အပိုင်း (၁၁၁) ပြီးပြည့်စုံသော ဆင်ခြေ
ဖူကျို့က ထိုစကားကို ကြားလိုက်သည်နှင့် ရယ်မိသွားလေ၏။ ထို့နောက် ချင်မော့ကို ကြည့်လိုက်သည်။ သူမ၏မျက်ဝန်းများက ရိုးရိုးစင်းစင်းဖြင့် အလွန်လှပပေတော့သည်။
 á€–ူကဝိုအက ခြေဖျားလေးထောက်လိုက်ပြီးတော့ ချင်မော့၏ ဘယ်ဘက်နားရွက်ဆီသို့ ကပ်သွားလေသည်။ ချင်မော့နှင့် တစ်လက်မပင် မလိုတော့သောအကွာအဝေးတွင် ဖူကျို့က ကျီစယ်သည့်အသံဖြင့် ပြောလိုက်သည်။
"အစ်ကိုမော့ တကယ်လို့နင်လေး ငါ့ကို အဝတ်ချွတ်ဖို့ ဒီလိုအတင်းအကြပ် ဖိအားပေးနေမယ်ဆိုရင်တော့ ငါလေးကို ကြိုက်နေတယ်လို့ ထင်မိတော့မှာပဲ"
ချင်မော့၏ မျက်လုံးများက ကျယ်သည်ထက်ကျယ်လာပြီးတော့ သူ့အရှေ့က ထိုလူငယ်အား တွန်းထုတ်လိုက်ပေသည်။
သည်လို အရှိန်ပြင်းပြင်း တွန်းထုတ်ခံလိုက်ရသည့် ဖူကျို့ကတော့ ဟန်ချက်ကို မထိန်းနိုင်တော့ပေ။ အကယ်၍ ချင်မော့သာ ဖူကျို့ကို အချိန်မီ မဆွဲထားနိုင်ခဲ့လျှင် သူမ၏ အနောက်ဘက်ရှိ အဝတ်လှန်းစင်ဖြင့် ထိမိကာ ဒဏ်ရာ ရပေတော့မည်။
ချင်မော့၏ မျက်နှာဟာ အတန်ငယ်အေးစက်နေပြီးတော့ မပွင့်တပွင့်အပြုံးဖြင့်
" မင်း ဒီလိုတွေပြောရဲဆိုရဲရှိနေရအောင်က ဘယ်နေရာကနေ သွားသင်လာတာလဲ ဟမ်"
ဖူကျို့က သူမကို ထိုလူ လွှတ်ပေးဖို့ အစီအစဉ်မရှိတာကို ခန့်မှန်းမိလိုက်သည်။ ထိုသူ၏ စီးကရက်အနံ့များက သူမ၏ နှာခေါင်းဖျား၌ လာရောက်ကျီစယ်နေပေသည်။ ဖူကျို့က အမြန်မလိုတာကြောင့် ပျင်းရိလေးတွဲစွာ ပြောလိုက်သည်။
" ငါလေးက ကလပ်ပေါင်းစုံကို သွားဖူးတယ်လေ အဲဒီနေရာတွေကနေ သင်တာပေါ့ဟ မဟုတ်မှလွဲရော အစ်ကိုမော့က ငါလေးရဲ့ အရင်က နာမည်ဆိုးတွေကို မသိဘူးလို့ မပြောနဲ့နော်"
"မင်းရဲ့ အရင်က နာမည်ဆိုးတွေလား"
ချင်မော့၏ မျက်လုံးတွေဟာ နက်မှောင်သည်ထက် နက်မှောင်လာပေတော့၏။ ချင်မော့သည် သောက်လက်စ စီးကရက်ကို ဖူကျို့၏ ပါးစပ်အတွင်းသို့ ထိုးထည့်လိုက်ပြီး ထိုစိတ်ရှုပ်ဖွယ်ကောင်းပြီး စိတ်တိုဖွယ်ကောင်းသည့် မျက်နှာလေးကို ခပ်ဖွဖွ ပုတ်လိုက်လေသည်။ သူ့အသံက မပြောင်းလဲဘဲ ပုံမှန်အတိုင်း တည်ရှိနေသော်ငြား မငြင်းရက်နိုင်ဖွယ် ဩဇာအတိနှင့် အရှိန်အဝါတစ်ခု တည်ရှိနေပေ၏။
"သွား အဝတ်သွားလဲတော့ တကယ်လို့ မင်းသာ ငါ့ရဲ့နားရွက်နားမှာ နောက်ထပ်စကားတစ်ခွန်း ထပ်လာပြောခဲ့မယ်ဆိုရင် ငါ မင်းကိုဆွဲဆုတ်ပစ်မယ်"
ဖူကျို့က ကြီးမြတ်လှသည့်သခင်လေးချင်သည် ပြောသည့်အတိုင်း လုပ်တတ်သော လူစားမျိုးမှန်း သေချာပေါက် သိလေသည်။ အထူးသဖြင့် သူမကို ထိန်းချုပ်ချင်တဲ့အခါမျိုးဆိုရင်ပေါ့။
ကြီးမြတ်လှသော သခင်လေးချင်၏ ညီလေးတစ်ယောက် အနေနှင့် သူမက ကိစ္စတော်တော်များများကို သတိထားကာ အာရုံစူးစိုက်ရန် လိုပေသည်။
သို့သော် ကံကောင်းစွာနှင့် ထိုနတ်ဘုရားချင်က သူမကို မနှစ်လိုလေဟန် တွန်းထုတ်လိုက်ပြီး ခြေလှမ်းအရှိန်ကို တင်ကာ ထွက်သွားပေတော့သည်။
"မြန်မြန်လုပ်ပြီး ထွက်လာခဲ့"
ကြီးမြတ်လှသည့် သခင်လေးချင်က အစကနေအဆုံးထိ မာနကြီးပြီး အေးတိအေးစက်နိုင်လှသော်ငြား မျက်နှာလေးကတော့ တကယ့်ကို ချောမောခံ့ညားနေဆဲပင်။ အားကစားဝတ်စုံလေး ဝတ်ထားလိုက်တော့ ဝတ္ထုတွေထဲမှ ထွက်လာသလိုလိုဖြင့် မြင့်မြတ်သော အရှိန်အဝါများဖြင့် အလွန်အမင်း ဆွဲဆောင်မှု ရှိနေပေတော့၏။
ဖူကျို့က ချင်မော့ထွက်သွားတာကို ကြည့်လိုက်ပြီးနောက် စိတ်သက်သာရာ ရသွားပေတော့သည်။ ဖူကျို့က သူမ၏ အဝတ်များ သွားလိုက်ပြီး ကျောင်းဝတ်စုံ အပြင်ကုတ်အင်္ကျီကို ချွတ်လိုက်လေသည်။ ထို့နောက် သူမက အပေါ်ဝတ်အင်္ကျီကို လျင်မြန်စွာ ချွတ်လိုက်ပေ၏။
ဖူကျို့၏ အဝတ်ချွတ်နေသော လှုပ်ရှားမှုများက လျင်မြန်သလို ကြည့်ကောင်းနေပေ၏။
သို့သော် သူမ မထင်ထားတာသည်က
သူမ၏ အားကစားစုံကိုဝတ်ဖို့ လုပ်နေစဉ်မှာပဲ "ချောက်" တံခါးဖွင့်သံကိုကြားလိုက်ရပေသည်။
အဝတ်လဲခန်း၏ တံခါးဟာ ပွင့်လာခဲ့လေပြီ။
