အပိုင်း (၃၁) ချင်မော့ :မဒိတ်ခင်အရင်မေးကြည့်ရအောင် 
ချင်မော့၏ အကြည့်များဟာ လေးနက်လာခဲ့ပြီး တစ်ခဏလောက် သူ စာမပြန်ခဲ့လေဘူး။ 
ဖူကျို့လည်းပဲ အလျင်မလိုမနေခဲ့လေဘူး။ ထိုင်ခုံပေါ်၌ ထိုင်နေပြီး သူမ မေးစေ့ကို လက်ဖြင့် ကိုင်ပြီး ကစားနေသည်။ 
ထို့နောက် သူမက မက်ဆေ့ချ်ကိုလည်း စိုက်ကြည့်နေလေသည်။ 
၅စက္ကန့်မျှ ကြာပြီးသည့်နောက် စကားလုံး တစ်လုံးက ဖန်သားပြင်ပေါ်၌ ပေါ်လာတော့သည်။ 
"ကောင်းပြီလေ"
ချင်မော့က စာပြန်ခဲ့တာဖြစ်လေသည်။ 
ဖူကျို့က ဘယ်နေရာမှာ ဘယ်အချိန် ဘယ်လိုဆက်သွယ်ရမလဲ ဆိုသည်ကို မေးကြည့်ဖို့ ကြံနေစဉ် တစ်စုံတစ်ခုကြောင့် နှောက်ယှက်ခြင်း ခံလိုက်ရလေသည်။ 
"ငါအခုအစည်းအဝေးခန်းမှာ အသေးစိတ်ကို နောက်မှပြောကြတာပေါ့"
သူ့အသံက သူမကို အမိန့်ပေးနေသည်နှင့် တူသည့်အပြင် နွေးထွေးမှုမရှိသည့် အေးစက်စက် အသံကြီးဖြင့် စာပြန်နေမည်မှာ သေချာသလောက်ရှိနေပေသည်။ 
ဒါပေမဲ့...သူက သူမကို အစည်းအဝေးလုပ်နေတုန်း စာပြန်တယ်ဆိုတော့ ဒီမြင့်မြတ်တဲ့ သခင်လေးက ငါလေးကိုတော့အာရုံစိုက်သား။ 
ဖူကျို့က သူမ နှုတ်ခမ်းပါးလေး ကော့တက်သွားအောင် ပြုံးလိုက်ပြီးတော့
"ကောင်းပြီလေ ငါလေး စောင့်နေမယ်"
ချင်မော့က သူမ၏ "စောင့်နေမယ်"ဆိုသည့် စကားကို တစ်ချက်လောက် ကြည့်လိုက်ပြီး သူ့ကွန်ပျူတာကို ပိတ်လိုက်လေသည်။ 
သူ့ အနောက်၌ရှိသည့် အတွင်းရေးမှူးက အံ့သြလွန်းသဖြင့် ပြောစရာစကား ရှာမတွေ့တော့ပေ။ 
သူ..သူများမှားမြင်လိုက်မိတာလား။ 
ဘာလို့ အခုလေးတင် စီအီးအိုချင် ပြုံးလိုက်တယ်လို့ ခံစားလိုက်မိတာပါလိမ့်။ 
ချင်မော့က အစည်းအဝေးခန်းဆီကို ပြန်သွားသည့်အချိန်၌ စောနက ဆူညံပူညံသံများက မီးကို ရေဖြင့် ငြှိမ်းလိုက်သည့်ပမာ တစ်ခါတည်း ငြိမ်ကျသွားပေတော့သည်။ 
သို့သော် လွန်ခဲ့သည့် ဆယ်မိနစ်တွင် စီအီးအိုလုပ်ခဲ့သည့်ကိစ္စကို သူတို့ စပ်စုချင်လွန်းသဖြင့် ကိုယ်တစ်ပိုင်းပင် သေလုမတတ် ဖြစ်နေပေတော့သည်။ 
သူ့ကို ကြည့်ရတာ ဂိမ်းကစားနေသလိုမျိုးပါပဲ။ 
ဘယ်အချိန်ကတည်းက ဂိမ်းတွေက သူ့အတွက် ဒီလောက်တောင် စိတ်ဝင်စားဖို့ကောင်းသွားတာလဲ။ 
ချင်မော့ဟာ သူတို့ကို အာရုံစိုက်တာ မဟုတ်ပေ။ 
သူက သားရေအစစ်ဖြင့် လုပ်ထားသော စျေးကြီးသည့် ထိုင်ခုံဆီကို ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ပြီး ခြေချိတ်ထိုင်လိုက်လေသည်။ သူ၏ ကြီးကျယ်မြင့်မြတ်သည့်အသွင်အပြင်က အရှိန်အဝါကြီးလွန်းပြီး ရှိသမျှ လူတိုင်းကို ကြောက်လန့်စေနိုင်သည်အထိ ပြင်းထန်လွန်းလေသည်။
 
