💊💊💊💊 Chapter 46
ဝမ်ကျင်းက ရေချိုးပြီးထွက်လာတယ်


ဝမ်ကျင်း ရုတ်တရက် ဤသို့ပြုမူလာခြင်းက ပိုင်မူနင်၏ နှလုံးသားကို လည်ချောင်းဝအထိ ခုန်ထွက်လာစေသည်။ 

သူ အခု သံသယဝင်နေပြီလို့တော့ မပြောနဲ့နော်...

ပိုင်မူနင် စိုးရိမ်တကြီး တံတွေးမျိုချလိုက်သည်။ “ဘ..ဘာ... ဘာလဲဟင်”

ဝမ်ကျင်းက သူ၏ လက်ကို ယူလိုက်ပြီး တစ်ရှူးဖြင့် သူ၏ လက်ဖဝါးမှ ချွေးများကို သုတ်ပေးသည်။
 “ဒီနေ့ ဘာလို့ ချွေးတွေ အများကြီး ထွက်နေတာလဲ... မင်း ဘာကို စိုးရိမ်နေတာလဲ”

ပိုင်မူနင်က သူ၏ လက်ကို ပြန်ဆွဲလိုက်ပြီး ဝမ်ကျင်းအား ကိုင်ခွင့်မပေးလိုက်ပေ။ ဝမ်ကျင်းမှာ တရုတ်တိုင်းရင်းဆေးပညာရှင်ဖြစ်ပြီး သွေးခုန်နှုန်း စမ်းသပ်နိုင်သည်။ သူ၏ သွေးခုန်နှုန်းကို စမ်းရုံမျှဖြင့် အများကြီး ထုတ်ဖော်နိုင်သူပင်။ ပိုင်မူနင်မှာ ဝမ်ကျင်းက သူလိမ်နေသည်ကို သိရှိသွားမည်ကို အလွန်ပင်စိုးရိမ်နေရသည်။

“ကျွန်တော် ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ” 
ပိုင်မူနင်၏ ပါးပြင်လေးက အနည်းငယ် နီမြန်းလာသည်။ သူက ပေါ့ပေါ့ပါးပါး ပြောရန် ကြိုးစားလိုက်သည်။
 “ခင်ဗျားက အမြဲဒီအတိုင်းပဲ ကျင်းကော... ကျွန်တော် ဒီတိုင်း ကျောက်ကပ်အားနည်းနေတာပါ... ကျွန်တော်က ကျောက်ကပ်အားနည်းနေတယ်လို့”

သူ၏မာနကို လုံးဝ စွန့်ပစ်လိုက်ကာဖြင့် ပိုင်မူနင်မှာ သူကျောက်ကပ်အားနည်းနေသည်ဟု ပထမဆုံးအကြိမ်အဖြစ် ကိုယ်တိုင်ဝန်ခံလိုက်ခြင်းပင်။

သူ ဝမ်ကျင်းနှင့် ပထမဆုံးတွေ့ဆုံစဉ်က သူ့တွင် ကျောက်ကပ်အားနည်းသည့် ရောဂါရှိ‌ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်ကို ခုထိ မှတ်မိနေသေး၏။ ထိုစဉ်က ပိုင်မူနင်မှာ ဝန်ခံမည့်အစား သေလိုက်သည်က ပိုကောင်းသည်ဟုပင် ယူဆထားခဲ့သည်။

သို့သော်လည်း နှစ်လတည်းဖြင့်ပင် သူ့ခမျာ ဟန်မဆောင်နိုင်တော့‌ပေ။
ယောက်ျားတစ်ယောက်အတွက် မာနက ဘာအရေးကြီးလို့လဲ... ကျောက်ကပ် အားနည်းတာက ရှက်စရာ မဟုတ်ဘူး... ကစားခံရလို့ သေတာထက် ပိုကောင်းတယ်...

”ကျွန်တော့်ကို ဘာပြောချင်တာလဲ”

ဝမ်ကျင်းက စက်ရပ်လိုက်ပြီး သူ့ဘက်သို့ လှည့်လာသည်။ 
“အခု ကိုယ်မင်းကို ပြောပြလို့ရတဲ့ ကိစ္စတချို့ ရှိတယ်”

ပိုင်မူနင်က ဝင်မပြောဘဲ တိတ်တဆိတ် နားထောင်နေသည်။ သို့သော်လည်း သူ၏ နှလုံးသားလေးက စိုးရိမ်ပူပန်မှုထဲ နစ်မြုပ်နေ၏။
“နှစ်သစ်ကူးနေ့တုန်းက ကိုယ့်ကို ဖုန်းခေါ်ခဲ့တာ ဝမ်ချီပါ... သူက ကျန်းချင်းချီကို ရှာမတွေ့လို့ ကိုယ့်ကို လိုက်ရှာပေးဖို့ တောင်းဆိုခဲ့တာ... ပထမကတော့ ကိုယ်ဝင်မပါဝင်ချင်ပေမဲ့ သူက ကိုယ့်ကို ဆက်တိုက် နှောင့်ယှက်နေတယ်လေ”

“အဲဒါက သူတို့ကိစ္စမလို့ ကိုယ်ကလည်း ဝင်မရှုပ်ချင်လို့ အရင်က မင်းကိုမပြောပြခဲ့တာ”

“ဒါပေမဲ့ အခုတော့ ကိုယ့်နဲ့ပါ ပတ်သက်လာပြီ... ဒါကြောင့် မင်းကို ပြောပြဖို့ လိုတယ်”

“ပတ်သက်” ဟူသောစကားလုံးက ပိုင်မူနင်ကို စိတ်မသက်မသာ ဖြစ်စေသည်။ သူ၏ စိတ်ထဲတွင် သတိပေးချက်များ စတင် မြည်လာသည်။ 
“ခင်ဗျား ဘာကို ဆိုလိုတာလဲ”

“ဝမ်ချီနဲ့ ကျန်းချင်းချီတို့က နိုင်ငံခြား ထွက်ဖို့ စီစဉ်နေကြတာ... ကျန်းချင်းချီရဲ့ စာရွက်စာတမ်းတွေက သူ့အစ်ကိုဆီမှာ ရှိနေတော့ သူတို့က စာရွက်စာတမ်းအသစ်တွေ ရဖို့နဲ့ နိုင်ငံထဲက ထွက်သွားနိုင်ဖို့အတွက် ကိုယ့်ကို အကူအညီတောင်းလာတယ်”

“ခင်ဗျားတို့ နှစ်ယောက်က စာကြည့်ခန်းထဲမှာ အဲဒါကို ကြိတ်ကြံစည်နေကြတာလား” 

ပိုင်မူနင်က သက်ပြင်းအသာ ချလိုက်သည်။ သူ့နောက်ကွယ်၌ သူ့အကြောင်းမပြောနေသရွေ့ အဆင်ပြေပေသည်။

ဝမ်ကျင်းက မျက်ခုံးပင့်လိုက်ပြီး ပိုင်မူနင် သုံးလိုက်သည့် စကားလုံးအား မေးခွန်းထုတ်လာသည်။
 “ကြိတ်ကြံစည်တယ်လား”

“ကျွန်တော့်ကို နားထောင်ခွင့် မပေးမှတော့ ကြိတ်ကြံစည်တာပဲပေါ့”

ပိုင်မူနင်မှာ ထိုသူများ ဝမ်ကျင်းကိုဘာလုပ်စေချင်သည်ကို အတိအကျမသိသည့်တိုင် သူ တွေးနိုင်သည့် တစ်ခုတည်းသောအရာက စာရွက်စာတမ်း အတုလုပ်ခြင်းပင်။ 
“ကျင်းကော မှတ်ပုံတင်အတုလုပ်တာက တရားမဝင်ဘူး”

ဝမ်ကျင်းက မရယ်ဘဲ မနေနိုင်ပေ။ သူက ပိုင်မူနင်၏ ဆံပင်ကို ဖွလိုက်ပြီး ပြောသည်။
 “မင်း ဘာတွေ တွေးနေတာလဲ... ကိုယ် တရားမဝင်တာတွေ မလုပ်ဘူး”

“ကိုယ့်မှာ အဆက်အသွယ်တချို့ ရှိတယ်...  á€’ဍကဟ္ဏငအ် သူတို့လုပ်နိုင်အောင် ကူညီပေးနိုင်တယ်”

ယင်းက ဆရာဝန်တစ်ယောက် ပြောရမည့်စကားမျိုး လုံးဝမဟုတ်ပေ။ ပိုင်မူနင်မှာ ဝမ်ကျင်း၏ အထောက်အထားအား ပိုပြီး သိချင်လာသည်။ 
“ကျင်းကော... ခင်ဗျားက တကယ်ပဲ ဆရာဝန်လား”

“မဟုတ်ရင် ကိုယ်က ဘာများဖြစ်ရဦးမှာလဲ”

ပိုင်မူနင်က ဝမ်ကျင်းကို ကြည့်လိုက်သည်။ သူတို့၏ အကြည့်ချင်းဆုံသွားသည်။ သို့သော်လည်း သူကလျင်မြန်စွာပင် ပြန်လည် အကြည့်လွှဲလိုက်၏။

သူ တွေးလိုက်မိသည်။ 
ဝမ်ကျင်း ဆရာဝန် ဟုတ်ဟုတ် မဟုတ်ဟုတ် ငါနဲ့ ဘာမှမဆိုင်ဘူး.... ငါတို့ လမ်းခွဲမှာပဲကို ဇစ်မြစ်တွေပါ သိဖို့မလိုပါဘူး...

“ရိုးရိုးသားသားပြောရရင် ကိုယ်သူတို့ကို တကယ် မကူညီချင်ဘူး... ကျန်းချင်းချီက အဲလောက်မရိုးရှင်းဘူးထင်တာပဲ... ရှောင်ချီ သူ့ကို တကယ်မသိတာလည်း ဖြစ်နိုင်တယ်”

ပိုင်မူနင်က မတုံ့ပြန်လိုက်သော်လည်း ဝမ်ကျင်း၏အမြင်ကို သူသဘောတူသည်။

ဖေးရှူးချန် ကျန်းချင်းချီကို မကြိုက်ခဲ့သည်ကလည်း ယင်းက အကြောင်းပြချက်ဖြစ်နိုင်သည်ပင်။

ကျန်းချင်းချီမှာ အပြင်ပန်းတွင်မြင်ရသည့်အတိုင်း အပြစ်ကင်းသူမဟုတ်ကြောင်းအား ဝမ်ချီကလွဲ၍ လူတိုင်းပြောနိုင်သည်။

အဆောင်သို့ ပြန်ရောက်သောအခါ ပိုင်မူနင်က သူ၏ ကုလားထိုင်တွင် ထိုင်ပြီး အစမှစ၍ အရာအားလုံးကို ပြန်လည်သုံးသပ်လိုက်သည်။ သူ၏ ရှုပ်ထွေးနေသော အခြေအနေက တဖြည်းဖြည်း ပိုရှင်းလာသည်။

သူ လက်ရှိ လုပ်ဆောင်ရမည့် အဆင့်နှစ်ဆင့် ရှိ၏။

ပထမဆုံး အလုပ်ကို ဖျက်သိမ်းပြီး ငွေပြန်ပေးရမည်။ ထို့နောက် မစ္စတာကျိုးနှင့် ဆက်ဆံရေး ဖြတ်ရမည်။

ဒုတိယမှာ ဝမ်ကျင်းနှင့် လမ်းခွဲရန်ပင်။ ဤဆက်ဆံရေးမှာ ဆက်သွား၍ မရတော့ချေ။

အစီအစဉ်ဆွဲပြီးသည်နှင့် ပိုင်မူနင်က သူ၏ ဖုန်းကို ကောက်ယူလိုက်ကာ မစ္စတာကျိုးကို ဆက်သွယ်၍ အလုပ်ဖျက်သိမ်းမည့်အကြောင်း ပြောလိုက်သည်။ ထို့နောက် သူ လက်ခံထားသည့် ငွေကိုလည်း ပြန်ပေးလိုက်သည်။

လွန်ခဲ့သည့် နှစ်လအတွင်း သူ ငွေအချို့ စုဆောင်းခဲ့သည်။ ၎င်းတို့တွင် ယခင်တစ်ကြိမ်၌ သူခိုးထံမှ ရခဲ့သည့် လျော်ကြေးငွေ ယွမ် ၂၀,၀၀၀ လည်း ပါဝင်သည်။

သူ ဟိုဟိုသည်သည်တို့တွင်လည်း အသေးစားအလုပ်လေးများကို အတော်များများ လုပ်ကိုင်ခဲ့ရာ မစ္စတာကျိုးအား အခကြေးငွေ ပြန်ဆပ်ကာ  á€…á€Źá€¸á€á€á€şá€”á€ąá€›á€ąá€¸á€Ąá€á€˝á€€á€ş ယွမ် ၁၀,၀၀၀ ကျော်ကိုလည်း ဖယ်ထားပြီးနောက်တွင် သူ့တွင် လက်ကျန်ငွေရှိနေသေးသည်။

နှစ်သစ်ကူးမတိုင်မီ နောက်ထပ် လစာတစ်ကြိမ် ရရှိဦးမည်ဖြစ်ရာ ပိုင်မူနင်၏ ဘဝလေးက တိုးတက်နေပြီးသားပင်။

မစ္စတာကျိုးက အချိန်အတော်ကြာပြီးမှ အကြောင်းပြချက်မေးကာ စာပြန်လာသည်။

ပိုင်မူနင်က မိသားစုကိစ္စရှိ၍ ဆက်မလုပ်နိုင်ကြောင်းသာ ပြောလိုက်သည်။  á€á€€á€šá€ˇá€ş အကြောင်းအရင်းအမှန်ကို ထုတ်မပြောလိုက်ပေ။

ဤကိစ္စမှာ ဝမ်ကျင်းနှင့် မသက်ဆိုင်ချေ။ ပိုင်မူနင်က သူ့ကို ဆွဲမထည့်လိုပေ။ ဖြေရှင်းချက်က ရိုးရှင်းလေ ပိုကောင်းလေဖြစ်၏။

မစ္စတာကျိုးက ငွေကို လက်ခံလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။ စကားဝိုင်းက ထိုမျှဖြင့် အဆုံးသတ်သွားသည်။

ယင်းအား အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သဖြင့် ပိုင်မူနင် သက်ပြင်းချလိုက်သည်။ သူက ပိုပြီး အားထုတ်ရလိမ့်မည်ဟု ထင်ခဲ့ခြင်းပင်။

နောက်တစ်ခုကမူ ဝမ်ကျင်းနှင့် လမ်းခွဲရန်သာ။

ပိုင်မူနင်စဉ်းစားလိုက်ပြီးနော် တည့်ပြောလိုက်ခြင်းက အကောင်းဆုံးဟု ဆုံးဖြတ်လိုက်သည်။ ဝမ်ကျင်း သဘောတူသည်နှင့် သူ ချက်ချင်း နှုတ်ထွက်ကာ ပျောက်ကွယ်သွားပေးမည်။ ကျင်းနန်မှာ ဘယ်တော့မှ ပြန်မပေါ်လာတော့ပေ။

ထိုအတွေးဖြင့် ပိုင်မူနင်က နောက်နေ့ အလုပ်၌ ဝမ်ကျင်းနှင့် လမ်းခွဲရန် ဆုံးဖြတ်လိုက်သည်။

ထိုညတွင် ပိုင်မူနင် လီအန်းချီအား ဆက်သွယ်ရန် ဆက်ကြိုးစားလိုက်သည်။ ထိုသူက WeChat တွင် စာမပြန်သလို သူ၏ဖုန်းကလည်း ပိတ်ထားသေး၏။ ပိုင်မူနင်မှာ ဖြစ်ပျက်နေသည်များကို မသိတော့ချေ။

လီအန်းချီ ဤသို့ ပျောက်သွားတတ်သည်က ရှားသည်။ ပိုင်မူနင် မစိုးရိမ်ဘဲ မနေနိုင်ပေ။

သူသည်လည်း ထွက်သွားတော့မည်ဖြစ်ရာ လီအန်းချီမှာ ကျင်းနန်ရှိ သူ၏တစ်ဦးတည်းသော သူငယ်ချင်းပင်။ မသွားခင် နှုတ်ဆက်ချင်မိ၏။

ထိုအချက်ကို စိတ်ထဲတွင်ထားပြီး  á€”္ဏက်န္အ မနက်စောစောတွင် ပိုင်မူနင် လီအန်းချီ၏ အိမ်သို့ သွားလိုက်သည်။

သူ ဓာတ်လှေကားဖြင့်တက်သွားလိုက်သော်ငြား  á€œá€Žá€Ąá€”á€şá€¸á€á€ťá€Žá အိမ်တံခါးတွင် တရားရုံး တံဆိပ်ခတ်ထားသည်ကို တွေ့လိုက်ရလေသည်။ ပိုင်မူနင် အပြင်ဘက်တွင် ခဏတာမျှ ရပ်နေမိသည်။ ထိုအခိုက်အတန့်တွင် လီအန်းချီ တကယ် ဒုက္ခရောက်နေပြီဟု သူရှင်းလင်းစွာ သိသွားရပါ၏။

သူ၏စိတ်မှာလေးလံလာလျက် အတွေးများစွာဖြင့် စန်းဝမ်ခန်းမသို့ ဦးတည်လိုက်ရင်း လီအန်းချီကို လက်မလျှော့စတမ်း ဆက်သွယ်နေမိ၏။

နောက်ဆုံး၌ နေ့လယ်ရောက်မှသာ လီအန်းချီဘက်မှ သူ့ကို ပြန်ခေါ်လာသည်။

“နင်အာ ငါ အခု တစ်ယောက်ယောက်ကို ရှာနေလို့ မြို့ပြင်ရောက်နေတယ်... ငါ့ဖုန်း ဖွင့်ထားဖို့ အဆင်မပြေဘူး... ငါ့ကို စိတ်မပူပါနဲ့ ငါ အဆင်ပြေတယ်...” 
လီအန်းချီ၏ လေသံမှာ ပေါ့ပေါ့ပါးပါးနေပြီး ပိုင်မူနင်သာ သူ့အိမ်ကို ကိုယ်တိုင်မသွားခဲ့ပါကမူ တကယ်ပင် ယုံကြည်သွားနိုင်သည်။

နောက်ဆုံး၌ သူ့အား ဆက်သွယ်နိုင်ပြီဖြစ်၍ ပိုင်မူနင်က စိုးရိမ်တကြီး မေးလိုက်သည်။ 
“လီအန်းချီ မင်း ဘာတွေ ဖြစ်နေတာလဲ... ငါတို့က တကယ်ရော ညီအစ်ကိုတွေ ဟုတ်ကြသေးရဲ့လား... မင်းက မင်းမိသားစုမှာ တစ်ခုခုဖြစ်နေတာကိုတောင်  á€„ဍအကို မပြောပြဘူးပေါ့”

လီအန်းချီမှာ တစ်စက္ကန့်မျှ ကြောင်အနေလျက် သူ့အသံက ပိုမို လေးနက်လာသည်။
“မင်း ဘယ်လို သိတာလဲ”

“ငါ မင်းအိမ်ကိုသွားပြီး မင်းကိုရှာလာတာ”

တစ်ဖက်တွင် အတော်ကြာအောင်တိတ်ဆိတ်‌နေပြီးနောက် လီအန်းချီက ပြောသည်။ 
“နင်အာ ငါ မနက်ဖြန် ပြန်လာမှာ... အဲဒီအခါမှ မင်းကို ဆက်သွယ်လိုက်မယ်”

“ကောင်းပြီ... မင်း အကူအညီ လိုအပ်ရင် ပြောသာပြော”
ဖုန်းချပြီးနောက် ပိုင်မူနင် ပိုမို စိတ်မချမ်းမသာ ဖြစ်လာသည်။ လီအန်းချီမိသားစု၌ ဖြစ်ပျက်နေသည်တို့မှာ သေချာပေါက် ကိစ္စအသေးစားလေးတော့ မဟုတ်ပေ။ 
အဲလိုဆိုရင်တောင် ငါ ဘယ်လိုကူညီနိုင်မှာလဲ…

ထိုညနေ အလုပ်ပြီးနောက် ပိုင်မူနင်က ဝမ်ကျင်း၏အိမ်သို့ တိုက်ရိုက်ပင်သွားလိုက်သည်။ ဝမ်ကျင်းက တစ်နေကုန် အလုပ်မတက်ပေ။ ကျန်းချင်းချီနှင့် တစ်ခုခုဖြစ်ပြီးနောက် ဝမ်ချီက သူ့ကို ခေါ်သွားသည်ဟုသာ သိရ၏။

