💊💊💊💊Chapter 16
ဝမ်ကျင်း ရှာလကာရည်သောက်ခြင်း 


ပိုင်မူနင်က ခရီးတစ်လျှောက်လုံး စိတ်ဆိုးနေဆဲဖြစ်သည်။ ချယ်ရီကိတ်ကို တစ်ဝက်ပင် မစားရသေးမီ ဝမ်ကျင်းက ဖျက်ဆီးလိုက်ပေသည်။ သူ့အတွက် စိတ်အဆိုးဆုံးအရာမှာ ဤလူက လုံးဝနောင်တမရဘဲ သူ၏တောင်းပန်မှုကပင် အတုအယောင်ဖြစ်နေခြင်းသာ။ 

သေချာတာပေါ့... ဝမ်ကျင်းက စိတ်ရင်းနဲ့ တောင်းပန်ခဲ့ရင်တောင် ပိုင်မူနင် လက်မခံနိုင်ပါဘူး... အစားအသောက်ကို ဖြုန်းတီးတာက အရမ်းဆိုးတယ်... 

ဝူရှီးယာမှာ မြို့၏အရှေ့ပိုင်းရှိ အငှားအိမ်ရာတွင် နေထိုင်သည်။ သူမက ကျင်းနန်ဇာတိဖြစ်သော်လည်း ပိုင်ဆိုင်မှုအိမ်ခြံမြေမရှိဘဲ ဤနှစ်ပေါင်းများစွာ ငှားရမ်းနေထိုင်ရသည်။ ကျင်းနန်တွင် မြေယာတစ်လက်မခန့်ကပင် အလွန်တန်ဖိုးကြီးမားသည်။ လမ်းကြိုလမ်းကြားမှ တစ်ထပ်အိမ်တစ်လုံး၏စျေးနှုန်းကပင် ယွမ်သုံးထောင်ကျသင့်ပြီး ရေ၊ မီးနှင့် နေ့စဉ်နေထိုင်စရိတ်များလည်း မပါဝင်သေးပေ။ ဝူရှီးယာမှာ မသန်စွမ်းသူအဖြစ် သတ်မှတ်ခံထားရသည်။ သူမက  á€œá€…ြ်ထ္ဏက်ပလအကဟ္းဥနည်းငယ်မဝသဖဟငအ် ရပ်တည်နေထိုင်ကာ လမ်းပေါ်မှ ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများကို ကောက်ယူရောင်းချခြင်းဖြင့် ငွေအနည်းငယ်စီ ရှာရသည်။ 

ပိုင်မူနင်မှာသူ့ကိုယ်သူ စိုးရိမ်စိတ် စတင်ဖြစ်ပေါ်လာသည်။ ကျင်းနန်တွင် အိမ်ခြံမြေဈေးများက ဤမျှမြင့်မားနေရာ သူကျောင်းပြီး၍ ကျောင်းအိပ်ဆောင်တွင်  á€”္ခွငအ်မရတ္ဏအပဍက အပြင်ဘက်၌ အခန်းတစ်ခန်းပင် ငှားနိုင်ပါ့မလား ဟူ၍တွေးနေမိသည်။ ဝမ်ကျင်း၏ နောက်မှလိုက်၍ စင်္ကြံလမ်းများနှင့် နောက်ဖေးလမ်းကြားများကို ဖြတ်သန်းကာ ဝူရှီးယာရေးထားခဲ့သည့် လိပ်စာသို့ ရောက်ရှိလာကြသည်။

သူတို့ လိပ်စာရှာတွေ့သော်လည်း တူညီနေသော တံခါးများနှင့်အခန်းက လေးခုရှိနေသည်။ မည်သည့်တစ်ခုတွင် ဝူရှီးယာတို့ နေသည်ကို သူတို့မသိကြပေ။

ထိုအချိန်တွင် တံခါးတစ်ခုပွင့်လာပြီး အလယ်တန်းကျောင်းသူတစ်ဦး ထွက်လာသည်။ ပိုင်မူနင်က ချဉ်းကပ်သွားပြီး မေးလိုက်သည်။
“ညီမလေး...ဝူရှီးယာရဲ့ အိမ်က ဘယ်အိမ်လဲသိလား”

အလယ်တန်းကျောင်းသူက သူ့ကို သတိထားသည့်ပုံစံဖြင့် ကြည့်လိုက်ကာ ဆိုသည်။
“ကျွန်မအမေပါ... ဘာကိစ္စရှိလို့လဲ” 

ထိုအချိန်တွင် ဝမ်ကျင်း၏ အသံက နောက်မှထွက်လာသည်။
 “မင်္ဂလာပါ... ငါတို့က စန်းဝမ်ခန်းမက ဆရာဝန်တွေပါ...မင်းအမေက နောက်ဆက်တွဲ ပြန်ပြဖို့ ရက်ကျော်နေပြီး ဆက်သွယ်လို့လည်းမရတာနဲ့ လာပြီးစစ်ဆေးကြည့်ဖို့ ရောက်လာတာပါ”

စန်းဝမ်ခန်းမအကြောင်းပြောသည်နှင့် မိန်းကလေး၏မျက်နှာမှ သတိထားမှုများပျောက်သွားကာ နူးညံ့သိမ်မွေ့သည့် အပြုံးနှင့်အစားထိုးသွားသည်။
 “အိုး...မင်္ဂလာပါ ဦးလေး... အမေက အိမ်ထဲမှာ လှဲနေတယ်... နေမကောင်းလို့ ထလို့မရဘူး...ကျွန်မ ခေါက်ဆွဲတစ်ပွဲ သွားဝယ်မလို့...ကျေးဇူးပြုပြီး ဝင်ထိုင်ပါ”

မိန်းကလေးထွက်သွားပြီးနောက် ဝမ်ကျင်းက ပိုင်မူနင်ကို ခေါ်ပြီး ဝူရှီးယာ၏ အခြေအနေကို စစ်ဆေးရန် အတွင်းသို့ ဝင်သွားသည်။

ဝူရှီးယာငှားထားသည့် နေရာက အိပ်ခန်း၊ မီးဖိုခန်း၊ ရေချိုးခန်းအစုံအလင် ပါဝင်သော တိုက်ခန်းတစ်ခုဖြစ်သည်။ အိပ်ရာက တံခါးဝနားတွင်ရှိပြီး ၄င်း၏ဘေးတွင် အဝတ်ချိတ်စင်နှင့် စာရေးစားပွဲတစ်လုံးရှိသည်။ အနောက်ဘက်မှ တံခါးတစ်ချပ်က အိပ်ခန်းနှင့် မီးဖိုချောင်ကို ခွဲထားသည်။

အခန်းထဲရှိ ပစ္စည်းတိုင်းက သက်တမ်းရင့်ကာ အိုဟောင်းနေပြီး ပြုပြင်ထိန်းသိမ်းမှုမရှိဟု ထင်ရသော်လည်း နေရာတိုင်းက သန့်ရှင်းပြီး စနစ်ကျနေကာ လေထဲတွင် မွှေးကြိုင်သောရနံ့ အနည်းငယ်ပင် ရှိနေသည်။

ဝူရှီးယာက သူတို့ဘက်သို့ ကျောပေးလျက် အိပ်ရာပေါ်တွင် လှဲနေသောကြောင့် အခန်းထဲသို့ လူနှစ်ယောက်ဝင်လာသည်ကို သတိမထားမိချေ။

ပိုင်မူနင်က သူမကို နှုတ်ဆက်ရန် လျှောက်သွားလိုက်သည်။ ဝမ်းနည်းနေသည့် ဝူရှီးယာက ပိုင်မူနင်ကို မြင်သည်နှင့် ချက်ချင်းပြုံးလိုက်သည်။ 
[မင်းဒီကို ဘာလာလုပ်တာလဲ]

အခန်းထဲတွင် အပူပေးစနစ်မရှိပေ။ ဝူရှီးယာက ထူထဲသည့် ညအိပ်ဝတ်စုံဝတ်ထားပြီး စောင်နှင့်ပတ်ကာ ထိုင်လိုက်သည်။

[ဒေါက်တာဝမ်လည်း ပါတယ်...နောက်ဆက်တွဲလာမပြလို့ ဒီမှာ စစ်ဆေးဖို့ လာကြတာ]

ဝူရှီးယာက ဝမ်ကျင်းကို ပြုံးပြလိုက်သည်။
[ငါနေကောင်းသွားပြီ...ဆေးတွေ မဖြုန်းပါနဲ့တော့...လာကြည့်ပေးတာကိုပဲ ကျေးဇူးတင်ပါတယ်]

ဝမ်ကျင်းက ဝူရှီးယာနှင့် သူ့သမီးအတွက် ယူလာသည့် နေ့စဉ်သုံးပစ္စည်းများကို ကြမ်းပြင်ပေါ်တွင်ချပြီး သူမ လက်ကောက်ဝတ်ကို စမ်းသပ်လိုက်သည်။
“တကယ်ပဲ နေကောင်းသွားပြီ... ဒါပေမယ့် စိတ်ကတော့ မကောင်းသေးဘူး... ဝမ်းနည်းပူဆွေးမှုနဲ့ စိုးရိမ်ပူပန်မှုတွေက ခန္ဓာကိုယ်ကို ထိခိုက်စေတယ်...တစ်ခုခုဖြစ်ခဲ့တာလား”

ပိုင်မူနင်က သူ့အတွက် ဘာသာပြန်ပေးလိုက်သည်။။ ဝူရှီးယာက အတင်းပြုံးပြလိုက်သည်။

[ဘာမှ မဖြစ်ပါဘူး]

[ငါ အဆင်ပြေနေပါတယ်]

ဝူရှီးယာက ထိုအကြောင်းကို မပြောလိုသောကြောင့် သူတို့အနေဖြင့် ထိုခေါင်းစဉ်ကို ချန်ထားကာ သူမ၏လက်ရှိအခြေအနေကို မေးမြန်းလိုက်သည်။

မကြာမီ မိန်းကလေးငယ်လေးက ခေါက်ဆွဲနှင့်အတူ ပြန်ရောက်လာသည်။ သူမက တစ်ပွဲတည်းဝယ်လာ၍ ဝင်လာသည်နှင့် ရုတ်တရက် ရှက်သွားသည်။
“တောင်းပန်ပါတယ်...ညစာစားပြီးပြီလားလို့ မေးခဲ့ဖို့ မေ့သွားပြီး တစ်ပွဲတည်းဝယ်လာမိတယ်”

မိန်းကလေးက ရှက်ရွံ့နေပြီး ဧည့်သည်များကို ဂရုမစိုက်မိသည့်အတွက် တကယ်ကို စိတ်မကောင်းဖြစ်နေပုံရသည်။
ပိုင်မူနင်က ပြုံးပြီးပြောလိုက်သည်။
"ငါတို့ စားပြီးပြီ... မင်းတို့နှစ်ယောက်ပဲ စားပါ...ငါတို့က အဒေါ်ကို စစ်ဆေးဖို့ပဲလာတာ”

“ဒါဆို ပြန်တော့မယ်... ညီမလေး...ကျေးဇူးပြုပြီး အပြင်ထိလိုက်ပို့ပေးပါလား”

ဝူရှီးယာက မိန်းကလေးကို အမူအရာပြလိုက်သည်။
[သူတို့ကို လိုက်ပို့ပေးလိုက်ပါ]

မိန်းကလေးက ခေါက်ဆွဲပန်းကန်ကို ချထားပြီး သူတို့နှင့်အတူ သွားလိုက်သည်။ အနည်းငယ်လမ်းလျှောက်ပြီးနောက်တွင်မှ ပိုင်မူနင်က မေးလိုက်သည်။
“မင်းရဲ့အမေ ဘာဖြစ်နေတာလဲသိလား...တစ်ခုခုကို စိတ်ပူစရာရှိနေတာလား”

အလယ်တန်းကျောင်းသူ‌လေးအ‌နေဖြင့်  á€…á€‰á€şá€¸á€…á€Źá€¸á€‰á€Źá€á€şá€€ မများလှပေ။ 'ချိုချိုသာသာမေးရင် အရာအားလုံးပြောပြမယ်' ဟူသည့် သဘောထားရိုးရိုးဖြင့် သူမက အကုန်လုံးကို ထုတ်ဖော်ပြောပြလာသည်။

“ကျွန်မအမေရဲ့ ဖုန်းပျောက်သွားလို့ပါ... ဒါကြောင့် စိတ်ပူနေပြီး နှစ်ရက်တိတိ နေမကောင်းဖြစ်နေတာ”

“ကျွန်မ နှစ်သိမ့်ပေးတာတောင် အကျိုးမရှိဘူး...အဲဒီဖုန်းက သူ့အတွက် အရမ်းအရေးကြီးနေတာလေ”

ပိုင်မူနင်က ဝူရှီးယာမှာ ဖုန်းပျောက်သွား၍ စိတ်ပူနေသည်ဟု  á€‘င်မသတ်ကဏ ပြောလိုက်သည်။
 “ငါ့မှာ အပိုဖုန်းတစ်လုံးရှိသေးတယ်...ဒီတစ်ခုကို မင်းအမေကို ပေးလိုက်မယ်” 

သို့သော် လက်တွေ့တွင် ပိုင်မူနင်က စားသောက်ရန်ပင် အလွန်ချို့တဲ့ပြီး အပိုဖုန်းလုံးဝမရှိပေ။ သူ ယခုသုံးနေသည့် ဖုန်းပင်လျှင် လီအန်းချီထံမှ အဟောင်းလက်ကျန်ဖြစ်သည်။

ဝူရှီးယာကို ပေးပြီးလျှင် တစ်ပတ်ရစ်ဖုန်းတစ်လုံး ဝယ်လိုက်မည်ဟု သူတွေးနေသည်။

 “ဖုန်းက ပြဿနာ မဟုတ်ပါဘူး...အရေးကြီးတာက အထဲက ဓာတ်ပုံတွေပါ” 

“ဖုန်းထဲမှာ ကျွန်မအဖေရဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေ ရှိနေတယ်...ဒါကြောင့် အမေက ဒီလောက်စိတ်မကောင်းဖြစ်နေတာ...နောက်ဖုန်းတစ်လုံးရသွားရင်တောင် ဒါတွေကို ပြန်ရမှာမဟုတ်ဘူး”

ဝူရှီးယာ၏ခင်ပွန်း ဆုံးသွားသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ ထို့နောက်တွင် သူမက သမီးဖြစ်သူကို တစ်ယောက်တည်း မွေးမြူခဲ့သည်။ ယခုအခါ ခင်ပွန်း၏ နောက်ဆုံးအမှတ်တရများပင် ပျောက်ကုန်ပြီဖြစ်သည်။

ပိုင်မူနင်က မေးလိုက်သည်။
 “ဘယ်မှာပျောက်သွားတာလဲ” 

မိန်းကလေးငယ်က “အာ” ဟုအသံတိုးညင်းစွာပြောကာ ဖြေသည်။
 “ကုန်တိုက်အရှေ့မှာ ပျောက်တာတဲ့...ရဲစခန်းမှာ သွားတိုင်ခဲ့ပေမယ့် အကျိုးမရှိဘူး” 

“သိပြီ...ပြန်သွားပြီး မင်းအမေနဲ့ အတူနေပေးလိုက်ဦး”

ပိုင်မူနင်က ဝမ်ကျင်းနောက်ကိုလိုက်ကာ ထွက်သွားကြသည်။ ဆောင်းရာသီတွင် ညဘက်ရောက်သည်မှာ မြန်သည်။ ညနေ ၄ နာရီခန့်၌ပင် လမ်းမီးများ ထွန်းညှိပြီးဖြစ်သည်။

ကားရပ်နားခဲ့ရာသို့ရောက်သောအခါ ပိုင်မူနင်က ကားပေါ်သို့မတက်လိုက်ပေ။ သူက ဝမ်ကျင်းအား ပြောလိုက်သည်။
 “ဒေါက်တာဝမ်...ကျွန်တော့်မှာ ကျောင်းကိစ္စရှိနေလို့ ဒီနေ့ စန်းဝမ်ခန်းမကို မသွားတော့ဘူး” 

ဝမ်ကျင်းက ရပ်လိုက်ပြီး သူ့ကိုလှည့်ကြည့်ကာ ဆိုသည်။
 “ကားပေါ်တက်... ကိုယ် လိုက်ပို့မယ်” 

ပိုင်မူနင်က ဝမ်ကျင်းကို အမြန်ဆုံးဖယ်ရှားချင်နေပြီး တက်ရန် စိတ်ကူးမရှိပေ။ 
“မလိုတော့ဘူး...မြေအောက်ရထားပဲ စီးလိုက်ပါမယ်”

“ကားပေါ်တက်” 
ဝမ်ကျင်း၏ စကားလုံးက ငြင်းဆန်ခွင့်မရှိသကဲ့သို့ အတင်းအကျပ်နှင့် အာဏာရှင်ဆန်နေသည်။ 
“နောက်တစ်ခါထပ်မပြောဘူး”

ထို့နောက် ကျောင်းပြန်ရမည်ဟု လိမ်ပြောထားသည့် ပိုင်မူနင်ခမျာ ဝမ်ကျင်း၏ လိုက်ပို့မှုကိုခံရပြီး အမှန်တကယ် ကျောင်းသို့ပြန်ရောက်သွားသည်။

စိတ်ဓာတ်ကျစရာပဲ...

ကားပေါ်မှ ဆင်းခါနီးတွင် ဝမ်ကျင်းက ပြောသည်။
 “အလုပ်လုပ်မယ်ဆိုရင် အာရုံစိုက်ပြီးလုပ်...စိတ်ထဲမှာ အကျိုးမရှိတာတွေ တွေးမနေနဲ့” 

ပိုင်မူနင်က ရုတ်တရက် ရပ်လိုက်ပြီး တိုးတိုး‌လေး ရယ်မောလိုက်သည်။

ငါ ဘာအကျိုးမရှိတဲ့အတွေးတွေ တွေးမိလို့လဲ...ဝမ်ကျင်းက လုံးဝကို ကျိုးကြောင်းမဲ့နေတာပဲ...

“သိပါပြီ ဦးလေး... သင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ပိုင်မူနင်က ကားတံခါးကို ဆောင့်ပိတ်လိုက်သည်။ သူတကယ်ပင် စိတ်ဆိုးနေ၏။

သူကျောင်းထဲဝင်သွားပြီးနောက် ဝမ်ကျင်း၏ကားမှာ လမ်းဘေးတွင် ခဏရပ်နေကာ နောက်ဆုံးတွင် ထွက်ခွာသွားသည်ကို မြင်တွေ့လိုက်ရသည်။ ကား၏နောက်ဘက်မှ ကျန်ခဲ့သော မီးခိုးငွေ့များကို လုံးဝမမြင်ရတော့မှသာ ပိုင်မူနင်က ကျောင်းတံခါးမှ ပြန်ထွက်ကာ ဘတ်စ်ကားစီးရန် သွားလိုက်သည်။

ဝမ်ကျင်း စန်းဝမ်ခန်းမသို့ ပြန်ရောက်သောအခါ ချန်ဟောက်နန်က သူတစ်ယောက်တည်းပြန်လာသည်ကိုမြင်ပြီး မေးလိုက်သည်။
 “ရှောင်နင် ဘယ်ရောက်သွားတာလဲ...ဘာလို့ မင်းတစ်ယောက်တည်းပဲ ပြန်လာတာလဲ” 

ဝမ်ကျင်းက ဆေးခန်းဆီသို့ လျှောက်သွားပြီး သူ၏အင်္ကျီကို ချွတ်ကာ ဆိုလိုက်သည်။
 “သူ့မှာ ကျောင်းကိစ္စရှိတယ်” 

ချန်ဟောက်နန်က စိတ်ပျက်သလိုဖြစ်နေသည်။
 “ဘာလို့ကျောင်းကို ပြန်သွားရတာလဲ... အသားကင်တွေက အေးသွားရင် အရသာမရှိတော့ဘူး...ကောင်းပြီလေ...မနက်ဖြန်မှ သူ့အတွက် လတ်လတ်ဆတ်ဆတ် ထပ်ဝယ်ပေးလိုက်တော့မယ်”

ဝမ်ကျင်းက ရုတ်တရက်ရပ်လိုက်ပြီး ရှင်းပြရန် စတင်လိုက်သည်။ 
“မီးကင်တာမှာ ဘန်ဇိုအယ်လ်ပိုင်ရင်းလိုမျိုး(benzolalpyrene) ပိုလီဆိုက်ကလစ်အာရိုမက်တစ် ဟိုက်ဒရိုကာဗွန် (polycyclic aromatic hydrocarbons) အမျိုးအစား ကင်ဆာဖြစ်စေတဲ့ပစ္စည်းတွေပါတယ်... သူ့ကို ဒါတွေစားခိုင်းချင်တာလား...သူ့သက်တမ်းကို တိုစေချင်တာလား…”

[T/N - အဆုတ်ကင်ဆာဖြစ်‌စေနိုင်ပါတယ်တဲ့ ]

ဒီကောင်လေး ဒီနေ့ ယမ်းတွေ စားထားတာလား...