"ဆက်လုပ်"
ထို စကားတစ်ခွန်းတည်းဖြင့် အစည်းအဝေး၏ တာဝန်ရှိသူများက ချက်ချင်းပင် အလုပ်ကို အာရုံပြန်စိုက် လိုက်လေပေတော့သည်။ 
"စီအီးအိုချင် လက်ရှိရာသီရဲ့ ဂိမ်းပြိုင်ပွဲစာရင်းကို ခြုံကြည့်ရင် တစ်မြို့လုံးက ပြိုင်ပွဲဝင် စုစုပေါင်း ၅၀လောက်  á€á€ąá€Źá€ˇá€›á€žá€­á€á€šá€şá€—ဝ"
အစည်းအဝေးခန်း၏ အပြိုင်အဆိုင် ပြောဆိုဆွေးနွေးမှုများက  á€”á€ąá€Źá€€á€şá€†á€Żá€śá€¸áŒ တဖြည်းဖြည်း တိုးညင်း ပျောက်ကွယ်သွားလေတော့သည်။ 
ဖူမိသားစု၏ အိမ်ရာ၌ ဖူကျို့က သူမ လက်တော့ပ်ရှေ့၌ ထိုင်ပြီး စောင့်နေသည်။ 
သူမ ရုတ်တရက်ကြီး သတိရသွားတာကတော့အစည်းအဝေးတွေက အချိန်အနည်းငယ် ယူရတာပဲလေ။ ။ 
အထူးသဖြင့် ညနေခင်း အစည်းအဝေးတွေဆိုရင်ပေါ့။ 
သူတို့က တော်ရုံနဲ့ မပြီးတတ်ကြဘူးလေ။ 
သူမက ဂိမ်းနှစ်ပွဲခန့် ဆော့လိုက်ပြီး ထို့နောက် မျက်နှာသုတ်ပဝါကိုကိုင်ပြီး ရေချိုးရန် အသင့်ပြင်နေပေသည်။ 
ငါလေး ရေချိုးပြီးမှ ဆက်စောင့်တော့မယ်။ 
အခြားတစ်ဖက်၌ ချင်မော့က အစည်းအဝေးကို လက်စသတ်လိုက်ပြီး သူ့ ကွန်ပျူတာကို ပြန်ဖွင့်လိုက်သည်။ 
သူ့အတွင်းရေးမှူးက နံဘေး၌ ရပ်နေတာဖြစ်လေသည်။ အတွင်းရေးမှူးက စကားပြောဖို့နေနေသာသာ လှုပ်တောင်မလှုပ်ရဲလေဘူး။ ဒါပေမဲ့ သူ့မျက်လုံးတွေကိုတော့ မထိန်းချုပ်ထားနိုင်ခဲ့ဘူး။ 
သူ့သူဌေးက ဂိမ်းလောကမှာ ကြောက်ဖို့ကောင်းတဲ့နေရာကို ပိုင်ဆိုင်ထားတယ်ဆိုပေမဲ့ သူ ဘယ်သူနဲ့မှစကားပြောတာမြင်ဖူးတာမဟုတ်ဘူးလေဟာ။ 
ဒီနေ့က ဘာနေ့လဲဟ ဒီတစ်ကြိမ်က ဒုတိယအကြိမ်ပဲ။ သူ့သူဌေး ဒုတိယအကြိမ် စာရိုက်နေတာကို သူ အခုမြင်နေရတာလားဟင်။ 
"မင်းရှိနေသေးလား"
ဒီအရာက သူ့သူဌေး ပို့လိုက်သည့်စာ ဖြစ်လေသည်။ 
ဒါပေမဲ့ တစ်ဖက်လူကတော့ AFK ဖြစ်နေသည်နှင့် တူသည်။ (AFK = away from keyboard)
စာပြန်မလာ။ 
သူတို့ စီအီးအိုက နေရာမှ တစ်လက်မပင် မရွေ့ဘဲ ခြေချိတ်ထိုင်ကာ ဖန်သားပြင်ကို မမှိတ်မသုန် စိုက်ကြည့်နေပေသည်။ 
သူတို့ရဲ့စီအီးအိုက AFKဖြစ်နေတဲ့ ဟိုဘက်ကလူကို ထိုင်စောင့်နေတယ်တဲ့လား။ 
အတွင်းရေးမှူးက နောက်တစ်ကြိမ် ထပ်ပြီး ရှော့ခ်ရသွားပေတော့သည်။ 
စီအီးအိုကတောင် ပြန်စောင့်ရတဲ့ သောက်ကျိုးနည်း စိတ်ဝင်စားဖို့ကောင်းတဲ့သူက ဘယ်သူများလဲ။ 
ဘုရားသခင် ကယ်တော်မူပါ။
"ရှိတယ် ရှိတယ် ရေချိုးနေလို့ပါဟ"
ဖူကျို့က ရေချိုးပြီးလို့ ထွက်လာသည်နှင့် ချက်ချင်းဖန်သားပြင်ပေါ်၌ စာပေါ်နေသည်ကို တွေ့လိုက်လေသည်။ လက်တစ်ဖက်က စာရိုက်နေပြီး ကျန် လက်တစ်ဖက်က စိုစွတ်နေသည့်ဆံပင်ကို ခြောက်အောင်သုတ်နေပေသည်။ 
ရေစက်များက သူမ ဆံပင်တွေဆီကနေ တစ်စက်စက်ကျနေပြီး သူမ၏ မိန်းကလေးဆန်သလိုလိုနှင့် ယောကျာ်းဆန်နေသည့် မျက်နှာချောချောလေးပေါ်ကိုပါ ဆက်လက် စီးကျနေပေသည်။ 
ထိုမှတစ်ဆင့် သူမ၏ အဖြူရောင် ရှပ်အင်္ကျီဆီသို့ပါ ဆက်လက် စီးကျနေပေသည်။ သူမ၏ ထိုပုံစံလေးက အတော်လေးကို နှစ်လိုဖွယ်ကောင်းပြီး မြင်သမျှလူတိုင်း၏အသည်းနှလုံးကို ခြွေယူနိုင်လောက်သည့်အထိ ဆွဲဆောင်မှု ရှိလှပေသည်။ 
ချင်မော့က အစည်းအဝေးခန်း အလယ်၌ ထိုင်နေပြီး ဖူကျို့ စာပြန်လိုက်သည်ကို မြင်လိုက်သည်နှင့် ချက်ချင်း ပွင့်ပွင့်လင်းလင်း မေးချလိုက်ပေတော့သည်။ 
"မင်းက ယောကျာ်းလေးလား၊ မိန်းကလေးလား" 
ဖူကျို့က တစ်ခဏမျှ ကြောင်အမ်းသွားပြီးတော့
သူမ မျက်တောင်ကိုခတ်ကာ
"ယောကျာ်းလေး"
ထိုသို့စာပြန်ပြီးသည်နှင့် ချက်ချင်း ဖူကျို့က နောက်ထပ် စာတစ်ကြောင်းကိုပါ ထပ်ပို့လိုက်လေသည်။ 
"ဘာလဲ မြင့်မြတ်လှတဲ့သခင်လေးချင်က ငါလေးကို ခွက်ရှ်နေတာတော့မဟုတ်ပါဘူးနော်"
ထိုအရာကို မြင်ပြီးသည်နှင့် ချင်မော့၏ အေးစက်ပြီး အထီးကျန်သည့် အသွင်ဆောင်နေသည့် အနက်ရောင်မျက်ဝန်းများက ချက်ချင်းကြီး ကြောက်မက်ဖွယ်ကောင်းသည့်အသွင် ဆောင်သွားလေတော့သည်။ 
သူ့ အနောက်၌ရှိသည့် အတွင်းရေးမှူးက ဘာမှမလုပ်နိုင်သော်ငြား ရုတ်တရက်ကြီး ချောင်း အကြီးအကျယ် ထဆိုးပေတော့သည်။ 
ဒီ...ဒီလူက တကယ့်ကို အကြောက်အလန့်မရှိတာပဲ။

