46


"အဲဒီဝတ်ရုံနက်အဖွဲ့တွေမှာ ထူးခြားတဲ့ လက္ခဏာ ဘာတွေရှိလဲ" 

ရှီရှန့်မှာ ရှောင်ကျိုးကိုမေးလိုက်၏။

ရှောင်ကျိုး ခရိုင်ဝန်ရှန် ပြောခဲ့သည်များကို ပြန်လည်အမှတ်ရကာ ပြန်ဖြေလိုက်သည်။

"ဒီဝတ်ရုံနက်တွေမှာ ထူးခြားတဲ့ လက္ခဏာရယ်လို့ မရှိပါဘူး၊ ဒါပေမဲ့ ခရိုင်ဝန်ရှန်က ခရိုင်အစိုးရအဖွဲ့ဝင်တွေကို ဦးဆောင်ပြီး သူတို့ကို ဖမ်းဆီးခဲ့ဖူးတယ်၊ အဲဒီလူတွေက အဖမ်းခံရတာနဲ့ ချက်ချင်း သေသွားကြတာပဲ”

"အဲဒါက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာလား၊ ဒါမှမဟုတ် တခြားအကြောင်းကြောင့်လား"


 

ချင်းရွှီ ဝင်ရောက်မေးမြန်း၏။

"ခရိုင်ဝန်ရှန်ကတော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာလို့ ပြောတာပဲ၊ ဒါပေမဲ့ ကျွန်မရဲ့ ယွိဟွာ ပြောတာကတော့ အဲဒီဝတ်ရုံနက်အဖွဲ့ဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးမစီရင်ခင်မှာ အသံတစ်ခုခုကို ကြားလိုက်ရပုံရတယ်တဲ့" 

ရှောင်ကျိုး အမှန်အတိုင်း ဖြေလိုက်သည်။

ချင်းရွှီ ထပ်မေးလိုက်၏။


‘အဲဒီအသံမှာ အတိအကျ ဘယ်လို အသံမျိုးလဲ ဆိုတာ သိလား’

ထို့သို့ မေးမြန်းရာ ရှောင်ကျိုး ခေါင်းခါပြ၏။ ယွိဟွာ ပြောပြချက်အရ ထိုအသံမှာ အလွန် ထူးဆန်းပြီး ငှက်အော်သံ သို့မဟုတ် ပုလွေသံနှင့် ဆင်တူသော်လည်း သူမ တစ်ခါမှ မကြားဖူးသော အသံမျိုး ဖြစ်သည်ဟု ဆိုသည်။

အားလုံးမှာ တိတ်ဆိတ်သွားကြ၏။

ရှောင်ကျိုး ငိုကြွေးနေဆဲဖြစ်သော မန်ချန်းကို ကြည့်ကာ ဆိုလိုက်သည်။

"ငါတို့နဲ့အတူ ရွာကို လိုက်ခဲ့ပါ၊ ကိုယ်ခံပညာကို ကြိုးကြိုးစားစား လေ့ကျင့်ပြီး ငါတို့ရဲ့ ရန်သူတွေကို ရှာတွေ့တဲ့အခါ အတူတူ လက်စားချေကြတာပေါ့၊ ဟုတ်ပြီလား"

“ဟုတ်တယ်၊ ငါတို့ အတူတူ ကိုယ်ခံပညာ လေ့ကျင့်ကြမယ်၊ နောင်ကျရင် မင်းအတွက် ငါတို့ အတူတူ လက်စားချေပေးမယ်" 

ကျောက်ဟူနှင့် အခြားသူများလည်း မန်ချန်းကို လေးနက်စွာ ကတိပေးကြ၏။

မန်ချန်း ခေါင်းညိတ်ပြကာ မျက်ရည်များကို သုတ်လိုက်သည်။ သူ၏ ရင်ထဲတွင် တစ်ခါမှ မခံစားဖူးသော ပြတ်သားမှုနှင့် ကျေးဇူးတင်ရှိမှုများ ပြည့်နှက်လာ၏။ သူသည် မြို့ထဲမှ အခြားသော ကလေးငယ်များကို ပြန်ရှာတွေ့ရန်နှင့် ဖခင်အတွက် လက်စားချေရန် သန္နိဋ္ဌာန်ချလိုက်တော့သည်။

သူတို့အဖွဲ့သည် မန်ချန်းအား ကူညီ၍ မြို့သူမြို့သားတို့၏ ရုပ်အလောင်းများကို သင်္ဂြိုဟ်ပေးကြ၏။ တည်းခိုခန်းရှိ ပစ္စည်းများကို သိမ်းဆည်းပြီးနောက် မန်ချန်း သူကြီးပြင်းခဲ့ရာ နေရာကို ပြန်လည်ကြည့်ရှုရင်း ဖော်ပြမတတ်သော ဝမ်းနည်းမှုကို ခံစားနေရ၏။

မန်ချန်း မြို့အဝင်ဝတွင် ဒူးထောက်ကာ ရွာသားများကို သင်္ဂြိုဟ်ထားသော တောင်ဘက်သို့ ဦးတည်၍ အကြိမ်ကြိမ် ဦးချကန်တော့လိုက်သည်။

"ရှန်းယွန်းမြို့က ဦးလေးတွေ၊ အဒေါ်တွေ စိတ်မပူကြပါနဲ့၊ ကျွန်တော် မြို့ထဲက ကလေးတွေကို သေချာပေါက် ပြန်ရှာတွေ့အောင် လုပ်ပါ့မယ်"

"ပြီးတော့ အဖေ၊ မန်ချန်း ပြီးခဲ့တဲ့တစ်ခေါက် တည်းခိုခန်းမှာ လာတည်းတဲ့သူတွေနဲ့ ပြန်ဆုံခဲ့တယ်၊ သူတို့က အရမ်းကို စိတ်ကောင်းရှိတဲ့သူတွေပါ၊ သူတို့ မန်ချန်းကို ကယ်ခဲ့တာ၊ အဖေ စိတ်မပူပါနဲ့၊ မန်ချန်း ကိုယ်ခံပညာကို ကြိုးစားလေ့ကျင့်ပြီး မြို့သူမြို့သားတွေအတွက်ရော၊ အဖေ့အတွက်ပါ လက်စားချေပါ့မယ်၊ အဖေ ကောင်းကင်ဘုံမှာ အေးအေးချမ်းချမ်း နေပါနော်၊ သား သွားတော့မယ်”


မန်ချန်း သူ၏ လက်ထဲမှ ထုပ်ပိုးထားသော အထုပ်ကို တင်းတင်းဆုပ်ကိုင်ထား၏။ ထိုအထဲတွင် သူ၏ ဖခင်အနှစ်သက်ဆုံး ခက်ရင်းပါရှိပြီး အမှတ်တရအဖြစ် သိမ်းဆည်းထားလိုခြင်း ဖြစ်သည်။

မထွက်ခွာမီ ရှောင်ကျိုးသည် သူမ၏ စိတ်စွမ်းအားဖြင့် တစ်မြို့လုံးကို ရှာဖွေကြည့်သော်လည်း အသက်ရှင်ကျန်ရစ်သူ မတွေ့သဖြင့် လက်လျှော့လိုက်သည်။ လေးလံသော စိတ်နှလုံးများဖြင့် သူတို့အဖွဲ့သည် ထောင်ယွမ်  á€€á€ťá€ąá€¸á€›á€˝á€Źá€žá€­á€Żá€ˇ ခရီးဆက်ခဲ့ကြ၏။

လမ်းခရီးတွင် ကလေးငယ်များမှာ လာစဉ်ကကဲ့သို့ ခုန်ပေါက်ဆော့ကစားခြင်း မရှိတော့ဘဲ ညှိုးနွမ်းနေသော ခရမ်းသီးများကဲ့သို့ မှိုင်တွေနေကြသည်။ ရှောင်ကျိုး ချင်းရွှီကို မေးလိုက်၏။

"နင် သံသယရှိတဲ့သူ ရှိလား"

အဘိုးကု၏ တပည့်ဖြစ်သော ချင်းရွှီမှာ တစ်စုံတစ်ခုကို သိထားပုံရသည်ကို သူမ သတိပြုမိသောကြောင့် ဖြစ်သည်။

ချင်းရွှီ ခေတ္တမျှ စဉ်းစားပြီး ဆို၏။

"ဒါက ကျွန်တော့်ရဲ့ ခန့်မှန်းချက်သက်သက်ပါ၊ လွန်ခဲ့တဲ့ ၈ နှစ်တုန်းက ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ စီနီယာအစ်မဟာ ဆရာကြီးနဲ့အတူ တောင်အောက်ဆင်းရင်း မျက်နှာဖုံးစွပ်ထားတဲ့ လူနှစ်ယောက်နဲ့ ဆုံခဲ့ဖူးတယ်၊ သူတို့က ကျွန်တော်နဲ့ စီနီယာအစ်မကို ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့ပေမဲ့ ဆရာကြီးက ကိုယ်ခံပညာ ကျွမ်းကျင်သူဖြစ်လို့ အဲဒီလူတွေကို ချက်ချင်း ဖမ်းမိခဲ့တယ်၊ ဒါပေမဲ့ သူတို့က အဖမ်းခံရတာနဲ့ တစ်ပြိုင်နက် အဲဒီနေရာတင် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတယ်”

"ကျွန်တော့်ရဲ့ ဦးလေးကတော့ သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာ မဟုတ်ဘဲ တစ်စုံတစ်ယောက်ရဲ့ ထိန်းချုပ်တာ ခံရပြီး အသေခံခိုင်းလိုက်တဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ ပြောခဲ့တယ်"

"ကျွန်တော့်ဦးလေးက အဲဒီအလောင်းနှစ်လောင်းကို သုတေသနလုပ်ဖို့ ချိုင့်ဝှမ်းကို ယူသွားချင်ပေမဲ့ အမှောင်ထဲက လူတစ်စု ပြေးထွက်လာပြီး အလောင်းတွေကို လုယူသွားခဲ့ကြတယ်”

"ဒီအဖွဲ့အစည်းက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စတင်ခဲ့ပုံရတာပဲ၊ ဒါပေမဲ့ လူတွေအများကြီး သေနေပြီး ကလေးတွေ အများကြီး ပျောက်ဆုံးနေတာတောင် နန်းတော်က ဘာသတင်းမှ မရသေးတာ ထူးဆန်းတယ်" 

 á€›á€žá€Žá€›á€žá€”အ် ဒေါသတကြီး ဆိုသည်။

နန်းတော်မှ သတင်းကို ဖုံးကွယ်ထားခြင်းလော၊ သို့မဟုတ် ဒေသဆိုင်ရာ အစိုးရများက အလေးအနက်ထား၍ အစီရင်ခံစာ မတင်ဘဲ ထိန်ချန်ထားခြင်းလော ဆိုသည်မှာ မရှင်းလင်းပေ။

ခေတ္တမျှ စဉ်းစားပြီးနောက် ရှီရှန့် ဆက်ပြောလိုက်၏။

"ဒီကိစ္စရဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ အင်အားစုတစ်ခုက ကြိုးကိုင်နေတာ သေချာတယ်၊ မဟုတ်ရင် ဒီလောက်ကြီးမားတဲ့ လုပ်ရပ်တွေကို ဘယ်သူမှ မသိအောင် တိတ်တဆိတ် လုပ်ဆောင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

"ဖြစ်နိုင်တာကတော့ ပျောက်ဆုံးနေတဲ့ ကလေးတွေနဲ့ ဒီသေဆုံးမှုတွေဟာ ရေခဲတောင်ရဲ့ ထိပ်ဖျားလောက်ပဲ ရှိဦးမယ်၊ သူတို့ရဲ့ တကယ့်ရည်ရွယ်ချက်နဲ့ အစီအစဉ်တွေက ငါတို့ မှန်းဆထားတာထက် အများကြီး ပိုပြီး နက်နဲရှုပ်ထွေးနိုင်တယ်"

ချင်းရွှီ ထိုစကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် စိုးရိမ်ရိပ်များ ဖြတ်ပြေးသွားသည်။

"ကျွန်တော် စိုးရိမ်တာက တကယ်လို့ ဒီအင်အားစုက နန်းတော်ထဲက သတင်းတွေကိုပါ လွှမ်းမိုးနိုင်လောက်အောင် အစွမ်းထက်နေတယ်ဆိုရင်၊ ငါတို့ လူနည်းစုရဲ့ အင်အားနဲ့ လက်စားချေဖို့ ကြိုးစားတာက ကျောက်ခဲကို ကြက်ဥနဲ့ ပေါက်သလိုမျိုး ဖြစ်နေမှာပဲ"

ရှောင်ကျိုး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။

"ဒါဆို ဘာဖြစ်လဲ၊ သူ့နောက်ကွယ်မှာ ဘယ်သူရှိနေနေ ငါ ဂရုမစိုက်ဘူး၊ သူ့ကို ရှာတွေ့တာနဲ့ သေအောင် ရိုက်သတ်ပစ်မယ်"

ရှီရှန့် ရှောင်ကျိုး၏ ဦးခေါင်းပေါ်ရှိ ဆံပင်စလေးကို အသာအယာ ပုတ်ပေးကာ ကြင်နာစွာ ဆို၏။

"ဟုတ်တာပေါ့၊ ဦးလေးက ဒီကိစ္စရဲ့ နောက်ကွယ်က ကြိုးကိုင်သူကို ရှာဖွေဖို့ မင်းကို ကူညီပေးပါ့မယ်"

ယခုတစ်ခေါက်တွင် ကလေးငယ်များ၌ အောင်မြင်ရမည့် နောက်ထပ် ပန်းတိုင်တစ်ခု ရှိလာလေပြီ။

လက်စားချေရန်နှင့် ပြန်ပေးဆွဲခံရသော ကလေးများကို ပြန်ရှာရန်ပင်။

…………

တိုက်ခိုက်လိုစိတ်များ ပြန်လည် နိုးကြားလာကြသဖြင့် အဖွဲ့သားအားလုံး အပြန်လမ်းတွင် ပို၍ပင် ကြိုးစားအားထုတ်ကာ လေ့ကျင့်ကြတော့သည်။ သူတို့ ခေတ္တမျှပင် ရပ်နားခြင်း မရှိကြပေ။

ရှီရှန့်မှာ ငယ်စဉ်ကတည်းက နယ်စပ်ဒေသတွင် ရှီမိသားစု စစ်တပ်နှင့်အတူ တိုက်ပွဲဝင်ခဲ့သူ ဖြစ်ရာ ကလေးများကို ကိုယ်ခံပညာ သင်ကြားပေးရုံသာမက နည်းဗျူဟာများကိုပါ သင်ကြားပြသပေးသည်။ တိုက်ခိုက်ရေးနှင့် ပတ်သက်လာလျှင် ရှီရှန့်၏ ယုံကြည်ချက်ရှိမှုနှင့် တည်ငြိမ်မှုများမှာ စစ်မြေပြင်မှပင် မွေးရာပါ ပါလာသည့်နှယ် ရှိသည်။

"မှတ်ထားကြ၊ တကယ့် သူရဲကောင်းဆိုတာ ခန္ဓာကိုယ် သန်မာရုံတင်မကဘဲ အသိဉာဏ်နဲ့ သတ္တိ နှစ်မျိုးလုံး ပြည့်စုံရမယ်" 

