အပိုင်း (၈၁) ချင်မော့က ဖူကျို့ကို လှည့်စားတယ်
ဖူကျို့က နည်းနည်းလေးတော့ အံ့အားသင့်သွားလေသည်။ သူမ ထင်တာက အစီအစဉ်အတိုင်း ကားမောင်းပြီး အစာချေဖို့ လေညင်းခံထွက်မယ်လို့ပေါ့။
အခုတော့ ကြည့်ရတာ..
ဖူကျို့က ချင်မော့ကို ကြည့်လိုက်ပြီးတော့ ပြုံးလိုက်လေသည်။
နင်လေးက သူငယ်ချင်းကိုတော့ ကောင်းကောင်းဆက်ဆံတတ်သားပဲ!
ချင်မော့က လှည့်လိုက်တာနဲ့ ဒီလူငယ်ဟာ သူ့အားစိုက်ကြည့်နေတာကို မြင်လိုက်လေသည်။ သူ့ရဲ့မျက်ခုံးကိုပင့်လိုက်ပြီးတော့ ဖူကျို့ရဲ့အနောက်ဘက်ကော်လံစအားဆွဲကာ ခေါ်လာပြီးတော့
"မင်း ဘယ်ဟာကိုကြိုက်လဲ ကြိုက်တာသာရွေး"
"ကြီးမြတ်လှတဲ့သခင်လေးချင် ဒီလိုကော်လံစကို ဒီလို ဟိုဟိုသည်သည် အဆွဲခံနေရတာကို ဘယ်သူကမှ ကြိုက်မနေဘူးနော်"
ဖူကျို့က ထိုသို့ ပြောပြီးသည်နှင့် သူမ၏ ကော်လံကို ပြန်ပြင်လိုက်လေသည်။ ကြည့်ကောင်းသည် မျက်နှာနှင့် ကောက်ကျစ်တတ်သောမျက်နှာပေးဖြင့် သူမဟာ တစ်ဖက်သို့ မှီလိုက်ပြီးတော့ ပြုံးလိုက်ကာ
"တကယ်လို့ နင်လေး နောက်ထပ်တစ်ကြိမ် ဒီလိုထပ်ဆွဲမယ်ဆိုရင် နင်လေးငါ့ကိုကြိုက်နေတယ်လို့  á€žá€á€şá€™á€žá€á€şá€œá€­á€Żá€€á€şá€á€ąá€Źá€ˇá€™á€žá€Ź သိပြီလား"
ချင်မော့က ဒီလိုကိစ္စသေးသေးလေးတွေကြောင့် စိတ်ခဏခဏဆိုးတတ်တဲ့သူမဟုတ်လေတော့ဘူး။
ချင်မော့က ထိုလူငယ်လေး၏ ဦးခေါင်းထိပ်ကို ဖွဖွလေးပုတ်လိုက်ကာ အေးစက်စွာပြုံးလိုက်ပြီးတော့
"ပါးစပ်လေးပိတ်ပြီး ကြိုက်တာသာရွေးပါကွာ!"
သူမ၏ ဦးခေါင်းကို အပုတ်ခံရတာဟာ သည်တစ်ကြိမ်တော့ ဖူကျို့အတွက် ပထမဆုံးဖြစ်လေသည်။ သူမ သတိမထားမိခင်မှာပဲ သူမ၏ ချောမောလှသည့်မျက်နှာဟာ သူမ၏ အရှေ့ကော်လံ၌ နစ်မြှုပ်နေပေတော့သည်။
နင်လေးက ငါ့အတွက် ကိစ္စတွေကိုဖြေရှင်းပေးတယ်ဆိုမှတော့ ငါလေး အတွန့်မတက်တော့ပါဘူး ဒီလိုအပြုအမူတွေကနေ နင်လေးဆီကဘယ်လိုအမြတ်ထုတ်ရမလဲဆိုတာကို စဉ်းစားလိုက်ဦးမယ်။
ကြီးမြတ်လှတဲ့သခင်လေးချင်ဟာ ပိုက်ဆံသုံးတာနဲ့ပတ်သက်ပြီး နည်းနည်းလေးမှဂရုမစိုက်လေဘူး။ ဒီကောင်လေးက သူ့ရဲ့ခေါင်းကိုလက်ဖြင့်ကိုင်ထားပြီး ခုနကခေါင်းအပုတ်ခံလိုက်ရတာကို မကျေနပ်ဖြစ်နေတဲ့ပုံလေးကို ကြည့်လိုက်တော့ ချင်မော့ရဲ့နှုတ်ခမ်းတွေဟာ မသိမသာကွေး ညွတ်သွားကာ သူ့ရဲ့ခံစားမှုတွေကလည်းပိုပြီးတော့ကောင်းလာသလို ခံစားလိုက်ရလေတယ်။
ဖူကျို့ပြောနိုင်တာကတော့ ကြီးမြတ်လှတဲ့သခင်လေးချင်ရဲ့ လက်ရှိဝါသနာက သူမကို အနိုင်ကျင့်တာဖြစ်တယ်ဆိုတာပါပဲ။
အရိုးသားဆုံးပြောရရင် နင်လေးနဲ့မရင်းနှီးခင်တုန်းက ကိုင်တွယ်ဖို့ ဒီလောက်မခက်ဘူးပေါ့လို့ ရင်းနှီးသွားမှပဲ နင်လေးက စိတ်ထားပုတ်ပြီး မကောင်းဆိုးဝါးဆန်တတ်မှန်းသိတော့တယ်!
သာမန်လူတစ်ယောက်က သူ့သူငယ်ချင်းကို အနိုင်ကျင့်ရတာကို ပျော်ဖို့ကောင်းတယ်လို့ မှတ်ယူထားတယ်ဆိုတာဖြစ်နိုင်ပါ့မလား။ ဒီလိုလူမျိုးကို ဘယ်ဆီကသွားရှာရမလဲ။
ကြီးမြတ်လှတဲ့သခင်လေးချင်က ကမ္ဘာပေါ်မှာရှိတဲ့ မှတ်ယူထားတဲ့ တစ်ဦးတည်းသောသူပဲဒ
သူ့အလွန်အမင်းနာမည် ကျော်ကြားမှုမျိုးနဲ့ဆိုရင် ချင်မော့က Computer cityမှာ အချိန်တော်တော်ကြာနေလို့မရဘူးဆိုတာကို သတ်မှတ်ထားသလို ဖြစ်နေတယ်။  
ဖူကျို့က အချိန်ကိုကြည့်လိုက်ပြီးတော့ လက်တော့ အတွက်လိုအပ်သော hard driveနှင့် အပြင်ခွံသေးသေးလေးများကို အလျင်အမြန်ကောက်ယူလိုက်ပေသည်။
သူမ အပြင်ခွံသီးသန့်သာလိုချင်တယ်လို့ဆိုင်မန်နေဂျာကို ပြောလေတော့ မန်နေဂျာက သူမအား အံ့အားသင့်စွာ ကြည့်ကာ
"မင်း ဒီလိုဝယ်ချင်တာ သေချာလာ!"
