💊💊💊💊 Chapter 41
စကားနားမထောင်တဲ့ ရည်းစားလေးကို ဆုံးမမယ်
(Warning ⚠️)


အိမ်ပြန်ရောက်နေတာကို အမှောင်ထဲမှာ ထိုင်နေသေးတယ်... ဒီလူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ...

ငါ့ကို ဒီအချိန်အထိ စောင့်နေခဲ့တာလား...

ထိုသို့ တွေးလိုက်လျှင် ပိုင်မူနင်မှာ ပျော်ရွှင်မှု လှိုင်းလုံးတစ်ခုဖြင့် အရိုက်ခံလိုက်ရပြီး သူ၏ လက်မောင်းများကို ဝမ်ကျင်း၏ လည်ပင်းထက်တင်ကာဖက်လျက် စိတ်အားထက်သန်စွာ ပြန်နမ်းရှိုက်မိသည်။

ဒီလောက်ကြီးအထိ ကြမ်းကြမ်းတမ်းတမ်း ရန်လိုသလို နမ်းနေတာ... သူ သေချာပေါက် သဝန်တိုနေတာပဲ...

သဝန်တိုတာက ပိုပြင်းထန်လေလေ ခံစားချက်တွေ ပိုနက်ရှိုင်းလေပဲ... 

ထိုစကားမှာ ကျန်းခယ်ကျန့်အတွက် အလုပ်ဖြစ်ခဲ့ပြီး ဝမ်ကျင်းနှင့်လည်း သေချာပေါက်ကို အလုပ်ဖြစ်နေ၏။

သို့သော်လည်း အနမ်းများက ရပ်တန့်မသွားဘဲ ဆက်တိုက်ဆိုသလို နမ်းရှိုက်ခံနေရခြင်းကြောင့် တစ်ခုခု လွဲချော်နေသလို ခံစားလာရသည်။ ဝမ်ကျင်း၏ လက်က ဖြည်းဖြည်းချင်း အောက်ဘက်သို့ စတင်ရွေ့လျားလာသည်။

ပိုင်မူနင် သူ့ခေါင်းကိုလှည့်ကာ ဝမ်ကျင်း၏ အနမ်းကို ရှောင်လိုက်သည်။ အသက်လုရှူရင်း သူက မောဟိုက်စွာ ပြောလိုက်မိသည်။
 “ကျ ကျင်း...ကော  á€á€„်ဗဝဏး ဘ..ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

“ကျင်းကော... ကျွန်တော် ရှင်းပြမယ်လေနော်... ကျေးဇူးပြုပြီး ကျွန်တော့်ကို ရှင်းပြခွင့်ပေးပါ”

သူ၏ဘောင်းဘီလေးမှာ လျှောကျသွားပြီး သူ့အသက်သွေးကြောလေးမှာ ဝမ်ကျင်း၏လက်ထဲ ဆုပ်ကိုင်ခံထားရလေ၏။

အနှီတောင်ကုန်းငယ်လေးက နောက်တစ်ကြိမ် ထပ်မံ၍ တောင်တန်းကြီးဖြစ်လာပြီး ဝမ်ကျင်း၏ လက်ထဲ၌ လုံးလုံးလျားလျား ကျရောက်ကာနေသည်။

အနှီခံစားမှုမှာ ဖော်ပြ၍မရနိုင်ပေ။ သူ့ကိုယ်သူ လုပ်ရသည့်အချိန်နှင့် ခံစားရပုံချင်း ကွဲပြားနေသည်။ လူများကို ကုသပေးပြီး ကယ်တင်ပေးသည့် ဤသို့သော လက်တစ်စုံဖြင့် ဖမ်းကိုင်ခံရသောအခါ ပိုင်မူနင်ခမျာ သူတော့ ဝမ်ကျင်းကို ညစ်ညမ်းအောင်လုပ်မိပြီဟူ၍ ရုတ်တရက် ခံစားလိုက်ရသည်။

“ပါးစပ်ပိတ်ထား”

ဒါက ငါ ရှင်းပြတာကို နားမထောင်ချင်ဘူးဆိုတဲ့ သဘောလား... 

ထိုအေးစက်စက်အသံက တိုးလျသွားလျက် သွေးဆောင်နိုင်စွမ်းအပြည့်ဖြင့် ရေရွတ်သံမှာ အစားထိုးဝင်ရောက်လာသည်။
 “ကိုယ်မင်းကို ကိုယ့်ကိုယ်ကိုယ် ကျေနပ်အောင်လုပ်လို့ရတဲ့ တခြားနည်းလမ်းတစ်ခု သင်ပေးမယ်”

တခြားနည်းလမ်းလား...

ပိုင်မူနင်၏ ခေါင်းလေးမှာ ချာချာလည်နေပြီး သူတို့၏အနမ်းမှ ကျန်ရှိနေဆဲဖြစ်သည့် အပူရှိန်ဖြင့် ဖမ်းစားခံထားရဆဲ။ နောက်တစ်ခဏတွင် သူ၏ ခန္ဓာကိုယ်လေးမှာ ပွေ့ချီခံလိုက်ရ၏။ ဝမ်ကျင်းက သူ၏ 'PP' ကိုကိုင်ကာ သူ့အား ဆိုဖာထက် တင်လိုက်သည်။

သူ့ ကိုယ်ခန္ဓာထဲရှိ ခွန်အားအလုံးစုံမှာ စုပ်ယူခံလိုက်ရသလို ခံစားလိုက်ရသည်။ ပိုင်မူနင်က ဆိုဖာပေါ် လှဲလိုက်ရင်း ဝမ်ကျင်းတစ်ယောက် သူ၏ လွန်လွန်ကဲကဲဝတ်ဆင်ထားသည့် အဝတ်အစားများအား ချွတ်ချနေသည်ကိုသာ ကြည့်နေသည်။

ထိုအသက်သွေးကြောမှာ အလုံးစုံပေါ်ထွက်လာလျှင် အသက်ဝင်ပြီး အင်အားပြည့်၍နေသည်။ ၎င်းမှာ ရုယီကျင်းကူပန်းကဲ့သို့ပင် အတွေးလေးဖြင့်ပင် ဆန္ဒအလျောက်ကြီးထွားနိုင်ပြီး မည်သည့်ဂါထာမှ မလိုပေ။

(T/N - ရုယီကျင်းကူပန်းဆိုတာ ဝူခုန်းရဲ့တုတ်ပါတဲ့) 

ဝမ်ကျင်းက ဒူးထောက်လိုက်ပြီး ပိုင်မူနင်၏ အသက်သွေးကြောလေးကို ကိုင်ထားရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။
 “မင်းရဲ့ လက်တွေကို သုံးတာအပြင် တခြားနည်းလမ်းလည်း ရှိသေးတယ်... သေချာ ကြည့်ထား”

ထို့နောက် သူက သူ့ခေါင်းကို ငုံ့ချလိုက်ပြီး ထို အသက်သွေးကြောတစ်ခုလုံးကို သူ၏ပါးစပ်ထဲ ထည့်လိုက်ပါ၏။

ဒေါက်တာဝမ်၏ သင်ခန်းစာလေး စတင်ခဲ့ပြန်သည်။ သို့သော်လည်း ယခုတစ်ကြိမ်၌မူ အကြောင်းအရာက လုံးဝကွဲပြားကာနေသည်။

ပိုင်မူနင်မှာ ဆိုဖာပေါ် လှဲချထားပြီး အရာအားလုံးကို တိုက်ရိုက်ရှုထောင့်မှမြင်နေရသည်။

သူ၏ ဦးနှောက်ထဲသို့ သွေးများက လျင်မြန်စွာစီးဝင်လာပြီး သူ၏ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းမှာ ပျော်ရွှင်မှုဖြင့် အော်ဟစ်စပြုလာသည်။

ပျော်ရွှင်မှုကြောင့်အလွှမ်းမိုးခံလိုက်ရလျက် သူ့ကိုယ်သူပင် မေ့ပျောက်သွားရသည်။ သူ၏ မျက်ဝန်းတို့တွင် မျက်ရည်များအပြည့် ဝေ့သီလာကာ မပီမသဖြစ်နေသည့် အသံများကလည်း သူ၏လည်ချောင်းထဲမှ ပြတ်တိပြတ်တောင်း ထွက်ပေါ်၍လာ၏။

သူ၏လက်များက ဝမ်ကျင်း၏ခေါင်းပေါ်သို့ ရောက်သွားပြီး မသိစိတ်အရ အားထည့်ကာဖိလိုက်မိသည်။ 

အနှီခံစားမှုမှာ ဖော်ပြမရနိုင်အောင် ပိုမိုပြင်းထန်လာပြီး သူ၏အသက်သွေးကြောလေးက ရေခဲမုန့်ပမာ အရည်ပျော်ကျသွားတော့သည်။

ပိုင်မူနင်မှာ ခက်ခက်ခဲခဲသည်းခံထားရပြီး ထိုအခိုက်အတန့်တွင် ဝမ်ကျင်းထံမှ လုံးလုံးလျားလျားပင် မလွတ်မြောက်နိုင်တော့ပေ။

အကြင်သူမှာ ယခင်အတိုင်း ခံ့ညားထည်ဝါ‌ကာကြည့်ကောင်းနေသည့်တိုင် သူ့ပါးစပ်ထဲတွင်မူ သူနှင့်မသက်ဆိုင်သည့် အခြားအရာတစ်ခု ရှိနေသည်။

ပိုင်မူနင်၏ အသံမှာ အက်ရှနေသည်။ 
“ကျွန်တော် တောင်းပန်ပါတယ်...  á€Ąá€˛á€œá€­á€Żá€–ဟစ်ဖိုအ မရည်ရွယ်ပါဘူး... မြန်မြန် ထွေးထုတ်လိုက်နော်”

သူ ဝမ်ကျင်း၏နှုတ်ခမ်းများကို သုတ်ပေးရန် လက်လှမ်းလိုက်သော်လည်း နောက်တစ်စက္ကန့်မှာပင် သူ၏ လက်ကောက်ဝတ်ကို ဖမ်းကိုင်ခံလိုက်ရပြီး ဝမ်ကျင်းမှ သူ့အားနမ်းလာရာ ထိုသူ့ပါးစပ်ထဲတွင် သူနှင့်မသက်ဆိုင်သည့် အရာများက အပြည့်ဖြစ်နေဆဲသာ။

ပထမဆုံးအကြိမ်အဖြစ် ပိုင်မူနင်မှာ သူ့ကိုယ်သူ မြည်းစမ်းလိုက်ရသည်။

ပြီးဆုံးသွားပြီဟု သူထင်လိုက်သည်။ သူက ရေချိုးရန် ထဖို့ရာ ကြိုးစားလိုက်သော်လည်း ဝမ်ကျင်းမှ သူ့အားဖိထားကာဖြင့် လှုပ်ရှားခွင့် မပြုပေ။ 
“ကိုယ်တို့ အခုမှ စရုံပဲရှိသေးတာ... မင်း ဘယ်သွားမလို့လဲ”

ပိုင်မူနင်မှာ ခဏတာမျှ ကြောင်အသွားရလျက် သူမငြင်းပယ်နိုင်မီပင် ဒုတိယအချီက စတင်နေခဲ့ပေပြီ။

ဒုတိယအကြိမ်မှ အသက်ရှင်လွတ်မြောက်ပြီးနောက် တတိယအကြိမ်နှင့် စတုတ္ထအကြိမ်က ဆက်လာ၏။

ပဉ္စမအကြိမ်ရောက်သောအခါတွင်မူ ပိုင်မူနင်မှာ တကယ်ကို မခံနိုင်တော့ပေ။ သူက အားပျော့စွာ တွန်းလျက် တောင်းပန်မိတော့သည်။
“ကျင်းကော... ခင်ဗျားပြောတော့ ကျွန်တော်က ကျောက်ကပ်အားနည်းတယ်ဆို... ကျွန်တော့်မှာ တကယ်ကို ဘာဆိုဘာမှမကျန်တော့ဘူး... ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါနော်”

“ခင်ဗျား လိုချင်တာမှန်သမျှ လုပ်ပေးပါ့မယ်... အဲဒါမျိုး ထပ်မလုပ်ပါနဲ့တော့... ခင်ဗျား ဆက်လုပ်နေရင် ကျွန်တော် ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားလိမ့်မယ်”

သူ၏သနားစဖွယ် တောင်းပန်ခြင်းက နောက်ဆုံးတွင် အလုပ်ဖြစ်သွားသည်။ ဝမ်ကျင်းက သူ့ဘေးနားတွင် ထိုင်လိုက်ပြီး တစ်ရှူးတစ်ခုကို ဆွဲထုတ်ကာဖြင့် ပါးစပ်အားသုတ်လိုက်ပါ၏။

ပိုင်မူနင်မှာ နောက်ဆုံး၌ သက်ပြင်းကြီးအား ရှိုက်ထုတ်လိုက်နိုင်သွားသည်။ သူက လှုပ်ရှားရမည်ကို ပျင်းရိနေသဖြင့် ဝမ်ကျင်း၏ပခုံးထက်သို့ မှီလိုက်သည်။

သို့သော်လည်း ထိုအချိန်မှာပင် ဝမ်ကျင်းက ပြောလာသည်။
 “ကောင်းပြီ... အခု ရှင်းပြလို့ရပြီ”

ပိုင်မူနင်: “...?”

ရှင်းပြတာကို အရမ်းကြားချင်နေမှတော့ စောစောက ငါ့ကို ဘာလို့စကားမပြောခိုင်းတာလဲ...

-----

တစ်ခန်းရပ်ဇာတ်လမ်းတိုလေး

ပိုင်မူနင်တစ်ယောက် စိတ်ကူးပေါက်ပြီး သူတို့၏ ဆက်ဆံရေး ပိုမိုခိုင်မာလာစေရန် ဝမ်ကျင်းကို အတူတူရုပ်ရှင်ကြည့်ဖို့ရာ ဖိတ်ချင်ခဲ့သည်။ သူက ပေါ့ပေါ့ပါးပါးဖြင့် ပျော်စရာကောင်းသည့် ချိုမြိန်သောရိုမန့်တစ်ရုပ်ရှင်ကို ရွေးခဲ့၏။ သို့သော်ငြား ဝမ်ကျင်းကမူ ပျင်းစရာကောင်းသည့် လူကြီးတစ်ဦးဖြစ်နေလေရာ အပြတ်ပင် ငြင်းလွှတ်လိုက်သည်။

“ရုပ်ရှင်ကြည့်ဖို့ အချိန်ရှိရင် ဆေးပညာနဲ့ ပတ်သက်တာ တစ်ခုခုဖတ်တာက ပိုကောင်းမယ်” 
ဝမ်ကျင်းက အလေးအနက် ပြောလာသည်။ 
“မင်း စာ စလေ့လာသင့်ပြီ”

ဘယ်သူကများ စာကို တကယ် ချစ်လို့လဲ...
ဘာပဲဖြစ်ဖြစ် အဲ့လူက ပိုင်မူနင်တော့ မဟုတ်ဘူး...

သူ့တွင်သာ အားလပ်ချိန်ရှိလျှင် ဘဝကို ပေါ့ပေါ့ပါးပါးနှင့် ပျော်ရွှင်စွာခံစားရင်းသာ ကုန်ဆုံးချင်သည်။

ဘဝက တိုတောင်း၏။ ထို့ကြောင့် လုပ်နိုင်တုန်း ပျော်ပျော်ရွှင်ရွှင်နေထိုင်ဖို့ကသာ အဓိကပင်။

ပိုင်မူနင်က ညည်းညူလိုက်သည်။
 “ဒေါက်တာဝမ် ခင်ဗျားက အရမ်း ပျင်းဖို့ကောင်းတာပဲ... ပြောပါဦး  á€’á€Žá€œá€­á€Żá€†á€­á€Żá€™á€žá€á€ąá€Źá€ˇ ဘဝကို ရှင်သန်ရတာရဲ့ အနှစ်သာရက ဘာလဲ”

“တစ်သက်လုံးမှာ ရက်ပေါင်း ၃၆,၀၀၀ လောက်ပဲ ရှိတဲ့ဟာ... ခင်ဗျား အဲဒီရက်တွေအားလုံးကို ငြီးငွေ့ပင်ပန်းစရာကောင်းတဲ့ အရာတွေနဲ့ပဲ ကုန်ဆုံးတော့မှာလား”

ဝမ်ကျင်းက သူ့ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
 “စာလေ့လာတာကလည်း ပျော်စရာကောင်းပါတယ်... နည်းလမ်းမှန်ကိုသာ ရှာတွေ့ရင်ပေါ့”

မဖြစ်နိုင်ဘူး... ဘာတစ်ခုမှ အဓိပ္ပာယ် မရှိဘူး...

ပိုင်မူနင်က ခါးထောက်လျက်  á€†á€ąá€Źá€şá€Šá€œá€­á€Żá€€á€şá€žá€Šá€şá‹
 “ခင်ဗျား မလိုက်ရင် ကျွန်တော် တစ်ယောက်တည်း သွားမှာ... ဟွန်း”

ထိုသို့ပြောပြီးနောက် သူက ဒေါသတကြီး လှည့်ထွက်သွားပြီး တံခါးကို အသံအကျယ်ကြီးဖြင့် ဆောင့်ပိတ်လိုက်သည်။ ပိုင်မူနင် တကယ်ကို စိတ်ဆိုးနေပေပြီ။

ဝမ်ကျင်းက ပျင်းစရာကောင်းလွန်းသည်။ ရိုမန့်တစ်ဆန်သည့် စိတ်ကူးဟူ၍ တစ်စိုးတစ်စိမျှ မရှိ။

ချန်ဟောက်နန်က ပိုင်မူနင် ဒေါသတကြီးထွက်သွားသည်ကို မြင်လိုက်သည်။ ဘာဖြစ်ခဲ့သည်ကို မသိ၍ သူက စပ်စုရန် ရောက်လာသည်။
 “မင်း ရှောင်နင်စိတ်ဆိုးအောင်  á€˜á€Źá€œá€Żá€•á€şá€œá€­á€Żá€€á€şá€á€Źá€œá€˛”

ဝမ်ကျင်းက လုံးဝ လေးနက်နေသည့် အမူအရာဖြင့် မေးလိုက်သည်။
 “ငါက ပျင်းဖို့ကောင်းလား”

ချန်ဟောက်နန်က အညှာအတာမဲ့စွာပင် ရယ်လိုက်၏။ 
“မင်းက ပျင်းစရာမကောင်းလို့လား... နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ် သေချာနားလည်သွားလို့ ဂုဏ်ယူပါတယ်”

ဝမ်ကျင်းဆိုသည်မှာ မယုံနိုင်စရာကောင်းလောက်အောင် ပျင်းစရာကောင်းသည်။ တစ်စုံတစ်ယောက်က သူ့ကို တကယ်ကြိုက်ပြီး နောက်ကလိုက်ပိုးပန်းနေသည်ကပင် အံ့ဖွယ်တစ်ခု ဖြစ်နေပေပြီ။

ဝမ်ကျင်းက သူ့ကို အေးစက်စက်စိုက်ကြည့်လိုက်သည်။ ချန်ဟောက်နန်က လျင်မြန်စွာပင် ကိုယ်ကို မတ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
 “ကောင်းပြီလေ  á€’ဍဆို ငါ့ကို ဟာသတစ်ခုလောက် ပြောပြပါဦး”

သူက သူ၏ သူငယ်ချင်းကောင်းဇာတ်ရုပ်ဖြင့် လိုက်ဖက်ညီအောင် ကြိုးစားနေပြီး အကြံဉာဏ်ပေးကာ ကူညီရန် အစွမ်းကုန် ကြိုးစားလိုက်၏။

“တစ်ချိန်က တောင်တစ်ခု ရှိခဲ့ဖူးတယ်...”

