အပိုင်း(၂၆) တရားမျှတမှုဟာ နောက်ကျကောင်းနောက်ကျနိုင်တယ်
သူတို့ စိတ်ရင်းကို အစွမ်းကုန် ပြသရန်အတွက် ကျန်းမြို့တော်၏ အမှတ်(၁)အလယ်တန်းကျောင်းက လူအများအပြားကို ဖိတ်ခေါ်ထားလေသည်။
ဖူကျို့က အလယ်၌ ရပ်နေပြီး သူမဟာ ဂျင်းအဖျော့ရောင် ဘောင်းဘီနှင့် အမည်းရောင် ခါးပတ် ထို့နောက် ရိုးရှင်းသည့်တီရှပ်တစ်ထည်ကိုသာ ဝတ်ဆင်ထားသည်။ 
သူမ၏ ရှုပ်ပွနေသည့် ငွေရောင်ဆံပင်များဖြင့်  á€žá€°á€™á€Ÿá€Ź အတော်လေးကိုကြည့်ကောင်းနေပြီး လူတိုင်း၏ နှလုံးသားလေးကို ရူးသွားအောင် ပြုစားနေပေတော့သည်။
ဟယ်ဟုန်ဟွာက ဖူကျို့ နံဘေး၌ ရပ်နေပြီးတော့ တစ်စုံတစ်ယောက်သာ သူမ မျက်နှာကို ကြည့်လိုက်မည်ဆိုရင် အပျော်ကြီး ပျော်နေသည်ကို တွေ့နိုင်ပေသည်။
အမှန်တကယ်တော့ ဖူကျို့ ကျောင်းတက်သည့်အချိန်ကစပြီး ဖူကျို့နှင့်အတူတူ ကျောင်းကိုလာသည်မှာ သူမ အတွက်ပထမဆုံးအကြိမ် ဖြစ်တာမို့ကြောင့် ဖြစ်သည်။
ဖူကျို့က တစ်စုံတစ်ခုကို စဥ်းစားနေပြီးတော့ သူမ နားကပ်ကို လက်တစ်ဖက်ဖြင့် ကစားနေသည်။ သူမ အသံကို နှိမ့်လိုက်ပြီးတော့
"အမေ ခဏနေရင် ဒါရိုက်တာကျန်း သမီးတို့ကို တောင်းပန်တဲ့အချိန်ကျရင် အမေ ဘာမှဝင်မပြောနဲ့နော်။ သမီးပဲ သူ့ကိုပြန်ပြောမယ်နော်"
"ကောင်းပြီ ကောင်းပြီ"
ဟယ်ဟုန်ဟွာက အချို့အရာတွေ၌ အနည်းငယ်တော့  á€”á€™á€ąá€Źá€şá€”á€™á€˛á€ˇá€”á€­á€Żá€„á€şá€œá€ąá€žá€Šá€şá‹ ထို့ကြောင့် သူမ သမီးကို လက်လွှဲထားလိုက်သည်က အကောင်းဆုံးဖြစ်ပေမည်။
ဖူကျို့နှင့် အခြား ကျောင်းသား ငါးယောက်ဟာ အတူတူထိုင်နေကြပြီးတော့ ကျောင်းက ဖိတ်ထားသည့် လူထုကလည်းစိတ်အားထက်သန်စွာဖြင့် စောင့်စားနေကြလေသည်။ 
ထို့နောက်  á€€á€ťá€”á€şá€¸á€™á€źá€­á€Żá€ˇá€á€ąá€Źá€şáŒ ရှိသည့်လူအားလုံးဟာ အွန်လိုင်းပေါ်မှနေ၍ ဘာတွေဆက်ဖြစ်မလဲ ဆိုသည်ကို စောင့်ကြည့်နေကြလေသည်။
ဒါရိုက်တာကျန်း ထွက်ပေါ်လာသည့်အချိန်တွင် အားလုံးထဲ၌ ဖူကျို့က အတည်ငြိမ်ဆုံးဖြစ်လေသည်။
ဒါရိုက်တာကျန်းက ထပ်ပြီး မာနကြီးသည့်ဟန်ပန် မရှိလေတော့ဘူး။ သူ့ရှပ်အင်္ကျီဟာ တွန့်ကြေနေပြီးတော့ မသိသည့် လူတစ်ယောက်က ကြည့်မည်ဆိုလျှင် ဖြစ်သလို ဝတ်ဆင်ထားသည်လို့ တွေးမိမှာ အသေအချာဖြစ်သည်။
ဒါပေမဲ့ သူဒီတစ်ကြိမ်မှာတော့ ဒီထက်ပိုပြီးတော့ လက်မလျှော့နိုင်တော့ဘူး။
ပြီးတော့ ဒီကျောင်းသားအားလုံးဟာ ပညာရေးမှာ အသုံးမဝင်တဲ့ အမှိုက်သာသာတွေပဲ။
မဟုတ်ဘူး။
သူတို့တွေက လုံးဝအမှိုက်ပဲ။ လုံးဝသုံးစားလို့ မရတဲ့ဟာတွေပဲ။
သူတို့ကများ ငါ့ဆီကတောင်းပန်တာကို လိုချင်ကြသေးတယ်။ သူတို့နဲ့ တန်လို့လား။
ဒါပေမဲ့ အစရှိရင်တော့ အဆုံးရှိရမှာပဲ။ သူ မတောင်းပန်ပြန်ရင်လည်း သူ့ဘဝဟာ ရေစုန်မျောသွားတော့မှာ ဖြစ်လေသည်။
ဒါရိုက်တာကျန်းက ထိုအကြောင်းကိုဂတွေးမိပြီးတော့ နစ်နာသူ ကလေးတွေဆီ လျှောက်သွားလိုက်လေသည်။ ထို့နောက်သူက စိတ်မပါသည့်အသံဖြင့်
"တောင်းပန်တယ်"
ထို ကျောင်းသားတွေက တုံးအနေတဲ့သူမျိုး မဟုတ်ကြပေ။ ဒီဟာက စိတ်ရင်းနဲ့တောင်းပန်တာ မဟုတ်မှန်း သူတို့ကောင်းကောင်းကြီး သိကြလေသည်။
ဘယ်သူကမှ သူ့ကို ခွင့်လွှတ်မပေးကြလေဘူး။
ဒါရိုက်တာကျန်းက ထိုအခြေအနေကို ကြည့်လိုက်ပြီး သူ့လက်များကို ထောင်လိုက်ကာ သတင်းထောက်များဘက် လှည့်လျက်
"ကျွန်တော် တောင်းပန်ပါတယ်လို့ ပြောပြီးတာကို အားလုံးလည်း မြင်ကြမယ်လို့ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့ ချစ်လှစွာသော သတင်းထောက်အပေါင်းတို့ရေ ဒီကလေးတွေကို ကြည့်စမ်းပါဦး။ သူတို့ဟာ တော်တော့်ကို ခေါင်းမာကြတာပဲ။
 á€€á€ťá€˝á€”်တ္ဏ် သူတို့ကို ထုတ်ပစ်တယ်ဆိုတာက ကျွန်တော့်မှာ ရွေးချယ်စရာ မရှိတာမို့လို့ပါဗျာ..."
