အပိုင်း (၁၁) ချင်မို့လက်မောင်းအတွင်းသို့ ဖူကျို့လဲကျသွားခြင်း
အတန်းထဲ၌ ဖူကျို့၏နှုတ်ခမ်းပါးလေးများက ဖွင့်ဟလာပြီးတော့"ပြီးပြီ"ဟူသော စကားလုံးနှစ်လုံးကို အသံကျယ်ကျယ်နှင့် ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်သည်။ 
ဖူကျို့က လက်ကောက်ဝတ်ကို ဆန့်ထုတ်လိုက်ရင်းဖြင့် နှစ်လိုဖွယ် ပြုံးလိုက်သည်။ ထောင်ထားသည့်စာအုပ်ကို ပြန်ချလိုက်ပြီး နဂိုမူလအတိုင်း ခပ်ဆိုးဆိုး ကျောင်းသားအဖြစ်သို့ ပြန်သွားလိုက်လေသည်။ 
သူမ အခုလေးတင် ပရိုကျတဲ့ဟက်ကာတစ်ယောက်ကို အနိုင်ပိုင်းလိုက်တယ်ဆိုတာကို ဘယ်သူမှတော့ သိမှာ မဟုတ်ဘူး။ 
အတန်းချိန်၏ တတိယအချိန်တစ်ဝက်လောက်၌ ဖူကျို့က နေ့လယ်စာ ဘာစားရမလဲဆိုသည်ကို တွေးတောနေသည်။ ထို့နောက် ကျောင်း၏အသံလွှင့်စက်မှတစ်ဆင့် စိတ်လှုပ်ရှားနေသည့် အသံတစ်သံက လွင့်ပျံ့လာသည်။ 
"အားလုံးပဲမင်းတို့ရဲ့ စီနီယာချင်မော့ဟာ ချင်မိသားစုရဲ့ ကုမ္ပဏီကိုယ်စား ငါတို့ကျောင်းကို အလည်ပတ်လာလိမ့်မယ်..."
ထိုလူ၏ ပြောစကားမဆုံးခင်မှာပင် ကျောင်းသားကျောင်းသူတိုင်းက အော်ဟစ်ကြလေတော့သည်။ 
"အား.."
ချင်မော့ဟာ တကယ့်ကို ဘုရားသခင်ရဲ့ကောင်းချီးပေးခြင်းကိုခံရတဲ့ နတ်ဘုရားတစ်ပါးအလား ငွေဇွန်းကိုက်ပြီးမွေးလာလေတယ်။ သူ့မိသားစုရဲ့အင်အားဟာလုပ်ငန်းသုံးခုကို ဖြန့်ကျက်ထားပြီးတော့ သူကတော့ဂိမ်းလောကကိုစိုးမိုးထားပေတယ်။ 
သူက တော်တော်လေးကို လျှို့ဝှက်တတ်တဲ့လူစားမျိုး ဖြစ်ပြီးတော့ တကယ်လို့ သူ ကျောင်းကို ရောက်လာတယ်ဆိုရင်တောင်မှ လူလုံးထွက်ပြလေ့မရှိဘူး၊ သူကအမြဲလိုလိုကုမ္ပဏီမှာဒါမှမဟုတ် သူ့အသင်းနဲ့ အတူတူရှိနေတတ်တယ်၊ သခင်လေးချင်ဆိုတာက လက်လှမ်းမမှီတဲ့ပန်းလို ခူးဆွတ်ရခက်တဲ့သူမျိုးဖြစ်တယ်။ 
အကယ်ဤ လူတို့က သူ့ကို လူချင်းတွေ့ချင်လျှင် သူ၏ သန်းနှင့်ချီသော ပရိသတ်များနှင့် ချင်မော့live လွှင့်နေစဉ်အတောအတွင်း၊ သို့မဟုတ် ဂိမ်းပြိုင်ပွဲများ၌ တိုက်ရိုက် ထုတ်လွှင့်ပြသနေသည့် အချိန်မျိုးတွင် ဦးစွာ ယှဉ်ပြိုင်ရန် လိုလေသည်။ 
အခုတော့ သူကျောင်းကို အလည်လာမယ်တဲ့လား။
ဒီကျောင်းမှာ ရှိတဲ့ ကျောင်းသားကျောင်းသူအကုန်လုံးဟာ စိတ်လှုပ်ရှားပြီး ပျော်လွန်းလို့ ထိုင်တောင်မထိုင်နိုင်ကြတော့ဘူး။
ဖူကျို့တစ်ယောက်သာလျှင် သူမ၏ထိုင်ခုံ၌ ပျင်းရိပျင်းတွဲ ထိုင်ကာ အညောင်းဆန့်နေလေသည်။ 
ကြည့်ရတာတော့ ဒီနေ့နေ့လယ် အတန်းချိန် ရှိတော့မှာ မဟုတ်ဘူးနဲ့တူတယ်၊ နောက်ထပ် ယွမ်၅၀၀လောက် ရဖို့ ဂိမ်းနောက်ထပ်၂ပွဲလောက် ထပ်ဆော့ဖို့လိုသေးတယ်။
 
ချင်မော့ကို ကြိုဆိုရန်အတွက် သစ်ပင်အရိပ်များဖြင့် ဖုံးအုပ်နေသသည့် လမ်းလေးက အမှိုက်ဟူ၍ တစ်စတောင် ရှာမတွေ့တော့ချေ။ ကျောင်း၏အကြီးအကဲများကလည်း  á€á€°á€Šá€Žá€á€á€şá€…ုလကို ဝတ်ဆင်ထားပြီး စောင့်နေကြလေသည်။ 
တစ်နာရီခွဲခန့် ကြာပြီးသည့်နောက် တပ်ကား၃စင်းက ဆိုက်ရောက်လာလေသည်။ ထိုကားအားလုံးက အမည်းရောင်ဖြစ်ပြီး ရိုးရိုးရှင်းရှင်းသာ ဒီဇိုင်းဆင်ထားသည်။ သို့သော် သူတို့၏ ချမ်းသာကြွယ်ဝမှုကိုတော့ ဖုံးကွယ်မထားနိုင်ခဲ့ပေ။ 
"အားးး"
နောက်ထပ်တစ်ကြိမ် အော်ဟစ်သံများ ဆူညံလာပြီး ကျောင်းတစ်ကျောင်းလုံးကို ဖုံးလွှမ်းသွားပေတော့သည်။ ကျောင်းသားအားလုံးက ဦးတည်ချက်တစ်ခုတည်းကိုပဲ ပျားများပမာ စုအုံနေကြပေတော့သည်။ 
အနက်ရောင်ဝတ်ဆင်ထားသည့် ဘော်ဒီဂတ်များက လမ်းတစ်လျှောက် ရပ်လိုက်ပြီး တိုးကြိတ်နေသည့် လူအုပ်ကို ထိန်းထားရလေသည်။ 
ဘယ်ဘက်ကို ကြည့်လိုက်မယ်ဆိုရင်ဖြင့် ကြိတ်ကြိတ်တိုးနေသော လူအုပ်ကြီးကို မြင်ရမှာဖြစ်ပြီး ညာဘက်ကို ကြည့်လိုက်မယ်ဆိုရင်ဖြင့် တအားအားအော်ဟစ်ကာ ကြိတ်ကြိတ်တိုးနေသောလူအုပ်ကိုပါ ထပ်မြင်တွေ့ရမှာဖြစ်ပါတယ်ရှင်။ 
လူအုပ်ကြီးက တိုးဝှေ့သည်ထက်တိုးဝှေ့လာကြပြီး ကားပေါ်က ဆင်းလာသည့်သူက သခင်လေးချင်မှ ဟုတ်ရဲ့လားဟု ကိုယ်တိုင် အတည်ပြုချင်နေကြသည်။ 
