💊💊💊💊 Chapter 21
 “ဒေါက်တာဝမ် ခင်များ ဘာလို့ အာရုံလွင့်သွားတာလဲ”


ဝူဖန်က ပြုံးလိုက်ပြီး ပြောသည်။
 “ကြည့်နေစရာ မလိုပါဘူး... ကိုယ်က တခြားတစ်ယောက်ရဲ့ ကိုယ်စား ဒီကို ရောက်လာတာပါ... သူငယ်ချင်းတစ်ယောက်ကို ကူညီပေးတာပါ” 

“ကိုယ့်သူငယ်ချင်းကို သူ့မိသားစုက လက်ထပ်ဖို့ တိုက်တွန်းနေပေမဲ့ သူက အလျင်စလို အိမ်ထောင်မပြုချင်သေးလို့ ကိုယ့်ကို ဖြေရှင်းပေးဖို့ပြောခဲ့တာပါ”

ပိုင်မူနင်က “အာ” ဟု ပြောလိုက်ပြီး ကိုယ်ရေးအချက်အလက်ကို ချလိုက်သည်။
“မင်းကရော တခြားတစ်ယောက်အတွက် ကိုယ်စား လာတာလား”

ပိုင်မူနင် ကြောင်အသွားရ၏။ 
ငါ ဘယ်လိုများ ငါ့ကိုယ်ငါ ဖော်ထုတ်မိလိုက်တာလဲ…

ဝူဖန်က သူ့ဦးခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး  á€œá€Šá€şá€…္အကို လက်ညိုးထိုးပြလိုက်သည်။ 
“ဒီနေရာမှာ တော်တော်လေးကို ရှင်းနေပါတယ်”

ပိုင်မူနင် အနည်းငယ် စိတ်လှုပ်ရှားလာရသည်။
ငါ အဖော်ထုတ်ခံလိုက်ရပြီ... အခု ဘာပြောရမလဲ...

သို့တိုင် သူ့ရှေ့က လူတွင် ထက်ရှသည့်အကြည့်များနှင့် ကိုက်ညီသောဦးနှောက်ရှိသည်က ထင်ရှား၍နေသည်။ သူက ယောက်ျားလေး ဖြစ်ကြောင်းပင် သတိမထားမိခဲ့သည့် ယခင်လေးယောက်ထက် ပို၍ ဉာဏ်ရည်ထက်မြက်သည်။

ပိုင်မူနင်က သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သတိထားကာ ကြည့်နေသည်။ ဝူဖန်က ပြုံးလိုက်ပြီးဆို၏။
 “ အထင်မလွဲပါနဲ့... ကိုယ် ဘာမှ မရည်ရွယ်ပါဘူး... မင်းလည်း တခြားတစ်ယောက်အတွက် ကိုယ်စားလာတာဆိုရင် ဘာလို့ အတူတူ အချိန်မဖြုန်းတာလဲလို့ တွေးလိုက်တာပါ... လူတွေကို အဆက်မပြတ် ပြောင်းနေရတာ ပင်ပန်းတယ်လေ” 

ပိုင်မူနင်မှာ အခြားသူများကို ထပ်မံ ကိုင်တွယ်ဖြေရှင်းရန် စိတ်မပါတော့ဘဲ အခြားတစ်ယောက်အတွက် ကိုယ်စားလာသူတစ်ဦးနှင့် အတူတူ ဆက်လုပ်သွားခြင်းက သိပ်မဆိုးလှဟုသာ တွေးလိုက်သည်။

သူ၏ အလုပ်ရှင်က အချိန်ဖြုန်းရန်သာ ပြောခဲ့ပြီး ကြင်ဖက်တွေ့ပွဲ ဘယ်နှစ်ခုတက်ရမည်ဟူသော စည်းကမ်း မရှိပေ။

“ကောင်းပါပြီ ဒါဆိုလည်း...”

ဝူဖန်က မေးသည်။
"mousse cake စားချင်လား... ကော်ဖီကိုတော့ ကျော်လိုက်မယ်လေ...  á€œá€­á€™á€šá€™á€ąá€Źá€şá€›á€Šá€şá€›á€ąá€Ź သောက်မလား... ကိုယ်တိုက်ပါမယ်" 

ပိုင်မူနင်၏ မျက်လုံးများ အရောင်တောက်သွားပြီး သူက ပြုံးလိုက်သည်။ 
"ဒါက အရမ်း အလုပ်ရှုပ်သွားမှာ မဟုတ်ဘူးလား"

သူ တစ်မနက်လုံး  á€‘á€­á€Żá€„á€şá€”á€ąá€á€˛á€ˇá€›á ဗိုက်ဆာနေခဲ့သည်။ ကြင်ဖက်တွေ့သူများထဲတွင် ဝူဖန်မှာ သူနှင့်ကြင်ဖက်တွေ့သူအား ဗိုက်ဆာနေလားဟု မေးရန်သတိရသည့် ပထမဆုံး လူကြီးလူကောင်း ဖြစ်သည်။

အမှတ်ပိုပေးတယ်...

"ကိုယ့်ကို ကူညီပြီး ပူးပေါင်းပေးလို့ ကိုယ်ကပဲ ကျေးဇူးတင်သင့်တာပါ... မဟုတ်ရင် ဒီကိစ္စတစ်ခုလုံးက ခေါင်းကိုက်စရာ ဖြစ်နေမှာ" 
ဝူဖန်၏ အပြုံးမှာ နူးညံ့ပြီး သူက နွေးထွေးကာစိတ်အေးလက်အေးရှိသည့် လေသံဖြင့် အလျင်စလိုမရှိဘဲ ပြောလာသည်။

နောက်ထပ် အမှတ်ပို‌ပေးတယ်...

ကိတ်မုန့်စားနေစဉ် ပိုင်မူနင်က မေးလိုက်သည်။
 "ခင်များ စိတ်မရှိရင် မေးပါရစေဦး... ခင်များ အသက် ဘယ်လောက်လဲ... တစ်က်ိုယ်တည်းသမားလား" 

ဝူဖန် ခဏရပ်လိုက်သည်။
 "ကိုယ်က တစ်ကိုယ်တည်းသမားပါ အသက် ၃၀ ရှိပြီ"

"ဒါဆို ခင်များ ရည်းစားထားဖို့ စဉ်းစားချင်လား ကျွန်တော့် အလုပ်ရှင်က အမျိုးသမီး CEO ပါ... အရမ်းကိုမှ လှပြီး လူကြိုက်များတယ် ... သူ့ကို တွေ့ချင်လား"

ယောက်ျားကောင်းများက ရှားပါးလှ၏။ ယခု နောက်ဆုံးတွင် သူ ရှာတွေ့ပြီဖြစ်၍ ပိုင်မူနင်က ထိုသူ့ကို သူ့အလုပ်ရှင်နှင့် မိတ်ဆက်ပေးချင်ခဲ့သည်။

သူ့အလုပ်ရှင်က အချစ်ရေးကို အလိုမရှိခြင်း မဟုတ်ဘဲ စိတ်ချရသူကို ရှာမတွေ့ခြင်းသာ ဖြစ်သည်။ သို့တိုင် ယခု သူ့ရှေ့တွင် လုံးဝ စိတ်ချရသူ တစ်ယောက် ရှိနေသည်။

အရေးအကြီးဆုံးမှာ ထိုသူက ရုပ်ချောပြီး ယဉ်ကျေးကာ လူကြီးလူကောင်းဆန်သောကြောင့် အခြား ကြင်ဖက်တွေ့သူများထက် အများကြီး ပိုကောင်းနေသည်။

ဝူဖန်က သူ၏လက်များကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်ပြီး ဝန်ခံလိုက်သည်။
"တောင်းပန်ပါတယ်... ကိုယ်က ယောက်ျားလေးတွေကို ကြိုက်တာ" 

ပိုင်မူနင် အံ့အားသင့်သွားရသည်။ 
"တောင်းပန်ပါတယ်... စော်ကားဖို့ မရည်ရွယ်ပါဘူး..."

"ကိစ္စမရှိပါဘူး"

ပိုင်မူနင်မှာ အနေရခက်သလို ခံစားရပြီး ခေါင်းငုံ့ကာ သူ့ကိတ်မုန့်ကို ဆက်စားနေလိုက်သည်။ ဇွန်းကို ကိုက်ရင်း 'ယောက်ျားကောင်းတွေ အားလုံးကို တခြားယောက်ျားတွေက ဘာလို့ ယူသွားကြတာလဲ' ဟုသာ တွေးနေမိ၏။

မကြာမီမှာပင် သူ၏ ပါးလျသည့်နားများက ရင်းနှီးနေသော အသံတစ်ခုကို ဖမ်းမိလိုက်သည်။ အသံမှာနိမ့်ပြီး သာယာကာ ပျင်းရိရိပ်တို့ အနည်းငယ် စွက်နေသည်။ 
“မင်္ဂလာပါ... ကျွန်တော်က ဝမ်ကျင်းပါ... တရုတ်တိုင်းရင်းဆေးဆရာဝန်တစ်ယောက်ပါ”

ဝမ်ကျင်းလား...

ရှေ့သို့ အနည်းငယ် လှည့်ကြည့်လိုက်သောအခါ ပိုင်မူနင်က ဝမ်ကျင်းကို စားပွဲအနည်းငယ် အကွာတွင် ထိုင်နေသည်ကို သတိပြုမိလိုက်သည်။

ထိုသူက အနက်ရောင်အဝတ်အစားများပေါ်တွင် မီးခိုးရောင် ကုတ်အင်္ကျီကို ဝတ်ဆင်ထားသည်။ ထိုသူ ဘာဝတ်ဝတ် အမြဲ ကြည့်ကောင်း‌နေသည်သာ။ ထိုင်နေရုံသက်သက်ဖြင့်ပင် သဘာဝအတိုင်း အရှိန်အဝါတို့ကို ထုတ်လွှတ်နေသည်။

ဝမ်ကျင်းက မတော်တဆ သူ့ဘက်ကို ကြည့်လိုက်သောအခါ သူတို့၏ မျက်လုံးများ ဆုံမိသွားတော့သည်။ နောက်တစ်စက္ကန့်တွင် ပိုင်မူနင်က အလိုအလျောက် ခေါင်းငုံ့လိုက်ပြီး ပြစ်မှုကျူးလွန်ထားသူကဲ့သို့ လျင်မြန်စွာ မျက်နှာလွှဲလိုက်သည်။ သူက တိတ်တဆိတ်ပင် သူ့ကျောပိုးအိတ်ထဲသို့ လက်လှမ်းကာ maskတစ်ခုကို ထုတ်ယူ၍ တပ်ဆင်လိုက်သည်။

ဝူဖန်က စိုးရိမ်တကြီးဖြင့် မေးလာ၏။
 "ဘာဖြစ်တာလဲ... နေမကောင်းဘူးလား" 

ခေါင်းကို ငုံ့ထားဆဲဖြစ်သော ပိုင်မူနင်က ပြန်ဖြေလိုက်သည်။
"အင်း... ရုတ်တရက် နည်းနည်း မအီမသာ ဖြစ်လာလို့... ရပါတယ် ကျွန်တော့်ကို စိတ်မပူပါနဲ့... ခဏနေရင် ကောင်းသွားပါလိမ့်မယ်" 

ယခု အကာအကွယ်အပြည့်အစုံ ဝတ်ဆင်ထားသော ပိုင်မူနင်မှာ ဝမ်ကျင်းကို ရံဖန်ရံခါ ခိုးကြည့်နေမိသည်။ ဝမ်ကျင်း သူ့ကို မှတ်မိ၊ မမှတ်မိကို သူ သေချာအောင် လုပ်ချင်ခဲ့၏။

သူ မမှတ်မိလောက်ဘူးမလား...  á€™á€­á€”á€şá€¸á€€á€œá€ąá€¸ အဝတ်အစားတွေ ဝတ်ထားတာပဲကို... 

ပိုင်မူနင်ပင်လျှင်  á€žá€°á€ˇá€€á€­á€Żá€šá€şá€žá€° သူဟုတ်မဟုတ် သေချာဖို့ရာ မှန်ထဲသို့ အတော်ကြာအောင် စိုက်ကြည့်ခဲ့ရသေးသည်။

ထိုအတွေးဖြင့် သူ့ကိုယ်သူ နှစ်သိမ့်ရင်း ပိုင်မူနင် တဖြည်းဖြည်း စိတ်သက်သာရာ ရသွားသည်။

သို့သော် ဝမ်ကျင်း ထရပ်ပြီး သူတို့ဘက်သို့ လျှောက်လာသည်နှင့် တစ်ပြိုင်နက် ငြိမ်သက်သွားခဲ့သော ပိုင်မူနင်၏ နှလုံးသားလေးမှာ ပြန်လည် ခုန်လှုပ်လာခဲ့သည်။

သူက စိတ်ထဲမှ ရေရွတ်နေမိသည်။
ခင်များ ကျွန်တော့်ကို မမြင်ပါဘူး မမြင်ဘူး... မမြင်ဘူး...

ဆုတောင်းခြင်း၏ စွမ်းအားကြောင့်ပေလား၊ ဝမ်ကျင်း သူ့ကို တကယ် မမှတ်မိ၍လားမသိပေ။ ထိုသူက သူ့ဘေးမှ ဖြတ်ကျော်ကာ လျှောက်သွားခဲ့သည်။

ပိုင်မူနင် သက်ပြင်းချလိုက်ပြီး နောက်လှည့်ကြည့်လိုက်ရာ ဝမ်ကျင်း ထွက်ခွာသွားသည်ကို တွေ့လိုက်ရသည်။

သူက maskကို ချွတ်လိုက်ပြီး လုံးဝ စိတ်အေးလက်အေး ဖြစ်သွား၏။ ယင်းက သူ့ကို ကြောက်လန့်စေခဲ့သည်။ ဝမ်ကျင်း သူ့ကို မှတ်မိသွားပြီး အတင်းဆွဲခေါ်တော့မည်ဟု တွေးမိသွားသည်အထိပင်။

ခဏ... ဒီအတွေးက အဓိပ္ပာယ်မရှိဘူး... ဝမ်ကျင်းက ဘာလို့ ငါ့ကို ဆွဲခေါ်ရမှာလဲ...

ငါတို့ကြားမှာ ဘာဆက်ဆံရေးမှမရှိတာကို... အလုပ်တူတူလုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေသက်သက်ပဲလေ... ဝမ်ကျင်းက ငါ့ကိစ္စတွေမှာ ဝင်စွက်ဖက်စရာ ဘာအကြောင်းမှ မရှိဘူး...

ဝူဖန်က မေးလာသည်။
“မင်း စောစောက လူကို သိတာလား” 

ပိုင်မူနင်က လျင်မြန်စွာ ငြင်းဆိုလိုက်သည်။ 
“မသိပါဘူး... လူမှားတာပါ”

"အိုး" 
ဝူဖန်က ပြောလိုက်ပြီး သူ့ဖုန်းကို ထုတ်လိုက်သည်။
 "ဒါဆို... WeChat မှာ တစ်ယောက်နဲ့တစ်ယောက် addထားရအောင်... နောက်ထပ် ကြင်ဖက်တွေ့ရမယ်ဆိုရင် ကိုယ့်ကို ပြောပြလေ... မင်းစိတ်ထဲမထားရင် ကိုယ်မင်းအတွက် တစ်ခုခု စီစဉ်ပေးမယ်... ကိုယ်မင်းနဲ့ စကားပြောရတာ တကယ်ပျော်တယ်"

“…?” 
တကယ်တော့ အဲဒါ မလိုအပ်ပါဘူး...

ပိုင်မူနင် တုံ့ဆိုင်းနေသည်ကို မြင်သောအခါ ဝူဖန်က ထပ်ပြောလိုက်သည်။
 "ဒါနဲ့ မင်းရဲ့ အလုပ်ရှင်နဲ့ ကိုယ့်သူငယ်ချင်းက တကယ်တော့ လိုက်ဖက်ညီလောက်တယ်... သူတို့ အဆင်ပြေသွားနိုင်တယ်... သူတို့ကို တွဲပေးကြည့်ရအောင်လား..."

အဲဒါကျ ကောင်းသလိုပဲ...

“ကောင်းပါပြီ...” 

ပိုင်မူနင်က သူ့ဖုန်းကို ထုတ်လိုက်ပြီး ဝူဖန်၏ QR code ကို စကန်ဖတ်တော့မည့်အချိန်မှာပင် ရုတ်တရက် လက်တစ်ဖက်က လှမ်းလာပြီး သူ့ဖုန်းကို လုယူသွားခဲ့သည်။ ပိုင်မူနင် ဒေါသတကြီး မော့ကြည့်လိုက်သည့်အခါ ပြန်ရောက်လာပုံရသည့် ဝမ်ကျင်းကိုသာ တွေ့လိုက်ရသည်။

သူ၏ဒေါသက နှုတ်ခမ်းထောင့်၌ ခဲသွားခဲ့သည်။ တစ်ခဏတာမျှ ပိုင်မူနင်မှာ မည်သို့ တုံ့ပြန်ရမည်ကို မေ့သွားရသည်။

"မပြန်သေးဘူးလား" 
ဝမ်ကျင်း၏ အသံမှာ နိမ့်နေပြီး စိတ်ခံစားမှုတစ်မျိုးကို ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေသည်။ ထိုအသံကို ကြားရုံဖြင့် ပိုင်မူနင်၏ နှလုံးသားလေး တုန်လှုပ်သွားရသည်။

သူက ထိတ်လန့်သွားပြီးနောက် "အာ" ဟူ၍ အသာ‌ပြောမိ‌လိုက်လေ၏။ သူ၏ ဦးနှောက်လေးမှာ ရှုပ်ထွေးနေပြီး ထို စကားများ၏ အဓိပ္ပာယ်ကို မည်သို့မျှ မတွေးတတ်တော့ပေ။

သူ စဉ်းစားနိုင်သည်မှာ ဝမ်ကျင်း အဘယ်ကြောင့် ပြန်လာရသည်ကိုပင်။ 

ပြီးတော့ ပြန်လာတာက ရပါတယ်... ဒါပေမဲ့ ဘာလို့ ငါ့ဖုန်းကို ယူသွားတာလဲ...

ခဏလေး... ဝမ်ကျင်းက ထွက်သွားပြီးပြီ မဟုတ်ဘူးလား...

သူ ဘာလို့ ပြန်လာတာလဲ...

ဝမ်ကျင်း၏ လေသံမှာ ပို၍ လေးနက်လာပြီး သူ ကထပ်မံ ပြောလိုက်သည်။
 “မပြန်သေးဘူးလား”

ပိုင်မူနင်မှာ မှင်သက်နေရာမှ ရုတ်တရက် အသိပြန်ဝင်လာခဲ့သည်။ ယခုမူ ဝမ်ကျင်းက  á€žá€°á€ˇá€Ąá€Źá€¸ တကယ်ကို အတင်းဆွဲခေါ်ရန်  á€•á€źá€”á€şá€œá€Źá€á€˛á€ˇá€á€źá€„á€şá€¸á€–á€źá€…á€şá€€á€źá€ąá€Źá€„á€şá€¸ သေချာသွားခဲ့‌ချေ၏။

ဒါပေမဲ့ သူက ဘာကို စိတ်ဆိုးနေရတာလဲ...

×××××

သူ့ခမျာ ကျောပိုးအိတ်အား အမြန်ကောက်လွယ်လိုက်ရကာ ဝူဖန်ကို နောက်ဆုံးနှုတ်ဆက်စကားလေးပင် မဆိုနိုင်ဘဲ အမြန်ပြေးလိုက်သွားရသည်။

လမ်းလျှောက်နေစဉ် သူက အိတ်ကိုဖွင့်ကာ အပေါ်ထပ်ဂျာကင်ကို ဆွဲထုတ်လိုက်၏။

အိတ်ထဲထည့်စဉ်က သေချာဂရုတစိုက်မထည့်မိ၍ ဂျာကင်မှာ သူ၏ဘောင်းဘီနှင့် ငြိနေပြီး နှစ်ခုကို လက်တစ်ဖက်တည်းဖြင့် ခွဲထုတ်မရဘဲ ရှိနေ၏။

သူ ကဖေးအပြင်ဘက်သို့ ထိုပုံအတိုင်း ထွက်လာခဲ့ရာ အေးစက်စက်လေက သူ၏ဆွယ်တာကိုဖြတ်၍ တိုးဝင်လာသည်။ ပိုင်မူနင်၏နှာခေါင်းထိပ်လေးမှာ နီရဲနေပြီး တစ်ကိုယ်လုံးတုန်ယင်နေကာ သူ့သွားများကပင် အချင်းချင်းရိုက်ခတ်ကာနေ၏။

နောက်တစ်စက္ကန့်မှာပင် နွေးထွေးမှုက လွှမ်းခြုံလာသည်။ဝမ်ကျင်း၏ မီးခိုးရောင် ဂွမ်းကပ်ကုတ်က သူ့ကိုယ်ပေါ်ကျရောက်လာလျက် သူ့အား တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားသည်။

ကုတ်မှာ ဝမ်ကျင်း၏ကိုယ်မှ အနွေးဓာတ်ကလေး စွဲကျန်ရစ်နေဆဲဖြစ်ကာ အေးစက်မှုတို့ကို ဖယ်ထုတ်ပြီး သက်တောင့်သက်သာရှိမှုလေးက အစားထိုးဝင်ရောက်လာသည်။ ယင်းက ဆောင်းမှ နွေဦးသို့ ခြေလှမ်းလိုက်သလိုပင်။

ဒါပေမဲ့ ဒါက အချစ်ဇာတ်လမ်း အိုင်ဒေါဒရာမာထဲက မြင်ကွင်းတစ်ခုလို အရမ်းဖြစ်မနေဘူးလား...

အရယ်ရဆုံးအပိုင်းမှာ သူ့တွင် ဂျာကင်ရှိနေခြင်းပင်။

သူက ကုတ်အင်္ကျီကို ဆွဲဆန့်လိုက်ပြီး ဝမ်ကျင်းကို ပြန်ပေးချင်သော်လည်း မှန်တံခါးထက်မှ သူ့အရိပ်ကို မြင်သောအခါ ကုတ်အင်္ကျီကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

ဝမ်ကျင်း၏ကုတ်မှာ ရှည်လျားပြီး သူ၏စကပ်လေးကို လုံးလုံးလျားလျား ဖုံးကွယ်ထားနိုင်ကာ အနားစများက သူ၏ဒူးအထိ ဖြာကျနေ၏။

သူ၏ကိုယ်ပိုင်ဂျာကင်အင်္ကျီကမူ တိုနေ၍ စကတ်ကို ဖုံးထားနိုင်မည် မဟုတ်ပေ။

ကုတ်အင်္ကျီအောက်တွင် ဖုံးကွယ်ထားသည့် အမျိုးသမီးဝတ် အဝတ်အစားများကို ကြည့်လိုက်မိသည့်အခါ ပိုင်မူနင်မှာ ကုတ်အင်္ကျီကို ချက်ချင်း လက်ခံလိုက်ပြီး နောက်ထပ် မချွတ်ချင်တော့ပေ။

ကုတ်အင်္ကျီကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ပိုင်မူနင်က ပြောလိုက်သည်။
“ဒေါက်တာဝမ် ခင်များ မအေးဘူးလား” 

ဝမ်ကျင်းက သူ့ကို ကုတ်အင်္ကျီပေးပြီး သူကိုယ်တိုင်ကမူ ဆွယ်တာအင်္ကျီကိုသာ ဝတ်ထားသည်။ မည်သို့ပင်ကြည့်သည်ဖြစ်စေ ထိုသူမှာ ပါးပါးလေး ဝတ်ဆင်ထားခြင်းပင်။

ပိုင်မူနင်က ဝမ်ကျင်းကို သူ၏ဂျာကင်အင်္ကျီ ပေးလိုက်နိုင်သည့်တိုင် အရွယ်အစားက အနည်းငယ်မျှ သေးနေနိုင်၏။

သူတို့နှစ်ဦးသားက အရပ်အမြင့်သာမက ကိုယ်လုံးကိုယ်ထည်မှာပါ တော်တော် ကွာခြားကြသည်။ ဝမ်ကျင်းက သန်မာသည့်ဘက်၌ ရှိနေပြီး ပိုင်မူနင်ကမူ သွယ်လျလျဖြင့်ပင်။

ဝမ်ကျင်းက သူ့ကို မျက်လုံးထောင့်မှ ကြည့်လိုက်ပြီး အအေးဒဏ်နှင့် လုံးဝ မကိုက်ညီသော စကားလုံးတစ်လုံးကို ထုတ်ပြောလိုက်သည်။
 "ပူတယ်"

“...?”

