အပိုင်း(၄၁) တကယ်လို့ နင်လေး ငါ့အောက်မှာ နေပေးမယ်ဆိုရင်စဉ်းစားပေးမယ်
ကားထဲက လေထုဟာ အနုတ်မှတ်ပြသွားလေသည်။ 
ဖူကျို့က ထိုအခြေအနေကို သတိထားမိသွားလေသည်။ အထူးသဖြင့် သူမ ဘယ်ဘက်က တစ်ယောက်မှ အေးစက်မှုအရှိန်အဝါ ဖြာထွက်နေတာကိုပင်။ 
"သူ သိပြီးသားပါ"
ဖူကျို့က ဖုန်းချလိုက်ပြီးတော့ ချင်မော့ကို ထိခိုက်နစ်နာစေသည့် အကြည့်လေးဖြင့် ကြည့်လိုက်ကာ
"တကယ်လို့ ငါလေးက ဒီကိစ္စကအထင်လွဲတာလို့ပြောရင် ယုံမှာလား"
ချင်မော့က သူမကို ကြည့်လိုက်ပြီး သူ့မျက်လုံးများက အေးစက်နေပေသည်။ 
"မင်းက ဘယ်လိုထင်လို့လဲ"
"အဲဒါက တကယ့်ကိုအထင်လွဲနေတာလေ" 
ဖူကျို့က ထိုကိစ္စကို ချင်မော့ ယုံကြည်သွားအောင် အလေးအနက်ထား ပြောနေပေသည်။ 
"နင်လေးနဲ့ အိပ်ဖို့က အရမ်းခက်ခဲမှာကို သိသားပဲဟာ"
ချင်မော့က ပြုံးလိုက်လေသည်။ သူ့အပြုံးများက အေးစက်နေဆဲဖြစ်ပြီး နှင်းလိုဖြူဖွေးနေသည့် သူ့သွားကို ဒေါသကြောင့် အံတကြိတ်ကြိတ်လုပ်နေပေသည်။ 
"အားတော့နာပါတယ် ငါနဲ့အိပ်ဖို့အတွက် ငါ့ကို မင်းတွန်းလှဲချနိုင်မယ်လို့ ငါမထင်ဘူး။ အခုနေရာမှာတင် ပက်လက်လေး နေပြီး ငါ့ခန္ဓာကိုယ်ကို မင်းစိတ်ကြိုက်လုပ်ခွင့်ပေးရမလားပြော"
"တကယ်လို့ နင်လေးဆန္ဒရှိတယ်ဆိုရင် ဘာလို့ မလုပ်ပေးရမှာလဲ"
ဖူကျို့အသံက တကယ့်ကို အတည်ကြီး ပြောနေသည့်ပုံ ပေါက်နေပေသည်။ 
သူမ ထိုသို့ ပြောပြီးသည်နှင့် ဖက်တီးဖြေထောက်များက အကြောဆွဲသည့်ပမာ ကောက်ကွေးသွားလေသည်။ ထို့နောက် ကား၏ အရှိန်က ယခင်ကထက်ပိုပြီး မြန်လာလေသည်။ 
COCOဟာ ဘာမှမကြားခဲ့သလိုမျိုး ကြုံ့ကြုံ့လေးထိုင်နေပေတော့သည်။ 
ချင်မော့က ရုတ်တရက်ကြီး သူ့လက်ကို ဆန့်ထုတ်လိုက်ပြီးတော့ သူ့ကို အံတကြိတ်ကြိတ် ဖြစ်အောင်လုပ်သည့် သူအရမ်းမုန်းသော လှပသည့်မျက်နှာလေးကို မေးအောက်မှ ကိုင်ပြီး တင်းတင်းကျပ်ကျပ် ဖျစ်ညှစ်ထားကာ အံကြိတ်ထားသည့်လေသံဖြင့်
"ဖူကျို့"
"ဟမ်"
ဖူကျို့က သူမ မျက်ခုံးကို ပင့်လိုက်ပြီးတော့ သူ့ကို စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်တော့သည်။ သူမ မျက်လုံးများက သူ့အိမ်ရှိ ကြောင်ပေါက်လေးများ၏ မျက်လုံးသကဲ့သို့ လှပကာ အသည်းယားဖွယ်ကောင်းနေပေသည်။ 
အထူးသဖြင့် ထိုငွေရောင်ဆံပင်ပွပွလေးတွေက ဖူကျို့ကို ကြောင်ပေါက်လေးတစ်ကောင်သဖွယ် အထင်မှားစေမိလေသည်။ 
"တကယ်လို့ မင်း ထမင်းဆက်စားချင်သေးရင် ငြိမ်ငြိမ်လေးနေပေး"
ချင်မော့က သူမ မျက်နှာကို လွှတ်ပေးလိုက်ပေသည်။ ဖူကျို့၏ နူးညံ့သည့် အသားအရေကို အချိန် တော်တော်ကြာ ထိတွေ့လိုက်ရသဖြင့် ထိုနူးညံ့မှု အငွေ့အသက်က သူ့လက်ချောင်းထိပ်လေး၌ အချိန်အတော်ကြာသည်အထိ တည်ရှိနေပေသည်။ 
ထို့ကြောင့် ချင်မော့က ကားပြတင်းပေါက် အပြင်ဘက်သို့ အကြည့်လွှဲလိုက်ရပေသည်။ သို့သော်လည်း သူ့အသံ၌နွေးထွေးမှု အလျင်းမရှိပေ။ 
ချင်မော့က ထိုသို့ နေရာတကာ အီစီကလီလိုက်လုပ်တတ်သည့်ကောင်လေးဟာ "Spade Z"ဖြစ်သည် ဆိုတာကို သူ့ကိုယ်သူ သတိပေးရင်း ဖူကျို့အား ကားပေါ်မှ မကန်ချမိစေရန် စိတ်မနည်းထိန်းထားရပေသည်။ 
ညစာစားမည့်နေရာက ကြယ်ငါးပွင့်အဆင့်ရှိသည့် ဟိုတယ်တစ်ခုဖြစ်ပြီး ကျန်းမြို့၏ ဈေးအကြီးဆုံး ဟိုတယ်တစ်ခုဖြစ်လေသည်။ ထိုဟိုတယ်က မီးရောင်စုံများဖြင့် တောက်ပနေပြီး အတွင်း၌ ဇိမ်ခံပစ္စည်းများဖြင့် အလှဆင်ထားပေသည်။ 
ရာထောင်နှင့်ချီသည့် ဝိုင်ခွက်ပုံစံ မီးဆိုင်းတွေက မျက်နှာကြက်ပေါ်၌ တပ်ဆင်ထားပေသည်။ စားပွဲထိုးများက အဖြူနှင့်အမည်းဝတ်စုံကို ဝတ်ဆင်ထားကာ ဝန်ဆောင်မှုပေးသည်များကလည်း အလွန့်ကို ကောင်းမွန်ပေသည်။ 
ချင်မော့၏ ကား ဟိုတယ်ကို ဆိုက်ရောက်သည်နှင့် ချက်ချင်းပင် တစ်စုံတစ်ယောက်က သူ့ကို ကြိုဆိုရန် ချက်ချင်းပြေးလာလေသည်။ 
ထိုလူက ဧည့်ကြိုမဟုတ်ဘဲ ဟိုတယ်တစ်ခုလုံး၏ မန်နေဂျာဖြစ်လေသည်။ 
"စီအီးအိုချင်အတွက် သီးသန့်ထားထားတဲ့ ခေါင်မိုးထပ်က ဥယျာဉ်ကို သန့်ရှင်းထားပြီး အဆင်သင့် ပြင်ပေးထားပြီးပါပြီဗျာ။
 á€’ဎန္အကန္အဥတွက် မီနူးကတော့  á€€á€ťá€ąá€Źá€€á€şá€•ုစွန်တွ္က အရမ်းကိုလတ်ဆတ်ပြီး ခုံးကောင်တွေကလည်း အရမ်းကိုကောင်းတယ်ဗျ။ ဘာများသုံးဆောင်ပါမလဲဗျာ"
မန်နေဂျာပြောသည်ကို ကြားပြီးသည်နှင့် ချင်မော့က တိုတိုတုတ်တုတ်ဖြင့်
"သူ့ကို ပြောလိုက် သူစားချင်တာကိုပဲ ယူလာပေးခဲ့"
