💊💊💊💊 Chapter 6
HP ကုန်သွားတော့ ငါ KO ဖြစ်သွားပြီ


ဘေလ်ကို မယုံကြည်နိုင်စွာ ကြည့်ရင်း ပိုင်မူနင်က မေးလိုက်သည်။

“ဘာလို့ ဒီလောက်ဈေးကြီးတာလဲလို့ မေးလို့ရနိုင်မလား ကျွန်တော် ကောင်းကင်ဘုံဥပဒေတွေကိုများ ချိုးဖောက်ခဲ့မိတာလား”

ကျသင့်ငွေတွင် အခကြေးငွေအားလုံးကို စာရင်းပြုစုထားသည်။ နှိပ်နယ်ခြင်း၊ အပ်စိုက်ခြင်း၊ ခုတင်ခနှင့် တရုတ်တိုင်းရင်းဆေးဖိုးတို့ပင်။

ပြီးခဲ့သည့်အကြိမ်၌ ပိုင်မူနင် ရောဂါပြသရန်လာခဲ့စဉ်က ယွမ် ၂၀၀ ကျော်သာ ကုန်ကျခဲ့သည်။ ယခုမူ ယွမ် ၁,၀၀၀ ကျော် ဖြစ်နေသည်။ သူ့အနေဖြင့် ဤဈေးနှုန်းကို လက်မခံနိုင်ပေ။

ချန်ဟောက်နန်က တဟားဟားရယ်လိုက်ပြီး ပြောလိုက်သည်။
“ကိုယ်တို့ရဲ့ အခကြေးငွေတွေက ရှင်းလင်းပြီး လုံးဝကို သင့်လျော်တဲ့ပမာဏထဲမှာပါ... ဒါ့အပြင် ဒေါက်တာဝမ်က ကိုယ်တို့ရဲ့ အကောင်းဆုံးဆရာဝန်ဖြစ်လို့ မင်းက လျှော့ဈေးရထားပြီးသားပါ... WeChat နဲ့ပေးမလား... Alipay နဲ့ ပေးမှာလား”  

အကောင်းဆုံးဆရာဝန်ဆိုတဲ့ အသုံးအနှုန်းကို ဒီလိုသုံးတာက တကယ်ရော မှန်ကန်ရဲ့လား...

ချန်ဟောက်နန်၏ မရိုးဖြောင့်သည့် အပြုံးက သူ့ကို ကလိမ်ကကျစ်လုပ်တတ်သည့် ကုန်သည်တစ်ဦးနှင့် အတိအကျတူနေစေသည်။

ပိုင်မူနင်မှာ ဝမ်ကျင်းက အဘယ်ကြောင့် သူ့ကို တာဝန်ယူမည်ဟု ဆိုခဲ့သည်ကို နောက်ဆုံးတွင် နားလည်သွားသည်။ ၎င်းမှာ သူ့ကို လိမ်လည်ရန်အတွက် ပြင်ဆင်ထားသည့် အရာတစ်ခုသာ။

သူတို့အားလုံးက မကောင်းတဲ့လူတွေပဲ...

ဘယ်လိုလုပ် ဒီလိုမျိုး ပိုက်ဆံကိုညာယူနိုင်ရတာလဲ...

ပိုင်မူနင်မှာ ဆေးရုံမသွားဖူးသလောက်ပင်ဖြစ်ပြီး တရုတ်တိုင်းရင်းဆေးပညာကုသမှုများအတွက် အခကြေးငွေများအကြောင်းကို ဘာမှမသိပေ။ သူက အံကြိတ်ပြီး နောက်ဆုံးအနေဖြင့် ကြိုးစားလိုက်သည်။
“ကျန်းမာရေးအာမခံကို သုံးလို့ရလား”

“မရပါဘူး... ဒါက ပုဂ္ဂလိကဆေးခန်းပါ”

ကောင်းပြီ... ငါ့နှလုံးသားလေး သေဆုံးသွားပြီ..

ပိုင်မူနင်က သူ့ဖုန်းကို ထုတ်လိုက်ကာ ကုဒ်ကိုဖတ်၍ ပမာဏကို ရိုက်ထည့်လိုက်သည်။ သူ့ခမျာ ငိုချင်သလို ခံစားနေရသည်။ သူ၏ တစ်လစာအသုံးစရိတ်အားလုံး ကုန်သွားပေပြီ။

သူက သနားစဖွယ်ပုံဖြင့် မေးလိုက်သည်။
“နှလုံးသားနာကျင်ရတာအတွက် ကျန်းမာရေးအာမခံကို သုံးလို့ရလား” 

ချန်ဟောက်နန်က သူ့ကို ယခုမှစပ်ကာ ချက်ထားသော ဆေးကို ပေးလိုက်ပြီး ရယ်မောလိုက်သည်။
 “အဲဒါကိုလည်း အာမခံမပေးပါဘူး...ဒါပေမဲ့ မင်းက စိတ်ဝင်စားစရာကောင်းတဲ့ ကလေးတစ်ယောက်ပဲ...”

ပိုင်မူနင်မှာ သူ၏လက်ကျန်ငွေ မလုံလောက်သောကြောင့် ပို၍ပင် ဆိုးရွားစွာ ခံစားနေရသည်။ သူက ကျောင်းသားချေးငွေကို ပြန်ဆပ်ရန်အတွက် ငွေသုံးခဲ့သည်ကို မေ့သွားခဲ့မိ၏။

တက္ကသိုလ်တက်ရန် ရန်ပုံငွေမရှိသည့် ပိုင်မူနင်က ရပ်ကွက်လုပ်သားများ၏အကူအညီဖြင့် ယွမ်ထောင်ပေါင်းများစွာရှိသော ကျောင်းသားချေးငွေကို လျှောက်ထားခဲ့ပြီး  á€žá€° မကြာသေးမီကပင် ယင်းအား ပြန်ဆပ်ခဲ့သည်။

ဖုန်းကို သိမ်းလိုက်ပြီးနောက် ပိုင်မူနင်က လီလီပေးခဲ့သော ငွေသားကို ထုတ်ယူလိုက်သည်။

လီလီမှာလည်း မကြာသေးမီက ကွာရှင်းခဲ့ခြင်းဖြစ်သောကြောင့် သူမက ငွေကြေးနှင့်ပတ်သက်၍ အထိမခံနေလေရာ သူမက ငွေသားဖြင့်သာ ပေးခဲ့သည်။

သူမက ရက်ရောသည်။ သူ၏အစားထိုးစကားပြောဝန်ဆောင်မှုအတွက် ယွမ် ၂၀၀ ပေးခဲ့ရုံသာမက အပို ၄၀၀၀ ကိုလည်း ပေးခဲ့သည်။ ၎င်းက ဆေးဖိုးကုန်ကျငွေကို ကျခံနိုင်လောက်ရုံပင်။ သို့မဟုတ်ပါက သူ့အနေဖြင့် အရှက်တကွဲဖြစ်ရပေလိမ့်မည်။

ချန်ဟောက်နန်ကို ပိုက်ဆံရှင်းပေးပြီးနောက် သူအား ငွေရှင်းကောင်တာမှ ယွမ် ၂၀ ကို အကြွေအဖြစ် ပေးလိုက်သည်။

ထိုအခါမှသာ ပိုင်မူနင်က ဆေးအိတ်ကို အပြင်သို့ယူဆောင်လျက် ဘတ်စ်ကားကို စောင့်နိုင်သွားသည်။

၎င်းမှာ နေ့လယ်ပိုင်းဖြစ်ပြီး ဘတ်စ်ကားမှတ်တိုင်တွင် သူတစ်ဦးတည်းသာရှိနေသည်။ သူ၏ဗိုက်က ဆာလောင်မှုကြောင့် ကျယ်လောင်စွာ အသံထွက်၍နေသည်။

သူ၏ဖုန်းက တုန်ခါသွားပြီး လီအန်းချီထံမှ အဝင်ဖုန်းခေါ်ဆိုမှုတစ်ခုကို ပြသနေသည်။

ဖုန်းခေါ်ဆိုမှု ချိတ်ဆက်သွားသည်နှင့် လီအန်းချီ၏ စိုးရိမ်ပူပန်သော အသံက ထွက်ပေါ်လာသည်။ 
“နင်အာ မင်း နေကောင်းရဲ့လား... အားလုံးပြီးပြီလား... ဘယ်တော့ပြန်လာမှာလဲ”

အဆောင်တွင် လူလေးယောက်ရှိသော်လည်း လီအန်းချီတစ်ဦးတည်းကသာ သူ့ကို တကယ်ဂရုစိုက်သည်။

ပိုင်မူနင်က ကျင်းနန်သို့ တစ်ဦးတည်း လာရောက်ကာ ပညာသင်ခြင်းဖြစ်ပြီး လီအန်းချီမှာ သူ၏တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သည်။

အခြားနှစ်ဦးမှာ အပြင်ထွက်ရန် အစီအစဉ်ရှိနှင့်ပြီးဖြစ်ပြီး လီအန်းချီ အိမ်သို့မပြန်ရခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းမှာ ပိုင်မူနင် တစ်ယောက်တည်း ပျင်းရိနေမည်ကို စိတ်ပူ၍ပင်။

နောက်ဆုံးတွင် အဆောင်သည် မည်မျှပင် သက်တောင့်သက်သာရှိစေကာမူ အိမ်နှင့်နှိုင်းယှဉ်၍မရနိုင်ပေ။ လီအန်းချီ သူနှင့်အတူနေပေးသည့်အတွက် ပိုင်မူနင်မှာ တကယ်ကို ကျေးဇူးတင်ရပါ၏။

ဂရုစိုက်ခံရတာက တကယ်ကို ကောင်းတယ်…

ပိုင်မူနင်၏ နှလုံးသားလေးက အနည်းငယ်ပျော့ပျောင်းသွားသည်။ 
“ပြီးပြီ... ငါ မကြာခင် ပြန်ရောက်တော့မှာ...”

လီအန်းချီကဆိုသည်။
 “မင်း အခု ဘယ်မှာလဲ... တက္ကစီစီးဖို့ ဝန်လေးမနေနဲ့... ငါ ပြန်ပေးမယ်... မြန်မြန် တက္ကစီနဲ့ ပြန်လာ... နေမကောင်းဖြစ်နေတုန်း ဘတ်စ်ကားမစီးနဲ့”

“ငါ သိပါတယ်...”

သို့သော်လည်း ပိုင်မူနင်မှာ တက္ကစီစီးရန် စိတ်မပါပေ။ လီအန်းချီထံမှ ပိုက်ဆံယူရမည်ကိုလည်း စိတ်မသက်မသာဖြစ်မိ၏။

ညီအစ်ကိုကောင်းတစ်ဦးအနေဖြင့် လီအန်းချီက အမြဲလိုလို ယုံကြည်စိတ်ချရသည်။ တစ်ခါတလေ အိမ်က အသားများကိုပင်လျင် ယူလာတတ်ကာ ပိုင်မူနင်နှင့် မျှစားတတ်၏။

သူ၏ငွေကြေးအခြေအနေအရ လီအန်းချီကို မကြာမီအချိန်အတွင်း ပြန်မဆပ်နိုင်သောကြောင့် သူ့ကို အလွန်အကျွံ စိတ်အနှောင့်အယှက်မပေးမိစေရန် ကြိုးစားခဲ့ရသည်။

“အင်း... ငါသိပါပြီ... ငါ တက္ကစီနဲ့ ချက်ချင်းပြန်လာမယ်...” 
လီအန်းချီ၏သံသယများကို ပြေပျောက်စေရန်အတွက် သူက ခေါင်းစဉ်ကို အမြန်ပြောင်းလိုက်သည်။
“အန်းအန်း ခန့်မှန်းကြည့်... ငါ တရုတ်တိုင်းရင်းဆေးဆရာဝန်တစ်ယောက်နဲ့ သွားပြခဲ့တယ်... အခု ငါ နေကောင်းသွားပြီ...”

“မူနင်... မင်း အခုနောက်ပိုင်း တရုတ်တိုင်းရင်းဆေးပညာကို တကယ်စိတ်ဝင်စားနေတာပဲ... အဲဒီဆေးခန်းက ကောင်းလား... ကျသင့်ငွေကရော ဘယ်လိုလဲ”

“ကောင်းပါတယ်... ဒါပေမဲ့ ကုန်ကျငွေကတော့ နည်းနည်းမြင့်တယ်” 
ပိုင်မူနင်က ညည်းတွားလိုက်သည်။ 
“နှိပ်တာ..အပ်စိုက်တာနဲ့ ဆေးဖိုးအတွက် ၁၅၀၀ ကျတယ်.. အမလေး... ငါ လူလိမ်တွေဖွင့်ထားတဲ့ဆေးခန်းကို ရောက်သွားတာလို့ မင်းထင်လား”

အတွေ့အကြုံပိုရှိသည့် လီအန်းချီက ပြောလိုက်သည်။
 “မဖြစ်နိုင်တာ... ဒါက အရမ်းဈေးကြီးတယ်... ရွှေအပ်များသုံးတာလား... ငါ့အမေလည်း တရုတ်တိုင်းရင်းဆေးဆရာဝန်တစ်ယောက်နဲ့ သွားပြဖူးတယ် အပ်စိုက်တာက အမြင့်ဆုံး ၂၀၀ လောက်ပဲရှိတာ... မင်းဟာက တကယ်ဈေးကြီးတယ်..” 

ထိုအရာကို ကြားပြီးနောက် ပိုင်မူနင်မှာ သူအလိမ်ခံရပြီဟု ပို၍ပင် ယုံကြည်သွားသည်။ 
“ငါ လူလိမ်တရုတ်တိုင်းရင်းဆေးဆရာဝန်နဲ့ တွေ့ခဲ့တာ ဖြစ်ရမယ်... အဲဒီလူက အပေါ်ယံကြည့်တော့ လူကောင်းပုံနဲ့... ဒါပေမဲ့ ဘယ်လိုလုပ် သူက ပိုက်ဆံလိမ်ဖို့များ သင်ခဲ့တာလဲ... ငါ သူ့ဆီ ဘယ်တော့မှ ပြန်မသွားတော့ဘူး”

“ငါငိုး လူလိမ်ကွာ ငါ သွားရှင်းပြခိုင်းသင့်တာ...”

လူတွေကို လှည့်စားတာက တစ်ပိုင်းဆိုပေမဲ့ သူတို့ရဲ့ပိုက်ဆံကို ယူတာက နောက်တစ်ပိုင်းပဲ... 
ယင်းက ပိုင်မူနင်၏ အနိမ့်ဆုံး အောက်ခြေစည်းပင်။

ဖုန်းချပြီးနောက် ပိုင်မူနင်တစ်ယောက် သူ့ခေါင်းကို လှည့်လိုက်ရာ ဝမ်ကျင်းက အနီးနားတွင်  á€žá€°á€ˇá€€á€­á€Ż တိတ်တဆိတ်စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ 

ဝမ်ကျင်းက ထိုနေရာတွင် မည်မျှကြာအောင် ရပ်နေခဲ့ပြီး မည်မျှကြားသွားသည်ကို သူမသိပေ။

သို့သော်လည်း ဝမ်ကျင်း၏ တင်းတင်းစေ့ထားသော နှုတ်ခမ်းများကိုကြည့်ခြင်းအားဖြင့် သူထိုနေရာတွင် ရပ်နေခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်ကာ အရာအားလုံးကို ကြားသွားခဲ့ပြီး ပိုင်မူနင်၏စကားပြောဆိုပုံကို လုံးဝမနှစ်သက်ကြောင်း ထင်ရှား၍နေသည်။

တစ်စုံတစ်ယောက်၏နောက်ကွယ်တွင် အတင်းအဖျင်းပြောနေသည်ကို ဖမ်းမိသွားခြင်းက တကယ်ကို ရှက်စရာကောင်းသည်။

အမေရေ... ဒီနေ့က ကံဆိုးပြီး သရဲကပ်ခံရတဲ့နေ့ဖြစ်ရမယ်... ဘာမှကို အဆင်ပြေမနေဘူး...

×××××

အခြေအနေတစ်ခုနှင့် ကြုံတွေ့ရတဲ့အခါ ထိတ်လန့်မနေပါနဲ့...မျက်နှာပြောင်တိုက်ပြီး ခံနိုင်ရည်ရှိအောင်နေလိုက်ပါ...

ကိုးရိုးကားယား ဖြစ်နေရင်လည်း ဘာဖြစ်လဲ... ငါက ရှက်မနေသရွေ့တော့ ကိုးရိုးကားယားခံစားရတာက တစ်ဖက်လူပဲ ဖြစ်လိမ့်မယ်...

ထို့ကြောင့်ပင် ပိုင်မူနင်က မျက်နှာအမူအရာပြောင်းလဲရာတွင် ကျွမ်းကျင်သူအဖြစ်သို့ အမြန်ပြောင်းလဲလိုက်သည်။ သူက မျက်လုံးများမှိတ်ကျသွားသည်အထိ ပြုံးကာ ပြောလိုက်သည်။
“ဝိုး... ဒေါက်တာဝမ်... တိုက်ဆိုင်လိုက်တာနော်... ခင်ဗျားလည်း ဘတ်စ်ကားစောင့်နေတာလား” 
 
ဝမ်ကျင်းက အဖြူရောင်ကုတ်အင်္ကျီကို ဝတ်ထားပြီး အပြင်သို့ ခဏထွက်လာခြင်းဖြစ်ကာ မကြာမီ ပြန်ဝင်တော့မည့်ပုံစံရှိသည်။

ပိုင်မူနင်က ဤအသေးစိတ်အချက်ကို အလိုအလျောက် လျစ်လျူရှုလိုက်ပြီး သူ့ကိုယ်သူ စကားပြောနေသကဲ့သို့ ပြောလိုက်သည်။
“ဒါပေမဲ့ ဒီဘတ်စ်ကားက တကယ်နှေးတာပဲ... ဒီလောက်ကြာတာတောင် မလာသေးဘူး” 

ဝမ်ကျင်းက ဘာမှမတုံ့ပြန်လာဘဲ သူ၏ဇာမဏီမျက်ဝန်းတစ်စုံ၏အကြည့်တို့ကိုသာ စူးရှသွားစေလိုက်လေသည်။

အနှီအကြည့်အား ပိုင်မူနင် ကောင်းစွာသိနေ၏။ အရပ်ဘက်ရေးရာရုံးတွင်လည်း ဝမ်ကျင်း သူ့အားထိုသို့ ကြည့်ခဲ့သည်ပင်။ ထိုအကြည့်ကို ဘာသာပြန်ရလျှင် 'ဆက်ပြောလေ ဖြည်းဖြည်းချင်း မကောင်းတာတွေပြောပါဦး ငါနားထောင်နေတယ်'ဟူ၍။

ဘာလုပ်ရမလဲ...

ပိုင်မူနင်မှာ ဦးနှောက်ခြောက်မတတ် အကြောင်းပြချက်တစ်ခုကို အတင်းစဥ်းစားလိုက်သည်။ နောက်ကွယ်တွင် တစ်စုံတစ်ယောက်ကို မကောင်းပြောဆိုခြင်းမှာ မသင့်တော်သလို ထိုသူက နားဖြင့်ဆတ်ဆတ်ကြားလိုက်ခြင်းက ပိုဆိုးပေသည်။

သို့သော် လူ့သဘောသဘာဝအရ အန္တရာယ်ကို ရှောင်ရှားကာ အကျိုးအမြတ်ကိုသာ ရလို၏။ ဤအခြေအနေမျိုးတွင်ပင် သူ့အနေဖြင့် သဟဇာတဖြစ်မှုကို ထိန်းသိမ်းထားရပေမည်။

အထူးသဖြင့် ပိုင်မူနင်ခမျာ ဝမ်ကျင်းနှင့် မျက်နှာချင်းဆိုင် ရန် မဖြစ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ ပစ်မှတ်မှာ ဝမ်ကျင်း ဖြစ်သောကြောင့်ပင်။

သူ့အနေဖြင့် ဝမ်ကျင်းနှင့် ချိန်းတွေ့ရန် လိုအပ်နေသေးသည်လေ။

"ဒေါက်တာဝမ်... တိုက်ဆိုင်လိုက်တာ...  á€á€Żá€”က သူငယ်ချင်းနဲ့ အရင်တုန်းက ကျွန်တော်ကြုံဖူးတဲ့ မယုံကြည်ရတဲ့ ဆရာဝန်တစ်ယောက်အကြောင်း ပြောနေကြတာ... အဲဒါကို ခင်များ ကြားသွားတာပါ... အထင်မလွဲပါနဲ့... ကျွန်တော် ခင်များကို ပြောနေတာ မဟုတ်ပါဘူး..."

"ခင်များက ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ အကောင်းဆုံး တရုတ်တိုင်းရင်းဆေး ဆရာဝန်ပဲ... ဆိုလိုတာက ခင်များက အရမ်းကိုချောတယ်... ခန္ဓာကိုယ်ကလည်း မိုက်တယ်... ပြီးတော့ လက်တွေ့ကျကျပြောရရင်  á€á€„်မဝဏးကုသတဏကို ခံယူရတာက ပျော်ရွှင်စရာပါ.."

"ခင်များသိလား... ခင်များက တရုတ်တိုင်းရင်းဆေး ဆရာဝန်တွေထဲမှာဆို အတုယူရမဲ့လူပဲ... ခင်များက အသက်တွေကို ကာကွယ်ပေးတဲ့လူ... ကျန်းမာရေးစောင့်ရှောက်သူပဲ... ကျွန်တော်က ခင်များကို လေးစားပြီး အားကျတဲ့ဟာ...ကျွန်တော် ဘယ်လိုလုပ်ပြီး ခင်များကို နောက်ကွယ်မှာ မကောင်းပြောနိုင်မှာလဲ.."

