အပိုင်း(၂၁)  á€žá€á€„á€şá€œá€ąá€¸á€á€ťá€„á€ş "Spade Z”ကို ရှာတွေ့ခြင်း( အချစ်နဲ့ အမုန်း)
"သခင်လေး ဘာလို့ထွက်လာတာလဲ"
ချန်ရှောင်တုံးက သူမ မှာလိုက်သည့်ပစ္စည်းများကို ဝယ်ပြီးပြန်လာသည့်အချိန်၌ ဖူကျို့ထွက်လာသည်ကို မြင်လိုက်ရသည်။
"ပြောတော့ တစ်ညလုံးနေမှာဆို"
ဖူကျို့က သူမလက်ထဲမှ USB ကို မြှောက်ကစားနေသည်။ 
"မလိုတော့ဘူး အိမ်ပြန်စို့"
ချန်ရှောင်တုံးက မျက်တောင်ခတ်လိုက်ပြီး လေးနက်သည့်လေသံဖြင့် 
"သခင်လေး ကျွန်တော်ဘာလို့ သခင်လေး ကျွန်တော့်ကို အဝေး ပထုတ်ပစ်တယ်လို့ အာရုံရနေတာပါလိမ့်"
ထိုအရာကိုကြားပြီးသည်နှင့် ဖူကျို့ ပြန်လှည့်လာပြီးသူ့ကိုကြည့်လေသည်။ သူမ၏နှုတ်ခမ်းပါးများကို ကွေးကာ ပြုံးလိုက်ပြီး သူ့အား
"ငါလေး နင့်ကိုငတုံးလို့ ထင်လို့ရယ်"
ချန်ရှောင်တုံး: "........."
သူဘယ်လိုလုပ် ငါ့ကိုဒီလိုပြောရက်တာလဲ။
"လာစမ်းပါ ငါလေး နင့်ကိုခေါက်ဆွဲဝယ်ကျွေးမယ်လေ၊ နင်ပြောတော့ ဗိုက်ဆာနေတယ်ဆို"
ဖူကျို့က သူမ၏ညာလက်မောင်းဖြင့် သူ့လည်ပင်းကို သိုင်းဖက်လိုက်ပြီး ချန်ရှောင်တုံးကို ဆွဲခေါ်လိုက်သည်။
ချန်ရှောင်တုံးက သူ့ကိုယ်သူ ဖူကျို့၏ အီစီကလီရိုက်မည့်သူစာရင်း၌ ပါသွားပြီဟု ခံစားလိုက်ရသည်။ 
သူက သူ့သခင်လေးကို ရုပ်တည်ကြီးဖြင့်ကြည့်လိုက်ပြီး
"သခင်လေး"
ဖူကျို့က မျက်ခုံးပင့်လိုက်ပြီး
"အင်း ပြော"
ချန်ရှောင်တုံး၏မျက်နှာတစ်ပြင်လုံးက  á€œá€Żá€śá€¸á€á€€á€­á€Ż ရုပ်တည်ကြီးဖြစ်သွားကာ
"သခင်လေး ကျွန်တော့အပေါ်မှာ ဘယ်လောက်ပဲ ကောင်းကောင်းဆက်ဆံပါစေနော် ကျွန်တော် သခင်လေးအတွက်တော့ ကွေးပေးမှာမဟုတ်ဘူးရယ်၊ သခင်လေးရဲ့ မာယာတွေကို ရုပ်သိမ်းလိုက်ပါတော့... ကျွန်တော်မကွေးဘူးနော်၊ လုံးဝ လုံးဝမကွေးဘူးပဲ"
ဖူကျို့: ".........."
ကွေးမယ်၊ ဘယ်သူ၊ နင်လား။
ချန်ရှောင်တုံးက သက်ပြင်းအရှည်ကြီး ချလိုက်လေတော့သည်။
"ကျွန်တော်နားလည်တယ် သခင်လေး၊ ကျွန်တော့်ကို ပစ်ကြွေသွားမှာက လွယ်လွယ်လေးဆိုတာ ကျွန်တော်နားလည်တယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က အချိန်တိုင်း အတူတူရှိနေကြတာလေ၊ သခင်လေးမှာ ဒီမကောင်းတဲ့အကျင့်လေး နည်းနည်းရှိနေတာကလွဲရင်တော့ လူကောင်းပါ၊ ယောကျာ်းလေးတစ်ယောက်က ဒီလိုအတွေးတွေရှိတယ်ဆိုတာကလည်း ပုံမှန်ပါပဲ"
"ဘာအတွေးလဲ"
ဖူကျို့က လက်ပိုက်ပြီးတော့ သူ့ကို ဆက်ပြောစေလေသည်။ 
ချန်ရှောင်တုံးက ကြက်သီးထသလို ခံစားလိုက်ရသော်ငြားလည်း သူ၏ဂုဏ်သိက္ခာအတွက် ပြောကိုပြောရမည်ဟု စိတ်ဆုံးဖြတ်ပြီးနောက်
"အဟမ်း ယောကျာ်းတစ်ယောက်နဲ့ အိပ်မဲ့အတွေး"
ဖူကျို့က တဟားဟားအော်ရယ်ပြီးနောက် သူ့ကိုထပ်ဆွဲလိုက်ပြီးတော့ 
"အား ရှောင်တုံးရေ"
"သခင်လေး ကျွန်တော်တို့ စကားပြောလို့ရပါတယ်၊ ဒါပေမဲ့ အရမ်းကြီး နီးနီးကပ်ကပ်မနေပါနဲ့လား"
ချန်ရှောင်တုံးက  á€›á€žá€€á€şá€žá€˝á€ąá€¸á€–ဟဏသွဏးမိသည်။
ဘာပဲပြောပြော သူ့သခင်လေးက သောက်ရမ်းချောတာလေဟ။
ဖူကျို့က သူ့ကိုငုံ့ကြည့်လိုက်ပြီး
"တကယ်လို့ ငါလေး ယောကျာ်းတစ်ယောက်နဲ့ အိပ်မယ်ဆိုရင်တောင်မှ ငါ့ထက်ပုတဲ့သူကို ရွေးမယ်လို့ နင်ထင်နေတာလားဟင်"
ချန်ရှောင်တုံး : "..........."
