောအမူအရာကို မြင်လိုက်ရသောအခါ ကောင်းကင်ဘုံမှ နတ်ဘုရားများ ရှောင်ကျိုးကိုအသိပေးလိုက်ခြင်းဖြစ်မည်ဟု တွေးလိုက်ကြသည်။ နောက်ဆုံးတွင်တော့ သူတို့၏စိုးရိမ်ပူပန်မှုများ တစ်ဝက်ခန့် လျော့ပါးသွားကြလေသည်။ ရွာအကြီးအကဲကျိုးမှ မေးလိုက်၏။

"ရွာလူကြီးလေး အဘိုးဆီကိုလာတာ တစ်ခုခုခိုင်းစရာရှိလို့လား" 

ထိုအခါမှသာ ရှောင်ကျိုးသည် သူမလာရင်းကိစ္စကို သတိရသွားတော့သည်။ ထို့ကြောင့် သူမပြောလိုက်လေ၏။

"သမီး အပင်စိုက်ချင်လို့လေ၊ ရွာအကြီးအကဲအဘိုးတို့ သမီးကိုလွတ်နေတဲ့မြေကွက်လပ်တစ်ခုလောက် ရှာပေးပါလား" 

ရွာအကြီးအကဲများသည် ထူးဆန်းသည်ဟု ထင်လိုက်ကြသည်။ ရွာလူကြီးလေးက ဒီလောက်ငယ်ငယ်လေးနဲ့ စိုက်ပျိုးရေးလုပ်ချင်ရလောက်အောင် ရွာသားတွေအတွက် ပူပန်ပေးရှာသည်ဟုပင်တွေးလိုက်ကြ၏။

"ရွာလူကြီးလေးက ဘာစိုက်ချင်လို့လဲ"

"ကန်စွန်းဥ"

"အဲဒါ ဘာကြီးလဲ" 


ရွာအကြီးအကဲများသည် တစ်ခါမှမကြားဖူးကြချေ။ ရှောင်ကျိုးလည်း သူတို့ကိုဘယ်လိုရှင်းပြရမှန်း မသိပေ။ သူမအသိစိတ်ထဲတွင်တော့ ကန်စွန်းဥဆိုသည်မှာ စားစရာတစ်မျိုးသာ ဖြစ်သည်။ ထို့ကြောင့် သူမရိုးရိုးလေးသာပြန်ဖြေလိုက်၏။

"အဲဒါစားစရာ တစ်မျိုးပဲ၊ စားလို့အရမ်းကောင်းတယ်" 


ထို့နောက် သူမခေါင်းထဲ၌မြင်ခဲ့ရသော ကန်စွန်းဥစိုက်ပျိုးနည်းဗီဒီယိုများကို ပြန်တွေးလိုက်ပြီး ရွာအကြီးအကဲများကို စနစ်တကျရှင်းပြလိုက်သည်။ ရွာအကြီးအကဲများသည် အာရုံစိုက်၍ နားထောင်နေကြ၏။ ရွာလူကြီးလေး လိုချင်သည့်အရာဖြစ်နေ၍ ဘာပင်ပဲပေါက်ပေါက် ရွာလူကြီးလေးအတွက် သေချာပေါက်စိုက်ပျိုးပေးမည်ဟု ဆုံးဖြတ်လိုက်ကြသည်။ ပြီးတော့ ကြည့်ရတာ သိပ်ခက်ခဲမည့်ပုံလည်းမပေါ်ပေ။ သူတို့အားလုံးသည် တစ်သက်လုံးမြေကြီးနှင့် နပန်းလုံးလာကြသူများ၊ စိုက်ပျိုးရေးကျွမ်းကျင်သူများသာ ဖြစ်ကြ၏။

မနက်ဖြန်ကျလျှင် သူတို့၏ဆော့ကစားနေတတ်သောသားဆိုးလေးများကိုခေါ်ပြီး ရွာလူကြီးလေးအတွက်လယ်ကွက်ထဲ၌ မြေရှင်းခိုင်းရမည်။ ရွာအကြီးအကဲများ သဘောတူပြီးနောက် ရှောင်ကျိုးသည် အိမ်ပြန်ရန်ပြင်လိုက်သည်။ ရွာအကြီးအကဲများမှ လိုက်ပို့မည်ဟု အတင်းပြောသော်လည်း ရှောင်ကျိုးငြင်းလိုက်၏။ သူမသည် တံခါးဝတွင် ဆော့ကစားနေသော ရှီထုလေးကို လှမ်းမြင်လိုက်သည်။

ထို့ကြောင့် သူမအိတ်ကပ်ထဲမှ သကြားလုံးတစ်လုံးကိုထုတ်ကာ ရှီထုလေးအားပေးလိုက်၏။ ပြီးနောက် သူမအသာရပ်စောင့်နေလိုက်သည်။ အချိန်အတော်ကြာသည်ထိ စနစ်သံမှာပေါ်မလာတော့ပေ။

ကောင်းပြီလေ သိုးကိုတစ်ခါပဲ အမွှေးရိတ်လို့ရတာကိုး။

ရှောင်ကျိုးသည် လက်နောက်ပစ်ကာ အိမ်သို့‌နှေးတိနှေးတုံ့ဖြင့်လျှောက်ပြန်လာခဲ့လေသည်။ ခြံဝင်းထဲသို့ဝင်လိုက်သည်နှင့် လှပသောအမွှေးအတောင်များရှိသည့် တောကြက်တစ်ကောင်သည် သူမထံသို့တန်းတန်းမတ်မတ် ပျံသန်းလာတော့၏။

*သခင် သခင်ပြန်ရောက်ပြီလား။ သခင် ဖက်ပေးပါဦး*

ရှောင်ကျိုး ချက်ချင်းပင်လက်ဖြင့် ဖမ်းဆုပ်လိုက်သည်။


တောကြက်လား


ဒါဆို ဆုလက်ဆောင်က အိမ်မှာတင်စောင့်နေတာပေါ့။


ရှောင်ကျိုးသည် သူမလက်ထဲမှ တောကြက်ကို စိုက်ကြည့်လိုက်သည်။ သူမ ယခင်ကစားဖူးခဲ့သော ကြက်သားဟင်းလျာအမျိုးမျိုးမှာ ခေါင်းထဲ၌ တန်းစီပေါ်လာကြလေသည်။ ကြက်ပေါင်းရည်၊ ကုန်းပေါင်ကြက်သားကျော်၊ ကြက်သားပြုတ်၊ သုံးမျိုးချက်ကြက်သားဟင်း၊ ကြက်စပ်ချက်၊ ကြက်ကြော်၊ ကြက်ကင်.....ရှောင်ကျိုး သွားရည်ကျလာမိ၏။ သူမဤနေရာကိုရောက်နေသည်မှာ နှစ်အတော်ကြာပြီဖြစ်သော်လည်း အသားစားရသည့် အကြိမ်အရေအတွက်မှာ လက်ချိုးရေလို့ပင်ရသည်။


မတတ်နိုင်ဘူးလေ။ ရွာကအရမ်းဆင်းရဲတော့ နှစ်သစ်ကူးတို့လိုပွဲတော်ရက်လောက်မှသာ အသားစားနိုင်ကြ၏။ တောကြက်သည် သခင်ဖြစ်သူ၏မျက်လုံးများ တဖြည်းဖြည်း ထူးဆန်းလာသည်ကို မြင်လိုက်ရသောအခါ ရှောင်ကျိုးလက်ထဲမှ အတင်းရုန်းထွက်ပြီး ခပ်လှမ်းလှမ်းသို့ ပြေးသွားလေသည်။ ၎င်းကလည်ပင်းကိုဆန့်ကာ ရှောင်ကျိုးထံကြက်သံဖြင့် အော်မြည်လေတော့၏။

*ငါကနင့်ကို သခင်လို့သတ်မှတ်ထားတာကို နင်ကငါ့ကို စားချင်နေတယ်ပေါ့လေ။ 


အသည်းနှလုံးမရှိတဲ့ မိန်းမ

သစ္စာမရှိတဲ့လူ


လူယုတ်မာ*


"......."


