အပိုင်း (၁၆) သခင်လေးချင်ကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်ရဲတယ်ပေါ့ဆက်ရှာကြစမ်း
"Spade Zက ဒီဟာကိုပါထားခဲ့တာလား ငါတို့ သူ့ကိုရှာ နေတယ် ဆိုတာကိုသိလို့ ထားခဲ့တာများလား"
ဒါကြောင့်မို့ သူ သခင်လေးချင်ကို ဒီလောက် မခန့်လေးစားပြုမူနိုင်ရတာကိုး။
ကြောင်ပေါက်စနှင့်တူသည့်လူက ချင်မော့၏မျက်နှာကို သေသေချာချာ အကဲခတ်လေသည်။ သို့သော်လည်း သူက ချင်မော့ကို တခြားမေးခွန်းများ ဆက်မမေးရဲတော့ပေ။
ဖက်တီးကလည်း လှုပ်တောင်မလှုပ်ရဲသလို ချင်မော့၏မျက်နှာကိုတောင် စေ့စေ့မကြည့်ရဲတော့ဘူး။
ထိုအချိန်၌ ချင်မော့၏အေးစက်ပြီးကြောက်မက်ဖွယ်ကောင်းသည့်မျက်လုံးများဟာ မည်းမှောင်နေသည့် ညတစ်ညသဖွယ် နက်ရှိုင်းပြီး အန္တရာယ်ရှိသည့် ပင်လယ်ပြင်ကြီးနှယ် ကြောက်ဖို့ကောင်းနေပေတော့၏။
သူမွေးလာတဲ့နေ့ကတည်းက ဘယ်တုန်းကမှ ဒီလိုအခက်အခဲတွေဆိုတာ ရှိခဲ့တာမဟုတ်ဘူး၊ ဒီလူက သူ့ကို စိတ်အနှောင့်အယှက်သိပ်ပေးတာပဲ။
"ဆက်ရှာကြစမ်း"
သူ၏စကားလုံးများ၌ ကြင်‌နာမှု တစ်စိုးတစ်စိမျှ မရှိလေ‌တော့ဘူး။ ထိုစကားကိုကြားပြီးသည်နှင့် ဘော်ဒီဂတ်အားလုံးက အနေရခက်ပြီးတော့ ကြောက်လန့်ကုန်ကြလေသည်။ ကျောင်း၏အကြီးအကဲများလည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြလေသည်။
တစ်ချိန်တည်း၌ လှေကား၏ထောင့်နားမှ ဖူကျို့က သူမ၏ လက်တော့ပေါ်က wifiကို ဖြတ်တောက်ပစ်လိုက်လေသည်။ ထို့နောက် သူမ မော့ကြည့်လိုက်ပြီး သူမနှုတ်ခမ်းထောင့်၌ အပြုံးတစ်ပွင့် ဖြစ်ထွန်းလာလေသည်။
 "ဆက်ကြိုးစားလိုက်ဦး"
သူမကို ရှာနေတဲ့ လူတွေဟာ အခုချိန်လောက်ဆို တော်တော့်ကို ဒေါသထွက်နေလောက်ပြီ။
ထိုအကြောင်းကို တွေးလိုက်သည်နှင့် ဖူကျို့ မျက်နှာပေါ်မှအပြုံးက အရင်ကထက် ပိုပီပြင်လာလေတော့သည်။
အခြားသူတွေရဲ့ အမြင်ကတ်ခြင်းခံရတာကို သူမကြိုက်တယ်၊ ပြီးတော့ သူမကို အမြင်ကတ်တဲ့သူတွေကို ခက်ခဲအောင်လုပ်ရတာ သူမ သိပ်ကြိုက်တာပဲ။
ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့ I Pad မရှိတော့ဘူးဆိုတော့ လက်တော့ အသေးစားလေး ကောင်းကောင်းရဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ရဦးပေမယ်။
ဒါပေမဲ့ ဘာအလုပ်ပဲလုပ်လုပ် လွယ်ကူတဲ့အလုပ်‌ဆိုတာကို မရှိဘူး၊ ငါလေး ဘယ်လိုလုပ်ရပါ့။
အခုအချိန်ကစပြီး ပိုက်ဆံများများဝင်အောင် လုပ်ရတော့မယ်၊ ဟော်စီယွီအတွက်ကတော့ ငါလေးမှာ အချိန်တွေ ပိုနေတယ်ဆိုမှ ဒီကိစ္စကို ထည့်စဉ်းစားပေးမယ်။
ဖူကျို့က သူမ ဖုန်းကို အိတ်ကပ်အတွင်း ထိုးထည့်လိုက်လေသည်။ Lollipopကို ပါးစပ်အတွင်း ငုံထားလျက် သူမ၏လက်ကောက်ဝတ်ကို အညောင်းဆန့်လိုက်ပြီး နေ့လယ်စာ စားဖို့ တန်းစီစောင့်နေသည့် လူအုပ်ကြားအတွင်းသို့ ဝင်ရပ်လိုက်လေသည်။ သူမက ထိပ်တန်း ဟက်ကာအဖြစ်မှ အပယ်ခံ သာမန်အထက်တန်းကျောင်းသားလေးအဖြစ်သို့ ပြန်သွားလိုက်သည်။
ဒါပေမဲ့ သာမန်လေးပဲ နေတော့မဲ့ ဖူကျို့ရဲ့အစီအစဉ်တွေဟာ မဖြစ်မြောက်လာခဲ့ဘူး။
သူမ နေ့လယ်စာစားပြီးသည်နှင့် ကျောင်း၏ဒါရိုက်တာက သူမကို ရုံးခန်းဆီ အခေါ် လွတ်လေတော့သည်။
ဖူကျို့၏ မျက်ခုံးများ တွန့်ချိုးသွားမိသည်။
ဒီလူတွေက သူမကို မြင်တောင်မမြင်ချင်ကြတဲ့သူတွေမလား၊ ဘာလို့ ငါလေးက ရုံးခန်း အခေါ်လွတ်ခံရတာတုံး။
ရုံးခန်း၌ ဒါရိုက်တာ၏ နံဘေး၌ လူတစ်ယောက်ပါ ရှိနေလေသည်။ ထိုလူက အသက်လေးဆယ်ခန့်ရှိပြီး Aramani တံဆိပ်အင်္ကျီ ကို ဝတ်ဆင်ထားကာ လက်ကောက်ဝတ်၌ ရွှေရောင်နာရီ ပတ်ထားလေသည်။ ဖူကျို့ ဝင်လာသည်နှင့်  á€‘á€­á€Żá€œá€°á€€ စိတ်ဆိုးဒေါသထွက်လေသည်။
ဒီလူက အမှိုက်နဲ့ တူတဲ့ သူမရဲ့အဖေကလွဲလို့ ဘယ်သူ ဖြစ်နိုင်ဦးမလဲ။
ဒါရိုက်တာက ဖူကျို့ကို အထင်သေးစွာတစ်ချက် ကြည့်လိုက်ပြီး
"မစ္စတာဖူ ခင်ဗျားကို ဒီရုံးခန်းကို ခဏခဏ ခေါ်ရတာတော့အားနာပါတယ် ဒါပေမဲ့ ခင်ဗျား သားရဲ့ အပြုအမူကတော်တော်လေးကို ဆိုးရွားနေပြီး ကျောင်းရဲ့ဂုဏ်သိက္ခာကို ချသလို ဖြစ်နေတယ်ဗျ၊ ဒီလူငယ်လေးက ယောက်ျားလေးတွေကိုကြိုက်ပြီ အသိစိတ်လွတ် ပြီးပြေးဖက်လိုက်သေးတယ်ဗျ၊ သူပြေးဖက်တဲ့ သူက အခြားလည်းမဟုတ်ဘူး  á€žá€á€„á€şá€œá€ąá€¸á€á€ťá€„á€şá€—á€ťáŠ သခင်လေးချင်က သူဖက်ချင်သလို ပြေးဖက်ရမဲ့ လူစားမျိုးလား ခင်ဗျားစဉ်းစားကြည့်"
