အပိုင်း(၃၆) သခင်လေးဘယ်သွားမလို့လဲ။ ဖူကျို့ : ချင်မော့ နဲ့သွားတွေ့မလို့
အင်္ဂလိပ်ဆရာက လက်ခုပ်တီးကာ ချီးကျူးပြီး ပြိုင်ဘက်မရှိသည့် ဖူကျို့ကို ချီးကျူးစကားများ၊ အသိအမှတ်ပြုသည့် စကားများကို ပြောခဲ့လေသည်။ ထို့နောက် သူက ကျောင်းသားများကိုလည်း ဖူကျို့ဆီမှ သင်ယူကြရန် တိုက်တွန်းခဲ့ပေသည်။
 
ကျန်းဖေးရန်၏ မျက်လုံးသည် ပြူးကျယ်လာတော့သည်။ 
သူ အစက တွေးထားတာက ဒီကောင်စုတ်လေးကို ဟားတိုက်ပြီး စနောက်မယ်လို့ပေါ့။
 á€˜á€šá€şá€žá€°á€‘á€„á€şá€™á€žá€Źá€œá€˛á‹ ဒီအမှိုက်ကောင်လေးက ဒီလောက်အစွမ်း ထက်နေမယ်လို့။ 
ဖူကျို့က ထိုင်ချလိုက်ပြီးတော့ သူမ မျက်လုံးထောင့်ကတစ်ဆင့် ကျန်းဖေးရန်အား တစ်ချက်ကြည့်လိုက် လေသည်။ ထို့နောက် သူမ၏ နှုတ်ခမ်းပါးလေးများက ကွေးညွတ်သွားပေတော့သည်။ 
ထိုသို့ ဟားတိုက်မည့်အသွင်နှင့် ဖူကျို့ကိုကြည့်နေခဲ့သည့်သူက အခုတော့ စားမဲ့အစာ မမျိုချရခင်လေး ပါးဖြတ်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရလေသည်။ 
သူ ဘာလို့ ဒီလိုထင်မိတာလဲ ဆိုသည်ကို မသိပေမဲ့ အခုလက်ရှိတော့ ဖူကျို့က အလွန်ကြည့်ကောင်းပြီး ခံ့ညားနေသည်ကတော့ အမှန်ပဲဆိုတာကို သူ ဝန်ခံရပေမည်။ 
ငါ ရူးများသွားပြီလား။ ကျန်းဖေးရန် စိတ်ထိန်းစမ်း၊ စိတ်ထိန်း။ 
“ကောင်းပြီ ကလေးတို့ဒီနေ့အတွက်တော့ ဒီလောက်ပဲ အတန်းပြီးပြီ”
အင်္ဂလိပ်ဆရာဆီက ဒီစကားကြားလိုက်သည်နှင့် ကျောင်းသား အကုန်လုံးက အတန်းမှ အလျင်အမြန် ပြေးထွက်သွားကြလေတော့သည်။ 
ဖူကျို့က သူမ၏ လွယ်အိတ်ကို ယူလိုက်ပြီး နောက်ကျောပေါ်၌ လွယ်လိုက်သည်။ စကိတ်ဘုတ်ကို လက်မောင်းအောက်၌ ညှပ်ထားပြီး လူအုပ်ကို ဖြတ်ကာ ဖြည်းညှင်းစွာ လမ်းလျှောက်လာလေသည်။ 
ကျောင်း၏အရှေ့၌ ချန်ရှောင်တုံးက ဖူကျို့အား စောင့်နေလေသည်။ 
“သခင်လေးဘယ်သွားမလို့လဲ ကျွန်တော့်ကိုစောင့်အုံး”
ဖူကျို့က ခဏ ရပ်လိုက်သည်။ သူမကို ကြည့်နေသည့် မိန်းကလေးအများစုက ရှက်သွေးဖြာသွားကြပြီး သူတို့လည်းပဲ ခဏလောက် ရပ်လိုက်ကြလေသည်။ 
ချန်ရှောင်တုံးက ခဏလောက် ကြောင်သွားပြီး သူများ မှားမြင်မိတာလား ဟု တွေးနေပေသည်။ 
 á€’á€Žá€€á€ąá€Źá€„á€şá€™á€œá€ąá€¸á€á€˝á€ąá€€ ဘာလို့ရှက်သွေးဖြာပြီး အရမ်းကြီးရှက်နေတဲ့ပုံတွေ ပေါက်နေကြတာလဲလို့။ 
“သခင်လေး”
ချန်ရှောင်တုံးက အသံနိမ့်လေးဖြင့်
“သခင်လေး ဘာထပ်လုပ်ထားပြန်ပြီလဲ ကောင်မလေးတွေနဲ့ အီစီကလီရိုက်ပြန်ပြီလား”
ဖူကျို့က သူမ ဖုန်းကို ထုတ်ယူလိုက်ပြီး စိတ်ဝင်စားမှုမရှိဟန်ဖြင့် “မဟုတ်ပါဘူး” ဟု ပြန်ဖြေလေသည်။ 
“ဟုတ်ပါပြီ”              
ချန်ရှောင်တုံးက အတည်ပေါက်ကြီးဖြင့်
“ကျွန်တော်သခင်လေးကို ယုံတယ်ဗျ၊ ကျွန်တော်တို့အခုဘယ်သွားကြမှာလဲဟင် ဟိုနေ့ကပြောတော့ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ဖို့ ကွန်ပျူတာအရောင်းဆိုင်သွားမယ်ဆို”
ချန်ရှောင်တုံးက သိပ်မသေချာဘူး ဆိုသော်လည်းအခုနောက်ပိုင်း သူ့သခင်လေးက အရင်ကထက် ပိုတည်ငြိမ်လာပြီး ထူးဆန်းလာသလိုပဲဟု သူ ခံစားမိသည်။ 
ဖူကျို့က Wechat ကို ဖွင့်လိုက်ပြီးတော့
 “ငါရောက်နေပြီ”ဆိုသည့် မက်ဆေ့ချ်ကို ကြည့်လိုက်သည်။ သူမ နှုတ်ခမ်းလေးများက ကွေးညွတ်သွားပြီးတော့
“လိုအပ်တဲ့ပစ္စည်းမဝယ်ခင် ငါလေး လူတစ်ယောက်နဲ့တွေ့ဦးမှာ”
ချန်ရှောင်တုံးက “ဪ" လို့သာ ပြောနိုင်ပေသည်။ 
သိပ်မကြာခင် သူလေး ဗုံးတစ်လုံး အကြဲခံလိုက် ရသလို သွက်သွက်ခါအောင် ရူးသွားတော့မဲ့အရေးကိုတော့ ကြိုမမြင်ရှာလေဘူး။ 
“ဘယ်သူများလဲ သခင်လေး”
“ချင်မော့လေ"
ဖူကျို့ ထွက်မသွားခင် စကားလုံးနှစ်လုံးကိုသာ ပြောလိုက်သည်။ 
ချန်ရှောင်တုံးက တောင့်သွားပြီးတော့ သူ့နှုတ်ခမ်းများက တဆတ်ဆတ် တုန်ယင်နေပေတော့သည်။ သူ့မျက်နှာအမူအရာက လိုသည်ထက်ပိုပြီး ကြောက်ရွံ့နေဟန် ဖြစ်နေသည်။ 
“သခင်လေး ခဏလေးစောင့်ပါဦး။ 
စိတ်ထိန်းနော် စိတ်ထိန်း။ သခင်လေးချင်လက်ချက်နဲ့ ပျော့ခွေသွားအောင် အရိုက်ခံရလိမ့်မယ်ဗျ။ စိတ်ထိန်းပါဦး အီးဟီးဟီး "