ရှောင်ကျိုး ကြက်ကိုသံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။ တစ်ခုခုတော့ မှားနေပြီ တော်တော်ကို မှားနေပြီ။ ဒီကြက်က သူမကိုဆဲနေသလိုပဲ ပြီးတော့ တော်တော်ကိုရိုင်းရိုင်းစိုင်းစိုင်း ဆဲနေသလိုခံစားရတယ်။

"နင်ငါပြောတာ နားလည်လား" 

ရှောင်ကျိုးဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကြက်ကိုမေးလိုက်သည်။ တောကြက်မှာမော့ထားသော ခေါင်းကို ဖြည်းဖြည်းချင်းငြိမ့်ပြလိုက်ပြီးနောက် ရှောင်ကျိုးမမြင်လိုက်မည်ကိုစိုးသည့်အလား ခပ်မြန်မြန်ခေါင်းဆက်တိုက်ငြိမ့်ပြပြန်သည်။ ရှောင်ကျိုး အနည်းငယ် စိတ်ပျက်သွားလေ၏။ ဉာဏ်ကောင်းတဲ့ တောကြက်တစ်ကောင်ဖြစ်နေတာကိုး။


သူမ တကယ်အသားစားချင်နေပြီလို့။


ရှောင်ကျိုးမှ သူ့ကိုအချိန်မရွေး ဟင်းအိုးထဲထည့်တော့မည့်ပုံစံမျိုး မရှိတော့သည်ကိုမြင်မှသာ တောကြက်လည်း သက်ပြင်းချနိုင်တော့သည်။ ၎င်းသည် အခြေအနေကို လိုက်လျောညီထွေနေတတ်သော ကြက်တစ်ကောင်ဖြစ်၍ ရှောင်ကျိုးဘေးသို့ ဖြည်းဖြည်းချင်းတိုးလာပြီး နေရာမှာတင်ဥ,ဥပြလိုက်လေ၏။

တွေ့လား သခင် ငါက ဥ,ဥတတ်တယ်။ နေ့တိုင်းကိုဥပေးဦးမှာ။ ငါ့ကိုမွေးထားတာ အများကြီးအသုံးဝင်တယ်နော်။

ရှောင်ကျိုးသည် သူမခြေထောက်နားသို့ လိမ့်ဆင်းလာသော ကြက်ဥကိုကြည့်ရင်း မျက်လုံးများအရောင်တောက်လာသည်။ ကြက်သားမစားရလည်း ကြက်ဥဆိုရင်ကိုအဆင်ပြေနေပါပြီ။ တောကြက်အပေါ်ကြည့်သော ရှောင်ကျိုးအကြည့်များမှာ နူးညံ့သွားလေသည်။

"ဒီနေ့ကစပြီး နင့်နာမည်ကယွိဟွာနော်"

*ကွပ် ကွပ် ကွပ် ကွပ်*


ယွိဟွာမှာငြင်းဆန်ကြောင်း အော်မြည်လိုက်၏။ ဒီနာမည်ကြီးက တကယ်ကို တောဆန်လွန်းတယ်။ ကံဆိုးစွာဖြင့် ငြင်းဆိုမှုမှာ အရာမထင်ခဲ့ချေ။ ရှောင်ကျိုးသည် ကြက်ဥကိုမီးဖိုချောင်ထဲတွင် သွားထားလိုက်သည်။ ခဏနေကျ အစ်မရွှီကို ကြက်ဥပေါင်းလုပ်ခိုင်းရမည်။ သူမကြက်ဥပေါင်းစားချင်နေ၏။ အစ်မရွှီသည် ရွှီမိသားစု၏အကြီးဆုံးသမီး ဖြစ်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်၌ အိမ်နီးချင်းနျို့လန်ရွာမှ ကျောက်တနှင့် လက်ထပ်ခဲ့၏။ ထိုနှစ်များအတွင်း ၎င်းတို့ဇနီးမောင်နှံမှာ ကလေးမရခဲ့ပေ။ ကျောက်တအမေမှာ ယောက္ခမဆိုးကြီး ဖြစ်၏။ သူမမိသားစုသည် ဥမဥနိုင်သောကြက်မတစ်ကောင်ကို ယူထားမိသည်ဟု အမြဲတွေးနေပြီး အစ်မရွှီကို ပိုပိုပြီးမုန်းတီးလာကာ နည်းမျိုးစုံဖြင့် နှိပ်စက်လေတော့သည်။

ရွာထဲမှ အဒေါ်ကြီးများပြောစကားအရ အစ်မရွှီသည် ကျောက်မိသားစုအိမ်တွင် ထမင်းကျန်ဟင်းကျန်များကိုသာ စားရပြီး မကြာခဏငတ်ပြတ်နေတတ်ကြောင်း၊ မိုးလင်းမှမိုးချုပ်ထိ နားချိန်မရှိလုပ်ကိုင်ရကြောင်းသိရ၏။ မိုးမလင်းမီကပင် အစ်မရွှီသည် တစ်မိသားစုလုံးအတွက် မနက်စာပြင်ဆင်ရန်အိပ်ရာထရပြီးနောက် ခြံဝင်းကိုသန့်ရှင်းရေးလုပ်၊ ကြက်ဘဲများကို အစာကျွေးရသည်။ အကယ်၍ အလုပ်,လုပ်သည်သာနည်းနည်းလေး နှေးကွေးသွားလျှင် ယောက္ခမဆိုးကြီး၏ဆဲဆိုကြိမ်းမောင်းခြင်းကို ခံရလေ၏။ ဆောင်းရာသီ၏ အလွန်အေးသောရက်များတွင် ယောက္ခမဆိုးကြီးမှာ အစ်မရွှီကိုအဝတ်ပါးပါးလေးသာဝတ်ခိုင်းပြီး ရေခဲနေသောမြစ်တွင် အဝတ်လျှော်ခိုင်းလေ့ရှိသည်။

ပို၍မုန်းစရာကောင်းသည်မှာ သူမခင်ပွန်းသည်ပင်ဖြစ်၏။ တစ်ခုခု အဆင်မပြေဖြစ်ပါက အစ်မရွှီအပေါ် အပြစ်ပုံချပြီး မကြာခဏလက်သီးနှင့်ထိုးခြင်း၊ ကန်ကျောက်ခြင်း၊ တုတ်ဖြင့် ရိုက်နှက်ခြင်းတို့ကို ပြုလုပ်တတ်သည်။ တစ်ခါကဆိုလျှင် ကျောက်တတစ်ယောက် အိမ်သို့မူးမူးရူးရူးနှင့်ပြန်ရောက်လာပြီး ဇနီးသည်ကို ရိုက်နှက်နေခိုက် အဘွားရွှီသည်သမီးဖြစ်သူကို သွားရောက်တွေ့ဆုံရန် ကျောက်မိသားစုအိမ်သို့ ရောက်ရှိလာခဲ့၏။ ကြားသိရသလောက်တော့ ထိုနေ့တွင် အဘွားရွှီမှာ တစ်ကိုယ်တည်းဝင်ရောက်ကာ ကျောက်မိသားစုတစ်ခုလုံးကို တိုက်ခိုက်ခဲ့ပြီး အသာစီးရခဲ့သည်ဟု ဆိုကြသည်။ မပြန်ခင်တွင်ပင် ကျောက်မိသားစုအိမ်ကို ရိုက်ခွဲဖျက်ဆီးခဲ့ပြီး သမီးဖြစ်သူကို ကျောက်တနှင့်ကွာရှင်းစေခဲ့လေ၏။

ရှောင်ကျိုး ထိုသတင်းကိုကြားပြီးနောက် သတ္တိကောင်းသော အဘွားရွှီကို အလွန်သဘောကျသွားခဲ့သည်။ ထို့ပြင် ရွှီမိသားစု၏အငယ်ဆုံးမြေးလေးပြောပြချက်အရ သူ့အဒေါ်လေးမှာ ဟင်းချက်အလွန်ကောင်းကြောင်း ရှောင်ကျိုးသိထား၏။ ရှောင်ကျိုး အလွန် စိတ်ဝင်စားသွားမိသည်။ ယခင်က ရွာထဲမှအဒေါ်ကြီးများသည် ရှောင်ကျိုးကို အလှည့်ကျလာရောက် စောင့်ရှောက်ပေးခဲ့ကြ၏။ ရှောင်ကျိုးမှာ သူတို့ကိုနေ့တိုင်းဒုက္ခမပေးချင်သောကြောင့် ရွာအကြီးအကဲများကို အကြံပြုခဲ့သည်။