ဖူကျုံးရီ၏ရင်ဘတ်က ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ရှိနေပေ၏။ စောနက အကြောင်းအရာ၌ သခင်လေးချင်ဆိုသည့်နာမည် ပါလာသည်နှင့် သူ၏မျက်နှာက ပြောင်းလဲသွားလေတော့သည်။ ဒေါသထွက်လွန်းလှသဖြင့် ဖူကျုံးရီက သူ၏လက် ကို မြှောက်လိုက်ပြီး ဖူကျို့ကို ရိုက်သတ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာလေသည်။
"ငါ့မှာ ဘယ်လိုလုပ် ဒီလိုကျက်သရေတုံးတဲ့ သားမျိုး ရှိရတာလဲ"
"အဖေဒီလို မလုပ်ပါနဲ့ ကိုကိုက ဒီလို ဖြစ်ဖို့ရည်ရွယ်မှာ မဟုတ်လောက်ပါဘူး"
ဖူကျုံးရီကို တားလိုက်သူက  á€–á€°á€€á€ťá€­á€Żá€ˇáá€–á€Ąá€ąá€á€° မအေကွဲညီမ ဖူရွယ်အာပဲ ဖြစ်လေသည်။
ဖူရွယ်အာဟာ သူမအမေ၏အမွေတွေကို ဆက်ခံထားတာ ဖြစ်သည်။ သူမကို ကြည့်ရသည်မှာ ရိုးသားပြီး ချစ်ဖို့ကောင်းသည့်ပုံစံလေးဖြင့်အကြံဆိုးများဖြင့်သာ ပြည့် နေသည်။
ဖူကျို့က သူမ၏ယုတ်မာမှုများကို ယခင်ကတည်းက သိထားတာဖြစ်သည်။ သူမက ဖူကျို့ဘက်မှ ဝင်ပြောပေးသည့်အချိန်တိုင်း ဖူကျုံးရီက ဖူကျို့ကို ပိုပြီး ဒေါသထွက်လေ ဖြစ်သည်။
"မရည်ရွယ်ဘူးဟုတ်လား၊ သူ့ကိုယ်သူ တောင်ထိန်းချုပ်နိုင်စွမ်းတွေမရှိတာ ဘယ်လိုလုပ်ယုံရမလဲ"
ဖူကျုံးရီက ဖူကျို့ကို သတ်ပစ်တော့မည့်အတိုင်း စိုက်ကြည့်ရင်းပြောသည်။
ပြီးတော့ ဖူမိသားစုမှာ ဒီလို ယောက်ျား အချင်းချင်း ကြိုက်တဲ့ကျက်သတုံးကောင်မျိုး အလိုမရှိဘူး၊ ဒီတစ်ကြိမ် သူ ချင်မိသားစုကို ပြဿနာသွားရှာထားတော့ သူ့စီးပွားရေးကို မထိခိုက်လာနိုင်ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ။
ဖူကျုံးရီက သူ့အငယ်ဆုံးသားလေးအကြောင်းကို တွေးမိလိုက်တော့
"နှစ်ယောက်စလုံးက သူ့သားတွေပဲလေ ဘာလို့ ကွာခြားချက်က ဒီလောက် ကြီးနေရတာလဲ"
ဒီကျက်သတုံးကောင်က ပုံမကျမှတော့ ငါ့ကို အဖေတစ်ယောက် တာဝန်မကျေဘူးလို့ အပြစ်လာမတင်နဲ့။
"မင်းရဲ့ ကျက်သရေတုံးတဲ့ အကျင့်ဆိုးကို မပြင်နိုင်ရင် မင်းက ဒီနေ့က စပြီး ငါ့သားမဟုတ်တော့ဘူး"
…

အပိုင်း(၁၇) ဖူကျို့ မင်းနောင်တ မရတာကောင်းမယ်
အခုသူက သူမနဲ့ သားအဖ ဆက်ဆံရေးကို ပြတ်ဆဲနေတာလား။
ဖူကျို့ မျက်လုံးများက အေးစက်သွားပြီးတော့ ဖူကျုံးရီးကို စကားတစ်ခွန်းတည်းသာ ပြန်ပြောလိုက်လေသည်။
“သဘောအတိုင်းပဲ"
“ကောင်းပြီ"
ဖူကျုံးရီက အသက်ကို ခက်ခက်ခဲခဲရှူလိုက်ပြီးတော့ သူ၏ခေါင်းကို ဒါရိုက်တာဘက်ကိုလှည့်လိုက်ပြီး
“ခင်ဗျားကြားတယ်မလား အခုကစပြီး ကျွန်တော်သူ့ရဲ့ အရှုပ်ထုပ်တွေကို လိုက်ရှင်းပေးစရာ မလိုတော့ဘူး၊ သူ့ကိုကျောင်းက ထုတ်သည်ဖြစ်စေ မထုတ်သည်ဖြစ်စေ အဲဒါက ကျွန်တော်နဲ့ မဆိုင်တော့ဘူး"
ချန်ရှောင်တုံးက ရောက်လျှင်ရောက်ချင်း ထိုစကားကို ကြားလိုက်ရလေသည်။ သူက ဖူကျို့ကို တုန်လှုပ်စွာ စိုက်ကြည့်နေမိသည်။
ဖူကျို့ကို ကြည့်ရသည်မှာ သာမန်ကိစ္စလို သဘောထားပြီးတော့ အသံနိမ့်လေးဖြင့်
“ဒီနေ့ရဲ့ ကိစ္စကို ခင်ဗျားနောင်တမရဖို့ မျှော်လင့်တယ်”
“ငါ့ဘဝမှာ နောင်တအရဆုံးက မင်းလိုမျိုး ကျက်သရေတုံးတဲ့ သားမျိုးရှိတာနဲ့ မင်းအမေကို လက်ထပ်ခဲ့မိတာပဲ"
ဖူကျုံးရီက  á€‘ိုစကဏးမဝဏးကို မှိုချိုးမျှစ်ချိုးပြောကာ ထွက်သွားလေသည်။ သူ၏ဒေါသကြောင့် သူ့မျက်နှာဟာ အနီရောင်ပြောင်းနေခဲ့ပြီးဖြစ်လေသည် ။
ကျောင်းဒါရိုက်တာက ထိုအခြေနေကို မြင်ပြီးသည်နှင့် ဖူကျို့ကို ဆက်ပြီး စကားပြောချင်စိတ် မရှိတော့ပေ။
“မင်းပစ္စည်းတွေ သွားသိမ်းတော့၊ မင်းရဲ့ အဆင့်လောက်နဲ့ စက်မှုလက်မှုကောလိပ်လောက်နဲ့ပဲ တန်တယ်၊ ငါတို့ကျောင်းက မင်းကိုကောင်းစေချင်တဲ့ စေတနာနဲ့ထုတ်လိုက်တာ၊ သွား သွား သွားတော့"
ထို့နောက် သူက  á€–ူကဝိုအကို အမှိုက်ပုံးသို့ အမှိုက်စတစ်စကို ခါချသလို လက်ဖြင့်ခါထုတ်လေတော့သည်။
"သခင်လေး”
ချန်ရှောင်တုံးက သူမဆီကို စိုးရိမ်တကြီးဖြင့် ပြေးလာလေသည်။
ဖူကျို့က အချိန်ဆွဲမနေတော့ဘူး။ သူမ၏နှုတ်ခမ်းကို ကွေးညွှတ်ကာ ပြုံးလိုက်ပြီး အေးစက်စက် အကြည့်များနှင့်အတူ သူမကိုယ်ပိုင်ပစ္စည်းများကို သိမ်းရန် စာသင်ခန်းအတွင်းသို့ ဝင်ရောက်သွားတော့သည်။