"တကယ်လို့ ခင်ဗျား တကယ်တောင်းပန်ချင်တယ်ဆိုရင် စိတ်ပါပါနဲ့ ရိုးရိုးသားသားလေးနဲ့ တောင်းပန်လေ" 
ဖူကျို့က အေးတိအေးစက်ဖြင့် ဒါရိုက်တာကျန်း၏ စကားကို ဝင်ဖြတ်ပြောလေသည်။
"ဒါရိုက်တာကျန်း ခင်ဗျားဘာလို့ ဒီလို စကားကြောရှည်နေသေးတာလဲဟမ်"
ဒါရိုက်တာကျန်းက ဖူကျို့စကားကြောင့် ရန်အစခံလိုက်ရသလို ခံစားလိုက်ရပြီး သူ့ပါးစပ်မှ စကားတစ်ခွန်းလွတ်ကနဲထွက်သွားလေသည်။
"ပါးစပ်ပိတ်ထား၊  á€™á€„á€şá€¸á€Ąá€™á€ąá€œá€­á€Ż ခပ်တုံးတုံးတောက မိန်းမက ကျောင်းကို ခဏခဏ လာဘ် မထိုးနေဘူးဆိုရင် ငါ ဒီလိုဖြစ်လာစရာအကြောင်းကိုမရှိဘူး"
ဖူကျို့က ရယ်လိုက်ပြီးတော့ အေးစက်စွာဖြင့် ခွန်းတုံ့ပြန်လေတော့သည်။
"ကြည့်ရတာ ကျောင်းက ကျွန်တော်တို့ကို တောင်းပန်ဖို့ ခေါ်တာမဟုတ်ဘူးနဲ့တူတယ်။ လူတစ်ယောက်အတွက် မြေစာပင်သက်သက်အဖြစ်နဲ့ ခေါ်တာထင်တယ်။ ပြီးတော့ ဒါရိုက်တာကျန်းမှာ ဘာလို့ဒီလိုကြမ်းတမ်းတဲ့ အပြုအမူတွေရှိနေရတာလဲ ရှင်းပါဦး"
"မင်း"
ဒါရိုက်တာကျန်းဟာ သူ့ရှေ့က ထို စကားတတ်သည့် ကောင်လေးကို နားကိုမလည်နိုင်လေတော့ဘူး။
သတင်းထောက်တွေက ဒီအဖြစ်အပျက်ကို မလွတ်တမ်း တဖျတ်ဖျတ် မှတ်တမ်းတင်ထားလေတော့သည်။
လူအများကြားမှာ ပြုမူလိုက်သည့် ဒါရိုက်တာကျန်း၏ အသုံးမကျမှုက ကျောင်းတစ်ကျောင်းလုံးမှာရှိသည့် လူတွေကအသုံးမကျတော့ဟု ဆိုလိုချင်တာ မဟုတ်ပေ။
ထိုစကားကို ကြားပြီးသည်နှင့် ကျောင်း၏ အကြီးအကဲတစ်ယောက်က အသံနိမ့်လေးဖြင့် 
"ဒါရိုက်တာကျန်း မင်း ပါးစပ်ပိတ်ထား။ ငါတို့ ဒီကလေးတွေကို ကျောင်းပြန်တက်လာဖို့ မနည်းတောင်းဆိုထားရတာကွ။  á€™á€„်း ပါးစပ်ကို မဖွင့်ခင် မင်းရဲ့အခုလက်ရှိအခြေအနေကို သတိကပ်ထားတာ ပိုကောင်းမယ်နဲ့တူတယ်"
ထိုအရာက သတိပေးချက်တစ်ခု ဖြစ်လေသည်။
ဒါရိုက်တာကျန်းက ထိုစကား၏ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း နားလည်ပြီးတော့ ဖြူဖပ်ဖြူရော်မျက်နှာပေးဖြင့် သူ့ခေါင်းကိုငုံ့ထားလိုက်လေတော့သည်။
 á€•ဟဎးန္ဏက် သူက လက်သီးဆုပ်ထားလိုက်ပြီးတော့ ဖူကျို့ကို စတင် တောင်းပန်လေတော့သည်။
"အခုဖြစ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်။ ငါ မင်းရဲ့ ပညာသင်ကြားရမဲ့ အခွင့်အရေးကို ဖျက်ဆီးခဲ့မိတယ်။ ငါတကယ့်ကို တောင်းပန်ပါတယ်"
"ပညာရေးတင်မကဘူး"
မိန်းကလေးတစ်ယောက်က ထအော်လေတော့သည်။
"ငါတို့ရဲ့ ဂုဏ်သိက္ခာတွေရောပဲ။ 
 á€Ąá€…ကတ္ဏအ ငါတို့က ဖူကျို့မှာ သူ့အတွက်ပိုက်ဆံတွေပို့ပေးနိုင်တဲ့ ချမ်းသာတဲ့အမေတစ်ယောက်ရှိတာကို မနာလိုဖြစ်ခဲ့မိတယ်။ ကျွန်မက ချမ်းချမ်းသာသာ မမွေးဖွားလာခဲ့လို့ ကျွန်မကို သူခိုးလို့ ပြောပြီး ကျောင်းထုတ်ခဲ့တာပျော်ရဲ့လား။ 
ကျွန်မရဲ့အမေက ကျွန်မကျောင်းပြန်တက်ခွင့်ရဖို့အတွက် သူမ စဥ်းစားရသလောက် ဒီကျန်းမြို့မှာရှိတဲ့ လူတွေကို အရူးတစ်ယောက်လို အကူအညီ လိုက်တောင်းပေးခဲ့တယ်။ ဒါပေမဲ့ ဘာပြန်ရလဲသိလား။ ဟက် လူတိုင်းက သူမကို လက်ညှိုးထိုးပြီး ဝိုင်းလှောင်ကြတယ်လေ။ ရှင်က ဆရာတစ်ယောက်ဖြစ်ဖို့ မတန်ဘူး"

အပိုင်း (၂၇) ဒါပေမဲ့ သင့်ကို ဘယ်တော့မှ မျက်ကွယ်ပြုမှာမဟုတ်ဘူး
ထိုအရာက အမုန်းပဲ။
ဒါရိုက်တာကျန်း လက်ချက်ဖြင့် ကျောင်းအထုတ်ခံလိုက်ရသည့် ကလေးများ၏ နှလုံးသား၌ ဒါရိုက်တာကျန်း အတွက်အမုန်းပဲ ကျန်ရှိလေတော့သည်။
ဒါရိုက်တာကျန်းက ဆက်ပြီးတော့ ခေါင်းမာနေဆဲဖြစ်လေသည်။
"တကယ်လို့ အဲဒါကို မင်းမခိုးခဲ့ဘူးဆိုရင် မင်းဘာလို့ ပြန်ပေးခဲ့တာလဲပြော"
ဒီမိန်းကလေးက သူ့လိုဘဝပျက်ခါနီးသူဆီက ဒီလို စကားမျိုး ထွက်လာလိမ့်မယ်လို့ မထင်မှတ်ထားခဲ့လေဘူး။
ဖူကျို့က သူမလက်ကိုမြှောက်လိုက်ပြီးတော့ အသံနိမ့်လေးဖြင့်
"ဒါရိုက်တာကျန်း ပြောပုံအရဆိုရင် တကယ်လို့ ကျွန်တော်တို့ တစ်စုံတစ်ခုကောက်ရခဲ့ရင် ဒီအတိုင်းပဲ ဆက်သိမ်းထားရမဲ့ပုံပဲနော်။ ဆင်းရဲတာကြောင့်နဲ့ အကြောင်းအရင်းမရှိ သူခိုးလို့ စွပ်စွဲခံရရိုးလား။ အံ့သြစရာပဲနော်"
