💊💊💊💊 Chapter 31
 á€á€„်ဗဝဏးကို လိုက်နေတာပဲကို နမ်းလို့မရဘူးလား


နှစ်သစ်ကူး ရုံးပိတ်ရက် နီးလာပြီဖြစ်၍ လူတိုင်းက ဘယ်သွားကြမလဲဟု ဆွေးနွေးနေကြသည်။ ချန်ဟောက်နန်က လက်ကိုယမ်းလိုက်ကာ ရှန်းရှန်တောင်ကိုတက်ပြီး နှစ်သစ်ကူး ညနေခင်းတွင် မီးရှူးမီးပန်းပွဲကို အတူတူ ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ချန်ဟောက်နန်မှာ မူလကတည်းက စကားပြောကောင်းသူ ဖြစ်သည်။ သူ ထိုသို့ သရုပ်ဖော်ပြသည်နှင့်  á€™á€źá€„်ကွင်းမသဏ ပီပီပြင်ပြင် ပေါ်လွင်လာပြီး လူတိုင်း၏ သိချင်စိတ်နှင့် စိတ်လှုပ်ရှားမှုကို လှုံ့ဆော်ပေးကာ နှစ်သစ်ကူးပွဲကို ပို၍ပင် မျှော်လင့်လာစေသည်။

လွန်ခဲ့သောနှစ်များတွင် ပိုင်မူနင်မှာ နှစ်သစ်ကူးကာလ၌ အဆောင်တွင်သာ ထိုင်နေပြီး ခေါက်ဆွဲခြောက် စားလေ့ရှိသည်။ သူက ထိုရာသီ၏ လူကြိုက်အများဆုံး ရုပ်သံအစီအစဉ်ကို ဖွင့်ကြည့်ကာ စားရင်းဖြင့် ပိတ်ရက်ကို ရိုးရှင်းစွာပင်ချွေတာပြီး ကုန်ဆုံးလေ့ရှိသည်။

ထို့ကြောင့်ပင် လီအန်းချီက သူ့ကို အမြဲ စနောက်လေ့ရှိသည်။ နှစ်သစ်ကူးချိန်မှာပင် ကောင်းကောင်းမွန်မွန် မစားရာ နောင်တစ်ချိန် ရည်းစားရလာလျှင်လည်း ဤမျှ ချွေတာကာကုပ်ကပ်နေဦးမည်လား ဟူ‌၍ပင်။

ပိုင်မူနင်က အချစ်အကြောင်းကို မတွေးခဲ့ဖူးပေ။ သို့သော် တစ်နေ့တွင် သူ တကယ် တစ်စုံတစ်ယောက်ကို သဘောကျမိသွားလျှင် ထိုသူကို သူ၏ ကမ္ဘာကြီးတစ်ခုလုံး ပေးအပ်လိုက်မည်။

သူက သူ့ကိုယ်သူ တွန့်တိုသည်မှာ မှန်သော်လည်း သူ၏ ရက်ရောမှုကို သူအချစ်ရဆုံးသူအတွက် ချန်ထားမည်။

ယခင်က နှစ်သစ်ကူးလျှင် ပျင်းစရာကောင်း၏။ ယခုမူ ပိုမိုသက်ဝင်စွာ ကျင်းပကြမည်ဖြစ်၍ ပိုင်မူနင်က ခြေလက်နှစ်ဖက်လုံးဖြင့် အပြည့်အဝ သဘောတူလိုက်သည်။

ကျန်လူတိုင်းကလည်း အစီအစဉ်ကို သဘောကျသည့်တိုင် ပြဿနာရှိသည်က ဝမ်ကျင်းပင်။ သူက အဖွဲ့လိုက် လှုပ်ရှားမှုများတွင် ပါဝင်ရသည်ကို မကြိုက်ပေ။

ချန်ဟောက်နန်က ပိုင်မူနင်၏ ပခုံးကို လက်ဖြင့် ဖက်လိုက်ပြီး သူ့ကို အသံတိုးတိုးဖြင့် ပြောလိုက်သည်။
 “ရှောင်နင်လေး လောင်ဝမ် လိုက်မလိုက်က မင်းအပေါ်မှာပဲ မူတည်တယ်”

“မင်းက ဒီမှာ ဉာဏ်အကောင်းဆုံး၊ ချစ်စရာအကောင်းဆုံး၊ အချောဆုံးပဲ လူတိုင်းက မင်းကို ချစ်ကြတယ်... မင်း ချိုချိုသာသာလေး ပြုမူနေသရွေ့ လောင်ဝမ်က မင်းကို လုံးဝ ငြင်းနိုင်မှာ မဟုတ်ဘူး”

ပိုင်မူနင်မှာ သူ့ပခုံးပေါ်သို့ ပေါင်တစ်ထောင် ကျရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။ ဝန်ထုပ်ဝန်ပိုးမှာ အလွန် လေးလံလွန်းလှ၏။
“ဟောက်နန်ကော ခင်ဗျား ကျွန်တော့်ကို အထင်ကြီးလွန်းနေပြီ”

“ရှောင်နင် မင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရမယ်... ဒီခက်ခဲတဲ့ မစ်ရှင်က အခု မင်းလုပ်ရမှာ” 
သူက ပိုင်မူနင်၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
 “ရှောင်နင် ကိုယ် မင်းကို အားကိုးနေမယ်နော်... သတင်းကောင်း ပြန်ယူခဲ့”

ပိုင်မူနင်သည်လည်း ဝမ်ကျင်း လိုက်လာရန် မျှော်လင့်ထားသည်။ 
မဟုတ်ရင် ငါ ဘယ်သူ့နောက်ကို လိုက်ရမှာလဲ…

ထိုနေ့က သူ ဖွင့်ပြောချိန်တွင် ဝမ်ကျင်းက သဘောမတူသလို ငြင်းလည်းမငြင်းခဲ့ပေ။ သူ့ကို တိတ်တဆိတ်သာ ကြည့်နေခဲ့ပြီး အနှီသူ၏ အတွေးတို့ကို မခန့်မှန်းနိုင်ပါချေ။

မည်သို့ပင်ဆိုစေကာမူ ဝမ်ကျင်းမှာ ခန့်မှန်းရခက်သော လူတစ်ဦးဖြစ်သောကြောင့် ပိုင်မူနင်အနေဖြင့် ထိုသူ ဘာတွေးနေသည်ကို ရှာဖွေဖော်ထုတ်ခြင်းကို ရပ်လိုက်ကာ သူစိတ်ကြိုက် လိုရာဆွဲ‌တွေးလိုက်ပါ၏။

သူက မငြင်းဘူးဆိုမှတော့ ဒါက လက်ခံလိုက်တာပဲပေါ့...  á€’ဍဆိုရင် သဘောတူတယ်ပေါ့…

ချန်ဟောက်နန်မှာ သူ့ဖင်သူ ပုတ်ကာ ထွက်သွားတော့မည်ကို မြင်လိုက်ရလျှင် ပိုင်မူနင်က သူ့နောက်မှလိုက်ကာ ဆွေးနွေးခန်းသို့ ပြန်ဝင်လာသည်။

ဤအခိုက်အတန့်တွင် လူနာမရှိပေ။ ပိုင်မူနင်က ကုလားထိုင်ပေါ်တွင် ထိုင်ပြီး မေးလိုက်သည်။ 
“ဟောက်နန်ကော ဒေါက်တာဝမ်က ဘာကို ကြိုက်လဲ”

ဝမ်ကျင်းက ဘာမှ မပြောပြသောကြောင့် ပိုင်မူနင်မှာ ချန်ဟောက်နန်အပေါ်တွင်သာ သူ့မျှော်လင့်ချက်များကို ထားနိုင်‌တော့သည်။ သူတို့မှာ သူငယ်ချင်းများဖြစ်ပြီး အတန်းဖော်များလည်းဖြစ်ကာ နှစ်ပေါင်းများစွာ သိခဲ့ကြသူများ ဖြစ်သည်။ သူက ဝမ်ကျင်းကို ကောင်းကောင်း သိမည်မှာ သေချာသည်။

“မင်းက ဘယ်လိုဟာမျိုးကို ဆိုလိုတာလဲ” 
ချန်ဟောက်နန်က သူ့ကို စနောက်လိုသော အပြုံးဖြင့် ပြုံးပြလာသည်မှာ ထိုသူ စိတ်တိုင်းကျတွေးနေပြန်သည်မှာ သေချာ၏။  á€žá€°á€ˇá€á€ąá€Ťá€„်းထဲတွင် ဇာတ်လမ်းတစ်ခုကို ဖန်တီးပြီးနေလောက်ပေပြီ။

“စားစရာ၊ သောက်စရာလိုမျိုးပေါ့” 
ချန်ဟောက်နန် သူ့ကို ကြည့်လာသည့် အကြည့်ကို သတိပြုမိသဖြင့် ပိုင်မူနင်က ရှင်းပြသည်။
 “ဒေါက်တာဝမ်က ကျွန်တော့်ကို တရုတ်ရိုးရာ ဆေးပညာတွေ သင်ပေးနေတာ... သူ့ကို ကျေးဇူးတင်ကြောင်း ပြချင်လို့ပါ”

ချန်ဟောက်နန်မှာ အနည်းငယ် စိတ်ပျက်သွားပုံရသည်။

 “အာ ဒါဆို ကျေးဇူးတင်ရုံပဲလား... သူ ဘာသောက်လဲတော့ ကိုယ်လည်းမသိဘူး... ဒါပေမဲ့ သူ ပဲခေါက်ဆွဲ(ကျာကျန်းခေါက်ဆွဲ) စားရတာကို ကြိုက်တာတော့  á€žá€­á€á€šá€ş”

“ကျောင်းတုန်းက ဒီကောင်က ပဲခေါက်ဆွဲကို နေ့တိုင်း မပျင်းမရိကိုစားတာ ... ကိုယ်ကျ စားရလွန်းလို့ ရိုးသွားတဲ့သူ”

ပိုင်မူနင် နားလည်သွား၏။ ယခုမူ သူ့တွင် ပန်းတိုင်တစ်ခု ရှိလာသည်။
 “ကျေးဇူးပါ ဟောက်နန်ကော”

ဝမ်ကျင်းက ကျာကျန်းခေါက်ဆွဲကိုကြိုက်သဖြင့် သူ ကိုယ်တိုင်လုပ်ပြီး ဝမ်ကျင်းကို ကျွေးရမည်။ ယင်းက သူ၏ ဆုံးဖြတ်ချက်ကိုပြသရန် အကောင်းဆုံးနည်းလမ်း ဖြစ်လိမ့်မည်။

ရှေးဆိုရိုးတစ်ခု ရှိသည်။ ယောကျ်ားတစ်ယောက်၏ နှလုံးသားကို သိမ်းပိုက်နိုင်ရန် ပထမဆုံး သူ့အစာအိမ်ကို သိမ်းပိုက်ရမည်ဟူ၏။

ပိုင်မူနင်က ၎င်းမှာ သူ၏အောင်မြင်မှု ဖြစ်လာလိမ့်မည်ဟု မှတ်ယူလိုက်သည်။

ဝမ်ကျင်းက နေ့လည်စာကို အနည်းငယ်မျှသာ စားခဲ့၏။ ထို့ကြောင့် ယင်းက သူ လှုပ်ရှားမှု စတင်ရန် အကောင်းဆုံးအချိန်ပင်။

သူ ထွက်သွားမည်အပြုတွင် ချန်ဟောက်နန်က သူ့ကို သတိပေးလိုက်သည်။
 “ရှောင်နင် လောင်ဝမ် ဒီရက်ပိုင်း စိတ်မကြည် ဖြစ်နေတယ်... သူ့ကို စိတ်အနှောင့်အယှက် ပေးနေတဲ့ ကိစ္စတွေကအများကြီးပဲ... မင်း အချိန်ရရင် သူ့ကို စကားများများ ပြောပေးပါဦး”

“ဟုတ် သိပါပြီ”

ပိုင်မူနင်အ‌နေဖြင့် မေးစရာပင် မလိုချေ။ ဝမ်ကျင်း အဘယ်ကြောင့် စိတ်မကောင်းဖြစ်နေသည်ကို သူသိနှင့်ပြီးသား ဖြစ်သည်။ သူ၏ ချစ်သူ ထွက်ခွာသွားပြီးဖြစ်ရာ ပြန်တွေ့ရန် အချိန်အတော်ကြာလိမ့်မည်။

မစ္စတာကျိုးက သူ့ကို ဆက်သွယ်ပြီး သူ၏ချစ်သူကို ခဏတာ ခေါ်သွားမည့်အကြောင်း ပြောခဲ့သည်။ ထို့နောက် အခွင့်အရေးယူပြီး အကွက်ရွှေ့ရန် ပိုင်မူနင်ကို ပြောခဲ့သည်။

ပိုင်မူနင်သည်လည်း ယင်းကို အခွင့်ကောင်း တစ်ခုဟု ခံစားရသောကြောင့် ပို၍ပင် ကြိုးစားလိုက်သည်။

မစ္စတာကျိုး ပြန်လာချိန်တွင် ဝမ်ကျင်းက လူသစ်တစ်ယောက်နှင့် အလုံးစုံ ချစ်ကျွမ်းဝင်ကာ သူ၏ချစ်သူဖြစ်လာရန် မျှော်လင့်မိသည်။

ထိုနေ့ နေ့လယ်ပိုင်းတွင် ပိုင်မူနင်က တစ်နေ့လုံး အဒေါ်ကြီးနှင့်အတူ မီးဖိုချောင်တွင် ကျာကျန်းခေါက်ဆွဲ ပြုလုပ်နည်းကို လေ့လာခဲ့သည်။

သူက အခြေခံမှစ၍ စတင်သင်ယူခဲ့ပြီး မုန့်ညက်နယ်နည်းကိုပင် သင်ယူလိုက်သည်။ အဒေါ်ကြီးက ပြောပြသည်။
“ရိုးရာကျာကျန်းခေါက်ဆွဲအတွက် အိမ်လုပ် လက်လုပ်ခေါက်ဆွဲက အကောင်းဆုံးပဲ... အလျင်လိုတဲ့အခါမှပဲ အခြောက်ခံထားတဲ့ခေါက်ဆွဲ ဒါမှမဟုတ် စက်နဲ့လုပ်ထားတဲ့ ခေါက်ဆွဲတွေကို သုံးတာ”

အဒေါ်ကြီးမှာ အတွေ့အကြုံများပြီး သူ့ကို စေ့စေ့စပ်စပ် သင်ပေးသည်။ ပိုင်မူနင်က ဝမ်ကျင်းအတွက် ကျာကျန်း ခေါက်ဆွဲတစ်ပန်းကန်ကို ကိုယ်တိုင် ပြုလုပ်ခဲ့သည်။ တစ်နေ့လယ်လုံး အလုပ်လုပ်ပြီးနောက်  á€”္ဏက်ဆုလးတွင် သူအောင်မြင်သွားသည်။

ခြောက်နာရီအတိတွင် လူတိုင်း တဖြည်းဖြည်း အလုပ်ဆင်းသွားကြပြီး ဧည့်ခန်းမီးအချို့မှာ ပိတ်ထား၏။ ထိုအချိန်မှသာ ပိုင်မူနင်က ကျာကျန်း‌ခေါက်ဆွဲကို သယ်ဆောင်ကာ ဝမ်ကျင်းကို သွားရှာလိုက်သည်။

ဆွေးနွေးခန်းတံခါးကို မပိတ်ထားပေ။ ပိုင်မူနင်က ဖုန်းပြောနေသော ဝမ်ကျင်း၏ အသံကို ကြားရသဖြင့်  á€Ąá€á€˝á€„á€şá€¸á€žá€­á€Żá€ˇá€™á€á€„á€şá€˜á€˛ အပြင်ဘက်တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။

အတွင်းဘက်တွင် ငါးကန်မှ ရေစီးဆင်းလှည့်ပတ်‌နေသံကိုသာ ကြားနေရပြီး ၎င်းက ဝမ်ကျင်း၏ အသံကို မလွှမ်းနိုင်ပေ။ ထို့ကြောင့် ပိုင်မူနင်မှာ ဖုန်းခေါ်ဆိုမှုမှ စကားအချို့ကို ကြားလိုက်ရသည်။

တစ်ဖက်လူ ဘာပြောလိုက်သည်ကို သူ မသိရသော်လည်း ဝမ်ကျင်းကမူ အလွန် စိတ်ပျက်သော လေသံဖြင့် ပြောလိုက်သည်။

 “အဲဒါ သူ့ အစ်ကိုကြီးလေ... သူ့ကို ခေါ်သွားသင့်တာပေါ့... မင်းတို့ရဲ့ ဆက်ဆံရေးကို သူ သဘောမတူရင် ဘာလို့ အတင်းအကျပ် လုပ်နေသေးလဲ”

“မင်း နိုင်ငံခြားမှာ အကြာကြီး နေခဲ့တာ... ဒီက လူတွေက မိသားစုကို ဘယ်လောက် အရေးထားလဲဆိုတာ မင်း နားမလည်ဘူး... သွေးသားဆက်နွှယ်မှု မရှိရင်တောင်  á€Ľá€•ဒ္ဥရ ဆက်နွှယ်မှု ရှိနေသေးတယ်”

“မင်းကို ငါ ဘာတွေ ထပ်ကူညီပေးရဦးမှာလဲ... ငါ ပြောနေတယ်  á€á€­á€Żá€¸á€•ဟ္းမဲအစိတ်ကူးကို မေ့လိုက်တော့”

ဘယ်သူက ခိုးပြေးချင်တာလဲ...

ဖုန်းခေါ်ဆိုမှုမှာ လျင်မြန်စွာ ပြီးဆုံးသွားပြီး ဝမ်ကျင်းက သက်ပြင်းရှည်ကြီး ချလိုက်သည်ကို ကြားလိုက်ရသည်။
 “သူ ဘာလို့ ဒီလောက် ခေါင်းမာနေတာလဲ”

ဖုန်းခေါ်ဆိုမှု ပြီးဆုံးသွားပြီဖြစ်ကြောင်း သေချာသွားသည်နှင့် ပိုင်မူနင်က ကျာကျန်းခေါက်ဆွဲကို သယ်ဆောင်ကာ ဆွေးနွေးခန်းထဲသို့ ဝင်သွားလိုက်သည်။

“ဒေါက်တာဝမ် ကျွန်တော် ကိုယ်တိုင် လုပ်ထားတဲ့ ကျာကျန်းခေါက်ဆွဲ ... စားကြည့်ချင်လား”

ဝမ်ကျင်းမှာ တင်းမာနေဆဲဖြစ်သည့်တိုင် ပိုင်မူနင်ကိုမြင်သည်နှင့် ယောင်ယောင်လေး ပြုံးလိုက်၏။
 “ဒါကို မင်းလုပ်ထားတာလား”

“ဟုတ်တယ်” 
ပိုင်မူနင်က ပန်းကန်ကို သူ့ရှေ့တွင် ချထားလိုက်ပြီး စိတ်အားထက်သန်စွာဖြင့် သူ့အားမြည်းစမ်း‌စေချင်နေသည်။

သူက ကုလားထိုင်တစ်လုံးကို ဆွဲယူကာ ဝမ်ကျင်းဘေးတွင် ထိုင်လိုက်သည်။ 
“ကျွန်တော် ခင်ဗျားကို လိုက်ပိုးပန်းမယ်လို့ပြောခဲ့တာက အတည်ပြောတာပါ”

“ဒေါက်တာဝမ် စားကြည့်ပါဦး”

ဝမ်ကျင်းက တူများကို ကောက်ကိုင်လိုက်ပြီး ခေါက်ဆွဲများကို ညီညာစွာ မွှေပြီးမှ တစ်လုတ် မြည်းစမ်းကြည့်သည်။ 
“မဆိုးဘူး  á€™á€„်း လက်ရာကောင်းသားပဲ... ဒါပေမဲ့ ကိုယ့်ကိုကျေနပ်အောင်လုပ်ဖို့အတွက် ဒီလိုတွေ လုပ်နေစရာ မလိုပါဘူး... မင်း စိတ်ဝင်စားတာကိုပဲ လုပ်ပါ”

သူ၏ လေသံမှာ ပြတ်သားမနေသလို နွေးထွေးခြင်းလည်း အလျဉ်းမရှိပေ။ ပိုင်မူနင်က မေးလိုက်သည်။
“ဒါဆို ကျွန်တော် ဘာလုပ်လုပ် ခင်ဗျားက ထောက်ခံပေးမှာလား”

“ဟုတ်တယ် မင်း သဘောကျနေသရွေ့ပေါ့”

ထိုစကားကို ကြားလိုက်ရသည်နှင့် ပိုင်မူနင်၏ ရင်ထဲတွင် ရုတ်တရက် နွေးထွေးမှုလေးတစ်ခု ပေါ်ပေါက်လာသည်။ ဝမ်ကျင်းက  á€€á€œá€ąá€¸á€™á€ťá€Źá€¸ ရွေးချယ်မှုများကို လေးစားပေးတတ်သည့် အသိအမြင်ကျယ်သော မိဘများထဲမှ တစ်ဦးနှင့် တူနေသည်။

ဝမ်ကျင်းက သူ ဘာလုပ်ချင်သည်ဖြစ်စေ လုပ်၍ရသည်ဟု ပြောလာသောကြောင့် ပိုင်မူနင်မှာ ဝမ်ကျင်း၏ ပါးကို နမ်းချင်သွား၏။

ဝမ်ကျင်းကလည်း အမြဲလိုလို သူ့ကို နမ်းချင်သော်လည်း ထိန်းချုပ်ထားပုံ ပေါ်သည်။ 

ထို့ကြောင့် ပိုင်မူနင်က သူ့ဘက်မှ ရှင်းလင်းသွားစေရန် အချက်ပြပေးသင့်သည်ဟု တွေးလိုက်သည်။ 

မဟုတ်ရင် ဒီလူက သတ္တိရှိမှာ မဟုတ်ဘူး...

“ကောင်းပြီ‌လေ ကျွန်တော် အခု တကယ် လုပ်ချင်နေတာ ရှိတယ်”

ဝမ်ကျင်းက ခေါက်ဆွဲများကို  á€†á€€á€şá€…ဏးန္သည်။ သူက ပြောသည်။
 “ဘာလဲ”

“ပိစိ‌လေးအမြတ်ထုတ်ချင်တာ”

ဝမ်ကျင်းက သူ့ကို မကြည့်လာရာ သေချာပေါက် အာရုံစိုက်မနေပေ။

ထို့ကြောင့် ပိုင်မူနင်က သတ္တိကိုခဲလျက် ထရပ်လိုက်ကာ ဝမ်ကျင်း၏ ပါးပြင်ထံ တည့်တည့် တိုးဝင်သွားလိုက်သည်။

သူ ဝမ်ကျင်းကို နမ်းချင်သည်။ ပါးကို နမ်းလိုက်ရုံဖြင့် ပြီးပြည့်စုံသွားလိမ့်မည်။

မမျှော်လင့်ထားစွာဖြင့် ဝမ်ကျင်းက ရုတ်တရက် ခေါင်းလှည့်လာသည်။ ပိုင်မူနင်မှာ အချိန်မီ မရပ်တန့်နိုင်ဘဲ သူ၏အနမ်းက ဝမ်ကျင်း၏ နှုတ်ခမ်းထောင့်ထက် တည့်တည့် ကျရောက်သွားသည်။

သူ တစ်ခဏမျှ အေးခဲသွားပြီးနောက် ချက်ချင်း  á€”á€ąá€Źá€€á€şá€†á€Żá€á€şá€œá€­á€Żá€€á€şá€žá€Šá€şá‹ သူ့နှုတ်ခမ်းများကို ဖိလိုက်ရာ ဆော့စ်အရသာက သူ့ပါးစပ်ထဲသို့ ဝင်လာသည်။

သူ လုပ်ထားသော ကျာကျန်းခေါက်ဆွဲမှာ တော်တော်လေး အရသာကောင်းသည်။

ဝမ်ကျင်းက မျက်ခုံးပင့်လိုက်သည်။ 
“ဘာလုပ်နေတာလဲ”

ငါက ဘာလုပ်ရမှာလဲ... ဒါက လုံးဝ မတော်တဆကြီးကို...

