အပိုင်း (၉၆) သခင်ကျို့က မင်းကိုငရဲပို့ပေးမယ်
ဖူကျို့က ထိုစကားများကို ပြောပြီးသည်နှင့် ဆူဆူညံညံ အုတ်အုတ်ကျက်ကျက်အသံများက တိုက်ရိုက်လွှင့်သည့်နေရာကနေ ထွက်ပေါ်လာပေတော့သည်။ ဘေးဘက်မှာ ရပ်ကြည့်နေကြသည့် ဝန်ထမ်းအများစုက လျန်ရွှီကွမ်းကို အထိတ်တလန့် ကြည့်လိုက်ကြပေ၏။ မည်သူကမှ ထိုကဲ့သို့ နောက်ကြောင်းမျိုးကို မထင်ထားခဲ့ပေ။
လျန်ရွှီကွမ်းက ကင်မရာအား နောက်ထပ်မျက်နှာချင်း မဆိုင်ရဲတော့ပေ။ သူ့လက်များဖြင့် မျက်နှာကိုသာ အုပ်ထားရန် ကြိုးစားနေပေတော့သည်။
သို့သော် ဖူကျို့၏ စကားများက ထိုနေရာမှာတင် မဆုံးသေးပေ။ သူမက ဆူညံနေသည့်လူအုပ်ကြားမှာ ထိုင်နေပြီး ခြေချိတ်ထားလေသည်။ သူမကို ကြည့်ရတာ အရာအားလုံးဟာ သူမ၏ ထိန်းချုပ်မှုအောက်၌ ရှိနေသည့်ဘုရင်မတစ်ပါးသဖွယ်။ သူမ၏ ငွေရောင်ဆံပင်တွေအောက်တွင် နှုတ်ခမ်းပါးလေးတွေကိုတော့ တွေ့မြင်နိုင်ပေသည်။ လူတိုင်းက မှတ်ချက်ရေးရန်ပဲ စိတ်အားထက်သန်နေသောကြောင့် အင်တာနက်ဆိုင်၏ ထောင့်ဘက်မှာ ထိုင်နေသည့် အနက်ရောင်headphones ဝတ်ဆင်ထားသည့်လူငယ်လေးကို သတိမမူမိကြပေ။ ဖူကျို့က သူမ၏လက်တစ်ချက်ကို လှုပ်ရှားလိုက်ရုံဖြင့် ကမ္ဘာကြီးတစ်ခုလုံးအား ပြောင်းပြန်လှန်နိုင်သကဲ့သို့ အစွမ်းအစရှိပေသည်။
"မင်း အခု ရှက်နေပြီမလား ဟယ်ဟုန်ဟွာရဲ့ကုမ္ပဏီက ကစားသမားတွေကို ပျိုးထောင်ဖို့ အရည်အချင်း မရှိပါဘူးလို့မင်းမလှောင်ခဲ့ဘူးလား၊ လျန်ရွှီကွမ်း ကျန်းယင် ချောင်နျဲရှ မင်းတို့ကို ငါအခုပြောလိုက်မယ် ပြန်သွားပြီးတော့ ဒီစကားကို မင်းတို့ရဲ့သူဌေးအသစ်စက်စက်ဆီ သတင်းသွားပို့၊ သူ့ကုမ္ပဏီက ပြိုင်ပွဲဝင်တွေရဲ့ စောက်ခွက်တွေ ဖောင်းပြီးဖူးယောင်လာအောင်ထိ ငါရိုက်ပစ်မယ်လို့"
ဖူကျို့၏ စကားကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုကြည့်ရှုနှုန်းဟာ သန်းတစ်ရာအထိ ထိုးတက်သွားပေတော့သည်။
ထိုတိုက်ရိုက်ထုတ်လွှင့်မှုက တစ်ယောက်ချင်း ယှဉ်ပြိုင်မှုနှင့် စသည်ဟု ထင်ရသော်ငြား အဆုံးမှာတော့ ကုမ္ပဏီနှစ်ခု၏ စစ်ကြေညာခြင်းဖြင့် အဆုံးသတ်သွားရလေသည်။
မီဒီယာလောက၌ ဤသတင်းက ပျံ့နှံ့သွားပြီးတော့ ရေကြီးသလိုမျိုး တရုန်းရုန်းပြေးလာကြပေသည် ။
မရေတွက်နိုင်သည့်လူများက မေးကြလေသည်။ "ဟယ်စီးပွားရေးလုပ်ငန်းက ဘယ်ကုမ္ပဏီလဲ "
တချို့ကတော့ အလွန်အမင်းကို ကြောင်အနေကြပေ၏။ အကြောင်းမှာ သူတို့သည် ဟယ်ကုမ္ပဏီက ဒေဝါလီခံရနီးဆဲဆဲဖြစ်နေတာကို သိနေတာကြောင့်ပဲ ဖြစ်သည်။
ပထမဆုံးပွဲဦးစထွက်မှာတင် ဇုန်စီတစ်ခုလုံးကို သိမ်းပိုက်စိုးမိုးလိုက်ပြီး ၂၉ ထပ်ရဲ့ ပထမဆုံး ရှင်းလင်းနိုင်သူဘွဲ့ ရထားတာအပြင် ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ကို ၁၈ စက္ကန့်တည်းဖြင့် ပွဲသိမ်းပေးခဲ့သူ ဒီSpade Zက ဟယ်ကုမ္ပဏီရဲ့ပြိုင်ပွဲဝင်တစ်ဦးလား။
သူတို့ဟာ Spade Zရဲ့ နောက်ခံကိုအမျိုးမျိုးတွေးတောကြပေမဲ့ ဘယ်သူကမှ ဒီSpade Zဟာ ဘယ်ကုမ္ပဏီက ပြိုင်ပွဲဝင်ဖြစ်တယ်ဆိုတာကို ခန့်မှန်းမသိနိုင်လေဘူး။
ယနေ့ညမှာတော့ ဟယ်ဟုန်ဟွာ၏ ဖုန်းက စပွန်ဆာများ၏ ဖုန်းတဂွမ်ဂွမ်ဆက်မှုကြောင့် ပေါက်ကွဲလုနီးပါးပင်ဖြစ်နေပေတော့သည် ။
သူမက ဘာတွေ ဖြစ်ခဲ့မှန်း မသိပေ။
သူမဟာ လူတွေအော်ဟစ်နေတာကိုပဲ ကြားခဲ့ရတာဖြစ်လေသည် ။
"သူဌေးဟယ် ခင်ဗျားမှာ ဒီလိုအံ့ဩဖို့ကောင်းတဲ့ ကစားသမားတစ်ယောက်ရှိတာကို ဘာလို့ကျွန်တော့်ကို မပြောပြတာလဲဗျာ၊ Spade Zလေဗျာ တကယ်လို့ ခင်ဗျားသာကြိုပြောရင် ကျွန်တော့ ရင်းနှီးငွေတွေကို ရုပ်သိမ်းလိုက်မှာမဟုတ်ဘူးဗျ ကျွန်တော်တို့ရဲ့ပူးပေါင်းမှုကို ပြန်စကြရအောင် ဒီတစ်ကြိမ်မှာတော့ ကျွန်တော်ခင်ဗျားကို သိန်းငါးရာ ပေးမယ်ဗျာ ဘယ်လိုလဲ"
ဟယ်ဟုန်ဟွာက သူမ၏ဖုန်းကို စိတ်ရှုပ်ထွေးစွာစိုက်ကြည့်လိုက်လေသည်။
သူမဟာ ဒီစပွန်ဆာတွေက သူတို့ရဲ့ငွေတွေကို ကုမ္ပဏီမှာရင်းနှီးမြှုပ်နှံချင်တယ်ဆိုတာကို မယုံကြည်နိုင်လေဘူး။ ပြီးတော့ သူတို့က သူမကို သူဌေးဟယ်လို့ခေါ်လိုက်တာကိုရောပေါ့။
ဒီအဖြစ်အပျက်က ကောင်းကင်းပေါ်ကနေ ရွေထုတ်ကျလာတာထက်ကိုထူးဆန်းသေးတယ်။
ဟယ်ဟုန်ဟွာရဲ့ပထမဆုံးတုံ့ပြန်မှုကတော့
ဒီဟာက အလိမ်အညာပဲ။
ဒီလောက်ကျယ်တဲ့ကမ္ဘာမှာ ဒီလိုကောင်းတဲ့အရာတွေမဖြစ်နိုင်လောက်ပါဘူး။
ငါ့ဆီမှာရှိတဲ့ နောက်ဆုံးကျန်တဲ့ငွေနည်းနည်းလေးကို သူတို့ခိုးချင်နေတာဖြစ်မယ်။
ဒါပေမဲ့ ဒီလိုမျိုးဖုန်းတစ်ခါခေါ်တာက ရသေးတယ် !