ဖူကျို့က သည်လိုပြောပြီးသည်နှင့် မျက်ခုံးပင့်လိုက်လေသည်။ သူမ၏ ငွေရောင်ဆံပင်ဟာ နေရောင်၌ တလက်လက်တောက်ပနေပေတော့သည်။
"ကျွန်တော်ကြားတာကတော့ ကျောင်းရဲ့အကြီးအကဲတွေက ဒါရိုက်တာကျန်းကို တခြားနေရာမှာ အလုပ်ဝင်နိုင်ဖို့ စီစဥ်ပေးနေတယ်ဆို။ ဒီလိုဆရာမျိုးက ပညာရေးလောကနေ ထွက်သွားသင့်တာ မဟုတ်ဘူးလား"
"မင်း"
ဒါရိုက်တာကျန်း လက်များက ဒေါသကြောင့် တဆတ်ဆတ်တုန်နေပေတော့သည်။
ကျောင်းအုပ်က ချက်ချင်းပဲ သူ့ကို စကားစဖြတ်လိုက်ပြီးတော့
"ဘယ်တော့မှ ဒီလိုဖြစ်စရာအကြောင်းမရှိပါဘူး။ စိတ်မပူပါနဲ့ ကလေးတို့ရေ။ ပညာရေးလောကက ဒီလိုဆရာမျိုး ဘယ်သူကမှ လိုချင်မှာမဟုတ်ဘူး"
ထိုအရာကို ကြားပြီးသည်နှင့် ဒါရိုက်တာကျန်းက တောင့်တင်း အေးခဲသွားလေတော့သည်။ သူ့မျက်နှာဟာ ဒေါသထွက်နေသည့် အမူအရာဖြင့် ခေါင်းကို လှည့်လိုက်ပြီးတော့ ကျောင်းအုပ်ကို လှည့်ကြည့်လိုက်လေသည်။
သူ့...သူ့အတွက် မျှော်လင့်ချက်ဆိုတာ မရှိတော့ဘူး..။
သတင်းထောက်များက ပျားအုံသလိုမျိုး တိုးဝှေ့ကာ ကျောင်းအုပ်ဆီ စုပုံလာလေသည်။ အချို့သတင်းထောက်တွေက
"အခုချိန်မှာ သူအသိတရားရမယ်ဆိုရင်ကော အသုံးဝင်နိုင်သေးလား"
အချို့ကတော့ ကျောင်းသားများကို အင်တာဗျူးနေလေသည်။
 á€™á€ąá€¸á€á€˝á€”်းမဝဏးထဲက တစ်ခုကတော့
"မင်းတို့ ဒီလို မတရားမှုခံစားနေရတာ ဘာလို့စောစောမပြောတာလဲ။ ဒီကိစ္စကို ပိုပြီးကြီးလာအောင် ထိုင်စောင့်နေကြတာလား"
ဒီလိုမကောင်းတဲ့ ရည်ရွယ်ချက်နဲ့ မေးခွန်းတွေဟာ အချိန်မရွေးတည်ရှိနေနိုင်တာပဲ။
ဖူကျို့က ထိုမေးခွန်းကို မေးသည့်သတင်းထောက်ကို အေးတိအေးစက် စိုက်ကြည့်လိုက်လေသည်။
အခြားသတင်းထောက်များက ထိုလူကို သည်းမခံနိုင်ကြတော့ပဲ သူတို့အထဲမှ တစ်ယောက်က ထိုလူကို တွန်းထုတ်လိုက်ပြီးတော့ မေးခွန်းတစ်ခုမေးလေတော့သည်။
"ငါတို့အားလုံးက ဒီသတင်းကို အွန်လိုင်းပေါ်မှာ ဖတ်လိုက်ရတယ်။ အချို့လူတွေဟာ သူတို့မတရားခံရတာတောင်မှ အလုပ်အထုတ်ခံရတယ်ပေါ့နော်။
 á€’ဍပ္မဲအ သူတို့ကတော့ စိတ်ထားကောင်းနေဆဲပဲပေါ့။ ငါ မင်းတို့ကိုမေးချင်တာက ကိုယ့်ဘာသာယုံကြည်မှုအပြည့်နဲ့ ဒီလိုအမှန်တရားကို ဖော်ထုတ်အောင် ဘယ်အရာကတွန်းအားပေးခဲ့တာလဲ ဆိုတာပါပဲ"
ထိုလူက သူခိုးဟု အစွပ်စွဲခံလိုက်ရသည့် ကောင်မလေး၏လက်ဆီ မိုက်ကို ထိုးထည့်ပေးလိုက်သည်။
ဒီမိန်းကလေးက မိုက်ကို ယူလိုက်ပြီးတော့ ဖူကျို့လက်ထဲ တစ်ဖန် ထည့်လိုက်လေသည်။ သူမ၏ တဖျတ်ဖျတ်တောက်ပနေသည့် မျက်လုံးဖြင့် ဖူကျို့ကို ကြည့်ကာ ဒီမေးခွန်းကို ဖြေစေလိုလေသည်။
ဖူကျို့က ပြုံးလိုက်ပြီးတော့ သူမ ခေါင်းကို လှည့်လိုက်လေသည်။ ကင်မရာကို ယုံကြည်မှုအပြည့်ရှိနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်ကာ 
"ဘာလို့လဲဆိုတော့ တရားမျှတမှုဆိုတာ နောက်ကျကောင်း နောက်ကျနိုင်ပေမဲ့ ဘယ်တော့မှ ကိုယ့်ကို မျက်ကွယ်ပြုမှာမဟုတ်ပါဘူး ဆိုတာပါပဲ"
ထိုအချိန်၌  á€€á€ťá€ąá€Źá€„á€şá€¸á€žá€Źá€¸á€Ąá€™á€ťá€Źá€¸á€…á€Żá မျက်လုံးများက မျက်ရည်တို့ဖြင့် ပြည့်နှက်နေလေတော့သည်။
ဟုတ်တယ်။
တရားမျှတမှုက နောက်ကျကောင်း နောက်ကျနိုင်ပေမဲ့ ကိုယ့်ကို ဘယ်တော့မှ မျက်ကွယ်ပြုမှာ မဟုတ်ဘူး။ ငါတို့ ဒီလောက်ထိ ယုံကြည်ခဲ့လို့ ဒီနေ့အထိဒီလိုရပ်တည်နေနိုင်ခဲ့တာ။
"တီ"
ချင်မော့ဟာ ရီမုတ်ကို နှိပ်လိုက်ပြီး တီဗွီကို ပိတ်လိုက်ကာ သူ့လက်အောက်ငယ်သားတွေကို လှည့်ကြည့်လိုက်လေသည်။ မျက်မှောင် မသိမသာကြုတ်လိုက်ပြီးတော့
"မင်း ဘာလို့ငိုနေတာလဲ"
"ကျွန်တော်က programming လုပ်တာကလွဲလို့ ဘာမှမသိဘူး။ ကျွန်တော်ငယ်ငယ်တုန်းက ကျောင်းကနေ အထုတ်ခံရဖူးတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ဆရာက ကျွန်တော့်ကို ကျောင်းသားကောင်း မဟုတ်ဘူးလို့ ပြောခဲ့လို့ပဲ"