ဝမ်ကျင်းမှ ဟာသတစ်ခုကို ဆက်လက် ပြောပြလာသည်။ အေးစက်စက် ဟာသတစ်ခုပင်။ ထိုသူမှာ သုတေသနစာတမ်းတစ်ခုခုကို မှားရွတ်မိသလားဟု လူအများ မေးခွန်းထုတ်ချင်မိရလောက်အောင် အေးစက်လှသည်။

သူ၏လေသံက ပြေပြစ်ပြီး ပြောဆိုပုံမှာလည်း အလွန်အမင်းပင် ကျိုးကြောင်းဆီလျော်လွန်းလှသည်။ အတန်းထဲရှိ ပို့ချချက်ကိုနားထောင်နေရသည့်အတိုင်း ဟာသဉာဏ် တစ်စွန်းတစ်စလေးပင် မရှိပေ။

ချန်ဟောက်နန်မှာ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေမိသည်။ ထို့နောက် အလွန်အကျွံ အားထုတ်ကာဖြင့် လက်ခုပ်တီးပြီး ရယ်လိုက်သည်။
 “ဟ ဟ လောင်ဝမ်က တကယ်ကြီး ရယ်စရာကောင်းနိုင်တာပဲ”

ထိုစကားကို သူငယ်ချင်းများဖြစ်လာသည်မှာ ကြာပြီဖြစ်၍သာ မဖြစ်မနေ လိမ်ပြောလိုက်ခြင်းသာ။ အတင်းအဓမ္မ လိမ်ပြောလိုက်ခြင်းပင်။

ဤလူမှာ တကယ်ကို ပျင်းစရာကောင်းပြီး ပိုင်မူနင်ဒေါသထွက်သည်မှာလည်း မှန်သည်ပင်။

ဝမ်ကျင်း၏မျက်နှာမှာ လုံးဝ ညှိုးကျသွားခဲ့သည်။ နောက်ဆုံးမျှ သူ မည်မျှပျင်းစရာကောင်းသည်ကို သဘောပေါက်သွား၏။

ထို့ကြောင့်ပင် ဝမ်ကျင်းက ပြောင်းလဲရန် ဆုံးဖြတ်လိုက်ပြီး ပိုင်မူနင်နောက်လိုက်သွားရန် ထရပ်လိုက်သည်။ သူ့အနေဖြင့် စိတ်ဝင်စားစရာကောင်းသော လူတစ်ယောက်ဖြစ်လာရန် ကြိုးစားတော့မည်။

ပိုင်မူနင်မှာ အခုထိ ဒေါသထွက်နေဆဲသာ။ သူက ဧည့်ခန်းထဲတွင် မျက်ရည်များဝဲနေသည့်ကြားမှ သူ၏လက်မှတ်ကို ပြန်အမ်းငွေရရန် ကြိုးစားနေသည်။ 

သူက လက်မှတ်ဝယ်ခဲ့ရုံသာမက  á€…ဏးသ္ဏက်ရမည်တိုအကိုပဍ ဂရုတစိုက် ရွေးချယ်ထားခြင်းပင်။ ယခုမူ သူ ဂရုတစိုက် ရွေးချယ်ထားသည့် ရုပ်ရှင်၊ မုန့်နှင့် အချိုရည် တစ်ခုချင်းစီကို ပယ်ဖျက်နေရသောကြောင့် သူ့နှလုံးသား‌လေး သွေးစိမ်းရှင်ရှင်ထွက်နေသလို ခံစားနေရသည်။

သူ၏ ကြိုးပမ်းအားထုတ်မှုများအားလုံး အချည်းနှီးဖြစ်သွားသလို ခံစားနေရသည်။

သူ အော်ဒါတစ်ခုချင်းစီ ပြန်အမ်းရလေလေ သူ၏ဒေါသက ပိုကြီးလာလေလေပင်။ 
“ဝမ်ကျင်း ခင်ဗျား လူယုတ်မာကြီး... တစ်စက်လေးမှ မခံစားတတ်ဘူး... ခင်ဗျား ကျွန်တော်နဲ့ အတူ မလိုက်ချင်ရင်လည်း နေတော့... ကျွန်တော်တော့ ခင်ဗျားနဲ့ ပြတ်ပြီ… ခင်ဗျားနဲ့ နောက် ဘယ်တော့မှ စကားမပြောတော့ဘူး”

“ခင်ဗျားရဲ့ လက်ကျန်ဘဝတစ်လျှောက်လုံး တစ်ယောက်တည်းပဲ နေလိုက်တော့”

ထိုအချိန်တွင် ပိုင်မူနင်မှာ ရုတ်တရက် သူ့ဘေးနား၌ တစ်စုံတစ်ယောက်လာရပ်သည်ကို ခံစားလိုက်ရသည်။  á€žá€° ခေါင်းကိုလှည့်လိုက်ရာ ဝမ်ကျင်းမှ သူ့ကို ကြည့်နေသည်ကို တွေ့လိုက်သည်။

ဝမ်ကျင်းကို ဆဲဆိုပြီးကာစ ပိုင်မူနင်လေးခမျာ ချက်ချင်း ပါးစပ်ပိတ်လိုက်ရသည်။
“ကျွန်တော် ရှင်းပြနိုင်ပါတယ်”

ဝမ်ကျင်းက သူကျိန်ဆဲခံရသည်ကို ဂရုစိုက်ပုံမရပေ။ ထိုအစား သူက အလွန်စိတ်ရင်းမှန်စွာဖြင့် မေးလိုက်သည်။
 “ပိုင်မူနင် ကိုယ်နဲ့အတူ ရုပ်ရှင်ကြည့်ဖို့ မင်းကို ဖိတ်ခေါ်လို့ ရမလား”

ပိုင်မူနင်: “...?”

အိုး... အဘိုးကြီး  á€á€„်ဗဝဏး နောက်ဆုံးတော့ အလင်းရသွားပြီကိုး...


တစ်ခန်းရပ်ဇာတ်လမ်းတိုလေး ပြီးပါပြီ

💊💊💊💊 Chapter 42
ဝမ်ကျင်း ငါ့ကို ထပ်ကစားပြန်ပြီ အရမ်း စိတ်အနှောင့်အယှက်ဖြစ်တာပဲ


ပိုင်မူနင်၏ ကိုယ်ခန္ဓာထဲတွင် ခွန်အားဟူ၍ လုံးဝ မကျန်တော့ပေ။ သူ၏ မျက်ခွံများလေးလံလာလျက် စိတ်အစဉ်မှာ ဝေဝါးလာသည်။ 
ငါ ဒီအခြေအနေကို ဘယ်လိုရှင်းပြရမလဲ…

ဝမ်ကျင်းက ငါ့ကို ဒီလိုမျိုးကစားသွားတယ်... ငါ အကျိုးဆက်တွေကို ခံရဦးမယ်..

ထို့ကြောင့်ပင် ပိုင်မူနင် ဝမ်ကျင်း၏ ပေါင်ပေါ်သို့ လှဲချကာ လုံးဝ လက်လျှော့လိုက်ရန် ဆုံးဖြတ်လိုက်သည်။
“မနက်ဖြန်မှ ပြောရအောင်... ကျွန်တော် အခု တကယ် အိပ်ချင်နေပြီ”

သူ့စကားဆုံးသည်နှင့် စက္ကန့်ပိုင်းအတွင်းမှာပင် ပိုင်မူနင်တစ်ယောက် အိပ်ပျော်သွား၏။

နောက်တစ်နေ့ နေ့လယ်‌၌ ပိုင်မူနင် အလွယ်တကူပင် နိုးထလာသည်။ သို့သော်လည်း သူ မျက်လုံးဖွင့်ကာ နံရံပေါ်ရှိနာရီကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ထိတ်လန့်သွားရသည်။

နေ့လယ်အချိန်ပင်ရောက်နေပြီဖြစ်ပြီး သူ၏ ထုံထိုင်းနေသော ဦးနှောက်လေးက သူ့အား အလုပ်နောက်ကျနေပြီဟူ၍ အမြန်အချက်ပေးလိုက်သည်။

ယခုမှာ ပိုင်မူနင်အတွက် ပထမဆုံးအကြိမ် အလုပ်နောက်ကျခြင်းပင်။ ၎င်းမှာ ကျောင်းနောက်ကျခြင်းနှင့်အတူတူပင် ခံစားရပြီး စိုးရိမ်ပူပန်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။

သူက ညအိပ်စားပွဲဘေးရှိ အဝတ်အစားများကို ဆွဲယူလိုက်ပြီး ရေချိုးခန်းထဲသို့ အလျင်အမြန် ဝင်ကာ  á€žá€˝á€Źá€¸á€™á€ťá€Źá€¸á€€á€­á€Ż အဆောတလျင်သာ တိုက်လျက် မျက်နှာကိုလည်း သစ်လိုက်သည်။ သူ၏ ထိတ်လန့်နေမှုကြောင့် သွားတိုက်ဆေးနှင့် မျက်နှာသစ်ဆေးကို မှားသုံးမိလုနီးနီးပင်။

ထိုလုပ်ဆောင်မှု အားလုံးက သုံးမိနစ်ပင် မကြာခဲ့ပေ။

ထို့နောက် လျှပ်စီးလက်သလိုအလျင်ဖြင့် ဖိနပ်စီးရန် တံခါးဝထံ အလျင်အမြန် ပြေးသွားလိုက်သည်။ ပိုင်မူနင်က မီတာတစ်ရာ အပြေးပြိုင်ပွဲကဲ့သို့ ပြေးထွက်ရန် ဟန်ပြင်လိုက်စဉ် ဝမ်ကျင်း၏ အသံက မီးဖိုချောင်မှ ထွက်ပေါ်လာသည်။
“ရှောင်နင် မင်း ဘယ်သွားမလို့လဲ” 

ဝမ်ကျင်းက ပင်လယ်စာပဲငံပြာရည်နှပ်မှ အလကားရထားသည့် အေပရွန်ကို ဝတ်ထားပြီး သူ၏ လက်ထဲတွင် ပလတ်စတစ်ယောက်မတစ်ချောင်းကို ကိုင်ထားသည်။ သူ့ပုံစံမှာ အိမ်မှုကိစ္စ လုပ်နေသည့်အတိုင်းပင်။

ပိုင်မူနင်က နားလည်နိုင်စွာဖြင့် ဝမ်ကျင်းအားကြည့်ကာ ထိုသူအဘယ်ကြောင့်အိမ်တွင်ရှိနေရသေးသည်ကို စဉ်းစားလိုက်၏။ 
သူ အလုပ်မသွားဘူးလား…

“ကျင်းကော  á€™á€źá€”á€şá€™á€źá€”á€şá€œá€Żá€•á€şá€œá€ą... ခင်ဗျား အလုပ်နောက်ကျနေပြီ”

“မင်းအတွက် ကိုယ် ခွင့်တိုင်ထားတယ်”

“ခွင့်တိုင်ထားတယ်” ဟူသော စကားကို ကြားပြီးမှသာ ပိုင်မူနင် သက်ပြင်းချနိုင်သွားသော်လည်း နောက်တစ်စက္ကန့်မှာပင် သူ၏ အသက်ရှူသံက ရပ်တန့်သွားရပြန်သည်။

“ဒါဆို ကျွန်တော့်ရဲ့လစာ အဖြတ်ခံရမယ်ဆိုတဲ့ သ‌ဘောလား” 

ပိုင်မူနင်က သူ၏ အနွေးထည်အင်္ကျီကို ချွတ်လိုက်ရင်း ပျော်ပုံရမနေပေ။

ကောင်းပြီလေ... ငါ ဒီလတော့ ယွမ်နှစ်ရာ ဆုံးပြီပေါ့... ယွမ်နှစ်ရာက မြေအောက်ရထားစီးရင်တစ်လ၊ ဘတ်စ်ကားခဆို၂လ၊ ဒါမှမဟုတ် သုံးလစာစက်ဘီးငှားလို့ရတယ်...

ပိုင်မူနင် သက်ပြင်းချလိုက်ပြီးနောက် ဝမ်ကျင်း အိမ်တွင်အဘယ်ကြောင့် ရှိနေရသေးသည်ကိုလည်း မေးဖို့ရာ သတိရလိုက်သည်။
 “ကျင်းကော ခင်ဗျားလည်း အလုပ်မသွားဘူးလား”

“ကိုယ်လည်း ခွင့်တိုင်ထားတယ်” 
ဝမ်ကျင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သတိပေးသည်။
 “မင်း ဘောင်းဘီက နောက်ပြန်ကြီး... သွားလဲလိုက်ဦး”

ပိုင်မူနင် အောက်ကို ငုံ့ကြည့်လိုက်သည်။ မျက်နှာလေးက ချက်ချင်းပင် ရဲတက်သွားပြီး ဘောင်းဘီလဲရန် အိပ်ခန်းထဲသို့ ပြန်ပြေးဝင်သွားသည်။

သူ အလွန်ပင် အလျင်စလိုဖြစ်နေခဲ့သောကြောင့် သတိမထားမိခဲ့ပေ။ ဝမ်ကျင်းသာ အချိန်မီ သတိမပြုမိခဲ့လျှင် သူ့အနေဖြင့် သူ့ အဘွားအိမ်အထိ အရှက်ရသွားလိမ့်မည်။
(T/N - မိသားစုသိက္ခာနဲ့ချီပြီးပြောလိုက်တာပါ တစ်မိသားစုသိက္ခာကျရတဲ့အထိ အရှက်ကွဲတယ်လို့ပြောချင်တာ )

လဲဝတ်ပြီးနောက် ပိုင်မူနင် ထပ်ထွက်လာသည်။ ဝမ်ကျင်းက မီးဖိုချောင်နှင့် ထမင်းစားခန်းကြား ကူးလူးနေပြီး မကြာမီမှာပင် စားပွဲပေါ်၌ ပန်းကန်များ ပြည့်နှက်သွားပါ၏။

နှစ်သစ်ကူးကာလ၌ပင် ပိုင်မူနင်မှာ ဤမျှအထိ စားပွဲအပြည့် အလျှံအပယ် မစားခဲ့ဖူးပေ။

ကြက်သွန်မြိတ်နှင့်ဂျင်းခရုကမာ၊ ကြက်သွန်မြိတ် သိုးသားကြော်၊ ကျောက်ကပ်အစပ်ကြော်၊ မှိုနက်နှင့် ဝဥ(yam)၊ မြက်ကြက်သွန်မြိတ်ကြက်ဥမွှေကြော်၊ ပြီးနောက် ရေနဂါး၊ ကင်းမွန်ခြောက်၊ မှို၊ ဟွမ်ချီတို့ဖြင့် လုပ်ထားသည့် သမားတော်ဟင်းချို စသဖြင့်။
အားလုံးက အရသာရှိပုံပေါ်သည်။ တစ်ခုခုကမူ လွဲနေသလို ခံစားရသည်။ ပန်းကန်တိုင်းက အားဖြည့်ဓာတ်စာများချည်း ဖြစ်နေသည်။

(T/N - sea drgon(ရေနဂါး)ကို ggမှာရှာကြည့်တော့ seahorse(ဒါလည်းရေနဂါးပဲ)နဲ့ နည်းနည်းဆင်ပြီး အတက်အလက်တွေပါတော့ကျ ၂ခုကအတူတူပဲလားမသိဘူးပေါ့နော် လက်တွေ့မှာတော့ seahorseပဲ မြင်ဖူးပါတယ် edible seadragonလို့ရှာတော့လည်း seahorseအခြောက်တွေပဲတွေ့လို့၊ ဟွမ်ချီဆိုတာကျ Astragalus ပင်မျိုးစိတ်ပါ၊ မြန်မာလိုမသိလို့ ရှာတော့မန်ကန်တဲ့ ၊ တရုတ်တိုင်းရင်းဆေးမှာအသုံးများဟွမ်ချီအပင်ဆိုလို့ အဲလိုပဲထည့်ထားလိုက်တယ် သမားတော်ဟင်းချိုဆိုတာ ဆေးဖက်ဝင်စွပ်ပြုတ်ပါ)

ဒီတော့ ဝမ်ကျင်းက မနေ့ညက ငါ့ကို အားကုန်အောင်ညှစ်ထုတ်မိလို့ အပြစ်ရှိစိတ်ခံစားရပြီး ငါ ပြန်‌ကောင်းလာအောင် ကူညီဖို့ ဆုံးဖြတ်လိုက်တာလား...

ယမန်နေ့ညက ကြမ်းတမ်းသည့် အတွေ့အကြုံများက သူ၏ စိတ်ထဲသို့ပြန်ရောက်လာလျှင် ပိုင်မူနင်၏ ဖြူဖျော့ဖျော့ပါးပြင်‌တို့မှာ ပန်းရောင် သမ်းသွားသည်။ သူ့ခမျာ ဝမ်ကျင်း၏ နှုတ်ခမ်းတို့ကိုပင် တိုက်ရိုက်မကြည့်ရဲတော့ပေ။

ထိုသူက ယမန်နေ့ညက သူ့ပါးစပ်အား သုံးကာ သူ့ကို ဂရုစိုက်ပေးခဲ့၏။
“ဘာဖြစ်လို့လဲ... စားချိန်ရောက်ပြီ‌လေ”

ပိုင်မူနင်က နာခံစွာပင် ထိုင်လိုက်ပြီး သူ၏ ပန်းကန်ကိုကောက်ကိုင်ကာ ယမန်နေ့ညက ဖြစ်ခဲ့သမျှ အရာအားလုံးကို လုံးဝမေ့သွားသလို ဟန်ဆောင်ပြီး စားလိုက်သည်။
“ကျင်းကော... ခင်ဗျားရဲ့ လက်ရာက အံ့ဩစရာကြီး... ဘယ်စားသောက်ဆိုင်ကမှ ယှဉ်လို့မရဘူး”

အနှီချီးကျူးစကားမှာ စိတ်ရင်းမှန်အတိုင်း ထွက်လာခြင်းပင်။ ပိုင်မူနင်က ဝမ်ကျင်း၏ ဟင်းချက်လက်ရာကို တကယ်သဘောကျ၏။

ပုံမှန်အားဖြင့် သူက ထမင်းတစ်ပန်းကန်သာ စားနိုင်သော်လည်း ဝမ်ကျင်း၏လက်ရာဖြင့်ဆိုလျှင် ပန်းကန်ကြီးနှစ်လုံးအပြည့်ပင် စားနိုင်သည်။

သို့သော် ဝမ်ကျင်းက သူ့ကို ပိုမစားခိုင်းပေ။ တရုတ်တိုင်းရင်းဆေးပညာမှာ ဗိုက် ခုနစ်ဆယ်ရာခိုင်နှုန်း ပြည့်ရုံသာစားရန် အလေးပေးထားသောကြောင့် ပိုင်မူနင်အနေဖြင့် အစားအစာကို မည်မျှပင်ကြိုက်ပါစေ တစ်ပန်းကန်သာ စားနိုင်သည်။

ထမင်းစားပြီးနောက် ပိုင်မူနင်က ဆိုဖာပေါ် ထိုင်ကာ သူ၏ ဖုန်းကို ကြည့်နေသည်။ လီအန်းချီက ကျန်းခယ်ကျန့်မှာယခုချိန်အထိ အေးစက်စက်ဖြင့် သူနှင့်ခပ်ဝေးဝေးသာနေဆဲဖြစ်ကြောင်း မက်ဆေ့ချ်ပို့သည်။ သူ ဘာလုပ်ရမလဲဟု ပိုင်မူနင်ကို‌မေးလာသည်။

ပိုင်မူနင်က ချက်ချင်း ပြန်မဖြေလိုက်ပေ။ သူ ဘာလုပ်ရမည်ကို စဉ်းစားနေမိ၏။

ယမန်နေ့ညက ကျန်းခယ်ကျန့်၏စကားများမှာ သူ၏နားထဲတွင် အခုထိ ပဲ့တင်ထပ်နေဆဲသာ။ သူ့အနေဖြင့် မည်သို့ ဆုံးဖြတ်ရမည်ကို မသိပေ။

လီအန်းချီကို မပြောပြလျှင်လည်း သူ့သူငယ်ချင်းအပေါ်  á€™á€€á€ąá€Źá€„á€şá€¸á€›á€Źá€›á€ąá€Źá€€á€şáá‹

သို့သော်လည်း သူသာ လီအန်းချီကို ပြောပြလိုက်ပါက ထိုလူမှာ ပိုမိုနက်နက်ရှိုင်းရှိုင်း ပျော်ဝင်သွားပေလိမ့်မည်။ သူက စိတ်မြန်လက်မြန်ဖြင့် အလုပ်မှ နုတ်ထွက်ပြီး ကျန်းခယ်ကျန့်နောက် လိုက်သွားနိုင်ပေသည်။

လီအန်းချီမှာ ကျင်းနန်ရှိ သူ့မိဘများ၏ အကာအကွယ်အောက်တွင် နေရစဉ်၌ အစားအသောက်နှင့် ပိုက်ဆံအတွက် စိုးရိမ်စရာ မလိုဘဲ ပေါ့ပေါ့ပါးပါး သခင်လေးပမာ နေနိုင်သူပင်။  á€žá€­á€Żá€ˇá€žá€ąá€Źá€şá€œá€Šá€şá€¸ သူသာ ကျင်းနန်မှ ထွက်သွားပါမူ ကျန်းခယ်ကျန့်အနေဖြင့် သူ့ကို ပေးစရာ ဘာမှမရှိပေ။ လီအန်းချီတစ်ယောက် မည်သို့ အသက်ရှင်ရပ်တည်ရမည်ကို စတင် စိုးရိမ်ရပေတော့မည်။

အချစ်မှာ အပေါ်ယံတွင် ဆွဲဆောင်မှုရှိပုံရသော်ငြား နေ့စဉ်ဘဝနှင့်အတူ ရှုပ်ထွေးသွားသည်နှင့် တောက်ပသောအပေါ်ယံအလွှာလေးမှာ ပြိုကွဲသွားပြီး သူ့ကို ချည်နှောင်ထားသည့် လှောင်အိမ်တစ်ခု ဖြစ်လာပေလိမ့်မည်။

ပိုင်မူနင် ထိုအရာကို ကောင်းကောင်း နားလည်သည်။ ထို့ကြောင့်လည်း သူ မဝံ့မရဲ ဖြစ်နေရခြင်းပင်။

ကျိုးကြောင်းဆီလျော်စွာဖြင့် သူ ကျန်းခယ်ကျန့်ဘက်မှ ရပ်တည်လို၏။ စိတ်ခံစားမှုအရမူ လီအန်းချီ နာကျင်နေရသည်ကို မမြင်ရက်ပေ။ သူ့အနေဖြင့် နှစ်ဖက်ကြား ပိတ်မိနေရသည်။

သူ၏ အကြည့်တို့က သူ့ဘေးနားတွင် အရိပ်တစ်ခု ပေါ်လာသည်အထိ သူ၏ဖုန်းထက်၌သာ ရှိနေခဲ့သည်။ အရိပ်ကျလာမှသာ ပိုင်မူနင် သူ၏ ဖုန်းကို ဘေးချကာ ကြည့်လိုက်သည်။
“ဘာလို့ ကျွန်တော့်ကို စိုက်ကြည့်နေတာလဲ”

ဝမ်ကျင်းက အချိန်ကိုက်ပင် သတိပေးလာသည်။
“မင်း ရှင်းပြရမဲ့အချိန် မကျသေးဘူးလား”

ခုထိ အဲဒါကို အလွတ်မပေးနိုင်သေးဘူးလား...

