အပိုင်း (၈၆) ပွေ့ဖက်တော့မလို့လား
ချင်မော့ပြောလိုက်တာကို ကြားလိုက်သည်နျင့် သူဌေးလီနှင့် သူဌေးကျန်းဟာ ရှော့ခ်အကြီးကြီး ရသွားလေတော့သည်။
သူတို့ကသခင်လေးချင် ထရပ်လိုက်တာကို ကြောင်အစွာ ကြည့်နေကြမိပေ၏။ ချင်မော့က အလွန်အမင်းကို စမတ်ကျပြီးတော့ မြင့်မြတ်သောအသွင် ဆောင်နေပေသည်။ သူဟာ အဖြူရောင်ရှပ်အကျီနှင့် အနက်ရောင်ကုတ်အကျီကို တွဲဖက်ဝတ်ဆင်ထားပေသည်။
ဖူကျို့၏ လက်ကောက်ဝတ်ကို သူ့လက်ဖြင့်ကိုင်ထားရင်းနှင့် ချင်မော့က သူဌေးနှစ်ယောက်ကို ကြည့်လိုက်လေသည်။ သူ့အကြည့်ဟာ အေးစက်လွန်းသောကြောင့် သူတို့နှစ်ယောက်ဟာ ကြောက်လွန်း၍ တုန်ပင်တုန်လာချေပြီ။
"သခင်လေးချင် ကျွန်တော်တို့ရဲ့စီးပွားရေးကိစ္စကရော... "
သူဌေးလီဟာ သူတို့ထွက်မသွားအောင် ဆက်လက်တားချင်နေဆဲပင်။
ချင်မော့က မကောင်းဆိုးဝါးဆန်ဆန်ရယ်လိုက်ပြီးတော့
"ငါ့ညီလေး သဘောမကျတဲ့သူကို ငါကရော သဘောကျမယ်လို့များ မင်းထင်နေတာလား။"
ဒီလိုစကားတစ်ခွန်းတည်းဖြင့် ချင်မော့က ထိုသူနှစ်ယောက်အား အလွန်အမင်း ကြောက်လန့်တုံ့လှုပ်စေနိုင်ခဲ့လေသည်။ ထိုသူနှစ်ယောက်ဟာ သူတို့အရိုးထဲအသားထဲသို့ အအေးဓာတ်များ စိမ့်ဝင်လာတာကို ခံစားလိုက်ရပေသည်။
"သခင်လေးချင် ဒီဟာက အထင်လွဲမှုသက်သက်ပါဗျ သခင်လေးချင် "
ထိုသူနှစ်ယောက်ဟာ ပြင်းပြင်းထန်ထန် ရှင်းပြချင်နေကြပြီးတော့ ဟော့ပေါ့ဆိုင်အတွင်းမှ အပြင်ထိ တစ်လျှောက်လုံး ချင်မော့နှင့် ဖူကျို့၏ အနောက်ကနေ ပြေးလိုက်လာတာဖြစ်လေသည်။ သို့သော် သူတို့နှစ်ယောက်က အနက်ရောင်ဝတ်စုံပြည့်ဝတ်ဆင်ထားသော ဘော်ဒီဂတ်များ၏ လက်ချက်ဖြင့် လမ်းတစ်ဝက်မှာ အတားခံရလေသည်။ ထို့ကြောင့် သူတို့ဟာ ချင်မော့နှင့် ဖူကျို့နောက် ဆက်လိုက်ခွင့်မရရှာတော့ပေ။
သူတို့နှစ်ယောက်က အလွန်အမင်း စိုးရိမ်နေပေတော့၏။ သူတို့၏ ခြောက်သွေ့နေသည့် နှုတ်ခမ်းကို သပ်လျက် အတွင်းရေးမှူးလျန်ကို ကြည့်လိုက်သည်။
"အတွင်းရေးမှူးလျန် ကျေးဇူးပြုပြီး ကျွန်တော်တို့အတွက် သခင်လေးချင်ကို ဖျောင်းဖျပေးပါလား သူ မကြိုက်တဲ့ဟာမှန်သမျှ ကျွန်တော်တို့အကုန်ပြောင်းလဲပေးနိုင်ပါတယ် "
အတွင်းရေးမှူးလျန်သည် သူ့မျက်မှန်ကို ပင့်တင်လိုက်ပြီးတော့ ဖူကျို့၏ လက်ကို ကိုင်ထားသော သူ့စီအီးအို၏လက်ကို ကြည့်လိုက်လေသည်။
သောက်ကျိုးနည်း ဘယ်ချိန်တုန်းက ငါ့စီအီးအိုရဲ့ အသန့် ကြိုက်တတ်တဲ့ရောဂါက ပျောက်သွားတာလဲဟမ် ။
သို့သော် အတွင်းရေးမှူးလျန်သည် သူ့ရှေ့ကလူနှစ်ယောက်ကို ဖြေရှင်းရန်တော့ မမေ့သွားပေ။
"သူဌေးလီနဲ့သူဌေးကျန်း ကျွန်တော်တို့ရဲ့စီအီးအိုချင်ကလေ သိပ်ကို စူးရှထက်မြက်တာဗျ၊ တခြားသူတွေနဲ့စာရင် ပိုပြီးစူးရှထက်မြက်တဲ့သူတစ်ယောက် ခုနကသောက်နေတဲ့အချိန်တုန်းက သူ့ကို စကားပြောလိုက်တဲ့ ခင်ဗျားတို့ရဲ့လေသံအရ ကျွန်တော်ခင်ဗျားတို့ကို အကြံတစ်ခုပေးလိုက်မယ် ကျွန်တော်တို့စီအီးအိုရဲ့ ရှေ့မှာ ဘယ်တော့မှ ထပ်မပေါ်လာပါနဲ့ သူက သူနဲ့ရင်းနှီးတဲ့သူတွေကို ကာကွယ်တတ်တဲ့သူမို့လို့ပဲ ။"
"ငါ့ညီလေး" ဆိုတဲ့စကားကို ပြောလိုက်ကတည်းက ငါတို့စီအီးအိုက ဟိုကောင်လေးကို ဆတ်ဆတ်အထိမခံတော့ဘူးဆိုတာကို မင်းတို့ကောင်တွေ သိဖို့ကောင်းတယ်။
ဒါပေမဲ့ မင်းတို့ ဟိုကောင်လေးကို ဒီလိုအပြစ်တင်လိုက်တော့ ငါ ကျေးဇူးသိပ်တင်တာပဲ မဟုတ်ရင် ငါ့စီအီးအိုဘာကိုဆိုလိုလဲဆိုတာကို ငါသေချာပေါက်နားလည်မှာ မဟုတ်ဘူး ကျေးဇူး။
နောက်ဆိုရင်လေ သခင်လေးဖူ ဘာပဲခိုင်းခိုင်း ကျွန်တော်လေးလုပ်ပေးပါတော့မယ်နော် သခင်လေးဖူရဲ့ ခြေသလုံးကိုသာ ဖက်နိုင်ရင်ရပြီ ။
သခင်လေးဖူကို စိတ်အနှောင့်အယှက်ပေးတာက စီအီးအိုကို စိတ်အနှောင့်အယှက်ပေးတာနဲ့တူတူပဲ၊  á€Ąá€€á€ťá€­á€Żá€¸á€†á€€á€şá€Ąá€”္နဲအတ္ဏအ ငါ တွေးတောင်မတွေးရဲဘူး။
အတွင်းရေးမှူးလျန် ပြောလိုက်တာကို ကြားလိုက်တာနဲ့ သူဌေးလီနဲ့သူဌေးကျန်းဟာ ဖြူဖပ်ဖြူရော်မျက်နှာဖြင့် ရပ်ကျန်ခဲ့နေပေတော့၏။
သူတို့၏ ပြင်းထန်သည့် ရှုတ်ချမှုကြောင့် ဘယ်လောက် ဝမ်းနည်းပူဆွေးနောင်တရနေလဲဆိုတာကို သူတို့သာပင် အသိဆုံးဖြစ်ပေတော့မည်။
တကယ်လို့ သူတို့သာ သခင်လေးချင်က သခင်လေးဖူအား အလွန်အမင်းဂရုစိုက်တတ်မှန်း ကြိုသိခဲ့ရင် သခင်လေးဖူအား သူတို့အထင်သေးခဲ့မိမှာလား။
