💓💓💓 👩‍❤️‍👨Chapter 61

နှစ်ယောက်သား အပြင်သို့ လမ်းလျှောက်ထွက်လိုကြောင်း သိလိုက်ရသောအခါ ဝူရွှမ်းယွီမှာ မထိန်းသိမ်းနိုင်တော့ဘဲ မျက်မှောင်ကြုတ်လိုက်သည်။

“မိတ်ဆုံစားပွဲက အခုပဲ စတော့မှာကို မင်းတို့က ဘာလို့ ထွက်ပြေးချင်နေကြတာလဲ…”

လုဖျင်ကျိုးက ပြောသည်။
“အစ်မပြောတာပဲ ကြည့်ပါဦး… ကျွန်တော့်ဇနီးနဲ့ ကျွန်တော်က မိတ်ဆုံစားပွဲမှာ ပါမှာမှ မဟုတ်တာပဲကို ပွဲစစ မစစ ကျွန်တော်တို့က ရှိပြီး ဘာလုပ်ရမှာလဲ…”

“အစ်မ ဘာပြောထားလဲ မင်းမေ့သွားပြီလား…”
ဝူရွှမ်းယွီက ပြောလိုက်ရင်း လုဖျင်ကျိုး၏ လူများ ထိုင်နေသောဘက်ကို မေးထိုးပြလိုက်သည်။

လုဖျင်ကျိုးက ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

“ခဏလေး…”

ထို့နောက် သူသည် လူပျိုအုပ်စု၏ နောက်ဘက်သို့ လျှောက်သွားပြီး နောက်ဆုံးတွင် ထိုင်နေသော လူ၏ ပခုံးကို ပုတ်လိုက်သည်။ ထိုသူက ဖျတ်ကနဲ မတ်တတ်ရပ်လိုက်ပြီး မေးလိုက်သည်။

“ဒုတပ်ရင်းမှူး… ကျွန်တော့်ကို ဘာများ ပြောချင်လို့လဲ…”

အသံကြားလိုက်ချိန်တွင် ကျန်လူများကလည်း ခေါင်းလှည့်ကာ ကြည့်လာသည်။

လုဖျင်ကျိုးက ပြောလိုက်သည်။
“ငါ့အမျိုးသမီးရဲ့ အဖွဲ့ကလူတွေလာပြီး ငါ့ကို မေးကြရင် ငါနဲ့ ငါ့အမျိုးသမီးက အပြင်ကို ခဏလောက် လမ်းလျှောက်သွားတယ်လို့ ပြောပေး…”

ယနေ့က မိတ်ဆုံစားပွဲဖြစ်ပြီး စည်းကမ်းချက်များ များများစားစား မရှိပေ။ လူများက လုဖျင်ကျိုး၏ စကားကို ကြားလိုက်သောအခါ ချက်ချင်းပင် ခေါင်းများ လှည့်လိုက်ကြပြီး အမျိုးသမီးရဲဘော်များဆီသို့ လှမ်းကြည့်လိုက်ကြကာ အချို့က တဲ့တိုးပင် မေးလာကြသည်။

“ကျွန်တော်တို့ မရီးက ဒီမှာ ရှိနေတာလား… သူဘယ်မှာလဲ…”

“ဒုတပ်ရင်းမှူး… ကျွန်တော်တို့ မရီးကို နှုတ်ဆက်ဖို့လိုသေးတယ်မဟုတ်လား…”

“ဟုတ်တယ်… ဒုတပ်ရင်းမှူးရဲ့ ဇနီးက ဘယ်လိုပုံစံလဲဆိုတာ ကျွန်တော်တို့ မမြင်ဖူးသေးဘူးလေ…”

ထိုအုပ်စုထဲမှ မပြောပလောက်သော လူအနည်းငယ်က လုဖျင်ကျိုး၏ မင်္ဂလာပွဲသို့ တက်ရောက်ခဲ့သော်လည်း ပိုများသော လူများက မတက်ရောက်ခဲ့ရသောကြောင့် ယနေ့ မိတ်ဆုံစားပွဲသို့ လာသော လူအုပ်စု၏ အနည်းဆုံး ထက်ဝက်ခန့်သည် ချန်မန်ကို မမြင်ဖူးကြသေးသလို သူမ၏ အကြောင်းကိုလည်း သိလိုစိတ် ပြင်းပြကြသည်။

လုဖျင်ကျိုးကလည်း မည်သည့်အရာကိုမျှ ဖုံးကွယ်မထားပေ။ သူက အစားအသောက်ကုမ္ပဏီမှ လူများရှိရာဘက်ကို လက်ညှိုးထိုးလိုက်ပြီး ပြောလိုက်သည်။

“ဟိုနားက အစိမ်းရောင်စကတ်လေး ဝတ်ထားတဲ့တစ်ယောက်က မင်းတို့ရဲ့ မရီးပဲ…”

လုဖျင်ကျိုး ညွှန်ပြရာဆီသို့ လူတိုင်း ကြည့်လိုက်ကြရာ ချန်မန်ကို မြင်လိုက်ရသည်။ သေသေချာချာ ကြည့်လိုက်ကြပြီးနောက သူတို့အားလုံးက ချန်မန်ကို စတင်၍ ချီးမွမ်းခန်းဖွင့်ကြလေသည်။

“တစ်ချက်ကြည့်လိုက်တာနဲ့ကို ငါတို့ရဲ့ မရီးက တခြားသူတွေနဲ့ အပုံကြီး ခြားနားတာပဲ…”

“ဒုတပ်ရင်းမှူး… ဒုတပ်ရင်းမှူးတို့ ဇနီးမောင်နှံကတော့ တကယ်ကို လိုက်ဖက်ညီတဲ့ စုံတွဲပါပဲ…”

တစ်စုံတစ်ယောက်က ယခုလေးတင် လုဖျင်ကျိုး ဘာပြောလိုက်သည်ကို အမှတ်ရသွားပြီး မေးလိုက်သည်။
“ဒုတပ်ရင်းမှူး… ခင်ဗျားနဲ့ ခင်ဗျားဇနီးက အပြင်ခဏထွက်မလို့လား…”

“ဒါပေါ့… မင်းတို့မရီးက နေရာတိုင်းမှာ တော်ပေမယ့် နည်းနည်းတော့ လူကပ်တတ်တယ်… ကိုယ်တို့မတွေ့ရတာ နာရီပေါင်း တော်တော်လေးကြာသွားပြီးတော့မှ သူက ကိုယ့်ကို ပြန်တွေ့ရတာဆိုတော့လေ…”

လုဖျင်ကျိုးက ဟန်ပန်အပြည့်ဖြင့် ချောင်းဟန့်လိုက်သည်။

“ငါ သူ့ကို အဖော်လုပ်ပြီး ခဏလောက် လမ်းလျှောက်ရင်း နောက်ပြီးကျ ချော့ရမော့ရဦးမယ်… မင်းတို့တွေအားလုံး ဒီက ဘာအစီအစဉ်တွေရှိလဲ ဆိုတာကို သေချာနားထောင်ဖို့ သတိထားကြဦး… ပွဲစပြီဆိုတာနဲ့ ပိုပြီးတက်တက်ကြွကြွနေကြ… ပြီးတာနဲ့ ဇနီးတစ်ယောက် ရှာတွေ့ဖို့ တတ်နိုင်သမျှ ကြိုးစားကြ… နားလည်ပြီလား…”

လူတိုင်းမှာ မူးဝေသွားသလို ခံစားလိုက်ရပြီး မနာလိုလည်း ဖြစ်ကြသလို အားလည်းကျမိကြပေသည်။ သူတို့က သူတို့ရင်ဘတ်ကို ပုတ်လိုက်ပြီး ပြောလာကြသည်။

“စိတ်မပူပါနဲ့ ဒုတပ်ရင်းမှူး… ကျွန်တော်တို့ ဒီည သေချာပေါက် ကြိုးစားကြမှာပါ…”

သူတို့ဘာလုပ်နေကြသည်ကို တစ်ဖက်အုပ်စုမှ လူများ ကြားသွားသောအခါ သူတို့လည်း အနိုင်ရလိုသော စိတ်များ မြင့်တက်လာပြီး ကျောကုန်းကို ဆွဲဆန့်ကာ တည့်မတ်ထားလိုက်ကြသည်။

လုဖျင်ကျိုးက ဝူရွှမ်းယွီဆီသို့ ပြန်လာပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။

“ဒါရိုက်တာဝူ… အခု ကျွန်တော်သွားလို့ရပြီလား…”

“ရပါပြီ…”
ဝူရွှမ်းယွီသည် လုဖျင်ကျိုးဖန်တီးပေးလိုက်သော အကျိုးရလဒ်ကို အလွန်ပင် စိတ်ကျေနပ်သွားသော်လည်း သတိပေးရန်လည်း မေ့မနေခဲ့ပေ။

“မြန်မြန်တော့ ပြန်လာခဲ့နော်…”

သဘောတူညီချက် ရပြီးသော လုဖျင်ကျိုးသည် စစ်သားအုပ်စုဘက်မှ ခြေလှမ်းကျဲကျဲလှမ်းကာ သူမ၏ဌာနမှ လူများနှင့် အချိန်းအချက် လုပ်ပြီးဖြစ်သော ချန်မန်ဆီသို့ လျှောက်လှမ်းသွားပြီး ပြောလိုက်သည်။

“သွားရအောင်…”

ချန်မန်က လှည့်ကြည့်လိုက်ပြီး သူမ၏အဖွဲ့ထဲမှ လျှောက်ထွက်လာရင်း မေးလိုက်သည်။
“အစောနက ရှင်ဘာအကြောင်းတွေများ ဒီလောက် တက်တက်ကြွကြွနဲ့ ပြောနေတာလဲ…”

လုဖျင်ကျိုးက ပြောသည်။
“ဘာမှမဟုတ်ပါဘူး… ကိုယ်က သူတို့ကို စိတ်ဓာတ်တက်ကြွလာအောင် လုပ်ပေးနေတာပါ…”

“ဒါဆို အခု ဘာလို့ သူတို့အားလုံး ကျွန်မကို လှမ်းကြည့်နေကြတာလဲ…”

“သူတို့တွေက ကိုယ့်ဇနီးလေးဘယ်လိုရုပ်ရည်လဲ စပ်စုနေကြတာနဲ့ ကိုယ်က လက်ညှိုးထိုးပြလိုက်လို့လေ…”
လုဖျင်ကျိုးက သူ့ခန္ဓာကိုယ်ကို အနည်းငယ် စောင်းလိုက်ပြီး ချန်မန်ကို ငုံ့ကြည့်ကာ ပြုံးပြလိုက်သည်။

“သူတို့အားလုံး ကိုယ့်ကို မနာလိုဖြစ်နေကြတာ…”

“ဘာလို့ သူတို့က ရှင့်ကို မနာလိုဖြစ်ရတာလဲ…”

“သေချာတာကတော့ ဒီလိုဇနီးကောင်းလေးတစ်ယောက်ကို အရယူနိုင်ခဲ့လို့ သူတို့ ကိုယ့်ကို မနာလိုဖြစ်နေကြတာပေါ့…”

ချန်မန်မှာ ပါးစပ်အဝိုင်းသားဖြစ်သွားပြီးနောက် ပြုံးသွားမိသည်။
“အကြွားပိုလိုက်တာ…”

“တကယ်ပြောနေတာ… မင်းမယုံဘူးဆိုရင် ပြန်လှည့်ပြီးတော့ ကိုယ်အခုပြောတာ မှန်လား မမှန်လားကို သူတို့ကို မေးမလား…”

လုဖျင်ကျိုးက ပြောပြောဆိုဆိုနှင့် နောက်ပြန်လှည့်ဟန် ပြင်လိုက်သည်။

ချန်မန်က လျင်မြန်စွာပင် သူ့ကို ပြန်ဖမ်းဆွဲထားလိုက်သည်။
“ရပါပြီ… ကျွန်မရှင့်ကို ယုံပါပြီ… ကျွန်မ ရှင့်ကို ယုံတယ်ဆိုရင် ရပြီမဟုတ်လား…”

လုဖျင်ကျိုးက ရပ်တန့်လိုက်ပြီး ပြုံးလိုက်သည်။
“ဟုတ်ပြီလေ… မင်းရော မင်းအဖော်တွေနဲ့ ကိုယ့်အကြောင်း ပြောနေတာမဟုတ်လား…”

“မပြောပါဘူး…”

“တကယ်လား…”
လုဖျင်ကျိုးမှာ မယုံကြည်နိုင်ဟန်ပေါ်နေသည်။

“အဲ့ဒါဆိုလဲ ဘာဖြစ်လို့ မင်း ကိုယ့်ကို ခဏခဏလှမ်းကြည့်နေတယ်လို့ ထင်နေမိတာလဲ…”

“ရှင်ကလေ ကိုယ့်ကိုယ်ကို အရမ်းမွှန်းနေတော့တာပဲ…”
ချန်မန်က မျက်တောင်တချက်ပင် မခတ်ပဲ လိမ်ညာလိုက်သည်။ လုဖျင်ကျိုးက ဆက်မေးနေမည်ကို စိုးရိမ်သောကြောင့် သူမက ယဉ်ကျေးမှုနန်းတော်၏ အပြင်ဘက်ရှိ လမ်းမကျယ်ကြီးကို လက်ညှိုးထိုးပြလိုက်ပြီး မေးလိုက်သည်။

“ကျွန်မတို့ ဘယ်ဘက်ကို သွားကြမှာလဲ…”

“ဘယ်ဘက်မှာ ပန်းခြံတစ်ခုရှိပြီးတော့ ညာဘက်မှာ တော်လှန်ရေးကော်မတီရုံး ရှိတယ်… မင်း ဘယ်နေရာကို သွားချင်လဲ…”

လမ်းလျှောက်ရန်အတွက် ပန်းခြံက သင့်တော်သော်လည်း ထိုအချိန်က ပန်းခြံထဲတွင် လမ်းမီးတစ်ခုတလေပင် ရှိမနေခဲ့ပေ။ ညအချိန်ဖြစ်သည်မို့ ပန်းခြံက မှောင်အတိကျနေသည်။ ယှဉ်ကြည့်လျှင်လည်း တော်လှန်ရေးကော်မတီရုံးဘက်တွင် ထောက်ပံ့ရေးနှင့်ဈေးကွက်သမဝါယမဆိုင်တစ်ခုရှိသောကြောင့် ဈေးဝယ်ထွက်နိုင်ပေသည်။

ချန်မန်က ညာဘက်ကို သွားရန် ရွေးချယ်လိုက်သည်။

ဆယ်မိနစ်ခန့် လမ်းလျှောက်လာပြီးနောက် သူတို့သွားလိုသောနေရာသို့ ရောက်လာကြသည်။ ဤထောက်ပံ့ရေးနှင့်ဈေးကွက်သမဝါယမဆိုင်သည် ဒေသခံစုပေါင်းအိမ်ရာဝင်းထက်ပင် များစွာကြီးမားပြီး အမျိုးအစားပေါင်းများစွာ ရောင်းချသော်လည်း ပစ္စည်းအားလုံးသည် သာမန်နေ့စဉ်သုံးပစ္စည်းများသာ ဖြစ်သည်။

သူတို့နှစ်ယောက်သည် လှည့်ပတ်ကြည့်ရှုခဲ့ပြီး အစားအသောက်အနည်းငယ်ကို ဝယ်ယူကာ ထုပ်ပိုးခဲ့ကြသည်။

ပွဲကြည့်စင်ခန်းမသို့ သူတို့ ပြန်ရောက်ချိန်တွင် မိတ်ဆုံစားပွဲအခမ်းအနားမှာ စတင်နေပေပြီ။ လူအချို့မှာ ခန်းမအလယ်ရှိ နေရာလပ်ကျယ်ကျယ်တွင် စတင်ကပြဖျော်ဖြေနေပြီဖြစ်သည်။

၁၉၇၀ခုနှစ်တဝိုက်က မိတ်ဆုံစားပွဲများ၏ အစီအစဉ်မှာ ထိုခေတ်အတိုင်းပင် ရိုးစင်းလှသည်။ အခမ်းအနား စတင်သည်နှင့် ခေါင်းဆောင်ဖြစ်သူက အဖွင့်စကားအနည်းငယ် ပြောပြီးနောက် ဌာနတိုင်းမှ ကိုယ်စားလှယ်များက ထွက်လာပြီး ဖျော်ဖြေကြမည်ဖြစ်သည်။ အခမ်းအနားအစီအစဉ်များက ရိုးရှင်းသလိုပင် ဖျော်ဖြေမှုများကလည်း အလွန်ရိုးရှင်းကာ အနီရောင်သီချင်း(ဝါဒဖြန့်သီချင်း)များ သီဆိုခြင်း သို့မဟုတ် ကဗျာရွတ်ဆိုခြင်းများသာ ရှိကြကာ ကခုန်ကြခြင်းမှာ အနည်းငယ်သာ ရှိပေသည်။

ဖျော်ဖြေမှုများ ပြီးဆုံးသည်နှင့် လူတိုင်းသည် ထိုင်ခုံများမှ ထပြီး အခြားသူများနှင့် စကားစမြည်ပြောရန်နှင့် တွေ့ဆုံဆက်ဆံကြည့်ရန် အခြားနေရာများသို့ သွားနိုင်ကြသည်။

သို့သော်လည်း ဖြစ်နိုင်သည်မှာ မိတ်ဆုံစားပွဲသည် အချိန်အတော်ကြာမှ စတင်လိုက်သောကြောင့် ဖြစ်နိုင်ပြီး လူတိုင်းက အနည်းငယ် ချုပ်ထိန်းထားကြကာ ကိုယ့်ဌာနအလိုက် ထိုင်ခုံများတွင်သာ ဆက်ထိုင်နေကြပြီး လမ်းထလျှောက်ရန် မရဲတရဲဖြစ်နေကြသည်။

လူနှစ်ယောက် အထဲသို့ ဝင်လာသည်ကို မြင်လိုက်ရသောအခါ ဝူရွှမ်းယွီက သူတို့ကို လက်လှမ်းပြလိုက်သည်။

ချန်မန်နှင့် လုဖျင်ကျိုးက အတူတကွ လျှောက်လာကြသည်။ အခြားသူများ အလွယ်တကူ မကြားစေနိုင်ရန် ဝူရွှမ်းယွီကလည်း ထိုင်ခုံမှ ထကာ သူတို့ဆီသို့ ခြေနှစ်လှမ်းသုံးလှမ်းမျှ လှမ်းလာလိုက်ပြီး ပြောလိုက်သည်။

“ဒါက အလုပ်မဖြစ်ဘူး… ဘယ်သူကမှ လှုပ်လှုပ်ရှားရှား မလုပ်ကြဘူး…”

ဝူရွှမ်းယွီက သူတို့ကို ဘေးဘက်သို့ ဆွဲခေါ်လာပြီး သူတို့နှစ်ယောက်အတွက် တာဝန်တစ်ခု ရှိကိုရှိနေမည်ကို သဘောပေါက်သောကြောင့် လုဖျင်ကျိုးက မေးလိုက်သည်။

“ဒါရိုက်တာက ဘယ်လိုစီစဉ်ချင်လို့လဲ…”

ဝူရွှမ်းယွီက တည့်ပင် ပြောလိုက်သည်။
“အစ်မ လုပ်စေချင်တာကတော့ မင်းအဖွဲ့ထဲက လူနည်းနည်းကို ရှောင်ချန်ရဲ့အဖွဲ့ဆီကို ခေါ်သွားစေချင်တာပဲ…”

“ကျွန်တော်က သူ့ဌာနဆီကို လူတွေခေါ်သွားရမယ်လား…”

လုဖျင်ကျိုးက ထပ်မေးလိုက်သည်။
“အဲ့ဒါက သင့်တော်ပါ့မလား…”

ဝူရွှမ်းယွီက ပြန်မေးလိုက်သည်။
“ဘယ်ဟာက မသင့်တော်တာရှိလို့လဲ… မင်းတို့နှစ်ယောက်က ဇနီးနဲ့ခင်ပွန်းလေ… ပွဲတစ်ခုထဲမှာ အတူဆုံမိကြတယ်ဆိုရင် မင်းတို့နှစ်ယောက် အတူတူ မတ်တတ်ရပ်ပြီးတော့ စကားပြောနေတာက ပုံမှန်ပဲ မဟုတ်ဘူးလား…”

