အပိုင်း (၁၀၁) ကြီးမြတ်လှတဲ့သခင်လေးချင်က ပြောတယ်၊ ထွက်လာခဲ့နေ့လယ်စာ သွားစားမယ်တဲ့
ဖူကျို့ဟာ နောက်ဆုံးအတန်းချိန်မတိုင်ခင် နားချိန်၌နိုးလာလေသည်။
ကျန်းဖေးရန် ဘာတွေတွေးနေမှန်း သူမ မသိပေ။ ကျန်းဖေးရန်က သူမဆီလျှောက်လာပြီးတော့ စားပွဲခုံကို ခေါက်လိုက်ကာ အသံနိမ့်လေးဖြင့် ပြောသည်။
"မင်း တကယ် ဒီနေရာမှာထိုင်တော့မှာလား"
ဖူကျို့ဟာ ထိုအဖြစ်အပျက်ကို ဟာသအဖြစ် သဘောထားကာ ကျန်းဖေးရန်ကို ကြည့်လိုက်လေသည်။ ဖူကျို့က ပျင်းရိပျင်းတွဲဖြင့် သူမ၏ လက်ပေါ်၌ မေးတင်လိုက်သည်။ ထိုကဲ့သို့ ပျင်းရိပျင်းတွဲမျက်လုံးများက  á€€á€ťá€”á€şá€¸á€–á€ąá€¸á€›á€”á€şá နောက်ကျိနေသော စိတ်ကို ချက်ချင်း ကြည်လင်သွားစေပေ၏။
ငါ အခုဘာလုပျနတောလဲ။
ငါ ဒီဖြူကောင်လေးကို ငါ့ခုံနံဘေးဆီ ပြန်လာစေချင်နေတာလား။
ငါ ရူးသွားတာပဲဖြစ်ရမယ်။
သို့သော် သခင်လေးကျန်းဟာ ဆက်ပြောလိုက်သည်။
"မင်း ဒီလိုလုပ်ဖို့ မလိုပါဘူး။ အတန်းပိုင်ဆရာက နောက်တစ်ပတ်ကျရင် နေရာတွေ ပြန်စီစဉ်ပေးလိမ့်မယ်လေကွာ။ ရွယ်ယောင်ယောင်ကို မိန်းကလေးတစ်ယောက်ယောက်နဲ့ တူတူ ပေးထိုင်လိုက်ပေါ့။ ဒီလိုဆိုရင်အဆင်ပြေပါတယ်ဟ"
"ငါ့အထင် ဒီနေရာကကောင်းပါတယ်"
ဖူကျို့ ရယ်လိုက်ကာ
"အနည်းဆုံးတော့ အထင်သေးခံရမှာ စိုးရိမ်စရာ မလိုတော့ဘူးပေါ့"
ကျန်းဖေးရန်တစ်ယောက် ထိုစကားက သူ့ကို ရည်ညွန်းပြီး ပြောမှန်း သိလေသည်။ ထိုနောက် သူ့မျက်နှာဟာ ဖြူရော်သွားပေတော့သည်။
မင်း..မင်း ဖြူကောင်လေး မင်းအရမ်းရက်စက်တာပဲ။ ငါမင်းကို ပြန်လာဖို့ အကြောင်းပြချက် လာပေးတယ်။ မင်းက လွှင့်ပစ်တယ်။
"မင်းအဆင်ပြေသလိုသာလုပ်"
ကျန်းဖေးရန်က ထိုသို့ ပြောပြီးသည်နှင့် သူ့နေရာဆီသို့ပြန်သွားလေတော့၏။ သူ့မျက်လုံးများက ဒေါသဖြင့် ပြည့်နေလေသည်။ သူ့ကို ကြိုက်နေသည့် ကောင်မလေးများက ထိုမျက်လုံးတွေကြောင့် စိတ်ရှုပ်ထွေးသွားရပေတော့သည်။
ရွယ်ယောင်ယောင်ဟာ ခေါင်းမော့လိုက်ပြီးတော့
"ငါ နင့်ကို ဒုက္ခပေးမိပြီလား"
"ဒုက္ခလား"
ဖူကျို့က သူမ ဒီဇိုင်းထွင်ထားသည့် အင်္ဂလိပ်စာအုပ်ကို စားပွဲမှ ထုတ်လိုက်ပြီး သူမ၏ နှုတ်ခမ်းများကို ကွေးလိုက်ကာ ပြုံးလိုက်လေသည်။
"ငါလေးလို ဘိတ်ချီးအဆင့်ကလူက ဘာထပ်ဖြစ်ရဦးမှာတုံး။ နင်က ငါ့ထက်တောင်တော်သေးတယ်။ အထူးသဖြင့် ရူပဗေဒမှာပေါ့။ ဒီဟာက လူတွေ သင်ဖို့လုပ်ထားတဲ့ ဘာသာရပ်ပဲလား။ စိတ်ရှုပ်လိုက်တာ"
ယခုတစ်ကြိမ်ဟာ ဖူကျို့က ရူပဗေဒနှင့် ပတ်သက်ပြီး ညည်းညူသည့် ပထမဆုံးအကြိမ် မဟုတ်ပေ။ ဒီလိုညည်းတွားတာက သူမ ရူပဗေဒကို ဘယ်လောက်မုန်းလဲဆိုတာကို ဖော်ပြနေသကဲ့သို့ ဖြစ်နေပေ၏။
ရွယ်ယောင်ယောင်က သူမဘေးမှာထိုင်နေပြီး ပြုံးနေသည့် ငွေရောင်ဆံပင်နှင့် လူငယ်လေးကို ကြည့်လိုက်လေသည်။ သည်လူက ခုနကမှ နိုးလာတာဖြစ်လို့ သူ၏ နဖူးထက်၌ဆံနွယ်များက ဟိုတစ်စ သည်တစ်စ ဝဲကျနေလေသည်။ ယခုကဲ့သို့ ရှုပ်ပွနေသည့် ပုံစံလေးက သူ၏ ရှုပ်ပွနေသည့် ငွေရောင်ဆံပင်ကြားကနေ ခွေးနားရွက်လေးလို ပွပွလေး ခုန်ထွက်လာတော့မလို ချစ်ဖို့ကောင်းလှပေ၏။
ရွယ်ယောင်ယောင်က သူမဘဝတစ်လျှောက်လုံး၌ သည်လို ပျော်ရွင်မှုမျိုး မခံစားခဲ့ရဖူးပေ။ ရွယ်ယောင်ယောင်သည် ဖူကျို့ကို တကယ့်ကိုနှစ်သက်မြတ်နိုးပါ၏။ သို့သော် လူငယ်အချင်းချင်း ချစ်ခင်နှစ်သက်ကြသော နည်းလမ်းဖြင့် မဟုတ်။ ထိုသို့ မမှန်းရဲသည်မှာ သူမက ထိုလူငယ်နှင့် မထိုက်တန်ကြောင်းကို သူမဘာသာ သိနေသောကြောင့်ပင်။ ထိုကြောင့် သူမက သူ၏ ကြင်နာမှုအတွက် သူမ၏ အသွေးထဲအသားထဲကနေ ပြန်ပြီးပေးဆပ်ပေတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်ပေ၏။ အကယ်၍ ထိုပေးဆပ်မှုကို သူ မလိုအပ်သည့်တိုင် သူမ ပေးဆပ်ချင်ပေသည်။
"တကယ်လို့ နင်ရူပဗေဒနဲ့ ပတ်သက်ပြီး မေးချင်တာရှိရင် ငါ.."