ထိုလူဟာ တံခါးဘောင်၌ ကြော့ကြော့မော့မော့လေး မှီနေပြီးတော့ သူမကို တည်ငြိမ်အေးဆေးစွာ ကြည့်နေစဉ် သားကောင်များကို သူ့ထောင်ချောက်အတွင်းသို့ ကျဆင်းလာစေနိုင်သည့် အရှိန်အဝါတစ်ခုကို ထုတ်လွှင့်ထားခဲ့လေသည်။ ထို့နောက် ထိုသူဟာ မျက်ခုံးပင့်လိုက်သည်။
" ငါ့အရှေ့မှာ အဝတ်အစားမလဲချင်တာက မင်းအရမ်းပိန်နေတဲ့အတွက်ကြောင့်လား"
ဖူကျို့က လော့ကာကို အပြည့် မပိတ်လိုက်မိသည့်အတွက် သူမလောက် ကံကောင်းသောသူ ဤကမ္ဘာပေါ်၌ ရှိနိုင်မည် မဟုတ်တော့ပေ။ လော့ကာက တစ်ဝက်ပွင့်နေသေးတာကြောင့် သူမ၏ ရင်ဘတ်ပိုင်းကို လုံလုံခြုံခြုံ ကာကွယ်ပေးနေလေ၏။
သူမဆီသို့ ထိုလူ လျှောက်လာနေတယ်ဆိုတာကို သတိပြုမိတာကြောင့် ဖူကျို့က အမြန်ပဲ သူမလက်ထဲမှ အပေါ်ဝတ်ကို  á€á€ąá€Ťá€„်းဆဎသိုအ စွပ်သွင်းလိုက်ပေတော့၏။ အချိန်ခဏလေးအတွင်းမှာပဲ အပေါ်ဝတ်အင်္ကျီက သူမ၏ ခါးဆီသို့ ရောက်ရှိသွားပြီဖြစ်လေသည်။
ထိုလူက သူမနံဘေးသို့ လျှောက်လာပြီး သူမကို လက်တစ်ဖက်ဖြင့် သူ့အနီးသို့ ဆွဲလိုက်လေသည်။ ထို့နောက် သူမ၏ ဆံပင်များကို အနည်းငယ် ဖွကစားလိုက်ပြီး နက်မှောင်သော မျက်လုံးဖြင့် သူမကို စိုက်ကြည့်နေပေတော့သည်။
"မင်းဘာလို့ ပျာယာခတ်နေရတာလဲ"
ဖူကျို့က အောက်ကိုငုံ့လိုက်ပြီးတော့ ရည်ရွယ်ချက်ရှိရှိဖြင့် အသံကို နှိမ့်လိုက်ကာ
" ငါလေးရဲ့ခန္ဓာကိုယ်လေးက အစ်ကိုမော့လောက် မတောင့်တင်းတော့ အလှောင်ခံရမှာ ကြောက်လို့ပါ၊ ပြီးတော့ ငါလေးကို အရမ်းပိန်ပြီး ခြောက်ကပ်တယ်တို့ အသားအရေက အဖြူလွန်နေတယ်တို့ အပြောခံရမှာစိုးလို့ပါ၊ ပြီးတော့ငါလေးမှာ အစ်ကိုမော့လို ပေါင်မုန့်တုံးတွေလည်းရှိဘူးလေ..."
ထိုသို့ မျက်ရည်ချူလိုက်သော စကားများ ကြားလိုက်ရသည်နှင့် ချင်မော့၏ လက်ချောင်းများက ရပ်တန့်သွားပေတော့၏။
သူလည်း ဖူကျို့အရွယ်တုန်းက သူ့ပုံရိပ်ကို ဂရုတစိုက်ထိန်းသိမ်းခဲ့ဖူးတာကို အမှတ်ရသွားလေသည်။
ဒါကြောင့် ဒီကောင်လေးက အစကတည်းက အရှက်ကြီးရှက်နေပြီးတော့ အဝတ်မချွတ်ချင်တာ မဆန်းပါဘူး။
ထိုသို့ ပုန်ကန်တတ်သည့် အပြုအမူမျိုးက သည်အသက်အရွယ်မှာ ဖြစ်လေ့ဖြစ်ထရှိနေလေတော့ ချင်မော့သည် ထိုအချက်ကို နားလည်မှုပေးနိုင်ပေ၏။
သူ့အမြင်အရဆိုရင်တော့ ဒီကောင်လေးက အီစီကလီရိုက်တတ်တဲ့အကျင့်ကလွဲလို့ ကျန်တာအားလုံးကောင်းပါတယ်။ နည်းနည်းလေး ပုန်ကန်လောက်တာကတော့ အဆင်ပြေပါတယ်။ ဒီပုန်ကန်မှုသေးသေးလေးက ယောက်ျားတစ်ယောက်ရဲ့ မာနဆိုတော့လည်း ခွင့်လွှတ်ပေးရမှာပေါ့။
အစ်ကိုတစ်ယောက်အနေနှင့် သူက ထိုကောင်လေးကို ကိုယ်ပိုင်လွတ်လပ်ခွင့်လေး ပေးဖို့ လိုအပ်ပေ၏။ ပြောရမယ်ဆိုရင် သူတို့နှစ်ယောက်ဟာ သွေးသားမတော်စပ်ဘူး မဟုတ်ပါလော။
........
အပိုင်း (၁၁၂) ကြီးမြတ်လှတဲ့သခင်လေးချင်ဟာ ညီလေးအပေါ် ပိုပိုပြီး အဖြစ်သည်းလာပေပြီ
တကယ်လို့ အတွင်းရေးမှူးလျန်သာ ချင်မော့၏ အခုလက်ရှိအတွေးများကို သိခဲ့မည်ဆိုလျှင် အလွန်အမင်း ပျော်ရွှင်နေမည်ဖြစ်သည်။ သူ့စီအီးအိုက နောက်ဆုံးတော့ ဖူကျို့နဲ့သူက ညီအစ်ကိုအရင်း မဟုတ်ဘူးဆိုတာကို အလင်းပွင့်သွားပြီပဲ။
သို့သော် ထိုအလင်းပွင့်သွားမှုကြောင့်...  á€á€ťá€„်မ္ဏအသည် ညီလေးတစ်ယောက် ရသွားသည့် ခံစားချက်ထက်တောင် ပိုပြီးစိတ်လှုပ်ရှားကာ တက်ကြွနေသလိုလိုပင်။
ချင်မော့သည် သူ့အတွေးတွေ တော်တော်များများက ထိုလူငယ်လေးဆီသို့ ဘယ်လောက်အထိ ယိမ်းယိုင်နေပြီဆိုတာကို သူ့ကိုယ်သူ သတိမပြုမိခဲ့ချေ။ သူ၏ မည်းနက်နေသော မျက်ဝန်းများက ဖူကျို့ကို အကြိမ်အနည်းငယ် ကြည့်လိုက်ပြီးတော့မှ အသံနိမ့်လေးဖြင့် ပြောလိုက်သည်။
" တကယ်ဆိုရင် မင်းဆီမှာယောက်ျားပီသမှု တစ်စက်ကလေးတောင် မရှိဘူးဆိုရင်တောင်မှ မင်း အပြင်ထွက်ပြီးတော့ များများပြေးသင့်တယ်"
ထိုသို့ ပြောပြီးသည်နှင့် ချင်မော့သည် အနောက်လှည့်လိုက်ပြီးတော့ သူ၏ အနက်ရောင်အင်္ကျီစအနားဖြင့် ဆော့ကစားနေပေသည်။ နတ်ဘုရားချင်မော့သည် ဘယ်လိုပုံစံနဲ့နေနေ အမြဲလိုလိုကြည့်လို့ကောင်းနေဆဲပင်။
"အဝတ်လဲတော့ ငါမကြည့်ဘူး"
ဖူကျို့ :"........"