အသားကင်ချောင်းများ ကိုင်ထားသည့် ချန်ဟောက်နန်က ဆိုသည်။
"လောင်ဝမ်... တကယ်တော့ တစ်ခါတလေမှာ ဒီပညာရှင်တွေရဲ့အကြံပေးချက်တွေကို ထည့်တွက်စရာမလိုပါဘူး... ဒါမစားရဘူး.. ဟိုဟာမစားရဘူးနဲ့....ဒါဆို ငါတို့က ဘာအတွက်ရှင်သန်နေတာလဲ”

“နောက်ပြီး မင်းက ငါ့ကို ဘာလို့ဒေါသထွက်နေတာလဲ... ငါ တစ်ခုခုလုပ်ခဲ့မိတာမှမဟုတ်တာ”

ဆေးခန်းထဲသို့ ရောက်သော်လည်း ချန်ဟောက်နန်က သူ့နောက်မှ တကောက်ကောက်လိုက်ကာ မေးနေသည်။
 “မင်းတကယ်ကို ဘာဖြစ်နေတာလဲ” 

ဝမ်ကျင်းက သူ၏ ကုတ်အင်္ကျီအဖြူကို ဝတ်ရင်း ပြန်ဖြေလိုက်သည်။
 “ငါ ဘာဖြစ်နေတာလဲဆိုတာ ဘာကိုဆိုလိုတာလဲ...မင်းကပဲ ပိုင်မူနင်ကို လျှောက်ကျွေးမွေးနေတာလေ... သတိပေးချင်တာက ဒီနေရာမှာ ချစ်ကြိုက်ခွင့်မပြုထားဘူး” 

ချန်ဟောက်နန်က နောက်ဆုံး၌ သိရှိသွားသည်။

ဒါကြောင့်ကိုး....

“လောင်ဝမ်...မင်းက သဝန်တိုနေတာပဲ” 

 á€á€ťá€”á€şá€Ÿá€ąá€Źá€€á€şá€”á€”á€şá€€ ဆိုသည်။ 
“ငါ မင်းနဲ့ မယှဉ်ရဲပါဘူးနော်...ရှောင်နင်က ချစ်စရာကလေးလေးလို့ထင်ရုံပဲ...သူ့ကို ညီလေးတစ်ယောက်လိုပဲ ခံစားရတယ်”

ဝမ်ကျင်းက အေးစက်စက်ရယ်ကာ ပြောလိုက်သည်။
 “စကားလုံးတွေ သတိထားပြီး ရွေးသုံးပါ... ကျေးဇူးပဲ”

သူက သူ့ကိုယ်သူ သဝန်တိုနေသည်ဟု မထင်ပေ။ ချန်ဟောက်နန်က ပိုင်မူနင်နှင့် မသင့်တော်ဟု ခံစားရရုံသာဖြစ်သည်။ ၄င်းအတွက်နှင့် ကလေးကို မှားယွင်းသည့် အတွေးများ ပေးစရာမလိုဟု ခံစားမိသည်။

“ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ… မင်း သဝန်မတိုပါဘူး… ငါပဲ သဝန်တိုတာပါ…"

ချန်ဟောက်နန်က ပြုံးပြီး ထွက်ခွာသွားကာ ဝမ်ကျင်းက အလုပ်ဆက်လုပ်နေသည်။

ည ၈ နာရီတွင် ဝမ်ကျင်းက အလုပ်ပြီးဆုံးရန် အသင့်ဖြစ်နေချိန် သူ၏ဖုန်းမြည်လာသည်။  á€”လပဍတ်စိမ်းတစ်ခုဖဟစ်သည်။

ပထမဆုံးခေါ်ဆိုမှုကို သူ မဖြေခဲ့ဘဲ ဒုတိယအကြိမ်မြည်လာသောအခါ ဖြေလိုက်သည်။
“ဟယ်လို... ဘယ်သူပါလဲ"

အခြားဘက်မှအသံက “ဝမ်ကျင်းလား” ဟုမေးလာသည်။
“ဘယ်သူခေါ်နေတာလဲ”

“ ရဲစခန်းကပါ...ပိုင်မူနင်ကိုများ သိပါသလား”

“ဟုတ်ကဲ့... ဘာများဖြစ်လို့လဲ”

“ဒါဆို ကျေးဇူးပြုပြီး သူ့ကိုလာခေါ်ပေးပါ... သူရန်ဖြစ်လို့”

၀မ်ကျင်း၏ ခေါင်းထဲ ပထမဆုံးရောက်လာသော အတွေးမှာ 'ပိုင်မူနင်ကို ဘယ်လိုသောက်ကျိုးနည်း‌ကောင်တွေက အနိုင်ကျင့်ရဲတာလဲ'ဟူ၍ပင်။


💊💊💊

ဆျာဝန်ကြီး အူတိုနေတာ ရယ်ရ🤭💊 Chapter 17
ဒေါက်တာဝမ် ကျွန်တော့်ကို ဖက်ထားပေးလို့ရမလား


"ရဲအရာရှိကြီး... ကျွန်တော် ဆေးစစ်ချင်တယ်...ဒီကောင် ကျွန်တော့်ကို တမင်တကာလုပ်တာ"

"ဒီကိုကြည့်ပါဦး...မျက်နှာ၊ ပါးစပ်၊ ဗိုက်… ကျွန်တော် အကြီးအကျယ်ဒဏ်ရာရသွားပြီ...ဗိုက်က အခုထိအောင့်နေတုန်းပဲ"

ထိုသို့ပြောရင်း လူကြီးက ဗိုက်ကိုကိုင်ပြီး နာကျင်နေဟန်ဆောင်နေသည်။ အသံက ကျယ်ကျယ်လောင်လောင်နှင့် အားပြည့်နေခြင်းသာမဟုတ်လျှင် အမှန်ဟု ထင်စရာကောင်းသည်။

ရဲက ဟန်ဆောင်နေသည့် လူကြီးကို မျက်စောင်းထိုးလိုက်သည်။ 
"စွန်းကျန့်‌ကော် တော်လောက်ပြီ...သရုပ်ဆောင်ရတာကို စွဲလမ်းသွားပြီလား... မင်းအတွက် ဇာတ်စင်ဆောက်ပေးရမလား...အော်စကာဆု တောင်းပေးရမလား"

"ဒီကို မင်းဘယ်နှစ်ခါရောက်ပြီးပြီလဲ..  á€™á€źá€”á€şá€™á€źá€”á€şá€á€”á€şá€á€śá€œá€­á€Żá€€á€şá€…á€™á€şá€¸...အပြစ်မဲ့သားကောင်လို ဟန်မဆောင်နဲ့တော့"

"ကျွန်တော် မတရားခံရတာပါ" 
စွန်းကျန့်‌ကော်၏ အသံက တိုးသွားပြီး သနားစရာဟန်ဆောင်လိုက်သည်။
 "ရဲအရာရှိကြီး... ကျွန်တော် အမှန်ပြောတာပါ... ကျိန်ပါ့မယ်"

"ကျွန်တော် ဒီကလေးကို နည်းနည်းပဲ ဝင်တိုက်မိတာ...နောက်တစ်စက္ကန့်မှာပဲ သူက မီးကျီးပွား ထိသွားသလိုမျိုး ကျွန်တော့်ဆီပြေးလာပြီး အရူးအမူး ရိုက်နှက်ပါလေရော...ကျွန်တော် မတရားခံရတာပါ"

"ဒီနေ့ခေတ်လူငယ်တွေက ကြီးသူကိုရိုသေ၊ ငယ်သူကိုချစ်ခင်ဆိုတာမျိုး မရှိကြတော့ဘူး... ရိုက်နှက်ကြတာများ အသေသတ်တော့မလိုပဲ... ရဲအရာရှိကြီးတို့သာ မြန်မြန်မရောက်လာရင် ကျွန်တော်တော့ သင်္ဂြိုဟ်ဖို့အတွက် အလောင်းထားတဲ့အခန်းမှာ လဲနေရလိမ့်မယ်"

"အိုက်ယားယား...မဖြစ်တော့ဘူး... ဗိုက်က ထပ်အောင့်လာပြန်ပြီ"

ဘေးမှာရပ်နေသည့် ပိုင်မူနင်က ဒေါသထွက်နေသည်။ သူက ခုခံပြောဆိုလိုက်သည်။
"ခင်ဗျားလိမ်နေတာ...ခင်ဗျားက ကျွန်တော့်ဖုန်းကို ခိုးဖို့လုပ်နေတာလေ... ကျွန်တော်ဖမ်းမိသွားလို့ ခင်ဗျားကထွက်ပြေးဖို့လုပ်ရင်း ကျွန်တော့်ကိုသာ မရိုက်ခဲ့ရင် ကျွန်တော်က ခင်ဗျားကို ရိုက်ပါ့မလား"

"အသက်ငယ်ငယ်လေးနဲ့ လိမ်တတ်နေပြီလား...ကျွန်တော်က အရင်လိုမဟုတ်တော့ပါဘူး... သစ္စာဆိုပြမယ် ကျွန်တော် ဘာမှမခိုးခဲ့ဘူး... ဒါကသက်သက်စွပ်စွဲနေတာပဲ... ရဲအရာကြီး ကျွန်တော့်အတွက် ရပ်တည်ပေးရမယ်နော်…"

စွန်းကျန့်‌ကော်က ပြောရင်းဖြင့် ပိုပြီးသနားစရာကောင်းအောင် ငိုပြနေသည်။
"ကျွန်တော် သူ့ကိုတိုင်ကြားချင်တယ်… ဒီကောင်လေးက ကျွန်တော့်ကိုအနိုင်ကျင့်နေတာ...သူက ငယ်ရွယ်တာနဲ့လက်မြန်တာကိုအသုံးချပြီး ကျွန်တော့်ကိုရိုက်နှက်တာ...ကျွန်တော် ဘာအမှားလုပ်မိလို့လဲ"

ပိုင်မူနင်က ဤသို့မျက်နှာပြောင်တိုက်ကာ သရုပ်ဆောင်ကောင်းသည့်သူကို ပထမဆုံးအကြိမ်တွေ့ဖူးသောကြောင့် အလွန်ဒေါသထွက်သွားပြီး ထရပ်ကာ ထပ်မံရိုက်နှက်ရန်  á€•á€źá€„á€şá€œá€­á€Żá€€á€şá€žá€Šá€şá‹

ဒီလူ အလိမ်အညာတွေချည်းပြောနေတာ...ထပ်မရိုက်ပေးရင် ဘယ်တော့မှ ရပ်မှာမဟုတ်ဘူး....

ပိုင်မူနင်၏ ထွက်ဆိုချက်ကိုယူနေသည့်ရဲက သူ့ပခုံးကိုဖိပြီး အေးစက်စက်နှင့်ပြောလိုက်သည်။
 "ထပ်ရိုက်ဦးမှာလား...ဒါ ရဲစခန်းနော်... ထိုင်ပြီးတော့ကောင်းကောင်းနေစမ်း"

"အားသုံးတာက ဘာအကျိုးရှိမှာလဲ... မင်းကကောလိပ်ကျောင်းသားတစ်ယောက်ပဲ... အေးအေးဆေးဆေး မစဉ်းစားနိုင်ဘူးလား"

"လက်သီးနဲ့ အရာအားလုံးကို ဖြေရှင်းလို့ရမယ်ဆိုရင် ငါတို့ ဒီမှာဘာလုပ်နေကြမှာလဲ"

ပိုင်မူနင် ကြောက်သွားပြီး တိတ်တိတ်လေးထိုင်လိုက်သည်။
သူ့စိတ်ထဲတွင်မူ 'လူဆိုးတစ်ယောက်နဲ့တွေ့နေတာကို ဘယ်လိုအေးအေးဆေးဆေးနေရမှာလဲ... ကျွန်တော် မှားထားတာမှမရှိတာ' ဟုတွေးနေမိသည်။

ရဲက မေးလိုက်သည်။ 
"သူ ဖုန်းခိုးတယ်ဆိုတဲ့ အထောက်အထားရှိလား"

"ရှိတာပေါ့"
ပိုင်မူနင်က အခြေအနေကိုရှင်းပြလိုက်သည်။ 
"ကျွန်တော် လိုက်ကာကိုမပြီး အတွင်းကို ဝင်လာတာနဲ့ ချက်ချင်းပဲ အိတ်ကပ်ထဲမှာ လက်တစ်ချောင်းကို ခံစားမိတယ်... ကျွန်တော် သူ့လက်ကို အလိုအလျောက်ဆုပ်လိုက်မိပြီး သူခိုးရှိတယ်လို့ အော်လိုက်တယ်... အနီးအနားက လူတွေအားလုံးသက်သေခံနိုင်တယ်.. အဲ့ဒီအချိန်မှာ သူက တကယ်ပဲ ကျွန်တော့်ဖုန်းကိုကိုင်ထားတာ"

ကျင်းနန်မြို့တွင် ဆောင်းရာသီရောက်သည့်အခါ ကုန်တိုက်များက အေးစက်သည့်လေကိုကာကွယ်ရန် ဝင်ပေါက်များ၌ လိုက်ကာထူထူကြီးများ ကာထားတတ်သည်။ ၄င်းကသူခိုးများအတွက် အခွင့်အရေးဖြစ်သွားသည်။

ရဲက မေးလိုက်သည်။
 "ဒါဆို ဖုန်းက အခုဘယ်မှာလဲ "

"နောက်ပိုင်းမှာ သူက ပြေးဖို့ကြိုးစားတယ်... ဒါနဲ့ကျွန်တော်က လိုက်တယ်...ကျွန်တော်တို့ချော်လဲသွားတယ်...သူက ကျွန်တော့်အိတ်ကပ်ထဲကို ပြန်ထည့်လိုက်မှာပဲ"

"မယုံရင် စောင့်ကြည့်ကင်မရာကို ကြည့်လို့ရတယ်...ကင်မရာက မလိမ်ဘူး...သူက ကျွန်တော့်ဖုန်းခိုးဖို့ကြိုးစားတာ ကျွန်တော်ဖမ်းမိလို့ ကျွန်တော့်ကို လူရိုက်တယ်လို့ ပြောင်းပြန်စွပ်စွဲတယ်"

"သူက အရင်ရိုက်တာ...ကျွန်တော်က လက်စားချေတာ... ပြီးတော့ ကျွန်တော်အလွန်အကျွံမလုပ်ခဲ့ဘူး...သူ့ရဲ့နာကျင်မှုအများစုက ဟန်ဆောင်နေတာပဲ"

ပိုင်မူနင်က ပြန်ရိုက်ချိန်တွင် အားကိုထိန်းထားသည်။ သူက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် ပြန်တိုက်ခိုက်ခြင်းဖြစ်သည်။ စွန်းကျန့်‌ကော်ပြောနေသကဲ့သို့ ရက်စက်သည့် တိုက်ခိုက်မှုမျိုး မဟုတ်ပေ။

"ကောင်းပြီ...သူ ဟန်ဆောင်တာဖြစ်ဖြစ် မဟုတ်တာဖြစ်ဖြစ် ငါတို့စုံစမ်းမှာပါ... အခု ခဏတော့ မင်းလူရိုက်တဲ့အချက်ကို တင်ပြရလိမ့်မယ်"

ရဲက စတင်ညှိနှိုင်းလိုက်သည်။
"စွန်းကျန့်‌ကော်က တကယ်ဒဏ်ရာရထားတယ်...မျက်ဝါးထင်ထင်မြင်လိုက်တဲ့သူတွေကလည်း မင်းရိုက်နှက်တာကို အတည်ပြုထားတယ်... မင်း ဝန်ခံမလား"

"ကျွန်တော် သူ့ကိုရိုက်နှက်မိတာဝန်ခံတယ်...ဒါပေမယ့် အဲ့ဒါက သူက အရင်ရိုက်နှက်လို့ပဲ... ပြီးတော့ သူကကျွန်တော့်ဖုန်းခိုးဖို့ ကြိုးစားတာလို့"

"ဝင်ပေါက်က CCTVက ပျက်နေတယ်...သူ ဖုန်းခိုးဖို့ကြိုးစားတယ်ဆိုတာ မပြနိုင်ဘူး... နှစ်ယောက်ရန်ဖြစ်တဲ့နေရာက အလုပ်လုပ်နေတဲ့ကင်မရာတွေကတော့ မင်းကအရင်ရိုက်တာကိုပြနေတယ်... ဒါက မင်းအတွက်မကောင်းဘူး"

ထိုစကားကိုကြားသောအခါ ပိုင်မူနင် နောက်ဆုံး၌ နားလည်သွားသည်။

ငါ သူခိုးတစ်ယောက်ကြောင့် ဒုက္ခရောက်တော့မယ်...ဒီသူခိုးက ကုန်တိုက်နားမှာတောင် ဒီလောက်မောက်မာပြီး ငါ့ကိုရိုက်နှက်ရဲတာ အံ့သြစရာမရှိဘူးပဲ...အခုအားလုံးအဓိပ္ပာယ်ရှိသွားပြီ...သူက ဝင်ပေါက်က CCTV ပျက်နေတာသိခဲ့တာပဲ... ကင်မရာရှိတဲ့နေရာရောက်တာနဲ့ သူက ချက်ချင်း အပြစ်မဲ့သားကောင်အဖြစ် ပြောင်းသွားတယ်..

ငိုးထဲမှ အကျင့်မ‌ကောင်းတဲ့‌ကောင်ပဲ…

"ကောင်းပြီ.... စွန်းကျန့်‌ကော်...မင်းလည်း ဟန်ဆောင်တာရပ်လိုက်တော့"

"ဒီကောင်လေးက ကျောင်းတက်နေတုန်းအရွယ်မို့ နည်းနည်း စိတ်အားထက်သန်တာ သဘာဝပဲ... သူ့ကို မင်းဆီ တောင်းပန်ခိုင်းမယ်...ဒါဆိုရင် ညီမျှသွားပြီ...ဒီစာရွက်စာတမ်းတွေမှာ လက်မှတ်ထိုးပြီးတော့ နှစ်ယောက်လုံးထွက်သွားလို့ရပြီ"

ပိုင်မူနင်နှင့် စွန်းကျန့်‌ကော်နှစ်ယောက်လုံးက တစ်ချိန်တည်းကန့်ကွက်လိုက်သည်။
"ကျွန်တော် ဘာမှမမှားပါဘူး...ဘာလို့တောင်းပန်ရမှာလဲ"

စွန်းကျန့်‌ကော်ကလည်း ပြောလိုက်သည်။
"သူက ကျွန်တော့်ကိုရိုက်နှက်ထားတာကို ဘာလို့ တောင်းပန်ရုံနဲ ပြီးသွားရမှာလဲ... ကျွန်တော့်ဒဏ်ရာကရော...မဖြစ်နိုင်ဘူး...ကျွန်တော် တရားမျှတမှုလိုချင်တယ်"

"ဒါဆို မင်းဘာလိုချင်တာလဲ...သူ့ကို ရက်ပိုင်း လောက် အချုပ်ထဲထည့်ထားဖို့ တကယ်လိုချင်တာလား... သနားကြင်နာစိတ်ထားပြီး အလွန်အကျွံမလုပ်နဲ့တော့"

စွန်းကျန့်‌ကော်က ပြောလိုက်သည်။
"ကျွန်တော် သူ့ကို အချုပ်ထဲထည့်ထားဖို့ မတောင်းဆိုဘူး...ဒါပေမယ့် ဆေးကုသစရိတ်အတွက် ယွမ် ၂၀၀၀၀ ပေးပါ...ဒါဆိုရင် ဖြေရှင်းပြီးသား ဖြစ်သွားမယ်"
"မဟုတ်ရင် ကျွန်တော် ဒါကို သီးသန့်မဖြေရှင်းပေးဘူး"

နှစ်ဖက်လုံးက အလျှော့မပေးဖြစ်နေသည်ကို မြင်သောအခါ ရဲက စွန်းကျန့်‌ကော်ကိုခေါ်သွားရန် ခိုင်းစေလိုက်ပြီး ပိုင်မူနင်နှင့် အတူထိုင်ပြီး တစ်ဖက်လူအား သည်းခံခိုင်းရန် ကြိုးစားလိုက်သည်။
"လူငယ်လေး...ဒီတစ်ခေါက် အခက်အခဲကို သင်ခန်းစာအဖြစ်ယူလိုက်... ဒီတစ်ခါ မင်း ဘာမှမတွေးဘဲလုပ်မိသွားပဲ...မင်းသာ ငါတို့ကိုချက်ချင်းခေါ်ရင် မင်း ဒုက္ခမရောက်နိုင်ဘူး"

"အဲ့ဒီ စွန်းကျန့်‌ကော်က လုပ်စားနေကျမြေခွေးတစ်ကောင်ပဲ...သူက မင်းကို ဘယ်လိုထောင်ဖမ်းရမလဲဆိုတာသိနေတယ်..သက်သေအထောက်အထားမရှိတော့ ငါတို့ မင်းကိုကူညီချင်ပေမယ့် များများစားစား မကူညီနိုင်ဘူး"

"မင်း သီးသန့်မဖြေရှင်းရင် ဒါက မင်းအတွက်မကောင်းဘူး...ငါတို့ ခုနှစ်ရက် အချုပ်ထဲထည့်ဖို့နဲ့ ဒဏ်ကြေးချမှတ်လိုက်မယ်...မတရားဘူးလို့ မခံစားနဲ့... သင်ခန်းစာအတွက်ပေးဆပ်တယ်လို့ပဲ မှတ်လိုက်ပါ"

ပိုင်မူနင်က ဆိုလိုရင်းကို နားလည်သည်။ CCTV မှ အမြင်အရ သူက အရင်ရိုက်နှက်ခဲ့ခြင်းပင်။

စွန်းကျန့်‌ကော်မှာ သူခိုးအစစ်ဖြစ်သော်လည်း သူက ပိုင်မူနင်၏ ဖုန်းကိုခိုးခဲ့ကြောင်း ခိုင်မာသည့်အထောက်အထားမရှိပေ။ လူတစ်ယောက်ကိုဖမ်းရန် သက်သေလိုအပ်သည်။ဤသို့ အခြေအနေတွင်မူ ပိုင်မူနင်က သူကံမကောင်းဟုသာ ယူဆရမည်ဖြစ်သည်။

သို့သော ပိုင်မူနင်က ဤမတရားမှုကို လက်မခံနိုင်ပေ။ 

ငါ အမှားလုပ်ထားတာမရှိဘူး...ဘာလို့တောင်းပန်ရမှာလဲ...