ဒီကျန်းမြို့၌ရှိတဲ့သူမှန်သမျှ သခင်လေးချင်ရဲ့ဒေါသအား မသိတဲ့သူ မရှိဘူး။ အခုတော့ သူတို့ဟာ တောင်းပန်တဲ့အနေနဲ့ ဝိုင်တစ်ပုလင်းလုံးသောက်ဖို့ဆန္ဒရှိပါတယ်ဆိုတာတောင်မှ သခင်လေးချင်ဟာ သူတို့ကို ဒုတိယအခွင့်အရေးမပေးခဲ့ဘူးလေ။
စီးပွားရေးကိစ္စဟာ အဆုံးသတ်သွားခဲ့လေပြီ။
သူတို့က အခုတော့ သခင်လေးချင်က သူတို့အား မကြာခင်မေ့သွားပါစေလို့သာ ဆုတောင်းနေမိပေတော့သည်။ မဟုတ်လျှင် သူတို့ကုမ္ပဏီက စီးပွားရေးကိစ္စတွေကို ဆက်မလုပ်နိုင်လောက်သည်အထိကို အခြေအနေဆိုးသွားပေလိမ့်မည်။
ဒီအသုံးမကျတဲ့ကောင်လေးက ဘာများလုပ်လိုက်တာပါလိမ့်။ ဘာလို့ သခင်လေးက သူ့ကို ဒီလောက်အထိ လွန်လွန်ကျူးကျူး ကာကွယ်ပေးနေရတာလဲ။
သူတို့နှစ်ယောက်ရင်းနှီးသွားတယ်ဆိုတဲ့ကိစ္စက တကယ့်ကိုထူးဆန်းတယ်။ သခင်လေးချင်က တကယ့်ကို ဒီကောင်စုတ်လေးကို သူ့ ညီအရင်းလိုဆက်ဆံနေတာပဲ။ တကယ်လို့ ဒီသတင်းကသာ ပြန့်သွားခဲ့ရင် စီးပွားရေးလောကကိုဂယက်ရိုက်သွားတော့မှာ။
တကယ်တော့ ဖူကျို့က သူမအတွက် ချင်မော့ ဒီလောက်အထိလုပ်ပေးလိမ့်မယ်လို့ မထင်ထားခဲ့ပေ။ ဒီအဖြစ်အပျက်မတိုင်ခင်က ဖူကျို့က "ညီလေး" ဆိုတဲ့စာလုံးကို ဒီအတိုင်းသဘောရိုးဖြင့် ခေါ်တာလို့ပဲ ထင်နေခဲ့တာဖြစ်လေသည်။
"မင်းဘာလို့ ဒီအတိုင်း ရပ်နေတာလဲ ကားထဲဝင်လေ"
ချင်မော့က ကားတံခါးကိုဖွင့်ပေးလိုက်သည်။ သူ့မျက်နှာဟာ ချောမောခံ့ညားနေပြီးတော့ သူ့အပေါ်သဘောကျနေတဲ့ တစ်စုံတစ်ယောက်အားပို၍တိုးကာ ချစ်ခင်နှစ်သက်စေမိလာနိုင်ပေ၏။
သည်တစ်ကြိမ်မှာတော့ အတွင်းရေးမှူးလျန်သည် ကားမောင်းသူဖြစ်လေသည်။ သူတို့နှစ်ယောက်ဟာ ကားအနောက်ခန်း၌ထိုင်နေတာဖြစ်လေသည်။
ဖူကျို့က အတွင်းရေးမှူးလျန်သည် ကားမှန်မှတစ်ဆင့် သူမအား တစ်ကြိမ်ထက်မက ချောင်းကြည့်နေတာကို ဖမ်းမိလိုက်တော့ သူမ၏ ဘယ်ဘက်မျက်လုံးကို မှိတ်ပြလိုက်ပြီးတော့ မကောင်းဆိုးဝါးဆန်ဆန်လေး စွဲမက်ဖွယ်ရာ ပြုံးပြလိုက်လေသည်။
အတွင်းရေးမှူးလျန်၏ လက်တွေဟာ ချော်ထွက်သွားပြီးတော့ တိုက်မိတော့မလိုပင်ဖြစ်သွားလေ၏။
ချင်မော့က သူ့အကြည့်တွေအား ဂိမ်းမဂ္ဂဇင်းကနေ ခွာလိုက်ပြီးတော့ မျက်မှောင်ကြုံ့လိုက်လေသည်။ သူ့ဘယ်လက်ကို မြှောက်လိုက်ပြီးတော့ ဖူကျို၏ အနောက်ဘက်ကော်လံကို ဆွဲကိုင်လိုက်ကာ ဖူကျို့မျက်နှာကို သူ့ဆီသို့လှည့်လိုက်ပေတော့သည်။
..................
အပိုင်း (၈၇) ဂေးတော့မှာလား
ချင်မော့က သူ့အသံကို တိုးလိုက်ပြီး သူ၏နှစ်လိုဖွယ်ကောင်းသော နှုတ်ခမ်းပါးလေးတွေက ဖူကျို့အား " ကျေးဇူးပြုပြီး မင်း တွေ့သမျှလူတိုင်းနဲ့ အီစီကလီမလုပ်ပါနဲ့ " ဟု သတိပေးလိုက်၏။
" ငါလေးက အတွင်းရေးမှူးလျန်ကို နှုတ်ဆက်နေတာလေ "
ဖူကျို့က ထိုသို့ ပြောပြီးသည်နှင့် သူမ၏ လက်တစ်ဖက်ကို ဦးခေါင်းနောက်၌ထားကာ ထိုင်ခုံအနောက်ဖက်သို့ ပျင်းရိပျင်းတွဲ မှီချလိုက်လေသည်။ သူမကို ကြည့်ရတာ အလွန်အမင်း ခံ့ညားနေသယောင်ပင်။
ဖူကျို့ရဲ့ အီစီကလီရိုက်တတ်တဲ့စကေးလ်ကို တွေးမိလိုက်တာနဲ့ ချင်မော့က ဖူကျို့ပြောတဲ့စကားတစ်လုံးကိုမှ မယုံကြည်ပေးချင်ဘူး။ ချင်မော့က ဖူကျို့ဆီ ဂိမ်းမဂ္ဂဇင်း ပစ်ပေးလိုက်ပြီးတော့ မနိမ့်မမြင့်အသံဖြင့် " မင်းရဲ့ခေါင်းကိုသာ ငုံ့ပြီးတော့ မဂ္ဂဇင်းကိုသာဖတ်နေစမ်းပါ အတွင်းရေးမှူးလျန်လို အိုနေတဲ့အဘိုးကြီးက ဘာများကြည့်ကောင်းလို့လဲ"
ဒီဟာကို ကြားလိုက်တာနဲ့ အရှေ့ဘက်မှာကားမောင်းနေတဲ့ အတွင်းရေးမှူးလျန်က သွေးတစ်ပွက် အန်ထွက်လုနီးပါးပဲ။
ငါသိပ်မငယ်တော့ဘူးဆိုတာ သိပါတယ်။
စီအီးအိုက ဒီလိုမုန်းစရာကောင်းတဲ့စကားမျိုးကိုပြောနေတော့ ငါဘယ်သူ့ကို မကျေမနပ်သွားဖြစ်ရမှာလဲ ဟမ်။
ဖူကျို့က မဂ္ဂဇင်းကို လှန်လျောကြည့်ပြီး ဟိုဟိုသည်သည် လျှောက်ဖတ်ကြည့်လိုက်လေသည်။ သူမက ပျင်းလာသောကြောင့် ထိုင်နေတာတောင်မှ မြင့်မြတ်သည့်အသွင်ဆောင်နေသော အနှီလူသားဖက်သို့ လှည့်လိုက်လေကာ "ခပ်ချောချောကောင်လေးတွေ ကလေးတွေနဲ့ပြည့်နေတဲ့ နောက်ထပ်တစ်အုပ် မရှိတော့ဘူးလား။ "
ထိုစကားကို ကြားလိုက်သည်နှင့် အတွင်းရေးမှူးလျန်သည် နောက်ထပ်တစ်ကြိမ် ရှော့ခ်ရသွားပေသည်။
ရုတ်တရက်ကြီး သူက တစ်စုံတစ်ခုကိုတွေးမိသွားကာ ဒီအမွေဖြတ်ခံထားရတဲ့သခင်လေးဖူက ဂေး...ဂေး မဟုတ်ဘူးလား။
ငါတို့ စီအီးအိုရော သူ့ကြောင့်နဲ့ဂေးသွားတော့မှာလား မဖြစ်ရဘူး။ သေချာပေါက် မဟုတ်လောက်ပါဘူး။
ငါတို့သခင်လေးက မိန်းမတွေ မကြိုက်ဘူးဆိုရင်တောင်မှ ယောက်ျားတွေကိုလည်း သူ မကြိုက်လောက်ပါဘူး။ ဒါပေမဲ့ သူကြိုက်နေခဲ့ရင်ရော....
