အခန်း (၁) ဟက်ကာဘုရင်မ တစ်ယောက် အထက်တန်းကျောင်းသူဖြစ်လာခြင်း
"နင်ဘယ်သူလဲ"
ဖူကျို့က ထိုသို့ မေးလိုက်သည်နှင့် သူမ၏ အရှေ့ တည့်တည့်မှာ ရပ်နေသူက ဆွံ့အသွားကာ
 "ဆရာဆရာကျွန်တော့် သခင်လေးကြည့်ရတာ မှတ်ဉာဏ်တွေ အကုန် ပျောက်သွားပြီနဲ့ တူတယ်" ဟူ၍ အော်ဟစ်လျက် တံခါး ဆီ အမြန် ပြေးသွားသည်။
"သခင်လေး သူပြောတာ ငါ့ကိုလား"
ဖူကျို့ဟာ မျက်မှောင်ကြုတ်လိုက်ပြီးတော့ တစ်ခုခု မှားနေပြီမှန်း သိလိုက်သည်။ တစ်စုံတစ်ခုက သူမ၏ ဦးနှောက်ထဲ အစီအရီ ဝင်လာသည်။
သူမ၏ ကိုက်ခဲနေသော ခေါင်းကို ခါယမ်းလိုက်ပြီးတော့မှ သူမကိုယ်သူမ ကိုယ်လုံးပေါ် မှန်ထဲမှာ စိုက်ကြည့်လိုက်ချိန်တွင်...။
သောက်ကျိုးနည်း.. မှန်ထဲမှာ ပေါ်နေတာက ယောက်ျားလေးဟ။ သူက အရပ်ရှည်တယ် ပိန်သွယ်တယ် ၁၇နှစ် ဝန်းကျင်လောက် ဖြစ်လိမ့်မယ် ပြီးတော့ သူ့မှာ မဲနက်နေတဲ့ မျက်လုံးလေး တွေရှိတယ်။ သူ့ရဲ့ ရုပ်ရည်သွင်ပြင်က ချောမောပြီးထင်ပေါ်နေပေမဲ့ သူ့ကိုယ်ထဲမှာရှိနေတာက ယောက်ျားလေးမှ မဟုတ်တာ။
သူမရဲ့အသားအရေက စိုပြေနေတယ်။ ကြွေထည်လေးလိုပဲ အပြစ်ပြောစရာ မရှိလောက်အောင်ကို ချောမောလွန်းလှတယ်။
ရှုပ်ပွနေတဲ့ငွေရောင်ဆံပင်တွေက သူမကို မှေးမှိန်သွားအောင်လုပ်နိုင်စွမ်းမရှိဘူး။ ကံဆိုးစွာနဲ့ ဒီဆံပင်‌တွေက သူမကို မြင့်မြတ်တဲ့အရှိန်အဝါ တစ်ခုပေးနေသယောင်ယောင်။ သူမကိုကြည့်ရတာ ဗန်ပိုင်းယားနဲ့ တူနေသလိုပဲ။
သည်လူငယ်၏နားရွက်တွင် မှေးမှိန်သော အလင်းလေးဖြင့် အမည်းရောင်နားကပ်တစ်စုံ ရှိသည်။
"အရိုင်းဆန်တယ် အထက်စီးဆန်တယ် ခံ့ညားတယ်"
ဒီလူငယ်ကို ပထမဆုံးမြင်ဖူးတဲ့ ဘယ်သူမဆို ဒီလိုတွေးကြမှာ ကျိန်းသေပဲ။
တကယ်လို့ ဖူကျို့သာ သူမရဲ့ လက်ရှိခန္ဓာကိုယ်က မိန်းကလေးဖြစ်မှန်း သူမဘာသာ မသိခဲ့ရင် မှန်ထဲမှာ  á€›á€žá€­á€á€˛á€ˇá€žá€°á€€á€­á€Ż ယောက်ျားလေးလို့ ထင်မိမှာပဲ။
ဘာပဲဖြစ်ဖြစ် သူမရဲ့ လက်ရှိ ခန္ဓာကိုယ်က ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ သူမကိုယ့်ဘာသာကိုယ်တော့ မိန်းမဖြစ်မှန်း သေသေချာချာသိတယ်။
ဖူကျို့က သူမကိုယ်သူမ မှန်ထဲမှာ ကြည့်လိုက်ပြီး မျက်လုံးကို မှိတ်လိုက်၏။ ခဏအကြာတွင် မျက်လုံးများကို ဖွင့်လိုက်တော့သည်။ သူမ မျက်လုံးထဲရှိ တစ်စုံတစ်ခုက အရမ်းကို ပဟေဠိဆန်လွန်းသည်။
"သခင်လေး"
အစောပိုင်း၌ ပြေးထွက်သွားသူ ပြန်ရောက်လာပြီး
ဆရာဝန်တစ်ဦးကိုပါ အထဲသို့ ဆွဲခေါ်လာသည်။
"ကျွန်တော့်ရဲ့ သခင်လေးကို တစ်ချက်လောက် မြန်မြန်လေးကြည့်ပေးပါဦး၊ သူ့မှတ်ဉာဏ်တွေ ပျောက်သွားလား တစ်ချက် စစ်ပေးပါဦး"
ဆရာဝန်က ဓာတ်မီးကို သုံးပြီးတော့ ဖူကျို့၏မျက်လုံးများကို စစ်ဆေးနေသည်။
ဖူကျို့က ခံစားချက်မဲ့စွာ ထိုင်နေပြီး သူမထပ်သည်းမခံနိုင်တော့ချေ။
သူမ၏ ဦးနှောက်ထဲကို အချက်အလက်များ မနားတမ်း ပေးပို့နေတာကို လက်ခံနေရသည်။
ဤခန္ဓာကိုယ်၏ မိသားစုမျိုးရိုးနာမည်နှင့် ပထမနာမည်က သူမ၏ နာမည်နှင့်တူသော်ငြား  á€Ąá€á€źá€ąá€Ąá€”္ခဟင်းကတ္ဏအ မိုးနှင့်မြေပမာ ကွာခြားသည်။
ပြောရမယ်ဆိုရင် ဒီခန္ဓာကိုယ်က မိန်းကလေးပေမဲ့ သူမရဲ့အမေက သူမကို ယောက်ျားလေးတစ်ယေက်လို ပျိုးထောင်လာခဲ့တယ်။ သူမအမေ သူမကို ဘယ်လိုပဲပျိုး ထောင် လာလာ ဒီခန္ဓာကိုယ် ပိုင်ရှင်တော့ ယောက်ျားလေးနဲ့ တူနေတယ်။
ပြီးတော့ ကျောင်းမှာ ရှိတဲ့ ကောင်မလေးတွေအကုန်လုံးက သူ့ကို တဖြုတ်ဖြုတ် ကြွေကြတယ်။
သူမက မိန်းကလေး တစ်ယောက် ရှိသင့်ရှိထိုက်တဲ့ အပြုအမူတွေကဘာလဲ ဆိုတာ လည်းမသိဘူး။ ရုပ်ချောတဲ့ကောင်လေးတွေကို မြင်ရင် သူတို့ဆီသွားပြီးတော့ သွားကြူပစ်လိုက်တာပဲ။
ထို့ကြောင့် လူအများက သူမကို ဂေးဟု ထင်ပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်ကာ ဆေးရုံကို ပို့ပစ်လိုက်ကြသည်။