ကျောင်း၌ရှိသည့် လူအားလုံးက လှေကားတစ်လျှောက်၌ မှီနေကြပြီး ဖူကျို့က သူမစာအုပ်များကိုသိမ်းပြီး အောက်ဆင်းလာသည်ကို စောင့်ကြည့်နေကြသည်။  á€œá€°á€á€…်ခဝိုအက ကိုယ်ချင်းစာကြပြီးတော့ အချို့ကမူ လှောင်ပြောင်နေကြသည်။ သူမ၏ကံမကောင်းမှုကို ကြိတ်ဝမ်းသာနေသည့် လူအချို့လည်းရှိပေသည်။
အားလုံး၌ အပျော်ဆုံးက ဟော်စီယွီပဲ ဖြစ်လေသည်။ သူမက ဖူကျို့ရှေ့၌ လက်ပိုက်ပြီးတော့ တဟားဟား အော်ရယ်လေသည်။
“မြန်လိုက်တဲ့ဝဋ်၊ အချို့လူတွေက သေဖို့ပဲဆုတောင်းသင့်တယ်၊ သူ့ကိုပဲကြည့် အခုဘယ်ကျောင်းမှ တတ်လို့မရတော့ဘူး၊ သူနဲ့ထိုက်တန်တာ သူရတာပဲ"
“ငါကြားတာ သူတက်ခွင့်ရတော့မှာက စက်မှုလက်မှုကောလိပ်ဆို"
ဟော်စိယွီ၏ နောက်လိုက်အပေါင်းအပါများကပါ စတင်ရယ်ကြလေတော့သည်။
“အဲဒါက သူနဲ့ထိုက်တန်တယ်လေ ဟိုကျောင်းက အမှိုက်နဲ့တူတဲ့ ကျောင်းသားတွေနဲ့တတ်ရတာ သူနဲ့ထိုက်တန်တာပဲပေါ့ဟား ဟား ဟား"
သည်အရာကို ကြားလိုက်သည်နှင့် ဖူကျို့က ရုတ်တရက် ရပ်လိုက်ပြီးတော့ သူမခန္ဓာကိုယ်ကို ဟော်စီယွီရှေ့သို့ ညွတ်ချလိုက်သည်။
လွန်ခဲ့သည့်တစ်ခေါက်က ဟောစီယွီဟာ ဖူကျို့လက်ဖြင့် အရိုက်ခံလိုက်ရပြီးကတည်းက နည်းနည်း ရှိန်နေတာ ဖြစ်လေသည်။ ထို့ကြောင့် ဖူကျို့က သူမရှေ့ကို တိုးလာသည်နှင့် ကြောက်လန့်ကာ အနောက်သို့တစ်လှမ်း ဆုတ်လိုက်မိလေသည်။
သို့ပေမဲ့ ဖူကျို့က သူမကို ရိုက်ဖို့အထိ စိတ်ကူးမရှိလေဘူး။ ရိုက်မည့်အစား သူမကို စကားတစ်ခွန်းကိုသာ ပြောခဲ့သည်။
 “မင်း ဘာလုပ်ခဲ့လဲဆိုတာကို ဘယ်သူမှမသိဘူးလို့ ထင်နေတာလား"
“အဓိပ္ပာယ်မရှိတာတွေ"
ဟော်စီယွီက သူများကို အနိုင်ကျင့်လာတာ အတော်ကြာနေပြီဖြစ်သောကြောင့်  á€›á€žá€€á€şá€›á€€á€ąá€Źá€„်းမသန်း မသိပေ။ သူမကဖူကျို့အား ရန်လိုသည့်မျက်လုံးဖြင့် စိုက်ကြည့်လေသည်။
ဖူကျို့က ပါးနပ်စွာပြုံးလိုက်ပြီးနောက်
“ငါဘယ်ချိန် online ပေါ်တင်မလဲဆိုတာကို ခန့်မှန်းကြည့်လေ"
ထိုစကားက ဖူကျို့ကျောင်းက ထွက်မသွားခင် နောက်ဆုံးပြောခဲ့သောစကား ဖြစ်လေသည် ။
ဟော်စီယွီက ဒီစကားကို အတည်မယူခဲ့ချေ။
သူ့အဖေကတောင် မလိုချင်တဲ့ ဒီချမ်းသာတဲ့ သူဌေးသားကများ ဘာလုပ်နိုင်မှာမလို့လဲ။
ယနေ့အဖို့တော့ ရှောင်ချန်တုန်းက လုံးဝ တိတ်ဆိတ်ငြိမ်သက်နေလေသည်။ သူက သူ့သခင်လေး စိတ်အနှောင့်အယှက်ဖြစ်မည်စိုး၍ တိတ်တိတ်လေးနေပေးသည်။
ချန်ရှောင်တုံး တိတ်ဆိတ်နေတာကြောင့် ဖူကျို့ ထူးဆန်းသလို ခံစားနေရသော်ငြားလည်း သူမဘာသာ အေးဆေးအနားယူနေပြီး သူမ၏လက်ချောင်းများဟာ ဖုန်းမျက်နှာပြင်ပေါ်၌ ပြေးလွှားလှုပ်ရှားနေသည်။ သူမ၏ဖုန်းတွင် ဟော်စီယွီက သူမကို တွန်းလိုက်သော ဗီဒီယိုပေါင်းများစွာကို သိမ်းထားလိုက်သည်။
ဖူကျို့ ကားမှ မထွက်ခင်၌ ချန်ရှောင်တုံးထံ ဖုန်းဝင်လာလေသည် ။ သူက ဖူကျို့ဘက်ကို လှည့်လိုက်ပြီးတော့
“သခင်လေး သခင်မကြီးက ဒီနေ့ကိစ္စကြောင့်အိမ်ကို ချက်ချင်းပြန်လာလိမ့်မယ်၊ သူမကို ကြည့်ရတာ စိတ်ဆင်းရဲလို့ ဘာမှမစားထားတဲ့ပုံပဲ၊ သူမပြန်ရောက်တာနဲ့ ချက်ချင်း ကျေးဇူးပြုပြီး သခင်မကြီးနဲ့ ရန်မဖြစ်ပါနဲ့နော်”
ချန်ရှောင်တုံးက နောက်ထပ်စကားများ ပြောလိုက်လျှင် ဖူကျို့ဝမ်းနည်းသွားမည်ကို ကြောက်နေမိသည်။ ထို့ကြောင့် သူက ဖူကျို့အား စကားတစ်ခွန်း အသံနိမ့်လေးဖြင့် ထပ်ပြောလိုက်လေသည်။
“သခင်မကြီးလည်း အများကြီး ကြုံတွေ့ခဲ့ရပြီးပါပြီဗျာ"
 “ငါ သိပြီ”
ဖူကျို့က သူမဖုန်းကိုချထားလိုက်ပြီး စိတ်ဝင်စားမှုမရှိသည့်လေသံဖြင့် ပြန်ပြောလိုက်သည်။
ချန်ရှောင်တုံးက သူနားကြားများမှားသည်လားဟု ထင်မိလိုက်လေသည်။
“သခင်လေး အခုဘာပြောလိုက်တာလဲ”
ဖူကျို့က မျက်ခုံးပင့်လိုက်ပြီးတော့
“ငါပြောတာက အမေက အများကြီး ကြုံတွေ့တာကို ငါသိတယ်လို့ပြောတာလေ ဘာမှားလို့လဲ"
“ဘာမှမမှားဘူး ဘာမှမမှားဘူး၊ ဟုတ်တယ် အဲဒါမှန်တယ် အရင်ကဆို သခင်မကြီးအကြောင်းဆို သခင်လေး ဘယ်တုန်းကမှ ထုတ်မပြောတတ်ဘူးလေ၊ အရင်က သခင်မကြီးနဲ့ ရန်ဖြစ်ထားတာတွေကို အကုန်မေ့သွားတာလားဟင်"
...

