💊💊💊💊 Chapter 26
တခြား ဘယ်သူ့ကို နမ်းဖူးသေးတာလဲ


ထွက်ပေါက်ရှာဂိမ်းခန်း၏ အပြင်အဆင်မှာ “ဆေးရုံမှထိတ်လန့်ဖွယ်ပုံပြင်များ” ဟူ၍ ဖြစ်သည်။ ချန်ဟောက်နန်က သူတို့အဖွဲ့မှာ တရုတ်ရိုးရာဆေးခန်း ဖွင့်ထားကြသူများ ဖြစ်သဖြင့် ဆေးရုံနှင့်သက်ဆိုင်သည့် ဇာတ်လမ်းကို စိန်ခေါ်သင့်သည်ဟု ပြောလာသည်။

မည်သူကမျှ မကန့်ကွက်ကြပေ။ ဂိမ်းက ခြောက်ခြားကြောက်မက်ထိတ်လန့်ဖွယ်ကောင်းနေသရွေ့ မည်သို့သောဂိမ်းဖြစ်ဖြစ် အရေးမကြီးပေ။

ထို့နောက် ဇာတ်လမ်းနောက်ခံကို ရှင်းပြလာသည်။ ဂိမ်းကို ပြီးမြောက်ရန် ပျောက်ဆုံးနေသော အလောင်း တစ်ခုကို ရှာဖွေရမည်။

ထွက်ပေါက်ရှာဂိမ်းခန်းထဲ မဝင်မီ ကျွမ်းယွိမြန်က ပိုင်မူနင်ကို ဘေးသို့ဆွဲခေါ်ပြီး တီးတိုးပြောလိုက်သည်။ 
“ရှောင်နင်ရေ... မင်း ကျဲအနားမှာ နီးနီးကပ်ကပ်နေနော်... ငါ ကြောက်လာရင် မင်းလက်ကို ကိုင်ထားမယ်”

ကျွမ်းယွိမြန်မှာ ဂိမ်းကစားရာတွင် ညံ့ဖျင်းပြီး ကစားရသည်ကို နှစ်သက်သူ အမျိုးအစားဖြစ်၏။ သူမက တကယ်တမ်း၌ ကြောက်သော်ငြား ကစားချင်သည်။

သူမကိုယ်သူမ အလွန်အမင်း မကြောက်လန့်ရစေရန် အားကိုးစရာ တစ်စုံတစ်ယောက် လိုအပ်သည်။

“ရတယ်လေ” 
ပိုင်မူနင်က ကတိပေးလိုက်သည်။ 
“မြန်ကျဲ စိတ်မပူပါနဲ့... ကျွန်တော် သေချာပေါက် ကာကွယ်ပေးပါ့မယ်”

“ရှောင်နင်လေးကသာ အကောင်းဆုံးပဲ”

သူတို့ မျက်လုံးကာများ တပ်ပြီးသည်နှင့် အဖွဲ့ကို အခန်းထဲသို့ ခေါ်ဆောင်သွားသည်။ အခန်းက မှောင်မဲနေသည်။ သူတို့မှာ သူတို့လက်ကိုပင် မမြင်နိုင်ပေ။ သူတို့ဘေးနားတွင် မည်သူရှိနေသည်ကိုလည်း မသိနိုင်ချေ။

ကျွမ်းယွိမြန်က တီးတိုးပြော၏။
 “ရှောင်နင်ရေ ငါတော့ အခုတောင် ကြောက်နေပြီ”

အရိပ်အမြွက်ကို သိလိုက်သဖြင့် ပိုင်မူနင်က ကျွမ်းယွိမြန်၏ လက်ကို အမြန်ဆွဲယူလိုက်သည်။ သူတို့၏ လက်ချောင်းများ ရစ်ချည်သွားပြီး ပိုင်မူနင် ခေတ္တရပ်သွား၏။ ကျွမ်းယွိမြန်မှာ သေးသွယ်ပြီး ပိန်ပိန်ပါးပါးလေး ဖြစ်သော်လည်း အဘယ်ကြောင့် သူမ၏ လက်က ဤမျှ ကြီးနေလဲဟု တွေးနေမိသည်။ သူ့လက်ထက်ပင် ပိုကြီးနေပြန်သည်။

ထားလိုက်တော့ အရေးမကြီးဘူး... မြဲမြဲ ကိုင်ထားလိုက်ရုံပဲ...

မကြာမီတွင် အခန်းအလယ်၌ အနီရောင်မီးမှိန်မှိန်ထွန်းညှိလာပြီး ခွဲစိတ်ကုသသည့် စားပွဲပေါ်ရှိ ပက်လက်လှန်နေသော အလောင်း တစ်ခုပေါ်သို့ အလင်းရောင် ကျရောက်သည်။

အလောင်း၏ ဝမ်းဗိုက်ကို ခွဲစိတ်ဓားဖြင့် ဓားရာပေးထားသဖြင့် အတွင်းအင်္ဂါများအားလုံး ပေါ်နေသည်။ သွေးများကလည်း လတ်လတ်ဆတ်ဆတ် စီးဆင်းထွက်ကျနေဆဲပင်။

အလင်းရောင်က အလွန်မှိန်လွန်းသဖြင့် ရှင်းရှင်းလင်းလင်း မြင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ ချန်ဟောက်နန်က လျှောက်သွားပြီး ပြောလိုက်သည်။

 “ပျောက်နေတဲ့ အလောင်းကို ရှာရမှာ မဟုတ်ဘူးလား... ဒီမှာ ရှိနေတာပဲမလား... ဘာကို ရှာရမှာလဲ”

ချန်ဟောက်နန်၏ စကားများကို ကြားရသောအခါ လူတိုင်းက ပိုမိုနီးကပ်စွာ ကြည့်ရှုရန် ဝိုင်းအုံလာကြပြီး ဝန်ထမ်းများက အလောင်းကို သိမ်းဆည်းရန် ရိုးရိုးလေး မေ့သွားခြင်း ဖြစ်နိုင်သည်ဟု သံသယဝင်လာကြသည်။

အလောင်းက ရွံစရာကောင်းနေကာ အတွင်းအင်္ဂါများ အပြည့်အစုံ ပေါ်နေသော်လည်း လူတိုင်းက အတုမှန်း သိထားကြသဖြင့် ကြောက်ရွံ့ခြင်း မရှိဘဲ ဝိုင်းအုံကြည့်ရှုကြသည်။

သူတို့က ပစ္စည်းကို မည်သို့ပြုလုပ်ထားသည်ကိုပင် စစ်ဆေးနေကြသေးသည်။ အလွန်တရာ လက်တွေ့ဆန်သည်ဟု မြင်ရ၏။

သို့သော် စက္ကန့်အနည်းငယ်အတွင်း၌ပင် ဝိုင်းအုံနေသောသူများက အော်ဟစ်သံများ ပေးကာ အရပ်လေးမျက်နှာသို့ ပြန့်ကျဲပြေးထွက်သွားကြသည်။ မကြာမီမှာပင် လူတိုင်း ပြေးကုန်ကြ၏။

ပက်လက်လှန်နေသည့် အလောင်းက ရုတ်တရက် ထထိုင်လိုက်သည်။ ၎င်းက ခွဲစိတ်စားပွဲပေါ် ထိုင်ကာ သူ၏ အူများကို ဆွဲထုတ်လိုက်ပြီး အူမကြီးတစ်ခုလုံးကို လည်ပင်းတွင် ဆွဲထား၏။ သူက နှလုံးသားကို လက်ထဲတွင် ဆုပ်ကိုင်ထားရင်း အော်ဟစ်နေသည်။

“ဘယ်သူ ငါနဲ့ လာကစားမလဲ”

“ငါ့နှလုံးက သွေးတွေ တစက်စက် ကျနေတုန်းပဲ... ကိုင်ကြည့်ချင်လား”

ထိုမြင်ကွင်းမှာ စကားလုံးဖြင့် ဖော်ပြမရအောင် ထိတ်လန့်စရာ ကောင်းလှသည်။ အထူးသဖြင့် ကျောချမ်းစရာ နောက်ခံတေးဂီတကြောင့် လူတစ်ဦး၏ ဝိညာဉ်ကပင် ခန္ဓာကိုယ်ထဲမှ ထွက်သွားလောက်အောင် ကြောက်စရာကောင်း၏။

ပိုင်မူနင်သည်လည်း ကြောက်နေသော်ငြား ကျွမ်းယွိမြန်ကို ကာကွယ်ပေးမည်ဟု ကတိပေးခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် ထိတ်လန့်တကြား ထွက်ပြေး၍ မဖြစ်ပေ။ ကြောက်ရွံ့ကာ ခိုးကြောင်ခိုးဝှက် ထွက်မသွားနိုင်ချေ။ သူ့အနေဖြင့် တောင့်ခံထားပြီး သူ၏ ယောကျ်ားပီသသော စရိုက်ကို ပြသရမည်။

ပိုင်မူနင်က အသက်ပြင်းပြင်း အနည်းငယ် ရှူသွင်းလိုက်ပြီး စိတ်ငြိမ်အောင် အတင်းအကျပ် ထိန်းချုပ်ထားရသည်။ ကျွမ်းယွိမြန်၏ လက်ကို ဆုပ်ကိုင်ထားရင်း သူက နှစ်သိမ့်ရန် ကြိုးစား၏။
“မကြောက်ပါနဲ့ မြန်ကျဲ... ကျွန်တော် ကာကွယ်ပေးပါ့မယ်”

ကျွမ်းယွိမြန်သည် သူ့ထက်ပင် ပို၍ တိတ်ဆိတ်နေပြီး သူမ၏ လက်ဖဝါးမှာ လုံးဝ ခြောက်သွေ့နေသည်။

ထို ကျယ်ပြန့်သော လက်ဖဝါးက သူ၏လက်ကို ရစ်ပတ်ထားပြီး သူ့အား သန်မာသောလုံခြုံသည့် ခံစားချက်ကို ပေး၏။

ဆန့်ကျင်ဘက်အားဖြင့် ပိုင်မူနင်ကမူ သူ့လက်များ တုန်ယင်နေသည်အထိ ကြောက်ရွံ့နေရသည်။

စိတ်ရှုပ်ထွေးစွာဖြင့် သူက ကျွမ်းယွိမြန်ကို လှမ်းကြည့်လိုက်ပြီးနောက် ချက်ချင်း တောင့်တင်းသွား၏။ သူ ကိုင်ထားသူမှာ ကျွမ်းယွိမြန် လုံးဝ ဟုတ်မနေပေ။ ထိုသူမှာ ဝမ်ကျင်း ဖြစ်နေသည်။

ဝမ်ကျင်းက သူ့ကိုကြည့်လာပြီး အေးစက်စက် ဆိုသည်။
 “မြန်ကျဲလား ဒါဆို မင်းက လူမှားကိုင်ထားတာပဲ”

“...?”

ပိုင်မူနင်က ချက်ချင်း လွှတ်ချလိုက်ပြီး ချွေးစေးထွက်နေသော လက်ဖဝါးများကို ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်၏။
 “ဘာလို့ ခင်ဗျားဖြစ်နေရတာလဲ”

“တခြား ဘယ်သူဖြစ်ရမှာလဲ” 
ဝမ်ကျင်းက ပြော၏။ 
“မင်းက ကိုယ့်လက်ကို အချိန်တိုင်း တွယ်ကပ်ထားခဲ့တာလေ အခုကျ ကိုယ့်ကို အပြစ်တင်နေတာလား”

ပိုင်မူနင်မှာ စကားလုံးများကို ပြန်လှန်ရန် ကြိုးစားသော်လည်း မအောင်မြင်ဘဲ ဝမ်ကျင်း၏ စကားလှည့်ပတ်ခြင်းကိုသာ ပြန်ခံလိုက်ရသည်။

“ကျွန်တော် ဘယ်လိုလုပ် လုပ်ရဲမှာလဲ... ကျွန်တော်က ကျွန်တော့် ခံစားချက်ကို ဖော်ပြရုံသက်သက်ပါ”

“မင်းရဲ့ ခံစားချက်တွေကို နောက်ပိုင်းအတွက် သိမ်းထားလိုက်... ကိုယ်နဲ့ လိုက်ခဲ့”
ပိုင်မူနင်က တိတ်ဆိတ်စွာ လိုက်ပါသွား၏။ ဝမ်ကျင်း လုပ်ရန်စီစဉ်နေသည်တို့ကို သိချင်မိသည်။

ပိုင်မူနင်မှာ အနှီသူ ဝမ်ကျင်းက ဂိမ်းအဆင့်ကို ကျော်ဖြတ်ရန် နည်းလမ်းတစ်ခု စဉ်းစားမိ‌လောက်ပြီဟု တွေးကာ အနည်းငယ် မျှော်လင့်ထားသည်။

သို့သော် ဝမ်ကျင်းက မပြေးသလို ပြန့်ကျဲနေသော အသင်းဖော်များကိုလည်း မရှာပေ။ ပဟေဠိကို ဖြေရှင်းရန်လည်း စိတ်ဝင်စားပုံ မရပေ။ သူက ခွဲစိတ်စားပွဲရှေ့၌ ရပ်လိုက်ပြီး သရုပ်ဆောင်ရန် ကြိုးစားနေဆဲဖြစ်သော NPC ကို ရိုးရိုးလေး ပြောလိုက်သည်။
 “ကျေးဇူးပြုပြီး ပြန်လှဲပေးပါ”

သူ၏ ကိုယ်တွင်းအင်္ဂါများကို ဆွဲထုတ်နေသော NPC မှာ တောင့်တင်းသွား၏။ 
“...?”

ဒါက ဘယ်လိုတောင် ရိုင်းတာလဲ...

“ငါ အလုပ်လုပ်နေတာလေ... ဘာလို့ ပြန်လှဲရမှာလဲ”

“မင်းကို ငါ ကူညီပေးဖို့ လို‌သေးလား”

NPC: “...?”
မလိုလောက်ပါဘူး...

သို့သော်လည်း NPCက ဝမ်ကျင်း ဘာလုပ်ချင်သည်ကို သိလို၍ နာခံစွာ ပြန်လှဲချလိုက်ပြီး မျက်လုံးပြူးလျက် ဝမ်ကျင်းကို ကြည့်နေသည်။

ဝမ်ကျင်းက ပိုင်မူနင်၏ လက်ကောက်ဝတ်ကို ဆွဲယူကာ သူ့အနားသို့ ဆွဲခေါ်လိုက်၏။ 

“ဒီနေရာတွေက အတွင်းအင်္ဂါ အားလုံးရှိတဲ့ နေရာပေါ့... ဒါက တကယ်ကို သေသေသပ်သပ် ဖန်တီးထားတာ... တကယ့် လူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ တစ်ပုံစံတည်းနီးပါးပဲ”

ပိုင်မူနင်: “...?”

သာ့ကောရေ.. ဒါက ထွက်ပေါက်ရှာဂိမ်းခန်း ဖြစ်သင့်တာလေ.. ဘာလို့ စာသင်ခန်း ဖြစ်နေရတာလဲ...

ဝမ်ကျင်းက ဘေးမှ ခွဲစိတ်လက်အိတ်တစ်စုံကို ကောက်ယူ၍ ဝတ်ဆင်လိုက်ပြီး အူများနှင့် နှလုံးသားကို ၎င်းတို့၏ နေရာများတွင် ပြန်ထားလိုက်သည်။ ထို့နောက် ပိုင်မူနင်ကို ကိုယ်တွင်းအင်္ဂါတစ်ခုစီ၏ လုပ်ဆောင်ချက်များနှင့် ဖြစ်ပေါ်နိုင်သည့် ပြဿနာအမျိုးအစားများကို စတင် ရှင်းပြတော့၏။

သွေးသံရဲရဲ ခန္ဓာဗေဒ သင်ခန်းစာနှင့် ရင်ဆိုင်‌နေရသည့် ပိုင်မူနင်မှာ အနည်းငယ်မျှပင် ငိုက်မနေပေ။ ဆန့်ကျင်ဘက်အားဖြင့် သူက ယခင်ထက် ပို၍ နိုးကြားနေပြီး စိတ်လွင့်မသွားစေရန် ကြိုးစားနေရသည်။

ယင်းက စာသင်ခန်းထဲတွင် ဆရာ့စကားကို ထိုင်နားထောင်ရခြင်းနှင့် လုံးဝမတူပေ။  á€žá€°á€ˇá€™á€ťá€€á€şá€œá€Żá€śá€¸á€›á€žá€ąá€ˇá€á€˝á€„် တကယ့်သွေးအလိမ်းလိမ်း ကိုယ်တွင်းအင်္ဂါများကို အနီးကပ် မြင်တွေ့နေရခြင်း ဖြစ်သည်။ သူ၏ အာရုံကြောများ တင်းမာနေသဖြင့် ပေါ့ပေါ့ဆဆ မနေရဲပေ။

ဝမ်ကျင်းက ရံဖန်ရံခါဆိုသလို အမျိုးမျိုးသော ကိုယ်တွင်းအင်္ဂါများကို ထိုးပြကာ တစ်ခုချင်းစီကို အသေးစိတ် ရှင်းပြနေသည်။

NPC: “...?”

မင်းတို့နှစ်ယောက်မှာ လူ့ကျင့်ဝတ် မရှိဘူးလား...

ဒီ NPC အလုပ်လုပ်လာခဲ့တဲ့ အချိန်တစ်လျှောက်လုံးမှာ ဒီလိုမျိုး ငါ့ကို ခန္ဓာဗေဒပညာရှင် တစ်ယောက်လို ဆက်ဆံခံရတာ ဒါ ပထမဆုံးအကြိမ်ပဲ...

ကျေးဇူးတင်ပါတယ်... ငါ တကယ်ပဲ စော်ကားခံရတယ်လို့ ခံစားလိုက်ရတယ်...

ဝမ်ကျင်းက အတွင်းအင်္ဂါများအကြောင်း ရှင်းပြပြီးနောက် ပိုင်မူနင်ကို သင်ကြားရေးပစ္စည်းများ ရှာရန် နောက်ဧရိယာသို့ ခေါ်သွားသည်။

နောက်အခန်းတွင် သူတို့က လူ့အရိုးစုပုံစံငယ် တစ်ခုကို တွေ့လိုက်ရသည်။ ဝမ်ကျင်းက ပစ္စည်းများအတိုင်း နောက်ထပ် သင်ကြားရေးတစ်ကြိမ် စတင်ပြန်သည်။ လူ့အရိုးစုစနစ်အကြောင်း အသေးစိတ် ရှင်းပြကာ အရိုးဆက်နည်း၊ အရိုးတစ်ခုစီ၏ ဆက်သွယ်မှုအမှတ်များနှင့် ပိုင်မူနင်ကို သူ၏လက်ဖြင့်ပင် ကိုင်စမ်းခိုင်းခြင်းများ ပြုလုပ်‌သေး၏။

သေပါပြီ... ငါ ဒီကို ထွက်ပေါက်ရှာဂိမ်း ကစားဖို့ လာခဲ့တာလေ... ဘယ်လိုလုပ်ပြီး စာသင်ချိန် ဖြစ်သွားရတာလဲ...

ပိုင်မူနင်မှာ ဝမ်ကျင်း၏ အသိပညာဆိုင်ရာ အချက်များစီးဆင်းမှုကို မှတ်မိရန် ကြိုးစားရင်း ခါးသီးသော အမူအရာဖြင့်ရှိနေ၏။ တစ်ခါတစ်လေ သူ တကယ်ဂရုစိုက်နေကြောင်း ပြသရန် မေးခွန်းများပင် မေးလိုက်သေးသည်။

လက်နှစ်ဖက်စလုံးကို အရိုးစုပေါ် ဖိထားရင်း ပိုင်မူနင်က လွတ်မြောက်ခြင်းဂိမ်းခန်းသို့ လာခဲ့မိသည်ကို နောင်တရနေချေပြီ။

သူတို့ လူ့အရိုးစုကို လေ့လာပြီးသွားသောအခါ ဝမ်ကျင်းက နောက်ထပ် အသိပညာဆိုင်ရာ အချက်တစ်ခုကို စတင်ရှာဖွေ‌တော့သည်။ ပိုင်မူနင်က သူ့နောက်မှ လိုက်ရင်း တီးတိုးပြောလိုက်၏။

“ဒေါက်တာဝမ်... ကျွန်တော်တို့ တခြားသူတွေကို အရင်ရှာဖို့ မကြိုးစားသင့်ဘူးလား... သူတို့ ဘယ်လိုဖြစ်နေလဲ မသိရဘူး”

သူတို့အားလုံး အလွန်လျင်မြန်စွာ ထွက်ပြေးသွားခဲ့ကြရာ  á€€á€ťá€˝á€™á€şá€¸á€šá€˝á€­á€™á€źá€”်က မည်သူနှင့် အတူတူ ကျန်ခဲ့သည်ကို မသိနိုင်ပေ။ သူမ ကြောက်နေလျှင်‌...