ထိုသူမှာ တစ်နေကုန် ပျောက်နေသည်။ ကိစ္စများ ဖြေရှင်း၍ပြီးမပြီကိုလည်း ပိုင်မူနင် မသိပေ။ စိတ်လေးစွာဖြင့်ပင် သူ ဝမ်ကျင်းကို မဆက်သွယ်လိုက်ပေ။ ထိုအစား သူ၏ အိမ်သို့ တိုက်ရိုက်သွားကာ စောင့်နေရန်သာ ဆုံးဖြတ်လိုက်သည်။

ဝမ်ကျင်း၏ တံခါးဝတွင် ရပ်နေရင်း ပိုင်မူနင် ဘဲလ်တီးလိုက်သည်။ ၎င်းမှာ အချိန်အတော်ကြာအောင် မြည်နေခဲ့သော်လည်း အတွင်းမှ တုံ့ပြန်မှု မရှိပေ။

သူ ခုထိ ပြန်မရောက်သေးချေ။

ပိုင်မူနင်က တံခါးဝတွင် ထိုင်ချလိုက်ပြီး ထိုနေရာ၌သာ စောင့်နေရန် ဆုံးဖြတ်လိုက်သည်။

ဝမ်ကျင်းက သော့စနစ်ထဲတွင် သူ၏လက်ဗွေကို ထည့်ထားပေးပြီးဖြစ်သည်။ သူလုပ်ရမည်ဟူ၍ သူ၏လက်ချောင်းလေးကို ဖိရုံမျှသာ။ တံခါးက ပွင့်သွားလိမ့်မည်။ သို့သော်လည်း ဤအခိုက်အတန့်တွင် ပိုင်မူနင် ရုတ်တရက်ဆိုသလို စည်းတားထားသည့် ခံစားချက်ကို ခံစားလိုက်ရသည်။

သူ မဝင်သင့်တော့ပေ။ သူတို့က တစ်ယောက်နှင့်တစ်ယောက် မသက်ဆိုင်တော့ရာ သူ့အနေဖြင့် အခြားသူ၏ အိမ်ထဲဝင်နိုင်သည့် အခွင့်အရေးမရှိချေ။

အကြောင်းတစ်ခုခုကြောင့် ဝမ်ကျင်းနှင့် လမ်းခွဲရမည်ကို တွေးလိုက်ရုံဖြင့် ပိုင်မူနင် အသက်ရှူကျပ်သလို ခံစားရသည်။ သူ၏ ရင်ဘတ်ပေါ်တွင် လေးလံသော ကျောက်တုံးတစ်တုံး ဖိထားသည့်အတိုင်း အလွန် စိတ်မသက်မသာ ဖြစ်ရသည်။

သူ ထိုနေရာ၌ ထိုင်ချလိုက်သည်။ သူ့စိတ်ထဲတွင် သူဝမ်ကျင်းနှင့်အတူ မကြာသေးမီက ကုန်ဆုံးခဲ့သည့် အချိန်များအားလုံးကို ပြန်လည် တွေးနေမိ၏။

သူတို့ အတူတူ ပျော်ရွှင်ခဲ့ကြသည်။ သူတို့တွင် ပျော်ရွှင်စရာဖြစ်ရပ်များစွာ ရှိခဲ့၏။

သူ၏ မျက်လုံးများက ရုတ်တရက် စိုစွတ်လာပြီး အမြင်အာရုံမှာလည်း ဝေဝါးသွားတော့သည်။

ရုတ်တရက် ထွက်ပေါ်လာသော ဝမ်းနည်းမှုက ပိုင်မူနင်ကို လန့်သွားစေသည်။ 

လမ်းခွဲရုံလေးပဲဟာ... ငါ ဘာလို့ ခံစားနေရတာလဲ...

ဝမ်ကျင်း ငါ့ကို ရိုက်မှာကိုများ ကြောက်နေတာလား..

ဖြစ်နိုင်တယ် အဲလိုပဲထင်ပါတယ်...

သူက သူ၏မျက်ရည်များကို လျင်မြန်စွာ သုတ်လိုက်ပြီး သူ့ကိုယ်သူ အာရုံပြောင်းရန် သူ၏ ဖုန်းကို စတင်ဆွဲကြည့်တော့၏။ ကျပန်း အကြောင်းအရာများကို ခဏတာမျှ စိတ်လွတ်ကိုယ်လွတ် ရယ်မောပြီးနောက် ရှင်းပြမရသော ဝမ်းနည်းမှုက ပျောက်ကွယ်သွားသည်။

ညနေ ၇ နာရီခန့်တွင် ဝမ်ကျင်းက နောက်ဆုံး၌ ပြန်ရောက်လာသည်။

သူက ပိုင်မူနင်၏ ရှေ့တွင် ရပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်ပါ၏။
“မင်း ဘာလို့ အထဲဝင်မနေတာလဲ”

ပိုင်မူနင်က သူ၏ ဖုန်းကို ပိတ်လိုက်ပြီး အပြုံးလေးဖြင့် ထရပ်လိုက်သည်။
“ကျင်းကောကို စောင့်ချင်လို့”

“မင်း ကိုယ့်ကို ဖုန်းခေါ်လို့ရတယ်လေ”

ပိုင်မူနင်က ဝမ်ကျင်းနောက်မှလိုက်ကာ တိုက်ခန်းထဲ ဝင်သွားလိုက်သည်။ သူတို့ ဝင်လိုက်သည်နှင့် မီးများ ပွင့်လာသည်။ ပိုင်မူနင်က ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
“ကျင်းကောကို အနှောင့်အယှက် ပေးမိမှာစိုးလို့ပါ”

ဝမ်ကျင်းက သူ၏ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး သူ့အား အလေးအနက်ပင် လှည့်ကြည့်လာသည်။ 
“မင်းမှာ ကိုယ့်ကို အနှောင့်အယှက် ပေးပိုင်ခွင့်ရှိတယ်”

ပိုင်မူနင် သူ၏ ရင်ထဲတွင် နွေးထွေးမှုတစ်စွန်းတစ်စ မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။ သူ ဖိနှိပ်ထားသော စိတ်ခံစားမှုများက ပြန်လည် လှုပ်ရှားလာသည်။
“ကျင်းကော ကျွန်တော်...”

ဝမ်ကျင်းက ဖိနပ်လဲနေပြီး တိုက်ခန်းထဲအထိ ပိုရောက်အောင် လျှောက်ဝင်နေသည်။ 
“ခဏလေး... ကိုယ် ရေအရင် ချိုးလိုက်ဦးမယ်”

“...?”

ပိုင်မူနင်၏ ခက်ခက်ခဲခဲ စုဆောင်းထားသော သတ္တိလေးမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။
“အာ ကျွန်တော် စောင့်နေပါ့မယ်”

ပိုင်မူနင်က ဆိုဖာပေါ်တွင် နာခံစွာ ထိုင်လိုက်သည်။ သူက သူ၏ဖုန်းကိုပင် မထိခဲ့ပေ။ သူ ထိုနေရာတွင် ဆယ်မိနစ်မျှထိုင်နေပြီး ဝမ်ကျင်းကို စိုးရိမ်တကြီး စောင့်နေမိသည်။

ရေချိုးခန်း တံခါးပွင့်လာပြီး ဝမ်ကျင်းက သူ၏ ခါးတွင် သဘက်လေးတစ်ခုသာ ပတ်ထားလျက် အပေါ်ပိုင်းကမူ လုံးဝအဝတ်မပါဘဲ ထွက်လာသည်။

သူက သဘက်ဖြင့် သူ၏ ဆံပင်ကို သုတ်နေစဉ် ပိုင်မူနင်ကို ကြည့်လိုက်ပြီး မေးသည်။ 
“မင်း ကိုယ့်ကို ဘာပြောချင်တာလဲ”

ဝမ်ကျင်းက ကိုယ်လုံးကိုယ်ထည် ကောင်းမွန်သည်ကို ငြင်း၍မရပေ။ သူ၏ ကြွက်သားများက တင်းရင်းကာ ကျစ်လျစ်နေပြီး  á€Ąá€Źá€¸á€€á€ąá€Źá€„်းသညအ်ပုလပ္ဍက်န္သည်။

သို့သော် ယခုအချိန်၌ ပိုင်မူနင်တွင်  á€á€ťá€Žá€¸á€€á€ťá€°á€¸á€œá€­á€Żá€…ိတ်မရသိတ္ဏအပ္။ သူ၏ အာရုံစိုက်မှု အားလုံးက ဝမ်ကျင်း၏ ဘယ်ဘက်ပခုံးနှင့် လက်မောင်းပေါ်ရှိ တက်တူးထံသို့ ရောက်သွားသည်။

အနက်စိမ်းရောင်နဂါးတစ်ကောင်က သူ၏ ပခုံးနှင့် လက်တစ်လျှောက်အား ရစ်ပတ်ထားသည်။ ၎င်းမှာ အသက်ဝင်နေသည့်အလား ကြည့်ရသည်မှာ ကြောက်စရာကောင်းနေသည်။

ပိုင်မူနင် ချက်ချင်းပင် အလန့်တကြား ဖြစ်သွားပြီး သူ ပြောရမည်ကိုပင် မေ့သွားသည်။

ပိုင်မူနင် စိုက်ကြည့်နေသည်ကို သတိထားမိပြီး ဝမ်ကျင်းက သဘက်ဖြင့် ပေါ့ပေါ့ပါးပါး ဖုံးလိုက်သည်။ 
“ကိုယ်  á€Ąá€á€á€şá€žá€˝á€Źá€¸á€œá€˛á€œá€­á€Żá€€á€şá€Śá€¸á€™á€šá€ş”

ဝမ်ကျင်း မျက်ကွယ်ရောက်သွားသည်နှင့် ပိုင်မူနင် သတိပြန်ဝင်လာသည်။ သူ အသက်အောင့်ထားမိသည်ကို သူ့ကိုယ်သူပင် သတိမထားမိခဲ့ပေ။ သူ၏မျက်နှာက နီမြန်းလာပြီး တဖြည်းဖြည်း စတင်၍အသက်ရှူလိုက်ကာ ခုန်နေသောနှလုံးကို တည်ငြိမ်အောင်လုပ်လိုက်ပါ၏။

သူ၏ ရင်ဘတ်ကို ဆုပ်ကိုင်ရင်း သူ တွေးလိုက်သည်။ 

ဝမ်ကျင်းက မြေအောက်လောကနဲ့ ပတ်သက်နေတာလား...

ချန်ဟောက်နန် ပြောခဲ့သည့်အရာများနှင့် ဝမ်ကျင်းမကြာသေးမှက ပြောခဲ့သမျှအရာအားလုံးကို ပြန်တွေးရင်း သူတွေးလိုက်သည်။

ဘယ်လို လူစားမျိုးက ဒီလို ကြိုးကိုင်နိုင်တာလဲ... သူက သေချာပေါက် အပြစ်ကင်းတဲ့သူ မဟုတ်ဘူး...

ထိုအတွေးက ပိုင်မူနင်ကို ပိုမို စိတ်လှုပ်ရှားစေသည်။ 

ငါသာ အခု ဝမ်ကျင်းကို ပစ်ထားခဲ့လိုက်ရင် ဝမ်ကျင်းက ငါ့ကို လက်စားချေမှာလား...

သူ၏ စိတ်ထဲတွင် ဂန်းစတားရုပ်ရှင်များထဲမှ မြင်ကွင်းများဖြင့် ပြည့်နှက်နေသည်။ ပိုင်မူနင်မှာ သူ၏ ခြေထောက်များ မရှိတော့သလို ခံစားလိုက်ရ၏။

မကြာမီမှာပင် ဝမ်ကျင်းက အဝတ်အစား အပြည့်အစုံဖြင့် ပြန်ရောက်လာသည်။ သူက လက်လှမ်းလျက် ပိုင်မူနင်၏ နဖူးကိုတောက်လိုက်သည်။
 “ဘာတွေ စဉ်းစားနေတာလဲ”

“မဟုတ်... ဘာမှ မဟုတ်ပါဘူး”
သူ၏ လက်များက ဆိုးရွားစွာ တုန်ခါနေသည်မှာ ပါကင်ဆန်ရောဂါ စွဲကပ်နေသည့်အလားပင်။ ပိုင်မူနင်က ဝမ်ကျင်း မမြင်နိုင်အောင် သူ၏လက်များကို  á€€á€ťá€ąá€Źá€˜á€€á€şá€á€˝á€„် လျင်မြန်စွာ ဖွက်လိုက်သည်။

သူ သူ့ကိုယ်သူ တကယ်ပင် ကျိန်ဆဲချင်လာရသည်။

ငါ ဘာကိုများ ဒီလောက် ကြောက်နေတာလဲ... ဆက်လုပ်လေ...

ညီအစ်ကိုရေ လုပ်စမ်းပါ ... ရဲရဲဝံ့ဝံ့ လမ်းခွဲဖို့ တောင်းဆိုလိုက်...  á€˜á€Źá€™á€ž ကြောက်စရာ မရှိဘူး...

“ကျင်းကော ကျွန်တော်...”

လမ်းခွဲဟူသော စကားလုံးတို့က သူ့လည်ချောင်းဝ၌သာ ပိတ်မိနေသည်။ ပိုင်မူနင်က သတ္တိမွေးနိုင်ရန် ရုန်းကန်ရင်း ဝမ်ကျင်းကို စိုက်ကြည့်လိုက်၏။

“မင်း ဘာလိုချင်လို့လဲ”

သူ၏ အကြည့်တို့က ဘယ်ဘက် ပခုံးထက်သို့ တစ်ဖန် ပြန်ရောက်သွားရပြန်သည်။ အဝတ်အစားများဖြင့် ဖုံးအုပ်ထားသော်လည်း ပိုင်မူနင်မှာ အနည်းငယ် ကြောက်ရွံ့နေမိဆဲပင်။

'လမ်းခွဲကြမယ်'ဟူသည့် စကားလုံးများက သူ့လည်ချောင်းထဲ၌သာ ထပ်ခါထပ်ခါ လှည့်ပတ်နေသည်။ နောက်ဆုံး၌ သူ ကြောက်လန့်တကြားဖြင့်ပင် ရုတ်တရက် ထုတ်ပြောလိုက်၏။

“ကျွန်တော်... ကျွန်တော် ကောအောက်ပိုင်းကို စားချင်လို့” 

ပိုင်မူနင်မှာ  á€žá€°á€•á€źá€ąá€Źá€œá€­á€Żá€€á€şá€žá€Šá€ˇá€şá€…á€€á€Źá€¸á€€á€­á€Żá€•á€„á€ş သူသတိမထားမိပေ။ သို့သော်လည်း ဝမ်ကျင်း၏ အံ့အားသင့်နေသောအကြည့်က သူ သူ့ကိုယ်သူ အရူးဖြစ်အောင် လုပ်မိပြီဖြစ်ကြောင်းကို သဘောပေါက်သွားစေ၏။

သူက ရှက်ရွံ့စွာဖြင့် သူ၏အသုံးမကျသည့်ပါးစပ်ကို ရိုက်လိုက်ရင်း ပြောလိုက်သည်။
“မဟုတ်... မဟုတ်ဘူး... ကျွန်တော် အဲဒါကို ဆိုလိုတာ မဟုတ်ဘူး... ကျွန်တော် ဗိုက်ဆာနေလို့ ... ကောလုပ်ထားတဲ့ ခေါက်ဆွဲကို စားချင်တာ..  á€™á€Ÿá€Żá€á€şá€žá€ąá€¸á€•á€Ťá€˜á€°á€¸ ကျွန်တော်ဆိုလိုတာက အသင့်စားခေါက်ဆွဲ”

နောက်ဆုံး၌ စကားလုံးကိုအတိအကျ ပြောနိုင်သွား၍ ပိုင်မူနင် သက်ပြင်းချလိုက်သည်။

ဝမ်ကျင်းက သူ့ကို ခဏတာမျှ ကြည့်နေခဲ့သည်။ ယနေ့တွင် ပိုင်မူနင်  á€•á€Żá€śá€™á€žá€”á€şá€™á€Ÿá€Żá€á€şá€˜á€˛ ထူးဆန်းနေသည်ကို သူ တွေ့လိုက်ရ၏။ သို့သော်လည်း ဘာမှမမေးလာပေ။ ထိုအစား သူက ခေါက်ဆွဲပြုတ်ရန် မီးဖိုချောင်သို့ ထထွက်သွားသည်။

ဝမ်ကျင်း ကွယ်ရာရောက်သွားသည်နှင့် ပိုင်မူနင်က ဆိုဖာပေါ် လှဲချလိုက်ပြီး ဆိုဖာကူရှင်ကို ကြမ်းတမ်းစွာ ထုလိုက်သည်။

အား... အား အား... အား အား... အားး…

အရေးကြီးတဲ့ အချိန်ကျမှ  á€˜á€Źá€œá€­á€Żá€ˇ သေအောင်ကြောက်သွားရတာလဲ...

ရှက်စရာ အရမ်းကောင်းတာပဲ...


💊💊💊💊 Chapter 47


(သတိပေးချက်– မိမိကိုယ်ကို သတ်သေဖို့ကြိုးစားတဲ့အခန်း ပါဝင်တာဖြစ်လို့ စိတ်မသက်မသာ ဖြစ်စေတယ်ဆို ဒီအပိုင်းကို ဆက်မဖတ်ပါနဲ့❗)


[ယောက်ျားတစ်ယောက်ရဲ့ တက်တူးက ဘာကို ဆိုလိုတာလဲ]

[ယောက်ျားတစ်ယောက်မှာ တက်တူးရှိနေရင် မာဖီးယားဂိုဏ်းနဲ့ ပတ်သက်နေတာလား]

[ဂန်းစဝာားဆရာဝန်]

ပိုင်မူနင်က ဆိုဖာပေါ် လှဲလိုက်ပြီးနောက် မေးခွန်းသုံးခုလုံးကို တစ်ပြိုင်နက်တည်း ရှာလိုက်သည်။ အဖြေများစွာ ကျလာပြီး ဂန်းစတား‌ဒေါက်တာဟူသော ခေါင်းစဉ်ဖြင့် ဝတ္ထုတစ်ပုဒ်ပင် ပေါ်လာသည်။

သူဖတ်လေလေ ပို၍စိုးရိမ်ပူပန်မိလာလေလေ ဖြစ်လာသည်။ ပိုင်မူနင်မှာ သူ၏ တည့်တိုးဆန်ဆန် လမ်းခွဲမည့်အကြံကို နောက်ဆုတ်ဖို့ရာ လိုအပ်သလို ခံစားလိုက်ရသည်။

အဓိကအားဖြင့် လက်ရှိသူ့တွင် ထုတ်ပြောရဲသည့်  á€žá€á€šá€á€­á€™á€›á€žá€­áá‹ သူ ဝမ်ကျင်းကို စိတ်ဆိုးအောင် လုပ်မိပါမူ…

သူကသာ ဝမ်ကျင်းအား လိုက်ခဲ့သူ(ရည်းစားစကားပြောခဲ့သူ)ဖြစ်သည်။ ယခု လမ်းခွဲချင်နေသူကလည်း သူပင်။ အဓိကအချက်မှာ သူတို့ အတူတူရှိနေကြသည်မှာ ရက်အနည်းငယ်သာရှိသေး၏။

"လမ်းခွဲ"ဟူသည့် စကားလုံးများမှာ ထွက်မလာသေးချေ။ ယင်းနှင့်ပတ်သက်၍ အေးအေးဆေးဆေး  á€€á€ťá€ąá€Źá€şá€œá€˝á€žá€Źá€¸á€”ိုင်ရန်သဏ မျှော်လင့်မိ၏။

သူက ရှာဖွေမှု ရလဒ်များကို ဆက်လက် စစ်ဆေးနေစဉ် အသံတစ်ခုက ရုတ်တရက် သူ့ဘေးနားမှ ထွက်ပေါ်လာသည်။
“ရှောင်နင် ခေါက်ဆွဲ ရပြီ”

ပိုင်မူနင် မော့ကြည့်လိုက်ရာ ဝမ်ကျင်းကို သူ့ဘေးနားတွင် တွေ့လိုက်သည်။ သူ့ခမျာ ထိတ်လန့်လွန်း၍ ဖုန်းမှာလည်း မလွတ်ကျရုံလေးမျှသာ။

နောက်တစ်စက္ကန့်တွင် ဝမ်ကျင်းက သူရှာဖွေနေသည်တို့အား တွေ့သွားမည်ကို ကြောက်ရွံ့သဖြင့် ပိုင်မူနင်မှာ အပြစ်ရှိစိတ်နှင့်အတူ သူ၏ဖုန်းကို ပိတ်လိုက်ပြီး မတ်မတ်ထိုင်လိုက်သည်။
“အိုး သိပါပြီ”

သူ ထမင်းစားပွဲတွင် ထိုင်လိုက်ပြီး ခေါက်ဆွဲပြုတ် စစားလိုက်၏။ ဝမ်ကျင်းက သူ့အတွက် ခေါက်ဆွဲပြုတ်ပေးရုံသာမက ဝက်အူချောင်းနှင့် ကြက်ဥများကိုပါ ထည့်ပေးထားသည်။

ပန်းကန်လုံးထဲရှိ တစ်ခုတည်းသော ဝက်အူချောင်းနှင့် အနှစ်ပျော့ကြက်ဥပြုတ်နှစ်လုံးကို ကြည့်ရင်း၊ အထူးသဖြင့် ကြက်ဥများကြားတွင် ဝက်အူချောင်းကို ပြီးပြည့်စုံစွာ နေရာချထားပုံကို ကြည့်ကာဖြင့် ပိုင်မူနင်မှာ သူ စောစောကပြောခဲ့သည့် ပြက်လုံးကို ပြန်တွေးမိသွားသည်။

‘ကျွန်တော် ကောရဲ့အောက်ပိုင်းကို စားချင်တယ်’
အခုတော့ တကယ်ကြီး ဆက်စပ်နေသလို ထင်ရတယ်...
ဒါက အရမ်းတူနေတာများလား...

