🖼🖼🖼🖼အခန်း (၂၁)
 – ငါ မင်းကို လက်ထပ်မယ်


ကိစ္စရပ်များက အဆင်မချောဘဲ လွဲချော်သွားပါက သူမကိုယ်သူမ နွံထဲသို့ ပိုမို နစ်မွန်းအောင် ပြုလုပ်မိသကဲ့သို့ ဖြစ်သွားပြီး ယခင်ကထက် ပိုမိုဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ရမည်ကို သူမ မလိုလားပေ။

ကျန်းဝေကျဲကို မြင်တွေ့ရသည့် ခဏ၌ သူ့ကို အမည်ခံ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ရန် စိတ်ကူးလေးတစ်ခု ဟယ်ယဲ့ချင်း၏ ခေါင်းထဲသို့ ဖျတ်ခနဲ ဝင်ရောက်လာခဲ့သော်လည်း မကြာမီမှာပင် ထိုအတွေးကို သူမ ကိုယ်တိုင် ပြန်လည် ပယ်ဖျက်လိုက်မိသည်။

 á€á€€á€šá€€á€žá€­á€Żá€œá€şá€€á€ťá€ąá€Źá€„်းသဏးမဝဏး အလွန်အမင်း ရှားပါးလှသော ဤခေတ်ကာလတွင် တက္ကသိုလ် တက်ရောက်ခွင့် ရရှိထားသည့် ကျန်းဝေကျဲက အငြင်းပွားဖွယ်မရှိ ထူးချွန်ထက်မြက်သူ တစ်ဦး ဖြစ်သည်။

ဟယ်ယဲ့ချင်းက ကျန်းကော်ဝမ်နှင့် သူ့ဇနီးတို့၏ စရိုက်ကို ကောင်းစွာ နားလည်ထားသည်။ သူတို့က သားဖြစ်သူ ကျန်းဝေကျဲကို မိသားစု၏ ဂုဏ်ယူဝင့်ကြွားမှုအဖြစ် အမြဲတစေ သတ်မှတ်ထားကြပြီး သူ ကျောင်းပြီးလျှင် အလုပ်အကိုင်ကောင်းကောင်းရရှိကာ မိသားစုနောက်ခံကောင်းသည့် မိန်းကလေးကောင်းတစ်ဦးနှင့် အိမ်ထောင်ပြု သားသမီးမွေးဖွားကာ အခြေတကျ ရှိစေချင်ကြသည်။ အကယ်၍ သူမက ကျန်းဝေကျဲကို အမည်ခံ အိမ်ထောင်ပြုပေးရန် တောင်းဆိုခဲ့ပါက ၎င်းက ကျန်းကော်ဝမ်တို့ ဇနီးမောင်နှံ၏ ကျေးဇူးတရားအပေါ် ကျေးစွပ်ရာ ရောက်ပေလိမ့်မည်။

ထို့အပြင် ဟယ်ယဲ့ချင်းက လူကဲခတ် ညံ့ဖျင်းသူတစ်ဦး မဟုတ်ပေ။ ကျန်းဝေကျဲ၏ လိုသည်ထက်ပိုသော တက်ကြွ ထက်သန်မှုများက သူ့တွင် သူမအပေါ်၌ အချစ်စိတ်များ ရှိနေမည်လားဟူ၍ သံသယဝင်စရာ ဖြစ်စေသည်။ ခံစားချက်နှင့် စိတ်လှုပ်ရှားမှုများ ပါဝင်ပတ်သက်လာပါက အရာရာတိုင်းက အလွန်အမင်း ရှုပ်ထွေးသွားတတ်သည်။

 á€Ÿá€šá€şá€šá€˛á€ˇá€á€ťá€„်းက ထိုကဲ့သို့သော စွန့်စားမှုကို မလုပ်လိုချေ။ ထို့ကြောင့် သူမက ကျန်းဝေကျဲကို ဟန်ဆောင်အိမ်ထောင်ဖက်စာရင်းမှ ပြတ်ပြတ်သားသားပင် ပယ်ဖျက်လိုက်တော့သည်။

…

ဈေးဆိုင်သိမ်းပြီးနောက် ဟယ်ယဲ့ချင်းက လီအားကွေ့ကို ပစ္စည်းများအား ရွာသို့ အရင်ဆုံး သယ်ဆောင်သွားရန် ပြောကြားခဲ့သည်။ သူမက ခရိုင်မြို့ထဲတွင် အနည်းငယ် ထပ်မံ နေထိုင်ရန် လိုအပ်ချက် ရှိနေသောကြောင့် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့် ရက်အနည်းငယ်က အိမ်ရှာဖွေရန် သူမ အကူအညီတောင်းထားခဲ့သော လူတစ်ဦးထံမှ သတင်းထူး ရရှိခဲ့ပြီး အိမ်ကို သွားရောက် ကြည့်ရှုရန် လိုအပ်နေခြင်းကြောင့်ပင်။ 

ဟယ်ယဲ့ချင်းက ဤကိစ္စကို အသေအချာ စဉ်းစားတွေးတောနေခဲ့သည်။

အမည်ခံ အိမ်ထောင်ပြုမည့် ကိစ္စက လောလောဆယ်တွင် အလွန် အရေးကြီး အလျင်လိုနေခြင်း မဟုတ်သေးပေ။ ထို့ကြောင့် ခရိုင်မြို့သို့ အရင်ဆုံး ပြောင်းရွှေ့ နေထိုင်ခြင်းက နျိုချွန်းဟုန်နှင့် ဝေးကွာသွားစေပြီး လက်ရှိ ကြုံတွေ့နေရသော ဒုက္ခများကို ယာယီအားဖြင့် လျော့ပါးသက်သာစေနိုင်မည် ဖြစ်သည်။ သို့သော် ဤအရာက ယာယီဖြေရှင်းချက်မျှသာ ဖြစ်သည်။ ခရိုင်မြို့က ရွာနှင့် အလွန် ဝေးကွာလှခြင်း မဟုတ်ရာ နျိုချွန်းဟုန်က သူမကို ရှာဖွေရန် အမှန်တကယ် ဆုံးဖြတ်ချက်ချထားပါက မိနစ်ပိုင်းအတွင်း ရောက်ရှိလာနိုင်သည်။

သို့သော်လည်း အခြားရွေးချယ်စရာ မရှိသည့် အခြေအနေမျိုးတွင် ဤနည်းလမ်းကသာ အကောင်းဆုံး ဖြစ်နေလေသည်။ 

ထို့အပြင် ဤခေတ်ကာလတွင် ခရိုင်မြို့ငယ်လေးတစ်ခု၌ အိမ်ငှားရန် ရှာဖွေခြင်းက လွယ်ကူလှသည် မဟုတ်ပေ။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်ဝါဒ၏ လေပြေလေညင်းများက ဤမြို့ငယ်လေးထံသို့ များစွာသော ပြောင်းလဲမှုများကို ယူဆောင်လာနိုင်ခြင်း မရှိသေးပေ။ လူများက လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်မှအတိုင်း မြို့ပြနေထိုင်သူများနှင့် လယ်သမားများအကြား ရှင်းလင်းပြတ်သားသော လူမှုရေး ကွာဟချက်များအတိုင်း ပုံမှန်အတိုင်းသာ နေထိုင်ဖြတ်သန်းနေကြဆဲ ဖြစ်သည်။

 á€™á€źá€­á€Żá€ˇá€”á€ąá€œá€°á€‘á€Żá€Ąá€á€˝á€€á€şá€™á€° သူတို့၏ ကိုယ်ပိုင် အိမ်ရာများကပင် မိသားစုဝင်များနှင့် လုံလောက်မှု မရှိလှရာ အခြားသူများကို ငှားရမ်းရန် မစဉ်းစားနိုင်ကြပေ။ ထို့ကြောင့်လည်း ဟယ်ယဲ့ချင်းတစ်ယောက် အချိန်အတော်ကြာ ရှာဖွေပြီးမှသာ ယခုအိမ်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဟယ်ယဲ့ချင်းတွင် အိမ်ငှားရာ၌ ကိုယ်ပိုင် သတ်မှတ်ချက်အချို့ ရှိနေသည်။ သူမက ခရိုင်မြို့ရှိ မည်သည့်အိမ်တွင်မဆို ကောက်ကာငင်ကာ နေထိုင်ရန် ရှာဖွေနေခြင်း မဟုတ်ဘဲ အချက်အလက်များစွာကို ထည့်သွင်းစဉ်းစားနေခြင်း ဖြစ်သည်။ ဥပမာအားဖြင့် သူမက တိုက်ခန်းများနှင့် ဝန်ထမ်းအိမ်ရာများကို လုံးဝ ထည့်မစဉ်းစားပေ။ အဓိက အကြောင်းရင်းက ထိုကဲ့သို့သော အိမ်မျိုးက နေထိုင်ရန် နေရာကျဉ်းမြောင်းလှပြီး ချက်ပြုတ်ခြင်းကိုလည်း ကျဉ်းမြောင်းသော စင်္ကြံလမ်းများတွင်သာ ပြုလုပ်ကြရသည်။ လူအများအပြား ရှိနေခြင်းကြောင့် ပုဂ္ဂလိက လွတ်လပ်ခွင့် ဟူ၍ လုံးဝ မရှိနိုင်ချေ။

ထို့ကြောင့် ဟယ်ယဲ့ချင်း အိမ်ရှာမည်ဆိုပါက သီးခြား ဆောက်လုပ်ထားသော ကိုယ်ပိုင်အိမ်များကိုသာ ရွေးချယ်ရမည် ဖြစ်သည်။ တံခါးပိတ်ထားပါက အတွင်း၌ သူမ ဘာလုပ်နေသည်ကို မည်သူမျှ သိရှိနိုင်မည် မဟုတ်သလို ဘေးေပါက်စီးပွားရေးအဖြစ် တုတ်ထိုးရောင်းချသည့် လုပ်ငန်းကိုလည်း လွတ်လပ်စွာ လုပ်ကိုင်နိုင်သည်။

ယနေ့ ဟယ်ယဲ့ချင်း သွားရောက်ကြည့်ရှုခဲ့သည့် အိမ်က လမ်းကြားတစ်ခုအတွင်း၌ သီးသန့် တည်ရှိနေပြီး ၎င်း၏ စံနှုန်းများနှင့် ကိုက်ညီမှု ရှိသော်လည်း အလွန်အမင်း ကျယ်ဝန်းခြင်း မရှိလှပေ။ သို့သော် ပြဿနာတစ်ခုက ထိုအိမ်က အလွန် ဟောင်းနွမ်းနေပြီး နိုင်ငံတော် မတည်ထောင်မီ တစ်နှစ်အလိုက ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ သက်တမ်းအားဖြင့် နှစ်ပေါင်းလေးဆယ်နီးပါး ရှိနေပြီ ဖြစ်သည်။

 á€‘ိုအဥပဟင် အိမ်တွင် လူမနေသည်က နှစ်အတော်ကြာပြီ ဖြစ်၍ ပျက်စီးယိုယွင်းနေပြီး အိမ်တွင်း၌ ပင့်ကူအိမ်များ ထူထပ်နေကာ အမိုးအကာများလည်း ပျက်စီးနေသဖြင့် မိုးရွာပါက မိုးယိုမည်လားဟူ၍ တွေးပူစရာ ဖြစ်နေသည်။ အကယ်၍ သူမက ပြောင်းရွှေ့ နေထိုင်လိုပါက အကြီးစား ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရမည် ဖြစ်သောကြောင့် ဟယ်ယဲ့ချင်းက ပြန်လည် စဉ်းစားဦးမည်ဟုသာ ပြောကြားခဲ့ပြီး ချက်ချင်း ဆုံးဖြတ်ချက် မချခဲ့ပေ။

ရွာသို့ ပြန်သည့် လမ်းခရီးတွင် ဟယ်ယဲ့ချင်းက ထိုကိစ္စကိုသာ ဆက်လက် တွေးတောနေမိသည်။ ယခုတစ်ကြိမ်တွင်လည်း သူမက အိမ်နီးနားချင်း၏ စက်ဘီးကိုသာ ငှားရမ်း စီးနင်းလာခဲ့ခြင်း ဖြစ်သည်။ ခရိုင်မြို့တွင် အချိန်အတော်ကြာ နှောင့်နှေးခဲ့ရသဖြင့် ရွာအဝင်ဝသို့ ရောက်ရန် အလှမ်းဝေးကွာနေသေးသည့် အချိန်၌ပင် မိုးက ချုပ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

ယခုခေတ်ကာလတွင် ကန်းရွှေရွာ၌ လျှပ်စစ်မီး မရရှိသေးသဖြင့် လမ်းမီးတိုင်များ ဟူ၍လည်း မရှိချေ။ ဟယ်ယဲ့ချင်းက ရွာအဝင်ဝရှိ သစ်ပင်ကြီးတစ်ပင်ကို မှီ၍ ပျင်းရိငြီးငွေ့စွာ ရပ်နေသော အရပ်မြင့်မြင့်နှင့် လူတစ်ယောက်၏ ပုံရိပ်ကိုသာ မရေမရာ မြင်တွေ့ရသည်။ မည်းမှောင်မှုံရီနေသော ညနေခင်းအချိန်တွင် အရွယ်ရောက်ပြီး အမျိုးသားတစ်ဦး၏ ခန္ဓာကိုယ် ပုံသဏ္ဌာန်က လူကို စိုးရိမ်ထိတ်လန့်မှု ဖြစ်စေရန် လုံလောက်လှသည်။

ဟယ်ယဲ့ချင်းတစ်ယောက် ယခုကဲ့သို့ နောက်ကျမှ ပြန်လာခဲ့မိခြင်းကို စတင် နောင်တရမိတော့သည်။ ယခုရက်ပိုင်းအတွင်း နေ့ခင်းဘက်တွင် ရွာသို့ လူစိမ်းအမျိုးသားအချို့ လာရောက်တတ်ကြသော်လည်း ညဘက်အထိ ယခုကဲ့သို့ စောင့်ဆိုင်းနေမည့်သူ ရှိလိမ့်မည်ဟု သူမက မမျှော်လင့်ထားခဲ့ပေ။ 

ထိုလူက သူမကို စောင့်ဆိုင်းနေခြင်း ဟုတ်မဟုတ် သေချာရေရာစွာ မသိရှိရသော်လည်း သတိထားခြင်းက အကောင်းဆုံး ဖြစ်ပေသည်။ အမျိုးမျိုးသော ရာဇဝတ်မှု အခင်းအကျင်းမှုများစွာက ဟယ်ယဲ့ချင်း၏ စိတ်အစဉ်တွင် ဖျတ်ခနဲ ဖြတ်သန်းသွားခဲ့သည်။

သူမက စက်ဘီးလက်ကိုင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး စက်ဘီးနင်းတံကို အသံတိတ် တရစပ် နင်းကာ အရှိန်မြှင့်လိုက်တော့သည်။ ရွာအဝင်ဝသို့ နီးကပ်လာသည်နှင့်အမျှ ထိတ်လန့် ခြောက်ခြားနေသော ဟယ်ယဲ့ချင်းက သစ်ပင်အောက်ရှိ အမျိုးသား၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်ကို သတိမပြုမိခဲ့ပေ။ သူက ကျောကို ဆန့်ကာ ဟယ်ယဲ့ချင်း လာရာဘက်သို့ စူးစိုက်ကြည့်ရှုနေခဲ့သည်။

ဟယ်ယဲ့ချင်းက နောက်သို့ လှည့်မကြည့်ဘဲ လျင်မြန်စွာပင် ဖြတ်သွားခဲ့သည်။ သစ်ပင်အောက်ရှိ အမျိုးသားက အံ့အားသင့်သွားပြီး ထွက်ခွာသွားသော သူမ၏ ကျောပြင်ကို ကြည့်ကာ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုး၍ လှမ်းအော်လိုက်လေသည်။

“နေဦး…”

ရပ်ပေးရအောင် ငါက အရူးလား…
ဟယ်ယဲ့ချင်းက စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

သို့သော် မကြာမီမှာပင် သူမ၏ နောက်ကျောဘက်မှ အသံက ထပ်မံ ထွက်ပေါ်လာပြီး ယခုတစ်ကြိမ်တွင်မူ သူမ၏ အမည်ကို တပ်၍ ခေါ်လိုက်ခြင်း ဖြစ်သည်။ 

“ဟယ်ယဲ့ချင်း…”

ဒီအသံက တစ်နေရာရာမှာ ကြားဖူးသလိုလိုနဲ့ ရင်းနှီးနေသလိုပဲ…

သူမကို တစ်ခုခု မေးမြန်းစရာ ရှိသည့် သိကျွမ်းသူတစ်ဦးဦး ဖြစ်နေ၍လားမသိ၊ ဟယ်ယဲ့ချင်းတစ်ယောက် ခဏကြာမျှ ဇဝေဇဝါ ဖြစ်သွားပြီးနောက် နောက်ဆုံးတွင် စက်ဘီးကို ဘရိတ်အုပ်၍ ရပ်လိုက်သည်။

သူမ နောက်သို့ လှည့်ကြည့်လိုက်သောအခါ ထိုအမျိုးသားက ခြေလှမ်းကျဲကြီးများဖြင့် သူမထံသို့ လျှောက်လှမ်းလာနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။

မှုန်ပျပျ လရောင်အောက်တွင် ထိုအမျိုးသား၏ ပြတ်သားထင်ရှားသော မျက်နှာသွင်ပြင်ကို သူမ အသေအချာ မြင်တွေ့လိုက်ရသည်။

 á€žá€°á€€... ရှန်လီ ဖြစ်နေသည်။

ဟယ်ယဲ့ချင်း၏ ရင်ထဲတွင် လှုပ်ခတ်နေသော စိုးရိမ်စိတ်များက လုံးဝ ငြိမ်သက်သွားခဲ့သည်။ အကြောင်းရင်းကို သေချာမသိရသော်လည်း ရှန်လီက အမြဲတစေ ခက်ထန်ကြမ်းတမ်းသော ပုံစံရှိသော်လည်း သူမက သူ့ကို လုံးဝ မကြောက်ရွံ့မိပေ။ စိတ်အေးသွားပြီးနောက်တွင်မူ ရှက်ကိုးရှက်ကန်း ဖြစ်ရသည့် ခံစားချက်က ချက်ချင်းပင် ရုန်းကြွတက်လာခဲ့ပြန်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က လမ်းတစ်ဖက်တွင် ထိုအမျိုးသားကို လှမ်းတားကာ ဟန်ဆောင်လက်ထပ်ကြရန် ကမ်းလှမ်းခဲ့စဉ်က ရက်ရက်စက်စက် ငြင်းပယ်ခြင်း ခံခဲ့ရသည့် အဖြစ်အပျက်ကို ဟယ်ယဲ့ချင်းက ချက်ချင်း သတိရမိသွားသည်။ ဤရက်ပိုင်းအတွင်း ဟယ်ယဲ့ချင်းတစ်ယောက် ရှန်လီနှင့် ဆုံတွေ့ခြင်း မရှိခဲ့သဖြင့် ထိုကိစ္စကို စိတ်ထဲမထားဘဲ နေနိုင်ခဲ့သော်လည်း ယခုကဲ့သို့ လူချင်း ထိပ်တိုက်တွေ့ဆုံလိုက်ရသည့်အခါ မြုပ်နှံထားသော ထိုအမှတ်တရဆိုးများက သူမ၏ စိတ်အစဉ်ကို ထပ်မံ နှိပ်စက်လာပြန်သည်။

ကျေးလက်တောရွာ၏ တိတ်ဆိတ်ငြိမ်သက်လှသော ညချမ်းအချိန်၌ စပါးခင်းများအကြား ဖြတ်သန်းတိုက်ခတ်နေသည့် လေတိုးသံမှတစ်ပါး သူတို့နှစ်ဦးကြားတွင် တိတ်ဆိတ်ခြင်းကသာ စိုးမိုးထားလေသည်။

မိနစ်ဝက်ခန့် ကြာမြင့်ပြီးနောက် ဤကဲ့သို့ ဆက်လက် တိတ်ဆိတ်နေခြင်းက အခြေအနေကို ပို၍ အနေခက်စေလိမ့်မည်ဟု ဟယ်ယဲ့ချင်းက ခံစားမိသွားသည်။ ထို့ကြောင့် သူမက အကဲခတ်သည့် လေသံဖြင့် စတင် စကားဆိုလိုက်၏။

“ရှင်... ကျွန်မကို တစ်ခုခု ပြောစရာ ရှိလို့လား…”

ရှန်လီ၏ မေးရိုးများက တင်းမာနေဆဲ ဖြစ်သည်။ ဟယ်ယဲ့ချင်း၏ စကားကို ကြားရသောအခါ သူ့ မျက်တောင်များက အနည်းငယ် တုန်ခါသွားခဲ့သည်။

“မင်းရဲ့ အခြေအနေကို ငါ ကြားရတယ်…” 

နောက်ဆုံးတွင် ရှန်လီက အသံခပ်အက်အက်ဖြင့် စကားစလိုက်သည်။

ဤကဲ့သို့ ရုတ်တရက် ဆက်စပ်မှုမရှိဘဲ ပြောဆိုလာသည့် စကားကြောင့် ဟယ်ယဲ့ချင်းက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ ရှန်လီက သူမကို လမ်းတားပြီး ဤစကားကိုသာ ပြောဆိုရန် ကြံရွယ်ထားခြင်း ဖြစ်သည်လားဟူ၍ သူမက နားမလည်နိုင်အောင် ဖြစ်ရသည်။ မည်သို့ ပြန်လည် တုံ့ပြန်ရမှန်း မသိသဖြင့် ဟယ်ယဲ့ချင်းက “အင်း” ဟုသာ ခပ်တိုးတိုး ဖြေကြားလိုက်ပြီး ရှန်လီကို စိုက်ကြည့်နေမိသည်။

ရှန်လီက သူ့အကြည့်များကို ချက်ချင်းပင် လွှဲဖယ်လိုက်သည်။ သူက ယခုအချိန်၌ အလွန်အမင်း ရင်ခုန်စိတ်လှုပ်ရှားနေသည်ကို မည်သူမျှ သိရှိနိုင်မည် မဟုတ်ပေ။ လရောင် မထိတွေ့နိုင်ဘဲ မှောင်ရိပ်ထဲတွင် ရှိနေသော သူ့လက်ဖဝါးပြင်များတွင်ပင် ချွေးစေးများ ထွက်နေခဲ့သည်။

သူက စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး ထပ်မံ စကားဆိုသည်။

“မင်း ပြီးခဲ့တဲ့တစ်ခေါက်က ပြောခဲ့တဲ့ စကား...” 