အပိုင်း(၃၂) မင်းကို ပထမဆုံးပေးမြည်းမယ်
ဒီ.. ဒီလူကတကယ့်ကိုအကြောက်အလန့်မရှိတာပဲ။ 
သူ့ကို ငါတို့စီအီးအိုရဲ့ဒေါသကြောင့် သတ်ပစ်မှာကိုမကြောက်ဘူးလား။ 
အံ့ဩပါ့ အံ့ဩပါ့။ 
အတွင်းရေးမှူးလျန်က အိမ်ကို စောစောပြန်ရန် ရည်ရွယ်ထားသော်လည်း စိတ်ပြောင်းသွားပြီး စီအီးအိုဘေး၌ ဆက်နေရန် ဆုံးဖြတ်လိုက်သည်။ 
သူ့ရဲ့ သူဌေးလေး အစခံနေရတာကို ထိုင်ကြည့်နေတာက အိမ်မှာ အေးအေးဆေးဆေးနဲ့နှပ်ပြီး တီဗွီထိုင်ကြည့်နေတာထက်ကို ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်နော်။ 
ကံဆိုးသည်မှာ အတွင်းရေးမှူးလျန်၏ အိမ်စောစောပြန်မည့် ဆုံးဖြတ်ချက်ကို ပြောင်းလိုက်သည်နှင့် ချက်ချင်း ချင်မော့က သူ့ လက်တော့ပ်ကို ယူလိုက်ပြီး မထူးမခြားနားသည့် အသံဖြင့်
"အတွင်းရေးမှူးလျန် မင်း ဒီလောက်တောင် ကုမ္ပဏီရဲ့ဒရမ်မာတွေကို စိတ်ဝင်စားနေတာဆိုတော့ ဘာလို့ ဒီမှာ တစ်ညလုံးနေပြီး အချိန်ပိုမဆင်းတာလဲ မနက်ဖြန် ငါ မင်းရဲ့အလုပ်တွေကို လာစစ်ဆေးပေးမယ်လေ"
အတွင်းရေးမှူးလျန် : ".......... "
ဥက္ကဋ္ဌ ကျွန်တော့်ကို အဲလိုလုပ်လို့မရဘူးလေဗျာ။ 
ချင်မော့က ဓာတ်လှေကားခလုတ်ကိုနှိပ်ပြီး ခေါင်မိုးထပ်၌ရှိသည့် အနားယူအခန်းဆီသို့ ဝင်သွားလေသည်။  á€‘ိုအန္ဏက် သူ့နှုတ်ခမ်းထောင့်ဟာ ကွေးညွတ်သွားပြီး သူ့အပြုံးဟာ မြောက်ဝင်ရိုးစွန်းရှိ အဆမတန်အေးခဲသည့် ရေခဲရိုက်အပြုံးလိုဖြစ်နေပေတော့သည်။ 
ဖူကျို့ဟာ ချင်မော့ဆီက စာပြန်မလာတော့ "?" လေးပို့လိုက်လေသည်။ 
"ဒင်"
ချင်မော့က  á€•á€źá€á€„á€şá€¸á€•á€ąá€Ťá€€á€şá€”á€śá€˜á€ąá€¸áŒ ထိုင်ပြီး သူ့ လက်တော့ပ်ကို ဖွင့်လိုက်သည်နှင့် ချက်ချင်း ဖူကျို့ပို့ထားသည့်စာကိုမြင်လိုက်ရသည်။  
သူက ဖြည်းဖြည်းချင်းပဲ စာရိုက်ပြီးတော့
"ငါက ယောက်ျားတွေကို စိတ်မဝင်စားဘူး။ ဒါပေမဲ့ မင်းသာ မိန်းကလေးဆိုရင် ငါရဲ့ပထမဆုံး တစ်စုံတစ်ယောက်ကို ကြိုက်တဲ့အရသာက ဘယ်လိုလဲ ဆိုတာကို မင်းကို ပထမဆုံးပေးမြည်းမယ်"
ချင်မော့က "ကြိုက်တယ်"ဆိုသည့်စကားကို ချွေးသီးချွေးပေါက် ကျလောက်သည့်အထိ အားစိုက်ထုတ်ပြီး ရေးခဲ့ရတာဖြစ်သည်။ 
ဒီဟာက တကယ်တော့ ထင်သလောက်မရိုးရှင်းလေဘူး။ 
ဖူကျို့က ထိုစကား၏ နောက်ကွယ်က အဓိပ္ပာယ်ကို နားလည်ပြီးတော့ ရုတ်တရက်ကြီး သူမ ပါးပြင်လေးက ငရုတ်သီးလေးပမာ ပူပြီး ရဲတက်လာလေတော့သည်။ 
သူတို့ မဒိတ်ခင်လေး သူတို့နှစ်ဦး၏ဆက်ဆံရေးကို ဒီထက်ပိုပြီး မပျက်ပြားစေရန်အလို့ငှာ ဖူကျို့က ချက်ချင်းကြီးစကားလမ်းကြောင်းလွဲလိုက်လေတော့သည်။ 
"ဒီတော့ မနက်ဖြန် ဘယ်အချိန်အားလဲ မနက်ပိုင်း ဒါမှမဟုတ် ညနေဘက်လား"
"ညနေဘက်"
စကားတစ်လုံးက ဖန်သားပြင်ပေါ်၌ ပေါ်လာသည်။ ဖူကျို့က သူမ၏ အတွေး၌ မျောနေသည်။ 
ဒီလူ တော်တော့်ကို စကားနည်းတဲ့သူပဲ။ မဟုတ်ရင်ငါလေး သူ့ကို စိတ်ပျက်မိတော့မလို့။ 
ထို့နောက် ဖူကျို့က သူမ နာရီကို ကြည့်လိုက်သည်။ 
"ဒါဆိုရင် အတန်းပြီးမှတွေ့ကြတာပေါ့ ငါ့ရဲ့နောက်ဆုံးအတန်းချိန်က ၆နာရီမှပြီးမှာ။ တက္ကသိုလ်အနီးနားက လန်နင် ကဖေးဆီမှာ ၆နာရီ၁၅မိနစ် ဒါမှမဟုတ် ၆နာရီခွဲဝန်းကျင်လောက်မှာ ရှိနေမယ်"
ထိုသို့ပြောပြီးသည်နှင့် ဖူကျို့က  á€”ဏးတ္ဏအမညအ်ဥခဝိန်တွင် နောက်ထပ် မက်ဆေ့ချ်တစ်ခုဟာ ထပ်ရောက်လာလေသည်။ 
"ခဏနေဦး"
"ဟမ်"
ဖူကျို့က သူမ မျက်ခုံးကို ပင့်တင်လိုက်လေသည်။ 
ချင်မော့ မျက်လုံးတွေက နဂိုအတိုင်း မထူးခြားနားစွာဖြင့်
"မင်းဘာလို့ ရုတ်တရက်ကြီး တွေ့ချင်လာရတာလဲ"
"ထားပါတော့ ဒီလိုအနောက်က လိုက်မေးတာက ငါလေးကိုစိတ်အနှောင့်အယှက်ဖြစ်စေပါတယ်နော်"
ဖူကျို့က ထိုစာကိုပို့ပြီးသည်နှင့် သူမ၏ မျက်နှာသုတ်ပဝါကို ချထားလိုက်ပြီး တစ်ဖက်က ပြန်စာကို စောင့်နေသည်။ 
သေချာတာပေါ့။ အွန်လိုင်းပေါ်မှာ သူမရဲ့ရည်ရွယ်ချက်အစစ်အမှန်ကိုပြောပြလို့မဖြစ်ဘူးလေ။ 
ချင်မော့က "ဟက်" ဟုသာ စာပြန်ခဲ့တာဖြစ်သည်။ 
ချင်မော့က တော်တော်လေးကို အေးစက်ပြီး လူသတ်ချင်စိတ် ပေါက်နေတာဖြစ်သည်။ သေချာတာတစ်ခုကတော့ သူ့ဘက်ကစတွေ့ဖို့ တောင်းဆိုတာမဟုတ်ဘူး ဆိုတာပဲဖြစ်လေသည်။ 
ထိုနောက် ချင်မော့က ထပ်ပြီးတော့
"ငါ့ကို မင်းရဲ့ဆက်သွယ်ရမဲ့လိပ်စာပေး"
ဖူကျို့လည်း ဒီအကြောင်းကို စဉ်းစားနေတာဖြစ်သည်။ သူမက ချင်မော့ကို သူမ၏ ဖုန်းနံပါတ်အား မပေးချင်ပေ။ ထိုကြောင့် သူမ၏ wechat IDဖြစ်သည့် "SPADE Z"ကို ပေးလိုက်လေတော့သည်။ 
"ရပြီ"
တစ်ဖက်လူက ထပ်ပြီးတော့ စာပြန်လိုက်သည်။ ထိုအချိန်တွင် ဒီစာ၌ နွေးထွေးမှု အလျဉ်းမပါဘဲ အေးစက်မှုသက်သက်သာ ပါဝင်နေပေသည်။ 
ဒီ.. ဒီစကားလုံးတွေဟာ သူ့ရဲ့စရိုက်အတိုင်းကိုပဲ မာနကြီးလွန်းတယ်။ အထက်စီးဆန်လွန်းတယ်။ 
ကြည့်ရတာ ဒီသခင်လေးချင်က သူမကို စကားဆက်ပြောချင်စိတ်မရှိတော့ဘူးနှင့် တူလေသည်။ 
ပြီးတော့ မိန်းကလေးတွေက ဂိမ်းလောကမှာ ပိုပြီးတော့ ပေါ်ပြူလာဖြစ်တာပဲမဟုတ်ဘူးလား။ အခုလက်ရှိ သူကယောက်ျားလေးလို့ပြောထားတယ်ဆိုတော့။ 
မည်သို့ပင်ဆိုစေ သူမက သူ့ကိုမြင်ဖူးပြီးသားဖြစ်လေသည်။ 
သူမ ကဖေးဆီရောက်သည်နှင့်ချက်ချင်း ဒီချင်မော့ကို အကြောင်းအရာအချို့ မေးမှာဖြစ်လေသည်။ 
တကယ်လို့ ဒီကြီးမြတ်တဲ့သခင်လေးချင်က ဗီအိုင်ပီအခန်းကြီး ယူထားပြီးတော့ ဘယ်နေရာမှာ တွေ့မယ်လို့ ဘယ်အချက်အလက်ကိုမှမပေးရင်ရော။ 
ကိစ္စမရှိပါဘူး။ သူမက Wechatကိုသုံးလိုက်မှာပေါ့။ 
သူမက ထိုသို့ ဆန်းစစ်ပြီးသည့်နောက် ဖူကျို့က သူမလက်တော့ပ်ကို ပိတ်လိုက်ပြီး အိပ်ရာဝင်လိုက်လေတော့သည်။ သူမက ဖုန်းကို အနား၌ မထားခဲ့မိသဖြင့် သူမ၏ we chat၌ fri requestသုံးခု ပေါ်လာပြီး သူမ လက်ခံပေးမှုကို ထိုင်စောင့်နေသည်ကိုတော့ သူမ မသိခဲ့ပေ။ 
ချင်ကုမ္ပဏီ ခေါင်မိုးထပ်နားနေခန်း၏ မှန်ပြတင်းပေါက် အပြင်ဘက်၌ မြို့တစ်မြို့လုံးဟာ ထိန်ထိန်လင်းနေကာ ချင်မော့ မျက်လုံးများ၌ ရောင်ပြန်ဟပ်နေပေတော့သည်။ 
သူက ဝိုင်ခွက်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး သူ့ဖုန်း ဖန်သားပြင်ကို စိုက်ကြည့်နေသည်။ သူ့မျက်လုံးများက အေးစက်သည်ထက် အေးစက်ခြင်းအဖြစ်သို့။ 
အခုထိ လက်မခံသေးဘူး ဟုတ်လား။ 
ကောင်းတယ် သိပ်ကောင်းတယ်။ 
ငါ မနက်ဖြန် မင်းကို ငါတို့တွေ့တဲ့အချိန်ကျရင် ဘယ်လိုကောင်းကောင်းလေး ဆုံးမပေးမလဲဆိုတာစောင့်ကြည့်လိုက်။
…