သူမက အစ်မရွှီကိုခေါ်ယူပြီး သူမကို ပြုစုစောင့်ရှောက်ခိုင်းမည်။ ကွာရှင်းပြီးကာစဖြစ်သော အစ်မရွှီသည်နေစရာမရှိဖြစ်နေသဖြင့် ရှောင်ကျိုးခြံဝင်းထဲတွင် လာနေနိုင်သည်။ ရှောင်ကျိုးအိမ်တွင် ဒီအတိုင်းပစ်ထားသော အခန်းလွတ်အများကြီးရှိပြီးသားပင်။ ရွာအကြီးအကဲများကလည်း ဤနည်းလမ်းကိုဖြစ်နိုင်သည်ဟု ယူဆကြသည်။ ရွာလူကြီးလေးနှင့် အတူနေပေးမည့်သူ ရှိလျှင် သူတို့လည်းပိုစိတ်ချရမည်။ ပြီးတော့ ရွှီမိသားစုသမီးငယ်သည် ငယ်စဉ်ကတည်းမှ ရိုးသားကြိုးစားသူဖြစ်ပေသည်။

သို့သော် အစ်မရွှီမှာလုပ်အားခယူရန် အကြီးအကျယ်ငြင်းဆန်ခဲ့သည်။ ရွာလူကြီးလေးကို ပြုစုစောင့်ရှောက်ရခြင်းမှာ သူမတာဝန်သာဖြစ်ကြောင်း၊ ရွာလူကြီးလေးမှ သူမအားနေစရာပေးသည့်အတွက်ပင် ကျေးဇူးတင်မဆုံး ဖြစ်ရကြောင်း ပြောဆိုခဲ့လေ၏။


4


ရွာအကြီးအကဲများမှာ ထိုစကားကို ကြားသောအခါ ပို၍ပင်စိတ်သက်သာရာရသွားကြလေသည်။ သူမမှာသူတို့ရွာလူကြီးလေးအပေါ် ကျေးဇူးသိတတ်သူတစ်ယောက် ဖြစ်နေ၍ပင်။ ထိုအချိန်မှစ၍ အစ်မရွှီသည် ရှောင်ကျိုး၏အိမ်အကူဖြစ်လာခဲ့သည်။ ရှောင်ကျိုးသည် ကြက်ဥများကို မီးဖိုချောင်ရှိဇလုံတစ်ခုထဲတွင်ထည့်ပြီးနောက် ခြံဝင်းအပြင်ဘက်သို့ထွက်လာခဲ့၏။ သူမအိမ်အပြင်ကို မကြာခဏထွက်ပေးမှသာ မစ်ရှင်အချို့ကျလာပြီး ဆုလက်ဆောင်များ ရရှိနိုင်မည်ဟု သူမခံစားမိသောကြောင့်ပင်။

ခြံဝင်းတံခါးဝသို့ ရောက်ရောက်ချင်းတွင် တနွီနှင့်သူမမောင်လေး အားသို့တို့မှာ ဝါးပလိုင်းကိုယ်စီလွယ်၍ တောထဲသို့ဟင်းသီးဟင်းရွက်ခူးရန် ထွက်လာကြသည်ကို တွေ့လိုက်ရလေသည်။ ရှောင်ကျိုးမှာ ချက်ချင်းပင် သူတို့နောက်မှလိုက်သွားလိုက်၏။ သို့သော် ခြေလှမ်းအနည်းငယ်မျှလှမ်းပြီးသည်နှင့် တနွီမှာနောက်လှည့်ကြည့်ပြီးမေးလာသည်။

"ရွာလူကြီးလေး ဘာလို့ ငါတို့နောက်က လိုက်လာတာလဲ"

ရှောင်ကျိုးမှာ မျက်နှာတည်တည်ဖြင့် ပြန်ဖြေလိုက်၏။ 

"မလိုက်ပါဘူး ဒီတိုင်းလမ်းလျှောက်ထွက်လာတာပါ"

"ဪ" 


တနွီပြန်တုံ့ပြန်လိုက်ပြီး သိပ်အရေးမလုပ်တော့ချေ။ သူမမှာ ရွာလူကြီးလေးကို ဖြည်းဖြည်းလျှောက်ရန်နှင့် မချော်လဲစေရန် သတိပေးပြီးနောက် မောင်လေးလက်ကိုဆွဲကာ ဆက်လျှောက်သွားလေသည်။ သို့သော် ခဏမျှလျှောက်ပြီးသောအခါ ရွာလူကြီးလေးသည် သူမခြေတံတိုတိုလေးများဖြင့် မမှီမကမ်းလိုက်လာနေသည်ကိုတွေ့ရသဖြင့် တနွီမှာလျစ်လျူရှုထား၍ မရတော့ပေ။ တနွီသည် စိတ်မပါဟန်ဖြင့် နောက်လှည့်ကြည့်လိုက်ပြီး ဆောင့်ကြောင့်ထိုင်ချကာ ရွာလူကြီးလေးကို လေးလေးနက်နက်ကြည့်ရင်း ပြောလိုက်သည်။ 


"ရွာလူကြီးလေး အစ်မတို့မောင်နှမနှစ်ယောက်က တောင်ပေါ်တက်ပြီး ဟင်းရွက်ခူးကြမလို့၊ ရွာလူကြီးလေး လိုက်ခဲ့လို့ မရဘူးနော်၊ ရွာအကြီးအကဲတွေက ရွာလူကြီးလေးကို တောင်ပေါ်ခေါ်သွားခွင့်မပြုထားဘူးလေ"

ရွာလူကြီးလေးတွင် မှတ်တမ်းဟောင်း ရှိခဲ့ဖူးသည်။ သူမသုံးနှစ်သမီးအရွယ်၌ ရွာသားများ တောင်ပေါ်တက်သည်ကို တိတ်တဆိတ် နောက်ယောင်ခံလိုက်သွားခဲ့ဖူး၏။ နောက်ပိုင်းတွင် ရွာအကြီးအကဲများမှ ရွာလူကြီးလေး ပျောက်နေကြောင်း သိလိုက်ရသောအခါ တစ်ရွာလုံးညလုံးပေါက်မီးထွန်းရှာခဲ့ကြရသည်။ သနားစရာရွာအကြီးအကဲများမှာ တောင်ပေါ်ရှိ ကျောက်တုံးကြီးတစ်ခုနောက်တွင် ကလေးတစ်ယောက် လဲလျောင်းနေသည်ကို တွေ့လိုက်ရလေ၏။ ရွာလူကြီးလေးဆုံးသွားပြီဟု ထင်မှတ်လိုက်ကြသဖြင့် အသက်ရှူပင်ရပ်မတတ်ဖြစ်သွားပြီး ရွာလူကြီးဟောင်းရှိရာသို့ လိုက်သွားလုနီးပါးဖြစ်ခဲ့ကြရသည်။

နောက်မှသာ ရွာလူကြီးလေးအိပ်ပျော်နေကြောင်းနှင့် ထိုခန္ဓာကိုယ်သေးသေးလေးမှ ဟောက်သံများပင်ထွက်နေကြောင်း သိရှိသွားကြတော့၏။ ထိုအချိန်မှစ၍ ရွာအကြီးအကဲများသည် ရွာလူကြီးလေးကို တောင်ပေါ်တက်ခွင့် ပိတ်ပင်လိုက်ကြသည်။ တောင်ပေါ်ရှိ လူသူအရောက်အပေါက်နည်းသော နေရာတစ်ခုခုတွင် ထပ်မံအိပ်ပျော်သွားပြီး မည်သူမှမသိဘဲဝံပုလွေများကိုက်ချီသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။ ရှောင်ကျိုးမှာ ဖြောင့်မတ်တည်ကြည်ဟန်ဖြင့် ပြောလိုက်လေသည်။ 

"ပေါက်ကရတွေ မပြောစမ်းနဲ့၊ ငါကနင့်နောက်လိုက်နေတာ မဟုတ်ဘူး၊ ငါတို့ သွားမယ့်လမ်းက တူနေလို့ပါ"

"ရွာလူကြီးလေးက ငါတို့တွေနဲ့လမ်းကြုံလို့ တောင်ပေါ်တက်မလို့လား" 


