အပိုင်း (၉၁) မင်းကိုယ်မင်းဘာထင်နေလဲ ငါ့ညီလေးကိုအထင်သေးရဲတယ်ပေါ့
သင်ပေးမယ်တဲ့လား။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူများအနက် ချင်မော့ ပါဝင်သည်။
သူ၏ရှည်လျားပြီး သွယ်လျသော လက်ချောင်းများက စီးကရက်ကို ကိုင်ထားတာဖြစ်သည်။
ချင်မော့က ထို 'သင်ပေးမယ်' ဆိုသည့်စကားကို ကြည့်လိုက်ပြီး သူ့လည်စည်းကို လက်ဖြင့် ဖြေလျှော့လိုက်ပေ၏။
သူ့ခြေထောက်များက ချိတ်ထားလျက်ဖြင့်ရုံးခန်းထဲက သားရေထိုင်ခုံတွင် ထိုင်နေပေ၏။
သူ့နှုတ်ခမ်းထောင့်က ကွေးညွတ်သွားပြီး သူ့အပြုံးကရေခဲမှတ်သို့ ရောက်လုနီးနီးအထိ အေးစက်နေပေတော့သည်။
မင်းရဲ့ အစွမ်းအစလောက်လေးနဲ့များ ငါ့ညီလေးကို သင်ပေးချင်သေးတယ်လား။
ဖူကျို့၏ သန့်ပြန့်ပြီး ကြော့ရှင်းသော ပုံရိပ်လေးကိုစဉ်းစားမိလိုက်သည်နှင့် ချင်မော့က သူ့ကိုယ်သူ အထင်ကြီးစိတ်ဝင်နေသော လျန်ရွှီကွမ်းကို တစ်ချက်ထပ်ကြည့်လိုက်လေသည်။ ချင်မော့က သူ့ညီလေးသည် ထိုလူထက်အဆပေါင်းများစွာ သာတယ်ဆိုတာကို သတိပြုမိပြီး အကယ်၍ သူ့ညီလေးသာ အီစီကလီလုပ်တတ်သော အကျင့်ကို စွန့်လွှတ်နိုင်လျှင် ပိုတောင် တော်လာပေလိမ့်မည်ဟု တွေးတောနေပေ၏။
သေချာတာကတော့ ကျွန်မတို့ရဲ့ ကြီးမြတ်လှတဲ့ သခင်လေးချင်ဟာ သူ့ညီလေးနဲ့ ပတ်သက်ပြီး ဆတ်ဆတ်အထိမခံ ဖြစ်နေတယ်ဆိုတာကိုတော့ သူ့ကိုယ်သူ သတိမထားမိတာပါပဲ။
အင်တာနက်ဆိုင်မှာတော့ ဖူကျို့က အနက်ရောင် နားကြပ်ကို ဝတ်ဆင်ထားပြီးတော့ စကားလုံးတစ်လုံးဖြင့်သာ မကောင်းဆိုးဝါးအပြုံးလေးဖြင့် စာပြန်လိုက်လေသည်။
"မင်းပဲ"
"ငါလား"
လျန်ရွှီကွမ်းက အကျယ်ကြီးအော်ရယ်လိုက်ပေသည်။
"ချစ်လှစွာသော ဖန်လေးရေ တကယ်လို့မင်းသာ ငါနဲ့ battle ဆိုင်မယ်ဆိုရင် မင်းရဲ့  HP က တကယ့်ကိုအမြန်ဆုံးနည်းနဲ့ ကျသွားမှာပဲ အဲလိုဆိုရင်တောင် အဆင်ပြေရဲ့လား"
ဖူကျို့က တုတ်ထိုးချိုချဉ်ကို သူမပါးစပ်ထဲ၌ ငုံထားလိုက်ပြီးတော့ နှာခေါင်းရှုံလိုက်ကာ
"မင်းငါနဲ့ မတိုက်ခိုက်ရသေးဘဲ ဘယ်လိုလုပ်သိမှာလဲ ဘာလဲ မင်းကကြောက်နေတာလား"
"ချစ်လှစွာသောဖန်လေး ငါက မင်းကို ကောင်းကောင်း ဆက်ဆံပေးခဲ့တာနော် ဒါပေမဲ့ မင်းက အတင်းဖိအားပေးနေမှတော့ တိုက်ခိုက်ကြတာပေါ့ကွာ"
လျန်ရွှီကွမ်းက သူ့လက်ချောင်းများကို လှုပ်ရှားလိုက်ပြီးတော့ ဟီးရိုးဂိမ်းထဲသို့ log in ဝင်လိုက်လေသည်။
ရုတ်တရက် သူတို့နှစ်ယောက်တိုက်ခိုက်တော့မည့် မြင်ကွင်းက ဖန်သားပြင်ပေါ်၌ ပေါ်လာလေသည်။
ဖူကျို့၏ အိုင်ဒီက အသစ်တစ်ယောက်၏ အိုင်ဒီ မဖြစ်နိုင်သော်ငြား အကယ်၍ လျန်ရွှီကွမ်းသာ battle မဆိုင်ခင် ဖူကျို့၏  profile ကို သေသေချာချာ ကြည့်ခဲ့မည်ဆိုလျှင် သူ ဤကဲ့သို့ မာန်တက်နေစရာ အကြောင်း မရှိပေ။
အိုင်ဒီ အသစ်စက်စက်တစ်ခုက တစ်လအတွင်းမှာ မည်သူကမှ မရှင်းလင်းနိုင်ခဲ့သော Dungeon၏ ၂၉ထပ်မြောက်ကို ပထမဆုံးရှင်းလင်းနိုင်သူဘွဲ့ရထားလေ၏။ ထိုစံချိန်နှင့်ဆို သူက ကလပ်တစ်ခု၏ ထိပ်ဆုံးကစားသမား ဖြစ်နိုင်တာကို မမေ့သင့်ချေ။
လျန်ရွှီကွမ်းက Spade Z သည်  á€Ąá€á€á€şá€Ąá€…ဏးစုတ်စုတ်ပဟတ်ပဟတ်နသငအ် သူ့နောက်ကျောမှာတော့ အခြေခံကျသော စကေးအချို့ကို လုပ်ပြီးသည်နှင့် စျေးဆိုင်က လက်ဆောင်ပေးထားသော ကြေးရောင်ဓားတစ်ချောင်းကို လွယ်ထားတာပဲ တွေ့လိုက်လေသည်။ သူ့မျက်လုံးများက ပိုပြီးတော့ အထင်အမြင်သေးလာပေတော့သည်။
"သူငယ်ချင်း မင်းရဲ့လက်နက်တွေက တကယ့်ကို အရည်အသွေးညံ့တာပဲ မင်းကို တစ်ခါမျက်နှာသာပေးဖို့ လိုအပ်လား"
"မလိုဘူး"
ဖူကျို့က စာရိုက်လိုက်ပြီးတော့ တုတ်ထိုးချိုချဉ်ကို ဝါးစားလိုက်လေသည်။ ထို့နောက် ချောကလက်အရသာတုတ်ထိုးချိုချဉ်ကို အခွံချွတ်လိုက်ကာ ခေါင်းလေး နည်းနည်းစောင်းလိုက်ပြီးတော့ အပြုံးလေးဖြင့် ပြောလိုက်သည်။
"ပရော်ဖက်ရှင်နယ်ကစားသမားတွေက ကစားတဲ့အခါကျရင် ဒီလိုစကားတွေ အများကြီး ပြောတတ်လို့လား"
