အပိုင်း (၁၁၆) ချင်မော့ရဲ့ မနာလိုအူတိုမှု
"မလို...မလိုပါဘူး"
ရွယ်ယောင်ယောင်က သူမ၏ လက်ကို အလျင်အမြန် ဝှေ့ယမ်းပြလိုက်ပေသည်။ သူမက ထိုသို့ ပြောပြီးသည်နှင့် ကြီးမြတ်လှသော သခင်လေးချင်ရှိရာဆီသို့ သတိမမူမိဘဲကြည့်လိုက်မိသည်။
ကြီးမြတ်လှသော သခင်လေးချင်ကတော့ သူမ အရှင်ကျို့နဲ့တင်းနစ်တူတူကစားမှာကို မကြိုက်လောက်ဘူးမလား။ သူမမှာ ဒီလိုခံစားချက်ကြီး ဘယ်လိုလုပ် ရှိနေလဲဆိုတာကိုတောင် သူမကိုယ်သူမ မေးခွန်းထုတ်မရဲပေ။ သူမ ဒီဟာကိုကြားကြားချင်း မသိစိတ်က ပထမဆုံး တုံ့ပြန်မိတာလောက်ပါပဲ။
ဖူကျို့က ချင်မော့ကို ကြည့်နေသည့် ရွယ်ယောင်ယောင်၏ အကြည့်တွေကြောင့် အထင်လွဲသွားပေတော့သည်။
"အော် ဒါမှမဟုတ် မင်းက အစ်ကိုမော့နဲ့တူတူဆော့ချင်တာလား မင်းသဘောလေ "
ထိုစကားကို ကြားလိုက်သည်နှင့် ချင်မော့က မျက်မှောင်ကြုံ့သွားပေတော့၏။ ဖူကျို့က ယင်းကို သတိမထားမိလိုက်ပေ။
ဖူကျို့က ရပ်နေခဲ့တာ အတော်ကြာနေပြီဖြစ်သော်ငြား ပြုံးနေဆဲပင်။
"မင်း ဘယ်သူ့ကိုရွေးမှာလဲ"
ရွယ်ယောင်ယောင်က လျှောက်လာပြီးတော့ ခက်ခက်ခဲခဲဖြင့်
"အရှင်ကျို့နဲ့ဆို ပိုအဆင်ပြေလိမ့်မယ်ထင်တယ်"
သူမက ဘယ်လိုလုပ် ကြီးမြတ်လှသော သခင်လေးချင်ကို ရွေးရဲမှာလဲ!!!!
ဒီကြီးမြတ်လှသော သခင်လေးချင်ရဲ့ မြင့်မြတ်တဲ့အရှိန်အဝါတွေက သူမအတွက် အသက်ရှူဖို့တောင် အလွန်ခက်ခဲနေရတာပါနော်!
"ကြည့်ရတာ ငါလေးက အစ်ကိုမော့ထက် ပိုဆွဲဆောင်မှုရှိတယ်နဲ့တူတယ်"
ဖူကျို့က ချင်မော့ကို မထိတထိစနောက်လိုက်ပေ၏။ ထို့နောက် ဖူကျို့က ရယ်လိုက်ပြီးတော့ သူမ၏ သွားစွယ်လေးများကို လှစ်ဟပြနေသကဲ့သို့ပင်။ သူမ၏ ငွေရောင်ဆံပင်တွေကျတာ့ အနည်းငယ် စိုစွတ်နေဆဲပင်။ လူတွေက ဒီလိုချစ်ဖို့ကောင်းတဲ့မျက်နှာလေးကို ဘယ်လိုလုပ် ငြင်းနိုင်မှာလဲနော်။
ဒါပေမဲ့...
ချင်မော့သည် ဖူကျို့နံဘေး၌ ရပ်နေသည့် ကောင်မလေးကို တစ်ချက်ကြည့်လိုက်ပြီးတော့ သူ့လက်ချောင်းများက ရပ်တန့်သွားတော့သည်။
သူ့ညီလေးဟာ ရွယ်ယောင်ယောင်အပေါ်ကို အတော်လေးကောင်းမနေဘူးလား။
သူနဲ့ဖူကျို့က သိတာသိပ်မကြာသေးပေမဲ့ ဒီလူငယ်လေးက ဂိမ်းလောကရဲ့အပြင်မှာဖြစ်စေ ဂိမ်းထဲကSpade Zဖြစ်စေ သူနဲ့ရင်းနှီးဖို့ဆိုတာ လွယ်ကူတာ မဟုတ်ဘူး။
ချင်မော့သည် သူတစ်ယောက်တည်းသာလျှင် ဖူကျို့ဆီက ရင်းနှီးသည့်အပြုအမူတွေကို အပိုင်ရမည့်သူသာ ဖြစ်သည်ဟု အမြဲတွေးထားခဲ့တာဖြစ်လေသည်။
သို့သော် အခုတော့ ဖူကျို့က ရွယ်ယောင်ယောင်အပေါ်ကို သူ့ထက်ပင်ပိုကောင်းနေပေသေးသည်။
ချင်မော့သည် ထိုအကြောင်းကို တွေးလိုက်မိသည်နှင့် သတိမထားမိဘဲ ဝတုတ်မလေးရွယ်ယောင်ယောင်ကို တစ်ကြိမ်ထပ်ကြည့်မိပြန်လေသည်။
ရွယ်ယောင်ယောင်က သူမလည်ပင်းအနောက်က အေးစက်သည့် ခံစားချက်များကို ခံစားလိုက်မိတာကြောင့် ခေါင်းကို အနောက်သို့ မလှည့်ရဲတော့ချေ။
အမှန်တရားကတော့ သူမဟာတကယ့်ကို အဝလွန်နေတာပါပဲ။
တင်းနစ်ကွင်းထဲသို့ လျှောက်သွားသည့် လူငယ်လေးနှင့် မတူခြားနားစွာ ရွယ်ယောင်ယောင်ကတော့ တကယ့်ကို အသားများနေပြီး သူမခြေထောက်ဆီက အသားများက  á€•á€źá€ąá€¸á€œá€­á€Żá€€á€şá€á€­á€Żá€„á€şá€¸ လှုပ်ခါနေပေတော့သည်။ ထိုအခြင်းအရာက ကြည့်လို့သိပ်ကောင်းသည့်အရာတော့ မဟုတ်ပေ။
ဘယ်သူကမှ သူတို့ရဲ့ပြစ်ချက်တွေကို သူတို့ အိုင်ဒေါရှေ့မှာ မချပြချင်ကြပေမဲ့ ရွယ်ယောင်ယောင်အတွက်ကတော့ ဂိမ်းပြန်သွားဆော့ဖို့ကလည်း မဖြစ်နိုင်ဘူးလေ။ ပြီးတော့ ကြီးမြတ်လှသော သခင်လေးချင်က သူတို့နှစ်ယောက်ဂိမ်းတူတူဆော့တာကို ကြည့်လို့ရတာမှ မဟုတ်ဘဲ။
ဖူကျို့က သူမဘေး၌ရှိနေခဲ့ပြီး သူမ၏ စိုးရိမ်မှုတွေကို သတိထားမိသွားခဲ့လေသည်။ သူတို့ တင်းနစ်ရိုက်တံကို ရွေးနေစဉ်မှာတော့ ဖူကျို့က ပေါ့ပေါ့ပါးပါးရယ်လိုက်ပြီး
"မင်းကို ငါမေးစရာလေးရှိလို့ ဘာလို့ ငါလေးကို အရှင်ကျို့လို့ ခေါ်တာလဲ"
"ဒီ..ဒီဟာကလေ အရှင်ကျို့ကိုကြိုက်တဲ့ ကျောင်းက ကောင်မလေးတွေကလေ ဘယ်လိုပြောရမလဲ ဒီလိုချစ်ကြိုက်တာမျိုး မဟုတ်ဘဲနဲ့လေ ဒီအတိုင်းကြိုက်တာလေ ဘယ်လိုပြောရမလဲ..."
