အပိုင်း(၇၆) သခင်လေးချင်ရဲ့အကန့်အသတ် 
ကြီးမြတ်လှသည့် သခင်လေးချင်၏ စကားများက နွေးထွေးချိုမြသည့်ပုံပေါက်သော်လည်း သူ့အသံက အေးစက်နေပြီးကြားရသမျှ လူတိုင်း၏နှလုံးသားကိုတုန်လှုပ်စေနိုင်စွမ်းရှိနေသည်။
ဖြစ်နိုင်တာက သူ့ရဲ့ပတ်ဝန်းကျင်လေထုက အေးခဲနေလို့များလား။
မည်သည့်စားပွဲထိုးကမှ သူ့ကို ကြည့်ရန် သတ္တိမရှိကြပေ။
သခင်လေးချင်က မြောက်ပိုင်းနယ်မြေသုံးနေရာကို လွှမ်းမိုးနိုင်သည့် အာဏာအပြည့်အဝရှိလေသည်။ စားပွဲထိုးများက သူတို့ သခင်လေး ကျေးဇူးပြု၍ ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်လေးနေပါတော့ဟု ဆုတောင်းနေကြပေတော့သည်။ မဟုတ်လျှင် သူတို့၏ ပထမသခင်လေးဖုန်းရီတစ်ယောက် သူ့ကိုယ်သူ မကယ်တင်နိုင်ဖြစ်ပေတော့မည်။
ဖုန်းရှန်းက ပါးစပ်ပိတ်ကာ ငြိမ်ငြိမ်နေလိုက်ပြီး သူ့ခေါင်းကို ကြမ်းပြင်သို့ ငုံ့ထားလိုက်လေတော့သည်။
ကျို့ကျို့လို့ခေါ်တာက မကောင်းလို့လား၊ ဘာလို့ သခင်လေးချင်ရဲ့ အကြည့်တွေက ပိုပြီးအေးစက်လာရတာလဲ...။
ဖူကျို့က ဘယ်အရာက ချင်မော့ကို ဒေါသထွက်စေသည့် ပြဿနာအရင်းအမြစ်လဲဆိုသည်ကို သေချာသိလေသည်။ တကယ်လို့ သူမသာ ချင်မော့နေရာမှာသာလျှင် သူမ မရှိဘဲနှင့် ချင်မော့က အခြားသူငယ်ချင်းအသစ်တစ်ယောက်နှင့်ခင်မင်သွားမယ်ဆိုလျှင် သူမလည်းပဲ မပျော်မရွှင်ဖြစ်နေမှာ သေချာသည်။
တကယ်ဆိုရင် သူလေးလည်း ငါ့ကိုအလေးအနက်ထားရှာသားပဲ၊ မဟုတ်ရင် အစည်းအဝေးပြီးတာနဲ့ ငါလေးကို ချက်ချင်း သွားရှာမလားတဲ့လေ။
သူ့အတွင်းရေးမှူးလျန်ကို လာရှာခိုင်းလို့လည်းရတာပဲကို...။
ထိုအရာကို တွေးမိသည်နှင့် ဖူကျို့က တူကိုချလိုက်ပြီးချင်မော့ကို ကြည့်လိုက်လေသည်။ ဖူကျို့က သက်ပြင်းချလိုက်၏။
"နင်လေးကမှ ငါ့ကို ထောက်ခံစာ မပေးတဲ့ဟာကို၊ အဲတော့ ဒီမန်နေဂျာက ငါလေးကို မတူမတန်သလို ဆက်ဆံပြီပေါ့..အဲဒါကြောင့် ငါလေးထွက်လာခဲ့တာလေ"
ချင်မော့က သည်လူငယ်၏ နူးညံ့သည့် အသံကိုကြားလိုက်သည်နှင့် သူ့မျက်လုံးများက အေးစက်မှုများ အရည်ပျော်ကျသွားပေတော့သည်။
အမှန်တကယ်တော့ သူက ထောက်ခံစာကို ဖူကျို့အား ပေးရန် မေ့သွားခဲ့လေသည်။ ချင်မော့က ဖုန်းရီမှာ သည်နေရာ၌ သေချာပေါက် ရှိနေလိမ့်မည်ဖြစ်ရာ ဖူကျို့အတွက် မည်သည့်ပြဿနာမှ ရှိလာမှာ မဟုတ်ဘူးဟု တွေးမိကာ ထောက်ခံစာကိုပေးရန် မေ့သွားခဲ့လေပေတော့သည်။
ထိုအရာကို တွေးမိလိုက်သည်နှင့် တူကို ကိုင်ထားလျက် ခေါင်းငုံ့ထားသည့် ဖူကျို့ကို ကြည့်လိုက်လေသည်။ ထို့နောက် သူက မျက်မှောင်ကြုတ်လိုက်မိသည်။ ချင်မော့က သူ့စိတ်အတွင်း၌ မရှင်းပြနိုင်သည့် အပြစ်စိတ်တစ်ခု ဖြစ်တည်လာသည်ကို ခံစားလိုက်ရသည်။
"ထားလိုက်ပါတော့၊ ပြီးခဲ့တာတွေက ပြီးခဲ့ပြီပဲ၊ အဲတော့ ဟော့ပေါ့ကိုပဲ စားကြရအောင်"
ဖူကျို့က ချင်မော့ လက်မောင်းကို သူမလက်ဖြင့် ဆွဲကိုင်ကာ ထိုင်စေလိုက်သည်။
ဖူကျို့တွေးနေသည်မှာ...
နင်လေးလို နတ်ဘုရားတစ်ပါးက ငါ့ဘေးမှာရှိနေတာဆိုတော့ သူတို့ကသေချာပေါက် အသားတွေအများကြီးလာချပေးမှာပဲ၊ ဒီလိုဆိုရင် ငါလေး အသားတွေကို အားနာစရာမလိုဘဲ အများကြီးစားလို့ရပြီ ကြံတတ်ရတာပေါ့။
ချင်မော့က သည်လူငယ်လေးက သူ့လက်မောင်းကို ရုတ်တရက်ကြီး ဆွဲလိုက်ကာ ရင်းရင်းနှီးနှီး ပြုမူလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ မတုံ့ပြန်နိုင်လိုက်ခင်တွင် ချင်မော့က ထိုင်ခုံ၌ ထိုင်နေပြီးသားဖြစ်နေလေသည်။ သည်ကောင်လေး၏ ပခုံးက သူ့ပခုံးဘေး၌ ရှိနေတာဖြစ်လေသည်။ သူတို့နှစ်ယောက်သား ရုတ်တရက်ကြီး ထိုသို့ အရမ်းနီးကပ်သွားလေရာ ခေါင်း အနည်းငယ် စောင်းရုံမျှဖြင့် ချင်မော့က ဖူကျို့မျက်နှာပေါ် ဝဲကျနေသည့် ဆံနွယ်များကို အသေးစိတ် မြင်နေရပေသည်။ ထိုအခြေအနေမျိုးက သူ့ကို စိတ်မသက်မသာဖြစ်စေပေသည်။ ထို့ကြောင့် ချင်မော့ကမျက်မှောင်ကြုတ်လိုက်ပြီး ထရပ်လိုက်ကာ အသံကို တည်ငြိမ်အောင်ထားလိုက်သည်။
"ငါ မင်းအတွက် ဒီမန်နေဂျာကို ဖြေရှင်းခဲ့ပြီးပြီ ၊မင်း ဟော့ပေါ့စားပြီးတာနဲ့ ငါနဲ့အတူတူ ချင်ကုမ္ပဏီကို ပြန်လိုက်ခဲ့"
"ကြီးမြတ်လှတဲ့သခင်လေးချင် ငါတို့က ညီအစ်ကိုတွေလေ"
ဖူကျို့က ချင်မော့ကို လှည့်မကြည့်ဘဲ အမဲသားတချို့ ယူလိုက်လေသည်။ တောက်ပပြီး မကောင်းဆိုးဝါးဆန်သည့် အပြုံးလေးတစ်ပွင့်က သူမမျက်နှာ၌ ဖြစ်ထွန်းလာသည်။
"ငါလေးက မာနကြီးတဲ့သူတစ်ယောက်၊ ဒီလိုအကြီးကြီး စော်ကားခံလိုက်ရတာကို နင်လေးအားကိုးနဲ့ ငါပြန်လိုက်မယ်လို့နင်ထင်လား"
သည် "စော်ကားခံရတယ်" ဟုသည့် စကားကိုကြားလိုက်သည်နှင့် ချင်မော့လက်များက ရပ်သွားလေတော့သည်။ ထိုကိစ္စကို သူ လျစ်လျူရှုမှ ရပေတော့မည်။
ချင်မော့ လှည့်ကြည့်လိုက်သည်နှင့် သည်လူငယ်က တူနှင့်အပြည့်အမဲသားကို ယူကာ အားရပါးရ စားနေပေတော့သည်။ ချင်မော့ မျက်ခုံးများက ယခင်ကထက်ပိုတွန့်ချိုးလာပေတော့သည်။ သူတွေးနေသည်က...