ဖူကျို့သည် အားလုံးကို မှတ်မိသွားချိန်တွင် သူမနေရ ထိုင်ရတာ သိပ်မကောင်းတော့ပေ။
သူမက pentagon(အမေရိကန် လက်နက်ကိုင်တို့ရဲ့တပ်ချုပ်ရင်း)ကို ကွန်ပျူတာ တစ်လုံးနှင့် ဟက်ဖူးသည်။
ဒါကြောင့် အက်ဖ်ဘီအိုင် အေးဂျင့်တော်တော်များများက  á€Ąá€”ုနည်းနဲအ ထောင် ချောက် ပေါင်းစုံကိုသုံးပြီး သူမကို ဖမ်း ဖို့ လုပ်ကြပေမဲ့ ဒီအက်ဖ်ဘီအိုင် အေးဂျင့် ဆယ်ယောက်တောင် သူမကို ဖမ်းလို့ မမိခဲ့ဘူး။
အခု ဆေးရုံကို ရိုက်နှက် ခံရပြီး ရောက်လာတယ် ရယ်စရာပဲ။
ဖူကျို့က ရုတ်တရက် ကြီးထရယ်မိသည်။ သို့သော် သူမ၏ မျက်လုံးများက အေးစက်ပြီး မည်းနက်နေသောမျက်ဝန်းထဲတွင် ဆိုးသွမ်းမှု အရိပ်အယောင် တစ်စွန်းတစကို တွေ့ရသည်။
"သခင်လေး"ချန်ရှောင်တုန်းက သူမကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်မိသည်။
ဖူကျို့က သူ့ကို သတိလက်လွတ်စိုက်ကြည့်လိုက်၏။
သူမ၏လက်များက ငွေရောင်ဆံခြည်မျှင်များကို ဆွဲဖွလိုက်ပြီး သူမ၏ မကောင်းဆိုးဝါးဆန်ဆန် မျက်နှာကို ပြသလိုက်သည်။
"ပြော"
သူမရဲ့အသံက လုံးဝပြီးပြည့်စုံတယ်။ အရမ်းလည်းမတိုးဘူး အရမ်းလည်းမကျယ်ဘူး။ သူမရဲ့အသံက ငယ်ရွယ်တဲ့လူတစ်ယောက်ရဲ့ ထက်မြက်တဲ့အသွင်ကို ဖော်ဆောင်တယ်။ နူးညံ့ပြီးတော့တစ်ဖက် လူကိုဆွဲဆောင်နိုင်စွမ်းရှိတယ်။
သူမရဲ့အကြည့်တွေက မာန ကြီးပုံပေါ်ပြီးတော့ အထက်စီး ဆန်တဲ့ပုံ ပေါက်နေတာပဲ။
ချန်ရှောင်တုန်းက ရှော့ခ်ရသွားမိသည်။ သူရှေ့က လူကသူ၏ သခင်လေးမဟုတ်တော့သယောင် ခံစား လိုက်ရသည်။
"သူ ဒီလိုအပြုအမူတွေကို ဘယ်က တတ်လာတာလဲ၊ သခင်လေးက ဒေါသထွက်လွယ်တယ် ပိုက်ဆံကိုရေလိုမျိုးဟောကနဲ ဟောကနဲ သုံးဖြုန်းပစ်လေ့ရှိတယ်၊ ပြီးတော့မကြာခင်ကမှ  á€á€ťá€™á€şá€¸á€žá€Źá€á€˛á€ˇá€€á€œá€ąá€¸á€á€˝á€ąá€œá€­á€Ż မောက်မာပြီး ဘယ်လို ပြုမူရမလဲဆိုတာ နားမလည်ဘူး"
ဒါပေမဲ့ ဒီနေ့တော့ သူ့သခင်လေးရဲ့နဖူးပေါ်မှာ "ခံ့ညားတယ်" ဆိုတဲ့ စာလုံးက ထင်ထင်ရှားရှားကြီးကို မြင်လိုက်ရသလိုပဲ။
…

အခန်း (၂) ခပ်မိုက်မိုက်ဖူကျို့အသစ်လေး
ဖူကျို့က သုံးရက်မြောက်နေ့အထိ ဆေးရုံ၌ ဆေးစစ်ရန် နေလိုက်ရသည်။ လေးရက်မြောက်နေ့၌ သူမဟာ မိန်းမချောချောသောလူနာကောင်လေးအဖြစ်မှ လွတ်မြောက်ပြီး ဆေးရုံ ဆင်းခွင့်ရသည်။
လက်ရှိခန္ဓာကိုယ်ပိုင်ရှင် ဖူကျို့သည် လိုက်ဖက်အောင် ဝတ်စားတတ်သည့်နေရာ၌ တော်သည်ဆိုသော်ငြား သူမက တစ်ခုကိုတော့ သေချာဆန်းစစ်ကြည့်ရန် လိုသည်။
သူမကို ဘယ်သူကထိန်းချုပ်နေတာလဲ။ ဒီလို ပြန်လည်မွေးဖွားလာအောင် သူမကို ဘယ်သူက ချုပ်ကိုင်နေတာလဲ။
ဖူကျို့က  á€™á€ťá€€á€şá€œá€Żá€śá€¸á€™á€ťá€Źá€¸á€€á€­á€Ż မှေးစင်းလိုက်သည်။ သည်အခန်းပတ်ဝန်းကျင်မှာရှိသော လေထုအပူချိန်သည် ရုတ်တရက်ကြီး အေးခဲသွားတော့မယောင် ကျဆင်းသွားခဲ့သည်။
ထိုနောက် သူမ ပြုံးလိုက်သောအခါ သူမပါးပြင်မှာရှိသောပါးချိုင့်လေးက အလွန်ါပြီးပြည့်စုံပြီး ကြည့်ကောင်းလွန်းနေသည်။
ဒီခန္ဓာကိုယ်မှာ လက်ရှိရှိနေတဲ့စိတ်ဝိညာဉ်ပိုင်ရှင်ကတော့ အလိမ်အညာတွေနဲ့ပြည့်နေတဲ့သူမျိုးပဲ။
သူမက ဟက်ကာတစ်ယောက်ဖြစ်တယ်။ ကုတ်နာမည်ကတော့"Spade Z"
တကယ်လို့ သင်ဟာ သူမကိုကွန်ပျူတာတစ်လုံးနဲ့ ကြိုက်ရာလုပ်ခိုင်းမယ်ဆိုရင် သူမက ဘာမဆိုလုပ်နိုင်လောက်တဲ့အထိအရမ်းကို တော်လွန်းတယ်။
ဒါပေမဲ့ တစ်စုံတစ်ယောက်က အထက်တန်းကျောင်းသားတစ်ဦးရဲ့ခန္ဓာကိုယ်ထဲကို သူမရဲ့စိတ်ဝိညာဉ်ကိုခေါ် လာပြီးတော့ ပြန်လည်မွေးဖွားစေခဲ့တယ်။
"သခင်လေး ကျွန်တော် သခင်လေးရဲ့အဝတ်အစားတွေ အကုန်လုံးကို ထုတ်ပိုးထားပြီးပါပြီ၊ သခင်လေး ဒီဟာဝတ်မှာလား၊ မဟုတ်ရင် ဒီဟာလား" ဟူ၍ ချန်ရှောင်တုန်းက ပြတင်းပေါက် နံဘေး၌ ထိုင်နေသည့်လူငယ်လေးကို ကြည့်ကာ မေးလိုက်သည်။