ငါက စုစုပေါင်း ရှစ်ခါတောင်အခေါ်ခံရတာလေ၊ ငါးခါက စပွန်ဆာတွေဆီက၊ ကျန်တဲ့ သုံးခုက မီဒီယာတွေဆီက သူတို့ပြောတာကတော့ ငါ့ကုမ္ပဏီရဲ့ပြိုင်ပွဲဝင် Spade Zနဲ့ အင်တာဗျူးချင်လို့တဲ့။
ဒီSpade Zက ဇုန်စီကို သိမ်းပိုက်ထားတဲ့နတ်ဘုရားလို ကစားသမားလို့တော့ ငါကြားဖူးပါတယ်။
ဒါပေမဲ့ ငါ့ကုမ္ပဏီမှာ Spade Zမှ မရှိတာ။
မီဒီယာတွေက သူတို့ပရိုမိုးရှင်းဆင်းဖို့အတွက် Spade Z ပုံပို့ပေးဖို့တောင်းဆိုနေကြတယ်။ ဒါပေမဲ့ အဓိကအချက်က ငါ့ကုမ္ပဏီဆီမှာ ဒီလိုလူမျိုးမှ  á€™á€›á€žá€­á€á€Źá‹
ဟယ်ဟုန်ဟွာဟာ အကြီးအကျယ်ကိုစိတ်ရှုပ်နေပေတော့သည်။
မီဒီယာတွေဟာ သူတို့ဟာ လမ်းကြောင်းတစ်ခုတည်းပေါ်က မဟုတ်ဘူးဆိုတာကို သဘောပေါက်တာကြောင့် သူမကို အသံမက်ဆေ့ချ်ပေးပို့ကြလေသည်။ သူတို့အသံများက စိတ်လှုပ်ရှားမှု ပြည့်နေသည်။
"မစ္စဟယ် အရင်စဉ်းစားကြည့်ပါဦး ပြီးလို့ရှိရင် ကျွန်တော်တို့ဆီ အချိန်မရွေးဖုန်းပြန်ခေါ်ပါဗျာ"
....................
အပိုင်း (၉၇) ဉာဏ်များတဲ့ဖူကျို့
ဟယ်ဟုန်ဟွာက နည်းပညာများနှင့် အတော်လေးကွာဝေးနေသူဖြစ်တာကြောင့် သူမဟာ web linkကို မည်ကဲ့သို့ ဖွင့်ရမည်မှန်း မသိပေ။ အဆုံးမှာတော့ ချန်ရှောင်တုံးက ရောက်လာပြီးတော့ လာကူပေးလိုက်လေသည်။ သူတို့နှစ်ယောက်က ကွန်ပျူတာအရှေ့၌ ထိုင်နေကြပြီး ဗီဒီယိုကို အစကနေ အဆုံးထိ ကြည့်ကြလေသည်။
ချန်ရှောင်တုံးက အဆုံးကိုကြားလိုက်ရပြီးနောက် စိတ်မထိန်းထားနိုင်တော့ပေ။ သူဟာ ထရပ်လိုက်ပြီးတော့
"ချီး အခုတော့ ငါ့ဒေါသတွေကိုအကုန်ပျောက်ကွယ်သွားပြီ အခုတော့ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ လူတိုင်းက သရီးရဲ့ မျက်နှာအစစ်မှန်ကို တွေ့လိုက်ရပြီကွ ဘယ်သူကမှ သူတို့ကို ထပ်အားပေးတော့မှာ မဟုတ်ဘူး ငါတို့ကိုသစ္စာဖောက်လို့ ဒီဟာက သူတို့နဲ့ထိုက်တန်တယ် ဟား ဟား !"
"Spade,Spade Z.."