မန်နေဂျာဟာ ဖူကျို့ကို မမြင်မိသေးသည့်အချိန်က အကောင်းစစ်စစ်ပင်။  á€–ူကဝိုအကို လှည့်ကြည့်လိုက်သည့်အချိန်၌ သူ့နှလုံးသားလေးက ခုန်ထွက်လုမတတ် ဖြစ်သွားပေသည်။ 
ဒီ..ဒီဟာက ဖူအိမ်ကအသုံးမကျတဲ့သား ဖူကျို့မလား။ 
ဒီဖူမိသားစုက ဟိုတယ်ဆီကိုလာတဲ့အခါတိုင်း သူတို့ကအမြဲကြွားဝါချင်ကြပြီး စားစရာတွေ အများကြီးမှာကြတယ်။ ပြီးတော့ နှစ်ချို့နေတဲ့ဝိုင်တွေကိုပါ မှာလိုက်သေး။ တကယ်ဆို သူတို့က ဒီလောက်တောင် ပိုက်ဆံမချမ်းသာဘဲနဲ့ကို။ 
ဒီဖူကျို့က တကယ့်ကို ကြိုဆိုဖို့ မထိုက်တန်တဲ့ သူဌေးသား အယောင်ဆောင် ကောင်စုတ်လေးပဲ။ 
ဒါပေမဲ့ သူကဘာလို့ စီအီးအိုချင်နဲ့တူတူရှိနေရတာတုံး။
ပြီးတော့ စီအီးအိုချင်က သူ့အကြိုက်တွေ ချပေးဖို့ပဲ ငါ့ကိုပြောလိုက်သေးတယ်။ 
ဖူကျို့က ထိုမန်နေဂျာ မည်သည်ကို တွေးနေမှန်း သေချာပေါက်သိလေသည်။
မူလခန္ဓာကိုယ်ပိုင်ရှင်ဖူကျို့က ထိုနေရာနှင့် မစိမ်းပေ။ သူမမိသားစုနှင့် ထိုနေရာကို မကြာခဏ လာလာစားလေ့ရှိသည်။ 
ထိုမန်နေဂျာက မူလခန္ဓာကိုယ်ပိုင်ရှင်ဖူကျို့နှင့် ပတ်သက်ပြီး အမြင်မကြည်ပေ။ သူမ၏ ဖအေတူမအေကွဲမောင်နှမများ၏ လှည့်စားမှုများကြောင့် သူမက အမြင်စောင်းခြင်းကို အမြဲခံရပေသည်။ 
"ဒီလိုဆိုရင် ကျောက်ပုစွန်ပေါ့"
ဖူကျို့က ပြုံးလိုက်ပြီး သူမ မျက်လုံးများက အရောင်တစ်ချက်လက်သွားလေသည်။ 
အမှန်တကယ်တော့ ငါလေးက ဈေးကြီးတဲ့အရာတွေကိုကြိုက်တယ်လေ။ 
မန်နေဂျာဟာ သူမ မှာလိုက်သည့်ဟင်းလျာကို ချက်ချင်း မှတ်ထားလိုက်လေသည်။ 
အရှေ့က လျှောက်နေသည့် ချင်မော့က သူ့ခေါင်းကို စောင်းလိုက်ပြီးတော့ မထူးမခြားနားသည့်အသံဖြင့်
"မင်းက ကျောက်ပုစွန်ကိုကြိုက်တာလား"
ဖူကျို့ဟာ သူမ စုပ်လုံးကို ပါးစပ်ထဲ၌ ငုံထားပြီး ချင်မော့အမေးကို ငြင်းဆန်ခြင်း မပြုပေ။ 
ချင်မော့က တိုတိုတုတ်တုတ်ဖြင့် သူ့အနောက်၌ ရှိသည့်လူအာ
"ဒီလိုဆိုရင် သူ့အတွက်ချည်း သီးသန့် ကျောက်ပုစွန်ဆယ်ကောင် ယူလာခဲ့"
မန်နေဂျာ : "..."
အပိုင်း(၄၂) ကြီးမြတ်လှတဲ့သခင်လေးချင်က ဖူကျို့ခေါင်းကို ပုတ်လိုက်တယ်
"ဟုတ်ကဲ့ပါ စီအီးအို"
မန်နေဂျာအတွက် ထို "ဟုတ်ကဲ့ပါ"ဆိုသည့်စကားလုံးက သူပြောခဲ့ဖူးသမျှ"ဟုတ်ကဲ့"များထက် ပိုပြီး ပြောရသည်မှာ ခက်ခဲပေသည်။ 
မန်နေဂျာက စိတ်ထဲ၌  á€Ąá€œá€˝á€”် အံ့အားသင့်နေသော်လည်း သူက လူအရိပ်အကဲကို ကြည့်သည့်နေရာ၌ အလွန်တော်ပေသည်။ သူက ခေါင်းကို မော့လိုက်ကာ ပြုံးလိုက်ပြီး ဖူကျို့ကို
"သခင်လေးဖူ အခြားဘာများလိုအပ်သေးလဲ မသိဘူး။ သခင်လေး လိုချင်တာအားလုံးကို ကျွန်တော်ယူလာခဲ့ပေးပါ့မယ်"
"သခင်လေးဖူ"
ဖူကျို့က ရပ်လိုက်ပြီး သူမ အသံက တစ်ခဏလောက် တိတ်သွားလေသည်။ 
"ငါလေး ဒီနာမည်ကို တကယ်မကြိုက်ဘူးဟ။
 á€’ဎနဏမည်က ငါလေးကို အခြားသူတွေနဲ့ရောပြီး လူမှားဖို့ လွယ်တယ်လေ။ ဒီကိုမကြာခဏလာနေတဲ့ နောက်ထပ် သခင်လေးဖူတစ်ယောက် ရှိသေးတယ်မလား"
မန်နေဂျာက ထိုလူနှစ်ယောက်ကို မှားစရာအကြောင်းကို မရှိဘူးဟု ပြောလိုက်ချင်ပေတော့သည်။
အခြားတစ်ယောက်က ဆက်ဆံရေးကလည်းကောင်း၊ အမြဲလိုလို ကျောင်းမှာလည်း ထိပ်တန်းအဆင့်ရတဲ့သူ၊ နှစ်ယောက်ကြား ကွားခြားချက်က မိုးနဲ့မြေလို ကွာတာပါနော်။ 
သို့သော် မန်နေဂျာက ချင်မော့က ရှိနေသဖြင့် ထိုသို့ ပြောရန် အခွင့်အရေးမရပေ။ ထို့ကြောင့် သူက တွန့်ဆုတ်တွန့်ဆုတ်ဖြင့်သာ ရှင်းပြနိုင်ပေတော့သည်။ 
"ဒီ...ဒီဟာက"
"ငါ့ကို သခင်ကျို့လို့ခေါ်"
ဖူကျို့က သူမ စုပ်လုံးကို ဆွဲထုတ်လိုက်ပြီး စကိတ်ဘုတ်ကို လက်မောင်းကြား၌ ညှပ်ထားဆဲဖြစ်သည်။ သူမက "ငါ့လိုလူဒီဇမ္မူမှာမရှိ" ဆိုသည့်စကားကို နှလုံးသွင်းကာ စိတ်ကြီးဝင်မှုအလုံးစုံဖြင့် အော်ရယ်လေတော့သည်။ 
မန်နေဂျာ၏ပါးစပ်က ထိုရယ်သံကြောင့် အကြောပင် ဆွဲချင်သလိုလိုဖြစ်လာပေတော့သည်။ 
"ဘာလဲ"
ဖူကျို့က သူမ မျက်ခုံးက်ိုပင့်လိုက်လေကာ
"မန်နေဂျာလီက မခေါ်ချင်ဘူးလား"
မန်နေဂျာက စီအီးအိုချင်ကို အသနားခံသည့်ပုံလေးဖြင့် ကြည့်လိုက်ပေသည်။ 
ချင်မော့ မျက်လုံးများကအေးစက်သွားပြီး
"ဖူကျို့"
"ဟမ်"
ဖူကျို့က ခေါင်းကို မော့လိုက်ပြီး သူမ အနီး၌ရှိသည့် ကြီးမြတ်လှသည့်သခင်လေးချင်ကို မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ပြပေတော့သည်။ သူမ အပြစ်ကင်းသည့်ပုံလေး ဟန်ဆောင်ထားသော်လည်း သူမ၏စိတ်ကြီးဝင်မှုကိုတော့ မဖုံးကွယ်ထားနိုင်ချေ။ 