ပိုင်မူနင်မှာ တင်စီးဆန်ဟန်ဆောင်လျက် လက်ပိုက်လိုက်ပြီး အေးစက်စက်ပင် နှာမှုတ်လိုက်သည်။
 “ကျွန်တော် မနေ့ညက ရှင်းပြချင်ခဲ့ပေမဲ့ ခင်ဗျားက ကျွန်တော့်ကို စကားပေးမပြောဘူးလေ... ပါးစပ်ပိတ်ခိုင်းခဲ့တာပဲမလား... အခုမှ ကြားချင်လာတယ်ပေါ့... တောင်းပန်ပါတယ်  á€€á€ťá€˝á€”်တ္ဏ် မပြောချင်တော့ဘူး”

ယခုအချိန်၌ သူ ကလေးဆန်ဆန်ပင် ရစ်လိုက်ချင်သည်။ 

ဘာလို့ ဝမ်ကျင်းက မနေ့က အရမ်းကိုမှ လွန်လွန်ကျူးကျူးကြီး ငါးကြိမ်တောင် လုပ်ခဲ့ရတာလဲ... ဒါက လက်စားချေတာပဲ...

ယုတ္တိကျကျဆိုရလျှင် ယခု ဝမ်ကျင်းဘက်မှ သူ့ကို ချော့မော့ပြီး စကားပြောလာဖို့ရာ တောင်းပန်နေသင့်သည်။

ထိုအခါမှသာ ပိုင်မူနင်က ဆက်လက်၍ မပြောချင်ဟန်ဆောင်ပြီး နောက်ဆုံးတွင်မူ အားလုံးကို ပြောပြလိုက်မည်။ ထိုနည်းအားဖြင့် သူ ဝမ်ကျင်းကို ကောင်းကောင်းထိန်းချုပ်ပြီး အသာစီး ယူနိုင်ပေလိမ့်မည်။

သို့သော် ဝမ်ကျင်းကလည်း ကျွမ်းကျင်ပညာရှင်ပင်။ သူက စည်းမျဥ်းအတိုင်း ကစားမည့်သူ မဟုတ်ပေ။ သူက ခပ်ဟဟ ရယ်လျက် ပြောလိုက်သည်။
 “အိုး  á€’á€Ťá€†á€­á€Żá€œá€Šá€şá€¸ မင်း ပြောချင်စိတ် ပေါ်လာတဲ့အထိ စောင့်နေလိုက်မယ်”

“……?”

ငါ အခုမှ စကားပြောချင်စိတ် ပေါက်လာတာကို... အခု ဒီလူက မကြားချင်တော့ဘူးတဲ့လား...

ဝမ်ကျင်းက ငါ့ကို တကယ်ရော ဂရုစိုက်ရဲ့လား... ဂရုမစိုက်ဘူးလား...

မရဘူး... ဝမ်ကျင်း မကြားချင်ရင်တောင် ငါ ပြောကို ပြောမယ်...

ထို့ကြောင့် ပိုင်မူနင်က သူနှင့် လီအန်းချီကြားမှ အစီအစဉ်တစ်ခုလုံးကို အကုန်အစင် ဖွင့်ပြောပြလိုက်ပြီး ကျန်းခယ်ကျန့် သူ့ကို ပြောခဲ့သမျှကိုလည်း ပြောပြလိုက်သည်။

သူ စကားဆုံးသည်နှင့် ပိုင်မူနင် နောင်တရသွားသည်။  á€á€™á€şá€€á€ťá€„်းက သူ့ကို ထပ်ကစားသွားသလို ခံစားလိုက်ရပါ၏။

အနှီမြေခွေးအိုကြီးမှာ လှည့်ကွက်များ ပေါများလွန်း‌သည်ပင်။ သူ့အနေဖြင့် ထိုသူ့ကို မယှဉ်နိုင်ပေ။

ခဏတာ စိတ်ကောက်ပြီးနောက် ပိုင်မူနင်မှာ ဝမ်ကျင်း၏ အမြင်ကို စတင်မေးမြန်းတော့သည်။
 “ကျင်းကော ခင်ဗျားသာဆိုရင် ဘာကိုရွေးချယ်မလဲ”

လူတစ်ယောက်အနေဖြင့် တစ်ခုခုကိုနားမလည်ဖြစ်နေပါက အခြားတစ်ယောက်ကို မေးသင့်သည်။ ယင်းက အမြင်သစ်ကို ပေးနိုင်ပြီး  á€›á€žá€Żá€•်ထွ္းခဟင်းကို ပြေလျော့စေနိုင်၏။

ဝမ်ကျင်းက တစ်ခဏတာမျှ တိတ်ဆိတ်သွားပြီး ပြောလိုက်သည်။
 “မင်းသူငယ်ချင်းရဲ့ အခြေအနေကို ကိုယ့်မှာ ဝေဖန်ပိုင်ခွင့် မရှိဘူး... ဘာပဲဖြစ်ဖြစ် လူတိုင်းမှာ ကိုယ်ပိုင်အတွေးတွေ ရှိကြတာပဲ... ကိုယ်မင်းကို တစ်ခုပဲ ပြောချင်တယ်... တခြားသူတွေအတွက် မရွေးချယ်ပေးနဲ့... အဲဒါက သူတို့ရဲ့ ဘဝလေ”

တခြားသူတွေအတွက် ရွေးချယ်မှု မလုပ်ရဘူးဆိုတာ ဘေးကပဲ ရပ်ကြည့်လို့ ဆိုလိုတာမလား...

အခြားသူတစ်ယောက်သာဖြစ်ပါမူ ပိုင်မူနင်သည်လည်း  á€Ąá€ąá€¸á€…က်စက်ပင် လျစ်လျူရှုနိုင်ပေလိမ့်မည်။ မည်သို့ဆိုစေ သူကလည် တခြားသူများ၏ ကိစ္စအဝဝကို ဝင်ရောက် စွက်ဖက်ရသည်အထိ အားလပ်နေသူ မဟုတ်ပေ။

သို့သော်လည်း လီအန်းချီမှာ သူ၏ အချစ်ဆုံးသူငယ်ချင်းဖြစ်သည်။ သူ့အနေဖြင့် ဘေး၌သာ ရပ်ကြည့်မနေနိုင်ပေ။

သူ၏ အသက်နှစ်ဆယ်အရွယ် ဘဝတွင် မိဘများမှအပ သူ့အပေါ်ကောင်းကောင်းဆက်ဆံပေးသူမှာ လီအန်းချီသာရှိသည်။

ပထမနှစ် စစ်ရေးလေ့ကျင့်ရေးကာလအချိန်အခါက ပိုင်မူနင်မှာ အူအတက်ပြင်းပြင်ထန်ထန်ရောင်ခဲ့သည်။ လီအန်းချီကသာ သူ့ကို အောက်ထပ်သို့ သယ်သွားပြီး ဆေးရုံသို့ အမြန်ပို့ပေးခဲ့ခြင်းပင်။ ထိုကျေးဇူးကို သူ့အနေဖြင့် သူ၏ ကျန်ဘဝတစ်လျှောက်လုံး အမှတ်ရနေလိမ့်မည်။

ရံဖန်ရံခါ ဝမ်ကျင်း၏ စကားများမှာ အဆင့်ဆင့်ဖြင့် ရှုပ်ထွေးနေတတ်၏။ ပိုင်မူနင်မှာ ၎င်းတို့ကို နားလည်ရန်  á€Ąá€á€ťá€­á€”á€şá€á€á€šá€°á€•á€źá€Žá€¸á€”á€ąá€Źá€€á€ş မေးလိုက်သည်။
 “ဒါဆို ကျွန်တော် ဘာလုပ်သင့်လဲ”

“မင်းသာ ဒီသူငယ်ချင်းကို တကယ် ဂရုစိုက်တယ်ဆိုရင် သူ့ကိုရွေးချယ်ခွင့်ပေးလိုက်ပါ... သူ့ကို ကိုယ်တိုင်ဆုံးဖြတ်ခွင့် ပေးလိုက်... ဒီလိုဆိုရင် အနာဂတ်မှာ ဘာပဲဖြစ်လာလာ နောင်တရစရာ မရှိတော့ဘူး”

ဝမ်ကျင်း စကားပြောသည့်အခါ လူအများကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သော်လည်း တစ်ခါတစ်ရံ သူ၏ စကားများက တကယ်ကို အရှိုက်ထိစေ၏။

မှန်သည်။ ရလဒ်က မည်သို့ပင် ဖြစ်နေပါစေ၊ ယင်းမှာ လီအန်းချီ၏  á€›á€˝á€ąá€¸á€á€ťá€šá€şá€á€źá€„်းသဏ ဖြစ်သင့်၏။ သူ့အတွက် ဘဝဆုံးဖြတ်ချက်များကို ချပေးရန်မှာ သူ့တာဝန်မဟုတ်ပါချေ။

သူတို့အနေဖြင့် “ဒါက မင်းကောင်းဖို့အတွက် ငါ လုပ်ပေးနေတာ” ဟူသော အတွေးအခေါ် ထောင်ချောက်ထဲ မကျသွားသင့်ပေ။

ပိုင်မူနင်က အမြင်မှန်ရသွားလျက် ပြောလိုက်သည် ။
“ကျင်းကော  á€€á€ťá€˝á€”်တ္ဏ် နားလည်သွားပြီ... ကျွန်တော် သူ့ကို အခုသွားပြောပြီး သူ့ကိုပဲ ကိုယ်တိုင်ရွေးချယ်ခွင့် ပေးလိုက်တော့မယ်”

သူက ဝင်ပေါက်သို့ လျှောက်သွားပြီး သူ၏ အဝတ်အစားများ စတင်ဝတ်ဆင်လိုက်၏။ ဝမ်ကျင်းက စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။
 “မင်း သွားတော့မှာလား”

ပိုင်မူနင် ရုတ်တရက် သဘောပေါက်သွားသည်။ ထို့နောက် ပြန်လျှောက်လာပြီး ဝမ်ကျင်း၏ ပါးကို နမ်းလိုက်သည်။

 “ကျေးဇူးပါ ကျင်းကော”
ဝမ်ကျင်းမှာ နောင်တရနေပေပြီ။ ယင်းက သူ့ခြေထောက်သူ ခဲနှင့်ပြန်ပစ်မိခြင်းပင်။

“အလျင်လိုစရာ မလိုပါဘူး... ဒီနေ့ ရုံးတက်ရက်လေ... မင်းသူငယ်ချင်းက ရုံးမှာ ရှိနေလိမ့်မယ်”

“ရပါတယ်... ကျွန်တော် သူ့ကုမ္ပဏီကို သွားရှာလိုက်မယ်”

သူတံခါးဖွင့်ပြီး အပြင်ထွက်လိုက်ချိန်တွင် မျက်မှန်တပ်ထားသော လှပသည့် အန်တီတစ်ဦးက အပြင်ဘက်၌ ရပ်နေသည်။

ထိုအမျိုးသမီးက သပ်ရပ်စွာ ဝတ်စားထားကာ တည်ငြိမ်ပြီး ယဉ်ကျေးသိမ်မွေ့ဟန်ရသည်။ သူမ၏ပုံစံက တက္ကသိုလ်တစ်ခုမှ ပညာတတ် ပါမောက္ခတစ်ဦးနှင့် တူ၏။

ဖေးရှူးချန်မှာ လူစိမ်းတစ်ယောက်ကို မြင်လိုက်ရ၍ တစ်စက္ကန့်မျှ ထိတ်လန့်သွားသည်။
 “တောင်းပန်ပါတယ်၊ နေရာမှားလာမိတာထင်တယ်”

သို့သော်လည်း သူမ ပြန်လှည့်လိုက်ပြီးနောက် တွေးလိုက်၏။
မှန်ပါတယ် ဒါက ငါ့သားရဲ့အိမ်ပဲကို...

သူမက ပိုင်မူနင်ဘက်လှည့်ကာ  á€™á€ąá€¸á€žá€Šá€şá‹
 “မင်း ဘယ်သူလဲ... မင်းကို ရင်းနှီး‌နေသလို ခံစားရတယ်... ငါတို့ အရင်က တစ်နေရာရာမှာ တွေ့ဖူးလား”

ပိုင်မူနင်မှာ ဤအမျိုးသမီးကို လုံးဝ မသိပေ။ သူက ဝမ်ကျင်းကို လှည့်ကြည့်လိုက်ရာ ဝမ်ကျင်းက လျှောက်လာပြီး ပြောသည်။
 “အမေ ဒီကို ဘာလာလုပ်တာလဲ”

ပိုင်မူနင် ကြောင်အသွားရသည်။

ဖေးရှူးချန်က သူမ၏ လက်ထဲရှိအစားအသောက်ဘူးကို ဆန့်တန်းလျက် ဝမ်ကျင်းအားပြကာ ပြောသည်။
“အချိန်ရတုန်းလေး မင်းအတွက် ဖက်ထုပ်တွေ လုပ်ထားလို့ ယူလာပေးဖို့ စဉ်းစားလိုက်တာ”

“ဒီနေ့ အလုပ်မသွားဘူးလား... ဘယ်လိုလုပ် အားနေတာလဲ... အမေက ခရုမလေးလိုမျိုး မင်းရဲ့ နေရာကို သန့်ရှင်းရေးလုပ်ပေးမလို့ စဉ်းစားနေတာ... အခုကျ မိသွားပြီဆိုတော့ အရမ်းပျင်းဖို့ကောင်းတာပဲ”

“ကျွန်တော် ဒီနေ့ ခွင့်ယူထားတယ်” 

ဝမ်ကျင်းက ပိုင်မူနင်ကိုကျော်ပြီး သူမထံမှ အစားအစာဘူးကို ယူရင်း ပြောသည်။

ဖေးရှူးချန်၏ အကြည့်တို့ကျ ပိုင်မူနင်အပေါ် ထပ်မံ၍ ကျရောက်သွား၏။ သူမက နွေးထွေးစွာ ပြုံးလိုက်ပြီး ပြောသည်။
 “ဒါ ဘယ်သူ့ကလေးလေးလဲ... အရမ်း ချစ်ဖို့ကောင်းတာပဲ”

ပိုင်မူနင် ပါးစပ်ဖွင့်လိုက်သော်လည်း စကားတစ်လုံးမျှ မပြောနိုင်ခဲ့ချေ။ သူ့ခမျာ ဝမ်ကျင်း၏ မိသားစုနှင့် တွေ့ရလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။ သူ့မိခင်နှင့်ပင် ဆုံသွားရချေ၏။

ငါ ဘာပြောသင့်သလဲ... ငါ တကယ်ကို ကြောက်နေပြီ...

သူတို့၏ အလုပ်နယ်ပယ်တွင် မိသားစုကို ပါဝင်ပတ်သက်စေခြင်းက အကြီးမားဆုံး တားမြစ်ချက်ပင်။

ဝမ်ကျင်းက မိတ်ဆက်ပေးသည်။
 “အမေ ဒါက ကျွန်တော့် ချစ်သူ... သူ့နာမည်က ပိုင်မူနင်”

ထိုမိတ်ဆက်စကားကို ကြားလိုက်ရသည်နှင့် ပိုင်မူနင် အတင်းအကြပ် လုပ်ပြုံး ပြုံးလိုက်ရသည်။
 “မ...မင်္ဂလာပါ အန်တီ”

“မင်္ဂလာပါ... အန်တီက ဝမ်ကျင်းရဲ့ အမေပါ... ဖေးရှူးချန်လို့‌ခေါ်တယ်” 
သူမက ပိုင်မူနင်ကို အိမ်ထဲသို့ ဆွဲခေါ်သွားသည်။ 
“အလျင်မလိုပါနဲ့ဦး... စကားခဏ ပြောရအောင်”

“အာ... ဟုတ်ကဲ့”

ဆိုဖာပေါ် နာခံစွာ ထိုင်လိုက်ရင်း ဖေးရှူးချန်မှ သူ့အား သေချာစေ့စပ်စွာ တစ်ချက်ကြည့်လျက် မေးသည်။
“ရှောင်နင် မင်း အသက် ဘယ်လောက်လဲ”

မိဘတစ်ဦးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံရခြင်းဖြစ်သဖြင့် ပိုင်မူနင်မှာ စိတ်လှုပ်ရှားစွာဖြင့် သူ၏ လက်ဖဝါးများကို ပွတ်လိုက်ပြီး ပြောသည်။
 “၂၀ ပါ”

“၂၀ လား” 
ဖေးရှူးချန်က အံ့ဩစွာ ပြောလိုက်သည်။ 

“သား... မင်းက နွားအိုမြက်နုကြိုက်တာ‌တော့ မဟုတ်ဘူးမလား”

“သူက ၂၀ ပဲ ရှိသေးတာလား”

ဝမ်ကျင်းက လက်ဖက်ရည်ခွက်တစ်ခွက်နှင့်အတူ လျှောက်လာပြီး တုံ့ပြန်သည်။
“မဒမ်ဖေး... စကားပြောတဲ့အခါ သတိထားပေးပါ”

မဒမ်ဖေးက သူမ၏ လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး သူမသားအကြောင်း စတင် ညည်းတွားသည်။
 “ငါ စီစဉ်ပေးခဲ့တဲ့ ကြင်ဖက်တွေ့ပွဲတွေအားလုံးကို မင်းငြင်းနေတာ အံ့ဩစရာ မရှိပါဘူး...  á€™á€„်းက မင်းရဲ့ ရွှေအိမ်တော်ထဲမှာ တစ်ယောက်ယောက်ကို ဖွက်ထားတာကိုး”

“သူက အရမ်း ချစ်ဖို့ကောင်းတာပဲ... ဘာလို့ စောစောစီးစီး ခေါ်မလာတာလဲ... ဟမ့် ဒီနေ့သာ ငါလာမတွေ့ခဲ့ရင် မင်းက ဘယ်အချိန်ကျမှ ငါ့ကို ပြောပြဖို့ စီစဉ်ထားတာလဲ”

“ငါက သဘောမတူမှာကျနေတာပဲ လျှို့ဝှက်ထားပုံက... ငါ မင်းကို မထောက်ခံတဲ့အချိန် ဘယ်မှာရှိဖူးလို့လဲ”

ဝမ်ကျင်းက ပိုင်မူနင်၏ လက်ကို ကိုင်လိုက်ပြီး ပြောသည်။
 “ကျွန်တော်တို့ စတွဲတာ မကြာသေးဘူး... အမေ့ကို ပြောပြဖို့ အခွင့်အရေး မရသေးလို့ပါ”

“အမေ နည်းနည်းလေး လျှော့ပြောပါဦး... သူ့ကို ကြောက်အောင်မလုပ်နဲ့”

“ငါက ကြောက်စရာကောင်းနေလို့လား...  á€„ဍက ရှောင်နင်ကို ဘာလို့ကြောက်အောင်လုပ်ရမှာလဲ”

ပိုင်မူနင် သက်ပြင်းချလိုက်ပြီး သူမအား ချော့မော့ရန် အခွင့်အရေး ယူလိုက်သည်။
 “အန်တီ အန်တီက တကယ်လှတာပဲ... ကျင်းကောရဲ့အမေနဲ့ မတူဘူး... သူ့ရဲ့အစ်မလို့ထင်ရတယ်”

စကားချိုချို‌လေးကို မကြိုက်သည့် မိန်းမဟူ၍ မရှိပေ။ ဖေးရှူးချန်ပြုံးလိုက်သည်။ 
“ရှောင်နင် မင်းက တကယ် စကားပြောတတ်တာပဲ... အန်တီတော့ မင်းကို သဘောကျသွားပြီ”

“လာ ရှောင်နင်... သူ့ကို လျစ်လျူရှုထားလိုက်... တို့တွေ စကားကောင်းကောင်း ပြောရအောင်”

ဖေးရှူးချန်နှင့် ဝမ်ကျင်းမှာ လုံးဝ ဆန့်ကျင်ဘက်ပင်။ တစ်ဦးမှာ အလွန်အကျူးတက်ကြွပြီး နောက်တစ်ယောက်ကမူ ပျင်းစရာကောင်းအောင် တိတ်ဆိတ်နေတတ်၏။

ပိုင်မူနင်မှာ ဖေးရှူးချန် ဘာပြောချင်နေသည်ကို မသိပါချေ။

ပုံမှန်အားဖြင့် “မိဘနှင့်မိတ်ဆက်ပေးခြင်း”ဟူသော အကြောင်းအရာမျိုးကို တွေးလိုက်ရုံဖြင့် သူ့အား လွှမ်းမိုးခံလိုက်ရသလို ခံစားရ၏။

သူသာ သန်းခေါင်စာရင်းစစ်သလို မေးခွန်းတွေ စမေးရင် ဘယ်လိုလုပ်မလဲ... ငါ ဘယ်လို ပြန်ဖြေရမလဲ...