ဟယ်ဟုန်ဟွာက ထိုအသံကို ရင်းနှီးသလိုလိုရှိတယ်လို့ ခံစားနေရပေသည်။ သူမဟာ ခန့်မှန်းကြည့်သော်ငြား ထိုအသံကို မည်သည့်နေရာတွင် ကြားဖူးမှန်း ဝေခွဲမရ ဖြစ်နေလေသည် ။
" သူက ငါတို့ကို ဘာလို့ ကူညီတာလဲ "
ချန်ရှောင်တုံးက အကျယ်ကြီးရယ်လိုက်ပြီးတော့
"သူက ကျွန်တော်တို့အတွက် တရားမျှတမှုကို ရှာပေးချင်လို့နေမှာပါ ဒီလိုအွန်လိုင်းပေါ်က မတရားမှုတွေ ဖော်ထုတ်ပေးတဲ့ ဆရာကျတဲ့သူတွေကို သခင်မကြီး မသိဘူးလား၊ သူတို့က အခြေအနေကို ပြောင်းပြန်ဖြစ်အောင်လုပ်ရတာကို ဝါသနာပါတယ်ဗျ"
"ဒါပေမဲ့ ငါတို့ကုမ္ပဏီမှာ ဒီလိုလူမျိုးမှ မရှိတာ မီဒီယာတွေကမေးရင် ငါဘယ်လိုပြန်ဖြေရမှာလဲ "
ဟယ်ဟုန်ဟွာက သူဌေးဖြစ်တာကြောင့် သူမသည် အခြားသူတွေနှင့်စာလျှင် ပိုပြီးတော့ ခေါင်းရှုပ်ရလေသည်။
ချန်ရှောင်တုံးကလည်း ဒုက္ခရောက်နေပေ၏။
တကယ်တော့ Spade Zက ဘာလို့ ဒီကိစ္စတွေအားလုံးဖြစ်ပျက်ပြီးတာနဲ့ သူတို့ရဲ့ကုမ္ပဏီကပိုင်တာလို့ ပြောလိုက်တာလဲဆိုတာကို သူနားမလည်ပေ ။
တကယ်လို့ ငါတို့ကုမ္ပဏီမှာသာ ဒီလိုနတ်ဘုရားလို ကစားသမားကိုပိုင်ထားရင် သခင်မကြီးက ဘာလို့စိုးရိမ်နေရမှာလဲ။
ချန်ရှောင်တုံးက ထိုကိစ္စတစ်ခုလုံးကို တွေးတောဆင်ခြင်နေစဉ် တံခါး ပွင့်လာလေသည်။ စကိတ်ဘုတ်ကို လက်မောင်းကြားထဲ ညှပ်ထားသော လူငယ်လေးဟာ အထဲသို့ဝင်လာလေသည်။ သူ့၏ စိုစွတ်နေသည့်ဆံပင်ကို ညာဘက်လက်ဖြင့် ခါနေတာကို ကြည့်ခြင်းဖြင့် သူ မိုးမိလာတာကို သေချာပေါက် ခန့်မှန်းနိုင်ပေ၏။ သူ့၏ ချောမောသောပုံစံဟာ ကမ္ဘာပေါ်မှာရှိသည့် သက်ရှိတိုင်းအား ပြောင်းပြန်ဖြစ်သွားစေနိုင်ပေသည်။
"အမေ ဒီနေ့အိမ်အစောကြီးပြန်လာတာပါလား"
ဟယ်ဟုန်ဟွာဟာ သူမ၏ သမီးကို မြင်လိုက်သည်နှင့် စိတ်ပျော်သွားလေသည်။ သူမက ဖူကျို့ကို ခေါ်လိုက်သည်။
" ကျို့လေးရေ အမေတို့အကူအညီရခဲ့ပြီ"
"ဟုတ်လား"
ဖူကျို့က ဘာတွေဖြစ်ပျက်သွားမှန်း ကောင်းကောင်းကြီးသိလေသည်။ သူမဟာ အကျိုးအမြတ် မရှိသည့် အလုပ်ကို ဘယ်တော့မှလုပ်မည် မဟုတ်ချေ။ သူမဟာ နှုတ်ခမ်းလေးတွေကော့တက်သွားအောင် ပြုံးလိုက်၏။
"စပွန်ဆာတွေက အမေ့ကို ရင်းနှီးမြှုပ်နှံဖို့လာခေါ်ကြတယ်မလား"
ဟယ်ဟုန်ဟွာက အပျော်လွန်နေတာကြောင့် သူမ၏ အသံက ကျယ်လာလေသည် ။
"စပွန်ဆာတင်မကဘူး မီဒီယာတွေလည်းပါတယ် ကျို့လေးရဲ့ သူတို့က အမေတို့ရဲ့ကုမ္ပဏီကို ပရိုမိုးရှင်း ဆင်းပေးချင်ကြတာ ခဏလေး ကျို့လေး ဘယ်လိုလုပ်သိတာလဲ"
"အမေနဲ့ပတ်သက်တဲ့ ဘယ်ကိစ္စမဆို သမီးအာရုံစိုက်ထားတယ်"
ဖူကျို့က သူမ၏လက်ကို ဆန့်ထုတ်လိုက်ပြီးတော့ ဟယ်ဟုန်ဟွာ၏ တုတ်ခိုင်သော ခါးကို ဖက်လိုက်ကာ ဆိုဖာပေါ်သို့ ဆွဲခေါ်လိုက်လေသည် ။
ထိုစကားကို ကြားလိုက်သည်နှင့် ဟယ်ဟုန်ဟွာဟာ လေးနက်သွားပေတော့သည်။ သူမက ထိုကိစ္စနှင့် ပတ်သက်ပြီး အလေးအနက် သိပ်မတွေးခဲ့ဖူးပေ။ ထိုကြမ်းတမ်းနေသည့်လက်များက သူမသမီး၏လက်များကို ဆုပ်ကိုင်ထားလျက် ပြောလိုက်သည်။
"ကျို့လေး ပိုက်ဆံများများ ထပ်ရှာပြီးတာနဲ့ သမီးကို အမေ့ကုမ္ပဏီပေးမယ်နော် ဒီလိုကိစ္စတွေက မခက်ခဲပါဘူးအမေ သမီးကို ကူညီပေးမယ်လေ သမီးကို ဘယ်သူကမှ ဟာသလုပ်မှာကို အမေခွင့်မပြုဘူး
"သေချာတာပေါ့ အမေသာရှိရင် သမီး စိတ်ပူစရာလိုသေးလို့လား"
ဖူကျို့က ရယ်လိုက်ကာ ဟယ်ဟုန်ဟွာ၏ ခါးကို ဆက်ဖက်ထားလေသည် ။
"မီဒီယာနဲ့ ပတ်သက်တဲ့အကြောင်းကို ဆက်ပြောရအောင်၊ သူတို့က သမီးတို့ ကုမ္ပဏီကို ဘယ်လိုမြှင့်တင်ပေးမှာလဲ "
ဟယ်ဟုန်ဟွာက သူမ၏သမီးသည် သူမဆီက သတင်းအချက်အလက်များ ဆွဲထုတ်လိမ့်မယ်ဟု မထင်ထားခဲ့ပေ ။
ဟယ်ဟုန်ဟွာက သူမ၏ဆံပင်ကောက်ကောက်များကို လိမ်လိုက်ပြီးတော့ ဒုက္ခရောက်နေဟန်ဖြင့် ပြောလိုက်သည်။
"သူတို့ပြောတာက သူတို့ကSpade Zနဲ့အင်တာဗျူးချင်တယ်တဲ့၊ ဒါပေမဲ့ အမေတို့မှာ သူ့လိုလူမှမရှိတာ အမေ့ဆီမှာ ဒီလိုလူမျိုး ဟပ်ချလောင်းဆိုပြီးရှာထုတ်လို့ရတာမှမဟုတ်တာ.. "
ဖူကျို့က ကောက်ကျစ်မှုအနည်းငယ်ဖြင့် ရယ်လိုက်၏။
"အမေပြောတာမှန်တယ် အမေက ကောင်းတဲ့အရာတွေကြောင့်နဲ့ စုံလုံးမကန်းသွားဘူးပဲ"
ထိုကဲ့သို့ မထင်ထားသော စကားကြောင့် ဟယ်ဟုန်ဟွာသည် အနည်းငယ်ရှက်သွားလေသည်။
သူမရဲ့သမီးက ဘယ်လိုလုပ်ဒီလောက်ချောနေရတာလဲ။
ဖူကျို့က ခေါင်းလေးစောင်းလိုက်ပြီးတော့ ဟယ်ဟုန်ဟွာ၏ မျက်လုံးများကို စိုက်ကြည့်လိုက်လေသည်။
"အမေ ဒီလိုဆိုရင်ကော ဘယ်လိုလဲ၊ တကယ်လို့ သတင်းထောက်တွေ အမေ့ဆီကို နောက်ထပ် ဖုန်းခေါ်လာလို့ရှိရင်Spade Zက သမီးတို့ရဲ့ လက်ရွေးစင်ကစားသမား၊ ပြီးတော့ သူက ဂိမ်းကစားသမားအသစ် လက်ရွေးစင်ပြိုင်ပွဲမှာ လူတိုင်းကို နှုတ်ဆက်စကားပြောလိမ့်မယ်လို့ ပြောလိုက် ပြီးတော့ တိုက်ရိုက်ထုတ်လွှင့်မှုဌာနတွေက စိတ်ဝင်စားတဲ့ဘယ်သူမဆို လာနိုင်ပြီးတော့ အမေနဲ့အတူတူ Spade Zကို ရှာဖွေကြည့်လိုက်ရအောင်လို့ပြောလိုက်ရင်ကော"
.....................
