💊💊💊💊 Chapter 36


ထူးဆန်းသည့်အရာတစ်ခုက သူ့နှုတ်ခမ်းကိုဖြတ်လျက် အတွင်းထဲဝင်လာမှ သူမှင်သက်နေရာမှ သတိပြန်ဝင်လာသည်။ ပိုင်မူနင် တစ်ခဏမျှ အေးခဲ၍သွားလျက် ရှုပ်ထွေးနေမိသည်။ 

ဘာလို့ ငါ့ပါးစပ်ထဲမှာ လျှာနှစ်ခုတောင် ဖြစ်နေရတာလဲ...

ဖြစ်ပျက်နေသည်တို့အား သတိပြုမိချိန်တွင် သူ ဝမ်ကျင်းအား ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်လိုက်သည်။ သူက လက်နှစ်ဖက်လုံးသုံးကာ ထိုသူအား တွန်းထုတ်ရန် ရုန်းကန်လိုက်သည်။

ဘာလို့ လျှာသုံးရတာလဲ... စောစောက ငါတို့နှုတ်ခမ်းချင်း ကိုက်နေခဲ့ကြတာမဟုတ်ဘူးလား... ဒီလျှာကို ဖယ်ထားလို့မရဘူးလား...

ပိုင်မူနင်အနေဖြင့် နှုတ်ခမ်းချင်းထိသည့် အနမ်းမျိုးကိုသာ လက်ခံနိုင်သည်။ ယခုမူ ဝမ်ကျင်း၏လျှာက သူ့ပါးစပ်ထဲကျူးကျော်ဝင်ရောက်ကာအသက်ရှူရခက်ခဲအောင် ပြုနေသည်။

မှင်သက်လျက် အသက်ရှူရန်ပင် သတိမရတော့ဘဲ အောင့်ထားမိသဖြင့် သူ့ပါးပြင်များ နီရဲလာသည်။ သူ၏ ခန္ဓာကိုယ်က အားပြတ်ကာ ပြိုလဲစပြုလာသည်။

သူ ထွက်ပြေးချင်သော်လည်း သူ့ လက်ကောက်ဝတ်များမှာ ဖိကပ်ခံထားရပြီး မေးစေ့ကိုလည်း ကိုင်ထားခံရသည်။ သူက လွတ်မြောက်ရန်လမ်း မရှိတော့သည့် ခုတ်ထစ်ခံရမည့် ငါးတစ်ကောင်နှင့် တူနေသည်။

ဝမ်ကျင်းမှာ စိတ်အားထက်သန်နေပြီး အင်အားသုံးကာ ရှောင်တိမ်းဖို့ရာပင် အခွင့်အ‌ရေးမပေးပေ။ ထိုသူက သူ့အား တင်းတင်းကျပ်ကျပ် ဖက်ထားကာ သူ့အဆုတ်ထဲမှ လေများကို လုယူနေခဲ့သည်။

ဘာလို့ မပြီးသေးတာလဲ... ဒီထက်ကြာရင် ငါအသက်ရှူကျပ်‌ သေတော့မယ်...

သူ၏စိတ်ထဲမှ ဆန္ဒကို ကြားလိုက်ပုံရသည်။ ဝမ်ကျင်းက တဖြည်းဖြည်း လူချင်း ဆွဲခွာလိုက်သည်။ သူက ပိုင်မူနင်၏ လက်ကောက်ဝတ်များကို လွှတ်ပေးလိုက်ပြီး သူ၏ မျက်နှာကို ဖမ်းကိုင်ကာ မေးသည်။
 “မင်း ကိုယ်နဲ့ တွဲချင်သေးလား”

ပိုင်မူနင်၏ နှုတ်ခမ်းထောင့်တို့မှာ သွားရည်တို့ဖြင့် စိုစွတ်၍နေသည်။ အသက်ရှူနိုင်ရန် ကြိုးစားရုန်းကန်ရင်း ပိုင်မူနင်က ဝမ်ကျင်း စောစောက ပြောလိုက်သည့် စကားကို နားလည်နိုင်ရန် ကြိုးစားနေရ၏။

ဝမ်ကျင်းက ငါနဲ့ တကယ်တွဲချင်နေတာပဲ... ငါ အောင်မြင်သွားပြီ...

သို့တိုင် ပိုင်မူနင်မှာ မပျော်နိုင်ပေ။ အနမ်းစတင်လိုက်ချိန်ကတည်းက သူကြောက်လန့်သွားခဲ့ခြင်းပင်။ သူ ဝမ်ကျင်းကို ရန်မစခဲ့သင့်ဟု ခံစားလိုက်ရချေ၏။

ဝမ်ကျင်းမှာ အလွန်အမင်းရန်မူတတ်သူပင်။ ပိုင်မူနင်မှာ နောင်အနာဂတ်တွင် အထိအခိုက်မရှိဘဲ အကောင်းပကတိအတိုင်း ပြန်ထွက်လာနိုင်မည်လား မသေချာပေ။

သို့ဖြစ်၍ သူ တုံ့ဆိုင်းသွားရ၏။

“ကျ... ကျွန်…” 

ပိုင်မူနင်၏ အသက်ရှူသံများမှာ ရှုပ်ထွေးနေပြီး အထစ်ထစ် အ,အအဖြင့်စကားပင် ကောင်းကောင်း မပြောနိုင်ချေ။ 

ဝမ်ကျင်းက သူ့အား ဆွဲဖက်လိုက်ပြီး သူ့ကျောကို ပုတ်ပေးလာသည်။ 
“မလောပါနဲ့ ဖြည်းဖြည်းပေါ့”

ဝမ်ကျင်း၏ပွေ့ဖက်မှုကြောင့် လုံခြုံသွားသလို ပိုင်မူနင် ခံစားရသည်။ ထိတ်လန့်ခြင်းက တဖြည်းဖြည်း ငြိမ်သက်သွားပြီး သူတို့၏ ဆက်ဆံရေးအားရှေ့ဆက်ရန် အလေးအနက် စတင်၍ စဉ်းစားလိုက်သည်။

သူ မှန်သည်။ ဝမ်ကျင်း သူ့ဘေးတွင်ရှိနေမှသာ  á€Ąá€á€źá€Źá€¸á€á€…á€şá€–á€€á€şá€œá€°á€”á€žá€„á€ˇá€ş အဆက်ဖြတ်နိုင်ပေလိမ့်မည်။

ဒါဆို ငါ ဘာလို့ တွေဝေနေတာလဲ... ငါ ဘာကို ကြောက်နေတာလဲ...

ပိုင်မူနင် စဉ်းစားရာတွင် အချိန်ယူနေသည့်အတိုင်း ဝမ်ကျင်းသည်လည်း ထိုမျှကြာအောင် ဖက်ထားခဲ့သည်။ သူက ပိုင်မူနင်အား အလျင်စလိုတွန်းအားမပေးဘဲ စိတ်ရှည်စွာ စောင့်နေပေး၏။

သူ၏ နှလုံးခုန်နှုန်း တဖြည်းဖြည်း တည်ငြိမ်လာသည်နှင့်အမျှ ပိုင်မူနင်၏ အတွေးများက ပိုမို ရှင်းလင်းလာသည်။ သူက မေးလိုက်သည်။ 

“မနေ့က ဘယ်ကို သွားတာလဲ”

“ကျွန်တော် ခင်ဗျားကို ဖွင့်ပြောခဲ့‌ပေမဲ့ ခင်ဗျားက ကျွန်တော့်ကိုထားပြီး တခြားတစ်ယောက်ကို သွားတွေ့တယ်လေ... ကျွန်တော် ဘယ်လောက် နာကျင်ခဲ့ရလဲ ခင်ဗျားသိရဲ့လား”

ယခုချိန်ထိ သူထိုအကြောင်းအား တွေးနေမိဆဲသာ။ သူ၏ ရင်ထဲတွင် ချဉ်စူးကာနာကျင်ကိုက်ခဲနေလျက် တင်းကျပ်၍နေသည်။ သူက တစ်ဖက်ချစ်သူမျှ အရေးတယူအလုပ်မခံရဟူသော အချက်မှာ သူ့အတွက် ထိချက်ပြင်းသည်။

ပိုင်မူနင်က အမြဲလိုလို ယုံကြည်မှုအပြည့်ဖြင့် နေခဲ့သော်လည်း ဝမ်ကျင်းနှင့်ပတ်သက်ပြီးနောက် ဆက်တိုက်ဆိုသလို နောက်တွင်သာ ကျန်နေခဲ့ရသည်။  
ငါက မျက်နှာအရေထူတဲ့လူ ဆိုပေမဲ့ ဘယ်လို သာမန်လူက နှစ်ကြိမ်အငြင်းခံနိုင်မှာလဲ...

သူသည်လည်း မျက်နှာရချင်သေး၏။

ဝမ်ကျင်းက စိတ်ရှည်စွာပင် စတင်ရှင်းပြလာသည်။
“မနေ့က အရေးပေါ် ကိစ္စတစ်ခု ပေါ်လာလို့... ကိုယ် တစ်ယောက်ယောက်နဲ့တွေ့ပြီး ပြဿနာကို ကူဖြေရှင်းဖို့ လိုအပ်ခဲ့တာ ... မင်းရဲ့ ခံစားချက်တွေကို လျစ်လျူရှုမိတဲ့အတွက် တောင်းပန်ပါတယ်”

“အဲဒီလူက ဘယ်သူလဲ”

ဝမ်ကျင်းမှ တိတိကျကျ မပြောလာရာ ပိုင်မူနင်မှာလည်း ထိုအတိုင်း လွှတ်မပေးလိုက်နိုင်ချေ။ သူက ဆက်လက်၍ ဖိအားပေးကာ မေးမြန်းလိုက်သည်။

သူက ဝမ်ကျင်းကို တွန်းထုတ်လိုက်ပြီးနောက် စစ်ဆေးမေးမြန်းသည့်ဟန်အား ပြောင်းလိုက်လေသည်။ အချို့အရာများမှာ ရှင်းရှင်းလင်းလင်း သိထားရန် လိုအပ်သည်။ သူ့အနေဖြင့် ဝိုးတဝါး ကျန်ရစ်ခွင့်မပြုနိုင်ပေ။

ဝမ်ကျင်းက ဆိုဖာပေါ် ထိုင်လိုက်သည်။ ထိုအချိန်တွင် ပိုင်မူနင်ကလည်း ကော်ဖီစားပွဲပေါ်တွင်  á€™á€ťá€€á€şá€”á€žá€Źá€á€ťá€„á€şá€¸á€†á€­á€Żá€„á€şá€‘á€­á€Żá€„á€şá€œá€­á€Żá€€á€şá€€á€Ź မျက်လုံးချင်း ဆုံလိုက်သည်။ သူက ခြေတစ်ဖက်ကို ဆိုဖာပေါ် တင်ထားပြီး အာဏာအပြည့်ဖြင့်ပင်။

“ကိုယ့်မိသားစုဝင်တစ်ယောက်ပါ ... အသေးစိတ်ကို ပြောပြဖို့ အဆင်မပြေဘူး... အဲဒါက သူများရဲ့ ကိုယ်ရေးကိုယ်တာကိစ္စလေ”

ဝမ်ကျင်းက ဖြည်းဖြည်းချင်းပြောပြီးနောက် ပိုင်မူနင်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ထရပ်ပြီး သူ၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ သူက အလျင်မလိုစွာပင် ပြောလိုက်သည်။ 
“ကိုယ်မင်းကို ထားခဲ့ပြီး တခြားသူတစ်ယောက်နဲ့ သွားတွေ့ခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်... ရှောင်နင် စိတ်မဆိုးပါနဲ့”

ခင်ဗျားဖင်ကြီးကိုပဲ မိသားစုဝင်...  á€Ąá€˛á€’ဍက ခင်ဗျားချစ်သူဆိုတာ အသိသာကြီး...

ဝမ်ကျင်းက တကယ်ကို မကောင်းတဲ့လူဖြစ်နေပြီပဲ ... သူအခု  á€á€€á€šá€şá€€á€źá€Žá€¸ လိမ်နေတယ်...

ပိုင်မူနင်က ဝမ်ကျင်း လိမ်နေသည်ကို သိ၏။ သို့သော်လည်း သူအပြစ်တင် မရပေ။ သူ လုပ်နိုင်သမျှမှာ ဒေါသတကြီး အံကြိတ်ရုံမျှသာ ။

“ကျွန်တော် အရမ်း ဒေါသထွက်နေတယ်... ခင်ဗျားနဲ့ စကားမပြောချင်ဘူး”

သူပြောနေရင်း ထရပ်ပြီး ဘေးသို့ဖယ်ရန် ကြိုးစားလျက် ဘာမှမဖြစ်ခဲ့သည့်အတိုင်း ဝမ်ကျင်းအား အေးစက်စက်ဖြင့် “ထွက်သွား” ဟူသော စကားလုံးနှင့် ပစ်ပေါက်ရန် အသင့်ဖြစ်နေခဲ့သည်။

ခင်ဗျား ကျွန်တော်နဲ့တွဲချင်တယ်မလား... ဒါဆိုလည်း ကောင်းကောင်းလုပ်လေ... ကောလိပ်ကျောင်းသားတွေမှာ မာနမရှိရဘူးလား

သို့တိုင် နောက်တစ်ကြိမ် ထပ်စဉ်းစားပြီးနောက် သူ အတင်းဖိအားမပေးတော့ပေ။ သူ၏ပန်းတိုင်မှာ ဝမ်ကျင်းနှင့် ချစ်သူဖြစ်ရန်ပင်။ အကယ်၍ သူ တကယ်မောင်းထုတ်လိုက်မိပါက နောက်ဆုံးတွင် ထိုသူ့ကို ပြန်ချော့ရပေဦးမည်။

ထို့ကြောင့်ပင် မျှခြေအား ထိန်းထားနိုင်ရန်အတွက်  á€žá€°á€’္ဍသထွက်ကဟ္ဏင်းကိုသဏ သိစေလျက် ဝမ်ကျင်းကို ဖမ်းဆွဲထားရန်လိုအပ်သည်။

ဒါက လှည့်စားမှုလေးနည်းနည်းတော့ ပါနေတာပေါ့...

ဝမ်ကျင်းက သူ့လက်ကောက်ဝတ်မှ ပြန်ဆွဲယူလိုက်ပြီး သူ့အား သူ့ပေါင်ထက်တွင် ထိုင်စေလိုက်သည်။

ပိုင်မူနင်မှာ အာရုံပျံ့လွင့်သွားရလျက် ထိုင်ပြီးမှသာ အနေအထားက မသင့်လျော်သည်ကို သတိပြုမိသွားသည်။

ဒါက အရမ်းကို ကပ်လွန်းနေပြီ…

သူ ထရန်ကြိုးစားလိုက်သော်လည်း ဖိချကာ အဖမ်းခံထားရသည်။ ပိုင်မူနင်မှာ ဝေးနိုင်သမျှဝေးဝေးနေနိုင်ရန်အလို့ငှာ ဆိုဖာနောက်ကျောကိုသာ အားပြုလျက် ဖိကပ်ထားရချေ၏။

ဤရှုထောင့်မှဆိုလျှင် သူက ဝမ်ကျင်းထက် အနည်းငယ် ပိုမြင့်နေပြီး ထိုသူအား ငုံ့ကြည့်၍ ရသည်။

သူက ဝမ်ကျင်း၏ မေးထက်ရှိ  á€™á€Żá€á€şá€†á€­á€á€şá€™á€˝á€ąá€¸á€„á€Żá€•á€şá€á€­á€Żá€…á€…á€œá€ąá€¸á€™á€ťá€Źá€¸á€€á€­á€Ż ရှင်းရှင်းလင်းလင်း မြင်နေရသည်။

ပုံမှန်အားဖြင့် ဝမ်ကျင်းမှာ သူ့ကိုယ်သူ သေသေချာချာ ပြင်ဆင်ကာနေတတ်သူပင်။ သူက မုတ်ဆိတ်မွေးရိတ်ရာတွင် လုံးဝ ပြောင်စင်အောင် ရိတ်လေ့ရှိသည်။

ဘာကများ သူ့ကို အသွင်အပြင်ကိုတောင် ဂရုမစိုက်နိုင်လောက်အောင် စိတ်ဒုက္ခပေးနေတာလဲ...

“မင်း အရက်သောက်ထားတာလား” 
ဝမ်ကျင်းက သူ့ခါးကို လက်တစ်ဖက်နှင့် ဆွဲယူကာပွေ့ဖက်လိုက်ပြီး ပိုမိုနီးအောင် ဆွဲလိုက်သည်။

သူ့လည်ပင်းထက်ရှိ ဖိအားမှာ အတော်လေး ပြင်းထန်၏။ သူတို့က နောက်တစ်ကြိမ် နမ်းမိဖို့ရာ သိပ်မလိုတော့ပေ။

ယခင်က ဝမ်ကျင်း၏အနမ်းကို တွေးမိသည်နှင့် ပိုင်မူနင်၏ပါးပြင်လေးမှာ နီစွေးရိပ်သဲ့သဲ့သန်းလာလျက် နှလုံးခုန်နှုန်းမှာလည်း မြန်လာသည်။

သူ့စိတ်ထဲမှ တွက်ချက်မှုများအားလုံးကို တကယ်ပင် မေ့‌လျော့သွားပြီး ဝမ်ကျင်း၏ မေးခွန်းကို နာနာခံခံ ပြန်ဖြေလိုက်သည်။
“ဘီယာတစ်ခွက် သောက်ခဲ့တယ်”

“ဘာလို့ သောက်တာလဲ”

ပိုင်မူနင် အနည်းငယ်မျှ နစ်နာသလို ခံစားရသည်။ 
ဝမ်ကျင်းက မသိချင်ယောင်ဆောင်နေတာ အသိသာကြီးပဲ…

သူ သောက်ရသည့် အကြောင်းအရင်းကို ဝမ်ကျင်း မသိဘဲ မနေပေ။

“ကျွန်တော် ဒေါသထွက်နေလို့... ခံစားချက်က  á€Ąá€›á€™á€şá€¸á€€á€­á€Żá€™á€ž ဆိုးရွားနေလို့” 
ပြောနေရင်း ပိုင်မူနင်က ဝမ်ကျင်း၏ နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူ့စိတ်ပျက်မှုကို ဖော်ထုတ်ပြသလိုက်သည်။

သူ မည်မျှ အားပြင်းပြင်းဖြင့် ကိုက်လိုက်မိသည်ကိုပင် သတိမထားမိခဲ့ပေ။ သူ့ပါးစပ်ထဲတွင် သံချေးအရသာ ပျံ့နှံ့လာမှသာ လွှတ်ပေးလိုက်၏။

ဆိုဖာနောက်ကျောကို အားပြုကာထောက်ရင်း ပိုင်မူနင် သတိဝင်လာသည်။ သူက အလျင်အမြန် တောင်းပန်လိုက်၏။
 “တောင်းပန်ပါတယ် တမင်လုပ်တာ မဟုတ်ပါဘူး”

သူ တကယ်ကို ဤမျှအထိ အားဖြင့်ကိုက်ပစ်ရန် မရည်ရွယ်ထားခဲ့ပေ။ ဝမ်ကျင်း၏နှုတ်ခမ်းထောင့်တွင် သွေးထွက်နေ၍ ပိုင်မူနင် ချက်ချင်းဆိုသလို စိတ်မကောင်းဖြစ်သွားရသည်။
“ကျွန်တော် မှုတ်ပေးမယ်”

သူ အကြိမ်အနည်းငယ်မျှ မှုတ်ပေးလိုက်သည်။ ဝမ်ကျင်းက ပိုင်မူနင်၏ တုန်ယင်နေသော လက်ကလေးကို ဆုပ်ကိုင်လျက် မေးလာသည်။
 “ခုထိ ဒေါသထွက်နေသေးလား”

ပိုင်မူနင်က မဖြေဘဲ တိတ်တဆိတ်နေရန်သာ ရွေးချယ်လိုက်သည်။

ဝမ်ကျင်းက သူ၏ လက်ကို သူ့မျက်နှာထံ ဆွဲယူလိုက်လေသည်။ ပိုင်မူနင်က အလန့်တကြား လက်ကို ပြန်ရုပ်လိုက်သည်။ 
“ဘာလုပ်နေတာလဲ”

“မင်း ဒေါသထွက်နေရင် စိတ်ပြေတဲ့အထိ ကိုယ့်ကို ရိုက်လို့ရတယ်... ဒါပေမဲ့ ကိုယ့်နောက်ကို လိုက်တာ ရပ်လိုက်ပြီတို့... တခြားတစ်ယောက်ပဲ ရှာတော့မယ်ဆိုတဲ့ စကားမျိုးတွေ မပြောပါနဲ့... ကိုယ် အဲဒါမျိုးတွေကို နားမထောင်ချင်ဘူး”

“ခုထိ ဒေါသထွက်နေသေးလား”

ပိုင်မူနင်က အလျင်အမြန် ခေါင်းခါပြလိုက်ကာ သူ စိတ်မဆိုးတော့ကြောင်း ပြောလိုက်သည်။ သူက လူမရိုက်ရဲပေ။ အထူးသဖြင့် တစ်ဖက်လူမှာ ဝမ်ကျင်း ဖြစ်နေ၍ပင်။ ထိုမျက်နှာမှာ အလွန်ကြည့်ကောင်းလှသည်ပင်။  á€žá€° ရိုက်လိုက်၍ ဒဏ်ရာရကာ ယောင်ယမ်းနေလျှင် သူ့အတွက် သဘောကျချင်စရာ ကောင်းတော့မည်မဟုတ်ပေ။

“ဒါဆို အခုကိုယ်တို့  á€…ကဏး သေချာပြောလို့ ရပြီလား”
ဝမ်ကျင်းက ပြောလိုက်သည်။
 “ဒီနေ့က ကိုယ်မေးရမဲ့အလှည့်ပဲ... ပိုင်မူနင် မင်း ကိုယ်နဲ့တွဲချင်လား”

ပိုင်မူနင်ကသာ အမြဲလိုလို ဖွင့်ပြောခဲ့ရသူ ဖြစ်သည်။ ယင်းက ဝမ်ကျင်း ပထမဆုံးအကြိမ် ဖွင့်ပြောခြင်းဖြစ်ပြီး ပိုင်မူနင်မှာ အံ့ဩသွားရသလို ဘဝင်လည်းခိုက်သွားရ၏။

ငါ နိုင်သွားပြီ...