စန်းဝမ်ခန်းမရှိ လူအားလုံးထဲတွင် ပိုင်မူနင်မှာ ကျွမ်းယွိမြန်နှင့် အရင်းနှီးဆုံးဖြစ်သည်။ သူတို့မှာ အသက်သိပ်မကွာဘဲ သူမက သူ့အား မောင်လေးတစ်ယောက်လို အမြဲ ဂရုစိုက်လေ့ရှိသဖြင့် သူ့အနေဖြင့် သူမအတွက် အစိုးရိမ်ဆုံးဖြစ်နေသည်မှာ သဘာဝကျ၏။

ထို့အပြင် ကျွမ်းယွိမြန်မှာ မိန်းကလေးတစ်ယောက်ဖြစ်ရာ သူ့ကို ပိုမိုစိုးရိမ်မိခြင်းမှာ သဘာဝကျ၏။

“ဒီအဆင့်ကို ဖြတ်နိုင်ရင် တခြားသူတွေ ဘယ်လိုဖြစ်နေလဲဆိုတာ ကိုယ်တို့သိရမှာပဲ မဟုတ်ဘူးလား” 
ဝမ်ကျင်းက အဓိကနေရာတစ်ခုကို လက်ညှိုးထိုးပြကာ ပြော၏။
“အဲဒီနေရာတွေကို သွားစစ်ပြီး သဲလွန်စ ရှာလိုက်”

ပိုင်မူနင်မှာ သံသယဝင်နေသော်လည်း သွားကြည့်လိုက်ရာ သေချာပေါက် သဲလွန်စများစွာ တွေ့ရပြီး သော့တစ်ချောင်းနှင့် လျှို့ဝှက်ကုဒ်နံပါတ်ကိုပင် ရလိုက်၏။

ထို့နောက် ဝမ်ကျင်းက ပေါင်းစပ်သော့ခတ်ထားသည့် သေတ္တာကို ရှာရန် သူ့ကို နောက်အခန်းတစ်ခုသို့ ခေါ်သွားသည်။

ထွက်ပေါက်ရှာဂိမ်းခန်း ကစားရခြင်း၏ ပျော်စရာကောင်းမှုကို ပိုင်မူနင် ယခုမှ စတင် ခံစားလာရသည်။

သူက လှည့်ကွက်ကုဒ်များ ရထားသကဲ့သို့ ခံစားရသည်။ အရာအားလုံးက ချောချောမွေ့မွေ့နှင့် အားစိုက်ထုတ်စရာမလိုဘဲ တိုးတက်နေသည်။ ယင်းက စိတ်လှုပ်ရှားစရာ ကောင်းလှသည်။

ဝမ်ကျင်း၏အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ ရဲတိုက်သံတံခါး တစ်ခု၏ အောက်ခြေတွင် သံချေးတက်နေဟန်ရှိသည့် ပေါင်းစပ်သော့ခတ်ထားသော သေတ္တာတစ်ခုကို မြင်လိုက်ရသည်။

သူက ထိုင်ချလိုက်ပြီး ပထမအလွှာကို ကုဒ်ဖြင့် ဖွင့်ကာ နောက်အလွှာကို သော့ဖြင့် ဖွင့်ရန် ပြင်ဆင်လိုက်သည်။ သို့သော် သော့ကို လှည့်လိုက်သည်နှင့် ပိုင်မူနင် ရုတ်တရက် တောင့်တင်းသွား၏။

အတွင်းထဲတွင် ရှိသည့်အရာကို သူ မသိ‌ပေ။ တစ်စုံတစ်ယောက်၏ ဖြတ်တောက်ထားသော ခြေလက် သို့မဟုတ် ရွံစရာကောင်းသည့် ပိုးကောင်ကြီး တစ်ကောင်ကောင် ဖြစ်နေခဲ့ပါမူ…

တီဗီဒရမ်မာများနှင့် ထိတ်လန့်ခြောက်ခြားဖွယ်ရာ ရုပ်ရှင်များစွာ ကြည့်ဖူးထားသည့်အတွက် ပိုင်မူနင် သိလိုက်သည်။ ရိုးရိုးရှင်းရှင်းတော့ ဖြစ်လိမ့်မည်မဟုတ်ဘဲ တစ်ခုခုကို သေချာပေါက် ကလိမ်ကကျစ် လုပ်ထားခြင်းဖြစ်ရမည်။

သူက အနည်းငယ် ကြောက်နေသော်လည်း ဘာမှ မပြောပေ။

သူက ဝမ်ကျင်းကို လက်ယပ်ခေါ်လိုက်ပြီး ပြောလိုက်သည်။
“ဒေါက်တာဝမ် ခဏလေး ဒီနား လာပါဦး” 

ဝမ်ကျင်းက မလှမ်းမကမ်းတွင် ရပ်နေပြီး ထိုကိစ္စများကို လုံးဝ စိတ်ဝင်စားဟန်မပြပေ။

ပိုင်မူနင်ခေါ်သည်ကို ကြည့်ကာ သူက အလေးမထားသလို လျှောက်လာပြီး မေးလိုက်သည်။
 “ဘာလဲ” 

“ထိုင်လိုက်ပါလား အတူတူ ဖွင့်ရအောင်”

ဝမ်ကျင်းက သူ၏ ဘေးတွင် ထိုင်ချလိုက်သည်။ ပိုင်မူနင်က လုံခြုံမှုရစေရန် ဝမ်ကျင်း၏ လက်ဖျံကို လှမ်းဆွဲကိုင်လိုက်သည်။

သူ သော့ကို လှည့်လိုက်သည်။ 

ကလစ် ...

သော့မှာ ပွင့်သွားပြီး အဖုံးပွင့်တက်လာသည်။ အတွင်းထဲ၌ သွေးအလိမ်းလိမ်းဖြစ်နေသော လက်တစ်ဖက် ရှိနေသည်။

ပထမတစ်ချက် ကြည့်လိုက်သည်နှင့် ပိုင်မူနင် ထိတ်လန့်သွားပြီး ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း သူ၏ဘေးမှ ဝမ်ကျင်းကမူ လုံးဝ ငြိမ်သက်နေ၏။ ထိုအခါ ကြောက်ရွံ့မှုက ပို၍ပင် မြင့်တက်လာသည်။ ပိုင်မူနင် အလောတကြီးဖြင့် သူ့ထံသို့ တိုးဝင်မိသွားရာ သူတို့၏ မျက်နှာချင်းထိမိသွားလျက် နှုတ်ခမ်းများမှာလည်း မတော်တဆ ပွတ်တိုက်မိသွားကြသည်။

သူ၏ ကြောက်ရွံ့မှုမှာ အခြားတစ်မျိုးသော ထိတ်လန့်မှုဖြင့် ချက်ချင်း အစားထိုးခံလိုက်ရသည်။ ပိုင်မူနင် ကြမ်းပြင်ပေါ်သို့  á€”á€ąá€Źá€€á€şá€•á€źá€”á€şá€œá€˛á€€á€ťá€žá€˝á€Źá€¸áá‹

သူ၏ပထမဆုံး အနမ်းလေးမှာ ဆုံးရှုံးလိုက်ချေပြီ။

သူ့နှုတ်ခမ်းအား မသိစိတ်အရ စူလိုက်မိလျက် ပထမဆုံးအနမ်းလေး ပါသွားသည့်အပေါ် ဝမ်းနည်းစိတ်တို့ လှိုက်တက်လာခဲ့သည်။
 
သူက မစ္စတာကျိုးပေးသော အလုပ်ကို ပြီးမြောက်ရန်အတွက် ဝမ်ကျင်းကို မြူဆွယ်ရန် ကြိုးစားခဲ့သည်မှာ မှန်သော်ငြား ထိုသို့လုပ်ဆောင်ရာတွင် သူ့ကိုယ်သူ စတေးရန် မရည်ရွယ်ထားပေ။ သူ့အနေဖြင့် အနမ်းခြင်း ၊ ခန္ဓာကိုယ်ချင်းရင်းနှီးမှု တစ်ခုခု ဖြစ်လာရန် မစီစဉ်ထားချေ။

သူ၏ ဖြူဖြူစင်စင် အချစ်ကိုသာ စိတ်ကူးထားခြင်းဖြစ်သည်။

ပိုင်မူနင်က အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး စိတ်ငြိမ်အောင် ထိန်းရန် သူ့ကိုယ်သူ ပြောလိုက်၏။

ဒါက မတော်တဆ နမ်းလိုက်မိတာပဲ... အနမ်းအဖြစ် ထည့်မတွက်ဘူး...

လန့်ဖို့ မလိုဘူး... ငါတို့ နှစ်ယောက်စလုံး ယောကျ်ားတွေပဲ...

ထို့အပြင် ဝမ်ကျင်းမှာ ရည်းစားဟောင်းရှိသူဖြစ်ကာ အရွယ်ရောက်ပြီးသား လူတစ်ယောက်ပင်။ ယင်းက သူ၏ ပထမဆုံးအနမ်း ဖြစ်စရာ အကြောင်းမရှိချေ။ ထိုသူအား ပိုင်မူနင်အနေဖြင့် တာဝန်ယူစရာ မလိုအပ်ပေ။  á€žá€°á€ˇá€€á€­á€Żá€šá€şá€•ိုင် ပထမဆုံးအနမ်းဖြစ်နေ၍သာ ရှက်စရာ ကောင်းနေခဲ့သည်။

ဒါပေမဲ့ ယောကျ်ားတစ်ယောက်ကို နမ်းတာ အနမ်းအဖြစ် ထည့်တွက်လို့ ရပါ့မလား...

ဝမ်ကျင်းမှာ လုံးဝ မလှုပ်မယှက် ရှိနေသည်။ သူသည်လည်း အနမ်းကြောင့် အံ့အားသင့်သွားပုံရ၏။

ပိုင်မူနင်က သူ့ပါးစပ်ကို ဖွင့်လိုက်ပြီး တစ်ခုခု ပြောရန် ပြင်ဆင်လိုက်သော်လည်း သူ မပြောခင် အဖွဲ့၏ ကျန်အဖွဲ့ဝင်များ ရောက်လာပြီး တိတ်ဆိတ်နေသည့် အနေအထားကို အနှောင့်အယှက် ပေးလိုက်သည်။

ချန်ဟောက်နန်က ဦးဆုံး လျှောက်လာခဲ့သည်။ 
“လောင်ဝမ် မင်းတို့ ဒီမှာရှိနေတာကိုး... ငါတို့က မင်းတို့ကို နေရာအနှံ့ လိုက်ရှာနေရတာ... ဒါဆို သဲလွန်စတွေ တွေ့ပြီလား”

လူတိုင်း ပြန်ရောက်လာသည့်အခါ ပိုင်မူနင်မှာ ရှက်ရွံ့ခြင်း မရှိတော့ပေ။ သူက ထရပ်လိုက်ပြီး သဲလွန်စများ အကြောင်းကို ချက်ချင်း စတင် ပြောဆိုတော့သည်။

သဲလွန်စများ တွေ့ခဲ့သော်လည်း သူ့အ‌နေဖြင့် ၎င်းတို့ကို ထုတ်ယူရန်မရဲပေ။

ချန်ဟောက်နန်က စေတနာ့ဝန်ထမ်းလုပ်ကာ ပြောလိုက်သည်။
“ကိုယ်လုပ်လိုက်မယ်” 

သူတို့ ရရှိခဲ့သော သဲလွန်စဖြင့် ပျောက်ဆုံးနေသော အလောင်းကို ရှာဖွေတွေ့ရှိကာ အဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သွား၏။

ထွက်ပေါက်ရှာဂိမ်းခန်းမှ ထွက်လာပြီးနောက် ချန်ဟောက်နန်က နောက်ထပ်တစ်ပွဲ ရှိသေးကြောင်း ပြောလိုက်ပြီး လူတိုင်းကို ညစာ အတူတူ စားရန် ဖိတ်ခေါ်လိုက်သည်။ သူက ဘာဘီကျူးစားသောက်ဆိုင်တွင် နေရာကြိုတင်မှာယူထားပြီး ဖြစ်သည်။

ပိုင်မူနင် အချိန်ကို စစ်ကြည့်လိုက်သည်။ သူ ဆက်နေပါက ကျောင်းဆောင်များ ပိတ်သွားလိမ့်မည်။ ထို့ကြောင့် သူက ပြောလိုက်သည်။
 “ခင်ဗျားတို့ သွားကြပါ... ဟောက်နန်ကော ကျွန်တော် ကျောင်းကို ပြန်တော့မယ်”

“အဲလို မလုပ်ပါနဲ့ ရှောင်နင်ရာ... လူများရင် ပိုပျော်စရာကောင်းတယ်... ဘာဘီကျူး သွားစားကြမှာ... မလိုက်ချင်ဘူးလား”

ကျွမ်းယွိမြန်ကပါ ဝင်ပြောလိုက်သည်။
 “ဟုတ်တယ် ရှောင်နင်လေး...  á€™á€„်း လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ဘာဘီကျူး စားချင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား... အခုကျ မလိုက်တော့ဘူးလား”

ပိုင်မူနင်က ပြုံး၍ ပြန်ဖြေသည်။
 “မလိုက်နိုင်တော့ဘူး...  á€€á€ťá€ąá€Źá€„်းဥဆ္ဏင်က ဆယ်နာရီ ပိတ်တာလေ... နောက်ကျရင် ဝင်လို့ရမှာ မဟုတ်ဘူး”

သူ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ကို တစ်ကြိမ်ဖောက်ဖျက်ပြီးချိန်မှစ၍ ပိုင်မူနင်က အချိန်ကို သတိထား၍ စောင့်ကြည့်နေရသည်။

သူ့အနေဖြင့် အိမ်ရာမဲ့ တစ်ဖန် ပြန်ဖြစ်ချင်သည့် ဆန္ဒမရှိပေ။

ဘေးနားတွင် ရပ်နေသော ဝမ်ကျင်းက ပိုင်မူနင်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
 “မင်းတို့ သွားကြ... ငါ သူ့ကို ကျောင်းလိုက်ပို့ပေးလိုက်မယ်”

ချန်ဟောက်နန်က ဆက်၍ အတင်းအကျပ် မတိုက်တွန်းတော့ပေ။
 "ဟုတ်ပါပြီလေ... မင်းတို့နှစ်ယောက် လမ်းမှာ ဂရုစိုက်ကြ...”

အဖွဲ့က ထွက်ခွာသွားပြီးနောက် ဝမ်ကျင်းက ပိုင်မူနင်ဘက်သို့ လှည့်လိုက်ပြီး ပြောလိုက်သည်။
“သွားကြစို့... မင်းကို ကျောင်းလိုက်ပို့ပေးမယ်” 

သို့တိုင် ပိုင်မူနင်မှာ အနမ်းအကြောင်းကို စိတ်ထဲမှ ထုတ်မရ၍ ဝမ်ကျင်းနှင့် နှစ်ယောက်တည်း မနေချင်ပေ။ ယင်းက ထူးဆန်းသလိုခံစားရကာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်ရသည်။

ထိုအနမ်းကို ထည့်မတွက်သလို တမင်ရည်ရွယ်ခဲ့ခြင်းလည်း မဟုတ်‌သည့်တိုင်။

သို့တိုင် ဝမ်ကျင်းမှာ ယောကျ်ားချင်း နှစ်သက်သူ ဖြစ်သည်။ ထို့ကြောင့် ထိုသူမှာ ဤကဲ့သို့သော အရာတစ်ခုကို အလေးထားပေလိမ့်မည်။ ပိုင်မူနင်အတွက် စဉ်းစားရန် အချိန်လိုအပ်သည်။

“ဒေါက်တာဝမ် ခင်ဗျား ဒုက္ခခံမနေပါနဲ့... ကျွန်တော့်အတွက် မြေအောက်ရထားက ပိုအဆင်ပြေပါတယ်”

ဝမ်ကျင်းက မလှုပ်ရှားဘဲ သူ့ကို ကြည့်လိုက်ပြီး ပြော၏။
“ခုနက ဖြစ်ခဲ့တာကို မင်း မရှင်းပြချင်ဘူးလား”

သူ၏ လေသံတွင် အနစ်နာခံလိုက်ရသံစွက်နေသဖြင့် ပိုင်မူနင်မှာ  á€›á€Żá€á€şá€á€›á€€á€ş တာဝန်မယူလိုသော ဆန်ကုန်မြေလေးတစ်ယောက်ပမာ ခံစားလိုက်ရသည်။

“ဒါဆိုလည်း ကောင်းပါပြီ”


💊💊💊💊 Chapter 27
လက်မက နှုတ်ခမ်းပေါ် ဖိပြီး ပွတ်ဆွဲသွားတယ်


ကျောင်းသို့ ပြန်သည့်လမ်းတွင် ဝမ်ကျင်းက ထိုအကြောင်းကို ထပ်မပြောတော့ပေ။ ပိုင်မူနင်မှာ သူ့ကို ခိုးခိုးကြည့်နေရပြီး နောက်ဆုံးတွင် တိတ်ဆိတ်မှုကို မခံမရပ်နိုင်တော့သဖြင့် သတ္တိကို မွေးကာ ပြောလိုက်သည်။
 “ဒေါက်တာဝမ်... ကျွန်တော် တမင်လုပ်ခဲ့တာ မဟုတ်ဘူး”

“ကျွန်တော် အဲဒီလက်ကို ကြောက်ပြီးလန့်သွားတာ ပြေးချင်ရုံသက်သက်ပဲ... ဒါပေမဲ့ ခင်ဗျားက အဲဒီမှာ ရပ်နေတော့ ကျွန်တော် တန်းဝင်တိုက်မိသွားတာ” 

ပိုင်မူနင်က  á€…á€€á€Źá€¸á€œá€Żá€śá€¸á€™á€ťá€Źá€¸á€€á€­á€Ż မှန်မှန်ကန်ကန် ရှာဖွေအသုံးပြုရန် ကြိုးစားလိုက်သည်။ 
“အဲဒီကနေ နမ်းမိသွားလိမ့်မယ်လို့ ကျွန်တော် တကယ် မမျှော်လင့်ခဲ့ပါဘူး”

ဝမ်ကျင်း၏ ဘေးတိုက်ပုံပန်းသဏ္ဌာန်က ထိုသူ၏ အတွေးတို့ကို မဖော်ပြနိုင်ပေ။ သူက ညင်သာစွာ ပြောလိုက်သည်။
 “မင်း တမင်လုပ်ခဲ့တာမဟုတ်ဘူးဆိုတာ ကိုယ် သိပါတယ်”

သူ၏ လေသံက ထူးဆန်းနေသည်။ ပိုင်မူနင်မှာ ထပ်မံ ရှင်းပြသင့်သည်ဟု ခံစားလိုက်ရသည်။
“တကယ်တော့ ဒါက အရေးကြီးတယ်လို့ မထင်ပါဘူး... ပထမဆုံးအနမ်းမှ မဟုတ်တာ... အများကြီး မစဉ်းစားပါနဲ့... ကျွန်တော်တို့ နှစ်ယောက်လုံးက ယောကျ်ားတွေပဲ... ဘယ်သူကများ အရင်က မနမ်းဖူးဘဲ ရှိမှာလဲ”

ယင်းက ဝမ်ကျင်းအတွက် ပြောလိုက်ခြင်းပင်။ သူ့အသက်အရွယ်မှာ ရည်းစားအများကြီး ထားပြီးလောက်ပြီပင်။ အနမ်းဆိုသည်မှာ သူ့အတွက် အဆန်းမဟုတ်နိုင်တော့ချေ။ ထို့ကြောင့် စိတ်ထဲထားနေစရာမလိုဟုသာ သူယူဆလိုက်လေသည်။

သို့သော် ထိုစကားများ သူ့ပါးစပ်မှ အကုန်မထွက်သေးခင်မှာမီ ဝမ်ကျင်းသည် ဘရိတ်ကို နင်းလိုက်ပြီး သူ့ဘက်သို့ လှည့်ကာ သူ့မျက်လုံးထဲကို စိုက်ကြည့်လိုက်သည်။
 “မင်း တခြား ဘယ်သူ့ကို နမ်းဖူးသေးတာလဲ”

“…?”

ဒါက ဘာလို့ ရုတ်တရက် ငါ့ဘက်ကို ပြောင်းသွားရတာလဲ...

ငါ ဘယ်သူ့ကိုမှ မနမ်းဖူးပါဘူးနော်...

ပိုင်မူနင်မှာ တုန်လှုပ်သွားရပြီး တစ်ခဏမျှ မတုံ့ပြန်နိုင် ဖြစ်သွား၏။

မီးနီက မီးစိမ်း ပြန်ဖြစ်သွားသည်။ ဝမ်ကျင်းက လမ်းဘက်သို့ ပြန်လှည့်လိုက်ပြီး ဘရိတ်ကို လွှတ်ကာ လီဗာနင်းလိုက်သည်။

ပိုင်မူနင်က သက်ပြင်းမသိမသာချလိုက်သော်လည်း တစ်ခဏအကြာတွင် ဝမ်ကျင်း၏ တည်ငြိမ်သောအသံကို ကြားလိုက်ရသည်။
 “ကိုယ် တခြား ဘယ်သူ့ကိုမှ မနမ်းဖူးဘူး... အဲဒါက ကိုယ့်ရဲ့ ပထမဆုံးအနမ်း”

“...?”

ကယ်ပါဦး... ဒီလူက တကယ့် ဆန်ကုန်မြေလေးတစ်ယောက်လို မျက်နှာကို ပိုင်ဆိုင်ထားပေမဲ့ ဖြူဖြူစင်စင် အချစ်ကို လိုက်စားနေတာတဲ့လား...

