💊💊💊💊 Chapter 11
ကျွန်တော့် ပေါင်ပေ့လေးက အရမ်းကို ကပ်ချွဲတတ်တာလေ


စိတ်ဓာတ်ကျကာ သုန်မှုန်နေသော အမူအရာဖြင့် ပိုင်မူနင်က ဆွေးနွေးတိုင်ပင်ခန်းမှထွက်လာသည်ကို ချန်ဟောက်နန်မြင်လျှင် ရှေ့တိုးလျက် ပူပန်စွာမေးလိုက်သည်။

"ဘယ်လိုဖြစ်သွားလဲ"

ပိုင်မူနင်မှာ ခေါင်းခါယမ်းပြပြီး ရွှေရောင်အာရိုဝါနာငါးအတွက် ရေလဲပေးရန် ငါးကန်ထံပြန်သွားလိုက်သည်။

အလုပ်မှာ သူ့လက်ထဲရောက်လာပါသော်ငြား သူ့လက်ထဲမှ ချော်ထွက်သွားခဲ့သည်။ သူအလွန်ဝမ်းနည်းရသလို လွန်စွာမှ စိတ်ဆင်းရဲဒုက္ခရောက်ရ၏။ သူ့အနေဖြင့် ပေါက်ကွဲပစ်လိုက်ချင်တော့သည်။ 

ချန်ဟောက်နန်သည်လည်း ဘာမှမတတ်နိုင်ပေ။ ဤနေရာတွင် ဝမ်ကျင်းကသာ ဥပဒေဖြစ်၏။ သူ့အနေဖြင့် ပြောရေးပိုင်ခွင့်ရှိသော်ငြား မများလှပေ။

မကြာမီမှာပင် သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦးက တံခါးအားဖြတ်လျက် အဆောတလျင်ဟန်ဖြင့် ဝင်လာခဲ့သည်။ သူမက စစ်တပ်သုံးကုတ်ရှည်ကြီးကို ခြုံလွှားထားပြီး သူမမျက်နှာထက်တွင် အရေးအကြောင်းများစွာရှိနေကာ လွန်စွာပင် အသက်ကြီးပုံပေါ်၏။

သူမ၏ခြေထောက်မှာ ကြမ်းပြင်ထက် အကာအကွယ်မဲ့ကာ ဗလာကျင်းနေပြီး လမ်းလျှောက်ပုံမှာလည်းမတည်ငြိမ်ပေ။

ကျွမ်းယွိမြန်မှာ အနားတွင်မရှိရကား ချန်ဟောက်နန်ကသာ သူမကို ခရီးဦးကြိုပြုလေသည်။
“စာရင်းသွင်းထားပြီးသားလားဗျ”

အမျိုးသမီးကြီး၏ပါးပြင်တို့က အအေးဒဏ်ကြောင့် နီရဲကာနေသည်။ သူမက စကားမပြောဘဲ ခြေဟန်လက်ဟန်ပြစကားသာ ဆိုလာ၏။ ချန်ဟောက်နန်က နားမလည်ပေ။

သူက အမျိုးသမီးမှာ သေချာမကြားရ၍ဖြစ်မည်ဟု ယူဆကာ အသံကိုအနည်းငယ်မျှမြှင့်လိုက်လေသည်။
"တာ့ကျဲ တစ်ခုခုများ လိုအပ်လို့လား"

အမျိုးသမီး သူမ၏နားနှင့်ပါးစပ်ကို ညွှန်ပြလျက် လက်များကို ခါယမ်းပြလေသည်။

ဤလက်ဟန်ပြစကားကိုမူ ချန်ဟောက်နန်နားလည်၏။ သူမက ဆွံ့အနားမကြားပင်။

ဒါပေမဲ့ ငါတို့ ဘယ်လို ဆက်သွယ်ပြောဆိုကြမှာလဲ...

ချန်ဟောက်နန်မှာ ဆွေးနွေးဆိုင်ပင်ခန်းဘက်သို့လှည့်ကာသာ အော်လိုက်တော့၏။
"လောင်ဝမ်.. တစ်ချက်လောက်လာကြည့်ဦး..."

ပိုင်မူနင်က ထိုင်ခုံပေါ်မှ ခုန်ဆင်းလိုက်ပြီး ရေဘားအား လှည့်ပိတ်လိုက်သည်။
"အန်တီက အပြင်ဘက်က ကတ်ထူပုံးတွေ ဝယ်လို့ရလားလို့မေးနေတာ"

"မင်း သူပြောတဲ့ခြေဟန်လက်ဟန်ပြစကားကို နားလည်တာလား"

ပိုင်မူနင်က အင်းဟူ၍ရေရွတ်ကာ ခေါင်းညိတ်ပြသည်။ 
"ကျွန်တော် လက်ဟန်ခြေဟန်ပြစကားတတ်တယ်" 

သူ့မိဘနှစ်ပါးစလုံးမှာ ဆွံ့အနားမကြားသူများ ဖြစ်သည့်အတွက် ငယ်စဉ်ကတည်းက လက်ဟန်ခြေဟန်စကားဖြင့် ဆက်သွယ်ပြောဆိုတတ်အောင် သင်ယူခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် ပိုင်မူနင်ကမူ ကျန်းမာသော၊ သာမန်ကလေးတစ်ဦး ဖြစ်ခဲ့ရချေသည်။

ပုံမှန်အားဖြင့် အနှီပုံးများကို ဝင်ပေါက်တွင်သာ ချထားခြင်းဖြစ်ကာ မည်သူမဆို အလိုရှိလျှင် ယူပိုင်ခွင့်ရှိ၏။

ဤသည်က ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ဦးမှ ဝင်ရောက်ကာ မေးမြန်းလာခြင်းဖြစ်သည်။

"အိုး ဟုတ်သားပဲ သူ့ကိုပြောပြလိုက်ပါဦး ခုကစပြီး စန်းဝမ်ခန်းမက ကတ်ထူပုံးတွေအကုန် ယူလို့ရတယ်လို့... တစ်ပတ်တစ်ခါလာရင်ရပြီ... ကိုယ်တို့ စုထားပေးမယ်..."

ချန်ဟောက်နန်က ပိုင်မူနင်ကိုကြည့်လာပြီး အမြန်ပင် ဘာသာပြန်ဖို့ရာ လောလာ၏။

ပိုင်မူနင်ပြောပြပြီးနောက် သက်လတ်ပိုင်းအရွယ်အမျိုးသမီးကြီးက ကျေးဇူးတင်ပါကြောင်းကို ရွှင်လန်းစွာပြုံးလျက် ခြေဟန်လက်ဟန်ဖြင့် ဆိုလာခဲ့သည်။

ပိုင်မူနင်မှာ ဤသို့သော ရိုးရှင်းသည့်အရာလေးကြောင့် စစ်မှန်သည့်ပျော်ရွှင်မှုခံစားရသည်ကို မတွေးဘဲမနေနိုင်တော့ပေ။

အမျိုးသမီးကြီး ထွက်သွားရန်ကြံစည်စဥ် ဝမ်ကျင်းက ဆွေးနွေးတိုင်ပင်ခန်းမှ ထွက်လာပြီးခေါ်၏။
"ခဏနေပါဦး..."

သူမက ဆွံ့အနားမကြားသူဖြစ်ရကား သူ့စကားကိုမကြားသည်က သဘာဝပင်ဖြစ်ပြီး သူမကိုခေါ်နေသည်အား မသိခဲ့ပေ။

ပိုင်မူနင်က ရှေ့တိုးကာဖြင့် သူမကိုခဏစောင့်ဖို့ရာ လက်ဟန်ပြလိုက်သည်။

အမျိုးသမီး၏အကြည့်တို့က ရှုပ်ထွေးမှုတို့ပြည့်ကုန်ကာ သူတို့ဘာလိုအပ်သည်ကို သေချာမသိပေ။

ပိုင်မူနင်က လက်ဟန်ခြေဟန်စကားဖြင့် ရှင်းပြလိုက်၏။ 
[မစိုးရိမ်ပါနဲ့... သူက လူကောင်းတစ်ယောက်ပါ အရမ်းတော်တဲ့ တရုတ်တိုင်းရင်းဆေး ဆရာဝန်လည်း ဟုတ်တယ်]

ဝမ်ကျင်းက သူမ လမ်းလျှောက်ရခက်ခဲနေသည်ကို သတိထားမိလိုက်ပြီး စစ်ဆေးပေးရန် ကမ်းလှမ်းလိုသည်။

ပိုင်မူနင်က ဝမ်ကျင်း၏ ရည်ရွယ်ချက်များကို လက်ဟန်ခြေဟန်စကားဖြင့် ဘာသာပြန်ပေးစဉ် ထိုအမျိုးသမီးက လက်များကို အလျင်အမြန် ဝှေ့ယမ်းပြလိုက်၏။ 
[မလိုပါဘူး... ကျွန်မ လမ်းသွားတာက နည်းနည်းလိမ်နေရုံပါ... နှစ်ရက်လောက်ဆိုရင် အဆင်ပြေသွားပါလိမ့်မယ်... ကျေးဇူးတင်ပါတယ်]

ပိုင်မူနင်က ထိုသက်လတ်ပိုင်းအရွယ်အမျိုးသမီး စိုးရိမ်ပူပန်နေသည်ကို နားလည်လိုက်သည်။ သူမက ငွေကုန်ကြေးကျများမည်ကို စိုးရိမ်နေခြင်းပင်။ ဝမ်းစာရှာဖွေ စားသောက်ရသည်မှာ မလွယ်ကူသဖြင့် ဆရာဝန်ပြသကာ ငွေပေးချေရသည်ထက် နာကျင်မှုကိုသာ ပိုခံစားလိုခြင်းပင်။

ဤအဖြစ်က သူ့မိခင်ကို သတိရသွားစေ၏။ သူ၏မိခင်မှာလည်း ထိုအတိုင်းပင်။ ဤအမျိုးသမီးကို မြင်လိုက်ရချိန်တွင် ကွယ်လွန်သွားပြီဖြစ်သည့် သူ့မိဘများကို သတိရမိသွားသည်။

သူတို့မိသားစုမှာ ဆင်းရဲသော်လည်း သူတို့က သူ့ကို အမှန်တကယ် ချစ်မြတ်နိုးပေးခဲ့ကြသည်။

သူတို့ ဖျားနာနေလျှင်ပင် ဆေးကုသမှုခံယူရန် ငြင်းဆန်ခဲ့ကြပြီး ထိုအစား ပိုင်မူနင်သုံးစွဲနိုင်စေရန်အလို့ငှာ ပိုက်ဆံတစ်ပြားချင်းစီကို ချွေတာစုဆောင်းခဲ့ကြသည်။

သူ့ရင်ထဲ၌ ချဥ်စူးစူးနာကျင်မှုတစ်ခု ဖြစ်ပေါ်လာခဲ့၏။ သူ့မိဘများသာ အသက်ရှင်နေသေးပါက သူ့အနေဖြင့် ဤမျှလောက် တစ်ယောက်တည်း အထီးကျန်နေမည်မဟုတ်ပေ။

သူအနေဖြင့် သူ့တွင် ငွေအများကြီး မရှိသော်ငြား သူမ၏ ဆေးကုသစရိတ်ကို အကုန်အကျခံပေးနိုင်ကြောင်း ထိုအမျိုးသမီးအား ပြောပြရန် ပြင်ဆင်နေစဉ် ဝမ်ကျင်းက အရင်စ၍ ပြောလိုက်၏။ 

"အလကားလို့ ပြောလိုက်ပါ... သူလာရင် ပေးစရာမလိုဘူး..."

အမှန်တကယ်တမ်း၌ ထိုအမျိုးသမီး ရင်ဆိုင်နေရသော အကျပ်အတည်းကို ဝမ်ကျင်းသည်လည်း နားလည်ထားခဲ့သည်ပင်။
[အခမဲ့ပါ... ကုသစရိတ်မယူပါဘူး... သူ့ကို ကြည့်ခွင့်ပြုလိုက်ပါ]

ထိုအမျိုးသမီးမှာ အမှန်ဖြစ်ကြောင်း ဆုံးဖြတ်ရန် ကြိုးစားနေသကဲ့သို့ တုံ့ဆိုင်းနေဆဲပင်။ ယခုခေတ်ကာလတွင် လူများကို လှည့်ဖြားသည့် နည်းဗျူဟာများမှာ အဆုံးမရှိအောင် များပြားလှပေ၏။ သူမက လှည့်စားခံရမည်ကို ကြောက်ရွံ့နေပေသည်။

သူမ၏ အိတ်ကပ်ထဲမှ ပိုက်ဆံမှာ မများလှသော်လည်း ၎င်းတို့က သမီးဖြစ်သူ ပြန်လည်လေ့ကျင့်ခန်းလုပ်ရာတွင် လိုအပ်သည့်ပစ္စည်းများ ဝယ်ယူရန်အတွက် ငွေများ ဖြစ်ပေ၏။

ပိုင်မူနင်က စိတ်ရှည်ရှည်ဖြင့် စည်းရုံးပြောဆိုပြီးနောက်ဆုံးတွင် အနှီအမျိုးသမီးက မသေချာမရေရာမှုအချို့ဖြင့် ဝမ်ကျင်းရောဂါရှာဖွေပေးသည်ကို လက်ခံလိုက်လေသည်။

ထိုသက်လတ်ပိုင်းအရွယ် အမျိုးသမီးက ကတ်ထူပုံးများကို လှေကားပေါ်မှ ဆွဲချလာစဉ် ခြေကျင်းဝတ် လိမ်သွားခဲ့ခြင်း ဖြစ်ပေသည်။ သူမ၏ ခြေထောက်က လှေကားတစ်ထစ်ကို မနင်းမိဘဲ ချော်သွားကာ အောက်ခြေအထိ လဲကျသွားခဲ့ခြင်း ဖြစ်၏။

သူမက အချိန်အတော်ကြာသည်အထိ မြေပြင်ပေါ် ထိုင်နေခဲ့ပြီးမှ နောက်ဆုံးတွင် ယိုင်နဲ့နဲ့ခြေထောက်တို့ဖြင့် အိမ်သို့ ပြန်လာခဲ့ခြင်းဖြစ်သည်။

ပိုင်မူနင်က ဘာသာပြန်ပေးရန် ဘေးတွင် ရပ်နေစဉ် ဝမ်ကျင်းက သူမ၏ ခြေကျင်းဝတ်ကို ကုသပေးနေခဲ့သည်။

ထို့နောက် ပိုင်မူနင်က သူမကိုဆက်သွယ်နိုင်သည့် အချက်အလက်များကို ယူခဲ့ပြီး နောက်တစ်ပတ်တွင် နောက်ဆက်တွဲ စစ်ဆေးမှုအတွက် ပြန်လာရန် သတိပေးလိုက်သည်။

ပြီးနောက် သူက သူမနှင့်အတူ အပြင်သို့လိုက်ပါသွားပြီး ကတ်ထူစက္ကူပုံးများကို ခေါက်၍ သူမ၏ တွန်းလှည်းထဲသို့ သပ်ရပ်စွာ ထပ်ပေးလိုက်လေသည်။

ပိုင်မူနင် ပြန်ဝင်လာသည့်အခါ ချန်ဟောက်နန် ပြောနေသည်ကို သူ ကြားလိုက်ရ၏။ 

"ဒီလောက်တော်ပြီး လိမ္မာတဲ့ကလေးကို ဒီမှာ အလုပ်လုပ်ခိုင်းလိုက်ပါတော့…"

"ဒီကာလတွေမှာ အလုပ်ရှာရတာ မလွယ်ဘူးလေ... ဒီကလေးက ငါးတွေကို ဂရုစိုက်နိုင်ပြီး လက်ဟန်ခြေဟန်ပြစကားကိုတောင် နားလည်တယ်ဆိုတော့ အခြေခံအားဖြင့် စွယ်စုံရတာပဲ..."

"ဒီနေရာမှာ ဆွံ့အနားမကြားလူနာတွေနဲ့ ကြုံရမှာပဲလေ... သူသာ ရှိနေရင် ငါတို့တွေ ဘာလုပ်ရမှန်း မသိဘဲ ကမောက်ကမ ဖြစ်နေတော့မှာ မဟုတ်ဘူး..."

ချန်ဟောက်နန်မှာ စကားပြောနေရင်းဖြင့် ပိုင်မူနင်အား ရံဖန်ရံခါ မျက်လုံးပင် မှိတ်ပြနေသေး၏။ ပိုင်မူနင်က သူပြောလိုသည့် အဓိပ္ပာယ်ကို နားလည်လိုက်သည်။ သူက စကားချိုချိုလေးများ ပြောကာ အနည်းငယ် တောင်းပန်တိုးလျှိုးရန် အရိပ်အမြွက်ပြနေခြင်း ဖြစ်ပေ၏။

ပိုင်မူနင်သည်လည်း ဤအလုပ်ရနိုင်သည့် အခွင့်အရေးကို လက်လွှတ်မခံလိုပေ။ အလုပ်များမှာ ရှာရခက်ခဲလှသည်။ သူသည်လည်း ဝမ်းစာအတွက် ရှာဖွေစားသောက်ရဦးမည်ပင်။

သူက ဆန္ဒအလျောက် ရှေ့သို့ တိုးကာပြောလိုက်၏။
"ဒေါက်တာဝမ်... ကျွန်တော် ဒီမှာ တကယ် အလုပ်လုပ်ချင်တာပါ... အလုပ်ရှာရတာ တကယ်ကို ခက်ခဲလွန်းတယ်... ကျွန်တော် တံတားအောက်မှာ သွားပြီး တောင်းရမ်းစားသောက်နေရမှာကို ခင်များ တကယ်ပဲ ကြည့်ရက်နိုင်တာလား" 

"ကျေးဇူးပြုပြီး...နော်"

သူက မျက်တောင်အား ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး ပြုံးလိုက်သည့်အခါ သွားငယ်လေး ရှစ်ချောင်း ပေါ်လာခဲ့၏။ သူ့မျက်လုံးများမှာ လခြမ်းသဏ္ဌာန် ကွေးညွတ်သွားကာ ချစ်စရာကောင်းသည့် ကြောင်ကလေးတစ်ကောင်နှင့် တူနေပေသည်။

ထို့အပြင် သာမန်ကြောင်ကလေးမျှသာမဟုတ်ဘဲ ချိုသာစွာပြုမူတတ်ပြီး နူးညံ့သည့် ကြောင်ကလေးတစ်ကောင်ပင်။

ဝမ်ကျင်းက အကြည့်လွှဲလိုက်၏။ သူ၏အသံမှာ အနည်းငယ် အေးစက်နေပေသည်။
"ဒီမှာ ငှားထားတဲ့သူတွေဆီက အလုပ်လုပ်ဖို့ပဲ မျှော်လင့်ထားတယ်..."

"မင်းမှာ တခြားရည်ရွယ်ချက်များရှိခဲ့ရင် တခြားနေရာမှာ အလုပ်ရှာဖို့ပဲ အကြံပေးချင်တယ်... ဒီမှာ အချိန်ဖြုန်းမနေနဲ့..."

ဆိုလိုသည်မှာ - မင်း ငါ့ကိုလိုက်ဖို့ စဉ်းစားနေရင် အခွင့်အရေး မရှိဘူး... ဒါပေမဲ့ မင်း အလုပ်လုပ်ဖို့ ဒီရောက်လာတာဆိုရင်တော့ မင်း နေလို့ရတယ် ဟူ၍ပင်။

မျှော်လင့်ချက်ရှိပြီကွ...