ရွယ်ယောင်ယောင်က သူမ သေချာ မရှင်းပြနိုင်ခဲ့မှာကို စိုးရိမ်စိတ်ဝင်မိသော်ငြား သူမ၏ မျက်နှာကတော့ ရှက်သွေးကြောင့် နီရဲနေဆဲပင်။
"ဘာပဲဖြစ်ဖြစ် နင့်ရဲ့ပရိသတ်တွေဖြစ်တဲ့ငါတို့က ဒီနာမည်ကို ပေးထားတာ ဘာလို့လဲဆိုတာတော့ နင်က ရှေးခေတ်က အိမ်ရှေ့စံမင်းသားတွေလို ဉာဏ်များပြီး လွှမ်းမိုးနိုင်စွမ်းရှိတယ်လေ"
ဖူကျို့က ထိုရှင်းပြချက်ကို ကြားလိုက်သည်နှင့် ဒီဟာက စိတ်ဝင်စားစရာကောင်းသည်ဟု တွေးလိုက်မိလေသည်။ အိမ်ရှေ့စံလား၊ ငါလေးကလေ။ အခုခေတ်ကောင်မလေးတွေက အတော်လေး ရူးပေါပေါနိုင်ပေမဲ့ ချစ်ဖို့ကောင်းကြသားဟ။
"ဒီလိုဆိုရင် ငါကိုယ်တော်အိမ်ရှေ့စံက မယ်မင်းကို တင်းနစ်ဘယ်လိုကစားရလဲဆိုတာကို သင်ပြပေးရတာပေါ့၊ ကောင်မလေးတွေ တော်တော်များများက ဒီနေရာမှာ မတော်ကြဘူးလေ"
ရွယ်ယောင်ယောင်လေးအတွက် မခက်ခဲစေရန်အလို့ငှာ ဖူကျို့က သူမ၏ ဘယ်ဘက်မျက်လုံးကို အပြုံးလေးဖြင့် မှိတ်ပြလိုက်လေသည်။
ထို့နောက် ဖူကျို့က သူမ၏ လက်တစ်ဖက်ကို ရွယ်ယောင်ယောင်လက်ပေါ်သို့ တင်လိုက်ပြီး သူမ၏ လှပတဲ့မျက်နှာလေးအား ရွယ်ယောင်ယောင်ဘက်သို့ လှည့်လိုက်လေသည်။ ဖူကျို့၏ ပုံရိပ်သာမက အသံကလည်း အလွန်ကောင်းမွန်ပေ၏။
"မင်းရဲ့အားကို လက်ချောင်းတွေထဲမှာ ထည့်ထား၊ ကစားတဲ့အခါကျရင် ခန္ဓာကိုယ်ကိုကွေးလိုက် မင်းရဲ့မျက်လုံးက ရိုက်တံတစ်လျှောက် ဘောလုံးနဲ့ တစ်တန်းတည်း ရှိနေရမယ် မင်းရဲ့ခြေချောင်းလေးတွေကို သုံးပြီး တစ်ကိုယ်လုံးက အားတွေကို ဖြေလျော့ဖို့လုပ်၊ ဒီမှာကြည့် ဒီလိုလေး"
ဤသို့ဖြင့် ဖူကျို့က ရွယ်ယောင်ယောင်၏ လက်ကိုကိုင်ရင်းဖြင့် တင်းနစ်ရိုက်တံကို ခပ်မိုက်မိုက် လွှဲရိုက်လိုက်လေသည်။ သူမ၏ ငွေရောင်ဆံပင်တွေဟာ ရွယ်ယောင်ယောင်၏ နားကို ညင်သာစွာ ဖြတ်တိုက်သွားလေ၏။ မှတ်မှတ်ရရ ရွယ်ယောင်ယောင်က ဖူကျို့ဆီမှ သကြားလုံးရနံ့လိုလို ကိုယ်သင်းနံ့လေး ရလိုက်လေသည်။ ထိုရနံ့က တောင်ကျရေပမာ သန့်ရှင်းခဲ့ပြီး သူမ၏ မျက်နှာတစ်ခုလုံးဟာ မထိန်းချုပ်နိုင်လောက်အောင်ကို အပူလှိုင်းများ တိုးလာတော့သည်။
........
အပိုင်း (၁၁၇) ကြီးမြတ်လှသော သခင်လေးချင်ရဲ့ဝန်တိုမှုလယ်ဗယ်စိုးဟိုက်
ရွယ်ယောင်ယောင်၏ နှလုံးသားလေးဟာ စည်းချက်မညီစွာ ခုန်ပေါက်လာလေတော့သည်။
ရွယ်ယောင်ယောင်က လူငယ်လေးတစ်ယောက်နှင့် ယခုကဲ့သို့  á€”ဎးနဎးကပ်ကပ် နေရမည့်ရက် ရောက်လာခဲ့မည်ဟု သူမ ဘယ်တုန်းကမှ မထင်ထားခဲ့ဖူးပေ။
အရှင်ကျို့ရဲ့ကိုယ်ပိုင် နူးညံ့ညင်သာမှုလေးက လူတစ်ယောက်ကို ဖယောင်းလို အရည်ပျော်ကျသွားစေနိုင်တာပဲ။
"သဘောပေါက်ရဲ့လား"
သာယာသောအသံက သူမ၏ နားရွက်ဘေး၌ ထွက်ပေါ်လာခဲ့တာကြောင့် ခေါင်းလေးတစ်ချက် ငဲ့လိုက်ရုံဖြင့် သူမ၏ နံဘေးက ဆွဲဆောင်မှုရှိသည့် အပြုံးလေးကို မြင်နိုင်ပေသည်။
တင်းနစ်ရိုက်ကွင်းတစ်ကွင်းလုံးက လှပသောမိန်းမလှလေးများက သူတို့နှစ်ဦးရှိရာဆီသို့ လှည့်ကြည့်လာခဲ့လေ၏။ ဒီအချိန်မှာတော့ သူတို့အားလုံးဟာ ရွယ်ယောင်ယောင်နေရာမှာသာ ဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲလို့ ဆုတောင်းနေကြပေသည်။
"ငါလည်း တင်းနစ် ဘယ်လိုကစားရမလဲဆိုတာကို သင်ပေးတဲ့ ခပ်ချောချော ကောင်လေးတစ်ယောက် လိုချင်တယ်"
"အား ဒီအပြုံးလေးကြောင့် ငါအရည်ပျော်သွားပြီ သူက ဘယ်သူလဲဟ"
"မသိဘူးလေ ငါ သူ့ကို ဒီမှာပထမဆုံးမြင်ဖူးတာ"
မိန်းမလှလေးတွေဟာ အားလုံးရပ်သွားကြပြီးတော့ စောင့်ကြည့်နေကြပေသည်။ သူတို့အားလုံးက ပိုက်ကွန်၏ နံဘေး၌ ရပ်နေသည့် ဖူကျို့ကို အာရုံစိုက်နေကြပေသည်။ သူတို့မျက်လုံးထဲတွင်တော့ ဆန္ဒတရားများ လောင်မြိုက်နေသည်။
ရောင်ပြန်ပြတင်းပေါက်များ ရှိနေသည့် အနားယူခန်း တစ်ခန်းသာလျှင် အပူချိန်များ ကျဆင်းကာ အေးစက်နေပေတော့သည်။
ချင်မော့၏ နံဘေး၌ရပ်နေသော ဧည့်ကြိုက သူ့ဦးခေါင်းကိုတောင် မလှည့်ရဲပေ။
ဧည့်ကြိုဟာ သခင်လေးချင်ဆီက အေးစက်နေတဲ့အော်ရာဟာ သူ့ခန္ဓာကိုယ်ထဲက သွေးများကိုတောင် အေးခဲသွားစေနိုင်ပေသည်ဟု ခံစားနေရပေသည်။
ဘာများလဲ။
ချင်မော့သည် တင်းနစ်ကွင်းကို အာရုံစိုက်လျက် ကြည့်နေခဲ့သည်။ သူ၏ လက်တစ်ဖက်ဖြင့် မေးစေ့ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်ကတော့ အနက်ရောင်လက်အိတ်ကို ဝတ်ထားကာ ကုလားထိုင်၏ လက်တင်နေရာ၌ တင်ထားပေ၏။ ထိုမျက်ဝန်းတစ်စုံက ရေခဲတမျှအေးစက်နေခဲ့ပြီး သူ့ရဲ့အသံတောင်မှ မြောက်ဝင်ရိုးစွန်းက ပန်းတစ်ပွင့်ပမာ စကားလုံးတိုင်းက အရိုးထဲထိတိုင် ခိုက်ခိုက်တုန်အောင် အေးစက်နေလေ၏။
"သူတို့ကို ဒီကိုခေါ်လာခဲ့"
ထို့အပြင် ချင်မော့သည် စစ်တပ်အသိုင်းအဝိုင်း၌ ကြီးပြင်းလာခဲ့ခြင်းကြောင့် သူ၏ ညှာတာမှုကင်းမဲ့ပြီး သွေးအေးတတ်သော သဘာဝက သူနှင့်အတူ တည်ရှိနေပြီး ယင်းကို ဖုံးကွယ်ထားဖို့လည်း မလွယ်ကူလေဘူး။
"မိနစ်သုံးဆယ် ကစားပြီးရင် ခဏအနားပေးရတယ်လေ၊ သူတို့နှစ်ယောက်က ဒီစည်းမျဉ်းကို မသိတဲ့ပုံပဲ ဒါပေမဲ့ မင်းတို့ကရော ဒီစည်းမျဉ်းကိုမသိတော့တာဖြစ်နိုင်ရဲ့လား!"