ပိုင်မူနင်မှာ ဝက်အူချောင်းကို သူ၏တူဖြင့်  á€Ąá€•ိုင်းပိုင်း ဖြတ်လိုက်ပြီးမှသာ  á€…ိတ်သက်သဏရဏ ရသွားသည်။

ခေါက်ဆွဲစားနေစဉ် ပိုင်မူနင်က ဝမ်ကျင်းပြောသည့် ကျန်းချင်းချီဘက်တွင် တစ်ခုခုထပ်ဖြစ်ခဲ့သည့်အကြောင်းကို သတိရသွားသည်။ သူက သိချင်စိတ်ဖြင့် မေးလိုက်သည်။ 
“ကျင်းကော ကျန်းချင်းချီက ဘာတွေဖြစ်နေလို့လဲ”

သူ့အနေဖြင့် ကျန်းချင်းချီနှင့် မစ္စတာကျိုးတို့ကြားမှ ဆက်ဆံရေးကို ယခုထိ နားမလည်သေးပေ။ အရာအားလုံးက ရှုပ်ထွေးနေသလို ခံစားရသည်။

တစ်ယောက်က  “အစ်ကို” ဟုဆိုသည်။ နောက်တစ်ယောက်ကမူ သူ့ချစ်သူဟု ဆို၏။ 
ဒါဆိုရင် ဘယ်သူက လိမ်နေတာလဲ…

သေချာသည်မှာ ပိုင်မူနင်အနေဖြင့် ကျန်းချင်ချီဘက်ကို ပိုအလေးသာ၏။ မစ္စတာကျိုးမှာ လိမ်တတ်မည့်ပုံမရပေ။

ဝမ်ကျင်း၏ အသံက နူးညံ့နေပြီး ပုံမှန်အတိုင်းပင်။  á€žá€°á€€ ပြန်ဖြေသည်။
“သူ လက်ကောက်ဝတ်ကို ဓားနဲ့ဖြတ်လိုက်လို့...သူ ကိုယ့်ဘာသာသတ်သေဖို့ကြိုးစားခဲ့တာ”

ပိုင်မူနင် ထိတ်လန့်သွားပြီး ခေါက်ဆွဲကြောင့် ပါးစပ်မှာ အပူလောင်သွားကာ “ဟား” ခနဲ အသံပြုလိုက်မိသည်။ သူ အံ့သြတကြီးပင် အော်လိုက်မိသည်။
“လက်ကောက်ဝတ်ကို ဖြတ်တာလား... သေစမ်း သူ ဘာတွေတွေးနေတာလဲ”

“နေဦး သူ အဆင်ပြေပါတယ်နော်”

ပိုင်မူနင်မှာ ကျန်းချင်းချီကို အထူးတလည် မကြိုက်သလို  á€œá€€á€şá€–á€€á€şá€…á€­á€™á€şá€¸á€Ÿá€Ż နည်းနည်းထင်သော်ငြား ၎င်းက အသက်တစ်ခုပင်။ သူ့အနေဖြင့် သဘာဝအတိုင်း စိုးရိမ်မိသည်။

“အရွတ်အလွှာကိုပဲ ဖြတ်လိုက်တာ” 
ဝမ်ကျင်းက အေးစက်စွာ ပြောသည်။ ပိုင်မူနင် သူ၏နှုတ်ခမ်းများကို ဖိပိတ်လိုက်သည်။ ဝမ်ကျင်း၏ လေသံမှာ အနည်းငယ်မျှ ခက်ထန်နေသလို ခံစားလိုက်ရသည်။

လက်ကောက်ဝတ်ကို လှီးတာက မပြင်းထန်ဘူးလား...

ယင်းက လူတစ်ယောက်ကို သေစေနိုင်သည်။

ပိုင်မူနင် တွေးနေသည်ကို ထွင်းဖောက်မြင်နိုင်သည့်အလား ဝမ်ကျင်းက သူ့ကို လက်ယပ်ပြကာဖြင့် ပြောလာသည်။
“မင်း လက်ပေးပါဦး”

ပိုင်မူနင် နာခံစွာ ထိုးပေးလိုက်သည်။ ဝမ်ကျင်းက သူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး ရှင်းပြသည်။

“လက်ကောက်ဝတ်သွေးလွှတ်ကြော ပြတ်မှပဲ သွေးကပန်းထွက်တာ... ဒါပေမဲ့ လက်ကောက်ဝတ် သွေးလွှတ်ကြောက ဖြတ်ရခက်တယ်”

(Warning⚠️- ဒါမျိုး အလွယ်တကူ မလုပ်ကြပါနဲ့နော် )

“...?”

ကောင်းပြီ ... ဒေါက်တာဝမ်ရဲ့ သင်ခန်းစာက ထပ်လာပြန်ပြီ...

သို့သော်လည်း ဝမ်ကျင်းမှာ တကယ်ကို အများကြီးသိသည်။ အနောက်တိုင်း ဆေးပညာပင်လျှင် သူ လက်လှမ်းမမီနိုင်သည့်အရာ မဟုတ်ပေ။

ဝမ်ကျင်းက လက်ကောက်ဝတ်ပေါ်ရှိ နေရာတစ်ခုကို လက်ညှိုးထိုးပြီး ပြောသည်။
 “လက်ကောက်ဝတ်သွေးလွှတ်ကြောက ဒီမှာ... မင်း သွေးခုန်နှုန်း ခံစားရတဲ့နေရာမှာ ရှိတာ... ဒီမှာ ခြစ်ကြောင်းလေးရှိတယ်... လက်ကောက်ဝတ်သွေးလွှတ်ကြောကို အထဲမှာ သေချာထုတ်သိမ်းပြီး ကာကွယ်ထားတာလေ... ဒါကို ဖြတ်ဖို့ အားအများကြီး လိုလိမ့်မယ်”

“ဖြတ်ရာက မနက်ဘူးဆိုရင် အရွတ်အလွှာကိုပဲ ဖြတ်မိလိမ့်မယ်”

“မင်း လက်ကောက်ဝတ်သွေးလွှတ်ကြောကို ထိခိုက်အောင် လုပ်နိုင်ခဲ့ရင်တောင် ပြင်ပ အနှောင့်အယှက်မရှိတဲ့ ပုံမှန်အခြေအနေတွေမှာဆို လူတစ်ယောက်ရဲ့ သွေးခဲနိုင်စွမ်းကြောင့် အချိန်မီ သွေးထွက်ရပ်သွားလိမ့်မယ်... မင်းကို သေအောင်မလုပ်နိုင်ဘူး”

ထိုအခါမှသာ ပိုင်မူနင် သဘောပေါက်သွားရသည်။
ဒီတော့ နှစ်ပေါင်းဒီလောက်ကြာတဲ့အထိ တီဗီဒရာမာတွေက ငါ့ကို လိမ်နေခဲ့တာပဲ...

“သူ အဆင်ပြေရင် ပြီးတာပဲ”
ပိုင်မူနင် သက်ပြင်းချလိုက်ပြီး မေးသည်။
 “ဒါပေမဲ့ သူက ဘာလို့ သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားတာလဲ”

သူပုံစံက အတော်လေးကို အကောင်းမြင်တတ်တဲ့သူနဲ့ တူပါတယ်... ဘာကများ သူ့ကို ဒီလို ဖြစ်အောင် လုပ်ခဲ့တာလဲ...

ပြီးတော့ သူတို့က နိုင်ငံခြား သွားဖို့ စီစဉ်ထားတာမလား...

အခု သူဒဏ်ရာရပြီး ဆေးရုံမှာရှိနေရတော့ သူတို့ ဘယ်လိုများ ထွက်သွားနိုင်မှာလဲ...

ပိုင်မူနင် ရုတ်တရက် စားချင်စိတ်ပျောက်သွားပြီး သူ၏တူများကို ချလိုက်သည်။

ခဏတာလေးအတွင်း အဖြစ်အပျက်များစွာ  á€–á€źá€…á€şá€”á€ąá€žá€œá€­á€Ż ခံစားရပြီး အဆင်ပြေသည့်အရာဟူ၍ မရှိပေ။

“သူ သူ့အစ်ကိုနဲ့ ရန်ဖြစ်တာ” 
ဝမ်ကျင်းက ပန်းကန်များကိုတင်ရှင်းလင်းကာ  á€†á€ąá€¸á€›á€”် ဘေစင်သို့ ယူသွားသည်။

“ရန်ဖြစ်တာက ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အထိတော့ ဖြစ်စရာမလိုဘူးမလား” 
ပိုင်မူနင်က ကိုယ်ကိုညွတ်ကာ မေးလိုက်သည်။

“မင်း သူ့ ကိစ္စတွေမှာ အရမ်း စိတ်ဝင်စားနေတာပဲနော်”

ဝမ်ကျင်း၏လေသံက ထူးဆန်းနေသည်။ သူ့ပုံစံက သဝန်တိုနေသည်နှင့်တူ၏။ ပိုင်မူနင် အခြားသူများအကြောင်းကိုသာ ပြောနေ၍ စိတ်အနှောင့်အယှက် ဖြစ်နေသည့်အလားပင်။

သို့သော်လည်း ခဏကြာပြီးနောက် ပိုင်မူနင်မှာ သူ  á€Ąá€á€˝á€ąá€¸á€œá€˝á€”á€şá€”á€ąá€á€źá€„á€şá€¸á€œá€Šá€şá€¸ ဖြစ်နိုင်သည်ဟုသာ ကောက်ချက်ချလိုက်သည်။ ဝမ်ကျင်းအနေဖြင့် တခြားသူများ၏ ကိုယ်ရေးကိုယ်တာ ကိစ္စတို့အား အတင်းအဖျင်းမပြောချင်၍ ဖြစ်နိုင်သည်။

ပိုင်မူနင်က ရှက်ပြုံးလေး ပြုံးလိုက်ပြီး ဝမ်ကျင်း ပန်းကန်ဆေးသည်ကို ကူညီရန် တိုးဝင်သွားလိုက်သည်။

ပိုင်မူနင် နှောင့်ယှက်နေသည့်အတွက်  á€•á€”á€şá€¸á€€á€”á€şá€œá€Żá€śá€¸á€á€…á€şá€œá€Żá€śá€¸á€”á€žá€„á€ˇá€ş တူတစ်စုံကို ဆေးရန် သုံးမိနစ်မျှ ကြာခဲ့သည်။

ပြဿနာရှာခြင်း အောင်မြင်ပြီးနောက် ပိုင်မူနင်က ဝမ်ကျင်းကို လက်သုတ်ရန် တစ်ရှူးအား ပေးလိုက်ပြီးနောက် မေး၏။

 “ကျင်းကော... ဘာလို့ တက်တူးထိုးတာလဲ”

“တက်တူးက ဒီလောက်တောင်ကြီးတာ နာမှာပဲနော်”

ပိုင်မူနင် တက်တူးဆိုင်ထဲသို့ မတော်တဆ တစ်ကြိမ်မျှဝင်သွားဖူးသည်။ အတွင်းမှ ဆူညံသံများကို ကြားလိုက်ရပြီး ယောက်ျားတစ်ယောက်က  á€”ဏကဝင်စွဏ အံကြိတ်နေသည်အား မြင်တွေ့ခဲ့ရ၏။

ထိုအချိန်မှစ၍ ပိုင်မူနင် တက်တူးများကို သေမတတ်ကြောက်ရွံ့လာသည်။

၎င်းမှာ အလွန်နာကျင်ရသောကြောင့် အကြမ်းခံနိုင်သူများသာ ခံနိုင်ရည်ရှိကြသည်။

ဝမ်ကျင်းက တစ်ခုခုကို ပြန်သတိရသွားသည့်အလား သူ၏ နှုတ်ခမ်းထောင့်များက ကွေးညွတ်သွားလျက် ညစ်ကျယ်ကျယ်လေး ပြုံးလိုက်၏။ 
“စိတ်မပူပါနဲ့... မင်းရဲ့ကောင်လေးက လူဆိုးဂိုဏ်းဝင် မဟုတ်ပါဘူး... သူက ငယ်သေးလို့ မဆင်ခြင်တတ်ရုံပါ”

ပိုင်မူနင်က သူ၏နှုတ်ခမ်းများကို စူလိုက်ကာဖြင့် ဝမ်ကျင်းကို အလန့်တကြား ကြည့်လိုက်သည်။ ဝမ်ကျင်းက စောစောက သူ့ကို စားရန် ခေါ်လိုက်စဉ်က ထိုသူမှာ အားလုံးကို မြင်သွားခဲ့သည်ပင်။

ယခုချိန်အထိ ထိုအကြောင်း တစ်ခွန်းလေးပင်မဟလေရာ ယင်းက နားလည်မှုလွဲခြင်းကို တကယ်စိတ်ထဲ ထားသည့် အဓိပ္ပါယ်ပင်။

ပိုင်မူနင် ရှက်သွားရသည်။ သူက ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီးနောက် ဝမ်ကျင်းအား ကလိထိုးရန် လက်လှမ်းလိုက်သည်။ 
“ကောက တကယ်ဘာလုပ်လဲဆိုတာ ဘယ်သူ သိမှာလဲ...  á€€á€ąá€Źá€™á€žá€Ź အဆက်အသွယ်တွေလည်း ရှိတယ် သူငယ်ချင်းတွေလည်းပေါတဲ့ဟာ... လူဆိုးဖြစ်နိုင်တာပဲလေ”

သူ ပြောပြီးသည်နှင့် ချက်ချင်း ပြေးထွက်သွားလိုက်သည်။ သို့သော်လည်း ဝမ်ကျင်းက ပိုမြန်၏။ သူ့ကို ပြန်ဆွဲယူကာ ပွေ့ဖက်လိုက်ပြီး သူ၏လည်ပင်းကို ကိုက်၍လာသည်။ 
“ဟုတ်တယ် ကိုယ်က လူဆိုး... ဆိုတော့ မင်း အခု ထပ်ပြေးရဲသေးလား”

ပိုင်မူနင် နာကျင်စွာဖြင့် “ဟင့်” ခနဲ အသံပြုလိုက်မိသည်။ 
“ကျင်းကော နာတယ်”

ဝမ်ကျင်းက လွှတ်ပေးလိုက်သည်။ 
“မင်းပြေးရင်တောင် ကိုယ်က မင်းကို ပြန်ပြီးဆွဲခေါ်လာမှာ”

အနှီစကားက ပိုင်မူနင်၏ စိတ်ထဲရှိ တစ်ခုခုကို ထိမှန်သွားသည်။ ဝမ်ကျင်း၏ဆိုလိုရင်းကို သူ မသိပေ။

ဒါက သတိပေးတာလား... ဒါမှမဟုတ် ဒီအတိုင်း သက်သက်နောက်တာလား...

ပိုင်မူနင်က ဟာသဟုသာ သဘောထားရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူက အခွင့်အရေးအရယူပြီး မေးလိုက်၏။
 “ကျင်းကော တစ်နေ့ကျ ကျွန်တော် ကောနဲ့ လမ်းခွဲချင်ရင် ဘယ်လိုလုပ်မလဲ”

ဝမ်ကျင်းက သူ့နှုတ်ခမ်းထက် အနမ်းတစ်ခု ခြွေချ၏။ ထို့နောက် ခဏကြာပြီးမှ ပြောလာသည်။
“ကိုယ်တို့ လမ်းခွဲမခွဲကို ကိုယ်ပဲဆုံးဖြတ်မယ်”

ပိုင်မူနင် ဝမ်ကျင်းပြောလိုသည်ကို နားလည်လိုက်သည်။

ပိုင်မူနင် လမ်းခွဲချင်တာက အရေးမကြီးဘူး... သူ ကိုယ်တိုင် လိုချင်လား မလိုချင်လား ဆိုတာကပဲ အရေးကြီးတယ်...

ထိုအတွေးဖြင့်ပင် ပိုင်မူနင်မှာ အမြင်အသစ်တစ်ခုပွင့်သွားသည်။ အကယ်၍ ဝမ်ကျင်းဘက်မှ စလမ်းခွဲလာလျှင် သူလုံခြုံလိမ့်မည်ဟူ၍ပင်။

သို့သော်လည်း “ဟန်ဆောင်ခြင်း” ဟူသော စကားလုံးမှာ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုပင်။ သူ့အနေဖြင့် ရေရှည်အတွက် ဆက်လက် အစီအစဉ်ဆွဲရန် လိုအပ်နေသေးသည်။

ခဏကြာပြီးနောက် ဝမ်ကျင်းက သူ့ကို အလုံအလောက် နမ်းပြီးသည်နှင့် ပိုင်မူနင်ကို သူ၏လက်မောင်းထဲတွင် ထည့်ဖက်ထားကာ ဆိုဖာပေါ် ထိုင်လိုက်သည်။ သူက မေးလာသည်။
“မနက်ဖြန် ကိုယ်မင်းကို အပြင်ခေါ်သွားမယ်လေ  á€˜á€šá€şá€œá€­á€Żá€œá€˛”

မနက်ဖြန်မှာ အလုပ်ပိတ်ရက်ဖြစ်ပြီး ပိုင်မူနင်က လီအန်းချီနှင့် တွေ့ရန် စီစဉ်ထားပြီးဖြစ်၏။

မနက်ဖြန်၌ လီအန်းချီက မြို့ပြင်မှ ပြန်လာမည်ဖြစ်ပြီး သူတို့တွေ့ဖို့ရာ လိုအပ်သည်။
“မနက်ဖြန် မအားဘူး... လီအန်းချီနဲ့ တွေ့ဖို့ ရှိတယ်... နောက်နေ့ဆိုရင်ရော ဘယ်လိုလဲ”

ဝမ်ကျင်း၏ နှုတ်ခမ်းထောင့်က အနည်းငယ်မျှ ညွတ်ကျသွားသည်။ 
“ရှောင်နင်က နောက်နေ့ဆိုလည်း နောက်နေ့ပေါ့”

ဝမ်ကျင်း၏ မျက်နှာပေါ်ရှိ ခံစားချက်မှာ လျင်မြန်စွာ ပေါ်လာပြီး ပျောက်ကွယ်သွားသည်။ ပိုင်မူနင်၏စိတ်မှာ အတွေးများနေ၍ သတိမထားမိလိုက်ပေ။

သူ့ဘေးနား‌တွင် တစ်ယောက်ယောက် ရှိနေသောကြောင့် သူ မမေးဘဲမနေနိုင်တော့ပေ။ 
“ကျင်းကော တရားရုံးက အိမ်တစ်လုံးကို အသိပေးချက်နဲ့ ပိတ်လိုက်တာက ဘာလို့လဲဆိုတာသိလား”

ဝမ်ကျင်းက ပြောသည်။
“ပြောရရင်အကြွေးမဆပ်တာလိုမျိုး ငွေရေးကြေးရေး အငြင်းပွားမှုတွေကြောင့် ဖြစ်နိုင်တယ်... ဒါကြောင့် ပိုင်ဆိုင်မှုကို အကြွေးရှင်တွေက ပိတ်လိုက်တာ”

“ဪ အဲဒီလိုကိုး...  á€€á€ťá€„်းက္ဏ လီအန်းချီရဲ့ အိမ်က အပိတ်ခံထားရတယ်... သူ့မိသားစုမှာ ဘာတွေ ဖြစ်နေလဲဆိုတာကို ကျွန်တော်မသိဘူး”

ပိုင်မူနင်က စိုးရိမ်ပူပန်စွာပင် ပြောလိုက်သည်။ 
“လီအန်းချီက ခုမှ အထားခံခဲ့ထားရတာ... အခု သူ့ မိသားစုမှာလည်း တစ်ခုခုဖြစ်နေပြန်ပြီ... သူ ကျွန်တော့်ကို ဘာမှမပြောပြဘူး... ဒီမနက်တုန်းက သူ့အိမ်ကို သွားခဲ့လို့သာမဟုတ်ရင် ကျွန်တော် ခုထိ သိမှာမဟုတ်ဘူး”

“မနက်ဖြန် သူနဲ့တွေ့ရင် ကျွန်တော် သူ့ကို သေချာစကားပြောတော့မှာ... ကျွန်တော်တို့က သူငယ်ချင်းတွေပဲကို... သူက ဘာလို့ အဲဒါကို ကျွန်တော့်ဆီက ဖုံးကွယ်ထားရတာလဲ”

“ကျင်းကော လီအန်းချီက ဘာလို့ ကျွန်တော့်ကို မပြောခဲ့တာလို့ ခင်ဗျားထင်လဲ”

ပိုင်မူနင်က တစ်ကိုယ်တည်း ဆက်ပြောနေသည်။ ဝမ်ကျင်း၏ နှုတ်ခမ်းအစုံက မျဉ်းပါးလေးပမာ ဖိကပ်၍လာသည်ကို သူ သတိမထားမိပေ။

ဝမ်ကျင်းက ပိုင်မူနင်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
 “မင်း တစ်ညလုံး လီအန်းချီအကြောင်းပဲ ပြောနေတာ”

ပိုင်မူနင်က ဘာမှမပြောဘဲ ဝမ်ကျင်းကို ပြန်ကြည့်လိုက်သည်။ 

ငါ နည်းနည်းလေးပဲ ပြောမိတာပါ... အခု ဘာလို့ စိတ်ဆိုးနေတာလဲ...