အပိုင်း (၉၈) ငါ့ဆီ ဒီလိုပုံတွေထပ်မပို့နဲ့
ထိုစကားကို ကြားလိုက်ပြီးနောက် ဟယ်ဟုန်ဟွာ၏ မျက်လုံးများက တလက်လက် တောက်ပလာတော့၏။
" ကျို့လေး ဒီလိုနည်းလမ်းမျိုးကို သမီးဘယ်လိုသိလဲ၊ ဒီလိုနည်းလမ်းနဲ့ဆို အမေတို့ကုမ္ပဏီကို အနာဂတ်မှာ ဆက်လက်ထိန်းသိမ်းထားလို့ရမှာပဲ"
ဖူကျို့က ဘာမှမပြောပေ။
ထိုအစား သူမဟာ ပြုံးရုံလောက်သာ ပြုံးလိုက်လေသည် ။
မကြာခင်မှာပဲ ဟယ်ဟုန်ဟွာဟာ တစ်စုံတစ်ခုကိုတွေးမိပြီးတော့ မျက်မှောင်ကြုံ့လိုက်ပေသည်။
"ဒါပေမဲ့ ဒီSpade Zက အမေတို့ကုမ္ပဏီမှာ တကယ်မရှိဘူးလေ အမေတို့ လူတွေကိုလိမ်လို့မဖြစ်ဘူး
"အမေ ဒီဟာက ဘယ်လိုလုပ်ပြီး လိမ်ညာတာဖြစ်မှာလဲ "
ဖူကျို့က သူမအမေ၏ပခုံးကို လက်ဖြင့် ခပ်ဖွဖွလေး ပုတ်လိုက်ပြီး အသံတိုးတိုးလေး ပြောလိုက်သည်။
"သမီးလည်း ဒီတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်လိုက်ရတာပဲလေ Spade Zက သမီးတို့နဲ့ တူတူ ရှိနေတယ်လို့ ပြောလိုက်တယ် ဆိုတည်းက ပြိုင်ပွဲနေ့ကျရင် သူသေချာပေါက်ပေါ်လာမှာပဲ၊ သူ့ပုံရိပ်ကို သူအထိခိုက်ခံပါ့မလား အဲ့တာကြောင့် စိတ်မပူပါနဲ့ သူသေချာပေါက်ပေါ်လာမှာပါ အဲဒီတော့ အခုပဲသွားပြီးတော့ မီဒီယာတွေကိုသွားကိုင်တွယ်လိုက်တော့နော် "
ဟယ်ဟုန်ဟွာဟာ သူမသမီးပြောတာကိုနားထောင်ပြီးတော့ မီဒီယာတစ်ခုမှ သူမသူငယ်ချင်းကို ချက်ချင်းပင် ဖုန်းသွားဆက်လေတော့သည်။
ချန်ရှောင်တုံးက သူ့သခင်လေး၏ တောက်ပနေသော မျက်ဝန်းများကို ကြည့်လိုက်ပြီးတော့ အတည်ပေါက် ပြောလိုက်သည်။
"သခင်လေး... သခင်လေးက သခင်မကြီးကို သွေးဆောင်နေတယ်လို့ ဘာလို့ ခံစားနေရတာပါလိမ့် သခင်လေး ဘာကို ဖုံးကွယ်ထားလဲ"
"ရှောင်တုံးရေ ရှောင်တုံး"
ဖူကျို့က သူမ၏လက်ကို ဆန့်ထုတ်လိုက်ပြီးတော့ ချန်ရှောင်တုံး၏ ပခုံးပေါ်၌ တင်လိုက်ကာ "မင်း ဇာတ်လမ်းတွဲတွေ ကြည့်တာများပြီးတော့ အခုထိဘာလဲဆိုတာကို ရှာမတွေ့သေးဘူးမလား၊ တကယ်လို့ မင်းသိတာ အရမ်းများသွားရင် ရုပ်ရှင်ထဲမှာဆို သေနေလောက်ပြီ နားလည်လား၊ ငါတစ်ညလုံး ဂိမ်းဆော့ထားလို့ ခြေကုန်လက်ပန်းကျနေပြီ ငါ့အတွက် အသားညှပ်ပေါင်မုန့်တစ်ခုနဲ့ ဝိုင်တစ်ခွက်ကို ယူလာခဲ့ပေး ဒီလိုဆိုရင် ငါ မင်းကို မသတ်ပစ်ဖို့ စဉ်းစားပေးမယ်"
သူ့သခင်လေး၏ ထိုကဲ့သို့ အပြုအမူကြောင့် ချန်ရှောင်တုံးက ကြက်သီးမွေးညင်းများ ထလာပေတော့သည်။
"သ....သခင်လေး ကျွန်တော် အခုပဲသွားလိုက်ပါ့မယ် ကျွန်တော့်ကိုတော့ ကွေးအောင် မလုပ်လိုက်ပါနဲ့ဗျာ"
နင့်ကို ကွေးအောင်လုပ်တယ်။
ဖူကျို့က သူမ၏ လှပသော မျက်ခုံးများကို ပင့်လိုက်လေသည်။
တကယ်လို့ ငါလေး တစ်ယောက်ယောက်ကို ကွေးအောင် လုပ်မယ်ဆိုရင် ကြီးမြတ်လှတဲ့သခင်လေးချင်ကိုပဲ လုပ်မှာပေါ့ဟ နင့်လိုကောင်စုတ်လေးကို စာရင်းထဲတောင် မထည့်ပါဘူးနော်။