အရာရာတိုင်းက ကျရှုံးနိုင်သော်လည်း ချော့မော့မှုက ဘယ်တော့မှ ကျရှုံးလိမ့်မည်မဟုတ်ပေ။ ပိုင်မူနင်က ဝမ်ကျင်းအနေဖြင့် သူအမွှန်းတင်ချော့မော့သည်ကို တွေ့မြင်ပြီး ပြဿနာကြီးကို ပြဿနာအသေးလေးအဖြစ် ပြောင်းလဲကာ လျစ်လျူရှုပေးစေရန် မျှော်လင့်မိသည်။ ထို့နောက် နှစ်ဦးသား အဓိပ္ပာယ်ပါသော အပြုံးတစ်ပွင့်အား အချင်းချင်းလှစ်ဟပြကာ ထွက်သွားကြရန်ပင်။

သို့သော် ဝမ်ကျင်းကမူ အရာရာကို အလွယ်တကူ အလွတ်ပေးမည့်သူ မဟုတ်ပေ။ အထူးသဖြင့် သူက အငြိုးအတေးထားရာတွင် တော်၏။

"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်" 
ဝမ်ကျင်း၏ နှုတ်ခမ်းတို့က အနည်းငယ်တွန့်သွားပြီးမှ သူ့အသံက ရုတ်တရက်ပြောင်းလဲသွားသည်။
"ဒါပေမဲ့ နောက်တစ်ခါကျရင် ချီးကျူးဖို့ မကြိုးစားပါနဲ့တော့... မင်းရဲ့အဆင့်က သာမန်ပဲ...  á€Ąá€žá€Żá€śá€¸á€Ąá€”á€žá€Żá€”á€şá€¸á€á€˝á€ąá€€á€œá€Šá€şá€¸ မသင့်လျော်ဘူး... ပြီးတော့ မင်းရဲ့ရည်ရွယ်ချက်တွေကလည်း ရိုးသားမှုမရှိဘူး... ဒါ့အပြင် ကိုယ့်လို ဝမ်းတွင်းမည်းတဲ့ ဆရာဝန်တစ်ယောက်က မင်းရဲ့ချီးကျူးမှုနဲ့ ထိုက်တန်ပါ့မလား..."

တွေ့လား... သူ့ကို အငြိုးကြီးတယ်လို့ ပြောတာ မှန်တယ်... တစ်ခုတည်းသော ရှုံးနိမ့်မှုကိုတောင် လက်ခံချင်စိတ်မရှိဘူး...

ပိုင်မူနင်သည် ထိုနေရာတွင်တင် အေးခဲသွားပြီး ပြန်လည်ချေပနိုင်ခြင်းမရှိပေ။

ထိုအချိန်တွင် သူ၏ HP သည် ကုန်ဆုံးသွားပြီး KO ခံလိုက်ရပြီဖြစ်သည်။
[HP -health power(အသက်စွမ်းအင်), KO-kill over(အသတ်ခံရ)]

သူ့အနေဖြင့် စကားနိုင်လု၍ မရနိုင်တော့ပေ။ နောက်ဆုံးတွင် သူ၏ပြိုင်ဘက်ကို တွေ့ရှိသွားပြီဟုပင် ယူဆ၍ရသည်။

ပိုင်မူနင်က အပြုံးအတုတစ်ခုကို အားတင်းကာ ပြုံးပြလိုက်သည်။ တရုတ်တိုင်းရင်းဆေးအိတ်ကို ကိုင်ထားသော သူ၏လက်က အေးစက်မှုကြောင့် ထုံကျဉ်လုနီးပါးဖြစ်နေသည်။
 "ဒါက နားလည်မှုလွဲတာပါ... လုံးဝ နားလည်မှုလွဲနေတာ..."

ဝမ်ကျင်းက သူ၏အဓိပ္ပာယ်မရှိသော စကားကို လုံးဝမယုံကြည်ပေ။ သူက သူ၏အင်္ကျီအိတ်ကပ်ထဲမှ ငွေတစ်ထပ်ကို ထုတ်ယူပြီး ပိုင်မူနင်အား ပေးလိုက်သည်။ 
"ကိုယ်မင်းအတွက် တာဝန်ယူပေးမယ်လို့ ပြောခဲ့တယ်... ဒါကြောင့် မင်းပိုက်ဆံမယူဘူး"

ထွက်ခွာသွားသော ဝမ်ကျင်း၏ပုံရိပ်ကို ကြည့်ပြီးနောက် သူပြန်ရခဲ့သော ငွေကိုကြည့်ရင်း ပိုင်မူနင် အတွေးနက်သွားသည်။
ဝမ်ကျင်းက ငါ့ကို ပိုက်ဆံပြန်ပေးဖို့သက်သက် လာခဲ့တာလား ...

သူ့အနေဖြင့် ထိုလူကို နားလည်မှုလွဲခဲ့ပုံရသည်။
လေးလံနေသောစိတ်ဖြင့် ပိုင်မူနင်က ကျောင်းသို့ ပြန်လာခဲ့သည်။ အောက်ထပ်တွင် သူက လီလီထံမှ WeChat မက်ဆေ့ခ်ျတစ်ခုကို လက်ခံရရှိလိုက်သည်။

လီလီမှာ အလွန်ပျော်ရွှင်နေပြီး သူမ၏ခင်ပွန်းဟောင်းက ပိုင်မူနင်၏ ဆူပူကြိမ်းမောင်းမှုကြောင့် အံ့အားသင့်ကာ စိတ်ပြောင်းသွားကြောင်း ပြောပြလာသည်။ မယုံနိုင်စရာကောင်းလောက်အောင်ပင် သူက လီလီ့ထံသို့ ငွေများစွာကို လွှဲပေးခဲ့သည်။ ထိုငွေပမာဏတစ်ခုချင်းစီက ကွာရှင်းစာချုပ်တွင် သတ်မှတ်ထားသည်ထက် များစွာပိုများနေသည်။

ထိုနေ့မနက်တွင် အရပ်ဘက်ရေးရာဌာန၌ လီလီနှင့် သူမ၏ခင်ပွန်းဟောင်းတို့က ကွာရှင်းစာချုပ်ပါ စည်းကမ်းချက်များနှင့် ပတ်သက်၍ ငြင်းခုံခဲ့ကြသည်။
သူမ၏ခင်ပွန်းဟောင်းက လီလီမှာ အိမ်ရှင်မတစ်ဦးဖြစ်ပြီး ငွေတစ်ပြားတစ်ချပ်မှ မရှာဖူးသောကြောင့် သူ၏ပိုင်ဆိုင်မှုများမှ ဝေစုမရသင့်ဟု ယုံကြည်ခဲ့သည်။

သူသည် သူမကို နှစ်ပေါင်းများစွာ ထောက်ပံ့ပေးခဲ့ပြီး အခမဲ့ ပေးကမ်းခဲ့သောကြောင့် လီလီကသာ သူ့ကို ပိုက်ဆံပြန်ပေးသင့်သည်ဟု ပြောဆိုခဲ့သည်ပင်။

"မင်းကို ငါထောက်ပံ့ပေးမယ်" ဟူသော ကတိစကားက "ငါက မင်းကို ထောက်ပံ့ပေးခဲ့တာ" ဟူသော စကားအဖြစ်သို့ ပြောင်းလဲသွားသည်။ လီလီမှာ သူ့ကို ရွံရှာမိပြီး စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။ နောက်ဆုံးတွင် အရပ်ဘက်ရေးရာဌာနမှ ဝန်ထမ်းတစ်ဦးက ကြားဝင်၍ ပြောလိုက်သည်။
"ကွာရှင်းစာချုပ်ကို အပြီးသတ်လို့မရရင် တရားစွဲလိုက်ပါတော့... ဒီမှာ အချိန်ကုန်ခံပြီး စကားများမနေကြနဲ့တော့" 

သူမ၏ခင်ပွန်းဟောင်းက သူ၏ချစ်သူအသစ်နှင့် အမြန်လက်ထပ်လိုသောကြောင့် ကိစ္စကို ဆွဲဆန့်၍ မရနိုင်တော့ပေ။ ထို့ကြောင့် နောက်ဆုံးတွင် သူက ငွေအနည်းငယ်ကို ပေးကာ အလျှော့ပေးလိုက်သည်။ လီလီသည်လည်း စိတ်ကုန်နေပြီဖြစ်သောကြောင့် အမြန်ဆုံး ကွာရှင်းလို၍ သဘောတူလိုက်သည်။

သူမ၏ခင်ပွန်းဟောင်းမှာ အမှန်တကယ်ပင် သတိအနည်းငယ်ဝင်လာပြီး သူမကို မျက်ကွယ်မပြုဘဲနေလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။

လီလီ၏ မက်ဆေ့ခ်ျကို ဖတ်ရင်း ပိုင်မူနင်မှာ တစ်ခုခုလွဲချော်နေသည်ဟု ခံစားရသည်။

သူမ၏ခင်ပွန်းဟောင်း၏ သဘောထား အလွန်မြန်ဆန်စွာ ပြောင်းလဲသွားသည်က တစ်စုံတစ်ယောက်မှ သူ့အား ရုတ်တရက် ကျိုးကြောင်းဆင်ခြင်လာနိုင်အောင် အကြံပေးလိုက်သကဲ့သို့ပင်။

တစ်စုံတစ်ခုက ထူးဆန်းနေလျှင် မကောင်းဆိုးဝါးတစ်ကောင် ရှိနေ၍ပင်။ ပိုင်မူနင်မှာ သူမ၏ယောက်ျားဟောင်း စိတ်ကောင်းဝင်လာသည်ဟု တကယ်ကို မယုံကြည်ပေ။

ယခင်ကလည်း အလုပ်ရှင်များအတွက် ဆက်ဆံရေးပြဿနာများစွာကို ကိုင်တွယ်ဖြေရှင်းပေးဖူးသောကြောင့် ပိုင်မူနင်မှာ လှည့်ကွက်အချို့ကို နားလည်ထားသည်။ ထို့ကြောင့် သူက လီလီအတွက် အနည်းငယ် စိုးရိမ်သွားသည်။

ပိုင်မူနင်က လီလီအား ဖုန်းခေါ်၍ သတိပေးလိုက်သည်။ 
"လီကျဲ ယောက်ျားဟောင်းဆီက အလိမ်မခံရအောင် သတိထားနော်"

လီလီက မေးလာသည်။
 "ဘာကိုဆိုလိုတာလဲ" 

"လီကျဲ ... ကျွန်တော့် အရင်အလုပ်ရှင်တွေထဲက တစ်ယောက်က သူ့ယောက်ျားဟောင်းဆီက အလိမ်ခံခဲ့ရဖူးတယ် ... အကြွေးတွေအများကြီးနဲ့ ကျန်ခဲ့တာ"

"အဲ့အလုပ်ရှင်ရဲ့ ခင်ပွန်းဟောင်းက သူ့မိန်းမ သူ့ကို ကွာရှင်းဖို့ ဆုံးဖြတ်ထားတယ်ဆိုတာသိတော့ မကွာရှင်းခင် ပိုက်ဆံအများကြီး ချေးခဲ့တာ ပြီးတော့ သူ့မိန်းမဆီကို အကြိမ်ပေါင်းများစွာ ငွေနည်းနည်းစီလွှဲပေးခဲ့တာ... ကွာရှင်းပြီးနောက်မှာ ခင်ပွန်းဟောင်းဟာ နိုင်ငံခြားကို ထွက်သွားပြီးပျော်ရွှင်နေတာလေ ကျွန်တော့်အလုပ်ရှင်ကျတော့ ငွေတိုးချေးတဲ့သူတွေ လိုက်တာခံရပြီး အကြွေးတွေ ပြန်ဆပ်နေခဲ့ရတယ်"

"အဆိုးဆုံးကတော့ ကျွန်တော့်အလုပ်ရှင်က တကယ်ကို နစ်နာခဲ့ရတာပဲ... ခင်ပွန်းဟောင်းက သူ့ကို ငွေ ၃သိန်းပဲ လွှဲပေးခဲ့ပေမဲ့ အကြွေးငါးသန်းကျော်ကို ဆပ်ခဲ့ရတာလေ"

ဤအကြောင်းကိုကြားပြီးနောက် လီလီက မေးသည်။ 
"တစ်ဖက်သတ်ယူထားတဲ့ ချေးငွေတွေက အိမ်ထောင်ရေးအကြွေးအဖြစ် သတ်မှတ်လို့မရဘူးလေ မင်းရဲ့အလုပ်ရှင်က အဲဒါကို မသိဘူးလား" 
 
ပိုင်မူနင်က ရှင်းပြလိုက်သည်။
"အဲဒီလို စည်းမျဉ်းစည်းကမ်းတော့ ရှိပါတယ်... ဒါပေမဲ့ နောက်ထပ် စည်းမျဉ်းတစ်ခု ရှိသေးတယ်... တကယ်လို့ ချေးငွေကို အိမ်ထောင်စုအသုံးစရိတ်အတွက် အသုံးပြုခဲ့တယ်ဆိုရင်တော့ အဲဒါကို အိမ်ထောင်ရေးအကြွေးအဖြစ် သတ်မှတ်နိုင်တယ်...  á€€á€ťá€˝á€”á€şá€á€ąá€Źá€ˇá€şá€›á€˛á€ˇá€Ąá€œá€Żá€•á€şá€›á€žá€„á€şá€€ အဲ့နည်းနဲ့ အလိမ်ခံခဲ့ရတာ" 

"သူရဲ့ခင်ပွန်းဟောင်းဟာ ပိုက်ဆံကို အရစ်ကျ လွှဲပေးပြီး ရက်ရောဟန်ဆောင်ခဲ့တာလေ နောက်ပိုင်းကျတော့ အိမ်ထောင်စုအသုံးစရိတ်ဆိုတဲ့ အကြောင်းပြချက်ကို သုံးပြီး သူ(မ)ကို သူ့ရဲ့အကြွေးတွေကို ပြန်ဆပ်ခိုင်းခဲ့တယ်"

"ဒီလိုကိစ္စမျိုးတွေ အရမ်းများတယ်...  á€œá€Žá€€á€ťá€˛ ကျွန်တော်အကြံပေးချင်တာက ကျဲရဲ့ခင်ပွန်းဟောင်း မကြာသေးခင်က ချေးငွေယူထားသလားဆိုတာပဲ...တကယ်လို့ သူချေးငွေယူထားခဲ့ရင် ကျဲအခွင့်အရေးတွေကို ကာကွယ်ဖို့အတွက် ရှေ့နေတစ်ယောက်ကို သေချာငှားနော်"


💊💊💊💊 Chapter 7


'ကွာရှင်းတာက စရိုက်အမှန်ကို ထုတ်ဖော်ပြပေးတတ်တယ်'ဟူသော စကားက လုံးဝမှန်ကန်သည်။ လူပေါင်းများစွာက သူတို့၏ဘဝတစ်လျှောက်လုံး၏ ဉာဏ်ရည်ဉာဏ်သွေး အားလုံးကို သူတို့၏လက်ထပ်ထိမ်းမြားမှုတွင် ထည့်သွင်းတတ်ပုံရသည်။ ကွာရှင်းမှုတစ်ခုမှ ရပိုင်ခွင့်များစွာအတွက် အိမ်ထောင်ဖက်နှင့် ပတ်သက်၍ ပရိယာယ်များစွာနှင့် စိတ်ကစားမှုများကို ပြုလုပ်ကြသည်။

လူ့နှလုံးသားမှာ ခန့်မှန်း၍မရနိုင်ဘဲ ခံစားချက်အစစ်အမှန်တို့ကို ရှာဖွေရန် ခက်ခဲသောကြောင့် အိမ်ထောင်ရေးမှာ လူများစွာက ဝင်ရောက်ရန် တွန့်ဆုတ်တတ်သည့် ခံတပ်တစ်ခု ဖြစ်လာသည်။

လီလီက ပိုင်မူနင်၏ စကားကို စိတ်ထဲတွင် မှတ်သားထားလိုက်သည်။ သူမက သူ့အား ကျေးဇူးတင်ကြောင်း ပြောပြီး အလျင်အမြန် ဖုန်းချလိုက်လေသည်။

ဖုန်းကို အိတ်ကပ်ထဲသို့ ပြန်ထည့်ပြီးနောက် ပိုင်မူနင်က နောက်ဆုံးတွင် အပေါ်ထပ်သို့တက်ကာ အဆောင်သို့ ပြန်လာခဲ့သည်။

အဆောင်တံခါးဖွင့်လိုက်သည်နှင့် လီအန်းချီက သူ့ထံသို့ လျှောက်လာပြီး ပိုင်မူနင်၏ နဖူးကို စမ်းလိုက်သည်။ ထို့နောက် သူ့ကိုယ်ပိုင်နဖူးကို ပြန်စမ်းလိုက်သည်။ 
"မူနင်... မင်း ဘယ်လိုအံ့သြစရာဆေးမျိုးများ သောက်လိုက်တာလဲ... မင်း မနက်က ဖျားနေတဲ့ပုံပေါက်ပေမဲ့ အခုတော့ လန်းဆန်းပြီး အားအင်တွေ ပြည့်နေတာပဲ... သက်သာသွားပြီလား"

"ဒါက အရမ်းမြန်လွန်းတယ်…"

လီအန်းချီသာ သတိမပေးလျှင် ပိုင်မူနင်မှာ သူဖျားနေသည်ကိုပင် မေ့လုနီးပါး ဖြစ်နေခဲ့သည်။
သူ သူ့နဖူးကို စမ်းကြည့်လိုက်သောအခါ ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီး ပူနေခြင်းမရှိတော့ကြောင်း တွေ့ရှိရသည်။

မနက်က အပြင်ထွက်ချိန်တွင် သူ၏အပူချိန်မှာ ၃၈ ဒီဂရီစင်တီဂရိတ်ရှိခဲ့ပြီး ဆေးသောက်ပြီးနောက်တွင်ပင် နေမကောင်းဖြစ်နေဆဲပင်။

ဝမ်ကျင်း၏ ကုသမှုခံယူပြီးနောက် ပိုင်မူနင်မှာ လုံးဝလန်းဆန်းသွားပြီး ယခင်ကထက်ပင် ပိုမိုကျန်းမာနေသည်ဟု ခံစားရသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ပိတ်ဆို့နေသော စွမ်းအင်လမ်းကြောင်းများ ပွင့်သွားသကဲ့သို့ ဖြစ်နေပြီး အားအင်များ ပြည့်ဝနေသည်။

ဝမ်ကျင်းမှာ အမှန်တကယ်ပင် ထူးချွန်ထက်မြက်သူဖြစ်နေ၏။ ပိုင်မူနင် သူ့ကို နားလည်မှုလွဲခဲ့ခြင်းပင်။

ဝမ်ကျင်းကို ဝမ်းတွင်းမည်းလူလိမ်ဟုပင် ခေါ်ဆိုကာ သူ၏ မကောင်းကြောင်းများကို ပြောဆိုခဲ့မိသည့် ယခင်က အကြောင်းများကို ပြန်စဉ်းစားမိသောအခါ ပိုင်မူနင်မှာ အလွန်ရှက်ရွံ့သွားရသည်။

ဝမ်ကျင်းက သူ့ရောဂါကို ကုသပေးရုံသာမက ငွေလည်းမယူခဲ့ပေ။ ထိုအတောအတွင်း ပိုင်မူနင်ကမူ သူ့ကို မကောင်းပြောလိုက်သေးသည်။

အိုး... ငါတော့ ခုမှစကောင်းမွန်လာတဲ့ ဆက်ဆံရေးကို မရည်ရွယ်ဘဲ ဖျက်ဆီးလိုက်ပြီ...

ငါ ဝမ်ကျင်းကို ဘယ်လိုပြန်ချော့ရမလဲ... သူပျော်လာအောင် ဘယ်လိုလုပ်ပေးရမလဲ...