ဝမ်ကျင်းက ထပ်ပြောသည်။
 “လီအန်းချီကြောင့် မင်း ကိုယ့်ကို နှစ်ကြိမ်တောင် ငြင်းခဲ့ပြီးပြီ... တတိယအကြိမ် ထပ်မဖြစ်ဖို့ ကိုယ်မျှော်လင့်တယ်”

သူ၏စကားလုံးများက ပေါ့ပါးပြီး နူးညံ့နေသော်လည်း ပိုင်မူနင်ကမူ ၎င်းတို့ထဲရှိ သတိပေးချက်ကို ခုထိ ကြားနေရဆဲသာ။

နောက်နေ့ မနက်စောစောတွင် ပိုင်မူနင်ထံ လီအန်းချီ၏ ဖုန်းဝင်လာပြီး သူဆေးရုံမှာ ရှိကြောင်းနှင့် ပိုင်မူနင်အနေဖြင့် ထိုနေရာ၌ လာရှာ၍ရကြောင်း ပြောလာသည်။

ပိုင်မူနင်အပြေးအလွှားသွားလိုက်ပြီးနောက် မတွေ့ရသည်မှာ အချိန်အတော်ကြာပြီဖြစ်သော လီအန်းချီကို နောက်ဆုံး၌ မြင်လိုက်ရသည်။

လီအန်းချီမှာ ကိုယ်အလေးချိန် များစွာကျသွားပြီး ပင်ပန်းနွမ်းနယ်နေပုံရသည်။

“နင်အာ မင်း ရောက်လာပြီလား” 
လီအန်းချီက အတင်းဖျစ်ညှစ်ကာ ပြုံးလိုက်ပြီး ပြောသည်။
 “ဒီမှာတွေ့ဖို့ခေါ်ရလို့ တောင်းပန်ပါတယ်... ဒီနေ့ ငါ့အမေ နေမကောင်းလို့ သူ့ကို အိမ်ပြန်ပြီး အနားယူဖို့ ပြောလိုက်တာ... ငါ့အဖေက ဆေးရုံတက်နေရတယ်လေ... သူ့ဘေးနားမှာ တစ်ယောက်ယောက်လိုတယ်”

လီအန်းချီ၏ဖခင်မှာ မျက်လုံးမှိတ်ထားပြီး ဆေးရုံခုတင်ပေါ်တွင် လှဲနေသည်။ သူ အိပ်နေသည်လား သတိမေ့နေသည်လား မသဲကွဲပေ။

“အန်းအန်း မင်း ဘာတွေ ဖြစ်နေတာလဲ”
လီအန်းချီက ခဏမျှ ရပ်လိုက်ပြီးနောက် သူ မကြာသေးမီက ဖြတ်သန်းခဲ့ရသော အရာအားလုံးကို ပြောပြလာသည်။

သိသာစွာပင် ကျန်းခယ်ကျန့်ကို ဖွင့်ပြောရန် စီစဉ်ထားသည့်နေ့၌ သူ့အမေမှ ရုတ်တရက် ဖုန်းခေါ်လာပြီး သူ့အဖေက ဦးနှောက်သွေးကြောပေါက်၍ ဆေးရုံတက်နေရကြောင်း ပြောလာသည်။ သူ့အနေဖြင့် ဆေးရုံသို့ အမြန်သွားရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။

သူ့ဖခင် အရေးပေါ်ခန်းမှ ထွက်လာပြီး နောက်ဆုံး၌ သူ့အမေအား ဖြစ်ပျက်ခဲ့သမျှကို မေးလိုက်သည်။

သူ့ဖခင်က တစ်ချိန်လုံး ကျန်းမာနေခဲ့သူပင်။ 
ဘာလို့ ရုတ်တရက်နေမကောင်း ဖြစ်ရတာလဲ…

သူ့အမေက မရပ်မနားပင် ငိုနေခဲ့သည်။ ငိုရှိုက်ရင်းဖြင့်ပင် သူတို့ မိသားစုဖြစ်ပျက်ခဲ့သည်ကို ရှင်းပြလာ၏။

“ငါ့ဦးလေးအရင်းက အဖေ့ကို ပစ်မှတ်ထားခဲ့တာလေ”

“သူက ငါ့အဖေဆီလာပြီး သူ့လုပ်ငန်းမှာ ငွေကြေးစီးဆင်းမှုပြဿနာရှိနေလို့ အရေးပေါ် ငွေလိုတဲ့အကြောင်း ပြောတယ်... သူက ချေးငွေယူနိုင်ဖို့အတွက် အဖေ့ကို အာမခံလုပ်ပေးဖို့ တောင်းဆိုခဲ့တယ်လေ”


💊💊💊💊 Chapter 48
ဝမ်ကျင်းရဲ့ ပိုင်ဆိုင်လိုစိတ် စတင်ပေါ်ထွက်လာပြီ


“ငါ့အဖေနဲ့ ဦးလေးက အရမ်းရင်းနှီးခဲ့တာ... သူ့ ညီကိုကူညီမယ်ဆိုပြီး အဖေက ငွေရဖို့အိမ်ကို ပေါင်ရုံတင်မကဘူး ချေးငွေအတွက် အာမခံသူအဖြစ်ပါ လက်မှတ် ထိုးခဲ့တယ်”

“အဲဒီလူ ထွက်ပြေးသွားတယ်လေ... ငါတို့အိမ် အသိမ်းခံရပြီး ငွေပမာဏအများကြီးလည်း အကြွေးတင်နေတုန်းပဲ... တရားရုံးက အိမ်ပိတ်ဖို့ မလာမချင်း သူတို့က ငါ့ကို ဘာမှမပြောဘဲ အားလုံးကို ဖုံးကွယ်ထားခဲ့တာ... အဖေက ဒီဒဏ်ကို မခံနိုင်ဘဲ လဲကျသွားတယ်.... အဲဒီအခါမှပဲ ငါတို့မိသားစု ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါသိလိုက်ရတာ”

လီအန်းချီက ထိုအရာအားလုံးကို တည်ငြိမ်စွာပင် ပြောလာသည်။ ယင်းက အခြားသူ၏ ဘဝအကြောင်းကို ပြောနေသည့်အတိုင်းပင်။ သို့သော်လည်း ပိုင်မူနင်ကမူ သူ စိတ်ထဲ၌ မည်မျှနာကျင်နေရသည်ကို သိသည်။

“အန်းအန်း အားလုံး အဆင်ပြေသွားမှာပါ”

သူ့ဘဝတွင်  á€•á€źá€ąá€Źá€„á€şá€¸á€œá€˛á€™á€žá€Żá€€ ကြီးမားလွန်းရာ ပိုင်မူနင် ဘာပြောပြော အသုံးမဝင်သလို ခံစားရသည်။ ယင်းက လုံးဝအကူအညီမဖြစ်သည့် အချည်းနှီး စကားလုံးများသာ။

သူ့အနေဖြင့် ဘာမှမကူညီနိုင်ခဲ့ပေ။

“မင်း ရဲကို အကြောင်းကြားထားလား”

“လုပ်ခဲ့တယ်... ဒါပေမဲ့ အသုံးမဝင်ဘူး... လူက ထွက်ပြေးသွားပြီ ရှာမရဘူး”

ပိုင်မူနင် ခဏတာမျှ တွေးလိုက်သည်။ 
ငါ ဝမ်ကျင်းကို အကူအညီ တောင်းလိုက်ရမလား... သူ့မှာ အဆက်အသွယ်တွေ အများကြီး ရှိတယ်မလား...

မကြာမီမှာပင် သူနာပြုတစ်ယောက်က ငွေပေးချေမှုစာရွက်ကို ကိုင်ပြီးရောက်လာကာ လီအန်းချီကို ပြောသည်။
“မင်းတို့မိသားစုအနေနဲ့ ကုန်ကျစရိတ်ရှင်းဖို့လိုတယ်”

လီအန်းချီက စိတ်ဒုက္ခရောက်နေသည့် အမူအရာဖြင့် စာရွက်ကို ယူလိုက်သည်။ 
“ကျွန်တော် သိတယ်”

“ကျေးဇူးပြုပြီး ငွေပေးချေမှုကို အမြန်ဆုံး လုပ်ဆောင်ပေးပါ... ဆေးရုံစရိတ်ဆိုတာက မနှောင့်နှေးသင့်ဘူး”

သူနာပြု ထွက်သွားပြီးနောက် လီအန်းချီက  á€…ိုးရိမ်ပူပန်န္သ္ဏ အမူအရာဖြင့် သူ၏ဆဲလ်ဖုန်းကိုထုတ်ကာ ဘဏ်ကတ်များထဲတွင် ငွေကို စတင်ရှာဖွေတော့သည်။

ပိုင်မူနင်မှာ ငွေကြေးကြောင့် စိတ်ဖိစီးရခြင်းမှာ မည်သို့ခံစားရသည်ကို ကောင်းကောင်းသိသည်။ သူက ငယ်စဉ်ကလေးဘဝကတည်းက ထိုဘဝမျိုး၌ နေထိုင်ခဲ့ခြင်းပင်။

သူ၏မိဘများ  á€Ąá€žá€€á€şá€›á€žá€„်စဉ်က အရာရာက အနည်းငယ်မျှ ပိုလွယ်ကူခဲ့သည်။ သို့သော်လည်း သူတို့ ဆုံးပါးသွားပြီးနောက် သူ ဂရုတစိုက် နေထိုင်ရသည်။ တစ်ပြားတစ်ချပ်ချင်းစီကို စိစစ်ပြီး ပမာဏအနည်းငယ်လေးမျှဖြင့် ဖြတ်သန်းရ၏။

ပိုင်မူနင် သူ၏ ဖုန်းကို ထုတ်ကာ သူ၏လက်ကျန်ငွေအားလုံးကို လီအန်းချီထံ လွှဲလိုက်သည်။ 
“အန်းအန်း ဒါတွေက ငါ့မှာရှိတာအကုန်ပဲ... ယူလိုက်ပါ”

လီအန်းချီ၏ အကြည့်က မျက်နှာပြင်ပေါ်ရှိ လွှဲပြောင်းမှုအသိပေးချက်ပေါ်သို့ ရောက်သွားသည်။ သူ ရက်ပေါင်းများစွာ ထိန်းထားခဲ့သော စိတ်ခံစားမှုများက နောက်ဆုံး၌ လွတ်ထွက်သွားသည်။

သူက ငိုရင်းဖြင့်ပင် ပြောလာသည်။
 “နင်အာ ကျေးဇူးတင်ပါတယ်... တကယ်ပဲ ကျေးဇူးတင်ပါတယ်”

“ယဉ်ကျေးနေဖို့ မလိုပါဘူး... မင်း ငါ့ကို အရင်ကလည်း အများကြီး ကူညီခဲ့ဖူးတယ်... ငါ အူအတက်ရောင်တုန်းက မင်း ငါ့ကို ဆေးရုံ ပို့ခဲ့တာ မှတ်မိလား... မင်းက ငါ့အတွက် ဆေးကုသမှု ကုန်ကျစရိတ်ကိုတောင် ပေးခဲ့တာလေ... ငါ မင်းကို ပြန်ဆပ်ဖို့ ခြောက်လတောင်ကြာခဲ့တာကို မှတ်မိသေးတယ်”

ထိုနောက်တွင် ပိုင်မူနင်က လီအန်းချီနှင့်အတူ ဆေးရုံစရိတ် သွားရှင်းလိုက်သည်။ သူတို့ ပြီးသွားသောအခါ ဆေးရုံဝင်ပေါက်တွင် ရပ်ပြီး ခဏတာမျှ စကားပြောနေကြသည်။

လီအန်းချီမှာ စိတ်ဓာတ်ကျနေသည်။ ဤ အခက်အခဲကို သူ ဖြတ်ကျော်နိုင်မလားဆိုသည်ကို မသေချာကြောင်း ပြောလာခဲ့သည်။

ပိုင်မူနင်က သူ၏ ပခုံးများကို ဆုပ်ကိုင်လိုက်ပြီး အားပေးသည်။
 “အန်းအန်း စိတ်ဓာတ်မကျပါနဲ့... မင်း အသက်ရှင်နေသရွေ့ မျှော်လင့်ချက်က ရှိနေတုန်းပါပဲ”

“မင်း သန်မာမနေရင် မင်းမိဘတွေ ဘာဖြစ်သွားမှာလဲ”

ပိုင်မူနင်က လက်လှမ်းလိုက်ပြီး လီအန်းချီ၏ မျက်လုံးထောင့်မှ မျက်ရည်တို့အား သုတ်ပေးလိုက်သည်။ 
“အန်းအန်း မင်းမှာ ငါရှိပါသေးတယ်... ငါ တတ်နိုင်သမျှ အားလုံးလုပ်ပြီး မင်းကိုကူညီမယ်”

လီအန်းချီမှာ မထိန်းချုပ်နိုင်တော့ဘဲ ပိုင်မူနင်ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။ နောက်ဆုံး၌ သူအားကိုး၍ရနိုင်သည့် ခိုင်မာသောအရာတစ်ခုကို ရလိုက်သည့်အလား။ မျှော်လင့်ချက်ကို ပြန်မြင်လိုက်ရသည့်နှယ်။ 

“ငါ့ညီအစ်ကိုကောင်းကြီးရာ  á€„ဍ ဒါကို တစ်သက်လုံး မှတ်မိနေမှာပါ”

သူ့မိသားစု ဒုက္ခရောက်ပြီးကတည်းက သူ၏ ဆွေမျိုးများအားလုံးက သူ့ကို ရှောင်ရှားသွားကြသည်။ သူ၏အကောင်းဆုံးသူငယ်ချင်း ပိုင်မူနင်ကသာလျှင် နွေးထွေးမှုနှင့်အတူ အကူအညီပေးရန် ရှေ့တိုးလာခဲ့သူပင်။

လီအန်းချီမှာ စိတ်ခံစားမှုများ ပြည့်နှက်နေသည်။ သူ့ဘဝတွင် လုပ်ဖူးသမျှအကောင်းဆုံး ဆုံးဖြတ်ချက်က ပိုင်မူနင်နှင့် သူငယ်ချင်းဖြစ်ခဲ့ခြင်း ဖြစ်နိုင်သည်။

ပိုင်မူနင်က သူ၏ ကျောကို ပုတ်လိုက်ပြီး ပြောသည်။
“တစ်သက်လုံး ညီအစ်ကိုကောင်းတွေလုပ်ကြမယ်”

အနှီညီအစ်ကိုများ၏ နွေးထွေးသော မြင်ကွင်းကို အေးစက်ပြီးပြတ်သားသော အသံက ရုတ်တရက် အနှောင့်အယှက် ပေးလိုက်သည်။
“ပိုင်မူနင်”

ပိုင်မူနင် သူ၏ ခေါင်းကိုလှည့်လိုက်ရာ ဝမ်ကျင်းကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် အကျင့်အတိုင်း လီအန်းချီကို တွန်းထုတ်လိုက်မိသည်။
“ကျင်း... ကျင်းကော  á€á€„်ဗဝဏးက ဘာလို့ ဒီရောက်နေတာလဲ”

လီအန်းချီ ကြောင်သွားသည်။
ဒီညီအစ်ကိုကောင်းသံယောဇဉ်က ဘာဖြစ်သွားတာလဲ...

ပြီးတော့ ဘာလို့ ပိုင်မူနင်က သူ့သူဌေးကို ကြောက်နေရတာလဲ... ငါတို့က ဖောက်ပြန်နေကြတာလည်း မဟုတ်ပါဘူး... ဘာလို့ ဖောက်ပြန်တာကို မိသွားသလို ခံစားနေရတာလဲ...

ပိုင်မူနင်က လီအန်းချီကို ပြောလိုက်သည်။
"အန်းအန်း မင်း အရင် ပြန်လိုက်နော်... ငါ့ကို လိုက်ပို့စရာ မလိုဘူး”

လီအန်းချီက ယဉ်ကျေးစွာပင် ထွက်ခွာသွားသည်။ သူ အတော်လေး ဝေးသွားသောအခါ ပိုင်မူနင်က မေးလိုက်သည်။
“ကျင်းကော ခင်ဗျားက ဆေးရုံမှာ ဘာလုပ်နေတာလဲ”

“ကျန်းချင်းချီက ဒီ ဆေးရုံမှာရှိတယ်”

“အိုး ဒါဆိုလည်း ခင်ဗျားအလုပ်ကို ဆက်လုပ်လေ... ကျွန်တော် ပြန်တော့မယ်”

ဝမ်ကျင်းက သူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ သူ့ကို တားလိုက်သည်။
“ကိုယ်နဲ့အတူ သန့်စင်ခန်းထဲကို လိုက်ခဲ့”

“...?”

သန့်စင်ခန်းကို လိုက်ပို့ရအောင် သူက ကောင်မလေးမှ မဟုတ်တာ...

ဝမ်ကျင်းက သူ့ကို ပထမထပ်ရှိ သန့်စင်ခန်းထံသို့ ဆွဲခေါ်သွားသည်။ သို့သော်လည်း အနှီသူမှာ သန့်စင်ခန်းအား သုံးမည့် ရည်ရွယ်ချက် ရှိပုံမရပေ။ ထိုအစား သူက ပိုင်မူနင်ကို အတွင်းသို့ ဆွဲသွင်းပြီး သူ့အား လက်ဆေးပေးလာသည်။

သူက ဆပ်ပြာကိုသုံးပြီး သူ၏ လက်ချောင်းများကို ပွတ်သည်။ တစ်နေရာမှ မလွတ်စေရပေ။

ပိုင်မူနင်မှာ သူ၏ လက်များက ညစ်ပေမနေပါဘဲ ဝမ်ကျင်းက အဘယ်ကြောင့် ဆေးပေးနေရသည်ကို မေးချင်မိ၏။

ဝမ်ကျင်းက ငါ့လက်တွေကိုဆေးဖို့လိုတယ်လို့ ခံစားရအောင် ငါတကယ်တမ်း ဘာကို  á€‘á€­á€œá€­á€Żá€€á€şá€™á€­á€œá€­á€Żá€ˇá€œá€˛...

ဆေးကြောပြီးနောက် ဝမ်ကျင်းက သူ၏ လက်များကို ဂရုတစိုက် သုတ်ပေးပြီး မေးသည်။ 

“ပိုင်မူနင် မင်း ကိုယ့်ကို ရှင်းပြဖို့လိုတယ်လို့ မထင်ဘူးလား”

ပိုင်မူနင်: “...?”

ဘာကို ရှင်းပြရမှာလဲ...