သူ အသက်ရှုကြပ်လာမိသည်။
တောင်းပန်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး...

ပိုင်မူနင်နှုတ်ဆိတ်နေသည်ကို မြင်သည့်အခါ ရဲက ထပ်ကြိုးစားလိုက်သည်။
 "မင်း ဖြေရှင်းချင်ရင် ငါသူ့ကို လျှော့ပေးခိုင်းလိုက်မယ်... ယွမ် ၂၀၀၀၀ ကတော့ သိပ်များတယ်"

ပိုင်မူနင် တွေးကြည့်လိုက်သည်။ ထို့နောက် မျက်နှာကိုမော့ကာ ခိုင်မာသည့်အသံနှင့် ပြောလိုက်သည်။
 "ကျွန်တော် ဘာမှမမှားထားဘူး...ဒါကြောင့် တောင်းပန်မှာမဟုတ်ဘူး... သူ ကျွန်တော့်ဆီက ငွေညှစ်ချင်ရင် နောက်ဘဝမှာ ကြိုးစားကြည့်ပါစေ…"

"ကျွန်တော် သူ့ကို လျော်ကြေးတစ်ပြားမှမပေးနိုင်ဘူး"

ယနေ့တွင် ဤသိက္ခာတရားကိုမျိုချလိုက်ရပါက ပိုင်မူနင်မှာ တစ်သက်လုံးဤအတိုင်းဖြစ်သွားမည်ဟု ခံစားနေရသည်။

ငါ နောက်မဆုတ်ဘူး... တောင့်ခံမှာပဲ... စိတ်ဆုံးဖြတ်ပြီးသွားပြီ...အဆိုးဆုံးက ရက်ပိုင်းလောက် အချုပ်ထဲဝင်ရမယ်...အနည်းဆုံးတော့ စားစရာအတွက် ငွေမကုန်တော့ဘူးပေါ့...

ပိုင်မူနင်က ယခုကဲ့သို့ ခေါင်းမာနေသည်ကိုမြင်ရာ ရဲက စည်းရုံးရန်  á€™á€Ąá€ąá€Źá€„်မဟင်သ္ဏကဟ္ဏင်အ သက်ပြင်းချလိုက်သည်။
 "ဒါဆိုရင် ငါ မင်းကို အချုပ်ထဲထည့်ဖို့ စာရွက်စာတမ်း စလုပ်တော့မယ်"

ထိုစကားထဲ၌ ခြိမ်းခြောက်ခြင်း အနည်းငယ်ပါနေသည်။ သို့သော် ပိုင်မူနင်က ဒုက္ခကို မကြောက်ပေ။
"လုပ်ပါ..ကျွန်တော့်ကိုချုပ်ထားလိုက်...ကျွန်တော် ဘဝအတွေ့အကြုံအသစ်အဖြစ် သဘောထားလိုက်မယ်"

"ဒီကောင်လေး..."
ရဲက စိတ်ဆိုးမှုကို မျိုချလိုက်ပြီး ထပ်ပြောလိုက်သည်။
"မင်းမိဘတွေကို ခေါ်လိုက်...ငါ သူတို့နဲ့ စကားပြောမယ်"

"သူတို့သေသွားတာကြာပြီ...အကုန်လုံးကို ကျွန်တော်ကိုယ်တိုင်ဆုံးဖြတ်တာ"

ထိုစကားကိုကြားသည့်အခါ ရဲက သူ၏ယခင်အပြုအမူအတွက် နောင်တရမိသွားသည်။
 "ဒါဆို မင်းဆရာကို ခေါ်လို့ရမလား"

"ဘွဲ့ရပြီးပြီ…"

"လူငယ်လေး...မင်း ဒီလိုမပူးပေါင်းပေးဘူးဆိုရင် ငါလည်း မင်းအတွက် တကယ်ဘာမှမလုပ်ပေးနိုင်တော့ဘူး"

ပိုင်မူနင်က နောက်ထပ်စကားမပြောတော့ပေ။ 

ငါ တောင်းပန်မှာမဟုတ်ဘူး...

လျော်ကြေးလည်း တစ်ပြားမှမပေးမှာမဟုတ်ဘူး..

ပိုင်မူနင်တစ်ယောက်တည်း နာရီဝက်ကြာထိုင်ပြီးနောက် ရဲကပြန်လာပြီး သူ့ကိုပြောသည်။ 
"ထွက်သွားလို့ရပြီ... မင်းကို လာခေါ်တဲ့သူရှိတယ်...မင်း ညှိနှိုင်းဖို့ပြန်သွားလိုက်တော့"

ပိုင်မူနင်က စိတ်ရှုပ်စွာမေးလိုက်သည်။
"ဘယ်သူလဲ"

"မင်းဦးလေး"

"...?"

သူ ညှိနှိုင်းရေးခန်းထဲရောက်သောအခါမှ  á€‘á€­á€Żá€Śá€¸á€œá€ąá€¸á€†á€­á€Żá€žá€°á€€ ဝမ်ကျင်းဖြစ်နေမှန်း သိလိုက်ရသည်။

သူက ဘာလို့ဒီရောက်နေလဲ...ရှက်စရာကောင်းလိုက်တာ...

ဝမ်ကျင်းက ရဲနှင့်စကားပြောနေသည်။ သူက အခြေအနေကိုမေးလိုက်ကာ နားထောင်ပြီးသည့်နောက် ပြုံးပြီးပြောလိုက်သည်။ 

"အိမ်ရောက်ရင် ကျွန်တော် သူ့ကို သေချာသင်ပေးလိုက်ပါ့မယ်...ဒီလိုမဆင်မခြင် မလုပ်မိအောင်သင်ပေးလိုက်ပါ့မယ်"

ပိုင်မူနင်ဝင်လာသည်ကို မြင်သောအခါ ဝမ်ကျင်းက သူ့ကိုခေါ်လိုက်သည်။ ပိုင်မူနင်လည်း သူ့အနားသို့ သွားလိုက်သည်။ ဝမ်ကျင်းက သူ့ကို သေချာကြည့်နေသည်။

"တစ်ခုခု ထိခိုက်သွားသေးလား"

"...?"

ပိုင်မူနင်က ဝမ်ကျင်းမှ သူပြဿနာရှာခဲ့သည့်အတွက် ပထမဆုံးလုပ်မည့်အရာမှာ ဆူပူကြိမ်းမောင်းခြင်းဟု ထင်ခဲ့သည်။ သို့သော် သူ တစ်ခုခုထိခိုက်သွားလားဟု မေးမည်ကို မမျှော်လင့်ခဲ့ချေ။

သူ၏ နှလုံးသားမှာ အနည်းငယ် နွေးထွေးသွားရသည်။ ပိုင်မူနင်က မတရားခံရသလို ခံစားရပြီး ခေါင်းညိတ်လိုက်သည်။ သူက အမှန်တကယ်ပင် စိတ်ဆင်းရဲဖွယ်ရာ ဒုက္ခရောက်ခဲ့ရသည်။ စိတ်ပျက်အားငယ်ဖြစ်ခဲ့ရသည်အထိပင်။

"ဘာတွေဖြစ်ခဲ့တာလဲ"

ပိုင်မူနင်က စွန်းကျန့်‌ကော် သူ့ဖုန်းကို ခိုးယူရန် ကြိုးစားခဲ့ပုံနှင့် ငွေညှစ်ရန် ကြိုးစားခဲ့ပုံတို့ကို ရှင်းပြလိုက်သည်။ ဝမ်ကျင်းကမူ စကားတစ်ခွန်းတစ်လေဖြင့်ပင် ဆူပူခဲ့ခြင်းမရှိပေ။

ဝမ်ကျင်းက သူ့ပခုံးကို ပုတ်ပေးရင်း ပြောလိုက်သည်။
 "ကောင်းပြီ...ကိုယ် ကိုင်တွယ်လိုက်မယ်" 

အကြောင်းပြချက်မသိရသော်လည်း ထိုစကားလေးက ပိုင်မူနင်အား ချက်ချင်းပင် လုံခြုံမှုတစ်ခု ခံစားရစေခဲ့သည်။ သူ ယခင်ကကဲ့သို့ ထိတ်လန့်နေခြင်း မရှိတော့ပေ။

ရဲစခန်းသို့ ရောက်ရှိချိန်မှစ၍ ပိုင်မူနင်မှာ ကြောက်ရွံ့တုန်လှုပ်နေခဲ့ရသည်။ သူက သာမန်လူတစ်ဦးမျှသာဖြစ်သည်။ သူ့အ‌နေဖြင့် စိတ်ဓာတ်ခိုင်မာခြင်းမရှိပေ။ ရဲစခန်းထဲတွင် မည်သူကမှ မကြောက်ရွံ့နိုင်ဘဲ မနေကြပေ။

သူ့အနေဖြင့် ကြောက်ရွံ့နေခဲ့သော်လည်း ဤမတရားမှုကိုလည်း သည်းမခံနိုင်‌ပေ။

သို့သော် ယခုအခါ ဝမ်ကျင်းရောက်ရှိလာပြီဖြစ်ရာ ပိုင်မူနင်မှာ မှီခိုအားထားရသူရှိသလို ခံစားရပြီး ပို၍ပင် လက်လျှော့ချင်စိတ် မရှိတော့ပေ။

ရဲများကလည်း စွန်းကျန့်ကော်ကို ခေါ်ဆောင်လာခဲ့ကြသည်။ အစတွင် သူက မောက်မာနေဆဲဖြစ်သော်လည်း ဝမ်ကျင်းကို မြင်သည့်အချိန်တွင် ချက်ချင်းပင် ကြောက်ရွံ့သွားခဲ့ပြီး သူ၏ အသံပါပြောင်းလဲသွားခဲ့သည်။

ကြွက်တစ်ကောင်က ကြောင်ကိုမြင်သလိုပင်ဖြစ်သည်။ပိုင်မူနင်က သံသယဖြင့် ကြည့်နေမိသည်။ 

စွန်းကျန့်ကော်က ရဲတွေကိုတောင် မကြောက်တာ.. ဝမ်ကျင်းကို ဘာလို့ ကြောက်နေတာလဲ...ထူးဆန်းတယ်...

"မင်း အရိုက်ခံရတယ်ဆို" 
ဝမ်ကျင်းက သူ့ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ စွန်းကျန့်ကော်က ကြောက်ရွံ့စွာဖြင့် တုန်ယင်သွားခဲ့သည်။ 
"နားလည်မှုလွဲတာပါ... လုံးဝကို နားလည်မှုလွဲတာပါ"

"ဒီကိစ္စက ဒီလိုအခြေအနေဖြစ်သွားတယ်... ကျွန်တော် အရိုက်ခံရတာပဲမဟုတ်လား... ကျွန်တော့်အပြစ်ပါ... ကျွန်တော် သဘောတူညီချက်လုပ်ပါ့မယ်... ကျွန်တော် မတရားမလုပ်ပါဘူး"

"ဒါပဲလား...ငါ့ကလေးလည်း ထိခိုက်ဒဏ်ရာရခဲ့တာပဲ" 
ဝမ်ကျင်းက ဂရုမစိုက်သလို ပြောလိုက်သည်။
"လျော်ကြေးပေးပါ့မယ်... ယွမ်နှစ်သောင်းပေးမယ်... ရလား"

"သူက မတရားခံစွပ်စွဲတာလည်း ခံခဲ့ရသေးတယ်"

စွန်းကျန့်ကော်မှာ သူ့ထံတွင် မည်သည့်အရာများ ဖြစ်လာမည်ကိုပင် မသိတော့ပေ။ သူက အမှန်တရားအား သူ့ဘာသာသူ ထုတ်ဖော်ပြောပြလိုက်သည်။

 "ကျွန်တော်ကသာ သူ့ဖုန်းကိုခိုးဖို့ ကြိုးစားခဲ့တာပါ... သူမိသွားလို့ သူ့ကိုငွေညှစ်ဖို့ ကြံစည်ခဲ့တာပါ... အခုတော့ ကျွန်တော်မှားတာသိပါပြီ... ရဲအရာကြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"

ရဲများကပင် သူရုတ်တရက်ထွက်ဆိုလိုက်သည့် ဝန်ခံချက်ကို မယုံနိုင်ဖြစ်သွားသည်။ 

ခုနကထိတောင် သားကောင်ဟန်ဆောင်နေတဲ့ ဒီမြေခွေးအိုကြီးက ဘာဖြစ်သွားလို့ ရုတ်တရက်ပြန်လှည့်ပြီး အရာအားလုံးကို ဝန်ခံသွားတာလဲ...

ဝမ်ကျင်း ဝင်ရောက်စွက်ဖက်လိုက်သောကြောင့် ကိစ္စများက အမြန်ဆုံး ဖြေရှင်းပြီးသွားသည်။ စွန်းကျန့်ကော်ကဖုန်းခိုးခဲ့ခြင်းကို ဝန်ခံရုံသာမက ပိုင်မူနင်အား ယွမ် ၂၀၀၀၀ ပေးလျော်ခဲ့သည်။

ရဲစခန်းမှ ထွက်လာသောအခါ  á€œá€ąá€Ąá€ąá€¸á€™á€ťá€Źá€¸á€€ တိုက်ခတ်လာသည်။ ပိုင်မူနင် တုန်ယင်ပြီး လည်ပင်းကိုကုပ်လိုက်သည်။ ၄င်းက အိပ်မက်မဟုတ်မှန်း  á€‘ိုဥခဝိန်မသသဏ သေချာသွားသည်။

စွန်းကျန့်ကော် ကျိန်စာတစ်ခုခုသင့်ခံလိုက်ရတာဖြစ်မယ်...မဟုတ်ရင် ဘာလို့ ဒီလိုအလွယ်တကူ ဝန်ခံသွားမှာလဲ...

ယခုနကထိ သူအလွန်ကြောက်နေသေးကာ ယခုကိစ္စပြီးသွားချိန်တွင် ပိုင်မူနင်၏ မရှိမဲ့ရှိမဲ့သတ္တိများ ချက်ချင်းကုန်ဆုံးသွားသည်။ သူ့ခြေထောက်များက ပျော့ခွေနေပြီး လမ်းပင် ကောင်းစွာမလျှောက်နိုင်တော့ပေ။

နောက်ဆက်တွဲကျန်ရစ်သည့် ကြောက်ရွံ့မှုလှိုင်းတစ်ခုက သူ့ကိုလွှမ်းခြုံသွားသည်။ သူက လမ်းလျှောက်ခြင်းကို ရပ်ကာ ဂုဏ်သိက္ခာကိုထိန်းရန်ကြိုးစားရင်း ပြောလိုက်သည်။
 "ဒေါက်တာဝမ်..."

ဝမ်ကျင်းက လှည့်ကြည့်လိုက်သည်။ 

ခုနကထိ သွားရိုက်နှက်ချင်နေသေးတဲ့ ကြောင်လေးက အခုတော့ ကျေးဇူးတင်ချင်နေတဲ့ ကြောင်လေးလိုမျိုး ရပ်နေတာပဲ...

သူ၏ လှပသောဗာဒံစေ့သဏ္ဍာန်မျက်ဝန်းများက မျက်ရည်ဝဲနေသကဲ့သို့ တလက်လက်ဖြစ်နေသည်။

"ဘာလဲ"

"ဒေါက်တာဝမ်... ကျွန်တော့်ကို ဖက်ထားပေးလို့ရမလား" 

ပိုင်မူနင်က ကြောက်နေလျှင်ပင် တည်ငြိမ်ဟန်  á€†á€ąá€Źá€„်တတ်သည်အသူမဝိုးဖဟစ်သည်။ လက်တွေ့တွင် ကြောက်လွန်း၍ သူ့ခြေထောက်များက အတော်လေးပျော့ခွေနေပြီး ရပ်ဖို့ရန်ပင် ခက်နေသည်။

ဒါပေမယ့် ငါ ကြောက်သွားတယ်... စိတ်ဓာတ်ကျသွားတယ်ဆိုတာ ဘယ်သူ့ကိုမှမသိစေချင်ဘူး....

ထို့ကြောင့် ဝမ်ကျင်းကိုသူ့ဆီလာခိုင်းပြီး သူ့အပေါ်ယာယီအားကိုးခွင့်ပေးရန် အကြောင်းပြချက်တစ်ခုကို ရုတ်တရက်ထုတ်လိုက်သည်။

ရဲစခန်းဝင်ပေါက်တွင် မျက်နှာမပျက်ချင်ပေ။ သူက ရဲစခန်းမှ မာနအပြည့်ဖြင့် ထွက်လာချင်သည်။

ပြဿနာမှာ  á€šá€á€Żá€žá€°á€€ မတ်တပ်ရပ်ဖို့ပင် ခက်ခဲနေသည်။မာနကြီးသည့်ပုံပေါ်အောင် မလုပ်နိုင်ပေ။

"ဘာလဲ" 
ဝမ်ကျင်းက မကြားရဟန်ဖြင့်  á€›á€žá€Żá€•á€şá€‘á€˝á€ąá€¸á€…á€˝á€Źá€™á€ąá€¸á€œá€­á€Żá€€á€şá€žá€Šá€şá‹

ပိုင်မူနင်က သူ၏မတည်ငြိမ်သည့်ခြေထောက်များကို အတင်းခိုင်းစေကာ ရှေ့သို့ခြေတစ်လှမ်းတိုး၍ ဝမ်ကျင်း၏ခါးကိုပွေ့ဖက်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဝမ်ကျင်း၏ရင်ဘတ်ပေါ်တွင် မှီလိုက်သည်။
"မတွန်းထုတ်ပါနဲ့ဦး... ကျွန်တော့်ကို နည်းနည်းလေးအသားယူခွင့်ပေးပါ...ငါးစက္ကန့်လောက်ပဲ... ရမလား"

ပိုင်မူနင်က ခန္ဓာကိုယ်ကိုစောင်းပြီး ဝမ်ကျင်းအား ကပ်တွယ်နေသည်။ ဝမ်ကျင်း၏ ခန္ဓာကိုယ်တောင့်တင်းသွားသည်နှင့် နှလုံးခုန်သံမြန်သွားသည်ကို ရှင်းရှင်းလင်းလင်းခံစားမိလိုက်သည်။

ကျေးဇူးတင်စရာကောင်းသည်မှာ ဝမ်ကျင်းက သူ့ကိုမတွန်းထုတ်ဘဲ မှီခိုခွင့်ပေးထားခဲ့ခြင်းဖြစ်သည်။

-------

စာရေးသူ၏မှတ်ချက်-

ဝမ်ကျင်း - ငါ့ဇနီးလေးက ငါ့ကို အသားယူချင်နေတယ်ဆိုရင် ဘာလုပ်ရမလဲ


💊💊💊💊 Chapter 18


စက္ကန့်အနည်းငယ်မျှသာ ပွေ့ဖက်လိုက်ရပြီး တစ်မိနစ်ပင် မပြည့်လိုက်ပေ။ ထိုအချိန်တွင် ပိုင်မူနင်၏ ကော်လံကို ဆွဲမ,ခံလိုက်ရပြီး ထိုအားဖြင့်ပင် သူ့ခမျာ ဝမ်ကျင်းထံမှ ဆွဲခွာခံလိုက်ရပေသည်။

ဝမ်ကျင်းက သူ့အား မျက်မှောင်ကြုတ်ကြည့်ရင်း နှုတ်ခမ်းထောင့်များမှာ ပိုင်မူနင် အခွင့်ကောင်းယူသည်ကို မုန်းနေသကဲ့သို့ အောက်သို့ညွတ်ကျနေသည်။ သူ၏အသံမှာ အေးစက်နေလျက် အမိန့်ပေးလိုက်သည်။
"မင်း မတ်တတ်မရပ်နိုင်ရင် ထိုင်ချလိုက်" 

ဒီလောက် အေးစက်တဲ့လူ... သူ တခြားသူတွေကို ပြတတ်တဲ့ နူးညံ့တဲ့အမူအရာက ဘယ်ရောက်သွားတာလဲ...