ဖူကျို့တစ်ယောက်သာလျှင် လူအုပ်အလည်၌ မထူးမခြားနားစွာ ထီးထီးကြီးရပ်နေသည်။ 
သူမက စစကတော့ ကျောင်းကအကြီးအကဲတွေ ဒီလူကို သွားကြိုနေတုန်း အတန်းထဲမှာနေပြီး ဂိမ်းအတွက် ပိုက်ဆံရှာနိုင်မယ်လို့ တွေးထားတာလေ။ ဒီလူကို ကြိုဖို့အတွက်များ ကျောင်းမှာရှိတဲ့လူတွေအကုန်ကို ထွက်စုခိုင်းရတယ်လို့။ 
ချင်ရှောင်တုံးပြောခဲ့သလိုမျိုးပဲ ချင်မော့ရဲ့မိသားစုအင်အားဟာ ဖူမိသားစုထက် အစပေါင်းများစွာ သာလွန်တယ်ဆိုတာက ဒီဟာပဲဖြစ်မယ်ထင်တယ်။ ပြီးတော့ သူက ဒီနိုင်ငံရေးအသိုင်းအဝိုင်းထဲမှာ မွေးလာတာဖြစ်ပြီး သူ့အဘိုးကလည်း နိုင်ငံရဲ့အရေးကြီးတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်လေတယ်။ 
အမှန်ဆိုရလျှင် ကျန်းမြို့၏ ထိုအလယ်တန်းကျောင်းက ချမ်းသာသည့်လူတော်တော်များများသာ တက်ရောက်နိုင်ကြလေသည်။ တခြားလူများကို အရမ်းအနိုင်ကျင့်တတ်သည့် ဟော်စီယွီကလည်း ချမ်းသာသည့် အသိုင်းအဝိုင်းမှ တစ်ယောက်ဖြစ်လေသည်။ သူမ၏မျက်လုံး၌တော့ ဖူကျို့က အမြဲတမ်း ထုံထုံအအဖြင့် လူတောမတိုးနိုင်သည့်သူဟု မြင်နေတုန်းဖြစ်သည်။ 
ထို့ကြောင့်လည်း သူမက ဖူကျို့ကို အနိုင်ကျင့်ရန် ကြိုးစားတာဖြစ်သည်။ သို့သော် အရင်တစ်ခါက ဖူကျို့ကြောင့် သူမအရှက်ကွဲခဲ့ရတာကို စဉ်းစားမိတိုင်း ဖူကျို့ကို အသည်းထဲနှလုံးထဲကကို မုန်းသည်။ ဟော်စီယွီက ဖူကျို့ ဘာလို့ ရုတ်တရက် ဒီလောက်တောင် ကိုင်တွယ်ရခက်ခဲသွားတာလဲဟု စဉ်းစားမရဖြစ်နေသည်။ 
သူမ ထင်တာကတော့ ဖူကျို့က ဆရာတစ်ယောက်ရှာတွေ့ပြီး မိမိကိုယ်ကို ကာကွယ်ရမည့် နည်းလမ်းများကို အိမ်မှာ သင်ကြားတာဖြစ်လိမ့်မည်ဟု ထင်မိလေသည်။ 
ဒါပေမဲ့ ဒီနေ့တော့ ဒါတွေကအရေးမကြီးဘူး၊ အခုတော့ သူမက သူ့ကို လူတွေအများကြီးရှိတုန်းအချိန်လေးမှာ အရူးတစ်ယောက်ဖြစ်စေချင်တယ်။ 
ဟော်စီယွီက သခင်လေးချင် ဖြတ်လျှောက်သွားမည့်လမ်းကို မျက်စိကျနေပြီး သူမ၏ရှေ့၌ ဖုန်းကလိနေသည့် ဖူကျို့ကို တစ်လှည့် ကြည့်လိုက်သည်။ ထို့နောက် သူမက ဖြည်းဖြည်းချင်းအရှေ့ကိုတိုးသွားပြီး လူများ၏အာရုံက သူမ ပတ်ဝန်းကျင်၌ မရှိတာ အတည်ပြုလိုက်သည်။
"ဝုန်း..."
သူမက ဖူကျို့ကို ရက်ရက်စက်စက် တွန်း ထုတ်လိုက်သည်။ ထိုအချိန်၌ ဖူကျို့က နေ့လယ်ကျရင် လက်တော့အတွက် ဘယ်အပိုင်းတွေဝယ်ရမလဲဆိုတာကို တွေးတောနေသည်။ သူမ မတုံ့ပြန်နိုင်ခင် သူမ၏ခန္ဓာကိုယ်ဟာ အရှေ့ကို ညွတ်ကျသွားပြီးတော့ တစ်စုံတစ်ယောက်၏ လက်မောင်းအတွင်းသို့ တည့်တည့်ကြီး ပစ်လဲကျသွားလေတော့သည်။ 
…

အပိုင်း(၁၂) ချင်မော့ရဲ့အထိမခံနေရာအား ဖူကျို့ထိလိုက်မိခြင်း
အရာအားလုံးက ဖြစ်ပျက်တာမြန်လွန်းလှသဖြင့် ဘော်ဒီဂတ်တွေဟာ ဒီကိစ္စကို မကိုင်တွယ်နိုင်ခဲ့လေဘူး။ 
ချင်မော့တစ်ယောက်သာလျှင် သူ့လက်မောင်းအတွင်းသို့ တစ်စုံတစ်ခု ပစ်လဲကျလာတာကို ခံစားလိုက်ရလေသည်။ သူ၏ဘယ်ဘက်ခြေလှမ်းကို ပြန်ဆုတ်လိုက်ပြီး သူ့မည်းနက်နေသည့် မျက်ဝန်းတစ်စုံဖြင့် ထိုအရာအား စိုက်ကြည့်လိုက်သည်။ 
"သခင်လေးချင်"
ချင်မော့၏အတွင်းရေးမှူးက စိတ်လောကာ အသံပြဲကြီးနှင့် အော်ဟစ်တော့သည်။ သူ့၏သခင်လေးကို လှမ်းဆွဲရန် လုပ်နေစဉ်ဖူကျို့က သူ့သခင်လေးရင်ခွင်သို့ ရောက်နှင့်နေပြီးသားဖြစ်လေသည်။ အရာအားလုံးက နောက်ကျသွားခဲ့ချေပြီ။ 
ဖူကျို့က သူမ၏ခန္ဓာကိုယ်ဟန်ချက်ကို မထိန်းနိုင်လိုက်တာကြောင့် မျက်မှောင်ကြုံ့လိုက်ပေသည်။ 
ဘယ်လိုပဲဖြစ်ဖြစ် သူမ ဘာဆိုလို့ဘာတစ်ခုမှတောင် မလုပ်လိုက်ခင်မှာပဲ အရာအားလုံးဟာ အပ်ကျသံတောင်မကြားရလောက်အောင်အထိ တိတ်ဆိတ်ငြိမ်သက်သွားတယ်။ သူမ အမြင်မှားတာများလား။ ဘာလို့ သူမရဲ့ လည်ပင်းအနောက်လေးမှာ အေးစိမ့်စိမ့် အငွေ့အသက်လေးရနေတာပါလိမ့်၊ ဆန့်ကျင်ဘက်အနေနဲ့ သူမရဲ့လက်ဖဝါးအောက်ကနေ အနွေးဓာတ်လေးကိုသူ မ ခံစားမိလိုက်တယ်၊  á€Ąá€˛á€’ဍက တောင့်တောင့်ကြီးဖြစ်နေပေမဲ့ အထိအတွေ့ကတော့ ခံစားလို့ကောင်းသားပဲ။ 