ကျန်းမြို့၏ အမှတ်(၁)အလယ်တန်းကျောင်း ဂိတ်ပေါက်၌ အနက်ရောင်ကားတစ်စီးက ရက်စက်တတ်သော ကျားကြီးတစ်ကောင်နှယ် လမ်းဘေး၌ရပ်နားထားလေသည်။ 
ကား အောက်ခြေက အဖြူရောင်ဖြစ်ပြီး အနီရောင်စာလုံးများလည်း ရှိနေပေသည်။ ထို့နောက် ဘော်ဒီဂတ်များကလည်း ကားပတ်ပတ်လည်၌ တည်ရှိနေကြပေသည်။ 
သူတို့ကို ကြည့်ရသည်မှာ တစ်စုံတစ်ခုကို အပြစ်ပေးရန် စောင့်နေကြသလိုမျိုးပင်။ 
ဒါပေမဲ့ ဒီလိုဆိုရင်တောင်မှ ကျောင်းသူကျောင်းသားများ အကုန်လုံး၏ စိတ်အားထက်သန်မှုကို မရပ်တန့်နိုင်ခဲ့ဘူး။ 
“အားးးအဲဒါကကြီးမြတ်တဲ့သခင်လေးချင်ရဲ့ကားပဲ။ ငါတော့ လုံးဝရူးသွားတော့မှာပဲဟာ"
ချင်မော့က လုံးဝကို နာမည်ကြီးပေသည်။ နာမည်ကြီး စူပါစတားများကဲ့သို့၊ ကမ္ဘာကျော်သည့် နာမည်ကြီးလိုမျိုးအထိ လူကြိုက်များတာဖြစ်လေသည်။ 
သူ ပေါ်လာသည်နှင့် ချက်ချင်း လူတွေက ဓာတ်ပုံ တဖျတ်ဖျတ်ရိုက်ကြပေတော့သည်။ 
သူတို့က မိန်းကလေးဖြစ်သည်ဖြစ်စေ ယောကျာ်းလေးဖြစ်သည်ဖြစ်စေ ထို ပညတ်ချက်ကို တခဏလောက် မေ့သွားကြပြီး ချင်မော့ ဂိမ်းကစားသည်ကို မြင်လိုက်သည်နှင့် ချက်ချင်း ချင်မော့ကို လုံးဝ ကြွေဆင်းသွားကြပေတော့သည်။ 
သို့သော် အပြင်၌ လူ မည်မျှ ထူထပ်နေပါစေ ချင်မော့က သူ့ ကားထဲမှ ခြေတစ်လှမ်းမျှတောင် မရွေ့လေဘူး။ 
ချင်မော့က ကားနောက်ခန်း၌ ထိုင်နေလေသည်။ သူ့၌ နှာတံမြင့်မြင့်နှင့် လှပခံ့ညားသည့် မျက်နှာကို ပိုင်ဆိုင်ထားတာ ဖြစ်သည်။ သူ့ကို ကြည့်ရသည်မှာ အိပ်ပျော်နေသည်ဟု ထင်ရပေသည်။ 
သူ့လက်တစ်ဖက်ကို ခေါင်းနောက်၌ ထားကာ ပျင်းရိပျင်းတွဲထိုင်နေပြီး ကျန်လက်တစ်ဖက်က သူ၏  á€›á€žá€Šá€şá€œá€ťá€Źá€¸á€žá€Šá€ˇá€ş ခြေတံရှည်များပေါ်၌ တင်ထားလေသည်။ သူ့မျက်လုံးများက သက်တောင့်သက်သာ မှိတ်ထားပြီး ကြည့်ရသည်မှာ အနှောင့်အယှက်မရှိသည့်ပုံလိုမျိုး အေးအေးချမ်းချမ်းဖြင့် တည်ရှိနေလေသည်။ 
ချင်မော့က wechat ဆီမှ အသိပေးသံ ကြားလိုက်သည်နှင့် ချက်ချင်း မျက်လုံးဖွင့်လိုက်လေသည်။ ထို မကောင်းဆိုးဝါးနှင့် တူသည့် မျက်လုံးအကြည့်တွေက အမှောင်အတိ ကျနေသောညကဲ့သို့ ကမ္ဘာတစ်ခုလုံးကို ထိုးဖောက်မြင်နိုင်စွမ်းရှိသကဲ့သို့ ဖြစ်နေသည်။
 
ချင်မော့က သူ့ဖုန်းကိုဖွင့်လိုက်သည်နှင့် စာ တစ်ကြောင်း ပေါ်လာလေသည်။ 
“ငါ ကားဆီလျှောက်လာနေပြီ”
ကားအရှေ့ခန်း၌ ထိုင်နေသည့် COCO က ထိုအသံကို ကြားလိုက်သည်နှင့် အကြောင်းအရင်းမရှိဘဲ စိတ်လှုပ်ရှားခုန်ပေါက်နေပေသည်။ 
“ကျွန်တော် ဂိမ်းဆော့လာတာ ကြာလှပြီ။ ဒါပေမဲ့ အွန်လိုင်းပေါ်က သူငယ်ချင်းနဲ့ တွေ့ဆုံရမှာက ပထမ ဆုံးဘဲ။ “Spade Z” က ဘယ်လိုပုံစံရှိမလဲလို့ သိချင်သား။ ဒီကောင်က ခန္ဓာကိုယ်ကြီးမားတဲ့ချာတိတ်လို့ တော့မပြောနဲ့နော်။  á€•ဟဎးတ္ဏအ ဒီ Spade Z ရဲ့ လုပ်ပုံကိုင်ပုံတွေက အတော်လေးကို လက်ရဲဇက်ရဲနိုင်တာလေဗျ"

အပိုင်း(၃၇) ဖူကျို့နဲ့ချင်မော့တို့တွေ့ဆုံခြင်း (၁)
ဖက်တီးက အလွန် စိတ်လှုပ်ရှားနေပြီး သူ့လက်မျာယက ကားစတီယာရင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။ 
"ဘယ်လိုအထက်တန်းကျောင်းသားမျိုးက ဒီလောက်တောင် တော်နိုင်ရတာလဲ။ ငါ သူနဲ့ အပြင်မှာ တစ်ခါလောက် လူချင်းတွေ့ပြီး စမ်းကြည့်ချင်လိုက်တာ"
COCOလည်း စိတ်လှုပ်ရှားနေသောကြောင့် ယုန်အရုပ်နားရွက်ကို ကိုက်ထားလေသည်။ 
"ငါကျတော့ သူနဲ့ဂိမ်းတူတူဆော့ချင်တာ"
"အဲလိုမလုပ်စမ်းပါနဲ့ဟ သူက ငါတို့ကို ပျော့ညံ့တယ်လို့ထင်သွားလိမ့်မယ်ကွ"
ဖက်တီးက COCO ကို ပခုံးပုတ်ကာ 
"မင်းက အင်တာနက်ရဲ့ ဆယ်လီတစ်ယောက် ဖြစ်ကြောင်းပြသနိုင်မဲ့ အရှိန်အဝါမျိုးကို ဆွဲထုတ်လိုက်စမ်းပါ။ ပျော့ညံ့မနေစမ်းနဲ့။ အဲဒါကတွေ့ဆုံမှုသက်သက်ပဲ။ ဘာမှအရေးကြီးကိစ္စ မဟုတ်ဘူး"
COCO က အော်ရယ်လေတော့သည်။ 
 "တည်ငြိမ်ချင်ယောင်ဆောင်နေတာ ရပ်လိုက်စမ်း။ မင်းလက်တွေတုန်နေတယ် ဟားဟားဟား"
သူတို့များအနက် ချင်မော့ဟာ အတည်ငြိမ်ဆုံးသော တစ်ယောက်တည်းသောသူသာ ဖြစ်ပေသည်။ 