ကြီးမြတ်လှတဲ့သခင်လေးချင်ရယ် နင်လေး အပြင်မှာ သွားစောင့်နေလို့မရဘူးလားဟယ်။
ထားလိုက်တော့ ငါလေးရဲ့မျက်လုံးရှေ့မှာ ရှိနေတာကပဲ ပိုကောင်းပါတယ်လေ။
သူ့ထက်မြက်တိကျတဲ့ အတွေး၊ ဉာဏ်နီဉာဏ်နက်များတဲ့ ပင်ကိုယ်စရိုက်ရယ် ကျွမ်းကျင်အဆင့်လှည့်စားမှုတွေနဲ့ဆို လူတစ်ယောက်က တစ်ချက်ကလေး မှားလိုက်တာနဲ့ သူ့ထောင်ချောက်ဆီ တစ်ခါတည်းဆင်းသက်သွားတော့မှာပဲ။
ငါလေး ဟက်ကာဖြစ်နေတဲ့တစ်လျှောက်လုံး နင်လေးလို ကိုင်တွယ်ဖို့ခက်ခဲတဲ့သူမျိုး တစ်ခါမှ မတွေ့ဖူးပါဘူးနော်။ တကယ်လို့ ရဲတွေသာ နင်လေးလို ဉာဏ်ကောင်းမယ်ဆိုရင် ငါလေးရဲ့ အလုပ်တွေကို ပိုပြီးအာရုံစိုက်ပြီး လုပ်ဖြစ်ခဲ့မှာ။
ဒါပေမဲ့ ကြီးမြတ်လှတဲ့သခင်လေးချင်က ကိုင်တွယ်ဖို့ခက်ခဲတယ်လေ။ တကယ်လို့ ငါလေးသာ ဒီကိစ္စနဲ့ပတ်သက်ပြီး နည်းနည်းလေး မပျော်မရွှင် ဖြစ်ပြလိုက်ရင် ဒီလူက ငါလေးကို ကောင်းကင်ဘုံအထိ လိုက်ဖျက်ဆီးတော့မှာပဲ...။
ဖူကျို့က ထိုလူ၏ ဖြောင့်မတ်နေသော နောက်ကျောကို ကြည့်လိုက်ပြီးတော့ အပြုံးတစ်ပွင့်ဟာ သူမနှုတ်ခမ်းထက်၌ ဖြည်းဖြည်းချင်း ဖြစ်တည်လာလေသည်။ သူမ အဝတ်အစားလဲလို့ ပြီးသွားပြီဆိုတော့ သူမ၌ စိတ်ဖိစီးမှု ထပ်မရှိတော့ချေ။ ဖူကျို့က သူမ၏ ရင်ဘတ်က ပတ်တီးကို ချွတ်လိုက်ပြီးတော့ အခြားကုတ်တစ်ထည်ကို ဝတ်လိုက်လေသည်။ အခုတော့ နောက်ထပ်စိုးရိမ်စရာ မရှိတော့တာကြောင့် ဖူကျို့က ချင်မော့၏ ပခုံးပေါ်သို့ လက်တင်လိုက်ကာ သူ့အား ညီအစ်ကိုအရင်းသဖွယ် ရင်းရင်းနှီးနှီး ကြည့်လိုက်လေသည်။
"အစ်ကိုမော့ ခဏနေရင် ငါလေးကိုညှာတာပေးဦးနော် တင်းနစ် ကစားတာကို ငါလေး သိပ်မကျွမ်းကျင်ဘူးရယ်"
ချင်မော့သည် သူ့ပခုံးဆီက လက်ဖဝါးကို ရိုက်ထုတ်ဖို့ဟန်ပြင်ပြီးမှ ခက်ခက်ခဲခဲ အရှိန် ပြန်သတ်လိုက်ရပေသည်။
ဒီကောင်လေးက အရွယ်ရောက် စမြီးကောင်ပေါက်လေးပဲ ရှိသေးတာမို့  á€žá€°á€ˇá€€á€­á€Ż တစ်ခုခုလုပ်လိုက်ရင် စိတ်ဒဏ်ရာရသွားလိမ့်မယ် စိတ်ထိန်း စိတ်ထိန်းဟု သူ့ကိုယ်သူ သတိပြန်ပေးနေရပေ၏။
ထိုလူငယ်လေးက သူနှင့် အလွန်နီးကပ်နေတာကြောင့် ရင်းနှီးနေပြီဖြစ်သည့် ချိုမြိန်သော ရနံ့လေးက ပျံ့လွင့်လာနေလေ၏။ ထိုရနံ့က သူ့ကို ထိုကောင်လေး၏ ပါးစပ်ကို ဆွဲဖွင့်ချင်စိတ် ပေါက်စေပြီး သကြားလုံးဘယ်နှစ်လုံးစားထားလဲဟူ၍ ကြည့်ချင်စိတ်ပေါက်စေပေ၏။
ထိုအချိန်၌ ရွယ်ယောင်ယောင်က တင်းနစ်ကွင်း၏ ဘေးဘက်၌ထိုင်စောင့်နေပြီ ဖြစ်သည်။ သူမ၏ လက်နံဘေး၌ လက်ဖက်ရည်တစ်ခွက် ရှိနေသည်။ ကော်ဖီစားပွဲ၏ အလယ်မှာတော့ သစ်သီးအပြည့်နှင့် ပန်းကန်တစ်ပန်းကန်က တည်ရှိနေ၏။
ဒီနေရာဟာ တင်းနစ်ကစားကွင်းပေမဲ့ အပန်းဖြေဖို့ နေရာတစ်နေရာနဲ့ ပိုတူနေတယ်။  
မြက်ခင်းစိမ်းတွေမှလွဲ၍ အတွင်းဘက်အပြင်အဆင်များက  á€Ąá€á€ąá€Źá€şá€œá€ąá€¸á€€á€­á€Ż ဂရုတစိုက် ပြင်ဆင်ထားပေသည်။ အညိုရောင်ဆိုဖာက ထိုင်ဖို့အတွက် အတော်လေး သက်သောင့်သက်သာ ရှိပေသည်။ ရေမွှေးနံ့လေးတောင်မှ သင်းနေသယောင်ယောင်။
ရွယ်ယောင်ယောင်က အတော်လေး တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။ သူမ၏ ခြေထောက်တွေဟာ ကြီးမားနေတာကြောင့် ဖုံးကွယ်ထားချင်နေပေသည်။
သို့သော် သူမ ကြည့်လိုက်သည်နှင့် ထိုသူနှစ်ယောက်ဟာ အလွန်အမင်းနီးကပ်နေသည်ကို တွေ့လိုက်ရပေ၏။ သူမကိုယ်သူမ သိမ်ငယ်စိတ်ဝင်နေတာသည်ပင် ပျောက်ရှသွားရသည်။ သူမဟာ ဖြည်းဖြည်းချင်း စိုက်ကြည့်နေခဲ့ပြီးတော့ ဖူကျို့က သူမကို ပြုံးပြလိုက်သည်ကိုမြင်လိုက်ရသည်။ ထို့နောက် ဖူကျို့က ချင်မော့၏ နားရွက်ဆီသို့တိုးကပ်သွားကာ စကားတိုးတိုးပြောနေသည်ကို မြင်လိုက်ရပေသည်။
 á€žá€°á€™ မထင်ထားမိတာက ချင်မော့၏ နှုတ်ခမ်းပါးလေးတွေဟာ အပေါ်သို့ ကွေးညွတ်သွားလိမ့်မယ်ဆိုတာကိုပင်။ ထို့နောက် ချင်မော့သည် ဖူကျို့၏ လည်ပင်းအနောက်ကို လက်ဖြင့်ဆွဲညှစ်လိုက်သည်။
" ငါနဲ့ဈေးဆစ်ဖို့ မကြိုးစားနဲ့၊ မိနစ်သုံးဆယ်တစ်ခါ စမယ် တစ်စက္ကန့်တောင်မလျော့စေနဲ့"
ဖူကျို့၏ ချောမောလှပသော မျက်နှာလေးက ကြေကွဲမှုများ ပြည့်နှက်သွားပေ၏။
"ငါလေး သောက်ရမ်း ချောနေတယ်ဆိုရင်တောင်မှလား၊ ညီလေးအပေါ်ကို သည်းသည်းလှုပ် အလိုလိုက်တဲ့ အစ်ကိုက ဘယ်မှာလဲ”
"ဒီလို ပိန်လှီနေတဲ့ခန္ဓာကိုယ်နဲ့များ မင်းကိုယ်မင်း ချောမောတယ်လို့ထင်နေသေးတာလား"
ချင်မော့သည် ဧည့်ကြိုဆီမှ တင်းနစ်ရိုက်တံကို ယူလိုက်ပြီးတော့ ဖူကျို့လက်မောင်းအတွင်းသို့ ထည့်လိုက်ပေသည်။ ထို့နောက် ချင်မော့သည် ထွေထွေထူးထူးစဉ်းစားမနေတော့ဘဲ
" သေချာကစားနော် အပျင်းတစ်ဖို့အကြောင်း စိတ်ကူးထဲတောင် မထည့်မိစေနဲ့"
ဧည့်ကြိုသည် သခင်လေးချင်က သူ၏ ကိုယ်ပိုင်တင်းနစ်ရိုက်တံကို အခြားသူဆီ ဒီလို အလွယ်တကူ ပေးလိုက်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဖူးပေ။ ထိုကြောင့် သူဟာ ဖူကျို့ကို အထူးတဆန်းဖြင့် အကြိမ်တော်တော်များများ စိုက်ကြည့်နေမိပေသည်။
ဖူကျို့က ဉာဏ်ကောင်းပေ၏။ ဧည့်ကြို၏ အပြုအမူကို ကြည့်ခြင်းဖြင့် ထိုတင်းနစ်ရိုက်တံက တင်းနစ်ကွင်းက ပေးတာ ဟုတ်ဘဲ ချင်မော့၏ ကိုယ်ပိုင်သီးသန့်ရိုက်တံဆိုတာကို ချက်ချင်း သိလိုက်ပေ၏။
ဖူကျို့က တင်းနစ်ရိုက်တံကို ကြည့်လိုက်လေတော့ အနက်ရောင်လက်ကိုင်တွင် ငွေရောင်စာလုံးတစ်လုံး "ချင်"ကို ရေးထိုးထားသည်ကို တွေ့လိုက်ရပေတော့သည်။
.........