လျန်ရွှီကွမ်းက  á€žá€°á€ˇá€™á€ťá€€á€şá€œá€Żá€śá€¸á€€á€­á€Ż ကျဉ်းမြောင်းလိုက်ပြီးတော့ 'ဒီကောင်ငါ့သည်းခံနိုင်စွမ်းကို လာစမ်းသပ်နေတာပဲ' ဟု တွေးနေပေ၏။
"ဟမ့် ကောင်းပြီလေ ဒီလိုဆိုရင်စကြတာပေါ့"
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူတိုင်းက လျန်ရွှီကွမ်းမျက်နှာပေါ်က အေးစက်စက်အပြုံးကို တွေ့မြင်နိုင်ပေ၏။
ကျန်းယင်ချောင်နှင့် နျဲ့ရှုက တစ်ဖက်တစ်ချက်စီကနေ အားပေးနေပေသည်။
"ရွှီကွမ်း ဟိုဘက်ကလူက ပရော်ဖက်ရှင်နယ်ကစားသမား မဟုတ်ပါဘူးကွာ သူ့ကို နောင်တလေးရသွားအောင် သင်ခန်းစာလေး နည်းနည်း ပေးလိုက်စမ်းပါ"
"ကောင်းပြီ ငါ့ကို အချိန်ခဏပဲပေး ဒီဟာကို ရှင်းထုတ်ပြီးတာနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအတွက် ဂိမ်းတစ်လှည့် ကစားကြတာပေါ့ကွာ"
လျန်ရွှီကွမ်းက သူ့ head phone ကို ယုံကြည်ချက်အပြည့်ဖြင့် ဝတ်ဆင်လိုက်လေသည်။
သူဟာ battle ဆိုင်ရန် ၁၊ ၂၊ ၃ ရေတွက်သည့် အချိန်ကို စောင့်နေပေ၏။ လျန်ရွှီကွမ်းက ရန်သူဘက်မှ သူ့ကို ပထမဆုံး စမတိုက်လာခင် သူ့ဘက်မှ လက်ဦးမှုရယူရန် ကြံရွယ်ထားတာ ဖြစ်လေသည်။
သည်လို ပုံရိပ်ဟာ တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ပေါ်၌ ကြည့်ကောင်းနေပေသည်။
သို့သော် သူ မထင်ထားတာက လျန်ရွှီကွမ်းက သူမာန်အတက်ရဆုံး စကေးကွက်ကို ထုတ်ပြရန် သူ့ လက်ညှိုးလေးကို လှုပ်ရှားလိုက်ခါစ၌ ဖန်သားပြင်အပြည့်  á€Ąá€œá€„်းတန်းမဝဏး ထွက်လာပြီးတော့ သူ့ HPက ချက်ချင်းလျော့ကျသွားပေတော့သည်။ လျန်ရွှီကွမ်းက သူ မသေခင်လေး၌ သူ့ရန်သူ၏ လှုပ်ရှားမှုကိုတောင် မမြင်လိုက်ရပေ။
အင်တာနက်ဆိုင်မှာတော့ ဖူကျို့က သူမ၏ မောက်စ်ကို အသုံးပြုပြီးတော့ ကီးဘုတ်ကို  á€á€–ဟ္ဏက်ဖဟ္ဏက်မဟည်ဥ္ဏင် ရိုက်ကာ တိကျလျင်မြန်သော လှုပ်ရှားမှုဖြင့် ကစားကွက်ကို ထုတ်လိုက်လေသည်။ တစ်ဖက်လူဟာ သူမနောက်ထပ် စကေးတစ်ခု ထပ်အသုံးပြုခွင့်မရအောင် လုံးဝ သေဆုံးသွားခဲ့ပြီးဖြစ်လေသည်။
လျန်ရွှီကွမ်းက ထိုတိုက်ခိုက်မှုကို ကာကွယ်ရန် အခွင့်အရေးတောင် မရလိုက်ရှာပေ။ ထို့နောက် စာလုံးအကြီးကြီးနှစ်လုံးက ဖန်သားပြင်ပေါ်မှာ ပေါ်လာလေသည်။
"K.O"
.......
K.O ဆိုတာကကိုယ့်ရဲ့ ပြိုင်ဘက်ကို အလဲထိုးနိုင်တာကိုပြောတာပါ
တစ်နည်းအားဖြင့် ကိုယ့်ရဲ့ပြိုင်ဘက်ကို အပြတ်အသတ်အနိုင်ရသွားတာပေါ့နော်။
……….
အပိုင်း (၉၂) သခင်ကျို့ : အမှန်ပဲ ၊ ငါလေး နင့်ကို တစ်ချက်တည်းနဲ့သတ်ဖို့ လာနေပြီ
သူ ရှုံးသွားတာလား။
ဖန်တွေအားလုံးရဲ့ရှေ့မှာ သူရှုံးသွားတာတဲ့လား။
လျန်ရွှီကွမ်းမှာ ရှော့ခ်ရသွားကာ အေးခဲသွားတော့တယ်။ ဒါကို တစ်နိုင်ငံလုံး နေရာလပ်မကျန် ထုတ်လွှင့် ပြသနေတာလေ။
အချိန် ဘယ်လောက်ကြာသွားလဲ
ဆယ်စက္ကန့်လား
စက္ကန့်နှစ်ဆယ်လား
ဒါက စက္ကန့်သုံးဆယ်တောင်မကြာလိုက်တာ အသေအချာပဲ၊ ပြီးတော့ အဖြေကဘာတဲ့လဲ။
တစ်စုံတစ်ယောက်ကို ပညာပေးမယ်လို့ ဟောင်ဖွာဖွာနဲ့ ပြောနေတဲ့ လျန်ရွှီကွမ်းက တစ်ချက်ထဲနဲ့ ကိုယ်တိုင်ပြန်ခံလိုက်ရတော့တယ်။
လိုက်ဖ်မှတဆင့် ကြည့်နေကြသော ပရိသတ်အားလုံးကိုလည်း မှင်တက်အံ့ဩသွားစေတော့သည်။
အင်တာနက်ဆိုင်မှ ကစားသမားများသည် ဂိမ်းကစားနေသည်ကို ရပ်လိုက်ကြကာ မတ်တပ်ရပ်လျက် ဖန်သားပြင်ကြီးပေါ်က လိုက်ဖ်လွှင့်နေသည်ကို ကြည့်လိုက်ကြလေသည်။ သူတို့သည် စိတ်အားထက်သန်စွာ အွန်လိုင်းပေါ်တွင် ဆွေးနွေးနေကြရာ ထို အားပြင်းသောမြင်ကွင်းသည် အထိန်းအကွပ် မဲ့သွားတော့သည်။
“အဲဒါ ဘယ်သူလဲ၊ မိုက်တယ် ၊ အရမ်းမိုက်တယ်ကွာ”
“ ခဏနေအုံး၊ ဝေဖန်ချက်ပေးတဲ့ ဆက်တင်ပွင့်သွားပြီဟ၊ ဘယ်သူလဲ မေးကြပါအုံး”
“ နိုင်ငံ့လက်ရွေးစင်အသင်းက တစ်ယောက်ယောက်ပဲနေမှာ”
“ လုံးဝမဟုတ်ဘူး ၊ ငါ အဲဒီကစားသမားကို ရင်းနှီးနေတယ်လို့.... သေစမ်း ၊ ငါ မှတ်မိပြီ၊ Spade Z ၊ အဲဒါ ဇုန် စီ ထဲမှာ FC ( first clear) အားလုံးကို သိမ်းကျုံးသွားတဲ့ Spade Z ပဲဟ”
ငါ့အထင်တော့ Spade Zက သူ့ ပရိုဖိုင်ကို တမင်ဖုံးကွယ်ထားတာ ဖြစ်မယ်...”