ဖက်တီးနှင့် COCO ဟာ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ပြီး နောက်ကြည့်မှန်မှတစ်ဆင့် ချင်မော့ကို ပြိုင်တူချောင်းကြည့်လိုက်သည်။ 
အဲဒါ အစ်ကိုကြီးရဲ့ပထမဆုံးအကြိမ် ဂိမ်းက လူစိမ်းကိုအပြင်မှာ တွေ့တာပဲမလား။ 
သူတို့အစ်ကိုကြီးလို အေးစက်နေတဲ့ ရေခဲတုံးကြီးက ဒီလိုတွေ့ဆုံမှုကို လက်ခံလိမ့်မယ်လို့ သူတို့ ဘယ်တုန်းကမှ မထင်ထားခဲ့လေဘူး။ 
ဒါပေမဲ့ သူ တွေ့မဲ့လူက "Spade Z" ဖြစ်နေမယ်ဆိုရင်တော့ ထူးဆန်းတာ ဘာမှမရှိပါဘူး။ 
ချင်မော့၏ ကား မထွက်ခွာသေးသရွေ့ ကျောင်းဂိတ်ပေါက်၌လည်း ကျောင်းသားတွေနှင့် ပြည့်နှက်နေပေသည်။ 
ထိုအရာက ဖူကျို့ ချင်မော့ကားဆီ လျှောက်လာစဉ် မြင်လိုက်ရသည့် မြင်ကွင်း ဖြစ်လေသည်။ 
လူတိုင်းက ရပ်တန့်သွားကြပြီး ဦးတည်ချက်တစ်ခုကိုသာ စိုက်ကြည့်နေကြပေသည်။ စိတ်လှုပ်ရှားမှုက သူတို့မျက်နှာ၌ အတိုင်းသားပေါ်လွင်နေသည်။ 
မိန်းကလေးတချို့က  á€á€ťá€„်မ္ဏအ သူ့ကားမှန်ကို ချလိုက်သည့်အချိန်၌ အံ့ဩလွန်းသဖြင့် စကားမပြောနိုင်ကြတော့သော်လည်း သူတို့ပါးစပ်ကိုတော့ လက်ဖြင့် အုပ်ကာ တဝူးဝူးတဝါးဝါး အော်ဟစ်နေကြပေတော့သည်။ 
ချင်မော့ဟာ အပြင်ဘက်ကို ကြည့်လိုက်လေသည်။ သူ့နက်မှောင်နေသည့် မျက်ဝန်းတွေက လူထုကြားထဲ၌ တစ်စုံတစ်ခုကို ရှာဖွေနေသည့်အလား။ 
"Spade Z"သည် လူအုပ်ကြားထဲက မကြာခင် ထွက်လာပေလိမ့်မည်။ ထိုအကြောင်းကို သူ တွေးမိလိုက်သည်နှင့် တော်ရုံ မပြုံးတတ်သည့် ချင်မော့၏ ရေခဲရိုက်နှုတ်ခမ်းများက  á€€á€ąá€Źá€ˇá€á€€á€şá€žá€˝á€Źá€¸á€•ဟဎး ဘယ်တုန်းကမှမရှိခဲ့ဖူးသည့် စိတ်ဝင်စားမှုလေးတစ်ခုကြောင့် ပြုံးမိသွားလေသည်။ 
ချင်မော့ ခေါင်းလေးစောင်းလိုက်ပြီး စီးကရက် တစ်လိပ်ကို မီးညှိလိုက်သည်။ သူ့လက်မောင်းများက ကားတံခါး၌ တင်ထားလျက် သူ၏ အရေအတွက်အကန့်အသတ်ဖြင့် ထုတ်ထားသည့် ဇစ်ပို တံဆိပ် ငွေရောင်မီးခြစ်ဖြင့်  á€†á€ąá€Źá€ˇá€€á€…á€Źá€¸á€”á€ąá€œá€ąá€žá€Šá€şá‹ 
ထို့နောက် သူ၏ မည်းနက်နေသည့် ဆံပင်တွေက လေ အဝှေ့ကြောင့် တလူလူလွင့်နေပေသည်။ ထိုသို့နတ်ဘုရားဆန်ဆန်ပုံရိပ်က ပရိသတ်အပေါင်းတို့အား တအားအား အော်ဟစ်စေသည်အထိရင်ခုန်စိတ်လှုပ်ရှားစေပေသည်။ 
"အားးး သခင်လေးချင် သခင်လေးချင်"
ဖူကျို့အနောက်က လိုက်လာသည့် ချန်ရှောင်တုံးဟာ နောက်တစ်ကြိမ် ကြောင်အမ်းသွားပြန်သည်။ 
သူ့သခင်လေးက သခင်လေးချင်ကို သွားတွေ့မှာလို့ပြောတုန်းက နောက်နေတာလို့ထင်ပေမဲ့ တစ်မိနစ်တောင် မပြည့်သေးဘူး သခင်လေးချင်က ဒီကိုရောက်နေတယ်တဲ့လား။ 
သောက်ကျိုးနည်း ဘုရားသခင်ကယ်တော်မူပါ။ 
ကောင်းကင်ဘုံက ငါ့ကို အရမ်းနှိပ်စက်တာပဲ အီးဟီးဟီး။ 
သူ့၌ သူ့သခင်လေးကို ထိန်းရမည့် တာဝန်ရှိပေသည်။ သူ့သခင်လေး ပြဿနာမီးခွက်ထွန်းရှာမှာကိုတော့ ခွင့်မပြုပေးနိုင်ပေ။ 
ဖူကျို့က သူမ သွားမည့်လမ်းကို ပိတ်ထားသည့် ချန်ရှောင်တုံးကို မျက်မှောင်ကြုံ့ကာ ကြည့်လိုက်သည်။ 
"ဖယ်ပါဟ"
"သခင်လေး"
ချန်ရှောင်တုံးက သူ့ကို နားဝင်အောင် ရှင်းပြရန် သိမ်းသွင်းနေလေသည်။ 
"ဒီမှာကြည့်လိုက် ပတ်ဝန်းကျင်မှာ လူတွေက အများကြီးပဲ။ ဒီအချိန်က သခင်လေးချင်ဆီသွားပြီး ငမ်းကြောထရမဲ့အချိန်ကောင်း မဟုတ်ဘူးနော် သခင်လေး။
 á€žá€á€„á€şá€œá€ąá€¸ စဥ်းစားကြည့်။ သခင်လေးချင်က ကျောင်းမှာပေါ်လာတယ်ဆိုတော့ သူ တစ်ယောက်ယောက်ကို စောင့်နေတာပဲ ဖြစ်ရမှာ။ ပြဿနာကို မီးမောင်းထိုး မရှာကြရအောင်ပါနော်။ နောက်ထပ်တစ်ကြိမ် ကျောင်းထပ်အထုတ်ခံရရင် ဘယ်လိုလုပ်မလဲဗျ။
 á€Ąá€˛á€ˇá€œá€­á€Żá€–ဟစ်ရင်သခင်မကဟဎးကတ္ဏအ ပိုးစိုးပက်စက် အသဲကွဲပါဦးမယ်ဗျာ"
ဖူကျို့က ရယ်လိုက်ပြီးတော့
"သူ တစ်စုံတစ်ယောက်ကို စောင့်နေတယ်ဆိုတာ မင်း သိတယ်ပေါ့။ ဒါဆို သူ ဘယ်သူ့ကို စောင့်နေလဲဆိုတာကိုရော မင်းသိလား"
"ဟမ် ဘယ်သူလဲ"
ချန်ရှောင်တုံးက စိတ်ရှုပ်ထွေးသွားမိသည်။ 
ဖူကျို့ဟာ လေးနက်သည့်အသံဖြင့်
"သေချာပေါက် ငါလေးပေါ့ဟ"
"သခင်လေး ကျွန်တော်တစ်ခွန်းတည်းပြောမယ်နော် သခင်လေး စိတ်ကူးယဥ်နေတာတွေ ရပ်လိုက်သင့်ပြီဗျာ...သခင်လေး..."