ချန်ရှောင်တုံး၏အရပ်က အမြဲလိုလို သူ့အတွက် အားနည်းချက်တစ်ခုဖြစ်လေသည်။
ဒါပေမဲ့ သခင်လေးက ယောကျာ်းတစ်ယောက်နဲ့ အိပ်ချင်တာကို ဒီအရပ်ကြီးနဲ့ နှိုင်းချစရာလားလို့။
ချန်ရှောင်တုံးက ဖူကျို့ အရင်ကဘာပြောခဲ့လဲဆိုသည်ကို ပြန်စဥ်းစားမိလိုက်တော့ သူ၏နှလုံးသားလေးက တုန်လှုပ်သွားမိသည်။
သခင်လေးက သခင်လေးချင်နဲ့ပဲ အိပ်ချင်တာ။
တကယ်လို့ သခင်မကြီးသာ သိသွားရင် သူမ သေချာပေါက် ညဘက်အိပ်မပျော်မဲ့ရောဂါ ထပ်ဖြစ်လာဦးတော့မှာပဲ။
အမှန်တကယ်၌ ညညအိပ်မပျော်သည့်သူကတော့ ချင်မော့ပဲ ဖြစ်လေသည်။
 á€žá€°á€€ ပြတင်းပေါက်ကို ကျောခိုင်းထိုင်နေပြီးတော့ သူ့အနောက်၌ မြို့တစ်ခုလုံး၏ရှုခင်းကိုတွေ့မြင်နိုင်လေသည်။ 
သူ့အရှေ့၌ အရေအတွက်အကန့်အသတ်ဖြင့်ထုတ်ထားသည့် နိုင်ငံခြားမှ တင်သွင်းသည့် လက်တော့သုံးလုံးဟာ တည်ရှိနေလေသည်။ 
ထိုလက်တော့များက တရုတ်ငွေဖြင့် ပြန်တွက်မည်ဆိုလျှင် ယွမ် ၂သိန်းလောက်တော့ ကျသင့်ပေလိမ့်မည်။
ကြောင်ပေါက်စနှင့်တူသည့် COCO ဟာ ချင်မို့နံဘေး၌ ထိုင်နေလေသည်။
 á€žá€°á€€ ယုန်အမွေးပွရုပ်ကို ကိုင်ထားပြီး ခုနလေးတင်မှ live streamတာ ပြီးသွားခဲ့လေသည်။ သူ အခု ထွက်သွားရမလား နေရမလားဆိုသည်ကို ဝေခွဲမရဖြစ်နေသည်။
အကြောင်းအရင်းမူကား ချင်မော့က ဘာမှမပြောသောကြောင့်ပင်။ တစ်ယောက်မှလည်း သူတို့ဘာသာသူတို့ မထွက်သွားရဲကြပေ။
COCO က ထိုအကြောင်းကို တွေးမိပြီး ချင်မော့ကို သတိပေးလိုက်လေသည်။
"အစ်ကိုကြီး အခု ၁၁နာရီတောင်ထိုးနေပြီ။ 
ငါ့အထင် 'Spade Z' က ငါတို့သူ့ကိုရှာနေတယ်ဆိုတာ သိသွားပြီထင်တယ်။အဲဒါကြောင့် သူ online ပေါ်တက်မလာတာနေမှာ။ ဒါကြောင့်မို့ ငါတို့ အရင် အိပ်ကြမလား။ မနက်ဖြန်မှ ဆက်ဖမ်းကြတာပေါ့"
ချင်မော့က 'Spade Z'  á€žá€°áfri request ကို လက်ခံလိုက်ပြီးဖြစ်ကြောင်းကို ပြထားသည့် မျက်နှာပြင်ကို မမှိတ်မသုန်စိုက်ကြည့်နေလေသည်။
တကယ်လို့ သူ ချင်မော့ကို ကြောက်တယ်ဆိုရင် သူဘာလို့ fri request ကိုလက်ခံလိုက်တာလဲ။
ချင်မော့က သူ၏လက်၌ ကိုင်ထားသည့်စီးကရက်ကို ပြာခွက်သို့ ကြမ်ကြမ်းတမ်းတမ်းနှင့် အေးစက်စွာ ဖျစ်ညှစ်လိုက်ပြီးစကားတစ်လုံးကိုသာ ပြောလိုက်လေသည်။
"စောင့်"
ထိုရေခဲတမျှ အေးစက်သည့်လေသံကြောင့် COCOက သူ့လည်ပင်းကို ကျုံ့လိုက်မိသည်။ တုန်လှုပ်လျက်  á€žá€°á€œá€Šá€şá€¸ လက်လျှော့လိုက်ရလေသည်။
သူ သေချာသိသည်က နတ်ဘုရားတစ်ပါးနှယ် ခံ့ညားသည့် သူ့အစ်ကိုကြီးဟာ ထိုသို့ လှည့်စားခံရသည်က ပထမဆုံးအကြိမ်ဖြစ်သလို တစ်စုံတစ်ယောက်၏ ဖက်ခြင်းကိုခံရသည်ကလည်း ပထမဆုံးအကြိမ် ဖြစ်လေသည်။
အခုတော့ သူသေချာပေါက် တစ်စုံတစ်ယောက်ကို သတ်ပစ်ချင်နေမှာပဲ၊ သူ့ကို ဒီအတိုင်းလေး လွတ်ထားတာပဲ ကောင်းပါတယ်။
ဒီ 'Spade Z' ဟာ တကယ့်ကို ဉာဏ်များတာပဲ၊သူ့အစ်ကိုကြီးကို ဒီလိုလှည့်စားရဲတယ်၊ ပြီးတော့ fri request ကိုတောင်မှလက်ခံလိုက်သေးတယ်၊ ဒီ 'Spade Z' ကိုသတ်ပစ်ဖို့ သူ့အစ်ကိုကြီးကို တိုက်တွန်းလိုက်ရမလား။
"အစ်ကိုကြီးချင် ရှာတွေ့ပြီ"
ဖက်တီးက အခြားအခန်းမှ စိတ်လှုပ်ရှားစွာဖြင့် ပြေးဝင်လာလေတော့သည်။ စိတ်လှုပ်ရှားမှုများက သူ့မျက်နှာ၌အတိုင်းသားပေါ်လွင်နေပြီး
" 'Spade Z' က သေချာပေါက် သူပဲဖြစ်ရမယ်"

အပိုင်း (၂၂) ဖူကျို့နဲ့ချင်မော့တို့ တွေ့ကြလေပြီ
ချင်မော့ က ဖက်တီးကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက အလွန် လေးနက်နေသည့်ပုံ ပေါက်နေပြီး အဆိုပါသတင်းက သူ့အတွက် မည်မျှအရေးကြီးကြောင်းကို ဖော်ပြနေသကဲ့သို့ ဖြစ်နေသည်။
ဖက်တီးက သူ၏ လက်တော့ပ်ကို ချင်မော့ ဆီ လှည့်လိုက်ပြီး သူ ရှာတွေ့ထားသည်ကို ပြလေသည်။
"အစ်ကိုကြီးချင် အခုပဲ အင်တာနက်ဆိုင်အများစုက ကွန်ပျူတာအားလုံးက ရုတ်တရက်ကြီး လေဖြတ်သွားသလို ဘာအလုပ်မှမလုပ်တော့ဘူးဗျ။