အပိုင်း (၁၁၃) ကြီးမြတ်လှတဲ့သခင်လေးချင်ဟာ စတင်ပြီးမနာလိုအူတိုပြန်တယ်
ဖူကျို့က ခဏရပ်သွားပြီးတော့ သူမ၏ ဘေးတွင် ရှိနေသူကို ကြည့်လိုက်သည်။
ချင်မော့သည် တင်းနစ်ကွင်းမှပေးသည့် တင်းနစ်ရိုက်တံများကို ရွေးနေပေ၏။ သူ့၏ ရှည်လျားသော လက်ချောင်းများက အနက်ရောင်လက်အိတ်ဖြင့် ဖုံးအုပ်ထားခြင်းကို ခံရပြီး သူ၏ အားကစားဝတ်စုံဖြင့် အတော်လေး ပရော်ဖက်ရှင်နယ်ကျနေပေသည်။ သူ အောက်ကို ငုံ့ကြည့်လိုက်သည့်အချိန်တိုင်း သူ့၏ ရှည်လျားပြီး ထူထဲသော မျက်တောင်များက အရိပ်ပြေးလေးတစ်ခုဖန်တီးပြီး အပူပင်ကင်းစင်သည့် ပုံလေး ဖြစ်ပေါ်နေပေ၏။ သူ့ပုံရိပ်လေးက တီဗွီရှိုးတစ်ခုက အလွန်ချောမောလှပသော လူကြိုက်များသည့်သူ တစ်ယောက်ယောက်နှင့် အလွန်ဆင်တူနေပေသည်။
တကယ်လို့ သူသာ အခုချိန်၌ တိုက်ရိုက်ထုတ်လွှင့်မှုကို လုပ်နေခဲ့မယ်ဆိုရင် ကြီးမြတ်လှတဲ့ သခင်လေးချင်ရဲ့ပုံစံကြောင့် သူ့နာမည်ကျော်ကြားမှုတွေက ထပ်ပြီးတော့ အရှိန်အဟုန် တိုးမြင့်လာအုံးမယ်။
ထိုလူငယ်လေးဆီက အကြည့်များကို ခံစားမိလိုက်တာကြောင့် ကြီးမြတ်လှသည့် သခင်လေးချင်က မျက်ခုံးပင့်လိုက်ပြီးတော့ ဖူကျို့ကို ကြည့်လိုက်ပေသည်။
"အခုကော ဘာဖြစ်ပြန်ပြီလဲ"
ဖူကျို့က တင်းနစ်ရိုက်တံကို သူမ၏ နောက်ကျောကခါးပတ်၌ ထားလိုက်ပြီး တောက်ပစွာ ပြုံးလိုက်လေရာ သူမ၏ ဆွဲဆောင်မှုရှိတဲ့သွားစွယ်လေးအား လှစ်ဟပြနေသကဲ့သို့ ဖြစ်နေလေ၏။
"ဘာမှမဟုတ်ပါဘူး အစ်ကိုမော့ရဲ့ ချောမောလှပမှုတွေကို ငါလေး အကြည့်မလွဲနိုင်အောင် ဖြစ်မိသွားလို့"
ဘေးဘက်၌ သူတို့ပြောစကားတွေကို နားထောင်နေသည့် ရွယ်ယောင်ယောင်က စိတ်ရှုပ်ထွေးမှုကို အတိုင်းသား ခံစားလုက်ရသည်။
ဘာလို့ ငါတို့ရဲ့အရှင်ကျို့ ကြီးမြတ်လှတဲ့သခင်လေးချင်နဲ့အီစီကလီနေတယ်လို့ ခံစားမိ.. မိ.. မိ။
ယောက်ျားလေးနှစ်ယောက် တင်းနစ်တူတူကစားဖို့ လုပ်နေတာ သေချာပေမဲ့ ငါ ဘာလို့ အချစ်ငှက်နှစ်ကောင် ကျီစယ်နေတယ်လို့ မြင်နေမိရတာလဲ။
ဒါပေမဲ့.... သူတို့နှစ်ယောက်က တကယ်လိုက်သား ဟိဟိ။
ရွယ်ယောင်ယောင်က သူမ၏ လက်ဖက်ရည်ခွက်ကိုကိုင်ထားလျက် တင်းနစ်ကွင်းအား အားကျစွာ ကြည့်လိုက်လေသည်။
ဖူကျို့က ရွယ်ယောင်ယောင်နှင့် အကြည့်ချင်းဆုံသွားပြီးတော့ ပြုံးပြလိုက်လေသည်။ ထို့နောက် ဖူကျို့က သူမ၏ ကျောင်းလွယ်အိတ်ထဲက လက်တော့အသေးလေးကို  á€šá€°á€‘á€Żá€á€şá€œá€­á€Żá€€á€şá€•á€źá€Žá€¸á€á€ąá€Źá€ˇ ရွယ်ယောင်ယောင်အနီးသို့ ကပ်သွားသည်။  
"ဂိမ်းထဲဝင်ပြီးတော့ နှစ်ပွဲလောက် အရင်ကစားနေလိုက်နော် အားလပ်ချိန်ကြားမှာ ငါတို့ နင့်ပြဿနာတွေအကြောင်းကို ဆွေးနွေးကြမယ်လေ "
"ကောင်းပြီလေ"
ရွယ်ယောင်ယောင်က ထိုလူငယ်လေးဟာ ဒီလိုအချိန်မှာတောင် သူမကို စိတ်ထဲ၌ရှိလိမ့်မည်ဟု မထင်မိတာကြောင့် အခုလို အလေးပေးခံလိုက်ရတော့ အနည်းငယ် ရှက်သွေးဖြာသွားရပေ၏။
ဖူကျိုသည် ကော်ဖီစားပွဲပေါ်က သစ်သီးပန်းကန်ကို ကြည့်လိုက်ပြီးတော့ ဖရဲသီးတစ်စိတ်ကို ကောက်ယူကာ သူမပါးစပ်အတွင်းသို့ ထည့်လိုက်ပေ၏။
"သစ်သီးတွေကို စားလို့ရတယ်ဟ စိတ်ပူမနေနဲ့"
"အင်း"
ရွယ်ယောင်ယောင်က သွက်သွက်လက်လက်ဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။ ထိုလူငယ်လေး၏ မျက်နှာကို ကြည့်လိုက်တိုင်း သူမ၏ မျက်လုံးတွေဟာ လေးစားမှုအရိပ်အယောင်တွေဖြင့် ပြည့်နှက်နေပေတော့၏။