ဖူကျို့က အငြိမ်မနေဘဲ သူမ၏လက်ကို နှစ်ကြိမ်တိတိ လှုပ်ရှားလိုက်သေးတာကို ကျောင်း၏ အကြီးအကဲများ အကုန်မြင်လိုက်သည်။ သူတို့က အတော်လေးကို ကြောက်လန့်နေကြပြီးတော့ သူတို့၏မျက်နှာ၌ သွေးမရှိလောက်တော့သလို ဖြူရော်နေပေတော့သည်။ 
"ဖူကျို့"
ကျောင်း၏ဒါရိုက်တာက သူမကို ရိုးရိုးရှင်းရှင်း ဆွဲထူလိုက်ပြီးတော့ အဝေးကို တွန်းထုတ်လိုက်ချင်သော်ငြား ယခုတော့ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ 
ဒီကောင်စုတ်လေးက ဒီလိုနေရာမှာ ဒီအရှက်မဲ့တဲ့အပြုအမူနဲ့ပေါ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ ဒီကောင်စုတ်လေးကို ဒီနေရာကို မလာစေဖို့ သူ မပြောမိခဲ့လို့များလား။ 
ထိုသို့အနေရခက်သည့် အခြေအနေသို့ ဖူကျို့ရောက်နေသည်ကို မြင်လိုက်ရတော့ ဟော်စီယွီက ပျော်ပျော်ကြီးထရယ်ပေသည်။ 
ဒီတစ်ခေါက်တော့ ဒီငတုံးကောင်က သေချာပေါက်ဒုက္ခရောက်ပြီပေါ့ ဟားဟားဟား။ 
"ဖူကျို့ အာ အဲဒါက သခင်လေးချင်ကိုလိုက်မယ်လို့ပြောတဲ့တစ်ယောက်မဟုတ်ဘူးလား"
"အမလေး သူတကယ့်ကို ဇွဲကောင်းတာပဲ သခင်လေးချင်ရဲ့လက်ချက်နဲ့ အသတ်ခံရမှာ မကြောက်ဘူးလား မသိဘူး"
"သူရူးနေတာပဲဖြစ်ရမယ် အဲဒါကိုပဲကြည့် ယောကျာ်းတွေများ အချစ်ကြောင့် စုံလုံးကန်းဆိုတာ အဲဒါပဲပေါ့ ဝမ်းနည်းစိတ်ပျက်ဖို့ကောင်း"
ထိုသို့ တီးတိုးပြောနေကြသည့် ပတ်ပတ်လည်၌ သူ့မျက်လုံးများကို အမှိတ်ထားချင်ဆုံး တစ်ယောက်ကတော့ ချင်ရှောင်တုံးပဲဖြစ်လေသည်။ သူ တစ်ချိန်လုံးစိုးရိမ်နေသည့်အရာက ယခုကဲ့သို့ လူအများကြီးအရှေ့၌ ဖြစ်လာလိမ့်မည်ဟု သူ မည်သည့်အခါကမျှ မတွေးခဲ့မိပေ။
 
သူ ထင်တာက သူ့သခင်လေးဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက ပြောင်းလဲသွားပြီပေါ့၊ အဲဒါတွေက သူ့ရဲ့အတွင်းစိတ်ကိုဖုံးကွယ်ဖို့ လှည့်စားမှုတွေဖြစ်နေခဲ့မယ်လို့ မထင်ထားခဲ့ဘူး။ 
သူ အတန်းအေမှာ မတက်ခဲ့သင့်ဘူး၊ သူ အတန်းဒီမှာပဲ နေခဲ့ရမှာ၊ ဒီလိုဆိုရင် သခင်လေးက အသိစိတ်လွတ်ပြီး သခင်လေးချင်ကိုပြေးဖက်ရင်တောင်မှ အနည်းဆုံးတော့ သခင်လေးချင်ရဲ့ ခြေသလုံးကို ဖက်ထားလို့ရသေးတယ်လေဟာ အခုတော့။ 
သည်အချိန်၌ ဖူကျို့လည်း ပျော်ရွှင်နေသည်တော့ မဟုတ်ပေ။ သူမက မတရားခံရတဲ့သူလေ မဟုတ်ဘူးလား။ သို့သော်ငြားလည်း လူတိုင်း၏မျက်လုံးပေါ်က အကြည့်တွေကို ကြည့်လိုက်ခြင်းအားဖြင့် သည်အချိန်၌ သူမကိုဘယ်သူကမှ ယုံမှာမဟုတ်ဘူးဆိုတာကိုတော့ သူမကောင်းကောင်းသိလေသည်။ 
အဆုံးသတ်ဖို့ အချိန်ရောက်လာပြီဆိုတော့ကား ဒီအရာကို သူမစတင်ခဲ့တာမို့လို့ ဒီဟာကို သူမပဲအဆုံးသတ်ပေးမှာဖြစ်လေသည်။ 
အဆုံးသတ်ရန် အချိန်မရောက်သေးခင်၌ ဖူကျို့က သူမ၏နှုတ်ခမ်းလေးကို ကွေးညွတ်လိုက်ပြီးတော့ ပြုံးလိုက်လေသည်။ ရုတ်တရက်ကြီး ချင်မော့၏ကော်လံကိုဆွဲလိုက်ပြီး သူ၏ခံ့ညားပြီး အေးစက်နေသည့် မျက်နှာဆီသို့ တိုးသွားလိုက်လေသည်။ ထို့နောက် 
"ခန္ဓာကိုယ် တောင့်တောင့်လေးပဲ ဘဒို"
ပြောရမယ်ဆိုရင် အဲဒါက မြူဆွယ်တာများလား။ 
ချင်ရှောင်တုံးက ကြောက်လွန်းလှ၍ ချွေးများ တပြိုက်ပြိုက်ကျလာလေတော့သည်။ 
သခင်လေးရူးသွားပြီ တကယ်ရူးသွားပြီ၊ မိန်းကလေးတွေနဲ့ အီစီကလီရိုက်တာက ရသေးတယ်၊ သခင်လေးချင်ကိုတောင်မှ အီစီကလီရိုက်လိုက်သေးတယ်တဲ့လား၊ သူကအကောင်ကြီးကြီးဆိုတာကို မသိလေရော့လား။
လူတွေဟာ ဖူကျို့ဆီက ဒီစကား ထွက်လာမယ်လို့မမျှော်လင့်ထားခဲ့ဘူး။ 
အခြားတစ်ဖက်၌ ကြောင်ပေါက်စနှင့်တူသည့်လူက လုံးဝကိုဆွံ့အသွားပြီး ယုန်အရုပ်နားရွက်ကို ကိုက်မိလုနီးပါးအထိကို ကြောင်အမ်းသွားလေတော့သည်။ 
အခြားတစ်ဖက်၌ ကျောင်း၏အကြီးအကဲတွေက ဖူကျို့ကို  á€…ိစိညက်ညက်ဖဟစ်ဥ္ဏင် အမှုန့်ကြိတ်ခြေပစ်ချင်နေကြပေ၏။ ချင်မော့၏မျက်လုံးများက လုံးဝကို အနှုတ်မှတ်ပြသည်အထိ အေးစက်သွားလေတော့သည်။ သူ့၏အေးစက်နေသည့် အငွေ့အသက်တွေဟာ ဘေးပတ်ဝန်းကျင်က လူများကို အကြောက်တရားပေးနိုင်စွမ်းရှိသည်အထိကို ကျောချမ်းဖွယ်ကောင်းလွန်းလှသည်။ လူတွေက သူ့ကို ဘာလုပ်မှာလဲဆိုသည်ကို စောင့်ကြည့်နေကြပြီး သူ၏လူသတ်ချင်သည့် အငွေ့အသက်များက လူတွေ၏အသည်းနှလုံးအတွင်းအထိကို 