ဖူကျို့က သူမ၏ နဖူးထက်က ဆံပင်များကို လေဖြင့် မှုတ်ထုတ်လိုက်ပြီးတော့ သူမ၏ တုန်ခါနေသောဖုန်းကို ယူထုတ်လိုက်လေသည်။
တိုတောင်းသော်ငြား အထက်စီးဆန်သော မက်ဆေ့ချ်တစ်ခုကို ချင်မော့ ပို့ထားလေသည်။
"အပြင်မှာမိုးရွာနေတယ် အင်တာနက်ဆိုင်တွေမှာပဲ အချိန်မကုန်နေနဲ့ အိမ်ပြန်တော့"
နင်လေး တကယ့်အစ်ကိုတစ်ယောက်လို ပြုမူနေတာပဲ ကြည့်စမ်း။
ဖူကျို့က မျက်နှာသုတ်ပုဝါဖြင့် သူမ၏ ဆံပင်တွေကို သုတ်နေလိုက်ပြီးတော့ သူမ၏ အမေကို ကြည့်လိုက်လေသည်။
တကယ်လို့ ငါသာ Spade Zမှန်း အမေသိသွားရင် သူ ဘယ်လိုနေမလဲမသိဘူး။
"အစ်ကိုမော့ ငါအိမ်ပြန်ရောက်ပြီ"
သူမ မလိမ်ဘူးဆိုတာကို သက်သေပြသည့်အနေနှင့် ဖူကျို့က ဆယ်ဖီဆွဲလိုက်ပြီးတော့ ချင်မော့အား ပို့လိုက်လေသည်။
ချင်မော့က ရေတစက်စက်ကျနေသော ထိုကောင်လေးပုံကို ကြည့်လိုက်လေသည်။ သူက သူ၏ ပြီးပြည့်စုံသော ဆံပင်ကြောင့် နူးညံ့ပြီး ပျော့ပျောင်းဟန် ရနေလေသည်။ အောက်ဘက်ကို ဆက်ကြည့်လိုက်မည်ဆိုလျှင် သူ၏လှပပြီးသိမ်မွေ့သော လည်ပင်းညှပ်ရိုးကိုပါ တွေ့ မြင်နိုင်ပေ၏။
ထိုပုံကို ကြည့်နေစဉ် ချင်မော့၏ လက်ချောင်းတွေဟာ ရပ်တန့်သွားပေတော့သည်။ ထိုနောက် သူဟာ ပြတင်းပေါက်ကို အကြည့်လွဲလိုက်ပြီးတော့ လှုပ်ရှားသွားလာနေသည့် ကားများကို ကြည့်လိုက်ပေ၏။ နောက်ဆုံးတော့ သူဟာ ဖုန်းကိုပြန်ကိုင်လိုက်ပြီးတော့
"ငါ မင်းကို ဒီလိုပုံတွေမပို့ပါနဲ့လို့ မပြောထားဘူးလား အခုတော့အိပ်တော့ မနက်ဖြန် ကျောင်းမှာ လာခေါ်မယ်"
ဖူကျို့က နားမလည်ပေ ။
ငါလေးရဲ့ပုံက ဘာဖြစ်နေလို့တုံး။
ပုံက ဝါးနေလို့လား ဒါမှမဟုတ် သေချာမမြင်ရလို့လား ဒါမှမဟုတ် တစ်ခုခုဖြစ်နေလို့လားဟ။
နတ်ဘုရားတစ်ပါးဘာတွေတွေးနေလဲဆိုတာကို သေမျိုးလေးတွေက တကယ့်ကိုနားမလည်နိုင်ဘူးပဲ။
ဒါပေမဲ့ နောက်ထပ်ကိစ္စတစ်ခုက ပိုပြီးတော့အရေးကြီးတယ်။
Threeကို သင်ခန်းစာပေးမယ်လို့ ကြေညာထားပြီးပြီဆိုတော့ ငါလေးရဲကုမ္ပဏီအတွက် နောက်ထပ် ကစားသမားတွေကို လိုက်ရှာရဦးမှာပဲ။
ဖူကျို့က သူမ၏ မေးစေ့ကို ထိလိုက်ပြီးတော့ ရုတ်တရက်ပြုံးလိုက်သည်။
မနက်ဖြန် အတန်းထဲမှာ ဂိမ်းကို တစ်ချက်ဝင်ကြည့်ဦးမှပါလေ ကြီးမြတ်လှတဲ့ သခင်လေးချင် ဝယ်ပေးထားတဲ့လက်နက်က အသုံးဝင်လောက်တယ်။
ဟယ်ဟုန်ဟွာက ဖုန်းပြောကပြီးသည်နှင့် ပြန်လာလေသည်။ သူမ၏ သမီးကို မမြင်မိသည့်အပြင် ဝိုင်ခွက်ကလည်း မရှိတော့ချေ။ ချန်ရှောင်တုံးလုပ်ထားသည့် အသားညှပ်ပေါင်မုန့်ကတော့ ဤအတိုင်းရှိနေဆဲပင်။
" ကျို့လေး ဘယ်မှာလဲ"
ချန်ရှောင်တုံးက ဝမ်းနည်းမှုအပြည့်ဖြင့် သူ့ခေါင်းကို ခါယမ်းလိုက်လေသည်။ သူဟာ တောင့်ခံထားပြီးတော့ သခင်လေးက သူ့အခန်းတံခါးကို ပိတ်ပြီးတော့ ဂိမ်းတွေ ဆော့ကာ သခင်လေးချင်နောက်ကို လိုက်နေပါတယ်လို့တော့ သူ့သခင်မကြီးကို လုံးဝမပြောခဲ့ပေ ။
.................