ထိုညနေတွင် ပိုင်မူနင်က လီအန်းချီကို ဟော့ပေါ့လိုက်ကျွေးခဲ့သည်။ သူက ပိုက်ဆံအနည်းငယ် ရထားလေရာ သူ့သူငယ်ချင်းကောင်းကို အပြင်သို့ခေါ်၍ ထမင်းလိုက်ကျွေးသင့်သည်။

သူတို့က လူကြိုက်များနေသော ဟော့ပေါ့ဆိုင်သို့ သွားကြသည်။ ဈေးနှုန်းသင့်တင့်ပြီး လူတစ်ဦးချင်းစီအတွက်လည်း သင့်လျော်သည်။ အရေးအကြီးဆုံးမှာ သူတို့ စိတ်ကျေနပ်သည်အထိ စားနိုင်သောကြောင့်ပင်။

စားသောက်ပြီးနောက် အပြန်လမ်းတွင် လီအန်းချီက ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့လိုက်သည်။ သူက ပိုင်မူနင်ကို အရင်သွားနှင့်ရန် ပြောပြီး ထိုလူနောက်သို့ အလျင်အမြန် လိုက်သွားသည်။

ပိုင်မူနင် လှည့်ကြည့်လိုက်သောအခါ လီအန်းချီ လိုက်နေသောသူက အရပ်ရှည်သော အမျိုးသားတစ်ဦးဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိုအမျိုးသားက လျင်မြန်စွာလျှောက်သွားနေပြီး လီအန်းချီက လိုက်မီရန်ရုန်းကန်နေရသည်။ ထိုအမျိုးသားကမူ သူ့ကို စောင့်ရန်  á€›á€Šá€şá€›á€˝á€šá€şá€á€ťá€€á€şá€›á€žá€­á€•ုလမပ္ဍ်ပ္။

ပိုင်မူနင် ထိုလူကို မှတ်မိသည်။ သူ၏နာမည်မှာ ကျန်းခယ်ကျန့်ဖြစ်ပြီး လီအန်းချီ၏ သူငယ်ချင်းဖြစ်သည်။

ကျန်းခယ်ကျန့်မှာ လီအန်းချီ၏လေးနှစ်ကြာကျူတာဆရာဖြစ်ခဲ့သည်။ ကံမကောင်းစွာဖြင့် လီအန်းချီက စာမလိုက်နိုင်သောကြောင့် ဘွဲ့ကြိုကျောင်းသားအဖြစ် မတက်ရောက်နိုင်ခဲ့ဘဲ ဂျူနီယာကောလိပ်တွင်သာ တက်ရောက်ခဲ့ရသည်။

လက်ရှိတွင် ကျန်းခယ်ကျန့်မှာ ဘွဲ့လွန်ဒုတိယနှစ်ဖြစ်ပြီး နောက်နှစ်တွင် ဘွဲ့ရမည်ဖြစ်သည်။ သူက တကယ်ကိုရွှယ်ပါ့[စာတော်တဲ့ကျောင်းသား]အစစ်ပင်။

စဉ်းစားကြည့်လျှင် ဝမ်ကျင်းသည်လည်း ပညာရေးတွင် အတော်ပင် ထူးချွန်သည်။ သူက ကျင်းနန်တက္ကသိုလ်၏ တရုတ်တိုင်းရင်းဆေးပရိုဂရမ်မှ ပါရဂူဘွဲ့ရရှိခဲ့ပြီး ဘွဲ့ရပြီးနောက်တွင် ပုဂ္ဂလိကဆေးခန်းတစ်ခုတွင် တိုက်ရိုက်အလုပ်ဝင်ခဲ့သည်။ အမှန်တကယ်ကို အလားအလာကောင်းသော အနာဂတ်ကိုပိုင်ဆိုင်ထား ပေ၏။

လီအန်းချီအနေဖြင့် အမြန်ပြန်လာမည့်ပုံမပေါ်သောကြောင့် ပိုင်မူနင်သည်လည်း အလျင်စလိုပြန်ရန် မဆုံးဖြတ်တော့ဘဲ စန်းဝမ်ခန်းမသို့ ဦးတည်လိုက်သည်။

သူ့အနေဖြင့် ယနေ့ကိစ္စကို ဖြေရှင်းရန် လိုအပ်သည်။ မည်သို့ပင်ဆိုစေကာမူ သူက ဝမ်ကျင်းကို နားလည်မှုလွဲခဲ့သောကြောင့် လူကိုယ်တိုင် သွားရောက်တောင်းပန်သင့်သည်။

ယခုအချိန်တွင် စန်းဝမ်ခန်းမက လူရှင်းနေပြီး ဆေးညွှန်းစာများကို စောင့်ဆိုင်းနေသော လူအနည်းငယ်သာ ရှိသည်။

ချန်ဟောက်နန်က ငွေပေးချေမှုကောင်တာတွင် တစ်ခုခုလုပ်နေဆဲဖြစ်သည်။

ပိုင်မူနင်က လျှောက်သွားပြီး မေးလိုက်သည်။
"မင်္ဂလာပါ ဒေါက်တာဝမ် ရှိလားမသိဘူး" 

ချန်ဟောက်နန်က မော့ကြည့်ပြီး ပြုံးပြလာလျက် ဆိုသည်။
"မင်းကောင်လေး ဒေါက်တာဝမ်က ဒီမှာမရှိဘူး... ဘာကိစ္စရှိလို့လဲ" 

ကလေးတစ်ယောက်ကို ချော့မြှူသည့်အတိုင်းပင် သူ၏စကားသံက ပေါ့ပေါ့ပါးပါးနှင့် အေးအေးဆေးဆေးဖြစ်နေ၏။

ပိုင်မူနင်မှာ ဤလူသည် သေချာပေါက် ပင်လယ်ဘုရင် (sea king)ဖြစ်ရမည်ဟု ခံစားလိုက်ရသည်။ ထိုသူမှာ ဘယ်တော့မှ အလေးအနက်စကားမဆိုတတ်သည့် ပွေရှုပ်သူဖြစ်ရမည်။

(T/N - Sea king ဆိုတာက အထီးကျန်ရတာမကြိုက်ဘဲ အကုန်လုံးကို ပေါ့ပေါ့ပါးပါးဆက်ဆံတတ်တဲ့လူတွေကို ဆိုလိုတာပါတဲ့)

"ကျွန်တော်က ကလေးမဟုတ်ဘူးနော်...ကျေးဇူးပဲ" 
ပိုင်မူနင်က အလေးအနက်ပြောလိုက်သည်။
"ကျွန်တော် အသက် ၂၀ ရှိနေပြီ"

"ဒေါက်တာဝမ် အလုပ်ဆင်းသွားပြီလား" 

ပိုင်မူနင်က ဝမ်ကျင်း၏ ရုံးခန်းကို လှမ်းကြည့်လိုက်သည်။ တံခါးမှာ အနည်းငယ်ဟနေသော်လည်း အတွင်းခန်းမှာ မှောင်နေသောကြောင့် ဘာမှ မမြင်ရပေ။
သူ အမှန်တကယ်ပင် ပြန်သွားပြီဟု ထင်ရသည်။

"ဟုတ်တယ် အသက်၂၀ရောက်နေတဲ့ ကလေးလေးဖြစ်တာကလည်း အထင်ကြီးစရာပဲ... ဒေါက်တာဝမ်က အလုပ်ပြီးလို့ ပြန်သွားပြီ... ဘာကိစ္စနဲ့ ရှာနေတာလဲ... ကိုယ့်ကိုလည်း ပြောလို့ရပါတယ်"

ချန်ဟောက်နန်က ပိုင်မူနင်ကို စကားမပြောဘဲ ကြည့်နေခဲ့သည်။ သူ့မျက်နှာအမူအရာက ငြင်းဆန်လိုသည်မှာ ထင်ရှားလှပေသည်။

ချန်ဟောက်နန်က အားရပါးရ ရယ်မောလိုက်ပြီးဆိုသည်။
"မင်း မပြောချင်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး...  á€’ဍပ္မဲအ ကိုယ်အကြံပေးချင်တာကတော့ သူ့ကို အခု မရှာတာ ပိုကောင်းမယ်... ဒေါက်တာဝမ်က မင်းကို ပိုက်ဆံပြန်ပေးပြီး ပြန်လာတော့ မျက်နှာက ရှုံ့မဲ့နေတာပဲ... မင်း သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် ဘာလုပ်လိုက်လဲဆိုတာ မေးတော့မလို့ပဲ" 

"ကိုယ်တို့ရဲ့ ဒေါက်တာဝမ်က အဲဒီလောက် ဒေါသထွက်လေ့ မရှိဘူး... မင်းက သူ့ကို ဒေါသထွက်အောင် လုပ်နိုင်တဲ့ ဒုတိယမြောက်လူပဲ"

မေးစရာပင် မလိုတော့ချေ။ ပိုင်မူနင်မှာ ပထမဆုံးလူက မည်သူဖြစ်သည်ကို သိပြီးဖြစ်သည်။ ၎င်းမှာ ဝမ်ကျင်း၏ ညီမလေး စွန်းကျင်း ဖြစ်သည်မှာ သေချာသည်။

ပိုင်မူနင်မှာ နောက်ထပ် စကားရော အတင်းအဖျင်းပါ မဆိုတော့ပေ။
"ကျွန်တော် ဒေါက်တာဝမ်ကိုပဲ ရှာချင်တာ... သူ့ကို ဆက်သွယ်လို့ရမဲ့ အချက်အလက်တွေကို ပေးလို့ရမလား" 

"ရတာပေါ့"
ပိုင်မူနင် ပျော်ရွှင်မိတော့မည့်အချိန်တွင် ချန်ဟောက်နန်က ထပ်ပြောသည်။ 
"ဒါပေမဲ့ မင်းတို့နှစ်ယောက်ကြားမှာ ဘာဖြစ်ခဲ့လဲဆိုတာ ကိုယ့်ကို အရင်ပြောရမယ်.. မဟုတ်ရင် ကိုယ့်သူငယ်ချင်းကို ကိုယ် သစ္စာဖောက်မှာမဟုတ်ဘူး"

ဒါဆို ခင်ဗျားကို ပြောပြတာက သူ့ကို သစ္စာဖောက်တာပေါ့... 

ခင်ဗျားတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးက အဲဒီလောက်တောင် ဗလာသက်သက်ကြီး ဖြစ်နေတာလား...

ဝမ်ကျင်းက သူ၏ဆက်သွယ်ရမည့်အချက်အလက်များကို ကျိန်းသေပေါက် ပေးမည် မဟုတ်သောကြောင့် ပိုင်မူနင်က သူ့ရှေ့မှလူကိုသာ အားကိုးရတော့ပေမည်။
"ကျွန်တော် သူ့ကို အထင်လွဲသွားမိလို့ တောင်းပန်ချင်လို့ပါ"

ဒါပေါ့ ငါ သေချာပေါက် အများကြီးပြောပြမှာ မဟုတ်ဘူးလေ… အရိပ်အမြွက်ပေးရင် တော်ပြီပေါ့…

ထိုအကြောင်းရင်းက လက်ခံနိုင်ပုံရသောကြောင့် ချန်ဟောက်နန်က စိတ်ကျေနပ်သွားဟန်ဖြင့် ပြောလိုက်သည်။
" ကဲ ဒီမှာ ဒေါက်တာဝမ်ရဲ့ ဖုန်းနံပါတ်ကိုလိုက်ရေး…"

ချန်ဟောက်နန်က သူ့ဖုန်းကိုကိုင်၍ contactများကိုကြည့်နေလျက် မေးလိုက်သည်။
"မင်း သူ့ရဲ့ Wechat IDရော လိုသေးလား"

ပိုင်မူနင် : “…?”

ခင်ဗျား သူ့ကို ဒီလို ရောင်းစားနေတာ ဝမ်ကျင်းရော သိရဲ့လား…

"လိုတယ်"

ပိုင်မူနင်အတွက်မူ ယနေ့က တကယ့်ကို အကျိုးရှိလှသည့် နေ့တစ်နေ့ပင် ဖြစ်သည်။ ဒေါက်တာဝမ်၏ ဖုန်းနံပါတ်ကို ရရှိခဲ့ရုံသာမက WeChat တွင်ပါ အပ်ခွင့်ရခဲ့သောကြောင့် ဖြစ်၏။ သို့သော်လည်း တစ်ခုတည်းသော စိုးရိမ်စိတ်မှာ ဒေါက်တာဝမ်က သူ၏ Friend Request ကို လက်ခံပါ့မလားဆိုသည့် အချက်ပင်။

ထိုစဉ် ချန်ဟောက်နန်က စေတနာနှင့် အကြံပြုစကား ဆိုလာသည်။
"ဒေါက်တာဝမ်က သူစိမ်းဆိုရင် လက်ခံလေ့မရှိဘူးကွ… အဲ့ဒါကြောင့် ခဏခဏ ပြန်addကြည့်ဖို့ မမေ့နဲ့ဦး
ကလေးလေး... ကံကောင်းပါစေ" 

ချန်ဟောက်နန်က ပိုင်မူနင်အား ဒေါက်တာဝမ်နှင့် တကယ်ပင် နီးစပ်စေချင်နေသည့်အလား ပြုမူနေသဖြင့် သူ၏ အပြုအမူများက တစ်မျိုးကြီး ဖြစ်နေသည်ဟု ပိုင်မူနင် ခံစားနေရလေသည်။

ဒီလူက ဘာဖြစ်ချင်နေတာလဲ…

WeChat မှ ပေးပို့ထားသော Friend Request မှာ အကြောင်းပြန်မှုမရှိဘဲ ဆိုင်းငံ့နေဆဲဖြစ်သဖြင့် ပိုင်မူနင်က စာတိုတစ်စောင် ထပ်မံပေးပို့ရန် ဆုံးဖြတ်လိုက်သည်။

[မင်္ဂလာပါ ဒေါက်တာဝမ်…ကျွန်တော် ပိုင်မူနင်ပါ… ဒီနေ့ ကျွန်တော့်ကို ကုသပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်… ကျွန်တော် ဒေါက်တာ့အပေါ် အထင်လွဲခဲ့မိတဲ့အတွက် တောင်းပန်ချင်လို့ပါ… တကယ်ပဲ စိတ်မကောင်းပါဘူး၊ အကုန် ကျွန်တော့်အမှားတွေပါ…]

သူက ပေးပို့သည်ကို နှိပ်လိုက်သော်လည်း တစ်ဖက်မှ မည်သည့်တုံ့ပြန်မှုမျှ ရှိမလာသေးပေ။

သို့သော်လည်း ပိုင်မူနင်က လက်မလျှော့ချင်သေးဘဲ နောက်ထပ်စာတစ်စောင်ကို ထပ်မံပေးပို့လိုက်လေသည်။

[ ကျွန်တော် ခင်ဗျားကို WeChatမှာ addထားတယ်… အားတဲ့အချိန်ကျမှ ကျေးဇူးပြုပြီး လက်ခံပေးပါဦး ]

[ ဒေါက်တာဝမ် စာတွေတွေ့လားဟင်… ကျေးဇူးပြုပြီး လက်ခံပေးပါဦးနော် ]

ပေးပို့လိုက်သမျှ စာတိုတိုင်းမှာ ဟင်းလင်းပြင်ထဲ ပျောက်ကွယ်သွားသကဲ့သို့ပင် ရှိနေသည်။ ဒေါက်တာဝမ်က ထိုစာများကို မမြင်သည်လား၊ သို့မဟုတ် တမင်သက်သက်ပင် လျစ်လျူရှုထားလေသလား မသိရဘဲ သူ၏ တုံ့ပြန်မှုကို လုံးဝ မတွေ့ရပေ။

ပိုင်မူနင်လည်း စိတ်ဓာတ်ကျသွားကာ ကုလားထိုင်ပေါ်သို့ အားမရှိသလို ပစ်ထိုင်လိုက်မိသည်။ ဒေါက်တာဝမ်က တကယ်ပင် ကိုင်တွယ်ရခက်ခဲသူ ဖြစ်သည်ဟု သူတွေးနေမိ၏။

ရှေ့ဆက်၍ မည်သို့လုပ်ရမည်ကို စိတ်ညစ်စွာ စဉ်းစားနေစဉ်မှာပင် အသံပိတ်ထားသော သူ၏ဖုန်းလေးမှာ ရုတ်တရက် တုန်ခါသွားလေတော့သည်။

[ စိတ်မရှိပါနဲ့…အခုမှပဲ စာကို မြင်လိုက်လို့ပါ… မင်းတောင်းပန်တာကို ငါ လက်ခံပါတယ်… ဒါပေမဲ့ WeChat မှာတော့ addထားဖို့ မလိုပါဘူး…တစ်ခုခု လိုအပ်တာရှိရင် 'စန်းဝမ်ခန်းမ' ရဲ့ Customer Service ဖုန်းနံပါတ်ကိုပဲ ဆက်သွယ်ပေးပါ… ငါက ကိုယ်ပိုင်အချိန်တွေမှာ စာပြန်လေ့မရှိလို့ပါ… ကျေးဇူးတင်ပါတယ်]

အငြင်းခံလိုက်ရပြီးနောက်တွင် ပိုင်မူနင်သည် ယခုတလောအတွင်း ဝမ်ကျင်းနှင့် ပတ်သက်ခဲ့သမျှ အပြန်အလှန် ဆက်ဆံရေးများအပေါ် ပြန်လည်သုံးသပ် ဆင်ခြင်မိလေတော့သည်။

ဝမ်ကျင်းက တကယ်တမ်း၌ ချဉ်းကပ်ရန် အလွန်ခက်ခဲသောသူ တစ်ဦးပင် ဖြစ်သည်။ ပိုင်မူနင်အနေဖြင့် သူ၏ ဆက်သွယ်ရန် အချက်အလက်များ ရှိနေပါသော်လည်း WeChat တွင် အပ်ခွင့်မရခဲ့ခြင်းက ဝမ်ကျင်းသည် လွယ်လွယ်နှင့်သွားရှုပ်၍ရသူ မဟုတ်ကြောင်း သက်သေပြနေသည်။ သူက လူမှုဆက်ဆံရေးများနှင့် ပတ်သက်လာလျှင် အလွန်အလေးအနက်ထားတတ်သူ ဖြစ်၏။

သို့သော် တစ်ချိန်တည်းမှာပင် သူက မိမိ၏ Comfort Zone အတွင်း၌သာ ပုန်းအောင်းနေလိုပြီး အပြင်သို့ ထွက်လာရန် ဝန်လေးနေသူလည်း ဖြစ်သည်။

ထိုကဲ့သို့သော လူစားမျိုးအတွက်မူ ပို၍ တက်တက်ကြွကြွ ချဉ်းကပ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ သွယ်ဝိုက်သော နည်းလမ်းများဖြင့် ကြိုးစားနေခြင်းက အလုပ်ဖြစ်မည် မဟုတ်ပေ။ ထို့ကြောင့် ပိုင်မူနင်က တဲ့တိုး ဖွင့်ပြောချလိုက်ရမည်ဟု တွေးမိလေတော့သည်။

"ဇွဲရှိတဲ့သူကို ဘယ်သူမှ မကျော်နိုင်ဘူး" ဆိုသည့် စကားပုံက ဝမ်ကျင်းအတွက်လည်း အကျုံးဝင်နေပေသည်။

မှန်ပေသည်။ သူ ဖွင့်ပြောတော့မည်။ ရဲရဲဝံ့ဝံ့နှင့် စိတ်အားထက်သန်စွာ ဝန်ခံခြင်းဖြင့် ဝမ်ကျင်း၏ အေးစက်လှသော နှလုံးသားကို နွေးထွေးလာအောင် လုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။

အစီအစဉ်က အဆင်သင့်ဖြစ်နေပြီ။ မနက်ဖြန်ကျလျှင် နှင်းဆီပန်းများဝယ်ပြီး သူ၏ရင်တွင်းစကားကို ဖွင့်ဟတော့မည်။

ဝမ်ကျင်း၏ ရှေ့မှောက်တွင် "ဒေါက်တာဝမ်... ကျွန်တော် ခင်ဗျားကို သဘောကျတယ်" ဟု ကျယ်လောင်စွာ ပြောချလိုက်မည်ဟု သူ ကြံရွယ်နေမိလေတော့သည်။

 ×××××

ပိုင်မူနင်မှာ နှင်းဆီပန်းစည်းတစ်စည်းက ဤမျှစျေးကြီးနိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးဖူးချေ။ သတို့သမီးပန်းပွင့်[baby's breath]လေးများပါသည့် အနီရောင်နှင်းဆီ ၃၃ ပွင့်မှာ ယွမ် ၅၂၀ ကျပြီး၊ ၉၉ ပွင့်ကမူ  á‰á‰á‰á€šá€˝á€™á€şá€€á€ťáá‹

လစာတွေက နည်းသထက်နည်းလာတာတောင်မှ ဘာလို့ လုပ်ငန်းတွေအားလုံးက လူတွေကို အပြိုင်အဆိုင် လိမ်လည်နေကြရတာလဲ.... ဒီဆိုင်တွေက သာမန်ပြည်သူတွေရဲ့ ဝယ်ယူနိုင်စွမ်းကို ထည့်စဉ်းစားပေးလို့ မရနိုင်တော့ဘူးလား...

ပန်းရောင်းသူက အသေးစိတ်ကျကျကျွမ်းကျင်စွာဖြင့် ရှင်းပြပေးနေသည်။ ပန်း၏အဓိပ္ပာယ်၊ ဘယ်ပန်းအမျိုးအစားများက ဘယ်လိုအခမ်းအနားများနှင့် လိုက်ဖက်သည်တို့ကိုပါ ပြောပြပေးသည်။ ၎င်းမှာ အမှန်တကယ်ကို အသိပညာ ဗဟုသုတရစရာဖြစ်သော်ငြား ပိုင်မူနင်ကမူ လုံးဝစိတ်မဝင်စားပေ။

သူ မတတ်နိုင်သဖြင့် နားထောင်နေရခြင်းက အချိန်ဖြုန်းရုံသာ။

ပန်းရောင်းသူက အကင်းပါးသူတစ်ယောက်ဖြစ်ပြီး ပိုင်မူနင်၏ ငွေကြေးအခြေအနေကို လျင်မြန်စွာ သတိထားမိသွားသည်။ သူမက သူ့ကို လှောင်ပြောင်လာခြင်းမပြုသလို တိုက်ရိုက်ပြောဆိုခြင်းလည်း မပြုပေ။ 

ယင်းအစား သူမက ယဉ်ကျေးစွာ ပြောလိုက်လေသည်။
"အေးအေးဆေးဆေး ပတ်ကြည့်ပါ... တစ်ခုခုလိုအပ်ရင် ပြောပါနော်"

ပိုင်မူနင်က ကျေးဇူးတင်စကားဆိုပြီး တကယ်လည်း ပေါ့ပေါ့ပါးပါး လှည့်လည်ကြည့်ရှုနေလေ၏။

ဘယ်သူကများ ဖွင့်ဟဝန်ခံတဲ့အခါ နှင်းဆီနီတွေ ပါရမယ်လို့ ပြောခဲ့တာတုန်း... အခြားပန်းတွေသုံးလို့မရဘူး...
ဥပမာပြောရရင် ပင်ပေါင်ဂန္ဓမာ (chrysanthemums) ပန်းတွေဆိုရင်ရော....

ပိုင်မူနင်က ယင်းကို ချက်ချင်း စိတ်ထဲက ထုတ်ပစ်လိုက်သည်။ အကယ်၍ ဤပန်းများကိုသာ သူပေးလိုက်လျှင် အပြင်ကို သေချာပေါက် ကန်ထုတ်ခံရပေလိမ့်မည်။ 

ကျော်လိုက်တော့...
[ဒီပန်းတွေကိုတော့ ကျော်လိုက်တော့လို့ပြောချင်တာပါ]

နေကြာတွေဆိုရင်ရော...