"သိပ်ပြီးတော့ ဖိအားမပေးနဲ့ ဟုတ်ပြီလား"
ချင်မော့က ဘေးကိုလှည့်လိုက်ပြီး ဖူကျို့ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။ ချင်မော့အသံက နူးညံ့နေသည့်ပုံ ပေါက်သော်လည်း တစ်ချိန်တည်း၌ အမိန့်ပေးနေသလိုဖြစ်ကာ ဆွဲဆောင်မှုလည်း ရှိပေသည်။ သူ့သက်ပြင်းချသည့် အသက်ရှူသံနွေးနွေးက ဖူကျို့ဘယ်ဘက်နားကို လာရောက်ထိခတ်လေသည်။ 
"ဒီနေရာက ငါ့ပိုင်နက်ဖြစ်နေတုန်းပဲလေ"
သေချာတာပေါ့ သေချာတာပေါ့။ 
မန်နေဂျာက သူ့ခေါင်းကိုမော့လိုက်ပြီး နှာခေါင်းသာ ရှုံ့ပြလိုက်ချင်ပေတော့သည်။ 
သို့သော် သူ့စီအီးအိုက အေးစက်သည့် အကြည့်များဖြင့် သူ့ဘက်သို့ လှည့်လာလေသည်။ 
"မန်နေဂျာလီ ဒါက ဒီအတိုင်း အခေါ်အဝေါ်သက်သက်ပဲလေ။ 
သူခေါ်စေချင်တဲ့အတိုင်း ခေါ်ပေးလိုက်။ ဧည့်သည်ကို ဘယ်လိုဆက်ဆံသင့်လဲဆိုတာကို ငါ့ကိုယ်တိုင် မင်းကို  á€•á€źá€”á€şá€žá€„á€şá€•á€ąá€¸á€›á€Śá€¸á€™á€žá€Źá€œá€Źá€¸"
ဒီ...ဒီဟာက သူမျှော်လင့်ထားတာမဟုတ်ဘူးလေဟ။ 
စီအီးအိုက ဒီမောက်မာတဲ့ ကောင်စုတ်လေးကို ထွက်သွားဖို့ပြောရမှာမဟုတ်ဘူးလား။ 
ဘာလို့ စီအီးအိုက သူ့ဘက် လိုက်နေရတာတုန်း။ 
မန်နေဂျာက အေးခဲသွားပြီးတော့
"ဒါပေမဲ့.....ဒါပေမဲ့"
"ဒါပေမဲ့ ဘာလဲ "
ချင်မော့အကြည့်များက အေးစက်လာပြီး သူ့ဘယ်လက်ကို ခါးပေါ်၌ထားကာ နှစ်လိုဖွယ်ကောင်းသည့် မောက်မာခြင်းဖြင့်
"ခေါ်လိုက်"
မန်နေဂျာက တုန်လှုပ်သွားပြီး သူ့ခေါင်းကိုငုံ့ကာ
"သခင်ကျို့"
"စကားနားထောင်တဲ့ လူလိမ္မာလေးပဲ အခုကျောက်ပုစွန်ကို သွားယူလိုက်တော့"
ဖူကျို့က သူ့အားခေါင်းငြိမ့်ပြလိုက်သည်။ 
စိတ်အတွင်း၌ မန်နေဂျာက ဖူကျို့ကို နည်းမျိုးစုံဖြင့် ဆဲရေးနေပေတော့သည်။ 
သခင်က ဘေးမှာရှိနေရင် သခင်အားကိုးနဲ့ ခွေးက ပိုဟောင်တတ်တယ်။ 
ဖူကျို့က ထိုသို့ ခါးသီးသည့်အကြည့်ဖြင့် သူမကို ကြည့်နေသည့် မန်နေဂျာ၏ နောက်ကျောကို ကြည့်လိုက်ပြီး သူမနှုတ်ခမ်းပါးလေးတွေက အေးစက်စွာ ကော့တက်သွားသည်။ 
အခြားတစ်ဖက်၌ ချင်မော့က သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီး သူမအား တရွတ်တိုက်ဆွဲသွားလေသည်။ 
ကြီးမြတ်လှသည့် သခင်လေးချင်၏ စတိုင်အတိုင်း သူသည် ဘယ်တုန်းကမှ အသားချင်းထိတွေ့သည်ကို သဘောမကျပေ။ ထို့ကြောင့် သူက ဖူကျို့၏ ကျောင်းဝတ်စုံကို ကိုင်ကာ ဆွဲခေါ်သွားပေသည်။ 
ဖူကျို့ဟာ ချင်မော့လက်ချက်ဖြင့် ခရီးဆောင်အိတ်လိုမျိုး ခေါင်မိုးထပ်ဆီသို့ အဆွဲခေါ်ခံလိုက်ရပေသည်။ 
COCOနှင့် ဖက်တီး တွေးမိတာက ထို"Spade Z"က သူ့စကေးကြောင့် ယခုအချိန်ထိ အသက်ရှင်နေနိုင်တယ်ဆိုတာပဲ ဖြစ်သည်။ 
မဟုတ်လျှင် အစ်ကိုကြီးက သူ့ကို ခေါင်မိုးထပ်ဆီခေါ်သွားမည့်အစား ဟိုတယ် အပြင်ဘက်သို့ ကန်ထုတ်လိုက်ပေဦးမည်။ 
ဒါပေမဲ့ ဒီလိုဆိုရင်တောင် အစ်ကိုကြီးက  á€’á€Žá€€á€ąá€Źá€„á€şá€œá€ąá€¸á€€á€­á€Ż အခြားသူတွေထက်ပိုပြီး စိတ်ရှည်ပေးနေတာပဲ။ ပြီးတော့ သူ့ခေါင်းကိုတောင် ပုတ်ပေးလိုက်သေးတယ်။ ဒီဟာက ဘယ်သူ့အပေါ်မှာမှ လုပ်ပေးဖူးတာမဟုတ်ဘူး။ 
သောက်ကျိုးနည်း ငါတို့ကိုလည်း မလုပ်ပေးဖူးဘူးဟ။ 
ဖူကျို့ဟာ ချင်မော့လက်ချက်ဖြင့် ထိုသို့ အဆွဲခေါ်ခံလိုက်ရသည်ကို စိတ်ထဲထားမနေပေ။ 
ရှင်းရှင်းပြောရရင် ငါလေးကတောင် ဇိမ်ကျသေးတယ်။ ကိုယ့်အားကိုကိုးပြီး ခြေကြွနေစရာ မလို့တော့ဘူးပေါ့။ 
အပေါ်ထပ်၌
"ကျောက်ပုစွန်တွေ အများကြီး မှာထားတာပဲ၊ ဒီဟာတွေအကုန်လုံးကို စားလို့ကုန်မှာမဟုတ်ဘူး"
ဖူကျို့က စားပွဲနှင့်အပြည့် ကျောက်ပုစွန်များကို ကြည့်ပြီး မဝံ့မရဲ ခံစားရလိုက်လေသည်။ 
ချင်မော့က ခေါင်းကို စောင်းလိုက်ပြီး စီးကရက်တစ်လိပ်ကို မီးညှိကာ မျက်နှာသေဖြင့်
"တကယ်လို့ စားလို့မကုန်ရင် အိမ်ကိုယူသွား"
အိမ်ကိုယူသွားလို့ရတယ်လား။ 
ဒီသခင်လေးချင်က ဒီလိုအမြော်အမြင်ရှိလိမ့်မယ်လို့မထင်ထားခဲ့ဖူးဘူး။ 
"နောက်ထပ်ကျောက်ပုစွန်၂ကောင်ကို သခင်လေးကျို့ အိမ်ပြန်တဲ့အခါကျရင် ယူသွားဖို့ အဆင်သင့်လုပ်ပေးထား။ အခုတော့ သူကုန်အောင် အရင်စားပါစေဦး"
ထိုသို့ ချင်မော့ပြောစကားကို ဖူကျို့ ကြားပြီးသည့်နောက် ချင်မော့၏ ရက်စက်တတ်ပြီး စာနာစိတ် မရှိသည့် ပုံရိပ်လေးကို သူမ စိတ်မှ ဖျောက်ဖျက်ပစ်လိုက်လေသည်။ 
ဖူကျို့:"....."