ချင်မော့သည် ထိုသို့ ပြောပြီးသည်နှင့် ဧည့်ကြိုကို တစ်ချက်ကြည့်လိုက်လေသည်။
ချင်မော့၏ နက်မှောင်သော မျက်ဝန်းများက ဧည့်ကြို၏ သွေးကြောများကိုပါ ပိတ်ပစ်လိုက်သလို ခံစားရပေ၏။
ဧည့်ကြိုက ကြီးမြတ်လှသော သခင်လေးချင်ကို ပြန်လည်ချေပနိုင်စွမ်းမရှိပေ။ ကြီးမြတ်လှသော သခင်လေးချင်ဟာ အနားမယူခင်လေး အနည်းဆုံးတစ်နာရီပြည့်အောင် ကစားလေ့ရှိပေမဲ့ အခုတော့ မိနစ်သုံးဆယ်လို့ပြောတော့ မိနစ်သုံးဆယ်ပဲပေါ့။
"သခင်လေးကျို့"
ဧည်ကြိုသည် လူငယ်တစ်ယောက်က တစ်စုံတစ်ယောက်ကို တင်းနစ်ရိုက်သင်ပေးနေတဲ့ ကာလကြားမှာ ဝင်နှောင့်ယှက်တာက ရိုင်းတယ်လို့ထင်မိပေမဲ့ သူဘယ်တတ်နိုင်မှာလဲ။ သခင်လေးချင်ရဲ့အမိန့်ကိုပဲ နာခံရတော့မှာပေါ့။
ဖူကျို့က သူ့ကို ကြည့်လိုက်ပြီး
"ဘာလဲ"
"ဒီအမျိုးသမီးလေးက ပူအိုက်နေပုံ ပေါက်နေတယ်ဗျ ပြီးတော့ သခင်လေးလည်း အနားမယူတာ အချိန် အတော်ကြာနေပြီဆိုတော့..."
ဧည့်ကြိုက စကားကို ဘယ်လိုပြောရမလဲဆိုတာကို ကောင်းကောင်းသိသည့်အပြင် မျက်တောင်တစ်ချက်မခတ်ဘဲ ဆင်ခြေကောင်းတစ်ခုကိုရှာတွေ့လိုက်သေးသည်။
"တကယ်လို့ သခင်လေးက အားကစားသမား မဟုတ်ရင် အချိန်အတော်ကြာကြီး အားကစားလုပ်တာက သခင်လေးရဲ့ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါတယ်၊ ကျွန်တော်တို့ တင်းနစ်ကွင်းကို အရင် သန့်ရှင်းလိုက်ဦးမယ်ဗျာ၊ သခင်လေးတို့နှစ်ယောက် ခဏလေးကြာမှ ဆက်ကစားမယ်ဆိုရင်ရော.."
တကယ်လို့ ဆက်ကစားချင်တယ်ဆိုရင်တော့ သခင်လေးချင်နဲ့ ဆက်ကစားပေးပါနော်။
ဒီမိန်းကလေးကို တင်းနစ်ရိုက်သင်ပေးဖို့အတွက်နဲ့တော့ သခင်လေးချင်ကို တစ်ယောက်တည်း ပစ်မထားခဲ့ပါနဲ့ဗျာ။ မဟုတ်ရင် ကျွန်တော်မျိုးလေး ဆင်ခြေတွေထပ်ရှာနေရဦးမယ်။
 á€–ူကဝိုအက ဘာလို့မိနစ်သုံးဆယ်ပြည့်တိုင်း တင်းနစ်ကွင်းကိုရှင်းလင်းပေးဖို့လိုတာလဲဆိုသည့် အချက်ကြောင့် သူမ အနည်းငယ်တော့ စိတ်ရှုပ်သွားလေသည်။ သို့သော် ဧည့်ကြိုက ထိုသို့ပြောလာမှတော့ သူမအနေနှင့် ဘာမှဆက်ပြော၍ရမှာ မဟုတ်သောကြောင့် အနားယူခန်းဆီသို့သာ ရွယ်ယောင်ယောင်နှင့်အတူ ပြန်လာခဲ့လေသည်။
သူမ ကြည့်လိုက်သည်နှင့် ချင်မော့၏ မျက်နှာက အေးစက်နေပြီး ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါတစ်ခု ထုတ်လွှတ်ထားသယောင်ယောင်ပင်။ သူ့၏ လက်ချောင်းများက သူမ၏ ကိုယ်ပိုင်လက်တော့ဆီ၌ ရှိနေပြီးတော့ ကျန်လက်တစ်ဖက်ကတော့ ကော်ဖီတစ်ခွက်ကို ကိုင်ထားလေသည်။ ချင်မော့ကို ကြည့်ရတာ ဘုရင်တစ်ပါးနှယ် ခံ့ညားနေပေတော့၏။
"လက်တော့ကောင်းပဲ"
ဒီဟာက ချီးကျူးစကားဆိုမှတော့ ဖူကျို့ကလည်း သေချာပေါက်လက်ခံပေးရမှာပေါ့။
"ဒီဟာမှာ hard drive ကောင်းကောင်းလေးတစ်ခုရှိတယ်လေ ဒါကြောင့် အလုပ်လုပ်တာမြန်တယ် နောက်ဆိုရင် အစ်ကိုမော့နဲ့ဂိမ်းတူတူကစားဖို့ ဒီဟာလေးကိုပဲ မှီခိုရမှာ"
ချင်မော့သည်  á€™á€žá€­á€™á€žá€Źá€”á€žá€Źá€á€ąá€Ťá€„á€şá€¸á€›á€žá€Żá€śá€ˇá€œá€­á€Żá€€á€şá€•á€źá€Žá€¸á€á€ąá€Źá€ˇ ထိုအကြောင်းနှင့် ပတ်သက်ပြီး ဆက်မပြောတော့ဘဲ ရွယ်ယောင်ယောင်ကို ကြည့်လိုက်ပြန်သည်။ ချင်မော့သည် သူ့လက်ထဲက လက်အိတ်ကို ဆော့ကစားနေ၏။
"မိန်းကလေးရွယ်နဲ့ ငါ့ညီလေးကျို့တို့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုသိတာလဲ မင်းတို့နှစ်ယောက်က ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတယ်ဆိုတာကို ငါပြောနိုင်တယ်"
ညီလေးကျို့???