ဟမ့် အရမ်း လွယ်တာပဲ...

ချစ်သူရှိခဲ့ဖူးတော့ရော ဘာဖြစ်လဲ... အဲဒါက အတိတ်က ကိစ္စတွေပဲ... ငါကတော့ အသစ်စက်စက်အစပြုတာလေ...  á€”္ဏက်ဆုလးမသဏတ္ဏအ ဝမ်ကျင်းက ငါ့ကို ရွေးလိုက်တာပဲ...

စိတ်ဓာတ်ကျမှုများ အားလုံး ပျောက်ကွယ်သွားပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်က တောက်တောက်ပပ ပွင့်လန်း၍လာသည်။ ပိုင်မူနင်က ပြတ်သားစွာ ပြောလိုက်သည်။
 “ဘယ်သူက ခင်ဗျားနဲ့ တွဲချင်လို့လဲ”

ပိုင်မူနင်က အထက်စီးမှနေ၍ စတင်ကာ အသာစီးရယူလိုက်သည်။ ယခုမူ အခွင့်အရေးက သူ့လက်ထဲ ရောက်လာပြီဖြစ်၍ သူ့အနေဖြင့် ဝမ်ကျင်းကို လွယ်လွယ်ကူကူ သဘောမတူနိုင်ပေ။

ဝမ်ကျင်းက သူ့လက်များဖြင့် ပိုင်မူနင်၏ ခါးအား အကြားအလပ်မရှိ ခပ်တင်းတင်းပွေ့ဖက်လိုက်သည်မှာ ထိုသူထွက်ပြေးသွားမည်ကို စိုးရိမ်ပူပန်နေသည့်အလားပင်။
 “ဒါဆို မင်း သဘောတူလာအောင် ဘာလုပ်ရမလဲ”

ပိုင်မူနင်က ခဏတာမျှ စဉ်းစားပြီး ပြောလိုက်သည်။

 “ကျွန်တော်က ဉာဏ်ကောင်းတဲ့လူတွေကို ကြိုက်တာ... ပိုင်(pi)ကို ဂဏန်း ၁,၀၀၀ ကျော်တဲ့အထိ ရွတ်နိုင်တဲ့လူတွေကိုလည်း ကြိုက်တယ်... ခင်ဗျား အဲဒီလိုလုပ်နိုင်ရင် ကျွန်တော် သဘောတူမယ်”

သူ ဝမ်ကျင်းကို ပထမဆုံး ဖွင့်ပြောစဉ်က ဝမ်ကျင်းမှ သူ့အား ပိုင်ကိန်းအားအ‌ကြောင်းပြလျက် ငြင်းခဲ့ခြင်းပင်။ ယခုမူ အခြေအနေ ပြောင်းပြန် ဖြစ်သွားပြီဖြစ်ရာ သူ အသာစီးယူရမည့်အချိန်ပင်။

သူ့ကိုယ်သူ ဂုဏ်ယူနေရင်း  á€•ိုင်မူနင်က ဝမ်ကျင်းကို မာန်အပြည့်ဖြင့်ကြည့်လျက် ထိုသူ့မေးစေ့အား ဆွဲကိုင်ဖျစ်ညှစ်ကာ စနောက်လိုက်သည်။
 “အရင်တုန်းက ကျွန်တော့်ကို ငြင်းခဲ့တဲ့အတွက် ခံလိုက်စမ်းပါ... အခုတော့ ခင်ဗျား ခံရမဲ့ အချိန်ပဲ”

သူလည်း စမ်းကြည့်ပါစေ...ဘယ်လို ခံစားရလဲ ဆိုတာ မြည်းစမ်းကြည့်ပါစေ...

ပထမဆုံးအကြိမ် ဝမ်ကျင်းထံမှ အငြင်းခံရပြီးနောက် ပိုင်မူနင် တကယ်ကို ပိုင်ကိန်းအား မှတ်မိအောင် ကြိုးစားခဲ့ဖူးသည်။ သို့ပေသိ ဂဏန်းစဉ် ၁,၀၀၀မှာ အလွန်ရှည်လွန်းပြီး သူကမူ ဂဏန်းစဥ်၁၀၀ပင် မကျော်နိုင်ခဲ့ပေ။

တကယ်ပဲ ဘယ်သူကများ အလုပ်မရှိအလုပ်ရှာပြီး ဂဏန်းစဥ် ၁,၀၀၀ အထိ ကျက်ထားမှာလဲ...

“မင်း တကယ်ပြောတာလား”
ဝမ်ကျင်းက တည်ငြိမ်စွာ မေးလိုက်သည်။ ပိုင်မူနင် အနည်းငယ်မျှ မျက်မှောင်ကြုတ်လိုက်ပြီး တွေးလိုက်သည်။

ဝမ်ကျင်းက အဲဒီလောက်ထိ အားယားပြီးပျင်းနေလို့ တကယ်ကျက်ထားတာတော့ မဖြစ်နိုင်ပါဘူးနော်...

မကြာခင်မှာပင် ဝမ်ကျင်းက လူတစ်ယောက်က တကယ်ပင် မည်မျှအထိ ပျင်းနေနိုင်သည်ကို သူ့အား နားလည်သွားစေသည်။ ပိုင်ကိန်းကို နံပါတ်စဉ် ၁,၀၀၀ အထိ ရွတ်ဆိုနိုင်သူများမှာ တကယ်ကို ရှိနေခဲ့၏။

ပိုင်မူနင်မှာ သူ မည်မျှကြာအောင် နားထောင်နေရသည်ကို မသိပေ။ သို့တိုင် သူစတင်၍ ခေါင်းကိုက်လာသည်။ သူ အမြန် ရပ်ခိုင်းလိုက်သည်။ 
“ကောင်းပြီ ကျွန်တော် လက်ခံတယ်... ခင်ဗျား နိုင်ပါတယ်”

သူ လက်မထောင်ပြလိုက်ပြီးနောက် အပြည့်အဝ သိမ်းသွင်းခံလိုက်ရလျက် အထင်ကြီးလေးစားမိသွားချေ၏။

ယခင်က ဝမ်ကျင်းမှ သူ့အား စနောက်ရန်သက်သက်ဖြင့် ပိုင်ကိန်းစဉ်ကို အကြောင်းပြချက်အဖြစ် သုံးခဲ့ခြင်းဟု ထင်ခဲ့ဖူးသည်။ သို့တိုင် ယခု ပြန်တွေးကြည့်သည့်အခါ ဝမ်ကျင်းက ယင်းကို တကယ်ပင် ပုံမှန်ကိစ္စတစ်ခုဟု တွေးခဲ့ခြင်းဖြစ်နိုင်၏။

“ဒါဆို အခု ကိုယ်တို့ရဲ့ ဆက်ဆံရေးက  á€˜á€Źá€œá€˛” 

ဝမ်ကျင်းက လှပသောဖီးနစ်မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်လာကာ ပိုင်မူနင် အမည်တပ်ပေးမည့်အချိန်ကို စောင့်နေသည်။
“အခုကစပြီး ကျွန်တော်တို့က ချစ်သူတွေပဲ” 

ထိုစကားများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့် ပိုင်မူနင်မှာ သူ့ပါးပြင်များ မီးကဲ့သို့ ပူလာသည်ကို ခံစားလိုက်ရသည်။ သူ၏ အသံမှာ တိုးညှင်းညင်သာ၍‌နေ၏။

ယင်းက သူတို့၏ဆက်ဆံရေးကို တရားဝင် အတည်ပြုလိုက်ခြင်းပင်။ ယခု ဝမ်ကျင်းက  á€žá€°á ချစ်သူ ဖြစ်သွားပေပြီ။

ဒါပေမဲ့ ဟိုဘက်က ချစ်သူကိုရော ဘယ်လိုလုပ်မလဲ...

ပိုင်မူနင်က အနေအထားပြောင်းပြီး သူ့ပေါ် ခွထိုင်လိုက်သည်။ ဝမ်ကျင်း၏ ကော်လံကို ဆွဲကိုင်လိုက်ကာဖြင့် အခြေခံစည်းမျဉ်း သုံးခုကို သတ်မှတ်ပေးလိုက်သည်။ သူ့အတွက်မူ “သတိပေးချက်” ဟူသော စကားလုံးက ပိုသင့်တော်သလို ခံစားရသည်။

“ဝမ်ကျင်း ခင်ဗျား အရင်က ဘာလုပ်ခဲ့လဲဆိုတာ ကျွန်တော်ဂရုမစိုက်ဘူး... အခုကစပြီး ခင်ဗျားက ကျွန်တော့်အပိုင်ပဲ... ခင်ဗျား ငါးနှစ်ကောင်ဖမ်းခွင့်မရှိဘူး”


💊💊💊💊 Chapter 37
ခင်ဗျားက ကျွန်တော့်ရဲ့ ကောင်လေးပဲကို.... ခင်ဗျားကိုနမ်းတော့ ဘာဖြစ်လဲ


“ခင်ဗျားရဲ့ နှလုံးသားထဲမှာ ကျွန်တော်တစ်ယောက်ပဲ ရှိရမယ်... တခြားဘယ်သူ့ကိုမှ စဉ်းစားခွင့်မရှိဘူး..  á€á€€á€šá€şá€œá€­á€Żá€ˇ ခင်ဗျား တခြားတစ်ယောက်အကြောင်း တွေးမယ်ဆိုရင် ကျွန်တော် ခင်ဗျားကို ထားခဲ့လိုက်မှာ”

ပိုင်မူနင်၏  á€…á€€á€Źá€¸á€œá€Żá€śá€¸á€€á€źá€™á€şá€¸á€€á€źá€™á€şá€¸á€á€­á€Żá€ˇá€Ąá€Źá€¸ နားထောင်ပြီးနောက် ဝမ်ကျင်း၏ စိတ်အခြေအနေ ကောင်းလာပြီး ပြောလိုက်သည်။
 “အင်း မင်းပြောတာနားထောင်ပါ့မယ် ရည်းစားလေး”

ယနေ့ ဝမ်ကျင်းမှာ ထူးထူးခြားခြား စကားနားထောင်နေသည်။ ပိုင်မူနင် ဘာပြောပြော သူ သဘောတူ၏။

ယင်းကပင် ပိုင်မူနင်အား အနမ်းအကြောင်း ထပ်ပြောရန် သတ္တိပေးလိုက်သည်။
“နောက်တစ်ခါ ကျွန်တော့်ကို နမ်းရင် ညင်ညင်သာသာလေးနမ်းပေး... အဲဒီလိုမျိုး...ဟို... မလုပ်နဲ့... ကျွန်တော် မကြိုက်ဘူး”

“လျှာပါမလာနဲ့”ဟူသော စကားလုံးမှာ ပြောဖို့ရာ ရှက်စရာကောင်းလွန်းသည်။ ပိုင်မူနင် မပြောရဲ၍ ထိုစကားနှင့်သာ အစားထိုးလိုက်သည်။ သို့သော်လည်း ဝမ်ကျင်း နားလည်မည်ဟု သူ ယုံ၏။

ဝမ်ကျင်း ဘာဖြစ်နေသည်ကို သူ မသိပေ။ ရုတ်တရက်ဆိုသလို ငတုံးဖြစ်သွားသည့်အတိုင်း သူက မသိနားမလည်သည့် အမူအရာဖြင့် မေးလာသည်။
“ဘာလဲ... ဘာကို မလုပ်ရမှာလဲ”

“အဲဒါလေ” 
ပိုင်မူနင်မှာ အစားထိုးစကားလုံးအား ခေါင်းခြောက်အောင် စဉ်းစားနေမိသည်။ သို့သော် အချိန် အတော်ကြာသည်အထိ ရုန်းကန်ပြီးသည့်တိုင် သင့်တော်သည့် မည်သည့်စကားလုံးမှ မပေါ်လာပေ။ နောက်ဆုံး၌ သူ လက်တွေ့ ပြသလိုက်ရသည်။
“ဒီလို အနမ်းတစ်ချက်ဆို လုံလောက်ပါပြီ... မလိုအပ်တာတွေ မလုပ်ပဲနေကြမယ်လေ... ဒီလိုမျိုး” 

ပိုင်မူနင်က ဝမ်ကျင်း၏ နှုတ်ခမ်းကို ချက်ချင်းဆိုသလို ဖျတ်ခနဲ တစ်ချက်နမ်းလိုက်သည်။ ရေပြင်ထက် လျှပ်ပျံသွားသည့် ပျံကျပိုးကောင်လေးပမာ ပေါ့ပါးလျက် တိုတောင်းပြီး မြန်ဆန်ကာဖြင့်။

ဝမ်ကျင်းက ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ 
“ဒါဆို ကိုယ် မင်းကို ဘယ်လိုနမ်းခဲ့မိလို့လဲ”

ပိုင်မူနင် သက်ပြင်းချလိုက်သည်။ ဝမ်ကျင်းမှာ တကယ်ကို ငတုံးဖြစ်သွားပြီဟု သူတွေးလိုက်မိချေ၏။  
သူက လူတစ်ယောက်ကို ဘယ်လို နမ်းခဲ့လဲဆိုတာတောင် မမှတ်မိဘူးလား... ငါ တကယ်ကြီး လက်တွေ့ ပြပေးဖို့ လိုတာလား...

“ဟွန်း... သားကောင်ကို ခုန်အုပ်တတ်တဲ့ ဝံပုလွေက ဘယ်လိုပုံလဲဆိုတာ ကျွန်တော် ပြမယ်” 

ပိုင်မူနင်က အင်္ကျီလက်ကို ခေါက်တင်လိုက်သည်။ သူက ဝမ်ကျင်း၏ ပခုံးနှစ်ဖက်ကို မြဲမြံစွာ ဖိထားပြီး သူ့ခေါင်းကိုငုံ့ကာ နမ်းလိုက်သည်။

သူက ဝမ်ကျင်း၏ နှုတ်ခမ်းသားတို့အား ကိုက်လိုက်ပြီး ဟနေသည့်နေရာတစ်လျှောက် လျှာထုတ် ကစားလိုက်လေ၏။ ဝမ်ကျင်းမှ သူ့နှုတ်ခမ်းတို့အား အနည်းငယ် ဖွင့်ဟပေးလာသည့်အခါ ပိုင်မူနင်က အခွင့်အရေးယူလျက် အတွင်းထဲ လျှောဝင်လိုက်သည်။

သူက ယခင်က ဝမ်ကျင်း လုပ်ခဲ့သည့်အတိုင်း အတုယူကာ ရန်လိုမှုအပြည့်ဖြင့် သူအပိုင်မဟုတ်သော နယ်မြေကို တဖြည်းဖြည်းချင်း ဝင်ရောက် သိမ်းပိုက်လိုက်သည်။

အစပိုင်းတွင် အနည်းငယ် ဆိုးရွားနေခဲ့သော်ငြား မကြာခင်မှာပင် ပိုင်မူနင် ကျွမ်းကျင်သွားသည်။ သူတို့၏ သွားရည်များရောယှက်သွားလျက် လျှာအချင်းချင်း လိမ်ယှက်၍နေသည်။

ပိုင်မူနင်မှာ အမှန်တကယ်တမ်း၌ ထိုအနမ်းကို မမုန်းကြောင်း သဘောပေါက်သွားရာ သူအံ့အားသင့်သွားရချေ၏။ ရိုးရိုးသားသားဆိုရလျှင် သူ စတင်သဘောကျမိသွားသည်နှင့် ပျော်ရွှင်ကျေနပ်မှုကို ခံစားရသည်။

အထူးသဖြင့် သူ၏ တိုက်ခိုက်မှုအောက်တွင် ဝမ်ကျင်းတစ်ယောက် အသက်‌သေချာမရှူနိုင်ဘဲ မှင်သက်နေသည်အား မြင်လိုက်ရချိန်တွင် ပိုင်မူနင်မှာ လုံးဝ အောင်နိုင်သူပမာ ခံစားလိုက်ရသည်။

ဒီတော့ အနမ်းက ဘယ်လိုလဲဆိုတာပေါ့

ကောင်းပြီ... ငါ တကယ်တော့ မမုန်းပါဘူး...

သူပိုပြီး ရှေ့ဆက်တော့မည့်အချိန်မှာပင် သူ့ပခုံးများမှ ဆုပ်ကိုင်ပြီး နောက်သို့ အသာအယာ တွန်းဖယ်ခြင်းအား ခံလိုက်ရသည်။ ဝမ်ကျင်း၏ အသံက တိုးလျပြီး ကြမ်းတမ်းနေသည်။
 “တော်ပြီ... မင်း လက်တွေ့ ပြဖို့လိုတော့ဘူး... ကိုယ်နားလည်ပြီ ... မင်း မကြိုက်ရင် အဲဒီလို မနမ်းတော့ဘူး”

“…?”
ကျွန်တော် အဲဒီစကားကို ပြန်ရုပ်သိမ်းလို့ ရလားဟင်...

ပိုင်မူနင်မှာ သိပ်မကျေနပ်သေးပေ။ သူက သူ၏ နှုတ်ခမ်းများကို လျက်လိုက်ပြီး မကြိုက်ကြောင်း ပြောခဲ့မိသည်ကို နောင်တရနေချေပြီ။

ဒါက ကိုယ့်ခြေထောက်ကိုယ်ခဲနဲ့ပြန်ပစ်(ကိုယ့်ရှူးကိုယ်ပတ်)လိုက်တာပဲ မဟုတ်ဘူးလား...

သူ့ကောင်လေးအား အနည်းငယ်မျှ ပြန်လွှမ်းမိုးချင်သည့်တိုင်  á€žá€° ပါးစပ်ဟလိုက်ချိန်မှာပင် ဝမ်ကျင်းက သူ့ထက် လက်ဦးသွားသည်။

 “နောက်ကျနေပြီ သွားနားတော့ ရည်းစားလေး..”

သူက ပြောပြောဆိုဆိုပင် ပိုင်မူနင်ကိုတင်ပါးမှ ကိုင်လျက် ဆိုဖာပေါ် ညင်သာစွာ ချပေးလိုက်သည်။

ပိုင်မူနင် လုံးဝ ကြောင်အသွားရသည်။ သူ့ အောက်ပိုင်းရှိ ခံစားမှုက ထူးခြားနေသည်။ မနှစ်မြို့စရာဖြစ်မနေဘဲ  á€žá€°á€ˇá€€á€­á€Ż အနည်းငယ်မျှ စိတ်လှုပ်ရှားစေ၏။

 á€˜á€Źá€–á€źá€…á€şá€”á€ąá€á€Źá€œá€˛...