ထိုစကားကို ကြားလိုက်ရသောအခါ ဟယ်ယဲ့ချင်း၏ မျက်ခုံးများက သိသိသာသာပင် တွန့်ချိုးသွားခဲ့သည်။ သူမက အပြင်ပန်းတွင် တည်ငြိမ်နေပုံရသော်လည်း ရင်ထဲတွင်မူ ဒေါသလှိုင်းများ စတင် ရိုက်ခတ်နေပြီ ဖြစ်သည်။ 

ရှန်လီက ဘာလို့ ဒီကိစ္စကို ရုတ်တရက် ထုတ်ပြောလာရတာလဲ… ငါ့အနာကို ဆားနဲ့ ပက်ချင်လို့လား… ဒါက လွန်လွန်းတယ်…

အကယ်၍ ဤသို့ ဖြစ်မည်ကို ကြိုတင်သိရှိပါက သူမ စက်ဘီးကို လုံးဝ ရပ်မိမည် မဟုတ်ပေ။

ဟယ်ယဲ့ချင်းတစ်ယောက် သူမ၏ ဆုံးဖြတ်ချက်အတွက် အကြီးအကျယ် နောင်တရနေစဉ်မှာပင် ရှန်လီက ဆက်လက် ပြောဆိုလာသည်ကို ကြားလိုက်ရသည်။

“အဲဒီစကားက အခုထိ အတည်ဖြစ်သေးရဲ့လား…”

စကားဝိုင်း၏ ဦးတည်ချက်က ရုတ်တရက် ပြောင်းလဲသွားသဖြင့် ဟယ်ယဲ့ချင်းတစ်ယောက် ချက်ချင်း သဘောမပေါက်နိုင်ဘဲ ကြောင်တောင်တောင် ပုံစံဖြင့် ရေရွတ်မိသွား၏။

“ဟင်…”

ရှန်လီအတွက်မူ အခက်ခဲဆုံးသော စကားလုံးကို ဖွင့်ဟပြီးသွားပြီဖြစ်ရာ နောက်ထပ်ပြောမည့် စကားများက အလိုအလျောက်ပင် လွယ်ကူချောမွေ့သွားခဲ့သည်။

ထို့ကြောင့် သူက ထပ်လောင်း ပြောဆိုလိုက်သည်။

“ငါဆိုလိုတာက... ပြီးခဲ့တဲ့ ရက်ပိုင်းက မင်းနဲ့ ဟန်ဆောင်လက်ထပ်ပေးမယ့် လူတစ်ယောက်ကို ရှာနေခဲ့တာ မဟုတ်လား…”

ဤသို့ ပြောပြီးနောက် ရှန်လီ၏ လည်ချောင်းဝတွင် တစ်ခုခု တစ်ဆို့သွားသကဲ့သို့ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ မေးလိုက်၏။

“အဲဒါ... အခု သင့်တော်တဲ့လူ ရှာတွေ့သွားပြီလား…”

စကားဆုံးသည်နှင့်တစ်ပြိုင်နက် ရှန်လီ၏ အကြည့်များက ဟယ်ယဲ့ချင်းထံသို့ စူးစိုက်ကျရောက်လာပြီး သူ၏ မျက်နှာတွင် စိုးရိမ်စိတ်များ ဖြတ်သန်းသွားကာ အသက်ရှူသံများပင် ပြင်းထန်လာလေသည်။

ဟယ်ယဲ့ချင်းက ကြောင်အမ်းအမ်းဖြင့် ခေါင်းကိုသာ ခါယမ်းပြလိုက်မိသည်။ သူမ၏ တုံ့ပြန်မှုကို မြင်တွေ့လိုက်ရသောအခါမှ ရှန်လီ၏ တင်းမာနေသော မျက်နှာအမူအရာက ပြေလျော့သွားလေသည်။

သူက တံတွေးကို ခက်ခဲစွာ မျိုချကာ ဆက်ပြောလိုက်၏။

“အဲလိုဆိုရင်တော့... ငါ သဘောတူတယ်…”

“ရှင်…” 
ဟယ်ယဲ့ချင်းက ပို၍ ဇဝေဇဝါ ဖြစ်သွားရသည်။

“ငါဆိုလိုတာက မင်း တခြားလူလည်း ရှာမတွေ့သေးဘူးဆိုတော့...” 

ရှန်လီက လေးနက်တည်ကြည်သော လေသံဖြင့် ဆိုလိုက်တော့သည်။

“ငါ မင်းကို လက်ထပ်မယ်…”

ဤစကား၏ အဓိပ္ပာယ်က အလွန်အမင်း ရှင်းလင်းပြတ်သားလှသဖြင့် ဟယ်ယဲ့ချင်း၏ ဝေဝါးနေသော စိတ်အစဉ်က နောက်ဆုံးတွင် ကောင်းစွာ နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

ဒါဆို ရှန်လီရဲ့ ရည်ရွယ်ချက်က…

ဟယ်ယဲ့ချင်း - “…”

****

နောက်တစ်နေ့တွင်…

သစ်သားစားပွဲဝိုင်းတစ်ခု၏ တစ်ဖက်တစ်ချက်စီတွင် ဟယ်ယဲ့ချင်းနှင့် ရှန်လီတို့က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

“ဒါဆို... ရှင် မနေ့ညက ပြောခဲ့တဲ့စကားက အတည်ပဲပေါ့နော်…” 

ဟယ်ယဲ့ချင်းက မျက်နှာချင်းဆိုင်တွင် ထိုင်နေသော အမျိုးသားကို မျက်တောင်မခတ်တမ်း ကြည့်ကာ အကဲခတ်သည့် လေသံဖြင့် ထပ်မံ မေးမြန်းလိုက်၏။

ရှန်လီက နှာခေါင်းထဲမှ “အင်း” ဟု တစ်ချက် အသံပြုလိုက်ပြီးနောက် ဟယ်ရီချင်းကို စိုက်ကြည့်ကာ ပြန်မေး၏။

“မင်း စိတ်ပြောင်းသွားလို့လား…”

“မဟုတ်တာ… မဟုတ်တာ…” 

ဟယ်ယဲ့ချင်းက မဟုတ်ကြောင်း ငြင်းပယ်သည့်အနေဖြင့် ခေါင်းကို အလောတကြီး ခါယမ်းလိုက်သည်။

ငါက ဘာလို့ စိတ်ပြောင်းရမှာလဲ… ဒါက ငါ့အတွက် အကောင်းတကာ့ အကောင်းဆုံးပဲ မဟုတ်ဘူးလား…

အမှန်အတိုင်း ပြောရလျှင် ဟယ်ယဲ့ချင်းတစ်ယောက် ယမန်နေ့ညက ထိုကိစ္စကိုသာ ထပ်ဖန်တလဲလဲ တွေးတောနေမိသဖြင့် တစ်ညလုံး အိပ်ပျော်ခဲ့ခြင်း မရှိပေ။ သူမအတွက် အခြေအနေများက ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ချေ။ ရှန်လီက ဤကိစ္စကို သဘောတူညီခဲ့ခြင်းက သူမအတွက် အိမ်မက်တစ်ခု တကယ်ဖြစ်လာသကဲ့သို့ပင်။

“ဒါက ကျွန်မ ကိုယ်တိုင် ရေးဆွဲထားတဲ့ အိမ်ထောင်ရေး သဘောတူညီချက် မူကြမ်းပဲ… တစ်ချက်လောက် ကြည့်လိုက်ပါဦး…” 

ဟယ်ယဲ့ချင်းက အိတ်ထဲမှ စာရွက်တစ်ရွက်ကို အမြန်ထုတ်ယူကာ ရှန်လီထံသို့ ကမ်းပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် သူမက စားပွဲပေါ်သို့ စာရေးစက္ကူအချို့နှင့် ဘောပင်တစ်ချောင်းကို ချထားပေးပြီး ဆိုလိုက်သည်။

“ရှင် သဘောမကျတာ ဒါမှမဟုတ် မကျေနပ်တာမျိုး ရှိရင် အားမနာတမ်း ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်… ကျွန်မတို့ အတူတူ ဆွေးနွေးပြီး ပြင်ဆင်ကြတာပေါ့…”

ဤသဘောတူညီချက်စာချုပ်ကို ဟယ်ယဲ့ချင်းက နံနက်အစောပိုင်းအချိန်ကပင် ရေနံဆီမီးခွက်အလင်းရောင်အောက်တွင် ရေးသားပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ တစ်ညလုံး အိပ်ရေးပျက်ထားပြီး နံနက်အစောပိုင်းတွင် ထ၍ စာရေးထားရသဖြင့် ဟယ်ယဲ့ချင်း၏ မျက်ဝန်းအိမ် တစ်ဝိုက်တွင် ညိုမည်းသော အကွင်းဝိုင်းလေးများ ပေါ်နေလေသည်။

ရှန်လီက အိမ်ထောင်ရေး သဘောတူညီချက်စာရွက်ကို လှမ်းယူလိုက်သော်လည်း ချက်ချင်း ဖတ်ရှုခြင်း မပြုသေးပေ။ ဟယ်ယဲ့ချင်းကဲ့သို့ပင် ရှန်လီသည်လည်း ယမန်နေ့ညက တစ်ညလုံး အိပ်ပျော်ခဲ့ခြင်း မရှိချေ။ သို့သော် သူ အိပ်ရေးပျက်ရခြင်းက စိတ်လှုပ်ရှားခြင်းကြောင့် မဟုတ်ဘဲ အပြစ်ရှိသကဲ့သို့ ခံစားရခြင်းနှင့် သူ့ကိုယ်သူ မုန်းတီးမိခြင်းတို့ကြောင့် ဖြစ်သည်။

ဟယ်ယဲ့ချင်းက အခြားသော အမျိုးသားတစ်ဦးနှင့် အတူတူ ရပ်နေသည်ကို မြင်တွေ့ခဲ့ရစဉ်က သူ၏ ရင်ထဲ၌ မနာလိုဝန်တိုမှုများ ပြင်းထန်စွာ ခံစားခဲ့ရကြောင်း သူ ကိုယ်တိုင် ဝန်ခံပေသည်။ အခြားသော အမျိုးသားတစ်ယောက်က သူမကို လက်ထပ်ယူတော့မည်ဟူသော အတွေးက ရှန်လီ၏ ရင်ထဲတွင် ခါးသီးမှုနှင့် မနာလိုစိတ်များကို ထိန်းချုပ်ရခက်ခဲအောင် ဖြစ်ပေါ်စေခဲ့သည်။ ၎င်းက ဟန်ပြသဘောမျိုး ဖြစ်နေလျှင်ပင် မရချေ။

ထို့ကြောင့်လည်း သူက ယမန်နေ့က သူမကို လမ်း၌ တားခဲ့ခြင်းဖြစ်ပြီး၊ တိုက်တိုက်ဆိုင်ဆိုင်ပင် သူမကလည်း အခြားမည်သူ့ကိုမျှ ရှာမတွေ့သေးသည့် အခြေအနေ ဖြစ်နေခဲ့သည်။ ရှန်လီက သူ့ကိုယ်သူ သိမ်ဖျင်းပြီး အရှက်မရှိသူတစ်ဦးအဖြစ် သတ်မှတ်မိသည်။ ထိုသို့ မပြုလုပ်သင့်ကြောင်းနှင့် သူမ၏ အားနည်းချက်ကို အခွင့်ကောင်းမယူသင့်ကြောင်း သူ့ကိုယ်သူ နားချရန် အကြောင်းပြချက်ပေါင်း သောင်းခြောက်ထောင် ရှိနေခဲ့သည်။ သို့သော်လည်း အကယ်၍ နောက်တစ်ကြိမ် ပြန်လည် ရွေးချယ်ခွင့် ရရှိဦးမည်ဆိုလျှင်ပင် သူက ယခုကဲ့သို့သော ဆုံးဖြတ်ချက်မျိုးကိုသာ ထပ်မံ ချမှတ်မိဦးမည်ဟု တွေးမိသည်။

ရှန်လီက သူ့အတွေးများကို ကွယ်ဝှက်ထားသည့်အနေဖြင့် မျက်မှောင်ကြုတ်ကာ မျက်လွှာချလိုက်ပြီးနောက် သူ့လက်ထဲရှိ ပါးလွှာသော စာရွက်ပေါ်သို့သာ အာရုံအပြည့်အဝ စူးစိုက်လိုက်လေတော့သည်။

 

🖼🖼🖼🖼အခန်း (၂၂) 
– အိမ်ထောင်ရေး သဘောတူညီချက်


ဟယ်ယဲ့ချင်းက ဥပဒေကျွမ်းကျင်သူတစ်ဦး မဟုတ်သဖြင့် ဤသဘောတူညီချက်က သူမ၏ စိတ်ကူးထင်မြင်ချက်များကိုသာ အခြေခံ၍ ရေးသားထားခြင်းဖြစ်ပြီး တရားဝင် စာချုပ်စာတမ်း ပုံစံမျိုး မဟုတ်ပေ။

သဘောတူညီချက်တွင် အဓိကအားဖြင့် အောက်ပါအချက်အလက်များ ပါဝင်သည်။

၁။ ကာယကံရှင် နှစ်ဖက်စလုံး၏ အိမ်ထောင်ရေးက ဟန်ပြအမည်ခံ အိမ်ထောင်ရေးသာ ဖြစ်ပြီး သက်တမ်းအားဖြင့် တစ်နှစ် တည်မြဲရမည် ဖြစ်သည်။( ဆိုလိုသည်က နောက်နှစ် ယခုကဲ့သို့သော အချိန်တွင် အိမ်ထောင်ရေး သက်တမ်း ကုန်ဆုံးမည်ဖြစ်ကာ နှစ်ဖက်စလုံးက အရပ်ဘက်ရေးရာဌာနသို့ အတူတကွ သွားရောက်၍ ကွာရှင်းပြတ်စဲခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ရမည် ဖြစ်သည်။)

၂။ မလိုအပ်သော ရှုပ်ထွေးပွေလီမှုများကို ရှောင်ရှားနိုင်ရန်အတွက် မည်သည့်ဘက်ကမျှ မိမိတို့၏ ဟန်ပြ အိမ်ထောင်ရေးအကြောင်းကို အခြားသူများအား ဖွင့်ဟပြောဆိုခြင်း မပြုရ။

၃။ အမျိုးသားဖြစ်သူက အမျိုးသမီးဖြစ်သူ၏ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် အရေးကိစ္စများကို မည်သို့မျှ ဝင်ရောက် စွက်ဖက်ခြင်း မပြုရ။

၄။ ၎င်းက ဟန်ပြအိမ်ထောင်ရေးသာ ဖြစ်ခြင်းကြောင့် လင်မယားအရာ မြောက်သော ဆက်ဆံရေးမျိုး လုံးဝ မရှိစေရဘဲ အမျိုးသားဖြစ်သူက အမျိုးသမီးဖြစ်သူအား ကာမစပ်ယှက်ရန် အတင်းအကျပ် တောင်းဆိုခြင်း မပြုရ။

၅။ အမျိုးသမီးဖြစ်သူတွင် အမျိုးသားဖြစ်သူ၏ အဘွားကို စောင့်ရှောက် ပြုစုရမည့် တာဝန် ရှိသည်။

၆။ အိမ်ထောင်မပြုမီနှင့် အိမ်ထောင်ပြုပြီးနောက်ပိုင်း ပိုင်ဆိုင်သော ပစ္စည်း အိုးအိမ်စည်းစိမ်အားလုံးက မိမိတို့ အသီးသီးနှင့်သာ သက်ဆိုင်သည်။ ကွာရှင်းပြတ်စဲပြီးနောက်တွင်လည်း မိမိတို့ ပိုင်ဆိုင်မှုအတိုင်းသာ ခွဲဝေယူရမည် ဖြစ်သည်။

ဤဆဋ္ဌမမြောက် အချက်က အမှန်စင်စစ်အားဖြင့် ရှန်လီ၏ အကျိုးစီးပွားအတွက် ဟယ်ယဲ့ချင်းက ထည့်သွင်း စဉ်းစားပေးထားခြင်း ဖြစ်သည်။ ဟယ်ယဲ့ချင်းက ရှန်လီက နောင်တစ်ချိန်တွင် အလွန်အမင်း ချမ်းသာကြွယ်ဝလာမည့်သူ ဖြစ်ကြောင်း သိရှိထားသော်လည်း လောလောဆယ်တွင် သူ၌ ငွေကြေး မည်မျှ ရှိသည်ကိုမူ သေချာမသိချေ။ မည်သို့ပင်ဖြစ်စေ သူမက သူ့ထံမှ မတရား အခွင့်ကောင်းယူရန် အစီအစဉ် မရှိပေ။

၇။ အမျိုးသားဖြစ်သူက အမျိုးသမီးဖြစ်သူထံမှ ငွေကြေးအရ နစ်နာကြေး တောင်းခံပိုင်ခွင့် ရှိပြီး ထိုပမာဏက '…' ဖြစ်သည်။

ငွေကြေး ပမာဏ နေရာကို ကွက်လပ် ချန်ထားခဲ့ပြီး ဟယ်ယဲ့ချင်းက ရှန်လီ၏ သဘောထားကို မေးမြန်းပြီးမှသာ ဖြည့်စွက်ရန် တွေးတောထားခြင်း ဖြစ်သည်။ ဤအချက်ကို ဟယ်ယဲ့ချင်း ထည့်သွင်းထားရခြင်းက အမှန်စင်စစ် ဤအိမ်ထောင်ရေးက သူမအတွက်သာ အကျိုးအမြတ် များပြားလှသဖြင့် မျှတမှု ရှိစေရန်အတွက် သူ့ကို ငွေကြေးအချို့ကို နစ်နာကြေးအဖြစ် ပေးရန် စဉ်းစားခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

ရှန်လီက သဘောတူညီချက်ကို ဖတ်ရှုနေစဉ်အတွင်း ဟယ်ယဲ့ချင်းက မေးထောက်ကာ သူ့မျက်နှာအမူအရာကို စိုးရိမ်တကြီး စောင့်ကြည့်နေမိသည်။ သူမက အမှန်တကယ်ပင် ရင်ခုန်စိတ်လှုပ်ရှားနေမိသည်။ အဘယ်ကြောင့်ဆိုသော် ဤစာချုပ်က သူမ၏ လိုအပ်ချက်များကိုသာ အခြေခံ၍ ရေးသားထားခြင်းဖြစ်ပြီး အချက်အလက် အားလုံးနီးပါးက သူမဘက်မှသာ အသာစီး ရနေခြင်းကြောင့် ဖြစ်သည်။

ရှန်လီအတွက်မူ ဤအိမ်ထောင်ရေးက သူ့အတွက် များစွာသော အကျိုးကျေးဇူးများကို ယူဆောင်လာပေးနိုင်ခြင်း မရှိချေ။ အလွန်ဆုံး ရှိလှမှ သူ အဝေးသို့ သွားရောက်နေစဉ်အတွင်း အဘွားကို ပြုစုစောင့်ရှောက်ပေးမည့်သူ တစ်ဦး ရရှိခြင်းနှင့် သူ့အတွက် ဆွဲဆောင်မှု သိပ်မရှိလှသော နစ်နာကြေး အနည်းငယ်သာ ရှိပေလိမ့်မည်။

 á€‘ိုသိုအ တွေးမိသောအခါ ဟယ်ယဲ့ချင်းတစ်ယောက် အနည်းငယ် အားနာစိတ် ဝင်လာမိသည်။

သူမက လည်ချောင်းကို တစ်ချက် ရှင်းလိုက်ပြီး ပြောလိုက်၏။

“ဒါက ကျွန်မရဲ့ အကြံပြုချက်တွေပဲ ရှိသေးတာပါ… ရှင် ဖြည့်စွက်ချင်တာ ဖြစ်ဖြစ်၊ ပြင်ဆင်ချင်တာ ဖြစ်ဖြစ် ရှိရင် အားမနာတမ်း ပြောပါနော်… ကျွန်မတို့ ထပ်ထည့်လို့ ရပါတယ်...”