"ဒီလို တကွဲတပြား ဖြစ်နေတဲ့ ပစ္စည်းတွေက ဘာလုပ်ရမှာမို့လို့လဲ ဘာလို့ setတစ်ခုလုံး မဝယ်လိုက်ရတာလဲ!"
ဖူကျို့က ပြုံးလိုက်ပြီးတော့
"ဟုတ်တယ် ဒီဟာကိုပဲဝယ်မှာ"
ဆိုင်မှာရှိတဲ့လက်တော့တွေဟာ အတုတွေလို့မဆိုလိုပါဘူး။ ဒါပေမဲ့ သူမဟာ ဒီဟာတွေထက် ပိုကောင်းတဲ့လက်တော့တစ်လုံးကို ဖန်တီးချင်တာ။ ဒီလိုဆိုရင် သူမအတန်းထဲ၌ စိတ်ချလက်ချ အသုံးပြုလို့ရမယ်။
ချင်မော့က အနီးအနားမှာထိုင်ပြီး ခြေချိတ်ထားလျက် ဂိမ်းမဂ္ဂဇင်းတွေကိုဖတ်နေစဉ် ထိုစကားကို ကြားလိုက်ရသောအခါ မျက်တောင်ခတ်ကာ ဖူကျို့ကို ကြည့်လိုက်လေသည်။ သူ့မျက်လုံးများက ဟာ ရှေးဟောင်းရေကန်ကဲ့သို့ နက်မှောင်ပေတော့သည်။ သူတို့ကို ကြည့်ရတာတည်ငြိမ်ပုံပေါက်နေသော်ငြား အလွန်နက်နဲသိမ်မွေ့ပေ၏။
ဖူကျို့သည် ချင်မော့က သူမကို ကြည့်နေမှန်း သတိထားမိလိုက်လေသည်။
ဘယ်လိုပဲဖြစ်ဖြစ် ငါလေးက hackerလေ နင်လေးက ဒီဟာကိုသိနေမှတော့ ဖုံးကွယ်နေစရာလိုလို့လား။
ဖူကျို့က သူမ၏ ခေါင်းကိုလှည့်လိုက်ပြီးတော့ ချင်မော့ကို ပြုံးပြကာ
"ငါ့ရဲ့လက်တော့ကို ငါကိုယ်တိုင်ဖန်တီးချင်တာ"
ချင်မော့က သူ့မျက်ခုံးကို ပင့်လိုက်ပြီးတော့ လျှောက်လာလေသည်။ သူ့လက်များက တကွဲတပြား ဖြစ်နေသော အစိတ်အပိုင်းများကို ထိုးလိုက်ပြီးတော့ စီးပွားရေးသမားလေသံဖြင့် ပြောလိုက်သည်။
"လက်တော့ တစ်ခုကို ပြုပြင်မယ်ဆိုရင် ဒီhard driveက အရည်အချင်းမမှီဘူး ငါ့မှာ ကောင်းတဲ့ဟာတစ်ခု ရှိတယ်၊ မင်း ချင်ကုမ္ပဏီကို ဝင်လာတဲ့အခါကျရင် ငါမင်းကိုပေးမယ်!"
ဒီလိုပြောလိုက်တာက တကယ်လို့ ငါလေး ချင်ကုမ္ပဏီကို မဝင်လာခဲ့ရင် စိတ်တောင်မကူးနဲ့လို့ ပြောချင်တာလား။
ဖူကျို့က သူ့စကားများကနေတစ်ဆင့် နောက်ကွယ်က စကားကို နားလည်သလိုလိုရှိသွားသည်။
"ဒီနေ့ ငါလေး ယူထားတဲ့ဟာတွေကျတော့ရော"
"ပြိုင်ပွဲပြီးလို့ မင်း ချင်ကုမ္ပဏီကိုမဝင်နိုင်ဘူးဆိုရင် မူလဈေးနှုန်းအတိုင်း မင်းငါ့ကို အကြွေးပြန်ဆပ်ရမယ်!"
ထိုစကားကို ကြားလိုက်သည်နှင့် ဖူကျို့က သူမ၏ မျက်ခုံးကို ပင့်လိုက်လေသည်။
အစာကြေအောင်သွားလုပ်တယ်ဆိုတာက သောက်ချဉ်မဟုတ်ဘူးပဲ။ ဒီလိုလေးနက်တဲ့ရည်ရွယ်ချက်က အနာဂတ်မှာ ငါလေးကို ကျွန်ပြုတော့မှာလားပဲ!!!
ငါလေးကို အစာဝအောင်ကျွေးပြီး နောက်မှဖြည်းဖြည်းချင်း နှိပ်စက်မယ်ပေါ့။
ကြီးမြတ်လှတဲ့ သခင်လေးချင်ရဲ့ လှည့်ကွက်တွေက တကယ့်ကိုလေးနက်တာပဲ။
.....................
အပိုင်း (၈၂) ချင်မော့က ဖူကျို့ကို အစ်ကိုကြီးလို့ခေါ်ခိုင်းတယ်
ဘာပဲဖြစ်ဖြစ် ဒီကြီးမြတ်လှတဲ့ သခင်လေးချင်က တစ်ရက်နှစ်ရက်လေးပဲ အရှက်မရှိမှာတော့ မဟုတ်ဘူး။                                                                                                                                                                                                                                                                                              á€’ဍပ္မဲအ ဒီ hardware ကတကယ့်ကိုကောင်းတယ်။
အဓိကအချက်က ငါလေးရဲ့ကိစ္စကို အမှန်ပြန်ရောက်အောင် ဖြေရှင်းပေးတာပဲလေ။
ဖူကျို့၏ နှုတ်ခမ်းပါးလေးတွေဟာ ကွေးညွတ်သွားလေသည်။
သူမက ရှေ့သို့တစ်လှမ်းလျှောက်သွားလိုက်ကာ သူမ၏လက်ကို မြှောက်လိုက်ပြီး ချင်မော့၏ ပခုံးကို ကိုင်လိုက်လေသည်။ သူမက ချင်မော့ကို စနောက်ချင်လာလေသည်။
သို့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ ချင်မော့ အလျင်အမြန်တုံ့ပြန်လိုက်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူ့ပခုံးဆီသို့ သူမလက်မရောက်ခင် ချင်မော့က ဖူကျို့၏ လက်ကောက်ဝတ်အား ဆွဲလိုက်ပြီးတော့ သဘာဝကျကျဖြင့် သူမ၏ခန္ဓာကိုယ်ကို အနီးမှာရှိသည့်နံရံဆီသို့ ကပ်ထားလိုက်လေသည်။