အကြောက်တရား ပေးနိုင်စွမ်းရှိလေသည်။ 
ချင်မော့က သူ၏အထက်စီးဆန်ဆန်အပြုအမူတွေဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်လေသည်။ 
ဖူကျို့က ယခုတော့ ချန်ရှောင်တုံး၏စကားကိုယုံသွားလေတော့သည်။  á€‘ိုခဝင်မ္ဏအက သွားရှုပ်လို့ကောင်းတဲ့လူမျိုးမဟုတ်ဘူးဆိုတာကို အခုမှနားလည်သဘောပေါက်သွားလေတော့၏။ 
စက္ကန့်အနည်းငယ်အတွင်း၌ ချင်မော့၏မျက်နှာဟာ နီးသည်ထက်နီးလာလေသည်။ သူ၏ခံ့ညားချောမောမှုများက ရုတ်တရက်ကြီးကွယ်ပျောက်သွားပြီးတော့ နောက်ဆုံးကျန်ခဲ့သည်က နေရခက်သည့် လေထုတစ်ခုသာ ကျန်ရှိလေတော့သည်။ 
ချင်မော့က နီးသည်ထက် နီးကပ်လာပြီးတော့ သူ့၏အသက်ရှုသံနွေးနွေးဟာ သူမ၏ နားအနောက်ဘက်ထိကို ရိုက်ခတ်လာလေတော့သည်။
"မင်းကဖူကျို့မလား အိမ်ကိုပြန်ရင် သေချာဂရုစိုက်ပြန် ဘာလို့လဲဆိုတော့ တစ်စုံတစ်ယောက်ရဲ့ ညာဘက်လက်လေးဟာ မကြာခင်ကျိုးတော့မှာမို့လို့ပဲ"
ချင်မော့က ဤစကားကို ဘာမှမဟုတ်သလိုလေးပဲ ပြောလိုက်ပြီးတော့ သူ့၏အသံဟာ တိုးလွန်းလှသဖြင့် နှစ်ကိုယ်ကြားပဲကြားနိုင်လောက်သည့်အနေအထား၌ ရှိနေပေ၏။ 
သို့ပေမည့် ဖူကျို့က ထိုစကား၏နောက်ကွယ်က အဓိပ္ပာယ်ကို သေချာပေါက်နားလည်လေသည်။ 
သူမကသူ့ရဲရင်ဘတ်ကို ညာဘက်လက်နဲ့ထိလိုက်မိတာပဲ ၊ ပြောရမယ်ဆိုရင် သခင်လေးချင်ရဲ့ အထိမခံနိုင်တဲ့ ရင်ဘတ်ကို ထိလိုက်မိရုံလေးနဲ့ သူမရဲ့ညာဘက်လက်ကို တကယ်ကြီး ချိုးပစ်တော့မှာလားလို့။ 
…

အပိုင်း(၁၃) ရင်ဘတ်ကိုထိလိုက်တာက ချီးကျူးနည်းတစ်မျိုးလား
အခုရန်ပွဲဖြစ်တော့မှာလား။
 á€–ူကဝိုအက မည်သူ့ကိုမှ ကြောက်ရွံခြင်း မရှိပေ။ သို့ပေမည့် သူမက အကြောင်းအရင်းမရှိဘဲ တစ်စုံတစ်ယောက်နှင့် ရန်သူဖြစ်ရသည်ကို မနှစ်မြို့ပေ။
 “လူချောလေး ငါကနင့်ကိုအခုချီးမွမ်းနေတာပါဟ"
ငါ သူ့ကိုချီးမွမ်းတယ်လို့ ပြောပြီးတာတောင်မှ ငါလေးရဲ့လက်ကိုရိုက်ချိုးဦးမယ်ဆိုရင် သူ့အတွက် မကောင်းလောက်ဘူးမလား၊ ဒီအကြံအဆင်ပြေမယ်ထင်ရတာပဲ။
ချင်မော့က ရုတ်တရက်ကြီး ထရယ်လေသည်။ သို့သော်လည်း သူ၏မျက်လုံးများ၌ လူသတ်ချင်သည့် အငွေ့အသက်များရှိဆဲပင်။ သူ့ကိုကြည့်ရသည်မှာ ဒေါသထွက်လွန်းသဖြင့် ဖူကျို့ကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲချင်နေသလို။
“ငါ့ရင်ဘတ်ကိုထိတာက ချီးမွမ်းတဲ့နည်းလမ်းတစ်မျိုးလား"
“အို လူချောလေးက မိန်းကလေးမှမဟုတ်တာ ထိမိတာလေးပဲကို ဗွေမယူပါနဲ့၊ စိတ်လျော့နော် လူချောလေးကအရမ်းကြည့်ကောင်းတာပဲရယ်"
 á€–ူကဝိုအတစ်ယ္ဏက် ချင်မော့ကို ဖျောင်းဖျလေတော့သည်။
ချင်မော့၏အကြည့်များက ဖူကျို့၏လက်ကနေဖယ်ခွာသွားပြီးတော့
“သနားစရာပဲ သဘောထားကြီးတာက ငါ့သမိုင်းမှာဘယ်တုန်းကမှမရှိခဲ့ဘူး" ဟူ၍ အံကြိတ်ထားသည့်အသံဖြင့်ပြောလိုက်လေသည်။
အဲဒါက မကြာခင်ငါလေးရဲ့လက်အချိုးခံရတော့မယ်လို့ဆိုလိုတာလား။
ဖူကျို့က အတော်လေးကိုအန္တရာယ်ရှိသည့် ထိုလူကို လှည့်ကြည့်ပြီးတော့ နာကျင်နေသည့် သူမ၏လက်ကောက်ဝတ်ကို လွှဲလိုက်လေသည်။
နေရောင်ခြည်က သစ်ရွက်များကိုဖြတ်ပြီး ကွက်တိကွက်ကျား သူ၏မျက်နှာပေါ်သို့ ဖြာကျလာပြီး ထိုတောက်ပလွန်းသည့်နေရောင်ဟာ သူ၏ရုပ်ရည်ချောမော ကြည့်ကောင်းမှုနှင့် အထက်စီးဆန်မှုများကို ပိုမိုထပ်မံ ဖြည့်စွက်ပေးလိုက်သလိုပင်။
ချင်မော့က လူအုပ်၏နံဘေးမှ သာမန်ရိုးကျစွာ ဖြတ်သွားခဲ့သော်ငြားလည်း လူအုပ်ကြီးဟာ အေးစက်သည့်အငွေ့ အသက်များကြောင့် ဒူးများပါတုန်လာလေတော့သည်။
အနက်ရောင်ဝတ်ဆင်ထားသည့် ဘော်ဒီဂတ်တစ်အုပ်က သူ့၏အနောက်ကနေ တန်းစီပြီး လိုက်လာလေကြသည်။
ကြည့်ရတာ ပြဿနာ ကြီးကြီးမားမားတစ်ခုခုတော့ဖြစ်လာဦးမဲ့ပုံပဲ။
သခင်လေးချင်က ဖူကျို့ကို ထိုသို့ အလွယ်တကူ လွှတ်ပေးလိုက်သောကြောင့် ကျောင်း၏အကြီးအကဲများဟာ အံအားသင့်နေကြလေသည်။ ချင်မော့က သူတို့ကို မည်သည့်အကြောင်းအရာကိုမျှ မမေးသဖြင့် သူတို့အားလုံးဟာ တစ်ချိန်တည်း၌ စိတ်သက်သာရာရသွားလေတော့သည်။