ရှန်လီ၏ မျက်နှာက မည်သည့် အမူအရာမျှ မပြဘဲ တည်ငြိမ်နေဆဲ ဖြစ်သဖြင့် ဟယ်ယဲ့ချင်းက သူ့ အတွေးများကို လုံးဝ ခန့်မှန်းရခက်ခဲနေသည်။ သူမ၏ စိုးရိမ်စိတ်များက ပိုမို ပြင်းထန်လာခဲ့သည်။

နောက်ဆုံးတွင် ရှန်လီက တုံ့ပြန်မှု တစ်ခု ပြုလုပ်လာခဲ့သည်။ သူက ကိုယ်ကို အနည်းငယ် မတ်လိုက်ပြီး ရှေ့သို့ ကိုင်းလျက် ဟယ်ယဲ့ချင်း၏ လက်ထဲမှ ဘောပင်ကို လှမ်းယူကာ သဘောတူညီချက် စာမျက်နှာပေါ်ရှိ အချက်တစ်ခုကို ခြစ်ထုတ်ပစ်လိုက်သည်။ 

“နံပါတ် ၇ အချက်က မလိုပါဘူး…”

နံပါတ် ၇ အချက် ဟုတ်လား…

ဟယ်ယဲ့ချင်း ခဏကြာမျှ ကြောင်အသွားပြီးနောက်မှ နံပါတ် ၇ အချက်က နစ်နာကြေး ပေးဆောင်ရမည့် အချက် ဖြစ်ကြောင်း သတိရမိသွားသည်။

“ကျန်တဲ့ အချက်တွေအပေါ်မှာတော့ ငါ့မှာ ဘာကန့်ကွက်ချက်မှ မရှိပါဘူး…” 

ရှန်လီက ထပ်လောင်း ပြောဆိုလိုက်သည်။

ထိုသို့ ပြောပြီးနောက် သူက စာရွက်ပေါ်တွင် သူ့လက်မှတ်ကို တိုက်ရိုက်ပင် ရေးထိုးလိုက်တော့သည်။

သူ၏ လုပ်ဆောင်ချက်ကို မြင်တွေ့လိုက်ရသောအခါ ဟယ်ယဲ့ချင်းက အလောတကြီး တားမြစ်မိသွားသည်။

“... နေပါဦး…”

ရှန်လီက ဘောပင်ကို ချလိုက်ပြီး သူမကို မော့ကြည့်သည်။

“ရှင် ဘာဖြစ်လို့ နံပါတ် ၇ အချက်ကို ဖြတ်ပစ်လိုက်ရတာလဲ…” 

ဟယ်ယဲ့ချင်းက မေးခွန်းထုတ်မိသည်။

သူက သူ့အတွက် အကျိုးရှိစေမည့် တစ်ခုတည်းသော အချက်နှစ်ချက်ထဲမှ တစ်ချက်ကို ဖျက်ပစ်လိုက်ခြင်း ဖြစ်သည်။ ရှန်လီက နောင်တွင် မည်မျှပင် ချမ်းသာကြွယ်ဝမည့်သူ ဖြစ်နေပါစေ၊ ယခု လုပ်ရပ်က သာမန်လူတစ်ယောက်အတွက် သဘာဝ မကျလှပေ။

“ငါ ဘာနစ်နာကြေးမှ မလိုချင်ဘူး…” 
ရှန်လီက ဆိုသည်။

သို့သော် သူ၏ ရှင်းလင်းချက်က ဟယ်ယဲ့ချင်းကို ပို၍ ဇဝေဇဝါ ဖြစ်သွားစေသည်။ သူမ၏ စိတ်အစဉ်တွင် ယခင်က စိုးမိုးထားသော ပျော်ရွှင်မှုများ ပျောက်ကွယ်သွားပြီးမှ နောက်ဆုံးတွင် အတွေးများက ရှင်းလင်းသွားခဲ့သည်။ ရှန်လီက အဘယ်ကြောင့် ဤဟန်ပြ အိမ်ထောင်ရေးကို သဘောတူခဲ့ရသည်ကို သူမ သံသယ ဝင်လာမိသည်။

သူမအတွက်မူ ဤဟန်ပြ အိမ်ထောင်ရေး၏ အကျိုးကျေးဇူးများက ဆိုးကျိုးများထက် များစွာ သာလွန်နေသည်။ သူမက ဟယ်မိသားစု၏ အိမ်ထောင်စုစာရင်းမှ လွတ်မြောက်နိုင်မည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲကိုလည်း အဆင်ပြေချောမွေ့စွာ ဖြေဆိုခွင့် ရရှိမည် ဖြစ်သည်။ သို့သော် ရှန်လီအတွက်မူ…

သူက ဘာလို့ ဒီကိစ္စကို သဘောတူရတာလဲ…

ဟယ်ယဲ့ချင်းက အစဉ်အမြဲ ကိုယ်ပိုင် ရှုထောင့်မှသာ ကြည့်ရှုတွေးတောခဲ့သဖြင့် ယခင်က ပြဿနာတစ်စုံတစ်ရာ ရှိနေသည်ကို သတိမပြုမိခဲ့ပေ။ သို့သော် ယခုအခါ ရှန်လီ၏ ရှုထောင့်မှ ပြန်လည် တွေးတောကြည့်သည့်အခါ ဆိုးကျိုးက အကျိုးအမြတ်ထက် များပြားနေသော ကိစ္စရပ်တစ်ခုကို သူက အဘယ့်ကြောင့် သဘောတူရသည်ကို သူမ နားမလည်နိုင်ချေ။

ဟယ်ယဲ့ချင်း၏ ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းသွားခဲ့သည်။ သူမက လက်နှစ်ဖက်ကို စားပွဲပေါ်တွင် ထောက်ထားပြီး ခန္ဓာကိုယ်ကို နောက်သို့ အနည်းငယ် ဆုတ်လိုက်သည်။

သူမက ရှန်လီကို သတိကြီးစွာဖြင့် စိုက်ကြည့်လိုက်မိသည်။

“ရှန်လီ... ရှင် ဘာဖြစ်လို့ ကျွန်မနဲ့ ဟန်ဆောင်လက်ထပ်ဖို့ သဘောတူရတာလဲ…” 
ဟယ်ယဲ့ချင်းက မေးလိုက်၏။

ရှန်လီက သူမ၏ အကြည့်များကို သတိပြုမိသွားပြီး ခဏကြာမျှ တုံ့ဆိုင်းသွားခဲ့သည်။ ထို့နောက် သူက ဟယ်ယဲ့ချင်းကို ကြည့်ကာ တည်ငြိမ်အေးဆေးစွာပင် ပြန်လည် ဖြေကြားလိုက်သည်။

“မင်းက ငါ့ဆီ အရင် လာခဲ့တာလေ… ပြီးတော့ ငါ့အဘွားကလည်း ငါ့ကို အိမ်ထောင်ပြုဖို့ အမြဲတမ်း ဇွတ်အတင်း ပြောနေလို့ပါ…”

သူ့အကြည့်များက ရှင်းလင်းပြတ်သားနေပြီး မည်သည့် ရွံရှာဖွယ် ရမ္မက်စိတ် သို့မဟုတ် မရိုးသားသော တွက်ကိန်းမျိုးမျှ ကွယ်ဝှက်ထားခြင်း မရှိပေ။ ထိုကဲ့သို့သော အကြည့်များနှင့် ရင်ဆိုင်လိုက်ရသည့်အခါ ဟယ်ယဲ့ချင်းက မျက်နှာချင်းဆိုင်ရှိ အမျိုးသားတွင် မကောင်းသော ရည်ရွယ်ချက် ရှိနေလိမ့်မည်ဟု တွေးတောရန် ခက်ခဲသွားခဲ့သည်။

မှန်ပေသည်။ သူမက သူ့ထံသို့ အရင်ဆုံး သွားရောက် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်က အမှန်ပင်။

ဟယ်ယဲ့ချင်း၏ စိတ်ထဲတွင် ယခုနက ပေါ်ပေါက်လာခဲ့သော စိုးရိမ်စိတ်များအားလုံးက အရည်ပျော် ပျောက်ကွယ်သွားခဲ့သည်။ ရှန်လီက သူမအပေါ် မကောင်းသော ရည်ရွယ်ချက်မျိုး ထားရှိလိမ့်မည် မဟုတ်ဟု သူမ ခံစားမိသည်။ ထို့အပြင် မူရင်းဝတ္ထု၏ အဆိုအရ ရှန်လီက အမျိုးသမီးများအပေါ် စိတ်ဝင်စားမှု လုံးဝ မရှိသူဖြစ်ပြီး မည်သည့် ထူးဆန်းသော ဝါသနာမျိုးမျှလည်း မရှိချေ။ သို့မဟုတ်ပါက သူက လွန်ခဲ့သည့် အချိန်ကတည်းကပင် အဖမ်းခံရပြီး ဖြစ်ပေလိမ့်မည်။

ထိုသို့ တွေးမိသောအခါမှ ဟယ်ယဲ့ချင်းတစ်ယောက် စိတ်အေးသွားရတော့သည်။

သို့သော် သူမက ဆက်ပြောသည်။
“နံပါတ် ၇ အချက်ကို ဖြတ်ပစ်ဖို့ မလိုပါဘူး… ကျွန်မ ရှင့်ကို နစ်နာကြေး ပေးသင့်ပါတယ်…”

“မလိုဘူး…” 
ရှန်လီက ပြတ်သားသော လေသံဖြင့် ငြင်းပယ်လိုက်သည်။

ဟယ်ယဲ့ချင်းက တိတ်ဆိတ်သွားပြီး ထပ်မံ အတင်းအကျပ် မတောင်းဆိုတော့ပေ။ သို့သော် နောင်တစ်ချိန်တွင် သူ့ကို နစ်နာကြေး ပေးရန် နည်းလမ်းတစ်ခုခု ရှာဖွေရမည်ဟု စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။

“ဒါဆိုရင်လည်း... ကျွန်မ စာချုပ်အသစ် တစ်စောင် ပြန်ရေးလိုက်ပါ့မယ်…” 
ဟယ်ယဲ့ချင်းက အလျှော့ပေးလိုက်သည်။

သူမက ရှန်လီ လက်မှတ်ရေးထိုးထားပြီးဖြစ်သော အိမ်ထောင်ရေး သဘောတူညီချက် စာရွက်ကို ပြန်ယူကာ စာလုံးတစ်လုံးချင်းစီကို သေသေချာချာဖြင့် အသစ်တစ်စောင် ထပ်မံ ရေးသားလိုက်လေသည်။

သူတို့နှစ်ဦးစလုံးက သဘောတူညီချက်စာချုပ် နှစ်စောင်စလုံးတွင် သူတို့၏ လက်မှတ်များကို ရေးထိုးလိုက်ကြသည်။ ရှန်လီ၏ လက်ရေးက ရဲရင့်ပြတ်သားပြီး ထင်ရှားလှကာ ဟယ်ယဲ့ချင်း၏ လက်ရေးကမူ နူးညံ့ပျော့ပျောင်းပြီး လှပလွန်းလှသည်။

သဘောတူညီချက် စာချုပ်နှစ်စောင်ကို သူတို့တစ်စောင်စီ ခွဲဝေယူလိုက်ကြသည်။

ဟယ်ယဲ့ချင်းက သဘောတူညီချက် စာရွက်ကို သေသေချာချာ ခေါက်ကာ အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီးနောက် ရှန်လီထံသို့ လက်လှမ်းပေးရင်း ပြုံးလျက် ဆိုလိုက်သည်။

“ရှေ့လျှောက် အဆင်ပြေပြေ လက်တွဲလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်…”

“အတူတူ ကောင်းကောင်း လက်တွဲကြတာပေါ့…”

ရှန်လီ၏ ကျယ်ပြန့်သော လက်ဖဝါးကြီးသည် ဟယ်ယဲ့ချင်း၏ လက်ကလေးကို အသာအယာ ဆုပ်ကိုင်လိုက်ပြီးနောက် ချက်ချင်းပင် ပြန်လည် လွှတ်ပေးလိုက်သည်။

“ဪ... ဒါနဲ့… ကျွန်မတို့ လက်ထပ်မယ့် ကိစ္စအတွက် ဟန်ပြလုပ်ထုံးလုပ်နည်းတွေ၊ အခမ်းအနားတွေ အများကြီး လုပ်ဖို့မလိုဘူး မဟုတ်လား… တတ်နိုင်သမျှ အမြန်ဆုံးပဲ ပြီးလိုက်ကြမလား…” 

ဟယ်ရီချင်းက ဆက်ပြောဆိုလိုက်သည်။

“ရှင် ဘယ်နေ့ အားမလဲဆိုတာ ကြည့်ပြီးတော့... ကျွန်မတို့အိမ်ကို တရားဝင် လာတောင်းရမ်းပေးပါလား…”

“သန်ဘက်ခါဆိုရင်ရော ဘယ်လိုလဲ…” 
ရှန်လီက အကြံပြုသည်။

ဟယ်ယဲ့ချင်းတွင် မည်သည့်ကန့်ကွက်ချက်မှ မရှိပေ။ မည်သို့ပင်ဖြစ်စေ သူမအတွက်မူ မြန်မြန်ပြီးလေ ပိုကောင်းလေ ဖြစ်သည်။ အကယ်၍ ဖြစ်နိုင်ပါက ဟယ်ယဲ့ချင်းက ရှန်လီနှင့် ချက်ချင်း လက်ထပ်ကာ သူမ၏ အိမ်ထောင်စုစာရင်းကို တစ်ပါတည်း ချက်ချင်း ပြောင်းရွှေ့ပစ်ချင်နေသည်။

“ဒါဆို ဒီနှစ်ရက်အတွင်းမှာ ကျွန်မတို့ မိသားစုတွေကို အသိပေးလိုက်ကြမလား…” 
ဟယ်ယဲ့ချင်းက မေးသည်။

ရှန်လီက ခေါင်းညိတ်ပြလိုက်၏။

…

ရှန်လီက သန်ဘက်ခါတွင် လာရောက် တောင်းရမ်းမည်ဟု ပြောကြားခဲ့သဖြင့် ဟယ်ယဲ့ချင်းကလည်း မလာရောက်မီ တစ်ရက်အလို ညပိုင်းကျမှသာ နျိုချွန်းဟုန်နှင့် ဟယ်အာ့ရွှမ်းတို့ကို အသိပေးရန် ဆုံးဖြတ်လိုက်သည်။

လာရောက် မတောင်းရမ်းမီ တစ်ရက်အလို ညပိုင်းမှ အသိပေးရန် ရွေးချယ်ရခြင်းတွင် အကြောင်းရင်း နှစ်ချက် ရှိသည်။ ပထမအချက်က ဟယ်ယဲ့ချင်းက သူတို့နှင့် ဆွေးနွေးတိုင်ပင်ရန် ရည်ရွယ်ချက် မရှိဘဲ လူမှုရေးအရ အသိပေးရုံသက်သက်သာ ဖြစ်ခြင်းကြောင့် ဖြစ်ပြီး၊ ဒုတိယအချက်က အကယ်၍ စောစောစီးစီး ကြိုတင်ပြောထားပါက နျိုချွန်းဟုန်ဘက်မှ ပြောစရာ စကားများ တရစပ် ထွက်ပေါ်လာမည်ဖြစ်ရာ ဟယ်ယဲ့ချင်းက ထိုသို့ အလုပ်ရှုပ်ခံရမည်ကို စိတ်ပျက်ငြီးငွေ့သောကြောင့် ယခုကဲ့သို့ စောင့်ဆိုင်းရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတွင် လာရောက် တောင်းရမ်းမည့်ရက် မတိုင်မီ တစ်ရက်အလို ညပိုင်းသို့ ရောက်ရှိလာခဲ့သည်။

ဟယ်ယဲ့ချင်းတစ်ယောက် နျိုချွန်းဟုန်ကို သွားရောက် ရှာဖွေခြင်း မပြုရသေးမီမှာပင် နျိုချွန်းဟုန်ကိုယ်တိုင် သူမ၏ အခန်းထဲသို့ ရောက်ရှိလာခဲ့သည်။

“ချင်းချင်း... အောင်သွယ်တော် ကျန်းက သမီးအတွက် နောက်ထပ် အိမ်ထောင်ဖက်လောင်း တစ်ယောက် ထပ်ပြီး မိတ်ဆက်ပေးတယ်… အခုတစ်ခေါက် လူက မြို့ပေါ်ကတဲ့…” 

နျိုချွန်းဟုန်က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် စကားစလာသည်။ 

“အမေ သမီးအတွက် အသေအချာ စုံစမ်းပေးပြီးပြီ… အဲဒီ လူငယ်လေးရဲ့ စရိုက်ကလည်း ကောင်းတယ်… သူ့မိသားစုရဲ့ နောက်ခံ အခြေအနေကလည်း တောင့်တင်းတယ်… သမီး အချိန်နည်းနည်းလောက် ပေးပြီး သူနဲ့ တွေ့ကြည့်မလား…”

ပြီးခဲ့သည့် အကြိမ်က ဟယ်ယဲ့ချင်းက ရှန်ယွီယင်းနှင့် တွေ့ဆုံပွဲကို ဖျက်ဆီးပစ်ခဲ့သဖြင့် နျိုချွန်းဟုန်က အောင်သွယ်တော် ကျန်းအပေါ် အားနာစရာဖြစ်ခဲ့ရသည်။ သို့သော် ဟယ်ယဲ့ချင်းအတွက် အိမ်ထောင်ဖက်ကောင်းတစ်ခု ရှာဖွေပေးနိုင်ရန် အောင်သွယ်တော် ကျန်းကို ဆက်လက် အားကိုးလိုသေးသဖြင့် နျိုချွန်းဟုန်က စကားကောင်းများ ပြောဆိုကာ အပြစ်ဖြေရန်အတွက် လက်ဆောင်ပစ္စည်းများပါ ပေးပို့ခဲ့ရသည်။ နောက်ဆုံးတွင်မှ အောင်သွယ်တော် ကျန်း၏ စိတ်ကျေနပ်မှုကို ပြန်လည် ရရှိခဲ့ခြင်း ဖြစ်သည်။

ဤရက်ပိုင်းအတွင်း သူမ ကြုံတွေ့ခဲ့ရသော မချိတင်ကဲ အခြေအနေများကို တွေးတောမိတိုင်း နျိုချွန်းဟုန်တစ်ယောက် အလွန်အမင်း ခါးသီးဝမ်းနည်းမိသည်။ သို့သော် ဤအရာအားလုံးက ဟယ်ယဲ့ချင်း၏ အကျိုးအတွက် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု တွေးမိသည့်ခဏ၌ သူမက စိတ်ဓာတ်များ ချက်ချင်း ပြန်လည် တက်ကြွလာခဲ့ပြန်သည်။

နျိုချွန်းဟုန်က အောင်သွယ်တော် ကျန်းထံမှ သိရှိရသည်။ ရှန်ယွီယင်းက ဟယ်ယဲ့ချင်းအပေါ် အလွန် မကျေမနပ် ဖြစ်နေခဲ့သော်လည်း သူမ၏ သားဖြစ်သူ ကျန်းကျစ်ဖန်ကမူ ဟယ်ယဲ့ချင်းအပေါ် စိတ်ဝင်စားနေဆဲဖြစ်ပြီး သူမနှင့် နောက်ထပ်တစ်ကြိမ် ဆုံတွေ့ခွင့်ရရန် စီစဉ်ပေးရန် အောင်သွယ်တော် ကျန်းကို သီးသန့် အကူအညီတောင်းခံထားခဲ့ခြင်း ဖြစ်သည်။

အောင်သွယ်တော် ကျန်းက ဤအကြောင်းကို နျိုချွန်းဟုန်ထံသို့ လာရောက် ပြောကြားသည့်အခါ နျိုချွန်းဟုန်က အသေအချာ စဉ်းစားတွေးတောပြီးနောက် နောက်ဆုံးတွင် ငြင်းပယ်လိုက်လေသည်။ 