ရွယ်ယောင်ယောင်က ထိုနာမည်နှင့် ပတ်သက်ပြီး ဒွိဟဖြစ်ကာ ရှုပ်ထွေးနေသော်ငြား ကြီးမြတ်လှသော သခင်လေးချင်၏ မေးခွန်းကိုတော့ ပြန်ဖြေရန် လိုသေးသည်။ ထိုကြောင့် သူမ၏ ရှိသမျှသတ္တိများကို စုစည်းလိုက်ပြီး
"အရှင်ကျို့နဲ့ ကျွန်မနဲ့က ဘေးချင်းကပ် တူတူထိုင်ကြတာလေ၊ အရှင်ကျို့က လူကောင်းတစ်ယောက်ပါ သူက ကျွန်မအပေါ်မှာတော်တော်ကောင်းတယ်"
"ဟုတ်လား"
ချင်မော့သည် သူ့အသံကို စာကြောင်းအဆုံး၌ မြှင့်လိုက်ပြီးတော့ ရယ်လိုက်လေသည်။ အတန်ငယ် အေးစက်သည့် လေသံဖြင့်
"ကြည့်ရတာ သူ ကျောင်းမှာ ကောင်းကောင်းအဆင်ပြေနေတယ်နဲ့တူတယ် ဟမ့်!"
..............................
အပိုင်း (၁၁၈) နောက်ဆိုရင် ငါ မင်းရဲ့ရူပဗေဒဆရာ ဖြစ်ပေးမယ်
ရွယ်ယောင်ယောင်က ကြီးမြတ်လှသော သခင်လေးချင်သည် အဘယ်ကြောင့် ထိုကဲ့သို့ အမူအရာနှင့် မေးမှန်း နားမလည်လေတော့ ဒွိဟဖြစ်လျက် ခေါင်းညိတ်ပြလိုက်မိသည်။
ဖူကျို့က နံဘေး၌ ရေသောက်နေသည်။ သူမ ခေါင်းစောင်းလိုက်ချိန်မှာတော့ ဖြူဖွေးနုဖတ်နေသည့် သူမ၏ လည်ပင်းက ရှည်သယောင်ယောင် ဖြစ်နေပေ၏။
ချင်မော့သည် ဖူကျို့ကို ကြည့်လိုက်တော့ သူမ၏ အပြုအမူများကို မြင်သွားပေ၏။ သူ၏ နက်မှောင်နေသော မျက်ဝန်းများက ဖူကျို့၏ ချောမွတ်နေသော လည်ပင်းဆီ အကြည့်ရောက်သွားပေတော့သည်။ ချင်မော့သည် ထပ်သည်းမခံနိုင်တော့သဖြင့် ဖူကျို့ကို အနီးသို့ ဆွဲခေါ်လိုက်၏။
"မင်း ကျောင်းမှာ ကောင်းကောင်း အဆင်ပြေနေတယ်ဆိုရင် စာလုပ်မဲ့အစား မိန်းကလေးတွေနဲ့ အားအားယားယား အီစီကလီနေဖို့ အချိန်တွေတော်တော် ပေါနေတယ်ပေါ့လေ"
"နင်လေး ဘာတွေပြောနေတာလဲ"
ဖူကျို့က ချောင်းဟန့်လိုက်ပြီးတော့
"အစ်ကိုမော့ ငါလေးကို မဟုတ်တရုတ်တွေ မစွပ်စွဲပါနဲ့ဟ၊ ပြီးတော့ ယောင်ယောင်က ငါလေးရဲ့ အသင်းဖော်လေ၊ ပြီးတော့ သူမက ငါ့ရဲ့ရူပဗေဒဆရာမလည်းဖြစ်သေးတယ် ငါ့သင်ခန်းစာတွေကို ကူညီပေးမဲ့ ဆရာမလေးပေါ့နောက်ဆိုရင် ငါလေးရဲ့ရူပဗေဒရမှတ်တွေက သူ့အပေါ်မှာ မူတည်နေတော့မှာလေ"
စာလုပ်ဖို့ သက်သက်ပဲလား။
ချင်မော့သည် ထိုမေးခွန်းကို မေးချင်သော်ငြား ယင်းက အတိုင်းအတာတစ်ခုအထိ ဖြစ်သွားသည်ဟု ခံစားလိုက်ရတာကြောင့် မမေးဖြစ်ခဲ့ပေ။ ထို့နောက် ချင်မော့သည် လှည့်လိုက်ပြီးတော့ ထိုဖြူဥနေသည့် မျက်နှာချောချောလေးကို ကြည့်လိုက်ကာ ထူးမခြားနား လေသံဖြင့် ပြောလိုက်သည်။
"မင်းရဲ့ သင်ခန်းစာတွေအတွက်နဲ့ မိန်းကလေးတွေကို မနှောင့်ယှက်သင့်ဘူးလေ အထူးသဖြင့် မိန်းကလေးရွယ်ကိုပေါ့ တစ်နေကုန် သူ့အလုပ်နဲ့သူ ရှုပ်နေမှာလေ"
"ကျွန်မ...ကျွန်မ"
ရွယ်ယောင်ယောင်က သူမ အလုပ်မများဘူးဟု ပြောချင်သော်ငြား ချင်မော့၏ ရေခဲတမျှအေးစက်သည့် မျက်ဝန်းများနှင့် ရင်ဆိုင်လိုက်ရသည့်အခါမှာတော့ သူမ ပြောချင်သည့်စကားများကို ချက်ချင်း ပြန်မျိုချလိုက်ရပေသည်။
ဖူကျို့က ထိုအချက်ကို ထည့်မစဉ်းစားခဲ့မိပေ။
ရွယ်ယောင်ယောင်ရဲ့မိသားစုက ချမ်းသာတဲ့မိသားစုမဟုတ်ဘူးလေ နောက်ဆိုရင် ဂိမ်းဆော့တာကို သူမအချိန်တွေ တော်တော်များများ ပေးရတော့မယ်။ ပြီးတော့ မိန်းကလေးဆိုတော့ ထမင်းချက်ဘာညာဝါသနာလေးလည်း ရှိဦးမှာပဲ ငါလေးကိုစာပြပေးဖို့အချိန်ပါထည့်ပေါင်းလိုက်ရင် သူမမှာ အားလပ်ချိန်တွေ သိပ်မရှိတော့ဘူးပဲ။
"ရတယ်လေ ငါ့ဘာသာ ရူပဗေဒဆရာ တစ်ယောက် ရှာလိုက်လို့ရတာပဲ"
ဖူကျို့က ရွယ်ယောင်ယောင်ကို ပြုံးပြလိုက်ပြီးတော့ ထိုနေရခက်သည့် အခြေအနေဆီကနေ သူမကို လွတ်မြောက်စေရန် ကူညီပေးခဲ့လေသည်။
ချင်မော့သည် အခြားတစ်ဖက်ကို ကြည့်နေခဲ့ပြီး သူ့မျက်ဝန်းများက နက်မှောင်နေပေသည်။
"တကယ်လို့ အခြားသူတွေက မင်း ရူပဗေဒစာမေးပွဲကျတယ်ဆိုတာကို သိသွားရင်တောင် မြောက်ကြွမြောက်ကြွ ဖြစ်နိုင်သေးတာလား"
ဖူကျို့ :"..........."