ဝေါင်း.. လူတွေ‌ပြောလေ့ရှိတာက လူငယ်တွေက အဖျက်စွမ်းအားလိုမျိုး ပိုသန်မာတယ်ဆိုပြီးမဟုတ်လား... ဘာလို့ သက်လတ်ပိုင်းတစ်ယောက်က ဒီလောက်တောင်မှ လောင်ကျွမ်းနေသလို ဟော့နေနိုင်ရတာလဲ...

ပိုင်မူနင်က ဝမ်ကျင်းကို အပေါ်အောက် ကြည့်လိုက်ပြီး ထိုလူက တကယ်ပင် လိမ်ပြောနေခြင်းမဟုတ်ဟု တွေးလိုက်မိသည်။ သူ၏ အားအင်မှာ အနှီလူငယ်များနှင့် ထပ်တူပင်။

ငါ ဘယ်တော့များမှ အဲဒီအဆင့်ကို ရောက်နိုင်မလဲ...

အရမ်း အားကျမိတယ်...

ဝမ်ကျင်းနှင့်အတူ ကားထဲသို့ နာခံစွာ ဝင်လိုက်ပြီးနောက် ပိုင်မူနင်က ကုတ်အင်္ကျီကို ချွတ်၍ ပြန်ပေးချင်သော်လည်း သူဝတ်ထားသည့် အမျိုးသမီး အဝတ်အစားများကို သတိရကာ ၎င်းကို ပို၍ တင်းကျပ်စွာ ဆွဲဆန့်လိုက်သည်။

သူက ဦးထုပ်နှင့် ဆံပင်တုကို ဆွဲချွတ်လိုက်ပြီး မှန်ကြည့်ကာ ရှုပ်ပွနေသော ဆံပင်ကို ပြင်လိုက်သည်။

အခုမှ ပိုကြည့်ကောင်းသွားတာ...

ဝမ်ကျင်းက သူ လိင်ကွဲဝတ်စုံဝတ်ဆင်ခြင်း(crossdressing)နှင့် ပတ်သက်၍ မည်သို့တွေးမည်ကို သူမသိပေ။

လွန်ခဲ့သည့် ရက်အနည်းငယ်က  á€¤á€Ąá€™á€ťá€­á€Żá€¸á€žá€™á€Žá€¸á€á€á€ş အဝတ်အစားများမှာ သူ၏ပေါင်ပေ့လေးအတွက်ဟုပင် သူ ကျိန်ဆိုခဲ့သေးသည်။ ယခုမူ သူကိုယ်တိုင် ဝတ်ထားခြင်းဖြစ်နေ၏။ ဤသို့သော မျက်နှာထက်မှအပူလှိုင်းက အမှန်တကယ် ဖြတ်ရိုက်ခံရသည်ထက်ပင် ပိုနာကျင်စေ‌သေးသည်။
(T/N - မျက်နှာပူတယ်လို့ပြောချင်တာပါ)

သို့တိုင် ပိုင်မူနင်မှာ သူက မိတ်ကပ်မည်သို့လိမ်းခြယ်ရမည်ကိုသိသူမဟုတ်၍ ကျေးဇူးတင်မိသည်။ မဟုတ်ပါက ယခုထက် ပိုပြီး ရှက်စရာကောင်းနေလိမ့်မည်။

ဝမ်ကျင်းမှာ တိတ်ဆိတ်နေပြီး မျက်လုံးများက ရှေ့ကို စူးစိုက်နေသော်လည်း ကားမောင်းရန် စတင်မလှုပ်ရှားခဲ့ပေ။ အင်ဂျင်မှာ နိုးနေသလို သူက ယာဉ်ကြောပိတ်ဆို့မှုကို စောင့်ဆိုင်းနေဟန်လည်းမရဘဲ သူ၏ မျက်ခုံးများက တွန့်ချိုးနေပြီး အတွေးနက်နေပုံရသည်။

သို့သော်လည်း ခဏကြာပြီးနောက် တိတ်ဆိတ်နေသည့် ဝမ်ကျင်းမှ နောက်ဆုံးတွင် စကားပြောလာခဲ့သည်။
 “မင်း ဘာလုပ်နေတာလဲ”

သူ၏ လေသံမှာ အထူးတလည် ကျယ်လောင်ကာ ကြမ်းတမ်းခြင်း မရှိသော်လည်း  á€‘ိုဥထဲတွင် ဖိအားတစ်ခုရှိနေဆဲပင်။ ပိုင်မူနင်မှာ မိဘတစ်ဦးထံမှ စစ်ဆေးမေးမြန်းခံလိုက်ရသကဲ့သို့ ချက်ချင်းလက်ငင်းဆိုသလို ကျဉ်းထဲကျပ်ထဲ ရောက်သွားသလို ခံစားလိုက်ရသည်။

ဝမ်ကျင်းအနေဖြင့် စကားလုံးများဖြင့် ရှင်းပြစရာမလိုပေ။ ပိုင်မူနင်မှာ သူ ဆိုလိုသည်အား အတိအကျသိပြီးဖြစ်၏။ သူ ဆန့်ကျင်ဘက်လိင်၏ အဝတ်အစားတို့ဝတ်ဆင်ကာသွားသည့် ကြင်ဖက်တွေ့ခြင်းကို မေးနေခြင်းသာ။

“ကြင်ဖက်တွေ့တာ” 
ပိုင်မူနင်က ရိုးသားစွာ ပြန်ဖြေလိုက်ပြီးနောက် လျင်မြန်စွာ ထပ်ဖြည့်‌ပြောလိုက်သည်။
“တခြားတစ်ယောက်ကို ကူညီပေးတာပါ... ကျွန်တော် ငွေရတယ်လေ..."

ရိုးရိုးသားသားပြောရလျှင် ဤဖြစ်ရပ်တွင်ကိစ္စ ရှက်စရာ ဘာမှမရှိချေ။  á€žá€°á€€ သူ့၏ကိုယ်ပိုင်ကျွမ်းကျင်မှုဖြင့် ပိုက်ဆံရှာခြင်းသက်သက်မျှသာ။

သူ မခိုးဝှက်သလို လုယက်နေခြင်းလည်းမဟုတ်ပေ။ 
ဘယ်မှာ ရှက်စရာရှိလို့လဲ…

ထိုအတွေးဖြင့် ပိုင်မူနင်က ဝမ်ကျင်းကို ရင်ဆိုင်ရာတွင် ပို၍ပင် တည်ငြိမ်လာသည်။

ဝမ်ကျင်းက သူ့ကို မည်သို့ပင် ထင်မြင်ကာ အထင်သေးပါစေ၊ သူ့အနေဖြင့် ပိုက်ဆံရှာဖွေသည့် နည်းလမ်းကို စွန့်လွှတ်မည် မဟုတ်ပေ။

သို့သော် ပိုင်မူနင် စိတ်ကူးထားသလို ဝမ်ကျင်းက တုံ့ပြန်မလာခဲ့ချေ။ လှောင်ပြောင်ခြင်းမရှိသလို မေးခွန်းလည်းထုတ်မလာပေ။ ထိုအစား သူက သက်ပြင်းချလိုက်သကဲ့သို့  á€•á€„á€ˇá€şá€žá€€á€şá€Ąá€Źá€¸á€›á€žá€°á€‘á€Żá€á€şá€œá€ťá€€á€ş ပြောလာသည်။
 “WeChat မှာ သူစိမ်းတွေကို မaddထားနဲ့... သူတို့ရဲ့ ရည်ရွယ်ချက်တွေက ဘာလဲဆိုတာ မင်း မသိနိုင်ဘူး” 

“သူစိမ်းတွေဆီက ကိတ်မုန့်ကိုလည်း မစားနဲ့”

“…?” 
သူတို့ရဲ့ ရည်ရွယ်ချက်က ကြင်ဖက်တွေ့‌ပေးဖို့ လူငှားတာ မဟုတ်ဘူးလား...

ဒါပေမဲ့ အဲဒါကပဲ အဓိက အချက်လား...

သူက ဘာလို့ crossdressingအကြောင်း  á€˜á€Źá€™á€žá€™á€•á€źá€ąá€Źá€á€Źá€œá€˛...

ပိုင်မူနင်မှာ ဝမ်ကျင်းကို နားမလည်နိုင်‌တော့ပေ။ သူတို့ ပထမဆုံး စတင်တွေ့ဆုံခဲ့သည့်နေ့ကတည်းက နားမလည်နိုင်ခဲ့ခြင်းဖြစ်သည်။ သူ လုပ်နိုင်သည်မှာ နာခံစွာ တုံ့ပြန်လိုက်ခြင်းသာ။
“အာ သိပါပြီ...”

ကားထဲတွင် အပူပေးစက်အားဖွင့်ထားပြီးဖြစ်ရာ အပူချိန်မှာ မြင့်တက်လာ၏။ ပိုင်မူနင်က ကုတ်အင်္ကျီကို ချွတ်ချလျက် လက်မောင်းထဲတွင် ပွေ့ပိုက်ထားလိုက်လေသည်။

ဝမ်ကျင်း၏အကြည့်က သူ၏ဆံဖျားမှခြေထိပ်ဖျားအထိ ဖြတ်ပြေးသွားပြီး အဝေးကို အကြည့်လွှဲသွားသည်။ သူ၏လည်စေ့က အနည်းငယ်နိမ့်ချည်မြင့်ချည်ဖြစ်သွားလျက် ပြောလာ၏။
"အဝတ်သွားလဲ"

 "အာ သိပါပြီ"
ပိုင်မူနင်မှာ ခရီးသည်တင်ခုံတွင် ထိုင်နေခြင်းဖြစ်ကာ စတင်၍ အဝတ်များကို ချွတ်ချတော့သည်။ ဦးစွာ သူ၏ပန်းရောင်အစက်အပြောက်များဖြင့်လည်စည်းအား ဖယ်ချလိုက်သည်။ ပြီးနောက် သူ၏သိုးမွေးဆွယ်တာအား ကြယ်သီးများဖြုတ်၏။

ဝမ်ကျင်းမှာ သိသိသာသာပင် ခေါင်းကိုက်လာရလျက်ပြောလိုက်ချေ၏။
“နောက်ခန်းကိုသွား...”

သူ၏အသံတွင် ဖိအားပေးမှုတို့တစ်စွန်းတစ်ပါဝင်နေကာ တစ်စုံတစ်ရာကို ချုပ်တည်းထားရသည့်အတိုင်းပင်။

ပိုင်မူနင်က ဝမ်ကျင်းအနေဖြင့် သူမိန်းကလေးအဝတ်အစားများ ဝတ်ဆင်ထားသည်ကို အတော်လေးမျက်မုန်းကျိုးနေသည်ဟူ၍ ကောက်ချက်ချလိုက်၏။  á€šá€„်းက အလွန်ပင် မျက်စိစပါးမွေးစူးစရာဖြစ်နေ‌ပေလိမ့်မည်။ သို့ဖြစ်၍ သူ့အားကြည့်ပင်မကြည့်ဘဲ အေးစက်စက်ဆိုခြင်း ဖြစ်နိုင်၏။

သူက ကုတ်အင်္ကျီကို ဝမ်ကျင်းထံပေးလိုက်ကာ  á€žá€°áá€–á€­á€”á€•á€şá€€á€­á€Żá€á€ťá€˝á€á€şá€œá€ťá€€á€ş ကျောပိုးအိတ်ကိုဆုပ်ကိုင်ပြီး ခုံနှစ်လုံးကြားမှဖြတ်ကာဖြင့် အဝတ်လဲရန် အနောက်ခန်းသို့ကူးသွားလိုက်လေသည်။

ဝမ်ကျင်းက မည်သည့်စကားမှမဆိုလာဘဲ ကားကိုသာ အာရုံစိုက်မောင်းနေသည်။

သို့တိုင် ပိုင်မူနင်ကမူ ဝမ်ကျင်းစိတ်ဆိုးနေသည်ဟုသာ တွေးလိုက်သည်။ သို့မဟုတ်လျှင် ထိုသူ့မျက်နှာမှာ ဤမျှ အရုပ်ဆိုးနေမည်မဟုတ်ပေ။

ပိုင်မူနင်မှာ ဝမ်ကျင်း၏ မျက်နှာအမူအရာ ကောင်း၊ မကောင်းသည်ကို ဂရုစိုက်သူ မဟုတ်ပေ။ နောက်ခန်းတွင် ထိုင်နေရင်း သူက ချည်သားဘောင်းဘီရှည်တစ်ထည်ကို ထုတ်ယူကာ တိုက်ရိုက် ဝတ်ဆင်ရန် စီစဉ်လိုက်သည်။

သို့သော် စကတ်က သူ့ခါးတွင် ရှိနေဆဲ ဖြစ်ပြီး ၎င်းအပေါ်မှ ဘောင်းဘီကို ဝတ်ဆင်လျှင် အလုပ်ရှုပ်လိမ့်မည်ကို သတိပြုမိသွားပြီး စကတ်ကို ဦးစွာချွတ်လိုက်လေ၏။

သူထိုသို့ပြုလုပ်နေစဉ်မှာပင် လောင်မြိုက်နေသည့် အကြည့်စူးစူးက ကပ်ပါလာသည်ဟူသော ခံစားချက်ကြောင့် မသက်မသာခံစားလိုက်ရလေသည်။သူ ရှေ့သို့ မော့ကြည့်လိုက်သည်။ ဝမ်ကျင်းမှာ ကားမောင်းခြင်းကိုသာ အာရုံစိုက်နေပြီး သူ့ကို တစ်ချက်မျှပင် မကြည့်ခဲ့ပေ။

ကောင်းပြီ... ကြည့်ရတာ ငါကိုက သံသယလွန်ကဲနေတာ နေပါလိမ့်မယ်...

စကတ်ကိုချွတ်ပြီးနောက် ပိုင်မူနင်က အနှီအသားရောင်အသားကပ်ခြေအိတ်တို့မှာ အတော်လေးအရုပ်ဆိုးသည်ဟု တွေးလိုက်မိသည်။ 

ဘယ်လိုပုံမှန်ယောက်ျားက အသားကပ်ခြေအိတ်ကိုဝတ်မှာလဲ...

တစ်စုံတစ်ယောက်ကသာ သူ့ကို မြင်သွားလျှင် သေချာပေါက် ခွက်ထိုးခွက်လန် ရယ်ပေလိမ့်မည်။

ယင်းတို့ကိုလည်း ချွတ်ပစ်ရမည်။ 


💊💊💊💊 Chapter 22
နင့်ရဲ့ကောင်လေးလား...


ဗလာကျင်းကာပြောင်ရှင်းနေပြီး ချောမွတ်ဖြူဖွေးနေသည့် ခြေတံများသာ ကျန်ရှိတော့သည့်ပိုင်မူနင်က နောက်ခန်းရှိခုံတွင် တစောင်းထိုင်နေပြီး အသားကပ်ကို အတွင်းအပြင်လှန်နေ၏။

အတွင်းအပြင်အရောင်တူနေ၍ ဝေခွဲမရဖြစ်စေ၏။ ယင်းတို့ကို ဝတ်ဆင်ထားရခြင်းက သူ့အား မျောက်မင်း(စွင်းဝူခုန်း)နှင့်တူသလို ခံစားရစေပြီး လုံးဝမိန်းမဆန်မနေပေ။

မျောက်မင်းမှာ ကျားအဆင်စကပ်ကိုဝတ်ဆင်ကာ လုံးဝမိန်းကလေးမဆန်ပေ။ သူသိုးမွေးအဆင်အသားကပ်ဝတ်ဆင်ခြင်းတွင်လည်း ပြဿနာရှိမည်မဟုတ်ဟု တွေးလိုက်သည်။

ပိုင်မူနင်တွင် ခြေသလုံးမွေးသိပ်မရှိပေ။ သူ ငယ်စဉ်ကလေးဘဝ၌ အခြား‌ယောက်ျားလေးများတွင် ထူထဲသည့် ခြေသလုံးမွေးများရှိကြရာ အတွင်းခံဘောင်းဘီရှည်ဝတ်ထားပြီးသည့်အတိုင်းပင်။ ယင်းတို့ကိုကြည့်ရခြင်းက သူ့အားခေါင်းမူးစေသည်။ သို့ပေသိ ပိုင်မူနင်ကမူ ပုံမှန်ဖြစ်မနေဘဲ သူ၏အတန်းဖော်အားက သူ့အား မိန်းကလေးနှင့်တူသည်ဟုသာ ပြောကြသည်။

ဘယ်သူကများ ခြေသလုံးမွေးနဲ့ ယောက်ျားပီသမှုကို သတ်မှတ်ရမယ်လို့ ပြောတာလဲ... မင်းမှာ အရေးကြီးတဲ့ဟာ ရှိနေဖို့ပဲလိုတာ... အဲဒါကပဲ အရေးကြီးတာ...

သို့ရာတွင် အခြားသူများကမူ ထိုသို့ မတွေးကြပေ။ သူတို့က သူ့ထံမှ အကွာအဝေးတစ်ခု ထားကာ နေကြသည်။ ပိုင်မူနင် ဂရုမစိုက်ပေ။ သူက သူငယ်ချင်းရှာရန် ရောက်နေခြင်း မဟုတ်ဘဲ ပညာသင်ရန် ရောက်နေခြင်းသာ။

ပိုင်မူနင်က အသားကပ်ခြေအိတ်ရှည်ကို စိတ်ရှည်လက်ရှည် ဆွဲထုတ်နေစဉ် ရှေ့တွင် ရုတ်တရက် တစ်ခုခု ဖြစ်ပွားသွားခဲ့သည်။ ချောမွေ့စွာ မောင်းနှင်နေခြင်းက ရပ်တန့်သွားပြီး ရုတ်တရက် ဘရိတ်အုပ်လိုက်သည့် နောက်ဆက်တွဲအနေဖြင့် ဘုန်းဟူ‌သော အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။

ရုတ်တရက် ရပ်တန့်လိုက်မှုကြောင့် ပိုင်မူနင်၏ ခန္ဓာကိုယ်မှာ ရှေ့သို့ ဆတ်ခနဲ ကန်ထွက်သွားသော်လည်း ဝမ်ကျင်းက လျင်မြန်စွာ တုံ့ပြန်ပြီး သူ့ကို လက်ဖြင့် တားဆီးလိုက်သည်။ သို့မဟုတ်လျှင် ပိုင်မူနင်အနေဖြင့် ရှေ့သို့ တည့်တည့် ပျံထွက်သွားလိမ့်မည်။

သူ့ဘောင်းဘီမှာ ဆွဲမတင်ရသေးဘဲ သူ၏ ပက်ထရစ်စတား ရေကူးဘောင်းဘီလေးမှာ လှစ်ဟပြခံလိုက်ရ၏။ သူသာ ထိုသို့ ကားထဲမှ ပျံထွက်သွားခဲ့လျှင် လူအများ ရက်ပေါင်းများစွာ ပြောမဆုံးနိုင်သည့် အရှက်ရစရာကိစ္စ ဖြစ်သွား‌ပေလိမ့်မည်။

ကိုယ်တိုင်က အဝတ်လဲရုံသက်သက်ဟုသာ တွေးနိုင်သည့်တိုင် အခြားသူများအတွက်မူ ယင်းက မရိုးမသားကိစ္စတစ်ခုဟု သေချာပေါက် တွေးကြမည်သာ။

“မင်း အဆင်ပြေရဲ့လား” 
ဝမ်ကျင်းက စကားပြောနေရာမှ ခေတ္တရပ်လိုက်သည်။
“ဘောင်းဘီကို ဆွဲတင်လိုက်”

မျက်နှာနီရဲသွားလျက် ပိုင်မူနင်က လျင်မြန်စွာ ပြန်ထိုင်လိုက်ပြီး ဘောင်းဘီကို ဆွဲတင်လိုက်သည်။ သူ ရှေ့ကို မော့ကြည့်လိုက်သောအခါ တစ်ယောက်ယောက်၏ ကားနောက်ကို ဝင်တိုက်မိကြောင်း နောက်ဆုံးတွင် သတိပြုမိလိုက်သည်။

ဝမ်ကျင်းက အခြေအနေကို ဖြေရှင်းရန် အရင်ဆုံး ဆင်းသွားသည်။ ပိုင်မူနင်က အဝတ်အစား ဝတ်ပြီးသည်နှင့် သူပါ လိုက်သွားလိုက်သည်။

တစ်ဖက်ယာဉ်မောင်းမှာ ခန္ဓာကိုယ်တောင့်တင်းပြီး မုတ်ဆိတ်မွေးအပြည့်ဖြင့် အနည်းငယ် ညစ်ပတ်နေပုံရသည့် အမျိုးသားကြီးတစ်ဦး ဖြစ်သည်။

သူက ဖုန်းပြောပြီးနောက် ဝမ်ကျင်းကို အပြစ်တင်ပြောဆိုလာသည်။ 
“မင်း ဘယ်လိုများ ကားမောင်းနေတာလဲ... ငါ့ရှေ့က မီးနီလို့ ရပ်ထားတာကြာလှပြီ... မင်း မမြင်ဘူးလား”

“မင်း ငါ့ကားကို ဘာလုပ်လိုက်လဲ ကြည့်စမ်း.. ငါ ဒီနေ့မှ 4S ဆိုင်က အသစ် ထုတ်လာတာ... စက်တောင် မနွေးသေးဘူး... အခုကြည့် မင်းက ဝင်တိုက်လိုက်ပြီ...”

“အစ်ကိုကြီး... မင်းကတော့ ဒီညီလေးကို သတ်နေတာပဲ..."