“ကျွန်တော်တို့နှစ်ယောက် အတူမတ်တတ်ရပ်ပြီး စကားပြောနေတာက ပုံမှန်ဆိုပေမယ့် ကျွန်တော်ခေါ်သွားတဲ့ လူတွေကျတော့ ဘယ်နှယ့်လုပ်ရပါ့မလဲ…”

ဝူရွှမ်းယွီက ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
“မင်းအဖွဲ့ထဲမှာ မင်းရဲ့မင်္ဂလာပွဲကို မတက်လိုက်ရတဲ့လူ နည်းနည်းရှိတယ်မဟုတ်လား… အဲ့လိုလူတွေကို ခေါ်သွားပြီးတော့ ရှောင်ချန်နဲ့ သူတို့ကို မိတ်ဆက်ပေးလိုက်လေ…”

လုဖျင်ကျိုး၏ အမူအရာမှာ လုံးဝမယုံကြည်နိုင်ဟန်ဖြစ်သွားသည်။

“ဒီအကြောင်းပြချက်ကြီးက အူကြောင်ကြောင် မနိုင်လွန်းဘူးလား…”

“မင်းမှာ ဒီ့ထက်ကောင်းတဲ့ အကြောင်းပြချက်ရှိလား…”
ဝူရွှမ်းယွီက မျက်စောင်းတစ်ချက်နှင့် လုဖျင်ကျိုးကို မေးလိုက်သည်။

လုဖျင်ကျိုး တိတ်ကျသွားသည်။ သူ့တွင် အမှန်ပင် ပိုကောင်းသော မည်သည့်အကြောင်းပြချက်မျှ ရှိမနေချေ။ သူက တစ်ခုသာ ပြောရှာသည်။

“အဲ့လိုအကြောင်းပြပြီး သူတို့ကို ခေါ်သွားတာတော့ ဟုတ်ပါပြီ… တော်ကြာ သူတို့က ကျွန်တော့်ဇနီးကိုပဲ စကားပြောနေကြရင် ဘယ်လိုလုပ်ကြမလဲ…”

ဝူရွှမ်းယွီမှာ စကားလုံးပင် ပျောက်ဆုံးသွားရသည်။
“အဲ့ဒါဆိုလဲ သူတို့တွေ တသက်လုံး လူပျိုကြီးသာ ဖြစ်နေကြပေတော့လို့ အစ်မ ပြောရုံပဲ ရှိတော့တယ်…”

ထိုသို့ ပြောလိုက်သော်လည်း ဝူရွှမ်းယွီအနေဖြင့် ဤမိတ်ဆုံစားပွဲမှ စုံတွဲအနည်းငယ် ထွက်ပေါ်လာရန် မျှော်လင့်နေဆဲသာ ဖြစ်သည်။ အမှန်ဆိုရလျှင် ဤမျှများပြားလှသော လူသားအရင်းအမြစ်များကို အသုံးပြုထားပြီး ရလဒ်က သုညသာဖြစ်နေမည်ဆိုလျှင် အလွန်ပင် ရုပ်ပျက်ရပေလိမ့်မည်။

ဝူရွှမ်းယွီက သူမ၏လေသံကို နူးညံ့လိုက်ပြီး ချန်မန်ကို ပြောလိုက်သည်။
“ရှောင်ချန်… ခဏနေလို့ သူတို့ အဲ့ဒီကို ရောက်လာတဲ့အချိန်ကျရင် မင်းက သူတို့တွေ အဆင်ပြေသွားအောင် ညှိနှိုင်းပေးရင်း ပိုပြီး ကူညီပေးနိုင်ရမယ်နော်… ဒီလူငယ်လေးတွေက မင်းတို့ဌာနက အမျိုးသမီးရဲဘော်တွေနဲ့ စကားလက်ဆုံကျသွားနိုင်ရင်‌တော့ အကောင်းဆုံးပဲပေါ့ကွယ်…”

ချန်မန်သည် ဤမျှ လေးပင်လှသော တာဝန်ကို အပေးခံလိုက်ရချိန်တွင် ရုတ်တရက် တုန်လှုပ်သွားသည်။

“ကျွန်… ကျွန်မ အဲ့လိုမျိုး တခါမှ မလုပ်ဖူးဘူး…”

“စကားလမ်းကြောင်းလေး ပေးရုံပဲကို… ဘာမှလုပ်စရာမလိုဘူး… ဘာမှမစိုးရိမ်နဲ့နော်… ဘာပဲဖြစ်ဖြစ် ဒါကသာ အလုပ်ဖြစ်နေရင် ဆက်လုပ်ရုံပေါ့… အလုပ်မဖြစ်ရင်လဲ ထားလိုက်ပါတော့…”

ဝူရွှမ်းယွီ တွေးထားသည်မှာ ဤသည်ကသာ အမှန်တကယ် အလုပ်မဖြစ်ခဲ့လျှင် ဤအကြောင်းကို နိုင်ငံရေးဌာနမှ လူများနှင့် ဆွေးနွေးပြီးနောက် ထိုလူများကို မိတ်ဆုံစားပွဲဆင်နွှဲနေသူများအား တိုက်ရိုက် အမိန့်ပေးခိုင်းမည်။ ထိုသူများကို အမျိုးသမီးရဲဘော်များနှင့် စကားပြောခိုင်းမည်ဖြစ်သည်။

ဤလူများအား သူမ မကိုင်တွယ်နိုင်သည့်ကိစ္စကို သူမပင်လျှင် မယုံနိုင်တော့ချေ။

ချန်မန်မှာ ခေါင်းညိတ်ပြလိုက်ရုံမှတပါး ရွေးချယ်စရာမရှိတော့ပေ။

“…ကောင်းပါပြီ… ကျွန်မ အရင် ပြန်သွားရမလား…”
စကား၏ ဒုတိယအပိုင်းမှာ လုဖျင်ကျိုးကို ပြောခြင်းဖြစ်သည်။

လုဖျင်ကျိုးက ခေါင်းညိတ်သည်။
“သွားနှင့်ပါ…”

“အစ်မ မုန့်နည်းနည်းစားမလား…”
အသိစိတ်ပြန်ကပ်လာသော ချန်မန်က မေးလိုက်ရင်း ဖရုံစေ့လက်တစ်ဆုပ်ခန့်ကို ဆုပ်ယူလိုက်ကာ ဝူရွှမ်းယွီကို ပေးလိုက်ကာ မုန့်အိတ်ကို လုဖျင်ကျိုးထံသို့ လှမ်းပေးလိုက်သည်။ လုဖျင်ကျိုးက အိတ်ကို မယူဘဲ ပြောလိုက်သည်။

“ကိုယ် ပြီးမှ မင်းဆီကို လာယူမယ်…”

ချန်မန်က သူမ၏ တာဝန်ကို တွေးရင်း သူမအဖွဲ့ဆီသို့ မုန့်များကို ယူသွားရန် ဆုံးဖြတ်လိုက်လေသည်။

ချန်မန်က ဘာကိုင်လာသည်ကို မြင်လိုက်ရသောအခါ ဒါရိုက်တာဖုန်းက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
“မင်း မုန့်တွေ ဝယ်လာတာလား…”

“ကျွန်မ အပြင်ကို လမ်းလျှောက်သွားခဲ့တာ…”
ချန်မန်က လက်ဆန့်ကာ မုန့်အိတ်ကို လှမ်းပေးလိုက်ရင်း မေးလိုက်သည်။

“ဖရုံစေ့ စားပါဦးလား…”

ဒါရိုက်တာဖုန်းက ဖရုံစေ့လက်တစ်ဆုပ်စာကို နှိုက်ယူလိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ဒီည ဘာဖြစ်နေမှန်း ငါလဲ မသိတော့ဘူး… ခုထိ ဘယ်သူကမှ မလှုပ်ရှားကြသေးဘူး…”

“သူတို့က နည်းနည်း ချုပ်တီးနေကြတာဖြစ်မှာပါ…”

ချန်မန်က ဖရုံစေ့များ စားနေရင်း ပြောလိုက်သည်။

ဒါရိုက်တာဖုန်းက အနည်းငယ် စိုးရိမ်နေလေသည်။

“ဒီလိုကြီး တချိန်လုံး စိတ်ပူနေရတာတော့ မကောင်းဘူးထင်တယ်…”

ချန်မန်က သူ့ကို နှစ်သိမ့်လိုက်သည်။
“စိတ်မပူပါနဲ့… ဒီငြိမ်ဆိတ်နေတဲ့အခြေအနေကြီးက ခဏနေရင် ကျိုးပျက်သွားမှာပါ…”

ဒါရိုက်တာဖုန်းက သူမ ဘာတွေးနေသည်ကို မသိနိုင်ပေ။ ထို့ကြောင့် သူက လှည့်ကြည့်လာပြီး ချန်မန်ကို စိုက်ကြည့်လိုက်ရင်း မေးလိုက်သည်။ 

“မင်းမှာ အကြံတစ်ခုခု ရှိနေတာလား…”

ချန်မန်ကလည်း လျှို့ဝှက်မထားပေ။ ချန်မန်က သူမဘက်သို့ ကိုယ်ကိုစောင်းလိုက်ပြီး ဝူရွှမ်းယွီ အတွေးပေါက်လာသမျှကို သိသလောက် တီးတိုးပြောပြလိုက်သည်။

 á€žá€°á€™ ပြောပြသမျှကို နားထောင်နေရင်း ဒါရိုက်တာဖုန်း၏ မျက်လုံးများမှာ ပိုမိုတောက်ပြောင်လာသည်။ ဒါရိုက်တာဖုန်းက သူမ၏လက်ကို ဆုပ်ကိုင်လိုက်ရင်း အားကိုးတကြီး ပြောလိုက်သည်။

“ရှောင်ချန်… ငါတို့ဌာနကနေ စုံတွဲဘယ်နှစ်တွဲ ဆုံတွေ့သွားကြမလဲဆိုတာက မင်းအပေါ်မှာ အဓိက မူတည်နေပြီနော်…”

“ကျွန်မကတော့ စကားလမ်းကြောင်းစပေးဖို့ပဲ ကူညီပေးနိုင်မှာ… အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာက သူတို့အပေါ်ပဲ အဓိကကျတော့မှာပါ…”

ချန်မန်က သူမကိုယ်သူမ ရေပုပ်ထဲမှာ ငါးဖမ်းသည့်သူပမာ သဘောထားလိုက်ပြီး မည်သည့် တာဝန်ခံမှုမျိုးကိုမျှ မလုပ်ချင်တော့ပေ။ (ရေပုပ်ထဲမှာ ငါးဖမ်းသည်= ရှုပ်ထွေးသောအခြေအနေတွင် အကျိုးအမြတ်ရအောင် ကြိုးစားသည်)

ဒါရိုက်တာဖုန်းက များများစားစား တွေးမနေဘဲ ပြောလိုက်သည်။

“သူတို့ စကားပြောနေသမျှ အားလုံးအဆင်ပြေတယ်… အဲ့တာကိုသာ မလုပ်နဲ့…”

သူမ စကားပြောနေစဉ်မှာပင် လုဖျင်ကျိုးက သူ့လူများနှင့်အတူ ရောက်လာလေသည်။

လူအားလုံး ငါးယောက်ဖြစ်ပြီး သူတို့အားလုံးကို ဝူရွှမ်းယွီက ရွေးချယ်ပေးလိုက်ခြင်း ဖြစ်သည်။ အခြားအချက်များကို အသာဖယ်ထားလိုက်လျှင် သူမသည် အလှအပကို ခံစားတတ်သော အာရုံခံစားချက် ကောင်းကောင်းရှိပြီး သူမရွေးချယ်လိုက်သော သူများသည် အရပ်ပုသူများ မပါဘဲ ကြည့်ကောင်းသော ရုပ်ရည်ရှိသူများ ဖြစ်သည်။

အထူးသဖြင့် လုဖျင်ကျိုးက ဘယ်ဘက်က ရှိနေပြီး ကျန်လူများက အတန်းလိုက် ညီညာစွာ လမ်းလျှောက်လာသော ဟန်ပန်က မိန်းကလေးများ၏ အကြည့်ကို ဖမ်းစားလိုက်နိုင်လေသည်။

ချန်မန်က သူတို့ကို နှုတ်ဆက်ရန် အလျင်အမြန် ထရပ်လိုက်ပြီး လုဖျင်ကျိုးနှင့် သူ့လူများကလည်း ရပ်လိုက်ကြသည်။ လူငယ်လေး ငါးယောက်က တညီတညာတည်း နှုတ်ဆက်လိုက်ကြသည်။

“မင်္ဂလာပါ မရီး…”

သူတို့က သူတို့၏လေသံကို လျောပေါ့မထားဘဲ အသံကလည်း ကျယ်လောင်နေရကား ဖျော်ဖြေမှုများကိုပင် ကြည့်စရာရှိမနေကြသော ပွဲကြည့်စင်ခန်းမထဲမှ လူအများသည် ခေါင်းလှည့်လာပြီး ဝိုင်းကြည့်လိုက်ကြသည်။

ရုတ်တရက်ဆိုသလို အာရုံအားလုံး၏ စူးစိုက်ရာ ဖြစ်သွားသော ချန်မန်မှာ အနည်းငယ် ရှက်ရွံ့သွားပြီး သူမ၏ အပြုံးမှာလည်း ကို့ရို့ကားရားဖြစ်သွားသည်။
“အားလုံးပဲ မင်္ဂလာပါနော်…”

လုဖျင်ကျိုးက အဓိကအချက်ဆီသို့သာ တိုက်ရိုက်သွားလိုက်ပြီး သူ့လူများကို လက်ညှိုးထိုးပြကာ တစ်ယောက်ပြီး တစ်ယောက် မိတ်ဆက်ပေးလိုက်ရာ မိတ်ဆက်ပေးခံရသော လူငယ်လေးများက တစ်ယောက်ပြီး တစ်ယောက် ရှေ့ထွက်လာပြီး ချန်မန်ကို မရီးဟု ထပ်မံ၍ ခေါ်ဝေါ်နှုတ်ဆက်ကြပြန်သည်။

လုဖျင်ကျိုးက သူ့လူများကို မိတ်ဆက်ပေးပြီးနောက် ချန်မန်ကလည်း ဒါရိုက်တာဖုန်းကို ရှေ့သို့ဆွဲယူလိုက်ပြီး သူတို့ကို မိတ်ပြန်ဆက်ပေးလိုက်သည်။

“ဒါရိုက်တာဖုန်းက ကျွန်မတို့ဌာနက အမျိုးသမီးရေးရာအဖွဲ့ရဲ့ ဒါရိုက်တာပါ… ဒီတစ်ခါ မိတ်ဆုံစားပွဲမှာ ပါဝင်လာတဲ့ ကျွန်မတို့ဌာနက လူတွေကို သူနဲ့ ကုန်သွယ်ရေးသမဂ္ဂက သူ့မိတ်ဆွေတွေက ဦးဆောင်လာတာပါ…”

ဒါရိုက်တာဖုန်းက ပြုံးရွှင်စွာဖြင့် သူတို့ကို နှုတ်ခွန်းဆက်လိုက်ပြီးနောက် ရှေ့ဆုံးတွင် မတ်တတ်ရပ်နေသော ကျန့်တုန်ကို မေးလိုက်သည်။

“ဒီနှစ်မှာ မင်းအသက်ဘယ်လောက်ရှိပြီလဲ…”

“နှစ်ဆယ့်သုံးပါဗျ…”
ကျန့်တုန်က ပြန်ဖြေလိုက်သည်။

ဒါရိုက်တာဖုန်းက တည့်တိုးပင် မေးလိုက်သည်။ 

“ဘယ်လိုမျိုး လက်တွဲဖော်ကို မင်းရှာနေတာလဲ…”

ကျန့်တုန်မှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ခေါင်းကုတ်လိုက်ရင်း ဘာပြန်ဖြေရမည်ကို မသိတော့ပေ။ ထိုသည်ကို လုဖျင်ကျိုး မြင်သောအခါ ပြောလိုက်သည်။

“မင်းလိုချင်တာကို ပြောသာပြောလိုက်ပါ… ဘာမှထိန်ချန်မနေနဲ့…”

လုဖျင်ကျိုးက ပြောလိုက်သည်နှင့် ကျန့်တုန်မှာ ဆတ်ခနဲ တုန်ရီသွားပြီး ကျောကို မတ်လိုက်ကာ ပြောလိုက်သည်။

“ဒုတပ်ရင်းမှူးကို သတင်းပို့ပါတယ်… ကျွန်တော်က သည်းခံတတ်တဲ့ လူမျိုးနဲ့ ဆုံတွေ့ချင်ပါတယ်…”

လုဖျင်ကျိုးက ဆက်မေးလိုက်သည်။
“ဒါပဲလား… တခြားရော ဘာအချက်တွေ သဘောကျသေးလဲ… မင်းမှာ တခြားလိုအပ်ချက်တွေ ရှိသေးရင် ပွင့်ပွင့်လင်းလင်းသာ ပြောပြလိုက်ပါ… ဒါရိုက်တာဖုန်းက အမျိုးသမီးရဲဘော်တွေအများကြီး သိကျွမ်းတာဆိုတော့ မင်းကို အကြံဉာဏ်ပေးပြီး ကူညီပေးလို့ရတာပေါ့…”

ကျန့်တုန်က ခေါင်းကုတ်လိုက်ရင်း အပြုံးလေးနှင့် ပြောလိုက်သည်။

“ကျွန်တော် မျက်လုံးကြီးကြီးနဲ့ နူးနူးညံ့ညံ့စကားပြောတတ်တာမျိုးကို သဘောကျပါတယ်…”


💓💓💓 👩‍❤️‍👨Chapter 62


“ကျွန်တော် မျက်လုံးကြီးကြီးနဲ့ နူးနူးညံ့ညံ့စကားပြောတတ်တာမျိုးကို သဘောကျပါတယ်…”
***

ဒါရိုက်တာဖုန်းသည် အမျိုးသမီးလုပ်ငန်းခွင်တွင် အလုပ်လုပ်ရခဲ့ပြီး မိတ်ဆုံစားပွဲသို့ လာရောက်ဆင်နွှဲကြသော အမျိုးသမီးဝန်ထမ်းအားလုံးကိုလည်း သိကျွမ်းသည်။ သူမက ချက်ချင်းပင် သင့်တော်သော လက်တွဲဖော် တစ်ယောက်ကို စဉ်းစားလိုက်မိပြီး နောက်လှည့်ကာ မိန်းကလေးတစ်ယောက်ကို ခေါ်လိုက်သည်။

သူတို့က လူမကြားအောင် တီးတီုးပြောနေကြခြင်း မဟုတ်ပေ။ ဒါရိုက်တာဖုန်း ခေါ်လိုက်သော မိန်းကလေးသည် သူမအား အဘယ်အတွက်ကြောင့် ခေါ်ခြင်းကို သိထားသောကြောင့် မျက်နှာနီနီနှင့် လမ်းလျှောက်လာလေသည်။

ဒါရိုက်တာဖုန်းက သူတို့နှစ်ယောက်ကို တိုတိုတုတ်တုတ် မိတ်ဆက်ပေးလိုက်ပြီးနောက် မိန်းကလေးကို မေးလိုက်သည်။

“မင်း ဒီက ရဲဘော်ကျန့်နဲ့ စကားစမြည်ပြောချင်သလား…”

မိန်းကလေးက မျက်နှာနီနေသော်လည်း သူမသည် ဘာသိဘာသာနေတတ်သူတစ်ယောက် မဟုတ်ချေ။ သူမက ကျန့်တုန်ကို ခပ်ရဲရဲပင် စိုက်ကြည့်လိုက်ပြီး မျက်နှာနီနီလေးနှင့် အသာအယာ ခေါင်းညိတ်ပြသည်။

အချင်းချင်း စိတ်ဝင်စားနေသော လူငယ်များ၏ ဆက်ဆံရေးကို လွယ်ကူချောမောစေရန် အလို့ငှာ လုဖျင်ကျိုးနှင့် သူ့အဖွဲ့တို့သည် ပွဲကြည့်စင်ခန်းမကို အလှဆင်ထားသော ထိုင်ခုံတစ်ဒါဇင်ခန့်ကို တမင်သက်သက် ဖယ်ရှားလိုက်ကြသည်။ လူနှစ်ယောက်က အချင်းချင်း ပိုမိုနားလည်နိုင်ရန် ဆန္ဒရှိနေကြသောကြောင့် သူတို့က ထိုလူနှစ်ဦးအတွက် နေရာလပ် ဖန်တီးပေးလိုက်ကြသည်။