ရွယ်ယောင်ယောင် ပြောမပြီးခင် ဖူကျို့၏ဖုန်းက မက်ဆေ့ချ်ဝင်လာလေသည်။ အသံမြည်နေတာ မဟုတ်သော်ငြား တုန်ခါနေပေသည်။
ဖုန်းများကို ကျောင်းမှာ အသုံးပြုခွင့်မရှိပေ။ လူတိုင်းလူတိုင်း၌ ဖုန်းတစ်လုံးစီ ရှိလျှင်တောင် စည်းကမ်းက စည်းကမ်းပဲဖြစ်လေသည်။
ဖူကျို့ဟာ ရွယ်ယောင်ယောင်ကို "ခဏစောင့်" ဆိုသည့် အမူအရာလုပ်ပြလိုက်ပြီးတော့ မက်ဆေ့ချ်ကို နှိပ်လိုက်လေသည်။ ထိုမက်ဆေ့ချ်က ချင်မော့၏ တိုးညင်းပြီး ဗလာအတိဖြစ်နေသည့် အသံမက်ဆေ့ချ် ဖြစ်လေသည်။ သူ့အသံက စီအီးအိုတစ်ယောက်မှာ ရှိသင့်ရှိထိုက်သည့် အထက်စီးဆန်မှုနှင့် လွှမ်းမိုးမှု ပြည့်နေသည်။
"ငါ အခု မင်းရဲ့ ကျောင်းပတ်ဝန်းကျင်နားမှာ။ ထွက်လာခဲ့လေ။ လူတစ်ယောက်နဲ့ ချိန်းထားတဲ့နေရာဆီ နေ့လယ်စာ စားဖို့ မင်းကို တစ်ခါတည်းခေါ်သွားမလို့"
"စီးပွားရေးအကြောင်း ဆွေးနွေးဖို့ နေ့လယ်စာချိန်းထားတာလား။ အဲဒါဆို ငါလေးမလိုက်တော့ဘူး။ ဂိမ်းလေး နည်းနည်းဆော့ချင်သေးလို့။ ပြီးတော့လေ...အစ်ကိုမော့ ငါလေးက ကျောင်းသားလေးပဲ ရှိသေးတာ"
ဖူကျို့၏ မျက်စိထဲမှာတော့ ကြီးမြတ်လှသည့် သခင်လေးချင်က  á€•ညဏရ္းကို တန်ဖိုးထားဟန်မရပေ။
သူ့လို ပညာရေးမှာ အားနည်းပြီး နည်းပညာပိုင်းမှာ ဆရာတစ်ဆူဖြစ်နေတဲ့သူကတော့ ဘွဲ့မရခင်ကတည်းကကို တစ်နိုင်ငံလုံးက အကောင်းဆုံးတက္ကသိုလ်က အော်တိုလက်ခံထားပြီးသား ဖြစ်နေမှာဆိုတော့ အမှိုက်ဆန်ဆန်ပညာရေးအကြောင်းကို သေချာနားလည်မှာ မဟုတ်ပါဘူးလေ။
ချင်မော့ဟာ ခဏရပ်သွားပြီးတော့ အစ်ကိုကြီးတစ်ယောက်ပမာ အမိန့်ပေးလေပြန်တော့သည်။
"ဒီလိုဆိုရင် စာကောင်းကောင်းလုပ်"
ထိုစကားကို ကြားလိုက်သည်နှင့် ဖူကျို့က ရယ်လိုက်ကာ ခေါင်းလေး နည်းနည်းစောင်းလိုက်ပြီး အသံမက်ဆေ့ချ်တစ်ခု ပို့လိုက်လေသည်။
"မစိုးရိမ်ပါနဲ့။ ငါလေးက ကျောင်းသားကောင်းလေး လူလိမ္မာလေးပါနော်။ ပြီးတော့  á€„á€Ťá€ˇá€˜á€ąá€¸á€”á€Źá€¸á€€ အတန်းဖော်က စာရှင်းပြမှာတဲ့။ အစ်ကိုလေးရဲ့အလုပ်ကိုသာ တစိုက်မတ်မတ်လုပ်ပါနော်။ အတန်းပြီးတာနဲ့ တွေ့မယ်"
ဖူကျို့က ထိုသို့ ပို့ပြီးသည်နှင့် ပြီးပြီဟု တွေးနေတာဖြစ်သည်။ ထို့အပြင် နောက်မိနစ်အနည်းငယ် ကြာသည်အထိ စာပြန်မလာလေတော့ သူမကုမ္ပဏီအတွက် ကစားသမားအသစ်တချို့ကို ခေါ်ရန် ပြင်ဆင်နေစဉ် ဖုန်းက ထပ်တုန်လာပြန်သည်။
"ဒီလိုဆိုရင် မင်းစာမေးပွဲအောင်ဖို့ သီးသန့်ဆရာတစ်ယောက်လိုသေးတာပေါ့"
ဖူကျို့ : "..."
ကြီးမြတ်လှတဲ့သခင်လေးချင် နင်လေးငါ့ကို ဘယ်လိုပြန်ဖြေစေချင်တာလဲဟမ်... တကယ်ဆို နင်လေးငါ့ကိုစာထပ်မပို့သင့်ဘူးလေဟာ။ ဒီလိုအပေါက်ဆိုးတွေကြောင့် နင် ရည်းစားမရတာ!
..........
အပိုင်း (၁၀၂) ကြီးမြတ်လှတဲ့သခင်လေးချင်က ဖူကျို့ကို ကျီစယ်
ချင်မော့က ထိုသို့ပြောပြီးသည်နှင့် ဆက်မမေးမိရန် သူ့ကိုယ်သူ ချုပ်ထိန်းထားဖို့ ရည်ရွယ်ချက်မရှိပေ။
သူက ဆက်ပြောလိုက်သည်။
"အရင်တစ်ခေါက်က အတန်းထဲမှာ မင်းရဲ့အဆင့်က ဘယ်လောက်လဲ"
ဖူကျို့၏ လက်ချောင်းများက ရပ်တန့်သွားလေသည်။
ငါလေး ဒီမေးခွန်းကို မဖြေချင်ဘူးနော်။ ဒီလိုမေးလိုက်တာက ငါလေးရဲ့ရင်ထဲကို ဗုံးတစ်လုံး ပစ်သွင်းလိုက်သလို နာကျင်ရပါတယ်နော်။
နင်လေး ဒီမေးခွန်းကို ရည်ရွယ်ချက်ရှိရှိမေးတယ်လို့ ငါထင်နေတယ်။ ထင်နေတယ်။
နင်လေးရဲ့ ဒီလိုဉာဏ်နီဉာဏ်နက်များတဲ့ပုံစံနဲ့ဆို ဒီဟာက သေချာပေါက်ကိုဖြစ်နိုင်တယ်။
နင်လေးရဲ့စာတွေကို ပြန်ပို့လို့မရအောင်ကို ဆွံ့အသွားလောက်တဲ့အထိ ချောင်ပိတ်တာ ကျွမ်းလွန်းပါတယ်ဟာ။
ဖူကျို့က ချင်မော့ကို စာမပြန်တော့ဘဲ  á€žá€°á€™áá€–ုန်းကို စားပွဲခုံအတွင်းသို့ ပြတ်ပြတ်သားသား  á€•á€źá€”á€şá€‘á€Šá€ˇá€şá€œá€­á€Żá€€á€şá€œá€ąá€žá€Šá€şá‹
မကြာခင်မှာပဲ ဖုန်းစခရင်ပေါ်၌ တစ်စုံတစ်ခုက ထပ်ပေါ်လာပြန်သည်။
"မင်းရဲ့အတန်းမှာ စုစုပေါင်း ငါးဆယ် ရှိတာဆိုတော့ မင်းရဲ့အဆင့်က အနည်းဆုံးတော့ ၄၅ ယောက်ကြားထဲမှာ ရှိမှာပေါ့ဟုတ်တယ်မလား"
ဖူကျို့ဟာ ဘာမှမပြောဘဲ မမြင်ချင်ယောင်ဆောင်နေတော့သည်။ သို့သော် ထိုကြီးမြတ်လှသည့် သခင်လေးချင်က သူမကို ရည်ရွယ်ချက်ရှိရှိ စနောက်နေမှန်း သူမ သေချာသွားပေတော့၏။
"ထိပ်ဆုံး ၄၅ ယောက်လား"
ဖူကျို့၏ လှပသောမျက်နှာသည် အရင်ကထက်ပိုပြီး ကြေကွဲသွားတော့သည်။
ထိုအကြောင်းကို စဉ်းစားနေစဉ် ချင်မော့က နောက်ထပ်စာတစ်စောင်ထပ်ပို့လာပြန်ပေ၏။
"မင်း နောက်ဆုံးသုံးယောက်ထဲမှာ ပါတယ်လို့တော့ မပြောနဲ့နော်!"