 á€žá€Źá€™á€”á€şá€œá€°á€á€˝á€ąá€€á€á€ąá€Źá€ˇ ဒီဟာက တိုက်ဆိုင်မှုသက်သက်ပဲလို့ ထင်ကြလိမ့်မယ်။ 
 á€—á€­á€Żá€„á€şá€¸á€›á€•á€şá€…á€şá€€á€­á€Żá€€á€şá€á€Źá€œá€­á€Żá€ˇ ထင်ကြလိမ့်မယ်။ 
ဒါပေမဲ့ ဒီဟာက ဗိုင်းရပ်စ်ကြောင့် မဟုတ်ဘူး။
 á€—ိုင်းရပ်စ် ကိုက်တာက ဒီလောက်မမြန်ဘူးဆိုတာရယ်နဲ့ ဒီလိုလွယ်လွယ်လေး မပျောက်သွားဘူးဆိုတာကို ကျွန်တော်တို့လို ဟက်ကာတွေလောက်ပဲ သိတာ။ 
ဖြစ်နိုင်ခြေအရှိဆုံးက ဟက်ကာ တစ်ယောက် တိုက်ခိုက်တာဖြစ်နိုင်တယ်။
 á€’ဍကဟ္ဏငအ် ကျွန်တော် ဒီအင်တာနက်ဆိုင်ရဲ့ အင်တာနက်ကို စစ်ကြည့်လိုက်တယ်။ ပြီးတော့ ကျွန်တော်ပြဿနာတစ်ခုကို တွေ့လိုက်ရတယ်။ 
အဲဒါ ဗိုင်းရပ်စ် မဟုတ်ဘူး။ တစ်စုံတစ်ယောက်က နောက်ကွယ်ကနေ အခြားလူတစ်ယောက်ကို တိုက်ခိုက်နေတာပဲ။ ပြောရမယ်ဆိုရင် ဒီကျန်းမြို့တော်မှာရှိတဲ့ အင်တာနက်ဆိုင်တွေရဲ့ ကွန်ပျူတာအားလုံးဟာ တစ်စုံတစ်ယောက်ရဲ့ ချုပ်ကိုင်မှုအောက်ကို ရောက်နေတာပဲ"
COCOက ကြားလိုက်သည်နှင့် လုံးဝကို လန့်သွားပြီးတော့ သူ၏ယုန်အရုပ်ကို သူ့ပါးစပ်ဖြင့် စွဲစွဲမြဲမြဲ ကိုက်ထားလိုက်လေသည်။ 
"ဒီ... ဒီလူက ဒီလောက်တောင် ကြောက်ဖို့ကောင်းလား"
"သေချာတာပေါ့"
ဖက်တီးက အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
"ဒီဟာက ဘာကိုဆိုလိုတာလဲဆိုတာ မင်းသိလား။ ဒီလိုလုပ်နိုင်တဲ့သူက အနည်းဆုံးတော့ နိုင်ငံရဲ့ထိပ်တန်းအဆင့် သုံးယောက်လောက်ပဲ လုပ်နိုင်ကြတာ။ ဒါပေမဲ့ ထူးဆန်းတာက ဘာလဲသိလား။  á€Ąá€á€Żá€á€ąá€á€ş ထိပ်တန်း ဟက်ကာ တော်တော်များများက သူတို့ရဲ့ ကိုယ်ပိုင် လက်တော့ပ်ကိုပဲ သုံးပြီး တိုက်ခိုက်ကြတာများတယ်။ အခုလို အင်တာနက်ဆိုင်ကနေ တိုက်ခိုက်ကြတာမဟုတ်ဘူး။ အဲဒါက လုံးဝကို 'Spade Z' ရဲ့စတိုင်လ်ပဲ။
ထိုအရာကို ကြားလိုက်သည်နှင့် ချင်မော့ က ခြေချိတ်ထားလျက် အနောက်ကို မှီထိုင်လိုက်သည်။ ခံစားချက်မဲ့စွာ သူ့မျက်ခုံးကို ပင့်လိုက်ပြီး ရှေးခေတ်ဘုရင်တစ်ပါးနှယ် သတိကြီးစွာနှင့် ပျင်းတိပျင်းရွဲဖြင့် 
"အဲဒီတော့ သူက ဘယ်အင်တာနက်ဆိုင်မှာရှိနေတာလဲ"
ဖက်တီးက ခဏလောက် ရပ်လိုက်ပြီး ချောင်းနှစ်ကြိမ် ဆိုးလိုက်သည်။
"အမည်မဲ့ IP တွေအများကြီးက အင်တာနက်ဆိုင်တွေမှာ သုံးနေကြတာလေ။ ပြီးတော့ လူထောင်ပေါင်းများစွာက တစ်ချိန်တည်းမှာ တစ်ခုခုကိုရှာဖွေနေကြပြီးတော့ သူတို့က သူတို့ရဲ့အကြောင်းအရာတွေကို ဖုံးထားကြတော့ကျွန်တော်....ကျွန်တော် ရှာ...ရှာလို့မတွေ့လိုက်ဘူးဗျ"
ထိုစကားကို ကြားလိုက်သည်နှင့် ချင်မော့၏မျက်လုံးများဟာ ရေခဲတမျှ အေးစက်သွားတော့သည်။
ဖက်တီးက အလျင်အမြန်ဖြင့်
"အစ်ကိုကြီးချင် ဒီလူက သောက်ရမ်းတော်တာ။ ကျွန်တော်.... ကျွန်တော်က သူ့ပြိုင်ဘက်မဟုတ်ဘူးဗျ"
COCO က ဖက်တီး ထိုသို့ပြောသည်ကို ကြားပြီးသည်နှင့် သူ့အင်္ကျီလက်ကို ဆောင့်ဆွဲပစ်လိုက်ပြီး ဖက်တီး အား ချင်မော့မသိအောင် ဖြတ်ရိုက်ပစ်လိုက်သည်။
"ဟိုမှာ အစ်ကိုကြီး လှည့်စားခံလိုက်ရလို့ စိတ်ပျက်နေတာ မတွေ့ဘူးလားဟမ်၊  á€’ဎဥခဝိန်မသဏ 'Spade Z' က သောက်ရမ်းတော်တယ်ဘာညာ ချီးမွမ်းခန်းဖွင့်စရာလား သောက်ရူးရဲ့"
ချင်မော့က ထရပ်လိုက်ပြီး စားပွဲပေါ်၌ တင်ထားသည့်ဝိုင်ခွက်ကို ကိုင်လိုက်သည်။ သူက ဝိုင်ခွက်ကို ခပ်ဖြည်းဖြည်း  á€œá€žá€Żá€•á€şá€œá€­á€Żá€€á€şá€žá€Šá€şá‹ ခွက်၌ရှိသည့် အနီရောင်အရည်များက သွေးနှင့်တူပြီး ကြည့်ရသည်မှာ ရန်လိုမုန်းတီးမှုများ ရောနှောနေသလိုပင်။
သူက ပြတင်းပေါက်ဘေး၌ ရပ်နေပြီး အရာအားလုံးကို နောက်ကျောခိုင်း ထားသည်။ သူက တစ်စုံတစ်ခုကို တွေးတောနေဟန် ပေါက်နေပြီး မကြာခင်၌ တစ်မြို့လုံးကို သူ့ခြေဖဝါးအောက်ကို နင်းခြေပစ်တော့မည့် အသွင်ဆောင်နေသည်။