အပိုင်း(၃၃) ငါလေးမဒိတ်ခင်အချိန်လေး ကောင်မလေးတွေနဲ့ အီစီကလီလုပ်လိုက်ဦးမယ်
နောက်တစ်ရက်၌ ဖူကျို့က သူမ ပိုက်ဆံအိတ်ကို ယူလိုက်ပြီး ကျောင်းဝတ်စုံဖြင့်အပြင်ထွက်ရန် ကြံနေသည်။ 
"သခင်လေး ခဏလေး သခင်လေး"
ယာဉ်မောင်းဝမ်ဟာ သူ့ပေါင်မုန့်မီးကင်လေးကို စားနေရင်းဖြင့်
"ကျွန်တော် သခင်လေးကို ကျောင်းပို့ဖို့ ကားသွားထုတ်လိုက်မယ်ဗျာ ခဏလေးစောင့်ပါဗျ "
သခင်လေးများ မနေ့ကထက် ပိုစောပြီး နိုးနေတာများလား။
 
"မလိုတော့ဘူး ဒီမှာစကိတ်ဘုတ်ရှိတယ် အဲ့ဟာနဲ့သွားလိုက်မယ် "
ဖူကျို့က ခြံဝ၌ ရပ်နေပြီး သူမ ခြေဖဝါးအောက်ကစကိတ်ဘုတ်ကို လက်ညှိုးညွှန်ပြလေသည်။ 
ယာဉ်မောင်းဝမ်က  "အာ...."ဆိုသည့် အသံကိုသာ ထွက်နိုင်တော့သည်။ 
"သခင်လေး ကားထပ်မစီးတော့ဘူးလားဗျာ"
"မလိုတော့ဘူး ဦးလေးဝမ်၊  á€•á€źá€Žá€¸á€á€ąá€Źá€ˇá€€á€ťá€ąá€Źá€„á€şá€¸á€‚á€­á€á€şá€á€™á€žá€Źá€œá€Źá€…á€ąá€Źá€„á€şá€ˇá€™á€”á€ąá€”á€˛á€ˇá€Ľá€Žá€¸á€”á€ąá€Źá€ş အခု ဆောင်းဦးရာသီရောက်နေပီဗျာ ပြီးတော့အေးသည်ထက်အေးလာပြီလေ ဦးလေးက ဒီရာသီဥတုဒဏ်ကို ခံဖို့အတွက် အသက်ကြီးနေပါပြီ ကျွန်တော့ဘာသာကျွန်တော်အဆင်ပြေပါတယ် "
ဖူကျို့၏ပုံရိပ်က ပြောရင်းဖြင့် ပျောက်ထွက်သွားလေတော့သည်။ သူမ အသံဟာ သူ့၏ နားထဲ၌ ထပ်ကာထပ်ကာ ကြားနေလေတော့သည်။ 
အခုလက်ရှိ ဒီနေရာ၌ ယာဉ်မောင်းဝမ်က ရှော့ခ်ရနေပေတော့သည်။ 
သခင်....သခင်လေးက ငါ့ကို ဂရုစိုက်တယ်တဲ့လား။
 
ဖူကျို့သည် ယခင်က သွေးအေးပြီး ရက်စက်သည့် လူတစ်ယောက်ဖြစ်လေသည်။ ယာဉ်မောင်းဝမ်က ထိုအကြောင်းကို အသိဆုံးဖြစ်ပေသည်။ 
သူထင်တာကတော့ သခင်လေးဟာ အခုတလော ကောင်းကောင်းမွန်မွန် နေထိုင်နေပြီးတော့ သခင်မကြီးဆီက မုန့်ဖိုးအပိုရအောင် ပိုပြီးတော့ စဥ်းစဥ်းစားစားနေလာတယ်ပေါ့။ 
ဒါပေမဲ့ သူ မထင်ထားမိတာက သခင်လေးဟာ လုံးဝကိုပြောင်းလဲသွားတာပါပဲ။
 