အပိုင်း (၉၉) သခင်ကျို့ရဲ့သူငယ်ချင်းကို ကာကွယ်ပေးခြင်း
နောက်တစ်ရက်မှာတော့ ဖူကျို့က ကျောင်းကိုသွားသည့် လမ်းတစ်လျှောက်လုံး သမ်းဝေနေပေတော့သည်။ သူမ၏ လက်တော့အစိတ်အပိုင်းများကို တစ်ညလုံး တပ်ဆင်ထားရတော့ သူမလက်မောင်းကိုပင် အနိုင်နိုင်သယ်နေရပေ၏။ ယနေ့တော့ သူမက စကိတ်ဘုတ်အစား နှစ်မှတ်တိုင်လောက် လမ်းလျှောက်ရသည့်ဘတ်စ်ကား မှတ်တိုင်သို့သွားကာ ဘတ်စ်ကားစီရန် ကြံလေသည်။ လမ်းတစ်လျှောက်မှာတော့ ကျောင်းဝတ်စုံ ဝတ်ဆင်ထားကြသည့် ကောင်မလေးတွေအများစုဟာ သူမကို ဓာတ်ပုံရိုက်ကြတော့သည်။
ဖူကျို့က သူမ၏ ပါးစပ်ထဲ၌ တုတ်ထိုးသကြားလုံးငုံထားရင်းဖြင့် ကောင်မလေးများကို ပြုံးပြလိုက်လေသည်။ တစ်စုံတစ်ယောက်က လဲကျခါနီး ဖြစ်သွားချိန်တွင် ဖူကျို့က ထိုကောင်မလေး၏ လက်ကို လူကြီးလူကောင်းဆန်ဆန်ဖမ်းဆွဲပေးလိုက်သေး၏ ။
ဖူကျို့ ဘတ်စ်ကားပေါ်က ဆင်းလိုက်တာသည်နှင့် ကောင်မလေးတွေအားလုံးဟာ ရှက်သွေးဖြာသွားကြလေသည်။ သူတို့အားလုံးက ဖူကျို့အနောက်သို့ စိတ်လှုပ်ရှားစွာ လိုက်နေကြပြီး ထိုလူငယ်လေးက သူ့အတန်းထဲကိုဝင်သွားတာကို မြင်လိုက်ရသည်နှင့် ကောင်မလေးတွေဟာ သက်ပြင်းကိုယ်စီချလိုက်ပြလေတော့သည််
ဒါပေမဲ့ အတန်းထဲမှာတော့ ရာသီဥတုအခြေအနေဟာ သိပ်မကောင်းလေဘူး။
ဖူကျို့အတန်းထဲသို့ဝင်လိုက်သည်နှင့် ကြမ်းပြင်တစ်နေရာက အမှိုက်များဖြင့် မွစာကြဲနေပြီး ကြမ်းပြင်ပေါ်၌ ဆောင့်ကြောင့်ထိုင်နေသည့် ရွယ်ယောင်ယောင်ကို တွေ့လိုက်ရလေသည်။ သူမ၏ ဆံနွယ်ရှည်များက မျက်နှာကို ဖုံးအုပ်ထားသော်ငြား သူမက ဘယ်လောက်ထိ စိတ်ဆင်းရဲနေလဲဆိုတာကို အလွယ်လေး ပြောနိုင်ပေသည်။ သူမ၏ ဖတ်စာအုပ်ကို ကိုင်လိုက်သည့် အချိန်မှာတောင် သူမ၏လက်များကို တင်းတင်းကျပ်ကျပ်ဆုပ်ထားပေတော့သည် ။
"ဝက်ငတုံးမ နင့်ကိုယ်နင်ဘယ်လောက်ရုပ်ဆိုးတယ်ဆိုတာကိုသိရင် ငါတို့ဆီက ဝေးဝေးသွား "
ယောကျာ်းလေးများက ထိုသို့ပြောလျက် ရွယ်ယောင်ယောင်လက်ထဲက ဖတ်စာအုပ်ကို ကန်ကျောက်လိုက်လေသည် ။
"ကောက်ချင်တာလား ငါပြောလိုက်မယ် ငါနင့်ကိုထပ်မသည်းခံနိုင်တော့ဘူး ဝက်မ တကယ်လို့ နင်အတန်းထဲမှာ ဆက်နေချင်သေးရင် ဆရာ့ကို ထိုင်ခုံနေရာလဲပေးဖို့ ပြောလိုက်၊ စောက်ကျိုးနည်း စောက်ရုပ်ဆိုးပြီးဆင်းရဲတဲ့ဟာမ ငါ့မျက်လုံးတွေကို လာစော်ကားနေသလိုပဲ "
ရွယ်ယောင်ယောင်၏ လက်ချောင်းများက အရင်ကထက်ပိုပြီး တင်းတင်း ဆုပ်ထားပေတော့သည်။ သူမ၏ လက်သည်းများက လက်ဖဝါးအတွင်းသို့ နစ်ဝင်သွားမတတ်ဖြစ်နေပေတော့၏။
ဖူကျို့က ရွယ်ယောင်ယောင်သည် မငိုမိရန် တောင့်ခံထားမှန်း ကောင်းကောင်းကြီးသိလေသည် ။
တကယ်လို့ သူမ ငိုလိုက်ရင် သူမ ရှုံးတာပဲလို့ ဖော်ပြတာနဲ့တူတူပဲ။
လူတွေက ထိုအဖြစ်အပျက်ကို စောင့်ကြည့်နေကြလေသည်။ အထူးသဖြင့် သူတို့၏ သရော်အပြုံးတွေကို လက်ဖြင့်ကွယ်ထားသည့် ကောင်မလေးများဖြစ်သည်။ ရွယ်ယောင်ယောင်အပေါ် သူတို့၏ အထင်သေးသည့်မျက်လုံးများက ထပ်ကာထပ်ကာ ကျရောက်နေသည်။
"သူမ ဘာဖြစ်နေလဲဆိုတာကို ငါမသိဘူး ကျောင်းထုတ်ခံရပြီးတာတောင် ဘာလို့ပြန်လာတာလဲ ဟိုတစ်ခေါက်တုန်းက သူမ သူခိုးလို့ အစွပ်စွဲခံရပေမဲ့ သူမ တကယ့်ကို ဆင်းရဲတာပဲလေ၊ အခု ပိုပိုပြီးအေးလာတာတောင် သူမရဲ့အကျီကိုမလဲသေးဘူး ကြည့်ရတာ သူ့မှာ ကျောင်း ဝတ်စုံတစ်စုံပဲ ရှိတာနဲ့တူတယ် လျှော်တောင်လျှော်ရဲ့လား မသိ၊ ဆံပင်ကလည်း အမှိုက်ပုံးအနံကိုထွက်လို့ ရေတောင် ချိုးရဲ့လား မသိဘူး !"
"အီးစ်.... တော်ပါတော့ ရွံစရာကြီး "
တစ်ဖက်သားကို စကားဖြင့် လှောင်ရယ်ပြီးပျက်ရယ်ပြုခြင်းသည် အနာတရဖြစ်အောင် ထိုးကြိတ်တာထက်ပင် ပိုပြီးတော့ ထိရောက်ကာ လူတစ်ဖက်သားအား သေပင်သေစေနိုင်ပေ၏။
ရွယ်ယောင်ယောင်က သူမ၏ ခေါင်းကို ပိုငုံ့လိုက်ပြီးတော့ မြေကြီးအတွင်းသို့ နစ်မြုပ်လုမတတ်ဖြစ်နေပေလေ၏။
သူမ၏ ဘေးမှာရပ်နေသည့် ကောင်လေးက သူမကို ထပ်ကန်ကျောက်ချင်သော်ငြား သူ့ခြေထောက်က တစ်စုံတစ်ယောက်ဆွဲတာ ခံလိုက်ရပြီး တွန်းထုတ်ခံလိုက်ရလေသည်။