သူ့အသက်ရှုသံများက    á€Ąá€ąá€¸á€…က်န္ပ္သည်။
"မင်းရဲ့လက်ဖဝါးတွေကို ထပ်ပြီးတော့မလိုချင်တော့ဘူးနဲ့ တူတယ်"
ဖူကျို့က တလက်လက်တောက်ပနေသည့် မျက်လုံးဖြင့် ရယ်နေဆဲဖြစ်လေသည်။
"ကြီးမြတ်လှတဲ့သခင်လေးချင် ငါလေးက နင်ရဲ့နားရွက်တွေက ဆတ်ဆတ်အထိမခံဘူးဆိုတာကို သတိရသွားလို့ပါ"
သည်ပတ်ဝန်းကျင်၌ လူတွေအများကြီး ရှိနေကြတာ ဖြစ်သည်။
သည်လိုမြင်ကွင်းကို မြင်လိုက်ရသောလူများ၏ မျက်လုံးများက ပြူးကျယ်သွားပေတော့သည်။
အထူးသဖြင့် ထိုမြင်ကွင်း၏ ဘေးဘက်မှာရပ်နေသော ဆိုင်မန်နေဂျာ။ သူက စတင်ပြီးတော့
တဆတ်ဆတ် တုန်လုနီးပါးဖြစ်နေလေ၏။
ကမ္ဘာပေါ်မှာ ဒီ....ဒီလိုဟာမျိုးလည်းရှိသေးတာလား။
သခင်လေးချင်က ဒီလိုလူမျိုးကို ကြိုက်တယ်လို့လည်း သူတို့ဘာသတင်းမှ မကြားရပါလား။
ဒီချောမောလှပတဲ့ငွေရောင်ဆံပင်လေးနဲ့လူ....ချင်ကုမ္ပဏီကလူတွေကရော သိကြရဲ့လား....။
လိုအပ်သော ပစ္စည်းများ လာဝယ်ကြသူများက ကြောင်ကြည့်နေကြပြီးတော့ တံတွေးကိုသာ မျိုချနေရပေသည်။ သူတို့က ဓာတ်ပုံရိုက်ချင်ကြသော်ငြား ဒီလိုလုပ်ဖို့အတွက် အလွန်အမင်းကို ကြောက်ရွံ့နေတာ ဖြစ်လေသည်။
ဘယ်သူကမှ ကြီးမြတ်လှတဲ့ သခင်လေးချင်ကို ရန်မစရဲကြလေဘူး။
သို့သော် ထိုကဲ့သို့မြင်ကွင်းက လူတွေအား တစ်စုံတစ်ခုကို တွေးတောမိစေသည်။
ထပ်ပြောရမည်ဆိုလျှင် ထိုမျက်နှာနှစ်ခုလုံးဟာ အလွန်အမင်းကို ချောမောခံ့ညားကြပေသည်။
သူတို့တစ်ယောက်စီတိုင်းက ဓာတ်တစ်မျိုးစီ ထုတ်လွှင့်နေကြပြီး လူတွေအား မလွဲမသွေ တစ်ခုခုအား တွေးမိစေပေသည်။
ဖူကျို့က မည်သည့်အရာကိုမှ မခံစားရပေ။ သို့သော် ဤကဲ့သို့ နံရံဆီ အတွန်းခံရတာကိုတော့ ကျေနပ်ခြင်း မရှိချေ။ မခံစားရလေဘူး။ ချောမောသည့်မျက်နှာက လက်မအနည်းငယ်သာ ကွာဝေးတော့တာကို ကြည့်လိုက်ပြီး သူမက ပြုံးကာ ခေါင်းကို တစ်ဖက်သို့ စောင်းလိုက်လေသည်။
ချင်မော့က သူ့နားရွက်ကို ကောင်လေး လေလာမှုတ်ဖို့ ကြံရွယ်နေသည်နှင့် နံရံဆီသို့ ချက်ချင်း တွန်းကပ်ထားလိုက်လေသည်။ သူ့မျက်လုံးများက အလွန်အမင်းဆွဲဆောင်မှုရှိနေသည်။
"ဖူ ကျို့"
ထိုကောင်လေး၏ နူးညံ့ပြီးသေးငယ်သော မျက်နှာကြောင့် နံရံသို့ ကြမ်းကြမ်းတမ်းတမ်း တွန်းကပ်သင့်၊ မသင့်ကို ချင်မော့က ခဏတော့တွေဝေသွားလေသည်။
သို့သော် ဒီကောင်လေးကို သင်ခန်းစာ ပေးရန်အတွက် ချင်မော့က သူ့ကို နံရံဆီသို့ တွန်းကပ်လိုက်ပေသည်။ ချင်မော့က သူ့ကိုယ်သူယုံကြည်မှုရှိရှိ ကိုယ်ကိုင်းလိုက်သည်။
ပြီးတော့ သူ့နှုတ်ခမ်းပါးတွေဟာ နားကပ်အမည်းရောင်ရှိသည့် ဖူကျို့၏ ဘယ်ဘက်နားဆီသို့ တဖြည်းဖြည်း တိုးကပ်သွားပေသည်။ ထိုနွေးထွေးလှသည့် အသက်ရှုသံလေးဟာ သူ၏ ချောမောလှသော မျက်နှာနဲ့ လိုက်ဖက်လွန်းလှပေရာ မဖော်ပြနိုင်သော အရှိန်အဝါတစ်မျိုး ပေးနေသယောင်ယောင်ပင်။ သို့သော် သူ့အသံက သူမ၏ နားဆီသို့ အေးစက်စွာ ဝင်ရောက်လာ၏။
"မင်းရဲ့အစ်ကိုတစ်ယောက်အနေနဲ့ မင်းကို တစ်ခုတော့ ပြောပြလိုက်မယ်၊ ယောကျာ်းတစ်ယောက်ရဲ့နားကို လေမမှုတ်နဲ့ကွာ နားလည်ရဲ့လား"
ချင်မော့က ထိုသို့ ပြောပြီးသည်နှင့် နေရာ၌ တည့်တည့်ရပ်လိုက်လေသည်။
ချင်မော့က ထိုကောင်လေး တခြားသူများနှင့် အီစီကလီလုပ်လျှင် မထူးခြားသလို ခံစားရသည့်အကြောင်းကို မသိသော်ငြား ထိုကောင်လေး၏ ကြွေထည်နှယ် ဖြူဖွေးပြီးတော့ လုံးဝန်းနေသည့် နားရွက်ကို မြင်လိုက်တော့ သူဆော့ကစားချင်စိတ် ဖြစ်လာပေတော့သည်။
ဒီလိုအခြေအနေနဲ့တွေ့ကြုံရပြီးတောင် အခြားသူတွေနဲ့ အမှတ်သည်းခြေမရှိ ဆက်ပြီးတော့ အီစီကလီဦးမယ်ဆိုရင် သူဟာဒေါသထွက်ကိုထွက်ရတော့မယ်။
သူလည်းလွှမ်းမိုးခံရရင်ပေါ့။
သို့သော် ထိုကောင်လေးက မကောင်းဆိုးဝါးဆန်ဆန် မျက်နှာပေးဖြင့်ရယ်လိုက်လေသည်။
သူက ရှော့ခ်ရမည့်အစား မျက်လုံးအားစောင်းပြီးကြည့်လိုက်လေသည်။
"အစ်ကိုကြီးလား"