ရှီရှန့်၏ စကားများမှာ အားမာန်ပါပြီး ပြတ်သားလှရာ ဝါကျတိုင်းမှာ ကလေးငယ်များ၏ နှလုံးသားကို တူနှင့် ထုရိုက်လိုက်သကဲ့သို့ ခံစားရစေ၏။

ကျောက်ဟူနှင့် အခြားသူများမှာ ရှီရှန့်၏ သင်ကြားပြသမှုများကို အာရုံစိုက် နားထောင်ကြ၏။

"စစ်သေနင်္ဂဗျူဟာ ကျမ်းစာမှာ ဆိုထားတာက ‘မိမိကိုယ်ကို သိပြီး ရန်သူကိုလည်း သိပါက မည်သည့်အခါမျှ ရှုံးနိမ့်မည် မဟုတ်’တဲ့" 

ရှီရှန့် စကားလမ်းကြောင်း ပြောင်းကာ သမိုင်းတစ်လျှောက် ကျော်ကြားခဲ့သော တိုက်ပွဲများနှင့် ဗျူဟာများအကြောင်းကို ပြောပြတော့သည်။

သူ၏ အနိမ့်အမြင့် အတက်အကျရှိသော အသံနေအထားမှာ ကလေးငယ်များကို ရင်တထိတ်ထိတ် ဖြစ်ဖွယ်ကောင်းသော စစ်မြေပြင်များထံ ခေါ်ဆောင်သွားသကဲ့သို့ ရှိရာ၊ သူတို့အား စစ်ပွဲ၏ ရက်စက်မှုနှင့် အသိဉာဏ်ပညာ၏ အရေးပါပုံကို သိမြင်လာစေသည်။ အဖွဲ့သားများမှာ စစ်မြေပြင်မှ ရဲစွမ်းသတ္တိရှိသော သူရဲကောင်းများကို မြင်ယောင်နေကြပြီး ရှေးဟောင်းစစ်ဗုံသံများနှင့် စစ်သည်တော်တို့၏ ဟိန်းဟောက်သံများကို ကြားနေရသကဲ့သို့ အာရုံစိုက် နားထောင်နေကြ၏။

သူတို့၏ ရင်ထဲတွင် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ခဲ့ကြသော စစ်သည်တော်များအပေါ် အထင်ကြီးလေးစားမှုများ ပြည့်နှက်လာပြီး ၎င်းမှာ ကိုယ်ခံပညာ သင်ယူလိုသော စိတ်ကို ပိုမိုခိုင်မာစေတော့သည်။

ညဉ့်နက်လာသည်နှင့်အမျှ မြင်းလှည်းသည် အရှိန်ဖြင့် မောင်းနှင်လာခဲ့ရာ လက်ဖက်ရည်ဆိုင်တစ်ခုသို့ ရောက်ရှိလာ၏။

"ဒီမှာ ခဏနားကြမလား" 

ချင်းရွှီ အကြံပြုရာ အားလုံး သဘောတူကြသည်။

လက်ဖက်ရည်ဆိုင်ပိုင်ရှင်မှ ပြုံးရွှင်စွာဖြင့် ထွက်လာပြီး သူတို့ကို နွေးနွေးထွေးထွေး ကြိုဆိုကာ နေရာပေး၏။

"လူကြီးမင်းတို့ ခရီးပန်းလာကြပြီ ထင်တယ်၊ ခန္ဓာကိုယ် နွေးထွေးသွားအောင် လက်ဖက်ရည်ပူပူလေး သောက်ကြပါဦးလား"

ဆိုင်ရှင်သည် ပြောပြောဆိုဆိုနှင့်ပင် လက်ဖက်ရည်အိုးကို ကျွမ်းကျင်စွာ မကာ အားလုံးအတွက် လက်ဖက်ရည်များ ငှဲ့ပေးလိုက်သည်။ လက်ဖက်ရည်နံ့ သင်းပျံ့ပျံ့လေးမှာ အားလုံး၏ ချမ်းအေးမှုများကို ပြေပျောက်စေပြီး ခရီးပန်းလာသမျှကိုလည်း သက်သာစေ၏။

ရှောင်ကျိုး လက်ဖက်ရည်ခွက်ကို ကိုင်ကာ အသာအယာ မှုတ်ရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ဆိုင်အတွင်း စားပွဲ ဆယ်လုံးခန့်ရှိရာ ခုနစ်လုံး၊ ရှစ်လုံးခန့်မှာ လူများဖြင့် ပြည့်နေ၏။

ရှောင်ကျိုး စူးစမ်းစွာ မေးလိုက်သည် ။

 "ဒါက ဘယ်နေရာလဲ"

"ဒီနေရာက ရန်ဖျင်ခရိုင်နဲ့ နီးတဲ့နေရာလေ၊ ပုံမှန်အားဖြင့် ခရိုင်တစ်ခုစီရဲ့ အပြင်ဘက်မှာ ခရီးသွားတွေ နားနားနေနေ ရှိဖို့ ဒီလို လက်ဖက်ရည်ဆိုင်တွေ ရှိတတ်တယ်" 

ရှီရှန့် ပြန်ဖြေ၏။

ရှောင်ကျိုး နောက်ထပ် တစ်စုံတစ်ခု မေးမြန်းရန် ပြင်စဉ်မှာပင် အပြင်ဘက်မှ လျင်မြန်သော မြင်းခွာသံများ ထွက်ပေါ်လာပြီး ဆိုင်အတွင်းရှိ လူများ၏ စကားသံကို ဖြတ်တောက်သွားတော့၏။

"သူဌေး  á€œá€€á€şá€–က်ရည်ပူပူ တစ်ခွက်နဲ့ ရိက္ခာခြောက် တချို့ပေးပါ" 

တာအိုဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးမှာ အိတ်ထဲမှ ငွေစတစ်စကို ထုတ်ကာ စားပွဲပေါ် တင်လိုက်ရင်း ဆိုသည်။

ထို့နောက် သူသည် ထောင့်တစ်နေရာတွင် ဝင်ထိုင်ကာ အမောတကော အသက်ရှူနေ၏။ ထိုလူငယ်မှာ တစ်စုံတစ်ယောက်ကို လိုက်လံ ဖမ်းဆီးနေရသည့်နှယ် အလွန်ပင် အလျင်စလို ဖြစ်နေပုံရသည်။ ရှောင်ကျိုး ထိုတာအိုဆရာလေးကို စူးစမ်းစွာ ကြည့်နေမိ၏။

တာအိုဆရာဆိုသည်မှာ တည်ငြိမ်လေးနက်ပြီး အခြားလောကမှ လာသူကဲ့သို့ အဘိုးကြီးများသာ ဖြစ်ရမည်ဟု သူမ ထင်ထားခဲ့သော်လည်း ဤကောင်လေးမှာ အသက် ၁၅၊ ၁၆ နှစ်ခန့်သာ ရှိဦးမည်ဖြစ်ပြီး သိပ်မရင့်ကျက်သေးပေ။ ကြည့်ရသည်မှာ တာအိုဆရာနှင့်ပင် မည်သို့မှ မသက်ဆိုင်သယောင် ရှိနေ၏။

ထိုစဉ်မှာပင် ကောင်လေး မော့ကြည့်လိုက်ရာ ရှောင်ကျိုး၏ အကြည့်နှင့် ဆုံသွားတော့သည်။ ခေတ္တမျှ စိုက်ကြည့်ပြီးနောက် ကောင်လေးမှာ ဝေခွဲမရသော အမူအရာဖြင့် ပြန်ကြည့်နေသည်။

‘ဟမ်’

မိန်းကလေးငယ်သည် မြူနှင်းများကြားတွင် ဖုံးလွှမ်းနေသကဲ့သို့ ရှိနေပြီး သူမ၏ မျက်နှာသွင်ပြင်မှာ မရေမရာနှင့် ခန့်မှန်းရခက်လှသည်။ တစ်စုံတစ်ခုသော လျှို့ဝှက်ဆန်းကြယ်သည့် အင်အားစုမှ ပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေသဖြင့် သူမ၏ ကံကြမ္မာကို အတတ်ဟောရန် ခက်ခဲနေ၏။


ယင်းက တကယ့်ကို ထူးဆန်းသည့် အရာတစ်ခုပင် ဖြစ်၏။

ထိုကောင်လေးအနေဖြင့် ဤကဲ့သို့ အခြေအနေမျိုးနှင့် ကြုံတွေ့ရသည်မှာ ပထမဆုံးအကြိမ်ပင်။ ကောင်လေး ရှောင်ကျိုးကို ကြည့်၍ နှုတ်ဆက်သည့်အနေဖြင့် ပြုံးပြလိုက်သည်။

ထိုအပြုံးမှာ ကောင်လေးမှ ရှောင်ကျိုးအား အကြံတစ်ခုခုကြောင့် ပြုံးပြသကဲ့သို့ ဖြစ်နေပြီး လွန်စွာ အတုအယောင်ဆန်လှ၏။


47


ရှောင်ကျိုးမှာ မည်သူနှင့်မဆို စကားလက်ဆုံကျနိုင်သော စွမ်းရည်ရှိသူပင်။ အထူးသဖြင့် အဘိုးကုသည် ထောင်ယွမ်ရွာတွင် ထျန်းရှန်းနှင်းကြာပန်းကို အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့သည်အား အမှတ်ရမိရာ၊ ရှောင်ကျိုးမှာ ချင်းရှန်းကျောင်းတော်မှ တာအိုဆရာများက အစွမ်းထက်ကြသည်ဟု မှတ်ယူထား၏။

ရှောင်ကျိုး စားပွဲမှ ထ၍ ထိုကောင်လေးရှိရာသို့ လျှောက်သွားလိုက်၏။ ရုပ်ရှင်ထဲမှ တာအိုဆရာများကို နှုတ်ဆက်သည့် ပုံစံအား ပြန်လည်စဉ်းစားပြီးနောက်၊ ရှောင်ကျိုး သူမ၏ လက်မကို လက်သူကြွယ်အောက်တွင် ဖိ၍ လက်သီးဆုပ်ကာ ကောင်လေးအား ရိုသေစွာ ဂါရဝပြုလိုက်သည်။

ထို့နောက် စူးစမ်းလိုစိတ်ဖြင့် မေးမြန်း၏။

"နင်က ချင်းရှန်းကျောင်းတော်က တာအိုဆရာလားဟင်"

ထိုကောင်လေးသည်လည်း ပထမဆုံးအကြိမ်အဖြစ် လူတစ်ယောက်၏ ကံကြမ္မာကို ထိုးဖောက်မမြင်နိုင်၍ ရှောင်ကျိုးအပေါ် အမှန်တကယ်ပင် စူးစမ်းလိုစိတ် ဖြစ်ပေါ်နေ၏။ သူ ရှောင်ကျိုးကို ထိုင်ရန် ဖိတ်ခေါ်ပြီး ပြန်ဖြေသည်။

"ဟုတ်တယ်၊ ဘာလဲ မင်း ချင်းရှန်းကျောင်းတော်ကို ရောက်ဖူးလို့လား"

ရှောင်ကျိုး ခေါင်းခါပြကာ ဆို၏။

"မရောက်ဖူးပါဘူး" 

"ဒါဆို ငါက ချင်းရှန်းကျောင်းတော်ကမှန်း မင်း ဘယ်လိုသိတာလဲ"

"ငါက ချင်းရှန်းကျောင်းတော် နာမည်ပဲ ကြားဖူးလို့လေ"

ရှောင်ကျိုးသည် အရင်အကြိမ်က အဘိုးအို ပြောခဲ့သည်ကို သတိရသဖြင့် အမှတ်မထင် မေးလိုက်ခြင်းသာ ဖြစ်သည်။ ဤလူငယ်မှာ အမှန်တကယ်ပင် ချင်းရှန်းကျောင်းတော်မှ တာအိုဆရာတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။

"ဒါဆို ချင်းဖုန်း တာအိုဆရာက ဘယ်သူလဲ" 

ရှောင်ကျိုး ဆက်မေးလိုက်၏။

"အဲဒါ ငါ့ရဲ့ ဆရာကြီးလေ၊ မင်းက ငါ့ဆရာကြီးကို ဘယ်လိုလုပ် သိနေတာလဲ" 

လူငယ်မှာ ပို၍ပင် စိတ်ဝင်စားသွားပြီ ဖြစ်သည်။

ရှောင်ကျိုး ခေါင်းခါယမ်းကာ ဖြေကြားလိုက်သည်။

"မသိပါဘူး၊ တခြားသူတွေ ပြောတာ ကြားဖူးလို့ပါ"


 

"မင်းက တာအိုဆရာ ဟုတ်လို့လား၊ ဒီလောက် ငယ်ငယ်လေးနဲ့ လူလိမ်လား မသိဘူး၊ ဒါဆို ငါ အခု ခရီးသွားနေတုန်း စီးပွားတက်ပါ့မလားဆိုတာ ဟောပေးစမ်းပါဦး" 

ဘေးစားပွဲမှ အမျိုးသမီးတစ်ဦးနှင့်အတူ ထိုင်နေသော အမျိုးသားတစ်ဦးမှ သူတို့၏ စကားဝိုင်းကို ဖြတ်၍ လှမ်းပြောလိုက်၏။

သူ၏ စကားအဆုံးတွင် လက်ဖက်ရည်ဆိုင်အတွင်းရှိ လူအားလုံး၏ အကြည့်မှာ ထိုလူငယ်ထံသို့ ရောက်ရှိသွားကြသည်။ ဤတာအိုဆရာလေးမှာ အမှန်တကယ်ပင် အစွမ်းထက်သူလော သို့မဟုတ် လူလိမ်လော ဆိုသည်ကို အားလုံးက သိချင်နေကြလေပြီ။

ကောင်လေး ထိုအမျိုးသားကို တစ်ချက်ကြည့်လိုက်သည်။

"ဟောခအတွက် တေးဆယ်ပြား" 

ကောင်လေး လက်ဖြန့်ကာ အခကြေးငွေ တောင်းလိုက်၏။

"ဓားပြတိုက်တာကမှ မြန်ဦးမယ်”

ထိုအမျိုးသား၏ ဘေးရှိ အမျိုးသမီးမှ အော်ဟစ်လိုက်သည်။

"ဒီလို မျက်နှာကြည့်ပြီး ဟောတဲ့ပညာဆိုတာ ကောင်းကင်တာအိုရဲ့ လျှို့ဝှက်ကျင့်စဉ်တစ်ခုပဲ၊ အာရုံစိုက်ရသလို နတ်ဘုရား‌တွေရဲ့ လျှို့ဝှက်ချက်တွေကိုလည်း ဖော်ထုတ်ရတယ်၊ ငွေတောင်းရတဲ့ အကြောင်းရင်း နှစ်ခုရှိတယ်၊ ပထမကတော့ ကုန်ဆုံးသွားတဲ့ အာရုံစွမ်းအားအတွက် ပြန်လည် ဖြည့်ဆည်းဖို့ ဖြစ်ပြီး၊ ဒုတိယကတော့ ဟောစေချင်တဲ့သူရဲ့ စိတ်ရင်းမှန်ကို သိချင်လို့ပဲ၊ ဒီလိုမှသာ ဟောချက်က ပိုပြီး တိကျမှန်ကန်မှာ ဖြစ်တယ်" 