ခဏကြာမှ ဝမ်ကျင်းက လီအန်းချီနှင့် ပွေ့ဖက်ခဲ့ခြင်းကို ရည်ညွှန်းနေကြောင်း သူ သဘောပေါက်သွားသည်။

ထိုစဉ်က ဝမ်ကျင်း၏အမူအရာမှာ တကယ်ကို ကြောက်စရာ ကောင်းနေခဲ့သည်။

ပိုင်မူနင် ရှင်းပြလိုက်သည်။
 “လီအန်းချီရဲ့ မိသားစုမှာ တစ်ခုခုဖြစ်သွားလို့ ကျွန်တော် သူ့ကို နှစ်သိမ့်ပေးနေတာပါ”

“ကျင်းကော ကျွန်တော်တို့က သူငယ်ချင်းတွေပါပဲ... ဒီထက် ဘာမှမပိုပါဘူး”

ဝမ်ကျင်းက သူ့ကို ဘေစင်ဖြင့် ဖိထားလိုက်သည်။ ပိုင်မူနင်က အကျင့်အတိုင်း အနည်းငယ်မျှ နောက်သို့ ယိမ်းလိုက်သည်။

“အမှန်ဖြစ်နေရင် ပိုကောင်းတယ်” 
ဝမ်ကျင်းက ပြောသည်။ သူ၏ လည်ပင်းနောက်ဘက်ကို ဆုပ်ကိုင်ပြီး အတင်းအကြပ်ပင် ပိုင်မူနင်အား ပိုနီးကပ်သွားအောင် လုပ်လိုက်ပါ၏။
“မှတ်ထား မင်းက ကိုယ့်လူ... မင်း တခြားသူတွေနဲ့ အချိန်တိုင်းမှာ ခပ်ခွာခွာနေဖို့လိုတယ်”

“မဟုတ်ရင် ကိုယ် သဝန်တိုရလိမ့်မယ်... ကိုယ်တကယ်ကို စိတ်မပျော်မရွှင်ဖြစ်ရမှာ”

“ရှောင်နင် မင်း နားလည်ရဲ့လား”

ပိုင်မူနင်မှာ အလွန် စိတ်လှုပ်ရှားနေသောကြောင့် အသက်ရှူရန်ပင် မေ့သွားသည်။ သူက အသက်အောင့်ထားရင်း ခေါင်းညိတ်လိုက်သည်။
 “ကျွန်တော်... ကျွန်တော် နားလည်ပါတယ်”

“တော်လိုက်တဲ့ကောင်လေး” 
ဝမ်ကျင်းက သူ၏ နှုတ်ခမ်းများအား ဖိကပ်နမ်းရှိုက်လာသည်။ ထိုစဉ်မှာပင် သန့်စင်ခန်းတံခါး ဖွင့်သံက ပိုင်မူနင်၏နားထဲတွင် ပဲ့တင်ထွက်လာသည်။

ဝမ်ကျင်းက သူ့အား ဆွဲခွာလိုက်၏။ သူ၏ အမြင်အာရုံ ရှင်းသွားသောအခါ နောက်ဆုံး၌ ပိုင်မူနင်မှာ စောစောက သန့်စင်ခန်းထဲသို့ ဝင်လာသူကို  á€™á€źá€„á€şá€œá€­á€Żá€€á€şá€›á€žá€Šá€şá‹

သူတို့ မျက်လုံးချင်း ဆုံသွားခဲ့သည်။ ပိုင်မူနင်၏ မျက်လုံးများက ထိတ်လန့်မှုဖြင့် တုန်ယင်သွားရသည်။ မစ္စတာကျိုးက သူ့ထံသို့ တည့်တည့် လျှောက်လာ၏။

×××××

သူ၏သူငယ်အိမ်တို့မှာ ပြူးကျယ်လာလျက် သူ၏အသက်ရှူနှုန်းပင်လျှင် တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်၍သွားရ၏။

ပိုင်မူနင်၏ ပထမဆုံး တုံ့ပြန်မှုမှာ 'မစ္စတာကျိုးက ဘာလို့ ဒီရောက်နေတာလဲ'ဟူ၍ပင် ။

သို့သော် သူ အမြန်ပင်သတိရသွား၏။ ဝမ်ကျင်းက ကျန်းချင်းချီမှု ဤဆေးရုံ၌ရှိကြောင်း ပြောခဲ့သည်။ ဤသို့သော ခွေးသွေးများ ပေါင်းဆုံခြင်းမျိုးက တစ်နည်းနည်းဖြင့် အနည်းငယ်မျှ အဓိပ္ပာယ် ရှိနေ၏။

သို့သော် ပိုင်မူနင် အစိုးရိမ်ဆုံးမှာ သူ၏ လျှို့ဝှက်ချက် ထုတ်ဖော်ခံရမည်ကိုပင်။

ဝမ်ကျင်းသာ သူနှင့် မစ္စတာကျိုးတို့ အချင်းချင်း သိကြောင်း သိသွားလျှင် ဝမ်ကျင်း၏ဥာဏ်ရည်အရ ကျန်းချင်းချီ ပြောခဲ့သည်တို့နှင့် သေချာပေါက် ဆက်စပ်မိလိမ့်မည်သာ။

ငါ ဘာလုပ်ရမလဲ...

ပိုင်မူနင်၏ နှလုံးသားလေးက သူ၏ လည်ချောင်းအထိ ခုန်တက်သွားသည်။ သူက မစ္စတာကျိုးအား အထိတ်တလန့်ဖြင့်  á€€á€źá€Šá€ˇá€şá€œá€­á€Żá€€á€şá€™á€­áá‹

မစ္စတာကျိုးက နီးသထက် နီးလာသည်။ သို့သော် သူ့ပုံစံက သူ့ကို မမှတ်မိသည့်အတိုင်းပင်။ ထိုသူက ဝမ်ကျင်းကို ရိုးရှင်းစွာသာ ကြည့်လိုက်ပြီး မေး၏။
“မင်း စောစောက အပေါ်ထပ်မှာ မဟုတ်ဘူးလား”

ထို့နောက် တစ်ခုခုကို သဘောပေါက်သွားသည့်အလား သူက အသေအချာဆိုလာ၏။ 
“မင်းက ဝမ်ချီ မဟုတ်ဘူး”

ကျိုးချောင်က သူ့ရှေ့ရှိအမျိုးသားမှာ ကျန်းချင်းချီ၏ ချစ်သူမဟုတ်ကြောင်း ပထမဆုံးအကြည့်တစ်ချက်ဖြင့်ပင် သိသွား၏။ ယင်းက ရှိမနေသည့် မှဲ့လေးကြောင့်သာမက သူ၏အရှိန်အဝါ၊ လူအများကို ကြည့်သည့်ပုံစံကပါ လုံးဝ ကွဲပြားနေ၍ပင်။

တစ်ယောက်ကရက်စက်ပြီး နောက်တစ်ယောက်ကမူ တုံးအသည်။ ထိုသူနှစ်ဦးမှာ တစ်ယောက်တည်း ဖြစ်နိုင်စရာ အကြောင်းမရှိပေ။

ကျိုးချောင်က သူ့ကိုယ်သူ လှောင်သလို ရယ်မောလိုက်၏။ 
“ဒီတော့ အမြွှာတွေ ဖြစ်နေတာကိုး... စိတ်ဝင်စားစရာပဲ”

ထို့နောက် သူက ရေဖွင့်ကာ လက်ဆေးလိုက်၏။ ထိုစဉ်မှာပင် ဝမ်ကျင်းက ပိုင်မူနင်၏လက်ကို ဆွဲယူပြီး ထွက်သွားသည်။

ဝမ်ကျင်းက ကားသော့ကို ပိုင်မူနင်ထံ ပေးလိုက်ပြီး ပြောသည်။
 “ကားထဲမှာ ကိုယ့်ကို စောင့်နေ‌ ... ကိုယ် အပေါ်ထပ်ကိုသွားပြီး သူတို့အတွက် တစ်ခုခုပေးလိုက်ဦးမယ်”

ပိုင်မူနင်က နာခံစွာပင် ခေါင်းညိတ်လိုက်ကာ ကားသော့ ယူလိုက်ပြီး ထွက်သွားလိုက်သည်။

မကြာမီမှာပင် သူ၏ ဖုန်းက မက်ဆေ့ချ် အသစ်တစ်ခုဖြင့် တုန်ခါလာသည်။ ယင်းက မစ္စတာကျိုးထံမှပင်။
[မစ္စတာကျိုး- ငါ မင်းကို ဒီနားက စားသောက်ဆိုင်မှာ စောင့်နေတယ်]

ပိုင်မူနင်မှာ စာကို ဖတ်လိုက်ပြီး စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ပေ။ မစ္စတာကျိုးက သူ့ကို ဘာပြောလိုသည်တို့ကို သူ အကြမ်းဖျင်းအားဖြင့် ရိပ်မိ၏။ ယင်းက ဝမ်ကျင်းနှင့် သေချာပေါက် ဆက်စပ်နေသည်။

မစ္စတာကျိုးအနေဖြင့် ဝမ်ကျင်း သူ့ကို နမ်းနေသည်အား ကျိန်းသေမြင်သွားလိမ့်မည်။

သူကိုယ်ကို လှည့်လိုက်သည်နှင့် သူ့နောက်ရှိ မနီးမဝေးတွင် ရပ်နေသော မစ္စတာကျိုးကို မြင်လိုက်ရသည်။ ထိုသူက စတင်လှုပ်ရှားကာ ချဉ်းကပ်လာခြင်းမျိုးမရှိဘဲ သူ့ကို စောင့်ကြည့်နေရုံသာ။

ပိုင်မူနင်စဉ်းစားကြည့်ရာ မစ္စတာကျိုးက သူ့အကြောင်းအား ထုတ်မပြောခဲ့သည့်အတွက် ကျေးဇူးတင်သင့်၏။ သို့မဟုတ်ပါက ဤအချိန်၌ ဝမ်ကျင်း သူ့ကို သတ်ပြီးနေလောက်ပြီပင်။

သူက မက်ဆေ့ချ်ကို ပြန်ဖြေလိုက်ပြီး ဆေးရုံဘေးရှိ စားသောက်ဆိုင်လေးထံသို့ လျှောက်သွားလိုက်သည်။

ထမင်းစားချိန်မဟုတ်၍ စားသောက်ဆိုင်မှာ လူရှင်းနေပြီး တိတ်ဆိတ်နေ၏။ ဆိုင်ပိုင်ရှင်က အနီးနားတွင် ဗီဒီယိုအတိုလေးများအား ကြည့်နေသည်။ ရံဖန်ရံခါ ရယ်သံများက သူ၏ဖုန်းထံမှ လွင့်ပျံလာသည်။

ပိုင်မူနင်က လူနာဆောင်သို့သွားရာ ဆေးရုံပင်မ ဝင်ပေါက်ကို မြင်နိုင်ရုံမျှသာရှိသည့် ပြတင်းပေါက်နားမှ ထိုင်ခုံကို ရွေးလိုက်သည်။

ဝမ်ကျင်း  á€‘á€˝á€€á€şá€œá€Źá€žá€Šá€şá€€á€­á€Ż သူ စောင့်ကြည့်ရန် လိုအပ်သည်။

မစ္စတာကျိုးက မကြာမီမှာပင် ရောက်လာပြီး ခေါက်ဆွဲတစ်ပန်းကန် မှာလိုက်ကာ  á€…တင် စားသောက်တော့သည်။

ပိုင်မူနင် ထိုနေရာ၌သာ တိတ်တဆိတ် ထိုင်နေမိကာ စိတ်ပူပန်မှုအပြည့်ဖြင့် လက်သည်းများကို ကုတ်ခြစ်နေမိသည်။

မစ္စတာကျိုးမှာ အသက်သုံးဆယ်ခန့်အရွယ်ပင်။ ဝမ်ကျင်းနှင့် အသက်တူတူနီးပါးဖြစ်၏။

ထိုသူမှာ ကြမ်းတမ်းခက်ထန်ပြီး သန်မာသည့် ယောက်ျားတစ်ယောက်၏ဟန်ပန်ဖြင့်ပင်။
“အမြွှာကိစ္စကြောင့် မင်း ငါ့တောင်းဆိုချက်ကို ငြင်းတာလား”

မစ္စတာကျိုးက ထက်မြက်သူဖြစ်ရာ အမှန်တရားကို ခန့်မှန်းမိပြီးသားပင်။ 
“မင်း လူမှားသွားတာမလား... မဟုတ်သေးဘူး အဲဒါက ငါ မင်းကို သတင်းအချက်အလက် မှားပေးခဲ့လို့ပဲ”

ပိုင်မူနင်မှာ ဘာကိုမှ ဝန်မခံခဲ့ပေ။ သူက သူ၏ မူလ အကြောင်းပြချက်ကိုသာ ဆုပ်ကိုင်ထား၏။ 
“တောင်းပန်ပါတယ်... အိမ်မှာ ကိစ္စလေးတစ်ခု ပေါ်လာလို့ အလုပ်ကိုလက်မခံနိုင်တာပါ”

ဤကိစ္စက ဝမ်ကျင်းနှင့် ဘာမှမဆိုင်ချေ။ သူ့အား ဆွဲမထည့်သင့်ပေ။ ထို့ကြောင့်ပင် ဤအခိုက်အတန့်၌ ပိုင်မူနင် မည်သည်ကိုမှ ဝန်ခံလိမ့်မည်မဟုတ်ပေ။

မစ္စတာကျိုးက သူ၏အမူအရာကို ဖတ်နိုင်သည်။ 
“မင်း သူ့ကို ကာကွယ်ပေးနေတာလား...  á€žá€°á€ˇá€€á€­á€Ż ကြိုက်လို့လား”

ပိုင်မူနင် မတုံ့ပြန်လိုက်ပေ။ မေးခွန်းကို တိတ်ဆိတ်ခြင်းဖြင့်သာ ရင်ဆိုင်မိ၏။


💊💊💊💊 Chapter 49
ပေါက်ကွဲထွက်လာတဲ့ လမ်းခွဲမှု


များများပြောလေ အမှားလုပ်မိနိုင်ချေ ပိုများနိုင်လေဟူသည့် နိယာမအား စွဲကိုင်ကာဖြင့် ဘာကိုမှပြန်မဖြေရန်သာ ရွေးချယ်လိုက်သည်။

မစ္စတာကျိုးက သူ၏ ခေါက်ဆွဲကို အလုတ်အနည်းငယ်မျှဖြင့် အပြီး စားလိုက်သည်။ ထို့နောက် ပန်းကန်လုံးကို ဘေးသို့ တွန်းလိုက်သည်။ 
“ချင်းချီ ငါ့ကိုပြောတော့ သူက တရုတ်တိုင်းရင်းဆေးဆရာဝန်တဲ့... အခု ကြည့်ရတာတော့ သူ ငါ့ကို အစကတည်းက လိမ်ခဲ့တာနဲ့တူတယ်”

“ဒါပေမဲ့ အဆင်ပြေပါတယ် ... ငါလည်း လိမ်ခဲ့တာပဲ... သူက ငါ့ချစ်သူမဟုတ်ဘူး... ငါ့ရဲ့ ညီလေး... ဒါပေမဲ့  á€žá€˝á€ąá€¸á€žá€Źá€¸á€™á€á€ąá€Źá€şá€…á€•á€şá€˜á€°á€¸”

ပိုင်မူနင်က ဘာမှ မပြောလိုက်ပေ။ တိတ်တဆိတ်သာ နားထောင်နေလိုက်၏။ သူ့ဘက်မှ မည်သည့်သဘောထားကိုမျှ ထုတ်ဖော်မပြလိုချေ။ မည်သူကပင် လိမ်နေပါစေ  á€žá€°á€”á€žá€„á€ˇá€şá€™á€†á€­á€Żá€„á€şáá€•á€„á€şá‹

သူသည်လည်း ဤရှုပ်ထွေးသည့်လိမ်လည်မှုထဲမှ နောက်ထပ် သားကောင်တစ်ဦးသာ။ အဆိုးဆုံး ခံစားခဲ့ရသူကမူ ဝမ်ကျင်းပင်။

အမှားကို သဘောပေါက်ပြီးဖြစ်ရာ အရာအားလုံး ပိုမဆိုးဝါးမီ ရပ်တန့်လိုက်ခြင်းက အကောင်းဆုံးဖြစ်၏။

မစ္စတာကျိုးကလည်း ပိုင်မူနင် တုံ့ပြန်သည်ကို လိုအပ်မနေခဲ့ချေ။ ထိုသူမှာ စကားပြောပေးမည့် တစ်ယောက်ယောက်ကို လိုအပ်နေသည့်အလား။ သူက သူ၏ကိုယ်ပိုင်ဇာတ်လမ်းထဲတွင် နစ်မြောနေရင်း ဆက်လက်၍ပြောပြလာသည်။

ကျိုးချောင်မှာ ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်ကာ မိဘမဲ့ဂေဟာတွင် ကြီးပြင်းလာခဲ့သူပင်။ သူ အသက်ကြီးလာပြီး ထိုနေရာ၌ ဆက်နေမရတော့သည့်အချိန်တွင် အလုပ်ထွက်လုပ်ပြီး  á€›á€žá€„်သန်ရုန်းကန်ခဲအရသည်။

“ချင်းချီကလည်း အဲဒီက ကလေးတစ်ယောက်လေ... ငါ ထွက်လာတဲ့နေ့ကို ခုထိ မှတ်မိသေးတယ်... ချင်းချီက ခိုးထွက်လာပြီး ငါ့အင်္ကျီလက်ကိုဆွဲပြီး ပြောခဲ့တာ ‘ချောင်ကော... ကော ကျွန်တော့်ကို ခေါ်သွားပေးလို့ရလား’တဲ့”

မိဘမဲ့ဂေဟာရှိ ကလေးများမှာ အစာအာဟာရလုံလောက်အောင် မစားရသဖြင့် အားလုံးက တုတ်ချောင်းပမာ ပိန်ကပ်နေကြသည်။

ကျန်းချင်းချီ၏ အရိုးပေါ်‌အရေတင် လက်သေးသေးလေးက သူ့ကို တွယ်ကပ်ရင်း အတူလိုက်ခွင့်ပေးရန် တောင်းပန်နေသည်ကို  á€€á€ťá€­á€Żá€¸á€á€ťá€ąá€Źá€„် ယခုထိ မှတ်မိနေသေး၏။

ထိုစဉ်က ကျိုးချောင် သူ့ကို ပြောခဲ့သည်။ 
“မင်း ငါနဲ့ ထွက်သွားရင်တောင် မင်းအတွက် စားစရာရှိမယ်လို့ အာမ,မခံနိုင်ဘူး... ငါက ငါ့ကိုယ်ငါတောင် ဂရုမစိုက်နိုင်ဘူး”

ယင်းက အမှန်တရားသာ။ ပညာမတတ်သလို အလုပ်လည်းမရှိသည့်အပြင် ပိုင်ဆိုင်သည့်အိမ်ဟူ၍လည်းမရှိ။ သူ့အနေဖြင့် သုညမှ စတင်ရလိမ့်မည်။ သူက  á€€á€œá€ąá€¸á€á€…်ယ္ဏက်ကို မပြုစုပျိုးထောင်နိုင်ပေ။

ထိုအချိန်က ကျန်းချင်းချီမှာ မူလတန်းသာ ရှိသေးသည်။ သူက ကျိုးချောင်ကို ခေါင်းမာစွာ ဆုပ်ကိုင်ထားပြီး ပြောသည်။
“ကျွန်တော် ကောနဲ့အတူ အိမ်ဆောက်ချင်တယ်”

အနှီစကားတစ်ခွန်းက ကျိုးချောင်ကို ထိရှသွားစေသည်။ ထို့ကြောင့်ပင် မိဘမဲ့နှစ်ဦးက  á€”သစ်ယ္ဏက်တည်းဥဏးဖဟငအ် အိမ်လေးတည်ဆောက်ခဲ့သည်။

ကျိုးချောင်က သန်မာပြီး မည်သည့် အလုပ်မျိုးမဆို လုပ်လိုသည့်ဆန္ဒရှိသည်။ တဖြည်းဖြည်းနှင့် အရာရာ ပိုကောင်းလာပြီး သူ ကျန်းချင်းချီကို ပိုမိုကောင်းမွန်သောဘဝအား ပေးနိုင်ခဲ့သည်။

သူက ကျန်းချင်းချီကို ကျောင်းပြီးသည်အထိ ထောက်ပံ့ပေးခဲ့သည်။ တက္ကသိုလ်တက်နိုင်ရန် ကူညီပေးပြီး သူ့ကို နိုင်ငံခြား၌စာလေ့လာရန်ပင် စီစဉ်ပေးချင်ခဲ့သည်။

ယင်းက ကျန်းချင်းချီ၏ အိပ်မက်ဖြစ်ခဲ့သည်ဟု ကျိုးချောင် ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲပင်။

သူက ကျန်းချင်းချီနှင့်အတူ သူ၏ဘဝတစ်သက်တာလုံးကို ထိုပုံစံအတိုင်း နေထိုင်ရလိမ့်မည်ဟု ထင်ခဲ့သည်။ ကျန်းချင်းချီ အချစ်ကို ရှာတွေ့သည်အထိပင်။