ကျန်လေးယောက်လည်း ထိုလမ်းစဉ်အတိုင်း လိုက်ခဲ့ပြီး မကြာမီပင် တွေ့ဆုံစကားပြောရန် တစ်စုံတစ်ဦးကို ကိုယ်စီကိုယ်ငှ ရရှိသွားကြသည်။

ထိုသူများ၏ ဥပမာကို ကြည့်ကာ ထိုင်ခုံများပေါ်တွင် တောင့်တောင့်ကြီး ထိုင်နေကြသော လူများသည် လှုပ်ရှားလိုစိတ် ရှိလာကြသည်။ သိပ်မကြာမီမှာပင် အမျိုးသားရဲဘော်တစ်ယောက်သည် မတ်တတ် ရပ်လိုက်၍ ဖျော်ဖြေမှုတွင် ပါဝင်ခဲ့သော အမျိုးသမီးရဲဘော်တစ်ယောက်ဆီသို့ လမ်းလျှောက်သွားကာ သူ၏ တွေ့ဆုံစကားပြောလိုသော စိတ်ဆန္ဒကို ဖော်ထုတ်ပြလိုက်ပြီး အမျိုးသမီးရဲဘော်၏ လက်ခံပေးမှုကိုလည်း ရရှိသွားလေသည်။

သူက အောင်မြင်မှု ရရှိသွားပြီးနောက် အမျိုးသားရဲဘော်များသည် တစ်ယောက်ပြီး တစ်ယောက် မတ်တတ်ရပ်လာကြကာ နောက်ဆုံးတွင် ခန်းမကြီးတစ်ခုလုံးသည် သက်ဝင်လှုပ်ရှားလာလေသည်။

ထို့နောက်… ချန်မန်နှင့် လုဖျင်ကျိုးတို့ အလုပ်ရှုပ်လေတော့သည်။ ကြင်ဖက်တွေ့ပွဲ၏ အောင်မြင်မှုသည် ပထမဆုံး အထင်အမြင်ပေါ်တွင် လုံးဝမှီတည်နေပြီး ဤကဲ့သို့ လူများများ ပါဝင်သော မိတ်ဆုံစားပွဲမျိုးသည်လည်း ထိုနည်းနှင်နှင်သာဖြစ်သည်။ မည်သူက မည်သူ့ကို စကားပြောလိုသည်ဆိုခြင်းက အခြေခံအားဖြင့် သူတို့ ပထမဆုံး မည်သူ့ကို မြင်တွေ့လိုက်သည်ဆိုသည့် အချက်ပေါ်တွင် မှီတည်နေလေသည်။

ချန်မန်နှင့် လုဖျင်ကျိုးသည် ဇနီးနှင့်ခင်ပွန်း ဖြစ်နေသောကြောင့် သူ့အဖွဲ့မှ လူများသည် အစားအသောက်ဌာနမှ အမျိုးသမီးများအပေါ်တွင် ပို၍ အာရုံစိုက်မိကြလေသည်။

 á€Ąá€…á€Źá€¸á€Ąá€žá€ąá€Źá€€á€şá€Œá€Źá€™á€˜á€€á€şá€™á€ž အမျိုးသမီးများအတွက်လည်း ဤအချက်က မှန်ကန်လေသည်။ ရင်းနှီးကျွမ်းဝင်မှု၏ သက်ရောက်မှု အောက်တွင် အမျိုးသမီးများကလည်း လုဖျင်ကျိုး မတ်တတ်ရပ်နေသော နေရာတစ်ဝိုက်ကို ပို၍ စောင့်ကြည့်မိကြလေသည်။

စကားလုံးတစ်လုံး သို့မဟုတ် အကြည့်နှစ်ချက်မျှနှင့် မျက်နှာချင်းဆိုင်ထိုင်နေကြသော သူများ၏ အချင်းချင်း အကြည့်ချင်းဆုံကြသော အခွင့်အရေးမှာ သိသိသာသာပင် မြင့်တက်လာခဲ့သည်။

ထိုလူများအကြားတွင် တစ်ယောက်က ပို၍ ရှက်ရွံ့နေမည်မှာ မလွဲဧကန်ပင် ဖြစ်ပြီး အထူးသဖြင့် အမျိုးသမီး ရဲဘော်များ ဖြစ်ပေသည်။ အမျိုးသမီးအများစုသည် လူတစ်ယောက်ကို လက်ဦးမှုယူ၍ ရှာဖွေရန် ရှက်ရွံ့နေကြသောကြောင့် သူတို့က ချန်မန်ကို ဆွဲထားကာ သွယ်ဝိုက်မေးခွန်းများ မေးကြလေသည်။

ချန်မန်က သူတို့ကို မသိကျွမ်းစေကာမူ ဤအမျိုးသမီးငယ်လေးများ၏ မျှော်လင့်ချက်ပြည့်နေသော မျက်ဝန်းအစုံဖြင့် အကြည့်ခံနေရသဖြင့် ငြင်းဆန်ရန်လည်း ရှက်ရွံ့နေသောကြောင့် သူမက လုဖျင်ကျိုးဆီသို့ သွားကာ သူ့ကို ခန်းမထဲတွင် လှည့်ပတ်သွားပေးပြီး အမျိုးသားရဲဘော်များ၏ အတွေးစိတ်ကူးများကို မေးမြန်းပေးရန် အကူအညီတောင်းလိုက်ရလေသည်။

ဖြေကြားချက်များကို ရလိုက်ပြီးနောက် ဒါရိုက်တာဖုန်းနှင့်ဦးဆောင် ဆောင်ရွက်ပေးသည့်ဝန်ထမ်းများသည် ချန်မန်၏ ခက်ခဲသော လုပ်ဆောင်ချက်ကို ပျော်ရွှင်စွာ အတည်ပြုပေးလိုက်ကြ၏။ သူတို့ပြန်သွားခဲ့လျှင် သူမ၏ ပံ့ပိုးပေးမှုကို ခေါင်းဆောင်များထံသို့ တင်ပြပေးမည်ဖြစ်ကြောင်း ပြောကြလေသည်။

ဝူရွှမ်းယွီသည်လည်း ထပ်တူထပ်မျှ ပျော်ရွှင်နေလေသည်။ သူမသည်လည်း တုန့်ပြန်ချက်များ ရရှိခဲ့သည်။ ဤတစ်ကြိမ်တွင် ဒါဇင်နှင့်ချီသော လူပျိုဟိုင်းကြီးများ၏ လက်ထပ်ရေးပြဿနာကို သူမဖြေရှင်းနိုင်စွမ်း ရှိနေသည်ကို စဉ်းစားလိုက်မိသောအခါ သူမမှာ ထိန်းမနိုင်သိမ်းမရ ပြုံးရွှင်ရယ်မောနေလေတော့သည်။

သေချာသည်က သူမသည် ချန်မန်နှင့် လုဖျင်ကျိုးတို့၏ ပံ့ပိုးပေးမှုကို ကျေးဇူးတင်ရန် မေ့မနေခဲ့ပေ။ ပြန်လာချိန်တွင် သူမက နောက်ပြောင်နေခဲ့သည်။

“ဒီတခါတော့ အမျိုးသမီးအဖွဲ့ချုပ်အစား အစ်မက မင်းတို့အတွက် ဂုဏ်ပြုနဖူးစည်း ပေးကိုပေးမှ ဖြစ်တော့မယ်…”

လက်ထပ်ခွင့်တောင်းခြင်းကို ကူညီပေးလိုက်ပြီးကတည်းက လုဖျင်ကျိုးနှင့် ဝူရွှမ်းယွီသည် အချင်းချင်း ပို၍ပင် ရင်းနှီးကျွမ်းဝင်လာကြသည်။ ယခင်နှင့် ယခုကြားမှ ကြီးမားလှသော ကွဲလွဲချက်ကြီးကြောင့် သူမထံမှ မကြာခဏပင် အပြစ်တင်ခံခဲ့ရလေသည်။

ဝူရွှမ်းယွီက သူ့အတွက် ဂုဏ်ပြုနဖူးစည်းပေးမည်ဟု သူသိလိုက်ရချိန်တွင် လုဖျင်ကျိုးမှာ အနည်းငယ်ပင် ဘဝင်မြင့်ချင်သလို ဖြစ်သွားသည်။
“ဒါ… ဒါကြီးက မလိုအပ်ဘူးလေ…”

ဝူရွှမ်းယွီက ခပ်တည်တည် ပြောလိုက်သည်။
“သေချာပေါက်ကို လိုအပ်တာပေါ့… ဒီတစ်ကြိမ်မှာ မင်းတို့နှစ်ယောက်က စုံတွဲတွေအများကြီးကို ကူညီပေးခဲ့တာဆိုတော့ ဒါက ငါတို့ အမျိုးသမီးရေးရာအဖွဲ့ချုပ်ရဲ့ ပြဿနာကို ဖြေရှင်းပေးခဲ့တယ်လို့တောင် သတ်မှတ်လို့ရတယ်… အဲ့ဒီဂုဏ်ပြုနဖူးစည်းမှာ “စံပြစုံတွဲ- မျက်မှောက်ခေတ်ရဲ့ ပျံလွှားငှက်တံတား”လို့ ရေးပေးမယ်… မင်းတို့ ဘယ်လိုထင်လဲ…”

ချန်မန်နှင့် လုဖျင်ကျိုး- “…”
အကူအညီပေးဖို့ လာမိတာကို ချက်ချင်းကြီး နောင်တရသွားပြီ…
(ပျံလွှားငှက်တံတား- နွားကျောင်းသားနှင့် နတ်သမီးပုံပြင်မှ ထိုသူနှစ်ဦးဆုံတွေ့ရန် ငှက်များက အတောင်ချင်းယှက်၍ ခင်းပေးသော တံတား)

***
ဂုဏ်ပြုနဖူးစည်းစာတမ်း ပေးမည်ဆိုသည်မှာ  á€žá€ąá€á€ťá€Źá€•္ဍက် စနောက်ခြင်းဖြစ်သော်လည်း စစ်တပ်တင်မက အမျိုးသမီးဆိုင်ရာအဖွဲ့အစည်းကပါ ဆုများပေးလာ၏။

စစ်တပ်က ရေဒီယိုလက်မှတ်တစ်ခုပေးပြီး အမျိုးသမီးဆိုင်ရာ အဖွဲ့အစည်းက သဘက်၊ သွားတိုက်တံနှင့် ကြွေဇလုံစသည့် သုံးမျိုးပါတစ်စုံ ဆုချီးမြှင့်လာ၏။ လက်တွေ့ကျကျ အသုံးဝင်မှုကို ကြည့်လျှင် အနောက်မှပစ္စည်းများက ပိုကောင်းသော်လည်း တန်ဖိုးအရဆိုလျှင်မူ အရှေ့တစ်ခုက သေချာပေါက်ပိုသာသည်။
 

ရေဒီယိုတစ်လုံးဝယ်ပါက ငွေအပိုကုန်သော်လည်း သုံးပတ်နှင့်တစ်ကွင်း(3 turns and 1ring) ပစ္စည်းများထဲမှ တစ်ခုအနေဖြင့် ရေဒီယိုလက်မှတ်များမှာ ရရန်မလွယ်ပေ။ ထို့အပြင် ဆယ်ယွမ်ဖြင့်လည်း ၎င်းကိုရောင်းနိုင်၏။

သို့သော် သူတို့က လက်မှတ်များကိုရောင်းရန် မစီစဉ်ထားပေ။ ၎င်းမှာ တစ်ခုခုဖြစ်လာမည်ကို ကြောက်၍မဟုတ်ပေ။ ဘယ်သူကမှ သီးသန့်အလဲအလှယ်လုပ်သည်ကို ပြဿနာမရှာနိုင်ပေ။ အကယ်၍ သူတို့သာ တကယ်စိုးရိမ်နေပါက လက်မှတ်များကို အခြားလူများနှင့်လဲကာ အကျိုးအမြတ်အချို့ ရအောင်လုပ်မိမှာပင်။


သူတို့လက်မှတ်ရပြီးသည်နှင့် စုပေါင်းအိမ်ရာဝန်းအတွင်းမှ လူတစ်ယောက်က သူတို့ကို ရေဒီယိုဝယ်ရန် မစီစဉ်ထားပါက ထိုလက်မှတ်ကို ရောင်းလိုကရောင်း၊ လဲလိုပါက လဲနိုင်ကြောင်း အရိပ်အမြွက်ပြလာ၏။

တစ်စုံတစ်ယောက် လာမမေးမီအထိ ချန်မန်က ဤကိစ္စကို အလေးအနက် မတွေးခဲ့ဖူးပေ။

ဤကာလမှလူများသည် ရေဒီယိုကို ရှားပါးသည်ဟု ထင်ကြသော်လည်း ချန်မန်ကမူ သူမ၏ယခင်ဘဝတွင် တီဗီကြည့်ဖူးသလို ကွန်ပျူတာလည်း သုံးခဲ့ရ၏။ ထိုမျှသာမက မိုဘိုင်းဖုန်းများ သုံးရာတွင်တောင် အသားကျလာခဲ့ရာ သူမက ဤပစ္စည်းအပေါ် တပ်မက်မှုသိပ်မရှိပေ။


ထို့အပြင် ဤကာလ၌ ရေဒီယိုမှ နားထောင်နိုင်သော အစီအစဉ်များသည် နိုင်ငံရေးကိစ္စများ ဖြစ်လျှင်ဖြစ် မဟုတ်ပါက ပုံပြင်ပြောပြခြင်းနှင့် အော်ပရာပြဇာတ်များသာဖြစ်ပြီး ချန်မန်က ထိုအရာတစ်ခုကိုမှ စိတ်မဝင်စားပေ။

လုဖျင်ကျိုးကလည်း ရေဒီယိုကို သိပ်စိတ်မဝင်စားပေ။ သူက စစ်တပ်ထဲတွင် ရာထူးအမြင့်ပိုင်း၌ ရပ်တည်နေသဖြင့် နိုင်ငံရေးပြောင်းလဲမှုများကို ရေဒီယိုမှတင်ဆက်သူများထက် ပိုမိုစောစီးစွာ သိနိုင်လေသည်။


သူက ပုံပြင်များ၊ အော်ပရာပြဇာတ်များကို နားထောင်တတ်သော သူလည်းမဟုတ်ပေ။ သူ့တွင်အချိန်ရှိပါက အပြင်တွင်သာ အပတ်ရေအနည်းငယ်လောက် ပတ်ပြေးလိုက်မှာဖြစ်သည်။ သို့သော် ချန်မန်က ဆန္ဒရှိလျှင်မူ အိပ်ရာထဲတွင် လေ့ကျင့်ခန်းလုပ်ရသည်ကိုလည်း သူသဘောကျ၏။
  
သို့သော် သူတို့က လက်မှတ်များကို အလျင်စလို မရောင်းလိုက်ပေ။ ထိုအစား သူတို့က အနားတဝိုက်မှသူများကို အရင်ဆုံး လိုက်မေးကြည့်ရန် ဆုံးဖြတ်လိုက်သဖြင့် အားလုံးကလည်း ပြောနေသည်များကို ရပ်လိုက်ကြသည်။

သူတို့ ပထမဆုံးမေးသည့်သူမှာ သဘာဝကျစွာပင် ဝမ့်ချိုးမိန်တို့လင်မယားဖြစ်သည်။ ထိုစုံတွဲက အမှန်ပင် ရင်ထဲလှုပ်ခတ်သွားလေသည်။ လူငယ်များက ပုံပြင်များ၊ အော်ပရာများ နားထောင်ရသည်ကို မကြိုက်ကြသော်လည်း သူတို့ကမူ သဘောကျ၏။

ထို့အပြင် ချန်စုဝေ့က အမြဲပင် နိုင်ငံရေးကိစ္စများကို သိချင်နေခြင်းဖြစ်သည်။ သူက နေ့‌တိုင်းနေ့တိုင်း ဘယ်လိုပင်ပန်းနေပါစေ သတင်းစာများကို အမြဲဖတ်လေ့ရှိသည်။ ၎င်းက သူအခြားသူများနှင့် အပြင်သွားသောအခါ ပြောစရာစကားဝိုင်း ခေါင်းစဉ်များဖြစ်လာသည်။

...ငါတော့ အရမ်းစိတ်လှုပ်ရှားနေပြီ...
 
သို့သော် သူတို့က ပိုက်ဆံသုံးရန်ကိုမူ အနည်းငယ် တုံ့ဆိုင်းနေကြသည်။ မည်သို့ပင်ဖြစ်စေ သာမာန်ရေဒီယိုတစ်လုံးသည် ငါးဆယ်မှ ခြောက်ဆယ်ယွမ်လောက်အထိ တန်ဖိုးရှိပြီး အကောင်းစားဆိုပါက ယွမ်တစ်ရာကျော်ကျသင့်နိုင်သည်။ 

သူတို့နှစ်ယောက်က တုံ့ဆိုင်းနေသည်ကို မြင်သောအခါ ချန်မန်နှင့် လုဖျင်ကျိုးက လက်မှတ်များကို သိမ်းထားလိုက်ကြသည်။ မည်သို့ပင်ဖြစ်စေ လက်မှတ်ပေါ်မှ ကုန်ဆုံးရက်မရောက်မီ အချိန်အချို့ရှိသေးသဖြင့် အချိန်ယူကာ တွေးကြည့်လို့ရသည်။

  
ဤတစ်ခေါက်တွင် ဝမ့်ချိုးမိန်က အကြာကြီး မတွေဝေနေတော့ပေ။ သူမက ချန်မန်၏ အိတ်ကပ်ထဲသို့လည်း ပိုက်ဆံဆယ်ယွမ် ထိုးထည့်ပေးလိုက်သည်။ သူမက လက်မှတ်ကို ပိုက်ဆံဖြင့်ရောင်းနိုင်ကြောင်းသိသဖြင့် မည်သို့ပင်ဖြစ်စေ အလကားယူရန် ငြင်းဆန်လိုက်သည်။
  
ချန်မန်လည်း ငြင်းမရသဖြင့် ပိုက်ဆံကိုယူကာ သူမအမေအတွက် အဝတ်အချို့ဝယ်ရန် လုဖျင်ကျိုးနှင့် တိုင်ပင်လိုက်လေသည်။


သို့သော် သူတို့ဆီ၌ အဝတ်ကူပွန် လုံလုံလောက်လောက် မရှိသဖြင့် စက်မှုသုံးအထည်၊ ရှပ်အင်္ကျီနှင့် ဘောင်းဘီများကို ဝယ်လိုက်ရာ စုစုပေါင်းယွမ်သုံးဆယ်ကျော်သွားသည်။

ချန်မန်သည် အစက ပိုက်ဆံစုဘူးငယ်လေးထဲမှ ပိုက်ဆံယူရန် တွေးထားသော်လည်း လုဖျင်ကျိုးက သူ၏ငွေစုစာအုပ်ကို သူမဆီအပ်ထားပြီးပြီဖြစ်သဖြင့် နှစ်ခုလုံးသည် သူတို့နှစ်ယောက်ပေါင်း စုဆောင်းငွေများဖြစ်သဖြင့် ဘာကွာခြားမှုမှမရှိတော့ကြောင်း တွေးမိသွားသည်။


ဤသို့တွေးလိုက်သောအခါ သူမမိခင်အတွက်သာ အဝတ်များဝယ်သည်က မသင့်တော်သလို ဖြစ်နေသဖြင့် သူမက လုဖျင်ကျိုးနှင့် တိုင်ပင်ပြီး သူ့အဖေအတွက်ပါ ဝယ်ပေးရန်လုပ်လိုက်သည်။


မစ္စတာလုက မင်္ဂလာပွဲသို့ မလာခဲ့သော်လည်း ချန်မန်က သူ့အပေါ် အမြင်ကောင်းရှိသည်။ မည်သို့ပင်ဖြစ်စေ သူက ပိုက်ဆံပေးရာ၌ အလွန်ရက်ရောလေသည်။ 

ကြွယ်ဝခြင်းနတ်ဘုရားကို ဘယ်သူက မကြိုက်ဘဲနေမှာလဲ....
  