အပိုင်း(၁၈) ဖူကျို့ ဒေါသထွက်နေသည်
ဖူကျို့က ယခင်မူလခန္ဓာကိုယ်ပိုင်ရှင်နှင့် မစ္စဖူတို့ ထူးဆန်းသည့်ဆက်ဆံရေးရှိသည်ကို ကောင်းကောင်း သိလေသည်။ အဘယ်ကြောင့်ဆိုသော် သူမ၌ အရင်မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များ ရှိနေလေသည်။
အရင်မူလခန္ဓာကိုယ်ပိုင်ရှင်ဖူကျို့က မည်သည့်အရာကိုမှကောင်းကောင်း နားမလည်သေးသည့်အပြင် ယောကျာ်းလေးကဲ့သို့ ဝတ်စားရသည်ကို စိတ်ညစ်ပြီး စိတ်ပျက်နေလေသည်။
သူမက ထိုအရာများအားလုံးကို သူမအမေကိုသာ အပြစ်တင်ပြီး ထိုအရာအားလုံးဟာ သူမအမေ၏ ပိုက်ဆံမက်သည့်လောဘကြောင့်ဟု ပြောခဲ့မိလေသည်။
အခြားတစ်ဖက်၌ သူမ၏အဖေဟာ သူမအပေါ် အရာရာကိုလိုက်ထိန်းချုပ်ပြီး ဖူရွယ်အာကို သတိထားရန် အမြဲပြောလေ့ရှိသည့် သူမအမေနှင့်မတူဘဲ သူမ လိုချင်တာမှန်သမျှကို အကုန် ရက်ရက်ရောရော ပေးလေ့ရှိသည်။
သူမက သူမအမေ မည်သည့်အရာပဲပြောပြော နားထောင်လေ့မရှိဘဲ သူမအမေက ဤကမ္ဘာပေါ်၌ အရက်စက်ဆုံးလူသားဟုတောင် ပြောခဲ့မိလေသည်။ သူမအမေက လူတိုင်းကို အကောင်းမမြင်တတ်တာပဲ ဟုပြောခဲ့မိလေသည်။
သူတို့၏အမေနှင့်သမီးဆက်ဆံရေးက သူမ ငယ် ငယ်လေးကတည်းက အေးတိအေးစက်နိုင်ခဲ့ပြီး သူမ ကြီးလာသည်အထိ သည်အတိုင်း ဆက်ရှိနေဆဲဖြစ်လေသည်။ သူမအမေ မည်သည့်အရာပြောပြော ဖူကျို့က သူစိမ်းဆန်ဆန်ဖြင့်သာ ပြန်ဖြေလေ့ရှိသည်။ ထို့နောက် ဖူသခင်မကြီးသည် ကျေးလက်ဒေသ၌ မွေးဖွားလာခဲ့သည်ဖြစ်ရာ အချို့အမူအကျင့်များကို သူမ ပြောင်းလဲနိုင်ခြင်းမရှိခဲ့ဘူး။
ဖူကျို့ ကျောင်းနေသည့်အရွယ်ရောက်လေတော့ သူမက သူမ၏အမေအပေါ်၌ ယခင်ထက်ပိုပြီး အထင်သေးလာတော့သည်။ အကြောင်းအရင်းမှာ သူမသည် တစ်ခါတစ်လေ အကြောင်းအရင်းမရှိဘဲ ဒေါသထွက်လေ့ရှိပြီး လူအများဖြင့် မည်သို့မည်ပုံ ကောင်းကောင်း ဆက်ဆံရမည်ဆိုသည်ကိုလည်း မသိသည့်အပြင် စကားပြောရာ၌လည်း တော်တော့်ကို အသံကျယ်သောကြောင့်ဖြစ်ပေသည်။
သူမအမေ၏ ထိုကဲ့သို့အပြုအမူများဟာ သူမ၏ အတန်းဖော်များအကြား၌ အရှက်ရဖွယ် ဖြစ်လာပေတော့၏။
သူမ ထင်ခဲ့မိသည်က တကယ်လို့ သူမ၏အမေက ဖူရွယ်အာအမေကဲ့သို့ သူမကိုယ်သူမ မည်သို့မည်ပုံ ကောင်းကောင်းဝတ်ဆင်ပြီး နေထိုင်သင့်သည်ကိုသိခဲ့လျှင် သူမသည်ဝတုတ်မနေခဲ့ဘူးဆိုလျှင် ဖူကျုံးရီက သူမတို့ကို ပစ်ထားခဲ့မှာမဟုတ်ဘူးဟု တွေးခဲ့မိသည်။
မူလခန္ဓာကိုယ်ပိုင်ရှင်ဖူကျို့ တွေ့ကြုံခဲ့ရသည့်အဖြစ်အပျက်အများကြီး သူမ၏ဦးနှောက်ထဲ၌ အစီအရီ ပေါ်လာသဖြင့် အခုလက်ရှိဖူကျို့က ခေါင်းကိုက်လာလေတော့သည်။
"မင်္ဂလာပါ မစ္စတာကျန်း အဲဒါကျွန်မပါ၊ ဟုန်ဟွာပါ၊ ဖူကျို့ရဲ့အမေပါ၊ ရှင် ကျွန်မသားရဲ့ မတော်တဆမှုကို ကျေးဇူးပြုပြီး လျှော့ပေါ့ပေးလို့ရမလား၊ ဟုတ်ပါတယ် ဟုတ်ပါတယ်၊ အဲဒါအကုန်လုံးက ကျွန်မရဲ့အမှားတွေပါ၊ ကျွန်မ သူ့ကို ကောင်းကောင်းမပျိုးထောင်ခဲ့မိတာပါ"
ဖူကျို့က ဒါရိုက်တာ၏အသံကို ဖုန်းမှတစ်ဆင့် ကြားနေရသည်။ သူက သူမ၏အမေကို အရူးတစ်ယောက်ကို ဆက်ဆံသည့်ပမာ ဆူပူအော်ဟစ်နေသည်။
"မင်းတို့ကျေးလက်ဒေသက လူတွေက ကိုယ့်ကလေးကို ဘယ်လို ကောင်းကောင်း ပျိုးထောင်ရမှန်းမသိကြဘူးနဲ့တူတယ်၊ ဒီလိုကိစ္စကြီးမျိုးကို ဒီတိုင်းကျော်ပစ်သွားဖို့ မင်းမျှော်လင့်နေတာလား"
အမှန်တကယ်ဆိုရင် လူတိုင်းမှာ သူ့မာနနဲ့သူရှိကြတာပဲ။
ဟယ်ဟုန်ဟွာ သူမအမေက ကျေးလက်ဒေသကလူဟု အခေါ်ခံရသည်ကို အမုန်းဆုံးဖြစ်လေသည်။
ဖူကျို့ မှတ်မိသည်က စျေးရောင်းသမားတစ်ဦးသည် သူမအမေကို ကျေးလက်ဒေသလူဟု ဆိုကာ နှိမ့်ချစွာ ပြောဆိုဆက်ဆံခဲ့ဖူးလေသည်။
ဟယ်ဟုန်ဟွာက ချက်ချင်းပဲ ထိုလူကို ခွန်းတုံ့ပြန်လေတော့၏။
"ကျေးလက်ဒေသကလူတွေဘာများမှားနေကြလို့လဲ၊ လယ်သမားတွေက သူတို့လက်နဲ့သူတို့စီးပွားရှာပြီး သူတို့မိသားစုကို ထောက်ပံ့ပေးနေတာပဲ၊ ကျွန်မအခုရှင့်ကိုပိုက်ဆံလျော့ပေးနေလို့လား၊ ကျွန်မ အခု ရှင့်ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံနေလို့လား၊ အခုလို မတိုးတက်သေးတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကို ပြန်သွားကြည့်၊ ရှင့်ရဲ့ဘိုးဘွားမိဘတွေကရော လယ်သမားတွေမဟုတ်ဘူးလား ကျေးလက်ဒေသက လူတွေ မဟုတ်ဘူးလား"