တနွီမှာ မဟုတ်တာလုပ်နေသော်လည်း ယုံကြည်မှုအပြည့်ရှိနေသော ရွာလူကြီးလေးကိုကြည့်ကာ သက်ပြင်းချရင်း မေးလိုက်သည်။ ရှောင်ကျိုးသည် ယွိဟွာကိုတွေ့လိုက်ရသဖြင့် ဉာဏ်နီဉာဏ်နက်များထွက်ပေါ်လာပြီး သူမခြေထောက်ကိုဆိတ်နေသော ယွိဟွာထံလက်ညှိုးထိုးပြလိုက်၏။ 

"ငါက ယွိဟွာကိုလမ်းလျှောက်လိုက်ပို့ပေးနေတာ၊ သူက ဒီရက်ပိုင်းစိတ်ဓာတ်နည်းနည်းကျနေလို့"

ထိုအခါမှ တနွီသည် ဘေးနားရှိယွိဟွာကို သတိထားမိသွားပြီး ရွာလူကြီးလေးကို မေးလိုက်သည်။ 


"ဒါက"

"တောင်ပေါ်က တောကြက်လေ၊ သူ့ဘာသာသူ ငါ့ခြံဝင်းထဲဝင်လာတာ၊ ပြီးတော့ ဥတောင်ဥပေးသေးတယ်" 

ရှောင်ကျိုးပြောလိုက်သည်။ တနွီသည် တောင်ပေါ်မှတောကြက်များကို မြင်ဖူးသော်လည်း ဤမျှလှပသောကြက်မျိုး တစ်ခါမှ မမြင်ဖူးချေ။ ဤတောကြက်၏ အမွှေးအတောင်များမှာ တောက်ပပြီးထူးခြားနေသည်။ နေရောင်အောက်တွင် ရောင်စုံဖြာထွက်နေပြီး တကယ်ကိုလှပလွန်းလှ၏။

နေဦး အဓိကအချက်က အဲဒါမဟုတ်ဘူး။ အဓိကအချက်က ဒီလောက်ကြက်ဖနဲ့တူတဲ့ တောကြက်ကဘာကိစ္စ ဥ,ဥရတာလဲ။ ရွာလူကြီးလေးမှ တောင်ပေါ်တက်ရန် စိတ်ပိုင်းဖြတ်ထားပုံရသည်ကိုမြင်သောအခါ တနွီလည်း ဤကြက်မှာ အထီးလား အမလားခွဲခြားနေဖို့ အချိန်မရှိတော့ပေ။ တနွီသည် သူမနောက်ကိုတိတ်တဆိတ် လိုက်လာခွင့်ပြုလိုက်သည်ထက်စာလျှင် ကိုယ်တိုင်စောင့်ကြည့်ထားသည်မှာ ပိုကောင်းမည်ဟုတွေးလိုက်သည်။ တနွီသည် လက်တစ်ဖက်ဖြင့် မောင်လေးလက်ကိုဆွဲကာ ကျန်လက်တစ်ဖက်ဖြင့် ရွာလူကြီးလေးလက်ကို ဆွဲလိုက်လေ၏။

ယနေ့တော့ တောထဲဝင်ပြီးဟင်းရွက်မခူးတော့ဘဲ တောင်ခြေနားတင်ရွာလူကြီးလေးစားဖို့ တောသစ်သီးရှာခူးပေးတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ တောင်ခြေသို့ရောက်သောအခါ သူမသည် ကလေးနှစ်ယောက်ကို တောင်ပေါ်မတက်ရန်နှင့် တောသစ်သီးအနည်းငယ်ခူးပြီးသည်နှင့်ပြန်ကြရန် အထပ်ထပ်မှာကြားလေ၏။ ရှောင်ကျိုးမှာ သဘောတူပါမည်လား ဝေးပါသေးတယ်။ သူမက တောသစ်သီးလေးလောက်ကို မက်မောတတ်တဲ့သူမှမဟုတ်တာ။

မဟုတ်ဘူး ဒီနေ့ သူမအသားစားရမှ ဖြစ်မယ်။ အသားစားရဖို့ တောင်ပေါ်တက်ပြီးအမဲလိုက်ရမယ်လေ။ ရှောင်ကျိုး တောင်ခြေသို့ရောက်သည်နှင့် ယွိဟွာကို တောင်ပေါ်သို့မောင်းတင်လိုက်ပြီး ပါးစပ်မှလည်းအော်ဟစ်လိုက်လေသည်။ 

"ယွိဟွာ ယွိဟွာ ဘယ်သွားမလို့လဲ၊ အခုချက်ချင်းပြန်လာခဲ့စမ်း"

တနွီမှာ ထိုမြင်ကွင်းကိုကြည့်ပြီး စိတ်ပျက်လက်ပျက်ဖြစ်သွားရ၏။ ရွာလူကြီးလေးပဲ ယွိဟွာကိုတောင်ပေါ်မောင်းထုတ်လိုက်တာ မသိဘူးများ မှတ်နေလား။ တနွီသည် မောင်လေးလက်ကိုဆွဲကာ နောက်မှအမြန်လိုက်သွားရတော့သည်။

"ရွာလူကြီးလေး ဖြည်းဖြည်းပြေးပါ ချော်လဲဦးမယ်"

"ရွာလူကြီးလေး ယွိဟွာစောင့်ပါဦး"

အားသို့လေးကလည်း သူ့ခြေတံတိုတိုလေးများဖြင့် အနောက်မှအမြန်ပြေးလိုက်ရင်း ကလေးသံလေးဖြင့် အော်ဟစ်လိုက်ပါလာသည်။ ကလေးတစ်သိုက် ယွိဟွာနောက်သို့ လိုက်နေကြသည်မှာ အလွန်ပျော်စရာကောင်းနေ၏။


*မစ်ရှင်ရောက်လာပါပြီ - လဲကျနေသောအဘိုးအိုကို ကယ်တင်ပါ။ 


ဆုလက်ဆောင် -  á€Ąá€™á€žá€á€ş ၆၀ + ဆရာတစ်ယောက်။ 


တည်နေရာ - ရှေ့မီတာ ၁၀၀အကွာရှိ တွင်းကြီးထဲတွင်*

ရှောင်ကျိုးသည် ဘရိတ်အုပ်လိုက်သကဲ့သို့ ရပ်တန့်လိုက်ပြီး ချက်ချင်း နောက်လှည့်ပြန်ပြေးလေသည်။ စနစ်သည် သခင်ဖြစ်သူနောက်လှည့်မကြည့်ဘဲ တောင်အောက်သို့ပြန်ဆင်းသွားသည်ကိုသာ မြင်လိုက်ရ၏။ သခင်ဖြစ်သူ မကြားလိုက်ဘူးဟုထင်ပြီး မစ်ရှင်ကိုသုံးကြိမ်ဆက်တိုက် ထပ်မံထုတ်ပြန်လိုက်သည်။

*မစ်ရှင်ရောက်လာပါပြီ - လဲကျနေသောအဘိုးအိုကို ကယ်တင်ပါ။ 


ဆုလက်ဆောင် - အမှတ် ၆၀ + ဆရာတစ်ယောက်။ 


တည်နေရာ - ရှေ့ မီတာ ၁၀၀အကွာရှိ တွင်းကြီးထဲတွင်*

*မစ်ရှင်ရောက်လာပါပြီ - လဲကျနေသောအဘိုးအိုကို ကယ်တင်ပါ။ 


ဆုလက်ဆောင် - အမှတ် ၆၀ + ဆရာတစ်ယောက်။ 


တည်နေရာ - ရှေ့ မီတာ ၁၀၀အကွာရှိ တွင်းကြီးထဲတွင်*

*မစ်ရှင်ရောက်လာပါပြီ - လဲကျနေသောအဘိုးအိုကို ကယ်တင်ပါ။ 


ဆုလက်ဆောင် - အမှတ် ၆၀ + ဆရာတစ်ယောက်။ 


တည်နေရာ - ရှေ့ မီတာ ၁၀၀အကွာရှိ တွင်းကြီးထဲတွင်*

ဆရာတစ်ယောက်လား။


ဟင့်အင်း မလိုချင်ဘူး။


ငါ စာမသင်ချင်ဘူး။


ရှောင်ကျိုးမှာ အလွန်ကြောက်လန့်သွားပြီး ခွေးလိုက်ဆွဲခံရသကဲ့သို့ သုတ်‌ချေတင်ပြေးလေတော့သည်။ စနစ်မှာယခင်စကားလုံးအသုံးအနှုန်း မှားသွားသည်ဟုထင်သဖြင့် ပြန်လည်ပြင်ဆင်ပြီးထုတ်ပြန်လိုက်၏။