အခြေအနေမှာ နာကျင်မိလောက်အောင် ကိုးရိုးကားယားဖြင့်ပင်။ ပိုင်မူနင်မှာ ရဲရဲတင်းတင်း ရင်ဆိုင်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ 

“ကျွန်တော် ခင်ဗျားကို လိုက်နေတာပဲကို နမ်းလို့မရဘူးလား”

အပြစ်ကိုလွှဲချရန် ကြိုးစားရင်း ပိုင်မူနင်က တာဝန်ခံရမည့်အဖြစ်ကို ဝမ်ကျင်းထံ လွှဲချလိုက်သည်။

“ကောင်းပြီ.. ခင်ဗျားက ကျွန်တော် ခင်ဗျားကို နမ်းလို့မရဘူးလို့မှ မပြောခဲ့တာ”

သူက ဝမ်ကျင်းကို မကြည့်ရဲဘဲ အကြည့်လွှဲကာ တစ်ယောက်တည်း တီးတိုးပြောလိုက်ခြင်းပင်။ သို့ဖြစ်၍ ဝမ်ကျင်း၏ နှုတ်ခမ်းထောင့်တွင် တဖြည်းဖြည်းချင်း ပေါ်လာသော အပြုံးတစ်စကို လုံးဝ မမြင်လိုက်ရပေ။
“အင်း အမှန်ပဲ... ကိုယ် ဘယ်တုန်းကမှ မပြောခဲ့ဘူး”

×××××

ပိုင်မူနင်မှာ ချန်ဟောက်နန် သူ့ကို ပေးထားသည့် အလုပ်ကို မမေ့သေးပေ။ ထို့ကြောင့် စာလေ့လာပြီး အနားယူချိန်တွင် ဝမ်ကျင်းကို အပြင်ထွက်ပျော်ချင်လားဟု မေးလိုက်၏။

ဝမ်ကျင်းက တစ်ခဏမျှ စဉ်းစားလိုက်သော်လည်း စိတ်မပါတပါဖြင့် ငြင်းပယ်လိုက်သည်။
“မင်းတို့ သွားကြပါ... ကိုယ်ကတော့ အေးဆေးပဲ နေချင်တယ်”

ဝမ်ကျင်း ထိုသို့ပြောလာသည်မှာ အံ့သြစရာ မရှိပေ။ ထိုသူမှာ အမြဲထိုသို့ ပျင်းစရာကောင်းပြီး ဘာကိုမှ စိတ်ဝင်စားပုံမရ။  áŽá€„်းက ဝမ်ကျင်း ငယ်စဉ်က မည်သို့ရှိခဲ့မည်ကို သိချင်စိတ် ဖြစ်စေသည်။

အသက် ၁၇၊၁၈ နှစ် အရွယ် ဝမ်ကျင်းမှာ တကယ်ကို စိတ်ဝင်စားစရာ ကောင်း‌ပေမည်။

“ဒေါက်တာဝမ်... ခင်ဗျား တကယ် မလိုက်ဘူးလား... ကျွန်တော်တို့ အတူတူ တောင်တက်လို့ရတယ်လေ... တောင်ထိပ်မှာ တောင်ရှုခင်းလည်း ကြည့်လို့ရတယ်... ပြီးရင် ရေပူစမ်းစိမ်ပြီး မာကျောက်ကစားကြမယ်လေ... ရုပ်ရှင်ကြည့်မယ် ဂိမ်းကစားမယ်... နှစ်သစ်ကူးညရောက်ရင် မီးရှူးမီးပန်းနဲ့ ဒရုန်းပြပွဲလည်း ရှိသေးတယ်”

“ခင်ဗျား တကယ် စိတ်မဝင်စားဘူးလား”

ပိုင်မူနင်က ချန်ဟောက်နန်ပြောခဲ့သော စကားများကို ကြိုးစားကာ ပြန်တွေးလိုက်သော်လည်း သူ၏ဗားရှင်းတွင်မူ တစ်ခုခု လိုနေသည်ဟု ခံစားရသည်။

သူက ချန်ဟောက်နန်၏ ပြောဆိုဟန်မှာ ပိုစိတ်ဝင်စားစရာကောင်းသည်ဟု တွေးလိုက်မိ၏။ သူ၏ကိုယ်ပိုင် ဖော်ပြချက်ကမူ အတော်လေး ပျင်းစရာကောင်းနေသည်။

ဝမ်ကျင်းက သူ၏ လက်မောင်းကို စားပွဲပေါ်တင်ထားခြင်းဖြစ်သည်။ ပိုင်မူနင် ပြောနေသည်ကိုစိတ်မဝင်စားသည်က ရှင်းလင်း၍နေ၏။ ပိုင်မူနင်က ကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး သူ၏ လက်မောင်းကို ဆွဲကာ ပြောလိုက်သည်။

“ကျင်းကော လုပ်ပါ သွားရအောင်လို့…”

“ခင်ဗျားမလိုက်ရင် ကျွန်တော်လည်း မသွားချင်ဘူး... ကျွန်တော် အပြင်ထွက်ပြီး မပျော်ဖူးဘူး”

“ဒါပေမဲ့ ခင်ဗျားနဲ့ဆို ပိုပျော်စရာကောင်းမယ်လို့ ကျွန်တော် ထင်တယ်...  á€€á€ťá€˝á€”်တ္ဏ် ခင်ဗျားနဲ့ အပြင်ထွက်လည်ချင်တယ်”

ပိုင်မူနင်က စကား‌အများကြီး ပြော‌နေသည့်တိုင် ဝမ်ကျင်းကမူ မလှုပ်မယှက်နှင့်သာ ရှိနေပြီး သူ၏ ဘောပင်ကိုကိုင်လျက် လုံ့လအပြည့်ဖြင့် ရေးနေသည်။

“ကျင်း… ကော…” 
ပိုင်မူနင်က အသံကို ဆွဲကာ ဝမ်ကျင်း၏ ပခုံးထက်မှီလိုက်ရင်း စတင် တွယ်ကပ်တော့သည်။

သူ ငယ်စဉ်က သူ့မိဘများမှ သူ့ကို အရုပ်မဝယ်ပေးပါက သူတို့ လက်လျှော့သည်အထိ ဤပုံစံအတိုင်း စိတ်ရှည်လက်ရှည် ပူဆာပြီး တွယ်ကပ်လေ့ရှိသည်။

ယခု သူက ဝမ်ကျင်းအပေါ်တွင်လည်း ထိုနည်းဗျူဟာကို အသုံးပြုလိုက်၏။ ဆိုရလျှင် ဝမ်ကျင်းမှာ လူရိုက်တတ်သူ မဟုတ်ပေ။ ရဲတင်းစွာပြုမူလျှင် သူတို့ချင်း ပို၍ပင် နီးကပ်သွားစေနိုင်သည်။

မစ္စတာကျိုးက ဝမ်ကျင်း အကြိုက်ပုံစံမှာ ငယ်ရွယ် တက်ကြွကာ ချစ်စရာကောင်းပြီး ကြင်နာသူဟု အမြဲလိုလို အလေးပေး ပြောခဲ့၏။

ဒါဆို ငါပဲမလား...

ငါ လုပ်နိုင်တယ်...

“ကျင်းကော... ကျင်းကော... သွားကြမယ်နော်”

ဝမ်ကျင်းက ရုတ်တရက် သူ၏ဘောပင်ကို ချလိုက်ပြီး သက်ပြင်းချလိုက်သည်။

“ကျင်း...”

ထိုစကားလုံးများမှာ ရုတ်တရက် ရပ်တန့်သွားရ၏။ ဝမ်ကျင်းက သူ၏ လက်ကို မြှောက်ကာ ပိုင်မူနင်၏ ပါးစပ်ကို ပိတ်လိုက်ခြင်းပင်။ သူက ထရပ်လိုက်ပြီး ကိုင်းညွှတ်လိုက်သည်။ ပိုင်မူနင်မှာ ကုလားထိုင်၏နောက်မှီနှင့် တင်းတင်းဖိကပ်၍သွားပြီး သူ၏ နှလုံးသားလေးမှာ ချက်ချင်းဆိုသလို အထိတ်တလန့်ဖြစ်သွားရသည်။

ဝမ်ကျင်း၏ အကြည့်တို့က မှောင်မိုက်သွားပြီး သူက စကားလုံးများကို မနည်းကြိုးစားကာ ဖွင့်ထုတ်လျက် ပြောလာ၏။
 “ပါးစပ်ပိတ်ထား”

သူတို့နှစ်ဦးကြားရှိ အကွာအဝေးမှာ အလွန် နီးကပ်‌နေချေပြီ။ သူ၏  á€Ąá€žá€€á€şá€›á€žá€Żá€„ွ္အနွ္းနွ္းက ပိုင်မူနင်၏ မျက်နှာထက် အသာရိုက်ခတ်ပွတ်သပ်လာပြီး ပိုင်မူနင်က သက်တောင့်သက်သာမရှိစွာ မျက်တောင်ခတ်လိုက်သည်။

သူ၏ နှလုံးခုန်နှုန်းမှာ ရုတ်တရက် မြန်ဆန်လာပြီး ဝမ်ကျင်းက ပို၍ပင်အားသုံးကာ ဖိချလာသည်။ ကံကောင်းထောက်မစွာဖြင့် ထိုသူက သူ၏ နှာခေါင်းကိုတော့ မကာထားပေ။ သို့မဟုတ်ပါ  á€šá€á€Żá€Ąá€á€ťá€­á€”á€şáŒ သူအသက်ရှူကြပ်နေလောက်ပြီပင်။

ပိုင်မူနင်က သူ၏ နှုတ်ခမ်းတို့အား တင်းတင်း‌စေ့လျက် နောက်ထပ် အသံမပြုရဲတော့ပေ။ သူက မကျေနပ်ရိပ်တို့စွက်လျက် မျက်တောင်လေးခတ်ကာ တိတ်တဆိတ် ထိုင်နေရရုံသာ။

ပိုင်မူနင် နောက်ဆုံး တိတ်ဆိတ်သွားသည်ကို မြင်လိုက်ရလျှင် ဝမ်ကျင်းက လွှတ်ပေးလိုက်ပြီး မတ်မတ်ရပ်လိုက်သည်။ 
“ကိုယ် သန့်စင်ခန်းသွားလိုက်ဦးမယ်.. မင်း ကိုယ့်ဘာကိုယ် အရင်ဖတ်ထား”

“အိုး သိပါပြီ”

နောက်ထပ် မိနစ်အနည်းငယ်ကြာသည်အထိ ပိုင်မူနင်က ကုလားထိုင်တွင် ထိုင်ကာ သူ ဘာအမှား ပြောမိခဲ့သည်ကို စဉ်းစားနေမိသည်။
ဘာလို့ ဝမ်ကျင်းက ပုံမှန်နဲ့မတူဘဲ ငါ့ကို ပါးစပ်ပိတ်ထားခိုင်းတာလဲ…

စဉ်းစားပြီးနောက်  á€”္ဏက်ဆုလးတွင် သူက ဝမ်ကျင်းမှာ ကျင်းကောဟု အခေါ်ခံရသည်ကို မကြိုက်ခြင်းဖြစ်နိုင်ကြောင်း ကောက်ချက်ချလိုက်သည်။

သူ ဘာလို့ မကြိုက်ရတာလဲ...

ဝမ်ကျင်း သန့်စင်ခန်းမှ ပြန်လာသောအခါ သူ၏ နားထင်များက စိုစွတ်နေသည်။ ထိုသူ သေချာပေါက်ကို မျက်နှာသစ်လာခဲ့ခြင်းပင်။

ပိုင်မူနင်မှာ ပို၍ လိမ္မာလာပြီး ထပ်မံ၍ ဂနာမငြိမ် မလုပ်ရဲတော့ပေ။ စာကို စိတ်ပါလက်ပါဖြင့် အာရုံစိုက်ထား၏။

-----

စာရေးသူ၏ မှတ်ချက်:

ငါ ဆယ်ကျပ် လောင်းမယ်... ဝမ်ကျင်းက တမင် သက်သက် ရည်ရွယ်ချက်ရှိရှိ ခေါင်းလှည့်လိုက်တာ...


💊💊💊💊 Chapter 32
ကိုယ့်ကို အသားလာမယူနဲ့ ကိုယ့်ဘာကိုယ် ထိန်းချုပ်ထား


ရှစ်နာရီထိုးခါနီးလာသောအခါ ဝမ်ကျင်းက ပိုင်မူနင်ကို ပြန်ပို့ပေးရမည့် အချိန်ရောက်ပြီဟု ပြောလာသည်။

ပိုင်မူနင်က အချိန်ရှိသေးသည်ဟု ခံစားရသည်။ သူ ဆက်နေပြီး စာဖတ်ချင်သေးသည်။ သူ အဆောင်သို့ ပြန်သွားလျှင် ဂိမ်းကစားခြင်းဖြင့်သာ အဆုံးသတ်လိမ့်မည်။ ထို့ကြောင့်  á€žá€°áá€Śá€¸á€”သ္ဏက်‌လေးကို အသိပညာဖြင့်သာ ဖြည့်လိုက်ခြင်းက ပိုကောင်းသည်။

နောက်ဆုံး ကိုးနာရီကျော်မှသာ ပိုင်မူနင် ပြန်ခဲ့သည်။ အမြဲလိုလို ဝမ်ကျင်းက သူ့အား အဆောင်အဆောက်အအုံ ဝင်ပေါက်အထိ လိုက်ပို့ပေးတတ်သည်။

ပိုင်မူနင်က ဝမ်ကျင်းကို ပြောလိုက်သည်။ 
“ဒေါက်တာဝမ် ကျွန်တော်လည်း အပြင်မထွက်တော့ပါဘူး... အဆောင်မှာပဲ နေပြီး စာကြိုးစား ကျက်တော့မယ်... အသိအမှတ်ပြုလက်မှတ်ရပြီး တကယ့် တရုတ်တိုင်းရင်းဆေးဆရာဝန် ဖြစ်လာအောင် ကြိုးစားမှာ”

သူက ထိုအတိုင်း စကားဖြစ်ရုံ ပြောနေခြင်း မဟုတ်ဘဲ အတည်ပေါက်ဆိုနေခြင်းပင်။

“ကောင်းပြီ နှစ်သစ်ကူး ရုံးပိတ်ရက်အတွင်း မင်း ကိုယ့်အိမ်ကို လာနေလို့ရတယ်... ကိုယ် မင်းကို ဆက်သင်ပေးနိုင်တယ်”

ဝမ်ကျင်း၏ အိမ်သို့ သွားခွင့်ရခြင်းကလည်း လျင်မြန်သည့် တိုးတက်မှုပင်။ အပြင်ထွက်ကာ လျှောက်လည်ရခြင်းထက်ပင် ပို၍ စိတ်လှုပ်ရှားစရာ ကောင်းသည်။

ယောက်ျားနှစ်ဦး တစ်ခန်းတည်းတွင် အတူရှိနေခြင်းကလည်း ခံစားချက်များ တိုးလာရန်အတွက် အကောင်းဆုံး ပတ်ဝန်းကျင်ဖြစ်၏။

“ဟုတ်” 
ပိုင်မူနင်က အခြားသူများထက်ပင် ပို၍ တောက်ပစွာ ပြုံးလျက်နေသည်။

နောက်တစ်နေ့ နံနက်တွင် ချန်ဟောက်နန်က ပိုင်မူနင်ထံလာကာ တိုးတက်မှုရှိမရှိ မေးလာသည်။ ပိုင်မူနင် သူ့အား အမှန်အတိုင်း ပြောပြလိုက်လေလျှင် ချန်ဟောက်နန်မှာ စိတ်ပျက်အားငယ်သံအား လုပ်ပြလာလေသည်။
“ရှောင်နင် မင်း ဘယ်လိုလုပ် လောင်ဝမ်ရဲ့ စကားနားထောင်ရတာလဲ... မင်း မသွားချင်ဘူးလား”

ပိုင်မူနင်မှာ သွားချင်နေဆဲဖြစ်သော်လည်း ဝမ်ကျင်း မလိုက်လျှင် သူလည်း မလိုက်ချင်တော့ပေ။ ထို့အပြင် သူ့အား ဝမ်ကျင်းက ပိတ်ရက်တွင်  á€Ąá€­á€™á€şá€žá€­á€Żá€ˇá€–ိတ်ခ္ဍ်ထဏးရဏ  á€Ąá€›á€žá€Żá€śá€¸á€™á€›á€žá€­á€á€ťá€ąá‹

“ဒေါက်တာဝမ်က တကယ်မှ မလိုက်ချင်တာ... ကျွန်တော်လည်း သူ့ကို အတင်းအကျပ်ကြီး မခိုင်းချင်ဘူး... ထားလိုက်ပါတော့  á€á€„်ဗဝဏးတိုအ သွားပျော်ကြလေ... ကျွန်တော်တို့ ဒီမှာပဲနေပြီး စောင့်ရှောက်ထားပေးမယ်”

ချန်ဟောက်နန်မှာ ဝမ်ကျင်း၏နှင့် တစ်ဝက်နီးပါး တူအောင်ကူးစက်ခံနေရသော ပိုင်မူနင်ကို ကြည့်လျက် သက်ပြင်းချလိုက်သည်။ 
“မင်း ဘာလို့ ဝမ်ကျင်းနဲ့ ပိုပိုပြီးတူလာရတာလဲ... အခု မင်းရဲ့လူငယ်ဘဝမှာ အကောင်းဆုံးအချိန်လေ... အပြင်ထွက်လည်ပြီး ပျော်ပျော်မနေရင် မင်း ကြိုးစားအားထုတ်သမျှအားလုံး အလဟဿ ဖြစ်သွားမှာပဲ”

“သူ မလိုက်ဘူးလို့ပြောတာနဲ့ပဲ ပြီးရောလား” 
ချန်ဟောက်နန်က ပြောသည်။ 
“ရှောင်နင်... သူ မပါဘဲ သွားရအောင်”

“အခုက မင်းရဲ့ လူငယ်ဘဝကို လွတ်လွတ်လပ်လပ် နေရမဲ့အချိန်ကွ..  á€’á€Žá€Ÿá€ąá€Źá€€á€şá€”á€”á€şá€€á€ąá€Źá€€ မင်းကို အပြင်ကို ခေါ်ထုတ်ပြီး ကမ္ဘာကြီးကို ပြပေးမယ်”

ပိုင်မူနင် စိတ်လှုပ်ရှားသွားသော်လည်း ဝမ်ကျင်းကို တွေးမိသည်နှင့် ခေါင်းခါလိုက်သည်။

နောင်တစ်ချိန် ငွေကြေးပြီးပြည့်စုံလာပြီး အဆင်ပြေလာမှ သွားလျှင်လည်း နောက်မကျသေးချေ။

တစ်နေ့တွင် သူက သူ၏ဇာတိမြေရှိ ခမ်းနားသော ရှုခင်းများကို မြင်တွေ့ခွင့် ရလိမ့်မည်။

ချန်ဟောက်နန်က ပိုင်မူနင်ကို ဆွဲဆောင်၍မရသောကြောင့် မကြိုးစားတော့ဘဲ လက်လျှော့လိုက်သည်။ သူ၏ မျက်နှာမှာ မှောင်မိုက်နေပြီး မျှော်လင့်ချက်မဲ့နေသောငတုံးတစ်ဦးပမာဖြစ်ကာ စစ်တပ်ရော သတို့သမီးပါ ဆုံးရှုံးသွားရသည့် လူတစ်ယောက်နှင့် တူနေသည်။

နေ့လည်စာ စားပြီးနောက် ချန်ဟောက်နန်က ပိုင်မူနင်ကို ဆွဲခေါ်ကာ ဝမ်ကျင်း၏တိုင်ပင်ဆွေးနွေးခန်းထဲသို့ ဝင်လာသည်။ တံခါးပိတ်လိုက်သည်နှင့် သူက ဝမ်ကျင်းဘက်သို့ လှည့်ကာဆို၏။

 “လောင်ဝမ် ဒါ အရမ်းလွန်နေပြီ... မင်း မလိုက်ချင်လည်း ရတယ်... ဒါပေမဲ့ ရှောင်နင်ကိုပါ ဘာလို့ မလိုက်စေချင်တာလဲ”

ပိုင်မူနင်မှာ သူ၏ ခေါင်းစွပ်အင်္ကျီဦးထုပ်မှ ဆွဲကိုင်ခံထားရသည်။ သူ့ပုံစံက ရုပ်‌သေးရုပ်လေးတစ်ရုပ်နှင့် တူနေပြီး ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေရသည်။

ဝမ်ကျင်း ပထမဆုံး ပြောလိုက်သည်မှာ လွှတ်‌ပေးလိုက်ရန်ပင်။ မသင့်လျော်ကြောင်း သတိပြုမိသွားပြီးနောက် ချန်ဟောက်နန်မှာလည်း သူ၏ ဆွဲကိုင်ထားမှုကို လွှတ်လိုက်၏။ နောက်ဆုံးတွင် ပိုင်မူနင်‌တစ်ယောက် ပြန်လည် လွတ်မြောက်သွားခဲ့သည်။

ချန်ဟောက်နန်က ဆက်ပြောသည်။
 “လူငယ်တွေ အပြင်ထွက်ပျော်တာက ဘာများ ဖြစ်နေလို့လဲ... မင်း တစ်ယောက်ယောက်ရဲ့ ပျော်ရွှင်ချင်စိတ်ကို မဖျက်ဆီးသင့်ဘူး”

“မင်းလိုက်လိုက် မလိုက်လိုက် အရေးမကြီးပေမဲ့ အခု ငါ ရှောင်နင်ကို သွားစေချင်တယ်... ရှန်းရှန်တောင်နားက ခြံဝင်းအိမ်ကိုတောင် ကြိုယူထားပြီးပြီ ... ရေပူစမ်းရော ဘာဘီကျူးရော ဂိမ်းတွေလည်းရှိတယ် မင်း မကြိုက်လည်းရတယ်... ဒါပေမဲ့ ရှောင်နင်ကတော့ သေချာပေါက်ကြိုက်မှာ”

ချန်ဟောက်နန်က ပိုင်မူနင်၏ပခုံးကို တွန်းလိုက်ပြီး ပြောသည်။
 “ရှောင်နင် မင်း ကြိုက်တယ်မလား”

သူက သူ့အား မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသည်။ ပိုင်မူနင်မှာ မငြင်းနိုင်တော့ပေ။ သူ တကယ်ကို စိတ်ဝင်စား၏။

ဘယ်သူက အပြင်ထွက်ပြီး မပျော်ချင်ဘဲ နေမှာလဲ...

