အပိုင်း(၆) ဟက်ကာတစ်ယောက်၏ အပြုအမူဖြင့် ဂိမ်းထဲတွင် ချင်မော့နှင့် တွေ့ဆုံခြင်း
ယခုလက်ရှိအချိန်၌ ဖူကျို့က အရည်အသွေးမြင့်သည့် လက်တော့တစ်လုံးအဖြစ် ပြုပြင်ရန် ပစ္စည်းအမြောက်အမြား လိုအပ်နေသည်။ သူမအိမ်၌ ရှိသည့်လက်တော့က ဂိမ်းဆော့ရန်အတွက်သာ အဆင်ပြေသည်။
သို့သော် ဝက်ဆိုက်ဘ်များကို ဟက်မယ်ဆိုလျှင်  á€á€źá€ąá€›á€Źá€œá€€á€şá€›á€Źá€€á€ťá€”်ခဲအမသဏဖဟစ်သည်။ ထို့ကြောင့် အဓိကက ပိုက်ဆံပဲ ဖြစ်သည်။
"အခုဘာပြောလိုက်တာလဲ ပိုက်ဆံရှာမှာတဲ့လား"
ကားဒရိုင်ဘာက ချန်ရှောင်တုံး ဤစကားပြောလိုက်သည်ကို ကြားလိုက်သည်နှင့် ချက်ချင်း ရှော့ခ်ရသွားတော့သည်။ သို့နောက် ရုတ်တရက်ကြီး ဘရိတ်ကိုနင်းလိုက်ပြီး နှစ်ယောက်သား ဖူကျို့ကို ဂြိုဟ်သားတွေ့လိုက်သကဲ့သို့ အထူးအဆန်း စိုက်ကြည့်ကြလေသည်။
ဖူကျို့က ကိုလာတစ်ဘူးကို လက်ထဲ၌ ကိုင်ထားသည်။ သူမ၏သေသပ်လှပတဲ့မျက်ခုံးများဟာ တွန့်ချိုးသွားပြီး
" ဘာလဲ ငါပိုက်ဆံရှာမယ်လို့ပြောတာက ဒီလောက်တောင်ထူးဆန်းလား"
"နည်းနည်းလေး"
ချန်ရှောင်တုံးဟာ သူရဲ့ခံစားချက်တွေကို နည်းနည်းလေးတောင် မဖုံးကွယ်ထားဘူး။ အရှိကိုအရှိတိုင်း ပြောချပစ်လိုက်တာပဲ။
"အဲဒါကဘယ်လိုပြောရမလဲဆိုတော့ အရမ်းထူးဆန်းနေတယ်ဗျ၊ သခင်လေးရဲ့ချမ်းသာမှုကိုကြွားဝါဖို့ နေ့တိုင်း ယွမ်တစ်ထောင် သုံးနေကြလေ၊ ဒီလိုကြွားဝါနေလို့ပဲ သခင်လေးကို ရိုက်သတ်ချင်သူတွေက များနေတာဗျာ၊ အခုကျတော့ပိုက်ဆံရှာမယ် ပြောနေတာလား လာနောက်နေတာလားဟင်"
ဖူကျို့က ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။
"လူတွေက ပြောင်းလဲတတ်ကြတာပဲ နောက်ဆိုရင် ငါလေး အရမ်းတွေမွဲလာတော့မှာ အဲဒါကြောင့် တစ်ခုခုလုပ်ဖို့ ရှာဖွေသင့်တယ်လို့ထင်တယ်"
"သခင်လေး တကယ်လို့သခင်မကြီးသာ ဒီအကြောင်းကိုကြားမယ်ဆိုရင် သူမသေချာပေါက် ညကျရင် ကောင်းကောင်းအိပ်ပျော်တော့မှာပဲ" ဟု ဒရိုင်ဘာက စိတ်လှုပ်ရှားပြီး တုန်တုန်လှုပ်လှုပ်ဖြင့် ပြောသည်။
ဖူကျို့က ကိုလာတစ်ငုံသောက်လိုက်ပြီးတော့
"အမေက သူ့စီးပွားရေးကိစ္စတွေနဲ့ အလုပ်များနေတာ သူ့ကို သွားမနှောင့်ယှက်ပါနဲ့၊ အခုပိုက်ဆံရှာဖို့ အချိန်ကျပြီ၊ ဦးလေးဝမ် ကျောင်းက ခွင့်နှစ်ရက်လောက်ယူပေးပါလား၊ အဲလိုလုပ်ကြတာပေါ့"
ချန်ရှောင်တုံး : "....."
ဒရိုက်ဘာဝမ် : "....."
ဒီလိုလေကြီးလေကျယ်ပြောပြီးတာနဲ့ နောက်ဆုံးလိုချင်တာကကျောင်းက ခွင့်ရက်တဲ့လား။
"သခင်လေး တကယ်လို့သခင်လေး အိမ်မှာနားချင်ရင် နားချင်တယ်လို့ပြောလေ၊ ပိုက်ဆံရှာမယ်ဆိုပြီး ကျွန်တော်တို့ကို လေကြီးလေကျယ်မပြောပါနဲ့" ဟူ၍ ချန်ရှောင်တုံးက တိုးတိုးလေးပြောလိုက်သည်။
ဖူကျို့က ထိုစကားကိုကြားပြီးချက်ချင်း စိတ်ဓာတ် အောက်ဆုံးထိထိုးကျသွားတော့သည်။
နောက်တော့ သူမ သတိရသွားတာက သူမဘာပဲပြောပြော အခုလက်ရှိတော့လူတွေယုံကြမှာမဟုတ်ဘူး၊ ပြီးတော့ အရင်ကသူမက ကြွားဝါပြီး မောက်မာဖို့ပဲသိတဲ့ကောင်ဆိုးလေးဆိုတော့ စီးပွားရေးနဲ့ ပတ်သက်ပြီး ဘာမှသိမှာမဟုတ်ဘူးလို့ ထင်ချင်ထင်ကြမှာပဲ၊ သူမ အကျွမ်းကျင်ဆုံးအလုပ်က ကောင်လေးချောချောလေးတွေကို ဘယ်လိုလိုက်ရမလဲဆိုတာပဲလေ၊ ဒါပေမဲ့ အဲဒါလဲကောင်းပါတယ်၊ အဲဒါက သူမရဲ့အစီအစဉ်တွေအတွက် ကာထားပြီးသား ဖြစ်တာပေါ့။
ထိုနေ့ည၌ ဖူမိသားစု၏ ဒုတိယအလွှာ၌ ဖန်သားပြင်မှတစ်ဆင့် ဖြူဖွေးနေသည့် လက်တစ်စုံဟာ ကီးဘုတ်အဟောင်းပေါ်၌ လျင်မြန်စွာ ပြေးလွှားလှုပ်ရှားနေသည်ကို မြင်နိုင်သည်။ ဤမြင်ကွင်းကို ဂိမ်းဆော့သည့် မည်သူမဆိုမြင်ခဲ့လျှင် ထိုလက်ပိုင်ရှင်က အလွန့်ကိုတော်လွန်းသည့် ပရိုဂိမ်းသမားတစ်ယောက်ဖြစ်မည်ဆိုသည်ကို အာမခံရဲမှာ အသေချာပင်။
"ဘန်း"
အားကောင်းသည့် ရိုက်ခတ်သံတစ်ခုက စတင်ထွက်ပေါ်လာသည်။
ဘော့စ်အဆုံးသတ်သွားခဲ့ပါပြီ ပထမအဆင့်ပြီးမြောက်သွားပါပြီ။