ငါဘယ်အချိန်ကတည်းက အခြားလူအတွက် ဒီလိုတွေးပေးတတ်သွားရတာလဲ၊ ဒီကောင်လေးရဲ့ ချောမောတဲ့မျက်နှာက ငါ့ရဲ့မျက်လုံးတွေကို ကျေနပ်စေလို့များလား၊ ဒါမှမဟုတ် ဒီကောင်လေးပြောလိုက်တဲ့ "ငါတို့ကညီအကိုတွေပဲလေ" ဆိုတဲ့စကားကြောင့်လား။
 á€á€ťá€„်မ္ဏအက သူ မည်မျှ ထိုကောင်လေးကို သေသည်အထိ အမှူန့်ကြိတ်ပစ်ချင်နေလဲဆိုသည်ကို မမေ့ပေ။
သည်ကောင်လေးက သူ၏သည်းခံနိုင်စွမ်းအကန့်အသတ်ကို လာမထိသရွေ့ ထိုကောင်လေးကို သူ လက်ဖျားနှင့်ပင် ထိမှာမဟုတ်ပေ။
အဆုံး၌ သည်ကိစ္စကို သေချာတွေးလိုက်လျှင် သည်တစ်ကြိမ်ကိစ္စက သူ့ဘက်ကအမှား ဟု ချင်မော့ တွေးနေမိပေတော့သည်။
ဖုန်းရှန်းက ထိုင်နေရင်း အလွန်အမင်း ဂနာမငြိမ်ဖြစ်နေလေသည်။ သူ့မျက်လုံးများက ချင်မော့ မျက်နှာအရိပ်အကဲကိုစူးစမ်းနေရင်း အလုပ်များနေပေသည်။ သူသည် ချင်မော့မှ ဖူကျို့ကို အေးစက်ပြီး မှုန်မှိုင်းနေသည့်အကြည့်ဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။
သခင်လေးချင်က ငါ့အိုင်ဒေါလေးကို ဒီလောက်တောင်မုန်းနေမှတော့ ဖူကျို့ကို blacklist ထဲ ထည့်ပစ်မယ်လို့တွေးနေတာတော့မဟုတ်လောက်ပါဘူးနော်၊
မဟုတ်ဘူး မဖြစ်ရဘူး ငါ့အိုင်ဒေါကို ကယ်မှရမယ်။
သည်ချစ်ဖို့ကောင်းသည့် ကောင်လေးက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ရှိသမျှအားအကုန်လုံးကို အသုံးပြုကာ ပါးစပ်ဟရန် ပြင်လိုက်သည်။
သူ့မျက်နှာချင်းဆိုင်၌ ထိုင်နေသည့် ချင်မော့က ပြုံးလိုက်ပြီး အေးစက်သည့်အသံဖြင့်
"သူတို့ရဲ့ဒုတိယသခင်လေးက ချင်ကုမ္ပဏီရဲ့ လူတွေ့စစ်ဆေးမှုမှာ ဝင်ပြိုင်ခဲ့တယ်လို့ မင်းမိသားစုထဲက တစ်ယောက်ယောက်ကများ သိရဲ့လား"
................

အခန်း (၇၇) သခင်လေးချင်၏စိတ်ထား
ထိုအရာကို ကြားလိုက်သည်နှင့် ဖုန်းရှန်းက မိုးကြိုးအပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူက ယခင်ကထက် ပိုပြီး စကားထစ်လာပေတော့သည်။
"သခင်လေး..ချင်..ချင်..ချင် ကျေးဇူးပြုပြီး ကျွန်တော့်အစ်ကိုကို မပြောပါနဲ့လား၊ တကယ်လို့ ကျွန်တော့်အစ်ကိုသာ သိသွားလို့ရှိရင် သူက ကျွန်တော့်အတွက် လည်ပင်းစွပ်ဖို့ ကြိုးကွင်း အဆင်သင့် ပြင်ထားလိမ့်မယ်ဗျ"
"အဲဒီတော့ မင်းအစ်ကိုက မသိဘူးဆိုတဲ့သဘောပေါ့"
ချင်မော့က သူ့ပါးစပ်ကို ဖြည်းဖြည်းချင်း သုတ်လိုက်ပေသည်။ သူ့အပြုံးက ဓားသွားတစ်ခုလို ချွန်ထက်နေပေရာ ကြည့်မိသမျှလူတိုင်း၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်သွားနိုင်သကဲ့သို့ ဖြစ်နေပေတော့သည်။
ဖုန်းရှန်းက အတော်ရှက်နေတာ ဖြစ်ပြီး အစိုးရိမ်လွန်နေသောကြောင့် ချင်မော့ကို မည်သို့ ရှင်းပြရမှန်းမသိဖြစ်နေလေသည်။
ဖူကျို့က ပွဲကြည့်ပရိသတ်အဖြစ် ကြည့်နေတာ ဖြစ်လေသည်။ သူမက ပါးစပ်နှင့်အပြည့် အမဲသားကို ဝါးနေရင်းဖြင့်
"ကြီးမြတ်လှတဲ့သခင်လေးချင် သူလေးကိုအနိုင်မကျင့်ပါနဲ့ဟ၊ သူကအခု ငါနဲ့တစ်သင်းထဲ ဖြစ်နေပြီလေ"
"ငါက မင်းရဲ့ တစ်ဦးတည်းသော အသင်းဖော်မဟုတ်ဘူးလား"
ချင်မော့က မျက်ခုံးပင့်လိုက်ပြီး ထိုင်ခုံအနောက်ဘက်သို့ မှီချလိုက်လေသည်။ သူ့ကားသော့ကို ယူထုတ်လိုက်ပြီး စားပွဲပေါ်သို့ အကြမ်းပတမ်း ပစ်တင်လိုက်လေသည်။
ဒီဟာက...
