အပိုင်း (၄၆) အစ်ကိုကြီး ဖူကျို့က “Spade Z” ဖြစ်တယ်လို့ထင်လား 
ခေါင်မိုးထပ်၌ ထိုင်နေသည့် COCO နှင့် ဖက်တီးက သန့်စင်ခန်း၌ ဘာဖြစ်ခဲ့လဲဆိုတာကိုတော့ မသိကြပေ။
သူတို့နှစ်ယောက်လုံးက ခေါင်းမဖော်တမ်း စားနေကြပြီး သူတို့အစ်ကိုကြီး သန့်စင်ခန်းဆီမှ အချိန် အတော်အကြာသည်အထိ ပြန်မရောက်လာတာကို သတိထားမိတော့မှ စားတာကို နားလိုက်လေသည်။
ဖက်တီးက မျက်မှောင်ကြုံ့လိုက်ပြီး
“တစ်ခုခုများဖြစ်လို့လားဟ အစ်ကိုကြီးကလည်း ကြာလိုက်တာ”
COCO က အစား၌သာ အာရုံစိုက်နေသည်။
"ဘာများဖြစ်နိုင်မှာမို့လို့လဲ ဒီကောင် ငါတို့အစ်ကိုကြီးနဲ့ အိပ်ဖို့ပဲ တစ်ချိန်လုံးတွေးဘဲတွေးနေမှာပေါ့”
ဖက်တီးက ခက်ရင်းနှင့် ဓားကို ချလိုက်ပြီး COCOအနောက်ဘက်ကို ညွှန်ပြကာ ရုတ်တရက် တိုးတိုးလေးအော်လိုက်သည်။
အကင်းပါးသည့် COCO ဟာ သူ့နောက်ကျောဘက်က ရုတ်တရက်ကြီး အေးစက်လာသည်ကို ချက်ချင်း သတိထားမိလိုက်သည်။ သူက စကားလမ်းကြောင်းလွှဲလိုက်ပြီး
 “အဟမ်း စဉ်းစားကြည့်လေ၊ ငါတို့အစ်ကိုကြီးက တစ်စုံတစ်ယောက်နဲ့ ဒီလို လွယ်လွယ်အိပ်ပါ့မလား၊  á€•ဟဎးတ္ဏအ ငါတို့အစ်ကိုကြီးက မိန်းကလေးတွေကိုပဲ ကြိုက်တာ၊ သူ့လိုဂေးဇိုးလေးကို ကြိုက်ပါ့မလားဟ”
သောက်ကျိုးနည်း၊ ဖွီး...တော်သေးတယ်၊ ငါတို့အစ်ကိုကြီးက ဒီဂေးဇိုးလေးကြောင့် ဂေးသွားဦးမယ်လို့ အကျယ်ကြီး ထုတ်မပြောလိုက်မိလို့၊ ငါ အကင်းပါးလို့ တော်သေးတယ်၊ ဘုရားသိကြားမလို့၊ အဲ့တာက သေခြင်းတရားနဲ့လက်မတင်လေး ကပ်လွဲသွားတယ်လို့ပြောရမလား ဟူးးး...။
COCO က သူ့နဖူးမှ ချွေးစေးများကို သုတ်လိုက်သည်။
သူ စကားလမ်းကြောင်း လွှဲလိုက်သောကြောင့် ချင်မော့မျက်နှာအမူအရာက ပြောင်းလဲမပြောင်းလဲသွားသလို နူးလည်းမနူးညံ့လာပေ။
 á€Ąá€á€źá€Źá€¸á€á€…á€şá€–á€€á€şáŒ ချင်မော့ ဝင်လာသည်နှင့် ခေါင်မိုးထပ်တစ်ခုလုံးက ရေခဲတောင်ကြီးသဖွယ် အေးစိမ့်လာပေတော့သည်။
ပတ်ဝန်းကျင်၏ အေးစိမ့်မှုက စိတ်ကူးထားသည်ထက်ပို၍ အေးစိမ့်နေသည်။ COCOက တကယ်လို့ သူဟာ ရေခဲတွေချည်း သီးသန့်ရှိသည့် မြေအောက်ခန်းသို့ ပြုတ်ကျသွားခဲ့မည်ဆိုရင် လူတွေ နှလုံးသားအောက်ခြေက အေးစိမ့်မှုကို ခံစားရစေသည့် ထိုအအေးဒဏ်က ပြောစရာမလိုအောင်ပင် သေချာပေါက် သူတို့အစ်ကိုကြီးဆီကလာတာ ဖြစ်ရပေမည်ဟုခံစားမိသည်။
COCOက သူ့ခေါင်းကိုလှည့်လိုက်ပြီး ဖက်တီးကို မျက်စပစ်ပြသည်။ 
ဘာလို့ ငါတို့အစ်ကိုကြီးရဲ့ မျက်လုံးအကြည့်တွေက သန့်စင်ခန်းကို သွားပြီးမှ အရောင်ပြောင်းလာရတာလဲ၊ သူတစ်ယောက်ယောက်ကို သတ်ချင်နေတယ်လို့ ငါကတော့ ခံစားမိနေတယ်နော်။
ဖက်တီးက သူ့ခေါင်းကို ခါယမ်းလိုက်ပြီး
ငါဘယ်လိုလုပ်သိမှာလဲ၊ စကားမပြောနဲ့၊ အစ်ကိုကြီး မင်းကို စိုက်မကြည့်လာစေနဲ့။
သူတို့နှစ်ယောက်လုံးက အလိုလိုထိုင်ချပြီးသည်နှင့် သူ့တို့အစ်ကိုကြီး၏ အမှောင်ဘက်ကျပြီး မကောင်းဆိုးဝါးဆန်နေသည့်အသံဟာ သူတို့ခေါင်းပေါ်မှ ထွက်လာလေသည်။
“နောက်ထပ်ကျောက်ပုစွန်ဆယ်ကောင်ယူလာခဲ့၊ ကြီးတဲ့ဟာတွေပဲ ဖြစ်ပါစေ”
COCOနှင့်ဖက်တီးသာမက သူတို့နံဘေး၌ ရပ်နေသည့် စားပွဲထိုးတောင်မှ ချင်မော့ကို 
“ထပ်ပြီးတော့လားလို့”မေးလိုက်လေသည်။
သို့သော် စီအိုးအို၏စကားက အမိန့်ဖြစ်လေသည်။ ထိုအရာက ကို့ရို့ကားယားနိုင်ပေသည်။
ဒီအရာက ငါတို့အစ်ကိုကြီးရဲ့စတိုင်လုံးလုံး မဟုတ်တာဟ၊ ပြီးတော့ ဒီ မရှင်တရှင်ကျောက်ပုစွန်တွေ အကုန်စားရမဲ့ ဟိုကောင်လေးရဲ့အစာအိမ်ကလည်း သက်သောင့်သက်သာ မဖြစ်နေနိုင်ဘူး။
စားပွဲထိုး ထွက်သွားသည်နှင့် ဖက်တီးက တစ်စုံတစ်ခုကို တွေးမိပြီးတော့ မေးခွန်းထုတ်လိုက်သည်။
 “အစ်ကိုကြီး ဖူကျို့က “Spade Z” လို့ထင်လား၊ ဘာလို့ ငါက ဒီကောင်လေး ထူးဆန်းတယ်လို့မြင်မိတာပါလိမ့်"
“သူက ဂေးတစ်ယောက်လေ ဂေးတွေဆိုတာအဲ့လိုပါပဲ” 
COCOက ဖူကျို့အတွက် တစ်ခုခုပြောပေးကာ ထပ်ပြီးတော့
“ဒါပေမဲ့ သူက ငါအရင်ကသိတဲ့ ဖူမိသားစုရဲ့ အသုံးမကျတဲ့သားနဲ့ မတူတော့သလိုပဲ၊ အရင်ကလိုမျိုး မဟုတ်တော့တာလား”
“အရင်က ဘယ်လိုမျိုးလဲ” 
အိမ်တွင်းပုန်းလေးဖြစ်တဲ့ အမောင်ဖက်တီးဟာ ဘာဆိုဘာမှမသိလေဘူး။
COCOက သူ့လက်ချောင်းလေးများကို သုံးကာ ရေတွက်နေပေသည်။
 “တဏှာရူး၊ သောက်ကြွား၊ အမြင်မရှိ၊ မောက်မာတဲ့သူဌေးသားလေးလေ၊ ဒါပေမဲ့ သူ ဘယ်တုန်းကမှ လူတစ်ယောက်ကို ဒုက္ခမပေးတတ်ဘူး၊ သူ့ရဲ့ပင်ကိုယ်စရိုက်နဲ့ အပြုအမူတွေကြောင့် လူတွေက သူ့ကို သဘောမကျတာ၊ ပြီးတော့ သူက ဂေးဖြစ်နေတော့ လူတွေကရှောင်ဖယ်ကြတာပေါ့"
“ဒါပေမဲ့ သူက ဂေးဖြစ်နေတုန်းလေ၊ သူက ငါတို့အစ်ကိုကြီးနဲ့  á€Ąá€­á€•်...ချင်...” 
