အပိုင်း (၁၀၆) ကြီးမြတ်လှတဲ့ချင်က ကျို့ကို ခေါ်ဖို့ ကားထဲက ထွက်လာ
ရွယ်ယောင်ယောင်သည် အစကတော့ သူမ  á€–ိတ်ခ္ဍ်ခဝက်ကို လက်မခံခဲ့ပေ။ အရိုးသားဆုံး ပြောရလျှင် သူမက ထိုကဲ့သို့ ပရော်ဖက်ရှင်နယ် တင်းနစ်ကစားကွင်း၌ ဘယ်တုန်းကမှ မကစားဖူးပေ။ ထိုဟာက အတော်လေးကို စျေးကြီးပေလိမ့်မည်။
ထပ်ပြောရလျှင် သူမ၏ ခန္ဓာကိုယ်က အခြားသူတွေလို ပိန်သွယ်လှပနေတာမျိုး မဟုတ်တော့ ထိုကဲ့သို့ နေရာမျိုးကို သွားသည့်အခါ လူထူးလူဆန်းတစ်ယောက်လို မတူမတန် ဆက်ဆံခံရမှာ အမှန်ပင်။
ဖူကျို့က ရွယ်ယောင်ယောင်၏ စိတ်မသက်မသာဖြစ်နေသည့် အပြုံးကြောင့် သူမ၏ စိုးရိမ်သောကများကို သတိပြုမိသွားလေသည်။
"မစိုးရိမ်ပါနဲ့ နင့်ကို လာပြီး လှောင်ပြောင်တာမျိုးမရှိစေရပါဘူး ငါ့အတွက် ကွင်းနံဘေးမှာ လက်တော့နဲ့ ဂိမ်းကစားပေးရုံပါပဲဟ ရည်ရွယ်ချက်က ငါနဲ့အတူတူရှိနေတုန်းမှာ နင့်ကို ဂိမ်းကစားတာရဲ့ လှည့်ကွက်အချို့ကို သင်ပေးချင်လို့"
အမှန်တော့ ထိုလူငယ်လေးသည် သူမ၌ ဖုန်းမရှိမှန်း သိတာကြောင့် သူနှင့် အတူတူခေါ်သွားတာ ဖြစ်မှန်း ရွယ်ယောင်ယောင်သိပေသည်။
ဒီလူငယ်လေး၏ ကြင်နာမှုနှင့် စဉ်းစားတွေးတောတတ်မှုကြောင့် သူဟာ သူမအား ဒီအမှန်တရားအား ထုတ်ပြောလိမ့်မည်မဟုတ်။
သူတို့နှစ်ယောက်ဟာ ကျောင်းအပြင်ဘက်သို့ လမ်းလျှောက်ထွက်လာလေ၏။ လူငယ်လေးက သူ၏ ကျောင်းလွယ်အိတ်ကို ပခုံးတစ်ဖက်တည်း လွယ်ထားပြီးတော့ လမ်းလျှောက်နေသည်။ ထိုမြင်ကွင်းက မြင်ရသူတိုင်း၏ မျက်လုံးထဲ၌ အလွန်အမင်းခံ့ညားနေပေတော့သည်။
အပြင်ဘက်၌ မိုးတဖွဲဖွဲကျနေ၏။
ဖူကျို့က ထီးမပါလာတာကြောင့် သူမ၏ ငွေရောင်ဆံနွယ်များက အနည်းငယ် စိုစွတ်နေကာ သူမ၏ မျက်နှာကို ပိုပြီးနူးညံ့နေပုံပေါ်အောင် အားဖြည့်ပေးနေသယောင်ယောင်ပင်။
သူ ဝတ်ဆင်ထားသည့် အနက်ရောင်နားကပ်များနှင့်အတူ သူ၏ တောက်ပသော အပြုံးအားပေါင်းစပ်လိုက်သောအခါ အားကောင်းသည့် လက်နက်တစ်ခု ဖြစ်လာပြီး မည်သည့်မိန်းကလေးကိုမဆို စက္ကန့်ပိုင်းအတွင်း ကြွေဆင်းသွားစေနိုင်ပေ၏။
"ဖူကျို့ နင်ခဏလေးစောင့်ပေးလို့ရမလား"
ရုတ်တရက်ကြီး ရှက်သွေးဖြာနေသည့် မိန်းကလေးတစ်ယောက်က ဖူကျို့၏ အရှေ့၌ပေါ်လာ၏။ ထိုကောင်မလေးက သူမ၏ သူငယ်ချင်းနှစ်ယောက်လက်ချက်ဖြင့် အရှေ့သို့ တွန်းခံလိုက်ရပြီးတော့ သူမ၏ မျက်နှာက ခရမ်းချဉ်သီးလို ရဲတွတ်နေပေတော့၏။
"ဒီ..ဒီနေ့ ရုပ်ရှင်ကားကောင်းကောင်းလေးတစ်ခု ရုံတင်တယ်လေ၊ အဲဒါ ငါနဲ့တူတူ ကြည့်ပေးလို့ရမလား"
ဖူကျို့က ရယ်လိုက်ပြီးတော့ စဉ်းစားတွေးတောနေဟန်ပြုကာ
"ငါ ဒီနေ့ အလုပ်နည်းနည်းများနေတယ် တောင်းပန်တယ်နော်"
အငြင်းခံလိုက်ရသည့် ခံစားချက်ဟာ ဆိုးဝါးလှ၏။ ဖူကျို့က သူမနှင့်အတူ လိုက်လိမ့်မည်မဟုတ်မှန်း သိနေသော်ငြား ထိုကောင်မလေးက သူမ၏ ခေါင်းကို ငုံ့လိုက်ပြီးတော့ ရုပ်ရှင်လက်မှတ်ကို ကိုင်ထားသည့် သူမ၏လက်က တုန်ယင်နေပေတော့သည်။
"ဒီ..ဒီလိုဆိုရင် နင် သွားစရာရှိတာသွားလေ ဘယ်တတ်နိုင်ပါ့မလဲ"
ဖူကျို့က ထိုကောင်မလေး၏ ဖြူဖျော့နေသည့် လက်ဖျားထိပ်လေးကို မြင်လိုက်ကာ ဘယ်ဘက်လက်ကို မြှောက်လိုက်သည်။ ဖူကျို့က ထိုကောင်မလေး၏ ဆံပင်ကို နားရွက်အနောက်ဆီသို့ ညှပ်ပေးလိုက်ကာ ပြုံးလိုက်လေ၏။
"မိုးရွာနေတယ် အိမ်ပြန်တော့လေ နေမကောင်း မဖြစ်စေနဲ့ကွာ"
ရုတ်တရက်ကြီး ဒီကောင်မလေးသုံးယောက်ဟာ စိတ်လှုပ်ရှားလွန်းလို့ ပစ်လဲမတတ်ဖြစ်နေပေတော့၏။
ဖူကျို့၏ အထိအတွေ့ကို ခံစားလိုက်ရသည့် ကောင်မလေးက ဘယ်တုန်းကမှ မခံစားဖူးခဲ့သည့် နွေးထွေးမှုကို ခံစားမိလိုက်သည်။
သူတို့အရှင်ကျို့ဟာ လူတို့ရဲ့ ကမ်းလှမ်းချက်ကိုငြင်းဆိုတာတောင်မှ အရမ်းကို ကြင်နာလွန်းနေတယ်။
ချင်မော့က ကားမှန် ချလိုက်သည်နှင့် ထိုမြင်ကွင်းကို မြင်လိုက်ရသည်။ သူဟာ ကားနောက်ခန်း၌ ခြေချိတ်လျက်ထိုင်နေသည်။ စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်သည့် လက်တော့တစ်လုံးဟာ သူ့ပေါင်ပေါ်တွင် ရှိနေပြီး သူ့ကိုကြည့်ရတာ အခုလေးတ င်အစည်းအဝေးပြီးသွားခဲ့ပုံ ရသည်။