ပိုက်ဆံအတွက်ကြောင့် ချန်မန်က လုဖျင်ကျိုး၏ဖခင်အတွက် အဝတ်အစားများ ဝယ်ပေးလိုစိတ် ရှိလေသည်။
  

သို့သော် အဝတ်အစားများ ရွေးသောအခါ ပြဿနာတစ်ခု ကြုံလာ၏။ လုဖျင်ကျိုးက သူ့အဖေအတွက် တစ်ခါမှအဝတ်အစား မဝယ်ပေးဖူးသေးပေ။ ထို့ကြောင့် သူက သူ့အဖေ၏ ဆိုဒ်ကိုမသိပေ။ သူ၏အဖေက စစ်တပ်ယူနီဖောင်းမှလွဲလျှင် အခြားအဝတ်အစားများ ဝတ်သည်ကို မမြင်ဖူးသဖြင့် သူ့အ‌ဖေ၏ အကြိုက်ကိုလည်း မသိဖြစ်နေ၏။
  
သူပြောသည်ကို နားထောင်ပြီးသောအခါ ချန်မန်က ခဏတာလောက် အသံတိတ်သွားပြီးမှ မေးလိုက်သည်။
"ဒါဆို ရှင်ဘာသိလဲ..."

လုဖျင်ကျိုး :"သူ့ခြေထောက်တွေက ကိုယ့်ခြေထောက်လောက် ကြီးတယ်ဆိုတာတော့သိတယ်..."

ဟုတ်ပြီလေ...ဖိနပ်ပဲ ဝယ်လိုက်ကြတာပေါ့...

သားရေဖိနပ်များဝယ်ပြီးသည့်နောက် လက်ထဲတွင် 13ယွမ်ကျန်နေသေး၏။

လုဖျင်ကျိုးနှင့် သူ့မိထွေးကြားမှ ဆက်ဆံရေးသည် အကောင်းကြီးမဟုတ်သော်လည်း ဆိုးလည်းမဆိုးသည်ကို ချန်မန် တွေးလိုက်မိသည်။ အဖေလုအတွက်သာ ဖိနပ်များဝယ်ပေးခြင်းက သိပ်မကောင်းသလိုပင်။

ပြဿနာမှာ လုဖျင်ကျိုးသည် သူ့အဖေအရင်း၏ အကြိုက်များကိုတောင် မသိရာ မိထွေး၏အကြိုက်များကို မသိသည်မှာလည်း မထူးဆန်းပေ။ ၎င်းက သူမအတွက် အဝတ်အစားများဝယ်ရန် ပိုခက်ခဲသွားစေ၏။

ချန်မန်က ခဏလောက်တွေးကြည့်ကာ ပြောလိုက်သည်။

"ရှင့်မှာ ရှင့်ထက်ငယ်တဲ့ညီရှိလား..."

  
"ရှိတယ်..."

"သူက အရပ်ဘယ်လောက်ရှည်လဲ၊ ကိုယ်အလေးချိန် ဘယ်လောက်လဲဆိုတာကိုရောသိလား..."

"နှစ်စတုန်းက ပို့တဲ့စာထဲမှာတော့ သူကအရပ် 1.4မီတာနဲ့ ပုံမှန်ကိုယ်အလေးချိန်ရှိတယ်လို့ ရေးထားတာပဲ..."

အသက်ရှစ်နှစ်၊ ကိုးနှစ်အရွယ် ကလေးတစ်ယောက်သည် တစ်နှစ်တွင် သုံးစင်တီမီတာမှ ငါးစင်တီမီတာလောက်သာ ကြီးထွားနိုင်၏။ ထို့ကြောင့်သူ့အတွက် ဘောင်းဘီဝယ်ပေးရန်မှာ မလွယ်ပေ။ သို့သော် အင်္ကျီဆိုပါက ငါးစင်တီမီတာလောက် တိုသွားသည်ဖြစ်စေ၊ ရှည်သည်ဖြစ်စေ သိပ်မသိသာပေ။
  
နှစ်ယောက်သား တိုင်ပင်ပြီးနောက် ချန်မန်က လုဖျင်ကျိုး၏ညီအတွက် လည်ပင်းအဝိုက်ဖြင့် ချွေးထိန်းသည့် လုံးစွပ်လက်ရှည်တစ်ထည် ဝယ်ပေးရန် အကြံပေးလိုက်သည်။

လုဖျင်ကျိုးက ပစ္စည်းများဝယ်ရသည်ကို ပြဿနာမရှိ‌ပေ။ သို့သော် ချွေးထိန်းသည့် အင်္ကျီဝယ်‌ပေးရန်မှာမူ.... 
သူက အနည်းငယ်ချဥ်တူးနေသော လေသံဖြင့်ပြောလိုက်သည်။

"ကိုယ့်ကိုကျ‌တော့ တစ်ခါမှ အဝတ်အစားမဝယ်‌ပေးဖူးဘူး..." 

ချန်မန်:"ဒါဆို ရှင့်အတွက်လည်း တစ်ထည်ဝယ်ပေးရမလား..."

လုဖျင်ကျိုး :"တကယ်တော့ ကိုယ့်မှာ ဝတ်စရာမရှိတာမျိုး မဟုတ်ပါဘူး...ဒါပေမယ့် မင်းက အဝတ်အစားနည်းနည်း‌လောက် တကယ်ဝယ်ပေးချင်တယ်ဆိုတော့လဲ ကောင်းပြီလေ..."
  
သူက အလွန်မာနကြီးပြ‌နေသည်ကို မြင်သောအခါ ချန်မန်က ရယ်လိုက်မိသည်။

"ကျွန်မက ရှင့်အတွက် အဝတ်အစားဝယ်ပေးချင်ပေမယ့် ရှင့်ဘက်က တကယ်မလိုချင်နေဘူးဆိုတော့လဲ ထားလိုက်ပါတော့...အဲ့လိုဆိုလဲ ပိုက်ဆံချွေတာလို့ ရတာပေါ့..."

  
လုဖျင်ကျိုး : "..."

အဆုံးတွင် လုဖျင်ကျိုးကသာ ဒူးထောက်အရှုံးပေးလိုက်ရသည်။ သူက သူ့မိန်းမ အဝတ်များဝယ်ပေးမည်ကို တကယ်ပင် လိုချင်နေ‌ကြောင်း ဝန်ခံလိုက်ရသည်။


ချန်မန်က သူ့ကိုခက်ခဲအောင် မလုပ်တော့ပေ။ သူမက သူ့အတွက် ရှပ်အင်္ကျီအဖြူနှင့် အနက်ရောင်ဘောင်းဘီရှည်ကို ရွေးပေး‌လိုက်သည်။ ညီဖြစ်သူအတွက် အင်္ကျီကိုမူ လုဖျင်ကျိုးကိုယ်တိုင်သာ ရွေးချယ်ခဲ့ပြီး ချန်မန်က ပိုက်ဆံ‌ရှင်းပေးရုံသာဖြစ်သည်။


ချန်စုဝေ့အတွက် ခါးပတ်တစ်ခုပါ ရွေးချယ်ခဲ့ပြီး ပစ္စည်းအကုန်လုံးဝယ်ပြီးသောအခါ သူတို့က ရေဒီယိုမဝယ်ခဲ့သော်လည်း ရေဒီယိုတစ်လုံး၏ တန်ဖိုးထက်ကျော်လွန်စွာ သုံးခဲ့မိမှန်း သိလိုက်ရလေသည်။

စစ်တပ်နှင့် အမျိုးသမီးဆိုင်ရာ အဖွဲ့အစည်းကသာမက အစိုးရပိုင်စားသောက်ဆိုင်ကလည်း ဆုများပေးလာ၏။

  
ချန်မန်က ဆန်ငါးကီလို၊ ခေါက်ဆွဲနှစ်ကီလိုနှင့် ပုဇွန်ခြောက်တစ်အိတ် ရခဲ့လေသည်။ အဒေါ်လောက မကူညီသော်လည်း အကြံပြုပေးခဲ့သည့်သူဖြစ်သဖြင့် သူမကလည်း ခေါက်ဆွဲနှစ်ကီလိုရသည်။

အဒေါ်လောသည် အကြံတစ်ခုပေးမိသွားရာမှ သူမပါ ဆုရမည်ဟု မထင်ထားခဲ့ပေ။ သူမက ပျော်လွန်းသဖြင့် ဒါရိုက်တာ၏ရုံးခန်းမှ ထွက်လာလာချင်းမှာပင် အရှေ့ဘက်သို့ထွက်လာပြီး ချန်မန်အား ထိုအကြောင်းပြောပြလာ၏။

"ကြည့်ရတာ ဒီတွေ့ဆုံပွဲက တော်တော်လေး အောင်မြင်မယ့်ပုံပဲ..."

  
ချန်မန်က ကြင်ဖက်တွေ့ဆုံပွဲတွင် ပါဝင်ခဲ့ပြီး စစ်တပ်နှင့် အမျိုးသမီးဆိုင်ရာ အဖွဲ့အစည်းနှစ်ခုလုံးက သူမကို ဆုများပေးလာ၏။ သူမက သတင်းများကို ပထမဆုံးသိသည့်သူ မဖြစ်နိုင်လျှင်တောင်မှ အနည်းဆုံးအနေဖြင့် ဒုတိယနေရာမှ သိနိုင်လေသည်။

  
ဤတွေ့ဆုံပွဲ၌ သေချာပေါက် စုံတွဲသုံးဆယ်ရှိပြီး ဘယ်လောက်များနေမည်ကို ပြောနေစရာ မလိုတော့ချေ။
  
💓💓💓 👩‍❤️‍👨Chapter 63

ဤအောင်မြင်သည့် စုံတွဲများသည် ယခုမှ ဆက်ဆံရေးအစပျိုးသည့် အဆင့်၌သာရှိသေးကာ မဖြစ်မနေလက်ထပ်တော့မှာမျိုး မဟုတ်ပေ။ ဤတစ်ကြိမ် ကြင်ဖက်တွေ့သည့် အောင်မြင်မှုနှုန်းသည် နောင်ဆယ်စုနှစ်များကထက် အလွန်ပိုမြင့်နေပြီး အနည်းဆုံးအနေဖြင့် စုံတွဲသုံးဆယ်မှ ဆယ်တွဲလောက်သည် ဆက်ဆံရေးအောင်မြင်သွားနိုင်‌သည်။

စုံတွဲဆယ်တွဲကို အလွန်နည်းသည်ဟု မတွေးသင့်ပေ။ ဤအချိုးက အလွန်မြင့်နေပြီဖြစ်ကာ ဝူရွှင်းယွီအား အချိန်တစ်ခုလောက်ထိ ထင်ရှားကျော်ကြားစေနိုင်ရန် လုံလောက်လေသည်။

အဆက်အသွယ်များ လုပ်ရာ၌ ချန်မန်၏အကူအညီပေးမှုကြောင့် စားသောက်ဆိုင်မှ လူရှစ်ယောက်သည် တွေ့ဆုံပွဲအပြီးတွင် သင့်တော်သည့်သူရှာနိုင်ခဲ့ပြီး ရန်လင်ကလည်း ထိုထဲတွင် တစ်ယောက်အပါအဝင်ဖြစ်သည်။

  
ရန်လင်၏ချစ်သူသည် လုဖျင်ကျိုး၏ အုပ်စုထဲမှဖြစ်သည်။ သူ၏မျိုးရိုးနာမည်မှာ ယောင်ဖြစ်ပြီး နာမည်မှာ ထောင်ဖြစ်သည်။

  
ယောင်ထောင်သည် ဤနှစ်တွင် အသက်နှစ်ဆယ့်လေးနှစ်ဖြစ်ပြီး ရန်လင်ထက် အတော်လေး အသက်ပိုကြီး၏။ သို့သော် သူ၏ရာထူးက မနိမ့်ပေ။ သူက ဒုတပ်ခွဲမှူးဖြစ်ကာ တပ်ထဲတွင် ငယ်ရွယ်ပြီးအလားအလာကောင်းသည်ဟု သတ်မှတ်နိုင်၏။

  
သူက သာမာန်ပုံပန်းသွင်ပြင်ရှိသော်လည်း အရပ်အလွန်ရှည်ကာ တည်ငြိမ်သောအပြုအမူနှင့် စရိုက်ရှိသဖြင့် အလွန်အားကိုးရမည့်ပုံပေါ်လေသည်။ သူက ရန်လင်သဘောကျသော သူမျိုးဖြစ်သည်။

 
အရေးကြီးဆုံးမှာ ယောင်ထောင်၏ မွေးရပ်မြေသည် စီရင်စုထဲတွင် ရှိနေခြင်းဖြစ်သည်။ 'ရေကနိမ့်ရာသို့စီးပြီး လူကမြင့်ရာသို့သွားသည်' ဟူသော စကားအတိုင်းပင် လင်းကျန်းမြို့က စီရင်စုမြို့တော်ဖြစ်သဖြင့် သူက ထိုနေရာ၌နေချင်သည့် ဆန္ဒပြင်းပြင်းရှိလေသည်။

သူတို့ပထမဆုံးအကြိမ် တွေ့ကတည်းက ယောင်ထောင်သည် သူရာထူးတိုးပေးခံရရန် ကျရှုံးပြီး အလုပ်ပြောင်းရန် လိုလာပါက လင်းကျန်းမြို့တွင် နေချင်သည်ဟု ရှင်းလင်းစွာ ပြောထားခဲ့ပြီးသားဖြစ်သည်။

လူများက မတူညီသည့် အသက်အရွယ်တွင် မတူညီသည့် အတွေးများရှိတတ်ကာ အနာဂတ်တွင် အခြားပြောင်းလဲမှုများ ရှိလာပြီး သူမက မွေးရပ်မြေသို့ ပြန်ရလျှင်တောင် ၎င်းက လင်းကျန်းနှင့်မဝေးပေ။ ဤသို့‌စဉ်းစားပြီးသောအခါ ရန်လင်က ၎င်းကို သူမလက်ခံနိုင်သည်ဟု ခံစားမိသွားသည်။
  
သူတို့နှစ်ယောက်က ချောမွေ့စွာ သင့်မြတ်နေကြပြီး အဒေါ်လောက ပျော်လည်းပျော်သလို စိုးရိမ်နေမိသည်။

အဒေါ်လောက ရန်လင်တစ်ယောက် ဤကဲ့သို့လက်တွဲဖော်ကောင်းတစ်ယောက် ရှာတွေ့နိုင်သည့်အပေါ် ပျော်မိသော်လည်း ယန်မင်ကျစ်ကမူ သူမဘဝ၏ အရေးကြီးသော အဖြစ်အပျက်ကို ရှာမတွေ့သေးသဖြင့် စိုးရိမ်မိလေသည်။

  
စကားပြောနေရင်းဖြင့် အဒေါ်လောက သက်ပြင်းချလိုက်မိသည်။

"ငါအရင်က ရှောင်ယန်(ယန်မင်ကျစ်)ကို ကြင်ဖက်တွေ့ဆုံပွဲသွားဖို့ ပြောသေးတယ် သူမကငြင်းတယ်လေ...အခုကြည့်ဦး ရှောင်ရန်(ရန်လင်)ကတော့ အလုပ်စဝင်ဝင်ချင်းမှာပဲ ကောင်လေးရသွားပြီ ရှောင်ယန်တစ်ယောက်ပဲ ဟိုမရောက်ဒီမရောက်ဖြစ်နေတာ..."

ချန်မန်က ပြုံးကာပြောလိုက်သည်။
"မင်ကျစ်က မပျံနိုင်ဘူးလေ မြေကြီးပေါ်ရပ်နေတာကို ဘယ်လိုများဟိုသွားဒီသွား လုပ်နိုင်မှာလဲ..."
  

"ငါက အဲ့ဒါပြောနေလို့လား..."

အဒေါ်လောက သူမကိုစိုက်ကြည့်လိုက်သည်။
"ငါက မင်ကျစ်တစ်ကိုယ်တည်းသမား ဖြစ်နေတာကို ပြောတာလေ...မင်ကျစ်ရဲ့ အခြေအနေနဲ့ဆို သူ့မောင်အရွယ်ရောက်လာပြီး သူ့အလုပ်နေရာကို ပြန်ယူလာမယ်ဆိုရင် မြို့ထဲမှာနေလို့ရဦးမယ်လို့ထင်လား..."

ချန်မန်က အဒေါ်လောသည် ယန်မင်ကျစ်အတွက် စိုးရိမ်ကာ စိတ်ထဲတွင် စီစဉ်ထားသည်များ ရှိသည်ကိုသိ၏။ သို့သော် နှစ်ဖက်က အချင်းချင်းပြောဆိုဆက်ဆံ၍ မရသဖြင့် သူမက နှစ်သိမ့်လိုက်သည်။

"အဒေါ်အတွေးများနေပြီလို့ ကျွန်မထင်တယ်...အဲ့အချိန်ကျရင် ပေါ်လစီပြောင်းပြီး ကျေးလက်ဘက်ကို သွားစရာမလိုတော့တာလည်း ဖြစ်ချင်ဖြစ်လာမှာပေါ့..."

"ဘယ်သူက ပေါ်လစီပြောင်းတာကို မလိုချင်မှာလဲ...ဒါပေမယ့် ဒီနှစ်တွေကိုပဲကြည့်ဦးလေ ကျေးလက်ဘက်ကို သွားရတဲ့အဲ့ဒီလူတွေ ပြန်ရောက်လာလို့လား..."
အဒေါ်လောက ဤကိစ္စအပေါ် အကောင်းသိပ်မမြင်သဖြင့် သက်ပြင်းချလိုက်သည်။

"အစက ရှောင်ယန်တစ်ယောက် ရဲဘော်ရှဲ့နဲ့ စကားပြောနေတော့...ငါက သူတို့နှစ်ယောက် ဖူးစာပါလာတယ်ဆိုပြီး တွေးနေတာ...ဒါပေမယ့် အခုဒီလောက်တောင်ကြာနေပြီ ဘာသတင်းမှလည်း မကြားရဘူး..."

  
ချန်မန်၏စိတ်ထဲတွင် အနည်းငယ်လှုပ်ခတ်သွားသည်။
"ဘယ်က ရဲဘော်ရှဲ့လဲ..."

"ငါတို့စားသောက်ဆိုင်မှာ အမြဲလာစားတဲ့ စက်ပစ္စည်းစက်ရုံက တစ်ယောက်လေ..."
  
"သူတို့က ဘယ်တုန်းက အချင်းချင်းစကားပြောဖြစ်သွားတာလဲ..."
ချန်မန်က သံသယဝင်သွားသည်။

မူလစာအုပ်ထဲမှာဆို သူတို့နှစ်ယောက်က ဒီအချိန်မှာ မ‌ဆုံသင့်သေးဘူးလေ မဟုတ်ဘူးလား... 

"ကြင်ဖက်တွေ့ဆုံပွဲနေ့ကပေါ့ အဲ့ဒီနေ့မှာ ငါတို့အပိုင်းမှာ လူလိုနေတယ်လေ ငါက အတွက်အချက်မတော်တာ နင်လည်းသိတာပဲ...အဲ့ဒါနဲ့ ဒါရိုက်တာဝမ်က မီးဖိုချောင်ထဲက ရှောင်ယန်ကို ကောင်တာမှ ငွေသိမ်းပေးဖို့ ခေါ်ခိုင်းလိုက်တာပဲ..."
 