ဖက်တီးက စကားမှားသွားမှန်းသိလိုက်သဖြင့် ချက်ချင်း စကားစဖြတ်လိုက်လေသည်။
ချင်မော့က သူ့လက်ချောင်းများဖြင့် မီးခြစ်ကို ကစားနေပေသည်။ ထို့နောက် သူ့မျက်ခုံးကို ပင့်လိုက်ပြီး
"သူက ဘယ်သူနဲ့အိပ်ချင်တာလဲ ဘာလို့ရပ်လိုက်တာလဲ ဆက်ပြောလေ”
“အိပ်...အိပ်...အိပ်...” 
ဖက်တီးက ပြန်ပြောရန် စကားကောင်းကောင်း ရှာမတွေ့လေသဖြင့် မျက်ရည်ဘူးသီးလုံးလောက် ကျကာ အော်ငိုချင်လာပေသည်။ နောက်ဆုံး၌ ကြံရာမရစွာဖြင့်
“ကျွန်တော်..တော်နဲ့အိပ်မှာ”
“မင်းလား” 
ချင်မော့လက်ချောင်းများက မီးခြစ်ကို လှည့်ကစားနေရာမှ ရုတ်တရက် ရပ်သွားလေတော့သည်။  
ထို့နောက် သူ့အသံက ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည့်ဓားလို သေခြင်းတရားဖြင့် ပြည့်နက်နေသည့် ဖိအားကဲ့သို့ အေးစက်နေကာ
 “သူက မင်းနဲ့ အိပ်လို့မရဘူး၊ မင်းမျက်နှာက သူ့နဲ့အိပ်ဖို့အရည်အချင်း မပြည့်မီဘူး"
ဖက်တီး “…”
ဘာလို့အကိုကြီးက ငါ့ကိုယ်ငါ စွန့်လွတ်အနစ်နာခံပေးတာတောင် စူးစူးရဲရဲ စိုက်ကြည့်နေရတာလဲလို့။

အပိုင်း (၄၇)သူကဘာလို့ အစ်ကိုကြီးကို ဒိတ်ချင်တာလဲ
ဖက်တီးကို အဖြစ်ဆိုးမှ ကယ်တင်ရန် သူရဲကောင်းကြီးCOCO၏အသံဟာ ထွက်လာလေသည် ။ 
"အစ်ကိုကြီး ငါတို့ဖူကျို့ကို စမ်းသပ်သင့်လား "
"မလိုဘူး"
ချင်မော့ သူ့ခေါင်းကို စောင်းလိုက်ပြီးတော့ ထိုစကားလုံးများကို ရှင်းလင်းထင်ရှားစွာ ပြောလိုက်လေသည်။ သူ့အသံက စိတ်ခံစားမှုမဲ့လျက် 
"အဲဒါ သူပဲ"
ဖက်တီးက မျက်မှောင်ကြုံ့လိုက်ပြီး
 "ဒါပေမဲ့ “Spade Z”က ဘာလို့ အစ်ကိုကြီးကို ဒိတ်လုပ်ဖို့ ပြောတာလဲဆိုတာကို တကယ် စဉ်းစားလို့ မရဘူး၊ အစ်ကိုကြီးဆီ ချဉ်းကပ်ဖို့သက်သက် ဂိမ်းကစားတာလား၊ ဒါကြောင့် သူက အစ်ကိုကြီးနဲ့ တွေ့ချင်တာလားပဲ"
ဖက်တီးက ထိုသို့ပြောပြီးသည်နှင့် ချင်မော့ကို တစ်ချက် ကြည့်လိုက်လေသည်။ 
ဟူး... တော်သေးတယ် အစ်ကိုကြီးက ကျိုးကြောင်းဆက်စပ်တတ်တာပဲ၊ သူ့ကိုကြည့်ရတာ ငါ့ရဲ့အမြင်ကို ငြင်းပယ်တဲ့ပုံမပေါ်ဘူး။
သို့သော် COCOက တစ်စုံတစ်ခုကို တွေးမိပြီး ရုတ်တရက် ထရပ်လိုက်လေသည်။
"မဟုတ်ဘူး အစ်ကိုကြီးကို ချဉ်းကပ်ချင်လို့ ဒီလိုလုပ်တာ မဟုတ်ဘူး၊ အကြောင်းအရင်းက ဒီလောက် ရိုးရှင်းနေမယ်ဆိုရင် သူက ဘာလို့ အစ်ကိုကြီးရဲ့fri request ကိုငြင်းပယ်မှာလဲ၊ စဉ်းစားလေ။ 
ငါတို့အစ်ကိုကြီးက ပြိုင်ပွဲဝင်အသစ်တွေကို ခေါ်ယူမလို့ လုပ်နေတာမလား ကျွန်တော်တို့ လက်အောက်ကုမ္ပဏီတော်တော်များများက ကျွန်တော်တို့ရဲ့ကုမ္ပဏီဆီ လူတွေပို့ပေးနေချင်ကြတာလေ၊ သခင်မကြီးဖူမှာတော့ သူ့ရဲ့ကုမ္ပဏီနဲ့ပတ်သက်ပြီး အခက်အခဲတချို့ရှိနေတဲ့ပုံပဲ၊ သူမရဲ့ပြိုင်ပွဲဝင်တွေက ကြားဖြတ်အခိုးခံလိုက်ရတယ်လေ၊ ဒါကြောင့် ကျနော်တို့ရဲ့ကုမ္ပဏီကို နာမည်စာရင်းတောင် မပေးသွင်းနိုင်ခဲ့ဘူး၊ တကယ်လို့ ဒီလိုဆက်ဖြစ်နေမယ်ဆိုရင် သူမရဲ့ကုမ္ပဏီကဒေဝါလီခံလိုက်ရမှာပဲ"
"မင်းပြောချင်တာက “Spade Z” က အစ်ကိုကြီးကို ဒီအကြောင်းအရင်းကြောင့် တွေ့ချင်တယ်လို့ ဆိုတာလား"
ဖက်တီးက ထိုသို့ပြောရင်းဖြင့် ချင်မော့ကို ထပ်ကြည့်လိုက်လေသည်။
ဒီတစ်ကြိမ်မှာတော့ သူ မှားမြင်မိတာလား မသေချာပေမဲ့ အစ်ကိုကြီးက သူ့ရဲ့ အရေအတွက် အကန့်သတ်နဲ့ ထုတ်ထားတဲ့မီးခြစ်ကို လွတ်ချလုနီးပါး ဖြစ်သွားလေသလားလို့။ 
သို့သော် ချင်မော့က  á€˜á€Źá€™á€žá€™á€•ဟ္ဏပ္။ သူက သူ့လက်ကိုမြှောက်လိုက်ပြီးတော့ စားပွဲပေါ်က ဝိုင်ခွက်ကို ယူလိုက်သည်။ သူဝိုင်ခွက်ကို အကြိမ်ပေါင်းများစွာ လှည့်လိုက်ပြီး သူ့ နက်မှောင်သည့် မျက်ဝန်းများက အနည်းငယ် အေးစက်နေပုံပေါ်သည်။