ချင်မော့က မျက်ခုံးပင့်လိုက်ပြီးတော့ သူ့လည်စည်းကို စိတ်ပျက်ခြင်းမရှိဘဲ ဖြေလျှော့လိုက်လေသည်။
"ငါကမင်းထက်ကြီးတယ်လေ အစ်ကိုမဟုတ်လို့ဘာလဲ"
မှန်တာပေါ့ ဒါပေမဲ့ နင်လေးကို အစ်ကိုကြီးအဖြစ် သတ်မှတ်မယ်ဆိုရင် ငါလေးကို ဖိအားတွေအများကြီးပေးတော့မှာပေါ့။ ပြီးတော့ ခေါင်းအစခြေအဆုံး ဘယ်ကပဲကြည့်ကြည့် မရိုးသားတဲ့စီးပွားရေးသမားကြီးပါနော်။ နင်လေး ငါ့ကိုလှည့်စားပြီးတော့ ငါလေးကိုရောင်းစားဖို့ စာချုပ်ချုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ။
ဖူကျို့ကသူမရဲ့မျက်ခုံးတွေကို တွန့်ချိုးလိုက်ပြီးတော့ သူမလုပ်ခဲ့တဲ့ဟာတွေက
မတန်လိုက်တာလို့ တွေးနေတယ်။
ဒီကောင်လေးဟာအတွေးရေယဉ်ကြောထဲ၌ မျောပါနေတာကို သတိထားမိလိုက်တာနဲ့
ချင်မော့က ရုတ်တရတ်ကြီးဒေါသထွက်လာပြီးတော့ အသံကိုနှိမ့်လိုက်တယ်။
"အဲဒီတော့ မင်းကငါ့ကို အစ်ကိုလို့ခေါ်ရမှာကို မှားတယ်လို့ထင်နေတာလား"
"သေချာပေါက် မဟုတ်ပါဘူးဟ"
ဖူကျို့က ပြုံးလိုက်ပြီးတော့
"အစ်ကိုမိုက ညီလေးတွေကို ကောင်းကောင်းဆက်ဆံပေးမဲ့သူဆိုရင်တော့ ပိုကောင်းတာပေါ့နော်"
ဒီကောင်လေးခေါ်လိုက်တဲ့ "အစ်ကိုမို" ဆိုတဲ့စကားကို ကြားလိုက်ရတာက ချင်မော့ကို အနည်းငယ်ကျေနပ်စေတယ်။ ဒါကြောင့်ချင်မော့က သူ့ကို ခွင့်လွှတ်ပေးလိုက်တယ်။ ပြီးတော့ ဖူကျို့ကသူ့ထက် အသက်ငယ်တာမဟုတ်လား။
..........
အခန်း (၈၃) တိမ်နဲ့ရွံ့နဲ့ ထမင်းတူတူစားကြတယ်
ညနေ ခြောက်နာရီ၌ ဖူကျို့နှင့် ချင်မော့က မီးပွိုင့်မမိခင်လေး လိုအပ်သည့် အစိတ်အပိုင်းများကို ဝယ်ပြီးသည်နှင့် hotpotဆိုင်သို့ ပြန်လာခဲ့လေသည်။
အတွင်းရေးမှူးလျန်သည် အချိန်ကို ခဏခဏကြည့်ရင်းဖြင့် သူတို့ဝင်အလာအား စားသောက်ဆိုင်၏ဝင်ပေါက်၌ စောင့်ဆိုင်းနေပေသည်။ သူ့သခင်လေး၏ အနက်ရောင်ကား ပေါ်လာတော့မှပဲ သက်ပြင်းချနိုင်ပေတော့သည်။
သို့သော် ခဏအကြာမှာတော့ သူ့မျက်လုံးတွေဟာ ရှော့ခ်ရမှုကြောင့် ပြူးကျယ်သွားပေတော့သည်။
အကြောင်းအရင်းမှာ ကား၏ အရှေ့ခန်းက ချင်မော့၏ ဘေး၌ ထိုင်နေသည့် ယောက်ျားလေးတစ်ယောက်ကို သူမြင်လိုက်ရသောကြောင့်ဖြစ်ပေသည်။
စီအီးအိုချင်က သူ့ရဲ့ဘေးဘက်မှာ ပေးထိုင်တယ်ဆိုတာက ရှားပါးဖြစ်ရပ်လေ! ဒီလူကဘယ်သူလဲ!
အတွင်းရေးမှူးလျန်သည် ထိုလူကို နီးနီးကပ်ကပ် မြင်ရဖို့အတွက် ရှေ့သို့ ခြေတစ်လှမ်း တိုးသွားလိုက်လေသည်။
သူ့ကို အံ့အားသင့်စေတဲ့အရာကတော့ ဒီလူဟာ အရင်ကသူတွေ့ခဲ့ဖူးတဲ့လူဖြစ်နေတာပါပဲ။
ဒီလူက ငါတို့စီအီးအို ကျောင်းသွားတဲ့လမ်းမှာတွေ့လိုက်ရတဲ့ အမွေဖြတ်ခံလိုက်ရတဲ့ သခင်လေးဖူ မဟုတ်ဘူးလားဟ။
အတွင်းရေးမှူးလျန်က ဖူကျို့ကို သည်လိုနည်းဖြင့် နာမည်တပ်ခေါ်တာကို အပြစ်တင်၍ မရပေ။ တကယ်တော့ ဖူမိသားစုရဲ့စီးပွားရေး ကြီးပွားလေလေ ဖူကျို့ရဲ့ဂုဏ်သိက္ခာက မြောင်းထဲရောက်လေလေ ဖြစ်သောကြောင့်ပင်။
ယင်းက သူ့နာမည်ကို ပထမဆုံးကြားဖူးတာ မဟုတ်ပေ။ ကျန်းမြို့မှာတော့ အထက်တန်းလွှာက လူတိုင်းက ထိုသခင်လေးဖူကို မြင်လိုက်တိုင်း လှောင်ပြောင်သရော်သောကြောင့် ဖြစ်လေသည်။
မရေတွက်နိုင်သည့် night clubများက ဖူကျို့ကို သူတို့ဘားဆီ လာခွင့် ပိတ်ထားသည်။ အထူးသဖြင့် အထက်တန်းလွှာနေရာမျိုး ဖြစ်သည်။ သူ့နာမည်ကိုကြားလိုက်သည်နှင့် လူတိုင်းက သူတို့ခေါင်းကို ချက်ချင်းခါယမ်းလိုက်ပေလိမ့်မည်။
သူ အမှားတစ်ကြိမ်လုပ်လိုက်သည်နှင့် လူတိုင်းက ဟယ်ဟုန်ဟွာနှင့် သူ့အမွေဖြတ်ခံထားရသောသားကို  á€œá€°á€á€­á€Żá€„်း ဝိုင်းလောှင်ကြတော့မည်နှင့်တူပေ၏။
ဒီလိုပြဿနာအများကြီးရှာထားတဲ့သူနဲ့ စီအီးအိုနဲ့က ဘယ်လိုလုပ်တူတူရှိနေရတာလဲ။
ဒါပေမဲ့ စီအီးအိုရဲ့ သူငယ်ချင်းအားလုံးနီးပါးက စစ်တပ်ထဲကလေ။ ပြီးတော့ သူတို့က နိုင်ငံရေးသမားတွေ ဒါမှမဟုတ် စစ်သားတွေလေ တစ်ယောက်စီတိုင်းက နာမည်ကြီးတာပဲကို!