အမြော်အမြင်ရှိတဲ့ ငါ့ဦးနှောက်လေး၊ တကယ်ဆိုဒီရက်စက်တတ်ပြီးစာနာစိတ်မရှိဘူးလို့တွေးမိတာက ယုတ္တိမရှိဘူးပဲ၊ သူလေးက ကြင်နာတတ်သား။

အပိုင်း (၄၃)ဝမ်းတွင်းမည်းချင်မော့က သန့်စင်ခန်းအထိလိုက်လာတယ်
ချင်မော့ စကားများက အမိန့်ဖြစ်လေသည်။ 
မည်သူကမှ သူ့အမိန့်ကို မဆန့်ကျင်ရဲကြပေ။ 
ကျန်းမြို့ တစ်မြို့လုံး၌ ချင်မော့အမိန့်ကို အလွယ်တကူနာခံမည့်သူ သန်းပေါင်းများစွာ ရှိပေသည်။ ချင်မိသားစု၏လက်အောက်ခံ ဟိုတယ်ဆိုလျှင် ပြောစရာပင် မလိုတော့ချေ။
 
မကြာခင်၌ စားပွဲထိုးက ဝါးခွက်ဖြင့် ထည့်ထားသောလတ်ဆတ်သည့် ကျောက်ပုစွန်နှစ်ကောင်ကို ယူဆောင်လာလေသည်။ တစ်ကောင်စီတိုင်းက ကြီးမားပြီး သူတို့လက်မများက လှုပ်ရှားနေဆဲ ဖြစ်လေသည်။ 
ဖူကျို့က ထိုမြင်ကွင်းကို ကြည့်နေပြီး ရုတ်တရက်ကြီး သူမ စားချင်စိတ် ပျောက်ဆုံးသွားပေတော့သည်။ 
သူမ ထိုအရာကို မျိုချရန် ခက်ခဲပေမည်ဟု စဉ်းစားမိသွားလေတော့သည်။ 
ဒီလူကတော့ ငါလေးကို ရည်ရွယ် ချက်ရှိရှိလုပ်တာပဲ ဖြစ်ရမယ်။ 
ဒီလို ဆိုရင်တောင် သူတို့က ကောင်းသောတွေ့ဆုံခြင်းတဲ့လား။ 
"စီအီးအိုချင်"
စားပွဲထိုး၏ လက်များက ကျောက်ပုစွန်ကို ရိုရိုကျိုးကျိုးဖြင့် တင်ထားလိုက်သည်။ သို့မှသာ သူတို့သူဌေး က ကျောက်ပုစွန်၏ အရည်အသွေးကို စစ်ဆေးနိုင်မှာဖြစ်သည်။ 
ချင်မော့၏ ရှည်လျားသွယ်လျသည့် လက်များက စီးကရက်ကို ကိုင်ထားဆဲဖြစ်သည်။ သူက ကျောက်ပုစွန်တွေကို တစ်ချက်မျှသာ ကြည့်လိုက်ပြီး 
"ဒီဟာကို မင်းတို့ရဲ့ သခင်ကျို့ဆီကို ပေးလိုက်"
မင်းတို့ရဲ့သခင်ကျို့...
ဖူကျို့က ကြီးမားသည့် ကျောက်ပုစွန် လက်မကို ယူလိုက်ပြီး အလုတ်ကြီးတစ်လုတ် ကိုက်လိုက်သည်။ 
ချင်မော့က ကျောက်ပုစွန်စားရာ၌ အနည်းငယ် မချင့်မရဲ ဖြစ်နေသည့် လူငယ်လေးကို ကြည့်လိုက်သည်။ အခြားလူများ၏ အံအားသင့်နေသည့် အကြည့်များကို ဂရုမစိုက်ဘဲ ချင်မော့က အနည်းငယ် ပွယောင်းနေသည့် ထိုလူငယ်၏ ငွေရောင်ဆံပင်‌လေးကို ခပ်ဖွဖွပုတ်လိုက်ပေသည်။ 
"ဖြည်းဖြည်းစား တကယ်လို့ မင်းထပ်စားချင်သေးရင် ငါတို့ထပ်မှာပေးလို့ရတယ်"
ထိုအရာကို ကြားပြီးသည်နှင့် ဖူကျို့က သူမ ပါးစပ်ကို သုတ်လိုက်ပြီး မကောင်းဆိုးဝါးဆန်ဆန် အပြုံးတစ်ပွင့် ပေးလိုက်သည်။ 
"ခဏလေး ငါလေး သန့်စင်ခန်းအရင်သွားလိုက်ဦးမယ်"
ချင်မော့က သူ့လက်ကို ပြန်ရုပ်လိုက်သည်။ ချင်မော့ဟာ လေးနက်ပြီး မှင်တက်ဖွယ်ကောင်းသည့် အကြည့်ဖြင့် ဖူကျို့ကို စက္ကန့် အတော်ကြာ စိုက်ကြည့်လေသည်။ ထို့နောက် သူက ပြုံးလိုက်ပြီး
"ငါတို့ မင်းရဲ့ ကျောက်ပုစွန်တွေကို မထိပါဘူး။ သွားလေ"
ငါလေးကို သန့်စင်ခန်းသွားဖို့ အ‌ခွင့်အရေးတော့ပေးပါဦးဟဲ့။ 
ဖူကျို့က သူမ မျက်လုံးများကို ကျဉ်းမြောင်းလိုက်မိသည်။ 
ဒီလူက လက်တုံ့ပြန်ရမဲ့ အခွင့်အရေးဆို လက်လွတ်မခံတတ်ဘူးပဲ။ အဲဒါက မှန်တာ‌ပဲလေ။ ငါက အရင်သွားသွား စတာကိုး။ ဒါပေမဲ့ အဆုံးမှာ နင်လေး ပြန်ပေးဆပ်ရမယ်နော်။
 
ငါလေးက ကျောက်ပုစွန်ကို ဘယ်လို ချက်ရမလဲဆိုတာကို မသိသလို ဘယ်လိုစားရမလဲ‌ဆိုတာကိုလည်း မသိဘူးဟဲ့။ 
ခဏလေး၊ ဒါပေမဲ့ ငါလေး ဗိုက်‌ဆာလာရင် စစ်ပွဲဆင်နွှဲနေရဦးမယ် ထားလိုက်ပါတော့။ 