ချင်မော့က အစပထမကတော့ စီးကရက်ကို မီးညှိဖို့ပြင်နေကာ သူ့၏ဘယ်လက်က အကန့်အသတ်ထုတ်ငွေရောင်မီးခြစ်ကို ဆော့ကစားနေပေသည်။ သို့သော် ကား၏ အပြင်ဘက်ကလူငယ်ကို မြင်လိုက်သည်နှင့် သူ၏ ဘယ်လက်က ဆော့ကစားနေရာမှ ရပ်တန့်သွားလေ၏။ သူ၏ မည်းနက်နေသောမျက်ဝန်းတွေဟာ အရင်ကထက်ပိုပြီး မည်းနက်သထက် နက်လာပြီးတော့ ပိုပြီးတော့ အေးစက်သွားပေ၏။
"စီအီးအိုချင် အရှေ့ဘက်ကိုနည်းနည်းထပ်မောင်းရဦးမှာလားဗျ"
ကားဒရိုင်ဘာဟာ သူများအမှားလုပ်မိလေသလားဟု တွေးမိကာ အလိုက်တသိမေးမြန်းလိုက်ပေ၏။
ချင်မော့က မီးခြစ်ကို အသံမြည်အောင်ပိတ်လိုက်ပြီး ကားတံခါးကို ချက်ချင်းဆွဲဖွင့်လိုက်သည်။ သူက ယာဉ်မောင်းကို 'မလိုဘူး'ဆိုသည့် စကားတစ်ခွန်းပြောပြီးသည်နှင့် ဖူကျို့ရှိရာဆီသို့ တည့်တည့်မတ်မတ် လျှောက်သွားလေသည်။
တရုတ်နိုင်ငံမြောက်ပိုင်း၏ ဆောင်းဦးရာသီမိုးဖွဲဖွဲဟာ အေးစိမ့်လေ့ရှိတာကြောင့် ချင်မော့ဟာ အခြားရက်များနှင့် မတူဘဲ တစ်မူထူးခြားစွာ ဝတ်ဆင်ထားလေသည်။ ချင်မော့က အနက်ရောင် ကြယ်သီးနှစ်ဆင့်တပ်ရသည့် ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး ဒီကုတ်အင်္ကျီ၏ ကော်လံ၌ မြေခွေးအမွေးများဖြင့် အလှဆင်ထား၏။
သူ့၏ လှုပ်ရှားမှုတိုင်းဟာ လွှမ်းမိုးနိုင်စွမ်း မြင့်မားပြီး အထက်တန်းဆန်းသည့် အရှိန်အဝါကို ထုတ်လွှင့်နေသယောင်ပင်။ ပြီးပြည့်စုံပြီး ခံ့ညားလွန်းလှသည့် မျက်နှာလေးဟာ မရေတွက်နိုင်သော မျက်လုံးပေါင်းများစွာ၏ အာရုံစိုက်မှုကို စက္ကန့်ပိုင်းအတွင်း ရယူသွားခဲ့သည်။
ကျောင်းဂိတ်ပေါက်ဝမှလူတွေက ချင်မော့၏ နာမည်ကို မအော်ဟစ်နိုင်သေးခင် ချင်မော့က သူ့လက်ကိုဆန့်ထုတ်လိုက်ပြီးတော့ ဖူကျို့ကို ကော်လံမှဆွဲကိုင်ကာ သူရှိရာဆီသို့ ဆွဲလှည့်လိုက်သည်။ ချင်မော့က အပြုံးဟု မမည်သောအေးစက်သော အပြုံးအား ပြုံးလိုက်သည်။
"မင်း ငါ့ကို ဘာကတိပေးထားတာလဲဆိုတာကို မေ့သွားပြီလား"
ကြီးမားလှသည့် အားတစ်ခုက သူမကို ဆွဲလိုက်တာကြောင့် ဖူကျို့က မတရားစွပ်စွဲခံလိုက်ရသလို ခံစားလိုက်ရ၏။ သူမကို ဆွဲသည့် တရားခံကို လှည့်ကြည့်လိုက်မိတော့ ငွေရောင်ဆံနွယ်များက တစ်မွေးမကျန် ထောင်တက်သွားပေသည်။ သူမ၏ မျက်ဝန်းများဖြင့် အလှပဆုံး တောက်ပစွာ ကြည့်လိုက်သည်။
"အစ်ကိုမော့ နင်လေး မှားမယ်နော် ဒီတစ်ကြိမ်တော့ ငါလေးက အီစီကလီခံရတဲ့သူပါဟ"
 
............
အပိုင်း (၁၀၇) အရှင်ကျို့က ကြီးမြတ်လှတဲ့သခင်လေးချင်ကို ကျီစယ်ပြန်
"အိုး မှားသွားတာလား"
ချင်မော့သည် မျက်ခုံးပင့်လိုက်ပြီးတော့ ထိုလူငယ်ကို ကြည့်လိုက်သည်။ ထိုလူငယ်၏ မျက်နှာက  á€Ąá€›á€™á€şá€¸á€€á€­á€Ż ဉာဏ်နီဉာဏ်နက်များပုံ ပေါက်နေတာကြောင့် ချင်မော့က သူ့လက်ချောင်းကို ထုတ်လိုက်ပြီး ထိုလူငယ်၏ ညာဘက်လက်ကို ထိလိုက်သည်။
"မင်းရဲ့ ဒီညာဘက်လက်ကြီးနဲ့ ဒီကောင်မလေးရဲ့ ဆံပင်ကိုတောင်မှ သပ်ပေးခဲ့သေးတာလေ"
ဖူကျို့က သူမ၏ ဆံပင်မှ မိုးရေစက်တွေ မျက်နှာဆီသို့ တစက်စက်ကျဆင်းနေတာတောင်မှ ပြုံးနေဆဲပင်။
"ဒီဟာက အီစီကလီတာ မဟုတ်ဘူးလေဟာ"
ချင်မော့သည် ဖူကျို့၏ ပုံစံကို တစ်ချက်ကြည့်လိုက်ပြီးနောက် ယာဉ်မောင်းအား ထီးတစ်ချောင်း သွားယူလာခဲ့ရန်ပြောလိုက်လေသည်။ ထို့နောက် ချင်မော့သည် ထီးအား ဖူကျို့ခေါင်းပေါ်၌ မိုးပေးလိုက်ကာ သူတို့နှစ်ယောက်ပတ်ဝန်းကျင်က အော်ဟစ်သံတွေ ပိုပိုပြီးဆူညံလာတာကို လျစ်လျူရှု ထားပေ၏။ ချင်မော့က မထူးခြားသည့် လေသံဖြင့် အမိန့်ပေးလေသည်။
"ကားထဲကို အရင်ဝင်"
ဖူကျို့က ချင်မော့ စိတ်မဆိုးတော့ဘူးဆိုတာကို သိလေသည်။ သူမက ရွယ်ယောင်ယောင်ဘက်သို့ လှည့်လိုက်ကာ ကားတံခါးကို ဖွင့်လိုက်ပြီးတော့ အထဲသို့ဝင်ရန် အချက်ပြလိုက်ပေ၏။
ချင်မော့သည် ဖူကျို့၏ ဘေးဘက်မှနေ၍ မျက်မှောင်ကြုံလိုက်ကာ
"သူက မင်းခေါ်လာချင်တဲ့သူလား"
"အင်း ဟုတ်တယ်"
ဖူကျို့က ရွယ်ယောင်ယောင်၏ နောက်ကျောကို တွန်းလွှတ်ကာ ကားဆီသို့ အတင်းဝင်ခိုင်းလေသည်။