“သွားနားတော့ ကိုယ် အရင်ထွက်သွားလိုက်မယ်”

ဝမ်ကျင်းက ထရပ်လိုက်သည်။ ပိုင်မူနင်မှာ အနှီသူကို ပြန်ဆွဲပြီး ထပ်နမ်းချင်မိသည်။ သို့သော်လည်း ဝမ်ကျင်းက တိမ်းရှောင်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်ထက်ရှိ အပြုံးအား ချုပ်တည်းလိုက်လေသည်။
“မင်းပြောတော့ မကြိုက်ဘူးဆို အခု ဘာလုပ်နေတာလဲ”

“…?”

ဝမ်ကျင်း၏ နှုတ်ခမ်းထက်ရှိ ထိန်းချုပ်မရသည့်အပြုံးကြောင့်သာမဟုတ်လျှင် ပိုင်မူနင် ထိုသူ၏ ခပ်ညံ့ညံ့သရုပ်ဆောင်မှုကို တကယ်ပင် ယုံကြည်သွားမိပေလိမ့်မည်။

ငတုံးဟန်ဆောင်လျက် သူ့ကိုမည်သို့နမ်းခဲ့သည်အား မေ့သွားဟန်ပြုခြင်းတို့အားလုံးမှာ ထိုသူ၏  á€Ąá€€á€źá€śá€Ąá€…ည်မဝဏးခဝည်းသဏ။ 

ဒီခွေးမသားကတော့ တကယ့်ဝမ်းတွင်းမည်းကောင်ပဲ...

ယင်းက အကွက်ချ စီစဉ်ထားတာကြောင်း သိနေသော်လည်း ပိုင်မူနင်မှာ ယစ်မူးပျော်ဝင်မိသည့် ပျော်ရွှင်ကြည်နူးရသည့် ခံစားချက်အား ထပ်မံ ရှာဖွေချင်မိဆဲဖြစ်၏။
“ခင်ဗျားက ကျွန်တော့်ရဲ့ ကောင်လေးပဲကို.... ခင်ဗျားကိုနမ်းတော့ ဘာဖြစ်လဲ”

ပြောပြီးသည်နှင့် ပိုင်မူနင်က ဝမ်ကျင်းကို ဟန်ဆောင်ခွင့်ပင် မပေးတော့ဘဲ သူ့ထံမှီချလျက် တိုက်ရိုက် နမ်းလိုက်တော့သည်။

ဝမ်ကျင်းက စက္ကန့်အနည်းငယ်မျှ ငြိမ်သက်နေခဲ့၏။ ထို့နောက် သူတို့၏အနေအထားကို ပြောင်းလိုက်ပြီး ပိုင်မူနင်အား ဆိုဖာပေါ် ဖိချလျက် အပြည့်အဝ ထိန်းချုပ်လိုက်သည်။

သူတို့၏ အသက်ရှူသံများက တိုးညှင်း၍လာသည်။ ပိုင်မူနင်က ဝမ်ကျင်း၏စည်းချက်နှင့်အညီ လိုက်မှီနိုင်ရန် ကြိုးစားကာဖြင့် သူ့အားလွှမ်းခြုံထားသည့် ပျော်ရွှင်မှုကြောင့် နိုးထလာသော သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုမှာလည်း ဖြည်းညှင်းစွာ လှုပ်ရှားစပြုလာသည်။

ပိုင်မူနင် တွေးလိုက်မိသည်။

ငါ တကယ်ကြီး ယောက်ျားတွေကို ကြိုက်တာများလား...

×××××

ဝမ်ကျင်းတစ်ယောက် သူ့ခန္ဓာကိုယ်၏ပြောင်းလဲမှုကို သတိပြုမည်လား သူ မသိပေ။ ပိုင်မူနင်မှာ ထိုအကြောင်းများစွာမတွေးနိုင်ဘဲ ရှိနေလျက် အနှီ အနေရခက်သည့်အခြေအနေအား ရှောင်လွှဲရန်သာ ကြိုးစားနေမိသည်။

ဝမ်ကျင်းအား သူ၏ချစ်သူအသစ်စက်စက်ကလေးမှာ ညစ်တီးညစ်ပတ်နှာဘူး‌တစ်ယောက်ဟု တွေးခွင့်မပေးလိုက်နိုင်ချေ။

ပိုင်မူနင်က သူ၏သိက္ခာလေးအားဆယ်ရန် အလွန်အရေးကြီးသလို ခံစားလိုက်ရသည်။ 

ငါက ဖြူဖြူစင်စင်အချစ်ကိုပဲ လိုချင်တဲ့ သန့်ရှင်းဖြူစင်တဲ့ကောင်လေးပါနော်...

ပိုင်မူနင် ဝမ်ကျင်းအား အားဖြင့်တွန်းထုတ်လိုက်ပြီးနောက် လေပြင်းတစ်ချက်ပမာ ဆိုဖာပေါ်မှ ခုန်ဆင်းလျက် ရှက်ရွံ့မှုကိုဖြေရှင်းရန် ရေချိုးခန်းထံ ပြေးသွားလိုက်သည်။

ရေချိုးခန်းတံခါးကို ပိတ်လိုက်ပြီး၍ ဝမ်ကျင်းမမြင်နိုင်တော့သည့်အချိန်မှ ပိုင်မူနင်မှာ သူ၏ရှက်စရာကောင်းသော အခြေအနေကို နောက်ဆုံး၌  á€„ုလအကဟညအ်နိုင်သွဏးသည်။

ယင်းက တကယ်ကို ကိုးရိုးကားယားဖြင့် အနေခက်ရ၏။ တောင်ကမူလေးမှာ ယခုမူ တောင်တစ်လုံး ဖြစ်နေပေပြီ။ သူသာ မြန်နိုင်သမျှမြန်မြန် ပြေးမထွက်လာခဲ့ပါမူ ပေါ်သွားလောက်ပြီပင်။

ပိုင်မူနင် သက်ပြင်းချလိုက်ပြီး စတင်ဖြေရှင်းလိုက်သည်။

သူ၏ ဖြေရှင်းနည်းက ရိုးရှင်းသည်။ စိတ်အေးအေးထားခြင်းပင်။ ဒေါက်တာဝမ် ပြောဖူး၏။ လက်ကို မကြာခဏသုံးခြင်းက ကျန်းမာရေးအတွက် မကောင်းဟူ၍။

သူတို့ ပထမဆုံးတွေ့ဆုံချိန်ကို မှတ်မိနေသေးသည်။ ဝမ်ကျင်းက သူ၏ ကျောက်ကပ်မှာ အားနည်းနေကြောင်း ရှာဖွေတွေ့ရှိခဲ့ပြီး သူ၏ သွေးခုန်နှုန်းကိုစမ်းရုံမျှဖြင့် သူ မကြာခဏဆိုသလို လက်ကိုသုံးလေ့ရှိကြောင်းကိုလည်း သိခဲ့သူပင်။

ထိုအချိန်ကတည်းက ပိုင်မူနင် သူ့လက်များကို မသုံးတော့ပေ။ များသောအားဖြင့် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင်သာ ထိန်းချုပ်ခဲ့သည်။

ပိုင်မူနင် အသက်ပြင်းပြင်းရှူလိုက်ပြီး ညစ်ညမ်းသော အတွေးများအားလုံးကို သူ့ခေါင်းထဲမှ စတင်ကာထုတ်လိုက်၏။ သို့တိုင် သူမည်မျှပင် ကြိုးစားပြီး ဖယ်ရှားပါစေ ထိုအတွေးများက တစ်နည်းမဟုတ်တစ်နည်းဖြင့် ပြန်ဝင်လာတတ်သည်။

ငါ ပိုင်ကိန်းစဥ်တွေ ရွတ်သင့်တာထင်တယ်...

ထိုအခိုက်အတန့်မှာပင် အပြင်ဘက်ရှိ ဝမ်ကျင်းက မေးလာသည်။
 “ရှောင်နင် ဘာဖြစ်လို့လဲ”

ပိုင်မူနင်မှာ အမှန်တရားကို ပြောမပြနိုင်သောကြောင့် ကြံဖန်၍ ပြောလိုက်ပါ၏။
 “ကျွန်တော် ဗိုက်နာလို့ အိမ်သာသွားနေတယ်…"

ဤအချိန်တွင် ဘယ်အချိန်မှ သူ့အခြေအနေက  á€„ဟိမ်သက်သွဏးမည်ကို သူ မသိပေ။ ထို့ကြောင့် ဝမ်ကျင်းကို ပထုတ်ဖို့ရာ နည်းလမ်းတစ်ခု စဉ်းစားရန်လိုအပ်လာသည်။

“အာ... ခင်ဗျား အရင်ပြန်သွားလိုက်ရင်ရော ဘယ်လိုလဲ... ကျွန်တော် ဒီထဲမှာ ခဏလောက် ထိုင်နေရနိုင်တယ်... ကျွန်တော့်ဗိုက် နည်းနည်းနာနေလို့... မကောင်းတာတစ်ခုခု စားမိတာထင်တယ်”

“ကိုယ် ကြည့်ပေးဖို့ လိုအပ်လား”

“…?”

တံခါးအပြင်ဘက်မှ သူ့ချစ်သူလေးမှာ တရုတ်တိုင်းရင်းဆေးပညာရှင်ဖြစ်ကြောင်းကို မေ့သွားခဲ့၏။ 

အခု ဘယ်လိုလုပ်မလဲ...

ပိုင်မူနင်အနေဖြင့် သူ့ကိုယ်သူထိန်းချုပ်လျက် ငြင်းဆန်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
 “မလိုပါဘူး ခင်ဗျား ပြန်တော့လေ... ကျွန်တော် ခဏနေရင် ကောင်းသွားမှာပါ”

ဝမ်ကျင်းက အချိန်ကြာအောင် တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။
 “ကောင်းပြီ... မနက်ဖြန် တွေ့မယ်”

စိတ်မငြိမ်နိုင်သေးသော ပိုင်မူနင်မှာ အာရုံ ပြောင်းရန်ဆုံးဖြတ်လိုက်သည်။ သူက မှန်ရှိရာ လျှောက်သွားလျက် သူ၏ နှင်းဆီရောင် နှုတ်ခမ်းများကို ကြည့်လိုက်သည်။ ယင်းမှာ လွန်ကဲစွာ အနမ်းခံရခြင်းမှ ဖြစ်ပေါ်လာသည့် နီရဲမှုမျိုးပင်။

ဝမ်ကျင်း၏ အပူဓာတ်က သူ့နှုတ်ခမ်းများပေါ် ကျန်ရှိနေဆဲပင်။ ပိုင်မူနင် နှုတ်ခမ်းကို ဖိကိုက်လိုက်မိပြီး နောက်တစ်ကြိမ်ထပ်မံ၍ ဝမ်ကျင်း သူ့ကို နမ်းနေသည့် ပုံရိပ်မှာ သူ့စိတ်ထဲတွင် မထိန်းချုပ်နိုင်စွာ ပြန်ပေါ်လာ၏။

ပိုင်မူနင် အကူအညီမဲ့စွာ ရယ်မောလိုက်မိသည်။ 

ဒီလို အခြေအနေမျိုးမှာ ငါ ဘယ်လိုလုပ် စိတ်တည်ငြိမ်နိုင်မှာလဲ...

အခြားရွေးချယ်စရာ မရှိတော့သဖြင့် သူက အနေခက်မှုအား ဖြေရှင်းရန် အပြစ်ရှိစိတ်ဖြင့် လက်အား ဆန့်ထုတ်လိုက်၏။ သူ၏ လက်ကို သုံးနေစဉ်မှာပင် သူ တွေးနေသမျှအားလုံးက ဝမ်ကျင်းအကြောင်းသာ။

ပိုင်မူနင်မှာ သူ တကယ်ကို အဝါရောင်ပြောင်းသွားပြီဟု ခံစားလိုက်ရသည်။

နှစ်သစ်ကူးပိတ်ရက်မှာ ကုန်ဆုံးလုနီးပြီဖြစ်ကာ စန်းဝမ်ခန်းမ၏အဖွဲ့လိုက်ပျော်ပွဲစားမှာလည်း ပြီးဆုံးသွားသည်။ သူတို့က နဖူးစည်းစာတန်းအကြီးကြီးကိုကိုင်တာ အဖွဲ့လိုက်ဓာတ်ပုံလည်းရိုက်ကြသည်။

ထို့နောက်တွင် သူတို့အဖွဲ့မှာ ဘတ်စ်ကားပေါ်တက်ကာ အပြန်လမ်းကို ဦးတည်ထွက်ခွာလာကြသည်။

ဝမ်ကျင်းက သူ့ဘေးတွင်ထိုင်လျက် လျှို့ဝှက်စွာပင် တိတ်တခိုး လက်ချင်းဆုပ်ကိုင်ထားကြမိ၏။

သူတို့တွဲနေသည့်အကြောင်းကို သူတို့နှစ်ဦးသာ သိထားပြီး အခြားလူများကို ပေးမသိကြပေ။

ယင်းက မဆိုးလှဟုသာ ပိုင်မူနင်တွေးလိုက်မိသည်။ နောက်ပိုင်း၌ သူတို့လမ်းခွဲသည့်အခါ အနေခက်တော့မည်မဟုတ်ပေ။

အပြစ်ရှိသလိုခံစားရ၍လည်း ဖြစ်နိုင်သည်။ ပိုင်မူနင်မှာ ဝမ်ကျင်းအား စကားမဆိုရဲပေ။ သူက ပြတင်းပေါက်အပြင်ဘက်သို့သာ အကြည့်ကို ဆက်တိုက်ပို့ထားလျက် ရံဖန်ရံခါ၌ မနေနိုင်ဘဲ ဝမ်ကျင်းအား စာတိုပို့လိုက်သည်။

သူ လမ်းတစ်လျှောက်လုံးတွင် အလွန်တိတ်ဆိတ်နေခဲ့၍ သူတို့ စန်းဝမ်ခန်းမသို့ ရောက်သည်နှင့် ချန်ဟောက်နန်မှ သူ့အား ဘေးသို့ တဆိတ် ဆွဲခေါ်၍ မေးလာသည်။

 “မင်းနဲ့ ဝမ်ကျင်းတို့ ပြန်အဆင်မ‌ပြေကြသေးဘူးလား... အချင်းချင်း စကားမပြောကြသေးဘူးလား... မင်းတို့နှစ်ယောက်လုံး လမ်းတစ်လျှောက်လုံး စကားတစ်ခွန်းမှလည်း မပြောကြဘူး... သူက မင်းဒေါသထွက်အောင် ဘာများလုပ်လိုက်လဲဆိုတာ ကိုယ်သိချင်လို့ သေတော့မယ်”

ပုံမှန်အားဖြင့်လည်း ပိုင်မူနင်မှာ စကားအလွန်များသူမဟုတ်သည့်တိုင် အငြိမ်မနေတတ်သူဖြစ်သည်။ သူက အမြဲလိုလို လူများနှင့် စနောက် ပြောဆိုနေတတ်ပြီး တစ်ခါတစ်ရံ ဝမ်ကျင်းကိုလည်း နောက်ပြောင်တတ်သေး၏။

သို့သော် ယနေ့တွင်မူ သူက ပုံမှန်မဟုတ်ဘဲ သူမဟုတ်သလို တိတ်ဆိတ်နေ၏။

ပိုင်မူနင် ဝမ်ကျင်းကို ခိုးကြည့်လိုက်၏။ ဝမ်ကျင်းသည်လည်း သူ့ကို ကြည့်နေသည်နှင့် တိုက်ဆိုင်နေ၏။ ပိုင်မူနင်က ချက်ချင်း မျက်နှာလွှဲလိုက်ပြီး ပြောသည်။
 "ဟောက်နန်ကော ကျွန်တော်တို့ ရန်မဖြစ်ထားပါဘူး... အချင်းချင်း အခေါ်အပြောမလုပ်တာလည်းမဟုတ်ဘူး...  á€€á€ťá€˝á€”်တ္ဏ် ဒီနေ့ စကားပြောချင်စိတ် မရှိလို့ပါ" 

ချန်ဟောက်နန်က သူ့ပုခုံးကို ပုတ်ရင်း ပြောလိုက်သည်။
"အေးပါ… ပြန်ရောက်ရင် ကောင်းကောင်းအနားယူလိုက်ဦး… မနက်ဖြန်လည်း နောက်မကျစေနဲ့ဦးနော်…" 

လူတိုင်းက အိမ်ပြန်ရန်အတွက် ကားကိုယ်စီခေါ်နေကြပြီဖြစ်သည်။ ပိုင်မူနင်သည်လည်း မလိုအပ်ဘဲနှင့် သူများနည်းတူ ကားခေါ်ချင်ဟန် ဆောင်နေခဲ့သည်။ အမှန်တွင် ဝမ်ကျင်းက သူ့ကို ကားဖြင့် လိုက်ပို့မည်ဖြစ်ကြောင်း စောစောကတည်းက စာပို့ထားခြင်းဖြစ်သည်။

လူအားလုံး ထွက်သွားကြမှ ပိုင်မူနင်က သူ့ခရီးဆောင်အိတ်ကို ဆွဲကာ ဝမ်ကျင်းရှိရာဘက်သို့ လျှောက်သွားလိုက်သည်—
"ကျင်းကော... သွားကြစို့လေ…"

ဝမ်ကျင်းက "အင်း" ဟု ခပ်တိုးတိုးထူးကာ ပိုင်မူနင်၏ ခရီးဆောင်အိတ်ကို ယူပြီး ကားနောက်ဖုံးထဲသို့ ထည့်ပေးလိုက်သည်။

ပိုင်မူနင် သယ်လာသည့်ပစ္စည်းက မများလှပေ။ ထိုအထဲမှ အချို့မှာ ဝမ်ကျင်းကိုယ်တိုင် ဝယ်ပေးထားသည့် ဒေသထွက်လက်ဆောင်များဖြစ်ပြီး သူငယ်ချင်းများကို ဝေငှပေးရန် ဝမ်ကျင်းကပင် အကြံပြုထားခြင်းဖြစ်သည်။

ဝမ်ကျင်းက သူ့ထက်အသက်ကြီးသူပီပီ ပို၍လည်း အတွေးအခေါ်ရင့်ကျက်ကာ အရာရာကို အစစအရာရာ ထောက်ထားစာနာတတ်သူဖြစ်သည်။ ပိုင်မူနင်၏ ပတ်ဝန်းကျင်ပေါင်းသင်းဆက်ဆံရေး အဆင်ပြေစေရန်အတွက်ပင် သူက အသေးစိတ် ဂရုစိုက်ပေးတတ်သေးသည်။

ခရီးသွားသည့်အချိန်မျိုး၌ သူငယ်ချင်းများအတွက် လက်ဆောင်တို့ကို  á€•á€źá€”á€şá€žá€šá€şá€œá€Źá€žá€„á€ˇá€şá€•á€ąá€žá€Šá€şá‹

ကျောင်းသို့ မောင်းပြန်လာစဉ် ယာဉ်ကြောမီးပွိုင့်တွင် စောင့်ဆိုင်းနေချိန်၌ ဝမ်ကျင်းမှ ပိုင်မူနင်ကို တစ်ချက်ကြည့်လိုက်ပြီး တုံ့ဆိုင်းစွာ ပြောလိုက်သည်။
 “မင်း ဘာလို့ ကိုယ့်နေရာကို လာမနေတာလဲ”

ပိုင်မူနင်က ခရီးသည်တင်ထိုင်ခုံတွင် ထိုင်ရင်း ဖုန်းကြည့်ကာ မက်ဆေ့ချ်များ ပြန်နေခြင်းပင်။ လီအန်းချီက ကျောင်းသို့ ပြန်ရောက်နေပြီဖြစ်ကာ ယခု သူတို့၏ အဆောင်၌ရှိနေသည်။

သူ ဝမ်ကျင်းပြောလိုက်သည်ကို မကြားလိုက်ပေ။ စကားပြောလိုက်သည်ကို သိရုံမျှဖြင့် ဖုန်းကို ပိတ်လိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ကျင်းကော ခင်ဗျား ခုနက ဘာပြောလိုက်တာလဲ" 