ငါ့အပေါ်ကျ အမြဲတမ်း ဘာလို့ နှလုံးသားက ဒီလောက် အေးစက်နေရတာလဲ...

ဒီ စံနှစ်ထပ်ခွေးကတော့…

သူက စိတ်ထဲမှ ဝမ်ကျင်းကို ရန်တွေ့နေသော်လည်း မျက်နှာတွင်မူ မကျေနပ်သည့် အရိပ်အယောင် အနည်းငယ်လေးမျှပင် မပြသရဲပေ။

"အိုး... သိပါပြီ" 

ပိုင်မူနင်က နာခံစွာ ထိုင်ချလိုက်ပြီးနောက် ခေါင်းကို မော့ကာ ဝမ်ကျင်းကို မေးလိုက်သည်။
 "ဒေါက်တာဝမ်... စွန်းကျန့်ကော်က ခင်များကို ဘာလို့ ဒီလောက် ကြောက်နေရတာလဲ"

အမြဲလိုလို လူအနည်းငယ်က ကြားဝင်ဖြေရှင်းရန် ကြိုးစားသော်လည်း ဝမ်ကျင်းရောက်လာသည်နှင့် စွန်းကျန့်ကော်၏ သဘောထားမှာ လုံးဝ ပြောင်းလဲသွားခဲ့သည်။

သူက သူ၏အမှားကို ဝန်ခံခဲ့ပြီး ပိုင်မူနင်ကို ဂုဏ်သိက္ခာချမိသည့်အတွက် လျော်ကြေးအဖြစ်  á€šá€˝á€™á€ş ၂၀,၀၀၀ ပင် ပေးခဲ့သည်။

သူ၏ အကောင့်ထဲတွင် နောက်ထပ် ၂၀,၀၀၀ ရှိလာခြင်းကြောင့် ပိုင်မူနင်မှာ ပျော်ရွှင်ရသော်လည်း စိတ်မသက်မသာ ဖြစ်နေမိသည်။
 
သူက တကယ်ကို စူးစမ်းလိုစိတ် ဖြစ်နေခဲ့သည်။ 

ဒီတရုတ်တိုင်းရင်းဆေး ဆရာဝန်က ဘာလို့ သူခိုးကိုပါ ကြောက်လန့်အောင် လုပ်နိုင်ရတာလဲ...

သူခိုးတွေက တရုတ်တိုင်းရင်းဆေးပညာကိုရော ကြောက်ကြတာလား...

ဝမ်ကျင်းက သူ့ဘေးတွင် ရပ်နေပြီး သူ့ကို တစ်ချက်လေးပင် မကြည့်ဘဲ လက်ချောင်းများဖြင့် ဖုန်းပေါ်တွင် စာများရိုက်ကာ မက်ဆေ့ချ်တစ်ခု ပို့နေခဲ့သည်။

"မင်း တမင်သက်သက် လုပ်ခဲ့တာပဲ ဝူရှီးယာအတွက် မဟုတ်လား"

ဝမ်ကျင်း၏ လေသံမှာ သေချာမှုတို့အပြည့်ဖြစ်သည်။ သူက ပိုင်မူနင်၏ စိတ်ထဲမှအတွေးများကို နားထောင်နိုင်ပြီး သူ့အား လုံးဝ ထွင်းဖောက်မြင်နေသည့်အလားပင်။

ပိုင်မူနင် တမင်တကာသူခိုးကို သွားရှာခဲ့ခြင်းက အမှန်ပင်ဖြစ်သည်။

ဝူရှီးယာ သူမ၏ဖုန်းကို ပျောက်ဆုံးသွားခဲ့ပြီးနောက် ၎င်းအထဲတွင် အလွန်အရေးကြီးသော ဓာတ်ပုံများ ပါနေသည်။ ရဲများက ပြန်လည်ရယူမပေးနိုင်သလို ခိုးယူခံရသော ပစ္စည်း၏ သက်သေအထောက်အထားမရှိသောကြောင့် အရေးယူဆောင်ရွက်ရန် နည်းလမ်းမရှိခဲ့ပေ။ ထို့ကြောင့် သူ ဝင်ပါခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်၍ ဝမ်ကျင်း ထွက်ခွာသွားပြီးနောက် ပိုင်မူနင်က ဝူရှီးယာ ဖုန်းပျောက်သွားသည့် နေရာသို့ မြေအောက်ရထားစီးကာ သွားခဲ့ပြီး ပုန်းလျက် သူခိုးကို စောင့်ကြည့်ခဲ့သည်။ 

သူခိုးများမှာ အများအားဖြင့် သတ်မှတ်ထားသော နေရာများ ရှိကြပြီး လူအနည်းငယ်ကြား ခွဲဝေထားသည့် သတ်မှတ်နယ်မြေများအတိုင်း လည်ပတ်လုပ်ကိုင်ကြသည်။

ရထားဘူတာများ၊ မြေအောက်ရထားဘူတာများ၊ ဈေးဝယ်စင်တာ အဝင်ဝများ၊ လူစည်ကားသည့် နေရာတိုင်းက အန္တရာယ်များသော ဧရိယာများ ဖြစ်ကြ၏။

အချိန်ကြာကြာ မယူလိုက်ရဘဲ စွန်းကျန့်ကော်မှာ သူခိုးဖြစ်ကြောင်း ပိုင်မူနင် အတည်ပြုနိုင်သွားသည်။ မကြာမီကပင် ထိုသူမှာ တစ်စုံတစ်ဦး၏ ဖုန်းကိုခိုးယူသွားသည်ကို ကိုယ်တိုင် မျက်မြင်တွေ့လိုက်ရသည်ပင်။ စွန်းကျန့်ကော်က ထွက်မပြေးဘဲ သူ၏ လက်ပါးစေတစ်ဦးကို ဖုန်းပေးလိုက်ပြီး ထိုသူကလည်း ဖုန်းနှင့်အတူ အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။

လက်ပူးလက်ကြပ်မမိဘဲ ရဲကို ခေါ်လျှင်လည်း အသုံးမဝင်ပေ။ ထိုလူအနေဖြင့် ငြင်းဆိုလိုက်နိုင်သည်ပင်။

ပိုင်မူနင်က စောင့်ကြည့်ကင်မရာရှိသည့် နေရာများကို ခွဲခြားသတ်မှတ်ကာ အစီအစဉ်တစ်ခု ဆွဲလိုက်သည်။

သူ၏ လက်ပူးလက်ကြပ်မိစေရန် စီစဉ်ထားသမျှ အားလုံးမှာ ကင်မရာပျက်နေခြင်းကြောင့် ပျက်စီးသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အကယ်၍ စောင့်ကြည့်ကင်မရာသာ မပျက်စီးခဲ့ပါက သူ့အနေဖြင့် အဆုံးတွင် အကြပ်ကိုင်ခံရမည် မဟုတ်ပေ။

ယနေ့ သူ ဖြတ်သန်းခဲ့ရသည့် ဒုက္ခအားလုံးကို တွေးလိုက်ပြီး ပိုင်မူနင်က သက်ပြင်းချလိုက်သည်။
 "ခင်များဆီက ဘာမှ ဖုံးကွယ်ထားလို့ မရနိုင်တာကို ကျွန်တော် သိပါတယ်... ဟုတ်တယ် ကျွန်တော် တမင်လုပ်ခဲ့တာ"

လိမ်ညာနေရမည့် အကြောင်းမရှိတော့ဟု ပိုင်မူနင် ခံစားလိုက်ရသည်။ ဝမ်ကျင်းက ဉာဏ်ကောင်းပြီး ထိုးထွင်းသိမြင်နိုင်သူ ဖြစ်သည်။ ထိုဖွင့်ပြောခဲ့သည့်အချိန်ကအတိုင်း သူ့အား လုံးဝ ဖောက်ထွင်းမြင်နေခဲ့ပြီပင်။

ဝမ်ကျင်းက ပေါ့ပေါ့ပါးပါး လှောင်ပြောင်ရယ်မောလိုက်သည်။ သူ၏လေသံမှာ အနည်းငယ် ပျင်းရိဟန်ရသော်လည်း လှောင်ပြောင်မှုများ အပြည့်ပါဝင်နေသည်။ 

"နှစ်ခါပဲ တွေ့ဖူးသေးတာကို မင်းက တခြားသူတွေအတွက် ရှေ့တန်းကနေ တိုက်ခိုက်ပြီး ရန်သူရဲ့နယ်မြေကို ဖြတ်ဝင်နေပြီ... မင်းလိုလူမျိုးက မင်းရဲ့ ဖြူစင်လွန်းတဲ့စိတ်ကြောင့် 'စိတ်နှလုံးအထိရှ‌စေဆုံးသူ' ဆိုတဲ့ ဆုတစ်ခုခုအတွက် နာမည်စာရင်းတင်သွင်းခံရသင့်တယ်..."

သူက ဘာဖြစ်လို့များ ဒေါသထွက်နေတာလဲ…

ပိုင်မူနင်မှာ စိတ်တိုသွားရသည်။ ဝမ်ကျင်းက သူ့အား  á€œá€žá€ąá€Źá€„်ပဟ္ဏင်န္သည်မသဏ ရှင်းလင်းနေသည်ပင်။ သူက အေးစက်စက်ဖြင့် နှာမှုတ်လိုက်ပြီး ရိုးရိုးရှင်းရှင်းပင် မြေကြီးပေါ်တွင် ထိုင်ချလိုက်သည်။ 

"ဟုတ်ပါတယ်၊ ကျွန်တော်က မယ်တော်မာရီပါ (Holy Mother) ... ဒေါက်တာဝမ် နောက်ဆုတ်ပေးပါဦး... အခု ကျွန်တော့်ဆီက  á€žá€”á€ˇá€şá€…á€„á€şá€á€źá€„á€şá€¸á€Ąá€œá€„á€şá€¸á€á€”á€şá€¸á€á€˝á€ą ထွက်လာတော့မှာမို့ပါ"

ရဲစခန်းအပြင်ဘက် လှေကားထစ်များမှာ အခြားနေရာများနှင့် မခြားနားပေ။ အေးစက်နေပြီး ထိုင်နေသူ၏ တင်ပါးကိုပင် အေးခဲသွားစေသည်။

ပိုင်မူနင် ကြာကြာ မထိုင်ရသေးမီမှာပင် စိတ်မသက်မသာ ဖြစ်လာခဲ့သည်။

သို့သော် သူ မလှုပ်ရှားနိုင်ပေ။ သူ့အနေဖြင့် ဟန်ပန်ကို ထိန်းထားရမည်။ ဝမ်ကျင်းကို သူ့အပေါ် အထင်သေးသွားခွင့်ပေး၍ မဖြစ်ပေ။

ဒီလူက စာမျက်နှာလှန်တာထက်တောင် ပိုမြန်မြန် မျက်နှာပြောင်းနိုင်တာပဲ... သူက ရဲစခန်းထဲမှာ ဘာလို့ ငါ့ကို မဆူတာလဲ... ငါတို့ အပြင်ရောက်တာနဲ့ ချက်ချင်း လှောင်ပြောင်‌ ထေ့ငေါ့တော့တာပဲ...

သူ မလာချင်ရင် မလာခဲ့နဲ့ပေါ့... သူ့ကို ဖုန်းခေါ်ခဲ့တာလဲ မဟုတ်ဘဲနဲ့...

ပိုင်မူနင်သည် ရင်ထဲတွင် ချဉ်စူးစူးနာကျင်မှုကို ခံစားလိုက်ရကာ  á€”သိပ်စက်ညသင်းပန်းခလန္ရသညအ်ဥတိုင်းပင်။

ထိုသူမှာ လွန်ခဲ့သည့် ခဏလေးကပင် သူ့ဘက်မှ ရပ်တည်ပေးခဲ့သည်မှာ ရှင်းလင်းနေပါသော်ငြား ယခုမူ သူနှင့်  á€Ąá€€á€˝á€Źá€Ąá€á€ąá€¸á€á€…်ခု ထားနေပေပြီ။

"ထ... ကားထဲ ဝင်တော့..."

ပိုင်မူနင်က မကြားချင်ယောင်ဆောင်နေခဲ့ပြီး ဝမ်ကျင်းကို တစ်ချက်မျှပင် လှမ်းမကြည့်ပေ။

ဝမ်ကျင်း၏လေသံက အနည်းငယ် ပျော့ပျောင်းသွားခဲ့သော်လည်း ခြိမ်းခြောက်မှုများအပြည့် ပါဝင်နေဆဲပင်။ 
"မင်းကို ကိုယ်ပွေ့ခေါ်ပေးဖို့ လိုလို့လား"

ဝမ်ကျင်းဆိုသည်မှာ တကယ်ပင် ထိုသို့သော အရာမျိုးကို လုပ်နိုင်သူဖြစ်သောကြောင့် ပိုင်မူနင် အဆုံးတွင် မတ်တတ်ရပ်လိုက်ပြီး သူ့နောက်မှ လိုက်၍ ကားထဲ ဝင်လိုက်တော့သည်။

တံခါးပိတ်လိုက်သည်နှင့် ဝမ်ကျင်းက ပိုင်မူနင်အတွက် ထိုင်ခုံခါးပတ် ပတ်ပေးလိုက်ပြီး မေးလိုက်သည်။
 "မင်း ဝူရှီးယာကို ဘာလို့ ကူညီပေးတာလဲ" 

"ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က မယ်..."

"မယ်တော်မာရီ" ဟူသည့် စကားလုံးပင် ထွက်မလာသေးမီ ဝမ်ကျင်း၏ ထက်ရှသော အကြည့်နှင့် ရင်ဆိုင်လိုက်ရကာ သူ အကြောက်လွန်သွားရသည်။

ပိုင်မူနင်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်မိဘတွေကလည်း ဆွံ့အနားမကြားတဲ့သူတွေမို့လို့... သူတို့လို လူမျိုးတွေကို တခြားသူတွေ အနိုင်ကျင့်နေတာ မြင်နေရတာကို ကျွန်တော် သည်းမခံနိုင်ဘူး..." 

ကလေးဘဝကတည်းက ယခုအချိန်ထိ ပိုင်မူနင်မှာ သာမန်လူများထံမှ မကောင်းမြင်စိတ်ကို အမြဲတမ်းလိုလို ခံစားခဲ့ရသည်။

သူ ငယ်စဉ်က နားမလည်ခဲ့သော်လည်း အသက်ကြီးလာသည့်အခါ သူတို့၏ စကားများက မည်မျှ ထက်ရှကြောင်း သဘောပေါက်လာခဲ့ရသည်။ မမြင်နိုင်သော ဓားသွားများကဲ့သို့ပင်။ မြင်သာသော ဒဏ်ရာများ မကျန်ရစ်စေသော်လည်း နှလုံးသားထဲ၌  á€Ąá€•္ဍက်ကဟဎးမဝဏးဥဖဟစ် ဆုတ်ဖြဲပစ်နိုင်သည်။

သူတို့က သူ့မိဘများကို ဤကဲ့သို့သော စကားများဖြင့်ပင် လှောင်ပြောင်ပြောဆိုကြသည်။ 

"သူတို့က ဆွံ့အနားမကြားဆိုရင် ဘာလို့ ကလေးကို ပျိုး‌ထောင်နေရတာလဲ"

"ဒီကလေးကပါ စကားမပြောနိုင်တဲ့သူ ဖြစ်လာ‌တော့မှာလား"

"တော်ပြီ ဒီလ ၅၀၀ ပေးထားတာပဲ... မင်း ဘာများ ထပ်လိုချင်‌တာလဲ...ငါသာမရှိရင် ဆွံ့အနားမကြားတွေကို ဘယ်သူက အလုပ်ခန့်မှာလဲ... ထားလိုက်ပါတော့... မင်းနဲ့ စကားပြောရတာ အပိုပဲ... ဘာပဲပြောပြော မင်းက နားမှမကြားနိုင်တာပဲကို..."

"ငါ့မိဘတွေက ပြောတယ်... သူ့မိသားစုတစ်ခုလုံးက နားမကြား စကားမပြောနိုင်သူတွေချည်းပဲတဲ့... သူ့နဲ့ သွားမဆော့နဲ့ မဟုတ်ရင် နင်ပါ အ,သွားလိမ့်မယ်..."

ထိုအတိတ်က ဖြစ်ရပ်အားလုံးကို မနေ့တစ်နေ့ကမှ ဖြစ်ခဲ့သလို ခံစားရသည်။ ယခု ၎င်းတို့ကို တွေးမိသောအခါတွင်လည်း ပိုင်မူနင်မှာ ရင်ထဲ၌ မွန်းကြပ်နေဆဲပင်။

သို့သော် သူ့မိဘများက စိတ်နေသဘောထား တကယ်ကို နူးညံ့ကြသည်။ မတရားမှုကို ရင်ဆိုင်ရသည့်တိုင် သူတို့က လျစ်လျူရှုကာ ပြုံးပြတတ်ပြီး သူတို့ဘဝကို ဆက်လက် ရှင်သန်ခဲ့ကြသည်။

ပိုင်မူနင်က သူတို့ကို 'ဘာလို့စိတ်မဆိုးရတာလဲ'ဟု တစ်ချိန်က မေးခဲ့ဖူးသည်။
ထိုအချိန်က သူ၏မိခင်ဖြစ်သူမှာ လက်ဟန်ပြစကားဖြင့် အမြဲ ပြန်လည်ဖြေကြားလေ့ရှိသည်။

[ဘဝဆိုတာ ခက်ခဲကြမ်းတမ်းမှုတွေနဲ့ ကြုံရတာပါပဲ ပျော်ရွှင်တဲ့နေ့ကလည်း နေ့တစ်နေ့ပါပဲ... မပျော်ရွှင်တဲ့နေ့ကလည်း နေ့တစ်နေ့ပါပဲ... ဒါ့အပြင် သားလေးရှိနေတာက အမေတို့အတွက်တော့ အကြီးမားဆုံး ပျော်ရွှင်မှုပဲ...]

သူ့မိဘများကို တွေးမိသောအခါ ပိုင်မူနင်မှာ သူ အမှားမလုပ်ခဲ့ဟု ခံစားရသည်။ သူက ဝူရှီးယာကို ရိုးရိုးရှင်းရှင်းပင် ကူညီပေးလိုခဲ့ခြင်းဖြစ်သည်။ သူက  'မယ်တော်မာရီ' ဟူ၍ ခေါ်ဆိုမခံထိုက်ပေ။

ဝမ်ကျင်းက ဘာမှမပြောသလို ကားကိုလည်း စတင်မောင်းနှင်ခြင်း မရှိပေ။ သူက ပိုင်မူနင်ကို ရှုပ်ထွေးလွန်းသည့်အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။ ပထမတွင် ပိုင်မူနင်မှာ လျစ်လျူရှုနိုင်သော်လည်း နောက်ဆုံးတွင် သူ့ခမျာ ဆက်လက် မခံနိုင်တော့ဘဲ စကားပြောလိုက်ရသည်။

 "ဒေါက်တာဝမ် ကျွန်တော့်ကို အဲဒီလို မကြည့်လို့ မရဘူးလား... ကျွန်တော်က သနားစရာ ကောင်းနေတာ မဟုတ်ဘူးနော်..."

ဝမ်ကျင်းက သူ့အား အိမ်ခြေရာမဲ့ လမ်းဘေးကြောင်တစ်ကောင်ကို ကြည့်နေသကဲ့သို့ ကြည့်နေရာ အနေရခက်စေသည်။

ပိုင်မူနင်က သူ့ကိုယ်သူ သနားစရာကောင်းသည်ဟု တကယ်မထင်ပေ။ ဘဝတွင် မတူညီသည့် လမ်းပေါင်း တစ်ရာရှိသည်။ သူက အကြမ်းဆုံး လမ်းတစ်ခုအပေါ်ကို ရောက်နေရုံသာ။ 

ဒါပေမဲ့ အနည်းဆုံးတော့ ငါ ကျန်းမာနေတာပဲလေ... အဲဒါက သနားစရာကောင်းတယ်လို့ ပြောလို့မရဘူး...