"ဖာ့ခ် သောက်ရမ်းပရိုကျတဲ့ဂိမ်းသမားလား၊ ဘယ်လိုလုပ်ပြီး ဒီလူက သရဲဘုရင်အခန်းကို လွယ်လွယ်ကူကူနဲ့ အောင်မြင်သွားတာလဲ၊ ငါ့တုန်းကဆို ဒီအခန်းကိုအောင်ဖို့ ပိုက်ဆံတွေအများကြီး သုံးခဲ့ရတာလေ၊ သူ ပထမဆုံးရှင်းလင်းနိုင်တဲ့သူဖြစ်လာမယ်လို့ ငါ မထင်ထားခဲ့ဘူး ငါ အခုသောက်ရမ်းလန့်နေပြီ"
"ဒီလူကဘယ်သူလဲ၊ ငါသူ့ကိုအလုပ်ခန့်ချင်လိုက်တာ သူ့နာမည်ကဘာလဲ၊ သူ့ရဲ့ အိုင်တမ်တွေက သောက်ရမ်းမိုက်နေလို့များလား၊ အာ သူ့မှာ အိုင်တမ် မရှိဘူးဟ၊ ပိုက်ဆံလိုနေတဲ့ အခုမှ စဆော့တဲ့ပေါက်စနလေးလိုပဲ"
"သောက်ကျိုးနည်း ဘယ်သူ့ကိုလာလိမ်နေတာလဲ၊ ဒီလိုပေါက်စနက သရဲဘုရင်ကိုကျော်ဖြတ်နိုင်ပါ့မလား"
"ငါ သူ့ကို သီးသန့်မက်ဆေ့ချ်ကနေ ဆက်သွယ်လိုက်မယ်၊ သူ့ကိုကြည့်ရတာ အသင်းနဲ့တိုက်ရမဲ့ သရဲဘုရင်ကို တစ်ယောက်တည်းတိုက်နေတာနဲ့တူတယ်၊ အခု သူ နောက်တစ်ကြိမ် ပြန်တိုက်ရတော့မယ် ထင်တယ်၊ ဂိမ်းကနေ ကြေညာတာကို စောင့်ကြည့်ရတာပေါ့"
ထိုသို့ပြောပြီးသည်နှင့် ချက်ချင်း နောက်ထပ် ပထမဆုံးရှင်းလင်းသူကို ကြေညာတဲ့ကြေညာချက်ဟာ ထွက်ပေါ်လာပြန်ပြီ။
သုံးကြိမ်မြောက် လေးကြိမ်မြောက် ငါးကြိမ်မြောက်......ဆယ်ကြိမ်မြောက်ထိ။
"Spade Z" နာမည်ဖြင့် ဂိမ်းအကောင့်က ဆာဗာတစ်ခွင်၌ ပြဲပြဲစင် ထိပ်ဆုံးမှ နေရာယူထားတော့သည်။
ဒီလိုရှင်းလင်းနိုင်တဲ့အရည်အချင်းဟာ ကွန်ပျူတာက အလိုလိုဆော့နေသလားလို့တောင်ထင်ရတယ်၊ ဒီလိုရှင်းလင်းနိုင်မှုတွေက လူတိုင်းရဲ့သွေးကိုဆူပွင့်လာစေတော့တယ်။
ပရိုကျသည့် မဟာမိတ်အဖွဲ့တစ်ဖွဲ့၌ ကြောင်ပေါက်စလေးသဖွယ် ချစ်စရာကောင်းသည့် လူတစ်ယောက်က စိတ်လှုပ်ရှားစွာ ထအော်လေသည်။
"အစ်ကိုကြီး ဒီSpade Z အကောင့်ပိုင်ရှင်ကို လာကြည့်ပါဦး၊ သောက်ရမ်းမိုက်တာနော့် သူ့ကို အလုပ်ခန့်လိုက်တော့၊ ငါတို့သူ့ကို အဖွဲ့အတွက်လိုတယ်"
ချင်မော့က ခြေချိတ်ထိုင်လျက်ဖြင့် လှည့်လာသည်။ သူ၏ မည်းနက်နေသောမျက်လုံးများအပြင် အလွန်အမင်း ဖြူနေသောအသားအရည်ကြောင့် သူ့ကို ကြည့်ရတာ အလွန့်အလွန် ကျက်သရေပေါင်းခညောင်းနေသည့် ဗန်ပိုင်းယားနှင့် တူနေသလိုပင်။ သူ၏ သက်သောင့်သက်သာရှိပြီး မည်သူ့ကိုမှ ဂရုမစိုက်ဘဲ လွတ်လွတ်လပ်လပ်နေတတ်သည့် ပင်ကိုစရိုက်ကြောင့် ချင်မော့က ဒီမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့သည်။
"လူသစ်လား"
…

အပိုင်း(၇) နတ်ဘုရားချင်မော့ အငြင်းခံလိုက်ရခြင်း
"သူက လူသစ်ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဒါပေမဲ့ သူ့အရည်အချင်းတွေက လူသစ်နဲ့ကို လုံးဝမတူတာဗျာ၊ သူ ပထမဆုံးရှင်းလင်းနိုင်တဲ့ဘွဲ့ ဆယ်ကြိမ်တိတိ ရထားတာ သခင်လေးချင်တောင်မှ ကိုးကြိမ်အထိပဲ ရတာလေ"
ကြောင်ပေါက်စနှင့် တူသည့်သူက ရုတ်တရက်ကြီး စကားပြောမှားမှန်း သိလေတော့ စကားလမ်းကြောင်းပြောင်းရန် ကြိုးစားပေသည်။
"ဒါပေမဲ့လည်း သူက အစ်ကိုကြီးကိုမယှဉ်နိုင်ပါဘူး ငါ ပြောချင်တာက သူအဲလောက်မဆိုးဘူးပေါ့ တကယ်လို့ ငါတို့ သူ့ကို ငါတို့အဖွဲ့ထဲ ရောက်အောင် ခေါ်နိုင်မယ်ဆိုရင် အစ်ကိုကြီးနဲ့တူတူ လက်တွဲလုပ်မယ်ဆိုရင် ငါတို့ "Supreme" အဖွဲ့ကြီးကလုံးဝကို ထိပ် ရောက်သွားလိမ့်မယ် ယှဉ်နိုင်မဲ့သူတောင် ရှိတော့မှာမဟုတ်ဘူး"
ချင်မော့က ဖန်သားပြင်ပေါ်၌ရှိသည့် ဂိမ်းမျက်နှာပြင်ကိုဂစိုက် ကြည့်နေသည်။ ပထမကတော့ သူ ဘာမှမပြောသော်ငြားလည်း ဖန်သားပြင်ပေါ်မှ ထိုလူက သူ၏လက်နက်ကို ချိန်းပြီး အနီး၌ရှိသည့်အရာအားလုံးကို မီးဖြင့် ဝါးမျိုလိုက်သည်ကို မြင်လိုက်ရာ သူ၏မျက်ခုံးများဟာ စိတ်ဝင်စားမှုကြောင့် အပေါ်ကိုမြင့်တက်သွားမိသည်။
 "သူ့ကိုဆက်သွယ်လိုက်"
 
ထိုကြောင်ပေါက်စဖြင့် တူသည့်လူငယ်၏ မျက်လုံးများသည် လိုချင်သည့်အရာရသဖြင့် အလွန်ပျော်နေသည့်ပုံမျိုးဖြင့် မျက်ဝန်းများက တလက်လက်တောက်ပနေတော့သည်။