ချင်မော့သည် တင်းနစ်ကွင်းအလယ်၌ရပ်နေရင်းဖြင့်ထိုမြင်ကွင်းကို အစအဆုံး မြင်လိုက်ရလေသည်။ ပြီးနောက် သူက သူ့တင်းနစ်ရိုက်တံ၏ ကြိုးများကို အကြိမ်အနည်းငယ် အားပါပါဖြင့် ဆွဲဆိတ်နေမိပေ၏။ ချင်မော့၏ မျက်လုံးများက ညနက်ကဲ့သို့ မှောင်မိုက်နေပေ၏။
ဖူကျို့က ချင်မော့ဆီသို့ ပြန်လာချိန်၌ ကြီးမြတ်လှသည့် သခင်လေးချင်၏ မျက်နှာက အတော်လေး အေးတိအေးစက်နိုင်နေတာကို တွေ့လိုက်ရပေသည်။
ပွဲစတော့မှာမို့လို့ ကြီးမြတ်လှတဲ့သခင်လေးချင်ရဲ့အနိုင်ရချင်စိတ်က တိုးလာတာကြောင့်မို့ သူ့မျက်နှာ အေးတိအေးစက်နိုင်နေရတာလား။
"စတော့"
ချင်မော့သည် နံဘေး၌ရပ်နေသည့် ဧည့်ကြိုကို စကားနှစ်လုံး ပြောလိုက်ပြီးတော့ တင်းနစ်ပိုက်ကွန်ရှေ့၌ ကျောမတ်မတ်ထားကာ ရပ်နေပေလေသည်။
ဖူကျို့ကလည်း အလေးအနက်ထားကာ အာရုံစိုက်နေပေ၏။ ထိုလူငယ်လေးဟာ ဒူးတစ်ဝက် ကွေးထားပြီး သူ့ပုံရိပ်လေးဟာ ရှင်းသန့်ပြီး လှပနေပေသည်။ သူ့ငွေရောင်ဆံပင်များကို အနက်ရောင်နားကပ်ဝတ်ထားသည့် နားရွက်အနောက်တွေဆီသို့ ညှပ်ထားလေ၏။ သူဟာ လုံလောက်သော အားအပြည့်နှင့် ရိုက်ချက်တစ်ခုရိုက်ဖို့ ကြိုးပမ်းနေပေ၏။
 á€á€ťá€„်မ္ဏအသည် ဝေဟင်၌ပျံဝဲနေသော တင်းနစ်ဘောလုံးကို တည်ငြိမ်စွာ စူစမ်းလေ့လာနေပေသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို တစ်ဖက်သို့ လှည့်လိုက်ပြီးတော့ တင်းနစ်ရိုက်တံကို  á€á€„်းကဝပ်စွဏ ဆုပ်ကိုင်လိုက်ပြီး လှပသည့် ပုံရိပ်လေးသဖွယ် အဝါရောင်ဘောလုံးကို တိကျသော ရိုက်ချက်တစ်ချက်တည်းဖြင့် ရိုက်လိုက်လေ၏။
ဘုတ်!!
ဖူကျို့၏ နဖူးက ထိုရိုက်ချက်စာ မိသွားလေ၏။
ဖူကျို့က သူမ၏နဖူးကိုပွတ်လိုက်ပြီးတော့ နာကျင်မှုကြောင့်ရှုံ့တွနေပေတော့သည်။
"အစ်ကိုမော့ နင်လေး ဒါကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာမလား။ အခု ကြည့်လိုက် ငါလေးမျက်နှာကို ထိသွားပြီ"
နင်လေး ငါ့ကို တင်းနစ်ကစားဖို့ခေါ်လာတာလား လက်စားချေဖို့ခေါ်လာသလားဟယ်။
ချင်မော့သည် ဖူကျို့ကို ကြည့်လိုက်ပြီးတော့ သူ့မျက်လုံးများက နက်မှောင်လာပေတော့၏။
"မင်း ဒီကို တင်းနစ်ကစားဖို့ ရောက်လာတယ်ဆိုမှတော့ အာရုံစိုက်လေ ကောင်မလေးတွေကို အီစီကလီ လုပ်နေတာရပ်တော့"
"ငါလေး ဘယ်တုန်းက ကောင်မလေးတွေနဲ့ အီစီကလီလို့တုံး"
ဖူကျို့က မတရားခံရသလို ခံစားလိုက်ရပေ၏။
ချင်မော့၏ မျက်လုံးအစုံဟာ ထိုကောင်လေး၏ ရှုပ်ပွနေသည့်ဆံပင်တွေဆီ အကြည့်ရောက်လာပြီးတော့ အဆုံးမှာတော့ သူ၏ အပြစ်ရှိစိတ်ကို မကျော်လွှားနိုင်ခဲ့တာကြောင့် ဘေးဘက်၌ရှိသည့် ဧည့်ကြိုကို ကြည့်လိုက်ပြီးတော့ မနှစ်မြို့ဖွယ်အသံဖြင့် ပြောလိုက်သည်။
"ရေခဲနည်းနည်း သွားယူလာခဲ့"
"အာ ဟုတ်ကဲ့"
ဧည့်ကြိုဟာ ဘာလို့သခင်လေးချင်က ရေခဲကိုလိုအပ်တာလဲဆိုတာကို နားမလည်ပေ။
ချင်မော့သည် မျက်နှာသုတ်ပဝါကို ယူလိုက်ပြီး ရေခဲထည့်ကာ ဖူကျို့၏ နဖူးပေါ်၌ ညင်သာစွာ တင်လိုက်ပေ၏။
...................................................................
အပိုင်း (၁၁၄) ကြီးမြတ်လှတဲ့သခင်လေးချင်ဟာ ထိုလူငယ်လေးကို တစ်မူထူးစွာဆက်ဆံတယ်
ဖူကျို့က ကြောင်အသွားပြီးတော့ သူမနှင့် အလွန်နီးကပ်နေသည့် ချင်မော့၏ မျက်နှာကို ကြည့်လိုက်လေသည်။ ထို့နောက် သူမက ပြုံးလိုက်သည်။
"အရမ်းကြီး အဖြစ်မဆိုးပါဘူး နည်းနည်းလေးနာသွားရုံပဲ"
နံဘေးဘက်မှာ ရပ်နေသည့် ဧည့်ကြိုသည် သခင်လေးချင်က ဖူကျို့ကို သူ့ညီအရင်းသဖွယ် ဆက်ဆံပေးနေသောကြောင့် အံ့သြနေမိပေ၏။
သခင်လေးချင်ဟာ ဖူကျို့ကို သက်ရှိအရုပ်လေး တစ်ရုပ်လို မှတ်ယူနေမိတာပဲ!