ဖူကျို့က နတ်ဘုရားချင်၏ လက်ချက်ဖြင့် တစ်လွှာပြီးတစ်လွှာ အရိုးနွှင်ခံနေရပေသည်။ ထို့ကြောင့် သူမက ဝန်ခံရန် ဆုံးဖြတ်လိုက်ပြီး မချင့်မရဲ ပြောလိုက်သည်။
" နောက်ဆုံးက ရေရင် ပထမ"
"အိုး ဟုတ်လား"
ချင်မော့က အံ့သြဟန်ပြလိုက်ပြီးတော့ ရယ်သံအနည်းငယ်စွက်ကာဖြင့်
"အဆင်ပြေပါတယ်"
ဖူကျို့ : "....."
နင်လေး ဘာတွေထပ်မျှော်လင့်နေသေးတာလဲဟမ်။ ကြီးမြတ်လှတဲ့သခင်လေးချင် နင် ဒီလို မေးခွန်းတွေ အများကြီး မေးတယ်ဆိုတည်းက ငါက ပညာရေးမှာ တော်တော်လေး အဖြစ်ဆိုးနေတယ်ဆိုတာကို သိရဲ့သားနဲ့၊ ဒါသက်သက်လုပ်တာ။
မနက် ၁၁:၅၅ မိနစ်တွင် ကြယ်ငါးပွင့်ဟိုတယ်၌ စားပွဲတစ်ခုက စားစရာများဖြင့် ပြည့်နှက်နေသည်။
သာမန်လူများအတွက်တော့ ယခုအချိန်က နေ့လယ်စာစားရန် စောနေသေးသော်ငြား စီးပွားရေးအကြောင်း ဆွေးနွေးမည့် လုပ်ငန်းရှင်များအတွက်ကတော့ နေ့လယ်စာ စားရန် မစောတော့ချေ။
သူတို့ ဟင်းပွဲတွေ အများကြီးပြင်ဆင်ထားခြင်းမှာ ချင်မော့နှင့် ဆွေးနွေးချိန်အချို့ပိုရရန်နှင့် ချင်မော့ ခံတွင်းတွေ့စေရန် ရည်ရွယ်ချက်ဖြင့် ပြင်ဆင်ထားကြခြင်းဖြစ်သည်။
ချင်မော့က ဖုန်းစခရင်ပေါ်က သူတို့အပြန်အလှန်ပြောထားသည့် စကားကို ကြည့်လိုက်ကာ ဖူကျို့ဒ ကမ္ဘာပျက်လုမတတ် ဖြစ်ပျက်နေမည့် မျက်နှာကို မြင်ယောင်ကြည့်လိုက်မိလေသည်။ သူ့နှုတ်ခမ်းထောင့်လေးဟာ သူကိုယ်တိုင်ပင် မသိလိုက်ပါဘဲ ကွေးညွတ်သွားပေ၏။
အတွင်းရေးမှူးလျန်ဟာ သူ့စီအီးအိုမျက်နှာပေါ်က ရုတ်တရက်ဖြစ်တည်လာတဲ့ အပြုံးကို ကြည့်လိုက်ကာ သွေးပျက်သွားတော့သည်။
သောက်ကျိုးနည်း။ စီအီးအိုက ဒီလိုစီးပွားရေးလုပ်နေတဲ့အချိန်မှာဆို ပြုံးကိုမပြုံးတတ်တာလေ။
ပြီးတော့ ဒီလို စီးပွားရေးဆွေးနွေးမယ့်အချိန်မှာဆို ဖုန်းကိုကိုင်တောင်ကိုင်တတ်တာမဟုတ်ဘူး။
အတွင်းရေးမှူးလျန်က ချောင်းကြည့်လိုက်ပြီးတော့ စခရင်ပေါ်၌ ဖူကျို့၏ နာမည်ကို မြင်လိုက်ရပေသည်။ ထိုအချိန်၌ အတွင်းရေးမှူးလျန်ဟာ မဖော်ပြနိုင်သည့် ခံစားချက်ပေါင်းစုံ ရောထွေးနေလေတော့သည်။
စီအီးအိုချင်ကို လာရောက်တွေ့ဆုံသူကတော့ စီးပွားရေးနယ်ပယ်က လူတစ်ယောက်ဖြစ်ပြီး ချင်မော့ထက် အသက်အများကြီးကြီးလေသည်။ ချင်မော့၏ အပြုံးကို မြင်လိုက်ရတော့ ထိုလူက စပ်စုလိုစိတ်ဖြင့် မျက်ခုံးပင့်လိုက်လေသည်။
သူတို့ဆွေးနွေးမှုက သဘောတူညီချက်ရခါနီးတွင် ချင်မော့ဟာ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"ကျွန်တော်ကြားတာကတော့ သူဌေးရှောင်မှာ အထက်တန်းတက်နေတဲ့ ညီတစ်ယောက် ရှိတယ်ဆို"
သူဌေးရှောင်က ရှော့ခ်ရသွားလေသည်။ ပြည်နယ်သုံးခုကို အာဏာလွှမ်းမိုးနိုင်သည့် သခင်လေးချင်လိုလူက သည်လိုကိုယ်ရေးကိုယ်တာကိစ္စအား မေးမြန်းလာလိမ့်မည်ဟု သူ မထင်ထားပေ။ သူဌေးရှောင်ဟာ ပြုံးလိုက်သည်။
"ဟုတ်တာပေါ့။ ကျွန်တော့်မှာ ညီလေးတစ်ယောက်ရှိတယ်"
"သူ့ပညာရေးက ဘယ်လိုနေလဲ"
ချင်မော့ဟာ ဝိုင်တစ်ငုံ သောက်လိုက်ပြီးတော့ နတ်ဘုရားပမာ ချောမောသည့် မျက်နှာပေါ်၌ မည်သည့်ခံစားချက်မှ ရှိမနေပေ။ သူ့ကိုကြည့်ရတာ သူငယ်ချင်းအချင်းချင်း မိသားစုအကြောင်း မေးမြန်းနေတာနှင့် တူနေ၏။
သူဌေးရှောင်ဟာ မချင့်မရဲရယ်လိုက်ပြီးတော့
"သိပ်မကောင်းပါဘူးဗျာ။ မနက်ဖြန်ကျရင် ကျောင်းက အုပ်ထိန်းသူတွေကို အစည်းအဝေးခေါ်ထားတာ သွားရဦးမယ်ဗျ"
"အုပ်ထိန်းသူအစည်းအဝေး.."