ဖူကျို့က သူမ လက်ချောင်းများကို ဖြေလျှော့လိုက်ပြီး ထရပ်လိုက်သည်။ ထို့နောက် သူမက  á€á€źá€ąá€œá€žá€™á€şá€¸á€€á€ťá€˛á€€á€ťá€˛á€–ဟငအ် သန့်စင်ခန်းဆီသို့ ထွက်သွားသည်။ 
သို့ပေမဲ့ သူမ အနောက်မှ COCOနှင့် ဖက်တီးက မည်သို့ပုံစံဖြင့် ကျန်ခဲ့မည်ဆိုတာကို သူမ မသိခဲ့ပေ။ 
ဒုတိယအကြိမ်။ 
ဒီဟာက ဒုတိယအကြိမ် ငါတို့အစ်ကိုကြီးက ဟိုကောင်လေး ခေါင်းကို ပုတ်တာပဲ။ 
သူတို့နှစ်ယောက်လုံးက တစ်ကြိမ်တည်း၌  á€•á€źá€­á€Żá€„á€şá€á€°á€œá€žá€Šá€ˇá€şá€œá€Źá€žá€Šá€şá‹ သူတို့က တစ်ခုခုပြောရန် ကြံရွယ်သော်လည်း လမ်းတစ်ဝက်၌တင် ရပ်သွားပေသည်။ 
သေချာတာပေါ့။ 
ချင်မော့က သူတို့နှစ်ယောက် သူ့ကို လှည့်ကြည့်နေမှန်း သိပေသည်။ သူက စီးကရက်ပြာမှုန့်ကို ခါချလိုက်ပြီး စိတ်ဝင်စားမှုမရှိဘဲ
"ပြော"
"အစ်ကိုကြီး ဘာလို့" Spade Z” အပေါ်ကို အရမ်းကောင်း နေရတာလဲ၊  á€žá€°á€ˇá€€á€­á€Ż ကျောက်ပုစွန် အများကြီးတောင် ကျွေးလိုက်သေးတယ်၊ ကျွန်တော်နဲ့ ဖက်တီးအပေါ်မှာတောင် အဲ့လောက် မကောင်းဖူးဘူးရယ်၊ အစ်ကိုကြီး အရမ်းရမ်းရက်စက်တာပဲ"
COCO က သူ့မကျေနပ်ချက်များ အကုန် ဖွင့်ထုတ် လာပေတော့သည်။ 
ချင်မော့က စားပွဲထိုးဆီမှ တစ်ရှူးအစိုတစ်ရွက် တောင်းလိုက်ပြီး‌ သူ့လက်ကို သန့်ရှင်းလိုက်သည်။ 
"တကယ်လို့ မင်းစားချင်ရင် ရတယ်လေ ဒီ ကျောက်ပုစွန် မရှင်တရှင်နှစ်ကောင်ကို အရင်ကြည့်ထား၊ ပြီးမှ မင်းတို့ကို ဆယ်ကောင်စီကျွေးမယ်"
COCOက ရပ်တန့်သွားပြီး ကျောက်ပုစွန် မရှင်တရှင်များကို စားရမည့်အရေးကို ပုံဖော်ကြည့်လိုက်ကာ ထိုကျောက်ပုစွန်များက မည်မျှကြောက်စရာကောင်းသည်ကို ရုတ်တရက်ကြီး နားလည်သဘောပေါက်သွားပေသည်။ 
အစ်ကိုကြီးဆီက နူးနူးညံ့ညံ့ ဆက်ဆံခံရတာက တကယ့်ကို ကောင်းတဲ့အရာတော့ မဟုတ်ပေဘူးပဲ။ 
ဒါပေမဲ့ ငါတို့အစ်ကိုကြီးက တစ်စုံတစ်ယောက်ခေါင်းကို ပုတ်ပေးတယ်ဆိုတဲ့ကိစ္စကတော့ အခုထိ ထူးဆန်းနေတုန်းဟာ။ 
ခေါင်းပုတ်ပေးတယ်ဆိုတာထက် ငါတို့အစ်ကိုကြီး ပြုံးဖို့ဆိုတာက အတော်လေးကို ခဲယဉ်းတဲ့ကိစ္စ။ 
ဒါပေမဲ့ သူက ခေါင်းပါပုတ်ပြီး ပြုံးပါပြုံးလိုက်သေးတယ်တဲ့လား။ 
COCOက ထိုကိစ္စကို ဖျစ်ညှစ်တွေးနေသည့်အချိန်၌ ဖက်တီးက သူ့အစ်ကိုကြီးချင် ထရပ်လိုက်သည်ကို တွေ့လိုက်သည်။ သူက စားလက်စ အမဲသားကို အတင်းမျိုချပြီး
"အစ်ကိုကြီး ဘယ်သွားမလို့လဲ"
"မင်းတို့ဆက်စားနေကြ၊ ငါ သန့်စင်ခန်းသွားတဲ့ ဟိုတစ်ယောက်ကို ခဏသွားကြည့်လိုက်ဦးမယ်"
ချင်မော့က သူ့ခေါင်းကို မသိမသာဖြင့် တစ်ဖက်သို့ လှည့်လိုက်သည်။ ဝဲကျနေသော သူ၏နက်မှောင်နေသည့် ဆံပင်များကို သပ်တင်လိုက်ပေရာ သူ၏ မည်းနက် ပြီးကောင်းကင်ပေါ်၌ ပျံဝဲနေသည့်သိန်းငှက်လို စူးရှနေသော မျက်ဝန်းများကို လှစ်ဟာပြသကဲ့သို့ ဖြစ်နေပေသည်။ 
ထိုသို့ ပြောပြီးသည်နှင့် ချက်ချင်း သူ့အေးစက်စက် မျက်ဝန်းများက အရောင်တစ်ချက်လက်သွားပြီး သူ့ထိန်းချုပ်မှုအောက်၌ရှိသည့် မည်သည့်အရာကိုမဆို ဒုတိယအကြိမ် အလွတ်ပေးမှာမဟုတ်ဘူး ဆိုသည်မှာ သိသာနေသည်။ 
သန့်စင်ခန်းက ဟိုတယ်အလွှာတိုင်း၏ ထောင့်ဘက်၌ ရှိပေသည်။ ကောင်းမွန်သည့် အနံ့အသက်များကိုသာ အသုံးပြုထားပြီး အလွန် လက်ရာမြောက်လေသည်။ 
သို့သော်လည်း.... 