ဒီတော့ ဒီဟာက မင်းငါ့ကို တွေ့ချင်ရတဲ့ အကြောင်းရင်းပေါ့။ 
ဖူကျို့ဟာ ကိစ္စပြီးလို့ ခေါင်မိုးထပ်ဆီ ပြန်ရောက်လာသည့်အချိန်၌ နောက်ထပ် ကျောက်ပုစွန်ဆယ်ကောင်က သူမအရှေ့၌ ထပ်ရှိနေသည်ကို တွေ့လိုက်ရသည်။
တကယ်တော့ သူတို့ထမင်းစားပွဲက မသေးပေ။
ချင်မော့က လူဆယ့်နှစ်ယောက် ထိုင်ဆံ့သည့် စားပွဲအရှည်ကြီးကို ပြင်ဆင်ခိုင်းထားတာ ဖြစ်သည်။
အခုတော့ ထိုစားပွဲက ကျောက်ပုစွန်များနှင့် ပြည့်နေပေသည်။
ချင်မော့၏ စားစရာက စားပွဲပေါ်၌ နေရာ အနည်းငယ်သာ ယူထားတာဖြစ်ပြီး ဖူကျို့ကျောက်ပုစွန်များကတော့ တစ်ပွဲလုံးအပြည့်နီးနီး နေရာယူထားသည် ။
နင်လေးက ငါ့ကို စားပိုးနင့်ပြီး သေစေချင်နေတာလားဟမ်။
ဖူကျို့ဟာ သူမခေါင်းကို မော့လိုက်ပြီး ကြည့်လိုက်သည်။ သူမက မချင့်မရဲဖြစ်နေသည့်ပုံ ပေါက်နေသည်။ 
နင်လေး ဖတ်နေတဲ့ လက်စွဲစာအုပ်က ပထမဆုံး ဂိမ်းကအသိတွေနဲ့ စတွေ့ရင် ဘယ်လိုလုပ်သင့်လဲ၊ ဘယ်လိုသဘောထားကြီးသင့်ပြီး ကောင်းကောင်းဆက်ဆံသင့်တယ်ဆိုတာ မသင်ပေးဘူးလား ဟမ်။
နင်လေး သောက်ရမ်းချမ်းသာနေပါတယ်ဆိုရင်တောင် ပိုက်ဆံကို ဒီလိုနည်းနဲ့ မဖြုန်းသင့်ဘူးကွ။ ပြီးတော့ ကျောက်ပုစွန်တွေက ယွမ်၁၀တန် သေးသေးလေးတွေ မဟုတ်ဘူး။ 
ချင်မော့က ဖူကျို့ သူ့ဘာသာသူ တိုးတိုးလေးပြောနေသည်ကို သတိထားမိသွားပြီး ညင်သာစွာ ရယ်လိုက်ကာ စီးကရက်တစ်လိပ် ထုတ်လိုက်လေသည်။ စီးကရက်ကို နှုတ်ခမ်း၌ တေ့ထားပြီး ခေါင်းစောင်းလိုက်ကာ မီးညှိလိုက်သည်။ထို့နောက် မေးကိုငေါ့လိုက်ကာ
"ဒီဟာတွေအကုန်လုံးက မင်းဟာတွေပဲ စားလေ"
"ကောင်းပြီလေ"
ဖူကျို့က ကောက်ကျစ်သည့် အပြုံးလေးပြုံးလိုက်ကာ စစားတော့သည်။
ကောင်းပြီလေ၊ ငါလေး အကုန်စားပစ်မယ်၊ ဘာပဲဖြစ်ဖြစ်  á€„á€Ťá€œá€ąá€¸  á€„á€˝á€ąá€›á€žá€„á€şá€¸á€›á€á€Źá€™á€žá€™á€Ÿá€Żá€á€şá€á€ŹáŠ ဟင်းဟင်း၊ ဒါပေမဲ့ ဒီကြီးမြတ်လှတဲ့သခင်လေးချင်က ခုနကထက် ပိုပြီး အေးစက်နေသလိုမျိုးလားလို့။
ငါလေး နင့်ကို ဘောင်းဘီလည်း မချွတ်ရသေးပါဘူးနော်၊ ဘာလို့ စိတ်ကြီးဝင်နေတဲ့ အပြုံးမျိုးနဲ့ လာကြည့်နေရတာလဲ၊ ငါလေး ဒီမှာမရှိခင်လေး တစ်ခုခုဖြစ်ခဲ့တာများလား။
ဖူကျို့က တစိမ့်စိမ့်တွေးကြည့်နေပေမဲ့ အကြောင်းအရင်းကို ရှာမတွေ့လေဘူး။ သူမက ကျောက်ပုစွန် အကောင်တော်တော်များများကို စားခဲ့ပြီးတာ ဖြစ်ပေသည်။
သူမကို နည်းနည်းလေး စိတ်ကျေနပ်အောင် တာဝန်ကျေခဲ့တော့ သည်းခံပေးရတော့မှာပေါ့။
ထိုတွေ့ဆုံမှုပြီးသည့်နောက် သူမ၏ပုံစံအစစ်မှန်ကို ပြိုင်ပွဲ၌ ဖုံးကွယ်နေစရာမလိုတော့ပေ။ 
ထို့အပြင်  á€á€ťá€„်မ္ဏအက သူမကို တစ်ချိန်လုံး မျက်စိအောက်အပျောက်မခံလောက်အောင် လိုက်စုံစမ်းနေမှာကိုလည်း စိုးရိမ်စရာ မလိုတော့ပေ ။
အရိုးသားဆုံးပြောရလျှင် ချင်မော့လို ဖြေရှင်းရခက်သည့်ပြိုင်ဘက်နှင့် တွေ့ရသည်မှာ သူမအတွက် ပထမဆုံးအကြိမ်ပဲဖြစ်လေသည်။ ချင်မော့က သူမ စုပ်လုံး ကြိုက်သည်ကို ရှာတွေ့သွားသေးသည်။
တကယ်လို့ သူ ထပ်ပြီးစုံစမ်းမယ်ဆိုရင် သူ ဘာတွေထပ် ရှာတွေ့လာမလဲဆိုတာကို ဘယ်သူသိနိုင်မလဲ။
ဖူကျို့ဟာ ချင်မော့က သူမအကြောင်းကို စုံစမ်းနေမှုအား လက်သင့်မခံနိုင်ဖြစ်မည်မှာ အသေချာဖြစ်သည်။ 
အကြောင်းအရင်းမူကား  á€žá€°á€™á€€ ပြန်လည်မွေးဖွားလာပြီး အခြားလူ၏ခန္ဓာကိုယ်အတွင်း ဝင်ရောက်နေသည့်သူ ဖြစ်နေရုံသာမက အရေးကြီးဆုံးက ယောက်ျားလေးဟု ထင်ရသော်လည်း အမှန်စစ်စစ်တွင် သူမက မိန်းကလေးဖြစ်နေတာကြောင့်ပင်။
........................