မီးနီမှ မီးစိမ်းသို့ ပြောင်းသွားပြီး ဝမ်ကျင်းက အရှိန်မြှင့်ဂီယာအား နင်းလိုက်သည်။ 
“ဘာမှ မဟုတ်တော့ဘူး... ပြန်ရောက်ရင် ကောင်းကောင်းနားနော်”

ကားလေးက ကျောင်းဂိတ်ရှေ့တွင် ရပ်လိုက်သည်။ မဆင်းမီ ပိုင်မူနင်က ဝမ်ကျင်း၏ နှုတ်ခမ်းထက် အနမ်းတစ်ချက် ဖျတ်ခနဲပေးလိုက်ပြီးနောက် ဘာမှမဖြစ်ခဲ့သလို ခုန်ဆင်းလိုက်သည်။

သူသာ ကားထဲ၌ မနမ်းခဲ့ပါက နောက်ပိုင်း၌ အခွင့်အရေး ထပ်ရတော့မည်မဟုတ်ပေ။

ဝမ်ကျင်းက နှုတ်ခမ်းများကိုစေ့လျက် ပြုံးလိုက်ပြီးနောက် ကားထဲမှထွက်ကာ နောက်ဖုံးထဲရှိ ခရီးဆောင်အိတ်ကို ယူထုတ်လိုက်သည်။

သူတို့ အဆောင်အဆောက်အဦးရှေ့ ရောက်သည့်အခါတွင်မူ ပိုင်မူနင်မှာ ရုတ်တရက်ဆိုသလို ဝမ်းနည်းသည့် ခံစားချက်ကြီး ဝင်လာရသည်။ သူ တကယ်ကို ဝမ်ကျင်းနှင့် မခွဲချင်ပေ။

“ကျင်းကော ကျွန်တော် အပေါ်ကိုတက်တော့မယ်‌နော် ... ခင်ဗျားလည်း နားပါ... မနက်ဖြန် တွေ့မယ်”

“ကောင်းပါပြီ ...မနက်ဖြန် တွေ့မယ်”

ဝမ်ကျင်းကို လက်ပြနှုတ်ဆက်ပြီနောက် ပိုင်မူနင် သူ့ခရီးဆောင်အိတ်ကိုဆွဲကာ အပေါ်ထပ်သို့ တက်သွားသည်။

ဝမ်ကျင်းက သူ့ကို ယခင်ကလို လိုက်ပို့ချင်ခဲ့သော်လည်း ပိုင်မူနင်က ခွင့်မပြုခဲ့ပေ။

သူ့အနေဖြင့် လီအန်းချီကို ဝမ်ကျင်း၏ တည်ရှိမှုအား မသိစေချင်ပေ။ ယင်းက လျှို့ဝှက်ချက် ဖြစ်၏။

အဆောင်သို့ ပြန်ရောက်သည်နှင့် ပိုင်မူနင် အရက်နံ့ ပြင်းပြင်းကို ချက်ချင်း ရလိုက်ပြီး အလိုအလျောက်ပင် နှာခေါင်းကို ပိတ်လိုက်ရသည်။

အဆောင်ခန်း၏ ခန်းဆီးစထူထူကြီးများကို ပိတ်ထားသဖြင့် အခန်းမှာ လုံးဝ မှောင်မည်းနေသည်။

ပိုင်မူနင် မီးများကို ဖွင့်လိုက်လျှင် လီအန်းချီက ထိုင်ခုံပေါ် တွင်ထိုင်နေပြီး အရက်ပုလင်းတစ်လုံးအား ကိုင်ထားကာ သူ ပြန်လာသည်ကို လုံးဝ မတုံ့ပြန်သည်ကို တွေ့လိုက်ရသည်။

“အန်းအန်း ဘာဖြစ်တာလဲ”
လီအန်းချီက အများကြီး သောက်ထားခဲ့သည်။ ပုလင်းခွံများမှာ ကြမ်းပြင်အနှံ့ ပြန့်ကျဲနေသလို သူ၏ ဦးနှောက်လေးမှာလည်း အသိမကပ်ပေ။ 

သူက ပိုင်မူနင်ကို  á€Ąá€á€ťá€­á€”်ဥကဟဏဥ္ဏင် မျက်တောင်မခတ်စတမ်း ကြည့်နေပြီးမှ နောက်ဆုံးတွင် ပုလင်းကို ပစ်ချလိုက်ကာ သူ၏ အချစ်ဆုံးသူငယ်ချင်းကို ဖက်လိုက်သည်။ 
“နင်အာ မင်း နောက်ဆုံးတော့ ပြန်လာပြီ‌ပေါ့ ..ငါ ဒီအဆောင်မှာ တစ်ယောက်တည်း ဘယ်လောက်တောင် ပျင်းနေလဲ မင်းရဲ့သိလား”

“ငါ အရမ်း ဝမ်းနည်းတယ်... ငါ့နှလုံးသားကလည်း နာကျင်နေတယ်”

လီအန်းချီမှာ ရှိုက်ကြီးတငင် ငိုရှိုက်ပြီး နှာရှုံ့လိုက်ရာ လုံးဝ ရင်ကွဲနာကျနေသည့်အတိုင်းပင်။

“မင်း ခရီးထွက်နေတာ မဟုတ်ဘူးလား... ဘာလို့ ဒီလောက် အစောကြီး ပြန်လာတာလဲ” 
ပြောနေရင်း ပိုင်မူနင်က သူ့ကို တစ်ရှူးပေးလိုက်သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က လီအန်းချီမှာ ကျန်းခယ်ကျန့်မှ သူ့ကို ခရီးလိုက်ပို့မည့်အကြောင်း စိတ်လှုပ်ရှားစွာ ပြောခဲ့သည်။ ယခု လီအန်းချီကမူ လုံးဝမတူညီသည့် လူတစ်ဦးဖြစ်သွားသလိုပင်။ 


💊💊💊💊 Chapter 38
ကျွန်တော့်ကောင်လေးကို ချော့ဖို့အတွက်ပေါ့


ထိုအကြောင်းကို ပြောလိုက်သောအခါ လီအန်းချီမှာ ပို၍ပင် ကျယ်လောင်စွာ ငိုလာသည်။ သူက အသံကျယ်ကြီးဖြင့် ရှိုက်ကြီးတငင် ငိုလိုက်ရာ မျက်ရည်များမှာ သူ၏ မျက်နှာပေါ်သို့ စီးကျလာသည်။ 

“ကျန်းခယ်ကျန့်က ငါ့ကို အိမ်ခေါ်သွားတော့ ငါ အရမ်းပျော်တာပေါ့.. အဲဒီညက ငါတို့ အရက်သောက်ပြီး သူ ငါ့ကို နမ်းတယ်လေ... ငါတို့ကြားမှာ တစ်ခုခု ဖြစ်တော့မယ်ထင်ပြီး ဖွင့်ပြောလိုက်ပေမဲ့ သူက ငြင်းလိုက်တယ်”

“သူက ပြော...  á€•ဟ္ဏတယ်...”
 á€œá€Žá€Ąá€”်းခဝဎက သူ၏ မျက်ရည်များကြားမှ သီးသွားလျက် ပြောလာသည်။ 
"သူက ငါ့ကို တိတိအဖြစ်ပဲ မြင်တယ်တဲ့ ...ငါ့ကို အဲဒီလိုမျိုး တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူးလို့ ပြောတယ်... တခြားတစ်ယောက်ကိုပဲ သွားကြိုက်လိုက်တဲ့ကွာ...  á€žá€° ငါနဲ့ ဘယ်တော့မှ မတွဲဘူးတဲ့"

“နင်အာ သူ ငါ့ကို ခုထိ မကြိုက်သေးဘူး... ငါ ဘာလုပ်ရမလဲ”

ပိုင်မူနင် စိတ်ဆိုးသွားရသည်။ 
မကြိုက်ဘဲနဲ့ တစ်ယောက်ယောက်ကို နမ်းတယ်ပေါ့လေ... ဘယ်လို ဆန်ကုန်မြေလေး အစုတ်အပြတ်အမှိုက်ကောင်လဲ ...

ပိုင်မူနင်အတွက်မူ ကျန်းခယ်ကျန့်တစ်ယောက် လီအန်းချီကို ကြိုက်နေသည်မှာ ရှင်းနေသည်သာ။ 
မကြိုက်ဘဲ ဘာလို့ နမ်းမှာလဲ...

အရက်မူးခြင်းက ကိုယ်တိုင်၏ ဆုံးဖြတ်ချက်ကို ရှုပ်ထွေးစေနိုင်သော်ငြား တွေးခေါ်နိုင်စွမ်းကိုမူ ရှုပ်ထွေးစေလိမ့်မည်မဟုတ်။ ဆွဲဆောင်မှု အနည်းငယ်လေးပင် မရှိပါမူ လက်လွန်စရာအကြောင်းမရှိပေ။ 

ပိုင်မူနင်က ယင်းကို နားလည်ပေသည်။ သို့သော် ကျန်းခယ်ကျန့်ကမူ ကြိုက်လျှင် ကြိုက်ကြောင်း ဝန်ခံဖို့ရာ အလွန် ကြောက်နေသည့် သူရဲဘောကြောင်သူတစ်ဦးသာဖြစ်ကြောင်းကိုလည်း သူသိသည်။

“အန်းအန်း လက်လျှော့လိုက်ပါ‌တော့” 
ပိုင်မူနင်က သူ့ကို နှစ်သိမ့်လိုက်သည်။
“သူ့လိုငကြောက်က မင်းကို နာပဲနာကျင်စေမှာ”

ဒီလောက်နှစ်တွေ ကြာပြီကို ကျန်းခယ်ကျန့်က လီအန်းချီ သူ့ကို ကြိုက်နေတယ်ဆိုတာ တကယ် မသိတာလား...

အဲ့လူနဲ့မတန်ဘူး...

လီအန်းချီက နှာခေါင်းရှုံ့လိုက်ပြီး လက်မလျှော့ချင်သေးပေ။ 
“ဒါပေမဲ့ ငါ သူ့ကို ကြိုက်ရုံလေးပါပဲ... ပြီးတော့ သူလည်း ငါ့ကို ကြိုက်နေတာပဲ... သူက ဘာလို့ ငါနဲ့ မတွဲရတာလဲ”

“သူက တခြားသူတွေရဲ့ အမြင်ကို အရမ်းဂရုစိုက်လို့လား... ဒါမှမဟုတ် သူက သာမန်လူတစ်ယောက်ပဲ ဖြစ်ချင်တာလား”

ယောက်ျားနှစ်ဦးကြားရှိ ချစ်ခြင်းတရားမှာ လူအများစု လက်မခံနိုင်သေးသည့် အရာဖြစ်ပြီး လီအန်းချီသည်လည်း သူ၏မိဘများက လက်ခံနိုင်မခံနိုင်ကိုလည်း မသိပချေ။

လီအန်းချီက သူ့ခေါင်းကိုသူ ထုလိုက်ပြီး နောက်တစ်ကြိမ် စိတ်ထိခိုက်သွားပြန်သည်။
 “နင်အာ ငါ တကယ် နာကျင်ရတယ်”

သူက သူ့ရင်ဘတ်ကိုဆွဲဆုပ်လျက် ပြောလာသည်။
 “သူက ဒီနေရာမှာအပြည့်ပဲ အဲဒါက အရမ်းနာကျင်ရတယ်…”

“နင်အာ မင်းငါ့ကို ကူညီပါလား... မင်းမှာ အမြဲလိုလို အကြံကောင်းတွေ ရှိတာပဲ... ငါ ကျန်းခယ်ကျန့်ကို လိုက်နိုင်တဲ့အထိ မင်းငါ့ကို ကူညီပေးနိုင်မလား”

“သူက ကျင်းနန်ကနေ ထွက်သွားတော့မှာ... ငါ့မှာ နောက်ထပ် အခွင့်အရေးမရှိတော့ဘူး”

လီအန်းချီမှာ သူ၏ဝန်ခံမှုက ကျန်းခယ်ကျန့်ကို ထွက်မသွားအောင် လုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ အကယ်၍ အလုပ်မဖြစ်ပါက သူ အလုပ်မှ နုတ်ထွက်ပြီး ထိုသူနှင့်အတူ ထွက်သွားရန်ပင် ဆန္ဒရှိခဲ့သည်။

သူ တကယ်ပင် အကြင်သူနှင့် ခွဲရမည်ကို ခံနိုင်ရည်မရှိချေ။

အကယ်၍ ကျန်းခယ်ကျန့်သာ တကယ်ထွက်သွားလျှင် သူတို့ ဘယ်တော့မှ ပြန်မတွေ့နိုင်တော့မည်ကို သူ စိုးရိမ်ခဲ့ရ၏။

ထိုအတွေးကို တွေးမိရုံဖြင့် လီအန်းချီ၏ နှလုံးသားလေးက တစ်ဖန် ပြန်လည်၍နာကျင်ရပြန်သည်။

သူ မည်မျှ ရင်ကွဲနာကျနေသည်ကို မြင်ရပြီးနောက် ပိုင်မူနင်သည်လည်း သူ့အတွက် စိတ်မကောင်းဖြစ်သွားသည်။ ခဏမျှ စဉ်းစားပြီးနောက် သူ ပြောလိုက်သည်။
 “ကောင်းပြီ အန်းအန်း ငါ သူ့ကိုလိုက်ဖို့ ကူညီပေးမယ်”

လီအန်းချီမှာ ရုတ်တရက် မျှော်လင့်ချက်ကို မြင်လိုက်ရသကဲ့သို့ပင်။ သူက ငိုတာကို ရပ်လိုက်ပြီး မေးလာသည်။
“တကယ်လား”

“တကယ် ငါ မင်းကို သူ့ကိုလိုက်ဖို့ ကူညီပေးမယ်”
ပိုင်မူနင်က ဆူပူသလို ဆိုလိုက်သည်။
 “လျှို့ဝှက်တတ်တဲ့ ငကြောက်ကောင်လား... ငါ သူ့ကို ဖောက်ထွက်လာအောင် မလုပ်နိုင်ဘူးဆိုတာ မယုံဘူး”

ပိုင်မူနင် ကျန်းခယ်ကျန့်အား လိုက်ရာ၌ လီအန်းချီကို ကူညီပေးရန် သဘောတူခဲ့သည့် အဓိက အကြောင်းရင်းမှာ သူ့ကို ဆက်ခေါင်းမမာ‌စေလို၍ပင်။ 

တစ်ဖက်သတ်အချစ်က အလွန် နာကျင်ရသည့် အကြောင်းရင်းမှာ အရှုံးမပေးလိုစိတ်ကြောင့်သာ။ လိုချင်သည့်အရာကို မရနိုင်သလို စွန့်လည်းမစွန့်လွှတ်နိုင်၍ပင်။

ဤအဖြစ်အပျက်များမှတစ်ဆင့် လီအန်းချီတစ်ယောက် ကျန်းခယ်ကျန့်၏ ပင်ကိုယ်စရိုက်အမှန်ကို သိမြင်သွားပြီး စိတ်ဖြတ်နိုင်သွားလိမ့်မည်။

ပိုင်မူနင်က ဒေသထွက် အထူးမုန့်များကို စားပွဲပေါ်တင်လိုက်ပြီး အရက်ပုလင်းတစ်လုံး ဖွင့်ကာ လီအန်းချီနှင့်အတူ စသောက်လိုက်သည်။

“သူ မင်းကို တခြားတစ်ယောက်ကို သွားကြိုက်ပြီး တွဲခိုင်းတယ်မလား... ဒါဆို သူပြောတဲ့အတိုင်း လုပ်ပြီး သူ့ကို ဒေါသထွက်အောင် လုပ်လိုက်”

“သဝန်တိုစိတ်ကသာ တစ်ယောက်ယောက်ကို သူတို့ရဲ့ ခံစားချက်တွေကို ရင်ဆိုင်လာနိုင်အောင် လုပ်နိုင်တာ”

လီအန်းချီက ဘဲကင်ကို ဝါးနေရင်း ပိုင်မူနင်ပြောသည်မှာ တကယ်အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။ သူ ချစ်သူရလာပါက ယင်းအား ကျန်းခယ်ကျန့် ခံစားချက်များကို စမ်းသပ်ရန် အသုံးပြုနိုင်သည်။

ကျန်းခယ်ကျန့်သာ ဂရုမစိုက်ပါက သူ နောက်ဆုံးတွင် လက်လျှော့နိုင်လိမ့်မည်။

သို့တိုင် အနှီသူသာ သဝန်တိုလာပါမူ အခွင့်အရေး ရှိနေသေးသည်။

မကြာမီမှာပင် လီအန်းချီက ထပ်မံ၍ မျက်မှောင်ကြုတ်လိုက်ပြန်၏။ 
“ဒါပေမဲ့ ငါ ဘယ်မှာ ချစ်သူ သွားရှာရမလဲ”

ပိုင်မူနင်က သူ၏ ရင်ဘတ်ကို ပုတ်ပြီး ပြောလိုက်သည်။
“ဒီမှာ အဆင်သင့် ချစ်သူတစ်ယောက်လုံး အဆင်သင့်ရှိနေတာပဲမလား ... လာပါဦး ငါ့ကို 'လောင်ကုန်း' လို့ ခေါ်ကြည့်ပါဦး”

လီအန်းချီမှာ နောက်ဆုံးတွင် ရယ်မောလာလျက် သူ့အား စနောက်လာသည်။
 “နင်အာ မင်း ဘယ်အချိန်ကစ ဒီလောက်ချွဲပစ်လာရတာလဲ”

ပိုင်မူနင် ပြုံးလိုက်သည်။ 
“ဒါက သရုပ်ဆောင်တာပါကွာ ဟုတ်ပြီလား... ငါပြောမယ် ယောက်ျားတွေက လွယ်လွယ်ရတာကို ဘယ်တော့မှ တန်ဖိုးမထားဘူး... ဆုံးရှုံးသွားမှ ဘယ်လောက် အရေးကြီးလဲဆိုတာ သူတို့ သိကြတာ... မင်း သူ့ကို အလိုလိုက်လို့ မရဘူး... ဒီနေ့ကစပြီး ငါက မင်းရဲ့ အပြောချိုချို ချွဲပစ်ပစ်ကောင်လေး ဖြစ်ပေးမယ်”

သူတို့နှစ်ဦး အတူထိုင်ပြီး အစီအစဉ်များဆွဲကာ နောက်ဆုံးတွင် ဗျူဟာအချို့ကို အတည်ပြုလိုက်ကြသည်။

သူတို့ အချိန်ကိုကြည့်လိုက်ရာတွင် ည ၉ နာရီ ရှိနေပြီ။

လီအန်းချီမှာ မည်မျှ သောက်ထားသည်ကို မသိပေ။ မူးယစ်နေသဖြင့် အိပ်ရာပေါ် လေးဖက်ထောက်တက်ပြီးနောက် ချက်ချင်းဆိုသလို အိပ်ပျော်သွားသည်။ ဖြစ်နိုင်သည်မှာ သူ့ရင်ထဲရှိ ရှုပ်ထွေးမှုများကြား မျှော်လင့်ချက် အချို့ကို ရှာတွေ့သွား၍ ဖြစ်နိုင်သည်။

ထိုအခါမှသာ ပိုင်မူနင်က သူ၏ဖုန်းကို စစ်ဆေးခွင့် ရသွားသည်။ ဝမ်ကျင်းမှ သူ့ထံ မက်ဆေ့ချ် အများအပြား ပို့ထားခဲ့သော်လည်း သူကမူ အချိန်မီ တစ်ခုမှ ပြန်မပို့နိုင်ခဲ့ချေ။

သူတို့၏ ချစ်သူသက်တမ်းမှာ ယခုမှ စရုံသာရှိသေးပြီး သူကမူ သူ့ကောင်လေးကို လျစ်လျူရှုနေမိပြီပင်။ ပိုင်မူနင်မှာ သူကအနည်းငယ်မျှ အမှိုက်ဆန်နေသလို ခံစားလိုက်ရသည်။

သူ ရှင်းပြသင့်သည်ဟု ယူဆကာဖြင့် ဖုန်းကို ကောက်ကိုင်လိုက်ပြီး စာစရိုက်လိုက်သည်။

သို့သော် ထိုအခါမှ ဝမ်ကျင်းကို တွေ့လိုသော စိတ်ဆန္ဒက ရုတ်တရက်ဆိုသလို သူ့အတွင်းထဲမှ ထကြွလာသည်။ ထို့ကြောင့် စာပြန်ဖြေမည့်အစား ပိုင်မူနင်က ကိုယ်တိုင် သွားပြောရန် ဆုံးဖြတ်လိုက်သည်။