သခင်လေးဟာ နွေးထွေးတဲ့နှလုံးသားကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက်အဖြစ်သို့ပြောင်းလဲသွားခဲ့ပြီ။ 
မနက်၈နာရီဆိုတဲ့အချိန်က ကျောင်း၌ လူသွားလူလာအများဆုံးအချိန် ဖြစ်လေသည်။ 
အမျိုးမျိုးသော ဇိမ်ခံကားတွေက ကျောင်းဂိတ်ဝ၌ ပါကင်ထိုးထားကြပြီး ပြည့်သိပ်နေကြပေသည်။ 
ထိုအရာတွေက ကျန်းမြို့၏ အလယ်တန်းကျောင်း၌ မထူးဆန်းလေတော့ဘူး။ 
ဘာလို့လဲဆိုတော့ ကျောင်းမှာရှိတဲ့ကျောင်းသူကျောင်းသားတော်တော်များများဟာ ချမ်းသာတဲ့ကလေးတွေ ဖြစ်ကြပြီးသူတို့ဟာ ဆယ်ကျော်သက်လေးတွေမျှသာဖြစ်ပြီး သူတို့မှာရှိတဲ့
 á€Ąá€€á€ąá€Źá€„်းဆုလးဥရဏတွ္ကို ကြွားချင်ဝါချင်ကြပြီး တစ်ဦးနဲ့တစ်ဦး ပြိုင်ဆိုင်ချင်ကြတာရယ်နှင့် ဒရိုင်ဘာတွေကို ကျောင်းကိုလာပို့ခိုင်းတာတွေက ဖြစ်လေ့ဖြစ်ထရှိတယ်။
သို့သော် ချောမောခံ့ညားသည့် ပုံရိပ်တစ်ခုဟာ ဇိမ်ခံကားများ ရပ်ထားသည့်ကြားက လမ်းကြားလေးကနေ ဖြတ်သန်းလာခဲ့လေသည်။ 
ထိုပုံရိပ်ကို ဝိုးတဝါးသာ မြင်လိုက်ရပြီး သေချာကြည့်မည်ဆိုလျှင် ငွေရောင်ဆံပင်လေးကိုတော့ ဖျတ်ခနဲ မြင်လိုက်ရမှာဖြစ်သည်။ 
ထို ဝိုးတဝါးပုံရိပ်လေးက ဖူကျို့ ဖြစ်လေသည်။ သူမ၏ ဘယ်ဘက်ခြေထောက်က စကိတ်ဘုတ်ပေါ်၌ ရှိနေပြီး သူမဟာအနက်ရောင် နားကြပ်ကို ဝတ်ဆင်ထားတာဖြစ်လေသည်။ သူမ ကျောင်းဝတ်စုံက ဘယ်ဘက်ခြေထောက်၏ လှုပ်ရှားမှုကြောင့် တလူးလူးလွင့်နေတာဖြစ်ပြီး သူမ၏ ခပ်ဖွေးဖွေး ခါးသေးလေးကို လှစ်ဟပြနေသကဲ့သို့ ဖြစ်နေသည်။
 á€‘á€­á€Żá€•á€Żá€śá€›á€­á€•á€şá€œá€ąá€¸á€€ အတော်ကို ခံ့ညားပြီး လှပနေပေရာ မိန်းကလေးတော်တော်များများက သူတို့ ဖုန်းများဖြင့် ဓာတ်ပုံရိုက်ချင်စိတ်တဖွားဖွား ဖြစ်ပေါ်လာလေစေသည်။ 
"အရမ်းမိုက်တာပဲဟယ် ငါထင်တာက သူ မနေ့က အင်တာဗျူးဖြေတုန်းက အမိုက်ဆုံးလို့ ထင်ထားတာဟယ်။ ငါ့အသည်းနှလုံးကို ကျို့ကျို့လေး ဆွတ်ခူးယူသွားပါပြီနော်"
" ငါဘယ်လိုလုပ်သင့်လဲ ငါ အခု ငါ့ရဲ့စိတ်ကူးထဲကချစ်သူပုံရိပ်ကို ပလစ်လိုက်ပြီ အခုကစပြီး သူက ငါ့ရဲ့အသည်းနှလုံးလေးဘဲ ဖူကျို့ ဖူကျို့ ဖူကျို့ ငါ့အချစ်တွေကိုလက်ခံပေး အားစ် "
ဖူကျို့က မိန်းကလေးများ ပြောနေသည်ကို ကြားသွားသည့်အခါ၌ ဦးခေါင်းကို လှည့်လိုက်ပြီး သူမ နှုတ်ခမ်းထောင့်တွေဟာ ကော့တက်သွားကာ ပြုံးပြလိုက်သည်။ 
မျက်တောင် တစ်မှိတ်အတွင်းမှာဘဲ မရေတွက်နိုင်သည့် ကောင်မလေးများက ဖူကျို့ကို သည်းသည်းလှုပ် ဖြစ်သွားကြလေတော့သည်။ 
လူတိုင်း၏ ဖူကျို့ကို ကြည့်သည့်အမြင်တွေက မတော်တဆမှုဖြစ်ပြီးမှစ၍ ပြောင်းလဲလာတာ ဖြစ်လေသည်။ အထူးသဖြင့် ချမ်းသာသည့်မိသားစုမှ မမွေးဖွားလာတဲ့ ဟိုတစ်နေ့က ကောင်မလေး ရွယ်ယောင်ယောင်လိုမျိုးပေါ့။ 
ယနေ့က သူမ ပထမဆုံး ကျောင်းစတက်ရသည့်ရက်ဖြစ်ပေရာ သူမဟာဖူကျို့နှင့် တစ်ခန်းတည်း ကျရန်အတွက် လက်ဦးမှုယူကာ တောင်းဆိုထားခဲ့တာ ဖြစ်လေသည်။ 
ဖူကျို့ အတန်းထဲကို ဝင်လာသည်ကိုမြင်တော့ သူမက သူမ လက်ထဲ၌ ကိုင်ထားသည့် ပေါင်မုန့်ကို ချက်ချင်းထမြှောက်ပြပြီးတော့ 
"ငါ့အမေက ဒီဟာကို သူမကိုယ်တိုင်လုပ်ထားတာ သူ...သူမကနင့်ကို ကျေးဇူးတင်တဲ့အနေနဲ့ ပေးခိုင်းလိုက်တာ " 
ရွယ်ယောင်ယောင်၏ အပြုအမူကြောင့် အတန်းတစ်တန်းလုံးက အကြိတ်အနယ်ဆွေးနွေးကာ ဖူကျို့ရှိရာဆီသို့ ကြည့်လာလေတော့သည်။ 
" ဖူကျို့က သူမရဲ့ပေါင်မုန့်ကို စားမှာမဟုတ်ဘူး။ ဒီညစ်ပတ်တဲ့ဟာက သူရဲ့အစာအိမ်လေးကို ထိခိုက်မိစေရင် ဘယ်လိုလုပ်မလဲ "
"သေချာတာပေါ့ဟဲ့။ ဒီကောင်မ ဖူကျို့ကိုများ ကြိုက်နေတာများလားမသိဘူးဟယ်" 
"ဘုရားရေ သူ့ကိုယ်သူ မှန်ထဲ ပြန်မကြည့်ဘူးနဲ့တူတယ်။ 
သူမရဲ့ပုံစံကိုကြည့်ပါလား။ သူမက တကယ့်ကို ဝတုတ်နေတဲ့ဝက်မပဲ။ ဒီလိုဆိုရင်တောင် သူကများ ဖူကျို့ကို စိတ်ကူးယဥ်ရဲသေးတယ်ပေါ့"
ထိုအရာကို ကြားပြီးသည်နှင့် ရွယ်ယောင်ယောင်က ရှက်ရွံ့မှုကြောင့် သူမ နှုတ်ခမ်းကိုသာ ကိုက်ထားလိုက်သည်။ 
သူမက သူ့ကိုကျေးဇူးတင်ချင်ရုံလေးပါပဲ။ 
သူမကြောင့် သူ့ကို ဒုက္ခမရောက်စေချင်ဘူး။ 
ဒါပေမဲ့ သူမမေ့နေတာက သူမကိုယ်တိုင်က ဟာသတစ်ခုလို ဖြစ်နေတဲ့ပုံစံကိုပဲ။ 
ထိုကဲ့သို့ ရှက်ရွံ့စိတ်ကြောင့် ရွယ်ယောင်ယောင်သည် သူမ၏ လက်ကို ပြန်ရုပ်သိမ်းရန် ပြင်လိုက်သော်ငြား သူမ မထင်ထားမိသည်က ထိုလူငယ်လေးသည် သူ့နားကြပ်ကို ချွတ်လိုက်ပြီး သူ၏ နှင်းတမျှ ဖြူဖွေးသော သွားဖြင့် သူမ၏ ပေါင်မုန့်ကို ရုတ်တရက် အလုတ်ကြီးကြီး ကြိုက်လိုက်သည်။ 
"အင်း.....အရသာရှိတယ် တကယ်တော့ ငါ မနက်စာမစားရသေးဘူး ကျေးဇူးပဲ " 
ထိုအသံလေးက အိပ်ရာထတာ သိပ်မကြာသေးသောကြောင့် လုပ်ချင်ကိုင်ချင်စိတ် မရှိသေးသည့် အသံလေးနှင့်တူကာ သူ့အပြုံးကိုပါ ထပ်ပေါင်းလိုက်ချိန်တွင် ရေခဲတောင်ကို အရည်ပျော်ကျစေနိုင်သည်အထိ ဆွဲဆောင်မှုရှိလှလေသည်။ 
ဒီလိုခံစားနေရတာဟာ ရွယ်ယောင်ယောက်တစ်ယောက်တည်းတင်သာမက တစ်တန်းလုံးမှာ ရှိတဲ့မိန်းကလေးတွေအားလုံးဟာ သူတို့ရဲ့နှလုံးသားလေးခုန်မြန်နေတာကို မရပ်တန့်နိုင်ခဲ့ကြလေဘူး။

အပိုင်း (၃၄) သခင်လေးချင်က ပြောတယ် အဆက်အသွယ်မပြတ်စေနဲ့တဲ့
ထို့နောက် ဖူကျို့၏ သေးငယ်ပြီး ငှက်မွေးနှယ် ပေါ့ပါးလှသည့် ခန္ဓာကိုယ်ကြောင့် ရွယ်ယောင်ယောင်က သူမကို ကာကွယ်ပေးချင်စိတ်ပေါ်လာစေသည့် အကြောင်းအရာနှင့် ပတ်သတ်ပြီး စိတ်ထဲ ထွေထွေထူးထူး မထားနေလေတော့ဘူး။ 
ထိုသို့ ကာကွယ်ပေးချင်စိတ် ဖြစ်ပေါ်လာရသည့် အကြောင်းအရင်းမှာ ဖူကျို့က သူမကို ကာကွယ်ပေးခဲ့တာကြောင့်ပင်။ 
ဖူကျို့က ဘယ်အရာကိုမှ သူမ ဘက်မှ စတင်ပြီး အလျင်စလို လှုပ်ရှားခြင်းမရှိဘူး။
 