"နှစ်ခုလုံးကတော့ Givenchy ရဲ့နောက်ဆုံးထွက် အဝတ်အစားတွေပါပဲ သခင်လေး"
ဖူကျို့က သူမထိုင်နေသည့်နေရာကနေ ခုန်ဆင်းလိုက်သည်။ စုပ်လုံးက သူမပါးစပ်မှာ နေရာယူထားသည်။ သူမ၏ငွေရောင်ဆံပင်များက ကြည့်ရတာ အနည်းငယ် ရှုပ်ပွနေသယောင်ပင်။ သူမ၏ မျက်ခုံးနှစ်ဖက်က ထိလုထိခင်နီးပါး ဖြစ်နေပြီး သူမ၏ နှုတ်ခမ်းပါးလေးသည်  á€Ąá€”ည်းငယ်စူန္ကဏ သူမကို စိတ်အလိုမကျပုံ ပေါ်နေစေ၏။ ဖူကျို့သည် သူမ၏ဘယ်ဘက်လက်ကို အိတ်ကပ်ထဲ စတိုင်ကျကျထည့်ပြီး ချန်ရှောင်တုန်းဆီကို လမ်းလျှောက်သွားလိုက်တော့သည်။
သူမရဲ့ သက်သောင့်သက်သာပုံလေးနဲ့ လမ်းလျှောက်လာတဲ့ပုံစံဟာ ခပ်မိုက်မိုက် ကောင်လေးတစ်ယောက် လမ်းလျှောက်လာတဲ့ပုံစံနဲ့ တူတူပဲ။ သောက်ရမ်းမိုက်တယ်ဟ။
ချန်ရှောင်တုန်းဟာ ရုတ်တရက်ကြီး ပစ်ကြွေချင်ပြီးလေးစားပစ်ချင်လာသည်။
ဒါကြောင့် သခင်လေးကို မိန်းကလေးသာမက ယောက်ျားလေးပါ ကြွေကြတာမဆန်းဘူးရယ်။
အာ မဟုတ်ဘူး ငါလည်း အဲလိုတွေးလို့မရဘူးလေဟာ။
ဒီလိုတွေးတာက သခင်လေးရဲ့ မကောင်းတဲ့သောက်ကျင့်နဲ့ စရိုက်ဆိုးတွေကို အားပေးရာရောက်မှာ မဟုတ်ဘူး။ ဒီအချက်ကြောင့်ပဲ သခင်လေးက ရိုက်သတ်ခံရဖို့ နည်းနည်းလေးပဲ လိုတော့တယ်လေ။ တော်သေးတာက ဆေးရုံကို အချိန်မှီရောက်လာလို့ပေါ့။
တကယ်လို့ သခင်ကြီးသာ ငါတို့သခင်လေးက သခင်လေးချင်ကို ခွက်ရှ်နေတာသိသွားရင်တော့ အမယ်လေး ငါတို့သခင်လေးရဲ့ခြေကို ရိုက်ချိုးပစ်တော့မှာပဲ၊ မဖြစ်ဘူး မဖြစ်ဘူး သိလို့မဖြစ်ဘူး။
"ဒီနှစ်စုံတည်းလား အခြားဟာတွေမရှိတော့ဘူးလား"
ဖူကျို့က သူမရှေ့မှာရှိသည့်အရောင်တောက်တောက်ဖြင့် တောဆန်ဆန်အဝတ်များကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
ချန်ရှောင်တုန်းက သည်နေရာမှာတင် သူ့ကိုယ်သူ မြေမြှုပ်သတ်သေချင်စိတ်ပေါက်လာသည်။
"ကျွန်တော်က သခင်လေးရဲ့အကြိုက်ဆုံးတံဆိပ်ထဲက ယောက်ျားလေးဝတ်စုံတွေကို ရွေးယူလာပေးတာပါ"
ယောကျ်ားတဲ့လား။ ဒီဟာတွေက တစ်ပတ်ရစ်ဘေထုပ်တွေထဲက ဈေးပေါပေါတွေ မဟုတ်တာ သေချာလား၊ ဒီမူလပိုင်ရှင်ရဲ့အကြိုက်ကသောက်ရမ်းထူးဆန်းတာပဲ။
ဖူကျို့က သူမ၏ အရှေ့တွင် ရှိသော ပန်းပွင့်ပုံအဆင်များဖြင့် အဝတ်အစားများကို ကြည့်လိုက်သည်။ ထို့နောက် သူမ၏လူနာဝတ်စုံကိုကြယ်သီးဖြုတ်ကာ
"ကျောင်းဝတ်စုံကိုသွားယူလာခဲ့" ဟူ၍ အသံနိမ့်လေးဖြင့် ပြောလိုက်သည်။
ဖူကျို့၏ စကားတွေကို ကြားကြားချင်း ချန်ရှောင်တုန်းတစ်ယောက် မျက်လုံးများ ပြူးလျက်
"အမ် သခင်လေး သခင်လေးက ကျောင်းဝတ်စုံကို မုန်းတာမဟုတ်ဘူးလား"
ဖူကျို့ဟာ သူ့ကိုအကြည့်တစ်ချက်ပေးပြီးစကားလုံးနှစ်လုံးမျှသာ ပြောခဲ့သည်။
"သွားယူလာခဲ့"
ရှင်းပြချက်ပေးစရာမလိုလောက်အောင် သူမ၏ အသံက ဘေးလူတွေ ကြောက်ဒူးတုန်ရလောက်အောင် ကျောချမ်းစရာကောင်းနေသည်။
အဲဒါ သူ့သခင်လေးမှဟုတ်သေးရဲ့လား။
ကျန်းမြို့တော်ရဲ့အမှတ်(၁)အလယ်တန်းကျောင်းဟာ သမိုင်းအရှည်ကြီးရယ် ဆရာဆရာမကောင်းတွေ၊ လူရည်ချွန်ကျောင်းသားတွေ၊ နောက်ခံအင်အားကောင်းတဲ့မိဘတွေရယ်နဲ့ တည်ရှိနေတယ်။
သေချာတာကတော့ ဖူကျို့လို ရမ်းကားတာဝန်ယူလိုစိတ် မရှိတဲ့ကျောင်းသားတွေလည်းရှိတာပေါ့။ ဖူကျို့ကတော့ အားလုံးထဲက ဥပမာကောင်းလေးတစ်ခုပေါ့။
နောက်ခံအင်အားကောင်းတဲ့ အခြားသူတွေနဲ့ယှဉ်ရမယ်ဆိုရင် ဖူကျို့ကတော့ တော်တော် လူမုန်းတော်တော်များတယ်။ ဘာကြောင့်လဲဆိုတော့ သူမက အရမ်းကြွားဝါတတ်လို့ပဲ။ ကျောင်းကိုလည်း ပြိုင်ကားတွေစီးပြီး လာလာကြွားတဲ့အပြင် သူမကိုယ်သူမ မိုင်းတွင်းပိုင်ရှင်ကြီးလိုအရမ်းကြီးတွေ ချမ်းသာနေသလိုမျိုးပြုမူတတ်တာကြောင့်လေ။
သူမရဲ့မိသားစုက မိုင်းတွင်းတွေပိုင်တယ်ဆိုပေမဲ့ တကယ်တမ်းပိုင်တာက သူမအဖေလေ၊ သူမမှမဟုတ်ဘဲ အဲလိုကြွားတာကြီးကတော့ တကယ်မသင့်တော်တာပဲ။