လူငယ်မှ ရှင်းပြလိုက်၏။

ထိုကုန်သည်မှာ စဉ်းစားကြည့်ရာ မှန်ကန်သည်ဟု ယူဆသဖြင့် တေးဆယ်ပြားကို ထုတ်ပေးလိုက်သည်။ 

"မင်း ဘာတွေ တတ်လဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

လူငယ်သည် ငွေစကို လက်ခံလိုက်ပြီး ထိုသူ၏ မျက်နှာကို သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်၏။

"ခင်ဗျားရဲ့ ဇာတာအရဆိုရင် ချမ်းသာကြွယ်ဝမယ့် ကံပါလာပြီး စီးပွားရေး လမ်းကြောင်းကလည်း ဖြောင့်ဖြူးနေရမှာ၊ ဒါပေမဲ့ ခင်ဗျားရဲ့ ဘေးနားမှာ ယုတ်မာတဲ့သူတွေ ရှိနေတာကြောင့် ကံဇာတာတွေ ယိုစိမ့်ကုန်ပြီး စည်းစိမ်ဥစ္စာတွေကို ထိန်းသိမ်းဖို့ ခက်ခဲနေလိမ့်မယ်၊ နောက်ဆုံးမှာတော့ အဲဒီလူယုတ်မာတွေရဲ့ လက်ချက်နဲ့ပဲ အသက်ဆုံးရှုံးရလိမ့်မယ်၊ ဒါက ခင်ဗျားရဲ့ ကံကြမ္မာထဲက အကြီးမားဆုံး ဘေးဒုက္ခပဲ၊ တကယ်ကို နှမြောဖို့ ကောင်းလှပါတယ်" 

လူငယ်မှာ အမှန်အတိုင်းပင် ဟောလိုက်သည်။

ထိုစကားကို ကြားသောအခါ အမျိုးသား၏ ဘေးရှိ အမျိုးသမီးမှ ကောင်လေးကို လက်ညှိုးထိုးကာ ဆဲဆိုတော့၏။

 "ဒီလူလိမ်က ဘယ်ကရောက်လာတာလဲ၊ သူက လူတွေကို လိမ်စားဖို့ ကြိုးစားနေတာပဲ၊ ယောင်္ကျား၊ လာ သွားကြစို့၊ ဒီတေးဆယ်ပြားကိုတော့ အလှူလုပ်လိုက်တယ်လို့ပဲ သဘောထားလိုက်တော့”

"ဒါဆိုရင် အဒေါ်ကော အဒေါ့်ယောင်္ကျားရဲ့ ဘေးနားက လူယုတ်မာက ဘယ်သူလဲဆိုတာ သိနေလို့လား" 

လူငယ်မှ အမျိုးသမီးကို ပြုံးစစဖြင့် ကြည့်ကာ မေးလိုက်သည်။

အမျိုးသမီးမှာ အံ့အားသင့်သွားပြီး မျက်နှာအမူအရာ အနည်းငယ် ပျက်သွားသော်လည်း ချက်ချင်းပင် ပြန်၍ အော်ဟစ်လိုက်၏။ 

“ငါက ဘယ်လိုလုပ် သိမှာလဲ၊ စောက်ကလေး ဘာမှမသိရင် လျှောက်မပြောနဲ့"

ထိုသို့ပြောပြီးနောက် သူမသည် အမျိုးသားကို ဆိုင်ထဲမှ ဆွဲထုတ်ရန် ကြိုးစားတော့သည်။ လူငယ်မှာလည်း စကားကို အလျှော့ပေးမည့်သူ မဟုတ်ပေ။ ထိုအမျိုးသမီးမှ သူ့ကို အဖန်ဖန် ရန်စနေသည်ကို မြင်သောအခါ အမျိုးသားဖြစ်သူကို တိုက်ရိုက်ပင် ပြောလိုက်တော့သည်။

"ခင်ဗျားရဲ့ ကံဇာတာမှာ မကောင်းတဲ့ မိန်းမကြောင့် ပျက်စီးမယ့် ကံပါတယ်၊ ခင်ဗျားရဲ့ ဇနီးက စိတ်ထားယုတ်မာပြီး မကောင်းတဲ့လူ တစ်ယောက်နဲ့ ဖောက်ပြန်နေတယ်၊ ခင်ဗျားရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်ဖို့ ပူးပေါင်းကြံစည်နေပြီး မိသားစုကို ပျက်စီးစေလို့ လူကိုလည်း သေစေလိမ့်မယ်"

"ဘာ၊ ဘာပြောလိုက်တာလဲ၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ဇနီးဖြစ်သူ၏ ဆွဲခေါ်ခြင်းကို ခံနေရသော အမျိုးသားမှာ လုံးဝ မယုံကြည်နိုင်သော မျက်နှာထားဖြင့် ဖြစ်သွားတော့၏။

အမျိုးသမီးဖြစ်သူမှာ ကြောင်တစ်ကောင်၏ အမြီးကို တက်နင်းမိသကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

"နင် လျှောက်ပြောနေတာပဲ၊ စောက်ကလေး၊ နင် ငါ့ကို ဒီလိုမျိုး စွပ်စွဲရဲတယ်ပေါ့လေ၊ ယောင်္ကျား သူ့စကားကို မယုံပါနဲ့၊ သူက ငါတို့ပိုက်ဆံကို လိမ်ချင်လို့ လျှောက်ပြောနေတဲ့ လူလိမ်ပဲ”

သူမသည် ပြောပြောဆိုဆိုနှင့်ပင် အမျိုးသား၏ အင်္ကျီလက်ကို ပို၍ တင်းတင်းဆွဲထားမိ၏။ မည်သည့်နေရာမှ ရောက်လာမှန်းမသိသော ဤကောင်လေးမှ နောက်ထပ် တစ်စုံတစ်ခု ထပ်ပြောမည်ကို သူမ အလွန်ပင် ကြောက်ရွံ့နေလေပြီ။

သို့သော် ကောင်လေးမှာမူ တုန်လှုပ်ခြင်းမရှိဘဲ ဆက်ပြောလိုက်သည်။

 "ယုံတာ မယုံတာကတော့ ခင်ဗျားအပိုင်းပဲ”

သူသည် ဟောခငွေကို လက်ခံရရှိပြီးဖြစ်သကဲ့သို့ ထိုသူ၏ မျက်နှာကိုလည်း ကြည့်ပြီးသွားပြီ ဖြစ်ရာ၊ နောက်ဆက်တွဲ မည်သည့်အရာများ ဖြစ်မည်ကို သူ ဂရုစိုက်နေတော့မည် မဟုတ်ပေ။ ယုံကြည်ခြင်း၊ မယုံကြည်ခြင်းမှာ ကာယကံရှင်၏ ဆုံးဖြတ်ချက်သာ ဖြစ်၏။

ထိုစကားကို ကြားသောအခါ အမျိုးသားဖြစ်သူသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားပုံရ၏။ သူ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူ၏ အကြည့်မှာ ဇနီးဖြစ်သူနှင့် စားပွဲပေါ်ရှိ အခြားအမျိုးသားတစ်ဦးကြားတွင် ဟိုဟိုဒီဒီ ကူးလူးနေတော့သည်။

သူသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း မိမိအိမ်တွင် ဖြစ်ပျက်ခဲ့သော ထူးဆန်းသည့် အဖြစ်အပျက်များကို ပြန်လည်အမှတ်ရမိသည်။ စီးပွားရေးမှာလည်း တစ်နေ့တခြား ဆိုးရွားလာသလို၊ ဇနီးဖြစ်သူမှာလည်း အချို့သော ကိစ္စရပ်များတွင် လိုတာထက် ပို၍ တက်ကြွနေခဲ့သည်။ ဤလက္ခဏာများ အားလုံးမှာ ကောင်လေးဟောခဲ့သော စကားများနှင့် ထပ်တူကျနေသကဲ့သို့ပင်။

သူ ဇနီးဖြစ်သူ၏ လက်ထဲမှ ရုန်းထွက်လိုက်ပြီး ရှုပ်ထွေးသော မျက်နှာထားဖြင့် ကောင်လေးကို ကြည့်ကာ စားပွဲပေါ်ရှိ အမျိုးသားကို လက်ညှိုးထိုးပြရင်း မေးလိုက်သည်။

"ငါ့မိန်းမနဲ့ ဖောက်ပြန်နေတဲ့သူက ငါ့ရဲ့ ညီအစ်ကို အရင်းလို ခင်ရတဲ့ ညီအစ်ကိုကျိုးလား"

‘ဟား’

လက်ဖက်ရည်ဆိုင်အတွင်းရှိ လူအားလုံးမှာ အံ့သြတကြား အသက်ရှူသံများ ထွက်ပေါ်လာကြသည်။ ယင်းက တကယ့်ကို စိတ်လှုပ်ရှားဖွယ် သတင်းကောင်းကြီးသာ မဟုတ်ပါလား။

ကောင်လေး စားပွဲပေါ်ရှိ အခြားအမျိုးသားကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် လက်ကို ဖြန့်လိုက်ကာ ဆို၏။

"ဒါကတော့ နောက်ထပ် ဈေးနှုန်းတစ်ခု ဖြစ်သွားပြီ" 

အမျိုးသားမှာ အိတ်ထဲမှ နောက်ထပ် တေးဆယ်ပြားကို ထုတ်ကာ ကောင်လေးကို ပေးလိုက်ပြန်သည်။

လူငယ်လေးမှ ကျိုးမျိုးနွယ်အမည်ရှိ ထိုသူကို တစ်ချက်ကြည့်ကာ ဆို၏။

"ခင်ဗျားရဲ့ မျက်နှာက မှောင်မှိုင်နေတယ်၊ နဖူးပြင်ကလည်း ညှိုးနွမ်းနေတယ်၊ ခင်ဗျားရဲ့ စည်းစိမ်နန်းကလည်း နက်ရှိုင်းပြီး အရောင်အဝါ ကင်းမဲ့နေတယ်၊ ခင်ဗျားက တကယ်ပဲ ကံဇာတာရော စည်းစိမ်ပါ မရှိတဲ့သူပဲ၊ ဒါတင်မကဘူး  á€á€„်ဗဝဏးက စိတ်ထားယုတ်မာပြီး ကိုယ့်ညီအစ်ကိုရဲ့ မိန်းမနဲ့ ပေါင်းပြီး ပိုက်ဆံအတွက် လူသတ်ဖို့အထိ ကြံစည်နေတာပဲ၊ ခင်ဗျားရဲ့ နှလုံးသားက အောက်တန်းကျလွန်းလို့ နတ်ဘုရားတွေရဲ့ အပြစ်ပေးခြင်းကို သေချာပေါက် ခံရလိမ့်မယ်"

ထိုစကားကို ကြားသည်နှင့် ကျိုးမျိုးနွယ်၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားပြီး စားပွဲကို လက်သီးဖြင့် ထုကာ ထရပ်လိုက်တော့သည်။

သူ ဒေါသတကြီးဖြင့် ပြန်လည် တုံ့ပြန်လိုက်၏။

"ညီအစ်ကိုလီနဲ့ ငါက နှစ်ပေါင်းများစွာ ခင်လာတဲ့ သူငယ်ချင်းတွေပဲ၊ မင်းလို လူလိမ်တစ်ယောက်က ဘယ်လိုတောင် ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲတာလဲ၊ မင်းက ညီအစ်ကိုလီနဲ့ ငါ့ကြားမှာ သွေးခွဲဖို့ ကြိုးစားနေတာပဲ၊ ငါ လောကအနှံ့ လှည့်လည်ခဲ့တာ ကြာပြီ၊ ဒီလောက် အောက်တန်းကျတဲ့ စကားမျိုး တစ်ခါမှ မကြားဖူးဘူး၊ ညီအစ်ကိုလီနဲ့ သူ့မိန်းမကြား သွေးခွဲတာကို ထားပါဦး၊ ငါ့ကိုပါ ဒီလို စော်ကားရဲတယ်ပေါ့လေ”

လူငယ်လေးမှာမူ မည်သည့် ခံစားချက်မျှ မပြဘဲ ခေါင်းကိုပင် မော့မကြည့်ဘဲ ပြောလိုက်သည်။

"ငါပြောတဲ့ စကားတိုင်းဟာ အမှန်တွေချည်းပဲ၊ ယုံတာ မယုံတာကတော့ ခင်ဗျားတို့ အပိုင်းပေါ့”

ရှောင်ကျိုးနှင့် သူမ၏ သူငယ်ချင်းများမှာ ဘေးမှ ဤဇာတ်လမ်းကို အားရပါးရ ကြည့်နေကြသည်။ ဤတာအိုဆရာလေးမှာ စကားကို တိုက်ရိုက်ပြောလွန်းသဖြင့် အရိုက်ခံရမည်အား မကြောက်ဘူးလားဟုပင် သူတို့ တွေးနေမိကြ၏။

ကျိုးမျိုးနွယ် အလွန် ဒေါသထွက်နေသည်မှာ သိသာလှ၏။ သူ နှာခေါင်းရှုံ့ရင်း ထရပ်လိုက်ကာ ဆိုသည်။

"ဟမ့်၊ ဒီလို မာန်တက်နေတဲ့ တာအိုဆရာက ဘယ်သူလဲဆိုတာ ငါ ကြည့်ချင်သေးတာပဲ" 

ပြောပြောဆိုဆိုနှင့်ပင် သူသည် ကောင်လေး၏ လည်ပင်းကို လှမ်းဖမ်းရန် လက်ကို ဆန့်ထုတ်လိုက်၏။

[မစ်ရှင်ရောက်လာပါပြီ- လူငယ်လေးကို အကာအကွယ်ပေးပါ၊ 

ဆုလက်ဆောင်- အမှတ် ၁၀၀ နှင့် ကံစမ်းမဲနှိုက်ခွင့် တစ်ကြိမ်]

ဇာတ်လမ်းကြည့်ကောင်းနေသော ရှောင်ကျိုးသည် စနစ်၏ အသံကို ကြားလိုက်ရ၏။

‘ဘာလဲ သူမကပါ ဝင်ပါရဦးမှာလား’

ထိုသူ၏ လက် ကောင်လေးကို ထိခါနီးမှာပင် ရှောင်ကျိုး လှမ်းဖမ်းလိုက်သည်။ ကျိုးမျိုးနွယ်မှာ လက်‌သေးသေးလေး တစ်ဖက်မှ သူ၏ လက်ကောက်ဝတ်အား တင်းတင်းကြပ်ကြပ် ဖမ်းထားသည်ကို တွေ့လိုက်ရ၏။ သူ ရုန်းထွက်ရန် ကြိုးစားသော်လည်း မရပေ။

ဒေါသထွက်သွားသော ထိုသူမှ ကောင်မလေးအား ကန်ရန် ခြေထောက်ကို မြှောက်လိုက်သည်။ ထိုစဉ် ရှီရှန့် အမြန်ပြေးလာပြီး ကျိုးမျိုးနွယ်ကို မြေပြင်ပေါ်သို့ လဲကျသွားအောင် ကန်ချလိုက်တော့သည်။

ထိုသူ ပြန်ထလာပြီး သူတို့အဖွဲ့ကို လက်ညှိုးထိုးကာ အော်ဟစ်တော့၏။

"ကောင်းပြီလေ၊ မင်းတို့အားလုံးက ဒီလူလိမ်တွေနဲ့ တစ်ဖွဲ့တည်း ဖြစ်နေကြတာပေါ့”