ထိုအကြံအားလည်း ခပ်မြန်မြန်ပင် ပယ်ချလိုက်၏။သူ၏ဇာတိတွင်ဆိုလျှင် လူအများက ထိုပန်းအတွက် ငွေပေးလိုစိတ်ပင်ရှိမနေချေ။

စျေးနည်းသည့်အရာများက အရုပ်ဆိုးကာ လှပသည့်အရာများကမူ စျေးက မိုးထိုးကာနေ၏။ ပိုင်မူနင်က သူ့အိတ်ကပ်ထဲမှ ငွေသားတို့အား ထိကြည့်ကာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ ချိန်းတွေ့ခြင်းက ဤမျှစျေးကြီး၏။

သူက သက်ရောက်နိုင်စွမ်းအမြင့်ဆုံးအကြံအားထုတ်ရန် ရုန်းကန်နေရစဥ် အခြားဖောက်သည်တစ်ဦးက ဆိုင်ထဲဝင်လာသည်။အနှီအမျိုးသားက အသက်၂၀စွန်းစွန်းမျှသာရှိသေးပြီး ယွမ်၅၂၀တန် နှင်းဆီပန်းစည်းအားကိုင်လျက် ပြန်အမ်းငွေရဖို့ရာ ဆိုင်ရှင်နှင့် စကားပြောနေလေသည်။

"သူဌေးရေ ကျွန်တော်ဒါကိုယူသွားတာ နာရီဝက်တောင်မကြာသေးဘူး ငွေပြန်အမ်းပေးနိုင်မလား..." 

ပန်းဆိုင်သူဌေးက အပြုံးလေးဖြင့် ငြင်းလိုက်လေ၏။
"တောင်းပန်ပါတယ်နော် ရောင်းပြီးသွားတဲ့ပန်းတွေအတွက် ငွေပြန်မအမ်းပါဘူး..."

အမျိုးသားက လက်မလျှော့ပေ။
"ဘာလို့မရတာလဲ... ဘာမှတောင်မဖြည်ရသေးဘူးလေ... တခြားလူကို ပြန်ရောင်းလို့ရတာပဲ... ကျွန်တော်ဂရုမစိုက်ဘူး... ငွေပြန်အမ်းပေးပါ..."

ပန်းဆိုင်သူဌေးက ထိုသို့သော ခက်ခဲသည့်အခြေအနေနှင့်ပတ်သက်၍ အတွေ့အကြုံရှိပြီးသားပင်။ သူမက တည်တည်ငြိမ်ငြိမ်ပင်ပြုံးလိုက်သည်။

"မင်းဖွင့်ပြောမလို့မလား ဘာလို့လဲ မင်းကောင်မလေးက သဘောမကျဘူးလား"

လမ်းခွဲရသည့်အကြောင်းကို ပြန်လှန်ပြောဆိုရခြင်းက အမျိုးသားအား ဒေါသသာ ပိုထွက်စေ၏။
"လမ်းခွဲလိုက်ပြီကို ဘယ်လိုပေးရမှာလဲ သူကကျွန်တော့်ကိုတောင် ကြိုက်ခဲ့တာမဟုတ်ဘူး ဒီအတိုင်း အပိုဘီးလေးဖြစ်ခဲ့တာ..."

ပန်းဆိုင်သူဌေးက ပြုံးကာဆိုလိုက်သည်။
"ဒါဆို တခြားတစ်ယောက်ကို ပေးရင်ရော..."

ပိုင်မူနင်က ဆက်နားထောင်မနေတော့ပေ။ ပန်းဆိုင်အပြင်ထွက်ကာ ထိုအမျိုးသားထွက်အလာကို စောင့်နေလိုက်သည်။

ပန်းဆိုင်သူဌေးက သူ့ကို ငွေပြန်မအမ်းမည်မှာ သေချာ၏။ သို့ဖြစ်ရာ သူထိုလူကိုစောင့်နေပြီး စျေးအသက်သာဆုံးဖြင့်ဝယ်နိုင်ရန် တွေးလိုက်သည်။

-

ထင်ထားသည့်အတိုင်း မိနစ်အနည်းငယ်ကြာပြီးနောက် ထိုလူက ကျရှုံးလျက် ထွက်လာ၏။

သူက သူ့ကိုယ်သူ မကျေမချမ်းရေရွတ်နေသေးသည်။

"သူက ငါ့ကိုဘာလို့ ပိုက်ဆံပြန်မပေးတာတုန်းဟ... ဒီပန်းစုတ်တွေက ကံကြမ္မာကိုတောင် ဆုံးဖြတ်လိုက်သေး[ပန်းကြောင့်လမ်းခွဲရတာလို့ပြောချင်တာပါ]... ဒီလိုမှန်းသိရင် မဝယ်ပါဘူး"

သူ ထွက်သွားသည်ကိုတွေ့လျှင် ပိုင်မူနင်က အမြန်လိုက်ဖမ်းလိုက်သည်။
"ဟယ်လို ကျွန်တော်ဒီပန်းတွေကို ဝယ်ချင်ပါတယ်... ဒါပေမဲ့ ၅၀ပဲတတ်နိုင်တယ်"

ယင်းက ပိုင်မူနင်ပေးနိုင်သည့် အမြင့်ဆုံးစျေးပင်။ ချူးတစ်ပြားပင် ပိုမပေးနိုင်ပေ။
"၅၀လား ငါက၅၂၀တောင်ပေးဝယ်လာရတာကွ"

"ဘယ်သူက သုံးပြီးသားပန်းကြီးကို ကိုယ်ကြိုက်တဲ့လူကို ပေးချင်မှာလဲ ကျွန်တော့်ကိုရောင်းရင် အနည်းဆုံး ၅၀တော့ပြန်ရတာပေါ့"

ထိုသူမှာ ဤမျှအထိ အရူးလုပ်ရမလွယ်ပေ။
"မင်းက သုံးပြီးသားပန်းကြီးကို သူများကိုသွားပေးမှာပဲမလား ၅၀၀ပဲ တစ်ပြားမှ မလျှော့နိုင်ဘူး..."

"ကျွန်တော်က သဘောကျတဲ့လူကို ပေးမလို့မဟုတ်ဘူး ပြောရရင် ချွေတာသင့်တဲ့နေရာ ချွေတာနေရုံပဲ..."

ပိုင်မူနင်က ရှင်းအောင်ပြောလိုက်ပြီးနောက် ကြင်နာစွာပင်သတိပေးလိုက်၏။
"မင်း ထပ်တုံ့ဆိုင်းနေရင် အအေးဒဏ်ကြောင့် ပန်းတွေပျက်စီးသွားတော့မှာနော်... အဲ့ကျ ယွမ်၅၂၀လုံး ဆုံးပြီပဲ"

သူ့အသံကခိုင်မာနေပြီး ညှိနှိုင်းခွင့် လုံးဝပေးမထားချေ။

အမျိုးသားက စဥ်းစားလိုက်သည်။ ထို့နောက်တွင် ယင်းတို့ကိုသယ်ကာ လျှောက်သွားနေရသည်က ပင်ပန်းကြောင်းကို သတိပြုမိသွား၏။ သူရောင်းပြီး ဆုံးရုံးမှုများကို လျှော့ချရပေမည်။

လက်တစ်ဖက်တွင်ငွေကိုကိုင်ကာ ကျန်တစ်ဖက်၌ပန်းအားသယ်လျက် ပိုင်မူနင်တစ်ယောက် စန်းဝမ်ခန်းမကို တိုက်ရိုက်သွားတော့သည်။

သူက အငှားကားပင် ခေါ်လိုက်သေး၏။ ရာသီဥတုက အေးလွန်းရာ ပန်းများကိုအေးခဲပြီး ပျက်စီးမသွားစေလိုပေ။


💊💊💊💊 Chapter 8
သတ္တိအပြည့်ဖြင့် ဖွင့်ဟဝန်ခံခြင်း


ရုံးဖွင့်ရက်ဖြစ်သော်လည်း စန်းဝမ်ခန်းမမှာ ယောက်ျား၊မိန်းမ၊ လူကြီး လူငယ်၊ အရွယ်သုံးပါးမရွေး လူနာများဖြင့်ပြည့်နေသည်။ 

ပိုင်မူနင် ပန်းစည်းကိုင်ကာ ဝင်သွားခိုက်၌ မျက်လုံးများစွာက သူ့ထံရောက်လာ၏။ သူက ချက်ချင်းဆိုသလို အာရုံစိုက်ရာဗဟိုချက် ဖြစ်သွားတော့သည်။

အားလုံးက ဆေးခန်းကို ကျေးဇူးတင်စိတ်ဦးထိပ်တင်လျက် လာကြခြင်းဖြစ်ကာ သူတစ်ဦးထဲကသာ ပန်းစည်းကိုင်လျက် ရောက်သွားသည့်အခါ မတူကွဲပြားကာ ထင်ထင်ရှားရှားကြီးဖြစ်နေခဲ့သည်။

နှင်းဆီအားလုံးက စွင့်စွင့်ကားကားပွင့်လန်းနေပြီဖြစ်ကာ တစ်ပွင့်ချင်းစီက အလှဆုံးသောအခြေအနေတွင်ရောက်နေသည်။ ထိုအခိုက်အတန့်တွင်ရောက်ရှိနေသော ပိုင်မူနင်ကဲ့သို့ပင်။

ယနေ့တာဝန်ကျသည့် ဧည့်ကြိုကောင်တာမှူးမှာ ယခင်ကအမျိုးသမီးငယ်လေးဖြစ်သည့် ကျွမ်းယွိမြန်ပင်။ ပိုင်မူနင်က သူမနှင့် ဂိမ်းအနည်းငယ် ကစားခဲ့ဖူးရာ သူတို့နှစ်ယောက်က အွန်လိုင်းဂိမ်းတစ်ခုတွင် အသင်းဖော်များ ဖြစ်နေကြလေပြီ။

သူမက ပိုင်မူနင် ဝင်လာသည်ကိုမြင်ရသည်နှင့် ချက်ချင်းပင် နှုတ်ဆက်ကာ မေးလိုက်သည်။
“အိုး... ဘုရားရေ... မင်း ဒီနေ့ ဘာဖြစ်လာတာလဲ”  

ပိုင်မူနင်က ပြောလိုက်သည်။
“မြန်ကျဲ... ကျွန်တော့်ကို ဒေါက်တာဝမ်ဆီမှာ နံပါတ်စာရင်းသွင်းပေးပါဦး... ကျွန်တော် သူ့ကို လာတွေ့တာ” 

ကျွမ်းယွိမြန်က အံ့အားသင့်မှုနှင့်အတူ ပြောစရာစကားမဲ့သွားရခဲ့ရသော်ငြား သူမက ရှေ့သို့ကိုယ်ကိုကိုင်းကာ တိုးတိုးလေးသတိပေးလာသည်။
“ငါ့ကို မင်း ဒေါက်တာဝမ်ကို ဖွင့်ပြောမယ်လို့တော့ မပြောနဲ့နော် အစီအစဥ်ရှိရင် လက်လျှော့လိုက်ဖို့ပဲ ကျဲကအကြံပေးလိုက်မယ်...”

ပိုင်မူနင်မှာ အရှက်ရှိသူမဟုတ်ပေ။ သူက ဝမ်ကျင်းကိုနောက်မဆုတ်စတမ်း ဆွဲဆောင်ဖို့ရာ ဆုံးဖြတ်ပြီးဖြစ်၍ ယင်းအား လျှို့ဝှက်ချက်အဖြစ်ထားပြီး ဖုံးကွယ်လုပ်ဆောင်တော့မည်မဟုတ်ပေ။ 

မဟာမိတ်ဖွဲ့ခြင်းက ကောင်း၏။ ဖွင့်ဟဝန်ခံမှုတစ်ခု ချောချောမွေ့မွေ့ဖြစ်ရန် မှန်ကန်သည့်လေထုကို လိုအပ်သောကြောင့် သူ့အနေဖြင့် ကူညီမြှင့်တင်ပေးမည့်သူတစ်ယောက်ကို လိုအပ်နေသည်။

သို့သော် ကျွမ်းယွိမြန်၏ အမူအရာက ပုံမှန်မဟုတ်ချေ။ သူမက သူ့အတွက် စိတ်ရင်းမှန်ဖြင့် စိုးရိမ်နေဟန်ပေါ်သည်။

“ဘာလို့လဲ... ဒေါက်တာဝမ်မှာ ကောင်လေးရှိလို့လား”
ဝမ်ကျင်း၏လိင်စိတ်ခံယူမှုက လျှို့ဝှက်ချက်မဟုတ်ပေ။ စန်းဝမ်ဆေးခန်းမှ လူတိုင်းက ၎င်းကို သိရှိကြသည်။

ငါ သိသလောက်တော့ ဝမ်ကျင်းနဲ့ သူဌေးရဲ့ရည်းစားက လမ်းခွဲထားပြီးသားပါ... ဝမ်ကျင်းကပဲ သူ့ကို လိုက်ပြီး နှောင့်ယှက်နေတာပါ...

သူတို့နှစ်ယောက်ကြားမှာ ခံစားချက်တွေ ရှိနေသေးတယ်ဆိုရင်တောင်မှ နောက်ဆုံးမှာတော့ သူဌေးက ခွင့်လွှတ်ဖို့ ရွေးချယ်လိုက်တာပဲနေမယ်…

“အရင်ကတော့ ရှိဖူးတယ်... အခုတော့ မရှိတော့ဘူး... တကယ်တော့ အဲဒါကို ရည်းစားလို့တောင် သတ်မှတ်လို့မရပါဘူး” 
ကျွမ်းယွိမြန်က ပြောလိုက်သည်။ 
“ဒါပေမဲ့ အဲဒါက အဓိကမဟုတ်ဘူး... အဓိက,က  á€’á€ąá€Ťá€€á€şá€á€Źá€á€™á€şá€€ ဖွင့်ပြောတာကို လက်မခံတာပဲ... သူ့ရဲ့ပါးစပ်က အဆိပ်ပြင်းတယ်... ငါက မင်း ဒါကို ခံနိုင်ရည်မရှိလောက်ဘူးလို့ ထင်တယ်...”

“ပြောရမယ်ဆိုရင် နှစ်ပေါင်းများစွာအတွင်းမှာ သူ့ကို ဖွင့်ပြောဖို့ ကြိုးစားခဲ့ကြတဲ့သူတွေ အများကြီးပဲ...သူတို့အများစုက မျက်ရည်တွေနဲ့ ထွက်သွားခဲ့ကြတာ... ဒီမြင်ကွင်းကိုပဲ စဉ်းစားကြည့်”

“အဲ့ဒီလောက်တောင် ကြောက်စရာကောင်းလို့လား”
 
ပိုင်မူနင်က စိတ်ရှုပ်ထွေးနေသည့်မျက်နှာဖြင့် မေးလိုက်ပြီး အငြင်းခံရခြင်းကို ခံနိုင်ရည်ရှိမရှိကို စိတ်ထဲမှ တွက်ချက်နေလိုက်၏။ ရိုးရိုးသားသားပြောရလျှင် ထိုမျှလောက်ဆိုးရွားမည်ဟု သူ မထင်ပေ။

ကျွမ်းယွိမြန်က အနီးအနားတွင် အခြားလူမရှိကြောင်း သေချာစေရန် ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ပြီးနောက် ပိုင်မူနင်ကို ဘေးသို့ဆွဲခေါ်ကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။ 

"ဒေါက်တာချန်က ဒေါက်တာဝမ်အကြောင်း ဘယ်လိုပြောဖူးလဲသိလား... သူ ပြောတာက 'သူက တည်တည်ကြည်ကြည်နဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ပုံပေါက်ပြီး ငြိမ်နေရင် ကျောက်စိမ်းနဲ့ထုထားတဲ့ လူကြီးလူကောင်းတစ်ယောက်လိုပေမဲ့ သူ့ပါးစပ်ဟလိုက်တာနဲ့ အရမ်းကိုအဆိပ်ပြင်းလွန်းလို့ သူ့ဆီက ဆေးသောက်ရမယ့်အစား ဝူတာ့လန်အတွက်လုပ်ထားတဲ့ ဆေးကိုပဲ ကိုယ့်ဟာကိုယ် သောက်လိုက်ချင်တယ်' တဲ့”
[T/N - ဝူတာ့လန်အကြောင်းရှာကြည့်တော့ ရွှေပန်းအိုးထဲက ဆီးသီးပန်းဆိုတဲ့ ဝတ္ထုထဲက ဇာတ်ကောင်လို့ပဲထွက်လာတယ်]

သူမက ထပ်ပြောလိုက်သည်။
“ဒီစကားက ဘယ်လောက်တောင် ဝန်လေးစရာလဲဆိုတာ မင်းပဲ တွေးကြည့်တော့...ရှောင်နင် ငါပြောမယ်... သူ ပြောတာက တကယ်ကို မှန်တယ်နော်"

"သတိပေးလို့ ကျေးဇူးပါပဲ... မြန်ကျဲ... ဒါပေမဲ့ ကျွန်တော် အဆင်ပြေမှာပါ"

ပိုင်မူနင်မှာ အခြားသူများနှင့် မတူချေ။ အခြားသူများက ဝမ်ကျင်း၏ မျက်နှာကြောင့်သာ ဆွဲဆောင်ခံရခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူ သဘောကျသည်မှာမူ ထိုသူ၏စိတ်နေစိတ်ထားပင်။

ဝမ်ကျင်း အခြားသူတစ်ဦးအပေါ် စိတ်ဝင်စားသွားအောင်လုပ်နိုင်မှသာ ပိုင်မူနင်၏တာဝန် ပြီးမြောက်လိမ့်မည် ။ ထို့ကြောင့် ဝမ်ကျင်းသူ့အား မည်သို့မည်ပုံငြင်းပယ်ပါစေ၊ ရိုက်နှက်၍လာလျှင်ပင် သူ့အနေဖြင့် လက်လျှော့နိုင်မည် မဟုတ်ပေ။

ထို့ပြင် ဝမ်ကျင်းမှာ အကြမ်းဖက်တတ်သည့်လူစားမျိုးလည်း မဟုတ်ပေ။ အဆိုးဆုံးမှာ စကားလုံးများဖြင့် နာကျင်အောင်လုပ်နိုင်သော်လည်း ပိုင်မူနင်ကမူ ၎င်းကို ခံနိုင်ရည်ရှိ၏။

ပိုင်မူနင်က စိတ်ဆုံးဖြတ်ချက် ခိုင်မာနေသည့်အသံဖြင့် ပြောလိုက်သည် ။
"ကြိုးစားရင် နောင်တရစရာ ဘာမှမရှိဘူး... ကျွန်တော်ကတော့ ဘဝမှာ နောင်တတွေမချန်ခဲ့ချင်လို့ ဖွင့်ပြောမှာပဲ..."

သူ့ကို စကားဖြင့် တားဆီး၍မရနိုင်တော့ကြောင်း သိလိုက်ရသည်နှင့် ကျွမ်းယွိမြန်က ဆက်လက်စည်းရုံးခြင်းကို လက်လျှော့လိုက်သည်။ သူမက သူ့ကို ဝမ်ကျင်းထံဆေးကုသနိုင်ရန် နံပါတ်စဥ်ပေးလိုက်ပြီး လက်မထောင်ပြ၍ ပြောလာသည်။
 "မင်းက တကယ်ကို ရဲရင့်တာပဲ... ရှောင်နင် ကံကောင်းပါစေ..."

သူ့အလှည့်ကျသည်ကို စောင့်နေရင်း ပိုင်မူနင်မှာ ပျင်းရိလာကာ ပတ်ပတ်လည်ကို လှည့်ပတ်လျက်ကြည့်တော့သည်။

စန်းဝမ်ဆေးခန်းမှာ တရုတ်ပြည်တွင်းရိုးရာဒီဇိုင်းကို အသုံးပြုထားသည်။ ခိုင်မာတောင့်တင်းသည့်သစ်သားများကို များစွာအသုံးပြုထားပြီး စောင့်ဆိုင်းခုံတန်းရှည်များပင်လျှင် သစ်သားများဖြင့် ပြုလုပ်ထားသည်။ ရှေးခေတ်ဆေးခန်းတစ်ခုထဲသို့ ဝင်ရောက်သွားသကဲ့သို့ ခေတ်မီပြီး ကျက်သရေရှိလှသည်။

နေရာနှင့်မလိုက်ဖက်သလို ခံစားရသော တစ်ခုတည်းသောအရာမှာ ဧည့်ကြိုကောင်တာ၏နောက်တွင် တစ်နည်းနည်းဖြင့် ရောက်ရှိနေသည့် ဧရာမငါးကန်ကြီးပင် ဖြစ်သည်။

အတွင်း၌ တော်ဝင်ဆန်သော ရွှေရောင်အာရိုဝါနာငါး[နဂါးငါး]တစ်ကောင်က ရေထဲတွင် ကျက်သရေရှိစွာ လှုပ်ရှားကူးခတ်နေသည်။ ၎င်း၏တည်ရှိမှုကပင် စျေးကြီးပုံရသည်။

(T/N - Arowana ငါးတွေက ရှားပါးပြီး စျေးကြီးသလို ကံကောင်းစေတယ်လို့ ယူဆပြီးမွေးကြတဲ့ အလှမွေးငါးတစ်မျိုးပါ။)

ပိုင်မူနင်က ရေသတ္တဝါမွေးမြူရေးကို လေ့လာခဲ့ဖူးသဖြင့် အလှမွေးငါးများအကြောင်းကို အနည်းငယ် သိထားသည်။ ထိုငါးက အနည်းဆုံး သိန်းဂဏန်းအနည်းငယ်ခန့် တန်ပေလိမ့်မည်။

ယခုခေတ်တွင် ဆေးခန်းဖွင့်ခြင်းက အမြတ်အစွန်းများသည့် လုပ်ငန်းတစ်ခုဖြစ်နေဆဲ ဖြစ်ပုံရ၏။

တစ်နာရီကျော်ကြာပြီးနောက် မွန်းတည့်ချိန်နီးမှ နောက်ဆုံးတွင်  á€•á€­á€Żá€„á€şá€™á€°á€”á€„á€şá နံပါတ်ကို ခေါ်လာ၏။ သူ ထရပ်၍ ဒေါက်တာဝမ်၏အခန်းသို့ ဦးတည်သွားလိုက်သည်။

တံခါးမှာ အနည်းငယ်ဟနေသော်လည်း ပိုင်မူနင်ကမူ ယဉ်ကျေးစွာသာ ခေါက်လိုက်သည်။
"ဝင်လာပါ"

ပိုင်မူနင် အတွင်းသို့ ဝင်သွားလိုက်သည်။ ဝမ်ကျင်းက သူ့ကို မော့ကြည့်လိုက်ပြီး ခေါင်းကိုက်သွားသည့်အလား ချက်ချင်းမျက်မှောင်ကြုတ်လိုက်သည်။

သူ၏မျက်နှာပေါ်မှ အေးစက်စက် အကြည့်က "မင်း ဒီတစ်ခါရော ဘယ်လိုအဓိပ္ပါယ်မရှိတဲ့ ကိစ္စတွေ လုပ်နေပြန်တာလဲ" ဟု ပြောနေသကဲ့သို့ပင်။

ပိုင်မူနင်က ဝမ်ကျင်း၏ မျက်နှာပေါ်မှ အကြည့်ကို အလိုအလျောက် လျစ်လျူရှုလိုက်သည်။ သူက အခြားသူများ၏အကြောင်းကို ဂရုမစိုက်ဘဲ လျှောက်သွားကာ ပြောလိုက်၏။
 "ဒေါက်တာဝမ်... ကျွန်တော့်ရဲ့ အဖျားကို ကုပေးလို့ ကျေးဇူးတင်ပါတယ်... ဒီပန်းတွေက ခင်ဗျားအတွက် ပါ..."