ခဏလေး။
အိုက်ယား ငါတို့သခင်လေးက ဂိမ်းထဲက မကောင်းဆိုးဝါးကလေးနဲ့ ဒိတ်နေတာကို ငါမေ့စရာလား ဒီကောင်မလေးနဲ့ နေ့တိုင်းနေ့တိုင်း wechat မှာ စာတွေပို့နေကြတာကိုလေ။
အဟင်းဟင်း ဒီလိုဆိုရင်တော့ စီအီးအို က ဂေးတော့မှာမဟုတ်ဘူးဟေ့။
ငါ့ရဲ့အတွေးက ဘယ်လောက်ထူးဆန်းလိုက်သလဲ။
အတွင်းရေးမှူးလျန်သည် ကြိတ်ရယ်လိုက်ပေတော့သည်။
အတွင်းရေးမှူးလျန်က သက်ပြင်းချမည့်အချိန်တွင် သူ့စီအီးအိုက ဖူကျို့၏ မေးစေ့ကို ဖျစ်ညှစ်ထားတာကို တွေ့လိုက်ရပေသည်။ သူ၏ ချောမောလှသောမျက်နှာဟာ လူငယ်လေး၏ မျက်နှာနှင့် နီးကပ်နေပြီးတော့ သူတို့ကို ကြည့်ရတာ နမ်းတော့မည့်အသွင် ဆောင်နေတော့သည်။
စီအီးအိုရဲ့ ဒီနှစ်တွေမှာ ထိန်းသိမ်းလာခဲ့တဲ့ တခြားသူတွေနဲ့ နီးနီးကပ်ကပ်မနေဘူးဆိုတဲ့ စည်းမျဥ်းဘယ်ရောက်သွားတာတုန်းဗျ ။
"မင်းရဲ့လိင်စိတ်ခံယူမှုနဲ့ ပတ်သက်ပြီး ငါဂရုမစိုက်ဘူး ဒါပေမဲ့ မင်းငါ့ရဲ့အသင်းကိုဝင်လိုက်ပြီးတာနဲ့ ပတ်ဝန်းကျင်ကလူတွေနဲ့ အီစီကလီ လုပ်တာကို တားမြစ်တယ်၊ ဒီလိုအရေးမပါတဲ့ဟာတွေကို လုပ်နေမဲ့အစား စီးပွားရေးနဲ့ ပတ်သက်တဲ့မဂ္ဂဇင်းကိုပဲ ဖတ်နေလိုက်စမ်းပါ၊ တကယ်ကို မင်းထပ်ပြောရဲပြောကြည့် ငါမင်းကိုကန်ထုတ်မှာ "
အံကြိတ်နေတာကလွဲလို့ ချင်မော့ရဲ့အသံဟာ ခြိမ်းခြောက်နေတဲ့အသံနဲ့ မတူတော့ဘူး။ သူ့အသံဟာ ညီငယ်လေးကို သွန်သင်ပေးနေသလိုပဲ။
ဟမ်။
စီအီးအို ကြီးဘာပြော။
အသင်းထဲဝင်မယ်။
ဒါ....ဒါဆို စီအီးအို ဒီနေ့ချင်ကလပ်ထဲမှာ အပူတပြင်းလိုက်ရှာနေတဲ့ ဂိမ်းထဲကသူက သခင်လေးဖူများလား။
သောက်ကျိုးနည်း ဘာတွေလဲဟ။
မဖြစ်ဘူး မဖြစ်ဘူး ငါသေချာအတည်ပြုကြည့်မှရမယ်။
ငါပေါက်တတ်ကရ လျှောက်မှန်းလို့မဖြစ်ဘူး။
ငါတို့ စီအီးအို မေ့ပျောက်လို့မရနိုင်တဲ့ ဂိမ်းထဲကသူ့ချစ်သူက ဘယ်လိုလုပ် ယောက်ျားလေးဖြစ်နိုင်မှာလဲ။
မဖြစ်သေးဘူး ငါမေးကြည့်မှကိုဖြစ်မယ်။
" သခင်လေးဖူ ကျွန်တော်တို့ရဲ့ စီအီးအိုကို ဘယ်လိုလုပ်တွေ့ဖူးတာလဲဗျ အရိုးသားဆုံးပြောရရင် ကျွန်တော် သခင်လေးဖူကို ဒီလိုတွေ့လိုက်ရတာ အရမ်းအံ့ဩသွားတာဘဲဗျ။
ဖူကျို့က ဒီအတွင်းရေးမှူးဟာ လူကောင်းဖြစ်မယ်လို့ထင်မိတာကြောင့် မဂ္ဂဇင်းကို လက်ထဲ၌ ကိုင်ထားရင်းဖြင့် " ငါတို့ဂိမ်းထဲမှာတွေ့တာလေ ဒီနေ့ချင်ကုမ္ပဏီက ဦးစီးတဲ့ လူတွေ့စစ်ဆေးမှုကို ငါလေးဝင်ပြိုင်ထားတာလေ အဲဒါကြောင့် အစ်ကိုမော့က ငါ့ရဲ့လုပ်ဆောင်ချက်တွေကို ကြည့်ဖို့လာတာပေါ့ "
ဟင် အာ့ဆိုသူ...သူက ဟိုဂိမ်းထဲကမကောင်းဆိုးဝါးလေးဘဲ။
ဒီတစ်ကြိမ်မှာတော့အတွင်းရေးမှူးလျန်သည် သူ့စိတ်ထဲကအတွေးတွေကို လှစ်ဟမပြတော့ဘဲ ချွေးသီးချွေးပေါက်ကျရင်းဖြင့် လမ်းတစ်လျှောက်ကိုသာ တည့်တည့်မတ်မတ် စိုက်ကြည့်ရင်းဖြင့်သာ ကားမောင်းနေပေတော့သည်။
ဖူကျို့က လက်ထဲ၌မဂ္ဂဇင်းကိုကိုင်လျက်သားဖြင့် င့် ကားဟာသူမအိမ်ရှိရာဆီသို့ဆိုက်ရောက်လာပေ၏။ ဖူကျို့က ကားပေါ်မှ မဆင်းခင် သူမ ဝယ်ထားတဲ့ကွန်ပျူတာ၏ အစိတ်အပိုင်းတွေကို ယူဖို့ တစ်ဖက်သို့ လှည့်လိုက်လေသည်။ ထိုအချိန်၌ သူ၏ ချောမွေ့ပြီး ဖြူဖွေးနေသည့်ခါးက သူမ၏ အဖြူရောင်အင်္ကျီနှင့် အနက်ရောင်ခါးပတ်ကြားမှ အနည်းငယ် လှစ်ဟပြသွားသကဲ့သို့ဖြစ်နေပေသည်။ သူမ၏ ခါးသိမ်သိမ်လေးတွေဟာ လူကိုရူးသွပ်သွားစေနိုင်လောက်ပေ၏။
ဖူကျို့၏ ဘေးဘက်မှာ ရှိနေသည့် ချင်မော့က ထိုအရာကိုမြင်လိုက်သည်နှင့် မျက်မှောင်ကြုံ့သွားလေကာ သူကိုယ်တိုင် သတိမမူမိဘဲ သူ့လည်စည်းကို ဖြေလျော့လိုက်မိလေသည်။ နောက်ဆုံးတော့ချင်မော့က ထပ်သည်းမခံနိုင်တော့သဖြင့် ဖူကျို့၏ အင်္ကျီကို ဆွဲချလိုက်ပေတော့သည်။
ချင်မော့က လှည့်ကြည့်လာသော ဖူကျို့၏ မျက်လုံးများကို မထူးခြားနားစွာဖြင့် တည့်တည့်ကြည့်လိုက်ကာ အကိုကြီးတစ်ယောက်ကဲ့သို့ ပုံဖမ်းလိုက်ပြီး