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဝမ်ကျင်းက နောက်ဆုံးတွင် ပြောလိုက်သည်။ 
"တခြားသူတွေကို ကူညီချင်တဲ့စိတ်ရှိတာ ကောင်းပါတယ်.. ဒါပေမဲ့ မင်းရဲ့ ကိုယ်ပိုင်ကန့်သတ်ချက်တွေအတွင်းမှာ ဖြစ်ရမယ်... မင်း တခြားသူတွေကို မစဉ်းစားခင် ကိုယ့်ရဲ့ ဘေးကင်းလုံခြုံမှုကို အရင် ဂရုစိုက်ရမယ်..."

"..." 

ပိုင်မူနင်က ချက်ချင်း ပြန်မဖြေ‌လိုက်ဘဲ ဝမ်ကျင်း ပြောလိုက်သည့် စကားကို စဉ်းစားတွေးတောရန် အချိန်ယူလိုက်သည်။

ထိုစကားစု၏ လေသံက သူ့အဖေနှင့် ဆင်တူနေသည်။

"ကိုယ်ပြောတာ ကြားလား"

ပိုင်မူနင်မှာ ခဏတာ ကြောင်သွားခဲ့ပြီးနောက် ပြန်ဖြေလိုက်သည်။
"သိပါပြီ" 

ထိုစကားကို ကြားပြီးမှသာ ဝမ်ကျင်းက ကားကို စတင်မောင်းနှင်ပြီး သူ့အား အိမ်သို့လိုက်ပို့ပေးလေသည်။

လမ်းတွင် ဝမ်ကျင်းက ကားကို တစ်ကြိမ်ရပ်ကာ ၂၄ နာရီဖွင့်သည့် စတိုးဆိုင်ထဲသို့ ဝင်သွားခဲ့သည်။ သူက ပေါက်စီအချို့နှင့် နို့ကို ပိုင်မူနင်အတွက် ယူလာခဲ့သည်။

ပေါက်စီများကို မြင်လိုက်သည်နှင့် ပိုင်မူနင်မှာ သူအလွန်အမင်း ဆာလောင်နေကြောင်း သတိပြုမိလိုက်သည်။ အမှန်တွင် သူ တစ်မနက်လုံး ဆာလောင်နေခဲ့ခြင်းပင်။ သို့သော်လည်း အလွန်အမင်း စိတ်တင်းထားခဲ့သောကြောင့် သတိမထားမိခဲ့ခြင်းသာ ဖြစ်သည်။

ပိုင်မူနင်က ကျေးဇူးတင်စကား ပြောလိုက်ပြီး သူ၏ ဗိုက်ကို ဖြည့်တင်းရန် ပေါက်စီများကို စားလိုက်သည်။

နို့‌နွေးနွေးလေးကို သောက်လိုက်ရသောကြောင့် သူ၏ စိတ်ခံစားချက်မှာ လျင်မြန်စွာ ကောင်းမွန်လာခဲ့သည်။ ထိုအခါကျမှ သူက ဝမ်ကျင်းကို မူလက မေးချင်ခဲ့သော‌ မေးခွန်းကို သတိရလိုက်သည်။
"ဟုတ်သားပဲ...  á€’á€ąá€Ťá€€á€şá€á€Źá€á€™á€ş ခင်များ ကျွန်တော့်ကို မဖြေရသေးဘူး.. စွန်းကျန့်ကော်က ခင်များကို ဘာလို့ ဒီလောက် ကြောက်နေရတာလဲ"

"ကိုယ်မင်းကို ဖြေမယ်လို့ ကတိပေးခဲ့ဖူးလို့လား"

"..."

ပိုင်မူနင်၏ သွေးပေါင်ချိန်မှာ ထိုနေရာတွင်ပင် ထိုးတက်သွားခဲ့သည်။ သူက သူ၏ ပေါ့ဆမှုကို သူ့ကိုယ်သူ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။

--------

ဝမ်ကျင်းမှာ သတင်းနှိုက်ရန် လွယ်သူမဟုတ်၍ ပိုင်မူနင်က နေ့လယ်စာစားချိန်ကို အခွင့်ကောင်းယူပြီး ချန်ဟောက်နန်ထံမှ အတင်းအဖျင်းများကို တူးဆွရန် သွားလိုက်သည်။

ချန်ဟောက်နန်ကမူ ဝမ်ကျင်းထက် ပို၍ ပေါင်းသင်းရလွယ်ကူပြီး အကွာအဝေးခြားကာ နေတတ်သူမဟုတ်ပေ။ စကားပြောရလွယ်ကူပြီး  á€•á€˝á€„á€ˇá€şá€œá€„á€şá€¸á€…á€˝á€Ź ပြောဆိုတတ်သူပင်။

"ဟောက်နန်ကော ကောကို မေးစရာတစ်ခုရှိတယ်"
ပိုင်မူနင်က ချော့မော့လိုဟန်ဖြင့် ပြုံးပြပြီး အငွေ့ထွက်နေသည့် ကော်ဖီပူပူတစ်ခွက်ကို လှမ်းပေးလိုက်လေသည်။

ယခုမှာ သူတို့ စားသောက်ပြီးစီးချိန်ဖြစ်၏။ ချန်ဟောက်နန်က ကော်ဖီကို လက်ခံယူပြီး ပြောလိုက်သည်။
 "လာ‌လေ ကိုယ့်ရုံးခန်းထဲ သွားရအောင်" 

တံခါးပိတ်လိုက်ပြီးနောက် ချန်ဟောက်နန်က မေးလာသည်။
"ရှောင်နင် မင်း ဘာသိချင်တာလဲ" 

ပိုင်မူနင်က ချန်ဟောက်နန်နှင့် မျက်နှာချင်းဆိုင် ထိုင်လျက် လက်နှစ်ဖက်ဖြင့် မေးထောက်ကာ စူးစမ်းလိုစိတ်တို့ဖြင့် မေးလိုက်လေသည်။
"ဟောက်နန်ကော ကျွန်တော် ဒေါက်တာဝမ်ရဲ့ အတိတ်အကြောင်းကို မေးချင်လို့ပါ"

"သူက အတိအကျ ဘာလုပ်ခဲ့ဖူးတာလဲ... သူက  á€Ąá€›á€„်တည်းက ဆရာဝန် ဖြစ်ချင်တာလား... သူ့မိသားစုထဲမှာ အရေးပါတဲ့သူ တစ်ယောက်ယောက် ရှိလို့လား..."

သူ့၏ ကြီးမားဝိုင်းစက်‌နေသည့် ဗာဒံစေ့သဏ္ဍာန် မျက်လုံးများက စူးစမ်းလိုစိတ်အပြည့်ဖြင့် ချန်ဟောက်နန်ကို စိုက်ကြည့်နေရင်း တဖျတ်ဖျတ်ခတ်နေခဲ့သည်။

သူ ဝမ်ကျင်းအကြောင်း သိထားသမျှ သတင်းအများစုမှာ ကျွမ်းယွိမြန်ထံမှ ရထားခြင်းပင်။

ဝမ်ကျင်းက ကျင်းနန်တက္ကသိုလ်၏ တရုတ်တိုင်းရင်းဆေးပညာဌာနကို တက်ခဲ့သည်။ သူ့မိဘနှစ်ပါးစလုံးက တက္ကသိုလ် ပါမောက္ခများဖြစ်ပြီး သူ့ထံတွင် ညီမလေးတစ်ယောက် ရှိသည်ဟူ၏။

သူ မည်သို့ကြည့်သည်ဖြစ်စေ ယင်းအကြောင်းအရာများထဲတွင် ထူးထူးခြားခြား ဘာမှ မရှိပေ။

ချန်ဟောက်နန်က သူ့ကော်ဖီကို တစ်ငုံသောက်လိုက်ပြီး လုံးဝ စိတ်အေးလက်အေး ပုံစံဖြင့် ပြောလိုက်သည်။
"မင်း မနေ့ညကဖြစ်ခဲ့တာကို မေးနေတာမလား" 

ပိုင်မူနင် တုန်လှုပ်သွားကာ အတွေးနက်သွားရသည်။ 

ချန်ဟောက်နန်က မနေ့ညက ဖြစ်ခဲ့တာကို ဘယ်လိုများ သိတာလဲ..

ဝမ်ကျင်းက ပြောပြလိုက်တာလား...

"လောင်ဝမ် ပြောပြတာ မဟုတ်ဘူး ကိုယ်တခြားတစ်ယောက် အတင်းအဖျင်းပြောနေတာကို ကြားလိုက်တာ..."

ချန်ဟောက်နန်က သူ၏ကော်ဖီကို ချလိုက်ပြီး မတ်မတ် ထိုင်လိုက်ကာ အလေးအနက်ဟန်ဖြင့်ဆိုလာ၏။
 "ရှောင်နင်ကိုယ်တိုင် ထုတ်ပြောလာတာဆိုတော့ မင်းရဲ့ ဟောက်နန်ကောအနေနဲ့ စကားနည်းနည်းတော့ ပြောရလိမ့်မယ်"

“…?”

"..."
တကယ်တမ်းကျ ငါ ထုတ်ပြောခဲ့တာ မဟုတ်ဘူးမလား.. 

"မင်းက စိတ်လိုက်မာန်ပါ လုပ်ခဲ့တာပဲ... မင်း ဘယ်လိုလုပ်ပြီး သူခိုးကို တစ်ယောက်တည်း သွားဖမ်းရတာလဲ..."

"သူခိုးတွေက အုပ်စုလိုက် လုပ်ကြတာ...တစ်ကောင်တည်း လျှောက်သွားတဲ့ ဝံပုလွေတွေ မဟုတ်ဘူး... မင်းက ကလေးသာသာလေးပဲရှိတာ.. သူတို့ကို နောက်ယောင်ခံလိုက်တာက သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းကို ဖြတ်တောက်တာနဲ့ အတူတူပဲ... မင်း သေချင်နေတာလား..."

"ကိုယ် ပြောပြမယ် မနေ့ညက လောင်ဝမ်သာ ရောက်မလာခဲ့ရင် မင်း အဲဒီကနေ ထွက်လာနိုင်မှာ မဟုတ်ဘူး... ထွက်လာခဲ့ရင်တောင် မင်းရဲ့ ခြေထောက်တွေ ကျိုးနေမှာ..."

ပိုင်မူနင်မှာ ချန်ဟောက်နန်ကို ထိတ်လန့်တကြား ကြည့်လိုက်မိပြီး ကြောက်ရွံ့စိတ်မှာ နောက်ကျမှ ဝင်ရောက်လာခဲ့သည်။

မနေ့ညက ဝမ်ကျင်း ဒီလောက် ဒေါသထွက်နေတာ အံ့ဩစရာမရှိပါဘူး... ငါက အန္တရာယ်ကို လျှော့တွက်ခဲ့တာပဲ...

သူခိုးကို ဖမ်းမိသည်နှင့် ဖုန်းကိစ္စ ပြေလည်သွားလိမ့်မည်ဟု သူ‌ တွေးခဲ့သော်လည်း နောက်ဆက်တွဲ လက်စားချေမှု ဖြစ်နိုင်ခြေကိုမူ သူ တစ်ခါမှ မစဉ်းစားခဲ့ဖူး‌ပေ။

ပိုင်မူနင် အန္တရာယ်ကို သဘောပေါက်သွားပြီဖြစ်ကြောင်း မြင်လိုက်သည်နှင့် ချန်ဟောက်နန်က သူ့လေသံကို နူးညံ့လိုက်လေသည်။
 "ဒါပေမဲ့ နောက်ဆက်တွဲ ဘာဖြစ်လာမလဲဆိုတာ စိုးရိမ်စရာ မလိုတော့ပါဘူး... လောင်ဝမ်က မင်းအတွက် အားလုံး စီစဉ်ပြီးသွားပြီ... နောက်တစ်ခါ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့တော့... တစ်ခုခု ဖြစ်ရင် ကိုယ့်ဆီ လာခဲ့ပါ... ကိုယ်ကူညီပေးမယ်... ကိုယ်မကူညီနိုင်ရင်တောင် လောင်ဝမ်ရှိသေးတယ် ရမ်းသမ်းမလုပ်နဲ့တော့..."

ပိုင်မူနင်က နာခံစွာ ခေါင်းညိတ်လိုက်သည်။
 "သိပါပြီ...ကျေးဇူးတင်ပါတယ် ... ဟောက်နန်ကော"

"အာ ဝူရှီးယာရဲ့ ဖုန်းလည်း ပြန်ရပြီနော်... စိတ်ပူစရာ မလိုတော့ဘူး..."

"အဲ့လောက် မြန်တာလား"
ပိုင်မူနင်က အံ့အားသင့်စွာ မေးလိုက်သည်။

ယမန်နေ့ညကစပြီး ဆယ်နာရီမျှသာ ရှိသေးသော်လည်း ဖုန်းက ပြန်ရနေ‌ပေပြီ။ ယင်းက အံ့သြစရာကောင်းလောက်အောင် မြန်ဆန်လွန်းသည်ပင်။

ချန်ဟောက်နန်က ခပ်ဟဟ ရယ်မောလိုက်လေ၏။ 
"ဒါက ဘာမှ မဟုတ်‌သေးဘူး... အရင်တုန်းက ကိုယ်တို့က..."

"အရင်တုန်းက ဘာလဲ" 

ပိုင်မူနင်က အတင်းအဖျင်း နားထောင်ဖို့ရာ နားစွင့်လိုက်ပေသိ ချန်ဟောက်နန်က ထိုနေရာမှာ ရပ်လိုက်လေ၏။ 
"ဒီလောက်ပဲ ကိုယ်ပြောလို့ရတယ်... မင်း တကယ် စပ်စုချင်ရင်တော့ လောင်ဝမ်ကို ကိုယ်တိုင် သွားမေးလိုက်‌လေ.. သူ့အကြောင်းကိုတော့ အတင်းမတုပ်ရဲဘူး..."

ပိုင်မူနင်တွင် ဝမ်ကျင်းနှင့် တိုက်ရိုက်ကြီး အတင်းသွားတုပ်ရဲစရာ အကြောင်း လုံးဝ မရှိ‌ပေ။

သို့သော် ယမန်နေ့ညက သူ့ကို ဒုက္ခထဲမှ ဆွဲထုတ်ပေးခဲ့သည့်အတွက် ဝမ်ကျင်းကို ကျေးဇူးတင်သင့်သည်ဟု သူ တွေးလိုက်မိ၏။

သူက ဝမ်ကျင်း၏ ဆွေးနွေးတိုင်ပင်ခန်းကို တစ်ချက် ကြည့်လိုက်လေသည်။ တံခါးမှာဖွင့်ထားပြီး ဝမ်ကျင်းက သူ၏ခါးအောက်ပိုင်းကို ဖိထားရင်း နာကျင်နေပုံရသည်အား မြင်လိုက်ရချေ၏။

သူ ဘာလုပ်သင့်သည်ကို ပိုင်မူနင် တွေးမိသွားသောကြောင့်  á€•á€źá€”á€şá€œá€žá€Šá€ˇá€şá€€á€Ź ချန်ဟောက်နန်ကို သွားရှာလိုက်သည်။
"ဟောက်နန်ကော ယောက်ျားတစ်ယောက် ခါးနာရင် ဘာလုပ်ရမလဲ"

"အဲဒါက ကျောက်ကပ် အားနည်းတာပဲ... နည်းနည်း အားဖြည့်ပေးဖို့ပဲ လိုတယ်..."

"ဘယ်လို အားဖြည့်ပေးရမလဲ"

"ဂိုဂျီဘယ်ရီတွေ ပိုစားပေးရမယ်"

"သိပါပြီ..."


💊💊💊💊 Chapter 19
ဒေါက်တာဝမ်က အံ့မခန်းပါပဲ


ပိုင်မူနင်က ချန်ဟောက်နန်၏ ရုံးခန်းမှ ထွက်လာပြီး ဆေးဆိုင်သို့ သွားကာ ဂိုဂျီဘယ်ရီ အများအပြားကို ဝယ်ယူလိုက်လေ၏။ ထို့နောက် ၎င်းတို့ကို ကျိုရန် မီးဖိုချောင်သို့ သွားလိုက်သည်။

သူက လက်တစ်ဆုပ်စာမျှ ထည့်လိုက်ပြီးနောက် မလုံလောက်သေးဟု ခံစားရသောကြောင့် နောက်တစ်ဆုပ် ထပ်ထည့်လိုက်သည်။ နောက်ဆုံးတွင် ဂိုဂျီဘယ်ရီရည်မှာ ရွှေရောင်တောက်ပ၍‌နေသည်။ ထိုအခါမှ ပိုင်မူနင် စိတ်ကျေနပ်မှုရသွားပြီး ၎င်းကို ဝမ်ကျင်းထံ ယူသွားလိုက်သည်။

"ဒေါက်တာဝမ်... မနေ့ညက ကျွန်တော့်ကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော် ခင်များအတွက် ဂိုဂျီဘယ်ရီဖျော်ရည်တစ်ခွက် ဖျော်လာခဲ့တယ်.. ပူတုန်းလေး သောက်လိုက်ပါ.. အရမ်းအားဖြည့်ပေးနိုင်တယ်..."

ဝမ်ကျင်းက ပြည့်လျှံနေသောခွက်ကို မျက်မှောင်ကြုတ်ကြည့်ရင်း တည့်တိုးပင် ပြောလိုက်သည်။
 "ဒါ ဂိုဂျီဘယ်ရီရည် မဟုတ်ဘဲ ဂိုဂျီဘယ်ရီ ဆန်ပြုတ်မဟုတ်တာတော့ မင်း သေချာရဲ့လား"

"ဂိုဂျီဘယ်ရီများများပါတာက ကျန်းမာရေးအတွက် ကောင်းတယ်လေ... ခင်ဗျား ပင်ပန်းနေမှတော့ အားဖြည့်ဖို့ လိုတာပေါ့"

ဝမ်ကျင်းက သူ၏ အံသွားများကို တင်းတင်းကြိတ်ပြီး အပြုံးတုဖြင့် ပြောလိုက်သည်။
 "စဉ်းစားပေးလို့ ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ အခုထိ အားဖြည့်ဖို့ မလိုအပ်သေးဘူး..."

"ခင်များက ကျောက်ကပ် အားနည်းနေတာပဲကို ဘယ်လိုလုပ်ပြီး အားမဖြည့်ဘဲ နေလို့ရမှာလဲ... လာပါ ပူတုန်းလေး သောက်လိုက်ပါ..."

ဝမ်ကျင်း၏ မျက်နှာအမူအရာမှာ မည်းမှောင်သွားပြီး ပိုင်မူနင်အား တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။ ထိုအကြည့်ကြောင့် ပိုင်မူနင်၏ နှလုံးသားလေးမှ တလှပ်လှပ် ဖြစ်သွားခဲ့ရလေသည်။ သူ မှားသွားပြီကို ချက်ချင်း သဘောပေါက်လိုက်၏။

ယောက်ျားတစ်ယောက်က အားနည်းတယ်လို့ ပြောခံရတာကို ဘယ်လို သည်းခံနိုင်မှာလဲ...

ငါ ဘယ်လိုလုပ်ပြီး ဝမ်ကျင်းက ကျောက်ကပ်အားနည်းတယ်ဆိုတာကို စောင်းပါးရိပ်ခြေ ပြောလိုက်ရတာလဲ... အဲဒါက ဝမ်ကျင်းကို စွမ်းဆောင်နိုင်စွမ်းမရှိဘူးလို့ ပြောနေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား...

သူတို့၏ ပထမဆုံး တွေ့ဆုံမှုကို ပြန်တွေးကြည့်ရင်း ဝမ်ကျင်းက သူ့အား ကျောက်ကပ်အားနည်းသည်ဟုပြောလာချိန်တွင် သူ၏ တုံ့ပြန်မှုကို သတိရသွား၏။ ထိုအချိန်က သူ တကယ် ဒေါသထွက်သွားခြင်းပင်။

ပိုင်မူနင်က လျင်မြန်စွာ စကားပြောင်းလိုက်သည်။ 
"ကျွန်တော် အဲဒီလို ရည်ရွယ်တာ မဟုတ်ပါဘူး... ဒေါက်တာဝမ်က ဘယ်လိုလုပ် အားနည်းနိုင်မှာလဲ... ခင်များက အံ့မခန်းပါပဲ... တကယ် သန်မာပြီးတော့ အကြာကြီး ခံနိုင်ရည်ရှိပါတယ်.. မယုံနိုင်လောက်အောင် စွမ်းဆောင်နိုင်တာပါ..."