ရေပူစမ်း၊ ဘာဘီကျူး၊ ဂိမ်းတွေ... အားလုံးက စိတ်လှုပ်ရှားစရာကြီး...

ပိုင်မူနင်၏ မိသားစုမှာ မချမ်းသာပေ။ သူ ကြီးပြင်းလာသည့်တစ်လျှောက်လုံး မြို့ပြင်ကိုပင် မရောက်ခဲ့ဖူးပေ။ သူ ကောလိပ်ရောက်မှသာ ပြည်နယ်ပြင်ပသို့ ထွက်ခွင့် ရခဲ့ခြင်းဖြစ်သည်။

သို့သော် ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ပိုင်မူနင်မှာ ငွေစုရန်နှင့် သူ၏ ကျောင်းသားချေးငွေများကို ပြန်ဆပ်ရန် ကြိုးစားခဲ့ရသည်။ သူတွင် ပျော်ရွှင်ရန်အတွက် ပိုက်ဆံ မရှိပေ။

သူ၏ ပန်းတိုင်မှာ အိမ်တစ်လုံးဝယ်နိုင်ရန်အတွက် ငွေစုရန်ပင်။ စုငွေ မလုံလောက်မချင်း သူကိုယ်သူ ပျော်ရွှင်ခွင့်ရှိသည်ဟု မခံစားရချေ။

ယခု တစ်စုံတစ်ယောက်က သူ့ကို အကုန်အကျခံကာ ခရီးထွက်ရန် ခေါ်နေပါသော်လည်း သူ မသွားနိုင်သေးပေ။ ပိုင်မူနင်မှာ စိတ်ပျက်လွန်း၍ သေချင်မိ၏။

ပိုင်မူနင်က သူ၏ နှုတ်ခမ်းများကို ခပ်တင်းတင်းစေ့လိုက်ပြီး စိတ်ထဲကမပါဘဲ ပြောလိုက်သည်။
 “ဟောက်နန်ကော ကျွန်တော် တကယ်မသွားချင်လို့ပါ... ဒေါက်တာဝမ်က ကျွန်တော့်ကို သွားခွင့်မပေးတာ မဟုတ်ပါဘူး”

သူက သူ့ကိုယ်သူ ဆက်လက် စည်းရုံးလိုက်သည်။ 

အပြင်ထွက်ပြီး လျှောက်လည်တာက အရေးမကြီးဘူး... အဓိက ပန်းတိုင်က ဝမ်ကျင်းနဲ့ ပိုနီးစပ်ဖို့ပဲ...

ယခုမူ ပိုကောင်းသည့် အခွင့်အရေး ရလာပြီဖြစ်၍ သူ ဝမ်ကျင်းနှင့်အတူ နှစ်ယောက်တည်းအတူရှိရန် ပိုရွေးချယ်သင့်သည်။

သူ ဝမ်ကျင်း၏အိမ်ကို သွားရမည်။ သူ့ကို ယင်းက ပို၍ ဆွဲဆောင်နိုင်၏။ အပျော်ခရီးထွက်ခြင်းကိုမူ နောက်မှ လုပ်‌၍ရသည်။

ဝမ်ကျင်းက သူ့ကို မော့ကြည့်လိုက်ပြီး တကယ်ကို ကျေနပ်နေသည်။ 
“မင်း သူ့ပြောတာ ကြားတယ် မဟုတ်လား”

ချန်ဟောက်နန်မှာ ပို၍ပင် စိတ်ပျက်သွားတော့၏။
 “လုံးဝတက်ကြွနေတတ်တဲ့ ကလေးတစ်ယောက်က အခုတော့ မင်းကြောင့် အန်နာဂျီတွေ လျော့ကုန်ပြီ... အရမ်း ရှေးရိုးစွဲလွန်းနေတဲ့ကောင်..  á€™á€„်း ငယ်ငယ်တုန်းကမှ ပိုပြီး ချစ်ဖို့ကောင်းတာ”

“မင်းက အသက်ကြီးလာလေ ပိုပြီး ပျင်းစရာကောင်းလာလေပဲ ဘယ်လိုဖြစ်ရတာလဲ... ငါတို့တွေ ကျောင်းပြေးပြီးလျှောက်လည်ကြတဲ့ အဲဒီအချိန်တွေကိုပဲ တကယ်လွမ်းတယ်”

ထိုသို့ပြောပြီးနောက် ချန်ဟောက်နန်က ဒေါသတကြီး ထွက်သွားသည်။ ပိုင်မူနင်မှာ ထိုနေရာတွင် ခဏမျှ ကြောင်သွားသည်။ သူ အံ့အားသင့်သွားရ၏။ 

ဒေါက်တာဝမ်က ကျောင်းပြေးခဲ့ဖူးတယ်လား...

ဒါမျိုးကို ရွှယ်ပါ့တစ်ယောက်က လုပ်ပါ့မလား...

သူ မှင်သက်ဆွံ့အနေချိန်တွင် ဝမ်ကျင်း၏အသံက ထပ်မံ ထွက်ပေါ်လာသည်။
“မင်း သွားချင်လား”

ပိုင်မူနင်က “အာ” ဟု အသံပြုလိုက်ပြီးနောက် ချက်ချင်း ခေါင်းခါလိုက်သည်။ 
“ကျွန်တော် မသွားချင်ပါဘူး... ကျွန်တော် ဒေါက်တာဝမ်နဲ့အတူ နေချင်တယ်”

ထိုသစ္စာစောင့်သိမှုကို ဝမ်ကျင်းက ကောင်းစွာ လက်ခံလိုက်သည်။ သူက သူ့ကို ဘေးနားမှာ ထိုင်ရန် လက်ပြလိုက်ပြီး ပြောသည်။
 “မင်း စားချင်တာတွေကို ချရေးလိုက်...နှစ်သစ်ကူးနေ့ကျရင် ကိုယ် မင်းအတွက် ချက်ပေးမယ်”

ဝမ်ကျင်းက ဟင်းချက်တတ်တယ်ပေါ့…

ပိုင်မူနင်က ထိုင်ခုံတွင် ထိုင်လိုက်ပြီး ဝမ်ကျင်း ပေးသောဘောပင်ကို ယူလိုက်ကာ ဘာရေးရမလဲဟု စတင်စဉ်းစားနေသည်။

ငါ ကြိုက်တာတွေက အရမ်းများတယ်... စာမျက်နှာတစ်ခုတည်းမှာ အကုန် မဆံ့ရင် ဘယ်လိုလုပ်ရမလဲ...

“ဘယ်လောက်များများ ရေးလို့ရလဲ”

“မင်း ကြိုက်သလောက်ရေး”

“ဒါဆိုရင် ကျွန်တော် အားမနာ‌တော့ဘူး”

ပိုင်မူနင်က ဘောပင်ကို ကောက်ကိုင်ကာ စတင်ရေးတော့သည်။ သို့သော်လည်း ပထမဆုံး စာလုံးကိုပင် မရေးမီမှာပင် အခက်အခဲနှင့် ကြုံရတော့၏။

ဘောပင်နှင့် စက္ကူ ထိလိုက်ချိန်မှာပင် စာလုံးကို မည်သို့ရေးရမည်အား မေ့သွားတတ်သည့် အခိုက်အတန့်မျိုးကို ယခု သူ ကြုံတွေ့နေရသည်။ လက်နှင့် စာမရေးရသည်မှာ ကြာပြီဖြစ်၍ စာလုံးအချို့ကို သူ သတိမရတော့ပေ။

သူက ဝမ်ကျင်းကို လှည့်ကြည့်လိုက်သည်။
 “ဒေါက်တာဝမ်... အမဲသားနှပ်ကို ဘယ်လို ရေးရတာလဲ”

ဝမ်ကျင်းက သူ၏ခုံကို အနည်းငယ်မျှဆွဲယူလိုက်ပြီး ပိုင်မူနင်၏ ကျောဘက်မှ‌နေ၍ လက်တစ်ဖက်ဖြင့်လှမ်းကာ လက်ချင်းထပ်လျက်သင်ပေး၏။
“ဒီလို ရေးရတယ်”

သူ၏ လက်ဖဝါးအကြီးကြီးက ပိုင်မူနင်၏ လက်ကို ရစ်ပတ်ဖုံးအုပ်ထားပြီး  á€á€…်ဆငအ်ပဟဎးတစ်ဆငအ် စာလုံးရေးနည်းအား သင်ပြပေးလာသည်။ ထပ်ဆောင်းအနေဖြင့် သူတို့က အမဲသားဟူ‌သောစကားလုံးကို အတူတူ ရေးလိုက်ကြသည်။

“တခြား ဘာတွေ ထပ်ရေးချင်သေးလဲ” 
ဝမ်ကျင်း၏အသံမှာ နူးညံ့ညင်သာ‌နေပြီး  á€žá€°áá€Ąá€žá€€á€şá€›á€žá€Żá€žá€śá€”ွ္းနွ္းက ပိုင်မူနင်၏ နားကို ယားယံစေသည်။ ပိုင်မူနင်မှာ သူ၏ နားကို  á€™á€•á€˝á€á€şá€˜á€˛á€™á€”á€ąá€”á€­á€Żá€„á€şá€á€ąá€Źá€ˇá€•á€ąá‹

ဝမ်ကျင်းက သူ့လက်ကို မလွှတ်သေးပေ။ ထိုသူက စာရင်းတစ်ခုလုံး အပြီးသတ်သည်အထိ ထိုသို့ ကိုင်ထားရန် ရည်ရွယ်ထားပုံရသည်။

ပိုင်မူနင်က အခြားဟင်းလျာတစ်ခုကို ပြောလိုက်သည်။ သူတို့ ချရေးလိုက်စဉ် ဝမ်ကျင်းမှာ သူ၏ လက်ကို ကိုင်ထားဆဲသာ။

သန့်ရှင်းသည့် ရနံ့သင်းသင်းတစ်ခုက သူ၏ နှာခေါင်းထိပ်၌ ရစ်ဝဲ၍နေသည်။ သူတို့နှစ်ဦး၏ပုံစံက တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားဟန်ရှိနေလျက်ဖြင့်ပင် စာရွက်တစ်ခုလုံးအပြည့်နီးနီး ချရေးခဲ့ကြသည်။

ပိုင်မူနင်မှာ စာရွက်ကို ကြည့်လိုက်ပြီးနောက် သူက တကယ်ကို လောဘကြီးသည့် ကြောင်ပေါက်လေးဖြစ်နေပြီဟု တွေးလိုက်မိသည်။ 

ငါ့အကြိုက်တွေက ဘယ်လိုလုပ် ဒီလောက်အများကြီး ရှိနေရတာလဲ...

“ဒါက အရမ်း များလွန်း‌နေမလားနော်” 

ပိုင်မူနင်က ဝမ်ကျင်းမှ သူအား အစားကြီးသူဟူ၍ ယူဆလိုက်မည်ကို အနည်းငယ်မျှ စိုးရိမ်သွားသည်။

ဝမ်ကျင်းက သူ၏ လက်ကို လွှတ်ပေးလိုက်ပြီဖြစ်သော်လည်း မဖယ်လိုက်သေးချေ။ သူ့လက်မှာ ပိုင်မူနင်၏လက်ထံမှ ငါးစင်တီမီတာမျှသာ ခွာထားခြင်းဖြစ်သည်။

“မများပါဘူး  á€•ိတ်ရက်က သုံးရက်လေ... အကုန် စားနိုင်မှာပါ”

ပိုင်မူနင်:“...?”

ဝမ်ကျင်းက ငါနဲ့ သုံးရက်လုံးလုံး အတူအချိန်ဖြုန်းမှာပေါ့လေ... ဒါကို အောင်မြင်ပြီလို့ မှတ်ယူလို့မရဘူးလား...

ပိုင်မူနင်မှာ သူ၏ ကိုယ်ပိုင် အတွေးများထဲတွင် လုံးဝ နစ်မြုပ်နေပြီး သူတို့၏ အနေအထားက မည်မျှအထိ မရေမရာဖြစ်နေသည်ကို လုံးဝ သတိမထားမိချေ။

ထိုညနေတွင် ပိုင်မူနင်က ပစ္စည်းများ သိမ်းဆည်းကာ အိမ်ပြန်ရန် ပြင်ဆင်နေစဉ် လီအန်းချီက ဖုန်းခေါ်လာသည်။ ဝမ်ကျင်းက သန့်စင်ခန်းသို့သွားနေပြီး ဆေးခန်းမှာ တိတ်ဆိတ်ကာနေ၏။ သူ တစ်ယောက်တည်းသာ ရှိသောကြောင့် ဖုန်းကို စပီကာဖွင့်လိုက်သည်။

“အန်းအန်း... ဘာကိစ္စလဲ”

လီအန်းချီက စိတ်လှုပ်ရှားနေသလို ရယ်မောလျက် ပျော်ရွှင်စွာ ပြောလာခဲ့သည်။
“ကျန်းခယ်ကျန့်က ငါ့ကို အတူနှစ်သစ်ကူးဖို့  á€á€ąá€Ťá€şá€á€šá€ş... ငါတို့အတူတူ အပြင်ထွက်ပြီးလည်ကြမလို့... နင်အာ‌ ငါ အရမ်းပျော်တာပဲ”

ပိုင်မူနင်မှာ တစ်ခုခုမူမမှန်ကြောင်း ရိပ်မိလိုက်ပြီး ပြောလိုက်သည်။
 “သူ့မှာ ကောင်မလေးရှိတယ်မလား... အန်းအန်း မင်း စည်းမကျော်သင့်ဘူး... သူများ ပန်းကန်ထဲကဟာကို သွားမခိုးနဲ့‌နော်”

လီအန်းချီတစ်ယောက် ကျန်းခယ်ကျန့်အပေါ် မည်သို့ ခံစားရသည်ကို သူ သိသည်။ နှစ်ပေါင်းများစွာ တိတ်တခိုးချစ်လာခဲ့ရပြီးနောက် သူ လက်လျှော့နိုင်မည်မဟုတ်သလို သူ့အနေဖြင့် မည်သည့် အခွင့်အရေးကိုမှ လက်လွတ်ခံမည် မဟုတ်ပေ။

“သူတို့ ပြတ်သွားပြီ... ငါ မင်းကို မပြောရသေးတာ... ဒါပေမဲ့ ငါ ကျန်းခယ်ကျန့်ရဲ့ ကောင်မလေးကို တခြားတစ်ယောက်နဲ့ တွေ့ခဲ့တာကို မှတ်မိသေးလား... ငါ သူ့နောက်ကို လိုက်ပြီး မေးတော့ အဲဒီကောင်မလေးက ကျန်းခယ်ကျန့်နဲ့ သူ့ကြားက ဆက်ဆံရေးက လုပ်ကြံဟန်ဆောင်ထားတာလို့ပြောတယ်... ပြဿနာမဖြစ်ရအောင် ဟန်ဆောင်ထားတာတဲ့....”

“မင်း သိတဲ့အတိုင်း သူက ဘားမှာ အချိန်ပိုင်း အလုပ်လုပ်တာလေ.. လူအများကြီးက သူ့ကို လိုက်ဖို့ ကြိုးစားနေကြတာ... ရည်းစားအတု ထားတာက သိပ်ပြီး မထူးဆန်းပါဘူး...”

လီအန်းချီက သေချာမစဉ်းစားမိသော်လည်း ပိုင်မူနင်ကမူ ကျန်းခယ်ကျန့်က ထိုအရာအားလုံးကို  á€œá€Žá€Ąá€”်းခဝဎ မြင်အောင် တမင်သက်သက်လုပ်နေခြင်းဟု ခံစားရသည်။ သို့သော် ယခု သူက သူ့ကို အတူတူ အပြင်ထွက်လည်ရန် ခေါ်နေပေပြီ။ 
ဒါက ဘယ်လိုအဓိပ္ပါယ်လဲ…

“ကောင်းပြီလေ... ဒါဆိုလည်း ပျော်ပျော်သွားလည်ခဲ့”

အခုချိန် ဘာပြောပြော အဓိပ္ပာယ်မရှိတော့ဘူး... လီအန်းချီက နားထောင်မှာ မဟုတ်ဘူး... သွားခိုင်းလိုက်တာ အကောင်းဆုံးပဲ…

“နင်အာ ငါမင်းကို ပြောချင်တာကလေ ငါက ခဏနေရင် သွားတော့မှာ... မင်း နောက်ရက်တွေ အဆောင်မှာ တစ်ယောက်တည်းဖြစ်နေမှာဆိုတော့ ကြောက်လား... တခြားသူတွေရဲ့ အခန်းထဲမှာ ခဏလောက် ဝင်အိပ်မလား”

“မင်းတစ်ယောက်တည်း အိပ်ရမှာ ကြောက်တာကို ငါ သိတယ်... ဒါပေမဲ့ ဒီအခွင့်အရေးကို တကယ် လက်မလွှတ်ချင်ဘူး... ငါ တကယ်ကို ကျန်းခယ်ကျန့်နဲ့ သွားလည်ချင်တယ်”

လီအန်းချီ သူ့အိမ်တွင်သူ ဘယ်တော့မှ မနေရခြင်း၏ အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းမှာ သူ မနေချင်၍ဖြစ်ပြီး ကျန်တစ်ပိုင်းကမူ ပိုင်မူနင်မှာ ကြောက်တတ်သူဖြစ်၍ပင်။

“ငါ အဆင်ပြေမှာပါ... မင်းသာ ပျော်ပျော်သွားလည်စမ်းပါ... ငါ အင်တာနက်ကဖေးမှာပဲ တစ်ညလုံး နေလိုက်မယ်”

လီအန်းချီက သူ့ပစ္စည်းများကို ထုပ်ပိုးနေပုံရသည်။ နောက်တွင် ပွတ်တိုက်သံ အတင်အချပြုသံများ ကြားနေရသည်။ 
“နင်အာ မင်းရော ငါနဲ့ အတူတူ မလိုက်ချင်ဘူးလား”

“မင်း အမြဲအပြင်ထွက်ပျော်ချင်ခဲ့တာမလား... ငါတို့ စီစဉ်တိုင်း မင်းက ပိုက်ဆံမရှိဘူးပဲ အမြဲပြောနေတာ ဒါပေမဲ့ အခု ငါ အလုပ်လုပ်ပြီး ရှာနိုင်နေပြီဆိုတော့ ငါအကုန်အကျခံရင်‌ရော”

ပိုင်မူနင်က ချက်ချင်း ငြင်းဆိုလိုက်သည်။
“ထားလိုက်ပါ အန်းအန်း... မင်းပဲ သွားပျော်လိုက်ပါကွာ... မင်းတို့ နှစ်ယောက်ကို အနှောင့်အယှက် မပေးတော့ဘူး... နောက်အခွင့်အရေးရတော့မှ နောက်ထပ် အတူတူသွားကြမယ်”

“ကောင်းပြီလေ... ငါ ခဏနေ ထွက်သွားတော့မယ်.. ရထားချိန်က ဒီည ၁၁ နာရီ”

“အင်း ဂရုစိုက်သွား”

ဖုန်းပြောပြီးနောက် ပိုင်မူနင်က သူ၏ အပေါ်ဝတ်အင်္ကျီဇစ်ကို ပိတ်လိုက်သည်။ သူ နောက်လှည့်လိုက်သည်နှင့် တံခါးဝတွင် ရပ်နေသည့်ဝမ်ကျင်းကို မြင်လိုက်ရသည်။ သူ ရပ်နေသည်မှာ မည်မျှကြာပြီကို မသိပေ။
“ဒေါက်တာဝမ်... ကျွန်တော်တို့ အခု သွားကြမလား”

ဝမ်ကျင်းက ဝင်လာပြီး သူ၏ အင်္ကျီကို ကောက်ယူကာ ဝတ်လိုက်သည်။ 
“သွားကြစို့”

သူတို့ တိတ်တဆိတ်သာ လမ်းလျှောက်နေကြသည်။ ပိုင်မူနင်က ဝမ်ကျင်း၏ပုံစံက စကားပြောလိုစိတ်မရှိပုံရသည်ကို သတိထားမိပြီး ကိုယ်တိုင်လည်း အနည်းငယ်မျှစိတ်မသက်မသာဖြစ်နေသဖြင့် တိတ်တဆိတ်သာနေလိုက်သည်။

သူတို့ ကျောင်းရောက်သည်အထိ စကားမဆိုကြပေ။ ဝမ်ကျင်းက လုပ်နေကျအတိုင်း သူ့ကို အဆောင်အထိ လိုက်ပို့ပေးသည်။

ပိုင်မူနင်က ညဘက်အင်တာနက်ကဖေးကို သွားမည်ဖြစ်ကာ အဆောင်သို့ မပြန်တော့ကြောင်း ပြောရန်ပြင်လိုက်သော်လည်း မှတ်ပုံတင် ယူမလာခဲ့မိသည်ကို သတိရလိုက်၏။ မည်သို့ပင်ဆိုစေကာမူ သူ ပြန်သွားရမည်ဖြစ်၍ တိတ်တဆိတ်သာနေလိုက်သည်။

သူတို့ အဆောင်ဝင်ပေါက်သို့ ရောက်ရှိချိန်တွင် လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သည့် ဝမ်ကျင်းက နောက်ဆုံးတွင် စကားပြောလိုက်သည်။

“ပိုင်မူနင် မင်း အပြင်ထွက်လည်ချင်လား” 
ဝမ်ကျင်းက သူ့ကို ကြည့်ပြီး မေးလာ၏။
“ရိုးရိုးသားသားဖြေ ”

ပိုင်မူနင်က ချက်ချင်း မဖြေလိုက်ပေ။ သူက ဝမ်ကျင်းစကား၏ အဓိပ္ပါယ်ကို သေချာ စဉ်းစားလိုက်သည်။

စဉ်းစားကြည့်လျှင် ဝမ်ကျင်းတစ်ယောက် သူ၏ ဖုန်းခေါ်ဆိုမှုကို ကြားလိုက်ရပုံရသည်။ ထို့ကြောင့် ဤမေးခွန်းကို မေးခြင်းပင်။

“ကျွန်တော် သွားချင်တယ်” 
ပိုင်မူနင်က ညင်သာစွာ ပြောလိုက်သည်။ 
“ကျွန်တော် အပြင်ထွက်ချင်တယ်... ဟောက်နန်ကော ပြောပြတာတွေက တကယ်ပျော်စရာကောင်းမဲ့ပုံပဲ”

“ဒါဆိုလည်း သွားပျော်လိုက်ပါ”

ပိုင်မူနင်က နှုတ်ခမ်းစူလိုက်သည်။
 “ဒါပေမဲ့ ခင်ဗျားကမှ မလိုက်ချင်တာ”

“ကိုယ်လည်း လိုက်မယ်”

“တကယ်လား”

“တကယ်”

ဝမ်ကျင်း၏ စကားများကို ကြားလိုက်ရပြီးနောက် ပိုင်မူနင်မှာ အလွန် ပျော်ရွှင်သွားပြီး အနှီသူအား လက်နှစ်ဖက်ဖြင့် ဆွဲဖက်လိုက်မိချေ၏။ 

“ဒေါက်တာဝမ်  á€á€„်ဗဝဏးက ကျွန်တော်နဲ့ လိုက်ပေးမယ်ဆိုတော့ အရမ်းပျော်တယ်... ကျွန်တော် တကယ်ကို အရမ်းအရမ်းပျော်တာ”

ပိုင်မူနင်က ဤသို့သော အခိုက်အတန့်မျိုးတွင်  á€á€…á€şá€á€Żá€á€Żá€œá€Żá€•á€şá€žá€„á€ˇá€şá€žá€œá€­á€Ż ခံစားလိုက်ရသည်။

သူက ဝမ်ကျင်း၏ ပါးကို နောက်တစ်ကြိမ် ခိုးနမ်းရန် စီစဉ်လိုက်သည်။ နှုတ်ခမ်းစူရင်း ရှေ့သို့ ကိုင်းလိုက်သော်လည်း ဝမ်ကျင်းကမူ ကြိုတင် သိနေသည့်အလား ပိုင်မူနင်၏ နှုတ်ခမ်းများကို သူ၏ လက်ဖြင့် ပိတ်လိုက်ကာ ဟန်ဆောင်ကာ ဆူပူလိုက်သည်။

“ကိုယ့်ကို အသားလာမယူနဲ့... ကျောင်းသားရှောင်နင်... ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားပါ”

“...?”