ယခုအခိုက်အတန့်တွင် ပိုင်မူနင် လိုချင်သမျှမှာ ဤအလုပ်ကို ဆက်လက်လုပ်ကိုင်ခွင့် ရရှိရေးပင်။ သူက အခြားမည်သည့်အရာကိုမှ စဉ်းစားမနေပေ။ ငွေရှာခြင်းကသာ သူ၏ အဓိက ဦးစားပေးဖြစ်ချေ၏။

မစ္စတာကျိုးနှင့် ကိစ္စများမှာ အခုထိ မရေမရာ ဖြစ်နေဆဲပင်။ အကယ်၍ ထိုကိစ္စ မအောင်မြင်ပါက သူ့ခမျာ စပေါ်ငွေကို ပြန်ပေးရဦးမည်။

သူ့တွင် ငွေလိုအပ်သည့် နေရာများစွာ ရှိနေသည်။ သူ့အနေဖြင့် တည်ငြိမ်ခိုင်မာသည့် အလုပ်တစ်ခုကို အသည်းအသန် လိုအပ်နေပေ၏။

သူ့တွင် အခြားရည်ရွယ်ချက်များ မရှိကြောင်း ဝမ်ကျင်းအား သက်သေပြရန်အလို့ငှာ အလျင်အမြန်ပင် ထပ်လောင်းပြောလိုက်၏။ 

"ဒေါက်တာဝမ်... ကျွန်တော် တကယ်တောင်းပန်ပါတယ်... ကျွန်တော် အရင်က ပေါ့ပျက်ပျက်နဲ့ ခင်များကို ဒုက္ခပေးမိတာပါ... ကျွန်တော်ကတိပေးတယ် နောက်ထပ် လုံးဝမလုပ်တော့ဘူး"

"ကျွန်တော် ရှင်းရှင်းလင်းလင်းပဲ ပြောပြပါ့မယ်...တကယ်တော့ ကျွန်တော် အဲဒီနေ့က 'truth or dare' ကစားပွဲမှာ ရှုံးသွားလို့ပါ...ဘာရည်ရွယ်ချက်မှ မရှိပါဘူး... အဲ့ကတည်းကစပြီး ကျွန်တော့်ရဲ့ အပြုအမူတွေကို အလေးအနက်ထား ဆင်ခြင်ပြီးပါပြီ... ကျွန်တော်လည်း တကယ်ကိုလွန်သွားခဲ့တယ်လို့ ထင်ပါတယ်..."

ဝမ်ကျင်း၏ မျက်နှာမှာ အမူအရာမဲ့၍နေသည်။ ဘေးမှ ချန်ဟောက်နန်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ပြောလိုက်ချေ၏။

"တစ်ယောက်ယောက်က ပေါက်ကရအကြံပေးတာနေမှာပေါ့" 

"ကောင်းပြီ ရှောင်နင်က ဒီလောက်တောင် ရှင်းလင်းအောင် ရှင်းပြထားပြီးမှတော့ အသက်ကြီးတဲ့သူက အငြိုးထားမနေနဲ့တော့လေ... လူငယ်လေးတွေကို အခွင့်အရေးပေးစမ်းပါကွာ..."

ဝမ်ကျင်းမှ ချန်ဟောက်နန်အား တစ်ချက်မျှကြည့်လိုက်ရာ ချန်ဟောက်နန်က သူ၏နှုတ်ခမ်းများကို ဇစ်ဆွဲပိတ်လိုက်သကဲ့သို့ ချက်ချင်းပင်လုပ်ပြကာ ပါးစပ်ပိတ်ထားပါမည့်အကြောင်းကို ပြသလိုက်သည်။

ဝမ်ကျင်းက ပိုင်မူနင်အား ပြန်ကြည့်လိုက်ပြီး ပြောလိုက်၏။
"မင်းပြောတဲ့အတိုင်းဖြစ်ရင် ကောင်းမယ်" 

ထိုစကားက သူ့အနေဖြင့် စကားတစ်လုံးလေးပင် မယုံကြည်ကြောင်း ရှင်းလင်းစွာ ဖော်ပြနေခြင်းပင်။
ထားသည့် 'truth or dare' ဆင်ခြေကို ပိုမို ယုံကြည်လာစေရန် ပိုင်မူနင်အနေဖြင့် သူ့တွင် ကောင်မလေးရှိကြောင်း လုပ်ကြံပြောဆိုရန်သာ တတ်နိုင်တော့၏။

"တကယ်တော့ ကျွန်တော် ယောက်ျားတွေကိုမကြိုက်ပါဘူး... ကျွန်တော့်မှာ ကောင်မလေးရှိတယ်... တွဲနေတာ ၂နှစ်ကျော်ပြီ... ကျွန်တော်တို့အရမ်းကိုမှ အဆင်ပြေပါတယ် ..."

"အဲဒီ့ ကရူးမူးထူးလုပ်ခဲ့တဲ့ ဖွင့်ပြောတာက တကယ်ကို ကျွန်တော့်အမှားပါ... ဒေါက်တာဝမ်ကပဲ သဘောထားကြီးကြီးနဲ့ အငြိုးအတေးမထားဖို့ မျှော်လင့်ပါတယ်"

အချိန်ကိုက်ပင် လီအန်းချီက ဖုန်းခေါ်ဆိုလာခဲ့၏။ ပိုင်မူနင်က ချက်ချင်းပင် ဖုန်းကို ကောက်ကိုင်လျက် ချိုသာစွာ ဆိုလိုက်သည်။ 

"ဘာဖြစ်လို့လဲ ပေါင်ပေ့... အမ်း... ကိုယ်ခုထိ အပြင်မှာ... ခဏနေရင် ပြန်လာခဲ့မယ်... ဒီည ညစာ အတူစားကြမှာမလား... သေချာပေါက်အတူစားကြမယ်နော် ချစ်တယ်... မွ မွ"

တစ်ဖက်မှ လီအန်းချီခမျာ စကားတစ်လုံးမျှပင် မပြောရသေးပေ။ သူက ဖုန်းမှားခေါ်မိခြင်းပေလားဟု တွေးကာ အံ့အားသင့်သွားရချေ၏။ သူက ဖုန်းနံပါတ်ကို ထပ်စစ်ဆေးပြီးနောက် 'မူနင်... မင်း ဖုန်း ဟက်ခ်ခံရတာလား' ဟု မေးရန်သာ ပြင်လိုက်၏။

သို့တိုင် သူဘာကိုမှမပြောလိုက်နိုင်မီမှာ 'ဘိပ်'ဟူသော အသံက သူ့နားထဲ ဝင်ရောက်လို့လာ၏။ 

မူနင်က ဓားစာခံအဖြစ် အဖမ်းခံထားရလို့ စကားဝှက်တစ်ခု ပို့ဖို့ ကြိုးစားနေတာတော့ မဟုတ်လောက်ပါဘူးနော်...

ထိုအချိန်တွင် ပိုင်မူနင်မှာ လီအန်းချီကို စကားပြောခွင့် မပေးရဲပေ။ တစ်ယောက်ယောက် ကြားသွားပြီး တစ်ဖက်မှာရှိသူက ယောက်ျားလေးတစ်ဦးဖြစ်ကြောင်းသာ သိသွားခဲ့ပါမူ။

မကြာမီကပင် သူက ယောက်ျားလေးများကို မကြိုက်ကြောင်း ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုခဲ့ပြီး ယခုမူ ယောက်ျားလေးတစ်ဦးအား 'ပေါင်ပေ့' ဟု ခေါ်လိုက်ခြင်းပေ။ အခြေခံကျကျဆိုရလျှင် ယင်းက သူ့ကိုယ်သူ မျက်နှာဖြတ်ရိုက်ခြင်းပင်။

သူ၏ဖုန်းကို ကိုင်ထားရင်းဖြင့်ပင် ပိုင်မူနင်က သူ့တွင်ချစ်သူရှိကြောင်းအား ပိုမိုယုံကြည်စေရန် ထိုအပြုအမူ၌ နစ်ဝင်ရန် ကြိုးစားလိုက်၏။ 

"ကျွန်တော့် ပေါင်ပေ့လေးက အရမ်းကို ကပ်ချွဲတတ်တာလေ... သူက တစ်နေ့တစ်နေ့ ကျွန်တော်နဲ့ စကားတွေအများကြီးပြောရမှ ကျေနပ်တာ..."

အခန်းထဲ၌ ရုတ်တရက် တိတ်ဆိတ်သွားခဲ့၏။ မည်သူကမှ စကားမပြောကြပေ။ ဝမ်ကျင်း၏ မျက်နှာအမူအရာမှာ ဖတ်ရခက်သော်လည်း သူ၏ နှုတ်ခမ်းထောင့်များကမူ သိသိသာသာကို အောက်သို့ ညွတ်ကျနေခဲ့၏။

ဝမ်ကျင်း မည်သည်အား စဉ်းစားနေသည်ကို  á€•ိုင်မူနင် မသိသောကြောင့် ချန်ဟောက်နန်ဘက်သို့ လှမ်းကြည့်လိုက်လေ၏။ ယင်းက သိသိသာသာကို အကူအညီတောင်းခံနေခြင်းသာ။

ချန်ဟောက်နန်မှာ ပေါ့ပျက်ပျက်နိုင်ဟန်ရှိသည့်တိုင် အတော်လေး လက်သင့်ခံနိုင်လောက်သူတစ်ဦး ဖြစ်သည်။

သူက မျှမျှတတပင် ပြောလိုက်ချေ၏။
"အထင်လွဲတာကို ရှင်းပြီးပြီဆိုတော့ မင်း မနက်ဖြန်ကစပြီး အလုပ်စလုပ်လို့ရပြီ..."

သူက ပိုင်မူနင်၏ ပခုံးကို ပုတ်လိုက်ပြီး ထပ်ပေါင်းကာပြောလိုက်သည်။
"စန်းဝမ်ခန်းမက ကြိုဆိုပါတယ်... လောင်ဝမ်ကို မင်းအတွက် လိုက်ပြခိုင်းလိုက်မယ်... ငါတော့ သွားအိပ်တော့မလို့..." 

ချန်ဟောက်နန် ထွက်သွား၏။ သို့သော် ဝမ်ကျင်းကမူ ပိုင်မူနင်အား လိုက်လံပြသရန် ရည်ရွယ်ချက် မရှိပေ။ 
"မနက်ဖြန် နောက်မကျစေနဲ့... ပြီးတော့ ဒီနေရာကို ရှင်းလင်းထားလိုက်..."

ယင်းက သူ ယုံကြည်သွားသည့် အဓိပ္ပါယ်ပင်။ ပိုင်မူနင် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏။ 

… အခု အလုပ်ရသွားပြီကွ…

ဝမ်ကျင်းက ငါးကန်ပတ်လည်ရှိ ရှုပ်ပွနေသည့် ပိုက်များကို ရည်ညွှန်းနေခြင်ပင်။ ပိုင်မူနင်က ချက်ချင်းပင် ပြန်ဖြေလိုက်၏။
"သိပါပြီ ဘော့စ်... အစွန်းအထင်းမရှိအောင် ရှင်းထားလိုက်ပါ့မယ်..."

ပြောစရာရှိသည်များပြောနောက် ဝမ်ကျင်းက ဆွေးနွေးတိုင်ပင်ခန်းထဲသို့ ပြန်ဝင်သွားသည်။

သန့်ရှင်းရေးလုပ်နေစဉ် ပိုင်မူနင်က WeChat ကို ဖွင့်ကာ  á€œá€Žá€Ąá€”်းခဝဎ ပို့ထားသည့် မက်ဆေ့ခ်ျကို စစ်ဆေးလိုက်သည်။

၎င်းမှာ အသံမက်ဆေ့ခ်ျဖြစ်ကာ နားထောင်ရအဆင်မပြေသောကြောင့် ပိုင်မူနင်က စာသားအဖြစ် ပြောင်းလဲရန် စီစဉ်လိုက်သည်။

ကံဆိုးစွာဖြင့် သူ့လက်ချောင်းများမှာ ရေစိုနေပြီး မျက်နှာပြင်အား မထိန်းချုပ်နိုင်တော့ပေ။  á€™á€á€ąá€Źá€şá€á€†á€•င် အသံဖိုင်ကို နှိပ်လိုက်မိချေသည်။ တိတ်ဆိတ်နေသော အခန်းထဲ၌ လီအန်းချီ၏ အသံမှာ ကျယ်လောင်ပြတ်သားစွာ ထွက်ပေါ်လာခဲ့သည်။

အသံမှာ အလွန်တရာမှ ကျယ်လောင်လွန်းလှ၏။
"မူနင်... မင်း ငါ့ကိုဘာလို့ ပေါင်ပေ့လို့ ခေါ်တာလဲ... မင်းက..."

ပိုင်မူနင်က အလျင်အမြန်ပင် အသံကိုပိတ်လိုက်ပြီး နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ပတ်ဝန်းကျင်၌ တခြားမည်သူမျှ ရှိမနေပေ။ တစ်စုံတစ်ယောက်ကသာ ထိုအသံကို ကြားသွားပါက သူ၏ 'ပေါင်ပေ့' အစီအစဥ် တစ်ခုလုံး ပေါ်သွားပေလိမ့်မည်။

နောက်ဆုံး ပိုင်မူနင်တစ်ယောက် စိတ်သက်သာရာရသွားလျက် နောက်လှည့်ကြည့်လိုက်ရာ ဝမ်ကျင်းက သူ့နောက်တွင် ရပ်နေသည်ကို မြင်လိုက်ရ၏။ ထိုသူမှာ မည်မျှကြာအောင် အနှီနေရာ၌ ရှိနေခဲ့သည်ကို မသိပေ။

သူ ဘာမှ မကြားလောက်ဘူးမလား…

ပိုင်မူနင်က ရှက်ရွံ့စွာ ရယ်မောလိုက်ပြီး ခပ်မိုက်မိုက်ပုံဟန်ဆောင်ရန် ကြိုးစားလိုက်ပါ၏။
"ဒေါက်တာဝမ်  á€›á€žá€„်းပဟခဝင်တဏတစ်ခုခုမဝဏး ရှိနေသေးလို့လား" 

ဝမ်ကျင်းက အနာကပ်ပလာစတာတစ်ခုကို သူ့အား လှမ်းပေးလိုက်သည်။
 "မင်းလက်မှာ ပြတ်ရှရာတစ်ခုရှိတာ တွေ့လိုက်လို့ ဒါယူလာပေးတာ..."

သူ့လက်ချောင်းတွင် ပြတ်ရှရာငယ်လေးတစ်ခု တကယ်ပင် ရှိနေခဲ့သည်။ ထိုအရာက ထိုသက်လတ်ပိုင်းအရွယ် အမျိုးသမီးကို စက္ကူပုံးများကူညီပြီးခေါက်ပေးရာတွင်  á€›á€›á€žá€­á€á€˛á€ˇá€á€źá€„်း ဖြစ်နိုင်သည်။ ဝမ်ကျင်း မပြမချင်း ပိုင်မူနင်ကိုယ်တိုင်မှာ သတိမထားမိခဲ့ပေ။

သူက ကပ်ခွာပလာစတာကို ယူလိုက်ပြီး  á€•á€źá€ąá€Źá€œá€­á€Żá€€á€şá€žá€Šá€şá‹
"ကျေးဇူးတင်ပါတယ် ဒေါက်တာဝမ်" 

ဝမ်ကျင်းပုံစံက အသံမက်ဆေ့ခ်ျကို တကယ် မကြားလိုက်ပုံပင်။ ပိုင်မူနင်မှာ နောက်ဆုံးတွင် စိတ်သက်သာရာရသွားကာ အသက်ရှူနိုင်သွား၏။

သို့သော်လည်း ထို့နောက်တွင် ဝမ်ကျင်းက အနည်းငယ် လျှောက်လှမ်းသွားပြီးမှ ရုတ်တရက် ရပ်တန့်ကာ ပြောလိုက်သည်။
"မင်းပေါင်ပေ့ရဲ့ အသံက အားအင်အပြည့်ပဲနော် ကျန်းမာပုံရတယ်"  

ပိုင်မူနင်: "...?"

သူ တမင်တကာ လုပ်တာ မဟုတ်လား...

သူ ဘာမှမကြားသလို ဟန်ဆောင်နေလို့ မရဘူးလား...

ပိုင်မူနင်က သူ၏ဘဝအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ အကောင်းဆုံးလူမှာ မွေးဖွားပြီးနေပြီကို အတည်ပြုလိုက်ရလေ၏။


💊💊💊💊Chapter 12
သွယ်ဝိုက်အနမ်း


ပိုင်မူနင်မှာ စန်းဝမ်ခန်းမ၏ တရားဝင်ဝန်ထမ်း ဖြစ်သွားပေပြီ။  á€•á€‘á€™á€†á€Żá€śá€¸á€Ąá€œá€Żá€•á€şá€á€€á€şá€›á€€á€şá€á€˝á€„á€ş သူက သူ့ကိုယ်သူမိတ်ဆက်ကာ စန်းဝမ်ခန်းမအား လှည့်ပတ်ကြည့်ရှု၏။

စန်းဝမ်မှာ နှစ်ထပ်အဆောက်အဦးဖြစ်သည်။ ပထမအထပ်တွင် အဓိကအားဖြင့် ဆွေးနွေးတိုင်ပင်ခန်း(ဆေးကုသခန်း)များ၊ ဧည့်စောင့်ဧရိယာ၊ ဆေးထုတ်သည့်နေရာနှင့် မီးဖိုချောင်တို့ရှိသည်။

အပေါ်ထပ်တွင်မူ အထူးဧည့်သည်များအတွက် ဆွေးနွေးတိုင်ပင်ခန်းများရှိပြီး အခြေခံအားဖြင့် အပ်စိုက်ကုသခြင်း၊ နှိပ်နယ်ကုသခြင်းနှင့် မီးပူပေးကာကုသခြင်း(moxibustion)များအတွက် အသုံးပြုသည်။

စန်းဝမ်ခန်းမမှာ ဝန်ဆောင်မှုအမျိုးမျိုးရှိပြီး တရုတ်တိုင်းရင်းဆေးပညာနှင့်သက်ဆိုင်သည့် အရာတိုင်းအတွက် ဝန်ဆောင်မှုပေး၏။

ယင်းတို့ထဲတွင် အမျိုးသမီးများအတွက် ကိုယ်အလေးချိန်လျှော့ချခြင်းနှင့် အလှအပရေးရာ အစီအစဉ်များမှာ လူကြိုက်အများဆုံး ဖြစ်ကြသည်ပင်။

ယခုခေတ်ကာလတွင် လူတိုင်းက အသက်အရွယ်မရွေး ကျန်းမာရေး ထိန်းသိမ်းခြင်းကို ဦးစားပေးလာကြသည်။ ထိုအပိုင်းတွင်  á€…á€”á€şá€¸á€á€™á€şá€á€”á€şá€¸á€™á€€ ကောင်းမွန်စွာလည်ပတ်လျက်ရှိကာ လူအများစုဝေးကြသည့်နေရာပင် ဖြစ်ချေ၏။

သူတို့ လျှောက်သွားနေရင်းဖြင့်ပင် ကျွမ်းယွိမြန်မှ ပိုင်မူနင်အား စန်းဝမ်ခန်းမ၏ အဓိက ဝန်ဆောင်မှုများနှင့်ပတ်သက်၍  á€™á€­á€á€şá€†á€€á€şá€•á€ąá€¸á€œá€Źá€žá€Šá€şá‹

အဓိက တိုင်ပင်ဆွေးနွေးကုသပေးသည့် ဆရာဝန် ငါးဦးရှိကာ ထိုဆရာဝန်များထဲတွင် ချန်ဟောက်နန်နှင့် ဝမ်ကျင်းက အငယ်ဆုံးဖြစ်၏။ ကျန်သုံးဦးမှာ အသက်ငါးဆယ်မှရှစ်ဆယ်ကြား အရွယ်များ ဖြစ်ကြ၏။

ကုထုံးဆရာက သုံးဦးဖြစ်ကာ ဆေးဝါးပြင်ဆင်ကျိုချက်ပေးသည့် ဆေးဝါးပညာရှင်မှာလည်း သုံးဦးရှိသည်။ မီးဖိုချောင်တွင် သန့်ရှင်းရေးဝန်ထမ်း တစ်ဦးလည်းရှိ၏။

ထို့ပြင် ဆွေးနွေးတိုင်ပင်ကုသပေးသည့် ဆရာဝန်များထံတွင် သင်ယူနေကြသည့် အလုပ်သင်ဆရာဝန်အများအပြားလည်း ရှိသေးသည်။

စန်းဝမ်ခန်းမအကြောင်း အကြမ်းဖျင်း နားလည်ပြီးနောက် ပိုင်မူနင်မှာ မအံ့သြဘဲ မနေနိုင်တော့ပေ။ 

တရုတ်တိုင်းရင်းဆေးပညာက နိမ့်ကျနေပြီလို့ ဘယ်သူကပြောတာလဲ… စန်းဝမ်ခန်းမက ဒီလောက်တောင် တိုးတက်နေတာပဲမလား…

ထိုနေရာက စည်ကားပြီး ကြီးပွားနေသည်ပင်။

ကျွမ်းယွိမြန်မှ လစာနှင့် အကျိုးခံစားခွင့်များကို ဆက်လက် ရှင်းပြလာသည်။ 
"လစာက တစ်လကို ၄၀၀၀ ...တစ်ပတ်ကို နှစ်ရက်နားရမယ်... စနေ၊တနင်္ဂနွေကလွဲရင် မင်းနားကြိုက်တဲ့ရက်နားလို့ရတယ်... အိုး ဟုတ်သားပဲ... နှစ်ကုန်ပြီဆို ၁၄ လမြောက် ဘောနပ်စ်လည်း ရှိသေးတယ်..."