ငါ အမှန်အတိုင်း ပြောပြလိုက်ရမလား...

ပိုင်မူနင် စိုးရိမ်ပူပန်နေမိသည့်တိုင် ကံကောင်းထောက်မစွာဖြင့် ဖေးရှူးချန်က စိတ်ခံစားချက်ပိုင်နိုင်သည့် ဉာဏ်ရည်မြင့်ပညာတတ်တစ်ဦးဖြစ်နေ၏။ သူမက စည်းမကျော်သင့်ကို သေချာနားလည်ပြီး ကိုယ်ရေးကိုယ်တာ မေးခွန်းများကို မမေးလာပေ။ ထိုအစား သူမက ဝမ်ကျင်းအကြောင်းကိုသာ ရိုးရိုးရှင်းရှင်း ပြောပြလာသည်။

ဖေးရှူးချန်နှင့် စကားပြောရခြင်အား တကယ်ကိုသဘောကျမိပြီး ပေါ့ပေါ့ပါးပါးဖြင့် စိတ်အပန်းပြေစေသည်။ သူ့ကို စိတ်မသက်မသာလုံးဝမဖြစ်စေသလို အနေခက်ကာရှောင်ဖယ်လိုမှုတို့ကိုလည်း မခံစားရစေပေ။ 
ခဏတာ စကားပြောပြီးနောက် ဖေးရှူးချန်က ဖိတ်ခေါ်လာ၏။
“နောက်ရက်နည်းနည်းနေရင် အန်တီ့ မွေးနေ့ရောက်ပြီ ... ရှောင်နင် မင်းလာခဲ့နိုင်မလား”

ပိုင်မူနင်က အများကြီး မစဉ်းစားဘဲ သဘောတူလိုက်သည်။ သူက ညစာလေးတစ်နပ်ဟုသာ တွေးလိုက်၏။  á€žá€° ကိုင်တွယ်နိုင်ပေသည်။

ဖေးရှူးချန်က ပြုံးလိုက်သည်။
 “အဲဒီနေ့ကျ ရှောင်ချီလည်း အားနေတာနဲ့ အတော်ပဲ... ငါတို့ အားလုံး မိသားစုလက်ဆုံပြီး ညစာစားကြမယ်”

ပိုင်မူနင်: “...?”
ရှောင်ချီလား...

ဘယ်သူကြီးလဲ...

ဘာလို့ အဲ့နာမည်ကို လုံးဝ ရင်းနှီးမနေရတာလဲ...


💊💊💊💊 Chapter 43
ဝမ်ကျင်းနှစ်ယောက်


မူလက ပိုင်မူနင်မှာ ရှောင်ချီအကြောင်း မေးလိုသော်ငြား ဖေးရှူးချန်မှ စာအိတ်နီပေးလိုကြောင်း ပြောလာသည့်အတွက် အခွင့်အရေးမရလိုက်ပေ။

ဖေးရှူးချန်က ပထမဆုံးအနေဖြင့် သူ့အား WeChat တွင် ထည့်လိုက်ကာ ပထမဆုံးတွေ့ဆုံမှုအတွက် လက်ဆောင်ဟုဆိုကာ ပိုင်မူနင်ထံ ငွေလွှဲစာအိတ်နီ ပို့ပေးသည်။

ဂဏန်းလေးလုံးရှိသည့် ငွေလွှဲစာအိတ်နီမှာ နည်းနည်းတော့ များလွန်းသည်။

ပိုင်မူနင်က လက်ခံရမည်လား၊ ငြင်းပယ်ရမည်လားမသေချာဘဲ တုံ့ဆိုင်းနေမိသည်။ သူ လက်ခံလိုက်လျှင်လည်း မတရားသလို ခံစားရသည်။ မည်သို့ဆိုစေ သူက ဟန်ဆောင်နေခြင်းသာ။ သို့သော်လည်း သူလက်မခံပါက ဖေးရှူချန်အတွက် အဆင်မပြေဖြစ်စေနိုင်သည်။

နောက်ဆုံးတွင် ဝမ်ကျင်းက သူ့အတွက် လက်ခံပေးလိုက်သည်။

ပိုင်မူနင်မှာ ငွေကို ယူရသည့်အတွက် စိတ်မသက်မသာဖြစ်မိပြီး သူတို့ လမ်းခွဲကြလျှင် သေချာပေါက် ပြန်ပေးမည်ဟု စိတ်ထဲမှတွေးလိုက်၏။

ပိုင်မူနင် အနည်းငယ်မျှ စိတ်ညစ်နေသည်ကို ဝမ်ကျင်း သတိထားမိသွားသည်။
 “မင်း သွားချင်ရဲ့လား... မသွားချင်ရင် ကိုယ်မင်းအတွက် အကြောင်းပြချက် ပေးပေးလို့ရတယ်”

“ကိုယ် အမေလာမယ်ဆိုတာ တကယ်မသိခဲ့ဘူး... မင်းအတွက် မြန်လွန်းနေရင် ကိုယ်တို့ နောက်ဆုတ်လို့ရပါတယ်”

ဝမ်ကျင်းမှာ သူ့ကို မည်သည့်အတွက်ကြောင့်မဆို အတင်းအကြပ်လုပ်ခိုင်းခြင်းမျိုး မရှိပါဘဲ အမြဲလိုလို သူ၏ခံစားချက်များကို ထည့်သွင်းစဉ်းစားပေးခဲ့သည်။

စောစောက သူ သူ့ကို မိတ်ဆက်ပေးသည့်အတိုင်း သူက မတောင်းဆိုသော်ငြား တွန့်ဆုတ်မနေဘဲ ပြောခဲ့၏။

အကြင်သူမှာ ပိုင်မူနင်ကို သူ၏ချစ်သူအဖြစ် ပွင့်ပွင့်လင်းလင်း တည်တည်ငြိမ်ငြိမ်ပင် အသိအမှတ်ပြုခဲ့ပြီး စိတ်လုံခြုံရသည့် ခံစားချက်အား အခိုင်အမာပေးစွမ်းခဲ့၏။

သို့သော်လည်း ဤလုံခြုံရသည့်ခံစားချက်ကြောင့်ပင် ပိုင်မူနင် စိုးရိမ်ပူပန်နေရသည်။

အထူးသဖြင့် ယခုလိုမျိုး ဝမ်ကျင်းက ပိုင်မူနင် စိတ်ညစ်နေမည်ကို စိုးရိမ်သောကြောင့် အလွန်ဂရုတစိုက် ဆက်ဆံပေးချိန်၌ပင်။

ဤမျှဂရုတစိုက် ဆက်ဆံခံရသည့်အခါ ပိုင်မူနင်မှာ အတွင်းထဲအထိ နွေးထွေးသလို ခံစားလိုက်ရသည်။

သူသည်လည်း တစ်ဖက်လူလိုအပ်သည့် ကလေးတစ်ယောက်ပမာ ခံစားနေရသည်။

ပိုင်မူနင် မော့ကြည့်ကာ ပြုံးလိုက်ရင်း စဉ်းစားဟန်ဆောင်လျက် ဆိုလိုက်၏။
 “ကျွန်တော်က ဘာလို့ မသွားချင်ရမှာလဲ... အန်တီ့ကို ဘာလက်ဆောင်ပေးရမလဲဆိုတာကို စဉ်းစားနေတာပါ”

သူ့အနေဖြင့် ဈေးကြီးသည့် အရာများကို မတတ်နိုင်သော်လည်း အလွန်ဈေးပေါနေလျှင်လည်း မကောင်းပေ။  á€Ąá€“ိပယပဏယ်ရသိသညအ် မည်သို့သော လက်ဆောင်မျိုးကို ပေးရမလဲဟုသာ စဉ်းစားနေလိုက်သည်။

“အန်တီက ငါးကိုသဘောကျလား” 
ပိုင်မူနင် မရေမရာပင် မေးလိုက်သည်။ ဤအခိုက်အတန့်တွင်  á€žá€°á€•္းနိုင်သည်အ တန်ဖိုးအရှိဆုံးလက်ဆောင်ကို  á€á€˝á€ąá€¸á€œá€­á€Żá€€á€şá€á€źá€„်းသဏ။

ဝမ်ကျင်းမှာ အနည်းငယ် အံ့ဩသွားသည်။ 

“ဘယ်လို ငါးမျိုးလဲ... မဒမ်ဖေးက ပေသိုပင်ကိုတောင် သေအောင်လုပ်နိုင်တဲ့သူနော်... သူ ငါး မွေးနိုင်မယ်လို့ မင်း တကယ်ထင်နေတာလား”

(T/N -ပေသိုပင်ဆိုတာ ငွေခေါ်ပင် money plant ပါ ရေခွက်ထဲရေထည့်ပြီး အဲ့အပင်ထည့်ထားရုံနဲ့ ရှင်ပါတယ်)

“တကယ့်ငါးမဟုတ်ဘူး... ငါးနမူနာပြပစ္စည်း(ငါးမျိုးစိတ်နမူနာ)လေ”

ပိုင်မူနင်က ဆို၏။
 “ကျွန်တော့်မှာ ငါးရွက်တိုက် နမူနာတစ်ခုရှိတယ်... ကျွန်တော်ကိုယ်တိုင် လုပ်ထားတာ... နှစ်မီတာကျော်လောက်ရှည်ပြီး အရမ်းလှတာနော်... ကျောင်းဓာတ်ခွဲခန်းထဲမှာ ရှိတယ်.... ကျင်းကော အဲဒါဆို ရမယ်ထင်လား”

ငါးရွက်တိုက်နမူနာ၏ အလှဆုံးအပိုင်းမှာ လိပ်ပြာတောင်ပံပမာ ဖြန့်ကျက်ထားသည့် အပြာရောင် အတောင်ပင်။ တောက်ပမြူးကြွသည့် အပြာရောင်က ပျံသန်းတော့မည့်အတိုင်းပင်။

ငါးရွက်တိုက်၏ သင်္ကေတအဓိပ္ပာယ်လည်း ရှိသည်။ 'စတာနဲ့ အောင်ပွဲခံ' ဟူ၍ပင်။

ဝမ်ကျင်းမှာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သူက ပိုင်မူနင်၏ ဆံပင်များကို အသာဖွလိုက်ပြီး ဆိုလာသည်။
 “မင်း ဘာပဲပေးပေး မဒမ်ဖေးက ကြိုက်မှာပါ”

“ကောင်းပြီ... ကျွန်တော် ဆရာ့ဆီက သော့ချက်ချင်းသွားတောင်းပြီး ယူလာခဲ့မယ်”

ဝမ်ကျင်းမှာ သူ့ကို ကားမောင်းပြီး ကျောင်းသို့ ပြန်ပို့ပေးချင်သော်လည်း ပိုင်မူနင်က ငြင်းဆန်လိုက်သည်။

သူ၏စိတ်လေးမှာ ရှုပ်ထွေးနေပြီး ကုလားအုတ်ငှက်လိုဗီဇက စတင်လွှမ်းမိုးလာသည်။ သူ့အနေဖြင့် ခဏမျှ ပုန်းနေချင်မိသည်။

ပိုင်မူနင်က အလျင်စလိုထွက်သွားရာ ဝမ်ကျင်း၏ မျက်နှာထက်ရှိ စိတ်ပျက်လက်ပျက်ဖြစ်မှုကို သတိမထားမိလိုက်ချေ။

ပထမဆုံးအနေဖြင့် ပိုင်မူနင်က သူ့ဆရာကို ဆက်သွယ်လျက် ဓာတ်ခွဲခန်းသော့ကို ယူလိုက်သည်။ ထို့နောက် ငါးရွက်တိုက်နမူနာကို အဆောင်သို့ အပင်ပန်းခံကာ ဆွဲယူလာခဲ့၏။

ထို့နောက် သူက ထပ်မထွက်တော့ဘဲ အဆောင်၌ သာနေရင်း လီအန်းချီ ပြန်အလာကိုသာ စောင့်နေလိုက်သည်။

လီအန်းချီမှာ အလုပ်မှ အချိန်မီပြန်ရောက်လာပြီး သူ့ကို တွေ့လိုက်ရလျှင် အံ့ဩသွားသည်။
 “မင်း ငါးရွက်တိုက်နမူနာကို ပြန်ယူလာတာလား... ကိုယ်ပိုင်အိမ်ဝယ်ပြီးမှ အိမ်မှာပြဖို့ သိမ်းထားမယ်ဆိုပြီး ပြောခဲ့တာလားလို့”

“မဟုတ်မှ မင်း အိမ်ဝယ်ပြီးပြီလား”

ထိုအချိန်က ဌာနရှိဆရာများမှ အုပ်စုဖွဲ့ပြီး နမူနာပြပစ္စည်းများပြုလုပ်ရာတွင် ဦးဆောင်ခဲ့ကြရာ မည်သူကမှ မပါဝင်ချင်ကြပေ။ လူတိုင်းက မျက်လုံးစပ်စေသည့် ဖော်မလင်အနံ့ပြင်းပြင်းအကြောင်းကိုသာ ညည်းညူလျက် အဆိပ်သင့်မည်ကို ကြောက်ခဲ့ကြသည်။

မည်သို့ဆိုစေ ဖော်မလင်မှာ ဖော်မယ်လ်ဒီဟိုက်အရည်ဖြင့် ဖျော်ထားသော ဖျော်ရည်ပင်။ ဖော်မယ်လ်ဒီဟိုက်က ကင်ဆာဖြစ်စေနိုင်သည်ဟူသော သတင်းက ယနေ့အထိ ကြောက်စရာကောင်းနေဆဲသာ။

သို့သော်လည်း ပိုင်မူနင်က နမူနာပြပစ္စည်း ပြုလုပ်ရခြင်းကို စိတ်ဝင်စားသွားသည်။ သူက ဆရာ့နောက်လိုက်ပြီး ယင်းတို့ကို ဖန်တီးခဲ့သည်။

ပရောဂျက်ပြီးဆုံးသွားသောအခါ ဆရာက ပိုင်မူနင်ကို လိမ္မာသည့်ကလေးဟု ယူဆလိုက်၏။ ထို့ကြောင့်ပင် သူ့ကို နှစ်မီတာကျော်ရှည်သော ငါးရွက်တိုက်တစ်ကောင်နှင့် တစ်မီတာခွဲခန့်ရှည်သည့် တရုတ်ငါးကြင်းတစ်ကောင်ကို ပေးလာသည်။ နှစ်ကောင်စလုံးမှာ ဖော်မလင်ထဲတွင် အချိန်အတန်ကြာအောင် စိမ်ထားသည့် ငါးသေများဖြစ်၏။ ဆရာက သူ့ကို ပျော်ပျော်ရွှင်ရွှင်ဖြင့် ကိုယ်တိုင်လုပ်ရန် ပြောလာသည်။

ပိုင်မူနင်မှာ နမူနာပြပစ္စည်းနှစ်ခုလုံး ပြီးစီးသည်အထိ သုံးလကြာအောင် အချိန်ယူခဲ့ရသည်။ ပြီးစီးသွားသောထုတ်ကုန်များကလည်း အတော်လေး ကောင်းမွန်၏။ တစ်စုံတစ်ယောက်မှ ဈေးနှုန်းမြင့်မြင့်ပေးကာ ဝယ်ယူချင်သည်အထိပင်။

သူ ၎င်းတို့ကို မရောင်းခဲ့ချေ။ တရုတ်ငါးကြင်းမှာ နိုင်ငံတော်အဆင့်ကာကွယ်ထားသော မျိုးစိတ်ဖြစ်၍ သူက ပြပွဲအတွက် ကျောင်းသို့ လှူဒါန်းခဲ့သည်။ ငါးရွက်တိုက်ကိုမူ သူ့အတွက် သိမ်းထားခဲ့ပြီး အနာဂတ်အိမ်တွင် အလှဆင်ကာ ပြသထားမည်ဟု ပြောခဲ့၏။

“ငါ့မှာ အိမ်ဝယ်ဖို့ ပိုက်ဆံရှိရင်ပေါ့... ဒါက တစ်ယောက်ယောက်အတွက် လက်ဆောင်” 

ပိုင်မူနင်က နမူနာပြပစ္စည်းကို ဂရုတစိုက် ညင်သာစွာ ပွတ်သပ်ရင်း ပြောလိုက်သည်။

ယင်းမှာ သူပေးနိုင်သည့် အကောင်းဆုံး လက်ဆောင်ဖြစ်ပြီး အဓိပ္ပာယ်ရှိသည်။

“မင်းက ဒါကိုပေးဖို့အထိ ဆန္ဒရှိမှတော့ တကယ် အရေးကြီးတဲ့သူ ဖြစ်ရမယ်” 
လီအန်းချီက သူ၏ အိတ်ကိုချပြီး အညောင်းဆန့်ရင်း ပြောသည်။ 
“မင်း အဆောင်မှာရှိနေတာက ရှားတယ်... ငါတို့ အတူတူ ညစာစားရအောင်... မင်း ဘာစားချင်လဲ.... ငါ ကျွေးပါ့မယ်”

ပြောနေရင်းပင် လီအန်းချီက သူ၏ဖုန်းကို ထုတ်ကာဖြင့် အစားအသောက်ပို့ဆောင်ရေးဆော့ဖ်ဝဲလ်ကို ဖွင့်ကာ စတင်ကြည့်ရှုလိုက်၏။
“ရေချိုကျောက်ပုစွန်ဆိုရင်ရော ဘယ်လိုလဲ... မဟုတ်ဘူး အခွံခွာရတာ အရမ်းခက်တယ်.... တခြားတစ်ခု ကြည့်လိုက်မယ်”

ပိုင်မူနင်က သူ့ကို တားလိုက်သည်။
“အန်းအန်း ခဏလေး စောင့်ဦး... မင်းနဲ့ ပြောစရာတစ်ခုရှိတယ်”

ပိုင်မူနင် မည်မျှအတည်ပေါက်ဖြစ်နေကြောင်းနှင့် ပြောရန်မဝံ့မရဲဖြစ်နေသည်ကို မြင်ရသဖြင့် လီအန်းချီ မျက်ခုံးတို့အားတွန့်ချိုးလိုက်သည်။ 
“နင်အာ မင်းက ငါ့ကို ကြောက်အောင် လုပ်နေတာပဲ... မင်း ပြောမဲ့စကားက သတင်းကောင်း မဟုတ်ဘူးလို့ ငါခံစားနေရတယ်... မင်းသာ  á€†á€›á€Źá€á€”်ဆို ငါ့မှာ အသက်ရှင်ချိန်သိပ်မကျန်တော့ဘူးလို့ ပြောတော့မဲ့အတိုင်းပဲ... လန့်လိုက်တာ”

“ဒါက သတင်းကောင်းလား သတင်းဆိုးလားဆိုတာတော့ ငါလည်းမသိဘူး... မင်းပဲ ဆုံးဖြတ်ရမှာ.. ငါက ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောပြရုံပဲ” 
ပိုင်မူနင်က ရိုးရိုးရှင်းရှင်းသာ ပြောလိုက်သည်။
“အဲဒီနေ့က ညစာစားပြီးနောက်ပိုင်း ကျန်းခယ်ကျန့် ငါ့ဆီလာပြီး စကားတွေအများကြီး ပြောခဲ့တယ်”