ဖူကျို့က တစ်ခဏရပ်သွားပြီး အကျယ်ကြီး ရယ်လေသည်။ သူမ၏ ဘယ်လက်ကို မြှောက်လိုက်ပြီးတော့ ချင်မော့ပခုံး၌တင်လိုက်ကာ စတိုင်ကျစွာ ပြောလိုက်သည်။
"နင်လေး ထပ်ပြီးတော့ မနာလိုဖြစ်ပြန်ပြီလား စိုးမရိမ်ပါနဲ့၊ ကြီးမြတ်လှတဲ့သခင်လေးချင် ဘော့စ် တူတူ ရှင်းတဲ့အခါကျရင် နင်လေးနဲ့ငါ နှစ်ယောက်ထဲကမ္ဘာလုပ်ပြီးရှင်းမှာ ဘယ်သူ့မှအဝင်မခံဘူး၊ အဲဒါက ငါတို့ရဲ့ခိုင်မာတဲ့သံယောဇဥ်လေးပေါ့ဟ"
ချင်မော့က နှုတ်ခမ်းပါးကို ကွေးညွတ်လိုက်ပြီး ဖူကျို့လက်ကို လိမ်ချိုးလိုက်သည်။ သူ့အသံက ရေခဲရိုက်ထားသည့်အလား ဖြစ်နေသည်။
"တကယ်လို့ မင်းရဲ့ဟိုဟိုသည်သည် လျှောက်ထိတတ်တဲ့အကျင့်ကို မပြင်နိုင်ရင် ဒီနေ့အတွက် မင်းအမဲသားပန်းကန် ၂၀တိတိ ကုန်အောင်စားကိုစားရမယ်"
ထပ်ပြီးတော့လား၊
ဟိုတစ်ခါတုန်းက ငါလေး ကျောက်ပုစွန်တွေစားပြီးတော့ အစာကြေဖို့ တစ်ရက်တိတိ အချိန်ယူလိုက်ရတယ်လေဟဲ့။
စားတာက အပန်းမကြီးဘူးသိလား၊ ပိုက်ဆံပေးရတာက တကယ့်ကို ဖင်ကျိန်းနေသလိုမျိုး။
 á€–ူကဝိုအက ရယ်လိုက်ပြီး သူမလက်ကို ဖယ်လိုက်လေသည်။
"အဟမ်း ငါလေးကလေ ဒီလိုမျိုးကို အရမ်းကို ခင်မင်တဲ့သူငယ်ချင်းကိုမှ လုပ်တာ၊ ဖုန်းရှင်းကို စနေတာ တော်တော့လေ"
"မင်း ဘာလို့ သူ့ကိုကာကွယ်ပေးနေရတာလဲ"
ချင်မော့မျက်လုံးများက အနည်းငယ် မည်းမှောင်လာပေတော့သည်။
ဖူကျို့က ပွင့်ပွင့်လင်းလင်းပြန်ဖြေလေသည်။
"လာမဲ့လမှာ ကျင်းပမဲ့ ဂိမ်းပြိုင်ပွဲရဲ့ပထမဆုံးအချီကို သူနဲ့တူတူ ဝင်ပြိုင်မလို့၊ ဒီဟာက ချင်ကုမ္ပဏီရဲ့အသင်းဆီကို ဝင်ရောက်ဖို့ တစ်ခုတည်းကသာ အခွင့်အရေးပဲ"
"ငါခေါ်သွားမယ်လေ မင်းဒီပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့မလိုပါဘူး"
ချင်မော့က ထိုလူငယ်ကို ကြည့်လိုက်ပြီး သူ့လက်ညှိုးကို ဆန့်ထုတ်လေသည်။ ထို့နောက် ဖူကျို့၏ နှာခေါင်းထိပ်ကို ထိလိုက်ကာ
 "မင်းငါနဲ့ ခပ်ဝေးဝေးမှာနေလေ၊ ဒီဟာက တစ်ခုတည်းသောအခွင့်အရေးမဟုတ်ပါဘူး၊ ပြီးတော့ တစ်ချိန်လုံး အီဖို့ပဲတွေးမနေနဲ့၊ အမှန်တိုင်းပြောလေ မင်းအတွက် ကောင်းကျိုးပိုများလေဆိုတာလည်း မှတ်ထားအုံး"
ဖူကျို့က ရယ်လိုက်ပြီး
"အရိုးသားဆုံးပြောရရင် ဒီနေ့စော်ကားခံရပြီးတဲ့နောက် ချင်ကုမ္ပဏီကို ဒီလို တိတ်တိတ်ပုန်းနည်းလမ်းနဲ့ ဝင်တာက ငါလေးရဲ့စတိုင်မဟုတ်ပါဘူး၊ ငါလေးရဲ့အစွမ်းအစကိုမပြရင် ငါလေးမျက်နှာပျက်မှာပေါ့ဟ"
"မျက်နှာပျက်မယ်၊ ကြည့်ရတာ မင်းက တစ်စုံတစ်ယောက်ကို ပါးရိုက်ချင်သလိုလိုနဲ့ ငါ့ကို ပါးရိုက်ချင်နေတာပဲ"
ချင်မော့က ကြည့်လိုက်ပြီး စီးကရက်ကို ထုတ်လိုက်လေသည်။ သူက ထိုစီးကရက်ကို သူ့နှုတ်ခမ်းကြား၌ လျော့တိလျော့ရဲ ကိုက်ထားပြီး သူ့အသံက ပျင်းရိနေသကဲ့သို့ ဖြစ်နေပေသည်။
"ဘာလဲ မင်းတို့ဆီက ထွက်သွားတဲ့ ဟိုအဖွဲ့က မင်းကိုဒုက္ခပေးလိုက်လို့လား"
ဖူကျို့က သူမ မျက်လုံးတွေကို လှပစွာ ကျဥ်းမြောင်းလိုက်လေသည်။
"ကြီးမြတ်လှတဲ့ သခင်လေးချင်ရဲ့နှုတ်က ဟိုအဖွဲ့ကို ထည့်ပြောလာလိမ့်မယ်လို့ ငါလေးမထင်ထားခဲ့ဘူး၊ သူတို့နဲ့ ထိပ်တိုက်မတွေ့ပေမဲ့ မန်နေဂျာနဲ့တော့ တိုးခဲ့တယ်၊ ငါလေး ဒီနေ့ ကွန်ပျူတာစတိုးဆိုင်ကိုသွားပြီး လိုအပ်တဲ့ဟာတွေ သွားဝယ်တာကို သိတယ်ဟုတ်၊ နင်လေး အရင်က သုံးတဲ့မောက်စ်ကို ဝယ်ချင်တာကိုလေ၊ ငါလေးမှာ ပိုက်ဆံမရှိဘူးဆိုတာကိုသိလို့ ဟိုကောင်က ကြားဖြတ်ခုတ်သွားတယ်ဟာ၊ နင့်ကုမ္ပဏီရဲ့ မန်နေဂျာလည်း အဲဒီနေရာမှာ ရှိနေခဲ့တယ်လေ သူက ငါလေးကို မျက်စိစပါးမွေးစူးပြီး စစ်ဆေးမှုအတွင်းမှာ သက်သက်စော်ကားတာလားမှမသိတာ.."