ဝမ်ကျင်းက လက်ပိုက်ထားပြီး ပန်းစည်းကို မယူလိုက်ချေ။ သူ၏ဖီးနစ်မျက်လုံးများက ပိုင်မူနင်ကို စေ့စေ့စပ်စပ်ကြည့်နေပြီး  á€žá€á€­á€•á€ąá€¸á€œá€­á€Żá€€á€şá€žá€Šá€şá‹
“ဒီပန်းတွေက မိန်းကလေးတွေနဲ့ ပိုလိုက်တာ” 

ပိုင်မူနင်က မကျေမနပ်လေသံဖြင့် ဆိုသည်။
"ဘယ်သူက မိန်းကလေးတွေပဲ နှင်းဆီပန်းလက်ခံလို့ရတယ်လို့ ပြောတာလဲ...ယောက်ျားလေးတွေလည်း ရတာပဲလေ အာ..."

"ကျွန်တော် ခင်ဗျားကို ပေးနေတဲ့ဟာကို..." 
ပိုင်မူနင်က ပန်းစည်းကို ထပ်မံ ပေးလိုက်သည်။

ဝမ်ကျင်း၏ လေသံမှာ အနည်းမျှ ပို၍အေးစက်လာသည်။ 
"နှင်းဆီရဲ့ အဓိပ္ပါယ်ကို မင်းသိရဲ့လား..."

"သိပါတယ်" 
ပိုင်မူနင်က သံပူတုန်းအခိုက် ချက်ချင်းထုလိုက်သည်။
"ဒေါက်တာဝမ်... ကျွန်တော် ခင်ဗျားကို ကြိုက်တယ်..."

ပိုင်မူနင်မှာ မျက်နှာအရေထူသူဖြစ်ကာ မျက်နှာပူတတ်သူမဟုတ်ချေ။ လိမ်ညာရာတွင်လည်း မျက်နှာမနီသွားသလို တွန့်ဆုတ်မနေပေ။ သူက ထိုသို့ ချောမွေ့စွာ ပြောလိုက်ရာ သဘာဝဆန်လှသည်။

ဝမ်ကျင်းက ဘာမှပြန်မပြောဘဲ သူ့ကို ကြည့်နေသည်။ ဖွင့်ဟဝန်ခံခြင်း ခံရသောသူက သူကိုယ်တိုင်မဟုတ်ဘဲ ဘေးလူတစ်ယောက် ဖြစ်နေသကဲ့သို့ပင်။ သူက စိတ်ဝင်စားမှုမရှိသော ဘေးလူတစ်ယောက်နှင့် ပို၍တူနေသည်။

ဝမ်ကျင်း မည်မျှအေးစက်နေသည်ကို ကြည့်ကာ ပိုင်မူနင်က ပို၍တွန်းအားပေးလိုက်သည်။ 
“ကျွန်တော် ဒီနေ့ ဒီကို ဖွင့်ပြောဖို့ လာခဲ့တာ... ဒေါက်တာဝမ်...ကျွန်တော် ခင်ဗျားကို အရမ်း အရမ်းကြီး တကယ်ကို ကြိုက်တယ်...”

"ခင်ဗျား ကျွန်တော့်ကောင်လေး ဖြစ်ပေးနိုင်မလား..."

လူအများစုမှာ ဖွင့်ပြောခံရလျှင် အနည်းဆုံး အံ့သြခြင်း သို့မဟုတ် ရှုပ်ထွေးသွားခြင်းမျိုး ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ဝမ်ကျင်းကမူ သူ့မျက်နှာအမူအရာကို လုံးဝမပြောင်းလဲခဲ့ချေ။

သူက ပန်းများကို လက်မခံသေးသလို ဖွင့်ဟဝန်ခံခြင်းအပေါ် မည်သည့်တုံ့ပြန်မှုမှ မပြခဲ့ပေ။ လေငြိမ်နေသော အေးစက်စက်ရေကန်ကဲ့သို့ သူက လုံးဝငြိမ်သက်နေသည်။
"ကိုယ့်ကို ဘာကြိုက်တာလဲ" 

ဖြူဖျော့ကာ သွယ်လျလှပသော လက်ချောင်းများဖြင့် သူက ပန်းစည်းထဲမှ ကတ်ပြားလေးကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို သူ၏နှုတ်ခမ်းထောင့်များ မြှင့်တက်သွားပြီး ပြုံးလိုက်သည်။

သူ ဘာကို ပြုံးနေတာလဲ...

ပိုင်မူနင် လန့်သွားသည်။ ပန်းစည်းကို ဈေးပေါပေါဖြင့် ရ၍ ပျော်ရွှင်နေသဖြင့် အတွင်းတွင် ကတ်ပြားတစ်ခု ပါရှိနေသည်ကိုမူ သတိမထားမိခဲ့ချေ။

အထဲမှာ နာမည် ပါမနေရင်ပိုကောင်းမယ်နော်…

ဝမ်ကျင်းက ခေါင်းမော့လိုက်ပြီး လက်ချောင်းနှစ်ချောင်းကြား ကတ်ပြားကို ညှပ်ထားလျက် ပြုံးလိုက်သည်။ 
"ဒါဆို ကိုယ်က ကျောင်းလင်လင်... မင်းက ဟယ့်ရန်ပေါ့ ဟုတ်လား..."

"ဘယ်ကောင်မလေးကများ ဒါကို မလိုချင်တာလဲ" 
သူက ပြတ်သားစွာ မေးလိုက်သည်။ 
"ဒီပန်းစည်းက သူများသုံးပြီးသား ပန်းစည်းလား..."

တစ်ခါသုံးပြီးသား နှင်းဆီပန်းတွေက တကယ် ရက်စက်တာပဲ အား..

ပိုင်မူနင်မှာ "ငါတော့ ဒုက္ခရောက်ပြီ" ဟု တွေးကာ အနည်းငယ် ထိတ်လန့်သွားရသည်။ 

"ဒေါက်တာဝမ်... ကျွန်တော့်ကို ရှင်းပြခွင့်ပေးနော်... နှင်းဆီတွေက တစ်ခါသုံးပြီးသားဖြစ်နေပေမယ့် ကျွန်တော့်ခံစားချက်တွေကတော့ တကယ့်အစစ်အမှန်တွေပါ..."

ဝမ်ကျင်းက သူ့မျက်ခွံများကို ပျင်းရိစွာ ပင့်လိုက်ပြီး အေးစက်စွာ ပြန်ဖြေသည်။ 
"ကလေးလေး... တခြားနေရာသွားပြီး ဆော့နေ... ကိုယ့်အလုပ်ကို လာမနှောင့်ယှက်နဲ့..."

သူက ပိုင်မူနင်အား နောက်တစ်ကြိမ်လေးပင် လှမ်းကြည့်မလာဘဲ ကတ်ပြားကို  á€Ąá€™á€žá€­á€Żá€€á€şá€•ုလးထဲသိုအ ပစ်ထည့်လိုက်သည်။

ပိုင်မူနင် တစ်ခုခုထပ်ပြောရန် ပြင်လိုက်စဉ် ကျွမ်းယွိမြန်၏အသံက အပြင်ဘက်မှ အလျင်အမြန် ထွက်ပေါ်လာသည်။
 "ဒေါက်တာဝမ်... လက်မောင်းအဆစ်လွဲနေတဲ့ ကလေးမလေးတစ်ယောက် ရောက်လာတယ်... အကူအညီလိုပါတယ်..."

ဝမ်ကျင်းက ထရပ်ပြီး ထွက်သွားသည်။ ပိုင်မူနင်က ပန်းစည်းကို ချထားခဲ့ပြီး သူ့နောက်မှ လိုက်သွားသည်။

လက်မောင်းဆစ်လွဲနေသော ကောင်မလေးက သူမ၏မိခင်နှင့်အတူ လာခဲ့ခြင်းပင်။ သူမက လေး၊ငါးနှစ်အရွယ်လေးဖြစ်ကာ ရှိုက်ကြီးတငင် ငိုနေသည်။
 "မေမေ... နာတယ်…"

မိခင်ဖြစ်သူမှာလည်း အသက်ငယ်ငယ်လေးဖြစ်ကာ စိုးရိမ်ပူပန်မှုများဖြင့် ရှုပ်ထွေးကာ ငိုနေသည်။ 
“ဆရာ ကျေးဇူးပြုပြီး ကျွန်မသမီးလေးကို ကူညီပေးပါဦး... သူ အရမ်းနာနေတာ...”

ဝမ်ကျင်း ထိုင်ချလိုက်သည်။ သူ၏မျက်နှာထက်တွင် နူးညံ့သောအပြုံးတစ်ခုရှိနေလျက် ပျော့ပျောင်းနေသည်။ သူက ကလေးမလေး၏ လက်ကို ကိုင်၍ အနည်းငယ်လှည့်လိုက်သောအခါ သူမ၏ငိုသံများ ချက်ချင်းရပ်သွားသည်။ ကလေးမလေးက သူမအမေကို လှမ်းဖက်လိုက်ပြီးပြောလိုက်သည်။
 "မေမေ မနာတော့ဘူး... ဒီဦးဦးက အံ့ဩဖို့ကောင်းတယ်" 

မိခင်ဖြစ်သူမှာ ဘာဖြစ်သွားသည်ကိုပင် ချက်ချင်း နားမလည်သေးချေ။ သူမက မယုံနိုင်သောမျက်လုံးများဖြင့် ကြည့်နေပြီး မေးလိုက်သည်။
"ရသွားပြီလား"

ဝမ်ကျင်းက ထမရပ်သေးဘဲ သူ့အိတ်ကပ်ထဲမှ သကြားလုံးတစ်လုံးကို ထုတ်ကာ ကလေးမလေးကို ပေးလိုက်သည်။ ကလေးမလေးကလည်း သူမ၏ လက်ကလေးဖြင့် လှမ်းယူလိုက်သည်။

ထိုအခါ ခပ်ငယ်ငယ်မိခင်ဖြစ်သူက သူမ၏သမီးဖြစ်သူမှာ လက်မောင်းအဆစ်လွဲနေသော လက်ဖြင့်ပင် သကြားလုံးကို ယူလိုက်သည်ကို ရုတ်တရက် သတိပြုမိသွားသည်။

"ကျေးဇူးတင်ပါတယ်ဆရာ... ဘယ်လောက် ပေးရမလဲ"

ကျွမ်းယွိမြန်က အချိန်ကိုက်ဝင်လာပြီး လုပ်ငန်းကတ်ပြားကို ပေးလိုက်သည်။ 
"လက်မောင်းအဆစ်လွဲတာအတွက် အခကြေးငွေ မယူပါဘူး... တခြားကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ရှိရင်လည်း စန်းဝမ်ဆေးခန်းကို လာခဲ့နိုင်ပါတယ်..."

ဝမ်ကျင်းက သူ၏ဆေးခန်းသို့ ပြန်လာပြီး ပိုင်မူနင်ကလည်း အမြီးလေးတစ်ခုကဲ့သို့ သူ့နောက်မှ ကပ်လိုက်လာသည်။

ဝမ်ကျင်း မျက်ခုံးပင့်လိုက်သည်။ 
"မင်း တစ်ခုခု ထပ်လိုသေးလား..."

ပိုင်မူနင်မှာ တရုတ်တိုင်းရင်းဆေးပညာရှင်တစ်ဦး၏ စွမ်းရည်အစစ်အမှန်ကို ပထမဆုံးအကြိမ် တွေ့မြင်ရခြင်းဖြစ်သဖြင့် သူသည် အနည်းငယ် မှင်သက်နေသည်။ ယခုမှသာ  á€•á€źá€”á€şá€œá€Šá€şá€žá€á€­á€á€„á€şá€œá€Źá€žá€Šá€şá‹

ဝမ်ကျင်းမှာ တကယ့်ကို အံ့သြစရာကောင်းသည့် ဆရာဝန်တစ်ဦးဖြစ်၏။ အချစ်နှင့်ပတ်သက်လာသောအခါ၌မူ စိတ်မယိမ်းယိုင်ခြင်းက အနည်းငယ် နှမြောစရာပင်။

ပိုင်မူနင်က ပြောလိုက်သည်။ 
"ဒေါက်တာဝမ်... ကျွန်တော် ခင်ဗျားကို ဖွင့်ပြောပြီးပြီလေ... ခင်ဗျား ဘယ်လိုတွေးလဲ..."

"နှင်းဆီပန်းကိစ္စကို ကျွန်တော် ရှင်းပြနိုင်ပါတယ်... ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က တကယ့်ကို ရိုးသားတာပါ.."

"ခင်ဗျား ကျွန်တော့်ရဲ့ ကောင်လေးဖြစ်ပေးနိုင်မလား..."

ဝမ်ကျင်းမှာ အနည်းငယ်မျှ စိတ်မရှည်တော့ပုံရသည်။ သူက မျက်လွှာပင့်ကာ ပြောလာသည်။
 "ဖွင့်ပြောတဲ့ကိစ္စဆိုရင် မင်း ပြန်လို့ရပြီ... က်ိုယ့်မှာ အလုပ်လုပ်စရာတွေ ရှိသေးတယ်..."

သေချာသည်က ပိုင်မူနင်မှာ ဤမျှလွယ်လွယ်နှင့် လက်လျှော့မည့်သူ မဟုတ်ပေ။ သူက လက်များကို စားပွဲပေါ်တင်ပြီး ရှေ့သို့ ကိုင်းလိုက်သည်။ 
"ကျွန်တော်က ဒီမနက်ပိုင်းစာရဲ့ နောက်ဆုံးချိန်းဆိုချက်ယူထားတဲ့လူပါ... အခု ခင်‌ဗျားရဲ့ အနားယူချိန်ပဲကို ကျွန်တော်က ခင်ဗျား အလုပ်ကို အနှောင့်အယှက်မပေးပါဘူး..."

"ကျွန်တော် သိချင်တာက ဘာလို့ ခင်ဗျား ကျွန်တော့်ကို ငြင်းနေတာလဲ..."

အလုပ်ရှင်က ဝမ်ကျင်းမှာ ရွှင်လန်းတက်ကြွသော ယောက်ျားလေးများကို ကြိုက်သည်ဟု ပြောခဲ့သည်။ သူက ချက်ချင်းပင် ရဲရဲရင့်ရင့် ဖွင့်ပြောတတ်သည့် အလုံအလောက် တက်ကြွဖျတ်လတ်သူပင်။

ဒီတော့ ဘာလို့ ဝမ်ကျင်းက အေးတိအေးစက်နဲ့ ငါ့ကိုတွန်းထုတ်နေရတာလဲ...

ငါက ငါ့အလုပ်ရှင်ရဲ့ ရည်းစားလောက် ကြည့်မကောင်းလို့လား...

"မင်း ဘယ်လိုထင်လဲ" 
ဝမ်ကျင်းက ပိုင်မူနင်၏ မေးခွန်းကို တိုက်ရိုက် မဖြေဘဲ သူ့ဆီသို့ပင် ပြန်ပစ်လိုက်သေးသည်။

သို့သော် ပိုင်မူနင်အနေဖြင့် အကြောင်းပြချက်အစစ်အမှန်ကို မသိနိုင်ပေ။ သူ၏ အကောင်းဆုံးခန့်မှန်းနိုင်သည်မှာ ဝမ်ကျင်းအနေဖြင့် သူ့အလုပ်ရှင်၏ချစ်သူကို စိတ်ထဲက ထုတ်မပစ်နိုင်သေးခြင်းပင် ဖြစ်သည်။

လင်ငယ်ဖြစ်ရတာက ဘာများကောင်းလို့လဲ... ငါ့လို တက္ကသိုလ်ကျောင်းသားကမှ ပိုကောင်းတဲ့ ရွေးချယ်မှု မဟုတ်ဘူးလား...

ပိုင်မူနင်က မကျေနပ်သောလေသံဖြင့် ပြောသည်။
 "ခင်ဗျားပဲ ကျွန်တော့်ကို သွားပြီး အချစ်ကို ရှာခိုင်းခဲ့တာ မဟုတ်ဘူးလား... အခု ကျွန်တော် ရှာပြန်တော့လည်း ခင်ဗျားက လက်မခံဘူး..."

သူက မျက်နှာပြောင်တိုက်ကာဖြင့်ပြောသည်။
"ကျွန်တော် ဂရုမစိုက်ဘူး... ကျွန်တော် ခင်ဗျားကို ကြိုက်တယ်... ခင်ဗျား ကျွန်တော့်ကောင်လေး ဖြစ်ကို ဖြစ်ရမယ်"

ဝမ်ကျင်းမှာ ဘာမှမပြောဘဲ ပိုင်မူနင်၏ ဟန်ပြဖျော်ဖြေမှုကိုသာ တိတ်တဆိတ် ကြည့်နေသည်။

ခဏအကြာတွင် ပိုင်မူနင်မှာ သူ၏အပြုအမူက အဆင်မပြေတော့ကြောင်း သဘောပေါက်လာသဖြင့် လက်လျှော့လိုက်ပြီး စကားပြောင်းလိုက်သည်။
 “ဒေါက်တာဝမ်... ခင်ဗျားက ဘယ်လိုလူမျိုးကို ကြိုက်လဲ...”

ဝမ်ကျင်းက အလေးမထားသလို ပြန်ဖြေသည်။ 
"ငါက ပိုင်ကိန်းရဲ့ ဆယ်လီစိတ်ဒသမနေရာ ၁၀၀၀ အထိ ရွတ်နိုင်တဲ့သူမျိုးကို ကြိုက်တာ..."

ပိုင်မူနင်: "....?"

ပိုင်ကိန်းမှာ အဆုံးမရှိသလို ထပ်နေတာမျိုးလည်း မရှိလူးလေ... ဘယ်လိုပုံမှန်လူက ဒသမနေရာ ၁,၀၀၀ အထိ မှတ်မိနိုင်မှာလဲ...

ရောဂါရှာဖွေမှု ပြီးဆုံး : ဒီလူက တအားကို အဆိပ်ပြင်းတာပဲ

×××××

ပိုင်မူနင်မှာ တစ်စုံတစ်ယောက်ကို ငြင်းရန်အတွက် အကြောင်းအရင်းထောင်သောင်းချီ တွေးထားခဲ့သော်ငြား စိတ်မပါတပါပုံစံနှင့် ငြင်းခံရမည်ဟု မည်သည့်အခါကမျှ မမှန်းထားမိခဲ့ပေ။

၄င်းက လူကောင်းကတ် အပေးခံရသည်ထက်ပင် ပို၍နာကျင်စေနိုင်သည်။

"နောက်ထပ် ပြောစရာရှိသေးလား" 
ဝမ်ကျင်း၏ အသံက ပို၍ နိမ့်လာသည်။ သည်းခံစိတ်ကုန်လွန်သွားကာ မည်သူ့ကိုမှ ရှည်ရှည်ဝေးဝေး  á€™á€á€ťá€ąá€Źá€ˇá€™á€ąá€Źá€ˇá€á€ťá€„်တ္ဏအသည်အဥတိုင်းပင်။

သူ ဤကိစ္စကို အရေးမထားသည်မှာ ရှင်းလင်း၍နေ၏။

ပိုင်မူနင်က နှုတ်ခမ်းကို တင်းတင်းကိုက်ကာ မည်သည့်စကားမှ ထပ်မပြောတော့ပေ။ သူ၏ စိတ်ထဲမှ ဒေါသလေးက အလျင်အမြန်ထွက်ပြူလာသည်။

သူက ချောမောပြီး စကားကောင်းကောင်းပြောတတ်သည့်အတွက် ဤနှစ်ပေါင်းများအတွင်း အတားအဆီးအနည်းငယ်သာ ကြုံခဲ့ရသည်။ ချိုမြိန်ပြီး ဆွဲဆောင်မှုရှိသည့် မျက်နှာလေးပါပေါင်းထည့်လျှင် သူ့ဘဝက အလွန်ချောမွေ့နေသည်ဟုပင် ဆိုနိုင်သည်။

သူအစီအစဉ်မည်မျှပင်ဆွဲဆွဲ ဝမ်ကျင်း၏ ရှုံ့ချခြင်းကိုသာ ခံလိုက်ရသည်။ အဆိုးဆုံးအချက်မှာ သူ့တွင် ပြန်လှန် ငြင်းခုံနိုင်စွမ်း မရှိခြင်းပေ။

ဝမ်ကျင်း၏ အကြည့်က ကွန်ပျူတာဖက်သို့ ပြန်လှည့်သွားသည်။ ပိုင်မူနင်က အရှုံးမပေးချင်သေးဘဲ နှုတ်ခမ်းကိုသာ ကိုက်ရင်း ရှက်ရှက်နှင့် ခဏတာ ရပ်နေမိသည်။

သူ စိတ်ဆိုးစွာဖြင့် တွေးနေမိသည်။
ဒီချာတူးလံနေတဲ့ အလုပ်ကြီးကို လုပ်ချပ်တဲ့သူသာလုပ်တော့... ငါမလုပ်တော့ဘူး.... နောက်မှ အလုပ်ရှင်ဆီသွားပြီး အလုပ်ကို ဖျက်လိုက်တော့မယ်...