“ မင်းသိလား ၊ ငါလဲ အဲလိုပဲထင်တာပဲ၊ ဟ ဟ ၊ ငါ့ရဲ့ လေးစားရတဲ့ Spade Zလေးက တကယ့်ကို ဉာဏ်များတာပဲ၊ နိုင်ငံ့အဆင့်ကစားသမားတွေထဲက ဘုရင်သစ်လေး ဆိုတဲ့ကောင်က ငါ့ရဲ့ ကြီးမြတ်လှတဲ့ Spade Z ရဲ့ ရှေ့မှာတော့ အရမ်းကို အားနည်းချိနဲ့နေပါ့လား ၊ သူက သူ့ဟာသူ သိပ်အထင်ကြီးပြီး Spade Zကို အကြော ပေးမယ်လို့ ပြောပြီးတော့ နောက်ဆုံးကျတော့ သူ့ရဲ့ဘယ်စကေးကမှ တစ်ချက်လေးတောင် မထိနိုင်ခဲ့ဘူး.... ရှက်စရာကောင်းလောက်အောင် ပါးချခံလိုက်ရတာပဲ”
အင်တာနက်ဆိုင်ပိုင်ရှင်သည် လာကစားသော သူများလောက် အသက်မငယ်ချေ။ သူသည် ဂိမ်းကစားရသည်ကို နှစ်သက်သော်လည်း ဂိမ်းကြယ်ပွင့်များနောက် လိုက်လေ့မရှိချေ။ သူ့ဖောက်သည် မှာထားသော ကိုလာဘူး တစ်ဘူးကို ကိုင်ကာလျှောက်လာရင်း သူသည် ကွန်ပျူတာဖန်သားပြင်ပေါ်က ငွေရောင်ဆံပင်နှင့် ကောင်လေးကို တစ်ချက်အကြည့်တွင် ရှောခ့်ရသွားတော့သည်။
ဟီးရိုးဂိမ်းကို ကောင်းကောင်းမကစားတတ်ပါဟု ပြောခဲ့သော ထိုလူငယ်လေးသည် သူ့ခေါင်းတွင် အနက်ရောင် နားကြပ်ကို တပ်ထားပြီး ပါးစပ်ထဲတွင် တုတ်ထိုးချိုချဥ်တစ်ခုကို ငုံထား၏။ ထိုလှပသောပုံရိပ်သည် ကာတွန်း တစ်ခုမှ ရုတ်တရက်ခုန်ထွက်လာသည်နှင့် တူနေတော့သည်။ သူသည် ဂိမ်းထဲတွင် တစ်စုံတစ်ယောက်နှင့် တစ်ယောက်ချင်း ယှဥ်ပြိုင်နေသည်။ သူ့မောက်စ့်၏ လှုပ်ရှားမှုတစ်ချက်တွင် စိတ်လှုပ်ရှားစရာကောင်းပြီး လှလှပပကစားနေပုံမှာ ရုတ်ခြည်း ရပ်တန့်သွားပြီး စခရင်တစ်ခုလုံးကို မျက်စိကျိမ်းလောက်သည့် ငွေရောင် အောင်မြင်မှုက လွှမ်းမိုးသွားလေသည်။
သူသည် အရည်အချင်းမရှိသော ကစားသမားအသစ်နှင့် လုံးဝမတူဘဲ ဆရာ့ ဆရာကြီးတစ်ယောက်နှင့်သာ တူနေတော့သည်။
ပိုင်ရှင်သည် လှည့်ထွက်လာပြီး ပို၍ ရှင်းရှင်းလင်းလင်း သိချင်လာမိတော့သည်။ သူသည် စခရင်ပေါ်က သူ့ဇာတ်ကောင်ကို နီးနီးကပ်ကပ် မြင်လိုက်ရသည့်အခါ သူ့မျက်လုံးများသည် အကြီးအကျယ် မှုန်ကုပ် သွားလေသည်။
“Spade…. Spade Z တဲ့လား”
ဖူကျို့သည် ထိုလက်ရည်ပြိုင်ပွဲ ပြီးသွားသည်နှင့် သူမ၏ စူးရှပြတ်သားသောမျက်လုံးများဖြင့် လှည့်ကြည့်လိုက်၏။ တုတ်ထိုးချိုချဥ်သည် သူမ၏နှုတ်ခမ်းများအကြားတွင် လှုပ်လီလှုပ်လဲ့ဖြစ်နေကာ သူမသည် ပိုင်ရှင်ကို ‘ရှူး တိုးတိုး’ ဟူသည့် လက်အမူအရာကို လုပ်ပြလိုက်သည်။
ပိုင်ရှင်သည် အမှန်ပင် ရှောခ့်ရသွားလေသည်။သူသည် ထိုလူငယ်၏မျက်နှာကို ကြည့်ရုံဖြင့် ကျား မ မခွဲနိုင်ဖြစ်နေပြီး အင်တာနက်ဆိုင်၏ နံရံပေါ်က လက်မ နှစ်ရာ  LEDစခရင်ကို ကြည့်နေမိလေသည်။ အခုလေးတင်မြင်လိုက်ရသော မြင်ကွင်းသည် စခရင်ပေါ်တွင် ပြသနေဆဲနေဖြစ်ပြီး  á€…á€­á€á€şá€œá€žá€Żá€•á€şá€›á€žá€Źá€¸á€–á€˝á€šá€ş အားပေးသံများသည် အင်တာနက်ဆိုင်၏ ထောင့်တိုင်းတွင် ပြည့်သွားလေသည်။ ထိုအခိုက်အတန့်တွင် ဂိမ်းကိုချစ်ကြသူတိုင်း Spade Zကို ကြွေသွားကြတော့သည်။
ထို ပြင်းထန်သောရိုက်ချက်နှင့်အတူ လှပစွာမွှေနှောက်သွားသော လှုပ်ရှားမှု အားလုံးကြောင့် တိုက်ကွက်တစ်ခုသည် အထူး အံ့ဩဖွယ်ဖြစ်သွားပြီး ရန်သူကို အလဲထိုးလိုက်လေသည်။
သို့ရာတွင် နိုင်ငံလက်ရွေးစင်အသင်းက ခေါ်ယူထားသော အရည်အချင်းစစ်ကို ဖုံးကွယ်ထားသော ဤနတ်ဘုရားအဆင့် ကစားသမားသည် သူ့အင်တာနက်ဆိုင်တွင် တစ်နာရီ ငါးယွမ်သာ ပေးရသည့် မော်ဒန်နိမ့်ကွန်ပျူတာကို သုံးကာ ဂိမ်းကစားနေခဲ့လေသည်။
သူသည် ထိုလူငယ်လေးကို သာမန်ဂိမ်းများသာ ဆော့တတ်သော အထက်တန်းကျောင်းက ကလေးတစ်ယောက်ပမာ ဆက်ဆံခဲ့သည်။
ဘယ်သူထင်ထားမှာလဲနော်.....