ဒါပေမဲ့ ဒီတစ်ယောက်ကတော့...။
အတွင်းရေးမှူးလျန်သည် သူ့စီအီးအိုက ထိုလူငယ်ဆီက လွယ်အိတ်ကိုယူလိုက်ပြီးတော့ ကားအနောက်ခန်းသို့ ပစ်သွင်းလိုက်တာကို မြင်လိုက်လေသည်။ ထိုနောက် သူ့စီအီးအိုက ဒီလူငယ်ကို
"ငါမင်းကို နောက်မှ လိုက်ပို့ပေးမယ်လေ ဘာလို့ ဒီဟာကို ကိုင်ထားရတာလဲ" ဟူ၍ ပြောနေတာကို ကြားလိုက်ရလေသည်။
အတွင်းရေးမှူးလျန်သည် သူအိပ်မက်များ မက်နေသလား ဒါမှမဟုတ် သူရဲ့နားနဲ့မျက်စိများ ပြဿနာရှိနေတာလားဟု ထင်လိုက်မိပေ၏။ သူဟာ ချင်မော့ကို "စီအီးအို" ဟု အော်ခေါ်လိုက်ကာ ဖူကျို့အား ကြည့်လိုက်လေသည်။
ဖူကျို့က ဉာဏ်ကောင်းတာဖြစ်လို့ အတွင်းရေးမှူးလျန်၏ အကြည့်အဓိပ္ပာယ်ကို သူမ ကောင်းကောင်းကြီးသဘောပေါက်လေသည်။ ဘာတစ်ခွန်းမှ မပြောဘဲနှင့် ဖူကျို့က ပြုံးလိုက်၏။
သူမ၏ ငွေရောင်ဆံပင်များနှင့် အနက်ရောင်မျက်ဝန်းတွေကြောင့် သူမ၌မြင့်မြတ်သော အရှိန်အဝါတစ်ခု ရှိနေပြီးသကဲ့သို့ဖြစ်နေပေ၏။
အတွင်းရေးမှူးလျန်သည် အံ့အားသင့်သွားပေတော့သည်။
ငါ ဒီကောင်လေးကိုအရင်ကတွေ့ဖူးပါတယ်။ အခုကျတော့ အရင်ကနဲ့မတူတော့သလိုပဲ။ အရင်ကဆို သူဘာကိုမှ ဂရုမစိုက်ဘဲ မောက်မာတဲ့သူဌေးသားလေးလို နေနေကြလေ ဘာလို့ သူ ဒီနေ့ ကြော့ရှင်းနေတယ်လို့ ခံစားနေရတာပါလိမ့်။
သို့သော် အတွင်းရေးမှူးလျန်သည် ကိုယ်ရေးကိုယ်တာကိစ္စများကို မည်ကဲ့သို့ ကိုင်တွယ်သင့်မှန်း သိလေသည်။ သူဟာ အချိန်အခါမသင့်ဘဲနှင့် မသင့်လျော်သောစကားကို ဘယ်တော့မှ ပြောမည်မဟုတ်ပေ။ ထိုအစား သူက ချင်မော့ကို လေးစားသော အပြုအမူဖြင့် ပြောလိုက်သည်။
"စီအီးအိုချင် သူဌေးလီနဲ့သူဌေးကျန်း အထဲမှာစောင့်နေပါတယ် စီအီးအိုရဲ့သူငယ်ချင်းကိုကျ..."
"သူ ငါနဲ့လိုက်လိမ့်မယ်"
ချင်မော့က ထူးမခြားနား ပြောလေသည်။
ဖူကျို့က ချင်မော့ကို ပြုံးပြလိုက်လေသည်။
အတွင်းရေးမှူးလျန်သည် ထိုလူငယ်နှစ်ယောက် ဘေးချင်းယှဉ်ကာ စားသောက်ဆိုင်အတွင်းသို့ ဝင်သွားတာကို မြင်လိုက်ရတော့ နောက်ထပ်တစ်ကြိမ် အံ့အားသင့်သွားလေသည်။
ဒီညစာစားပွဲက သူဌေးလီနဲ့သူဌေးကျန်းက စီအီးအိုချင်အတွက် သီးသန့်ပြင်ဆင်ထားတဲ့ပါတီလေ။
ဘယ်လိုပဲဖြစ်ဖြစ် သခင်လေးဖူက ဒီလိုညစာကို ဆင်နွှဲဖို့အရည်အချင်းကော ပြည့်မှီရဲ့လား။
အတွင်းရေးမှူးလျန်သည် ဖူကျို့ကို အထင်မသေးသော်ငြား သူဟာ တော်တော်လေးကို ထူးဆန်းသည်ဟု ခံစားနေရတာဖြစ်လေသည်။
ဘယ်အချိန်တုန်းက ငါတို့ရဲ့စီအီးအိုက ဒီအမွေဖြတ်ခံထားရတဲ့သခင်လေးဖူနဲ့ ခင်မင်သွားရတာလဲ။
ကြည့်ရတာ ကျန်းမြို့ရဲ့ အထက်တန်းလွှာမှာ ကြီးမားတဲ့ကွာခြားမှုတွေဖြစ်နေပြီလား။
တစ်ယောက်က ကောင်းကင်ဘုံက တစ်ယောက်က အမှိုက်ပုံအောက်က။ သူတို့နှစ်ယောက်ရဲ့ ကွာခြားချက်က တိမ်နဲ့ရွှံ့လို မိုးနဲ့မြေလိုကွာခြားပေမဲ့ တစ်လမ်းတည်းတူတူသွားနေကြတာလား။
.........................