ထို့နောက် သူက ဝိုင်တစ်ငုံ သောက်လိုက်သည်။ သူ၏ ဖြူဆွတ်နေသော အသားအရေဟာ ရေခဲနှင့်တူသလိုရှိပြီး မြင်သမျှလူတိုင်းကို အေးစိမ့်မှုအား ပေးနိုင်စွမ်းရှိလေသည်။
"သူ တစ်စုံတစ်ယောက်ကို ရှာနေတာ"
ချင်မော့က သူ့ခေါင်းကို စောင်းလိုက်ပြီး အနောက်ကိုကြည့်လိုက်တော့ သူ့နောက်လိုက်တွေက အနည်းငယ် လှုပ်လှုပ်ရွရွဖြစ်သွားသည်ကို တွေ့လိုက်ရသည်။
ဖက်တီးက ကြောင်အသွားလေသည်။
"ဘယ်သူကလဲ"
"ဘယ်သူရှိရမှာလဲ 'Spade Z' ပေါ့။ သောက်နလပိန်းတုံးရဲ့"
COCO က စကားစ ဝင်ဖြတ်လိုက်ပြီး 
"အစ်ကိုကြီး ဘယ်လိုသိတာလဲ။ သူ လူတစ်ယောက်ကိုရှာနေတယ်လို့"
ချင်မော့က ဝိုင်ခွက်ကို လက်မှာ ကိုင်ထားရင်းဖြင့် 
"ကွန်ပျူတာပေါင်းများစွာနဲ့ရှာတာက အဲဒါက လူရှာတာမဟုတ်လို့ ဘာများဖြစ်နိုင်ဦးမှာလဲ" 
ရိုးရိုးရှင်းရှင်းပဲ ပြန်မေးလိုက်သည်။
ဖက်တီးက နောင်တကြီးစွာဖြင့် သူ့နဖူးသူရိုက်ပြီးတော့ 
"အတိအကပြဲ။ ငါဘာလို့ ဒီဟာကိုမစဥျးစားမိပါလိမျ့"
"ဒီလို မညှာမတာရှာပုံနည်းနဲ့ဆိုရင် ဒီလူဟာ သူ့ပစ်မှတ်ဖြစ်လိမ့်မယ်"
ချင်မော့ မျက်လုံးများက အနုတ်မှတ်ပြသွားပြီး အဆုံးမရှိသည့် ရေခဲချောက်ကြီးလို အေးစက်သွားတော့သည်။
"မင်းတို့လုပ်ရမှာက တစ်ခုပဲရှိတယ်။ အင်တာနက်ပေါ်က နောက်ဆုံးထွက် ရေပန်းအစားဆုံး သတင်းကို စောင့်ကြည့်ထားပြီး သူ့ကို မိအောင်ဖမ်းကြ"
"သိပါပြီ"
ဖက်တီး၏အသံက လက်တော့ပ်ကို အမှတ်တမဲ့ကြည့်လိုက်ပြီး  á€™á€ąá€Źá€€á€şá€…်ဖဟငအ် ဟိုရွေ့သည်ရွေ့ လုပ်နေသည့် COCO၏ ရုတ်တရက် ထအော်သံကြောင့် ပျောက်သွားလေသည်။ 
COCO က ရုတ်တရက် ထအော်လိုက်ပြီး ဖန်သားပြင်ကို လက်ညှိုး ထိုးပြလေသည်။ သူ့အသံဟာ တုန်ယင်နေပြီး
"အစ်...အစ်ကိုကြီး 'Spade Z' မီး...မီးစိမ်းနေတယ်"
…

အပိုင်း (၂၃) နတ်ဘုရားချင်မော့နဲ့အီစီကလီရိုက်မယ်
ချင်မော့က စားပွဲပေါ်၌ လက်ထောက်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ကွန်ပျူတာ ဖန်သားပြင်ကို စိုက်ကြည့်လိုက်သည်။
သူ့မျက်လုံးတွေက အတိုင်းအဆမရှိ မည်းမှောင်နေပေတော့သည်။
သူ တစ်စုံတစ်ခုလုပ်ဖို့ ကြံရွယ်နေသည့်အချိန်၌ chat window ကနေ မက်ဆေ့ချ်တစ်စောင် ပေါ်လာသည်။
'Spade Z':   "ကြီးမြတ်တဲ့သခင်လေးချင်ရေ...ငါလေးကို ရှာရတာ တော်တော်ပင်ပန်းနေပြီမလား။ ဒီလောက်ကြိုးကြိုးစားစားရှာနေတာ ငါလေးကို နင်ခွက်ရှ်နေလို့လား"
သည်စကားများကို မြင်ပြီးသည်နှင့် ချင်မော့ ပတ်ဝန်းကျင်၌ ရှိသည့် အပူချိန်ဟာ အနုတ်မှတ်သို့ ပြသွားလေတော့သည်။
သူ့ဘေးမှာ ရှိသည့် COCOနှင့် ဖက်တီးက  á€Ąá€śá€ˇá€Ąá€Źá€¸á€žá€„á€şá€ˇá€œá€˝á€”á€şá€¸á€žá€–á€źá€„á€ˇá€ş ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
ဘယ်...ဘယ်လိုလုပ် သူဒီလိုပြောရဲရတာလဲ။
အစ်ကိုကြီးနဲ့ အီစီကလီရိုက်တယ်။
သူတကယ့်ကို သေတွင်းတူးနေတာပဲ။
သူတို့နှစ်ယောက်က ဘာတွေဆက်ဖြစ်မလဲဆိုသည်ကို သိချင်လွန်းသဖြင့် တစ်ပိုင်းသေခါနီးသလိုပင် ဖြစ်နေသည်။
COCO က သူ့ယုန်အရုပ်နားရွက်ကို စိတ်လှုပ်ရှားစွာ ထိုင်ကိုက်လေတော့သည်။
ချင်မော့၏ အသံက အေးစက်သည်ထက် အေးစက်လာပြီး သူ့အသံဟာ ကြားရသူတို့၏ အရိုးအတွင်းထိကို အေးစိမ့်သွားစေနိုင်လေသည်။ 
"မင်းတို့အားလုံးရဲ့ခေါင်းကို အနောက်လှည့်ထားလိုက်"
ဖက်တီးက ထိုစကားကို ကြားလိုက်သည်နှင့် ချက်ချင်းခေါင်းကို အပြေးလှည့်လိုက်ပေတော့သည်။ သူ ဖန်သားပြင်ကို ခိုးချောင်းနေသည်ကို သူ့အစ်ကိုကြီး မြင်သွားမည်ကို သေမလောက် ကြောက်နေပေသည်။
ဒီ 'Spade Z' ကသောက်ရမ်းမိုက်တယ်။
သူ့ဟက်တတ်တဲ့ စကေးမကလို့ အစ်ကိုကြီးနဲ့ပါ အီစီကလီရိုက်လိုက်သေးတယ်။ မိုက်တယ်ဟ။
သည်အချိန်က ချင်မော့နှင့် သွားရှုပ်လို့မကောင်းသည့် အချိန် မဟုတ်မှန်း သိသော်လည်း သူတို့နှစ်ယောက်က ဘာဆက်ဖြစ်မလဲဆိုသည်ကို အလွန် စိတ်ဝင်စားနေပေသည်။