အနည်းငယ် မူးနေသေးသဖြင့် သူက မြေအောက်ရထားကို မစီးဘဲ အငှားကားကို တိုက်ရိုက်ခေါ်ကာ ဝမ်ကျင်း၏နေရာသို့ သွားလိုက်သည်။

ကျင်းနန်၌ နှင်းများမှာ ယခင်ကထက်ပင် ပိုမိုသိပ်သည်းစွာ ပြန်လည်ကျဆင်း‌နေ၏။ ပိုင်မူနင် ရပ်ကွက်ထဲသို့ လျှောက်ဝင်လာချိန်တွင် သူ၏ ခန္ဓာကိုယ်ပေါ်၌ နှင်းလွှာတစ်ထပ် စုနေခဲ့ပြီ ဖြစ်သည်။

ဝမ်ကျင်း၏ အဆောက်အအုံအပြင်ဘက် မြေညီထပ်တွင် ရပ်နေရင်း ပိုင်မူနင် အကြင်သူအား ဖုန်းခေါ်ဆိုလိုက်သည်။

ပထမအကြိမ်တွင် မည်သူမျှ မကိုင်ခဲ့သော်လည်း ပိုင်မူနင် စိတ်ရှည်လက်ရှည် ဆက်ခေါ်လိုက်သည်။
“ကျင်းကော... အိမ်မှာလား”

ဝမ်ကျင်းမှာ တစ်စုံတစ်ရာ လုပ်နေသည့်ပုံစံ ပေါက်နေသည်။ သူ၏ အသက်ရှူသံမှာ အနည်းငယ်မျှ မူမမှန်ပေ။ 
“ကိုယ် အိမ်မှာ... ဘာဖြစ်လို့လဲ”

“ပြတင်းပေါက်နားလာပြီး အောက်ကို ကြည့်လိုက်... ခင်ဗျားအတွက် အံ့သြစရာရှိတယ်”

“ဘာလဲ”

“ကြည့်နေပြီလား”

“ကြည့်နေတယ်”

ထိုရင်းနှီးသော ပုံရိပ်လေး ပေါ်လာသည်ကို မြင်လိုက်သည်နှင့် ပိုင်မူနင်က ဝမ်ကျင်း ပြတင်းပေါက်မှ အောက်သို့ ငုံ့ကြည့်နေသည်ကို သိလိုက်သည်။ သူက အောက်ဘက်တွင် ဖြည်းဖြည်းချင်း စလျှောက်လိုက်သည်။

ဆီးနှင်းက မြေပြင်ကို အဖြူရောင်အလွှာဖြင့် ဖုံးလွှမ်းထားသည်။ ခြေတစ်လှမ်းစီတိုင်းတွင် ပိုင်မူနင်က သူ၏ခြေရာများကို ထင်းနေအောင်ချန်ထားခဲ့ပြီး နောက်ဆုံးတွင် ကြီးမားသော အသဲနှလုံးပုံသဏ္ဌာန် ဖြစ်လာခဲ့သည်။

ပြီးသွားသည့်နောက် သူက နှလုံးသားပုံ၏ အလယ်ဗဟိုသို့ ခုန်ဝင်သွားပြီး သူ၏ လက်များကို မြှောက်ကာ အပေါ်ထပ် ပြတင်းပေါက်ဆီသို့ အသည်းပုံလေးလုပ်ပြလိုက်သည်။

ခေါင်းကို စောင်းလိုက်ပြီး ပခုံးနှင့် နားကြား ဖုန်းညပ်ထားလျက် ပိုင်မူနင်က ပြောလိုက်သည်။ 
“ကျင်းကော မြင်ရလား”

ဝမ်ကျင်းက အသာအယာ ရယ်မောလိုက်သည်။ 
“မြင်တယ် ကိုယ်  á€á€€á€šá€şá€žá€˜á€ąá€Źá€€á€ťá€á€šá€ş”

ထိုနောက်တွင် ခြေသံများက အလျင်စလိုဟန်ဖြင့် ပဲ့တင်ထပ်လာသည်။ ပိုင်မူနင်က ဝမ်ကျင်း အောက်ထပ်ဆင်းလာနေပြီဟူ၍ ခန့်မှန်းလိုက်သည်။

သူက အသည်းနှလုံးပုံ၏ အလယ်ဗဟိုတွင် ရပ်နေပြီး မလှုပ်မယှက်ပင် ဝမ်ကျင်းကို စောင့်နေလိုက်သည်။

ခဏအကြာတွင် အဆောက်အအုံတံခါး ပွင့်လာပြီး ဝမ်ကျင်းက အပြင်အင်္ကျီပင် မဝတ်ဘဲ အိမ်နေရင်း အဝတ်အစားများဖြင့် ပြေးထွက်လာခဲ့သည်။

သူက ပိုင်မူနင်၏ လက်ကောက်ဝတ်အား ဆွဲကိုင်လိုက်ပြီး သူ့ကိုသူ့လက်မောင်းထဲ ဆွဲသွင်းကာဖြင့် ချက်ချင်းပင် နမ်းရှိုက်လာတော့သည်။ 

ဤတစ်ကြိမ်တွင် ဝမ်ကျင်းမှာ ထူးထူးခြားခြား ညင်သာနေပြီး သူ၏ နှုတ်ခမ်းများကို အသာအယာ စုပ်နမ်းလာသည်။

ညဘက်ဖြစ်သော်လည်း ပိုင်မူနင်က တစ်ယောက်ယောက် မြင်သွားမည်ကို စိုးရိမ်နေဆဲပင်။ သူက ဝမ်ကျင်းကို အမြန်ပြန်ဝင်ရန် တိုက်တွန်းလိုက်၏။ ထိုသူမှာအဝတ်များများ ဝတ်မထားရာ အအေးမိသွားနိုင်သည်။

ဝမ်ကျင်းက သူ၏ လက်ကိုကိုင်ကာ အပေါ်ထပ်သို့ ဦး‌ဆောင်ခေါ်သွားပြီး ဓာတ်လှေကားခလုတ်ကို နှိပ်ရင်း မေးသည်။
 “မင်း ဘာလို့ ထပ်သောက်ရပြန်တာလဲ”

ပိုင်မူနင် ဝမ်ကျင်း၏ ပခုံးကို မှီလိုက်သည်။ ယခုမူ နွေးနေပြီး ပို၍ပင် မူးသလို ခံစားရသည်။
“ကျွန်တော့် သူငယ်ချင်း စိတ်မကောင်းဖြစ်နေလို့ သူ့နဲ့အတူ နည်းနည်း သောက်လိုက်တာ... ဒါကြောင့် ခင်ဗျားရဲ့ မက်ဆေ့ချ်တွေကို သတိမထားမိလိုက်တာပါ”

“ဒါဆို မင်း ရောက်လာတာက...”

“ကျွန်တော့်ကောင်လေးကို ချော့ဖို့ပေါ့”

ဝမ်ကျင်းက နှုတ်ခမ်းများကိုတင်းတင်းဖိစေ့လျက် ပြုံးလိုက်ပြီး ပိုင်မူနင်၏ ခါးကို လက်တစ်ဖက်ဖြင့် ဖက်လိုက်ကာ ပြောသည်။
“ကောင်းပြီ... ကိုယ်က အဲဒီလောက် လွယ်လွယ်နဲ့တော့ ချော့မရဘူးနော်”

သူတို့ ဝမ်ကျင်း၏ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ပိုင်မူနင်မှာ ဖိနပ်နှင့် အင်္ကျီကိုပင် မချွတ်လိုက်ရချေ။ ဝမ်ကျင်းမှ သူ့အားဖိချလျက် စိတ်အားထက်သန်စွာ နမ်းရှိုက်လာခဲ့သည်။

ဤတစ်ကြိမ်တွင်မူ အနမ်းမှာ အနည်းငယ် ပြင်းထန်ပြီး အလွန် ပိုင်စိုးပိုင်နင်းဆန်လွန်း၍  á€•ိုင်မူနင်မသဏ သူ၏ အူများကို ဝမ်ကျင်းက ဆွဲထုတ်နေသလိုပင် ခံစားရသည်။

သူ၏ ခန္ဓာကိုယ်ရှိ အင်အားများ ယုတ်လျော့သွားလျက် ယိုင်နဲ့သွားရသည်။ ထို့နောက် ဝမ်ကျင်းက သူ့အား ခါးမှဆွဲပွေ့ကာ သူတို့နှစ်ဦးလုံးကို ဆိုဖာပေါ်သို့ ရွှေ့လိုက်သည်။

သူ၏ကိုယ်လေးက ပျော့ပျောင်းသော ကူရှင်များထဲသို့ နစ်မြုပ်သွားရပြီး ပိုင်မူနင်မှာ ပို၍ပင် မူးဝေသလို ခံစားရသည်။

ဝမ်ကျင်းက သူ့ကို ထပ်နမ်းလိုက်သည်။ မကြာမီမှာပင် သူက အနည်းငယ် ရပ်တန့်လိုက်ပြီး မေးလာသည်။
 “မင်း...”

ဝမ်ကျင်းစကားမဆုံးမီမှာပင် ပိုင်မူနင်၏ပါးလေးများမှာ နီရဲလာလျက် သူ၏ တောင်ကုန်းလေးကလည်း နောက်တစ်ကြိမ် တောင်တန်းကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြန်သည်။  á€á€™á€şá€€á€ťá€„်းဥန္ဖဟငအ် ရှင်းရှင်းလင်းလင်း သတိထားမိပေလိမ့်မည်။ 

ပိုင်မူနင်က အနားမှခေါင်းအုံးကို ဆွဲယူလိုက်ပြီး သူ၏မျက်နှာကို ဖုံးအုပ်လိုက်ကာ ရှက်ရွံ့စွာ ရေရွတ်လိုက်လေသည်။
 “ဒါ အရမ်းရှက်စရာကောင်းတယ်... ကျွန်တော့်အနားက ဝေးဝေးနေပါ”

သို့သော် ဝမ်ကျင်းက နားမထောင်ခဲ့ချေ။ ထို့အစား သူက ငုံ့ချလိုက်ပြီး ပိုင်မူနင်၏ မျက်နှာမှ ခေါင်းအုံးကို ဆွဲဖယ်ကာ မေးလာသည်။
“အကူအညီလိုလား”

ပိုင်မူနင် ဝမ်ကျင်း ပြောလိုက်သည်ကို စဉ်းစားပြီးနောက် သူ၏ စိတ်တစ်ခုလုံး လုံးဝလွတ်ထွက်သွားတော့သည်။

အ... အကူအညီလား…

ဘာကို ကူညီမှာလဲ...


💊💊💊💊 Chapter 39
ချစ်သူကောင်လေး၂ယောက် ထိပ်တိုက်တွေ့ခြင်း


အနှီ အကူအညီဟူသော စကားလုံးမှာ ရှက်စရာကောင်းလွန်းသည်။

ပိုင်မူနင်၏ စိတ်ထဲသို့ ဖြစ်နိုင်ခြေများစွာ ခုန်ဝင်လာသည်။ လက်၊ ပါးစပ်။ သူ ၎င်းတို့အားလုံးကို ဖတ်ခဲ့ဖူးသည်။ 

သူ ပထမဆုံး သိလိုက်ရချိန်တွင် ငယ်ရွယ်နေဆဲဖြစ်ကာ သိချင်စိတ်တို့မှာလည်း ပြင်းပြနေခဲ့သည်။ သို့သော်လည်း သူကိုယ်တိုင် လက်တွေ့ စမ်းသပ်ဖို့ရာမူ တစ်ခါမှ မစဉ်းစားဖူးခဲ့ပေ။

သို့သော် ဤအခြေအနေ၌ ထိုနောက်ဆုံး ဖြစ်နိုင်ခြေကို တွေးလိုက်မိရုံမျှဖြင့် ပိုင်မူနင်မှာ သူ၏ 'PP' ကို အလိုလို ထိလိုက်မိသည်။
(T/N - PPဆိုတာ pravite areaပါ ကလေးလေးတွေကိုဆို တင်တင်ဆိုပြီးစတယ်လေ)

အိုး ဘုရားရေ... ငါက ဝမ်ကျင်းနဲ့တွဲချင်ရုံလေးလေ ... သူ့ကို စိတ်ဖြတ်ပြီး ရှေ့ဆက်ဖို့ ကူညီပေးပြီး ပိုက်ဆံလေးနည်းနည်းလောက် ရချင်ရုံပါ.. သူ ငါ့ရဲ့ 'PP'လေးကို ပေးဖို့အထိတော့ စာချုပ် မချုပ်ခဲ့ဘူးလေ...

သူအနောက်ဘက်သို့ တဖြည်းဖြည်း ဆုတ်လိုက်ကာဖြင့် သူတို့ကြားတွင် အကွာအဝေးအနည်းငယ်မျှ ချန်လှပ်ထားလိုက်သည်။ ထိုအခါမှသာ အနည်းငယ်လုံခြုံသွားသလို ခံစားလိုက်ရ၏။

သူ ခေါင်းအုံးတစ်လုံးကို ဆွဲယူလိုက်ကာ သူ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်လိုက်ပြီး အထိတ်တလန့်ပင် ပြောလိုက်သည်။
"မ...မလိုပါဘူး"

ဝမ်ကျင်းက ကိုယ်ကိုမတ်လိုက်ပြီး သူ့အား ကြည့်လာလျက် ကြောင်ကလေးတစ်ကောင်ကို စနောက်နေသည့်အလား စနောက်၍လာသည်။
“မလိုဘူးပေါ့... ဒါဖြင့်ရင်  á€˜á€Źá€œá€­á€Żá€ˇ မင်းမျက်နှာလေးက နီရဲနေရတာလဲ”

ပိုင်မူနင်က သူ၏ နှုတ်ခမ်းများကို တင်းတင်းသာစေ့ထားပြီး ဘာမှပြန်မဖြေချေ။ သူ၏ မျက်နှာလေးမှာ ပို၍ပင် နီရဲလာခဲ့တော့၏။

ဝမ်ကျင်းက အလေးအနက် ဆိုလာသည်။
 “လူတိုင်းမှာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိတယ်... မင်း ရှက်နေဖို့ မလိုဘူး... မင်းရဲ့ ခန္ဓာကိုယ်ကို သေချာလက်ခံသင့်တယ်”

“မင်းရဲ့ လိုအပ်ချက်တွေက မကြာသေးခင်ကစပြီး ပိုအားကောင်းလာတာ... တစ်ခုခုဖြစ်နေတာလည်း ဖြစ်နိုင်တယ်... မင်းရဲ့ ဘယ်ဘက်လက်လေး ကိုယ့်ကို ပေးပါဦး”

မကြာသေးခင်ကစပြီး ထူးထူးခြားခြား အားကောင်းနေတာလား...

ပိုင်မူနင် နှုတ်ခမ်းကိုက်လိုက်မိသည်။ ထိုနေ့ကလည်း ဝမ်ကျင်းတစ်‌ယောက် သေချာပေါက်ကို သတိထားမိခဲ့သည်ပင်။

မငြင်းဆန်နိုင်တော့သဖြင့် ပိုင်မူနင် သူ၏ ဘယ်ဘက်လက်ကို နာနာခံခံလေးသာ ထုတ်ပေးလိုက်တော့၏။

ဝမ်ကျင်းက သူ၏သွေးခုန်နှုန်းကို စမ်းကြည့်ပြီးနောက် ချက်ချင်းဆိုသလို ပြောလာသည်။
 “မင်း ဒီအတောအတွင်း ဘာဆေးမှ မသောက်ဖြစ်ဘူးလား”

ဝမ်ကျင်းမှာ သူ၏ကျန်းမာရေးကို အမြဲဆိုသလို အလေးထားသူပင်။ သူ့ကိုယ်သူ မည်သို့ဂရုစိုက်ရမည်ကို သင်ပေးခဲ့ရုံမျှမက ဆေးစာရေးနည်းနှင့် ဆေးဖက်ဝင်အပင်များအား မည်သို့မည်ပုံ ပြင်ဆင်ရမည်တို့ကိုပါ သင်ယူခဲ့ရသည်။

ပိုင်မူနင်မှာ တရုတ်တိုင်းရင်းဆေးကို အမုန်းဆုံးပင်။ သကြားနှင့် နို့ထည့်လျှင်ပင် သူ့အတွက်အလုပ်မဖြစ်ချေ။ ယင်းက ခါးလွန်း၍ သူ့ဘဝတစ်ခုလုံးကိုပင် မေးခွန်းထုတ်ချင်မိသည်အထိ။ သူ ထိုအရာတို့အား မသောက်ခဲ့ချေ။

ထို့ကြောင့်ပင် သူ မကြာသေးမီက ဆေးသောက်ခြင်းကို ရပ်လိုက်ပြီး ဝမ်ကျင်းကို မပြောဘဲ လျှို့ဝှက်ထားလိုက်၏။

သို့သော်လည်း ပိုင်မူနင်ဝန်မခံလျှင်ပင် ဝမ်ကျင်းက သူ၏ အပြစ်ရှိစိတ်ခံစားနေရသည့် မျက်နှာထက်၌ အမှန်တရားကို ရေးထားသည့်အလား မြင်နိုင်သွားသည်။

ဝမ်ကျင်းက သူ၏လက်ကိုလွှတ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
 “မင်း ဒီကျောက်ကပ်အားနည်းတဲ့ပြဿနာကို မကုချင်ဘူးလား”

“မင်းက ခုထိ ငယ်ငယ်လေးရှိသေးတာ... အခုက ကုသဖို့ အကောင်းဆုံးအချိန်ပဲ... ပျက်စီးတာက ပိုဆိုးလာရင် ပြန်ကောင်းဖို့ ခက်ခဲလိမ့်မယ်”

ပိုင်မူနင်၏ ပါးများမှာ စိတ်ပျက်ခြင်းနှင့်အတူ ရှက်သွေးတို့ ဖြန်းခနဲ နီတက်လာသည်။
ဝမ်ကျင်းက ဘာလို့ ဒီအကြောင်းကို ထပ်ပြောနေရပြန်တာလဲ...

သူက မကျေမနပ်ဖြင့်ပင် ခေါင်းအုံးကို ပစ်ချလိုက်ပြီး ပြောလိုက်သည်။
 “ဒေါက်တာဝမ်... ကျွန်တော် ဘယ်လိုလုပ် အားနည်းနေရမှာလဲ... ကျွန်တော်က အင်အားအပြည့်ဆိုတာ သိသာနေတာပဲဟာ”

ကျောက်ကပ်အားနည်းနေလျှင် လိုအင်ဆန္ဒမှာ ဤမျှအားကောင်းမနေနိုင်ပေ။ အချက်အလက်များက သူလုံးဝအားမနည်းကြောင်း သက်သေပြနေသည်ပင်။ သူ လုံးဝကို အားအင်ပြည့်ဝနေ၏။

ပိုင်မူနင်မှာ မေးကို ပင့်မော့လျက် မာနအပြည့်ဖြင့် စိန်ခေါ်လိုက်သည်။ ဝမ်ကျင်းက ပြုံးကာဖြင့် ဆိုလာ၏။
“အရင်တုန်းက ကိုယ်ပြောဖူးတာကို မင်းမှတ်မိသေးလား... ဘယ်ဘက်လက်က ယင်ကို ကိုယ်စားပြုပြီး ညာဘက်လက်က ယန်ကို ကိုယ်စားပြုတယ်ဆိုတာလေ... မင်းရဲ့ ချီသွေးခုန်နှုန်းကို စမ်းသပ်ကြည့်... ပြီးရင် မင်း ကျောက်ကပ် ယင်အားနည်းနေလားဆိုတာ ကြည့်ပေါ့”

သူ၏ လက်ချောင်းထိပ်လေးများက ချီသွေးခုန်နှုန်းပေါ်သို့ ကျရောက်သွားသည်။ တကယ်ပင် သွေးခုန်နှုန်းကို သိပ်မခံစားရပေ။ သွေးခုန်နှုန်းမှာ တိုးလျတိမ်ကောလျက် အားနည်းနေသည်။ ယင်းက သေချာပေါက်ပင် အားနည်းသည့် လက္ခဏာဖြစ်ချေ၏။

သို့သော်လည်း သူ့အနေဖြင့်  á€€á€ťá€ąá€Źá€€á€şá€€á€•် အားနည်းသည်ဟူ၍ လက်မခံနိုင်သေးပေ။ 

ငါ့မှာ အားအများကြီး ရှိနေတာက သိသာနေတာပဲဟာ အား...