ဖက်တီးက ထိုသို့ပြောရင်းဖြင့် သူ့မျက်နှာကို လက်ဖြင့်သုတ်ကာ
"တကယ်လို့ အစ်ကိုကြီးချင်သာ ကျွန်တော့်ကို ရှာမတွေ့ခဲ့ဘူးဆိုရင် ကျွန်တော် hacker တစ်ယောက် ဖြစ်လာမှာမဟုတ်ဘူးဗျ အီးဟီးဟီး"
ချင်မော့က အခြားတစ်ယောက်ကို ကြည့်ပြီးတော့
"ဒုတိယမျိုးဆက်ရဲ့ သူဌေးသားလေးရေ...မင်းလည်းပဲ ကျောင်းထုတ်ခံရတယ်လို့တော့ ငါ့ကိုမပြောနဲ့"
"ကျွန်တော် ကျောင်းပြောင်းခံလိုက်ရတာ အီးဟီးဟီး"
COCO က သူ့ယုန်အရုပ်နားရွက်ကို ကိုက်ရင်းဖြင့်
"ဒီခွေးကောင် ဒါရိုက်တာ သူသေသွားဖို့ကောင်းတယ်။ အစ်ကိုကြီး... အစ်ကိုကြီးရဲ့အမေကို ခေါ်လိုက်ပါလား။ ဒီလိုဆိုရင် ဒီခွေးကောင်ဒါရိုက်တာအတွက် သွားစရာမြေရှိတော့မှာမဟုတ်ဘူး ဟိဟိ"
ထိုစကားကို ကြားလိုက်သည်နှင့် ချင်မော့ဟာ ခေါင်းစောင်းလိုက်ပြီးတော့ စီးကရက်မီးကို ညှိလိုက်လေသည်။ 
သူ့မျက်လုံးတွေက စိတ်ဝင်စားမှုမရှိဘဲ
"ဒီဟာတွေကို ငါလုပ်စရာမလိုပါဘူး။ တစ်စုံတစ်ယောက်က သူ့ကို ခြေချစရာနေရာမရှိအောင် လုပ်ပေးလိမ့်မယ်"
"ဘယ်သူလဲ"
COCO က အံ့အားသင့်စွာမေးလေတော့သည်။
ချင်မော့၏ လက်ချောင်းရှည်ရှည်တွေဟာ ငွေရောင်မီးခြစ်ကို ခပ်ဖွဖွလေးထိလိုက်ပြီးတော
" 'Spade Z' ပေါ့"
ထိုအရာကို ကြားပြီးသည်နှင့် ဖက်တီးနှင့် COCO ဟာ ထခုန်မိလိုက်လေသည်။
"အစ်ကိုကြီးချင် မင်းဆိုလိုတာက ဒီ 'Spade Z'ဟာ ဒီအထဲကတစ်ယောက်လို့ ဆိုချင်တာလား"
ချင်မော့ ဟာ စီးကရက်ကို သူ့လက်၌ ကိုင်ထားလေသည်။ 
မီးပူတိုက်ထားသည့် ဝတ်စုံပြည့်နှင့် သူဟာ အလွန်ကို ခံ့ညားပြီး အမည်မသိသည့် အရှိန်အဝါတစ်မျိုးပေးနေသယောင်။
 á€žá€°á€•ဟ္ဏတဏက အကျိုးကြောင်းဆီလျော်ပြီး တစ်ချိန်တည်းမှာပဲ အရမ်းနက်နဲလေသည်။
"ဘယ်သူကများ ဒါရိုက်တာကျန်းရဲ့ မက်ဆေ့ချ်အပြည့်အစုံကို ဒီလောက် စေ့စေ့စပ်စပ် ဖော်ထုတ်နိုင်မလဲ။ တစ်စုံတစ်ယောက်က သူ့ရဲ့ဖုန်းကို မ hack ခင်အထိပေါ့။
 á€’ဎ 'Spade Z' က ဒီအင်တာဗျူးခံနေရတဲ့ ကလေးခြောက်ယောက်ကြားမှာ ရှိကိုရှိနေလိမ့်မယ်"

အခန်း (၂၈) ချင်မော့က Spade Zကို ဆက်ရှာနေဆဲ
“ ဒီ ကျောင်းသားတွေထဲကလား"
COCOနှင့် ဖက်တီးက အံ့အားသင့်သွားသဖြင့် တစ်ယောက်ကို တစ်ယောက်သာ ကြည့်နေမိသည်။ သူတို့မျက်လုံးများက ရှော့ခ်ရမှုများဖြင့် ပြည့်နှက်နေသည်။ 
ကျောင်းသား ခြောက်ယောက်လုံးက လုံးဝကို ပုံမှန်ကလေးတွေလိုပါပဲ။ သူတို့အထဲက တစ်ယောက်က စီအီးအိုချင်ကို လိုက်ပိုးတဲ့ ဂေးလေးတစ်ယောက် ပါနေတာက လွဲလို့ပေါ့။
ဒီလို လူစားမျိုးက "Spade Z” ဖြစ်နိုင်လို့လား။
ချင်မော့က မျက်ခုံးပင့်လိုက်သည်။ ဆေးလိပ်ငွေ့များဖြင့် မြူထူထပ်သကဲ့သို့ ဖြစ်နေသည့် အခန်းအတွင်း၌ ချောမောလှသော သူ့မျက်နှာက အနည်းငယ် စိတ်မကျေနပ်လေဟန်ဖြင့်
" မင်း ဘာလို့ အံ့အားသင့်နေတာလဲ Spade Zက ကျောင်းသား တစ်ယောက်လို့ မင်းတို့ကို ငါ မပြောဘူးလား"
"ဒါပေမဲ့ အစ်ကိုကြီးရေ Spade Zက ဒီခြောက်ယောက်ထဲက တစ်ယောက်လို့ ဘာလို့ အတပ်ပြောနိုင်ရတာလဲ"
ဖက်တီးက လက်ရှိအချိန်ထိ သဘောမပေါက်သေးပေ။
ချင်မော့က သတင်းခေါင်းစဉ်ကို ကြည့်လိုက်ပြီး စကားတစ်ခွန်းကိုသာ လိုရင်းရောက်အောင် ပြောသည်။
"ဘာလို့ဆို အပြစ်မဲ့တဲ့သူကပဲ တရားမျှတမှုဆိုတဲ့ အရာကို လိုလားတာမို့လို့လေ"
ဖက်တီးက ကြောင်အနေရာမှ ရုတ်တရက် အလင်းပြခံလိုက်ရသလို ခံစားလိုက်ရသည်။
တကယ်လို့ Spade Z က ဒီခြောက်ယောက်ထဲမှာ ရှိမယ်ဆိုရင် ရှာရမှာက နည်းနည်းလေး ပိုလွယ်သွားသလိုပဲ။ 
ဘာလို့လဲဆိုတော့ ခြောက်ယောက်ထဲက လေးယောက်က ယောက်ျားလေးတွေလေ။ Spade Zက သူ့ လိင်ကို မဖော်ပြထားပေမဲ့ သူ လုပ်နေကြပုံတွေကို ကြည့်လိုက်မယ်ဆိုရင် ယောက်ျားလေးတစ်ယောက် ဖြစ်ဖို့များတယ်။