×××××

ပိုင်မူနင်မှာ ဝမ်ကျင်းအား အဆိပ်ပြင်းသူဟု တွေးလိုက်၏။ မဟုတ်ရင် အဲ့အနမ်းပြီးကတည်းက ဘာလို့ ငါ့နှုတ်ခမ်းတွေ ခြောက်သွေ့ပြီး မသက်မသာ ဖြစ်နေရတာလဲ…

ရေသောက်ခြင်းက အကူအညီမဖြစ်ချေ။ သူ့နှုတ်ခမ်းများမှာ ကွဲအက်ပြီး ကွာကျနေဆဲပင်။ အထူးသဖြင့် လျှာဖြင့် လျက်လိုက်သည့်အခါ ပိုဆိုးသည်။ အနည်းငယ် ပူလာသလိုပင် ခံစားရသည်။

သူ တစ်နေကုန် ရေသောက်နေခဲ့ရာ ဗိုက်ပြည့်သွားခဲ့ပြီး နေ့လည်စာကို အနည်းငယ်သာ စားဖြစ်ခဲ့သည်။

နေ့လည်စာ စားပြီးနောက် နားချိန်တွင် ပိုင်မူနင်က ငွေရှင်းကောင်တာနောက်၌ ကွေးနေရင်း ဂိမ်းကစားနေသည်။ လုပ်စရာ အခြားမရှိတော့သည့်အတွက် ယင်းက သူ့အတွက် ပုံမှန် နေ့လယ်ပိုင်း အပန်းဖြေမှုတစ်ခုပင်။

သူက နေ့လယ်စာ စားချိန်နားချိန်တွင် စာကျက်ရသည်အထိ ကြိုးစားသူ မဟုတ်ပေ။ ဤအချိန်မျိုးတွင် ယခင်ကမူ သူဝမ်ကျင်းကို သွားနှောင့်ယှက်လေ့ရှိပေသိ အနမ်းအဖြစ် ထည့်တွက်မရသည့် အနှီအနမ်းပြီးကတည်းက ပိုင်မူနင်အနေဖြင့် ဝမ်ကျင်းပတ်ဝန်းကျင်၌ မျက်နှာပြခြင်းမှာ မရှိသလောက် ရှားပါးသွားခဲ့သည်။

သူက ဝမ်ကျင်း စိတ်ဆိုးမည်ကို ကြောက်နေသည်။

သူ ဤဆက်ဆံရေးကို တည်ဆောက်ရန် အလွန်ကြိုးစားခဲ့ရသည်။ အကယ်၍ ထိုအနမ်းကြောင့် အားလုံး အချည်းနှီးဖြစ်သွားပါက သူ၏ ကြိုးပမ်းအားထုတ်မှုများအားလုံး အလကား ဖြစ်သွားလိမ့်မည်။

ယခုမူ ပိုင်မူနင်က အလုပ်လုပ်နေစဉ် တစ်ချိန်တည်းမှာပင် တစ်စုံတစ်ဦးကို တဖြည်းဖြည်း ချစ်မိသွားစေရန် ရေရှည်ဂိမ်းကို ကစားနေရသည်။ မှန်သည်။ သူ မစ္စတာကျိုး၏ အလုပ်ကို လက်မလွှတ်သေးချေ။ သူ လုပ်နိုင်သေးသရွေ့တော့ လုပ်မည်သာ။ ရှေ့ဆက်ရန် လုံးဝ မဖြစ်နိုင်တော့မှသာ နောက်ဆုတ်မည်။

သူက ဝမ်ကျင်းနှင့် လေ့လာဆဲ အဆင့်တွင် ရှိနေသည်။ ဝမ်ကျင်းသာ သူ့အလုပ်ရှင်၏ ရည်းစားနှင့် ရှင်းရှင်းလင်းလင်း လမ်းခွဲပြီးဖြစ်လျှင် ဆွဲ‌ဆောင်စရာ မလိုတော့ပေ။

ငါတို့ သူငယ်ချင်းတွေ ဖြစ်သွားနိုင်တာပဲ…

အချစ်ရေး ရှုထောင့်ကို ဖယ်လိုက်ပါက ဝမ်ကျင်းမှာ နေ့စဉ်ဘဝနှင့်ပတ်သက်၍ တကယ်ပင်ကောင်းမွန်သူ ဖြစ်သည်။

လူများမှာ အတွေးတစ်ခု၏ စွမ်းအားမှ တကယ်ကို မလွတ်မြောက်နိုင်ကြပေ။ သူ မစ္စတာကျိုးအကြောင်း တွေးလိုက်စဉ်မှာပင် WeChatမှ စာတိုတစ်စောင် ဝင်လာခဲ့သည်။

မစ္စတာကျိုးက သူ၏အလုပ်ရှင် ဖြစ်သည်။ ပိုင်မူနင်က သူ၏ တွဲဖက်ဂိမ်းကစားဖော်များ ဒေါသထွက်သည်ထက် မစ္စတာကျိုးကို လျစ်လျူရှုရမည်ကို ပိုမလိုလားပေ။ ထို့ကြောင့် သူက ဂိမ်းမှ ချက်ချင်း ထွက်လိုက်ပြီး မစ္စတာကျိုးထံ ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်ဖြေလိုက်သည်။

[မစ္စတာကျိုး: တိုးတက်မှုက ဘယ်လိုနေလဲ]

[ပိုင်မူနင်:အလုပ်က မစ္စတာကျိုး ပြောတာထက် ပိုခက်ခဲပါတယ်... ကျွန်တော် ပစ်မှတ်နဲ့ ပိုနီးစပ်ဖို့ ကြိုးစားနေဆဲပါ]

[မစ္စတာကျိုး:ဘယ်တော့လောက် သူ့ကို ဆွယ်နိုင်မလဲ... ငါ့လူကို သူအာရုံမစိုက်ဖို့ လိုတယ်... ငါ စိတ်ပျက်နေပြီ... ငါ့လူက ငါ့ကို ထားသွားတော့မယ်]

မစ္စတာကျိုးမှာ သူ့ချစ်သူကို တကယ်ပင် ချစ်ရှာသည်။ သူ့ချစ်သူမှာ လှည့်ဖြားတတ်ပြီး သစ္စာမရှိသော်လည်း သူကမူ ခွင့်လွှတ်ရန် ရွေးချယ်ခဲ့သည်။

သူက ဘာမှမသိဟန်ဆောင်ကာ ဆက်ဆံရေးအတွင်းမှ တတိယလူကို ရှင်းလင်းရန် ပိုင်မူနင်အား ငှားရမ်းခဲ့သည်။

သူက ပိုင်မူနင်ရှေ့တွင် သူ၏လက်တွဲဖော်ကို တစ်ခါမျှ မကောင်းမပြောခဲ့ပေ။ သူက သူ့လက်တွဲဖော်အား နှလုံးသား နူးညံ့ပြီး ကြင်နာတတ်ကာ အလွယ်တကူ လှည့်စား၍ရသူအဖြစ်သာ အမြဲတမ်း ချီးကျူးလေ့ရှိသည်။

သူက သစ္စာဖောက်မှုမှာ တစ်စုံတစ်ယောက်မှ သူ့လက်တွဲဖော်ကို မြူဆွယ်နှောင့်ယှက်ခြင်းကြောင့်ဟုသာ အခိုင်အမာ ယုံကြည်ထားသည်။ သူ၏လက်တွဲဖော်ကမူ အပြစ်ကင်းသူဟု ယူဆထား၏။

ပထမတွင် ပိုင်မူနင်က မစ္စတာကျိုး၏ ဦးဆောင်မှုအတိုင်း တတိယလူကို အဆိုးဆုံးသော ဆန်ကုန်‌မြေလေးကောင်အဖြစ် သဘောထားခဲ့သည်။

သို့သော် ဤအလုပ်ကို လုပ်ဆောင်နေစဉ် အချိန်အချို့ ကုန်လွန်ပြီးနောက် ပိုင်မူနင်မှာ မစ္စတာကျိုး၏ စကားများက တစ်ဖက်သတ်ဆန်နေပြီး လုံးဝ အမှန်မဟုတ်ဟု ခံစားလာရသည်။

သူ၏ ထင်မြင်ချက်အရ ဝမ်ကျင်းမှာ လူနာများအပေါ် ကောင်းမွန်စွာ ဆက်ဆံပေးတတ်သော အလေးအနက်ထားကာ တာဝန်ယူမှုရှိသည့် ဆရာဝန်တစ်ဦးဖြစ်သည်။ ထိုသူမှာ လျှာစောင်းအနည်းငယ်ထက်သော်လည်း သူ့ထံတွင် အပြုအမူဆိုး လုံးဝမရှိပေ။

မစ္စတာကျိုး တစ်ခုခုကို နားလည်မှု လွဲနေခြင်း ဖြစ်နိုင်၏။

ပိုင်မူနင်က အလုပ်ရှင်ကို အနှီကိစ္စအား မည်သို့ ညင်သာစွာထုတ်ပြောရမလဲဟု တွေးတောနေစဉ် စာတိုနောက်တစ်စောင် ဝင်လာသည်။ လျှို့ဝှက်ရိုက်ယူထားသည့် ဓာတ်ပုံ တစ်ပုံဖြစ်ပြီး နောက်ကျောပုံသာ ပြသထားကာ အလှမ်းဝေးသလို ဝါးနေသည်။

[မစ္စတာကျိုး: သူတို့ ဒီနေ့ ဟိုတယ်တစ်ခုကို သွားတယ်... ငါ သူတို့ကို လိုက်ကြည့်နေတာ]

[မစ္စတာကျိုး: မင်း သူတို့ရဲ့ ဆက်ဆံရေးကို အမြန်ဆုံး ဝင်စွက်ဖက်နိုင်မယ်လို့ မျှော်လင့်ပါတယ်... သူ့ကို တခြားသူတစ်ယောက်ယောက်ကို အမြန်ဆုံး ချစ်မိသွားအောင်လုပ်ပါ... မဟုတ်ရင် ငါ ဒီကိစ္စကို ကိုယ်ပိုင်နည်းလမ်းနဲ့ ဖြေရှင်းတော့မှာ]

“ငါ ကျရှုံးရင် သူတို့ကိုပါ ဆွဲခေါ်သွားမယ်” ဟူသော အရိပ်အယောင်က မစ္စတာကျိုး၏ စကားလုံးတွေမှာ ရှင်းလင်းစွာ ပါနေသည်။ ပိုင်မူနင် ထိတ်လန့်သွား၏။

သို့သော်လည်း သူ့ခမျာ မယုံကြည်နိုင်ဖြစ်နေရ၏။ သူက ဓာတ်ပုံကို  á€Ąá€€á€źá€­á€™á€şá€€á€źá€­á€™á€ş ချဲ့ကာ  á€€á€źá€Šá€ˇá€şá€›á€žá€Żá€”္မိသည်။

ဝါးနေသော်လည်း ပိုင်မူနင်မှာ ရင်းနှီး‌နေသော ထိုပုံပန်းသဏ္ဌာန်ကို အသိအမှတ်ပြုနိုင်ဆဲဖြစ်၏။ ထိုသူက ဝမ်ကျင်းပင်။

သူ တကယ်ပဲ ဟိုတယ်ကို သွားခဲ့တာလား...

ဒါဆို သူက သူ့ချစ်သူနဲ့ တွေ့ဖို့အတွက် အလုပ်နားခဲ့တာပေါ့...

ဒေါသတစ်ပိုင်းတစ်စက ပိုင်မူနင်၏ ရင်ဘတ်ထဲသို့ ရောက်လာသည်။ သူက သူ့ဖုန်းကို တင်းတင်းဆုပ်ကိုင်ထားပြီး နှုတ်ခမ်းကို ဖိကိုက်လိုက်ကာ နောက်ဆုံးတွင် စိတ်ပျက်လက်ပျက်ဖြင့် ဖုန်းကို ပိတ်ချလိုက်သည်။

အချို့လူများမှာ အပြင်ပန်းက ကြည့်ကောင်းသော်လည်း လူ့ကျင့်ဝတ်လုံးဝမရှိကြပေ။ 

သူတို့တွေက တခြားသူတစ်ယောက်ရဲ့ ပန်းကန်ထဲက မစားသင့်တာကို မသိကြဘူးလား...

ကျွမ်းယွိမြန် သန့်စင်ခန်းမှ ပြန်လာသည့်အခါ ပိုင်မူနင် ဒေါသတကြီး ဖြစ်နေသည်ကို မြင်လိုက်ရသည်။ သူမက ချက်ချင်း မေးလိုက်၏။ 
“ရှောင်နင် ဘာဖြစ်တာလဲ...ဘယ်သူက မင်းကို စိတ်ဆိုးအောင် လုပ်လိုက်တာလဲ”

ပိုင်မူနင်မှာ ဤအကြောင်းများကို ကျွမ်းယွိမြန်ကို ပြောပြမရပေ။
 “ကျွန်တော် အစုတ်ပလုတ်အသုံးမကျတဲ့ အသင်းဖော်နဲ့တွဲမိသွားလို့...  á€á€€á€šá€şá€™á€á€›á€Źá€¸á€˜á€°á€¸” 

ကျွမ်းယွိမြန်မှာ အစပိုင်းတွင် စိုးရိမ်နေခဲ့သော်လည်း ထိုစကားကို ကြားလိုက်သည်နှင့် စိတ်သက်သာရာရသွား၏။
“စိတ်ဆိုးစရာ ဘာရှိလဲ... အသင်းဖော်‌ကောင်းတစ်ယောက် ရဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါတယ်... ဒါကြောင့် လူတိုင်းက သူတို့သိတဲ့လူတွေနဲ့ ကစားရတာကို ပိုကြိုက်ကြတာ”

“ကျယ်ကျဲ မင်းကို နိုင်အောင် ကူညီပေးရမလား”

“ထားလိုက်ပါတော့... ဆော့ချင်စိတ် မရှိတော့ဘူး”

ပိုင်မူနင်မှာ တကယ်ကို စိတ်မပါတော့ပေ။ ဝမ်ကျင်းမှာ မည်သို့ဖြစ်၍ ထိုသို့သောလူစားမျိုး ဖြစ်နေရသည်ကို သူ နားမလည်နိုင်ဖြစ်နေသည်။

လွန်ခဲ့သော ရက်အနည်းငယ်ကပင် သူတို့အချင်းချင်း ကလူ၏မြူ၏လုပ်ခဲ့ကြသေးသည်။ 

အခုကျ သူက တခြားတစ်ယောက်ရဲ့ အိပ်ရာပေါ် ရောက်နေပြီလား... သူက အချိန်ကို ကောင်းကောင်း စီမံခန့်ခွဲနိုင်တဲ့ ကျွမ်းကျင်ဆရာကြီးများလား...

ပိုင်မူနင် စဉ်းစားလေ ဒေါသထွက်လေ ဖြစ်လာသည်။ သို့သော် မကြာမီမှာပင် သူ ဘာကြောင့် ဒေါသထွက်နေရသည်ကို သဘောပေါက်သွားသည်။ သူ၏ ဝမ်ကျင်းအပေါ် ရှိ filterမှာ ကွဲကြေသွား၍‌ပင်။

ယင်းက ပရိသတ်တစ်ယောက်အနေဖြင့် ကိုယ်ချစ်သောအနုပညာရှင်၏ အတင်းအဖျင်းကိစ္စကို သိလိုက်ရသလိုပင်။

စန်းဝမ်ခန်းမမှ ဝမ်ကျင်းမှာ ဂုဏ်သိက္ခာကျဆင်းသွား‌ပေပြီ။ မဟုတ်သေးချေ။ အနှီသူ ဂုဏ်သိက္ခာကျဆင်းသွားခဲ့သည်မှာ အတော်ကြာပြီလည်းဖြစ်နိုင်၏။

ကျွမ်းယွိမြန်က သူ့ကို ပေါက်စီတစ်လုံး ပေးရင်း ပြောလိုက်သည်။
 “မင်း နေ့လည်စာကို မစားသလောက်ပဲ... စားချင်စိတ်မရှိတာလား”

ပိုင်မူနင်က စားပွဲပေါ်၌ ပျင်းရိစွာ မှီချလိုက်ပြီး တီးတိုးပြော၏။
 “ကျွန်တော့်နှုတ်ခမ်းတွေ ခြောက်နေလို့... ရေအများကြီး သောက်တာနဲ့ ဗိုက်ပြည့်သွားတာ”

ကျွမ်းယွိမြန်မှ သူ့ပါးကို ဖျစ်ညှစ်ပြီး ပြောလာသည်။ 
“ ကြည့်ပါရစေဦး... ကွဲပြီး အသားတွေလန်နေတာပဲ... လျက်နေတာ များသွားတာလား”

“ဆောင်းတွင်းမှာ မင်းနှုတ်ခမ်းတွေကို အဲလောက် အများကြီး မလျက်သင့်ဘူး... အပူချိန်နိမ့်တာကြောင့် ခြောက်သွေ့ပြီး ကွဲအက်ဖို့ ပိုလွယ်တယ်”

ပြောနေရင်း ကျွမ်းယွိမြန်က သူမ၏ မိတ်ကပ်အိတ်ထဲတွင် စတင် မွှေနှောက်ရှာဖွေလိုက်သည်။

မကြာမီမှာပင် ကျွမ်းယွိမြန်က အသုံးမပြုရသေးသော နှုတ်ခမ်းလိမ်းဆီတစ်ချောင်းကို ထုတ်ယူကာ ပြောလိုက်သည်။
 “ဒီမှာ အသစ်ပဲရှိသေးတယ်.. မင်း သုံးလို့ရတယ်”

ပိုင်မူနင်အနေဖြင့် ၎င်းကို မည်သို့ အသုံးပြုရမည်ကို မသိပေ။ သူ၏ပတ်ဝန်းကျင်တွင် မိန်းကလေး သူငယ်ချင်းပင် မရှိပေ။

ကျွမ်းယွိမြန်က သူ မည်မျှ မသိနားမလည် ဖြစ်နေသည်ကို မြင်သောအခါ ရယ်မောလိုက်သည်။ 
“ကျဲ လိမ်းပေးမယ်... လာ  á€™á€„်းနသုတ်ခမ်းတွ္ကို စူထား”

ပိုင်မူနင်က စကားနားထောင်စွာ နှုတ်ခမ်းကို စူပေးလိုက်သည်။ နှုတ်ခမ်းနီက သူ့နှုတ်ခမ်းကို ထိခါနီးအချိန်တွင် တစ်စုံတစ်ယောက်က သူ့နာမည်ကို ခေါ်လိုက်သည်။

ပိုင်မူနင်နှင့် ကျွမ်းယွိမြန် နှစ်ဦးစလုံး လှမ်းကြည့်လိုက်ကြသည်။ ငွေရှင်းကောင်တာရှေ့တွင် အပြင်မှ ပြန်ရောက်လာသည့် ဝမ်ကျင်း ရပ်နေသည်။
“ပိုင်မူနင် ခဏလာခဲ့ဦး... မင်းနဲ့ ပြောစရာရှိတယ်” 

ဝမ်ကျင်း၏ မျက်နှာမှာ  á€™á€€á€ťá€ąá€”á€•á€şá€Ÿá€”á€şá€–á€źá€…á€şá€”á€ąá€•á€źá€Žá€¸ သူ၏လေသံကလည်း အနည်းငယ် တင်းမာနေသည်။

ကျွမ်းယွိမြန်က နှုတ်ခမ်းလိမ်းဆီကို အဖုံးပိတ်ကာ ပိုင်မူနင်ကို ပေးလိုက်သည်။
 “ဒီမှာ မင်းကိုယ့်ဘာသာ လိမ်းတော့  ... ကျဲ မကူညီနိုင်တော့ဘူး”

ထိုသို့ပြောပြီးနောက် သူမက သူမ၏ ဖုန်းနှင့် အလုပ်ရှုပ်နေကာ ဝမ်ကျင်းကို ကြည့်ပင်မကြည့်ရဲပေ။

ပိုင်မူနင်က နှုတ်ခမ်းလိမ်းဆီကို ကိုင်ထားရင်း ဝမ်ကျင်း၏ အင်္ကျီကို လှမ်းကြည့်လိုက်သည်။ ကုလားအုတ်ရောင် ကုတ်အင်္ကျီမှာ ဓာတ်ပုံထဲကအင်္ကျီနှင့် အတိအကျတူနေသည်။

ဒါဆို သူ ခုနကမှ ပျော်ပျော်ရွှင်ရွှင် အချိန်ဖြုန်းပြီး ပြန်လာတာလား...

ပိုင်မူနင်က နှုတ်ခမ်းလိမ်းဆီကို ပိုတင်းတင်းဆုပ်ကိုင်လိုက်ပြီး ဝမ်ကျင်းနောက်သို့ လိုက်ကာ ဆွေးနွေးခန်းထဲသို့ ဝင်သွားသည်။

ဝမ်ကျင်းက တံခါးပိတ်လိုက်ပြီး သူ၏ ကုလားအုတ်ရောင် ကုတ်အင်္ကျီကို ချွတ်ကာ ဆရာဝန်ဝတ်ကုတ်အင်္ကျီအဖြူကို လဲဝတ်နေသည်။

သူက ထိုင်ခုံတွင် ထိုင်ချလိုက်ပြီး ပိုင်မူနင်ကို စိုက်ကြည့်လိုက်သည်။
 “မင်း မျက်နှာက ဘာဖြစ်နေတာလဲ”

“ဘာမှ မဖြစ်ပါဘူး”
 á€•ိုင်မူနင်က သူ့ကို မကြည့်ဘဲ ဒေါသများဖြင့် ဆူပွက်နေဆဲဖြစ်ကာ ပြောလိုက်သည်။
 “ကျွန်တော့် နှုတ်ခမ်းတွေ ခြောက်နေတယ်... သည်းမခံနိုင်အောင်ပဲ”

ဝမ်ကျင်းက သူ့ကို လက်ယပ်ခေါ်လိုက်သည်။
 “ဒီကိုလာ... ကိုယ်ကြည့်ပါရစေဦး”

ပိုင်မူနင် လျှောက်သွားကာ အနည်းငယ် ကိုင်းညွှတ်လိုက်သည်။ သူ့ပုံစံက ထိုသူ့ကို နမ်းတော့မည့်အတိုင်းပင်။

ထိုအတွေးတစ်ခုတည်းကပင် ပိုင်မူနင်ကို ပို၍ ဒေါသထွက်စေသည်။ 

အဲဒီနေ့က ပထမဆုံးအနမ်းလို့ပြောခဲ့တဲ့သူက ဝမ်ကျင်းပဲ မဟုတ်ဘူးလား...

လူလိမ်ကြီး... သူ့ပါးစပ်ကနေ အမှန်တရား တစ်လုံးမှ မထွက်ဘူး...

“ဒေါက်တာဝမ် ဒီမနက် ခင်ဗျား ဘယ်သွားနေခဲ့တာလဲ” 

ပိုင်မူနင်မှာ သူ၏ လေသံက ခင်ပွန်းကို စစ်ဆေးနေသော မနာလိုဝန်တိုဖြစ်နေသည့်  á€‡á€”ဎးတစ်ယ္ဏက်နသငအ် တူနေကြောင်းအား သတိမထားမိပေ။ သူက ဓာတ်ပုံမှာ တကယ်ဟုတ်မဟုတ်ကိုသာ အတည်ပြုချင်နေခဲ့သည်။

သို့သော် ဝမ်ကျင်း၏ ရှောင်လွှဲလိုက်သော အကြည့်မှာ အပြစ်ရှိကြောင်း ရှင်းလင်းနေသည့် လက္ခဏာပင်။ ထိုအရာက ဝမ်ကျင်း တစ်စုံတစ်ယောက်နှင့် ဟိုတယ်သို့ သွားခဲ့သည်ဟူသော မစ္စတာကျိုး၏ ပြောစကားက မှန်ကြောင်း ပိုင်မူနင်ကို ပို၍ ယုံကြည်သွားစေသည်။

ပိုင်မူနင်က မတ်မတ်ရပ်ရန် ပြုလိုက်သော်လည်း သူ၏ လက်မောင်းများကို ဝမ်ကျင်းက ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။ သတိပေးသည့် လေသံဖြင့် ဝမ်ကျင်းကပြောသည်။ 
“မင်း ကျွမ်းယွိမြန်နဲ့ အတော်လေးရင်းနှီးနေတာပဲ... မင်းရဲ့ ပေါင်ပေ့လေးက မနာလိုမဖြစ်ဘူးလား”

“ဒါဆို ခင်ဗျားကရော တခြားသူရဲ့ ကောင်လေးနဲ့ ဘာလို့အရမ်းရင်းနှီးနေတာလဲ... ခင်ဗျားရဲ့ အသိစိတ်က မနာကျင်ဘူးလား"
ပိုင်မူနင်မှာ ထိုစကားကို ပြောလိုက်ပြီးသည်နှင့် ချက်ချင်း နောင်တရသွားသည်။ 

ငါ ဘာလို့ ဝမ်ကျင်းကို ရန်စဖို့ ကြိုးစားနေရတာလဲ...