ရွယ်ယောင်ယောင်က အကြီးအကျယ် စိတ်ဖိစီးနေပေတော့သည်။
အရှင်ကျို့က ငါ့ကို ကြီးမြတ်လှတဲ့ သခင်လေးချင်နဲ့ တင်းနစ်ကစားမယ်လို့ ဘယ်တုန်းကမှ မပြောဘူးလေဟာ။
ပြီးတော့ ကြီးမြတ်လှတဲ့ သခင်လေးချင်က ဘာလို့ငါ့ကို အေးစက်စက်ကြီးစိုက်ကြည့်နေတာတုံး။ ငါ ဘာဆို ဘာမှမလုပ်ရသေးဘူးလေဟ။
"နင် ဘာလို့မဝင်သေးတာလဲ"
ဖူကျို့က ပေါ့ပေါ့ပါးပါးရယ်လိုက်ပြီးတော့
"ဝင်လေ အစ်ကိုမော့ကို င့ါသူငယ်ချင်းတစ်ယောက် ခေါ်လာမယ်လို့ ကြိုပြောထားပြီးသား သူက ရတယ်လို့ ပြောထားတယ်"
ရွယ်ယောင်ယောင်က သူမ၏ အခက်အခဲများကို မျိုသိပ်လိုက်ရပေ၏။ တကယ်လို့ သူမသာ ကားထဲဝင်သွားမယ်ဆိုရင် လူတွေဘယ်လိုတွေးကြမလဲဆိုတာကို စိတ်ပင်မကူးရဲတော့။
လက်တွေ့မှာတော့ ကျောင်းသားကျောင်းသူအားလုံးဟာ အလွန့်အလွန်ကို အံ့အားသင့်နေတာကြောင့် စကားပင်မပြောနိုင်တော့ချေ။
ကြီးမြတ်လှတဲ့ သခင်လေးချင် ရောက်လာတာက အံ့အားသင့်စရာ။ ဟုတ်တယ် ဒါပေမဲ့ ဒီဝတုတ်မက သခင်လေးချင်နဲ့ ရင်းနှီးနေပုံရပြီးတော့ ကားထဲကိုတောင် ဝင်သွားတာက ပိုပြီးတော့တောင် အံ့သြဖို့ကောင်းသေး။ အားးးး မနာလိုဖြစ်လို့သေတော့မှာပဲ။ ဒီကောင်မရဲ့ ကံဇာတာကို သောက်ရမ်းမုန်းတာပဲဟယ်!
ဒီကောင်မ အရင်ဘဝတုန်းက ဘယ်လိုကုသိုလ်ကောင်းမှုတွေများလုပ်ခဲ့လို့ ဒီလိုတောင် ကံတွေ ဇွတ်ကောင်းနေရတာလဲဟ!!!
ရွယ်ယောင်ယောင်၏ ခေါင်းက ထုံနေပေတော့သည်။ အချိန်အကြာကြီး တွေးတောပြီးနောက် ကားနောက်ခန်းသို့ ဝင်ထိုင်လိုက်သည်။
ဖူကျို့က ရွယ်ယောင်ယောင်အနောက်သို့ လိုက်မည့်အချိန်တွင် သူမ၏ ကော်လံက နောက်ထပ်တစ်ကြိမ်အဆွဲခံလိုက်ရပြန်သည်။
ဆွဲလိုက်သူကတော့ ထုံးစံအတိုင်း ကြီးမြတ်လှတဲ့ သခင်လေးချင်ပါတဲ့ရှင်။ ချင်မော့သည် လက်တစ်ဖက်က ထီးကို ကိုင်ထားပြီးတော့ ထီးကိုင်ဖို့အတွက် သီးသန့်လုပ်ထားသည့် လက်အိတ်အမည်းအား ဝတ်ဆင်ထားပေသည်။ နောက်လက်တစ်ဖက်ကတော့ ဖူကျို့ကို ကော်လံစမှ ဆွဲကိုင်ထားပေသည်။ သူ၏ ချောမောပြီး ခံ့ညားသည့်မျက်နှာကြောင့် ချင်မော့သည် ရှေးခေတ်နတ်ဆိုးတစ်ပါးကဲ့သို့ ဖြစ်နေပေ၏။
"မင်းရဲ့အပြုအမူတွေကို ကြည့်စမ်း မိန်းကလေးတွေက ကားအရှေ့ခန်းမှာထိုင်ရမှာ ယောကျာ်းဖြစ်တဲ့ ငါတို့က ကားအနောက်ခန်းမှာ ထိုင်သင့်တယ်"
ဖူကျို့က စဉ်းစားနေပေ၏။
ငါလေးလည်း မိန်းကလေးပဲလေဟယ်။
သူမဟာ ဒီအကြောင်းကို နှုတ်မှ ဖွင့်ပြောမည်မဟုတ်ပေ။
သူမ၏ နှုတ်ခမ်းက ကွေးတက်သွားပြီးတော့ လူကြီးလူကောင်းဆန်ဆန် ကား၏ အရှေ့တံခါးကို ဖွင့်ပေးလိုက်သည်။
ရွယ်ယောင်ယောင်က အရှေ့ဘက်သို့ သွားရန် သတ္တိရှိနေပြီဖြစ်လေသည်။ အကြောင်းမှာ ချင်မော့က ခုနကလောက် အေးတိအေးစက် မဖြစ်နေတော့သောကြောင့် ဖြစ်သည်။
သူတို့သုံးယောက်လုံး ကားထဲဝင်သွားသည်နှင့် အပြင်ဘက်၌ ပရမ်းပတာ ဖြစ်နေတာတွေဟာ နောက်ဆုံးတော့  á€„ဟိမ်းဥ္းသွဏးပ္တ္ဏအသည်။
ယနေ့လို မိုးရွာသည့်နေ့များတွင် အဆင့်မြင့်ဇိမ်ခံကားများ၌ မျက်နှာသုတ်ပဝါများ ကြိုတင်ပြင်ဆင်ထားလေ့ရှိသည်။
ချင်မော့က မျက်နှာသုတ်ပဝါကို ယူလိုက်ပြီး ဖူကျို့၏ ခေါင်းပေါ်သို့ ပစ်တင်လိုက်ကာ လက်တစ်ဖက်ဖြင့် စိုစွတ်နေသည့် ဆံပင်များကို သုတ်ပေးနေပေသည်။
ရွယ်ယောင်ယောင်က ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် လုံးဝကို အံ့အားသင့်သွားပေတော့သည်။ သူမဟာ ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို မသိတော့သဖြင့် နေရာ၌သာ ခပ်ကုတ်ကုတ်လေး ထိုင်နေလိုက်၏။
တကယ်တော့ ကားယာဉ်မောင်းကလည်း ခံစားချက်ပေါင်းစုံ ရောထွေးနေပေသည်။ ပြီးနောက် သူဟာ သူ့သခင်လေးက ကားအပြင်ကို ထွက်သွားပြီး မိုးရေထဲသို့ ပထမဆုံးသွားခဲ့တာကို မြင်လိုက်ရပေသည်။
ပြီးတော့ ကားထဲစစဝင်လာတာနဲ့ သူပထမဆုံးလုပ်တတ်တဲ့အရာက လက်သန့်ရှင်းရေးလေ။ အခုတော့ သူက ဟိုလူငယ်လေးရဲ့ ဆံပင်ကို သုတ်ပေးနေတယ်တဲ့လား။
ဒီ..ဒီဟာက သူ လုပ်နေကြပုံစံလဲ မဟုတ်ပါလားဟ။
မဟုတ်သေးဘူး မဟုတ်သေးဘူး!