အစ်ကိုမော့ရယ် ကျေးဇူးပြုပြီး ဓားသွားလို ထိရှစေတဲ့စကားတွေ မပြောပါနဲ့လား သူငယ်ချင်းတွေ ဘာလို့ အခင်အမင်ပျက်တတ်လဲဆိုတာကို စဉ်းစားကြည့်စမ်းပါ ဒီလိုတွေကြောင့်ပေါ့ဟဲ့။
ဖူကျို့က သူမ၏ စာမေးပွဲရလဒ်များ အကြောင်း ပြောချိန်ရောက်တိုင်း သူမ၏ စိတ်က အတန်ငယ်တော့ ညှိုးနွမ်းသွားလေ့ရှိပေသည်။ အထူးသဖြင့် ရူပဗေဒဆိုရင်ပေါ့။
"ကောင်းပြီလေ ငါလေး ဂိမ်းပြိုင်ပွဲမှာဝင်ပြိုင်ချင်တယ်ဆိုရင် ဘာသာစုံအောင်မှဖြစ်မှာ"
ထိုသို့ ပြောပြီးသည်နှင့် ဖူကျို့က တောက်တောက်ပပပြုံးလိုက်ပြီးတော့ ချင်မော့အနားသို့ကပ်သွားကာ ထိခိုက်နစ်နာသလိုလိုပုံဖြင့်
"ဒါမှမဟုတ် ငါလေး အစ်ကိုမော့ကို လာဘ်ထိုးပြီးတော့ ငါလေးကို ကူညီပေးပါလို့ တိုက်ရိုက်တောင်းဆိုလိုက်ရင်ကော"
"သေချာတာပေါ့"
ချင်မော့သည် ထိုလူငယ်ကို ကြည့်လိုက်ပြီးတော့
"ဆယ်သန်းပေး ဒီလိုဆိုရင် မင်းကိုပြိုင်ပွဲမှာအအောင်ပေးမယ်"
ဖူကျို့၏ မျက်နှာဟာ ပျက်ယွင်းသွားသည်။
"အစ်ကိုလေးရေ အဲဒီအစား နင်လေး ငါ့ကိုဆယ်သန်းပေးပြီးတော့ ဆရာတစ်ယောက်ရှာပေးတာကမှ ပိုကောင်းဦးမယ်"
ချင်မော့သည် ထိုလူငယ်လေး၏ အပြုအမူကို ကြည့်လိုက်ပြီးတော့ အေးစက်မှုအနည်းငယ်ဟာ သူ့မျက်ဝန်း၌ ဖြတ်ပြေးသွားလေသည်။
"နောက်ဆိုရင် ငါ မင်းကို ရူပဗေဒသင်ပေးမယ်!"
ရွယ်ယောင်ယောင် :"........"
ဧည့်ကြို :".........."
ဘာလို့ သခင်လေးချင်က ဒီကိစ္စလေးကိုကြီးမားအောင်လုပ်နေတယ်လို့ ငါတို့ခံစားမိ။
ဖူကျို့ကလည်း စိတ်ရှုပ်ထွေးသွားပြီးတော့
"အစ်ကိုမော့ နင်လေးလည်း အလုပ်အရမ်းများတယ်မလား ပိုပြီးတော့တောင်အလုပ်များသေးသလိုပဲ"
 "ရတယ် ငါ့မှာ မင်းလိုစာညံ့တဲ့ ကျောင်းသားကို စာသင်ပေးဖို့ အချိန်ရှိသေးတယ်"
ချင်မော့သည် ပြောပြီးသည်နှင့် ထရပ်လိုက်ကာ ဖူကျို့၏ ရှုပ်ပွနေသည့် ဆံပင်အား ပွတ်သပ်လိုက်ပြီး
"နောက်ဆိုရင် ဒီလိုရှက်ဖို့ကောင်းတဲ့ကိစ္စမျိုးဆို မင်းအစ်ကိုဆီကိုသာ လွှဲပေးလိုက် နားလည်ရဲ့လား"
ဖူကျို့ :"........."
ဒီလိုဆိုရင် ငါလေးက နင့်ရဲ့ညီလေး ဖြစ်နေလို့ စာသင်ပေးဖို့သဘောတူလိုက်တယ်ပေါ့လေ
ရုတ်တရက်ကြီး စာလုပ်ရမှာထက်တောင် ပိုပြိး ဖိအားများလာတယ်လို့ ငါလေးခံစားလိုက်ရ။
"ဘာလဲ မင်းက မကြိုက်လို့လား"
ချင်မော့သည် ဖူကျို့၏ မျက်နှာအမူအရာကို အသေအချာ အကဲခတ်လိုက်ပြီးတော့ အေးစက်စွာ ရယ်လိုက်လေသည်။ ချင်မော့သည် သူ့အန္တရာယ်အငွေ့အသက်များကို ဖုံးကွယ်မထားဘဲ သူ့စကားတစ်လုံးစီတိုင်းက မကောင်းသည့် အငွေ့အသက်တွေပါနေသလိုပင်။
"မင်းကိုပြိုင်ပွဲကနေ ထုတ်ပစ်လိုက်စေချင်လို့လား!"
ဖူကျို့က ရယ်လိုက်ပြီးတော့
"ကောင်းပြီလေ ဒါပေမဲ့ အရင်ရှင်းလင်းအောင်လုပ်ထားရအောင် ငါလေးကိုစာသင်ပေးတဲ့အချိန်ကျရင် ငါလေးကို ဉာဏ်ရည်နိမ့်တယ်လို့ မပြောကြေး!"
ချင်မော့သည်လည်း ရယ်လိုက်လေသည်။ သူ့ကိုကြည့်ရတာ အလွန်ခံ့ညားနေပြီးတော့ ထိုလူငယ်လေး၏ မေးစေ့ကို လက်ဖြင့် ညှစ်လိုက်လေသည်။ စီးကရက်နံ့တွေဟာ သူ့လက်ချောင်းထိပ်၌ တဝဲဝဲလည်နေပေသည်။
"ဉာဏ်ရည်လို့ ခေါ်တဲ့အရာကရော မင်းဆီမှာရှိကောရှိရဲ့လား"
ဖူကျို့ :"........."
စာသင်ပြခြင်းဟာ စတောင်မစရသေးသော်ငြား ဖူကျို့က ကမ္ဘာကြီး၏ ရေလွှမ်းမိုးမှုသဖွယ် ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို စတင်ခံစားနေရပြီဖြစ်သည်။
........
အပိုင်း (၁၁၉) သခင်လေးချင်ရဲ့ အကွက်ကျကျမျက်နှာဖြတ်ရိုက်မှု
သူတို့နှစ်ယောက်ဟာ တင်းနစ်နောက်တစ်ပွဲ ကစားကြလေသည်။
သည်တစ်ကြိမ်မှာတော့ ရွယ်ယောင်ယောင်က အလိုအလျောက်  á€™á€Šá€şá€žá€Šá€ˇá€şá€€á€­á€…á€šá€…á€™á€žá€žá€°á€”á€žá€„á€ˇá€şá€™á€†á€­á€Żá€„á€şá€žá€œá€­á€Ż ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ဟန်ဆောင်နေလိုက်ပေသည်။
ချင်မော့နှင့် ဖူကျို့တို့၏ ပြိုင်ပွဲက လုံးဝကို ပရော်ဖက်ရှင်နယ်ကစားသမားများ ပြိုင်ပွဲကဲ့သို့ အံ့ဩမှင်တက်ဖွယ်ကောင်းလှသည်။
သို့သော် ချင်မော့ကို တွေ့ဖို့စောင့်နေခဲ့သည့် ဖူရှီမင်အတွက်တော့ ကြီးမားတဲ့နှိပ်စက်မှုကြီးတစ်ခုအလားဖြစ်နေသည်။
ဖူရှီမင်က ဖူမိသားစုရ၏ သခင်လေးဖြစ်နေသေးသည့်အပြင် ဂိတ်တံခါးဝကို ဖြတ်သန်းသွားလာနေကြသည့် လူတွေအများကြီးကလည်း ရှိနေသေးသည်။ ချင်မော့ကို တွေ့ရန်အတွက် ထိုနေရာ၌ ဧည့်ကြိုတစ်ယောက်ပမာ စောင့်နေရခြင်းက သူ့အတွက် ကြီးမားသည့် အရှက်ရမှုကြီးတစ်ခုပင် ဖြစ်သည်။
သခင်လေးချင်နှင့် တင်းနစ်တူတူကစားဖို့ တစ်ယောက်ယောက်အား သွားရောက် ပြောကြားခိုင်းလိုက်သည်မှာ ဆယ့်ငါးမိနစ်ပင်ရှိချေတော့မည်။
ပုံမှန်အားဖြင့် ထိုသို့ ဖိတ်ကြားချက်မျိုးက ငြင်းပယ်ခံရစရာ အကြောင်းမရှိသော်ငြား တစ်ဖက်က အကြောင်းပြန်လာခဲ့သည်ကတော့ သခင်လေးချင်ဟာအလုပ်များနေပါတယ်တဲ့။ သူဟာ အနားယူခန်းအတွင်းသို့တောင် ဝင်ခွင့်မရခဲ့ပေ။