ချင်မော့ဟာ ထိုစကားကို ရေရွတ်လိုက်ပြီးတော့ သူ၏ချယ်ရီပန်းပွင့်ပမာ မျက်လုံးများက လေးနက်သွားတော့သည်။ ဘယ်သူကမှ သူတွေးနေတာကိုမသိနိုင်ပေ။
သူဌေးရှောင်ဟာ ဆက်ပြီးတော့
"ကျွန်တော် သူ့ကိုအပြစ်တင်လို့မရဘူးလေ။ အခုခေတ် အထက်တန်းကျောင်းစာတွေကို ကျွန်တော်တောင်မှ နားမလည်နိုင်တာ။ အဲဒါကြောင့် သူ့အတွက် ဆရာတစ်ယောက်ငှားပေးလားမလို့ လုပ်နေတာ"
ချင်မော့က အဖက်ပင်မလုပ်ချေ။
သူဌေးရှောင်ဟာ စိတ်ဓာတ်ကျသွားပြီး ထိုအကြောင်း ဆက်ပြောလို့မရတော့ဘူးဆိုတာကို အလိုလို သိလိုက်လေ၏။
"အဟား ကြည့်ပါဦး။ ကျွန်တော့်ညီအကြောင်း စကားကောင်းနေလိုက်တာ"
"ရပါတယ်။ ကျွန်တော့်မှာလည်း ညီတစ်ယောက်ရှိတယ်။ နားလည်ပေးလို့ရပါတယ်"
ချင်မော့၏ မျက်နှာအမူအရာဟာ မပြောင်းလဲဘဲ တည်ငြိမ်ဆဲ ဖြစ်သည်။ သူ့ဝတ်စုံက လုံးဝကို သူနှင့် လိုက်ဖက်ပြည့်စုံနေပြီး မြင့်မြတ်သည့် အရှိန်အဝါတစ်ခုအား ထုတ်လွတ်နေသယောင်ယောင်။
ထိုစကားကို ကြားပြီးသည်နှင့် အတွင်းရေးမှူးလျန်က သူ့ပါးစပ်ထဲမှဝိုင်ကို ထွေးထုတ်မိလုမတတ် ဖြစ်သွားလေသည်။
စီအီးအိုချင်ရယ်... သူတို့က သွေးသားတော်စပ်တဲ့ ညီအကိုတွေလေ။ စီအီးအိုဟာက သွေးသား မတော်စပ်ဘူးဗျ။
သောက်ကျိုးနည်းအောင် ဒီခံစားချက်ကို နားလည်ပါတယ်တဲ့လား။
........
အပိုင်း (၁၀၃) အရှင်ကျို့ရဲ့ ဂိမ်းစွမ်းရည် (သိပ်မိုက်တာပဲ)
ဖူကျို့က ချင်မော့နှင့် စာပို့ပြီးသည်နှင့် သူမ၏ ဖုန်းဆီက wifi hotspot ကို ဖွင့်လိုက်သည်။ သူမဟာ ဒီဇိုင်းဆင်ထားသည့် အင်္ဂလိပ်စာအုပ်ကို စားပွဲပေါ်တွင် ထောင်လျက် ထားလိုက်ပေ၏။
အတန်းထဲမှာ ရှိသူတိုင်းက သူမစာဖတ်နေသည်ဟု ထင်နေကြကာ ထိုသူတွေအထဲ၌ အင်္ဂလိပ်စာဆရာမလည်း အပါအဝင် ဖြစ်လေသည်။
သူမဘေးမှာ ထိုင်နေသည့် ရွယ်ယောင်ယောင်သာလျှင် ဖူကျို့က အင်္ဂလိပ်စာအုပ်ကို ကြည့်မနေဘဲ လက်တော့အသေးတစ်လုံးကို ကြည့်နေတာ သိပေ၏။
ရွယ်ယောင်ယောင်က အလွန်အမင်း အံ့သြဖွယ်ကောင်းသည့် အနုစိတ်ပြီး သေးငယ်သော လက်တော့ကို ကြည့်လိုက်လေသည်။ သူမဟာ အတော်လေး အံ့အားသင့်သွားတာကြောင့် မအော်လိုက်မိဖို့ သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ရပေသည်။ ရွယ်ယောင်ယောင်က ဖူကျို့၏ လျှို့ဝှက်ချက်ကို ဆရာ မသိအောင် ဖုံးထားပေးခဲ့သည်။
ဒီပြောင်ရှင်းနေတဲ့အင်္ဂလိပ်စာအုပ်က ဖွင့်လိုက်တာနဲ့ လက်တော့အဖြစ်သို့ပြောင်းလဲသွားလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။ သူ..သူ ဒီဟာကိုဘယ်လိုလုပ်လိုက်တာလဲ။
ထိုလူငယ်၏ ပြီးပြည့်စုံသည့် ပုံရိပ်ကို ကြည့်ရင်း ရွယ်ယောင်ယောင်၏ မျက်လုံးများက မတည်မငြိမ် ဖြစ်နေပေတော့၏။
သူမက အံ့သြလွန်းသောကြောင့် စကားပင် မပြောနိုင်တော့ချေ။ ဒီလိုလက်တော့မျိုးကို ဘယ်သူကမှ ဘယ်နေရာမှာ ဝယ်၍ရနိုင်မှာမဟုတ်ပေ။ တစ်နည်းအားဖြင့် ဒီလက်တော့၌ ကိုယ်ပိုင်တံဆိပ် ခတ်နှိပ်ထားခြင်းမျိုးလည်း မရှိပေ။
ကွန်ပျူတာနှင့် ပတ်သက်သည့် အခြေခံအသိလေးများ ရှိထားသူတစ်ယောက်သည် ထိုလက်တော့ကို ကြည့်လိုက်ခြင်းအားဖြင့် အဆင့်မြင့်အစိတ်အပိုင်းများနှင့် ကိုယ်တိုင်ပြုလုပ်ထားသည့် လက်တော့မှန်း အတပ်သိနိုင်ပေ၏။
ဒီ..ဒီလိုဆိုရင် ဘာလို့ သူ့မှာ ဒီလိုလက်တော့ရှိနေရတာလဲ။
သူက ဒီအတိုင်း သာမန်ကျောင်းသားလေးတစ်ယောက်ပဲလေ။
သူ အရင်တုန်းက မောက်မာပြီးရိုင်းစိုင်းတဲ့ သူဌေးသားလေးလေ။
ဒီ...ဒီဟာက သက်သက်ဟန်ဆောင်ထားတာလား!
ထိုရှည်လျားသွယ်လျသော လက်ချောင်းများက  á€Ąá€”á€Żá€…á€­á€á€şá€œá€žá€žá€ąá€Ź နည်းပညာနှင့် လုပ်ထားသည့် လက်တော့ကီးဘုတ်၌ စာရိုက်နေတာကို ရွယ်ယောင်ယောင် ကြည့်နေမိသည်။
သူမဟာလည်း PC ဂိမ်းတွေကိုကစားတဲ့သူတစ်ယောက်ဖြစ်တာကြောင့် ကစားသမားတွေတော်လေလေ စာရိုက်ရာ၌ မြန်ဆန်ကာပော့ပားလေလေဆိုတာကိုသိလေ၏။ ဒီလိုကစားသမားတွေဟာ စာရိုက်တာ ပေါ့ပါးလွန်းလှသဖြင့် ကီးဘုတ်ဆီမှ အသံထွက်ဖို့က ခဲယဉ်းလွန်းလှသည်။
ထိုလူငယ်လေးက စာရိုက်နေသည့်အချိန်၌ အောက်ကိုပင် ငုံ့မကြည့်ပေ။ သူမက လက်တစ်ဖက်ဖြင့် မေးထောက်လျက် သူ၏ လှပသော မျက်လုံးများက အခန်း၏ အရှေ့ဘက်ရှိ ဆရာများ ဖြတ်လျှောက်သော စင်မြင့်ကို ကြည့်နေပေ၏။ သူ့ကိုကြည့်ရတာ ဂိမ်းကစားနေတာနှင့်စာလျှင် စာသင်တာကို အာရုံစိုက်နားထောင်နေသည့်ပုံနှင့်ပင် တူနေပေသည်။
သူ..သူ ဒီအရာအားလုံးကို ထိန်းချုပ်နိုင်တာက လုပ်နိုင်စွမ်းမြင့်မားပြီးတော့ ဘယ်လောက်အထိ ထူးချွန်တယ်ဆိုတာကို ဘယ်သူကသိနိုင်ဦးမှာလဲ!