ဝမ်ကျင်းက ယဉ်ကျေးပြီး အေးဆေးစွာဖြင့် တောင်းပန်လိုက်သည်။ 
“တကယ်ကို တောင်းပန်ပါတယ်... ကျွန်တော် ခဏလောက် အာရုံလွဲသွားလို့ပါ... ကျွန်တော် အာမခံကုမ္ပဏီကို ဆက်သွယ်ပြီးပါပြီ... သူတို့ ခဏနေရင် အရာအားလုံးကို စစ်ဆေးဖို့ ရောက်လာပါလိမ့်မယ်... ပြီးတော့ ခင်များရဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ကျွန်တော် အပြည့်အဝ တာဝန်ယူပါ့မယ်”

ဝမ်ကျင်း၏ ယဉ်ကျေးသော အမူအရာကို မြင်လိုက်ရသောအခါ ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းဖြင့် ယာဉ်မောင်းက ပျော့ပျောင်းသွားသည်။ 
“ကောင်းပြီလေ...ဒါပေမဲ့ ညီကို‌ရေ ကားမောင်းတဲ့အခါ အာရုံစိုက်ပါဦး... မင်း စိတ်ထဲမှာ ဘာတွေ ရှိနေတာလဲ.. ချက်ချင်းကြီး တွေးနေရလောက်တဲ့အထိများ အရေးကြီး‌နေလို့လားကွာ... မင်းက ကားမောင်းနေတာလေ”

ဝမ်ကျင်းက ထပ်မံ တောင်းပန်လိုက်သည်။

ယခုမူ စူးစမ်းချင်စိတ်အပြည့်ဖြင့် ပိုင်မူနင်က ကားထဲသို့ ပြန်ဝင်လာခဲ့သည်။ သူက သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။

“ဒေါက်တာဝမ် ခင်များ ဘာလို့ အာရုံလွင့်သွားတာလဲ”

“ခင်များ ဘာတွေ တွေးနေတာလဲ”

-----

စာရေးသူ၏ မှတ်ချက်...

ဝမ်ကျင်း: မင်းကို ဘယ်လို သေလောက်အောင် ဖာ့ခ်ပစ်ရမလဲလို့ တွေးနေတာ...

××××××

ဝမ်ကျင်းက သူ့အား အဖြေပေးမလာပေ။ ထိုအစား ပင်ပန်းနေသည့်အလား မျက်လုံးစုံမှိတ်ချလိုက်လေ၏။

ပိုင်မူနင်မှာ ပျင်းရိလာပြီး ခရီးသည်ခုံတွင်  á€á€­á€á€şá€á€†á€­á€á€şá€žá€Ź ထိုင်နေရင်း ဖုန်းကစားနေလိုက်သည်။

သူက အလုပ်ရှင်အား ငွေပြန်အမ်းပေးရန် ဆက်သွယ်လိုက်၏။ ယနေ့တွင် သူ‌အစောကြီး ပြန်လာခဲ့ရာ ကျသင့်ငွေမယူသင့်ချေ။

သို့တိုင် တစ်ဖက်လူမှာ သူ၏ပြန်အမ်းငွေကို လက်မခံဘဲ ငွေပြန်လွှဲပေးလာလျက် သူ၏အလုပ်လုပ်ပုံမှာ အလွန်ကောင်းသဖြင့် ကျသင့်ငွေပေးရသည်မှာ ထိုက်တန်ကြောင်း ဆိုလာသည်။

အလုပ်ရှင်ကိုယ်တိုင်က ကျေနပ်နေ၍ ပိုင်မူနင် ဇီဇာကြောင်မနေတော့ပေ။ သူက ကျေးဇူးတင်ကြောင်းပြောကာ လက်ခံလိုက်လေသည်။

အာမခံကုမ္ပဏီမှလူက ၁၀မိနစ်အတွင်း ရောက်လာသည်။ သူက ဓာတ်ပုံများကို ရိုက်ယူပြီးနောက် ဆက်သွယ်ရမည့်အချက်အလက်များ ချန်ရစ်ကာ 4Sဆိုင်အားပျက်စီးဆုံးရှုံးမှုအတွက်  á€…စ်ဆ္းရန် စီစဉ်လိုက်ကြသည်။ ဟိုပြေးသည်ပြေးလုပ်ပြီးနောက် အရာအားလုံးပြီးဆုံးသွားချိန်တွင် ညနေ၃နာရီ ရှိနေပေပြီ။

သူတို့ 4Sဆိုင်မှ ထွက်လာပြီးနောက် ပိုင်မူနင်မှာ အလွန်ဗိုက်ဆာနေပြီဖြစ်ကာ လမ်းပင်မလျှောက်နိုင်တော့ပေ။ သူအထဲတွင် ပူရှိန်းများစွာ စားခဲ့၍သာမဟုတ်လျှင် ဆာလွန်း၍ မေ့လဲသွားနိုင်သည်။

ဝမ်ကျင်းက သူ့ဖုန်းကို ထုတ်လိုက်ပြီး ကားငှားနေရင်း မေးလိုက်သည်။
"ဗိုက်ဆာနေပြီလား... ဘာစားချင်လဲ” 

ပိုင်မူနင်တစ်ယောက် ယာဉ်တိုက်မှု ကိစ္စတစ်လျှောက်လုံး ဝမ်ကျင်းနှင့်အတူ ရှိနေခဲ့ရခြင်းက အကျိုးမမဲ့ခဲ့ပေ။ ယခုမူ အကျိုးအမြတ် ပြန်ခံစားရမည့် အချိန်ရောက်ပေပြီ။

ပိုင်မူနင်က ခဏမျှ တွေးလိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော် အသားကင်(ဘာဘီကျူး) စားချင်တယ်” 

သူ စားချင်စိတ် ပြင်းပြနေသည်မှာ ရက်အတော်ကြာပြီဖြစ်၏။ လီအန်းချီက အလုပ်များနေသဖြင့် နောက်အပတ်ကို ရွှေ့လိုက်ခြင်းဖြစ်သည်။ ယခုတွင်မူ ဝမ်ကျင်းနှင့်အတူ သွား၍ရပြီပင်။

ဘာဘီကျူးမှာ ဟော့ပေါ့လိုပင် လူများများနှင့် စားရလျှင် ပိုကောင်းမှာ သေချာသည်။ တစ်ယောက်တည်း စားရခြင်းက အနည်းငယ်မျှ အထီးကျန်သလို ခံစားရသည်။

သို့သော် ဘာဘီကျူးဟု ပြောလိုက်ချိန်မှာပင် ပိုင်မူနင် နောင်တရသွားခဲ့သည်။ ဝမ်ကျင်းက ကျန်းမာရေးကို အလွန် အလေးထားသူဖြစ်ပြီး ဘာဘီကျူးကို မကြိုက်ပေ။ သူက သေချာပေါက် ငြင်းဆိုလိမ့်မည်။
“ကောင်းပြီလေ... သွားကြစို့”

ပိုင်မူနင်မှာ ခေတ္တမျှ ကြောင်အသွားရပြီး စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
 “ဒေါက်တာဝမ်... ဆရာဝန်တစ်ယောက်အနေနဲ့ ခင်များက လူတွေကို ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဘာဘီကျူး မစားဖို့ အကြံပေးသင့်တာမလား”

ဝမ်ကျင်းက ကားတံခါးကို ဖွင့်လိုက်ပြီး ပြောလိုက်သည်။
“ကျောင်းသားရှောင်နင်... အခု ကိုယ်က အလုပ်ချိန် ပြင်ပမှာပါ...  á€˜á€Źá€Ąá€€á€źá€śá€‰á€Źá€á€şá€™á€ž မပေးပါဘူး”

“…?”

ဝေါင်း... ဒေါက်တာဝမ်က မျက်နှာနှစ်ဖက်နဲ့ပါလား...

ဝမ်ကျင်းမှ သူ့အား အသားကင်လိုက်ကျွေးမည်ဟု ပြောခဲ့ပေသိ သူတို့ ရောက်သွားသည်က ဘားလမ်းထက်ရှိ ဘားတစ်ခုကိုပင်။

နေ့လယ်ဘက်တွင် ဘားက လူရှင်းနေပြီး ဖောက်သည် လုံးဝမရှိပေ။ လူအနည်းငယ်သာ ကတ်ထိုင်ကစားနေကြသည်။

အတွင်းရှိလူများက အလွန်ပင် ကြမ်းတမ်းခက်ထန်ပုံ ပေါက်နေပြီး တက်တူးများဖြင့် ခန္ဓာကိုယ်တောင့်တင်းသူများပင်။

သူတို့က ဝမ်ကျင်းကို မြင်သည်နှင့် နှုတ်ဆက်ပြီးနောက် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်ကြသည်။
“နွမ်ကျဲ ကျင်းကော ရောက်လာပြီ”

ထို့နောက် ထိုသူတို့က သူတို့အား ဒုတိယထပ်သို့ ဦးဆောင် ခေါ်သွားသည်။

အပေါ်ထပ်ရှိ ဆိုဖာထက်တွင် အသက်ရှူမှားလောက်အောင် လှပသည့် အမျိုးသမီးတစ်ဦး ထိုင်နေပြီး သွားရှုပ်မရသူဖြစ်ကြောင်း ရှင်းလင်း၍နေသည်။ သူမက ပတ်ဝန်းကျင်နှင့် လုံးဝ မလိုက်ဖက်သော စိမ်းပြာရောင် ပန်းထိုး ချီ‌ဖောင်ကို ဝတ်ဆင်ထားသည်။

သူမ ဝမ်ကျင်းကို မြင်သည်နှင့် ထရပ်လိုက်ပြီး ထေ့ငေါ့လိုက်သည်။
“ဟေ့ လာခဲတဲ့ ဧည့်သည်ပါလား... နင့်လို တိုင်းရင်းဆေးဆရာဝန်က ငါ့ဆီ ဘာလာလုပ်နေတာလဲ... ဒီနေရာက ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ပြောခဲ့တာမလား”

ရွှီနွမ်မှာ မျက်နှာတည်ကို ထိန်းထားသော်လည်း သူမ၏ အကြည့်က ဝမ်ကျင်းကို ကျော်လွန်ကာ ပိုင်မူနင်ပေါ်သို့ စနောက်လိုဟန်အပြည့်ဖြင့် ရောက်ရှိသွားသည်။
 “ဒါက နင့်ကောင်လေးလား...သူက တကယ် ချောတာပဲ... လူတွေအတွက် ပထမဆုံးအမြင်မှာတင် ချစ်မိသွားမဲ့ ပုံစံလေး”

ရွှီနွမ်မှ ပိုင်မူနင်၏ ပါးကို လှမ်း၍ လိမ်ဆွဲချင်သော်လည်း ဝမ်ကျင်းက သူမ၏လက်ကို တားဆီးလိုက်သည်။
"သူက ရှက်တတ်တယ်"

“ကျစ် ဘယ်လို အဖိုးတန်လေးလဲ... ဒါနဲ့ ဘာလုပ်ဖို့ ဒီကို ရောက်လာတာလဲ”

ဝမ်ကျင်းက ဆိုသည်။
“ဘာဘီကျူး စားဖို့”

ရွှီနွမ်တစ်ယောက် ဒေါသပေါက်ကွဲသွားပြီး ပြောတော့သည်။
 “ဒါက ဘားလေ... ဘာဘီကျူးဆိုင် မဟုတ်ဘူး... နင့်အတွက် ဘာဘီကျူးကို ဘယ်နေရာကနေ ရှာပေးရမှာလဲ... နင် ရန်စချင်‌နေတာလား” 

ပိုင်မူနင်သည်လည်း ဝမ်ကျင်းမှာ ပြဿနာရှာရန် ရောက်လာသလို ခံစားလိုက်ရသည်။ 
ဘယ်သူက ဘာဘီကျူး စားဖို့ ဘားကို လာမှာလဲ...

ယင်းက အနောက်တိုင်း စားသောက်ဆိုင်ကို သွားပြီး တရုတ်အစားအစာမှာသည်နှင့်တူလှ၏။ တမင် အလုပ်ရှုပ်အောင် ရှာကြံခိုင်းနေခြင်းပင်။

ရွှီနွမ်က ဝမ်ကျင်းကို ဒေါသတကြီး စိုက်ကြည့်နေသည်ကို မြင်သောအခါ ပိုင်မူနင်ခမျာ ဝမ်ကျင်းကို ဆွဲလျက်သာ ပြေးထွက်သွားချင်မိသည်။ နောက်ကျသွားပါက သူတို့ကို အပြင်သို့ အတင်းအကျပ် ဆွဲထုတ်ခံရလိမ့်မည်။

သို့တိုင် ဝမ်ကျင်းက ပိုင်မူနင်ကို ဆွဲချပြီး ထိုင်ခိုင်းလိုက်ကာ ပြောလိုက်သည်။
“မင်းဆိုင်က သန့်ရှင်းတယ်...  á€„ဍ တခြားဘယ်နေရာကိုမှ မယုံကြည်ဘူး” 

“…?”

ရွှီနွမ်၏ နှုတ်ခမ်းမှာ တွန့်လိမ်၍သွား၏။ သူမက အံကြိတ်လိုက်ပြီး ဘေးနားက လူကို လှည့်၍ ပြောလိုက်သည်။
“သူ့အတွက် လုပ်ပေးလိုက်” 

ပိုင်မူနင်: “...?”

ဘားပိုင်ရှင်တွေက ဘယ်တုန်းကတည်းက ဒီလောက် စကားပြောရလွယ်လာတာလဲ...

ဒါဆို တီဗီဒရာမာတွေ အကုန်လုံးက လိမ်နေတာပေါ့...

ရွှီနွမ်က သူတို့နှင့် မျက်နှာချင်းဆိုင်တွင်ထိုင်ကာ လက်ဖက်ရည်အချို့ ငှဲ့ပေးလာသည်။ 
“လောင်ဝမ်  á€žá€°á€€ နင့်ကောင်လေး ဟုတ်လား မဟုတ်ဘူးလား... နင် ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ ဒီကို ခေါ်မလာဖူးဘူးလေ... ငါ တအားကိုမှ သိချင်နေပြီ”

အသီးစားနေသည့် ပိုင်မူနင်က လျင်မြန်စွာ ငြင်းဆိုလိုက်သည်။
 “မဟုတ်ပါဘူး... ကျွန်တော်တို့က လုပ်ဖော်ကိုင်ဖက်တွေပါ”

ဝမ်ကျင်းက ဆို၏။
“လုပ်ဖော်ကိုင်ဖက်တွေ” 

သို့ပေသိ အနှီ“လုပ်ဖော်ကိုင်ဖက်” ဟူသော စကားလုံးထဲတွင် ထူးဆန်းသောလေသံ ပါဝင်နေကာ မေးခွန်းထုတ်မှုနှင့် ငြင်းဆိုမှုတို့ ကြားတွင် ရှိနေသည်။

“လုပ်ဖော်ကိုင်ဖက်တွေသက်သက်ပဲပေါ့လေ ငါ မယုံဘူး... ဒီလောက် ကြည့်ကောင်းတဲ့သူကို နင်လက်ဦးမှု မယူရင် ငါယူလိုက်မယ်” 

ရွှီနွမ်က ပိုင်မူနင်ကို ပြုံးပြလိုက်သည်။ 
“ချစ်စရာကောင်းတဲ့ ကောင်လေး... မမနဲ့မောင်လေးဆက်ဆံရေးကို စိတ်ဝင်စားလား..."

“…?”

ပိုင်မူနင်မှာ အလွန် အံ့သြသွားရလျက် သီးသွားသည်။ သူက ဝမ်ကျင်းကမ်းပေးသော ရေကို အမြန်ယူသောက်ကာ စိတ်ငြိမ်သွားအောင် လုပ်လိုက်သည်။

ထိုအချိန်က သူ ဝမ်ကျင်းကို ရုတ်တရက် ဝန်ခံခဲ့ခြင်းက မည်မျှ အဆင်မပြေဖြစ်ပြီး မသင့်တော်ခဲ့ကြောင်းကို နောက်ဆုံး၌ သဘောပေါက်သွားရချေ၏။

အဆိုးဆုံးမှာ သူက အလေးအနက်မထားသလို ပေါ့ပေါ့ပါးပါး ဖြစ်နေခဲ့ခြင်းပင်။

ပိုင်မူနင်မှာ အလွန် ကြောက်ရွံ့သွားသဖြင့် သူ၏ခေါင်းကို ဒေါသတကြီး ခါယမ်းလိုက်မိသည်။ သူ့လက်ထဲမှ သခွားမွှေးပင်လျှင် ချိုမြိန်သည့် အရသာမရှိတော့ပေ။

“ကျစ် အရမ်းကြောက်တတ်တာပဲ... ဟာသပြောတာတောင် လက်မခံနိုင်ရှာဘူး” 
ရွှီနွမ်က ပြောသည်။ 
“လောင်ဝမ် သေချာပေါက် နင့်အကြိုက်ပုံ‌လေးပဲ"

ဝမ်ကျင်းက သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ငါက မင်းလို အသက်အရွယ်မရွေး ဘယ်သူ့ကိုမဆို လက်ပါနေတယ် မထင်နဲ့... သူက ကလေးလေးလေးပဲရှိ‌သေးတာ... ဒီလောက် ညစ်ပတ်မနေစမ်းနဲ့”

“သွား မင်းရဲ့ ဘာဘီကျူးကို သွားလုပ်တော့”

ရွှီနွမ်က သူ့ကို လုံးဝ မယုံပေ။ သူမက နှုတ်ခမ်းစူလိုက်ပြီးဆိုလာ၏။
“လောင်ဝမ်  á€”ငအ်ပဍးစပ်ကထွက်သမဝသ အမှန်တရား တစ်စက်မှမပါဘူး... ငါနင့်ကို မယုံဘူး... ငါ လောင်ချန်ကို ရှာပြီးပဲ အတင်းတုပ်တော့မယ်... သူ့ပါးစပ်က ဇာတ်လမ်း‌ထွင်တာတော့ အကောင်းဆုံးပဲ... ငါလည်း ဒရာမာလေးတွေ ကြားချင်တယ်လေ” 

“မင်း စီးပွားရေး လုပ်မှာလား မလုပ်ဘူးလား”

“အင်းပါ ကောင်းပါပြီ ငါသိပါပြီ.. ငါက စိတ်အနှောင့်အယှက် ပေးနေမိတာပါ... သွားတော့မယ် နင်တို့ နှစ်ယောက် ပျော်ရွှင်ကြပါစေ...”

ရွှီနွမ်က ပိုင်မူနင် ဘေးမှ ဖြတ်သွားစဉ် သူ့နားနား ကပ်၍ တီးတိုး ပြောလိုက်သည်။
“သူက လုံးဝကိုမန်ဆောက်နော် ”

(mensao-အတွင်းစိတ်ကတစ်မျိုး အပြင်က တစ်မျိုး၊ အပြင်ပန်းပုံပန်းသဏ္ဌာန်နဲ့ အတွင်းစိတ်မတူတဲ့လူကိုပြောတာပါ)

ပိုင်မူနင်: “...?”

ဒါဆို ခင်များတို့က တကယ့်သူငယ်ချင်းတွေလား၊း... ဒါမှမဟုတ် ရန်သူလို သူငယ်ချင်းတွေလား...

သူ၏သခွားမွှေးကို ဝါးနေစဉ် ပိုင်မူနင်မှာ ဝမ်ကျင်းတစ်ယောက် ယနေ့ မတူကွဲပြားနေသလို ခံစားလိုက်ရသည်။ သူ အတိအကျ  á€™á€•á€źá€ąá€Źá€á€á€şá€žá€ąá€Źá€şá€œá€Šá€şá€¸ ထိုသူ၏ပုံမှန် တည်ငြိမ်အေးဆေးသော ဆရာဝန်ပုံစံနှင့် လုံးဝကွဲထွက်နေသည့် လက်တွေ့ဆန်သော နွေးထွေးမှုတစ်ခု သူ့ထံတွင် ရှိနေသည်။

–

ဘားတွင် ဘာဘီကျူး တကယ်ရှိ‌၏။ မကြာမီမှာပင် ပူနွေးနေသည့် အသားတုတ်ထိုး‌ချောင်းများက သူတို့ရှေ့သို့ ရောက်လာသည်။

ပိုင်မူနင်မှာ မယုံကြည်နိုင်သေးပေ။ 

ဝမ်ကျင်းက တကယ်ကြီး ရန်စဖို့ လာခဲ့တာ မဟုတ်ဘူးလား...

ဝမ်ကျင်းက အစားအစာကို မထိဘဲ သူ့လက်ဖက်ရည်ကိုသာ တိတ်တဆိတ် သောက်နေသည်။

“ခင်များ မစားဘူးလား” 
ပိုင်မူနင်က သူ၏ နှုတ်ခမ်းထောင့်မှ ဆီကို လျက်လိုက်သည်။ 
“တစ်ယောက်တည်း စားရတာ ပျော်စရာမကောင်းဘူး”

သူက အမဲသားတုတ်ထိုးတစ်ချောင်းကို ဝမ်ကျင်းထံ ကမ်းပေးလိုက်သည်။
 “ဒေါက်တာဝမ်... တစ်ခုလောက် မြည်းကြည့်.. ဒါ တကယ် အရသာရှိတယ်”

၎င်းမှာ အပြင်မှ ဘာဘီကျူးဆိုင်များက ပြုလုပ်ထားသည်ထက် ပိုသန့်ရှင်းပြီး ပိုမိုကျန်းမာရေးနှင့် ညီညွတ်ကာ အရသာလည်း ရှိသည်။

ဝမ်ကျင်းက ယူလိုက်ပြီးနောက် ကိုက်ကာ ဖြည်းဖြည်းချင်း ဝါးစားနေသည်။

“မင်း ကြင်ဖက်တွေ့တာမျိုးတွေကို ဆက်လုပ်နေဦးမှာလား” 
ဝမ်ကျင်းက စကားလုံး ရွေးချယ်မှု လွဲနေသည်ကို သတိပြုမိသွားပုံရပြီး ထပ်ဖြည့်လိုက်သည်။
“သူများတွေကိုယ်စား သွားတဲ့ဟာတွေကို ပြောတာ...”

ပိုင်မူနင်က ပြည်ကြီးငါးတုတ်‌ထိုးအကြီးကြီးကို ကိုက်စားနေရင်းမှ ခေါင်းညိတ်လိုက်သည်။

 “ကျွန်တော် ပိုက်ဆံရှာဖို့ လိုတယ်... စန်းဝမ်ခန်းမက ရတဲ့ လစာထဲက အာမခံနဲ့ အခွန်ကို နှုတ်လိုက်ရင် ယွမ် ၃,၅၀၀ လောက်ပဲ ကျန်မှာ... ယွမ် ၃,၅၀၀နဲ့ ဘာလုပ်နိုင်မှာလဲ”

“ကျွန်တော် အခု ကျောင်းဆောင်မှာ နေနိုင်သေးပေမဲ့ သူတို့ ကျွန်တော့်ကို မနေခိုင်းတော့တာနဲ့ အိမ်လခတောင် တတ်နိုင်တော့မှာမဟုတ်ဘူး... အချိန်ပိုင်းအလုပ်မလုပ်ရင် ကျွန်တော်ငတ်မှာ သိပ်မကြာဘူး”

ဝမ်ကျင်းက ပြောလိုက်သည်။
“အဲဒါ ခက်ပုံပဲ” 

“ဟုတ်တယ် အရမ်း ခက်တယ်...” 
ပိုင်မူနင်က ပြည်ကြီးငါးကို စားပြီးနောက် ပိုးစာကောင်ကို စားပြန်သည်။ 
“ဒါ့အပြင် ကျွန်တော်က ကျင်းနန်မှာ အခြေချချင်တာလေ... ကျွန်တော့်ရဲ့ ကိုယ်ပိုင်အိမ်လေး ဝယ်ချင်တာ”

ယင်းက ပိုင်မူနင်အမြဲလိုလို ရည်ရွယ်ထားသည့်အရာပင်။ နေရာက ကြီးစရာမလိုချေ။ စတုရန်းမီတာ သုံးဆယ်ခန့်မျှရှိလျှင်ပင် လုံလောက်ပြီဖြစ်၏။ သူတစ်ယောက်တည်းဖြစ်၍ ယင်းက လုံလောက်ပေသည်။

သူ့မိဘများ ဆုံးပါးပြီးနောက် ပိုင်မူနင်တွင် အိမ်မရှိတော့‌ပေ။ ထို့ကြောင့် သူ့တွင် ကိုယ်ပိုင် နေရာလေးတစ်ခု ပိုင်ဆိုင်ချင်မိသည့် ရူးသွပ်မှုရှိနေခဲ့သည်။ သူ အိမ်တစ်လုံး ပိုင်ဆိုင်သွားလျှင် နေစရာနေရာတစ်ခု တကယ် ရှိလာလိမ့်မည်ဟူ၍ သူယုံကြည်ထားသည်။ အနှီယုံကြည်မှုကပင် သူ့ကို အလုပ်ကြိုးစားကာ ငွေရှာရန် တွန်းအားပေးခဲ့ခြင်းဖြစ်၏။

“မင်း အိမ်ဝယ်ချင်တာလား”
ဝမ်ကျင်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းသွားခဲ့ပြီး ပိုင်မူနင်သည်လည်း ချက်ချင်းဆိုသလို စိတ်မပျော်မရွှင် ဖြစ်သွားရသည်။

ယခင်က သူ ဤရည်မှန်းချက်ကို အတန်းဖော်များကို ပြောပြသောအခါ ထိုသူတို့က သူ့ကို ရည်မှန်းချက် ကြီးလွန်းသည်ဟု ရယ်မောကြသည်။ ကျင်းနန်ရှိ အိမ်ဈေးများမှာ ကောင်းကင်ထိလုနီးနီး ထိုးတက်နေပြီး သာမန်လူတစ်ယောက်အနေဖြင့် တစ်သက်လုံး အလုပ်လုပ်လျှင်ပင် စတုရန်းမီတာအနည်းငယ်ကိုမျှပင် ဝယ်နိုင်လိမ့်မည်မဟုတ်ဟု ဆိုကြ၏။

ဒီလိုမျိုး အသုံးမဝင်တဲ့အဓိကဘာသာရပ်နဲ့ အိမ်တစ်လုံး လိုချင်ရင်တော့ အိမ်မက်ထဲမှာပဲ ရလိမ့်မယ်...