အကယ်၍ တစ်စုံတစ်ယောက်က သူမကို စိတ်ရင်းဖြင့် အမှန်တကယ် ကျေးဇူးတင်ခဲ့မည်ဆိုလျှင် သူမလည်းပဲ သည်လိုကျေးဇူးတင်သည်ကို  á€žá€ąá€á€ťá€Źá€•္ဍက် စိတ်ရင်းဖြင့် ပြန်လည်လက်ခံပေးမှာဖြစ်သည်။ 
ဖူကျို့က ကြည့်ကောင်းပြီး ချောမောသည့် သူတစ်ယောက် ဖြစ်နေသော်လည်း အပြင်ပန်းကိုသာ ကြည့်ပြီး လူတစ်ယောက်ကို အပေါ်ယံမှ ဆုံးဖြတ်ဝေဖန်တတ်သည့်သူမျိုးကို သူမ မုန်းသည်။ 
ဆယ်ကျော်သက်အရွယ်လေးမှာ နည်းနည်းလေးဝနေတာလေးက ဘာများအပြစ်ရှိလို့လဲ။ အဲဒါက သာမန်ပဲလေ။ လူတစ်ယောက်နဲ့ တစ်ယောက်က တူကြတာမှမဟုတ်တာ။
ထိုအရသာရှိသည့် ပေါင်မုန့်ကို သူမ စားနေရင်းဖြင့်  á€–ူကဝိုအက သူမ စားပွဲဆီသို့ လျှောက်လှမ်းသွားလိုက်သည်။ သူမကရူပဗေဒနှင့် ပတ်သတ်သည့် သင်ကြားရေးအချက်အလက်ကို အနည်းငယ်မျှ ဟက်ရပေဦးမည်။ 
ရူပဗေဒ ဆိုသည်မှာသူမကို အမြဲလိုလို စိတ်အနှောင့်အယှက်ပေးပြီး အနောက်မှ ကျွဲလိုက်ခံရသလို ခံစားရစေသည့် ဘာသာရပ်ပင် ဖြစ်သည်။ 
သို့သော် သူမက ရူပဗေဒကို မဖွင့်နိုင်ခင်မှာပဲ Fri request တစ်ခုနှင့် မက်ဆေ့ချ်ငါးစောင် ဆက်တိုက် တက်လာသည်။
 
ပထမတစ်ခုကတော့ သာမန်ပင်။ Fri request ပို့သည့် ထိုသူ၏ ပုံစံအတိုင်း 
" ငါက ချင်မော့"
အခြား လေးခုကလည်း သာမန်ပင်။ 
ငါလေးက ဒီကြီးမြတ်လှတဲ့ သခင်လေးချင်ရဲ့ အခြားဘက်ခြမ်းတွေကို အောင်အောင်မြင်မြင် နှိုးဆွနိုင်ခဲ့တာပဲ။ 
သူပို့ထားသည့် မက်ဆေ့ချ်များက  " ဟက်" ဆိုသည့်စကားလုံးသာ ဖြစ်ပြီး ထိုစကားလုံးများက အလွန်အမင်းကို အေးခဲသွားစေနိုင်သည့် အသွင်ကိုဆောင်နေပေသည်။ 
ထားလိုက်ပါတော့။ ဒီတစ်ခါတော့ ငါလေးမှားသွားတယ် အိုခေနော်။ ဒါပေမဲ့ဘာလို့ ဒီလူက မနေ့က ငါလေးကို wechat မှာ အပ်ထားတယ်ဆိုတာကို ဘာလို့ မပြောရတာတုံး။ 
ဖူကျို့က တခဏလောက် ငြိမ်သက်သွားပြီး Fri request ကို လက်ခံလိုက်သည်။ 
သူတို့ ဒီနေ့တွေ့ကြမှာရယ်နှင့် သူမ၏ တိုးလိုးတန်းလန်း ကုမ္ပဏီကိစ္စကို စဥ်းစားလိုက်သည်နှင့် ဖူကျို့ စိတ်လျှော့လိုက်ပြီး ချင်မော့အား စာပြန်လိုက်သည်။ 
"မနေ့က ဖုန်းကိုမကြည့်မိဘဲ အိပ်ပျော်သွားလို့ အဲဒါအခုမှ Fri request ကိုမြင်တာ" 
စာပြန်ပြီးသည်နှင့် ဖူကျို့မသိစိတ်မှ ချင်မော့ စာပြန်လေမလား ဟု မျှော်နေမိသည်။ 
သို့သော် သူမ အတန်းတက် ရတော့မည့်အပြင် တစ်ဖက်သူကလည်း ပြန်စာမလာလေတော့ ဖူကျို့က သူမ၏ နဂိုစတိုင်အတိုင်း ထိုကိစ္စကို တခဏလေးအတွင်း၌ မေ့သွားတော့သည်။ 
ရူပဗေဒဆရာသည် သင်ခန်းစာကို စဥ်ဆက်မပြတ် သင်နေစဥ်အတွင်း ဖူကျို့က မျက်မှောင်ကြုံ့ သည်ထက် ကြုံ့လာပေတော့သည်။ 
ဒီရူပဗေဒက လူသားတွေအတွက် သောက်ရမ်းပျင်းဖို့ကောင်းတဲ့ ဘာသာဆိုတာ ငါလေး တစ်ယောက်တည်းပဲမြင်တာလား ပြော။ 
ငါလေးရဲ့ i Pad မရှိတော့ အတန်းက တစ်ဘဝကြီးများလောက်ကို ကြာရှည်လွန်းတယ်ဟာ။ 
သူမ အပျင်းကြောထလို့ကောင်းနေစဉ်တွင် စားပွဲခုံအောက်က ဖုန်းဟာ အသံမြည်လာသည်။ 
ဖူကျို့က ထိုအရာကို ဖွင့်ကြည့်လိုက်သည့်အချိန်၌ ချင်မော့က အသံမက်ဆေ့ချ် ပို့ထားသည်ကို မြင်လိုက်ရသည်။ 
" အခု အတန်းထဲမှာ နားထောင်လို့မရဘူး"
သူမက ခပ်မြန်မြန်နှင့် ရိုးရိုးလေးသာ စာပြန်လိုက်သည်။ 
စာပြန် မလာ။ 
ဟမ့် ငါလေး နင့်ကို သောက်ဂရုစိုက်မယ် ထင်နေလား ဆောတီးပဲ။ 
သုံးမိနစ်လောက်ကြာပြီးသည့်နောက် ချင်မော့က စာပြန်လာသည်။ 
"တွေ့မဲ့နေရာ ပြောင်းသွားပြီ ငါ မင်းကို ကျောင်းဂိတ်ဝမှာ စောင့်နေမယ်။ ငါ့ကားကို ရှာတွေ့ဖို့လွယ်တယ်ဆိုတာကို မင်းသိပါတယ်"
ဖူကျို့ :" ......"
နင့်ကားကို ငါလေးသိတယ်ဟဲ့။ ဒါပေမဲ့ ငါတစ်ယောက်တည်းသိတာမှ မဟုတ်တာ။ ကျောင်းမှာရှိတဲ့ လူတိုင်း နင့်ရဲ့သောက်ကားကို သိပါတယ်ဟဲ့။ 
ကျန်းမြို့၌ မဆိုထားနှင့်။ ထိုနိုင်ငံတစ်ခုလုံး၌ ပတ်ရှာလျှင်တောင် ချင်မော့ကားလို နောက်ထပ် တစ်စီး ရှာတွေ့မည်မဟုတ်ပေ။ ထိုကားနှင့် ကားနံပါတ်အနီရောင်လိုင်စင်က သူ၏ ကြီးကျယ်မြင့်မြတ်သည့် အထူးအခွင့်အရေးကို လှစ်ဟပြနေပေသည်။ 
ဒါပေမဲ့ဒီဟာက ကိစ္စမရှိသေးဘူး။ ပြဿနာက ငါလေးက လူအားလုံးရဲ့အရှေ့မှာ သူ့ကားပေါ်  á€á€€á€şá€›á€™á€žá€Źá€•္ဍအန္ဏ်။ 
အင်း ကောင်းပြီ။ ဒါပေမဲ့ငါ့ရဲ့ချစ်လှစွာသော ချန်ရှောင်တုံးလေးတော့ ဒီဟာကိုမြင်ပြီး သွက်သွက်ခါအောင် ရူးသွားတော့မှာပဲ။ 
"ကောင်းပြီ" 
သူမက စာပြန်လိုက်ပြီး ထိုကိစ္စနှင့် ပတ်သတ်၍ ထွေထွေထူးထူး ပြောစရာမရှိတော့ပေ။ 
ချင်မော့ သူ့ခေါင်းကို စောင်းလိုက်ပြီး ဖုန်းဆီမှ  á€•ဟန်စဏကို မြင်လိုက်ရသည်နှင့် အိပ်ရာပေါ်၌ ထထိုင်လိုက်သည်။
 