အမွေးပွရုပ်ကို လက်နှင့်ကိုင်ထားရင်းဖြင့်"Spade Z, ဖူကျို့"ဆီသို့ fri request ပို့လိုက်သည်။ သိုသော်ငြားလည်း မထင်မှတ်ထားသည်က ထို "Spade Z”က သူ့fri requestကို ငြင်းလိုက်သည်ပင်။
အငြင်းခံရတယ်တဲ့လား။
ကြောင်ပေါက်စနှင့် တူသည့်ကောင်လေးက သူ၏ရင်ဘတ်အတွင်း ဒုံးကျည်အစင်း၁၀၀ခန့် ပစ်သွင်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
သူ့ဂိမ်းနာမည် ဒီမှာရှိနေတယ်လေ ဘယ်လိုလုပ်ပြီးအငြင်းခံရတာလဲဟ။
ဒီကြောင်ပေါက်စနဲ့တူတဲ့ ကောင်လေးရဲ့ဂိမ်းနာမည်က "COCO"ဖြစ်ပေမဲ့သူက နိုင်ငံအတွင်းမှာ ထိပ်တန်းဆယ်ယောက်ချိတ်တဲ့ ကစားသမားပဲလေဟာ။
ဒါပေမဲ့ အဲဒါကအဓိကမဟုတ်ဘူး။ အဓိကက သူက အလွန်ကျော်ကြားတဲ့ နာမည်ကြီးstreamerတစ်ယောက်၊ သူstreamတဲ့အချိန်တွင်း ဝင်ရောက်ကြည့်ရှုသည့်သူတွေ မီလီယံနဲ့ကိုချီပြီး ရှိတာလေ၊ ဒါပေမဲ့ ဒီလူက သူ့fri requestကို ငြင်းရဲတယ်တဲ့လား။
"ဘာကိစ္စပဲရှိရှိ သူငါ့ကိုaddလာစေရမယ်" ဟူ၍ ပြောလို့ပြီးသည့်နှင့် တခြားအကောင့်တစ်ခုကို log in ချက်ချင်း ဝင်လိုက်သည်။
"အစ်ကိုကြီး အစ်ကို့အကောင့်ရဲ့ လျှို့ဝှက်နံပါတ်ကဘာလဲ "
ချင်မော့က သူ့ကိုမတားလေဘူး။ သို့နောက် သူ့၏ပါးစပ်မှ လျှို့ဝှက်နံပါတ်များ တန်းစီပြီး ထွက်လာသည်။
COCOက ချင်မို့အကောင့်မှတစ်ဆင့် ဂိမ်းထဲသို့ ထပ်ဝင်လိုက်သည်။ သူ အကောင့်ထဲ ဝင်လိုက်ပြီးသည်နှင့် ချက်ချင်း ဆာဗာတစ်ခုလုံးက ပေါက်ကွဲလုနီးပါးအထိ အချက်ပေးစာများ ဆက်တိုက်တက်နေသည်။
"ငါအခုဘာမြင်လိုက်တာလဲ နတ်ဘုရားတစ်ပါးလား ချီးပဲ၊ အဲဒါ တကယ့်နတ်ဘုရားပဲ၊  á€Ąá€Źá€¸á€¸á€¸ ဘုရားသခင်ရေ ကယ်တော်မူပါ ကြည့်ရတာprivateလုပ်ရမယ်နဲ့တူတယ်"
COCOက ချက်ချင်းကို privateလုပ်လိုက်သည်။ သူ့အစ်ကိုကြီးaccကတစ်ဆင့် log inဝင်လိုက်ရာ ဆာဗာတစ်ခုလုံးကိုဖျက်ဆီးလုနီးပါးအထိ ဖြစ်သွားသည်။
သူက ဖူကျို့ဆီ နောက်ထပ် fri requestပို့လိုက်သည်။
COCOက သူ၏ယုန်အမွေးပွရုပ်ကို ပိုက်ထားလျက် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ဖြင့်
"ဒီတစ်ကြိမ်တော့ မင်းဒူးထောက်ရတော့မယ် ပြီးတော့ ငါ့ကိုအစ်ကိုကြီးလို့ခေါ်စမ်း ဟင်းဟင်း"
ဘယ်သူထင်မှာလဲ fri requestကိုထပ်ပြီးငြင်းလွှတ်လိုက်မယ်လို့၊ “Spade Z" မင်း တကယ်ပဲ ဘာကိုလိုချင်နေတာလဲ။
COCOက သူ့ယုန်အရုပ်နားရွက်ကို ဒေါသထွက်ထွက်ဖြင့် ထကိုက်တော့သည်။
"သူ စာမတတ်ဘူးလား၊ ဂိမ်းဆော့တဲ့ဘယ်သူမဆို ငါ တို့အစ်ကိုကြီးကိုသိတယ် အစ်ကိုကြီးက "National League" ဂိမ်းမှာဆရာတစ်ဆူဖြစ်ပြီး သူဆော့တဲ့ပုံစံတွေက အရမ်းတွေကောင်းလွန်းလို့ တီဗွီမှာကော အင်တာနက်မှာပါ ထုတ်လွှင့်ပေးခဲ့ရတာလေ၊ အဲလောက်အထိကို နာမည်ကြီးတာဟ သောက်ကောင်ရဲ့"
ချင်မော့က ရူပဗေဒစာအုပ်ကို လက်ကချလိုက်ပြီး သူ၏ညာဘက်လက်ကို ကီးဘုတ်ပေါ် တင်လိုက်သည်။ ထို့နောက်requestတစ်ခုထပ်ပို့လိုက်သည်။
"ငါက ချင်မော့ပါ"
ဖူကျို့က သူမလက်ချောင်းများအား တစ်ခဏအပန်းဖြေသည့်အနေဖြင့် လက်ချိုးကစားနေသည်။ သို့သော်လည်း fri requestက ဆက်တိုက်တက်လာသည်။
ကြည့်ရတာဒီလူ တော်တော့်ကိုအားယားနေတဲ့ပုံပဲ၊
ဖူကျို့က လက်ချိုးကစားနေသည်ကို တစ်ခဏရပ်လိုက်ပြီး သူမက စုပ်လုံးသကြားလုံးစားလျက် စာပြန်လိုက်သည်။
"အဲဒီတော့"
ငြင်းပယ်သည့် အသိပေးစာက ထပ်တက်လာပြန်သည်။ သို့သော်ငြားလည်း သည်တစ်ကြိမ်၌ စာကြောင်းတစ်ကြောင်း ပိုလာသည်။
စာပြန်လာသည်ကို မြင်လိုက်သည့်အခါ၌ COCOတစ်ယောက် လုံးဝကိုဆွံ့အသွားမိသည်။
သူ...သူဘာကိုဆိုလိုတာလဲ၊ ချင်မော့က ဘယ်သူမှန်းသိတာတောင် fri requestကိုငြင်းနေတုန်းပဲတဲ့လား။
ချင်မော့က သူ၏မျက်လုံးများကို မှေးစင်းလိုက်ကာ သူ့ကို ကြည့်ရတာ တစ်ခုခုကို လျှို့ဝှက်ကြံစည်တော့မည့်ပုံမျိုး ဖြစ်နေပြီး သူ၏နှုတ်ခမ်းထောင့်စွန်းများဟာ ကော့တက်သွားသည်။