"တဖြည်းဖြည်းနဲ့ အေးလာပြီ ဒီလိုတိုတဲ့ အဝတ်အစားတွေမဝတ်နဲ့ ပြီးတော့ ယောက်ျားတစ်ယောက်အနေနဲ့ မင်းရဲ့အသားအရေက ဖြူလွန်းတယ် အနာဂတ်မှာ ယောက်ျားပီသပြီးတော့ ကြွက်သားတွေ ထွက်လာအောက် ဘယ်လိုလုပ်ရမလဲလို့ ကြိုစဥ်းစားထားသင့်တယ်"
..................
အပိုင်း (၈၈) မင်းကလှရုံပဲလှတာ
ငါလေးရဲ့အကျီတွေက မတိုပါဘူးနော် ဟုတ်ပြီလား။
ဖူကျို့က ခေါင်းငုံ့လိုက်ပြီးတော့ သူမကိုယ်သူမ တစ်ချက်ကြည့်လိုက်လေသည်။ သူမ၏ အင်္ကျီက ပုံမှန်အရွယ်အစား ဖြစ်သည်။ ယောကျာ်းလေးတွေက ဒီလိုပဲဝတ်ကြတာမဟုတ်ဘူးလား။
ကြွက်သားတွေထွက်ဖို့က ငါလေးက မိန်းကလေးစစ်စစ်လေ အဲဒါတွေလိုလို့လားဟယ်။
သေချာတာကတော့ ဖူကျို့က သူမ၏ အတွေးများကို ထုတ်ဖော်ပြသခြင်းမရှိချေ။
သူမဟာ ပုံမှန်လေးသာ တုံ့ပြန်လိုက်လေ၏။
"ကောင်းပြီ"
ဖူကျို့ အရမ်းကြီး အရေးတယူမလုပ်တာကို မြင်လိုက်ရတော့ ချင်မော့က သူ့မျက်ခုံးတွေကို ပင့်လိုက်လေသည်။
"မနက်ဖြန် ငါတင်းနစ်ကစားမှာ မင်းလည်း ငါနဲ့တူတူ လိုက်ခဲ့ရမယ်"
"ငါလေးမှာ ကျောင်းရှိသေးတယ်လေဟာ"
ငါလေးက ကျောင်းသားဆိုတာ နင်မေ့သွားတာလား။
ချင်မော့က ပြောင်ပြောင်တင်းတင်းဖြင့်"မင်းအတန်းပြီးရင်ပေါ့ ငါ့ရဲ့ညီလေးအနေနဲ့ မင်းအမြဲ ဒီလိုလုပ်နေလို့မရဘူး"
"ဘယ်လိုမျိုးလဲ"
ဖူကျို့က ရယ်လိုက်ပြီးတော့ သူမ၏ လက်များကို ချင်မော့၏ အနားသို့ တိုးကပ်သွားလေသည်။
"အစ်ကိုမော့ ငါလေး မခံ့ညားဘူးလို့ နင်ပြောရဲလား”
ချင်မော့က ဖူကျို့၏ လက်ကို ဖယ်လိုက်ကာ မကျေနပ်မှုအနည်းငယ်ဖြင့် ဖူကျို့၏ မေးကို ညှစ်လိုက်လေသည်။
"မင်းက တကယ့်ကိုချောတယ်ဆိုတာ မှန်ပေမဲ့ မခံ့ညားသေးဘူး၊ ငါနဲ့လေ့ကျင့်ခန်းတူတူလာလုပ် အိမ်မှာပဲဂိမ်းတွေဆော့ပြီး အသားအရေတွေ ဖြူဖွေးနူးညံ့နေအောင်အခန်းမအောင်းနေနဲ့”
အဲ့တော့ ဒီလိုနူးညံ့ချောမွေ့တဲ့ အသားအရေရှိတာက ငါလေးအပြစ်ပေါ့လေ။
ဖူကျို့က ချင်မော့က သူမကို တကယ့်ညီလေးအရင်းအဖြစ် သဘောထားနေတယ်ဆိုတာကို သိရှိသွားပေတော့သည်။
 á€..တကယ်လို့ ငါသာ မိန်းကလေးမှန်း သူသိရင် ငါ့ကိုသေတဲ့အထိ လက်နဲ့ဆိတ်သတ်မှာလား။
ဖူကျို့က ချင်မော့ကို ကြည့်လိုက်ပြီးတော့ သူမက မိန်းကလေးမှန်းသိသွားမှာ သေမတတ် ကြောက်နေပေတော့၏။
"အဟမ်း တကယ်တော့လေ ငါလေးမှာ မနက်ဖြန်ကျရင်လုပ်စရာလေးရှိသေး..သေး"
ချင်မော့က မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်ပြီးတော့ ယုံကြည်မှုရှိတဲ့လေသံဖြင့်
"မင်းရဲ့ဆင်ခြေတွေကို ငါမသိဘူးများထင်နေလား မနက်ဖြန် မင်းအတန်းပြီးတာနဲ့ ငါလာခေါ်လှည့်မယ်”
ဖူကျို့ : ကြည့်ရတာငါလေးပြေးလို့ မလွတ်တော့ဘူးပဲ။
"အထဲဝင်တော့လေ"
ချင်မော့က စီးကရက်အားမီးညှိလိုက်ပြီးတော့ ကားပေါ်သို့မှီလိုက်လေသည်။ ထို့နောက် ဖူကျို့ကို မျက်ခုံးပင့်ရင်းဖြင့် ကြည့်နေပေတော့၏။
ဖူကျို့က ပြုံးလိုက်ပြီးတော့
"ကောင်းပြီလေ အစ်ကိုမော့ နင်လေးအိမ်ရောက်တာနဲ့ ချက်ချင်း weechat ကနေ မက်ဆေ့ချ်ပို့လိုက်နော် ဂိမ်းတူတူကစားကြတာပေါ့”
"ကောင်းပြီ"
ချင်မော့က ပြောပြီးသည်နှင့် ကားထဲသို့ဝင်လိုက်ကာ အရင်ထွက်သွားလေတော့သည်။
ချင်မော့၏ ပြိုင်ကားဟာ ပျောက်ကွယ်သွားတာကို တွေ့လိုက်ရသည်နှင့် ဖူကျို့က အိမ်အတွင်းသို့ ဝင်သွားလေတော့သည်။
သောက်ကျိုးနည်း တစ်ယောက်ယောက်က အလည်လာလို့များလား အိမ်ကရှုပ်ပွနေတာပဲ ပစ္စည်းတွေကလည်း မြေပြင်မှာ ပြန့်ကျဲလို့။
ဖူကျို့၏ မျက်လုံးများက အေးစက်သွားပြီး ချန်ရှောင်တုံးကို မေးလိုက်လေသည်။
"ဘာတွေဖြစ်နေတာလဲ”
“ကုမ္ပဏီမှာရှိတဲ့ အရင်ကစားသမားတွေက အခုရှိသမျှကစားသမားအကုန်ခေါ်သွားပြီ အခုတော့ ကျွန်တော်တို့ရဲ့ကုမ္ပဏီက လုံးဝ ဗလာဖြစ်သွားပြီဗျ သခင်မကြီးက ဝမ်းနည်းနေပြီးတော့ .."