ဆယ့်ငါးမိနစ်။ ဒီနေရာမှာ သူရပ်စောင့်နေခဲ့တာ ဆယ့်ငါးမိနစ်တိတိ။
သို့သော် သခင်လေးချင်က သူ့ကို ဝင်ခွင့်မပေးခဲ့သလို သူ့ဖိတ်ခေါ်ချက်အားလည်း တိတိကျကျ ငြင်းပယ်ခဲ့ခြင်းမပြုခဲ့ပေ။
ဒါပေမဲ့ တကယ်လို့ သူထပ်စောင့်ပြန်ရင်လည်း ဖူမိသားစုနဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေ ရောက်လာရင် သူဘယ်လိုပြုမူရမှာလဲ။ တကယ်လို့ ဒီလိုဖြစ်လာခဲ့မယ်လို့ စောစောတည်းက သိခဲ့ရင် ဟိုလူတွေ အထင်ကြီးအောင်မပြောခဲ့သင့်ဘူးလို့ ဖူရှီမင်ဟာ တွေးတောနေမိပေတော့သည်။
ဖူရှီမင်ဟာ သူ၏ တင်းနစ်ရိုက်တံကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီးတော့ အနက်ရောင်ဝတ်စုံဖြင့် ဘော်ဒီဂတ်ကို ပြုံးပြလိုက်သည်။
"ကျွန်တော့်အတွက် နောက်တစ်ခေါက်လောက် ထပ်မေးပေးနိုင်မလား သခင်လေးချင် ဘယ်အချိန်လောက် ထွက်လာမလဲလို့"
အနက်ရောင်ဝတ်စုံဖြင့် ဘော်ဒီဂတ်က အတော်အတန် ယဉ်ကျေးမှုရှိတာကြောင့် ဖူရှီမင် မေးခိုင်းလိုက်သည့်မေးခွန်းကို နောက်ထပ်တစ်ကြိမ် ထပ်မေးပေးရန် ချင်မော့ဆီသို့ ထွက်လာခဲ့လိုက်သည်။
သို့သော် သည်တစ်ကြိမ်မှာလည်း ချင်မော့ပေးလိုက်သည့်အဖြေကတော့ အရင်အကြိမ်တွေကလို အေးစက်နေသည်။ "သူ့ကိုစောင့်ခိုင်းလိုက်"
ဖူကျို့က ထိုဘော်ဒီဂတ်တစ်ယောက် ချင်မော့ဆီ မကြာမကြာ လာလာနေတာကို သတိထားမိလိုက်သည်။ သူမ၏ ခါးဆီက ခါးပတ်ကို အခြေကျအောင် ပြုပြင်လိုက်ပြီးတော့ တစ်ဖက်လှည့်ကာ ချင်မော့ကို မေးလိုက်သည်။
"ဘာတွေလဲ"
"ဘာမှမဟုတ်ဘူး "
ချင်မော့သည် ဖူကျို့က ချွေးများ ဆက်တိုက်ထွက်နေတာကိုမြင်လိုက်ရလေသည်။ ချင်မော့သည် ဖူကျို့၏ စောင်းနေသည့် မျက်နှာကို သူ့ဘက်သို့ လည်လာအောင် တစ်ကိုယ်လုံးကို ဆွဲလှည့်ပေးလိုက်လေသည်။ ဒီလိုဆိုရင် ဖူကျို့က သူ့ကို ကောင်းကောင်းမြင်ရတော့မယ် မဟုတ်လား။ ထို့နောက် အသံနိမ့်လေးဖြင့် ပြောလိုက်သည်။
"ဟိုတစ်ခေါက်က မင်းကို အနိုင်ကျင့်တာ ဖူရှီမင်လား"
ဖူကျို့က မျက်ခုံးပင့်လိုက်မိပေ၏။
အရင်တစ်ခေါက်တုန်းကလား။ ငါလေးကိုအနိုင်ကျင့်တာလား။
ဒီတရားမဝင်သားကများ ငါလေးကို အနိုင်ကျင့်ဖို့စွမ်းနိုင်တယ်လို့ ထင်နေလား။ ဒါပေမဲ့ ဒီနတ်ဘုရားလေးက မေးလာမှတော့ သေချာပေါက် ခေါင်းလေးညိတ်ပြရမှာပေါ့။
"အင်း ဟုတ်တယ်"
"ဟုတ်ပြီ"
ချင်မော့သည် သူ့၏ တင်းနစ်ရိုက်တံအား ခပ်ဆတ်ဆတ်လေးတစ်ချက် ရိုက်လိုက်ပြီးတော့ နားလည်ဖို့ခက်ခဲသည့် စကားကို ပြောလိုက်ပေ၏။
ဖူကျို့က အလွန် စိတ်ရှုပ်လာတာကြောင့် တိမ်များနှင့် မြူများကြားထဲ ရောက်နေသလိုပင် ခံစားလိုက်ရပေသည်။ ကြီးမြတ်လှသော သခင်လေးချင်ကို သူမ နည်းနည်းလေးတောင် နားမလည်ပေမဲ့ သူလေးကို ယုံကြည်အားကိုးပါတယ်ဆိုတဲ့အမူအရာကို လုပ်ပြဖို့ မမေ့လေဘူး။ ထို့ကြောင့် သူမဟာ ချင်မော့ကို ပြုံးပြလိုက်သည်။  
ကြီးမြတ်လှသော သခင်လေးချင်ဟာ သူ့အပြုအမူများနှင့် ပတ်သက်ပြီး နည်းနည်းလေးတောင် မမှားယွင်းဘူးဟု ခံယူထားတာဖြစ်သည်။
တစ်စုံတစ်ယောက်က သူ့ညီလေးကို အနိုင်ကျင့်ရဲတယ်ဆိုမှတော့ အစ်ကိုဖြစ်တဲ့သူက သေချာပေါက် သူ့ညီလေးအတွက် တရားမျှတမှုကို ပြန်ယူပေးရမှာပေါ့။
ဖူရှီမင်က သခင်လေးချင်ကို စိတ်ဆိုးအောင် လုပ်မိသွားသည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ဖူးပေ။ သူက မိနစ်လေးဆယ်တိတိ ကျောက်ရုပ်တစ်ရုပ်ပမာ အပြင်ဘက်၌ စောင့်နေခဲ့ရပေသည်။ သူ့၏ ချောမောသည့် မျက်နှာလေးဟာ အရှက်ရမှုများနှင့် ပြည့်နှက်နေပေတော့၏။
ကစားသမားအချို့တောင်မှ သူ့ကို အပြင်ဘက်၌စောင့်နေသည့်နည်းပြအဖြစ် အထင်မှားကာ ဘောလုံးကောက်ပေးရန် ခေါ်မိပေ၏။
ကံဆိုးစွာနှင့် ထိုမြင်ကွင်းကို ဖူကျုံးရီနှင့် သူ့လူများ မြင်သွားပေသည်။
ဖူရှီမင်ဟာ ထပ်သည်းမခံနိုင်တော့သဖြင့် ထိုကစားသမားများအား ခက်ထန်စွာကြည့်လိုက်ကာ
"မင်းတို့စောက်ကောင်တွေပဲ သွားပြီးဘောလုံးသွားကောက်!"
ကစားသမားတွေဟာလည်း စိတ်ဆိုးသွားကြပြီးတော့
"မင်းက နည်းပြမဟုတ်ဘူးဆို ဘာလို့ဒီမှာရပ်နေရတာလဲ"
ဖူရှီမင်က တံခါးကိုတောင် ဖြတ်ခွင့်မရဘူးဆိုတာကို ပြောပြလို့မဖြစ်နိုင်တာကြောင့် အပြင်ဘက်ကိုသာ တတ်နိုင်သမျှ အမြန်ဆုံးပြေးထွက်လာခဲ့ပေသည်။
"သခင်လေးဖူ ဘာဖြစ်လာတာလဲ သခင်လေးချင်ကရော ဘယ်မှာလဲ"
ထိုလူတွေဟာ အလောတကြီး မေးကြပေသည်။
ဖူရှီမင်ဟာ သူ့ဒေါသများကို ပုံချရန် နေရာမရှိတာကြောင့် စိတ်တိုတိုဖြင့် ပြောလိုက်သည်။
"လဲသေလိုက် သေစမ်း"
ထိုလူတွေဟာ သူ့မိသားစုလက်အောက်ခံများဖြစ်သောကြောင့်  á€žá€°á€ˇá€Ąá€á€˝á€€á€ş ကိစ္စမရှိပေ။
ထိုလူကြီးများ၏ မျက်နှာတွေဟာ ချက်ချင်းပြောင်းလဲသွားပေတော့၏။
ဖူကျုံးရီဟာ ရှင်းပြရန် ကြိုးစားပေတော့သည်။
"အာ ဒီ ကလေးကတော့...."
