အထက်တန်းလွှာ၏ချစ်သည်းညှာနာနီလေး
completed

အထက်တန်းလွှာ၏ချစ်သည်းညှာနာနီလေး

viewers
0
Chapters
11

အထက်တန်းလွှာ၏ချစ်သည်းညှာနာနီလေး

Intro

 

 

တက္ကသိုလ်မှ ယခုလေးတင် ဘွဲ့ရခဲ့သော ရှန်ကျင်းရှုသည် အမြင့်ဆုံးအဆင့် ကလေးဘာသာစကားစနစ်ကို ဖွင့်လှစ်နိုင်ခဲ့သည်။

 

ထိုအချိန်မှစ၍ ချင်းရွှေမြို့ရှိ အထက်တန်းလွှာအသိုင်းအဝိုင်းကြားတွင် ကလေးငိုသည်အား သုံးစက္ကန့်အတွင်း တိတ်သွားအောင်လုပ်နိုင်သော အံ့ဖွယ် အိမ်ထိန်းအမျိုးသမီးတစ်ဦး ရှိသည်ဟူသော ကောလာဟလတစ်ခု ပျံ့နှံ့သွားခဲ့သည်။

 

သူဌေးကတော်များကမူ မျက်ရည်ပေါက်ပေါက်ကျကာ တောင်းပန်ကြသည်။

 

သူဌေးကတော်များ "ငါ့ကို မိခင်ကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးနိုင်မလား"

 

သုံးနှစ်ကြာပြီးနောက် 'ကျင်းရှုထန်' အဆင့်မြင့် မီးဖွားပြီးစ စောင့်ရှောက်ရေးဌာနအား ဖွင့်လှစ်ခဲ့သည်။ ဝင်ခွင့်လက်မှတ်များမှာ အလွန်ဝယ်လိုအား ကောင်းနေပြီး နောက်နှစ်နှစ်အထိပင် ကြိုတင်မှာယူမှုများဖြင့်ပြည့်နေခဲ့ကာ ချမ်းသာသောသခင်လေးများနှင့် သခင်မလေးများစွာတို့သည်လည်း ဂုဏ်ပြုဆုတောင်းစကားဆိုရန် တန်းစီနေကြသည်။

 

"အန်တီကျင်းရှု၊ စီးပွားရေးလုပ်ငန်းတွေ အရမ်းအောင်မြင်နေတာကို ခဏရပ်လိုက်လို့ရမလား၊ သားရဲ့မုန့်ဖိုး သန်းတစ်ရာလုံးပေးပါ့မယ်၊ သားကိုလည်း ခေါ်သွားပါ"

 

"အန်တီကျင်းရှု၊ အန်တီ ခဏလောက်အနားယူသင့်တယ်၊ ဒီကလေးဆိုးလေးတွေကို သမီးတို့ကြည့်ပေးထားပါ့မယ်"

 

"အန်တီကျင်းရှု၊ အန်တီ သားနဲ့ နေ့တိုင်းဆော့ပေးလို့ရအောင် အန်တီ့ကိုလက်ထပ်ဖို့ ဖေဖေ့ကို သားပြောပေးမယ်"

 

အတိတ်မှ ဖီးနစ်အမျိုးသားသည် သူမ တဖြည်းဖြည်း အထက်တန်းလွှာအသိုင်းအဝိုင်း၏ အသည်းကျော်လေးဖြစ်လာသည်ကိုကြည့်ရင်း ဒူးထောက်ကာ ပြန်ပေါင်းထုတ်ရန် တောင်းပန်လာသည်။

 

ဖီးနစ်အမျိုးသား "ကျင်းရှု၊ ကိုယ်မှားသွားပါတယ်၊ အဲဒီတုန်းက လောဘတွေ ဖုံးလွှမ်းသွားလို့ပါ၊ အခု ကိုယ်နားလည်သွားပါပြီ၊ မင်းကသာ ကိုယ့်ရဲ့ အချစ်စစ်ပါ"

 

မမျှော်လင့်ဘဲ ပေကျင်းအသိုင်းအဝိုင်းမှ ရာထူးကြီးမားပြီး အလှမ်းဝေးလှသော ကုနန်ရှန်းသည် လီကျင်းရှု၏လက်ကို ဆွဲကိုင်လိုက်ပြီး တန်ဖိုးငွေ ဝမ်သန်းသုံးဆယ်တန် ပန်းရောင်စိန်လက်စွပ်အားပြသလိုက်သည်။

 

ကုနန်ရှန်း "ဆောရီးပဲ၊ ငါ့လောင်ပေါက အိမ်ထောင်သည်ဖြစ်နေပြီ"

 

(T/N : ဖီးနစ်အမျိုးသားဆိုသည်မှာ "တောင်ကြားထဲမှ ပျံထွက်လာသော ရွှေဖီးနစ်ငှက်" ဟူသော တရုတ်ဆိုရိုးစကားမှ ဆင်းသက်လာခြင်းဖြစ်သည်။ အလွန်ဆင်းရဲသော ကျေးလက်တောရွာ နောက်ခံမှလာသော်လည်း မြို့ကြီးပြကြီးသို့ရောက်ကာ ကြိုးကြိုးစားစား ရုန်းကန်ပြီး ပညာတတ် သို့မဟုတ် အောင်မြင်လာသည့် အမျိုးသားများကို ဆိုလိုသည်။)

 

 

Reviews

User Avatar
No comments yet. Be the first to share your thoughts.
Ch 1-5

02 Nov, 2026

Ch 6-10

02 Nov, 2026

Ch 11-15

02 Nov, 2026

Ch 16-20

02 Nov, 2026

Ch 21-25

02 Nov, 2026

Ch 26-30

02 Nov, 2026

Ch 31-35

02 Nov, 2026

Ch 36-40

02 Nov, 2026

Ch 41-45

02 Nov, 2026

Ch 46-50

02 Nov, 2026

Ch 51 (Final)

02 Nov, 2026

Related Novels

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့

Erata Team

Ch: 24 1
Search Novels