ပိုင်မူနင်က စိတ်ပျက်လက်ပျက်ဖြင့်သာ  á€™á€ťá€€á€şá€™á€žá€ąá€Źá€„á€şá€€á€źá€Żá€á€şá€œá€­á€Żá€€á€şá€žá€Šá€şá‹ 

ဒေါက်တာဝမ်က ငါ့ကို ထပ်မနမ်းခိုင်းတော့ရင် ငါ ဘာလုပ်ရမှာလဲ...


💊💊💊💊 Chapter 33
နောက်ဆုံးတော့ မြင်လိုက်ရပြီ


“ကျွန်တော် ဘာတွေပြင်ဆင်ဖို့ လိုမလဲ... ပစ္စည်းတွေ ထုပ်ပိုးသင့်ပြီလား”

“တောင်တက်ဖိနပ်တစ်ရံလောက် ဝယ်ဖို့များ လိုမလား... အွန်လိုင်းကနေ မှာရင်တော့ အချိန်မီ ရောက်မှာမဟုတ်ဘူး... ဆိုင်မှာပဲ သွားဝယ်ရတော့မယ်”

ပိုင်မူနင်မှာ စိတ်လှုပ်ရှားလွန်း၍ ခေါင်းပင်မူးလာကာ တစ်ယောက်တည်း တတွတ်တွတ်ရွတ်ကာ စကားပြောနေ၏။ သူက ဝမ်ကျင်းကိုပင် လုံးဝ လျစ်လျူရှုထားပြီး ထိုနေ့ နေ့လည်က သူပြခဲ့သည့် သစ္စာရှိမှုအား လုံးလုံး မေ့လျော့သွားတော့သည်။

သူက ဝမ်ကျင်း၏ အကြည့်ကို လျင်မြန်စွာပင် သတိပြုမိလိုက်သည်။ ထို့ကြောင့် ရှက်ပြုံး ပြုံးကာဖြင့် နှုတ်ဆက်လိုက်သည်။
“နှုတ်ဆက်ပါတယ် ဒေါက်တာဝမ်... ကျွန်တော် ဝင်တော့မယ်”

သူ လှေကားပေါ်သို့ တက်ရာတွင်ပင် ခြေလှမ်းတို့က မြောက်ကြွကြွနိုင်လျက်ရှိသည်။ ဝမ်ကျင်းသာ သူ့ကို ဆက်ကြည့်မနေလျှင် ယခုအချိန်၌ ဖုံးဖိမရအောင် ဝမ်းသာလွန်း၍  á€•á€ťá€śá€•á€„á€şá€•á€ťá€śá€‘á€˝á€€á€şá€žá€˝á€Źá€¸á€™á€­á€œá€­á€™á€şá€ˇá€™á€Šá€şá€‘á€„á€şáá‹

ဝမ်ကျင်းနဲ့အတူ ခရီးထွက်ရတော့မယ်...ဒီလိုဆိုမှတော့ ငါ ဘယ်လိုလုပ် မပျော်ဘဲ နေနိုင်ပါ့မလဲ...

သူ အဆောင်အဆောက်အဦးထဲ လှမ်းဝင်လိုက်သည်နှင့် အဆောင်မှူးအဒေါ်ကြီးက ဘေးမှ လှမ်းအော်လိုက်သည်။
“ဧည့်သည်တွေက စာရင်းပေးဖို့ လိုတယ်”

ပိုင်မူနင် အံ့သြသွားသည်။
ငါ ဘယ်တုန်းက ဧည့်သည် ဖြစ်သွားတာလဲ...

သူ လှည့်ကြည့်လိုက်ရာ ဝမ်ကျင်းက အဆောင်မှူးအဒေါ်ကြီးထံ လက်မှတ်ထိုးရန် လျှောက်သွားသည်ကို တွေ့လိုက်ရသည်။

ပိုင်မူနင်က သူ့နောက်ကို တိတ်တဆိတ် လိုက်သွားပြီး ဘာမှမပြောဘဲ ဝမ်ကျင်း စာရေး‌နေသည်ကိုသာ ကြည့်နေမိသည်။

စာရင်းပေးသည့်ဖောင်ထက်ရှိ ‘ဆက်ဆံရေး’ ဟု အညွှန်းတပ်ထားသော နေရာတွင် ဝမ်ကျင်းက ‘ကောကော’  á€Ÿá€°á€žá€ąá€Ź စကားလုံးကို ရေးလိုက်သည်။

ပိုင်မူနင်မှာ သူ့ကို စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်နေမိပြီး ‘ကောကော’ ဟူသော စကားလုံးထံမှဖိအားကို တိတ်တဆိတ် အကဲဖြတ်နေမိသည်။

စာရင်းသွင်းပြီးနောက် သူတို့အတူ အပေါ်ထပ်သို့ တက်သွားလိုက်ကြသည်။ ထိုအခါမှသာ ပိုင်မူနင်ခမျာ သူ့ရင်ထဲရှိ မေးခွန်းကို ထုတ်‌မေးရတော့၏။
 “ဒေါက်တာဝမ်... ခင်ဗျား ဒီည ကျွန်တော့်အဆောင်မှာ နေမှာလား”

ဝမ်ကျင်းက လီအန်းချီနှင့် သူဖုန်းပြောနေသည်အား ကြားသွားခဲ့၍ သူတစ်ယောက်တည်း မအိပ်ရဲကြောင်းကိုလည်း ကြားသွားပေလိမ့်မည်။

ထိုသူက သူ့အတွက် နှစ်သစ်ကူးည အစီအစဉ်များကို လိုလိုလားလား ပြောင်းလဲပေးခဲ့ရာ သူ့အတွက် အဆောင်တွင် အတူနေပေးရန် ရွေးချယ်လျှင်လည်း အံ့သြစရာတော့မရှိချေ။

ဝမ်ကျင်းက လှေကားထစ်ပေါ် တက်လိုက်သည်။ သူက အပေါ်စီးမှ‌နေ၍ ပိုင်မူနင်ကို ငုံ့ကြည့်လိုက်ပြီး ပြောသည်။
 “ဧည့်သည်စာရင်းသွင်းတာက တစ်နာရီပဲ ရတယ်...  á€€á€­á€Żá€šá€ş နောက်ကျ ပြန်ရမှာ”

“တစ်နာရီလား တစ်နာရီအတွင်း ဘာများ လုပ်နိုင်မှာလဲ...” 

ပိုင်မူနင် ဆိုလိုသည်မှာ သူ အိပ်မပျော်‌မီမှာပင် ဝမ်ကျင်းက သူ့ကို ယနေ့ညတွင် တစ်ယောက်တည်း ထားခဲ့ရမည်သာ။

ဒီတော့ ဝမ်ကျင်း လိုက်လာတာက ဘာအဓိပ္ပာယ် ရှိလို့လဲ... ငါ့ကို တခြားတစ်နေရာမှာ ညအိပ်ခွင့် ပေးလိုက်တာကမှ ပိုကောင်းဦးမယ်...

“မင်းက တခြား ဘာလုပ်ချင်လို့လဲ” 
ဝမ်ကျင်း၏  á€”သုတ်ခမ်းတိုအမသဏ ကော့တက်သွားလျက် အပြုံးတစ်ခုအားလှစ်ဟပြလာသည်။
 “အခုတော့ မင်းစိတ်ထိန်းပါဦး... ပြီးမှ ကိုယ့်ကို ဆွဲဆောင်(လိုက်ပိုးပန်း)တာနဲ့ပတ်သက်ပြီး ဆက်ပြောကြတာပေါ့”

“…?”

ဝမ်ကျင်း တစ်ခုခုကို နားလည်မှုလွဲနေတာလား...

ပိုင်မူနင်မှာ သူ့ကို နှာဘူးလေးတစ်ယောက်ပမာ လာဆက်ဆံနေသလို ခံစားလိုက်ရသည်။ 
ငါက အချိန်ပြည့် အခွင့်အရေးယူဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူးနော်...

သူတို့ အဆောင်ခန်းတံခါးသို့ ရောက်သည်နှင့် ပိုင်မူနင်က သူ၏ သော့ကို ထုတ်ကာ ဖွင့်ပြီးနောက် ချက်ချင်း ပြန်ပိတ်လိုက်သည်။
“ဒေါက်တာဝမ်... ကျွန်တော့်ကို အချိန် ငါးမိနစ်လောက်ပေးနော်... ဒီမှာ ခဏ စောင့်ပေးပါဦး... ကျွန်တော် သန့်ရှင်းရေး အမြန်လုပ်လိုက်ဦးမယ်”

ထို့နောက် သူက ဝမ်ကျင်း၏အဖြေကိုပင် မစောင့်တော့ဘဲ အတွင်းထဲသို့ လျှောဝင်ကာ  á€á€śá€á€Ťá€¸á€•á€­á€á€şá€œá€­á€Żá€€á€şá€žá€Šá€şá‹

အဆောင်က  á€Šá€…á€şá€•á€á€şá€”á€ąá လုံးဝမဟုတ်ဘဲ အလွန် ရှုပ်ပွနေခြင်းသာ။

စားကြွင်းစားကျန် ခေါက်ဆွဲခြောက်ပန်းကန်ကို မပစ်ရသေးသလို သူ၏ ခြေအိတ်များနှင့် အတွင်းခံအဝတ်အစားများမှာလည်း ပြတင်းပေါက်နားတွင် ချိတ်ဆွဲထားဆဲဖြစ်ပြီး စာကြည့်စားပွဲမှာလည်း ကြည့်လိုက်သည်နှင့် နာကျင်ရလောက်အောင် ဖရိုဖရဲ ဖြစ်နေသည်။

ခဏတာ သန့်ရှင်းရေးလုပ်ပြီးနောက် ပိုင်မူနင်မှာ ချွေးတလုံးလုံးဖြင့်ပင် ဝမ်ကျင်းအတွက် တံခါးဖွင့်ပေးရန် သွားလိုက်သည်။
“ဒေါက်တာဝမ် ပြီးပြီ... ဝင်လို့ရပါပြီ”

ဝမ်ကျင်းက အတွင်းသို့ ဝင်လာပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ 
“ဒီမှာ လူနှစ်ယောက်တည်း နေတာလား”

“ဟုတ်တယ် တခြားနှစ်ယောက်က ကျောင်းပြင်မှာ အခန်းငှားပြီးလို့ ပြောင်းသွားကြတာလေ... ဒါကြောင့် ကျွန်တော်နဲ့ လီအန်းချီပဲ ရှိတယ်... သူက ပျော်ပါးဖို့ အပြင်သွားပြီ...”

ပိုင်မူနင်မှာ ဝမ်ကျင်းအတွက် ရေတစ်ခွက် ငှဲ့ပေးချင်သော်လည်း ရေဘူးက ဗလာဖြစ်နေပြီး ရေနွေးဘူးသည်လည်း ခြောက်နေသည်ကို တွေ့လိုက်ရသည်။

သူ လုပ်နိုင်သည်မှာ ထိုနေရာတွင် အဆင်မပြေစွာ ရပ်နေပြီး ပြောလိုက်ခြင်းသာ။
 “ရေက သောက်လို့မရဘူး... ခဏလောက် ထိုင်လိုက်ပါလား”

“မထိုင်တော့ဘူး... ပစ္စည်းတွေ သိမ်းတော့”

“ဘာလို့ သိမ်းရမှာလဲ”

“မင်းရဲ့ ခရီးဆောင်အိတ်.. မင်း ငါ့အိမ်ကို လာနေရမယ်”

“အာ... အာ... အာ... အယ်…”

ဝမ်ကျင်းက ငါ့ကို ထုပ်ပိုးခိုင်းပြီး သူ့အိမ်ခေါ်သွားချင်တာလား...

-----

ဝမ်ကျင်း၏ နေအိမ်မှာ ညဘက် မြို့ပြ ရှုခင်းအား ကောင်းကောင်းခံစားနိုင်သည့် အိပ်ခန်း နှစ်ခန်းပါ အထပ်မြင့်တိုက်ခန်းဖြစ်သည်။

အတွင်းပိုင်း အပြင်အဆင်မှာ ရိုးရှင်းသော်လည်း အငွေ့အသက်မှာမူ သန့်ရှင်းကာသိမ်မွေ့၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ဈေးကြီးသည်မှာ ထင်ရှားသည်။

ပိုင်မူနင်ကို ဧည့်သည်ခန်း၌ နေရာချပေးသည်။ ဧည့်သည်ခန်းရှိ အိပ်ရာမှာ မယုံနိုင်လောက်အောင် သက်သောင့်သက်သာရှိပုံရပြီး သူ မြင်ဖူးသမျှထဲတွင် အကောင်းဆုံး အိပ်ရာပင်။ သူက လှဲလျောင်းလျက် မလူးလှိမ့်ကြည့်မိဘဲ မနေနိုင်တော့ပေ။

မွေ့ရာမှာ နူးညံ့ပြီး စောင်ကလည်း ပွယောင်းယောင်းဖြင့်ပင်။ အရာရာတိုင်းက အလွန် သက်သောင့်သက်သာရှိပြီး လေထုထဲတွင် မွှေးရနံ့ခပ်သင်းသင်းက ဝဲလွင့်ကာနေသည်။

ဝမ်ကျင်းရဲ့ မွေ့ရာက ဘာတံဆိပ်များလဲ... 
ငါ ပိုက်ဆံရှိတဲ့အခါ ငါ့ကိုယ်ပိုင်နေရာ ဝယ်ပြီးတာနဲ့ ဒါမျိုးကို သေချာပေါက် ဝယ်ရမယ်...

ရေချိုးကာ သူ၏ညဝတ်ကိုလဲပြီးနောက် ပိုင်မူနင် အိပ်ရာပေါ် လှဲချလိုက်သည်။ သူ ချက်ချင်း အိပ်ပျော်သွားလိမ့်မည်ဟု ယုံကြည်ထားခဲ့သော်လည်း အလွန်စိတ်လှုပ်ရှားနေသောကြောင့်  á€™á€ťá€€á€şá€œá€Żá€śá€¸á€™á€ťá€Źá€¸á€™á€žá€Ź လုံးဝပြူးကျယ်နေခဲ့သည်။

အခြားရွေးချယ်စရာ မရှိတော့သဖြင့် သူက ဝမ်ကျင်းကို Wechatမှ စာပို့ကာ အိပ်နေပြီလားဟု မေးလိုက်သည်။

ဝမ်ကျင်းက အချိန်မဆိုင်းဘဲ ပြန်ဖြေလာပြီး 'ဘာဖြစ်လို့လဲ'ဟု မေးလာ၏။

[ပိုင်မူနင်: ဒေါက်တာဝမ် ကျွန်တော် အိပ်မရဘူး... ခင်ဗျားဆီလာပြီး စကားပြောလို့ရလား]

[ဝမ်ကျင်း: မရဘူး]

[ပိုင်မူနင်: ဒါဆိုလည်း ထားလိုက်ပါတော့]

အေးတိအေးစက်နဲ့ နှလုံးသားမရှိတဲ့လူ...
ပိုင်မူနင်က စိတ်ထဲမှနေ၍ ရေရွတ်လိုက်ပြီး လူးလှိမ့်ရင်း အိပ်ချင်လာအောင် အတင်းအကျပ် လုပ်ယူလိုက်သည်။

သူ တကယ်ကို အိပ်မရပေ။ ယင်းက ပတ်ဝန်းကျင် အပြောင်းအလဲကြောင့်သာမက ခရီးထွက်ရတော့မည်ဖြစ်၍ စိတ်လှုပ်ရှားနေကြောင့်လည်းပါသည်။

မကြာမီမှာပင် သူ၏ ဖုန်းက ထပ်မံ မြည်လာသည်။  á€•ိုင်မူနင်က စောင်အောက်ထဲမှနေ၍ မက်ဆေ့ချ်ကို ဖွင့်ကြည့်လိုက်သည်။

[ဝမ်ကျင်း: အတူတူ တီဗီကြည့်မလား]

[ပိုင်မူနင်: ကြည့်မယ်]

ပိုင်မူနင်က စိတ်လှုပ်ရှားစွာဖြင့် အိပ်ရာထဲမှ ခုန်ထွက်လိုက်သည်။ ဖိနပ်ပင်မစီးတော့ဘဲ ခြေဗလာဖြင့် ဧည့်ခန်းသို့ ပြေးလာကာ ဝမ်ကျင်းကို စောင့်နေလိုက်သည်။

ဝမ်ကျင်းက မီးခိုးရောင် ပိုးသားညအိပ်ဝတ်စုံဖြင့် ထွက်လာသည်။ ထိုသူက ငယ်ရွယ်နုပျိုသည့် တော်ဝင်အမျိုးအနွယ်တစ်ဦးနှင့် အလွန်တူနေပြီး နေ‌ရောင်အောက်ရှိ ကျောက်စိမ်းကဲ့သို့ပင် ကျက်သရေရှိကာ သန့်စင်‌နေ၏။ သူ၏ အသွင်အပြင်က သစ်ခွပန်းပမာ လှပနေသည်။ ဤသည်မှာ ပိုင်မူနင်တွေးနိုင်သည် အသင့်တော်ဆုံးနှင့် အလှပဆုံး စကားလုံးများပင်။

တကယ်တမ်းတွင် အိမ်တွင်ရှိနေချိန်၌ ဝမ်ကျင်းမှာ တကယ်ကို ပေါင်းသင်းရလွယ်သည်။ သူ့ကို မြင်ရုံဖြင့် သက်တောင့်သက်သာဖြစ်ကာ လက်တွေ့ဆန်ပြီး ဟန်ဆောင်မှုကင်းသလို ခံစားရ၏။

“ဒေါက်တာဝမ် ကျွန်တော်တို့ ဘာကြည့်ကြမလဲ” 

ပိုင်မူနင်က တီဗီကို ဖွင့်ပြီး ရုပ်ရှင်တစ်ကားရှာကြည့်ရန် စဉ်းစားသော်လည်း  á€Ąá€á€­á€Ąá€€á€ťá€˜á€Źá€€á€źá€Šá€ˇá€şá€›á€™á€Šá€şá€€á€­á€Ż မသိသောကြောင့် ဝမ်ကျင်းကို မေးလိုက်သည်။

ဝမ်ကျင်းက ရေခဲရည်လောင်းချလိုက်သလို စကားလုံးအချို့အား ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ရာ ပိုင်မူနင် ချက်ချင်း အားလျော့သွားရသည်။

“တရုတ်တိုင်းရင်းဆေးပညာ မှတ်တမ်းရုပ်ရှင်... ဒါက မင်း တရုတ်ရိုးရာ ဆေးပညာကို နားလည်ဖို့နဲ့ လေ့လာရာမှာ အထောက်အကူ ဖြစ်လိမ့်မယ်”

“…?”

ဒေါက်တာဝမ်ရဲ့ လက်ချာအသေးစားလေးက  á€˜á€Źá€œá€­á€Żá€ˇ စလာပြန်ရတာလဲ...

ဝမ်ကျင်းက အချစ်ဇာတ်လမ်းတွေနဲ့ ဓာတ်မတည့်တာများလား...   ရုပ်ရှင်ကြည့်တာက စိတ်ခံစားချက် ဖန်တီးဖို့ ဖြစ်သင့်တာ... မှတ်တမ်းရုပ်ရှင်ကြည့်တာက ဘာအဓိပ္ပာယ် ရှိမှာလဲ...

ညီအစ်ကိုတွေကြားက နှောင်ကြိုးလား...

ပျင်းစရာကောင်းမှန်း သိသော်ငြား ပိုင်မူနင်က ပြုံးလျက်  á€–ဝစ်ညသစ်ကဏ ပြောလိုက်သည်။
 “ဟုတ် ကျွန်တော် ကြိုက်ပါတယ်... စာလေ့လာရတာကို သဘောကျတယ်”

သူတို့နှစ်ဦး ဆိုဖာပေါ်တွင် အတူထိုင်ပြီး တရုတ်တိုင်းရင်းဆေးပညာဆိုင်ရာ မှတ်တမ်းရုပ်ရှင်ကို ကြည့်နေကြသည်။

မှတ်တမ်းရုပ်ရှင်မှာ တရုတ်ရိုးရာ ဆေးပညာ၏ ဇာစ်မြစ်နှင့် ဖွံ့ဖြိုးတိုးတက်လာပုံအကြောင်းကို  á€•ဟ္ဏပဟန္သည်။ သမိုင်းစာအုပ် ဖတ်နေရသည့်အတိုင်းပင်။ ပိုင်မူနင်မှာ သူ၏ အထက်တန်းကျောင်းကာလကို ချက်ချင်း သတိရသွားသည်။

သူတို့ကြားတွင် တစ်မီတာခန့်မျှသော နေရာ လွတ်နေ၏။ ထိုမျှလောက်သော အကွာအဝေးမှာ ကလူ၏မြူ၏ပြုရန် မဖြစ်နိုင်ရာ ပိုင်မူနင်က အနည်းငယ် တိုးကပ်လိုက်သည်။

သူတို့ကြားရှိ နေရာလွတ်က လက်သီးဆုပ် တစ်လုံးစာမျှသာ ကျန်တော့မှ သူရပ်လိုက်သည်။

ဒေါက်တာဝမ်က အကြောင်းအရာများကို ထပ်မံ ရှင်းပြတော့သည်။ သို့သော် သူ၏ ကျောင်းသားလေးကမူ စိတ်ကူးယဉ်နေပြီး ဘာတစ်ခုမှ စိတ်ထဲ မရောက်ပေ။ ဘယ်ဘက်နားက ဝင်ကာ ညာဘက်နားမှ တန်းနေအောင် ထွက်သွားပြီး ကြားထဲရှိ ဦးနှောက်ကို လုံးဝထိတွေ့မသွားခဲ့။

မကြာမီမှာပင် ပိုင်မူနင်တစ်ယောက်မှာ အိပ်ချင်စိတ်က သူ့စိတ်ကိုဖုံးလွှမ်းလာသလို ခံစားလိုက်ရသည်။ သူ ကြာကြာ ထိန်းမထားနိုင်တော့ပေ။

ထိုသို့သော အရာမျိုးက တကယ်ပင် အိပ်မွေ့ချသလို ဖြစ်နေသည်။ မကြာမီကပင် သူ့ မျက်လုံးများ ကြောင်နေသော်လည်း ယခုမူ သူ့ မျက်ခွံများကို ခက်ခက်ခဲခဲဖွင့်ထားရ၏။

ပိုင်မူနင်က မျက်လုံးဖွင့်ထားရန် ခက်ခက်ခဲခဲ ကြိုးစားနေသည့်တိုင် နောက်ဆုံးတွင် သူကိုယ်တိုင်ပင် မသိလိုက်ပါဘဲ ဝမ်ကျင်း၏ ပခုံးထက်မှီလျက် အိပ်ပျော်သွားရသည်။

နောက်တစ်နေ့ မနက်တွင် ပိုင်မူနင်က အိပ်ရာထက်၌ နိုးလာသည်။ သူ ထထိုင်လိုက်ပြီးနောက် ညကဖြစ်ပျက်ခဲ့သမျှကို ပြန်မှတ်မိရန် ကြိုးစားလိုက်သည်။ နောက်ဆုံးတွင် ဝမ်ကျင်း သူ့ကို ပြန်သယ်လာပေးသည်ဟုသာ ကောက်ချက်ချလိုက်သည်။

သူ အိပ်ပျော်သွားခဲ့ကြောင်းကို မှတ်မိသည့်တိုင် အိပ်ခန်းထဲ ပြန်ရောက်ခဲ့သည့် မှတ်ဉာဏ်မှာမူ ရှိမနေချေ။ ထို့ကြောင့် ဝမ်ကျင်းသာ ဖြစ်လိမ့်မည်။

ပိုင်မူနင် စောင်ကို ပွေ့ဖက်ရင်း တစ်ခဏမျှ ပြန်လှဲချလိုက်သည်။ အရာရာတိုင်းက  á€Ąá€á€ąá€Źá€şá€œá€ąá€¸á€á€ťá€ąá€Źá€á€ťá€ąá€Źá€™á€˝á€ąá€ˇá€™á€˝á€ąá€ˇ တိုးတက်နေသလို ခံစားရသည်။

သူ မီးဖိုချောင်မှ အသံများ ကြားနေရသည်။  á€™á€Žá€¸á€á€­á€Żá€¸á€…ုပ်စက် လည်ပတ်နေခြင်း ဖြစ်နိုင်၏။ ပိုင်မူနင်က ဖိနပ်စီးလိုက်ကာ အခန်းထဲမှ ထွက်ပြီး သူ့ကို နှုတ်ဆက်လိုက်သည်။

“မင်္ဂလာနံနက်ခင်းပါ ဒေါက်တာဝမ် ...”