ဖူကျို့က စုပ်လုံးကို သူမပါးစပ်၌ ငုံထားလျက် စာရိုက်နေသည်။ သူမ၏ လက်ချောင်းသွယ်သွယ်များဟာ ကီးဘုတ်ပေါ်၌လျင်မြန်စွာလှုပ်ရှားသွားလာနေပေသည်။
"ငါလေးက ဒီလိုပုံစံမျိုးလိုက်ပိုးပန်းတာကို သဘောကျတဲ့ သူမျိုးတော့မဟုတ်ဘူးရယ်။  á€’ဍပ္မဲအ နင့်ရဲ့ခန္ဓာကိုယ်နဲ့ ငါလေးကို မြူဆွယ်မယ်ဆိုရင်တော့ တစ်မျိုးပေါ့။ ငါလေး လက်ခံချင်လက်ခံမှာပေါ့။ ဘယ်သူပြောနိုင်မလဲ"
ထိုစာလုံးများကို ကြည့်ပြီး ချင်မော့၏ လက်ဟာ တဆတ်ဆတ်တုန်လာပေသည်။ ထို့နောက်  á€žá€°á€€ ကီးဘုတ်မှတစ်ဆင့် စာ တချို့ကို ချက်ချင်းရိုက်လိုက်သည်။ သူ့မျက်လုံးများက လူတစ်ယောက်ကို ချက်ချင်း သေစေနိုင်သည်အထိ အေးစက်နေလေသည်။
"မင်းဘယ်သူပဲဖြစ်ဖြစ် ငါမင်းကိုရှာမတွေ့ပါစေနဲ့လို့ အခုကစပြီး ဆုတောင်းထားလိုက်တော့"
ဖူကျို့က ထိုစာကိုကြည့်ပြီး ဘာမှမတုံ့ပြန်လေဘူး။ ထိုအစား သူမ နှုတ်ခမ်းကို ကွေးညွတ်လိုက်ပြီး အပျင်းကြောဆန့်လိုက်သည်။ ထို့နောက် သူမ log out လုပ်လိုက်သည်။ သူမ စိတ်ပျော်နေသည်။
ချင်မော့ဘက်တွင်မူ အခန်းထဲ၌ရှိသည့် အပူချိန်က ဘယ်တော့မှ အနုတ်မှတ်ကနေ ပြန်တက်လာရန် အခြေအနေ မရှိတော့ပေ။
ကျန်းမြို့၏ အဆင့်မြင့်ဆုံး အဆောက်အဦတစ်ခု၏ ခေါင်မိုးထပ်ရေကူးကန်က ညအချိန်၌ တလက်လက် လက်နေပေသည်။
အသင်း၌ရှိသည့် လူအကုန်လုံးက သူတို့စီအီးအို၏ မျက်နှာကို မကြည့်ရဲကြတော့ပေ။
COCO နှင့် ဖက်တီးက ချင်မော့တို့ စကားပြောထားသည်ကို ကြည့်မိလျှင် သေခြင်းတရားဖြင့် ရင်ဆိုင်ရမည် ဆိုသည်ကိုသိလျက်ဖြင့် ဖန်သားပြင်ပေါ်၌ ရှိသည့်စာကို ခိုးကြည့်လိုက်ကြသည်။ ကြည့်ပြီးသည်နှင့် ချက်ချင်း သူတို့က အံ့အားသင့်လွန်းသဖြင့် ဘာဆက်လုပ်ရမှန်း မသိတော့ပေ။
မြူ....မြူဆွယ်။
အစ်ကိုကြီးကို သူ့ခန္ဓာကိုယ်နဲ့ မြူ...မြူဆွယ်ခိုင်းတယ်။
"ဘန်း"
COCO က ယုန်အရုပ်ကို တင်းကျပ်စွာ ဆုပ်ကိုင်နေရာမှ ကြောက်အားလန့်အားဖြင့် လွှတ်ချလိုက်မိသည်။
ဖက်တီးက သူ့မျက်လုံးကို လက်ဖြင့် အကြိမ်ကြိမ်ပွတ်လိုက်တော့သည်။ 
ဘာလို့လဲဆိုတော့ ဒီစာတွေဟာ သူ့မျက်လုံးအတွက် ပူစပ်လွန်းတယ်လေ။ သူ့လို့ အင်နိုးစန့်လေးအတွက် ကြည့်ဖို့မသင့်တော်လေဘူး။
COCO နှင့် ဖက်တီးက အကြည့်ချင်းဖလှယ်လေတော့သည်။
သူတို့တွေးနေတာကတော့ တကယ်လို့ ချင်မော့ဟာ တစ်စုံတစ်ယောက်ကို သူ့ခန္ဓာကိုယ်နဲ့ သူ့ဘက်ကနေ အရင်မြူဆွယ်ခဲ့မယ်ဆိုရင် ဒီမြင်ကွင်းကို သူတို့မလွတ်စတမ်း ထိုင်ကြည့်ချင်တယ်ဆိုတာပါပဲ။။
ချင်မော့၏ မျက်နှာက အေးစက်သည်ထက် အေးစက်လာသည်။ ရုတ်တရက်ကြီး သူ လှည့်ကြည့်လိုက်ပြီး သူ၏ ရေခဲတမျှအေးစက်နေသည့်လေသံဖြင့် 
"မင်းတို့နှစ်ယောက်လုံး ပျော်နေကြတယ်ဟုတ်လား"
"မဟုတ်ပါဘူး မဟုတ်ပါဘူး။ မဖြစ်နိုင်တာတွေ"
COCO နှင့် ဖက်တီးက အကြောက်အကန် ငြင်းဆန်လေတော့သည်။
"ဒီ 'Spade Z' ကအရှုပ်ထုပ်ပဲ။ ကျွန်တော်တို့ သူ့ကို ခပ်မြန်မြန်လေး ရှာဖွေမှရမယ်"
ချင်မော့က ပြုံးလိုက်ပြီး သူ့မျက်လုံးများ၌ နွေးထွေးမှု အလျင်းမရှိနေဘူး။
"တကယ်လို့ ခုနကပြောတုန်းက မင်းတို့မျက်နှာပေါ်မှာ ဒီအပြုံးတွေ မရှိနေဘူးဆိုရင် ငါ မင်းတို့ ငြင်းတာကို လက်ခံပေးချင် လက်ခံပေးလိုက်မယ်"
ထို့နောက် ချင်မော့က သူ့ အနောက်၌ရှိနေသည့် အတွင်းရေးမှူးကို ခေါ်လိုက်ပြီး
"ငါ့အမိန့်ကိုနာခံစမ်း COCO နဲ့ ဖက်တီးက တစ်လတိတိ ဘယ်အသားဟင်းမှ မစားရဘူး"
"ဟုတ်ကဲ့ပါ စီအီးအို"
အတွင်းရေးမှူးက ချင်မော့ ပြောသမျှကို မှတ်စုထဲ၌ မြန်မြန်ဆန်ဆန် ချရေးတော့သည်။
COCO နှင့် ဖက်တီးက တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ထပ်ဖလှယ်လိုက်လေသည်။
"အစ်ကိုကြီးချင်"
"အစ်ကိုကြီး"
"ကျွန်တော်တို့ကို အဲ့လိုလုပ်လို့ မရဘူးလေဗျာ..."