စိတ်လှုပ်ရှားခြင်း၊ ထိတ်လန့်ခြင်းနှင့် နောင်တတရားတို့သည် သူ့ရင်ဘတ်ထဲတွင် ပြည့်ကျပ်နေတော့သည်။
နောက်ဆုံးတွင် ပိုင်ရှင်သည် သူ့ရင်ဘတ်ကို အုပ်ထားလိုက်ကာ ပြောလိုက်တော့သည်။
“ စိတ်ငြိမ်သွားအောင် ရေအေးလေးတစ်ခွက် သောက်ဖို့လိုနေပြီ”
ဖူကျို့သည် သူ့ကို ပြုံးပြပြီး လှည့်ထွက်သွားလေသည်။ သူမသည် စခရင်ကို ကြည့်လိုက်ပြီး စာတစ်စောင်ကို ပုံမှန်အတိုင်း ဖြည်းညင်းစွာ ရိုက်လိုက်သည်။
“ ငါလေးက နင့်ကို ရှင်းပစ်ဖို့ ထိပ်တန်းအဆင့် လက်နက်တောင် မတပ်ထားတာတောင် ငါ့ရဲ့ နည်းဗျူဟာတွေနဲ့ပဲ နင့်ကို တစ်ချက်ထဲနဲ့ သတ်နိုင်ပါသေးတယ်နော်”
...
အပိုင်း (၉၃) ငါ့ညီလေးကို အနိုင်ကျင့်ချင်တယ်ပေါ့
ထိုအထက်စီးဆန်သောစာကြောင်းက စခရင်တစ်ခုလုံးအား ဖုံးလွှမ်းသွားလေတော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုလုပ်သည့်နေရာ၌ မှတ်ချက်များနှင့် ကစားသမားများ၏ ဆွေးနွေးမှုများက ပလူပျံနေပေတော့သည်။ သူတို့က Spade Z ၏ ခပ်မိုက်မိုက်အပြောတွေအောက်မှာ ကြွေဆင်းကုန်ကြတာဖြစ်လေသည်။
ငါလေး မင်းကို လက်နက်အကူအညီမပါဘဲ တစ်ချက်တည်းပွဲသိမ်းနိုင်တယ်။
လျန်ရွှီကွမ်းက ထိုစာကို မြင်လိုက်သည်နှင့် သူ့မျက်နှာဖြူဖြူလေးဟာ ဒေါသကြောင့်နီရဲလာလေ၏။
သူ့လက်ချောင်းများက မောက်စ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။ တကယ်လို့ ဒီနေရာသာ တိုက်ရိုက်ထုတ်လွှင့်မှု လုပ်တဲ့နေရာမဟုတ်ဘူးဆိုရင် သူသေချာပေါက် အော်ဆဲမိမှာအမှန်ပဲ။
ဒီကောင်က သေချာပေါက် ငါ့ကို စောက်ရှက်ခွဲဖို့လာတာပဲ။ ပြီးတော့ သူ့ရဲ့အောင်မြင်မှုမှတ်တမ်းတွေကိုလည်း ဖုံးထားလိုက်သေးတယ်။ ဒီကောင် ရည်ရွယ်ချက်ရှိရှိ လုပ်တာပဲဖြစ်ရမယ်။
အစီအစဥ်တင်ဆက်သူဟာ ဘာတွေဖြစ်နေလဲဆိုတာကို သတိထားမိလိုက်ပြီးတော့ လျန်ရွှီကွမ်းဘက်မှနေ၍ “တိုက်ရိုက်ထုတ်လွှင့်မှုတွေမှာက အင်တာနက်လိုင်းအတက်အကျတွေဆိုတာ ရှိတတ်တာပဲရှင်၊ ဒီဟာက ကျွန်မတို့ရဲ့ စိန်ခေါ်သူဖန်လေးအတွက် ကျေနပ်စရာပဲပေါ့၊ မထင်ထားခဲ့မိတဲ့ ရလဒ်လေးပါလား ဒါပေမဲ့ ကျွန်မတို့ရဲ့ကြီးမြတ်လှတဲ့ရွှီကွမ်းရဲ့ စိတ်နေစိတ်ထားလေးကိုလည်း မေ့ပစ်လို့ မရပါဘူးနော်၊ သူကဘယ်လောက်တောင် စိတ်ထားကောင်းလိုက်လဲ သူ့ရဲ့ဖန်တွေကို အမြဲတမ်းတွေးပေးပြီးတော့ သက်သက်အရှုံးခံလိုက်တာကိုပဲကြည့်လိုက်ပါရှင် သူ့လိုစိတ်ထားကောင်းတဲ့ ပြိုင်ပွဲဝင်လေးတစ်ယောက်က ရှင်တို့ဆီက အချစ်တွေရဖို့ မထိုက်တန်ဘူးလား ပရိသတ်များရှင့်"
သူမပြောတာကိုကြည့်ခြင်းအားဖြင့် လူတွေဟာ ဒီအစီအစဥ်တင်ဆက်သူက အွန်လိုင်းဂိမ်းအကြောင်း လုံးဝ နားမလည်ပါလားလို့ အတပ်ပြောနိုင်ပေ၏။
ဒီ battleက အင်တာနက်လိုင်း အတက်အကျနဲ့မဆိုင်ဘူးလေ ငတုံးမရဲ့။
လျန်ရွှီကွမ်းက Spade Zကို မနိုင်မှန်းအသိသာကြီးဟ!
အမှန်က သူဒီလို ပက်ပက်စက်စက်ရှုံးတာက သူ့မှာ ပြန်တိုက်ဖို့အစွမ်းအစနဲ့အင်အားမရှိလို့ကွဲ့ အသဲလေး ငတုံးမရဲ့!
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသည့် ဂိမ်းကစားသမားများက ထိုအစီအစဥ်တင်ဆက်သူ၏ စကားကို ကြားပြီးသည်နှင့် မှတ်ချက်အတွဲလိုက်ကြီး ရေးကာ အပြစ်တင်ဝေဖန်ကြလေတော့သည်။
"သောက်ကျိုးနည်း ဒီအစီအစဥ်တင်ဆက်သူက Spade Zကို သနားလို့ အနိုင်ပေးလိုက်တယ်လို့ ပြောနေတာလား... အခု... သောက်ကျိုးနည်းလွန်းနေပြီ ဒီတစ်ယောက် လုပ်ငန်းအတွေ့အကြုံကော ရှိရဲ့လား၊ အရှက်မရှိလိုက်တာ!"
"ကြည့်ရတာ ဒီကောင်မ လာဘ်စားထားတယ်ထင်တယ်"
"အားး စိတ်ပျက်လိုက်တာ ဒီလို တိုက်ရိုက်ထုတ်လွှင့်မှုမျိုး ထပ်မကြည့်နိုင်တော့ဘူး ဒီကောင်က ဘယ်လိုကစားသမားမျိုးလဲဟ ရှုံးတာကရှုံးတာပဲပေါ့ ဟိုသောက်ကောင်မကိုများ ဝင်ရှင်းခိုင်းနေလိုက်သေးတယ်"
အစီအစဥ်တင်ဆက်သူက လူထု၏ မြားဦးက သူမဘက်သို့လှည့်လာပြီမှန်း သိလိုက်သည်နှင့် ဒါရိုက်တာကို လက်အမူအရာဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်ရန် အချက်ပြလေသည်။
သည်တစ်ကြိမ်မှာတော့ ဒါရိုက်တာ၏ တုံ့ပြန်မှုက လုံးဝကိုခြားနားသွားလေတော့၏။
ဒါရိုက်တာက စာလုံးအကြီးကြီးဖြင့်ရေးထားသည့် ပိုစတာကို ထောင်ပြလိုက်လေသည်။
"အခု Spade Zနဲ့အင်တာဗျူးမယ်!!"