သို့သော် စန်းဝမ်ခန်းမ၏ မှန်တံခါးကို တွန်းဖွင့်လိုက်သည့်အချိန်တွင် အေးစက်သည့် လေတစ်သုတ်က သူ့ကို ရိုက်ခတ်လာပြီး ချက်ချင်းဆိုသလို သူ့ကို သတိပြန်ဝင်သွားစေသည်။

အလုပ်ရှင်ပေးထားသည့် လုပ်ခငွေကို သူ၏ ကျောင်းချေးငွေအား ပြန်ဆပ်ရန် သုံးလိုက်ပြီဖြစ်သည်။
ဘယ်လိုလုပ် ပြန်ပေးနိုင်မှာလဲ…

ဟေး...ဒီချာတူးလန်နေတဲ့ အလုပ်ကြီးကို ဆက်လုပ်ဖို့ လိုနေသေးတုန်းပဲ...

အဝင်ဝတွင် ရပ်ကာ အေးစက်သည့်လေကို တစ်မိနစ်ခန့် ခံစားပြီးနောက် ပိုင်မူနင်က သူ၏ စိတ်ခံစားချက်များကို ညှိလိုက်ပြီး ဝမ်ကျင်းထံသို့ ထပ်မံပြန်သွားလိုက်သည်။

အလျင်စလို ထွက်သွားစရာအကြောင်း ဘာရှိလို့လဲ...  á€Ąá€”ည်းဆုလးတ္ဏအ "ကျွန်တော်လက်မလျှော့ဘူး" ဒါမှမဟုတ် "ကျွန်တော် ခင်ဗျားကို သေချာပေါက် ရအောင်လိုက်မှာ" ဆိုတဲ့ ဇာတ်လမ်းဆန်ဆန် စကားလုံးတွေ ပစ်သွင်းခဲ့သင့်တာ...

စိတ်ကောက်ပြီး အရှုံးနဲ့ ထွက်သွားရတာထက်စာရင် အဲ့ဒါကမှ ပိုကောင်းဦးမယ်... အခုက အရမ်းကို သိက္ခာကျတယ်...


💊💊💊💊 Chapter 9
ဒါဆို သူ အစကတည်းက ရိပ်မိပြီးသားလား


ယခုအချိန်မှာ နေ့လယ်စာစား အနားယူချိန်ဖြစ်ပြီး ဧည့်ခန်းတွင်လည်း လူကင်းမဲ့နေပြီဖြစ်သည်။ ကျွမ်းယွိမြန်ကလည်း နေ့လည်စာ သွားစားသွားနေသည်။ ကောင်တာနောက်ရှိ ဧရာမငါးကန်ထဲမှ အာရိုဝါနာများက လေးလံထိုင်းမှိုင်းစွာ ကူးခတ်နေကြသည်မှာ ပိုင်မူနင်၏ လက်ရှိစိတ်အခြေအနေကဲ့သို့ပင်။

ဝမ်ကျင်း၏ တိုင်ပင်ဆွေးနွေးခန်းတံခါးက အနည်းငယ် ဟနေသည်။ သူ နီးကပ်လာလေလေ အတွင်းမှ အသံများက ပိုပြီးရှင်းလာလေလေပင်။

"လောင်ဝမ်... မင်းကို တစ်ယောက်ယောက်က ထပ်ပြီး ဖွင့်ပြောပြန်ပြီဆို... မင်းအသက်အရွယ်နဲ့တောင် လိပ်ပြာလေးတွေက ဝိုင်းနေသေးတယ်" 

ချန်ဟောက်နန်က မှတ်ချက်ပေးလိုက်ပြီး သူ့အကြည့်များက စားပွဲပေါ်မှ အနီရောင်နှင်းဆီပန်းများပေါ်သို့ ရောက်သွားသည်။
"အိုး... နှင်းဆီနီတွေတောင်ပေးသေးတယ်ပေါ့...ဒါပေမယ့် မင်းလို တန်ဖိုးမထားတတ်တဲ့ လူတစ်ယောက်အတွက်တော့ အလကားပဲ..."

"မင်း အကူအညီတစ်ခုခု လိုလို့လား..." 
ဝမ်ကျင်းက ရောက်လာသည်နှင့် အပျော်ရှာနေသော  á€á€ťá€”á€şá€Ÿá€ąá€Źá€€á€şá€”á€”á€şá€Ąá€Źá€¸  á€–ဝတ်ခနဲ ပင့်ကြည့်လိုက်ကာ သူ့လေသံက အနည်းငယ် အေးစက်နေသည်။

"ငါက ဒီမှာ စိတ်ဝင်စားစရာရှိတယ်ဆိုတဲ့ ဖရဲသီးရထားလို့ လာကြည့်တာ"
(ဖရဲသီး = အတင်းအဖျင်း)

"ဒါဆို မင်းနောက်ကျသွားပြီ"

ချန်ဟောက်နန်က နှင်းဆီပွင့်ချပ်များကို ဆိတ်ဖဲ့ကာ မေးလိုက်သည်။
"စဥ်းတောင် မစဉ်းစားပေးတော့ဘူးလား... ကလေးလေးက တော်တော် အဆင်ပြေတယ်ဆို"

ဝမ်ကျင်းက နှင်းဆီကို ဘေးသို့ရွေ့ပြီး ချန်ဟောက်နန်  á€œá€ťá€žá€ąá€Źá€€á€şá€–ွန္သည်ကို တားလိုက်သည်။
"ဘာကို စဉ်းစားရမှာလဲ"

"ကြည့်စမ်း၊ ငါ့ရှေ့မှာ ဟန်ဆောင်နေပြန်ပြီ... ငါဘာပြောလဲ မင်းသိပါတယ်"

ချန်ဟောက်နန်က ပြောလိုက်သည်။
"ပိုင်မူနင်က ကြည့်ကောင်းတယ် ချစ်စရာကောင်းတယ်... မင်းလို ပျင်းရိပြီးတွေဝေနေတတ်တဲ့လူကြီးတစ်ယောက်နဲ့ဆို အတော်လေးကိုက်ညီတယ်... ဘာလို့ ဒီလောက်အေးစက်ပြီး သူ့ကို ဒီလိုငြင်းပယ်နေရတာလဲ... ခုနက သူ့မျက်လုံးတွေကို ငါမြင်လိုက်တယ်... နီရဲနေတာများ ငိုတော့မလိုပဲ"

၄င်းကိုကြားရာ ပိုင်မူနင်က စိတ်ထဲတွင် ဟစ်ကြွေးလိုက်သည်။ 
လုံးဝကို ကောက်ချက်ချတာက အမှားကြီး... ငါ မငိုပါဘူး... အများဆုံးမှ နည်းနည်းလေး စိတ်ဆိုးသွားတာပဲ ရှိတာပါ...

"မင်း ဒီလိုအေးစက်စက်ပုံစံကြီးနဲ့ မနေပါနဲ့လားကွာ လူတိုင်းလန့်ပြေးမှာပဲ"

"မင်းမှာ အချိန်တွေ အရမ်းပေါလွန်းနေလား" 

ဝမ်ကျင်းက မျက်မှောင်ကြုတ်ကာ သူ၏လက်ပ်တော့ကို ပိတ်လိုက်သည်။ သူ့ပုံစံက သည်းခံမှုကုန်ဆုံးသွားသကဲ့သို့ပင်။

"နေ့လယ်ခင်းကြီးလေ... လူနာမှမရှိတာ... ဒါကြောင့် ငါ့မှာအချိန်ပေါတာပေါ့.."
ချန်ဟောက်နန်က ပြောလိုက်သည်။

"ဟုတ်ပြီ... စိတ်ဝင်စားစရာကောင်းတာပဲ ပြောကြရအောင်... မင်းတကယ်ပဲ မစဉ်းစားတော့ဘူးလား... မင်းတစ်ကိုယ်တည်းနေတာ ဘယ်နှစ်နှစ်ကြာသွားပြီလဲ... အဒေါ်ဖေးတောင် မင်းကို ကြင်ဖက်တွေ့ခိုင်းဖို့ ကြိုးစားနေရပြီ... ဒါပေမဲ့ နောက်ဆုံးတစ်ယောက်ထက် ပိုင်မူနင်က ပိုကောင်းတယ်... ငါကတော့ ဒီကလေးလေးက တော်တော်ကောင်းတယ်လို့ ထင်တယ်"

ပိုင်မူနင်က ရှုပ်ထွေးစွာနှင့် နားထောင်ရင်း နားစွင့်နေမိသည်။ သူလည်း  á€á€™á€şá€€á€ťá€„á€şá€¸á သဘောထားကို သိချင်နေသည်။

ဝမ်ကျင်းက ပါးစပ်က ဟင့်အင်းလို့ပြောနေပေမယ့် နှလုံးသားကတော့ 'အင်း'နေတဲ့သူမျိုး ဖြစ်နေရင်ရော...

ဝမ်ကျင်းက ချန်ဟောက်နန်၏ စကားကို မှတ်ချက်ပြန်မပေးခဲ့ပေ။ သူက ပြုံးပြီး ပြောလိုက်သည်။
"သူက ငရှုပ်လေးပဲကို...ဘာကိုစဉ်းစားဖို့လိုအပ်မှာလဲ.... ငါကလေးတွေကို မကြိုက်ဘူးတာ မင်းသိပါတယ်"

ပိုင်မူနင်: "...?"

သူ လက်သီးများဆုပ်ကာ ဝမ်ကျင်းထံသို့ ဝင်ရောက်ပြီး မေးခွန်းထုတ်ချင်သွားမိသည်။
ငါက ဘယ်လိုလုပ် ငရှုပ်တစ်ယောက်ဖြစ်ရမှာလဲ…

နောက်တစ်ခေါက် စဉ်းစားကြည့်တော့ ဟုတ်နေသလိုပင်။

ဝမ်ကျင်းက အခြားသူများ၏ လျှို့ဝှက်ချက်များကို ထိုးထွင်းသိမြင်နိုင်သည်။ ယခုမူ သူက ဝမ်ကျင်း၏ လျှို့ဝှက်ချက်များကို သိရရန် ကြိုးစားနေရသည်။

သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ဘာမှ မကွာခြားပေ။
ဘယ်သူက ဘယ်သူ့ကို အထင်မြင်သေးနေရဦးမှာလဲ…

ချန်ဟောက်နန်က ပြောလိုက်သည်။
"သူက မင်းထက်  áá‚ နှစ်ပဲ ငယ်တာ... အခု သူက၂၀ဆိုတော့ လူကြီးတစ်ယောက်ပါပဲ"

"အဲ့ဒီတော့ရော"

"အဲ့ဒီတော့ နွားအိုကြီးက မြက်နုလေးကို စားလို့ရနေပြီပေါ့ကွာ"

"ထွက်သွားစမ်း..."

သို့သော် ချန်ဟောက်နန်က ထွက်သွားမည့် ရည်ရွယ်ချက်မရှိပေ။ သူက ဝမ်ကျင်းကို ဆက်ပြီး ဒုက္ခပေးနေသည်။
"ခုနက ဘာလို့ သူ့ကို ငရှုပ်လေးလို့ခေါ်တာလဲ... သူကအရမ်းကို စကားနားထောင်တဲ့ကလေးလေးပါ.... ဘယ်လိုလုပ် ငရှုပ်လေးဖြစ်နိုင်မှာလဲ"

ဝမ်ကျင်းက နှာမှုတ်လိုက်သည်။ 
"သူ ငါ့ဆီကို ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်နေတာကို မင်းမမြင်ဘူးလို့ မပြောနဲ့"

ထိုစကားတစ်ခွန်းကြောင့် ပိုင်မူနင် ခြေလှမ်းများစွာ နောက်ပြန်ဆုတ်လိုက်ရသည်။ သူနောက်ထပ် နားမထောင်ရဲတော့ဘဲ စန်းဝမ်ခန်းမမှ   ပြေးထွက်လာခဲ့မိသည်။

ဘတ်စ်ကားပေါ်တက်ပြီးနောက်တွင်လည်း သူ့နှလုံးသားက ပြင်းပြင်းထန်ထန် ခုန်နေဆဲပင်။

သူ၏ ရင်ဘက်ကို ဖွဖွလေးပွတ်သပ်ရင်း စိုးရိမ်ပူပန်မှုများ မြင့်တက်လာသည်။

ပိုင်မူနင်က အစကတည်းက ကျရှုံးနိုင်ခြေကို မျှော်လင့်ထားသော်လည်း ဤမျှလောက်ထိ ရှက်စရာကောင်းမည်ဟူ၍ မမျှော်လင့်ထားခဲ့ပေ။

"ဒါဆို အစကတည်းက သူက ရိပ်မိပြီးသားလို့ ဆိုလိုတာလား..."

"ငါတကယ်ပဲ ဖျက်ဆီးလိုက်မိပြီ"

အခုဆို အစီအစဉ်ကို ဘယ်လိုဆက်လုပ်ရတော့မှာလဲ...

—

ပိုင်မူနင် စိတ်ဓာတ်ကျစွာဖြင့် အဆောင်သို့ ပြန်ရောက်လာသောအခါ လီအန်းချီက သူ့ထက်ပင်  á€•á€­á€Żáá€†á€­á€Żá€¸á€›á€˝á€Źá€¸á€”á€ąá€žá€Šá€şá€€á€­á€Ż တွေ့လိုက်ရသည်။ သူက အသည်းကွဲနေသည့် ပုံစံဖြင့် ဘာမှမရှိသော ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်နေသည်။ စိတ်လွတ်နေသည့်အလား သူတံခါးဖွင့်ပြီး ဝင်လာသံကိုပင် သတိမထားမိပေ။။

ပိုင်မူနင်က အနားသို့ လျှောက်သွားပြီး မေးလိုက်သည်။
"အန်းအန်း ဘာဖြစ်လို့လဲ... ဘာတွေ ဒီလောက်တောင် ကြည့်နေတာလဲ"

သူ လီအန်းချီ၏ ဖုန်းကို ကြည့်လိုက်သည်။ ဖန်သားပြင်က လင်းနေဆဲဖြစ်ကာ ပိတ်သွားခွင့် လုံးဝမပြုပေ။

အရေးကြီးတဲ့ စာတိုတစ်ခုခုကို စောင့်နေတာများလား...

လီအန်းချီက ပိုင်မူနင်အား  á€…ိုးရိမ်စွဏဖဟင်အ မေးလိုက်သည်။ 
"မူနင်၊ မင်းငါ့ကို မက်ဆေ့ခ်ျတစ်ခုလောက် ပို့ပေးလို့ရမလား...ငါ့ဖုန်းက ဘာမက်ဆေ့ခ်ျမှ လက်ခံလို့မရဘူး ဖြစ်နေတယ်ထင်တယ်…"

ပိုင်မူနင်က သံသယဖြင့် စာတိုတစ်စောင်ပို့ပေးလိုက်သည်။ မကြာခင်မှာပင် လီအန်းချီ၏ ဖုန်းတွင် အသံသတိပေးချက်တစ်ခု မြည်လာသည်။

၄င်းကို မြင်သည့်အခါ လီအန်းချီက ပို၍ပင် စိတ်ဓာတ်ကျသွားသည်။

သူက စားပွဲပေါ်ကို မှောက်လဲချလိုက်သည်။ရှင်းရှင်းလင်းလင်းကို စိတ်ဓာတ်ကျနေခြင်းပင်။ ထို့နောက် ဝမ်းနည်းစွာနှင့် ပြောသည်။

"ဘာလို့ သူ ငါ့မက်ဆေ့ခ်ျကို မပြန်ရတာလဲ... ဘာလို့ ငါ့ကို လျစ်လျူရှုရတာလဲ..."

ပိုင်မူနင်က ထိုင်ခုံတစ်လုံးကို ဆွဲယူပြီး သူ့ဘေး၌၀င်ထိုင်ကာ သူ့ကျောကို ပုတ်ပေးလိုက်သည်။
"အန်းအန်း ဘာဖြစ်တာလဲ... အချစ်ရေးကိစ္စလား"

ငါ ဒါနဲ့ပတ်သက်ပြီး ဘာမှမကြားဖူးဘူး...

လီအန်းချီက တိုက်ရိုက်ပြန်မဖြေပေ။ ထိုအစား ပိုင်မူနင်ကို ကြည့်ကာ  á€™á€ąá€¸á€œá€­á€Żá€€á€şá€žá€Šá€şá‹
"မူနင်... ဒီည မင်းငါနဲ့တစ်နေရာရာကို လိုက်လာပေးမလား"

"ကောင်းပြီ... ဒါပေမယ့် မင်းဘာဖြစ်နေတာလဲဆိုတာ ငါ့ကိုပြောပြရမယ်"

လီအန်းချီက လူတစ်ယောက်ကို ခြောက်နှစ်ကြာ လျှို့ဝှက်စွာ ချစ်ခဲ့သည်။ ထိုသူမှာ ယခင်က သူ၏ သီးသန့်ကျူတာဆရာဖြစ်ခဲ့သည့် ကျန်းခယ်ကျန့် ဆိုသူပင်။

ကျန်းခယ်ကျန့်က ယောက်ျားများကို ကြိုက်၊မကြိုက် မသေချာသောကြောင့် သူ၏ခံစားချက်များကို မည့်သည့်အချိန်ကမှ ဝန်မခံရဲခဲ့ပေ။

နောက်နှစ်တွင် ကျန်းခယ်ကျန့်က မဟာဘွဲ့ယူကာ ကျင်းနန်မှ ထာဝရ ထွက်သွားတော့မည်။ လီအန်းချီက ၄င်းကို မခံစားနိုင်၍ မိဘများစီစဉ်ပေးထားသည့် ဘဏ်အလုပ်ကိုမလုပ်တော့ဘဲ ကျန်းခယ်ကျန့်နောက်သို့ လိုက်သွားချင်နေသည်။

လီအန်းချီက ကျန်းခယ်ကျန့်နှင့် အတူရှိရရန် မျှော်လင့်မထားပေ။ သူက ထိုသူ့ဘေးမှာ ရှိနေချင်ရုံသာ။

သို့သော်လည်း ယခုအခါ ကျန်းခယ်ကျန့်က သူ့ကိုလျစ်လျူရှုနေသောကြောင့် ဤဆန္ဒအသေးလေးကပင် မဖြစ်နိုင်တော့သကဲ့သို့ပင်။

သူ၏ လျှို့ဝှက်ချက်ကို ဖွင့်ဟပြီးသည့်နောက်တွင် လီအန်းချီက စိုးရိမ်စွာဖြင့် ပိုင်မူနင်ကို ကြည့်ကာ မေးလိုက်သည်။
"မူနင်... ငါ့ကို ရွံစရာကောင်းတယ်လို့ မင်းထင်လား"

"မင်းက ယောက်ျားတွေကိုကြိုက်ကြိုက် မိန်းမတွေကိုကြိုက်ကြိုက် ဒါက မင်းကိစ္စပဲ... ဘယ်သူ့ထင်မြင်ချက်ကိုမှ စိတ်ထဲထည့်စရာမလိုဘူး... မင်းရဲ့ပုံစံအတိုင်းပဲ နေ"

လီအန်းချီက ၄င်းကို အမြဲတမ်း ကောင်းကောင်းဖုံးကွယ်ထားနိုင်ခဲ့သော်လည်း ယနေ့တွင်မူ အလွန်စိတ်ဆင်းရဲလွန်းသောကြောင့် မထိန်းချုပ်ထားနိုင်တော့ပေ။

"မူနင်... မင်းမှာရော ကြိုက်တဲ့သူရှိလား"

"မရှိဘူး"
ပိုင်မူနင်က တိုးတိုးလေး ပြန်ဖြေလိုက်သည်။
"ငါဘယ်သူ့ကိုမှ ကြိုက်ဖို့ မတွေးဖူးဘူး... ဘယ်သူကမှ ငါ့ကို စိတ်မလှုပ်ရှားစေနိုင်ဘူး... အခုချိန်မှာတော့ ငါ ငွေပဲရှာချင်တယ် ... ကျန်တဲ့ဟာတွေက သိပ်အရေးမကြီးဘူး"

လီအန်းချီက သက်ပြင်းဖွဖွချကာ ပြောသည်။
"အဲ့ဒါ အကောင်းဆုံးပဲ... တခြားလူကို သဘောကျရတာက အရမ်းနာကျင်ရတယ်.... အထူးသဖြင့် တစ်ဖက်က ပြန်မကြိုက်ဘူးဆိုရင်ပေါ့"

ပိုင်မူနင်က တစ်ခုခုပြောချင်နေသော်လည်း နောက်ဆုံး၌ နှုတ်ခမ်းကိုသာ ကိုက်ပြီး နေလိုက်သည်။

အမှန်တွင် သူက လီအန်းချီ၏ ချစ်ရေးချစ်ရာ ပြဿနာကို ကူညီပေးနိုင်သည်။ သို့သော် ကျန်းခယ်ကျန့်ဘက်တွင် မည်သည့်အခြေအနေဖြစ်နေသည်ကို သူသေချာမသိပေ။

ကျန်းခယ်ကျန့်ကလည်း ယောက်ျားများကို ကြိုက်သည်ဆိုပါက လီအန်းချီအား တစ်ဖက်လူကို ရနိုင်အောင် သူကူညီပေးနိုင်သည်။

၄င်းက သူ့အလုပ်၏ တစ်စိတ်တစ်ပိုင်းပင်ဖြစ်သည်။

—

ည ၈ နာရီ၌ လီအန်းချီက ပိုင်မူနင်အား ကျန်းခယ်ကျန့် အချိန်ပိုင်းအလုပ်လုပ်သည့် ဘားကို ခေါ်သွားသည်။

ဘားတွင်ထိုင်နေရင်း လီအန်းချီက ခေါင်းကို ပတ်ပတ်လည်လှည့်ကာ ကျန်းခယ်ကျန့်အား ရှာဖွေလိုက်သည်။ သူ့ကို ရှာမရသည့် နောက်ဆုံးမှသာ ကော့တေးမီနူးကို အာရုံစိုက်လိုက်သည်။

"မူနင်... မင်းဘာသောက်ချင်လဲ ... Long Island Iced Teaဆိုရင်ရော"

[T/N - အမေရိကန် နယူးယောက်မြို့က Long Island မှာ စတင်ဖန်တီးခဲ့တာမလို့ Long Island Iced Teaလို့ခေါ်တာပါတဲ့]

ထို့နောက် သူက ထပ်ပြောသည်။
"Iced Teaဆိုတာ ရေခဲသေတ္တာထဲက အချိုရည်တွေလိုမျိုးပဲမလား... သောက်ကောင်းမှာပဲ"

လီအန်းချီက ပိုင်မူနင်ကဲ့သို့ပင် ဘားကို တစ်ခါမှ မရောက်ဖူးပေ။ သူတို့၏ ပညာရေးအတွေ့အကြုံမှာ သာမန်ဖြစ်သော်လည်း နှစ်ယောက်လုံးက နာခံတတ်သည့် ကလေးများဖြစ်သောကြောင့် အရက်သိပ်မသောက်ဖူးကြပေ။

သဘာဝအလျောက်ပင် Long Island Iced Tea ဆိုသည်မှာ အရက်ပြင်းတစ်မျိုးဖြစ်ကြောင်းကိုလည်း မသိကြပေ။

ကံကောင်းသည်မှာ ပိုင်မူနင်က လီအန်းချီထက် အနည်းငယ်ပိုသိထားပြီး Long Island Iced Teaက လက်ဖက်ရည်မဟုတ်ဘဲ အရက်တစ်ခုခုဖြစ်နေကြောင်းကို သူသိသည်။

သူက လီအန်းချီကို တားပြီး ပြောလိုက်သည်။
"ဘာလို့ အရက်မှာနေတာလဲ... ဒီဟာကို အင်တာနက်ပေါ်မှာဆို အပျိုရည်ဖျက်ယမကာလို့တောင် ခေါ်ကြတာ... ပြောရအောင် မူးသွားတဲ့အထိ လုံလုံလောက်လောက် ပြင်းတယ်... အရက်မသောက်နဲ့... အချိုရည်ပဲ သောက်ကြရအောင်..."