ဖူကျို့က ရွယ်ယောင်ယောင်ကို ဆွဲထူကာ သူမ၏ ရင်ခွင်အတွင်းသို့ ဆွဲထည့်လိုက်လေသည်။ ခုနက ကောင်လေး မအော်ခင်မှာပဲ ဖူကျို့က ရွယ်ယောင်ယောင်၏ ခေါင်းအား သူမ၏ ဘယ်လက်ဖြင့်ပုတ်ပေးကာ ရင်ဘတ်ဆီသို့ မှီခိုင်းလိုက်လေသည်။
ဖူကျို့က ထိုကောင်လေး၏ ကော်လံကို တင်းကျပ်စွာ ဆွဲကိုင်လိုက်ပြီးတော့ မကောင်းဆိုးဝါးအပြုံးလေးဖြင့်
"မိန်းကလေးတွေကို ရိုက်တတ်တဲ့ယောကျာ်းက စောက်သုံးမကျတဲ့ယောကျာ်းထက် ပိုပြီးစောက်သုံးမကျဘူးဆိုတာကို မသိဘူးလား၊ မင်းစောက်ပါးစပ်ကိုပိတ်မလား၊ ငါနဲ့အတူတူ အားကစားကွင်းဆီသွားပြီး ငါ့လက်သီးစာမြည်းမလား မင်းကြိုက်တာရွေး "
ဖူကျို့က ထိုကောင်လေးကို ပြင်းပြင်းထန်ထန် ကန်ကျောက်လိုက်သောကြောင့် သူ့ခမျာ ထရပ်ဖို့ပင်အနိုင်နိုင်ဖြစ်နေပေတော့သည်။
ထို့အပြင် ဖူကျို့၏ အကြည့်များက ထိုကောင်လေး၏ တစ်ကိုယ်လုံးကို ကြက်သီးမွေးညင်း ထစေတာကြောင့်သူဟာ ချက်ချင်းပင်နောက်ပြန်ဆုတ်သွားပေသည်။
ဖူကျို့က မျက်ခုံးပင့်လိုက်ပြီးတော့ သူမ၏ ကော်လံကို ဖြေလျော့လိုက်လေသည်။ ထို့နောက် သူမ၏ ကျောင်းလွယ်အိတ်ကို အနောက်လှည့်ယူလိုက်ရာ ကျောင်းဝတ်စုံမှာ အနည်းငယ် ဟနေသကဲ့သို့ ဖြစ်နေပေ၏။
ဖူကျို့က အေးစက်သည့်အသံဖြင့်
"မင်း ရွယ်ယောင်ယောင်နဲ့ မထိုင်ချင်ဘူးမလား ဟမ် "
ထိုကောင်လေး၏ မျက်နှာက အလွန်အမင်း ဖြူရော်လာသည်။
"ဘယ်..ဘယ်သူက ဒီလိုမိန်းကလေးမျိုးနဲ့ထိုင်ချင်မှာလဲ"
သူက ရွယ်ယောင်ယောင်ကို ဝက်မဟု ထပ်မခေါ်ရဲတော့ပေ။ အကယ်၍ သူထပ်ခေါ်မိလျှင် သူ့ကို ဖူကျို့ သေအောင်ရိုက်သတ်မှာကို ကြောက်သောကြောင့် ဖြစ်ပေသည် ။
ဒီဂေးကောင် ဒီလိုလုပ်နိုင်စွမ်းရှိတယ်ဆိုတာကို ငါဘာလို့ အရင်ကတည်းကမသိခဲ့တာရတာလဲ။
"ငါ မင်းနေရာကိုယူမယ် "
ဖူကျို့က ရွယ်ယောင်ယောင်ကို အရင်ထိုင်စေလိုက်ပြီးတော့ သူမ၏ ကျောင်းလွယ်အိတ်ကို ရွယ်ယောင်ယောင်နံဘေးသို့ စတိုင်ကျစွာ ထားလိုက်လေသည်။ ထို့နောက် ဖူကျို့က ထိုကောင်လေးကို မေးငေါ့ပြလိုက်သည်။
"ငါ့ထိုင်ခုံဆီသွား "
...................
အပိုင်း (၁၀၀) ဖူကျို့ မင်းက ဂေးလား အဖြောင့်လား
ဖူကျို့က ရွယ်ယောင်ယောင်ကို သူမရင်ခွင်အတွင်းသို့ ဆွဲထည့်လိုက်တာကို မြင်လိုက်ရတော့ အတန်းတစ်တန်းလုံးက ရှော့ခ်ရသွားပေသည်။
မိန်းကလေးအချို့၏ မျက်လုံးများက အံ့ဩလွန်းသောကြောင့် ပြူးကျယ်နေပေတော့သည်။ သူတို့က ထိုအဖြစ်အပျက်ကို မယုံနိုင်ကြပေ။
အစကတော့ ရွယ်ယောင်ယောင်သည် ကြောင်အသွားသော်ငြား သူမက ဖူကျို့ကို ကျေးဇူးတင်ချင်ပေသည်။ သို့သော် သူမ ကြောက်တာက သူမ စကားပြောမိလိုက်လျှင် ငိုချင်စိတ်ကို မထိန်းထားနိုင်တော့မှာကို ဖြစ်လေသည်။
ဖူကျို့က ဘာမှမဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်ကာ ထိုင်ခုံပေါ်၌ ထိုင်လိုက်ပေသည်။ ထို့နောက် သူမ၏ ဘယ်ဘက်လက်မောင်းကို ရွယ်ယောင်ယောင်နောက်ကျောဘက်၌ တင်လိုက်ကာ ပြုံးပြလိုက်သည်။
"ဟိုတစ်ခါတုန်းက ပေါက်စီတွေက သိပ်စားလို့ကောင်းတယ် ဒီနေ့ငါ့အတွက် ပါလာသေးလား"
ရွယ်ယောင်ယောင်က ဘာမှမပြောနိုင်ပေ။ သူမက အစပထမက ခေါင်းညိတ်လိုက်သော်ငြား နောက်တော့ ခေါင်းခါလိုက်ပေသည်။ သူမမျက်လွှာချလိုက်သည်နှင့် မျက်ရည်စက်များက သူမ၏ ဖတ်စာအုပ်ပေါ်သို့ ကျဆင်းသွားပေတော့သည်။
သူမ အနိုင်ကျင့်ခံရတုန်းက သူမ ဘာလို့မငိုမိတာလဲဆိုတာကို နားမလည်ဘူး။ ဒါပေမဲ့ ဒီလူငယ်လေးက သူမအပေါ် နွေးထွေးကြင်နာပြတော့မှ ဘာလို့ သည်းသည်းထန်ထန် ငိုမိတာလဲဆိုတာကိုလဲ နားမလည်ဘူး။ တကယ်ဆို အနိုင်ကျင့်ခံရတုန်းက ငိုသင့်တာမဟုတ်ဘူးလား။
ရွယ်ယောင်ယောင်က ထိုသို့ငိုမိခြင်းသည် နွေးထွေးသည့် ထွေးပွေ့မှုကြောင့် ဖြစ်လိမ့်မည်ဟု တွေးတောလိုက်ပေသည်။ ထိုမထင်မှတ်သော အပြုအမူလေးက နွေးထွေးကြင်နာလွန်းသောကြောင့် စော်ကားပုတ်ခတ်သမျှကို သူမ ကျော်ဖြတ်နိုင်သွားသည်ဟု ထင်မိပေသည်။
"မရှိတော့ဘူးလား အား နှမြောစရာပဲ့"