ချင်မော့ : ဘေလ်ယူလာခဲ့ ကျသင့်ငွေကိုမင်းတို့သခင်ကျို့ရှင်းပေးလိမ့်မယ်။
ဖူကျို့ : ငါလေးမှာပိုက်ဆံမရှိဘူးလေဟာ အဲတော့ ငါ့ခန္ဓာကိုယ်ကို အကြွေးနဲ့ သိမ်းပါလားဟင်။
ချင်မော့: “ဆွံ့အ"
...
အပိုင်း (၄၈) မင်းတို့သခင်ကျို့ကို ဘေလ်ပေးလိုက် 
နောက်ဆုံးကျန်သည့် ကျောက်ပုစွန်ကို စားပြီးသည်နှင့် ဖူကျို့ဟာ ယခုအချိန်ဟာ အိမ်ပြန်ရမည့်အချိန်ဟု တွေးပြီး ချင်မော့ကို ကျေးဇူးတင်ရန် သွားလေသည်။
"နင့်ရဲ့ကျောက်ပုစွန်တွေအတွက် ကျေးဇူးပဲ၊ နောက်မှတွေ့ကြမယ်"
သူမက ချင်မော့ ရယ်သံကို ကြားလိုက်ရသည်။
"မင်း စားလို့ပြီးပြီလား"
"အင်း ပြီးပြီလေ"
ဖူကျို့က ခေါင်းညိတ်ပြလိုက်သည်။ သူမ စိတ်ကောင်းဝင်နေတာ ဖြစ်သည်။ 
ထို ကြီးမြတ်လှသည့် သခင်လေးချင်က ဘယ်လိုပေါင်းသင်းဆက်ဆံရမလဲဆိုတာကို လေ့လာထားပြီး သူတို့ဒိတ်က အလုပ်ဖြစ်တယ်ဟု သက်သေပြလိုက်သောကြောင့် ဖြစ်ပေသည်။
ချင်မော့က ပြုံးလိုက်ပြီး ပျင်းရိပျင်းတွဲဖြစ်နေသည့် ဖူကျို့ကို ကြည့်လိုက်သည်။ အေးစက်မှု အငွေ့အသက်သာ ပါသည့်အလင်းရောင်တစ်ချက်ဟာ သူ့မျက်လုံးထဲ၌ လက်သွားပြီး ချင်မော့က သူ့လက်ကို ထောင်လိုက်လေသည်။
စားပွဲထိုးဟာ ချက်ချင်းပဲ မီနူးကို ယူဆောင်လာလေသည်။
ချင်မော့က စားပွဲထိုးကို ကြည့်လိုက်ပြီး
"ဘေလ်ယူလာခဲ့"
ဘေလ်တဲ့လား။
စားပွဲထိုးက စိတ်ရှုပ်သွားပေတော့သည်။ 
သူတို့စီအီးအို ဒီမှာလာစားတိုင်း ဘယ်တုန်းကမှဘေလ် တောင်းဖူးတာမျိုးမရှိပါဘူး။
COCOနှင့် ဖက်တီးဟာလည်း ယခု ဘာတွေဖြစ်နေလဲဆိုတာကို လိုက်လို့ကိုမမှီတော့ပေ။
ဒါပေမဲ့ သူတို့အစ်ကိုကြီး ဖြည်းဖြည်းချင်းပြောလိုက်သည်ကို ကြားလိုက်တာကတော့
"အဲဒါကို မင်းတို့ရဲ့သခင်ကျို့ကိုပေးလိုက် ဒီနေ့ သူ ရှင်းပေးမှာ"
COCO : "..."
ဖက်တီး : "..." 
ဖူကျို့ : "..." 
စားပွဲထိုး : "..."
ဖူကျို့က ချက်ချင်း တုံ့ပြန်လေတော့သည်။ ချင်မော့ကို အီစီကလီရိုက်တော့မည့် သူမ မျက်လုံးများက ကျဉ်းမြောင်းသွားပေတော့သည်။
ဒီနေ့ညစာက ဘယ်ချိန်တုန်းက ငါလေးကျွေးမယ်လို့ ပြောလိုက်တာလဲဟမ် ဟမ်။
ဒီဟိုတယ်နာမည်က "ချင်"မဟုတ်ဘူးလားဟင်။
"ကြီးမြတ်လှတဲ့သခင်လေးချင်ရေ ငါလေးမှတ်မိတာကတော့ ဒီဟိုတယ်က နင်တို့မိသားစုရဲ့ဟိုတယ်လေ ငါလေးကို ပိုက်ဆံရှင်းခိုင်းချင်တာသေချာလား"
သူ့လူကြီးဆန်ဆန် အပြုအမူကောင်းတွေဆိုတာ ဘယ်မှာလဲ။
ဖူကျို့က မျက်ခုံးပင့်လိုက်လေသည်။
COCOနှင့်ဖက်တီးတောင်မှ ဖူကျို့စကားကြောင့် ရှက်သွားလေသည်။
ပြီးတော့ သူတို့ရဲ့အစ်ကိုကြီးက ဘယ်တုန်းကမှလူတစ်ယောက်ကို ထမင်းဝယ်ကျွေးပါဆိုပြီး မပြောဖူးဘူး။ အထူးသဖြင့်သူ့ကိုယ်ပိုင် ဟိုတယ်ဆီမှာပေါ့။
ဘေးဘက်၌ ရပ်နေကြသည့်စားပွဲထိုးများက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး လမ်းတောင် မလျှောက်ရဲကြပေ။
ချင်မော့က ဖူကျို့၏ လှပသည့် ချယ်ရီပန်းပွင့်ပမာ မျက်လုံးများကို ကြည့်လိုက်ပြီး အေးဆေးတည်ငြိမ်စွာဖြင့်
"ဒီလိုလုပ်တာက ငါရဲ့အရင်းနှီးဆုံးသူငယ်ချင်းကိုမှ လုပ်တာ"
ဖူကျို့ : "..."