ဤကဲ့သို့ စိတ်အားထက်သန်နေသော ဆွေးနွေးမှုကြောင့် သူတို့က ထိုကိစ္စကို ဘယ်နည်းနှင့်မှ ရပ်တန့်မှာ မဟုတ်ချေ။
သို့သော် အစီအစဥ်တင်ဆက်သူဟာ Threeဆီမှ ပိုက်ဆံ ယူထားခဲ့တာ ဖြစ်သည်။ ဒီလိုအခြေအနေကိုရောက်လာတော့ သူမဟာ ဘေးကျပ်နံကျပ်ဖြစ်နေပေတော့၏။
“သူ့အတွက်ဆော့ပေးဖို့ လူတစ်ယောက်ငှားထားတာလား ဒါမှမဟုတ် သူ့မှာ လိမ်ဆင်တွေရှိနေလား ဆိုတာကို ဘယ်သူက သိနိုင်မှာလဲ"
လျန်ရွှီကွမ်းဟာ အေးစက်စက်လေသံဖြင့် ပြောလေသည်။
"ငါတို့ဒီမှာ live streamingလုပ်တယ်ဆိုတာကို သူလည်းသိသားပဲ ဒီလ်ု 1 by 1 battle ကို စိန်ခေါ်တယ်ဆိုကတည်းက သူနာမည်ကြီးချင်လို့ဆိုတာ ပေါ်လွင်နေတာပဲ အကြံကောင်းပဲလို့ ငါပြောချင်တယ် ဟမ့်!"
အစီအစဥ်တင်ဆက်သူဟာ အံ့သြသွားသလိုဟန်ဆောင်ကာ
"လိမ်တာတဲ့လား ပြောတာအဓိပ္ပာယ်ရှိတယ်နော် ကျွန်မလည်း Spade Zအကြောင်းကြားဖူးပါတယ် သူက ဇုန်စီတစ်ခုလုံးကို ရှင်းပစ်လိုက်တာဆို၊ ပြီးတော့ သူက အိုင်ဒီအသစ်တစ်ခုကိုသုံးနေတာတဲ့ ပုံမှန်ဆိုရင် အသစ်တစ်ယောက်က ဘယ်လိုလုပ် ပထမဆုံးရှင်းလင်းနိုင်သူဘွဲ့ရမှာလဲ သူ့ကိုကြည့်ရတာ လိမ်လည်ပြီးကစားနေတာနဲ့တူတယ်နော်"
ချင်မော့က သူ့အတွက်ဝိုင်ထည့်နေစဉ် ထိုစကားကို မြင်လိုက်ရလေတော့ ဝိုင်ပုလင်းအဖုံးကို ပြန်တောင် မပိတ်ရသေးချေ။
ထိုနက်မှောင်သော မျက်ဝန်းများက ချက်ချင်းအေးစက်သွားလေတော့သည်။
ငါ့ညီလေးက ငါ့အတွက်ပဲ စည်းကမ်းလိုက်နာရမယ်။
 
တခြားသူတွေဟာ ဒီလိုလုပ်ဖို့ အခွင့်အရေးဘယ်တုန်းက ရှိသွားတာလဲ။
ငါ့ညီလေးရဲ့ လက်အမြန်နှုန်းကို ငါအသိဆုံး။
လိမ်တယ်လား။
မင်းကိုယ်မင်း ဘယ်သူ့ကိုစော်ကားနေတယ်လို့ ထင်တာလဲ။
ငါ့ညီလေးက မင်းလိုစောက်သုံးမကျတဲ့ခွေးသားလို့ ထင်နေတာလား။
ချင်မော့က ဝိုင်နီအနည်းငယ်ကို သောက်လိုက်ပြီးတော့ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်လေသည်။ ထို့နောက် သူက ကီးဘုတ်ပေါ်၌ အထာကျစွာစာရိုက်လိုက်လေသည်။
"မင်းတို့အားလုံးက မသင်္ကာဖြစ်နေမှတော့ လက်နက်အကူအညီမပါဘဲ ဘာလို့ ငါ့ကိုသူနဲ့ပေးမတိုက်တာလဲ!"
ချင်မော့က ထိုစာကြောင်းကို အေးစက်စွာ ရိုက်လိုက်လေသည်။
ချင်မော့က တိုက်ရိုက်ထုတ်လွှင့်မှု၌ တစ်စက္ကန့်စာမျှ ငြိမ်သက်သွားခြင်းကို ဖန်တီးလိုက်သကဲ့သို့ ဖြစ်သွားပေ၏။
ဖူကျို့တောင်မှ ဒီလိုငြိမ်သက်သွားတာကို ခံစားလိုက်ရလေ၏။ သူမဟာ လူတိုင်းဝင်မန့်လို့ရအောင် cmt boxကို ဖွင့်ပေးထားခဲ့ပြီးဖြစ်လေသည်။ သို့သော် ယခုအချိန်၌ ဘယ်သူကမှ စကားမပြောရဲတာကြောင့် ကမ္ဘာကြီးတစ်ခုလုံးဟာ တိတ်ဆိတ်မှုအတွင်သို့ ဝင်ရောက်သွားသလို ခံစားလိုက်ရလေသည်။
ထို့နောက်.. လေပွေပမာ ဆွေးနွေးချက်များနှင့် မုန်တိုင်းနှယ် မှတ်ချက်များက ရောက်ရှိလာပြီးတော့ စခရင် တစ်ခုလုံးကို တိုက်စားသွားလေတော့သည်။
..........
အပိုင်း (၉၄) သခင်လေးချင်ထွက်ပေါ်လာခြင်း
"ကြီးမြတ်လှတဲ့သခင်လေးချင် ကြီးမြတ်လှတဲ့သခင်လေးချင်"
"သူက တကယ့်ကို ကြီးမြတ်လှတဲ့သခင်လေးချင်ပဲ"
"ကြီးမြတ်လှတဲ့သခင်လေးချင်ဆီက စိန်ခေါ်စာ သောက်ကျိုးနည်း ငါ အိပ်မက်မက်နေတာဖြစ်ရမယ် ငါ့ရဲ့မျက်လုံးနှစ်လုံးနဲ့ ကြီးမြတ်လှတဲ့သခင်လေးချင်က တိုက်ရိုက်ထုတ်လွှင့်မှုမှာ ဂိမ်းကစားတော့မှာကို မြင်နေရတယ်၊ ကြီးမြတ်လှတဲ့သခင်လေးချင်ရဲ့လက်ချောင်းလေးတွေကိုတွေ့ချင်တယ်"
ဖူကျို့ရှိနေသည့် အင်တာနက်ဆိုင်ကလည်း ပွက်လောရိုက်နေပေတော့၏။ ဖန်သားပေါ်မှာ ပေါ်နေသည့် ချင်မော့၏စာကို ကြည့်ပြီးသည်နှင့် ကစားသမားအားလုံက ကြက်သေသေသွားပေတော့သည်။
ပြီးသည်နှင့် သူတို့အားလုံးက စိတ်လှုပ်ရှားစွာ အော်ဟစ်ကြတော့သည်။
အင်တာနက်ဆိုင်တစ်ဆိုင်လုံးက နှစ်သစ်ကူးပွဲ ကျင်းပနေသည့်ပမာ ပွက်ပွက်ညံနေပေတော့သည်။ ဖူကျို့က သူမ၏ ကွန်ပျူတာအရှေ့မှာ ထိုင်နေသည့် တစ်ဦးတည်းသောသူ ဖြစ်လေသည်။ ကျန်သည့်ထိုင်ခုံအားလုံးက လွတ်နေပေ၏။ လူတိုင်းက သူတို့၏ မျက်လုံးများဖြင့် စခရင်ကို ပေါက်ထွက်လုမတတ် ကြည့်နေကြပြီးတော့ အော်ဟစ်ကာ အသံကျယ်ပေးရန် တောင်းဆိုနေကြပေသည်။
ချင်မော့!