ထိုအချိန်က ဟယ်ဟုန်ဟွာ ဟာ ရှေးခေတ်ပုံပြင်များကသူရဲကောင်းတစ်ယောက်လို ယုံကြည်မှုအပြည့် ရှိနေပေ၏။
အခုတော့ သူမသည် ဖူကျို့၏အနာဂတ်ပညာရေးအတွက် အောက်ကျို့ခံနေရပြီး ဖုန်းမှတစ်ဆင့်
 "ဟုတ်ကဲ့ပါ"ဟု သူမ မှားသည်ဖြစ်စေ မမှားသည်ဖြစ်စေ တတွတ်တွတ်တောင်းပန်နေရပေသည်။
အရာအားလုံးဟာ ဖူကျို့အတွက်ပဲဖြစ်လေသည်။
ဖူကျို့က သူမ၏ခံစားချက်များကို ထပ်ပြီးတော့မထိန်းချုပ်ထားနိုင်လေတော့ဘူး။ သူမ၏အိတ်ကပ်အတွင်းကို လက်တစ်ဖက် ထိုးထည့်ပြီး သူမအမေဆီကို လျှောက်သွားလိုက်လေသည်။ ထို့နောက် ကျန်လက်တစ်ဖက်ဖြင့် ဖုန်းကိုဆွဲလုလိုက်လေတော့သည်။
ဟယ်ဟုန်ဟွာက လှည့်လိုက်ပြီးတော့ သူမကို အံ့သြစွာဖြင့် ကြည့်လိုက်လေတော့သည်။ ဖုန်း၏ အခြားတစ်ဖက်၌ ဒါရိုက်တာက  á€Ąá€‘က်စဎးက လေသံဖြင့်
"ကောင်းပြီ ခင်ဗျားသားအတွက် လုံးဝမျှော်လင့်ချက် မရှိတော့တာမဟုတ်ပါဘူး၊ စာသင်နှစ်တစ်ဝက်ကတော့ ကျိုးသွားပြီ၊ ကျောင်းအစကနေပြန်တက်ပြီး ကျောင်းမှာ ကောင်းကောင်း နေနိုင်ဖို့ဆိုတာက ခက်ခဲတယ်မလား၊ ခင်ဗျားတို့လိုလူတွေက ဒီလိုဟာတွေ နားလည်မှာမဟုတ်ပါဘူး၊ ဒါပေမဲ့ ကျောင်းတွေက ဒီလိုပဲ၊ စဥ်းစားကြည့် ခင်ဗျားသားကိုကျောင်းပြန်တက်စေချင်ရင် ငွေအချို့ပေးပြီး ခင်ဗျားရဲ့စိတ်လေးကို ပြပေးရမယ်လေ၊ လူတိုင်းက ကျောင်းကောင်းမှာ မတတ်နိုင်ကြဘူးလေ မဟုတ်ဘူးလား "
ဖူကျို့၏မျက်လုံးများက ထိုစကားကိုကြားလိုက်သည်နှင့် အေးစက်သွားလေတော့သည်။ သူမ၏ လှပသည့်မျက်နှာလေး၌ ဘယ်သောအခါမှ မတွေ့ဖူးသည့်ထက်မြက်ခြင်းတစ်မျိုး ပေါ်ပေါက်လာလေတော့သည်။
သူမ၏ငွေရောင်ဆံပင်ဖြင့် ဖူကျို့က အထက်တန်းကျသည့် သွေးစုပ်ဖုတ်ကောင်နှယ် ခံ့ညားနေပေတော့သည်။
"မှန်တာပေါ့ သိပ်မှန်တာပေါ့ ငါတို့လိုတောကလူတွေက ဒီလိုသောက်ချီးထုပ်တွေအကြောင်း ဘယ်နားလည်ပါ့မလဲ ဟုတ်တယ်ဟုတ်၊ ဒါပေမဲ့ မိဘဆီကနေ လာဘ်ငွေကို ပေါ်တင်တောင်းတယ်ဟုတ်လား၊ ဟက် ဒါရိုက်တာကျန်း ခင်ဗျားထမင်းငတ်ချင်နေတာလား ဒါမှမဟုတ် အလုပ်လုပ်ရတာ ပျင်းလာလို့များလား"
…

အပိုင်း(၁၉) ငါလေးကို လာတောင်းပန်ကြစမ်း
ထိုစကားကို ကြားပြီးသည်နှင့် ကျောင်း၏ဒါရိုက်တာက ဒေါသထွက်သွားကာ
"ကောင်းပြီ ကောင်းပြီ ကောင်းပြီ ဖူကျို့ မင်းနိုင်တယ်၊ ငါတို့ကျောင်းက မင်းလိုအဆင့်အတန်းမရှိတဲ့သူကို ပညာသင်မပေးနိုင်ဘူး အိုခေ၊ မင်းနားထောင် တကယ်လို့ မင်းအမေက ငါ့ကို တောင်းပန်ရင်တောင်မှ ငါမင်းအတွက်ဘာမှလုပ်ပေးဖို့အစီစဥ်မရှိဘူး၊ အမှိုက်နဲ့တူတဲ့မင်းက မင်းသွားချင်တဲ့နေရာကိုသွားလို့ရတယ် အိုခေ"
"ဂွက်"
သူဖုန်းချသွားခဲ့လေပြီ။
ဟယ်ဟုန်ဟွာက ကြောင်သွားပြီး သူမ၏လက်များဖြင့် ဖူကျို့လက်မောင်းကို ဆကိဖက်တွယ်ထားဆဲ။
ဖူကျို့က မိန်းကလေးတစ်ယောက်ဖြစ်သော်ငြားလည်း သူမ၏အရပ်က ၅ပေ ၈ လက်မ ဖြစ်လေသည်။ သူမက ဟယ်ဟုန်ဟွာထက် ခေါင်းတစ်လုံးစာ ပိုမြင့်လေသည်။
"ကလေး ဘာလို့ပုံမှန်လေးပဲ ဖြစ်နေရတာလဲ"
ဟယ်ဟုန်ဟွာက စိတ်လှုပ်ရှားလွန်းလှသဖြင့် ဒေါသထွက်ရန် မေ့နေလေသည်။ ယခုချိန်၌ သူမ လုပ်ချင်သည့် တစ်ခုတည်းသောအရာက သူမ အောက်ကျို့ခံပြီး ဖုန်းနောက်တစ်ကြိမ် ထပ်ဆက်ရန် ဖြစ်လေသည်။
ဖူကျို့က သူမ၏လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီးညင်သာစွာပြောလိုက်သည်။
"အမေ သမီး ဒီကျောင်းနဲ့ပတ်သက်ပြီးခေါင်းရှုပ်မခံဘူး အမေ ဒီလောက်ထိလုပ်ဖို့မလိုပါဘူး "
ဟယ်ဟုန်ဟွာက လုံးဝကိုကြောင်အမ်းသွားပြီး သူမခေါင်းက ချာချာလည်လာသလိုမျိုး ဖြစ်လာလေသည်။ သူမ၏သမီးက သူမကို အမေဟု မခေါ်တော့သည်မှာ တော်တော်ကြာခဲ့ပြီဖြစ်လေသည်။
အခု အခုတော့။