မဖြစ်နိုင်တာ၊ သခင်လေးချင်ပြုံးလိုက်တယ်တဲ့လား သူ့ကြည့်ရတာတစ်ခုခုမှားနေပြီနဲ့တူတယ်။
CoCoက ကြောင်တောင်တောင်ဖြစ်နေရာမှ အသိဝင်လာပြီး ကီးဘုတ်ကို ဆတ်ခနဲ ဆွဲလုလိုက်ကာ စာရိုက်လိုက်သည်။
"မင်းသိတယ်ဆိုရင် ဘာလို့fri requestကိုလက်မခံတာလဲ ပြော"
တစ်ဖက်လူက တုံ့ပြန်မှုမရှိချေ။
"Offline ဖြစ်သွားတာလား"
COCO က သူ ဟာသအလုပ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
သူ့ဘာသာသူ ဟာသအလုပ်ခံလိုက်ရမှန်း မသိသေးခင်မှာပဲ ဟာသလုပ်သွားတဲ့သူက ပျောက်သွားတယ်တဲ့လား။
"အစ်ကိုကြီး.... "
COCOက သူ့ဦးခေါင်းကို သခင်လေးချင်ဘက် လှည့်လိုက်ပြီး သူ့မျက်နှာက စစ်ပွဲမစခင်ကတည်းက ရှုံးသွားပြီး မတရားခံလိုက်ရတဲ့မျက်နှာပေးလေးသဖွယ် ပြုမူနေသည်။
ဘယ်လိုတောင် မတရားလိုက်သလဲ။
…

အပိုင်း(၈) ဖူကျို့နဲ့ချင်မော့တရားဝင်တွေ့ဆုံခြင်း(၁)
ဖူကျို့ ဂိမ်းဆော့နေသည်ကို တစ်ခဏနားလိုက်သည့်အချိန်အတောအတွင်း၌ ချန်ရှောင်တုံးက သခင်မကြီးဖူ ဖုန်းမှတစ်ဆင့် ညွန်ကြားထားခဲ့သည့်မစ်ရှင်ကို သေချာထမ်းဆောင်ဖို့ ကြိုးစားလေသည်။
"သခင်လေး တကယ်လို့သခင်လေးပိုက်ဆံတကယ်လိုတယ်ဆိုရင် စာမေးပွဲမှာ အဆင့်ကောင်းကောင်း ရအောင်ကြိုးစား အဲလိုဆိုရင် သခင်မကြီးကမုန့်ဖိုးများများပိုပေးမယ်တဲ့၊ တစ်နေ့လုံး အခန်းအောင်းပြီး ဂိမ်းတွေအများကြီးဆော့ခြင်းဟာ သခင်လေးကို စမတ်မဖြစ်စေပါဘူး၊ အဲဒါက သခင်လေးရဲ့မျက်လုံးတွေကို ထိခိုက်စေနိုင်ပါတယ်၊ သခင်လေးအရင်တုန်းက ဒီလိုဂိမ်းတွေ ဆော့ရတာ မကြိုက်ဘူး ဟုတ်တယ်မလား၊ သခင်လေးချင်နဲ့နီးစပ်နိုင်ဖို့ ဂိမ်းကစားခြင်းဟာ ကောင်းတဲ့အကြံတော့ မဟုတ်ဘူးနော့်၊ ဒါပေမဲ့ သခင်လေးချင်က "National League" မှာဆရာတစ်ဆူဖြစ်နေပါပြီဆိုနေ! သခင်လေးဆယ်နှစ်လောက်လေ့ကျင့်ပြီးထိုင်ဆော့ရင်တောင် ဘယ်တော့မှသူ့ကိုမှီမှာမဟုတ်ဘူးဗျ"
"ခဏလေး အခုငါလေး ဒီလိုဂိမ်းတွေဆော့နေတာ သခင်လေးချင်ကြောင့်လို့ထင်နေတာလား" ဟူ၍ ဖူကျို့က နို့တစ်ငုံသောက်ပြီးသည်နှင့် မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
"နင့်ကို ဒီလိုသောက်သုံးမကျတဲ့အထင်မြင်ချက်တွေ ဘယ်သူပေးလိုက်တာလဲ ပြော"
ချန်ရှောင်တုံး၏ နှလုံးသားလေးက တဆစ်ဆစ် နာကျင်လာသည်။ ထို့နောက် သူ့ခေါင်းကို ခါယမ်းလိုက်ပြီး
"သခင်လေး သိပ်အတွေးလွန်နေပြီ သခင်လေး ဟိုဒရိုင်ဘာအဘိုးကြီးဝမ်ကို အရူးလုပ်လို့ရပေမဲ့ ကျွန်တော့်ကိုတော့ မရဘူး၊ ဖူမိသားစုမှာ ကျွန်တော် နေလာတာ ၃ နှစ်တိတိ ၃ နှစ်ရှိပြီဗျ၊ သခင်လေးရဲ့ စိတ်နေသဘောထား ဘာညာ ရှင်းရှင်းပြောမယ်ဗျာ သခင်လေးရဲ့ချီးက ဘယ်အရောင်လဲဆိုတာကအစ သိတယ်ဗျာ၊ သခင်လေးအိပ်ရေးပျက်များသွားတာလားဒါမှမဟုတ် ခံတွင်းပျက်နေတာလား"
ဖူကျို့ : "...."
"သခင်လေး ဝန်ခံလိုက်စမ်းပါ"
ချန်ရှောင်တုံးသည် ထိုစကားကို အတည်ပေါက်ကြီးဖြင့် ပြောနေသည်။
"အဆင့်တစ်ဆင့်တက်အောင်လုပ်မယ်လို့ သခင်မကြီးကို ကတိတစ်ခါပေးတိုင်း သခင်လေးရဲ့သတင်းကို သခင်မကြီးဆီ ကျွန်တော်မရောင်းစားဘူးလို့ ကျွန်တော်ကတိပေးတယ်"
ထားလိုက်တော့ သူမရှင်းပြဖို့ကြိုးစားလေ ပိုရှုပ်ထွေးလာလေပဲ၊ အဆင့်တစ်ဆင့်တက်အောင် လုပ်ရတာကလည်း မဆိုးပါဘူး။
ဖူကျို့က သူမ၏မေးရိုးကိုပွတ်သပ်ရင်း
"ဟိုတစ်ခေါက်က ငါလေးရဲ့အဆင့်ကဘယ်လောက်လဲ"
ချန်ရှောင်တုံးက "နောက်ဆုံးကရေရင်နံပါတ်(၁) " ဟူ၍ အားရပါးရဖြင့် အားမနာစတမ်း ပြောချပစ်လေသည်။
ဖူကျို့ ပါးစပ်အဟောင်းသားဖြင့် ဆွံ့အသွားလေမိသည်။ ထို့နောက် သူမက
"ငါ့အမေက အဆင့်တစ်ဆင့်ပဲတက်ဖို့ ကြိုးစားခိုင်းတာသေချာလား"
"သေချာပါတယ် သခင်မကြီးကပြောတယ် တကယ်လို့သခင်လေး နောက်ဆုံးကနေရေရင် နံပါတ်(၂) ရရင် ဆုပေးမယ်လို့ပြောတယ်"
ချန်ရှောင်တုံးကိုကြည့်ရတာ အလွန်ကို တည်ငြိမ်နေသည်။
"သူမကငါ့ရဲ့အမေအရင်းပဲ ရသားပဲ ဒီဟာကို သဘောတူတယ်"