“ဘာလဲ... ခင်များလည်း ရယ်စရာလို့ ထင်တာလား... ကျွန်တော့်ကို လက်တွေ့မကျဘူး၊ ကျွန်တော့်အိမ်မက်က ကြီးလွန်းတယ်လို့ ထင်တာလား...ကောင်းပြီ  á€€á€ťá€˝á€”်တ္ဏ် ပြောမယ် ကျွန်တော် ဒါကို ဖြစ်အောင်လုပ်မှာ ”

"အိမ်ဈေး မြင့်တော့ရော ဘာဖြစ်လဲ... အရည်အချင်း မရှိရင်ရော ဘာဖြစ်လဲ... ကျွန်တော်က ငယ်ငယ်‌လေးရှိသေးတာ... အဲလိုဖြစ်လာအောင် တိုက်ခိုက်ဖို့ အချိန်တွေ အများကြီး ရှိတယ်... နောက်ဆုံးကျ ကျွန်တော် အောင်မြင်မှာကြည့်နေ"

ပိုင်မူနင်မှာ  á€á€­á€Żá€€á€şá€á€­á€Żá€€á€şá€œá€­á€Żá€…ိတ် အပြည့်ရှိနေပြီး စကားလုံးတိုင်းနှင့်အတူ ပို၍သတ္တိရှိလာခဲ့သည်။

ဝမ်ကျင်းက ခေတ္တရပ်လိုက်သည်။ ထို့နောက် သူ့လက်ဖဝါးအား ပိုင်မူနင်၏ ခေါင်းပေါ် တင်လျက် ဆံပင်တို့ကို ညင်သာစွာ ဖွလိုက်‌ချေ၏။
“ပိုင်မူနင်... ကိုယ့်ဆီက တိုင်းရင်းဆေးပညာလာသင်ပါ...မင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ကိုယ် သင်ပေးမယ်...”

“…?”

ဝမ်ကျင်းက သူ့ကို သူ့ဆေးပညာကို ဆက်ခံစေချင်နေ၏။


💊💊💊💊 Chapter 23
သူ့ရှပ်အင်္ကျီကိုဝတ်လိုက်ပြီ


ဝမ်ကျင်းမှသူ့အား တရုတ်တိုင်းရင်းဆေးကို သင်ပေးလိုကြောင်း ပြောခဲ့သည်တိုင် ပိုင်မူနင်ကမူ အတည်မမှတ်ယူထားခဲ့ပေ။ သူက စိတ်ထဲပင်မထည့်ထားချေ။

အဲဒီ့ တရုတ်တိုင်းရင်းဆေးက လူတိုင်း လေ့လာလို့ရတာမျိုးလား အား...

သူက ထိုမေဂျာအား တက္ကသိုလ်၌ သင်ယူထားခြင်းမရှိသလို မည်သည့် ဘွဲ့၊ အသိအမှတ်ပြုလက်မှတ်မှလည်းမရှိချေ။
ဘယ်သူကများ ငါဆေးကုတာကို ခံရဲမှာလဲ…

ပိုင်မူနင်က ဝမ်ကျင်းထိုအတိုင်း စကားအဖြစ်သာ ပြောလိုက်ခြင်းဟုသာ မှတ်ယူလျက် အတည်ပေါက်မယူလိုက်ပေ။

ယင်းက သူအမြဲတွေးနေသည့် အတွေးသာ။ ချန်ဟောက်နန် သူ့ထံရောက်လာချိန်မှသာ ဝမ်ကျင်းက စကားအဖြစ်သာ ပြောလိုက်ခြင်းမဟုတ်ကြောင်း သဘောပေါက်သွားရ၏။ ဝမ်ကျင်းတွင် သူ့အား  á€á€›á€Żá€á€şá€á€­á€Żá€„်းရင်းဆ္းပညဏကို သင်ကြားပေးမည့် ရည်ရွယ်ချက်ရှိနေသည်။

ချန်ဟောက်နန်က ပိုင်မူနင်ထံ နေ့စဉ်သုံးပစ္စည်းများကို ယူလာပေးသည်။ ယင်းတို့မှာ အဖြူရောင်ကုတ်၊  á€™á€žá€á€şá€…ုစဏဥုပ်နသငအ် လေ့လာရေးစာအုပ် အစရှိသဖြင့်။

တရုတ်တိုင်းရင်းဆေးစာအုပ်များမှာ အုတ်ခဲများပမာ ထူလွန်းလှသည်။ 
ဘယ်အချိန်မှ ဖတ်ပြီးမှာလဲ…

ပိုင်မူနင်၏စိတ်ထဲတွင် အမေးသ‌င်္ကေတ တစ်ခု ပေါ်လာ၏။
ဝမ်ကျင်းက တကယ်ကြီး ငါ့ကိုသင်ပေးမလို့လား...

ချန်ဟောက်နန်က သူ့အား ပစ္စည်းများ ပေးလာကာစတင်၍ အတင်းပြောတော့သည်။ 
 “ရှောင်နင် မဆိုးဘူးပဲ... လောင်ဝမ်က သူကိုယ်တိုင် မင်းကို ဆေးပညာ သင်ပေးမယ်လို့ ကိုယ့်ကို ပြောတယ်... သူ နောက်ဆုံး အလုပ်သင်ခေါ်ခဲ့တာ ဘယ်လောက် ကြာသွားပြီလဲ မင်း သိလား... ကိုယ့်ကို ပြော... မင်း ဘယ်လိုများ အောင်မြင်အောင် စွမ်းဆောင်လိုက်တာလဲ”

ပိုင်မူနင်မှာ ဝမ်ကျင်းက သူ့ကို အဘယ်‌ကြောင့်တရုတ်တိုင်းရင်းဆေးပညာ သင်ပေးချင်သည်ကို  á€á€ťá€”á€şá€Ÿá€ąá€Źá€€á€şá€”á€”á€şá€‘á€€á€şá€•á€„á€ş သိချင်နေသေးသည်။ သူ ယမန်နေ့က အိမ်ဝယ်ချင်ကြောင်း ပြောခဲ့သည်ကလွဲ၍ အခြား ထူးထူးခြားခြား ဘာမှ မပြောခဲ့ချေ။

မှန်သည်။ ဝမ်ကျင်းက သူ့ကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နည်းကို သင်ပေးချင်သည်ဟု ပြောခဲ့သေးသည်။ ပိုင်မူနင်က ယင်းကို ရိုးရိုးရှင်းရှင်းသာ မှတ်ယူခဲ့၏။ သူ့အနေဖြင့် ဝမ်ကျင်းမှ သူ့အား ပိုက်ဆံရှာနည်းသင်ပေးချင်သည်ဟု တွေးခဲ့ခြင်းပင်။

ပစ္စည်းများကို လက်ခံလိုက်ပြီး ပိုင်မူနင်မှာ နောက်ဆုံးတွင် ပျော်ရွှင်ဝမ်းမြောက်မိသွားရသည်။
 “ကျွန်တော် တကယ် သင်လို့ရတာလား”

သူ့အနေဖြင့် အနည်းငယ်မျှ မှင်သက်နေဆဲပင်။ 
တရုတ်တိုင်းရင်းဆေးပညာကို ဘယ်သူမဆို သင်နိုင်တာလား…

သူ့တွင် အခြေခံ လုံးဝမရှိချေ။
ငါ ဘယ်လိုသင်နိုင်မှာလဲ…

“ဟောက်နန်ကော ကျွန်တော် ဒါကို ကျောင်းမှာ မသင်ခဲ့ဖူးဘူး ကျွန်တော် ဆက်ပြီးသင်လို့ရတာလား”

စန်းဝမ်ခန်းရှိ အလုပ်သင်များမှာ ထိုနယ်ပယ်မှ အဓိကဘာသာရပ်ကို ယူထားသည့် ကျောင်းသားများဖြစ်၏။ ထိုသူများက ပိုကောင်းသည့်ဆေးရုံများ၌ အလုပ်သင် ဝင်ခွင့်မရ၍ စန်းဝမ်ခန်းမရှိ တိုင်းရင်းဆေးဆရာဝန်များထံမှ သင်ယူရန် စိတ်ဆုံးဖြတ်ထားကြသူများဖြစ်သည်။

မည်သည့်နယ်ပယ်မဆို ဆရာကောင်းရှိရန်မှာ အရေးကြီးဆုံးဖြစ်၏။ သို့မဟုတ်လျှင် အလုပ်သင်လုပ်ရာ၌ ရေရေရာရာသင်ယူရခြင်းမရှိဘဲ ပြီးဆုံးသွားကာ ဘွဲ့ရသည့်အခါ အလုပ်အကိုင် အခွင့်အလမ်းအ‌ပေါ် တိုက်ရိုက် သက်ရောက်စေနိုင်သည်။

ပိုင်မူနင်ကမူ ငါးများနှင့် သက်ဆိုင်သော ရောဂါဗေဒကိုသာ နားလည်သူပင်။ လူသားများနှင့်ပတ်သက်၍မူ ဘာကိုမှမသိသူဖြစ်၍ အနည်းငယ်မျှ ကြောက်ရွံ့နေရ၏။

“သင်လို့ရတာပေါ့” 
ချန်ဟောက်နန်က ရှင်းပြသည်။ 
“တရုတ်တိုင်းရင်းဆေးပညာက တခြား ဆေးပညာ ဘာသာရပ်တွေနဲ့ မတူဘူး... ဘဝတစ်ဝက် ရောက်မှ သင်လို့လည်းရတယ်”

"မင်း သင်ချင်ရင် တရုတ်တိုင်းရင်းဆေးအထူးပြုကျောင်းကိုသွားလည်းရတယ်... အလုပ်သင်လုပ်ရင်လည်းရတယ်... တရားဝင်စာမေးပွဲတွေလည်းရှိတော့ မင်းသာအောင်ရင် အသိအမှတ်ပြုလက်မှတ်ရမှာပဲ ပြီးရင်  á€†á€ąá€¸á€…á€€á€Żá€œá€­á€Żá€ˇá€›á€•á€źá€Ž... မင်းအဲဒါကို ဘာမှစိတ်ပူစရာမလိုဘူး... ကိုယ်ထင်တာတော့ မင်းက အရည်အချင်းရှိပါတယ်..."

ပိုင်မူနင် တရုတ်တိုင်းရင်းဆေးပညာ သင်ယူရမည့်အကြောင်း စဉ်းစားနေစဉ် ချန်ဟောက်နန်က ရုတ်တရက် သူ့အသံကို နှိမ့်လိုက်ပြီး အတင်းစကားဆိုသည်။
 “လောင်ရွှီကပြောတယ် လောင်ဝမ်က  á€™á€„်းကိုခ္ဍ်ပဟဎး သူ့ဆိုင်မှာ ပြဿနာရှာတယ်ဆို”

ပိုင်မူနင်က သူ့ကို အမှန်ပြင်ပေးလိုက်သည်။
“ကျွန်တော်တို့ ဘာဘီကျူး စားဖို့ သွားကြတာ”

“ဟုတ်ပါပြီ ဟုတ်ပါပြီ ဟုတ်ပါပြီ... ဘာဘီကျူး” 
ချန်ဟောက်နန်က ပြောလိုက်သည်။ 
“ရှောင်နင် ကိုယ်မင်းကို ပြောပြမယ် ကိုယ်တို့ ကျောင်းတက်တုန်းက သုံးယောက်သား အရမ်း ရင်းနှီးခဲ့ကြတာ... လောင်ဝမ် မင်းကို သူ့ဆိုင်ကို ခေါ်သွားတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ မင်းသိလား”

ပိုင်မူနင်က မော့ကြည့်ပြီး မေးလိုက်သည်။
 “ဘာအဓိပ္ပာယ်လဲ” 

ချန်ဟောက်နန်က ရယ်မောလိုက်ရင်း ဆိုလာ၏။
 “မင်းတော့ တပည့်ကောင်း‌လေး ဖြစ်လာတော့မယ်ဆိုတဲ့ အဓိပ္ပာယ်လေ” 

သူက ပိုင်မူနင်၏ ပခုံးကို ပုတ်လိုက်ပြီး အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်သည်။
“ကြိုးစားပြီး သင်ယူ... လောင်ဝမ်က တကယ်ကို အရမ်းအင်အားကြီးတာ” 

“သိပါပြီ”

ထို့နောက် သန့်ရှင်းရေးသမားတစ်ဦးက ချန်ဟောက်နန်ကို လှမ်းခေါ်လာသည်။ ပထမထပ် သန့်စင်ခန်းထဲရှိ ဘုံဘိုင် ပျက်နေကြောင်း သူမက ပြောပြီး ညသန်းခေါင်တွင် ယိုစိမ့်လာမည်ကို စိုးရိမ်၍ တစ်ယောက်ယောက်ကို ခေါ်ပြီး အမြန်ပြင်ပေးရန် တောင်းဆိုခြင်းပင်။

ချန်ဟောက်နန်က သဘောတူလိုက်ပြီး ဖုန်းကို ကောက်ယူကာ ပြုပြင်ရေးသမားတစ်ဦးကို ခေါ်လိုက်သည်။

–

နေ့လည်စာပြီးနောက် ဝမ်ကျင်းက သူ့ကိုဆွေးနွေးခန်းသို့ခေါ်ကာ စာလေ့လာ‌ရေးအချိန်ဇယားအား ရှင်းပြပေးသည်။

ဝမ်ကျင်းက တကယ်ကို ဟာသလုပ်နေခြင်းမဟုတ်ပေ။ သူက အချိန်ဇယားကိုပင် အသေးစိတ်ကျကျဆွဲထား၏။

ထို့အပြင် ဝမ်ကျင်းလူနာကြည့်စဉ်မှာလည်း လိုက်ရမည်ဖြစ်ကာ အလုပ်ပြီးသည်နှင့် ပြန်မရသေးဘဲ နောက်၂နာရီ ထပ်နေကာ စာလုပ်ရပေမည်။

သူ့တွင် မည်သည့်အခြေခံအသိမျှမရှိလေရာ အခြားသူများထက် ပိုလေ့လာရန်လိုအပ်သည်။ သို့ဖြစ်၍ ဝမ်ကျင်းက သူ့အား သေချာစိစစ်ထားသည့် အချိန်ဇယားအားပေးလာ၏။

ပိုင်မူနင်က ခေါင်းညိတ်လိုက်သော်လည်း သူ့ရင်ထဲတွင် မချင့်မရဲ ခံစားနေရသည်။ သူက 'ဆေးပညာအပေါ်  á€á€€á€šá€şá€•ဲ စိတ်အားထက်သန်မှု ရှိရဲ့လား'ဟုပင် သံသယဝင်လာရ၏။

ထိုစဉ် ဝမ်ကျင်းက ထပ်ပြောလိုက်၏။ 
“မင်းကို မသိတဲ့လူနဲ့ ကြင်ဖက်တွေ့ရတာကို ကိုယ်လက်မခံနိုင်ဘူး... မင်း နောက်ဆို သွားစရာ အချိန်မရှိတော့ဘူး...”

“ဟမ်”
ဝမ်ကျင်းက သူ့ကို အသိပေးခြင်းသာ ဖြစ်ပြီး အကြံဥာဏ်တောင်းခံခြင်း မဟုတ်သောကြောင့် ပိုင်မူနင်ခမျာ အံ့အားသင့်သံကိုသာ ထုတ်လိုက်နိုင်တော့သည်။

ဝမ်ကျင်းက သူ့အား မော့ကြည့်၍ လေသံတိုးတိုးဖြင့် မေးလိုက်၏။ 
“ပြဿနာများ ရှိလို့လား”

အကြောင်းတစ်ခုခုကြောင့် ပိုင်မူနင်မှာ ဝမ်ကျင်းနှင့် မျက်လုံးချင်းဆုံမိလိုက်လျက် ချက်ချင်းဆိုသလို စိတ်လှုပ်ရှားကာ ငြင်းပယ်သည့် စကားတစ်ခွန်းမျှပင် မဆိုဝံ့တော့။

သို့သော်လည်း အမျိုးသမီးဝတ်စုံ ဝတ်ဆင်ပြီး ထို ကြင်ဖက်တွေ့ပွဲများ ဆက်တိုက် သွားနေရသည်ကိုလည်း သူ တကယ်တမ်း မလုပ်ချင်တော့၍ ရိုးရိုးလေးသာ သဘောတူလိုက်လေသည်။

ဝမ်ကျင်း ပေးထားသည့် စာကျက်ပစ္စည်းများကို ရင်ခွင်ပိုက်ထားရင်း ပိုင်မူနင်က ငွေရှင်းကောင်တာနားတွင် ကွေးကွေးလေးထိုင်ကာ ဂရုတစိုက် လှန်လှောကြည့်နေသည်။

တကယ်ကိုပင် ခက်ခဲလွန်းသည်ဟု ခံစားလိုက်ရသည်။

သူက ဖုန်းကို ထုတ်ယူကာ သူ့အလုပ်ရှင်ထံသို့ နောက်ထပ် အလုပ်မလုပ်တော့ကြောင်း စာပို့လိုက်သည်။ အလုပ်ရှင်က ဝမ်းနည်းမိကြောင်း ပြောလာသော်လည်း ထပ်မံ ဖိအားပေးခြင်း မရှိတော့ပေ။

ကြင်ဖက်တွေ့ပွဲ အလုပ်ကို ဖျက်သိမ်းပြီးသည့်နောက်တွင် ပိုင်မူနင်က စာကျက်ရန် ပစ္စည်းများကို စတင် လေ့လာတော့သည်။

လူများမှာ ငါးများထက် အဆပေါင်းတစ်ရာမက ရှုပ်ထွေးလွန်းလှရာ ကြည့်ရုံနှင့်ပင် သူ့ခေါင်းထဲ မူးနောက်သွားရသည်။

မကြာမီမှာပင် သကြားရည်စိမ်သစ်သီးတုတ်ထိုးတစ်ချောင်းက သူ့မျက်စိရှေ့သို့ ရောက်လာသည်။ ပိုင်မူနင် မော့ကြည့်လိုက်ရာ ကျွမ်းယွိမြန်ကို တွေ့ရသည်။ သူမက ပြောသည်။
 “လောလောဆယ် စာကို အတင်း မကျက်ပါနဲ့... သစ်သီးတုတ်ထိုး စားလိုက်ပါဦး”  

ပိုင်မူနင်က ယူလိုက်ပြီး ပြုံးလိုက်သည်။
 “ကျေးဇူးတင်ပါတယ်... မြန်ကျဲ...”

“ကျဲကို ကျေးဇူးတင်မနေနဲ့... ဟောက်နန်ကော ဝယ်လာတာပါ”
ကျွမ်းယွိမြန်က သကြားလုံးကို ဝါးရင်း ပိုင်မူနင် ဘေးနားတွင် ဝင်ထိုင်လိုက်သည်။
 “ရှောင်နင် မင်းက တကယ် ကံကောင်းတာပဲ... ဒေါက်တာဝမ်ဆီမှာ ကောင်းကောင်း လေ့လာသင်ယူနော်”

သူမက ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးမှ အသံကို လျှော့ကာ ပြောသည်။
 “တခြားသင်တန်းသားတွေဆို ပိုက်ဆံပေးပြီး လာသင်နေရတာ... မင်းကတော့ ပိုက်ဆံပေးစရာမလိုရုံမက လစာပါရနေတာ... ဒါကြောင့် အခွင့်အရေးကို တန်ဖိုးထားရမယ်နော်... လမ်းတစ်ဝက်မှာ လက်မလျှော့လိုက်ပါနဲ့... ငါ မင်းကို ယုံတယ်”

“ဆေးပညာသင်ရတာက တကယ်ကို အကျိုးအမြတ်များတယ်... မင်း ငါ့ကို ကောင်တာမှာ ကူညီပေးဖူးတော့ ဝင်ငွေထွက်ငွေ ကိန်းဂဏန်းတွေ အကြောင်းကို အကြမ်းဖျင်း သိမှာပါ...တစ်ရက်ဝင်ငွေ ဘယ်လောက်ရှိတယ် ဆရာဝန်တွေက တစ်ခါကြည့်ရင် ဘယ်လောက်ရတယ်ဆိုတာလေ... ဒါကြောင့် ကြိုးစား”

ပိုင်မူနင်ခမျာ ကျွမ်းယွိမြန်က သူ့အား "ကြက်သွေး" ကို အခုမှ ထိုးသွင်းပေးလိုက်သလို ခံစားလိုက်ရသည်။ 

ဒီလို ခက်ခဲတဲ့ သင်ရိုးတွေကို ကြိတ်မှိတ်ဖတ်နေရချိန်မှာ ဒီလောက် အားအင်တွေနဲ့ ဘယ်လိုများ တောင့်ခံနိုင်မှာလဲ...