ထိုကဲ့သို့ ရန်တွေချည်းဖြစ်နေတာက မည်သည့်အချိန်မှစမှန်း သေချာမသိသော်ငြား သူတို့သားအမိက တွေ့လိုက်သည်နှင့် ချက်ချင်း တစ်ယောက်နှင့်တစ်ယောက် ရန်ပဲဖြစ်ကြလေသည်။
သူမ သိသည်က သူမ၏သမီးဟာ ဘယ်တုန်းကမှ သူမကို မတွေ့ချင်ခဲ့ဘူးဆိုသည်နှင့်  á€žá€°á€™ ကျောင်းကိုလာသည်ကိုလည်း မနှစ်မြို့ဘူးဆိုတာပဲ ဖြစ်သည်။
နောက်ဆုံးတစ်ကြိမ် သူမလက်ကိုကိုင်ပြီး အမေဟုခေါ်ခဲ့ဖူးသည်က အရမ်းကိုကြာလွန်းလှသဖြင့် သူမ မှတ်တောင်မမှတ်မိတော့လေဘူး။
ဟယ်ဟုန်ဟွာက အခုထိ သူမ နား ကိုမယုံနိုင်သေးဘူး။
ဖူကျို့က သူမကိုပြုံးပြလိုက်ကာ ခေါင်းကို နောက်လှည့်လိုက်ပြီးတော့ သူမ၏အနောက်က ချန်ရှောင်တုံးကို ပြောလိုက်လေသည်။
"ငါ့အမေ အခုထိဘာမှမစားရသေးဘူး၊ စားဖိုမှူးကို ဟင်းတွေ ချက်ဖို့သွားပြောလိုက်၊ အာ ပြီးတော့ အာလူးစွပ်ပြုတ် လုပ်ပေးဖို့မမေ့နဲဦးလို့ပြောလိုက်"
" ဟုတ်ကဲ့ သခင်လေး"
ချန်ရှောင်တုံးက ချက်ချင်းပဲ စားဖိုဆောင်ဆီ ပြေးထွက်သွားလေတော့သည် ။
တကယ်တော့ သူလည်းလန့်နေတာပဲ၊ ဘယ်အချိန်ကတည်းက သခင်လေး သခင်မကြီးကို ဒီလောက်အထိ ဂရုစိုက်သွားတာလဲ၊ အရင်ကဆို သူ သခင်မကြီးကိုမြင်လိုက်တာနဲ့ အော်ငေါက်နေကြပဲ။
 
ထိုသို့ အော်ငေါက်ပြီးသည်နှင့် သူတို့နှစ်ယောက်လုံး စိတ်ညစ်ရလေသည်။
နောက်တော့ သူတို့တစ်ယောက်နဲ့ တစ်ယောက် ဖုန်းလေးဘာလေးဘဲ ဆက်ကြတော့တယ်၊ အဲဒါက ပုံမှန်ပဲကို၊ ဒါပေမဲ့ သခင်လေး ဆေးရုံကနေ ဆင်းလာပြီးတဲ့နောက် သူ့....သူ့ကို ကြည့်ရတာ လူကောင်းတစ်ယောက်ဖြစ်လာသလိုပဲ။
ဟယ်ဟုန်ဟွာ အခုထိ စိတ်တွေရှုပ်ထွေးနေဆဲ ဖြစ်သည်။
ဖူကျို့က စားစရာအချို့ကို ယူလိုက်ပြီး သူမ ပန်းကန်သို့ မထည့်ပေးခင်အထိ သူမသည် အိမ်မက်ဟု ထင်နေဆဲပဲ ဖြစ်လေသည်။
ဟယ်ဟုန်ဟွာက သူမခေါင်းကိုလှည့်လိုက်ပြီးတော့ ဖူကျို့၏ရှုပ်ပွနေသည့် ငွေရောင်ဆံပင်ကို ကြည့်လိုက်လေသည်။ တူကို ကိုင်ထားသည့် သူမ လက်ဟာတုန်နေပေ၏။
သူမ၏သမီးက သူမ စားသောက်သည့်ပုံစံကို မနှစ်မြို့မှန်းသိသွားသည့်အချိန်မှစ ဟယ်ဟုန်ဟွာက ဖြည်းဖြည်းမှန်မှန်လေးပဲ စားသောက်တော့သည်။
ဖူကျို့က သူမခေါင်းကို လှည့်လိုက်သည်။ သူမ၏မျက်နှာက အလွန်ချောမောနေပြီး ဟယ်ဟုန်ဟွာ ဖြည်းဖြည်းချင်း စားနေသည့် ထမင်းအပေါ်သို့ အကြည့်ရောက်ရှိသွားလေသည်။ သူမ သိလိုက်လေပြီ။
ဖူကျို့က စကားတစ်ခွန်းမပြောဘဲ သူမ၏ပန်းကန်လုံးကို ကိုင်ပြီး တူဖြင့် ဟင်းများ အစုံထည့်လိုက်သည်။ ထို့နောက် ဇွန်းနှင့်အပြည့် ထမင်းလုတ် နှစ်လုတ်ကို ပါးစပ်အတွင်း ထည့်လိုက်လေသည်။ ထိုအရာက သူမ၏ပါးလေးကို ဖောင်းသွားစေပြီး ဟယ်ဟုန်ဟွာအရှေ့၌ ချစ်စဖွယ်ဖြစ်အောင် ပြုမူလေတော့သည်။
"ထမင်းစားတာတောင် အမေနဲ့စားရတာ ပိုအရသာရှိတယ်"
ဟယ်ဟုန်ဟွာက ဖူကျို့ကိုကြည့်လိုက်သည့်အချိန်၌ သူမပါးစပ်ကို အုပ်ကာ ငိုလုနီးနီးပင်ဖြစ်နေသည်။ သူမ၏ မျက်လုံးများဟာ ငိုတော့မည့်အတိုင်း နီရဲနေပေတော့သည်။
ဖူကျို့က သူမ တူကို ချထားလိုက်ပြီးတော့ သူမအမေ၏ဘေး၌ ဝင်ထိုင်လိုက်သည်။ ဖူကျို့က သူမ အမေကို ရင်ခွင်သို့ ဆွဲသွင်းလိုက်ပြီးတော့ သူမ မျက်ရည်များကို သုတ်ပေးလိုက်လေသည်။
 "အမေ အတိတ်မှာ ဖြစ်ခဲ့တဲ့အရာအားလုံးအတွက် သမီးတောင်းပန်ပါတယ်၊ သမီး နောက်ထပ် အဲ့လိုထပ်မလုပ်တော့ပါဘူးနော်"
ထိုစကားလုံးလေး အနည်းငယ်ကြောင့် ဟယ်ဟုန်ဟွာက အချိန်အကြာကြီး စိတ်တုန်လှုပ်သွားလေသည်။
မူလပိုင်ရှင်ဖူကျို့ အမြဲအထင်သေးခဲ့သည့် သည်သက်လတ်ပိုင်းအမျိုးသမီးကို သူမ ငုံ့ကြည့်လိုက်လေသည်။
ဒီလောက်အထိဆိုးခဲ့တာတောင်မှ သူမသည် သူမသမီးအပေါ်ဘယ်တုန်းကမှ လက်မလျှော့ခဲ့လေဘူး၊ ဖူကျို့တစ်ယောက် အရင်ခန္ဓာကိုယ်ပိုင်ရှင်အား " နင့်မေကလွား "လို့သာ ကျိန်ဆဲပစ်လိုက်ချင်တော့တယ်။