တစ်စုံတစ်ယောက်မှ ထိုသူကို နှိမ်နင်းလိုက်သည်ကို မြင်သောအခါ ကောင်လေးမှာ ပို၍ပင် လှောင်ပြောင်သော လေသံဖြင့် ဆိုလေသည်။

"ခင်ဗျားဆီမှာ ယုတ်မာတဲ့ အငွေ့အသက်တွေ အများကြီး ရှိနေတာကို ငါ မြင်နေရတယ်၊ ခင်ဗျားရဲ့ ကံဇာတာက ကုန်ဆုံးသွားပြီ၊ ခင်ဗျားရဲ့ မျက်လုံးတွေကလည်း ယုတ်မာလွန်းတယ်၊ ခင်ဗျားက မကောင်းမှုတွေ အများကြီး လုပ်ခဲ့တဲ့သူပဲ၊ ခင်ဗျားက ဘယ်တော့မှ စိတ်ချမ်းသာမှာ မဟုတ်သလို ဘေးဒုက္ခတွေနဲ့ပဲ ကြုံတွေ့နေရမှာ”

ထိုစကားကို ကြားသောအခါ လက်ဖက်ရည်ဆိုင်ရှိ လူများမှာ ကျိုးမျိုးနွယ်ကို တစ်မျိုး ကြည့်လာကြတော့၏။ တာအိုဆရာလေး ပြောသည်မှာ အမှန်ဖြစ်၊ မဖြစ် မသေချာသော်လည်း၊ ညီအစ်ကိုလီ၏ ဇနီးနှင့် လူယုတ်မာတို့ ဖောက်ပြန်နေသည်ဟု စွပ်စွဲခံရသောအခါ ထိုသူနှစ်ဦးမှာ သိသိသာသာပင် အပြစ်ရှိသကဲ့သို့ ဒေါသတကြီး တုံ့ပြန်ခဲ့ကြသည် မဟုတ်ပါလား။

ကျိုးမျိုးနွယ်အမည်ရှိ ထိုသူကို ကြည့်လိုက်ပါက သူသည် ကောင်လေး၏ လည်ပင်းအား တိုက်ရိုက် ပစ်မှတ်ထားနေခြင်းမှာ အမှန်တကယ်ပင် နှုတ်ပိတ်သတ်ဖြတ်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိသာလှ၏။


မိမိ၏ ဇနီးနှင့် ညီအစ်ကိုကျိုးတို့၏ မျက်နှာပေါ်မှ အပြစ်မကင်းသည့် အရိပ်အယောင်များကို မြင်လိုက်ရသောအခါ၊ လီမျိုးနွယ်အမည်ရှိ ထိုအမျိုးသားသည် တာအိုဆရာလေး၏ စကားများမှာ လိမ်ညာနေခြင်းမဟုတ်ကြောင်း ကောင်းစွာ သဘောပေါက်သွားတော့သည်။


ထိုနှစ်ယောက်မှာ မိမိ၏ ပိုင်ဆိုင်မှုများကို လုယူရန်နှင့် မိမိကို သတ်ဖြတ်ရန် တိတ်တဆိတ် ပူးပေါင်းကြံစည်နေခဲ့ကြသည် မဟုတ်ပါလား။

အမျိုးသားဖြစ်သူ လီမှာ တစ်ကိုယ်လုံး ချွေးစေးများ စီးကျလာ၏။ သူ၏ ယခုခရီးစဉ် ရည်ရွယ်ချက်အား ပြန်တွေးကြည့်လျှင် အကယ်၍ ဤကောင်လေးနှင့် မဆုံခဲ့ဘဲ ထိုလူနှစ်ယောက်၏ စကားကိုသာ ယုံကြည်ခဲ့မိပါက၊ သူသည် အမှန်တကယ်ပင် အသက်ရော စည်းစိမ်ပါ ဆုံးရှုံးရတော့မည်ပင်။

ဤအချက်ကို သဘောပေါက်သွားသည်နှင့် တစ်ပြိုင်နက် အမျိုးသားလီသည် ထိန်းမနိုင်သိမ်းမရ ဒေါသချောင်းချောင်း ထွက်သွားတော့သည်။

သူ ခြေထောက်ကို မြှောက်ကာ ညီအစ်ကိုကျိုးကို အားရပါးရ ကန်လိုက်၏။

"မင်း၊ မင်းက ငါ့ကို သစ္စာဖောက်ရဲတယ်ပေါ့လေ”

သူ ကန်ကျောက်ရင်း ဒေါသတကြီး အော်ဟစ်နေမိရာ သူ၏ မျက်လုံးများထဲတွင် စိတ်ပျက်အားလျော့မှုနှင့် နာကြည်းမှုများ အပြည့် ရှိနေတော့သည်။

48


ကျိုးမျိုးနွယ်မှာ မြေပြင်ပေါ်တွင် လူးလိမ့်ရင်း ညီအစ်ကိုလီ၏ တိုက်ခိုက်မှုများကို ရှောင်ရှားရန် ကြိုးစားနေသော်လည်း သူသည် သိသိသာသာပင် အရေးနိမ့်နေပြီ ဖြစ်၏။ လက်ဖက်ရည်ဆိုင် အတွင်းရှိ လူများမှာလည်း ကျိုးမျိုးနွယ်အား အစွမ်းပြခွင့်ပေးသည့်အနေဖြင့် နောက်သို့ ဆုတ်ပေးလိုက်ကြသည်။

စိတ်အလှုပ်ရှားဆုံးသူများမှာ ရှောင်ကျိုး နှင့် သူမ၏ သူငယ်ချင်းများပင် ဖြစ်၏။ သူတို့သည် လက်ခုပ်တီးကာ အားပေးနေကြပြီး ကျိုးမျိုးနွယ်ကို မည်သည့်နေရာအား ထိုးနှက်တိုက်ခိုက်ရမည်ကိုပါ လှမ်း၍ ညွှန်ကြားနေကြရာ အခြေအနေကို ပို၍ ဆူပူအောင် လုပ်နေကြသည့်နှယ်။

"ယောင်္ကျား၊ ရှင် ကျွန်မ ပြောတာကို နားထောင်ပါဦး၊ ရှင်ထင်သလို မဟုတ်ပါဘူး”

အခြေအနေ ဆိုးရွားလာသည်ကို မြင်သောအခါ အမျိုးသမီးဖြစ်သူမှာ အပြေးအလွှား ရှေ့သို့ တိုးလာပြီး သူမ၏ ခင်ပွန်းလက်ကို ဆွဲကာ အသနားခံသော မျက်လုံးများဖြင့် ကြည့်လိုက်၏။

သို့သော် အမျိုးသားမှာမူ မည်သည့် ရှင်းပြချက်ကိုမျှ နားမဝင်တော့ပေ။ သူ၏ ရင်ထဲတွင် သစ္စာဖောက်ခံရခြင်းကြောင့် ဖြစ်ပေါ်လာသော ဒေါသနှင့် စိတ်ပျက်မှုများသာ ပြည့်နှက်နေတော့သည်။

"တော်တော့"

အမျိုးသားမှ အမျိုးသမီး၏ လက်ကို ခါထုတ်လိုက်ပြီး ဒေါသတကြီး စိုက်ကြည့်ကာ ဆိုသည်။

"မင်းမှာ ဘာပြောစရာ ကျန်သေးလို့လဲ၊ မင်းက ဒီလူယုတ်မာနဲ့ ပေါင်းပြီး ငါ့ကို လုပ်ကြံဖို့ ကြံစည်ခဲ့တာပဲ၊ ငါက မင်းကိုလည်း ဒီအတိုင်း လွှတ်ထားမယ် ထင်နေလား”

ထိုသို့ပြောပြီးနောက် သူသည် ဆိုင်ရှင်ထံမှ ကြိုးနှစ်ချောင်း တောင်းယူကာ ဇနီးဖြစ်သူနှင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ညီအစ်ကိုကျိုးကို တုပ်နှောင်၍ မြင်းလှည်းပေါ်သို့ ဆွဲတင်သွားတော့သည်။ အားလုံး ပြီးစီးသွားသောအခါ ထိုအမျိုးသားသည် အသက်ကို ပြင်းပြင်းရှူ၍ စိတ် တည်ငြိမ်အောင် ကြိုးစားလိုက်၏။

ထို့နောက် လူငယ်လေးအား ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်ကာ ဆိုသည်။

"ဆရာကြီး၊ စောစောက ကျွန်တော် တော်တော် ရိုင်းစိုင်းမိပါတယ်၊ ဒီနေ့ ဆရာကြီးရဲ့ သတိပေးချက်ကြောင့်သာ မဟုတ်ရင် ကျွန်တော် လီတော့ ဘဝပျက်ရ‌တော့မှာပါ၊ ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး၊ အခွင့်သာရင် ဒီကျေးဇူးကို အဆပေါင်းများစွာ ပြန်ဆပ်ပါ့မယ်"

နှုတ်ဆက်စကား ဆိုပြီးနောက် သူသည် ကျန်ရှိသော ကိစ္စရပ်များကို ဖြေရှင်းရန် အိမ်သို့ အမြန်မောင်းနှင်ကာ ထွက်ခွာသွားတော့၏။

[စနစ်၏ သတိပေးချက်- တာဝန်ပြီးဆုံးပါပြီ၊


 

ဆုလက်ဆောင်- အမှတ် ၁၀၀ နှင့် ကံစမ်းမဲနှိုက်ခွင့် တစ်ကြိမ် ရရှိသည်]

စနစ်၏ အသံကြောင့် ရှောင်ကျိုးမှာ ဖရဲသီးစားနေရာမှ သတိပြန်ဝင်လာ၏။ သူမ ချက်ချင်းပင် ကံစမ်းမဲနှိုက်ရန် နှိပ်လိုက်သည်။

(ဖရဲသီးစား_အတင်းအဖျင်းကြည့်၊ ပွဲကြည့်)

သူမ ရရှိလိုက်သည်မှာ "လေလည်စေသော ဆေးလုံး" တစ်လုံး ဖြစ်၏။

‘ဒါက ဘာကြီးလဲ’ 

ရှောင်ကျိုး စနစ်ကို စိတ်ထဲမှ မေးလိုက်၏။

"ဒီဆေးလုံးက လေအောင့်နေတာတွေကို ချောချောမွေ့မွေ့ လေလည်ထွက်သွားအောင် ကူညီပေးနိုင်ပါတယ်" 

စနစ်မှ တည်တည်ငြိမ်ငြိမ်ပင် ရှင်းပြလိုက်သည်။

‘ရွံစရာကြီး’

‘ဒီစနစ်က ပေးတဲ့ ဆုလာဘ်တွေက တစ်ခုထက်တစ်ခု ပိုပြီး ထူးဆန်းလာတာပဲ’

ထိုလူသုံးဦး ထွက်ခွာသွားပြီးနောက် လက်ဖက်ရည်ဆိုင်မှာ ပြန်လည် တိတ်ဆိတ်သွားသော်လည်း အားလုံးက ထိုလူငယ်လေးကို ပို၍ ရိုသေလေးစားစွာ ကြည့်နေကြတော့သည်။ သူသည် အမှန်တကယ်ပင် အစွမ်းထက်သူဖြစ်ကြောင်း သိသွားကြပြီ ဖြစ်၏။

ကျောက်ဟူ လူငယ်လေးကို စိုက်ကြည့်ကာ မေးလိုက်သည်။

"မင်းက တကယ်ပဲ တာအိုဆရာလား၊ ဒါဆို ငါ ဘယ်တော့ စစ်ဗိုလ်ချုပ် ဖြစ်မလဲဆိုတာ တွက်ပေးလို့ ရမလား"

ကောင်လေး ကျောက်ဟူကို တစ်ချက်ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် နှမြောတသမှုများ ပြည့်နှက်သွား၏။ ဤသူသည် စစ်ဗိုလ်ချုပ်ဖြစ်မည့် ပါရမီပါလာသူ ဖြစ်သော်လည်း သူ၏ ကံကြမ္မာမှ လွတ်မြောက်နိုင်ခြင်း မရှိပေ။ စစ်မြေပြင်တွင် ရာထူးကြီးကြီး ရနိုင်သော်လည်း အသက်တိုမည့် ကံပါနေ၏။

စောစောက ကူညီခဲ့သည်ကို ထောက်ထား၍ လူငယ်လေးမှ လိမ္မာပါးနပ်စွာ ဆိုလိုက်၏။

"ခင်ဗျားရဲ့ ကံဇာတာက ထူးခြားတယ်၊ စစ်ဗိုလ်ချုပ်ဖြစ်မယ့် အလားအလာလည်း ရှိတယ်၊ ဒါပေမဲ့ ဗိုလ်ချုပ်ရာထူးအထိ တက်လှမ်းနိုင်ပေမဲ့ ဘေးဒုက္ခတစ်ခုနဲ့ ကြုံပြီး အသက်တိုမယ့် ကံပါနေတယ်"

ကျောက်ဟူသာမက ရောက်ရှိနေသူ အားလုံး ထိုစကား၏ အဓိပ္ပာယ်ကို နားလည်လိုက်ကြသည်။ ကျောက်ဟူမှာ ဒေါသထွက်သွားပြီး မိမိအား အသက်တိုသူဟု ပြောသည်ကို ကျိန်ဆဲလိုက်တော့သည်။

"ဒီကောင်စုတ်၊ ငါတို့က ခုနတင် မင်းကို ကူညီထားတာလေ၊ မင်းက ကျေးဇူးကို ရန်လိုမှုနဲ့ တုံ့ပြန်ပြီး လူကို ကျိန်ဆဲရလား" 

အားသို့မှာ ကျောက်ဟူနှင့် အမြဲတမ်း ရန်ဖြစ်နေတတ်သူ ဖြစ်သော်လည်း၊ ကျောက်ဟူအား အသက်တိုလိမ့်မည်ဟု ကြားလိုက်ရသောအခါ ထိုလူငယ်လေးကို ရိုက်သတ်ချင်စိတ်ပင် ပေါက်သွား၏။

"သူက ကိုယ့်ဘာသာ ဟောခိုင်းတာလေ၊ ပြီးတော့မှ ဟောချက်ကို မကြိုက်ဘူးဆိုပြီး ငါ့ကို အပြစ်တင်လို့ ရမလား" 

လူငယ်လေးမှာ စိတ်ပျက်သွားသည်။ သူက စေတနာနှင့် မျက်နှာကြည့် ဟောပေးခဲ့ခြင်း ဖြစ်ပြီး ဟောခပင် တောင်းခဲ့ခြင်း မရှိပေ။

"ဘယ်လို ဘေးဒုက္ခလဲ၊ အဲဒါကို ဖြေရှင်းနိုင်မယ့် နည်းလမ်းရော ရှိလား" 

ရှောင်ကျိုး မေးလိုက်၏။

"ရွာလူကြီးလေး၊ နင်က တကယ်ပဲ အဲဒါကို ယုံနေတာလား" 

ကျောက်ဟူ အံ့အားသင့်သွားရသည်။


‘ဘာလဲ ငါက တကယ်ပဲ အသက်တိုမယ့်သူလား’

