တောင်ပေါ်ရှိလယ်သမားမိသားစုထဲသို့လက်ထက်ဝင်ရောက်ခြင်း(ရှီကောအာ)
ongoing

တောင်ပေါ်ရှိလယ်သမားမိသားစုထဲသို့လက်ထက်ဝင်ရောက်ခြင်း(ရှီကောအာ)

viewers
1
Chapters
4

တောင်ပေါ်ရှိလယ်သမားမိသားစုထဲသို့လက်ထက်ဝင်ရောက်ခြင်း

🍀
Intro



ရှီလဲ့သည် သာမန်လယ်သမားတစ်ဦး၏ သားဖြစ်သည်။ ရွာသားများမှ သူ့အား ရုပ်ရည်ချောမောလှပပြီး မြို့ပေါ်သို့သာ အိမ်ထောင်ပြုသွားပါက တစ်သက်လုံး သက်သောင့်သက်သာနေထိုင်ရလိမ့်မည်ဟု ပြောကြသော်လည်း သူကတော့ ထိုသို့မတွေးပေ။

မြို့ပေါ်ရှိဘဝသည် မြို့ပေါ်အလျောက် ကောင်းမွန်သလို ရွာထဲရှိဘဝသည်လည်း ဆိုးရွားမနေပေ။ တောင်ပေါ်က သစ်ပင်များဖြစ်စေ၊ ရွာရှေ့က မြက်ပင်များဖြစ်စေ သူ့အတွက်တော့ သာယာလှပေသည်။ တောင်ပေါ်မှ တောသစ်သီးများ၊ မှိုများ၊ မြစ်ထဲက ငါးနှင့် ပုစွန်များ၊ လယ်ကွင်းထဲက ငါးရှံ့များ စသည့် စားစရာမှန်သမျှသည်လည်း အလွန်အရသာရှိလှသည်။

နောက်ပိုင်းတွင် သူသည် လယ်သမားမိသားစုတစ်စုထဲသို့ အိမ်ထောင်ပြုဝင်ရောက်ခဲ့သည်။ သို့သော် ခင်ပွန်းဖြစ်သူမှ သူ့အား အလွန်ဂရုစိုက်ပြီး မည်သည့် အလုပ်ကြမ်းကိုမှ မလုပ်ခိုင်းခဲ့ပေ။ ဘဝသည် ယခင်အတိုင်း အေးချမ်းနေဆဲဖြစ်သော်လည်း မိသားစုထံမှရရှိသော အကြင်နာနှင့် ဂရုစိုက်မှုများထက် ထူးခြားသည့် ဖော်ရွေနွေးထွေးမှုကိုပါ အပိုဆောင်းရရှိခဲ့လေသည်။

[ Gong ၏ အမြင် ]

ကူးချောင်လန်သည် သူ့ကိုယ် သူ ကံကောင်းသူတစ်ယောက် မဟုတ်ဟု ခံစားခဲ့ရသည်။ ဖခင်ဖြစ်သူ စောစီးစွာကွယ်လွန်ခဲ့ပြီး မိခင်ဖြစ်သူမှာ လည်း နောက်အိမ်ထောင်ပြုသွားခဲ့သည်။ သူသည် တစ်သက်လုံးတစ်ယောက်တည်း ရှင်သန်သွားရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း အိမ်ထောင်ပြုပြီးသည့်နောက်တွင်မှ ဘဝသည် ဤမျှပြည့်စုံပြီး အဓိပ္ပာယ်ရှိနိုင်မှန်း သဘောပေါက်ခဲ့ရသည်။

စိုက်ပျိုးရေးရာသီပြီးစီး၍ အားလပ်ချိန်တွင် သူသည် အပြင်သို့ထွက်၍ အလုပ်လုပ်ရန်ပြင်ဆင်ခဲ့သည်။ ပြီးခဲ့သည့်အကြိမ်က ရှီကောအာအတွက် ဝယ်ပေးခဲ့သော ဆံပင်စည်းကြိုးလေးကို ၎င်းအလွန်သဘောကျခဲ့သဖြင့် ဒီတစ်ကြိမ်တွင် ဒီဇိုင်းသစ်တစ်ခု ထပ်မံဝယ်ယူပေးချင်နေမိသည်။ သူသည် ဇနီးဖြစ်သူ ချုပ်ပေးထားသော အဝတ်အစားအသစ်များကို သေချာပြင်ဆင်ဝတ်ဆင်ကာ အပြင်သို့ထွက်ခွာခဲ့လေသည်။

နှစ်တစ်နှစ်၏ ရာသီလေးလီ၊ တစ်နေ့တာ၏ထမင်းသုံးနပ်၊ လူနှစ်ယောက်အတူတကွ ကျေးလက်တောရွာလေးတွင် တစ်သက်တာလုံးအား စိတ်ချမ်းမြေ့စွာ ကုန်လွန်စေတော့မည်။

 

Reviews

User Avatar
No comments yet. Be the first to share your thoughts.
Ch 1-5

02 Nov, 2026

Ch 6-10

02 Nov, 2026

Ch 11-15

02 Nov, 2026

Ch 16-20

02 Nov, 2026

Related Novels

fanfic

Ohmar

Ch: 0 0
Search Novels