ရွယ်ယောင်ယောင်က သူမ၏ လက်ချောင်းများကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်မိသည်။ မဖော်ပြနိုင်သည့် စိတ်လှုပ်ရှားမှုက သူ၏ သွေးထဲ၌ အထက်အောက် စီးဆင်းနေပေ၏။
ပိုက်ဆံမရှိသည့် လူတစ်ယောက်အနေနှင့် ယခင်က ဒါရိုက်တာကျန်း၏ ကိစ္စကို ဤအတိုင်း ရုတ်တရက် ဖော်ထုတ်ရန်က မဖြစ်နိုင်ပေ။ တစ်နည်းအားဖြင့် ဆင်းရဲသည့်လူသားတွေဟာ ထိုကိစ္စနှင့် ပတ်သက်ပြီး ရှေ့ဆက်တိုးခွင့်မရကြပေ။
ရွယ်ယောင်ယောင်က ဒါရိုက်တာကျန်းက ကျောင်း၌ အချိန်အကြာကြီး အလုပ်လုပ်ခဲ့သူဖြစ်တာကြောင့် သူ့ဒီလိုကိုယ်ရေးကိုယ်တာကိစ္စတွေဟာ ပေါက်ကြားဖို့ မဖြစ်နိုင်ဘူးဆိုတာကို သိပေသည်။
ဒါပေမဲ့ ဒီ..ဒီလို ကိုယ်ရေးကိုယ်တာကိစ္စတွေက ဘယ်လိုလုပ်ပြီး ပေါက်ကြားသွားရတာလဲ။
ပြီးတော့ ဘယ်သူက အင်တာနက်ပေါ်မှာတစ်ညတည်းနဲ့ ဒီလိုကြီးမားတဲ့ဂယက်ကြီးဖြစ်လာအောင် စွမ်းဆောင်နိုင်မှာလဲ။
ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ အကောင်အကြီးကြီးတစ်ယောက်ကတော့ရှိရမယ်။
ဒါရိုက်တာကျန်းကတော့ ဒီနောက်ကွယ်ကလူကို တော်တော်လေးမုန်းနေတော့မှာပဲ။
မတရားခံရတဲ့သူတွေအားလုံးဟာ နောက်ကွယ်ကလူကြောင့်ပဲ အဖြစ်မှန်ပေါ်ပြီးတော့ သူမအနေဖြင့် သူခိုးအဖြစ်အစွပ်စွဲခံရခြင်းမှလွတ်မြောက်ပြီး ကျောင်းပြန်တက်ခွင့်ရတာ။
ထိုလူက သူမအတွက် သူရဲကောင်းကြီးဖြစ်ပြီး ကျေးဇူးအတင်ရဆုံးသော လူသားတစ်ယောက် ဖြစ်လေ၏။
အင်အား ဒါမှမဟုတ် ပိုက်ဆံမရှိတဲ့လူထုရဲ့ မတရားခံရမှုတွေဟာ ပိုပိုပြီးတော့  á€Ąá€™á€žá€”်တရဏးကို မဖော်ထုတ်နိုင်ခင်မှာပင် အင်အားသုံးကာ အဖိနှိပ်ခံရပေ၏။
အထက်တန်းလွှာမှ လူတွေဟာလည်း ဒီလိုနည်းလမ်းသုံးရင်းဖြင့် ပိုပိုပြီးတော့ ကိုယ်ချင်းစာတရားများကင်းမဲ့လာလေ၏။
ဒါပေမဲ့ အဲဒီအချိန်တုန်းက ရွယ်ယောင်ယောင်က မျှော်လင့်ချက်ကို မြင်လိုက်ရပေသည်။
ရွယ်ယောင်ယောင်က နောက်ကွယ်ကလူ ဘယ်သူဖြစ်မလဲဆိုတာကို ခန့်မှန်းကြည့်ပေမဲ့ ရဲတွေတောင်မှ ဒီလူဘယ်သူလဲဆိုတာကို သဲလွန်စရှာမတွေ့ဘူး။
ဒါပေမဲ့ အခုတော့ သူမ သိသွားခဲ့ပြီ။
ဒီလူက ဘယ်သူလဲဆိုတာကို သူမနောက်ဆုံးတော့ သိသွားခဲ့ပြီ။
သူက သူမကို အမြဲလိုလိုကာကွယ်ပေးနေသည့် သူမနံဘေးကလူပင်ဖြစ်သည်။
ရွယ်ယောင်ယောင်က သူမ၏ တုန်ယင်နေသည့် ဘယ်လက်ဖြင့် ဘောပင်ကို ကိုင်လိုက်ကာ စာတိုလေးတစ်စောင် ရေးလိုက်သည်။ သို့သော် သူမက စိတ်အရမ်းလှုပ်ရှားနေတာကြောင့် လှပသည့် သူမလက်ရေးဟာ ဒီတစ်ကြိမ်မှာတော့ ရွဲ့စောင်းနေပေတော့၏။
"နင်က ဒါရိုက်တာကျန်းပြဿနာရဲ့ နောက်ကွယ်က ဖြေရှင်းပေးတဲ့သူ ဟုတ်တယ်မလား"
ဖူကျို့က သူမကုမ္ပဏီအတွက် ကစားသမားရှာဖွေခြင်းကို အာရုံစိုက်နေတာဖြစ်လေသည်။ ဒီအင်္ဂလိပ်စာအုပ်လက်တော့ဟာ သူမတစ်ညလုံး အလုပ်လုပ်ထားခြင်း၏ အကျိုးရလဒ်ဖြစ်ပေ၏။ သူမဟာ ကာဗာကို အွန်လိုင်းကနေ မှာယူထားပြီးတော့ လက်တော့တစ်လုံးဖြစ်အောင် အတွင်းပိုင်းတွေကို တပ်ဆင်ဖို့အတွက် အချိန်အများကြီးနှင့်အင်အားအများကြီး သုံးခဲ့ရပေသည်။
ရုတ်တရက် စာရွက်လေးတစ်ရွက်ဟာ သူမ၏ မျက်လုံးအရှေ့၌ ပေါ်လာပေသည်။ စာရွက်ပေါ်က လက်ရေးများက မျက်ရည်တွေကြောင့် မှုန်ဝါးနေလေသည်။ သို့သော် စာလုံးတွေကိုတော့ ရှင်းလင်းစွာ မြင်နိုင်ပေသည်။
ဖူကျို့က တစ်စက္ကန့်လောက် တောင့်သွားပြီးတော့ ရွယ်ယောင်ယောင်ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။
ဖူကျို့သည် ရွယ်ယောင်ယောင်က "ငါမပြောပါဘူး ငါကျိန်တယ် ငါထင်မိရုံလေးပါ.."ဟူသော စာတစ်စောင်ကို အလျင်အမြန် ရေးနေတာကို မြင်လိုက်ရပေ၏။
ရွယ်ယောင်ယောင်ရေးမပြီးခင်မှာပဲ ဖူကျို့က သူမ၏ ဘောပင်ကို ယူလိုက်ပြီးတော့ စာရွက်ပေါ်၌ ပြတ်ပြတ်သားသားနှင့် စိတ်မပါတပါဖြင့် ရေးလိုက်လေတော့၏။
"အင်း"
..........