အပိုင်း (၈၄) စီးအီးအိုက ထူးထူးဆန်းဆန်း လူမှားပြီးတခြားတစ်ယောက်ကိုခေါ်သွားတာတဲ့လေ
သူဌေးလီနှင့် သူဌေးကျန့်တို့သည် သခင်လေးချင်က ကောင်လေးတစ်ယောက်နှင့် ၀င်လာတာကို မြင်သောအခါ အံ့သြသွားကာ ရုတ်တရက် ထရပ်လိုက်လေသည်။
“ထိုင်ပါ” ချင်မော့၏အသံမှာ ပုံမှန်ပင်ဖြစ်သော်လည်း အလွန်ဆွဲဆောင်မှုရှိနေလေသည်။ သူသည် နေရာတစ်ခု ရှာပြီးထိုင်လိုက်ကာ ဖူကျို့ကိုလဲ သူ့ဘေးတွင် ၀င်ထိုင်ခိုင်းလိုက်သည်။ နက်တိုင်ကို လျှော့လိုက်ပြီး ခံ့ညားသောကိုယ်နေဟန်ထားဖြင့် ပြောလိုက်သည်။ “ မှာထားပြီးပြီလား”
သူဌေးလီက ရယ်လိုက်ပြီး “ မမှာရသေးပါဘူး ကျွန်တော်တို့အားလုံး သခင်လေးကိုစောင့်နေကြတာပါ” လို့ ပြောပြီးနောက် ဘေးတွင်ရပ်နေသော ဝိတ်တာကို ကြည့်လိုက်၏။
ဝိတ်တာလေးမှာ ချက်ချင်းပင် မီနူးကို ယူလာပေးလိုက်ရာ အတွင်းရေးမှူးလျန်က မီနူးကိုလှမ်းယူပြီး ချင်မော့ရှေ့တွင် ချပေးလိုက်၏။
ထို့နောက် အတွင်းရေးမှူးလျန်သည် ခေါင်းငုံ့၍ သူ့စီးအီးအိုရွေးမည့် ဟင်းပွဲနှစ်ပွဲကို သေချာလိုက်ကြည့် နေတော့သည်။
အတွင်းရေးမှူးလျန်၏ မျက်လုံးများသည် “အမဲအူကြမ်း” ဟူသောစာလုံးကို မြင်လိုက်ရသောအခါ သူ့မျက်လုံးများ ပြူးကျယ်သွားလေတော့သည်။
သူတို့၏ စီးအီးအို သည် ထိုအရာကို ညစ်ပတ်ပြီး ကျန်းမာရေးနှင့် မညီညွတ်ဟုဆိုကာ မည်သည့်အခါကမျှ မစားခဲ့ချေ။
ဒါပေမဲ့ ဒီနေ့ကျတော့ ...... အမဲသားလုံးဟင်းကိုတောင် မှာလိုက်သေးတာတဲ့။ အသင့်စားအသားတွေကို သူ မစားဘူးလို့ ဘယ်သူပြောခဲ့တာတဲ့လဲဟေ။
ဒါတွေအားလုံး ဖူကျို့အကြိုက်ကိုလိုက်ပြီးရွေးခဲ့တာများလား။
ဤစိတ်လှုပ်ရှားစရာ ကောက်ချက်ချမှုက အတွင်းရေးမှူးလျန်ကို အံ့အားသင့်သွားစေတော့သည်။
မဟုတ်ပါဘူး မဖြစ်နိုင်တာ။
ဖူကျို့ သူ့စီးအီးအိုကားထဲက ထွက်လာတာမြင်လိုက်လို့ အရမ်းလန့်သွားပြီး ဒီလိုအတွေ အတွေးလွန်သွားတာပဲဖြစ်ရမယ်။ သူ့ စီးအီးအိုက ဘယ်လိုဖြစ်လို့ ဒီလိုလုပ်ရမှာလဲ။
“ ဒီဟင်းပွဲတွေနဲ့ မလောက်ဘူးထင်ရင် မင်းထပ်မှာလို့ရတယ်နော်” စီးကရက်မီးညှိရန်ခေါင်းကို တစ်ဖက်သို့ လှည့်ပြီး ပြောလိုက်သည်။ ____ သူ့ရဲ့တင့်တယ်တဲ့အသရေက ကျန်းမြို့တော်ရဲ့သခင်လို့ဖော်ပြနေတာ သံသယဖြစ်စရာကို မရှိဘူးရယ်။
အတွင်းရေးမှူးလျန်၏နားများ တစီစီအူသွားတာကို ခံစားလိုက်ရ၏။ စီးအီးအို…… သူတကယ်ပဲ ကောင်လေးရဲ့ အကြိုက်အတိုင်း ရွေးခဲ့လိုက်တာပေါ့။
ဖူကျို့အကြည့်က တစ်ဖက်စာမျက်နှာသို့ ရောက်သွားပြီး သူမပခုံးမှာ ချင်မော့၏ပခုံးကို ထိသွားလေသည်။ သူမ မီနူးကို အသာအယာပြုံးကြည့်ကာ “ ဟင်းသီးဟင်းရွက်များများပါတဲ့ ဟင်းတစ်ပွဲ ထည့်ပေးပါ”
ထိုသို့ကြားလိုက်သည်နှင့် ချင်မော့က ထိုဟင်းပွဲကို ခဲတံနှင့် အမှတ်ခြစ်ပြီးလှမ်းပေးလိုက်တော့သည်။
သူဌေးလီနဲ့ သူဌေးကျန့်က ဒါကိုမြင်လိုက်တော့ သခင်လေးချင်က ဒီကောင်လေးအပေါ်ထူးထူးခြားခြားကို ကောင်းပေးနေတာပဲလို့ တွေးမိကြပြီး တစ်ယောက်ကို တစ်ယောက်ကြည့်ကာ တစ်စုံတစ်ခုကို သဘောပေါက်သွားလေသည်။
“သခင်လေးချင် သူကဘယ်သူများ.........”
ချင်မော့ဆေးလိပ်သောက်လျက် နှာခေါင်းမှအငွေ့ကို မှုတ်ထုတ်ကာ စကားလုံးသုံးလုံးထွက်ကျလာ၏။
“ကျွန်တော့်ညီလေးလေ”
ညီလေးတဲ့လား။
ဘယ်တုန်းက အကြီးဆုံးသခင်လေးချင်မှာ ညီလေးတစ်ယောက်ရှိသွားတာလဲ။
ချင်မိသားစုမှာ သခင်လေးချင်ကလွဲရင် နောက်ထပ်သားတစ်ယောက် ရှိသေးတယ်လို့ သူတို့ တစ်ခါမှ မကြားဖူးပါလား။
အတွင်းရေးမှူးလျန်မှာ “ကျွန်တော့်ညီလေး”ဆိုသည့် စကားကြားလိုက်သည်နှင့် လက်ဖက်ရည် သောက်နေရာက နင်သွားကာ အကြီးအကျယ် ချောင်းထဆိုးလေတော့သည်။
စီးအီးအိုချင်ရယ် ပြောရဲလိုက်တာဗျာ ဒါနဲ့ သူဌေးနဲ့ သူဌေးကတော်ကိုရောမေးကြည့်ခဲ့သေးလို့လား။
ချင်မော့က သူ့ကို အသာပင်ကြည့်ကာ ဆေးလိပ်ငွေ့ကို အသာအယာမှုတ်ထုတ်ပြီး “ ကျွန်တော့် အသိအမှတ်ပြုရတဲ့ညီလေးပါ”
ထိုသို့ကြားလိုက်သည်နှင့် သူဌေးလီက ချက်ချင်း ပြန်ပြောလိုက်၏။
“ဒီကောင်လေးက သခင်လေးချင်က ညီလေးလို့ အသိအမှတ်ပြုအောင်လုပ်နိုင်တယ်ဆိုတော့ တော်တော်ထူးခြားတဲ့သူ ဖြစ်ရမယ်။ မင်းကိုဘယ်လိုခေါ်ရမလဲ၊ မိသားစုကရော ဘာစီးပွားရေးလုပ်တာလဲ”
“ကျွန်တော့်မျိုးရိုးနာမည်က ဖူပါ” ဖူကျို့က ပေါ့ပေါ့ပါးပါး ပြုံးကာ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်သည်။
“ကျွန်တော့်မိသားစုလုပ်ငန်းမှာ ၀င်မလုပ်ရသေးပါဘူး ဒါပေမမဲ့ သိပ်မကြာခင်မှာတော့ တာ၀န်ယူသွားဖို့ အစီအစဥ်ရှိပါတယ်”
သူဌေးကျန့်သည် “ဖူ” ဆိုသည့်စကားကို ကြားပြီးနောက် သူ့အသွင်အပြင်ကို မြင်သည်နှင့် ရုတ်တရက် သူ့စိတ်ထဲတွင် တစ်ခုခု၀င်လာသည်ဟု ထင်ရလေသည်။ “ ဖူ မိသားစုကို ပြောတာလား၊ ငါ တစ်ခါက မင်းအဖေနဲ့ စီးပွားရေးညီလာခံတစ်ခုမှာ တွေ့ဖူးတယ်။ ဖူမိသားစုစီးပွားရေးက တဖြည်းဖြည်းနဲ့ ကြီးလာပြီနော်။ မဆိုးဘူး တကယ်ကောင်းတယ်။ သခင်လေးဖူက ကွန်ပျူတာဂိမ်းမှာ တကယ့်ကို တော်ပြီး အဖွဲ့တော်တော်များများကလဲ သတိထားမိကြတယ်။ စီးအီးအိုချင်ရဲ့ ညီလေးအဖြစ် အသိအမှတ်ပြုခံရတာ မဆန်းတော့ပါဘူး။ ၂ယောက်လုံးက ငယ်ရွယ်တဲ့ပါရမီရှင်တွေပဲ”
“ဪ ဪ ဪ ကျွန်တော်မှတ်မိပြီ” သူဌေးလီလည်း စချီးမွမ်းခန်းဖွင့်တော့သည်။
“သခင်လေးဖူနဲ့ သခင်လေးအစ်ကိုကြီးတို့နှစ်ယောက်က တကယ် မတူတဲ့ကမ္ဘာနှစ်ခုမှာ ရှိနေကြသလိုပဲ။ တခြားသခင်လေးဖူက တကယ်ကို .........”