တကယ်တော့ ကျွန်မတို့ရဲ့သခင်ကျို့က ဖူရှီမင်ကိုအရင်သွားသွားစတာဖြစ်ပေသည်။ ဒါပေမဲ့ သခင်လေးချင်ကိုကျတော့ ဖူရှီမင်ကပဲ သူမ ကြိုက်တဲ့မောက်စ်ကို ခိုးသွားသလိုပုံစံဖြင့် ပြောလေသည်။
တစ်စုံတစ်ယောက်ကတော့ ကျွန်မတို့သခင်ကျို့က သူ့ရဲ့ရန်သူတွေနဲ့ရင်ဆိုင်ရတဲ့အခါကျရင် အရှက်သိက္ခာရော စည်းမျဥ်းစည်းကမ်းကိုပါ သောက်ဂရုမစိုက်ဘူးဆိုတာကိုတော့ ဝန်ခံရပေလိမ့်မည်။
ဖုန်းရှန်းဟာ သည်အဖြစ်အပျက်ကို ကြားလိုက်သည်နှင့် ရှိသမျှသတ္တိကို အကုန်ထုတ်သုံးကာ ကြားဖြတ်ဝင်ပြောလိုက်လေသည်။
"ငါ...ငါ..ငါ့မှာလည်း ပိုက်ဆံမရှိဘူး ဒီလိုအနိုင်ကျင့်ခံရတာက ဘယ်လိုခံစားချက်မျိုးလဲဆိုတာကို ငါ..ငါ ကောင်းကောင်းသိတယ်ရယ်"
ဖုန်းရှန်းနှင့် ဖူကျို့က လက်ဖဝါးချင်း ရိုက်လိုက်ကြပြီးတော့ သူတို့နှစ်ယောက်လုံးမှာ အခြေအနေချင်း တူတယ်လို့အသီးသီးခံစားကာတွေးတောနေကြပေသည်။
ဖုန်းရှန်းက ဖူကျို့ကို နှစ်သိမ့်ပေးလေသည်။
"အိုင်ဒေါ နင်..နင် ငါ့ရဲ့မောက်စ်ကို ယူသွားလို့ရပါတယ်"
"မလိုပါဘူးဟ ငါလေး ဒီနေ့သခင်လေးချင်နဲ့ ဂိမ်းတူတူကစားပြီး ပိုက်ဆံရှာမလို့လေ"
ဖူကျို့က စကားပြောရင်းဖြင့် အမဲသားများကို သူမပါးစပ်ထဲသို့ သွတ်သွင်းလိုက်လေသည်။ သူတို့က ဟော့ပေါ့အစပ် စားနေကြတာဖြစ်လေသည်။ ထို့ကြောင့် ဖူကျို့ နှုတ်ခမ်းပါးများက ဟော့ပေါ့၏ အစပ်ဓာတ်ကြောင့် နီနီရဲရဲလေး ဖြစ်နေပေတော့သည်။
ချင်မော့၏ ရှည်လျားပြီး သွယ်လျသည့် လက်ချောင်းများက ရပ်တန့်သွားလေသည်။ ချင်မော့က ခေါင်းမဖော်စတမ်းစားနေသည့် ငွေရောင်ဆံပင်နှင့် လူငယ်လေးကို ကြည့်လိုက်လေသည်။ ကိုးရို့ကားယားနိုင်သည့် ခံစားချက်တစ်မျိုးကသူ့နှလုံးသားထဲမှ ထွက်ကျလာပေတော့သည်။
..........

အပိုင်း (၇၈) ကြီးမြတ်လှတဲ့သခင်လေးချင်ရဲ့အတွေး
အရသာရှိသည့် ဟော့ပေါ့ ကို စားပြီးနောက် ဖူကျို့က ချင်မော့ကို နှုတ်ဆက်စကားပြောပြီး အိမ်သို့ပြန်ကာ သူမ၏ လက်တော့ပ်ကို စစ်ဆေးကြည့်ချင်လေသည်။ သူမ၏ လက်တော့ပ်အတွက် လိုအပ်သည့် အစိတ်အပိုင်းများက ရှိနေပြီးသား ဆိုသော်လည်း အတွင်းအစိတ်အပိုင်းများကို သူမ installလုပ်ရန်တော့ လိုအပ်ပေသည်။
သူမ မထင်ထားသည်က ကြီးမြတ်လှသည့် သခင်လေးချင်က သူမကို ထွက်သွားခွင့်မပေးဘဲ ဆက်နေခိုင်းထားတာ ဖြစ်လေသည်။
"ခဏကြာရင် ဒီနေရာမှာ လူတစ်ယောက်နဲ့ညစာအတူတူစားဖို့ရှိတယ် ငါနဲ့အတူတူစား ပြီးတာ့ မင်းကို အိမ်ပြန်ပို့ပေးမယ်"
ဖူကျို့က ကမ်းလှမ်းချက်ကို ငြင်းရန်လုပ်နေစဉ် ကြီးမြတ်လှသည့် သခင်လေးချင်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"ဒီဟာတွေပြီးမှ ငါ မင်းနဲ့ဂိမ်းအတူတူကစားမှာ"
ဘာာ၊ ငါလေးညစာမစားရင် ဂိမ်းမကစားဘူးဆိုတဲ့သဘောလား၊ ဒါပေမဲ့ ငါခုလေးတင်ဟော့ပေါ့စားလို့ပြီးတာလေ ထပ်စားရမယ်ဆိုရင်တော့....။
ချင်မော့က ဖူကျို့အတွေးကို နားလည်ပုံရလေသည်။ သူ့စီးကရက်ကို အသာခါလိုက်ပြီး
"အအေးတချို့ပါပဲ၊ မင်းကို နောက်ထပ် ဟော့ပေါ့ မကျွေးဘူး"
"တကယ်တော့ ငါလေး နောက်ထပ် အမဲသားတစ်ပန်းကန်စားနိုင်ပါသေးတယ်"
ဖူကျို့က သူမ မေးကိုကိုင်လိုက်ပြီး ရယ်လိုက်ကာ
"အဲဒါက ညစာလို့သတ်မှတ်လိုက်ပြီ"
ချင်မော့က ရှည်ရှည်ဝေးဝေး ဆက်မပြောနေတော့ပေ။ သို့သော် မျက်နာချင်းဆိုင်၌ ထိုင်နေသည့် ချင်မော့မျက်နှာရိပ်မျက်နှာကဲကို စက္ကန့်မပြတ် အကဲခတ်နေသည့် ဖုန်းရှန်းက နောက်ဆုံး၌ ချင်မော့မျက်နှာထားက အေးစက်တင်းမာရာမှ နူးညံ့ပျော့ပျောင်းလာသည်ကို တွေ့လိုက်ရလေသည်။
သူတို့နှစ်ယောက်လုံးက ခဏကြာရင် ညစာတူတူစားဖို့ရှိတယ်၊ ဒါဆို ငါ့ကို မကြိုဆိုဘူးဆိုတဲ့ သဘောပေါ့။
ဖုန်းရှန်း အထူးစိုးရိမ်နေသည်မှာ သူ့အစ်ကိုဖုန်းရီက သည်နေရာသို့လာပြီး သူ ဂိမ်းပြိုင်ပွဲ၌ ပါဝင်ထားသည့်အကြောင်းကို သိရှိသွားမှာကိုဖြစ်လေသည်။
ပြိုင်ပွဲအကြောင်း တွေးမိရင်းဖြင့် ဖုန်းရှန်းက ရုတ်တရက်ကြီး သတိရသွားကာ ဖူကျို့ကို မေးခွန်းတချို့ မေးလိုက်လေသည်။
"အိုင်ဒေါ ငါတို့ရဲ့အသင်းက နောက်ထပ်အသင်းသားသုံးယောက်ကရော ဘယ်သူတွေလဲဟင်၊ သူ....သူတို့ရဲ့ဂိမ်းနာမည်တွေကို ငါ့ကိုပြောပြနိုင်မလား၊ ငါ...ငါ သူတို့ကို ရွှေဒင်္ဂါးအချို့ပေးမလို့"
ဖူကျို့က သည်လို ချမ်းသာပြီး ကြင်နာတတ်သည့် အသင်းသားကို ရှာတွေ့ခဲ့သဖြင့် ပျော်ရွှင်သော်လည်း...။
"အခုထိ အသင်းထဲမှာရှိတဲ့လူတွေက...."