“သူက ဘာတဲ့လဲ” 
လီအန်းချီက အံ့ဩစွာ မေးလိုက်သည်။

“သူပြောတာက မင်းကိုကြိုက်တယ်တဲ့”

လီအန်းချီခမျာ အနှီစကားများကို ကြားလိုက်ရသည်နှင့် ပထမတွင် မှင်သက်သွားခဲ့၏။ ထို့နောက်တွင်မှ အဓိပ္ပာယ်ကို သဘောပေါက်သွားဟန်ရကာ ပျော်ရွှင်မှုဖြင့် တောက်ပသွား‌တော့သည်။ 
“သူက ငါ့ကို ကြိုက်တယ်ပေါ့ တကယ်လား”

“နင်အာ သူ ငါ့ကို တကယ်ကြိုက်တာလား” 

လီအန်းချီမှာ ဘာလုပ်၍ဘာကိုင်ရမည်ကိုပင် မသိတော့ပါဘဲ ကြမ်းပြင်ထက် ရှေ့လျှောက်နောက်လျှောက်နေသည်။

သူက စိတ်လှုပ်ရှားစွာ မေးသည်။
 “ဒါဆို ငါတို့ အောင်မြင်သွားပြီဆိုတဲ့ အဓိပ္ပါယ်လား”

“သူကိုယ်တိုင် ပြောခဲ့တာ”

လီအန်းချီက အရာအားလုံးကို ခဏတာစဉ်းစားပြီးနောက် မေးလာသည်။
 “ဒါဆို ဘာလို့ သူကငါ့ကို လျစ်လျူရှုနေတာလဲ... ဘာလို့ ငါနဲ့ မတွဲရတာလဲ”

သူ၏ သံသယများမှာအလုံးစုံ ပြိုကျလာသည်။ သူက ပိုင်မူနင်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ နောက်ဆက်တွဲ ဖြစ်လာမည့်အရာက သတင်းကောင်းမဟုတ်ဟု သူ ခံစားလိုက်ရသည်။

ပိုင်မူနင်က ကျန်းခယ်ကျန့်၏ စိုးရိမ်မှုများကို သူ့ကို ရှင်းပြလိုက်ပြီး နောက်ဆုံးတွင် အတိုချုံးလျက် ပြောလိုက်သည်။
 “သူက မနေနိုင်ဘူး မင်းကလည်း ထွက်သွားလို့မရဘူး...  á€’á€Žá€œá€ąá€Źá€€á€şá€•á€˛ ရှင်းရှင်းလေး”

သူတို့ တစ်ယောက်ကိုတစ်ယောက် ကြိုက်ကြသည်။ သို့သော်လည်း သူတို့ နှစ်ယောက်လုံးမှာ မလိုက်ဖက်ချေ။ သူတို့သာ ယခုအချိန်ထိ တက္ကသိုလ်တက်နေဆဲဖြစ်ပါမူ အလွန်အမင်း ဂရုစိုက်မနေဘဲ စိတ်ကိုလွှတ်ပေးကာ ခဏတာလေးပင်ဖြစ်စေ ပျော်ရွှင်ရသည့်ဆက်ဆံရေးကို ရယူနိုင်ရ၏။ ဘွဲ့ရပြီးနောက်ပိုင်းတွင် ကိုယ့် လမ်းကိုယ် ကျိုးကြောင်းဆင်ခြင်လျက် လျှောက်နိုင်ပေလိမ့်မည်။

သို့သော်လည်း လက်တွေ့ဘဝက သူတို့၏ ရှေ့၌ပင် ရှိနေသည်။ အရွယ်ရောက်ပြီးသူများအနေဖြင့် သူတို့မှာ စွန့်စားလိုသည့်သတ္တိအား ဆုံးရှုံးပြီးဖြစ်ချေ၏။ သဘာဝအားဖြင့် သူတို့က ပိုဂရုတစိုက် တွေးတတ်ကြသည်။

ပြောစရာမလိုအောင် ကျန်းခယ်ကျန့်မှာ အလွန် ကျိုးကြောင်းဆင်ခြင်တတ်လွန်းသည့် လူတစ်ဦးပင်။ ထိုသူမှာ လမ်းကြောင်းအမှန်ကို မည်သို့ရွေးချယ်ရမည်အား အမြဲလိုလို သိထား၏။

ထိုကဲ့သို့သောလူမျိုးမှာ လီအန်းချီကဲ့သို့ စိတ်ခံစားမှုကိုသာ အရေးပေးသူနှင့် မသင့်လျော်ပေ။

လီအန်းချီကမူ ပိုမိုပွင့်လင်းကာ တည့်တိုးဆန်ပြီး စိတ်ခံစားမှုနောက်သို့သာ လိုက်သူပင်။

“ငါ ထွက်မသွားနိုင်ဘူးလို့ ဘယ်သူပြောလဲ...  á€Ąá€á€€á€şá€Ąá€á€˛á€€á€źá€Żá€śá€›á€™á€žá€Źá€€á€­á€Ż ငါမကြောက်ဘူး... ငါက သူ့နဲ့အတူ ရှိချင်ရုံပဲ”

“ငါ အခုပဲ သူ့ကို သွားရှာမယ်... သူ ဘယ်သွားသွား ငါ လိုက်မယ်”

သူ မည်မျှအထိ အချစ်ရူးဖြစ်နေသည်ကို မြင်လိုက်ရလျှင် ပိုင်မူနင်မှာ သူ့ကို ပြောပြလိုက်မိသည့်အတွက် နောင်တရလာသည်။

“အန်းအန်း မင်း သေချာ စဉ်းစားဖို့လိုတယ်... မင်းမှာ မိဘတွေ ရှိနေသေးတယ်... သူတို့ကလည်း ထပ်တူအရေးကြီးတယ်လေ”

“ရှေ့ဆက်ရမဲ့လမ်းက အရှည်ကြီးပဲ... ဘယ်ဆုံးဖြတ်ချက်ကိုမှ ပေါ့ပေါ့လေး မချပါနဲ့”

လီအန်းချီမှာ ခဏတာ တိတ်ဆိတ်သွားပြီးမှ ထရပ်လိုက်ပြီး ပြောသည်။

 “နင်အာ ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ငါ ကိုယ်တိုင် ဆုံးဖြတ်ချင်တယ်”

“ဘယ်လိုပဲ အဆုံးသတ်ပါစေ... ငါ နောင်တ မရဘူး”

လီအန်းချီက အလျင်စလိုပင် ထွက်ခွာသွားသည်။ သူ ကျန်းခယ်ကျန့်ကို သွားရှာတော့မည်မှာ သိသာနေသည်ပင်။

ပိုင်မူနင်က သူလုပ်ခဲ့သည်မှာ မှန်သလား မှားသလား သေချာမသိပေ။ သို့တိုင် မည်သို့ပင်ဖြစ်လာပါစေ ယင်းက လီအန်းချီ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်သည်။

သူ နောင်တ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ယင်းက သူ၏ကိုယ်ပိုင်ဘဝသာ။

ထိုညတွင် လီအန်းချီ အဆောင်သို့ ပြန်မလာခဲ့သလို သူ၏ ဖုန်းကိုလည်း ဆက်သွယ်၍မရပေ။ ပိုင်မူနင် စိုးရိမ်ပူပန်လာပြီး အဆက်အသွယ်ရရန်သာ ကြိုးစားနေမိသည်။

တတိယမြောက်နေ့၌  á€œá€Žá€Ąá€”်းခဝဎက သူ့ကို ပြန်ဆက်သွယ်လာခဲ့သည်။

သူက ဖုန်းတိုက်ရိုက်ခေါ်လာခြင်းဖြစ်သည်။ 
“နင်အာ စိတ်ပူအောင် လုပ်မိလို့ တောင်းပန်ပါတယ်... ငါ ဒီဘက်မှာ အဆင်ပြေပါတယ် တကယ်ပါ... စိတ်မပူပါနဲ့”

သို့သော်လည်း သူ၏ အသံမှာ သိပ်မမှန်ပေ။  á€Ąá€žá€śá€‘ဲတွင် ပင်ပန်းနွမ်းနယ်ရိပ်တို့ဖြင့် သူ၏ ခံစားချက်အားလုံး လုံးဝလောင်ကျွမ်းသွားသည့်အတိုင်းပင်။

သူက ဘာမှမဖြစ်သလို ဟန်ဆောင်နေပြီး ပိုင်မူနင်၏ စိုးရိမ်ပူပန်မှုကို လျော့ပါးစေရန် ကြိုးစားနေခြင်းသာ။

ထိုအခိုက်တွင် ပိုင်မူနင်က အဆောင်၌ရှိနေပြီး ဖေးရှူးချန်၏ နေရာသို့ သွားရန်ပြင်ဆင်နေခြင်းဖြစ်သည်။ သူက ဟိုးလာလာပြောင်းရွှေ့သူအား ငါးရွက်တိုက်နမူနာကို ဂရုတစိုက် ကိုင်တွယ်ရန် ညွှန်ကြားနေသည်။ 

“ဒါဆို ကျန်းခယ်ကျန့်နဲ့ အခြေအနေ ဘယ်လိုလဲ”

သူ့အနေဖြင့် လီအန်းချီ မည်သို့ရွေးချယ်ခဲ့သည်အား သိချင်မိသည်။

လီအန်းချီ၏နေရာမှ ကြည့်ကာဖြင့်  á€œá€Žá€Ąá€”်းခဝဎတစ်ယ္ဏက် အသိစိတ်ဝင်ကာ ခက်ခဲသည့်လမ်းကို မရွေးရန်သာ သူမျှော်လင့်မိ၏။

ငွေကြေးပြည့်စုံသူများက ယင်းကို အရေးမကြီးဟုသာ အမြဲတစေ တွေးကြသည်။ သို့တိုင် တကယ်ဒုက္ခရောက်လာသည့်အခါ ငွေလေးတစ်ပြားကပင် အတားအဆီးတစ်ခု ဖြစ်လာသည့်အချိန်မျိုးတွင် ပိုက်ဆံက မည်မျှ အရေးကြီးကြောင်းကို သဘောပေါက်လိမ့်မည်။

သူ့အနေဖြင့် လီအန်းချီကို ထိုအဆင့်အထိ လုံးဝ မရောက်စေချင်ပါချေ။

လီအန်းချီက သက်ပြင်းချပြီး ပြောသည်။
 “သူ ထွက်သွားပြီ... ကုမ္ပဏီတစ်ခုက သူ့ကို အလုပ်ကမ်းလှမ်းလိုက်တယ်... နှစ်သစ်ကူးပြီးတာနဲ့ စလိမ့်မယ်”

“အတိအကျဘယ်နေရာလဲဆိုတာ ငါ မမေးခဲ့ဘူး... သူ့အတွက် အကောင်းဆုံးဖြစ်ပါစေလို့ပဲ ဆုတောင်းပေးခဲ့တယ်”

“မင်းရော...” 
ပိုင်မူနင်က စကားကို အဆုံးမသတ်ဘဲ ရပ်လိုက်လေသည်။ လီအန်းချီတစ်ယောက် သူ့ ဆိုလိုရင်းကို နားလည်လိမ့်မည်ဟု သူ ယုံကြည်၏။

လီအန်းချီမှာ သူ၏ ပုံမှန်အချစ်ရူးပုံစံနှင့် လုံးဝ ကွဲပြားနေပြီး ကျန်းခယ်ကျန့်နည်းတူ ဆင်ခြင်နိုင်စွမ်းအပြည့် တုံ့ပြန်ခဲ့သည်။ 
“ကျန်းခယ်ကျန့် ပြောတာ မှန်တယ်... ဘဝဆိုတာ အချစ်တစ်ခုတည်း မဟုတ်ဘူး... တန်ဖိုးထားရမဲ့ တခြားအရာတွေ အများကြီးရှိတယ်... နင်အာ ငါ သူ့အကြောင်းကို ထပ်မတွေးတော့ဘူး”

“ငါ့မှာ အခု ပိုအရေးကြီးတဲ့ အလုပ်တွေ ရှိတယ်... ငါ အချစ်ကို စွဲလမ်းမနေတော့ဘူး”

အနှီပြောင်းလဲမှုက အလွန်တရာပင် ရုတ်တရက်ဆန်လွန်းသောကြောင့် ပိုင်မူနင်မှာ ခဏတာမျှ မည်သို့တုံ့ပြန်ရမည်ကို မသိတော့ပေ။ 

လီအန်းချီ တစ်ညတည်းနဲ့ ရင့်ကျက်သွားရတဲ့အထိ ဘာတွေဖြစ်ခဲ့တာလဲ...

အနှီသူမှာ ဘုန်းကြီးတစ်ပါး ဖြစ်သွားသည့်အတိုင်း အရာအားလုံးကို ရုတ်တရက် လွှတ်ချလိုက်သည့်နှယ်။

“မင်း ဘာဖြစ်သွားတာလဲ”

“ဘာမှ မဖြစ်ပါဘူး”
ပိုင်မူနင်မှာ ပိုပြောချင်နေသေးသော်လည်း တစ်ဖက်မှ လီအန်းချီက လုပ်စရာရှိ၍ ဖုန်းချလိုက်သည်။

ပိုင်မူနင် သူ၏ ဖုန်းကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေမိပြီး လီအန်းချီဘက်တွင် သိပ်အဆင်မပြေဟု ခံစားလိုက်ရသည်။

သို့သော်လည်း လက်ရှိ သူကိုယ်တိုင်လည်း ရင်ဆိုင်ရမည့် စိန်ခေါ်မှုရှိနေရာ အာရုံစိုက်ရန် အချိန် မပေးနိုင်သေးပေ။

ဖေးရှူးချန်၏ မွေးနေ့ကိုသွားရန် သဘောတူပြီးကတည်းက ပိုင်မူနင်၏စိတ်မှာ သက်သောင့်သက်သာမရှိခဲ့ချေ။

အကြောင်းအရင်းကို သူကိုယ်တိုင်လည်းမသိချေ။ သို့သော်လည်း အနည်းငယ်မျှ စိတ်မသက်မသာဖြစ်ရသလို ဂနာမငြိမ်လည်းဖြစ်ရ၏။

ပိုင်မူနင်က ဟိုးလာလာဗန်ကား၏ ခရီးသည်ထိုင်ခုံပေါ်သို့ တက်လိုက်ပြီး ဖေးရှူးချန်၏ အိမ်သို့ တည့်တည့်မောင်းခိုင်းလိုက်သည်။

မူလက ယနေ့တွင် ဝမ်ကျင်းမှ  á€žá€°á€ˇá€Ąá€Źá€¸á€œá€Źá€€á€źá€­á€Żá€›á€”်စဎစြ်ထဏးသည်အတိုင် သူ့ကားထဲ၌ နှစ်မီတာရှည်သည့်  á€„ဍးရွက်တိုက်နသင်အ မဆန့်သဖြင့် ပိုင်မူနင် ငြင်းဆန်လိုက်သည်။

သူတို့နှစ်ဦး ဖေးရှူးချန်၏ တိုက်ခန်းအိမ်ရာဝန်းအောက်ထပ်တွင်တွေ့ဆုံရန် သဘောတူထားကြသည်။

လမ်းတွင် ပိုင်မူနင်မှာ ဝမ်ကျင်းထံမှ မက်ဆေ့ချ်တစ်‌စောင် လက်ခံရရှိလိုက်၏။

ထိုသူက သူရောက်ပြီဖြစ်ကြောင်းနှင့် အောက်ထပ်တွင် စောင့်နေကြောင်း ပြောထားခြင်းသာ။

ပိုင်မူနင်က ရာသီဥတုအေးသောကြောင့် သူ့ကို အောက်ထပ်တွင်မနေဘဲ အရင်တက်သွားရန် ပြောလိုက်သည်။

ဝမ်ကျင်းက သူ စောင့်နေမည်ဟုသာ ပြောလာသည်။

ပိုင်မူနင်က ထပ်မပြောတော့ဘဲ ရိုးရိုးရှင်းရှင်း “ကောင်းပါပြီ” ဟုသာ ပြန်ဖြေလျက် သူ့ဖုန်းကို သိမ်းလိုက်သည်။

ကားစီးချိန်က မိနစ်နှစ်ဆယ်ခန့်သာရှိသည်။ မကြာခင်မှာပင် ပိုင်မူနင်တစ်ယောက် ကျင်းနန် မဟာတက္ကသိုလ်ဌာနဝန်ထမ်းအိမ်ရာသို့ ရောက်လာခဲ့သည်။

ဖေးရှူးချန်မှာ ကျင်းနန်တက္ကသိုလ်တွင် သမိုင်းဘာသာရပ်ကို သင်ကြားပေးသည့် ပါမောက္ခတစ်ဦး ဖြစ်သည်။

သူမက အတော်လေး နာမည်ကြီးသည်။ ရုပ်မြင်သံကြားတွင်ပါဝင်ဖူးပြီး စာအုပ်များစွာကိုလည်း ရေးသားခဲ့သည်။

ယင်းကိုကြည့်လျှင် ဝမ်ကျင်းမှာ ထင်ရှားသည့်နောက်ခံဖြင့် ပညာရှင်မိသားစုမှ ဆင်းသက်လာသည်ပင်။

သို့သော် ဝမ်ကျင်း၏အခြားမိသားစုဝင်များအကြောင်းကိုမူ ပိုင်မူနင် သေချာမသိပေ။

ဝမ်ကျင်းတွင် စွန်းကျင်းအမည်ရှိ ညီမငယ်တစ်ဦးရှိသည်။ သို့သော်လည်း သူမမှာ မိခင်၏ မျိုးရိုးအမည်ကို မယူထားသလို ဝမ်ကျင်းနှင့်လည်း မျိုးရိုးတူမနေပေ။  á€á€™á€şá€€á€ťá€„á€şá€¸á မိခင်က အိမ်ထောင်ထပ်ပြုခဲ့သည်ဟုသာ ပိုင်မူနင်က မှန်းဆနိုင်တော့သည်။

သူတွေးနေစဉ်မှာပင် ကားမောင်းသူက မေးလာသည်။
 “အဆောက်အဦး ၅ လား ၆ လား”

“အဆောက်အဦး ၆”

“ကောင်းပါပြီ ရောက်ပြီ”
ကားမောင်းသူက ဘရိတ်နင်းလိုက်သည်။ ယာဉ်မှာ ရပ်တန့်သွားပြီး ပိုင်မူနင်က အဆောင်အဝင်ဝ အောက်ထပ်တွင် မတ်တတ်ရပ်နေသော အရပ်ရှည်ရှည်၊ ရုပ်ချောချော လူတစ်ယောက်ကို တွေ့လိုက်ရသည်။

ယင်းက “ဝမ်ကျင်း” ပင်။ သို့သော်လည်း တစ်ခုခုက လွဲနေသည်။ သူ့အနေဖြင့် တစ်မျိုးတစ်မည် မရင်းနှီးသလို ခံစားရသည်။

ပိုင်မူနင်က တံခါးဖွင့်ပြီး ကားပေါ်က ဆင်းလိုက်သည်။ “ဝမ်ကျင်း”မှာ သူ့ကို မြင်လိုက်လျှင် ဝမ်းသာသွားဟန်မရပေ။ သူက လျစ်လျူရှုထားပြီး သူ့ကို မသိသည့်အတိုင်း အမူအရာမဲ့စွာဖြင့်ပင်။

ပိုင်မူနင်က သူ့ကို သံသယဖြင့် ကြည့်လိုက်ပြီး မေးသည်။
 “ခင်ဗျား ဘာဖြစ်နေတာလဲ”

“ဝမ်ကျင်း”မှာ ပိုမို ရှုပ်ထွေးသွားဟန်ဖြင့် သူ့ကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

ပိုင်မူနင်က ဤသို့ အေးစက်စက် ဆက်ဆံပုံကြောင့် တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။ သူက ကားမောင်းသူဘက် လှည့်ကာ ပြောလိုက်သည်။
 “ဆရာ ဒါကို ကူညီပြီး ချပေးပါဦး”

သူ ပြောနေစဉ် စတင်၍ ငွေပေးချေလိုက်၏။

ငွေပေးချေမှု ပြီးသွားသောအခါ ပိုင်မူနင်က ငါးရွက်တိုက်နမူနာကိုယူလျက် “ဝမ်ကျင်း”ကို စူးစူးဝါးဝါး ကြည့်ပစ်လိုက်သည်။
 “မကူညီတော့ဘူးလား”

“ဟမ်…”
မကြာမီ အခန်းတံခါးပွင့်သွားပြီး နောက်ထပ် ဝမ်ကျင်းတစ်ယောက် ထွက်လာသည်။

နှစ်ယောက်လုံးက ဘေးချင်းယှဉ် ရပ်နေကြရာ ပုံစံတူနေပြီး ဝတ်ဆင်ထားပုံကလည်းတူသည်။ ယင်းက မှန်ထဲသို့ ကြည့်နေရသည့်ပမာ။

ဝမ်ကျင်းနှစ်ယောက်က သူ့ရှေ့တွင် ရပ်နေသည်။ ပိုင်မူနင် လုံးဝဥဿုံ မှင်သက်သွားရ၏။

သူ ရှေ့သို့သာ စိုက်ကြည့်နေမိသည်။ သူ မြင်နေရသည်ကို မယုံနိုင်ချေ။ သူ့ကိုယ်သူ အမြင်မှားနေသလိုသာ ခံစားရသည်။

ဘယ်ဘက်ရှိ ဝမ်ကျင်းမှာ အရပ် အနည်းငယ်ပိုရှည်ပြီး သူ၏အမူအရာက အေးစက်စက်ဖြင့်ပင်။ နောက် “ဝမ်ကျင်း” တစ်ယောက်ကမူ အနည်းငယ်ပိုပုပြီး သူ၏ မျက်လုံးနားတွင် မှဲ့လေးရှိသည်။ မစ္စတာကျိုး သူ့ကို ပေးခဲ့သော ဓာတ်ပုံထဲကလိုပင်။

ပိုင်မူနင်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါက်ကွဲထွက်သွားလျက် ခံစားချက်မကောင်းတော့ပေ။ 

သူ အရေးကြီးသည့်အချက်တစ်ခုကို သဘောပေါက်လိုက်သည်။

ကြည့်ရတာ ငါ လူမှားခဲ့ပုံပဲ....