ဆန်ပြုတ်နံ့က မီးဖိုချောင်မှ သင်းပျံ့စွာ လွင့်ပျံလာသည်။ ပိုင်မူနင် လေကို ရှူရှိုက်လိုက်သည်။ သူ၏ ဗိုက်က အသံပေးနေပေပြီ။

“ကောင်းကောင်း အိပ်ပျော်ရဲ့လား”

“အရမ်းကောင်းတယ်”

ဝမ်ကျင်းက သူ့ကို လှည့်ကြည့်လာပြီး ပြောလိုက်သည်။
 “သွားကိုယ်လက်သန့်စင်ပြီးရင် စားတော့”

ပိုင်မူနင်က ကိုယ်ကိုကိုင်းလျက် ချောင်းကြည့်လိုက်ပြီးနောက်  á€žá€˝á€Źá€¸á€á€­á€Żá€€á€şá€™á€ťá€€á€şá€”သဏသစ်ရန်  á€›á€ąá€á€ťá€­á€Żá€¸á€á€”်းသိုအ ပေါ့ပေါ့ပါးပါးဦးတည်လိုက်သည်။

ပထမတွင် ဝမ်ကျင်းတစ်ယောက် ချက်ပြုတ်တတ်ကြောင်း ကြားလိုက်ရချိန်၌ ပိုင်မူနင်က သက်သက်စနောက်နေခြင်းဟုသာ ထင်ခဲ့သည်။ ဝမ်ကျင်းမှာ ချက်ပြုတ်တတ်ရုံလေးသာ ဟုတ်မနေဘဲ  á€á€€á€šá€şá€á€™á€şá€¸áŒ ကောင်းကောင်းချက်ပြုတ်တတ်လိမ့်မည်ဟူ၍ သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။

နောင်တစ်ချိန်တွင် သူနှင့် လက်ထပ်မည့်လူက တော်ဝင်အမျိုးအနွယ်ပမာ နေထိုင်ရလိမ့်မည်။

ကိုယ်လက်သန့်စင်ပြီးနောက် ပိုင်မူနင်က အကူအညီပေးရန်အလို့ငှာ မီးဖိုချောင်သို့သွားလိုက်သော်လည်း ဝမ်ကျင်းက သူ့ကိုထားခဲ့ရန်သာ ပြောလာ၏။ အကူအညီ မလိုအပ်ပေ။

မကြာလိုက်ဘဲ ဆယ်မိနစ်မျှကျော်သွားသည့်အခါ သူတို့နှစ်ဦးသား အတူတကွ မျက်နှာချင်းဆိုင် ထိုင်လျက် မနက်စာ စတင်စားသုံးကြသည်။

ဝမ်ကျင်းက ပင်လယ်စာ ဆန်ပြုတ်ကို ပြုလုပ်ခဲ့ခြင်းပင်။ ပိုင်မူနင်သိသည့် တစ်ခုတည်းသော ပါဝင်ပစ္စည်းမှာ ကနုကမာပင်။ ကျန်အရာများကို  á€žá€° လုံးဝမသိသော်လည်း အရသာရှိလွန်း၍  á€”သစ်ပန်းကန် စားလိုက်၏။

ဝမ်ကျင်းကမူ အနည်းငယ်သာ စားသည်။ ဝမ်ကျင်းတစ်ယောက်  á€á€–ဟည်းဖဟည်းနသငအ် ကျက်သရေရှိစွာ စားနေသည်ကိုကြည့်ရင်း ပိုင်မူနင်မှာ ရုတ်တရက် သူက ငတ်မွတ်နေသော သရဲတစ်ကောင်ပမာ ခံစားလိုက်ရသည်။

ဒီလိုဆိုရင် မဖြစ်ဘူး... ငါ အခုကစ ပိုပြီး ယဉ်ကျေးသိမ်မွေ့အောင် သင်ယူမှရတော့မယ်...

မနက်စာစားပြီးနောက် ဝမ်ကျင်းက နေ့စဉ်သုံး ပစ္စည်းများနှင့် သူတို့ လိုအပ်မည့် အဝတ်အစားအချို့ ဝယ်ရန် ကုန်တိုက်သို့သွားရန် လောဆော်လာ၏။

ပိုင်မူနင်က ဝမ်ကျင်းနှင့် အပြင်ထွက်မည့်အကြောင်း ချန်ဟောက်နန်ထံ စာပို့လိုက်သည်။ ချန်ဟောက်နန်က ဝယ်ယူရမည့် ပစ္စည်းများ၏ ဈေးဝယ်စာရင်းကို ပြန်ပို့ပေးခဲ့သည်။

တောင်တက်ဖိနပ်၊ ရေပူစမ်းအတွက် ရေကူးဘောင်းဘီတိုနှင့် အခြားအရာများမှာ ကြိုတင်ဝယ်ယူရန် လိုအပ်သည်။

သူတို့နှစ်ဦးလုံး အားလပ်ရက်ရထားသောကြောင့် ဈေးဝယ်ရန် အချိန်ကောင်းပင်။ ဖြစ်နိုင်လျှင် ရုပ်ရှင်ကြည့်ပြီး အနည်းငယ် နောက်ကျမှ ပြန်လာ‌၍ရသည်။

သူတို့က ရိုးရိုးစုံတွဲများ လုပ်လေ့ရှိသည့် အရာမျိုးကို လုပ်နိုင်ကြသည်ပင်။

မနက်ခင်းအချိန် ဆယ်နာရီကျော်ခန့်တွင် ဝမ်ကျင်းက ပိုင်မူနင်ကို ကုန်တိုက်၏ မြေအောက်ကားပါကင်သို့ ကားမောင်းလျက် ပို့ပေးသည်။

ကားထဲမှ ထွက်ပြီးနောက် သူတို့အတူ တောင်တက်ပစ္စည်းဆိုင်သို့ ဓာတ်လှေကားဖြင့် တက်လာကာ တောင်တက်ကိရိယာများ ဝယ်ယူလိုက်ကြသည်။

လေဖောင်းအင်္ကျီ၊ တောင်တက်ဖိနပ်၊ ကျောပိုးအိတ် အစရှိသဖြင့် ဝမ်ကျင်းက အားလုံးကို ဂရုတစိုက် ရွေးချယ်ခဲ့ပြီး ပိုင်မူနင်အတွက် ဝတ်စုံများကိုပင် တွဲဖက်ပေးကာ သူ့ကို အစမ်းဝတ်ခိုင်းလာသည်။

နောက်ဆုံးတွင် သူတို့က ကိုယ်စီကိုယ်ငှ အစုံလိုက်စီ ဝယ်ယူပြီး ဆိုင်မှ ထွက်လာကြသည်။

ဝမ်ကျင်းက ငွေရှင်းပေးခြင်းပင်။ သူက ပိုင်မူနင်ကို ကျသင့်ငွေဖြတ်ပိုင်းအား ထိခွင့်မပြုပေ။

ပိုင်မူနင် မတတ်နိုင်၍လည်း  á€–ဟစ်နိုင်သည်။ ပစ္စည်းနှစ်စုံ၏ စျေးနှုန်းမှာ သူ၏ နှစ်လစာခန့် ရှိသည်။ ဤခရီးစဉ်တစ်ခုလုံးအတွက် သူ၏ ဘတ်ဂျက်မှာ ယွမ်တစ်ထောင်သာ ရှိ၏။ သူ့ခမျာ ချမ်းသာချင်ယောင်ပင် မဆောင်နိုင်ပေ။

ထို့ကြောင့် ပိုင်မူနင်က ရေကူးဝတ်စုံအတွက် သူငွေရှင်းရန် ဆုံးဖြတ်လိုက်သည်။ 

ဘောင်းဘီတို တစ်ထည်တည်းက ဘယ်လောက်များ ဈေးကြီးနေမှာလဲ…

ယွမ်တစ်ထောင်ဖြင့် သေချာပေါက် လုံလောက်သင့်သည်။

ရေကူးဝတ်စုံဆိုင်အတွင်းသို့ ရောက်သောအခါ ပိုင်မူနင် စျေးနှုန်းကို ဦးစွာတစ်ချက်ကြည့်လိုက်သည်။ ဈေးကြီးနေသေးသော်လည်း သူ၏ ဘတ်ဂျက်အတွင်း ရှိနေသောကြောင့် သူကပင် လက်ဦးမှုရယူကာ ဝမ်ကျင်းအတွက် သင့်လျော်သော ရေကူးဘောင်းဘီတိုတစ်ထည်ကို စတင် ရွေးချယ်လိုက်သည်။

ဆိုင်တွင်  á€šá€ąá€Źá€€á€şá€ťá€Źá€¸á€á€á€ş ကိုယ်ကျပ်အားကစား ဘောင်းဘီတိုများကို အဓိက ပြသထားသည်။ ပိုင်မူနင်က သိပ်ပြီး ဂရုမစိုက်ပေ။ သူက အရောင်းဝန်ထမ်း၏ အကြံပြုချက်ကို လက်ခံလိုက်ပြီး ဝမ်ကျင်းနှင့် သင့်တော်မည့် အရွယ်အစားကို ယူကာ  á€…á€™á€şá€¸á€á€á€şá€”á€­á€Żá€„á€şá€›á€”á€şá€Ąá€œá€­á€Żá€ˇá€„á€žá€Ź သူ့ကို ပေးလိုက်သည်။

ရေကူးဝတ်စုံမှာ အရွယ်အစား အတိုးအလျှော့ လုပ်၍ရသည့် အခြား အဝတ်အစားများနှင့်မတူပေ။ 

အလွန်ချောင်နေလျှင် ကျွတ်ကျသွားနိုင်ပြီး ထိုသို့ဖြစ်လာလျှင် လူအများရှေ့ မျက်နှာပျက်စရာ ဖြစ်ပေလိမ့်မည်။

“သေချာရဲ့လား” 
ဝမ်ကျင်းက ဘောင်းဘီတိုကို မြှောက်ကာ တုံ့ဆိုင်းဆိုင်းဆိုလာသည်။  á€žá€° မည်သည်အား စိုးရိမ်နေသည်ကို နားမလည်ပေ။

ပိုင်မူနင်မှာ သူက ဇီဇာကြောင်နေပြန်ပြီဟု တွေးလိုက်မိ‌ချေ၏။

ငါတို့နှစ်ယောက်စလုံးက ယောက်ျားလေးတွေပဲ... ဘာကို ရှက်နေရတာလဲ...

“မြန်မြန် စမ်းဝတ်ကြည့်ပါ... ခင်ဗျား ဝတ်ထားရင် ဘယ်လိုနေမလဲဆိုတာ ကျွန်တော်ကြည့်ချင်တယ်...”

ဝမ်ကျင်းက တုံ့ဆိုင်းစွာဖြင့်ပင် အဝတ်လဲခန်းထဲသို့ ဝင်သွားသည်။ သို့တိုင် မိနစ်အနည်းငယ်ကြာပြီးသည်အထိ ထိုသူမှာ ထွက်မလာခဲ့ပေ။ ထိုအစား သူက ပိုင်မူနင်ကို ခေါ်လိုက်သည်။

ပိုင်မူနင် အတွင်းသို့ ဝင်လိုက်သည်။ ဝမ်ကျင်းက သက်ပြင်းချပြီး ပြောလာသည်။
 “မင်း ကြည့်ချင်တာမလား... ဒါဖြင့်ရင် ကြည့်တော့”

ပိုင်မူနင်၏ အကြည့်က အနှီသူ၏ ဖြူဖျော့ဖျော့ညှပ်ရိုးထက် ကျရောက်၍သွားပြီးနောက် တဖြည်းဖြည်း အောက်သို့ ရွေ့လျားသွားသည်။

သံသယဖြစ်စရာမလိုအောင်ပင် ဝမ်ကျင်းတွင် မယုံနိုင်စရာ ခန္ဓာကိုယ်ရှိသည်။ ထိုသူ၏ ကြွက်သားလိုင်းများမှာ ချောမွေ့နေလျက် သေချာစွာ ထုဆစ်ထားသည့်အတိုင်း မာကျောသည်။ ခန္ဓာကိုယ်အား သေချာလေ့ကျင့်ထားသူများကဲ့သို့ ကြီးမားနေခြင်းမရှိသော်လည်း မျက်စိပသာဒ ဖြစ်ရသည်အထိ ကောင်းမွန်နေဆဲပင်။

ပိုင်မူနင်က လက်လှမ်းပြီး သူ၏ ရင်ဘတ်ကို ထိုးလိုက်သည်။

 “ဒေါက်တာဝမ်၊ ခင်ဗျားမှာ အံ့သြစရာကောင်းတဲ့ ခန္ဓာကိုယ်ရှိတာပဲ... လူတွေ သွားရည်ကျရလောက်အောင် မနာလိုဖြစ်ချင်စရာကြီး... အဲဒီ ရင်အုပ်ကြွက်သားတွေနဲ့ ခါးကလည်း ပါးလှပ်လှပ်လေး...  á€•ဟဎးတ္ဏအ အဲဒီ 8 packနဲ့ ဝမ်းဗိုက်သားတွေကိုလည်း ကြည့်ဦး... လုံးဝကို ပြီးပြည့်စုံ‌နေရော”

သူ၏ မျက်လုံးများက ရေကူးဘောင်းဘီတိုပေါ်သို့ ကျရောက်သည်အထိ အောက်သို့ ဆက်လက် ရွေ့လျားသွားသည်။ ပိုင်မူနင်မှာ ရုတ်တရက် ငြိမ်သက်သွားပြီး ထိုနေရာကို အချိန်အကြာကြီး စိုက်ကြည့်နေမိသည်။

ပိုင်မူနင်မှာ ရုတ်တရက် သူ ဟာသလုပ်ဖူးသည့် စကားကို သတိရလိုက်သည်။ ဝမ်ကျင်းကို “ နှင်းတွေ ဘယ်လောက်များ(ကြီး)လဲ” ဟု မေးရန် ကြိုးစားခဲ့သော်လည်း စကားလုံးအချို့ လိုနေပြီး အဓိပ္ပါယ်မှာ အလွန်ပင်လွဲချော်သွားခဲ့ရ၏။

ယခု သူ ကိုယ်တိုင် မြင်တွေ့ရသည့်အခါ တကယ်ကို ကြီးနေသည်။

ပိုင်မူနင်၏ အဖြောင့်ယောက်ျားစိတ်ဓာတ်မှာ ပေါ်ထွက်လာပြီး သူက ဝမ်ကျင်းကို လက်ညှိုးထိုးကာ မေးလိုက်သည်။
 “ဒေါက်တာဝမ်... ကျွန်တော်တို့ နှစ်ယောက်လုံး ယောက်ျားတွေပဲကို ဘာလို့ ခင်ဗျားဟာက အဲဒီလောက်ထိ ကြီးနေရတာလဲ”

အခြားသူများမှာ တောင်ကုန်းလေးများပမာ ဖြစ်နေချိန်၌ သူ့ဟာကမူ တောင်ကြီးတစ်လုံးကဲ့သို့ ဖြစ်နေသည်။ ဖောင်းကြွမှု၏ကွာခြားချက်က မယုံနိုင်စရာပင်။

မနာလိုစိတ် ဝင်လာပြီးနောက် 'မတရားလိုက်တာ'ဟူ၍  á€á€˝á€ąá€¸á€™á€­á€žá€˝á€Źá€¸á€žá€Šá€şá‹

“ကျွန်တော်‌ရော ဆက်ကြီးဖို့ အခွင့်အရေး ရှိသေးလားဟင်”

သူ၏ မျက်လုံးများက သိလိုစိတ်ဖြင့် တောက်လောင်နေသည်။ အကြည့်လွှဲမည့် အစီအစဉ်လည်း မရှိသည်မှာ ရှင်းလင်း၍နေသည်။ နောက်ဆုံးတွင် ဝမ်ကျင်းက ဒေါသထွက်စွာဖြင့် လက်တစ်ဖက်ကို မြှောက်ကာ သူ့မျက်လုံးများကို ပိတ်လိုက်ပြီး တိုးရှကာအက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။

 “ပါးစပ်ပိတ်ထား”


💊💊💊💊 Chapter 34
ကျင်းကော ကျွန်တော်လည်း ချစ်သူထားချင်တယ်


ဘာလို့ အအုပ်ခံထားရတာ ငါ့မျက်လုံးတွေဖြစ်ပြီး ပါးစပ်ပိတ်ဖို့ အပြောခံရတာလဲ... ပိတ်ထားခံရသင့်တာက ငါ့ပါးစပ်ကို မဟုတ်ဘူးလား...

ပိုင်မူနင်မှာ ဝမ်ကျင်းက တကယ် ဒေါသထွက်နေသဖြင့် မျက်လုံးနှင့်ပါးစပ်ကိုပင် မခွဲခြားနိုင်တော့ဟု ထင်လိုက်သည်။

ပစ္စည်းများဝယ်ပြီးနောက် ပိုင်မူနင်က ဝမ်ကျင်းကို ရုပ်ရှင်ကြည့်ရန် ဖိတ်ခေါ်လိုက်သည်။

ဤတစ်ကြိမ်တွင်မူ ရိုးရိုးရုပ်ရှင်ဖြစ်ပြီး ရုပ်ရှင်ရုံထဲတွင် တိတ်တဆိတ် ထိုင်ကြည့်နေကြသည်။

ပိုင်မူနင်က အလွန် အာရုံစိုက်ထားသည်။ ထိုရုပ်ရှင်မှာ အချစ်အကြောင်းဖြစ်ပြီး စုံတွဲသုံးတွဲပါဝင်ကာ မတူညီသည့် အချစ်အမျိုးအစားသုံးမျိုးအကြောင်းပင်။

ပထမတစ်ခုမှာ လှည့်ဖြားခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်ထံမှ နှစ်သက်ခံရလာစေရန် လျှို့ဝှက်ရည်ရွယ်ချက်ဖြင့် ချဉ်းကပ်ခြင်းပင်။

ဒုတိယတစ်ခုမှာမူ လက်လွှတ်ခြင်း ဖြစ်၏။ အချစ်နှင့် မိမိ၏ အနာဂတ်ကြား ရွေးချယ်ရခြင်းပင်။

တတိယတစ်ခုမှာမူ ရွေးချယ်မှုဖြစ်သည်။ အချစ်နှစ်ခုအကြား ရွေးချယ်ရခြင်းပင်။

ဒါရိုက်တာမှာ တကယ်တော်သည့် ပုံပြောသူပင်။ ဇာတ်လမ်းသုံးပုဒ်မှာ ဆက်နွယ်နေပြီး လုံးဝ ရှုပ်ထွေးခြင်းမရှိဘဲ လူများကို အချစ်၏ဖွင့်ဆိုချက်အား တွေးမိစေသည်။

အဆုံးသတ်က အနည်းငယ်မျှ လေးလံနေခဲ့သည်။ စုံတွဲများထဲမှ တစ်တွဲကမှ အဆုံးသတ် မရှိခဲ့ပေ။  á€€á€­á€Żá€šá€şá€á€­á€Żá€„်စိတ်ကူးဆုလးဖဟတ်နိုင်ရန် Open Ending အဖြစ် အဆုံးမဲ့ နေရာလွတ်အား ချန်ထားရစ်ခဲ့သည်။

သူတို့ ရုပ်ရှင်ရုံမှ ထွက်ခွာလာချိန်တွင် ကျင်းနန်၌ နှင်းများ ပြန်ကျစပြုနေသည်။ နှင်းများက သိပ်သည်းမနေသော်လည်း နှင်းထုရှင်းစက်များမှာ အလုပ်လုပ်နေကြပြီး သန့်ရှင်းရေးလုပ်သားများကလည်း လမ်းများကို ရှင်းလင်းနေကြသည်။

နှင်းဖုံးနေသော လမ်းများက ချောနေပြီး ယာဉ်ကြောများ ပိတ်ဆို့နေသည်။ ပိုင်မူနင်က ပြတင်းပေါက်အပြင်ဘက်ကို ကြည့်ပြီး ဝမ်ကျင်းကို မေးသည်။
 “ဒေါက်တာဝမ် ခင်ဗျားရော အချစ်ကို ဘာလို့ ထင်လဲ”

ပိုင်မူနင်မှာ အဓိကအားဖြင့် စိတ်ခံစားမှုဆိုင်ရာ နယ်ပယ်တွင် အလုပ်လုပ်သည်။ လူများက သူ့ကို အငယ်အနှောင်းနှိမ်နင်းရေး အတိုင်ပင်ခံဟု ခေါ်ကြသည်။

ရှင်းရှင်းပြောရလျှင် သူက စိတ်ခံစားမှုဆိုင်ရာ ကျွမ်းကျင်သူဖြစ်သော်လည်း အချစ်က တကယ်တမ်း၌ မည်သည်ဖြစ်ကြောင်းအား  á€œá€Żá€śá€¸á€ နားမလည်ပေ။