သို့တိုင် ဤတစ်ကြိမ်လည်း သက်သေက ရှိနေပြန်သည်။

သူ၏ အတွေးများကို ဖောက်ထွင်းမြင်နေရသည့်အလား ဝမ်ကျင်းက ရှင်းပြလာသည်။

“ကျောက်ကပ် ယန်အားနည်းတာက ကာမဆန္ဒနည်းစေတယ်... ကျောက်ကပ်ယင်အားနည်းတာကျတော့ အလိုဆန္ဒကို တိုးစေတာ... ကျောင်းသားရှောင်နင်  á€™á€„်းတ္ဏအ အားဖြည့်ဖို့ စလုပ်ရတော့မယ်”

“…?”

ပိုင်မူနင်မှာ ပြောစရာမဲ့သွားရသည်။ ပြောစရာမဲ့လွန်း၍ နင်သေလုနီးနီးပင်။

သူ တစ်စက္ကန့်မျှ အတွေးပေါက်သွားခဲ့သည်မှာ ဝမ်ကျင်း သူ့အား ဖာ့ခ်ရန် ကြိုးစားနေသည်ဟူ၍ပင်။ သို့တိုင် နောက်တစ်စက္ကန့်တွင်မူ ဒေါက်တာဝမ်၏ ကျန်းမာရေးသင်တန်းလေးက စတင်သွားပြန်သည်။

တကယ်တမ်းဆိုရပါမူ ရိုမန့်တစ်ဆန်ခြင်းနှင့် ဓာတ်မတည့်သည့် ဝမ်ကျင်းကဲ့သို့သောလူမျိုးဖြင့် မည်သူကမှ ချစ်သူမဖြစ်နိုင်ပေ။

သူ၏ ခန္ဓာကိုယ်လေးက နေရာမှာတင် ညှိုးနွမ်းသွားသလို ခံစားလိုက်ရသည်။ ပိုင်မူနင်ခမျာ မီးသတ်ဆေးဘူးက ဘာအတွက်လဲဟူ၍ပင် ပြန်လည်မေးခွန်းထုတ်ချင်မိတော့သည်။

ဝမ်ကျင်းကသာ အကောင်းဆုံးသော မီးသတ်ဆေးဘူးပင်။

“ကိုယ် အမူးပြေစွပ်ပြုတ်သွားလုပ်လိုက်ဦးမယ်... မင်းစောစောက အဓိကအချက်တွေကို ပြန်လေ့လာထားလိုက်”

ဝမ်ကျင်းက ထရပ်ပြီး မီးဖိုချောင်သို့ လျှောက်သွားသည်။ ပိုင်မူနင်မှာ ဆိုဖာပေါ် ပြန်လှဲချလိုက်မိပြီး ဒေါသဖြင့် သူ၏တည်ရှိမှုတစ်ခုလုံးကို မေးခွန်းထုတ်မိတော့၏။

ငါက ဆွဲဆောင်မှု မရှိလို့လား...ဒါမှမဟုတ် ဝမ်ကျင်းကိုက အေးစက်စက်နိုင်တာပဲလား...

ငါတို့ အဲဒီ့အဆင့်အထိတောင် ရောက်သွားပြီကို သူက တည်တည်ငြိမ်ငြိမ်နဲ့ ကျန်းမာရေး သင်ခန်းစာကို စနိုင်သေးတယ်လား...

ပိုင်မူနင်မှာ ဝမ်ကျင်းတစ်ယောက် သူ၏ချစ်သူနှင့် မည်သို့ ပတ်သက်ခဲ့မိသွားကြသည်ကို စတင်တွေးတောမိ၏။

မစ္စတာကျိုးမှာ သူ့အား အသေးစိတ် အချက်အလက် များများစားစား မပေးခဲ့၍ ပိုင်မူနင် ဘာမှမသိရပေ။ အနှီဖောက်ပြန်မှုမှ သူရသည့် သတင်းအချက်အလက် နှစ်ခုမှာ ဓာတ်ပုံတစ်ပုံနှင့် ထိုသူ၏ အလုပ်အကိုင်မျှသာ။ ထို့ထက် ပိုမသိခဲ့ရချေ။

အားလုံးကို အတူစုပေါင်းလိုက်လျှင် ပိုင်မူနင်မှာ အနှီချစ်သူကသာ သွေးဆောင်တတ်သည့် မြေခွေးငယ်လေးတစ်ကောင် ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။ ထိုနည်းလမ်းဖြင့်သာ ဝမ်ကျင်းကို သူတို့၏လက်ချောင်းထိပ်လေး၌ ရစ်ပတ်ထားနိုင်လိမ့်မည်။

သူ သူ့ကိုယ်သူ ပြန်ကြည့်လိုက်မိပြီး ထိုသို့ဆွဲဆောင်မှုရှိလာရန် အများကြီး လိုအပ်နေသေးသည်ဟု ခံစားလိုက်ရသည်။

အိမ်ပြန်ချိန် နောက်ကျနေပြီဖြစ်၍ ပိုင်မူနင်က ဝမ်ကျင်း၏နေရာ၌သာနေပြီး ကောင်းမွန်စွာ အိပ်စက်လိုက်သည်။

နောက်တစ်နေ့မှာ သူ၏ ပုံမှန်နားရက်ဖြစ်ပြီး အလုပ်မရှိသောကြောင့် သူအိပ်ရေးဝအောင် အိပ်ပစ်လိုက်သည်။ သူနိုးလာသောအခါ ဝမ်ကျင်းမှာ ချက်ပြုတ်ပြီးစီးနေပြီဖြစ်ကာ သူ့အား စောင့်နေခဲ့သည်။

မျက်နှာသစ်ပြီးနောက် ပိုင်မူနင် သူ၏ နေ့လယ်စာနှင့်မနက်စာကြားတစ်နပ်(Brunch)ကို စားရန် ထိုင်လိုက်သည်။ ဝမ်ကျင်းက အသားညှပ်ပေါင်မုန့်အား နူးညံ့ချိုမြသည့် ပေါင်မုန့်မီးကင်၊ ကြက်ဥမကျက်တစ်ကျက်ပြုတ်ကျော်နှင့်အတူ  á€Ÿá€„á€şá€¸á€žá€Žá€¸á€Ÿá€„á€şá€¸á€›á€˝á€€á€şá€™á€ťá€Źá€¸á€–á€źá€„á€ˇá€ş တွဲဖက်ပြုလုပ်ထား၍ ၎င်းမှာ ကျန်းမာရေးနှင့် ညီညွတ်သည့် မနက်စာပင်။

(T/N - Brunchကလေ အိပ်ယာနောက်ကျတဲ့လူတွေ မနက်စာမမှီလို့ နေ့လည်စာနီးမှ စားလိုက်ရတာမျိုးပါ ဆယ်နာရီဆယ့်တစ်နာရီဝန်းကျင်လောက် စားတာမျိုး)

ဝမ်ကျင်းက သူ့အတွက် ပဲနို့တစ်ခွက် ငှဲ့ပေးလိုက်ပြီး ပြောသည်။
 “ရှောင်နင် မင်းရဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ်က ကျန်းမာရေးနဲ့ တကယ်ကို မညီညွတ်ဘူး... အခုကစပြီး မင်း စောစောအိပ်ပြီး စောစောထဖို့ လိုတယ်”

ပိုင်မူနင်မှာ ဝမ်ကျင်းတစ်ယောက် သူ၏အဖေပမာ ပြုမူနေသလို ခံစားလိုက်ရသည်။ သူ အိပ်ရာထရသည်အား မုန်းတီးခဲ့စဉ်က သူ၏ဖခင်က လက်ဟန်ဖြင့် သူ့အား ဆူပူခဲ့ဖူးသည်။

“သိပါပြီ ကျင်းကော”

ဝမ်ကျင်းက ညင်သာစွာပင် “အင်း” ဟူ၍ အသံပြုပြီးနောက် မေးသည်။
 “ဒီနေ့ မင်းရဲ့ အစီအစဉ်က ဘာလဲ”

မူလက ပိုင်မူနင်မှာ သူ၏ နားရက်ကို ဝမ်ကျင်း၏အချိန်ဇယားနှင့်အညီ ရွေးချယ်ခဲ့ခြင်းပင်။ ထိုအချိန်က သူ အနှီသူ့အား လိုက်နေခဲ့ချိန်ဖြစ်၍ သူတို့ကြား သေချာပေါက်ပင် သဘောထားခြင်းတိုက်ဆိုင်ရန် စိတ်ဝင်စားမှုခြင်းကိုက်ညီရန် လိုအပ်ခဲ့၏။

ထို့ကြောင့် ပိုင်မူနင်နားရက်ရသည့်အခါ ဝမ်ကျင်းသည်လည်း နားရက်ရခဲ့သည်။

သူ ယမန်နေ့က လီအန်းချီကိုပေးခဲ့သည့် ကတိကို တွေးလိုက်ရင်း ပိုင်မူနင် သူ၏ အသားညှပ်ပေါင်မုန့်ကို ကိုက်ကာဖြင့် ဆိုသည်။
“ကျွန်တော် ဒီနေ့ သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့မလို့ မနက်အစောကြီးကတည်းက ချိန်းထားတာ”

ဝမ်ကျင်း၏ မျက်နှာထက်တွင် စိတ်ပျက်သွားသည့် အရိပ်အယောင်တစ်ချက် ဖြတ်ပြေးသွားသော်ငြား လျင်မြန်စွာပျောက်ကွယ်သွားသည်။ သူက တည်တည်ငြိမ်ငြိမ်ပင် ဆိုလာ၏။

 “ကောင်းပြီလေ ဒါဆို ဒီည အတူညစာစားကြမလား... ရွှီနွမ်က စားသောက်ဆိုင်အသစ် ဖွင့်ထားတယ်... ကိုယ်မင်းကို စမ်းကြည့်စေချင်လို့”

“ဒီနေ့တော့ မဖြစ်နိုင်လောက်ဘူး... အချိန်ရမှာ မဟုတ်ဘူး... တခြားတစ်ရက်မှ သွားရအောင်နော်”

ဝမ်ကျင်းက ကောင်းပြီဟုသာ ပြောလာလျက် ဘာမှ ထပ်မပြောတော့ချေ။

သူတို့စားပြီးနောက် ဝမ်ကျင်းက ပိုင်မူနင်အား ကျောင်းတွင်ချပေးသည်။ ပိုင်မူနင် သူ၏ အဆောင်သို့ အလျင်အမြန်ပြန်သွားလိုက်လျှင် ထိုနေရာတွင် လီအန်းချီက သန့်ရှင်းရေး လုပ်နေသည်။

ယမန်နေ့က ရှုပ်ပွနေခဲ့သော်လည်း ယခုမူ သပ်ရပ် သန့်ရှင်းနေ၏။

“နင်အာ မင်း ပြန်လာပြီပဲ”
လီအန်းချီက သူ့အား အပြုံးလေးဖြင့် နှုတ်ဆက်လိုက်ရာ ယမန်နေ့ညက သူ၏ရှုပ်ပွနေသည့် အရိပ်အယောင် တစ်စိုးတစ်စိမျှပင် မရှိတော့ဘဲ တဖန်ပြန်မွေးဖွားလာသကဲ့သို့ပင်။

“မင်း မနေ့ညက ဘယ်သွားတာလဲ... ဘာလို့ အဆောင်မှာ မအိပ်တာတုန်း”

သူမူးပြီး ထွက်သွားခဲ့ခြင်းဖြစ်၍ ပိုင်မူနင်မှာ နောက်ဆက်တွဲ အကျိုးဆက်ကို တကယ်ပင် မစဉ်းစားခဲ့မိပေ။ သူက မရေမရာသာ ဖြေလိုက်၏။
 “သူငယ်ချင်းတစ်ယောက်က ငါ့ကို လိုအပ်နေလို့... ငါလည်း ပြန်မလာနိုင်တော့လို့ အဲဒီမှာပဲ အိပ်လိုက်တာ”

လီအန်းချီမှာ ထပ်မေးမလာတော့ချေ။ ထို့အစား သူက တံမြက်စည်းကို ချလိုက်ပြီး မေးသည်။
 “နင်အာ မင်း ငါ့ကို ကျန်းခယ်ကျန့်ကို လိုက်ဖို့ ကူညီပေးမယ်လို့ ပြောခဲ့တယ်နော်... မင်း တကယ်ပြောတာလား”

သူ့အနေဖြင့် မှတ်မိသည်တို့က အမှန်ဟုတ်မဟုတ် မသေချာပေ။ သူအမူးလွန်နေခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် သေချာစေရန် ထပ်မေးလိုက်ခြင်းသာ။

“သေချာတာပေါ့ ငါ တကယ်ပြောခဲ့တာပဲကို”
ပိုင်မူနင်က ကုလားထိုင်တစ်လုံးကို ဆွဲယူပြီး ထိုင်လိုက်သည်။ 
“အန်းအန်း မင်းဖုန်း ငါ့ကို ပေး... ငါ မင်းကို 'ငါးမျှား' ပေးမယ်”

လီအန်းချီမှာ သူ၏ ဖုန်းကို နာခံစွာပင် လော့ခ်ဖွင့်ပြီး လွှဲပေးလိုက်သည်။ ပိုင်မူနင် ၎င်းကို ယူလိုက်ပြီး ကျန်းခယ်ကျန့်ထံ မက်ဆေ့ချ်တစ်စောင် ပို့လိုက်သည်။

[လီအန်းချီ: ကျန့်ကော ပြောတာမှန်တယ်ထင်တယ် ကျွန်တော် ခင်ဗျား အပေါ်မှာ အချိန်မဖြုန်းသင့်တော့ဘူး တခြားတစ်ယောက်ကိုပဲ ရှာတော့မယ်]

[လီအန်းချီ: ကျွန်တော်ကောင်လေး‌ရသွားပြီ.. သူဒီည ကျွန်တော့်ကိုညစာလိုက်ကျွေးမှာလေ...  á€á€„်ဗဝဏး သူ့ကိုတစ်ချက်လောက် ကြည့်ပေးနိုင်မလား ]

လီအန်းချီက ပိုင်မူနင်စာပို့နေသမျှကို စပ်စပ်စုစုကြည့်နေသည်။ သူ စိုးရိမ်ပူပန်သွား၏။
 “တကယ်အလုပ်ဖြစ်ပါ့မလား”

“ကျန်းခယ်ကျန့်က ငါ့ကို ဘာမှပြန်မဖြေဘူးပဲ... ဒါက ဘာမှ အကျိုးမရှိဘူးထင်တယ်”

ပိုင်မူနင် မတုံ့ပြန်နိုင်မီမှာပင် ကျန်းခယ်ကျန့်မှ စာပြန်လာ၏။ 
[ကျန်းခယ်ကျန့်: အချိန်နဲ့ နေရာ]

ထိုမက်ဆေ့ချ်ကို မြင်လိုက်သည်နှင့် လီအန်းချီတစ်‌ယောက်မှာ ချက်ချင်းဆိုသလို စိတ်လှုပ်ရှားမှုဖြင့် တောက်ပသွားသည်။ 
“နင်အာ သူ တကယ် စာပြန်တယ်... မင်းက အရမ်းမိုက်တာပဲ”

သူက သူ၏ ဖုန်းကိုဖက်ထားရင်း အရူးလေးပမာ ရယ်မောနေသည်။ 
“ဒီည ဘာစားကြမလဲ”

“မင်း ဘာစားလဲဆိုတာက အရေးမကြီးဘူး” 
ပိုင်မူနင်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။ 
“အရေးကြီးတာက ကျန်းခယ်ကျန့်ကို သဝန်တိုအောင် လုပ်ဖို့ပဲ”

လီအန်းချီက သူ၏ဆိုလိုရင်းကို နားလည်လိုက်ပြီး ဖုန်းအားကောက်ယူကာ အဆင့်ကောင်းသတ်မှတ်ခံထားရသည့် နေရာများကို စတင်ရှာဖွေလိုက်သည်။

“ဒီအနားမှာ ဘာဘီကျူးဆိုင်အသစ်တစ်ခု ရှိတယ်... အဲဒီမှာ တွေ့ကြမလား”

“ဘယ်နေရာပဲဖြစ်ဖြစ်... မင်း သဘောပါ”

ညနေ ၆ နာရီတွင် ပိုင်မူနင်နှင့် လီအန်းချီတို့အတူ ဘာဘီကျူးဆိုင်သို့ ဦးစွာရောက်သွားကြသည်။ သူတို့က အလျင်စလို အော်ဒါမမှာသေးဘဲ ယင်းအစား သူတို့၏ အစီအစဉ်ကိုသာ ပြန်လည်သုံးသပ်နေကြ၏။

လီအန်းချီမှာ အနည်းငယ်မျှ စိုးရိမ်ပူပန်လျက်ရှိ၏။ သူ ပိုင်မူနင်၏ညွှန်ကြားချက်များကို သေချာနားထောင်နေရင်း သူ၏ လက်ဖဝါးများက စတင်၍ ချွေးထွက်လာသည်။

“အန်းအန်း မှတ်ထားနော် ... ဒီည ငါက မင်းရဲ့ ကောင်လေး မင်းရဲ့ အာရုံက ငါ့ဆီမှာပဲရှိရမယ်... ကျန်းခယ်ကျန့်ကို မကြည့်နဲ့ ...သူ့ကို အပြင်လူတစ်ယောက်လို သဘောထား...  á€‚ရုမစိုက်တဲအ ပုံစံနေ”

“မင်း ပိုအေးစက်ပြီး စိတ်ဝင်စားမှု မရှိလေလေ သူ ပိုပြီး သဝန်တိုလေပဲ... အဲဒီ သဝန်တိုစိတ်က သူ့ကို ထိန်းချုပ်မှုလွတ်သွားအောင် တွန်းအားပေးလိမ့်မယ်”

“ငါတို့ သူ့ရှေ့မှာ ရှိနေတဲ့အချိန်မှာ ငါက မင်းနဲ့ အရမ်းရင်းနှီးတဲ့ပုံလုပ်မယ်... မင်း အရင်တစ်ခါကလို လန့်မသွားနဲ့... အောင့်အည်းသည်းခံပြီး ပူးပေါင်းပေး”

ယခင်က ပိုင်မူနင်မှာ ရိုးရှင်းစွာပင် လီအန်းချီ၏ နှုတ်ခမ်းထောင့်အား သုတ်ပေးခဲ့ဖူးသည်။ ထိုအချိန်က လီအန်းချီမှာ အလွန်အကျူးတုံ့ပြန်ခဲ့ပြီး အံ့သြတကြီးဖြင့် နှစ်မီတာမျှဝေးအောင် ခုန်ထွက်သွားခဲ့၏။

ထိုအဖြစ်မျိုး ထပ်မဖြစ်လာအောင်တားဆီးရန် ပိုင်မူနင်အနေဖြင့် သူ့အား ကြိုတင်ကာ အတိုချုံး ရှင်းပြရလေသည်။

လီအန်းချီက မှင်သေသေဖြင့် မေးလာ၏။
 “ဥပမာ ဘယ်လိုမျိုးလဲ”

“လက်ချင်းတွဲတာ... ပခုံးကိုဖက်တာ... နားနား ကပ်ပြီး တီးတိုးပြောတာမျိုး”

လီအန်းချီ သက်ပြင်းချလိုက်သည်။
 “ဒီလောက်ကတော့ အဆင်ပြေပါတယ်... ငါ လက်ခံနိုင်တယ်”

ပိုင်မူနင်က နောက်ထပ်လိုက်နာရမည်တို့အား ပြောပြလိုက်၏။ သို့သော်လည်း သူ ဆက်ပြောရန် ဟန်ပြင်လိုက်ချိန်တွင် ကျန်းခယ်ကျန့် ဝင်လာသည်အား မြင်လိုက်သဖြင့် စကားပြောနေသည်ကို ရပ်လိုက်သည်။