သည်အမေနှင့် သည်သမီးက သူတို့နှစ်ယောက်လုံး၏ ဆက်ဆံရေး ကောင်းမွန်အောင် ပြန်လည်ပြုပြင်ခဲ့ပြီးဖြစ်သည်။ ဟယ်ဟုန်ဟွာက သူမသည် မျက်နှာနီကြီးဖြင့် ဖူကျို့ကို ဘာလိုချင်သလဲဟု မေးလေသည်။ ကြည့်ရသည်မှာ သူမ ဖူကျို့အတွက်မည်သည့်အရာမဆိုလုပ်ပေးရန် အဆင်သင့် ဖြစ်နေပုံရသည်။
ဖူကျို့ သိသည်က သူမ စီးပွားရေးလုပ်ငန်းကို ဦးဆောင်နေသည်ဆိုလျှင်တောင်မှ သူမက ဖူကျိုးရီလောက်တော့ မချမ်းသာပေ။
ဖူကျုံးရီက စီးပွားရေးရှာရင်းဖြင့် အပြင်၌ အပျော်ရှာလေသည်။ ထိုအရာက သူမကို စီးပွားရေးလောက၌ ရပ်တည်ရန် အခက်အခဲတစ်ခုဖြစ်စေလေသည်။
လူတွေက သူမ မည်မျှ ရိုင်းစိုင်းကြောင်းနှင့် သူမ၏ ယောက်ျားကို မထိန်းသိမ်းနိုင်ကြောင်းတို့ ပြောပြီး ဟားတိုက်ရယ်မောကြလေသည်။ ထို့အပြင် သူမ၏ နောက်ခံအင်အားကြောင့်လည်း စီးပွားရေးလုပ်ရာ၌ အခြားသူများထက် ပိုပင်ပန်းလေ့ရှိသည်။
" အမေသမီးဘာမှမလိုပါဘူး အမေသာ စီးပွားရေးတွေအရမ်းမလုပ်ဘဲ များများအနားယူပေးရင်ရပါပြီ "
ဖူကျို့က သူမအမေ၏လက်မောင်းကို နှိပ်ပေးလိုက်လေသည်။
ဟယ်ဟုန်ဟွာက သူမ သမီး ပြောသည့်စကားကိုကြားပြီးသည်နှင့် သူမ၏ နှလုံးသားလေးဟာ နွေးထွေးလာလေတော့သည်။ အကယ်ဤ သူမ သည်အကြောင်းမပြောလျှင် သူတို့၏ဆက်ဆံရေးက ထိခိုက်စရာမရှိတော့ဘူးဆိုသော်ငြားလည်း သူမ ဒီအကြောင်းကို မပြောပြရင်လည်း ဖူကျို့၏ အနာဂတ်လမ်း မဖြောင့်ဖြူးတော့မည်ကို စိုးရိမ်မိလေသည်။ သူမက အရဲစွန့်ပြီးတော့
"ကျို့လေး သမီးစာလုပ်ရတာကို မကြိုက်ဘူးဆိုတာအမေသိပါတယ်၊ ဒါပေမဲ့လေ လူတစ်ယောက် ဖြစ်လာတယ်ဆိုကတည်းက အသိဉာဏ်နဲ့စဥ်းစားဆင်ခြင်တတ်ဖို့လိုတယ်မလား၊ ဒါကြောင့် သမီးကို ကျောင်းပြန်တက်ခွင့်ရအောင် အမေကြိုးစားပေးမယ်နော်"
ဖူကျို့က ဟယ်ဟုန်ဟွာကို စကားဖြတ်ပြောလိုက်ပြီး ထိုစကားများကို ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။
"ဒီကိစ္စနဲ့ပတ်သက်ပြီး အမေ ဘယ်သူ့မှ အကူညီလိုက်တောင်းစရာမလိုဘူး၊ ဘာလို့လဲဆိုတော့ သူတို့သမီးကို ဒူးထောက်တောင်းပန်လာအောင် သမီးလုပ်ပြမှာမို့လို့"
…

အပိုင်း (၂၀) ဖူကျို့ရဲ့ စူပါပါဝါက သောက်ရမ်းမိုက်တယ်
ဘယ်လိုဖြစ်ဖြစ် ကျောင်းပြန်တက်သည် မတက်သည်က ဖူကျို့အပေါ်၌ မူတည်လေသည်။
ဟယ်ဟုန်ဟွာက ဖူကျို့စကားကို အတည်မမှတ်လေဘဲ ထိုစကားက သူမကို နှစ်သိမ့်ပေးရန် ပြောသည်ဟု တွေးယူလိုက်လေသည် ။
အကယ်ဤ သူမသာ သည်ထက်ပို၍ အာရုံစိုက်ခဲ့မည်ဆိုရင် ဖူကျို့ ထိုကိစ္စကို ယနေ့ည၌ အကောင်ထည်ဖော်မည်ကို ခန့်မှန်းမိနိုင်လေသည်။
"သခင်လေး ညဘက်ကြီးဘယ်သွားမလို့လဲ "
 á€á€ťá€”်ရသ္ဏင်တုလးက သူမ အနောက်သို့ စိုးရိမ်တကြီး လိုက်လာလေသည်။ သူ့သခင်လေး စိတ်ရှုပ်နေသည့်အချိန်တိုင်း ကလပ်သို့သွားကာ ပိုက်ဆံသွားဖြုန်းလေ့ရှိလေသည်ကို သိနေသောကြောင့်ပင်။
ဒီတစ်ကြိမ်တော့ သခင်လေးထုတ်မပြောပေမဲ့ ကျောင်းကနေ အထုတ်ခံရလို့ ပျော်တဲ့သူဆိုတာ ဘယ်မှာရှိလို့လဲ၊ ငါနားလည်ပြီ၊ တကယ်လို့သခင်လေး ညဘက်ကြီးကလပ်သွားမယ်ဆိုရင် သူသခင်မကြီးကို ပြောမှာမဟုတ်ဘူး။
ဒါပေမဲ့ သူလန့်သွားတာက သူ့သခင်လေးက အင်တာနက်ဆိုင်သွားမယ်တဲ့လေ။
အင်တာနက်ဆိုင်။
ချန်ရှောင်တုံးက ရူးသွားမတတ် စိတ်ရှုပ်သွားလေတော့သည်။
ဖူကျို့က သူမ၏IDကို ထုတ်ပြလိုက်ပြီး ဆိုင်ပိုင်ရှင်ကို သူမအတွက် စက်တစ်လုံး အသင့်ပြင်ပေးထားရန် ပြောလိုက်သည်ကို ချန်ရှောင်တုံးမြင်လိုက်ရလေသည်။ ထိုနောက် သူမက နားကြပ်တပ်လိုက်ပြီး သူမကို ကြည့်ရသည်မှာ အလွန်ကြည့်ကောင်းနေလေသည်။
"သွား ငါ့အတွက်စုပ်လုံးသကြားလုံးတွေ ဝယ်လာခဲ့ပေး"
"ဟမ် "
ချန်ရှောင်တုံးက စိတ်ရှုပ်ထွေးနေဆဲဖြစ်သည်။
ဖူကျို့က သူမ၏ပိုက်ဆံအိတ်ကို သူ့လက်အတွင်း ထိုးထည့်လိုက်ပြီး ကွန်ပျူတာကို ဖွင့်ရန် ခလုတ်နှိ ပ်လိုက်လေသည်။
"ချောကလက်အရသာနဲ့ ရေ နှစ်ဘူးနော် ငါဒီနေရာမှာ တစ်ညလုံးနေမှာ"
"တစ်ညလုံး အင်တာနက်ဆိုင်မှာ"
ဒီနေရာမှာ သခင်လေး ဘာလုပ်မလို့လဲ။
ချန်ရှောင်တုံးသည် ယခင်ကထက်ပိုပြီး စိတ်ရှုပ်လာလေတော့သည်။