ဝမ်ကျင်း၏ ဆုပ်ကိုင်မှုမှာ ပိုတင်းကျပ်သွားပြီး ပိုင်မူနင်က အသံသေးသေးလေးဖြင့် နာကျင်စွာ ညည်းလိုက်သည်။

ဝမ်ကျင်း၏ အကြည့်များ မှောင်မိုက်သွားသည်။ သူက ပိုင်မူနင်၏ လက်မှ နှုတ်ခမ်းလိမ်းဆီကို ယူလိုက်ပြီး လှည့်ဖွင့်လိုက်ကာ သူ၏ ပါးပြင်ကို ညှစ်၍ လိမ်းပေးလာသည်။

သူ၏ ထိတွေ့မှုက နူးညံ့ပြီး ဂရုတစိုက်ရှိလှသည်။ သူ၏ လေသံကလည်း ရည်ရွယ်ချက်ရှိရှိ နှေးသွားသည်။
 “နှုတ်ခမ်းတွေ ခြောက်သွေ့ပြီး ကွဲအက်နေတာနဲ့ပဲ မင်း ရေဆာတယ်လို့ သတ်မှတ်မရဘူး... သရက်ရွက်နဲ့ ပါးစပ်ကဆက်စပ်နေတာ... သူ့ရဲ့အားအင်က နှုတ်ခမ်းတွေမှာ ထင်ဟပ်တယ်... မင်းရဲ့ သရက်ရွက်နဲ့ အစာအိမ်က အားနည်းနေလို့ ဒီလိုဖြစ်နေတာ... အဲဒါတွေကို အားကောင်းအောင် ဆေးညွှန်းပေးမယ်... သေချာ သောက်”

“မသောက်ချင်ဘူး” 

ပါးပြင်ကို ဖိညှစ်ခံထားရသဖြင့် ပိုင်မူနင်၏ စကားများမှာ ခပ်စူစူနှုတ်ခမ်းကြားမှ ထွက်ပေါ်လာသည်။ ထိုစကားများတွင် ရန်လိုမှု မရှိပေ။ သူ့ပုံစံက ကြောက်စရာကောင်းသည်ထက် ပို၍ ရယ်စရာကောင်းနေသည်။

ဝမ်ကျင်းက သူ၏မျက်နှာကို လွှတ်ပေးလိုက်ပြီး လည်ပင်းနောက်ဘက်ကို ညင်သာစွာ ဖိလိုက်သည်။ ပိုင်မူနင်ကို ပို၍ပင် ကိုင်းညွှတ်စေပြီး နမ်းလိုက်နိုင်သည်အထိ နီးကပ်နေ၏။

ဝမ်ကျင်း၏ လက်မက သူ၏နှုတ်ခမ်းပေါ် ဖိဆွဲသွားပြီး ပြောလိုက်သည်။
“ပိုင်မူနင် ကိုယ့်ကို ဒုတိယအကြိမ် ထပ်ပြောရအောင်မလုပ်နဲ့”

ပိုင်မူနင်က လက်တင်ခုံများကို အားပြုကာ ဝမ်ကျင်း၏ ဆုပ်ကိုင်မှုကို ရုန်းကန်လိုက်သည်။ သူ၏ လျှာပေါ်ရှိ ပြန်ပက်ပြောဆိုလိုမှုမှာ အကြိမ်အနည်းငယ် လှည့်ပတ်သွားပြီး နောက်ဆုံးတွင် ပြန်မျိုချလိုက်ရသည်။ ယင်းအစား သူက ခပ်တိုးတိုးပြောလိုက်သည်။
"သိပြီ"

ဝမ်ကျင်းက သူ့ကို လွှတ်ပေးလိုက်ပြီး ပိုင်မူနင် လွတ်လပ်သွားသည်။ သို့သော် သူ၏လည်ပင်းနောက်ဘက်က မီးလောင်နေသလို ခံစားနေရဆဲပင်။ သူက လက်လှမ်းမီရာကို ပြန်ထိကြည့်လိုက်သည်။

ဒေါသထွက်နေဆဲဖြစ်သော ပိုင်မူနင်က အေးစက်စက် စိတ်ကောက်နေဆဲဖြစ်၏။ 
“စကားနဲ့ပြောလို့လည်း ရတာပဲကို... ခင်ဗျား ဘာလို့ ကျွန်တော့်ကို နှုတ်ခမ်းလိမ်းဆီ လိမ်းပေးနေတာလဲ”

အစောပိုင်းက ဝမ်ကျင်းမှာ တကယ်တမ်း နူးညံ့ခဲ့သည်တော့ မဟုတ်ပေ။ သူ၏ လက်မက ပိုင်မူနင်၏ပါးစပ်ထောင့်မှ သူ၏ အောက်နှုတ်ခမ်းကို ဖြတ်ကျော်ကာ အခြားတစ်ဖက်အထိ ပွတ်ဆွဲသွားခဲ့သည်။ သူ၏ သွားများကိုပင် ပွတ်မိသွားသေးသည်။

ပိုင်မူနင်မှာ တကယ်ပင် မေးချင်စိတ် ပေါက်သွားရသည်။ 'ခင်ဗျား ခုနကမှ ဟိုတယ်ကနေ ထွက်လာတာ လက်တောင် ဆေးထားရဲ့လား' ဟူ၍ပင်။

ထိုအချိန်တွင် ဝမ်ကျင်းက သူ့ကွန်ပျူတာကို အာရုံစိုက်ကာ ဖွင့်ရန် ပြင်ဆင်နေသည်။ သူက ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။ 
“အာ ကိုယ် အများကြီးလိမ်းပေးမိလို့လေ... ပိုနေတာတွေကို မင်းအတွက် သုတ်ပေးလိုက်ရုံပါပဲ”

“...?”

ဆင်ခြေပေးမယ်ဆိုရင်တောင် အားထုတ်မှုလေး နည်းနည်းတော့ လုပ်ပါဦး... ဒါက လုံးဝကို ပေါ့ပေါ့တန်တန် အရေးမထားဘဲ ပေးတဲ့  á€†á€„်ခဟ္ကဟဎး...


💊💊💊💊 Chapter 28
ဟန်ဆောင်မှတော့ အဆုံးထိ သာသွားတော့


ထိုညတွင် အဆောင်သို့ ပြန်ရောက်သောအခါ ပိုင်မူနင် ရေချိုးပြီးသည်နှင့် ထိုင်ခုံတွင် ထိုင်နေရင်း အတွေးများ လွင့်နေသည်။

သူက တစ်နေ့တာအတွင်း ဖြစ်ပျက်ခဲ့သမျှ အားလုံးကို မရပ်မနား တွေးတောနေမိသည်။

သူ နားမလည်နိုင်ဖြစ်နေမိသည်။ 

ဝမ်ကျင်းက ဘာလို့ သူ့ချစ်သူနဲ့ သွားတွေ့တာလဲ...

ပြီးနောက် ဝမ်ကျင်း၏ လက်မက သူ့နှုတ်ခမ်းကို ဖိဆွဲသွားသည့်အချိန်တွင် သူ့ခေါင်းကို လုံးဝ ရှုပ်ထွေးသွားစေခဲ့သည်။

လီအန်းချီက အပြင်မှ ဝင်လာသည်။ သူ့ပုံစံအရ ပင်ပန်းနွမ်းနယ်နေသည်မှာ ရှင်းလင်း၍ နေသည်။ သူက အိတ်ကို ချလိုက်ပြီး မေးလိုက်သည်။
“မင်း ဘာဖြစ်လို့လဲ” 

သူက ထိုင်ခုံပေါ်သို့ ပစ်ထိုင်လိုက်ချေ၏။ သူတို့နှစ်ဦးစလုံး အတော်လေး မောပန်းနေပုံရသည်။

ပိုင်မူနင်က သူ့ကို ကြည့်လိုက်ရာ အနည်းငယ် စိတ်ဓာတ်ကျနေပုံရသည်။
 “မင်းရော... ဒီနေ့လည်း ဒုက္ခရောက်ခဲ့ပြန်ပြီလား”

လီအန်းချီအတွက် အလုပ်သွားရခြင်းက ညှဉ်းပန်းနှိပ်စက်ခံရသလို ခံစားရသည်။ သူ့အတွက် အဓိကဘာသာရပ်နှင့် ကိုက်ညီမနေသလို သက်ဆိုင်ရာအတွေ့အကြုံလည်း မရှိပေ။ အလုပ်ကလည်း အလွန်တောင်းဆိုမှု များပြီး သင်ယူစရာမှာလည်း များပြားလွန်းလှ၏။

ထို့အပြင် သူက အဆက်အသွယ်မှတစ်ဆင့် ဝင်ရောက်လာပြီး အထူးအခွင့်အရေးများ ရခဲ့သောကြောင့် သူ့လုပ်ဖော်ကိုင်ဖက်များက သူ့ကို ဝိုင်းပယ်ထားကြသည်။ နေ့တိုင်း စိတ်ချမ်းသာစရာဟူ၍ မရှိပေ။

“အင်း ငါ ဘယ်နေ့ကများ မညှဉ်းဆဲခံရဖူးလို့လဲ” 
လီအန်းချီက အဝတ်အစားများ စတင်ချွတ်ရင်း ပြောသည်။ 
“ဒါပေမဲ့ မင်းကရော.. မင်းအလုပ်က အရမ်း အဆင်ပြေတယ်လို့ ငါ ထင်ခဲ့တာ”

ပိုင်မူနင်က သက်ပြင်းချသာချလျက် မဖြေတော့ပေ။
အလုပ်က ပြဿနာ မဟုတ်ဘူး... ယောကျ်ားတွေကသာ ပြဿနာပဲ...

“ဪ ဟုတ်သားပဲ... ဒီမှာ” 
လီအန်းချီက သူ့အိတ်ထဲမှ ရုပ်ရှင်လက်မှတ်နှစ်စောင်ကို ထုတ်ယူ၍ ပိုင်မူနင်ကို ပေးလိုက်သည်။ 
“ကုမ္ပဏီကပေးတဲ့ ဟော့ပေါ့ရုပ်ရှင်ရုံ လက်မှတ်တွေ... ရုပ်ရှင်ကြည့်ရင်း ဟော့ပေါ့ စားလို့ရတယ်... တခြားတစ်ယောက်ယောက်ကို ခေါ်သွား... ငါ ဒီရက်ပိုင်း အရမ်း အလုပ်များနေလို့”

ပိုင်မူနင်က ကျေးဇူးတင်စကားဖြင့် လက်မှတ်များကို လက်ခံလိုက်ပြီးနောက် သူ့ကို လက်ယပ်ခေါ်လိုက်သည်။
 “အန်းအန်း ဒီကို လာပါဦး”

လီအန်းချီက သတိထား၍ လျှောက်လာသည်။
“ဘာလဲ”

ထိုင်လျက်အနေအထားဖြင့် ပိုင်မူနင်က ထိုနေ့အစောပိုင်းက ဝမ်ကျင်း၏လှုပ်ရှားမှုကို အတုခိုးလိုက်သည်။ သူသည် လက်တစ်ဖက်ကို လီအန်းချီ၏ လည်ပင်းနောက်ဘက်တွင် တင်လိုက်ပြီး သူ့ဆီသို့ ဆွဲယူလိုက်သည်။ ထို့နောက် လက်ချောင်းများကို ဆန့်ထုတ်ကာ လီအန်းချီ၏ နှုတ်ခမ်းများအပေါ်  á€–á€­á€†á€˝á€˛á€œá€­á€Żá€€á€şá€žá€Šá€şá‹

လီအန်းချီမှာ ခဏမျှ တောင့်တင်းသွားပြီးနောက် ချက်ချင်း သတိပြန်ဝင်လာသည်။ သူက ခြေလှမ်းများစွာ နောက်ပြန်ဆုတ်သွားပြီး ထိုင်ခုံကိုပင် တိုက်မိသွားသော်လည်း နာကျင်မှုကို မခံစားနိုင်လောက်အောင် အလွန်အံ့အားသင့်နေသည်။ သူက သူ့လက်ဖြင့် နှုတ်ခမ်းကို ဖရိုဖရဲ ပွတ်သပ်လိုက်သည်။

 “ငါ-ိုး ပိုင်မူနင်... ငါ မင်းကို ညီအစ်ကိုလို ဆက်ဆံခဲ့တာကွ... မင်းက ငါ့ကို ဆွဲဆောင်ဖို့ ကြိုးစားနေတာလား”

သူက အနီးရှိ ရှပ်အင်္ကျီတစ်ထည်ကို ဆွဲယူ၍ သူ့ကိုယ်သူ ပြင်းထန်စွာ ဖက်ထားလိုက်သည်။
“မင်း ဘာတွေ တွေးနေတာလဲ... ငါက ဘာလို့ မင်းကို မြူဆွယ်ရမှာလဲ... ငါ ယောကျ်ားတွေကိုတောင် မကြိုက်ဘူး... ငါက အဲဒီ လှုပ်ရှားမှုက မင်းတို့လူတွေအတွက် ဘာအဓိပ္ပာယ်လဲဆိုတာ စမ်းသပ်ချင်ရုံ သက်သက်ပဲ”

ပိုင်မူနင်က မရေမရာ လေသံဖြင့် မေးလိုက်သည်။
“အဲဒါ မြှူဆွယ်တာလား”

“တခြား ဘာဖြစ်မှာလဲ” 
လီအန်းချီက သက်ပြင်းချလိုက်သည်။ သူက ကျန်းခယ်ကျန့်အပေါ်၌သာ ခံစားချက်ရှိပြီး အခြားမည်သူ့ကိုမှ မကြိုက်ပေ။ ထို့ကြောင့် ဤကဲ့သို့သော အသားချင်းထိတွေ့ရင်းနှီးမှုမျိုးကို အထူးအရေးထားသူ ဖြစ်သည်။

လီအန်းချီက ရှင်းပြသည်။
 “အဲဒါ မင်းကို မနမ်းမိအောင် တကယ်ကို ထိန်းချုပ်ထားဖို့ ကြိုးစားနေတဲ့သူပဲ... ဘယ်သူက မင်းကို အဲလိုလုပ်တာလဲ”

ပိုင်မူနင် ရယ်မောလိုက်ပြီး အိပ်ချင်လာပြီဟု  á€Ąá€€á€źá€ąá€Źá€„်းပဟကဏ မေးခွန်းကို ဖြေဆိုရန် ငြင်းဆန်လိုက်သည်။

သူက အိပ်ရာပေါ် တက်လိုက်ပြီး ကိုယ့်ဘာသာ အိပ်ပျော်အောင် ကြိုးစားသော်လည်း သူ၏ ဦးနှောက်ကလေးမှာ လီအန်းချီ စောစောက ပြောခဲ့သည့် စကားများကိုသာ ပြန်ဖွင့်နေသဖြင့် နိုးကြားနေဆဲဖြစ်သည်။

ဒါဆို ဝမ်ကျင်းက တကယ်ပဲ ငါ့ကို နမ်းချင်ခဲ့တာလား...

ဟွန်း... ဆန်ကုန်မြေလေးပဲ...

×××××

ထိုညတွင် ပိုင်မူနင်မှာ လူးလှိမ့်နေမိပြီး အိပ်မပျော်နိုင် ဖြစ်နေသည်။ သူ မျက်လုံးပိတ်လိုက်တိုင်း မြင်နေရသည်မှာ ဝမ်ကျင်းနှင့် သူ၏ချစ်သူ အိပ်ရာပေါ်တွင် ရောနှောနေကြသည်ကိုသာ။

ပုံမှန်အားဖြင့် စောင့်စည်းတတ်ပြီး ယဉ်ကျေးသိမ်မွေ့သူ ဝမ်ကျင်းမှာ အိပ်ရာပေါ်တွင် အရိုင်းဆန်နေသည်။ သူ၏ချစ်သူကို ညှာတာခြင်းမဲ့စွာဖြင့် ထပ်ခါထပ်ခါ ငိုယိုအောင်လုပ်နေလေသည်။

ပိုင်မူနင်မှာ သူ တစ်ခုခု မှားနေပြီဟု ခံစားရသည်။ 

ငါ ဘယ်လို အဓိပ္ပာယ်မရှိတဲ့ အတွေးမျိုးတွေ တွေးနေတာလဲ...

သူတို့ရဲ့ ဆက်ဆံရေးက ငါနဲ့ ဘာဆိုင်လို့လဲ...

သို့သော် မကြာမီမှာပင် ထိုအတွေးအား သူ့ကိုယ်သူ ငြင်းပယ်လိုက်သည်။ 

ဒါက ငါ့ကိစ္စ မဟုတ်လို့လား...

သူက ထိုနှစ်ဦးကြား ဆက်ဆံရေးကို ဖျက်ဆီးပြီး ဝမ်ကျင်းအချစ်ပျက်သွားအောင်လုပ်ရန် အလုပ်ရှင်ထံမှ လစာရယူထားသူ ဖြစ်သည်။ ယင်းက သူ၏ အလုပ်ပင်။

သူက မူလ၌ အချိန်ယူပြီး ခံစားချက်များတိုးလာစေမည့် လမ်းစဉ်အတိုင်း သွားခဲ့ပြီး ယင်းက အတော်လေး အဆင်ပြေနေခဲ့သည်။ ဝမ်ကျင်းက သူ့ကို အကွာအဝေးထားကာ မ‌နေတော့ဘဲ အခြေအနေများကလည်း ပိုကောင်းသည့်ဘက်သို့ တိုးတက်နေပြီဖြစ်သည်။

မရေမရာအခြေအနေမှာ အချစ်ဇာတ်လမ်းအစပြုရာပင်။ ချစ်ခြင်းအားလုံးက မရေရာမှုမှ စတင်ခြင်းဖြစ်၏။ ပိုင်မူနင်အနေဖြင့် အရာရာကို ဖြည်းဖြည်းမှန်မှန်လုပ်ခြင်းကသာ အကောင်းဆုံး နည်းလမ်းဟု အမြဲလိုလို ယူဆခဲ့ခြင်းပင်။

သို့သော် ဝမ်ကျင်းက သူ့အားသတိပေါ့လျော့အောင်လုပ်ကာ ခိုးထွက်သွားလျက် သူ့ချစ်သူနှင့်  á€á€˝á€ąá€ˇá€†á€Żá€śá€á€˛á€ˇáá‹ သူ့အလုပ်ရှင် စိုးရိမ်ပူပန်နေသလို သူလည်း ပူပန်နေရသည်။

သူ့အနေဖြင့် အချစ်ရူးဝမ်ကျင်းတစ်ယောက် နက်ရှိုင်းသထက် နက်ရှိုင်းစွာ နစ်ဝင်သွားသည်ကို ထိုင်ကြည့်နေ၍မရပေ။

တတိယလူဖြစ်ရတာ ဘာများ ကောင်းလို့လဲ... ပုံမှန်ဆက်ဆံရေးကို ပိုင်ဆိုင်တာက ပိုမကောင်းဘူးလား...

သူက ဖြောင့်မတ်သူဖြစ်၍ ဝမ်ကျင်းကို လမ်းမှန်ပေါ်သို့ ပြန်ရောက်အောင်လုပ်ခြင်းက သူ့တာဝန်ဟု ခံစားလိုက်ရသည်။

အိပ်ရေးပျက်သည့် ညတစ်ညကုန်လွန်ပြီးနောက် ပိုင်မူနင်မှာ သူ့မျက်လုံးအောက်၌ မျက်ကွင်းညိုများဖြင့် နောက်တစ်နေ့အလုပ်သို့ သွားခဲ့သည်။

ဝမ်ကျင်းက သူ့ကို မြင်လိုက်သည့်အချိန်တွင်  á€œá€€á€şá€šá€•á€şá€á€ąá€Ťá€şá€œá€­á€Żá€€á€şá€•á€źá€Žá€¸ ပိုင်မူနင်၏ သွေးခုန်နှုန်းပေါ်သို့ သူ၏ လက်ချောင်းများကို တင်လိုက်သည်။ စူးစိုက်ကြည့်နေရင်း ဝမ်ကျင်းက ဂရုတစိုက် မေးလိုက်သည်။
 “မင်း အိပ်မပျော်ရအောင် တစ်ညလုံး ဘာတွေတွေးနေတာလဲ”

“အတွေးကလည်းလွန်တတ်လိုက်တာ အခု မင်း ဘာတွေများ ပူပန်နေရတာလဲ”

“……”

ယင်းက တရုတ်တိုင်းရင်းဆရာဝန်နှင့် သိရခြင်း၏ ဆိုးကျိုးပင်။ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်ဟူ၍ မရှိဘဲ ဘာလုပ်လုပ် သူက သွေးခုန်နှုန်းမှတစ်ဆင့် သိနေ၏။

ပိုင်မူနင်က သူ့လက်ကို ပြန်ဆွဲယူလိုက်ပြီး ပြုံးလိုက်ကာ ပြောသည်။

 “ဘာမှ မတွေးပါဘူး... ဂိမ်းဆော့ရင်း အချိန်ကုန်မှန်းမသိလိုက်ဘဲ တစ်ညလုံး အိပ်ရေးပျက်သွားတာပါ”

ဝမ်ကျင်းက သူ့ကို ယုံပုံမရပေ။ သူက ပိုင်မူနင်၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီး ပြောသည်။
“အကြောင်းအရင်းမရှိ အများကြီး ဆက်တွေးမနေနဲ့..   အိပ်ချိန်ကို သေချာစီမံတာက ကျန်းမာရေးကောင်းဖို့အတွက် အခြေခံပဲ... ကြားလား”

အတိတ်တွင် ပိုင်မူနင်မှာ ဝမ်ကျင်း ထိုသို့ပြောလာချိန်တိုင်း ဝမ်ကျင်းက သူ့ကို စိတ်ပူနေသည်ဟု တွေးမိသည်။ သို့သော် ယမန်နေ့က အဖြစ်အပျက်နောက်တွင် သူ ခံစားရသည်မှာ ဝမ်ကျင်းက လျှို့ဝှက်ချက်များစွာဖြင့် ဟန်ဆောင်နေသူ တစ်ယောက်ဟုသာ။

တစ်ဖက်က ချစ်သူနှင့် ဆက်သွယ်နေပြီး နောက်တစ်ဖက်၌မူ သူနှင့်ရင်းနှီးရန် ကြိုးစားနေသည်။