သူမရဲ့ဝတ်စားဆင်ယင်ပုံကြောင့်ပဲ လူတွေက သူမကို တောဆန်တယ်လို့ ထင်ကြတယ်။ သူမရဲ့ပင်ကိုယ်ရုပ်ရည်ဘယ်လောက်ပဲ ကြည့်ကောင်းချောမောနေပါစေ သူမရဲ့ဝတ်စားဆင်ယင်မှုကြောင့် လူတွေက သူမကို တောဆန်တယ်လို့ထင်ကြတုန်းပဲ။
သေချာစဉ်းစားကြည့်မယ်ဆိုရင်တော့ဖူကျို့ဟာ ရက်စက်တဲ့အပြုအမူတွေကိုတော့ မလုပ်ခဲ့ပါဘူး။ သူမရဲ့ဖြစ်တည်မှုကပဲ သူမကို ဟာသတစ်ခုလို့မြင်စေမိတာပေါ့။ ဘယ်သူက သူမလို တောဆန်ဆန်ပုံစံကို ကြိုက်မှာလဲ။
သို့သော် ယနေ့တွင်တော့ အတန်းပိုင်ဆရာက ကြည့်ကောင်းချောမောပြီးသပ်ရပ်နေသော ထိုလူငယ်လေးကိုကြည့်ကာ မသေချာမရေရာပုံ ပေါ်နေ၏။
"ဟုတ်တယ် အဲဒါကျွန်တော်ပဲ၊ မစ္စတာချန် ဆေးရုံကဆင်းတာနဲ့ကျောင်းကိုတန်းလာခဲ့တာ" ဟူ၍ ဖူကျို့က ပေါ့ပေါ့ပါးပါးလေးပြုံးပြီး ပြန်ဖြေသည်။
မစ္စတာချန် ခဏတော့ ကြောင်အသွားပြီးနောက်
"ကောင်းပြီ ငါနားလည်ပြီ အတန်းဆီသွားတော့ နောက်ဆိုရန်မဖြစ်ဘဲနဲ့ စာသင်ရာမှာပဲအာရုံစိုက်တော့"
"ကောင်းပါပြီ"
မစ္စတာချန်က အစောပိုင်း၌ ထွက်သွားသော လူငယ်၏ နောက်ကျောကို ကြည့်လျက် အံ့ဩမှင်သက်နေဆဲဖြစ်သည်။
လူတစ်ယောက်က ဆေးရုံမှာရက်အနည်းငယ်နေရုံနဲ့ ဒီလောက်တောင်ပြောင်းလဲသွားနိုင်လို့လား။
ဒီဟာက တကယ်ကို ဒီလောက်တောင်ရိုးရှင်းလို့လား....။
…

အခန်း (၃) ရန်သူဟောင်းနဲ့တွေ့ပြီး ကလဲ့စားချေခဲ့ခြင်း
ရင်းနှီးသည့် အငွေ့အသက်များဖြင့် ပြည့်နေသည့်နေရာကို ပြန်လာခဲ့သည်နှင့် ဖူကျို့က မဖော်ပြတတ်သည့် ခံစားချက်ကြီးတစ်မျိုး ခံစားလိုက်ရသည်။ စာက ဆက်သင်နေသည်။ နောက်အတန်းချိန်က အားကစားအချိန်ဟုတ်၊ မဟုတ်ကို ဖူကျို့ သေချာမသိချေ။
"အိုး ဒီခပ်ချောချောကောင်လေးက ဘယ်သူလဲ၊ သူက ကျောင်းသားသစ်များလား၊ ငါသူ့ကို တစ်ခါမှ မမြင်ဖူးသလိုပဲရယ်"ဟူ၍ ကောင်မလေးတစ်ယောက်က သူ့သူငယ်ချင်းများနှင့် စကားပြောနေစဉ် ဖူကျို့ရှိရာဘက်သို့ လက်ညှိုး ထိုးညွှန်ပြလေသည်။
"သူ ငါ့ကို အခုပြုံးပြနေတယ်ဟာ သူ့သွားတက်လေးတွေက အရမ်းမိုက်တာပဲဟ"
"ခဏလေး သူ့ကိုကြည့်ရတာ ရင်းနှီးနေသလိုပဲဟ သူ...သူက ဖူကျို့မဟုတ်ဘူးလား"
နီးနီးကပ်ကပ် ကြည့်လိုက်မိသည်နှင့် မိန်းကလေးတစ်စုက အံ့ဩလွန်းလို့ စကားပင် မပြောနိုင်တော့ပေ။
တကယ့်သောက်ကျိုးနည်း ဖူကျို့ကြီးဟ။
ဒီလောက်ကြည့်ကောင်းတဲ့လူငယ်လေးက ဘယ်လိုလုပ်မောက်မာရိုင်းစိုင်းတဲ့ ဖူကျို့ဖြစ်နိုင်မှာလဲပြော/ ဒါပေမဲ့ သူက ငါတို့ အတန်းထဲကို တည့်တည့်ကြီးကို ဝင်လာတယ်လေကွ။
ဖူကျို့က သူမ၏ ကျောင်းလွယ်အိတ်ကို သစ်သားခုံလေးထက်၌ တင်ပြီး သူမ၏ ခြေတံရှည်များကို ညင်သာစွာ မတင်ကာ ခြေချိတ်ထိုင်လိုက်သည်။ ထို့နောက် သူမ၏ လက်တော့လေးကို ထုတ်ရန် ပြင်ဆင်နေစဉ်  á€›á€Żá€á€şá€á€›á€€á€şá€€á€źá€Žá€¸ "ဘန်း" ဆိုသည့် အသံမြည်လာခဲ့သည်။
သူမ၏ ဘေးတွင်ရှိသည့်လူတစ်ယောက်က ခုံကို ဆွဲထုတ်ကာ သူမကို မျက်နှာမည်းကြီးဖြင့် စိုက်ကြည့်နေသည််
"မင်းပစ္စည်းတွေကို ယူသွားစမ်း၊ ငါမင်းရဲ့အနားမှာ ဒုတိယအကြိမ် ကြာကြာလေးတောင် ထပ်ပြီးမထိုင်ချင်တော့ဘူး မအေဘေးရဲ့"
ဒီလူကတော့ ဖူကျို့ရဲ့အတန်းဖော် 'ကျန်းဖေးရန်'တစ်တန်းလုံးရဲ့အချောဆုံးအခန့်‌ဆုံးကြီးပေါ့။ သူက ဘတ်စကတ်ဘောကို ကောင်းကောင်းကစားတတ်တယ်၊ ပြီးတော့ မိန်းကလေးတွေနဲ့ ကြူရာမှာ သောက်ရမ်းတော်တဲ့သူကြီးလေ။
အရင်တုန်းကတော့ ဖူကျို့က သူ့ကိုတစ်ခါလေးထဲ လိုက်မိတာပါ။
သူမ ကျန်းဖေးရန်ကို တစ်ခါပဲ လိုက်မိတဲ့ကိစ္စကို ပြန်စဉ်းစားကြည့်မိတော့ ဖူကျို့ရဲ့ခေါင်းတွေဟာ ထိုးကိုက်လာတော့တယ်။
ဒါပေမဲ့ အခု လက်ရှိဖူကျို့ကတော့ သူမရဲ့ရှေ့မှာဒီလို ဆူညံပူညံ လုပ်တာတွေကို လုပ်ခွင့်ပေးမှာ မဟုတ်ဘူး။