သူတို့နှစ်ယောက်က အားမရှိတော့သည့်နှယ် နံရံကို မှီထိုင်လိုက်ပြီး လှည့်ထွက်သွားသည့် ချင်မော့၏ နောက်ကျောကိုသာ စိုက်ကြည့်ရန် တတ်နိုင်သည်။ သူတို့နှစ်ယောက်ဟာ ငိုကြွေးဖို့ မျက်ရည်ပင် မရှိတော့ချေ။
အသားဟင်းမရှိတဲ့နေရက်တွေ ဘယ်လိုဖြတ်ကျော်ရပါ့။
ထိုနေ့ညတွင် အိပ်ရာထက် လဲလျောင်းလျက် အေးစက်ပြီး လူသတ်ငွေ့ဖြင့် ပြည့်နှက်နေသည့် အငွေ့အသက်များက ချင်မော့ မျက်ဝန်း၌တည်ရှိနေတော့သည်။

အပိုင်း (၂၄) ဖူကျို့ရဲ့ အခံ့ညားဆုံးဘက်ခြမ်း
ည နက်သည်ထက် နက်လာသည်။
လူအားလုံး အိပ်မောကျနေသည့် ညအချိန်၌ ကီးဘုတ်က ထွက်လာသည့်အသံဟာ ဖူမိသားစု အိမ်၏ အပေါ်ထပ် အိပ်ခန်းမှ ထွက်လာသည်။
ဖူကျို့က ကွန်ပျူတာအရှေ့၌ ထိုင်နေပြီး ဒါရိုက်တာကျန်း၏ ဖုန်းကို log in ဝင်ရောက်လိုက်သည်။
လုပ်ငန်းနှင့် ပတ်သက်သည့် လျှို့ဝှက်နံပါတ်များက ကွန်ပျူတာ ဖန်သားပြင်၌ ပေါ်နေသည်။
သို့သော် ဖူကျို့က ထိုအရာများကို မထိပေ။ 
သာမန်လူများက မသိတာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ဒါပေမဲ့  á€á€€á€šá€şá€ˇá€Ÿá€€á€şá€€á€Źá€á€˝á€ąá€€ ပိုက်ဆံရဖို့ မဟက်တတ်ကြဘူး။ ဒီဟာက ဟက်ကာတစ်ယောက်ရဲ့ အခြေခံ စည်းမျဥ်းပဲ။
ဖူကျို့လိုချင်တာက ရိုးရှင်းပါတယ်။ ဒါရိုက်တာကျန်းရဲ့ နေ့စဥ်မှတ်တမ်းကို လိုချင်တာပဲဖြစ်တယ်။
"ခင်ဗျားရဲ့ ဘဝကြီးကတော့ တကယ် စိတ်လှုပ်ရှားဖို့ ကောင်းတော့မှာပဲ"
ဖူကျို့က ဒါရိုက်တာကျန်းနှင့် အမျိုးသမီးတစ်ဦး စကားပြောထားသည့် အသံဖိုင်ကို နားထောင်ပြီးနောက် သူမ၏နှုတ်ခမ်းများက ကွေးညွတ်သွားသည်။
"ဒီဟာကို ကြားပြီးတာနဲ့ ခင်ဗျားမိန်းမ ဘာလုပ်မလဲဆိုတာ စိတ်ဝင်စားစရာပဲ"
ဖူကျို့ ပြုံးလိုက်ပြီး သူမ၏လက်ကို လှုပ်ရှားလိုက်သည်။ ထို့နောက် ဒါရိုက်တာကျန်း၏ မက်ဆေ့ချ် မှတစ်ဆင့် မိဘများဆီက လာဘ် တောင်းထားသည့် စာရင်းကို သေသေချာချာသိမ်းထားလိုက်သည်။
မထင်မှတ်ထားသည့် အရာတစ်ခုကို သူမ ရှာတွေ့ပြီးသည့်နောက် ထိုအရာအကုန်လုံးကို သူမ သတင်းတစ်ပုဒ်အဖြစ် ရေးပြီး ဖြန့်လိုက်မည်ဟု ရည်ရွယ်ထားလိုက်သည်။
ထို့အပြင် ဒါရိုက်တာကျန်းက အထီးကျန်မှုကို မခံစားနိုင်သဖြင့် အမျိုးသမီးတစ်ဦးကို သူမ၏ ဝတ်လစ်စားလစ်ပုံကို ပို့ပေးရန် အတင်းအကျပ်စေခိုင်းခဲ့သေးသည်။
ဒီအမျိုးသမီးကလည်း ဒါရိုက်တာကျန်း၏ ခြိမ်းခြောက်မှုကြောင့် သဘောတူလိုက်ရသည်။
ဒါရိုက်တာကျန်းက ထိုပုံကို မြင်ပြီးသည်နှင့် အသက်ကို ပြင်းစွာရှုကာ ညည်းလေတော့သည်။
"အိုး အချစ်လေး မင်းက ငါ့ကို စိတ်ပါလာအောင် ဆွဲဆောင်တယ်"
ဖူကျို့က မခံစားနိုင်ဘဲ သူမ နားကြပ်ကို ဖြုတ်လေတော့သည်။ 
အဲဒါက တကယ့်ကို မခံစားနိုင်စရာအသံကြီးပဲ။ ဒီအသံကြောင့် ငါလေး မကြာခင် ထိုးအန်မိတော့မှာပဲ။
ဒါပေမဲ့ ဒီဟာကိုသာ တင်လိုက်မယ်ဆိုရင် ပိုပြီးတော့ ဂယက်ရိုက်သွားတော့မှာပဲ။
ဖူကျို့၏မျက်လုံးများ၌ အေးစက်မှု တစ်ချက် လက်သွားသည်။ သေချာတာတစ်ခုက သူမ ဒီဟာကို တင်ခဲ့တယ်ဆိုတာကိုလူတွေကို သိခွင့်ပေးမှာ မဟုတ်ဘူး။
ကျန်းမြို့၏ ဒီအမှတ်(၁)အလယ်တန်းကျောင်း၌ ဒါဇင်နှင့်ချီသည့် ဆင်းရဲသည့်ကျောင်းသားများနှင့် အမှတ်မကောင်းသည့် ကျောင်းသားများက ဒါရိုက်တာကျန်းကို လာဘ်မထိုးနိုင်လျှင် သူတို့အားလုံးက ဒါရိုက်တာကျန်း လက်ချက်ဖြင့် တစ်နည်းမဟုတ် တစ်နည်းဖြင့် ကျောင်းမှ အထုတ်ခံရပေသည်။
ဖူကျို့က သူမကို ဟော်စီယွီက တွန်းလိုက်သည့် ဗီဒီယို နှင့် ဒါရိုက်တာကျန်းက သူမကို ကျောင်းရုံးခန်း၌ ပိုးစိုးပက်စက်ပြောခဲ့သည့် ဗီဒီယိုများသာမက အရင်က ဒါရိုက်တာကျန်းလက်ချက်ဖြင့် အထုတ်ခံလိုက်ရသည့် ကျောင်းသားများ၏ဗီဒီယိုကိုပါ သိမ်းထားရန် မမေ့ခဲ့လေဘူး။
ထို့နောက် သူမက အမည်မဲ့ IP ကိုအသုံးပြုပြီး ထို သက်သေများ အကုန်လုံးကို ကျောင်း၌ရှိသည့် မေဂျာပေါင်းစုံ၏ ဝက်ဘ်ဆိုက်၌ ချက်ချင်း တင်ပေးလိုက်သည်။
သေချာသည့်အရာတစ်ခုက သူမ ထိုသက်သေများကို ဒါရိုက်တာကျန်း၏ဇနီး ကိုသာမက ကျောင်း၌ ရှိသည့် မေဂျာပေါင်းစုံက ဆရာ၊ဆရာမများဆီကိုပါ အကုန်ပို့ပေးလိုက်တော့သည်။