နျိုချွန်းဟုန်က ထိုနေ့က ရှန်ယွီယင်း၏ အမူအရာကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ထိုကဲ့သို့သော ခက်ထန်ဆိုးသွမ်းပြီး နိုင်ထက်စီးနင်း ပြုလုပ်တတ်သည့် ယောက္ခမမျိုးနှင့် ဆိုပါက ဟယ်ယဲ့ချင်း၏ နောင်ရေးက တကယ့်ကို ခက်ခဲပင်ပန်းလိမ့်မည် ဖြစ်သည်။ ဟယ်ယဲ့ချင်းကိုယ်တိုင်ကလည်း ထိုလူနှင့် ဝေးဝေးနေကာ သဘောမကျကြောင်း ပြသထားပြီးဖြစ်ရာ နျိုချွန်းဟုန်က ရှန်ယွီယင်းနှင့် ကျန်းကျစ်ဖန်တို့ဘက်သို့ အတင်းအကျပ် ရှေ့ဆက်တွန်းပို့ရန် မလိုအပ်တော့ဟု မြင်မိခြင်းကြောင့်ပင်။

အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက်တွင်မှ နျိုချွန်းဟုန်က အောင်သွယ်တော် ကျန်းထံမှ သတင်းကောင်းတစ်ခု ထပ်မံ ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူမက ဟယ်ယဲ့ချင်းထံသို့ အပြေးအလွှား လာရောက် ပြောကြားခြင်း ဖြစ်ပြီး ထိုအိမ်ထောင်ဖက်လောင်းနှင့် တွေ့ဆုံရန် သိမ်းသွင်း ဖျောင်းဖျနိုင်လိမ့်မည်ဟု မျှော်လင့်နေခဲ့သည်။

သို့သော် နျိုချွန်းဟုန်က ယနေ့ ဟယ်ယဲ့ချင်း၏ အမူအရာက အနည်းငယ် ထူးဆန်းနေကြောင်း ချက်ချင်း သတိပြုမိသွားသည်။ ယခင်ကဆိုလျှင် ဤကဲ့သို့သော ကိစ္စများကို ပြောဆိုတိုင်း ဟယ်ယဲ့ချင်းက စကားများများမပြောသော်လည်း သူမ၏ မျက်ဝန်းများတွင် ဒေါသအရိပ်အယောင်များ ထင်ဟပ်နေတတ်သည်။

သို့သော် ယခုအချိန်၌မူ ဟယ်ယဲ့ချင်းက သူမကို တည်ငြိမ်စွာဖြင့် တစ်ချက်မျှ လှမ်းကြည့်ပြီး အေးစက်စက် လေသံဖြင့်သာ ပြတ်သားစွာ ဆိုလိုက်သည်။

“ကျွန်မ မသွားဘူး… ကျွန်မမှာ လက်ထပ်မယ့်သူ ရှိနေပြီ…”

ထိုစကားကို ကြားလိုက်ရသောအခါ နျိုချွန်းဟုန်က အကြီးအကျယ် တုန်လှုပ်သွားပြီး မေးမြန်းလိုက်တော့သည်။

“ချင်းချင်း... သမီး ဘာတွေ ပြောနေတာလဲ…”

“ကျွန်မမှာ လက်ထပ်မယ့်သူ ရှိနေပြီလို့ ပြောတာ… သူက ရွာအစွန်က အဘွားရှန်ရဲ့ မြေး... ရှန်လီ ပဲ… သူ မနက်ဖြန်ကျရင် အိမ်ကို လာပြီး တောင်းရမ်းလိမ့်မယ်…”

ဟယ်ယဲ့ချင်းက စိတ်ရှည်လက်ရှည်ဖြင့် ထပ်မံ ရှင်းပြလိုက်သည်။

“မဖြစ်နိုင်တာ… အမေ လုံးဝ သဘောမတူဘူး…” 
နျိုချွန်းဟုန်က ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။

🖼🖼🖼
သူ့အမေကို တော်တော်လေး နားမလည်နိုင်ဘူး🖼အခန်း (၂၃) 
– လာရောက် တောင်းရမ်းခြင်း 
 

“ဘာဖြစ်လို့ သဘောမတူနိုင်ရမှာလဲ…”  

ဟယ်ယဲ့ချင်းက ပြန်လည် မေးခွန်းထုတ်လိုက်သည်။  

“အမေတို့ပဲ ကျွန်မကို အမြဲတမ်း အိမ်ထောင်ချပေးချင်နေတာ မဟုတ်လား… အခု ကျွန်မက အိမ်ထောင်ပြုမယ်လို့ ပြောတာကို ဘာလို့ သဘောမတူရပြန်တာလဲ…” 
 
“မဟုတ်ဘူး... အဲလိုမဟုတ်ဘူး… ငါက...”  

နျိုချွန်းဟုန်တစ်ယောက် စကားများပင် ထစ်ငေါ့ကုန်တော့သည်။  

“ဒါပေမဲ့ သမီးက ရှန်မိသားစုထဲကို အိမ်ထောင်ပြုလို့ မဖြစ်ဘူးလေ… သူတို့မိသားစုက...” 
 
နျိုချွန်းဟုန်က ရှန်မိသားစုကို အထင်အမြင်သေးသည့် အရိပ်အယောင်များပြသကာ စကားကို အဆုံးမသတ်ဘဲ ချန်ထားခဲ့သည်။ 
 
“ဘာဖြစ်လို့ မဖြစ်ရမှာလဲ… ကျွန်မတို့ မိသားစုကရော ဘယ်နေရာတွေမှာ ရှန်မိသားစုထက် သာနေလို့လဲ… ဒါက တကယ်ကို အိုးပဲ့နဲ့ စလောင်းရွဲ့လို ကွက်တိပဲ မဟုတ်လား…”  

ဟယ်ယဲ့ချင်းက အပြုံးမမြည်သော အပြုံးမျက်နှာဖြင့် ဆိုလိုက်သည်။ 
 
“ခေါင်းမမာစမ်းပါနဲ့ ချင်းချင်းရယ်… အမေ့စကားကို နားထောင်စမ်းပါ… အမေ အောင်သွယ်တော်ကို သမီးအတွက် မြို့ပေါ်ကလူတစ်ယောက် ထပ်ပြီး မိတ်ဆက်ပေးဖို့ အတင်းအကျပ် တောင်းဆိုပေးပါ့မယ်…”  

နျိုချွန်းဟုန်က အသနားခံသကဲ့သို့ ပြောလာသည်။ 
 
ဟယ်ယဲ့ချင်းကမူ အေးစက်စက် လေသံဖြင့် မေးလိုက်၏။ 

“အမေက ဘာဖြစ်လို့ ကျွန်မကို မြို့ပေါ်ကလူနဲ့ပဲ ဇွတ်အတင်း အိမ်ထောင်ချပေးချင်နေရတာလဲ… တစ်ယောက်ယောက်က အမေ့ကို အကျိုးအမြတ် တစ်ခုခု ပေးထားလို့လား…” 
 
“လုံးဝ မဟုတ်ရပါဘူး…”  
နျိုချွန်းဟုန်က ပျာပျာသလဲ ငြင်းဆိုသည်။  

“သမီးအတွက် ကောင်းစေချင်လို့ လုပ်ပေးနေတာဆိုတာကို ဘာဖြစ်လို့ မယုံကြည်နိုင်ရတာလဲ…” 
 
ထိုစကားကို ကြားလိုက်ရသော်လည်း ဟယ်ယဲ့ချင်း၏ ရင်ထဲတွင် မည်သို့မျှ လှုပ်ခတ်သွားခြင်း မရှိပေ။ နျိုချွန်းဟုန်က သူမကို တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်မပြုဘဲ အိမ်ထောင်ချပေးရန် အတင်းအကျပ် ဖိအားပေးနေခြင်းက သူမ၏ အကျိုးအတွက် ဖြစ်သည်ဟူ၍ သူမကိုယ်သူမ မည်သို့မျှ နားချ၍ မရနိုင်ချေ။ 
 
“ဘာပဲဖြစ်ဖြစ်... ရှန်လီကလွဲရင် ကျွန်မ ဘယ်သူ့ကိုမှ လက်မထပ်နိုင်ဘူး…”  

ဟယ်ယဲ့ချင်းက ပြတ်သားစွာ ဆိုလိုက်သည်။ 
 
နျိုချွန်းဟုန်၏ မျက်နှာအမူအရာက တရစပ် ပြောင်းလဲသွားခဲ့သည်။ သူမက ဟယ်ယဲ့ချင်း၏ စရိုက်ကို ကောင်းစွာ သိရှိထားသည်။ ဟယ်ယဲ့ချင်းက အစဉ်အမြဲ ပြုံးရွှင်ပြီး လိုက်လျောညီထွေရှိမည့် ပုံစံမျိုး ရှိသော်လည်း အမှန်စင်စစ်တွင်မူ အလွန်ခေါင်းမာသူတစ်ဦး ဖြစ်သည်။ တစ်ခုခုကို ဆုံးဖြတ်ချက် ချပြီးပါက မည်သည့်အခါမှ အလွယ်တကူ လက်လျှော့တတ်သူ မဟုတ်ပေ။ 
 
ဒါပေမဲ့ ဘာဖြစ်လို့ အဲဒီ ရှန်မိသားစုက ကောင်လေး ဖြစ်နေရတာလဲ… 
 
ရုတ်တရက် နျိုချွန်းဟုန်၏ ခေါင်းထဲသို့ ဖြစ်နိုင်ခြေတစ်ခု ဖျတ်ခနဲ ဝင်ရောက်လာခဲ့သည်။ 
 
“သမီးက ဘာဖြစ်လို့ ရှန်လီ့ကိုမှ ဇွတ်လက်ထပ်ချင်နေရတာလဲ…”  

နျိုချွန်းဟုန်က မျက်ဝန်းများ နီမြန်းလျက် ဟယ်ယဲ့ချင်းကို စိုက်ကြည့်ကာ မေးလိုက်တော့သည်။ 

“ဒါ... ဒါ... သူက သမီးအပေါ် အခွင့်ကောင်းယူသွားလို့လား…” 
 
ထိုစကားကြောင့် ဟယ်ယဲ့ချင်းတစ်ယောက် ကြောင်အမ်းသွား၏။ နျိုချွန်းဟုန်က ဤမျှအထိ တွေးတောမိလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့မိပေ။ သို့သော် မကြာမီမှာပင် ၎င်းက အကောင်းဆုံးသော အခွင့်အရေးတစ်ခု ဖြစ်ကြောင်း သူမ သဘောပေါက်သွားခဲ့သည်။ 
 
ဟယ်ယဲ့ချင်းက မျက်လွှာချကာ တိတ်ဆိတ်စွာ နေလိုက်သည်။ နျိုချွန်းဟုန်၏ မျက်စိထဲတွင်မူ ဤတိတ်ဆိတ်မှုက ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။ 
 
“သမီး... သမီး ဘာဖြစ်လို့ ဒီလောက်တောင် မိုက်မဲရတာလဲ…”  

နျိုချွန်းဟုန်က ဒေါသတကြီးဖြင့် မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာတစ်ခုလုံးက ချက်ချင်းပင် ဖြူဖျော့သွားတော့သည်။  

“သမီး... သမီး... နင်ကတော့...” 
 
ဟယ်ယဲ့ချင်း၏ မျက်နှာတွင်မူ ရှက်ရွံ့သည့် အရိပ်အယောင်မျှပင် မရှိချေ။ စိတ်ထဲမှ ရှန်လီ့ကို အကြိမ်ကြိမ် တောင်းပန်လိုက်ပြီးနောက် သူမက ပြားချပ်နေသော ဗိုက်ကလေးကို လက်ဖြင့် အသာအယာ ပွတ်သပ်ပြကာ နျိုချွန်းဟုန်အား ပြင်းထန်သော ဆေးတစ်ခွက် တိုက်ကျွေးလိုက်တော့သည်။  

“အိမ်ထောင်ရေးကို မြန်မြန်ပဲ စီစဉ်ပေးပါတော့… ကျွန်မ အကြာကြီး မစောင့်နိုင်ဘူး…” 
 
နျိုချွန်းဟုန်က ဟယ်ယဲ့ချင်း၏ အမူအရာကို အသေအချာ မြင်တွေ့လိုက်ရပြီး သူမ၏ စကားကို ကြားရသောအခါ ဒေါသကြောင့် အသက်ရှူပင် ကျပ်သွားမတတ် ဖြစ်ရတော့သည်။ ဟယ်ယဲ့ချင်း ဆိုလိုသည့် အဓိပ္ပာယ်ကို သူမက နားမလည်ဘဲ မနေပေ။ ၎င်းက သူမတွင် ကိုယ်ဝန်ရှိနေပြီဟု သွယ်ဝိုက်၍ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ 
 
အိမ်ထောင်မပြုမီ ကိုယ်ဝန်ရှိခြင်းက ဤခေတ်ကာလတွင် အလွန်အမင်း အရှက်ရဖွယ်ရာ ဖြစ်ပြီး အတင်းအဖျင်း သတင်းများဖြင့် ပြည့်နှက်နေသော ဤကျေးလက်တောရွာ၌ လူအများမှ ကွယ်ရာတွင် အတင်းပြောခြင်းနှင့် ကျိန်ဆဲခြင်းတို့ကို ခံရပေလိမ့်မည်။ ထိုအချက်ကို နျိုချွန်းဟုန်က သဘောပေါက်သွားသည့် ခဏ၌ သူမ၏ ရှေ့မှောက်တွင် ကမ္ဘာကြီးတစ်ခုလုံး မှောင်အတိ ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

နျိုချွန်းဟုန်က စိတ်လွင့်နေသော ပုံစံဖြင့် ဟယ်ယဲ့ချင်း၏ အခန်းထဲမှ ထွက်ခွာသွားလေသည်။ 
 
မကြာမီမှာပင် ဟယ်ယဲ့ချင်းက နျိုချွန်းဟုန်နှင့် ဟယ်အာ့ရွှမ်းတို့၏ အိပ်ခန်းထဲမှ ဆူညံသံများနှင့်အတူ ဟယ်အာ့ရွှမ်း၏ ဆဲဆိုသံများနှင့် ပစ္စည်းများ ရိုက်ခွဲသံများကို ကြားလိုက်ရသည်။ ဟယ်အာ့ရွှမ်းက ဟယ်ယဲ့ချင်း၏ အခန်းထဲသို့ လာရောက်ရန် ကြံရွယ်ပုံရသော်လည်း ကိစ္စရပ်များကို ပိုမို ကြီးကျယ်မသွားစေရန်အတွက် နျိုချွန်းဟုန်က အတင်းအကျပ် ဆွဲတားထားပုံရသည်။ 
 
ဟယ်ယဲ့ချင်းကမူ ဟယ်အာ့ရွှမ်းနှင့် နျိုချွန်းဟုန်တို့၏ ဆူညံသံများကို ဂရုမစိုက်ဘဲ ခုတင်ပေါ်တွင် လှဲလျောင်းကာ အေးချမ်းစွာပင် အိပ်စက်အနားယူလိုက်လေသည်။ 
 
… 
 
ဟယ်ယဲ့ချင်းတို့ဘက်တွင် ကမောက်ကမ ဖြစ်ပွားနေသော်လည်း ရှန်လီတို့ဘက်တွင်မူ အခြေအနေများက အတော်ပင် တည်ငြိမ်အေးဆေးနေခဲ့သည်။ 
 
ရှန်လီက ဟယ်ယဲ့ချင်းနှင့် သဘောတူညီချက်ရရှိခဲ့သည့် ထိုနေ့မှာပင် အိမ်သို့ ပြန်လာခဲ့ပြီး အဘွားဖြစ်သူကို သူတို့၏ ဆုံးဖြတ်ချက်အား အသိပေးလိုက်သည်။ ထိုအချိန်တွင် အဘွားရှန်က ခြံဝင်းထဲရှိ ဝါးကုလားထိုင်ပေါ်တွင် လှဲလျောင်း အနားယူနေခဲ့သည်။ 
 
ရှန်လီက အဘွားဖြစ်သူထံသို့ တိုက်ရိုက် လျှောက်လှမ်းသွားပြီး သူမ၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ ဆိုလိုက်၏။ 

“အဘွား... ကျွန်တော် အိမ်ထောင်ပြုတော့မယ်…” 
 
အဘွားရှန်က မျက်တောင်များကို ပင့်တင်လျက် မယုံကြည်နိုင်သော မျက်နှာပေးဖြင့် “ဪ…” ဟု တစ်ချက် အသံပြုသည်။ ရှန်လီက ဘာမှမပြောဘဲ သူမကို တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့သည်။ 
 
ထိုအမူအရာကို မြင်တွေ့ရသောအခါမှ အဘွားရှန်က ခန္ဓာကိုယ်ကို မတ်လိုက်ပြီး မရေမရာဖြစ်နေသော မျက်ဝန်းများဖြင့် ရှန်လီကို စိုက်ကြည့်ကာ မေးလိုက်၏။ 

“မင်း တကယ်ပြောနေတာလား…” 
 
ရှန်လီက ခေါင်းညိတ်ပြလိုက်သည်။ 
 
အဘွားဖြစ်သူက အနည်းငယ် စိတ်တိုသွားပုံရပြီး မြေးဖြစ်သူဘက်သို့ လှည့်ကာ အေးစက်စက် လေသံဖြင့် ဆိုသည်။ 

“အစက ငါ အိမ်ထောင်ပြုဖို့ အတင်းပြောတုန်းကတော့ နားမထောင်ဘူး… အခုကျမှ ဘာဖြစ်လို့ ရုတ်တရက်ကြီး အိမ်ထောင်ပြုချင်ရတာလဲ…” 
 
“ဟုတ်ကဲ့ အဘွား... ကျွန်တော် အရင်က မှားသွားပါတယ်…”  
ရှန်လီ၏ တုံ့ပြန်မှုက အလွန်ပင် ရိုးသားတည်ကြည်လှသည်။ 
 
“ကဲ... ဒါဆိုရင် ဘယ်အိမ်က မိန်းကလေးလဲ…”  
အဘွားရှန်က ရှန်လီ၏ ယခုကဲ့သို့သော လိုက်လျောသည့် အမူအရာကြောင့် စိတ်ကျေနပ်သွားရသည်။ 
 
“အဘွားလည်း သိတဲ့သူပါ… ပြီးခဲ့တဲ့အကြိမ်က ဆေးရုံမှာ ကျွန်တော်တို့ ဆုံခဲ့တဲ့ မိန်းကလေး... ဟယ်ယဲ့ချင်း လေ…” 
ရှန်လီက ပြန်လည် ဖြေကြားလိုက်သည်။ 
 
“ဪ... ဟယ်မိသားစုက အဲဒီ မိန်းကလေးလား…”  
အဘွားရှန်က ဆေးရုံတွင် ဆုံတွေ့ခဲ့ရသော ချောမောလှပပြီး ယဉ်ကျေးသိမ်မွေ့သည့် ဟယ်ယဲ့ချင်းကို ပြန်လည် သတိရမိသွားသည်။ ထို့နောက် သူမ၏ ရှေ့ရှိ ရှန်လီကို တစ်ချက် ပြန်ကြည့်ကာ မေးလိုက်၏။ 

“မင်းက သူ့ကို လက်ထပ်ချင်တယ်… သူကလည်း သဘောတူတယ်ပေါ့ ဟုတ်လား…” 
 
အဘွားရှန်က သူမ၏ မြေးကို အလွန်အမင်း အထင်ကြီး လေးစားသော်လည်း သူမတို့ မိသားစု၏ အပြင်ပန်း ဂုဏ်သတင်း ဆိုးဝါးနေမှုကိုမူ ကောင်းစွာ သဘောပေါက်ထားသည်။ သို့မဟုတ်ပါက အောင်သွယ်တော်ကို အိမ်ထောင်ဖက် ရှာဖွေပေးရန် အကူအညီတောင်းထားခဲ့သည်က ဤမျှအထိ ကြာမြင့်နေပြီဖြစ်သော်လည်း မည်သည့်သတင်းမျှ ထွက်ပေါ်မလာဘဲ နေမည် မဟုတ်ချေ။ 
 
သို့သော်လည်း ဟယ်မိသားစုက ထိုမိန်းကလေးကမူ အခြေအနေချင်း လုံးဝ မတူညီပေ။ အဘွားရှန်က ဤနှစ်များအတွင်း အိမ်ထဲတွင်သာ အနေများသော်လည်း ဟယ်ယဲ့ချင်းနှင့် ပတ်သက်သည့် သတင်းအချို့ကိုမူ ကြားသိထားခဲ့သည်။ လူအများက သူမက လိမ္မာပါးနပ်ပြီး အရည်အချင်းရှိသူဖြစ်ကာ စာပေသင်ကြားမှုတွင် ထူးချွန်ပြီး အမြဲတမ်း ပထမ ရရှိသူဖြစ်ကြောင်း ပြောစကြသည်။ သူမက နောင်တစ်ချိန်တွင် တက္ကသိုလ်တက်ရောက်ခွင့် ရရှိပြီး အစိုးရ၏ ထောက်ပံ့မှုကို ခံရမည့်သူ ဖြစ်သည်ဟု ဆိုကြသည်။ 
 