သည်တစ်ကြိမ်၌ ဖူကျို့က သူ့ကို စကားပြီးဆုံးအောင် ဆက်ပြောခွင့်မပေးဘဲ စူးရှသည့် အကြည့်တစ်ချက်ကို ပို့လွှတ်လိုက်လေသည်။ 
ထို့နောက်တွင် သူမက ချန်ရှောင်တုံးကို တွန်းကာတိုက်ကာဖြင့် ချင်မော့ဆီသို့ ဆက်လျှောက်လာလိုက်ပေသည်။ 
သူမက လူအများအပြား ဝိုင်းအုံနေသည့် အနက်ရောင်ကားဆီသို့ ခြေလှမ်းကျဲကျဲဖြင့် သူမ၏ နားကြပ်ကို တပ်ကာ စကိတ်ဘုတ်ကို လက်ဖြင့်ကိုင်ပြီး လျှာက်သွားလိုက်သည်။ 
ထိုငွေရောင်ဆံပင်လေးများက နေဝင်ချိန်၌ အမည်မသိသည့် တောက်ပခြင်း တစ်မျိုးမျိုးကို ပေးနေသယောင်ယောင်။ 
"နေပါဦး အဲဒါက ဖူကျို့မလား"
"သူအခုချိန်အထိ သခင်လေးချင်ကို လက်မလျော့သေးဘူးလား"
"ထားလိုက်ပါတော့ သခင်လေးချင် သူ့ကိုသာ မြင်ရင် သေချာပေါက် ထွက်သွားဖို့ ပြောမှာပဲ"
…

အပိုင်း(၃၈) ဖူကျို့နှင့် ချင်မော့တွေ့ဆုံခြင်း (၂)
ဖူကျို့က လူတွေ တီး‌တိုးပြောနေကြသည်ကို မကြားသည့်အတိုင်း ပြုံးပင်ပြုံးလိုက်ကာ ကားဆီသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းသွားလိုက်သည်။ 
ဘော်ဒီဂတ်များက ဖူကျို့ကို သူတို့လက်များဖြင့် တားထားလိုက်လေသည်။ 
ဒီလူငယ်က ဟိုတစ်ခါတုန်းက သူတို့ရဲ့ စီအီးအို လက်မောင်းထဲကို ပစ်လဲသွားတဲ့ကောင်လေးပဲ။ 
အခုလည်း သူထပ်လာပြန်ပြီ။ 
သူကများ ငါတို့လို ဘော်ဒီဂတ်တွေကို အလှပြရုံသက်သက်လို့ ထင်နေတာလား။ 
ထိုသို့ သွားသည့်လမ်း အပိတ်ခံလိုက်ရသော်လည်း
ဖူကျို့မျက်နှာပေါ်၌  á€€á€źá€ąá€Źá€€á€şá€›á€˝á€śá€ˇá€á€źá€„်း တစ်စိုးတစ်စိမျှတောင် ရှိမနေချေ။
 á€‘ိုဥစဏး သူမက မျက်ခုံးပင့်လိုက်ပြီး သူမမျက်နှာပေါ်၌ မကောင်းဆိုးဝါးဆန်ဆန် အပြုံးလေးတစ်ခု ဖြစ်ထွန်းလာပေသည်။ 
လူအုပ်ကြားထဲ ပိတ်မိနေသည့် ချန်ရှောင်တုံးက သူ့သခင်လေး ထိုသို့ အတားခံလိုက်ရသည်ကို မြင်လေတော့စိတ်သက်သာ‌ရာရသွားလေသည်။ 
အဲဒါက ကောင်းတယ် အနည်းဆုံးတော့ သခင်လေးကိုတားဖို့ ဘော်ဒီဂတ်တွေ ရှိသေးတာပဲ ဟူး...။ 
ဘော်ဒီဂတ်တွေဟာ သခင်လေးကို ဘယ်လိုနည်းနဲ့မှ ဖြတ်သွားခွင့်ပြုမှာမဟုတ်ဘူး။ ဒီလိုဆိုရင် သခင်လေးက သခင်လေးချင်ဆီ ပြေးဝင်သွားမှာကို စိုးရိမ်စရာမလိုတော့ဘူး။ 
ဒန်တန်တန်။ 
"အား"
ကားထဲ၌ ထိုင်နေသည့်COCO က ဖူကျို့ကို မှတ်မိသွားပြီးတော့
"အဲဒါသူပဲ"
အခြားတစ်ဖက်၌ ဖက်တီးက သူ၏ လက်တော့ပ်ဖြင့် အလုပ်များနေလေသည်။ ထို့ကြောင့် သူ ခုနက ဘာဖြစ်သွားလဲဆိုသည်ကို မသိလိုက်ပေ။ 
"သူက ဘယ်သူလဲ"
"အာ ဒီကောင်လေးက ငါတို့ အစ်ကိုကြီးကို တိတ်တိတ် လေးခွက်ရှ်နေတဲ့သူလေ"
COCOက ထိုစကားကို ချင်မော့ သူ့ကို စိုက်ကြည့်နေသည်ဆိုတာကို သတိမထားမိဘဲ လွှတ်ခနဲ ပြောထွက်သွားလေသည်။ ချင်မော့ ကြည့်နေသည်ကို သတိထားမိသည်နှင့်ချက်ချင်း COCOက လေသံပြောင်းလိုက်ပြီးတော့ 
"အဲ မဟုတ်..မဟုတ် သေးပါဘူး။ ငါပြောချင်တာကလေ သူက ငါတို့ရဲ့ တစ်မိုးအောက်တစ်ယောက် အစ်ကိုကြီးရဲ့အမာခံဖန်လေဟာ။ ပြီးတော့ သူက အစ်ကိုကြီးကိုလုံးဝရူးသွပ်နေတာလေ။ အဲ့တော့ သူက အစ်ကိုကြီးရဲ့ အာရုံစိုက်မှုကိုရဖို့  á€žá€°á€ˇá€”á€Šá€şá€¸á€žá€°á€ˇá€Ÿá€”á€şá€”á€˛á€ˇ ကြိုးစားနေတာပေါ့။ 
သိတယ်မလား ဟဲဟဲ"
ထိုအရာကို ကြည့်ပြီးသည်နှင့် ဖက်တီးက စိတ်ပျက်သွားလေသည်။ 
"ဟမ် အဲဒါဆို သူက “Spade Z” မဟုတ်ဘူးပဲ"
ဖူကျို့က သူတို့တံခါးဖွင့်ပေးရန် ရည်ရွယ်ချက် မရှိသည်ကို သိလိုက်သည်။ ထို့နောက် ချင်မော့က ဖုန်းကို ငုံ့ကြည့်နေသည်ကို သူမ မြင်လိုက်သည်။ 
ဖူကျို့က Wechatကို ဖွင့်လိုက်ပြီးတော့ စာရိုက်လိုက်သည်။ 
"ကြီးမြတ်တဲ့ သခင်လေးချင်ရေ နင့်ရဲ့ ဘော်ဒီဂတ်တွေကို လမ်းဖယ်ပေးဖို့ ပြောလိုက်ဦး"
ချင်မော့က ရုတ်တရက် ရပ်တန့်သွားပြီးတော့  á€á€ąá€Ťá€„်းကို ချက်ချင်း မော့လိုက်လေသည်။
 á€˜á€ąá€Źá€şá€’á€Žá€‚á€á€şá€Ąá€Żá€•á€şá€…á€Żá€€á€źá€Źá€¸á€‘á€˛áŒ သူတို့မျက်လုံးများက အကြည့်ချင်းဆုံသွားခဲ့ပြီး အတော်အတန် ရင်းနှီးနေသည့် ပုံရိပ်တစ်ခုက ကား အပြင်ဘက်၌ရပ်နေပေလေသည်။ 