💊💊💊💊 Chapter 44


ဧည့်ခန်းကျယ်ကြီးထဲတွင် ထိုင်နေသည့် ပိုင်မူနင်၏ လက်ဖဝါးများက ချွေးထွက်၍နေသည်။ သူက ဘောင်းဘီနှင့် ပွတ်လိုက်သော်လည်း ခဏလေးအတွင်း ပြန်စိုလာပြန်သည်။

ဝမ်ကျင်း နှစ်ယောက်ကို မြင်ပြီးကတည်းက ပိုင်မူနင် ထိတ်လန့်နေရသည်။

မီးဖိုချောင်ထဲရှိ လူနှစ်ယောက်မှာ အလုပ်ရှုပ်နေကြသည်။ တစ်ယောက်က ပါဝင်ပစ္စည်းများ ပြင်ဆင်နေပြီး နောက်တစ်ယောက်ကမူ ချက်ပြုတ်နေသည်။

သူတို့က တူညီစွာ ဝတ်ဆင်ထားပြီး  á€™á€ťá€€á€şá€”á€žá€Źá€™á€ťá€Źá€¸á€€á€œá€Šá€şá€¸ တူကြသည်။ သူတို့၏ အပြုံးများပင်လျှင် အတိအကျ အတူတူပင်။

ထိုမှဲ့ငယ်လေးနှင့်အတူ ကွာခြားချက်အသေးစားလေးများသာ မရှိပါမူ ပိုင်မူနင်အနေဖြင့် သူတို့ကို လုံးဝ ခွဲခြားနိုင်မည် မဟုတ်ပေ။

ပိုင်မူနင်က ဝမ်ကျင်းကို ပထမဆုံး စတင်ချဉ်းကပ်ခဲ့စဉ်က ဓာတ်ပုံနှင့် အလုပ်အကိုင် တူညီ၍ဖြစ်သည်။ သူ ချန်လှပ်ခဲ့သည့် အချက်အလက်ဟူ၍ ဝမ်ကျင်းတွင်ရှိမနေသည့် မှဲ့ငယ်လေးသာ။

သူ့တွင်ညီအစ်ကိုရှိမရှိ သေချာအောင် စေ့စေ့စပ်စပ် မေးမြန်းအတည်ပြုပြီးနောက်မှသာ ပိုင်မူနင်က မှဲ့ပြဿနာကို လျစ်လျူရှုထားခဲ့ခြင်းပင်။

ယခုမူ အနှီသာ့ကောက သူ့ရှေ့တည့်တည့်တွင် ရပ်နေလေပြီ။ ပိုင်မူနင်ခမျာ လုံးဝ မှင်သက်သွားရ၏။

သို့သော်လည်း ယခုအချိန်တွင် သူပိုပြီး နောင်တရမိသည်က အပေါ်ကို တက်လာခဲ့မိခြင်းသာ။ 

သူ အကြောင်းပြချက်တစ်ခုခုရှာလျက်  á€‘ွက်ပဟ္းခဲအသငအ်သည်။

ယနေ့ညစာအား မျိုချရခက်စေရန် ကံကြမ္မာက စီစဥ်ထားသည့်အတိုင်းပင်။

ပိုင်မူနင် ထွက်သွားနိုင်မည့် အကြောင်းပြချက်တစ်ခုကို စဉ်းစားနေသည်။ သူက သူ၏ဖုန်းကိုပင် ထုတ်လိုက်ပြီး နှိုးစက်ပေးလိုက်၏။ ဖုန်းဝင်လာဟန်ဆောင်ကာ အခြေအနေတစ်ခုလုံးကို သရုပ်ဆောင်ရန် ပြင်ဆင်ထားသည်။

သို့သော်လည်း နှိုးစက်မြည်သွားချိန်တွင် ဖေးရှူးချန်က စာကြည့်ခန်းထဲမှ ထွက်လာသည်။ ပိုင်မူနင်က သူ၏အစီအစဉ်ကို စွန့်ပစ်ပြီး  á€žá€°á€™á€Ąá€Źá€¸ ပြုံးကာ နှုတ်ဆက်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။

ဖေးရှူးချန်က အပြုံးလေးဖြင့် လျှောက်လာပြီး စတော်ဘယ်ရီပန်းကန်တစ်ချပ်ကို သူ့ဘက်သို့ တွန်းပေးလိုက်သည်။ 
“ရှောင်နင် စတော်ဘယ်ရီတွေ အရင်စားထားနော်.. ညစာချက်တာက နည်းနည်း ကြာဦးမယ်”

စွန်းကျင်းက ယခုထိ ပြန်မလာသေးပေ။ စွန်းကျင်း၏ဖခင်က ဝမ်ကျင်းနှင့်အတူ မီးဖိုချောင်ထဲ၌ အလုပ်များနေသည်။ ယခုအချိန်တွင် သူတို့နှစ်ယောက်သာ ဧည့်ခန်းထဲ၌ရှိနေသည်။

“မင်းယူလာတဲ့ လက်ဆောင်ကို အန်တီ တကယ် ကြိုက်တယ်... အထူးသဖြင့် အပြာရောင် အတောင်ပံတွေက လိပ်ပြာတောင်ပံတွေနဲ့ တူတယ်... နက်ပြာရောင် တောင်ပံတွေက အရမ်း အိပ်မက်ဆန်တယ်လို့ ခံစားရတယ်...Moments မှာတောင် ပို့စ်တင်လိုက်ပြီးပြီ... လူတိုင်းက အန်တီ့ကို အရမ်းမနာလိုဖြစ်နေကြတာ”

“တစ်ယောက်ယောက်က ငါ့ကို ရောင်းမလားလို့တောင်မေးတယ်... ဒါပေမဲ့ အန်တီငြင်းလိုက်ပါတယ်... ဒါက အန်တီ့သားမက်လေးဆီက လက်ဆောင်လေ... ဘယ်လောက်ပိုက်ဆံပေးပေး ဝယ်လို့မရဘူး ”

ဖေးရှူးချန်က ငါးရွက်တိုက်ကို စာကြည့်ခန်းထဲတွင် ယာယီနေရာချထားသည်။ သူမ အွန်လိုင်းမှ မှာထားသည့်စင် ရောက်သည်နှင့် ဧည့်ခန်းထဲတွင် ပြသထားလိမ့်မည်။

ဖေးရှူးချန်မှာ ပါမောက္ခဖြစ်သော်လည်း သူမက အသက်ကြီးပိုင်းပညာရှင်တစ်ဦးကဲ့သို့ မာန်မာနမရှိသလို စာအုပ်ကြီးအတိုင်း အမြင်ကျဉ်းမနေပေ။  á€†á€”á€ˇá€şá€€á€ťá€„á€şá€˜á€€á€şá€Ąá€”á€ąá€–á€źá€„á€ˇá€ş သူမက တက်ကြွပြီး ပျော်တတ်ကာ ရယ်စရာကောင်းသလို  á€…á€€á€Źá€¸á€œá€Żá€śá€¸á€™á€ťá€Źá€¸á€€á€­á€Żá€œá€Šá€şá€¸ ဉာဏ်ရှိရှိဆိုတတ်သူပင်။ သူမ၏ စကားလုံးရွေးချယ်မှုတိုင်းက လန်းဆန်းသက်ဝင်နေပြီး သူမ၏ အတန်းများတွင် ကျောင်းသားများစွာရှိမည်မှာ သေချာ၏။

သူမက စိတ်ဝင်စားစရာကောင်းသည့်ဆရာမတစ်ဦးဖြစ်ကာ ပိုင်မူနင်လည်း သူမကိုသဘောကျသည်။

သို့သော်လည်း “သားမက်” ဆိုသည့် စကားစုက သူ့ကို လုံးဝ မှင်တက်ဆွံ့အသွားစေသည်။

ဖေးရှူးချန်ရဲ့မျက်လုံးထဲမှာ ငါနဲ့ဝမ်ကျင်းက လက်ထပ်ပြီးသားဖြစ်နေပြီလို့ ဘာလို့ ခံစားနေရတာလဲ...

ဆိုရလျှင် ဖေးရှူးချန်က တကယ်ကို အတွေးအခေါ် ကောင်းမွန်သူပင်။ သူမက ပွင့်လင်းပြီး အလွန်ပင် လက်ခံနိုင်စွမ်းရှိသည်။

မိဘအများစုမှာ သူတို့သားသမီးများ၏ လိင်စိတ်တိမ်းညွတ်မှုကို လက်ခံနိုင်ရန် ရုန်းကန်ကြရသည်။ အသိပေးထုတ်ဖော်ခြင်းက  á€™á€­á€žá€Źá€¸á€…ု ပဋိပက္ခများ ပြင်းပြင်းထန်ထန် ဖြစ်စေတတ်၏။

အဆက်မပြတ် ငြင်းခုံကြရုံသာလုပ်ခြင်းက အကောင်းဆုံးအခြေအနေဟု ဆို၍ရသည်။ အဆိုးဆုံးဆိုလျှင် အဆက်အသွယ် လုံးဝ ဖြတ်တောက်ခြင်းပင်။

သို့သော် ဖေးရှူးချန်တို့ကမူ မိသားစုကြား သဘောထားကွဲလွဲမှု လုံးဝမရှိပေ။ သူမက အားလုံးကို တည်ငြိမ်အေးဆေးစွာသာ လက်ခံခဲ့သည်။ သူမသားအတွက် ဘလိုင်းဒိတ်များကိုပင် တက်ကြွစွာ စီစဉ်ခဲ့ပြီး သူ၏ချစ်သူအပေါ်၌လည်း ခွဲခြားဆက်ဆံခြင်း လုံးဝမရှိချေ။

ထိုကဲ့သို့သော မိသားစုအငွေ့အသက်လေးက တကယ်ကို ခံစားရကောင်းမွန်ပြီး နွေးထွေးသည်။

ယခုမှ ပိုင်မူနင်မှာ စွန်းကျင်းအဘယ်ကြောင့် ထိုမျှ ပုန်ကန်တတ်နေရသည်ကို နောက်ဆုံး၌ နားလည်လိုက်ရသည်။ “အချစ်ခံရသူမှာ ရမ်းကားနေလျှင်ပင် အပြစ်ပေးမခံရ” ဟူသော စကားစုက သူမနှင့် အံဝင်ခွင်ကျဖြစ်လွန်းလှသည်။

သူ သူမကို တကယ်ပင် မနာလိုဖြစ်မိ၏။

သို့သော်လည်း အပြစ်ကင်းသူဖြစ်သည့် ဝမ်ကျင်းအကြောင်းကို သူတွေးလိုက်မိသည်နှင့် ပိုင်မူနင် အနည်းငယ်မျှ နေရခက်သွားသည်။ သူက ပရိယာယ်ပါပါ ရေတစ်ငုံမျှသောက်လိုက်ပြီးနောက်ဆိုသည်။
“အန်တီ ကြိုက်ရင်ရပါပြီ”

ပိုင်မူနင်က တွေးလိုက်သည်။
ငါ ဒီမိသားစုကို နောက်တစ်ခါ ဘယ်တော့မှ မလာတော့ဘူး...

ဖေးရှူးချန်နှင့် ပိုင်မူနင်က ဘဝအကြောင်းကို ခဏတာမျှပြောဆိုပြီးနောက် သူမ၏ အကြည့်က မီးဖိုချောင်ရှိ ညီအစ်ကိုနှစ်ယောက်ထံ လှည့်ကာ ပြောလိုက်သည်။
 “သူတို့ တကယ် တူကြတယ်နော်”

ပိုင်မူနင်က လှမ်းကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
သူတို့ကို “တူ” တယ်လို့ ပြောတာက လျှော့ပေါ့ပြီးပြောထားတာပဲ... သူတို့က လုံးဝကို တူနေတာကြီး... အဲဒါကြောင့်ပဲ ငါတော့ လုံးဝ ဒုက္ခရောက်ပြီ...

ငါက ညီလေးနောက်ကို လိုက်ဖို့ စီစဉ်ခဲ့တာလေ... ဒါပေမဲ့ခုတော့ ငါက မရီးဖြစ်သွားပြီတဲ့လား...

ဤအကြောင်းကို တွေးလိုက်ရုံဖြင့် ပိုင်မူနင်၏ ရင်ထဲ၌ အေးစက်သွားသလို ခံစားရသည်။

“သူတို့က အမြွှာတွေလေ... ကလေးကတည်းက ပုံစံချင်းက လုံးဝအတူတူပဲ ... နောက်ပိုင်းကျတော့ သူတို့အဖေနဲ့ အန်တီ လမ်းခွဲလိုက်တယ်... သူက ရှောင်ချီကို နိုင်ငံရပ်ခြားခေါ်သွားတော့ အန်တီက ဝမ်ကျင်းနဲ့အတူ တရုတ်ပြည်မှာ နေခဲ့တာ... သူတို့ နောက်ဆုံး တွေ့ခဲ့ကြတာ အနှစ် ၂၀ ကျော်နေပြီ”

“သူတို့နှစ်ယောက်လုံးက ဒီလောက် အချိန်ကြာအောင် ခွဲနေပြီးတာတောင် ခုထိ စိတ်ချင်းဆက်နေကြမယ်လို့ မမျှော်လင့်ခဲ့မိဘူး... သူတို့ရဲ့ ဖက်ရှင်‌တွေရော  á€žá€°á€á€­á€Żá€ˇá€›á€˛á€ˇ သဘောထားတွေကပါ အတူတူပဲ... နှစ်ယောက်လုံးမှာ ချစ်သူကောင်လေးတွေ ရှိကြတယ်လေ ”

ပိုင်မူနင်က ဝင်မပြောဘဲ တိတ်တဆိတ်သာ နားထောင်နေမိသည်။ ဖေးရှူးချန်က ညီအစ်ကိုများအကြောင်းပြောနေစဉ်မှာပင် သူ မည်‌သည့်နေရာမှစ၍ မည်သို့မည်ပုံ လွဲမှားသွားခဲ့သည်ကို နောက်ဆုံး၌ စုစည်းနိုင်သွားတော့သည်။

ဝမ်ကျင်း၏ညီမှာ ဝမ်ချီဖြစ်သည်။ ထိုသူက ဤအချိန်အထိ နိုင်ငံခြားတွင်သာ နေထိုင်ခဲ့သည်။ သူ၏အလုပ်ကလည်း ပြည်ပ၌သာဖြစ်၏။ လွန်ခဲ့သည့်ခြောက်လက အလုပ်ခရီးတစ်ခုထွက်ရာမှ သူက ဖေးရှူးချန်နှင့် ဝမ်ကျင်းတို့ကို ပြန်လည် ဆက်သွယ်နိုင်ခဲ့ခြင်းဖြစ်သည်။

သူအလုပ်ပြီးသွားသော်ငြား ချစ်ရသူနှင့် ပြဿနာများကြောင့် ပို၍ကြာကြာနေရခြင်းပင်။ ဖေးရှူးချန်ကမူ အသေးစိတ်ကို မသိချေ။ သူ့ချစ်သူ၏အစ်ကိုကြီးက သူတို့ ဆက်ဆံရေးကို သဘောမတူကြောင်းကိုသာ သိထားသည်။

ဝမ်ချီက လက်မလျှော့ဘဲ ဝမ်ကျင်းကို ကြားဝင် ဖြန်ဖြေပေးရန် ဆက်တောင်းဆိုနေ၏။

ပိုင်မူနင်: “...?”

ဘယ်အစ်ကိုကြီးက ရုတ်တရက် ပေါ်လာတာလဲ... အဲဒါက ချစ်သူ‌ကောင်လေးမဟုတ်ဘူးလား...

သို့သော်လည်း ယခုမူ အားလုံးက အဓိပ္ပာယ်ရှိသွားပေပြီ။ မစ္စတာကျိုး၏ ချစ်သူနှင့် မြှာပွေနေသူမှာ ဝမ်ကျင်းမဟုတ်ဘဲ ဝမ်ချီပင်။

သို့တိုင် ပိုင်မူနင် နားမလည်နိုင်သေးသည်မှာ ဆရာဝန်ဟူသော အထောက်အထားပင်။  
ဘယ်သူက လိမ်ခဲ့တာလဲ…

စောစောကပင် ဖေးရှူးချန်က ဝမ်ချီမှာ ဘဏ္ဍာရေးနယ်ပယ်တွင် အလုပ်လုပ်ကြောင်းပြောပြခဲ့၏။ သို့ဖြစ်ရာ ထိုသူမှာ ဆရာဝန် မဟုတ်ချေ။

သေချာစဉ်းစားပြီးနောက် ပိုင်မူနင်က ပြဿနာကို သဘောပေါက်သွားသည်။

မစ္စတာကျိုး၏ ချစ်သူက သူ၏အလုပ်အကိုင်အကြောင်းကို လိမ်ခဲ့ခြင်းသာဖြစ်ရမည်။ အနှီအလိမ်အညာကြောင့်သာ ပိုင်မူနင်က ညီအစ်ကိုနှစ်ယောက်ကို လူမှားခဲ့ခြင်းပင်။

မစ္စတာကျိုးသည်လည်း လှည့်စားခံရခြင်း ဖြစ်နိုင်သည်။

ပိုင်မူနင်မှာ ပို၍ စိတ်မသက်မသာ ဖြစ်လာသည်။ နားထောင်လေလေ သူ့ကိုယ်သူ ငတုံးဟု ပိုမိုခံစားရလေလေပင်။ 

ဒီအလုပ်ကို လက်မခံခင် ဘာလို့များ ငါ နည်းနည်းလေးမှ ထပ်မစုံစမ်းခဲ့ရတာလဲ...