နောက်ဆုံးကရေရင် နံပါတ်နှစ်တဲ့၊ ဟွန့် ပျင်းတောင်ပျင်းသေးတယ် လွယ်လွယ်လေး သူမက ရူပဗေဒနဲ့ ဓာတုဗေဒမှာ နည်းနည်းညံ့ပေမဲ့ အင်္ဂလိပ်နဲ့ သင်္ချာ မှာတော့အပျော့ပဲ၊ သူမက ဟက်ကာလေ အဲလောက်ကတော့ အပျော့ပဲပေါ့၊
ဖူကျို့ ချက်ချင်းသဘောတူတာကို မြင်လိုက်တော့ ချန်ရှောင်တုံးတစ်ယောက် စတင် စိုးရိမ်လာတော့သည်။
 "သခင်မကြီးက ပြောတယ် တကယ်လို့ အတန်းထဲမှာ နောက်ဆုံးကရေရင်နံပါတ်နှစ်နေရာကို လာဘ်ထိုးပြီး အဆင့်တက်အောင် လုပ်မယ်ဆိုရင် ဆုမချတော့ဘူးတဲ့"
ဖူကျို့က သူမ၏မျက်ခုံးကို ပင့်လိုက်ပြီး
"ငါလေးက ဘာလို့လာဘ်ထိုးရမှာလဲ ဒီအစား အကြမ်းဖက်လိုက်တာပိုမကောင်းဘူးလား"
"သခင်လေး နောက်နေတာတော်ပါတော့ သခင်လေးက မိန်းကလေးတွေကိုတောင်မရိုက်နိုင်တာ ယောက်ျားလေးတွေကို ဘယ်လိုနိုင်နိုင်မှာလဲ"
ချန်ရှောင်တုံးကပြောရင်းဖြင့် ဖူကျို့၏ပခုံးကို ပုတ်ပြီး တဟားဟားအော်ရယ်လေတော့သည်။
ဖူကျို့က သူမ၏မျက်လုံးတွေအား မှေးကျဉ်းလိုက်ပြီးသစ်သားတူကို လက်ကနေချကာ ချန်ရှောင်တုံးကို အေးစက်စွာ စိုက်ကြည့်လေတော့သည်။
ချန်ရှောင်တုံးတစ်ယောက် အေးခဲသွားသလို ခံစားလိုက်ရသည်။
ဘာလို့သူ့သခင်လေးဆီက အေးစက်စက်လူသတ်ချင်တဲ့အငွေ့အသက်တွေကို ခံစားနေမိတာပါလိမ့်၊ အဲဒါက သဘာဝမကျလိုက်တာ၊  á€’ဍပ္မဲအ အဲဒါကတကယ်ကြီးကြောက်ဖို့ကောင်းတယ်ဟ။
ဖူကျို့ကသူ့ကိုတော့ဘာမှတော့မလုပ်ခဲ့လေဘူး၊
ဘာပဲပြောပြော ဒီလူက သူ့အပေါ်မှာတော့ကောင်းတာပဲလေ၊ အရိုးသားဆုံးပြောရရင် အရင်ဖူကျို့က ဘယ်လောက်တောင် ပျော့ညံ့ခဲ့လဲဆိုရင် မိန်းကလေးတွေရန်လာရှာရင်တောင် သူမဘာသာ ကိုယ်တွယ်မဖြေရှင်းတတ်ခဲ့လေဘူး။ အခုလက်ရှိသူမအတွက်တော့ ပုံရိပ်ကောင်းတစ်ခုဟာ ဖြုန်းတီးခြင်း ခံခဲ့ရသလိုပါပဲ။
ဘာကိစ္စပဲရှိရှိ ဖူကျို့ကတော့ သူမရဲ့အင်မတန်ကို ချောမောလှပတဲ့ မျက်နှာလေးနဲ့ကျောင်းကိုပုံမှန်သွားတယ်၊
ကျောင်းဝတ်စုံအဖြူနဲ့အမည်းကို ဝတ်ဆင်ပြီး သူမရဲ့ကျောပိုးအိတ်ကို လက်တစ်ဖက်နဲ့လွယ်ပြီး ခပ်မိုက်မိုက်စတိုင်လ်နဲ့ ကျောင်းပုံမှန်တက်တယ်၊ တောက်ပတဲ့နေရောင်အောက်မှာ သူ့ရဲ့ဖြူဖွေးနုဖတ်နေတဲ့အသားအရေဟာ နို့နှစ်ရောက်သန်းနေတဲ့ ကျောက်စိမ်းတုံးလေးလိုပဲ မထိရက်စရာကောင်းလောက်အောင် လှပနေတယ်။
ကျောင်း၌ရှိသည့်လူအားလုံးက သူတို့၏ခြေလှမ်းများအား ရပ်တန့်ပြီး ဖူကျို့ကို ဝိုင်းကြည့်ကြလေသည်။
 "ဖူကျို့ အခြားတစ်ယောက်လိုပြောင်းလဲသွားတယ်လို့ မင်းတို့မထင်ကြဘူးလား"
"သူ သောက်ရမ်းကြည့်ကောင်းနေတယ်လေဟ"
…

အပိုင်း(၉) ဖူကျို့နဲ့ချင်မော့တရားဝင်တွေ့ဆုံခြင်း (၂)
သူမအကြောင်း တီးတိုးပြောနေကြသည်ကို ဖူကျို့ကြားလိုက်သည်နှင့် ထိုသူတို့ဘက်ကိုလှည့်ကာ ဆွဲဆောင်မှုရှိရှိ ပြုံးပြလိုက်သည်။
"ကျေးဇူးပဲ မင်းတို့လည်း ချောကြလှကြတယ်"
ပြောရမယ်ဆိုရင် အဲဒီအပြုံးဟာ တကယ့်ကိုရိသဲ့သဲ့နဲ့မြူဆွယ်တဲ့အပြုံးနဲ့တူတူပဲ။
ထိုသို့အပြောခံလိုက်ရသည့် ကောင်မလေးများသည် ရှက်သည်းပိုလွန်းလှ၍ သူတို့၏မျက်နှာကို ချက်ချင်းပင် လက်ဖြင့်အုပ်ထားလိုက်ကြတော့သည်။ သူတို့ကို ကြည့်ရတာ အရှက်သည်းလွန်းလှသဖြင့် ပြာကျတော့မည့်ပုံအတိုင်းပင်။ ဖူကျို့အနောက်၌ ရပ်နေသည့် ချန်ရှောင်တုံးက သရဲမြင်လိုက်ရသလို ပြူးကြည့်နေမိသည်။
"သခင်.. သခင်လေး ခုနကကောင်မလေးတွေနဲ့ အီစီကလီရိုက်လိုက်တာလား"
ဖူကျို့က မျက်ခုံးပင့်လိုက်ပြီးတော့
"ဘာလဲ ပြဿနာရှိလို့လား သူတို့ကချစ်ဖို့ကောင်းသားပဲကို"
"သခင်လေးပြောတော့ ယောက်ျားတွေကို အီစီကလီလုပ်ဖို့မွေးဖွားလာတာဆို"  á€Ÿá€°á ချန်ရှောင်တုံးက တိုးတိုးလေး ပြောလေတော့သည်။
"ငါလေး ချစ်စရာကောင်းတဲ့မိန်းကလေးတွေကိုအီစီကလီရိုက်လို့ကော မရဘူးလား ငါ့မှာလုပ်စရာက ဒါလေးပဲရှိတာကို"
ချန်ရှောင်တုံးခမျာ သူမကို ပြန်လည်ချေပရန် စကားရှာမတွေ့တော့ပေ။