နေဝင်ရီတရောအချိန်၌ ထိုကောင်လေးက သူ့စကိတ်ဘုတ်ကို ဘယ်လက်ဖြင့်ကိုင်ထားပြီး သူ့ဖုန်းကို ညာလက်ဖြင့်ကိုင်ထားလေသည်။ သူ့ ကျောင်းဝတ်စုံကုတ်အင်္ကျီက ဇစ်ဖြုတ်ထားပြီး နို့နှစ်ရောင် တီရှပ်အင်္ကျီနှင့် တွဲဖက်ဝတ်ဆင်ထားပေသည်။ 
အလင်းရောင်က သူ့ငွေရောင်ဆံပင်တွေ အပေါ် ဖြာကျနေပြီး မှင်ရည်နှယ် မည်းနက်နေသည့် မျက်လုံးများက အမည်မသိသည့်လိုက်ဖက်မှုတစ်မျိုး ကိုပေးစွမ်းနေသယောင်ယောင်။ 
ချင်မော့ မျက်လုံးတွေက ရုတ်တရက်ရှော့ခ်ရသွားသည့်အသွင်မျိုး ဖြစ်နေလေသည်။ 
ထို့နောက် ထိုမျက်လုံးတွေက ကျဉ်းမြောင်းသွားတော့သည်။ 
ဖူကျို့က ချင်မော့ ဖုန်းကို ကြည့်နေသည်ကို မြင်လိုက်သဖြင့် သူမဖုန်းကို လှုပ်ပြလိုက်သည်။ 
ချင်မော့က သူမကို ကားဆီသို့ ဝင်ခွင့်မပြုလေဘူး။ သူ၏သွယ်လျသည့်လက်ချောင်းတွေက စီးကရက်ပြာမှုန့်တွေကိုပြတင်းပေါက် အပြင်ဘက်ဆီသို့ ခါချလိုက်သည်။ 
ထိုနောက်တွင်တော့ သူက မျက်ခုံးပင့်လိုက်ကာ စာရိုက်‌လိုက်လေသည်။ 
"အပြင်ဘက်က သူက မင်းလား"
ဖူကျို့က ထိုစာကိုမြင်ပြီးသည်နှင့် သူမမျက်ခုံးကို ပင့်လိုက်ကာ
"အိုး.. ကြီးမြတ်လှတဲ့သခင်လေးချင်က လူတွေကို အိမ်မွေးတိရစ္ဆာန်တွေလိုမျိုးပဲ ဆက်ဆံတာလား"
ဒီတစ်ကြိမ်၌ ချင်မော့က ဖူကျို့ကိုယ်တိုင် စာရိုက်နေသည်ကို သူကိုယ်တိုင် မျက်မြင်တွေ့လိုက်ရသည်။ 
တစ်ချိန်တည်း၌ သူ့မျက်လုံးဆီက အေးစက်မှု တစ်ခု ဖြန့်ထွက်လာကာ
" ဖယ်လိုက်စမ်း သူ့ကို ပေးဝင်လိုက်"
"ဘာရယ်"
COCOက ရှော့ခ်ရလွန်းသဖြင့် ယုန်အရုပ်နားရွက်ကို ထပ်ကိုက်ပြန်လေသည်။ 
ဘော်ဒီဂတ်အားလုံးက ကြောင်အမ်းသွားကာ တစ်ယောက်ကိုတစ်ယောက် ကြောင်ကြည့်နေလေသည်။ 
သူတို့သာမက ချန်ရှောင်တုံး၏ မျက်လုံးများက လန့်လွန်းသဖြင့် နဂိုထက် ဆယ်ဆမက ပြူးသွားလေသည်။ 
သူ....သူက သခင်လေးကိုဝင်ခွင့်ပြုလိုက်တယ်လား။ 
ကားပတ်လည်လည်၌ ရှိသည့် ကျောင်းသားအားလုံးက အံ့ဩလွန်းသဖြင့် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ကာ တီးတိုးပြောဆိုနေကြပေသည်။ 
ဖူကျို့က သူမလက်ကို မြှောက်လိုက်ပြီးတော့ ဘော်ဒီဂတ်များ၏ပခုံးကို ပုတ်လိုက်ကာ
"မင်းတို့ရဲ့ သူဌေးက ငါလေးကို စောင့်နေပါတယ်လို့ ငါမပြောခဲ့ဘူးလား ဟမ် ဘာကြောင့်မယုံကြတာလဲ"
ဘော်ဒီဂတ်များအားလုံးက မယုံသင်္ကာဖြင့် ဖူကျို့ကို ထပ်မံ တားထားကြပေသည်။ သူတို့တွေက ထိုစကားကို မယုံတာကြောင့် သူတို့သူဌေးဆီက အတည်ပြုချက် ထပ်ကြားချင်သေးသည်။ 
"သူ့ကို ပေးဝင်လိုက်"
ချင်မော့က အသံနိမ့်လေးဖြင့် နောက်တစ်ကြိမ်ထပ်ပြောလိုက်လေသည်။ 
COCO က သူ့ခေါင်းကို ရုတ်တရက် လှည့်လိုက်ကာ
"အစ်ကိုကြီး ဒီလိုမလုပ်နဲ့လေ။ ဒီကောင်လေးက အစ်ကိုကြီးကို လူပုံအလယ်မှာ  á€á€…်ခဍဖက်ဖူးတယ် ဆိုပေမဲ့ လူကြားထဲမှာတော့ ရိုက်လို့ မသင့်ပါဘူးဗျာ။
 á€Ąá€…်ကိုကဟဎး စိတ်လျှော့စိတ်လျှော့"
ထိုအချိန်၌ ဖူကျို့က ကားဆီသို့ တည့်တည့်မတ်မတ် လျှောက်လာသည်။ သူမ၏ ဘယ်ဘက်လက်ကို ဟန်ပါပါ မြှောက်လိုက်ပြီး ကားပြတင်းပေါက်၌  á€•á€ťá€„á€şá€¸á€›á€­á€•á€ťá€„á€şá€¸á€á€˝á€˛á€‘á€ąá€Źá€€á€şá€‘á€Źá€¸á€œá€­á€Żá€€á€şá€œá€ąá€žá€Šá€şá‹
 á€‘ိုအန္ဏက် သူမ ခါးကို အနည်းငယ်ကွေးလိုက်ပြီးတော့ ထိုလှပသည့်မျက်နှာလေးက ချင်မော့ မျက်နှာနှင့်ထိကပ်ဖို့ တစ်လက်မလေးတောင် မလိုတော့ပေ။ 
ထိုနီးကပ်နေသည့် အခြေအနေကြောင့် သူမ၏တောက်ပသော မျက်လုံးအစုံဟာ နှစ်လိုဖွယ် ကောင်းနေပေတော့သည်။ 
"အိုး ကြီးမြတ်လှတဲ့ သခင်လေးချင်က ဘယ်သူ့ကို ရိုက်ချင်နေတာပါလိမ့် ငါလေးကိုများလား"

အပိုင်း (၃၉) ကလေးကို အနိုင်မကျင့်နဲ့
ချင်မော့က ဖူကျို့၏ ချောမောသည့် မျက်နှာလေး တစ်စထက်တစ်စ နီးကပ်လာသည်ကို မျက်မှောင်ကြုံ့လိုက်လေသည်။
 
သူ့ရဲ့ကိုယ်သင်းနံ့လေးကကောင်းတယ်။ သကြားလုံးလေးလိုပဲ။ သူ့ရဲ့အရှေ့က လူငယ်လေးရဲ့ နှုတ်ခမ်းပါးလေးတွေဟာ ပန်းရောင်သန်းနေပြီးတော့ နမ်းဖို့အတွက် အလွန့်လွန်သင့်တော်တယ်။ ပြီးတော့ သူရဲ့မျက်နှာပေါ်မှာ ထိခိုက်နစ်နာစေလိုတဲ့အပြုံးလိုလို ဆင်မြန်းထားလေတယ်။ 
ချင်မော့ တစ်ယောက်သာလျှင် ထိုသို့ နှစ်လိုဖွယ်အပြည့်ဖြင့် ဆွဲဆောင်မှုအားပြင်းသည့် မျက်နှာလေး တစ်စထက်တစ်စ နီးကပ်လာသည်ကို မလှုပ်ယှက်နေနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်ပေလိမ့်မည်။ ချင်မော့ မျက်လုံးများက ပြုံးယောင်သမ်းနေသော်လည်း သတိပေးချက်များက အတိုင်းသား ပေါ်လွင်နေပေသည်။ 