ရုပ်ရှင်များတွင်ဖြစ်စေ၊ တီဗီအစီအစဉ်များတွင်ဖြစ်စေ ဘားများကို အမြဲလိုလို မရိုးဖြောင့်သော စီးပွားရေးအဖြစ် သရုပ်ဖော်တတ်ကြသည်။ လူများက အမြဲလိုလို တစ်ခုခုမဆုံးရှုံးဘဲ ထွက်မသွားနိုင်ကြပေ။ ထို့ကြောင့် ပိုင်မူနင်က အထူးသတိထားနေမိသည်။။

"အရက်မပါတဲ့ အချိုရည် နှစ်ခွက်ပေးပါ"

သူတို့၏ သောက်စရာများ မရောက်မီ၌ ကျန်းခယ်ကျန့် ပေါ်လာသည်။ သို့သော် သူတစ်ယောက်တည်းမဟုတ်ပေ။ မိန်းကလေးတစ်ယောက်က သူနှင့်အတူရှိနေကာ သူတို့နှစ်ယောက်က အတော်လေး ရင်းနှီးပုံရသည်။

မိန်းကလေးက သူ့နားထဲသို့ တိုးတိုးပြောရန် ခြေဖျားထောက်လိုက်ပြီး ကျန်းခယ်ကျန့်ကလည်း သူ၏အရပ်နှင့် ညှိပေးရန် အနည်းငယ်ကုန်းလိုက်သည်။

အလင်းရောင်မှိန်မှိန်အောင်တွင် ထိုမြင်ကွင်းက ငြင်း၍မရအောင် နီးကပ်နေပုံရသည်။

အနားရှိ ဘားဝန်ထမ်းတစ်ယောက်က စကားစမြည်ပြောလိုက်သည်။
"ကျန်းခယ်ကျန့်နဲ့အတူရှိနေတဲ့ မိန်းကလေးက ဘယ်သူလဲ.. သူ့ချစ်သူလား"

"သေချာသလောက်ပဲ... သူတို့တွေက နေ့တိုင်းအတူတူရှိနေတာ... နည်းနည်းတော့ များနေပြီကွာ"

တဒင်္ဂအတွင်းမှာပင် လီအန်းချီ၏ မျက်လုံးထဲ၌ မျက်ရည်များဝဲလာပြီး စီးကျလာသည်။ သူဆက်၍ ကြည့်မနေနိုင်တော့ဘဲ ဘားမှ အမြန်ထွက်ခွာသွားသည်။ ပိုင်မူနင်လည်း နောက်မှ ချက်ချင်းလိုက်သွားသည်။

သူတို့ အဆောင်ကို ပြန်ရောက်သည့် အချိန်၌ပင် လီအန်းချီက စကားမပြောသေးပေ။

မကြာခင်၌ အရက်များကို ထုတ်ယူလိုက်သည်။ ထိုအချိန်မှသာ သူက ပိုင်မူနင်ကို စကားပြန်ပြောတော့သည်။
"မူနင်... ငါမူးချင်တယ်... မင်းငါနဲ့အတူ နေပေးမှာလား"

ပိုင်မူနင်မှာ အရက်ကို မခံနိုင်ရည်ရှိသော်လည်း သဘောတူလိုက်၏။
"ငါမင်းနဲ့အတူ သောက်ပေးမယ်" 

လီအန်းချီက အရက်အများအပြားသောက်ခဲ့သည်။ သောက်နေစဉ်အတွင်း သူက ကျန်းခယ်ကျန့်နှင့်အတူရှိခဲ့စဥ်က အမှတ်တရများကို ပြန်ပြောပြလာသည်။

ကျန်းခယ်ကျန့်က သူ့ကို ဂရုစိုက်ပုံ၊ သူ့အတွက် ရပ်တည်ပေးပုံ၊ သူ့ကို ချစ်ခင်ပုံတို့ကို တစ်ခုပြီးတစ်ခု ပြန်တွေးကာ ပြောပြနေရင်း မရပ်တန့်နိုင်အောင် ရယ်မောနေခဲ့သည်။

"သူက မိန်းကလေးတွေကို ကြိုက်မယ်လို့ ငါထင်ခဲ့ပြီးသားပါ... ဒါပေမဲ့ တကယ်တမ်းသိလိုက်ရတဲ့အခါ အရမ်းနာကျင်ရတယ်..."

"မူနင်... ငါသူ့ကို ဆက်မကြိုက်နိုင်တော့ဘူး" 

လီအန်းချီက အရက်ပုလင်းကို ကိုင်လျက် မျက်ရည်များ မရပ်မနား စီးကျနေခဲ့သည်။

နောက်ဆုံးတွင် လီအန်းချီ မူးသွားပြီး ပိုင်မူနင်လည်း မူးသွားခဲ့သည်။

—

ပိုင်မူနင်က ညနေ ၅ နာရီအထိ နိုးမလာခဲ့ပေ။

ထလိုက်သည့်အခါ အခန်းမှာ မှောင်မည်းနေပြီး လီအန်းချီလည်း ထွက်သွားပြီဖြစ်သည်။

သူက လီအန်းချီဘယ်ရောက်နေသည်ကိုမေးရန် ဖုန်းကိုကောက်ယူလိုက်ရာ မွန်းတည့်ချိန်ခန့်က သူ စာတိုပို့ထားသည်ကို တွေ့လိုက်ရသည်။ သူ၏မိဘများက အိမ်သို့ခေါ်သည့်အတွက် ထိုညနေခင်းတွင် ပြန်မလာနိုင်လောက်ကြောင်း ပြောထားသည်။

ပိုင်မူနင် ဖုန်းပိတ်ရန် လုပ်လိုက်စဉ် WeChat၌ သူငယ်ချင်းအသစ်တစ်ဦးရှိနေသည်အား သတိထားမိလိုက်သည်။ ဝမ်ကျင်းပင်။

ဘယ်တုန်းက ဝမ်ကျင်းကို WeChatမှာ အပ်ထားမိတာလဲ...

လက်ခံပေးချိန်ကို စစ်ကြည့်လိုက်ရာ မနက် ၄ နာရီဖြစ်နေသည်။

ပိုင်မူနင်တွင် မကောင်းသော ခံစားချက်တစ်ခု ပေါ်လာသည်။ သူ သတိလွတ်သွားခဲ့ခြင်း ဖြစ်နိုင်သည်။

သူ့ကို အံ့အားသင့်စေဆုံးအရာမှာ ခေါ်ဆိုမှုမှတ်တမ်းတွင် ဖုန်းခေါ်ဆိုထားမှုများစွာရှိနေပြီး အားလုံးက ဝမ်ကျင်းထံသို့ ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။

ည ၁၀ နာရီမှ မနက် ၄ နာရီအထိ ဖုန်းခေါ်ဆိုခဲ့ခြင်းဖြစ်သည်။

ဝမ်ကျင်းက ဖုန်းခေါ်ဆိုမှုတိုင်းကို လက်ခံခဲ့သည်။ အကြာဆုံးဖုန်းခေါ်ဆိုမှုမှာ နာရီပေါင်း ၂ နာရီကြာမြင့်ခဲ့သည်။

ပိုင်မူနင်က စိတ်မချရသော ခေါင်းကို ရိုက်ကာ သူပြောမိခဲ့သည်တို့ကို မှတ်မိအောင် ကြိုးစားနေခဲ့သည်။

ကံမကောင်းစွာဖြင့် သူ ဘာမှမမှတ်မိနိုင်ခဲ့ပေ။

စိတ်လှုပ်ရှားစွာဖြင့် ဝမ်ကျင်းထံသို့ ဖုန်းခေါ်လိုက်သည်။ တစ်ဖက်မှ ဝမ်ကျင်း၏ အသံမှာ အားနည်းနေပြီး မကြာသေးမီကမှ နိုးလာပုံရ၏။
"ဟယ်လို ဒေါက်တာဝမ်... တကယ့်ကို စိတ်မကောင်းပါဘူး... မနေ့ညက အရက်မူးနေတာ... ခင်ဗျားရဲ့အနားယူချိန်ကို အနှောင့်အယှက်ပေးမိလို့ စိတ်မကောင်းပါဘူး "

ဝမ်ကျင်းက "အင်း" ဟုသာ ပြောပြီး အခြားဘာမှမပြောတော့ပေ။

ပိုင်မူနင်မှာ ပို၍ပင် စိုးရိမ်လာသည်။ 

ငါ ဘာတွေလုပ်ခဲ့မိတာလဲ…

အထူးသဖြင့် သူ အရှက်ရစရာများ လုပ်ခဲ့လားဆိုသည်ကို အသည်းအသန် သိချင်နေမိသည်။ 

ထို့ကြောင့် သတိထားပြီး စမ်းသပ်သလို မေးမြန်းလိုက်သည်။
"ဒေါက်တာဝမ်...ကျွန်တော် ခင်ဗျားကို စိတ်ဆိုးအောင် လုပ်မိသေးလား" 

"မမှတ်မိတော့ဘူးလား"
ဝမ်ကျင်းက စကားပြောလာသည့်အခါ အနည်းငယ် ထက်ရှနေသည့်အသံရှိပြီး အံကြိတ်နေဟန်ရှိသည်။ ပိုင်မူနင်မှာ သူ၏စိတ်လေးက ညှိုးကျသွားသည်ကို ခံစားမိလိုက်သည်။

ငါတော့ သွားပြီ... အကုန်ပြီးဆုံးသွားပြီ...

ဝမ်ကျင်းက ဖြည်းဖြည်းချင်း ပြောပြသည်။
"စိတ်ဆိုးစရာအထိတော့ မဟုတ်ပါဘူး... မင်းက ငါ့အတွက် ပိုင်[pi]ကို အလွတ်ရွတ်ပြနေခဲ့တာလေ"

ပိုင်မူနင်မှာ မယုံကြည်နိုင်သကဲ့သို့ ချက်ချင်းရပ်တန့်သွားသည်။ 

မဖြစ်နိုင်ဘူး...အဲဒီ့ ဂဏန်းတစ်ထောင်လုံးကို ငါမှ မသိတာ...

"ဒါပေမယ့် ဒဿမနောက်က ဂဏန်း ၇ လုံးပဲ မင်းရွတ်ပြနိုင်ခဲ့တာ... ကျန်တဲ့ ၉၉၃ လုံးကို ငါ့အတွက် အကြွေးထားထားမယ်လို့ မင်းပြောတယ်"

"..."

ပိုင်မူနင်မှာ ရှက်ရွံ့သွားခဲ့သည်။ သူကိုယ်သူ မြေမြှုပ်လိုက်ချင်စိတ်ပေါ်လာခဲ့သည်။
ကောင်းပြီ... ဘာပဲဖြစ်ဖြစ် ဒီအဆင့်မှာ ငါ့ရဲ့ ဂုဏ်သိက္ခာ ဘယ်လောက်ထိ ဆုံးရှုံးနိုင်သေးလို့လဲ...

သူ၏အသံက သေးငယ်ပြီး သနားစရာကောင်းလာသည်။ 
"နောက်ထပ် တစ်ခုခုရှိသေးလား..."

ဝမ်ကျင်း၏အသံက ရုတ်တရက် အေးစက်သွားသည်။
"ဟုတ်တယ်...ရှိသေးတယ်... ဒီနေ့ကစပြီး ကိုယ့်ကို ထပ်မဆက်သွယ်နဲ့တော့.."

"ဟုတ်ကဲ့... ဖုန်းချလိုက်ပါ့မယ်"

လိုင်းပြတ်သွားသည်။

ပိုင်မူနင်မှာ အိပ်ရာပေါ်လှဲကာ ယင်းက ကျရှုံးမှုလားဟုသာ စဉ်းစားမိတော့သည်။

ယခုမူ ဝမ်ကျင်းက သူ့ကို အလွန်စိတ်ကုန်နေပေလိမ့်မည်။ ဤသို့ဖြစ်ပြီးနောက် ထိုသူ့အား ထပ်မံ၍ ဆက်သွယ်နိုင်ဦးမည်မဟုတ်ပေ။


💊💊💊💊 Chapter 10
ဒီလူက ဘာလို့ ထပ်ပြီး လျှာစောင်းထက်နေရပြန်တာလဲ...


လီအန်းချီက နောက်ဆုံး၌ ဘဏ်တွင်အလုပ်လုပ်ရန် ရွေးချယ်လိုက်ချေ၏။ ကျန်းခယ်ကျန့်တွင် ကောင်မလေးရှိနေခြင်းက သူ့အတွက်ပြင်းထန်သည့် ရိုက်ချက်ပင်။  á€žá€°á€€ ကျန်းခယ်ကျန့်နှင့် ထပ်မံ၍ ရှုပ်ထွေးမနေလိုတော့ပေ။ 

လီအန်းချီ အလုပ်သွားသည်နှင့် အိပ်ဆောင်တွင် ပိုင်မူနင်သာ ကျန်ရစ်၏။ အခြားလူနှစ်ဦးကမူ သူ့အား မပြုမပြင်ယိုယွင်းကာပျက်စီးနေသည့် နေရာ၌ လူသူကင်းမဲ့လျက် အဖော်မဲ့စွာ ချန်ထားပြီး ထွက်သွားကြသည်မှာ ကြာလေပြီ။ 

ပိုင်မူနင်၏ပိုက်ဆံများမှာ သုံးရင်း၊ သုံးရင်း နည်းသထက်နည်းလာပြီး အလုပ်တစ်ခုရှာဖို့ရာ စတင်တွေးတောရတော့သည်။

နှစ်ရက်အကြာခန့်က လီလီက သူ့အား မုန့်ဖိုးအပိုငွေအချို့ ပေးလာသည်။ သူမအတွက် အန္တရာယ်များသည့် အခြေအနေအား ရှောင်နိုင်ရန် သတိပေးလိုက်၍ပင်။

သူမ၏ခင်ပွန်းဟောင်းက တကယ်ကို သူမအားအကွက်ချထားခြင်းဖြစ်၏။ ပိုင်မူနင်သာ သတိမပေးခဲ့ပါက သူမအနေဖြင့် ထိုအကွက်ထဲ ကျသွားပေလိမ့်မည်။

လီလီက သူ့အတွက် စဥ်းစားထားသည့် အလုပ်များရှိကြောင်းကိုလည်း ပြောလာခဲ့သည်။

သို့တိုင် အလုပ်များမှာ မကြာခဏဆိုသလို ပေါ်လာခြင်းမျိုးမဟုတ်ပေ။ ပိုင်မူနင်က စိတ်အေးချမ်းစွာလုပ်နိုင်သည့်  á€á€Šá€şá€á€Šá€şá€„á€źá€­á€™á€şá€„á€źá€­á€™á€şá€Ąá€œá€Żá€•á€şá€á€…á€şá€á€Żá€Ąá€Źá€¸ တွေးတောနေမိသည်။

သူ့အနေဖြင့် မည်သည့်အခြေအနေမျိုးတွင်မဆို အရေးပေါ်ထုတ်သုံးနိုင်ရန်အတွက် ငွေစုရန်လို၏။

လက်ရှိတွင် ကျောင်းအဆောင်က သူ့အားနောက်နှစ် ဇွန်လအထိသာ နေခွင့်ပေးမည်ဟုဆိုလာသည်။ ထို့နောက်တွင် သူကိုယ်တိုင် ငှားနေရတော့မည်ဖြစ်၏။

ကျင်းနန်ရှိ အိမ်ငှားခမှာ ခေါင်းခဲစရာ ပြဿနာတစ်ရပ် ပင်။ ထို့အပြင် တစ်လစာ စပေါ်ငွေနှင့် သုံးလစာ ကြိုတင်ပေးချေရသည့် စည်းကမ်းကလည်း ရှိနေသေးသည်။ သူသာ ငွေကြေးအလုံအလောက် မစုဆောင်းထားနိုင်လျှင် ရှင်သန်ရပ်တည်ရေး အခက်အခဲရှိနေလိမ့်မည်။

ထိုအချက်ကို တွေးမိသည်နှင့် ပိုင်မူနင်တစ်ယောက် သူ၏ ကိုယ်ရေးရာဇဝင်များကို စတင်၍ ပို့လိုက်သည်။ ကံမကောင်းစွာပင် လက်ရှိအလုပ်အကိုင် ဈေးကွက်မှာ အလွန်ဆိုးရွားနေပြီး ကုမ္ပဏီကြီးများပင်လျှင် ဝန်ထမ်းလျှော့ချနေကြ၏။ သူတို့ကဲ့သို့သော အလုပ်သင်များအတွက် အလုပ်အကိုင် အခွင့်အလမ်း များများစားစားမရှိလှပေ။

ထို့အပြင် ပိုင်မူနင်၏မေဂျာမှာ ဘွဲ့ရလျှင်ပင် အလုပ်မရနိုင်သည့်မေဂျာအဖြစ် နာမည်ကြီးသည်။ သို့ဖြစ်ရာ သူ၏ကိုယ်ရေးရာဇဝင် (CV) များအားလုံးက ပင်လယ်ထဲမှာ နစ်မြုပ်သွားခဲ့သည်။ အင်တာဗျူးဖြေရန်ကမ်းလှမ်းသည့်ဖုန်း တစ်ကြိမ်လေးပင် လက်ခံမရရှိခဲ့ပေ။

[T/N - သူ့ရဲ့ကိုယ်ရေးရာဇဝင် (CV) တွေအားလုံး ပင်လယ်ထဲမှာ နစ်မြုပ်သွားခဲ့တယ် - လုပ်ရှာမရတဲ့အခါ အလုပ်လျှောက်တာ အဆင်မပြေတဲ့အခါ သုံးတဲ့စကားပုံပါ]

ရက်ပေါင်းများစွာ အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ပိုင်မူနင်က ကုလားထိုင်ပေါ် မှီချလိုက်ပြီး ဒရာမာဆန်ဆန်ပင် သက်ပြင်းချကာလိုက်သည်။
'ကောင်းကင်ဘုံက ငါ့ကို အဆုံးသတ်ပစ်တော့မှာပဲ'

ထိုသောကြာနေ့တွင် မွေးမြူရေး ဘာသာရပ်မှ အကြီးတန်းကျောင်းသားတစ်ယောက်က သူ့ကို ဆက်သွယ်လာခဲ့၏။ သူ့ဆိုင်က ဖောက်သည်တစ်ဦးက အာရိုနာဝါငါး[နဂါးငါး]တစ်ကောင် ဝယ်သွားသော်ငြား ငါးမှာ ဖျားနာနေကြောင်း ပြောသည်။ သူက ပိုင်မူနင်ကို သွားရောက်ကြည့်ရှုပေးစေလိုသည်။ အလကား မဟုတ်ဘဲ လာကြည့်ပေးသည့်အတွက် ငွေပေးမည်ဟုလည်း ကမ်းလှမ်းလာခဲ့သည်။

သူတို့ကျောင်းတွင်ရှိစဥ်က အနှီစီနီယာက ပိုင်မူနင်အား အနည်းငယ်မျှ ကြည့်ရှုစောင့်ရှောက်ဖူးသည်။ ငွေရှာနိုင်သည့်အခွင့်အရေးပေါ်လာတိုင်း သူ့အားတွေးမိတတ်သူပင်။ တစ်ခါတစ်လေ သူ့ဆိုင်တွင်အလုပ်များပုံလာလျှင်လည်း ပိုင်မူနင်အား အကူအညီတောင်းတတ်၏။

ပိုင်မူနင်က ချက်ချင်းပင်လက်ခံလိုက်ကာ စီနီယာမှ လိပ်စာကိုပို့ပေးလာသည်။

သူလိပ်စာကို ကြည့်လိုက်သည်နှင့် ယခင်ကတည်းက ရင်းနှီးနေသလို ခံစားလိုက်ရသည်။

လမ်းကြောင်းအတိုင်းလိုက်သွားခဲ့ရာ ပိုင်မူနင်တစ်ယောက် စန်းဝမ်ခန်းမဝင်ပေါက်သို့ ရောက်လို့သွားရ၏။ ယင်းက တကယ်ပင် စီနီယာပို့ပေးသည့်လိပ်စာဟုတ်မဟုတ် သေချာစေရန် သူ့ဖုန်းကို သုံးကြိမ်တိုင်တိုင် စစ်ဆေးလိုက်သည်။ 

လမ်း၄၀၊ နံပါတ် ၈၉…

သို့ဖြစ်ရာ သူတံခါးကိုသာ တွန်းဖွင့်လျက် ဝင်သွားလိုက်သည်။

တကယ်ကို စန်းဝမ်ခန်းမကြီးဟ... ဒါကြီးက တိုက်ဆိုင်လွန်းတယ်မလား...
 