လူတစ်ယောက်ဟာ အေးစက်စွာ ရယ်လိုက်ပြီးတော့
"ဟ သခင်လေးချင်နဲ့ ရင်းနှီးတယ်ဟုတ်လား သခင်လေးချင်ကိုများ သူတွေ့ချင်တိုင်း တွေ့လို့ရမဲ့သူလို့ ထင်နေတာလား၊ သူ ဒီနေရာမှာ နာရီဝက်ကျော်လောက်ရပ်နေခဲ့တာလေ သခင်လေးချင်ဆီက အငြင်းခံရတာတောင်မှ လက်မလျှော့သေးဘူးလေ၊ သူ့လိုလူမျိုးကို အများကြီးမြင်ဖူးပြီးသားပါ ဒီနေရာမှာ တင်းနစ်လာကစားရုံနဲ့ သခင်လေးချင်နဲ့ အဆက်အသွယ်ရမယ်လို့ ထင်နေတာလေ စောက်ကျိုးနည်း! ဒါနဲ့များ သူက ဒေါသလာထွက်နေလိုက်သေး ခွီး တစ်စုံတစ်ယောက်အတွက် အရေးကြီးသလိုလိုပါ ဟန်ဆောင်လိုက်သေး!"
ထိုစကားများကြောင့် ဖူကျုံးရီ၏ အခြေအနေဟာ ပိုပိုပြီးတော့အနေရခက်လာပေသည်။
ဘော်ဒီဂတ်က ထိုမြင်ကွင်းကိုမြင်သွားပြီးတော့ ချင်မော့ဆီသို့ တိုးတိုးတိတ်တိတ် အစီအရင်ပြန်ခံလိုက်ပေ၏။
ချင်မော့၏ မျက်နှာအမူအရာဟာ မည်သည့်အမူအရာတစ်စိုးတစ်စိတောင်မှ လှစ်ပြခြင်းမရှိဘဲ တင်းနစ်ရိုက်တံကို ကိုင်ထားရင်း မထူးခြားသည့် လေသံဖြင့် ပြောလိုက်သည်။
"ရပြီ"
ဒီလိုဆိုမှတော့ ဘော်ဒီဂတ်ဟာ ဒီအစီအစဉ်က စီအီးအိုကိုယ်တိုင် အကွက်ကျကျ စီစဉ်ထားတာ ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိလိုက်ပေသည်။
........................
အပိုင်း (၁၂၀) ချင်မော့ : ငါနဲ့အတူတူအိမ်ပြန်ကြမယ်
တင်းနစ်ပြိုင်ပွဲက မှောင်သည်အထိ မပြီးသေးပေ။
စီအီးအိုတစ်ယောက် ဖြစ်သည့်အပြင် ထိပ်ခေါင်အသင်း၏ အသင်းခေါင်းဆောင်တစ်ယောက် ဖြစ်သည့်အလျောက် ချင်မော့သည် ဖုန်းတစ်လုံးဖြင့် အမြဲအလုပ်များနေလျက် ရှိပေသည်။ အခုလည်း ဒီလိုပင်။
ထိုနတ်ဘုရားချင်က ဖူကျို့ကို အာရုံစိုက်ရန် အချိန်မရှိတာကြောင့် ဖူကျို့သည် ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ အဝတ်လဲခန်း၌ သူမအဝတ်အစားများကို အလျင်အမြန် လဲလိုက်ပေသည်။ သူမ ဘောင်းဘီအိတ်ကပ်ထဲသို့ လက်တစ်ဖက်ထည့်ထားလျက် ဖုန်းပြောနေသည့်ချင်မော့ကို စပ်ဖြဲဖြဲပြုံးပြကာ အဝတ်လဲခန်းကနေ သူမ အရင်သွားနှင့်မည်ဖြစ်ကြောင်း အမူအရာ ပြလိုက်ပေ၏။
ဖူကျို့၏ အီစီကလီလုပ်တတ်သောအကျင့်ကို စဉ်းစားမိသောအခါ ချင်မော့သည် ထိုလူငယ်လေးကို အရင်ထွက်သွားခွင့် မပြုချင်ပေ။ အကြောင်းမှာ အကယ်၍ ထိုကောင်လေးကိုသာ  á€žá€°á€ˇá€Ąá€”ဏးမသဏ မခေါ်ထားလျှင် သေချာပေါက် ပြဿနာမီးခွက်ထွန်း ရှာပေလိမ့်မည်။
ဒါပေမဲ့ ဒီကောင်လေးဟာ ဆယ်ကျော်သက်အရွယ် နည်းနည်းပုန်ကန်ချင်တတ်တဲ့အရွယ်ဆိုတော့ အမြဲတမ်းစည်းကမ်းတင်းကျပ်နေတာက မသင့်တော်ဘူးဆိုတာကို တွေးလိုက်မိလေတော့ ချင်မော့သည် သူ့ခေါင်းကို ညိတ်ပြလိုက်ပြီးတော့ သဘောတူလိုက်ပေသည်။ သို့သော် ဖူကျို့ကို သတိပေးသည့် အကြည့်တစ်ချက်တစ်ချက် ပစ်လွှတ်လိုက်ပေ၏။ ချင်မော့သည် ဒီကောင်လေးနည်းနည်းလောက်ပိုပြီး ဆင်ဆင်ခြင်ခြင်နေတတ်ပါစေဟု ဆုတောင်းနေမိသည်။
ဖုန်း၏ အခြားတစ်ဖက်ကလူဟာ သူတို့စီအီးအိုတစ်ယောက် ရုတ်တရက်ကြီးငြိမ်ကျသွားတာကြောင့် စိတ်ရှုပ်ထွေးသွားပေတော့၏။ သူ့အစီရင်ခံစာ၌ အမှားများပါသွားသလားဟု တွေးမိကာ တုန်လှုပ်နေသည့်အသံဖြင့် ပြောလိုက်သည်။
"စီအီးအိုချင်"
"ဆက်ပြော"
ချင်မော့သည် သူ့တင်းနစ်ရိုက်တံကို အောက်ချလိုက်ပြီးတော့ အဝတ်လဲခန်းဆီသို့ဝင်သွားလေသည်။
လက်တစ်ဖက်ဖြင့် ဖုန်းကိုကိုင်ထားလျက် သူ့ရှပ်အင်္ကျီဆီက ဇစ်ကို ပါးစပ်ဖြင့်ဖွင့်ကာ ကျန်လက်တစ်ဖက်ဖြင့် အဝတ်အစားများ ချွတ်လိုက်လေသည်။ သူ့ကိုကြည့်ရတာ အလွန်မိမိုက်နေပြီးတော့ ခံ့ညားနေပေတော့သည်။
ဖူကျို့က အဝတ်အစားခန်းဘက်ကို လှည့်ကြည့်လိုက်တော့ ချင်မော့ အဝတ်အစားလဲနေတာကို မြင်လိုက်ရပေသည်။ သူ့၏ ပြီးပြည့်စုံသော ပုံရိပ်က မိန်းကလေးများကို နှာခေါင်းသွေးလျှံပြီး ရူးခါသွားအောင် လုပ်နိုင်စွမ်းရှိပြီးတော့ ယောကျာ်းလေးတွေကိုတော့ မနာလိုအားကျစေနိုင်စွမ်း ရှိပေ၏။ ထို့နောက် ဖူကျို့က သူမကိုယ်သူမ ငုံ့ကြည့်လိုက်လေ၏။
ကြည့်ရတာ နောက်ဆိုရင် နင်လေးနဲ့ ဆိုဒ်တွေတိုင်းဖို့ သွားသွား မစတာကောင်းမယ်နဲ့တူတယ်။ ဒီဟာ နည်းနည်းတော့အန္တရာယ်များတယ်လေ။