*မစ်ရှင်ရောက်လာပါပြီ - လဲကျနေသောအဘိုးအိုကို ကယ်တင်ပါ။ 


ဆုလက်ဆောင် - အမှတ် ၆၀ + တောဝက်တစ်ကောင်*


ရှေ့မှအသားကုန်ပြေးနေသော ကလေးမလေး ရုတ်တရက်ရပ်တန့်သွားလေသည်။

ဟူး တော်ပါသေးရဲ့။ သူကျောင်းပြန်တက်ရတော့မယ်လို့ ထင်နေတာ။


တနွီသည် ရွာလူကြီးလေးနောက်ပြန်ပြေးလာသည်ကိုမြင်သောအခါ သူမစကားကိုနားထောင်ပြီး တောင်အောက်ပြန်ဆင်းလာသည်ဟု ထင်လိုက်လေသည်။

"ရွာလူကြီးလေး အခုပြန်တော့မလို့လား"


"မဟုတ်ဘူး လေ့ကျင့်ခန်းလုပ်နေတာ"


ထိုသို့ပြောပြီးသည်နှင့် သူမယခုလေးတင်ပြေးလာခဲ့သော နေရာသို့ပြန်လှည့်ပြေးသွားလေသည်။ တစ်ကယ်ပင်ရှေ့နား၌တွင်းကြီးတစ်တွင်းရှိနေပြီး မုတ်ဆိတ်ဖြူနှင့်အဘိုးအိုတစ်ဦး သတိလစ်မေ့မြောနေသည်ကို တွေ့လိုက်ရ၏။ ထိုအဘိုးအိုခြေထောက်သည် သားကောင်ဖမ်းသောထောင်ချောက်ထဲ၌ ညှပ်နေလေသည်။ ပြေးလိုက်လာသော တနွီနှင့်အားသို့တို့သည်လည်း တွင်းအောက်ခြေရှိအဘိုးအိုကို တွေ့သွားကြ၏။ အားသို့မှာ သူ့ခေါင်းပေါ်ရှိ ဆံပင်ထောင်ထောင်လေးများကိုကုတ်ရင်း မေးလိုက်သည်။


"ဒါက ဘယ်သူကြီးလဲ"

"ငါလည်း မသိဘူးလေ" 


ရှောင်ကျိုးမှ အကြိမ်အနည်းငယ်လှမ်းခေါ်ကြည့်သော်လည်း အဘိုးအိုမှာပြန်မထူးပေ။ တနွီခန့်မှန်းကြည့်သည်မှာ အဘိုးအိုသည် လမ်းပျောက်ပြီး မတော်တဆတွင်းထဲပြုတ်ကျကာ မုဆိုးထျန်းထောင်ထားသော ထောင်ချောက်အားနင်းမိသွားခြင်း ဖြစ်ပုံရသည်။ နာကျင်လွန်းသဖြင့် မေ့လဲသွားခြင်းဖြစ်တန်ရာ၏။ တနွီမှာရွာထဲသို့အမြန်ပြန်ပြီး လူကြီးများကို အကူအညီခေါ်သင့်သည်ဟု တွေးလိုက်သည်။

"ရွာလူကြီးလေး ရွာထဲကိုအရင်ပြန်ပြီး ရွာသားတွေကို လာကယ်ခိုင်းကြရအောင်"

"နင်ပြန်ခေါ်လိုက်လေ ငါ ဒီမှာပဲစောင့်နေမယ်၊ ဘယ်မှမသွားပါဘူး"

"မဖြစ်ဘူး ဝက်ဝံနက်နဲ့တွေ့ရင်ဘယ်လိုလုပ်မလဲ"

"ငါ့လက်သီးနဲ့ ထိုးသတ်လိုက်မှာပေါ့၊ နင်ပဲမြန်မြန်သွားခေါ်လိုက်ပါ" 

ရှောင်ကျိုး တနွီကိုအမြန်သွားရန် တိုက်တွန်းလိုက်သည်။ တနွီသည် အရင်ရက်အနည်းငယ်မှ ကျောက်ဟူနှင့် အခြားသူများပြောသည်ကို သတိရလိုက်၏။ ရွာလူကြီးလေးတစ်ယောက်တည်းဖြင့် ရှဟယ်ရွာမှလူဆယ်ယောက်ကျော်ကို နိုင်အောင်တိုက်ခဲ့သည်ဟုပင်။ ဒါဆိုရင် သူမကိုယ်သူမ ကာကွယ်နိုင်လောက်တယ်မလား။ ထို့ကြောင့် သူမပြန်လာသည်ထိစောင့်နေရန် ကလေးနှစ်ယောက်ကိုမှာကြားပြီးနောက် အကူအညီခေါ်ရန်ရွာထဲသို့ အမြန်ပြေးသွားလေသည်။

တနွီထွက်သွားသည်ကိုမြင်မှသာ ရှောင်ကျိုးသည် သူမတောဝက်ကြီး ဘယ်နေရာမှထွက်လာမည်ကို အသာစောင့်ဆိုင်းနေလိုက်သည်။ ခြံဝင်းထဲမှာပဲ စောင့်နေပြန်တာများလား။ အစ်မရွှီသာမြင်သွားရင် လန့်သေသွားမလားမသိဘူး။

ထိုစဉ်မှာပင် အဝေးမှဆူညံသံကြီးတစ်သံထွက်ပေါ်လာပြီး တောဝက်ကြီးတစ်ကောင်သည် ရှောင်ကျိုးနှင့်အားသ်ို့ရှိရာသို့ တဟုန်ထိုးပြေးဝင်လာလေသည်။ အားသို့မှာကြောက်လွန်းသဖြင့် မျက်ရည်များ တွင်တွင်စီးကျလာတော့၏။

"ရွာ ရွာလူကြီးလေး မြန်မြန်"

သူ*ပြေး*ဟုပင် မအော်နိုင်သေးခင်မှာပင် ရွာလူကြီးလေးမှာ လက်သီးသေးသေးလေးကိုမြှောက်ပြီး ထိုးချလိုက်သည်ကိုတွေ့လိုက်ရလေ၏။ တောဝက်ကြီးသည် ဘုန်းခနဲလဲကျသွားပြီး မလှုပ်မယှက်ဖြစ်သွားတော့သည်။ အားသို့မှာ မှင်သက်သွားပြီး မျက်လုံးများအရောင်တောက်လာကာ ရွာလူကြီးလေးကို အားကျလေးစားဟန်ဖြင့်ကြည့်လိုက်မိ၏။


"ရွာလူကြီးလေးက အရမ်းတော်တာပဲ"


"ရွာလူကြီးလေးက မိုက်လိုက်တာ"


"ရွာလူကြီးလေး သားကြီးလာရင် ရွာလူကြီးလေးလို တော်အောင်လုပ်မယ်"

.......

ချီးကျူးစကားများ ဆက်တိုက်ကြားရသဖြင့် ရှောင်ကျိုးအလွန်သဘောကျသွားသည်။ သူမသကြားလုံးတစ်လုံး ထုတ်လိုက်ပြီး အခွံခွာကာသူ့ပါးစပ်ထဲ ထည့်ပေးလိုက်သည်။ ချိုမြိန်မွှေးကြိုင်သော နို့ရနံ့လေးပါးစပ်ထဲပျံ့နှံ့သွား၏။ အရမ်း စားကောင်းတာပဲ။


အားသို့တွေးလိုက်သည်မှာ - သူ ကြီးလာရင် ရွာလူကြီးလေးကိုပဲလက်ထပ်တော့မယ်။


ရှောင်ကျိုးသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူမ၏တိုက်ပွဲနိုင်ပစ္စည်းကိုကြည့်ကာ သွားရည်ကျနေလေသည်။ သူမ တောဝက်သားမစားရသည်မှာ ကြာခဲ့ပြီပင်။ မုဆိုးထျန်း၏သားအကြီးဆုံး ထျန်းကျူကျစ်အမဲလိုက်စဥ်၌စားဖူးပေသိ ထိုအသားမှာညှီပြီးသိပ်မကောင်းလှပေ။ သူမ၏ဈေးဝယ်စင်တာထဲတွင် ဟင်းချက်နည်းစာအုပ်ရှိကြောင်း သတိရလိုက်သည်။ ဆယ်မှတ်သာပေးရ၏။ ထိုသည်ကိုသာလဲလှယ်လိုက်ပြီး နောက်ဆိုအစ်မရွှီကိုဟင်းကောင်းများချက်ခိုင်းရပေမည်။