စန်းဝမ်ခန်းမမှာ ညနေ ၆ နာရီတွင် ပိတ်ပြီး အချိန်ပို ဆင်းစရာ မလိုချေ။ ပိတ်ချိန်ရောက်သည်နှင့် လူတိုင်းပြန်၍ရသည်။

ပုံမှန်အားဖြင့် ဝမ်ကျင်းက နောက်ဆုံးမှ ပြန်လေ့ရှိပြီး သော့ခတ်ခြင်းနှင့် မီးပိတ်ခြင်းတို့ကို တာဝန်ယူရသူ ဖြစ်သည်။

ယခုအခါ ပိုင်မူနင်ရောက်လာပြီဖြစ်ရာ သူက ဝမ်ကျင်း၏ ဆေးစစ်ခန်းထဲတွင်သာ နေပြီး ဝမ်ကျင်း၏ သင်ကြားပို့ချမှုများကို နားထောင်နေရသည်။

ရိုးရိုးသားသားပြောရလျှင် ဝမ်ကျင်းမှာ တကယ်ကို သင်ကြားပေးရာ၌ တော်လွန်းသည်။ ပိုင်မူနင်ကသာ အရည်အချင်း အမီမလိုက်နိုင်ခြင်း ဖြစ်၏။ နားလည်ရခက်သည့် ဝေါဟာရတစ်ခုကို ကြားလိုက်တိုင်း သူ၏ ဦးနှောက်က ပင်ပန်းအားလျော့ကြောင်း အချက်ပြလာသည်။ မကြာမီမှာပင် မျက်ခွံများ စတင်လေးလံကျလာပြီး ဝမ်ကျင်း ပြောဆိုသမျှက သူ့နားကို ဖြတ်ကျော်၍ လွင့်ပျံသွား၏။

သူ့စိတ်ထဲ ခဏတာ ရှင်းလင်းသွားပြီး ခေါင်းက ဘေးသို့ စောင်းကျသွားသည်။ ထို့နောက် ရုတ်တရက် သူ့မျက်နှာကို ဖမ်းဆုပ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ပိုင်မူနင်မှာ ချက်ချင်း တုန်လှုပ်ကာနိုးသွားရပြီး ဝမ်ကျင်းအား မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေမိသည်။

ဝမ်ကျင်းက သူ့ဘေးတွင် ထိုင်နေပြီး လက်တစ်ဖက်ဖြင့် သူ့မျက်နှာကို ဖမ်းဆုပ်ထားသည်။ ဝမ်ကျင်း၏ လက်ဖဝါးမှာ နွေးထွေးပြီး ပိုင်မူနင်၏ ပါးပြင်ကို ဖိထားရာ ပိုင်မူနင်၏ ပါးပြင်တို့မှာ ပူနွေးလာသည်။

ပိုင်မူနင် မျက်တောင်ခတ်လိုက်ပြီး ဝမ်ကျင်းက အတည်ပေါက်ဖြင့် မေးသည်ကို ကြားလိုက်ရသည်။ 
“ကိုယ် ပြောနေတာတွေက ကျမ်းစာရွတ်နေသလို ဖြစ်နေလား... မင်း ဒီလောက်တောင် မြန်မြန် အိပ်ပျော်သွား‌တော့လေ”

ဝမ်ကျင်းက သတ္တဝါငယ်လေးတစ်ကောင်ကို စနောက်သကဲ့သို့ ပိုင်မူနင်၏ မျက်နှာကို ကိုင်ထားလျက် အနည်းငယ် ငုံ့ကိုင်းလိုက်၏။

အလွန် နီးကပ်လွန်းနေ‌ပေပြီ။ သူတို့နှစ်ဦး၏ အသက်ရှူသံများပင် ရောယှက်နေသည်။ ပိုင်မူနင်၏ နှလုံးခုန်သံများ မြန်လာသည်။

သူက ချက်ချင်း ကိုယ်ကို မတ်မတ်ထားလိုက်ပြီး ဝမ်ကျင်းကို ပြောလိုက်သည်။ 
“ညက အိပ်တာ နောက်ကျသွားလို့ထင်တယ် မျက်နှာသွားသစ်ပြီး အိပ်ချင်ပြေအောင် လုပ်လိုက်ပါဦးမယ်”

သူက သူ့မျက်နှာကို ပုတ်လိုက်ပြီး မှန်ထဲက သူ့ပုံရိပ်ကိုသူကြည့်ကာ ရေရွတ်လိုက်သည်။
 “ပိုင်မူနင်... ကိုယ့်ကိုယ်ကိုယ် ထိန်းလိုက်စမ်း... မျက်လုံးတောင် ဖွင့်မထားနိုင်ရင် ဒီလို ဆရာကောင်းကို အလကား အလေအလွင့် ဖြစ်စေတာပဲ”

သူ မျက်နှာသစ်ရန် ရေပိုက်ခေါင်းကို ဖွင့်လိုက်သည်။ ရေအချို့ ပက်ဖြန်းပြီးနောက် အဆို့ရှင်ကို ပိတ်ရန် ကြိုးစားသော်လည်း မရွေ့သည်ကို တွေ့လိုက်ရသည်။ ပိုင်မူနင်က အားအနည်းငယ် ပိုသုံးလိုက်ရာ "ကွဲအက်" သံနှင့်အတူ ရေပိုက်ခေါင်းမှာ ကျိုးထွက်သွားသည်။ ရေဖိအားကြောင့် ပိုက်လုံးမှ ရေများ ပန်းထွက်လာပြီး နေရာအနှံ့ ပက်ဖြန်းကုန်သည်။

သူ့အဝတ်အစားများ စိုရွှဲနေပြီး ဆံပင်များမှ ရေစက်များ ကျနေ၏။ ယခုမှပင် သူ လုံးဝ နိုးကြားလာတော့သည်။

ပိုင်မူနင် ခေတ္တမျှ ကြောင်သွားပြီးနောက် သူ့လက်ဖြင့် ရေစီးကြောင်းကို ပိတ်ဆို့ရန် အလိုလို ကြိုးစားလိုက်သည်။ သို့သော် ရေဖိအားမှာ အလွန်မြင့်သဖြင့် ရေများက သူ့လက်ချောင်းများကြားမှပင် ထွက်နေဆဲပင်။

“ ဒေါက်တာဝမ် ကယ်ပါဦး…”

“ရေလျှံနေပြီ…”

“လာကယ်ပါဦး…”

ဝမ်ကျင်းက အလျင်အမြန် ပြေးလာသည်။ သန့်စင်ခန်းတံခါးကို အပြင်မှ ဖွင့်လိုက်ပြီး ပိုင်မူနင်အား တစ်ချက်ကြည့်လိုက်ပြီးနောက် ရေပိုက်ခေါင်းအဆို့ရှင်ကို အမြန် ပိတ်လိုက်တော့သည်။

အဆို့ရှင်ကို ပိတ်လိုက်သည့်အချိန်မှာပင် ကပ်ဆိုးကြီး ပြီးဆုံးသွားသည်။ ပိုင်မူနင်က မျက်နှာကို သုတ်ရင်း ရုတ်တရက် ကံမကောင်းဟု ခံစားလိုက်ရသည်။

ငါက မျက်နှာသစ်ပြီး လန်းဆန်းသွားချင်ခဲ့ရုံပါ... ဘာလို့ ရေအေးနဲ့ အတင်းအကျပ် ရေချိုးခံလိုက်ရတာလဲ...

ထိုအချိန်တွင် ဝမ်ကျင်းက တံခါးဝ၌ ရပ်နေပြီး သူ့အား ကြည့်နေသည်။ အနည်းငယ် မှင်သက်နေပုံရ၏။ သူ ဘာမြင်လိုက်သည်ကို သေချာမသိသော်လည်း သူ့အကြည့်တို့တွင် တစ်စုံတစ်ရာ ပြောင်းလဲသွားသည်မှာ ထင်ရှား၍‌နေသည်။

သူက လျှောက်လာပြီး ပိုင်မူနင်၏ ပခုံးပေါ်သို့ မျက်နှာသုတ်ပဝါကြီး တစ်ထည်ကို တင်ပေးလိုက်သည်။ 
“ရေခြောက်အောင် သုတ်လိုက်... အအေးမိမယ်” 

ဝမ်ကျင်းမှာ သူ့အား မထိချင်သည့်အလား။ ထိတွေ့သွားသည်နှင့် ချက်ချင်း လက်ကို ပြန်ရုတ်သွားပြီး ခြေတစ်လှမ်းဆုတ်ကာ  á€á€…á€şá€á€ťá€­á€”á€şá€œá€Żá€śá€¸ အကြည့်ကို အခြားဘက် လွှဲထားသည်။

ဝမ်ကျင်းက သူ့အား တရုတ်တိုင်းရင်းဆေးပညာ သင်ပေးမိသည်ကို နောင်တရနေပြီဟု ပိုင်မူနင် ခံစားလိုက်ရသည်။ ပိုင်မူနင်အား အသုံးမကျသူ တစ်ယောက်ဟု သူ‌ တွေးနေမည်မှာ သေချာသည်။ မျက်နှာသစ်ရုံဖြင့် နေရာတစ်ခုလုံး ရေလွှမ်းအောင် လုပ်ပစ်နိုင်ခဲ့သည်။ သူတို့နှစ်ဦးကြား ရုတ်တရက် ခပ်ခွာခွာ ဖြစ်သွားခြင်းမှာ ထိုအကြောင်းကြောင့်သာ ဖြစ်နိုင်ပေသည်။ 

“ကျေးဇူးပါ” 
ပိုင်မူနင်က ရေရွတ်ရင်း ဆံပင်ကို သုတ်လိုက်သည်။ ထို ကြီးမားသည့် မျက်နှာသုတ်ပဝါကို ချွတ်ချင်သော်လည်း အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ သူဝတ်ထားသည့် ပန်းရောင်ရှပ်အင်္ကျီမှာ ရေစိုနေ၍ မည်မျှအထိ ထွင်းဖောက်မြင်နေရသည်ကို မြင်လိုက်ရသည့်အခါ မျက်နှာသုတ်ပဝါကို အမြန် တင်းကြပ်စွာ ပြန်ပတ်လိုက်ပြီး နှာချေလိုက်သည်။

အဝတ်အစား၏ အရည်အသွေးက အလွန်ညံ့ဖျင်းသဖြင့် ရေစိုသောအခါ ပွင့်လင်းမြင်သာလုနီးနီး ဖြစ်နေသည်။ 

ဒါဆို ဒါကို ဝတ်ထားတာနဲ့ မဝတ်ထားတာ ဘာများကွာခြားတော့မှာလဲ...

ဝမ်ကျင်းက ကြမ်းတိုက်တံကို ယူကာ သန့်စင်ခန်းထဲမှ ရေများကို သန့်ရှင်းရေး စလုပ်သည်။ သူက ပိုင်မူနင်အားပြောလာသည်။ 
“ဆေးစစ်ခန်းထဲမှာ အဝတ်အစားတွေ ရှိတယ်... သွားလဲလိုက်... ဒီကိစ္စကို ကိုယ် ရှင်းလိုက်မယ်” 

ပိုင်မူနင်မှာ အေးခဲနေဆဲဖြစ်ပြီး ရေစိုနေသည့် အဝတ်များကို ချွတ်ရန် တကယ်ကို လိုအပ်နေသည်။ 
“ကျေးဇူးတင်ပါတယ်... ဒေါက်တာဝမ်”

သို့သော်လည်း ဝမ်ကျင်း ပြောလိုက်သည့် “အဝတ်အစား” ဆိုသည်မှာ ရှပ်အင်္ကျီ တစ်ထည်တည်း ဖြစ်နေမည်ဟု သူ မထင်မှတ်ခဲ့မိပေ။ သူ့အဝတ်အားလုံး ရေစိုနေ၍ ရှပ်အင်္ကျီ တစ်ထည်တည်းနှင့် မလုံလောက်ပေ။။ 
အနည်းဆုံး အတွင်းခံတွေတော့ လိုအပ်တယ်မလား…

ထားလိုက်တော့.. ဒီအတိုင်းပဲ အဆင်ပြေသလို ဝတ်ရတော့မှာပဲ... ရေစိုနေတဲ့ အဝတ်တွေကို ဆက်ဝတ်ထားလို့ မဖြစ်ဘူး...

တစ်ကိုယ်လုံး စိုရွှဲနေသည်က  á€á€€á€šá€şá€€á€­á€Ż မသက်မသာ ဖြစ်ရသည်။ ရေစိုအဝတ်များနှင့် အပြင်ထွက်ရန်ကလည်း အဆင်မပြေ‌ချေ။ နောက်ပိုင်းတွင် ကျောင်းကို ပြန်သွားရဦးမည်ဖြစ်၍ အဝတ်လျှော်အခြောက်ခံစက်ထဲကို ထည့်ပြီး သေချာလေး လျှော်ဖွပ်ကာ အခြောက်ခံရမည်။

ဝမ်ကျင်း၏ ရှပ်အင်္ကျီကို လဲဝတ်ပြီးသည့်နောက်တွင် ထိုအင်္ကျီက သူ့တင်ပါးကိုဖုံးရုံမျှသာ ဖုံးနိုင်သည်အထိကြီးသော ဆိုဒ်လွန်အင်္ကျီဖြစ်နေ၍ အတွင်းတွင် မည်သည်ကိုမှ လုံးလုံးမဝတ်ထားသည်ကို မည်သူမျှ မသိနိုင်‌တော့ပေ။

ပိုင်မူနင်က ရေစိုအဝတ်များကို သယ်၍ အပေါ်ထပ်သို့ တက်သွားလိုက်သည်။ ဒုတိယထပ်တွင် အဝတ်လျှော်အခြောက်ခံစက်ရှိပြီး ထိုထဲတွင် တစ်နာရီမျှထားလျှင် အားလုံး ခြောက်သွားလိမ့်မည်။

အိမ်တွင်းစီး ဖိနပ်ကို စီးပြီး ရေချိုးခန်းထဲတွင် ဝမ်ကျင်း အကူအညီ လိုမလို ပြန်ကြည့်ရန် အောက်ထပ်သို့ ဆင်းလာလိုက်သည်။

ကြမ်းပြင်ပေါ်တွင် ရေများ ကျန်နေသေးသည်။ ဝမ်ကျင်းက ထိုရေများကို သန့်ရှင်းရေး လုပ်နေ၏။

“ဒေါက်တာဝမ် ကျွန်တော် ကူညီပါရစေ”
ပိုင်မူနင်က လက်ရှည်ကို ခေါက်တင်လိုက်ပြီး ခြေထောက်ရှည်များ ဖော်လျက် ရေချိုးခန်းထဲသို့ လျှောက်ဝင်လာကာ ကြမ်းတိုက်တံကို ကောက်ယူရန် ကိုင်းညွှတ်လိုက်သည်။

ဝမ်ကျင်းက သူ့အား ကြည့်လိုက်ပြီး ခဏမျှ ရပ်တန့်သွားကာမှ အသံတိုးတိုးဖြင့် ဆိုသည်။
“မလိုဘူး”

ထို့နောက် ဝမ်ကျင်းမှာ ဒေါသထွက်နေသကဲ့သို့ သူ့အား ထပ်မံ ကြည့်လာခြင်း မရှိတော့ပေ။

ပိုင်မူနင်မှာ လုံးဝ ရှုပ်ထွေးသွားပြီး လှည့်ကြည့်လိုက်သည်။ 

အခုရော ငါ ဘယ်လိုများ ဝမ်ကျင်းကို စိတ်ဆိုးအောင် လုပ်မိပါလိမ့်...

ရေပိုက်ခေါင်းကြောင့်ဆိုရင်တော့ တကယ်မတရားဘူး... အဲ့ဒါက အရင်ကတည်းက ကျိုးနေတာ...  á€˜á€šá€şá€œá€­á€Żá€œá€Żá€•် ငါ့အပြစ်ဖြစ်နိုင်မှာလဲ...

သူက ကံဆိုးသူတစ်ဦးသာဖြစ်ပြီး ဘာအမှားမှလုပ်မထားချေ။

ပိုင်မူနင်က ကုလားထိုင်ပေါ်တွင် ထိုင်၍ ခဏမျှ နှုတ်ခမ်းစူ‌ထားမိ၏။ သူ့အဝတ်များ ခြောက်သည်နှင့် ချက်ချင်း ထွက်သွားမည်ဟု ဆုံးဖြတ်လိုက်သည်။ ဤနေရာတွင် ဆက်နေပြီး ဝမ်ကျင်းကို စိတ်အနှောင့်အယှက် ပေးစရာ မလိုတော့ပေ။

သို့သော် သူ့အဝတ်အစားများ မခြောက်သေးမီမှာပင် ဝမ်ကျင်း ရောက်လာသည်။ ဝမ်ကျင်းက လက်ဗလာဖြင့် လာခြင်းမဟုတ်ဘဲ သောက်စရာပူပူတစ်ခွက်ကို ကိုင်ဆောင်လာခဲ့၏။

ပိုင်မူနင်မှာ သူ့အား မကြည့်လိုသဖြင့် ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး ဖုန်းပေါ်တွင်သာ မျက်စိကို မခွာတမ်းထားလိုက်သည်။

ဝမ်ကျင်းက သူ့အနားသို့ လျှောက်လာပြီး ဂျင်းပြုတ်ရည်ကို သူ့ရှေ့တွင် ချထားလိုက်သည်။
“သောက်လိုက်ပါ... အအေးမိတာကို ကာကွယ်ပေးနိုင်တယ်” 

“မကြိုက်ဘူး... မသောက်ဘူး”
ပိုင်မူနင်က သူ့ကို မကြည့်သေးဘဲ တန်းပြီး ငြင်းပယ်လိုက်သည်။

ခုနကတော့ အရမ်းပြင်းထန်နေပြီး အခုကျမှ ရုတ်တရက် နူးညံ့‌ပေးချင်လာတာလား...

နောက်ကျလွန်းသွားပြီ...

သူက ခြေချိတ်ထိုင်ကာ ဂိမ်းကို ဆက်ကစားနေပြီး ဝမ်ကျင်းကို လုံးဝ လျစ်လျူရှုထားလိုက်သည်။

ဝမ်ကျင်းက ခဏမျှ စောင့်ဆိုင်းနေပေးသည်။ ယခုတစ်ကြိမ်တွင် သူက ပိုင်မူနင်၏ လည်ကုပ်ပေါ်သို့ လက်တစ်ဖက်ကို စိတ်ရှည်လက်ရှည် တင်လိုက်ပြီး ညင်သာစွာ ညှစ်ရင်း ဆိုသည်။ 
“လိမ္မာတယ်... သောက်လိုက်”

ကျဉ်တက်သွားသည့် ခံစားမှုက သူ့လည်ကုပ်မှ စတင်ကာ ပျံ့နှံ့သွားပြီး ပိုင်မူနင်ခမျာ သူ့ခန္ဓာကိုယ်တစ်ခုလုံး ဓာတ်လိုက်ခံရသလို ခံစားလိုက်ရသည်။


💊💊💊💊 Chapter 24
ဒေါက်တာဝမ်၏ ရင်ခုန်သံများ မြန်ဆန်လာခြင်း


နောက်ဆုံးတွင် ပိုင်မူနင်မှာ ယင်းကို သောက်လိုက်ရသည်။ သို့ပေသိ သူ အလေးအနက်ထား ပြောပြရလျှင် ၎င်းမှာ သူက ဝမ်ကျင်း၏ စကား နားထောင်ခြင်း မဟုတ်ဘဲ သူ၏ ကျန်းမာရေးအတွက်သာ။

သူ ဖျားသွားလျှင် အလုပ်များ နှောင့်နှေးသွားနိုင်ရာ ယင်းက မထိုက်တန်ပေ။

သူက ဂျင်းပြုတ်ရည်ကို တစ်ကျိုက်တည်း မော့ချလိုက်သည်။ ဂျင်း၏ အစပ်အရသာသည် သူ့အရသာခံအာရုံကို ချက်ချင်း လွှမ်းမိုးသွားပြီး ထိုအပူရှိန်က ပါးစပ်မှအစပြု၍ ဗိုက်ထဲအထိ ရောက်သွားသည်။ မကြာမီမှာပင် သူ့ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးလာပြီး အအေးဓာတ် လုံးဝမရှိတော့ပေ။

“ဂျင်းပြုတ်ရည်အတွက် ကျေးဇူးတင်ပါတယ် ဒေါက်တာဝမ်” 
ပိုင်မူနင်က ယခုနက ဘာကြောင့် စိတ်ဆိုးနေသည်ကို လုံးဝ မေ့သွားပြီး ဝမ်ကျင်းကို အလွန်အမင်း ချီးကျူးခန်း ဖွင့်တော့သည်။ 

“ဒေါက်တာဝမ်က တကယ်ကို ချောမောပြီး ကြင်နာတတ်တဲ့ လူကောင်းပဲ... ရေလျှံသွားတာကို ကူရှင်းပေးရုံတင်မကဘူး ကျွန်တော့်ကို နွေးသွားအောင် ဂျင်းပြုတ်ရည်ပါ လုပ်ပေးတယ်... တကယ်ကို ပြီးပြည့်စုံတဲ့ အမျိုးသား” 

ဝမ်ကျင်းက အသံတိုးတိုးဖြင့် “အမ်း” ဟုသာ ဆိုပြီးနောက် ပန်းကန်ကို ယူ၍ ထွက်သွား၏။

“...?”

အရမ်းကို အေးစက်စက်နဲ့ ခပ်တန်းတန်းနိုင်တာပဲ... ဒီလောက်တောင် ချီးကျူးခန်း ဖွင့်ပေးခဲ့တာကို... ပြုံးပြလိုက်တာနဲ့ သေသွားမှာကျလို့...

ယနေ့ည အဖြစ်အပျက်များ အားလုံးပြီးသည့်နောက် ဝမ်ကျင်းအနေဖြင့် စာသင်ရာတွင် စိတ်ပါတော့မည် မဟုတ်ဟု ပိုင်မူနင် တွေးလိုက်လေသည်။ သို့သော် ဝမ်ကျင်းက ကုလားထိုင်တစ်လုံး ဆွဲယူပြီး သူ့ဘေးနားတွင် ဝင်ထိုင်ကာ ပြောသည်။
“ဆက်လုပ်”

သူ ဖုန်းထဲမှ ဂိမ်းတစ်ခု ဖွင့်လိုက်ချိန်မှာပင် ဝမ်ကျင်းက စာဆက်လုပ်ရန် ပြောလိုက်ခြင်း ဖြစ်သည်။

အို ဘုရားရေ... အခု ငါနဲ့ တွဲမိသွားတဲ့ အသင်းဖော်တွေက ငါ့ကို အသေသတ်ချင်နေလောက်ပြီ...

ပိုင်မူနင်က ကုလားထိုင်ပေါ်တွင် ခြေချိတ်ထိုင်နေပြီး သူ၏ရှည်လျားဖြူဖွေးသည့် ခြေထောက်များကို ဆန့်တန်းထားရာ လုံးဝအဖြောင့်ယောက်ျားတစ်ယောက်၏ ထိုင်‌ပုံအတိုင်းပင်။ 

သူက ဝမ်ကျင်းကို သနားစဖွယ် ကြည့်ပြီး ညင်သာစွာ ပြောသည်။
“ကျွန်တော် AFK လုပ်လိုက်ရင် အမဲလိုက်ခံရလိမ့်မယ်... ဒီတစ်ပွဲပြီးအောင် ကစားလို့ရမလား”

“ဒေါက်တာဝမ်...  á€€á€ťá€ąá€¸á€‡á€°á€¸á€•ဟုပဟဎး”

ဝမ်ကျင်း၏ အကြည့်က အပေါ်မှ အောက်သို့ ဖြတ်သန်းသွားပြီးနောက် မျက်နှာလွှဲကာ ပြောသည်။
“မိနစ်သုံးဆယ် ရမယ်”

“ကျေးဇူးတင်ပါတယ်... ဒေါက်တာဝမ်”

သူ ပြောပြီးသည်နှင့် ချက်ချင်းပင် သူ့အမြင်အာရုံထဲတွင် အဖြူရောင် အရိပ်တစ်ခု လင်းလက်သွားသည်။ ပိုင်မူနင် မြင်လိုက်သည်မှာ ဒေါက်တာဝမ်၏ အဖြူရောင်ကုတ်အင်္ကျီက သူ့ခြေထောက်များပေါ်သို့ ကျလာကာ ၎င်းတို့ကို တင်းတင်းကျပ်ကျပ် ဖုံးအုပ်ထားသည့် စောင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်ကိုပင်။

ငါတို့နှစ်ယောက်စလုံး ယောက်ျားတွေပဲလေ... ဒီလိုလုပ်ဖို့ တကယ်လိုအပ်ရဲ့လား...