သူ စုံတွဲများစွာကို ကိုင်တွယ်ခဲ့ရသည်။ အချို့မှာ အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ စိတ်ခံစားမှုများ မှေးမှိန်သွားသည်ကို မြင်ရပြီး အသစ်အဆန်းကြောင့် တခြားတစ်ယောက်ကို ချစ်မိသွားကြသည်။

ထိုသို့ ရင်ခုန်ရသည့် ခံစားမှုနောက်ကို ရုတ်တရက်လိုက်ခဲ့သည့် သတ္တိရှိသူများလည်း ရှိသည်။

သို့တိုင် တစ်ချိန်တည်းမှာပင် မသေချာမရေရာသည့် အနာဂတ်ကို ရင်ဆိုင်လာရသည့်အခါ ရှေ့မဆက်ရဲသည့် သူရဲဘောကြောင်သူများလည်း ရှိသည်။

သူ ဖြတ်သန်းလာသည့် နှစ်များတစ်လျှောက် လူများစွာနှင့် တွေ့ဆုံခဲ့သည့်တိုင် သူတို့ထဲက မည်သူမှ အချစ်၏ စစ်မှန်သည့်အနှစ်သာရကို ရှင်းပြနိုင်ခြင်း မရှိခဲ့ပေ။

သူ့အတွက်မူ အချစ်ဆိုသည်မှာ ဝိုးတဝါး သဘောတရားတစ်ခုသာ ဖြစ်သည်။ ရင်ခုန်သံများက တစ်ခဏမျှတာ ဖြစ်ပေါ်ခြင်းပင်။ တစ်စုံတစ်ယောက်ကို သဘောကျခြင်းက  á€Ąá€€á€źá€Źá€€á€źá€Žá€¸á€–ဟစ်တည်န္သညအ် စိတ်ခံစားမှုတစ်ခု ဖြစ်သည်။ သို့သော် အချစ်ကမူ အဓိပ္ပာယ်ဖွင့်ဆိုရန်နှင့် ရှင်းပြဖို့ရာမလွယ်ကူသည့် ပိုမို ရှုပ်ထွေးသော ခံစားမှုတစ်ခုဖြစ်ချေ၏။

သို့ရာတွင် သူ သေချာသိထားသည့် အချက်တစ်ခုတော့ ရှိသည်။ အချစ်က အချိန်ကြာလာသည်နှင့်အမျှ မှေးမှိန်သွားတတ်၏။

မည်သူကမှ လူတစ်ယောက်တည်းကို ထာဝရ ချစ်နေနိုင်မည် မဟုတ်ပေ။ အချစ်က တကယ်ကို ပျောက်ကွယ်သွားနိုင်၏။

မီးနီလင်းလာ၍ ဝမ်ကျင်းက ဘရိတ်ကို နင်းလိုက်သည်။ သူက ကားကို ငြိမ်သက်စွာ ရပ်လိုက်ပြီး ပိုင်မူနင်ကို တစ်ချက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“အချစ်ရဲ့ တြိဂံသီအိုရီက အချစ်မှာ အစိတ်အပိုင်းသုံးခု ပါဝင်တယ်လို့ ပြောထားတယ်... ရင်းနှီးကျွမ်းဝင်မှု၊ စွဲလန်းမက်မောမှုနဲ့ ကတိကဝတ်ပဲ”

(T/N intimacy, passion, commitment- ဘုန်းဘုန်းတွေဟောသလိုတည့်ပြန်ရင် စွဲလန်းမှု၊ တဏှာလို့ရေးရမယ် )

“ရင်းနှီးကျွမ်းဝင်မှု(intimacy)က ချစ်ခင်တွယ်တာမှုနဲ့ ကပ်တွယ်စွဲလန်းမှုတို့လို တခြားစိတ်ခံစားမှုအားလုံးကို ရည်ညွှန်းတယ်...”

“စိတ်အားထက်သန်မှု(စွဲလန်းမက်မောမှု-passion)မှာက လိုအင်ဆန္ဒ(desire-တောင့်တမှု)က အမြဲ ကပ်ပါနေတယ်... ကတိကဝတ်ပြုမှုကကျတော့ သစ္စာရှိမှုနဲ့ တာဝန်ယူမှုကို ရည်ညွှန်းတယ်”

ပိုင်မူနင်ကမူ  á€„ိုက်မဝည်းစပဟုန္ပ္ပဟဎ။ 

ရိုးရှင်းတဲ့ မေးခွန်းလေးတစ်ခုပဲကို... ဘာလို့ ငါ့ကို အတွေးအခေါ် ပို့ချချက်ထဲ ရောက်နေပြန်သလို ခံစားရစေတာလဲ...

“ဒေါက်တာဝမ် ခင်ဗျား ပြောတာ အရမ်းကောင်းပါတယ်... ဒါပေမဲ့ ကျွန်တော်က ခင်ဗျား ဘယ်လိုထင်လဲဆိုတာကိုပဲ ကြားချင်တာ... ခင်ဗျား အချစ်ဆိုတာကို ဘာလို့ထင်လဲ”

ပိုင်မူနင်မှာ ဝမ်ကျင်း အများကြီး နားလည်ကြောင်း သိသည်။ သို့တိုင် သူ့အနေဖြင့် စိတ်ပညာသီအိုရီများနှင့် ဒဿနဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်တို့ကို စိတ်မဝင်စားပေ။ သူက ဝမ်ကျင်း၏ ကိုယ်ပိုင်အတွေးအမြင်များကိုသာ ကြားလိုခြင်းပင်။

ဝမ်ကျင်းက ခဏရပ်လိုက်သည်။ မီးနီက ပြောင်းသွားသည့်တိုင် သူကမူ အဖြေတစ်ခုလေးပင် ရှာမတွေ့သေးပေ။ သူက လီဗာကို နင်းလျက် ဆက်လက် မောင်းနှင်လိုက်သည်။

သူတို့ အိမ်ရောက်ပြီး ဓာတ်လှေကားထဲ ဝင်လိုက်ချိန်တွင် လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သော ဝမ်ကျင်းက နောက်ဆုံး၌ ပြောလိုက်သည်။
 “ကိုယ် ဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးဘူး... ကိုယ် သဘောပေါက်လာတာနဲ့ မင်းကို ပြောပြပါ့မယ်”

ပိုင်မူနင်မှာ အံ့သြတကြီး ဝမ်ကျင်းဘက်သို့ လှည့်လိုက်ကာ ဝမ်ကျင်းက သူ၏ချစ်သူကို မချစ်ဟု တွေးလိုက်သည်။ 

ဒီတော့ သဘောကျရုံပဲလား...

ဒါဆိုရင်တော့ သူ့ကို ခိုးယူဖို့က အရမ်း လွယ်ကူသွားပြီ...

နှစ်သစ်ကူးပိတ်ရက်၏ ပထမဆုံးနေ့တွင် ချန်ဟောက်နန်က ဘတ်စ်ကားကြီးတစ်စီးကို ငှားရမ်းခဲ့သည်။ စန်းဝမ်ခန်းမရှိ ဝန်ထမ်းအားလုံးက အဖွဲ့လိုက်‌ပျော်ပွဲစားတွင် လိုက်ပါကြပြီး မိသားစုဝင်များကိုလည်း ခေါ်လာခွင့် ပြုထားသည်။ သက်ကြီးပိုင်း တရုတ်တိုင်းရင်းဆေးဆရာ အဘိုးပင်လျှင် သူ၏ဇနီးဖြစ်သူကို ခေါ်လာခဲ့သည်။

အဘိုးမှာ ထူးထူးခြားခြား ကျန်းမာသန်စွမ်းနေသည်။ သူ့ပုံစံက အသက် ၈၀နှင့် လုံးဝ မတူချေ။

သူ ခရီးဆောင်အိတ်ကို လျင်မြန်စွာ ကိုင်တွယ်ပုံကို မြင်လိုက်ရသောအခါ ပိုင်မူနင်က ထိုတရုတ်တိုင်းရင်းဆေးဆရာဝန်အဖိုးထံ သွားကာ သူ၏ ကျန်းမာရေး လျှို့ဝှက်ချက်များကို မေးမြန်းတော့သည်။

တရုတ်တိုင်းရင်းဆေးဆရာဝန်အဖိုးက ကျန်းမာရေးနှင့် လေ့ကျင့်ခန်းကို အလွန် ဂရုစိုက်သည်။ သို့သော် အရေးကြီးဆုံး အပိုင်းမှာ ညဥ့်နက်သည်အထိမနေဘဲ ကောင်းကောင်း အနားယူခြင်းဟု ပြောလာသည်။

ထိုစကားကို ကြားသောအခါ ပိုင်မူနင်မှာ သူ၏ အသက်ရှည်ခြင်းက မေးခွန်းထုတ်စရာ ဖြစ်နိုင်ကြောင်း သတိပြုမိလိုက်သည်။ သူက အမြဲလိုလို ညဥ့်နက်သည်အထိနေပြီး စောစော မအိပ်တတ်သလို စောစောလည်း မထနိုင်ပေ။

ဘတ်စ်ကားပေါ် မတက်မီ ချန်ဟောက်နန်က လူတိုင်းကို အဖွဲ့လိုက်ဓာတ်ပုံ ရိုက်စေခဲ့သည်။ ထွက်ခွာပြီးနောက်တွင်လည်း သူက ဓာတ်ပုံများ ဆက်ရိုက်နေခဲ့သည်။

ဓာတ်ပုံများ တည်းဖြတ်ပြီးသည်နှင့် သူက Wechat Moments ပေါ်တွင် တင်လိုက်သည်။ ဓာတ်ပုံကိုးပုံကို ဂရုတစိုက်ရွေးချယ်လျက် စုစည်းထားကာ ကြည့်ရသည်မှာ အလွန်ကောင်းမွန်နေသည်။

ပိုင်မူနင်က အသိပေးသည့် အနီရောင်အစက်ကို မြင်သောအခါ ဖိလျက်ဝင်လိုက်ပြီး သူ၏ ဖိဒ်(newfeed)ကို ကြည့်လိုက်သည်။ ချန်ဟောက်နန်၏ ပို့စ်ကို မြင်သည်နှင့် သူက အလိုအလျောက်ပင် like ပေးပြီး သူ၏မှတ်ချက်ကို ချန်ထားရစ်လိုက်သည်။

ချန်ဟောက်နန်သည်လည်း Moments ကို ကြည့်နေခဲ့ခြင်းပင်။ သူက ပိုင်မူနင်၏ ကြိုက်နှစ်သက်ကြောင်းပြမှုနှင့် မှတ်ချက်ကို မြင်လိုက်လျှင် ထရပ်ပြီး သူ့ကို ကြည့်ကာ ပြောလိုက်သည်။

 “ရှောင်နင်ကပဲ အမြဲတမ်း ပထမဆုံး likeနဲ့ comment ပေးတာ... မင်းတို့တွေလည်း မြန်မြန် like ပေးကြဦး...အထူးသဖြင့် မင်းပဲ လောင်ဝမ်... မင်းက ငါ့ပို့စ်တွေကို ဘယ်တော့မှ like မပေးဘူး... မြန်မြန် like ပေးလိုက်ဦး”

ဝမ်ကျင်းက ပိုင်မူနင်ဘေးတွင် ထိုင်နေခြင်းဖြစ်၏။ သူက ချန်ဟောက်နန်ပြောသည်ကို ကြားလိုက်လျှင် မျက်လုံးဖွင့်၍ သူ့ကို ကြည့်လိုက်ပြီး ပြန်ဖြေသည်။
 “ငါ Moments ကို သိပ်မကြည့်ဖြစ်ဘူး”

ချန်ဟောက်နန်က နှုတ်ခမ်းစူလိုက်သည်။ 
“အင်းလေ မင်း Moments ကို မကြည့်ဘူးဆိုတာ သိသာနေတာပဲ... မင်းရဲ့ ပို့စ်တွေကိုလည်း ဘယ်သူကမှ လုံးဝ like မလုပ်ဘူးလေ... ကြည့်နေလို့ ဘာအကျိုးရှိမှာလဲ... ကိုယ့်ကိုယ်ကိုယ် စိတ်ကောက်နေတာလား”

“အခု ငါ့likeတွေက ၉၉+ဖြစ်နေပြီကွ... အောင်မြင်မှုကို အပြည့်အဝ ခံစားနေရတယ်... အားလုံးပဲ ဂရုစိုက်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ် .. ဒီညတော့ မင်းတို့အားလုံးကို သိုးကောင်လုံးကင် ကျွေးမယ်”

ဘတ်စ်ကားပေါ်တွင် အော်ဟစ်အားပေးသံများ ဆူညံသွားသည်။ လူတိုင်းက ပျော်ရွှင်စွာ စကားပြောနေကြ၏။

ပိုင်မူနင်က သူ၏ ဖုန်းကို စစ်ဆေးနေသည်။ လီအန်းချီက သူ့ထံ စာပို့ထားသည်။ ကျန်းခယ်ကျန့်မှ သူ့အား ဇာတိမြို့သို့ ခေါ်သွားကြောင်း ပြောထားခြင်းပင်။ သူ ရထားပေါ်မှ ဆင်းပြီးသည်နှင့် ခရီးအရှည်ကြီးအား ဘတ်စ်ကား ထပ်စီးရဦးမည်။

သူ လုံးဝ မပင်ပန်းသလို ခံစားရသည်။ ဆန့်ကျင်ဘက်အားဖြင့်  á€…á€­á€á€şá€œá€žá€Żá€•á€şá€›á€žá€Źá€¸áá€•á€„á€şá€”á€ąá€žá€ąá€¸áá‹ သူက ကျန်းခယ်ကျန့်တစ်ယောက် သူ့ကို စိတ်ဝင်စားနေနိုင်ကြောင်းပင် ဆိုလာသေးသည်။ သို့မဟုတ်လျှင် အဘယ်ကြောင့် အိမ်ကို ခေါ်သွားမလဲဟု တွေးနေသည်။

လီအန်းချီက သူ့ဘက်မှ ဖွင့်ပြောရန် စီစဉ်ထားကြောင်းကိုလည်း ပြောပြလာသည်။ သူ့အနေဖြင့် ပိုမိုကြံစည်လှုပ်ရှားပြီး သူ၏ တစ်ကိုယ်တည်းဘဝကို အဆုံးသတ်လိုက်သင့်ပြီဟု ခံစားနေရသည်။

ပိုင်မူနင်မှာ မည်သို့ဖြစ်ပျက်နေကြသည်ကို သေချာမသိသော်ငြား ဖွင့်ပြောခြင်းမှာ အဆင်မပြေနိုင်ဟု သူ ခံစားလိုက်ရသည်။ လီအန်းချီ နာကျင်ရတော့မည်။

သို့သော် သူ့အနေဖြင့် လီအန်းချီ၏ စိတ်အားထက်သန်မှု လျော့သွားအောင် မလုပ်နိုင်ပေ။ သို့ဖြစ်၍ သူ့အား ဆက်လုပ်ရန်သာ ပြောလိုက်၏။

လုပ်စရာရှိတာကိုလုပ်လိုက်နိုင်ရင် နောင်တရစရာမှ မရှိဘဲ...

ထိုအခိုက်အတန့်တွင် ဝမ်ကျင်းမှ သူ့အား တွန်းလိုက်ပြီး တိုးတိုးလေး ပြောလာသည်။

“မင်း ဘာလို့ ကိုယ့်ပို့စ်တွေကို ဘယ်တော့မှ like မလုပ်တာလဲ”

“ချန်ဟောက်နန် တင်တဲ့ ပို့စ်တိုင်းမှာ မင်းရဲ့ like နဲ့ comment ရှိနေပေမဲ့ ကိုယ့်ပို့စ်တွေမှာတော့ တစ်ခုမှ မရှိဘူးပဲ”

ဝမ်ကျင်းက Moments ကို တစ်ချက်ကြည့်လိုက်သည်။ ထိုသူမှာ တစ်ခါတရံ ပို့စ်တင်တတ်သော်လည်း သူ၏ ပို့စ်များတွင် likeနှင့် comment တစ်ခုမျှ မရှိပါဘဲ အေးစက်စက်ဖြင့် တစ်ကိုယ်တည်း အထီးကျန်နေပုံရသည်။

ပိုင်မူနင်က ဖုန်းမှ အကြည့်ကိုရွှေ့လိုက်ပြီး နည်းနည်းအပြစ်ရှိသလို ခံစားရကာ ဝမ်ကျင်း၏ မျက်လုံးများကို ရှောင်လိုက်သည်။ 

“ဟို... တခြားသူတွေက နေ့စဉ်အကြောင်းအရာတွေနဲ့ ဓာတ်ပုံတွေ တင်ကြတာကို... ခင်ဗျားကျ တရုတ်တိုင်းရင်းဆေးအကြောင်းပဲ တင်တာ... ဘာကို like လုပ်ရမှာလဲ”
 
“ဒေါက်တာဝမ်...ခင်ဗျားသာ ဓာတ်ပုံတွေ တင်ရင်‌လေ ကျွန်တော်က ပထမဆုံး comment ပေးမှာ likeလည်းလုပ်မယ်... ကျွန်တော်ကျိန်ရဲတယ်”

ပိုင်မူနင်က ဤစကားကို အရိုးခံသဘောလေးဖြင့် ပြောလိုက်ခြင်းပင်။ သူ အကောင်းဆုံး ရှင်းပြလိုက်ပြီဖြစ်၍ ဝမ်ကျင်းက သူ့ကို ယုံကြည်သွားကာ ထိုပြဿနာကို ထပ်မမေးတော့ပေ။

စိတ်သက်သာရာရသွားသော ပိုင်မူနင်မှာ  á€Ąá€•á€źá€…á€şá€›á€žá€­á€žá€œá€­á€Ż ခံစား‌နေရသည်အား ဖုံးကွယ်ရန် ပြတင်းပေါက်အပြင်ဘက်သို့သာ အမြန်အကြည့်လွှဲလိုက်သည်။

အမှန်မှာ သူက ဝမ်ကျင်းကို muteထားခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ဝမ်ကျင်းတင်သော တရုတ်တိုင်းရင်းဆေးပညာပို့စ်များ အားလုံးကြောင့် လူမှုကွန်ယက်ကို ကြည့်နေရသည်နှင့်မတူဘဲ သိပ္ပံပညာဆိုင်ရာဖိုရမ်ကို ကြည့်နေရသလို ခံစားရသည်။

ဝမ်ကျင်းမှာ ဖိဒ်ကို အပြည့်အဝလွှမ်းမိုးသွားစေမည့် ပုံစံမျိုး ဖြစ်သည်။ ပိုင်မူနင်ခမျာ muteထားရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိခဲ့ပေ။

ဘတ်စ်ကားကြီးက ကားပါကင်တွင် ရပ်လိုက်သည်။ ထို့နောက် သူတို့က လက်မှတ်များဖြင့် နေရာထဲသို့ ဝင်ရောက်ပြီး တောင်တက်ခြင်းကို စတင်လိုက်ကြသည်။

ရှန်းရှန်တောင်၏ လှေကားထစ်များမှာ ကျောက်လှေကားထစ်များဖြစ်ပြီး တောင်ပတ်လည်တွင် ကွေ့ပတ်လျက် တဖြည်းဖြည်း ထိပ်သို့ ဦးတည်လမ်း‌ဖောက်ထားသည်။

တောင်တက်ခြင်းမှာ တာဝေးအပြေးပြိုင်ပွဲနှင့်တူသည်။ ကိုယ့်ကိုယ်ကိုယ် ထိန်းညှိရန်လိုအပ်ပြီး အလျင်စလိုမလုပ်သင့်ပေ။ ဖြည်းဖြည်းချင်း သွားမှသာ နောက်ဆုံးတွင် ထိပ်သို့ရောက်ရှိပြီး ရှုခင်းကို ခံစားနိုင်မည်။

နှစ်နာရီကြာပြီးနောက် တစ်ဖွဲ့လုံး နောက်ဆုံးတွင် တောင်ထိပ်သို့ ရောက်ရှိသွားသည်။ သူတို့က သံလက်ရန်းဘေးတွင် ရပ်ကာ အဝေးကို ငေးမောကြည့်ရှုမိကြသည်။

ခံစားချက်တစ်ခုခုက ပြောင်းလဲသွားခဲ့၏။ ပိုင်မူနင်က နောက်သို့လှည့်ကာ ပြုံးပြလိုက်သော်လည်း တစ်စုံတစ်ယောက်က သူ့ဓာတ်ပုံအား ခိုးရိုက်နေသည်ကို တွေ့လိုက်ရသည်။

ဓာတ်ပုံရိုက်နေသူမှာ ဝမ်ကျင်းပင်။ ပိုင်မူနင်က ကင်မရာအားကြည့်ကာ ပို၍ပင် တောက်ပစွာ ပြုံးပြလိုက်သည်။

တောင်ထိပ်တွင် ခဏကြာအောင်နေပြီးနောက် သူတို့အဖွဲ့ ပြန်ဆင်းလာကြသည်။ သူတို့အားလုံး လယ်တောအိမ်ပုံစံ တည်းခိုခန်းသို့ရောက်ရှိချိန်တွင် လူတိုင်းမှာ ပင်ပန်းနွမ်းနယ်နေကြပေပြီ။

ထို့နောက် ခဏနားပြီး ပစ္စည်းများထုတ်ကြသည်။ နေ့လည်စာကို  á€”á€ąá€ˇá€œá€Šá€şá€•á€­á€Żá€„á€şá€¸áŒ အချိန်မှန် ကျွေးသည်။

ပိုင်မူနင်၏ အခန်းမှာ ဝမ်ကျင်းအခန်း၏ ဘေးတွင်ဖြစ်ကာ ပစ္စည်းများထုတ်ပြီး တစ်ကိုယ်ရေသုံးပစ္စည်းများ နေရာချနေစဉ် တံခါးခေါက်သံကို ကြားလိုက်ရသည်။

သူ သွားဖွင့်ပေးလိုက်ရာ ထိုနေရာတွင် ဝမ်ကျင်းက အလေးအနက်ဟန်ပန်ဖြင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။

“ကိုယ် Moments မှာ တင်ထားတယ်... မင်းက likeလည်း မလုပ်ဘူး”

“မင်းက ပထမဆုံး like လုပ်ပေးတဲ့လူဖြစ်ပေးမယ်လို့ ကတိပေးထားတာ”

ဝမ်ကျင်း၏ လေသံတွင် နစ်နာသွားသလို အရိပ်အယောင်တို့စွက်နေပြီး ပိုင်မူနင်မှာ ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ရသည်။

ရိုးရိုးသားသားပြောရရင် ဒီလူက ကလေးဆန်လိုက်တာ... likeလေး တစ်ခုအတွက်နဲ့ ဒီအထိ လာခဲ့တယ်တဲ့...