"ထွက်သွားတော့" 

ဝမ်ကျင်းက သူ့ထိုင်ခုံမှ ထိုးထွက်ကာ ရပ်လိုက်ပြီး စိတ်အနှောင့်အယှက်ဖြစ်စေသည့် ပိုးကောင်နှင့်တူ‌သော ပိုင်မူနင်ကို တံခါးအပြင်ဘက်သို့ တွန်းထုတ်လိုက်သည်။

သူ့နောက်ကျောဘက်မှ တံခါးကို ဒုန်းခနဲ ပိတ်လိုက်သံနှင့်အတူ ပိုင်မူနင်ခမျာ သူ ဘယ်လိုမျိုး သူ့ခြေထောက်ကိုသူ ကျောက်ခဲဖြင့်ပြန်ပစ်မိ(က်ိုယ့်ဘာကိုယ် ဒုက္ခရောက်အောင်လုပ်မိ)ခဲ့သည်ကို စတင် စဉ်းစားမိတော့သည်။

×××××
 
ထိုနေ့က သူ၏ ချော့မော့ရန်ကြိုးပမ်းခြင်းက ကျရှုံးပြီးနောက်ပိုင်းတွင် ပိုင်မူနင်မှာ ဝမ်ကျင်း သူ့အား ထူးဆန်းစွာ ကြည့်နေသည်ဟု ခံစားခဲ့ရသည်။ အမြဲလိုလို သတိထားနေတတ်ပြီး သူက ရုတ်တရက် နှလုံးရပ်သွား‌စေနိုင်လောက်သည့် အံ့သြစရာတစ်ခုခု ပြောလိုက်မည်ကို ကြောက်ရွံ့နေသည့်အလားပင်။

သူ ထိုနေ့က ပြောခဲ့သည့် စကားများက တကယ်လည်းလန့်စရာပင်။ ဥပမာအားဖြင့် 'အံ့မခန်း' နှင့် 'အလွန်စွမ်းဆောင်နိုင်ခြင်း' ကဲ့သို့သော အရာများက ပြန်စဉ်းစားကြည့်လိုက်လျှင် အနည်းငယ် ဝါ‌* နေသလို ခံစားရသည်။ သို့သော် သူကိုယ်တိုင်ကမူ လုံးဝ ဝါ*မနေချေ။ သူ့အနေဖြင့် ဖြူစင်ပြီး အပြစ်ကင်းသူသာ ဖြစ်၏။
(T/N - ဝါတာက ဒီမှာဆို မှောင်တယ်လို့ပြောချင်တာ)

ပိုင်မူနင်မှာ သူ၏အမှားကို လုံးဝဥဿုံသဘောပေါက်သွားရပြီး ဂရုမထားဘဲ ချော့မော့ပြောဆိုခြင်းကို ရပ်တန့်ရန် ဆုံးဖြတ်လိုက်သည်။

သူက သူ၏လက်ရှိအလုပ်ကို တကယ် သဘောကျသည်။ သူအလုပ်လက်မဲ့ မဖြစ်ချင်ပေ။ သူ့အ‌နေဖြင့် ဤနေရာတွင်ပင် အငြိမ်းစားယူချင်မိသည်။

လစာထုတ်သည့်နေ့မှာ ပိုင်မူနင်၏ အနားယူရက်နှင့် တိုက်ဆိုင်နေခဲ့သည်။ အိပ်ရာပေါ်တွင် လှဲလျောင်းနေစဉ် သူ၏ ဘဏ်စာရင်းမှ အကြောင်းကြားစာ လက်ခံရရှိခဲ့ရာ ဝမ်းသာအားရဖြင့် ခုန်ထမိမတတ်ပင်။  á€žá€°á€€ အလွန်စိတ်လှုပ်ရှားလွန်း၍ ယင်းအား ဖော်ပြရန်အတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းမျိုးကိုပင် လုပ်မိ‌တော့မလို ဖြစ်သွားရ‌၏။

လွန်ခဲ့သည့်လ၌ သူအလုပ်ဝင်သည်မှာ ဆယ်ရက်မျှသာရှိ‌သော်လည်း ယွမ်နှစ်ထောင်နီးပါး ရရှိလိုက်သည်။

စိတ်ငြိမ်သွားပြီးနောက် ပိုင်မူနင်မှာ ယင်းက တကယ်တမ်းတွင် အလွန်များသည်ဟု တွေးမိသွားရသည်။ 

တစ်လလုံးအပြည့်ဆို လေးထောင်ရတာလား... ဒါဆို တစ်နေ့ကို တစ်ရာကျော် ရတာပေါ့... ပြီးတော့ လူမှုအာမခံငါးမျိုးနဲ့ အိမ်ရာရန်ပုံငွေအတွက် နှုတ်ထားတာတွေကိုပါ ထည့်တွက်ကြည့်ရင် တစ်နေ့ကို နှစ်ရာ‌လောက်ရတာ မဟုတ်ဘူးလား...

တွက်ချက်ပုံကို နားမလည်နိုင်၍ ပိုင်မူနင် စိတ်မသက်မသာ ဖြစ်သွားရသည်။ သို့ဖြစ်၍ သူတို့ အမှားလုပ်မိသည်လားဟုမေးရန် ငွေကြေးဌာနမှ အမျိုးသမီးထံ မက်ဆေ့ချ်ပို့လိုက်သည်။

ထိုအမျိုးသမီးက အလုပ်လုပ်သည့်တစ်လကို ရက် ၃၀ အဖြစ် တွက်ချက်ခြင်း မဟုတ်ဘဲ ၂၁.၇၅ ရက် အနေဖြင့်သာ အသုံးပြု၍ တွက်ချက်ကြောင်း စိတ်ရှည်စွာ ရှင်းပြလာခဲ့သည်။ ပျမ်းမျှ တစ်ရက်စာ လုပ်ခကို ရရှိရန် လစဉ်လစာကို ထိုအရေအတွက်ဖြင့် ခွဲရမည်ဖြစ်၏။

(T/N - ၂၁.၇၅ရက်ဆိုတာ ပိတ်ရက်တွေကိုဖယ်ပြီးတွက်ချက်ထားတာပါ )

ထိုအခါမှသာ ပိုင်မူနင်က လစာများကို မည်သို့ တွက်ချက်သည်ကို နားလည်သွားခဲ့ပြီး နောက်ဆုံးတွင် ထိုငွေကို လက်ခံရခြင်းအတွက်  á€…ိတ်သက်သဏရဏရသွဏးတ္ဏအသည်။

လစာရပြီးနောက် သူ ပထမဆုံး လုပ်ခဲ့သည့်အရာမှာ လီအန်းချီကို ဆက်သွယ်လျက် ဘယ်အချိန် ပြန်လာမလဲဟု မေးခြင်းပင်။ သူက သူ့သူငယ်ချင်းအား ဟော့ပေ့ါလိုက်ကျွေးချင်သည်။

ဒီတစ်ကြိမ်မှာတော့ ဟော့ပေ့ါစားဖို့အတွက် ဘတ်ဂျက်ဆိုင်သွားစရာ ထပ်မလို‌တော့ဘူး... ငါတို့ တစ်ယောက်ကို ပျမ်းမျှယွမ်တစ်ရာကုန်တဲ့ နေရာတစ်ခုကို သွားလို့ရပြီ...

လီအန်းချီမှာ လေ့ကျင့်ရေးပြီးဆုံးသွားခဲ့ကာ သူ့မိဘများ၏ အကူအညီဖြင့် ဘဏ်၏ အန္တရာယ်စီမံခန့်ခွဲမှုနှင့် ထိန်းချုပ်ရေးဌာနတွင် နေရာရခဲ့သည်။ သူက နေ့တိုင်းလိုလို အကြောင်းအရာများကို အပုံလိုက် လေ့လာခဲ့ရသည်။ မရပ်မနားလုပ်နေရသည့် အရှိန်က သူ့ကို ရူးသွပ်စေလုနီးနီးပင်။ ပိုင်မူနင်၏ စာတိုကိုရရှိသည်နှင့် သူက ချက်ချင်း သဘောတူလာ၏။

စကားပြောခန်းကို ပိတ်ပြီးနောက် ပိုင်မူနင်က ကမှတ်ချက်‌ကောင်းများရှိသည့် ဟော့ပေါ့ဆိုင်များကို စတင်ရှာဖွေနေလိုက်သည်။ သူ စာရင်းကြည့်နေစဉ်မှာပင် အချိန်အ‌တော်ကြာသည်အထိ သူ့ကို မဆက်သွယ်ခဲ့သည့် လီလီထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိလိုက်၏။

"ရှောင်နင်... မတွေ့တာ ကြာပြီနော်"

လီလီက သူမ၏ ကွာရှင်းပြတ်စဲမှုကို အပြီးသတ်ခဲ့ပြီးဖြစ်ကာ မနှစ်မြို့ဖွယ်ကိစ္စများကို ချန်ထားခဲ့နိုင်ပြီဖြစ်၍  á€šá€á€„်ကထက် ပို၍ တက်ကြွလန်းဆန်းနေခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်ကပင် ပိုင်မူနင်မှာ သူမ၏ Moments ပေါ်တွင် ပြည်ပခရီးနှင့် ပတ်သက်သည့် ပို့စ်ကို မြင်ခဲ့ရသည်။

သူမနောက်ရှိ အဆိပ်အတောက်ဖြစ်စေသော လူများနှင့် မကောင်းသည့်ပတ်ဝန်းကျင်ကို ချန်ထားခဲ့ပြီးနောက်  á€œá€Żá€śá€¸á€ စိတ်သစ်လူသစ်ဖြစ်၍နေသည်။

"လီကျဲ... တစ်ခုခု ရှိလို့လား"

"ရှောင်နင်... ငါ မင်းကို အလုပ်တစ်ခု လက်ခံမလားဆိုတာ မေးချင်လို့... အဲဒါက ဘလိုင်းဒိတ်တွေ့တာမျိုးပဲ...  á€’ဍပ္မဲအ တကယ်တမ်းကျ မင်း ဘာမှ လုပ်စရာမလိုဘူး...  á€œá€°á€€á€­á€Żá€šá€şá€á€­á€Żá€„်သွဏးပ္းရုလပဲ..."

ပိုင်မူနင်က ချက်ချင်း သဘောမတူဘဲ လီလီကို ဆက်ပြောခွင့်ပြုထားလိုက်သည်။

ဘလိုင်းဒိတ်တွေ့တာမျိုးလား... အဲဒါက ထူးဆန်းနေပြီ...

"ကျဲသူငယ်ချင်းက သန်မာတဲ့အမျိုးသမီး တစ်ယောက်လေ...  á€€á€­á€Żá€šá€şá€•á€­á€Żá€„á€şá€€á€Żá€™á€šá€•á€á€Ž ဖွင့်ထားတာ... ကံမကောင်းတာက သူ့မိဘတွေက ရှေးရိုးစွဲတွေဆိုတော့ အမျိုးသမီးတွေဆိုတာ လက်ထပ်ပြီး ကလေးမွေးသင့်ရမယ်လို့ ယုံကြည်ထားတာ သူ့ကို ဘလိုင်းဒိတ်လုပ်ဖို့ အတင်းခိုင်းနေကြတယ်..."

"သူတို့က အတင်းလက်ထပ်ခိုင်းဖို့ ကြင်ဖက်ရှာပေးတဲ့ ဝက်ဘ်ဆိုက်တစ်ခုမှာ ... ငွေပေးပြီးကို VVVIP အဖွဲ့ဝင် ဝင်ထားတာ... သူ မသွားဘူးဆိုရင် သူ့မိဘတွေက အဆက်အသွယ် ဖြတ်မယ်ဆိုပြီး ခြိမ်းခြောက်နေကြတယ်..."

"အဲဒါတွေကို ဖြေရှင်းဖို့ သူ့အစား သွားပေးမယ့်သူကိုငှားဖို့ ဆုံးဖြတ်လိုက်တာ... ကျဲ အဲဒါကို ကြားတာနဲ့ မင်းကို သတိရလိုက်တာပဲ... ရှောင်နင် ဒီအတွက်ဆို မင်းက အကောင်းဆုံးပဲလို့ ထင်တယ်..."

ပိုင်မူနင် နားထောင်နေရင်း ခေါင်းကိုက်လာခဲ့သည်။ သူက သတိပေးလိုက်သည်။
 "လီကျဲ... ကျွန်တော်က ယောက်ျားလေးလေ"

"ဒီတော့ ဘာဖြစ်လဲ... မင်းက ရုပ်ချောတယ်...  á€™á€­á€”á€şá€¸á€€á€œá€ąá€¸á€Ąá€á€á€şá€Ąá€…á€Źá€¸á€á€˝á€ąá€žá€Ź ဝတ်လိုက်ရင် ဘလိုင်းဒိတ်တွေ့ပွဲက လူယုတ်မာတွေ မင်းကို သွားရည်ယိုပြီး ကြည့်နေလိမ့်မယ် ကျဲ အာမခံတယ်... ကျယ်ကျဲ မင်းကို ယုံတယ်... မင်း  á€œá€Żá€śá€¸á€á€€á€­á€Ż လုပ်နိုင်တယ်..."

ပိုင်မူနင် ငြင်းဆန်ရန် ပြင်နေစဉ် လီလီက ထပ်ပြောလိုက်သည်။ 
"ရှောင်နင်... မင်း တစ်ရက်ကို ၁,၀၀၀ ပေးတဲ့ အလုပ်ကို လက်လွှတ်ခံမှာ သေချာပြီလား..."

ဘာ... တစ်ရက်ကို ၁,၀၀၀ လား...

ငြင်းပယ်မည့် စကားလုံးများက သူ၏လည်ချောင်းထဲတွင် တစ်ဆို့သွားခဲ့သည်။ သူက အတည်ပေါက်ဆိုလိုက်လေ၏။

 "လီကျဲ... ကျွန်တော် လုပ်ပါမယ်...  á€•ိုက်ဆလကဟ္ဏငအ် မဟုတ်ဘူး‌နော်... ကျွန်တော်က လူတွေကို ပြဿနာတွေ ဖြေရှင်းဖို့ ကူညီရတာ တကယ် သဘောကျလို့ပါ"

ဖုန်းချပြီးနောက် ပိုင်မူနင်မှာ စိတ်လိုက်မာန်ပါ လုပ်မိလိုက်သလို ခံစားလိုက်ရသည်။

မိန်းကလေးလိုဝတ်ပြီး အစမ်းကြင်ဖက်တွေ့မယ်တဲ့... ငါ တကယ်ပဲလုပ်နိုင်ပါ့မလား...

မကြာခင်မှာပင် လီလီက WeChatမှ နောက်ထပ် မက်ဆေ့ချ်တစ်စောင် ပို့ပြီး ပိုင်မူနင်၏ လိပ်စာကို တောင်းလာ၏။ တစ်ဖက်လူက အမျိုးသမီးဝတ် အဝတ်အစားများနှင့် ဆံပင်တုကို သူ့ထံ ပို့ပေးလိုခြင်းဖြစ်သည်။

တစ်ဖက်က အသွင်အပြင်နှင့် ပတ်သက်၍ အပြည့်အဝ ထိန်းချုပ်လိုခြင်းပင်။ အဝတ်အစားနှင့်ပတ်သက်၍လည်း အဆင့်နိမ့် မနေသင့်ပေ။

လီလီက စရန်ငွေကိုလည်း ပို့ပေးခဲ့ပြီး ဤသောကြာနေ့တွင် ကြင်ဖက်တွေ့ပွဲတစ်ခု စီစဉ်ထားကြောင်း ပိုင်မူနင်ကို အသိပေးလာသည်။

ပိုက်ဆံကြောင့် ပိုင်မူနင်က အလုပ်ကို လက်ခံလိုက်သည်။

တစ်ရက်ကို ၁,၀၀၀...ဒီလိုငွေမျိုးအတွက်ဆိုရင် အမျိုးသမီးလို ဟန်ဆောင်ဝတ်ဆင်ရရုံမကဘူး ငါ မြေးလေးအဖြစ် သရုပ်ဆောင်ရလည်း အဆင်ပြေတယ်...

ထိုညနေခင်းတွင် အလုပ်ဆင်းပြီးနောက် လီအန်းချီနှင့် ပိုင်မူနင်တို့အတူ ဟော့ပေါ့စားရန် စျေးဝယ်စင်တာသို့ သွားကြသည်။

လူကျချိန်ဖြစ်သောကြောင့် စားပွဲတစ်လုံးရရန် နာရီဝက်မျှ စောင့်ဆိုင်းလိုက်ရသည်။

ထိုနာရီဝက်အတွင်း လီအန်းချီက သူ၏ အလုပ်ခွင်မှ နာကျင်စရာ အတွေ့အကြုံများကို ပုံဖော်ကာ ပြောပြလာခဲ့သည်။ ယင်းက တကယ့်ကို ဆင်းရဲဒုက္ခခံစားနေရခြင်းပင်။

ယခင်က ညလုံးပေါက်နိုးနေလျှင်ပင် ဆံပင်တစ်ချောင်းမှ မကျွတ်ဖူး‌ပေ။ ယခုမူ ပုံမှန်အချိန်ဇယားအတိုင်း အလုပ်လုပ်ရသည်မှာ ရက်အနည်းငယ်မျှသာ ရှိသေးသော်ငြား ထိပ်ပြောင်နေ‌ပေပြီ။

သူက တရုတ်တိုင်းရင်းဆေးခန်းတွင် အလုပ်လုပ်နေ၍ဖြစ်နိုင်၏။ ပိုင်မူနင်မှာ "ဆံပင်ကျွတ်ခြင်း"ဟု ကြားလိုက်ရသည်နှင့် ဖောက်သည်ရှာဖို့ရာ ပထမဆုံး စဉ်းစားမိသွားသည်။ သူ လီအန်းချီကို စန်းဝမ်ခန်းမ၌ တရုတ်တိုင်းရင်းဆေးဖြင့် ခန္ဓာကိုယ်ကို ချိန်ညှိရန် ဆွေးနွေးကြည့်ဖို့ရာ အကြံပြုလိုက်လေသည်။

လီအန်းချီက သက်ပြင်းရှည်ကြီး ချလိုက်ပြီး အားမရှိသလို တီးတိုးပြောလိုက်သည်။ 
"နင်အာ ငါ့ကို တရုတ်တိုင်းရင်းဆေးတောင် မကယ်နိုင်တော့ဘူး ထင်တယ်.. ငါ တကယ် လိုအပ်တာက အလုပ်ထွက်ဖို့ပဲ... အဲဒါကမှ တစ်ခုတည်းသော ကုသနည်းပါကွာ..."

"ရပ်လိုက်တော့ အလုပ်ထွက်ဖို့တောင် မစဉ်းစားနဲ့... ဘဏ်တစ်ခုမှာ အလုပ်ဝင်ဖို့ ဘယ်လောက် ခက်ခဲလဲဆိုတာ မင်းသိလား... အဲဒီ့နေရာတွေက ဘွဲ့ရပြီးသား ကျောင်းသားတွေထဲက ဘယ်သူ့ကို ခန့်ရမလဲဆိုတာကိုတောင် အသေးစိတ် ရွေးချယ်ကြတာ... မင်းက ချက်ချင်း အချိန်ပြည့်ဝန်ထမ်းအဖြစ် ဝင်ရတာကိုတောင် ထွက်ချင်နေတုန်းလား..."

ထို့နောက် ပိုင်မူနင်က ကောလိပ်ကျောင်းဆင်းများ၏ လက်ရှိအခြေအနေနှင့်ယှဉ်လျက် လီအန်းချီ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလားအလာများကို ရှင်းပြလိုက်သည်။

လီအန်းချီ၏အလုပ်မှာ ဖိအားများနိုင်သော်ငြား လစာနှင့် အကျိုးခံစားခွင့်များကမူ အလွန်ကောင်းသည်။ ထို့အပြင် သူ့မိဘများ၏ နောက်ခံလည်း ရှိသေးသည်။ လီအန်းချီ၏ အလုပ်လမ်းကြောင်းမှာ ဖြတ်လမ်းလိုက်ခြင်းဖြစ်သော်ငြား ယင်းနှင့်ပတ်သက်၍ အထွန့်တက်စရာရှိမနေပေ။

သူ့မိဘများဖောက်ပေးသည့်လမ်းအတိုင်းသာ လိုက်ပါက မီလီယံနာဖြစ်ရန်မှာ အိမ်မက်တစ်ခုသက်သက် ဟုတ်မနေပေ။

လီအန်းချီတွင် တကယ့်ဘဝပန်းတိုင်များ မရှိသလို တကယ်တမ်း သူ စိတ်ပါလက်ပါလုပ်ချင်သည့်အရာကိုလည်း မသိပေ။ ထို့ကြောင့် သူ၏မိဘများ သူ့အတွက်  á€œá€™á€şá€¸á€€á€źá€ąá€Źá€„်းကို ဂရုတစိုက် စီစဉ်လျက် ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။ သူ လုပ်ရမည့်အရာမှာ ပုန်ကန်ခြင်းမပြုဘဲ ၎င်းကို နာနာခံခံလိုက်နာရုံမျှသာ။ သူ့အနေဖြင့် ငွေကြေးလွတ်လပ်ခွင့်ကို ရရှိလိမ့်မည် ဖြစ်သည်။

(T/N - ငွေကြေးလွတ်လပ်ခွင့်ဆိုတာ နေထိုင်စားသောက်စားရိတ်တွေ ပူပန်နေစရာမလိုတာပြောတာပါ၊ incomeက ကုန်ကျစားရိတ်ကိုကာရုံမက ပိုလျှံနေတာမျိုးကိုပြောချင်တာပါ)

လီအန်းချီက ပိုင်မူနင်ကို ကြည့်ရင်း လျှာသပ်လိုက်သည်။
"နင်အာ မင်းစကားပြောပုံက ငါ့မိဘတွေနဲ့ တူနေပြီ... ငါ တကယ်ကြီး အလုပ်လိုက်ထွက်လို့ မရတာကို  á€žá€­á€•ဍတယ်.. စိတ်ခံစားချက်တွေ ဖွင့်ထုတ်ရုံသက်သက်ပါ..."