ပိုင်မူနင်မှာ ဝမ်းသာလွန်း၍ ထခုန်မိတတ်ပင်။ 

စန်းဝမ်ခန်းမရဲ့ ဆက်ဆံပုံက အရမ်းကောင်းလွန်းနေတာ မဟုတ်ဘူးလား…

အရေးအကြီးဆုံးကတော့ တစ်ပတ်နှစ်ရက် နားရတဲ့အပြင် အချိန်ပိုမဆင်းရဘူး… ၉၉၆ အလုပ်ယဉ်ကျေးမှုကလည်း ရှိမနေဘူး… ဒါက ကျောင်းသွားနေရသလိုပဲ မလား…
(T/N - "996 work culture" ဆိုတာက တရုတ်နိုင်ငံက အလုပ်ချိန်စနစ်ပါ။မနက် ၉ နာရီကနေ ည ၉ နာရီအထိ တစ်ပတ်ကို ၆ ရက် အလုပ်လုပ်ရတာကို ပြောချင်တာပါ)

သေချာပေါက်ကို တူတော့မတူချေ။ ကျောင်းတက်ရာတွင် ကျူရှင်ခ ပေးရသည့်တိုင် အလုပ်လုပ်ခြင်းကမူ ငွေရှာရန်ဖြစ်၏။ ပိုင်မူနင်မှာ စိတ်ထဲမှနေ၍  á€…á€”á€şá€¸á€á€™á€şá€á€”á€şá€¸á€™á€á€˝á€„á€şá€žá€Ź အငြိမ်းစားယူလိုက်ချင်သည်ဟု တွေးလိုက်မိချေသည်။

အကျဉ်းချုံး မိတ်ဆက်ပေးပြီးနောက် ကျွမ်းယွိမြန်က အခြားကိစ္စများလုပ်ရန် ထွက်သွားသည်။ ပိုင်မူနင်သည်လည်း သာမန်ကာလျှံကာပင် လျှောက်ပတ်ကြည့်နေလိုက်၏။

သူ၏အလုပ်က အတော်လေး လွယ်ကူသက်သာလှပေသည်။ အာရိုဝါနာကို နေ့စဉ် ရေလဲပေးရန် မလိုအပ်သလို နေ့စဥ်နေ့တိုင်း အစာကျွေးရန်လည်း မလိုအပ်ပေ။ ဆိုလိုသည်က သူ့အနေဖြင့် နေ့တိုင်းလိုလို လုပ်စရာ အလုပ်မရှိခြင်းပင်။

ဘာမှမလုပ်ဘဲ လစာရနေသည့်အတွက် အနည်းငယ် အပြစ်ရှိသလို ခံစားရသောကြောင့် ပိုင်မူနင်က အလုပ်လက်မဲ့ဟု မထင်ရစေရန် အလုပ်များကို လိုက်ရှာနေလိုက်သည်။

သူက အသုံးမဝင်ကြောင်း သိသွားပြီး သူ့ကို အလုပ်ထုတ်လိုက်လျှင် မဖြစ်သေးချေ။ ပိုင်မူနင်က သူ၏ကိုယ်ပိုင်တန်ဖိုးကို ဖန်တီးရန်လိုအပ်သည်ဟု တွေးလိုက်သည်။

ထို့ကြောင့် သူက အကူအညီလိုအပ်သည့် နေရာတိုင်းသို့ သွားရောက်ကာ ကူညီပေးသည်။

ဆေးထုတ်သည့်နေရာတွင် အလွန်အလုပ်များနေလျှင် သူက ဆေးကျိုရန် ကူညီပေးသည်။

မိဘများနှင့်အတူ ပါလာသည့် ကလေးများက စကားနားမထောင်လျှင်နေ ပိုင်မူနင်က  á€›á€­á€Żá€¸á€›á€žá€„်းသညအ် မျက်လှည့်ပြကွက်လေးများအား ပြသပေးလျက် သူတို့ကို ချော့မော့ပေးသည်။

တိုင်ပင်ဆွေးနွေးကုသပေးသည့် ဆရာဝန်တစ်ဦးဦး ရေကုန်သွားလျှင် ရေနွေးပြန်ဖြည့်ပေးရန်လည်း မမေ့ပေ။

သို့သော် သူက အခြားသူများအတွက်သာ ရေဖြည့်ပေးပြီး ဝမ်ကျင်းပတ်ဝန်းကျင်တွင် သူ၏တည်ရှိမှုအား မဖော်ပြမိစေရန် ကျိန်းသေ  á€›á€žá€ąá€Źá€„်ရသဏးခဲအသည်။

ဝမ်ကျင်းက သူ့ကို သဘောမကျပေ။ သူသာ လူအများကို စိတ်အနှောင့်အယှက်ဖြစ်စေမိပြီး အလုပ်ထုတ်ခံရပါက မကောင်းပေ။

စန်းဝမ်ခန်းမက နေ့လယ်စာသာမက ညစာကိုပါအခမဲ့ကျွေး၏။ နေ့လယ်စာစားပြီးနောက် ကျွမ်းယွိမြန်နှင့် ပိုင်မူနင်တို့အတူ အနားယူခန်းထဲတွင် ပုန်းကာ ဂိမ်းအတူ ကစားကြသည်။

စန်းဝမ်ခန်းမရှိ လူအားလုံးထဲတွင် ပိုင်မူနင်က ကျွမ်းယွိမြန်နှင့်သာ အရင်းနှီးဆုံးဖြစ်သောကြောင့် မေးစရာရှိသည့်အခါတိုင်း သူမကို မေးမြန်းလေ့ရှိသည်။

ကျွမ်းယွိမြန်က သူ့ထက် ငါးနှစ် ပိုကြီးပြီး စန်းဝမ်ခန်းမတွင် အလုပ်လုပ်သည်မှာ သုံးနှစ်ကြာပြီဖြစ်သည်။

"ယွိမြန်ကျဲ...ဒေါက်တာဝမ်မှာ အလုပ်သင်ဆရာဝန် ဘာလို့ မရှိတာလဲ"

ဆရာဝန်တိုင်းက လူနာနှင့်ကြည့်ကာ ဆွေးနွေးတိုင်ပင်ပေးချိန်တိုင်း အနီး၌ အလုပ်သင်ဆရာဝန်အချို့မှာ လေ့လာသင်ယူရန် ရပ်နေတတ်သည်ကို ပိုင်မူနင် သတိထားမိခဲ့သည်။ ချန်ဟောက်နန်တွင်ပင် အလုပ်သင်ဆရာဝန်နှစ်ဦး ရှိသော်လည်း ဝမ်ကျင်းမှာမူ တစ်ဦးမျှ မရှိပေ။

"ဒေါက်တာဝမ်က အလုပ်သင်ဆရာဝန်တွေကို လက်ခံရတာ မကြိုက်ဘူး... တစ်ခါက သူ့ကို ချစ်မိသွားတဲ့ အလုပ်သင်ဆရာဝန်တစ်ယောက် ရှိခဲ့ဖူးတယ်လေ... နေ့တိုင်း သူ့ကို တွယ်ကပ်နေတာ... နောက်ဆုံးကျ လက်ကောက်ဝတ်ကို ဓားနဲ့လှီး၊ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံပြီး ပြဿနာရှာခဲ့ဖူးတယ်... ဖြစ်နိုင်တာကတော့ ဒီလိုကိစ္စမျိုးတွေ ရှောင်ဖို့ သူ အလုပ်သင်ဆရာဝန် လက်မခံဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်လိမ့်မယ်..."

"ဒါပေမဲ့ သူ သိတာတွေကို တခြားသူတွေကို ဆက်သင်ပေးနေတုန်းပဲ... သူက နှမြောတွန့်တိုတာမျိုး မရှိဘူး..."

ဝမ်ကျင်းက သူ့အား ဤမျှလောက် စိတ်ပျက်စွာ ဆက်ဆံခဲ့ခြင်းမှာ အံ့သြစရာမရှိပေ။

ဇာတ်လမ်းက ဒီလိုဖြစ်ခဲ့တာကိုး...

သူ အရက်မူးပြီး ဝမ်ကျင်းအား ခဏခဏ ဖုန်းခေါ်ခဲ့သည့် ညကို ပြန်တွေးကြည့်သောအခါ ဝမ်ကျင်းမှာ စိတ်အနှောင့်အယှက် ဖြစ်ခဲ့သော်ငြားလည်း ဖုန်းပြန်ဖြေခဲ့သည်ကို ပိုင်မူနင် သတိပြုမိလိုက်သည်။ ထိုသူက သူတစ်ခုခု ဖြစ်မည်ကို စိုးရိမ်ခဲ့၍ ဖြစ်နိုင်သည်။

သို့သော်လည်း ပိုင်မူနင်မှာ ညည်းညူကာ မပြောမိဘဲ မနေနိုင်ပေ။ 
"အာ ဘုရားရေ... သူက တကယ် အဲ့လောက် ဆွဲဆောင်မှု ရှိလို့လား... လူတိုင်းက သူ့ကို သဘောကျနေကြတာပဲ…"

ကျွမ်းယွိမြန်က ပိုင်မူနင်အား တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
 "ဒေါက်တာဝမ်က ဘယ်လောက် ဆွဲဆောင်မှုရှိလဲဆိုတာ  á€™á€„်းဥသိဆုလးပဲ မဟုတ်ဘူးလား…" 

"ယွိမြန်ကျဲ" 
ပိုင်မူနင်က ပတ်ဝန်းကျင်ကို သေချာကြည့်ပြီးမှ ပြောလိုက်သည်။
 "အဲဒီတုန်းက ကျွန်တော် တကယ် truth or dare ရှုံးလို့ပါ... ကျေးဇူးပြုပြီး ကျွန်တော့်ကို မစပါနဲ့တော့..."

မကြာသေးမီက ပိုင်မူနင်ခမျာ လူမှုဆက်ဆံရေးတွင် အရှက်ရစရာ အခြေအနေများနှင့် မကြာခဏ ကြုံတွေ့နေရသောကြောင့်  á€…ိတ်ဖိစဎးခဲအရသည်(သူဝမ်ကျင်းနဲ့အမြဲမိတာကိုပြောတာပါ)။ သူ ပြောချင်သည့် စကားတိုင်းကိုမပြောမှီ ဦးစွာ ပတ်ဝန်းကျင်ကို ကြည့်ရပြီး အခြားသူများ မရှိမှသာလျှင် ပြောဆိုရဲတော့သည်။

သူ တစ်ခုခု ပြောလိုက်မိပြီး သက်ဆိုင်သူက ကြားသွားမည်ကို သူ ကြောက်ရွံ့နေရ၏။ ထိုအဖြစ်ကို သူ ထပ်မကြုံချင်တော့ပေ။

ညနေပိုင်းတွင် ချန်ဟောက်နန်က ကြိုဆိုညစာစားပွဲ တစ်ခု စီစဉ်ခဲ့သည်။ ထိုသူမှာ ငြိမ်ငြိမ်မနေနိုင်ဘဲ ပျော်စရာတစ်ခုခုကို စီစဉ်ရန် အခွင့်အရေး အမြဲရှာဖွေနေတတ်သည့် လူမျိုးဖြစ်၏။

တစ်နေကုန် အလုပ်လုပ်ပြီးနောက် အလုပ်တွင် ပိတ်မိနေသည့် ခံစားချက်ကို ဆေးကြောဖို့ရာ အတူတကွစားသောက်ရန်  á€œá€­á€Żá€Ąá€•်သည်။

အသက်ငယ်သည့် ဝန်ထမ်းများက ချန်ဟောက်နန်၏ အစီအစဉ်တို့ကို သဘောကျကြ၏။ အသက်ကြီးသူများကမူ အတူမပါဝင်ဖို့ရာ အလိုအလျောက်ပင် ရွေးချယ်လိုက်ကြ၏။ အတူမပါဝင်ကြသူများတွင် ဝမ်ကျင်းလည်း ပါသည်။

ပိုင်မူနင်က ညစာစားပွဲအကြောင်းကို ပထမဆုံးကြားလိုက်ရချိန်တွင် ဝမ်ကျင်းနှင့် အဆင်မပြေဖြစ်မည်ကို အနည်းငယ် စိုးရိမ်မိသွားခဲ့သေးသည်။ သို့သော် ဝမ်ကျင်း မလာကြောင်း ကြားလိုက်ရသည်နှင့် ပိုင်မူနင်မှာ ရွှင်ပျကာ တောက်ပသွားတော့သည်။ ယခုမူ သူ့အနေဖြင့် အထိန်းအကွပ်မဲ့ ပျော်ရွှင်စွာ အပန်းဖြေနိုင်ပေပြီ။

ပိုင်မူနင် ယခင်က တက်ရောက်ခဲ့ဖူးသည့် တစ်ခုတည်းသော အုပ်စုလိုက် ညစာစားပွဲမှာ အထက်တန်းကျောင်းမှ ဘွဲ့ရပြီးနောက် သူတို့၏ နှုတ်ဆက်ပွဲကာလတွင်ဖြစ်၏။

တက္ကသိုလ်တွင်လည်း အတန်းခေါင်းဆောင်က စုဝေးပွဲ အနည်းငယ် စီစဉ်ခဲ့သော်ငြား AA စနစ်ဖြစ်သောကြောင့် ပိုင်မူနင်က ငြင်းလိုက်သည်။
(AA-အမေရိကန်စနစ်မျှရှင်း)

သူတို့၏ AAမှာ တစ်ဦးလျှင် ငါးရာ၊ ခြောက်ရာမျှကျသင့်ကာ အလွန်ဈေးကြီးလွန်းလှသည်။ 
ဘယ်သူက တတ်နိုင်မှာလဲ...

သူသာ တစ်လလျှင် နှစ်ကြိမ်သွားပါက နောက်လရောက်လျှင် လေကိုသာ စားသောက်၍ အသက်ရှင်နေရပေလိမ့်မည်။

အခြားသူများက မိသားစုထံမှ ပိုက်ဆံကို လွယ်လင့်တကူ တောင်းနိုင်သော်လည်း ပိုင်မူနင်မှာမူ ငွေမရှိပါက သူကိုယ်တိုင် ရှာဖွေရမည်သာ။ ငွေရှာခြင်းက အခက်ခဲဆုံးအပိုင်းဖြစ်ချေ၏။

ပိုင်မူနင်အနေဖြင့် လိုက်လျောညီထွေဖြစ်အောင် ဟန်ဆောင်နေရသည့် ဘဝမျိုး၌ မရှင်သန်လိုပေ။ ထို့ကြောင့် အတန်းခေါင်းဆောင်က ဖိတ်ခေါ်တိုင်း သူ ငြင်းပယ်ခဲ့သည်။

ထိုကြောင့်ပင် ပိုင်မူနင်ခမျာ လူမှုရေးခေါင်းပါးသူအဖြစ် တံဆိပ်ကပ်ခံခဲ့ရသည်။ နောက်ပိုင်းတွင် လီအန်းချီသည်လည်း မတက်ရောက်တော့ဘဲ ပိုင်မူနင်နှင့်အတူ နေပေးကာ အတူတကွ လူမှုဆက်ဆံရေးများမှ ရှောင်ခွာလာခဲ့၏။

ညစာစားပွဲကို လမ်းတစ်ဖက်ရှိ စျေးဝယ်စင်တာတစ်ခုတွင်ရှိသော ဟော့ပေ့ါဆိုင်၌ ကျင်းပခဲ့သည်။ ချန်ဟောက်နန်က လူတိုင်းထံမှ အကြံများကို မေးမြန်းပြီးနောက် ဟော့ပေ့ါဟုဆုံးဖြတ်ခဲ့သည်။ သူက လူအများ စောင့်ဆိုင်းနေစရာ မလိုစေရန် စားပွဲနှစ်လုံးကိုပင် ကြိုတင်မှာယူခဲ့သည်။

လူအုပ်ကြီးမှာ အတူတကွ ဦးတည်သွားခဲ့ကြသည်။ ချန်ဟောက်နန်က ပိုင်မူနင်၏ ဘေးမှ လျှောက်သွားရင်း သူ့အားမေးခွန်းများ တရစပ်မေးလာတော့သည်။ "တစ်နေ့လုံး  á€˜á€šá€şá€œá€­á€Żá€”á€ąá€œá€˛... အားလုံးနဲ့ အသားကျပြီလား... တစ်ခုခု စိတ်မကျေနပ်တာမျိုးရှိလား..." အစရှိသဖြင့်ပင်

ချန်ဟောက်နန်မှာ တကယ့်ကို ကြင်နာတတ်သည့် အစ်ကိုကြီးအလား ပိုင်မူနင်၏ပထမဆုံးသော အလုပ်တက်ရက်အတွက် အမှန်အကန်ပူပန်မှုတို့အား ပြသ၍နေသည်။

ဘယ်လိုနတ်ဘုရားလိုသူဌေးမျိုးလဲ... တင်စီးမပြတဲ့အပြင် လူတွေကိုလည်း ဂရုစိုက်ပေးတတ်သေးတယ်... အရေးအကြီးဆုံးက မဟုတ်ဘဲ ကတိတွေညာမပေးတဲ့အပြင် ရက်ရောတတ်တယ်...
 
ပိုင်မူနင်က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး  á€•á€źá€ąá€Źá€œá€­á€Żá€€á€şá€žá€Šá€şá‹
"စန်းဝမ်ခန်းမက အံသြစရာပဲ... ကျွန်တော်တကယ်ကို သဘောကျတယ်"

"မင်း သဘောကျရင် ပြီးတာပါပဲ..."