ရွာသားများက ရှန်လီ့အပေါ် ရှုမြင်ပုံနှင့် နှိုင်းယှဉ်ပါက ၎င်းက မိုးနှင့်မြေကဲ့သို့ ကွာခြားလှသည်။ သို့သော်လည်း မကြာသေးမီက ထိုမိန်းကလေးက အခက်အခဲအချို့နှင့် ကြုံတွေ့နေရသည်ဟု သတင်းများ ထွက်ပေါ်နေခဲ့သည်။ သူမ၏ မိဘများက သူမကို တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် မပြုတော့ဘဲ အိမ်ထောင်ချပေးရန် ကြံရွယ်နေကြသည်ဟု ဆိုကြသည်။

 á€Ąá€˜á€˝á€Źá€¸á€›á€žá€”်က ထိုသတင်းကို ကြားသိရစဉ်က ဟယ်အာ့ရွှမ်းနှင့် သူ့ဇနီးတို့တွင် စိတ်ပြဿနာ တစ်ခုခုရှိနေပြီဟု စိတ်ထဲ၌ ထင်မြင်မိခဲ့သည်။ 
 
အနှစ်ချုပ်ရလျှင် အဘွားရှန်က ဟယ်ယဲ့ချင်းနှင့် သူမ၏ မြေးဖြစ်သူတို့ကို တစ်ခါမျှ ဆက်စပ် တွေးတောမိခြင်း မရှိခဲ့ချေ။ ထို့ကြောင့် ဟယ်ယဲ့ချင်းကို လက်ထပ်လိုသည်ဟူသော ရှန်လီ၏ စကားကို ကြားရသောအခါ သူမ၏ ပထမဆုံး တုံ့ပြန်မှုက မယုံကြည်နိုင်ခြင်းပင် ဖြစ်သည်။ 
 
“သူ သဘောတူပါတယ်… ကျွန်တော် သန်ဘက်ခါကျရင် သူတို့အိမ်ကို တရားဝင် သွားပြီး တောင်းရမ်းမယ်…”

ရှန်လီက တည်ငြိမ်စွာ ဆိုသည်။ 
 
“ဘာပြောတယ်…”  
အဘွားရှန်က မျက်လုံးများ ပြူးကျယ်သွားသည်။  

“ငါ့ကို လာပြီး နောက်ပြောင်မနေစမ်းပါနဲ့…” 
 
“ကျွန်တော် အဘွားကို နောက်ပြောင်နေတာ မဟုတ်ပါဘူး…”  
ရှန်လီက မတတ်နိုင်သည့် လေသံဖြင့် ဆိုရှာသည်။  

“အဘွား နေမကောင်းဖြစ်နေတော့... ကျွန်တော်တစ်ယောက်တည်းပဲ သွားပြီး တောင်းရမ်းလိုက်ပါ့မယ်…” 
 
အဘွားရှန်က သူ့ကို စိုက်ကြည့်လျက် မျက်လုံးများ ပိုမို ပြူးကျယ်လာသည်။ 

“ဒါက တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ… ဒီကိစ္စတွေကို ဒီလိုမျိုး လုပ်လေ့လုပ်ထ မရှိဘူးဟဲ့…” 
 
ရှန်လီက ဘာမှမပြောဘဲ တိတ်ဆိတ်နေခဲ့သည်။ 
 
“မင်း ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ…  á€€á€­á€…ယစတစ်ခုခု ရှိနေလို့လား…”  

အဘွားရှန်က သံသယစိတ်ဖြင့် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ 
 
“မရှိပါဘူး… အဲဒါက... ကျွန်တော် သူ့ကို အမြန်ဆုံး လက်ထပ်ချင်လို့ပါ…” 

ရှန်လီက ဆိုလိုက်စဉ် သူ၏ နားရွက်ကလေးများက အနည်းငယ် နီမြန်းသွားခဲ့သည်။ 
 
အဘွားရှန်ကမူ သူ့ကို လုံးဝ မယုံကြည်နိုင်သေးဘဲ သံသယစိတ်ဖြင့် ထပ်မံ စူးစမ်းသည်။ 

“တကယ်လား…” 
 
“တကယ်ပါ အဘွားရဲ့… ကျွန်တော်က အဘွားကို ဘာလို့ လိမ်ရမှာလဲ…”  

ရှန်လီက သူ့မျက်နှာအမူအရာကို ပြန်လည် ထိန်းချုပ်လိုက်ပြီး ပြောလေ၏။  

“အဘွားပဲ ကျွန်တော့်ကို အိမ်ထောင်ပြုစေချင်နေတာ မဟုတ်လား… အခု ကျွန်တော်က အိမ်ထောင်ပြုမယ်ဆိုတော့ ဘာလို့ မပျော်ရတာလဲ…” 
 
အဘွားရှန်က မြေးဖြစ်သူ၏ စရိုက်ကို ကောင်းစွာ နားလည်ထားဆဲ ဖြစ်သည်။ ရှန်လီက အခြားသူများ၏ ဖိအားပေးမှုကို အလွယ်တကူ လက်ခံမည့်သူမျိုး မဟုတ်ချေ။ သူမက ရှန်လီက ဟယ်ယဲ့ချင်းကို အမှန်တကယ်ပင် လက်ထပ်လိုနေကြောင်း ခံစားမိသော်လည်း… 
 
ဘာဖြစ်လို့ပါလိမ့်… 
 
“ဒီကိစ္စက တစ်ခုခု ထူးဆန်းနေသလိုပဲ…” 

အဘွားရှန်က တိုးတိုးလေး ရေရွတ်မိသည်။ သို့သော် မကြာမီမှာပင် သူမက ရှန်လီ၏ စနောက်စကားများကြောင့် အာရုံလွဲသွားပြီး အယုံသွင်းခြင်းကို ခံလိုက်ရတော့သည်။ 
 
… 
 
မကြာမီမှာပင် ရှန်မိသားစုဘက်မှ တရားဝင် လာရောက် တောင်းရမ်းမည့်ရက်သို့ ရောက်ရှိလာခဲ့သည်။ ရှန်လီက အဘွားဖြစ်သူကို လိုက်လာရန် မလိုကြောင်း ပြောခဲ့သော်လည်း အဘွားရှန်က အိမ်တွင် ငြိမ်ငြိမ်လေး နေနိုင်မည် မဟုတ်ပေ။ 
 
ထိုနေ့တွင် ရှန်လီ၊ သူ့အဘွားနှင့် ရှန်မိသားစု၏ ဆွေမျိုးနှစ်ဦးတို့က လက်ဆောင်ပစ္စည်း အိတ်များကို ကိုင်ဆောင်လျက် ဟယ်မိသားစု၏ အိမ်သို့ ဦးတည် လျှောက်လှမ်းလာကြသည်။ ရှန်လီနှင့် သူ့အဘွားတို့ကို ရွာထဲတွင် မြင်တွေ့ရခဲလှသဖြင့် သူတို့နှစ်ဦး လက်ဆောင်ပစ္စည်းများနှင့်အတူ ရုတ်တရက် ပေါ်လာခြင်းက ရွာသားများ၏ အာရုံစိုက်မှုကို ချက်ချင်းပင် ဆွဲဆောင်နိုင်ခဲ့သည်။ 
 
“သူတို့ ဘယ်သွားကြမလို့လဲမသိဘူး…”  
တစ်ယောက်က စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။ 
 
ရှန်မိသားစုဘက်မှ ပါဝင်လာသော ဆွေမျိုးနှစ်ဦးက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ တစ်ဦးက ရှန်လီ၏ မိခင်ဘက်မှ အဘိုး၏ တူဖြစ်သူ (ဝမ်းကွဲဦးလေး) ဖြစ်ကာ အခြားတစ်ဦးကမူ အဖေဘက်မှ ဝမ်းကွဲအဒေါ် ဖြစ်သည်။ 
 
ရှန်လီ၏ ဝမ်းကွဲအဒေါ်က ကြင်နာတတ်သော ပုံစံရှိသည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ဖြစ်ပြီး စကားအပြောအဆို အလွန် ပြေပြစ်သူ ဖြစ်သည်။ သူမက မေးခွန်းကို ကြားရသောအခါ ချက်ချင်းပင် ပြုံးရွှင်စွာဖြင့် ပြန်လည် ဖြေကြားလိုက်သည်။ 

“ဒါက မင်္ဂလာရှိတဲ့ အရေးကိစ္စပါ… ကျွန်မတို့ ဟယ်မိသားစုအိမ်ကို သွားပြီး တောင်းရမ်းမလို့ပါ…”  
 
“ဟယ်မိသားစုအိမ် ဟုတ်လား… ဘယ်အိမ်လဲ…” 
 
ရွာထဲတွင် ဟယ်မျိုးရိုးအမည်ရှိသည့် မိသားစုများစွာ ရှိနေသဖြင့် ရွာသားများက စပ်စုလိုစိတ်ဖြင့် ထပ်မံ မေးမြန်းကြသည်။ 
 
“ဟယ်အာ့ရွှမ်းရဲ့ မိသားစုလေ…” 
ရှန်လီ၏ ဝမ်းကွဲအဒေါ်က ကျယ်လောင်စွာ ကြေညာလိုက်လေသည်။ 
 
ဟယ်အာ့ရွှမ်းရဲ့ မိသားစု ဟုတ်လား… ဒါဆိုရင် ဟယ်ယဲ့ချင်းကို လာတောင်းရမ်းတာ မဟုတ်ဘူးလား… 
 
ဒါနဲ့... ဘယ်သူက လာပြီး တောင်းရမ်းတာလဲ…  
 
ရွာသားများအားလုံး၏ အကြည့်များက ရှန်လီ၏ ဝမ်းကွဲအဒေါ်အနောက်တွင် ရပ်နေသော အရပ်မြင့်မြင့်နှင့် ထည်ဝါခံ့ညားလှသည့် ရှန်လီ၏ ကိုယ်ပေါ်သို့ ချက်ချင်းပင် စူးစိုက်ကျရောက်သွားကြတော့သည်။ 
 
ရှန်လီ၏ မျက်နှာထက်တွင် ခက်ထန်ကြမ်းတမ်းသော အရိပ်အယောင်များ ယှက်သန်းနေဆဲ ဖြစ်သော်လည်း သူက ဒေသ၏ မိရိုးဖလာ လာရောက်တောင်းရမ်းခြင်း ဆိုင်ရာ ထုံးတမ်းစဉ်လာများကို ကောင်းစွာ နားလည်သဘောပေါက်ထားသူ ဖြစ်သည်။ ထို့ကြောင့် လမ်းခရီးတစ်လျှောက်တွင် ဆုံတွေ့သမျှ ရွာသားအမျိုးသားများကို စနစ်တကျပင် စီးကရက်တစ်လိပ်စီ ကမ်းကာ ရိုသေစွာ နှုတ်ဆက်ခဲ့သည်။ 
 
ရွာသားအမျိုးသားများက လုံးဝ ဝေခွဲမရနိုင်သော ဇဝေဇဝါမျက်နှာများဖြင့် စီးကရက်များကို လှမ်းယူလိုက်ကြသည်။ 
 
ရှန်လီနဲ့ ဟယ်ယဲ့ချင်းက အတူတူ လက်တွဲကြမလို့ ဟုတ်လား… 
 
ဒါက ဘယ်လိုမှ မဖြစ်နိုင်တာကြီးပဲ… 
 
ရွာသားများ၏ ပထမဆုံးသော တုံ့ပြန်မှုက လုံးဝ မယုံကြည်နိုင်ခြင်းပင် ဖြစ်သည်။ သို့သော်လည်း ရှန်မိသားစုဘက်မှ လာရောက်ကြသော လူတန်းကြီးက ဟယ်အာ့ရွှမ်း၏ အိမ်ဝင်းသို့ တကယ်တမ်း ခြေဦးလှည့်၍ ခရီးနှင်နေကြသည်ကို ကိုယ်တိုင်မျက်မြင် တွေ့ရှိလိုက်ရသည့်အခါတွင်မူ သူတို့၏ စိတ်ထဲ၌ သေချာရေရာမှု မရှိတော့ဘဲ ဒွိဟဖြစ်လာကြလေသည်။

ရှန်မိသားစုဘက်တွင် ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ မင်္ဂလာအငွေ့အသက်များ လွှမ်းခြုံနေသော်လည်း ဟယ်မိသားစုအိမ်တွင်းရှိ လေထုကမူ တုနှိုင်း၍မရလောက်အောင် အေးစက်တင်းမာကာ မှုံမှိုင်းအုံ့မှိုင်းနေခဲ့သည်။ 
 
မှန်ပေသည်။ ဤကဲ့သို့သော မှုံမှိုင်းတင်းမာမှုက နျိုချွန်းဟုန်နှင့် ဟယ်အာ့ရွှမ်းတို့ ဇနီးမောင်နှံနှစ်ဦးတည်းနှင့်သာ သက်ဆိုင်ခြင်း ဖြစ်သည်။ 
 
ဟယ်ယဲ့ချင်းကမူ ထိုအခြေအနေများကြောင့် မည်သို့မျှ ထိခိုက်တုန်လှုပ်ခြင်း မရှိခဲ့ပေ။ သူမက ယမန်နေ့ညက အိပ်ရေးဝဝ အိပ်စက်ခဲ့ရသဖြင့် ယနေ့နံနက်တွင် စိတ်ကြည်လင်လန်းဆန်းနေခဲ့သည်။ အိပ်ရာမှ ထခါစအချိန်၌ သူမကိုယ်သူမ သေသေချာချာ ပြင်ဆင်ခြယ်သရန်အတွက်ပင် အချိန်ပေးခဲ့သေးရာ ရေကန်အလယ်တွင် ဖူးပွင့်စပြုနေသော ကြာပန်းတစ်ပွင့်ကဲ့သို့ လှပလွန်းလှသည်။ 
 
ဟယ်အာ့ရွှမ်းက ဟယ်ယဲ့ချင်းအား တစ်လုပ်တည်း မျိုချပစ်တော့မည့်အလား ခက်ထန်လှသော မျက်လုံးများဖြင့် စူးစိုက်ကြည့်နေခဲ့ပြီး ဒေါသတကြီး ဆဲဆိုသံများကို တရစပ် အော်ဟစ်ပစ်ချင်နေသည့် ပုံစံမျိုး ပေါ်ပေါက်နေသည်။ ဟယ်ယဲ့ချင်းကမူ ထိုအကြည့်များကို လုံးဝ သတိမပြုမိသကဲ့သို့ ဟန်ဆောင်နေလေသည်။ 
 
နျိုချွန်းဟုန်ကလည်း သိသိသာသာပင် စိတ်မသက်မသာ ဖြစ်နေပြီး သက်ပြင်းကိုသာ တရစပ် ချနေသည်။ 
 
ဟယ်မိသားစုထဲတွင် အမြဲတစေ အေးဆေးပြီး ပူပန်မှုမရှိတတ်သော သားဖြစ်သူ ဟယ်ကျားဝမ်သည်ပင် နောက်ဆုံးတွင် အိမ်တွင်းရှိ ထူးခြားဆန်းပြားနေသော တင်းမာသည့် လေထုကို သတိပြုမိသွားတော့သည်။ သူက ဆန်ပြုတ်ကို သောက်နေစဉ် မေးမြန်းလိုက်သည်။ 

“အဖေ... အမေ... အဖေတို့ ဘာတွေ ဖြစ်နေကြတာလဲ…” 
 
နျိုချွန်းဟုန်က သက်ပြင်းတစ်ချက် ထပ်မံ ချလိုက်ပြီးနောက် ဟယ်ကျားဝမ်၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးကာ ဆိုလိုက်သည်။ 

“မင်းရဲ့ ဒုတိယအစ်မက မကြာခင်မှာ အိမ်ထောင်ပြုတော့မှာမို့လို့... ဒီနေ့ အမေတို့အိမ်ကို ဧည့်သည်တွေ လာလိမ့်မယ်… မင်း မဆိုးနဲ့… ငြိမ်ငြိမ်လေး နေနော်…” 
 
ဟယ်ကျားဝမ်သည် မျက်လုံးလေးများပြူးသွားပြီး မေးလိုက်သည်။ 

“ဒုတိယအစ်မက အိမ်ထောင်ပြုတော့မှာ ဟုတ်လား… ဒါဆို အစ်မက သားတို့နဲ့ အတူတူ ဆက်မနေတော့ဘူးပေါ့…” 
 
နျိုချွန်းဟုန်က ခေါင်းညိတ်ပြလိုက်၏။ 
 
ဟယ်ကျားဝမ်တစ်ယောက် ရုတ်တရက် ရင်ထဲ၌ မချိတင်ကဲ ဖြစ်သွားရသည်။ 
 
ဟယ်ယဲ့ချင်းက သူ့အပေါ် အလွန်အမင်း အလိုလိုက် အကြိုက်ဆောင်ခြင်း သို့မဟုတ် အထူးတလည် ဂရုစိုက်ခြင်းမျိုး မရှိခဲ့သော်လည်း သူက ဒုတိယအစ်မကို အမြဲတမ်း အလွန် လေးစားအားကျသူ ဖြစ်သည်။ ဟယ်ယဲ့ချင်းကဲ့သို့သော အစ်မတစ်ဦး ရှိနေခြင်းက သူ့အတွက် အလွန် ဂုဏ်ယူဝင့်ကြွားစရာ ကိစ္စရပ်တစ်ခု ဖြစ်သည်။ ရွာထဲရှိ မည်သည့်ကလေးမဆို သူ့တွင် ဟယ်ယဲ့ချင်းကဲ့သို့ ထူးချွန်သော အစ်မတစ်ဦး ရှိနေခြင်းအပေါ် မနာလို အားကျကြသည်သာ ဖြစ်သည်။ 
 
ဟယ်ကျားဝမ်က ဟယ်ယဲ့ချင်းကို ကြည့်လျက် ရင်ထဲတွင် ဝမ်းနည်းစိတ်တို့ ဖြတ်သန်းသွားကာ တိုးတိုးလေး မေးလိုက်သည်။  

“အစ်မ... အစ်မက တကယ်ပဲ အိမ်ထောင်ပြုတော့မှာလား…” 
 
ဟယ်ယဲ့ချင်းက သူ တွေ့ရခဲလှသော အပြုံးနုနုလေးတစ်ခု ပြသလျက် ပြန်ဖြေလိုက်သည်။ 

“ဟုတ်တယ်…” 
 
ထိုအခါ ဟယ်ကျားဝမ်၏ ရင်ထဲတွင် ပို၍ နာကျင်ဝမ်းနည်းသွားရသည်။ 
 
အတိအကျပင် ထိုအချိန်၌ ဟယ်မိသားစု၏ အိမ်ဝင်းအပြင်ဘက်မှ လှုပ်ရှားသံများ ထွက်ပေါ်လာခဲ့သည်။ လူများကို မျက်မှောက်မမြင်တွေ့ရသေးမီမှာပင် ရှန်မိသားစုဘက်မှ ပါဝင်လာသော ဝမ်းကွဲအဒေါ်ဖြစ်သူ၏ ကျယ်လောင်မြိုင်ဆိုင်လှသော ရယ်မောသံကို အရင်ဆုံး ကြားလိုက်ရသည်။  

“ခမည်းခမက်တို့ရေ... ကျွန်မတို့ ရောက်လာကြပြီ…” 
 
သူမ၏ စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် ရှန်မိသားစုမှ လူလေးဦးက ဟယ်မိသားစု၏ အိမ်ဝင်း အဝင်ဝတွင် ဘွားကနဲ ပေါ်ပေါက်လာကြလေသည်။ 
 
ဟယ်အာ့ရွှမ်းနှင့် နျိုချွန်းဟုန်တို့က မျက်နှာထား တင်းမာစွာဖြင့် ခက်ထန်ဆိုးသွမ်းသော အမူအရာကို ပြသနေဆဲ ဖြစ်သော်လည်း ရှန်လီ၏ ဝမ်းကွဲအဒေါ်ကမူ အခြေအနေကို လိမ္မာပါးနပ်စွာ ကိုင်တွယ်တတ်သူ ဖြစ်သည်။ သူမက ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်ပြီး အလိုက်အထိုက် ချီးမွမ်းစကားများကို တန်ဖိုးမရှိသကဲ့သို့ တရစပ်ပင် ဖောဖောသီသီ ပြောဆိုတော့သည်။ တစ်ချိန်တည်းမှာပင် သူမက ရှန်လီ့ကို လှမ်း၍ အချက်ပြကာ ယူဆောင်လာခဲ့သော လက်ဆောင်ပစ္စည်းများနှင့် အခြားသော အသုံးအဆောင်များကို အိမ်ထဲသို့ သယ်ဆောင်ခိုင်းလိုက်သည်။ 
 