ပိုင်မူနင်က သူ၏ ဖုန်းကို အိတ်ထဲမှ ထုတ်လိုက်ပြီး ဝမ်ကျင်းရှေ့မှာပင် Moments ကို ဖွင့်ကာ နောက်ဆုံး ပို့စ်များကို ရှာကြည့်လိုက်သည်။

ချန်ဟောက်နန်က ထပ်တင်ထားသည်။ ၎င်းမှာ တောင်ထိပ်တွင် ရိုက်ထားသော အဖွဲ့လိုက် ဓာတ်ပုံပင်။

ပိုင်မူနင်က like လုပ်ပြီး comment ပေးလိုက်ကာ ဆက်၍ အောက်သို့ ဆွဲကြည့်သည်။

ကျွမ်းယွိမြန်ကလည်း ဓာတ်ပုံလှလှ‌လေးကို တင်ထားသည်။ ပိုင်မူနင် like လုပ်ပြီး comment ထပ်ပေးလိုက်သည်။

သူ မသိလိုက်ခင်မှာပင် ယမန်နေ့က ပို့စ်များအထိ ရောက်သွားခဲ့၏။ ပိုင်မူနင် မျက်မှောင်ကြုတ်လိုက်သည်။ 

“ခင်ဗျား တကယ် တင်ထားတာလား... ကျွန်တော်‌တော့ မတွေ့ပါဘူး”

ဝမ်ကျင်းကမူ အသေအချာဆိုလာ၏။ 

“တင်ထားတယ်... လွန်ခဲ့တဲ့ တစ်နာရီလောက်ကပဲ”

“မင်း ကိုယ့်ကို muteထားတာများလား” 

ဝမ်ကျင်း၏ လေသံမှာ နူးညံ့နေ၏ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ပွင့် ရှိနေသည့်တိုင် သူ့စကားများကမူ ပိုင်မူနင်၏ ကျောရိုးကို ချမ်းစိမ့်သွားစေသည်။

အဲဒီအတိုင်းပဲ မဟုတ်လား...

ပြီးတော့ အဆိုးဆုံးကတော့... ငါ လုံးဝ မေ့နေခဲ့တာ....

ဝမ်ကျင်း၏  á€Ąá€•ဟုလးမသဏ ပျောက်ကွယ်သွားလျက် နှုတ်ခမ်းထောင့်များက အောက်သို့ ညွတ်ကျသွားကာ အေးစက်စွာ ပြောလိုက်သည်။

 “မင်း ကိုယ့်ကို muteထားတာပဲ... မင်း ကိုယ့်ကို တကယ်ကြီး muteထားတယ်”

“ကောင်းလိုက်တာ”

ပိုင်မူနင်မှာ အလွန် ထိတ်လန့်သွားပြီး “mute” ဟူသော စကားလုံး၏အဓိပ္ပာယ်ကိုပင် မေ့လုနီးနီးပင်။

ဝမ်ကျင်း ထွက်သွားရန် ပြုသည်ကို မြင်သောအခါ ပိုင်မူနင်က သူ့ကို အခန်းထဲသို့ အတင်းဆွဲသွင်းလိုက်သည်။ တံခါးကို ပိတ်ပြီး တံခါးရှေ့တွင် ရပ်လိုက်လျက် အနှီသူ၏လမ်းကိုပိတ်ဆို့လိုက်ရ၏။

လှုပ်ရှားမှု အားလုံးမှာ ချောမွေ့ပြီး မြန်ဆန်နေသော်လည်း ယင်းကြောင့် ပိုင်မူနင်မှာ အားအင် အများအပြား ကုန်သွားခဲ့သည်။

သူက မောဟိုက်စွာ အသက်ရှူရင်း အနည်းငယ် ရှေ့တိုးလိုက်ပြီး ဝမ်ကျင်းဘေးရှိ နံရံကို သူ၏ လက်ဖြင့် ရိုက်ချလိုက်သည်။

အကြင်သူအား တင်းတင်းကျပ်ကျပ် ဖိကပ်ထားရင်း ပိုင်မူနင်က သူ၏ခေါင်းကို အနည်းငယ် မော့ကာ ပြောလိုက်သည်။
 “ကျင်းကော ကျွန်တော့်အမှားပါ”

“ကျွန်တော် အခုပဲ ပြန်ဖြည်လိုက်ပါ့မယ် နော်” 

ပိုင်မူနင်မှာ အခြေအနေများက ဤမျှအထိ မြန်မြန်ဆန်ဆန် လွဲချော်သွားလိမ့်မည်ဟု တစ်ကြိမ်လေးမျှပင် မတွေးခဲ့ဖူးသောကြောင့် muteထားမိခြင်းကို အလေးအနက် မထားခဲ့ပေ။

ဝမ်ကျင်းက သူ့ကိုဖမ်းမိသွားပြီဖြစ်ရာ သူ ထိုသူကို ချက်ချင်း လွှတ်ပေးလိုက်သည်။

muteထားသည်ကို ပြန်ဖြည်လိုက်ပြီးနောက် ပိုင်မူနင်က ဝမ်ကျင်း၏ Moments ကို နှိပ်လိုက်သည်။ ဝမ်ကျင်းက လူနှစ်ယောက်ပါသော ဓာတ်ပုံကို တင်ထားသည်။ ပိုင်မူနင်က ပြုံးနေပြီး ဝမ်ကျင်းက သူ့ကို ကြည့်နေသည်။

ပေါင်းစပ်ထားပုံမှား သာမန်ဖြစ်ပြီး အနည်းငယ်မျှပင် မှုန်ဝါးနေပါသော်လည်း ဆွဲဆောင်မှုရှိကာ အနုပညာရသအပြည့် ပေးနေသည်။

ပိုင်မူနင်က အတော်ကြာအောင် စိုက်ကြည့်ပြီးနောက် နှစ်သက်ကြောင်းပြကာ မှတ်ချက်ပေးလိုက်သည်။
“ကျင်းကော ဒီပုံလေး အရမ်းလှတယ်... ကျွန်တော် သိမ်းထားလို့ရလား”

ဝမ်ကျင်းမှာ မျက်နှာမကောင်းပေ။  á€Ąá€”ည်းငယ်မဝသနဎရဲန္ပဟဎး သူ၏ အသံမှာ ဖျစ်ညစ်ကာ ထွက်လာသည်။
 “ရတယ်”

“ဒါပေမဲ့ မင်း နည်းနည်းလောက် နောက်ဆုတ်ပေးလို့ရမလား... အရမ်းကပ်နေပြီ ကိုယ်...”

ဝမ်ကျင်းက သူ၏ စကားကို အဆုံးမသတ်လိုက်ပေ။ ဓာတ်ပုံကို သိမ်းပြီးနောက် ပိုင်မူနင်က ရှုပ်ထွေးနေသော အမူအရာဖြင့် မေးလိုက်သည်။ 
“ခင်ဗျား ဘာလုပ်မှာလဲ”

ဝမ်ကျင်းက ပြန်ဖြေသည်။
 “ဘာမှ မလုပ်ဘူး”

ပိုင်မူနင်က သူ၏ ဖုန်းကို ချထားပြီးနောက် ဝမ်ကျင်းကို ဆက်၍ ဖိကပ်ထားသည်။ သူတို့ကြားတွင် နေရာလွတ်သေးသေးလေးပင် မရှိပေ။ သူတို့၏ ပါးလွှာသော အဝတ်အစားများမှတစ်ဆင့် ဝမ်ကျင်း၏ ဗိုက်သားကြွက်သားများကို ပိုင်မူနင် ရှင်းရှင်းလင်းလင်း ခံစားနေရ၏။

သူက အရှက်မရှိစွာပင် စတင်ပြုမူလာပြီး တောင်းပန်လိုက်သည်။
“ကျင်းကော ကျွန်တော် ခင်ဗျားကို ဆယ်မိနစ်လောက် အခွင့်အရေး ယူလို့ရလား”

ဝမ်ကျင်းက မျက်ခုံးပင့်လိုက်သည်။ 
“မရဘူးလို့ ပြောရင် မလုပ်တော့ဘူးလား”

“အင်း... တကယ်တော့ မဟုတ်ဘူး... ကျွန်တော်က လေးစားကြောင်း ပြသဖို့ ခင်ဗျားကို ကြိုတင်အသိပေးချင်ရုံသက်သက်ပဲ”

ထိုသို့ ပြောလိုက်ပြီးနောက် ပိုင်မူနင်က ဝမ်ကျင်းကို ဖက်လိုက်ကာ အနှီသူ၏ ရင်ဘတ်ကို မှီလျက် တိုးတိုးလေး ပြောသည်။
 “ကျင်းကော ခင်ဗျားရင်ခုန်သံက အရမ်း မြန်နေတယ်”

“ကျင်းကော ကျွန်တော်လည်း ရည်းစားထားချင်လိုက်တာ ခင်ဗျားရော ထားချင်လားဟင်”

-----

စာရေးသူ၏မှတ်ချက်

အချစ်တြိဂံသီအိုရီက အင်တာနက်ပေါ်က ယူလာတာပါ


💊💊💊💊 Chapter 35
ဒီအခန်းရဲ့ခေါင်းစဉ်ကို အဆုံးမှာဖတ်ပါ


ဝမ်ကျင်း၏ ရင်ခွင်ထဲ မှီထားရင်း ပိုင်မူနင်က ရည်းစားထားချင်လားဟု မေးလိုက်သော်ငြား ထိုသူမှာ လုံးဝကို တုံ့ပြန်မလာခဲ့ပေ။ သူက မေးခွန်းကို မကြားလိုက်သည့်အလား။ လက်ဖဝါးတွင် ချွေးစေးများပင်ထွက်နေသည့် ပိုင်မူနင်နှင့် ဆန့်ကျင်စွာပင် ထိုသူမှာ တည်ငြိမ်အေးဆေးနေ၏။

သူက သူ၏ ဘောင်းဘီကို တင်းတင်းဆုပ်လျက် ပွတ်လိုက်သည့်တိုင် အလွန်စိတ်လှုပ်ရှားနေသဖြင့် နှလုံးခုန်နှုန်းမှာ မြန်ဆန်နေသည်။

ဝမ်ကျင်း လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ နောက်ဆက်တွဲ ဇာတ်ညွှန်းမှာ မတူကွဲပြားနေပေလိမ့်မည်။ သို့ပေသိ ပိုင်မူနင်က ဝမ်ကျင်း သဘောတူမည်ဟု ယုံကြည်ထားသည်။

ငါတို့ နမ်းတောင်နမ်းပြီးပြီပဲကို...သူ ဒီအတိုင်းတော့ ထွက်မသွားလောက်ပါဘူး...

ဝမ်ကျင်းက မဖြေသေးပေ။ ပိုင်မူနင် သူ့မျက်နှာကို မော့ကြည့်လိုက်ရာ အမူအရာကင်းမဲ့၍နေသဖြင့်  á€žá€°á€ˇá€Ąá€á€˝á€ąá€¸á€á€­á€Żá€ˇá€Ąá€Źá€¸á€œá€Šá€şá€¸ ခန့်မှန်းမရချေ။

ခဏကြာပြီးနောက် တိတ်ဆိတ်နေခဲ့သည့် ဝမ်ကျင်းမှ လက်လှမ်းလျက် သူ၏ လည်ပင်းနောက်ဘက်ကို အသာနှိပ်နယ်ပေးလာသည်။ 
“ပိုင်မူနင် မင်း တကယ်ရော နားလည်ရဲ့လား”

အသာစီးရနေခြင်းက ချက်ချင်းဆိုသလို ပြောင်းပြန်ဖြစ်သွား၏။ ဝမ်ကျင်းမှာ ထိန်းချုပ်သူဖြစ်လာပြီး ပိုင်မူနင်ကမူ ထွက်ပြေးချင်နေသော ကြောက်လန့်နေသည့် ငှက်လေးပမာ ဝမ်ကျင်း၏ ရင်ဘတ်ကိုတွန်းလိုက်သည်။

ဒါက ငါ လိုချင်တဲ့ အဖြေမှ မဟုတ်တာ... အရမ်းညစ်တာပဲ... ဘယ်လိုလုပ်  á€Ąá€™á€ąá€¸á€”ဲအ  á€•á€źá€”á€şá€–á€źá€ąá€›á€á€Źá€œá€˛...

“ဘာ... ဘာကို နားလည်ရမှာလဲ” 

ပိုင်မူနင် နားမလည်ပေ။ သူက ဝမ်ကျင်းကို ချိန်းတွေ့ချင်လားဟု မေးလိုက်ခြင်းသာ။ သို့ပေသိ ဝမ်ကျင်းက သူ့ကို 'နားလည်ရဲ့လား'ဟူ၍ ပြန်မေးလာခဲ့သည်။

အဲဒါက ငါ အချစ်ကို နားလည်ရမယ်လို့ ဆိုလိုတာများလား...

ပိုင်မူနင် ဆက်မေးရန်ကြံစည်လိုက်စဉ် ဝမ်ကျင်း၏ ဖုန်းက ရုတ်တရက် မြည်လာသည်။ သူက တစ်ဖက်မှ နူးညံ့သည့် ယောက်ျားလေး အသံကို ကြားလိုက်ရသည်။ 
“ကျင်းကော ကျွန်တော်ရောက်ပြီ”

အနှီ “ရောက်ပြီ” ဟူသော စကားလုံးက နောက်ဆုံးမိနစ်တွင် ဆုံးဖြတ်ချက်ချလိုက်ခြင်း မဟုတ်ကြောင်းအား ဖော်ပြ၍နေသည်။ သူတို့က ကြိုတင် အစီအစဉ်ဆွဲထားခဲ့ခြင်းသာ။

ပိုင်မူနင်မှာ သူကသာ ဝမ်ကျင်းကို အဖွဲ့လိုက် ပျော်ပွဲစားလိုက်လာရန် စည်းရုံးနိုင်ခဲ့သူ ထင်ခဲ့သော်ငြား ယင်းက သူနှင့် လုံးဝ သက်ဆိုင်မနေသည်ဟု မတွေးထားခဲ့ပေ။ ဝမ်ကျင်းက သူ့ချစ်သူအတွက် လာခဲ့ခြင်းပေ။

အနှီအသိကြောင့် သူ့ခေါင်းထဲတွင် ပေါက်ကွဲထွက်သွားပြီး ပိုင်မူနင်၏ မျက်နှာအမူအရာမှာ ချက်ချင်းပင်ဖြူဖျော့ကာသွား၏။  á€šá€á€Żá€Ąá€á€ťá€­á€”်တွင် လုံးဝ ပျော်နိုင်တော့မည်မဟုတ်ပေ။ လေးလံလွန်းသည့် ကျောက်တုံးကြီးဖြင့် သူ့ရင်ဘတ်ပေါ် အဖိခံထားရသလို ခံစားရသည်။ သူ့ခံစားချက်မှာ အလွန်တရာပင် ဆိုးရွားနေ၏။

ဝမ်ကျင်းက သူ့ကို လွှတ်လိုက်ပြီး ပြတင်းပေါက်ထံ လျှောက်သွားလျက် ဖုန်းကို ပြန်ဖြေလိုက်သည်။
 “မင်း ဘယ်မှာလဲ... ကောင်းပြီ ငါ အခု လာခဲ့မယ်”

ပိုင်မူနင်က ဖုန်းတစ်ဖက်ရှိလူမှာ ဝမ်ကျင်း၏ ချစ်သူဖြစ်ကြောင်း သိထား၍ တံခါးဝကို ပိတ်ဆို့ထားမိကာ သူတို့အား တွေ့ဆုံခွင့်မပေးနိုင်တော့ပေ။

သူတို့က ဘာလို့ ဆက်တွေ့နေရဦးမှာလဲ...

ဝမ်ကျင်းက သူ့လက်ထဲမှာ တစ်ယောက်ကို ဆုပ်ကိုင်ထားပြီး တခြားတစ်ယောက်ကိုရော ဘာလို့ လိုချင်နေရတာလဲ... သူက လူယုတ်မာလား...

သူ့စိတ်ထဲတွင် ဒေါသများ ပြည့်လျှံလာလျက် ပိုင်မူနင်က ဒေါသတကြီး ပြောလိုက်သည်။

 “မရဘူး ခင်ဗျား ဘယ်မှ မသွားရဘူး... ကျွန်တော့် မေးခွန်းကို ခင်ဗျား မဖြေရသေးဘူး”

သူက သူ၏ခန္ဓာကိုယ်ကို အသုံးပြု၍ တံခါးကို ပိတ်ဆို့ထားပြီး ဝမ်ကျင်းကို ထွက်သွားနိုင်ခွင့် မပေးပေ။

ဝမ်ကျင်းက သူ့ကို ကြည့်ရုံသာကြည့်နေပြီး မလှုပ်မယှက် ရှိနေသည်။

ပိုင်မူနင်မှာ ပို၍ပင် ရဲတင်းလာသည်။ သူက ဝမ်ကျင်းကို မော့ကာကြည့်ရင်း တစ်လုံးချင်း ပြောလိုက်သည်။
 “ကျင်းကော ခင်ဗျား ဒိတ်ချင်လား မဒိတ်ချင်ဘူးလား”

သူက သတ္တိကို စုစည်းကာ ပြောလိုက်သည်။
 “ခင်ဗျား ဒိတ်ချင်ရင် ကျွန်တော့်နဲ့ စမ်းကြည့်ပေးပါ...ကျွန်တော်က ငယ်လည်းငယ်တယ် ကြည့်ကောင်းတယ်... အင်အားလည်း အပြည့်ပဲ... ကျွန်တော်နဲ့ ချစ်သူဖြစ်ရင် ဘာမှ အရှုံးမရှိပါဘူး”

“စဉ်းစားကြည့်ချင်လား”

ပိုင်မူနင် ဝမ်ကျင်းကို စိုးရိမ်တကြီး ကြည့်နေမိသည်။ သူ မည်သို့သော အဖြေမျိုးအား ပေးလာမည်ကို သူမသိပေ။

ဝမ်ကျင်းက သူ၏ ဖုန်းကို ဆုပ်ကိုင်ရင်း ပြောလိုက်သည်။
 “နောက်နေတာ ရပ်တော့ ... ကိုယ် အခု ဖြေရှင်းရမဲ့ ကိစ္စရှိသေးတယ်... ကိုယ်တို့အကြောင်း နောက်မှ ပြောကြမယ်”

ဝမ်ကျင်း၏ လေသံမှာ လေးနက်နေသည်။ 'ကိုယ် နောက်နေတာ မဟုတ်ဘူး... ချက်ချင်း ဖယ်ပေး'ဟု ပြောနေသည့်အတိုင်းပင်။

ပိုင်မူနင်က စကားနားထောင်စွာ ဘေးသို့ ဖယ်ပေးလိုက်ပြီး ဝမ်ကျင်းကို အမြန်ထွက်သွားခွင့်ပေးလိုက်၏။ သူ ရှုံးနိမ့်သွားကြောင်းကို သိလိုက်သည်။

ချစ်သူက သူ့ထက် ပိုအရေးကြီးသည်ပင်။ သူက ဘာမှ မဟုတ်ချေ။

သူနှင့် ဝမ်ကျင်းတို့ လုံလောက်အောင် ရင်းနှီးနေကြပြီဟု သူထင်ခဲ့မိသည်။ ထို့ကြောင့်သာ သူ ထပ်မံ ဖွင့်ပြောရဲခြင်းပင်။ သို့တိုင် သူ ထပ်မံ ကျရှုံးသွားခဲ့သည်။

သူ(ပိုင်မူနင်)က သူ့ချစ်သူလောက် မကောင်းခဲ့ရုံသာ။

ပိုင်မူနင် နစ်နာသလို ခံစားလိုက်ရသည်။ 

ငါက ဘာလို့ ဝမ်ကျင်းရဲ့ ရေကန်ထဲက အရံငါးလေး ဖြစ်နေရတာလဲ...

ငါ ဘယ်နေရာမှာများ လိုအပ်ချက် ရှိနေခဲ့တာလဲ...

နေ့လယ်စာစားချိန်တွင် ချန်ဟောက်နန်က ပိုင်မူနင်ကို မေးလာသည်။
 “လောင်ဝမ် ဘယ်သွားတာလဲ.. ဘာလို့ ထမင်းမစားတာလဲ... မင်းတို့နှစ်ယောက်က အမြဲတမ်း တပူးတွဲတွဲ နေကြတာမဟုတ်ဘူးလား... ဒီနေ့ ဘာလို့ သူနဲ့ ပူးကပ်မနေတာလဲ”

ဝမ်ကျင်းက သူ့ချစ်သူနဲ့ သွားတွေ့တာလေ... ငါတို့နဲ့ ဘယ်လိုလုပ် ထမင်းလာစားနိုင်မှာလဲ...

ပြီးတော့ ငါတို့နှစ်ယောက်က ဘယ်တုန်းက “တပူးတွဲတွဲ” ဖြစ်သွားတာလဲ...

ပိုင်မူနင် စားချင်စိတ် မရှိပေ။ အားအင်ချိနဲ့နေပြီး ရှင်းပြချင်စိတ်လည်း မရှိတော့ပေ။
 “သူ အလုပ်ရှိလို့ သွားတာ... ဘယ်သွားလဲတော့ ကျွန်တော်လည်း မသိဘူး”

သူ့ရှေ့က အစားအစာအားလုံးမှာ သူ့အကြိုက်‌များချည်းဖြစ်၏။ သူက အစားမရွေးသူဖြစ်ကာ အားလုံးကိုစားရသည်အား သဘောကျသူပင်။ ဆိုရလျှင် သူကတကယ်ကို ကျွေးမွေးရလွယ်သူ ကျေနပ်အောင်လုပ်ရန် လွယ်သူဖြစ်၏။

သို့သော် ယနေ့တွင်မူ  á€›á€Żá€á€şá€á€›á€€á€şá€†á€­á€Żá€žá€œá€­á€Ż စားချင်စိတ်များ ပျောက်ဆုံးသွားခဲ့ရ၏။ သူက တစ်ကိုက်မျှပင် မစားနိုင်ခဲ့ချေ။

သူ၏ စိတ်ဓာတ်ကျနေသည့် အမူအရာမှာ သိသာလွန်း၍  á€–ဟစ်နိုင်သည်။ ချန်ဟောက်နန်က ချက်ချင်း ခန့်မှန်းနိုင်သွားခဲ့၏။
 “မင်းတို့ နှစ်ယောက် ရန်ဖြစ်ထားတာလား”

“မဟုတ်ပါဘူး” 
ပိုင်မူနင်က အားကုန်ငြင်းဆန်လိုက်ပြီး သူ့၏ စိတ်ခံစားချက်လေးကို ဖယ်ရှားပစ်ရန် ကြိုးစားလိုက်ရင်း အသာအယာ ပြောလိုက်သည်။
 “ကျွန်တော်က ဘာလို့ သူနဲ့ ရန်ဖြစ်ရမှာလဲ... ကျွန်တော် မဖြစ်ရဲပါဘူး..”