ထိုည၌ ဖူမိသားစု၏ အိမ်ရာ၌ ဖူကျို့က USBကို ယူထုတ်လိုက်သည်။ သူမ အောက်ဆင်းလိုက်သည်နှင့် ဟယ်ဟုန်ဟွာ ဖုန်းပြောနေသည်ကို ကြားလိုက်ရသည်။ ဟယ်ဟုန်ဟွာ၏အသံက အလွန်ကျယ်ပြီး တစ်စုံတစ်ယောက်နှင့် အငြင်းပွားနေဟန်တူသည်။
သေချာပေါက် ဟယ်ဟုန်ဟွာ၏ ဆွေးနွေးမှုရလဒ်ကတော့ စိတ်ကျေနပ်ဖွယ် မကောင်းနေချေ။ ဖူကျို့ ဆင်းလာသည်ကိုမြင်လိုက်တော့ ဟယ်ဟုန်ဟွာက သူမ မျက်နှာထက်၌ အပြုံးတစ်ပွင့် ပန်ဆင်လိုက်ရပြီး
" လာ လာထိုင် ကျို့လေး၊ အမေ သမီးအကြိုက်ဆုံး ဝက်ခြေထောက်ဟင်း ချက်ထားတယ်၊ ငရုတ်သီးတွေနဲ့ အာလူးတွေပါ ထည့်ထားတာ"
" သခင်မကြီးက မနက် ၃နာရီကတည်းကထပြီး မီးအေးအေးနဲ့ သခင်လေးအတွက် ချက်ပေးထားတာ"
အိမ်အကူက ပြောရင်းဖြင့် ရေနွေးကြမ်းတစ်ခွက် အရင်လာချပေးသည်။
" ခဏနေရင် စားလို့ရပါပြီ သခင်လေး၊ အသားက အရမ်း အရသာရှိပြီး နူးညံ့နေမှာပဲရယ်"
ထိုအရာကို ကြားလိုက်သည်နှင့် ဖူကျို့က ဟယ်ဟုန်ဟွာအား သိုင်းဖက်လိုက်ပြီး
"ကျေးဇူးပါ အမေ။
"ငတုံးလေး ကိုယ့်အမေကို ကျေးဇူးတင်စရာမလိုပါဘူးကွယ်"
ဟယ်ဟုန်ဟွာက ပြောရင်းဆိုရင်းဖြင့် အနည်းငယ် ရှက်သွေးဖြာသွားမိသည်။
" ကဲ လွှတ်တော့လေ အမေ့ကို ဒီလိုဖက်ဖို့ ကျို့လေးက တော်တော်ကြီးနေပြီကို" 
ဟယ်ဟုန်ဟွာက ထိုသို့ပြောလိုက်သော်ငြား မျက်နှာပေါ်မှ ပျော်ရွှင်မှုကိုတော့ သူမ ဖုံးထားနိုင်စွမ်းမရှိပေ။
သို့သော်လည်း ထိုအချိန်၌ စားပွဲပေါ်မှ ဖုန်းက ဆက်တိုက် ဆက်တိုက် မြည်နေပေရာ နားပင် ငြီးလာချေသည်။
ဟယ်ဟုန်ဟွာက ဖုန်းကို စစ်ကြည့်လိုက်ပြီးသည့်နောက် သူမ မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားသည်။ 
ဖူကျို့က ထက်မြက်သည့် မိန်းကလေးတစ်ဦး ဖြစ်ပေရာ သူမ အမေ မျက်နှာကို ကြည့်လိုက်သည်နှင့် ဘာဖြစ်သွားလဲဆိုသည်ကို တန်းသိလိုက်သည်။ ထို့နောက် သူမက အသံနှိမ့်လေးဖြင့်
"အမေ ဖုန်းကိုင်လိုက်လေ ဘာကိစ္စပဲရှိရှိ သမီး အမေ့ဘက်မှာ ရှိနေမယ်နော်"
သူမ သမီး၏ အားပေးစကားကြောင့် ဟယ်ဟုန်ဟွာက အားအင်များ ရှိလာသလို ခံစားလိုက်ရပြီး ဖုန်းကိုင်လိုက်သည်။
“ဟယ်လို မင်း သူတို့ကိုပြောလိုက် ငါ ဟယ်ဟုန်ဟွာက သူတို့အပေါ်  á€œá€˝á€”်ခဲအတဲအနသစ်တွ္တုန်းက ဘယ် အကြွေးကျေးဇူးမှမတင်ခဲ့ဖူးဘူးလို့၊ အခု ဂိမ်းပြိုင်ပွဲ နီးလာတော့ သူတို့က ငါ့ကုမ္ပဏီကနေ ထွက်ချင်တယ်ပေါ့ ဟုတ်လား၊ အကျိုးကြောင်းဆီလျော်မှုကော ရှိရဲ့လားလို့ မေးကြည့်လိုက်ဦး၊ ကစားသမားတစ်ယောက်ကို ယွမ် ၁သိန်း လစာပေးရမယ်ပေါ့၊ တုဇဲ မင်းက တကယ့်ကို အစားကြူးတဲ့ ကျားပဲ"
" သူဌေးဟယ် ကျွန်တော် ခင်ဗျားကို အေးအေးဆေးဆေးပဲ ပြောနေတာလေ၊ အခု ခင်ဗျား ကျွန်တော့်ကို တုံ့ပြန်တဲ့ပုံက ရိုင်းလှချည်လား"
တုဇဲက ဟယ်ဟုန်ဟွာ ဒေါသကို ဆွပေးလိုက်သလိုပင်။
"တော်သေးတာက ကျုပ် ခင်ဗျားကုမ္ပဏီကနေ စောစောထွက်ပြီး အစ်မချင်း နောက်ကို လိုက်ခဲ့တာမြန်လို့ပေါ့၊ လုပ်ငန်းပါတနာ တစ်ခါဖြစ်ဖူးရင် တစ်သက်လုံး လုပ်ငန်းပါတနာ ဖြစ်တယ်လို့ သဘောထားလို့ ကျုပ် တုဇဲက ခင်ဗျားကြီးကိုအကြံတစ်ခုပေးလိုက်မယ်၊ 
သူဌေးဖူနဲ့ မြန်မြန်လေးသာ ကွာရှင်းလိုက်တော့ သိလား၊ ခင်ဗျားလို ဝတုတ်နေတဲ့ အန်တီကြီးက အစ်မချင်းလို ချောချောလှလှလေးနဲ့ ဘယ်နေရာက ယှဉ်လို့ရပါ့မလဲ ကိုယ့်အဆင့်ကိုယ်သိလေဗျာ"
"တီ တီ တီ"
ဟယ်ဟုန်ဟွာက ဖုန်းချပစ်လိုက်သည်။ သူမ ရင်ဘတ်ဟာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး သူမ မျက်လုံးထဲ၌ စိတ်ခံစားချက်ပေါင်းများစွာ ရောထွေးနေပေသည်။
ဟယ်ဟုန်ဟွာက ဒေါသလည်း ထွက်မိသလို ဝမ်းလည်း နည်းနေမိသည်။ သူမ စိတ်ခံစားချက်အား တည်ငြိမ်အောင်ပြုလုပ်ရန် သူမအဖို့ ခက်ခဲပေသည်။
ထို့နောက် ဖူကျို့က သူမအား စိုက်ကြည့်နေသည်ကို သတိထားမိသဖြင့် ချက်ချင်းပဲ
"ဝက်ခြေထောက်က စားလို့ရနေပြီ အမေ ထည့်လာပေးမယ်နော်"