ပိုင်မူနင်၏ မျက်နှာက မည်မျှအထိဖြူလျော်ဖြစ်နေပြီကို ဖေးရှူးချန်က သတိမထားမိဘဲ ဆက်ပြောသည်။
 “ဒါဆို ရှောင်ကျင်းက နာခံတတ်ပြီး ချစ်ဖို့ကောင်းတဲ့ ပုံစံမျိုးကို ကြိုက်တာကိုး… အန်တီသာ စောစောကတည်းက သိခဲ့ရင် သူ့ကို အသက်ပိုကြီးတဲ့သူနဲ့ မိတ်ဆက်ပေးမှာ မဟုတ်ဘူး…”

ယခု အသက်သုံးဆယ်ကျော်နေပြီဖြစ်သည့် ဝမ်ကျင်းမှာ အမြဲလိုလို တစ်ကိုယ်တည်းသာနေခဲ့ပြီး ချိန်းတွေ့ခြင်းမျိုး လုံးဝမရှိခဲ့ပေ။ ဖေးရှူးချန်မှာ စိတ်ပူလာသောကြောင့် သူ့အတွက် စီစဉ်(နေရာချ၊လက်ထပ်)ပေးရန် စိတ်ချရသော သူများကို စတင် ရှာဖွေခဲ့သည်။

ပထမတွင် ဝမ်ကျင်းက ကြင်ဖက်တွေ့ရမည်ကို အဆုံးစွန်ထိ ငြင်းဆန်ခဲ့သည်။ သို့သော်ငြား သူမ၏ ဇွဲမလျှော့ဘဲ နှောင့်ယှက်မှုကြောင့် နောက်ဆုံးတွင် လက်ခံခဲ့ရပြီး စတင်ကာကြင်ဖက်တွေ့ရတော့သည်။

ယင်းကို ကြားလိုက်ရလျှင် ပိုင်မူနင် ပို၍ စိတ်မချမ်းမသာ ဖြစ်သွားရသည်။ ဝမ်ကျင်းမှာ ယခင်က ချစ်သူ‌ဆက်ဆံရေး လုံးဝမရှိဖူးပေ။ ထို့ကြောင့် သူ၏ပထမဆုံး အနမ်းဟု အနှီသူပြောခဲ့သည်ကလည်း အမှန်တရားသာ။

ပိုင်မူနင်၏ နှလုံးသားထဲအထိ အပြစ်ရှိသည့်ခံစားချက်မှာ နက်ရှိုင်းစွာ လှိုက်တက်လာ၏။ သူက တကယ့်ကို ဆိုးရွားလွန်းသူပင်။

သို့သော်လည်း သူ စန်းဝမ်ခန်းမသို့ ပထမဆုံး သွားလည်စဉ်က ချန်ဟောက်နန် ပြောခဲ့သည့် စကားကို  á€žá€á€­á€›á€œá€­á€Żá€€á€şá€žá€Šá€şá‹ ပိုင်မူနင်က စိတ်ဝင်တစားဖြင့်ပင်ဆိုလိုက်၏။

 “သူက ရည်းစားမထားဖူးဘူးလား” 

ချန်ဟောက်နန်က ဝမ်ကျင်းအား ချစ်သူရှိနေသော်လည်း လမ်းမခွဲနိုင်သည့် မျှော်လင့်ချက်မဲ့အချစ်ရူးတစ်ယောက်ပမာ နောက်ပြောင်ခဲ့ပေသည်။

ထိုစကားကြောင့်သာမဟုတ်လျှင် ပိုင်မူနင် မှဲ့ပြဿနာကို လျစ်လျူရှုခဲ့မည် မဟုတ်ပေ။

ယခု ပြန်တွေးကြည့်လိုက်လျှင် အရာအားလုံးက အစကတည်းက မှားယွင်းခဲ့ခြင်း ဖြစ်နိုင်၏။

“အဲဒီ့ရည်းစားအကြောင်းက နားလည်မှု လွဲတာပါ” 
ဖေးရှူချန် ရှင်းပြသည်။ 
“ပြောတောင် မပြောချင်ပါဘူး... အဲဒီကလေးက အန်တီ့လုပ်ဖော်ကိုင်ဖက်ရဲ့ သားလေ... သူတို့က သူက တစ်ကိုယ်တည်းသမားပါလို့ ပြောတယ်... ဒီတော့ အန်တီလည်း ကြင်ဖက်တွေ့ဖို့ စီစဉ်ပေးလိုက်တာပေါ့... သူ့မှာ ချစ်သူရှိပြီးသားလို့ ဘယ်သူက ထင်မှာလဲ... ဒါပေမဲ့ သူက ရှောင်ကျင်းကို စိတ်ဝင်စားသွားပြီး ဆက်နှောင့်ယှက်တယ်လေ... ရှောင်ကျင်းက သူ့ကို လျစ်လျူရှုထားတော့ အန်တီ့သားက တခြားလူရဲ့ ချစ်သူကို မြှူဆွယ်ပါတယ်ဆိုပြီး ကောလာဟလတွေ  á€…ဖဟနအ်တ္ဏအတဏပဲ”

ထိုအချက်၌ ဖေးရှူးချန်က ဒေါသတကြီးဖြင့် သူမ၏ပေါင်ကိုသူမ ရိုက်လိုက်သည်။ 
“အရမ်းဒေါသထွက်တာပဲ... အန်တီ့သားက လူရိုးလေး ကိုယ်ကျင့်တရား ကောင်းတယ်... သူက ဘယ်လိုလုပ် အငယ်အနှောင်းဖြစ်နိုင်မှာလဲ”

“ရှောင်နင် အန်တီ ပြောပါရစေဦး... အန်တီ့ရဲ့ ရှောင်ကျင်းကလေ...”
သူမစကားမဆုံးမီမှာပင် ဝမ်ကျင်း၏အသံက ဖြတ်ဝင်လာသည်။

“မဒမ်ဖေး...ဒီလောက်နဲ့တော်ပါတော့... ရှောင်နင်နဲ့ ကျွန်တော် အောက်ဆင်းပြီး တစ်ခုခု သွားယူလိုက်ဦးမယ်”

ဖေးရှူးချန်မှာ စကားမဆုံးသေးသဖြင့် ချက်ချင်းပင် မကျေမနပ်ဆိုလာ၏။
 “မင်း လူဆိုးကောင်... ရှောင်နင်ကို ဒီလောက် အလျင်စလို ဆွဲခေါ်သွားရလား... မင်း အပြစ်ရှိစိတ် ခံစားနေရလို့လား...  á€Ąá€›á€„်က မင်းဘယ်လောက် ဆိုးသွမ်းခဲ့လဲဆိုတာ ငါ ထုတ်ပြောမှာ ကြောက်နေတာမလား ဟုတ်တယ်ဟုတ်” 

“ အမေက အတွေးလွန်းနေတာ... ကောင်းပြီ ရှောင်နင် သွားရအောင်”

ပိုင်မူနင် ဝမ်ကျင်းနောက်မှလိုက်ကာ အောက်ထပ်သို့ ဆင်းလာသည်။ သူတို့ ကားအနား ရောက်သည်နှင့် ဝမ်ကျင်းက သူ့ကို နောက်တံခါး ဖွင့်ရန် ပြောသည်။ ပိုင်မူနင်က နာခံစွာ ဖွင့်လိုက်၏။ သို့သော်လည်း နောက်တစ်စက္ကန့်မှာပင် ရုတ်တရက် အားဖြင့် အတွင်းသို့ တွန်းသွင်းခြင်း ခံလိုက်ရသည်။

သူအသက်ပင် မရှူလိုက်နိုင်မီ ဝမ်ကျင်းက သူ့ နှုတ်ခမ်းများကို ကြမ်းတမ်းပြင်းပြစွာ နမ်းရှိုက်လာ၏။ စိတ်ပျက်မှုကို  á€™á€źá€­á€Żá€žá€­á€•်ထဏးပဟဎးန္ဏက် အားလုံးကို ဖွင့်ထုတ်ပစ်လိုက်သည့်အတိုင်းပင်။

ပိုင်မူနင်မှာ သူ 'ဝမ်ကျင်းစိတ်ဆိုးအောင် ဘာထပ်လုပ်မိပြန်တာလဲ'ဟု တွေးလိုက်မိသည်။

အနမ်းက မည်မျှကြာသွားသည်ကို သူ မသိပေ။ ပိုင်မူနင်က အသက်ရှူကျပ်လာသလို ခံစားရချိန်တွင် ဝမ်ကျင်းက ခွာလိုက်ပြီး သူ၏ နဖူးကို မချင့်မရဲ နမ်းလိုက်သည်။
“မင်း ကိုယ့်ကို လူမှားခဲ့တာမလား”

သူ ပြောပြီးသည်နှင့် ပိုင်မူနင်တစ်ယောက် ရုတ်တရက် သတိဝင်လာကာ သူ၏ နှလုံးသားလေးက ပြင်းထန်စွာ ခုန်လှုပ်လာသည်။

အခု ငါ့အကြောင်း ပေါ်သွားပြီလား...

မဖြစ်နိုင်တာ အား... ဝမ်ကျင်းက ဘယ်လို သိနိုင်မှာလဲ...

အငယ်အနှောင်းနှိမ်နင်းရေး အတိုင်ပင်ခံ လုပ်ငန်းအကြောင်းကို သိသူမှာ သူနှင့်မစ္စတာကျိုး နှစ်ဦးတည်းသာ။ အခြားမည်သူမှ မသိနိုင်ပေ။

ပိုင်မူနင် မည်သူ့ကိုမှ မပြောပြခဲ့ချေ။ လီအန်းချီကိုပင်လျှင် မပြောခဲ့ဖူးပေ။ မစ္စတာကျိုးကလည်း သေချာပေါက် သူ့ကိုယ်သူ ဖျက်လိုဖျက်ဆီး လုပ်လိမ့်မည်မဟုတ်။ 
ဒါဆိုရင် ဝမ်ကျင်းက ဘယ်လိုလုပ် သိသွားတာလဲ…

သူ၏ နှလုံးသားလေးက ခပ်မြန်မြန်ပင် ခုန်နေသည်။ သူ၏ စကားများကလည်း အထစ်ထစ်အငေါ့ငေါ့ ထွက်လာပါ၏။
 “လူ...လူမှားတာ... ဘာကိုလဲ”

ဝမ်ကျင်းက ထိုင်ချလိုက်ပြီးနောက် ပိုင်မူနင်ကို သူ၏ပေါင်ထက် ဆွဲတင်ကာ ဆိုသည်။
“ခုနက အပေါ်ထပ်မှာ မင်း ကိုယ့်ကို ဝမ်ချီနဲ့ မှားသွားတာမလား”

ငါ သေမလို ကြောက်သွားတာပဲ...

သူ၏ တောင့်တင်းနေသော ခန္ဓာကိုယ်လေးမှာ တဖြည်းဖြည်း ပြေလျော့လာသည်။ ပိုင်မူနင် သက်ပြင်းချလိုက်ပြီး ပြောသည်။

 “အင်း  á€á€„်ဗဝဏးမသဏ အမြွှာညီလေးရှိတယ်ဆိုတာ ကျွန်တော့်ကို  á€˜á€šá€şá€á€Żá€”်းကမသ မပြောပြဖူးဘူးလေ”

“ခင်ဗျားတို့ရဲ့ ဝတ်စားပုံတွေကလည်း လုံးဝတူနေတာကို ... နှစ်ယောက်က မှန်ထဲမှာ မြင်နေရသလိုပဲ...လူမှားတာက လုံးဝ ပုံမှန်ပဲမလား”

ခင်ဗျား စကား‌လေးတစ်လုံးတည်းသာ ပြောခဲ့ရင် ဒီနေ့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး...
(T/N - ညီအစ်ကိုဆိုတဲ့အကြောင်း ပြောပြခဲ့ရင်လို့ ပြောချင်တာပါ)

ယောက်ဖ‌လောင်းကနေ ယောက်ဖဖြစ်သွားရတာကို ခါးသီးနေပါပြီနော်...

ဝမ်ကျင်းက သူ၏ လည်ပင်းနောက်ကို ညှစ်လိုက်ပြီး သူ၏ နားရွက်ဖျားလေးအား အသာကိုက်လိုက်သည်။ သူ၏ လေသံမှာခပ်နိမ့်နိမ့်ဖြင့်ပင်။
“မင်း ကိုယ်တို့ကို မမှားသင့်ဘူး... ကိုယ်တို့က တူမှမတူတာ”

သူစကားပြောနေစဉ် ပုံမှန်အားဖြင့် သွေးခုန်နှုန်း စမ်းသပ်ပြီး လူနာများအားကုသပေးရသည့် အဖိုးတန်လက်မှာ ပိုမိုအရေးကြီးသော နေရာထံ ရောက်သွားသည်။

ပိုင်မူနင်မှာ ကြောက်လန့်လွန်းသဖြင့်  á€”သုတ်ခမ်းကို ကိုက်လိုက်မိ၏။ ကားထဲတွင် လုံးဝ တိတ်ဆိတ်နေသည်။ သူ ဇစ်ဆွဲချလိုက်သံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

သူက ဝမ်ကျင်း၏ ဆိုးသွမ်းနေသည့်လက်ကို ဆွဲကိုင်လျက် စတင် တောင်းပန်လိုက်၏။
 “ကျင်းကော ကျွန်တော် မှားပါတယ်... ကျေးဇူးပြုပြီး သနားပါလို့”

ဒါက ကားထဲမှာလေ... ပြတင်းပေါက်တွေက အရောင်ပါနေပေမဲ့ လုံးဝ မမြင်ရတာတော့ မဟုတ်ဘူး...

ပြီးတော့ နေ့ခင်းကြောင်တောင်ကြီးလေ အား...


💊💊💊💊 Chapter 45
ပြင်းထန်တဲ့တိုက်ပွဲမြေပြင်က အဆုံးမရှိဘူး


သူ၏ “အသက်သွေးကြော”လေးမှာ ရုတ်တရက် အသက်ဝင်လာသည်။ ယင်းမှာ ပိုင်ရှင်၏ ငြင်းဆိုမှုနှင့် ဆန့်ကျင်လျက် စွမ်းအင်အပြည့်ဖြင့်ပင်။ ဝမ်ကျင်းက ၎င်းကို ဆုပ်ကိုင်လိုက်ပြီး ပြောသည်။
“ဒါဆို ဒီကိစ္စကို ဘယ်လိုလုပ်ရမလဲ”

ပိုင်မူနင် သူ့ကို စူးစူးဝါးဝါး ကြည့်လိုက်ပြီး တွေးလိုက်သည်။  

ဘယ်လိုလုပ် တောင်ကမူလေးကနေ မတ်စောက်နေတဲ့ တောင်အမြင့်ကြီး ဖြစ်သွားရပြန်တာလဲ.. မင်းက အားနည်းတယ် မဟုတ်ဘူးလား....

မင်း အနည်းဆုံးတော့ နည်းနည်းလေးဖြစ်ဖြစ် အားနည်းချင်ယောင်ဆောင်ပေးလို့ မရဘူးလား....

ပိုင်မူနင်က  á€”သုတ်ခမ်းကို ဖိကိုက်လိုက်ပြီး တည်ငြိမ်စေရန် ရုန်းကန်လိုက်သည်။
 “အဲဒါကို လျစ်လျူရှုထားလိုက်ပါ... ခဏနေရင် ပြန်ကျသွားလိမ့်မယ်”

တကယ်တမ်း၌ သူ့စကားကို သူကိုယ်တိုင်ပင် သူ့ မယုံပေ။

ဝမ်ကျင်းက သူ၏ကန့်ကွက်စကားတို့အား နားထောင်ပေးမည့် စိတ်ကူး မရှိချေ။ သူ၏လက်က ဆက်လက်ရွှေ့လျားနေသည်။ 
“ကိုယ့်ရှောင်နင်လေးက ကိုယ့်ကို တခြားသူနဲ့ မှားခဲ့တယ်တဲ့... ဒါမျိုး ထပ်ဖြစ်ဦးမှာလား”

ဒီလူက မျက်နှာတည်ကြီးနဲ့ မေးနေပေမဲ့ သူ့လက်တွေကတော့ အရိုင်းဆန်နေလိုက်တာ...

ပိုင်မူနင်၏ အသက်ရှူနှုန်းမှာ မမှန်တော့ပေ။ သူက  á€”သုတ်ခမ်းကို ဖိထားမိရင်း ထပ်ခါထပ်ခါ ဖြေပေးနေမိသည်။
“မဖြစ်ဘူး... တကယ် မဖြစ်တော့ဘူးလို့”

ငါသာလုပ်ရဲရင် ဒီလောက်နဲ့တင် ငါ့ကို သတ်ပစ်ဖို့ လုံလောက်နေပါပြီနော်...

သူ၏ “အသက်သွေးကြော”လေးမှာ ဝမ်ကျင်း၏ လက်ကို သဘောအကျဆုံးပင်။ သူ၏ ထိတွေ့မှုအောက်တွင် ၎င်းက လှုံ့ဆော်မှုကိုပင် မခံနိုင်ဘဲ မီးတောင်ပမာ ပေါက်ကွဲထွက်ကာ လွှတ်ထုတ်လိုက်သည်မှာ ရေလွှမ်းမိုးမှုအလားပင်။

ဝမ်ကျင်းက တစ်ရှူးအချို့ကို ထုတ်ယူ၍ သူ၏ လက်ကို သုတ်လိုက်သည်။ ထို့နောက် ပိုင်မူနင်၏ အဝတ်အစားများကို ပြင်ဆင်ပေးပြီး သတိပေးသည်။
“ဒါမျိုး ထပ်မဖြစ်စေနဲ့”

သူက စကားကို အဆုံးထိမဆိုသော်လည်း ပိုင်မူနင်ကမူ နားလည်သွားပြီးသားပင်။ 
“နောက်တစ်ခါ လုံးဝ မရှိစေရပါဘူး ... ကျွန်တော် ကျိန်ရဲပါတယ်”

သူ၏ကျိန်ဆိုရန် မြှောက်ထားသော လက်လေးအား ဝမ်ကျင်းမှ ဖမ်းဆုပ်လာသည်။ သူက သူ၏လက်ဖဝါးကို နမ်းလိုက်ပြီး ပြောသည်။
“အင်း ကိုယ်သိပါတယ် ကိုယ့်ရှောင်နင်လေးက အလိမ္မာဆုံးပဲလေ”

ပိုင်မူနင်က မောပန်းနွမ်းနယ်နေဆဲဖြစ်သည်။ သူက စိတ်ထဲမှ တွေးလိုက်မိသည်။

သောက်ကျိုးနည်း ဘာတွေ ဖြစ်နေတာလဲ…

ခဏတာ အနားယူပြီးနောက် ဖေးရှူးချန်၏ တိုက်တွန်းမှုကြောင့် သူတို့ အပေါ်ထပ်သို့ ပြန်တက်လာခဲ့ကြသည်။

အခုအချိန်တွင် အခန်းထဲ၌ နောက်ထပ် လူတစ်ယောက် ရှိနေပေပြီ။ ထိုသူမှာ ပိုင်မူနင်နှင့် အသက်ရွယ်တူမျှ ရှိဟန်ရသည့် လူငယ်တစ်ဦး ဖြစ်သည်။ ထိုသူ၏ဟန်ပန်မှာ နူးညံ့သိမ်မွေ့ပြီး ချိုမြိန်ကာ ကိုယ်ကျင့်တရားကောင်းမွန်ပုံရသည်။  á€žá€°á€€ သိသာထင်ရှားသည့် လူကောင်းလေးနှင့်တူ၏။

ပိုင်မူနင်က သူ့ကို မြင်လိုက်သည့် အခိုက်အတန့်မှာပင်  á€Ąá€ąá€¸á€á€˛á€žá€˝á€Źá€¸á€á€˛á€ˇá€žá€Šá€şá‹ မစ္စတာကျိုး၏ ပရိုဖိုင်ဓာတ်ပုံမှာ ဤလူပင်။ သို့ဖြစ်လျှင် ဝမ်ချီ၏ ချစ်သူသည်လည်း ရောက်လာခြင်းပင်။

ဒါ ဘယ်လို ငရဲကွင်းကြီးလဲကွာ...

ကံကြမ္မာက ငါ့ကို တကယ်ကြီး ဒုက္ခလာပေးနေတာပဲ...

ဝမ်ချီက ထိုသူ့ကို မိတ်ဆက်ပေးလာသည်။
“ကျင်းကော  á€’ဍက ကျွန်တော့်ချစ်သူ ကျန်းချင်းချီပါ”

ဝမ်ကျင်းက ကျန်းချင်းချီကို သေချာ မသိပေ။ သူက သူနှင့် လက်ဆွဲလျက် ယဉ်ကျေးစွာပင် နှုတ်ဆက်လိုက်သည်။
 “မင်္ဂလာပါ”

ကျန်းချင်းချီက ချိုချိုသာသာလေး ပြုံးလိုက်သည်။ သူ၏ အသံကပင် နှစ်လိုဖွယ်အပြည့်ဖြင့်။ 
“ဟိုင်း ကျင်းကော... ချီကောဆီက အစ်ကို့အကြောင်း အများကြီး ကြားဖူးပါတယ်... နောက်ဆုံးတော့ တွေ့ရလို့ အရမ်းဝမ်းသာပါတယ်”

ပိုင်မူနင်၏ အတွင်းပိုင်းမှ နှိုးဆော်သံက ကျယ်လောင်စွာမြည်နေသည်။ 
ဒီနေ့ ငါ သေဒဏ်စီရင်ချက်ကျသလိုမျိုး ဘာလို့ ခံစားနေရတာလဲ...

ပြီးတော့ သူတို့အချင်းချင်း မသိဘူးဆိုရင် နှစ်သစ်ကူးနေ့တုန်းက ဝမ်ကျင်းကို ဖုန်းခေါ်ခဲ့တဲ့သူက ဘယ်သူလဲ...

ဝမ်ချီများလား...