ရွဲရွဲစိုနေတဲ့ လူငယ်တစ်ယောက်က သူ့ကားထဲမှာထိုင်နေတယ်လေဟ။ ဒီလိုဆိုရင် ဒီကောင်လေးကို သူကန်ထုတ်သင့်တာ မဟုတ်ဘူးလား။
ဖူကျို့က ထူးထူးခြားခြား ဘာမှမခံစားရပေ။ ဖူကျို့သည် ချင်မော့က သူမဆံပင်ကို သုတ်ပေးနေလေတော့ သုတ်ရတာ လွယ်ကူစေရန် သူမ၏ ခေါင်းကို ချင်မော့အနီးသို့ တိုးသွားလိုက်သေးသည်။ ချင်မော့ဆီသို့ တိုးကပ်သွားတာနဲ့ ဖူကျို့က အပြုံးတစ်ပွင့် ဖြစ်တည်လာသည်။
"အစ်ကိုမော့ နင်လေး စောင့်နေရတာကြာနေပြီလား"
.............
အပိုင်း (၁၀၈) ကြီးမြတ်လှတဲ့ချင်က ဒီညီလေးကို သိပ်ကောင်း
ထိုစကားကို ကြားလိုက်သည်နှင့် ချင်မော့က ခေါင်းလေး စောင်းလိုက်သည်။ သူ့နှုတ်ခမ်းက ထိုလူငယ်၏ စိုစွတ်နေသော ဆံပင်ကို ထိလုမတတ်ဖြစ်သွားပေတော့သည်။ ချင်မော့၏ လက်ချောင်းများက ချက်ချင်း ရပ်တန့်သွားပြီး နှုတ်ခမ်းသားများက ယားကျိကျိဖြစ်လာသလို ခံစားလိုက်ရပေ၏။ ထို့နောက် ချင်မော့၏အသံက ချက်ချင်းတိုးကျသွားသည်။
"မျက်နှာသုတ်ပဝါယူပြီး မင်းဘာသာသုတ်တော့"
ထိုသို့ ပြောပြီးသည်နှင့် ချင်မော့က လက်တော့ကို ဖွင့်လိုက်ပြီးတော့ headphonesတပ်ကာ အစည်းအဝေးကို ပြန်ဆက်လိုက်သည်။ သူ့မျက်နှာက အေးစက်ပြီး မာနကြီးသည့်အသွင် ဆောင်နေပေသည်။
ဖူကျို့က သူမဆံပင်ကို စတင်အခြောက်ခံတော့သည်။ သည်တစ်ကြိမ်လည်း သူမ၏ အစ်ကိုမော့က မည်သည့်အကြောင်းကြောင့် ထဖောက်ပြန်မှန်း သူမ သေချာမသိပေ။
နင်လေးရဲ့ ခံစားချက်တွေကလည်း အတက်အကျ မြန်လိုက်တာနော်။
ငါလေး နင့်ကို စတောင် မစရသေးပါဘူးနော်။
ချင်မော့ အစည်းအဝေးလုပ်နေတာကို မြင်လိုက်ရတော့ ဖူကျို့က ထပ်ပြီးမနှောင့်ယှက်တော့ပေ။ မျက်နှာသုတ်ပဝါကို သူမ၏ ဦးခေါင်းပေါ်သို့ တင်လိုက်ပြီး သည်အတိုင်း ဆက်ထားလိုက်ပေသည်။ ထို့နောက် တုတ်ထိုးသကြားလုံးတစ်ချောင်းကို အခွံချွတ်လိုက်ပြီး သူမ၏ ပါးစပ်အတွင်းသို့ ထည့်လိုက်သည်။
အချိန်တစ်မိနစ်က သည်လိုနှင့် ကုန်ဆုံးသွားလေသည်။ ဖူကျို့သည် ထိုနတ်ဘုရားချင်က သူမ၏ အကြောင်းကို မေ့သွားလိမ့်မည်ဟု ထင်နေခဲ့တာဖြစ်လေ၏။
ဖူကျို့ ခေါင်းမော့လိုက်သည်နှင့် သူမ၏ ဘေး၌ ထိုင်နေသူက ဦးခေါင်းပေါ်မှ မျက်နှာသုတ်ပဝါကို ယူလိုက်ပြီး ထိုသူ၏ နက်မှောင်သော မျက်ခုံးများ တွန့်ချိုးသွားတာကို မြင်လိုက်ရ၏။
"မင်း အအေးမိချင်နေတာလား"
ဖူကျို့က ရယ်လိုက်သည်။
"အယ် အစ်ကိုမော့က ငါလေးကို ဂရုစိုက်သေးသားပဲ"
"မင်းရဲ့အတန်းဖော်က ဒီမှာရှိနေတယ်ဆိုတော့ ငါ မင်းကို ကားထဲက မကန်ထုတ်တော့ဘူးလို့ မှတ်၊ မင်းမှာ အချိန်တွေပိုနေရင် စာတွေများများဖတ်သင့်တယ်!"
အနက်ရောင်နားကြပ်တစ်ခုက ချင်မော့၏ နား၌ ရှိနေဆဲ ဖြစ်သည်။ သူက ဖူကျို့ကို မျက်နှာသေခြင့် ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူ့နှုတ်ခမ်းပါးတွေဟာ အနည်းငယ်ပြုံးယောင်သန်းသွားသည်။
"အဆင့်တွေ အောက်ဆုံး ထိုးမကျစေနဲ့ပေါ့"
ဖူကျို့: "..."