ဒီလူကတော့ ငါလေးကိုရည်ရွယ်ချက်ရှိရှိလုပ်တာပဲ၊ ပြီးတော့ ငါလေးရဲ့စကားတွေကိုလည်း ခရက်ဒစ်မပေးဘဲ ယူသုံးသေးတယ်။ 
ငါက နင်လေးရဲ့နားရွက်နားကို ချစ်စနိုးနဲ့တစ်ချက်လေးပဲ မှူတ်လိုက်တာပါနော်၊ အခုတော့ နင်လေးက လုပ်ရက်တယ်ပေါ့။
အခုလက်ရှိ ငါလေးဆီမှာရှိတာက ယွမ် ၅ထောင်တည်း။ အဲဒါတောင် ဂိမ်းဆော့ထားလို့ရထားတာ။ ငါလေး စားတာကကျောက်ပုစွန်ငါးကောင်လောက်ပဲလေ၊ ဒီလောက်လေးတောင် အလွတ်ပေးလို့ မရဘူးလား။ 
နင့်မေကြီးတော်၊ နင်လေး ဖတ်ထားတဲ့လက်စွဲစာအုပ်။
ကြီးမြတ်လှတဲ့ သခင်လေးချင်၊ သခင်လေးချင်။
နင်လေး လက်စားချေဖို့အတွက် ဒီလိုဆက်လုပ်နေမယ်ဆိုရင် အခြားသူတွေနဲ့ မိတ်ဆွေဖြစ်ဖို့ဟာကို မေ့လိုက်တော့၊ နင့်ကိုယူမဲ့ ကောင်မလေးတွေတောင် ရှိမှာမဟုတ်ဘူး၊ တစ်သက်လုံး လူပျိုကြီးပဲ လုပ်နေလိုက်။
"ဘာလဲ မင်းက ငါ့ကို ထမင်းမကျွေးချင်ဘူးပေါ့"
ချင်မော့က လက်ဖက်ရည်ခွက်ကို ယူလိုက်သော်ငြား မသောက်ခဲ့ပေ။ သူ့မျက်လုံးများက စီးကရက်မီးခိုးငွေ့ ခပ်ပါးပါးနောက်၌ ရည်ရွယ်ချက်ရှိရှိလုပ်ထားကြောင်းကို လှစ်ဟပြနေသကဲ့သို့ ဖြစ်နေပေသည်။
"မင်းပြောတော့ ငါတို့က ရင်းနှီးတယ်ဆို"
ဖူကျို့သည် ထိုင်ခုံ၌ မှီချလိုက်ပြီး ပြတ်ပြတ်သားသား ပြန်လည်ချေပလေသည်။
"ဒီဟာက ငါလိုချင်တာမဟုတ်ဘူး ပြီးတော့ ငါ့ဆီမှာလည်း ဒီလောက် ပိုက်ဆံအများကြီးမရှိဘူး"
"ပိုက်ဆံမရှိဘူး မင်းက"
COCOက အသံမြင့်ကြီးဖြင့် အော်လိုက်လေသည်။ သူ့ကိုကြည့်ရသည်မှာ အရာရာကို နားမလည်တော့သည့်ပုံစံမျိုး ဖြစ်နေလေသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ဖူကျို့က  á€›á€šá€şá€œá€­á€Żá€€á€şá€œá€ąá€žá€Šá€şá‹
"ဘာလို့မဖြစ်နိုင်ရမှာလဲ တစ်စုံတစ်ယောက်က ငါ့ကို မိသားစုရဲ့ အရှက်ရစရာလို့တွေးပြီး သခင်လေးချင်ကို အပြစ်ပြုမိမှာကိုကြောက်နေတာလေ၊ ဒါကြောင့် ငါ့ကို သူက ဖူမိသားစုကနေ အမွေပြတ်စွန့်လွှတ်လိုက်တာလေ နင်လည်း ဒီအကြောင်းကိုသိမှာပါ"
COCOက ထိုအကြောင်းကို သိလေသည်။ ပြီးတော့ သူတို့မိသားစုက ဖူမိသားစုနှင့် စီးပွားရေးအရ ဆက်ဆံမှုအနည်းငယ် ရှိလေသည်။
ဒီဟာက တကယ့်ကို ရှော့ခ်ရစရာသတင်းပဲ။
ဖူကျို့အဖေက ဖူကျို့ ဘယ်လောက်ပင် ကျက်သရေတုံးနေပါစေ ကိစ္စမရှိပေ၊ ဒါပေမဲ့ သူကန်ထုတ်လိုက်သည့် အပြင်လူဖြစ်သွားသည့် လူတစ်ယောက်ကိုတော့ သူ့ဘက်က ထောက်ပံ့မပေးနိုင်ဘူးဟု ပြောကာ ဖူကျို့အမေနှင့် ဖူကျို့အားထောက်ပံ့ပေးနေသည့် ငွေရေးကြေးရေးအားလုံးကို ဖြတ်တောက်ပစ်လိုက်သည်။ 
ဖူကျုံးရီ၏ နောက်အိမ်ထောင်မှ လူသုံးယောက်က ပို၍ အရှက်မဲ့ပေသေးသည်။ ဟယ်ဟုန်ဟွာကို နင်းချေရန်အတွက် ဟယ်ဟုန်ဟွာ အသင်းဆီက ပြိုင်ပွဲဝင်တွေကို မက်လုံးပေးပြီး ခိုးယူခဲ့သေးသည်။
စက္ကန့်အတော်ကြာသည်အထိ COCOက ဘာဆက်ပြောရမှန်း မသိတော့ပေ။
သူဟာ သူ့အစ်ကိုကြီးဆီသို့သာ လှည့်ကြည့်နိုင်ပေတော့သည်။
သို့သော် ချင်မော့က ဘာမှမပြောခဲ့ပေ။
ဖူကျို့က သူမ လက်တစ်ဖက်ကို ချင်မော့ ထိုင်ခုံအနောက်ဘက်၌ တင်ထားရင်းဖြင့် ပါးစပ်ဟကာ စကားဆိုလေတော့သည်။ သူမ မျက်နှာက ချင်မော့နှင့် အလွန် နီးကပ်နေပြီး သူမရဲ့အသံကလည်း ကလူမြူဆွယ်နေသကဲ့သို့ဖြစ်နေပေသည်။
"ကြီးမြတ်လှတဲ့သခင်လေးချင်ရေ ထမင်းဖိုးကို ငါလေးခန္ဓာကိုယ်နဲ့ ပေးချေမယ်ဆိုရင်ကော"
 
အပိုင်း (၄၉) လိုအပ်လာရင် သူ့ကိုထိန်းထားပေးသခင်လေးချင်ရေ
ထိုသို့ပြောလိုက်ပြီးသည်နှင့် အခန်းထဲ၌ ရှိသည့်အပူချိန်က အောက်ဆုံးသို့ ထိုးကျသွားပေသည်။
စားပွဲထိုးများက တောင့်ခဲနေသည့် လက်ချောင်းများဖြင့် ဘေးဘက်ကိုသာ စိုက်ကြည့်နေကြပေတော့သည်။
သို့သော် သူတို့မျက်လုံးများမှ ရှော့ခ်ရမှုများက အတိုင်းသား ပေါ်လွင်နေသည်။
တစ်စုံတစ်ယောက်က စီအီးအိုကို စကားနိုင်လုပြီး ဆန့်ကျင်ရဲတယ်တဲ့လား။ ပြီးတော့သူ သူက ဘာပြောလိုက်လဲ၊ ထမင်းဖိုးကို သူ့ခန္ဓာကိုယ်နဲ့ရှင်းမယ်တဲ့လား။
ငါတို့ တွေးနေတာတော့ မဖြစ်ပါစေနဲ့။