သူတို့သုံးယောက်ဟာ ကားဆီသို့ပြန်လာခဲ့ပြီး အရင်က ထိုင်ခဲ့သည့်ပုံစံအတိုင်း ပြန်ထိုင်လိုက်ကြပေသည်။
သို့သော် သည်တစ်ကြိမ်မှာတော့ ယာဉ်မောင်းကော ရွယ်ယောင်ယောင်ပါ ရှော့ခ်ရဖို့အတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပြီးဖြစ်လေသည်။
"မိန်းကလေးရွယ်ရဲ့အိမ်ကို အရင်မောင်း"
"ဟုတ်ကဲ့"
ယာဉ်မောင်းဟာ ဖြည်းဖြည်းမှန်မှန်မောင်းနေသော်ငြား ရွယ်ယောင်ယောင်၏ အိမ်သည် ကားသွားဖို့အတွက် အနည်းငယ်ခက်ခဲနေပေသည်။
သူမအိမ်ဟာ ဟင်းရွက်ဈေးဘေးက ရပ်ကွက်ဟောင်း၌ တည်ရှိပြီး စက်ဘီးများ အရှေ့နောက် နေရာပေါင်းစုံမှ ထွက်လာနေကြပေသည်။
ယာဉ်မောင်းတောင်မှ ဒီလိုနေရာသို့လာခဲရာ သခင်လေးချင်ဆိုရင်တော့ ပြောဖို့ပင်မလိုတော့ချေ။
ရွယ်ယောင်ယောင်က စဉ်းစားဉာဏ်ရှိပေ၏။ ထိုကြောင့် သူမဟာ သူတို့အား သူမအိမ်ရှိရာဆီသို့ မမောင်းခိုင်းပေ။
"ဒီနေရာမှာ ရပ်လိုက်ရင်ရပါပြီ    á€€á€ťá€˝á€”်မဥိမ်က ဒီနေရာနဲ့ သိပ်မဝေးတော့ဘူး လမ်းဆက်လျှောက်သွားလိုက်ရင် ရောက်ပြီ ကျေးဇူးပါ ကြီးမြတ်လှသော သခင်လေးချင် ပြီးတော့ ကျေးဇူးပါ အရှင်ကျို့"
ရွယ်ယောင်ယောင် ကားပေါ်က ဆင်းသွားတာကိုတွေ့လိုက်သည်နှင့် ဖူကျို့ကလည်း ကားပေါ်က ဆင်းလိုက်ပေသည်။
"ယောင်ယောင် ဒီနေရာနဲ့ သိပ်မဝေးတာသေချာလား"
"ဟုတ်တယ် သိပ်မဝေးဘူး"
ရွယ်ယောင်ယောင်က ခေါင်းညိတ်ပြလေသည်။ တကယ်တော့ သူမ၏ မျက်နှာဝိုင်းဝိုင်းလေးက အလွန်ချစ်ဖို့ကောင်းပေ၏။
"အရှင်ကျို့ မစိုးရိမ်ပါနဲ့  á€’ဎန္အ နင်သင်ပေးတဲ့ စကေးတွေကို အိမ်ပြန်ရောက်တာနဲ့ သွားလေ့ကျင့်လိုက်မယ်"
"အိုး ဒီနေ့တော့နားလိုက်ပါဦးဟ"
ဖူကျို့က အပြုံးလေးဖြင့်ပြောလိုက်ပေသည်။ ဒီနေ့တစ်နေ့လုံး သူမစိတ်ပင်ပန်းခဲ့တာကို သတိပြုလိုက်မိတော့ ဖူကျို့က သူမခေါင်းလေးကို အသာအယာလေး ပုတ်ပေးလိုက်ပေသည်။
"အသင်းခေါင်းဆောင်ဖြစ်တဲ့ငါလေး ရှိနေသရွေ့ ဂိမ်းရှုံးတယ်ဆိုတာ မဖြစ်နိုင်တဲ့အရာပဲ!"
ခဏလောက် ကြောင်သွားပြီးတော့မှ ရွယ်ယောင်ယောင်က လက်နှစ်ဖက်ကို ယှက်ထားလိုက်ကာ သူမ၏ အရှင်ကျို့က လူကြီးလူကောင်း တစ်ယောက်ပဲဟု တွေးမိကာ ပြုံးလိုက်မိပေသည်။
သူတို့နှစ်ယောက်လုံးဟာ ကျောင်းဝတ်စုံကို ဝတ်ထားကြဆဲဖြစ်ပေသည်။ ထို့အပြင် ဖူကျို့က သူများနှင့် မတူဘဲ သူ့နည်းသူ့ဟန်ဖြင့် ဆွဲဆောင်မှုရှိပေ၏။ အခုလိုအပြုအမူကြောင့် နံဘေးကနေ ဖြတ်သွားသည့်လူတွေဟာ သူတို့ကို ကွက်ကြည့်ကွက်ကြည့် လုပ်သွားကြပေသည်။
ထိုသို့ အသက်ဝင်လှသော မြင်ကွင်းကြောင့် ပတ်ဝန်းကျင်လေထုဟာ လူငယ်ဆန်သော အငွေ့အသက်များနှင့် ပြည့်နှက်လာပေသည်။
ချင်မော့သည် ကားနောက်ခန်း၌ ထိုင်နေဆဲဖြစ်ပြီး သူ့နံဘေးက ကားပြတင်းပေါက်မှန်ကို ချထားလိုက်ပြီဖြစ်သည်။ သူ၏ နက်မှောင်သော မျက်ဝန်းတွေဟာ အေးစက်သော ညချမ်းပမာ သူ့ခံစားချက် အလုံးစုံကို ဖုံးကွယ်ထားပေသည်။ ချင်မော့၏ လက်များက ကွန်ပျူတာကို ကိုင်ထားဆဲဖြစ်ပြီး သူ့ကို ကြည့်ရတာ တစ်စုံတစ်ခုအား သည်းခံနိုင်စွမ်း ကုန်ဆုံးနေသလိုလိုပင်။
သည်တစ်ကြိမ်တော့ သူသည် ကားပေါ်က မဆင်းတော့ဘဲ ထိုင်စောင့်နေပေသည်။ ဖူကျို့ ကားထဲဝင်လာသည်နှင့် သူ့လက်အိတ်ကို ပြန်လည်ပြုပြင်လိုက်သည်။
"ဒီည ညစာစားပွဲကို ဖျက်လိုက်ပြီး အိမ်ကို တန်းမောင်းတော့"
ယာဉ်မောင်း "........."
အိမ်ကို တန်းပြန်မယ်လား။
ဒါပေမဲ့ ကားထဲမှာ ဟိုတစ်ယောက် ကျန်နေသေးတယ်လေ သခင်လေးရဲ့။
သခင်လေးက သခင်လေးဖူကို အိမ်ပြန်ပို့ပေးရမှာကို မေ့သွားတာလားဗျ။
ဖူကျို့က နည်းနည်းအံ့အားသင့်သွားပေကာ မျက်မှောင်ကြုံ့လိုက်သည်။
"ငါလေးကရော"
ချင်မော့သည် သူ့ခေါင်းကို လှည့်လိုက်ကာ စိတ်မချမ်းမြေ့စွာ လှောင်ပြုံးပြုံးလိုက်ပေသည်။ ထို့နောက် သူက ဖူကျို့၏ ပါးလေးကို အနက်ရောင်လက်အိတ်ဝတ်ထားသော ညာလက်ဖြင့် ခပ်ဖွဖွ ပုတ်လိုက်ပေ၏။ သူ့အသက်ရှူသံက ဆောင်းရာသီ၌ မြောက်လေတိုက်နေသကဲ့သို့ အေးစက်လှပေသည်။
ထို့နောက် ချင်မော့က
"မင်းလား မင်းက ငါ့အိမ်ကို လိုက်ခဲ့ရမှာလေ"
........
 

Search Novels