ဒါပေမဲ့ သခင်လေးက ဘယ်ချိန်တုန်းက မိန်းကလေးတွေနဲ့ အီစီကလီရိုက်တတ်သွားတာလဲဟ၊ အစတုန်းက မိန်းကလေးတွေကို မုန်းလှပါချည်ရဲ့ဆို၊ မိန်းကလေးတွေကိုတွေ့တိုင်း ထွက်ပြေးနေကြပဲကို၊ အခုတော့ကြည့်ပါဦး အီစီကလီတောင်ရိုက်ဦးမယ်တဲ့ အံ့ပါ့။
ဖူကျို့ဟာ လူတွေသူမအကြောင်း ဘယ်လိုတွေးကြလဲဆိုတာ ဂရုကိုမစိုက်လေဘူး၊ အထူးသဖြင့် သူမရဲ့ဘေးချင်းကပ်ရပ်က ကျန်းဖေးရန် သူမအပေါ် ဘယ်လိုမြင်မလဲဆိုတာကိုပေါ့၊ ငါလေး မိန်းကလေးတွေကို အီစီကလီ ရိုက်နေတာကို ကျန်းဖေးရန်မြင်သွားပြီး မျက်လုံးကြီး ပြူးကြည့်နေရင်တောင်မှ ဂရုစိုက်နေစရာကို မလိုတာ ဟုတ်တယ်မလား။
ဒီအကောင်က ဘာထဖြစ်တာလဲ အခြားသူတွေရဲ့ ကောင်မလေးတွေကို စနိုက်ကြော်ဖို့ တွေးနေတာများလား။
ကျန်းဖေးရန်၏ မျက်လုံးများ၌ ဒေါသမီးတောက်တစ်ခုကို တွေ့မြင်နိုင်ပြီး ပြဿနာဖြစ်အောင် ထပ်လုပ်တော့မည့်အသွင် ဖြစ်နေသည်။
ဖူကျို့က သူမ၏ ကျောင်းလွယ်အိတ်ကို ဖြစ်သလို ထားလိုက်ပြီး သူမ၏ အိတ်ကပ်အတွင်း၌ လက်တစ်ဖက် ထိုးထည့်ထားကာ ကျန်းဖေးရန်ကို စိုက်ကြည့်လိုက်သည်။
ကျန်းဖေးရန်၏ စိတ်ဝိညာဉ်က အားနည်းသည်ထက် အားနည်းလာသကဲ့သို့ ခံစားရပြီး ကျောချမ်းလာလေတော့သည်။ နောက်ဆုံး၌ သူ ဖူကျို့ကို မကြည့်ရဲတော့ဘဲ အကြည့်လွှဲလိုက်ရလေသည်။
"ဟမ့်"
 á€–ူကဝိုအ တစ်ချက်ရယ်လိုက်ပြီးနောက် သူမ၏ခုံ၌ ပြန်ထိုင်လိုက်သည်။ ထို့နောက် စုပ်လုံးသကြားလုံးကို ယူထုတ်ပြီး သူမ၏ပါးစပ်အတွင်း၌ ငုံထားလိုက်လေသည်။ သူမကို ကြည့်ရသည်မှာ အလွန် စတိုင်မိမိုက်သည့် သူဌေးသားအဆင်ချောချောလေးလို စမတ်ကျနေသည်။
စားပွဲခုံပေါ်၌ရှိသည့် ကျန်းဖေးရန်၏လက်သီးများက အလိုလိုဆုပ်ထားလျက်သား ဖြစ်နေသည်။ သို့သော်ငြား နောက်ဆုံး၌ သူသည်းခံလိုက်ရပေသည်။ အကြောင်းအရင်းမှာကား သူက ဖူကျို့နှင့် ပြိုင်ဘက် မဖြစ်နိုင်မှန်း သူ့ကိုယ်သူအသေအချာသိလေသောကြောင့်ဖြစ်သည်။
ဘာလို့ ငါ့နောက်တကောက်ကောက်လိုက်ခဲ့တဲ့ ဒီအကောင်က ရုတ်တရက်ကြီး မကောင်းဆိုးဝါးတစ်ကောင်လို သောက်ကျိုးနည်းကြီး ပြောင်းလဲသွားရတာလဲ၊
ဘဝကအရင်လို နေချင်စရာမကောင်းတော့ဘူး အားး ဒါပေမဲ့ငါဘာလုပ်နိုင်မှာလဲ ငါမှ သူ့ကိုမယှဉ်နိုင်တာကို။
အတန်း ၀၁၃ ၌ရှိသည့် အချောဆုံးကောင်လေးတစ်ဦး ဒုက္ခလှလှတွေ့နေချိန်၌ အင်္ဂလိပ်စာဆရာမက အပြင်မှ ဝင်လာသည်။
ဖူကျို့သည် အင်္ဂလိပ်စာက သူမ၏အကျွမ်းကျင်ဆုံး ဘာသာဖြစ်သောကြောင့် စာလိုက်မလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူမ၏စားပွဲခုံအောက်၌ ကြိုတင်ပြင်ဆင်ထားသည့် tablet နှင့် ကီးဘုတ်ကို ယူထုတ်လိုက်သည်။
အင်္ဂလိပ်စာအုပ်ကို ထောင်ပြီး tabletကို ဖုံးကွယ်ထားကာ ကီးဘုတ်ကိုတော့ စားပွဲခုံအတွင်း၌ ထားထားခြင်းဖြစ်သည်။ သူမက ဟက်ကာတစ်ယောက် ဖြစ်သည့်အတွက်ကြောင့် ကီးဘုတ်က အရာအားလုံးကို အလွတ်ရနေပြီးဖြစ်လေသည်။ အောက်ကိုငုံ့ကြည့်စရာမလိုပေ။ ထို့နောက် တစ်ချက် နှိပ်ပြီးသည်နှင့်  á€‚ိမ်းဆဎသိုအ log inဝင်လိုက်သည်။
ဖူကျို့က နေ့စဉ်ပွဲစဉ်များ လုပ်ရန် တာဝန်tများရှိသည့်နေရာကို မသွားရသေးခင် မနေ့ကပို့ထားသည့် fri request က ထိုအတိုင်းရှိနေသေးသည်ကို မြင်လိုက်ရလေသည်။
"ချင်မော့"
သူမ fri request ကို ထပ်မံငြင်းဆိုရန်ပြင်နေစဉ်မှာပဲ ကျန်းဖေးရန်က သူမနံဘေးက tablet ဖန်သားပြင်ကိုမြင်ပြီး
"သခင်လေး... သခင်လေးချင် သခင်လေးချင်" ဟူ၍ အသိလွတ်စွာ ထအော်လေတော့သည်။
သူ့အော်သံက တစ်တန်းလုံးကို လေဆင်နှာမောင်းဝင်တိုက်သွားသကဲ့သို့ လှုပ်လှုပ်ရွရွ ဖြစ်သွားစေလေသည်။
"သူဘာပြောလိုက်တာလဲ သခင်လေးချင်တဲ့လား သခင်လေးချင်ဒီမှာရှိနေတာလား ဘယ်မှာလဲ ဘယ်မှာလဲ"
"မဖြစ်နိုင်တာ ကျောင်းကမဖိတ်ခေါ်ထားရင် သူ့လို နတ်ဘုရားက ကျောင်းဆီကို ခြေဦးလှည့်တာတောင် မဟုတ်ဘူး ငါတို့သူ့ကို တစ်နှစ်မှာနှစ်ကြိမ် မြင်ရဖို့ဆိုတာခပ်ရှားရှားရယ်.."