မကြာမီတွင် ရွာသားတစ်အုပ်တောင်ပေါ်သို့ အပြေးအလွှားရောက်ရှိလာကြသည်။ ရှောင်ကျိုးဘေးတွင် လဲကျနေသောတောဝက်ကြီးကို တွေ့လိုက်ရသောအခါ အားလုံးအကြီးအကျယ် ထိတ်လန့်သွားကြပြီး ကလေးနှစ်ယောက် ထိခိုက်ဒဏ်ရာရမရအား အမြန်စစ်ဆေးကြလေတော့၏။


5


တနွီမှာ ကြောက်လန့်လွန်း၍သေတော့မည်ပင် ထင်ရ၏။ သူမထွက်သွားတုန်းက အကောင်းကြီးကို ရုတ်တရက် ဘယ်ကနေ တောဝက်ကြီးထွက်လာတာပါလိမ့်။


ကံကောင်းသည်မှာ ကလေးနှစ်ယောက်လုံးအထိအခိုက်အပွန်းအပဲ့မရှိခြင်းပင်ဖြစ်သည်။ အားသို့မှာတော့ ရွာမှသူ့အဘိုးနှင့်ဦးလေးများ ရောက်လာသည်ကိုတွေ့သောအခါ ရွာလူကြီးလေးအကြောင်းအား ချက်ချင်းပင်ကလေးသံလေးဖြင့် မြှောက်ပင့်ပြောဆိုလေတော့၏။ အားသို့၏စိတ်ပါလက်ပါပြောပြပေးမှုကြောင့် ရွာလူကြီးလေးမှ လက်သီးတစ်ချက်တည်းနှင့် တောဝက်ကြီးကိုထိုးသတ်ခဲ့ကြောင်း အားလုံးသိသွားကြလေသည်။

ယခင်တစ်ခေါက်၌ ရွာအဝင်ဝတွင်ရှဟယ်ရွာနှင့် ရွာလူကြီးလေး၏တိုက်ပွဲကြီးကို ကိုယ်တွေ့မျက်မြင်ကြုံခဲ့ကြရသောကြောင့် အားလုံးမှာသိပ်ပြီးအံ့ဩမနေကြတော့ချေ။ ရွာလူကြီးလေးသည် အလွန်ပင်စွမ်းဆောင်နိုင်လွန်းကြောင်းနှင့် ရွာလူကြီးဟောင်းသည် တကယ်ပင် အမြော်အမြင်ကြီးမားခဲ့ကြောင်းကိုသာ ထပ်မံ၍အံ့ဩတကြီးပြောဆိုနေကြတော့သည်။ တနွီမှာ လူတိုင်း၏အာရုံသည် တောဝက်ကြီးဆီသို့သာရောက်နေပြီး တောင်ပေါ်တက်လာသည့် ရည်ရွယ်ချက်ကို လုံးဝမေ့သွားကြသည်ကို သတိထားမိလိုက်၏။ သူမသည် တွင်းရှိရာသို့ အမြန်ပြေးသွားပြီးကြည့်လိုက်ရာ အဘိုးအိုမှာ ထိုနေရာတွင်ရှိနေဆဲပင်ဖြစ်သည်။ ထို့ကြောင့် သူမအမြန် ပြောလိုက်၏။


"အဘိုးက တွင်းအောက်ခြေမှာရှိနေတုန်းပဲ" 


အိုး ဟုတ်သားပဲ။


ထိုအခါမှသာ အားလုံးသည်တောင်ပေါ်သို့ ဘာကိစ္စအတွက် တက်လာခဲ့ကြသည်ကို သတိရသွားကြတော့သည်။ ခုနကတော့ အားလုံးမှာရွာလူကြီးလေး တောဝက်ကြီးကို ဘယ်လိုရဲရဲရင့်ရင့် တိုက်ခိုက်ခဲ့မလဲဆိုသည်ကိုသာ တွေးတောရင်း စိတ်ရောက်နေခဲ့ကြခြင်းပင်။ ရွာသားအချို့မှာစုပေါင်းပြီး အဘိုးအိုကို တွင်းထဲမှကယ်ဆယ်ကာ ရွာသို့ ထမ်းခေါ်သွားကြလေသည်။

ကျန်ရှိသော သန်သန်မာမာလူငယ်အချို့ကတော့ တောဝက်ကြီးကိုထမ်းပြီး နောက်မှလိုက်ပါလာကြ၏။ ရှောင်ကျိုးမှာတော့ အရှေ့ဆုံးမှနေ၍ လက်နောက်ပစ်ကာ ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် လျှောက်လာလေသည်။ အားသို့ကလည်း ရွာလူကြီးလေးကိုအတုခိုးကာ လက်နောက်ပစ်ပြီး ခြေတံတိုတိုလေးများဖြင့် တတောက်တောက်လိုက်ပါလာ၏။ လူအုပ်ကြီးသည် ခမ်းနားကြီးကျယ်စွာဖြင့် ရွာထဲသို့ပြန်လည်ဝင်ရောက်လာကြသည်။

ရွာမှလူများသည် ပြန်ရောက်လာသော လူအုပ်ကြီးကိုမြင်သောအခါ မျက်လုံးပြူးသွားကြလေ၏။ တောင်ပေါ်မှာသတိလစ်နေတဲ့ အဘိုးအိုတစ်ယောက်ရှိတယ်ဆိုပြီး ဘာလို့အခု တောဝက်ကြီးတစ်ကောင်ပါလာရတာတုန်း။ တောဝက်ထမ်းလာသူများမှ ရွာလူကြီးလေးသတ်လိုက်သည်ဟု ပြောသံကြားသောအခါ လူတိုင်း၏ ချီးကျူးစကားများမှာ အလကားရသကဲ့သို့ ရှောင်ကျိုးအပေါ်တရစပ်ကျရောက်လာလေတော့သည်။ ရှောင်ကျိုး ပို၍ပင် ကျေနပ်သွားရ၏။ သူမ အကြိုက်ဆုံးအရာမှာ သူများအတင်းပြောတာထက် သူများချီးကျူးတာခံရခြင်းပင် ဖြစ်သည်။ ရွာအကြီးအကဲကျိုးမှာ ရှောင်ကျိုးခေါင်းကို ပွတ်ပေးရင်းမေးလိုက်၏။ 

"ရွာလူကြီးလေး ဒီတောဝက်ကြီးကို ဘယ်လိုစီစဉ်မလဲ"

ရွာအကြီးအကဲကျိုးအထင်တော့ ဤမျှကြီးမားသောတောဝက်ကြီးကို မြို့သို့ယူသွားပြီးရောင်းချလိုက်လျှင် ရွာလူကြီးလေးအတွက် ပိုက်ဆံစုမိမည်ဟု တွေးထားသည်။ ရွာအကြီးအကဲ ကျိုးသည် သူတို့ရွာလူကြီးလေး နောင်တစ်ချိန် အိမ်ထောင်ပြုမည့်ကိစ္စကိုတော့ ထည့်ပင်မစဉ်းစားထားပေ။ ဤလောကတွင် သူတို့ရွာလူကြီးလေးနှင့် ထိုက်တန်သောယောကျ်ားတစ်ယောက်မှမရှိဟု ခံယူထားသောကြောင့်ဖြစ်သည်။ ရှောင်ကျိုး ချက်ချင်းပင် ငြင်းဆန်လိုက်လေ၏။ 

"မရောင်းပါဘူး၊ ဒီညတစ်ရွာလုံး တောဝက်သား စားကြမယ်"


ဒီညတောဝက်သားစားရမည်ဟု ကြားသောအခါ လူတိုင်းအလွန်ပျော်ရွှင်သွားကြသည်။ အထူးသဖြင့် ကလေးများမှာ ဝမ်းသာအားရ အော်ဟစ်ကြလေ၏။ သူတို့အသားမစားရသည်မှာ တစ်နှစ်နီးပါးရှိနေပြီဖြစ်ပြီး နေ့တိုင်းဟင်းရွက်များကိုသာ စားသောက်နေခဲ့ရခြင်း ဖြစ်သည်။ အားလုံး ပျော်ရွှင်နေသည်ကို တွေ့ရသဖြင့် ရွာအကြီးအကဲများမှာလည်း စိတ်ပျက်စရာစကားများကိုမပြောရက်တော့ချေ။ ဒီနှစ်သီးနှံအထွက်နှုန်းမကောင်းသဖြင့် လူတိုင်းခါးပတ်တင်းတင်းစည်းပြီး ခြိုးခြံချွေတာနေရရာ အသားဟင်းစားနိုင်ဖို့ဆိုသည်မှာဝေလာဝေးပင်။