"မထိုင်ချင်ဘူးလား"ဟူ၍ ဖူကျို့က ခံစားချက်ကင်းမဲ့သည်အသံနှင့် အစချီလိုက်သည်။ထို့နောက် သူမက စားပွဲပေါ် မေးလေးထောက်လိုက်ကာ
"ဒါဆိုရင် မတတ်နိုင်ဘူး လဲသာသေလိုက်" ဟူ၍ ဆက်ပြောလိုက်သည်။
"မင်းအခု ဘာပြောလိုက်တာလဲ"
ကျန်းဖေးရန်က ဒေါသထွက်သွားကာ သူမ၏ အင်္ကျီ ကော်လံကို ဆွဲပြီးထိုးရန် ပြင်လေသည်။
မမျှော်လင့်ဘဲ ကျန်းဖေးရန်က ထိုးရန်ပြင်လိုက်သော်ငြားလည်း လွဲချော်သွားပြီး သူ့ တစ်ကိုယ်လုံးက စားပွဲခုံဖြင့် တိုက်မိသွားသည်။ သူ့ မေးရိုးများက မခံမရပ်နိုင်အောင် နာကျင်သွားခဲ့သည်။
နံဘေးမှာ ရပ်ကြည့်နေသော ဖူကျို့ကတော့ သူ့ကို အပြုံးလေ်ဖြင့်ကြည့်နေသည်။
"အိုး ငါဒီလို ဆူညံပူညံ ဖြစ်မှာကို တကယ် မလိုလားဘူး၊ ဒါကြောင့်မို့လို့ အတန်းဖော်ကျန်း အခုကစပြီး အဆင်ပြေပြေ နေကြတာပေါ့ ဘယ်လိုလဲ"
လူတိုင်းကတော့ သူတို့နှစ်ဦးသား အဆင်ပြေကြတော့မည်ဟု ထင်နေကြသည်။
ကျန်းဖေးရန်သာလျှင် ဒီအတွင်းဒဏ်ရာများက မည်မျှနာကျင်ကြောင်း သိပေလိမ့်မည်။ သူ အံကြိတ်ထားရလွန်းသဖြင့် မျက်လုံးများတောင် နီနေပေသည်။
ဒီဖြူဖပ်ဖြူရော်အကောင်လေးကများ သူ့ကိုဒီလို အထိနာအောင် ရိုက်နိုင်လိမ့်မည်လို့ သူဘယ်တုန်းကမှ မထင်ထားဖူးဘူး။
"ထူးဆန်းလိုက်တာ ခါတိုင်းဆိုရင် ကျန်းဖေးရန်က ဖူကျို့ကို စကားပြောတဲ့အခါတိုင်း ဖူကျို့ရှက်ရှက်သွားတာ မဟုတ်ဘူးလား ဘာလို့ အခုကျတော့ဘာလို့ခါတိုင်းနဲ့ မတူတာလဲဟ"
"ဘာမှ ထူးဆန်းတာမပါဘူး ဖူကျို့က အခုကစပြီး သခင်လေးချင်အပေါ်မှာပဲ အာရုံရှိတော့တာ သူ ဘယ်သူ့ကိုမှလည်း မျက်လုံးထဲရှိမှာ မဟုတ်‌တော့ဘူးလေ"
"အား ဘယ်လောက်တောင် မျက်နှာပြောင်တိုက်လိုက်သလဲ၊ သခင်လေးချင်ကို မှန်းရဲတယ်ပေါ့၊ စိတ်ကူးသာ ယဉ်နေလိုက်ဟဲ့"
"အချိန်က စကားပြောမှာပါ တစ်စုံတစ်ယောက်က သူ့ကိုမြန်မြန်လာ ကယ်တင်နိုင်ပါစေ"
ဖူကျို့သည် ပတ်ဝန်းကျင်၏ ဆူညံသံများကြောင့် မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်သည်။ ထို့နောက် ရူပဗေဒစာအုပ်ကို ဖွင့်ပြီး စားပွဲပေါ်၌ တင်ထားလိုက်တော့သည်။
ကျန်းဖေးရန်က သူမ၏လက်မောင်းကို ဆွဲလိုက်ပြီး ဖူကျို့ကို အံကြိတ်ကာ ပြောလိုက်သည်။
"သေချာနား‌ထောင်၊ မင်းအသက်ရှည်ရှည် မနေရတော့ပါဘူးကွာ၊ သခင်လေးချင်ကို စိတ်ကူးထဲတောင် မထည့်နဲ့ သူ့ဘေးနားမှာရှိတဲ့အစောင့်တွေ မင်းကို အမှုန့်ကြိတ်လိုက်လို့ မင်းသေသွားမယ်"
ထိုသို့ပြောသည်ကို ကြားလိုက်သည်နှင့် ဖူကျို့က ရယ်လိုက်ကာ ရူပဗေဒစာအုပ်ကနေ မျက်လုံးခွာ လိုက်ပြီးသည်နှင့်
"ငါသေတယ် မသေဘူးဆိုတာက နောက်မှ၊ အခုလက်ရှိကတော့ မင်းဆီက နောက်ထပ်စကားတစ်ခွန်း ထပ်ထွက်လာတာနဲ့ မင်းရဲ့မေးရိုးကို ရိုက်ချိုးပစ်မယ် အိုခေ"
ကျန်းဖေးရန်  "..."
ချီးပဲ ငါကဘာလို့သူ့ကိုကြောက်နေတယ်လို့ ခံစားနေရတာပါလိမ့်။
ဒီ‌အကောင်ရဲ့ မျက်လုံးတွေက သောက်ရမ်းကြောက်ဖို့ကောင်းတယ်ဟ။
အတန်း‌ဆင်းကျောင်းခေါင်းလောင်း မြည်ပြီးသည်နှင့် ဖူကျို့သည်  á€á€ąá€á€šá€á€Ąá€”ဏးယူခဝိန် ရပေသည်။
ဒါပေမဲ့ ပြဿနာက နေ့လည်စာစားချိန်မှာစတော့တာပဲ။
စကပ်တွေ ဝတ်ထားတဲ့ မိန်းကလေး တစ်သိုက်ဟာ ဖူကျို့ကို ပတ်ပတ်လည်ကနေ ဝိုင်းထားပြီးတော့ မဟုတ်မဟတ်‌တွေ ပေါက်ကရတွေ ပြောဆိုကြတော့တယ်။
"ဖူမိသားစုက ဘယ်လိုလုပ်ဒီ မောက်မာ ရိုင်းစိုင်းတဲ့အခြောက်ကောင်ကို မွေးထုတ်လိုက်တာပါလိမ့် ရွံဖို့ကောင်းလိုက်တာ"
ဗိုက်ဆာနေသည့် ဖူကျို့သည် စိတ်မကြည်တော့သည့်အပြင် သူမ၏ မျက်လုံးအကြည့်များက ပိုတောင် အေးစက်လာတော့သည်။
သူတို့စကားများကို ကြားလိုက်သည်နှင့် သူမက ခေါင်းကို မော့လိုက်သည်။ ထို့နောက် အေးစက်စက်ဖြင့် လူသတ်ချင်သည့် အငွေ့အသက်များနှင့် ပြည့်နေသည့် အပြုံးတစ်ပွင့်က သူမ၏ နှုတ်ခမ်းဖျားလေး၌ တွဲခိုလာခဲ့သည်။
................................