"ဒါဆို ဘာလို့ကျန်းဖေးရန်က သူ့နာမည်ကိုထအော်တာတုန်း"
"မသိဘူးလေ သူတစ်ခန်းလွတ်သွားတာနေမှာပေါ့ဟ"
ကျန်းဖေးရန်၏လက်တွေက ဖူကျို့စာအုပ်ကို လက်ညှိုးညွန်ပြနေသည်ဟု ထင်ရသော်ငြားလည်း တကယ်တမ်း သူညွန်ပြနေသည်က စာအုပ်အောက်၌ ဝှက်ထားသည့် tablet ကိုဖြစ်သည်။ ကျန်းဖေးရန်
အံ့ဩလွန်းလှသဖြင့် နှုတ်ခမ်းများ ဆတ်ဆတ်တုန်နေပေသည်။
"သခင်လေးချင်....သူ....သူ... "
ကျန်းဖေးရန် စကားဆက်မပြောနိုင်စဉ်အချိန်အတွင်းတွင် ဖူကျို့က ထရပ်ပြီးတော့
"ဆရာမ ကျန်းဖေးရန်က အတန်းတစ်တန်းလုံးကို စာသင်နေတဲ့အချိန်မှာအနှောင့်အယှက်ပေးနေတယ်ဗျ သူကကျောင်းစည်းကမ်းနဲ့ဆရာ၊ ဆရာမတွေကို လေးစားရကောင်းမှန်းလည်းမသိဘူး" ဟူ၍ ထပြောလိုက်သည်။
အင်္ဂလိပ်စာဆရာမက အတန်းအတွင်းသို့ ဝင်လာစဉ်ကတည်းက ဒေါသအနည်းငယ် ထွက်နေသည်ဖြစ်ရာ ဖူကျို့၏စကားကို ကြားပြီးသည်နှင့်ဒေါသထွက်လွန်းလှသဖြင့် နဖူးကြောများပါ ချက်ချင်း ထောင်လာသည်။ ထို့နောက် သူမက
"လူတိုင်း အခုကစပြီး ကိုယ့်ဟာကိုယ် စာလေ့လာထားလိုက်တော့ ကျန်းဖေးရန် ထစမ်း ငါနဲ့အတူ ရုံးခန်းလိုက်ခဲ့စမ်း"
ကျန်းဖေးရန်လေးက သူ့အတွက်မတရားလွန်းလှသဖြင့် ထိုင်ငိုချင်စိတ်များ ပေါက်လာသည်။ ဖူကျို့ကို လက်ညှိုးထိုးပြီးဆရာမအား သနားစဖွယ်အသံလေးဖြင့်
"တကယ်က သူ ကျွန်တော်မဟုတ်ဘူး"
"သူက ဘာဖြစ်လို့လဲ၊ ငါ ကြည့်ရသလောက်ကတော့ ဆူညံပူညံလုပ်တာမင်းပါ" ဟု ပြောရင်း အင်္ဂလိပ်စာဆရာမက သူတို့ဆီလျှောက်လာပြီး ဖူကျို့၏ စာအုပ်အပေါ် အကြည့်ကျရောက်လာသည်။ ထို့နောက် သူမ၏လက်ကို မြှောက်လိုက်ပြီး.......
............

အပိုင်း(၁၀) ဖူကျို့နဲ့ချင်မော့ တရားဝင်တွေ့ဆုံခြင်း (၃)
ထိုနေရာ၌ ဘောပင်တစ်ချောင်းကလွဲ၍ အခြားမည်သည့်အရာမှ ရှိမနေပေ။ အင်္ဂလိပ်စာဆရာမက ကျန်းဖေးရန်၏ အရူးလုပ်ခြင်း ခံလိုက်ရသောကြောင့် မျက်ထောင့်နီဖြင့် စိုက်ကြည့်နေ‌သည်။
ဖူကျို့က သူမ၏ ရုပ်ချောမှုကို ကာဗာယူကာ သနားစဖွယ်ပုံလေး ဖမ်းထားတာကြောင့် အင်္ဂလိပ်စာဆရာမ၏ နှလုံးသားလေး အရည်ပျော်သွားပြီး ရှိရှိသမျှဒေါသတို့က သကောင့်သား ကျန်းဖေးရန်ဆီ မြားဦးလှည့်သွားတာ့သည်။
"ဟမ် မင်းက အတန်းကို နှောင့်ယှက်ရုံတင်အားမရလို့ အခြားသူကိုပါ မင်းအစား အပြစ်‌ ပေးခံရအောင် ချောက်က ချချင်သေးတယ်ပေါ့လေ ဟုတ်လား ခုချက်ချင်း အတန်းထဲက ထွက်သွားစမ်း"
 á€€á€ťá€”်းဖ္းရန်က သူ ဘာလို့ ထိုကဲ့သို့အဆုံးသတ်သွားရတာလည်းဆိုတာကို နားမလည်နိုင်တော့။
ဒီအကောင် ဂိမ်းကစားနေတာလေ၊ ဘာလို့ ရုတ်တရက်ကြီး အမူအရာတွေက ပြောင်းသွားရတာလဲ၊ ပြီးတော့ ခုနက သခင်လေးချင်ရဲ့ ဂိမ်းထဲက နာမည်ဆိုတာ လုံးဝကို အသေအချာပါပဲ၊ ဒါမှမဟုတ် သူပဲ အမြင်မှားသွားတာများလား။
သူမကို နှောင့်ယှက်သည့်သူကို ရုံးခန်းရောက်အောင် ပို့ပစ်ပြီးနောက်မှာတော့ ဖူကျို့က tabletကို နောက်တစ်ကြိမ် ထပ်ထုတ်လိုက်သည်။ အခန်းထဲက ဆူညံသံတွေကြောင့် ဖူကျို့က Friend Requestကို မတော်တဆ လက်ခံမိသွားသည်။
 á€–ူကဝိုအက ချက်ချင်းပဲ ဒီလူကို သူမ၏ friend list က ထုတ်လိုက်ပြီး‌နောက် တစ်စုံတစ်ခုကို ခံစားမိသွားသလိုမျိုး ဖြစ်သွားသောကြာင့် သူမ၏မျက်လုံးအိမ်က ကျဉ်းမြောင်းသွားမိသည်။ သူမ၏ နှုတ်ခမ်းဖျားထက်၌ အပြုံးတစ်ပွင့် ဖြစ်တည်လာပြီးနောက် အစောပိုင်း၌ မျက်မှောင်ကြုံ့နေသည့်လူက ဘာမှမဖြစ်ခဲ့သည့်လူတစ်ယောက်လို ဖြစ်သွားသည်။
"ငါလေးကို နောက်ယောင်ခံအမဲလိုက်ဖို့ကြိုးစားမဲ့သူ တစ်နေ့ ရှိလာမယ်လို့ မထင်ထားခဲ့ဘူး၊ စိတ်ဝင်စားစရာပဲ"
ဖူကျို့က ပြောနေရင်းဖြင့် သူမရဲ့ လက်ချောင်းများ tablet၏ မျက်နှာပြင်ကီးဘုတ်ပေါ်၌ အလျင်အမြန် လှုပ်ရှားနေ‌လေတော့သည်။ များမကြာမီ၌ table ဖန်သားပြင်ပေါ်၌ရှိသည့်  á€™á€ťá€€á€şá€”á€žá€Źá€•á€źá€„á€şá€Ÿá€Ź ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။ ဂိမ်းက ထွက်လိုက်ပြီးနောက် အဆုံးသတ်၌ ကျန်နေခဲ့သည်မှာ ကုဒ်နံပါတ်များ တန်းစီပေါလောပေါ်နေတာကို မြင်နိုင်ပေသည်။
အေးအေးဆေးဆေးဖြစ်နေသည့် ဖူကျို့နှင့်မတူဘဲ တစ်ဖက်မှာတော့ ဝဝတုတ်တုတ် ခန္ဓာကိုယ်ပုံရိပ်တစ်ခုက ထိုင်နေပြီးကီးဘုတ်ကို  á€žá€°á€ˇá€Ąá€Źá€¸á€€á€źá€Žá€¸á€–ဟငအ် ထုလိုက်၊ ရိုက်လိုက်လုပ်ကာ အရူးတစ်ယောက်သဖွယ် ပြုမူနေလေ၏။ ထို့နောက်သူ၏ခန္ဓာကိုယ်ကြီးဖြင့်စားပွဲခုံကို ဝင်တိုက်လိုက်ပြီးနောက်