ချင်မော့!
ချင်မော့!
ထိုနာမည်ကို ကြည့်လိုက်သည်နှင့် လူတိုင်း၏ သွေးများ တအားပွက်ပွက်ဆူလာစေနိုင်ပေ၏။
ကြီးမြတ်လှတဲ့သခင်လေးချင်က တစ်နှစ်မှာတစ်ကြိမ်ပဲ တိုက်ရိုက်ထုတ်လွှင့်မှုနေရာမှာပေါ်လာတာလေ!
ဒါပေမဲ့ ဒီနေ့တော့ သူက ဒီမှာရှိနေတယ်ဟ!!!!!!!
တခြားလူတွေက ကြည့်ရုံသာကြည့်နေကြသော်ငြား အကြောက်ဆုံးဖြစ်နေသူက လျန်ရွှီကွမ်းပင် ဖြစ်လေသည်။
ကြီးမြတ်လှတဲ့သခင်လေးချင်က သူ့ကိုစိန်ခေါ်ဖို့အတွက်စာပို့လိုက်တယ်တဲ့လား။
ငါကဘယ်လိုလုပ် ကြီးမြတ်လှတဲ့သခင်လေးချင်နဲ့ယှဉ်ပြိုင်နိုင်မှာလဲ။
ငါ့ကို သေလမ်းပို့နေတာနဲ့ တူတူပဲမဟုတ်ဘူးလားဟ။
အစီအစဉ်တင်ဆက်သူက ထိုနာမည်ကိုမြင်လိုက်သည်နှင့် ကြောင်သွားပြီးတော့ စိတ်ထဲ၌ ပရိသတ်တစ်ယောက်ပမာ တအားအား အော်ဟစ်ချင်နေပေသည်။
သူမဟာ မည်သည့် အွန်လိုင်းဂိမ်းကိုမှ မကစားဖူးသော်ငြား ကျန်းမြို့မှာတော့ မိန်းမတိုင်းဟာ သူတို့ကိုယ်သူတို့ သခင်လေးချင်ဆီသို့ ဆက်သချင်ကြပေ၏။
အစီအစဉ်တင်ဆက်သူက လုံးဝကို စိတ်ပျံ့လွင့်နေပြီဖြစ်သည်။ သူမက သခင်လေးချင်နဲ့ဘယ်လိုအီရမလဲဆိုတာကိုပဲ စဉ်းစားနေပေတော့သည်။ ဒါရိုက်တာဟာ သည်းမခံနိုင်သည့်အဆုံး စင်ပေါ်သို့ လျှောက်သွားလိုက်ပေ၏။ ထို့နောက် သူဟာ အစီအစဉ်တင်ဆက်သူကို တွန်းဖယ်၍ မိုက်ယူလိုက်သည်။
"ကျွန်တော်ထင်တာကတော့ အခုချက်ချင်းဆိုရင် ပိုကောင်းမယ်လို့ပေါ့ဗျာ ပရိသတ်ကြီးကလည်း ကျွန်တော်ခံစားရသလို ခံစားရလိမ့်မယ်လို့ ထင်တယ်ဗျ ခင်ဗျားတို့အားလုံး ကြီးမြတ်လှတဲ့သခင်လေးချင် ဂိမ်းကစားတာကို မြင်ချင်နေကြပြီမလား ဟုတ်တယ်ဟုတ်!"
ဒါရိုက်တာက လူတိုင်း၏ ဆန္ဒကို ထုတ်ပြောလိုက်တာကြောင့် ယခုတော့ သူတို့ဟာ လျန်ရွှီကွမ်းကို လုံးဝဂရုမစိုက်ကြတော့ပေ။ သူတို့ဟာ ကြီးမြတ်လှသည့်သခင်လေးချင်က သူ့ကင်မရာကို ဖွင့်ပြီးရုပ်ကလေးပြပါလို့သာ ဆုတောင်းနေကြပေတော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်သူအရေအတွက်က ဆယ်သန်းနီးနီးအထိ တစ်ဟုန်ထိုး တိုးတက်လာခဲ့တာဖြစ်လေသည်။ မီဒီယာများက သူတို့အကောင့်များကို လော့ဂ်အင် ဝင်လိုက်ကြကာ လာကြည့်ကြလေသည်။ အခြားမန်နေဂျာတွေဟာ သူတို့၏ ကစားသမားများကို ဖုန်းဆက်ခေါ်လိုက်ကြသည်။
"တိုက်ရိုက်ထုတ်လွှင့်မှုဆီလာကြ ချင်မော့က တစ်ယောက်ချင်း ချတော့မလို့ လာကြည့်ကြပါဟ!"
ကြည့်ဖို့နှင့်စာလျှင် မန်နေဂျာများက သူတို့၏ ကစားသမားများကို ချင်မော့ဆီကနေ သင်ယူခိုင်းစေချင်တာဖြစ်လေ၏။
ကြီးမြတ်လှသော သခင်လေးချင်က ပြိုင်ပွဲတွေမှာ အသင်းတစ်သင်းကိုသာ ဦးဆောင်ပြီး တိုက်ခိုက်တာ ဖြစ်လေသည်။ သူဟာ ဘယ်တော့မှ တစ်ယောက်ချင်း ယှဉ်ချလေ့ မရှိပေ။
ဒီဟာက လနှစ်ကြိမ်ထွက်တဲ့အချိန်မှာ ရတဲ့အခွင့်အရေးလိုပဲ ရှားပါးလေသည်။
တစ်ချိန်တည်းမှာ ဖုန်းရီဟာ ရင်းနှီမြှုပ်နှံသူတစ်ယောက်နှင့် ဆွေးနွေးနေစဉ် ထိုသတင်းကို ကြားသိရတာဖြစ်လေသည်။
သူက ဝိုင်ခွက်ကို ချလိုက်ပြီးတော့ တစ်ဖက်လူကို ကြည့်လိုက်သည်။
"ခင်ဗျားရဲ့ဖုန်းမှာ XX တိုက်ရိုက်ထုတ်လွှင့်မှုapp ရှိသလား"
ကြီးမြတ်လှတဲ့သခင်လေးချင်ရေ ငါ့ရဲ့ဘိုးတော်လေးရေ မင်းရဲ့ထောက်ခံချက်လစဉ်ကြေးက ဘယ်လောက်လဲသိလား ဒီလိုမျိုး မပြောမဆို တိုက်ရိုက်ထုတ်လွှင့်မှုနေရာမှာ အလကား ထွက်ပြစရာလားဟ။
အတွင်းရေးမှူးလျန်က သူ့စီအီးအို၏ မျက်နှာကို မကြည့်ရဲချေ။
အရိုးသားဆုံးပြောရရင် ဘယ်သူက ကိုယ့်ညီအရင်းမဟုတ်တဲ့သူအတွက် ဒီလိုလုပ်ပေးမှာလဲပြော ငါတို့သခင်လေးက သမိုင်းတွင်မဲ့ ပထမဆုံးလူစားပဲ ဒီဟာက အတော်လေးကို အပိုလုပ်လွန်းပြီး သည်းသည်းလှုပ်လွန်းပါတယ်ကွာ...!