 á€’ဎ “မင်းကိတ်ရောငါ့ကိတ်ရော ငါ့ဟာ” ဆိုတာကြီးက ဘာအဓိပ္ပာယ်မရှိတာကြီးလဲ...
(လှေနံနှစ်ဖက်နင်း)

“ရပြီ”
ဝမ်ကျင်းက သူ့လက်ကို လွှတ်ပေးလိုက်ပြီး ပြောသည်။
 “အပေါ်ထပ် တက်ပြီး နည်းနည်းပါးပါး ပြန်အိပ်လိုက်ဦး... နေ့လည်မှ ပြန်ဆင်းလာခဲ့”

ပိုင်မူနင်က “အင်း” ဟု ပြန်ဖြေပြီး ဝမ်ကျင်း၏ ရုံးခန်းမှ ထွက်သွားသည်။

ထိုတစ်ကြိမ်တွင် ပိုင်မူနင် တကယ်ပင် ကောင်းကောင်း အိပ်ပျော်သွားသည်။ အိမ်မက်မမက်ဘဲ နေ့လည်အထိ တန်းအိပ်လိုက်သည်။

နေ့လည်တွင် ကျွမ်းယွိမြန်က သူ့အား အောက်ထပ်ဆင်းကာ နေ့လည်စာစားရန်ခေါ်သည်။ စားသောက်ပြီးနောက် ပိုင်မူနင်က ဝမ်ကျင်းအနား ထပ်မံ၍ စတင်တွယ်ကပ်ပြန်သည်။

သူ့အနေဖြင့် တာဝန်ကို လျင်မြန်စွာ လုပ်ဆောင်ရပေမည်။ ဝမ်ကျင်းသာ ဆက်ပြီး နစ်ဝင်နေပါက အလုပ်ရှင်ဘက်မှ ပိုမိုပြင်းထန်သည့် နည်းလမ်းများကို အသုံးပြုလာနိုင်သည်။

ဖောက်ပြန်သည့် အငယ်အနှောင်းဟူသော အကြောင်းအရာမျိုးမှာ အလွန်အဖြစ်များပြီး ဘယ်တော့မှ အဆုံးသတ် မကောင်းပေ။ နောက်ဆုံးရလဒ်မှာ လုံးဝ အရှက်ရပြီး ခေါင်းမဖော်နိုင်တော့ခြင်းသာ။

ပိုင်မူနင်က ဝမ်ကျင်းမှာ ခဏတာ အမှားလုပ်မိခြင်းသာဖြစ်ပြီး သူ့ကိုယ်သူ ထာဝရ မဖျက်ဆီးလောက်ဟု အခိုင်အမာ ယုံကြည်ထားသည်။ သူ့အား ကယ်တင်နိုင်သေးသည်။

ပိုင်မူနင်က လက်တစ်ဖက်ဖြင့် ပါးကို ထောက်ထားပြီး ပစ္စည်းအပုံကြီးများထံမှ အကြည့်ကို လွှဲလိုက်သည်။ 
“ဒေါက်တာဝမ်... ဒီအပိုင်းက တကယ် နားလည်ရခက်တယ်... ကျွန်တော့်ကို ရှင်းပြပေးလို့ ရမလား”

သူ တကယ်တမ်းတွင် ဤပစ္စည်းများကို သုံးရက်ကြာအောင် လေ့လာခဲ့ပြီး အတော်အတန် သင်ယူပြီးဖြစ်သည်။ 

ငါ ဒီအပိုင်းကို နားလည်ပေမဲ့ ဘာလို့ မေးနေတာလဲ... ဒါကို လှုံ့ဆော်ခြင်းလို့ ခေါ်တယ်...

နည်းနည်းလောက်တုံးအဟန်မှ မဆောင်ရင် ယောကျ်ားတစ်ယောက်ကို ဘယ်လိုများ ဆွဲဆောင်နိုင်မှာလဲ...

“ဘယ်အပိုင်းလဲ”
ဝမ်ကျင်းက သူ၏ဘေးတွင် ထိုင်လိုက်ပြီး ပိုင်မူနင် လက်ညှိုးထိုးပြသည့် နေရာကို ကြည့်လိုက်သည်။ ခဏတာ စဉ်းစားပြီးနောက် သူက ပစ္စည်းကို စတင် ရှင်းပြတော့သည်။

ထိုသူမှာ အမြဲလိုလို အလွန်အလေးအနက်ထားသူဖြစ်သည်။ ပိုင်မူနင်မှာ စာကျက်ချိန်များတွင် အိပ်ငိုက်တတ်သောကြောင့် ဝမ်ကျင်းက ပျင်းစရာမကောင်းစေဘဲ အသိပညာများရစေရန် ပျော်စရာကောင်းပြီး စိတ်ဝင်စားစရာကောင်းသည့် နည်းလမ်းဖြင့် သင်ကြားပေးလေ့ရှိသည်။

ပိုင်မူနင် တွေးလိုက်သည်။
ဝမ်ကျင်းက တကယ်ကို တော်တဲ့ဆရာပဲ...

သူက ဝမ်ကျင်းကို အချိန်တိုင်းလိုလို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေတတ်ပြီး သူ၏မျက်နှာ အစိတ်အပိုင်းများကို စေ့စေ့စပ်စပ်ကြည့်နေမိသည်။ ထိုသူ၏ မျက်နှာကောက်ကြောင်းမှာ  á€‘က်ရသကဏ အဆီပို တစ်စက်လေးပင် မရှိပေ။

ပိုင်မူနင်က သူ၏အဆီအနည်းငယ်ရှိနေသည့် ကလေးဆန်ဆန်မျက်နှာကို ကိုင်ကြည့်လိုက်ပြီး ချက်ချင်း မတရားဟု ခံစားလိုက်ရသည်။ သူက ဝမ်ကျင်းထက် ပိုပိန်ပါလျက်နှင့် သူ့မျက်နှာက အဘယ်ကြောင့် ပိုဖောင်းနေရလဲဟု တွေးနေမိသည်။

ပိုင်မူနင်၏ အကြည့်မှာ အလွန်‌ဗြောင်ကျလွန်းနေသည်။ ဝမ်ကျင်းမှာ ဆက်မရှင်းပြနိုင်တော့ဘဲ သက်ပြင်းချလိုက်သည်။
 “ကိုယ့်ကို စိုက်ကြည့်တာ ရပ်တော့... မေးခွန်းကို ကြည့်”

သူက စိတ်ပင်ပန်းနေပုံရသော်လည်း ဘာပြောရမည်ကို မသိသကဲ့သို့  á€”ဏးထင်ကို ပွတ်သပ်လိုက်သည်။ သူ့တစ်ကိုယ်လုံးတွင် သဘောမကျမှုတို့မှာလွှမ်းခြုံလျက်ဖြင့်ပင်။ 
ပိုင်မူနင်က သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး တီးတိုးပြောလိုက်သည်။
“ပစ္စည်းတွေထက် ခင်ဗျားက ပိုကြည့်ကောင်းနေလို့ပဲ မဟုတ်ဘူးလား”

ဝမ်ကျင်းက မျက်မှောင်ကြုတ်လိုက်သည်။
 “မင်း ဘာပြောလိုက်တာလဲ”

“ဘာမှ မဟုတ်ပါဘူး... ပေါက်ကရတွေ လျှောက်ပြောနေတာ”

“အိုး ဟုတ်သားပဲ... ဒေါက်တာဝမ် ဒီည အားလား ကျွန်တော် ရုပ်ရှင်လက်မှတ် နှစ်စောင် ရထားတယ်... ဒါက ဟော့ပေါ့ရုပ်ရှင်ရုံ အသစ်တဲ့... တော်တော် မိုက်ပုံရတယ် သွားကြည့်ချင်လား”

ဟော့ပေါ့ရုပ်ရှင်ရုံမှာ သေချာပေါက် အသစ်အဆန်းဖြစ်ပြီး အလွန် ဖန်တီးမှုရှိသော စိတ်ကူးပင်။

ဖန်သားပြင်ကြီးပေါ် ရုပ်ရှင်ကြည့်ရင်း ဟော့ပေါ့ စားရမည်။ ထိုအကြောင်း တွေးရုံဖြင့် ပိုင်မူနင် စိတ်လှုပ်ရှားသွားသည်။

ဟော့ပေါ့ဆိုသည်မှာ တစ်ယောက်တည်း စား‌၍ အရသာမရှိပေ။ အဖော်ရှိမှသာ စားရသည်က ပိုပျော်စရာကောင်း၏။

သို့သော် သူ့အနေဖြင့် ဝမ်ကျင်း၏ ဆန်းသစ်မှုအပေါ် သည်းခံနိုင်စွမ်းကို ခန့်မှန်းခြင်းက လွန်သွား၏။ ဝမ်ကျင်းက ပြန်ဖြေသည်။
 “အဲဒါဆို မင်း သေချာလည်း မစားရ... သေချာလည်း မကြည့်ရ ဖြစ်သွားမှာ မဟုတ်ဘူးလား”

လူတစ်ယောက်က တစ်ချိန်တည်းတွင် အရာနှစ်ခုကို အာရုံစိုက်၍ မရနိုင်ပေ။ ရုပ်ရှင်ကို တိတ်ဆိတ်သည့် ပတ်ဝန်းကျင်၌သာ အာရုံစိုက်ပြီး ကြည့်သင့်သည်။

“ခင်ဗျား မသွားချင်ဘူးလား” 
ပိုင်မူနင်၏ လေသံမှာ အနည်းငယ်စိတ်ပျက်သွားပုံရပြီး စိတ်မချမ်းမသာဖြစ်စပြုနေသည့်အတိုင်း။
“ဒီည ကိုယ်လုပ်စရာတစ်ခုရှိတယ်... မင်းရဲ့ ပေါင်ပေ့လေးကိုပဲ ခေါ်သွားလိုက်”

“...?”
ဘယ်ကပေါင်ပေ့လေးလဲ…

“ကောင်းပါပြီ  á€‘á€Źá€¸á€œá€­á€Żá€€á€şá€•á€Ťá€á€ąá€Źá€ˇ... တခြားတစ်ယောက်ယောက်ကိုပဲ ခေါ်လိုက်တော့မယ်”

ပိုင်မူနင်က ပထမဆုံး ကျွမ်းယွိမြန်ထံ သွားလိုက်သည်။ ကျွမ်းယွိမြန်က တကယ်တမ်း သွားချင်ခဲ့သော်လည်း သူမက ယနေ့ညအတွက် ကောင်လေးနှင့်အတူ အစီအစဉ်ဆွဲထားပြီး ဖြစ်သောကြောင့် သူ့ကို ငြင်းလိုက်သည်။

ပိုင်မူနင်မှာ အဆင်မပြေသောကြောင့် ချန်ဟောက်နန်ကို သွားရှာလိုက်သည်။

ချန်ဟောက်နန်က ဟော့ပေါ့ရုပ်ရှင်ရုံကို အလွန်စိတ်ဝင်စားနေသည်။

 “ကိုယ်တို့ ဒီမှာ အပူပေးကုထုံး ရုပ်ရှင်ရုံတစ်ခု စလုပ်ကြည့်သင့်တယ်လို့ ထင်လား”

“ဖောက်သည်တွေက အပူပေးကုထုံး လုပ်နေရင်း ရုပ်ရှင်ကြည့်လို့ရတယ်... တော်တော် မိုက်တယ်နော်”

ချန်ဟောက်နန်တွင် ပိုက်ဆံရှာနိုင်သည့် အကြံအစည်များစွာ အမြဲရှိ‌နေတတ်သည်။ ရုပ်ရှင်လက်မှတ် တစ်စောင်တည်းကပင် စိတ်ကူးသစ်များစွာကို လှုံ့ဆော်ပေးလိုက်ချေပြီ။

စန်းဝမ်ခန်းမ၏ ဝင်ငွေအများစုမှာ အပေါ်ထပ် ကုသမှုများမှ ရရှိခြင်းဖြစ်ပြီး အောက်ထပ်ရှိ ဝန်ဆောင်မှုများကမူ အရင်းကျေရုံသာဖြစ်ပြီး အမြတ်အစွန်း မရှိလှပေ။

ယနေ့ခေတ်တွင် တရုတ်တိုင်းရင်းဆေးပညာမှာ အမြဲလိုလို ဖိနှိပ်ခံနေရပြီး အသက်မွေးဝမ်းကျောင်းပြုရန် ခက်ခဲသည်။ ထို့ကြောင့် ချန်ဟောက်နန်က အစဉ်အလာကို ကျော်လွန်ကာ စဉ်းစားစပြုလာသည်။ ခေတ်နှင့်အညီ လိုက်လျောညီထွေဖြစ်အောင် စန်းဝမ်ခန်းမ၌ ဆန်းသစ်သော ဝန်ဆောင်မှုများကို မိတ်ဆက်ပေးနေသည်။

မကြာသေးမီကပင် ဆေးဖက်ဝင် နို့လက်ဖက်ရည်စီးရီးတစ်ခု စတင်ထုတ်လုပ်ရန် ပြောဆိုခဲ့ကြသေးသည်။ စျေးကွက်ရှိ နို့လက်ဖက်ရည်မှာ ကျန်းမာရေးနှင့်မညီညွတ်ဟု ယူဆကြသော်လည်း လူငယ်များကြားတွင် အလွန်ရေပန်းစားနေဆဲဖြစ်သည်။

ချန်ဟောက်နန်၏ စိတ်ကူးမှာ လူငယ်များအကြိုက် အရသာကို ဖြည့်ဆည်းပေးနိုင်ရန် ၎င်းကို ကျန်းမာရေး အချိုရည်အဖြစ် ပြောင်းလဲပစ်ရန်ပင်။ သောက်လေ ကျန်းမာလေ ဖြစ်စေမည့် နို့လက်ဖက်ရည်ဖြစ်သည်။

ထိုပရောဂျက်မှာ စတင်နေပြီဖြစ်ပြီး ရှေ့သို့ ဆက်လက်တိုးတက်နေသည်။

ယခုအခါ ချန်ဟောက်နန်က မီးအပူပေးကုထုံး ဟော့ပေါ့၏ တောက်ပသော ဈေးကွက်အလားအလာများကို စိတ်ကူးယဉ်ခြင်းတွင် လုံးဝ နစ်မြုပ်နေသည်။

ပိုင်မူနင်က ဝင်ရောက် ပြောဆိုလိုက်သည်။
“ဟောက်နန်ကော မီးအပူပေးကုထုံးနံ့နဲ့ ဟော့ပေါ့နံ့ ရောသွားရင် ဘယ်သူများ စားသောက်ချင်စိတ်ရှိတော့မှာလဲ.. ခင်ဗျား တကယ်ပဲ ဒီစိတ်ကူးကို တရုတ်တိုင်းရင်းဆေးပညာ ရှုထောင့်ကနေ ခွဲခြမ်းစိတ်ဖြာဖူးလား”

အပူပေးကုထုံး ဟော့ပေါ့က မဖြစ်နိုင်သည်မှာ မြင်နိုင်နေသည်ပင်။ သို့သော်လည်း တရုတ်ဆေးဖက်ဝင်အပင်များပါသည့် ဟော့ပေါ့ကိုမူ တကယ် စဉ်းစားသင့်သည်။
“ဟုတ်တယ်နော်... ဒါဆို အပ်စိုက်ကုထုံး ဟော့ပေါ့ရော ဘယ်လိုလဲ”

ပိုင်မူနင်မှာ မျက်လုံးများကို လှန်ကြည့်လိုက်မိပြီး ဖိအားပေးလိုက်သည်။
 “ဟောက်နန်ကော... ခင်ဗျား လိုက်မှာလား မလိုက်ဘူးလား”

ချန်ဟောက်နန်က နောက်ဆုံးတွင် ရုပ်ရှင်လက်မှတ်ကို ချလိုက်ပြီး ရူးသွပ်သော အတွေးအခေါ်များကို ရပ်လိုက်သည်။
 “မင်း လောင်ဝမ်ကို ဘာလို့ သွားမမေးတာလဲ... မင်းတို့နှစ်ယောက်က ပုံမှန်ဆို အရင်းနှီးဆုံး မဟုတ်ဘူးလား”

“ဒီည သူ အလုပ်များနေတယ်”

ချန်ဟောက်နန်က တစ်ခုခုကို သတိရသွားပုံရသည်။ 
“ဟုတ်သား သူ ဒီည အလုပ်များနေတယ်... သူ မင်းကို ပထုတ်လိုက်တာ မဟုတ်ပါဘူး”

ပိုင်မူနင် စိတ်ဝင်စားလာပြီး မေးလိုက်သည်။
 “သူ ဘာလုပ်နေတာလဲဟင်”

“ဒီရက်ပိုင်း သူ တစ်ယောက်ယောက်နဲ့ တွေ့နေတာ” 
ချန်ဟောက်နန်က ရုတ်တရက် သူ စကားများလွန်းနေပြီဟု သဘောပေါက်သွားပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။
 “မင်း ကျွမ်းယွိမြန်ကို ဘာလို့ သွားမမေးကြည့်တာလဲ”

“မြန်ကျဲက အစီအစဉ်ရှိနေလို့... ဟောက်နန်ကော ဒေါက်တာဝမ်က ဘယ်သူနဲ့ တွေ့နေတာလဲ”

“မင်း တကယ် သိချင်လို့လား”

ပိုင်မူနင် ခေါင်းညိတ်ပြလိုက်သည်။

ချန်ဟောက်နန်က လေထုအား ပဟေဠိဆန်ဆန် လျှို့ဝှက်သိုသိပ်စွာပြုကာဖြင့် ပြောလိုက်သည်။ 
“ယောကျ်ားတစ်ယောက်ပဲ... သူ့အတွက် အရမ်း အရေးကြီးတဲ့ ယောကျ်ားတစ်ယောက်”

ပိုင်မူနင် ဆက်မေးချင်တော့ပေ။ အဖြေက ရှင်းနေ၏။

သူ သူ့ချစ်သူကို သွားတွေ့ပြန်ပြီ...

ပြီးတော့ အခု ဘယ်သူက ပိုအရေးကြီးလဲဆိုတာ ရှင်းရှင်းလင်းလင်း သိသာနေပြီပဲ...

“ဟောက်နန်ကော ခင်ဗျား လိုက်မှာလား မလိုက်ဘူးလား.... ကျွန်တော် တစ်ယောက်တည်း ဟော့ပေါ့ မစားချင်ဘူး... အဲဒါက ကမ္ဘာပေါ်မှာ အထီးအကျန်ရဆုံး အရာပဲ... ကျွန်တော် တစ်ယောက်တည်း ထိုင်နေရတာကို ခင်ဗျား တကယ်ပဲ ကြည့်နိုင်တယ်လား”

“နင်အာ မင်းသာ အဲလို အလိုလိုက်ခံထားရသလို ဆိုးပြရင် ဝမ်ကျင်းက မင်းနဲ့ သေချာပေါက် လိုက်မှာ” 

ချန်ဟောက်နန်က ရုပ်ရှင်လက်မှတ်များကို ယူလိုက်ပြီး ပြောလိုက်သည်။
 “ကောင်းပြီလေ ဒီည ကိုယ်မင်းနဲ့ လိုက်ခဲ့မယ်”

“ ရေး”


💊💊💊💊 Chapter 29
ကောင်လေးက ခွင့်မပြုဘူး


ချန်ဟောက်နန်နှင့် အစီအစဉ်များ ချမှတ်ပြီးနောက် ပိုင်မူနင်က ဝမ်ကျင်းရှေ့သို့ သွားကာ တမင်တကာ ကြွားလုံးထုတ်လိုက်သည်။ 
“ကျွန်တော် ဟောက်နန်ကောနဲ့ သွားမှာ... ခင်ဗျားကို ဘယ်တော့မှ ထပ်မဖိတ်တော့ဘူး”

ဝမ်ကျင်းက ဘာမှမပြောသော်လည်း သူ၏ နှုတ်ခမ်းများ ညွတ်ကျနေခြင်းက သူဒေါသထွက်နေ‌ကြောင်းကို ထင်ရှားစေသည်။

ညနေ ၆ နာရီတွင် စန်းဝမ်ခန်းမက အလုပ်ဆင်းကြသည်။ လူအများစုက အချိန်မီ စာရင်းပိတ်ကြပြီး ပိုင်မူနင်ကမူ ချန်ဟောက်နန်၏ ရုံးခန်းအပြင်ဘက်တွင် စောင့်နေသည်။

ရုပ်ရှင်က ၆:၃၀တွင် စခြင်းဖြစ်၍ သူတို့ ရောက်သွားပြီး ခဏစောင့်လိုက်လျှင် အချိန်ကိုက်ပင်။

ချန်ဟောက်နန်က ကုတ်အင်္ကျီကို ဆွဲယူပြီး ပိုင်မူနင်နှင့်အတူ ထွက်ခွာရန်ပြုသော်လည်း ယခုလေးတင် ထွက်လာသော ဝမ်ကျင်းက ချက်ချင်း တားလိုက်သည်။
“လောင်ချန်... ဆေးဖက်ဝင်အပင် သွင်းတဲ့သူနဲ့ ပြဿနာ‌လေးတက်နေတယ်... သွားကြည့်လိုက်ဦး”

ချန်ဟောက်နန်က သိသိသာသာပင် မလိုလားသော လေသံဖြင့် ပြန်ဖြေသည်။
 “မနက်ဖြန် သွားဖို့ သဘောတူထားတာ မဟုတ်ဘူးလား... ဘာလို့ အလျင်လိုနေတာလဲ”

ထို့နောက် တစ်ခုခု သိသွားသလိုမျိုး ချန်ဟောက်နန်က သူ့ကို စကားမပြောနိုင်ဘဲ ကြည့်လိုက်သည်။ 
“လုပ်စမ်းပါ လောင်ဝမ်... မင်း ငါ့ကို ဖယ်ထုတ်ဖို့အတွက်နဲ့ ဒီလိုလုပ်ရတဲ့အထိ အသေးအဖွဲကိစ္စတွေကို စိတ်ကောက်နေတာ မဟုတ်ပါဘူးနော်”

“ငါ ဘယ်သူ့ကိုမှ ဘာမှမလုပ်ဘူး”

“မင်း မသွားဘူးလား” 
ဝမ်ကျင်းက မျက်ခုံးပင့်လိုက်သည်။

“ငါ သွားမယ်... အေးပါ သွားပါ့မယ် ရပြီလား”
ချန်ဟောက်နန်က ဝမ်ကျင်းကို မျက်စောင်းထိုးလိုက်ပြီးနောက် ပိုင်မူနင်ဘက်သို့ လှည့်လိုက်သည်။ 
“ရှောင်နင်လေး... ဒီမှာ ကိုယ်မင်းကို မကူညီနိုင်တော့ဘူး... တခြားတစ်ယောက်ကိုသာ ရှာလိုက်တော့... မနက်က ကိုယ် ပြောခဲ့တာကို မှတ်မိလား... သွားလုပ်လိုက်”

ချန်ဟောက်နန် မနက်က ဘာပြောခဲ့တာပါလိမ့်... 'မင်းသာ ဝမ်ကျင်းကို ဒီလို အလိုလိုက်ခံထားရသလို ပုံစံမျိုးနဲ့ ဆိုးပြရင် သူ မင်းနဲ့ သေချာပေါက် လိုက်မှာ'…

ပိုင်မူနင် တွေးလိုက်သည်။
သူ ဆိုလိုတာ အဲ‌ဒါပေါ့လေ...