"သောက်ကျိုးနည်း ချီးပဲ သူ လွတ်သွားပြီဟ"
"ဘာ မင်း ဘာပြောလိုက်တယ် လွတ်သွားတယ် ဟုတ်လား"
ကြောင်ပေါက်စနှင့်တူသောလူက live streamingလုပ်နေရာမှာ နားကြပ်ကို ချွတ်လိုက်ကာ မီလီယံနဲ့ချီပြီး အားပေးနေသော ဖန်များကို လျစ်လျူရှုပြီး အသားကုန် အော်ဟစ်ပေသည်။ သူ၏ မျက်နှာ၌လည်း ရှော့ခ်ရနေသည့် အမူအရာများက အတိုင်းသား ပေါ်လွင်နေသည်။
"သူ...သူက ဘယ်လိုလုပ် မင်းလက်က လွတ်သွားရတာလဲ၊ မင်းလို    á€”ိုင်ငလအထိပ်တန်း ဟက်ကာတစ်‌ယောက်ဆီကလေ၊ ဖက်တီး မင်းနောက်နေတာလားကွာ၊ ဒီအစ်ကိုကြီးကိုတော့ လာမနောက်သင့်ဘူးနော်"
 á€–က်တဎးက သူ့မျက်နှာကို လက်ဖြင့်သပ်လိုက်သည်။ သူ့၏မျက်လုံးများဟာ စိတ်လှုပ်ရှားမှုကြောင့် တဖျတ်ဖျတ်လက်နေပေသည်။ သူင ကြောင်ပေါက်စနှင့်တူသည့်ကောင်‌လေး၏စကားကို အရေးမစိုက်ဘဲ ချင်မော့ဘက်ကို လှည့်ပြီး စိတ်လှုပ်ရှားစွာ ပြော‌လေတော့၏။
"ချင်အစ်ကိုကြီး   ဒီလူကို ဘယ်ကနေရှာတွေ့လာတာလဲ၊ သူက သောက်ရမ်းတော်တာပဲ၊ သူ့ရဲ့တုန့်ပြန်မှုက နည်းနည်းနှေးပြီး ငါ့ကို သတိထားပြီးတာ နည်းနည်းနောက်ကျပေမဲ့ သူက တကယ့်ကို ဆရာကြီးပဲ၊ ရာထောင်ချီတဲ့ အိုင်ဒီအတုတွေက တစ်ချိန်တည်းဝင်လာပြီးတော့ တကယ့်အိုင်ဒီအစစ်ကို ဖုံးထားနိုင်တယ်၊ အဲ့တာတင်မက‌ဘူး သူက ငါဟက်နေတဲ့ဟာကို ရှင်းနေချိန်မှာ ငါ့ကွန်ပျူတာထဲကိုတောင် ကုဒ်တွေဖတ်လို့မရနိုင်မဲ့ ဗိုင်းရပ်စ်တောင် ထည့်လိုက်သေးတယ်၊ ကောင်းတယ်... တကယ်ကောင်းတယ်..၊ ငါထင်တာကတော့ သူသုံးနေတာ အဆင့်မြင့် ကွန်ပျူတာတော့ မဟုတ်လောက််‌သေးဘူး၊ နို့မို့ဆိုရင် ငါ သူ့ရဲ့တည်‌နေရာကို‌တောင်် ရှာနိုင််််မှာမဟုတ်လောက်ဘူး၊ သောက်ရမ်းသောက်ရမ်းကိုတော်တယ်၊  á€á€€á€šá€ˇá€şá€†á€›á€Źá€€á€źá€Žá€¸á€•ဲ...ငါ စိတ်လှုပ်ရှားလွန်းလို့ သေတော့မှာပဲဟ"
"ခဏလေး ... ဖက်တီး ငါမေးတာအရင်ဖြေဦး၊ ငါ့ကွန်ပျူတာက ဘာဖြစ်တာလဲ။ ဘာလို့ မျက်နှာပြင်က အမှောင်ကျသွားတာလဲ"
 á€€á€źá€ąá€Źá€„á€şá€•á€ąá€Ťá€€á€şá€…á€”á€žá€„á€ˇá€şá€á€°á€žá€Šá€ˇá€şá€œá€°á€€ ယုန်အရုပ်၏နားရွက်ကို ကိုက်ပြီးတော့ ဖက်တီးပြောသမျှ တစ်ခုမှ နားမလည်လေဟန် အူတူတူအတတဖြင့် ထမေးလေတော့သည်။
ကြောင်ပေါက်စနှင့်တူတဲ့လူက တုံးအလွန်းသည်ကို ဖက်တီး သိသည်မို့ ရိုးရှင်းစွာ ပြန်ဖြေလိုက်သည်။
"ပြောရမယ်ဆိုရင်ကွာ ငါသွားhackတဲ့လူက မင်းရဲ့ ကွန်ပျူတာထဲကို virusထည့်‌ ပေးလိုက်လို့ အဲလိုဖြစ်သွားတာ၊ အဲထက်တော့ ငါလည်း   မရှင်းတတ်‌တော့ဘူး"
 á€€á€źá€ąá€Źá€„á€şá€•á€ąá€Ťá€€á€şá€…á€”á€žá€„á€ˇá€şá€á€°á€žá€Šá€ˇá€şá€œá€°á€€ အံ့ဩလွန်းသဖြင့် မေးရိုးတောင် ပြုတ်ကျလုနီးပါး ဖြစ်နေသည်။
"ဒါဆို... သူ့ကို ငါတို့က မhackနိုင်ရုံတင်မက သူကတောင် ငါ့ရဲ့ ကွန်ပျူတာကိုတောင် ဖျက်ဆီးလိုက်တာပေါ့ အဲလိုလား"
"အဲလိုပြောလို့ရတယ်ကွ"
 á€–က်တဎးက သူ့၏မေး‌စေ့ကို ထိပြီးတော့ အနည်းငယ် မာန်တက်နေသည့်ပုံစံဖြင့် ပြန်ဖြေလိုက်သည်။
ကြောင်ပေါက်စနဲ့တူတဲ့ ကောင် လေး" ......... "
မင်းက ဘာတွေ မာန်တက်နေတာလဲ၊ သူက မင်းကို ပြန်ကျောသွားတာ ဘာတွေများ ဂုဏ်ယူစရာပါနေလို့လဲကွ။
ချင်မော့က ယခုဖြစ်ပျက်နေသည့် အရာအားလုံးကို မည်သည့်အရာမှ မဖြစ်ခဲ့သလိုမျိုး သဘောထားလိုက်သည်။  á€žá€°á€ˇá€œá€€á€şá€™á€ąá€Źá€„်းကို ဆန့်ထုတ်လိုက်ပြီး သူ့ကုမ္ပဏီ၏စာရွက်စာတမ်းများကို တစ်ခဏချထားလိုက်သည်။  á€•á€Żá€śá€™á€žá€”á€şá€œá€­á€Żá€•á€˛ ခြေချိတ်ထိုင်လိုက်ပြီး သူ၏နှုတ်ခမ်းပါးလေးပေါ်၌ အပြုံးဟု မဆိုရသော အပြုံးတစ်ပွင့် ဖူးပွင့်လာလေတော့သည်။
"အဲလူရဲ့ လက်ရှိတည်နေရာကို ပြော"
"ဒါပဲလေ အစ်ကိုကြီးချင်က ထက်မြက်တယ်ဆိုတာ ဒါပဲပေါ့၊ သူက ကိစ္စတစ်ခုကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ သိနေတယ်လေ"
ဖက်တီးက ရယ်ရင်း ပြောလိုက်သည်။ ဒါပေမဲ့ သူ့ကိုကြည့်ရတာ တစ်ခုခုဖြစ်နေသလိုပင်။
"ငါ သူ့ရဲ့တည်နေရာကို hackတုန်းက သူက သေချာပေါက် ဒီကျောင်းမှာ ရှိနေတယ်"
…
 

Search Novels