ချန်ရှောင်တုံးဟာ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားပြီးတော့ အံကြိတ်လိုက်လေသည်။
"သူတို့က သခင်မကြီးကိုတောင် ပြက်ရယ်ပြုလိုက်သေးတယ် သခင်မကြီးက အရည်အချင်းလည်း မရှိဘူးတဲ့ ပြီးတော့ သခင်မကြီးမှာ ကောင်းမွန်တဲ့အသင်းတစ်သင်းရှိလာနိုင်မှာ မဟုတ်ဘူးတဲ့”
ဖူကျို့က သူမ၏လက်ကိုမြှောက်လိုက်ပြီးတော့ ဝယ်လာသည့်ပစ္စည်းများကို ဆိုဖာပေါ်သို့ ပစ်တင်လိုက်လေသည်။ သူမဟာ အေးစက်စွာ ရယ်လိုက်ပြီးတော့
"သူတို့က ဘယ်သူတွေလဲ”
"လျန်ရွှီကွမ်း၊ ကျန်းယင်ချောင်၊ နျဲရှ သူတို့သုံးယောက်လုံးရဲ့ အဆင့်ကမြင့်တယ်၊ ကျွန်တော်တို့ ကုမ္ပဏီကို မဝင်ခင်ကဆို သူတို့ရဲ့အရည်အချင်းတွေက ဒီလောက်ကြီး မတိုးတက်သေးဘူး၊ ကုမ္ပဏီတော်တော်များများက သူတို့ကို မလိုချင်ကြဘူး၊ သခင်မကြီးက သူတို့ နှိမ့်ချပြီး ကြိုးစားတတ်တာကို မြင်လိုက်ရတော့ သူတို့ကို ဒီအတိုင်း မလွှတ်ထားဘဲနဲ့ အသေအချာလေး အာရုံစိုက်ပြီးတော့ လိုအပ်တာတွေဖြည့်ဆည်းပေးပြီး လေ့ကျင့်ပေးခဲ့တာ၊ အခုတော့ သူတို့မှ သူတို့ရဲ့ ကိုယ်ပိုင်ဖန်တွေ ရှိနေပြီးတော့ skillတွေကလည်း တိုးတက်လာတယ်လေ၊ ဒါပေမဲ့ သူတို့က သခင်မကြီးကို ဒီလိုဆက်ဆံရဲတယ်။ သခင်လေး တကယ်တော့ သူတို့ထွက်သွားလို့ သခင်မကြီးက ဝမ်းနည်းတာမဟုတ်ဘူး ဝမ်းနည်းရတဲ့ အကြောင်းပြချက်က ကိုယ်နဲ့အရင်းအနှီးဆုံး လို့ မှတ်ယူထားတဲ့သူတွေက နောက်ကျောကို ဓားနဲ့ထိုးပြီးသစ္စာဖောက်သွားလို့ပဲ”
ချန်ရှောင်တုံးဟာ ပြောရင်းဖြင့် မျက်လုံးများ နီရဲလာလေ၏။
ဖူကျို့က အဖြစ်အပျက်တစ်ခုလုံးကို ကြားလိုက်သည်နျငျ့် အပြင်သို့ထွက်သွားလေတော့၏။ သူမအိမ်ထဲသို့ ဝင်လာတုန်းက ချွတ်လိုက်သော ကုတ်အကျီကို ပြန်ဝတ်လိုက်လေသည်။ သူမ၏ ငွေရောင်ဆံနွယ်များက အေးစက်လှသည့် လေတွေကြောင့် တစ်ဖျတ်ဖျတ် လွင့်နေပေတော့သည်။
"ခဏလေးနေပါဦး သခင်လေး ဘယ်သွားမလို့လဲ”
ချန်ရှောင်တုံးဟာ သူမ၏ နောက်၌ ကပ်ပါလာလေသည်။
ဖူကျို့က စကိတ်ဘုတ်ကို မြေပြင်ပေါ်သို့ ချလိုက်ပြီးတော့ ပြင်းပြင်းထန်ထန် ကန်လိုက်လေသည်။ သူမ၏ ချောမောခံ့ညားပြီး အေးစက်သော ပုံရိပ်လေး မပျောက်ကွယ်သွားခင်၌ စကားတစ်လုံးကို ချန်ထားခဲ့လေသည်။
"အင်တာနက်ဆိုင်”
.............