သခင်လေးချင်က ခုနကပွဲမှာ အရင်ကထက်ပိုပြီး နည်းနည်းအားစိုက်ကစားလိုက်တယ်ဆိုပေမဲ့ ဒီ...ဒီလိုမျိုး အခြားသူတစ်ယောက်ရဲ့နဖူးကို ရေခဲကပ်ပေးတာကိုမျိုးတော့ တစ်ခါမှမမြင်ဖူးပါဘူးဟ။
ချင်မော့၏ လက်ချောင်းရှည်ရှည်လေးများက တောင့်တင်းသွားပြီး ထူးမခြားနားသည့် လေသံဖြင့် ပြောလိုက်သည်။
"တကယ်လို့ မင်းနောက်ထပ် အီစီကလီထပ်လုပ်မယ်ဆိုရင် ငါ နောက်တစ်ကြိမ်ခပ်ပြင်းပြင်းလေး ရိုက်ပေးမယ်"
ထိုသို့ ပြောပြီးသည်နှင့် ချင်မော့သည် ဖူကျို့၏ မေးကို ထိလိုက်လေသည်။ သူ့လက်ချောင်းထိပ်လေးများက ဖူကျို့၏ မေးစေ့ကို ခပ်ဖွဖွဖိလိုက်ပြီးတော့
"မင်းမျက်နှာကို ဒီဘက်ကိုလှည့် တင်းနစ်ကွင်းအပြင်ကို မကြည့်နဲ့"
ဖူကျို့က ထိုကိစ္စနှင့် ပတ်သက်ပြီး ဘာမှထူးထူးဆန်းဆန်း မခံစားရပေ။ ဖူကျို့က သူမ၏ ခေါင်းကို မော့လိုက်ပြီးတော့ ချင်မော့ ရေခဲကပ်ပေးနေတာကို တစ်မိနစ်လောက် ငြိမ်ခံနေလိုက်လေသည်။
ရွယ်ယောင်ယောင်က ဂိမ်းကစားနေစဉ်အတွင်း သတိမမူမိဘဲ ထိုမြင်ကွင်းကို ခိုးကြည့်လိုက်မိသည်။ သူမက လုံးဝတတိယဘီးလို ခံစားနေရပေ၏။
ရွယ်ယောင်ယောင်က တင်းနစ်ကွင်းကို ချောင်းကြည့်နေတာ တော်လောက်ပြီဟု တွေးမိတာကြောင့် သူမ၏ တည်ရှိမှုလေးကို မှေးမှိန်အောင် ကြိုးစားနေမိပေ၏။
ဖူကျို့၏ နဖူးကို ရေခဲကပ်ပေးပြီးသည်နှင့် ချင်မော့သည် ကစားပွဲကို ပြန်စလိုက်ပြီး သည်တစ်ကြိမ်မှာတော့ ဘောလုံးကို အားကုန်မသုံးဘဲ ပေါ့ပေါ့ပါးပါးသာ လွှဲရိုက်ပေတော့သည်။
ဖူကျို့က သူမ အမြဲလိုချောမောနေခဲ့သလိုမျိုး ချောမော၍ ကြည့်လို့ကောင်းနေဆဲပင်။ အထူးသဖြင့် တင်းနစ်ကွင်းတစ်လျှောက် မရပ်မနားဘဲ ရှေ့နောက် ပတ်ပြေးနေရသည့်အချိန်မျိုးတွင် အလွန်ချောမောနေခဲ့သည်။ သူမ၏ အထင်ကြီးဖွယ် ခုန်လိုက်သည့် စွမ်းရည်က သူမ၏ မျက်နှာလေးနှင့် အလွန်ပင်လိုက်ဖက်နေခဲ့ကာ လူတွေ မနာလိုအားကျဖွယ်ကောင်းလောက်အောင်း သူမ၏ အရာရာက ငယ်သွေးကြွကာ လှပနေခဲ့သည်။
သူတို့နှစ်ယောက်စလုံးက ကစားသမားကောင်းများ ဖြစ်ကြသည်။ အထူးသဖြင့် ချင်မော့။ ချင်မော့သည် ဒီအတိုင်း ရပ်နေခဲ့ပြီး ဘောလုံးလာရာလမ်းကြောင်းကို သတိမထားမိဘဲ စက်ဝိုင်းသဖွယ် ရွေ့လျားနေခဲ့ရာမှ သူ၏ တင်းနစ်ရိုက်တံဖြင့် ဘောလုံးကို မှန်အောင်ရိုက်နိုင်ပေ၏။ သူ၏ အံ့သြဖွယ်ကောင်းသော စွမ်းရည်များက ပြီးပြည့်စုံသည့် သူ့ပုံရိပ်များနှင့် လိုက်ဖက်ညီလှပြီး လက်ခုပ်သံများစွာ ဆက်တီးချင်လာအောင် ဆွဲဆောင်နေသကဲ့သို့ ထင်မှတ်ရသည်။
“ဒီနေရာက ပရော်ဖက်ရှင်နယ်အဆင့်မလား၊ ဟိုမှာကစားနေတဲ့သူကဘယ်သူလဲ"
"မင်း မသိဘူးလား မင်း ချင်မိသားစုအကြောင်းကိုတော့ ကြားဖူးပါတယ်နော်"
"သောက်ပိုတွေပြောမနေနဲ့ ငါက သခင်လေးချင်ကို မေးနေတာမဟုတ်ဘူးကွ! သူနဲ့တူတူ ကစားနေတဲ့ ဟိုကောင်လေးကိုမေးတာကွ"
"မသိဘူးလေ စစ်တပ်အသိုင်းဝိုင်းက သခင်လေးတစ်ယောက်ယောက် နေမှာပေါ့"
တင်းနစ်ကွင်းဟာ အလွန်ကြီးမားပေ၏။ ဒီနေရာဟာ အတော်လေးသီးသန့်ဆန်ပေ၏။ အထူးသဖြင့် ချင်မော့သည် အထူးပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေသောကြောင့်ပင်တည်း။  
ထိုလူများက လှမ်းကြည့်သော်ငြား ခန္ဓာကိုယ်ကိုသာ မြင်ရပြီး ဘယ်သူဘယ်ဝါဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
"ဟင်း.... သခင်လေးဖူ ဒီကိုတစ်ချက်လောက်လာကြည့်ပါဦး သေသေချာချာမြင်ရလားလို့"
ဖူရှီမင်ဟာ အရပ်အနည်းငယ် ပုလေသည်။ သူ့အဖေနှင့် စီးပွားရေးတူတူ လုပ်နေသူများပင်လျှင် ပုံရိပ်များကို သေချာမမြင်နိုင်တာကြောင့် ဖူရှီမင်ကို တစ်ယောက်တည်း ကြည့်စေခဲ့သည်။
ဖူရှီမင်ဟာ တင်းနစ်ကစားရင်းဖြင့်
"ကျွန်တော် သခင်လေးချင်ကို အကြိမ်အတော်များများ တွေ့ဖူးတယ်၊ သူ့နောက်ကို လိုက်နေတဲ့လူ အနည်းစုက စပ်တပ်ထဲကပဲရှိတယ်၊ ဒီလိုဆိုမှတော့ အခြားဘယ်သူမှမဖြစ်နိုင်တော့ဘူးလေ ဒါကြောင့် သူနဲ့တူတူကစားနေတဲ့သူရဲ့အကြောင်းကို ခန့်မှန်းစရာဘယ်လိုဦးမှာလဲဗျာ"
ထိုလူများက သူပြောတာကို ကြားလိုက်သည်နှင့် ရယ်မိသွားလေ၏။ ပြီးနောက် ဖူရှီမင်ကို မြှောက်ပင့်ပြောဆိုကြပေတော့၏။
"ကျွန်တော်က သခင်လေးချင်နဲ့ အပြင်မှာ မတွေ့ဖူးလေတော့ ဒီအကြောင်းတွေကို မသိခဲ့ဘူးဗျာ သခင်လေးဖူက တကယ့်ကို ဉာဏ်ရည်ထက်မြက်တာပဲဗျ"
"ဒီလောက်ကတော့ မပြောပလောက်ပါဘူး"
ဖူရှီမင်ဟာ မသိမသာဖြင့် မာနကြီးသောအမူအရာနှင့် သူ မေးမော့လိုက်လေသည်။
ဖူကျုံးရီဟာ သူ့သားက ချီးမွမ်းခန်းအဖွင့်ခံနေရတာကြောင့် အတော်လေး စိတ်ပျော်ရွှင်နေပေသည်။
"ကျွန်တော့်သားက စကားသိပ်ပြောလေ့မရှိဘူးဗျ၊ တကယ်တော့ သူက ဂိမ်းဆော့ရာမှာ တော်တယ်လေ သခင်လေးချင်ကလည်း ဂိမ်းဆော့တယ်ဆိုတော့ သူတို့အချင်းချင်း ရင်းနှီးနေကြတာနေမှာပါ"
"ဒီလိုဆိုရင် သခင်လေးဖူနဲ့ သခင်လေးချင်က ရင်းနှီးနေတယ်ဆိုမှတော့ သွားနှုတ်ဆက်ရင် ကောင်းမလား"
ထိုစကားကို ကြားလိုက်ရသည်နှင့် ထိုလူများ၏ စိတ်အစုံတွေဟာ ကခုန်ပြေးလွှားနေပေတော့သည်။
ဖူရှီမင်ဟာ မျက်မှောင်ကြုံကာ
"သခင်လေးချင်က သူကစားနေတဲ့အတောအတွင်း လာနှောင့်ယှက်တာမျိုး မကြိုက်ဘူးဗျ နောက်တစ်ခေါက်ပေါ့"
"နောက်တစ်ခေါက်မှလား ...."