ရွာသားများပျော်ရွှင်နေသည်ကိုမြင်ရသောအခါ ရှောင်ကျိုးရုတ်တရက် အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူမသည် အရည်အချင်းပြည့်မီသော ရွာလူကြီးတစ်ယောက် သိပ်မဟုတ်သေးသလိုပင်။ ထောင်ယွမ်ရွာသားများသည် အလွန်ရိုးသားဖြူစင်ပြီး စည်းလုံးညီညွတ်ကြသည်။ အထူးသဖြင့် သူမအပေါ်တကယ်ကို ကောင်းကြ၏။ စားလို့ကောင်းသည်မျိုးနှင့် ကစားလို့ကောင်းသည်မျိုးသာရှိလျှင် ရွာလူကြီးလေးအတွက်ဆိုပြီး ချက်ချင်းလာပို့ပေးတတ်ကြသည်။

ရွာထဲမှဦးလေးများ၊ အဒေါ်များနှင့် အဘွားများသည် သူမကိုအမြဲတမ်း စေတနာပါပါဖြင့် ပြုစုစောင့်ရှောက်ပေးကြပြီး ရွာထဲမှကလေးများကလည်း သူမကိုရွာလူကြီးတစ်ယောက်အနေဖြင့် လေးစားကြ၏။ အထူးသဖြင့် ရွာအကြီးအကဲအဘိုးများဆိုလျှင် အသက်အရွယ်ကြီးရင့်နေသော်လည်း နေ့တိုင်းရွာကိစ္စများကို ပူပန်နေကြရသည်။ သို့သော် ရွာလူကြီးဖြစ်သောသူမမှာမူ ရွာအတွက်ရော ရွာသားများအတွက်ပါ ဘာမှလုပ်ပေးထားခြင်းမရှိသလိုပင်။ သူမ၏ရွာသားများသည် ယခုအခါအလွန်ဆင်းရဲနေပြီး အသားဟင်းပင်ဝယ်မစားနိုင်ကြချေ။

ရှောင်ကျိုး အလွန်ဝမ်းနည်းသွားမိသည်။ နောက်ရက်အနည်းငယ်ကြာလျှင် ပိုက်ဆံရှာရန်မြို့သို့သွားမည်ဟု သူမ ဆုံးဖြတ်လိုက်၏။ သူမထံတွင်အမှတ်များရှိနေရာ သကြားလုံးများနှင့်လဲလှယ်ပြီး မြို့၌သွားရောင်းရပေမည်။ သူမမြို့ရှိသကြားလုံးများကိုစားဖူးသည်။ တစ်လုံးကို တစ်ဝမ်ပေးရသော်လည်း သူမသကြားလုံးလောက်စားမကောင်းပေ။ သူမသကြားလုံးဆိုလျှင် သေချာပေါက် ရောင်းကောင်းပေလိမ့်မည်။


ထိုသို့တွေးလိုက်မိပြီးနောက် ရှောင်ကျိုး ချက်ချင်းပင်အားအင်ပြန်ပြည့်လာသလို ခံစားလိုက်ရသည်။ ရှောင်ကျိုးသည် ခြံဝင်းထဲသို့ပြန်ရောက်သောအခါ ဆယ်မှတ်သုံးပြီး ဟင်းချက်နည်းစာအုပ်တစ်အုပ်နှင့် နောက်ထပ်ငါးမှတ်သုံးပြီး ဟင်းခတ်အမွှေးအကြိုင်မျိုးစုံကို လဲလှယ်လိုက်၏။ စနစ်မှ လဲလှယ်ရရှိသော ပစ္စည်းများ၏ထုပ်ပိုးမှုစာသားများသည် ဤမင်းဆက်ခေတ်နှင့်ကိုက်ညီနေသဖြင့် အခြားသူများ ထူးဆန်းနေမည်ကို ရှောင်ကျိုးစိုးရိမ်စရာမလိုပေ။

ဤပစ္စည်းများအား ဘယ်ကရလဲဆိုသည်နှင့်ပတ်သက်ပြီး ရွာသားများအနေဖြင့် သူတို့ဘာသာသူတို့စိတ်ကူးပေါက်ရာ ဖြည့်စွက်တွေးတောပြီး အကြောင်းပြချက် ရှာတွေ့သွားတတ်ကြသည်ကို သူမသိထားသဖြင့် ရှောင်ကျိုးသည် အမှတ်များကိုစိတ်ချလက်ချသုံးစွဲပြီး ပစ္စည်းများလဲလှယ်လိုက်ခြင်းဖြစ်သည်။ ရှောင်ကျိုး သူမအမှတ်များကို တွက်ချက်ကြည့်လိုက်၏။


သူမ စုစုပေါင်းတစ်ရာတစ်ဆယ့်ငါးမှတ်ရရှိခဲ့ပြီး ဆယ့်ခြောက်မှတ်သုံးလိုက်ရာ ကိုးဆယ့်ကိုးမှတ်ကျန်သည်။ သကြားလုံးတွေ အများကြီးလဲလို့ရသေးတာပဲ။ ရှောင်ကျိုးသည် ဟင်းချက်နည်းစာအုပ်နှင့် ဟင်းခတ်အမွှေးအကြိုင်များကိုယူပြီး အစ်မရွှီကို သွားရှာလိုက်သည်။ ထို့နောက် ဒီပစ္စည်းတွေကို ဘယ်လိုသုံးရမလဲဆိုသည်အား ပြောပြလိုက်၏။ ညွှန်ကြားချက်များ အားလုံး စာအုပ်ထဲတွင်ပါရှိသည်။

အစ်မရွှီ၏အဘိုးသည် ယခင်ကမြို့ရှိ စားသောက်ဆိုင်ကြီးတစ်ခုတွင် စားဖိုမှူး လုပ်ခဲ့ဖူးကြောင်းနှင့် စာတတ်ပေတတ်ဖြစ်ကြောင်းနှင့် အစ်မရွှီသည်လည်း သူမအဘိုးထံမှ စာလုံးအများအပြား သင်ယူခဲ့ဖူးကြောင်း ရှောင်ကျိုးမှတ်မိနေ၏။ ရွှီရှောင်ရှောင်သည် ဟင်းချက်နည်းစာအုပ်နှင့် ဟင်းခတ်အမွှေးအကြိုင်များကိုကြည့်ပြီး အလွန်အံ့ဩသွားရသည်။ ရွှီရှောင်ရှောင်၏အဘိုးသည် ယခင်ကစားသောက်ဆိုင်ကြီးတွင် စားဖိုမှူးဖြစ်ခဲ့ပြီး ငယ်စဉ်ကတည်းမှထိုပတ်ဝန်းကျင်နှင့် ထိတွေ့ကြီးပြင်းလာခဲ့ရသူဖြစ်သဖြင့် ရွှီရှောင်ရှောင်သည်လည်း အစားအသောက် ချက်ပြုတ်ရသည်ကို နှစ်သက်သူဖြစ်၏။ ဤဟင်းချက်နည်းစာအုပ်၏တန်ဖိုးကို သူမသဘာဝကျကျသိနားလည်သည်။ အကယ်၍ ဤစာအုပ်သာပြင်ပသို့ရောက်သွားပါက စားဖိုမှူးအများအပြားသည် အသည်းအသန် လုယူကြပေလိမ့်မည်။

ရွာလူကြီးလေးမှာတော့ ဒီတိုင်းကြီးသူမထံပေးလိုက်ခြင်းဖြစ်သည်။ ရွှီရှောင်ရှောင်သည် ဤဟင်းချက်နည်းစာအုပ်ကို အသက်နှင့်ရင်းပြီးကာကွယ်သွားမည်ဟုဆုံးဖြတ်လိုက်၏။ သူမသည် စာအုပ်ထဲမှ ဟင်းချက်နည်းများကို သေချာပေါက်ကျွမ်းကျင်အောင် လုပ်မည်။ သူမဟင်းချက်စွမ်းရည် တိုးတက်အောင်ကြိုးစားပြီး နောင်တွင် ရွာလူကြီးလေးအတွက် စားကောင်းသောက်ဖွယ် အမျိုးမျိုးကို ချက်ပြုတ်ပေးမည် ဖြစ်သည်။ ရွှီရှောင်ရှောင်၏ရွာလူကြီးလေးအပေါ် ကျေးဇူးတင်ရှိမှုသည် နောက်တစ်ဆင့်သို့မြင့်တက်သွားလေတော့၏။