ထို့ကြောင့် သူက ဝမ်ကျင်း ထွက်သွားမရအောင် ပိတ်ဆို့လိုက်ပြီး ခေါင်းကို စိန်ခေါ်သလို မော့လိုက်ကာ ပြောသည်။
 “ခင်ဗျားက ကျွန်တော့်ကို ဟောက်နန်ကောနဲ့ သွားခွင့်လည်းမပြုဘူး...ခင်ဗျားကလည်း ကျွန်တော့်နဲ့ မလိုက်ဘူး... ဒါဆို ကျွန်တော် ဘာလုပ်ရမှာလဲ”

ရုပ်ရှင်က စတော့မယ်... တခြားတစ်ယောက်ကို ရှာဖို့ အချိန်တောင် မရှိတော့ဘူး... လမ်းပေါ်က သူစိမ်းကို ဆွဲခေါ်သွားလို့လည်း မရဘူးလေ...

“ဒီည ကိုယ် လုပ်စရာ ရှိတယ်... တခြားနေ့မှ မင်းနဲ့ လိုက်ခဲ့မယ်... အခုတော့ ကျောင်းကိုပြန်တော့” 

ဝမ်ကျင်းက သူ့ကို ချော့မော့နေသလို စိတ်ရှည်စွာ ပြောလာသည်။

ပိုင်မူနင်က ဝမ်ကျင်းကို ပိုမိုတွယ်ကပ်ပြီး ဒရာမာခင်းကာ  á€…á€­á€á€şá€Ąá€”á€žá€ąá€Źá€„á€şá€ˇá€Ąá€šá€žá€€á€şá€•á€ąá€¸á€žá€„á€şá€ˇá€žá€Šá€şá€Ÿá€Ż ခံစားလိုက်ရသည်။ နောက်ဆုံးတွင် ဝမ်ကျင်းက သူ့အား ချော့မော့နေရာ အဓိပ္ပါယ်မှာ သူက အရေးပါနေဆဲပင်။

“ဒါပေမဲ့ ဒီရုပ်ရှင်လက်မှတ်တွေက ဒီနေ့အတွက်လေ... ကျွန်တော် မသွားရင် အလကား ဖြစ်သွားလိမ့်မယ်လို့”

ပိုင်မူနင် တကယ်လိုချင်သည်က ဝမ်ကျင်းကို သူ့ချစ်သူနှင့် မတွေ့စေချင်၍ပင်။  

ဘာလို့ သူ့ကို ထပ်တွေ့ချင်နေရတာလဲ... ခင်ဗျားတို့ရဲ့ ဆက်ဆံရေးက အကျင့်ပျက်နေတာလို့...

ဒါက အဆုံးသတ်သင့်ပြီ... ဆက်ပြီးတော့ မဖြစ်သင့်‌တော့ဘူး

ထိုအချိန်တွင် ဝမ်ကျင်း၏ ဖုန်းက ထပ်၍ မြည်လာပြန်သည်။ ပိုင်မူနင် ရှင်းရှင်းလင်းလင်း မကြားရသော်လည်း ယောကျ်ားတစ်ယောက်၏ အသံဖြစ်သည်မှာ သေချာသည်။ ဝမ်ကျင်းက ပြောလိုက်သည်။
“ငါ အခု လာခဲ့မယ်”  

ဖုန်းချပြီးနောက် ဝမ်ကျင်းက သူ့လက်ကို ဆန့်တန်းကာ ပိုင်မူနင်၏ဆံပင်ကို ညင်သာစွာ ပွတ်သပ်ပြီး ချော့မော့ဖို့ ကြိုးစားသည်။ 
“ကိုယ် မင်းအတွက် လက်မှတ် အသစ်တစ်စောင် ဝယ်ပေးပါ့မယ် ကောင်းပြီလား...လိမ္မာနော် အခု ကျောင်းကို ပြန်လိုက်တော့”

ဝမ်ကျင်း၏ နူးညံ့သော အမူအရာက ပိုင်မူနင်အား သူ၏ဟန်ဆောင်မှုထဲသို့ ပိုမိုနစ်ဝင်စေသည်။ သူက ဝမ်ကျင်း၏ လက်မောင်းကို တင်းတင်း တွယ်ကပ်ထားပြီး လုံးဝ မလွှတ်ချေ။ 
“ကျင်းကော ကျွန်တော် ဒီနေ့ပဲ သွားချင်တယ်... ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါနော်”

ယင်းက ပိုင်မူနင် သူ့ကို “ကျင်းကော” ဟု ပထမဆုံးအကြိမ် ခေါ်ဖူးခြင်းဖြစ်သည်။ ယခင်က သူ “ဒေါက်တာဝမ်” ဟုသာ အမြဲတမ်း သုံးနှုန်းခဲ့ပြီး တစ်ခါတစ်ရံ နောက်ပြောင်ကာ “ဦးလေး” ဟုလည်း ခေါ်တတ်သည်။

ဤသည်က သူ “ကျင်းကော” ဟု  á€•ထမဆုလးဥကဟိမ်ခ္ဍ်ခဟင်း ဖြစ်သလို ဝမ်ကျင်း၏ မျက်နှာထက်ရှိ မယုံကြည်နိုင်သည့်ပုံစံကို မြင်ဖူးခြင်းကလည်း ပထမဆုံးအကြိမ် ဖြစ်သည်။
“ခုနက မင်း ဘယ်လို ခေါ်လိုက်တာလဲ”

“ကျင်းကော အာ…”

ပိုင်မူနင်က ဝမ်ကျင်း မည်သို့တုံ့ပြန်မည်ကို  á€žá€ąá€á€ťá€Źá€™á€žá€­á စိတ်လှုပ်ရှားစွာ မော့ကြည့်လိုက်သည်။

ဝမ်ကျင်း၏ မျက်လုံးများက ရုတ်တရက် အန္တရာယ်အရိပ်အယောင်တို့ဖြင့် မှောင်မိုက်သွားပြီး သားကောင်ကို စောင့်ကြည့်နေသော သားရဲတိရစ္ဆာန်ပမာ သူ့အား စိုက်ကြည့်နေသည်။

ပိုင်မူနင်၏ ရင်ထဖြ ထိတ်ခနဲဖြစ်သွားသည်။

သေစမ်း ဝမ်ကျင်း ငါ့ကို ရိုက်‌တော့မှာတော့ မဟုတ်ဘူးမလား...

×××××

ဝမ်ကျင်း၏ လက်မောင်းကို ကိုင်ထားသော လက်မှာ တဖြည်းဖြည်း လျှောကျသွားသည်။ ပိုင်မူနင်က မတ်မတ်ရပ်လိုက်ပြီး ဝမ်ကျင်း၏ စေ့စေ့စပ်စပ်ကြည့်ရှုမှုကို ရင်ဆိုင်ရန် အတင်းအကျပ်လုပ်ယူကာ ပြုံးပြလိုက်ရသည်။

သူ၏ အလွန်အကြူး ဟန်ဆောင်မှုက အနည်းငယ် ရွံစရာကောင်းနေသည်။ 

ဝမ်ကျင်း မဆိုထားနှင့်၊ ပိုင်မူနင် ကိုယ်တိုင်ပင်လျှင် သူ့ကိုယ်သူ ထိုးချင်စိတ် ပေါက်သွားသည်။

ကောင်းကောင်း မပြောနိုင်ဘူးလား… မင်း ပါးစပ်က ဘယ်လို အဓိပ္ပာယ်မရှိတဲ့ စကားတွေ ထွက်လာတာလဲ…

မိန်းကလေးများ ရှက်ရမ်းရမ်းလျှင် ချစ်စရာကောင်းသည်။ ယောကျ်ား‌လေးများ လုပ်လျှင်မူ စိတ်အနှောင့်အယှက် ဖြစ်စရာသာ။

ထို့အပြင် ကျင်းကောဟု ခေါ်လိုက်ခြင်းက သေချာပေါက် ဝမ်ကျင်းကို ပို၍ စိတ်တိုစေလိမ့်မည်။

ပိုင်မူနင် ကြောက်၍ နောက်ဆုတ်သွားသည်။
“ရပါတယ် မသွားရင်လည်း ကိစ္စမရှိပါဘူး... ကျွန်တော် နောက်နေတာပါ... အတည် မယူပါနဲ့” 

ပိုင်မူနင်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ရှက်ရဲရဲ ပြုံးလိုက်သည်။ 
“ဒေါက်တာဝမ် ခင်ဗျား အလုပ်များနေတော့ ကျွန်တော် သွားလိုက်ပါဦးမယ်”

ဝမ်ကျင်း စိုက်ကြည့်နေသောကြောင့် ပိုင်မူနင်မှာ အခြား ဘာမှ မတွေးနိုင်တော့ပေ။ ထိုနေရာမှ အမြန်ဆုံး ထွက်သွားချင်ရုံမျှသာ။ သို့မဟုတ်လျှင် သူ့အနေဖြင့် ဟော့ပေါ့ ရုပ်ရှင်ရုံ၏ ရုပ်ရှင်စချိန်ကို လွတ်သွားပေလိမ့်မည်။

သူက ရှေ့သို့ ခြေတစ်လှမ်းလှမ်းရန် ခြေထောက်ကို မြှောက်လိုက်သော်လည်း သူ၏ အင်္ကျီအိတ်ကို နောက်သို့ ဆောင့်ဆွဲခံလိုက်ရသည်။ သူ့ခမျာ နောက်ဆုတ်ရန်သာ ရွေးချယ်စရာ ရှိပြီး လည်ပင်းညှစ်ခံရခြင်းမှ ကင်းဝေးရန် ဝမ်ကျင်းနှင့် ပိုနီးကပ်သွားခဲ့ရသည်။

“ဒေါက်တာဝမ်၊ ဒီမှာ ကင်မရာတွေ ရှိတယ်... ကျွန်တော့်ကို မရိုက်ခင် သေချာ စဉ်းစားနော်” 
ပိုင်မူနင်က လက်နှစ်ဖက်စလုံးကို အရှုံး‌ပေးပါကြောင်း ပြသသည့်ဟန် မြှောက်လိုက်သည်။ 
“အကြမ်းဖက်တာက ယဉ်ကျေးမှုမရှိတာပဲ... အဲဒီအစား ကျွန်တော့်ကို ဆူလိုက်လို့ ရပါတယ်”

ပိုင်မူနင်၏ အသားအရေမှာ နူးညံ့ပြီး  á€Ąá€›á€­á€Żá€€á€şá€™á€á€śá€”ိုင်သညအ် လူအမျိုးအစားတွင်ပါသလို  á€™á€ťá€€á€şá€”á€žá€Źá€™á€•á€°á€á€á€şá€žá€°á€œá€Šá€şá€¸ ဖြစ်‌နေသေးသည်။ မည်မျှပင် ဆူငေါက်ကျိန်ဆဲစေကာမူ သူ့ကို မထိခိုက်စေနိုင်ပေ။

သူ၏ ပထမဆုံး အချိန်ပိုင်းအလုပ်ကို သူ မှတ်မိနေသေးသည်။ ထိုစဉ်က သူ အထက်တန်းကျောင်းသားအရွယ်သာတွင် ရှိသေးပြီး အားလပ်ရက်များနှင့် နွေရာသီကျောင်းပိတ်ရက်များကို မုန့်ဖိုးငွေအချို့ ရှာဖွေရန် အသုံးပြုခဲ့သည်။

သူ၏မိဘများ ဆုံးပါးသွားပြီးနောက် သူ့တွင် ဝင်ငွေအရင်းအမြစ် လုံးဝမရှိသလောက်ပင်။ ရပ်ကွက်မှ အဒေါ်တစ်ဦးက သူ့ကို ငွေကြေးအထောက်အပံ့ လျှောက်ထားရာတွင် ကူညီပေးခဲ့ပြီး ကျောင်းမှ သူ့ကျောင်းစရိတ်အချို့ကို လျှော်ပစ်ပေးခဲ့သော်လည်း သူ့ခမျာ မနည်းပင် ရပ်တည်နေခဲ့ရသည်။

သူက သင်ထောက်ကူပစ္စည်းများဝယ်ကာ ရေ၊ မီးနှင့် ဂတ်စ်အတွက် ပေးဆောင်ရန်နှင့် သူ၏ နေထိုင်စရိတ်အားလုံးကို ကာမိစေရန် လိုအပ်သည်။

အားကိုးစရာမရှိသောကြောင့် သူ့အနေဖြင့် သူ့ကိုယ်သူသာ မှီခိုနိုင်ခဲ့သည်။

သူ၏ အချိန်ပိုင်းအလုပ်မှာ ကုန်စုံဆိုင်ငွေရှင်းကောင်တာတွင် လုပ်ကိုင်ခြင်း ဖြစ်သည်။ အလုပ်က လွယ်ကူရိုးရှင်းသည်။ ဖောက်သည် မရှိသောအခါ သူက စာအနည်းငယ်မျှပင် ဖတ်၍ရသည်။

တစ်နေ့တွင် အမျိုးသမီး ဖောက်သည်တစ်ဦး ဝင်လာသည်။ သူမက သရေစာနှင့် အချိုရည်အချို့ကို ရွေးချယ်ခဲ့၏။

သူမ၏ ဝတ်စားဆင်ယင်မှုမှာ အတော်လေး ဖက်ရှင်ကျသော်လည်း သူမ၏မျက်နှာကမူ ခွဲစိတ်မှုမသေသပ်၍ ထူးဆန်းစွာအိုမင်းရင့်ရော်နေသည်။

ထိုအချိန်က ပိုင်မူနင်မှာ အလှကုန်ခွဲစိတ်မှုအကြောင်း ဘာမှမသိပေ။ သူက ရိုးရိုးရှင်းရှင်းပင် အချိန်၏လက္ခဏာ(အရွယ်ရောက်၍အိုခြင်း)ဟုသာ ယူဆခဲ့သည်။ ထို့ကြောင့် သူက ယဉ်ကျေးစွာ မေးလိုက်သည်။
 “အန်တီ အိတ်ယူချင်ပါသလား”

ထိုအမျိုးသမီးမှာ ချက်ချင်း ဒေါသထွက်သွားသည်။
 “မင်း ငါ့ကို အန်တီလို့ ခေါ်ရလောက်အောင် ဘယ်လောက် အသက်ကြီးပြီလို့ ထင်နေတာလဲ... ငါက ၂၆ နှစ်ပဲ ရှိသေးတယ်... ငါက ဘယ်လိုလုပ် အန်တီ ဖြစ်နိုင်မှာလဲ”

“မင်းက အသက်ငယ်ပုံပေါ်ပေမဲ့ မင်းရဲ့ စိတ်ဓာတ်ကတော့ ဆိုးရွားချက်ပဲ... မင်းရဲ့ မိဘတွေက တခြားသူတွေကို လေးစားတတ်ဖို့ မသင်ပေးဖူးဘူးလား”

“အမေမရှိဘဲ ကြီးပြင်းလာတဲ့ ကလေးဆိုးပဲနေမှာ ... မင်း ကောင်းကောင်းမပြောတတ်ရင်လည်း မင်းပါးစပ်ကို လှူပစ်လိုက်ပါလား”

အလုပ်မပြုတ်စေရန်နှင့် ထိုအလုပ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ပိုင်မူနင်မှာ တောင်းပန်ခဲ့ရသည်။ 
“တောင်းပန်ပါတယ် ကျွန်တော် အဲလိုဆိုလိုတာ မဟုတ်ပါဘူး... စကားမှားသွားတာပါ”

ထိုစဉ်က သူအရွယ်မရောက်သေး၍ မည်သူကမှ အလုပ်ခန့်လိုစိတ်မရှိကြပေ။ ဤအလုပ်ကို အခြားတစ်ယောက်က သူ့အား ညွှန်းပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ အရှက်ရမိသော်လည်း ပြန်မပြောရဲခဲ့သလို ထွက်သွားရန်လည်း မတတ်နိုင်ခဲ့ပေ။

နောက်ထပ် ဆယ်မိနစ်မျှကြာသည်အထိ ထိုအမျိုးသမီးက သူ့ကို ယုတ်မာစွာ စော်ကားခဲ့သည်။ ပိုင်မူနင်မှာ ပြုံးလျက် တောင်းပန်ရုံသာ တတ်နိုင်ခဲ့သည်။

သူ မည်သို့ ပြုံးနိုင်ခဲ့သည်ကို သူကိုယ်တိုင်လည်း မသိချေ။ သူ တွေးခဲ့သည်က 'သူ ငါ့ကိုကျိန်ဆဲရင်ရော ဘာဖြစ်လဲ... အသားမနာဘူး... အရေးကြီးတာက ဒီအလုပ်ကို မဆုံးရှုံးဖို့ပဲ'ဟူ၍ပင်။

သူ အသက်ကြီးလာမှသာ ထိုအချိန်က သူ ရဲကို ခေါ်ခဲ့သင့်ကြောင်း သဘောပေါက်သွားခဲ့ရသည်။ လုံခြုံရေးကင်မရာများက အရာအားလုံးကို ရိုက်ယူထားသည်။ သူ့အနေဖြင့် လျော်ကြေးပင် ရနိုင်သေး၏။

သို့တိုင် ထိုစဉ်အချိန်၌ သူက အသက်ငယ်သေးသည်။  á€˜á€Źá€™á€ž နားမလည်ခဲ့ပေ။ သူ့အတွက် ရပ်တည်ပေးမည့် လူကြီးများကလည်း ပတ်ဝန်းကျင်တွင် မရှိခဲ့ချေ။ ထို့ကြောင့် လူများက သူ့ကို အနိုင်ကျင့်ပြီးသည်နှင့် အလွယ်တကူ လွတ်မြောက်သွားကြသည်။

အတိတ်ကို ပြန်တွေးမိလျှင် ပိုင်မူနင်၏ ရင်ထဲတွင် ချဉ်စူးသည့် နာကျင်မှုကို ခံစားလာရသည်။ 
“ဒါပေါ့ ကိစ္စတွေကို အေးအေးဆေးဆေး ဖြေရှင်းနိုင်ရင်တော့ ပိုကောင်းတာပေါ့”

ဝမ်ကျင်းက မယုံနိုင်သလို ရယ်မောလိုက်သည်။ သူက ပိုင်မူနင်ကို ဆွဲခေါ်ပြီး ပြောသည်။
 “ကိုယ်က ဘာလို့ မင်းကို ရိုက်နှက်ဆူငေါက်ရမှာလဲ... မင်း မျက်စိထဲမှာ ကိုယ်က အကြမ်းဖက်တတ်တဲ့ အရူးလား”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” 
ပိုင်မူနင်က ချက်ချင်းပင် ချီးကျူးစကားများ စတင်ပြောတော့သည်။ 
“ဒေါက်တာဝမ်က ချောတယ် စိတ်ထားကောင်းတယ်... စိတ်ခံစားမှု ဉာဏ်ရည်ကလည်း မြင့်တယ်... ဘယ်လိုလုပ် အကြမ်းဖက်ချင်တဲ့စိတ် ရှိနိုင်မှာလဲ... ကျွန်တော်က စိတ်ပေါ့ပါးသွားအောင် နောက်လိုက်တာပါ”

“ခင်ဗျား ခုနက ရယ်တောင် ရယ်လိုက်သေးတာပဲ... အဲဒါက ကျွန်တော့်ရဲ့ဟာသက တော်တော်ကောင်းတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲမလား”

“ဒါပေါ့ ခင်ဗျား မကြိုက်ရင် ကျွန်တော် ဒီစကားကို ထပ်မပြောတော့ပါဘူး ... ကျွန်တော် ကျိန်တယ်”

ပိုင်မူနင်က စိတ်အားထက်သန်စွာ ကတိပေးလိုက်ပြီး ကျိန်ဆိုရန် လက်မြှောက်လိုက်သောအခါ လက်ချောင်းတစ်ချောင်း ပိုထုတ်လိုက်သည်။ သူ၏ စစနောက်နောက်ဖြင့် ချစ်စရာကောင်းသော အမူအရာက မည်သူ့ကိုမဆို အသည်းယားလာအောင်လုပ်နိုင်၏။

ဝမ်ကျင်းက အကြည့်ကို လွှဲလိုက်ပြီး တစ်ချိန်တည်းမှာပင် ပိုင်မူနင်ကို လွှတ်ပေးလိုက်သည်။ 
“ဒီမှာ စောင့်နေ”

ပိုင်မူနင် မလှုပ်မယှက် ဖြစ်သွားသည်။ 
ဝမ်ကျင်း၏ ဆိုလိုရင်းကို သူ လုံးဝ မသိ‌တော့ပေ။

ငါ့ကို စောင့်ခိုင်းနေတာလား.. ဘယ်လောက်ကြာကြာ စောင့်ရမှာလဲ.. ရုပ်ရှင်က ငါတို့ကို စောင့်မှာ မဟုတ်ဘူးလေ..

ရုပ်ရှင်ကတော့ သိပ်အရေးမကြီးပေမဲ့ နှစ်ယောက်စာ ဟော့ပေါ့ အလကား ဖြစ်သွားရတာကတော့ စိတ်မကောင်းစရာပဲ...

“ကျွန်တော်...” 