သူတို့၏ အသံဟာ စိတ်ပျက်သွားပုံပေါက်သော်ငြား အနည်းဆုံးတော့ မျှော်လင့်ချက်လေးတော့ ရှိပေသေးသည်။
"ဒီလိုဆိုမှတော့ ကျွန်တော် သခင်လေးဖူရဲ့ အကြံပြုချက်ကို ထည့်တွက်ရမှာပေါ့ဗျာ"
ဖူရှီမင်ဟာ ချောင်းဟန့်လိုက်ပြီးတော့ ချင်မော့ရှိရာနေရာသို့ ထပ်ကြည့်လိုက်မိသည်။
တကယ်တော့ ဖူရှီမင်ဟာ သခင်လေးချင်ဆီသွားပြီး စကားသွားပြောမဲ့သူ တစ်ယောက်မှမရှိတော့တဲ့အချိန်ထိ စောင့်နေရင်ကောင်းမလားလို့ တွေးနေမိပေသည်။
တကယ်တော့ သူ ဒီနေရာမှာ တင်းနစ်လာကစားရတဲ့ ရည်ရွယ်ချက်ကတော့ သခင်လေးချင်က ဒီနေရာမှာ မကြာခဏ တင်းနစ်လာကစားတတ်တယ်လို့ သတင်းကြားမိလို့ပဲ။
သူက သခင်လေးချင်ကို တင်းနစ်ကွင်း၌ အကြိမ်အနည်းငယ်သာ တွေ့ဖူးသော်ငြား ဂိတ်တံခါး၌သာ တွေ့ဖူးလေသည်။ သို့သော် သူက သခင်လေးချင်ကို စကားပြောရန် အခွင့်အရေး မရခဲ့ပေ။
သည်တစ်ကြိမ်မှာ အနည်းဆုံးတော့ သခင်လေးချင်နှင့်စကားပြောခွင့်ရအောင် ကြိုးစားရပေမည်။
........
အပိုင်း (၁၁၅) သခင်လေးချင်ရဲ့မနာလိုဝန်တိုမှုမြင့်မားလာခြင်း
တင်းနစ်တစ်ပွဲဆော့ပြီးချိန်တွင် ဘေးဘက်မှာရှိနေသည့် နည်းပြတောင်မှ ဒီပြိုင်ပွဲဟာ အတော်လေး အံ့ဩမှင်တက်ဖို့ကောင်းတာကို ဝန်ခံမိသွားသည်။
ကျိန်းသေတာကတော့ ကြီးမြတ်လှသော သခင်လေးချင်ဟာ အနိုင်ရရှိသွားတယ်ဆိုတာပါပဲ။
ဖူကျို့က ကြံ့ခိုင်မှုပိုင်းမှာ ချင်မော့ထက် အားနည်းတာကြောင့် ဒုတိယပွဲတစ်ဝက်တွင် သူမ၏ နဖူးက ချွေးများနှင့် ပြည့်နေပြီဖြစ်သည်။ သူမ၏ ငွေရောင်ဆံနွယ်များတောင်မှ ချွေးများကြောင့် နားရွက်ဆီ၌ ကပ်နေလေသည်။ ဖူကျို့က သူမလက်ကို မြှောက်လိုက်ပြီးတော့ ချွေးများကို သုတ်ပစ်လိုက်သည်။ ထို့နောက် ပြုံးလိုက်ကာ
"အစ်ကိုမော့ ငါတို့ခဏလေး နားရအောင်ဟာ ခဏလေးကြာမှ နောက်တစ်ပွဲ ထပ်ကစားကြတာပေါ့"
ချင်မော့သည် ဖူကျို့ကို အေးစက်စက်တစ်ချက်ကြည့်လိုက်ပြီးတော့ ရေခွက် ကမ်းပေးလိုက်ပေသည်။ ဖူကျို့က အမှန်တကယ်တော့ ရေအတော်လေးဆာနေပြီဖြစ်သည်။ လူသားများ၏ ခန္ဓာကိုယ်ဟာ အားကစားလုပ်ပြီးချိန်တိုင်း ရေဓာတ်လိုအပ်သည်။ ထို့ကြောင့် သူမက ရေခွက်ကို ယူလိုက်ပြီးတော့ တစ်ငုံနှစ်ငုံ သောက်လိုက်လေသည်။
ဧည့်ကြိုဟာ ထပ်ပြီးတော့ ရှော့ခ်ရပြန်လေတယ်။
သူဟာ သူ့နံဘေးမှာရှိနေသော လူငယ်လေးကို တိတ်တိတ်ဆိတ်ဆိတ်ဖြင့်သာ ခိုးကြည့်လိုက်မိပေ၏။
ဒီနေ့ သခင်လေးချင် သောက်ရမ်းထူးဆန်းနေတာပဲဟ။ သူ ဒီနေ့အရင်ကလို သိပ်ဇီဇာကြောင်မနေဘဲနဲ့ လိုက်လိုက်လျောလျော ရှိနေတယ်ဟ။
ဖူကျို့က ရေသောက်နေဆဲမှာပဲ ချင်မော့က ရေလုံးဝမသောက်ရသေးဘူးဆိုတာကို သတိထားလိုက်မိတာကြောင့် ချင်မော့ဆီ ရေခွက်ကမ်းပေးလိုက်ပေသည်။
ဧည့်ကြိုကတော့ ထိုမြင်ကွင်းကို မြင်ပြီး အတွေးကမ္ဘာထဲ နစ်သွားခဲ့လေပြီ။
မင်းသောက်ထားတဲ့ ရေခွက်ကို သခင်လေးချင်ဆီ ကမ်းပေးတယ်။ သခင်လေးချင်က ကျိန်းသေပေါက် ငြင်းပြီးတော့ မင်းမျက်နှာကို ရေနဲ့ပက်လိမ့်မယ်ကွ။
ဒါပေမဲ့....