သူတို့ ဟော့ပေါ့ဆိုင်သို့ ရောက်သည့်အချိန်တွင် ဆိုင်ထဲတွင် လူပြည့်နေပြီး စည်ကားနေ၏။ စားပွဲတိုင်း ပြည့်နေပြီး စားပွဲထိုးများက  á€Ąá€›á€žá€ąá€ˇá€Ąá€”္ဏက် ရှုပ်ယှက်ခတ် ဖြတ်သန်းသွားလာနေကြလျက် အလုပ်များနေကြသည်။

အိုးထဲမှ အစပ်ဟင်းရည်မှာ ဆူပွက်နေပြီး ရေနွေးငွေ့ပူပူတို့နှင့် ငရုတ်သီးနံ့တို့ ရောနှောနေလေရာ လူများမှာ မထိန်းချုပ်နိုင်တော့ဘဲ ချောင်းဆိုးကြတော့သည်။

ပိုင်မူနင်က နှစ်ကြိမ်သုံးကြိမ်မျှ ချောင်းဆိုးလိုက်ရာ ဘေးတွင် ထိုင်နေသော ချန်ဟောက်နန်က စိုးရိမ်တကြီး မေးလာသည်။ 
"ရှောင်နင်... အစပ် မစားနိုင်ဘူးလား"

"စားနိုင်ပါတယ်.." 
ပိုင်မူနင်က ပြန်ဖြေ၏။ သူ အစပ်မစားသည်မှာ အချိန်အတော်ကြာပြီဖြစ်၍ အနံ့က သူ့ကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေခြင်းမျှသာ။

ချန်ဟောက်နန်က အခြားတစ်ယောက်ထပ်လှည့်ကာ စကားပြောလိုက်ပြီး သူတို့၏ဖုန်းကို တစ်ချက်ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။ 

"လောင်ဝမ်က ဘာလို့ ငါ့ဖုန်းကို လာမပေးသေးတာလဲ... ဖုန်းမပါတော့ လုံးဝကို စိတ်မလုံခြုံသလို ခံစားရတယ်..."

ချန်ဟောက်နန်တစ်ယောက် လိပ်ခေါင်းရောဂါသည်ပမာ အငြိမ်မနေ လှုပ်ယွနေခြင်းမှာ အံ့သြစရာမရှိတော့ပေ။ သူ့တွင် ဖုန်းမပါလာ၍ ပျင်းနေခြင်းသာ ဖြစ်ချေတော့၏။

သို့သော် မကြာမီမှာပင် ပိုင်မူနင် အဓိကအချက်ကို သဘောပေါက်သွားခဲ့သည်။ ဝမ်ကျင်းလာမည်ပင်။

ဝမ်ကျင်းက ချန်ဟောက်နန်၏ ဖုန်းကို သေချာပေါက် လာပေးခဲ့ပေသည်။ သို့သော်လည်း သူ၏မျက်နှာမှာ ကြည့်ရဆိုးနေပြီး ထွက်သွားရန်ပြင်လျက် အေးစက်စက်ပြောလာ၏။
"ဒါမျိုး ထပ်မဖြစ်စေနဲ့" 

သို့သော်လည်း ချန်ဟောက်နန်မှာ သူ့အား လွယ်လွယ်နှင့် ထွက်သွားခွင့် မပြုပေ။ သူက ဝမ်ကျင်းအား ဆွဲခေါ်ကာ ပိုင်မူနင်၏ ဘေးရှိ လွတ်နေသောထိုင်ခုံတွင် ထိုင်ခိုင်းလိုက်လေသည်။

ပိုင်မူနင်ခမျာ ချက်ချင်းပင် ခါးကို မတ်လိုက်မိသည်။ သူ့အနေဖြင့် ဆူးနှင့်အပ်များအပေါ်တွင် ထိုင်နေရသလို ခံစားနေရသည်။

ထိုအခိုက်မှာပင် ချန်ဟောက်နန်တစ်ယောက် တမင်သက်သက် အကြံဆိုးထုတ်ကာ ဝမ်ကျင်းကို ဖုန်းလာပေးခိုင်းခြင်း ဖြစ်နိုင်ကြောင်း သူသံသယဝင်မိသွားတော့သည်။

ချန်ဟောက်နန်က တောက်ပစွာပြုံးလျက် သူ့ခုံသူ ပြန်သွားထိုင်သည်။
"ကောင်းပြီ... လူတိုင်းလည်းရောက်နေပြီ... အခုခွက်တွေမြှောက်ပြီး ရှောင်နင်ကို စန်းဝမ်ခန်းမကနေ ကြိုဆိုလိိုက်ကြစို့..."

ချန်ဟောက်နန်က ပိုင်မူနင်အား အရက်အချို့ ငှဲ့ပေးရန် ပြင်နေစဉ် သွယ်လျပြီး ဖြူဖွေးသော လက်တစ်ဖက်က လှမ်းတားလိုက်သည်။
"ဘာအရက်လဲ... ဖျော်ရည်ကိုပဲ အစားထိုး သောက်လိုက်…"

ထိုလေသံမှာ ညှိနှိုင်းခွင့် လုံးဝပေးမထားပေ။ ချန်ဟောက်နန်က နှာမှုတ်လိုက်ပြီး ပြောလိုက်သည်။
"မင်း ဒါလည်း ဝင်ပါတာပဲလား" 

ဝမ်ကျင်းက ပိုင်မူနင်၏ ရေခွက်ကို ကောက်ယူကာ သရက်သီးဖျော်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။

သူက အနားသို့ တိုးကပ်လာပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ 
"ဒီည ကိုယ် ကောင်းကောင်းအိပ်ချင်တယ်... နှောင့်ယှက်မခံချင်ဘူး..."

"...?"

သူ ငါ့ကို ထေ့ငေါ့နေတာ မဟုတ်လား…

ငါက အရက်မူးပြီး ဝမ်ကျင်းကို 'ပိုင်' ကိန်းတွေ တစ်ခါလောက် ရွတ်ပြမိရုံလေး မဟုတ်ဘူးလား....

သူ တကယ်ကြီး အဲဒီလောက်ထိ ရှင်းရှင်းလင်းလင်း မှတ်မိနေဖို့ လိုလို့လား...

နောက်ဆုံးတွင် ပိုင်မူနင်သည်လည်း ဝမ်ကျင်းကဲ့သို့ပင် သရက်သီးဖျော်ရည်ကိုသာ သောက်ခဲ့ရပြီး အရက်ကို လုံးဝ မထိလိုက်ချေ။

ဝိုင်ခွက်များ မြှောက်ပြီးနောက် လူတိုင်း စတင်စားသောက်ကြသည်။

ပိုင်မူနင်က ပုစွန်ကို တစ်ကိုက်စားလိုက်ပြီး ဝမ်ကျင်း၏ ခွက်နှင့် သူ၏ကိုယ်ပိုင်ခွက်တို့ ဘေးချင်းကပ်ရှိနေကို သတိပြုမိလိုက်သည်။

ဝမ်ကျင်းမှာ ဘယ်သန်ဖြစ်သောကြောင့် သူ၏ခွက်ကို ဘယ်ဘက်ခြမ်းတွင် ထားခြင်းပင်။ ထိုအချိန်တွင် ညာသန်ဖြစ်သော ပိုင်မူနင်ကမူ အကျင့်အတိုင်း သူ၏ခွက်ကို ညာဘက်တွင် ထားလိုက်သည်။ ဟင်းပွဲများအားလုံးကြောင့် စားပွဲပေါ်တွင် နေရာသိပ်မရှိ၍ သူတို့၏ ခွက်များမှာ အဆုံးတွင် တစ်ခုနှင့်တစ်ခု ဖိကပ်နေပြီး အတော်လေး ရင်းနှီးပုံပေါ်နေခဲ့၏။

စောစောက ဝမ်ကျင်း၏ သွယ်ဝိုက်ကာထေ့ငေါ့မှုကို စိတ်ဆိုးနေဆဲဖြစ်သောကြောင့် ပိုင်မူနင်၏ ပုန်ကန်လိုစိတ်လေးက ပေါ်ပေါက်လာခဲ့သည်။ သို့ဖြစ်၍ သူ၏ခွက်ကို ဘယ်ဘက်ခြမ်းသို့ ကိုယ်တိုင် ရွှေ့လိုက်သည်။

ခွက်နှစ်ခုမှာ ယခုအခါ ပို၍ဝေးသွားသည်ကိုမြင်လိုက်ရသောအခါ ပိုင်မူနင်တစ်ယာက် ပို၍သက်တောင့်သက်သာဖြစ်သွားချေ၏။


💊💊💊💊 Chapter 13
ကျွန်တော် ခင်ဗျားဆီကို တမင်ပစ်ဝင်လာတာမဟုတ်ဘူးနော်


ချန်ဟောက်နန်မှာ ဆိုရှယ်လ်နွားတစ်ကောင်ဖြစ်ကာ အမြဲလိုလို သက်ဝင်တက်ကြွစွာ စကားဆိုလျက် လူအများကိုရယ်မောအောင် လုပ်ပေး၏။

ထို့နောက် သူက သူ၏အမည်နှင့်ပတ်သက်၍ စတင်ပြောပြလာသည်။ သူ့နာမည်မှာ မိဘများပေးခဲ့သည့် မူရင်းအမည်နာမ မဟုတ်ဘဲ နောက်မှပြောင်းထားခြင်းဟူ၏။

ပြန်ပြောင်းဆိုရလျှင် "young and dangerous"ရုပ်ရှင် ခေတ်စားချိန်တွင် ချန်ဟောက်နန်သည်လည်း သွေးပူစွာ ရဲရဲတင်းတင်း စွန့်စားနေထိုင်ရသည့်ဘဝကို တောင့်တခဲ့လေသည်။ သူ၏မျိုးရိုးက ချန်ဖြစ်နေလေရာ သူ့မိဘများအား နာမည်ပြောင်းခွင့်ပြုရန် တောင်းဆိုခဲ့ချေ၏။

သေချာပေါက်ပင် သူ့မိဘများက မလိုက်လျောခဲ့ပေ။ သူ၏မူလနာမည်ကို ရရှိရန် အလွန်ကြိုးပမ်းခဲ့ကြရရာ သူတို့သား စိတ်ထင်တိုင်း ပြောင်းချင်သည်ကို မည်သို့လက်မခံနိုင်ကြချေ။ သူတို့ ဒေါသတကြီး ဖြစ်ကာ သူ့အား အချိန်ကြာမြင့်စွာ ဆူပူကြလေသည်။သူ့ကို ကျောကုတ်တံ သုံးချောင်းကျိုးသည်အထိ ရိုက်သော်ငြားလည်း ထိုအကြံကို သူလက်လျှော့သွားအောင် မလုပ်နိုင်ခဲ့ပေ။နောက်ဆုံးတွင် သူ၏ မရပ်မနား ပူဆာမှုကြောင့် ပင်ပန်းသွားခဲ့ကြရာ သူတို့က နောက်ဆုံး၌ ရဲစခန်းသို့ သွားရောက်၍ သူ၏နာမည်ကို တရားဝင် ပြောင်းလဲပေးခဲ့ကြသည်။

ဤသို့သော ကိစ္စအသေးစားလေးကိုပင် ချန်ဟောက်နန်က  á€…á€­á€á€şá€á€„á€şá€…á€Źá€¸á€…á€›á€Źá€€á€ąá€Źá€„á€şá€¸á€Ąá€ąá€Źá€„á€ş သက်ဝင်စွာ ပြောပြသဖြင့် လူတိုင်းက အာရုံစိုက်လျက် နားထောင်နေခဲ့ကြသည်။

သို့သော်လည်း ပိုင်မူနင်ကမူ ထိုနာမည်အသစ်၏အဓိပ္ပါယ်ကိုသာမက Young and Dangerous နှင့် မည်သို့ပတ်သက်နေသည်ကို မသိပေ။

ချန်ဟောက်နန်က ခဏရပ်လိုက်ပြီး မေးလိုက်သည်။
"မင်း Young and Dangerous ကို တစ်ခါမှ မကြည့်ဖူးဘူးလား" 

အူတစ်ဖက်ကို ဝါးနေရင်း ပိုင်မူနင်က ခေါင်းခါလိုက်သည်။
 "Young and Dangerousက ဘာလဲ"

သူ့မျက်နှာထက်ရှိ စိတ်ရှုပ်ထွေးနေသည့်အမူအရာက စစ်မှန်လွန်း၍ ချန်ဟောက်နန်ကို ခဏတာ ကြောင်အသွားစေခဲ့သည်။
"အိုး ဘုရားရေ.... မင်းက ၂၀၀၀ ခုနှစ်နောက်ပိုင်း မျိုးဆက်ဆိုတာ ကိုယ်မေ့နေတာ...  á€’ဎတ္ဏအ မင်း နားမလည်တာ အံ့ဩစရာမရှိပါဘူး"

ထိုအခိုက်၌ပင် သူနှင့်တစ်ဖက်တွင် ထိုင်နေသော ကျွမ်းယွိမြန်က Young and Dangerousအကြောင်း စတင် ရှင်းပြလာသည်။

ထိုအခါမှ ပိုင်မူနင်တစ်ယောက် နောက်ဆုံးတွင် နားလည်သွားရသည်။ ချန်ဟောက်နန်က ဇာတ်လမ်းတွဲထဲမှ ဇာတ်ကောင်များကို အထင်ကြီးလေးစားခဲ့ပြီး သူတို့ကြောင့် သူ့နာမည်ကို ပြောင်းရန် ဆုံးဖြတ်ခဲ့ခြင်းပင်။

ယခုမှသာ ချန်ဟောက်နန်၏ မိဘများက အဘယ်ကြောင့် သူ့ကို ရိုက်ခဲ့ရသည်ကို သူ အပြည့်အဝ နားလည်သွားရတော့သည်။ သူတို့ မမှားခဲ့ကြချေ။

ချန်ဟောက်နန်က ထပ်ပေါင်းပြောလာသည်။ 
"လောင်ဝမ် လက်ရှိမှာ အတည်ပေါက်ကြီး ဖြစ်နေတာကိုပဲ ကြည့်ပြီး အရူးလုပ်မခံကြနဲ့... ကျောင်းတုန်းက သူက လုံးဝကို ပုန်ကန်တတ်တဲ့သူပဲ... တကယ်တော့ ကျောင်းဘုရင်လို့တောင် ပြောလို့ရတယ်..."

ချန်ဟောက်နန်၏ စကားမဆုံးမီ ဝမ်ကျင်းက အေးစက်စွာ ဖြတ်ပြောလိုက်ပြီး သတိပေးလိုက်သည်။ 
"ထမင်းစားနေရင်းတောင် မင်း ပါးစပ်က ပိတ်ထားလို့ မရဘူးလား..."

"ကောင်းပါပြီ...ကောင်းပါပြီ... မင်းရဲ့ အကျင့်ဆိုးတွေကို ငါ မဖော်တော့ပါဘူး" 
ချန်ဟောက်နန်က ဆိုလိုက်ကာ လျင်မြန်စွာ အကြောင်းအရာ ပြောင်းလိုက်သည်။

ပိုင်မူနင်မျာ  á€á€™á€şá€€á€ťá€„်းငယ်စြ်က မည်သို့ ဆိုးသွမ်းခဲ့ပုံကို တကယ်ပင် စူးစမ်းချင်နေသည်။ စိတ်ကူးကြည့်ရုံဖြင့်ပင် သူ့ခမျာ ဟားတိုက်ရယ်မောချင်လာရ၏။

သူက သူ့ကိုယ်သူ တိတ်တဆိတ် ရယ်မောလိုက်ပြီးနောက် သူ၏ညာလက်ကို မြှောက်ကာ သရက်သီးဖျော်ရည်ကို သောက်ရန်ပြုလိုက်သည်။

ထောပတ်ဟော့ပေါ့မှာ စားလေလေ ပိုစပ်လာလေလေပင်။ ပိုင်မူနင်က သူ၏ နှုတ်ခမ်းတစ်ဝိုက် ထုံကျင်လာသည်ကို ခံစားလိုက်ရရာ ယင်းကို မခံစားနိုင်တော့သလောက်ပင် ဖြစ်လာခဲ့၏။

ပါးစပ်ပြည့်တစ်ငုံမျှ သောက်လိုက်ပြီးနောက်တွင်ပင် အစပ်ဓာတ်မှာ လျော့နည်းသွားပုံ မရပေ။ နောက်တစ်ကြိမ် ထပ်သောက်ရန် ပြင်နေစဉ် ပိုင်မူနင်မှာ ဝမ်ကျင်း၏ အကြည့်ကို သတိပြုမိလိုက်သည်။

ဝမ်ကျင်းသည်  á€–္ဏ်ပဟရခက်သ္ဏ အမူအရာဖြင့် သူ့အား တစ်လျှောက်လုံး စောင့်ကြည့်နေခဲ့သည်။ သူ ယခု ဘာအမှားထပ်လုပ်မိသွားသည်ကို ပိုင်မူနင် မသိတော့ပေ။

ပိုင်မူနင်က စိတ်တိုစွာဖြင့်ပင် တွေးလိုက်မိသည်။
 'တစ်ယောက်ယောက် သောက်နေတာကို ကြည့်ရတာ ဘာများ စိတ်ဝင်စားစရာ ရှိလို့လဲ' 

'ကျွန်တော် ခင်ဗျားရဲ့ဖျော်ရည်ကို သောက်နေတာလဲ မဟုတ်ဘဲနဲ့'

ဝမ်ကျင်းက သူ့ကို ဆက်လက် စိုက်ကြည့်နေသောကြောင့် ပိုင်မူနင်က ထိုဖျော်ရည်ကို တစ်ကျိုက်တည်းဖြင့် အဆုံးသတ်လိုက်တော့သည်။
"ဘာကြည့်နေတာလဲ... ချောတဲ့ကောင်လေး သောက်နေတာကို တစ်ခါမှ မမြင်ဖူးဘူးလား"

ဝမ်ကျင်းက နောက်ဆုံးတွင် သူ၏အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ၏နှုတ်ခမ်းထောင့်တို့မှာ မြင့်တက်သွားလျက် ထူးဆန်းစွာ ပြုံးကာ ပြောလိုက်သည်။
 "ကိုယ့်ဖျော်ရည်ကို သောက်ရတာကြိုက်တဲ့ ခပ်ချောချောကောင်လေးကိုတော့ တစ်ခါမှ မမြင်ဖူးဘူး" 

“…?”

"ဝိတ်တာ... နောက်တစ်ခွက်လောက် ယူလာပေးပါဦး... ကျေးဇူးတင်ပါတယ်..."

"...?"

ပိုင်မူနင်မှာ စိတ်ထဲမှ ပို၍ ဒေါသထွက်လာသည်။
ဘယ်လိုလုပ် ခင်ဗျားရဲ့ခွက် ဖြစ်ရပြန်တာလဲ...
ဘယ်သူ့ကို လာလိမ်နေတာလဲ...

သို့သော် သူ၏မျက်လုံးများက စားပွဲ၏ဘယ်ဘက်သို့ ရောက်သွားသောအခါ တစ်ဝက်သောက်ထားပြီးသည့် သရက်သီးဖျော်ရည်  á€–á€”á€şá€á€˝á€€á€şá€á€…á€şá€œá€Żá€śá€¸á€€á€­á€Ż တွေ့လိုက်ရသည်။

စားပွဲတွင် သူနှင့် ဝမ်ကျင်းသာ သရက်သီးဖျော်ရည် သောက်ကြသူဖြစ်ပြီး လူတိုင်းမှာ အရက်သောက်နေကြသည်။

သူက သူ၏ခွက်ကို ကုန်စင်အောင် သောက်ထားပြီးပြီဖြစ်ရာ ထိုတစ်ဝက်သောက်ထားသည့် ခွက်က မည်သူ့ခွက်ဖြစ်နေမည်ကို ပြောစရာမလိုတော့ပေ။

ရုတ်တရက် သဘောပေါက်သွားရ၏။ ယခင်က သူ သူ၏သရက်သီးဖျော်ရည်ကို ဘယ်ဘက်ခြမ်းသို့ ရွှေ့ထားလိုက်သော်လည်း သူ စောစောက သောက်လိုက်သည့် ခွက်မှာမူ ညာဘက်ခြမ်းတွင်ရှိနေခြင်းပင်။ ဝမ်ကျင်း၏ သရက်သီးဖျော်ရည် ထားရှိသည့်ဘက်ခြမ်းတွင် ရှိနေခဲ့ခြင်းပင်ဖြစ်ချေတော့သည်။

ပိုင်မူနင်၏ မျက်နှာမှာ နီရဲသွားပြီး သူ့ခမျာ နောက်တစ်ကြိမ် ထပ်မံ၍ တွင်းတူးကာသာ ပုန်းအောင်းနေလိုက်ချင်တော့သည်။

ဝမ်ကျင်းက ငါ တမင်သက်သက် သွယ်ဝိုက်အနမ်းရချင်ခဲ့တာလို့များ ထင်နေမလားနော်…

×××××

ပိုင်မူနင်က သူနှင့် ဝမ်ကျင်း၏ သံလိုက်စက်ကွင်းများက မူမမှန်နေသလို ခံစားလိုက်ရ၏။ 

ဘာလို့များ ငါက ဝမ်ကျင်းရှေ့မှာဆိုရင် အမြဲလိုလို လူမှုရေးခေါင်းပါးသလိုဖြစ်နေရတာလဲ...