ဖူကျို့က သူမ၏ ဗိုက်ကို ပုတ်ပြလျက် စိတ်ပျက်စွာ ညည်းညူလိုက်လေသည်။ ထို့နောက် သူမ၏ ဘယ်လက်ကို ရုပ်လိုက်ပြီး ရွယ်ယောင်ယောင်အား တုတ်ထိုးသကြားလုံး ကမ်းပေးလိုက်ကာ ပြုံးပြလိုက်သည်။
"ဒီမှာမင်းအတွက် မိန်းကလေးတွေက အချိုစားပေးသင့်တယ်လေ"
သူတို့အနီးအနားက ကျောင်းသားတွေများသည် ထိုအဖြစ်အပျက်ကို ထိုင်ကြည့်နေကြပေသည်။ တချို့ကတော့မနာလိုဖြစ်ပြီး အားကျနေကြပေသည်။
အတန်းထဲက အလှဆုံးကောင်မလေးဟာ ဒီလိုဝက်မက ဖူကျို့ဆီက ဒီလိုစပယ်ရှယ်ကာကွယ်ပေးမှုမျိုးထိုက်တန်ရဲ့လားလို့ တွေးမိကာ နားမလည်နိုင်ဖြစ်နေလေသည်။
"ဖူကျို့က ဒီဝက်မကို တကယ်ကြိုက်နေတာလား"
"မဖြစ်နိုင်ပါဘူး သူက ဂေးမဟုတ်ဘူးလား"
"ရွယ်ယောင်ယောင်အပေါ် သူပြုမူနေတဲ့ပုံတွေကိုကြည့်ပါလား ဂေးနဲ့တူလို့လားဟ၊ သူသေချာပေါက် အဖြောင့်ပဲ"
"ဒါပေမဲ့ သူက ကျန်းမြို့ရဲ့အချောဆုံး ကြီးမြတ်လှတဲ့သခင်လေးချင်ကို လိုက်နေတာလေ နင်ဒီဟာကို ဘယ်လိုရှင်းမှာလဲပြော"
"ငါဂရုမစိုက်ဘူး ငါ့ရဲ့အရှင်ကျို့က အခုလက်ရှိ အဖြောင့်ပဲ"
ဖူကျို့၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် သူတို့က ကျောင်း၌ ဖန်ကလပ်သေးသေးလေးတစ်ခု ထောင်ထားတာဖြစ်လေသည်။ ထို့အပြင် ဖူကျို့ကို တယုတယဖြင့် "အရှင်ကျို့" ဟု ခေါ်တာဖြစ်လေသည်။
အရှင်ကျို့ဟာ ဒီလိုအထာကျပြီးတော့ အမှိုက်ဆန်တဲ့အကောင်တွေရဲ့ အပြုအမူကို စူးရှထက်မြက်တဲ့ မျက်လုံးတွေနဲ့ တည်တည်ငြိမ်ငြိမ် သဘာဝကျကျ ဖြေရှင်းသွားတဲ့အခါမျိုးဆိုရင် သူက ရှေးခေတ်က လက်ထဲမှာ အာဏာအပြည့်အဝရှိတဲ့ မင်းသားတွေလိုပဲ ခံ့ညားလိုက်တာ။
အဲဒါကြောင့် အရှင်ကျို့ဆိုတဲ့ နာမည်လေးက အတော်လေးကို သိသာပြီးတော့လိုက်ဖက်တယ်။
ဒါပေမဲ့ ဖူကျို့ကိုသဘောကျတဲ့လူတွေဟာ ရိုးသားမှုနဲ့ အမှန်တရားကိုပဲ နှစ်သက်သဘောကျတဲ့သူတွေ ဖြစ်ပြီးတော့ ဒီလိုမတရားမှုတွေကို ဖြေရှင်းပေးချင်ပေမဲ့ အဓိကက သူတို့မှာ အင်အားမရှိဘူး။ အဲဒါကြောင့် ခုနကကောင်လေးဟာ သူတို့သွားရှုပ်လို့ရမဲ့လူမျိုး မဟုတ်ဘူး။ ဒီကောင်လေးက ကျောင်းအပြင်ဘက်က လူမိုက်ဂိုဏ်းနဲ့ အဆက်အသွယ်ရှိတဲ့သူဖြစ်တာကြောင့်မို့လို့ သူတို့ ဝင်ပတ်သက်လို့ မရတာ။ ဒါပေမဲ့ ဒီမတရားမှုကို ပြန်တိုက်ခိုက်ချင်တဲ့ဒီသုံးယောက်ဟာ သူတို့ရဲ့ အရှင်ကျို့က ဟိုကောင်လေးကို ကန်ကျောက်လိုက်တာကို မြင်လိုက်ရတယ်။
သူတို့အရှင်ကျို့၏ ပုံရိပ်က အလွန်အမင်း ခံ့ညားပြီး ထိုလုပ်ရပ်က သူတို့၏ ဒေါသကို ဖြေဖျောက်ပေးလိုက်သကဲ့သို့ ဖြစ်နေပေသည်။
ထိုအချိန်ကစပြီး သူတို့သုံးယောက်က သူတို့၏အရှင်ကျို့က ကွေးကွေး၊ ဖြောင့်ဖြောင့် သူတို့အသက်နှင့် လဲပြီးကာကွယ်သွားမည်ဟု ဆုံးဖြတ်ချက်ချလိုက်ပေတော့သည်။
ဖူကျို့က သူမ၏ လုပ်ရပ်နှင့် ပတ်သက်ပြီး ထိုဖန်သုံးယောက်အား ဒီလောက်အထိ သက်ရောက်သွားလိမ့်မည်ဟု ထင်ပင်မထင်ထားမိပေ။
မနေ့ညက သူမသည် လက်တော့အစိတ်အပိုင်းများကို တစ်ညလုံးတပ်ဆင်ခဲ့ရသောကြောင့် ယခုချိန်မှာတော့ စားပွဲပေါ်၌သာ မှောက်၍အိပ်ချင်နေပေတော့၏။
ဖူကျို့က ပထမအတန်းချိန်နှစ်ချိန်လုံး အိပ်ပျော်သွားခဲ့လေ၏။ ရွယ်ယောင်ယောင်က သူမကို ကာကွယ်ပေးထားတာကြောင့် ဆရာများက သူမကို သတိမထားမိခဲ့ချေ။
အခြားတစ်ဖက်မှာ ထိုင်နေသည့် ကျန်းဖေးရန်ဟာ  á€…á€­á€á€şá€›á€žá€Żá€•á€şá€‘á€˝á€ąá€¸á€”á€ąá€•á€ąáá‹ သူက ဖူကျို့ကို  á€á€…á€şá€™á€”á€€á€şá€á€„á€şá€¸á€œá€Żá€śá€¸ စိုက်ကြည့်နေပြီး သူ့ကို တစ်ခါကြိုက်ဖူးသည့်ကောင်လေးက ဘာလို့ သူ့ဘေး ၌မထိုင်ချင်ရတော့တာလဲဟု တွေးနေကာ အဖြေရှာမရဖြစ်နေပေသည်။
ထိုခံစားချက်ဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ဤဖြူဖပ်ဖြူရော်ကောင်လေးလက်ချက်နှင့်  á€•ညဏပ္းခလရတုန်းက ခံစားချက်နှင့် အတော်လေး ကွာခြားပေသည်။ သူက ဘာကြောင့်မှန်း သေချာမသိသော်ငြား သူ့ရင်ဘတ်ကတော့ စိတ်ဖိစီးမှုကြောင့် တင်းကျပ်နေပေတော့သည်။။
................
 

Search Novels