ကျောက်ဟူ စိတ်ဓာတ်အကြီးအကျယ် ကျဆင်းသွားတော့၏။

လူငယ်လေးမှာ ကျောက်ဟူ၏ မျက်နှာကို ထပ်မံ၍ သေသေချာချာ စစ်ဆေးကြည့်ပြန်သည်။

"ထူးဆန်းတယ်၊ အချိန်မတိုင်ခင် သေဆုံးမယ့် လက္ခဏာက ရှင်းရှင်းလင်းလင်း ရှိနေပေမဲ့၊ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစု တစ်ခုခုက သူ့ကို ဆွဲခေါ်နေသလိုပဲ၊ ဒါက သူ့ရဲ့ ကံကြမ္မာကို ခန့်မှန်းရခက်စေပြီး မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုကို ပေးထားသလို ဖြစ်နေတယ်၊ ဒါက တကယ့်ကို တွေ့ရခဲတဲ့ အဖြစ်အပျက်ပဲ”

ကောင်လေးမှာ တစ်နေ့တည်းတွင် ထူးဆန်းသော မျက်နှာသွင်ပြင် နှစ်ခုနှင့် ဆုံတွေ့ခဲ့ရသဖြင့် မိမိ၏ အစွမ်းအစအပေါ် မိမိကိုယ်တိုင်ပင် သံသယ ဝင်လာတော့၏။ ထို့ကြောင့် သူ အကြံပြု ပြောဆိုလိုက်၏။

"နောက်တစ်ခါ ငါ့ဆရာနဲ့ တွေ့ရင်တော့ သူ့ကို တစ်ချက်ကြည့်ပေးဖို့ မင်းတို့ မေးကြည့်လို့ ရတယ်" 


ကျောက်ဟူတွင် မျှော်လင့်ချက်ရောင်ခြည် ရှိနေသေးသည်ဟု ကြားလိုက်ရသဖြင့် အားလုံး စိတ်သက်သာရာ ရသွားကြသည်။

"တာအိုဆရာလေး တစ်ယောက်ယောက်နောက်ကို လိုက်နေတာလား" 

ရှောင်ကျိုး မေးလိုက်၏။


ဆိုင်ထဲဝင်လာစဉ်က သူ၏ပုံစံမှာ တစ်စုံတစ်ဦးကို အသည်းအသန် လိုက်လံရှာဖွေနေသည့်ပုံ ပေါက်နေသောကြောင့် ဖြစ်သည်။

"ငါ့ကို ကျင့်ရှင်း လို့ပဲ ခေါ်ပါ"

ကောင်လေး ဆိုသည်။

"ဘယ်သူ့နောက်ကို လိုက်နေတာလဲဆိုတာကတော့"

 á€‘ိုဥကဟ္ဏင်းကို စဉ်းစားမိရုံနှင့် ကျင့်ရှင်းမှာ ဒေါသထွက်လာပုံရ၏။ သူ ချက်ချင်းပင် ထိုင်ချလိုက်ကာ မျက်စိမှိတ်၍ တရားမှတ်တော့သည်။ ဒေါသများ ပြေပျောက်ပြီး စိတ်တည်ငြိမ်မှု ပြန်ရလာမှသာ တရားမှတ်နေရာမှ ဖြည်းဖြည်းချင်း ထလာ၏။


သူ့ဆရာမှ သူ့ကို ကျင့်ရှင်းဟု အဘယ်ကြောင့် အမည်ပေးခဲ့သည်ကို ရှောင်ကျိုး ရုတ်တရက် နားလည်သွားတော့သည်။ ၎င်းမှာ သူ၏ ဒေါသနှင့် စိတ်တိုတတ်သော အကျင့်ကို ထိန်းချုပ်နိုင်ရန် မျှော်လင့်ချက်ဖြင့် ပေးထားခြင်း ဖြစ်ပေလိမ့်မည်။

"အရင်လဝက်လောက်က ဆရာနဲ့အတူ ဆန်ဝယ်ဖို့ တောင်အောက်ဆင်းခဲ့တယ်၊ ဆန်သည်တစ်ယောက်က ငါတို့ကို ဆန်ဆယ်ကျင်း ရောင်းတယ်ဆိုပြီး တစ်ကျင်း လျှော့ပေးလိုက်တယ်၊ ငါ မဟုတ်ဘူး၊ တာအိုဆရာဖြစ်တဲ့ ငါက သူနဲ့ အခြေအတင် ဖြစ်ခဲ့တာပေါ့၊ သူက 'သရဲချိန်ခွင်' (လူလိမ်ချိန်ခွင်)ကို သုံးထားတာ၊ အဲဒီဆန်သည်က သူ့အမှားသူ မသိတဲ့အပြင် ငါနဲ့ ငါ့ဆရာကို 'ငွေမရှိတဲ့ သရဲစုတ်တွေ' လို့ ဆဲသေးတယ်၊ ပြီးတော့ ငါတို့က အစားအသောက်တွေကို လိမ်ညာတောင်းစားနေတာပါ ဆိုပြီး စွပ်စွဲသေးတာ"

"ဒါနဲ့ ရှင်က သူ့ကို ပြန်မပြောဘူးလား၊ ပြန်မအော်ဘူးလား" 

ရှောင်ကျိုး မေးလိုက်၏။

"ဒီကောင်က အလေးခိုးတာတင် မဟုတ်ဘူး၊ လူကျင့်ဝတ်ပါ ခိုးနေတာပဲ” 

ကျောက်ဟူလည်း ဝင်၍ ကျိန်ဆဲလိုက်သည်။

"ဒါပေါ့၊ အခြေအတင် ပြောတာဆိုတာကတော့ ပညာသားပါရတယ်၊ ဒါပေမဲ့ အဲဒီတုန်းက ငါက ကောင်းကောင်း မပြောနိုင်လိုက်လို့ ရှုံးသွားတာ"


 

ထိုသို့ပြောရင်း ကျင့်ရှင်း မိမိကိုယ်ကို တည်ငြိမ်စေရန် 'စိတ်အေးချမ်းစေသော မန္တန်'ကို အကြိမ်အနည်းငယ် ပြန်ရွတ်နေမိ၏။

"ဆရာကတော့ 'အရှုံးပေးခြင်းက ကောင်းချီးတစ်ခုပဲ၊ တစ်လှမ်းဆုတ်ပေးလိုက်ရင် လောကကြီးက ပိုကျယ်ပြန့်သွားလိမ့်မယ်' လို့ ပြောခဲ့ပေမဲ့"

"ဒါပေမဲ့ အဲဒီအကြောင်း ပြန်စဉ်းစားမိတိုင်း ငါ ပိုပြီး ဒေါသထွက်လာတယ်၊ ပြန်တွေးကြည့်လေ ငါပဲ အရှုံးခံလိုက်ရသလို ခံစားရလေပဲ"

"ဒါဆို တောင်အောက်ဆင်းလာတဲ့ ရည်ရွယ်ချက်က အဲဒီဆန်သည်ကို ပြန်ရှာဖို့ပေါ့ ဟုတ်လား" 

 á€›á€žá€ąá€Źá€„်ကဝိုး မေး‌လေသည်။

"ဒါပေါ့ ပြဿနာကြီးတာကို သေးအောင်လုပ်၊ သေးတာကို ပပျောက်အောင်လုပ်ရမယ်ဆိုတာကို ငါ မယုံဘူး၊ ငါ သူ့ကို ပြန်ဆဲရမယ်၊ မဟုတ်ရင် ငါ့ရဲ့ တာအိုကျင့်စဉ်စိတ်ဟာ တစ်သက်လုံး မတည်မငြိမ် ဖြစ်နေတော့မှာ"

"ငါ နင့်ကို ထောက်ခံတယ်"

ရှောင်ကျိုး ဤကောင်လေး၏ စိတ်ဓာတ်ကို အလွန် သဘောကျသွား၏။

"လူတိုင်းက ဘဝကို ပထမဆုံးအကြိမ်ပဲ ဖြတ်သန်းနေကြတာပဲ၊ ဘာလို့ တခြားသူကို အမြဲ အလျှော့ပေးနေရမှာလဲ"

"ဟုတ်တယ်၊ ငါတို့လည်း မင်းနဲ့အတူ လိုက်ခဲ့မယ်" 

ကျောက်ဟူနှင့် အခြားကလေးများလည်း သဘောတူညီကြသည်။

ထိုစကားကို ကြားသောအခါ ကျင့်ရှင်းမှာ မိမိ၏ ညီအစ်ကို မောင်နှမအရင်းများကို တွေ့လိုက်ရသကဲ့သို့ ခံစားသွားရပြီး သူတို့အဖွဲ့ကို အလွန်ပင် နွေးထွေးသော အကြည့်ဖြင့် ကြည့်လေ၏။

"မင်းတို့ တကယ် အဲဒီလို တကယ်ထင်တာလား"

"ဒါပေါ့"

ရှောင်ကျိုးနှင့် သူမ၏ အဖွဲ့သားများမှာ အမှားလုပ်မိလျှင်လည်း အလျှော့မပေးတတ်သကဲ့သို့ အမှန်ဘက်က ဖြစ်နေရင်လည်း တခြားသူကို လွယ်လွယ်နှင့် ခွင့်မလွှတ်တတ်သော လူစားမျိုးများ ဖြစ်ကြသည်။


"အခုချက်ချင်းပဲ သွားကြစို့" 

ကောင်လေးမှာ သူ၏ ပစ္စည်းများကို ချက်ချင်း သိမ်းဆည်းတော့၏။ သူ ထိုဆန်သည်နှင့် စာရင်းဟောင်းကို ယခုပင် ရှင်းပစ်ချင်နေပြီး တစ်စက္ကန့်မှပင် ထပ်မစောင့်နိုင်တော့ပေ။

ရှောင်ကျိုးတို့ အဖွဲ့မှာလည်း စိတ်လှုပ်ရှားစွာဖြင့် လိုက်ပါရန် ပြင်ကြသည်။ ဤကလေးများက တကယ်ပဲ ကူညီချင်ကြခြင်း မဟုတ်ဘဲ သူတို့က ဇာတ်လမ်းကြည့်ချင်နေကြခြင်းသာ ဖြစ်သည်။

ရှီရှန့်နှင့် ချင်းရွှီတို့မှာမူ စောစောလေးတင်မှ သိကျွမ်းခဲ့သော ဤလူစိမ်းနှစ်ဖွဲ့မှာ နှစ်ပေါင်းများစွာ ခင်မင်လာသည့်နှယ် ဖြစ်နေကြပြီး သွေးသောက်ညီအစ်ကို တိုင်တည်ရန်သာ လိုတော့သည်ကို ကြည့်ကာ အံ့သြနေကြ၏။

ရှီရှန့် မနေနိုင်ဘဲ ကြားဖြတ်ပြောလိုက်သည်။

"အခုက အရမ်းနောက်ကျနေပြီ၊ ဆန်သည်တွေ အကုန်လုံးလည်း သိမ်းပြီး အိမ်ပြန်ကုန်ကြလောက်ပြီ၊ မြို့ထဲဝင်ပြီး တည်းခိုခန်းတစ်ခုမှာ အရင်နားကြတာပေါ့"

သို့သော် ကျင့်ရှင်းမှာမူ မဖြစ်နိုင်ပေ။ သူ၏ ရင်ထဲမှ ဒေါသများကို မထုတ်ရသေးသရွေ့ ညဘက် အိပ်ပျော်မည် မဟုတ်ချေ။

"အဲဒီလူ ဘယ်မှာနေလဲ သိလား"

 á€›á€žá€ąá€Źá€„်ကဝိုး မေးလိုက်သည်။

ကျင့်ရှင်း ခေါင်းခါပြ၏။

"အဲဒီလူ နာမည်က ဘာလဲရော သိလား"

ကျင့်ရှင်း ထပ်မံ ခေါင်းခါပြပြန်သည်။

"ဒါဆို နင် ဘာသိသေးလဲ" 

ရှောင်ကျိုးမှာ ဆွံ့အသွားတော့၏။

ဤကောင်လေးမှာ မိမိ၏ မာန်မာနကို မချနိုင်သဖြင့် အရင်တစ်ခေါက်က အရှုံးပေးခဲ့ရသော နေရာသို့ တိုက်ရိုက် ပြေးဆင်းလာခြင်းသာ ဖြစ်ပုံရသည်။ သို့သော် ထိုနေရာတွင် မည်သူမှ စောင့်နေမည် မဟုတ်ပေ။

ရှောင်ကျိုး သူမ၏ နဖူးကို ပွတ်ရင်း ဆိုလိုက်သည်။

 "ရှင်က ကံကြမ္မာ ဟောတဲ့နေရာမှာ တော်တယ် မဟုတ်လား ၊အဲဒီလူ ဘယ်မှာလဲဆိုတာ တွက်ကြည့်လိုက်လေ"

"ဟုတ်သားပဲ"

ကောင်လေး တွက်ချက်ရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ခုကို သတိရသွားတော့၏။

"မဟုတ်ဘူး၊ အဲဒါက ကိုယ်ကျိုးအတွက် ကလဲ့စားချေတာမျိုး ဖြစ်သွားလိမ့်မယ်၊ အဲဒီလိုလုပ်ရင် ငါ့ရဲ့ ကျင့်ကြံအားထုတ်မှု ကုသိုလ်တွေ လျော့နည်းသွားလိမ့်မယ်" 

လူငယ်လေး လက်ယမ်းကာ ငြင်းဆိုလိုက်သည်။

"ပုံမှန်အားဖြင့်တော့ ဆန်သည်တွေက နေရာခဏခဏ မပြောင်းတတ်ကြပါဘူး၊ မနက်ဖြန် အဲဒီနေရာကို ပြန်သွားရင်တော့ အဲဒီလူကို သေချာပေါက် ရှာတွေ့မှာပါ"

ထို့ကြောင့်ပင် သူတို့အဖွဲ့သားအားလုံးသည် ခန့်ညားထည်ဝါသော စီတန်းလှည့်လည်မှုကြီး တစ်ခုအလား ရန်ဖျင်ခရိုင်သို့ ဦးတည်ကာ ထွက်ခွာလာကြ၏။


49


ရန်ဖျင်ခရိုင်သည် ချင်းရှန်းခရိုင်နှင့် ကပ်လျက် တည်ရှိသော်လည်း စည်ကားမှုအပိုင်းတွင်မူ ချင်းရှန်းခရိုင်ကို မမှီနိုင်ချေ။ မမှောင်သေးမီ အချိန်မှာပင် လမ်းမများပေါ်၌ လူသူကင်းမဲ့နေပြီ ဖြစ်သည်။

"ဒီနေရာက ဘာလို့ ဒီလောက်တောင် ခြောက်ကပ်နေရတာလဲ" 

ရှောင်ကျိုး နားမလည်နိုင်စွာ မေးလိုက်၏။

"ဒီနေရာက နယ်စပ်နဲ့ နီးတော့ တောထဲက ဓားပြတွေ ခဏခဏ လာတတ်တယ်လေ၊ သာမန်လူတွေဆိုရင် မနက်စောစောကတည်းက တံခါးတွေ၊ ပြတင်းပေါက်တွေ ပိတ်ထားကြတာ၊ ညဘက် လျှောက်သွားဖို့ဆိုတာ ဘယ်သူမှ မရဲကြဘူး" 