ဖူကျို့က ဟယ်ဟုန်ဟွာ လက်မောင်းအား ကိုင်ဆွဲလိုက်ပြီး လေးနက်သည့်အသံဖြင့်
" အမေ ကုမ္ပဏီမှာ ဘာကိစ္စဖြစ်လို့လဲ"

အပိုင်း (၂၉) သခင်လေး နောက်နေတာ ရပ်လိုက်ပါတော့
ဟယ်ဟုန်ဟွာက ဘာမှမပြောပေ။ ဖူကျို့က မျက်ခုံး ပင့်လိုက်ပြီး အဖြေကိုသိနေသည့် ချန်ရှောင်တုံးကို ကြည့်လိုက်သည်။
"ဒီလိုဆိုရင် နင်ပဲ ငါ့ကိုပြောပြလိုက်တော့"
တွေဝေတုံ့ဆိုင်းခြင်း အလျဉ်းမရှိသည့် ဖူကျို့က အတော်လေး ထက်မြက်ပြီး လူရှိန်ချင်ဖွယ် ကောင်းနေသည်။
ချန်ရှောင်တုံးက ရှော့ခ်ရသွားပြီး မထိန်းချုပ်နိုင်ဘဲ ပြောမိသွားသည်။
"ဖြစ် ဖြစ်နိုင်တာက အသင်းက ကစားသမား သုံးယောက်ရဲ့ လှည့်ကွက်ပဲ ဖြစ်မယ်"
ဖူကျို့က သူမ ခေါင်းကိုစောင်းလိုက်ပြီး
"ဆက်ရှင်းပြပါဦး"
ချန်ရှောင်တုံးက ထရပ်လိုက်ပြီး
"သခင်လေး အခုတလော ကျန်းမြို့မှာ ဂိမ်းပြိုင်ပွဲနဲ့ပတ်သက်ပြီး ခေတ်စားနေတာကို သိတယ်ဟုတ်။ အဲပြိုင်ပွဲက ချင်ကုမ္ပဏီက ဦးစီးတာလေ။ 
နှစ်တိုင်း သူတို့က ကုမ္ပဏီအသီးသီးက ကစားသမားတွေကို ပြိုင်ပွဲဝင်ခိုင်းပြီး နောက်ဆုံးကျန်ရှိတဲ့ ပရော်ဖက်ရှင်နယ် ကစားသမားတွေကိုပဲ ရွေးပြီး သူတို့ ချင်ကုမ္ပဏီရဲ့ အသင်းထဲ ဖိတ်ခေါ်တာပေါ့။ သူတို့အသင်းဆီ ဝင်နိုင်ဖို့ လိုအပ်ချက်တွေက ဂိမ်းကစားတာ တော်လည်းတော်ရမယ်။k
 á€„ယ်ရွယ်ပဟဎး ကြည့်လည်းကောင်းရမယ်ပေါ့ဗျာ။ ဒါမှပဲ ပိုက်ဆံများများ ဝင်လာအောင် လုပ်နိုင်မှာကိုး။
 á€žá€á€„်မကဟဎး အဲတာကို အခွင့်အရေးကောင်းတစ်ခုလို့ မြင်ပြီး ကျောင်းပေါင်းစုံက ကစားသမားကောင်းတချို့ကို မြေတောင်မြှောက်ပေးခဲ့တာ။ 
သူတို့ကို ဂိမ်းပြိုင်ပွဲ အေးအေးဆေးဆေး ဝင်ပြိုင်နိုင်စေဖို့ တစ်နှစ်ပတ်လုံး စားစရိတ်ကော နေစရိတ်ပါ ထောက်ပံ့ပေးခဲ့တာဗျာ။ သူတို့ ချင်ကုမ္ပဏီရဲ့ အသင်းသားအဖြစ် ရွေးချယ်ခံရရင် သခင်မကြီးအတွက်လည်း အကျိုးအမြတ် များများ ရမှာဆိုတော့လေ။ 
အဲလို အစအဆုံး အကုန်တာဝန်ယူပြီး လိုက်လုပ်ပေးခဲ့တာတောင် ဟို ကစားသမားသုံးယောက်က သူတို့မန်နေဂျာ တုဇဲနဲ့တူတူ ကျွန်တော်တို့ကုမ္ပဏီက အရည်အချင်းရှိတဲ့ ကျန်တဲ့ကစားသမားတွေကိုပါ မဲဆွယ်ပြီး ကျွန်တော်တို့ဆီကနေ နှုတ်ထွက်ခိုင်းလိုက်တယ်ဗျာ။ 
အခုတော့ ကျွန်တော်တို့မှာ သာမန်အဆင့်လောက်ပဲရှိတဲ့ ကစားသမားတွေပဲ ကျန်ခဲ့ပြီ။ သူတို့က သေချာပေါက်ပထမအဆင့်မှာတင် ပြုတ်ကျန်ရစ်မှာပဲ။ ဒီလိုဆို ကျွန်တော်တို့ ကုမ္ပဏီက အကျိုးမြတ်ရဖို့ နေနေသာသာ အရင်းပါ ရှုံးတော့မှာဗျ။ 
ပြီးတော့ ကျွန်တော်တို့ရဲ့ လုပ်ငန်းလိုင်စင်ကော ဆုံးရှုံးရတော့မှာပေါ့။ ဟိုသုံးယောက် အဲဒါကို သိသိကြီးနဲ့တမင်လုပ်တာဗျာ။
 á€’ဍအဥပဟင် သူတို့က အသင်းထဲက ကစားသမားတွေကို ပေါက်ကရသတင်းတွေပါ လျှောက်ပြောပြီးကျွန်တော်တို့ကို ဒုက္ခရောက်အောင် လုပ်လိုက်သေးတယ်ဗျ"
" သူတို့ ဘာပြောလဲ"
ဖူကျို့က ခံစားချက်မဲ့စွာ မေးလိုက်ကာ ချန်ရှောင်တုံးအား ဆက်ပြောစေသည်။
ချန်ရှောင်တုံးက ဟယ်ဟုန်ဟွာကို တွေဝေတုံ့ဆိုင်းစွာ တစ်ချက်ကြည့်လိုက်ပြီး 
"သူ သူတို့ပြောတာကတော့ သခင်လေးက ယောက်ျားလေးတွေကိုပဲ အီစီကလီရိုက်တတ်လို့ အနာဂတ်မှာ ဘာမှ ဖြစ်ထွန်းလာမှာမဟုတ်ဘူးတဲ့။
 á€€á€…ဏးသမဏး အများစုက ဒီသတင်းကို ကြားလိုက်တော့ ဟိုဘက်ကုမ္ပဏီကို ပြောင်းရွှေ့ဖို့ တာစူ ကြတော့တာပဲ။ အဲမှာ သခင်မကြီးလည်း ကုမ္ပဏီကို ဆက်ထိန်းသိမ်းဖို့ မနိုင်တော့ဘူးဗျာ"
ဖူကျို့က ထိုအရာကို ကြားလိုက်သည်နှင့် သူမ မျက်လုံးများ မည်းမှောင်သွားတော့သည်။
 á€žá€°á€™ ငွေရောင်ဆံနွယ်များက အရိုးထိ အေးစိမ့်စေနိုင်သော အရှိန်အဝါတစ်မျိုး ပေးနေသယောင်။
ဟယ်ဟုန်ဟွာက ချက်ချင်းပင်
" ရှောင်တုံး ပြောတာကို နားမထောင်နဲ့နော်။ အမေတို့ တစ်ခုခုတော့ ကြံဆနိုင်ဦးမှာပါ။ အမေက ဒီလို ဖြစ်သလို လွှတ်ထားတတ်တဲ့သူ မဟုတ်မှန်း သိတယ်မလား။ 