ချင်မော့သည် ဖူကျို့၏ လက်ကို ထိလိုက်ပြီးတော့ ခေါင်းငုံ့ကာ တစ်ငုံနှစ်ငုံခန့် သောက်လိုက်ပေ၏။ ထို့နောက် ဧည့်ကြိုများဘက်လှည့်ကာ အမိန့်ပေးလိုက်ပေ၏။
"ဘောလုံးတွေကို သွားကောက်လာခဲ့"
"အိုး ဟုတ်ကဲ့"
ဧည့်ကြို၏ လှုပ်ရှားမှုများ နှေးကွေးနေတာကို အပြစ်တင်လို့မရနိုင်ပေ။ အကြောင်းမှာ ထိုမြင်ကွင်းဟာ အရမ်းကို ရှော့ခ်ရဖွယ်ဖြစ်နေသောကြောင့် ဖြစ်သည်။
ဖူကျို့သည် ကြီးမြတ်လှသောသခင်လေးချင်က ရေဒီလောက် မဆာတော့ဘူးဆိုတာကို သတိပြုမိလိုက်သည်နှင့် ရေခွက်ကိုင်လျက် ရွယ်ယောင်ယောင်ဆီသို့ လျှောက်သွားလေသည်။ ထို့နောက် ဖရဲသီးတစ်စိတ်ကို ကောက်စားလိုက်ပြီး စခရင်အား ကြည့်လိုက်သည်။
ထို့နောက် ရွယ်ယောင်ယောင်၏ နောက်ကျောဘက်၌ လက်တစ်ဖက်တင်လိုက်ပြီး ကျန်တစ်ဖက်ကို သူမ၏ မောက်စ်ပေါ်၌ တင်ထားလိုက်သည်။
"မင်းကစားတဲ့အခါကျရင် ဒီလို အမြဲ မြန်ဆန်နေစရာ မလိုဘူး မင်းရဲ့လှုပ်ရှားမှုတွေကို ကီးဘုတ်အပါအဝင် မောက်စ်နဲ့လဲ အကျွမ်းတဝင်ရှိအောင် လုပ်ထားအုံး၊ တကယ်လို့ ရန်သူက မင်းကို တိုက်ခိုက်လာရင် ပြန်တိုက်ခိုက်မဲ့အစား ခြေတစ်လှမ်းအရင်ဆုတ်ပေးလိုက်"
ရွယ်ယောင်ယောင်က ထိုလူငယ်က ဂိမ်းဆော့သည့်အခါ ထိချက်ပြင်းသော တိုက်ခိုက်မှုများ  á€™á€ťá€€á€şá€™á€źá€„်တွ္အခဲအရသ္ဏကဟ္ဏငအ် အတော်လေးကို ထိတ်လန့်သွားမိပေ၏။
သူမဟာ ဖူကျို့ကို အရှင်ကျို့က ဂိမ်းဆော့တာ ဒီလောက်တော်တာ ဂိမ်းနာမည်ကဘာများလဲလို့ အမြဲ မေးချင်နေပေသည်။
သူမ မမေးနိုင်ခင် ကြီးမြတ်လှသောသခင်လေးချင်က ခြေချိတ်လျက်ဖြင့် သူတို့အရှေ့၌ လာထိုင်နေပေတော့၏။ သူက ချွေးတော့မထွက်သော်ငြား လူတွေအား သူ့ကို လက်လှမ်းမမှီသည့် ပန်းသဖွယ် ခံစားရအောင် လုပ်နိုင်စွမ်းရှိပေသည်။ ကြီးမြတ်လှသည့် သခင်လေးချင်က ခေါင်းလေးစောင်းလိုက်ပြီးတော့ စီးကရက်ကို မီးညှိလိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ကြွယ်ဝချမ်းသာပြီး မြင့်မြတ်သည့် အရှိန်အဝါတစ်မျိုးကို ထုတ်လွှတ်နေတာကြောင့် မည်သူကမှ သူ၏ အေးစက်စက်မျက်လုံးများကို ကြည့်နိုင်စွမ်းမရှိပေ။
ရွယ်ယောင်ယောင်က ဒီလိုအရှိန်အဝါကြီးတဲ့လူ တစ်ယောက်ရဲ့ပခုံးပေါ် အရှင်ကျို့ဟာ အမြဲလိုလို လက်တင်လေ့ရှိလဲဆိုတာကို သူမ နားမလည်နိုင်ဘူး။ သူမသာဆိုရင် နှစ်ပေါင်းတစ်သန်းတောင်မှ မထိရဲပါဘူးနော်။ ပြီးတော့လေ.... ကြီးမြတ်လှသော သခင်လေးချင် ငါ့ကိုကြည့်နေတဲ့ပုံက ကြောက်ဖို့ကောင်းလွန်းလို့ အသက်ရှူတောင် ရပ်ချင်စရာလေးဟယ်။
ရွယ်ယောင်ယောင်က ဘာလုပ်ရမှန်းမသိဘဲ ခေါင်းတော့ အသားကုန် ငုံ့ထားမိလေသည်။ ထို့နောက် သူမ သတိထားမိတာက ကြီးမြတ်လှသည့် သခင်လေးချင်က သူမကို မဟုတ်ဘဲ အရှင်ကျို့လက်ကို စိုက်ကြည့်နေတာပဲ ဖြစ်သည်။
"ဒီဟာကို မင်းသေချာမြင်လိုက်ရဲ့လား"
ထိုလူငယ်၏ အသံလေးက  á€Šá€„á€şá€žá€Źá€™á€žá€Żá€á€…á€şá€…á€˝á€”á€şá€¸á€á€…á€şá€…á€•á€Ťá€á€„á€şá€”á€ąá€†á€˛á€•á€„á€şá‹
"နောက်ဆိုရင် ဒီလိုနည်းနဲ့ ကစားနော်"
ရွယ်ယောင်ယောင်က သူမ၌ ရှိသမျှခွန်အားလေးတွေကိုစုပြီး
"အင်း"
ချင်မော့သည် ဖူကျို့ကို ဆွဲခေါ်သွားပြီးတော့ အံကြိတ်ထားတဲ့လေသံဖြင့်
"ငါ မင်းကို တင်းနစ်ကစားဖို့ခေါ်လာတာနော် ဂိမ်းကစားဖို့မဟုတ်ဘူး ပြီးတော့ ငါမင်းကို အာရုံမပျံ့စေနဲ့လို့ ပြောထားတယ်နော် သိပ်မကြာခင်မှာပဲ မင်းအကုန်မေ့သွားတယ်ပေါ့ ဟမ်!"
ဖူကျို့က သူမ၏ နှာတံကို ပွတ်လိုက်ပေသည်။ ရွယ်ယောင်ယောင်က ဒီအကျပ်အတည်းမှ လွတ်မြောက်စေချင်တာကြောင့်
"အရှင်ကျို့ ငါအခုနားလည်သွားပြီမို့လို့ တင်းနစ်သွားဆော့လေ ငါလည်း ပစ္စည်းတွေသိမ်းပြီး အိမ်ပြန်တော့မယ်"
ဖူကျို့က မျက်ခုံးပင့်လိုက်ပြီးတော့
"ဒီနေရာမှာ တက္ကစီငှားဖို့က မလွယ်ဘူးလေဟ ငါတို့ကစားပြီးသွားရင် မင်းကိုအိမ်ပြန်ပို့ပေးပါမယ် ဟုတ်တယ်မလား အစ်ကိုမော့"
ချင်မော့သည် ဖူကျို့ အီစီကလီနေတာကိုသဘောမကျသော်ငြား သူဟာ လူကြီးလူကောင်းတစ်ယောက် ဖြစ်နေဆဲဆိုတော့ "အင်း"ဟူ၍သာ သဘောတူလိုက်ရပေသည်။
ဖူကျို့က ရပ်လိုက်ပြီးတော့ အညောင်းဆန့်လိုက်ပေသည်။ ထို့နောက် သူမက ရွယ်ယောင်ယောင်ကို ပြုံးပြလိုက်ပြီးတော့
"ဂိမ်းအမြဲဆော့နေတာက မကောင်းဘူးလေ မင်းလည်း ငါတို့နဲ့အတူတူ တင်းနစ်ကစားချင်လား"
........
 

Search Novels