ဖူကျို့က ဤကိစ္စ၌ သူမ၏ အဆင့်များ ပါလာသောကြောင့် နောက်ဆုံးတော့ နှုတ်ဆိတ်နေလိုက်ရသည်။ သူမ၏ ပါးစပ်ထဲ၌ တုတ်ထိုးသကြားလုံးက တစ်ချိန်လုံးရှိနေတာဖြစ်ပြီး သူမ စကားတစ်ခွန်းမှ မပြောတော့ပေ။ သူမ၌ ချင်မော့အား စနောက်ချင်စိတ်တို့ ရှိမနေတော့။
စီအီးအိုချင်က ဖူကျို့ကို စနောက်လိုက်ရသောကြောင့် ပျော်ရွှင်နေပေတော့သည်။ ထို့နောက် သူဟာ ယာဉ်မောင်းအား ကားခဏရပ်ရန်ပြောလိုက်ပြီး ဖူကျို့နှင့် သူမအတန်းဖော်အတွက် သောက်စရာတချို့ ဝယ်လာပေးရန်ပြောလိုက်သည်။
ပြီးတော့ ဖူကျို့က သူ့ညီလေးဆိုတော့ အီစီကလီရိုက်တတ်တဲ့ အကျင့်ဆိုးကို ပြင်ပေးဖို့ သူ့အတွက် အချိန်တော့ ယူရမှာပဲလေ။ ဒါပေမဲ့ သူ့အတန်းဖော်ရဲ့အရှေ့မှာတော့ သူ့ကို မျက်နှာသာပေးဖို့တော့ လိုအပ်တာပေါ့။
ဒီဟာတွေဟာ စီအီးအိုချင်ကြီးရဲ့ အရိုးသားဆုံးအတွေးတွေပါပဲ။
ချင်မော့က အောက်ကိုငုံ့ပြီး သောက်စရာပူပူလေးကို တဖူးဖူး မှုတ်ကာ အအေးခံနေသည့် ဖူကျို့၏ ဆံပင်ပွပွများကို သွားရောက်ရိုက်ခတ်နေသော အငွေ့တွေကို မြင်လိုက်ရတော့ သူ့ဆုံးဖြတ်ချက်က မှန်ကန်သည်ဟု တွေးထင်လိုက်သည်။
ချင်မော့က ဖူကျို့ကို သူမွေးထားသော ကြောင်ပေါက်လေးများပမာ အစာကျွေးလိုက်ချိန်တွင် ကြောင်ပေါက်လေးများ ပြုမူသည့်ပုံစံအတိုင်း ပြုမူနေပေသည်ဟု တွေးနေပေတော့၏။
ချင်မော့က ခြေချိတ်ထိုင်လျက် မဂ္ဂဇင်းတစ်ခုကို ဖွင့်လိုက်သည်။ ထို့နောက် သူက မသိစိတ်ဖြင့် ဖူကျို့၏ ဆံပင်များကို ဘယ်ဘက်လက်ဖြင့် ပွတ်သပ်မိလိုက်သေးသည်။ ချင်မော့၏ နှုတ်ခမ်းပါးလေးက ကွေးညွတ်နေပြီးတော့ အလွန်အမင်း ပျော်ရွှင်နေဟန်ပေါက်နေပေတော့သည်။
ဖူကျို့က ဒီလိုအပွတ်သပ်ခံလိုက်ရပြီးနောက် ချင်မော့ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် ပြန်လှည့်ကာ သောက်စရာရှိတာကို ဆက်သောက်နေပေ၏။
အေးစိမ့်နေတဲ့မိုးရွာတဲ့နေ့တွေမှာ ဒီလို သောက်စရာပူပူလေးရှိတာက သိပ်ကောင်းတာပဲ။
ရွယ်ယောင်ယောင်က သူမ၏ caramel macchiatoကို ကိုင်ထားပေ၏။ သူမ သေချာသိတာကတော့ သူမ ဒီလိုအဆက်ဆံခံရတာဟာ အရှင်ကျို့၏ မျက်နှာကြောင့်ဆိုတာပင်။
ဒါပေမဲ့ သူမ တကယ်အံ့သြတာက သူမရဲ့အရှင်ကျို့နဲ့ ကြီးမြတ်လှတဲ့သခင်လေးချင်တို့ဟာ ဒီလောက်အထိ ရင်းနှီးနေကြတာကိုပဲ။
ဟိုတစ်ခေါက်တုန်းက အရှင်ကျို့ဟာ ကြီးမြတ်လှတဲ့သခင်လေးချင်ရဲ့ ကားထဲကို ဝင်သွားတာကို မြင်ဖူးပေမဲ့လည်း ဘယ်သူကမှ ဘာကြောင့်လဲဆိုတာကို သေချာမသိဘူး။ လူတိုင်းဟာ ကြီးမြတ်လှတဲ့သခင်လေးချင်က အရှင်ကျို့အား ပညာပေးချင်လို့ ခေါ်သွားတာဖြစ်လိမ့်မယ်လို့ ထင်နေကြတာ။
ပြီးတော့ အရှင်ကျို့ လုပ်မိတာလေးက ချောင်းလေးနည်းနည်းဆိုးမိရုံလေးပါ ကြီးမြတ်လှတဲ့ သခင်လေးချင်အတွက်  á€œá€Żá€śá€¸á€á€€á€­á€Ż သည်းမခံနိုင်စရာဖြစ်သွားတာပဲ ချက်ချင်းကြီးကို သောက်စရာ အပူလေးတွေ ဘာတွေနဲ့။
ပြီးတော့ ကျောင်းမှာရှိတဲ့လူတိုင်းက အရှင်ကျို့က ကြီးမြတ်လှတဲ့သခင်လေးချင်ကို ခွက်နေတဲ့ ဂေးတစ်ယောက်လို့ပဲ သိထားကြတာလေ။
သူတို့ပြောပုံအရဆိုရင် အခုက အရှင်ကျို့က အရင်စခွက်တဲ့သူနဲ့ နည်းနည်းလေးမှ မတူပါဘူးနော် ဆန့်ကျင်ဘက်အနေနဲ့ ကြီးမြတ်လှတဲ့ သခင်လေးချင်က သူ့အပေါ် အရမ်းကောင်းကောင်း ဆက်ဆံပေးတဲ့သူလို့ မြင်မိနေပါတယ်နော်။
မဟုတ်သေးဘူး ငါဒီလိုစဉ်းစားလို့မရဘူး။
ရွယ်ယောင်ယောင်က ခေါင်းကို ခါယမ်းလိုက်လေသည်။ သူတို့က သူငယ်ချင်းတွေပဲ ဖြစ်မှာပါ သူတို့ဆက်ဆံရေးက ယောကျာ်းနှစ်ယောက်ကြားက သူငယ်ချင်းဆက်ဆံရေးပဲနေမှာပါဟ။
ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် ချင်မော့လက်ဆီသို့ကမ်းပေးမည့် ကော်ဖီခွက်ကို ကိုင်ထားသော ယာဉ်မောင်း၏ လက်က ချော်သွားပြီး မှောက်ကျသွားပေတော့သည်။
ချင်မော့သည် ယာဉ်မောင်းကို ကြည့်လိုက်သည်။
ယာဉ်မောင်းဟာ အလျင်အမြန်ဖြင့်
"သခင်လေး ကျွန်တော်အခုချက်ချင်း နောက်ထပ်တစ်ခွက်ထပ်သွားဝယ်လိုက်ပါ့မယ်"
"မလိုတော့ဘူး"
ချင်မော့သည် မဂ္ဂဇင်းစာအုပ်ကို ပိတ်လိုက်သည်။ သူ့ပုံရိပ်က လှပပြီး တင့်တယ်နေဆဲပင်။
"ရတယ် ငါ သူ့ဟာ သောက်လိုက်မယ်"
.........