အပိုင်း (၈၉) ဒီကိစ္စမှာ မင်းအစ်ကိုဝင်ပါဖို့လိုသေးလား
ရာသီဥတုက ဆောင်းဦးရာသီဘက်သို့ ကူးပြောင်းလာပြီဖြစ်တာကြောင့် အနည်းငယ် အေးစိမ့်စိမ့်နိုင်နေပေ၏။
အပြင်ဘက်၌ စကိတ်ဘုတ်စီးခြင်းက ပို၍ပင်အေးစေနိုင်လေသည်။
ဖူကျို့က အင်တာနက်ဆိုင်အတွင်းသို့ ဝင်သွားသည်နှင့် သူမ၏ ကော်လံကို တည့်တည့်ထောင်မတ်လိုက်လေသည်။
ဟိုတစ်ခါတုန်းက ငါ့ကွန်ပျူတာတွေကို ပရမ်းပတာဖြစ်အောင်လုပ်သွားတဲ့ ကောင်လေး ရောက်နေပါလား။
အင်တာနက်ဆိုင်၏ သူဌေးက ဖူကျို့ကို လေးနက်သည့် အမူအရာဖြင့် ကြည့်နေလေသည်။
"ဒီတစ်ကြိမ်လဲ နာရီဝက်လား"
သူဌေးဟာ စီးကရက်သောက်နေရင်းဖြင့် အလုပ်တစ်ခုခုလုပ်နေကာ
"ငွေကြိုပေးစရာမလိုဘူး ဒီတစ်လုံးက လွတ်နေတယ် လုပ်စရာရှိတာသာလုပ်"
ဖူကျို့က ထိုသူဌေးကို ပထမဆုံးစတွေ့လိုက်သည်နှင့် စိတ်ဝင်စားစရာကောင်းသည်ဟု တွေးမိတာကြောင့် သည်နေရာသို့ နောက်တစ်ကြိမ်ပြန်လာတာဖြစ်လေသည်။
"ဒီတစ်ကြိမ်တော့ နည်းနည်းကြာလိမ့်မယ်၊ ၁၂ မတိုင်ခင်အထိပေါ့ အဲဒါကြောင့် ကောင်းတဲ့တစ်လုံးပေးပါ"
"ဘာလုပ်မလို့လဲ ကွန်ပျူတာဂိမ်းကစားမလို့လား"
သူဌေးဟာ ခေါင်းမော့လာလေသည်။ သူ့မေးရိုးများက အတော်လေးမိုက်ပေ၏။
"ဟမ့်”
ဖူကျို့ရဲ့နှုတ်ခမ်းဟာ ဘေးတစ်ဖက်သို့သာကွေးညွတ်သွားပြီးတော့ မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်လေသည်။ သူမ၏ မျက်လုံးများက အေးစက်နေဆဲပင်။
"ကောင်းပါပြီ ကောင်းပါပြီ SectionA က နံပါတ် ၁၉ကိုသွား၊ ဒါနဲ့ မင်းဘယ်ဂိမ်းဆော့မလို့လဲ ငါကြားတာကတော့ ဒီနေ့ ဟီးရိုးဂိမ်းက အသင်းတစ်ခုတိုက်ရိုက်ထုတ်လွင့်မှုလုပ်မလို့တဲ့ မင်းကြည့်ချင်ရင် ကြည့်လို့ရတယ်နော်"
ဖူကျို့က ပြုံးလိုက်ပြီးတော့
"ဒီဟာကိုပဲ ကြည့်မလို့"
"အိုး..." သူဌေးက နားလည်ပုံမပေါ်ပေ။ ထိုလူငယ်လေး၏ မျက်နှာက အလွန်အမင်း အေးစက်နေတာကိုပဲ သူခံစားမိပေလေသည်။
ထိုအင်တာနက်ဆိုင်ဟာ အရမ်းမကြီးသောကြောင့် sectionတွေဆီသွားပြီး နံပါတ် ၁၉ ကွန်ပျူတာကို သွားရှာရန် ဖူကျို့အတွက် အချိန်သိပ်မယူလိုက်ရပေ။ ဖူကျို့က ကွန်ပျူတာအား ချက်ချင်း ဖွင့်လိုက်ပြီးတော့ ဂိမ်းထဲသို့ log inဝင်လိုက်လေသည်။ ထို့နောက် သူမဟာ ဂိမ်းထဲက အဆင့်များကို တစ်ချက်ကြည့်လိုက်လေသည်။
Code injection ကို အသုံးပြုပြီးတော့ ဖူကျို့က ချက်ချင်း ထိုသုံးယောက်၏ တည်နေရာကိုပစ်မှတ်ထားကာတိုက်ခိုက်ဖို့ပြင်လေတော့သည်။
အရင်တုန်းက လျန်ရှုကွမ်၊ ကျန်းယင်ချောင်၊ နျဲရှုတို့ဟာ သူတို့၏ ဂိမ်းအကောင့်ကို နာမည်လွှဲဖြင့်သာ အသုံးပြုခဲ့တာဖြစ်ပေသည်။ သို့သော် ကုမ္ပဏီများနှင့် စာချုပ်ချုပ်ပြီး နောက်မှာတော့ ဖန်တွေ ပိုမိုရရှိရန်အတွက် သူတို့၏ နာမည်အစစ်တွေကိုသာ အသုံးပြုလိုက်တာဖြစ်လေသည်။
ဖူကျို့က ကွန်ပျူတာမှာရှိသည့်အချိန်ကို  á€€á€źá€Šá€ˇá€şá€œá€­á€Żá€€á€şá€œá€ąá€žá€Šá€şá‹
တိုက်ရိုက်ထုတ်လွင့်မှု စတင်ဖို့ နာရီဝက်ခန့်လိုသေးတာပဲ။
ကွန်ပျူတာရဲ့ကာကွယ်ရေးစနစ်ဖောက်ဖျက်ဖို့ ငါလေးအတွက် အချိန်ရှိသေးတယ်။
ဖူကျို့က ဘေးပတ်ဝန်းကျင်ကို စွေစောင်းကြည့်လိုက်လေသည်။ ကီးဘုတ်ဆီက တစ်ဖြောက်ဖြောက်မြည်သံကိုပင် ကြားနိုင်ပေ၏။
သွယ်လျပြီး ဖြူဖွေးနေသည့် လက်ချောင်းတွေဟာ ကီးဘုတ်ပေါ်၌ပြေးလွှားနေပေသည်။ သူမ၏ဆရာကျတဲ့လှုပ်ရှားမှုကြောင့် ကီးဘုတ်ဆီမှအသံဟာ ဂီတသံလေးသဖွယ်ဖြစ်နေပေတော့၏။
ဖူကျို့မှာထားသည့် စုပ်လုံးသကြားလုံးကို လာပို့ရင်း သူဌေးက ဖူကျို့၏ လှုပ်ရှားမှုများကို မြင်သွားခဲ့လေသည်။
"ဝိုး မင်းရဲ့လှုပ်ရှားမှုနှုန်းတွေက တော်တာ်ကောင်းတာပဲ ဒါပေမဲ့ မင်းအခုဘာလုပ်နေတာလဲ"
ဖူကျို့က လျင်မြန်စွာဖြင့် window ကို ချိန်းလိုက်ပြီးတော့ ဂိမ်းကို ဖွင့်လိုက်လေသည်။ သူမဟာ ပြုံးလိုက်ပြီးတော့
"ဘာမှမဟုတ်ပါဘူး အင်္ဂလိပ်စာ လုပ်နေတာ"
"ကွန်ပျူတာပေါ်မှာ အိမ်စာလုပ်တာလား"
သူဌေးဟာ စိတ်ဝင်စားဖို့ကောင်းတယ်ဟု တွေးမိကာ ဖူကျို့နှင့် စကားများများပြောရန် ကြံရွယ်လေတော့သည်။
"မင်းလည်း ဟီးရိုးဂိမ်း ကစားတာလား၊ ငါတို့ဆိုင်မှာ ပြိုင်ပွဲအသေးစားလေးတွေရှိတယ် အနိုင်ရတဲ့သူက ဘောနပ်စ်ရမှာ မင်းဝင်ပြိုင်ချင်လား"
ဖူကျို့က သူမရဲ့ပါးစပ်ထဲကို Lollipop ကို ထည့်ကာ ပျင်းရိစွာပြုံးလိုက်လေသည်။
"ငါ ကောင်းကောင်းမကစားတတ်ဘူး"
"နှမြောစရာပဲ ငါမင်းရဲ့လှုပ်ရှားမှုနှုန်းတွေကိုမြင်လိုက်ပါတယ် အဲဒါကမဆိုးပါဘူး"