ကျန်းခယ်ကျန့်မှာ သူတို့နှစ်ဦးထက် အရပ်ပိုရှည်ပြီး ကြည့်ကောင်းသည်။ ပေါ့ပေါ့ပါးပါးဖြင့် ပေါင်းသင်းရလွယ်ကူသည့် ကြင်နာတတ်သောကောင်လေးနှင့် အလားဏ္ဍာန်တူသည်။

သူက ပိုင်မူနင်ကို ဦးစွာတစ်ချက်ကြည့်လိုက်ပြီးမှ ပြုံးကာ ပြောလိုက်သည်။
“အန်းအန်း ကိုယ်တို့ကို မိတ်ဆက်မပေးတော့ဘူးလား”

လီအန်းချီတစ်ယောက် အသိပြန်ကပ်သွားလျက် လျင်မြန်စွာ ပြောလိုက်သည်။
 “ကျန့်ကော ဒါက ကျွန်တော့်ကောင်လေးလေ”

ကျန်းခယ်ကျန့်မှာ ပိုင်မူနင်ကို တစ်ချက်မျှ အမြန်ကြည့်လိုက်ပြီးနော် အေးစက်စက်ဆိုလာသည်။ 
 “သူက မင်းရဲ့ အတန်းဖော် မဟုတ်ဘူးလား... ဘယ်တုန်းက မင်းကောင်လေး ဖြစ်သွားတာလဲ”

ပိုင်မူနင်နှင့် လီအန်းချီတို့ အတန်းဖော်များဖြစ်လာကြသည်မှာ ၂နှစ်ကျော်ပြီဖြစ်ကာ သူနှင့် ကျန်းခယ်ကျန့်မှာလည်း အကြိမ်အနည်းငယ်မျှ တွေ့ဆုံဖူးသည်။ လီအန်းချီကလည်း ကျန်းခယ်ကျန့်ကို ပိုင်မူနင်အကြောင်း ယခင်က ပြောပြဖူးသဖြင့် သူ့အားမလွဲမသွေ ရင်းနှီးကျွမ်းဝင်ပြီးသားပင်။

ကျန်းခယ်ကျန့်၏အမေးနှင့် ရင်ဆိုင်ရချိန်တွင် လီအန်းချီမှာ စကားများထစ်အကုန်လျက် မည်သည့်စကားမှ ထွက်မလာတော့ပေ။ ပိုင်မူနင်က သူ၏လက်ကို အမြန်ပင်ဆွဲယူလိုက်ကာဖြင့် ပြုံးလိုက်သည်။ 

“ကျွန်တော် အန်းအန်းကို ကြိုက်လာတာက နှစ်တွေကြာပြီလေ... အခု နောက်ဆုံး သူကျွန်တော့်ကို အခွင့်အရေးပေးလာတော့ ကျွန်တော်လည်း အရာအားလုံးနဲ့ရင်းပြီး သူ့ကို တန်ဖိုးထား မြတ်နိုးသွားမှာပါ”

ကျန်းခယ်ကျန့်၏ အကြည့်များက တွဲထားသော သူတို့၏ လက်များထက် ကျရောက်သွားသည်။ ပိုင်မူနင်က သူ၏ လက်ဖမိုးမှာ အပူရှိန်တက်လာသည်ကို ခံစားလိုက်ရသည်။ 

“ကောင်းပါပြီ ဒါဆို ခင်ဗျားလည်းရောက်ပြီဆိုတော့... မှာလိုက်ရအောင်”

လီအန်းချီကလည်း အပြုံးလေးဖြင့် ပိုင်မူနင်နှင့်အတူ ထိုင်လိုက်ကာ မီနူးကို ကျန်းခယ်ကျန့်ထံ ကမ်းပေးလိုက်သည်။
“ကျန့်ကော မှာလိုက်ပါ”

ကျန်းခယ်ကျန့်က မယူလိုက်ပေ။ ထို့ကြောင့်ပင် လီအန်းချီမှာ အနည်းငယ် ရှက်ရွံ့သွားရ၏။

ပိုင်မူနင်က မီနူးကို ပေါ့ပါးပါးပင် ယူလိုက်ပြီး ပြောသည်။
 “အန်းအန်း ငါမှာမယ်”

သူက လီအန်းချီကြိုသည့်ဟင်းလျာတို့ကို အထူးဂရုတစိုက် ရွေးချယ်လိုက်သည်။ အသေးစိတ် အာရုံစိုက်ထားပုံက တကယ့်ချစ်သူကောင်းတစ်ယောက်ပမာ။

လီအန်းချီကလည်း သူနှင့်အတူ အီစီကလီလုပ်ပေး၏။ သို့သော်လည်း သူ၏ အချစ်ဆုံးသူငယ်ချင်းကို ဤကဲ့သို့ဖလစ်နေရခြင်းက အလွန်ပင် အနေရခက်လွန်း၍ သူ၏စကားလုံးတို့မှာ ချောမွေ့မနေပေ။

သူတို့ အော်ဒါမှာပြီးနောက် ကျန်းခယ်ကျန့်မှာ ကိုင်တွယ်စရာတစ်ခုခု ရှိနေသဖြင့် သူ၏ ဖုန်းဖြင့် မက်ဆေ့ချ်ပို့ရင်း အလုပ်ရှုပ်နေခဲ့သည်။ လီအန်းချီက ပိုင်မူနင်အနားကပ်ကာ တိုးတိုးလေး မေးလိုက်သည်။ 
“နင်အာ ငါ လုပ်တာ ဘယ်လိုနေလဲ”

ပိုင်မူနင်ကလည်း သူ့နားအနား ငုံ့လိုက်ပြီး ပြောသည်။
 “အရမ်းကောင်းတယ်... အဆင်ပြေတယ်... ကျန်းခယ်ကျန့်က မှန်ကိုဝါးစားမိမတတ်ကို သဝန်တိုနေပြီ.. ခဏနေရင် မင်း ငါ့ကိုခေါ်တဲ့ပုံ ပြောင်းလိုက်... ‘ပေါင်ပေ့’ လို့ ခေါ်နော်”

လီအန်းချီမှာ အနည်းငယ် စိတ်ပူစပြုလာသည်။ 
ငါ တကယ်ကြီး ထုတ်မပြောနိုင်ရင် ဘယ်လိုလုပ်မလဲ...

သူတို့ခင်လာကြသည်မှာ နှစ်ပေါင်းများစွာကြာပေပြီ။ 
တစ်ယောက်နဲ့တစ်ယောက် မသိတာဆိုလို့ မရှိတော့ဘူး...

ပိုင်မူနင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး လီအန်းချီ၏ အတွေးကို ချက်ချင်း သိလိုက်သည်။ 
“မင်း ကျန်းခယ်ကျန့်ကို ဆက်လိုက်ချင်သေးလား မလိုက်ချင်တော့ဘူးလား”

ထို သတိပေးချက်ပြင်းပြင်းမှာ အလုပ်ဖြစ်သွားသည်။ ထပ်မံတုံ့ဆိုင်း၍မနေဘဲ လီအန်းချီက သူ့ကို "ပေါင်ပေ့"ဟူ၍ စတင်ကာ ခေါ်တော့၏။ 

ကျန်းခယ်ကျန့်၏ မျက်နှာအမူအရာမှာ သိသိသာသာပင် မှောင်မည်းသွားခဲ့သည်။ သူ့ပုံစံက တစ်စုံတစ်ယောက်ကို ရိုက်နှက်ရန် အသင့်ဖြစ်နေသည့်ပမာ။

လီအန်းချီက သိုးသားတုတ်ထိုးတစ်ချောင်းကို ကောက်ယူလိုက်ပြီး ပိုင်မူနင်၏ နှုတ်ခမ်းနား တေ့ပေးသည်။ 
“ပေါင်ပေ့ ဒါစားကြည့်... ကောင်းလား မကောင်းဘူးလား”

ယခုမူ လီအန်းချီမှာ ကျန်းခယ်ကျန့်ကို သဝန်တိုအောင်လုပ်ရန် အစွမ်းကုန် ကြိုးစား၍နေသည်။ လက်ဖြင့်ပင် ခွံ့ကျွေးလာသေး၏။

ပိုင်မူနင် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး သူ့သား လီအန်းချီမှာ တကယ်ကို သင်ကြားရလွယ်သူဟုတွေးလျက် ဂုဏ်ယူမိသွားသည်။

ဒါပေမဲ့ ကမ္ဘာကြီးက ဒီလောက်သေးငယ်ပြီး ဒီဆိုင်မှာ သူ့ရဲ့တကယ့်ချစ်သူကောင်လေးနဲ့ တွေ့မယ်လို့တော့ ပိုင်မူနင် မထင်ထားခဲ့မိပါဘူး...

ချန်ဟောက်နန်က ပိုင်မူနင်ကို မြင်သွားပြီး နှုတ်ဆက်ရန် ရောက်လာခဲ့သည်။ အချိန်ကိုက်ပင် လီအန်းချီမှ သူ့အား "ပေါင်ပေ့" ဟု ခေါ်နေသည်ကို မိသွား၏။ သူက ရယ်လိုက်ပြီးဆိုလာသည်။
 “ရှောင်နင် ဒါဆို ဒါက မင်းဝှက်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်ပေါင်ပေ့လေးပေါ့လေ”

“လောင်ဝမ် ရှောင်နင်လည်း ဒီမှာရှိတယ်... သူ့ပေါင်ပေ့လေးကို လာကြည့်ဦး”

ချန်ဟောက်နန်က ဝမ်ကျင်းကို ခေါ်လိုက်သည့် အခိုက်အတန့်မှာပင် ပိုင်မူနင်၏ ကျောရိုးတစ်လျှောက် အေးစိမ့်၍သွားရ၏။ သူက သူ့နှုတ်ခမ်းထက်တွင် ရှိနေဆဲဖြစ်သော သိုးသားတုတ်ထိုးကိုပင် မစားရဲတော့ပေ။

ဘာလို့ ဒီကမ္ဘာကြီးက ဒီလောက်တောင် စုတ်ပြတ်သတ်အောင် တိုက်ဆိုင်နေရတာလဲ...

တစ်ယောက်ယောက် ကျေးဇူးပြုပြီး ငါ့ကို ကယ်ကြပါဦး..


💊💊💊💊 Chapter 40


ဝမ်ကျင်းက ချန်ဟောက်နန်၏ နောက်မှ လျှောက်လာ၏။ သူက ချန်ဟောက်နန်၏စကားများကို ကြားလိုက်လျှင် ဖုန်းထံမှအကြည့်ခွာလျက် ပိုင်မူနင်အား မော့ကာစိုက်ကြည့်လာသည်။

ပိုင်မူနင်မှာ သူနှင့်ရွယ်တူကောင်လေးတစ်ဦးဘေးတွင် ထိုင်နေပြီး လက်ရှိ၌ အနှီ‌ကောင်လေးက သူ့ကို ခွံ့ကျွေးနေသည်။

ထိုပြင်းပြသောအကြည့်ကို ခံစားမိသဖြင့် ပိုင်မူနင်မှာ စိတ်လှုပ်ရှားစွာပင် မျက်နှာလွှဲလိုက်ပြီး စကားမဟရဲချေ။

သူ့အနေဖြင့် ဝမ်ကျင်းသည်လည်း စကားဆိုမလာရန်ကိုသာ မျှော်လင့်မိသည်။ အထူးသဖြင့် သူ၏ အထောက်အထားအမှန်ကို မဖော်ထုတ်ရန်ပင်။ မဟုတ်ပါက ဤသရုပ်ဆောင်မှုတစ်ခုလုံး အလကားဖြစ်သွားလိမ့်မည်။

ချန်ဟောက်နန်မှ လီအန်းချီကို ကြည့်လိုက်ပြီး မေးသည်။
 “ရှောင်နင် ဒါ မင်းရဲ့ ကောင်လေးလား”

လီအန်းချီမှာ သူ၏ဇာတ်ကောင်တွင် နစ်ဝင်နေပြီဖြစ်သည်။ သူက ပိုင်မူနင်၏ လက်မောင်းများကို ဖက်လိုက်ပြီးနောက် ညင်သာစွာ မေးသည်။
 “ပေါင်ပေ့ သူတို့က ဘယ်သူတွေလဲ”

ကျန်းခယ်ကျန့်က သူ့ဘေးနားတွင်ရှိနေသဖြင့် ပိုင်မူနင် စိတ်တင်းလျက် တုံ့ပြန်ရသည်။
 “သူတို့က ငါ့ရဲ့ အထက်လူကြီးတွေလေ”

“ဟောက်နန်ကော ကျင်းကော ခင်ဗျားတို့လည်း ဘာဘီကျူး လာစားကြတာလား” 
ပိုင်မူနင်မှာ အတောက်ပဆုံး ပြုံးကာဖြင့် အပြစ်ရှိစိတ်ကို ဖုံးကွယ်လိုက်သည်။

ချန်ဟောက်နန်က ခပ်ဟဟလေး ရယ်လိုက်သည်။
 “ဒီနေရာကို ရွှီနွမ် ဖွင့်ထားတာလေ... ကိုယ်တို့ စမ်းစားကြည့်ဖို့ လာတာ... မင်းကိုလည်း ဖိတ်ဖို့ စဉ်းစားခဲ့သေးတယ်... ဒါပေမဲ့ လောင်ဝမ်ပြောတာ မင်းမှာအလုပ်ကိစ္စရှိတယ်တဲ့...လာနိုင်မှာ မဟုတ်ဘူးလို့ ပြောတယ်... အခုတော့ မင်း သူငယ်ချင်းနဲ့ ရောက်လာတာကိုး...”

“ဒါဆို စားစရာတွေက ကောင်းရဲ့လား”

ပိုင်မူနင်မှာ အတင်းဖြစ်ညှစ်ကာ ပြုံးလိုက်ရ၏။ 
“အတော်လေး ကောင်းပါတယ်”

ချန်ဟောက်နန်က ဆက်ပြောရန် ဟန်ပြင်လိုက်သော်လည်း ဝမ်ကျင်းကမူ သူ့စကားကို ဖြတ်လိုက်သည်။ 
“ကောင်းပြီ လောင်ရွှီ ငါတို့ကို စောင့်နေတုန်းပဲ... အပေါ်ထပ်ကို သွားရအောင်”

“ဒါဆိုလည်း ကောင်းပြိီလေ... ရှောင်နင် ကိုယ်တို့ သွားတော့မယ်”

အစမှအဆုံးအထိ ဝမ်ကျင်းမှာ ပိုင်မူနင်ကို နောက်ထပ် တစ်ချက်မျှပင် မကြည့်လာချေ။ ထို့ကြောင့် ပိုင်မူနင်မှာ ဝမ်ကျင်း၏ဆိုလိုရင်းကို လုံးလုံးမသိချေ။

ငါ အားလုံးကို ရှုပ်ထွေးအောင် လုပ်မိတာလား...

ဖြစ်နိုင်တယ်...

ကိုယ့်ချစ်သူကောင်လေးမှာ အခြားတစ်ယောက်နှင့် ညစာစားနေပြီး ထိုသူက သူ့ချစ်သူပါဟူ၍ပင် ဆိုလိုက်သေးသည်။ ဤသို့သော အခြေအနေမျိုး၌ မည်သူမဆို အတွေးလွန်ပေလိမ့်မည်။ 

ပြီးသွားပြီပင်။ ဝမ်ကျင်းမှာ  á€žá€ąá€á€ťá€Źá€•္ဍက်ပင် သူ့အားဆန်ကုန်မြေလေးအယုတ်တမာဟူ၍ ထင်သွားပေပြီ။

ပိုင်မူနင် စိတ်ဓာတ်ကျနေချိန်တွင် သူ့ဘေးနားရှိ ဖုန်းထက်၌ မက်ဆေ့ချ်အသစ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ ၎င်းမှာ ဝမ်ကျင်းထံမှ ဖြစ်၏။

[ဝမ်ကျင်း: ဒီည ကိုယ့်အိမ်ကို လာခဲ့]

ထိုမက်ဆေ့ချ်ကို မြင်လိုက်ရလျှင် ပိုင်မူနင် သက်ပြင်းချလိုက်သည်။ သူ ဝမ်ကျင်းမှသူ့အား လျစ်လျူရှုတော့မည်ဟု တွေးနေမိသော်လည်း ယခုမူ ဝမ်ကျင်းက သူ့ကို ရှင်းပြခွင့် ပေးနေပုံရသည်။

ဝမ်ကျင်းမှာ အသက်ပိုကြီးပြီး ပို၍ရင့်ကျက်သူဖြစ်ရာ ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်မည့်သူ မဟုတ်ပေ။ သူက ပိုင်မူနင်ကို မျက်နှာသာပေးနေခြင်းသာ။

[ပိုင်မူနင်: ကောင်းပါပြီ ကျင်းကော]

ဝမ်ကျင်းက ထိုနောက်တွင် ပြန်မဖြေတော့ပေ။ ပိုင်မူနင်ကလည်း  á€†á€€á€şá€œá€€á€şá သရုပ်ဆောင်လိုက်သည်။

ဘာဘီကျူးညစာစားပွဲမှာ နှစ်နာရီအတိကြာမြင့်ခဲ့ပြီး အချိန်အများစုမှာ စကားပြောရင်း ကုန်ဆုံးသွားသည်။

ကျန်းခယ်ကျန့်ကမူ စကားအနည်းငယ်သာ ပြောပြီး သိပ်လည်းမစားသလောက်ပင်။ သူက အချိန်ပြည့် လီအန်းချီနှင့် ပိုင်မူနင်ကိုသာ စောင့်ကြည့်နေခဲ့သည်။

စားသောက်ပွဲမှာ နောက်ဆုံးတွင် ပြီးဆုံးသွားသည်။ ပိုင်မူနင်နှင့် လီအန်းချီတို့ ကျန်းခယ်ကျန့်ကို နှုတ်ဆက်လိုက်ပြီးနောက် သူတို့နှစ်ဦးအတူ ကျောင်းဘက်သို့ ပြန်ထွက်လာကြသည်။

ကျန်းခယ်ကျန့် မျက်စိအောက်မှ ပျောက်သွားသည်နှင့် ပိုင်မူနင်က လီအန်းချီဘက်သို့ လှည့်ကာဖြင့် ပြောလိုက်သည်။
 “အန်းအန်း မင်း အရင်သွားနှင့်လိုက်... ငါ လုပ်စရာလေးတစ်ခု ရှိလို့”

“အခုအချိန်က နောက်ကျနေပြီ... မင်း ဘာလုပ်စရာများ ရှိလို့လဲ” 
လီအန်းချီက အချိန်ကို တစ်ချက်ကြည့်လိုက်သည်။
 “အဆောင်က တစ်နာရီခွဲနေရင် ပိတ်ပြီ... မင်း အချိန်မီ ပြန်ရောက်အောင်သေချာလည်းလုပ်ဦး”

ယနေ့ည ဝမ်ကျင်း၏တိတ်ဆိတ်နေပုံအရ ပိုင်မူနင်မှာ သူ ပြန်ရောက်နိုင်ခြေနည်းသည်ကို ခံစားမိ၏။
“ငါသိပါတယ်... မင်းလည်း အိမ်ပြန်လမ်းမှာ သတိထားဦး”

လီအန်းချီကို နှုတ်ဆက်ပြီးနောက် ပိုင်မူနင် ပြန်လှည့်ကာလျှောက်လာသည်။ သူ့အနေဖြင့် ဝမ်ကျင်း ထိုနေရာတွင် ရှိနေဆဲဟုတ်မဟုတ်ကို အသားကင်ဆိုင်သို့ ပြန်သွားကြည့်ချင်သည်။

သူတို့ စောစောက ထွက်လာချိန်‌၌ ဝမ်ကျင်းမှာ ပြန်မသွားသေးပေ။ ပိုင်မူနင်က ဝမ်ကျင်းသူ့အား စောင့်နေခြင်းလည်းဖြစ်နိုင်သည်ဟုသာ တွေးလိုက်သည်။

ပိုင်မူနင် မိနစ်အနည်းငယ်မျှသာ လျှောက်ရသေးသည်။ ဝမ်ကျင်းကို မတွေ့ရသေးမီ ကျန်းခယ်ကျန့်နှင့် သွားတိုးတော့၏။

ကျန်းခယ်ကျန့်မှာ သူ့ကို စောင့်နေခဲ့သည့်အလား။ သူ့ကို မြင်လိုက်သည်နှင့် ထိုသူက ကွေ့ပတ်မနေဘဲ တိုက်ရိုက် ဆိုလာ၏။
 “စကားပြောကြမလား”