မစ္စတာကျိုးက သူ၏ လက်သီးများကို ဆုပ်လိုက်ပြီး ပြောသည်။
“ငါက သူ့ကို ပြုစုပျိုးထောင်ခဲ့တယ်လေ... သူ ဘယ်လိုလုပ် တခြားလူတစ်ယောက်ကို ချစ်မိနိုင်ရတာလဲ”

“သူက ငါတို့တွေ တစ်သက်လုံး အတူတူနေကြမယ်လို့ ကတိပေးခဲ့တာ... သူ ဘယ်လိုလုပ်ပြီး အဲဒီ့စကားကို ပြန်ရုပ်သိမ်းနိုင်တာလဲ”

သူ၏အကြည့်က ရုတ်တရက် ရေခဲပမာ အေးစက်သွားသည်။ သူက ပိုင်မူနင်ကို မေးသည်။ 
“သူတို့ နိုင်ငံခြားသွားဖို့ စီစဉ်နေတာလား”

ပိုင်မူနင် ခေါင်းခါလိုက်သည်။ သူ မသိကြောင်း ဖော်ပြလိုက်ခြင်းသာ။

မစ္စတာကျိုးက ရုတ်တရက် အသံကျယ်လောင်စွာဖြင့် စတင်ရယ်မောလိုက်၏။ သူက ရယ်စရာ အကောင်းဆုံး ပြက်လုံးကို ကြားလိုက်ရသည့်အလား မထိန်းချုပ်နိုင်ဘဲ ရယ်မောနေခဲ့သည်။

နောက်ဆုံးတွင်မူ ခဏကြာပြီးနောက် သူက ဖြည်းညှင်းစွာ ပြောလာသည်။

“ဒီတော့ သူက ငါ့ဆီကနေ ထွက်ပြေးဖို့ မစောင့်နိုင်တော့ဘူးပေါ့လေ”

“ငါသူ့ကို ငါ့ဆီက ထွက်သွားခွင့်မပြုနိုင်ဘူး... တစ်သက်တာကတိဆိုတာက တည်ကိုတည်ရလိမ့်မယ်”

“စိတ်မပူပါနဲ့... ငါ မင်းကို မရောင်းပါဘူး မင်းကိုယ်မင်း ဂရုစိုက်ပါ”
(T/N - ရောင်းတယ်ဆိုတာ လျှို့ဝှက်ချက်ကိုထုတ်ပြောတာ၊ သစ္စာဖောက်တာကိုဆိုလိုတာပါ)

မစ္စတာကျိုးက ထပြီးထွက်သွားသည်။ ပိုင်မူနင်က စားသောက်ဆိုင်လေးထဲ၌ ခဏကြာအောင် ဆက်ထိုင်နေခဲ့သည်။

ကျိုးချောင် သူ့ကို ထိုအရာအားလုံးကို ပြောပြရသည့်အကြောင်းအရင်းအား  á€žá€° မသိချေ။ ယင်းက အချိန်ကြာအောင် မြိုသိပ်ထားရပြီးနောက် သူ စကားပြောရန် တစ်ယောက်ယောက်ကို လိုအပ်နေခြင်း ဖြစ်နိုင်သည်။

ကျိုးချောင်၏ စကားများကြောင့် ပိုင်မူနင် တွေးလိုက်သည်။
ကျိုးချောင်က ကျန်းချင်းချီကို ကြိုက်တယ်... ဒါပေမဲ့ ကျန်းချင်းချီကရော....

သူ့အနေဖြင့် ဝမ်ချီအပေါ်တွင်လည်း နက်ရှိုင်းသော ခံစားချက် ရှိပုံမရပေ။ ထိုသူမှာ ထွက်ပြေးချင်ရုံသက်သက်သာ ဖြစ်နိုင်သည်။

ဒါပေမဲ့ ကျန်းချင်းချီက ကျိုးချောင်ဆီကနေ ဘာလို့ ထွက်ပြေးချင်တာလဲ...

ပိုင်မူနင်က နို့လက်ဖက်ရည်နှစ်ခွက် ကိုင်ကာ ဝမ်ကျင်း၏ ကားဆီသို့ လျှောက်လာခဲ့သည်။ ဝမ်ကျင်းက သူ့ကို မြင်ပြီး မေးလာသည်။ 
“ဘာလို့ ဒီလောက် ကြာနေရတာလဲ”

သူက တစ်ခွက်ကို ဝမ်ကျင်းအား ပေးလိုက်ပြီးဆိုသည်။
 “တန်းစီနေတဲ့ လူတွေ အရမ်းများလို့”

ဝမ်ကျင်းက ယူလိုက်သည်။ သို့သော်လည်း မသောက်ပေ။ ထိုအစား သူက သော့များကိုကိုင်လျက် ကားထဲသို့ ဝင်လိုက်သည်။
 
ပိုင်မူနင်က လိုက်သွားပြီး ခရီးသည်တင်ထိုင်ခုံတွင် ထိုင်လိုက်၏။

ဝမ်ကျင်းက အင်ဂျင်စက်ကို နှိုးသည်။ 
“ဘယ်သွားမလဲ”

ပိုင်မူနင်က သူ၏ နို့လက်ဖက်ရည်ကို တစ်ငုံ သောက်ကာဖြင့်ပြောသည်။
“ကျွန်တော် ကျောင်းကိုပြန်ချင်တယ်”

ဤတစ်ကြိမ်တွင်မူ ပိုင်မူနင်က ဝမ်ကျင်း၏ နှုတ်ခမ်းထောင့်ရှိ စိတ်ပျက်လက်ပျက်ဖြစ်မှုအား သတိထားလိုက်မိသည်။ သို့သော်လည်း သူက မမြင်ချင်ယောင်သာ ဆောင်လိုက်သည်။

စောသည်ဖြစ်စေ နောက်ကျသည်ဖြစ်စေ သူတို့နှစ်ဦးက လမ်းခွဲရမည်သာ။ သူ့အနေဖြင့် ဝမ်ကျင်းကို ကောင်းကောင်းမွန်မွန် ငြင်းဆန်ပြီး သူတို့ကြားမှ အကွာအဝေးကို စတင်ထိန်းသိမ်းရန် လိုအပ်သည်။

ကျောင်းသို့ ပြန်ရောက်သောအခါ ပိုင်မူနင် အပေါ်ထပ် သွားရန် ပြင်နေစဉ် အဆောင်မှူးအဒေါ်ကြီးက သူ့ကို တားလိုက်သည်။ 
“ကျောင်းသားလေး မင်း ဒီနေ့ ပြောင်းရမယ်... ကျောင်းက ဘယ်သူ့ကိုမှ နေခွင့်မပြုတော့ဘူး”

ပိုင်မူနင် ကန့်ကွက်လိုက်သည်။
 “အဒေါ်... အဒေါ်က ရုတ်တရက်ကြီး ကျွန်တော့်ကို ပြောင်းဖို့ ပြောတာလေ... ကျွန်တော် ဘယ်ကိုသွားရမှာလဲ”

နေရာရှာတာက အချိန်ယူရတယ်... အဲဒါက ချက်ချင်း လုပ်လို့ရတာလည်း မဟုတ်ဘူး... ငါ ဟိုတယ်မှာနေလို့လည်းမရဘူး... အရမ်း စျေးကြီးမှာ...

“ရုတ်တရက်ဆိုတာက ဘာကိုဆိုလိုတာလဲ”
အဆောင်မှူးအဒေါ်က အသိပေးချက်ကို ကိုင်လျက် ပြောလာသည်။
“ငါတို့ ဒါကို လွန်ခဲ့တဲ့ လဝက်ကတည်းက တင်ထားတာ... မင်းက ဒီမှာ သိပ်မရှိတဲ့သူမလို့ မသိတာ ဖြစ်မယ်”

“ကျောင်းက ဒီနေ့ကို နောက်ဆုံးရက်လို့ သတ်မှတ်ထားတာ... ငါ့ကို ဒုက္ခ မပေးပါနဲ့... မင်း ပစ္စည်းတွေ ယူပြီး ပြောင်းသွားတော့”

ပိုင်မူနင်၏အကြည့်က အသိပေးချက်ပေါ်သို့ ရောက်သွားသည်။ ကျောင်းမှာ အဆောင် ပြန်လည်ပြင်ဆင်မှုများ လုပ်နေခြင်းဖြစ်ပြီး လူတိုင်းပြောင်းရမည့်ရက်ကို သတ်မှတ်ထားသည်။

ယင်းက ဆောင်းရာသီပိတ်ရက် ဖြစ်ပြီး နှစ်သစ် ရောက်တော့မည်ဖြစ်၍ အဆောင်များတွင် နေသူ သိပ်မရှိတော့ချေ။ ထို့ကြောင့်လည်း ကျောင်းက လုပ်ငန်းကို မြန်နိုင်သမျှမြန်မြန် စတင်လိုခြင်းပင်။

သူ လုံးဝ သတိမထားမိခဲ့ပေ။ ယခုမူ သူ့အား ချက်ချင်းပြောင်းရန် ပြောလာချိန်တွင် ပိုင်မူနင် ဘယ်သွားရမည်ကို မသိတော့ပေ။

သူ ငိုင်နေသည်ကိုမြင်သောအခါ အဆောင်မှူးအဒေါ်ကြီးက ထပ်မံ၍ပြောလာသည်။ 
“အဲဒါအပြင် မင်းရဲ့ အခန်းဖော်လီအန်းချီကိုလည်း ငါတို့ ဆက်သွယ်လို့ မရဘူး... သူ သူ့ပစ္စည်းတွေကို ယူဦးမှာလား... မဟုတ်ရင်တော့ ငါ ပစ်လိုက်တော့မယ်”

အပေါ်ထပ်သို့တက်လာရင်း ပိုင်မူနင်က လီအန်းချီထံ ဖုန်းခေါ်လိုက်သည်။ ဖုန်းက လျင်မြန်စွာပင် ဆက်သွယ်မိသွား၏။ 
“အန်းအန်း ကျောင်းက ငါတို့ကို နေခွင့်မပြုတော့ဘူး... ငါတို့ ပြောင်းရမယ်... မင်း မင်း ပစ္စည်းတွေ ဘယ်တော့လာယူမလဲ”

“သူတို့က ခွင့်မပြုတော့ဘူးလား...  á€›á€Żá€á€şá€á€›á€€á€şá€†á€”á€şá€œá€­á€Żá€€á€şá€á€Ź” 
လီအန်းချီက ပြောသည်။ 
“နင်အာ ငါ လာချိန် မရသေးဘူး... မင်း ငါ့ ပစ္စည်းတွေကို အဆောင်မှူးအဒေါ်ဆီမှာ ကူပြီးထားပေးနိုင်မလား”

“ငါအခု ရထားမှီအောင် အပြေးအလွှားလုပ်နေရလို့...ငါ့ရဲ့ အဲဒီလူယုတ်မာဦးလေးက မြောက်ပိုင်းမှာ ရှိတယ်လို့  á€€á€źá€Źá€¸á€á€šá€ş... ငါ သူ့ကို သွားရှာတော့မလို့”

“ကောင်းပြီ... ငါ မင်း ပစ္စည်းတွေကို ထုပ်ပိုးပေးမယ်”

“နင်အာ မင်း နေစရာရော ရှိလား”

“ရှိတာပေါ့” 
ပိုင်မူနင်က ယုံကြည်မှုအပြည့်ဖြင့် ဟန်ဆောင်ကာ ပြောလိုက်သည်။ 
“ငါ့သူဌေးက အရမ်းကောင်းတာ... ငါတို့မှာ ဝန်ထမ်းအဆောင်တွေ ရှိတယ်”

သူက လီအန်းချီ စိတ်မပူစေရန် လိမ်ခဲ့ခြင်းသာ။ သို့တိုင် အမှန်တကယ်တွင် သူသွားစရာနေရာ မရှိသလို သူ့အပိုင်ငွေတစ်ပြားပင် မရှိပေ။

“ကောင်းပြီလေ... နင်အာ ငါမင်းနဲ့ နောက်မှပြောတော့မယ်...ငါ လုံခြုံရေးကို ဖြတ်ရဦးမယ်”

ဖုန်းချပြီးနောက် ပိုင်မူနင်က သူဘယ်မှာ နေ၍ရမလဲဟု စတင် တွေးတော့သည်။ သူ့တွင်ရှိသည့် ငွေအားလုံးကို လီအန်းချီကို ပေးလိုက်ပြီး ဖြစ်သည်။ သူ့တွင် ဘတ်စ်ကားခပင် မကျန်တောချေ။ ဟိုတယ်မှာနေမရသလို အခန်းငှားရန်မှာ ပို၍ပင်မဖြစ်နိုင်ပေ။

သူ့ပင်ကိုစရိုက်အရ ဦးစွာတွေးမိသည်မှာ ဝမ်ကျင်းပင်။ သို့သော်လည်း သူ ထိုအတွေးကို လျင်မြန်စွာ ထုတ်ပစ်လိုက်သည်။ သူတို့ လမ်းခွဲတော့မည်ဖြစ်ရာ သူ့အနေဖြင့် ဝမ်ကျင်းကို  á€Ąá€á€˝á€„အ်ဥရ္း မယူနိုင်ပေ။ ယင်းက အရှက်မဲ့လွန်းရာကျ၏။

ထို့အပြင် သူတို့ အတူတူ စတင်ပြီးနေကြလျှင် လမ်းခွဲရန်မှာ ပိုပြီး ခက်ခဲလာလိမ့်မည်။

သူက ပစ္စည်းတစ်ခုချင်းစီကို ခရီးဆောင်အိတ်များထဲ၌ ထုပ်ပိုးလိုက်သည်။ ထို့နောက် အားလုံးကို အောက်ထပ်သို့ တစ်ခေါက်ချင်း သယ်သွားသည်။ အဆုံးသတ်ပြီးစီးရန် နာရီပေါင်းများစွာ ကြာခဲ့၏။

ထိုအချိန်တွင် ကောင်းကင်မှာ မှောင်မဲနေလေပြီ။

လီအန်းချီ၏ပိုင်ဆိုင်မှုများနှင့် သူ့ပိုင်ဆိုင်မှုများကို အဆောင်မှူးအဒေါ်ကြီးနှင့် ယာယီ ထားခဲ့ရသည်။ သူ အဆောင်ထဲမှ ထွက်လာစဉ် ခရီးဆောင်အိတ်တစ်လုံးသာ ယူလာခဲ့သည်။

သူ၏ ခရီးဆောင်အိတ်ကိုဆွဲကာ ပိုင်မူနင်မှာ လုံးဝ လမ်းပျောက်နေသည်။ ရှေ့ဆက်ရမည့် လမ်းက မရေမရာဖြင့် သူ ဘယ်သွားရမည်ကိုပင် မသိတော့ပေ။

သို့သော် မကြာမီမှာ သူ၏အာရုံက အနီးနားရှိ ရန်ဖြစ်နေသော အတွဲတစ်တွဲထံသို့ ရောက်သွားသည်။

ကောင်မလေးက သူမ၏ နှလုံးကွဲကြေမတတ် ငိုနေသည်။ သူမက ကောင်လေးကို စွပ်စွဲ၍နေ၏။ 
“နင်ငါနဲ့ လမ်းခွဲဖို့ ဘယ်မှာအခွင့်အရေး ရှိလို့လဲ... ငါ ဘာအမှားလုပ်မိလို့လဲ... ငါ နင့်ကို ကလေးနှစ်ယောက်တောင်ပေးခဲ့ပြီးပြီကို အခု နင်က ငါ့ကို ထားခဲ့ချင်တယ်ပေါ့လေ... နင့်မှာ နှလုံးသားတောင် ရှိသေးရဲ့လား”

ကောင်လေးက သူမ ငိုနေသည်ကို မြင်ပြီး ချက်ချင်း ဒေါသထွက်သွားသည်။ သူက စိတ်မရှည်စွာပင် အော်ဟစ်လိုက်သည်။
“တော်တော့ ဘာတွေ ငိုနေတာလဲ....  á€…ိတ်ဥနသ္ဏငအ်ဥယသက်ဖဟစ်ဖိုအက္ဏင်းတယ်”

“ငါဘာလို့ မင်းနဲ့လမ်းခွဲရလဲ မင်း မသိဘူးလား”

“မင်း ငါ့ကို နေ့တိုင်း စစ်ဆေးနေတာ... အချိန်တိုင်းလည်း ငါ့ကို တွယ်ကပ်နေသေးတယ်... ငါ မင်းရဲ့ စာတွေကိုများ မဖြေမိရင် ရူးနေသလို ပေါက်ကွဲတော့တာပဲ... ငါ့အတွက်  á€€á€­á€Żá€šá€şá€•á€­á€Żá€„á€şá€”á€ąá€›á€Źá€œá€ąá€¸á€á€ąá€Źá€„á€ş မရနိုင်တော့ဘူးလား”

“ငါမင်းကို ချစ်မချစ်ကိုလည်း အချိန်တိုင်း မေးမနေပါနဲ့တော့... အရမ်း စိတ်ရှုပ်ရတယ် အား”

“လမ်းခွဲကြရအောင်.... ငါ ဒီထက်ပိုပြီး သည်းမခံနိုင်တော့ဘူး”

ကောင်လေးက ဒေါသတကြီး ထွက်ခွာသွားသည်။ ကောင်မလေးက ငိုနေသည်ကိုရပ်လိုက်ကာဖြင့် ရုတ်တရက် ပျော်ရွှင်မှုတို့ပြည့်နေသည့် အပြုံးတစ်ခုက သူမမျက်နှာထက် ဖြစ်တည်လာ၏။ 
“ဟွန်း အဲဒီ့လူယုတ်မာဆီကနေ နောက်ဆုံးတော့ လွတ်သွားပြီ”

သူမဘေးရှိ သူမ၏ သူငယ်ချင်းများက မှင်တက်သွားကြသည်။ 
“ကောင်မရေ ဒါက ဘာကြီးလဲ”

ကောင်မလေးက သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီး ပြောသည်။
 “နင်တို့ ဒါတောင် မသိဘူးလား... ငါ လမ်းခွဲချင်ပေမဲ့ မကောင်းတဲ့လူ မဖြစ်ချင်ဘူးလေ... ဒါကြောင့် ငါ သူ့ကို လုပ်ခွင့်ပေးလိုက်တာ”

“နောက်ဆုံးတော့ အဲဒီမကောင်းတဲ့ကောင်ကို ပစ်လိုက်နိုင်ပြီ... ဘဝအသစ်စရမဲ့ အချိန်ပဲ”

“ဒါကရော ဘယ်လို နည်းဗျူဟာမျိုးတုန်း”

“နင်တို့ နားမလည်ဘူးလား... ဒါကို ပေါက်ကွဲထွက်လာတဲ့ လမ်းခွဲခြင်းလို့ ခေါ်တယ်... ငါ အွန်လိုင်းပေါ်နေ ကြည့်ထားတာလေ ... ဟေး လုံးဝ အလုပ်ဖြစ်တယ်နော်... ငါကိုယ်တိုင်သာ လမ်းခွဲဖို့ပြောရင် သူက တွယ်ကပ်ပြီး ပြဿနာရှာနေဦးမှာ... အခုနောက်ဆုံးတော့ ငါ အေးချမ်းသွားပြီလေ... လာ သွားစားရအောင်.... ငါ လွတ်လပ်သွားတာကို ဂုဏ်ပြုကြစို့”

ကောင်မလေးများက တဖြည်းဖြည်း အဝေးသို့ လျှောက်သွားကြသည်။ ပိုင်မူနင်လည်း သူတစ်ခုခုကို သင်ယူလိုက်နိုင်ပြီဟု တိတ်တဆိတ် တွေးလိုက်မိပါ၏။

ပေါက်ကွဲထွက်လာတဲ့ လမ်းခွဲမှု ... တကယ်ကို သင်ယူဖို့ ထိုက်တန်တာပဲ....