သူဌေးက သူ့ခေါင်းကိုယမ်းရင်း အဝေးသို့ လျှောက်သွားလေတော့သည်။ သို့သော် သူ့အတွေးထဲ၌ သံသယတစ်ခုဟာဖြစ်တည်နေ၏။
ဘာလို့ ဒီအင်္ဂလိပ်စာလုံးတွေက ထူးဆန်းတယ်လို့ထင်မိတာပါလိမ့် နံပါတ်တွေနဲ့ ရောနေတယ်လို့ မြင်လိုက်မိသလိုပဲ။ ငါ ကျောင်းနဲ့ဝေးကွာနေတာ အချိန်ကြာလွန်းလို့ အခုခေတ် စာတွေနဲ့တောင် မရင်းနှီးတော့ပါလားနော်။
ဘယ်သူမှမရှိတာ သေချာမှတော့ ဖူကျို့က ကုတ်များကို  á€‘ပ်မလရိုက်နသိပ်ကဏ ဆက်လက်လုပ်ဆောင်ပေတော့သည်။ သူမ၏ ငွေရောင်ဆံပင်တွေဟာ နည်းနည်းလေး လှုပ်ခါသွားသည်နှင့်တစ်ပြိုင်နက် သူမဟာလည်း တိုက်ရိုက်ထုတ်လွှင့်မှု လုပ်မဲ့နေရာသို့ တစ်ပြိုင်နက်တည်း ဝင်ရောက်သွားပေတော့သည်။
သူမက တိုက်ခိုက်ရန် ပြင်နေစဥ် သူမ၏ ဖုန်းက မြည်လာလေ၏။ we chat မှတစ်ဆင့်ပို့ထားသော ချင်မော့၏စာ ဖြစ်လေသည်။
"မင်း အခုဘယ်မှာလဲ"
"အင်တာနက်ဆိုင်"
ဖူကျို့က နှစ်ခါမစဥ်းစားဘဲ တစ်ခါတည်းတန်းဖြေလိုက်လေသည်။
ချင်မော့က ရုံးခန်းထဲကထိုင်ခုံ၌ ထိုင်နေပြီးတော့ စိတ်ဝင်စားဟန်ပြုကာ မျက်ခုံးပင့်လိုက်လေသည်။
"ငါဆိုလိုတာက မင်းဂိမ်းထဲက ဘယ်နေရာမှာလဲလို့"
"ငါလေး ဒီနေ့မဆော့နိုင်သေးဘူးဟာ ငါလေးကိစ္စတစ်ခုကို ကိုင်တွယ်ရဦးမှာ"
ဖူကျို့က အလျင်အမြန်ပြန်ဖြေလေ၏။
ချင်မော့၏ မည်းနက်သော မျက်ဝန်းများက ကျဥ်းမြောင်းသွားသည်။
"တစ်ယောက်ယောက်က မင်းကို စိတ်အနှောင့်အယှက်ပေးပြန်ပြီလား၊ အဲဒါကြောင့် မင်းအင်တာနက်ဆိုင်ကို သွားပြီးတော့ သူ့ကိုပညာပေးမလို့လား၊ ဒါရိုက်တာကျန်းကို ပညာပေးခဲ့သလိုမျိုးလေ”
ဖူကျို့က သူမ၏ ခေါင်းကိုလှည့်လိုက်ပြီးတော့ အသံမက်ဆေ့ချ်ဖြင့် ပြောလိုက်သည်။
"အဲ့လိုမပြောပါနဲ့ဟ အစ်ကိုမော့ ငါလေးက အခြားသူတွေနဲ့ဂိမ်းလေး နည်းနည်းလောက် ကစားချင်ရုံလေးပါ"
"မင်း ဘယ်သူနဲ့ ကစားချင်တာလဲ"
ချင်မော့က မသိမသာလေး ပြုံးလိုက်ပြီးတော့ တစ်စက္ကန့်လောက်ကြာတာနဲ့ နောက်ထပ် စာတစ်စောင်ကို ပို့လိုက်လေသည်။
"ဒီကိစ္စမှာ ဝင်ပါဖို့ မင်းရဲ့အစ်ကိုကို လိုအပ်လား”
.......

အပိုင်း (၉၀) ဂိမ်းကစားရာမှာ သခင်ကျို့ကို သင်ပြချင်တယ်ပေါ့
ဖူကျို့က တိုက်ရိုက်ထုတ်လွင့်မှုကို ကြည့်သူအရေအတွက် တဖြည်းဖြည်းများလာတာကို ကြည့်နေရင်းဖြင့် သူမ၏ နှုတ်ခမ်းပါးလေးများက ကွေးညွတ်သွားပေတော့၏။
"အစ်ကိုမော့သာ ဝင်ပါမယ်ဆိုရင် ပိုပြီးတော့ ပျော်ဖို့ကောင်းမှာပဲ”
ချင်မော့က ဖူကျို့၏ လေးနက်သော အသံကို ကြားလိုက်သည်နှင့် တစ်စုံတစ်ခုကတော့ ဖြစ်ပျက်တော့မည်ဟု အတပ်သိလိုက်လေသည်။ ချင်မော့က ခေါင်းလေးနည်းနည်း စောင်းလိုက်ပြီးတော့ စီးကရက်မီးညှိလိုက်လေသည်။ ထို့နောက် ဂိမ်းထဲသို့ log in ဝင်လိုက်ကာ ဖူကျို့ပေးလိုက်သော ကုတ်နံပါတ်ဆီသို့ ဝင်ရောက်လိုက်လေသည်။ ထိုနံပါတ်က သူ့ကို တိုက်ရိုက်ထုတ်လွှင့်သည့် နေရာသို့ အလိုအလျောက်ပို့ဆောင်လိုက်လေသည်။
ဖန်သားပြင်ပေါ်မှာတော့ အသင်းအင်္ကျီဆင်တူဝတ်ထားသော လူငယ်သုံးယောက် တည်ရှိနေပေသည်။ သူတို့ဟာ အွန်လိုင်းအင်တာဗျုး ပြုလုပ်နေကြပေ၏။
"ကျွန်မတို့ကြားတာကတော့ ရှင်တို့သုံးယောက်က ကုမ္ပဏီပြောင်းလိုက်တာ သိပ်မကြာသေးဘူးဆို၊ ဒီတစ်ကြိမ်အပြောင်းအလဲမှာ ဘယ်လိုအကျိုးအမြတ် ရလိုက်လဲဆိုတာကို ဝေမျှပေးလို့ရမလား၊ weiboမှာ ရှင်တို့တင်ထားတဲ့ ဒီလူမှုဖူလုံရေးငွေကြေးကိစ္စနဲ့ ပတ်သက်ပြီး ဖန် တွေ အရမ်း သိချင်နေကြပါတယ်နော်"
လျန်ရွှီကွမ်းက သူတို့သုံးယောက်ထဲအနက် အချောဆုံးတစ်ယောက်ဖြစ်သောကြောင့်သူကသာလျှင် ထိုမေးခွန်း၏အဖြေကို ဖြေသူဖြစ်သည်မှာမဆန်းပေ။ ကင်မရာက သူ့ဘက်ကို လှည့်လိုက်သည်နှင့် သူက ပြုံးပြလိုက်ပြီးတော့
"အခုလက်ရှိကုမ္ပဏီက ဟိုလှည့်ဖြားတတ်တဲ့ကုမ္ပဏီထက် ဆယ်ဆကောင်းတယ်ဗျ၊ ကျွန်တော်တို့ရဲ့ ဖန်တွေ စိုးရိမ်စရာမလိုတော့ပါဘူး အခုကစပြီးတော့ လူတိုင်းအတွက် ကျွန်တော်တို့က ကောင်းမွန်တဲ့ ကစားစွမ်းရည်တွေ ချပြပေးသွားမှာပါ"
"ကျွန်မက ရှင်တို့ရဲ့အရင်ကုမ္ပဏီနဲ့ပတ်သက်တဲ့ ကောလာဟလတွေကိုလည်း ကြားခဲ့ရသေးတယ်ရှင့် ဒီသတင်းတွေက သိပ်တော့မကောင်းဘူးပေါ့ရှင်"
သတင်းအချက်အလက် များများရရန်အတွက် သူများ၏ ဂုဏ်သိက္ခာကိုချနင်းဖို့ ဝန်မလေးသည့် မီဒီယာတို့၏ ထုံးစံအတိုင်း အစီစဉ်တင်ဆက်သူဟာ ခေါင်းစဉ်ကို ပြောင်းလဲခြင်းပြုရမည့်အစား ပို၍အခြေအနေဆိုးလာအောင်သာ ပြောဆိုနေပေတော့၏။