*ဂုဏ်ယူပါတယ် သခင်ရေ ထူးချွန်တဲ့ စားဖိုမှူးတစ်ယောက်ကို ရရှိလိုက်ပါပြီ။


ဆုလက်ဆောင် - ၅၀ မှတ် + ရောင်ရမ်းမှုအတွက်ဆေး  á ပုလင်း*

ထူးချွန်တဲ့ စားဖိုမှူးဟုတ်လား

အစ်မရွှီကပေါ့လေ


ရောင်ရမ်းမှုအတွက်ဆေးရောလား။

ဘာလို့ရောင်ရမ်းတာသက်သာတဲ့ဆေးကို ဆုလက်ဆောင်အဖြစ်ပေးရတာလဲ။

သို့သော်အမှတ်များ ပိုရလာသည်ကြောင့် ရှောင်ကျိုးတော်တော်ပျော်သွားသည်။ ရှောင်ကျိုး အဒေါ်လျို့အိမ်သို့ပြေးသွားရာ အဘွားလျို့ကိုပါတွေ့လိုက်ရလေ၏။

"မင်္ဂလာပါ အဘွားလျို့"


အဘွားလျို့သည် ရွာလူကြီးလေး ရောက်လာသည်ကိုမြင်သောအခါ ပြုံးရွှင်သွားလေသည်။ 

"ဪ ရွာလူကြီးလေးရောက်လာတာကိုး၊ လာ လာ လာ ဒီမှာသစ်သီးချိုချိုလေးတွေ ရှိတယ်"


အဘွားလျို့သည် သစ်သီးအချို့ကိုယူလာပြီး ရွာလူကြီးလေး၏အဝတ်အိတ်ကပ်လေးထဲသို့ ထည့်ပေးလိုက်သည်။

"ကျေးဇူးပါ အဘွားလျို့"


ရှောင်ကျိုးသည် ပြည့်ဖောင်းနေသော သူမအိတ်ကပ်လေးကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူမမေးလိုက်၏။

"အဘွားလျို့ရေ အဒေါ်လျို့အိမ်မှာရှိလား" 

"ရှိတယ် ရှိတယ် နောက်ဖေးက ဟင်းရွက်ခင်းထဲမှာလေ၊ ဒီည တောဝက်သားစားကြမှာဆိုတော့ သမီးရဲ့အဒေါ်လျို့က အားလုံးအတွက် ဟင်းရွက်ကြော်ပေးဖို့ ဟင်းရွက်သွားခူးနေတာ"

"ဒါဆို သမီးအဒေါ်လျို့ကို သွားရှာလိုက်ဦးမယ်"

ပြောပြောဆိုဆိုနှင့် သူမသည် နောက်ဖေးရှိဟင်းရွက်ခင်းဘက်သို့ ထွက်လာခဲ့လေသည်။

"ရွာလူကြီးလေး ဖြည်းဖြည်းသွားပါ တံခါးခုံကို သတိထားနော်"


"ဟုတ်ကဲ့ပါ အဘွားလျို့"

ရှောင်ကျိုးသည် တံခါးခုံပေါ်မှဖင်တရွတ်တိုက်ဆင်းလိုက်ပြီးနောက် နောက်ဖေးသို့ တတောက်တောက်ဖြင့်ပြေးသွားရာ ဟင်းရွက်ခြင်းတောင်းကို ကိုင်ပြီးပြန်လျှောက်လာသော အဒေါ်လျို့ကို တွေ့လိုက်ရလေသည်။ သူမမျက်လုံးများ အရောင်တောက်သွားပြီး အဒေါ်လျို့ထံကြည့်ကာပြောလိုက်၏။

"အဒေါ်လျို့ အဒေါ်လျို့ သမီးအတွက် ပိုကြီးတဲ့အဝတ်အိတ်လေးတစ်လုံးလောက် ချုပ်ပေးပါလား၊ သမီးအိတ်က သေးနေလို့" 

အဒေါ်လျို့ပြုံးလိုက်ပြီး ရွာလူကြီးလေး၏ဖောင်းပွနေသော အဝတ်အိတ်ကပ်လေးကို လှမ်းကြည့်လိုက်သည်။ ကလေးတစ်ယောက်အိတ်ထဲမှာ ဘာတွေများထည့်ထားပါလိမ့်ဟု တွေးတောမိလိုက်၏။ အဒေါ်လျို့ပြန်မေးလိုက်သည်။ 

"ချုပ်ပေးလို့ရတာပေါ့ ရွာလူကြီးလေးရဲ့၊ ဘယ်လိုပုံစံလိုချင်လို့လဲ"

ရှောင်ကျိုး ခဏမျှစဉ်းစားလိုက်ပြီး သူမအဝတ်အိတ်ကပ်လေးထဲမှ သကြားလုံးတစ်လုံးကို ထုတ်လိုက်သည်။ အခွံခွာပြီးနောက် သကြားလုံးစက္ကူကိုဖြန့်လိုက်ကာ အဒေါ်လျို့ထံပေးလိုက်ရင်း အပေါ်မှပန်ဒါဝက်ဝံပုံလေးကို လက်ညှိုးထိုးပြလိုက်၏။ 


"ဒီပုံစံလေးအတိုင်း လိုချင်တာ"


အဒေါ်လျို့သည် သကြားလုံးစက္ကူပေါ်ရှိချစ်စရာကောင်းပြီး လုံးဝန်းနေသော ပန်ဒါဝက်ဝံပုံလေးကိုကြည့်ကာ ပြုံးလိုက်လေသည်။ 


"ရွာလူကြီးလေးက ဘယ်တော့လိုချင်တာလဲ"


"မနက်ဖြန်ကျလိုချင်တယ်၊ သမီးအိတ်က ဘာမှထပ်ထည့်လို့မရတော့ဘူး"


ရှောင်ကျိုး ပြောလိုက်သည်။


"ကောင်းပါပြီ ရွာလူကြီးလေးရယ် မနက်ဖြန်မနက်ကျရင် လာယူနော်" 

အဒေါ်လျို့သည် ဒီညမီးအိမ်ထွန်းပြီး ရွာလူကြီးလေးအတွက် ချုပ်ပေးမည်ဟု တွေးလိုက်သည်။ ရှောင်ကျိုး စဉ်းစားလိုက်၏။ တစ်ယောက်ယောက်ကိုအလုပ်တစ်ခုခိုင်းလျှင် လုပ်အားခ ပေးရမည်။ သို့သော် သူမတွင်ပိုက်ဆံ ပါမလာသလိုပင်။ သူမသည် အိတ်ကပ်ထဲကိုမွှေနှောက်လိုက်ပြီး သကြားလုံးတစ်ဆုပ်ကိုထုတ်ကာ အဒေါ်လျို့ထံပေးလိုက်လေသည်။

"ဒါတွေက တနွီနဲ့ အားသို့စားဖို့နော်"


အဒေါ်လျို့ အမြန်ငြင်းဆန်လိုက်သည်။


"မလိုပါဘူး ရွာလူကြီးလေးရယ်၊ ကိုယ့်ဘာသာကိုယ်ပဲ စားပါ၊ တနွီနဲ့အားသို့မှာ စားစရာသစ်သီးတွေ ရှိပါတယ်"


ရှောင်ကျိုးသည် သကြားလုံးများကိုအဒေါ်လျို့၏ဟင်းရွက်ခြင်းတောင်းထဲသို့ တန်းထည့်လိုက်ပြီးနောက် နောက်လှည့်မကြည့်ဘဲထွက်ပြေးသွားလေတော့သည်။ အဒေါ်လျို့မှာသူမအိတ်ကပ်ထဲသို့ သကြားလုံးများပြန်ထည့်ပေးမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။

"အဘွားလျို့ အဒေါ်လျို့ သမီးပြန်တော့မယ်နော်"


 

Search Novels