အဒေါ်လော ငယ်ငယ်က ပညာသိပ်မသင်ခဲ့ရသော်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီးနောက်တွင် ယဉ်ကျေးမှုအတန်းများကို တက်ခဲ့လေသည်။ သူမက အစိုးရပိုင်စားသောက်ဆိုင်တွင် နှစ်နှင့်ချီအလုပ်လုပ်လာခဲ့သဖြင့် စကားလုံးအနည်းငယ်သိပြီး ရေးလည်းရေးနိုင်သည်။

သူမက ရိုးရိုးအပေါင်း၊ အနှုတ်လောက်ကို လုပ်နိုင်သော်လည်း ဖြေးဖြေးချင်း စိတ်ရှည်ရှည်လုပ်ရန်လို၏။ သူမအလုပ်များလာသောအခါ စိတ်မရှည်တော့ဘဲ အလွယ်တကူ အမှားများလုပ်တတ်လေသည်။ ငွေကိုင်ခြင်းက ရေတွက်ခြင်း၊ ပြန်အမ်းခြင်းနှင့် မီနူးရေးခြင်းများကို စုပေါင်းထားသော အလုပ်ဖြစ်သည်။ သူမက အမှန်ပင် ကောင်းကောင်းမလုပ်နိုင်ပေ။
  
အဒေါ်လောက အသံတိုးတိုးဖြင့် ပြောလာသည်။
"ရဲဘော်ရှဲ့က အလုပ်ပြီးတိုင်း ငါတို့ဆီမှာ လာစားလေ့ရှိတယ်မလား...အဲ့ဒီနေ့က ဘာဖြစ်သွားတာလဲတော့ ငါလည်းမသိဘူး ဒါပေမယ့် သူညဘက်လာတော့ ရှောင်ယန်နဲ့ဆုံသွားတယ်...အဲ့အချိန်ကဆို ငါလည်း သူတို့နှစ်ယောက်မှာ တစ်ယောက်က စားနိုင်ပြီး တစ်ယောက်က ချက်နိုင်တယ်ဆိုတော့ လုံးဝလိုက်ဖက်တာပဲ မဟုတ်ဘူးလားလို့တောင် တွေးမိသွားတာ..."

ချန်မန်က ထောက်ခံလိုက်သည်။
"အဟုတ်ပဲ..."

"နင်လည်း သူတို့က လိုက်တယ်လို့ ထင်တယ်မလား..."

ချန်မန်က သူတို့နှစ်ယောက်သည် မူလဝတ္ထု၏ ဇာတ်ဆောင်များဖြစ်သဖြင့် သေချာပေါက် လိုက်ဖက်သည်ဟုတွေးလိုက်မိသည်။ သူမက ခေါင်းညိတ်ပြလိုက်သည်။

"တော်တော်လေး လိုက်တယ်..."
  
"ငါလည်းအဲ့လိုထင်တာပဲ...ဒါပေမယ့် သူတို့နှစ်ယောက်ကလေ တုံးပဲတုံးတာလား ဘယ်လိုလား အဲ့နေ့တွေ့ပြီးကတည်းက ဘာအဆက်အသွယ်မှ မရှိတော့ဘူး...မနေ့က ရဲဘော်ရှဲ့လာတော့ ငါကသူတို့အတွက် အခွင့်အရေးတစ်ခုလောက် ဖန်တီးပေးဖို့ ရှောင်ယန်ကို စားစရာချခိုင်းမလို့ဘဲ...ဒါပေမယ့် ငါပြောပြီးပြီးချင်းမှာပဲ ရှောင်ရန်က စားစရာတွေကို ယူသွားပြီးနေပြီ..."


ချန်မန်က အဒေါ်လောပြောသည်ကို သတိရကာ ရုတ်တရက် သဘောပေါက်သွားသည်။

"ကျွန်မလည်း အဲ့လိုပဲထင်တာ...ဒါဆို အဒေါ်က အဲ့ဒီအချိန်ကတည်းက ဒီအကြံရှိနေတာပေါ့ ဟုတ်လား..."

အဒေါ်လောက စိတ်ဓာတ်ကျစွာ ပြောလာ၏။
"ငါ့မှာ အကြံရှိလည်း ဘာထူးမှာလဲ...အဓိကလူက မပူးပေါင်းပေးဘူးလေ..."


"အဒေါ် အရမ်းစိုးရိမ်နေစရာမလိုပါဘူး...ကံကြမ္မာက သူ့ဘာသာရောက်လာမှာပါ ကျွန်မတို့က သူတို့အတွက် အခွင့်ရေးဖန်တီးပေးဖို့ ဒုက္ခခံနေရတာက အောင်သွယ်တော် လက်ချောင်းလှုပ်လိုက်တာကိုတောင် မှီလောက်မှာမဟုတ်ဘူး..."

ချန်မန်က စိတ်ထဲတွင် အချိန်ကို တွက်ကြည့်လိုက်ရာ အဓိကဇာတ်ဆောင်နှစ်ယောက် ဆုံရမည့်အချိန်ကျလာပြီဖြစ်သည်။

သို့သော် ဤကြင်ဖက်တွေ့ဆုံပွဲသည် မူလဝတ္ထုတွင် မပါခဲ့သလို သူတို့နှစ်ယောက်ကလည်း ထိုနေ့တွင် မတွေ့ခဲ့ကြပေ။ ဇာတ်ကြောင်းက ပြောင်းလဲသွားရာ သူတို့နှစ်ယောက်က မူလဝတ္ထုထဲမှ အချိန်အတိုင်း တွေ့၊မတွေ့ကိုမူ မသိနိုင်ပေ။
  

ထို့အပြင် အသေးစိတ်ပြန်ကြည့်ပါက မူလဝတ္ထုမှ ဇာတ်ကြောင်းသွေဖယ်မှုများစွာ ရှိလာသည့်ပုံပေါ်၏။

မူလဝတ္ထုတွင် သူမက ဖြတ်လျှောက်တစ်ယောက်သာဖြစ်သည်။ သူမက အောင်သွယ်လုပ်ပေးခဲ့သော်လည်း သူမတွင် အမည်မရှိသလို လုဖျင်ကျိုးသည်လည်း ပေါ်မလာခဲ့ပေ။

ထို့ကြောင့် ချန်မန်သည် မူလဝတ္ထုထဲမှ ငွေကိုင်က ဤအချိန်တွင် လက်ထပ်ပြီး၊မပြီး မသေချာဖြစ်နေ၏။ သို့သော် သေချာသည့် အရာတစ်ခုမှာ ထိုငွေကိုင်က ချမ်ရှောင်ဖျင်နှင့် အငြင်းမပွားခဲ့သလို နောက်ပိုင်းတွင် ဖန်းချောင်လမ်းရှိ အစိုးရစားသောက်ဆိုင်သို့ ပြောင်းရွှေ့ခံရသည်မျိုးလည်း မရှိခဲ့ပေ။


ရန်လင်ဆိုလျှင် မူလဝတ္ထုထဲ၌ မတည်ရှိခဲ့ပေ။

  
ဤသို့တွေးမိသွားသောအခါ ချန်မန်က တံတွေးမြိုချလိုက်မိသည်။ သူမက မသိလိုက်ပါဘဲ အရာ‌များစွာကို လမ်းလွဲစေခဲ့သည့်ပုံပင်။
  

...အဲ့ဒါဆို ယန်မင်ကျစ်နဲ့ ရှဲ့လန်က ဒီဘဝမှာ အတူရှိနိုင်ဦးမှာလား...ယန်မင်ကျစ်က မူလဝတ္ထုထဲကလို ဘဝရဲ့ အထွတ်အထိပ်ကို ရောက်နိုင်ဦးမှာလား...
  

စာအုပ်ထဲသို့ ကူးပြောင်းလာသူ တစ်ယောက်အနေဖြင့် လိပ်ပြာတောင်ပံခတ်မှုများဖြစ်မည်မှာ ရှောင်လွဲမရနိုင်သော အရာဖြစ်သည်။ သို့သော် ချန်မန်သည် လူများစွာ၏ ဘဝလမ်းကြောင်းများကို မပြောင်းလဲစေချင်ပေ။ အထူးသဖြင့် လူကောင်းများ၏ ဘဝလမ်းကြောင်းဖြစ်သည်။

  
မူလဝတ္ထု၏ ဇာတ်ဆောင်များအနေဖြင့် ယန်မင်ကျစ်နှင့် ရှဲ့လန်နှစ်ဦးလုံးသည် အလွန်ကောင်းသော လူများဖြစ်သည်။ သူမကြောင့် သူတို့ဘဝက အဆိုးဘက်သို့ ပြောင်းလဲသွားမှာမျိုး မဖြစ်စေချင်ပေ။

  
သို့သော် သွေဖယ်မှုရှိလာလျှင်တောင် ပြန်တည့်နိုင်သည့် အခွင့်အရေးတစ်ခု ရှိသေးလေသည်။

  
ဘဝလမ်းကြောင်းအရဆိုလျှင် ယန်မင်ကျစ်က နိုင်ငံတော်ပြန်လည်ထူထောင်လာပြီးနောက်တွင် မူလဝတ္ထုထဲကအတိုင်း စားသောက်ဆိုင်ဖွင့်ကာ စီးပွားရေးမလုပ်လာပါက သူမအနေဖြင့် ရှေ့တက်ကာ မူလဝတ္ထုတွင် ပါဝင်သည်များအပေါ် အခြေခံ၍ ယန်မင်ကျစ်အတွက် အသုံးဝင်သည့် အကြံများပေးလို့ရသည်။

  
ယန်မင်ကျစ်နှင့် ရှဲ့လန်တို့၏ တွေ့ဆုံမှုသည် လိပ်ပြာတောင်ပံခတ်မှုကြောင့် ပျက်စီးသွားပါက သူမအနေဖြင့် အခြေအနေကို အခွင့်ကောင်းယူကာ သူတို့နှစ်ယောက်အတွက် အခွင့်အရေးများ ဖန်တီးပေးနိုင်၏။
  
မူလဇာတ်ကြောင်းကိုသိနေသည့် ကူးပြောင်းလာသူတစ်ယောက်အနေဖြင့် သူမသည် ယန်မင်ကျစ်နှင့် ရှဲ့လန်တို့၏ ပိုက်ဆံသိမ်းထားသော နေရာများကိုတောင် သိပေသည်။ ချန်မန်က သူမဖန်တီးပေးမည့် အခွင့်ရေးများသည် အဒေါ်လော ဖန်တီးပေးသည်ထက် ပိုသက်ရောက်မှုရှိမည်ဟု ယုံကြည်ချက်ရှိသည်။

ဤသို့တွေးမိသောအခါ ချန်မန်က စိတ်အေးသွားသည်။

ဇာတ်ကြောင်းမသွေဖယ်သွားပါက အကောင်းဆုံးပင်။ အကယ်၍ သွေဖယ်သွားလျှင်တောင် သူမက အချိန်အချို့ယူပြီး လမ်းကြောင်းပြန်တည့်ပေးနိုင်သဖြင့် ပြဿနာကြီးကြီးမားမား မဟုတ်ပေ။

...
မူလဇာတ်ကြောင်းအတိုင်း ဖြစ်မလာမီတွင် ဝမ့်ချိုးမိန်တို့ လင်မယားက ဆုံးဖြတ်ချက်ချလိုက်ကြလေသည်။
 

အတော်ကြာဆွေးနွေးတိုင်ပင်ကာ တွက်ချက်ပြီးနောက် သူတို့က ရေဒီယိုဝယ်ရန် ဆုံးဖြတ်လိုက်ကြသည်။

  
သို့သော် သူတို့က အ‌ကောင်းဆုံးအမျိုးအစားကို ဝယ်ရန်မစီစဉ်ထားပေ။ ပထမအချက်အနေဖြင့် သူတို့က ရေဒီယို၏ လုပ်ဆောင်ချက်များအပေါ် လိုအပ်ချက်မြင့်မြင့်မရှိဘဲ နားထောင်၍‌ရနေပါက အဆင်ပြေပြီဖြစ်သည်။ ဒုတိယအချက်မှာ ထိုခေတ်က လျှပ်စစ်ပစ္စည်းများ၏ အရည်အသွေးသည် အလွန်ကောင်းမွန်ပြီး 50၊60ခုနှစ်မှ ပစ္စည်းများသည် အချိန်အတော်ကြာသည်အထိ အသုံးပြုနိုင်လေသည်။

  
ချန်မန်နှင့် လုဖျင်ကျိုးတို့က ရေဒီယိုဝယ်ရန် အဖော်လိုက်ပေးကြသည်။ သူတို့ဝယ်မည့်အကြောင်းကို ဘယ်သူ့ကိုမှ မပြောပြဖူးသော်လည်း ပြန်ရောက်လာသောအခါ လူတိုင်းက လုဖျင်ကျိုးလက်ထဲတွင် ကြီးကြီးမားမား ပစ္စည်းတစ်ခုသယ်လာသည်ကို မြင်နိုင်ကြလေသည်။

ချန်စုဝေ့ တက်ကြွနေသည့်ပုံကိုပါ မြင်လိုက်ရသောအခါ သူ့ကိုတွေ့သည့်လူတိုင်းက ကောင်းတာတစ်ခုခုဖြစ်မဖြစ် မေးမြန်းကြ၏။

လက်မှတ်ရသည့်အရင်းအမြစ်က တရားဝင်ဖြစ်သောကြောင့် ဖုံးကွယ်စရာမရှိသဖြင့် ချန်စုဝေ့လည်း ကြွားလိုစိတ်ကို မထိန်းတော့ဘဲ မေးသည့်သူတိုင်းကို တိုက်ရိုက်သာပြောပြလိုက်သည်။

သူပြောသည်ကို ကြားပြီးသောအခါ လူတိုင်းက အားကျသွားကြလေသည်။
  

ချန်မန်က ကောင်းမွန်စွာလက်ထပ်သွားသည်ကို သူတို့သိ၏။ သို့သော် ချန်မိသားစုက အတော်လေးနှိမ့်ချတတ်ကာ အခြားသူများကို အနိုင်မကျင့်သလို လုဖျင်ကျိုး၏ရာထူးကိုသုံးကာ အခွင့်ကောင်းယူသည်များလည်း မရှ်ိပေ။

  
စေ့စပ်ပွဲလုပ်ချိန်တွင် လုဖျင်ကျိုးဘက်မှ တင်တောင်းပစ္စည်းများသည် လူအများကြားတွင် ဆွေးနွေးမှုများ ဖြစ်စေခဲ့သော်လည်း ချန်မိသားစုက ထိုပစ္စည်းတစ်ခုကိုမှ ယူမထားပေ။ လက်ထပ်ပွဲနေ့တွင် သူတို့က ထိုတင်တောင်းပစ္စည်းများကို အကောင်းပကတိအတိုင်း ပြန်ထည့်ပေးလိုက်ကြ၏။
  

ထို့ကြောင့် ယခင်ကဆိုလျှင် ချန်မန်တစ်ယောက် ဒုတပ်ရင်းမှူးကို လက်ထပ်ခြင်းက ချန်မိသားစုအပေါ် အခွင့်ကောင်းများ ယူဆောင်ပေးလာမည်ဟု ဘယ်သူမှမထင်ခဲ့ကြပေ။

ထိုသို့ထင်နေသည်များက ဤလအထိသာဖြစ်သည်။ ဝမ့်ချိုးမိန်က အဝတ်အစားသစ်များဝတ်ကာ ချန်စုဝေ့တွင်လည်း ခါးပတ်အသစ်တစ်ခုရှိလာပြီး သူတို့သမီးနှင့် သမက်ဖြစ်သူက လက်ဆောင်အဖြစ် ဝယ်ပေးခြင်းဖြစ်သည်ဟု ဆိုလာ၏။ ထို့နောက် ယနေ့တွင် ဝမ့်ချိုးမိန်တို့ လင်မယားက သူတို့သမီးနှင့်သမက်ပေးသည့် လက်မှတ်များဖြင့် ရေဒီယိုတစ်လုံး သွားဝယ်ကြပြန်သည်။

ဝမ့်ချိုးမိန်တို့လင်မယားက လက်မှတ်ဖိုးဘယ်လောက်ကျသည်ဟုမပြောဘဲ ချန်မန်တို့လင်မယားက သူတို့ကိုလက်ဆောင်ပေးသည်ဟုသာ ပြောလိုက်ကြသည်။

သူတို့စိတ်ထဲတွင် ၎င်းကအမှန်ပင်ဖြစ်သည်။ သူတို့က သမီးဖြစ်သူအား ဆယ်ယွမ်ပေးလိုက်သော်လည်း သူမဝယ်ပေးသည့် အဝတ်အစားနှင့် ခါးပတ်သည် ထိုငွေတန်ဖိုးထက်ပို၏။

သို့သော် ရေဒီယိုဖိုးကိုမူ သူတို့ဘာသာပေးခဲ့ကြခြင်းဖြစ်သည်။
  
မိသားစုကုန်ကျငွေများသည် ကလေးများ အရွယ်ရောက်လာကာ ကိုယ်ပိုင်မိသားစုများ စတင်သည်နှင့်အမျှ မြင့်တက်လာသော်လည်း သူတို့က ယခင်ကဲ့သို့ ငွေကောင်းကောင်း မစုနိုင်တော့ပေ။ သူတို့ဆီ၌ စုဆောင်းငွေအများအပြား ရှိနေသေးသော်လည်း ချန်ကျင်းအတွက် အလုပ်နေရာတစ်ခုဝယ်ရန်နှင့် သူတို့၏အိုစာမင်းစာရှိသေးရာ လက်လွတ်စပယ် မဖြုန်းရဲပေ။

  
သို့သော် တစ်သက်လုံးခြိုးခြံချွေတာခဲ့သည့် သူများတွင်လည်း စိတ်ထဲတွင်လိုချင်သည့် အရာအချို့ရှိလေသည်။ အခြားသူများ ရေဒီယိုဝယ်သည်ကို မြင်သောအခါ သူတို့လည်းအားကျမိကြ၏။ ဤအားကျသည့်ခံစားချက်က တစ်နှစ်၊နှစ်နှစ်ထက်မနည်း တည်ရှိနေခဲ့လေသည်။

  
သူတို့တွင် လက်မှတ်မရှိချိန်က သည်းခံနိုင်ခဲ့သော်လည်း ယခုတွင် လက်မှတ်က သူတို့ရှေ့တည့်တည့် ရောက်လာသောအခါ မအောင့်အီးနိုင်တော့ပေ။
  

ယခုတွင် သူတို့က ဝင်ငွေလည်းရှိသဖြင့် ရေဒီယိုဝယ်နိုင်၏။ မြို့ကိုပြန်လာရမည့် ပေါ်လစီသာ နှစ်အနည်းငယ်အတွင်း မပြောင်းလဲလာပါက ချန်စုဝေ့က သူ့အလုပ်နေရာကို ဆုံးရှုံးနိုင်သဖြင့် ထိုအချိန်တွင် သူတို့က အံတောင်ကြိတ်ရဲမှာ မဟုတ်ပေ။


သူတို့တစ်သက်လုံး အလုပ်ကြိုးစားလာခဲ့ကြရာ သူတို့ကိုယ်သူတို့လည်း ဆုချချင်လေသည်။
  

ရေဒီယိုကို သူတို့ကိုယ်သူတို့ ဆုချသည့်အနေဖြင့် ဝယ်ခဲ့ကြသဖြင့် သမီးဖြစ်သူနှင့် သမက်ကို ပိုက်ဆံမပေးခိုင်းသည်မှာ သဘာဝကျသည်။
  

သို့သော် အပြင်လူများက ထိုသို့မထင်ပေ။ ချန်မန်တို့လင်မယား အတူလိုက်လာသည်ကို မြင်သောအခါ ရေဒီယိုကို သူတို့ဝယ်ပေးသည်ဟု ထင်သွားပြီး လူတိုင်းရှေ့တွင် သူတို့အား သားသမီးဝတ္တရားကျေပွန်သည်ဟု ချီးကျူးလာကြလေတော့သည်။


💓💓💓 👩‍❤️‍👨Chapter 64
 á€Ąá€žá€ąá€¸á€Ąá€–ွဲကိစယစမဝဏး။

ချန်မန်က သူတို့ဝယ်ပေးခြင်း မဟုတ်ကြောင်း ရှင်းပြသော်လည်း ထိုလူများက မယုံကြပေ။ ထိုအစားက မိဘကိုတာဝန်ကျေပွန်သည်က ကောင်းသည့်အရာဖြစ်သဖြင့် အဘယ်ကြောင့်ရှက်နေသနည်းဟု ပြန်ပြောလာကြသည်။

ဝမ့်ချိုးမိန်တို့ကလည်း လူများက သူတို့သမီးနှင့် သမက်ဖြစ်သူကို ချီးကျူးသည်အား ကြားရသည်ကို ပျော်မိလေသည်။ ထို့ကြောင့် သူတို့ပြောသည်ကို ဘယ်သူမှမယုံကြောင်း မြင်လိုက်ရသောအခါ ငြင်းမနေတော့ဘဲ ထိုအတိုင်းသာ‌ သဘောတူလိုက်ကြသည်။
  

သို့သော် ရေဒီယိုဝယ်ရန် ပိုက်ဆံမပေးသည့် လောဝမ်ရှင်းကမူ ညအိပ်ရာမဝင်ခင်၌ ရည်ရွယ်၍ဖြစ်စေ၊ မရည်ရွယ်၍ဖြစ်စေ ဤကိစ္စအကြောင်းပြောလာ၏။
“ရေဒီယိုကိုလေ မန်မန်တို့လင်မယား ဝယ်ပေးတယ်ဆိုတာက တကယ်လို့ရှင်ထင်လား...”