"မင်းစကားပြောတဲ့အခါကျရင် ငါ့ဆီ အဲ့လောက်ကပ်မလာနဲ့ အခုကားပေါ်ကိုတက်တော့"
ဖူကျို့က အံ့အားသင့်သွားလေသည်။ 
သူမ ထင်တာက သူ နည်းနည်းလေးတော့ရှက်သွားမယ်လို့ပေါ့။ အခုတော့.. ဘယ်လောက်တောင် ပျင်းဖို့ကောင်းလိုက်သလဲ။ သခင်လေးချင်က တကယ့်ကို ကိုင်တွယ်ဖို့ခက်တာပဲ။ 
ဒါပေမဲ့ ဒီလိုလေးက စိတ်ဝင်စားဖို့ပိုကောင်းတယ်လေ။ နောက်တစ်ကြိမ်ကျရင် သူ့ရဲ့နားဆီကပ်ပြီး အသက်ရှူကြည့်ဦးမယ်။ ဒီလိုဆိုရင် သူဘယ်လောက်အထိ သည်းခံနိုင်မလဲဆိုတာကို စောင့်ကြည့်ရသေးတာပေါ့။ 
နောက်ဆုံး၌ ဖူကျို့က စိတ်ဝင်စားစရာကောင်းသည့်အရာကို ရှာတွေ့သွားခဲ့ပေသည်။ 
ကားအရှေ့ခန်း၌ ထိုင်နေသည့် COCOနှင့် ဖက်တီး၏ မျက်လုံးများက ထိုသို့ အပြန်အလှန် ပြောနေကြသည်ကို ကြားပြီးသည်နှင့် ပြူးသည်ထက် ပြူးကျယ်လာပေတော့သည်။ 
သူတို့အခု ဘာကြားလိုက်တာပါလိမ့်။ အစ်ကိုကြီးက ဒီဂေးဇိုးလေးကို ကားပေါ်တက်ခိုင်းတယ်တဲ့လား။ 
ဖူကျို့က သူတို့နှစ်ယောက် ဘာတွေးနေလဲဆိုသည်ကို သေချာပေါက်သိလေသည်။ သူမ ကားပေါ်ရောက်ပြီး ထိုင်လိုက်သည်နှင့် ချက်ချင်း သူမ နှုတ်ခမ်းပါးလေးတွေက ကွေးညွတ်သွားပြီးတော့
"ငါ့ကိုယ် ငါမိတ်ဆက်ပေးမယ်နော် ငါ့နာမည်က ဖူကျို့ "Spade Z" လို့လည်းခေါ်လို့ရတယ် "
သူမကိုယ်သူမ,မမိတ်ဆက်ခင်က အကောင်းတိုင်းရှိနေသော်လည်း  á€žá€°á€™ မိတ်ဆက်ပြီးသည့်နောက် ဖက်တီးလက်များက ကား စတီယာရင်ဆီကနေ ချော်ထွက်လုနီးပါးဖြစ်သွားပေတော့သည်။ 
"Spade Z...Zတဲ့လား”
ဖက်တီးတင်မက COCO၏ မျက်နှာပါ မိုးပြိုကျလုမတတ် ဖြစ်သွားလေသည်။ 
ဒါကြောင့် အစ်ကိုကြီး ခဏလောက် သတိမကပ်တော့တာ မထူးဆန်းဘူး။ 
ဒီလိုဘဝင်မြောက်ကြွမြောက်ကြွ ဖြစ်နေတဲ့ ဂေးဇိုးလေးက သောက်ရမ်းထက်မြက်ပြီး တော်နေတဲ့"Spade Z"ဖြစ်မယ်လို့ ဘယ်သူကထင်မှာလဲ။ 
ဒီဟာက တိုက်ဆိုင်တာသက်သက်တော့ မဟုတ်လောက်ဘူး။ 
အင်တာဗျူးခံရတဲ့ ကျောင်းသားတွေအထဲမှ ငါတို့က ဒီဂေးဇိုးလေးက"Spade Z"မဖြစ်နိုင်ဘူးလို့ စာရင်းထဲက ပထမဆုံးပယ်ခဲ့တာ မဟုတ်ဘူးလား။ 
ဒီလိုဟာသမျိုးလည်းရှိသေးတယ်လား။ 
သူ အိပ်မက်များမက်နေတာတော့မဟုတ်ပါဘူးနော်။ 
ဒါမှမဟုတ် ဒီဂေးဇိုးလေးက "Spade Z"ဟန်ဆောင်ထားတာများလား။ 
မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး။ ငါကိုယ်တိုင် သူက အစ်ကိုကြီးနဲ့ မက်ဆေ့ချ် အပြန်အလှန် ပို့နေတာကိုမြင်ခဲ့တာပဲ။ 
အဲဒါ တကယ့်ကို အိပ်မက်နဲ့တူတယ်။ 
"ငါက"Spade Z"ကို အကောင်ကြီးကြီးနဲ့ ချာတိတ်လို့ထင်ထားတာ.."
COCOက အသံတိုးလေးဖြင့် ပြောလေသည်။ 
ဖူကျို့က သူမ မျက်ခုံးကို ပင့်လိုက်ပြီးတော့ မကောင်းဆိုးဝါးဆန်ဆန် အပြုံးလေးတစ်ခုဟာ သူမ မျက်နှာထက်၌ ဖူးပွင့်လာလေသည်။ 
"အာ ကျွန်တော်က ခင်ဗျားရဲ့စိတ်ကူးအိပ်မက်တွေကို ပျက်စီးစေသလို ဖြစ်ခဲ့မိလို့တောင်းပန်တယ်နော်။ အခု ခင်ဗျားထင်ထားတာနဲ့လွဲသွားတော့ ကျွန်တော်က ခင်ဗျားကိုအောက်မှာထားပြီး ကျေနပ်သာယာမှု ပေးစွမ်းနိုင်မှာ မဟုတ်ဘူးပေါ့.."
COCO: "... "
"အစ်ကိုကြီး ကျွန်တော် ဒီကောင်လေးက"Spade Z"ဆိုတာကို ယုံသွားပြီ”
COCOက သူ့လက်သီးကိုဆုပ်လိုက်ပြီး 
"ဒါပေမဲ့ ကျွန်တော် ဒီကောင်လေးကို ရိုက်လို့ရမလား"
သူက သေချာပေါက်ကို "Spade Z "ဖြစ်ရမယ်။ ဘာလို့လဲဆိုတော့ သူ့ပါးစပ်ကလေးဟလိုက်တာနဲ့ သူ့ကို လူတွေက ဝိုင်းရိုက်ချင်စိတ်ပေါက်လာအောင် စွမ်းဆောင်နိုင်တယ်လေ။ 
သူတို့ ပထမဆုံး ဂိမ်းမှာစတွေ့တုန်းက ဒီကောင်လေး သူ့အပေါ် ဘယ်လိုပြုမူခဲ့လဲဆိုတာကို သူ အခုထိ မှတ်မိတုန်း။ ဒီကောင်ဟာ တော်တော့်ကိုမာနကြီးတယ်။ ပြီးတော့ COCOလေးရဲ့ fri request ကိုလည်း ငြင်းရဲသေးတယ်။ ပြီးတော့ အစ်ကိုကြီးဆီက သူ့လိုဆက်သွယ်ဖို့ အချက်အလက်တွေ ဘယ်သူမှ ရတာမဟုတ်ဘူး။ 
ဖူကျို့က ပြုံးလိုက်ပြီးတော့
"ခင်ဗျား ကျွန်တော့်ကိုရိုက်ချင်တာလား ရတယ်လေ ဒါပေမဲ့ ကျွန်တော့်ကိုရိုက်ပြီးတာနဲ့ ခင်ဗျားငိုသွားမှာကို စိုးရိမ်မိတယ်.."