"ငါ ဒီအလုပ်ထဲ ငါ့ကို ဝင်နိုင်အောင် ငါ့မိဘတွေက အများကြီး ကြိုးစားခဲ့ရတာ... ငါ တစ်ခုခုလုပ်ပြပြီး  á€Ąá€œá€€á€Źá€¸á€€á€ąá€Źá€„á€şá€™á€Ÿá€Żá€á€şá€˜á€°á€¸á€†á€­á€Żá€á€Ź သူတို့ကို ပြမှာ..."

ပိုင်မူနင်က သူ့ကို အားပေးလိုက်သည်။ 
"ကျားယို ..."

ညစာစားပြီးနောက် သူတို့နှစ်ဦး ထွက်လာကြသည်။ သူတို့ စျေးဝယ်စင်တာ၏ ဆုံလည်တံခါးမှ ဖြတ်လျှောက်လာစဉ် လီအန်းချီ၏ အကြည့်မှာ တစ်စုံတစ်ရာထံမှ ရုတ်တရက် ဆွဲဆောင်ခံလိုက်ရသည်။

ပိုင်မူနင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"တစ်ယောက်ယောက်ကို မြင်လိုက်လို့လား" 

လီအန်းချီက တုန်လှုပ်စွာဖြင့် ပြန်ပြောလာသည်။ 

"ကျန်းခယ်ကျန့်ရဲ့ရည်းစားက တခြားကောင်တစ်ယောက်နဲ့ လက်ချိတ်ထားတာ ငါ မြင်လိုက်တယ်... ကျန်းခယ်ကျန့်က ဖောက်ပြန်ခံရတာတော့ မဟုတ်လောက်ပါဘူးနော်..."

"အဲလိုဖြစ်လို့မရဘူးလေ နင်အာ... မင်း အရင်ပြန်နှင့်  á€„ဍ သွားကြည့်လိုက်ဦးမယ်..."

သူက ပိုင်မူနင်ကို စကားပြောခွင့်ပင်မပေးဘဲ အမြန် ထွက်သွားရာ  á€á€…်ယ္ဏက်တည်း ကျောင်းသို့ လမ်းလျှောက်ပြန်ရန်သာ ရှိတော့သည်။

ကျောင်းဂိတ်သို့ ရောက်သည်နှင့် ပိုင်မူနင်က သူ၏ပစ္စည်းပို့ဆောင်မှုမှာ လက်မှတ်ထိုး လက်ခံပြီးကြောင်း စာတိုတစ်စောင်ကို လက်ခံရရှိလိုက်သည်။

သူက ယင်းကို ပုံမှန်စာပို့ပစ္စည်းဝန်‌ဆောင်မှုဟုသာ ယူဆလျက် စန်းဝမ်ခန်းမ၏ လိပ်စာကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

ကျောင်းလိပ်စာကို အသုံးပြုရန် အဆင်မပြေပေ။ အလုပ်ချိန်အတွင်း ပါဆယ်ထုပ်များကို လက်ခံယူပေးမည့်သူ မရှိချေ။

သို့သော်လည်း အလုပ်ရှင်က မြို့တွင်းအမြန်ပို့ဆောင်ရေး ဝန်ဆောင်မှုကို အသုံးပြုခဲ့သဖြင့် ထိုပစ္စည်းမှာ စန်းဝမ်ခန်းမသို့ ရောက်ရှိနေပေပြီ။

ယင်းမှာ အလုပ်ရှင်က ပို့ပေးလိုက်သည့် အမျိုးသမီးအဝတ်အစားများ ဖြစ်သည်။ ပိုင်မူနင်မှာ တစ်စက္ကန့်လေးမျှပင် အချိန်မဖြုန်းရဲတော့ဘဲ ထိတ်လန့်တကြားဖြင့် စန်းဝမ်ခန်းမထံ ပြေးသွားလိုက်သည်။

ပြေးနေရင်းဖြင့် ကျွမ်းယွိမြန်ထံ မက်ဆေ့ချ်ပို့လျက် စန်းဝမ်ခန်းမတွင် ကျန်နေခဲ့သူအား မေးလိုက်သည်။

ဤအချိန်တွင် ကျန်ရှိနေသေးသူမှာ ဝမ်ကျင်းဖြစ်ကြောင်း ကျွမ်းယွိမြန်က သူ့အား ပြောပြလာသည်။ ထိုသူမှာ အမြဲလိုလို နောက်ဆုံးမှ ထွက်သွားတတ်သူဖြစ်ပြီး ညတိုင်း တံခါးပိတ်တာဝန်ယူထားသူဖြစ်သည်။

ပိုင်မူနင် ထိတ်လန့်သွားရသည်။ သို့ဖြစ်လျှင် ဝမ်ကျင်းက ယင်းကို လက်မှတ်ထိုး လက်ခံလိုက်သည့်သဘောပင်။

ပါဆယ်ထုပ်ကို လျှို့ဝှက်စွာ ထုပ်ပိုးထားခြင်း ရှိမရှိ သူမသိပေ။ ဝမ်ကျင်းသာ အမျိုးသမီး အဝတ်အစားများကို မြင်သွားပါက သူ့အား နှာဘူးဟု ထင်သွားပေမည်။

စဉ်းစားလေလေ ပိုင်မူနင်မှာ ပိုကြောက်လာလေလေ ဖြစ်လာသည်။ သူက ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးခြင်းတွင် ပြေးခဲ့သည်ထက်ပင် ပို၍မြန်အောင် အပြေးအလွှား သွားလိုက်သည်။

သူ စန်းဝမ်ခန်းမသို့ ရောက်သောအချိန်၌ အသက်ရှူ မဝတော့ပေ။ တံခါးပိတ်ခါနီး ဆိုင်တံခါးကို တစ်ဝက်ချထားပြီးဖြစ်ရာ ယင်းက သေချာပေါက် ပိတ်တော့မည်ပင်။

ပိုင်မူနင်က ကိုယ်ကိုကိုင်းကာ အတွင်းသို့ တိုးဝင်သွားလိုက်သည်။ ဧည့်ခန်းမီးများမှာ ပိတ်ထားပြီးဖြစ်ကာ ဝမ်ကျင်း၏ဆေးခန်းရှိ မီးလုံးသာ ဖွင့်ထားဆဲဖြစ်၏။

မှိန်ဖျော့ဖျော့ မီးရောင်အောက်တွင် ပါဆယ်ထုပ်၏ အရိပ်အယောင်ကို မတွေ့ရသောကြောင့် ပိုင်မူနင်ခမျာ သူ့ကိုယ်သူ သတ္တိမွေးကာ ဝမ်ကျင်းကို သွားရှာရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

ဝမ်ကျင်းက ဖုန်းပြောနေသည်။ ဖုန်းကို စပီကာဖွင့်ထားသောကြောင့် ပိုင်မူနင်မှာ အားလုံးကို ရှင်းလင်းစွာ ကြားနိုင်၏။

"သား... ဒီတစ်ကြိမ်တော့ အမေ့ကို ယုံလိုက်...အမေ ကျိန်ရဲတယ် မင်းကို လှည့်စားတာ မဟုတ်ဘူး... ဒီတစ်ခေါက် ကြင်ဖက်တွေ့ရမယ့်သူက တစ်ကိုယ်တည်းသမား ပြီးတော့ အရမ်းကိုမှချောတာနော် ..."

"သူက အမေ့ လုပ်ဖော်ကိုင်ဖက်ရဲ့သားလေ... အမေ စစ်ဆေးပြီးပြီ ဘာအရှုပ်အထွေးမှမရှိဘူး... သူ့ပုံကို အမေ မြင်ခဲ့တယ် သူက ချစ်စရာကောင်းတာ.. အမေတောင် သူ့ကို သဘောကျတယ်... သောကြာနေ့အတွက် စီစဉ်ထားပြီးပြီ သွားလိုက်နော်"

ဝမ်ကျင်းမှာ စိတ်ပျက်အားလျော့နေဟန်ဖြင့် သူ့ကုလားထိုင်တွင် ပျင်းရိစွာ မှီလိုက်ပြီး ပြောလိုက်သည်။
“မဒမ်ဖေး ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျွန်တော့်ကို တကယ် ဒုက္ခပေးခဲ့တာနော်... အဲလိုမျိုး နောက်တစ်ခါ ထပ်မလုပ်လို့ မရဘူးလား” 

"အရင်က အမေလည်း လှည့်စားခံခဲ့ရတာပဲ... သူက တစ်ကိုယ်တည်းသမားလို့ ပြောခဲ့ပေမယ့်  á€›á€Šá€şá€¸á€…ဏးရသိရက်နဲအ လာချိန်းတွေ့တာလေ... အမေ ဒေါသထွက်လို့ အဆက်အသွယ် ဖြတ်လိုက်ပြီ...”

“သူ အမေ့ကို ပြန်လာရှာတာမျိုး မရှိသေးဘူး မဟုတ်လား”

“မရှိပါဘူး...”

ဝမ်ကျင်း ပြောပြီးသည်နှင့် တစ်ပြိုင်နက် ပိုင်မူနင် မက်ဆေ့ချ်တစ်စောင် လက်ခံရရှိလိုက်သည်။ အလုပ်ရှင်မှ 'အဝတ်အစားများ အဆင်ပြေရဲ့လား'ဟု မေးလာခြင်းဖြစ်သည်။ သူ ပြန်ဖြေနေလိုက်၍ နောက်ဆက်တွဲ စကားဝိုင်းကို လွတ်သွားသည်။


💊💊💊💊 Chapter 20
ဝမ်ကျင်း တွေ့သွားပြီ


“ကောင်းပါတယ်... အဲဒီလိုလူမျိုးတွေက ရည်းစားရှိလျက်နဲ့ ချိန်းတွေ့ဖို့ လာတာ ပြီးမှ ကိုယ့်ကိုအသုံးချပြီး လမ်းခွဲဖို့လုပ်တာ... ကျွန်တော်က တတိယလူလိုပဲ.. ကံကောင်းလို့ စောစောသိပြီး အဆက်ဖြတ်လိုက်မိတာ”

“အ‌မေလည်း သူ မင်းကိုဘယ်လိုလုပ် ဆက်ပြီး ဒုက္ခပေးရဲလဲဆိုတာ  á€”á€Źá€¸á€€á€­á€Żá€™á€œá€Šá€şá€•á€Ťá€˜á€°á€¸... မင်းကို သူ့ရည်းစားလို့ လျှောက်ပြောတယ်လေ... မင်းလည်း သဘောမတူရော သူတို့ဆက်ဆံရေးကို ဖျက်ဆီးခဲ့ပါတယ်ဆိုပြီး ကောလာဟလတွေ စဖြန့်ပြန်‌တယ်.. အိုင်း ဒီခေတ်လူတွေကတော့...”

ပိုင်မူနင် သူ၏အကြောင်းပြန်စာကို ပို့လိုက်ချိန်တွင် စကားဝိုင်း၏ နောက်ဆုံးပိုင်းကို ဖမ်းမိသွားသည်။
သူတို့ ဘာတွေ ပြောနေကြတာလဲ... ဘယ်လိုလူတွေ အကြောင်းများလဲ...

ဝမ်ကျင်းက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“အဲဒါတွေ အားလုံး အတိတ်က ကိစ္စတွေပါ” 

“ဒါနဲ့ မင်းညီမလေးရော ဘယ်လိုလဲ... မင်းဦးလေးနဲ့ အမေက အလုပ်တွေ အရမ်းများလို့ သူ့ကို ဂရုမစိုက်နိုင်ဘူး... ငယ်ငယ်လေးကတည်းက သူ့ကို မင်းပဲ ဂရုစိုက်ခဲ့ရတာ... အခု သူ ပုန်ကန်တဲ့ အရွယ်ကို ရောက်နေတော့ စကားလုံးဝ နားမထောင်ဘူး... သူ့ကို နားဝင်အောင် ပြောနိုင်တာ မင်းတစ်ယောက်ပဲ ရှိတယ်...”

ဝမ်ကျင်းက ဆိုသည်။
 “သူက ကျွန်တော့်ကို မြင်တာနဲ့ ဒေါသထွက်တော့တာပဲ... အခုဆို ကျွန်တော့်ကို သူ့ဘဝထဲ ဝင်မပါစေချင်တော့ဘူး”

"အိုင်း ဘယ်လိုလုပ် အရင်ကထက်တောင် ပုန်ကန်တတ်လာတာလဲ သူအိမ်ကထွက်ပြေးသွားတာ... သူ့မှာငွေရောရှိရဲ့လား သူဘာမှမဖြစ်ဘူးမလား..."

ဝမ်ကျင်းက ရေတစ်ခွက်ငှဲ့ရန်ကြံလိုက်စဉ် တံခါးဝ၌ ပုံရိပ်လေးတစ်ခုအား တွေ့လိုက်ရသည်။ သူ၏အသံမှာ သိသိသာသာပင် အေးစက်သွားချေ၏။
"စိတ်မပူပါနဲ့... သူ့ကိုယ်သူ ဘယ်လိုဂရုစိုက်ရမလဲဆိုတာ သူသိပါတယ်... သူ့စိတ်ကြိုက်နေခွင့်ပေးလိုက်ပါ ပျော်လို့ဝသွားရင် ပြန်လာလိမ့်မယ်..."

"အမေ နောက်မှပြောကြစို့... ကျွန်တော် ကိုင်တွယ်စရာလေး ရှိနေသေးတယ်..."

ပိုင်မူနင်က တံခါးလမ်းတွင်ရပ်နေခြင်းဖြစ်ပြီး ဝမ်ကျင်းဖုန်းပြောပြီးသည်နှင့် အထဲဝင်ကာ နှုတ်ဆက်ရန်ကြံစည်ထားခြင်းဖြစ်၏။ သို့တိုင် သူတံခါးလက်ကိုင်ထံ မရောက်သေးမီမှာပင်  á€•ုလရိပ်တစ်ခုက အတွင်းမှထွက်ပေါ်လာပြီး သူ့လည်တိုင်အား ထိတ်လန့်ဖွယ်အားဖြင့် ဆုပ်ကိုင်၍လာသည်။ တင်းကြပ်လွန်း၍ ပင့်သက်ရှိုက်မိသွားရချေ၏။

ပိုင်မူနင် စကားမဆိုနိုင်ချေ။ သူက သူသေတော့မည်ဟုပင် တွေးမိသွားရ၏။

နောက်တစ်စက္ကန့်တွင် လတ်ဆတ်သည့်လေတို့အား ရှူသွင်းလိုက်ရပြီး ချောင်းပြင်းပြင်းထန်ထန် ဆိုးတော့သည်။

သူ၏လည်ပင်းကို ပွတ်သပ်ရင်း ပိုင်မူနင် အသံထွက်ရုံ ညည်းညူလိုက်သည်။
"ခင်... ခင်ဗျား ကျွန်တော့်ကို သတ်နေတာလား"

"ဆောရီး ကိုယ် မင်းဆိုတာ မသိလိုက်ဘူး"
ဝမ်ကျင်းက သူ့အားပူပန်မှုတို့အပြည့်ဖြင့် ကြည့်လာပြီး သူ့ပခုံးထက် လက်တင်လျက်ဖြင့် မေးလာသည်။
"အဆင်ပြေရဲ့လား"

ပိုင်မူနင်၏ ဗာဒံစေ့သဏ္ဍာန်မျက်ဝန်းတို့က မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်လျက်ရှိကာ မျက်တောင်ဖျားတို့တွင် မျက်ရည်စများ ခိုတွဲ၍နေသည်။ ယင်းတို့က ခံစားချက်ကြောင့်မဟုတ်ဘဲ သေစေနိုင်လောက်သည့်ချောင်းဆိုးခြင်းကို အလိုအလျောက်တုံ့ပြန်ခြင်းပင်။ 

သူက မေးဖျားကိုပင့်မော့ကာ သူ၏လည်တိုင်အား ဝမ်ကျင်းထံလှစ်ဟပြလျက် စိတ်ဆင်းရဲသလိုဆိုသည်။
"ဟင့်အင်း ကျွန်တော် အဆင်မပြေဘူး... ခင်ဗျားကြောင့် နင်သေတော့မလို့ပဲ"

“ကြည့်ဦး အမှတ်ရာများ ကျန်ခဲ့ပြီလားလို့”

ဝမ်ကျင်းက ဒူးအားအနည်းငယ်ကွေးလျက် ငုံ့ကြည့်လိုက်သည်။ သူ့လက်က ပိုင်မူနင်၏ ငန်းလည်တိုင်ပမာ သွယ်ကြော့ကြော့လည်တိုင်ထက် ကျရောက်၍သွားပြီး ဖြူဖျော့ဖျော့အရေပြားထက်တွင် လက်ထိပ်များက ရွေ့လျားနေသည်။

ပိုင်မူနင်မှာ ချက်ချင်းဆိုသလို ထိုသူထိတွေ့သည့်နေရာတိုင်းက လျှပ်စစ်စီးကြောင်းများ ဝင်ရောက်လာသလို ခံစားလိုက်ရသည်။ ပူရှိန်းကာ ထုံကျင်စေပြီး စိတ်မသက်မသာဖြစ်အောင် လှုံ့ဆော်ကာနေသည်။

သူက နောက်သို့ အနည်းငယ်ဆုတ်ပြီး လည်ပင်းအား ပြန်ရုတ်လျက် အေးစက်စက်နှာမှုတ်လိုက်သည်။
"ထားလိုက်ပါတော့ ခင်ဗျားတမင်လုပ်တာ မဟုတ်မှန်း သိပါတယ်"

ဝမ်ကျင်းက လက်ပြန်ရုတ်လိုက်ပြီး လက်သီးတင်းတင်းဆုပ်လိုက်မိချေသည်။
"ဒီနေ့က ပိတ်ရက်မလား ဘာလုပ်နေတာလဲ"

ထိုအခါမှသာ ပိုင်မူနင်တစ်‌ယောက် သူရောက်လာရသည့်အကြောင်းကို သတိရသွားရတော့သည်။
"ကျွန်တော် ပါဆယ်ထုပ်လာယူတာ"

"အဲဒါက မင်းဟာလား"
ဝမ်ကျင်းမှာ သိသိသာသာအံ့အားသင့်နေပုံရပြီး မယုံကြည်နိုင်သည့်အလားပင်။

“ပစ္စည်းပို့သမားက ဘယ်သူ့ဟာလဲဆိုတာ မပြောခဲ့ဘူး စန်းဝမ်ခန်းမကို ပို့ရမယ်လို့ပဲပါတာ ကိုယ်အဲဒါကို ကောင်တာမှာထားထားတယ်”

ပိုင်မူနင်က ဝမ်ကျင်းနောက်မှ လိုက်လာပြီးနောက် ဝမ်ကျင်းက မီးဖွင့်လိုက်ရာ ခန်းမမှာ လင်းထိန်သွားသည်။

သူက ကောင်တာကိုသွားကာ ကတ်ထူတစ်ဘူးကို ပေးလာသည်။ ယင်းမှာ သေချာပိတ်ထားခြင်းမရှိပေ။ ပိုင်မူနင်ယူပြီး အတွင်းသို့ကြည့်လိုက်ရာ မြင်ရုံမျှဖြင့် ဆွံ့အသွားရ၏။ ထုပ်ပိုးမထား‌သော JKစတိုင်လ် မီနီစကပ်လေးက မြင်ကွင်းထဲ ပေါ်လာ၏။

(Joshi Kōsei - ဂျပန်ကျောင်းသူလိုဝတ်စားတာမျိုးပါတဲ့)

စကပ်အနားသတ်လေးမှာ အရှက်မဲ့စွာ ဝင့်ကြွားလျက် ဖော်ပြခံထားရသည်။ ဝမ်ကျင်းသာ ငတုံးမဟုတ်ပါက ယင်းကို ချက်ချင်းသတိပြုမိမည်သာ။

သေချာပေါက်ပင် စကပ်လေးကို ဝမ်ကျင်းတွေ့ပြီးသွားပြီပင်။ 

ငါ့ကို ဝမ်ကျင်းက နှာဘူးလို့များ ထင်သွားမှာလား...
 