ပိုင်မူနင်က သူ မည်မျှကြာကြာ စောင့်ရမလဲဟု မေးချင်သော်လည်း အချိန်ကကုန်နေပေပြီ။

သူ စိုးရိမ်ပူပန်လာချိန်တွင် ဝမ်ကျင်းက တဖြည်းဖြည်းချင်း ဖုန်းခေါ်နေ၏။

ပိုင်မူနင် : “...?”
ငါ တကယ်ကြီး ကျိန်ဆဲမိတော့မယ်လို့…

မကြာလိုက်ဘဲ ခေါ်ဆိုမှုက ချိတ်ဆက်သွားပြီး ဝမ်ကျင်းက ပြောလိုက်သည်။
"ငါ့မှာအချိန်မရှိဘူး ရွှီနွမ်ကိုပဲ သွားရှာလိုက်"

ထို့နောက် သူက ရက်ရက်စက်စက်ပင် ဖုန်းချလိုက်လေ၏။ အနည်းငယ်မျှပင် တုံ့ဆိုင်းမနေပေ။

သူ့ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်ပြီးနောက်  á€á€™á€şá€€á€ťá€„်းက ပိုင်မူနင်ထံလျှောက်လာလျက် ပြောသည်။
"သွားကြစို့"

ပိုင်မူနင် မှင်သက်သွားချေ၏။ 
ငါ ထင်တာမမှားရင်  á€á€™á€şá€€á€ťá€„်းက ငါနဲ့ရုပ်ရှင်သွားကြည့်မှာမလား..

ပိုင်မူနင်မှာ ရုတ်တရက်ဆိုသလို မသေချာတော့ဘဲ ရှုပ်ထွေးနေရင်း မေးလိုက်သည်။
"ဘယ်သွားမှာလဲ"

"ကိုယ်တို့ ရှင်ရုပ်ကြည့်ရင်း ဟော့ပေါ့သွားစားမှာမလား... ဘာလို့အလျင်မလိုတော့တာလဲ"

ပိုင်မူနင်မှာ လုံးဝရှုပ်ထွေးနေပေပြီ။ ဝမ်ကျင်းက သူ့(ပိုင်မူနင်)အတွက်နှင့် သူ့ချစ်သူကို မျက်နှာလွှဲခဲပစ် လုပ်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဆိုလိုတာက ငါက သူ့ချစ်သူထက် ပိုအရေးကြီးတာပေါ့နော်...
ဘယ်လိုတောင် ကျေနပ်စရာကောင်းတဲ့ စပရိုက်လဲ...

လူအများ ပြောလေ့ရှိသည်က ကောလိပ်ကျောင်းသားများမှာ ချိုသာသည်ဟူ၍ပင်။ ယင်းက အမှန်ပင်ဖြစ်ပြီး သူတို့မလိမ်ခဲ့ပေ။

"အမြန်လိုတာလား အာဟုတ်တယ် ကျွန်တော် အလျင်လိုတာပေါ့"
ပိုင်မူနင်မှာ ယုန်လေးသဖွယ် စိတ်လှုပ်ရှားနေပြီး ဝမ်ကျင်းကိုဆွဲခေါ်သွားသည်။

ခဏကြာအောင် အမြန်လျှောက်ပြီးနောက် ပိုင်မူနင် အနည်းငယ်မျှ အသက်ရှုမဝ ဖြစ်လာသည်။ ထို့ကြောင့် သူက အရှိန်လျှော့လိုက်ပြီး ဝမ်ကျင်းကို လွှတ်ပေးလိုက်သည်။

ပိုင်မူနင်နှင့် ဝမ်ကျင်း လမ်းဘေး၌ ဘေးချင်းယှဉ်လျက် လျှောက်လာကြသည်။ ထိုအချိန်မှာပင် ပိုင်မူနင်က သူ့အနေဖြင့် လက်ဖက်စိမ်းပုံစံ ဟန်ဆောင်သင့်သည်ဟု ခံစားလိုက်ရသည်။ ဝမ်ကျင်းနှင့် သူ၏ချစ်သူကြားကို သပ်လျှိုရန် လှည့်ဖြားသည့် စကားချိုချိုအနည်းငယ်မျှ ပြောသင့်သည်။

“ဒေါက်တာဝမ် မသွားလည်း အဆင်ပြေပါတယ်နော်... သူ စိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲ... ကျွန်တော့်ကြောင့် ခင်ဗျားတို့နှစ်ယောက် ဆက်ဆံရေး ပျက်သွားရင် ကျွန်တော် အပြစ်ရှိသလို ခံစားနေရမှာ”

မရေရာသော အခြေအနေတွင် တစ်ဖက်လူက ကိုယ့်ဘက်ကို စတင်ယိမ်းလာလျှင် လက်ဖက်စိမ်းပုံစံ သရုပ်ဆောင်ရမည်။  á€€á€­á€Żá€šá€ˇá€şá€˜á€€á€şá€€ ဆက်ဆံရေးကို  á€™á€Šá€şá€™á€ťá€žá€á€”်ဖိုးထဏးကဟ္ဏင်း ပြသရန် ပြဇာတ်ဆန်ဆန် စကားအချို့ကို ပြောရန်လိုအပ်သည်။

ပိုင်မူနင်က မျက်တောင်ခတ်လိုက်ပြီး  á€•ဟဎးပဟညအ်စုလသ္ဏ လက်ဖက်စိမ်းတစ်ခွက်ကို ဖျော်လိုက်ပြီဟု ခံစားရသည်။ သို့သော် ဝမ်ကျင်းက မယုံကြည်ပေ။ သူက လမ်းလျှောက်ခြင်းကို ရပ်လိုက်ပြီး လက်ဆန့်ထုတ်ကာ ပိုင်မူနင်၏ ပါးကို ဖျစ်ညှစ်လိုက်သည်။
 “ကောင်းကောင်းပြော”

“…?”

အ‌ဖျက်အ‌မှောင့်လုပ်ရန် ကြိုးစားမှု ကျရှုံး။


💊💊💊💊 Chapter 30
ဒေါက်တာဝမ် ကျွန်တော် ခင်ဗျားကို လိုက်ပိုးပန်းလို့ရမလားဟင်


“သိပါပြီ” 
ပိုင်မူနင်က ဝမ်ကျင်း ဖျစ်ညှစ်ခဲ့သော နေရာကို ပွတ်သပ်ရင်း တီးတိုးပြောလိုက်သည်။

အမှန်တွင်မူ မနာဘဲ ထုံကျင်နေရုံမျှသာ။

လီအန်းချီ ပေးခဲ့သော ရုပ်ရှင်နှင့်ဟော့ပေါ့ ပေါင်းစပ်လက်မှတ်တွင် အချိုရည်များ မပါဝင်ပေ။ အချိုရည်များကို သီးခြား ဝယ်ယူရမည် ဖြစ်သည်။

လူတန်းကြီး၏နောက်ဆုံးတွင် ရပ်နေရင်း ပိုင်မူနင်က ဝမ်ကျင်းကို ဘာသောက်ချင်လဲဟု မေးလိုက်သည်။ ဝမ်ကျင်းမှာ အချိုရည်များကို အထူးတလည် သဘောမကျသောကြောင့် သူကပြောလိုက်သည်။
“မင်း သောက်မယ့်ဟာပဲ ကိုယ့်အတွက်ပါ ယူလိုက်” 

ထို့နောက် ဝမ်ကျင်းက ဖုန်းဝင်လာသဖြင့် ဖုန်းဖြေရန် ဘေးသို့ ဆုတ်လိုက်သည်။ ပိုင်မူနင် တစ်ယောက်တည်း ဆက်တန်းစီနေခဲ့ရသည်။

ဟော့ပေါ့ ရုပ်ရှင်ရုံမှာ လူငယ်များကြားတွင် အထူးရေပန်းစားသည်။ ရုံးချိန်ပြီးသည်နှင့် ၎င်းမှာ လူများဖြင့် အမြဲ ပြည့်နှက်နေတတ်သည်။

တန်းစီနေသူများ အများအပြားရှိသော်လည်း ရုပ်ရှင်မစမီ အချိန်ရှိသေးသည်။ သူတို့ လုပ်နိုင်၏။

ဘာယူရမည်ကို ကြိုတင်ဆုံးဖြတ်ပြီး စဉ်းစားချိန် ချွေတာလိုသော ပိုင်မူနင်က သူ့ဖုန်းကို ထုတ်လိုက်ကာ ကင်မရာကို ဖွင့်လိုက်ပြီး ရှေ့ရှိ ဆိုင်းဘုတ်ပေါ်တွင် ပြသထားသော အချိုရည် မီနူးကို ချဲ့ကြည့်လိုက်သည်။

ရွေးစရာများစွာရှိ၏။ သူ အကြိမ်ပေါင်းများစွာ ကြည့်ပြီးမှ နောက်ဆုံးတွင် ချဉ်စူးစူး ဆီးသီးဖျော်ရည်ကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။

ဟော့ပေါ့နှင့် ဆီးသီးဖျော်ရည်မှာ အကောင်းဆုံး တွဲဖက်ပင်။

သူ ဖုန်းချတော့မည့်အချိန်တွင် တစ်စုံတစ်ယောက်က သူ့ပခုံးကို ရုတ်တရက် ပုတ်လိုက်သည်။ ပိုင်မူနင်က ဝမ်ကျင်းဟု တွေးလိုက်သည်။ 
“ဖုန်းပြောလို့ ပြီးပြီလား... သူ စိတ်ဆိုးနေလားဟင်”

သူ ခေါင်းလှည့်လိုက်ရာ ဝူဖန်၏ အကြည့်နှင့် ဆုံသွားသည်။ ပိုင်မူနင်မှာ ခဏတာ ကြောင်သွားပြီးနောက် သူ့ကို မမှတ်မိသလို ဟန်ဆောင်လိုက်သည်။ 
“ခင်ဗျားက...”

တိုက်တိုက်ဆိုင်ဆိုင် ဒီနေရာမှာ ဘယ်လိုလုပ် သူနဲ့တွေ့ရတာလဲ...

ပြီးခဲ့သည့်တစ်ခေါက်တွင် ပိုင်မူနင်က တစ်စုံတစ်ယောက်အတွက် ကြင်ဖက်တွေ့ပွဲတွင် အစားဝင်လုပ်ပေးသည့် အလုပ်ကို လုပ်ခဲ့ပြီး သူတွေ့ခဲ့ရသူများထဲမှ တစ်ဦးမှာ ဝူဖန် ဖြစ်သည်။

ဝူဖန်သည်လည်း အခြားသူတစ်ဦးကို သူ့မိသားစုအတွက် ကူညီပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ဦး အချိန်အကြာကြီး စကားပြောခဲ့ကြသည်။

သူတို့ WeChat အဆက်အသွယ်များ လဲလှယ်တော့မည့်အချိန်တွင် ဝမ်ကျင်း ရောက်လာခဲ့ပြီး သူတို့ တစ်ယောက်ကိုတစ်ယောက် သူငယ်ချင်းအဖြစ် မaddလိုက်ရပေ။

ပိုင်မူနင်မှာ သူတို့ ထပ်မံ ဆုံတွေ့‌တော့မည်မဟုတ်ဟု ထင်ခဲ့သည်။ ဤသို့သော ပုံစံမျိုးဖြင့် ပြန်ဆုံပြီး ဝူဖန်က သူ့ကို မှတ်မိနေလိမ့်မည်ဟု မထင်ခဲ့မိပေ။

“တကယ်ပဲမင်းလား... ကိုယ်က ဝူဖန်လေ မမှတ်မိဘူးလား... အဲဒီနေ့က ကိုယ်တို့နှစ်ယောက်စလုံး တခြားတစ်ယောက်အတွက် ကြင်ဖက်တွေ့ဖို့ ကူညီပေးခဲ့ကြတာ” 
ဝူဖန်က ပြုံးရင်း ပြောသည်။
“ခုနက မင်းကို ရင်းနှီးနေလို့ လာနှုတ်ဆက်တာ”

ဝူဖန်က ပိုင်မူနင်ကို အပေါ်အောက် ကြည့်လိုက်ပြီးနောက် စနောက်လိုက်သည်။
 “မင်းက ယောကျ်ားဝတ်နဲ့ ပိုတောင် ကြည့်ကောင်းသေးတယ်”

သူ ထိုမျှအထိ ပြောလာသောအခါ ပိုင်မူနင်မှာ ဆက်ဟန်ဆောင်၍ မရတော့ပေ။ သူက အတင်းအကျပ် ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ဪ ခင်ဗျားကိုး... ချီးကျူးတာ ကျေးဇူးတင်ပါတယ်”

တကယ်တမ်း ပြောရလျှင် ပိုင်မူနင်မှာ ထိုချီးကျူးစကားကို မကြိုက်လှပေ။

လူတန်းကြီးက ဆက်လက်ရွေ့လျားနေပြီး ပိုင်မူနင်ကလည်း လူအုပ်နှင့်အတူ လိုက်သွားသည်။ ဝူဖန်မှာ ထွက်သွားမည့် ဆန္ဒမရှိဘဲ စကားဆက်ပြောနေသည်။ 
“ရုပ်ရှင်ကြည့်ဖို့ လာတာလား”

ထိုစကားမှာ ဦးနှောက်မပါဘဲပင် သိနိုင်သော အရာဖြစ်ပြီး အဓိပ္ပာယ်မဲ့နေသည်။

ငါက မောလ်က ရုပ်ရှင်ရုံမှာ အချိုရည်အတွက်တန်းစီနေတာလေ…

ရုပ်ရှင်ကြည့်တာမဟုတ်ရင် တခြားဘာများ လုပ်နေဦးမှာလဲ...ဒီက အချိုရည်တွေက ပိုကောင်းလို့လား...

“အင်း” 
ပိုင်မူနင်က စကားတစ်လုံးတည်းဖြင့် ပြန်ဖြေလိုက်ပြီး ဘာစကားမှဆက်မပြောပေ။ သူ၏ အေးစက်စက် သဘောထားက သူ ဆက်မပြောလိုကြောင်း ရှင်းလင်းစွာ ပြသနေသည်။ သူ့အနေဖြင့် 'ခင်ဗျား ပြောစရာမရှိရင် သွားလိုက်ပါတော့' ဟုတိုက်ရိုက်မပြောရုံမျှသာ။

သို့သော် ဝူဖန်မှာ အရိပ်ပြအကောင်မမြင်သည့် အရူးမဟုတ်သော်လည်း ပိုင်မူနင်၏ စိတ်မဝင်စားမှုကို လုံးဝ သတိမထားမိသလို ဖြစ်နေသည်။ သူက တစ်ယောက်ကိုတစ်ယောက် WeChat တွင် addရန်ပင် ထပ်ပြောလာသည်။

ပိုင်မူနင်မှာ ပြီးခဲ့သည့်တစ်ကြိမ်က ဝမ်ကျင်း ပြောခဲ့သည့် စကားကို ရုတ်တရက် သတိရလိုက်သည်။
လူစိမ်းတွေကို WeChat မှာ မaddနဲ့...

ထို့ကြောင့် သူက ငြင်းပယ်လိုက်သည်။
“ဆောရီးပါ ကျွန်တော့်ကောင်လေးက မသိတဲ့လူတွေကို addခွင့်မပြုထားဘူး”

သူ ထိုစကားပြောပြီးသည်နှင့် ပိုင်မူနင်က ဝမ်ကျင်း လျှောက်လာသည်ကို တွေ့လိုက်ရပေသည်။

“...?”

သူ အထင်မလွဲလောက်ပါဘူးနော်…

ပိုင်မူနင်က သူ၏ နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်ပြီး သူ၏ အဓိပ္ပာယ်မရှိသော စကားများကို ချက်ချင်း နောင်တရသွားလေသည်။

ဝူဖန်မှာ ယခင်က အမျိုးသားများကို ကြိုက်သူဟု ဝန်ခံထားဖူးသည့်အပြင် ယခု ပိုင်မူနင်ကို ပြင်းပြသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည့်ပုံစံကြောင့် ဝူဖန် သူ့အပေါ် စိတ်ဝင်စားနေကြောင်းကို ပိုင်မူနင် ခံစားမိနေသည်။ ထို့ကြောင့်ပင် ဝူဖန်၏ ကြိုးစားမှုများကို ရပ်တန့်စေရန်အတွက် ထိုလိမ်ညာမှုကို စောစောက ဖန်တီးပြောဆိုလိုက်ခြင်း ဖြစ်သည်။

သို့သော် ထိုစကားကို ဝမ်ကျင်းက ကြားသွားပြန်၏။ 

ပိုင်မူနင်မှာ သူ့ကိုယ်သူ ကျိန်စာသင့်နေသလို ခံစားရလေသည်။ အဘယ်ကြောင့်ဆိုသော် သူ ဝမ်ကျင်း၏ ကွယ်ရာတွင် တစ်ခုခုပြောတိုင်း ဝမ်ကျင်းက သေချာပေါက် ကြားတတ်သောကြောင့်ပင်။

ဝမ်ကျင်းက လျှောက်လာပြီး ဝူဖန်ကို တစ်ချက်မျှ ကြည့်လိုက်ကာ ပိုင်မူနင်အား ပြောလိုက်သည်။
 “ဆုံးဖြတ်ပြီးပြီလား ရုပ်ရှင်စတော့မှာ” 

ပြောနေရင်း ဝမ်ကျင်းက ပိုင်မူနင်၏ ပခုံးကို လက်မောင်းတစ်ဖက်ဖြင့် ပေါ့ပေါ့ပါးပါး လှမ်းဖက်လိုက်ပြီး ရှေ့သို့ ဆွဲခေါ်သွားလေသည်။

ထိုအမူအရာမှာ လုံးဝသာမန်ဖြစ်‌သည့်အတွက် ပိုင်မူနင်မှာ ထွေထွေထူးထူး မစဉ်းစားတော့ပေ။ ရှေ့တန်းစီရာတွင် နေရာလွတ်ကြီးတစ်ခု ရှိနေပြီး သူတို့‌ ရှေ့တက်ရမည့် အချိန်လည်း ဖြစ်နေပေသည်။

ပိုင်မူနင်က ပြောလိုက်သည်။
 “ရွေးပြီးပြီ ဆီးသီးချဉ်ဖျော်ရည်ဆိုရင်ရော ဘယ်လိုလဲ” 

ဝမ်ကျင်းက သူ၏ လက်မောင်းကို ဖယ်လိုက်ပြီး ပိုင်မူနင်၏ ဘေးတွင် ရပ်လိုက်သည်။ 
“အဆင်ပြေပါတယ်... မင်းရွေးတာပဲ သောက်လိုက်မယ်”

ဝူဖန်က သူရပ်နေသည့် နေရာတွင် ခဏမျှ ရပ်တန့်နေပြီးနောက် အလျင်အမြန် လိုက်လာကာ ပြောလိုက်သည်။
“ဒီနေ့ မင်းအလုပ်များနေတာဆိုတော့ နောက်မှ ချိန်းကြတာပေါ့” 

ထိုစကားလုံးများက တစ်စုံတစ်ရာကို အယောင်ပြဟန်ဖြင့် သွယ်ဝိုက်လျက် အဓိပ္ပာယ်ပါပါ ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည့်အတိုင်းပင်။

ကောင်းပြီလေ…
ယခုမူ ပိုင်မူနင်က ဝူဖန်ကို တကယ် သဘောမကျတော့ပေ။

အဲဒီတစ်ကြောင်းတည်းသော စကားက ဘယ်လိုပြဿနာတွေ ဖြစ်စေနိုင်တာကို ဝူဖန် နားလည်ရဲ့လား…

ဝမ်ကျင်းက သူ့ကို ခပ်ပေါ့ပေါ့လူမျိုးဟု အထင်လွဲသွားနိုင်သည်။

ပိုင်မူနင်က ချက်ချင်းပင် ရှင်းလင်းပြောဆိုလိုက်သည်။ 
“ကျွန်တော် သူနဲ့ မချိန်းဖူးဘူး... သူဟာသူ စိတ်ကူးပေါက်ပြီး လုပ်တာ... သူ WeChat မှာ ကျွန်တော့်ကို addဖို့ ကြိုးစားတုန်းကလည်း ကျွန်တော် လက်မခံခဲ့ဘူး...”
 
သူက သူ မည်မျှနာခံတတ်ကြောင်း သက်သေပြလိုသည့်အလား မာနအပြည့်ဖြင့် မေးစေ့ကို မော့ထားလိုက်သည်။

ဝမ်ကျင်း၏ နှုတ်ခမ်းများက  á€Ąá€”ည်းငယ် ကွေးညွတ်သွားကာ ခပ်ဖျော့ဖျော့ပြုံးသည်။ 

“ဘာလို့ သူ့ကို မaddခဲ့တာလဲ…”

“ကျွန်တော့်ကို သူစိမ်းတွေ မaddဖို့ ခင်ဗျားပဲ ပြောထားတာ မဟုတ်ဘူးလား?”

“မင်းရဲ့ ကောင်လေးက ခွင့်မပြုလို့ ထင်နေတာ”

ပိုင်မူနင်: “……?”

ဘာလို့ ငါ ဝမ်ကျင်းဆီက အကွက်ဆင်ခံလိုက်ရသလို ခံစားနေရပါလိမ့်...