အကြိမ်ရေ အရမ်းများလွန်းသောကြောင့် ဝမ်ကျင်းရှေ့တွင် သူ၏ တစ်ဘ၀လုံးစာ အရှက်သိက္ခာများ အားလုံးကုန်ဆုံးသွားပြီးပြီဟုပင် ခံစားနေရသည်။

ပိုင်မူနင်က ဝမ်ကျင်းကို ထပ်မကြည့်တော့ရန် ဆုံးဖြတ်လိုက်ပြီး ခေါင်းငုံ့ကာ စားစရာများ၌သာ ခေါင်းမြှုပ်ထားလိုက်သည်။ 

ငါ့အကြိုက်တွေအများကြီးပဲ... ဝက်အူချောင်း...  á€á€€á€şá€Ąá€žá€Šá€şá€¸... ပုဇွန်... ဘဲအူ.. စားကောင်းတာတွေချည်းပဲ... များများစားရမယ်…

သရက်သီးဖျော်ရည်လည်း ထပ်သောက်ချင်သေးတယ်... အဲ့ဒါက တကယ်ကို အရမ်းကောင်းတာ...

ဒါပေမဲ့ အများကြီးသောက်လိုက်မိတော့ ဘာလို့ ဓာတ်ဆီနံ့ ရလာရတာလဲ...

ပိုင်မူနင် စဉ်းစားမိသွားသည်မှာ သူ၏ ပါးစပ်အာရုံကြောများက အစပ်ရည်များကြောင့် ထိခိုက်သွားသလား ဟူ၍ပင်။ သရက်သီးဖျော်ရည်က ဤမျှ ချိုမြနေရာ ဓာတ်ဆီနံ့ ရစရာအကြောင်း မရှိပေ။

သူ၏စိတ်က အစားထဲတွင် အာရုံစိုက်ထားသော်လည်း နားများကမူ ချန်ဟောက်နန်၏ ရယ်စရာကောင်းသည့် ဇာတ်လမ်းများကို နားထောင်နေဆဲပင်။

ချန်ဟောက်နန်က သဘာဝအလျောက် ဆွဲဆောင်နိုင်သည့် ဟာသဉာဏ်ရှိသည်။ သာမန်ဖြစ်ရပ်လေးတစ်ခုကပင် သူပြောပြသည်နှင့် ကွက်ကွက်ကွင်းကွင်းမြင်ရကာ ဆွဲဆောင်နိုင်စွမ်းရှိသွားသည်။

အရေးအကြီးဆုံးမှာ သူ၏စွမ်းအင်များက တစ်ဖက်လူကို ကူးစက်စေနိုင်ခြင်းပင်။ ၄င်းက သူ့အနားမှ လူများအား ဆက်၍ နားထောင်ချင်စိတ် ဖြစ်ပေါ်စေသည်။

ပိုင်မူနင်၏ စိတ်ထဲတွင် ချန်ဟောက်နန်သာ ရှေးခေတ်တွင် လူဖြစ်ခဲ့ပါမူ ပုံပြင်ပြောသူဖြစ်မှာသေချာသည်ဟု တွေးနေမိသည်။ တင်ဆက်မှုတိုင်းက လူများပြည့်လျှံသွားစေမည့် ပုံပြင်ပြောသူမျိုးပင်။

ဝမ်ကျင်း၏ စရိုက်ကမူ သူနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ အပြင်ပန်းတွင် နူးညံ့နွေးထွေးသော်လည်း အတွင်း၌ အေးစက်ပြီး ခပ်ခွာခွာနေတတ်ကာ 'အနားမကပ်နဲ့'ဟု သတိပေးနေသလိုပင်။

သူက ထမင်းစားတူကို ထိသည်ဆိုရုံမျှသာဖြစ်ပြီး အချိန်အများစုကို ဖုန်းကြည့်ရင်း မက်ဆေ့ချ်ပြန်ရင်းသာ ကုန်ဆုံးတတ်သည်။ အစာစားသည့်အခါတွင် ကြောင်လေးကဲ့သို့ အနည်းငယ်သာစားပြီး ဗိုက်ပြည့်သွားတတ်သည်။

ဒီလိုလူမျိုးက ဘယ်လိုလုပ်ပြီး အရပ်ရှည်ရှည် ခန္ဓာကိုယ်ကြီးမားမားနဲ့လူတစ်ယောက် ဖြစ်လာတာလဲ...

ပိုင်မူနင်မှာ ယခင်က ဝမ်ကျင်းကဲ့သို့သော တရုတ်တိုင်းရင်းဆေးပညာရှင်တစ်ယောက်က ကျန်းမာရေးကို အလွန်ဂရုစိုက်တတ်ကာ အစပ်များရှောင်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည်တို့ကိုသာ ရွေးစားတတ်သဖြင့် ယခုလို အရပ်ရှည်နေခြင်းဟူ၍ တွေးခဲ့မိသည်။

ပုဇွန်ကို ထပ်ကိုက်လိုက်ချိန်တွင်မှ ပိုင်မူနင်သတိထားမိသွားသည်။ ပုဇွန်အရသာပင် မရတော့ပင်။ တစ်ချိန်တည်း၌ နှုတ်ခမ်းတစ်ဝိုက်က ထုံပြီးယားလာသည်။

သူ ကုတ်လိုက်သည်။ သို့သော် ကုတ်လေယားလေဖြစ်နေသည်။

တစ်စုံတစ်ယောက်က သူ့ကိုကြည့်ရင်း  á€›á€Żá€á€şá€á€›á€€á€şá€Ąá€śá€ˇá€Ąá€Źá€¸á€žá€„အ်ပဟဎး ရယ်မောလိုက်သည်။ 
“ရှောင်နင် မင်းက ဘယ်လိုလုပ် ရှုံးအာ နဲ့တူနေရတာလဲ"

“နှုတ်ခမ်းက နီရဲယောင်ယမ်းနေတာကို ရှုံးအာမှ မဟုတ်ရင်ဘာများလဲ”

လူတိုင်း၏ အာရုံစိုက်မှုက ချက်ချင်းဆိုသလို သူ့ထံသို့ ရောက်လာသည်။ ပိုင်မူနင်မှာ ထုံထိုင်းနေပြီး ထပ်ကုတ်လိုက်သည်။

“ရှုံးအာ ဆိုတာဘာလဲ” 

သူက မရေမရာပြောရင်း ဖုန်းထုတ်ကာ ကင်မရာဖွင့်၍ မှန်ကြည့်လိုက်သည်။ သူ့ပုံစံကို မြင်လိုက်ရသည့်အချိန်တွင် လန့်ပြီး ထခုန်မိလုနီးပါးပင်။

အရမ်းရုပ်ဆိုးတာပဲ...

ပိုင်မူနင်၏ အသားအရေက သာမန်ထက်ဖြူသောကြောင့် နှုတ်ခမ်းတစ်ဝိုက်တွင် နီရဲယောင်ယမ်းနေသည်က ပို၍ထင်ရှားနေပြီး နှုတ်ခမ်းများကပင် ထူထူကြီးဖြစ်နေသည်။

တစ်ဖက်မှ လူများက ဆက်ပြောနေဆဲပင်။
“ရှောင်နင်က အစပ်မစားနိုင်ဘူးလား... ဒီဟာက သူ့အတွက် အစပ် နည်းနည်းများနေတယ်ထင်တယ်”

ပိုင်မူနင်က ထုံပြီး အာရုံခံစားမှုမရှိတော့သည့် နှုတ်ခမ်းကို ထိကြည့်ရင်း ပြောလိုက်သည်။
“တကယ်စပ်တယ်... ဒါပေမယ့် ကျွန်တော် အရင်ကလည်း အစပ်တွေစားဖူးတာပဲ... အဲဒီတုန်းကတော့ ဘာမှမဖြစ်ဘူး”

သူတို့၏ကျောင်းအနီးရှိ အလွန့်လွန်စပ်သည့် ဟော့ပေါ့အစပ်ဆိုင်တွင် သူနှင့် လီအန်းချီ တစ်ခါသွားစားဖူးသည်။ ထိုအချိန်က စပ်လွန်း၍ အစာအိမ်ထိခိုက်ပြီး ဆေးသောက်ခဲ့ရသော်လည်း နှုတ်ခမ်းက ဘာမှမဖြစ်ခဲ့ပေ။

ဒီတစ်ခါက ဘာဖြစ်သွားတာလဲ...

ဘေးနားရှိ ဝမ်ကျင်းက လက်ဆန့်ပြီး သူ့ပါးကိုကိုင်လိုက်ကာ ဂရုတစိုက်ကြည့်ရှုလိုက်သည်။
“ဘာဓာတ်မတည့်တာရှိလဲ”

ပိုင်မူနင်က စိတ်ရှုပ်သွားပြီး ခေါင်းခါလိုက်သည်။ သူ့ဘဝသက်တမ်း အနှစ်နှစ်ဆယ်တွင် မတည့်ခြင်းမျိုး မရှိဖူးပေ။ ယခုက ပထမဆုံးအကြိမ်ဖြစ်သည်။

“ကျွန်တော် မသိဘူး”

ဝမ်ကျင်းက မည်သည့်စကားမှ ထပ်မပြောတော့ပေ။ သူ့လက်ကို ပိုင်မူနင်၏ မျက်နှာပေါ်မှ ဖယ်လိုက်ပြီး မတ်တတ်ထရပ်ကာ ဂျာကင်အား ချက်ချင်းဆိုသလို စတင်ဝတ်ဆင်လိုက်သည်။

ပိုင်မူနင်က ဝမ်ကျင်းညှစ်လိုက်သည့် ပါးကို ပွတ်သပ်နေသည်။ မျက်နှာတစ်ခုလုံးပါ စပြီးထုံလာသည်။ 

ပိုဆိုးလာသလိုပဲ...

ဒါပေမယ့် ဝမ်ကျင်းက ဘယ်ကိုသွားမလို့လဲ... ငါတို့ စားလို့မပြီးသေးဘူးလေ...

သူက တူကို ထပ်ကိုင်လိုက်ကာ အဆီများဝေ့နေသည့် အမဲသားတစ်ဖတ်ကို ထပ်ယူလိုက်သည်။ ပါးစပ်ထဲ ထည့်တော့မည့်အချိန်တွင် သူ၏လက်ကောက်ဝတ်အား ရုတ်တရက်ဆုပ်ကိုင်ခံလိုက်သည်။ အမဲသားက လက်ထဲမှ ပြုတ်ကျသွားပြီး ဒေါသထွက်နေပုံရသည့် အသံတစ်သံက သူ့အပေါ်မှ  á€‘á€˝á€€á€şá€•á€ąá€Ťá€şá€œá€Źá€žá€Šá€şá‹

“ဆက်စားချင်သေးတာလား... သွားမယ်…”

ပိုင်မူနင်က နှုတ်ခမ်းထောင့်ကို ကုတ်ရင်း မေးလိုက်သည်။
“ဘယ်ကိုသွားမှာလဲ”

ဝမ်ကျင်းက စိတ်ဆိုးစွာဖြင့် ပြန်ဖြေလိုက်သည်။
“ဆေးရုံ”

ဝမ်ကျင်း၏ပုံစံက အလွန်ခက်ထန်နေပြီး ပိုင်မူနင်က နာခံစွာဖြင့် ဂျာကင်စဝတ်လိုက်သည်။ သူ့စိတ်ထဲတွင်မူ ကြီးကြီးမားမားမဟုတ်ဘဲ ရိုးရိုးဓာတ်မတည့်ခြင်းဖြစ်ပြီး ဆေးအနည်းငယ်ခန့် သောက်လိုက်လျှင် ပျောက်သွားမည်ဖြစ်ကာ တကူးတက ဆေးရုံအထိသွားပြီး အရေးကြီးဟန်ဆောင်စရာမလိုဟု တွေးနေမိသည်။

ဆေးရုံသွားမှာကို ငါ့ရဲ့ပိုက်ဆံအိတ်လေးက ခံနိုင်ရည်မရှိဘူးကွ...

ဝမ်ကျင်းက ပြောလိုက်သည်။
“ငါအရက်မသောက်ထားဘူး...  á€’ဎတ္ဏအ သူ့ကိုဆေးထိုးပေးဖို့ ဆေးရုံခေါ်သွားလိုက်မယ်.. မင်းတို့အဆင်ပြေသလိုစားကြ...”

ချန်ဟောက်နန်က ထရပ်လိုက်သည်။
“အေး... သွားသွား ... ဘာနဲ့ဓာတ်မတည့်တာလဲ သေချာစစ်ကြည့်ဦး... လိုအပ်ရင် ဖုန်းဆက်လိုက်”

ပိုင်မူနင်က လုပ်ဖော်ကိုင်ဖက်များကို လက်ပြပြီး နှုတ်ဆက်လိုက်ကာ ဝမ်ကျင်း၏ နောက်သို့ ချစ်စရာကောင်းသည့်အမြီးလေးပမာ အမြန်လိုက်သွားသည်။

ဝမ်ကျင်းက သူ့ကို အနီးဆုံးဆေးရုံသို့ ကားမောင်းပို့ပေးသည်။ သွေးစစ်ပြီး ဓာတ်မတည့်မှုကို စစ်ဆေးကြသည်။ ထို့နောက်တွင် ဆေးသွင်းသည့် အဆင့်သို့ ရောက်လာတော့သည်။

ဆေးရုံဆိုသည်မှာ မည်သည့်အချိန်ဖြစ်စေ လူအမြဲများနေသည့်နေရာဖြစ်သည်။ ထို့ကြောင့် ပိုင်မူနင်က ခန်းမထဲ၌ ထိုင်ကာ ဆေးသွင်းနေရသည်။

ထိုအတောအတွင်း၌ ဝမ်ကျင်းက ဘေးနားတွင်ရပ်ကာ စစ်ဆေးမှုရလဒ်များကို ဖတ်နေသည်။ ခဏအကြာတွင် သူက အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
“မင်း သရက်သီးနဲ့ဓာတ်မတည့်တာကို မသိဘူးလား”

ပိုင်မူနင်က ပြန်စဉ်းစားလိုက်သည်။ ယနေ့ သူသရက်သီးဖျော်ရည်သောက်ခဲ့သည်။ သို့သော် သရက်သီးနှင့်မတည့်မှန်း သူတကယ်ကို မသိခဲ့ပေ။

“ဒါဆို ကျွန်တော်က သရက်သီးနဲ့မတည့်တာပေါ့”

ယခင်က ဟော့ပေါ့စားလျှင် ဇီးစိမ်းချဉ်ဖျော်ရည်သာ အမြဲတမ်းသောက်ဖြစ်သည်။ သရက်သီးဖျော်ရည်ကို ပထမဆုံးအကြိမ်သောက်ဖူးခြင်းဖြစ်ပြီး ယခုကဲ့သို့ ကြုံရခြင်းဖြစ်၏။

ဝမ်ကျင်းက မေးလိုက်သည်။
“မင်းအရင်က သရက်သီးမစားဖူးဘူးလား... သရက်သီးဖျော်ရည်မသောက်ဖူးဘူးလား”

“မစားဖူးဘူး... သရက်သီးဖျော်ရည်လည်း ဒီတစ်ခါပထမဆုံးသောက်ဖူးတာ.. သရက်သီးလည်း တစ်ခါမှမစားဖူးဘူး”

“ကလေးဘဝတုန်းကတောင် မစားဖူးဘူးလား”

“မစားဖူးဘူး”

ဝမ်ကျင်း၏စိတ်ထဲတွင် အကူအညီမဲ့သည့် ခံစားချက်တစ်ခုဝင်လာပြီး ခဏတာမျှ ဘာဆက်ပြောရမှန်းမသိဖြစ်သွားသည်။

ထို့နောက် ရုတ်တရက် ချန်ဟောက်နန် သူ့ကိုပြောဖူးသည့် အကြောင်းအရာတစ်ခုကို သတိရလိုက်သည်။

သူတို့ကုမ္ပဏီသို့ ဝင်လျှင် လူတိုင်း ကိုယ်ရေးကိုယ်တာအချက်အလက်များ ဖြည့်ရသည်။ ပိုင်မူနင်က သူ၏ အရေးပေါ်ဆက်သွယ်ရန်နေရာတွင် ဝမ်ကျင်းကို ထည့်ထားသည်။ ချန်ဟောက်နန်က 'ဘာလို့ မိဘတွေကို မထည့်တာလဲ' ဟုမေးရာ ပိုင်မူနင်က 'မိဘတွေက ဆုံးသွားတာကြာပြီ' ဟု ရိုးရှင်းစွာ ပြန်ဖြေခဲ့သည်။

“ဒါဆို အခုမှတ်ထား...သရက်သီးမစားနဲ့တော့... မင်းနဲ့မတည့်ဘူး”
ဝမ်ကျင်းက ပြောလိုက်သည်။ သူ့အသံက အရင်ကဲ့သို့ ကြမ်းတမ်းမနေတော့ဘဲ ပို၍နူးညံ့နေသည်။

ပိုင်မူနင်က နာခံစွာ ခေါင်းညိတ်လိုက်သည်။
“သိပါပြီ”

သူတကယ်ကို စိတ်ထဲမှတ်ထားလိုက်သည်။
နောက်တစ်ခါ သရက်သီးဘယ်တော့မှမစားတော့ဘူး...

သူ့နှုတ်ခမ်းက အနည်းငယ် ယားနေဆဲဖြစ်သည်။ ပိုင်မူနင်က ဆေးသွင်းထားသည့်လက်မဟုတ်သော အခြားလက်တစ်ဖက်ဖြင့် ကုတ်ခြစ်နေသော်လည်း မထူးပေ။

ဝမ်ကျင်းက မကြည့်နိုင်ဖြစ်လာပြီး သူ့လက်ကိုကိုင်၍ တားမြစ်လိုက်သည်။
“မကုတ်နဲ့တော့... ဆေးသာလိမ်းထားလိုက်...သက်သာသွားလိမ့်မယ်”

ပိုင်မူနင်က နာခံစွာဖြင့် လက်ချထားလိုက်ကာ ဝမ်ကျင်း ပလတ်စတစ်အိတ်အတွင်းမှ ဆေးများကို ရှာဖွေရင်း ဆေးဘူးတစ်ခုကို ထုတ်ယူလိုက်သည်အား ကြည့်နေမိသည်။

“မင်းကိုယ်တိုင်လိမ်း…”

ဝမ်ကျင်း၏ အကြည့်က ဆေးသွင်းထားသည့် ပိုင်မူနင်၏လက်ထံသို့ ရောက်သွား၏။ သူက သက်ပြင်းချပြီး ဆိုလိုက်သည်။
“ ထားလိုက်တော့... ကိုယ်လိမ်းပေးတာက ပိုကောင်းမယ်...”