ချင်မော့သည် ခုဏလေးတင်မှ နိုးလာတာဖြစ်ပြီး သူ့၏ ညို့ငင်နိုင်စွမ်းရှိသည့် အနက်ရောင်မျက်ဝန်းများကလေးနက်သည့်အသွင်ကို ဆောင်နေသည်။ 
သူ့အဖြူရောင် တီရှပ်က တစ်ဝက်ပွင့်နေပြီး သူ့၏ အညိုဝါရောင်လိုလို ပျားရည်ရောင်လိုလို ရင်ဘတ်ကျယ်ကြီးကို မြင်နိုင်ပေသည်။ သူ၏ ဆွဲဆောင်မှုရှိသည့် V line နှင့် အခြား ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးက မြင်ရသူတိုင်းကို နှာခေါင်းသွေးလျှံစေနိုင်လောက်သည်အထိ ဆွဲဆောင်မှုအား ပြင်းလွန်းလှသည်။ 
ချင်မော့က သူ့ခေါင်းကို နည်းနည်း ထပ်စောင်းလိုက်သည်။ ဆံပင်တွေက သေသေသပ်သပ်ဖြင့် သူ့မျက်လုံးများကို ဖုံးအုပ်ထားသကဲ့သို့ ရှိနေပေသည်။ ရုတ်တရတ်ကြီး သူတစ်စုံတစ်ခုကို တွေးလိုက်မိကာ အထက်စီးလေသံဖြင့် စာပြန်လိုက်လေသည်။ 
"မင်းရဲ့ဖုန်းကို မပိတ်ထားနဲ့အုံး"

အပိုင်း(၃၅)ပြောင်းလဲသွားသော ဖူကျို့
ချင်မော့က ထိုစာကို ရိုက်နေစဉ်အတွင်း အေးစက်နေမည့် အရှိန်အဝါကို မည်မျှထုတ်လွှတ်နေမည်ကို ဖူကျို့တစ်ယောက် ဖုန်းမျက်နှာပြင် မှတစ်ဆင့် ခံစားသိရှိနိုင်လေသည်။ 
ကြည့်ရတာ ငါလေး ဖုန်းပိတ်ထားလို့မရတော့မဲ့ပုံပဲ။
 
ဖုန်းပိတ်ထားတာကလည်း ကိစ္စတွေကိုနှောင့်နှေးစေနိုင်တာပဲလေ။ 
ညနေ ငါးနာရီ ကျော်သွားပြီး အချိန်ပင် တော်တော်လွန်သွားချေပြီ။ ခေါင်မိုးထပ်အသင်းက လူများ အားလုံး နာရီကို ထိုင်ကြည့်နေကြပေသည်။ 
"ဘာလို့ စီအီးအိုချင် မလာသေးတာပါလိမ့်"
"ကြည့်ရတာ သူwechat ဆီက ပြန်စာကို တစ်ညလုံး ထိုင်စောင့်နေတာနဲ့တူတယ်၊ ပြီးတော့ သူအခုမှနိုးတာလားမသိဘူး"
"ဘယ်သူကများ ငါတို့သူဌေးအတွက် ဒီလောက်တောင် အရေးပါနေပါလိမ့်"
"ငါဘယ်သိမှာလဲ"
သူတို့အချင်းချင်း ပြောဆိုနေကြစဉ် တံခါးဖွင့်သံကို ကြားလိုက်ပြီး တံခါးပွင့်လာလေသည်။ 
ချင်မော့က သူ့ ရှပ်အင်္ကျီတစ်ဝက်ပွင့်ဖြင့် ခြေလှမ်းကျဲကြီး လျှောက်လာကာ အတွင်းသို့ ဝင်လာလေသည်။ 
နက်မှောင်သည့် ဆံပင်တွေက အမှောင်အတိရှိသော ညအရောင်နှင့် ဆင်တူပြီးတော့ အေးစက်စက်မျက်လုံးအကြည့်တွေက လူတိုင်းကို ပါးစပ်ပိတ်သွားစေနိုင်လောက်သည်အထိ စွမ်းဆောင်နိုင်သည်။ 
သူ့ခန္ဓာကိုယ်က ဆွဲဆောင်မှုရှိလွန်းတာကြောင့် လူအားလုံးက ခိုးမကြည့်ဘဲ မနေနိုင်ကြတော့ပေ။ တချို့လူတွေက တံတွေးပင် မျိုချလိုက်သေးသည်။ 
COCOက ပြေးလာပြီးတော့
"အစ်ကိုကြီး မနေ့က ဒီနေရာမှာအိပ်ခဲ့တာလား ကုမ္ပဏီကတော်တော်အလုပ်များနေလို့လားဗျ"
ချင်မော့က ပြန်မဖြေခဲ့ပေ။ သူက လှည့်ကြည့်လိုက်ပြီးတော့ စားပွဲပေါ်၌ ရှိသည့် ကုမ္ပဏီ ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။ 
"ငါ အခု ဝတ်စုံအသစ်တစ်စုံလိုတယ် အခုချက်ချင်းယူလာခဲ့"
"ဟုတ်ကဲ့"
အတွင်းရေးမှူးလျန်သည် အတော် အရိပ်အကဲသိတတ်လေသည်။ 
ချင်မော့က အတွင်းရေးမှူးဆီက အပေါ်အင်္ကျီကို ယူလိုက်ပြီး ဝတ်ဆင်လိုက်သည်။ အင်္ကျီလက်တွေကို သေသပ်အောင်ပြုပြင်လိုက်ပြီးနောက် ကြယ်သီးတွေကို တစ်လုံးချင်းစီ တပ်သွားလေသည်။ 
ထိုနောက်တွင်တော့ ဖြည်းဖြည်းချင်း
"ငါ "Spade Z" ကိုသွားတွေ့မလို့"
"ဘာရယ်"
"ဘုန်း"
COCOနှင့် ဖက်တီးက သူတို့ထိုင်ခုံဆီက ပြိုင်တူ ထရပ်လိုက်သည်။ 
တွေ့မှာတဲ့လား။ 
အွန်လိုင်းဂိမ်းတွေကနေခင်တဲ့ သူငယ်ချင်းတွေ အချင်းချင်းတွေ့သလိုမျိုးလား။ 
ဒီ..ဒီဟာ အိပ်မက်နဲ့အတူတူပဲ။ 
"ဒီကောင်က တော်တော့်ကိုဉာဏ်များတယ် အဲဒါကထောင်ချောက်ဖြစ်နိုင်မလားပဲ"
COCOက  á€™á€ąá€¸á€á€˝á€”á€şá€¸á€‘á€Żá€á€şá€œá€­á€Żá€€á€şá€žá€Šá€şá‹ 
ဖက်တီးကလည်း ထောက်ခံကာ
 