အခန်း (၄) ခပ်မိုက်မိုက်ပါးရိုက်ကြမယ်
သည်အပြုံးကြောင့် ထိုမိန်းကလေးတစ်သိုက်သည် သူတို့၏ အသည်းနှလုံး၌ အကြောက်တရားများ စိုးမိုးလာပြီး ဖော်ပြ၍မရနိုင်အောင် ရင်တဆတ်ဆတ် တုန်လာလေသည်။
ဖူကျို့ကို ပြဿနာရှာတဲ့နေရာမှာ ဦးဆောင်တဲ့ မိန်းကလေးတစ်ယောက်ကတော့ ခြားနားစွာပြုမူနေတယ်။ အထူးသဖြင့် ဟော်စီယွီလို့ခေါ်တဲ့ကောင်မလေး၊ ဒီအနိုင်ကျင့်ကြမဲ့ မိန်းကလေးတစ်သိုက်ကို ဦးဆောင်လာတဲ့ မယ်မင်းကြီးမပေါ့။
ဟော်စီယွီက သူမ၏မျက်လုံးများကို မှေးစင်းလိုက်ပြီး ဖူကျို့ကို အထင်သေးစွာ နှာခေါင်းရှုံ့ပြီး ကြည့်လိုက်သည်။
"သခင်လေးချင်ဆီက ခပ်ဝေးဝေးနေဖို့ ငါ နင့်ကို အရင်တည်းက သတိပေးထားပြီးသားနော်၊ နင်က တကယ်စကားနားမထောင်ဘူးပဲ၊ ဒါပေမဲ့ ကြည့်ရတာ နင် အရင်တစ်ခါက ပေးလိုက်တဲ့သင်ခန်းစာကို မမှတ်သေးဘူးနဲ့ တူတယ်၊ ဒီကန်တင်းဆီကိုတောင် လာရဲသေးတယ်ပေါ့ ဟုတ်လား နင်မှတ်သားလောက်အောင် နောက်တစ်ခါ နင့်အခွက်ကို ငါရေနဲ့ပက်ပေးရဦးမှာလားပြော"
သူမရဲ့မင်းသားလေးကို ဒီအခြောက်ကောင်က ခွက်ရှ်ရဲသေးတယ်တဲ့လား။ ယုတ္တိမရှိလိုက်တာ ဒီအကြောင်းက သူမကိုသွေးတက်ပြီးသေအောင်လာဆွနေသလိုပဲ။
"သူ့ကို အိမ်သာထဲဆွဲခေါ်သွားကြစမ်း၊ ဒီနေ့တော့ သူ့အဆင့်အတန်းက ဘာလဲဆိုတာရယ်နဲ့ ဘယ်နေရာကို လာခွင့်မပြုတာလဲဆိုတာကို ကောင်းကောင်းကြီးသိအောင်လုပ်ပေးမယ်"
ဟော်စီယွီက သူများတွေကို အနိုင်ကျင့်သည့်နေရာ၌ တော်တော် နာမည်ကြီးသည်။ သူမက ကြည့်မရသည့်သူများကို တော်တော်ကြီး ဆိုးဆိုးဝါးဝါး အုပ်စုလိုက်အနိုင်ကျင့်တတ်သည်။ ထိုအနိုင်ကျင့်သည့် အကြောင်းအပြင်ကို ပြန့်သွားသည်နှင့် သူမကထိုအကြောင်းဖွသည့်သူကို အိမ်သာအိုးထဲ ဆွဲနှစ်ပြီး ထပ်မပြောရဲအောင် လုပ်လေ့ရှိသည်။ ယနေ့တော့ ဖူကျို့အလှည့်ရောက်လာခဲ့သည်။ ဒုက္ခလှလှကြီးတော့ ရောက်ရှာပြီ။
လူတွေအမြင်မှာတော့...
ဟယ် သူက အခုမှဆေးရုံက ဆင်းလာတာလေဟယ်။ ဒီဟော်စီယွီက တော်တော်အကြင်နာတရားမရှိတာပဲ သူ့ကိုအနိုင်ကျင့်တော့မယ်ဟ။
ဒီလိုထင်ရင်သင်မှားသွားပါလိမ့်မယ်။
ဖူကျို့က  á€Ąá€­á€á€şá€€á€•်ဥတွင်းသိုအ အထာကျကျ လက်တစ်ဖက်ထိုးထည့်ရင်းဖြင့် သူမ၏ခြေထောက်ကိုမြှောက်ပြီး ဟော်စီယွီကို ကန်ချလိုက်သည်။
"ဘန်း"
အရာအားလုံးက ဖြစ်ပျက်တာ မြန်လွန်းတဲ့အတွက်ကြောင့် လူတိုင်းကဟော်စီယွီကို ဖူကျို့က ဘယ်လိုကန်လိုက်လဲဆိုတာကို သေချာမမြင်လိုက်ရဘူး။ ဟော်စီယွီ ကြမ်းပြင်ပေါ် လဲကျသွားတာနဲ့ သူမရဲ့အတွင်းအင်္ဂါအစိတ်အပိုင်းအားလုံးဟာ နာကျင်သွားတယ်လို့ ခံစားလိုက်မိတယ်။ မယုံနိုင်စွာနဲ့ သူမရဲ့ဒေါသဟာ ငယ်ထိပ်အထိ ရောက်ရှိသွားခဲ့တယ်။
"နင်...နင်...နင် ခွေးကောင် နင်ကများ ငါ့ကိုကန်ရဲတယ်ပေါ့"
ထိုသို့ ကျိန်ဆဲနေစဉ် အတောအတွင်း ဖူကျို့က သူမ၏လက်ဖြင့် ရေပုလင်းကို တည်တည်ငြိမ်ငြိမ် ဖွင့်လိုက်ကာ ဟော်စီယွီဆီ လျှောက်သွားလိုက်သည်။ သူမ၏လက်တစ်ဖက်က ရေဘူးကို ကိုင်ထားပြီး အခြားလက်တစ်ဖက်က အိတ်ကပ်အတွင်း၌ အထာကျကျ ထည့်ထားပေသည်။ သူမ၏ နှုတ်ခမ်းပါးကတော့ မသိမသာလေး ကွေးညွတ်နေသည်။
"ဘာလဲ မင်းလုပ်တဲ့အတိုင်း ငါပြန်လုပ်တာလေ မကျေနပ်ဘူးလား"
"ဗွမ်း"
ဖူကျို့စကားပြောပြီးသည်နှင့် ရေတစ်ဘူးလုံးက ဟော်စီယွီ၏ ခေါင်းပေါ်ကို အလိုလိုလောင်းချပြီးသား ဖြစ်နေသည်။
ဟော်စီယွီက တစ်ခဏမျှ ကြောင်အမ်းသွားသော်ငြား နောက်ဆုံးတော့ သူမက ရူးသွပ်လုနီးနီးအထိကို ဒေါသထွက်ကာ
"ဖူကျို့ နေဦး ကျောင်းရဲ့လူသန်ကြီးရှောင်းရှန်က နင့်ကို လွှတ်ပေးမယ်များ နင်ထင်နေလား နင်ဒီလိုလုပ်ပြလိုက်တော့ ကျောင်းတစ်ကျောင်းလုံးက လူတွေ နင့်ကိုသိပ်ကိုရွံသွားတော့မှာ၊ ဟားဟား ရှောင်းရှန်က နင့်ကိုရိုက်မှာတော့မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ နင်က ရွံစရာ သောက်ခြောက်လေးမလို့လေ ဟားဟားဟား"
ဤစကားကို ကြားလိုက်သည်နှင့် ဖူကျို့က မသိမသာလေးရယ်လိုက်မိသည်။ သူမ၏ ခန္ဓာကိုယ်ကို တစ်ဝက်လှည့်လိုက်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ ဟော်စီယွီ၏ ပါးကို ဖျတ်ခနဲ တစ်ချက် ရိုက်ပစ်လိုက်သည်။
သူမကို ကြည့်ရတာ အရမ်းတွေမိုက်ပြီးပစ်ကြွေချင်စရာကောင်းလိုက်တဲ့ပုံမျိုး။
"အဲဒီတော့ကော ဘာဖြစ်သလဲ နားထောင် ငါမင်းကို နှိပ်စက်ဖို့ တော်တော်လေးကိုအာယားနေတယ်ကွာ"
"နင်" ဟော်စီယွီက သွေးအန်ပြီးသေတော့မလို ဒေါသများထွက်လာမိသည်။
"ရှူး..."