အေးမြမြဆေးရည်က သူ့နှုတ်ခမ်းတစ်ဝိုက်ကို ပျံ့နှံ့သွားပြီး နှစ်သက်ဖွယ်ကောင်းသည့် အထိအတွေ့က ထုံနေသောအရေပြားကို သက်သာလာစေကာ ယားယံမှုများလည်း လျော့ပါးသွားသည်။

ယခုတစ်ခေါက်တွင် ဝမ်ကျင်းက အထူးဂရုတစိုက်ရှိပြီး နူးညံ့နေသည်။ သူ၏ လက်ချောင်းထိပ်များနှင့် ညင်သာစွာ တဖြည်းဖြည်းချင်း လိမ်းကျံပေးနေသည်။ မည့်သည့် ဖိအားမှ မပါသလောက်ပင်။

ပိုင်မူနင်က မျက်လုံးတစ်ဝက်မှေးထားပြီး ကျေနပ်သဘောကျနေသည့် အသံဖြင့် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဒေါက်တာဝမ်... ခင်ဗျားက အရမ်းကောင်းတာပဲ”  

ဝမ်ကျင်းမှာ ရုတ်တရက်တုန်လှုပ်သွားပြီး သူ့လက်ချောင်းတို့အား တင်းတင်းဆုပ်ကာ ပြောလိုက်သည်။
“ကိုယ် လက်သွားဆေးဦးမယ်”

သူက စစ်ဆေးမှုရလဒ်များ၊ ငွေတောင်းခံလွှာများနှင့် ရှုပ်ပွနေသည့်အပုံကြီးကို ပိုင်မူနင်၏လက်ထဲ အတင်းထိုးထည့်လိုက်ပြီး လှည့်ထွက်သွားသည်။

သူလမ်းလျှောက်သွားသည်က အတော်လေးအလျင်လိုနေပုံပင်။

ဆေးက နှုတ်ခမ်းများကို သက်သာလာစေသောကြောင့် ပိုင်မူနင် ဘာမှမလုပ်ဘဲ ထိုင်နေပြီး စာရွက်စာတမ်းများကို လှန်ကြည့်လိုက်မိသည်။

တစ်ချက်ကြည့်လိုက်သည်နှင့် သူ့ဝိညာဉ်များပါထွက်သွားတော့မလို  á€á€śá€…á€Źá€¸á€œá€­á€Żá€€á€şá€›á€žá€Šá€şá‹ ယနေ့ည ဆေးရုံလာမိသည်က ယွမ်နှစ်ထောင်ကျော် ထွက်သွားလေပြီ။

ဘုရားရေ... ဒီဆေးရုံက ဝမ်ကျင်းထက်တောင် ပိုပြီးကြမ်းနေပါလား...

ဝမ်ကျင်းပြန်လာသည်အခါ ပိုင်မူနင်က ချက်ချင်းဆိုသလို ပိုက်ဆံအကြောင်း ပြောမိသည်။ သို့သော် ဝမ်ကျင်းက သူ့မျက်နှာကိုပင် မကြည့်ဘဲ ပြန်ပြောလိုက်သည်။
“မင်းလစာထဲကနေနှုတ်မှာ”

ပိုင်မူနင်: “...”

ပြီးသွားပြီ… လစာတစ်ဝက်က ဒီလိုပဲပျောက်သွားပြီ…

ထိုယွမ်နှစ်ထောင်ကြောင့် ပိုင်မူနင် စိတ်ညစ်သွားသည်။ ဆေးသွင်းပြီးသွားချိန်၌ပင် သူက အားအင်ကုန်ခမ်းနေသကဲ့သို့ပင် ခံစားနေရသည်။

ဝမ်ကျင်းနောက်သို့လိုက်ကာ ဆေးရုံကထွက်လာပြီးနောက် သူ့ခေါင်းထဲ၌ အရစ်ကျအကြွေးဆပ်ခြင်းကိုသာ တွေးတောနေမိသည်။

“တစ်ခါတည်းနဲ့ နှစ်ထောင်လုံးနှုတ်ရင်တော့ များလွန်းတယ်လေ”

“ဒေါက်တာဝမ်... ဒီလိုလုပ်ကြမယ်... တစ်လကို ယွမ် ၅၀၀ စီ... လေးလအတွင်း ပြီးအောင်ပေးချေမယ်လေ”

ဆေးရုံထွက်ပေါက်ရှိ အဆင်းစက်လှေကားပေါ်မှ ဝမ်ကျင်းက ရုတ်တရက်လှည့်ပြီး သူ့ကိုကြည့်လိုက်သည်။
“မင်းရဲ့တွေးခေါ်ပုံက တကယ့်ကိုလှလွန်းပါလား”

ဝမ်ကျင်းက လှေကားအောက်ခြေသို့ ရောက်သွားပြီးဖြစ်ကာ ပိုင်မူနင်က သူ့အပေါ်တွင်ရှိနေဆဲဖြစ်ပြီး နောက်ဆုံးတွင် ဝမ်ကျင်းကို ငုံ့ကြည့်နိုင်သည့် အခွင့်အရေးရသွားသည်။

ပိုင်မူနင်က ရွဲ့ကာ ပြုံးပြလိုက်သည်။
“ သေချာတာပေါ့... စိတ်ကူးရှိရင် လက်တွေ့ဖြစ်လာအောင်လည်း လုပ်ရမှာပဲ... ဒေါက်တာဝမ်... ဒီသဘောတူညီချက်က  á€Ąá€†á€„á€şá€•á€źá€ąá€á€šá€şá€™á€œá€Źá€¸á€Ÿá€„á€ş”

“ကျွန်တော့်မှာ တကယ်ကိုပိုက်ဆံမရှိတော့ဘူး ... သနားပါဦး”

ပိုင်မူနင်က  á€•ဟ္ဏပဟဎးန္ဏက် လက်အုပ်ချီကာ တောင်းပန်ဟန် ပြုလုပ်လိုက်သည်။

ဝမ်ကျင်းက သူ့ကိုခဏမျှကြည့်နေပြီး သူ့မျက်လုံးများက အနည်းငယ်နက်မှောင်သွားကာ ပြောလိုက်သည်။
"ထားလိုက်တော့... မင်း ပေးစရာမလိုတော့ဘူး"

“တကယ်လား”

“ဒါမှမဟုတ် မင်းရဲ့ အရစ်ကျပေးချေရေးအစီအစဉ်အကြောင်း ဆက်ပြောချင်သေးလား”

ပိုင်မူနင်: “...”

“ကျေးဇူးတင်ပါတယ် သူဌေးကြီးဝမ်…”

ပိုင်မူနင်က ရှေ့ကိုတစ်လှမ်းတိုးလိုက်ကာ 'သူဌေးကြီးဝမ်ကျင်းကို ကျေးဇူးတင်ပါတယ်'ဟုပြောပြီး ဦးညွတ်ချင်ခဲ့သည်။ သို့သော်လည်း မတော်တဆ လှေကားစွန်းကိုနင်းမိပြီး ဟန်ချက်ပျက်ကာ သူဌေးကြီးဝမ်ကျင်း၏ရင်ခွင်ထဲသို့ တိုက်ရိုက်လဲကျသွားတော့သည်။

ယနေ့အစောပိုင်း၌ ဝမ်ကျင်း၏ဖျော်ရည်ကို မတော်တဆသောက်မိခဲ့သည့်အကြောင်း သတိရမိပြီး ပိုင်မူနင်က ချက်ချင်းဟန်ချက်ပြန်ထိန်းရင်း မြန်မြန်ရှင်းပြလိုက်သည်။

“ကျွန်တော် ခင်ဗျားဆီကို တမင်ပစ်ဝင်လာတာမဟုတ်ဘူးနော်”


💊💊💊💊 Chapter 14
ဦးလေးနှင့် တူလေး၏ ရင်းနှီးသောဆက်ဆံရေး


"တကယ်ပြောတာ... ကျွန်တော် တမင်လုပ်တာမဟုတ်ဘူး...ဟန်ချက်ပျက်သွားလို့ပါ"

ပိုင်မူနင်က စိုးရိမ်ပြီး ထပ်ရှင်းပြလိုက်သည်။ 
"ဒေါက်တာဝမ်... ကျွန်တော် တကယ် ခင်ဗျားကိုအသားယူဖို့ ကြိုးစားနေတာမဟုတ်ဘူး...ကျွန်တော့်မှာ အဲ့လို အတွေးမှားတွေ လုံးဝမရှိဘူးနော်" 

သူက လက်သုံးချောင်းထောင်ပြီး ကောင်းကင်ကို တိုင်တည်လိုက်သည်။ ယင်းက ယခုချိန်ထိ သူကျိန်ဆိုခဲ့ဖူးသမျှထဲတွင် စိတ်ရင်းအမှန်ဆုံး တစ်ခုပင်။ ဝမ်ကျင်းက သူ့ကိုအေးစက်စက်အကြည့် တစ်ချက်သာပေးကာ ဘာမှမပြောဘဲ သော့ကိုလှည့်ပြီး ကားစက်နှိုးလိုက်သည်။ ပိုင်မူနင် စဉ်းစားနေမိသည်။  

သူက ယုံတာလား...မယုံတာလား... 

ဝမ်ကျင်းကဆိတ်ဆိတ်နေရင်း သူ့ကို ကျောင်းသို့ ပြန်ပို့ပေးသည်။ ခရီးတစ်လျှောက်လုံး စကားတစ်ခွန်းမှ မပြောသောကြောင့် ကားထဲရှိ လေထုက လေးလံနေသည်။

ပိုင်မူနင်လည်း အနည်းငယ် ကိုးရိုးကားယားခံစားနေရသောကြောင့် ပါးစပ်ပိတ်ထားပြီး တည်ရှိမနေသူပမာ ဟန်ဆောင်လိုက်သည်။ 

အပြင်မှရှုခင်းများက ကားရွေ့လျားနေခိုက် တရိပ်ရိပ်ဆုတ်ခွာကျန်နေခဲ့ပြီး တိတ်ဆိတ်သည့် ပတ်ဝန်းကျင်က ပိုင်မူနင်ကို အိပ်ငိုက်လာစေသည်။ သူက မျက်လုံးများကို အားတင်းဖွင့်ကြည့်ရင်း အိပ်ချင်စိတ်ကို တွန်းလှန်နေရသည်။

---

ဝမ်ကျင်းက ကားကို ကျောင်းရှေ့တွင် ရပ်လိုက်ပြီး သူ့ကို အဆောင်အထိ လိုက်ပို့ပေးသည်။ သို့သော် အဆောင်ရှိ မီးများအားလုံး ပိတ်နေပြီဖြစ်ပြီး ပိုင်မူနင်၏ မသိစိတ်တွင် မကောင်းသောခံစားချက်တစ်ခု ဖြစ်လာသည်။ တံခါးများကလည်း ပိတ်ထားသလိုပင်။

တက္ကသိုလ်အဆောင်များတွင် ညဘက်ပြန်လာရမည့် သတ်မှတ်ချိန်ရှိပြီး ည ၁၀ နာရီတွင် တံခါးများ သော့ခတ်လေ့ရှိသည်။ ယခုတွင်မူ ၁၁ နာရီပင် ထိုးနေပေပြီ။

ပိုင်မူနင်က အဆောင်ဝင်ပေါက်တွင် ငေးငိုင်ရပ်နေကာ ဘာလုပ်ရမှန်းမသိတော့ပေ။ အဆောင်မှူးအဒေါ်ကြီးက သူ့အတွက် တံခါးလုံးဝဖွင့်ပေးမည်မဟုတ်သောကြောင့် သူလုပ်နိုင်သည်မှာ စည်းကမ်းထိန်းသိမ်းရေးကို လှမ်းခေါ်ရန်ပင်ဖြစ်သည်။

ဒါပေမယ့် ငါက ဘွဲ့လွန်တစ်ဝက်တောင် ရောက်နေပြီ... ဘယ်သူက ငါ့အတွက် အားထုတ်ပေးချင်မှာလဲ...

ကျင်းနန်မြို့၏ဆောင်းရာသီတွင် အပူချိန်က အနှုတ် ၁၀ ဒီဂရီအောက်ရောက်နေသည်။ ပန်းခြံ၌သာ အိပ်ရမည်ဆိုလျှင် သူအေးခဲ၍ သေသွားလိမ့်မည်။

လီအန်းချီဆီကို သွားရမလား...

လီအန်းချီက မကြာခင်က ကုမ္ပဏီမှ အလုပ်သင်အတွက်ပေးသော သင်ခန်းစာများဖြင့် မအားလပ်တော့သောကြောင့် အဆောင်တွင် မနေတော့ဘဲ အိမ်၌သာနေသဖြင့် သူသွားအိပ်၍ ရနိုင်ရလောက်သည်။

သို့သော် ယင်းက သူ့စိတ်ထဲမှ ဆန္ဒသက်သက်သာဖြစ်သည်။ ပိုင်မူနင်က ထိုအတွေးကို ချက်ချင်းပင် ဖျောက်လိုက်သည်။ ည ၁၁ နာရီဆိုလျှင် လီအန်းချီ၏ မိဘများလည်း အိပ်ပျော်နေပြီဖြစ်ပြီး သွားနှိုးဖို့ရန်က မယဉ်ကျေးလှပေ။

ဖြစ်နိုင်ချေအားလုံးကိုစဉ်းစားပြီးနောက်တွင် ပိုင်မူနင်က ပိုက်ဆံမကုန်ဘဲ ပြဿနာဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုမှ မတွေးနိုင်ခဲ့‌ပေ။

ဝမ်ကျင်းက အခြေအနေကိုနားလည်သွားပြီး ပိုင်မူနင်ကို မေးလိုက်သည်။
 "ဟိုတယ်သွားမှာလား၊ ဒါမှမဟုတ် စန်းဝမ်ခန်းမကို သွားမှာလား"

ဟိုတယ်ဆိုရင်ပိုက်ဆံကုန်မယ်... ဒါပေမယ့် စန်းဝမ်ခန်းမကတော့ အခမဲ့ပဲ...

ပိုင်မူနင်က မတွန့်ဆုတ်ဘဲ ဖြေလိုက်သည်။
 "စန်းဝမ်ခန်းမ"

ဝမ်ကျင်းက ပိုင်မူနင်ကို စန်းဝမ်ခန်းမသို့ ထပ်ပို့လိုက်သည်။

ပိုင်မူနင်က ခန်းမတံခါးကိုဖွင့်ပြီး ဝင်လာရင်း နောင်တရနေမိသည်။ ဤနေရာက ကြီးလွန်းပြီး ညဘက်တွင် သူတစ်ယောက်တည်း ထိတ်လန့်စရာကောင်းလွန်းသည်။

ပိုင်မူနင်က တံတွေးမျိုချလိုက်ပြီး တည်ငြိမ်စေရန် ကြိုးစားကာ သတ္တိရှိရန် သူ့ကိုယ်သူ  á€Ąá€Źá€¸á€•á€ąá€¸á€œá€­á€Żá€€á€şá€žá€Šá€şá‹ 

တစ်ယောက်တည်းအိပ်ရတော့ရောဘာဖြစ်လဲ...ဘာကြောက်စရာရှိလို့လဲ...ရုပ်ဝါဒီသမား‌တွေက ပရလောကဆိုတာ မယုံဘူးကွ... 

ဝမ်ကျင်းက မီးဖွင့်ပြီး သူ့ကိုအပေါ်ထပ်သို့ ခေါ်သွားသည်။ 
"ကြိုက်တဲ့အခန်းရွေးလို့ရတယ်...မနက်ကျရင် ကိုယ့်နေရာကိုယ်ရှင်းခဲ့ဖို့ပဲ မမေ့နဲ့" 

ပိုင်မူနင်ကို ထားခဲ့ပြီး ဝမ်ကျင်းက ပြောလိုက်သည်။ 
"ကိုယ်သွားတော့မယ်...တစ်ခုခုဖြစ်ရင်ဖုန်းဆက်လိုက်"  

ထို့နောက် ဝမ်ကျင်းက လှည့်ထွက်သွားကာ အောက်ထပ်သို့ဆင်းရန်ပြင်သည်။ သို့သော် ပိုင်မူနင်က ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်ရင်း ဤနေရာတွင် အသက်ရှင်သန်နေသည့် တစ်ဦးတည်းသောလူ၏ နောက်သို့ မြန်မြန်လိုက်သွားလိုက်သည်။ 

"သွားတော့မှာလား... ခဏနေပါဦး… ညဘက်ကားမောင်းရင် စိတ်မချရဘူးလေ...ဒီမှာပဲ ကျွန်တော့်အတူနေလိုက်ပါလား"

ပိုင်မူနင်က မြန်မြန်ဆင်းသွားပြီး ဝမ်ကျင်း၏လမ်းကြောင်းကိုပိတ်ဆို့ကာ သနားစရာကောင်းသည့် မျက်လုံးများနှင့် သူ့ကိုငေးကြည့်နေသည်။ သူ့ပုံစံက ခိုလှုံခွင့်တောင်းခံနေသည့် လမ်းဘေးကြောင်လေးတစ်ကောင်နှင့်တူ၏။ ဝမ်ကျင်းက သူ့ကိုစိုက်ကြည့်နေပြီး သူ့အကြည့်က ဓားကဲ့သို့ ထက်ရှနေသည်။ ပိုင်မူနင်က အသံကိုနှိမ့်ကာ ဝန်ခံလိုက်သည်။
"ကျွန်တော်တစ်ယောက်တည်းနေရမှာကြောက်တယ်...ခင်ဗျား ကျွန်တော်နဲ့ နေပေးလို့ရမလား" 

ဝမ်ကျင်းက နှုတ်ခမ်းထောင့်ကိုတင်းတင်းစေ့ပြီး ပြောစရာမဲ့နေသည့်အလား ပြောလိုက်သည်။
"မင်းဘာပြောနေတယ်ဆိုတာကိုရော မင်းသိလား"

သူက ဖြည်းဖြည်းနှင့် ရှင်းလင်းစွာပြောလိုက်သည်။
"မင်းက အခု ယောက်ျားတစ်ယောက်ကို ဖိတ်ခေါ်နေတာ..."

"...?"

ငါကိုယ်တိုင်လည်းယောက်ျားမဟုတ်လို့လား.. ဝမ်ကျင်းမှာရှိသမျှဟာ ငါ့မှာလည်းရှိတယ်လေ...

လက်တွေ့တွင်မူ သူ ၄င်းကို အသံကျယ်ကျယ် ထုတ်မပြောဝံ့ပေ။ ပြောမိလျှင် ဝမ်ကျင်း သေချာပေါက်ဒေါသထွက်လိမ့်မည်။ ယခု အကူအညီလိုအပ်နေသူက သူဖြစ်သောကြောင့် ပိုင်မူနင်ခမျာ မာနလျှော့ကာ ကောင်းကောင်းဆက်ဆံရုံသာရှိတော့သည်။
"ဒေါက်တာဝမ်...ကျွန်တော်က လွယ်လွယ်ကြောက်တတ်လို့ပါ ဒီမှာတစ်ယောက်တည်း မအိပ်ရဲဘူး... ကြင်နာတဲ့စိတ်လေးထားပြီး ကျွန်တော်နဲ့ အတူနေပေးပါနော်"

သူက ဝမ်ကျင်းထွက်မသွားရန် ကောင်းကျိုးများကို လှည့်ပတ်ပြောပြရန် ကြိုးစားလိုက်သည်။ 
"ကြည့်ပါဦး...ခင်ဗျား ဒီမှာနေရင် မနက်ဖြန်အလုပ်အတွက် အစောကြီးထစရာတောင် မလိုတော့ဘူး... မိုးလင်းတာနဲ့ ခင်ဗျားက ဆေးခန်းမှာရောက်ပြီးနေပြီ...ဘယ်လောက်ကောင်းလိုက်လဲ"

သို့သော် ဝမ်ကျင်းက လွယ်လွယ်နှင့် လှည့်စား၍ရသည့် လူမျိုးမဟုတ်ပေ။ သူက အပေါ်မှနေ၍ ပိုင်မူနင်ကိုငေးကြည့်ရင်း တည်ငြိမ်သည့်အသံနှင့် ပြောလိုက်သည်။
"မင်းက တကယ်ကို စဉ်းစားပေးတတ်တာပဲ"

"ဟုတ်တယ်"
ပိုင်မူနင်က ခေါင်းမော့ကာ လက်နှစ်ချောင်းကိုပူး၍ ကျိန်ဆိုကာ မြှောက်ပင့်လိုက်သည်။
 "ဒေါက်တာဝမ်က ကမ္ဘာပေါ်မှာ အကြင်နာဆုံးလူပဲ...လူတစ်ယောက်ကို ပစ်သွားမှာမဟုတ်ပါဘူး... ကျွန်တော်နဲ့အတူနေပေးမှာမလားဟင်"

"ကျေးဇူးပြုပြီးတော့..."