ကျင့်ရှင်း ရှင်းပြလိုက်၏။

ထိုစကားကို ကြားသောအခါ ကလေးများမှာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်မိကြသည်။ လမ်းမပေါ်တွင် လေတိုး၍ လှုပ်ခတ်နေသော မီးရောင် အချို့သာ ရှိပြီး၊ ရံဖန်ရံခါ ကြားရသည့် အဝေးမှ ခွေးဟောင်သံများက ပို၍ ခြောက်ခြားဖွယ်ကောင်းသော အငွေ့အသက်ကို ဆောင်ကြဉ်းပေးနေသည်။

ရှောင်ကျိုး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

"အစိုးရက ဒီဓားပြတွေကို မနှိမ်နင်းဘူးလား"

"အရင်က နှစ်တွေမှာ နယ်စပ်စစ်ပွဲတွေက အဆက်မပြတ် ဖြစ်နေတော့ အစိုးရရဲ့ စစ်အင်အားကလည်း နည်းပါးနေတာလေ၊ အဲဒီတော့ ဓားပြတွေကို နှိမ်နင်းဖို့ ခက်ခဲနေတာပေါ့၊ ဒီအခွင့်အရေးကို သုံးပြီး ဓားပြတွေကလည်း အင်အားတောင့်တင်းလာကြတယ်၊ ဒါပေမဲ့ သူတို့က ဖြတ်သန်းသွားလာတဲ့ ကုန်သည်တွေနဲ့ သူဌေးတွေကိုပဲ ဓားပြတိုက်တာ၊ ပတ်ဝန်းကျင်က လူတွေကိုတော့ ဒုက္ခမပေးကြပါဘူး" 

ကျင့်ရှင်းမှာ ဤဓားပြများအပေါ် ကောင်းမွန်သော အမြင်ရှိနေပုံရ၏။

"ရန်ဖျင်ခရိုင်နားမှာ အရင်က ဓားပြတွေ မရှိခဲ့ဖူးဘူးလို့ ငါ မှတ်မိနေပါတယ်" 

ရှီရှန့် မျက်မှောင်ကြုတ်လိုက်သည်။ လွန်ခဲ့သော ငါးနှစ်ခန့်က သူ နယ်စပ်တွင် တပ်စွဲထားစဉ် ဤနေရာမှာ နေ့ညမပြတ် အလွန် စည်ကားခဲ့ပြီး ယခုကဲ့သို့ ခြောက်ကပ်မနေခဲ့ပေ။

"အဲဒါက အရင်တုန်းကလေ၊ ရှီမိသားစု ရှိနေတုန်းကပေါ့၊ အဲဒီတုန်းကတော့ ဘယ်သူမှ နယ်စပ်ကို မကျူးကျော်ရဲကြဘူး၊ ဒါပေမဲ့ လွန်ခဲ့တဲ့ ငါးနှစ်က ရှီမိသားစု တိုက်ပွဲမှာ ကျဆုံးသွားပြီး ရှီမိသားစု စစ်တပ်လည်း ပျောက်ကွယ်သွားတဲ့နောက် နယ်စပ်ကို ကြည့်လိုက်ပါဦး၊ လူနေတဲ့နေရာနဲ့တောင် မတူတော့ဘူး" 


 á€€á€ťá€„အ်ရသင်း မကျေမနပ် ဆိုလိုက်သည်။

"မင်းက နယ်စပ်အကြောင်း တော်တော် သိပုံရသားပဲ" 

ရှီရှန့် စူးစမ်းလိုက်၏။ တာအိုဆရာတစ်ဦးမှာ နယ်စပ်အကြောင်းကို အဘယ်ကြောင့် ဤမျှအထိ သိနေရသည်အား သူ စဥ်းစားမရပေ။

"ချင်းရှန်းကျောင်းတော်က နယ်စပ်နဲ့ သိပ်မဝေးဘူးလေ၊ ပြီးတော့ တပည့်တွေကလည်း တောင်အောက်ကို ခဏခဏ ဆင်းပြီး လေ့ကျင့်ကြတာကိုး" 

ကျင့်ရှင်း စကားပြောရင်း အနည်းငယ် အပြစ်မကင်းသကဲ့သို့ ခံစားလိုက်ရသည်။ အမှန်စင်စစ် တာအိုကျောင်းမှာ အလွန် ဆင်းရဲလွန်းသဖြင့် အစားကောင်းကောင်း စားနိုင်ရန်အတွက် တောင်အောက်သို့ တိတ်တဆိတ် ဆင်းကာ ကံကြမ္မာဟောပေးခြင်း၊ ငွေရှာခြင်းတို့ဖြင့် ဗိုက်ဖြည့်နေကြခြင်းသာ ဖြစ်၏။

ခန့်ညားထည်ဝါသော ဤတာအိုကျောင်းတော်ကြီးမှာ နောက်ထပ် ထမင်းတစ်နပ်စာအတွက်ပင် ပူပန်နေရလောက်အောင် ဆင်းရဲနေလိမ့်မည်ဟု မည်သူကမှ ထင်ကြမည် မဟုတ်ပေ။ ဆရာကြီးကလည်း သူ အစားအသောက် အလွန် စားသည်ဟု ထင်ပုံရကာ လိမ်ညာပြောဆိုခဲ့သေးသည်။

 "မင်း တစ်သက်လုံး အစားအသောက်၊ အဝတ်အထည်အတွက် မပူပန်ရအောင် လုပ်ပေးနိုင်မယ့်သူက ချင်းရှန်းခရိုင်၊ ထောင်ယွမ်ရွာမှာ ရှိတယ်"

သူသည် တော်ဝင်မိသားစုဝင်လည်း မဟုတ်၊ ရာထူးကြီးသူ သို့မဟုတ် သူဌေးကြီးလည်း မဟုတ်ဘဲ သာမန်ရွာသားလေး တစ်ယောက်အနေနှင့် အေးအေးဆေးဆေး နေနိုင်ရုံပင် ဖြစ်၍ မည်သို့မှ ယုံကြည်နိုင်ဖွယ် မရှိပေ။ ဆရာကြီးမှာ အဘယ်ကြောင့် ထိုထက်ကောင်းသည့် ဆင်ခြေကို မရှာရသနည်း။

မကြာမီမှာပင် သူတို့အဖွဲ့သည် မီးရောင်လင်းနေသေးသော တည်းခိုခန်းတစ်ခုကို ရှာတွေ့ကာ တစ်ညတာ တည်းခိုကြ၏။ တစ်နေ့လုံး ခရီးပန်းလာကြသဖြင့် အားလုံး လျင်မြန်စွာပင် အိပ်ပျော်သွားကြသည်။ စိတ်ဒဏ်ရာ အနည်းငယ် ရထားသော မန်ချန်းပင်လျှင် ဝမ်းနည်းစရာများကို စဉ်းစားရန် အင်အားမရှိတော့ဘဲ အိပ်မောကျသွား၏။

နောက်တစ်နေ့ မနက်တွင် မိုးလင်းစပြုလာသည်နှင့်အမျှ မြို့လေးမှာလည်း တဖြည်းဖြည်း သက်ဝင် လှုပ်ရှားလာလေပြီ။ ရှောင်ကျိုး ပြတင်းပေါက်ကို တွန်းဖွင့်လိုက်ရာ မြေကြီးရနံ့နှင့် ရောယှက်နေသော လတ်ဆတ်သည့် လေပြေများ တိုးဝင်လာသည်။ ၎င်းမှာ ညဘက်မှ ခြောက်ကပ်မှုနှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။ စောစောထသော ဈေးသည်များမှာ လမ်းပေါ်တွင် ဆိုင်ခန်းများ စတင် ခင်းကျင်းနေကြပြီ ဖြစ်ရာ လူသိပ်မများသေးသော်လည်း ဘဝ၏ အငွေ့အသက်များကို ခံစားရစေသည်။

ရှောင်ကျိုး အောက်ထပ်သို့ ဆင်းလာသောအခါ ချင်းရွှီ နှင့် အခြားသူများသည် စားပွဲတွင် ထိုင်နေကြပြီ ဖြစ်၏။

 "နေ့ဘက်ဆိုရင်တော့ ပိုစည်ကားတာပဲ" 

 á€á€ťá€„်းရွသဎ ဆိုလိုက်သည်။

ကျင့်ရှင်းလည်း အိပ်ရာနိုး၍ မျက်လုံးများကို ပွတ်ရင်း အောက်ထပ်သို့ ဆင်းလာ၏။

"ဟုတ်တယ်၊ နေ့ဘက်ကတော့ အမြဲတမ်း ဘေးကင်းတယ်၊ လူတွေကလည်း အလင်းရောင်ကို အမှီပြုပြီး အလုပ်အကိုင် ရှာနိုင်ကြတာပေါ့"

လမ်းမကို ကြည့်ရင်း ရှီရှန့်၏ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေမိ၏။ လွန်ခဲ့သော ငါးနှစ်က စည်ကားခဲ့သော မြို့လေးနှင့် ယခု ခြောက်ကပ်နေမှုကို နှိုင်းယှဉ်ကာ စိတ်မကောင်း ဖြစ်သွားမိသည်။

မနက်စာ အမြန်စားပြီးနောက် အဖွဲ့သားများမှာ ခရီးဆက်ရန် ပြင်ဆင်ကြသကဲ့သို့၊ ကျင့်ရှင်း သူ၏ ဒေါသများကို မည်သို့ ဖြေဖျောက်မည်ကိုလည်း ကြည့်ချင်နေကြ၏။ အားလုံး ကျင့်ရှင်း၏ နောက်မှ လိုက်လာကြရာ အရင်တစ်ခေါက်က ဆန်သည်နှင့် အခြေအတင် ဖြစ်ခဲ့သော နေရာသို့ ရောက်ရှိလာကြ၏။

သို့သော် ကျင့်ရှင်း တည်တည်ငြိမ်ငြိမ်နှင့် ထိုလူကို ရှာဖွေပြီး ပညာပေးရန် ပြင်ဆင်နေစဉ်မှာပင် ဆန်သည်မှာ တစ်ကိုယ်လုံး ဖူးရောင်ပိန်ချိုင့်နေသည်ကို တွေ့လိုက်ရသည်။

ကျင့်ရှင်း ထိုသူအား အထက်အောက် အကဲခတ်ကြည့်ပြီးနောက် မနေနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောမိတော့သည်။ သူသည် မြေပြင်ပေါ်တွင် ဖူးရောင်နေသော မျက်နှာနှင့် လဲလျောင်းနေသည့် ဆန်သည်အား လက်ညှိုးနှင့် တို့ကြည့်ရင်း အားရပါးရ လှောင်ပြောင်လိုက်၏။

“ဟားဟားဟား၊ နောက်ဆုံးတော့ မင်းလည်း မင်းနဲ့ ထိုက်တန်တဲ့သူနဲ့ တွေ့ပြီပေါ့လေ”

ရှောင်ကျိုးနှင့် အခြားကလေးများမှာလည်း ဝိုင်းအုံကြည့်ကာ ရယ်မောကြပြန်သည်။ သူတို့အဖွဲ့သားများ အုပ်စုလိုက် ရယ်မောနေပုံကို ကြည့်ရသည်မှာ အမှန်တကယ်ပင် ဗီလိန်အဖွဲ့အစည်း တစ်ခုအလား။

ရှီရှန့်နှင့် ချင်းရွှီတို့မှာမူ ဤကလေးအုပ်စုနှင့် မသိသလို ဟန်ဆောင်ကာ အသာလေး နောက်ဆုတ်သွားကြ၏။ ချင်းရွှီ ရှီရှန့် ဝတ်ထားသော မျက်နှာဖုံးကို ကြည့်ကာ အလွန်ပင် မနာလိုဖြစ်နေမိသည်။ သူလည်း မျက်နှာဖုံးစွပ်လာခဲ့လျှင် ကောင်းသားဟု တွေးနေမိ၏။ ရှီရှန့်မှာ စိတ်ထဲတွင် ညည်းတွားနေသည်။

"ငါက ငါ သေရာက ပြန်ရှင်လာတာကို လူမသိစေချင်လို့ တပ်ထားတာပါ၊ ဒီမျက်နှာဖုံးက ဒီလို အရှက်ရစရာ ကိစ္စတွေမှာ သုံးရလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ" 

"ဘာဖြစ်တာလဲ၊ ဆန်ခိုးရောင်းရင်း ပြန်အရိုက်ခံရတာလား၊ ညလမ်းကို အလျှောက်များရင် သရဲနဲ့ တွေ့တတ်တယ်ဆိုတာ ဒါမျိုးပေါ့" 

ကျင့်ရှင်းမှာ ထိုလူ၏ သနားစဖွယ် အခြေအနေကို မြင်ရသောအခါ ရင်ထဲတွင် အတိုင်းမသိ လန်းဆန်းသွားရသည်။ မိမိကိုယ်တိုင် မရိုက်လိုက်ရသော်လည်း ဤမြင်ကွင်းကပင် သူ၏ ဒေါသကို ပြေပျောက်စေခဲ့ပြီ ဖြစ်သည်။

ရှောင်ကျိုး ဘေးဆိုင်မှ ဈေးသည်အား မေးကြည့်လိုက်၏။

"သူ့ကို ဘယ်သူ ရိုက်သွားတာလဲဟင်"

ဈေးသည်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ တိုးတိုးလေး ပြောပြ‌လေသည်။

"မြို့တော်က လာတဲ့သူတွေလို့ ကြားတာပဲ"

"ဟင်" 

ရှောင်ကျိုး အံ့သြသွားသည်။ ဤသာမန် ဆန်သည်က မြို့တော်မှ လူကြီးလူကောင်းများကို မည်သို့ စော်ကားလိုက်သည်အား သူမ သိချင်နေမိ၏။

"ထပ်ပြောပါဦး" 

ရှောင်ကျိုး အိတ်ထဲမှ ဖရုံစေ့တစ်ဆုပ်ကို ဈေးသည်လက်ထဲ ထည့်ပေးလိုက်ကာ ဆက်ပြောရန် အချက်ပြလိုက်၏။ ဈေးသည်လည်း အလိုက်သင့်ပင် ဖရုံစေ့များကို ခွာစားရင်း ပြောပြတော့သည်။

"မြို့တော်က လာတဲ့ သူဌေးသားတစ်ယောက်က ငါ့ဆိုင်မှာ ပစ္စည်းဝယ်ချင်လို့တဲ့၊ အဲဒီမှာ ဟိုလူက ဆန်တစ်ကျင်းကို ပြား ၃၀ နဲ့ ရောင်းတာ၊ ဆယ်ကျင်း ဝယ်တာကို ခုနစ်ကျင်းလောက်ပဲ ပေးတယ်လေ၊ အဲဒီသူဌေးသားရဲ့ အခြွေအရံက ချက်ချင်း ရိပ်မိသွားပြီး ဘာမှမပြောဘဲ ဝိုင်းရိုက်တော့တာပဲ"

ရှောင်ကျိုး မြေပြင်ပေါ်မှ လူအား ခြေထောက်နှင့် တို့ကြည့်ရင်း ကျင့်ရှင်းကို ပြောလိုက်၏။ 

"ဒါဆို သူက ရှင့်ကိုတော့ တော်တော်လေး ညှာတာ ပေးခဲ့တာပဲနော်"