သူတို့ကျောင်းရေချိုးခန်းက အခန်းဖွဲ့များ မဟုတ်ဘဲ ဟင်းလင်းနေရာဖြစ်သဖြင့် တစ်ယောက်နှင့်တစ်ယောက် အကုန်မြင်ဖူးပြီးဖြစ်‌၏။ ရှက်တတ်သူများကသာ ဖုံးကွယ်ရန် လိုအပ်တတ်ကြသည်။

နေပါဦး ဒါပေမဲ့ ငါက ဘာမှတောင် ပေါ်မနေဘူး...

ပိုင်မူနင်က စိတ်ရှုပ်ထွေးစွာ လှမ်းကြည့်လိုက်သည်။ ဝမ်ကျင်းကမူ လည်ချောင်းရှင်းလိုက်ရင်း ပြော၏။
 “မင်း အအေးမိမှာ စိုးလို့” 

“...?”

သို့သော် သူ တကယ်ပင် မအေးချေ။

မကြာမီမှာပင် ဂိမ်းစတင်လာသဖြင့် ပိုင်မူနင်သည်လည်း ထိုအကြောင်းကို ဆက်တွေးမနေတော့ပေ။

မကြာမီမှာပင် ဝမ်ကျင်း၏ဖုန်းက တုန်ခါလာပြီး ဗီဒီယိုခေါ်ဆိုမှု ပေါ်လာခဲ့၏။ ပိုင်မူနင်က လှမ်းကြည့်လိုက်ရာ ဖုန်းခေါ်သူအမည်မှာ မဒမ်ဖေးဟု ရေးထားသည်ကို တွေ့လိုက်ရသည်။

ဝမ်ကျင်းက မတ်တတ်ရပ်ကာ ဗီဒီယိုကောလ်ကို ဖြေရန် အပြင်ဘက်သို့ ထွက်သွားသည်။

သူ စကားတစ်ခွန်းမှ မပြောရသေးမီမှာပင် မေးခွန်းထုတ်သည့် အသံတစ်သံ ထွက်ပေါ်လာခဲ့၏။
 “သောကြာနေ့က စီစဉ်ပေးတဲ့ ကြင်ဖက်တွေ့ပွဲပြီးတဲ့နောက် မင်းနဲ့အတူ လမ်းလျှောက်သွားတဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးက ဘယ်သူလဲ”

“ငါ အခုပဲ ပြောထားမယ်... လုံးဝငြင်းဖို့ မစဉ်းစားနဲ့... ငါ့မှာ ဓာတ်ပုံတွေရှိတယ်... တစ်ယောက်ယောက်က ငါ့ဆီ ပို့‌ပေးပြီးပြီ”

“မင်းရဲ့အမေက အခု လူလိမ်ဖြစ်နေပြီဆိုတာ သိရဲ့လား... ငါ့လုပ်ဖော်ကိုင်ဖက်တွေထဲက တစ်ယောက်မှ ငါနဲ့ စကားမပြောချင်ကြတော့ဘူး”

“မြန်မြန်ရှင်းပြစမ်း... ဘာတွေဖြစ်နေတာလဲ... ငါ့မှာ သိပိုင်ခွင့်ရှိတယ်”

ဝမ်ကျင်းက ဖေးရှူးချန်ကို တိုက်ရိုက် မဖြေဘဲ စကားလမ်းကြောင်း လွှဲလိုက်၏။
“ဒါပဲလား... ဦးလေးဘက်က အခြေအနေတွေ ဘယ်လိုလဲ...ဆွေးနွေးပွဲက ချောချောမွေ့မွေ့ ဖြစ်ရဲ့လား”

ဖေးရှူးချန်မှာ သားဖြစ်သူ၏ စကားလမ်းကြောင်း လွှဲချမှုကို ခဏတာ မေ့လျော့သွားပြီး ဆွေးနွေးပွဲအကြောင်း ဆက်ပြောနေမိ၏။

ပြောပြီးသောအခါမှ သူစကားလမ်းကြောင်းလွှဲခံရကြောင်း သတိရသွားကာ မူလအကြောင်းအရာကို ပြန်ဆွဲယူလာသည်။
“စကားလမ်းကြောင်းလွှဲဖို့ မစဉ်းစားနဲ့... မင်းလူလည်လေး... အရင်တုန်းက မင်း အမေ့ကို လိင်တူကြိုက်တယ်လို့ ဖွင့်ပြောခဲ့တာ မဟုတ်ဘူးလား... မင်း တကယ်တမ်းကျတော့ မိန်းကလေးတွေကို ကြိုက်တာလား”

ဝမ်ကျင်းက လှမ်းကြည့်လိုက်ပြီး ပြော၏။
 “သူက မိန်းကလေး မဟုတ်ဘူး”

“ဪ ဒါဆို ယောကျာ်းလေးပေါ့... ဒါက မင်းအကြိုက်ပုံစံ ဖြစ်နေတာကိုး... အိမ်ခေါ်လာပြီး အမေ့ကို မိတ်ဆက်ပေးဖို့ စီစဉ်ထားလား... ဓာတ်ပုံထဲမှာ သူက တော်တော်ယဉ်ကျေးပုံရတယ်... အမေလည်း သူ့ကို သဘောကျပါတယ်”

ထိုအသံမှာ ရုတ်တရက် ရပ်တန့်သွားသည်။ ပိုင်မူနင်က ဝမ်ကျင်း အသံမုဒ်သို့ ပြောင်းလိုက်ပြီဟု တွေးလိုက်သည်။ ထိုနောက်ပိုင်းတွင် ဘာမှ မကြားရတော့ပေ။

ဝမ်ကျင်းက ဂိမ်းတစ်ပွဲစာ ကြာချိန်ခန့်အထိ ဖုန်းပြောနေခဲ့သည်။

သူ ဖုန်းချပြီး ပြန်ရောက်လာသည့်အခါ လက်ဗလာ မဟုတ်တော့ပေ။ အမျိုးသားအဝတ်အစားများ ပြည့်နေသည့် စျေးဝယ်အိတ်တစ်လုံး သယ်လာ၏။

ဝမ်ကျင်းက အိတ်ကို သူ့လက်ထဲထည့်ပေးရင်း ပြော၏။
 “ဒါတွေ ဝတ်လိုက်”

“ကျွန်တော့်အတွက် ဝယ်လာတာလား”

“မဟုတ်ရင် ဘယ်သူ့အတွက်လဲ”

ပိုင်မူနင်မှာ သူ့ခံစားချက်ကို တိတိပပ မဖော်ပြတတ်တော့ပေ။ သူ့အတွက် အဝတ်အစားအသစ် ဝယ်ပေးမည့်သူ မရှိသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ငယ်စဉ်က  á€žá€° နှစ်သစ်ကူးပွဲကို အများဆုံး စောင့်မျှော်ခဲ့ရ၏။ အဝတ်အစားသစ်၊ ခြေအိတ်အသစ်၊ ဖိနပ်အသစ်များဖြင့် အရာအားလုံးကို အစပြုနိုင်ပြီး အရာအားလုံးက အသစ်ဖြစ်နေသလို ခံစားရသည်။

သို့သော်လည်း မိဘများ ဆုံးပါးသွားပြီးနောက် သူ မိဘမဲ့ ဖြစ်လာချိန်တွင် သူ့အတွက် အဝတ်အသစ် ဝယ်ပေးမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိတော့ပေ။

အိမ်နီးချင်း အဒေါ်များကသာ သူများကလေးများ ဝတ်မရတော့သည့် အဝတ်အစားနှင့် ဖိနပ်များကို လက်ဆင့်ကမ်း ယူလာပေးကြ၏။ ကောလိပ်ရောက်မှသာ သူကိုယ်တိုင် အဝတ်အစားများ စတင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်သည့်တိုင် ဈေးကြီးသည့်အရာများ မဟုတ်ဘဲ၊ နာမည်ကျော် ရှီးရှီးအွန်လိုင်းပလက်ဖောင်းမှ ဈေးပေါပေါပစ္စည်းများသာ ဖြစ်၏။

အစောပိုင်းက သူဝတ်ထားသည့် ရှပ်အင်္ကျီကလည်း ထို ရှီးရှီးဝက်ဘ်ဆိုက်မှပင် ဖြစ်သည်။ နှစ်ထည်ကို ယွမ်သုံးဆယ်ဖြင့် ပို့ဆောင်ခ အခမဲ့ ရခဲ့၏။

ထိုအဝတ်များမှာ နေ့စဉ်ဝတ်ရန် အဆင်ပြေသော်ငြား ရေစိုသွားသည်နှင့် လုံးဝကို ထိုးဖောက်မြင်နိုင်သွားတော့သည်။
(TN - ပါးလွန်းလို့ တစ်ကိုယ်လုံးဘာမှမဝတ်ထားသလို မြင်နေရတာပြောတာပါ)

ပိုင်မူနင်က သူ့အားကစားအင်္ကျီမှ ဦးထုပ်ကို ညင်သာစွာ ထိကြည့်လိုက်သည်။ အထည်သားက နူးညံ့ပြီး သေသပ်၏။ ဈေးကြီးပုံရသည်။

ဝမ်ကျင်း လှည့်ထွက်သွားသဖြင့် ပိုင်မူနင် စတင် အဝတ်လဲလိုက်၏။ ဝမ်ကျင်းက သူ့အတွက် အတွင်းခံဘောင်းဘီတစ်စုံပင်ဝယ်လာပေးသည်။ ယင်းက ကာတွန်းရုပ်ပုံများ မပါသော ရိုးရိုးအဖြူရောင် ဘောင်းဘီတို(boxer) တစ်ထည်ပင်။

အဝတ်အစားလဲဝတ်ပြီးနောက် ပိုင်မူနင်က စောင့်ကြည့်ကိရိယာကို လှမ်းကြည့်လိုက်ပြီး တစ်ကိုယ်လုံး အေးခဲသွားသည်။ ဆွေးနွေးခန်းတိုင်းတွင် စောင့်ကြည့်စက်များ တပ်ဆင်ထားသည်။ ၎င်းမှာ ဆရာဝန်များကို ကာကွယ်ရန် နည်းလမ်းတစ်ခုဖြစ်၏။ အရာအားလုံးကို မှတ်တမ်းတင်ထားသဖြင့် နားလည်မှုလွဲမှားခြင်း မရှိနိုင်‌တော့ပေ။

သို့သော် ပိုင်မူနင် ယခုတွေးနေသည်မှာ နားလည်မှုလွဲခြင်း မဟုတ်ပေ။ သူက အဖော်အချွတ်သမားများ ဖြစ်သွားပြီလားဟု စဉ်းစားမိနေခြင်းသာ။

သို့မဟုတ်လျှင်လည်း တစ်နေ့နေ့တွင် တစ်ယောက်ယောက်က စောင့်ကြည့်ဖိုင်ကို ပြန်ကြည့်ရန် လိုအပ်လာပြီး သူ့ကို ကင်မရာထဲမှာ မိသွားပါက လူမှုဆက်ဆံရေးဆုံးရှုံးသွားရတော့မည်လားဟု တွေးလိုက်မိသည်။

ထိုအရာကို သူ စိတ်ကူးထဲပင် ထည့်မရဲပေ။ ကြောက်စရာ ကောင်းလှသည်။

ဝမ်ကျင်း ပြန်ဝင်လာသည့်အခါ ပိုင်မူနင် စတင်ပြောလိုက်သည့် ပထမဆုံး စကားမှာ “ဒေါက်တာဝမ်.. ကျွန်တော် ရိုက်ကူးခံလိုက်ရတယ်... ဒီဆွေးနွေးခန်းက မှတ်တမ်းဖိုင်တွေကို သေချာလေးဖျက်ပေးပါနော်” ဟူ၍ပင် ။

ဝမ်ကျင်းက မော်နီတာကို လှမ်းကြည့်လိုက်သည်။ သူ ဘာစဉ်းစားနေသည်ကို မည်သူမှ မသိနိုင်‌ချေ ။ ခဏအကြာမှ သူက လက်ခံကြောင်း ပြန်ဖြေလာ၏။

အဝတ်အစား ဝတ်ပြီးသွား၍ ပိုင်မူနင် ထွက်သွားရန် ပြင်ဆင်လိုက်သော်လည်း ဝမ်ကျင်းက တားမြစ်လိုက်ပြီး ပြောလိုက်သည်။
 “ခုထိ စောသေးတယ်” 

ပိုင်မူနင်က အချိန်ကို ကြည့်လိုက်ပြီး စိတ်ထဲမှ တွေး၏။ 
သာ့ကောရေ ည ၈ နာရီထိုးတော့မယ်လေ... ဘယ်မှာ စောတာလဲ...

သူ စိတ်ထဲ၌ ထိုသို့ တွေးမိသော်လည်း ပါးစပ်မှ ပြောလိုက်သည့်စကားမှာမူ လုံးဝ ကွဲပြားနေသည်။
“ဪ ဟုတ်သားပဲ... စောသေးတာပဲ”

သူက နာခံမှုရှိစွာ ပြန်ထိုင်လိုက်ပြီး ဝမ်ကျင်းနှင့် အပြည့်အဝ ပူးပေါင်း ဆောင်ရွက်လိုက်လေ၏။

ဒီလူက အဝတ်တောင် ဝယ်ပေးထားတာပဲ... စာသင်တာ နည်းနည်းပါးပါး နားထောင်ပေးလိုက်ရုံနဲ့ ဘာဖြစ်သွားမှာလဲ...

“အခြေခံတွေအားလုံးကို တစ်ခါတည်း နားလည်ဖို့ ခက်တယ်ထင်ရင် သွေးခုန်နှုန်း စမ်းနည်းကို စသင်ပေးမယ်”

“ဟုတ်ကဲ့ ခက်တယ်.. သွေးခုန်နှုန်း စမ်းနည်းကို သင်ချင်တယ်” 

ပိုင်မူနင်က တရုတ်ရိုးရာ ဆေးပညာကို လက်ချောင်းထိပ်လေးနှင့် စမ်းရုံဖြင့် မည်သည့်ရောဂါရှိမှန်း သိနိုင်သော ဆန်းကြယ်သည့် အရာတစ်ခုဟု အမြဲထင်မှတ်ထားခြင်းပင်။

အံ့သြစရာအကောင်းဆုံးအပိုင်းမှာ ဘာများစားထားသည်အထိ သူတို့ပြောပြနိုင်ခြင်းပင်။

အံ့ဩစရာ... သူတို့ ဘယ်လိုများ သိနိုင်ရတာလဲ... 

သူ အလွန်တရာမှ သိချင်နေမိ၏။

“မင်းရဲ့ ဘယ်ဘက်လက်ကိုပေး”

ပိုင်မူနင်က နာခံစွာ လက်ဆန့်ထုတ်ကာ စားပွဲပေါ် တင်လိုက်သည်။ ဝမ်ကျင်းက ဘောပင်တစ်ချောင်း ထုတ်ယူပြီး သူ့လက်ကောက်ဝတ်ပေါ်၌ စတင် ရေးသားလေသည်။

အနည်းငယ် ယားယံလာ၏။ ပိုင်မူနင်က သူ့လက်ကို ပြန်ဆွဲထုတ်ရန် ကြိုးစားလိုက်သော်လည်း ဝမ်ကျင်းက သူ၏ လက်ဖဝါးကို ဖိထားလိုက်ပြီး သူတို့လက်ချောင်းများအချင်းချင်းကို သဘာဝကျကျပင် သွယ်ယှက်လိုက်ကာ ပြောလိုက်သည်။

 “ခဏလေး စောင့် ပြီးတော့မှာပါ” 

ပိုင်မူနင်က ဝမ်ကျင်းရေးနေသည်ကို ကြည့်ရန် အနားသို့ ငုံ့လိုက်ရာ သူတို့နှစ်ဦး အလွန်နီးကပ်သွားပြီး သူ၏ မေးစေ့က ဝမ်ကျင်း၏ လက်မောင်းပေါ်၌ တင်မိလုနီးပါး ဖြစ်သွားသည်။

“ဘာတွေရေးထားတာလဲ”

ဝမ်ကျင်းက ရှင်းပြ၏။
“ဘယ်ဘက်လက်က ယင်(Yin)ကို ကိုယ်စားပြုတယ်... သွမ့်သွေးခုန်နှုန်းက နှလုံးနဲ့ ဆက်စပ်နေတာ... ကွမ်းသွေးခုန်နှုန်းက အသည်းနဲ့ ဆက်စပ်တယ်... ချီသွေးခုန်နှုန်းကတော့ ကျောက်ကပ်နဲ့ ဆက်စပ်နေတယ်”

[သွမ့် or ချွန်း(Cun)-လက်ညှိုးနဲ့သွေးခုန်နှုန်းစမ်းရတဲ့နေရာပါတဲ့  á€€á€˝á€™á€şá€¸ (Guan)- လက်ခလယ်  á€á€ťá€Ž(Chi)-လက်သူကြွယ်]

ထို့နောက် ဝမ်ကျင်းက ပိုင်မူနင်၏ ညာဘက်လက်ကိုယူကာ ဘယ်ဘက်လက်ဘေးတွင် ထားပြီး ထိုလက်ပေါ်တွင်လည်း စတင် ရေးသားသည်။

လက်နှစ်ဖက်စလုံး ထိန်းချုပ်ခံထားရသဖြင့် ပိုင်မူနင်၏ ခန္ဓာကိုယ်က ဝမ်ကျင်းနှင့် ပို၍ပင် နီးကပ်သွား၏။

ဝမ်ကျင်းက ရေမွှေးမသုံးသော်ငြား သူ့ခန္ဓာကိုယ်ရနံ့မှာ ခါးသက်ကြမ်းတမ်းခြင်းမရှိဘဲ သင်းပျံ့သော လတ်ဆတ်သည့် ဆေးဖက်ဝင် အနံ့အသက်လေးသာ သင်းနေသည်။

ထိုအရာက မည်သည့် ဆေးပင်ဖြစ်သည်ကို သူ လုံးဝ မသိချေ။

ပိုင်မူနင်က တရုတ်ရိုးရာ ဆေးပညာကို သင်ယူပြီးသည်နှင့် ဆေးဖက်ဝင်အပင်များမှ ရေမွှေးတစ်မျိုး ဖန်တီးရမည်ဟု တွေးလိုက်သည်။

“ညာဘက်လက်က ယန် (Yang) ကို ကိုယ်စားပြုတယ်... သွမ့်သွေးခုန်နှုန်းက အဆုတ်နဲ့ ဆက်စပ်နေတယ် ... ကွမ်းသွေးခုန်နှုန်းက သရက်ရွက်နဲ့ ဆက်စပ်ပြီးတော့ ချီသွေးခုန်နှုန်းကတော့ ကျောက်ကပ်နဲ့ ဆက်စပ်‌နေတယ်”

သူ့ခေါင်းကို မတ်မတ်ထားရသည်မှာ ပင်ပန်းလာသဖြင့် ပိုင်မူနင်က လက်လျှော့လိုက်ပြီး မေးစေ့ကို ဝမ်ကျင်း၏ လက်မောင်းပေါ်၌ တင်လိုက်တော့သည်။

“ကျောက်ကပ်က ဘာလို့နှစ်ခုဖြစ်နေတာလဲ”
ပိုင်မူနင်က စူးစမ်းလိုစိတ် အပြည့်ဖြင့် မေးလိုက်၏။

ဝမ်ကျင်း၏ လက်မောင်းကြွက်သားများ တင်းမာသွားသည်။ မေးစေ့ တင်ထားခံရသည်မှာ သက်တောင့်သက်သာ မရှိလှပေ။ သို့သော်လည်း ပိုင်မူနင်က ရွှေ့မသွား‌ချေ။

ဝမ်ကျင်းက သူ့ကို လှည့်ကြည့်ကာ ရွှေ့ရန် မပြောဘဲ မသိသယောင် ဆက်ပြော၏။
 “ကျောက်ကပ်အားနည်းတာက ကျောက်ကပ်ယန်အားနည်းတာရယ် ကျောက်ကပ်ယင်အားနည်းတာရယ်ဆိုပြီး နှစ်မျိုး ခွဲထားတယ်... ဒါကြောင့် နှစ်ခု ရှိနေတာပေါ့”

“ဘယ်ဘက်လက်ကောက်ဝတ်ပေါ်က ဒီအမှတ်သုံးခုကလည်း အပေါ်၊ အလယ်နဲ့ အောက် ကျောင်း...”

[ 焦 ကျောင်း (jiao)-ခန္ဓာကိုယ်ရဲ့ စွမ်းအင် (Qi) ဖြန့်ဝေတဲ့နေရာတွေပါတဲ့]

ပိုင်မူနင်မှာ နောက်တစ်ကြိမ် ငိုက်မြည်းလာပြန်သည်။ ဤအချိန်၌ သူက ဝမ်ကျင်း၏ အသံတွင် မေ့ဆေးလို အာနိသင် တစ်မျိုးမျိုး ပါနေသလားဟု သံသယဝင်လာ၏။ သို့မဟုတ်ပါက သူ၏စကားကို နားထောင်တိုင်း အမြဲ အိပ်ချင်နေမည်မဟုတ်ပေ။

ထိုအခြေအနေမှ ရုန်းထွက်ရန် ကြိုးစားရင်း သူ အတင်းအကျပ် နိုးနေအောင် ကြိုးစား‌ရ၏။ ဝမ်ကျင်းက သူ၏လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်ပြီး ပြောလိုက်သည်။
“အခု ကိုယ်မှတ်ပေးထားတဲ့ သွေးခုန်နှုန်းနေရာတွေကို လိုက်ပြီး မင်းကိုယ်တိုင် သွေးခုန်နှုန်းကို စမ်းကြည့်လို့ ရပြီ” 

“တရုတ်ရိုးရာ ဆေးပညာမှာ ရောဂါရှာဖွေတာကို သွေးခုန်နှုန်းပေါ် မူတည်ပြီးလုပ်တာ... သွေးခုန်နှုန်းရဲ့ အား၊ အမြန်နှုန်းနဲ့ စည်းချက်တွေက မတူညီတဲ့ ရောဂါလက္ခဏာတွေကို ပြတယ်”

မျှော်လင့်ထားသည့်အတိုင်း လက်တွေ့ကျင့်ခြင်းက အပျော်ရွှင်ရဆုံးပင်။ ပိုင်မူနင်က ချက်ချင်း စိတ်ဝင်စားသွားပြီး သူ့ကိုယ်သူ သွေးခုန်နှုန်း စမ်းကြည့်တော့သည်။

လက်ချောင်းသုံးချောင်းကို လက်ကောက်ဝတ်ပေါ် ဖိနှိပ်ထားပြီး စည်းချက်ကို ခံစားနိုင်ရန် အာရုံစိုက်လိုက်၏။

ဘယ်ဘက်လက် ပြီးသည်နှင့် ညာဘက်သို့ ပြောင်းလိုက်သည်။ မကြာမီတွင် သူက ဝမ်ကျင်းကို မေးခွန်း စတင်ထုတ်၏။
 “ကျွန်တော့်ရဲ့ ဘယ်ဘက်လက်ကောက်ဝတ်က ချီသွေးခုန်နှုန်းကို ဘာလို့ မခံစားနိုင်ရတာလဲ”

လက်ကောက်ဝတ်နှစ်ဖက်လုံးတွင် သူ၏ လက်ချောင်းထိပ်များအောက်၌ သွေးခုန်နှုန်းကို စမ်းမိသော်ငြား ဘယ်ဘက် ချီ သွေးခုန်နှုန်းကမူ လုံးဝ ပျောက်ကွယ်သွားသလို ခံစားရသည်။

ဝမ်ကျင်း၏ နှုတ်ခမ်းထက် အပြုံးပန်းဝေသွား၏။ 
“မင်းကို ကျောက်ကပ်အားနည်းတာကြာပြီလို့ ပြောခဲ့သားပဲ မင်းက မယုံခဲ့ဘူးလေ”

ဘာလို့ အရင်အကြောင်းတွေကို ထပ်ထည့်‌ပြောနေရတာလဲ... ငါတို့ ဒီလောက် ရင်းနှီးနေမှတော့ ငါ့ကို မျက်နှာသာ နည်းနည်းပါးပါး ပေးလို့ မရဘူးလား...