သူ၏ အရည်လဲ့နေသည့် မျက်လုံးလေးများဖြင့် ငေးကြည့်ခံရလျှင် မည်သူမဆို ငြင်းဆန်ရခက်ခဲလိမ့်မည်သာ။

ဝမ်ကျင်းက စိတ်တိုစွာဖြင့် နဖူးကိုပွတ်သပ်လိုက်သည်။
"အဲ့လောက်ကြောက်နေရင် ဟိုတယ်မှာသွားနေ"

"ပိုက်ဆံကုန်မှာပေါ့ ....ပြီးတော့ ကျွန်တော် ID card တောင်မယူလာမိဘူး"

ဝမ်ကျင်းက ဘာမှပြန်မပြောဘဲ အံကြိတ်ထားသည်။
ပိုင်မူနင်က ဆက်တိုက်တောင်းဆိုနေသည်။
"ဒေါက်တာဝမ်... ကျွန်တော် ခင်ဗျားကို အသားယူဖို့ကြိုးစားမှာကို စိုးရိမ်နေတာလား"

ဝမ်ကျင်းက တိတ်ဆိတ်နေပြီး သူ့ကိုဆက်ပြောခွင့်ပေးထားသည်။

ပိုင်မူနင်က လက်ထောင်ပြီး မျက်နှာကြက်သို့မြှောက်၍ ကျိန်ဆိုပြန်သည်။
 "ဒေါက်တာဝမ်...ကျွန်တော့်မှာ လုံးဝမကောင်းတဲ့ရည်ရွယ်ချက်မရှိဘူးဆိုတာ ကျိန်ရဲပါတယ်...ကျွန်တော်က ကြောက်နေရုံပါ"

"ခင်ဗျားမယုံသေးရင် ကျွန်တော်တို့ ဦးလေးနဲ့တူအဖြစ်တောင်  á€žá€…ယစဏပဟုနိုင်တယ်... ဒီနေ့ကစပြီး ခင်ဗျားက ကျွန်တော့်ဦးလေးပဲ...ကျွန်တော်က ခင်ဗျားရဲ့တူ...သွေးချင်းတွေလိုပဲ ရင်းနှီးကြမယ်...ဒါဆိုရပြီလား ဒါက ခင်ဗျားအတွက်လုံလောက်ရဲ့လား"

"ဦးလေး...ကျွန်တော့်ကိုသနားပါဦး..."

ပိုင်မူနင်က အမှန်ပင် မရင်းနှီးသည့်နေရာများ၌ တစ်ယောက်တည်းမနေချင်ပေ။ သူ အမှန်တကယ်ကို ကြောက်နေခြင်းဖြစ်သည်။

မဟုတ်လျှင် သူ ၀မ်ကျင်းကို ယခုကဲ့သို့ အရှက်မရှိ တွယ်ကပ်နေပြီးအတူနေခဲ့ရန် တောင်းဆိုနေမည်မဟုတ်ပေ။

ဝမ်ကျင်းက သူ့ကိုမကြိုက်ဘဲ သူနှင့် မဆက်ဆံချင်သည်ကို သိသော်လည်း အိပ်ရေးဝဝအိပ်ရရန်အတွက်ဆိုလျှင် ပိုင်မူနင်က သူ၏ ဂုဏ်သိက္ခာကိုပင် စွန့်ပစ်ရန်ဆန္ဒရှိသည်။

"ဒေါက်တာဝမ်..."

ဝမ်ကျင်း၏ အမူအရာက ပို၍နက်မှောင်လာသည်။ သူက လက်ကိုမြှောက်ပြီး လမ်းပိတ်ဆို့နေသည့် ပိုင်မူနင်ကို ဘေးသို့တွန်းလိုက်ကာ အောက်ထပ်သို့ ဆက်ဆင်းရန် ခြေထောက်တစ်ဖက်ကိုမြှောက်လိုက်သည်။

ပိုင်မူနင်က နှုတ်ခမ်းစူပြီး ပို၍ သနားစရာကောင်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဒေါက်တာဝမ်..."

ဝမ်ကျင်းက အသက်ကို နက်ရှိုင်းစွာရှူသွင်းပြီးခေါင်းကိုအနည်းငယ်လှည့်ကာ ပြောလိုက်သည်။
 "တံခါး သွားပိတ်မလို့"

ပိုင်မူနင်က ထိုစကားတစ်ခွန်းတွင် ပါ၀င်နေသည့် မနှစ်သက်မှုများကို ခံစားလိုက်ရသော်လည်း ဝမ်ကျင်းက လက်သင့်ခံလိုက်သည်နှင့် ပျော်ရွှင်သွားကာ အပြုံးများဝေဆာနေသည်။
"ကျေးဇူးတင်ပါတယ် ဒေါက်တာဝမ်...ခင်ဗျားအတွက် အဆင်ပြေဆုံးအိပ်ရာကို ရွေးပေးထားမယ်"

သူက လူနာခုတင်နှစ်လုံးပါသည့် အခန်းကိုရွေးချယ်လိုက်သည်။ ထိုသို့ဆိုလျှင် သူက တစ်ခုပေါ်မှာလှဲပြီး ဝမ်ကျင်းက နောက်တစ်ခုပေါ်၌ လှဲနိုင်သည်။ သို့သော် ဝမ်ကျင်းက ထိုစီစဉ်မှုအား မကျေနပ်ဘဲ နောက်တစ်ခန်းတွင် အိပ်ချင်နေသည်။

ပိုင်မူနင်က ထပ်မံ၍ လှည့်ပတ်ပြောဆိုပြန်သည်။ နောက်ဆုံးတွင် ဝမ်ကျင်းက ထပ်မံ၍ လက်သင့်ခံလိုက်ရပြန်သည်။

ဆေးရုံခုတင်ပေါ်ရှိ နွေးထွေးသည့် ဝါဂွမ်းစောင်အောက်တွင် လှဲနေရင်း ပိုင်မူနင်က အိပ်ချင်စိတ်မရှိိဖြစ်နေကာ မျက်နှာကြက်ကိုငေးကြည့်ရင်း မေးလိုက်သည်။
 "ဦးလေး.. အိပ်ပျော်နေပြီလား" 

သူက ဖုန်းကြည့်နေသည့် ဝမ်ကျင်းကိုလှမ်းကြည့်ပြီး ပိုင်မူနင်က ထပ်ခေါ်ကာ စနောက်လိုက်သည်။
"ဦးလေးရေ"

ယင်းက ဝမ်ကျင်းထံမှ တုံ့ပြန်မှုကိုရဖို့ရန် ဟာသတစ်ဝက်နှောလျက် ခေါ်လိုက်ခြင်းပင်။ ဝမ်ကျင်းက ဖုန်းကိုချပြီး သူ့ကိုကြည့်ကာ ပြောလိုက်သည်။
 "နောက်တစ်ခါ ထပ်ခေါ်ကြည့်လိုက်စမ်း" 

၄င်းက ရှင်းလင်းစွာပင် သတိပေးချက်တစ်ခုဖြစ်ပြီး ပိုင်မူနင်ကလည်း နားလည်သည်။ သူက ချက်ချင်းပင် အလျှော့ပေးလိုက်သည်။
 "တောင်းပန်ပါတယ်...ဒေါက်တာဝမ်"

"ဒေါက်တာဝမ်...ကျွန်တော်အိပ်မပျော်ဘူး...စကားနည်းနည်းပြောကြမလား..."

ဝမ်ကျင်း၏ တုံ့ပြန်မှုကိုပင်မစောင့်ဘဲ ပိုင်မူနင်က မေးလိုက်သည်။
"ဒေါက်တာဝမ်...ဟောက်နန်ကောက ပြောဖူးတာ ခင်ဗျားက ကျောင်းရဲ့ 'ပါ့' (king)တစ်ယောက်လို့ပြောတယ် .. ဆိုလိုတာက ရွှယ်ပါ့လား (စာတော်တဲ့ကျောင်းသား) ဒါမှမဟုတ် ရှောက်ပါ့လား (ကျောင်းလူဆိုး)...ကျွန်တော်ထင်တာကတော့ ခင်ဗျားက ရွှယ်ပါ့လို့ထင်တယ်" 

"ဒေါက်တာဝမ်...ဘာလို့ဆေးပညာသင်တာလဲ...တရုတ်ရိုးရာဆေးပညာကိုသင်ရတာက အရမ်းခက်ပုံရတယ်"

"ပြီးတော့ ဘာလို့အမြဲ ကျွန်တော့်အပေါ် ကြမ်းတမ်းနေရတာလဲ...ကျွန်တော့်ကို အဲလောက်မုန်းတာလား.."

ပိုင်မူနင်က မေးခွန်းအများကြီး မေးပစ်လိုက်သည်။ ဝမ်ကျင်းက မျက်မှောင်ကြုတ်ပြီး ပြောလာသည်။

"မင်းက ကိုယ့်ကို 'အကြောင်းရင်းတစ်သောင်း' စာအုပ်လိုမျိုး လမ်းလျှောက်တတ်တဲ့ စွယ်စုံကျမ်းကြီးလို့ ထင်နေတာလား" 

"မဟုတ်ပါဘူး...ကျွန်တော်သုံးခုပဲ မေးရသေးတယ်"

"ကိုယ်ဘယ်တစ်ခုကိုမှ ဖြေချင်စိတ်မရှိဘူး"

အေးစက်ကာ သီးသန့်ဆန်လွန်းသူပင်။
ငြင်းဆိုခံရသော်လည်း ပိုင်မူနင်က စိတ်ဓာတ်မကျဘဲ ဆက်ပြောနေသည်။
"ဒေါက်တာဝမ်...ခင်ဗျား ဆေးဖက်ဝင်အပင်များစုစည်းမှုကျမ်းကို အလွတ်ရလား...ကျွန်တော့်အတွက်နည်းနည်းလောက် ရွတ်ပေးပါလား...ခင်ဗျားကို ဆက်မနှောင့်ယှက်တော့ဘူးလို့ ကတိပေးပါတယ်"

သူက ဘေးတစောင်းလှဲပြီး ဝမ်ကျင်းကိုစိုက်ကြည့်နေသည်။ ထိုနေရာမှ ဝမ်ကျင်း၏ မျက်နှာအမူအရာအသေးစိတ်တိုင်းကို မြင်နိုင်သည်။

ဝမ်ကျင်းက သေချာပေါက်မကျေမနပ်ဖြစ်နေသော်လည်း အေးအေးဆေးဆေးနေရရန်အတွက် ဆေးဖက်၀င်အပင်ကျမ်းကို စတင်ရွတ်ဆိုလိုက်သည်။

သို့ပေသိ သူစတင်ရွတ်ဆိုပြီး မကြာမီမှာပင် အသက်ရှူသံများက စည်းချက်ကျကျပေါ်လာပြီး အခန်းထဲ၌ ပြည့်နှက်သွားသည်။ ဝမ်ကျင်းက ရပ်လိုက်ပြီး လှည့်ကြည့်လိုက်ရာ ပိုင်မူနင်မှာ အိပ်ပျော်နေပြီဖြစ်သည်။ သူက မကျေနပ်ဟန်ဖြင့် ရေရွတ်လိုက်သည်။
 "ငရှုပ်လေး ငါ့ကို ညအိပ်ရာဝင်ပုံပြင်လိုမျိုး သုံးသွားတယ်"


💊💊💊💊 Chapter 15
ခံစားချက်တွေကို ပြန်ချိန်ညှိဖို့ စဉ်းစားချင်လား


ပိုင်မူနင်၏ ဓာတ်မတည့်မှုမှာ အလွန်မပြင်းထန်ခဲ့ပေ။ ဆေးရုံမှ ဒုတိယအဆင့်ဟုသာ သတ်မှတ်ပေးလိုက်သည်။ ဓာတ်မတည့်မှုအတွက်ဆေးကို နှစ်ရက်ခန့်သောက်ရုံဖြင့် ပျောက်ကင်းသွားနိုင်သည်။

သူ့အနေဖြင့် နှုတ်ခမ်းပတ်လည်တွင် လိမ်းဆေးကိုလည်း မှန်မှန်ကန်ကန်လိမ်းပေးရပေလိမ့်မည်။ သို့မဟုတ်လျှင် သူက ရုပ်ဆိုးဆိုးအကောင်လေး ရှုံးအာနှင့် တူသွားပြီး ကြည့်ရဆိုးနေလိမ့်မည်။

သူ့ကိုယ်သူ ရုပ်ဆိုးသည်ဟု မြင်မိ၍ ပိုင်မူနင်တစ်ယောက်မှာ ပြီးခဲ့သည့် ရက်အနည်းငယ်မှစ၍ နှာခေါင်းစည်းတပ်ကာ အလုပ်သွားတော့သည်။

ချန်ဟောက်နန်မှာ တကယ်ပင် သဘောထားကြီးသည့် သူဌေးတစ်ဦးပင်။ ကတိများကို ပေါပေါပဲပဲ လျှောက်မပေးတတ်ဘဲ ဝန်ထမ်းများကို အမှန်တကယ် ဂရုစိုက်သူဖြစ်သည်။ သူက ပိုင်မူနင်ကို ပြောသည်။ 
"နှစ်ရက်လောက် အိမ်မှာပဲ အနားယူလိုက်လေ...အလုပ်ကိုပြန်လာဖို့ မလောပါနဲ့...ကျန်းမာရေးက အရေးကြီးဆုံးပဲ"

ပိုင်မူနင်မှာ နောက်ဆုံးမှ အလုပ်ကောင်းတစ်ခုရရှိခဲ့ခြင်းဖြစ်ရာ ပျင်းရိမနေရဲပေ။ ယခုလည်း ဓာတ်မတည့်မှုသက်သက်သာဖြစ်ပြီး အလွန်အမင်းစိုးရိမ်စရာမရှိပေ။ယင်းက သူ၏အလုပ်ကို လုံးဝမထိခိုက်နိုင်ချေ။

ချန်ဟောက်နန်က သူအနေဖြင့် ဘာမှမဖြစ်လျှင်ပင် ခန္ဓာကိုယ်စနစ်ကို ညီမျှစေရန် တိုင်းရင်းဆေးအချို့သောက်သင့်ကြောင်း အကြံပြုခဲ့ပြီး ဝမ်ကျင်းထံသို့ သူ့ကိုအပ်နှံလျက် ဆေးညွှန်းအနည်းငယ် ရေးခိုင်းလိုက်လေသည်။

ပိုင်မူနင်မှာ ဆေးသောက်ရခြင်းကို အခြားမည်သည့်အရာထက်မဆို မုန်းတီးသူဖြစ်၏။ ထို့ကြောင့် ချက်ချင်းပင် အနှီကြင်နာပေးမှုကို ငြင်းဆိုလိုက်သော်ငြား မလွတ်မြောက်နိုင်ခဲ့ပေ။

ထို့ကြောင့် သူက ရက်အနည်းငယ်ကြာသည်အထိ တိုင်းရင်းဆေးများကို သောက်ခဲ့ရ၏။ တစ်နေ့လျှင် ခါးသက်လွန်းသည့် ဆေးအား သုံးကြိမ်သောက်ရပြီး အကြိမ်တိုင်းတွင် ဘဝကိုပင် သံသယဝင်မိရလောက်အောင် ဖြစ်စေသည်။

ဆေးသောက်ပြီးနောက် ပိုင်မူနင်က သေလုမျောပါးလူတစ်ယောက်ကဲ့သို့ စားပွဲပေါ်လဲကျသွားပြီး ပြန်လည်ရှင်သန်ရန် ကြိုးစားလိုက်ရသည်။ ကျွမ်းယွိမြန်က ရယ်မောကာ ပြောလိုက်သည်။

"အဲဒါက တကယ်ပဲ အဲ့လောက်ခါးတာလား...မင်းကိုကြည့်ပါဦး...နှင်းကိုက်နေတဲ့ ခရမ်းသီးလိုပဲ...လာပါ...ရှောင်နင်...တက်တက်ကြွကြွနေရအောင်"

"တောင်းပန်ပါတယ်...ကျွန်တော် အလောင်းဖြစ်သွားမှ အဲ့အရသာကို မခံစားမိတော့မှာ... အရင်သေလိုက်တော့မယ်" 

ပိုင်မူနင်က ပြန်ဖြေပြီး သေချင်ယောင်ဆောင်ကာ မည်မျှခါးသက်ကြောင်း ကိုယ်အမူအရာဖြင့် သရုပ်ဖော်ပြလိုက်သည်။

လူတိုင်းတွင် အရသာခံအာရုံများ ရှိကြသော်လည်း တစ်ဦးနှင့်တစ်ဦး ခံနိုင်ရည်အားကွာခြားသည်။

အချို့လူများက စပ်သောအစားအစာများစားနိုင်သည်။အချို့က ခါးသောအရာများစားနိုင်သည်။ အချို့ကမူပေါ့ပါးသောအစားအစာများသာစားနိုင်ပြီး ပြင်းထန်သောအရသာများကို မစားနိုင်ကြပေ။

ပိုင်မူနင်ကမူ စပ်သောအစားအစာများစားနိုင်သော်လည်း ခါးသက်မှုကို အနည်းငယ်မျှပင် မခံနိုင်သည့်လူစားမျိုးဖြစ်သည်။

ဘဝက အစတည်းက ခါးသက်နေပြီးပြီကို ဘာလို့ ခါးတဲ့အရာတွေထပ်စားနေရဦးမှာလဲ…

ကျွမ်းယွိမြန်က စားပွဲခုံထဲမှ ချောကလက်တစ်တုံးထုတ်ယူပြီး ပိုင်မူနင်ထံ ပေးလိုက်သည်။
 "ဟုတ်ပါပြီ ချောကလက်ချိုချို‌လေးတစ်တုံးစားပြီး ခါးတာကို လျော့အောင်လုပ်လိုက်"

"ကျေးဇူးပါ...မြန်ကျဲ"

ပိုင်မူနင်က ချောကလက်ကိုစားလိုက်ပြီးနောက် ပါးစပ်ထဲမှ ခါးသက်မှုများက သိသိသာသာပျောက်ကွယ်သွားကာ ပိုမိုအဆင်ပြေလာသလို ခံစားလိုက်ရသည်။

မကြာမီမှာပင် ချန်ဟောက်နန်က အော်ဒါပို့သူထံမှ စားစရာကိုယူလာခဲ့သည်။
"မင်းတို့နှစ်ယောက်အတွက် ကိတ်မုန့်ဝယ်ထားတယ်... အနောက်ဘက်ကိုယူသွားပြီး စားလိုက်ကြ"