"ပွဲကြီးပွဲကောင်းဆိုတာ ဝေမျှသင့်တယ်လေ"
ထိုသို့ပြောပြီးသည်နှင့်  á€–ူကဝိုအက ကွန်ပျူတာကို ပိတ်လိုက်ကာ သူမ အိပ်ရာဆီသို့ လျှောက်လှမ်းသွားလိုက်သည်။ သူမ၏ငွေရောင်ဆံပင်ဟာ အရင်လိုပဲ ခံ့ညားနေပြီး ခန့်မှန်းရခက်နေဆဲ။
နောက်တစ်နေ့ မနက် ၉နာရီ၌ ဒါရိုက်တာကျန်းက ကျောင်းကို အချိန်မီ ရောက်လာသည်။
သူအတွေးလွန်နေလို့များလား။
သူ ကားကနေ ဆင်းလိုက်သည်နှင့် ကျောင်းသားအားလုံးက သူ့ကို လက်ညှိုးထိုးနေကြသကဲ့သို့ ခံစားရလိုက်သည်။
"အဲဒါသူပဲ၊ မြန်မြန်ကြည့်ကြ"
"သူ အမြဲလိုလို လာဘ်စားနေတာကို ငါ တွေ့ရတယ်။ အခု သူ့အလှည့်ရောက်တော့ သူ့ဘဝကြီးက ကောင်းနိုင်ဦးမလားကြည့်ရဦးမယ်"
"ရှူး တော်တော့ သူငါတို့ကိုကြည့်နေတယ်"
ဒါရိုက်တာကျန်းက စိတ်ရှုပ်ထွေး လာတော့သည်။
သူက မျက်မှောင်ကြုတ်ပြီး ကျောင်းရုံးခန်း၏ တံခါးပေါက်ကို တွန်းဖွင့်လိုက်သည်။
ဆရာ၊ ဆရာမတစ်စုက ကွန်ပျူတာရှေ့၌ တစ်စုံတစ်ခုကို ဝိုင်းအုံကြည့်နေသည်ကို မြင်လိုက်ရသည်။
ဒါရိုက်တာကျန်းက တစ်မနက်လုံး ဒေါသထွက်ချင်သလို ဖြစ်နေသည်။ 
အခုတော့ သူ့ လက်အောက်၌ အလုပ်လုပ်သည့်သူတွေက အလုပ်မလုပ်သည်ကို မြင်လိုက်ရတော့ သူ ပိုပြီး ဒေါသထွက်လာတော့သည်။
"သွားပြီးတော့ မင်းတို့ရဲ့သင်ခန်းစာတွေကို ပြင်ဆင်ကြစမ်း မင်းတို့ဘာကို ကြည့်နေကြတာလဲ"
သူ ပြောပြီးသည်နှင့်ချက်ချင်း ဆရာတစ်ယောက်ကို ဆွဲလှည့်လိုက်သည်။ 
ထိုဆရာက လှည့်လာပြီး သူ့ကိုမြင်လိုက်သည်နှင့် မဖော်ပြနိုင်သည့် အကြည့်တစ်ချက်နှင့်အတူ ခြေတစ်လှမ်းဆုတ်သွားသည်။
ဒါရိုက်တာကျန်းသည် အစက အာရုံမစိုက်သော်လည်း ကွန်ပျူတာ ဖန်သားပြင်၌ရှိသည့် ပုံများကို မြင်လိုက်သည်နှင့်ချက်ချင်း ကွန်ပျူတာမောက်စ်ကို ဆွဲလုလိုက်မိသည်။
ဘာ....ဒါကဘာလဲ။
ဒီဟာအားလုံးက ဘာတွေလဲ။
သူနဲ့ သူ့ တိတ်တိတ်ပုန်းချစ်သူ နမ်းနေတဲ့ပုံတွေက ဘာလို့ဒီကိုရောက်နေတာလဲ။

အပိုင်း(၂၅)အရာအားလုံးကအခုမှစတယ်
"အဲဒါက လုပ်ကြံမှုပဲ။ တကယ့်ကိုလုပ်ကြံမှုပဲ"
ဒါရိုက်တာကျန်းက  á€™á€ąá€Źá€€á€şá€…်ကို စိတ်တိုတိုဖြင့် ပစ်လွင့်လိုက်သည်။ သို့သော် ထိုသို့ ပစ်ထုတ်လိုက်သည်က တစ်စုံတစ်ခုကို မတော်တဆ နှိပ်မိသွားစေတော့သည်။
မနေ့ညက သူ့ချစ်သူက သူ့ကို  á€•ိုအထဏးသညအ် အသံမက်ဆေ့ချ်ဟာ ကွန်ပျူတာကနေ ထွက်ပေါ်လာတော့သည်။
တစ်ခဏလောက်တော့ ရုံးခန်းတစ်ခုလုံးက သူ့ ညည်းသံများဖြင့် ပြည့်နေပေ၏။
ဒါရိုက်တာကျန်း၏ မျက်နှာက သွေးမရှိတော့သကဲ့သို့ ဖြူရော်သွားကာ အားမရှိတော့သည့် အရုပ်ကြိုးပြတ်သလို သူ့ထိုင်ခုံ၌ ထိုင်ချလိုက်ပေတော့၏။
အခုတော့ သူ့၌ အတွေးတစ်ခုပဲ ရှိလေတော့သည်။
ပြီးသွားပြီ၊ သူ့ရဲ့ဘဝဟာ လုံးဝ အဆုံးသတ်သွားပြီ။
ထို ဓာတ်ပုံများက  á€™á€Żá€”်တိုင်းတစ်ခုပမဏ ခေါင်းစဥ်သတင်းအဖြစ် ထိပ်ဆုံး၌ ရပ်တည်နေပေတော့သည်။ 
ကျန်းမြို့ အမှတ်(၁) အလယ်တန်းကျောင်း၏  á€žá€™á€­á€Żá€„á€şá€¸á€á€…á€şá€œá€ťá€žá€ąá€Źá€€á€ş ထိုသို့ အဖြစ်မရှိခဲ့ဖူးပေ။ ထိုကိစ္စသည် ကျောင်းအတွက် အရှက်ရဖွယ်ပထမဆုံး ကိစ္စတစ်ရပ် ဖြစ်လေသည်။
ကျောင်း၏အကြီးအကဲများဟာ စတင်ပြီးတော့ တောင်းပန်ကြလေတော့သည်။ သို့သော် လူထု ဒေါသကို နှစ်သိမ့်ပေးရန် ထိုအရာဖြင့် မလုံလောက်ပေ။
ဒီကျောင်းက ဒီလိုလူစားမျိုးကို ဒါရိုက်တာအဖြစ်ခန့်အပ်ထားစရာလား။
ဒီလိုဆိုရင် ဒီကကျောင်းမှာတက်နေတဲ့ နစ်နာတဲ့ကလေးတွေက ဘာတွေဖြစ်ကုန်မှာလဲ။
အဲဒါက သူတို့ရဲ့အနာဂတ်လေ။
ဒီလိုရိုးရှင်းတဲ့ တောင်းပန်တာလောက်နဲ့ နစ်နာတဲ့ကလေးတွေရဲ့ ဆုံးရှုံးမှုတွေကို အလျော်ပေးလိုက်တာလား။
ဒီစွပ်စွဲချက်များကို မြင်ပြီးသည့်နောက် ကျောင်း၏အကြီးအကဲအားလုံးဟာ နစ်နာသူကျောင်းသားများ အကုန်လုံးကို ဖုန်းဆက်ပြီး တောင်းပန်ကြလေတော့သည်။
တချို့ ကျောင်းသားများက  á€˜á€˝á€˛á€ˇá€›á€žá€˝á€Źá€¸á€•á€źá€Žá€–á€źá€…á€şá€žá€ąá€Źá€şá€œá€Šá€şá€¸ တချို့ကတော့ အသက်မွေးဝမ်းကျောင်း ကောလိပ်ကို တက်နေကြဆဲ ဖြစ်လေသည်။ ကျောင်းပြန်မတက်နိုင်သည့် ကျောင်းသား အချို့ ကတော့ အလုပ်လုပ်နေကြပြီ ဖြစ်လေသည်။
