ငါ့မီးဖိုချောင်လေးကရှေးခေတ်နဲ့ထိစပ်နေလေရဲ့
Intro
ဤသည်မှာ စိတ်ကူးယဉ်မင်းဆက်တစ်ခုသာဖြစ်သဖြင့် သမိုင်းကြောင်းမှန်ကန်မှုကို လိုက်လံမစစ်ဆေးပါရန်။
ရှန်းယိုယိုတစ်ယောက် ဇွန်ဘီဖြစ်နေခဲ့သည်မှာ နှစ်နှစ်ကျော်ပင် ရှိသွားခဲ့ပြီဖြစ်သည်။
သူမ ဇွန်ဘီဆိုသော်ငြားလည်း ရိုးရိုးဇွန်ဘီခေါင်းပွမျိုးမဟုတ်ဘဲ လူသားတစ်ယောက်၏အသိစိတ်နှင့် အလေ့အထများကိုပါပိုင်ဆိုင်ထားသေးသည်။
ဤအချက်က သူမအား အကြီးအကျယ်စိတ်ဆင်းရဲစေခဲ့သည်။ အကြောင်းမူကား ဤကမ္ဘာပျက်ကပ်ကြီးထဲတွင် ကောင်းကောင်းမွန်မွန် တစ်နပ်စားရရေးသည် နတ်ပြည်တက်ရသည်ထက်ပင် ခက်ခဲနေသောကြောင့်ဖြစ်သည်။
တစ်ညတွင်တော့ ဇွန်ဘီမလေး ရှန်းယိုယိုတစ်ယောက် အိပ်ပျော်နေခဲ့သည်။
ရုတ်တရက်ဆိုသလိုပင် အိပ်နေရင်းတန်းလန်း သူမ၏ ယ်ပိုင်မီးဖိုချောင်လေးထဲမှတစ်ဆင့် ကမ္ဘာသစ်တစ်ခုဆီသို့ ကူးပြောင်းရောက်ရှိသွားတော့သည်။
ကမ္ဘာပျက်ကပ်ထဲမှ ရှန်းယိုယိုသည် ရှန်းကျားရွာလေးမှ ငတုံးမလေး ရှန်းယိုယိုအဖြစ်သို့ရောက်ရှိသွားခဲ့သည်။
အထီးကျန်ဆန်စွာနေလာခဲ့ရသည်မှာ ကြာပြီဖြစ်၍ ဤမင်းဆက်ကြီးထဲတွင် ကောင်းကောင်းမွန်မွန်ရှင်သန်နေထိုင်သွားရန် သူမ ဆုံးဖြတ်လိုက်သည်။ ပိုဆိုးသည်မှာ ဤမင်းဆက်ကြီးသည် တရုတ်ဟင်းလျာချက်ပြုတ်နည်း ကျွမ်းကျင်မှု ဆယ့်ရှစ်ရပ်လုံးပျောက်ဆုံးနေသည့် အစားအသောက်ယဉ်ကျေးမှု ခေါင်းပါးရာ တောခေါင်ခေါင်ကြီးဖြစ်နေခြင်းပင်။
ကံကောင်းထောက်မစွာဖြင့် သူမ၏မှော်ဆန်လှသော မီးဖိုချောင်လေးကလည်း အတူတူပါလာခဲ့ပြီး မမျှော်လင့်ဘဲ စိုက်ပျိုးမွေးမြူရေးစနစ်ကြီးကိုပါ ဖွင့်နိုင်ခဲ့လေပြီ။
ယခင်ဘဝက လန်ရှန်းသက်မွေးဝမ်းကျောင်းကျောင်းတော်ကြီးမှ ပရော်ဖက်ရှင်နယ်စားဖိုမှူးအဖြစ် ဘွဲ့ရခဲ့သော သူမသည် သူမနေထိုင်မည့် ဤမင်းဆက်ကြီးကို အစားအသောက်ယဉ်ကျေးမှု ခေါင်းပါးသည့်နေရာအဖြစ် ဘယ်သောအခါမှ အဖြစ်ခံမည်မဟုတ်ပေ။
သူမ၏ဟင်းချက်စွမ်းရည်များနှင့် Cheat များသုံးကာ ဤခေတ်ကြီးထဲတွင် မည်သို့မည်ပုံ ရှယ်လန်းပြသွားမည်ကို စောင့်ကြည့်လိုက်ကြပါစို့။
မော့ရန်တစ်ယောက် ကလေးလေးနှစ်ယောက်ကိုခေါ်ကာ ဤနေရာတွင် ရုပ်ဖျက်ပုန်းအောင်းနေထိုင်လာခဲ့သည်မှာ တစ်လတိတိရှိသွားပြီဖြစ်သည်။ အချိန်တိုင်း အလုပ်တွေရှုပ်ကာ ကလေးများကိုပြုစုစောင့်ရှောက်ရသည်မှာ သေချင်စော်နံလောက်သည်အထိ ပင်ပန်းလွန်းလှသည်။
တစ်ချိန်တည်းတွင် သူ့အိမ်ဘေးသို့ အိမ်နီးချင်းတစ်ယောက် ရောက်လာခဲ့သည့်အချိန်အထိပင်။
အပြန်အလှန် အကျိုးပြုကူညီဖေးမမှုများရှိမှသာ လူနှစ်ယောက် သာမန်ဘဝလေးကို ဖြတ်သန်းနိုင်မည်ဖြစ်သည်။
သို့သော်လည်း ရိုးရှင်းသည်ဟုထင်ရသော ဤလူနှစ်ယောက်စလုံးမှာ ကိုယ်စီလျှို့ဝှက်ချက်များကိုဖက်ထားကြလေသည်။
ရှန်းယိုယိုကမူ ရိုးရှင်းအေးချမ်းသည့် ဘဝလေးကို တောင့်တသည်။
မော့ရန်မှာမူ သွေးကြွေးများနှင့် ဝန်ပိနေသည်။
မြင့်မြတ်သောမျိုးရိုးရှိသည့် ဤကလေးငယ်နှစ်ယောက်ကိုမူ မည်သို့ဆက်လုပ်ကြရမည်နည်း။
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026
02 Nov, 2026