နေ့လည်ခင်းအချိန်ဖြစ်ကာ လူနာများစွာမရှိပေ။ ချန်ဟောက်နန်က ငါးကန်ရှေ့ရပ်ကာ ငါးစာကျွေးနေလေ၏။ ရေချိုငါးလေးများကို တစ်ကောင်ပြီးတစ်ကောင် ချကျွေးနေပါသော်ငြား သခင်ကြီးအာရိုနာဝါကမူ တစ်ချက်ကလေးပင် လှည့်မကြည့်ပေ။ ထိုအစား မာနအပြည့်ဖြင့် ဝင့်ဝင့်ကြွားကြွားသာ ကူးခတ်နေလျက် ပူပေါင်းများအား အပျော်မှုတ်ထုတ်လိုက်ချေသည်။ 

ချန်ဟောက်နန်မှာ အတန်ငယ်မျှ စိတ်ပူပန်၍နေသည်။ သူက ခေါင်းကိုက်နေသံစွက်လျက်ဆို၏။
"လုံကော... မင်းက သိန်းပေါင်းများစွာတန်တာကွ ... တစ်ခုခုတော့စားလေ... မင်းအာဟာရချို့တဲ့ပြီး ပိန်ကပ်ကုန်ရင် ဘယ်လိုလုပ်မတုန်း...:

[lóng-နဂါး]

"မင်းရေချိုငါးမကြိုက်ရင်လည်း ပြောကွာ... ပုစွန်ဆိုရင်ရော ဘယ်လိုလဲ... မင်း ရေငံပုစွန်လိုချင်လား ရေချိုပုစွန်လိုချင်လား ... မင်းလိုချင်တာသာပြောလိုက်... ဘုရင့်စားပွဲတော်ကြီးလိုရင်တောင် မင်းရဲ့ဒီညီလေးက ရအောင်လုပ်ပေးမှာ..."

ငါးကန်ရှေ့တွင် အတော်ကြာအောင် စကားများနေပြီးနောက် ချန်ဟောက်နန်က လှည့်လာကာ ပိုင်မူနင်အား တွေ့သွားခဲ့သည်။ သူ့တွင် ရှက်ရွံ့ရိပ် တစ်စိုးတစ်စိပင် ပေါ်မလာပါဘဲ သူ့အား နွေးထွေးစွာသာ ပြုံးပြလာသည်။
"ဒေါက်တာဝမ်ကို လာရှာတာလား... သူက လူနာကြည့်တုန်း..."

သူ့အသံက လွန်စွာနူးညံ့ညင်သာ၍နေပြီး တစ်ဖက်သတ် တစ်ယောက်တည်း စကားပြောနေသည့် စောစောက အရူး လုံးဝမဟုတ်သည့်အတိုင်းပင်။

ဆရာဝန်များက အမြဲလိုလို တမူထူးတတ်သည်ပင်။

"သူ့ဆီလာတာမဟုတ်ဘူး..."
ပိုင်မူနင်က လက်ကိုခပ်မြန်မြန်ပင် ဝေ့ယမ်းပြလိုက်သည်။
"ကျွန်တော့်စီနီယာက အာရိုနာဝါရဲ့အခြေအနေကို လာကြည့်ခိုင်းလို့"

ချန်ဟောက်နန်မှာ လွန်စွာမှ အံ့အားသင့်သွားပုံဖြင့် ပြောသည်။
"မင်းက ဒီကို ငါးကုပေးဖို့လာတာပေါ့လေ..."

သူက ပိုင်မူနင်အား လျင်မြန်စွာ စစ်ဆေးလာသည်မှာ တကယ်ကြီးလားဟူသောသဘောဖြင့် အကဲဖြတ်လိုသည့်အတိုင်းပင်။

ဆိုရလျှင် ယခင်က ပိုင်မူနင်မှာ အမြဲလိုလို ဝမ်ကျင်းကိုရှာရန်သက်သက်သာ လာတတ်ပေသည်။ ထိုသို့ရုတ်တရက်ကြီး ပစ်မှတ်ပြောင်းလိုက်ခြင်းက မယုံနိုင်စရာကောင်းလွန်းလှသည်။

ပိုင်မူနင်က သူ၏လှပသည့် တရုတ်ဆီးသီးသဏ္ဌာန် မျက်ဝန်းတို့ကို ခတ်လိုက်သည်။
"အဲလိုပုံမပေါက်လို့လား... ကျွန်တော်က ကျွမ်းကျင်သူပါနော်..."

ချန်ဟောက်နန်၏ မျက်နှာထက်မှ အံ့အားသင့်နေသည့်အမူအရာက တဖြည်းဖြည်းမှေးမှိန်သွားသည်။ သူက လက်ဝေ့ယမ်းပြလျက်ပြောလာသည်။
"ဒေါက်တာလေး... လုံကောဘာဖြစ်နေလဲဆိုတာ တစ်ချက်လောက် လာကြည့်ပေးပါဦး..."

ပိုင်မူနင် : “…?”

ဘာလို့ သူကအမြဲ အသေးလေးဆိုတဲ့"လေး"ဆိုတာ  á€‘á€Šá€şá€ˇá€á€ąá€Ťá€şá€á€śá€”á€ąá€›á€á€Źá€œá€˛...

“ဒေါက်တာချန် ကျွန်တော့်ကိုနာမည်ပဲခေါ်ပါ...”

ဘယ်သူမှ အသေးလေးဆိုပြီး ရည်ညွှန်းမခံချင်ဘူးကွ... ငါက အဲ့လောက်ထိ အသက်ငယ်မနေဘူး…

ပိုင်မူနင်က အာရိုဝါနာအား စစ်ဆေးရန်လျှောက်သွားလိုက်သည်။ ငါးမှာ ရေချိုငါးလေးများအား လျစ်လျူရှုထားဟန်ရှိကာ သူ့အားစိုးမိုးထားသည်က ရေပူဖောင်းများ မှုတ်ထုတ်နေခြင်းသာ။

ယင်းမှာ ကူးခတ်ရာတွင် နှေးကွေးလေးလံကာ ပျင်းရိနေပုံရပြီး ယခင်ရက်များကကဲ့သို့ အရှိန်အဝါရှိမနေပေ။

ချန်ဟောက်နန်က မေးသည်။
"ရှောင်နင်... ကိုယ့်ရဲ့လုံကောက ဘာများဖြစ်နေတာလဲကွာ.."

ပိုင်မူနင်က ဆို၏။
"အလွန်အကြူးကျွေးမွေးခံရလို့ အစာမခြေနိုင်ရုံပါပဲ... ဒေါက်တာချန် တစ်ပတ်ကို အစာ ဘယ်လောက်များကျွေးဖြစ်လဲ..."

ချန်ဟောက်နန်က အင်မတန့်အင်မတန်မှ ဂုဏ်ယူစွာဖြင့် ပြန်ဖြေလာသည်။
"ငါသူ့ကိုနေ့တိုင်းကျွေးတာ အာ.. ဒါပေမဲ့ ငါးတွေက အစာမခြေနိုင်တာမျိုး ရှိသေးတာလား..."

"ငါးတွေမှာလည်း အစာခြေစနစ်ရှိတယ်လေ"

"ဟုတ်သားပဲ..." 
ချန်ဟောက်နန်ကမေးသည်။
"ဒီတော့ ဘယ်လိုမျိုးပြင်သင့်လဲ..."

"အငတ်ခံခိုင်းလိုက်"
ပိုင်မူနင်က ရှင်းပြလိုက်သည်။
"နေ့တိုင်းကျွေးစရာမလိုဘူး... တစ်ပတ်ကို ၂ကြိမ်၃ကြိမ်ဆို လုံလောက်ပြီ"

"ရေရဲ့အနေအထားကလည်း ကောင်းမနေဘူး ရေခဏခဏလဲပေးဖို့လိုတယ်လေ... အရမ်းကိုမှ ဖြုန်းတီးတယ်လို့ ခံစားရရင်လည်း သန့်ရှင်းရေးငါးအမျိုးအစားမွေးပြီး သန့်ရှင်းရင်ရော..."

ပိုင်မူနင်က အာရိုနာဝါငါးကို မည်သို့ကျွေးမွေးရမည်နှင့် ယင်းကဘာကိုစားရသည်အား ကြိုက်နှစ်သက်ကြောင်းတို့ကို ကရားရေလွှတ် တတွတ်တွတ်ဆိုလေသည်။

ရေလဲနည်း၊ ငါးကန်ကို မည်မျှကြာကြာ သန့်ရှင်းရေးလုပ်သင့်ကြောင်းနှင့် ရေကို အက်ဆစ်ဓာတ် အနည်းငယ်ရှိအောင် ဘယ်လိုလုပ်ရမည်တို့ကိုလည်း အကြံပေးလိုက်သည်။ ယင်းတို့က သူကျွမ်းကျင်သည့်နယ်ပယ်ဖြစ်နေလေရာ ပိုင်ပိုင်နိုင်နိုင်နှင့် အခိုင်အမာပင် ပြောပြနိုင်သည်။

ချန်ဟောက်နန်၏ခေါင်းမှာ ချာချာလည်သွားရလျက် ဘာကိုမှ မမှတ်သားလိုက်နိုင်ပေ။ ပိုင်မူနင်က သက်ပြင်းချကာဆိုသည်။
"နောက်ကျမှ လုပ်ရမှာတွေကို မိတ္ထူဆွဲပြီးပို့ပေးလိုက်ပါမယ်"

“မင်းက အရမ်းတွေးတတ်တာပဲ ရှောင်နင်” 
ချန်ဟောက်နန်က ရေလဲနေစဥ်အတွင်း ပိုက်များကို ကိုင်ထားပေးရင်း ကူညီ၏။
"ရှောင်နင် အဲဒါက မင်းရဲ့မေဂျာလား... မင်းလည်း ငါးတွေကို ဘယ်လိုမွေးပြီးပျိုးထောင်ရမလဲ သိတယ်လား…"

ပိုင်မူနင်မှာ ထိုသူက ထွေရာလေးပါးစကားဆိုနေသည်ဟုသာ မှတ်ယူလျက် ခပ်ပေါ့ပေါ့ပင်ဖြေလိုက်သည်။

"ဟုတ်တယ် ကျွန်တော့်မေဂျာက ငါးမွေးမြူရေးလေ ... ဒါတွေက ကျွန်တော်ကျွမ်းကျင်တဲ့အပိုင်းပဲ... နောက်ဆိုခင်ဗျားငါးတွေတစ်ခုခုဆို ကျွန်တော့်ဆီလာလို့ရပါတယ်..."

"ဒါဆိုလည်း ကိုယ်ယဥ်ကျေးမနေတော့ဘူး.."
ချန်ဟောက်နန်က ထပ်ပေါင်းကာ ပြောလာသည်။
"ရှောင်နင် မင်းဒီမှာအလုပ်လုပ်ချင်လား... ငါးကိုပျိုးထောင်ဖို့ ကျွမ်းကျင်သူတွေနဲ့ပဲ လွှဲထားသင့်တယ်ထင်တာပဲ"

ချန်ဟောက်နန်ဘက်မှ မည်သည့်အခြားအကွက်မျိုးမှ ရွှေ့နေခြင်းမဟုတ်ပေ။ သူက တကယ်ကို ငါးမွေးရသည်က ခေါင်းကိုက်ရသည်ဟုတွေးကာ တစ်စုံတစ်ဦးကိုငွေပေးကာ ပြဿနာများကိုသာ လျှော့ချလိုခြင်းဖြစ်၏။

ယင်းမှာလည်း ပိုင်မူနင်လိုအပ်သည့်အရာ အတိအကျပင်။ သူက အလုပ်ရှာမရ၍ ဖိအားများနေရပြီး ယခုမူ တစ်စုံတစ်ဦးက ငွေပန်းကန်ပေါ် အခွင့်အရေးတင်လျက် ပေးလာ၏။ 
ငါ ဘာကြောင့် ငြင်းရမှာလဲ…

ချန်ဟောက်နန်က ငါ့အတွက်မိသားစုလိုပဲ…

ပိုင်မူနင်က ပျော်ရွှင်စွာဖြင့် ပို၍ရင်းရင်းနှီးနှီးပင် ခေါ်လိုက်ကာ...
"ဟောက်နန်ကော... တကယ်လားဟင်"

"ကျွန်တော် ခုနောက်ပိုင်း တကယ်ကိုအလုပ်ရှာမရနေဘူး... HRကလူတွေက ကျွန်တော့်ကိုယ်ရေးအကျဥ်းကို ဖတ်တောင်မဖတ်ကြဘူးလေ... ဒီအတိုင်းသာဆို ကျွန်တော်တော့ လက်ကမ်းစာစောင်တွေပဲ လိုက်ဝေရတော့မှာ"

"ဟောက်နန်ကော စိတ်မပူပါနဲ့... ကျွန်တော်ဒီမှာ အလုပ်လုပ်နေသရွေ့ ကျွန်တော့်ရှိသမျှပုံအောပြီး လုပ်မှာပါ... ကျွန်တော် လုံကောကို အကောင်းဆုံး ဂရုစိုက်မှာပါ"

သူက တမင်သက်သက် သူ့ကိုယ်သူသနားစရာကရုဏာသက်ချင်စရာဖြစ်အောင် ပြောခြင်းဖြစ်သော်လည်း လိမ်နေခြင်းမဟုတ်ပေ။ ယခုအချိန်တွင် သူ့ခမျာ တကယ်ကို အလုပ်ရှာမရဖြစ်နေခြင်းဖြစ်၏။

တက္ကသိုလ်ကျောင်းသားများက လှိုင်းလုံးများပမာ အုံလိုက်ကျင်းလိုက် ဘွဲ့ရနေကြသည်။ အုပ်စုတစ်ခုက အလုပ်ရှာမရလျှင် အခြားတစ်စုကလည်း စျေးကွက်ထဲရောက်လာကြပေလိမ့်မည်။ သူ၏ ယှဥ်ပြိုင်နိုင်စွမ်းနည်းသည့်ကျောင်းနှင့်ဘာသာရပ်ကို ထည့်တွက်လျှင် အလုပ်ရနိုင်ချေမရှိခြင်းက ဆိုဖွယ်ရာပင်မရှိပေ။

သူ၏ အဓိကဘာသာရပ်နှင့် ကိုက်ညီသော တည်ငြိမ်သည့်အလုပ်တစ်ခုက နောက်ဆုံးတွင် သူ့ရှေ့တွင် ပေါ်လာခဲ့သည်။ ပိုင်မူနင်အနေဖြင့် မည်သို့ပင်ဖြစ်စေ ထိုအလုပ်ကို ဆုပ်ကိုင်ရန် ဆုံးဖြတ်လိုက်သည်။

"မင်း ခေါ်လိုက်တဲ့ ဟောက်နန်ကောဆိုတဲ့ စကားလုံးလေးတစ်လုံးနဲ့တင် မင်းကို အလုပ်ခန့်လိုက်ပြီ" 
ချန်ဟောက်နန်က သွားနှစ်ချောင်းပေါ်အောင် ရယ်လိုက်ရာ ပါးချိုင့်နှစ်ခုမှာ လှစ်ဟပြခံလိုက်ရလေ၏။ သူက ပိုင်မူနင်၏ ပခုံးကို ပုတ်လိုက်သည်။

ချန်ဟောက်နန်က သူ့ရင်ဘတ်ကို ယုံကြည်မှုရှိရှိ ပုတ်ကာ ပြောလိုက်သည်။
"ကိုယ်က ဒီနေရာရဲ့သူဌေး... ကိုယ့်စကားကသာ အတည်ပဲ... မင်း မနက်ဖြန်ကစပြီး အလုပ်ဆင်းလို့ရပြီ"  

“ကျေးဇူးတင်ပါတယ် ဟောက်နန်ကော” 

ပိုင်မူနင်၏ အပြုံးမှာ အံ့ဩစရာကောင်းလောက်အောင် ချိုမြိန်၍နေသည်။

သို့တိုင် သူ့ကိုယ်သူ နောက်ဆုံးအဆုံးအဖြတ်ပေးနိုင်သူဟု ယုံကြည်စိတ်ချစွာပြောခဲ့သော ဟောက်နန်ကောဆိုသူမှာ ဝမ်ကျင်း၏ စကားတစ်ခွန်းတည်းဖြင့်ပင် KO အလုပ်ခံလိုက်ရသည်။

“သူက အဆင်မပြေဘူး... တခြားတစ်ယောက် ရှာလိုက်” 

ထို့ကြောင့် ချန်ဟောက်နန်မှာ စိတ်ပျက်အားငယ်စွာဖြင့် ပြန်လာပြီး လက်ကို အကူအညီမဲ့စွာ ဖြန့်ပြလိုက်သည်။ ဝမ်ကျင်းက သဘောမတူခဲ့ပေ။ 
“မင်းကိုယ်တိုင် သူ့ကို သွားစည်းရုံးကြည့်ပါလား” 

အခုလေးတင် အလုပ်ရလုဆဲဆဲဖြစ်ပြီးနောက် ချက်ချင်း အလုပ်လက်မဲ့ပြန်ဖြစ်သွားသော ပိုင်မူနင်: “...?”

ခင်များက ဒီနေရာရဲ့ သူဌေးဆို... ခင်များစကားကသာအတည်ဆို... ဘာဖြစ်သွားရတာလဲ..

ယင်းက ပြီးခဲ့သည့်တစ်ပတ်အတွင်း သူ့အတွက် တစ်ခုတည်းသော အလုပ်ရနိုင်သည့်အခွင့်အရေးပင်။ ပိုင်မူနင်အနေဖြင့် ၎င်းအား သူ့လက်ထဲမှ လွတ်ထွက်သွားခွင်ွမပေးနိုင်ပေ။

ထို့ကြောင့်ပင် သူက ဝမ်ကျင်း၏ ဆေးကုခန်းတံခါးကို ခေါက်လိုက်ပြီး အပြုံးချိုချိုလေးဖြင့် အတွင်းသို့ ဝင်သွားလိုက်သည်။
“ဒေါက်တာဝမ်... ကျွန်တော့်ကို အခွင့်အရေးတစ်ခုလောက် ပေးလို့မရဘူးလား” 

ဝမ်ကျင်းက သူ၏ကုလားထိုင်နောက်မှီကို မှီကာ မျက်ခွံကို အနည်းငယ်ပင့်လိုက်သည်။ 
“မင်းက ဘယ်လိုအခွင့်အရေးမျိုးကို ပြောတာလဲ”  

ပိုင်မူနင်: “...?”

သူက ငါ ဒီနေရာမှာ အလုပ်လုပ်ချင်တာက တခြားလျှို့ဝှက်ရည်ရွယ်ချက်တစ်ခုခုရှိတယ်လို့ အထင်မှားသွားတာလား...

“သေချာပေါက် အလုပ်ပေါ့... ကျွန်တော် ဒီအလုပ်ကို တကယ်လိုအပ်နေတာ... ဒီနေ့ခေတ်မှာ အလုပ်ရှာရတာ အရမ်းခက်တယ်... သိပ်မကြာခင်အထိ အလုပ်မရဘူးဆိုရင် ကျွန်တော် ပန်းကန်တစ်လုံးနဲ့ တံတားအောက်မှာ ထိုင်ပြီး တောင်းစားရတော့မလို ဖြစ်နေပြီ...” 

ပိုင်မူနင် ရှင်းပြနေစဥ် သူ့ပုံစံက လွန်စွာသနားချင့်စဖွယ်ဖြစ်နေသည်။ ဝမ်ကျင်း၏ အေးစက်စက်နှလုံးသားထဲမှ သနားကြင်နာစိတ်ကို နှိုးဆွနိုင်ရန် ကြိုးစားနေခြင်းပင်ဖြစ်သည်။

ကံမကောင်းစွာပင် အေးတိအေးစက် မြေခွေးအိုကြီးက သူ့ကို အခွင့်အရေးပင် မပေးဘဲ ချက်ချင်း ငြင်းချလိုက်ပေသည်။

“ဟုတ်လား... ဒါဆို မင်းရဲ့ဟောက်နန်ကောနဲ့ စကားပြောပြီး အကြံဉာဏ်တွေ ဖလှယ်ကြည့်ပေါ့... သူက တောင်းရမ်းရာမှာ အတွေ့အကြုံရှိတယ်” 

ပိုင်မူနင်: “...?”

ဒီလူက ဘာလို့ ထပ်ပြီး လျှာစောင်းထက်နေရပြန်တာလဲ... သူ ဒီမနက် သေနတ်များ မျိုချလာတာလား...


 

Search Novels