ဒါပေမဲ့ ဒီသခင်လေးဖူရဲ့ပုံစံကို ကြည့်ရတာ သူ အတည်ပေါက်ကြီး ပြောနေတဲ့ပုံဟ။
ထိုသို့ ညစ်ညမ်းသည့်အရာကို မတွေးမိစေရန် သူတို့ အတွက် အတော် ခက်ခဲပေသည်။ အထူးသဖြင့် သည်နှုတ်ခမ်းပါးလေးများက စီအီးအိုချင်နှင့် တစ်လက်မပင် မကွာတော့သောကြောင့်ဖြစ်ပေသည်။
နည်းနည်းလေး ထပ်တိုးလိုက်တာနဲ့ သူတို့နမ်းမိသွားတော့မှာလား။ စီအီးအိုရဲ့ နဂိုပင်ကိုစရိုက်က အေးတိအေးစက်နိုင်တာလေဟ။ ဒါပေမဲ့ ဒီသခင်လေးဖူက အဲဒီအကြောင်းကို ဂရုစိုက်ပုံတောင် မရဘူး။
ဖူကျို့ မျက်လုံးအောက်က ရေစက်သဏ္ဌာန်မှဲ့လေးမှာ ညို့ဓာတ်တစ်မျိုး ပေးနေသယောင်။
"ဘာလဲ ငါလေးခန္ဓာကိုယ်နဲ့ အကြွေးဆပ်မှာကို နင်က လက်မခံဘူးလား၊ ဒါဆို အနမ်းပေးပြီး အကြွေးဆပ်မယ်လေ နမ်းခွင့်ပေး"
ဖူကျို့က ပါးစပ်အရသာခံပြောကာ ယခုချက်ချင်း နမ်းတော့မည့် အသွင်ဆောင်နေပေသည်။
ချင်မော့မျက်လုံးများက လုံးဝ အေးစက်သွားပေသည်။သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ဖူကျို့လက်ကောက်ဝတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ ဖူကျို့ကို စားပွဲပေါ်၌ ဖိထားပေသည်။ ချင်မော့က စိတ်ရှည်သည်းခံနိုင်မှု ပျောက်ဆုံးနေပြီး ဖူကျို့ကို ဖြစ်နိုင်လျှင် လည်ပင်းညှစ်သတ်ချင်နေပေသည်။
ထို့နောက် ချင်မော့က ဖူကျို့လွယ်အိတ်ဆီက ပိုက်ဆံအိတ်ကို အတင်းအကျပ် ယူထုတ်လိုက်ပြီး စားပွဲထိုးတစ်ယောက်ထံသို့ ပစ်လွတ်လိုက်သည်။ သူ့အေးစက်စက်အသံက နှင်းတောထဲမှ ရေခဲရေကန်နှင့် တူနေပေသည်။
"ကတ်ထဲက ပိုက်ဆံတွေ အကုန်ယူလိုက်၊ တစ်ပြားမှမချန်နဲ့"
"ဟုတ်ကဲ့ စီအီးအို"
သည်အချိန်၌ ချင်မော့အမိန့်ကို လွန်ဆန်ရဲသည့် စားပွဲထိုး တစ်ယောက်မှ မရှိပေ။ မည်သူမဆို သူတို့စီအီးအို၏ အေးတိအေးစက်ဖြင့် ခံစားမှုမရှိသည့် မျက်နှာကိုတွေ့မြင်နိုင်ပြီး ယခုအချိန်တွင် ဖူကျို့၏ အီစီကလီရိုက်မှုကြောင့် သူတို့စီအီးအိုက အရင်ကထက်ပိုပြီး ကြောက်ဖို့ကောင်းနေပေသည်။
ဖူကျို့က သူမ ပိုင်ဆိုင်မှုလေးကို သိမ်းထားချင်ပေသေးသည်။ ထို့ကြောင့် သူမက ချင်မော့နှင့် ညှိနှိုင်းရန် ပြင်လေတော့သည်။
"ငါလေးအတွက် ယွမ် ၁၀၀၀လောက် ချန်ပေးထားလို့ရမလား"
ချင်မော့က ဖူကျို့စကားကို နားမထောင်သည့်အပြင် စားပွဲပေါ်၌ ဆက်ပြီးတော့ ဖိထားလေသည်။ သူမကို ငုံ့ကြည့်လိုက်ပြီး သူ့ကိုယ်သူ ဖူကျို့လက်ကောက်ဝတ်ကို မချိုးမိစေရန် စိတ်ထိန်းထားရပေသည်။
ဒီကောင်လေးကို ဒီလိုအပြုအမူတွေ သူ့အလိုလိုတတ်နေမယ်လို့ ဘယ်သူကထင်မှာလဲ။
 á€žá€°á€ˇá€Ąá€žá€€á€şá€›á€žá€°á€žá€śá€”ွ္းနွ္းက ချင်မော့လက်ဖဝါးကို လာရောက်ထိခတ်သည်။
အကြောင်းအရင်းကို သေချာမသိသော်လည်း ချင်မော့ ဖူကျို့ကို ကြောင်ပေါက်လေးနှင့် တူသည်ဟု ထပ်တွေးမိပြန်သည်။ သူမ ဆံပင်များက အလွန် ပျော့ပြောင်းပြီး သူ့လက်ဖဝါးကို မကြာခဏ လာရောက် ရိုက်ခတ်ပေသည်။
 á€–ူကဝိုအကို သေချာမသိသည့်သူများမှာ သည်လူငယ်လေးက ပွေရှုပ်တာပဲဟု ထင်ကောင်းထင်ပေလိမ့်မည်။ အမှန်တကယ်တော့ ထိုလူငယ်က ဟန်ဆောင်ထားတာပဲ ဖြစ်သည်။
တကယ်လို့ အနာဂတ်၌ သူတို့ ဂိမ်းတူတူကစားကြမည်ဆိုရင် သည် အီစီကလီရိုက်တတ်သည့်အကျင့်ကို ပြင်ပေးရဦးမည်။
သူ တွေ့သမျှ လူတိုင်းနဲ့ အီစီကလီရိုက်တတ်တဲ့ အကျင့်ကို ဘယ်ကမ္ဘာကသွားသင်လာတာလဲဟမ်။
ချင်မော့က မျက်မှောင်ကြုံ့လိုက်ကာ စီးကရက်ပြာကို လက်တစ်ဖက်ဖြင့်ခါချလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ဖူကျို့ကို ဆက်လက်ဖိထားဆဲဖြစ်လေသည်။ ချင်မော့က သူ့ကုတ်အင်္ကျီကို ဝတ်ထားဆဲဖြစ်ပြီး နက်မှောင်နေသည့် ဆံပင်များက နဖူးအပေါ်၌ သဘာဝအတိုင်း ကျနေပေရာ သူ့ပုံစံက အလွန် ယောက်ျားပီသနေပေသည်။ သူ့အပြင်ပန်းပုံသာမက သူ၏စူးရှသည့် မျက်ဝန်းများကြောင့် အလွန်အမင်း ယောက်ျားဆန်နေပုံပေါက်သည်။
ဒီချင်မော့က အကြည့်တစ်ချက်နဲ့တင် လူထုရဲ့ခြေထောက်ကို ပျော့ခွေသွားအောင် လုပ်နိုင်တာပဲဟ၊ ဒါကြောင့် သူ့ဖန်တွေက သူ့ကို ကြီးမြတ်လှတဲ့သခင်လေးချင်လို့ခေါ်ကြတာ မထူးဆန်းပါဘူး။