“ကျွန်တော် မယုံဘူး... ခင်ဗျားရဲ့ သွေးခုန်နှုန်းကို စမ်းကြည့်မယ်”

ဝမ်ကျင်းက သူ၏ ဘယ်ဘက်လက်ကောက်ဝတ်ကို ဆန့်ထုတ်ပေးလိုက်သဖြင့် ပိုင်မူနင်က ကိုင်ကာ သွေးခုန်နှုန်း စစ်ဆေးရန် ညင်သာစွာ ဖိလိုက်သည်။

သွေးခုန်နှုန်းက အားကောင်းပြီး မှန်နေ၏။ သူ၏ လက်ချောင်းတိုင်းက ခုန်နေသည့် စည်းချက်ကို ရှင်းလင်းစွာ ခံစားနိုင်ပြီး အထူးသဖြင့် ချီသွေးခုန်နှုန်းက ပိုမို အားပြင်းနေသည်။

ချီသွေးခုန်နှုန်းသည် ကျောက်ကပ်နှင့် ဆက်စပ်၏။ တစ်နည်းအားဖြင့် ဝမ်ကျင်း၏ ကျောက်ကပ်များမှာ အလွန်ကောင်းမွန်သည့် အခြေအနေတွင် ရှိသည်။

ပိုင်မူနင်က မကျေနပ်ပေ။ ယုတ္တိကျကျဆိုရပါက ဝမ်ကျင်းမှာ အသက် သုံးဆယ်ကျော်ပြီဖြစ်ရာ သူ့ကျောက်ကပ်က ပိုင်မူနင်လို လူငယ်တစ်ဦးထက် ပိုကောင်းရန်မှာ မဖြစ်နိုင်ပေ။

ဒါဆို ဘာလို့ ငါက ကိုယ့်ဘာသာကျ မခံစားနိုင်ရတာလဲ...

လုံးဝ မမျှတဘူး...

သူက လက်ချောင်းများကို သူ့ကိုယ်ပိုင် ဘယ်ဘက်ချီ သွေးခုန်နှုန်းပေါ် ပြန်တင်လိုက်သော်လည်း ဘာမှ မခံစားရပေ။

ငါ တကယ်ပဲ ကျောက်ကပ် အားနည်းနေတာလား...

ဝမ်ကျင်း၏ ချီသွေးခုန်နှုန်းကို တစ်ဖန်ပြန်ဖိနှိပ်ရင်း ပိုင်မူနင်တွင် ဝန်ခံရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ ဆယ့်နှစ်နှစ် ပိုအသက်ကြီးသော်လည်း ဝမ်ကျင်း၏ ခန္ဓာကိုယ်မှာ သူ့ထက် အများကြီး ပိုကျန်းမာနေသည်။

သူ၏ လက်ချောင်းများ သွမ့်သွေးခုန်နှုန်းပေါ် ကျရောက်သည့်အခါ ပိုင်မူနင် တစ်ခုခု ထူးခြားနေသည်ကို သတိပြုမိသွား၏။ ဝမ်ကျင်း၏ နှလုံးခုန်နှုန်းက ပိုအားကောင်းပြီး ပိုမြန်နေကာ စိတ်လှုပ်ရှားနေသလိုပင်။
“ဒေါက်တာဝမ်... ခင်ဗျားရဲ့ နှလုံးခုန်နှုန်းက တော်တော်မြန်နေတယ်နော်”

ဝမ်ကျင်းက မဖြေပေ။ သူ၏လက်ကို ပြန်ဆွဲယူလိုက်ပြီး ပြောလိုက်သည်။
“တော်ပြီ နောက်ကျနေပြီ.. ကိုယ်မင်းကို လိုက်ပို့ပေးမယ်” 

“…?”

ဒါပဲလား... ငါ လုံလောက်အောင်တောင် မစမ်းလိုက်ရသေးဘူး...

အဆောင်သို့ ပြန်ရောက်သည့်အခါ ပိုင်မူနင်က ကိုယ်လက်သန့်စင်ပြီး အိပ်ရာပေါ် လှဲချလိုက်ရင်း ယနေ့အဖြစ်အပျက်များကို စိတ်ထဲ ပြန်လည် တွေးနေလိုက်သည်။

ရေပိုက်ခေါင်း ကျိုးသွားပုံနှင့် သူ မည်မျှ ရယ်စရာကောင်းခဲ့သည်ကို တွေးမိရင်း အသံထွက် ရယ်မောမိ၏။

လီအန်းချီမှာ မျက်နှာသစ်၍ ပြီးကာစ ဖြစ်သည်။ ပိုင်မူနင်၏ ရယ်သံကြားသဖြင့် သူက စပ်စုစွာ မေး၏။
 “နင်အာ မင်း ဘာရယ်နေတာလဲ”

“ဘာမှမဟုတ်ပါဘူး” 

ပိုင်မူနင်က သမ်းလိုက်ရင်း ပြောလိုက်သည်။
“ငါ အိပ်ချင်နေပြီ... အိပ်တော့မယ်” 

လီအန်းချီက မီးပိတ်လိုက်ပြီး ပြောလိုက်သည်။
“အိပ်တော့ မနက်ဖြန်လည်း အလုပ်သွားရဦးမယ်” 

အခန်းက မှောင်မိုက်သွားသော်ငြား ပိုင်မူနင်မှာ ရုတ်တရက် အိပ်မပျော်နိုင်တော့ပေ။

သူ မျက်လုံးမှိတ်လိုက်သည်နှင့် ယနေ့ ဖြစ်ပျက်ခဲ့သမျှကိုသာ မြင်နေရတော့သည်။

သူ အိပ်ပျော်လာမည့်အချိန်ကို စောင့်ရင်း လှဲနေသော်လည်း အိပ်ပျော်မလာပေ။ ထို့ကြောင့် လီအန်းချီ နိုးနေသေးသလားဟု မေးပြီး စကားပြောကြည့်ရန် တွေးလိုက်သည်။

သို့သော် လီအန်းချီမှာ အလွန်မြန်မြန် အိပ်ပျော်သွားသဖြင့် ဟောက်သံပင် ထွက်နေချေပြီ။

သူ၏ မျက်လုံးများက ပြတင်းပေါက်ဆီသို့ ရောက်သွား၏။ သူတို့ လိုက်ကာ ပိတ်ရန် မေ့နေခဲ့ကြသည်ပင်။ သူ လှဲနေသည့် နေရာမှနေ၍ ပိုင်မူနင်သည် အပြင်ဘက်၌ ဆီးနှင်းများ ထူထဲစွာ ကျနေသည်ကို မြင်ရသည်။

ပိုင်မူနင်က အိပ်ရာမှထကာ ပြတင်းပေါက်ထံသို့ လျှောက်သွားပြီး ဆီးနှင်းကျနေသည်ကို ကြည့်နေလိုက်သည်။ နှင်းပွင့်များက အဆုံးမရှိ လွင့်မျောကျဆင်းနေပြီး မကြာခင်မှာပင် လမ်းမများနှင့် အဆောက်အအုံများကို အဖြူရောင် အလွှာတစ်ခု ဖုံးလွှမ်းသွားသည်။ မြို့တစ်မြို့လုံး အဖြူရောင်သို့ ပြောင်းလဲသွားချေပြီ။

သူတို့ ပြန်လာခဲ့စဉ်က နှင်းကျမည့် အရိပ်အယောင်ပင် မရှိခဲ့သော်ငြား ခဏလေးအတွင်းမှာပင် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

ထိုအချိန်တွင် ပိုင်မူနင်၌ ထိုအခိုက်အတန့်ကို မျှဝေချင်သည့်စိတ် ပြင်းပြစွာ ဝင်လာသည်။ သူက ဖုန်းကို ထုတ်ယူပြီး ဝမ်ကျင်းထံ စာတိုတစ်စောင် ပို့လိုက်သည်။

ဝမ်ကျင်း အိပ်နေပြီလားဆိုသည်ကို သူ မသိသော်ငြား စာပို့ပြီးနောက် ပိုင်မူနင်က အကြောင်းပြန်ကို စောင့်ရင်း ပြတင်းပေါက်ဘေး၌ နှင်းများကို ကြည့်နေသည်။

စာရောက်သွားသော်လည်း အချိန်အတော်ကြာသည်အထိ အကြောင်းပြန်မလာပေ။

အိပ်သွားပြီလား...

ပိုင်မူနင်က သံသယအပြည့်ဖြင့် သူ၏ဖုန်းကို ဖွင့်လိုက်သည်။ သူ ပို့ထားသည့် စာတိုကို မြင်လိုက်သည့်အခါ သူ တောင့်တောင့်ကြီး ဖြစ်သွား၏။

[ပိုင်မူနင်: ဒီမှာ နှင်းကျနေတယ်... ဒေါက်တာဝမ် ဟိုဘက်မှာရော ကြီးရဲ့လား]

အား အား အား အား အား!!!

“နှင်းကျတာ” ဆိုတဲ့ စကားလုံးတွေကို ဘယ်ကောင်စားသွားတာလဲဟ...


💊💊💊

သေပါပြီ😆💊Chapter 25
ကြည့်ချင်လား


နှစ်မိနစ်ကျော်သွား၍ ပြန်ဖျက်မရတော့သည့် စာကြောင့် ပိုင်မူနင်သည် ပို၍ပင် သတိတကြီး ဖြစ်သွားလေသည်။

ငါ့လက်တွေက ထိခိုက်ထားလို့လား... ဘာလို့စကားလုံးနှစ်လုံး ပျောက်နေရတာလဲ...

ငါ စာရိုက်နေချိန်မှာ ဖုန်းက အဲဒီစကားလုံးတွေကို အလိုအလျောက် ဆင်ဆာဖြတ်လိုက်တာလား...

ဝမ်ကျင်း မြင်သွားပြီးလျှင် မည်သို့ ခံစားရမမည်ကို ပိုင်မူနင် သေချာမသိပေ။ သူ့အား နှာဘူးဟု ထင်သွားမည်လားဟု တွေးနေမိသည်။

သူ သူ့ကိုယ်သူ နှစ်သိမ့်ရန် ကြိုးစားလိုက်၏။ 

ဒါက အဲဒီလောက်တောင် အရေးကြီးလို့လား... သူက အထူးစကားလုံးတွေဖြစ်တဲ့ “ဒီမှာ နှင်းကျနေတယ်”ဆိုတာကို ရှေ့မှာ ထည့်ထားတာပဲမလား... ဒါက ညစ်ညမ်းမနေပါဘူး... ဘာကြီးတာလဲ  á€™á€ťá€€á€şá€œá€Żá€śá€¸áŠ နားရွက်၊ လက်၊ ခြေထောက် ဒါမှမဟုတ် နှင်းပွင့်...

အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည့် နည်းလမ်းများစွာ ရှိသည်ပင်။ ထိုနည်းတစ်ခုတည်းသာ ဖြစ်ရမည်ဟု မဆိုလိုပေ။

ဝမ်ကျင်းက ဆရာဝန်တစ်ဦးဖြစ်သလို လူကြီးလူကောင်းတစ်ဦးပင်။ အကျင့်ပျက်နေသည့် လူတစ်ယောက်၏ မစင်ကြယ်သည့် အတွေးမျိုးကို သူ တွေးနိုင်စရာအကြောင်းမရှိ။

ထိုသူက စင်ကြယ်လွန်းသူ၊ အလွန်ဖြူစင်သူဖြစ်ပြီး အဓိပ္ပာယ်ကို အထွန့်မကောက်လောက်ပေ။

ပိုင်မူနင်က သူ့ကိုယ်သူ နှစ်သိမ့်ရင်း ငြိမ်သက်သွားကာ အိပ်တော့မည့်အချိန်၌ တိတ်ဆိတ်နေသော သူ၏ဖုန်းထဲသို့ စာအသစ်တစ်စောင် ရောက်လာသည်။ ထိုစာကို ဖတ်ပြီးနောက် သူ လုံးဝ ပြိုလဲသွားလေ၏။

[ဝမ်ကျင်း: တော်တော်ကြီးတယ်... မင်း ကြည့်ချင်လား]

အဲဒီ့လူကို သရဲဝင်ပူးနေတာလား... ဒါက ဘယ်လိုညစ်ပတ်တဲ့ စကားမျိုးလဲ...

ပိုင်မူနင်၏ စိတ်ထဲရှိ ပြီးပြည့်စုံသည့် ဝမ်ကျင်း၏ ပုံရိပ်မှာ တစ်ကိုယ်တော်ယောကျ်ားကောင်းတစ်ဦးဘဝမှ ညစ်တီးညစ်ပတ်အကျင့်ပျက်နှာဘူးတစ်ဦးအဖြစ်သို့ တစ်ခဏချင်း ပြိုလဲကျသွားသည်။

ဒီလူက အဆိပ်ပြင်းတာပဲ... ဘာကိုကြည့်ရမှာလဲ... ခင်ဗျားကို ဘယ်သူက ကြည့်ချင်လို့လဲ...

ယုတ်မာတယ်... နှာဘူးကျတယ်... အမှိုက်လိုလူ…

ပိုင်မူနင်က သူ၏ဖုန်းကို ပိတ်လိုက်ပြီး ဝမ်ကျင်းကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်သည်။

ဝမ်ကျင်းက မည်သို့မည်ပုံ ဤနည်းအဖြင့် အဓိပ္ပာယ်ကောက်နိုင်ရသည်ကို သူ နားမလည်နိုင်ဖြစ်နေ၏။

သို့မဟုတ် ဝမ်ကျင်းမှာ အစကတည်းက နှာဘူးကောင်ဖြစ်‌နေပြီး ယခုမှ ဖုံးကွယ်ထားသမျှ ပေါ်လာခြင်းပေလား။

မျက်လုံးများ မှိတ်ထားသော်လည်း ပိုင်မူနင်ခမျာ ဘယ်လိုမှ အိပ်မပျော်နိုင်ချေ။ ဒေါသထွက်ကာ ထထိုင်လိုက်ပြီး ဝမ်ကျင်းကို ဆဲဆိုရန် ဖုန်းကို ဆွဲယူလိုက်သည်။

သို့သော် ဝမ်ကျင်း၏ ဗီဒီယိုကောလ်ခေါ်ဆိုမှုက ဦးစွာ ရောက်လာခဲ့၏။

ဗီဒီယိုကောလ်က ရုတ်တရက် ပေါ်လာသဖြင့် ပိုင်မူနင် အံ့အားသင့်သွားသည်။ သူ တွေးလိုက်သည်။
ဒီအချိန်ကြီး ဝမ်ကျင်းက ဘာလို့ ဗီဒီယိုကောလ် ခေါ်နေရတာလဲ...

လီအန်းချီမှာ အိပ်နေဆဲဖြစ်သဖြင့် ပိုင်မူနင်က ဖုန်းကို ဆွဲယူကာ အမြန်ဆုံး အိမ်သာသို့ ပြေးသွားလိုက်သည်။

သူတို့ကျောင်းအဆောင်မှာ အလွန်ဟောင်းနွမ်းလှသဖြင့် အခန်းများတွင် သီးသန့်ရေချိုးခန်းများ မရှိပေ။ မျက်နှာသစ်သည့်နေရာ၊ အိမ်သာနှင့် အဝတ်လျှော်ခန်းများအားလုံးက အများသုံးသာ ဖြစ်သည်။

ညဆယ့်တစ်နာရီကျော်နေပြီ ဖြစ်သဖြင့် ယောကျာ်းလေးအများစုမှာ အခန်းထဲ၌ အိပ်နေကြလျှင်အိပ် သို့မဟုတ် ဂိမ်းကစားနေကြသည်ဖြစ်ရာ မျက်နှာသစ်သည့်နေရာမှာ လူရှင်းနေပြီး အနည်းငယ် ကျောချမ်းဖွယ်ဖြစ်နေ၏။

ဗီဒီယိုခေါ်ဆိုမှုက ဆက်ရှိနေဆဲပင်။ ပိုင်မူနင်က မသိစိတ်အရ သူ့ဆံပင်ကို သပ်ရပ်အောင် ပြင်လိုက်ပြီးနောက် “လက်ခံမည်” ကို နှိပ်လိုက်သည်။

သူ ချက်ချင်း နောင်တရသွားသည်။ 

ညကြီးမင်းကြီး ဘာလို့များ ဖုန်းကို ကောက်ကိုင်မိရတာလဲ... ငြင်းလိုက်သင့်တာ...

ပြီးတော့ ဘာလို့ အိမ်သာကို ရောက်လာရတာလဲ... ခဲမတတ် ချမ်းနေပြီလေ...

လက်ပိုက်လိုက်ပြီး ပိုင်မူနင်က လည်ချောင်းရှင်းလိုက်ကာ စိတ်ဆိုးမာန်ဆိုး လေသံဖြင့် အေးစက်စွာ မေးလိုက်၏။
“ဟေး ခင်ဗျား ကျွန်တော့်ကို ဗီဒီယိုကောလ် ဘာလို့ ခေါ်တာလဲ”

မျက်နှာပြင်ပေါ်ရှိ ဝမ်ကျင်းမှာ ရေချိုးပြီးကာစဖြစ်ပုံပေါ်၏။ သူ၏ ဆံပင်များမှာ ရေများ စိုရွှဲကျနေဆဲပင်။ သူက ရေချိုးဝတ်စုံကို ဝတ်ထားပြီး ခါးပတ်ကို သေချာချည်ထားသော်လည်း သူ၏ ညှပ်ရိုးများနှင့် ရင်ဘတ် တစ်စိတ်တစ်ပိုင်းမှာ ပေါ်နေသေးသည်။

ပုံမှန်အားဖြင့် ဝမ်ကျင်းက အမြဲလိုလို အဖြူရောင်ရှပ်အင်္ကျီများကိုသာ ဝတ်ဆင်လေ့ရှိသည်။ သူ၏ ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန်မှာ လုံးဝ ဖုံးကွယ်ထားသဖြင့် အဝတ်အစားနှင့်သူ  á€Ąá€śá€€á€­á€Żá€€á€şá€–ဟစ်န္သည်ကိုသဏ ကြည့်ကာ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ဝိုးတဝါး ခန့်မှန်းခဲ့ရ၏။

တစ်ချက်မြင်လိုက်ရရုံဖြင့် ပိုင်မူနင်မှာ အံ့သြကာ ချီးကျူးမိသွား၏။ ဝမ်ကျင်း၏ခန္ဓာကိုယ်မှာ အလွန်ကောင်းမွန်လွန်းလှသည်။

ထိုသူက သုံးဆယ်ကျော်နေသော်လည်း ဝိတ်မတက်ပေ။
ပုံမှန် လေ့ကျင့်ခန်းလုပ်တာများလား…

ဝမ်ကျင်းက အသာအယာ ရယ်လိုက်သည်။ သူက မတ်တတ်ရပ်ကာ ရေခဲသေတ္တာထဲမှ ရေသန့်ဘူးတစ်ဘူး ထုတ်ယူပြီး တစ်ငုံသောက်လိုက်ကာ ပြောလိုက်သည်။

“ဘာလဲ ကိုယ် မင်းကို ဆက်သွယ်လို့ မရဘူးလား” 

ပိုင်မူနင်က ဖုန်းတစ်ဖက်ခြမ်းရှိ ဝမ်ကျင်းကိုသာ မျက်တောင်မခတ်စတမ်း ကြည့်နေမိ၏။ သူ ရေသောက်သည့် လှုပ်ရှားမှု တစ်ခုမျှကိုပင် မလွတ်သွားစေချင်ပေ။

သူ ဝန်ခံရပေမည်။ ရုပ်ရည် ကြည့်ကောင်းသူတစ်ဦးမှာ ရေသောက်နေလျှင်ပင် ကြော်ငြာရိုက်နေသည့်အတိုင်းပင်။

စိုစွတ်နေသော နှုတ်ခမ်းများ၊ လှုပ်ရှားနေသည့် လည်စေ့ နှင့် နှုတ်ခမ်းထောင့်မှ စီးဆင်းသွားပြီး ရေချိုးဝတ်စုံထဲ ပျောက်ကွယ်သွားသည့် ရေစက်ကလေးတစ်စက်။

ပိုင်မူနင် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရာ ရုတ်တရက် သူ့ကိုယ်သူ ရေငတ်လာသလို ခံစားလိုက်ရသည်။

“မင်း အိပ်တော့မှာ မဟုတ်ဘူးလား”

ဝမ်ကျင်း၏ နောက်ဘက်ရှိ အခန်းမှာ လင်းထိန်နေသည်။ အိပ်ရာဝင်ရန် ပြင်ဆင်နေသူနှင့် လုံးဝ မတူပေ။

သူ အချိန်ကို ကြည့်လိုက်၏။ ဆယ့်တစ်နာရီကျော်နေ‌ပေပြီ။ ဝမ်ကျင်းမှာ သူ့အား ဆယ်နာရီ အိပ်ရန် အတင်းအကျပ် တိုက်တွန်းခဲ့သူပင်။

တကယ်တမ်းတွင် တရုတ်တိုင်းရင်းဆေးပညာရှင်တစ်ဦးပင်လျှင် ဆယ်နာရီ၌ အိပ်ရာမဝင်နိုင်ပေ။ 

လူနာတွေကို စောစောအိပ်ဖို့ သူက ဘယ်လိုများ တိုက်တွန်းရဲတာလဲ...

ပိုင်မူနင်က ဝမ်ကျင်းကို စတင် အပြစ်ပုံချလိုက်၏။ 
“ကျွန်တော်က အိပ်နေပြီလေ... ခင်ဗျားက နှိုးလိုက်တာ”

“တစ်မိနစ်လောက်တုန်းကပဲ စကားပြောခန်းမှာ ‘စာရိုက်နေသည်...’ လို့ ပြနေသေးတာကို” 
ဝမ်ကျင်းက လှောင်ပြုံးဖြင့် သူ့ကို ကြည့်လိုက်သည်။
 “မင်းက  á€Ąá€­á€•်ပဝ္ဏ်တဏမဟန်သဏးပဲန္ဏ်”

ကောင်းပြီ... ငါ ဝမ်ကျင်းကို အနိုင်မယူနိုင်ဘူး...