ဖူကျို့က မေးခွန်းရိုးရိုးအတွက် သူမ ခေါင်းစားရမည့်နေ့ ရောက်လာခဲ့မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ခဲ့ဖူးပေ။ 
ငါလေး ယောက်ျားလေး သန့်စင်ခန်းကိုဝင်ရမှာလား၊ ဒါမှမဟုတ် မိန်းကလေး သန့်စင်ခန်းကို ဝင်ရမှာလားဟင်။

အပိုင်း (၄၄)  á€žá€á€„á€şá€œá€ąá€¸á€á€ťá€„á€şá€€ ဖူကျို့ကို အမျိုးသားသန့်စင်ခန်းထဲ ခေါ်သွားတယ်
တကယ်လို့ သူမက မိန်းကလေးသန့်စင်ခန်းကို သွားရင် လူတွေက သူမကို နှာဘူးလို့ပြောကြဦးမယ်။ 
တကယ်လို့ ယောက်ျားလေး သန့်စင်ခန်းကို သွားပြန်ရင်လည်း ဘိုထိုင်အိမ်သာမဟုတ်ရင် လွတ်လွတ်လပ်လပ် ရှူးပေါက်ရမှာ မဟုတ်ပြန်ဘူး။ 
ဖူကျို့က သူမ ဆံပင်များကို စိတ်ရှုပ်ရှုပ်ဖြင့် ဆွဲဖွလိုက်သည်။ သူမ၏ လှပသည့်မျက်ခုံးများက မျက်မှောင်ကြုတ်လေတိုင်း တွန့်ချိုးသွားလေသည်။ 
ကောင်းပြီ၊ ဆုံးဖြတ်လိုက်ပြီ၊ ဘယ်သူမှမရှိတဲ့ အခန်းဆီ ငါလေး ဝင်သွားမယ်။ 
ဖူကျို့က သူမကို နှာဘူးဟု အထင်မမှားစေရန် အလို့ငှာ မျက်နှာပေါ်၌ အပြုံးလေးတစ်ပွင့် ဆင်မြန်းထားကာ သူမလက်ကို ခါး၌ ထောက်ထားလေသည်။ ထို့နောက် တံခါးနား၌ ကြော့ကြော့မော့မော့ ရပ်နေပေသည်။ 
မိန်းကလေးတစ်ယောက်က သန့်စင်ခန်း‌ဆီမှ ထွက်လာသည်နှင့် ချက်ချင်း လှပခံ့ညားသည့် ကောင်လေးတစ်ယောက်ကို မြင်လိုက်မိသည်။ သူမ ခေါင်းကို မော့လိုက်သည်နှင့် ချက်ချင်း ရှက်သွေးဖြာသွားလေသည်။ 
ဒီကောင်လေး...ဒီကောင်လေးက အရမ်းခံ့ညားတာပဲ။ 
ဒါပေမဲ့ အဲဒါက ထူးဆန်းတာပဲ။ ဘာလို့ သူက သန့်စင်ခန်းအပြင်ဘက်မှာ ရပ်နေတာလဲ။ 
ထိုမိန်းကလေးက ဖူကျို့ကို သံသယဖြစ်စွာ စိုက်ကြည့်လေတော့သည်။ 
ဖူကျို့က ပြုံးလိုက်ပြီး ဘေစင်ကို လက်ညှိုးညွှန်ပြလိုက်သည်။ 
"ဒီရေပိုက်ခေါင်းက ကျိုးနေတာ ထင်တယ်၊ ရေလည်း မထွက်လာဘူး"
"အမ် အာ ကျွန်မ လုပ်ပြမယ်"
ထိုကောင်မလေးက သူမ ခေါင်းကို ရှက်ရွံ့ စွာ ငုံ့လိုက်သည်။ ထိုသို့ ချောမောလှသည့် လူငယ်လေးက သူမနှင့် ထိလုနီးပါးအထိ နီးကပ်နေပေရာ သူမ ဘာဆက်လုပ်ရမှန်းမသိအောင် ရှက်ရွံ့နေပေသည်။ 
သူမ ဒီအတိုင်း ဆက်နေသင့်လား ဒါမှမဟုတ် အမေဂျမ်းလို ကြမ်းပြလိုက်ရမလား။ 
ထိုမိန်းကလေးက ရင်ထဲမှ စိတ်လှုပ်ရှားမှုနှင့် ကလိကလိ၊ ကျလိကျလိဖြစ်နေမှုကို ဖုံးကွယ်ကာ သူမ လက်ကို ထုတ်လိုက်ပြီး အသံနိမ့်လေးဖြင့် 
"အဲဒါက ဒီလိုရှင့်၊ ရှင့်ရဲ့ လက်ကို ဒီရေပိုက်ခေါင်းအောက်ကို ထားလိုက်၊ ဒီလိုဆိုရင် ရေက အော်တိုကျလာမှာ"
ဖူကျို့က သူမ ဉာဏ်အလင်းပွင့်သွားသလို ဟန်ဆောင်ပြလိုက်သည်။ ထို့နောက် သူမက ခေါင်းလှည့်လိုက်ပြီး ထိုမိန်းကလေးကို ပြုံးပြလိုက်လေသည်။ 
"ကျေးဇူးပဲနော်"
"ရ...ရပါတယ်"
သူ့ရဲ့အသားအရေတွေက အရမ်းကောင်းတာပဲ၊ ပြီးတော့ မျက်တောင်တွေကလည်း အရှည်ကြီး ဘုရားရေ၊ အသက်တောင် မရှူနိုင်တော့ဘူးဟယ်၊ ဒီလိုလှပပြီး ချောမောတဲ့ လူသားက ဒီကမ္ဘာ ပေါ်မှာရှိတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဟဲ့။ 
မိန်းကလေးက ရင် တဒိတ်ဒိတ်ခုန်နေပေသည်။ သူမက ဖူကျို့၏ wechat IDကို မေးလိုက်ချင်သော်ငြား ရုတ်တရက်ကြီးရှည်လျားပြီး နို့နှစ်ရောင်သန်းနေသည့် လက်မောင်းက သူတို့နှစ်ယောက်အကြား ဝင်လာပြီး လူချောလေးအား  á€Ąá€„á€şá€šá€€á€ťá€Žá€€á€ąá€Źá€şá€œá€śá€™á€ž နေ၍ ဆွဲခေါ်သွားလေသည်။ 
ထို မိန်းကလေးက ရှော့ခ်ရသွားလေသည်။ 
သောက်ကျိုးနည်း ဘာဖြစ်သွားတာလဲဟ။ 
ဖူကျို့လည်း ကြောင်အသွားပြီး သူမကို ဆွဲ‌ခေါ်သွားသည့်သူကို  á€œá€žá€Šá€ˇá€şá€€á€źá€Šá€ˇá€şá€œá€­á€Żá€€á€şá€•္သည်။ 
ထိုလူက အလင်းရောင်ကို နောက်ကျောခိုင်းပြီး ရပ်နေသည်။ 
ထိုလူက ချင်မော့ ဖြစ်ပေသည်။ 
သူက အနက်ရောင်ဝတ်စုံကို ဝတ်ထားပြီး ထိုချောမောသည့်မျက်နှာလေးက အထက်တန်းလွှာမှ အမွှေဆက်ခံသူမှန်း သိသာနေစေသည်။ ထိုအရာက သာမန်ထက် လွန်ကဲသည့်ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း၊ ပုံကြီး မချဲ့တတ်သည့် အန္တရာယ်ရှိသည့် ပင်ကိုယ်စရိုက်ကို လှစ်ဟာပြနေသကဲ့သို့ ဖြစ်နေသည်။ 
ယခုတော့ သူက သူမကို လက်တစ်ဖက်ဖြင့် ဆွဲခေါ်သွားကာ ကျန်လက်တစ်ဖက်က အိတ်ကပ်ထဲ၌ ထည့်ရင်းဖြင့် သူ၏အေးစက်ပြီး နက်ရှိုင်းသည့်အကြည့်ဖြင့် ကြည့်နေပေသည်။ 
ဖူကျို့က တည်တည်ငြိမ်ငြိမ်ဖြင့် ပြုံးလိုက်ပြီး
"ကြီးမြတ်လှတဲ့ သခင်လေးချင်ရေ တိုက်ဆိုင်လိုက်တာ၊ နင်လည်း သန့်စင်ခန်းဆီလာတာလား"
"ဒီ့အပြင် အခြားဘာရှိဦးမလဲ မင်းကောင်မလေးကို အထာပေးနေတာကို လာကြည့်ရမှာလား"
ချင်မော့က ချက်ချင်း စကားပြန်ပက်လိုက်သည်။
 á€žá€°á€á€Żá€”က ဖူကျို့ ပြောနေသည့် စကားတချို့ကိုသာ ကြားလိုက်တာဖြစ်သည်။ သူ့နှုတ်ခမ်းထောင့် က ယခုချိန်ထိအေးစက်နေဆဲ ဖြစ်သည်။ 
"ရေပိုက်ခေါင်းက ပျက်နေတယ် ဟုတ်လား၊ ဘယ်လို အူကြောင်ကြောင်နိုင်တဲ့ အထာပေးမှုလဲ အဟက်"
ဒီကောင်စုတ်လေးက မနားစတမ်း အီစီကလီရိုက်နိုင်တာပဲ၊ သန့်စင်ခန်းမှာတောင် အလွတ်မပေးဘူး၊ လူတွေနဲ့ အီစီကလီရိုက်တာကို ဒီလောက်တောင် သဘောကျတယ်ပေါ့။ 
"ငါက ဘာလုပ်ရမှာလဲ ဒီရေပိုက်ခေါင်းက ဒီလိုမှန်း ငါလေးမှ မသိတာကို"
ဖူကျို့က ချက်ကြိုးနှင့် ရှက်ကြိုးမှားဖြတ်လေသလားဟု ထင်မှတ်ရအောင် မျက်နှာပြောင်တိုက်ကာ လုံးဝ မရှက်ပေ။ ထိုအစား သူမက စောနက မိန်းကလေးကို ကြည့်လိုက်ပြီး မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သေးသည်။ ဖူကျို့၏ ချယ်ရီပန်းပွင့်များလို လှပသည့် မျက်လုံးများက တောင်းပန်သကဲ့သို့ ဖြစ်နေပေသည်။ 
ထိုမိန်းကလေးက သူမ ပါးစပ်ကို အုပ်လိုက်ပြီး ထိုလူနှစ်ယောက်ကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်ပေတော့သည်။ 
"ချင်....သခင်လေးချင်"
ဖုကျို့က သူမနှုတ်ခမ်းကို လက်ဖြင့် ထိလိုက်ပြီး စဉ်းစားဟန်ပြုကာ ကောက်ကျစ်စွာဖြင့်
"ကြီးမြတ်လှတဲ့ သခင်လေးချင်ရေ ဒီကောင်မလေးက တကယ်တော့ နင့်ရဲ့ ဖန်ပါလား"
ဤတစ်ကြိမ်၌ ဖူကျို့ စကားပြောမပြီးသေးခင် ချင်မော့က အားအချို့သုံးပြီး သူမ ကော်လံ အနောက်ဘက်ကို ဆွဲကိုင်ကာ ယောက်ျားလေးသန့်စင်ခန်းဆီသို့ ကြောင်ပေါက်လေးတစ်ကောင်သဖွယ် ဆွဲခေါ်သွားပေတော့သည်။ 
ဖူကျို့က ဘာမှမလုပ်နိုင်သော်လည်း စိတ်ထဲ၌ အော်သာဆဲနေပေတော့သည်။ 
 á€˜á€Źá€œá€­á€Żá€ˇ ဒီလူက ငါလေးကို ဆွဲခေါ်သွားရတာကို ဒီလောက် ကြိုက်နေရတာလဲ ဟမ်။ 
ဟိုတယ်ဆီ စစရောက်တုန်းကလည်းတစ်ခါ အခုလည်း တစ်ခါ ထပ်ဆွဲပြန်ပြီ၊ ဒါမှမဟုတ် နင်လေးမှာ သိက္ခာ ဆိုတာမရှိတော့တာလား ဟင်။ 
...................