“သခင်လေးချင်က သဘောထားကြီးတဲ့သူမို့လို့တော်သေးတယ်"
“ငါ့ကိုဒီအကြောင်းပြောပြကြပါဟ”
ကျောင်းဒါရိုက်တာက ဒီကိစ္စအလွဲကြီးပြီးသွားသည့်နောက် နဖူးပေါ်၌ရှိသည့် ချွေးစေးများ အကုန် သုတ်ပစ်လိုက်လေသည်။
ကြောင်ပေါက်စနှင့်တူသည့်လူက သူ၏ခေါင်းကို စောင်းထားပြီး သူတင်းတင်းကျပ်ကျပ်ဖက်ထားသည့် ယုန်အရုပ်လေး၏နားရွက်ကို ထပ်ကိုက်ပြန်လေသည်။
သူသိတဲ့အစ်ကိုကြီးက နောက်ဆုံးအချိန်ထိ လက်တုံ့ပြန်တတ်တဲ့သူမျိုး၊ သူပိုပြီးတည်ငြိမ်လေ သူလက်တုံ့ပြန်မယ်လူက ပိုပြီးပေးဆပ်ရလေပဲ၊ အစ်ကိုကြီးရဲ့ရင်ခွင်ထဲ ပြေးဝင်သွားတဲ့ ဖူကျို့ဆိုတဲ့လူကတော့ မကြာခင်သေတော့မှာပဲ။
ချင်မော့က အရှေ့မှ ဦးဆောင်ပြီးသွားနေလေသည်။ သူ ဘယ်သောအခါမှ မခံစားဖူးသည့် ခံစားချက်ကြီးဟာ ယခုအချိန်တိုင် သူ့ရင်ဘတ်ပေါ်၌ ကျန်ရှိနေဆဲပင်။ သူ့မျက်ဝန်းအကြည့်များဟာ မည်းနက်လွန်းသဖြင့် မဟူရာချောက်ကြီးကို မြင်နေရသည့်အတိုင်း ကြောက်ဖို့ကောင်းနေလေသည်။
ထိုကိစ္စ ဖြစ်သွားသည်မှာ မိနစ်အနည်းငယ်မျှသာ ဖြစ်သော်လည်း ကျောင်းသားများနှင့် ဆရာအားလုံးက ဆယ်နှစ်လောက် အိုစာသွားသလိုခံစားလိုက်ရသည်။
ချင်မော့ ပြန်သွားပြီးသည်နှင့်ချက်ချင်း ချန်ရှောင်တုံးက ဖူကျို့ဆီ အရူးတစ်ပိုင်းသဖွယ် မျက်လုံးကြီးပြူးကာ ပြေးလာလေတော့၏။
“သခင်လေး အခု ဘာလုပ်လိုက်လဲဆိုတာကိုရောသိရဲ့လား တကယ်လို့ သခင်ကြီးသာ သိသွားရင်အပြစ်ပေးတော့မှာဘဲဗျ၊ ပြီးတော့ သခင်လေးချင်ဆိုတာက သူ့ရဲ့အသားကို လူတွေထိမှာကို မကြိုက်တဲ့လူစားမျိုး၊ သူ့ရဲ့သည်းခံနိုင်စွမ်းကိုသွားစမ်းနေတာလားဟမ် ပြီးတော့သူ့ကိုတောင်မှ အီစီကလီသွားရိုက်လိုက်သေးတယ်၊ သခင်လေးချင်က သခင်လေးနဲ့မတူဘူး၊ သူက ဂေးမဟုတ်ဘူးဆိုတာသိထားဦးဗျ"
ဖူကျို့က သူမ၏အိတ်ကပ်အတွင်းသို့ လက်ကိုထိုးထည့်ပြီးနောက်
“ငါလေးလည်း ဂေးမဟုတ်ပါဘူးနော်” ဟူ၍ အေးအေးဆေးဆေးဖြင့် ငြင်းလေသည်။  
 “ဒါပေမဲ့ သခင်လေး ခုနက ဘာလုပ်လိုက်တယ်ဆိုတာလည်း သတိရဦး"
ချန်းရှောင်တုံးဟာ သက်ပြင်းတွေချည်း ထိုင်ချနေပေတော့သည်။
“သခင်လေး.. ကျွန်တော်သိပါတယ်၊ တကယ်လို့ကျွန်တော်သာဂေးရင် သခင်လေးချင်လို လူစားမျိုးကိုပဲ ကြိတ်ကြွေမိမှာပဲ၊ ဒါပေမဲ့ သခင်လေးဘေးနားက ကောင်မလေးတွေကို ကြည့်ဦး၊ သူတို့သခင်လေးချင် ကိ ကြိတ်ကြွေနေတာတောင်မှ သခင်လေးလို အတင်းကြီးပြေးဝင်သွားပြီး သွားဖက်တာတော့ မလုပ်ဘူးလေဗျာ"
ငါလေး ဒီအကြောင်းနဲ့ပတ်သက်ပြီး ပြန်ဖြေစရာမရှိလို့ တိုတိုတုတ်တုတ်ပဲ ပြန်ဖြေလိုက်တာကို တရားတွေ အရှည်ကြီးဟောနေလိုက်တာဟယ်။
ရုတ်တရက်ကြီး ဖူကျို့၏နှုတ်ခမ်းပါးများဟာ ကွေးညွတ်လာပြီးတော့
“တကယ်လို့ ခုနကပြောတဲ့အတိုင်းသာဆိုရင် အပျိုဖြန်းလေး သခင်လေးချင်ရဲ့ ပထမဆုံးအကြိမ်ပွေ့ဖက်မှုကို ငါလေးဆီ ပေးလိုက်တာနဲ့မတူဘူးလားပြော"
“သခင်လေး...”
ချန်းရှောင်တုံးဟာ သူမကို ပြန်လည်ချေပရန် စကားရှာမတွေ့လေတော့ဘူး။
ဒီလိုအချိန်ရောက်နေတာတောင်မှ ဒီလိုပေါက်ကရအတွေးကို သခင်လေးမို့လို့စဉ်းစားထွက်တယ်။
ဖူကျို့က သူ့ပခုံးကိုပုတ်လိုက်ပြီးတော့
 “နောက်တာပါဟ ငါလေးရှင်းပြမယ် သူ့ကို ငါဖက်ချင်လို့ဖက်လိုက်တာမဟုတ်ဘူး ကွန်ပျူတာအခန်းထဲ သွားပြီး ငါလေးသတိမထားမိခင် ဘယ်သူ ငါ့ကို တွန်းလိုက်လဲဆိုတာ သွားဖမ်းရမယ်"
“ယုံချင်စရာကောင်းလိုက်တာနော်"
ချန်းရှောင်တုံးက အတည်ပေါက်ကြီးဖြင့် ပြောနေသည်။
ဖူကျို့ဟာ သူမ၏မျက်ခုံးကို ပင့်လိုက်လေသည်။
ချန်းရှောင်တုံးက ဆက်ပြီးတော့
“သခင်လေး... ကျေးဇူးပြုပြီး တစ်ယောက်အပေါ် တစ်ယောက် ရိုးရိုးသားသားနေကြရအောင်လား၊ နောက်တစ်ကြိမ်ကျရင် သခင်လေးချင်ကိုဘာသွားလုပ်ဦးမလဲဆိုတာကိုလည်း ပြောပြဖို့မမေ့ခဲ့နဲ့သိလား အခုလိုမျိုး စပရိုက်ကြီးတော့မတိုက်ပါနဲ့နော်"
ဖူကျို့  “........”