ပိုင်မူနင် အရှုံးပေးလိုက်သည်။
“ကောင်းပါပြီ.. ခင်ဗျားက‌ရော ဘာကိစ္စနဲ့ ဆက်သွယ်တာလဲ... ဘာမှမဟုတ်ရင် ကျွန်တော် ပြန်အိပ်တော့မယ်”

သူ မည်မျှအိပ်ချင်နေသည်ကို သက်သေပြရန်အလို့ငှာ ပိုင်မူနင်က ဟန်ဆောင်ကာ သမ်းဝေပြလိုက်‌သေးသည်။

“ခဏလေး နေဦး”
ဝမ်ကျင်းက မတ်တတ်ရပ်ကာ တစ်နေရာသို့ ဦးတည်သွားသဖြင့် ဗီဒီယိုမြင်ကွင်းမှာ တုန်ခါလာတော့သည်။
“မင်း ကြည့်ချင်တယ်လို့ မပြောခဲ့ဘူးလား... ကိုယ်ပြမယ်”

“...?”

ပိုင်မူနင်၏ စိတ်ထဲတွင် ဝမ်ကျင်း အစောပိုင်းက ပို့ခဲ့သော အလွန်အမင်းမဖွယ်မရာသဘောသက်ရောက်သည့် စာတိုကို ချက်ချင်း ပြန်မြင်ယောင်လာသည်။
 [တော်တော်ကြီးတယ်... မင်း ကြည့်ချင်လား]

သောက်ကျိုးနဲ… ဝမ်ကျင်းက တကယ်ကြီး နှာဘူးတော့ မဟုတ်လောက်ပါဘူးနော်... သူ တကယ် အဲဒါကြီးကို ပြတော့မလို့လား...

ဒါဆို ဝမ်ကျင်းကမှ ဖော်ချွတ်ပြတဲ့သူ ဖြစ်နေတာပေါ့...

ထိတ်လန့်သွားသဖြင့် ပိုင်မူနင်မှာ ပါးစပ်မှ ရုတ်တရက် လွှတ်ခနဲ ပြောလိုက်သည်။
“ခင်ဗျားကို ဘယ်သူက ကြည့်ချင်လို့လဲ… ရူးနေလား... နှာဘူး၊ အညစ်အပတ် ၊ လူယုတ်မာ ကျွန်တော့်မျက်လုံးတွေကို မညစ်ပတ်စေနဲ့”

သူ အော်ဟစ်ပြီးသည်နှင့် ကင်မရာမှာ ဘက်ပြောင်းသွားပြီး ပိုင်မူနင်၏ နှလုံးသားမှာ လည်ချောင်းထဲမှ ဆန်တက်လုနီးနီး ဖြစ်သွား၏။ သူ့ခမျာ မျက်လုံးမှိတ်ရမည်လား၊ ဖွင့်ထားရမည်လား မသိသလို ရိုက်ခတ်မှုကို ကြံ့ကြံ့ခံရမည်လား သို့မဟုတ် တစ်ခုခုကို လျှို့ဝှက်စောင့်မျှော်နေမိသည်လားကိုပင် ရေရေရာရာမသိတော့ချေ။

မျက်နှာပြင်ထက်ရှိမြင်ကွင်းက မကြာမီမှာပင် နွေးထွေးသည့် အိမ်တွင်းမြင်ကွင်းမှ ပြတင်းပေါက်ပြင်ဘက်ရှိ ချမ်းအေးသည့် မြင်ကွင်းဆီသို့ ပြောင်းသွားရာ ပိုင်မူနင်မှာ ရှင်းပြမရသော သက်ပြင်းတစ်ချက် ချလိုက်မိသည်။

ငါ့ကို ကြောက်အောင်လုပ်လိုက်တာပဲ..

ဝမ်ကျင်းက အထပ်မြင့်တွင် နေထိုင်သဖြင့် ညဘက် မြို့ပြရှုခင်းကို ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့ရသည်။ နီယွန်မီးရောင်များက အမှောင်ထဲ၌ ခပ်မှိန်မှိန်လင်း နေပြီး ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပနေသည်။

နှင်းများက ဆက်ကျနေဆဲပင်... ဝမ်ကျင်းက လက်တစ်ဖက်ကို ဆန့်ထုတ်၍ ကျဆင်းလာသော နှင်းပွင့်များကို ဖမ်းလိုက်ပြီး ပြောလိုက်သည်။
“တော်တော်ကြီးတယ်နော် ဟုတ်တယ်မလား” 

နှင်းပွင့်အချို့မှာ အတူပေါင်းစည်း၍ ဖောင်းပွနေသည့် အတုံးအခဲတစ်ခုတည်းပမာ ဖြစ်နေသဖြင့် တကယ်ပင် ကြီးမားပုံရ၏။

တော်တော်ကြီးတာပဲ...

ပိုင်မူနင်က အသက်ရှူထုတ်လိုက်၏။ 
“ဒါဆို နှင်းတွေပေါ့နော်”

သူက ဝမ်ကျင်းကို နှာဘူးအကြီးစားဟု အတည်ကြီး ထင်မှတ်သွားခဲ့သော်ငြား တကယ်တမ်းတွင် ထိုသူမှာ အလွန် ဖြူစင်သူ ဖြစ်နေခဲ့သည်။

ဗီဒီယိုထဲမှ တိုးညင်းသော ရယ်သံတစ်ချက် ထွက်လာသည်။ 
“တခြား ဘာများ ဖြစ်ရမှာလဲ... နှင်းအကြောင်း မဟုတ်ရင် တခြား ဘာဖြစ်နိုင်သေးလို့လဲ”

ပိုင်မူနင်၏ နားရွက်များ ရဲလာသဖြင့် အံသွားများကို ခပ်တင်းတင်းဖိကြိတ်လိုက်သည်။ 
“ဘာမှ မဟုတ်ပါဘူး...  á€€á€ťá€˝á€”á€şá€á€ąá€Źá€şá€œá€Šá€şá€¸ နှင်းအကြောင်းပြောတာ ရှင်းနေတာပဲကို ”

သူက ညစ်ညစ်ညမ်းညမ်း တစ်စက္ကန့်မျှပင် မစဉ်းစားခဲ့ချေ ။ ယင်းက နှင်းများအကြောင်းသာ ဖြစ်ခဲ့သည်ပင်။

“အမ်း ကိုယ်တို့ရဲ့ ကျောင်းသားလေး ရှောင်နင်က သေချာပေါက် နှင်းအကြောင်း ပြောခဲ့တာပါ”
ဝမ်ကျင်း၏ အသံမှာ လျှပ်စစ်စီးကြောင်းတစ်ခု ပါဝင်နေသကဲ့သို့ သူ၏နားထဲတွင် တရွှီရွှီ မြည်ကာ တိုးဝင်လာ၏။ အထူးသဖြင့် “ကိုယ်တို့ရဲ့ ကျောင်းသားလေး ရှောင်နင်” ဟု ပြောလိုက်သည့်အခါမျိုးတွင်ဖြစ်သည် ။

ပိုင်မူနင် ကြီးပြင်းလာသည့် ဘဝခရီးတစ်လျှောက် နာမည်ပြောင်မျိုးစုံ ခေါ်ဝေါ်ခြင်း ခံခဲ့ရသော်လည်း ဝမ်ကျင်း ခေါ်ဝေါ်သည့် ပုံစံမှာမူ ကလေးတစ်ယောက်ကို ချော့မြူနေသကဲ့သို့ ဂရုစိုက်မှု တစ်ခု ပါဝင်နေသည်။

ထိုခံစားချက်မှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။ အမြဲနူးညံ့‌နေခဲ့သော ဝမ်ကျင်းက နောက်ဆက်တွဲအနေဖြင့် အလွန်စိတ်ဆိုးစရာကောင်းသော စကားများအား ပြောလာသည်။

 “ဒါနဲ့ ရှောင်နင်... မင်း ခုနက ဘာလို့ ကိုယ့်ကို နှာဘူး၊ အညစ်အပတ်၊ လူယုတ်မာလို့ ခေါ်လိုက်ရတာလဲ... မင်းက နှင်းအကြောင်း ပြောနေတာ မဟုတ်ဘူးလား”

“ဒါဆို မင်းက ဘာအကြောင်း ပြောနေတာလဲ” 

ဝမ်ကျင်းက ရှုပ်ထွေးနေသည့်ပုံစံဖြင့် မသိချင်ယောင်ဆောင်ကာ အရှက်မရှိ ပြန်မေးလာသည်။

“...?”

ကောင်းပြီ.. ဝမ်ကျင်းက ဖြူစင်တဲ့သူ၊ ချီးကျူးထိုက်သူပါဆိုတဲ့ အစောပိုင်းက ပြောခဲ့တာတွေကို မေ့လိုက်တော... ဒီလူက တကယ်ကို မကောင်းတဲ့လူ ဖြစ်နေပြီ...

သူက အားလုံးကို ရှင်းရှင်းလင်းလင်း သိနေရဲ့သားနဲ့ အခုကျမှ ငါ့ကို ထပ်ပြီး စနောက်နေသေးတယ်...

လူဆိုးကောင်...

“ကျွန်တော် ဘာမှမပြောခဲ့ပါဘူး”

ပိုင်မူနင်က မျက်နှာကို တည်ထားကာ ဗီဒီယိုကောလ်ကို အဆုံးသတ်ရန် ပြင်ဆင်လိုက်၏။
 “ကောင်းပါပြီ.. အခု နှင်းကျတာကို မြင်လိုက်ရပြီပဲ ...ဒေါက်တာဝမ် ကျွန်တော် အိပ်လို့ရပြီလား”

သူက လွန်ခဲ့သည့် မိနစ်ပိုင်းလေးအထိ စိုးရိမ်ကြောင့်ကြကာ အာရုံကြောများ တင်းမာ‌နေခဲ့ပြီး ကြောက်လန့်စိတ်တိုနေခဲ့သဖြင့် အိပ်မရခဲ့သော်လည်း ယခုမူ စိတ်ပြေသွားသဖြင့် အိပ်ချင်စိတ်များ ဝင်လာချေပြီ။

“ခဏလေး စောင့်ဦး... ဒီနေ့ ကိုယ်သင်ပေးတာတွေ မှတ်မိလား... ပြန်လေ့ကျင့်ကြည့်ရအောင်”

ဘာလို့ ရုတ်တရက်ကြီး မေးခွန်းထုတ်ရတာလဲ...

ပိုင်မူနင်က သူ၏ လက်ကောက်ဝတ်ကို ကြည့်လိုက်ရာ အနက်ရောင် အစက်အပြောက်လေးများသာ မှေးမှိန်စွာ ကျန်ရှိတော့သည်။ စာလုံးများမှာ ဖတ်မရလောက်အောင် ဖြစ်နေချေပြီ။ သူက ပြန်အမှတ်ရရန် ကြိုးစားရင်း ပြောလိုက်သည်။

 “ဘယ်ဘက်လက်က ယင်၊ ညာဘက်လက်က ယန်ပါ...သွမ့် ကွမ်း နဲ့ ချီတို့က မတူညီတဲ့ ကိုယ်တွင်းအင်္ဂါတွေ အသီးသီးနဲ့ ဆက်စပ်‌နေပါတယ်…”

သူက ဝမ်ကျင်း သင်ပေးခဲ့သမျှ အားလုံးကို ပြန်ပြောပြလိုက်၏။ ဝမ်ကျင်းက ချီးကျူးလိုက်သည်။
 “ရှောင်နင်က တကယ်တော်တာပဲ... တစ်ခါတည်းနဲ့ အကုန်မှတ်မိသွားပြီ”

ထိုချီးကျူးစကားကြောင့် ပိုင်မူနင်မှာ ဂုဏ်ယူမိသွားသည်။ သူက မေးကို အနည်းငယ် မြှောက်လိုက်ပြီး ကျေနပ်စွာ ပြော၏။
 “သေချာပေါက် ကျွန်တော်က တော်တာပေါ့”

ဝမ်ကျင်းက ဗီဒီယိုတစ်ဖက်ခြမ်းမှ ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“ကောင်းပြီ အိပ်တော့... ကောင်းသောညပါ ရှောင်နင်” 

“ကောင်းသောညပါ ဒေါက်တာဝမ်”

ဖုန်းချပြီးနောက် ပိုင်မူနင်မှာ နားထဲတွင် စွဲကျန်နေသော တရွှီရွှီမြည်သံကို သက်သာစေရန် သူ၏နားများကို ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်သည်။

ဝမ်ကျင်း၏ အသံတွင် အဘယ်ကြောင့် လျှပ်စစ်စီးကြောင်းပါနေသလို ခံစားရသည်ကို သူမတွေးဘဲ မနေနိုင်‌တော့ပေ။

ဗုဒ္ဓဟူးနေ့ အလုပ်ချိန်တွင် ပိုင်မူနင်က အာရိုဝါနာငါးကန်ထဲမှ ရေကိုလဲလှယ်ပြီးနောက် အသစ်ဝယ်လာသည့် ရေညှိစားငါး(သန့်ရှင်းရေးငါး)ကို ထည့်လိုက်သည်။

ထို့ပြင် သူက အာရိုဝါနာ၏ အစာကိုပါ ပြောင်းလဲပေးလိုက်၏။ အစာအဖြစ် အသက်ရှင်နေသော ငါးငယ်လေးများကို ချပေးလိုက်သည်။ ထိုငါးလေးများမှာ လွတ်မြောက်ရန် ရူးသွပ်စွာ ကူးခတ်ကြသော်ငြား နောက်ဆုံးတွင် အာရိုဝါနာငါး၏ စားခြင်းကို ခံလိုက်ရသည်။

ရေမျက်နှာပြင် ငြိမ်သက်သွားသောအခါ ကျန်ရှိသော အစာဖတ်များက အောက်ခြေသို့ နစ်မြုပ်သွားပြီး ရေညှိစားငါးသည်လည်း ၎င်း၏အစာကို စတင် ကိုက်ဖဲ့စားသောက်တော့သည်။

ယနေ့ ချန်ဟောက်နန်နှင့် တိုင်ပင်သည့် လူနာမှာ မများလှသဖြင့် ပိုင်မူနင်၏ အနီးနားတွင် ရပ်လျက် အကူအညီပေးရင်း အချိန်ကုန်စေလိုက်သည်။

တက်ကြွပြီး အားကောင်းသော အာရိုဝါနာငါး ကူးခတ်နေသည်ကို ကြည့်ရင်း သူက အနည်းငယ် စိတ်သက်သာရာရသွား၏။ 

“လုံကော ကျန်းမာအောင်နေနော်... ဒီက ငါတို့ရဲ့ ကံကြမ္မာက မင်းပေါ် မူတည်တယ်”

“စည်းစိမ်ဥစ္စာတွေ ပေးသနားပါ”

ပိုင်မူနင်က သတိပေးလိုက်သည်။
 “ဟောက်နန်ကော.. ကြွယ်ဝခြင်းနတ်ဘုရားဆီမှာ ဆုတောင်းတာက ပိုမကောင်းဘူးလား”

“မင်းပြောတာလည်း မှန်တာပဲ”
ကိရိယာများကို သိမ်းဆည်းပြီးနောက် ချန်ဟောက်နန်က ပြောသည်။
 “ကိုယ့်သူငယ်ချင်းက လွတ်မြောက်ရေးဂိမ်းခန်း(ထွက်ပေါက်ရှာဂိမ်းခန်း)အသစ် ဖွင့်ထားတယ်... အလုပ်ပြီးရင် သွားကစားမလား”

ချန်ဟောက်နန်နှင့် ဝမ်ကျင်းတို့မှာ စရိုက်ချင်း လုံးဝ ကွဲပြားကြ၏။ တစ်ယောက်က ပျော်ရွှင်မှုကို နှစ်သက်ပြီး နောက်တစ်ယောက်က အလုပ်ကို အာရုံစိုက်သည်။

ထို့ကြောင့် ချန်ဟောက်နန်က လူတိုင်း အနားယူရန် နည်းလမ်းများကို မကြာခဏ စီစဉ်လေ့ရှိသည်။ ထိုအလေ့အကျင့်ကို ဆေးခန်း၏ အငွေ့အသက်များကို ဖယ်ရှားခြင်းဟူ၍ နောက်ပြောင်ကာ ခေါ်ဝေါ်ကြ၏။

သူ၏ လူများနှင့် ပျော်ရွှင်စွာ နေထိုင်တတ်သည့် အကျင့်ကောင်းလေးကြောင့် ချန်ဟောက်နန်မှာ အချောဆုံးနှင့် အရက်ရောဆုံးသူဌေး ဟူသော ဂုဏ်ထူးဆောင်ဘွဲ့ကိုပင် ရရှိထားသေးသည်။

ပိုင်မူနင်က လွတ်မြောက်ရေးဂိမ်းမျိုး မကစားဖူးသေးသဖြင့် ချက်ချင်း ပျော်ရွှင်စွာ ပြုံးလိုက်၏။ 
“အင်း အင်း... ကျွန်တော် အမြဲ သွားချင်ခဲ့တာ”

ချွေတာနေထိုင်တတ်သူဖြစ်သဖြင့် ပိုင်မူနင်မှာ ထိုကဲ့သို့သော အရာများအတွက် တစ်ခါမှ ငွေမသုံးခဲ့ဖူးသော်ငြား ခေတ်စားနေသည့် လမ်းကြောင်းအားလုံးကို စိတ်ဝင်စားသူပင်။

သူ၏ အတန်းဖော်များက သွားကစားခဲ့ပြီးနောက် လွတ်မြောက်ရေးဂိမ်းခန်းများမှာ ပျော်စရာကောင်းကြောင်း ပြောခဲ့ကြ၏။ ပိုင်မူနင်မှာ အမြဲလိုလို စမ်းကြည့်ချင်ခဲ့သော်လည်း ဈေးနှုန်းက  á€žá€°á€ˇá€€á€­á€Ż ကြောက်ရွံ့စေခဲ့သည်။

ကျွမ်းယွိမြန်သည်လည်း လက်မြှောက်လိုက်သည်။
 “ဒီည ကျွန်မ ကောင်လေးနဲ့ ညစာစားဖို့ရှိပေမဲ့ အခုတော့ သူ့ကို ဘေးဖယ်ထားလို့ရတယ်... ကျွန်မလည်း လွတ်မြောက်ရေးဂိမ်းခန်းကို သွားမယ်”

“ကောင်းပြီ ဒါဆို အဆင်ပြေပြီ... လူများလေ ကောင်းလေပဲ... လောင်ဝမ်ကိုပါ ပါချင်လားလို့ သွားမေးလိုက်ဦးမယ်”

သုံးမိနစ်ပင် မကြာမီ ချန်ဟောက်နန်က ရှုံးနိမ့်သွားသောအသွင်ဖြင့် ပြန်လာသည်။ သူက ပြော၏။
“လောင်ဝမ်က မလိုက်ဘူးတဲ့ သဘာဝလွန်အရာတွေနဲ့ ဆက်သွယ်ထားသလို လုပ်ထားတဲ့နေရာတွေက ဘာမှစိတ်ဝင်စားစရာမရှိဘူးတဲ့... တကယ်ကို သူကလည်း ပျင်းစရာကောင်းလိုက်တာ... ကိစ္စမရှိပါဘူး... သူ မလိုက်ရင်လည်း ငါတို့ဘာသာ သွားမယ်”

ဝမ်ကျင်း မလိုက်သည်က သူ၏ပင်ကိုစရိုက်နှင့် အမှန်ပင် လိုက်ဖက်သည်။ လွတ်မြောက်ရေးဂိမ်းခန်းထဲရှိ ထိုသူ့ပုံစံကို စိတ်ကူးကြည့်ရန် လွယ်ကူ၏။ အခြားသူများက ကြောက်ရွံ့စွာ အော်ဟစ်နေကြစဉ် သူကမူ မျက်နှာထားမပျက် တည်တည်ငြိမ်ငြိမ်သာ ရှိနေလိမ့်မည်။ ထိုအရာက ပျော်စရာကောင်းသည့် အငွေ့အသက်ကို အမှန်ပင် သေသွား(ပျောက်သွား)စေနိုင်သည်။

အလုပ်ပြီးလျှင် လွတ်မြောက်ရေးဂိမ်းကစားမည့် အစီအစဉ်ကြောင့် ပိုင်မူနင်က ဝမ်ကျင်းနှင့် စာမလုပ်နိုင်တော့သဖြင့် သူတို့ နားချိန်အတွင်း ထိုအကြောင်းကို ပြောပြလိုက်သည်။
“ဒေါက်တာဝမ်... ဒီည ကျွန်တော် စာမလုပ်နိုင်‌လောက်ဘူး... ဟောက်နန်ကောတို့နဲ့အတူ လွတ်မြောက်ရေးဂိမ်း သွားကစားမလို့... မနက်ဖြန်မှ ဆက်လုပ်ကြမယ်‌လေ ”

ဝမ်ကျင်းက လှမ်းကြည့်လိုက်ပြီး မေးလိုက်သည်။
 “မင်း သွားမှာလား” 

“သွားမှာပေါ့”
ပိုင်မူနင်က စိတ်အားထက်သန်စွာ စတင်ပြော၏။
 “ဒေါက်တာဝမ်... ခင်ဗျား မလိုက်တာ တကယ်ကို နှမြောစရာပဲ.. လွတ်မြောက်ရေးဂိမ်းခန်းတွေက စိတ်လှုပ်ရှားစရာကောင်းပြီး ကြောက်စရာလည်းကောင်းတယ်... ဒါက ဉာဏ်ရည်ကိုတင်မက သတ္တိကိုပါ စမ်းသပ်တဲ့ ဂိမ်းမျိုး‌လေ”

“လွတ်မြောက်ရေးဂိမ်းခန်းတွေက အရမ်းကြောက်စရာကောင်းတယ်လို့ ကျွန်တော် ကြားတယ်... တချို့လူတွေ မူးလဲလို့ ထမ်းထုတ်ရတာ၊ တချို့ဆို ဘောင်းဘီထဲတောင် ပေါက်ချမိကြတယ်တဲ့"
ပိုင်မူနင် ရယ်မောလိုက်သည်။
 “အဲဒါက တကယ် ဘယ်လောက်အထိ ကြောက်စရာကောင်းလဲဆိုတာကို ကျွန်တော်မြင်ချင်တယ်”

“အင်း... ဒါဆို ဒီည အတူတူသွားကြတာပေါ့” 
ဝမ်ကျင်းမှ ပေါ့ပေါ့ပါးပါး ပြောလာသည်။

ပိုင်မူနင်မှာ အံ့သြစွာ “ဟင်” ဟု အသံပြုလိုက်ပြီး မေးလိုက်၏။
 “ဒေါက်တာဝမ်... ခင်ဗျား မသွားဘူးဆို”

“ကိုယ်မသွားဘူးလို့ ဘယ်သူပြောတာလဲ” 
ဝမ်ကျင်းက ပြန်ဖြေသည်။ 
“ကိုယ်တော့ ဒါက တော်တော် စိတ်ဝင်စားစရာကောင်းတယ်လို့ ထင်တာပဲ”

ပိုင်မူနင်: “....?”
ဒါဆို သဘာဝလွန်အရာတွေနဲ့ ဆက်သွယ်လို့ရသလို လုပ်ထားတဲ့ နေရာတွေကို သွားစရာမလိုဘူးလို့ ပြောခဲ့တဲ့သူက ဘယ်သူလဲ...

-------

စာရေးသူ၏ မှတ်ချက်:

ချန်ဟောက်နန်: သူလေ သူပေါ့ သူမှသူအစစ်... သူ့ကိုယ်သူ မျက်နှာကိုဖြတ်ရိုက်ရတာ ကြိုက်တဲ့လူဆိုတာ သူပေါ့…


 

Search Novels