×××××

ပိုင်မူနင်က ဟင်းရည်အစပ်ကို မှာယူခဲ့ပြီး ဝမ်ကျင်းက မှိုဟင်းရည်ကို မှာခဲ့သည်။

သူတို့ မရောက်မီကတည်းက စားပွဲပေါ်တွင် ဟင်းလျာများ အသင့်ပြင်ထားပြီးဖြစ်ရာ နေရာယူကာ ထိုင်လိုက်ရုံပင်။

သူတို့နှစ်ဦးလုံးက စားသောက်ခြင်းအပေါ်၌သာ အာရုံစိုက်ထားခဲ့ကြသည်။ ရုပ်ရှင်ကို စတင်ပြသစဉ်က ပါးစပ်အကျယ်ကြီးဟနေသော ခြင်္သေ့တစ်ကောင်၏ မြင်ကွင်းကိုသာ ပိုင်မူနင် ကြည့်ခဲ့ရသည်။ အိုးထဲမှ ဟော့ပေါ့ဟင်းရည်များ ဆူပွက်လာသည့်အချိန်မှစ၍ သူက ခေါင်းပင်မဖော်တော့ပေ။

ဟော့ပေါ့setတွင်ပါဝင်သော ဟင်းပွဲများမှာ ဂေါ်ဖီထုပ်၊ ကြွက်နားရွက်မှို၊ မုန်လာဥဖြူနှင့် မုန်လာဥနီ အစရှိသဖြင့် ပိုင်မူနင် အကြိုက်ဆုံးများဖြစ်၏။ သူက အစား မရွေးချယ်ဘဲ ကျေနပ်လွယ်သူပင်။

သူတို့နှစ်ဦး စားပြီးသောအချိန်တွင် ရုပ်ရှင်ကားမှာလည်း အချိန်ကိုက်ပင် ပြီးဆုံးသွားလေရာ အရာအားလုံးက အချိန်ကိုက် ပြီးပြည့်စုံနေသည်။

ပိုင်မူနင်ဘက်ခြမ်းရှိ စားပွဲမှာ ဘာမှမရှိတော့ဘဲ သန့်ရှင်းနေသည်။ သူက အကုန်စားပစ်လိုက်ခြင်းပင်။ တစ်ဖက်တွင်မူ ဝမ်ကျင်းက အနည်းမျှသာ စားထားသည်။ သူက ယင်းကို ကြိုက်ပုံမရချေ။

ဝမ်ကျင်းနှင့် အလုပ်အတူလုပ်လာသည်မှာ တစ်လကျော်လာသည့်တိုင် ပိုင်မူနင်မှာ ထိုသူကြိုက်သည်တို့ကို သိပ်မသိသေးပေ။

ထို့ကြောင့် သူက ဤတစ်ကြိမ်တွင် အခွင့်အရေးယူပြီး ဝမ်ကျင်းအကြောင်း ပိုသိအောင် လုပ်ချင်နေသည်။

ပါးစပ်ကို သုတ်ပြီးနောက် ပိုင်မူနင်က ဝမ်ကျင်းနှင့်အတူ ဘေးချင်းယှဉ်လျက် ထွက်လာခဲ့သည်။ သူက မေးလိုက်သည်။
 "ဟော့ပေါ့ကို မကြိုက်ဘူးလား"

“အဆင်ပြေပါတယ်”

လူတိုင်းက  á€á€…်ပဟိုင်နက်တည်း ပြန်နေကြခြင်းဖြစ်၍ အပြင်ထွက်ပေါက်က အနည်းငယ် ရှုပ်ထွေးနေသည်။ ဝမ်ကျင်းက သူတို့နှစ်ဦး ကွဲမသွားစေရန် ပိုင်မူနင်၏ ပခုံးကို လက်တစ်ဖက်ဖြင့် ဖက်ထားလိုက်သည်။

ပိုင်မူနင်က ဘာမှ သိပ်မစဉ်းစားဘဲ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ 
“ဒေါက်တာဝမ် ခင်ဗျား ဘယ်လိုအစားအစာမျိုး ကြိုက်လဲဟင်”

မေးပြီးပြီးချင်း အကြောင်းအရင်းမသိရပါဘဲ ပိုင်မူနင် စတင်ကြို့ထိုးတော့သည်။
“ဟစ်ခ်...”

“မင်း ဘာလို့ မေးတာလဲ”

“ဟစ်ခ်... ကျွန်တော်က... အစ်ခ်... အစ်ခ်... ခင်ဗျားအ‌ကြောင်း ပိုသိချင်လို့... ဟစ်ခ်...”

ကလူ၏မြူ၏ စကားတစ်ခွန်းက ကြို့ထိုးသံ ဆက်တိုက်ကြောင့် လုံးဝပျက်စီးသွားခဲ့ရသည်။

ပိုင်မူနင်က ရင်ဘတ်ကိုပုတ်လျက်  á€€á€źá€­á€Żá€ˇá€‘ိုးခဟင်းကို ထိန်းချုပ်လိုက်သည်။

သူ မရပ်မနား ကြို့ထိုးနေရသည်။ 

ဒီလိုမျိုးနဲ့ ဘယ်လိုလုပ် စကားဆက်ပြောလို့ ရမှာလဲ...

“ဝမ်… အစ်ခ်... ဒေါက်တာ... ခင်ဗျား… ဟစ်ခ်... ဘာကို ကြိုက်တယ်... ဘာကို မ… အစ်ခ်... ကြိုက်ဘူးလဲ.... ကျွန်တော်…အစ်ခ်... အားလုံး သိချင်တာ”

ဝမ်ကျင်းက အသာအယာ ရယ်မောလိုက်သော်လည်း မဖြေဘဲ မေးခွန်းကို အလွယ်တကူ ရှောင်လွှဲလိုက်သည်။

သူတို့ ထွက်ပေါက်မှ ထွက်လာသည်နှင့် ဝမ်ကျင်းက ပိုင်မူနင်၏ပခုံးကို လွှတ်လိုက်ပြီး သူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ စတင်၍ ဖိလိုက်သည်။

ပိုင်မူနင်မှာ ခဏမျှ ကြည့်နေပြီးမှ သူ ကြို့ထိုးနေသည်မှာ ရပ်သွားပြီ ဖြစ်ကြောင်း သတိပြုမိသွားသည်။

“ဘာလို့ ကျွန်တော့် လက်ကောက်ဝတ်ကို ဖိနေတာလဲ”

ဝမ်ကျင်းက သူ၏ လက်ချောင်းထိပ်ဖြင့် ပိုင်မူနင်၏ လက်ကောက်ဝတ်ရှိ နေရာတစ်ခုကို ညွှန်ပြပြီး ပြောသည်။

 “ဒါကို 💊နေးကွမ်း အပ်စိုက်မှတ် (Neiguan acupoint) လို့ ခေါ်တယ်... ဒါကို ဖိပေးရင် ကြို့ထိုးတာကို ရပ်အောင်လုပ်လို့ရတယ်... အစပိုင်းမှာ ဖြည်းဖြည်းလေး ဖိ ပြီးရင် ပိုတင်းတင်း ဖိ... ဆယ်စက္ကန့်လောက်ဆို ရပြီ”

ဒါဆို ဒေါက်တာဝမ်ရဲ့ “အသေးစား သင်ခန်းစာ”က စပြန်ပြီပေါ့...

ပိုင်မူနင်က ထိုအပ်စိုက်မှတ်ကို သေချာ မှတ်သားထားပြီး ဝမ်ကျင်း၏ ဖိအားကို အတုယူ၍ ဆယ်စက္ကန့်ကြာ ဖိလိုက်သည်။

တကယ်ပင် ကြို့ထိုးခြင်းက ရပ်သွားသည်။ ဝမ်ကျင်း၏ နည်းလမ်းမှာ တကယ် အလုပ်ဖြစ်၏။

စန်းဝမ်ခန်းမနှင့် မောလ်မှာ အလွန်နီးသောကြောင့် နှစ်ဦးသားက လမ်းလျှောက်၍ သွားလိုက်ကြသည်။

ပိုင်မူနင်က အစောပိုင်းက စကားဝိုင်းကို ပြန်စလိုက်သည်။
 “ဒေါက်တာဝမ်... ခင်ဗျား ဘာကိုကြိုက်တယ် ဘာကိုမကြိုက်ဘူးလဲ ပြောပြပါဦး... ကျွန်တော် သိချင်တယ်”

ဤတစ်ကြိမ်တွင် ဝမ်ကျင်းမှာ မေးခွန်းကို ရှောင်လွှဲ၍ မရနိုင်တော့ဘဲ ပြန်ဖြေရတော့သည်။
“ကိုယ်ကြိုက်တာရော မကြိုက်တာပါ သိပ်မရှိဘူး... ကိုယ်က အတော်လေး ပျင်းစရာကောင်းတဲ့ပုံစံမျိုးပဲ”

“ ချန်ဟောက်နန် ကိုယ့်ကို အဲလိုပြောတာပဲ... ကိုယ်တော့ သူပြောတာကလည်း ဟုတ်တယ်လို့ ထင်တယ်”

ချန်ဟောက်နန်မှာ သူ့အတွက် စစ်မှန်သည့်ညီအစ်ကို‌ကောင်းဖြစ်ပြီး သူ၏ဝေဖန်ချက်က မှန်ပေသည်။

ဝမ်ကျင်းမှာ တကယ်ပင် ပျင်းစရာကောင်းသည်။ လွတ်လပ်စွာ နေထိုင်တတ်သော ချန်ဟောက်နန်နှင့် မတူဘဲ ဝမ်ကျင်းမှာ အလုပ်နှင့်အိမ်သာ ကူးလူးနေသူပင်။ ပျော်ပါးရန်အတွက် ဘယ်အရာကိုမှ ခဲယဉ်းစွာ လုပ်လေ့မရှိချေ။

သေချာသည်မှာ ယင်းက ပိုင်မူနင် မြင်ခဲ့ရသမျှပင်။ ကိုယ်ပိုင်ဘဝတွင်မူ ဝမ်ကျင်းက ဘယ်လိုပုံရှိမည်ကို သူ သေချာမသိနိုင်ပေ။

မစ္စတာကျိုးကြောင့်သာ မဟုတ်ပါက ဝမ်ကျင်းမှာ ထိုသို့သော လျှောက်သွားကာပျော်ပါးနေတတ်သည့် ခပ်ပေါ့ပေါ့လူတစ်‌ယောက်ဟု ပိုင်မူနင် ယုံနိုင်မည် မဟုတ်ပေ။

(T/N - မစ္စတာကျိုးရဲ့ပုံသက်သေတွေကြောင့် ရှောင်နင်က ဝမ်ကျင်းက လူရှုပ်ဆိုတာ ယုံသွားတာလို့ ပြောချင်တာပါ)

ထိုသူမှာ အမြဲလိုလို အလေးအနက်ထားတတ်သူဖြစ်ပြီး သူက အခြားသူ၏ အစာခွက်ကို ခိုးယူရန် ကြိုးစားမည့်ပုံရိပ် လုံးဝ မရှိပေ။

ဆိုရိုးစကားရှိသည်။ “စာအုပ်တစ်အုပ်ကို အဖုံးနဲ့ မဆုံးဖြတ်နဲ့၊ ပင်လယ်‌ရေကို ပုံးနဲ့ မခပ်နဲ့” ဟူ၏။ ထိုစကားတိုင်းမှာ အချိန်တိုင်း မှန်ကန်နေဆဲပင်။

ပိုင်မူနင်က ဂရုတစိုက် မေးလိုက်သည်။
 “ဒါဆို ခင်ဗျားမှာ သဘောကျနေတဲ့သူ တစ်ယောက်ယောက်များ ရှိလား”

ဝမ်ကျင်းက လမ်းလျှောက်နေရာမှ ရပ်လိုက်ပြီး သူ့ကို ကြည့်လာသည်။ 
“ဘာလို့ အဲလို မေးတာလဲ”

“ကျွန်တော် သိချင်လို့” 
ပိုင်မူနင်က ပြောပြီး ရပ်လိုက်သည်။

ဝမ်ကျင်းက တစ်ခဏမျှ ရပ်တန့်ပြီးနောက် ဆက်လျှောက်သွားသည်။
 “မင်းရော မင်းရဲ့ ပေါင်ပေ့လေးကို သဘောကျလား”

ပိုင်မူနင်က နောက်မှလိုက်သွားပြီး လက်များကို အပြစ်ကင်းစွာ ဖြန့်ပြလိုက်သည်။ 
“ဘယ်ကပေါင်ပေ့လဲ... ကျွန်တော် အဲဒါကို လုပ်ကြံပြီးပြောခဲ့တာ... မဟုတ်ရင် ခင်ဗျားက ကျွန်တော့်ကို စန်းဝမ်ခန်းမမှာ ဘယ်လိုလုပ် အလုပ်ဝင်ခွင့်ပြုမှာလဲ”

ထိုအကြောင်းကိုပြောရင်း ပိုင်မူနင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
 “ခင်ဗျားက ကျွန်တော့်ကို သူခိုးတစ်ယောက်လို ဆန့်ကျင်နေတာက ကျွန်တော်ခင်ဗျားကို တွယ်ကပ်မှာကို ကြောက်နေတာပေါ့... ကျွန်တော် ခင်ဗျားကို ဖွင့်ပြောတော့ရော ဘာဖြစ်လဲ... ခင်ဗျားက ကျွန်တော့်ကို ငြင်းပြီးသားပဲကို... ကျွန်တော်တို့ကျေပြီနော်”

“အာ ဟုတ်သားပဲ... အဲဒီ နှင်းဆီပန်း ဘာဖြစ်သွားလဲ... ခင်ဗျား လွှင့်ပစ်လိုက်တာလား ဒါမှမဟုတ် သိမ်းထားလား”

ပိုင်မူနင်က သူ ယွမ်ငါးဆယ်ဖြင့် ဝယ်ခဲ့သော နှင်းဆီပန်းစည်းကို စဉ်းစားနေဆဲပင်။

နှင်းဆီပန်းများမှာ စျေးပေါသော်လည်း ၎င်းတို့၏ အလှတရားကမူ ထိုက်တန်၏။

သူ ထိုအချိန်က ဝမ်ကျင်းကို ပေးခဲ့သော်လည်း နှလုံးသားမဲ့စွာ ငြင်းပယ်ခြင်းကို ခံခဲ့ရသည်။ ပိုင်မူနင်မှာ ၎င်းတို့ကို ပြန်ယူကာ ခြေထောက်စိမ်ချင်ခဲ့မိ၏။ မဟုတ်လျှင် အလွန်အလဟဿ ဖြစ်သွားလိမ့်မည်။

ဝမ်ကျင်းက မဖြေဘဲ ထပ်မံ၍ စကားလမ်းကြောင်း လွှဲလိုက်သည်။ 
“မင်း ကျောင်းအဆောင် ဘယ်အချိန် ပိတ်တာလဲ... ကိုယ်လိုက်ပို့ပေးမယ်”

ပိုင်မူနင်က ဝမ်ကျင်းတစ်ယောက် မေးခွန်းကို ရှောင်လွှဲနေကြောင်း ကောင်းကောင်းသိသော်လည်း ယင်းကို ထောက်ပြမနေတော့ပေ။
 “ဆယ်နာရီပါ... ကျွန်တော်တို့ အချိန်ရှိပါသေးတယ်”

သူဝမ်ကျင်း၏ ကားထဲသို့ ရောက်သည်နှင့် ပိုင်မူနင်မှာ စိတ်မချမ်းမြေ့နိုင်ဘဲ ထပ်မံဒုက္ခပေးရန် စတင်လိုက်သည်။ သူက ထိုင်ခုံခါးပတ်ကို အားကုန်ဆွဲလိုက်ရာ ၎င်းမှာ ညပ်သွားသည်။ ရွေးချယ်စရာမရှိတော့ဘဲ သူက ဝမ်ကျင်းဘက်သို့ သနားစရာကောင်းသည့် အကြည့်‌လေးများဖြင့်လှည့်ကာ ပြောလိုက်သည်။
 “ဒေါက်တာဝမ် ကျွန်တော် ထိုင်ခုံခါးပတ်ကို မဆွဲနိုင်တော့ဘူး... ညပ်နေပြီထင်တယ်”

ပိုင်မူနင်မှာ ကားမရှိသလို မောင်းလည်း မမောင်းတတ်သော်လည်း ထိုင်ခုံခါးပတ်ကို ခပ်ပြင်းပြင်း ဆောင့်ဆွဲပါက ကြပ်သွားနိုင်သည်ဟူသော အခြေခံအသိအချို့ကို နားလည်ထားသည်။

ယင်းက ယာဉ်တိုက်မှု ဖြစ်ပွားပါက ခရီးသည်များကို လုံခြုံစေရန် သူတို့ တစ်စုံတစ်ခုကို မထိမိစေရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။

သူက ဝမ်ကျင်း သူ့အား ခါးပတ်ပတ်ပေးစေရန် ဟန်ဆောင်လိုက်ခြင်းဖြစ်သည်။ ယင်းက idol ဒရာမာများတွင် တွေ့နေကျ ရင်ခုန်စိတ်လှုပ်ရှားမှုကို ဖန်တီးပုံပင်။

ဇာတ်လိုက်မင်းသားက ဇာတ်လိုက်မင်းသမီးကို ခါးပတ်ပတ်ပေးတိုင်း မျက်လုံးချင်းဆုံသည့် အခိုက်အတန့် အမြဲရှိသည်။ သူတို့၏ အသက်ရှုသံများ ရောယှက်သွားပြီး တချိန်တည်းမှာပင် အချစ်သီချင်း နောက်ခံတေးဂီတ စတင်လာတတ်သည်။

ယင်းမှ အချစ်တစ်ခု စတင်ပေါက်ဖွားလာလိမ့်မည်။ သို့မဟုတ်လျှင်လည်း အနမ်းတစ်ခု ဖြစ်ပေါ်လာတတ်၏။

ပိုင်မူနင်မှာ တစ်စုံတစ်ယောက်ကို ခါးပတ်ပတ်ပေးခြင်းက မည်သို့သော အချစ်ခံစားချက်ကို ဖြစ်ပေါ်စေသည်အား မသိသော်လည်း သူ့အနေဖြင့် လူအများစု၏ အတွေးအမြင်ကို ယုံကြည်သည်။

လူတိုင်းက ဤသို့သောတင်စားမှုမျိုးကို ကြိုက်လျှင် အကြောင်းတစ်ခုခုတော့ ရှိရမည်။

“ကိုယ် ကူညီပေးမယ်”

ဝမ်ကျင်းက သူ၏ခါးပတ်ကို ဖြုတ်လိုက်ပြီး ပိုင်မူနင်ဘက်သို့ ကိုင်းညွတ်လိုက်သည်။ သူ၏ မျက်နှာမှာ လက်မအနည်းငယ်သာ ကွာတော့သည်။ ပိုင်မူနင်က မသိစိတ်အရ အသက်ရှူရပ်လိုက်မိလေ၏။

သူ တွေးလိုက်သည်။
အခု ငါ ဝမ်ကျင်းရဲ့ ပါးကို ခိုးနမ်းလိုက်ရင် သူ ငါ့ကို ထိုးမှာများလား...

မေ့လိုက်ပါ မေ့လိုက်တော့ ... ငါ သတ္တိမရှိဘူး...

ဝမ်ကျင်းက ခေါင်းကို အနည်းငယ်လှည့်လိုက်ပြီး သူ့ကို တစ်ချက်ကြည့်လာသည်။ ရုတ်တရက် ထိုအခိုက်အတန့်တစ်ခုလုံးက idol ဇာတ်လမ်းတွဲ တစ်ခုမှ မြင်ကွင်းကဲ့သို့ ခံစားရသည်။ ပိုင်မူနင်မှာ သူရင်ခုန်သံ မြန်လာသည်ကို ခံစားလိုက်ရသည်။

ဝမ်ကျင်းက သူ၏ လက်ကို မြှောက်လိုက်ပြီး ခါးပတ်ကိုဆွဲကာ နေရာတကျဖြင့် ချက်ခနဲ ထည့်လိုက်သည်။
“အရမ်း မဆွဲနဲ့... အသာအယာဆွဲရင် မညပ်တော့ဘူး ”

ရုတ်တရက် ပိုင်မူနင်မှာ တကယ်ပင် ပူလာသလို ခံစားရသည်။ သူက သူ၏ အင်္ကျီဇစ်ကို ဖွင့်လိုက်ပြီး ပြောလိုက်သည်။
"သိပါပြီ"

ကျန်ခရီးတစ်လျှောက်လုံး ပိုင်မူနင်က စကားတစ်ခွန်းမှ မပြောခဲ့သလို ဝမ်ကျင်းကိုလည်း ကြည့်ဖို့ပင် မရဲပေ။

ငါ ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ... ရင်တွေ ဘာလို့ တအားခုန်နေရတာလဲ မသိတော့ဘူး...

ဒီလောက် ရှက်ရဲနေရလောက်အောင် ငါ ဘာအပြစ်များ လုပ်မိလို့တုန်း...

ကားက မကြာမီမှာပင် ကျောင်းဂိတ်သို့ ရောက်ရှိလာသည်။ ဝမ်ကျင်းက ကားရပ်ပြီး ပိုင်မူနင်နှင့်အတူ ထွက်လာကာ သူ့ကို အဆောင်သို့ လိုက်ပို့ပေးသည်။

ဝမ်ကျင်း သူ့ကို လာပို့သည့်အခါတိုင်း ထိုသူက ပိုင်မူနင်ကို နူးညံ့သည့် ကောင်မလေးတစ်ယောက်ပမာ ဆက်ဆံတတ်သည်။ သူ့ကို တစ်ယောက်တည်းထားခဲ့လျှင် ခိုးထွက်ကစားမည်ကို စိုးရိမ်သကဲ့သို့ အဆောင်အဆောက်အအုံအထိ အမြဲတမ်း လိုက်ပို့ပေးလေ့ရှိသည်။

သူတို့ အဆောင်ဝင်ပေါက်သို့ ရောက်သည်နှင့် ယောကျ်ားလေးများ၏ဘက်ခြမ်းမှာ လုံးဝ ရှင်းလင်းနေသော်လည်း မိန်းကလေးများ အဆောင်ဘက်တွင်မူ စုံတွဲများက မခွဲနိုင်မခွာရက် တသသ နှုတ်ဆက်နေကြသည်ကို မြင်ရသည်။

သူတို့က ရှင်ကွဲသေကွဲ ခွဲကြရတော့မည့်အလား ပွေ့ဖက်နေကြသည်။ တစ်ယောက်ကိုတစ်ယောက် မည်မျှလွမ်းဆွတ်‌နေရကြောင်းဆိုကာ မခွဲချင်သည့် စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေကြသည်။

ပိုင်မူနင်မှာ အတွေးနက်သွားရသည်။ သူသည်လည်း နှုတ်ဆက်ခွဲခွာရချိန် ခံစားရသည့်အခိုက်အတန့်လေးတစ်ခု ရှိသင့်သည်ဟု တွေးလိုက်သည်။

ထိုအတွေးဖြင့်ပင် သူက ဝမ်ကျင်း၏ အင်္ကျီလက်ကို ဆွဲကိုင်လိုက်ပြီး ဆို၏။
“ဒေါက်တာဝမ်...ကျွန်တော့်ကို လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ဝမ်ကျင်းက သူ၏ အင်္ကျီလက်ကို ဆွဲနေသော လက်သေးသေးလေးကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူမော့လိုက်ရာ ကြည်လင်တောက်ပသော မျက်လုံးများနှင့် ဆုံမိသွားသည်။ သူက မျက်ခုံးပင့်လိုက်သည်မှာ 'မင်း ဘာပေါက်ကရတွေ ထပ်လုပ်ဦးမလို့လဲ'ဟု ပြောနေသည့်အလားပင်။

ပိုင်မူနင်က ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်ပြီး တီးတိုးပြောလိုက်သည်။
 “ဒေါက်တာဝမ်... ကျွန်တော် ခင်ဗျားကို လိုက်ပိုးပန်းလို့ရလားဟင်”


 

Search Novels