(T/N - ဗုံးတစ်လုံး ပေါက်ထွက်သလို သည်းမခံနိုင်တော့လို့ ရုတ်တရက် အချင်းချင်းပြစ်တင်ပြောဆို အကြီးအကျယ်ရန်ဖြစ်ပြီး လမ်းခွဲရတာကို ပြောချင်တာပါ... တည့်တိုးဘာသာပြန်လိုက်တော့ ပေါက်ကွဲထွက်လာတဲ့ လမ်းခွဲမှုဖြစ်သွားတာပေါ့နော်)

ထိုအတွေးဖြင့်ပင် ပိုင်မူနင် ဆုံးဖြတ်ချက် ချလိုက်သည်။ သူ ဝမ်ကျင်း၏နေရာသို့ ပြောင်းသွားပြီး ဝမ်ကျင်း သူနှင့် လမ်းခွဲချင်လာသည်အထိ ကပ်တွယ်ကာ စိတ်အနှောင့်အယှက် ပေးပစ်ရန် အစီအစဉ်ဆွဲလိုက်၏။

အစီအစဉ် ချပြီးသည်နှင့် ပိုင်မူနင်တစ်ယောက် ဝမ်ကျင်းကို ချက်ချင်းဖုန်းခေါ်ကာ သူ့ကို လာကြိုရန် တောင်းဆိုလိုက်သည်။ သို့သော်လည်း ဖုန်းက ချိတ်ဆက်မိသွားချိန်၌ သူကြားလိုက်ရသည်မှာ ဝမ်ကျင်း၏အသံမဟုတ်ဘဲ အမျိုးသမီးတစ်ဦး၏အသံ ဖြစ်နေ၏။
“ဝမ်းနည်းပါတယ်... လူကြီးမင်း၏လက်ကျန်ငွေ မလုံလောက်ပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်”

ပိုင်မူနင်က ထိုနေရာ၌ ခဏကြာအောင်ရပ်လျက် သူ့ကိုယ်သူ ပြန်ရယ်မိတော့သည်။ ထို့နောက် သူ၏ ခရီးဆောင်အိတ်ကို ဆွဲကာ ထွက်သွားတော့၏။

သူ တွေးလိုက်မိသည်။ 

ဘာကများ ဒီထက်ပိုပြီး ရှက်စရာ ကောင်းနိုင်ပါဦးမလဲ...

ရှောင်လွှဲမရမှတော့ ငါ လုပ်နိုင်ပါတယ်...

သူ၏ ဖုန်းဘထ္ထရီ ကုန်သွားသည်။ သူ့အနေဖြင့် အခြားသူ၏ ဖုန်းကိုငှားပြီး ဆက်သွယ်၍ပင် မရပေ။
(T/N - နံပါတ်တွေအလွတ်မရလို့ပါ)

ပိုင်မူနင်က အကူအညီရရန်အလို့ငှာ စန်းဝမ်ခန်းမသို့ လမ်းလျှောက်သွားရန် ဆုံးဖြတ်လိုက်သည်။ ယခုမှ ငါးနာရီသာရှိသေးရာ ဆေးခန်းပိတ်ရန် တစ်နာရီမျှ လိုသေးသည်။

သူ့အနေဖြင့် အနှီတစ်နာရီက ထိုနေရာသို့ ရောက်ရန်လုံလောက်လိမ့်မည်ဟူ၍ သူ့ကိုယ်သူ အားပေးရုံမျှသာ။

သို့သော်လည်း သူကျောင်းဂိတ်တံခါးမှ ထွက်လိုက်သည်နှင့် အမြင်မှားနေပြီလားဟု တွေးမိသွား၏။  á€žá€° ဝမ်ကျင်း၏ကား လမ်းဘေး၌ ရပ်ထားသည်အား မြင်လိုက်ရသည်။

ဝမ်ကျင်းက နေ့လည်ကတည်းက သူ့ကို ချပေးခဲ့ခြင်းပင်။ ခြောက်နာရီမျှ ကြာသွားပြီဖြစ်၏။ 

သူ ဘာလို့ ခုထိ ဒီမှာရှိနေတာလဲ...

သူ လျှောက်သွားပြီး ကားပြတင်းပေါက်ကို ခေါက်လိုက်သည်။ ဝမ်ကျင်းက တစ်ရေးအိပ်နေရာမှ နိုးလာသည်။ အကြင်သူက ကားထဲမှ ထွက်လာပြီး သူ့ကို မျက်မှောင်ကြုတ်၍ ကြည့်၏။ 
“မင်း ဘယ်သွားမလို့လဲ”

“ကျွန်တော့်အကြောင်းကို မပြောပါနဲ့ဦး... ခင်ဗျား ဘာလို့ မပြန်ရသေးတာလဲ”

“ကိုယ် ပြန်ဖို့ကို အရမ်းပျင်းနေလို့” 
ဝမ်ကျင်းက ဆို၏။ 
“မင်းရော”

ပိုင်မူနင်က သူ၏ ခရီးဆောင်အိတ်ကို အလိုလိုက်ခံထားရသည့် လူဆိုးလေးတစ်ယောက်ပမာ ပစ်ပေးလိုက်သည်။ 
“ကျွန်တော် အခု အိမ်ယာမဲ့ဖြစ်နေပြီ... ခင်ဗျားဆီကို ကိုယ့်ဟာကို ပစ်လိုက်တော့မလို့”

“ဒေါက်တာဝမ်... ကျွန်တော့်ကို လက်ခံပေးမှာလား”

ပိုင်မူနင်၏ စကားတို့ကို ကြားလိုက်ရသည်နှင့် ဝမ်ကျင်း၏ မျက်နှာထက်ရှိ  á€™á€žá€Żá€”်မသိုင်းနက်မသ္ဏင်န္ခဟင်းတိုအက လုံးဝ ပျောက်ကွယ်သွားသည်။ သူ၏ နှုတ်ခမ်းထောင့်များက အသာအယာ ကွေးတက်၍သွား၏။ 
“အဲ့အတွက် ကိုယ်က ဘာရမှာလဲ”

ပိုင်မူနင်က ကားထဲဝင်လိုက်ပြီး ပြောသည်။ 
“ကောက အရမ်းကိုမှ တွယ်ကပ်တတ်တဲ့ကောင်လေးကို ရလိမ့်မယ်”

ဝမ်ကျင်းက ခရီးဆောင်အိတ် တင်ရန်အတွက် ကားနောက်ခန်းကို သွားလိုက်သည်။ ပိုင်မူနင် တစ်ချက်လှမ်းကြည့်လိုက်ရာ သူချန်ထားခဲ့သည့် နို့လက်ဖက်ရည်ခွက်လေးက ဗလာဖြစ်နေသည်ကို သတိထားမိသွားသည်။

ပိုင်မူနင်က နို့လက်ဖက်ရည်ခွက်ကြီးတစ်ခွက်ကို အကုန်မသောက်နိုင်၍ တစ်ဝက်သောက်ပြီးနောက် ဘေးသို့ ဖယ်ထားလိုက်ခြင်းဖြစ်သည်။ ဝမ်ကျင်း၏ ခွက်မှာ အထိမခံရသေးပေ။ 
ဒါဆိုရင် ဝမ်ကျင်းက ငါ့နို့လက်ဖက်ရည်အားလုံးကို သောက်ခဲ့တာများလား…

ပိုင်မူနင် သူ့ကိုယ်သူ တွေးလိုက်မိသည်။

ဝမ်ကျင်းက ဘယ်လိုတောင် ငါ့ထက်ပိုပြီး ဘဝကို စီမံခန့်ခွဲနိုင်နေရတာလဲ...

နို့လက်ဖက်ရည်ခွက်လေး တစ်ဝက်ကိုတောင် မဖြုန်းတီးချင်ဘူးပေါ့လေ...

------

စာရေးသူ၏မှတ်ချက်

ပေါက်ကွဲထွက်လာတဲ့လမ်းခွဲခြင်းက တခြားလူတွေအတွက် အလုပ်ဖြစ်နိုင်ပေမဲ့ ဝမ်ကျင်းအတွက်တော့ သူက လုံးဝကို သဘောကျမှာသေချာတယ်...


💊💊💊💊 Chapter 50
ကပ်ချွဲတတ်တဲ့ကြောင်လေး အွန်လိုင်းတက်လာပြီ


စိတ်ပညာတွင်  á€…ိတ်ပိုင်းဆိုင်ရဏဖိဥဏးပ္းမသု(hot violence)ဟု ခေါ်သော ဝေါဟာရတစ်ခု ရှိသည်။ ယင်းက ကိုယ့်ဆန္ဒအတိုင်းဖြစ်လာစေရန် အခြားသူများကို စိတ်ခံစားချက်အား ထိန်းချုပ်ကာ ဖိအားပေးခြင်းပင်။

(T/N - စိတ်ပညာနယ်ပယ်မှာ hot violenceကို တိုက်ရိုက်ဘာသာပြန်ခေါ်တာမရှိသေးပါဘူး၊ မြန်မာတွေပြောလေ့ရှိတဲ့စကားအရဆို ဒေါသအလျှောက် စိတ်လိုက်မာန်ပါအကြမ်းဖက်မှုလို့ ခေါ်လို့ရပါတယ်။ ဆိုပေမဲ့ ဒီမှာကျတော့ စိတ်ခံစားချက်ကို ဖိအားပေးထိန်းချုပ်တာ(emotional abuse)ကိုပြောချင်တာဖြစ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာဖိအားပေးမှုလို့ ရေးလိုက်ပါတယ်နော်)

သေချာသည်က ပိုင်မူနင်အနေဖြင့် ထိုကဲ့သို့ ရှုပ်ထွေးသောလှည့်စားမှုမျိုးအား လုပ်နိုင်ခြင်း မရှိပေ။ သူ့အတွက် အများဆုံးလုပ်နိုင်သည်က  á€á€™á€şá€€á€ťá€„်းကို စိတ်အနှောင့်အယှက်ပေးပြီး ဖိအားပေးကာ သူ့ဘက်မှ ဦးစွာ လမ်းခွဲလာအောင် လုပ်ရုံမျှသာ။

ထို့ကြောင့်ပင် တစ်နေ့လုံး အင်တာနက်ပေါ်၌ အချိန်ကုန်ပြီးနောက် ပိုင်မူနင်က သူ၏ ဖိအားပေးလမ်းခွဲသည့်( hot violence break-up)
အစီအစဉ်ကို စတင် အကောင်အထည် ဖော်တော့၏။

(T/N - ဒါကျ အပေါ်က hot violenceနဲ့မတူပြန်ပါဘူးနော် Explosive break upကိုပဲ ပြောချင်တာပါ)

အစီအစဉ်အရ ပထမဆုံးနေ့တွင် ပိုင်မူနင်က ဝမ်ကျင်းနှင့်အတူ အလုပ်သို့သွားသည်။ ဝင်ပေါက်၌ ဖိနပ်စီးနေစဉ် ဝမ်ကျင်းက တံခါးမှ တည့်တည့်ထွက်သွားသည်ကို သူမြင်လိုက်ရ၏။ ပိုင်မူနင် စတင်ပြီး ပြဿနာရှာတော့သည်။ 
“ကျင်းကော ခင်ဗျား တစ်ခုခုကို မေ့မနေဘူးလား”

ဝမ်ကျင်းက တံခါးလက်ကိုင်ကို လွှတ်လိုက်ပြီး နားမလည်သလို ပြန်လှည့်လာသည်။ 
“ဘာကို မေ့နေတာလဲ”

ပိုင်မူနင်က စိတ်ကောက်နေသည့်အမူအရာဖြင့် ဝမ်ကျင်းကို စိုက်ကြည့်လိုက်သည်။ နှုတ်ခမ်းအစုံမှာ စူထွက်နေပြီး အရိပ်အမြွက်ပေးလိုဟန်လည်း ရှိမနေပေ။ 

သူ့အနေဖြင့် သရုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားရာ ဝမ်ကျင်းသာ အဖြေမှားပေးလာလျှင် သူထိုနေရာ၌ ချက်ချင်းပင် ပေါက်ကွဲပစ်လိုက်မည်ဖြစ်၏။

သူ့အနေဖြင့် ပစ်လှဲချရမည့် အနေအထားကိုပင်  á€…á€‰á€şá€¸á€…á€Źá€¸á€‘á€Źá€¸á€•á€źá€Žá€¸á€”á€ąá€œá€ąá€•á€źá€Žá‹

သူ မြေပြင်ပေါ်သို့ လက်ကားယားလက်ကားယားဖြစ်အောင် ပစ်လှဲချလိုက်မည်။ ထို့နောက် “ခင်ဗျား ကျွန်တော့်ကို မချစ်တော့ဘူး” အစရှိသဖြင့်  á€•ဟ္ဏဆိုပဟဎးန္ဏက် လူးလှိမ့်ရုန်းကန်ပစ်မည်။

ပိုင်မူနင် အနှီလှုပ်ရှားမှုကို သုံးနှစ်သားကလေးတစ်ဦးဆီမှ သင်ယူခဲ့ခြင်းဖြစ်သည်။ သူ့အနေဖြင့် ၎င်း၏အနှစ်သာရကို ကျွမ်းကျင်ပြီးသားပင်။

သို့သော် ဝမ်ကျင်းက ဉာဏ်ကောင်း၏။ ထိုသူမှာ ပိုင်မူနင်ကို ဟန်ဆောင်ရန်အခွင့်အရေးပင် မပေးလာပေ။ ခဏတာရပ်နေပြီးနောက် သူက ချက်ချင်းပင် ပိုင်မူနင်အလိုရှိသည့်အရာကို နားလည်သွားသည်။

နွေးထွေးသည့် နှုတ်ခမ်းတို့က ဖိကပ်လာ၏။ ပိုင်မူနင်၏ မျက်လုံးများက အံ့အားသင့်မှုဖြင့် ခဏတာမျှ ပြူးကျယ်သွားကာ တွေးလိုက်မိသည်။

ဝမ်ကျင်းက အရမ်းကို ပါးနပ်လွန်းနေတာ မဟုတ်ဘူးလား...

သူက ငါ့ကို ဟန်ဆောင်ဖို့ အခွင့်အရေးလေးတောင် မပေးဘူးပေါ့...

ဝမ်ကျင်းက သူ့ကိုနမ်းရုံမျှသာမက သူ၏ လျှာကိုပါ အတွင်းသို့ထိုးသွင်းခဲ့သေးသည်။ နမ်းပြီးနောက် သူ မေးလာသည်။
“ဒါက အလုပ်ဖြစ်ရဲ့လား”

ပိုင်မူနင်အနေဖြင့် အခြားမည်သည်ကိုမှ မပြောနိုင်တော့ပေ။ သူ မချင့်မရဲဖြင့်သာ တုံ့ပြန်လိုက်နိုင်သည်။
 “အဆင်ပြေပါတယ်... ဒါပေမဲ့ ခင်ဗျား ကျွန်တော့်ကို မနက်တစ်ခါ နေ့လယ်တစ်ခါ ညတစ်ခါ နမ်းရမယ်... အဲဒါကို မှတ်ထားနော် ခင်ဗျားသာ မေ့သွားရင်  á€…ိတ်ဆိုးမသဏ”

ဝမ်ကျင်းက သူ၏ လက်ကောက်ဝတ်ကို ယူလိုက်ပြီး နူးညံ့စွာ ပြန်ဖြေသည်။
 “ဟုတ်ပါပြီ ကိုယ့်ရည်းစားလေးရယ်”

ဝမ်ကျင်း၏ ရွှင်မြူးနေသော လေသံကို ကြားလိုက်ရလျှင် ပိုင်မူနင် မစဉ်းစားဘဲ မနေနိုင်တော့ပေ။

ဘာနေရာက မှားသွားတာလဲ... ဘာလို့ သူက အဲဒါကြောင့်ပျော်နေသလို ခံစားရတာလဲ...

သိသာစွာပင် သူလုပ်နေသမျှက ယုတ္တိမဲ့လွန်း၏။ သို့ဖြစ်ပါလျက် ဝမ်ကျင်းက  á€Ąá€”á€Šá€şá€¸á€„á€šá€şá€œá€ąá€¸á€•á€„á€ş ဒေါသမထွက်ပေ။

ညီအစ်ကိုရေ ဒီအတိုင်း စိတ်ဆိုးလိုက်ပါတော့...

–

နေ့ခင်းရောက်သောအခါ ပိုင်မူနင်က နမ်းရမည့် စည်းမျဉ်းကို လုံးဝမေ့သွားသည်။ သူတို့ နမ်းဖို့ရာ ဆွေးနွေးတိုင်ပင်ခန်းထဲခေါ်ပြီး သူ့ကို သတိပေးလိုက်သူမှာ ဝမ်ကျင်းပင်။

ထိုသူက တံခါး ပိတ်လိုက်ပြီးနောက် ပိုင်မူနင်ကို တံခါးဖြင့် ဖိထားလိုက်သည်။ သူ၏ လျှာက ပိုင်မူနင်၏ ပါးစပ်ထဲသို့ ကျူးကျော်ဝင်ရောက်လာကာ ထောင့်တိုင်းကို စေ့စေ့စပ်စပ် ရှာဖွေနေသည့်နှယ်။

အနမ်းတို့အား ရက်ရောစွာပင် ပေးလာသည်မှာ သုံးရက်သုံးညအစာမစားရသေးသည့် ဝံပုလွေတစ်ကောင်ပမာပင်။

ပိုင်မူနင်မှာ အနှီစည်းမျဉ်းကို ချမှတ်ခဲ့မိ၍ စတင်နောင်တရလာသည်။ သူ ကိုယ့်ခြေထောက်ကို ကိုယ် ပြန်ပစ်လိုက်မိသလို ခံစားနေရသည်။

သူ အသက်ရှူရသည်မှာ ခက်ခဲလာ၏။ နောက်ထပ် သည်းမခံနိုင်တော့၍ ပိုင်မူနင်က လေကောင်းလေသန့်ရရန်အလို့ငှာ ဝမ်ကျင်းကို တွန်းထုတ်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း သူ၏ သားကောင်က စတင်ခုခံလာသည်နှင့် ဝမ်ကျင်းက ပြန်မတိုက်ရန် သတိပေးသည့်အလား သူ၏အောက်နှုတ်ခမ်းကို ဒေါသတကြီးကိုက်ချလိုက်လေ၏။ ထို့နောက် သူ၏ လက်ကောက်ဝတ်များကို ဆွဲယူပြီး သူ၏ ခေါင်းပေါ်တွင် ဖိကပ်ထားလိုက်သည်။

ပိုင်မူနင်၏ ခြေထောက်များက အားပျော့လာသည်။ သူ ညည်းညူလိုက်ရင်း ညှာတာပေးပါရန် အသနားခံမိ၏။ 

အနမ်းနှင့်ပတ်သက်လာလျှင် သူက ဝမ်ကျင်း၏ ပြိုင်ဘက် လုံးဝမဟုတ်ပေ။ သူ့အနေဖြင့် ဦးဆောင်နိုင်ခွင့်ကို ဖမ်းဆုပ်၍ပင် မရပေ။

ဝမ်ကျင်းက ယခုထိ အလျှော့မပေးသေးပေ။ ကျေးဇူးတင်စရာကောင်းစွာဖြင့် ဗီဒီယိုခေါ်ဆိုမှုက ဝင်လာသည်။ ယင်းက အသက်ရှူမဝဖြစ်နေသည့် ပိုင်မူနင်ကို ကယ်တင်လိုက်သည်။

ဝမ်ကျင်းက မျက်မှောင်ကြုတ်လျက် ဖုန်းခေါ်ဆိုမှုကို ဖြေလိုက်သည်။ သိသာစွာပင် စိတ်ပျက်လက်ပျက်ရှိ၍နေ၏။
“အရေးကြီးရင် အမြန်ပြော”

ကောင်းတာလေးတစ်ခုခု လုပ်နေတဲ့အချိန် အနှောင့်အယှက်ပေးခံရရင် ဘယ်သူမဆို ဒေါသထွက်မှာပဲ...