ဖူကျို့က  á€Ÿá€ąá€Źá€şá€…á€Žá€šá€˝á€Žá နှုတ်ခမ်းအပေါ်ကို သူမ၏လက်ညှိုးဖြင့်ပိတ်ကာ
"ငါက လူကောင်းတစ်ယောက်တော့မဟုတ်ဘူး ဒါကြောင့် ငါ့ကိုလူတွေကို ခဏခဏရိုက်မိအောင် လာလာမဆွနဲ့ ဟုတ်ပြီလား တကယ်လို့ ငါယောကျာ်းတွေကို ကြိုက်ရင်တောင် နင်ပြောပြောနေတဲ့ သခင်လေးချင်ဆိုတဲ့သူကို ငါကြိုက်မှာမဟုတ်ဘူး တကယ်လို့ သူရန်ပွဲဖြစ်ချင်ရင် အချိန်မရွေး ငါ့ဆီလာလို့ပြောလိုက် အိုခေ"
ဖူကျို့က ထိုသို့ပြောပြီးသည်နှင့် ဗုံးတစ်လုံး ချထားခဲ့သလို အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်ကုန်တော့သည်။ သူမကတော့ ဘာမှမဖြစ်ခဲ့သလို ချာကနဲလှည့်ထွက်ပြီး ကန်တင်းက ထွက်သွားလိုက်သည်။
ဘယ်လိုပြောရမလဲဆိုတော့ ဆူညံနေတဲပတ်ဝန်းကျင်က သူမရဲ့ အကြိုက်မဟုတ်ဘူး။ ဒါကြောင့်် သူမ လစ်ထွက်လာခဲ့တာပဲ။
သူမထွက်သွားပြီးသည်နှင့် ခပ်ချောချောပုံရိပ်နှစ်ခုက ကန်တင်း၏ ဒုတိယအထပ်ကနေ ထွက်ပေါ်လာသည်။ ထို ဒုတိယအထပ်၌ မြင်ကွင်းလှလှလေးများ ရှိသော်ငြား လူတိုင်းက ထိုနေရာကိုတော့ ဝင်ခွင့်မရပေ။ သူတို့နှစ်ယောက်ထဲမှ တစ်ယောက်က နံရံပေါ်မှာမှီလျက် သူ့ထက်ရှည်သည့်သူ၏ အနောက်၌ မေးစေ့ကိုကိုင်ပြီး တွေးတောနေဟန် ပြုနေသည်။
သူ့အသံက လေးနက်မှုအပြည့်ရှိနေကာ အတည်ပေါက်ပြောသည့်လေသံဖြင့်
"ခုနကကောင်လေးက မင်းကို လိုက်နေတဲ့ကောင်လေးမဟုတ်ဘူးလား၊ အရင်ကသူပြောတာကတော့ သူ မင်းကလွဲရင် ဘယ်သူ့ကိုမှ လက်မထပ်ဘူးဆို၊ အခုစာသင်နှစ်အစမှာတော့ သူယောကျာ်းတွေကို ကြိုက်ရင်တောင်မှ မင်းကိုဘယ်တော့မှ မကြိုက်ဘူးတဲ့လား ကြီးကျယ်မြင့်မြတ်တဲ့ သခင်လေးချင်အတွက် ပဟေဠိတစ်ခုအဖြစ် ပေါ်လာပါပြီ မင်းဘယ်လိုခံစားရလဲပြော"
ခုနက သူခေါ်လိုက်တဲ့လူက အရပ်ရှည်တယ်၊ တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ သူ့မှာ ခံ့ညားပြီးယောကျာ်းပီသတဲ့ မျက်နှာရှိတယ်။ သူက သူ့ရှည်လျားတဲ့ခြေတံတွေကို ယှက်ထားပြီးတော့ နံရံမှာမှီပြီးနေနေတယ်။ သူ့ရဲ့စာအုပ်ကို ကိုင်ပြီးစာဖတ်နေတဲ့ပုံလေးက သူ့ရဲ့အရှိန်အဝါကို ကျောင်းတစ်ကျောင်းလုံးကတောင် လိုက်မမှီတော့တဲ့အထိကို ခံ့ညားလွန်းတယ်။ ဒီလိုကြားလိုက်တာနဲ့ သူဘာမှမပြောခဲ့ဘူး။
ထိုသူ၏ မျက်လုံးများက စိတ်ဝင်စားမှု အနည်းငယ်မျှ မြင့်တက်လာကာ ဖူကျို့သွားရာလမ်းဘက်ကို ကြည့်နေခဲ့သည်။
…

အခန်း (၅) ကျောင်းရဲ့နတ်ဘုရားကိုအပျော်တွဲခြင်း
"သခင်လေး သခင်လေး အဆင်ပြေရဲ့လား သခင်လေး...”
ဖူကျို့သည် အောက်ထပ်ကို ရောက်လျှင်ရောက်ချင်း သူမ၏ အိမ်တော်ထိန်း ချန်ရှောင်တုန်းက သူမ၏ နောက်ကို အသည်းအသန်ပြေး လိုက်ပြီးမေးလေသည်။ သူ့မျက်လုံးများက စိုးရိမ်မှုများ အတိုင်းသား ဟန်ဆောင်မှုမရှိဘဲ ပေါ်လွင်နေသည်။
"သခင်လေး နာသွားသေးလား ဒီဟော်စီယွီ သခင်လေးကိုထပ်အနိုင်ကျင့်ပြန်ပြီလား..."
ဖူကျို့က သူ့ကိုဆက်ပြောခွင့်မပေးပေ။
 "ငါသူတို့ကိုပြန်ရိုက်ပစ်ခဲ့တာ"
"ဘာရယ်"
ချန်းရှောင်တုန်းက သူအမောတကောပြေးလာခဲ့သောကြောင့် နားကြားမှားသလားဟူ၍ တွေးလိုက်မိသည်။ ပြီးမှ သူက ခက်ခက်ခဲခဲဖြင့်
"သခင် ... သခင်လေး တကယ်အရိုက်မခံရတာသေချာပါတယ်နော်"
ဖူကျို့က သူမ၏ မျက်ခုံးကို ပင့်လိုက်ပြီးတော့
 "ငါလေးက သူများအရိုက်ခံရမယ့်ပုံပေါက်နေလို့လား မဟုတ်မဟတ်တွေ"
'ဒါပေမဲ့ သခင်လေး အရိုက်ခံရလို့ ဆေးရုံရောက်သွားတာလေ'လို့ ချန်ရှောင်တုန်းက သူ့ဘာသာသူ တိုးတိုးလေးရေရွတ်ပြီးပြောမိသည်။သူ တစ်ခုသတိထားမိတာကတော့ သူ့သခင်လေး ဆေးရုံဆင်းပြီးနောက်ပိုင်း အရင်ကထက် ပိုပြီးထူးဆန်းလာသလိုပင်။
ပထမဆုံးတစ်ခုက သူရဲ့ပင်ကိုယ်စရိုက်အနေအထားက အရင်ထက်ပိုပြီးတော့ သောက်ရမ်း ဆွဲဆောင်မှုရှိလာသလိုပဲ။ ဒါပေမဲ့ ဟော်စီယွီနဲ့သူမရဲ့အုပ်စုအတွက်တော့မဟုတ်ဘူးပေါ့။
"သခင်လေး သခင်လေးချင်ကို တွေ့မိလိုက်သေးလား "
ဖူကျို့က သူမ၏ ခါးကိုပျင်းရိပျင်းတွဲ အညောင်းဆန့်လိုက်ကာ
"မတွေ့ပါဘူး"
"ကျေးဇူးတင်လိုက်တာ ဘုရားသခင်ရယ် "
ထိုစကားကြားမှသာ ချန်ရှောင်တုန်းတစ်ယောက် အပူလုံးကြီးကျသွားသလို အသက်ဝဝ ရှုနိုင်တော့သည်။
ဖူကျို့ စိတ်ရှုပ်လာမိသည်။
ဒီသခင်လေးချင်ကို တစ်ခါလောက်တွေ့ဖူးရုံနဲ့ သူမက သူ့ကို ဘာလုပ်ပစ်မယ်လို့ ထင်နေကြတာလဲမသိဘူး။