“ကျွန်တော် စိတ်အခြေအနေမကောင်း ဖြစ်နေရုံပါပဲ”

ချန်ဟောက်နန်က ပြုံးရုံသာပြုံးလျက် ဘာမှ ထပ်မပြောတော့ဘဲ အကြံပေးလာခဲ့သည်။
 “ရှောင်နင် မင်း ရေကူးဝတ်စုံ ဝယ်လာခဲ့လား... ဒီနေ့ နေ့လယ် ရေပူစမ်း သွားကြမှာ... ပြီးရင် ညကျသိုးကောင်လုံး ကင်စားကြစို့”

ချန်ဟောက်နန်က သိုးကောင်လုံးကင် သုံးကောင် မှာထားသည်။ ကင်ရန် သုံးနာရီကျော် အချိန်ယူရမည်ဖြစ်၍ သူတို့က ရေပူစမ်းစိမ်ရင်း အချိန်ဖြုန်းရန် စီစဉ်ထားကြသည်။

နေ့လယ်စာ စားပြီးနောက် သူတို့ကိုယ်ပိုင်အခန်းများသို့ပြန်ကာ အစာကြေအောင်စောင့်ရင်း နာရီဝက်မျှ နားလိုက်ကြသည်။ ပြီးနောက် ရေကူးဝတ်စုံများယူလျက် ရေပူစမ်းသို့ သွားကြသည်။

ရေပူစမ်းမှာ အိမ်တွင်းရေပူစမ်းဖြစ်ကာ ကျား/မ ခွဲခြားမထားပေ။ သို့တိုင် လူများက တစ်ဦးကိုတစ်ဦး အနှောင့်အယှက်မဖြစ်စေဘဲ အလွယ်တကူပင် အမျိုးသမီး/အမျိုးသား တစ်နေရာစီခွဲကာ စိမ်ကြသည်။

ပိုင်မူနင်မှာ ခဏမျှ စိမ်ပြီးနောက် မကြာမီမှာပင် သူ့ပါးပြင်တို့ နီမြန်းလာခဲ့သည်။ နဖူးထက် ချွေးများ စို့လာလျက် ခေါင်းမူးလာ၏။

ဆယ်မိနစ်မျှကြာပြီးနောက် ပိုင်မူနင် အပူဒဏ်ကို မခံနိုင်တော့ဘဲ ရေထဲက ထွက်လာခဲ့သည်။

ထိုညနေတွင် သိုးကောင်လုံးကင်စားပြီး ဘာဘီကျူးစားကာ သီချင်းဆိုဖြစ်ကြသည်။ သန်းခေါင်ယံရောက်သည်အထိ  á€Ąá€á€°á€•ဝ္ဏ်ရွသင်ခဲအကဟပဟဎး ရယ်မောနေကြရသည်။

ပိုင်မူနင် သူ့အခန်းကို ပြန်ရောက်သည့်အခါ ဝမ်ကျင်း၏ တံခါးကို တစ်ချက်ကြည့်ပြီး မခေါက်ကြည့်မိဘဲ မနေနိုင်တော့ပေ။

သူ မိနစ်အနည်းငယ်ကြာသည်အထိ တံခါးခေါက်နေခဲ့သော်ငြား မည်သူကမှ ပြန်မဖြေပေ။  á€á€™á€şá€€á€ťá€„á€şá€¸á€•á€źá€”á€şá€™á€œá€Źá€žá€ąá€¸á€žá€Šá€şá€™á€žá€Ź ပိုင်မူနင်အတွက် သေချာသွားခဲ့၏။

ယင်းက သူ့ခံစားချက်ကို ပိုဆိုးရွားသွားစေသည်။

နောက်တစ်နေ့ မနက်တွင်လည်း ပိုင်မူနင်က ဝမ်ကျင်း၏ အခန်းတံခါးကို ထပ်ခေါက်လိုက်သည်။ သို့သော် မည်သူကမှ ပြန်မဖြေလာသေးချေ။

ဝမ်ကျင်းက တစ်ညလုံး ပြန်မလာခဲ့ပေ။ သူ မည်သည့်နေရာတွင် ရှိနေခဲ့သည်မှာ သိသာနေ၏။

ပိုင်မူနင်မှာ စိတ်ဓာတ်ကျသွားလျက် ဝမ်ကျင်းမှာ ရွေးချယ်မှုကို လုပ်ပြီးနေပြီဟုသာ တွေးလိုက်၏။

မနက်စာစားပြီးနောက် ကျွမ်းယွိမြန်က အနီးအနားတွင် လည်ပတ်ဖို့ရာ အကြံပြုလာသည်။ ထို့ကြောင့်ပင် သူတို့ထဲမှ အချို့က ကားငှားပြီး ခရီးတိုလေး ထွက်ကြသည်။

ညဘက်ရောက်သည်နှင့် စားသောက်ရန် နေရာရှာကြသည်။ ပိုင်မူနင်က အဖွဲ့၏ နောက်ဆုံးမှလိုက်ကာ လမ်းလျှောက်နေစဉ် ဝမ်ကျင်းမှ သူ့အား ဖုန်းခေါ်လာခဲ့၏။

သူဖုန်းကိုင်လိုက်သည်နှင့် ဝမ်ကျင်းက မေးလာသည်။
 “မင်း ဘယ်မှာလဲ” 

ပိုင်မူနင်မှာ ဒေါသထွက်နေဆဲဖြစ်ကာ စကားကောင်းကောင်း ပြန်မပြောနိုင်ခဲ့ပေ။ ထို့ကြောင့် အလိုအလျောက်ပင် ဝမ်ကျင်းကို စိတ်ဆိုးအောင် လုပ်မိသွား၏။
 “ကျွန်တော် ဘယ်မှာလဲဆိုတာ ခင်ဗျားကို ဘာလို့ သတင်းပို့ရမှာလဲ... ခင်ဗျားကိုယ်ခင်ဗျား ကျွန်တော့်အတွက် ဘယ်သူလို့ ထင်နေတာလဲ”

“ကျွန်တော် သွားချင်တဲ့နေရာသွားမယ်... ခင်ဗျားနဲ့ မဆိုင်ဘူး”

သူ့အသံက အနည်းငယ် ကျယ်သွားရာ ရှေ့ရှိလူများက လှည့်ကြည့်လာကြသည်။ ပိုင်မူနင်မှာ ကိုးရိုးကားယားပြုံးပြလိုက်ရင်း ခပ်ဝေးဝေးသို့သွားကာ ဖုန်းဆက်ပြောလိုက်သည်။

သူ တကယ်ကို ဝမ်ကျင်းကို ဒေါသထွက်နေခြင်းပင်။ သူ့ဒေါသများက ပေါက်ကွဲလုနီးနီးဖြစ်၍နေ၏။

ဝမ်ကျင်းက ငါ့ကို လုံးဝ မကြိုက်ဘူး... ငါ့ကို သူ့ချစ်သူလောက် အရေးမထားဘူး...

ဝမ်ကျင်းက အချိန်အကြာကြီး တိတ်ဆိတ်နေပြီး နောက်ဆုံးတွင် ပြောလာသည်။
 “မင်း ကိုယ့်ကို လိုက်နေတာ မဟုတ်ဘူးလား... အခု လက်လျှော့လိုက်တာလား... ကိုယ်...”

သူ စကားမဆုံးခင်မှာပင် ပိုင်မူနင်က အဆောတလျင် ကြားဖြတ်ကာ ဆိုလိုက်သည်။
 “ကျွန်တော် ခင်ဗျားကိုမလိုက်တော့ဘူး... ဘာအဓိပ္ပါယ်မှ မရှိတာကို... လောကမှာ ယောက်ျားတွေ သန်းချီရှိနေတာပဲ... ကျွန်တော် ဘာလို့ ခင်ဗျားကိုပဲ ဆွဲထားရမှာလဲ”

ယင်းက သူ့အသက်တမျှ အရေးကြီးလွန်း၍ “ဆွဲထား” ခြင်းမျိုးပင်မဟုတ်ချေ။ မစ္စတာကျိုးကသာ ဝမ်ကျင်းကို အခြားသူတစ်ယောက်နှင့် ချစ်ကျွမ်းဝင်သွားအောင်လုပ်ပေးရန် စေခိုင်းခဲ့၍သာ မဟုတ်ပါက သူနှင့် ဝမ်ကျင်းတို့ တွေ့ကြမည်ပင် မဟုတ်ချေ။

သူ၏ တာဝန် ကျရှုံးသွားပေပြီ။ ဝမ်ကျင်းက သူ့ချစ်သူကို လက်မလွှတ်နိုင်ပေ။ သို့ဖြစ်၍ ပိုင်မူနင်အနေဖြင့် ဆက်လိုက်နေစရာအကြောင်းမရှိတော့ပေ။

ဒီအတိုင်းပဲ ထားလိုက်တာက ပိုကောင်းပါတယ်…

ယင်းက သူတို့ကြားရှိ တင်းမာမှုကိုဖန်တီးရန် အခွင့်အရေးကောင်းတစ်ခုပင်။ သူတို့ ပြန်ရောက်သည်နှင့် ချက်ချင်း အလုပ်ထွက်ပြီး ဝမ်ကျင်းကို နောက်ထပ် တွေ့တော့မည်မဟုတ်ချေ။

“ခင်ဗျား သဘောမတူရင်လည်း တခြားတစ်ယောက်က သဘောတူမှာပဲ”

“ကျွန်တော်တော့ ခင်ဗျားထက် ပိုကောင်းတဲ့သူကို ရှာမတွေ့နိုင်ဘူးလို့ မထင်ဘူး”

အနှီစကားကြမ်းကြမ်းတို့အား  á€šá€Żá€śá€€á€źá€Šá€şá€™á€žá€Żá€Ąá€•ဟညအ်ဖဟငအ် အော်ပြောပြီးနောက် ပိုင်မူနင်က တွန့်ဆုတ်မနေဘဲ ဖုန်းချလိုက်သည်။

သူ့ချစ်သူနဲ့ တွေ့ပြီးမှ ငါ့ဆီ ပြန်လာတယ်ပေါ့လေ... ဒါဆို ငါက ဘာဖြစ်သွားပြီလဲ...

ရှောက်ယဲ့ ခင်ဗျားကို ကျွန်တော် ဝန်ဆောင်မှု ပေးတာ ပြီးပြီ...

(T/N - ရှောက်ယဲ့က ကိုယ့်အထင် 小爷 သခင်လေးလို့ ခေါ်လိုက်တာဖြစ်နိုင်ပါတယ်)

ပိုင်မူနင်က သူ၏ ဖုန်းကို ချက်ချင်း ပိတ်လိုက်ပြီး အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်သည်။

နောက်ဆုံးတွင် သူတို့က ရှေးဟောင်း ကျင်းနန် ကြေးအိုးဟော့ပေါ့ဆိုင် တစ်ခုကို တွေ့သွားကြသည်။

ဆိုင်တွင် လူများ ပြည့်ကျပ်နေပြီး ရှေ့တွင်လည်း တန်းစီနေသူများစွာ ရှိသည်။ ကံကောင်းထောက်မစွာဖြင့် ချန်ဟောက်နန်မှာ ပိုင်ရှင်နှင့် သိသောကြောင့် စားပွဲရရန်အတွက် စောင့်နေစရာ မလိုပေ။

မှာယူပြီးနောက် ချန်ဟောက်နန်က ယနေ့ညတွက် တကယ်သောက်သင့်သည်ဟုဆိုကာ ဘီယာအနည်းငယ်ပါ မှာလိုက်သည်။

ပိုင်မူနင်က ပုလင်းတစ်လုံးကို ယူပြီး သူ့ကိုယ်သူအတွက် တစ်ခွက် ငှဲ့လိုက်သည်။

ချန်ဟောက်နန်မှ သူ့အား အမြန်တားလာသည်။ 
“ရှောင်နင် မင်းတော့ မသောက်တာ ကောင်းမယ် ထင်တယ်... မင်း မူးသွားရင် ကိုယ် ဘယ်လိုရှင်းပြရမလဲ သိမှာမဟုတ်ဘူး”

ပိုင်မူနင်က သူ မည်သူ့ကိုဆိုလိုသည်ကို သိသည်။ 
“ဘာကို ရှင်းပြမှာလဲ... ကျွန်တော့် ဘဝ ကျွန်တော့် စိတ်ကြိုက်နေမှာပဲ”

သူ့ကို မတားနိုင်သည်ကို သိသွားပြီးနောက် ချန်ဟောက်နန်က ခေါင်းငုံ့ပြီး တိုးတိုးလေး မေးသည်။

“မင်းတို့နှစ်ယောက် တကယ် ရန်ဖြစ်ထားတာလား... သူ မင်းကို အနိုင်ကျင့်ရင် မင်းရဲ့ ဟောက်နန်ကောကို ပြော... ကိုယ်က မင်းဘက်ကပဲ”

တစ်စုံတစ်ယောက်မှ သူ့ကို ဤမျှအထိ ရိုးစင်းစွာ ဆိုလာသည့်အခါ ပိုင်မူနင် တဖြည်းဖြည်း ငြိမ်သက်သွားသည်။ သူ့တွင် စိတ်ဆိုးပိုင်ခွင့်ပင် မရှိကြောင်းကို သဘောပေါက်လိုက်သည်။

တကယ်တမ်း ဝမ်ကျင်းနဲ့ ငါ့ရဲ့ ဆက်ဆံရေးက ဘာလဲ...  á€Ąá€™á€žá€”်ဥတိုင်းပဟ္ဏရရင် ဘာဆက်ဆံရေးမှ မရှိခဲ့တာပဲ... ငါတို့က လုပ်ဖော်ကိုင်ဖက်တွေ သက်သက်ပဲကို...ငါ ဘာလို့ စိတ်ဆိုးနေရတာလဲ...

ပိုင်မူနင်က သူ့ဖန်ခွက်ထဲမှ အရက်ကို မော့သောက်လိုက်ပြီး အသံကို တိုးလိုက်သည်။
“ဟင့်အင်း ရန်မဖြစ်ပါဘူး”

သူ တွေးလိုက်သည်။
ဒီအတိုင်းပဲ အဆုံးသတ်လိုက်တော့မယ်... ငါတို့ ပြန်ရောက်တာနဲ့ မစ္စတာကျိုးနဲ့ စကားပြောပြီး အလုပ်အတွက် ငွေပြန်အမ်းလိုက်မယ်...  á€„ဍတ္ဏအတ္ဏ်ပဟဎ...

သူ ထိုသို့ တွေးနေစဉ်မှာပင် ချန်ဟောက်နန်က ရုတ်တရက် ထရပ်ပြီး ပြောလိုက်သည်။
 “လောင်ဝမ် မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ... လာထိုင် ငါတို့ မင်းကို စောင့်နေကြတာ”

“ဒီည မင်းဧည့်ခံရမယ်... အဖွဲ့ကို ဘာအသိမှမပေးဘဲ ထွက်သွားတဲ့အတွက် အပြစ်ပေးတာ”

ဝမ်ကျင်းက သူ၏ ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး ပိုင်မူနင်ဘေးတွင် ဝင်ထိုင်လိုက်သည်။ 
“ငါ ဧည့်ခံပါ့မယ် လူတိုင်း ကြိုက်တာမှာကြ”

ချန်ဟောက်နန်ကလည်း ယဉ်ကျေးပြနေမည့် စိတ်ကူးမရှိပေ။ သူက ပိုင်ရှင်ကို ခေါ်ပြီး အသားလေးပွဲ ထပ်မှာလိုက်သည်။

ဝမ်ကျင်းက မီနူးကို ပိုင်မူနင်ထံ ပေးလိုက်ပြီး ညင်သာစွာ မေးသည်။
 “ဘာစားချင်လဲ”

ပိုင်မူနင်က ခေါင်းခါလိုက်ပြီး သူ့ကို လုံးဝ မကြည့်ပေ။

စစ်အေးတိုက်ပွဲ ဖြစ်ပွားနေချိန်တွင် နီးကပ်ရန်ကြိုးစားနေခြင်းက အဓိပ္ပာယ်မရှိပါချေ။

စားပွဲရှိ လူတိုင်းက ထူးဆန်းသောလေထုကို ခံစားမိပြီး တင်းမာမှုအားလျှော့ချရန် စကားစပြောကြသည်။

ဟော့ပေါ့စားနေချိန်တစ်လျှောက်လုံး ပိုင်မူနင်က ခေါင်းငုံ့ထားပြီး စကားမပြောပေ။ မော့လည်း မကြည့်ခဲ့ပေ။ သူ ထိန်းချုပ်ထားသည်မှာ ထင်ရှား၍နေ၏။

ညစာစားပြီးနောက် ချန်ဟောက်နန်က ကာရာအိုကေဆက်သွားရန် စီစဉ်သည်။ သို့တိုင် ပိုင်မူနင်ကမူ နေမကောင်းဟု အကြောင်းပြ၍သာ တက္ကစီဖြင့် ပြန်ခဲ့၏။

ဝမ်ကျင်းကလည်း အခြားသူများနှင့်အတူ မလိုက်သွားဘဲ ပိုင်မူနင်နှင့်အတူ ပြန်လိုက်ခဲ့သည်။

ပိုင်မူနင်က ဘာမှ မပြောသလို ဝမ်ကျင်းကလည်း စကားမဆိုပေ။ သူတို့အတူ တိတ်တဆိတ်သာ လမ်းလျှောက်ပြန်လာခဲ့ကြသည်။

သူ၏အခန်းတံခါးဝရောက်သည့်အခါ ဝမ်ကျင်းက သူ့အခန်းသို့ မသွားဘဲ ပိုင်မူနင်နောက်သို့ လိုက်လာခဲ့သည်။

ပိုင်မူနင်က သူ၏ ကတ်ပြားဖြင့် မဖွင့်သေးဘဲ ခဏရပ်လိုက်ပြီး သူ့နောက်မှ လိုက်လာသူကို လှည့်ကြည့်ကာ သတိပေးသည်။
 “ဒါက ကျွန်တော့်အခန်းပါ ...ဒေါက်တာဝမ်  á€á€„်ဗဝဏးဥခန်းက ဘေးမှာပါ”

“မင်း စိတ်တိုင်းကျတဲ့ကောင်လေး ရှာတွေ့ပြီလား” 

ဝမ်ကျင်းက မေးခွန်းတစ်ခုဖြင့် ထပ်မံ ထပ်ရှောင်လွှဲလာပြန်သည်။

ဘယ်လိုလုပ် ရှာတွေ့မှာလဲ... ငါက အရင်ကတည်းက ချစ်သူရှာဖို့ အစီအစဉ်မှမရှိတာ...

ဒီအတိုင်း ပါးစပ်ထဲရှိရာ ပြောလိုက်ရုံပဲမလား...

ပိုင်မူနင်က သော့ကတ်ကို ပွတ်ဆွဲ၍ အခန်းထဲသို့ ဝင်လိုက်ပြီး ရေသန့်ဘူးကို လှည့်ဖွင့်ကာ တစ်ငုံသောက်လျက် ပြောလိုက်သည်။

 “ ဘယ်လိုလုပ် အဲဒီ့လောက်မြန်နိုင်မှာလဲ... ဒါပေမဲ့ ကျွန်တော်က ငယ်လည်းငယ်တယ်... ရုပ်လည်း ချောတယ်... အားအင်ကလည်း အပြည့်ပဲ... ကျွန်တော့်အတွက် တစ်ယောက်ယောက်ကို ရှာတွေ့ဖို့ မခက်ခဲပါဘူး”

“ဘာပဲဖြစ်ဖြစ်ပါ.. ကျွန်တော် အခု အိပ်တော့မယ် ထွက်သွားပေးနိုင်မလား”

ဝမ်ကျင်းက မလှုပ်ရှားလာပေ။ ခဏအကြာတွင် သူက ဖြည်းဖြည်းချင်း ပိုင်မူနင်ထံ လျှောက်လာပြီး ပြောသည်။
“ပိုင်မူနင် ကိုယ်တို့ မနေ့က စကားဝိုင်းကို အခု ဆက်လို့ရပြီ... မင်း ကိုယ့်ကို ချိန်းတွေ့ချင်လားလို့ မေးခဲ့တယ်...အဲဒီ့ကိစ္စ အခု ပြောကြမယ်”

ပိုင်မူနင်က သူ့ကိုယ်သူ စိတ်ငြိမ်အောင်လုပ်ရင်း အသက်ပြင်းပြင်း ရှူလိုက်သည်။
 “ဒါပေမဲ့ ကျွန်တော် မလိုချင်တော့ဘူး”

“ကိုယ်လိုချင်တယ်”

“ကျွန်တော်နဲ့ မဆိုင်ဘူး”

ပိုင်မူနင်က လက်ကို မြှောက်ပြီး ဝမ်ကျင်းကို တံခါးထံ တွန်းရန်ဟန်ပြင်လိုက်သည်။ 
“ဒေါက်တာဝမ် ကျွန်တော် တကယ် ပင်ပန်းနေပြီ...အိပ်ချင်တယ်  á€‘ွက်သွဏးပ္းပဍ”

ဝမ်ကျင်းက သူ့ကိုထားပြီး ချစ်သူနှင့်သွားတွေ့ခဲ့သည့်အကြောင်းကို တွေးမိလျှင် ပိုင်မူနင်၏ ရင်ဘတ်ထဲတွင် ပိုမိုချဥ်စူးလျက် နာကျင်လာသည်။

ငါက ဝမ်ကျင်းအတွက် တကယ်ကို ဘာလဲ...

ယခုအချိန်တွင် ပိုင်မူနင်မှာ ပုန်ကန်လိုစိတ်အပြည့် ဖြစ်နေသည်။ သူ ဝမ်ကျင်းနှင့် စကားတစ်ခွန်းမှ ထပ်မပြောချင်တော့ပေ။ သူ့အနေဖြင့် ဝမ်ကျင်းကို အမြန်ဆုံးသာ ထွက်သွားစေချင်သည်။

ဝမ်ကျင်းက ရပ်လိုက်ပြီးနောက် ကိုယ်ကိုလှည့်လျက် ပိုင်မူနင်၏ လက်ကောက်ဝတ်နှစ်ဖက်လုံးကိုဆုပ်ကိုင်ကာ တံခါးထက် ကပ်ထားလိုက်သည်။
 “မင်း တကယ် ကိုယ့်ကိုမလိုက်တော့ဘူးလား”

သူ၏ လက်ကောက်ဝတ်များကို ခေါင်းထက်၌ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ခံထားရသည်။ ဤအနေအထားက ပိုင်မူနင်ကို လုံးဝ အားနည်းစေပြီး ခွန်အားများ မရှိတော့ပေ။

“အင်း မလိုက်တော့ဘူး” 

ပိုင်မူနင်က မျက်နှာလွှဲလိုက်ပြီး ဝမ်ကျင်းကို မကြည့်ပေ။ သူက ကြိတ်ကာ စိတ်ကောက်နေဆဲဖြစ်ပြီး စကားကောင်း မပြောချင်တော့ပေ။

ဝမ်ကျင်း သက်ပြင်းချလိုက်မှာ မချင့်မရဲဖြင့် သဘောတူလိုက်သလိုပင်။ သူက ဆို၏။ 
“ဒါဆို မလိုက်နဲ့တော့... တွဲကြစို့”

စကားလုံးများ ထွက်ကျလာသည့်အခိုက်အတန့်မှာပင် ပိုင်မူနင် ထိုသူ့အား အံ့အားသင့်တကြီး ကြည့်လိုက်မိ၏။ သို့တိုင် သူ ဝမ်ကျင်း၏ အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်လိုက်နိုင်မီမှာပင် အနမ်းတစ်ခုက အလျင်အမြန် သက်ဆင်း၍လာလျက် သူ့နှုတ်ခမ်းအား ဖိကိုက်လာ၏။

ပိုင်မူနင်၏ မျက်လုံးများက ထိတ်လန့်မှုနှင့်အတူ ပြူးကျယ်သွားခဲ့သည်။ တကယ်ပင် ဝမ်ကျင်းဘက်မှ လက်ဦးမှုယူလျက် သူ့အား နမ်းလာခြင်းပင်။

Chapter 35 – ဝမ်ကျင်းဘက်က အနမ်းကို စတင်လိုက်ပြီ


 

Search Novels