နှမြောစရာကောင်းသည်ကား ဖူကျို့က ယခုလက်ရှိ သည်ကြီးမြတ်လှသည့် သခင်လေးချင်၏ အလှအပကိုခံစားပေးရန်အာရုံမရချေ။
ငါလေးရဲ့ ကတ်ထဲက ပိုက်ဆံအားလုံးကလည်း ပြောင်သွားပြီ၊ ဟက်ကာတစ်ယောက်အနေနဲ့ အခုမှ ပိုက်ဆံနည်းနည်း စုမိတာလေဟယ်၊ နင့်မေကြီးတော်လို အပြောင်သိမ်းသွား၊ ငါလေးက ဘယ်ကပိုက်ဆံနဲ့ သွားသုံးရဦးမှာလဲပြော။
"စီအီးအိုချင် "
စားပွဲထိုးက အမောတကောဖြင့် အပြေးလာကာ
"ဘေလ်က စုစုပေါင်း ယွမ် ၂၆,၅၈၀ ကျတယ်ဗျ၊ ဒါပေမဲ့ သခင်လေးကျို့ရဲ့ကတ်ထဲမှာက စုစုပေါင်း ၅၀၀၀ ပဲရှိတော့ပိုက်ဆံတွေ အကုန်ပြောင်သွားပြီဗျ "
ချင်မော့က စားပွဲထိုး စကားကို အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
ဖူကျို့က ဤယွမ်၅၀၀၀ပေးပြီးလျှင် ကိစ္စပြီးလောက်ပြီ ဟု ထင်လိုက်လေသည်။
ပြီးတော့ ငါလေးရဲ့ကတ်မှာလည်း တစ်ပြားမှမရှိတော့တာမဟုတ်ဘူး။ ဘာတွေထပ်လိုချင်သေးတာလဲ ဟမ် ဟမ်။
သို့သော် ဖူကျို့ မထင်ထားမိသည်က သူမ ထိုင်လိုက်သည်နှင့် ချက်ချင်း ချင်မော့ လက်လွတ်စပယ် ပြောလိုက်သည့်စကားကို နွေခေါင်ခေါင် မိုးကြိုးပစ်ချသလိုနှယ် အလန့်တကြား ကြားလိုက်ရပေသည်။
" ပေးဖို့ ကျန်တဲ့ပိုက်ဆံတွေကို မင်းတို့သခင်ကျို့အမည်နဲ့ အကြွေးအဖြစ် စာရင်းမှတ်ထားလိုက် "

အပိုင်း(၅၀) ချင်မော့: ဖူကျို့ မင်းကို အိမ်ပြန်ပို့ပေးမယ်
အ...ကြွေးတဲ့လား။
သည်ဟိုတယ်၌ လာစားကြသည့်သူများက ဘယ်သောအခါမှ အကြွေးထားလေ့မရှိကြပေ။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်များက တစ်ယောက်နှင့် တစ်ယောက် မည်သူက ပိုချမ်းသာကြလဲဆိုသည်ကို ယှဉ်ပြိုင်ချင်ကြပေသည်။
အပြင်ထွက်စားတော့ ပိုက်ဆံမလောက်လို့ နောက်မှပေးမယ်ဆိုပြီး အကြွေးထားလို့ရလား၊ ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်လဲ။
COCO ခေါင်းငုံ့ထားပြီး သူ့လက်ချောင်းများကိုသာ ကိုက်ထားလိုက်တော့သည်။
စီအီးအိုက ဒီတစ်ကြိမ်တော့ တကယ့်ကိုအကွက်ကျကျနဲ့ လူလည်ကျထားတာပဲ။ သူ ဖူကျို့ကို တကယ့်ကို မျက်နှာပျက်ရအောင်လုပ်နေတာဟ။
နောက်ပိုင်း ဖူကျို့ဘယ်နေရာပဲသွားသွား ဒီအကြွေးတင်ခဲ့တယ် ဆိုတဲ့ကိစ္စက အရိပ်မည်းလို လိုက်နေတော့မှာကွာ။ 
သို့သော် ဖူကျို့က သူမ ဂုဏ်သိက္ခာအတွက် အနည်းငယ်ပင် ဂရုမစိုက်ချေ။ သူမ ပိုက်ဆံကိုသာ ဂရုစိုက်တာ ဖြစ်သည်။
"ကြီးမြတ်လှတဲ့သခင်လေးချင် နင်လေးကို ဟိုနင့်ရဲ့လက်စွဲစာအုပ်က နင့်သူငယ်ချင်း ပိုက်ဆံပြတ်သွားရင် သူ့အစား ပိုက်ဆံပေးပေးရမယ်ဆိုတာကို မပြောထားဘူးလားဟင်"
ချင်မော့က ဖူကျို့ကို ဂရုမစိုက်လေဟန် တစ်ချက်ကြည့်လိုက်ကာ
"အဲဒါက သာမန်တွေ့ဆုံမှုတွေမှာအကျုံးဝင်ပေမဲ့ မင်းနဲ့မလိုက်ဖက်ဘူး။ ပြီးတော့ မင်းရဲ့ခန္ဓာကိုယ်နဲ့ အကြွေးချေမယ်ဆိုပြီး ခဏခဏတွေးနေတဲ့မင်းရဲ့ ညစ်ညမ်းတဲ့အတွေးကြောင့် ပိုက်ဆံအပြည့်အဝကို ပေးသင့်တာ"
ဖူကျို့ : "......"
ဒီလိုဆိုရင် ငါလေးစားခဲ့တဲ့ကျောက်ပုစွန်တွေက သက်သက်ဉာဏ်ဆင်တာပေါ့။ မမြတ်ရုံတင်မက ရှုံးပါရှုံးသွားသေး။
သို့သော်ငြား သူမအဖို့ အမြတ်ကျန်စေရန်အလို့ငှာ ဖူကျို့က အစောပိုင်း၌ သည်ကျောက်ပုစွန်နှစ်ကောင်ကို ပါဆယ်ထုတ်သွားရန် မစဉ်းစားသော်လည်း ယခုတော့ သူမ တစ်လမ်းလုံး သယ်သွားရမည်ဆိုရင်တောင် ထုတ်ကိုထုတ်သွားမယ်ဟု အသေချာ ဆုံးဖြတ်ချက်ချလိုက်သည်။
ဒီနေ့က ငါလေးကျွေးတာလေ၊ ပြီးတော့ အကြွေး ၃သောင်းနီးပါးတောင် တင်ထားသေးတာ ပါဆယ် မထုတ်သွားစရာလားဟဲ့။
ဒါပေမဲ့ ဒီကိစ္စကို ဖြေရှင်းဖို့ ပိုက်ဆံပဲလိုတာဆိုတော့ ဒီတစ်နပ်ကျွေးလိုက်ရုံနဲ့ နောက်ထပ် စုံစမ်းစစ်ဆေးခံရမှာကို စိုးရိမ်စရာမလိုတော့ဘူးပေါ့။
"မင်းဘာသာမင်း ပြန်မလား ဒါမှဟုတ် မင်းကို လိုက်ပို့ ပေးရမလား"