မစိုးရိမ်ပါနဲ့ ဘာပဲဖြစ်နေဖြစ်နေ အမေ့ ကျို့လေးကို အကောင်းဆုံးအရာတွေနဲ့ပဲ ဖြည့်ဆည်းပေးမှာပါကွယ်"
"အမေ"
ဖူကျို့က ပြုံးလိုက်မိသည်။
" မှားနေပြီကော အမေ့ကို အကောင်းဆုံးအရာတွေနဲ့ ဖြည့်ဆည်းပေးသင့်တာက သမီးပါ။ ဂိမ်းကစားတာလောက်လေးပဲမလား။ သမီးလည်း ဂိမ်းဆော့တတ်တာပဲလေ"
ဟယ်ဟုန်ဟွာက ရယ်လိုက်မိပြီး တောက်ပသည့် အပြုံးလေးဖြင့်
" သမီး ဂိမ်းဆော့တတ်တာ အမေ သိပါတယ်။ Plants vs Zombies  á€‚á€­á€™á€şá€¸á€™á€œá€Źá€¸á‹ ဒါပေမဲ့ အဲလို ဂိမ်းပြိုင်ပွဲတွေကသမီးဆော့နေကြဟာတွေနဲ့ မတူဘူးကွယ်။
 á€œá€Ź လာ ထမင်းအရင်စားရအောင်။ ထမင်းစားပြီးရင် အမေ ဟွိုင်မြို့ကို အလုပ်ကိစ္စနဲ့ သွားစရာလေးရှိသေးတယ်"
ဖူကျို့ ဘာကိုဆိုလိုမှန်း ဟယ်ဟုန်ဟွာ နားမလည်ပေ။ သူမ တကယ်ကို ဂိမ်းကစားတတ်သည်ကို ဟယ်ဟုန်ဟွာ သိလိမ့်မည် မဟုတ်ချေ။
ထမင်းစားပြီးသည့်နောက် ဖူကျို့က ချန်ရှောင်တုံးအား ခေါ်လိုက်သည်။
"လာပါအုံး"
ချန်ရှောင်တုံးက ဘာတွေဖြစ်နေလဲဆိုတာကို နားမလည်ချေ။ 
သို့သော် သူ့သခင်လေး၏ ပျင်းရိပျင်းတွဲ လေသံဖြင့်ပြောလိုက်သည့်စကားကြောင့် သူ ကြက်သီးထသွားမိသည်။
ဖူကျို့က သူမ ပေါင်ပေါ်မှ မဂ္ဂဇင်းကို ပိတ်လိုက်ပြီး ထိုင်ခုံ အနောက်သို့ မှီချလိုက်သည်။ သူမ ငွေရောင်ဆံပင်သည် မဖော်ပြနိုင်သည့် မကောင်းဆိုးဝါးဆန်ဆန် မျက်နှာပေးကို ပံ့ပိုးပေးနေသလိုပင်။
"ငါ့ကို ကုမ္ပဏီရဲ့ ပြိုင်ပွဲဝင် စာရင်းကို ယူလာခဲ့ပေး"
ထိုအရာကို ကြားလိုက်သည်နှင့် ချန်ရှောင်တုံးက အသံတိုးလေးဖြင့်
" သခင်လေး အခုလို ရက်အနည်းငယ်လောက် ဂိမ်းဆော့နေတာက သခင်လေးချင်ကြောင့်ဆိုတာ သိပါတယ်။ ဂိမ်းပြိုင်ပွဲဝင်ပြိုင်မယ်ဆိုတာကို လက်လျှော့လိုက်ပါလား။
 á€’ဎပဟိုင်ပွဲက ပရိုကျတဲ့ ကစားသမားတွေ အတွက်ပဲကော။ သခင်လေးချင်လည်း ပြိုင်ပွဲနေ့ကျရင် ဟိုမှာ ရှိနေမယ်ဆိုပေမဲ့ သခင်လေးလို အခုမှစဆော့တဲ့သူအတွက်တော့ အရမ်းအလှမ်းဝေးလွန်းတယ်ဗျာ။ သခင်လေးချင်ကို ပြိုင်ပွဲမှာ အနိုင်ရတဲ့သူတွေကပဲ တွေ့ခွင့်ရှိမှာဗျ။ ကျွန်တော် အတည်ပြောနေတာနော်။ သခင်လေး အခုမှ ငြိမ်ကုပ်သွားတာ ရက်အနည်းငယ်ပဲ ရှိဦးမယ်။ ပြဿနာ ထပ်မရှာပါနဲ့လားဗျာ"

အပိုင်း (၃၀) ကြီးမြတ်လှသော သခင်လေးချင်ရေ ငါတို့ ချိန်းတွေ့ကြရအောင်။
"ယူလာခဲ့"
ရိုးရှင်းသည့် စကားလုံးမျှသာ ဖြစ်သော်ငြား လေသံက အေးစက်မှုအတိဖြစ်နေသည်။
ချန်ရှောင်တုံးက ချက်ချင်း လှည့်လိုက်ပြီး ဖိုင်တွဲအား ဖူကျို့ဆီ ယူလာပေးတော့သည်။
ဖူကျို့က အပေါ်ထပ်သို့ တက်နေစဉ် စာရွက်နှစ်ရွက်ကိုသာ လှန်လိုက်သည်။
ချန်ရှောင်တုံးက သူ့သခင်လေး ဘာများလုပ်နေမလဲဟု စပ်စုချင်စိတ်ဖြင့် အခန်းတံခါးဝ၌ ခိုး၍နားထောင်သော်လည်း ဂိမ်းဆော့နေသံများကိုသာ ကြားရပေ၏။
မှန်တာပေါ့။ ဖူကျို့ ဂိမ်းဆော့နေသည်။
ဖူကျို့က ပြိုင်ပွဲဝင်များ၏ ကိုယ်ရေးကိုယ်တာမှတ်တမ်းကို ရပြီးသည်နှင့် ဂိမ်းထဲသို့ log inဝင်လိုက်ကာ ထိုသူများ၏ ဂိမ်းထဲမှ အဆင့်အခြေအနေကို သွားစူးစမ်းပေသည်။
သူမ မေးကို လက်ချောင်းဖြင့် ထိကစားနေရင်း တစ်စုံတစ်ခုကို တွေးနေမိသည်။
နောက်ဆုံး၌ သူမ လက်ချောင်းကို လှုပ်ရှားကာ ချင်မော့ဆီသို့ စာ တစ်စောင်ပို့ခဲ့သည်။
"ကြီးမြတ်လှတဲ့ သခင်လေးချင်ရေ ဒီနှစ်ရက်မှာ ဘယ်လိုနေလဲ။ ငါလေးကို ရှာရတာ ပျော်ဖို့မှ ကောင်းရဲ့လား"
ထိုအချိန်၌ ချင်မော့က ကုမ္ပဏီ၏ရုံးခန်း၌ ထိုင်နေပြီး နိုင်ငံခြားဈေးကွက်နှင့် ပတ်သက်သည့် အစည်းအဝေးကို ကျင်းပနေသည်။ အွန်လိုင်းဂိမ်းကို ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့်အတွက် ကွန်ပျူတာကို အမြဲလိုလို ဖွင့်လျက်ထားသည်မှာ ပုံမှန်ပင်ဖြစ်သည်။
အစည်းအဝေးအခန်းမှ လေထုအပူချိန်ဟာ "ဒင်" ဆိုသည့်အသံကို ကြားလိုက်သည်နှင့် အေးခဲသည့် အနုတ်မှတ်သို့ ကျဆင်းသွားခဲ့သည်။