ချန်ရှောင်တုံး ထွက်သွားသည်နှင့်ချက်ချင်း ဖူကျို့က ကီးဘုတ်ကို ဖွဖွလေးနှိပ်လိုက်သည်။
ထိုနောက် သူမသည် ဆိုင်ရှင်ကို တစ်နာရီကို ယွမ်၁၀ ပေးရသည့် အင်တာနက်အမြန်နှုန်းစက် ဖွင့်ပေးရန် ပြောလိုက်လေသည်။
လူတွေကို နားမလည်နိုင်တော့ဘူး၊ ဒါပေမဲ့ အင်တာနက်ဆိုင်တွေဟာ ဂိမ်းကစားဖို့အတွက် အရည်အသွေးမီတဲ့ ကွန်ပျူတာ ကောင်းကောင်းတွေရှိကြတာပဲလေ၊ ဘာလို့ သူက ဒီစက်ကို ဖွင့်ခိုင်းရတာတုံး။
ထိုအရည်အသွေးကောင်းသည့်စက်ကို အခြေခံထားပြီး ဖူကျို့က ကျောင်း၏ကွန်ရက်လိုင်းကို ဆယ်စက္ကန့်ဖြင့် ဝင်ဟက်လိုက်သည်။ မျက်တောင်တစ်ခတ်အတွင်း၌ ကျောင်းရုံးခန်း၏ဖိုင်အကုန်လုံးက သူမ ကွန်ပျူတာ၏မျက်နှာပြင်၌ ပေါ်လာလေတော့သည်။
ရှာဖွေသည့်စက်ကို အသုံးပြုပြီး သူမက ဒါရိုက်တာကျန်းကို ပစ်မှတ်ထားသည်။
ထိုနောက် သူမ၏လက်များကို လျင်လျင်မြန်မြန် လှုပ်ရှားနေပြီး ကီးဘုတ်ကို ကျွမ်းကျွမ်းကျင်ကျင်ဖြင့် နှိပ်လေတော့သည်။ ထိုကွန်ပျူတာကိုသုံးပြီး သူမ ဘေးပတ်ဝန်းကျင်မှ  á€Ąá€á€źá€Źá€¸á€Ąá€„်တဏနက်ဆိုင်မဝဏးမသ ထောင်ပေါင်းများစွာသော ကွန်ပျူတာများ၏ အင်တာနက်လိုင်းများကိုပါ ဟက်ပစ်လိုက်တော့သည်။
သူမ၏ရည်ရွယ်ချက်က အားကောင်းသည့်အင်တာနက်လိုင်းကို အသုံးပြုပြီး ဒါရိုက်တာကျန်းအိမ်က အင်တာနက်လိုင်းကို ဝင်ဟက်ရန် ဖြစ်လေသည်။
ထိုအချိန်၌ အင်တာနက်ဆိုင်ပေါင်းများစွာက ကွန်ပျူတာများက အလုပ်မလုပ်ကြတော့ဘူး။
လူအများက ထရပ်ပြီးတော့ သူတို့၏ ကီးဘုတ်ကို တဗုန်းဗုန်းထုရိုက်ကြလေတော့သည်။
"ချီးပဲ သူဌေး ဘာတွေဖြစ်နေတာလဲ၊ ငါဂိမ်းဆော့လို့မရတော့ဘူး၊  á€—ိုင်းရပ်စ် ဝင်နေတာလား လာစစ်ပါဦး"
အစပထမ၌ ပိုင်ရှင်အကုန်လုံးက ဗိုင်းရပ်စ်ဟု ထင်ကြသော်ငြား ပါဝါခလုတ်ပိတ်ကာ စမ်းကြည့်သော်လည်း ကွန်ပျူတာက အလုပ်မလုပ်ပေ။ ထို့ကြောင့် သူတို့က ကျွမ်းကျင်သူများကို ဖုန်းဆက်ခေါ်ရပေတော့၏။
အင်တာနက်ဆိုင်၌ အလုပ်လုပ်သည့် တစ်ခုတည်းသော ကွန်ပျူတာက ဖူကျို့၏ ကွန်ပျူတာပဲ ဖြစ်လေသည်။
လူတိုင်းက စိတ်ဆိုးနေကြသည့်အချိန်၌ ဖူကျို့က သူမ၏နားကြပ်ကို တပ်ထားဆဲဖြစ်သည်။  á€žá€°á€™á ချောမောသည့်ပုံရိပ်နှင့် ငွေရောင်ဆံပင်လေးများဟာ တွဲကျနေပြီး သူမ၏မျက်လုံးကို ဖုံးအုပ်ထားသည်။ သူမ၏ သတ်ဖြတ်လိုစိတ်နှင့်ပြည့်နေသည့်အကြည့်ကိုတော့ အမှောင်ထဲ၌သာ တွေ့နိုင်ပေ၏။
ထိုသို့ ကိစ္စကြီးမျိုးကို ဟက်သည့်အတွက် သူမက သေချာပေါက် လုံခြုံရေးစနစ်ကိုတော့ သွားရောက်စစ်ဆေးရပေသည်။
ဖူကျို့က ထိုအနေအထားအတိုင်း ကီးဘုတ်ကို မလွဲစတမ်း နှိပ်နေဆဲ ဖြစ်သည်။  Enter ခလုတ်ကို တစ်ချက်နှိပ်လိုက်သည်နှင့် ဒါရိုက်တာကျန်း၏ အင်တာနက်IPက သူမ၏ USBအတွင်းသို့ ဝင်ရောက်သွားလေသည်။
ထို့နောက် သူမက အင်တာနက်ကတစ်ဆင့် ဒါရိုက်တာကျန်း၏ဖုန်းကို ဝင်ဟက်လိုက်သည်။ သူမ နောက်ဆုံးလုပ်ဖို့ ကျန်သည့်အရာတစ်ခုကတော့ ဗိုင်းရပ်စ် အသေးစားကို installလုပ်ပေးရန်သာ ဖြစ်ပြီး ဤအရာပြီးသည်နှင့် အကုန်ပြီးသွားမှာဖြစ်လေသည်။
"ဘန်း ပြီးပြီ"
ဖူကျို့က သူမ၏မျက်လုံးကို မှေးစင်းလိုက်ပြီး အစောပိုင်းက သူမ ဟက်ထားသည့် အင်တာနက်လိုင်းကို ပြန်ဖြန့်ဝေပေးလိုက်သည်။  á€Ąá€„်တဏနက်ဆိုင်က ဆူညံသံများအကြား၌  á€žá€°á€™á€€ ကုတ်အင်္ကျီနှင့်ဦးထုပ်ကို ဝတ်ဆင်လိုက်ပြီး စတိုင်လ်ကျကျ ထရပ်လိုက်သည်။ သူမ မထွက်သွားခင်၌ ဆိုင်ပိုင်ရှင်ကို ပြုံးပြသွားရန်တော့ မမေ့ခဲ့ဘူး။
"သူဌေး ကျေးဇူးပဲနော်"
အင်တာနက်ဆိုင်၏ သူဌေးက သူမကို တုံပြန်နိုင်ရန် အချိန်မရှိတော့ပေ။ သူက အင်တာနက်လိုင်းကို ပြုပြင်နေဆဲဖြစ်ပြီး သူ့ခေါင်းထဲ၌ အင်တာနက်လိုင်းကို ပြုပြင်ရန်သာ အာရုံရှိသည်။
ထူးဆန်းသည်မှာ ကျွမ်းကျင်သူများ ရောက်လာသည်နှင့်ချက်ချင်း ကွန်ပျူတာအကုန်လုံးက အလုပ်ပြန်လုပ်လာလေတော့၏။
သောက်ကျိုးနည်း ဘာတွေဖြစ်ကုန်တာလဲ။
…
 

Search Novels