ချန်ကျင်းက ပြန်မဖြေဘဲ သူမကို မေးခွန်းပြန်ထုတ်လိုက်သည်။
“အဲ့ဒါကို ဘာလို့မေးတာလဲ...”

လောဝမ်ရှင်းက တစ်ဖက်လှည့်လာကာ ဆတ်ခနဲခေါင်းထောင်ပြီး ချန်ကျင်းကိုကြည့်ကာ ပြန်ပြော၏။

“ကျွန်မက သိချင်လို့လေ...လူတိုင်းက ရှင့်ညီမလင်မယားဝယ်ပေးတယ်လို့ပဲ ပြောနေကြတာ...ဒါပေမယ့် ကျွန်မကတော့ ဘာလို့အဲ့လိုမထင်မိတာပါလိမ့်....”

“ဒါဆိုဘယ်သူက ရေဒီယိုဝယ်ပေးတယ်လို့ မင်းထင်လဲ...”

“ကျွန်မကတော့လေ အမေတို့ဘာသာ ဝယ်လိုက်တယ်လို့ပဲထင်တယ်...”

“အဲ့တော့ ဘာဖြစ်လဲ...”

“ဘာကို ဘာဖြစ်တာလဲ...”

“အဲ့ဒီတော့ မင်းက ဘာပြောချင်တာလဲ...”

ချန်ကျင်းကလည်း သူမဘက်လှည့်ကြည့်ကာ မေးလိုက်သည်။

“ငါ့မိဘတွေဝယ်တာဖြစ်ဖြစ် မန်မန်တို့ဝယ်ပေးတာပဲဖြစ်ဖြစ် အဲ့ဒါကငါတို့နဲ့ ဘာဆိုင်လဲ...ငါတို့မှ ပိုက်ဆံမပေးထားတာ...ဒါမှမဟုတ် မန်မန်တို့လင်မယားဘာသာ ဝယ်ပေးလိုက်လို့ မင်းကရှက်နေတာလား သူတို့ကို ပိုက်ဆံနည်းနည်းလောက် ကူစိုက်ပေးချင်တာလား...”
  
သူက လောဝမ်ရှင်း ပြန်ပြောသည်ကိုတောင် မစောင့်ဘဲ စတင်တွက်ချက်လိုက်သည်။

“ရေဒီယိုက ငါးဆယ့်ခြောက်ယွမ် တစ်ဝက်ခွဲရင် နှစ်ဆယ့်ရှစ်ယွမ်ပေါ့ ငါ့ကိုပိုက်ဆံပေးလေ မနက်ဖြန်ကြ ငါ့မိဘတွေကို သွားပေးလိုက်မယ်...”

လောဝမ်ရှင်းက ပြောမိရုံဖြင့် သူမပါ ပိုက်ဆံထုတ်ပေးရမည်ဟု မထင်ထားခဲ့ပေ။ သူမက အလျင်အမြန်ငြင်းဆန်လိုက်သည်။

“ကျွန်မက သူတို့ကို ပိုက်ဆံကူစိုက်ပေးမယ်လို့ ဘယ်တုန်းကပြောလိုက်လို့လဲ...အဲ့လိုမျိုး တစ်ခါမှမပြောဖူးပါဘူးနော်...တွေးတောင်မတွေးဖူးဘူး...”

ချန်ကျင်းက ပြန်မေးလိုက်သည်။
“မင်းက ဘယ်သူကဘာဝယ်ပေးတယ်ဆိုတာကို ဘာလို့အရမ်းအာရုံစိုက်နေရတာလဲဆိုတာ ကိုယ့်ကိုကိုယ် ပြန်တွေးကြည့်ဖူးရဲ့လား...”

“ကျွန်မထင်တာက...”
လောဝမ်ရှင်း၏ အသံကတိုးလာကာ သူမက ယုံကြည်ချက်သိပ်မရှိတော့ပေ။

“ကျွန်မက ရှင့်ညီမတို့လင်မယားကို မဝယ်ပေးနိုင်လောက်ဘူး ထင်လို့ပါ...ဒါပေမယ့် အခြားသူတွေမေးတဲ့အချိန်ကျ မငြင်းဘူးလေ...အခုဆို လူတိုင်းက သူတို့ကိုသားသမီးဝတ္တရား ကျေပွန်တယ်ဆိုပြီး ပြောနေကြပြီ...ကျွန်မတို့ကို ကြည့်တဲ့အကြည့်တွေက ဘယ်လိုလဲဆိုတာ ရှင်သတိထားမိရဲ့လား...”

ချန်ကျင်းက မျက်မှောင်ကြုတ်သွားပြီး တောင့်တင်းစွာ ပြန်ဖြေလိုက်သည်။
“ငါသတိမထားမိဘူး...”
  
လောဝမ်ရှင်း၏ မျက်နှာက မှုန်ကုပ်သွားသည်။
“ရှင်သတိမထားမိရင်တောင် လီဝေ့အမေပြောတာကိုတော့ ကြားလိုက်မှာပါ ဟုတ်တယ်မလား...သူမက ကျွန်မတို့ရှေ့မှာတင် သမီးဖြစ်သူကို ကောင်းကောင်းပျိုးထောင်ထားလို့ သားသမီးဝတ္တရား ကျေပွန်ပြီး သူမကို ဂရုစိုက်တယ်ဆိုပြီး ပြောတာလေ...ဒါပေမယ့် မျက်လုံးထဲက အကြည့်တွေက ကျွန်မတို့ကပဲ သားသမီးဝတ္တရား မကျေပွန်နေသလိုဘဲ...”

“ငါကြားလိုက်ပါတယ် ဒါပေမယ့် အဲ့ဒါက ငါတို့ကို ကျေးဇူးမသိတတ်ဘူးလို့ ပြောချင်နေတာလို့ ငါမထင်ဘူး...ပြီးတော့ ရေဒီယိုဝယ်တဲ့ပိုက်ဆံကို ဘယ်သူပဲပေးပါစေ လက်မှတ်ကတော့ မန်မန်တို့လင်မယားပေးတာ အရှင်းကြီးလေ...ပြီးတော့ သူတို့က ငါ့မိဘတွေအတွက် အဝတ်အစားတွေ၊ ခါးပတ်တွေလည်း ဝယ်ပေးသေးတယ်...အဲ့ဒါကြောင့် သူမက မန်မန်ကို ကျေးဇူးသိတတ်တယ်လို့ ချီးကျူးတာလေ...အဲ့ဒါနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတယ်လို့ ငါမထင်ဘူး...” 

ချန်ကျင်း၏ မျက်နှာထားကလည်း သိပ်မကောင်းတော့ဘဲ အေးစက်စွာ ပြောလိုက်သည်။

“လီဝေ့အမေက မန်မန်တို့ လင်မယားကိုပဲ ချီးကျူးလို့ မကျေနပ်ဘူးဆိုရင် မင်းလည်း ပိုက်ဆံနည်းနည်းသုံးပြီး ငါ့မိဘတွေအတွက် တစ်ခုခုဝယ်ပေးလိုက်လေ...အဲ့လိုလုပ်တာတောင်မှ လီဝေ့အမေပြောတာက ထူးဆန်းတယ်လို့ ထင်ရင်လည်း ယုံကြည်ချက်ရှိရှိ ပြန်တုံ့ပြန်လို့ရတာပေါ့ မဟုတ်ဘူးလား...”

လောဝမ်ရှင်းက ထိုစကားကို ကြားသောအခါ မကျေမနပ်ဖြစ်သွားသည်။

“ကျွန်မကို ရှင့်မိဘတွေအတွက် တစ်ခုခုဝယ်ပေးဖို့ ဘယ်နှစ်ခေါက်လောက် ပြောနေမှာလဲ...”

“ငါကရော ပြောချင်တယ်များ ထင်နေလား...မင်းသာ ဒီအကြောင်းပြောမလာရင် ငါကရော ဒါကို ထပ်ခါတလဲလဲ ပြောချင်နေမှာတဲ့လား...”
ချန်ကျင်းကလည်း ဒေါသထွက်လာသည်။ သူကထရပ်ကာ ဗီရိုဆီသို့သွားပြီး ငွေစုဘူးကိုယူကာ လောဝမ်ရှင်းအရှေ့ ပစ်ချလိုက်သည်။
“ဖွင့်လိုက်...”
  
“ရှင်ဘာလုပ်မလို့လဲ...”

“ငါ့မိဘတွေကို လိုတာတွေဝယ်လို့ရအောင်  á€•á€­á€Żá€€á€şá€†á€śá€•á€ąá€¸á€™á€œá€­á€Żá€ˇá€œá€ą....”

လောဝမ်ရှင်း၏ အမူအရာက ပြောင်းလဲသွားကာ သံဘူးကိုယူပြီး လက်ထဲပိုက်ထားလိုက်သည်။

“မရပါဘူး ဒါက ကျွန်မပိုက်ဆံတွေ...”


“ဒါက မင်းပိုက်ဆံလို့ ဘယ်သူပြောလဲ...အဲ့ဒီအထဲမှာ ငါ့လစာလည်းပါတယ်...”
ချန်ကျင်းက အိပ်ရာဘေးတွင် ရပ်ကာမေးလိုက်သည် 

“ဖွင့်မှာလား မဖွင့်ဘူးလား...”

“မဖွင့်ဘူး...”

“မင်းမဖွင့်ရင် ငါ့ဘာသာဖွင့်မယ်...”

ချန်ကျင်းက ပြောရင်းဖြင့် ကုန်းကာ သံဘူးကို လုယူလာသည်။
 
လောဝမ်ရှင်းက အော်လိုက်သည်။
“ချန်ကျင်း...”

သို့သော် ချန်ကျင်းက နည်းနည်းလေးတောင် ဂရုမစိုက်ဘဲ သံဘူးကိုသာ ဆက်လုလိုက်သည်။ သူတို့နှစ်ယောက် အချင်းချင်း အင်အားသုံးလာကြသဖြင့် ရန်ဖြစ်သည်က ပိုမိုပြင်းထန်လာသည်။ ထိုစကားများသံများကြောင့် ချန်မင်က အိပ်ရာနိုးကာ အော်ငိုလာလေသည်။

“အဖေနဲ့အမေ ရန်မဖြစ်ပါနဲ့တော့...”
  
...

ချန်မန်က နောက်တစ်နေ့ နေ့လယ်၌ အိမ်ပြန်လာသည့်အချိန်မှသာ ထိုအကြောင်းကို ဝမ့်ချိုးမိန်ဆီမှ သိလိုက်ရသည်။
  
ဝမ့်ချိုးမိန်က လောဝမ်ရှင်းတစ်ယောက် မနက်ခင်းတွင် မနက်စာလာမစားသဖြင့် တစ်ခုခုဖြစ်နေမှန်း သတိထားမိသွားသည်။ သူမက ချန်မင်ကို မေးကြည့်လိုက်သောအခါ သူတို့လင်မယားက အမှန်ပင် စကားများခဲ့ကြမှန်း သိလိုက်ရလေသည်။


ချန်ကျင်းက  á€”á€ąá€ˇá€œá€šá€şá€˜á€€á€ş ပြန်ရောက်လာသောအခါ ပြောပြရန်ငြင်းဆန်လေသည်။ ချန်မင်က ပြန်အိပ်ပျော်သွားရာ များများစားစား မကြားခဲ့ရသဖြင့် သူ ပြောပြသည်များက ဝေဝါးဝါးဖြစ်နေသော်လည်း ဆက်စပ်ကြည့်လိုက်သောအခါ ဝမ့်ချိုးမိန်က အကြမ်းဖျင်း ခန့်မှန်းနိုင်သွားသည်။
  
ထို့ကြောင့် ချန်မန်ကို ထိုအကြောင်း ပြောပြသောအခါ ဝမ့်ချိုးမိန်က မပျော်မရွှင်ဖြစ်နေ၏။

“ငါဖြင့် တကယ်ကို နားမလည်နိုင်တော့ဘူး...သူများယောက္ခမတွေဆိုရင် သူတို့သားနဲ့ချွေးမကို လစာအပ်ဖို့ ပြောရုံတင်မကဘူး အလုပ်ကပြန်လာရင် အိမ်အလုပ်တွေ လုပ်ခိုင်းသေးတာ...ငါက သူ့ကို ဘာမှမလုပ်ခိုင်းသလို လစာအပ်ဖို့လည်း မပြောဖူးပါဘူးအေ...အဲ့ဒါကို သူက စိတ်မကျေနပ်သေးဘဲ အခြားလူတွေက နင့်ကို ငါတို့ရှေ့မှာ ချီးကျူးလို့ မကျေမနပ်ဖြစ်တယ်ပေါ့လေ...အဲ့လို သဘောထားသေးတဲ့ သူမျိုး တစ်ခါမှမမြင်ဖူးဘူး...”

ချန်မန်သည်လည်း ဘာပြောရမလဲ မသိတော့ပေ။

ယောက်မများက အချင်းချင်း အဆင်ပြေရန် ခက်ခဲသည်ဟု ဆိုကြသော်လည်း သူမနှင့် လောဝမ်ရှင်းကြားတွင် အငြင်းပွားစရာ  á€™á€ťá€Źá€¸á€™á€ťá€Źá€¸á€…ဏးစဏး မရှိခဲ့ပေ။

ဝမ့်ချိုးမိန်က သူမ၏ အလုပ်နေရာအား ချန်မန်ကို ပေးသောအခါ လောဝမ်ရှင်းက ဘာမှမပြောခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူမ၏ ယောက္ခမများက သူမယောက်ျားအတွက် အလုပ်နေရာတစ်ခု ဝယ်ပေးထားလေသည်။ ထို့အပြင် သူမ၏ယောက္ခမက အလုပ်နေရာကို အပြင်လူအား ပေးမှာမဟုတ်ပေ။
  
သူတို့ကြား၌ ပထမဆုံးအကြိမ် အဖုအထစ် ဖြစ်သွားသည်မှာ လောဝမ်ရှင်းက သူမအလုပ်မှ ခေါင်းဆောင်၏တူနှင့် ချန်မန်ကို မိတ်ဆက်ပေးချင်သော်လည်း အဆင်မပြေခဲ့သည့်အချိန်ဖြစ်သည်။ ထို့နောက်တွင် ချန်မန်၏ မင်္ဂလာကိစ္စ ဆွေးနွေးသောအခါတွင်လည်း အထင်အမြင်အချို့ ရှိခဲ့လေသည်။

သို့သော် ထိုနှစ်ကြိမ်လုံးတွင် ချန်ကျင်းက စိတ်ထိန်းထားသဖြင့် သူတို့လင်မယားက အငြင်းမပွားခဲ့ကြပေ။
  
ဤတစ်ခေါက် သူတို့မိသားစုက ရေဒီယိုဝယ်သောအခါ ချန်မန်က ဆန့်ကျင်မှုတစ်ခုခု ဖြစ်လာမည်ဟု မထင်ထားခဲ့ပေ။ ဘယ်သူကမှလည်း လောဝမ်ရှင်းဝယ်ပေးရန် မျှော်လင့်ထားခြင်း မရှိသဖြင့် သူမနှင့် ဘာမှမသက်ဆိုင်ခဲ့ပေ။

ထို့နောက်တွင် ယခင်နှစ်ကြိမ်၌ ကြီးကြီးမားမား မဖြစ်ခဲ့သော်လည်း ဤတစ်ခေါက်တွင်မူ လောဝမ်ရှင်းနှင့် ချန်ကျင်းတို့ စကားများခဲ့ကြလေသည်။


ချန်မန်က ပြောစရာမရှိသည့်အပြင် အနည်းငယ်လည်း အံ့ဩမိသည်။ တစ်ချိန်တည်းတွင် သူမက လောဝမ်ရှင်းအပေါ် အမြင်အချို့ရှိသွားလေသည်။ 

သူမက ဘယ်လိုလူမျိုးပါလိမ့်...


ထို့ကြောင့် ချန်မန်က လောဝမ်ရှင်းအတွက် ကူမပြောပေးပေ။ သို့သော် သူမက အခြေအနေကို ချဲ့ကားသည်မျိုးလည်း မလုပ်ဘဲ မေးလိုက်သည်။
“အခုက သမီးတို့ ဘာလုပ်ကြမလဲ...”
  

“သူတို့ဘာလုပ်လုပ် ငါဂရုမစိုက်ပါဘူးတော်...ဒီလိုမျိုး ဆက်နေလို့တော့ မဖြစ်ဘူး...”
ဝမ့်ချိုးမိန်က ဒေါသကိုမြိုသိပ်ထားရသဖြင့် မကျေမနပ် ပြောလိုက်သည်။

“သူက ဒီလိုလူမျိုးမှန်း အစကတည်းက ငါသိခဲ့ရင် နင့်အစ်ကိုကြီးနဲ့ လက်ထပ်ခိုင်းခဲ့မှာ မဟုတ်ဘူး...”

ချန်မန်လည်း ဆွံ့အနေမိသည်။
“ဘယ်သူက သိမှာလဲ...”

အမှန်ပင် လောဝမ်ရှင်းသည် ချန်ကျင်းနှင့် လက်ထပ်ပြီးကာစ၌ ဤကဲ့သို့မဟုတ်ခဲ့ပေ။ သူမက အလွန်ရိုးသားကာ အလုပ်ကြိုးစား၏။ အနည်းငယ်ကပ်စီးကုပ်သော်လည်း ယနေ့အချိန်တွင် ကပ်စီးကုပ်သည်က ပြဿနာမဟုတ်ပေ။ ၎င်းကို နေတတ်ထိုင်တတ်သည်ဟု ခေါ်၏။
 
ဝမ့်ချိုးမိန်ကလည်း သူမအပေါ်  á€…á€­á€á€şá€€á€ťá€ąá€”á€•á€şáá‹
  
သို့သော် ဝမ့်ချိုးမိန်ကပဲ သူမအတွက် တွေးပေးကာ အလွန်ကောင်းပေးမိခြင်း‌ကြောင့်လား သို့မဟုတ် သားတစ်ယောက် မွေးပေးလိုက်သဖြင့် သူမက ဟန်ဆောင်မျက်နှာဖုံး ချွတ်လိုက်သည်လားမသိ သူမက ဖြေး‌ဖြေးချင်း ပြောင်းလဲလာခဲ့သည်။
  
သမီးယောက္ခမကြားတွင် အသေးစား အငြင်းပွားမှုများ ရှိ‌ခဲ့သော်လည်း ဤနှစ်များတွင် သူတို့က ကိစ္စကြီးကြီးမားမားဟူ၍ မရှိခဲ့ပေ။ ဝမ့်ချိုးမိန်က ကျိုးကြောင်းမဆီလျော်သောသူ မဟုတ်သဖြင့် သူမက ဘာမှမပြောခဲ့ပေ။

၎င်းက ဤနှစ်တွင် လောဝမ်ရှင်းလုပ်ခဲ့သည့် ပြဿနာများပေါ်လာပြီး ဝမ့်ချိုးမိန်ကို စိတ်မကျေမနပ် ဖြစ်သွားစေသည့် အချိန်အထိသာဖြစ်သည်။


ဝမ့်ချိုးမိန်က မကျေနပ်သည်များ ရှိသော်လည်း အရေးကြီးကိစ္စတစ်ခုခု မပါလာသရွေ့ သူမ၏သားအား ကွာရှင်းရန်အလွယ်တကူ ပြောမှာမဟုတ်ပေ။ အထူးသဖြင့် သူတို့ဆီ၌ ကလေးရှိနေလေသည်။

မိထွေးရှိလာပါက ပထွေးပါရှိလာသည်ဟု ဆိုရိုးရှိ၏။ သားအရင်းဖြစ်‌လျှင်တောင် ကွာရှင်းပြီး နောက်အိမ်ထောင်ပြုပါက နောက်မိန်းမက သားဖြစ်သူအပေါ် မမျှမတ ဆက်ဆံမည်ကို စိုးရိမ်ရလေသည်။

လောဝမ်ရှင်း မည်မျှဆိုးနေပါစေ သူမက ချန်မင်၏အမေ ဖြစ်နေဆဲပင်။

ကွာရှင်းရန် မလွယ်ကူသော်လည်း ဝမ့်ချိုးမိန်က ဤဒေါသကို အလွယ်တကူ မမြိုသိပ်ချင်ပေ။

“အမေ သူတို့ကို သူတို့ဘာသာလွှတ်ထားလိုက်‌ဖို့ ဆုံးဖြတ်ထားတယ် သမီးဘယ်လိုထင်လဲ...”
  