ထိုသို့ကြားလိုက်သည်နှင့် အတွင်းရေးမှူးလျန်မှာ သူဌေးလီက ဖူကျို့ကို သူ့ညီနှင့် မှားနေတာ သိသွားပြီး သူ့ကို ဆက်မပြောရန် ကြိုးစားတားလိုက်ရသည်။
ငွေရောင်ဆံပင်နှင့် ကောင်လေးက အေးစက်သောမျက်လုံးများဖြင့် အေးအေးဆေးဆေးပင်ပြုံးကာ “ တကယ်ကို ဘာဖြစ်တယ်”
…

အပိုင်း (၈၅) သခင်လေးချင်ရဲ့အကူအညီနဲ့ဆို ထင်တိုင်းကြဲလို့ရတယ်
"ကျွန်တော် တကယ်မပြောတတ်ဘူး"
သူဌေးလီဟာ သူ့ခေါင်းကိုခါယမ်းလိုက်ပြီးတော့
"သူ့အရာအာလုံးက ခင်ဗျားထက် အရမ်းကိုဆိုးလွန်းတယ်ဗျ ဒုတိယသခင်လေးရေ ပြီးတော့ သူ့အမေက နယ်ဘက်ကလာတာလေ၊ သူမက ပညာမတတ်ဘဲနဲ့ ကုမ္ပဏီတစ်ခုကိုတောင်မှ တည်ထောင်ချင်နေလိုက်သေးတယ်၊ ပြီးတော့ သူ့အရည်အချင်းကို ဘယ်တော့မှထည့်မတွက်ဘူး အဆုံးမှာတော့ သခင်လေးရဲ့အဖေလက်နဲ့ သူထိခိုက်နစ်နာရတာပဲလေ၊ သူ့သားက ရယ်စရာလို့ ဒုတိယသခင်လေး မထင်ဘူးလား၊ သူတို့ကိုဒီအတိုင်းထားလိုက်ပါဗျာ၊ သူတို့ကိုယ်သူတို့ ရယ်စရာအဖြစ် မြင်အောင်လုပ်နေတာလို့ သခင်လေးမထင်ဘူးလား ဟဟ !"
"သူဌေးလီပြောတာဟုတ်တယ်ဗျ"
သူဌေးကျန်းက ဆက်ပြောသည်။
"ကျွန်တော်ကြားတာကတော့ ဒီတစ်ယောက်က မူးယစ်ဆေးဝါးစွဲနေတယ်ဆိုလားပဲ၊ အဲဒါကြောင့် သူဌေးဖူက သူ့ကို ဖူမိသားစုဆီက နှင်ထုတ်လိုက်တာမဆန်းပါဘူး၊ တကယ်လို့ ကျွန်တော့်ဆီမှာလည်း ဒီလိုသားမျိုးရှိရင် ကျွန်တော်လဲ စိတ်ညစ်ရမှာပဲ၊ ဒါပေမဲ့ ကံကောင်းတာက သူဌေးဖူမှာ ဒုတိယသခင်လေးလို သားတစ်ယောက်ရှိသေးတာပဲ "
အတွင်းရေးမှူးလျန်သည် ထိုလူနှစ်ယောက် ပြောနေတာကို ကြားပြီးသည်နှင့် အရာအားလုံးက ပြီးဆုံးသွားပြီဟု ယုံကြည်မိလိုက်သည်။
အရာအားလုံး ပြီးပြီ ပွဲပြတ်ပြီ ။
ငါတို့စီအီးအိုက အစကနေ အဆုံးထိ ဘာမှဝင်မပြောဘူးဆိုပေမဲ့ သူရဲ့မျက်နှာပေါ်က အပြုံးရေးရေးလေးရယ်၊ စီးကရက်ရဲ့ပြာမှုန့်တွေကို ခါချနေတဲ့ပုံအရ သူပျော်မနေဘူးဆိုတာကို ငါ သေချာပေါက်သိတယ်။
သနားစရာပဲ သနားစရာပဲ ငါတို့စီအီးအိုက ဖူကျို့ကို ညီလေးလို့သတ်မှတ်လိုက်ကတည်းက ဖူကျို့က သူ့အပိုင်တွေထဲကတစ်ခု ဖြစ်သွားပြီဆိုတာကို မင်းတို့သိသင့်တယ်။
စီအီးအိုက သူ့လူတွေကို ဆတ်ဆတ်အထိမခံဘူးဆိုတာကို မင်းတို့သိရင်သိပ်ကောင်းမှာပဲ။ အခုတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ပြောရသိပ်ခက်ပြီကွာ။
သူမ၏ ဘယ်လက်ဖြင့်မေးစေ့ကို ကိုင်ထားသည့် ဖူကျို့က လုံးဝကို မကောင်းဆိုးဝါးအသွင်အတိ ဖြစ်နေပေ၏။
"ကြည့်ရတာ သူဌေးလီနဲ့ သူဌေးကျန်း နှစ်ယောက်စလုံး ဖြစ်ကတတ်ဆန်း ကြီးပြင်းလာရတဲ့ ကောင်စုတ်လေးကို မမြင်ဖူးသေးဘူးနဲ့တူတယ်၊ မဟုတ်ရင် သူနဲ့ ကျွန်တော့်ကို ဘယ်လိုလုပ် အမှတ်မှားနိုင်မှာလဲ သနားစရာကောင်းတာက ကျွန်တော်က ခင်ဗျားတို့ပြောပြောနေတဲ့ မူးယစ်ဆေးစွဲနေတဲ့ အမွေဖြတ်ခံလိုက်ရတဲ့ သခင်လေးဖူပဲ"
ရုတ်တရက် ကြားလိုက်ရတော့ သူဌေးလီနှင့် သူဌေးကျန်း၏ မျက်နှာတွေဟာ အရောင်ပြောင်းသွားလေတော့၏။ သူတို့မျက်နှာထက်၌ရှိနေတဲ့အပြုံးတွေဟာ ချက်ချင်း တောင့်တင်းသွားတော့သည်။
သည်အခြေအနေက သူတို့စီပွားရေး စလုပ်သည့်အချိန်မှစပြီး ယခုအချိန်အထိ သက်တမ်းတစ်လျှောက်လုံး၌ အရှက်ရဆုံးအခြေအနေ ဖြစ်ပေတော့မည်။