ဖုန်းရှန်းက ထရပ်လိုက်ပြီး သူ့မျက်လုံးများက စပ်စုလိုစိတ်နှင့် မျှော်လင့်ချက်အပြည့်ဖြင့် ပြည့်နှက်နေပေတော့သည်။
"နင်နဲ့ငါနဲ့နှစ်ယောက်တည်း"
အမြဲလိုလို သောက်ကျင့်ပုတ်တတ်သည့် ဖူကျို့က ပြတ်ပြတ်သားသားဖြင့်
"ငါလေးရဲ့အသင်းထဲက အသင်းသားတစ်ယောက်ဖြစ်ရတာ နင်လေးဂုဏ်ယူနေရမှာလေ"
ဖုန်းရှန်းလို ချစ်စရာကောင်းသည့် ကောင်လေးတောင်မှ ဖူကျို့ စောနလေးတင် ပြောလိုက်သည့် စကားကြောင့် ရှော့ခ်ရသွားလေသည်။
ဒီလိုဆိုရင် အသင်းက အခုထိ မဖွဲ့ရသေးဘူးပေါ့၊ ငါဘာလို့ ထောင်ချောက်တစ်ခုထဲ ကျသွားသလို ခံစားလိုက်ရတာပါလိမ့်။
"ငါတို့အသင်းထဲ လူတွေ ထပ်မရောက်လာမှာကို မစိုးရိမ်ပါနဲ့ဟ"
ဖူကျို့က ထိုသို့ပြောရင်းဖြင့် ဖုန်းရှန်း ပခုံးကို ပုတ်လိုက်ချင်သော်ငြား ရုတ်တရက်ကြီး ကြီးမြတ်လှသည့် သခင်လေးချင်က သူ့လက်ကို မြှောက်လိုက်ပြီး ဖူကျို့ လက်ကို လမ်းတစ်ဝက်၌ တားလိုက်လေသည်။
ထို့နောက် သူ့နက်မှောင်သည့် မျက်ဝန်းဖြင့် ဖူကျို့ကို စိုက်ကြည့်နေလေသည်။ သူ့မီးခြစ်ကို ကစားကာ ဖူကျို့လက်ကောက်ဝတ်ဖြူဖြူလေးပေါ်သို့ မထိတထိဖြင့်
"မင်းရဲ့လက်ဖဝါးတွေကို သတိထား"
နင်လေး ငါ့ကို ထိန်းချုပ်ဖို့ ကြိုးစားနေတာလား အခု။
ဖူကျို့က ပြုံးပြလိုက်ပြီး သူမ လက်ကို စိတ်ပျက်လက်ပျက် ပြန်ရုတ်လိုက်လေသည်။
"ပြောရမယ်ဆိုရင် ပေပီရှန်းရေ မစိုးရိမ်ပါနဲ့၊ ငါတို့နဲ့အတူတူ ဂိမ်းကစားချင်တဲ့သူတွေ အများကြီးရှိမှာပါဟ"
ဖုန်းရှန်းဟာ သူ့အိုင်ဒေါ၏ ဂိမ်းကစားစွမ်းရည်ကို တွေးလိုက်မိသည်နှင့် သူ့စိုးရိမ်မှုတစ်ဝက်လောက်က လျော့ကျ သွားပေတော့သည်။
ဒါပေမဲ့ ဒီသောက်ကျိုးနည်းတဲ့ "ပေပီရှန်း"က ဘာကြီးလဲဟ။
ပေပီရှန်းက သူ့နှလုံးသား၌ ခါးသီးမှုကို ခံစားရသော်လည်း ပေပီရှန်းက ထုတ်မပြောပေ။
ဒါပေမဲ့ သူ့အိုင်ဒေါရဲ့ အသင်းသားတစ်ယောက်ဖြစ်တာကတော့ တကယ့်ကို ပျော်စရာကိစ္စပဲလေ။ အသင်းက အခုထိမဖွဲ့ရသေးဘူးဆိုလည်း ဘာအရေးလဲ ဘယ်လိုနည်းလမ်းနဲ့ဖြစ်ဖြစ် ငါတို့ သေချာပေါက်အောင်မြင်မှာကို ယုံကြည်တယ်။
ပြီးတော့ သူ့အိုင်ဒေါက သူ့ကို ပထမနေရာ ယူပေးမယ်လို့ ကတိပေးထားတာပဲလေ။
အသင်းထဲမှာ လူမရှိဘူးဆိုရင်လည်း အသင်းသားသုံးယောက်ကို ရွှေဒင်္ဂါးနဲ့ဝယ်လိုက်မှာပေါ့၊ ပြီးတော့ ငါဂိမ်းထဲမှာ ချမ်းသာတာလေ။
ထိုအရာကို စဉ်းစားလိုက်ပြီးသည်နှင့် ဖုန်းရှန်းက ဝမ်းနည်းကြေကွဲစွာ ထရပ်လိုက်လေသည်။
"ဒီ...ဒီလိုဆိုရင် ငါအိမ်ပြန်တော့မယ်၊ ငါ့လက်နက်တွေကို အဆင့်မြင့်အောင်လုပ်ရဦးမယ်၊ အိုင်ဒေါနဲ့အတူတူ ဂိမ်းကစားပြီး ကမ္ဘာကြီးကို သိမ်းပိုက်ဖို့အတွက်ပေါ့၊ အခုတော့သခင်လေးချင်ကို အဖော်လုပ်ပေးလိုက်ပါဦး"
"ကောင်းပြီလေ"
ဖူကျို့က ဖုန်းရှန်းကို ပြုံးပြလိုက်လေသည်။
သူမ မျက်ဝန်းများက ရောင်ပြန်ဟပ်နေသလိုဖြစ်နေတာကြောင့် အလွန်အမင်း လှပေသည်။
ဖုန်းရှန်း၏ လှပသည့် မျက်နှာက သူ့အိုင်ဒေါကို ကြည့်လိုက်သည်နှင့် ရှက်သွေးဖြန်းသွားပြန်သည်။ သူက ထိုအရာကို စဉ်းစားမိလိုက်သည်နှင့် သူ့အိုင်ဒေါကို သတိပေးရန် ဆုံးဖြတ်လိုက်လေသည်။ ထို့ကြောင့် ဖုန်းရှန်းက ဖူကျို့အင်္ကျီစကို မသိမသာ ဆွဲကိုင်လိုက်လေသည်။
ဖုန်းရှန်းက သူ့အပြုအမူကြောင့် ကြီးမြတ်လှသည့် သခင်လေးချင်က အရင်လှည့်ကြည့်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဖုန်းရှန်းက ချင်မော့မျက်လုံးကို တည့်တည့်ကြည့်ရန် အားမွေးလိုက်လေသည်။ သူ၏ ခံ့ညားပြီး နတ်ဘုရားလို ချောမောသည့်မျက်နှာက အနည်းငယ် စောင်းနေပြီးသူ့ဇာမဏီငှက်လို စူးရှသည့် မျက်ဝန်းများက တစ်ဝက်ပွင့်နေသကဲ့သို့ ဖြစ်နေလေသည်။ သို့သော် သေချာသည်က ထိုမျက်လုံးများမှာ ပြုံးသယောင်ယောင်ထင်ရပေမဲ့ သူတို့က အေးစိမ့်မှုကိုသာယူဆောင်လာသကဲ့သို့ဖြစ်နေပေ၏။