ဤဆန်သည်၏ ငွေအပေါ် မက်မောမှုနှင့် သတ္တိမှာ အံ့သြစရာပင်။ မြေပြင်ပေါ်မှ ဆန်သည်မှာ မကျေမနပ် ညည်းတွားလိုက်သည်။

"သူ့ကို လိမ်လိုက်တာက ဘာမှမဟုတ်သေးဘူး၊ ငါက အဲဒီအသုံးမကျတဲ့ မင်းသားကိုပါ ရိုက်ချင်နေတာ၊ ဘာမင်းသားလဲ၊ စစ်မြေပြင်ကို ခြေတစ်ဖက်တောင် မချဖူးဘဲနဲ့ ရှီမိသားစုကို သူရဲကောင်းတွေပါလို့ ပါးစပ်က ပြောပြီး၊ တကယ်တမ်းကျတော့ တိုက်ပွဲရှုံးတဲ့သူတွေပါ ဆိုပြီး လျှော့တွက်နေတာ၊ ရှီမိသားစု စစ်တပ်က ကံကောင်းလို့ နိုင်ခဲ့တာတဲ့၊ တောက်၊ မြို့တော်မှာ သုခခံစားနေတဲ့ အချောင်သမားက ဘာသိမှာလဲ၊ ထွီး"

" အရင်က ရှီမိသားစု စစ်တပ်သာ မရှိခဲ့ရင် အဲဒီကောင် အခုလို အေးအေးဆေးဆေး နေနိုင်ပါ့မလား"

ဆန်သည်မှာ နာကျင်နေသည်ကိုပင် မေ့သွားကာ ပို၍ ဒေါသထွက်လာတော့၏။

ရှောင်ကျိုးသည် ထိုသူမှာ လူကျင့်ဝတ် အနည်းငယ် ချို့ယွင်းသော်လည်း သူ၏ စိတ်ဓာတ်နှင့် တန်ဖိုးထားမှုမှာ တော်တော်လေး မှန်ကန်သည်ဟု ခံစားလိုက်ရ၏။ ကျင့်ရှင်းလည်း ထိုသူကို အထင်ကြီးသွားကာ ဆိုသည်။

"မင်းရဲ့ ပါးစပ်က မသန့်ပေမဲ့ မင်းရဲ့ နှလုံးသားကတော့ တော်တော်လေး သန့်ရှင်းတာပဲ" 

ဆန်သည်ကို ထူပေးရင်း ပြောလိုက်၏။

“လာ ငါ မင်းကို ဆေးခန်း လိုက်ပို့ပေးမယ်"

ထို့နောက် သူတို့အဖွဲ့သားများ ဝန်းရံကာ ထိုသူကို ဆေးခန်းသို့ လိုက်ပို့ပေးကြတော့သည်။ မထွက်ခွာမီတွင် ရှောင်ကျိုးမှ ထိုသူ့အတွက် တေးဆယ်ပြား ချန်ထားပေးခဲ့သေး၏။ ဆေးခန်းမှ ထွက်လာသောအခါ ရှောင်ကျိုး ကျင့်ရှင်းကို မေးလိုက်သည်။

"ငါတို့ကတော့ အိမ်ပြန်ကြတော့မယ်၊ နင်ကရော ဘယ်သွားမှာလဲ"

ကျင့်ရှင်း သူ၏ ဆရာပြောခဲ့သည်ကို ပြန်စဉ်းစားကာ ဆို၏။

"ငါက ချင်းရှန်းခရိုင်၊ ထောင်ယွမ်ရွာကို သွားမှာလေ၊ နောက်မှ ပြန်တွေ့ကြတာပေါ့"

ထို့‌နောက် လက်ပြ၍ ထွက်ခွာရန် ပြင်သည်။

"နေဦး၊ နင့်ကို ကြည့်ရတာ တစ်ခုခု မှားနေသလိုပဲ၊ ငါတို့ရွာကို ဘာလာလုပ်မှာလဲ" 

ရှောင်ကျိုး၏ မှတ်ဉာဏ်အရ ရွာတွင် တာအိုဆရာဆို၍ မည်သူမှ မရှိပေ။ ဤသူက ရွာထဲသွားပြီး ကံကြမ္မာများ လိုက်ဟောနေလျှင် ရွာသားများ စိတ်မရှည်ဘဲ ဝိုင်းရိုက်ကြမည်ကို ရှောင်ကျိုး စိုးရိမ်မိ၏။

"မင်းက ထောင်ယွမ်ရွာမှာ နေတာလား" 

ကျင့်ရှင်း အံ့သြသွားသည်။ ဤမျှ တိုက်ဆိုင်စရာ အကြောင်းမရှိပေ။

‘ဟား’

‘ငါ့ဆရာကြီး ငါ့ကို လိမ်ပြောခဲ့တာ မဟုတ်ဘူးပဲ’

"မင်းတို့ရွာမှာ အထူးသဖြင့် ချမ်းသာတဲ့သူ ဘယ်သူရှိလဲ"

ကျင့်ရှင်း ရှောင်ကျိုးကို စိတ်လှုပ်ရှားစွာ မေးလိုက်တော့သည်။

"နင်က ငါတို့ရွာအထိ လာပြီး ပိုက်ဆံလိမ်ချင်တာလား”

 á€€á€ťá€ąá€Źá€€á€şá€Ÿá€° သူ့ကို ဒေါသတကြီး စိုက်ကြည့်ကာ အော်ဟစ်လိုက်၏။

ကျောက်ဟူမှာ မိမိအား အသက်တိုမည့်သူဟု ဟောကိန်းထုတ်ခံရကတည်းက ဤတာအိုဆရာလေးကို အမြင်မကြည်တော့ခြင်း ဖြစ်သည်။

‘ငါ့ရုပ်က လူလိမ်နဲ့ တူနေလို့လား’ 

ကျင့်ရှင်း  á€€á€źá€ąá€Źá€„်ဥမ်းဥမ်း ဖြစ်သွားရ၏။

"တူတာပေါ့"

ကလေးများအားလုံး တစ်သံတည်း ထွက်ပေါ်လာပြီး ခေါင်းကို တပြိုင်နက်တည်း ညိတ်ပြလိုက်ကြတော့သည်။

50


"ငါက လူလိမ်မဟုတ်ဘူးလို့ ပြောပြီးပြီပဲ၊ တစ်‌ယောက်ယောက်ကို လိုက်ရှာဖို့သာ မဟုတ်ရင် ငါက အလကားနေရင်း သွားချင်ပါ့မလား" 

ကျင့်ရှင်း ဒေါသတကြီးဖြင့် ကျောက်ဟူကို စိုက်ကြည့်လိုက်သည်။ လူအချင်းချင်း ယုံကြည်မှု လုံးဝမရှိကြခြင်းမှာ တကယ့်ကို အဓိပ္ပာယ်မရှိလှပေ။ သူက ထိုသူကို သူငယ်ချင်းဟုပင် သတ်မှတ်ထားခဲ့သည် မဟုတ်ပါလား။

"ဘယ်သူ့ကို ရှာနေတာလဲ" 

ကျောက်ဟူ ယုံကြည်ရခက်သော မျက်နှာပေးဖြင့် မေးမြန်းဆဲပင်။

"ပြောပြရင်လည်း မင်း နားလည်မှာမဟုတ်ဘူး" 

ကျင့်ရှင်း ခေါင်းလွှဲလိုက်ပြီး သူ့ကို အဖက်လုပ်ကာ စကားပြောရန် ပျင်းရိနေပုံရသည်။

"ဟမ့်”

ကျောက်ဟူမှာ ကျင့်ရှင်းကို ပခုံးနှင့် တိုက်၍ ကျော်တက်သွားကာ ရှောင်ကျိုး၏ ရှေ့တွင် ရပ်ပြီး မေးလိုက်၏။

"ရွာလူကြီးလေး၊ အခု ထွက်ကြတော့မလား" 

"မထွက်ခင်မှာ အရေးကြီး လုပ်စရာတစ်ခု ရှိသေးတယ်" 

ရှောင်ကျိုး ပြောလိုက်သည်နှင့် အားသို့နှင့် အခြားသူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ရွာလူကြီး မည်သည့်အရာအား လုပ်ချင်သည်ကို ချက်ချင်း သဘောပေါက်သွားကြသည်။

‘ပြဿနာ သွားရှာကြစို့’

ရှီရှန့်နှင့် ချင်းရွှီတို့မှာမူ ဤကလေးများ ယခုတစ်ကြိမ်တွင် မည်သို့သော အရှုပ်အထွေးများ ဖန်တီးဦးမည်ကို နားမလည်နိုင်ကြတော့ပေ။ သူတို့ လုပ်နိုင်သည်မှာ နောက်မှ တိတ်တဆိတ် လိုက်ပါရုံသာ ရှိသည်။ ရှီရှန့်မှာ သူ၏ မျက်နှာဖုံးကို စမ်းကြည့်ရင်း အနည်းငယ် စိတ်သက်သာရာ ရသွားမိ၏။ ကလေးများ မည်မျှပင် သောင်းကျန်းပါစေ၊ သူ၏ မျက်နှာကို မည်သူမှ မမြင်ရသရွေ့ သူ အရှက်ရမည် မဟုတ်ပေ။


ရှောင်ကျိုးနှင့် သူမ၏ အပေါင်းအပါများမှာ ဈေးသည်များထံမှ စုံစမ်းထားပြီးဖြစ်ရာ ရှီမိသားစု စစ်တပ်ကို အပုပ်ချ စော်ကားပြောဆိုခဲ့သော ထိုသခင်လေးမှာ လက်ရှိတွင် ခရိုင်အုပ်ချုပ်ရေးရုံးတွင် ရှိနေကြောင်း သိရှိထားကြသည်။ ထိုသူတို့မှာ တောင်ပေါ်တွင် ဓားပြတိုက်ခံရသဖြင့် ယခုအခါ ဓားပြများကို နှိမ်နင်းရန် စစ်တပ်စေလွှတ်ပေးဖို့ ခရိုင်မင်းကြီးကို အတင်းအကျပ် တောင်းဆိုနေကြခြင်း ဖြစ်၏။

ရှောင်ကျိုးနှင့် သူငယ်ချင်းများမှာ ခရိုင်အုပ်ချုပ်ရေးရုံးသို့ တိတ်တဆိတ် သွားရောက်ကာ အဝေးမှ ချောင်းကြည့်နေကြသည်။ ရှောင်ကျိုး သူမ၏ စိတ်စွမ်းအားကို အသုံးပြု၍ စူးစမ်းလိုက်ရာ အုပ်ချုပ်ရေးရုံး၏ အနောက်ဘက် တံတိုင်းတွင် ခွေးတိုးပေါက်တစ်ခု ရှိနေသည်ကို ရှာဖွေတွေ့ရှိသွား၏။ အဖွဲ့သားများမှာ တံတိုင်းနားသို့ ကပ်သွားကြစဉ် ထိုနေရာတွင် လူသူကင်းမဲ့နေ၏။

ရှောင်ကျိုး မြက်ပင်များ ဖုံးအုပ်နေသော ခွေးတိုးပေါက်ကို လက်ညှိုးထိုးပြကာ ဆိုလိုက်သည်။

"ဒီမှာ အပေါက်ရှိတယ်" 

ထိုစကားကို ကြားသည်နှင့် ကျောက်ဟူနှင့် အခြားသူများမှာ မည်သည်ကိုမှ မစဉ်းစားဘဲ အထဲသို့ အလုအယက် တိုးဝင်ကြ၍ ရှောင်ကျိုးလည်း နောက်မှ လိုက်သွား၏။

ကျင့်ရှင်း : ".........."

‘နေပါဦး ဒါက ခွေးတိုးပေါက်ကြီးလေ’

အနည်းဆုံးတော့ ခဏလောက် တွေဝေကြသင့်၏။ သို့‌သော် အခြားသူများ အထဲသို့ ရောက်သွားသည်ကို မြင်သောအခါ ကျင့်ရှင်းလည်း မနေနိုင်ဘဲ နောက်မှ အ‌လောတကြီး လိုက်ဝင်သွားတော့သည်။ လူကြီးနှစ်ယောက်ဖြစ်သော ရှီရှန့်နှင့် ချင်းရွှီတို့မှာမူ မြေကြီးပေါ်တွင် ဝပ်တွား၍ မဝင်ချင်ကြသဖြင့် အပြင်ဘက်မှသာ အသာလေး စောင့်နေကြသည်။

ထိုအချိန်တွင် ခရိုင်အုပ်ချုပ်ရေးရုံးအတွင်း၌ ဖင်းနန်မြို့စား၏ အမွေခံ သခင်လေးမှာ အဓိကနေရာတွင် ထိုင်နေပြီး အလွန်ပင် စိတ်မရှည်သော မျက်နှာထား ဖြစ်နေ၏။

"သခင်လေး အုပ်ချုပ်ရေးရုံးက ဓားပြတွေကို မနှိမ်နင်းချင်တာ မဟုတ်ပါဘူး၊ ရုံးမှာ တကယ်ပဲ လူအင်အား ဒီလောက်မရှိလို့ပါ၊ သခင်လေး မြင်တဲ့အတိုင်းပဲ၊ ကျွန်တော်တို့ ခရိုင်က အရမ်းဆင်းရဲပါတယ်၊ ရုံးအလုပ်သမားတွေ အများကြီး ထားပြီး ဘယ်က ပိုက်ဆံနဲ့ ပေးရပါ့မလဲ" 

ခရိုင်ဝန်မှာ စားပွဲ၏ အောက်ဘက်တွင် ထိုင်ကာ နှိမ့်ချသော လေသံဖြင့် ရှင်းပြနေရ၏။

"ဟင်း၊ မင်းက ဓားပြ နည်းနည်းလေးကိုတောင် မနှိမ်နင်းနိုင်ဘူးပေါ့လေ၊ ငါ့အထင်တော့ မင်း ခရိုင်ဝန် ဆက်မလုပ်ချင်တော့ဘူး ထင်တယ်” 

ဖင်းနန်သခင်လေး၏ စကားများမှာ ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေသည်။

ခရိုင်ဝန်၏ နဖူးပေါ်တွင် ချွေးစေးများ ပျံလာတော့၏။ မြို့တော်မှ လာသော ဤအလိုလိုက်ခံထားရသည့် သခင်လေးများမှာ ကိုင်တွယ်ရ အခက်ခဲဆုံး ဖြစ်ကြောင်း သူကောင်းစွာ သိထားသည်။ သူသည် ချွေးများကို သုတ်လိုက်ကာ အတင်းပြုံးလိုက်ပြီး ဆက်ပြော၏။ 

"သခင်လေး စိတ်လျှော့ပါ၊ ကျွန်တော် တကယ်ပဲ စွမ်းဆောင်နိုင်ရည် မရှိလို့ပါ၊ ဒါပေမဲ့ သခင်လေးမှာ ဘယ်လို ညွှန်ကြားချက်ပဲရှိရှိ ကျွန်တော် အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေးပါ့မယ်"

"ဒါဆိုရင် အုပ်ချုပ်ရေးရုံးမှာရှိတဲ့ စစ်သည်တွေ အကုန်လုံးကို ဓားပြနှိမ်နင်းဖို့ လွှတ်လိုက်၊ အစိုးရက သူတို့ကို ပိုက်ဆံပေးမွေးထားတာ ဘာလုပ်ဖို့လဲ၊ တောင်ပေါ်က ဓားပြတွေကိုတောင် မဖမ်းနိုင်ဘူးလား"