"အစ်ကိုကြီးချင် အစ်ကိုနဲ့အတူ လူအများကြီး ခေါ်သွားပါဗျာ ဒီတစ်ခါတော့ သူ့ကို ထပ်ပြေးခွင့် မပေးတော့ဘူး"
"ငါက ဒီဟာ ထောင်ချောက်ဟုတ်လား မဟုတ်ဘူးလားဆိုတာကို သေချာမစစ်ကြည့်ဘူးလို့ ဆိုလိုချင်တာလား..ဒါမှမဟုတ်.."
ချင်မော့က သူ့မျက်လုံးတွေကို ပင့်ကြည့်လိုက်ပြီး မျက်လုံး အောက်ခြေမှ မကောင်းဆိုးဝါးဆန်ဆန် အေးစိမ့်မှုများ လွင့်ပျံ့လာလေသည်။ 
"ဒါမှမဟုတ် မင်းက ငါဟိုတစ်ခါက အရူးလုပ်ခံရတာကို ပြန်ထောက်ပြနေတာလား"
COCOနှင့် ဖက်တီးက တစ်ချိန်တည်း၌ တစ်ကိုယ်လုံး အေးခဲသွားသလို ခံစားလိုက်ရကာ သူတို့ဦးခေါင်းခွံများက ကြောက်ရွံ့မှုကြောင့် ထုံနေပေတော့သည်။ 
"မဟုတ်ပါဘူး... အဲ... အဲလိုမဟုတ်ပါဘူးဗျ"
အမယ်လေးလေး အစ်ကိုကြီးချင် ဒီနေ့ သိပ်..သိပ်ကြောက်ဖို့ကောင်း။ 
.........................
ကျောင်း၌ နောက်ဆုံးအတန်းချိန် စနေစဉ်အတောအတွင်း လူတိုင်းလူတိုင်း၏ စိတ်အာရုံက  á€…á€Źá€žá€„á€şá€á€źá€„á€şá€¸á€†á€ŽáŒ အာရုံဝင်စားခြင်းမရှိတော့သည်မှာ မထူးဆန်းပေ။ 
လူတိုင်းလူတိုင်းက သူတို့ဖုန်းဆီက နာရီကိုသာ ငုံ့ကြည့်နေကြပေသည်။ 
ထိုအထဲတွင် ဖူကျို့လည်း တစ်ယောက် အပါအဝင်ဖြစ်သည်။ အတန်းပြီးသည်နှင့် သူမ၌ ဒိတ်လုပ်ရန် ရှိနေသည်။ 
အင်္ဂလိပ်ဆရာက ကျောင်းသားများ နားမထောင်တော့ဘူးဆိုသည်ကို သိနေသည်။ ထို့ကြောင့် သူက မေးခွန်းအချို့နှင့် ပျင်းရိဖွယ်ကောင်းသည့် ပတ်ဝန်းကျင်ကို အလုပ်ပေးလိုက်ပေတော့သည်။ သူက  á€–ူကဝိုအနဏမည်ကို ခေါ်လိုက်ပြီး
"မင်း ဘယ်လို မိန်းကလေးမျိုးကို ကြိုက်တတ်လဲ"ဟု အင်္ဂလိပ်လို မေးလိုက်သည်။ 
အတန်းထဲ၌ ရှိသည့် လူအားလုံးက လွန်ခဲ့သည့်နှစ်များတွင် စာမေးပွဲတိုင်း၌ ဖူကျို့ နောက်ဆုံးအဆင့် ရထားသည်ကို သိကြလေသည်။ 
သူမက အင်္ဂလိပ်စာကို နားကို နားမလည်လေဘူး။ 
မိန်းကလေးတွေအားလုံးက ထိုမေးခွန်းနှင့် ပတ်သက်ပြီး စိတ်ဝင်စားကြသော်ငြား ဖူကျို့က ထိုမေးခွန်းကို မဖြေနိုင်ဘူးဆိုသည်ကိုလည်း သူတို့ သိနေပေသည်။ 
ဖူကျို့ နံဘေး၌ ထိုင်နေသည့် ကျန်းဖေးရန်က သူမကို ဟားတိုက်သည့်အသွင်ဖြင့် ကြည့်နေပြီး ပွဲကောင်းတစ်ခုကို စောင့်ကြည့်နေသည့်အလား အဆင်သင့် ဖြစ်နေသည်။ 
ရွယ်ယောင်ယောင်က စိုးရိမ်စ ပြုလာလေသည်။ သူမက ဘောပင်ကိုထုတ်ယူလိုက်ပြီး ဖူကျို့ နောက်ကျောအား ဘောပင်ဖြင့် မသိမသာတို့ကာ စာရွက်ပေါ်၌ "လှပသောမိန်းကလေး" ဆိုသည့် အင်္ဂလိပ်စကားလုံး တစ်လုံး ရေးထားတာကို ခိုးပြပေသည်။ 
တကယ်လို့ ဖူကျို့က ထိုစကားလုံးကို ဖြေနိုင်ခဲ့မည်ဆိုရင် ထိုမေးခွန်းကို ကျော်လွှားသွားနိုင်မည် ဖြစ်သည်။ 
သို့သော် သူမ ကြောက်သည်က ဖူကျို့ ထိုစကားလုံးကို မမြင်မှာကိုပဲ ဖြစ်သည်။ 
ဆရာ ဖူကျို့ကို ကြည့်နေသည်။ 
ဖူကျို့က ရယ်လိုက်ပြီး သူမ၏ နှုတ်ခမ်းပါးလေးများကို ဖွင့်ဟကာ အလွန်အမင်း ကောင်းမွန်ပြည့်စုံသော အင်္ဂလိပ်သံလေယူလေသိမ်းဖြင့်
"မင်းက တို့ကို ဆင်းရဲတယ်၊ နိမ့်ကျတယ်၊ ရိုးရိုးအေးအေးနဲ့ ပုံတုံးပြီး စိတ်ခံစားချက်မရှိဘူး၊ နှလုံးသားမဲ့တယ်လို့ မြင်တာလား။
 á€’á€Žá€œá€­á€Żá€†á€­á€Żá€›á€„á€ş မင်း အမြင်မှားနေပြီ။ တို့လည်းပဲ မင်းလို စိတ်ခံစားချက်တွေ နှလုံးသားနဲ့အပြည့်ရှိတယ်။ တကယ်လို့ ဘုရားသခင်က တို့ကို ဒီထက်ပိုပြီး အလှတရားနဲ့ ချမ်းသာကြွယ်ဝမှုကို ပေးသနားခဲ့ရင် မင်း တို့ကို မင်းဘေးက ထွက်မသွားအောင် အမြဲဆွဲထားနေမှာပဲ။ အခု တို့ မင်းကို ဆွဲထားမိသလိုမျိုးပေါ့။ 
ဖူကျို့၌ အလွန်အမင်း သဘာဝကျသည့် လေယူလေသိမ်းရှိသည့်အပြင် ချိုမြိန်သည့် အသံလေးကိုလည်း ပိုင်ဆိုင်ထားပြန်လည်။ အခုတော့ သူမက လုံးဝကို နိုင်ငံခြားဆန်ဆန် လေသံဖြင့် ပြောနေသည့်အချိန်၌ စကားလုံး တစ်လုံးစီကို ပီပီသသ ဖြည်းညင်းစွာ ပြောနေပေသည်။
 á€‘ိုအကဟ္ဏငအ် သူမ ပြောဆိုနေသည့် စကားလုံးတိုင်းက နိုင်ငံခြားမှ လာသည့် လူတစ်ယောက်လို ဖြစ်နေပေသည်။ 
အတန်းထဲ၌ ရှိသည့်လူအားလုံးက သူမ၏ အသံကြောင့် ညှို့ယူဖမ်းစားခြင်းကို ခံလိုက်ရပေသည်။ 
"ဒီ..ဒီဟာက"
အင်္ဂလိပ်ဆရာက အလွန်အမင်းစိတ်လှုပ်ရှားနေလေသည်။ 
 "ဒီစာကြောင်းက Jane Eyre ဝတ္ထုက စာကြောင်းပဲ"
"ဆရာ့ကို ကြည့်ရတာ ဆရာလည်း ဒီဝတ္ထုကို ကြိုက်တဲ့ပုံပဲ။ ဟုတ်တယ်ဗျ ဒီဝတ္ထုထဲက အမျိုးသမီးဇာတ်ကောင်က ကျွန်တော်ကြိုက်တဲ့ မိန်းကလေးပုံစံပဲ"
ဖူကျို့က ပြုံးနေကာ သူမ အနောက်ဘက်မှ ရွယ်ယောင်ယောင်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်လေသည်။
 
ထို နှစ်လိုဖွယ်ကောင်းသည့် မကောင်းဆိုးဝါးလေး၊ ဆွဲဆောင်နိုင်လွန်းသူလေး၊ အခံ့ညား အချောမောဆုံး ကောင်ဆိုးလေးက  á€Ąá€á€”်းထဲရသိ မိန်းကလေးအားလုံး၏ အသည်းနှလုံးကို ပြင်းပြင်းထန်ထန် ခုန်ပေါက်စေကာ သိမ်းပိုက်လိုက်ပေသည်။
 

Search Novels