ထိုကဲ့သို့ စိုက်ကြည့်သည်က လူများ၏ ဦးရေပြားကို ထုံသွားစေနိုင်လောက်သည်အထိ ပြင်းထန်ပေသည်။
…

အပိုင်း (၇၉)
ဖုန်းရှန်းက သူ့အစ်ကိုလို အရည်အချင်းရှိသည့်သူတောင် ဘာလို့ သခင်လေးချင်အရှေ့၌ ကြောက်နေရတာလဲ‌ဆိုသည်ကို နောက်ဆုံးတော့‌ သဘောပေါက်သွားပေတော့သည်။
သူ့အစ်ကိုက မန်နေဂျာတစ်ယောက် ဆိုသော်လည်း သူ့ကိုယ်ပိုင်ကြယ်ပွင့်ချင်မော့ကို လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း မရှိပေ။
ထို့အပြင် သခင်လေးချင်ဟာ ချင်ကုမ္ပဏီ၏ CEOလည်း ဖြစ်လေတော့ သူ့မျက်လုံးအကြည့် သက်သက်နှင့်တင် လူသတ်နိုင်လောက်ပေ၏။
ဒီချစ်စရာ ကောင်လေးဟာ သူလည်ပင်းကို ကျုံ့လိုက်ပြီးတော့ ဖူကျို့အား သတိပေးမည့်အချက်ကို မျိုသိပ်လိုက်ရပေသည်။
ဖူကျို့ဟာ ဖုန်းရှန်းက သူမ၏ အင်္ကျီ စကို ဆွဲထားသည်ဟု ခံစားမိလိုက်တာကြောင့် ကြည့်လိုက်ကာ" ဘာများလဲ"
"ဘာ...ဘာမှမဟုတ်ပါဘူး"
ဖုန်းရှန်းဟာ သူ့စကားထစ်မှုကို ဘာမှမလုပ်နိုင်လေဘူး။
"ကျို့...ကျို့ ငါသွားတော့မယ် တကယ်လို့မင်းသာ တခြားလုပ်စရာမရှိတော့ဘူး ဆိုရင် အိမ်စောစောပြန်ပြီး log in ဝင်ခဲ့နော်"
သခင်လေးချင်နဲ့ မအီနဲ့!
သူက ကြောက်ဖို့ကောင်းတဲ့ကျားကြီး!
ငါ့အိုင်ဒေါလေးက အရမ်းကိုဉာဏ်ကောင်းတာလေနော် ဒီလိုစကားအရိပ်အမြွက် ပြရုံနဲ့ သူသိလောက်မှာပါ ဟုတ်တယ်မလား!
ဒါပေမဲ့ သူ့ကို ကြည့်ရတာ ငါပြောတဲ့ အချက်တွေကို မသိသလိုပဲ!!!
ဖူကျို့ဟာ သူမရဲ့ ဗိုက်ကိုဖြည့်လို့ပြီးသွားလေသည်။ သူမဟာ အိပ်ငိုက်နေသည့် ကြောင်လေးပမာ ပြုမူပြီး သူမ၏လက်ကို ခံ့ညားစွာ ဝှေ့ယမ်းလိုက်သည်။
"မင်းအရင်သွားနှင့် ညစာစားပြီးတာ နဲ့ ဂိမ်းထဲမှာ တွေ့မယ်"
"ကောင်း....ကောင်းပြီ"
ဖုန်းရှန်းဟာ ထပ်မံရှက်သွားပြန်လေ၏။ သူ့အိုင်ဒေါဟာ အလွန်ကြည့်ကောင်းတယ် လို့တွေးနေတာ ဖြစ်လေသည်။
သူတကယ်ကို အိမ်မပြန်‌ချင်ပေမဲ့ ကြီးမြတ်လှတဲ့ သခင်လေးချင်ရဲ့ အေးစက်မှုဒဏ်ကို မခံနိုင်တော့ ရွေးချယ်စရာမရှိဘူး။
သူဟာ ထိုဟာကို တွေးလိုက်မိပြီး သူ့ ကိုယ်ပိုင်ဟော့ပေါ့ဆိုင်ကို ထားခဲ့ရလေသည်။ သို့သော် ဖုန်းရှန်းသည် ခြေလှမ်းသုံးလှမ်း လှမ်းတိုင်း ဖူကျို့ရှိရာဆီသို့ လှည့်ကြည့်လှည့်ကြည့်ဖြင့် သွားလေသည်။
ငါက ငါ့အိုင်ဒေါကိုအရင်ခေါ်ထားတဲ့သူလေ။ ဒါပေမဲ့ငါက ဘာလို့အရင်ထွက်သွားတဲ့ဖြစ်ရတာလဲ။ ငါ့အိမ်ကို ခေါ်သွားပြီးတော့ ငါရဲ့လက်နက်တွေဘာတွေကို ငါ့အိုင်ဒေါလေးကို ပြမလို့ဟာကို အခုတော့....ကြီးမြတ်လှတဲ့ သခင်လေးချင်က ငါ့အိုင်ဒေါရဲ့ အချစ်တွေကို ငါ့ဆီကနေ စနိုက်ကျော်သွားတာပဲ!!!
ပေပီရှန်းက ထိုအကြောင်းကို တွေးမိသည်နှင့် အနည်းငယ် စိတ်ထိခိုက်သွားသည်။ သို့သော် သူက ထိုအကြောင်းကို အကျယ်ကြီး မပြောရဲချေ။ ထို့ကြောင့် ပေပီရှန်းသည် မကျေနပ်ချက်ကို ဖြေဖျောက်သည့် အနေဖြင့် ယနေ့ညတော့ ဂိမ်းထဲမှာ မိန်းကလေးများနှင့် ပိုပြီး အီစီကလီတော့မည်ဟု ဆုံးဖြတ်လိုက်လေသည်။
ဖုန်းရှန်းထွက်သွားတာကို ကြည့်ပြီးသည်နှင့် ချင်မော့က သူ့အကြည့်များကို ပြန်ရုပ်သိမ်း လိုက်လေသည်။ ချင်မော့ဟာ မထူးမခြားသည့်လေသံဖြင့်
"တကယ်လို့ မင်း ဖုန်းရီးကို သူ့ရဲ့ညီလေးက ဂိမ်းပြိုင်ပွဲမှာ ဝင်ပြိုင်ထားတယ်ဆိုတာကို မသိစေချင်ရင် သူနဲ့ ခပ်ဝေးဝေးနေ ဂိမ်းထဲမှာတောင် ခပ်ဝေးဝေးနေ"
"သိပြီ"
ဖူကျို့က အပျင်းကြော ဆန့်လိုက်လေသည်။
သည်လို ချက်ချင်းသဘောတူလိုက်တာက ချင်မော့၏ စကားကို သူမ လိုက်နာလိမ့်မည်မဟုတ်မှန်း အဓိပ္ပာယ် သက်ရောက်နေပေ၏။
သူတို့နှစ်ယောက်သည် မျက်နှာကြက်ကနေ ကြမ်းပြင်အထိ ကျရောက်နေသည့် နေရောင်အကြား၌ ထိုင်နေကြပေသည်။
ချင်မော့က သူ့ကားသော့ကို ကိုင်လိုက်ပြီးတော့ ထလိုက်လေ၏။ သူဟာ ဖူကျို့အား မျက်ခုံးပင့်ပြပြီးတော့
"ထလေ"
"ဘယ်ကိုလဲ"
ဖူကျို့ဟာ ဇ‌ဝေဇဝါ ဖြစ်သွားလေသည်။
"ညစာစားဖို့ကရော"