ခရိုင်ဝန်မှာမူ သူ၏ ဆင်းရဲဒုက္ခကို မည်သို့ ပြောပြရမှန်း မသိတော့ပေ။ နန်းတော်က ဖင်းနန်ခရိုင်ကို မေ့နေသည်မှာ ကြာပြီ ဖြစ်သည်။ တစ်စုံတစ်ယောက်မှ လစာများကို အလွဲသုံးစား လုပ်နေသဖြင့် ဤခရိုင်သို့ ရောက်လာသော ငွေကြေးမှာ တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာရာ လူအများစုမှာ ထွက်သွားကြပြီ ဖြစ်သည်။

ခရိုင်ဝန်သည် ထိတ်လန့်တုန်လှုပ်နေသည့် ပုံစံပြနေသော်လည်း စိတ်ထဲတွင်လည်း ကျိန်ဆဲနေမိ၏။

“မင်းတို့က ဓားပြတွေကို နှိမ်နင်းဖို့ ပိုက်ဆံပေးမယ့်အစား ဓားပြတွေကိုပဲ ပိုက်ဆံပေးပြီး သူတို့ဆီက လွတ်အောင် ပြေးကြပါလား”

ထို့နောက် ခရိုင်ဝန်သည် ရုံးအတွင်းရှိ အလုပ်သမားနှင့် စစ်သည်အားလုံးကို ရှေ့ခြံဝင်းအတွင်းသို့ ဆင့်ခေါ်လိုက်၏။

အုပ်ချုပ်ရေးရုံး ခြံဝင်းအတွင်း၌ လူတစ်ရာခန့် ဖရိုဖရဲ စုဝေးနေကြပြီး အားလုံးမှာ ငတ်မွတ်ခေါင်းပါးဘေးမှ ထွက်ပြေးလာကြသူများအလား ပိန်ချုံးနေကြသည်။

"အားလုံး ရောက်နေကြပြီ၊ ကြည့်ပါဦး သခင်လေး"


 

ခရိုင်ဝန် အကဲခတ်ရင်း စိုးရိမ်တကြီး မေးလိုက်၏။

ဖင်းနန်မြို့စား၏ အမွေခံသခင်လေးက ထိုလူအုပ်စုကို ကြည့်ရင်း နှာခေါင်းရှုံ့ကာ အထင်အမြင်သေးစွာ ဆို၏။

"ဒီလို အသုံးမကျတဲ့ကောင်တွေမှာ ဘာအရည်အချင်း ရှိမှာလဲ၊ ထားလိုက်တော့၊ မင်းတို့ဆီက ဘာမှ မျှော်လင့်မနေတော့ဘူး၊ ငါ မြို့တော်ကို စာတစ်စောင် ရေးလိုက်မယ်၊ ငါ့အဖေဆီကနေ ဒီကိစ္စကို ဖြေရှင်းဖို့ လူလွှတ်ခိုင်းလိုက်မယ်"

ထိုစကားကို ကြားသောအခါ ခရိုင်ဝန် စိတ်ထဲမှ လှောင်ရယ်မိသော်လည်း မျက်နှာပြင်တွင်မူ မည်သည့် အမူအရာမှ မဖော်ပြရဲပေ။ ရှီမိသားစု စစ်တပ်သည် လွန်ခဲ့သော နှစ်အနည်းငယ်က စစ်ရေး အောင်မြင်မှုများစွာ ရရှိခဲ့ပြီး အထူးသဖြင့် နယ်စပ်အနီးရှိ ခရိုင်များမှ ပြည်သူများ၏ ချစ်ခင်မှုကို အလွန်အမင်း ရရှိထားကြသူများ ဖြစ်သည်။ ပြည်သူတို့၏ ရင်ထဲတွင်မူ သူတို့သည် နတ်ဘုရားများသဖွယ်ပင်။ ဤအချက်ကပင် အာဏာရှိသူအချို့ကို မကျေမနပ် ဖြစ်စေခဲ့ရာ ဖင်းနန်မြို့စား၏ အမွေခံသည်လည်း တစ်ဦးအပါအဝင် ဖြစ်၏။ သူ ရောက်လာသည်နှင့် တစ်ပြိုင်နက် ရှီမိသားစု၏ ဂုဏ်သိက္ခာကို တိတ်တဆိတ် ပုတ်ခတ်စော်ကားရန် ကြိုးစားခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်ပေ။

ပုံမှန်အားဖြင့် ဓားပြများသည် ဖြတ်သန်းသွားလာသော ကုန်သည်များနှင့် အရာရှိများကို ဓားပြတိုက်လျှင် ပိုင်ဆိုင်မှု ထက်ဝက်ကို ချန်ထားပေးလေ့ ရှိသည်။ အကယ်၍ ထိုသူမှာ အလွန်ယုတ်မာသူ ဖြစ်ပါက မည်သည်ကိုမှ ချန်မပေးဘဲ အကုန် ယူတတ်ကြ၏။ ဤလူသည် ရန်ဖျင်ခရိုင်ထဲတွင် ရှီမိသားစုကို ဗြောင်ကျကျ စော်ကားပြောဆိုခဲ့သူ ဖြစ်သည်။ ဓားပြများ မဆိုနှင့်၊ ခရိုင်ဝန် ကိုယ်တိုင်ပင်လျှင် သူ့ကို ဂုန်နီအိတ်ထဲထည့်ပြီး ရိုက်ချင်နေမိသည်။

ဖင်းနန်သခင်လေးမှာ ခရိုင်ဝန်၏ မျက်နှာရိပ် မျက်နှာကဲကို ဂရုမစိုက်ဘဲ သူ၏ လူများကို ထွက်ခွာရန် အမိန့်ပေးလိုက်သည်။ သူသည် ဓားပြများကို နှိမ်နင်းရာတွင် စစ်တပ်စေလွှတ်ပေးဖို့ နန်းတော်သို့ တင်ပြရန်အတွက် မြို့တော်သို့ ချက်ချင်းပြန်ရန် ပြင်ဆင်နေပုံရ၏။


ရှောင်ကျိုးနှင့် အပေါင်းအပါများသည် ထောင့်တစ်နေရာတွင် ဝပ်တွားရင်း ထိုစကားအားလုံးကို ကြားလိုက်ရ၏။ ဖင်းနန်သခင်လေးအပေါ် ထားရှိသော သူတို့၏ အမြင်မှာ ပို၍ ဆိုးရွားသွားတော့သည်။ ရှောင်ကျိုး သူမ၏ မှတ်စုစာအုပ်လေးထဲတွင် ထိုသူ၏ အမည်ကို တိတ်တဆိတ် မှတ်သားထားလိုက်၏။

ထိုသူ ခရိုင်အုပ်ချုပ်ရေးရုံးမှ ထွက်လာသည်ကို မြင်သောအခါ အဖွဲ့သားများမှာ ချက်ချင်းပင် နောက်မှ လိုက်ကြတော့သည်။

 "လာ အပြင်ဘက်မှာ သွားစောင့်ရအောင်”

ထို့ကြောင့် ရှောင်ကျိုးနှင့် အဖွဲ့သားများသည် ခွေးတိုးပေါက်မှတစ်ဆင့် အပြင်သို့ ပြန်ထွက်လာကြပြီး ဖင်းနန်သခင်လေး ဦးဆောင်သော အဖွဲ့နောက်သို့ ဂရုတစိုက် လိုက်လံ ချောင်းမြောင်းကြ၏။ ရှီရှန့်နှင့် ချင်းရွှီတို့မှာမူ ကလေးအုပ်စု တိုးတိုးတိုးတိုးနှင့် တိုင်ပင်နေကြသည်ကို ကြည့်နေကြသည်။

ချက်ချင်းဆိုသလိုပင် တာအိုဆရာလေး ကျင့်ရှင်းသည် သူ၏ ထုပ်ပိုးထားသော အထုပ်ထဲမှ ဂုန်နီအိတ် အနည်းငယ်ကို ထုတ်လိုက်၏။ ရှောင်ကျိုးနှင့် အခြားသူများ ကျင့်ရှင်းကို ကြည့်သော အကြည့်များမှာ ထူးဆန်းသွားရ၏


‘နေပါဦး  á€á€Źá€Ąá€­á€Żá€†á€›á€Źá€á€…်ယ္ဏက်က ဘာလို့ ဂုန်နီအိတ်တွေ အမြဲဆောင်ထားရတာလဲ၊ ဒါ တကယ်ပဲ သိက္ခာရှိတဲ့ တာအိုဆရာ ဟုတ်ရဲ့လား’

"ဘာကြည့်နေကြတာလဲ၊ ငါက ဒါကို ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ သုံးတာ" 

ကျင့်ရှင်း ဆိုသည်။

"ဘယ်သူက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဂုန်နီအိတ် သုံးမှာလဲ၊ ရွာလူကြီးလေး ငါ ပြောသားပဲ၊ သူက လူလိမ်ပါဆို၊ ဒီဂုန်နီအိတ်တွေက မကောင်းတာလုပ်ဖို့ ဆောင်ထားတာ သေချာတယ်" 

ကျောက်ဟူ ရှောင်ကျိုးကို ချက်ချင်း ပြောတော့၏။

"ငါက ကျိုးကြောင်းမဆီလျော်တဲ့သူတွေနဲ့ တွေ့ရင် တစ်ခါတလေ အိတ်နဲ့စွပ်ပြီး ပညာပေးတတ်လို့ပါ၊ အပိုလေးတွေ ဆောင်ထားတာ ဘာမှားလို့လဲ"

ကျင့်ရှင်း ဒေါသထွက်နေမိသည်။ အကယ်၍ သူသာ အမှတ်မိခံရပြီး ချင်းရှန်းကျောင်းတော်၏ ဂုဏ်သိက္ခာ ထိခိုက်မည်ကို မစိုးရိမ်လျှင် သို့မဟုတ် နောင်မှ ကလဲ့စားချေခံရမှာကို မကြောက်လျှင် သူ အိတ်စွပ်ပြီး လုပ်နေပါ့မလား။

"ငါ ပြောပြမယ်၊ ဂုန်နီအိတ်ဆိုတာ အပြင်သွားရင် မရှိမဖြစ် ဆောင်ထားရမယ့် ပစ္စည်းပဲ၊ မင်း မကြိုက်တဲ့သူနဲ့ တွေ့ရင် သူ့ကို အိတ်စွပ်ပြီး ရိုက်လို့ရတယ်၊ ပစ္စည်းတွေ ထည့်သယ်လို့ရတယ်၊ ညဘက် အပြင်မှာ အိပ်ရရင်လည်း လေကာမိုးကာအဖြစ် သုံးလို့ရတယ်." 

ကျင့်ရှင်း ထိုအိတ်၏ အသုံးဝင်ပုံအား တကယ့်ကို အလေးအနက် တိုက်တွန်းပြောဆိုနေ၏။

ထိုစကားကို ကြားသောအခါ အဖွဲ့သားအားလုံးလည်း အမှန်ပဲဟု တွေးလိုက်ကြ၏။ ရှောင်ကျိုး သူမ၏ အိတ်ထဲတွင် အရက်ပုလင်း ဆယ်လုံးခန့် အသင့်ပြင်ထားလိုက်သည်။

"ခင်ဗျား ဒီအတိုင်းပဲ ကြည့်နေတော့မှာလား၊ ခင်ဗျားရဲ့ တူနဲ့ တူမတွေ လမ်းမှားရောက်ကုန်တော့မယ်" 

ချင်းရွှီ ရှီရှန့်ကို ထိုသို့ပြောသည့်ပုံစံဖြင့်  á€€á€źá€Šá€ˇá€şá€œá€­á€Żá€€á€şá€žá€Šá€şá‹ ရှီရှန့်မှာမူ ချင်းရွှီကို သူ၏ ညီငယ်ဖြစ်သူ ကျန်းဟယ်ဘက်သို့ ကြည့်ရန် မျက်ရိပ်ပြလိုက်၏။

ကျန်းဟယ်သည် အားလုံးထက် ပို၍ စိတ်အားထက်သန်စွာဖြင့် ဂုန်နီအိတ်များကို လိပ်နေပြီ ဖြစ်သည်။

"သူတို့က စုစုပေါင်း လေးယောက်ရှိတာ၊ ငါတို့ တစ်ယောက်တစ်အိတ်စီ တာဝန်ယူမယ်" 

ရှောင်ကျိုး ကျောက်ဟူ၊ အားသို့နှင့် တနွီတို့ကို ညွှန်ကြားလိုက်သည်။

"ကျွန်တော်ကရော" 

ဖက်တီးလေးလည်း ဝင်ပါချင်သဖြင့် မေးလေ၏။

"နင်တို့ကတော့ ဝိုင်းရိုက်ရမှာပေါ့"

ရှောင်ကျိုး ပြောပြီးသည်နှင့် သူမသည် စတိုးဆိုင်ထဲမှ ရယ်စရာကောင်းသော အီမိုဂျီမျက်နှာဖုံး ရှစ်ခု၊ ကိုးခုခန့်ကို ထုတ်ယူလိုက်သည်။

ဤမျက်နှာဖုံးများမှာ အွန်လိုင်းပေါ်က အဝါရောင် ယူနီဖောင်းဝတ်သည့် အစားအသောက်ပို့ဆောင်သူများ ဝတ်ဆင်လေ့ရှိသော ရယ်စရာကောင်းသည့် မျက်နှာဖုံးပုံစံမျိုးများ ဖြစ်ပြီး ထိုအရာများကို ရှောင်ကျိုး အတော်လေး သဘောကျနေခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်မူ ၎င်းတို့ကို လူသိရှင်ကြား ကိုယ်တိုင်ဝတ်ဆင်ရန် အခွင့်အရေး ရရှိသွားလေပြီ။


ရှောင်ကျိုး "အိုးဟို"  á€…တိုင် မျက်နှာဖုံးဦးထုပ်ကို စွပ်လိုက်သောအခါ ကျန်ရှိနေသည့် အဖွဲ့သားများမှာ မြင်မြင်ချင်းမှာပင် မြေကြီးကို လက်သီးနှင့်ထုကာ အားရပါးရ ရယ်မောကြတော့၏။

‘ဘုရားရေ’

‘ဒီလောက် ရယ်ရတဲ့အရာမျိုး လောကမှာ ရှိနိုင်ပါ့မလား’


ရွာလူကြီးလေး ထိုမျက်နှာဖုံးကို တပ်ထားသည်မှာ အူကြောင်ကြောင်နိုင်သကဲ့သို့ ချစ်စရာလည်း အတော်ကောင်းနေသည်။

ကျန်အဖွဲသားများလည်း အလုအယက်ပင် တစ်ယောက်တစ်လက် ယူစွပ်လိုက်ကြ၏။ အားသို့က သွားဖြူဖြူကြီးများ ပေါ်နေသော မျက်နှာဖုံးကို စွပ်ထားသည့် ကျောက်ဟူအား ကြည့်ပြီး ရယ်လွန်း၍ မြေကြီးကို ထုကာ ပြောလိုက်၏။

"မင်းရုပ်က ငတုံးကြီးနဲ့ တူလိုက်တာ၊ ဟားဟားဟား  á€á€€á€šá€şá€›á€šá€şá€›á€á€šá€ş”


 

Search Novels