မဟုတ်သေးဘူး ငါဒီကိစ္စနှစ်ခုကို ရောထွေးပစ်လိုက်လို့မရဘူးလေ။
စီအီးအိုက ယောက်ျားစစ်စစ်။
သူတစ်ယောက်တည်း ကြီးပြင်းလာရတာ များတယ်လေ အခုတော့ ညီလေးတစ်ယောက် ကောက်ရပြန်တော့ ညီလေးနဲ့ ပတ်သက်ပြီး နည်းနည်းရူးနေတာဖြစ်မှာပါ။
ဟုတ်တယ်။ သူက ညီရူး ရူးနေတာနေမှာ။
ချင်မော့က သူဘာပြဿနာဖန်တီးလိုက်လဲဆိုတာကို ဂရုမစိုက်ဘူး။ သူက အထက်စီးဆန်ပြီးတော့ မာနကြီးတဲ့နေရာမှာ နာမည်ကြီးပြီးသားလေ။
သူဟာ လျန်ရွှီကွမ်းကို စာတစ်ကြောင်း ပို့လိုက်လေသည်။
"လုပ်မှာလား မလုပ်ဘူးလား"
ပုဒ်ဖြတ်ပုဒ်ရပ်လေးတောင်မပါဘဲ သူ့အသံက လူတွေကို အေးခဲပြီးသေစေနိုင်လောက်သည်အထိကို အေးစက်လွန်းလှပေသည်။
လျန်ရွှီကွမ်းက ကွန်ပျူတာရှေ့မှာ ထိုင်နေတာဖြစ်သည်။ အသံလွှင့်သည့်နေရာ၌ အပူပေးစက်များကို ဖွင့်ထားသော်ငြား ကြောက်ရွံ့မှုကြောင့် သူ့လက်ချောင်းများက အေးစက်ကာ တုန်လှုပ်နေပေတော့သည်။
ငါ့ရဲ့ပွဲဦးထွက်မှာတင် ကြီးမြတ်လှတဲ့သခင်လေးချင်နဲ့ ယှဉ်ပြိုင်ရမယ်ဆိုရင် ဒါကသေချာပေါက် တစ်ဖက်သတ် ညှဉ်းပန်းတာပဲ။ ဒီလိုဆိုရင် လူတိုင်းက ငါဘယ်လောက် အားနည်းပြီး အသုံးမကျလဲဆိုတာကိုပဲ မှတ်မိနေတော့မှာ၊ ပြီးတော့ ငါ့ကိုလည်းဘယ်သူမှကြိုက်တော့မှာမဟုတ်ဘူး။
ငါ ဒီbattleကို တိုက်လို့မရဘူး။
.....................
အပိုင်း (၉၅) သခင်ကျို့ က ထုတ်ပြောလိုက်တယ်
လျန်ရွှီကွမ်းသည် ဣန္ဒြေမဆယ်နိုင်လောက်အောင် လှည့်ထွက်လာချင်သော်လည်း ဒါရိုက်တာက သူ့ပုခုံးကို ဖိထားသည်။
“ တကယ်တော့ သူက ကစားနေတာပဲလေ၊ ရွှီကွမ်း၊ ကြီးမြတ်လှတဲ့သခင်လေးချင်ဆီက သင်ပြမှုခံယူရတာ မင်း အတွက်လဲ ဂုဏ်ယူစရာပဲလေ”
ဘာ ဂုဏ်ယူစရာလဲ
ဒါက ဘယ်လိုလုပ်ပြီး ဂုဏ်ယူစရာတစ်ခု ဖြစ်မှာလဲ
သူသာ ကြီးမြတ်လှသည့်သခင်လေးချင်နှင့် အမှန်တကယ် ကစားခွင့်ရခဲ့လျှင် သူ၏ အသက်မွေးဝမ်းကျောင်း အလုပ်သည် ဒီလို’ငပျော့ကောင်’ ၏ ဖျက်ဆီးခြင်းခံရလိမ့်မည် မဟုတ်ပေ။
“ဒါရိုက်တာ လီ ၊ ကျွန်တော်.....”
လျန်ရွှီကွမ်းသည် တစ်စုံတစ်ခုကို ပြောချင်နေသည်။
ဒါရိုက်တာသည် သူ့စကားကို ဖြတ်လိုက်ပြီး သူ့နားထဲသို့  á€”á€žá€…á€şá€€á€­á€Żá€šá€şá€€á€źá€Źá€¸á€›á€Żá€śá€œá€ąá€Źá€€á€şá€Ąá€”á€ąá€Ąá€‘á€Źá€¸á€–á€źá€„á€şá€ˇ တစ်စုံတစ်ခုကို ပြောလိုက်၏။
“ မင်း ဒီတစ်ကြိမ်မှာ မကစားဘူးဆိုရင် နောက်ပိုင်း ဘယ်ဂိမ်းကိုမှ ကစားရဖို့ ထပ်မစဥ်းနဲ့တော့”
သူ့ခြိမ်းခြောက်မှု၏ ရည်ရွယ်ချက်မှာ သိသာလှပေသည်။
အွန်လိုင်းပလက်ဖောင်းလုပ်ငန်းသည် ၎င်းကို အသုံးပြုနှုန်းပေါ်တွင် ရပ်တည်ရသော လုပ်ငန်းဖြစ်သည်။
သူသာ ဒီတိုက်ပွဲကို မချခဲ့လျှင် ကြီးမြတ်လှသည့်သခင်လေးချင်က တစ်ချက်မှ လှုပ်ရှားမည် မဟုတ်ပေ။ ထိုအခါ ပရိသတ် အားပေးမှုပမာဏသည် မည်သည့်နည်းဖြင့် ထိပ်ဆုံးသို့ တက်သွားနိုင်မည်နည်း။
“ဘာလဲ၊ မင်း က အခု မင်းကိုယ်မင်း နတ်ဘုရား တစ်ပါးလို့ မြင်နေတာလား၊ မင်းရဲ့ သူဌေးက မင်းကို ခေါ်ထားတာ ငွေ မဆုံးချင်လို့ကွ၊ ဆက်လွှင့်နေ၊ ပြီးရင် မင်းရဲ့ ဆုငွေကို မင်းရလာလိမ့်မယ်”
ထို့နောက်တွင် လျန်ရွှီကွမ်း ကုမ္ပဏီအသစ်ကို ရောက်လာပြီးနောက်တွင် သူလုပ်ချင်တာကို ဆက်လုပ်လို့ မရတော့မှန်း သဘာပေါက်သွား၏။ သူ့လို ပြိုင်ပွဲဝင်တစ်ယောက်က သူ့ပိုင်ရှင်၏မျက်လုံးထဲတွင် သူသည် စစ်တုရင်ရုပ်တစ်ခု သာသာ ဖြစ်နေလေသည်။
သည်လူများသည် သူ့အနာဂတ်ကို ဂရုမစိုက်ကြပေ။ သူတို့သည် ချက်ချင်းရလာမည့် အကျိုးအမြတ်ကိုသာ ဂရုစိုက်ကြသည်။
လျန်ရွှီကွမ်းသည် မီးခိုးရောင်အမှိုက်အိတ်တစ်ခုလို ပြန်ထိုင်ချလိုက်ပြီးနောက် လော့ဂ်အင် ဝင်လိုက်အပြီးတွင် နတ်ဘုရားအဆင့် ဂိမ်းဇာတ်ကောင်သည် သူ့ရှေ့တည့်တည့်တွင် ရပ်နေလေသည်။
သူသည် အံကြိတ်ထားလိုက်ပြီး သူ့နောက်ဆုံးရပ်တည်ချက်အတွက် သူ့ဟာသူ စိတ်တင်းထားလိုက်သည်။
သို့သော် ကြီးမြတ်လှသည့် သခင်လေးချင်၏ တိုက်ကွက်မှာ Spade Zလိုပင် ပြင်းထန်လေသည်။