မြေပြင်ပေါ်တွင် ချထားသော လက်ဆောင်ပစ္စည်း အမျိုးမျိုးကို မြင်တွေ့လိုက်ရသောအခါမှ ဟယ်အာ့ရွှမ်းနှင့် နျိုချွန်းဟုန်တို့ ဇနီးမောင်နှံ၏ တင်းမာနေသော မျက်နှာအမူအရာများက အနည်းငယ် ပြေလျော့သွားခဲ့သည်။ သို့သော်လည်း ရှန်လီ့အပေါ် ထားရှိသည့် သူတို့၏ အကြည့်များကမူ ရန်လိုမှုများ ရှိနေဆဲ ဖြစ်သည်။ 
 

🖼🖼🖼🖼အခန်း ၂၄

ပြင်ပလူများနှင့် ရင်ဆိုင်ရသည့်အခါတိုင်း ဟယ်အာ့ရွှမ်းနှင့် နျိုချွန်းဟုန်တို့သည် သူတို့၏ သိက္ခာနှင့် မျက်နှာကို ထိန်းသိမ်းရန်အတွက် အစဉ်အမြဲပင် ရိုးသားတည်ကြည်ပြီး ဂုဏ်သိက္ခာရှိသော မိဘများအဖြစ် ဟန်ဆောင်တတ်ကြသည်။ ရင်ထဲတွင် မည်မျှပင် ကမောက်ကမ ဖြစ်ပွားနေပါစေ သူတို့က ဧည့်သည်များကို အိမ်ထဲသို့ နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး နေရာထိုင်ခင်းများ ပေးအပ်ကြလေသည်။

ရှန်လီ၏ ဝမ်းကွဲအဒေါ်က ဟယ်မိသားစုမှ ဇနီးမောင်နှံနှစ်ဦးနှင့် စကားလက်ဆုံ ကျနေစဉ်အတွင်း ဟယ်ယဲ့ချင်းကိုလည်း မသိမသာဖြင့် သေသေချာချာ အကဲခတ် စူးစမ်းနေခဲ့သည်။ 
 
ရှန်လီ၏ ဝမ်းကွဲအဒေါ်က ငယ်စဉ်ကတည်းကပင် အိမ်ထောင်ကျခဲ့သူဖြစ်ပြီး ဟယ်ယဲ့ချင်းကို မွေးဖွားချိန်၌ သူမက အခြားတစ်ရွာသို့ ပြောင်းရွှေ့အခြေချနေထိုင်ပြီး ဖြစ်ရာ မကြာသေးမီ နှစ်များအတွင်း ကန်းရွှေရွာသို့ ပြန်လာလေ့ မရှိချေ။ ယမန်နေ့က ရှန်လီက သူမထံသို့ ရုတ်တရက် ရောက်ရှိလာပြီး အိမ်ထောင်ဖက် တောင်းရမ်းရာတွင် ကူညီပေးပါရန် တောင်းဆိုခဲ့စဉ်က သူမ အကြီးအကျယ် အံ့အားသင့်သွားခဲ့ရသည်။ 
 
လွန်ခဲ့သည့် နှစ်များအတွင်း သူတို့အကြား ဆက်ဆံရေး အနည်းငယ် ကျဲပါးခဲ့သော်လည်း ဆွေမျိုးသားချင်း သွေးသားရင်းချာ စိတ်ဓာတ်က ရှိနေဆဲ ဖြစ်သဖြင့် သူမက ကူညီရန် လိုလိုလားလားပင် သဘောတူခဲ့ခြင်း ဖြစ်သည်။ 
 
အခြားသူများ မသိရှိနိုင်သော်လည်း ရှန်လီ၏ ဝမ်းကွဲအဒေါ်ကမူ ကောင်းစွာ သဘောပေါက်ထားသည်။ ရှန်မိသားစုက မကြာသေးမီ နှစ်များအတွင်း ဆုတ်ယုတ်မှုအချို့နှင့် ကြုံတွေ့ခဲ့ရသော်လည်း သူတို့၏ အခြေခံ အုတ်မြစ်က ပျက်စီးသွားခြင်း မရှိဘဲ တောင့်တင်းနေဆဲ ဖြစ်သည်။ ထို့အပြင် သူမက လူကဲခတ် အလွန် ထက်မြက်သူတစ်ဦး ဖြစ်သည်။ ရှန်လီက အပြင်ပန်းတွင် အမူအရာ များများစားစား မပြသသော်လည်း သူမက တစ်ချက်ကြည့်ရုံမျှဖြင့် သူမ၏ ရှေ့မှောက်တွင် မတ်တတ်ရပ်နေသော ဤတူဖြစ်သူက သာမန်လူတစ်ယောက် လုံးဝ မဟုတ်ကြောင်း အကဲခတ်မိသည်။ 
 
ထို့ကြောင့် ရှန်လီက ရွာထဲမှ မိန်းကလေးတစ်ဦးကို လက်ထပ်ရန် စီစဉ်နေကြောင်း ကြားသိရစဉ်က သူမ အနည်းငယ် နှမြောသွားခဲ့မိသည်။ အကယ်၍ သူတို့အကြား ဆက်ဆံရေးက ယခုထက် ပိုမို နီးကပ်ခဲ့ပါက သူမက တူမအရင်းတစ်ဦးကိုပင် ရှန်လီနှင့် မိတ်ဆက်ပေးရန် စဉ်းစားမိခဲ့လိမ့်မည် ဖြစ်သည်။ 
 
သို့သော်လည်း ယခုအခါ ဟယ်ယဲ့ချင်းကို ကိုယ်တိုင် မြင်တွေ့လိုက်ရသည့် ခဏ၌မူ သူမ၏ အတွေးများက ချက်ချင်း ပြောင်းလဲသွားခဲ့တော့သည်။ 
 
ဤကန်းရွှေရွာလေးကဲ့သို့သော ကျေးလက်တောရွာငယ်လေးတွင် ဤမျှအထိ ချောမောလှပပြီး ထက်မြက်ထူးချွန်လှသော မိန်းကလေးတစ်ဦး ရှိနေလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့မိချေ။ 

ရှန်လီနှင့် ဟယ်ယဲ့ချင်းတို့ နှစ်ဦးစလုံး တစ်နေရာတည်းတွင် အတူတူ ထိုင်နေကြသည်ကို မြင်တွေ့ရသည့် မည်သူမဆို သူတို့နှစ်ဦးက တကယ့်ကို လိုက်ဖက်ညီလှသည့် နတ်ဖက်တဲ့ စုံတွဲတစ်တွဲ ဖြစ်ကြောင်း အံ့ဩချီးကျူးကြမည်သာ ဖြစ်သည်။ 
 
ယခုအခါမှသာ ရှန်လီက အဘယ်ကြောင့် ဤမိန်းကလေးကို ဇွတ်အတင်း လက်ထပ်ယူချင်နေရသည်ကို သူမ ကောင်းစွာ နားလည်သဘောပေါက်သွားတော့သည်။ 
 
ဟယ်ယဲ့ချင်းက ရှန်လီ၏ ဝမ်းကွဲအဒေါ်၏ အကဲခတ်နေသော အကြည့်များကို သတိပြုမိသွားပြီး မသိချင်ယောင်ဆောင်မနေဘဲ ရိုးသားစွာပင် ပြန်လည် စိုက်ကြည့်လိုက်ကာ ပြုံးပြလိုက်၏။ 

ထိုအခါ ရှန်လီ၏ ဝမ်းကွဲအဒေါ်က ပိုမို၍ စိတ်ကျေနပ်သွားရပြီး ဟယ်အ့ာရွှမ်းနှင့် နျိုချွန်းဟုန်တို့အပေါ် ချီးမွမ်းပြောဆိုသည့် စကားများက ပိုမို၍ လေးနက်တည်ကြည်လာလေသည်။ 
 
လူကြီးများက တစ်နေရာတည်းတွင် စုဝေးထိုင်ရင်း စကားလက်ဆုံ ကျနေကြပြီး ရှန်လီနှင့် ဟယ်ယဲ့ချင်းတို့ကမူ သူတို့နှင့် မလှမ်းမကမ်း နေရာတစ်ခုတွင် ယှဉ်တွဲ ထိုင်နေကြကာ ရံဖန်ရံခါတွင် လူကြီးများ၏ မေးမြန်းသမျှ မေးခွန်းအချို့ကို ပြန်လည် ဖြေကြားနေကြသည်။ 
 
အိမ်ထဲသို့ စတင် ဝင်ရောက်လာခဲ့သည့် အချိန်ကတည်းကပင် ရှန်လီက ဟယ်အာ့ရွှမ်းနှင့် နျိုချွန်းဟုန်တို့ထံမှ ရောက်လာနေသော ရန်လိုသည့် အကြည့်များကို ကောင်းစွာ သတိပြုမိထားခဲ့သည်။ ထိုအကြည့်များကို လျစ်လျူရှုရန်က လုံးဝ မဖြစ်နိုင်ချေ။ သူက ဘေးနားတွင် ငြိမ်သက်စွာ ထိုင်နေသော ဟယ်ယဲ့ချင်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် အသံကို တိုးနိုင်သမျှ တိုးကာ တိုးတိုးလေး မေးလိုက်သည်။ 

“မင်းရဲ့ မိဘတွေက... ငါ့အပေါ်မှာ အများကြီး မကျေမနပ် ဖြစ်နေကြတဲ့ ပုံပဲနော်…” 
 
ဟယ်ယဲ့ချင်းက သူ့ရေခွက်ထဲသို့ ရေနွေး လောင်းထည့်ပေးနေစဉ် ဟယ်အာ့ရွှမ်းနှင့် နျိုချွန်းဟုန်တို့ ထိုင်နေသည့် ဘက်သို့ အသာအယာ လှမ်းကြည့်လိုက်သည်။ 
 
အတိအကျပင် ထိုအချိန်၌ ဟယ်အာ့ရွှမ်းက သူတို့ရှိရာဘက်သို့ ထပ်မံ စိုက်ကြည့်လာပြန်သည်။ သူ၏ ခက်ထန်လှသော အကြည့်များက ဟယ်ယဲ့ချင်းကို ကျော်ဖြတ်၍ ရှန်လီ့ထံသို့ တိုက်ရိုက် ကျရောက်သွားပြီး ရှန်လီ့ကို ရိုက်နှက်ပစ်ချင်နေသည့် အလား ပေါ်ပေါက်နေသည်။ 
 
အခြေအနေကို ကောင်းစွာ သဘောပေါက်သွားသော ဟယ်ယဲ့ချင်းက ခဏကြာမျှ တုံ့ဆိုင်းသွားခဲ့သော်လည်း ဤကိစ္စကို ရှန်လီကို ကွယ်ဝှက်မထားရန် ဆုံးဖြတ်လိုက်လေသည်။ 
 
သူမက ခန္ဓာကိုယ်ကို ရှန်လီဘက်သို့ အနည်းငယ် ကိုင်းလိုက်ပြီး သူမ၏ နှုတ်ခမ်းလွှာများကို သူ့ နားရွက်နားသို့ ကပ်လျက် ခပ်တိုးတိုးလေး ဆိုလိုက်သည်။  

“ကျွန်မ ရှင့်ကို ကိစ္စတစ်ခု ပြောပြမယ်… ဒါပေမဲ့ ရှင် လုံးဝ ဒေါသမထွက်ရဘူးနော်…”

သူမက သူ့နားနားသို့ ရုတ်တရက် နီးကပ်စွာ တိုးကပ်လာသည့် ခဏ၌ ရှန်လီ၏ ခန္ဓာကိုယ်တစ်ခုလုံးက ချက်ချင်းပင် တောင့်တင်းသွားခဲ့ရသည်။ သူက သူ၏ ရင်ခုန်စိတ်လှုပ်ရှားနေမှုများကို ဖုံးကွယ်ရန်အတွက် စားပွဲပေါ်ရှိ ရေခွက်ကို လှမ်းယူလိုက်ပြီး နှုတ်ခမ်းဝသို့ ကပ်ကာ ရေကို ဟန်ဆောင်သောက်လိုက်သည်။ 
 
ထိုအချိန်၌ပင် ဟယ်ယဲ့ချင်း၏ စကားသံက ထပ်မံ ထွက်ပေါ်လာခဲ့သည်။  

“အဲဒါက... ကျွန်မရဲ့ မိဘတွေကလေ... ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီလို့ ထင်နေကြတာ…” 
 
ထိုစကားကို ကြားလိုက်ရသည့် ခဏ၌ပင် ရှန်လီက ပါးစပ်ထဲရှိ ရေများကို ဖူးခနဲ ပြန်လည် မှုတ်ထုတ်ပစ်လိုက်မိလေသည်။

ရှန်လီက သီးသွားသော ရေများကြောင့် တဟွတ်ဟွတ်ဖြင့် မရပ်မနား ချောင်းဆိုးတော့ရာ သူ့မျက်နှာတစ်ခုလုံးက ချက်ချင်းပင် နီရဲသွား၏။

ထိုခေတ်ကာလ ကျေးလက်တောရွာများတွင် တစ်ရှူးစက္ကူများက ခေတ်မစားသေးချေ။ ဟယ်ယဲ့ချင်းက ပျာပျာသလဲဖြင့် သန့်ရှင်းသော လက်ကိုင်ပဝါတစ်ခုကို ထုတ်ယူကာ သူ့ထံသို့ ကမ်းလိုက်ပြီး စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

“အဆင်ပြေရဲ့လား…”

“အဟွတ်... ငါ... အဆင်ပြေပါတယ်…” 

ရှန်လီက ချောင်းဆိုးနေသည့် ကြားမှပင် အနိုင်နိုင် ပြန်လည် ဖြေကြားလိုက်ရသည်။

သူမ ယခုနက ပြောလိုက်သည့် စကားကို ပြန်လည် တွေးတောမိသည့်အခါ ရှန်လီတစ်ယောက် တစ်ကိုယ်လုံး အလွန်အမင်း စိတ်မသက်မသာ ဖြစ်သွားရသည်။ သူက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ခပ်တိုးတိုး ဆိုလိုက်၏။

“ငါတို့ သူတို့ကို အမှန်အတိုင်း သေသေချာချာ ရှင်းပြသင့်တာ မဟုတ်ဘူးလား…”

ဟယ်ယဲ့ချင်းကမူ 'ဘာဖြစ်လို့လဲ'ဟူသော မျက်နှာထားဖြင့် မျက်တောင်လေးများ ခတ်ကာ ပြန်လည် မေးခွန်းထုတ်လိုက်သည်။

“ဒီလိုမျိုးပဲ အထင်လွဲနေတာက ပိုပြီးတော့ အဆင်မပြေဘူးလား…”

“...” 

ရှန်လီတစ်ယောက် မည်သည့်စကားမျှ ပြန်မပြောနိုင်တော့ဘဲ ဆံပင်နက်နက်များအောက်တွင် ဖုံးကွယ်နေသော သူ့နားရွက်ကလေးများက သိသိသာသာပင် နီမြန်းသွား၏။

သူတို့နှစ်ဦးအကြား ဖြစ်ပွားသွားသော ဆူညံသံကြောင့် အိမ်ဝင်းထဲရှိ လူကြီးများ၏ အာရုံစိုက်မှုကို သဘာဝအတိုင်း ဆွဲဆောင်မိသွားလေသည်။

ရှန်လီ၏ ဝမ်းကွဲအဒေါ်က ပြုံးရွှင်စွာဖြင့် မြှောက်ပင့်၍ ဆိုလိုက်သည်။

“ဒီလူငယ်နှစ်ယောက်ရဲ့ ဆက်ဆံရေးက တကယ်ကို ကောင်းလွန်းတာပဲ…”

နျိုချွန်းဟုန်နှင့် ဟယ်အာ့ရွှမ်းတို့၏ မျက်နှာအမူအရာများကမူ အလွန်အမင်း ကြည့်ရဆိုးနေခဲ့သည်။

သို့သော်လည်း ဟယ်ယဲ့ချင်း ထင်မြင်ယူဆခဲ့သည့်အတိုင်းပင် ဟယ်ယဲ့ချင်းတွင် ကိုယ်ဝန်ရှိနေပြီဟူသော ဤအထင်လွဲမှားမှုကြီးက ထိုလူကြီးနှစ်ဦးအား တကယ့်ကို တုတ်တုတ်မှ မလှုပ်နိုင်အောင် တင်းကျပ်စွာ ချည်နှောင်ထားခဲ့ပြီ ဖြစ်သည်။

ဟယ်ယဲ့ချင်း ငယ်စဉ်က လူပျိုကြီးတစ်ဦး၏ မတရားအနိုင်ကျင့်ခြင်းကို ခံရလုနီးပါး ဖြစ်ပွားခဲ့စဉ်အချိန်ကကဲ့သို့ပင် နျိုချွန်းဟုန်နှင့် ဟယ်အာ့ရွှမ်းတို့၏ ပထမဆုံးသော အတွေးက သမီးဖြစ်သူအတွက် တရားမျှတမှု ရှာဖွေပေးရန် မဟုတ်ဘဲ ကိစ္စများကို တိတ်တိတ်ဆိတ်ဆိတ်ဖြင့် ငြိမ်းချမ်းသွားစေရန်သာ ဖြစ်သည်။

ယခုအကြိမ်တွင်လည်း ထူးမခြားနားပင်။ သူတို့၏ သမီးဖြစ်သူက လက်မထပ်မီ ကိုယ်ဝန်ရရှိနေပြီဖြစ်ကြောင်း သိရှိထားကြသော်လည်း သူတို့က ဤအရှက်ရဖွယ်ရာကိစ္စကို အပြင်လူများ သိရှိသွားမည်ကို အလွန်အမင်း ကြောက်ရွံ့နေကြသဖြင့် ကိစ္စကို ပိုမို ကြီးကျယ်မသွားစေရန် တားဆီးနေကြခြင်း ဖြစ်သည်။

ဟယ်အာ့ရွှမ်းနှင့် နျိုချွန်းဟုန်တို့က လာရောက်တောင်းရမ်းကြသော ရှန်လီနှင့် ရှန်မိသားစုကို အလွန် မုန်းတီးနေကြသော်လည်း စိတ်ထဲတွင်မူ သူတို့ဘက်မှ အခြေအနေတစ်ခု စောစီးစွာ မှားယွင်းသွားခဲ့ပြီဟု ခံစားနေကြရသည်။

ထို့ကြောင့် သူတို့က ပြဿနာရှာရန် ကြံရွယ်ထားသော်လည်း အလွန်အမင်း လုပ်ဆောင်ရန် မဝံ့မရဲ ဖြစ်နေကြသည်။ ထို့အပြင် နှစ်ဖက်စလုံးတွင် သတင်းအချက်အလက် ချို့တဲ့နေမှုကြောင့် ရှန်မိသားစုဘက်မှ လူများက ဤအကြောင်းကို လုံးဝ သိရှိထားခြင်း မရှိကြဘဲ စကားပြောဆိုရာတွင်လည်း ထိုအကြောင်းအရာကို ထည့်သွင်းဆွေးနွေးခြင်း မရှိခဲ့ချေ။ ထိုအချက်က ဟယ်အာ့ရွှမ်းနှင့် နျိုချွန်းဟုန်တို့ကို အနည်းငယ် စိတ်သက်သာရာ ရစေခဲ့သည်။

ထို့အပြင် တင်တောင်းပစ္စည်းများနှင့် မင်္ဂလာအရေးကိစ္စများကို ဆွေးနွေးကြသည့်အခါတွင်လည်း ရှန်မိသားစုဘက်မှ အလွန်အမင်း ရက်ရက်ရောရော ပေးကမ်းခဲ့သည်။

ထိုအချက်က အစပိုင်းတွင် ရှန်မိသားစုထံမှ ငွေကြေးအမြောက်အမြားကို ညှစ်ယူရန် ကြံရွယ်ထားသော ဟယ်အာ့ရွှမ်းအား ကြောင်အမ်းသွားစေခဲ့ပြီး သူ ကြိုတင်ပြင်ဆင်ထားခဲ့သော တောင်းဆိုချက်များကိုပင် ပြောဆိုခွင့် မရရှိတော့ချေ။

ဟယ်ယဲ့ချင်းက ရှန်မိသားစုဘက်မှ ပေးအပ်မည့် တင်တောင်းငွေ ပမာဏကို ကြားသိလိုက်ရသောအခါတွင်မူ မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်မိသည်။

သူမက ဘေးနားရှိ ရှန်လီ့ထံသို့ လှည့်ကြည့်လိုက်ရာ သူက သူမအား စိတ်အေးအေးထား ဟူသော အကြည့်မျိုးဖြင့်သာ ပြန်လည် ကြည့်ရှုခဲ့သည်။

နောက်ဆုံးတွင် ဟယ်ယဲ့ချင်းသည် မည်သည့်စကားမှမပြောဘဲ နေလိုက်တော့သည်။

ထားလိုက်ပါတော့လေ... 