အပိုင်း (၁၀၉) သွယ်ဝိုက်အနမ်း
ဖူကျို့က သူမနာမည်ကို ကြားလိုက်သည်နှင့် ခေါင်းထောင်ကာ ကြည့်လိုက်သည်။ သူမ၏ ငွေရောင်ဆံပင်များက ကြောင်နားရွက်လေးတွေလိုပဲ ရှုပ်ပွကာ ချစ်ဖို့ကောင်းနေဆဲပင်။
ယာဉ်မောင်းဟာ ချင်မော့ပြောတာကို ကြားလိုက်ရသည်နှင့် ချက်ချင်း တောင့်ခဲသွားပေတော့သည်။ သူ့နားရွက်တွေများ ပြဿနာတစ်ခုခု ရှိနေတာလားလို့ပင် သူ့ကိုယ်သူမေးခွန်းထုတ်မိမတတ် ဖြစ်သွားပေတော့၏။
ငါတို့ရဲ့ သခင်လေးကလေ ဒီဇီဇာကြောင်လွန်းတဲ့သခင်လေးကလေ လူတိုင်းကိုပိုးမွှားတွေလို ခပ်ဝေးဝေးကနေပဲ ဆက်ဆံတတ်တာ မဟုတ်ဘူးလား။ အခု..သူ..သူက အခြားလူတစ်ယောက်နဲ့ ကော်ဖီတူတူ သောက်မယ်လို့ ပြောနေတာလားဟမ်။
တကယ်လို့ သခင်ကြီးနဲ့သခင်မကြီးသာ သိသွားခဲ့ရင် အကြိမ်ပေါင်းများစွာရှော့ခ်ရပြီး သခင်လေးကို စိုက်ကြည့်တော့မှာပဲ။
ဒီဟာ...ဒီဟာက သခင်လေးစတိုင် မဟုတ်ဘူးလေဗျာ။
ဖူကျို့က မျက်ခုံးပင့်လိုက်ပြီးတော့ သူမ၏ နှုတ်ခမ်းများကို မသိမသာ ကွေးညွတ်လိုက်ကာ ပြုံးလိုက်ပေ၏။
"အစ်ကိုမော့ နင်လည်း သောက်ချင်လို့လား ငါလေး လေတဖူးဖူးမှုတ်ထားတော့ သိပ်မပူလောက်တော့ဘူး.."
ဒီ...ဒီလူငယ်ကတော့..။
ယာဉ်မောင်းက သူ့ဦးခေါင်းပေါက်ထွက်တော့မည်ဟု ခံစားနေရပေ၏။
သာမန်လူတွေဆို ဒီ..ဒီလိုဖြေမှာမဟုတ်ဘူးကွ!!!
ချင်မော့သည် ဘာမှမပြောပေ။ သူက ဖူကျို့လက်ကို ထိလိုက်ပြီးတော့ ကော်ဖီခွက်ကို ယူလိုက်သည်။ ထို့နောက် ချက်ချင်းပင် သူ့နှုတ်ခမ်းကို ခွက်နှုတ်ခမ်းသို့ ထိကပ်လိုက်ကာ ကော်ဖီသောက်လိုက်ပေသည်။ ချင်မော့၏ ခံစားချက်ကင်းမဲ့ပြီး ခံ့ညားသည့် မျက်နှာက ထိုမှုန်ဝါးနေသည့် အငွေ့တထောင်းထောင်း ကော်ဖီငွေ့ကြား၌ အလွန်အမင်း ကြည့်လို့ကောင်းနေပေ၏။ အထူးသဖြင့် ထိုအနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အချိန်တွင်ဖြစ်သည်။
ဖူကျို့က အမြဲလိုလို တက်ကြွလန်းဆန်းနေတတ်သည့် လူငယ်တစ်ယောက်ဖြစ်သည်။ သူမ၏ ကျောင်းဝတ်စုံကော်လံက ချင်မော့၏ ပခုံးကို သွားရောက် ထိခတ်နေပြန်သည်။ ပြီးတော့ ထိုပုံရိပ်က အသက်ရှူရပ်သွားလောက်သည်အထိလှရက်လွန်းပေ၏။
ရွယ်ယောင်ယောင်က ကောင်းကင်ဘုံအောက်မှ အလှရက်ဆုံးသော လူသားနှစ်ယောက် တွေ့ဆုံနေသကဲ့သို့ ခံစားနေရပေတော့သည်။ ဒီမြင်ကွင်းဟာ တကယ့်ကို လှပလွန်းသည့် မြင်ကွင်းလေးတစ်ခုပမာ ထင်မှတ်ရသည်။
ဒီ..ဒီဟာက။
ရွယ်ယောင်ယောင်က နောက်ကြည့်မှန်မှတစ်ဆင့် စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် သူတို့နှစ်ယောက်ကို စိုက်ကြည့်နေပေသည်။
ဒီ..ဒီလို ကော်ဖီတစ်ခွက်တည်း တူတူသောက်တာကို သွယ်ဝိုက်တဲ့နည်းနဲ့ အနမ်းပေးတာလို့ ငါတစ်ယောက်တည်း ထင်နေမိတာလား။
"နည်းနည်းလေး အချိုများနေတယ်"
ချင်မော့က ဖူကျို့နှင့် အလွန်အမင်း အနီးကပ်နေနေရင်း စကားပြောလိုက်လေသည်။
ဖူကျို့က တစ်ငုံသောက်လိုက်ပြီးတော့ သူမ၏ နှုတ်ခမ်း၌ပေနေသည့် ကော်ဖီအကြွင်းအကျန်ကို လျက်လိုက်လေ၏။
"ဟုတ်တယ် နင်လေး ပြောတာမှန်တယ်၊ အာ အဲဒါက ငါလေး စားထားတဲ့ တုတ်ထိုးသကြားလုံးကြောင့်ဖြစ်မယ် ချောကလက်အရသာလေ "
ချင်မော့က ဖူကျို့၏ မျက်နှာကို ကြည့်လိုက်ပြီးတော့ သူတို့နှစ်ယောက်က အလွန်အမင်း နီးကပ်နေတာကို သတိပြုမိလိုက်သည်။ သူတို့နှစ်ယောက်ဟာ နီးကပ်လွန်းလို့ ဖူကျို့၏ မွေးညင်းနုလေးများကိုတောင် သူတွေ့မြင်နိုင်ပေသည်။ ထိုနမ်းချင်စရာကောင်းသည့် နှုတ်ခမ်းဖျော့ဖျော့လေးတွေဟာ စိုစွတ်နေပြီး သူ့အား ဖြားယောင်းသွေးဆောင်နေပေတော့သည်။
ချင်မော့သည် မျက်မှောင်ကြုံ့လိုက်ပြီးတ သူ့အကြည့်များ ပြန်ရုပ်သိမ်းလိုက်သည်။ ထို့နောက် ခေါင်းလေး အနည်းငယ်စောင်းကာ သူ၏ နက်မှောင်သော မျက်ဝန်းများက ကားပြတင်းပေါက်ဘက်သို့ အကြည့်လွှဲလိုက်လေ၏။ ချင်မော့သည် ယာဉ်မောင်းနှင့် အကြည့်ချင်းဆုံသွားပေသည်။ ထို့နောက် သူဟာ အသံနိမ့်လေးဖြင့်
"မောင်းတော့.."