ကျွမ်းယွိမြန်က မေးလိုက်သည်။
 "အရှေ့စားပွဲကရော" 

မွန်းလွဲပိုင်းမှာ အလုပ်များသောအချိန်ဖြစ်ရာ  á€™á€Šá€şá€žá€°á€™á€žá€™á€›á€žá€­á€˜á€˛ ထားခဲ့၍မရပေ။
"ကိုယ်ကြည့်ထားလိုက်မယ်... မင်းတို့နှစ်ယောက် အရင်သွားစားကြ"

သူတို့နှစ်ဦးက  á€€á€ťá€ąá€¸á€‡á€°á€¸á€á€„á€şá€€á€źá€ąá€Źá€„á€şá€¸á€•á€źá€ąá€Źá€œá€­á€Żá€€á€şá€€á€źá€žá€Šá€şá‹
 "ကျေးဇူးတင်ပါတယ်...ဟောက်နန်ကော"

ချန်ဟောက်နန်က ခုံပေါ် သက်တောင့်သက်သာ ထိုင်လိုက်ကာ ကိတ်မုန့်ကို မြန်မြန်သွားစားရန် ပြောလိုက်သည်။

ကိတ်မုန့်မှာ ၆လက်မအရွယ် ချယ်ရီကိတ်ဖြစ်ပြီး အလွှာတစ်ခုစီတွင် ချယ်ရီသီးများဖြင့် မြင့်မားအောင် အလှဆင်ထားသည်။ များပြားလှသောအသီးများအား မုန့်သားထဲတွင် ထည့်သွင်းထားသည့်အတွက် ကြည့်ရသည်မှာ အလွန်စားချင်စဖွယ်ကောင်းနေသည်။

ပိုင်မူနင်နှင့် ကျွမ်းယွိမြန်တို့က ထမင်းစားစားပွဲတွင်ထိုင်ကာ ကိတ်မုန့်ကို မျှဝေစားသောက်လိုက်ကြသည်။

ပိုင်မူနင်မှာ ဤမျှနူးညံ့သော ကိတ်မုန့်ကို ပထမဆုံးအကြိမ်စားဖြစ်ဖူးခြင်းပြီး ချယ်ရီသီးများကလည်း အလွန်များပြားကာ စားမကုန်ဟုထင်ရသည့်အလား ပြည့်ကျပ်နေသည်။

စားနေစဉ်အတွင်း ကျွမ်းယွိိမြန်က ပြောသည်။
 "ဟောက်နန်‌ကောက အရမ်း သဘောကောင်းတာပဲမလား" 

"ကြည့်ကောင်းတယ် ၊ ဂရုလည်းစိုက်တတ်တယ်၊ ပြီးတော့ အရေးကြီးဆုံးက ရယ်ရပြီး ဆွဲဆောင်မှုရှိတယ်... သူနဲ့အတူရှိနေရင် ပျော်ရတယ်... ဘယ်တော့မှ လျစ်လျူရှုခံရမှာမဟုတ်ဘူး"

ပိုင်မူနင်က ယခုအချိန်ထိ ချန်ဟောက်နန်အပေါ် သူထားရှိသည့် အထင်အမြင်ကို စဉ်းစားမိသည်။ 

ချန်ဟောက်နန်က တကယ်က်ို စေ့စပ်သေချာသူ ဖြစ်သည်။ အပေါ်ယံကြည့်လျှင် အတိုင်းအဆမရှိရယ်စရာကောင်းပြီး၊ မိန်းမရှုပ်သူတစ်ယောက်ကဲ့သို့ ပြောဆိုနေတတ်သော်လည်း တကယ်တမ်းသိရှိပြီးနောက်တွင် ထိုကဲ့သို့သောဟာသဉာဏ်နှင့် အမှန်တကယ် စောင့်ရှောက်‌ပေးတတ်မှုတို့က လူတစ်ဦးကို ချစ်ခင်စရာကောင်းအောင်ပြုလုပ်ပေးနိုင်သည့် အရာများပင်ဖြစ်ကြောင်း သိလာသည်။

ထို့ကြောင့်ပင် မကောင်းသည့် ယောက်ျားများက ပို၍ဆွဲဆောင်မှုရှိသည်ဟု ပြောကြခြင်းဖြစ်သည်။

သူတို့က လက်တွဲဖော် မည်သို့ခံစားနေရကြောင်း နားလည်ကြပြီး စိတ်ခံစားမှုတန်ဖိုးကို မည်သို့ပေးရမည်ကိုလည်း အတိအကျသိကြသည်။

ဝမ်းနည်းနေချိန်၊ ထိခိုက်နာကျင်ခံစားနေရချိန်၊ ပြိုလဲနေချိန်မျိုးတို့တွင် ထိုမကောင်းသည့်ယောက်ျားများက အမြဲလိုလို အချိန်ကိုက် ပေါ်လာတတ်ကာ နှလုံးသားကို သိမ်းပိုက်နိုင်သွားတတ်ကြသည်။

သူတို့က အပြစ်တင်ကြမည်မဟုတ်သလို ဝေဖန်ခြင်းမျိုးလည်း ပြုကြမည်မဟုတ်ချေ။ ပြိုလဲနေချိန်တွင် ကန်ထုတ်ခြင်းမျိုးလည်း ရှိကြမည်မဟုတ်‌ပေ။ မကြာခဏဆိုသလို သူတို့က နားလည်ပေးမှုကိုသာ ပြသတတ်ကြသည်။

"ဟောက်နန်ကောက တကယ်ပဲ အရမ်း‌ကောင်းတယ်"
ပိုင်မူနင်က ကိတ်မုန့်ကို ခပ်ကြီးကြီးတစ်ကိုက်ကိုက်ရင်း သူ၏ပါးစပ်အတွင်း ခရမ်းရောင်ရင့်ရင့် ချယ်ရီသီးအရည်များဖြင့် ပြည့်နှက်နေသည့်တိုင် စကားပြောလိုက်သည်။

"မင်းကိုကျွေးမွေးတဲ့သူအကြောင်းကို မကောင်းပြောလို့မရဘူး"ဟူသည့် ဆိုရိုးစကားတစ်ခုရှိသည်။ 

ပိုင်မူနင်က သူ၏ကျေးဇူးတင်မှုကို ထုတ်ဖော်ပြောဆိုရန် လိုအပ်သည်အား ခံစားသိရှိသွား၏။

"ဟောက်နန်ကောက တကယ်ကို သဘောအရမ်းကောင်းတယ်...လူတွေကို ဘယ်လိုဂရုစိုက်ရမယ်ဆိုတာလည်း သိတယ်...ဒီလိုသူဌေးကောင်းမျိုးကို ပထမဆုံးအကြိမ်တွေ့ဖူးတာပဲ"

လီအန်းချီသည်လည်း အလုပ်စဝင်ခဲ့ပြီဖြစ်သော်လည်း သူ၏သူဌေးမှာ ချန်ဟောက်နန်နှင့် မည်သည့်နေရာမှ မတူချေ။

သူအလုပ်သွားသည်မှာ ရက်အနည်းငယ်သာကြာသေးသော်လည်း လီအန်းချီက ထိုသူ၏ဖခင်ကို ကျိန်ဆဲချင်လာသည်အထိ ညှဉ်းပန်းနှိပ်စက်ခံနေရပြီဖြစ်သည်။

ယမန်နေ့ကပင် သူ၏သူဌေးမှာ စိတ်ရောဂါသည်တစ်ယောက် ဖြစ်ကြောင်း ညည်းထားသည်တို့အား ရှည်လျားစွာ ပို့လာခဲ့သည်။ ယင်းက လုပ်ငန်းခွင်အတွင်း နန်းတွင်းဇာတ်လမ်းတစ်ပုဒ်နှင့်တူပြီး နောက်ကျောဓားထိုးမှုများ၊ လှည့်ကွက်များဖြင့် ပြည့်နှက်နေသည်။  

သူပြောချင်တာက ဘာလဲ...

ဘာလဲ..သူတစ်ယောက်တည်းကပဲ ဦးနှောက်ပါတာလား...

လီအန်းချီ ကျိန်ဆဲသည်မှာ အတော်ရှားပြီး မည်သည့်အခါကမှ ရန်မဖြစ်ခဲ့ဖူးပေ။  á€¤á€žá€Šá€şá€™á€žá€Ź သူ့အတွက် ပထမဆုံးအကြိမ် လူတစ်ဦးကို ဆဲဆိုရှုတ်ချခြင်းပင်။

သူ့လိုလူကောင်းလေးတစ်ယောက်တောင် အရူးဖြစ်သွားအောင် လှုံ့ဆော်ခံရတယ်ဆိုရင် ဘယ်လိုသူဌေးမျိုးပါလိမ့်...

ထိုသူနှင့်ယှဉ်လျှင် ချန်ဟောက်နန်မှာ ဘုရားသခင်ကဲ့သို့သော သူဌေးတစ်ဦးဖြစ်ပြီး ဆုတောင်းပြည့်မှသာ ရနိုင်မည့်သူဌေးပင် ဖြစ်၏။

ပိုင်မူနင်မှာ ထိုကဲ့သို့သော ဘုရားသခင်ကဲ့သို့သူဌေးအတွက် တစ်သက်လုံးအလုပ်လုပ်ပေးနိုင်သည်ဟု ခံစားမိသည်။

ကျွမ်းယွိမြန်က ပြုံးကာပြောသည်။
 "ဟောက်နန်ကောကလည်း ယောက်ျားတွေကိုကြိုက်တယ်...မင်းရဲ့ခံစားချက်တွေကို ပြန်ချိန်ညှိဖို့ စဉ်းစားချင်လား" 

"ဟောက်နန်ကောက နည်းနည်းရှုပ်တယ်လို့ထင်ရပေမယ့် တကယ်တော့ သစ္စာရှိတဲ့သူပါ... သူ့ရဲ့နောက်ဆုံးချစ်သူနဲ့ဆို ၈နှစ်ကြာတွဲခဲ့တာ ပြီးတော့ သူပဲ အစွန့်ပစ်ခံခဲ့ရတာလေ"

"အဲဒါကြောင့် သူတကယ်စိတ်ထိခိုက်သွားပြီး အဲ့ဒီကတည်းက တစ်ယောက်တည်းပဲနေခဲ့တာ... ကျဲအထင် မင်း ဒေါက်တာဝမ်ကို ဆက်မကြိုက်နဲ့တော့... ဟောက်နန်ကောကမှ ပိုကောင်းတာ…"

"သူ မင်းကို ဘယ်လောက်ကောင်းကောင်းဆက်ဆံလဲဆိုတာ ကြည့်ဦး...ခဏခဏ အစားအသောက် ကောင်းတွေကျွေးတယ်...ဘာလို့ စဉ်းစားကြည့်လို့ မရဘဲနေမှာလဲ"

ပိုင်မူနင်က တွေးလိုက်မိသည်။

ဘာလို့ စဉ်းစားနေရမှာလဲ.. ကျွန်တော် ယောက်ျားတွေကို မကြိုက်ဘူး... ဟုတ်ပြီလား...

ခဏလေး... မဟုတ်သေးဘူး...

သူက ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ မည်သူနှင့်မှ အတူရှိရန် မစဉ်းစားခဲ့ဖူးပေ။ သူ၏အနာဂတ်အစီအစဥ်များထဲတွင် "လက်တွဲဖော်" ဟူ၍လည်း မရှိခဲ့ချေ။

ပိုင်မူနင်က ကျွမ်းယွိမြန်၏ တွဲဖက်ပေးရန်ကြိုးစားမှုကို မည်သို့ရပ်တန့်ရမည်ကို ဆုံးဖြတ်နေစဉ် သူ့ရှေ့မှောက်တွင်ထိုင်နေသော ကျွမ်းယွိမြန်တစ်ယောက်ရုတ်တရက် အေးခဲသွားပြီး စိုးရွံ့ထိတ်လန့်သောပုံစံဖြင့် သူ့အနောက်ဘက်သို့ ကြည့်‌လိုက်ချေ၏။

 "ဟယ်လို...ဒေါက်တာဝမ်" 

ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူမက တစ်စုံတစ်ယောက်၏လူကို ခိုးယူရန်ကြိုးစားရာတွင် ဖမ်းမိခံလိုက်ရသကဲ့သို့ အပြစ်ရှိစိတ်ဖြင့် ထွက်ပြေးသွားသည်။

ပိုင်မူနင်က ကိတ်မုန့်ကိုဆက်လက်စားနေဆဲဖြစ်ပြီး ပါးစပ်တစ်ဝက်ပြည့်နေသည့်တိုင် အတင်းဖျစ်ညှစ်ပြောလိုက်သည်။
"ဟယ်လို... ဒေါက်တာဝမ်" 

ဝမ်ကျင်းက သူ့ဘေးတွင်ရပ်နေပြီး ထိုင်ရန် ရည်ရွယ်ချက်ရှိပုံမရပေ။ သူ၏အကြည့်က ချယ်ရီကိတ်မုန့်ပေါ်သို့ ကျရောက်နေသည်။ သူက မေးလိုက်သည်။
 "ဒါက ဘယ်သူဝယ်ထားတာလဲ" 

ပိုင်မူနင်၏ နှုတ်ခမ်းထောင့်များတွင် ချယ်ရီရည်များစွန်းထင်းနေသည်။ သူက အနည်းငယ်မျိုချပြီး ပြန်ဖြေလိုက်သည်။
"ဟောက်နန်ကော ဝယ်ပေးတာ"

ချန်ဟောက်နန်မှာ သူ့ကို စားစရာကျွေးရသည်ကို အမှန်အကန်နှစ်သက်သူဖြစ်သည်။ သူ ဤနေရာ၌အလုပ်စဝင်ကတည်းက သရေစာမုန့်မျိုးစုံကို စားဖြစ်ခဲ့သည်။

တရုတ်ဆီးသီးသကြားလုံး၊ ကန်စွန်းဥကင်၊  á€•ဟည်ကဟဎးငဍးကင်၊ ခေါက်ဆွဲအေးကြော် စသည်ဖြင့်ပင်။ ပိုင်မူနင်မှာ ဝလာတော့မလိုပင် ခံစားနေခဲ့ရသည်။ 

ဝမ်ကျင်းလည်း ထပ်မံစကားမပြောတော့ပေ။ သူဘာတွေးနေသည်ကို မည်သူမှ မသိပေ။ သူ၏တိတ်ဆိတ်နေမှုကြောင့် ပိုင်မူနင်၏ စားချင်စိတ်မှာ လုံးဝပျောက်ကွယ်သွားပြီး ခက်ရင်းကိုချထားလိုက်သည်။
 "ဒေါက်တာဝမ်...တစ်ခုခုဖြစ်လို့လား" 

ဝမ်ကျင်းက တစ်ရှူးတစ်ရွက်ထုတ်ယူကာ သူ့ထံပေးလိုက်သည်။ 
"ဝူရှီးယာက နောက်ဆက်တွဲထပ်ပြဖို့မလာဘူး...ဖုန်းလည်းဆက်မရဘူး... သူ့ဆီသွားကြည့်ဖို့ ကိုယ်နဲ့အတူလိုက်လာပေး"

ပိုင်မူနင်က တစ်ရှူးကိုယူပြီး ပါးစပ်သုတ်လိုက်ကာ ခေါင်းထဲတွင် မေးခွန်းများစွာဖြင့် ရှုပ်ထွေးနေသည်။  

ဝူရှီးယာက ဘယ်သူလဲ...

ဝမ်ကျင်းက ရှင်းပြသည်။
 "အဲ့ဒီ ဆွံ့အနားမကြားအမျိုးသမီးလေ"

ပိုင်မူနင် နားလည်သွားသည်။  
ဒါဆိုအဒေါ်ကြီးရဲ့နာမည်က ဝူရှီးယာပဲ...

စဉ်းစားကြည့်လိုက်ရာ သူမလာပြီး ကတ်ထူစက္ကူများသိမ်းသွားသည်မှာ ရက်ပိုင်းမျှရှိသွားပြီဖြစ်ပြီး သိုလှောင်ခန်းထဲတွင် သိမ်းဆည်းထားသည့် ကတ်ထူပုံးခွံစက္ကူများက လုံးဝနီးပါးမြင့်တက်လာနေပြီဖြစ်သည်။

"ကောင်းပါပြီ ခင်ဗျားနဲ့အတူလိုက်ခဲ့မယ်"

ပိုင်မူနင်က မကုန်သေးသောကိတ်မုန့်ကို လှမ်းကြည့်ကာ ဘူးထဲပြန်ထည့်ပြီး နောက်မှပြီးအောင်စားရန် ရေခဲသေတ္တာထဲသို့သွားသိမ်းရန် အသင့်ပြင်လိုက်သည်။

ကိတ်မုန့်ဘူးကို ကိုင်ပြီး ရေခဲသေတ္တာဆီသွားသည့်အခါ ဝမ်ကျင်းကိုဖြတ်ကာ လျှောက်သွားရသည်။ သူဖြတ်သွားချိန်တွင် ဝမ်ကျင်းက ရုတ်တရက်လက်ကို ဘေးသို့ အနည်းငယ်မြှောက်လိုက်သောကြောင့် ပိုင်မူနင်၏ဘူးကိုင်ထားသောလက်မှာ အားပျော့သွားကာ ကိတ်မုန့်သည် သူ့လက်ထဲမှလွတ်ကျပြီး ကြမ်းပြင်ပေါ်သို့ လိမ့်ကျသွားသည်။

ဘူးကို ကြိုးနှင့်ပြန်မချည်ထားသောကြောင့် အတွင်းရှိကိတ်မုန့်က ကြမ်းပြင်ရှိ ကြွေပြားပေါ်တွင် ကြေမွနေကာ စိတ်မကောင်းစရာအခြေအနေသို့ ရောက်ရှိသွားသည်။

ကြမ်းပြင်ပေါ်တွင်ဖိတ်စင်နေသော ချယ်ရီကိတ်မုန့်ကို စိုက်ကြည့်ရင်း ပိုင်မူနင်၏ ရင်ထဲတွင် စူးရှသောနာကျင်မှုကို ခံစားလိုက်ရသည်။

ဖြုန်းတီးတာပဲမလား...

သူက ဝမ်ကျင်းကို မကျေမနပ်မှုများ ပြည့်နှက်နေသောမျက်လုံးဖြင့်ကြည့်ကာ စကားလုံးပေါင်းတစ်ထောင်ခန့် ပစ်သွင်းလိုက်ချင်သော်လည်း ဝမ်ကျင်း၏အာဏာကို ကြောက်ရွံ့သည့်အတွက်  á€Ąá€†á€Żá€śá€¸á€á€˝á€„á€şá€‘á€­á€”á€şá€¸á€á€ťá€Żá€•á€şá€œá€­á€Żá€€á€şá€•á€źá€Žá€¸ စိတ်ထဲ၌သာ တိတ်တဆိတ်ကျိန်ဆဲလိုက်သည်။

ဝမ်ကျင်းက ကိတ်မုန့်ကိုငုံ့ကြည့်နေသော်လည်း မကြာမီပင် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
 "တောင်းပန်ပါတယ်... မမြင်မိလိုက်ဘူး"

သူက "တောင်းပန်ပါတယ်" ဟုဆိုသော်လည်း သူ၏မျက်နှာတွင် နောင်တတစ်စက်မျှမရှိပေ။ ထိုသို့ အမူအရာက ပိုင်မူနင်အား ပို၍ဒေါသထွက်စေသည်။

ဒါမျိုးကို "မမြင်မိဘူး" လို့ခေါ်တာလား.. ဒါက သေချာပေါက်ကို ရည်ရွယ်ချက်ရှိရှိလုပ်လိုက်တာကြီး...

ကိတ်မုန့်က ခင်ဗျားကို ဘာလုပ်မိလို့လဲ…


 
 

Search Novels