ယခုအချိန်တွင်မူ ပိုင်မူနင်က ပဲပြားတစ်တုံး ရှာပြီး သူ၏ခေါင်းကို ဆောင့်ပစ်ချင်နေသည်။

သူ၏ဘဝအချိုးအကွေ့တိုင်းက နားလည်မှုလွဲခြင်းဖြင့်သာ ပြည့်နေပုံရ၏။ အနှီ နားလည်လွဲမှုများထဲမှ တစ်ခုလေးမျှသာ မဖြစ်ခဲ့ပါမူ သို့မဟုတ်လျှင်လည်း ယင်းတို့သာ ဆက်တိုက်မဖြစ်ခဲ့ပါက သူ့အနေဖြင့် ဤသို့ရှုပ်ထွေးသည့် ပြဿနာထဲကျရောက်လိမ့်မည်မဟုတ်ပေ။

ထို့နောက် ဝမ်ချီက ပြောသည်။
“ဒါက ကျင်းကောရဲ့ ချစ်သူလေ ပိုင်မူနင်တဲ့”

ကျန်းချင်းချီက သူ့အား သိမ်မွေ့စွာပင် တစ်ချက် ကြည့်လာသည်။ ပိုင်မူနင်က အပြစ်ရှိသည့် အပြုံးလေးအား အားယူ၍ ပြုံးပြလိုက်ရသည်။ 
“ဟိုင်း”

မိတ်ဆက်ပြီးနောက် ဖေးရှူးချန်က လူတိုင်းကို ထိုင်စားရန် ခေါ်လိုက်သည်။ သူမ၏ သဘောထားက ပိုင်မူနင်နှင့် ကျန်းချင်းချီတို့အပေါ်  á€žá€­á€žá€Źá€…ွဏကွဲပဟဏးန္သည်။ နွေးထွေးမှု နည်းနေပြီး ဧည့်သည်များအပေါ် ယဉ်ကျေးစွာ ဆက်ဆံနေသည်နှင့် ပိုတူ၏။

ပိုင်မူနင်မှာ  á€–ဟစ်ပဝက်န္သည်တိုအကို မသိတော့ပေ။

ညစာ စားချိန်အတွင်း ပိုင်မူနင်ခမျာ ဖယောင်းကို ဝါးစားနေရသလို ခံစားရပြီး စားရသည်အား အလွန်ပင် စိတ်မသက်မသာ ဖြစ်နေ၏။

သူ ပုံမှန်ကြိုက်တတ်သော ဟင်းပွဲများစွာ ရှိသည့်တိုင် ယခု စားချင်စိတ် လုံးဝမရှိတော့ပေ။

ဝမ်ကျင်းက သူ့ဘေးတွင် ထိုင်နေပြီး ရံဖန်ရံခါဆိုသလို စားစရာများကို ရွေးထုတ်လျက် သူ၏ ပန်းကန်လုံးထဲ ထည့်ပေးတတ်သည်။

ညစာ စားပြီးနောက် ဝမ်ကျင်း၊ ဝမ်ချီနှင့် ကျန်းချင်းချီတို့က စကားပြောရန် စာကြည့်ခန်းထဲသို့ သွားကြသည်။ ပိုင်မူနင်ကို ဧည့်ခန်းထဲတွင် ထားခဲ့ရာ သူ့ခမျာ ဆူးပုံပေါ် ထိုင်နေရသလို ခံစားနေရ၏။

ကျန်းချင်းချီက ဒီကိုသတင်းပေးဖို့  á€›á€ąá€Źá€€á€şá€œá€Źá€á€Źá€á€ąá€Źá€ˇ မဟုတ်လောက်ဘူးမလား...

သူ လူမှားခဲ့ကြောင်း သဘောပေါက်သွားရသဖြင့် ထိတ်လန့်တုန်လှုပ်နေရသည်မှာ ခုထိ လုံးဝအရှိန်မသေသေးချေ။ ပိုင်မူနင်မှာ ယင်းကို မည်သို့ကိုင်တွယ်ရမည်အား ယခုထိ မစဉ်းစားရသေးပေ။  á€€á€ťá€”á€şá€¸á€á€ťá€„á€şá€¸á€á€ťá€Žá ရုတ်တရက် ထွက်ပေါ်လာခြင်းဖြင့် အရာအားလုံးမှာ ပိုပြီး ရှုပ်ထွေးသွားသည်။

ဝမ်ကျင်းသာ ငါက လိမ်နေတယ်ဆိုတာကို သိသွားရင် ဘယ်လိုလုပ်မလဲ...

သူ စိတ်မအေးစွာထိုင်နေစဉ်မှာပင် ဖေးရှူးချန်က သစ်သီးပန်းကန်တစ်ချပ်ဖြင့် ရောက်လာသည်။ 
“ ဘာကိစ္စမို့ သူတို့က လူတိုင်းရဲ့ နောက်ကွယ်မှာပြောကြရတာလဲ”

သူမ၏ လေသံက ကျန်းချင်းချီကို မနှစ်သက်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။ သူမက သူမ၏ မကြိုက်မနှစ်သက်မှုကို ဖုံးကွယ်ဖို့ရာပင် မကြိုးစားခဲ့ပေ။
“ရှောင်နင် သူတို့အကြောင်း စိတ်ပူမနေနဲ့... မင်းနဲ့ ရှောင်ကျင်း ဘယ်လို တွေ့ခဲ့လဲဆိုတာ အန်တီ့ကို ပြောပြပါဦး”

သူတို့ စကားပြောနေသည်မှာ ၁၀မိနစ်မျှကြာသွားပြီးနောက် စာကြည့်ခန်းတံခါး ပွင့်လာသည်။ သုံးယောက်လုံး၏ မျက်နှာအမူအရာတို့မှာ တည်ကြည်နေရာ ပိုင်မူနင် လုံးဝ ထိတ်လန့်သွားရသည်။

ငလူး သူတို့ အထဲမှာ ဘာတွေပြောခဲ့ကြတာလဲ...

သူတို့ ခဏတာမျှ စကားဆက်ပြောပြီးနောက် နောက်ဆုံးတွင် ပြန်ရန် ပြင်ဆင်ကြသည်။

ဝမ်ချီတွင် ပြည်တွင်းယာဉ်မောင်းလိုင်စင် မရှိသောကြောင့် ကားမရှိပေ။ ထို့ကြောင့် ဝမ်ကျင်းက သူတို့ကို ဟိုတယ်သို့ ကားမောင်း ပြန်ပို့ပေးမည်ဟု ကမ်းလှမ်းလိုက်သည်။

ပိုင်မူနင်က ရှေ့ခရီးသည်တင်ထိုင်ခုံတွင် ထိုင်နေရပြီး စက္ကန့်တိုင်းတွင် ထွက်ပြေးချင်စိတ်သာ ကြီးစိုးထားသည်။

ထိုအခိုက်အတန့်တွင် ကျန်းချင်းချီက တုံ့ဆိုင်းနေပြီးနောက် ဆိုလိုက်သည်။ 
“ကျင်းကော ကျွန်တော် တောင်းပန်ချင်တာ တစ်ခုရှိတယ်”

ဝမ်ကျင်းက တိတ်ဆိတ်နေလေ၏။
“ကျွန်တော့်အစ်ကိုက ကျွန်တော် ချီကောနဲ့ တွဲတာကို လက်မခံဘူးလေ... သူ့အကြောင်း သိသွားတော့ သူ အရမ်းဒေါသထွက်ပြီး ချီကောရဲ့ အထောက်အထား ပြောပြဖို့ ကျွန်တော့်ကို ဖိအားပေးလာတာ”

“ကျွန်တော့်အစ်ကိုက ချီကောကို ထိခိုက်အောင် လုပ်မှာကြောက်လို့ သူက တရုတ်တိုင်းရင်းဆေး ဆရာဝန်လို့ လိမ်ပြောခဲ့မိပါတယ်”

“ဒါပေမဲ့ အစ်ကိုက တရုတ်တိုင်းရင်းဆေး ဆရာဝန်ဆိုတာကို ကျွန်တော် တကယ်ကိုမသိခဲ့ပါဘူး... မျက်ကန်းကြောင် ကြွက်နဲ့တိုး(ကြက်ကန်းဆန်အိုးတိုး)သွားတာပါ”

ယင်းကို ကြားလိုက်ရလျှင် ပိုင်မူနင်မျက်လုံး လှန်ပစ်လိုက်သည်။
လိမ်တာကလည်း ဒီလောက်အဆင်ပြေနေလိုက်တာဆိုတာ ဘယ်လိုလုပ် တမင်လုပ်တာ မဟုတ်ရမှာလဲ...

မည်သို့ပင်ကြည့်ကြည့် တစ်ခုခု လွဲနေသည်သာ။

မင်းရဲ့ ချီကောကို စိုးရိမ်တယ်ပေါ့လေ... ဒါပေမဲ့ တခြားသူတွေရဲ့ ဘေးကင်းရေးကျတော့ ဘယ်လိုလုပ်မှာလဲ...

အဲဒီ့လူက ဝမ်ကျင်းကို လက်စားချေရင် ဘယ်လိုလုပ်မလဲ...

သူက တမင်လုပ်ခြင်းမဟုတ်ကြောင်း ပြောခဲ့သည့်တိုင် သူ့အတွက် တကယ်ကို တမင်သက်သက်လုပ်ခဲ့သည့်အတိုင်း ခံစားရ၏။

ကျန်းချင်းချီက ဆက်ပြောနေသည်။ ကားလေးမှာလည်း ဆက်လက်၍ တိတ်ဆိတ်နေ၏။

သူက ဆိုသည်။
“ကျင်းကော သိပ်မကြာခင်က အစ်ကို့ပတ်ဝန်းကျင်မှာ ထူးဆန်းတဲ့သူတွေကို သတိထားမိလား... ကျွန်တော့် အစ်ကိုက တစ်ခုခုလုပ်ပြီး အစ်ကို့ဘဝကို ရှုပ်ထွေးအောင် လုပ်မှာကို စိုးရိမ်လို့ပါ... တစ်ခုခု ဖြစ်လာရင် ကျေးဇူးပြုပြီး သတိထားပါနော်”

ပိုင်မူနင်: “......?”
တကယ်ကြီးလား... အဲဒါက ငါ့ကို တည့်ပြောနေတာပဲမဟုတ်လား...

ကျန်းချင်းချီက တမင်သက်သက် ငါ့ကို ခဏခဏ ကြည့်နေတယ်လို့ ငါ ဘာလို့ ခံစားနေရတာလဲ... သူက တစ်ခုခုကို အရိပ်အမြွက် ပြောပြနေတာလား... ငါ့အကြောင်း ဖော်ထုတ်ပစ်ဖို့ ပြင်ဆင်နေတာများလား...

ဘုရားရေ... ဒါက ဘယ်လိုလုပ် မွေးနေ့ပွဲ ဖြစ်နိုင်မှာလဲ.... ဒါက သေချာပေါက်ကို ငါ့ရဲ့လူသတ်တိုက်ပွဲကွင်းပြင်ကြီးပဲကို ....

×××××

ကားမှာပို၍ပင် တိတ်ဆိတ်သွားတော့သည်။ ပိုင်မူနင်ခမျာ သူ၏လက်ချောင်းလေးများအား စိတ်လှုပ်ရှားစွာ လိမ်နေမိကာ သူ့နှလုံးခုန်သံ၏ ကျယ်လောင်နေမှုမှာလည်း အပြင်ကို ခုန်ထွက်လာတော့မည့်အလားပင်။

သူ ဝမ်ကျင်းကိုမကြည့်ရဲပေ။ အကြည့်လေးတစ်ချက်ဖြင့်ပင် သူကသူလျှိုပါဟု အဖော်ထုတ်ခံလိုက်ရမည်ကို ကြောက်လန့်နေရ၏။

ပိုင်မူနင်မှာ သူလျှိုအဖြစ် ဂိမ်းကစားခဲ့ဖူးသည်။ ဂိမ်းကစားရာတွင် သူဆွဲလိုက်တိုင်းက သူလျှိုကတ်ဖြစ်နေပြီး အနိုင်ရရှိရန် နောက်ဆုံးအလှည့်ရောက်သည်အထိပင် ဖုံးကွယ်ထားရမည်ဖြစ်၏။

သို့သော်လည်းလက်တွေ့ဘဝက ပိုမိုခက်ခဲကြမ်းတမ်းသည်သာ။ မသေချာမှုများစွာရှိပြီး ဂိမ်းထက်ပို၍ ပင်ပန်းရသည်။

သူ ကောင်းကောင်းဖုံးကွယ်ထားခဲ့သော်လည်း ကျန်းချင်းချီက ရုတ်တရက်ထွက်ပေါ်လာပြီး ရှုပ်ထွေးမှုထဲကျရောက်သွားရသည်။

စိတ်ထဲတွင်မူ သူ ကျန်းချင်းချီအား 'လက်ဖက်စိမ်း ခွေး‌ကောင်' ဟု ကျိန်ဆဲပြီးနေပြီဖြစ်သည်။

မင်း တကယ် တစ်ခုခုသိတယ်ဆိုရင်လည်း တည့် ပြောလိုက်လေ... ဘာလို့ ဒီလောက်အထိ လျှို့ဝှက်ပြီး ပြဇာတ်ဆန်နေရတာလဲ...

သို့မဟုတ်လျှင်လည်း ယခုချက်ချင်း ဝန်ခံလိုက်သည်က ပိုကောင်းမည်ထင်၏။ အနည်းဆုံး ကွေ့ဝိုက်နေပြီး စိတ်ပူပန်နေရသည်ထက် သာလိမ့်မည်။ ကျန်းချင်းချီ  á€€á€źá€śá€…ည်န္သညအ်ဥရဏဥဏး သူ မသိနိုင်ပေ။

ပိုင်မူနင်၏စိတ်ထဲတွင် ရှုပ်ထွေးနေပြီး ဖြစ်နိုင်ချေရှိသည့် ရလဒ်တိုင်းကို စဉ်းစားနေမိသည်။ အဆိုးဆုံးအနေဖြင့် အရိုက်နှက်ခံရပြီး ကားထဲမှ ကန်ထုတ်ခံရလိမ့်မည်။ ကြောက်စရာ မရှိချေ။

သူ မကြာသေးမီကပင် ကိုယ်အလေးချိန် တက်လာပြီး အရေပြားကလည်းထူနေပေပြီ။ ထို့ကြောင့် အရိုက်ခံရမည်ကို မကြောက်ပေ။

ပိုင်မူနင်က ဖြစ်နိုင်ချေရှိသည့် အဆိုးဆုံး ရလဒ်များအားလုံးအတွက် သူ့ကိုယ်သူ ပြင်ဆင်နေစဉ် တိတ်ဆိတ်နေသည်။ ဝမ်ကျင်းက နောက်ဆုံး၌ စကားပြောလာ၏။

“မရှိပါဘူး ... ဒါပေမဲ့ မင်း စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ဝမ်ကျင်း၏ လေသံက ယဉ်ကျေးပြီး စာနာမှုအပြည့်ဖြင့်ပင်။ သူ၏အပြုံးက မျက်လုံးများအထိ မရောက်ပေ။ ၎င်းက သူ အမြဲလိုလို ဝတ်ဆင်လေ့ရှိသည့် မျက်နှာဖုံးပင်။

ကြည့်ရသည်မှာ ဝမ်ကျင်းက ကျန်းချင်းချီကို သဘောမကျခြင်းဖြစ်နိုင်ပြီး သူ ပြောသမျှ စကားတို့အား တစ်လုံးလေးပင် မယုံချေ။

ပိုင်မူနင် သက်ပြင်းအသာချလိုက်သည်။ ဤတစ်ကြိမ်တော့ သူလွတ်ပြီဟုသာ တွေးလိုက်မိ၏။

သို့တိုင် ရှေ့ဆက်ပြီး အတားအဆီးများစွာက ရှိနေဦးမည်သာ။ ယခုအခိုက်အတန့်တွင် သူ၏ အသက်လေးကို ခဏတာမျှ ထိန်းသိမ်းထားနိုင်ခဲ့သည်ပင်။

ကျန်းချင်းချီက ပိုပြောချင်ဟန်ရှိ၏။ သို့သော်လည်း ဝမ်ချီက သူ့စကားကိုဖြတ်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။

ဆယ်မိနစ်ကြာ ကားမောင်းပြီးနောက် သူတို့ ဦးတည်ရာဟိုတယ်သို့ ရောက်ရှိလာသည်။ ဝမ်ချီနှင့်ကျန်းချင်းချီ ကားထဲမှ ထွက်သွားသည်နှင့် ပိုင်မူနင်မှာ အတွင်းမှ လေထုက ချက်ချင်းဆိုသလို ပေါ့ပါးသွားသည်ကို ခံစားလိုက်ရသည်။ ရှူရှိုက်ရသောလေပင်လျှင် ပိုချိုသွားသည့်အတိုင်းပင်။

ပိုင်မူနင် တွေးလိုက်မိသည်။
ချိန်ကိုက်ဗုံးတွေက နောက်ဆုံးတော့ ပျောက်သွားပြီပဲ... အခုမှပဲ သက်သောင့်သက်သာ ရှိတော့တယ်

အပြန်လမ်းတွင် ဝမ်ကျင်းက ပိုင်မူနင်ကို 'ဘယ်သွားမှာလဲ'ဟု မေးလာသည်။

ပိုင်မူနင်က သူ၏ ဆိုလိုရင်းကို နားလည်လိုက်၏။ ဝမ်ကျင်းမှာ သူ့အား အိမ်သို့အတူလိုက်စေချင်သော်ငြား တိုက်ရိုက်မပြောလာဘဲ ပိုင်မူနင်ကို ရွေးချယ်ခွင့် ပေးခြင်းပင်။

အကယ်၍ ဘာမှမဖြစ်ပျက်ခဲ့ပါမူ ပိုင်မူနင် သေချာပေါက်ပင် ဝမ်ကျင်း၏ နေရာသို့ သွားလိမ့်မည်သာ။

အဆောင်၌ သူသာရှိတော့သည်။ လီအန်းချီကလည်း အကြောင်းအရင်းမသိရဘဲ ခဏတာမျှ ထွက်သွား၏။ တစ်ယောက်တည်း နေရသည်မှာ ပျင်းစရာ ကောင်းသည်။ အနည်းဆုံး ဝမ်ကျင်း၏နေရာ၌ သူ့အတွက် စကားပြောဖော်ရှိပြီး အိပ်ရာကလည်း တကယ်ကို သက်တောင့်သက်သာရှိသည်။

သို့သော်လည်း ယနေ့ ဖြစ်ပျက်ခဲ့သမျှအားလုံးပြီးနောက် ပိုင်မူနင်ခမျာ ဝမ်ကျင်းနှင့်နှစ်ယောက်တည်း မနေရဲတော့ပေ။

ယခုအချိန်တွင် သူလုပ်ချင်သမျှက မစ္စတာကျိုး၏ အလုပ်ကို ဖျက်သိမ်းပြီး ဝမ်ကျင်းနှင့် လမ်းခွဲရန်သာ။

ပိုင်မူနင်က သူ့ကိုယ်သူ ထိန်းချုပ်ကာဖြင့် ပြောလိုက်သည်။
“ကျင်းကော... ကျွန်တော် အဆောင် ပြန်ချင်တယ်...ကျွန်တော့် သူငယ်ချင်းတစ်ယောက်က  á€á€śá€…ဏးန္ရတ္ဏအ သူ့ကို အဖော်ပြုချင်လို့”

ယင်းက အလိမ်အညာမဟုတ်ဟုသာ သူ ကောက်ချက်ချလိုက်၏။ လီအန်းချီက တစ်ခုခု ဖြစ်နေခဲ့သည်မှာ အမှန်ပင်။ နောက်မှ သူနှင့်ဆက်သွယ်ကာ ဖြစ်ပျက်နေသမျှနှင့်အတူ အဘယ်ကြောင့် သူ့ကို မဆက်သွယ်ခဲ့သည်ကိုစစ်ဆေးကြည့်ရန် ကြံစည်လိုက်သည်။

“အကူအညီ လိုလား”

ပိုင်မူနင်က သူ၏ လက်များကို အလျင်အမြန် ယမ်းပြလိုက်သည်။
“မလိုပါဘူး... သူ အထားခဲ့ခံလိုက်ရရုံပါပဲ”

ဝမ်ကျင်းက ညင်သာစွာပင် “အင်း” ဟုအသံပြုလျက်  á€˜á€Źá€™á€ž ထပ်မပြောတော့ပေ။

သူတို့ ကျောင်းတံခါးသို့ ရောက်သောအခါ ဝမ်ကျင်းက ကားရပ်လိုက်သည်။ သို့သော်လည်း အကြင်သူက ပိုင်မူနင် ဆင်းမရအောင် တားဆီးထား၏။

ပိုင်မူနင် အနည်းငယ်မျှ စိတ်မသက်မသာ ဖြစ်သွားသည်။သူက ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
 “ကျင်းကော ဘာလို့လဲဟင်”

“မင်းကို ပြောချင်တာ တစ်ခုရှိတယ်”


 

Search Novels