ပိုင်မူနင်က ကျန်းခယ်ကျန့် ပြောလိုသည့်စကားအား ကောင်းကောင်းသိနေ၏။ 

သေချာပေါက် သူ့ကိုလီအန်းချီနှင့်အဝေးတွင် နေခိုင်းခြင်းသာ ဖြစ်ပေလိမ့်မည်။

ကျန်းခယ်ကျန့် ဒေါသထွက်လေလေ ထိုသူမှာ လီအန်းချီကို ပိုဂရုစိုက်လေပင်။ ယင်းက ပိုင်မူနင်၏အစီအစဉ် အလုပ်ဖြစ်သည်ဟု ဆိုနိုင်၏။

သူတို့ တိတ်ဆိတ်သည့်ကဖေးဆိုင်တစ်ဆိုင်ကို ရှာလိုက်ကြသည်။ လက်ရှိအချိန်တွင် လူသိပ်မရှိဘဲ လူရှိနေသည့်စားပွဲဟူ၍ နှစ်လုံးမျှသာ။

သူတို့ စားပွဲတစ်လုံးတွင် အတူထိုင်လိုက်သည်။ ပိုင်မူနင်က ကော်ဖီအစား ဖျော်ရည်ကိုမှာလိုက်သည်။ ဤမျှနောက်ကျပြီးမှ ကော်ဖီသောက်လျှင် တစ်ညလုံးအိပ်ရေးပျက်မည်မှာ သေချာသည်။

ပိုင်မူနင်က လက်ဦးမှုရယူလျက် မေးလိုက်၏။
“ကျန့်ကော  á€˜á€Źá€•á€źá€ąá€Źá€á€ťá€„á€şá€œá€­á€Żá€ˇá€œá€˛”

ကျန်းခယ်ကျန့်မှာ အချိန်အတော်ကြာသည်အထိ အတွေးနက်နေခဲ့ပုံရသည်။ သူက ပိုင်မူနင်ကို မိနစ်အနည်းငယ်ကြာအောင် စိုက်ကြည့်နေပြီးမှ နောက်ဆုံးတွင် ပြောလိုက်သည်။
“မင်းက  á€Ąá€”်းဥန်းရဲအ တကယ့်သူငယ်ချင်းဆိုရင် သူ့ကို ကူညီတာ ရပ်လိုက်ပါတော့”

ပိုင်မူနင်က သတိမချပ်နိုင်တော့ဘဲ တောင့်ခဲသွားရသည်။ သူ ကျန်းခယ်ကျန့်ကို နားမလည်သလို ကြည့်လိုက်သည်။
“ခင်ဗျား ဘာကို ဆိုလိုတာလဲ”

ကျန်းခယ်ကျန့်က ပိုမိုရှင်းလင်းအောင် ပြောလာသည်။
“မင်းတို့နှစ်ယောက် ဟန်ဆောင် တွဲနေတာမလား... ငါ့ကို သဝန်တိုအောင် လုပ်ဖို့လေ”

“ငါ ဝန်ခံပါတယ်...  á€Ÿá€”်ဆ္ဏင်န္တဏမသန်း သိပေမဲ့ အခုထိ ဒေါသထွက်နေတုန်းပဲ... မင်း ထင်တာမှန်တယ် ငါ သူ့ကို ကြိုက်တယ်... ဒါပေမဲ့ ဝန်မခံနိုင်ဘူး”

ပိုင်မူနင်မှာကျန်းခယ်ကျန့်ကို လုံးဝ နားမလည်နိုင်တော့ပေ။ အရာရာကို ရှင်းရှင်းလင်းလင်း သိနားလည်သူတစ်ယောက်က အဘယ်ကြောင့် ဤမျှ သူရဲဘောကြောင်နေရပြီး လီအန်းချီကို ငြင်းပယ်နေရသည်ကို သူနားမလည်ပေ။
“ခင်ဗျားက လူတွေရဲ့ အထင်အမြင်ကို ကြောက်နေတာလား”

ကျန်းခယ်ကျန့်က ချက်ချင်းငြင်းမလာပေ။ သူက အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေပြီးမှ နောက်ဆုံးတွင် ပြောလာခဲ့သည်။
 “အန်းအန်း မင်းကို ငါ့အကြောင်း ဘာတွေ ပြောထားလဲဆိုတာ မသိဘူး... ဒါပေမဲ့ ငါက ကြောက်တတ်တဲ့သူ မဟုတ်ဘူး... တခြားသူတွေ ဘယ်လိုထင်ကြမလဲဆိုတာကို မကြောက်ဘူး... သူ့ကို ငါနဲ့အတူ ဒုက္ခတွင်းထဲ ဆွဲမခေါ်ချင်ရုံပါပဲ”

“ဘဝမှာ လက်တွေ့ကျကျ အရင်စဉ်းစားဖို့လိုတယ်... ပြီးမှ အချစ်အကြောင်းကို စဉ်းစားရမယ်”

ပိုင်မူနင်က တည်ငြိမ်စွာပင် အကဲဖြတ်လိုက်၏။
“ခင်ဗျားက အရမ်းကို ကျိုးကြောင်းဆင်ခြင်တတ်တာပဲ”

“အေးစက်တဲ့လူလို့ပဲ ပြောလိုက်ပါ” 
ကျန်းခယ်ကျန့်က သူကိုယ်သူ ခနဲ့လိုသည့် အပြုံးဖြင့် ပြောလိုက်သည်။ 
“ငါ့မိသားစုက မချမ်းသာဘူး... ငါ့အပေါ်မှာ မိဘတွေ အောက်မှာမောင်နှမတွေရှိတယ်... သူတို့အားလုံးက ငါ့ကို မှီခိုနေကြရတာ”

“ငါ ထမ်းထားရတဲ့ ဝန်က အရမ်းကြီးတယ်... အန်းအန်းကို ပေးနိုင်တာက နည်းနည်းလေးပဲရှိတာ”

“မင်းလည်း သူ့မိသားစုနောက်ခံကို သိပါတယ်... သူက သက်သက်သာသာလေး ကြီးပြင်းလာရတာ... ဒုက္ခဆိုတာဘာလဲ သူ မသိဘူး... ငါတို့ အတူတူရှိနေရင် သူက ငါ့နောက်ကို လိုက်ရလိမ့်မယ်... ဒါမှမဟုတ်ရင်လည်း ငါက သူ့အတွက်‌နေပေးရမယ်”

“ဒါပေမဲ့ ဘယ်ဟာကမှ အကောင်းဆုံးရွေးချယ်မှုမဟုတ်ဘူး”

“ငါက မြို့ပြအင်ဂျင်နီယာဘာသာရပ်ကို သင်ခဲ့တာ... ငါ့ရဲ့နေ့စဉ်ဘဝက သံတွေ၊ ကွန်ကရစ်တွေနဲ့ ပတ်သက်နေတယ်... သူသာ ငါ့နောက်ကိုလိုက်လာရင် သူဘာလုပ်မှာလဲ... အုတ်သယ်ရမှာလား”

“သူသာ ကျင်းနန်မှာနေရင် သူ့မိဘတွေရဲ့ အကာအကွယ်အောက်မှာနေမှာပဲ သက်သောင့်သက်သာနဲ့ ပျော်ပျော်ရွှင်ရွှင် နေနိုင်မှာ”

ကျန်းခယ်ကျန့်မှာ အလွန်အမင်း ကျိုးကြောင်းဆင်ခြင်တတ်လွန်းသူဖြစ်သည်ကို ငြင်းမရပေ။ သူက ကောင်းကျိုးဆိုးပြစ်တို့အား သေချာစိစစ်ပြလာ၏။

လီအန်းချီ ကျင်းနန်တွင်သာနေခြင်းက တကယ်ကို အကောင်းဆုံး ဖြေရှင်းချက်ပင်။ သူသာ ထွက်သွားပါက ဒုက္ခများနှင့် ရင်ဆိုင်ရပေလိမ့်မည်။

ကျန်းခယ်ကျန့် ပြောသည့်အတိုင်း ထိုသူမှာ ဝန်အကြီးကြီးကို ထမ်းထားရပြီး ပေးစရာ သိပ်မရှိ‌ပေ။ ဥပမာအားဖြင့် သူ၏လစာပင်။ မိသားစုကို ထောက်ပံ့ပြီးနောက် သူ့အတွက်ပင် ဘာမှကျန်တော့မည်မဟုတ်။ ချစ်ရသူအတွက်မူ ပို၍ပင် ကျန်လိမ့်မည်မဟုတ်ချေ။ ယင်းက လီအန်းချီအတွက် မတရားပေ။

“ဒါဆို ခင်ဗျား နေလို့ရတာပဲ”

“ဒါဆို လက်တွေ့ကို ငါ ရှင်းပြမယ်” 
 á€€á€ťá€”်းခယ်ကဝနအ်က ဆိုသည်။ 
“ငါသာ ဒီမှာနေရင် ငါ့နယ်ပယ်အတိုင်း အလုပ် ရှာလို့ရမှာ မဟုတ်ဘူး... နယ်ပယ်ပြောင်းရလိမ့်မယ်”
 
“ပိုက်ဆံရှာဖို့အတွက်ဆို အရောင်းပိုင်းပဲ ရွေးစရာရှိတယ်... အခြေခံလစာက အိမ်ငှားခအတွက်တောင် မလောက်ဘူး... အဲဒီအချိန်ကျတော့ရော ငါ အန်းအန်းကို ဘာတွေများပေးနိုင်မှာလဲ... တစ်ဘဝလုံး အလုပ်လုပ်ရင်တောင် အိမ်တစ်လုံးဝယ်နိုင်မှာ မဟုတ်ဘူး”

“ငါတို့ရဲ့ အနာဂတ်လမ်းတွေက မတူဘူး... လမ်းကြောင်းအတူတူလျှောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

ယင်းစကားက အရှိုက်ကိုထိစေ၏။ လီအန်းချီသာကြားသွားပါမူ ပိုနာကျင်ရပေလိမ့်မည်။

လီအန်းချီ ကျန်းခယ်ကျန့်ကို မည်မျှအထိ နက်နက်ရှိုင်းရှိုင်းသဘောကျနေသည်အား တွေးလိုက်ရင်း ပိုင်မူနင်က မေးလိုက်၏။
“အန်းအန်းရဲ့ မိဘတွေက ခင်ဗျားကို အလုပ်ရှာပေးရင်ရော” 

ပိုင်မူနင်၏အမြင်အရ လီအန်းချီ၏ မိဘများမှာ ရာထူးကြီးသော်လည်း အမြင်ကျယ်ပြီး ပြောဆိုရလွယ်သူများဟူ၍။ ဖြစ်နိုင်သည်မှာ သူတို့သားအတွက် ကျန်းခယ်ကျန့်အား အခွင့်အရေးပေးရန်ဆန္ဒရှိကြလိမ့်မည်သာ။

သူတို့အဆက်အသွယ်အနည်းငယ် သုံးရုံမျှဖြင့် လီအန်းချီ၏မိဘများမှာ ကျန်းခယ်ကျန့်အတွက် အနာဂတ်တစ်ခုကို အလွယ်တကူ စီစဉ်ပေးနိုင်သည်။

သို့သော်လည်း ပိုင်မူနင်၏ အကြံပြုချက်ကို ကြားပြီးနောက် ကျန်းခယ်ကျန့်မှ အပြုံးလေး ဖြင့် ဆိုလာသည်။
 “ငါ ဘာလို့ အစကတည်းက အန်းအန်းကို ကျူရှင်ပြတာ ရပ်လိုက်တယ်လို့ မင်းထင်လဲ... သူတို့သားက ယောက်ျားလေးတွေကို ကြိုက်ရင်တောင်မှ အဲဒီလူက ငါ မဖြစ်သင့်ဘူးဘူးတဲ့... သူ့မိဘတွေကိုယ်တိုင် ငါ့ကို ပြောခဲ့တာ”

“မင်း ပြောစရာ ရှိသေးလား”

အတူတူရှိနိုင်မည့် လမ်းကြောင်းတိုင်းကို ကျန်းခယ်ကျန့်မှ ကျိုးကြောင်းအပြည့်ဖြင့် လက်လွှတ်ထားပြီးဖြစ်နေပေပြီ။ ပိုင်မူနင်မှာ ပြောစရာစကားမဲ့လျက် ကျန်ရစ်ခဲ့ရ၏။

လီအန်းချီနှင့် ကျန်းခယ်ကျန့်တို့ အတူတူရှိနိုင်မည့် အကြောင်းပြချက်ခိုင်ခိုင်မာမာ‌တစ်ခုကိုပင် သူရှာမတွေ့နိုင်ခဲ့ချေ။

ယင်းကိုက သူတို့၏ ကံကြမ္မာလည်း ဖြစ်နိုင်သည်။

“ဒါဆို ခင်ဗျား ကျွန်တော့်ကို ဘာလို့ စကားလာပြောတာလဲ”

ကျန်းခယ်ကျန့်က ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလာသည်။
 “မင်း သူ့ကို ကူညီတာ ရပ်လိုက်ဖို့ မျှော်လင့်တယ်... မင်း သူ့ကို ငါ့ မကောင်းကြောင်းပြောလိုက်တာက အကောင်းဆုံးပဲ... သူ့ရဲ့ တောက်ပတဲ့ အနာဂတ်ကို ငါ့အတွက်နဲ့ မစွန့်လွှတ်လိုက်ဖို့ သူ့ကို နားချပေးပါ”

“ဘဝဆိုတာ အချစ်တစ်ခုတည်းအတွက် မဟုတ်ဘူး... မိသားစုတွေ  á€žá€°á€„ယ်ခဝင်းတွ္နဲအ အလုပ်အကိုင်တွေလည်း ရှိတယ်”

“ငါ သူ့ကို အနာဂတ်မှာ ပျော်ရွှင်စေချင်တယ်... မျှော်လင့်ချက်မရှိတဲ့ အလောင်းအစားတစ်ခုနဲ့ ချည်နှောင်ထားတာမျိုး မဖြစ်စေချင်ဘူး”

ရုတ်တရက်ဆိုသလို ပိုင်မူနင်မှာ  á€žá€° ကျန်းခယ်ကျန့်ကို တစ်ချိန်လုံး အထင်မှားနေခဲ့မိသလို ခံစားလိုက်ရ၏။

ကျန်းခယ်ကျန့်မှာ စဉ်းစားဆင်ခြင်တတ်ပြီး ဉာဏ်ကောင်းကာ ခက်ခဲသော ရွေးချယ်မှုများကိုလည်း လုပ်တတ်သည်။

သူ လီအန်းချီကို မချစ်၍မဟုတ်ဘဲ အချစ်ကြောင့် သူ၏ဆင်ခြင်တုံတရားကို အလွှမ်းမိုးမခံဘဲ ဆုံးဖြတ်ချက်များကို ခပ်ပေါ့ပေါ့သာ ချခြင်းမျိုးမလုပ်ခြင်းသာ။

အချစ်တစ်ခုအပေါ်အခြေခံ၍  á€œá€Żá€•်မိသညအ် ရွေးချယ်မှုကြောင့် သူတို့၏ ကျန်ဘဝတစ်လျှောက်လုံး နောင်တရနေမည့်အစား အစကတည်းက အတည်ငြိမ်ဆုံး လမ်းကြောင်းကို ရွေးချယ်ခြင်းက ပိုကောင်းရုံမျှသာ။ အနာဂတ်သို့သွားမည့်လမ်းက အလွန်ရှည်လျားနေဆဲပင်။ အနာဂတ်တွင် နောင်တရမည့်နေ့ ရှိမလာနိုင်ကြောင်းအား မည်သူကမှ အာမခံနိုင်မည်မဟုတ်ချေ။

ပိုင်မူနင်မှာ ကျန်းခယ်ကျန့်က အဘယ်ကြောင့် လီအန်းချီကို သူ၏ဇာတိမြို့သို့ ခေါ်သွားပေးခဲ့ကြောင်းကို ရုတ်တရက် နားလည်လိုက်သည်။

ဖြစ်နိုင်သည်မှာ သူနှင့်အတူရှိရမည့်သူ၏အနာဂတ်  á€™á€Šá€şá€žá€­á€Żá€ˇá€–á€źá€…á€şá€œá€Źá€™á€Šá€şá€Ąá€Źá€¸ လီအန်းချီကို ရှင်းရှင်းလင်းလင်း မြင်စေရန်ပင်။ သို့သော်လည်း လီအန်းချီက ဆင်းရဲမှုကို ဂရုမစိုက်ဘဲ သူကိုင်တွယ်နိုင်မည်ဟုသာ ယုံကြည်ခဲ့၏။

ကျန်းခယ်ကျန့်၏ စကားများကို ကြားပြီးနောက် ပိုင်မူနင်မှာ သူ၏ရင်ဘတ်ပေါ်၌ လေးလံသော ကျောက်တုံးကြီးတစ်ခု တင်ထားရသလို ခံစားလိုက်ရသည်။ ဖိအားက အလွန်ကြပ်တည်းလွန်း၍ အသက်ရှူရန်ပင် ခက်၏။

သူ ဘာလုပ်ရမည်ကို မသိတော့ပေ။

ငါ လီအန်းချီကို အမှန်အတိုင်း ပြောပြသင့်လား...  á€’á€Ťá€™á€žá€™á€Ÿá€Żá€á€ş သူ့ကို ဖုံးကွယ်ထားပြီးတော့ ကျန်းခယ်ကျန့်ဘက်ကို တိတ်တိတ်လေး ပါသင့်လား...

.......

ကျန်းခယ်ကျန့်နှင့် လမ်းခွဲပြီးနောက် ပိုင်မူနင် ဝမ်ကျင်း၏အိမ်တံခါးဝသို့ ရောက်လာခဲ့သည်။

ဝမ်ကျင်းက သူ၏လက်ဗွေကို မှတ်ပုံတင်ထားသဖြင့် ထိပြီးသော့ဖွင့်ရုံသာ။

သို့သော်လည်း သူအဝင်ဝတွင်သာ တုံ့ဆိုင်းနေမိပြီး အရာအားလုံးကို မည်သို့ရှင်းပြရမည်အား ကြိုးကြိုးစားစား စဉ်းစားနေမိသည်။

သူဆယ်မိနစ်တိတိမျှ ရပ်နေပြီးနောက်ဆုံးတွင် သတ္တိမွေးလျက် scannerထက် သူ၏ လက်ချောင်းလေးဖြင့် ဖိလိုက်သည်။

အသံတစ်ချက်တည်းဖြင့် သော့ပွင့်သွားသည်။ ပိုင်မူနင်က တံခါးလက်ကိုင်ကိုဆွဲကာ တံခါးကို တွန်းဖွင့်လိုက်သည်။

အခန်းထဲတွင် မှောင်မဲနေသည်။ ပိုင်မူနင် သံသယအပြည့်ဖြင့် ပတ်ပတ်လည် ကြည့်လိုက်မိသည်။ 

ဝမ်ကျင်း အိမ်ပြန်မရောက်သေးဘူးလား... ဒါမှမဟုတ် အိပ်ပျော်နေပြီလား....

သူ တံခါးကို ပိတ်လိုက်ပြီး မီးဖွင့်ရန် လက်လှမ်းလိုက်သည်။ သို့သော်လည်း ခလုတ်ကို ရှာမတွေ့မီမှာပင် သူ၏လက်ကောက်ဝတ်လေးမှာ ရုတ်တရက် ဆွဲကိုင်ခံလိုက်ရ၏။

နောက်တစ်စက္ကန့်တွင် သူ့ကိုယ်လေးအား တံခါးဘက်သို့ ခပ်ပြင်းပြင်းတွန်းထုတ်ခံလိုက်ရလျက် ပြင်းပြကြမ်းရှကာ ထက်သန်သည့် အနမ်းတစ်ခုက ကျရောက်လာခဲ့ရာ သူ၏အသက်ရှူသံတို့မှာ လုံးဝမမှန်တော့ပေ။

အနှီရင်းနှီးနေသည့် ဆေးဖက်ဝင်အပင်များ၏ ရနံ့က သူ၏နှာဖျားကို ဖြတ်ကျော်သွားသည်။ ပိုင်မူနင်မှာ မမြင်ရသော်လည်း ထိုသူက ဝမ်ကျင်းဖြစ်ကြောင်းသိ၏။


 

Search Novels