ငွေကြေးဖြင့် ရှင်းလင်းနိုင်သော ကိစ္စရပ်များက ပြဿနာမဟုတ်ပေ။ သူတို့၏ အိမ်ထောင်ရေး အဆင်ပြေချောမွေ့စေရန်အတွက် ငွေကြေးအချို့ကို လဲလှယ်လိုက်ရခြင်းက ဆုံးရှုံးမှုတစ်ခု မဟုတ်ချေ။ ဤငွေများကို နောင်တစ်ချိန်တွင် ရှန်လီ့ထံသို့ ပြန်လည် ပေးအပ်လိုက်လျှင် ရသည်။

မင်္ဂလာရက်မြတ်နှင့် ပတ်သက်၍ ရှန်မိသားစုနှင့် ဟယ်မိသားစုတို့က တူညီသော သဘောတူညီချက်တစ်ခုကို ရရှိခဲ့ကြသည်။ ၎င်းက အမြန်ဆုံး လုပ်ဆောင်ရန်ပင် ဖြစ်သည်။

အမှန်အတိုင်း ပြောရလျှင် ရှန်လီ၏ ဝမ်းကွဲအဒေါ်က အစပိုင်းတွင် ဤကိစ္စကို ထုတ်ဖော်ပြောဆိုရန်ပင် အနည်းငယ် အရှက်ရနေခဲ့သည်။ ပုံမှန် မင်္ဂလာထုံးတမ်းစဉ်လာများအရ စေ့စပ်ကြောင်းလမ်းပြီးချိန်မှ မင်္ဂလာဆောင်သည့် အချိန်အထိ အနည်းဆုံး အချိန် ခြောက်လခန့် ကြာမြင့်လေ့ရှိသည်။

သို့သော်လည်း ရှန်လီက သူမအား မင်္ဂလာရက်ကို စက်တင်ဘာလအတွင်းတွင်သာ သတ်မှတ်ပေးရန် အတင်းအကျပ် တောင်းဆိုခဲ့သည်။ ယခုအခါတွင်မူ ဩဂုတ်လလယ်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်ရာ အလွန်ဆုံးရှိမှ တစ်လခွဲခန့်သာ အချိန်ကျန်ရှိတော့သည်။

ရှန်လီ၏ ဝမ်းကွဲအဒေါ်က ဤကိစ္စကို စတင် ထုတ်ဖော်ပြောဆိုစဉ်က နျိုချွန်းဟုန်၏ ဆဲဆိုခြင်းကို ခံရရန်အတွက်ပင် ကြိုတင်ပြင်ဆင်ထားခဲ့သည်။

သို့သော် မျှော်လင့်မထားဘဲ ထိုဇနီးမောင်နှံနှစ်ဦးစလုံးက ခဏကြာမျှ တိတ်ဆိတ်သွားခဲ့ကြသည်။ ဟယ်အာ့ရွှမ်းက စိုးရိမ်တကြီးဖြင့် သူ့ဆေးတံကို ခေါက်နေခဲ့ပြီး နျိုချွန်းဟုန်ကမူ သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်၍ သဘောတူလိုက်လေသည်။

ရှန်လီ၏ ဝမ်းကွဲအဒေါ်က အနည်းငယ် ကြောင်အမ်းသွားခဲ့ရပြီး ဤကိစ္စတွင် တစ်ခုခု ထူးဆန်းနေပြီဟု စိတ်ထဲ၌ ထင်မြင်မိသွားသည်။ သို့သော်လည်း သူမက ပါးနပ်သူတစ်ဦး ဖြစ်သဖြင့် သူမနှင့် မသက်ဆိုင်သော ကိစ္စရပ်များကို စပ်စုခြင်း မပြုရန် ဆုံးဖြတ်လိုက်လေသည်။

နောက်ဆုံးတွင် ဆွေးနွေးတိုင်ပင်မှုများအပြီး၌ ဟယ်ယဲ့ချင်းနှင့် ရှန်လီတို့၏ မင်္ဂလာရက်မြတ်ကို စက်တင်ဘာလလယ်ပိုင်းရှိ မင်္ဂလာရက်ကောင်းရက်မြတ် တစ်ရက်တွင် ကျင်းပရန် သတ်မှတ်လိုက်ကြတော့သည်။

ဟယ်ယဲ့ချင်းကမူ ဤကိစ္စအပေါ် မည်သည့်ကန့်ကွက်မှုမျှ မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူမအတွက်မူ မင်္ဂလာပွဲ ကျင်းပခြင်းက အရေးကြီးသည်မဟုတ်ဘဲ လက်ထပ်စာချုပ်ချုပ်ဆိုခွင့်ရရှိရန်နှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ပြောင်းရွှေ့နိုင်ရန်သာ အဓိက အရေးကြီးသောကြောင့် ဖြစ်သည်။

…

ထို့ကြောင့် နောက်တစ်နေ့တွင် ဟယ်ယဲ့ချင်းက နျိုချွန်းဟုန်ထံသို့ တန်းလျှောက်သွားပြီး ဆိုလိုက်သည်။

“အမေ... ကျွန်မကို အိမ်ထောင်စုစာရင်းစာအုပ် ပေးပါ… ကျွန်မနဲ့ ရှန်လီတို့ လက်ထပ်မှတ်ပုံတင် သွားတင်မလို့…”

အခြေအနေများက အပြီးသတ် ဆုံးဖြတ်ချက်ချပြီး ဖြစ်သကဲ့သို့ မင်္ဂလာရက်ကိုလည်း သတ်မှတ်ပြီး ဖြစ်ရာ နျိုချွန်းဟုန်က စိတ်ထဲတွင် မကျေမနပ် ဖြစ်နေဆဲ ဖြစ်သော်လည်း ဤအိမ်ထောင်ရေးကို လက်ခံရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

ထို့အပြင် နျိုချွန်းဟုန်က လောကအမြင်သိပ်မရှိလှသော ကျေးလက်တောရွာမှ အမျိုးသမီးတစ်ဦးသာ ဖြစ်သည်။ ဟယ်ယဲ့ချင်းက ဤမျှအထိ ရဲတင်းစွာဖြင့် အိမ်ထောင်ရေးကို ဟန်ဆောင်ရန် ကြံရွယ်ထားပြီး တက္ကသိုလ်ပညာရေးကို ဆက်လက် သင်ကြားရန် စီစဉ်နေသည်ဟူသောအချက်ကို သူမ လုံးဝ ရိပ်မိခြင်း မရှိချေ။ ထို့ကြောင့် သူမက အိမ်ထောင်စုစာရင်းနှင့် ပတ်သက်၍လည်း ဘာမှ တွေးတောမိခြင်း မရှိခဲ့ပေ။

ယခုအခါ ဟယ်ယဲ့ချင်းက လက်ထပ်မှတ်ပုံတင်ရန် အိမ်ထောင်စုစာရင်း တောင်းဆိုလာသည့်အခါတွင်မူ နျိုချွန်းဟုန်က အနီရောင်အဖုံးဖြင့် အိမ်ထောင်စုစာရင်းစာအုပ်ကို လိုလိုလားလားပင် ထုတ်ပေးလိုက်တော့သည်။

ပြောရလျှင် ဟယ်ယဲ့ချင်းက ထိုအနီရောင် အိမ်ထောင်စုစာရင်းစာအုပ်ကလေးကို လှမ်းယူလိုက်စဉ်က သူမ၏ လက်ကလေးများက အနည်းငယ် တုန်ရင်နေခဲ့သည်။ သူမက စာအုပ်၏ အဖုံးကလေးကို လက်ဖြင့် အသာအယာ ပွတ်သပ်လိုက်ပြီးနောက် ရင်ခွင်ထဲသို့ သေသေချာချာ ထည့်သွင်း သိမ်းဆည်းလိုက်၏။

ရှန်လီက သူမကို အိမ်တံခါးအပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့သည်က အတန်ကြာပြီ ဖြစ်သည်။ သူတို့နှစ်ဦးက ဤကိစ္စကို ယမန်နေ့ကတည်းက ကြိုတင်ချိန်းဆိုထားခဲ့ကြခြင်းပင်။

ယနေ့တွင် ရှန်လီက ဖြူစင်သန့်ရှင်းလှသော အင်္ကျီအဖြူရောင်ကို ဝတ်ဆင်ထားရာ သူ၏ မြင့်မားထည်ဝါသော ကိုယ်ဟန်ကို ပိုမို ပေါ်လွင်စေပြီး လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နေလေသည်။ သူ့ဆံပင်များကိုလည်း သေသေချာချာ သပ်ရပ်စွာ ပုံသွင်းထားပြီး ခေတ်ဟောင်းစတိုင် ဘေးခွဲဆံပင်ပုံစံဖြင့် သူ၏ ခံ့ညားလှသော မျက်နှာသွင်ပြင်ကို အထင်အရှား မြင်တွေ့နေရသည်။

ဟယ်မိသားစုအိမ်၏ အိုဟောင်းလှသော အုတ်နံရံဟောင်းနားတွင် မတ်တတ်ရပ်နေသော ရှန်လီ့ကို ကြည့်ရသည်က ဘေးပတ်ဝန်းကျင်တစ်ခုလုံးကိုပင် ပို၍ အဆင့်အတန်း မြင့်မားသွားစေသကဲ့သို့ ခံစားရစေသည်။

ဟယ်ယဲ့ချင်း၏ ခြေသံများ နီးကပ်လာသည်ကို ကြားလိုက်ရသောအခါမှ ရှန်လီက မျက်လွှာပင့်လျက် လှမ်းကြည့်လိုက်သည်။ ထိုခဏ၌ အမှန်အတိုင်း ပြောရလျှင် ဟယ်ယဲ့ချင်းက သူ၏ ဆွဲဆောင်မှုရှိသော ရုပ်ရည်ကြောင့် ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားလေသည်။ သို့သော် ၎င်းက သာမန်အားဖြင့် အလှအပကို အားကျချီးကျူးသည့် အမြင်မျိုးဖြင့်သာဖြစ်၏။

ဟယ်ယဲ့ချင်းက ရှန်လီ့ကို အကြိမ်ကြိမ် ခိုးကြည့်နေခဲ့ရာ ရှန်လီက ချက်ချင်းပင် သတိပြုမိသွားပြီး သူ့မျက်ဝန်းထဲတွင် အရှက်သည်းဟန် အမူအရာတစ်ခု ဖြတ်သန်းသွားလေသည်။

“ဘာဖြစ်လို့လဲ…” 
သူက ခပ်တိုးတိုး မေးလိုက်သည်။

“ဘာမှမဖြစ်ပါဘူး… ဒါပေမဲ့ ရှင့်ရဲ့ ဒီနေ့ ဝတ်စုံကလေ...” 

ဟယ်ယဲ့ချင်းက ပေါ်တင်ပင် ချီးမွမ်းလိုက်သည်။
“တကယ်ကို ခံ့ညားလွန်းတယ်…”

သူမ၏ စကားကြောင့် ရှန်လီက အနည်းငယ် ချောင်းဟန့်လိုက်မိပြီး နှုတ်ခမ်းဖျားတွင် အပြုံးနုနုလေးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ 

သူက ယနေ့နံနက်တွင် ကျန်းပေါ်က သူ့ကို စောစောစီးစီး နှိုးပြီး အတင်းအကျပ် ပြင်ဆင်ခိုင်းခဲ့ခြင်းက အမှန်တကယ်ကို မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခု ဖြစ်ကြောင်း ရုတ်တရက် ခံစားလိုက်ရတော့သည်။


🖼🖼🖼🖼အခန်း (၂၅) 
– လက်ထပ်စာချုပ် သွားရောက်ချုပ်ဆိုခြင်း


ရှန်လီ့ကို ချီးမွမ်းစကား ဆိုပြီးနောက် ဟယ်ယဲ့ချင်းက သူမ၏ ဝတ်စုံကို ငုံ့ကြည့်လိုက်မိသည်။

သာမန် အင်္ကျီနှင့် ဘောင်းဘီရှည်မျှသာ ဖြစ်သော်လည်း ကံကောင်းထောက်မစွာဖြင့် သန့်ရှင်းသပ်ရပ်နေခဲ့သည်။ သူမ၏ ဆံပင်များကိုမူ ရိုးရှင်းသော မြင်းမြီးပုံစံဖြင့် နောက်ဘက်တွင် စည်းနှောင်ထားပြီး ဆံနွယ်အချို့က သူမ၏ ပါးပြင်ဘေးတွင် အသာအယာ ဝဲကျနေ၏။

ကောင်းပြီ... 

ဤဝတ်စုံက မသင့်တော်ဟု ပြော၍မရသော်လည်း ရှန်လီနှင့် နှိုင်းယှဉ်ပါက သူမက အလွန် ဂရုမစိုက်ဘဲ ပေါ့ပေါ့ဆဆ ပြင်ဆင်လာသကဲ့သို့ ဖြစ်နေသည်။ သို့သော်လည်း သူမက ဤအဝတ်အစား ကိစ္စအပေါ် တကယ်တမ်း အထူးတလည် အာရုံစိုက် ပြင်ဆင်ခဲ့ခြင်း မရှိသည်က အမှန်ပင် ဖြစ်၏။

ရင်ထဲတွင် ခဏကြာမျှ ရှက်ရွံ့သွားခဲ့ပြီးနောက် ဟယ်ယဲ့ချင်းက ထိုအားနာစိတ်များကို မသိကျိုးကျွံပြုလျက် ဘေးဖယ်ထားလိုက်သည်။

“ရှင့်မှာ အိမ်ထောင်စုစာရင်းစာအုပ် ပါရဲ့လား…” 
ဟယ်ယဲ့ချင်းက မေးလိုက်သည်။

ရှန်လီက တစ်ချက် အသံပြုသည်။
“အင်း…”

“ဒါဆိုရင် ကျွန်မတို့ ရပ်ရွာကော်မတီအိမ်ကို အရင်ဆုံး သွားပြီး ထောက်ခံစာ သွားယူကြစို့… ပြီးမှ လက်ထပ်မှတ်ပုံတင်ဖို့ သွားကြမယ်…”

ဟယ်ယဲ့ချင်းက ယနေ့ လုပ်ဆောင်မည့် အစီအစဉ်များကို ပြောပြလိုက်သည်။

ရှန်လီကမူ ဤအစီအစဉ်အပေါ် မည်သည့်ကန့်ကွက်မှုမျှ မရှိချေ။

သူတို့နှစ်ဦးစလုံးက ကျေးရွာအတွင်းရေးမှူး၏ အိမ်သို့ အတူတူ လျှောက်လှမ်းလာကြရာ လမ်းခရီးတစ်လျှောက်တွင် များစွာသော ရွာသားများနှင့် ကြုံတွေ့ရသည်က မလွဲဧကန်ပင် ။

ရွာသားများသည် ယမန်နေ့ကတည်းက ဟယ်ယဲ့ချင်းနှင့် ရှန်လီတို့ စေ့စပ်ကြောင်းလမ်းပြီးဖြစ်ကြောင်း သတင်းများကို ကြားသိထားကြသော်လည်း ယခုအခါ သူတို့နှစ်ဦး အတူတူ သွားလာနေကြသည်ကို ကိုယ်တိုင် မြင်တွေ့လိုက်ရသည့်အခါတွင်မူ စပ်စုလိုသော ရွာသားများက မမေးဘဲ မနေနိုင်ကြတော့ချေ။

“မင်းတို့နှစ်ယောက် ဘယ်သွားကြမလို့လဲ…”

ရှန်လီက ရွာသားများနှင့် မည်သည့်အခါမျှ အဆင်ပြေသော ဆက်ဆံရေး မရှိခဲ့သလို ရွာသားများကလည်း သူ့ကို ကူးစက်ရောဂါတစ်ခုကဲ့သို့ အမြဲတစေ ရှောင်ရှားတတ်ကြသဖြင့် သူက ရွာသားများနှင့် စကားလက်ဆုံပြောဆိုခြင်း လုံးဝ မရှိချေ။ ထို့ကြောင့် ဤနှုတ်ဆက်စကား ပြန်လည်ပြောဆိုရမည့် တာဝန်က ဟယ်ယဲ့ချင်း၏ ပုခုံးထက်သို့ ကျရောက်လာလေသည်။

ဟယ်ယဲ့ချင်းက တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။

“ကျွန်မတို့ ကျေးရွာအတွင်းရေးမှူးဆီမှာ လက်ထပ်မှတ်ပုံတင်ဖို့ ထောက်ခံစာ သွားလုပ်မလို့ပါ…”

ထိုစကားကြောင့် မေးမြန်းလိုက်သော ရွာသားက မယုံကြည်နိုင်သဖြင့် အံ့ဩတကြီး ရေရွတ်မိသွားပြီးနောက် ထပ်မံ မေးမြန်းသည်။

“မင်းတို့နှစ်ယောက်က တကယ်ပဲ အိမ်ထောင်ပြုကြတော့မှာပေါ့ ဟုတ်လား…”

“ဟုတ်ကဲ့ အဒေါ်... အဲဒီကျရင် ကျွန်မတို့ရဲ့ မင်္ဂလာပွဲကို လာခဲ့ပါဦးနော်…”

ဟယ်ယဲ့ချင်းက ပြုံးလျက် ဆိုလိုက်သည်။

“ဪ... အေးအေး… ကောင်းပါပြီ… ကောင်းပါပြီ…”

လမ်းခရီးတစ်လျှောက်တွင် ဤကဲ့သို့သော စကားပြောဆိုမှုများက မနည်းလှပေ။ ဟယ်ယဲ့ချင်းက စိတ်ရှည်လက်ရှည်ဖြင့် ပြုံးရွှင်စွာ အကြိမ်ကြိမ် ရှင်းပြခဲ့သည်။ 

ရွာသားများက နောက်ဆုံးတွင် ဟယ်ယဲ့ချင်း၏ နှုတ်မှ တရားဝင် သတင်းကို အတည်ပြု ကြားသိလိုက်ရသောအခါ၌ တစ်ယောက်တစ်မျိုးစီ တုံ့ပြန်ကြလေသည်။

ဟယ်ယဲ့ချင်းအပေါ် အမှန်တကယ် စိတ်ရင်းဖြင့် ဂရုစိုက်ကြသော ရွာသားအချို့ကမူ ဤကိစ္စအပေါ် အလွန် နှမြောကြပြီး ဟယ်ယဲ့ချင်းက ယခုကဲ့သို့သော လူမျိုးနှင့် အိမ်ထောင်ပြုတော့မည်ဟူသောအချက်ကို လက်ခံရန် အလွန် ခက်ခဲနေကြသည်။ အထူးသဖြင့် ရွာထဲတွင် လူအများ မနှစ်သက်ကြသော လူဆိုးလူမိုက် ရှန်လီနှင့် ဖြစ်နေ၍ ဖြစ်သည်။

ဤလူဆိုးလူမိုက် ရှန်လီက ထူးချွန်ထက်မြက်လှသော ဟယ်ယဲ့ချင်းနှင့် မည်သို့မျှ မထိုက်တန်ပေ။

ရွာသားများက ဟယ်ယဲ့ချင်း၏ ဘေးတွင် မည်သည့်စကားမျှ မဆိုဘဲ တိတ်ဆိတ်စွာ မတ်တတ်ရပ်နေသည့် ရှန်လီ့ထံသို့ မသိမသာဖြင့် မကျေနပ်သော အကြည့်များကို ပစ်လွှတ်လိုက်ကြသည်။ ရှန်လီက တစ်ချက်ကြည့်ရုံမျှဖြင့် အလွယ်တကူ ရန်စ၍ရမည့်သူမျိုး မဟုတ်ကြောင်း သိသာလွန်းလှသည့် ခံ့ညားထည်ဝါသော စွမ်းအားအရှိန်အဝါမျိုး ထွက်ပေါ်နေခဲ့သည်။

သို့သော်လည်း သူတို့က ထိုသို့ စိုက်ကြည့်နေရင်းမှပင် ရွာထဲ၌ လူဆိုးလူမိုက်ဟု သတ်မှတ်ခံထားရသော ဤကောင်လေးက တကယ်တမ်း၌ အတော်လေး ရုပ်ရည်ချောမောသူတစ်ဦး ဖြစ်နေသည်ကို သတိပြုမိသွားကြပြန်သည်။ 