ထိုသို့ ဒါဇင်နှင့်ချီသည့် ကျောင်းသားများ၌ ခြောက်ယောက်သာလျှင် ကျောင်းတွင် ကျန်ရှိနေကြဆဲဖြစ်လေသည်။
ဟယ်ဟုန်ဟွာဟာ သူမသမီး၏ ကျောင်းပြဿနာများကြောင့် စိတ်ဒုက္ခရောက်နေတာဖြစ်ပြီး ကျောင်း ပြန်တက်ခွင့်ရရန် အဆက်သွယ်ကောင်းကောင်းကို လိုက်ရှာနေလေသည်။
 á€žá€°á€™ ထိုသို့ တောင်းပန်သည့်ဖုန်းကို လက်ခံရပြီးနောက် အံ့အားသင့်လွန်းသဖြင့် မူးတောင် လဲချင်သွားလေတော့သည်။ တစ်ဖက်လူပြောတဲ့စကားကို သူမ မယုံကြည်နိုင်ဖြစ်ကာ
"ရှင်...ရှင်ဆိုလိုတာက ကျွန်မ ဖူကျို့လေးက ကျောင်းပြန်တက်လို့ရပြီပေါ့ ဟုတ်လား"
"ဟုတ်ပါတယ် မစ္စဖူ။ ဒါရိုက်တာကျန်းရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ခင်ဗျားရဲ့ကလေး နစ်နာရတာကို ကျွန်တော်တို့ အနူးအညွတ်တောင်းပန်ပါတယ်ဗျာ။ 
ဒီနေ့နေ့လယ်မှာ ခင်ဗျားရဲ့ကလေးကို ကျောင်းပြန်တက်ခိုင်းပါတော့ဗျာ။ ကျွန်တော်တို့ရဲ့ စိတ်ရင်းကို ပြသတဲ့အနေနဲ့ ကလေးတွေကို ဒါရိုက်တာကျန်းကို ကိုယ်တိုင်တောင်းပန်ခိုင်းမှာပါဗျာ"
ကိစ္စတွေက ဒီအထိတောင် ဖြစ်သွားခဲ့သည်ဆိုမှတော့ အခြေအနေ ပိုဆိုးလာသည်ကို ကာကွယ်ရန် ဒီတစ်နည်းပဲ ကျန်ရှိတော့သည်။ 
ကျန်းမြို့ အမှတ်(၁) အလယ်တန်းကျောင်း၏အကြီးအကဲတွေက ဒါရိုက်တာကျန်းကို လူပုံအလယ်၌တောင်းပန်ခိုင်းသည့်အရာက အကောင်းဆုံးဖြေရှင်းချက်ပင်။
အမှန်တကယ်တော့ ကျန်းမြို့ရဲ့ အမှတ်(၁) အလယ်တန်းကျောင်းက သူတို့ရဲ့ဂုဏ်သိက္ခာကို ပြန်ဆယ်ဖို့ မရည်ရွယ်လေဘူး။
 á€˜á€Źá€œá€­á€Żá€ˇá€œá€˛á€†á€­á€Żá€á€ąá€Źá€ˇ အဖြစ်အပျက်တွေကမြန်လွန်းတော့ သူတို့မှာ ဒီလိုလိုက်လုပ်ဖို့ အချိန်မရှိတာကြောင့်ပဲ ဖြစ်လေတယ်။ ဒါကြောင့်မို့ သူတို့ဟာ ဒါရိုက်တာကျန်းကို တောင်းပန်ခိုင်းဖို့ အလျင်အမြန် စီစဥ်လိုက်ရတာပဲ။
အရာအားလုံးဟာ ရုတ်တရက်ကြီး ဖြစ်ပျက်တာမြန်လွန်းတယ်။
သူတို့က တစ်ဆင့်ချင်းစီပဲသွားပြီးတော့ ပထမဆုံးအနေနဲ့ တောင်းပန်တာကိုပဲ ဦးစားပေးလုပ်နိုင်တော့သည်။
ဟယ်ဟုန်ဟွာက ဖုန်းချလိုက်ပြီးတော့ မပျော်ရွှင်နိုင်လေဘူး။ သူမက ဖူကျို့ဆီ ပြေးသွားပြီးတော့
"ကျို့လေး မှန်းကြည့်စမ်း။ သမီးရဲ့ ကျောင်းက ဖုန်းခေါ်တယ်။ ပြီးတော့ သမီးကို ဒီနေ့ကျောင်းပြန်လာတက်ပါတဲ့"
"အ..အမေ"
ဖူကျို့က စောင်ကို ဆွဲဖယ်လိုက်ပြီးတော့ ထရပ်လိုက်လေသည်။ သူမ၏ခြေတံရှည်လေးများက ကြည့်ကောင်းနေသည်။ 
အိပ်ရာထခါစဖြစ်နေသဖြင့် သူမ၏ ငွေရောင်ဆံပင်က ရှုပ်ပွနေသော်လည်း သူမ၏ ကြည့်ကောင်းမှုကို အနည်းငယ်တောင်မှ အနှောင့်အယှက်မဖြစ်စေဘူး။ 
ထိုအစား သူမကို တကယ့်ကြည့်ကောင်းသည့် လူငယ်တစ်ယောက်အသွင်ကို ဆောင်နေပေသည်။ တစ်ချိန်တည်း၌ သူမ၏မျက်လုံးများကို ပွတ်လိုက်ပုံလေးက အလွန်ကိုမိုက်နေပြီး ချစ်စရာကောင်းနေလေသည်။
ဟယ်ဟုန်ဟွာ သူမ အမေတောင်မှ ဖူကျို့၏ ခံ့ညားမှုများကို တွန်းလှန်နိုင်စွမ်း မရှိလေပဲ ရှက်သွေးဖြာသွားရသည်။
တကယ်လို့ သူမရဲ့ဖူကျို့သာ တကယ့်ယောကျာ်းတစ်ယောက်ဖြစ်မယ်ဆိုရင် သူမရဲ့ဘေးပတ်ပတ်လည်မှာ ကောင်မလေးတွေ ဝိုင်းနေတော့မှာပဲဆိုတာကို ပြောစရာပင်မလိုပေ။
ဒါပေမဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေတာကလည်း မဆိုးပါဘူး။ မိန်းကလေးတွေက စဥ်းစားဉာဏ်ပိုရှိကြတယ်။
ဟယ်ဟုန်ဟွာက သူမ မျက်လုံးပျောက်သွားသည်အထိ ပြုံးလိုက်ပြီး
"မြန်မြန်ထတော့၊  á€á€…်ခုခုစဏးပဟဎး ကျောင်းသွားရမယ်လေ"
"ဟုတ်ပြီ ဟုတ်ပြီ..."
ဖူကျို့က သူမကို တွန်းထုတ်လိုက်ပြီး
"မစ္စဖူရေ ကျွန်တော်မျိုးမကို မျက်နှာသစ်ဖို့ အချိန်လေးပေးပါဦး ဟုတ်ပြီလား။ ကျေးဇူးအများကြီးတင်ပါတယ်နော်"
"ဒီကလေးကတော့..."
ဟယ်ဟုန်ဟွာက အမှန်တကယ်ကို ပျော်ရွှင်နေလေသည်။ သူမက အောက်ထပ်ကို ခုန်ခုန်ပြီးတော့ ဆင်းသွားလိုက်ပေသေးသည်။
ထိုအချိန်၌ ဖူကျို့က လုံးဝကို နိုးနေလေပြီ။ သူမ၏နှုတ်ခမ်းပါးလေးများက ပြုံးလိုက်ပြီးတော့ သူမ အကြိုက်ဆုံးစကားတစ်ခွန်းကို ပြောလိုက်လေသည်။
"ပြီးပြီ"
 

Search Novels