COCO၏ မျက်နှာက ဒေါသကြောင့် နီရဲလာလေသည်။ ဖူကျို့ကို သူ စကားစစ်ပြန်မထိုးနိုင်လေတော့ သူ့အစ်ကိုကြီးဆီ အပူပြေးကပ်ရပေသည်။ 
"အစ်ကိုကြီး မင်းက သူ့ကိုရှာလာတာ မင်းသူ့ကိုထိန်းဦး"
ဖူကျို့က ထိုစကားကြောင့် ကြောင်အမ်းသွားပေ တော့သည်။ 
ဘာလို့ သူမက ဒီကြီးမြတ်လှတဲ့သခင်လေးချင်ရဲ့ အထိန်းအချုပ်ကိုခံရမှာလဲ။ 
သူတို့က အရမ်းရင်းနှီးတာလည်း မဟုတ်ဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက်တောင် မျက်နှာချင်းသိပ်ဆိုင်ဖူးတာ မဟုတ်ဘူး။ 
သူတို့က wechatပေါ်မှာပဲ စကားသုံးလေးခွန်းပြောဖူးတာပါနော် မဟုတ်ဘူးလား။ 
ချင်မော့က ဖူကျို့အား သတိပေးချက်မပါသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။ 
ဒီသပ်ရပ်နေတဲ့ဝတ်စုံပြည့်နဲ့ ချောမောတဲ့ရုပ်ရည်ဟာ သူ့ရဲ့CEOသွင်ပြင်နဲ့ကွက်တိကျလောက်အောင်ကို လိုက်ဖက်လွန်းနေတယ်။ သူ့မှာ အခြားသူတွေကို ထိန်းချုပ်ဖို့ပါဝါတော့ရှိသားပဲ။ 
ထိုနောက် ချင်မော့က ဂိမ်းမဂ္ဂဇင်းကို ချထားလိုက်ပြီး မထူးမခြားနားသည့်အသံဖြင့် 
"ကလေးကို အနိုင်မကျင့်နဲ့"
သူ့အစ်ကိုကြီး ပြောသည်ကိုကြားပြီးသည်နှင့်  COCOက ကြောင်တစ်ကောင်ပမာ သူ့မေးကို လက်ဖြင့်ကိုင်ကာ စဉ်းစားခန်း ဖွင့်နေပေသည်။ 
ဒါပေမဲ့ တစ်မိနစ်လောက်ကြာတဲ့အခါမှာတော့ နေပါဦး ကလေးတဲ့။ ဘယ်ကကလေးလဲ။ မဟုတ်မှလွဲရော။ 
COCO၏ ပါးစပ်က အံ့ဩလွန်းသဖြင့် ပြန်ပိတ်လို့ပင်မရတော့ပေ။ သူဟာ တစ်ခုခုမှားနေတယ်လို့ ခံစားနေရပေသည်။ 
"အစ်ကိုကြီး မင်းငါ့ကို ကူညီနေတာလား ဒါမှမဟုတ် "Spade Z"နဲ့ တူတူ အနိုင်ကျင့်နေတာလားဟင်။ ဒီနေ့က မင်းတို့ ပထမဆုံးတရားဝင်စတွေ့ကြတဲ့နေ့နော်။ ဘာလို့နှစ်အတော်ကြာတူတူရှိတဲ့ ငါ့ကို ပလစ်ပြီး "Spade Z"ဘက်ကိုလိုက်တာလဲလို့”
တော်သေးတာက "Spade Z”ဟာ မိန်းကလေးမဟုတ်လို့ မဟုတ်ရင် ခေါင်မိုးထပ် အဖွဲ့တစ်ခုလုံး အစ်ကိုကြီးရဲ့ မျက်နှာသာပေးမှုတွေ ပျောက်သွားဦးမယ်။

အပိုင်း (၄၀)ချင်မော့က ဖူကျို့ကို ထမင်းစားဖို့ခေါ်သွားတယ်
ဖူကျို့က ချင်မော့သည် သူမအတွက် ကူပြောပေးသည်ဟု ခံစားလိုက်ရတော့ သူမဟာ သူ့အား ချီးကျူးချင်စိတ်ပေါက်လာတော့သည်။ 
သို့သော် သူမ ထိုသို့ မလုပ်နိုင်ခင် ကြီးမြတ်သည့်သခင်လေးချင်က သူ့ပါးစပ်ကို ထပ်ဟလိုက်ပေသည်။ ချင်မော့က ဖြည်းဖြည်းချင်းဖြင့် သူမ ရင်မဆိုင်ချင်သည့် အတိတ်မည်းကြီးဘက်ကို စကားစလိုက်ကာ 
"အဟမ်း ငါက ယောက်ျားလေးတွေကိုမကြိုက်ဘူး အထူးသဖြင့် ယောက်ျားတစ်ယောက်အပေါ်မှာ မှီခိုတတ်တဲ့သူမျိုးပေါ့"
ဖူကျို့:". ...."
ဒီလိုကြမ်းတမ်းတဲ့ပါးစပ်ကြီးနဲ့ ဘယ်လိုချီးကျူးမှုနဲ့မှ မထိုက်တန်ဘူး ဂါးးးးးးးး။ 
COCO က ဒီတစ်ကြိမ်၌ အကျယ်ကြီး ထရယ်လိုက်ပေသည်။ သူက တကယ်ကို သိချင်စိတ် ပြင်းပြနေပြီးတော့ ယုန်အရုပ်လေးကို ပိုက်ကာ ဖူကျို့အား မေးလိုက်လေသည်။ 
" မင်းဘယ်လိုလုပ် "Spade Z" ဖြစ်လာတာလဲ ငါတို့အစ်ကိုကြီးမင်းကို ဂိမ်းမှာ add တုန်းက မင်းအရမ်းကို မာနကြီးတာပဲ။ မင်းက ငါတို့အစ်ကိုကြီးကို အကြိုက်ဆုံးလေ မဟုတ်ဘူးလား"
ထိုအရာကို ကြားပြီးသည်နှင့် ဖူကျို့က သက်ပြင်းအရှည်ကြီးကို ချလိုက်လေသည်။ 
 " လူတွေက ငယ်ရွယ်နေတုန်းနဲ့ အပူအပင်တွေမရှိတဲ့အချိန်မှာ ပြောတိုင်းယုံတတ်တာသဘာဝလေ "
"ဒီလိုဆိုရင်မင်းက ငါတို့အစ်ကိုကြီးကို ထပ်မကြိုက်တော့ဘူးပေါ့ ဟုတ်လား "
ဖက်တီးက ဖူကျို့ကို ထိုသို့ မေးလိုက်မိသည်။ 
မဂ္ဂဇင်းပေါ်က ချင်မော့လက်သည် ရပ်သွားလေသည်။ 
COCO က ချင်မော့၏ အေးစက်စက်အကြည့်များကို မြင်လိုက်သည်နှင့် ဖက်တီးကို ဆွဲဆောင့်လေတော့သည်။ 
ဘယ်လိုတောင် အရိပ်အကဲမသိတတ်လိုက်တဲ့ ကောင်စုတ်လဲ။ 
ချင်မော့က ကားအတွင်းမှ တိတ်ဆိတ်နေမှုကို သတိထားမိသွားပြီးနောက် ဖူကျို့ကို မသိမသာ ခိုးကြည့်လိုက်လေသည်။ သူ့အသံဟာ မတားဆီးနိုင်သည့် အေးစက်မှုတွေပါဝင်နေပြီးတော့ 
" မောင်းတော့ "