ထို့အပြင် အမျိုးသားနှင့် အမျိုးသမီးတို့က ယှဉ်တွဲ၍ မတ်တတ်ရပ်နေကြသည့်အခါ နှစ်ဦးစလုံးက ထူးခြားထင်ရှားသော ရုပ်ရည်အလှအပ ရှိကြသူများပီပီ တစ်ယောက်ကိုတစ်ယောက် ပံ့ပိုးပေးနေသကဲ့သို့ ဖြစ်ကာ အလွန်ပင် လိုက်ဖက်ညီလှသည်ဟု မထင်မှတ်ဘဲ ခံစားလိုက်ရသည်။

တောက်... တောက်... တောက်... ဘာတွေ လျှောက်တွေးနေကြတာလဲ… အပြင်ပန်း ရုပ်ရည်အလှအပတွေရဲ့ လှည့်စားမှုကို လုံးဝ မခံဘူးဟေ့…

ဒီလူရှုပ်လူမိုက် ရှန်လီက... ငါတို့ရွာရဲ့ အဖိုးတန်လေး ဟယ်ယဲ့ချင်းနဲ့ ဘယ်လိုလုပ်ပြီး တန်ပါ့မလဲ…

ဟယ်အာ့ရွှမ်းနဲ့ နျိုချွန်ဟုန်တို့ ဇနီးမောင်နှံကတော့ တကယ်ကို အကုသိုလ်တွေ လုပ်နေကြတာပဲ… ဒီလောက်အထိ လိမ္မာထူးချွန်တဲ့ သမီးကောင်းရတနာလေးကိုမှ ဒီလိုမျိုး နှိပ်စက်ကန့်သတ်ပြီး အိမ်ထောင်ချပေးရတယ်လို့…

ရွာသားအချို့က ကိစ္စရပ်တစ်ခုလုံး၏ အရင်းအမြစ်ကို သေသေချာချာ မသိရှိကြဘဲ သူတို့ဘာသာသူတို့ ကောက်ချက်ချကာ အပြစ်မှန်သမျှကို ဟယ်အာ့ရွှမ်းနှင့် နျိုချွန်းဟုန်တို့၏ ခေါင်းပေါ်သို့သာ ပုံချပစ်လိုက်ကြတော့သည်။

အခြားသော ရွာသားအချို့ကမူ သူတို့နှင့် မသက်ဆိုင်သည့် ကိစ္စတစ်ခုအား ပွဲကြည့်ပရိသတ်အဖြစ် လာရောက်အားပေးကြခြင်းသာ ဖြစ်သည်။ အပြင်ပန်းတွင်မူ ဟယ်ယဲ့ချင်းအပေါ် သနားကြင်နာဟန် သို့မဟုတ် မင်္ဂလာဆုတောင်းပေးဟန်များ ပြသနေကြသော်လည်း ရင်ထဲ၌မူ တစ်ဖက်လှည့်ဖြင့် စိတ်ကျေနပ်အားရမှု အနည်းငယ် ရှိနေကြသည်။

ဟယ်ယဲ့ချင်းက ရွာထဲတွင် အလွန်ကောင်းမွန်သော ဂုဏ်သတင်းကျော်စောမှု ရှိသည်က မှန်သော်လည်း ၎င်းသည် ရွာသားအားလုံးက သူမကို စိတ်ရင်းဖြင့် ချစ်ခင်မြတ်နိုးကြသည်ဟု မဆိုလိုပေ။ အချို့သော ရွာသားများက သူတို့၏ သားသမီးများက ဟယ်ယဲ့ချင်းကဲ့သို့ ထူးချွန်ထက်မြက်အောင် မစွမ်းဆောင်နိုင်ကြသဖြင့် စိတ်ထဲမှ မနာလို ဝန်တိုဖြစ်နေကြသူများ ဖြစ်ကြပြီး အချို့ကမူ သူမ၏ အရည်အချင်း အရှိန်အဝါများအောက်တွင် သူတို့ မိသားစုများက အမြဲတစေ အရိပ်မိုးခြင်း ခံနေရသည်ဟု ခံစားရသဖြင့် ရင်ထဲ၌ အာဃာတအနည်းငယ် မွေးမြူထားကြသူများ ဖြစ်သည်။

ထို့ကြောင့် ထိုလူများက ဟယ်ယဲ့ချင်းတစ်ယောက် ရွာထဲတွင် အနာဂတ်မရှိဆုံးနှင့် အလုပ်အကိုင်မရှိဘဲ အချိန်ဖြုန်းနေတတ်ဆုံးဟု သတ်မှတ်ခံထားရသည့် ရှန်လီနှင့် တကယ်တမ်း အိမ်ထောင်ပြုတော့မည်ဟူသော သတင်းကို ကြားသိလိုက်ရသည့်အခါတွင်မူ ရင်ထဲ၌ သက်ပြင်းတစ်ချက် ချကာ စိတ်သက်သာရာ ရသွားကြသည်။

အမှန်စင်စစ်တွင်မူ ဤလောကကြီး၌ မိမိနှင့် အနီးစပ်ဆုံးသော သွေးသားရင်းချာ မိသားစုဝင်များကသာ လှိုက်လှိုက်လှဲလှဲဖြင့် မိမိကို ကောင်းစားစေချင်ကြခြင်း ဖြစ်သည်။

 á€žá€­á€Żá€ˇá€žá€ąá€Źá€şá€œá€Šá€şá€¸ ဤသီအိုရီက ဟယ်ယဲ့ချင်းအတွက်မူ အကျုံးဝင်ခြင်း မရှိခဲ့ချေ။

ဟယ်ယဲ့ချင်းဆိုတာက နောင်တစ်ချိန်မှာ အရမ်းကို တောက်ပတဲ့ အနာဂတ်ကောင်းတွေ ရှိလာမယ့်သူဆိုပြီး တစ်ရွာလုံးက ကောင်းကင်အထိ မြှောက်ပင့်ချီးမွမ်းခံထားရတဲ့သူ မဟုတ်လား…

ဒါဆိုရင် အခုကျမှ ဘာဖြစ်လို့ ဒီလိုမျိုး အဆင့်မရှိတဲ့ မိသားစုထဲကို အိမ်ထောင်ပြုရတာလဲ…

ငါတို့ရဲ့ သားသမီးတွေက သူနဲ့ မနှိုင်းယှဉ်နိုင်ရင်တောင်မှ... သူက အဲဒီ ရှန်မိသားစုက လူဆိုးလူမိုက်ထက် သာတဲ့ လူတစ်ယောက်ယောက်ကို ရှာဖွေပြီး လက်ထပ်သင့်တာ မဟုတ်ဘူးလား…

(ETN- ရွာသားများက သူတို့၏ သားသမီးများက ရှန်လီထက် များစွာ သာလွန်သည်ဟု အခိုင်အမာ ယုံကြည်ထားကြသဖြင့် ဟယ်ယဲ့ချင်းက ပိုကောင်းသော အိမ်ထောင်ဖက်ကို ရွေးချယ်နိုင်သည်ဟု တွေးတောနေကြခြင်း ဖြစ်သည်။)

အနှစ်ချုပ်ရလျှင် ကျေးလက်တောရွာတစ်ခုလုံးနီးပါးရှိ လူများက ဤအိမ်ထောင်ရေးအပေါ် လုံးဝ မျှော်လင့်ချက်မရှိနိုင်ဟု ရှုမြင်နေကြပြီး မည်သူမျှ အကောင်းမမြင်ကြချေ။

…

ဟယ်ယဲ့ချင်းကမူ ရွာထဲမှ လူအများ မည်သို့တွေးတောနေကြသည်ကို လုံးဝ ဂရုစိုက်ခြင်း မရှိပေ။ ဤအချိန်၌ သူမက ရှန်လီနှင့်အတူ ကျေးရွာအတွင်းရေးမှူး၏ အိမ်ရှေ့ တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကန်းရွှေရွာ၏ ကျေးရွာအတွင်းရေးမှူးက ဆွေမျိုးတော်စပ်မှု အစဉ်အဆက်အရ ပြောရလျှင် ဟယ်ယဲ့ချင်း၏ ဝမ်းကွဲဦးလေး တော်စပ်သူ ဖြစ်၏။

ယခုအချိန်၌ လယ်ယာမြေများကို မိသားစုအလိုက် ပြန်လည်ခွဲဝေပေးခဲ့ခြင်းက အတိအကျပင် ခုနစ်နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ရာ ယခင်က ဖွဲ့စည်းထားခဲ့သော စိုက်ပျိုးထုတ်လုပ်ရေးအဖွဲ့ကြီး ပျက်စီးသွားခဲ့သည်ကလည်း ကြာပေပြီ။

 á€›á€˝á€Źá€žá€Źá€¸á€Ąá€Źá€¸á€œá€Żá€śá€¸á€€ သူတို့၏ ကိုယ်ပိုင်လယ်ယာမြေများပေါ်တွင် ကိုယ်ပိုင်စိုက်ပျိုးရေး လုပ်ငန်းများကိုသာ သီးခြားစီ လုပ်ကိုင်နေကြပြီ ဖြစ်သဖြင့် ယခင်ခေတ်ကာလများကဲ့သို့ ကျေးရွာအတွင်းရေးမှူး၏ အာဏာနှင့် ဂုဏ်ဒြပ်က ယခုအခါတွင်မူ ဩဇာတိက္ကမ အများကြီး မရှိတော့ချေ။

သူတို့နှစ်ဦးက လက်ထပ်မှတ်ပုံတင်ရန် ထောက်ခံစာ လာရောက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကြားသိရသောအခါ ကျေးရွာအတွင်းရေးမှူးက သူတို့ကို အထူးတလည် ဒုက္ခပေးခြင်း မရှိဘဲ လိုအပ်သည့် ထောက်ခံစာကို အလွယ်တကူပင် ထုတ်ပေးလိုက်သည်။

ကျေးရွာမှ ထုတ်ပေးလိုက်သော ထိုလက်ထပ်ထောက်ခံစာက အလွန်ပင် ရိုးရှင်းလှသည်။ ၎င်းတွင် သူတို့နှစ်ဦး၏ မွေးသက္ကရာဇ်များနှင့် လက်ရှိအိမ်ထောင်မရှိကြောင်း အခြေအနေများကိုသာ ဖော်ပြထားပြီး အောက်ခြေတွင် ကျေးရွာကော်မတီ၏ အနီရောင် တံဆိပ်တုံးကို ခံ့ညားစွာ ထုနှိပ်ပေးထားသည်။

ဟယ်ယဲ့ချင်း၏ မွေးသက္ကရာဇ်နှင့် ပတ်သက်၍မူ ဤနေရာတွင် အနည်းငယ် ထည့်သွင်းပြောဆိုရန် ရှိပေသည်။

ဟယ်ယဲ့ချင်း၏ အမှန်တကယ် အသက်က ၁၈ နှစ်သာ ရှိသေးသော်လည်း ငယ်စဉ်က မိဘများက အိမ်ထောင်စုလူဦးရေစာရင်း၌ စတင် ရေးသွင်းခဲ့စဉ် အကြောင်းအမျိုးမျိုးကြောင့် သူမ၏ အသက်ကို နှစ်နှစ်ခန့် ပို၍ စာရင်းသွင်းမိခဲ့ကြသည်။ ထို့ကြောင့် အိမ်ထောင်စုစာရင်းစာအုပ်ပေါ်ရှိ အသက်အရဆိုလျှင်မူ ဟယ်ယဲ့ချင်းက ယခုအခါ တရားဝင် အသက် ၂၀ နှစ် ပြည့်မြောက်နေပြီ ဖြစ်သဖြင့် ဥပဒေအရ လက်ထပ်မှတ်ပုံတင်ရန် သတ်မှတ်ထားသော အသက်အရွယ် လိုအပ်ချက်နှင့် ကွက်တိ ကိုက်ညီနေခဲ့သည်။ ရှန်လီကမူ မကြာသေးမီကမှ အသက် ၂၂ နှစ် ပြည့်မြောက်ထားသူ ဖြစ်သဖြင့် သူသည်လည်း လက်ထပ်စာချုပ်ချုပ်ဆိုရန် အသက်အရွယ် သတ်မှတ်ချက်နှင့် ပြည့်စုံနေခဲ့သည်။

ထိုကျေးရွာ ထောက်ခံစာကို ရရှိပြီးနောက် သူတို့နှစ်ဦးစလုံးက အချိန်ဆွဲမနေတော့ဘဲ ခရိုင်မြို့ပေါ်သို့ အမြန်ဆုံး သွားလိုက်ကြသည်။

သူတို့က တရားဝင် လက်ထပ်မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များကို ပြီးမြောက်အောင် လုပ်ဆောင်ရန်အတွက် ရှီနန်ခရိုင် ပြည်သူ့အစိုးရရုံးသို့ တိုက်ရိုက် မသွားရောက်မီ လမ်းခရီးတွင်ရှိသော ဓာတ်ပုံစတူဒီယိုဆိုင်တစ်ခုသို့ အရင်ဆုံး ဝင်ရောက်ခဲ့ကြသည်။

ထိုဓာတ်ပုံဆိုင်ပိုင်ရှင်က ရှန်လီ၏ အသိမိတ်ဆွေဟောင်းတစ်ဦး ဖြစ်ပုံရသည်။ ပုံမှန်အားဖြင့် ထိုခေတ်ကာလတွင် ဓာတ်ပုံရိုက်ကူးပြီးပါက ဖလင်ဆေးရန်အတွက် အနည်းဆုံး တစ်ရက် သို့မဟုတ် နှစ်ရက်ခန့် စောင့်ဆိုင်းရလေ့ရှိသည်။ သို့သော်လည်း သူတို့က လူရင်းများ ဖြစ်ကြသဖြင့် ရှန်လီနှင့် ဟယ်ယဲ့ချင်းတို့က အထူးအခွင့်အရေး ရရှိခဲ့ကြပြီး မိနစ်သုံးဆယ်ခန့် စောင့်ဆိုင်းရုံမျှဖြင့် ကာလာဓာတ်ပုံများကို ရရှိခဲ့ကြသည်။

ဓာတ်ပုံဆရာက သူတို့နှစ်ဦးအား မည်ကဲ့သို့သော အနေအထားဖြင့် ထိုင်ရမည်ကို စနစ်တကျ လမ်းညွှန်ပြသပေးလေသည်။

“မင်းတို့နှစ်ယောက်ရဲ့ ခေါင်းလေးတွေကို အလယ်ကို နည်းနည်းလောက် ထပ်ပြီး တိုးကပ်လိုက်ပါဦး… အား... အဲဒါကွက်တိပဲ… မျက်နှာကလည်း နည်းနည်းလောက် ပြုံးပေးပါဦး… အိမ်ထောင်ပြုတယ်ဆိုတာ မင်္ဂလာရှိပြီး အရမ်းကို ပျော်ရွှင်စရာကောင်းတဲ့ ကိစ္စပဲဥစ္စာ… ပြုံးပြုံးလေး နေကြရမယ်လေ… ကဲ... ကဲ... အဲဒီအနေအထားအတိုင်း ငြိမ်ငြိမ်လေး နေပေးကြပါတော့…”

“ချက်ခနဲ” ဟူသော အသံနှင့်အတူ... သူတို့နှစ်ဦး၏ ထူးခြားထင်ရှားလှသော မျက်နှာသွင်ပြင်များက ခေတ်ဟောင်း ဖလင်လိပ်ပေါ်တွင် အချိန်ကာလတစ်ခုအဖြစ် ထာဝရ အေးခဲ၍ ကျန်ရစ်ခဲ့လေသည်။

မိနစ်သုံးဆယ် ကြာမြင့်ပြီးနောက် ဟယ်ယဲ့ချင်းက သူတို့၏ လက်ထပ်မှတ်ပုံတင် ဓာတ်ပုံများကို လက်ဝယ် ရရှိခဲ့သည်။ မထင်မှတ်ဘဲ ထိုဓာတ်ပုံများက အလွန် လှပသပ်ရပ်စွာ ထွက်ပေါ်လာခဲ့သည်။

ဓာတ်ပုံဆရာ၏ စနစ်တကျ လမ်းညွှန်မှုအောက်တွင် သူတို့နှစ်ဦး၏ လှုပ်ရှားမှုများက ပြောမပြတတ်အောင်ပင် ရိုးသားနွေးထွေးပြီး ရင်းနှီးကျွမ်းဝင်မှု အရိပ်အယောင်အချို့ လွှမ်းခြုံနေခဲ့သည်။ 

ဟယ်ယဲ့ချင်းက ကင်မရာကို ကြည့်ကာ ချိုသာအေးချမ်းစွာ ပြုံးနေခဲ့ပြီး ရှန်လီ၏ နှုတ်ခမ်းဖျားတွင်လည်း အပြုံးနုနုလေးတစ်ခု ရှိနေကာ သူ့မျက်ဝန်းများထဲမှ ကြည်နူးနှစ်သက်နေသော အရိပ်အယောင်များကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။ သူတို့ကို ကြည့်ရသည်က တကယ့်ကို အသစ်စက်စက် လက်ထပ်ထားကြသော ဇနီးမောင်နှံအစစ်အမှန်အတိုင်းပင် ထင်မှတ်ရစေသည်။

သူတို့နှစ်ဦးက ထိုဓာတ်ပုံများ ထည့်သွင်းထားသော အဝါရောင် စာအိတ်ကလေးကို ကိုင်ဆောင်လျက် ခရိုင်ပြည်သူ့အစိုးရရုံးသို့ တိုက်ရိုက် လျှောက်လှမ်းလာခဲ့ကြသည်။

ရုံးဝန်ထမ်းက သူတို့ ယူဆောင်လာခဲ့သော အချက်အလက်များနှင့် စာရွက်စာတမ်းများကို သေသေချာချာ စစ်ဆေးပြီးနောက် မကြာမီမှာပင် လက်ထပ်မှတ်ပုံတင်ကို ထုတ်ပေးလာသည်။ ၎င်းက လက်ဝါးခန့်သာရှိသော စာအုပ်ငယ်ကလေး ဖြစ်ပြီး အတွင်းဘက်တွင် သူတို့နှစ်ဦး၏ အမည်များနှင့် အခြားသော အချက်အလက်များကို လက်ရေးဖြင့် သေသေချာချာ ရေးမှတ်ပေးထားသည်။

တရားဝင် လက်ထပ်မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များ အားလုံး ပြီးမြောက်သွားပြီးနောက် သူတို့နှစ်ဦးသည် ထိုလက်ထပ်မှတ်ပုံတင်အသစ်ကလေးကို ကိုင်ဆောင်ကာ အိမ်ထောင်စုလူဦးရေစာရင်း ပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်ခဲ့ကြသည်။

နောက်ဆုံးတွင်မူ ဟယ်ယဲ့ချင်း၏ အိမ်ထောင်စုစာရင်းက ဟယ်မိသားစု၏ စာအုပ်ထဲမှ ရှန်မိသားစု၏ အိမ်ထောင်စုစာရင်း စာအုပ်ထဲသို့ တရားဝင် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သည်။

၎င်းက ထိုခေတ်ကာလအတိုင်း လက်ရေးဖြင့် ရေးမှတ်ထားရဆဲဖြစ်သော အိမ်ထောင်စုစာရင်း စာမျက်နှာအသစ်တစ်ခုသာ ဖြစ်သော်လည်း... အိမ်ထောင်ရေး အခြေအနေ ကဏ္ဍတွင်မူ ယခင်က “အပျို/အိမ်ထောင်မရှိ” ဟူသော စာသားမှ “အိမ်ထောင်ရှိ” ဟူသော စာသားသို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အိမ်ထောင်ဦးစီး နေရာတွင်လည်း ယခင်က “ဟယ်အာ့ရွှမ်း” ဟူသောအမည်မှ ယခုအခါ “အဘွားရှန်” ဟူသောအမည်သို့ ပြောင်းလဲသွားခဲ့ပြီး အိမ်ထောင်ဦးစီးနှင့် တော်စပ်ပုံ ကဏ္ဍတွင်လည်း ယခင်က “သားသမီး” ဟူသော စာသားမှနေ၍ ယခုအခါ “မြေးချွေးမ” ဟူသော စာသားသို့ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ဟယ်ယဲ့ချင်းက သူမ၏ လက်ထဲသို့ အသစ်စက်စက် ရောက်ရှိလာခဲ့သော အိမ်ထောင်စုစာရင်း စာအုပ်ကလေးကို စိုက်ကြည့်လျက် ရင်ထဲတွင် အတိုင်းအဆမရှိ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရလွန်းသဖြင့် ဝမ်းသာမျက်ရည်ပင် ဝဲလာမိသည်။

နောက်ဆုံးတွင်... သူမက ဟယ်အာ့ရွှမ်းနှင့် နျိုချွန်းဟုန်တို့၏ အတင်းအကျပ် ချုပ်ချယ်မှုများနှင့် ဖိနှိပ်ချုပ်ကိုင်မှုများအောက်မှနေ၍ လုံးဝဥဿုံ လွတ်မြောက်သွားခဲ့လေပြီ။


 

Search Novels