ဘုရင်တစ်ပါးနှယ် ထိုင်နေသည့် အစည်းအဝေးခန်း အလယ်မှ ထိုသူဟာ ခေါင်းကို စောင်းလိုက်ပြီး မျက်လုံး၌ စပ်စုလိုစိတ် အနည်းငယ် ဖြစ်ပေါ်လာသည်။
ထို့နောက် သူ့လက်ကို မြှောက်လိုက်ပြီး အစည်းအဝေးကို ခေတ္တရပ်နားရန် အချက်ပြလိုက်သည်။
ထို အချက်ပြမှုကြောင့် ကုမ္ပဏီ၏ အကြီးအကဲများက အံ့အားသင့်သွားတော့သည်။ ချင်မော့ နံဘေးမှ အတွင်းရေးမှူးကလည်း ထိုအဖြစ်ကို မယုံနိုင် ဖြစ်နေသည်။
စီအီးအိုချင်က ဘယ်တုန်းကမှ အစည်းအဝေးလုပ်ရင် ရပ်လေ့ရှိတာမဟုတ်ဘူး။ ဂိမ်းလေးတစ်ခုအတွက်နဲ့ ဒီလို ရပ်လိုက်ရတယ်လို့။ 
သို့သော် အဆုံး၌ လူတိုင်းက ထို ခံ့ညားသည့်လူငယ်လေး လက်တစ်ဖက်၌ လက်တော့ပ်ကို ကိုင်လျက် အစည်းအဝေးခန်းမှ ထွက်ခွာသွားသည်ကို အကူညီမဲ့စွာ ကြည့်နေရတော့သည်။
"သောက်ကျိုးနည်း ဘာတွေဖြစ်နေတာလဲ"
"မသိဘူးလလေ"
သေချာ နားထောင်မည်ဆိုလျှင် အစည်းအဝေးခန်း၌ တီးတိုးပြောသံများကို ကြားနိုင်ပေသည်။ ချင်မော့က နံရံကို မှီလိုက်ပြီး သူ့ friend list၌ရှိသည့် တစ်ဦးတည်းသောသူ "Spade Z” အား ကြည့်လိုက်သည်။
သူ၏ ရှည်လျားပြီး သွယ်လျသည့် လက်ချောင်းများက တစ်ခဏရပ်သွားပြီး စာရိုက်လိုက်သည်။
" အဲလောက်လည်း မဟုတ်ပါဘူး"
ဖူကျို့က ထိုအေးစက်သည့် စကားလုံးများကို ကြည့်လိုက်ပြီး စုပ်လုံးအား ငုံထားလျက် ပေါ့ပါးစွာ ရယ်လိုက်မိသည်။ ထိုင်ခုံ၌ ထိုင်လျက် ပျင်းရိစွာဖြင့်
"ကြီးမြတ်လှတဲ့ သခင်လေးချင်ရေ တကယ်လို့ နင်လေး ဒီလို မရိုးမသားလုပ်နေမယ်ဆိုရင် ရည်းစားရဖို့ တကယ် မလွယ်ဘူးနော်"
ချင်မော့က တစ်စုံတစ်ယောက်ကိုသတ်ချင်စိတ် ဖြစ်ပေါ်လာပြန်သည်။ သူ့မျက်ဝန်းများက ဒေါသကြောင့် ပိုမို မည်းမှောင်လာသည်။
သူ့ နှုတ်ခမ်းထောင့်ဟာ ကွေးတက်သွားပြီး
" မင်း စုပ်လုံးစားရတာ တော်တော်ကြိုက်တာပဲ။ ချောကလက်အရသာကို ကြိုက်တာမလား"
ဖူကျို့က ဖန်သားပြင်ကို ကြည့်ရင်း ထိတ်လန့်မှုကြောင့် တောင့်တင်းသွားတော့သည်။
တကယ်လို့ သူမ အခန်းထဲ၌ မရှိနေဘူးဆိုရင် တစ်စုံတစ်ယောက်က သူမကို စောင့်ကြည့်နေသည်ဟု တွေးမိမှာ အမှန်ပဲ။
ဒါပေမဲ့ သူမ ပြန်စဉ်းစားကြည့်လိုက်တော့ သူမ ဘယ်သူလဲဆိုတာကို ချင်မော့ သိနိုင်စရာအကြောင်း လုံးဝမရှိဘူး။ မဟုတ်ရင် ဟိုအရင်ကတည်းက သူမ နာမည်အရင်းကို သူ တည့်တိုးခေါ်မှာပဲလေ။
ဒီလူက တကယ့်ကို ဉာဏ်များပြီး ဝမ်းတွင်းမည်းကြီးပဲ။ 
သောက်ကျိုးနည်း။ ငါလေး စုပ်လုံးတွေ စားရတာ ကြိုက်တယ်ဆိုတာကို သူ ဘယ်လိုသိတာပါလိမ့်။
ဟိုနေ့က ခေါင်မိုးထပ်ပေါ်မှာ ငါလေး ကျကျန်ခဲ့တာများလား။
ဖူကျို့ မျက်လုံးများက တောက်ပသွားပြီး ရယ်လိုက်ကာ
"ကြည့်ရတာ ငါလေး နောက်တစ်ကြိမ်ဆို ပိုဂရုစိုက်ရတော့မယ်နဲ့တူတယ်။ ကြီးမြတ်လှတဲ့ သခင်လေးချင်က တကယ့်ကို သူများနဲ့မတူ တမူထူးခြားတာပဲ"
ချင်မော့က ရင်ဆိုင်ရန် ခက်ခဲသည့်သူ ဖြစ်သည့်အပြင် သူမကလည်း ချင်မော့နဲ့ မကြာခင်အချိန်တွင်း ပူးပေါင်းတော့မည် ဖြစ်သောကြောင့် ရန်သူဘက်မှ လက်ဦးမှုမရခင် သူမဘက်က ခြေတစ်လှမ်းသာ ထားရန် လိုပေသည်။
" နင်လေး သိတဲ့အတိုင်း ငါတို့က လွန်ခဲ့တဲ့ရက်တွေက တစ်ယောက်နဲ့တစ်ယောက် စိန်ခေါ်မှုတွေပဲ ဆက်တိုက်လုပ်နေကြတာလေ။ ခွေးတွေတောင်မှ မြင်ပါများရင် ရင်းနှီးသွားတတ်ကြသေးတာပဲ။ ဒီရက်ပိုင်း ရာသီဥတုကလည်း မဆိုးဘူး။ ငါလေး ကျန်းမြို့မှာပဲ ရှိနေတယ်ဆိုတာကို  á€žá€á€„á€şá€œá€ąá€¸á€á€ťá€„á€ş သိထားနှင့်ပြီးသား ဖြစ်လိမ့်မယ်လို့ ထင်တာပဲ။ မနက်ဖြန်ကျရင် ငါလေးတို့ အပြင်မှာ ဒိတ်ကြရင် ဘယ်လိုလဲ"
ချင်မော့က သူ့ငွေရောင် လက်တော့ပ် မျက်နှာပြင်အား စိုက်ကြည့်နေရင်း အတွေးပေါင်းစုံ တွေးနေမိသည်။
ဒါပေမဲ့ သူ ဘယ်တုန်းကမှ မထင်မှတ်ထားသည်က "Spade Z” ကစပြီး သူ့ကို အပြင်မှာ တွေ့ဖို့ စကားစလာလိမ့်မည်ဆိုတာကိုပင်။
…
 

Search Novels