အပိုင်း (၁၀၄) ကြယ်ပွင့်အသစ် ရွေးချယ်ပွဲ၏ ဘုရင်ဖြစ်လာခြင်း
ရွယ်ယောင်ယောင်က ဖူကျို့၏ အဖြေကို မြင်လိုက်ပြီးသည်နှင့် လုံးဝကို အံ့အားသင့်သွားပေသည်။
ခန့်မှန်းတာကတော့ ကိစ္စတစ်ခု။ ဒီကိစ္စကို အတည်ပြုလိုက်တာကတော့ နောက်ကိစ္စတစ်ခု။
ရွယ်ယောင်ယောင်က ရုတ်တရက်ကြီး အဲဒီနေ့က အဖြစ်အပျက်ကို ပြန်တွေးမိလေသည်။ ထိုစဉ်က ဖူကျို့သည် မီဒီယာများ၏ အရှေ့၌ ရွှေရောင်သံချပ်ကာ ဝတ်ထားသယောင် တောက်ပနေပြီးတော့ သူ့မျက်လုံးတွေဟာလည်း ထိုစကားကို ပြောသည့်အချိန်၌ တလက်လက်တောက်ပနေသည်။
"ငါယုံကြည်တာကတော့ တရားမျှတမှုဟာ နောက်ကျကောင်းနောက်ကျနိုင်ပေမဲ့ ဘယ်တော့မှသင့်ကို မျက်ကွယ်ပြုမှာ မဟုတ်ပါဘူး"
အဲတာဆို ဒီဟာက အမှန်ပဲပေါ့။
ပြီးတော့ ဒီအမှန်တရားက လက်စသတ်တော့ ဒီလိုကိုး...
ရွယ်ယောင်ယောင်၏ မျက်လုံးများက နီရဲနေပြီး သူမက ဝမ်းနည်းမှုကြောင့်မဟုတ်ဘဲ ဝမ်းသာလွန်းသောကြောင့် ငိုချင်နေပေသည်။ ထို့ကြောင့် မငိုမိအောင် သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်ထားပေ၏။
သူမက ဆင်းရဲပြီး ရုပ်ဆိုးသည့်အပြင် ဝလည်း၀သေးသည်။
ထိုကြောင့် သူမဟာ ကျောင်း၌ အမြဲလိုလိုအနိုင်ကျင့်ခံတစ်ယောက် ဖြစ်နေပေသည်။
အချို့သော အနိုင်ကျင့်ခြင်းတွေဟာ ရုပ်ပိုင်းဆိုင်ရာတင်မက အချို့က အဘက်ဘက်ကနေ လှောင်ပြောင်သရော်ပြီး စိတ်ပိုင်းဆိုင်ရာကိုပါ အနိုင်ကျင့်ကြသည်။ အချို့က မသိမသာလေး လှောင်ရယ်ကြပေမဲ့ သူတို့ဟာလည်း သူမ၏ နှလုံးသားနှင့် စိတ်ကို အခြားသူတွေလို အက်ရာထင်အောင် အနိုင်ကျင့်ကြခြင်းနှင့်တူ၏။
ရွယ်ယောင်ယောင်က ဖူကျို့လိုလူတစ်ယောက်နှင့် တွေ့ဆုံခွင့်ရခြင်းအတွက် တကယ့်ကို ကျေးဇူးတင်နေပေသည်။
သူဟာ အလွန့်ကို ဆွဲဆောင်မှုရှိသည့် မျက်နှာလေးနှင့် နှလုံးသားလေးကိုပိုင်ဆိုင်ထားပြီးတော့ သူမကို ကြည့်သည့် အကြည့်များက နွေးထွေးမှုတွေနှင့်ပြည့်နှက်နေပေသည်။
"ငါ မပြောပါဘူး"
ငါ ဒီလူငယ်လေးအတွက် ဒီဟာကိုသေချာပေါက် လျှို့ဝှက်ချက်အဖြစ်သိမ်းထားပေးရမယ်!
ဖူကျို့က ပြုံးလိုက်ပြီးတော့
"ငါသိတယ်"
ရွယ်ယောင်ယောင်က ခဏရပ်သွားပြီးတော့ စာရေးလိုက်သည်။
"နင် ကစားသမားအသစ်တွေ ရှာနေတာမလား ငါလည်း ဒီဂိမ်းကိုဆော့တယ်၊ နင်အကူအညီ တချို့လိုလား"
ဖူကျို့၏ မျက်လုံးတွေဟာ ရွယ်ယောင်ယောင် ထိုဂိမ်းကို ကစားမှန်း သိလိုက်သည်နှင့် တလက်လက် တောက်ပလာတော့၏။ ဖူကျို့က ရွယ်ယောင်ယောင် ဒီဂိမ်း၌ ဘယ်လောက်ကျွမ်းကျင်လဲဆိုတာကို မမေးပေ။ ထိုအစား ရွယ်ယောင်ယောင်လက်အတွင်းသို့ သူမ၏ လက်တော့ကို ထည့်ကာ ပြောလိုက်သည်။
"တစ်ပွဲလောက် ကစားကြည့်"
ရွယ်ယောင်ယောင်က အတန်းထဲ၌ တစ်ခါမှ ဂိမ်းမကစားဖူးပေ။ သူမ၏ စိတ်ဖိစီးမှုအခြေအနေကို ကျော်လွှားနိုင်ခဲ့ပြီးနောက် သူမ၏ ဂိမ်းအခြေအနေက အတော်လေး တိုးတက်ကောင်းမွန်လာပေသည်။
ထိုသေးငယ်သည့် လက်တော့က မထင်မှတ်လောက်အောင်ကို ကောင်းမွန်ပြီးတော့ ကီးဘုတ်ဟာလည်း ချောမွေ့နေကာ ကြောင်သွားခြင်းမျိုးမရှိပေ။ ရုပ်ထွက်ကလည်း အလွန်အမင်း ကောင်းမွန်ပေရာ အဆင့်မြင့်ကွန်ပျူတာတွေထက်ပင် ပို၍မြန်ဆန်ပေသေးသည်။
ရွယ်ယောင်ယောင်က သူမက ဝလွန်းသည့်အတွက် အခြားအစီအစဉ်တွေမှာ ဝင်ပါဖို့ မဖြစ်နိုင်တာကြောင့် အွန်လိုင်းဂိမ်းတွေ ကစားသော်ငြား ဒီလို သီးသန့်တီထွင်ထားသည့် လက်တော့မျိုးနှင့် တစ်ခါမှမကစားဖူးပေ။
ဒီလိုအကြောင်းအရာက ဝမ်းနည်းဖို့ကောင်းပေမဲ့လည်း သူမ ဂိမ်းတွေ အများကြီး ကစားရတဲ့နောက်ထပ်အကြောင်းအရင်းက သူမအကုန်ကျခံနိုင်လို့ပဲ။ အင်တာနက်ဆိုင်မှာ သုံးနာရီဆက်တိုက် ဂိမ်းကစားတာတောင်မှ စုစုပေါင်း၆ယွမ်သာ ကျသင့်တယ်။ ဒီဟာက Starbucksထက်တောင် စျေးပေါသေးတယ်။ ရွယ်ယောင်ယောင်က ဂိမ်းအများကြီးကစားဖူးတာကြောင့် မတုံးပေ။ သူမဟာ သာမန်ကစားသမားတွေထက်ပင်တော်ပေ၏။