အပိုင်း(၁၄) ငါလေး နင်နဲ့အိပ်ချင်တယ်ဆိုရင်ကော
ချန်ရှောင်တုံးက ထိုကဲ့သို့ အလွန်အမင်း စိတ်ပူသောက ရောက်နေသည့်ပုံဖြစ်နေသဖြင့် ဖူကျို့က သူ့ကို စနောက်ချင်စိတ် ပေါ်လာလေတော့သည်။
သူမက ပျင်းရိပျင်းတွဲဖြင့်
"တကယ်တော့ ငါလေး အမြဲတမ်းလုပ်ချင်တဲ့အရာတစ်ခုရှိသေးတယ်ရယ်"
"ဘာများလဲဘာများလဲ" ဟူ၍  á€á€ťá€”်ရသ္ဏင်တုလးက အလျင်စလို မေးလေတော့၏။
ဖူကျို့က ပြုံးလိုက်ပြီး လေးနက်သည့်အမူအရာဖြင့် ချန်ရှောင်တုံးကို ပြောလိုက်လေသည်။
"သခင်လေးချင်နဲ့အိပ်ဖို့"
ချန်ရှောင်တုံးက နွေခေါင်ခေါင်မိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ရပြီး တစ်ခဏတာ ဆွံ့အသွားလေတော့သည်။
ဖူကျို့က သူ့မျက်နှာကိုပုတ်လိုက်ပြီးတော့
"နောက်ထပ် အဲ့လိုရူးကြောင်ကြောင် ဂိမ်းတွေလိုမျိုး ငါလေးနဲ့လာမကစားနဲ့‌တော့၊ ဟုတ်ပြီလား ဘယ်သူပြောနိုင်မလဲ၊ ငါအဲ့လို မလုပ်နိုင်ဘူးလို့၊ လိမ်လိမ်မာမာနေပြီးသွားတော့ ဟုတ်ပြီလား"
ချန်ရှောင်တုံးက ဖူကျို့လက်မောင်းကို အားကြီးဖြင့် ကိုင်‌ဆွဲထားပြီးတော့
"သခင်လေး သခင်လေးနောက်နေတာမလား ဟုတ်တယ်မလား တစ်ခုခုတော့ပြောပါဦး"
ဖူကျို့က ရယ်လိုက်ပြီးတော့ ချန်ရှောင်တုံးကို အဝေးတွန်းထုတ်လိုက်လေသည်။ သူမ ထိုကိစ္စအ‌တွက် ဖြေရှင်းချက်‌တော့ မပေးခဲ့ပေ။
ချန်ရှောင်တုံးက သူ့သခင်လေးကိုကြည့်လေကြည့်လေ သူ၏နှလုံးသားလေးဟာ တစ်စတစ်စ မသေချာမရေရာဖြစ်လာသလိုပင်။
သွားပြီ သွားပြီ၊ အရင်တုန်းကတော့ သူ သခင်လေးချင်ကို တိတ်တိတ်လေးပဲ ခွက်ရှ်နေတာလေ၊ အခုတော့ သူနဲ့အိပ်ချင်တယ်တဲ့လား၊  á€Ąá€˛á€’ဍ ကသာမန်လူမဟုတ်ဘူးနော်၊ သခင်လေးချင်ဗျ သခင်လေးချင်၊ တကယ်လို့ သူနဲ့တစ်ညအိပ်ပြီးရင် မနက်ရောက်ရင် သခင်လေးအရိုးတခြား အသားတခြားဖြစ်တော့မှာဗျ၊ အသက်တောင် ရှင် နိုင်ပါ့မလားဆိုတာသေချာရဲ့လား။
"သခင်လေး ဘယ်အချိန်ကတည်းက ဒီလိုမဟုတ်တရုတ် အတွေးတွေ စတွေးတတ်လာတာလဲ ပြောခဲ့ဦး"
တခြားတစ်ဖက်၌ ဖူကျို့က လမ်းတစ်ပတ်လျှောက်ပြီးနောက် အနီးအနားကင်မရာများကို စစ်ဆေးကြည့်နေလေသည်။ သူမ၏နှုတ်ခမ်းထောင့်ဟာ ကော့တက်လာပြီးတော့ ပြုံးလိုက်သည်။
အင်တာနက်ရှိနေသရွေ့ သူမကို ဘယ်သူတွန်းလိုက်လဲဆိုတာကိုရှာတွေ့ဖို့က လွယ်လွယ်လေး။
ဖူကျို့က သူမ၏tabletကို ပြင်ဆင်ပြီးသည်နှင့် လူအနည်းငယ်သာရှိသည့် ခေါင်မိုးထပ် ၌ ထိုင်ချလိုက်သည်။ သူမ၏လက်ချောင်းရှည်များဟာ ကီးဘုတ်ကို ထိလိုက်သည်နှင့် ကျောင်း၏ အင်တာနက်ဌာနကို ချက်ချင်းဝင်ဟက်လိုက်သည်။
သူမ ဟက်ပြီးသည်နှင့် စီစီတီဗွီက လှုပ်ရှားမှုပုံရိပ်များဟာ မျက်နှာပြင်ပေါ်၌ တစ်ခုပြီးတစ်ခုဆက်တိုက် ထွက်ပေါ်လာသည်။ ၃၂ခုသော လှုပ်ရှားမှုပုံရိပ်များဟာ windowတစ်ခုစီဖြင့် မျက်နှာပြင်ပေါ်၌ နေရာယူထားလေသည်။
ယခုလက်ရှိ၌ ဖူကျို့လက်ထဲ၌ရှိသည့်tabletက ကျောင်း၏ စီစီတီဗွီကို အတားအဆီးမရှိ sync ဖတ်နေလေသည်။ ကျောင်း၏ ကင်မရာအားလုံးဟာ သူမ၏ထိန်းချုပ်မှုအောက်ကို ရောက်နေလေသည်။
ကီးဘုတ်ကို တောက်ကနဲ တစ်ချက်နှိပ်လိုက်သည်နှင့် မျက်နှာပြင်ပေါ်၌ရှိသည့် မြင်ကွင်းတစ်ခုဟာ ရပ်တန့်သွားတော့သည်။ ဖူကျို့ဟာ lollipop တစ်ခုကိုအခွံချွတ်လိုက်ပြီးသူမ၏ပါးစပ်အတွင်းသို့ ပစ်သွင်းလိုက်သည်။ သူမ၏နှုတ်ခမ်းပါးလေးဟာ ကွေးညွတ်သွားပြီးတော့ မျက်ဝန်းများက ရေခဲတမျှ အေးစက် သွားလေတော့သည်။
"ဟော်စီယွီ လက်စသတ်တော့ သူမကိုး..."