ချင်မော့ : ဒီလို ဂိမ်းထဲက အသိတွေတွေ့ရင် ရှူးတူတူပေါက်ရတယ်တဲ့။ 
ဖူကျို့: လာလာလာ ငါလေး နင့်ကိုဘောင်းဘီချွတ်ပေးမယ်၊ ပြီးရင် ငါတို့ ဟွာဆိုဒ်ကို တိုင်းကြတာပေါ့။ 
ချင်မော့ : *ရှက်ပြီးထွက်သွား*
…

အပိုင်း(၄၅) နင်လေးက ငါ့ကို နင့်ဘောင်းဘီကို ချွတ်ခိုင်းစေချင်တာလား
ယောကျာ်းလေးသန့်စင်ခန်းဆီ ရောက်တော့ ချင်မော့က သူမ ကော်လံကို လွှတ်ပေးလိုက်လေသည်။ 
"ဘာလို့ မင်းက သန့်စင်ခန်းအပြင်ဘက်မှာ ကြောင်တောင်တောင်နဲ့ ရပ်နေတာလဲ"
"ဟမ်"
ဖူကျို့က သူမ မျက်ခုံးကို ပင့်လိုက်ကာ အပြုံးလေးဖြင့် ဖြေဆိုရန် ငြင်းဆန်လေတော့သည်။ 
"ငါလေး ဘယ်အချိန်တုန်းက ကြောင်တောင်တောင်နဲ့ရပ်နေလို့လဲ၊ ဟိုကောင်မလေးကို အထာပေးနေတာလေ"
ချင်မော့က သရော်လိုက်ပြီး ဘေး၌ ရပ်နေလိုက်သည်။ သူ့ရှပ်အကျီ၏ ကြယ်သီးနှစ်လုံးကို ဖြုတ်ထားလေတော့ သူ့ရင်ဘတ်အား မသိမသာမြင်နေရပေသည်။ သူက ဖူကျို့ကို စိုက်ကြည့်လိုက်ပြီး
 "မင်းပဲ ရှူးပေါက်ချင်တာမလား ဘာလို့ ဒီကိုမလာတာလဲ"
ဒီ..ကို..လာတဲ့လား။ 
ဖူကျို့က ထိုယောက်ျားလေး သန့်စင်ခန်းမှ ရှူးပေါက်သည့်ခွက်ကို ကြည့်လိုက်လေသည်။ 
ငါလေး ဘယ်လိုလုပ်လာရမှာလဲလို့။ 
ငါလေးက ချောမောပြီးလှပတဲ့ကောင်လေးနဲ့ တူပေမဲ့ တကယ်ဆိုရင် ငါက မိန်းကလေးလေဟယ်။ 
ငါလေး တကယ်လို့ ရှူးပေါက်ချင်ရင်တောင်မှ ဒီလိုရှူးပေါက်တဲ့ခွက်ကြီးတော့ မလိုပါဘူးဟဲ့။ 
သူမ ဆီးသွားသည့်နေရာကို မလာဘဲ အချိန်ဆွဲနေတာကြောင့် ချင်မော့က တစ်စုံတစ်ခုကို သတိထားမိသွားပြီးရုတ်တရက်ကြီး ဖူကျို့ဆီကို လျှောက်လာလိုက်သည်။ သူက သူမအား ငုံ့ကြည့်လိုက်ပြီး စူးရှသည့်မျက်လုံးဖြင့် စိတ်မပါစွာ ပြောလိုက်လေသည်။ 
"ငါ ကြားရတာတော့ ဒီလိုဂိမ်းထဲက အသိတွေတွေ့ရင် ရှူးတူတူပေါက်ရတယ်တဲ့"
ကြည့်ရတာ ဒီသခင်လေးချင်က သူနဲ့အတူတူ ရှူးပေါက်ဖို့ အတည်ကြီးပြောနေတဲ့ပုံပဲ။ 
သောက်ကျိုးအကြိမ်တစ်ရာနည်းတဲ့ ဒီလိုဒိတ်မျိုး။ 
ဒါပေမဲ့ ငါလေး ဘယ်လိုလုပ် ရှူးပေါက်ရမှာလဲ၊ ငါလေးမှာ ရှူးထုတ်ပေါက်ဖို့ ဟွာမှ မရှိတာကိုဟဲ့။ 
ဖူကျို့က သူမ ခေါင်းကို စောင်းလိုက်ပြီးတော့ ထိုကိစ္စကို မည်သို့မည်ပုံ ဖြေရှင်းရမလဲဆိုသည်ကို အသည်းအသန်တွေးတောနေသည်။ သူမ ရုတ်တရက် ခေါင်းကို မော့လိုက်ကာ ချင်မော့ရင်ဘက်ကို ထိလိုက်ပြီးတော့ နံရံဆီသို့ ကပ်သွားအောင် တွန်းလိုက်သည်။
သူမ ဘယ်လက်ကို မြှောက်လိုက်ပြီး ချင်မော့ အနောက်ဘက်က အဖြူရောင်နံရံဆီသို့ ချင်မော့အား ကပ်ထားလိုက်သည်။  á€‘ိုကဲအသိုအပုလစလက ခံ့ညားမှုတစ်မျိုးကို ပေးစွမ်းနေသည်။ 
သူမက ချင်မော့ဆီသို့ နီးနီးကပ်ကပ် တိုးသွားလိုက်ပြီး ချင်မော့ နားရွက်အနီး၌ အသက်ရှူသွင်းထုတ်လိုက်လေသည်။ 
"တကယ်တော့ ဒီလိုအသိတွေတွေ့ကြရင်လေ တစ်ယောက် ဘောင်းဘီကို တစ်ယောက် ဆွဲချွတ်ပေးရတယ်တဲ့၊ သိလား၊ ကြီးမြတ်လှတဲ့ သခင်လေးချင်ရေ နင်လေးစမ်းကြည့်ချင်လားဟင်"
ပထမ၌ ချင်မော့ခန္ဓာကိုယ်က ဖူကျို့၏ မထင်မှတ်ထားသည့် လုပ်ရပ်ကြောင့် တောင့်သွားလေတော့သည်။ အသိပြန်ဝင်လာသည့်အချိန်၌ အလွန်အမင်းကြောက်ဖို့ကောင်းသည့် အေးစက်သည့် အရှိန်အဝါတစ်မျိုးဟာ ခံ့ညားသည့် မျက်နှာထက်၌ ပေါ်လာပေတော့သည်။ 
ချင်မော့က သူ့အရှေ့မှ လူကို တစ်ချက်ကြည့်လိုက်ပြီးထိုလူ၏ နာမည်တစ်လုံးစီကို ပြတ်ပြတ်သားသား ခေါ်လိုက်ပေတော့သည်။ 
"ဖူ ကျို့"
"အင်း ပြောလေ"
ဖူကျို့က ပြုံးနေဆဲဖြစ်ပြီး သူမ ညာလက်က ချင်မော့ ဘောင်းဘီကို ဆွဲချွတ်တော့မည့်ဟန် ပြုနေလေသည်။ 