"ဟုတ်ကဲ့ သခင်လေး"
ယာဉ်မောင်းဟာ သူသေချာပေါက် ကားမောင်းပြီး နေရာရွှေ့ပေးရန် လိုအပ်သည်ဟု ယုံကြည်လိုက်မိသည်။ ယာဉ်မောင်းသည် သူ့သခင်လေးက အခြားတစ်ယောက်နှင့် ဒီလို နီးနီးကပ်ကပ်ရှိနေခဲ့တာကို ပထမဆုံးမြင်ဖူးတာပဲဖြစ်လေသည်။
ချင်မော့သည် သူ့စစ်တပ်အသိုင်းဝိုင်းက သူငယ်ချင်းများကိုပင်လျှင် ထိုသို့ ကောင်းကောင်းမဆက်ဆံပေးဖူးပေ။
ချင်မော့သည် ယာဉ်မောင်းက ဘာတွေတွေးနေမှန်း ရှင်းရှင်းလင်းလင်းသိလေသည်။ သို့သော် သူငယ်ချင်းနှင့် သူ့ညီလေးက ဆက်ဆံခံရပုံချင်း သေချာပေါက် ခြားနားတာကိုတော့ ရှင်းပြစရာမလိုပေ။
သူဟာ သေချာပေါက် သူ့ညီလေးကို ဖူးဖူးမှုတ်အလိုလိုက်ရမည်မဟုတ်ပါလား။
သို့သော် တစ်ခါတစ်လေကျရင် ချင်မော့သည် ဖူကျို့ကို လူတွေဆီမှ ခပ်ဝေးဝေးနေသင့်သည်ဟု ဆုတောင်းမိသည်။ သို့မှသာ ဖူကျို့ က တစ်ချိန်လုံး လူတွေနှင့် အီစီကလီ မလုပ်နိုင်တော့မှာ ဖြစ်သည်။
ဖူကျို့က မျက်တောင်ခတ်လိုက်ပြီး ထိုနတ်ဘုရားကို ကြည့်လိုက်သည်။ သူမ၏ မေးစေ့ကို ဘယ်လက်ဖြင့် ကိုင်လိုက်ပြီးတော့ ရယ်လိုက်သည်။
ဟင်းဟင်း အစ်ကိုမော့လည်း ငါလေးရဲ့အီစီကလီရိုက်မှုတွေကို တောင့်မခံနိုင်ပါဘူးဟာ။
သို့သော် ဖူကျို့က ထင်သလောက် မပျော်ရွှင်ပေ။
ပရော်ဖက်ရှင်နယ်တင်းနစ်အသင်း၌ ကစားသူများက သေချာပေါက် အလိုက်ထိုက်လေး ပြုမူနေထိုင်ရမည်ဆိုတာကိုတော့ သိသင့်ပေသည်။ ထိုအသင်း၌ ရေဘူးနှင့် မျက်နှာသုတ်ပဝါပေးသူတွေကတော့ အဆင်သင့်ရှိပြီးသားပင်။
ကစားသမားတစ်ယောက်ဟာ အားကစားဝတ်စုံကို ဝတ်ဆင်ဖို့ လိုအပ်ပြီး ဒူးစွပ်စွပ်ဖို့လည်း လိုအပ်ပေသည်။ သို့မှသာ နည်းပြက ထိုလူကို ဝင်ခွင့်ပြုပေလိမ့်မည်။ ထိုအပြုအမူက ဒဏ်ရာဒဏ်ချက်များ ရမည်နှင့် ကြွက်တက်ခြင်းကို ကာကွယ်ပေးနိုင်သောကြောင့်ပင်။
ဒူးစွပ်စွပ်တာက ရတယ်လေ။ ဒါပေမဲ့ ယောကျာ်းလေးအဝတ်လဲခန်းမှာ အားကစားဝတ်စုံလဲမှာက သောက်ပြဿနာပဲလေဟ။ ငါလေး ဘယ်လိုလဲရမှာလဲ။
ချင်မော့သည် အေးစက်စွာ ရယ်လိုက်သည်။
"ကျောင်းသူရွယ် မင်းကိုယ်မင်း တတိယဘီးလို့ မခံစားရဘူးလား"
ဖူကျို့ : "..."
ရွယ်ယောင်ယောင် : သခင်လေးချင် မနာလိုဖြစ်ရင် သောက်ရမ်း သောက်ရမ်းကြောက်ဖို့ကောင်း။
..........
အပိုင်း (၁၁၀) လဲဖို့အချိန်ရောက်
ယင်းက ဖူကျို့အတွက် လုံးဝအဆင်မပြေပေ။  
သူမ၏ လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်ထားရင်း ခဏရပ်သွားကာ ရွယ်ယောင်ယောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
ရွယ်ယောင်ယောင်ကလည်း အဝတ်အစားမလဲချင်ပေ။ အဓိကအကြောင်းအရင်းကတော့ သူမ၏ ခန္ဓာကိုယ်ကြောင့်ဖြစ်သည်။ သူမကိုယ်သူမ ထိုအဝတ်အစားများနှင့် တော်မည်ဟု မထင်သောကြောင့် အဝတ်အစား မလဲချင်ရခြင်းဖြစ်သည်။
သို့သော် ရွယ်ယောင်ယောင်က ထိုမြောက်ပိုင်းစီရင်စုသုံးစု၌ "ချင်မော့"ဆိုသည့် နာမည်ကို လျှော့တွက်ထားဟန်တူသည်။ ကျန်းမြို့၏ မည်သည့်စက်ရုံမဆို ချင်ကုမ္ပဏီက လည်ပတ်နိုင်အောင် ထောက်ပံ့ထားခြင်းဖြစ်သည်။
ထိုကြောင့် ဒီနေရာ၌ သူတို့က အထူးပုဂ္ဂိုလ်တစ်ယောက်လို ဖူးဖူးမှုတ်ဆက်ဆံခံရလေ၏။
သူတို့၏ နံဘေးမှာရပ်နေသည့် ဧည့်ကြိုဟာလည်း အတော်အသင့်ကြည့်လို့ကောင်းလေသည်။ ထိုသူဟာ ဝတ်စုံပြည့်ကို ဝတ်ဆင်ထားပြီး ရွယ်ယောင်ယောင်ကို ပြောလိုက်သည်။
"မမလေးရွယ် ကျွန်တော်တို့မှာ မမလေးအတွက်အားကစားဝတ်စုံအဆင်သင့်ပြင်ထားပြီးပါပြီဗျ ဒီဘက်ကိုကြွခဲ့ပါ"
ဧည့်ကြိုက ပြောပြီးသည်နှင့် တလေးတစားဖြင့် ဦးညွှတ်လိုက်ကာ ရွယ်ယောင်ယောင်နှင့်အတူ ထွက်သွားလေတော့၏။
ရွယ်ယောင်ယောင်အတွက် ဒီလိုနေရာကိုလာဖူးတာဟာ ပထမဆုံးအကြိမ်ဖြစ်လေတော့ တိတ်တိတ်လေးပဲနေကာ သူတို့ပြောသမျှကို နာခံနေပေတော့သည်။ ထိုကြောင့် သူမက ဖူကျို့ တစ်ခုခုဖြစ်နေတာကို သတိမထားမိခဲ့ပေ။
ဧည့်ကြိုနောက်တစ်ယောက်အပြင် ဖူကျို့နှင့် ချင်မော့သာလျှင် ထိုလှပစွာ တန်ဆာဆင်ထားသည့် ဟောခန်းကြီး၌ ကျန်ရှိနေပေတော့၏။
ယောကျာ်းလေးအဝတ်လဲခန်းကတော့ သူတို့၏ ဘက်ဘက်ကနေ လျှောက်သွားလိုက်လျှင် သိပ်တော့မဝေးပေ။