ဒီလောက်လေးနဲ့ ဖူကျို့ဟာ ခံစားပေးမဲ့ လူစားမျိုးတော့ မဟုတ်ဘူး။
ဖူကျို့ကို မျက်မှောင် ကြုတ်သွားစေသည့်အရာကတော့ သူမ၏tablet၌ တပ်ဆင်ထားတဲ့appမှတစ်ဆင့် အချက်ပေးသံမြည်လာတာပဲ ဖြစ်လေသည်။
အံ့ဩစရာကောင်းသည်မှာ သူမ၏tabletကို ဟက်သည့်သူသည် ထိုမျှဇွဲကောင်းနေလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
ဖူကျို့ဟာ သူမ၏မျက်လုံးများကို မှေးစင်းလိုက်ပြီး
သူမ၏လက်ချောင်းများကို ထပ်မံလှုပ်ရှားလိုက်ပေတော့သည်။ ဒီတစ်ကြိမ်မှာတော့ သူမ၏ လက်ချောင်းလှုပ်ရှားမှုများက ယခင်ကထက်ပိုပြီး ရန်လိုနေဟန်၊ သဲကန္တာရတစ်ခုက သိန်းငှက်ပမာ ရက်စက်ပြီး ခပ်သွက်သွက်လှုပ်ရှားကာ တစ်ဖက်လူကို အကျပ်အတည်းထဲရောက်အောင် တွန်းပို့နေလေသည်။
"ဘန်း"
အခြားလက်တော့ တစ်ခု ပျက်သွားပြန်လေပြီ။
ဖက်တီးက  á€€á€ťá€ąá€Źá€„á€şá€¸á€›á€Żá€śá€¸á€á€”á€şá€¸áŒ ရှိနေပြီး သူ၏ပျက်စီးသွားသည့်လက်တော့ကိုကြည့်ပြီး စိတ်ပျက်ရမည့်အစား သူ့ဘေး၌ ရှိသည့်လူများကို စိတ်မကျေနပ်သည့်အမူအရာဖြင့် ကြည့်လိုက်လေသည်။
"အကိုကြီးချင် ကျွန်တော် ဖမ်းမိပြီ Spade Z ကို ကျွန်တော် ဖမ်းမိပြီ"
"ဘယ်သူလဲ”
ကျောင်း၏အကြီးအကဲများက စိတ်ရှုပ်သွားလေတော့သည်။
သခင်လေးချင်က ကျောင်းကိုအလည်လာတာဆို၊ အခုတော့လူတစ်ယောက်ကို ရှာနေတယ်တဲ့လား။
ချင်မော့၏နှုတ်ခမ်းပါးများဟာ ဖွင့်ဟလာပြီး
"နေရာ အတိအကျပြော"
"အဆောက်အဦဘီရဲ့ခေါင်မိုးထပ် သူက ကျောင်းရဲ့အင်တာနက်ကို ဟက်နေတာ"
ဖက်တီးက အလွန်အမင်းကို စိတ်လှုပ်ရှားနေပြီး
"သူဒီနေရာမှာပဲ ရှိနေဦးလိမ့်မယ်"
ချင်မော့က လုံးဝမရပ်မနားပဲ ထရပ်ကာ အဆောက်အဦိဘီဆီသို့ ခြေလှမ်းကျယ်ကျယ်ဖြင့် လျှောက်လှမ်းလေတော့သည်။
ကြောင်ပေါက်စနှင့်တူသည့်လူဟာ ယုန်အရုပ်ကို သူ့လက်မောင်းကြား ပိုက်ထားပြီး အနက်ရောင် ဝတ်ထားသည့်ဘော်ဒီဂတ်များနှင့်အတူ ခပ်သွက်သွက် ပြေးလိုက်လေတော့သည်။
ကျောင်း၏အကြီးအကဲများဟာ ယခု ဘာဖြစ်နေမှန်း နားမလည်နိုင်ကြပေ။ ခုနက ဖက်တီးပြောသည့် တစ်စုံတစ်‌ယောက်က ကျောင်း၏အင်တာနက် ထိန်းချုပ်မှုဌာနကို ဟက်သွားသည့်သတင်းကို ကြားလိုက်ရတော့ သူတို့၏မျက်နှာများဟာ ထိတ်လန့်သွားလေတော့သည်။
အဝေးတစ်နေရာက ကီးဘုတ်ပေါ်မှလှုပ်ရှားမှု၏ တဖြောက်ဖြောက်မြည်သံများဟာ ဆက်လက်ကြားနေဆဲ။
ချင်မော့၏ရှည်လျားပြီး ပိန်သွယ်သည့်ပုံရိပ်က အဆောက်အဦဘီ ၏အောက်ထပ်မှာ တည်ရှိနေသည်။
အလင်းရောင်ကို နောက်ကျောခိုင်းရပ်ထားပြီးတော့ အနက်ရောင်ဝတ်စုံကို ဝတ်ထားလျက်ဖြင့် အဆောက်အဦဘီ၏ခေါင်မိုးထပ်ကို မော့ကြည့်လိုက်သည်။ သေးငယ်သည့် ပုံရိပ်တစ်ခု၏ အလင်းရောင်က သူ့ မျက်ဝန်းနက်နက် အတွင်းသို့ ဝင်ရောက် လာလေပေ၏။
…

အပိုင်း(၁၅)Spade Zဟာ ကျောင်းသားတစ်ယောက်ပဲ
ဓာတ်လှေကား ခလုတ်ကိုနှိပ်ပြီးတော့ ဖက်တီးက ခေါင်မိုးထပ်သို့ တဟုန်ထိုး ပြေးတက်သွားလေတော့သည်။
ဒါပေမဲ့ သောက်ကျိုးနည်းစွာဖြင့် လူအရိပ်ဆိုလို့ရှာလို့တောင် မတွေ့ဘူး။ အဲဒါ ဘယ် လိုလုပ်ဖြစ်နိုင်မှာလဲ။
"အကိုကြီးချင်...."
ဖက်တီးကို ကြည့်ရသည်မှာ စိတ်ပျက်သွားပုံပေါက်ပြီးတော့ သူ့ခေါင်းကို လှည့်လိုက်ပြီး
"Spade Zက သေချာပေါက်ဒီနေရာမှာရှိရမှာ၊ ကျွန်တော် မမှားနိုင်ဘူး"
အဲ့လိုပြောပေမဲ့ အခုလူက ဘယ်မှာလဲ။
ဖက်တီးက ဘေးပတ်လည်ကို စိုးရိမ်တကြီးဖြင့် လိုက်ရှာဖွေတော့သည်။
ချင်မော့က ခေါင်မိုးထပ်ကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ သူ့၏အေးစက်ပြီး စူးရှနေသော မျက်လုံးများက ကြမ်းပြင်ပေါ်၌ကျနေသည့် သကြားလုံးခွံကို တွေ့သွားလေသည်။ ထိုသကြားလုံးခွံ၏ ဘေးနားပတ်ဝန်းကျင်က လူထိုင်ထားခဲ့သည့်ပမာ နွေးနေသေးသည်။
"တစ်စုံတစ်ယောက်က ဒီမှာ ရှိနေခဲ့တယ်"
ထိုသို့ပြောရင်းဖြင့် ချင်မော့က သကြားလုံးခွံကို ဖိနပ်ဖြင့် နင်းချေပစ်လိုက်လေသည်။ သူက ခေါင်မိုးထပ်၌ ရပ်လျက် ကျောင်းအပါအဝင် အရာအားလုံးကို ငုံ့ကြည့်လိုက်လေသည်။ ထိုအနက်ရောင်ဝတ်စုံနှင့်သူက အလွန်တရာကိုကြည့်ကောင်းလွန်းလှသဖြင့် နတ်ဘုရား တစ်ပါးနှယ် တောက်ပနေပေတော့သည်။
"Spade Zဟာ ကျောင်းသားတစ်ယောက်ပဲ"
"အကိုကြီး ချင်က ဒီဟာကို ကြည့်ပြီးပြောတာလား" ဟူ၍ဖက်တီးက မယုံသင်္ကာဖွယ် ပြောလေသည်။
"Lollipop စားပြီး အချိန်ဖြုန်းမဲ့ ဆရာဆိုတာရှိလား၊ မင်းရဲ့ပစ်မှတ်က အစကတည်းကမှားနေခဲ့တာပဲ"
ချင်မော့၏အကြည့်များဟာ ဖက်တီးဆီ ကျရောက် လာလေတော့သည်။