ဖူကျို့က ဘေးဘက်ကနေ စောင့်ကြည့်နေပြီး သူမ၏လှပသည့် မျက်ခုံးများက မြင့်တက်သွားလေသည်။ ရွယ်ယောင်ယောင် တစ်ပွဲဆော့မပြီးသေးခင် ဖူကျို့က စာရွက်ပေါ် ရေးလိုက်သည်။
"ငါ့မှာ ပိုက်ဆံကောင်းကောင်းပေးတဲ့ အချိန်ပိုင်းအလုပ်ရှိတယ် စိတ်ဝင်စားလား"
ရွယ်ယောင်ယောင်က ဒီအလုပ်ကဘာလဲဆိုတာကိုတောင် မမေးတော့ဘဲ ချက်ချင်း"စိတ်ဝင်စားတယ်” ဟု စာပြန်ရေးလိုက်လေသည်။ သူမဟာ ဖူကျို့က သူမ၏ စကေးကို မကြိုက်မှာကို စိုးရိမ်နေတာကြောင့် သူမ၏လက်တွေကို ဆုပ်ထားလေ၏။
သူမ မထင်ထားတာက ဖူကျို့က အတော်လေးပျော်ရွှင်ကျေနပ်နေပုံရလေသည်။
ဖူကျို့က ပြုံးလိုက်ပြီးတော့ သူမ၏ ဘောပင်ကို ကိုင်ကာ စာရေးလိုက်သည်။
"ဒီအချိန်ပိုင်းအလုပ်က နင့်ရဲ့အားလပ်ချိန်မှာ ဂိမ်းကစားပေးဖို့ပဲ နင့်ရဲ့ဂိမ်းကစားပုံတွေက ကောင်းပေမဲ့ နည်းနည်းလေး မှားနေတာကိုတော့ ငါမြင်လိုက်တယ် ငါနင့်ကို ဒီအကြောင်းနဲ့ ပတ်သက်ပြီး နောက်မှ ပြောပြမယ်၊ ဒါပေမဲ့ ငါတို့ရဲ့ အဓိကပန်းတိုင်က ဂိမ်းကစားသမားအသစ်ရွေးတဲ့ဒီနှစ်ရဲ့ဂိမ်းပြိုင်ပွဲမှာ လူတိုင်းမှတ်မိနေစေရမဲ့ ဘုရင်ဖြစ်လာဖို့ပဲ၊ ဒါကြောင့် နင့်ရဲ့သင်ခန်းစာတွေကို သေချာလေ့လာရမယ် စာမေးပွဲ မကျစေနဲ့၊ ပြီးတော့ အရည်အချင်းမပြည့်မီတာတွေဘာတွေမဖြစ်စေနဲ့"
ရွယ်ယောင်ယောင်က "စာမေးပွဲမကျစေနဲ့"ဆိုသည့် စကားလုံးကို မြင်လိုက်ပြီး ချောင်းဟန့်လိုက်လေသည်။ သူမက စာပြန်ရေးလိုက်သည်။
"တကယ်တော့ အရှင်ကျို့ရယ် သင်ခန်းစာတွေကို ပိုပြီးတော့ အာရုံစိုက်သင့်တဲ့သူက အရှင်ကျို့များ ဖြစ်မလားလို့ မထင်ဘူးလားဟင်"
ဖူကျို့က ချက်ချင်းအေးခဲတောင့်တင်းသွားပေသည်။ ချန်ရှောင်တုံးလက်ထဲမှ သူမ၏ အဆင့်ရလဒ်ကို ပြန်တွေးလိုက်မိလေသည်။ တရုတ်စာမှလွဲ၍ အခြားသော ဘာသာရပ်များက အမှတ်သုံးဆယ်နား ယက်ယက်ကန်ကန်ဖြင့်ရစ်ဝဲနေပေသည်။
.........
အပိုင်း (၁၀၅) တင်းနစ်ရိုက်ဖို့ ခေါ်သွား
ဒီတစ်ခါတော့ နင်..နင် ပြောတာတကယ်မှန်ပါသောနော်။ ငါလေးထိရှ။
ဖူကျို့က သူမ၏ လက်ကို မြှောက်လိုက်ပြီးတော့ နဖူးပေါ်မှာ ဝဲကျနေသည့် ငွေရောင်ဆံပင်များကို နောက်သို့လှန်လိုက်သည်။
"မစိုးရိမ်ပါနဲ့ ငါလေးက ရူပဗေဒပဲကျမှာ ငါထင်တာလေးပေါ့နော်"
ရွယ်ယောင်ယောင်က ထိုလူငယ်လေးကို ဂိမ်းစည်းမျဉ်းနှင့် ပတ်သက်၍ သတိပေးလိုက်သည်။
"တစ်ဘာသာကျတာလည်း ကျတာပဲနော်၊ ပြိုင်ပွဲကို ဝင်ပြိုင်မဲ့ ကစားသမားအားလုံးက စာမေးပွဲကို ဘာသာစုံနဲ့ အောင်ဖို့ လိုတယ်၊ ဒီလိုဆိုရင် ဆယ်ကျော်သက်တွေရဲ့ပညာရေးကို မထိခိုက်တော့ဘူးပေါ့ ဆယ်ကျော်သက်တွေက ဂိမ်းကို အရမ်းကြီး စွဲမနေတော့ဘူးပေါ့"
ဖူကျို့က ခဏရပ်လိုက်ပြီးတော့
"စည်းမျဉ်က ဒီလိုလား၊ ဘာသာစုံပေါင်းရလဒ်နဲ့ဆိုရင်ကော မရဘူးလား"
"မရဘူး"
ရွယ်ယောင်ယောင်က ဟီးရိုးဂိမ်း၏ အမာခံဖန်ဖြစ်တာကြောင့် စည်းမျဉ်းတွေကို သိနေသည်မှာ မဆန်းပေ။
"အရှင်ကျို့ရယ် စာကြိုးစားဖို့လိုနေပြီနော်"
သည်လိုနှင့် ဖူကျို့က သူမ ပထမဆုံးလုပ်ရမည့်အရာက လိုအပ်သည့် အစိတ်အပိုင်းများ အရင်ရဖို့မဟုတ်ဘဲ သောက်ကျိုးနည်းသည့် သူမ၏ ရူပဗေဒစာအုပ်ကို ယူထုတ်ပြီးတော့ ဦးနှောက်ပေါက်ထွက်လုမတတ် ဆယ်ကြိမ်မက လေ့လာဖို့ဆိုတာကိုသဘောပေါက်လိုက်သည်။
ဒါပေမဲ့ ပြဿနာက ငါလေးနဲ့ ရူပဗေဒက ကမ္ဘာကြီး နှစ်ခြမ်းကွဲချင်ကွဲသွားမယ်။  á€˜á€šá€şá€á€ąá€Źá€ˇá€™á€ž တည့်မှာ မဟုတ်ဘူး!