ဖူကျို့က ဆင်ခြေတစ်ခုခုပေးဖို့ ကြိုးစားနေစဉ် ချင်မော့ကတော့ ဖူကျို့၏လည်ပင်းပေါ်  á€žá€°á လက်မောင်းကို သိုင်းဖက်လိုက်ပြီး အဝတ်လဲခန်းဆီသို့ ဆွဲခေါ်သွားနှင့်ပြီဖြစ်သည်။ တစ်ချိန်တည်းမှာပဲ ချင်မော့သည် ဧည့်ကြို၏လက်အတွင်းမှ အားကစားဝတ်စုံကိုပါ တစ်ပါတည်း ယူလာခဲ့ပေသည်။
စီအီးအိုချင်၌ အကျင့်တစ်ခုရှိပေသည်။
သူက ဒီလိုနေရာမျိုး၌ လူတွေက သူ့ကို ကူညီပေးတာမျိုး သဘောမကျပေ။ အဝတ်အစားပဲ လဲမည်ဆိုလျှင်တောင် သူ့ကို ကူညီပေးမည့်အစား ဧည့်ကြိုအပြင်ဘက်မှာ စောင့်နေတာကို ပိုသဘောကျပေသည်။
သူတို့က အထူးဧည့်သည်လို ဆက်ဆံခံရလျှင်တောင် အဝတ်အစားလဲခန်းဟာ တစ်ခန်းတည်းသာ ရှိပေ၏။
ဖူကျို့က အဝတ်အစားလဲခန်းထဲဝင်သွားပြီးသည်နှင့် ဝေ့ဝိုက်ကြည့်လိုက်လေသည်။ လော့ကာများသာလျှင် သူမအဝတ်အစားလဲရာ၌ ကာကွယ်ပေးနိုင်မည့် အလားလာရှိပြီး အဝတ်အစားလဲခန်း တစ်ခန်းလုံးဟာ မည်သည့်အကာကွယ်မှမရှိဘဲ ဗလာကျင်းနေတော့သည်။
ဤနေရာတွင် သူမ၏ လိင်အမျိုးအစား အစစ်မှန်ကို မဖော်ပြခင်အထိ အဝတ်အစားလဲတာက သုံးစက္ကန့်အပြင် ပိုကြာမည်မဟုတ်ပေ။
တကယ်တော့ ချင်မော့က သည်မနက် တင်းနစ်တူတူကစားရန် ပြောထားပြီးကတည်းက ဖူကျို့သည် ကြိုတင်ပြင်ဆင်ထားခဲ့ပြီးသားဖြစ်သည်။ ထိုကြောင့် သူမဟာ ရင်ဘတ်တစ်ဝိုက်၌ ပတ်တီးတွေစည်းကာ အဖြူရောင်လက်ပြတ်အင်္ကျီကို ဝတ်ဆင်ထားတာပင်ဖြစ်သည်။
ဒီလိုဆိုရင်တောင်မှ နတ်ဘုရားတစ်ပါးရဲ့အရှေ့မှာ အဝတ်အစားတော့မချွတ်ပြနိုင်ဘူးလေ ဟုတ်တယ်ဟုတ်။
ဖူကျို့က ချင်မော့ပေးလိုက်သည့် အနက်ရောင်အားကစားဝတ်စုံကို ကိုင်ထားပြီးတော့ သူမ၏ လှပသည့်မျက်ခုံးတစ်စုံက တွန့်ချိုးလာပေတော့သည်။
ချင်မော့သည် အဝတ်အစားလဲခန်းဆီသို့ မဝင်ခင် သူ၏ အပေါ်ကုတ်အင်္ကျီကို ဧည့်ကြိုဆီသို့ ပေးထားပြီးသားဖြစ်သည်။ ထို့ကြောင့် အခုတော့ သူ့၌အတွင်းဝတ်သာကျန်ပေတော့သည်။ ချင်မော့သည် လက်တစ်ဖက်ဖြင့် သူ့အဝတ်များကို ကြယ်သီးဖြုတ်နေရင်း ဖူကျို့ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် ချင်မော့သည် ပြုံးလိုက်ပြီးတော့ သူ၏ ခံ့ညားမှုကို ပိုမိုပေါ်လွင်အောင်လုပ်ပြီးမှ
"ဘာလဲ ငါ့ကို မင်းအတွက် အဝတ်အစားချွတ်ဖို့ ကူညီပေးစေချင်တာလား"
ဖူကျို့က ထိုနတ်ဘုရားသည် အရင်တစ်ခေါက်က သူတို့နှစ်ယောက် ဒိတ်ခဲ့သည့် အချိန်လို ပြန်ပေးဆပ်စေဖို့ အခွင့်အရေးရှာနေမှန်း ကောင်းကောင်းသိလေသည်။
ဒါပေမဲ့ ငါလေးရဲ့အရင်က နည်းလမ်းဟောင်းလို ငါလေးကို လာစဖို့ မဖြစ်နိုင်ဘူးလေနော်။
နင်လေးက dateရင် ဘာလုပ်သင့်တယ်ဆိုတဲ့ စာအုပ်ဆီက အကြံဉာဏ်ကို လိုနေသေးပေမဲ့ အရင်ကနဲ့ လုံးလုံးကို မတူတော့တာနော် မရဘူး။ မဖြစ်ဘူး။
မတူတာကလေ နင်လေးအခု ငါ့ကို နင့်ရဲ့ညီလေးလိုသဘောထားနေလို့ဟဲ့။
"အခုထိ အဝတ်မချွတ်သေးဘူးလား!"
ချင်မော့သည် သူ၏ လက်ချောင်းသွယ်သွယ်လေးတွေဖြင့် လက်ညှိုးထိုးလိုက်ပြီးတော့ သူ့အင်္ကျီကို လော့ကာအတွင်းသို့ ပစ်လိုက်သည်။ ထို့နောက် သူ့မီးခြစ်ကို ယူလိုက်ပြီး စီးကရက်တစ်လိပ် ညှိလိုက်သည်။ သူ၏ ပြီးပြည့်စုံနေသော ခန္ဓာကိုယ်အပေါ်ပိုင်းက မီးခိုးငွေ့များကြား၌ ထင်ပေါ်နေပေသည်။
သူ့ကြွက်သားများက အလွန်ဆွဲဆောင်မှု ရှိနေပြီး အခုတော့ ချင်မော့သည် အလွန်နူးညံ့သည့် ဘောင်းဘီတစ်ထည်ကိုသာ ဝတ်ဆင်ထားတာဖြစ်သည်။ ထိုဘောင်းဘီက သူ၏ ခြေထောက်ကို ပိုမိုရှည်လျားဟန်ပေါ်စေနေသည်။ သူ့ခါးရှိ ခါးပတ်ကလည်း ပြေလျော့သွားပြီး ခါးပတ်ကို တစ်ဖက်သို့ လှမ်းချိတ်လိုက်ပုံလေးက အလွန်အမင်းကို ဆက်စီကျနေပေတော့သည်။
ချင်မော့သည် စီးကရက်ကို မှုတ်ထုတ်လိုက်ပြီးတော့ ဖူကျို့ဆီသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ့လက်ချောင်းများကို ဖူကျို့အား ထပ်မံဆွဲလိုက်ပြန်သည်။ ချင်မော့၏ မျက်လုံးများက ရေပြင်ကဲ့သို့ တည်ငြိမ်နေပြီး သူ့အသံကလည်းအထက်စီးဆန်ကာ ယောကျာ်းဆန်နေပေတော့သည်။
"ဟိုတစ်ခါတုန်းကလို သန့်စင်ခန်းမှာ တစ်စုံတစ်ယောက်နဲ့ အီစီကလီမလုပ်ချင်ဘူးလား၊ ဒါပေမဲ့ အခုတော့ ဒီမှာ မင်းနဲ့ အီစီကလီပေးဖို့ ဘယ်သူမှမရှိဘူး၊ အဲဒါကြောင့် ဒီအကြောင်းကို စဉ်းတောင်မစဉ်းစားနဲ့ ဟုတ်ပြီလား တကယ်လို့ မင်းအခုထိအဝတ်မချွတ်သေးဘူးဆိုရင် ငါ မင်းကို ကျေကျေနပ်နပ်ကြီး ကူညီနိုင်ပါတယ်ကွာ"
.........
 

Search Novels