ချန်မန်က မျက်ခုံးပင့်လိုက်မိသည်။ သူတို့မောင်နှမ အလုပ်စလုပ်ပြီးနောက်တွင် ဝမ့်ချိုးမိန်တို့လင်မယားသည် သူတို့၏လစာကို တောင်းခြင်းမရှိသဖြင့် သူတို့မိသားစု၏ ငွေကြေးအခြေအနေသည် အိမ်ထောင်ကျပြီးနောက် ပိုက်ဆံအပ်ရသည့် သူများကဲ့သို့ ရှုပ်ထွေးမနေပေ။

ငွေကြေးအခြေအနေက ရိုးရှင်းသဖြင့် မိသားစုခွဲရန်မှာ လွယ်ကူ၏။ သီးခြားစီ ချက်ပြုတ်စားရုံသာ ဖြစ်သည်။

ချန်မန်က မေးလိုက်သည်။
“အမေက မိသားစုခွဲတော့မလို့လား...”

“ခွဲတယ်လို့လည်း မဟုတ်ပါဘူး...ဒီအတိုင်း သူတို့ဘာသာ ချက်စားခိုင်းမလို့...”
ဝမ့်ချိုးမိန်က ခဏလောက် တွေးကြည့်ကာ ပြောလိုက်သည်။

“သူတို့မှာ အဲ့လိုလုပ်ဖို့ အချိန်မရှိတာ အသိသာကြီးပဲလေ...အမေက သူတို့ကို ဆက်ကူညီပေးလို့ရပါတယ် ဒါပေမယ့် သူတို့ရဲ့ အစားအသောက် ပြဿနာကိုတော့ သူတို့ဘာသာ ဖြေရှင်းပါစေ...”
  
သူတို့မိသားစုအတွက် ပိုင်ဆိုင်မှုများ ခွဲဝေရန်မှာ မခက်ခဲသော်လည်း ပြဿနာမှာ ချန်လျန့်က ကျေးလက်သို့ သွားနေဆဲဖြစ်သည်။


သူတို့‌အမွေခွဲလျှင် လူအိုကြီးတို့စုံတွဲက အနာဂတ်တွင် ချန်လျန့်ကို ပံ့ပိုးပေးနေရဦးမည်လား...အကယ်၍ သူ့ကိုထောက်ပံ့မည်ဆိုလျှင် သူတို့ကရော သူတို့အဖေနှင့် အဖေကို ထောက်ပံ့ပေးရန်လိုသေးသည်လား...

  
နှစ်ဖက်လုံးကို ထောက်ပံ့ပေးမည်ဆိုပါက မိသားစုမခွဲသည်နှင့် အတူတူပင်ဖြစ်သည်။ ဘယ်သူမှ မထောက်ပံ့ပေးလျှင်လည်း ကျေးလက်ဘက်တွင် ချန်လျန့်က အခက်တွေ့ချေမည်။ အငယ်ဆုံးသားကို ဆက်ပံ့ပိုးပေးကာ အကြီးဆုံးသားကို လျစ်လျူရှုလျှင် အကြီးဆုံးက မမျှတသလို ခံစားရနိုင်သည်။

သူတို့က သားအငယ်ဆုံးနှင့် တစ်သက်လုံးနေမည်ဟု ဆုံးဖြတ်ပြီးသားဆိုပါက အကြီးဆုံးအနေဖြင့် မမျှတသလို ခံစားရလည်း အဆင်ပြေ၏။ သို့သော် ယခုတွင် သူတို့၏ ဒုတိယသားက မြို့ပေါ်သို့ ပြန်လာနိုင်၊မနိုင်မှာ မသိသေးပေ။ အနာဂတ်တွင် သူက ဘယ်လိုမိန်းကလေးမျိုးနှင့် လက်ထပ်မည်မှန်း မသိသလို ထိုချွေးမက ဆက်ဆံရအဆင်ပြေ၊မပြေကိုလည်း မသိနိုင်ပေ။ ထို့ကြောင့် စောစောစီးစီး ဆုံးဖြတ်ချက်ချ၍ မရပေ။

  
ဝမ့်ချိုးမိန်က မိသားစုခွဲရန် မစီစဉ်ထားသော်လည်း လောဝမ်ရှင်းအား သင်ခန်းစာပေးရန်မှာမူ မဖြစ်မနေလိုအပ်သည်ဟု ခံစားမိလေသည်။ ထို့ကြောင့် သူမက သူတို့ကို ကိုယ့်ဘာသာချက်ပြုတ်စားစေမည်ဟု အကြံပေါ်လာခြင်းဖြစ်သည်။
 
အနာဂတ်တွင် ချန်ကျင်းတို့လင်မယားက ကောင်းကောင်းပြုမူကာ သူတို့နှင့် ပြန်ပေါင်းပြီး စားသောက်ချင်လာပါက စဉ်းစားပေးမည်ဖြစ်သည်။ သို့သော် လောဝမ်ရှင်းက ပြဿနာဆက်ရှာနေမည်ဆိုလျှင် သူမအနေဖြင့် မိသားစုခွဲရန် တကယ်စဉ်းစားရပေလိမ့်မည်။

ဝမ့်ချိုးမိန် ပြောချင်သည်ကို သဘောပေါက်သဖြင့် ချန်မန်က ခေါင်းညိတ်ပြလိုက်သည်။

“အဲ့လိုက ကောင်းပါတယ်...”
  
...
သူမအမေနှင့် စကားဝိုင်းကြောင့် ချန်မန်က အလုပ်မှ အိမ်ပြန်သည့်လမ်းတွင် အတွေးနက်သွား၏။ သူမက ပြောလိုက်သည်။

“ကလေးတွေကို ပျိုးထောင်ရတာက မလွယ်ပါလားနော်...တစ်ယောက်ထဲဆို တည့်တည့်မတ်မတ် မကြီးပြင်းလာမှာ စိုးရိမ်ရတယ်...တစ်ယောက်ထက်ပိုရင်လည်း မမျှမတဆက်ဆံမိမှာ ကြောက်ရတယ်...”

“ခက်ခက်ခဲခဲ ပြုစုပျိုးထောင်ပြီးရင် မျှချေညီအောင်လည်း လုပ်ရဦးမယ်...ကြင်နာတတ်ရင် အနိုင်ကျင့်ခံရနိုင်လို့ အရမ်းနူးညံ့လို့မရဘူး...အရမ်းခက်ထန်ရင်လည်း တစ်ဖက်ကို စိတ်မကျေမနပ်ဖြစ်လာစေပြန်ရော...အဲ့လို‌ဆို အသက်ကြီးလာတဲ့အခါ ထောက်ပံ့ပေးကြမှာမဟုတ်ဘူး...”
  
လုဖျင်ကျိုးက သူမပြောသည်ကို နားထောင်ကာ ခဏလောက် တိတ်သွားသည်။

“မင်းပြောနေတာကို ကလေးပြုစုပျိုးထောင်နေတာလို့ မခေါ်ဘူး...”

  
“ဟမ်...”

“အဲ့ဒါကို ဘိုးဘေးလေးတွေကို ပြုစု‌တာလို့ ခေါ်တယ်....”
  
ချန်မန်က ကြောင်အသွား၏။ သူမက တွေးကြည့်လိုက်သည်။ 

...တကယ်ကို အဲ့လိုပဲမလား...တရုတ်ပြည်က မိဘအများစုက သားသမီးတွေငယ်တဲ့အချိန်မှာ လက်ထဲထည့်ထားပြီး အရွယ်ရောက်လာရင် ကလေးတွေရဲ့ ဆန္ဒအတိုင်း လုပ်ပေးကြရတာပဲ...သူတို့က ဘိုးဘေးလေးတွေကို ပြုစုနေရတာ မဟုတ်ဘူးလား...
  
လုဖျင်ကျိုးက သူမကို လှည့်ကြည့်ကာ ပြောလာ၏။

“ဒါပေမယ့် စိတ်မပူပါနဲ့...ကိုယ်တို့ ကလေးတွေက သေချာပေါက် အဲ့လိုဖြစ်လာမှာမဟုတ်ဘူး...”


ချန်မန်က မျက်ခုံးပင့်လိုက်မိသည်။
“ရှင်က ဘယ်လိုတောင် သေချာနေရတာလဲ...”


လုဖျင်ကျိုးက ခဏလောက်တွေးကာ ပြန်ဖြေလိုက်သည်။

“တရားဝင် အကြောင်းပြချက်ကတော့ သူတို့ဆီမှာ လောကကြီးထဲက အကောင်းဆုံးမိဘတွေရှိလို့ပဲ...အဲ့ဒါကြောင့် သူတို့က လောကကြီးမှာ အကောင်းဆုံး‌လူတွေအဖြစ် ကြီးပြင်းလာကြမှာ...”

သူတို့ကလေးက ယခုမှ သန္ဓေသားဖြစ်၊မဖြစ် မသိရသေးသော်လည်း သူ့ဆီ၌ တရားဝင်နှင့် တရားမဝင်အကြောင်းပြချက်များ ရှိနေပြီဖြစ်သဖြင့် ချန်မန်က သူ့ကို ကျီစယ်စွာ မေးလိုက်သည်။
“တရားမဝင် အကြောင်းပြချက်ကရော...”

“တရားမဝင် အကြောင်းပြချက်ကတော့ သူတို့သာ ကျေးဇူးမသိတတ်ဘူးဆိုရင် ကိုယ်က သူတို့ကျေးဇူးသိတတ်လာတဲ့အထိ ရိုက်ပစ်မှာလေ...ပြီးတော့...”
  
နောက်ခုံတွင်ထိုင်နေသည့် ချန်မန်က ပါးစပ်ကိုအုပ်ကာ မျက်လုံးများ မှေးသည်အထိ ရယ်မိသွားသည်။
“ပြီးတော့ရော...”
  
“ပြီးတော့ ကိုယ်က ကျန်းမာအောင်ကြိုးစားပြီး မင်းထက်အသက်ပိုရှည်အောင် နေသွားမှာ...အဲ့လိုဆို ကလေးတွေ မသိတတ်ရင်တောင် မင်းက သူတို့ကိုတောင်းဆိုနေစရာ မလိုတော့ဘူး...ကိုယ် မင်းကို ဂရုစိုက်ပေးမယ်...”

ချန်မန် မပြုံးနိုင်တော့ပေ။ သူမက သူမအရှေ့မှ ယောက်ျားအား တင်းတင်းဖက်ကာ သူ့ခေါင်းနောက်ဘက်ကို ကြည့်ပြီးမေးလိုက်သည်။

“ကျွန်မသေပြီးတဲ့နောက်မှာ သူတို့ကရှင့်ကို ဆိုးဆိုးရွားရွား ဆက်ဆံရင်ရော...”

“အဲ့လိုဆို ကိုယ်လည်း မင်းကိုအဖော်ပြုပေးဖို့ လိုက်လာမိလောက်တယ်...”

လုဖျင်ကျိုး၏ တည်ငြိမ်နေသော အသံကိုကြားသောအခါ ချန်မန်က မျက်လုံးထဲမှ မျက်ရည်များဖြင့် ရယ်လိုက်မိသည်။

“ကြည့်ရတာ ကျွန်မတို့က အဝေးကြီးတွေးမိနေသလိုပဲ...ကလေးတောင်မရှိသေးဘဲ အဲ့အကြောင်းတွေ ပြောနေကြတာ...ကျွန်မတို့ရဲ့ ကလေးတွေက အရမ်းလိမ်မာပြီး သိတတ်လောက်မှာပါ...ကျွန်မတို့က အဲ့အကြောင်းကို စိုးရိမ်နေစရာမလိုဘဲ ပျော်ပျော်ကြီး အသက်ကြီးသွားလို့ရတယ်...”

  
ချန်မန်က ပြောရင်းဖြင့် လုဖျင်ကျိုး၏ ပုခုံးကျယ်ကြီးများပေါ်တွင် မျက်နှာအပ်လိုက်သည်။ သူမ၏ရယ်သံက သူ့ရင်ထဲ၌ ပဲ့တင်ထပ်သွားကာ သူက မနေနိုင်ဘဲ သူမပြောသလို စိတ်ကူးကြည့်လိုက်သည်။

“ကြည့်ရတာ ကောင်းမယ့်ပုံပါပဲ...”
  

“ဟုတ်ပါပြီ အဲ့ဒါဆို ဆေးလိပ်လျှော့သောက်တော့...”


ရုတ်တရက်ပင် လုဖျင်ကျိုးက အပြစ်ရှိစိတ်ဝင်သွားကာ စက်ဘီးနင်းနေသည်ကိုတောင် နှေးလိုက်မိသည်။

“ကိုယ် အဲ့လောက်အများကြီး မသောက်မိပါဘူး...သောက်မိလို့လား...”

ချန်မန် တခစ်ခစ်ရယ်လိုက်သည်။
“အခုမှ လဝက်ပဲရှိသေးတယ် ရှင်က ဆေးလိပ်ခုနှစ်လိပ်တောင် သောက်ပြီးနေပြီလေ ရဲဘော်လု...”

ရဲဘော်လုက နှုတ်ခမ်းသပ်ကာ ဘာမှမပြောနိုင်တော့ပေ။

....

💓💓💓 👩‍❤️‍👨Chapter 65
 á€˜á€Źá€›á€žá€­á€žá€ąá€¸á€œá€˛á‹

ဝမ့်ချိုးမိန်က ဆုံးဖြတ်ချက် ပြတ်သားလေသည်။ နေ့လယ်ဘက်တွင် အိမ်ခွဲပြီးချက်ပြုတ်စားရန် အကြံရ‌လာပြီးနောက် ညနေဘက်တွင် ထိုကိစ္စအား ယောက်ျားဖြစ်သူနှင့် သူမ၏သားကို ပြောပြလိုက်သည်။

ဝမ့်ချိုးမိန်က ထိုသို့သီးခြားစီလုပ်ရသည့် အကြောင်းရင်းဟူ၍ ထွေထွေထူးထူး မပြောပြသော်လည်း ချန်ကျင်းက မတုံးပေ။ သူက ချက်ချင်းပင် သဘောပေါက်သွားပြီး အပြစ်ရှိစွာမေးလာ၏။

“အမေ အကုန်သိနေတာလား...”

“သူက ဒေါသထွက်ပြီး မစားချင်မှတော့ ငါကဘာဖြစ်လဲ မေးရတာပေါ့...”

ဝမ့်ချိုးမိန်က အေးစက်စွာပြောလိုက်သည်။

“နင်တို့လူငယ်တွေက အလုပ်တွေနဲ့ အလုပ်ရှုပ်နေလို့ ငါက နင်တို့ဝန်ပေါ့အောင် ကူလုပ်ပေးချင်ခဲ့တာ...ဒါပေမယ့် အခုသိသွားပြီ ငါဒီလောက်လုပ်ပေးတာတောင် စကားအကောင်း အပြောမခံရဘူး‌ဆိုမှတော့ ဘာလို့ငါ့ကိုယ်ငါ အပင်ပန်းခံနေဦးမှာလဲ...”
  
“အမေ ကျွန်တော်....”
 
ဝမ့်ချိုးမိန်က သူ့ကိုဖြတ်ပြောလိုက်သည်။

“ဒီတစ်ကြိမ် နင်တို့စကားများတာက ဘယ်လိုပဲဖြစ်လာပါစေ နောက်ဆို ငါနင်တို့အတွက် ချက်ပြုတ်ပေးတော့မှာ မဟုတ်ဘူး...ယူလာနိုင်ရင် ကိုယ့်ဘာသာယူလာခဲ့ကြ...မလုပ်နိုင်ရင်လဲ ဒီအတိုင်းပို့လိုက်လို့ရတယ်...”

ဝမ့်ချိုးမိန်၏ လေသံက တည်ငြိမ်နေသော်လည်း ချန်ကျင်းက သူ့မိဘများသည် သူတို့အပေါ် တကယ်စိတ်မပျက်ပါက ဤသို့ပြောမှာမဟုတ်ကြောင်း သိလေသည်။
  
သူက ပြန်ငြင်းမနေတော့ဘဲ ခေါင်းငုံ့ကာ ရှက်ရှက်ဖြင့် ပြောလိုက်သည်။

“ကျွန်တော့်အမှားပါ...”

“တကယ်ကို နင်မှားတယ်...”
ဝမ့်ချိုးမိန်က သူမ၏သားကို ချန်ထားလိုစိတ်မရှိပေ။

“နင့်စရိုက်ကို ငါကောင်းကောင်းသိတာပေါ့...ကောင်းတဲ့ဘက်ကကြည့်ရင် နင်က မိန်းမကိုချစ်တတ်သလို စိတ်ထားလည်းကောင်းတယ်...မကောင်းတဲ့ဘက်က ဆိုရင်တော့ နင်က ပျင်းတယ်လေ ဘာကိုမှဂရုမစိုက်ချင်ဘူး...နင့်မိန်းမဒီလိုမျိုးဖြစ်လာတာ နင့်မှာလည်း တာဝန်တစ်ဝက်ရှိတယ်...”

စက်ပစ္စည်းစက်ရုံမှ လူငယ်များထဲတွင် ချန်ကျင်းသည် လူတိုင်းကချီးကျူးခြင်းကိုခံရ၏။ သူက ပေါင်းသင်းရလွယ်ကာ အလုပ်ကို အလေးအနက်လုပ်တတ်ပြီး ဘာအကြံအစည်မှလည်းမရှိပေ။
  
သို့သော် သူ့တွင်လည်း အတွေ့များသည့် ပြဿနာအချို့ရှိသည်။ သူက ယောက်ျားများသည် အိမ်အတွက်ဝင်‌ငွေရှာသည့် အိမ်ထောင်ဦးစီးဖြစ်ကာ မိန်းမများက အိမ်ရှင်မဖြစ်သင့်သည်ဟူသည့် အတွေးမျိုးရှိသည်။ သူက အလုပ်ကြိုးစားသော်လည်း အိမ်ရှိကိစ္စများကိုမူ ဂရုမစိုက်တတ်ပေ။ ပြဿနာသာ သူ့မျက်စိရှေ့ ရောက်မလာသရွေ့ သူ့အတွက် အဆင်ပြေလေသည်။


လူတစ်ယောက်၏ အကျင့်စရိုက်သည်  á€”á€ąá€‘á€­á€Żá€„á€şá€›á€Źá€•á€á€şá€á€”á€şá€¸á€€á€ťá€„á€şá လွှမ်းမိုးခြင်းကို ခံရကာ အချိန်နှင့်အမျှ ဖြစ်ပေါ်လာသည်။ ကြီးကြီးမားမား လှုံ့ဆော်မှု မရှိသေးသရွေ့ သူ၏စိတ်ထားသည် အလုံးစုံပြောင်းလဲနိုင်မှာ မဟုတ်ပေ။

ယောက္ခမတစ်ယောက်အနေဖြင့် ဝမ့်ချိုးမိန်ကတောင် လောဝမ်ရှင်း၏ ပြောင်းလဲမှုများကို သတိထားမိရာ ယောက်ျားဖြစ်သည့် ချန်ကျင်းက သတိမထားမိမည်ဟု သူမ မယုံပေ။

သို့သော် ယခင်က လောဝမ်ရှင်းတွင် အမှားသေးသေးလေးများသာ ရှိခဲ့သဖြင့် ချန်ကျင်းက အလေးအနက်မယူခဲ့ပေ။ သူမကို တားပြီး အမှန်ပြင်ပေးရန်ကိုမူ ပြောနေစရာ မလိုတော့ပေ။ ၎င်းကို လောဝမ်ရှင်း၏စိတ်ကို ဖြေးဖြေးချင်း ပြောင်းလဲလာစေ၏။
  

ဤအပိုင်းတွင် ချန်ကျင်းက သူ၏တာဝန်ကို ကျေပွန်ရန် ကျရှုံးခဲ့သည်။

သို့သော် ဝမ့်ချိုးမိန်က ချန်ကျင်းကို လွန်ကဲစွာ အပြစ်မတင်လိုက်ပေ။ သူမက ပြောလိုက်သည်။

“ဘဝမှာ ကောင်းကောင်းနေချင်ရင် အိမ်မှာအချိန်ပိုဖြုန်းပြီး နင့်မိန်းမကို ဂရုစိုက်လိုက်...မဟုတ်ရင်တော့ အချိန်ကြာလာရင် နင့်ဘဝက ရှုပ်ယှက်ခတ်လာလိမ့်မယ်...”