ကြီးမြတ်လှသည့် သခင်လေး ချင်ဟာ အမြဲလိုလို အေးစက်ပြီးတော့ အထက်စီးဆန်လေသည်။ ထို့အပြင် တစ်စုံတစ်ယောက်က သူ့ မျက်နှာပေါ်၌ ဘယ်ခံစားမှုမျိုးကိုမှ မြင်ရမည် မဟုတ်ပေ။
"အချိန်ရှိသေးတယ် လေညင်းသွားခံကြတာပေါ့"
အစာချေ ဖို့ အတွက် ကားမောင်းမလို့လား။
ဖူကျို့သည် ကြီးမြတ်လှသော သခင်လေးချင်၏ အနောက်ကိုလိုက်လာလေသည်။ အကန့်အသတ်ဖြင့် ထုတ်ထားသော ပြိုင်ကားက ဆွဲဆောင်မှုရှိပြီးတော့ အနက်ရောင်ခြယ်မှုန်းထားတာကို ဖူကျို့ တွေ့လိုက်ရလေသည်။ သူ့ဘီးများဟာ အနီရောင်ဖြစ်ပြီး ကား၏ လုပ်ဆောင်မှုဟာ အလွန်အမင်း ကောင်းမွန်တာကို တွေ့လိုက်ရလေသည်။ သူ့ အမြန်နှုန်းက တစ်နာရီကို ကီလို ရှစ်ဆယ်ထက်ပင်ကျော်လွန နိုင်သေးသည်။
"ကြိုက်လား"
ချင်မော့က ကားသော့ကို နှိပ်လိုက်သည်နှင့် တလက်လက်တောက်နေသော မျက်လုံးများဖြင့် ကားကို ကြည့်နေသော လူငယ်ကို ကြည့်လိုက်လေသည်။
ကားတံခါးဖွင့်ပေးသူဟာ သူ့အတွက် တံခါးဖွင့်ပေးလိုက်သည်။
ဖူကျို့ဟာ ဝတ္ထု တွထဲမှာဆိုရင် ကြိုက်လားလို့မေးရင်ကြိုက်တယ် လို့ ဖြေလိုက်ရင် နတ်ဘုရားလိုလူက ချက်ချင်းကြီး လက်ဆောင် ပြန်ပေးလိုက်တာပဲလို့တွေးလိုက် မိလေသည်။
ချင်မော့ပေးထားတဲ့ Gold coin တွေနဲ့ စိန်တွေကို တွေးလိုက်မိတယ် ဆိုရင်ဖြင့် ဒီကားကို ပေးမှာ ကျိန်းသေပဲဟု ဖူကျို့တွေးနေပေတော့သည်။
999999တောင်မှ သခင်လေးချင်ရဲ့ လက်တစ်ချက် ဝှေ့ယမ်းတာလောက်ပဲ ရှိတာကိုနော်။
အဲဒါကြောင့် ဖူကျို့က အတည်ပေါက်ဖြင့်
"ငါလေးဒီဟာကို တကယ်ကြိုက်တယ်!"
ငါလေးကို ဒီလိုမျိုး အစီးနှစ်ဆယ်လောက်ပေးစမ်းပါ။ ကျောက်ပုစွန်လိုမျိုးလေ အဲဒါဆို ပိုကောင်းမှာပဲ!!! 
ချင်မော့က ထိုလူငယ်လေးကို လှည့်ကြည့်လိုက်လေသည်။ ချင်မော့သည် ဖူကျို့ လက်သီးဆုပ်ထားတာကို မြင်လိုက်သောအခါ ပြုံးလိုက်လေသည်။
ဖူကျို့အရင်က သူ့အား ဘယ်လိုအီစီကလီခဲ့လဲဆိုတာကို တွေးမိပြီးတော့ ဖူကျို့မျက်နှာကို ညင်သာစွာ ပုတ်လိုက်၏။
"ဘယ်လောက်တောင်ရှက်ဖို့ ကောင်းလိုက်သလဲ၊ မင်းဘယ်လောက်ပဲ ကြိုက်ကြိုက် ဒီဟာက မင်းဟာ ဖြစ်လာမှာ မဟုတ်ဘူး၊ အလုပ်ကြိုးစားလေ တစ်နေ့တော့ မင်းဒီလိုကားမျိုး ပိုင်ချင်ပိုင်မှာပေါ့ ဒါပေမဲ့ မဖြစ်နိုင်ပါဘူး မြောက်ပိုင်းနယ် မြေသုံးခုလုံးမှာ ဒီလိုကားမျိုးက တစ်စီးပဲရှိတာကိုး"
.............
အပိုင်း (၈၀)  á€€á€źá€Žá€¸á€™á€źá€á€şá€œá€žá€á€˛á€ˇá€žá€á€„á€şá€œá€ąá€¸á€á€ťá€„á€şá€€ သခင်ကျို့ကိုထောက်ပံ့ပေးနေတာတဲ့
ဖူကျို့ : ကြီးမြတ်လှတဲ့သခင်လေးရေ ၀တ္ထုထဲကအတိုင်း လိုက်မလုပ်ဘူးဆိုရင် ဒါကြီးက တကယ်အဆင်ပြေမှာ မဟုတ်ဘူးဆိုတာသိရဲ့လားဟင်။
ချင်မော့က စိတ်ဓာတ်အနည်းငယ်ကျသွားသော ကောင်လေးကို ကြည့်လိုက်သည်။ ဖျော့တော့တော့ အပြုံးလေးတစ်ခု သူ့နှုတ်ခမ်းပါးလေးတွင် ဖြတ်ပြေးသွားလေသည်။ ဖူကျို့၏ နောက်ကျောကော်လံကို ဆွဲပြီး သူမကို ထိုင်ခုံပေါ်သို့ ဆွဲထည့်လိုက်လေသည်။
ကားမောင်းထွက်သွားပုံမှာ အလွန်ပင် အထင်းသားဖြစ်နေလေသည်။
အထူးသဖြင့် ကားထဲမှာ သာမန်မဟုတ်တဲ့ လူနှစ်ယောက်တူတူထိုင်နေတဲ့အခါမှာပေါ့။
ဖူကျို့၏ဆံပင်များသည် ဖွင့်ထားသောကားပြတင်းမှ ၀င်လာသောလေကြောင့် ပရမ်းပတာလွင့်နေလေရာ ထိုချောမောလှသောမျက်နှာနှင့် ကြွယ်၀သောအရောင်အ၀ါတို့ ပိုင်ဆိုင်ထားသော သူမသည် ဖော်ပြစရာစကား မရှိလောက်အောင် မိမိုက်နေတော့သည်။
ထို့အပြင် မြို့လယ်လမ်းတလျှောက် အရှိန်ဖြင့်သွားနေသော ကားလှလှကလေးကလဲ စူပါစတားနှစ်ယောက် ရုပ်ရှင်ရိုက်နေတာဟူ၍ လူများကို ထင်သွားစေသည်။
ထိုမြင်ကွင်းက ကား မီးပွိုင့်ကို စောင့်နေစဉ် လူတွေကိုရပ်ပြီး ဓာတ်ပုံရိုက်အောင်ဆွဲဆောင်နေတော့၏။
Computer City ရှေ့ ကားရပ်လိုက်ချိန်တွင် ချင်မော့၏ ညာလက်က စတီယာတိုင်ကို ကိုင်ထားသော်ငြား သူ့မျက်နှာပေါ်က ဘ၀င်မြင့်ပြီး ဘာကိုမှဂရုမစိုက်သည့်ဟန်က ကားမီးအလင်းပြန်သလို ဖျတ်ခနဲ ပေါ်လာလေသည်။