"မရှက်ပါနဲ့ ၊ ငါတို့နှစ်ယောက်လုံးက ယောကျာ်းလေးတွေပဲဟာ၊ ငါတို့ ဒီဟာကိုလုပ်ဖို့လိုတယ်၊ လာစမ်းပါ၊ လာလာလာဟိုဟာ ဆိုဒ် ဘယ်လောက်ရှိလဲတိုင်းကြမယ်"
ချင်မော့ ထပ်မသည်းခံနိုင်တော့ပေ။ သူက ထိုဒေါသထွက်ဖို့ကောင်းသည့် လူငယ်၏ လက်ကောက်ဝတ်ကို သူ့လက်ဖြင့်ကိုင်လိုက်သည်။ သူ့နှုတ်ခမ်းပါးများက အေးစက်သည်ထက် အေးစက်လာပြီး သူ့မျက်လုံးက လူသတ်ငွေ့ဖြင့် ပြည့်နှက်နေပေတော့သည်။ 
"ကြည့်ရတာ မင်း လောကကြီးမှာ နေမပျော်တော့ဘူးနဲ့တူတယ်
"မဟုတ်ဘူး ငါက နင်လေးနဲ့ ပိုပြီး ခင်မင်ချင်ရုံလေးပါဟ၊ ကြီးမြတ်လှတဲ့သခင်လေးချင်က ငါလေးကို ကျောက်ပုစွန်တွေ အများကြီးနဲ့ ကျွေးမွေးထားတော့ ငါ့ဘက်က ကျေးဇူးတုန့်ပြန်ရတော့မှာပေါ့၊ ငါတို့က ညီအစ်ကိုတွေပဲလေ၊ လာစမ်းပါ ရှက်နေစရာမလိုပါဘူး"
ဖူကျို့က အပြစ်ကင်းစင်သည့်ပုံလေးဖြင့် မျက်တောင်အား ပုတ်ခတ်ပုတ်ခတ်လုပ်ပြကာ ယခင်ကထက်ပိုပြီး  á€á€ťá€„်မ္ဏအဆဎသိုအ နီးကပ်သွားလေသည်။ သူမ၏ လှပသည့်ပုံရိပ်က နီးကပ်သည်ထက် နီးကပ်လာလေသည်။ 
သူမ မျက်နှာက အလွန် နူးညံ့ချောမွေ့နေပြီး အပြစ်အနာအဆာဟူ၌ အနည်းငယ်မျှပင် ရှာမတွေ့ချေ။  á€”á€Žá€¸á€€á€•á€şá€œá€Źá€žá€Šá€şá€”á€žá€„á€ˇá€şá€Ąá€™á€ťá€ž သူမ ခန္ဓာကိုယ်အပူချိန်ကလည်း အလွန်နွေးထွေးသည်ကို ချင်မော့ ခံစားလိုက်ရသည်။ 
ချင်မော့က ဖူကျို့ကို အေးစက်စွာ စိုက်ကြည့်တော့သည်။ သူမအား လည်ပင်းညှစ်သတ်ချင်စိတ်ကို ချင်မော့ မထိန်းချုပ်ထားနိုင်တော့ပေ။ 
ဝှစ်။ 
သူ့ လက်ဖြင့် ချင်မော့က ဖူကျို့လက်နှင့် ခန္ဓာကိုယ်အား နံရံဆန့်ကျင်ဘက်၌ ချုပ်ထားလိုက်သည်။ သူ့အသံဟာ အလွန် အေးစက်နေပြီး
 "တကယ်လို့ မင်း နောက်ထပ်တစ်ခါ မဆင်မခြင် ထပ်ထိမယ်ဆိုရင် မင်းရဲ့လက်ဖဝါးတွေကို ငါဆွဲဖြဲပေးမယ်"
ဖူကျို့က ချင်မော့လက်ချက်ဖြင့်  á€‘ိုသိုအ အချုပ်ခံထားရသည်ကို ဘာမှ မခံစားရပေ။  á€žá€°á€™á€€ လှည့်လိုက်ပြီး တောက်ပသည့် အပြုံးလေးတစ်ခုကိုပြုံးကာ
 "ကြီးမြတ်လှတဲ့ သခင်လေးချင်ရေ၊ နင်လေးအရမ်းကို ဖြူစင်တာပဲ၊ နင်လေး အခုချိန်ထိ လူပျိုရည်မပျက်သေးဘူးလို့တော့ မပြောနဲ့နော်"
သူမ၏ ပျင်းရိပျင်းတွဲနိုင်မှုနှင့် ငွေရောင်ဆံပင်များက ချင်မော့အိမ်၌ မွေးထားသည့် ကြောင်ပေါက်လေးများနှင့် တူပေသည်။ 
ကြောင်ပေါက်လေးတွေကော ဖူကျို့ကောက အပြစ်ပေးခံရတယ်ဆိုတာက ဘာလဲဆိုတာကို မသိကြဘူး။ 
ချင်မော့က သက်ပြင်းအရှည်ကြီး ချလိုက်ပြီး ထိုလူငယ်၏ မေးရိုးအား အားဖြင့် ဖျစ်ညှစ်ထားကာ
 "ကောင်ကောင်းနေစမ်းပါ ငါ့ကို ခဏခဏ ရန်လာစပြီး မင်းကို သတ်ချင်လာအောင် လာမလုပ်နဲ့ နားလည်လား"
"စိတ်ဆိုးတာလား"
ဖူကျို့က တိုးတိုးလေး ပြောလိုက်သည်။ 
"စိတ်မဆိုးပါနဲ့ ၊ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေပဲ အဲ့လိုလုပ်ကြတာလေ"
ချင်မော့က  á€Ąá€ąá€¸á€…က်စွဏ ရယ်လိုက်ပြီး သူမကို တွန်းထုတ်လိုက်သည်။ သူ့၏ ရှုပ်ပွနေသည့် ကော်လံကို ပြုပြင်ပြီး
"ကောင်မလေးတွေနဲ့  á€Ąá€Žá€…á€Žá€€á€œá€Žá€œá€Żá€•á€şá€á€˛á€ˇ အပြောမျိုးနဲ့ ငါ့ကို လာမပြောနဲ့၊ မင်းဘာသာမင်း ရှူးပေါက်ပြီး ချက်ချင်းပြန်လာခဲ့"
"နင်လေး သဘောအတိုင်းပဲ"
ဖူကျို့က သူမ၏ နာကျင်နေသည့် လက်ကောက်ဝတ်ကိုလွှဲကစားလိုက်ပြီး ထွက်ခွာသွားသည့် အေးစက်စက်ကျောပြင်ကို ကြည့်လိုက်သည်။ ထို့နောက် သူမက ကောက်ကျစ်စွာဖြင့် ရယ်တော့သည်။ 
ဟိဟိ ဘယ်သူထင်မှာလဲ၊ ကြီးမြတ်လှတဲ့ သခင်လေးချင်က ဒီလို ဖြူစင်ပြီး အတွေ့အကြုံမရှိတဲ့လူဖြစ်မှာလို့။ 
.............
 

Search Novels