လျန်ရွှီကွမ်းဟာ "ဟုတ်တယ်" လို့ထောက်ခံရင်းဖြင့် ပခုံးတွန့်ပြလိုက်လေသည်။
"ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘာလုပ်နိုင်မှာလဲ ကုမ္ပဏီပိုင်ရှင်ကိုယ်တိုင်က နယ်ကလာတာလေ သူက အမြဲလိုလို အော်ငေါက်ဖို့ပဲ့သိတာ အဲဒါကြောင့် ကုမ္ပဏီကသူတွေ သည်းမခံနိုင်တော့ဘဲ ထွက်ကုန်တာနေမှာပါ"
"သေချာတာပေါ့ရှင် ကုမ္ပဏီတစ်ခုမှာ လေးစားဖို့ မထိုက်တန်တဲ့သူဌေးရှိနေမှတော့ ဘယ်လိုလုပ် ရှေ့ဆက်သွားနိုင်မှာလဲလေနော်"
အစီစဉ်တင်ဆက်သူက သူမ၏ ဇာတ်ညွှန်းစာအုပ်ကို ပိတ်လိုက်ပြီးတော့ ရယ်လိုက်လေသည်။
"ဒါပေမဲ့ ရှင်တို့ကအခုထွက်လာခဲ့ပြီးပြီဆိုတော့ တက်သစ်စလူငယ်လေးတွေအနေနဲ့ အမြင့်ဆုံးထိ ပျံသန်းရမှာပေါ့မဟုတ်ဘူးလား"
လျန်ရွှီကွမ်းလည်းပဲ ရယ်လိုက်သည်။
"ဟုတ်တာပေါ့ဗျာ"
"ဟုတ်ပါပြီ ဖန် တွေကလဲ စိတ်လှုပ်ရှားစွာစောင့်နေကြပြီဆိုတော့ စလိုက်ကြရအောင်လား"
အစီစဉ်တင်ဆက်သူဟာ စိတ်ဝင်စားဖို့ကောင်းသည့် အခြေအနေကိုဆွဲခေါ်ဖို့ကြိုးစားလေ၏။
"ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေပြောတာကတော့ ရှင်တို့သုံးယောက်က ဖန်တွေအများကြီးရှိတဲ့ အဆင့် အမြင့်တွေက ဆရာကြီးတွေဆို၊ အရင်ကုမ္ပဏီက ရှင်တို့ကို ဘယ်လို မြှင့်တင်ပေးရမလဲဆိုတာကို မသိလေတော့ ရှင်တို့ရဲ့စွမ်းရည်တွေကို ထုတ်ဖော်ပြသခွင့်မရရှာဘူးပေါ့၊ အခုတော့ ဒီလိုသိမ်ငယ်တဲ့အရာတွေကို လွှင့်ပစ်လိုက်ပါတော့၊ ကဲ အခုကတော့ နတ်ဘုရားလို ဂိမ်းသမားတွေ ဂိမ်းထဲlog inဝင်တော့မဲ့အချိန် ဖြစ်ပါတယ်ရှင့်၊ ပရိသတ်များရှင့် တိုက်ရိုက်ထုတ်လွင့်မှု နေတဲ့အချိန်မှာ ဘယ်လိုမေးခွန်းမျိုးမဆို မေးနိုင်ပါတယ်နော် လက်ဆောင်လေးတွေလည်း ပေးဖို့မမေ့နဲ့ဦးနော်"
အစီစဉ်တင်ဆက်သူ၏ စကားဆုံးသည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှု လုပ်နေသည့်ဖန်သားပြင်တစ်ခုလုံးဟာ တစ်စုံတစ်ယောက်၏ စာများနှင့် ပြည့်နှက်နေပေတော့၏။
ဒီလူက ဖူကျို့ပါပဲ။
သူမက နားကြပ်(headphone)ကို ဝတ်ဆင်ထားပြီးတော့ သူမ၏ ငွေရောင်ဆံပင်များက တလက်လက် တောက်ပနေပေသည်။
"မင်းတို့က နတ်ဘုရားလိုဂိမ်းကစားစွမ်းရည်ရှိနေမှတော့ live battle တစ်ခုကစားပြဖို့ သတ္တိရှိရဲ့လား”
ဒီ...ဒီမက်ဆေ့ချ်က ဘယ်ကနေဘယ်လိုပေါ်လာတာလဲဟ။
ဇာတ်ညွှန်းတိုက်ထားတာ ဒီဟာ မပါဘူးလေဟဲ့။
အစီစဉ်တင်ဆက်သူက မျက်မှောင်ကြုတ်လိုက်ပြီးတော့ ဒါရိုက်တာဘက်ဆီသို့ လှည့်ကြည့်လိုက်လေသည်။
ဒါရိုက်တာက သူမကို ဆက်လုပ်ရန်အချက်ပြလိုက်လေ၏။
သောက်ကျိုးနည်း အင်တာနက်လိုင်းက ဘာထဖြစ်တာလဲဟ ဒီလူဘယ်ကလာတာလဲ။
သူတို့၏ အစီစဉ်တင်ဆက်သော နေရာက တစ်စုံတစ်ယောက်၏ ထိန်းချုပ်ခြင်းကို ခံနေရတာဖြစ်လေသည်။ အခြားဖန်တွေက ထိုအချိန်မှာတော့ စာတိုလေးတစ်စောင်တောင်မှ ပေးပို့၍မရချေ။
ထို့ကြောင့် ဤစိန်ခေါ်စာသည် တောတောင်များကြားထဲမှ အေးစိမ့်စိမ့်ညများပမာ အေးစိမ့်ကာ ဖိအားအကြီးကြီးပေးနေတော့သည်။
အခုခေတ်မှာတော့ လူတိုင်းက တိုက်ရိုက်ထုတ်လွင့်မှု အဓိပ္ပာယ်ကိုသိကြလေ၏။
ထိုစိန်ခေါ်စာကို ငြင်းလိုက်သည်နှင့် တိုက်ရိုက်ထုတ်လွှင့်သူများက စပင်မစရသေးခင် သူတို့၏ ဂုဏ်သိက္ခာကို ရိုက်ချိုးလိုက်တာနှင့် အတူတူပဲ ဖြစ်သည်။
သူတို့သုံးယောက်ဟာ ထိုဂိမ်းအိုင်ဒီကို ကြည့်လိုက်လေသည်။ ကြည့်ရတာ ထိုအိုင်ဒီဟာ ကစားသမားအသစ်တစ်ယောက်နှင့် တူလေ၏။
ဦးနှောက်မရှိတဲ့ ဝက်ဦးနှောက်နဲ့ အသစ်ကလေး မိုးနဲ့မြေ ဘယ်လိုကွာခြားလဲဆိုတာကို မသိသေးဘူးထင်တယ်။ ဟမ့် မင်းစောက်ခွက်ကို ထိုးပါလို့ ရဲရဲကြီးမျက်နှာလာအပ်ပေးမှတော့ ငါတို့လည်း ဖြည့်ဆည်းပေးရတာပေါ့ကွာ။
လျန်ရွှီကွမ်းဟာ ခေါင်းလေးနည်းနည်းစောင်းလိုက်ပြီးတော့ အထက်စီးဆန်စွာ ပြောလိုက်သည်။
"ငါတို့ရဲ့ချစ်လှစွာသောဖန်လေး ခင်ဗျားကိုကြည့်ရတာ ပရော်ဖက်ရှင်နယ်ကစားသမားနဲ့ အပျော်တမ်းကစားသမားရဲ့ ကွာခြားချက်ကို မသိသေးတဲ့ အသစ်ကလေးနဲ့တူတယ်နော်၊ ဒါပေမဲ့ ဒီဟာက အဆင်ပြေပါတယ် ဒီလိုစိန်ခေါ်တာမျိုးကို ခင်ဗျားက တိုက်ရိုက်ထုတ်လွှင့်မှု လုပ်နေတုန်းမှာ လာပို့တာဆိုတော့ ကျွန်တော်တို့က ခင်ဗျားရဲ့စူးစမ်းလိုစိတ်ကိုလည်းဖြည့်ဆည်းပေးမယ် ပြီးတော့ ခင်ဗျားကို နည်းလမ်းတွေ နည်းနည်းသင်ပေးလိုက်မယ်ဗျာ ခင်ဗျား battle ဆိုင်ချင်လား"
...
 

Search Novels