ချန်ကျင်းက လေးနက်စွာ ပြန်ပြောလိုက်သည်။
“ဒီကိစ္စကို ကျွန်တော်သေချာ‌ဖြေရှင်းမှာပါ...”

“နင်ပြောတဲ့စကားသာ တည်ပါစေ....”

ညနေခင်းတွင် ရန်ဖြစ်နိုင်လောက်ကြောင်း တွေးမိသွားသောအခါ ချန်ကျင်းက ညစာစားပြီးသည့်နောက်တွင် ချန်မင်အား သူ့မိဘအိမ်၌သာ ထားခဲ့လိုက်ပြီး အိမ်သို့တစ်ယောက်တည်း ပြန်လာခဲ့သည်။

လောဝမ်ရှင်းက ပြန်မရောက်သေးသဖြင့် အိမ်တွင်ဘယ်သူမှမရှိပေ။ ချန်ကျင်းက ပြန်ရောက်သည်နှင့် အဝတ်ဗီရိုကိုဖွင့်ကာ ယမန်နေ့ညက စကားများပြီးနောက် ပြန်သိမ်းထားသည့် ငွေစုဘူးကို ယူလိုက်သည်။ သူက မီးဖိုချောင်သုံးဓားဖြင့် သော့ကိုကလော်ဖွင့်လိုက်ပြီး အထဲမှပိုက်ဆံများကို ရေတွက်လိုက်၏။

သူက အသက်15နှစ်၊ အထက်တန်းကျောင်းပြီးသည်နှင့် စက်ပစ္စည်းစက်ရုံတွင် အလုပ်ဝင်ခဲ့၏။ ပထမသုံးနှစ်တွင် အလုပ်သင်ရာထူးသာဖြစ်သဖြင့် လစာဟူ၍ 12ယွမ်လောက်သာရခဲ့သည်။ ရာထူးတိုးလာသောအခါ သူ၏လစာက 33ယွမ်ဖြစ်လာ၏။ နည်းလမ်းကျကျဆိုပါက သူအိမ်ထောင်မကျခင်ကတည်းက ငွေအနည်းငယ်စုနိုင်နေပြီဖြစ်သည်။

သို့သော်ထိုအချိန်၌ သူ၏မိဘများသည် နှစ်ယောက်လုံး အလုပ်လုပ်နေရ‌ဆဲဖြစ်ကာ သူတို့ကိုဂရုမစိုက်ပေးနိုင်သဖြင့် ချန်မန်နှင့် ချန်လျန့်က ကျောင်းတွင်ထမင်းစားပြီး သူကမူ သူ့အဖေနှင့်အတူ ကန်တင်းတွင်စား၏။

အငယ်နှစ်ယောက်က အလုပ်မရှိသေးသဖြင့် စားသောက်ရန်အတွက် မိဘများအား ပိုက်ဆံတောင်းနိုင်သော်လည်း သူကမူ ထိုသို့မတောင်းနိုင်သဖြင့် ကိုယ့်ပိုက်ဆံကိုယ် သုံးခဲ့ရသည်။
  
အလုပ်သင်လုပ်ခဲ့သည့် သုံးနှစ်အတွင်းတွင် သူ၏လစာမှာ စားသောက်ရန်အတွက် လောက်ရုံသာရှိခဲ့သည်။ ရာထူးတိုးလာသောအခါ လစာကနှစ်ဆတိုးလာ၏။ သို့သော် သူက အသွင်အပြင်ကို စတင်ဂရုစိုက်လာကာ နှစ်တိုင်းနှစ်တိုင်း အဝတ်အစားသစ်များ ဝယ်တတ်‌လေသည်။ ရံဖန်ရံခါတွင် အဖေဖြစ်သူနှင့် ကန်တင်းတွင်တွေ့ပါက သူ့ဘက်မှဝယ်ကျွေးကာ ဆေးလိပ်လည်း ဝယ်ပေးတတ်သည်။ အမျိုးမျိုးသော ကုန်ကျစရိတ်များ ပေါင်းလိုက်သောအခါ သူက တစ်လလျှင် 10ယွမ်အောက်သာ စုနိုင်လေသည်။

အသက်18နှစ်မှ 21နှစ်အတွင်းတွင် သူက ယွမ်200ကျော်စုဆောင်းနိုင်ခဲ့၏။ သို့သော် သူစတင်ချိန်းတွေ့သောအခါ ကုန်ကျစရိတ်များက ဝင်ငွေထက်များလာပြီး လက်ထပ်လိုက်သည့်အချိန်တွင် သူ၏ဝက်စုဘူးထဲ၌ ယွမ်200အောက်သာ ရှိတော့သည်။

လက်ထပ်လိုက်ပြီးနောက်တွင်လည်း ငွေကြေးအခြေအနေမှာ မတိုးတက်လာပေ။ လောဝမ်ရှင်းက အစိုးရပိုင်စက်ရုံတွင် အလုပ်လုပ်သော်လည်း သူမ၏လစာအများစုကို သူမမိဘများဆီ ပေးရသဖြင့် သူမတွင် သုံးစရာပိုက်ဆံအလွန်နည်းလေသည်။

လက်ထပ်ပြီး နှစ်ဝက်မကျော်မီတွင် လောဝမ်ရှင်းက ကိုယ်ဝန်ရလာပြီး ကိုယ်ဝန်8လတွင် ချန်မင်အား လမစေ့ဘဲ မွေးလာခဲ့သည်။

ကုန်သွားသည့် ငွေများအားလုံးကို ယူနစ်မှ လုပ်ဆောင်ပေးခြင်းဖြစ်သဖြင့် ဖြေရှင်းရန်လွယ်၏။ ပြဿနာမှာ လောဝမ်ရှင်းက မီးတွင်းမှထွက်လာသည်နှင့် အလုပ်ပြန်ဝင်ရန် လိုအပ်လေသည်။ ချန်မင်က လ‌မစေ့ဘဲ မွေးဖွားလာသဖြင့် သူ၏ကျန်းမာရေးသည် သာမာန်ကလေးများနှင့်ယှဉ်လျှင် အနည်းငယ်ဆိုးဝါး၏။ နေ့ဘက်တွင် ဆန်ပြုတ်သောက်ခြင်းက အာဟာရမလုံလောက်ပေ။ ထို့ကြောင့် သူတို့က အံကိုတင်းတင်းကြိတ်ပြီး နို့မှုန့်ဝယ်တိုက်ရလေသည်။
  

ထိုအချိန်တွင် သူ၏မိဘများက သူတို့ကိုကူရန် ပိုက်ဆံအများအပြား သုံးခဲ့သော်လည်း သူတို့က ပိုက်ဆံမစုထားနိုင်သည်မှာလည်း အမှန်ဖြစ်သည်။ ချန်မင် အသက်2နှစ်အရွယ် ရောက်လာသောအခါ သူတို့လင်မယား၏ အိတ်ကပ်များက ဗလာဖြစ်နေပြီဖြစ်သည်။

ဤ2နှစ်အတွင်းတွင် သူတို့အတွက် ပိုက်ဆံစုဆောင်းခြင်းက အလုပ်တစ်ခုဖြစ်လာခဲ့သည်။ သူ အဆင့်2အဖြစ် ရာထူးတိုးခံရသောအခါ လစာက38ယွမ်ဖြစ်လာ၏။ ယမန်နှစ်တွင် လောဝမ်ရှင်းသည်လည်း ရာထူးတိုးခံရသဖြင့် သူမ၏ လစာသည် 33ယွမ်ဖြစ်လာသည်။
  
အရေးကြီးဆုံးမှာ ချန်မင်၏ ကျန်းမာရေးက ဖြေးဖြေးချင်း တိုးတက်လာခဲ့သည်။ သူက နို့မှုန့်သောက်စရာမလိုတော့သလို နေ့နေ့ညည ဆေးရုံသွားစရာလည်း မလိုတော့ပေ။

ယခုတွင် သူတို့၏ အကြီးမားဆုံး ကုန်ကျစရိတ်မှာ အစားအစာဖြစ်သည်။ သို့သော် သူတို့မိဘများမှ ထောက်ပံ့ပေးသဖြင့် ဤအတွက် ကုန်ကျစရိတ်မှာ ယွမ်20လောက်သာရှိပြီး အခြားသော အထွေထွေကုန်ကျငွေများကလည်း 10ယွမ်ထက်မကျော်ပေ။

နှစ်တိုင်း အဝတ်အစားသစ်များချုပ်ပြီး ရံဖန်ရံခါ အိမ်အတွက် ပရိဘောဂများ ဝယ်လျှင်တောင် သူတို့က တစ်နှစ်လျှင် ယွမ်300ကျော် စုနိုင်နေဆဲဖြစ်သည်။

သို့သော် သံဘူးထဲတွင် ယွမ်600အောက်သာ ရှိနေ၏။ ဤနှစ်များတွင် သူတို့ ကောင်းကောင်းနေနိုင်မှန်း မြင်သောအခါ လောဝမ်ရှင်း၏မိဘများက သူမဆီမှာ ပိုက်ဆံလိုချင်နေကြကြောင်း သူသိသည်။ သူတို့က ပိုက်ဆံချေးသည်ဟု ပြောသော်လည်း တကယ်တမ်းတွင် သူတို့ဆီ၌ ပြန်ဆပ်မည့်အတွေး လုံးဝမရှိပေ။
 
သို့သော် လောဝမ်ရှင်းသည်လည်း သူတို့၏မိသားစုငယ်လေးအား တန်ဖိုးထားသဖြင့် ငွေအများကြီးချေးရန် တွန့်ဆုတ်ကြောင်း သူသိလေသည်။ သူမက တစ်ကြိမ်လျှင် 5ယွမ်ထက်ပိုမပေးပေ။

ချန်ကျင်း ငွေများကို ရေတွက်ပြီးသည့် အချိန်မှာပင် လောဝမ်ရှင်း ပြန်ရောက်လာ၏။


ယမန်နေ့က သူတို့စကားများခဲ့ကြသဖြင့် လောဝမ်ရှင်းက သူမ၏သဘောထားကို ရှင်းလင်းစွာ ဖော်ပြရန်အတွက် မိုးမလင်းခင်ကတည်းက ထွက်သွားကာ ညနေဘက် ညစာစားချိန်ပြီးမှ ပြန်‌လာခဲ့၏။ သို့သော် သူမက အိမ်သို့မပြန်ရန် စိတ်မကူးထားပေ။
  
သူမက အိပ်ခန်းထဲသို့ ဝင်လာပြီးနောက် ချန်ကျင်းရှေ့မှ ပွင့်နေသော သံဘူးကိုမြင်လိုက်ရသောအခါ အံ့ဩသွားလေသည်။ သူမက တုံ့ပြန်နိုင်ရန် အချိန်ခဏ ယူလိုက်ရပြီး ကျယ်လောင်စွာ မေးလိုက်သည်။

“ရှင်ဘာလုပ်နေတာလဲ...”

ချန်ကျင်းက သူမကို မအော်ပေ။ သူ၏အမူအရာက တည်ငြိမ်နေသည်။

“ငါပိုက်ဆံတွေကို ရေကြည့်ပြီးသွားပြီ...အားလုံးပေါင်းမှ ယွမ်580ကျော်ရုံပဲရှိတယ်...အရေအတွက်က မှားနေတယ်...”

လောဝမ်ရှင်း၏ မျက်နှာ၌ အပြစ်ရှိစိတ် တစွန်းတစ ဖြစ်ပေါ်လာသည်။

“ပိုက်ဆံအရေအတွက်က ဘာမှားလို့လဲ...ကျွန်မတို့မှာရှိတာ ဒါအကုန်ပဲလေ...”

သူမက ပြောရင်းဖြင့် အိပ်ရာဘေးသို့ လျှောက်လာပြီး သံဘူးကိုယူရန် လုပ်လိုက်သည်။

သို့သော် သူမ လက်ဆန့်လိုက်သည့်အချိန်မှာပင် ချန်ကျင်းက သံဘူးကို သူ့နောက်ဘက်သို့ ရွှေ့လိုက်သည်။

“အရင်ဆုံး ဒီထဲက ပိုက်ဆံတွေ ဘယ်ရောက်သွားလဲဆိုတာကို ငါ့ကို ရှင်းရှင်းလင်းလင်း ပြောပြ...ဒီလောက်ပဲရှိတယ်လို့တော့ မပြောနဲ့..အိမ်တွင်းရေးကို ငါမစီမံဘူး‌ဆိုပေမယ့် ငါတို့မိသားစုအကြောင်း ငါအကုန်သိပြီးသား..ပုံမှန်ဆို ငါတို့မိသားစုက တစ်နှစ်ကို ယွမ်480လောက်စုနိုင်တယ်...အဝတ်အစားဝယ်ဖို့ ပိုက်ဆံဖယ်လိုက်ရင်တောင် တစ်နှစ်ကို ယွမ်350လောက်စုနိုင်သေးဆယ် နှစ်နှစ်ဆို ယွမ်700ပဲ...ငါ့ကိုပြော ကျန်တဲ့ယွမ်120က ဘယ်ရောက်သွားတာလဲ...” 
   
သူက အရာအားလုံးကို ရှင်းလင်းစွာ ရှင်းပြသွားသဖြင့် လောဝမ်ရှင်းက ငြင်းဆိုရန် အကြောင်းရှာမရပေ။ သူမက ထစ်‌ထစ်အအဖြင့် ပြောလိုက်သည်။

“ကျွန်မရဲ့မိဘတွေကို ပိုက်ဆံနည်းနည်း ချေးလိုက်တာပါ...”

“မင်း ငါ့ကိုပြောတာတော့ သူတို့ကို ယွမ်နည်းနည်းလောက်ပဲ ချေးတာပါဆို...ဒီနှစ်နှစ်အတွင်းမှာ ငါသိသလောက်ဆို သူတို့ပိုက်ဆံလာချေးတာ ဆယ်ကြိမ်မကဘူး...တစ်ခါကို  5ယွမ်နဲ့တွက်ရင် အများဆုံးယွမ်50ပဲ...”

ချန်ကျင်းက ပိုက်ဆံဘူးကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“ယွမ်70ကွာနေတယ်..ငါ့ကိုပြော မင်းဒီပိုက်ဆံတွေကို တခြားကိစ္စတွေမှာ သုံးလိုက်တာလား ဒါမှမဟုတ် ဒီနှစ်နှစ်လုံးမှာ ငါ့ကိုလိမ်ပြောနေခဲ့တာလား...”

လောဝမ်ရှင်းက မျက်လွှာချလိုက်မိကာ နှုတ်ခမ်းကိုကိုက်ပြီး ဘာတစ်ခွန်းမှ ပြန်မပြောရဲပေ။

ချန်ကျင်း၏ မျက်လုံးထဲတွင် စိတ်ပျက်သည့် အရိပ်အယောင်များ ပေါ်လာပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“ပြောလေ မင်းငါ့ကို အခုလိမ်နေတာလား ဒါမှမဟုတ် ဒီနှစ်နှစ်လုံးမှာ လိမ်နေခဲ့တာလား...အဲ့ဒါပြောရတာ အဲ့လောက်ခက်လို့လား...”
  
“အစ်ကိုကျင်း...”

လောဝမ်ရှင်းက ချန်ကျင်းကို ဆွဲရန်လုပ်သော်လည်း သူမ ထိထိချင်းမှာပင် သူက သူမ၏လက်ကို ခါထုတ်လာသည် 

သူက အိပ်ရာဘေးတွင် ထိုင်ချကာ စုထားသည့်ဆယ့်နှစ်ခုလုံးကို ရေတွက်လိုက်သည်။

“ငါ ဒီယွမ်120ကို ငါ့မိဘတွေကို ပေးလိုက်မယ်...”

“ချန်ကျင်း...”
လောဝမ်ရှင်းက ဆတ်ခနဲမော့ကြည့်လာ၏။

“ကျွန်မမိဘတွေက အဲ့ပိုက်ဆံတွေကို ချေးသွားတာပါ...သူတို့က ပြန်ဆပ်လိမ့်မယ်...”
 
“သူတို့က ပြန်ဆပ်မှာလား...”
ချန်ကျင်းက မဲ့ကာပြုံးလိုက်သည်။

“ဒါဆိုလည်း သူတို့ပြန်ဆပ်မယ့်အချိန်ထိ စောင့်ကြတာပေါ့...”
  
လောဝမ်ရှင်းက သူမမိဘများကို ပေးထားသည့် ပိုက်ဆံပြန်ဆပ်လာပါက ဤပိုက်ဆံများကို ပြန်ရနိုင်မလားဟု မေးချင်သော်လည်း ချန်ကျင်း၏အကြည့်ကို မြင်လိုက်ရသောအခါ မမေးရဲတော့ပေ။
 
“အခုကစပြီး ငါတို့မိသားစုရဲ့ ငွေကြေးကိစ္စကို ငါပဲစီစဉ်မယ်...”

“ဘာလို့လဲ...”

“မင်းကငါ့ကို  á€”á€žá€…á€şá€”á€žá€…á€şá€œá€Żá€śá€¸á€œá€­á€™á€şá€á€˛á€ˇá€á€šá€ş ပြီးတော့ ယွမ်120ရော...ဒီနေ့ငါသာ ဒီပိုက်ဆံဘူးကို ဖွင့်မကြည့်လိုက်ရင် မင်းကငါတို့အိမ်ကို ဘယ်လိုအပြောင်းရှင်းသွားလဲဆိုတာကို သိလိုက်မှာတောင် မဟုတ်ဘူး..”

ချန်ကျင်းက အေးစက်စွာပြောလိုက်သည်။

“အခု ငါမင်းကို မယုံတော့ဘူး...ပိုက်ဆံအပ်ဖို့လည်း မယုံဘူး..မင်းသဘောတူရင် ငါတို့ဒီအတိုင်းနေမယ်..မတူရင်တော့ မင်းမိဘအိမ်ကိုသာ ပြန်သွားလိုက်တော့..”

လောဝမ်ရှင်းက မိဘအိမ်မပြန်လိုသဖြင့် ကမန်းကတန်း ပြန်ပြောလိုက်သည်။

“ကျွန်မ ကတိပေးပြီးပြီလေ မလုံလောက်သေးဘူးလား...”

“မင်းလစာရရင် ငါ့ကိုအချိန်မှန် ပိုက်ဆံအပ်ဖို့ သတိရ...မင်းချေးတဲ့ပမာဏအတိုင်း ငါမင်းကို ပိုက်ဆံပြန်ထုတ်ပေးမယ်..ဒါကိုသည်းမခံနိုင်ဘူးဆိုရင်တော့ ကိုယ့်လမ်းကိုယ်လျှောက်ရုံပဲ..”

လောဝမ်ရှင်းက အံကြိတ်လိုက်မိသည်။
“ကောင်းပါပြီ..”

"ပြီးတော့ နေ့စဥ်အသုံးစရိတ်ကိုလည်း တစ်နေ့တစ်ခါ ပေးမယ်...မင်းဘာသာ ကောင်းကောင်းစားချင်တာပဲဖြစ်ဖြစ် မင်းမိဘတွေကို ပိုက်ဆံချေးချင်တာပဲဖြစ််ဖြစ် ငါဂရုမစိုက်ဘူး..."

ချန်ကျင်းက သူမ၏မျက်လုံးများကို စိုက်ကြည့်လိုက်သည်။

"ဒါပေမယ့် ငါတစ်ခုတော့ ကြိုပြောထားလိုက်မယ် မင်းသာသေတဲ့အထိ အဆာခံမယ်ဆိုရင် ငါမင်းနဲ့ အတူနေမှာမဟုတ်ဘူး..."
 

Search Novels