"တွေ့ခဲ့တော့ရော ဘာလုပ်ချင်လဲ"
"ကျွန်တော်ကြောက်တာက သခင်လေးချင်ကို တွေ့ပြီးသွားရင် သခင်လေးက သူ့ခြေထောက်ကို ဆွဲဖက်ပြီး သွားခွင့်မပေးမှာကိုပဲ စိုးရိမ်မိတာပါ"
ချန်ရှောင်တုန်းက ပြောပြီးသည်နှင့် ဖူကျို့ကို သုန်သုန်မှုန်မှုန် စိုက်ကြည့်တော့သည် ။
"သခင်လေး အရင်ကသခင်လေးဘာလုပ်ခဲ့လဲဆိုတာကို မေ့သွားတာလား"
ချန်ရှောင်တုန်းက ဒီအဖြစ်အပျက်တွေကိုအစပြန်မဖော်လိုက်ရင်ပိုအဆင်ပြေမှာပဲကို။
အခုတော့ အလွန်အမင်းရှက်ဖို့ကောင်းသောမှတ်ဉာဏ်များ သူမ၏ ဦးနှောက်ထဲကို အစီအရီ ဝင်ရောက်လာသည်။
ဖြစ်ပုံအစကတော့ ကန်တင်း မှာဖြစ်သည်။ သူမက နတ်ဘုရားပမာ အရှိန်အဝါဖြင့် ပြည့်စုံသည့် သခင်လေးချင်၏နောက်ကျောကို တစ်ချက်ကြည့်မိရုံဖြင့် မြင်မြင်ချင်း ပစ်ကြွေသွားခဲ့သည်။ ထို့နောက် သူမက သူ့ကို အပျော်တွဲမည်ဟူ၍ ပြောခဲ့မိသည်။
ယခုလက်ရှိဖူကျို့က တော်ရုံတန်ရုံရှက်တတ်သူတော့ မဟုတ်ပေ။ သို့သော် ယခုတော့ သူမ တွင်းတစ်တွင်းတူးပြီး ဆင်းပုန်းချင်စိတ်များ အတောင့်လိုက် ပေါ်လာမိသည်။
 
ဒါပေမဲ့ သူမက ဟက်ကာဆရာမကြီးလေ အခုတော့ သူမရဲ့ ဖြူစင်တဲ့ကာရိုက်တာလေးကို သက်သေပြဖို့လိုအပ်နေပြီ။
"သူ့ကိုအပျော်တွဲမယ်လို့ပြောခဲ့တာ ငါမဟုတ်ဘူး"
ချန်ရှောင်တုန်း: zzzz
"သခင်လေးက ဒီကျောင်းမှာရှိတဲ့ကျောင်းသား အကုန်လုံးနဲ့ ဆရာမတွေအားလုံးက ကန်းနေတယ်လို့ ထင်နေတာလား"
"သခင်လေး ကျွန်တော်ပြောတာ နားထောင်။တကယ်လို့ သခင်လေးက ယောကျာ်းတွေကို ကြိုက်တတ်တယ်ဆိုရင်တောင်မှ သခင်လေးချင်ကိုတော့မဖြစ်ဘူး သူ့ရဲ့နောက်ခံအင်အားက ကျွန်တော်တို့ဖူမိသားစု  á€žá€˝á€Źá€¸á€•á€á€şá€žá€€á€şá€œá€­á€Żá€ˇá€›á€á€˛á€ˇá€Ąá€á€źá€ąá€Ąá€”á€ąá€™á€Ÿá€Żá€á€şá€˜á€°á€¸ ကျွန်တော်တို့ချင်း အခြေအနေက ကွာခြားတယ်ဗျ”
"ကောင်းပြီ"
ဖူကျို့က ဂရုမစိုက်ဘဲ ပျင်းရိပျင်းတွဲ ပြန်ဖြေလိုက်သည်။
ချန်ရှောင်တုန်း၏ အမူအရာက ရုတ်တရက်တည်သွားပြီး လေးနက်သွားသည်။ သူမ၏အကြိုက်စတိုင်လ်ကို သူ့စိတ်ရင်းကလာသည့် ခံစားချက်ဖြင့် ပြုပြင်ပေးနိုင်ကောင်း ပေးနိုင်မည်။
"သခင်လေး ကျေးဇူးပြုပြီး မိန်းကလေးတွေကို ကြိုက်လို့မရဘူးလား။ ဒီကိစ္စနဲ့ပတ်သက်ပြီး သခင်ကြီးက သိပ်ကျေနပ်တာမဟုတ်ဘူးနော် သခင်လေးရဲ့ မုန့်ဖိုးတွေကို ဖြတ်ပစ်ရုံမကလို့ သခင်လေးကိုပါ စွန့်ပစ်သွားလိမ့်မယ်ဗျ အနာဂတ်မှာသခင်လေး ကုမ္ပဏီကို အမွေဆက်ခံနိုင်မှာ မဟုတ်တော့ဘူး ဒီလိုဆိုရင် တရားမဝင်တဲ့သခင်လေးရဲ့ ညီအစ်ကိုတွေ လက်ထဲ ရောက်သွားလိမ့်မယ်ဗျ စိတ်မပူဘူးလား သခင်လေးရယ် သခင်မကြီးရဲ့ဘေးကင်းမှုအတွက် ယောကျာ်းလေးတွေကို ဆက်မကြိုက်လို့ရမလားဟင်"
ဤအရာကို ကြားပြီးသည်နှင့် ဖူကျို့၏မျက်လုံးများက အေးစက်စက်အငွေ့အသက်များ လွှမ်းခြုံလာတော့သည်။ သူမအရင်ကလုပ်ခဲ့သည့်မကောင်းတဲ့ကိစ္စတွေ အကုန်လုံးကို သူမအဖေ၏ တရားမဝင်ကလေးတွေက သူမအဖေဆီအကုန်သွားတိုင်ကြသည်။
ပထမကတော့ ဖူကျုံးရီဟာ ဖူကျို့အပေါ် အရမ်းကိုကောင်းလွန်းတယ်။ ပြောရမယ်ဆိုရင် ဖူကျို့က သူရဲ့ပထမဆုံး သားဦးလေ။ ဒါပေမဲ့ နောက်တော့ သူက ဖူကျို့ရဲ့ မကောင်းကြောင်းတွေကြားပြီး ဖူကျို့အပေါ် အေးစက်စက်နိုင်လာတော့တယ်။
ဖူကျို့ကို အရင်ကထက်ပိုပြီး သဘောမကျဖြစ်လာလေတယ်။ဖူကျို့ ဂေးတစ်ယောက်ဖြစ်တယ်လို့ စသိတာနဲ့ချက်ချင်းဖူကျို့ရဲ့ငွေကြေးထောက်ပံ့မှုတွေ အကုန်လုံးကိုဖြတ်တောက်လုနီးနီးအထိပင်။
ဖူကျုံးရီက အိမ်ကို ပြန်မလာတာလည်း တော်တော့်ကိုကြာနေခဲ့ပြီး ဘဝ၏အချိုးအကွေ့တိုင်းမှာ အတူရှိနေပေးခဲ့သည့်ဖူကျို့အမေကိုလည်း အေးတိအေးစက် ဆက်ဆံနေခဲ့သည်မှာလည်း ကြာခဲ့ပြီဖြစ်ပေရာ မူလဖူကျို့က သူမအဖေကို သဘောမကျသည်မှာ အဆန်းမဟုတ်ပေ။
ထို့အပြင် ဖူးကျုံးရီက သူ၏ကုမ္ပဏီကို ဖူကျို့အမေ၏ပိုက်ဆံများဖြင့် စတင်တည်ထောင်ခဲ့တာဖြစ်သည်။
အခုတော့ သူ့ဆီမှာအကုန်ပြည့်စုံသွားတာနဲ့ ဘေးမှာ အေးအတူပူအမျှအတူရှိပေးခဲ့တဲ့ ဇနီးကို စွန့်ပစ်ချင်တယ်ပေါ့။ ဒီအခြေအနေက ဘယ်လောက် လက်ခံချင်စရာကောင်းလိုက်သလဲ။ အခုတော့ သူမက ဒီခန္ဓာကိုယ်ကိုယူထားမှတော့ မူလခန္ဓာကိုယ်ပိုင်ရှင် ပိုင်ဆိုင်သင့်တဲ့အရာအားလုံးကို ပြန်ယူပေးရတော့မှာပေါ့။
…
 

Search Novels