ချင်မော့က ကျောက်ပုစွန်ပါဆယ်ထုတ် ကိုင်ထားသည့် လူငယ်လေးကို ကြည့်လိုက်သည်။ သည်လူငယ်က ချင်မော့အိမ်မှမိုးရေထဲ၌ ရွဲရွဲစိုနေသည့် ကြောင်ပေါက်လေးပမာ ချစ်ဖို့ကောင်းနေပေသည်။ သို့သော် သည်လူငယ်က ဆင်းရဲပြီး မစားရမသောက်ရသည့်ပုံစံ ဟန်ဆောင်ထားသော်လည်း ထက်လှသည့် လက်သည်းချွန်တစ်မျိုးကို ဝှက်ထားတာဖြစ်သည်ကို ချင်မော့ ကောင်းကောင်းသိသည်။ ချင်မော့က ဖူကျို့ကို အသံနိမ့်လေးဖြင့် ဆက်လက်မေးနေဆဲဖြစ်သည် ။ 
ချင်မိသားစု၏ မိသားစုဝင်တစ်ယောက်အနေနဲ့ သူ့မှာ အပြုအမူကောင်းရှိသင့်တယ်လေ မဟုတ်ဘူးလား။
ချင်မော့က တစ်စုံတစ်ခုကို တွေးမိကာ သည်ကောင်လေးက ကားထဲ၌ တစ်စုံတစ်ခုကို တောင်းဆိုမည်လားဟု တွေးဆနေပေသည် ။
လုံးဝကို မှားနိုင်စရာမရှိတဲ့အကြောင်းက သူက ငါ့ရဲ့ကားကို သေချာပေါက် စီးမှာပဲ။ 
ချင်မော့က "Spade Z" နှင့် တွေ့ရန် ဆုံးဖြတ်လိုက်သည့် ရည်ရွယ်ချက်က "Spade Z" က ခေါင်မိုးထပ်အသင်းသို့ ဝင်ပါရစေ ဟူ၍ တောင်းဆိုလာလိမ့်မည်ဟု ထင်မိသောကြောင့် ဖြစ်သည်။
ငါလေး နင့်ကိုအလွတ်ပေးလို့ဘယ်ဖြစ်မလဲ။
ဖူကျို့က သူမ ငွေရောင်ဆံပင်များကို ခါလိုက်ပြီး သူမနှုတ်ခမ်းထောင့်များက အပေါ်သို့ ကွေးတက်သွားပေသည်။
"ပြန်ပို့ပေးလေ ငါလေးမှာ တက္ကစီငှားဖို့ ပိုက်ဆံမရှိတော့ဘူး၊ ပြီးတော့ ဒီနေရာက အိမ်နဲ့လည်း ဝေးတယ်၊ စကိတ်ဘုတ်ကိုလည်း စီးမသွားနိုင်ဘူးလေ၊ ငါလေး ပင်ပန်းမှာပေါ့"
"အင်း"
ချင်မော့က ထွက်သွားပြီး ကားတံခါးကို ဖွင့်လိုက်သည်။ သူ့ကို ကြည့်ရသည်မှာ ခံစားချက်မရှိသည့် ပုံပေါက်သော်လည်းအေးစက်ပြီး မာနကြီးသည့် အရှိန်ဝါတစ်မျိုး ထုတ်လွှတ်နေသကဲ့သို့ ဖြစ်နေပေသည်။
နောက်ဆုံးတော့ အခုမှပဲ ဒိတ်လုပ်တဲ့အငွေ့အသက် ပြန်ရတော့တယ်။ 
COCOနှင့် ဖက်တီးနှစ်ယောက်လုံး တွေးမိသည်က ထိုကဲ့သို့ ဂိမ်းကအသိများ အပြင်၌တွေ့တော့ ဘာတွေများ ရင်းနှီးသွားကြတာလဲ ဟူ၍ ဖြစ်ပေသည် ။
တကယ်တော့ ဒီဒိတ်လုပ်တာက ပျံသန်းနေတဲ့ ဓားမြှောင်တွေလို ရင်တလှိုက်လှိုက်နဲ့ ကြောက်ဖို့ကောင်းတဲ့ အက်ရှင်ဇာတ်ဝင်ခန်းလိုပဲကို။
ဖက်တီးက ကားမောင်းနေတာ ဖြစ်သည်။ ကားထဲ၌ သီချင်းသံကို ဖွင့်ထားသည်။
ဖူကျို့က ချင်မော့ ဘယ်ဘက်၌ ထိုင်နေပေသည်။ သူတို့နှစ်ယောက်၏ အကွာအဝေးက သိပ်မဝေးသော်လည်း သူတို့နှစ်ယောက်မှာ စကားတစ်ခွန်းမျှ မပြောကြပေ။
သည်းမခံနိုင်တော့သည့် COCOက သူ့ပါးစပ်ကို ဟကာ
"ဖူကျို့ မင်းအမေရဲ့ ကုမ္ပဏီအခြေအနေက ဘယ်လိုလဲ၊ ဒေဝါလီခံရတော့မယ်ဆိုတာက တကယ်လား”
"ဘာလို့ ဒေဝါလီခံရမှာလဲ"
ဖူကျို့က ညဘက် ရှုခင်းများကို ကြည့်ရှုနေရာမှ COCOဆီ အကြည့်ရောက်လာသည်။ သူမ မျက်ဝန်းများက လေးနက်သည့်အသွင် ဆောင်နေသည်။
COCOက လျှာသပ်လိုက်ပြီး
"ငါ ကြားတာကတော့ မင်းအမေရဲ့ ကုမ္ပဏီက ပြိုင်ပွဲဝင်တွေ သစ္စာဖောက်သွားကြတယ်ဆို၊ ဒါကြောင့် ကုမ္ပဏီက အသင်းတစ်သင်းမဖွဲ့နိုင်တော့ဘူးလေ၊ တကယ်လို့ မင်းအမေက ဘာမှမလုပ်ဘူးဆိုရင် မင်းအမေရဲ့ကုမ္ပဏီက ပြိုင်ပွဲကနေ အထုတ်ပယ်ခံရမှာပဲ။ ကုမ္ပဏီရဲ့ရင်းနှီးမြှုပ်နှံသူတွေက ရှယ်ယာတွေကို ပြန်ထုတ်သွားကြမယ်ဆိုရင် မင်းအမေရဲ့ကုမ္ပဏီက လုံးဝကိုသွားပြီပဲ"
"မှန်တယ်လေ "
ဖူကျို့က ရယ်လိုက်ပြီး သူမ မျက်ဝန်းများ၏ အောက်ခြေမှ အေးစက်မှု အဖြာဖြာထွက်နေပေသည်။
"ဘယ်သူပြောတာလဲ၊ ဒီ ဟိုသုံးယောက်အသင်းကလား၊ ဒါမှမဟုတ် ဖူမိသားစုရဲ့တရားမဝင်သားလား၊ မင်းကို ဒီကိစ္စဘယ်သူပဲပြောပြော ငါ့အမေရဲ့ကုမ္ပဏီကတော့ အကောင်းအတိုင်းပဲ ရှိနေဦးမှာဆိုတာကို မှတ်ထားလိုက်။ ဒေဝါလီခံရမှာက ငါ့အမေကုမ္ပဏီမဟုတ်ပဲ သူတို့ကုမ္ပဏီဖြစ်ရမှာ၊ မကြာခင် မင်းသိလာရမှာပါ"
COCOက ဟိုတယ်၌ ကျောက်ပုစွန်စားနေစဉ် ပေါ့ပေါ့ပါးပါး ပြုမူဆက်ဆံပြောဆိုနေသည့် လူငယ်လေးက ထိုသို့ကြောက်ဖို့ကောင်းပြီး သန်မာသည့်ပုံစံလိုမျိုး လှစ်ဟပြလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
ထိုအချိန်၌ COCOက ဖူကျို့ကို သူ သေချာပေါက်ယုံကြည်ပေသည်။ သည်ချမ်းသာပြီး မောက်မာတတ်သည့် ဖူကျို့က အွန်လိုင်းပေါ်၌ အမြဲတစေ သူတို့ကို အနိုင်ယူဖူးသည့် "Spade Z"ဖြစ်နေသောကြောင့်ပင်။
 
 

Search Novels