ဖူကျို့ ထိုနေရာကိုစိုက်ကြည့်ပြီး သူမ မျက်ခုံးများ မြင့်တက်သွားတော့သည်။
ထိုခဏတွင်ဆိုင်ထဲမှာ လူအများကြီး ရှိမနေသော်ငြား ဆိုင်ထဲတွင် ရှိနေသောလူများမှာ သူတို့ရှိရာဖက်သို့ ကြည့်နေကြသည်။
ပိုပြီးတိတိကျကျဆိုရလျှင် မြင့်မြတ်လှသည့် သခင်လေးချင်ကို ကြည့်နေကြခြင်းသာ ဖြစ်၏။
တကယ်တော့လဲ ဒါက တခြားနေရာတော့ မဟုတ်ပါဘူး။ ဂိမ်းကစားရတာကြိုက်တဲ့သူတိုင်း မကြာခဏ လာကြတဲ့ နေရာတစ်ခုပါပဲ။
“ဒါ ကြီးမြတ်လှတဲ့သခင်လေးချင်ပဲဟ”
“ သူလဲ ဒီနေရာကို ပစ္စည်းတွေ၀ယ်ဖို့လာတာလား”
“ ကြီးမြတ်လှတဲ့သခင်လေးချင်ကို ဒီလိုနေရာမှာတွေ့ရလိမ့်မယ်လို့ ယုံတောင်မယုံနိုင်ဘူးကွာ”
ဒီနေရာကို ပစ္စည်း၀ယ်ဖို့လာတဲ့သူ အများစုက ယောက်ျားလေးတွေဆိုတော့ သူတို့တွေက မိန်းခလေးတွေလို မရူးသွပ်နေကြဘူး။
ဒါပေမဲ့လဲ ချင်မော့ရဲ့ကျော်ကြားမှုကြီးက အကြီးအကျယ်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေသေးတာ။
ရောက်လာသူက ကြီးမြတ်လှတဲ့သခင်လေးချင်ဆိုတာလဲကြားရော ဆိုင်မန်နေဂျာကြီးက သခင်လေးချင်ကို ဧည့်ခံဖို့ ချက်ချင်းပဲ ခြေလှမ်းကျဲများဖြင့်ရောက်ချလာတော့တယ်။
နောက်ဆုံးမှာတော့ စီးပွားရေးသမားတစ်ယောက်အတွက်တော့ချင်မော့ဟာ အလွန်တော်တဲ့ဂိမ်းမာတစ်ယောက်လဲဖြစ် ချင်စီးပွားရေးလုပ်ငန်းစုရဲ့သခင်လေးလဲဖြစ်တဲ့ သူ့ခြေလှမ်းတွေက ကျန်းတမြို့လုံးကို လှုပ်ရမ်းနိုင်လေတယ်။
ဆိုင်မန်နေဂျာသည် ဘေးမှ ပြုံးဖြီးလျက် ပါလာသော်လည်း အားတင်းထားနေလေသည်။ သူ စကားပြောမည့်ဟန် ပြင်နေစဉ် အနားတွင်ရပ်နေသော ဖူကျို့ကို မြင်သွားသည်။
မောက်စ်လုသည့် ပြဿနာဖြစ်ထားတာ မကြာသေးတာကြောင့် ဆိုင်မန်နေဂျာမှာ ထိုကိစ္စကို အထိုက်အလျောက် စိတ်ထဲတွင် ရှိနေသေးသည်။ ဖူကျို့၏ငွေရောင်ဆံပင်နှင့် လှပသောမျက်နှာကို အထူးတလည် မေ့ပစ်ရန် မလွယ်ကူလှပေ။
သို့သော်ငြား ထိုကောင်လေးကို ကြီးမြတ်လှသောသခင်လေးချင်နှင့်အတူတူ ရောက်လာမည်ဟု မည်သည့်အခါကမျှ မထင်ခဲ့မိပေ။
ဆိုင်မန်နေဂျာမှာ စိတ်နှလုံးချုံးချုံးကျသွားကာ အသံကို နှိမ့်ချ၍ “သခင်... သခင်လေးချင်....”
ချင်မော့ မန်နေဂျာကို တစ်ချက်လှမ်းကြည့်ကာ အေးစက်စက် ခပ်မှန်မှန်ဖြင့် “နေ့လယ်က သူရွေးခဲ့တဲ့ မောက်စ် ဘယ်မှာလဲ၊ ထုတ်လာခဲ့”
သူအများကြီး မပြောလိုက်သော်ငြား ဆိုင်မန်နေဂျာ၏လည်ချောင်းတွင် အလုံးကြီးဆို့နေသကဲ့သို့ ဖြစ်နေသည်။
“သခင်လေးချင် ဒီမှာပါခင်ဗျား။  á€Ąá€˛á€’ဎ၀ယ်သူက မောက်စ်ကို တကယ်ပဲ ၀ယ်သွားပါတယ်။ တခြားလူတွေ၀ယ်သွားတော့ လက်ကျန်မရှိတော့ဘူးလေ။ အခု ကျွန်တော် တစ်ယောက်ယောက်ကို ထပ်သွားယူဖို့ ပြောထားပါတယ်။ ခဏလေးစောင့်ပေးလို့ရမလားဗျာ၊ ခဏလေးပါ.....”
စကားအဆုံးတွင် ဆိုင်မန်နေဂျာမှာ ချင်မော့မျက်နှာကို မကြည့်ရဲတော့ချေ။ ထိုလူဆီက ကျရောက်လာသော ပြင်းထန်သော ဖိနှိပ်အားကြောင့် ခေါင်းမမော့နိုင်လောက်အောင် ဖြစ်နေလေသည်။
ချင်မော့၏အသံမှာ ဂရုစိုက်ဟန်မပြသေး။ ဖူကျို့ကို ညွှန်ပြကာ ဆိုင်မန်နေဂျာကို ပြောလိုက်သည်။
“ သူ့မျက်နှာကိုမှတ်ထား။ နောက်ဆိုရင် သူလိုချင်တာ ထုတ်ပေးလိုက်”
“ ဟုတ်ကဲ့... ဟုတ်ကဲ့” စီးအီးအိုချင် ဖူကျို့ကို ခေါ်လာပြီး တိုက်ရိုက်လာရှင်းမှန်း ဆိုင်မန်နေဂျာသိလိုက်လေပြီ။
နေ့လယ်ကကိစ္စကို သူလက်မလွန်ခဲ့တာ အတော်ကံကောင်းသွားသည်။ မဟုတ်လျှင် စီးအီးအိုချင်၏ အစဥ်အလာဖြင့် သူ့ကိုသေချာပေါက် အလွတ်ပေးမှာမဟုတ်ပေ။ သူ့ဆိုင်လေးတောင် ဖျက်ဆီးခံရအုံးမည်။
ဆိုင်မန်နေဂျာက ဖြစ်ခဲ့သမျှကို ပြန်တွေးလျက် အနည်းငယ် လန့်သွားလေသည်။ ထိုကောင်လေးနှင့် စီးအီးအိုချင်တို့၏ဆက်ဆံရေးကို သူ မသိပေ။
စီးအီးအိုချင်က ပစ္စည်း၀ယ်ဖို့ သူနဲ့အတူ လိုက်လာသတဲ့လား။
…
 

Search Novels