"နင် ဆရာတစ်ယောက် သီးသန့်ငှားချင်လို့လား"
ရွယ်ယောင်ယောင်က စာရွက်ပေါ်၌ ရေးလိုက်သည်။
ဖူကျို့က ထိုစာကို ကြည့်လိုက်ပြီးတော့ အနည်းငယ်တော့ ဝမ်းနည်းသွားသော်ငြား ဒီလို အသင်းဖော်တစ်ယောက်ရှိနေတော့ ပျော်ရွှင်နေပေ၏။ ထိုကြောင့် သူမက စာပြန်ရေးလိုက်လေသည်။
"နင့်ဖုန်းနံပါတ်က ဘယ်လောက်လဲ"
ရွယ်ယောင်ယောင်က ရှက်သွေးဖြာသွားပြီးတော့ တိုးတိုးလေး ပြောလိုက်သည်။
"ငါ့မှာ ဖုန်းမရှိဘူး "
ထို့နောက် အင်္ဂလိပ်ဆရာမက ရုတ်တရက်ကြီး သူမ၏ ဘေးဘက်သို့ ရောက်လာသည်။
ဖူကျို့က အလျင်အမြန် တုံ့ပြန်လိုက်သည်။ သူမ၏ ဘယ်ဘက်လက်ကို လှုပ်ရှားလိုက်ကာ လက်တော့ကို  á€Ąá€„á€şá€šá€‚á€œá€­á€•á€şá€…á€Źá€Ąá€Żá€•á€şá€Ąá€…á€…á€şá€–á€źá€„á€ˇá€ş အစားထိုးလိုက်သည်။ ပြီးနောက် သူမနှင့် ရွယ်ယောင်ယောင် ပြောထားသည့် စာတိုစာရွက်များကို အထဲသို့ထည့်လိုက်သည်။
စာရွက်တစ်ရွက်သာလျှင် အင်္ဂလိပ်ဆရာမရှာတွေ့ခဲ့လေသည်။
အင်္ဂလိပ်ဆရာမက ထိုစာရွက်ကို မြင်လိုက်သည်နှင့် မျက်မှောင်ကြုံ့လိုက်သည်။ ထို့နောက် သူက ရွယ်ယောင်ယောင်ကို ပြောလိုက်တော့သည်။
"ဒီဟာက ဘာလဲ"
ရွယ်ယောင်ယောင်က သူမ၏ လက်ချောင်းများကို ဆုပ်ထားလိုက်ပြီး တစ်စုံတစ်ခု ပြောမည့်အချိန်တွင် သူမ၏ ဘေးဘက်ကလူငယ်ဆီမှ ပေါ့ပေါ့ပါးပါး ရယ်လိုက်သည့်အသံကို ကြားလိုက်ရသည်။
"မစ္စချန် ကျနော်က သူမကိုစာရေးပြီးပို့ထားတာလေးပါ"
အင်္ဂလိပ်ဆရာမဟာ ဖူကျို့က ရွယ်ယောင်ယောင်ဆီက ဖုန်းနံပါတ်တောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမရုတ်တရက် ဘာပြောရမှန်းမသိဖြစ်သွားကာ သူမ၏ မျက်မှန်ကို အနည်းငယ်ပင့်တင်လိုက်သည်။
"အဟမ်း ဖူကျို့ စာကို အာရုံစိုက်စမ်းနော် မင်းဟိုတလောကမှ အခြေအနေအရမ်းတိုးတက်လာတာ မင်းက ဆက်လက်ကြီးထွားဖို့ အပင်ပေါက်လေးလိုပဲ ကိုယ့်အညွန့်ကို ကိုယ်မချိုးမိစေနဲ့ မင်းက အခုမှ ကျောင်းသားလေးပဲ ရှိသေးတာ၊ စာကိုပဲအာရုံစိုက်ပြီးတော့ အချစ်မှာမနစ်မျောသွားစေနဲ့ ဟုတ်ပြီလား"
ထိုစကားလုံးများ၌ အဓိပ္ပာယ်များစွာနှင့် သတင်းများစွာ ပါဝင်လို့နေပေသည်။ အတန်းထဲရှိ ကျောင်းသား ကျောင်းသူအားလုံးက ဖူကျို့ကို အလန့်တကြား လှည့်ကြည့်လိုက်ကြသည်။
ဘာ..ဘာကိုပြောချင်တာလဲ။
ဖူကျို့က ရွယ်ယောင်ယောင်ကို ကြိုက်တယ်လို့ ဝန်ခံလိုက်တာလား။
ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူ..သူတို့က မလိုက်ဖက်ဘူးလေဟ။
ဒီ..ဒီလိုပုံစံက ဖူကျို့အကြိုက် ဖြစ်နေခဲ့တာလား။
မိန်းကလေးအချို့က လက်သင့်မခံနိုင်ကြပေ။ ထိုနည်းတူ ကျန်းဖေးရန်လည်း လက်မခံနိုင်သဖြင့် သူ့၏ လက်ကိုသာ တင်းတင်းဆုပ်ထားလိုက်မိသည်။
ဖူကျို့က ဘာလို့ ဒီလိုပုံစံမျိုးကိုကြိုက်တာလဲဆိုတာကို သူစဉ်းစားလို့မရပေ။ တကယ်လို့ သူမသာ မိန်းမလှလေးတစ်ယောက် ဖြစ်ခဲ့ရင် နားလည်ပေး၍ရသော်ငြား သည်တစ်ယောက်က....။
ရွယ်ယောင်ယောင်က ရှင်းပြချင်သော်လည်း ဖူကျို့က သူမကို အလွန်အမင်း ချောမောမှုဖြင့် မျက်လုံးတစ်ဖက် မှိတ်ပြလိုက်တာကို မြင်လိုက်ရလေသည်။
ရွယ်ယောင်ယောင်က ထိုလူငယ်လေးသည် ဒီအခြေအနေအားအထင်လွဲစေခြင်းဖြင့် သူမအား ကာကွယ်ပေးနေတာကိုသိလေသည်။
ပြီးတော့ တကယ်လို့ ဒီစာတွေအပြန်အလှန်ရေးတာကို စတင်ခဲ့သူက သူမဖြစ်တယ်ဆိုတာကို လူတွေကသိခဲ့ရင်အတင်းအဖျင်းတွေဟာ သူမကို သတ်ပေလိမ့်မည်။
သူမနှင့် ဒီလူငယ်လေးဟာ ခြားနားသည့် ကမ္ဘာနှစ်ခုကဆိုတာကို သူမကောင်းကောင်းသိလေသည်။ ထိုကြောင့် သူမ ဒီထက်ပိုပြီး မတောင်းဆိုချင်တော့ပေ။
ကိုယ်နဲ့မထိုက်တန်သူကို ပိုင်ဆိုင်ဖို့ကြိုးစားမဲ့အစား အဝေးကပဲ ငေးကြည့်ပြီး ဖြည့်ဆည်းပေးတာက ပိုကောင်းတယ် မဟုတ်လား။
တကယ်လို့ သူမဟာ ဒီလူငယ်ရဲ့မအေတူဖအေကွဲညီမ ဖြစ်ခဲ့မယ်ဆိုရင်တောင်မှ သူတို့ဟာ ကျောင်းမှာ အဆင့်အတန်းချင်း တိမ်နဲ့ရွှံ့လို ကွာခြားလွန်းတာ အမှန်ပဲ။
အင်္ဂလိပ်ဆရာမ၏ သတိပေးစကားအပြီးမှာ ဖူကျို့က ဂိမ်းထဲသို့ လော့ဂ်အင် ထပ်မဝင်တော့ပေ။ သူမက တစ်စုံတစ်ခုကို စဉ်းစားမိပြီးတော့ ချင်မော့ကို စာပို့လိုက်သည်။
"အစ်ကိုမော့ ဒီနေ့ တင်းနစ်ကစားဖို့လေ ငါ့သူငယ်ချင်းကို ခေါ်လာလို့ရမလားဟင်"
သူမ၏ ပင်ကိုယ်စရိုက်က မည်မျှပင် မာနကြီးစေကာမူ ဖူကျို့က အခြေအနေအလျောက် ယဉ်ကျေးစွာ ပြုမူတတ်ပေသည်။
လူတစ်ယောက်က သူမကို ဖိတ်ခေါ်ထားတယ်ဆိုမှတော့ သူမနဲ့အတူတစ်ယောက်ယောက်ကို ခေါ်လာဖို့အတွက် ထိုဖိတ်ခေါ်ထားတဲ့သူကို ခွင့်တောင်းသင့်တယ် မဟုတ်လား။
ချင်မော့ဟာ ရိုးရှင်းစွာ စာပြန်လေသည်။
"ဟုတ်ပြီ ရတယ်"
ဖူကျို့က ဖုန်းစခရင်ကို ကြည့်လိုက်ပြီး သူမ၏ နှုတ်ခမ်းပါးလေးများက ကွေးညွတ်သွားကာ အပြုံးတစ်ခု ဖြစ်တည်လာသည်။ ထို့နောက် သူမဟာ အတန်းပြီးသည်အထိစောင့်ပြီး ရွယ်ယောင်ယောင်ဘက်သို့ လှည့်ပြောလိုက်သည်။
"အတန်းပြီးရင်အားလား တကယ်လို့အားရင် နင့်ကိုငါနဲ့တူတူ တင်းနစ်ကစားဖို့ခေါ်သွားမလို့"
..............
 

Search Novels