×××××

ပိုင်မူနင်မှာ လက်ထဲတွင်ဘူးကိုကိုင်ထားကာ ခရီးသည်တင်ခုံတွင်ထိုင်လျက် လိုက်ပါလာရင်း ဦးနှောက်ကိုစတင်အလုပ်ပေးတော့သည်။

ငါ့ပုံရိပ်လေးကို အဖတ်ဆယ်ဖို့ ဘယ်လိုရှင်းပြရင်ရနိုင်မလဲ...

သူက ဝမ်ကျင်းအတွက် အထင်အမြင်ကောင်းစရာလူ မဟုတ်သော်ငြား အဖြစ်အပျက်များကို အဖတ်ဆယ်လိုသေးသည်။

ဝမ်ကျင်းက အများကြီးပြောမလာဘဲ‌ ကျောင်းသို့သာ မောင်းပို့ပေးလေသည်။ သူ့လေသံမှာ မကျေမနပ်ဖြစ်ဟန်မရှိသည့်တိုင် ထိုအကြောင်းကို မတွေးဟုတော့ မဆိုလိုပေ။

ပိုင်မူနင်က သူ၏တန်ဖိုးအရှိဆုံးသောမျက်နှာလေးနှင့် ဂုဏ်သိက္ခာပိစိလေးအတွက် သူ့ကိုယ်သူ ခုခံကာကွယ်ဖို့ရာ ကြိုးစားသင့်သည်ဟု ခံစားလိုက်ရသည်။

သို့တိုင် မည်သို့ပြောရမည်ကို သူ သိမနေပေ။ စကားလုံးများကို သေချာစဉ်းစားရန် လိုအပ်၏။

သူ စဉ်းစားနေစဉ် ဝမ်ကျင်းကို ခိုးကြည့်လိုက်သည်။ ဝမ်ကျင်းက ကားကိုသာ အာရုံစိုက်မောင်းနေသည်။

သူက စတီယာရင်ကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်ထားပြီး အကြည့်များကမူ ရှေ့ရှိလမ်းမထက်၌သာ စူးစိုက်၍ထား၏။

ပိုင်မူနင်၏အကြည့်မှာ ဝမ်ကျင်း၏  á€–ဟူသွယ်ပဟဎး အချိုးအဆစ်လှပသည့် လက်ပေါ်သို့ ကျရောက်သွားသည်။

ယခင်က လက်များ၏ ဆွဲဆောင်နိုင်စွမ်းနှင့်ပတ်သက်၍ ပိုင်မူနင် သိပ်မသိပေ။ သို့တိုင် ဝမ်ကျင်း၏ လက်များကို မြင်ပြီးနောက် ကြည့်ကောင်းသည်ဟူ‌သော စကားလုံးက ပိုမိုသိသာထင်ရှားလာ၏။

ယင်းကို စကားလုံး အတိအကျဖြင့် မဖော်ပြတတ်ပေ။ အနှီလက်များဖြင့် ထိတွေ့နှိပ်နယ်ခံရလျှင် ခံစား၍ကောင်းလိမ့်မည်ဟူသည့် ရှက်ဖွယ်လိလိအတွေးတစ်ခုကသာ ပေါ်ပေါက်၍လာခဲ့လေ၏။

ကိုယ့်လက်ကိုသာ မကြာခဏ အားကိုးရသူတစ်ယောက်အနေဖြင့် စိတ်ထဲမှ ဝမ်ကျင်း၏လက်ဖြင့် အလိုအ‌လျောက် အစားထိုးကြည့်မိသွားရသည်။

ယင်းကို သဘောပေါက်လိုက်သည်နှင့် ပိုင်မူနင်က ထိုအတွေးကို ချက်ချင်း ရပ်ပစ်လိုက်ရသည်။ 

ငါ ရူးသွားတာလား... ဘာလို့ ငါ့စိတ်က အရမ်းကိုမှ ဝါ*နေရတာလဲ...

ဖြူစင်ပြီး အပြစ်ကင်းတာတွေက ဘာဖြစ်သွားတာလဲ...

သူ့ခေါင်းကိုသူ ရိုက်လိုက်ပြီး အန္တရာယ်ရှိသည့် အတွေးကို လျင်မြန်စွာ ရပ်တန့်လိုက်သည်။

ဝမ်ကျင်းက ပိုင်မူနင်ဘက်မှ လှုပ်ရှားသံကို ကြားလိုက်ပြီး လှမ်းကြည့်လာသည်။ 
"ခေါင်းကိုက်လို့လား"

ဤသို့ ကိုယ့်ခေါင်းကို ရိုက်နေသူကို ပထမဆုံး မြင်ဖူး၍ ဖြစ်နိုင်သည်။ ဝမ်ကျင်းမှာ အနည်းငယ် အံ့အားသင့်နေပုံရ၏။

ပိုင်မူနင်က ခေါင်းကို လျင်မြန်စွာ ခါယမ်းလိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ တိတ်ဆိတ်၍သာ‌နေသည်။ နားရွက်များမှာ နီရဲနေပြီး သူ အောက်သို့ ငုံ့ကြည့်လိုက်သည်နှင့် အတွန့်ပါသည့်စကတ်တိုလေးကို မြင်လိုက်ရသည်။ ထို့နောက် သူက မျက်မှောင်ကြုတ်လိုက်ပြီးဆို၏။

 "ဒေါက်တာဝမ်... ဒါက တကယ်တော့ ကျွန်တော့်ဟာ မဟုတ်ပါဘူး.. ကျွန်တော် ကျွန်တော့်ပေါင်ပေ့လေးအတွက် ဝယ်ထားတာပါ..."

ဟုတ်တယ် ဒါက ဆင်ခြေပဲ.. ငါ့စကတ် လုံးဝမဟုတ်ဘူး... ဘယ်မှာမှ မရှိတဲ့ ပေါင်ပေ့လေးပိုင်တဲ့စကပ်ပဲ...

ကားမှာ ဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။ သူတို့ ကျောင်းသို့ ရောက်ရှိလာ၏။ ဝမ်ကျင်းက အနည်းငယ် လှည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်များက ပြုံးနေသည်။ 

"မင်းရဲ့ပေါင်ပေ့‌လေးရဲ့ အသံက ကျယ်ပြီး ရှင်းလင်းနေတာပဲ ခါးကလည်း ပိန်သွယ်သွယ်လေး..."

“…?”

ခင်များရဲ့ အာရုံက ခါးပေါ်မှာလား...

နှာဘူးပဲ…

–

သောကြာနေ့ မနက်စောစောတွင် ပိုင်မူနင် အိပ်ရာနိုးနိုးချင်း အိပ်ရာပေါ်တွင် ထိုင်ကာ စဉ်းစားနေခဲ့သည်။ ယနေ့တွင် သူ အလုပ်မရှိသော်လည်း အခြားတစ်ယောက်အတွက် ကြင်ဖက်တွေ့ပွဲတစ်ခုကို သွားပေးရမည်။

လီအန်းချီက အလုပ်သွားပြီဖြစ်ကာ အဆောင်တွင် သူမှလွဲ၍ မည်သူမှ မရှိပေ။

ပြင်းထန်သည့် မလိုလားစိတ်တို့အကြား အနည်းငယ်ရုန်းကန်ပြီးနောက်  á€•ိုင်မူနင်မသဏ ရေချိုးခန်းသို့ အားတင်းသွားကာ ကိုယ်လက်သန့်စင်လိုက်၏။ သူ ပြန်ရောက်သည်နှင့် စကတ်ကို မည်သို့ ဝတ်ရမည်ကို စတင် စဉ်းစားလိုက်သည်။

ပန်းရောင် စကော့ဒီဇိုင်း အတွန့်လေးများဖြင့် မီနီစကပ်လေးကို အဖြူရောင်ရှပ်လေးနှင့်တကွ ပန်းရောင် လည်စည်းတို့ဖြင့် တွဲဖက်ထားသည်။ အဖြူရောင် သိုးမွေးကုတ်အင်္ကျီလည်း ပါပေသည်။ ထို့ပြင် အလုပ်ရှင်က ယင်းတို့နှင့် တွဲဝတ်ရန် အသားရောင် ခြေအိတ်ရှည်များကိုပါ ဂရုတစိုက် ဝယ်ပေးခဲ့သည်။

ကံကောင်းသည်ပင်။ ယခုလို ရာသီဥတုမှာ ခြေထောက်ဗလာနှင့် သွားရလျှင် သူ အေးခဲသေဆုံးသွားနိုင်သည်။

သူက အားလုံးကို တစ်ထည်ချင်းစီ ဝတ်ဆင်လိုက်သည်။ ရုတ်တရက် ပိုင်မူနင် အ‌တွေးနက်သွားသည်။ 

ပိုက်ဆံက ရှာရခက်တယ်... မကောင်းတာ လုပ်ရတာကလည်း တအားကိုမှ ဆိုးရွားတယ်... ဒါ‌တွေအားလုံးကို ယွမ်တစ်ထောင်အတွက် လုပ်နေရတာက ငါ တကယ်ကြီး အတတ်နိုင်ဆုံး ပေးဆပ်နေတာပဲ...

ပခုံးလောက်ရှည်သည့် ဆံပင်တုမှာ အနက်ရောင် ဘဲရက်ထ်ဦးထုပ်(သံပုရာခွံဦးထုပ်)ဖြင့် တွဲချုပ်ထား၏။ ပိုင်မူနင်အနေဖြင့် ဦးထုပ်ပမာ ဆောင်းလိုက်ရုံမျှသာ။ သူ မှန်ထဲ ကြည့်လိုက်သည့်အခါ ကျေးဇူးတင်စရာကောင်းအောင် ရုပ်ဆိုးမနေပေ‌။ ကြည့်ရဆိုးနေခဲ့လျှင် ဘယ်လိုပင်ဖြစ်ဖြစ် သူ သွားလိမ့်မည်မဟုတ်ချေ။

သူ မှန်ရှေ့မှာ လှည့်ပတ်ပြီး သူ့ကိုယ်သူ သဘောကျနေခဲ့ကာ မျက်စိတစ်ဖက်ပါ မှိတ်ပြလိုက်သေးသည်။ 
"ဒီလောက် ချောပြီးငယ်ရွယ်လှပတဲ့ မိန်းကလေးက ဘယ်အိမ်က သမီးပျိုလေးလဲ"

ထိုစကားများ ပြောပြီးသည်နှင့် ပိုင်မူနင်ခမျာ သူ့ကိုယ်သူ ရွံရှာသွားရသည်။

သူ မထွက်ခွာမီ စကတ်ပေါ်မှ ချွေးစုပ်ဘောင်းဘီရှည်တစ်ထည် ထပ်ဝတ်လိုက်ပြီး ထူထဲသည့်ဖောင်းပွဂျာကင်အင်္ကျီဖြင့်  á€žá€°á€ˇá€€á€­á€Żá€šá€şá€žá€° လုံခြုံအောင် ဝတ်လိုက်ကာ ခေါင်းစွပ်ကို ချပြီး မျက်နှာဖုံးတပ်လိုက်သည်။

ပိုင်မူနင်မှာ သူ့ကို နှာဘူးအဖြစ် အထင်မခံစေရရန် ဆုံးဖြတ်ချက်ချလျက်  á€€á€ťá€ąá€Źá€•ိုးဥိတ်နသငအ်ဥတူ ထွက်ခွာခဲ့သည်။

ပိုင်မူနင်က သဘောတူထားသည့် ကော်ဖီဆိုင်ကို ရောက်ရှိလာပြီး သန့်စင်ခန်းသို့သွားကာ အပြင်မထွက်မီ သူ့ကိုယ်သူ သပ်ရပ်အောင် ပြင်ဆင်လိုက်သည်။

သူ့အား စီစဉ်ပေးခံရသည့် ပထမဆုံးလူမှာ သူ့ထက်အရပ်ပုပြီး ညစ်ပတ်ကာဆွဲဆောင်မှု မရှိပေ။ သူက ပိုင်မူနင်ကို မြင်သည်နှင့် ညစ်ညမ်းဟာသများအား စတင်ပြောဆိုတော့သည်။
 "ဘာလို့ မင်းရဲ့ အဖွားကို မခေါ်လာတာလဲ"

ပထမတွင် ထိုသူဆိုလိုသည်ကို ပိုင်မူနင် နားမလည်သော်ငြား အနှီလူယုတ်မာက သူ့ရင်ဘတ်ကို စိုက်ကြည့်နေသည်အား သတိထားမိသွားသွားရ၏။ ထိုအခါမှ "အဖွား"မှာ လူကို ရည်ညွှန်းခြင်းမဟုတ်ပါဘဲ သူ့ခန္ဓာကိုယ်ပေါ်မှ အသားပမာဏကို ရည်ညွှန်းခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

ပိုင်မူနင်မှာ ယောက်ျားတစ်ယောက်ဖြစ်သည်။ သဘာဝကျကျပင် ရင်ဘတ်ကပြား၏။ 
ဘယ်လိုလုပ် အသားပိုတွေ ရှိမှာလဲ…

ဒေါသထွက်မည့်အစား ပိုင်မူနင်က ရယ်လိုက်ရာ ထိုလူယုတ်မာမှာ ဇဝေဇဝါဖြစ်သွားလေသည်။ 
"ဘာလို့ ရယ်နေတာလဲ"

"အင်း... မင်းကရော ဘာလို့ ညီလေးကို ခေါ်မလာတာလဲ" 

ပိုင်မူနင် ထရပ်လိုက်ပြီး လက်နှစ်ဖက်ကို စားပွဲပေါ် တင်လိုက်သည်။ သူ အနှီလူယုတ်မာ၏ ပေါင်ခြံကို ကြည့်လိုက်ပြီး ပြုံးစိစိဖြင့်ဆိုလိုက်လေသည်။
"ဪ... ခေါ်လာပုံပဲ ဒါပေမဲ့ ခေါ်မလာတာနဲ့ အတူတူဖြစ်နေတာပဲ"

စကားများမှာ ထက်ရှပြီး တည့်တိုးပြောလိုက်ခြင်းဖြစ်၍ ထိုလူယုတ်မာမှာ ဒေါသတကြီး ထွက်သွားတော့သည်။

ဒုတိယလူကမူ လူယုတ်မာမဟုတ်ပေ။ ဖူရှင်းအမျိုးသား (ပေါ့ပျက်ပျက်လူ ၊ ဘာမှအဖြစ်မရှိဘဲ စိတ်ကြီးဝင်နေသူ) တစ်ယောက်သာ ဖြစ်သော်လည်း ရှင်းပြမရအောင် ယုံကြည်မှုတို့အပြည့်ဖြစ်‌နေ၏။

သူ ပိုင်မူနင်ကို ပထမဆုံး ပြောလိုက်သည့် စကားမှာ “ငါ မင်းကို လက်ထပ်မယ်ဆိုရင် မင်း ငါ့ကို ခန်းဝင်ပစ္စည်း ဘယ်လောက်ပေးဖို့ စီစဉ်ထားလဲ” ဟူ၍ပင်။

“…?”

ပိုင်မူနင်မှာ ထိုသူ့မျက်နှာထက် ကော်ဖီဖြင့် ထွေးထုတ်ပစ်ချင်စိတ် ဖြစ်ပေါ်လာသော်ငြား ကံဆိုးစွာဖြင့် ကော်ဖီမှာ  á€ˆá€ąá€¸á€™á€žá€€á€şá€žá€Źá€œá€žá€Ÿá€Ż တွေးမိသွားလျက် အောင့်အည်းထားလိုက်ရသည်။

အနှီဖူရှင်းအမျိုးသားက တစ်ဖက်လူ၏ စိတ်အခြေအနေကို မရိပ်မိဘဲ စကားဆက်ပြောနေခဲ့သည်။
 “မင်းရဲ့ ရင်သားက နည်းနည်း ပြားနေတယ်... ဒါပေမဲ့ မင်းက ဝင်ငွေကောင်းတော့ ပြဿနာမရှိပါဘူး.. လက်ထပ်ပြီးရင် ရင်သားအတု ထည့်လို့ရတာပဲ... F cup လောက်အထိ တိုးလိုက်ရင်ကောင်းမယ်... ငါက ကြီးတာကို ကြိုက်တယ်  á€€á€­á€Żá€„á€şá€œá€­á€Żá€ˇ ကောင်းမယ့် ပုံစံမျိုးပေါ့...”

“ပြီးတော့ မင်း အမြဲတမ်း 2Dပုံစံ ဝတ်နေတာလား... မင်း အသက် ၃၀လည်းကျော်နေပြီ ကုမ္ပဏီ CEO လည်း ဖြစ်နေပြီ ဒီလို ဝတ်စုံမျိုးက ကလေးဆန်လွန်းတယ် မဟုတ်ဘူးလား... လုပ်ငန်းခွင် ဝတ်စုံ ပြောင်းဖို့ ငါ အကြံပေးချင်တယ်... ဆွဲဆောင်မှုရှိတဲ့ ခဲတံစကတ်နဲ့ အနက်ရောင်ခြေအိတ်ရှည်တွေက ပြီးပြည့်စုံလိမ့်မယ်...”

(T/N - 2Dဆိုတာ cosplayလုပ်တာနဲ့ဆင်တူပါတယ်၊ ပြီးတော့ ခဲတံစကတ်က pencil skirtကို မြန်မာမှုပြုလိုက်တာပါ)

ပိုင်မူနင်အနေဖြင့် နားထောင်ရသည်မှာ လုံလောက်သွားပေပြီ။  á€žá€°á€€ ထိုလူကို ပါးစပ်ပိတ်ရန် လက်ဟန်ပြလိုက်ပြီး ပြောလိုက်သည်။
"မင်းလို မျက်နှာမျိုးနဲ့ ခန်းဝင်ပစ္စည်းကို မျှော်လင့်နေသေးတယ်လား... ဘာလဲ တခြားသူကို မှီခိုပြီး နေဖို့ ကြိုးစားနေတာလား... ဒါပေမဲ့ မင်းမှာ အဲဒီလို လုပ်နိုင်မယ့် အရည်အချင်းရှိပုံတော့ မပေါ်ဘူးပဲ" 

“ငါ့ခန္ဓာကိုယ်နဲ့ အဝတ်အစားတွေက ငါ့စိတ်ကြိုက်ငါ့သဘောပဲ ... ငါ ဘာဝတ်ရမယ်ဆိုတာကို မင်းက ဘယ်သူမို့ လာပြောနေတာလဲ”

ကြင်ဖက်တွေ့သည့်သူ လေးယောက်ဆက်တိုက်  á€™á€ąá€Źá€„်းထုတ်ပဟဎးန္ဏက် ပိုင်မူနင်မှာ သူ့ထိုင်ခုံတွင် ထိုင်ရင်း စိတ်တိုလာ၏။

ဒီ ချိန်းတွေ့တဲ့ဆိုက်ပေါ်က အရည်အသွေးက ဘာဖြစ်နေတာလဲ.. ပုံမှန်လူ တစ်ယောက်တောင် မရှိဘူးလား...

ဒီ ထူးဆန်းတဲ့လူတွေအားလုံး ဘယ်လိုများ စုစည်းမိကြတာလဲ... သူတို့က အမျိုးသားထုကြီးအတွက် ရှက်စရာပဲ...

ပိုင်မူနင်မှာ ပထမဆုံးအကြိမ်အဖြစ် ယောက်ျားလေး ဖြစ်ရခြင်းကို ရှက်ရွံမိသည်။ 

လူဟန်ဆောင်နေတဲ့ ဒီလို အဆီပြန်နေတဲ့ပြဿနာအိုးတွေကို ဘယ်သူကများ ရှင်းလင်းပေးရမှာလဲ...
(အဆီပြန်တယ်ဆိုတာ မသတီစရာ၊ရွံစရာလို့ ပြောချင်တာပါတဲ့)

မကြာမီမှာပင် ငါးယောက်မြောက်လူ ရောက်လာခဲ့သည်။ ဤတစ်ယောက်ကမူ ကြည့်ကောင်းသည်။ သူက မိတ်ဆက်စကား စပြောလိုက်၏။

“မင်္ဂလာပါ ကိုယ်က ဝူဖန်ပါ... တွေ့ရတာ ဝမ်းသာပါတယ်..."

ဝူဖန်က အဖြူရောင် လည်ရှည်ဆွယ်တာပေါ်တွင် အနက်ရောင် သိုးမွေးအင်္ကျီကို ဝတ်ဆင်ထားပြီး ရင့်ကျက်၍ တည်ငြိမ်သောပုံစံကို ပြသနေခဲ့သည်။ သူ၏ အသွင်အပြင်မှာ သပ်ရပ်တက်ကြွကာ မသတီစရာဟန်မရှိဘဲ ထိပ်တန်းပညာရှင်နှင့် လုံးဝ တူနေခဲ့သည်။

ပိုင်မူနင်က ခေါင်းငုံ့လျက် ကိုယ်ရေးအချက်အလက်ကို တစ်ချက်ကြည့်လိုက်သည်။ 
ငါးယောက်မြောက်လူက ကျိုးမျိုးရိုး မဟုတ်ဘူးလား…


 

Search Novels