ဖက်တီးက သူ့အစ်ကိုကြီး၏ ကြောက်ဖို့ကောင်းပြီး လူကိုတောင့်တောင့်ကြီး ဖြစ်သွားစေနိုင်သည့် အကြည့်များကို ရင်ဆိုင်နိုင်စွမ်းမရှိပေ။
ချင်မော့ဟာ "Spade Z" ကို နောက်တစ်ကြိမ် လက်လွှတ်လိုက်ရသည့်အတွက် မပျော်ရွှင်တော့ပေ။
ဖက်တီးက သူ့နှာခေါင်းကို အရှက်ပြေလေးပွတ်လိုက်ပြီး
"အမ် အစ်ကိုကြီးကျွန်တော့်ကို အပြစ်တင်လို့မရဘူးလေ ၊ ဟီး.... Spade Z ရဲ့ အံ့မခန်း အစွမ်း တွေကို မြင်ပြီးတော့ ကျွန်တော်က ဆရာတစ်ယောက်ဖြစ် လိမ့်မယ် လို့ကောက်ချက်ချလိုက်တာပေါ့ဗျ၊ ကျောင်းသားတစ်ယောက်က ဒီလောက်အစွမ်း ထက်မယ်လို့ ဘယ်သူက ထင်မှာလဲလို့"
ကျောင်းသားတစ်ယောက်၊ အထက်‌တန်းကျောင်းသားတစ်ယောက်၊ ဘုရားရေ ကယ်တော်မူပါ၊ ဒီလို ကျောင်းသားလေးကများ  á€„ဍနဲအ ဘယ်လိုတောင် ဖက်ပြိုင်နေတဲ့ အစွမ်းတွေရှိနေရတာလဲ။
"ဖက်တီး မင်းက ကျောင်းသားတွေကို အထင်သေးတာလားဟမ်၊  á€„á€Ťá€œá€Šá€şá€¸ ကျောင်းသားတစ်ယောက်ပဲလေ ဒါပေမဲ့ငါက မင်းထက် ဂိမ်းမှာ ပိုတော်တယ်ကွ" ဟူ၍ ကြောင်ပေါက်စနှင့်တူသည့်လူဟာ လက်မခံနိုင်သဖြင့် နံရံကိုဆွဲကုတ် လေတော့သည်။
ချင်မော့က တိတ်တိတ်နေရန် သူ့လက်ကိုမြှောက်ကာ အချက်ပြလိုက်ပြီး သူ၏မျက်လုံးများဟာ တခြားတစ်ဖက်ကို ရွေ့သွားလေသည်။
အရာအားလုံးဟာ တိတ်ဆိတ်ခြင်း အတိ ဖြစ်သွားသည်။
"ငါအသံတစ်ခုကြားတယ်"
ချင်မော့က အသံပျော့လေးဖြင့် ပြောလိုက်သော်လည်း ထိုအသံက အမိန့်တစ်ခုနှင့် တူလေသည်။ ထို့နောက် သူက အေးစက်မာကြောသည့် အသံဖြင့် စကားလုံးတစ်လုံးကို ပြောလိုက်လေသည်။
"ရှာကြစမ်း"
အနက်ရောင်ဝတ်ထားသည့် ဘော်ဒီဂတ်များက ခေါင်မိုးထပ်တစ်ခွင် ပြဲပြဲစင်အောင် လိုက်လံရှာဖွေလေတော့သည်။
ရုတ်တရက်ကြီး တစ်စုံတစ်ယောက်က
"သခင်လေး ဒီဟာကဒီမှာ"ဟု ထအော်လေသည်။
အဲဒါက အမှိုက်ပုံးတစ်ခု ဖြစ်ပြီးတော့ I Pad Air2က အထဲမှာ ရှိနေတယ်။ အဲဒါက အသစ်အတိုင်း ကောင်းနေသေးပြီး ခြစ်ရာလေး တစ်စွန်းတစ်စတောင်မှ ရှာမတွေ့ဘူး။ ဒီအသံက tabletကနေလာပြီးတော့ နီးလာလေလေအသံကိုရှင်းရှင်းလင်းလင်း ပိုကြားရလေပဲ။
"Spade Zထားခဲ့တာများလား"
ဖက်တီး၏မျက်လုံးများ၌ စိတ်လှုပ်ရှားသည့်အရိပ်အယောင် ဖြစ်ပေါ်လာလေတော့သည်။
ချင်မော့က အမှိုက်ပုံးထဲက ပစ္စည်းကို ကောက်ဖို့မပြောနဲ့ လှည့်တောင်ကြည့်ခဲ့တာ မဟုတ်ဘူး။
ယခုတော့ သူက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်ပြီးနောက် အနက်ရောင်လက်အိတ်က သူ၏ဘယ်ဘက်လက်ထံ အလိုလို စွပ်ပြီးသားဖြစ်နေလေသည်။
"အဲဒါက ပျက်နေတာလား"
ကြောင်ပေါက်စနှင့်တူသည့်လူ၏ မျက်လုံးများဟာ ပြူးကျယ်သွားလေတော့သည်။
"ဘာလို့tabletကို ဒီအတိုင်းထားထားခဲ့တာလဲတဲ့"
ဖက်တီး၏မျက်နှာဟာ အီးမှန်သွားသလို ရှုံ့တွသွားလေတော့သည်။
"ငါတို့ သူ့ကို နောက်ယောင်ခံလိုက် နေတာ သူသိသွားပြီး သက်သေ အကြွင်းအကျန်တွေ အကုန်ဖျက်ပစ်ခဲ့တယ်၊ ဘယ်လောက်တောင် လူလည် ကျလိုက်သလဲ၊ သူက ငါ့ကွန်ပျူတာကို I Padနဲ့ ဖျက်ဆီးပစ်တယ်လို့တော့ မပြောနဲ့နော်"
"တကယ်လို့အဲ့လိုဆိုရင်ကော"
ကြောင်ပေါက်စနှင့်တူသည့်လူဟာ ထပ်ပြီးတော့ နားမလည်ပြန်လေဘူး။
ဒီဟာက တကယ့်ကွန်ပျူတာတစ်လုံးလို အလုပ်လုပ်နိုင်လို့လား။
ဖက်တီး၏ပုံစံဟာ တကယ့်ကိုလေးနက်နေပြီးတော့
"လက်တော့ရဲ့ အလုပ်လုပ်ပုံ အမြန်နှုန်းနဲ့ ယှဉ်လိုက်မယ်ဆိုရင် i Padက ငါးဆလောက်တော့ နှေးတယ် တကယ်လို့သူသာ i Pad ကိုပဲ သုံးတယ်ဆိုရင် လက်တော့နဲ့ဆို ဘယ်လောက် တော်လိုက်မလဲဆိုတာကို မင်းစဉ်းစားကြည့်"
ကြောင်ပေါက်စနှင့်တူသည့်လူက ထိုစကားကိုကြားပြီးသည်နှင့် အံ့ဩလွန်းသဖြင့် လုံးဝကို တေမိမင်းသား ဖြစ်သွားလေတော့သည်။
ဖက်တီးက ဖြစ်နိုင်ခြေကို စဉ်းစားပြီးသည့်နောက်၌ သူ၏မျက်လုံးများဟာ မှင်တက်သွားလေတော့သည်။
"သူ့လို i Padသုံးပြီး ဒီလို လုပ်မယ်ဆိုရင် ငါတောင်ဒီလောက်ထိ လုပ်နိုင်မှာမဟုတ်ဘူး၊ ဟက်ကာ အနေနဲ့သူ ဘယ်အဆင့်ကိုရောက်နေပြီလဲ၊ သူ့လို လူမျိုးလည်း ဒီကမ္ဘာပေါ်မှာရှိသေးတာလား၊ ပြီး‌တော့ ဒီလူက သောက်ကျိုးနည်း အ‌ထက်တန်းကျောင်းသားလေးဟ"
ချင်မော့က ဘေးဘက်၌ ရပ်နေခဲ့လေသည်။ သူ၏ပိန်သွယ်ပြီးရှည်လျားသည့်ခြေထောက်ကြောင့် နူးညံ့သိမ်မွေ့သည့်သခင်လေး ပုံပေါက်နေပေ၏။ သူ၏မျက်လုံးများဟာ မည်းနက်နေပြီးတော့ အေးစက် နေသည့် အသွင်ဆောင်နေလေသည်။ သူ၏လက်အိတ်အနက်များဟာ i Pad screenကို ဘေးဘက် ရွေ့လိုက်သည့်အချိန်၌ ရုတ်တရက်ကြီး စာလုံးတစ်လုံးပေါ်လာလေသည်။
"ဆက်ကြိုးစားလိုက်အုံး"
...
 

Search Novels