သူတို့က ရှက်လွန်းသဖြင့် ပုန်းစရာတွင်းလေးတစ်တွင်း ရှာတွေ့ပါစေဟုသာ ဆုတောင်းနေမိလေသည်။ သို့သော် သခင်လေးချင်က သူတို့နှင့် မျက်နှာချင်းဆိုင်၌ ထိုင်နေတာဖြစ်ပြီး သူ၏ ချောမောခံ့ညားသည့်မျက်နှာ၌ မည့်သည့်ခံစားချက်ကိုမှထုတ်ဖော်ပြထားခြင်းမရှိပေ။
ဆိုလိုချင်တာက ငါတို့မှာ ဒီကိစ္စကိုပြန်ဖာထေးဖို့ အခွင့်အရေးရှိသေးတယ်လို့ပြောချင်တာလား။
သူဌေးလီက ထိုအကြောင်းကိုတွေးမိပြီးတော့ သူ့နဖူးကို ရိုက်လိုက်လေသည်။
"ဒီ ဘာကိုမှရေရေရာရာမသိဘဲ ပေါက်ကရထင်နေတဲ့ ကျွန်တော့်မျက်လုံးတွေကတော့လေ .. ကျွန်တော့်ကိုယ်ကျွန်တော် တစ်ခွက်သောက်ပြီးအပြစ်ပေးလိုက်ပါ့မယ်ဗျာ"
"အဟား ကျွန်တော်တို့က မဟုတ်တရုတ်သတင်းတွေနဲ့ သခင်လေးဖူကို အထင်မှားမိတာနဲ့တူတယ် ဒီတစ်ခွက်ကတော့ သောက်ကိုသောက်သင့်တယ်ဗျာ"
သူဌေးကျန်းဟာလည်း သူ့ခေါင်းကို ထိလိုက်ပြီးတော့ ခွက်ကိုမြှောက်လိုက်လေသည်။
နှစ်ယောက်စလုံးဟာ ဝိုင်သောက်လိုက်သည်နှင့်အတူ ခါးသက်တဲ့ခံစားချက်ကိုပါ ခံစားလိုက်ရတာဖြစ်လေသည်။
ထိုမောက်မာပြီး နာမည်မရှိသည့်သူဌေးသားနှင့် သခင်လေးချင် အချိတ်အဆက်မိသွားလိမ့်မည်ဟု သူတို့ဘယ်တုန်းကမှ မထင်ထားချေ။ ထို့ကြောင့် သူတို့ဟာ ဖူကျို့ကို ဖူမိသားစု၏ ဒုတိယသခင်လေးအဖြစ် အမှတ်မှားခဲ့တာဖြစ်လေသည်။
အခုတော့ သူတို့ဟာ ကိုယ့်မျက်နှာကိုယ်ဖြတ်ရိုက်ခံလိုက်ရတဲ့အရသာကို ခံစားလိုက်ရပေပြီ။
သို့သော် ဖူကျို့က သူတို့ကို ခွင့်လွတ်ပေးမှာ မဟုတ်ပေ။
သူမနဲ့ပတ်သက်ပြီး မဟုတ်တရုတ်ပြောလို့ရပေမဲ့ သူမအမေ ဟယ်ဟုန်ဟွာကတော့ နောက်ပြောင်စရာမဟုတ်ဘူး။ ဒီလိုနည်းလမ်းနဲ့ဖြေရှင်းတာကို ဖူကျို့က ရယ်လိုက်ပြီးတော့ သခင်ကျို့အနေနဲ့ သူမသည်းခံဖို့ဆန္ဒမရှိဘူးလေ။
မျက်လုံးထဲ၌ အေးစက်သော အငွေ့အသက်များဖြင့် ဖူကျို့က ထရပ်လိုက်လေသည်။ ဖူကျို့၏နှုတ်ခမ်းပါးလေးတွေဟာ တစ်ဝက်ကွေးညွတ်သွားကာ အလွန်အမင်း အေးစက်နေသည့် အသံဖြင့် သူမပြောလိုက်တဲ့စကားကတော့
"အစ်ကိုမော့ မင်း အရင်စားနှင့် သူဌေးနှစ်ယောက်ပြောသလိုပဲ ငါက အရည်အချင်းသိပ်မရှိဘူးလေ အဲဒါကြောင့် ငါသဘောမကျတဲ့သူနဲ့အတူ မျက်နှာချင်းဆိုင်ပြီး စားလည်းမစားချင်ဘူး သောက်လည်း မသောက်ချင်ဘူး"
သူတို့ခွက်များကို မြှောက်နေရင်း သူဌေးလီနှင့် သူဌေးကျန်း၏ လက်တွေဟာ ရပ်တန့်သွားလေတော့၏။
သည်လိုပြုမူပုံမျိုးနှင့်ဆို သူဌေးလီနှင့် သူဌေးကျန်းက ဖူကျို့ကို မျက်နှာသာပေးသင့်မပေးသင့်အား တွေးတောနေကြပေသည်။
သခင်လေးချင်သာ မရှိနေဘူးဆိုရင် မင်းကို ဘယ်သူက ဂရုစိုက်လို့လဲ အဟမ့်။
 á€á€Żá€”က မင်းပြောလိုက်တဲ့စကားတွေက မင်းကိုယ်မင်း အရှက်ခွဲရုံမက သခင်လေးချင်ကိုပါ အရှက်ရအောင် လုပ်နေသလိုပဲကွ။
သခင်လေးချင်က မင်းကို ညီလေးလို့သတ်မှတ်လိုက်တယ်ဆိုတာနဲ့ မင်းကိုယ်မင်း တကယ့်ညီအရင်းလို့ ထင်နေတာလား။
ဘယ်လိုတောင် တုံးလိုက်သလဲ။
ငါတို့ ဘာမှလုပ်စရာတောင်မလိုဘူး ပြီးတော့ သခင်လေးချင်က မင်းဘာသာ သွားချင်သွား ဂရုကိုစိုက်မှာမဟုတ်ဘူးကွ ။
သို့သော် သူတို့မထင်ထားတာက သခင်လေးချင်က ဖူကျို့၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ကာ အသံနိမ့်လေးဖြင့်
"ငါမင်းကို အိမ်ပြန်ပို့ပေးမယ်လို့ မပြောထားဘူးလား မင်းလည်းသဘောတူထားတာပဲလေ"
........................
 

Search Novels