တစ်ဖက်မှ ချန်ဟောက်နန်က ဝမ်ကျင်း၏ မည်းမှောင်နေသော အမူအရာကို မြင်လိုက်သည်။ သူက မည်သည်တို့ဖြစ်ပျက်နေသည်ကို မသိဘဲ နားမလည်သလို မေးလာသည်။
“ဘယ်သူကမင်းကို ဒေါသထွက်အောင် လုပ်တာလဲ”

ဝမ်ကျင်း၏အကြည့်က ပိုင်မူနင်ထံ ရွေ့လျားသွားကာ သူ့အကြည့်တို့က တောက်လောင်နေသည်။ 
“ဘာမှ မဟုတ်ဘူး... ဖုန်းချလိုက်မယ်”

ပိုင်မူနင်က ကျောရိုးကို မတ်မတ်ထားလိုက်သည်။ ဝမ်ကျင်း၏ ဖောက်ထွင်းလုမတတ်အကြည့်အောက်တွင် သူ့နောက်ကျောတစ်လျှောက် အေးစက်စက်ခံစားချက်က ဖြတ်ပြေးသွားသည်။

ယင်းက ချစ်ရသူကို ကြည့်သည့်ပုံစံမျိုး မဟုတ်ပေ။ ထိုအစား  á€•ိုင်ဆိုင်ရရန် စိတ်ပိုင်းဖြတ်ထားသည့် သားကောင်ကို ကြည့်သည်နှင့် ပိုတူ၏။

“ကိစ္စကရှိတယ်... တစ်ခုခုရှိတယ်လို့” 
ချန်ဟောက်နန်က အလျင်အမြန် ပြောလာသည်။ 
“လောင်ဝမ် ငါ့ဘက်မှာ ကိစ္စလေးပေါ်လာလို့  á€•á€źá€”á€şá€œá€Źá€œá€­á€Żá€ˇ မရဘူး... မင်း ငါ့အစား ကပ်လျက်မြို့က အဲဒီဆွေးနွေးပွဲကို သွားပေးနိုင်မလား… ပါမောက္ခက ဖိတ်ထားတာ... မသွားရင် မကောင်းဘူး”

ချန်ဟောက်နန်က ဆေးဖက်ဝင်အပင်များကို ညှိနှိုင်းရန် မြို့ပြင်သို့ အလုပ်ခရီး ထွက်သွားခြင်းပင်။ သူက ယနေ့ ပြန်လာရမည်ဖြစ်သည့်တိုင် တစ်ခုခုကြောင့် နောက်ကျသွားရ၏။ သူ့အနေဖြင့် ဆွေးနွေးပွဲကို မသွားဘဲနေ၍မရပေ။ ထို့ကြောင့်  á€á€™á€şá€€á€ťá€„်းကို ဆက်သွယ်လိုက်ခြင်းဖြစ်၏။

“မင်းက ငါ့ကို လုပ်စရာ ဘာမှမရှိဘူးလို့ ထင်နေတာလား”

ချန်ဟောက်နန်က ဝမ်ကျင်း ထိုသို့ပြောလာမည်ကို မျှော်လင့်ထားပြီးဖြစ်ကာ ချက်ချင်းပင် တောင်းပန်လိုက်သည်။ 
“လောင်ဝမ် ငါ့အတွက် ဒီအလုပ်လေးကို လုပ်ပေးလိုက်ပါနော်... ငါသာ ပါမောက္ခကို ပစ်ထားလိုက်ရင် သေချာပေါက် သေပြီပဲ”

“မင်း တကယ်ပဲ  á€„ဍသ္တဏကို ထိုင်ကြည့်ဖို့ တွေးထားတာလား” 
သူက သူတို့၏ညီအစ်ကိုသံယောဇဉ်အား ဆွဲထုတ်လာရန် ကြိုးစားလိုက်သည်။

ဝမ်ကျင်းက  á€á€€á€šá€şá€•င် ထိုသို့လုပ်ချင်နေ၏။ သူက သူ့ပုံစံအတိုင်း အဆိပ်ပြင်းလှသည့်လျှာဖြင့် ဆိုလာသည်။ 
“ဒါဆို ငါ မင်းကို နေ့လည်‌ရောက်မှပဲ သေဖို့ အကြံပေးချင်တယ်... ဒီမနက် ငါအနားယူနေတာ... ဘယ်လို ဈာပနသီချင်းမှ မကြားချင်ဘူး”

“သေစမ်း လောင်ဝမ်... မင်း ယမ်းမှုန့်ကိုများ မျိုချထားတာလား.... ဘာလို့ ဒီလောက်အထိ စိတ်တိုနေရတာလဲ”

“ငါ့ရဲ့ထိရှလွယ်တဲ့ နှလုံးသားလေးက စိတ်ဒဏ်ရာအကြီးကြီး ရသွားပြီ .... ကောင်းပြီ ငါ မင်းနဲ့ မပြောနိုင်မှတော့ တခြားသူကိုပဲ ရှာလိုက်တော့မယ်”

ဗီဒီယိုခေါ်ဆိုမှု ပြန်တောက်သွားသည်။ ဝမ်ကျင်းက ပိုင်မူနင်အား လက်ညှိုးကွေးကာ အနားလာရန် အမူအရာပြသည်။

ပိုင်မူနင်လျှောက်သွားလိုက်လျှင် ဝမ်ကျင်းက သူ၏လက်ကောက်ဝတ်မှ ဆွဲကာ ပေါင်ပေါ်သို့ ဆွဲချလိုက်သည်။

သူက ပိုင်မူနင်၏ မေးစေ့လေးကို ဖျစ်ညှစ်လိုက်ပြီး မေးသည်။ 
“အခု ကျေနပ်ရဲ့လား”

သူက စောစောကအနမ်းကို ဆိုလိုခြင်းပေ။ ပိုင်မူနင် တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ 
“ကျေနပ်ပါတယ်”

ငါ တခြား ဘာများပြောနိုင်ဦးမှာလဲ... ငါသာ မကျေနပ်ဘူးလို့ပြောရင် နောက်တစ်ခေါက် ထပ်တောင်းဆိုတဲ့ သဘောပဲမလား...

ထိုစဉ်မှာပင် ပိုင်မူနင်၏ဖုန်း မြည်လာသည်။ သူ ထပြီး ဖြေရန်လုပ်သော်ငြား ဝမ်ကျင်းက သူ၏ လှုပ်ရှားမှုကိုကြိုသိပြီး သူ့ကို ဖိထားလိုက်သည်။

ထိုသူမှာ သူ့အား ထိုအနေအထားအတိုင်း ဖုန်းဖြေစေလိုခြင်းပင်။ 

ဖုန်းခေါ်ဆိုမှုက ချန်ဟောက်နန်ထံမှပင်။ ပိုင်မူနင်က ဝမ်ကျင်း၏ပေါင်ပေါ်တွင် ထိုင်လျက် ဖြေရန်မှအပ ရွေးချယ်စရာမရှိပေ။ 
“ဟယ်လို... ဟောက်နန်ကော ဘာကိစ္စလဲ”

ချန်ဟောက်နန်က တက်ကြွစွာ ဆိုလာ၏။ 
“ရှောင်နင် ဟောက်နန်ကောမှာ မင်းကို အကူအညီတောင်းစရာ ရှိတယ်... မင်း ကိုယ့်ကို ကူညီပေးနိုင်ရင် အရမ်းကောင်းမှာပဲ”

ဝမ်ကျင်းနှင့် ဗီဒီယိုခေါ်ဆိုမှုအတွင်းတွင်  á€Ąá€›á€Źá€Ąá€Źá€¸á€œá€Żá€śá€¸á€€á€­á€Ż သူကြားပြီးဖြစ်သည်။ ထို့ကြောင့် ဖြစ်ပျက်ခဲ့သမျှကို သူအတိအကျ သိ၏။ ပိုင်မူနင်၏ စိတ်ထဲတွင် ချီတုံချတုံ ဖြစ်နေပေပြီ။ 
“ဟောက်နန်ကော... ကျွန်တော် ဘာများကူညီနိုင်မှာမလို့လဲ”

စောစောလေးကပင် ဝမ်ကျင်း သူ့ကို ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။ သူပင် မစည်းရုံးနိုင်လျှင် ပိုင်မူနင်ကလည်း လုပ်နိုင်မည်မဟုတ်ပေ။ ဝမ်ကျင်းက မျက်နှာသာရရန်အတွက် သူ၏စကားကို ပြန်ရုပ်မည့်လူမျိုး မဟုတ်ပေ။

ဝမ်ကျင်းက သူ့ကို ငြင်းပယ်ခဲ့ပြီးဖြစ်ရာ ယခု ပိုင်မူနင်သာ သဘောတူလိုက်ပါမူ ယင်းက သူ့ကိုယ်သူ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်။

ချန်ဟောက်နန်က ပြောသည်။
 “ရှောင်နင် ကိုယ် မင်းရဲ့ကောင်လေးကို ဒီမှာ တွေ့တယ်... သူက အခက်အခဲတချို့ ကြုံနေရတာလေ...  á€žá€°á€á€…်ယ္ဏက်ယ္ဏက်ကို ရှာတာကို ကိုယ်ကူညီပေးလိုက်တယ်”

ဝမ်ကျင်းက သူ့ဘေးနားတွင် ရှိနေ၏။ အနှီသူက အညှာအတာမဲ့စွာ ပိုင်မူနင်၏ နားကို တတိတိကိုက်နေသည်။ သူ ကိုက်ချလိုက်သည်နှင့် ပိုင်မူနင်မှာ ဝမ်ကျင်းတစ်ယောက် ကောင်လေးဟူသည့် စကားလုံးကို သေချာပေါက်ကြားသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။

ဝမ်ကျင်း၏သွားများဖြင့် အနည်းငယ် ပွတ်တိုက်မိသည်နှင့် ပိုင်မူနင် ချက်ချင်းအလျှော့ပေးလိုက်သည်။ 
“ဟောက်နန်ကော... အဲဒီလို မပြောပါနဲ့... သူ ကျွန်တော့် ချစ်သူမဟုတ်ဘူး...  á€žá€°á€„ယ်ခဝင်းပဍ”

ပိုင်မူနင်က ဝမ်ကျင်းကို တောင်းပန်သလို ကြည့်လိုက်ပြီး ထပ်မံရှင်းပြရန် ကြိုးစားသည်။ 
“ကျွန်တော်တို့ သူငယ်ချင်းကောင်းတွေပါ...  á€›á€­á€Żá€¸á€›á€­á€Żá€¸á€žá€Źá€¸á€žá€Źá€¸á€†á€€á€şá€†á€śá€›á€ąá€¸á€•ဍပဲ”

“ကောင်းပြီ ဟုတ်ပါပြီ... နားလည်ပြီ” 
ချန်ဟောက်နန်က ထိုစကားကို ပယ်ချလိုက်သည်။ 
“ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်အချိန်မီ ပြန်မလာနိုင်ဘူး.... ရှောင်နင် မင်း ဝမ်ကျင်းကို ကိုယ့်အစား ဆွေးနွေးပွဲတက်ဖို့ ပြောပေးနိုင်မလား”

“မင်းရဲ့သူငယ်ချင်းက အခက်အခဲကြုံနေရတာ... သူတကယ်ကို ရှောင်ပြေးမရဘူး”

လီအန်းချီက သူ၏ ထိုလူယုတ်မာဦးလေးကို ခြေရာခံရန် သွားခြင်းဖြစ်၏။ သူတို့သာ သူ့ကို ပြန်ခေါ်မလာနိုင်လျှင် သူ၏မိသားစုက အကြွေးများအတွက် တာဝန်ယူရလိမ့်မည်။

သူတို့ ပြန်မဆပ်နိုင်လျှင် ပြစ်မှုစွဲချက်များကိုပင် ရင်ဆိုင်ရလိမ့်မည်။ သူတို့က လီအန်းချီ၏ ဖခင်ကို လိမ်လည်မှုဖြင့် တရားစွဲရန်စီစဉ်နေကြသည်။

“သိပါပြီ ကျွန်တော် တစ်ခုခု စဉ်းစားလိုက်ပါ့မယ်... ပြီးတော့ ဟောက်နန်ကော လီအန်းချီကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ခင်ဗျားပြန်လာရင် ကျွန်တော် ထမင်းကျွေးပါ့မယ်”

ပိုင်မူနင်မှာ ဘယ်အပိုင်းက ဝမ်ကျင်းကို စိတ်ဆိုးစေသည်မကို သေချာမသိပေ။ သို့သော်လည်း အနှီအမျိုးသား၏ နှုတ်ခမ်းတို့က သူ၏ လည်ပင်းနောက်ဘက်သို့ ရုတ်တရက် ရောက်လာပြီး  á€–ဟူဖွ္းန္သညအ် အရေပြားထက် ကိုက်ချလိုက်သည်။

နီရဲသောကိုက်ရာက သူ၏ ဖျော့တော့သော အသားအရေထက်တွင် ပန်းပွင့်သည့်အလား  á€žá€˝á€Źá€¸á€›á€Źá€™á€ťá€Źá€¸á€€ ရှင်းလင်းစွာ ကျန်ရစ်၏။

ဝမ်ကျင်းမှာ လူများကို ကိုက်တတ်သည့် အကျင့်ရှိရာ ပိုင်မူနင်က ထိုသူ ခွေးတစ်ပိုင်းများဖြစ်နေသလားဟု ရံဖန်ရံခါ တွေးမိချေ၏။

သူက နာကျင်မှုကြောင့် "ဟင့်"ခနဲ ပင့်သက်ရှိုက်မိလျက် ဝကျင်းကို မကျေမနပ် စိုက်ကြည့်လိုက်သည်။ 
“ဘာလို့ ကျွန်တော့်ကို ကိုက်တာလဲ”

ဝမ်ကျင်းက သူ၏ မေးခွန်းကို မဖြေပေ။ ထိုအစား သူက မေးသည်။
“မင်း ကိုယ့်ကို အတိအကျ ဘယ်လိုတောင်းပန်ဖို့ စီစဉ်ထားလဲ”

ပိုင်မူနင်မှာ ထိုအပိုင်းကို ယခုထိ မစဉ်းစားရသေးပေ။ သို့သော်လည်း မကြာမီမှာပင် ချစ်စရာ ကောင်းသည့် ကြောင်လေးတစ်ကောင်၏ ပုံရိပ်က သူ့စိတ်ထဲ၌ ပေါ်လာသည်။

သူ ဖေးရှူးချန်နှင့် စကားပြောခဲ့စဉ်က ဝမ်ကျင်းငယ်စဉ်ဘဝ၌ ကြောင်လေးတစ်ကောင် ရှိခဲ့ဖူးကြောင်း  á€žá€­á€á€˛á€ˇá€›á€žá€Šá€şá‹ သို့သော်လည်း ကြောင်းလေးမှာ နေမကောင်းဖြစ်ပြီး သေသွားခဲ့သည်။ ထိုအချိန်ကတည်းက နောက်ထပ် ဘာမှ ထပ်မမွေးတော့ပေ။

ဖေးရှူးချန်၏ အဆိုအရ ဝမ်ကျင်းက ကြောင်များကို တကယ်ချစ်ပုံရသည်။

ထို့ကြောင့် ပိုင်မူနင် အကြံတစ်ခု ဖျတ်ခနဲရလာသည်။ သူက ကြောင်လေးတစ်ကောင်ပမာ အတုခိုးလျက် နူးညံ့သည့်အသံလေးဖြင့် ဆိုလိုက်၏။
“ဒေါက်တာဝမ်....  á€€á€ąá€Źá€€á€­á€Żá€€á€•်ခဝွဲမဲအ ကြောင်လေးက အခုအွန်လိုင်းပေါ် ရောက်နေပြီ.... မြောင်”

“သခင်ရေ သွားပေးပါနော်...နော်လို့...”

သူက ပြောပြောဆိုဆို ကိုယ်ကိုကိုင်းကာပင် ဝမ်ကျင်း၏ ပါးကို လျှာနှင့်လျက်လိုက်၏။

လျက်ပြီးသည်နှင့် ပိုင်မူနင်မှာ သူ့ကိုယ်သူပင် ရွံရှာသွားရချေသည်။

ဝမ်ကျင်း၏နက်နဲကာ နားလည်ရခက်သည့် မျက်လုံးများကို စိုက်ကြည့်ရင်း ပိုင်မူနင်မှာ သူတော့သေပြီဟု သေချာပေါက်တွေးလိုက်မိသည်။ သူ တရားလွန် အပို လုပ်လိုက်မိပြီပင်။

သို့သော်လည်း ယင်းက သတင်းကောင်းလည်း ဖြစ်သည်။ နောက်ဆုံး၌ ဝမ်ကျင်း သူ့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားနိုင်သည်။

သို့တိုင် စက္ကန့်အနည်းငယ်ကြာပြီးနောက်  á€á€­á€á€şá€†á€­á€á€şá€”္ခဲအသညအ် ဝမ်ကျင်းက ပြောလာသည်။ 
“ကောင်းပြီ ကိုယ် မင်းပြောတာကို နားထောင်မယ်”

ဝမ်ကျင်း၏ လက်များကြား၌ တင်းကျပ်စွာ ပွေ့ဖက်ခံထားရသော ပိုင်မူနင်: “......?”

ဒါက အရမ်း မြန်လွန်းတယ်...

ပြန်စဉ်းစားချင်သေးလားဟင်...

ကိုယ့်မျက်နှာကိုယ် ဖြတ်ရိုက်ရတာက အဲဒီလောက်တောင် ကောင်းလား....

–

နေ့ခင်းဘက်တွင် ဝမ်ကျင်းက အိမ်သို့အရင်ဝင်ပြီး တစ်ကိုယ်ရေသုံးပစ္စည်းအချို့ကို အမြန်ထုပ်ပိုးလိုက်သည်။ ထို့နောက် ဘေးကပ်လျက်မြို့သို့ ကားမောင်းသွားလေသည်။

ကားဖြင့်သွားလျှင် နှစ်နာရီသာ ကြာ၏။ ခရီးမှာ သိပ်မဝေးပေ။

ပိုင်မူနင်က သူ့နောက်သို့လိုက်ကာ ဆွေးနွေးပွဲကို အတူလိုက်လိုကြောင်း အတင်းအကျပ် တောင်းဆိုလိုက်သည်။

ဝမ်ကျင်းက သူ့ကို ပြော၏။ 
“ဆွေးနွေးပွဲက ပျင်းစရာကောင်းတယ်”

(T/N - ဒါက ညီလာခံလိုပါ ပါရဂူတွေစုလုပ်တဲ့ ဆွေးနွေးပွဲလိုမျိုး)

ယင်းက အမှန်တရားပင်။ ပိုင်မူနင်ကလည်း အနှီညီလာခံမှာ ပျင်းစရာကောင်းမည်ကို သိထားသည်။ သို့သော်လည်း သူ သွားကိုသွားရမည်သာ။ မဟုတ်ပါက သူ့အနေဖြင့် မည်သို့မည်ပုံ  á€…ိတ်ပိုင်းဆိုင်ရဏဖိဥဏးပ္းမသုမဝိုးကိုမသ လုပ်နိုင်မည်မဟုတ်ပေ။

ဝမ်ကျင်းကို တစ်ပတ်လုံး တစ်ရက်လျှင် ၂၄နာရီ တွယ်ကပ်နေရန်က သူ၏ လက်ရှိ ရည်မှန်းချက်ပင်။

သို့ဖြစ်ရာ သူ့အနေဖြင့်ဆက်တိုက် သရုပ်ဆောင်ဖို့ရာ လိုအပ်၏။ သူက ဝမ်ကျင်းပြောခဲ့သည်တို့မှ အရေးအကြီးဆုံးအပိုင်းကိုသာ ချက်ချင်းဆွဲသွင်းလိုက်သည်။
“ဒီတော့ ပြောရရင် ခင်ဗျားက ကျွန်တော့်ကို မခေါ်ချင်ရုံပဲပေါ့”

“အခုတော့ ခင်ဗျားက ကျွန်တော့်ကို စိတ်အနှောင့်အယှက် ဖြစ်နေပြီပေါ့လေ... ကျွန်တော့်ကို ရိုးသွားပြီလား”

ပိုင်မူနင်က ဟူးခနဲ သက်ပြင်းချပြီး ဆိုဖာပေါ် လှဲချလိုက်သည်။ သူက လက်များကို ပိုက်ထားပြီး နှုတ်ခမ်းကိုလည်းစူထား၏။ 

“ကျွန်တော်တို့က ခုမှချစ်သူဖြစ်တာကို ခင်ဗျားကတော့ အစောကြီးကတည်းက ကျွန်တော့်ကို ရိုးနေပြီပေါ့လေ”

“ကျွန်တော် တကယ်ဒေါသထွက်တယ်”

အပြင်ပန်းတွင် ဒေါသ ထွက်နေပုံရသော်ငြား အတွင်းစိတ်ထဲ၌မူ  á€žá€°á€ˇá€€á€­á€Żá€šá€şá€žá€° ကြမ်းပြင်ထက် ပစ်လှဲချရန် အကောင်းဆုံးအခိုက်အတန့်ကို တွက်ချက်နေခြင်းပင်။

သူ သရုပ်ဆောင်သည်နှင့် ယုံချင်စရာကောင်းရန်လည်း လို၏။ သူ၏ဒေါသကို ဆက်လက် ထိန်းသိမ်းထားရန်အလို့ငှာ ဒရာမာဆန်သော အကြီးစားလှုပ်ရှားမှုများ လိုအပ်သည်။

ဝမ်ကျင်းက သူ့ဘေးတွင် ထိုင်လိုက်ကာ သူ့ကို  á€›á€„်ခွင်ထဲ ဆွဲသွင်း၍ ပွေ့ဖက်လိုက်ပြီး စိတ်ရှည်လက်ရှည်ပင် ဆိုလာသည်။ 

“ရှောင်နင် ... မင်းရဲ့ ဒီနေ့အပြုအမူတွေက တကယ်ကို အရင်နဲ့ မတူဘူးပဲ”


 

Search Novels