သူ့ခန္ဓာကိုယ်သည် ရုတ်ခြည်း အေးခဲသွားကာ လုံးဝ လှုပ်ရှားလို့မရတော့ဘဲ သူ့သွေးများသည် တစ်စ တစ်စ လျော့သွားတော့သည်။
လျန်ရွှီကွမ်း၏စိတ်ထဲတွင် ဒါသည် စက္ကန့်အနည်းသာ ကြာလိမ့်မည်ဟု တွေးထားလိုက်သည်။
သို့သော်ငြား ကြီးမြတ်လှသည့် သခင်လေးချင်သည် သူ့အားသတ်နေသည့် ဖြစ်စဥ်ကို တစိမ့်စိမ့်ခံစားကာ သုံးမိနစ်တိုင်တိုင် သူ့ကို ညှဉ်းပန်းထားလေသည်။
ထိုသုံးမိနစ်တာကာလတွင် သူသည် ထပ်ပြီး အပြစ်တင်ခံရကာ မရှုမလှ အရှက်ခွဲခံရစရာ မျက်နှာပင် မရှိတော့ပေ။
စခရင်ပေါ်တွင် ရယ်မောနေသူများဖြင့် ပြည့်နေပြီး သူတို့သည် မျက်စိစပါးမွှေးစူးစရာ ဖြစ်နေတော့သည်။ နောက်ဆုံးတွင် လျန်ရွှီကွမ်းသည် ထပ်သည်းမခံနိုင်တော့ဘဲ သူ့နားကြပ်ကို စားပွဲပေါ်သို့ ပစ်ပေါက် လိုက်တော့သည်။
ဒီလိုသေရတာက ပိုတောင် ရှက်စရာကောင်းသေးတယ်။
ချင်မိသားစုသည် တပ်အသိုင်းအဝိုင်းမှလာသော မိသားစုတစ်ခုဖြစ်သည်။
ချင်မော့သည် မည်မျှပင် ချောမောကာ ကျက်သရေရှိစေကာမူ သူသည် ‘သတ်ဖြတ်’သည့်အခါ ရက်စက်နေသေးသည်။
ထိုလူကို ဇာတ်သိမ်းပေးလိုက်ပြီးနောက်တွင် ကြီးမြတ်လှသည့်သခင်လေးချင်သည် စာတစ်ကြောင်းကို ဒဲ့တိုး ရိုက်ချလိုက်သည်။
“ ငါက ဖြည်းဖြည်းလေး လုပ်နေလို့ ငါ့ဆီမှာလဲ ကြော်ငြာထည့်နေတယ်လို့ မင်းထင်နေတာလား”
ရှက်ဖို့ကောင်းလိုက်တာ ။
လျန်ရွှီကွမ်း၏မျက်နှာ အမူအရာသည် အေးခဲသွားသော်လည်း ဒါရိုက်တာ၏ ညွှန်ကြားချက်အောက်တွင် သူသည် အော်ရယ်နေရ လေသည်။
ကြီးမြတ်လှသောသခင်လေးချင်၏ဖန်များသည် သူ့စကားကို ကြားလိုက်ကြသည်။
ထို့နောက်တွင် သူတို့သည် ဝေဖန်ချက်များကို အလိုက်သတိ စ,ရေးကြတော့သည်။
“ မကစားတတ်ရင် ဂိမ်း ကစားမနေနဲ့တော့၊ တစ်စက္ကန့်အတွင်း အပြတ်အသတ်ရှင်းခံလိုက်ရပြီးမှ ကြော်ငြာကို အပြစ်တင်နေတာ မင်းက နိုင်ငံအဆင့် ကစားသမားတစ်ယောက် ဖြစ်ဖို့ အရည်အချင်းကော ရှိရဲ့လား”
“ လုံးဝ အရည်အချင်းမရှိတာ သေချာတယ်”
တခြားအသင်းမှ မျက်စိကျိန်းလောက်စရာ နတ်ဘုရားအိုင်ဒီများနှင့် ကစားသမားများကလည်း သည်တစ်ကြိမ်တွင် ထောက်ခံလာကြသည်။ နိုင်ငံအဆင့်ကစားသမား အများအပြားသည် လိုက်ဖ်လုပ်နေသော ပလက်ဖောင်းပေါ်တွင် ရှိနေကြသည်ကို သိနိုင်သည်။
စခရင်တလျှောက် ပြေးလွှားနေသော စကားလုံးအရေအတွက်မှာ စံချိန်သစ်ကို ရောက်သွားလေသည်။ ဒါရိုက်တာက သူ့လက်အောက်ငယ်သားကို စခရင်ပေါ်က မှတ်တမ်းများကို သိမ်းထားခိုင်းလိုက်ပြီး သူ့မျက်လုံးများမှာ စိတ်လှုပ်ရှားအမှုအပြည့် ဖြစ်နေလေသည်။
လျန်ရွှီကွမ်းသည် လွန်စွာ အရှက်ရနေတော့သည်။ သူသည် ထသာ ထွက်သွားချင်တော့သည်။
ထိုကိစ္စသည် မပြီးမစီးနိုင်ဖြစ်နေသည်ကို သူ အံ့ဩနေမိတော့သည်။
လူငယ်တစ်ယောက်၏ ထူးခြားကာ အထင်သေးသောရယ်သံတစ်ခုနှင့် လတ်ဆတ်သော ကျီစယ်သံတစ်ခုသည် မိုက်ခရိုဖုန်းမှ တဆင့် ပျံ့လွင့်လာ၏။
“ ဘာလဲ၊ ထွက်ပြေးချင်နေတာလား၊ လျန်ရွှီကွမ်းရာ ငါလေးက နင့်ကို လွယ်လွယ်နဲ့ အလွတ်ပေးလိမ့်မယ်လို့ ထင်နေတာလား၊ နင် အခုလေးတင် ဘာပြောခဲ့လဲ၊ တစ်စုံတစ်ယောက်က တောက လာတာဆိုတော့ တရစပ် အာကျယ်အာကျယ် လုပ်နေတယ်ဆိုလား”
“ ကြည့်ရတာ နင်ကိုယ်တိုင်က တောက တက်လာတယ်ဆိုတာကို မေ့သွားပုံပဲ၊ နင်က ဆင်းရဲလွန်းလို့ အင်တာနက်ဆိုင်က ခွက်ခေါက်ဆွဲကိုပဲ စားခဲ့ရတာလေ၊ နင် အထင်အသေးဆုံး အဲသူဌေးက နင့်ကို ခေါ်ပြီး ကုမ္ပဏီမှာ ခေါ်ထားပေးပြီး နင့်ကို နေစရာ စားစရာ ပေးခဲ့တာလေ။ နင့်မှာ ဘာမှရှိခဲ့တာ မဟုတ်ဘူး ၊ ပြီးတော့ သူမကပဲ နင့်ကို စိတ်ရင်းနဲ့ ဆက်ဆံပေးခဲ့တာ”
“နင်ကတော့ရော၊ နင့်ကျေးဇူးကို ထုတ်ပြောဖို့တောင်မေ့ထားပြီး ငွေအတွက် သူမကို သစ္စာဖောက်ခဲ့တယ်၊ နင်က Weibo ပေါ်မှာ သူမက နင့်ကို ဒုက္ခပေးခဲ့တယ်လို့တောင် နင့်ကုမ္ပဏီဟောင်းကို ပြန်ကိုက် လိုက်သေးတယ်မလား”
…
 

Search Novels