" ဟုတ်...ဟုတ်ကဲ့ "
ဖက်တီးက နောက်ထပ် စကားတစ်လုံးကိုမှ ပြောဖို့ မရဲတော့သည့်အပြင် ကိုယ်ကို တည့်တည့်မတ်မတ် ထိုင်လိုက်ကာ လီဗာကိုနင်းပြီး ဘယ်ဘက်သို့ကွေ့ကာ ဆက်မောင်းသွားလေသည်။ 
ကျောင်းဂိတ်ဝ၌  á€›á€žá€­á€žá€Šá€ˇá€şá€€á€ťá€ąá€Źá€„á€şá€¸á€žá€Źá€¸á€Ąá€Źá€¸á€œá€Żá€śá€¸á€€ ကြောင်အသွားကြလေသည်။ 
အထူးသဖြင့် လန့်ဖျပ်မှုများ မျက်နှာပေါ်၌ အထင်းသားပေါ်လွင်နေသည့် ချန်ရှောင်တုံးလေး ဖြစ်သည်။ 
ဘယ်အချိန်ကတည်းက သူ့သခင်လေးနဲ့ သခင်လေးချင်  á€’á€Žá€œá€ąá€Źá€€á€şá€›á€„á€şá€¸á€”á€žá€Žá€¸á€žá€˝á€Źá€¸á€›á€á€Źá€œá€˛á‹ 
သခင်လေးချင်က သူ့ကို မရိုက်သတ်တဲ့အပြင် ကားပေါ်ကိုတောင်တင်ခေါ်သွားသေးတယ်တဲ့လား။ ဒါမှမဟုတ် သခင်လေးကိုများ သင်ခန်းစာပေးဖို့ခေါ်သွားတာများလား။ 
အဲဒါမဖြစ်နိုင်ဘူး။ 
ချန်ရှောင်တုံးက ထိုမြင်ကွင်းကို စိတ်ကူးယဥ်လိုက်သည်နှင့် ကျောရိုးအထိ အေးစိမ့်မှုကို ခံစားလိုက်ရလေသည်။ 
အခုတော့ သူဘာလုပ်သင့်လဲ။ 
သခင်မကြီးကို ဒီအကြောင်း သတင်းပို့သင့်လား။ 
မဟုတ်ဘူး။ သခင်လေးကို အရင်ဖုန်းဆက်ကြည့်ပြီး ဘာတွေဖြစ်နေလဲဆိုတာ အရင်တီးခေါက်ကြည့်သင့်တယ်။ ဒီသခင်လေးနဲ့တော့ ငါတော့ အသက်တိုတော့မှာပဲ။ 
ကားထွက်သွားသည်နှင့် ချက်ချင်း ဖူကျို့ဖုန်းက အသံမြည်လာလေသည်။ 
"သခင်လေး ကျွန်တော်ပါ"
ချန်ရှောင်တုံးအလျင်စလိုပြောကာ 
"သခင်လေးချင်က သခင်လေးကို ဘယ်ကိုခေါ်သွားနေတာလဲ အန္တရာယ်ရှိနေတာလားဟင်"
ထိုအရာကို ကြားလိုက်သည်နှင့် ဖူကျို့က မျက်ခုံးပင့်လိုက်ပြီး လှည့်လိုက်ကာ သူမ နံဘေးကလူကို မေးလိုက်လေသည်။ 
"ငါတို့အခုဘယ်သွားမှာလဲ"
"ညစာစားဖို့ခေါ်သွားမလို့ "
ချင်မော့က မဂ္ဂဇင်းကို ပိတ်လိုက်ပြီးတော့ သူ့အသံက အဖက်မလုပ်သည့်အသံပေါက်နေလေသည်။ 
"ဂိမ်းထဲကအသိတွေ ပထမဆုံးအကြိမ်အပြင်မှာတွေ့တဲ့အခါကျရင် ထမင်းအတူတူစားကြတာ သဘာဝပဲလေ " 
ထိုအရာက မှန်လေသည်။ 
ဒါပေမဲ့ နင်ဒီလောက်ထိလုပ်လိမ့်မယ်လို့ ငါလေးမမျှော်လင့်ထားခဲ့ဖူးဘူး။ 
အရိုးသားဆုံးပြောရရင် မနေ့က သူတို့တွေ့မယ်လို့ ဆုံးဖြတ်လိုက်ပြီးကတည်းက အသိနဲ့ အပြင်ထွက်ရင် ဘယ်လိုလုပ်ရမလဲဆိုတာ ချင်မော့က စာအုပ်တွေများ လှန်လှောရှာပြီး ထိုင်ဖတ်နေတာလားလို့ သိချင်မိတယ်။ 
ထို့နောက် ဖူကျို့က ချန်ရှောင်တုံးကို ပြောလိုက်လေသည်။ 
"သူက ငါ့ကို ညစာစားဖို့ခေါ်သွားနေတာ "
"ဘာညစာလဲ"
ချန်ရှောင်တုံးက ပိုပိုပြီးစိုးရိမ်လာပေတော့သည်။ 
" ပေါက်စီများလား သူက သခင်လေးရဲ့အသားနဲ့ ပေါက်စီလုပ်မလို့များလား သခင်လေး မကြောက်နဲ့ ကျွန်တော် လာကယ်ပြီ သခင်လေးမှာကျွန်တော်ရှိတယ်"
ဖူကျို့:". ........"
"မဟုတ်ဘူး ငါလေး သူနဲ့မအိပ်ပါဘူး။ ဘာလို့ သူက ငါ့ကို အပိုင်းပိုင်းခုတ်မှာလဲ။ နင့်ရဲ့ညစ်ညမ်းတဲ့အတွေးတွေကို မောင်းထုတ်လိုက်စမ်း"
ဖူကျို့က ချင်မော့ကို ဂရုစိုက်ပုံမရဘဲ အားရပါးရပြောနေလေသည်။ 
"ငါတို့ဒီအတိုင်း မိတ်ဖြစ်ဆွေဖြစ် ထမင်းအတူတူစားရုံလေးပါဟာ"
ချန်ရှောင်တုံး၏ မျက်လုံးတွေက ပိုပြီးတော့ ပြူးကျယ်လာပေတော့သည်။ 
" သခင်လေး အခုချိန်ထိ သခင်လေးချင်နဲ့ အိပ်ဖို့အရေးကို မစွန့်လွှတ်နိုင်သေးဘူးလားဟမ် တကယ်လို့ သူသာ သိရင် သခင်လေးကို သတ်လိမ့်မယ်ဗျ"
ချန်ရှောင်တုံးအသံသည် ကားတစ်ကားလုံး ကြားနိုင်လောက်သည်အထိ အသံပါဝါမြင့်လေသည်။ 
အရှေ့ခန်း၌ ထိုင်နေသည့်ဖက်တီးက ထိုအရာကိုကြားလိုက်သည်နှင့် လက်ချော်သွားပြီး ကားပင် တိုက်မိလုနီးပါး ဖြစ်သွားပေတော့သည်။ 
COCO က မကြားချင်ဟန်ဆောင်ကာ ဖက်တီးကဲ့သို့ ရေခဲရိုက်ထားသလို တောင့်တောင့်ကြီး ဖြစ်နေပေတော့သည်။ သူသေမတတ် အနောက်ကို လှည့်ကြည့်ချင်ပေမဲ့ မလှည့်ရဲလေဘူး။ 
သူတို့နားတွေက ဘယ်စကားတစ်ခွန်းကိုမှ လက်လွှတ်မခံလေဘူး။ 
ဖုန်းထဲကလူ ပြောတာက "Spade Z" ကငါတို့ရဲ့အစ်ကိုကြီးနဲ့ အိပ်ချင်တယ်လို့ပြောလိုက်တာလား။
 

Search Novels